အခန်း (၃၅၁-၃၅၅)
Vol. 24 Ch. 351-355
အပိုင်း ၃၅၁ သားလိမ္မာ?
အတွေးတစ်ခုဖြင့် ဟွေ့ရှင်းမှာ သူ၏ယခင်နေရာသို့ တမုဟုတ်ချင်းနီးပါးနေရာရွေ့ပြောင်းလိုက်၏။
သူထွက်ခွာသည့်အချိန်တွင် တိုက်ခိုက်မှုနှစ်ခုက တစ်ချိန်တည်းကျရောက်လာ၏။
ဘုန်း!
မြေပြင်မှာ ရုတ်တရတ်ပေါက်ကွာကာ ကြီးမားသော မှိုပွင့် သဏ္ဍာန်ဖုန်လုံးကြီးမှာ မြင့်တက်လာ၏။ လျှပ်တစ်ပြက်လှိုင်းမှာ အလေ့ကျပေါက်ရောက်နေသော အပင်များကိုပင်တိုက်ခတ်စေသည့် လေပြင်းအဖြစ်သို့ ရောက်ရှိသွားသည်။
လီချန်းရှန်နှင့် စုန့်ရှင်းနျန်မှာ ဖြည်းဖြည်းချင်းကျဆင်းလာ၏။ ၎င်းတို့မှာ ဟွေ့ရှင်းအားစိုက်ကြည့်နေကာ ၎င်းတို့၏မျက်လုံးများတွင် သတိထားမှု အေးစက်မှုတို့ဖြင့်ပြည့်နေသည်။
"သူ့ကို ဗုဒ္ဓဂိုဏ်းရဲ့ပညာရှင်တစ်ယောက်ဖြစ်နေလိမ့်မယ်လို့ထင်မထားခဲ့ဘူး။"
ဟွေ့ရှင်းမှာသူ၏မျက်လုံးများအား အတန်ငယ်ကျဉ်းမြောင်းလိုက်ကာ ၎င်းတို့နှစ်ဦးအား စိုက်ကြည့်လိုက်သည်။ သူ၏စွမ်းအားကြီးသော ကျင့်ကြံဆင့်နှင့် တောက်ပသော လျှို့ဝှက်နည်းလမ်းများဖြင့်ဆိုလျှင် ၎င်းတို့နှစ်ဦးလုံးမှာ တစ်ရာသောတိုက်ပွဲနတ်ဘုရားအဆင့်ဟု တပ်အပ်ပြောနိုင်ချေသည်။
မဆိုးပါဘူး၊ သူတို့က ဖြတ်မှတ်လေးကို ရောက်လာကြတာပဲ။
ဒီလိုဆိုလျှင် သူဟာ ၎င်းတို့နှစ်ဦးအား သာမန်ကာလျှံကာနှင့်ပင် ဖျက်ဆီးနိုင်လေသည်။ ပြန်ရောက်ပြီးနောက်တွင် သူဟာ ဗောဓိဘုရားကျောင်းဆီသို့ တင်ပြချက်တစ်ခုရေးကာ တစ်ရာသောတိုက်ပွဲနတ်ဘုရားအဆင့် နှစ်ဆယ့်နှစ်ယောက်အား သတ်ခဲ့သည်ဟုပြောချေမည်။
မဟုတ်သေးဘူး၊ သူသာ ထိုနှစ်ဦးအား တစ်ထောင်သော စစ်ပွဲနတ်ဘုရားအဆင့်ပညာရှင်များစာရင်းထဲသို့ပေါင်းထည့်လိုက်လျှင် ဆုက ပိုမိုမြင့်မားနိုင်ချေရှိသည်။
ပြောရလျှင် ဗုဒ္ဓဂိုဏ်းမှာ ကြွယ်ဝပြီး ငွေပြတ်လပ်ခြင်းမရှိပါချေ။ မည်သူမှ သူ့ကဲ့သို့ တုနှိုင်းမဲ့ပါရမီရှင်တစ်ဦး၏စကားလုံးများအား သံသယဝင်မည်မဟုတ်ပါချေ။
"တစ်ရာသောတိုက်ပွဲနတ်ဘုရား ပထမအဆင့်လေးနှစ်ယောက်? မင်းတို့နှစ်ယောက်က ငါတို့ဗုဒ္ဓဂိုဏ်းခွဲကို မတိုင်ခင်က တိုက်ခိုက်ခဲ့တဲ့လူတွေလား?"
လီချန်းရှန်မှာ အေးစက်စွာပြောလိုက်သည်။
"မင်းကဗောဓိဘုရားကျောင်းကနေလာခဲ့တာလား?"
ဟွေ့ရှင်း၏အမူအရာမှာ ထူးမခြားနားစွာပြောနေချိန်တွင် တည်ငြိမ်နေ၏။
"မင်းပြောတာကိုကြည့်ရရင် မှန်နေပုံပါပဲ။ ဒီလိုဆိုရင် ငါတို့လေကုန်ခံနေစရာမလိုတော့ဘူးပေါ့။"
စကားဆုံးသည်နှင့် ဟွေ့ရှင်းမှာ ချက်ချင်းတိုက်ခိုက်လိုက်သည်။
သူဟာ အမြဲတစေ အဓိပ္ပာယ်မရှိသည်များကို ပြောမနေဘဲ ချက်ချင်းတိုက်ခိုက်တတ်သည်။
သူဟာလက်အားလှန်ရင်းဖြင့် ခုတ်ပိုင်းလိုက်သည်။ တစ်ခဏအတွင်းမှာပင် ကြီးမားသောဗုဒ္ဓပုံရိပ်မှာ လီချန်းရှန်နှင့် စုန့်ရှင်းနျန်၏ အရှေ့တွင် ပေါ်လာ၏။
ထုတ်လွှတ်နေသည့် ကျယ်ပြောသော အရှိန်အဝါမှာ ၎င်းတို့နှစ်ဦးအား ချက်ချင်းထိတ်လန့်သွားစေ၏။ ၎င်းတို့မှာ သတိလက်လွတ်မနေဝံ့ဘဲ နှစ်ဘက်စလုံးမှတိုက်ခိုက်လိုက်ကြသည်။
ဓားအလင်းမှာ ဓားမော့အလင်းနှင့်ပေါင်းစပ်သွားကာ လက်ဝါးရိပ်အား ဖြတ်ပိုင်းလိုက်၏။
၎င်းတို့သုံးဦးမှာ ထိခတ်မိသွားကြ၏။ လက်ဝါးရိပ်မှာ တောက်ပသောအလင်းအားမထုတ်လွှတ်မီ တစ်ခဏမျှရပ်တန့်သွားသည်။
အလင်းပေါ်ထွက်လာသည်နှင့် ၅၀ကီလိုမီတာအတွင်းရှိမြေပြင်မှာ ချက်ချင်းအက်ကွဲသွားတော့သည်။
လီချန်းရှန်နှင့် စုန့်ရှင်းနျန်၏ ဓားမော့အလင်းမှာ တမုဟုတ်ချင်း ပြိုပျက်သွား၏။
တိုက်ပွဲ၏ လျှပ်တပြက်လှိုင်းမှာ ၎င်းတို့နှစ်ဦးအား မီတာသောင်းချီအဝေးမှ တိုက်ရိုက်ပင် ဖိအားပေးထားသည်။
၎င်းတို့မှာ ကြောင်အသွားတော့သည်။
"ဒီထိပ်ပြောင်က အရမ်းစွမ်းအားကြီးတာပဲ!"
"သူ့ရဲ့ကျင့်ကြံဆင့်က တစ်ထောင်သော စစ်ပွဲနတ်ဘုရားရဲ့နောက်ဆုံးအဆင့်မှာတောင်ရှိနေပြီ၊ ဟုတ်တယ်မလား?"
"မဟုတ်သေးဘူး၊ သူက အခုသူ့ရဲ့စွမ်းအားအပြည့်တောင် မသုံးသေးဘူး။ သူ့ရဲ့အမူအရာကိုကြည့်လိုက်။ သူကအရမ်းကို အေးဆေးနေလွန်းတယ်။ ရှင်းနေတာပဲလေ၊ သူက သူ့စွမ်းအားရဲ့ ၇၀ကနေ ၈၀ရာခိုင်နှုန်းအထိပဲသုံးရသေးတယ်။"
"သူက နတ်ဘုရားအရှင်ဘုရင်အဆင့်ပညာရှင်လား?"
၎င်းတို့၏နှလုံးအိမ်များမှာ အေးစက်သွားတော့သည်။
မဟာယနနတ်ဘုရားအရှင်ဘုရင်အဆင့်ပညာရှင်!
သူက ဘယ်လိုလုပ်ရှုံးနိုင်မှာလဲ?
၎င်းတို့နှစ်ဦးမှာ ယခုမှ တစ်ရာသောတိုက်ပွဲနတ်ဘုရားပထမအဆင့်တွင်သာရှိသေးသည်။ သူတို့မှာ တစ်ဖက်လူ၏ဖိနပ်အား သယ်ဆောင်ပေးဖို့ပင် အရည်အချင်းမမီပါချေ။
"ပြေး!"
၎င်းတို့နှစ်ဦးမှာ တစ်ဖက်သို့လှည့်ကာ တစ်ချိန်တည်းနီးပါးမှာပင် ပြေးလိုက်ကြသည်။
သူ၏ဆရာမှာ သူတို့သာနိုင်နိုင်ချေရှိပါလျှင် တိုက်ခိုက်သင့်သည်ဟု ဆိုခဲ့သည်။ မနိုင်နိုင်ပါလျှင် ပြေးသင့်ပေသည်။ ဖြစ်နိုင်လျှင် ၎င်းတို့မှာ တစ်ဦးတည်းမတိုက်ခိုက်သင့်ပါချေ။
၎င်းတို့မှာ ယခုတွင် တစ်ဖက်လူအား အတူတကွပင် အနိုင်မယူနိုင်သောကြောင့် ပြေးသည်မှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပါချေ။
ဟွေ့ရှင်းမှာ ရုတ်တရတ်ကြောင်အသွားသည်။
ရှားပါးလိုက်တာ!
ယခုမှာ သူ၏ပထမဆုံးအကြိမ် ထိုသို့သော သီးခြားရပ်တည်မှုကို ကြုံရခြင်းပါပင်။
တစ်ဖက်လူများမှာ သူသည် ၎င်းတို့၏ပြိုင်ဘက်မဟုတ်သည်ကို သိရှိသွားသည်နှင့် ချက်ချင်းပင် လှည့်ကာပြေးကြသည်။
၎င်းတို့၏အဖွဲ့လိုက်လုပ်ဆောင်မှုမှာ အပြစ်အနာအဆာကင်းလှပေသည်။
၎င်းတို့တွင် တူညီသော လှုပ်ရှားမှုများနှင့် လှည့်ကာထွက်ပြေးခြင်းများရှိကြသည်။ တိုင်ပင်ခြင်းမရှိဘဲနဲ့ပင် ၎င်းတို့ထံ၌ စနစ်ကျသော နားလည်မှုရှိနေကြ၏။
၎င်းတို့မှာ တကယ်ကိုပင် အမြွှာညီအစ်ကိုများလိုပါပင်။
သို့သော်... ၎င်းတို့မှာ သူတို့၏ကိုယ်ပိုင်ကောင်းမွန်ခြင်းအတွက် အင်မတန်ထက်မြတ်လွန်းနေသည်။
၎င်းတို့နှစ်ဦးသာ ကြွက်များကဲ့သို့ သူရဲဘောကြောင်နေပါလျှင် ဟွေ့ရှင်းမှာ ၎င်းတို့နှစ်ဦးအကြောင်း များစွာဂရုမစိုက်ပါချေ။ သူဟာ၎င်းတို့အား ထွက်သွားခွင့်ပေးလိုက်မည်ပင်။
သို့သော် ထိုနှစ်ဦးမှာ အင်မတန်ထက်မြတ်နေကတည်းက ရှင်သန်ခွင့်မပေးသင့်ပါချေ။
မဟုတ်လျှင် အဆုံးမဲ့သော ဒုက္ခဖြစ်သွားပေမည်။
နတ်ဘုရားအရှင်ဘုရင်ပထမအဆင့်၏ကျင့်ကြံခြင်းမှာ တစ်ရာသောတိုက်ပွဲနတ်ဘုရားပထမအဆင့်ထက် မရေတွက်နိုင်လောင်အောင်အထိ ပိုမိုအားကောင်းလေသည်။
လီချန်းရှန်နှင့် စုန့်ရှင်းနျန်ထံတွင် ကြီးမြတ်သောအာကာပြင် ဖြိုခွဲခြင်းခြေလှမ်းကျင့်စဉ်ရှိပါလျှင်တောင် ဟွေ့ရှင်းထံတွင် ရေပေါ်ပေါ့ပါးခြေလှမ်းရှိသေးသည်ပင်။
ထို့ကြောင့် ထိုနှစ်ဦးသားမှာ တစ်ခဏချင်းပင် ဟွေ့ရှင်းဆီမှ အဖမ်းခံလိုက်ရတော့သည်။
"အရမ်းမြန်တယ်!"
၎င်းတို့နှစ်ဦးမှာ ထိတ်လန့်သွားသည်။ ရွေ့...ရွေ့...ရုတ်တရတ် ၎င်းတို့မှာ ထိုသည်အား သိနေကြသကဲ့သို့ပင် တစ်ဖက်ကိုလှည့်ကာ ပိုင်းဖြတ်လိုက်၏။
ဓားမော့အလင်းနှင့် ဓားအလင်းမှာ ဟွေ့ရှင်း၏ခေါင်းသို့ ခုတ်ဖြတ်သွား၏။
ဟွေ့ရှင်းမှာပူပန်မနေဘဲ သူ၏ရင်ဘတ်အရှေ့သို့ လက်တစ်ဖက်ဖြင့်သာ ကာလိုက်သည်။
တစ်ခဏအတွင်းတွင် ၎င်း၏ကိုယ်အား ရွှေရောင်အလင်းတစ်ခုက လွှမ်းရစ်သွားကာ ရွှေရုပ်တုနှင့်ပင် တူညီနေစေသည်။
ဓားမော့အလင်းနှင့် ဓားအလင်းကျရောက်လာချိန်တွင် ဟွေ့ရှင်းမှာ တကယ်ကိုပင် ခုခံရန် သူ၏ခေါင်းအားအသုံးပြုလိုက်သည်။
ဘုန်း!
တိုက်ခိုက်မှုမှာ သူ၏ခေါင်းအား ထိခတ်သွားကာ ချက်ချင်းပင် ပြိုကွဲသွား၏။
ထို့နောက်တွင် ရွှေဖြင့်ဖုံးအုပ်နေသောဟွေ့ရှင်းမှာ ပေါက်ကွဲမှုတစ်ခုကို ထွက်ပေါ်လာစေ၏။
"ဂရုစိုက်၊ ဒါက မဟာယနဝါဂျရာအနုပညာပဲ။ ဒါက ဆရာတူအစ်ကိုသုံးရဲ့ မဖျက်ဆီးနိုင်သောရွှေခန္ဓာနဲ့ ဆင်တူတယ်။"
လီချန်းရှန်၏စကားဆုံးသည်နှင့် ဟွေ့ရှင်းမှာ ၎င်းတို့နှစ်ဦးနံဘေးသို့ရောက်ရှိလာသည်။
"ငါတို့တော့သေပြီ။"
နတ်ဘုရားဘုရင်ပထမအဆင့်၏ ကြီးမားသောဖိအားမှာ ၎င်းတို့နှစ်ဦးအား စိတ်ဓာတ်ကျအောင်ပင်ပြုလုပ်နေသည်။ ၎င်းတို့၏အသက်ရှူခြင်းသည်ပင် အေးခဲနေ၏။
၎င်းတို့အကြားရှိကျင့်ကြံဆင့်မှာ အင်မတန်များပြားလှလျှင် ၎င်းတို့မှာ တစ်ဖက်လူအား လုံးဝအနိုင်ယူနိုင်မည်မဟုတ်ပါချေ။
သူတို့၏ကိုယ်ပေါ်ရှိ နတ်ချပ်ဝတ်တန်ဆာ သုံးလွှာနှင့်ပင် ၎င်းတို့နှစ်ဦးအား လေထုထဲရှိ အက်ကွဲနေသည့် နတ်ပစ္စည်းအဆောင်လက်နက်မှ ထုတ်လွှတ်နေသော၏ အကာအကွယ်အတားအဆီးအား အာရုံခံနိုင်စေသည်။
"ငါမင်းတို့အသက်ကိုယူရလိမ့်မယ်။"
ဟွှေ့ရှင်းမှာ ပြုံးဖြဲဖြဲလုပ်ပြကာ အေးစက်သောအလင်းမှ သူ၏မျက်လုံးကနေ ထွက်ပေါ်လာသည်။
ဤသည်မှာ သူတစ်စုံတစ်ယောက်အားသတ်သည့် ပထမအကြိမ်မဟုတ်ပါချေ။ သို့သော် ယနေ့ထိုပုရွက်ဆိတ်လေးနှစ်ကောင်မှာ အင်မတန်စိတ်ဝင်စားဖွယ်ရာပင်။
တုန့်ဆိုင်းမှုမရှိဘဲ သူဟာထိုးချလိုက်သည်။
မဟာယနဝါဂျရာလက်သီး!
ထိုထိုးချက်၏ ပြင်းအားမှာ ကောင်းကင်နှင့် မြေကြီးကိုပင် ခါယမ်းသွားစေကာလေထုထဲတွင် ကြီးမားသော ဂျိမ်း~ဟူသည့် အသံအားပြုလုပ်သည်မှာ လျှပ်စီးကြောင်းပေါက်ကွဲနေသလိုပါပင်။
ဟွေ့ရှင်းမှာ သူ့ထိုးချက်၏ ပြင်းအားကိုကောင်းစွာသိလေသည်။ သူသည် နတ်ဘုရားအရှင်ဘုရင်ပထမအဆင့်ဖြစ်ပြီး သူ့ထက်တစ်ဆင့်မြင့်သော ရန်သူများကိုသတ်နိုင်ပေသည်။ သူဟာ သူ၏စွမ်းအားအပြည့်အား အသုံးမပြုသော်လည်း သူ့ထိုးချက်ပြင်းအားမှာ နတ်ဘုရားအရှင်ဘုရင်ပဉ္စမအဆင့်အောက်ရှိ ထိုးချက်တစ်ခုထက် နိမ့်ကျလိမ့်မည်မဟုတ်ပါချေ။
ထို တစ်ရာသောတိုက်ပွဲနတ်ဘုရားပုရွက်ဆိတ်လေးနှစ်ကောင်မှာ တကယ်ကိုပင် မခုခံနိုင်ပါချေ။
သို့သော် ဟွေ့ရှင်းမှာ လီချန်းရှန်နှင့် စုန့်ရှင်းနျန်တို့အား အနိုင်ယူကာ သတ်နိုင်တော့မည်ဟု မုချထင်နေပါသော်လည်း ရွှေရောင်အလင်းတစ်ပြက ရုတ်တရတ်ဖြတ်ခနဲပေါ်လာ၏။
"ဟမ်?"
ဟွေ့ရှင်းမှာကြောင်အသွားကာ သူ၏ထိုးချက်မှ ထုတ်လွှတ်နေသော အားမှာ မြေပြင်သို့သက်ဆင်းသွားသည်။
ဘုန်း!
တစ်ခဏအတွင်းတွင် မြေပြင်ဟာ ပြင်းထန်စွာတုန်ရီကာ မှိုပွင့်သဏ္ဍာန်ဖုန်လုံးကြီး ထိုးတက်လာတော့သည်။
လျှပ်တပြက်လှိုင်းမှာ လမ်းတစ်လျှောက်တွင် ဖုန်ထူသွားစေကာ မြေဆီလွှာနှင့် နှစ်မီတာမြင့်ကာ အချင်းဝက်မီတာ၁၀၀,၀၀၀ကျောက်တုံးများအား ကြေမွစေပြီး အချင်း မီတာ ၂၀၀,၀၀၀ထက်ပိုသော် တွင်းကြီးတစ်တွင်းဖြစ်ပေါ်လာစေသည်။
ဖုန်မှုန့်များမှာ တဖြည်းဖြည်းကွယ်ပျောက်လာချိန်တွင် ဟွေ့ရှင်း၏အမူအရာမှာ ပိုမိုလေးနက်သွားတော့သည်။ ထိုအခိုက်တွင် သူ၏စိတ်ထဲ၌ သတိပေးစာများ ထွက်ပေါ်နေ၏။
[ဒင်! သင်၏အသက်ကအန္တရာယ်ရှိနေသည်ဟု အာရုံခံမိသော မဟာယနဝါဂျရာအနုပညာက အမြန်နှုန်းနဲ့ကျင့်ကြံနေပါတယ်။ ကျင့်ကြံနှုန်းက ဆယ်ဆထိတိုးသွားပါပြီ]
…
[ဒင်! သင်၏အသက်အန္တရာယ်ရှိသည်ကိုအာရုံခံမိသော ရေပေါ်ပေါ့ပါးခြေလှမ်းမှာ ပေါက်ကွဲတော့မည့်ပုံစံဖြင့် အသက်သွင်းပြီး ချက်ချင်းပဲ နက်နဲမှုအဆင့်ကျင့်စဉ်အဖြစ်ပြောင်းလဲသွားပါပြီ]
...
[ဒင်! သူ၏အသက်အန္တရာယ်ရှိနေသည်ကိုခံစားမိသော ဟီနယနဂေါတမနတ်လက်ဝါးက အမြန်နှုန်းနဲ့ကျင့်ကြံနေပါသည်။ ကျင့်ကြံနှုန်းမှာ ပုံမှန်ထက် သုံးဆမြန်နေပါပြီ]
...
[ဒင်...]
....
သတိပေးစာများမှာ ဟွေ့ရှင်း၏စိတ်ထဲတွင် တစ်ခုပြီးတစ်ခု မြည်လာ၏။ ၎င်းတို့မြည်လာချိန်တိုင်း ဟွေ့ရှင်း၏နှလုံးအိမ်အား ထပ်မံကာ အပြင်းအထန်တုန်ရီစေသည်ပင်။
သူဟာ ထွက်ပြေးလိုက်ချင်ပါသည်။
သို့သော် သူ၏ကျင့်စဉ်များအား ကြောက်ရွံ့စေနိုင်သည့် တည်ရှိမှုတစ်ခုအားရင်ဆိုင်ရသည်မှာ သူလွတ်မြောက်ချင်တိုင်း မလွတ်မြောက်နိုင်သည်ကို သိပါသည်။
သင့်လျော်သော အခွင့်အရေးမရှိပါလျှင် ၎င်းမှာ သူ၏လျှို့ဝှက်နည်းလမ်းများအား အသုံးပြုပါလျှင်တောင် အသုံးမဝင်ချေ။
ဖုန်များမှာ တဖြည်းဖြည်းပျောက်ကွယ်သွားကာ မြင့်မြတ်သော ပုံရိပ်တစ်ခုက မနီးမဝေးတောင်ကုန်းတစ်ခုပေါ်တွင် ရပ်နေသည်။ လီချန်းရှန်နှင့် စုန့်ရှင်းနျန်မှာ ၎င်းတို့၏မျက်လုံးများနီရဲကာ မျက်ရည်များစီးကျလာသည်အထိ စိတ်လှုပ်ရှားသွားကြသည်။
"ဆရာ! နောက်ဆုံးတော့ ကျွန်တော်တို့ ဆရာ့ကိုရှာတွေ့ခဲ့ပြီ!"
သို့သော်၊ ထို "လုရှောင်ယန်"မှာ ထိုနှစ်ဦးအား လျစ်လျူရှုလိုက်သည်။ သူဟာတစ်ဖက်သို့လှည့်ကာ အောက်ဘက်ရှိဟွေ့ရှင်းအား ကြည့်လိုက်၏။
စုန့်ရှင်းနျန်မှာ တီးတိုးပြောလိုက်သည်။
"ဆရာတူအစ်ကို၊ ဆရာကနည်းနည်းလေးကွဲနေတယ်လို့မထင်ဘူးလား?"
လီချန်းရှန်မှာ အတန်ငယ်မျက်မှောင်ကျုံ့လိုက်သည်။
"မင်းပြောမှပဲ ပြဿနာတစ်ခုခုရှိနေပုံပဲ။ ဒါပေမယ့် ဘာကမှားနေတာလဲ မပြောတတ်ဘူး။"
"ဒီဆရာက ငတုံးကြီးနဲ့တူတယ်လို့မထင်ဘူးလား?"
"ဟစ်! မင်းသေချင်နေတာလား?!"
လီချန်းရှန်မှာ ချက်ချင်းပင် စုန့်ရှင်းနျန်၏ပါးစပ်အား အုပ်လိုက်သည်။ ထို့နောက်တွင် သူဟာ လုရှောင်ယန်၏နောက်ကျောအား ဂရုတစိုက်ကြည့်ရှုလိုက်၏။
ဒါက...နည်းနည်းတော့ ဖြစ်နိုင်ပါတယ်။
တစ်ယောက်ယောက်ကဘယ်လိုပဲကြည့်ကြည့် ဒီဆရာက နည်းနည်းလေး ကြောင်တောင်တောင်နိုင်ပြီးတော့ အရမ်းထက်မြတ်နေတဲ့ပုံမပေါ်ဘူးပဲ။
ပြောရလျှင် လုရှောင်ယန်၏ကိုယ်ပွားမှာတကယ်ကိုပင် စိတ်ခံစားချက်အပြောင်းအလဲ များများစားစားမရှိပါချေ။ ၎င်းမှာ လုရှောင်ယန်၏မှတ်ဉာဏ်ထဲမှာ တစ်ပိုင်းဖြစ်သည့် လူသတ်လက်နက်သာဖြစ်ချေသည်။
၎င်းတို့မှာ လုရှောင်ယန်ပေးအပ်သည့်တာဝန်ကို ပြီးမြောက်စေရန်သာ မွေးဖွားလာခဲ့သော ဖြစ်တည်မှုများဖြစ်သည်။
၎င်းတို့တွင် လုရှောင်ယန်ကဲ့သို့တူညီသော စွမ်းအားကြီးကျင့်ကြံဆင့်ရှိပြီး လုရှောင်ယန်ကဲ့သို့ပင် တူညီသောကျင့်စဉ်ရှိပါသည်။
သို့သော် ၎င်းတို့တွင် လုရှောင်ယန်ကဲ့သို့ တူညီသောအတွေးများမရှိနိုင်ပါချေ။ မဟုတ်လျှင် မူလကိုယ်က ကိုယ်ပွားအား မည်သို့ ထိန်းချုပ်နိုင်မည်နည်း?
သို့သော် ကိုယ်ပွားမှာ စွမ်းအားအတွက်သာမွေးဖွားလာခြင်းဖြစ်ပြီး ထိုအပေါ်တွင် မှီတည်နေရန်မလိုပါချေ။
မဟုတ်လျှင် ကိုယ်ပွားများ၌ ၎င်းတို့၏ ကိုယ်ပိုင်အသိစိတ်များရှိနေပါက လုရှောင်ယန်မှာ အနာဂတ်တွင် လက်ထပ်ချိန်၌ ပြဿနာရှိမလာနိုင်ပေဘူးလား?
ထိုသို့ဆိုလျှင် လုမျိုးနွယ်စုမှာ နောက်တစ်နေ့၌ သတို့သမီးလောင်းအတွက် အခေါင်းပင် ထမ်းလာရနိုင်ချေရှိသည်။
သို့သော် လုရှောင်ယန်၏ကိုယ်ပွားမည်သို့ ပြုမူမူ လီချန်းရှန်နှင့် စုန့်ရှင်းနျန်တို့လို ကိုယ်ပိုင်တပည့်နှစ်ယောက်မှ ထင်မြင်ချက်ပေးနိုင်သည့် အရာမဟုတ်ပါချေ။
လုရှောင်ယန်၏မူလကိုယ်သာ ဤနေရာ၌ရှိနေပါလျှင် သူဟာ ထိုကောင်စုတ်လေးနှစ်ယောက်အား အသေအကြေ ရိုက်နှက်လိမ့်မည်ပင်။
လုရှောင်ယန်၏ ကိုယ်ပွားမှာ ဟွေ့ရှင်းထံသို့သာ တိတိပပစိုက်ကြည့်နေပြီး ဟွေ့ရှင်း၏နှလုံးအိမ်အား တုန်ရီလာစေ၏။
ဤသည်မှာ အင်မတန်ကြောက်မက်ဖွယ်ရာပင်!
၎င်းတို့နှစ်ဦးမှာ အချင်းချင်း ကြည့်လိုက်ရုံလေးနှင့်ပင် နှလုံးအားပြုတ်ထွက်စေလောက်သော ဖိအားကို အာရုံခံမိသည်။
၎င်းမှာ မယုံကြည်နိုင်ဖွယ်ပင်ဖြစ်သည်။
ထိုလူမှာ တကယ်ကိုပင် လူသားဆန်မနေပါချေ!
သူဟာ ဗုဒ္ဓဂိုဏ်း၏လူငယ်မျိုးဆက်ပါရမီရှင်တစ်ဦးဖြစ်ချေသည်။ အသက်ငယ်ငယ်တွင် သူဟာ နတ်ဘုရားအရှင်ဘုရင်ပထမအဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။ သူဟာကျင့်စဉ်တစ်ခုရှိလျှင်တောင်မှာ ထိုကျင့်စဉ်အား အလိုအလျောက်အဆင့်မြှင့်ကာ ကျင့်ကြံနိုင်ပေသည်။
သို့သော် ထိုသို့ဆိုလျှင်တောင် တစ်ဖက်လူမှာ သူ့အားလုံးဝဖိနှိပ်ထားဆဲပင်။
မည်မျှပင်ကြောက်မက်ဖွယ်ကောင်းလှပါသနည်း?
ဗုဒ္ဓဂိုဏ်းတွင် ပညာရှင်အမြောက်အများရှိကြပေသည်။ သူဟာ နတ်ဘုရားအရှင်ဘုရင်အဆင့်ပညာရှင်တစ်ယောက်အား မမြင်ဖူးခြင်းမျိုးလည်း မဟုတ်ပါချေ!
နတ်ဘုရားအရှင်ဘုရင်အဆင့်ပညာရှင်မှာ စွမ်းအားကြီးပါသော်လည်း သူဟာ ၎င်းတို့အားလိုက်မှီနိုင်ပြီး ကြိုးစားလျှင် ၎င်းတို့၏အဆင့်သို့ရောက်နိုင်မည်ဟု ခံစားမိသည်ပင်။
သို့သော် ထိုလူမှာ သူ့အား အရှက်ရစေကာ အကူအညီမဲ့စေ၏။
၎င်းမှာ သူဟာ ထိုသူ၏အရှေ့တွင်ပုရွက်ဆိတ်ဖြစ်လာဖို့ရန် ကံတရားသတ်မှတ်ထားသကဲ့သို့ပင်။
သူဟာမည်မျှ ကြိုးစားစား တစ်ဖက်လူမှာ သူ့အားအလွယ်တကူ သတ်နိုင်ပေလိမ့်မည်!
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၄။ အပိုင်း ၃၅၂ ကံကောင်းခြင်းကဘယ်ကိုရောက်သွားတာလဲ?
ဂလု
ဟွေ့ရှင်းမှာ တံတွေးမြိုချပြီးချိန်တွင် သူဟာကောင်းကင်သို့ချက်ချင်းညွှန်ပြလိုက်၏။
"ဟားဟားဟား...ကျုပ်တို့ဗုဒ္ဓဂိုဏ်းအကြီးအကဲကဒီမှာပဲ။"
လီချန်းရှန်နှင့် စုန့်ရှင်းနျန်မှာ ချက်ချင်းပင် ကောင်းကင်သို့ကြည့်လိုက်ကြသည်။ တစ်ဖက်ရှိ လုရှောင်ယန်ကိုယ်ပွားမှာမူ ချက်ချင်းတိုက်ခိုက်လိုက်သည်။
"သေစမ်း! သူကအကြင်အနာမဲ့တယ်လား?"
ဟွေ့ရှင်းမှာ ချက်ချင်းပင် နက်နဲမှုအဆင့်ရှိသော သူ၏ရွေ့လျားမှု နည်းလမ်းကို လွတ်မြောက်ဖို့ရာ အသုံးပြုလိုက်သည်။
သို့သော် သူ၏အလိမ်အညာလိုမျိုးစွမ်းအားမှာ အင်အားကြီးမှာပါသော်လည်း သူ၏ကျင့်ကြံဆင့်မှာမူ လုရှောင်ယန်ကိုယ်ပွားထက် အတော်လေးနိမ့်ကျနေသေးသည်။
တစ်ယောက်မှာ မဟာယနနတ်ဘုရားအရှင်ဘုရင် ပထမအဆင့်ဖြစ်ပြီး အခြားတစ်ယောက်မှာတော့ မဟာယနနတ်ဘုရားအရှင်ဘုရင် ဒဿမအထွဋ်အထိပ်အဆင့်ဖြစ်၏။ ဒါ့အပြင် လုရှောင်ယန်မှာ ဦးဆုံးတိုက်ခိုက်ခဲ့သည်ပင်။ ဟွေ့ရှင်းမှာ ရှောင်တိမ်းဖို့ဟာ အတတ်နိုင်ဆုံးလုပ်ဆောင်နေသော်လည်း သူ့၏လက်မှာ လုရှောင်ယန်ထံတွင် အဖြတ်ခံလိုက်ရတော့သည်။
နတ်ဝိဉာဉ်စွမ်းအားထောက်ပံ့မှုပျောက်ဆုံးသွားသော လက်မှာ ချက်ချင်းဖျက်ဆီးခံလိုက်ရကာ ခြေရာလေးပင်မကျန်ပါချေ။ ဓားမော့အလင်းမှာ ၎င်း၏အရှိန်မပြယ်ဘဲ မြေသို့ကျဆင်းသွားကာ ချက်ချင်းပင် ဆယ်မီတာကျော်ရှည်လျားသော ကြီးမားသည့်ချောက်ကြီးအဖြစ်ပိုင်းဖြတ်လိုက်သည်။
ဟွေ့ရှင်းမှာတံတွေးထွေးလိုက်ကာ ကိုယ်ပေါ်ရှိအမွေးများ အဆုံးထိထောင်ထသွားတော့သည်။ သူဟာ ထပ်မံ၍မနေလိုတော့ဘဲ ချက်ချင်းပင် အနီးရှိဗုဒ္ဓဂိုဏ်းခွဲဆီသို့ ပျံပြေးသွားတော့သည်။
"ဆရာ! သူထွက်ပြေးနေပြီ! သူ့ကို အလွတ်မပေးပါနဲ့။ အဲ့ဒီကောင်ရဲ့ပါရမီက အရမ်းစွမ်းအားကြီးတယ်။ အချိန်တိုအတွင်းမှာပဲ သူကပိုပြီးတောင်သန်မာလာနိုင်တယ်။"
လီချန်းရှန်မှာ ရှင်းပြလိုက်သော်လည်း လုရှောင်ယန်ကိုယ်ပွားမှာရွေ့လျားခြင်းမပြုပါချေ။ ၎င်းမှာ ကောင်းကင်ကိုသာ သေချာစိုက်ကြည့်နေ၏။
ဟွေ့ရှင်းမှာ တမုဟုတ်ချင်းပင် ၅၀ကီလိုမီတာ အကွာသို့ထွက်ပြေးလွတ်မြောက်သွားသည်။ ၎င်းမှာနောက်သို့လှည့်ကြည့်ပြီး လုရှောင်ယန်မှာ သူ့နောက်သို့လိုက်မလာသည်ကိုမြင်လိုက်ရသည်။ သူဟာမထိန်းနိုင်ဘဲ မျက်မှောင်ကျုံ့လိုက်မိသည်။
"အဓိပ္ပာယ်မရှိလိုက်တာ! သူကဘာလို့ ငါ့ကိုသတ်ဖို့မလာရတာလဲ?"
သူဟာသံသယအားထုတ်ဖော်နေချိန်တွင် အရှိန်အဝါတစ်ခုက တစ်ခဏမှာပင် သူ၏ရှေ့တွင်ပေါ်လာကာ သေလုအောင် ဖိအားပေးနေ၏။
ဟွေ့ရှင်းမတုံ့ပြန်နိုင်ခင်တွင် တစ်ဖက်လူမှာ သူ့အားထိုးနှက်ပြီးဖြစ်၏။
ဘန်း!
ကြီးမားသောလက်သီးမှာ သူ၏ရင်ဘတ်သို့ ပြင်းစွာရိုက်ခတ်သွားပြီး သူ၏နတ်ပစ္စည်းအဆောင်လက်နက်ထက်တွင် ပထမဆုံးသောကြီးမားသည့် အမှတ်ကြီးတစ်ခုအားဖြစ်ပေါ်လာစေသည်။
ဖူးးးး
ဟွေ့ရှင်းမှာ သွေးတစ်လုပ်အားအန်မိသွားသည်။ ၎င်းမှာ သူ၏ကိုယ်ကိုပင်မထိန်းချုပ်နိုင်တော့ဘဲ ထိုပြင်းအားကြောင့် ထိခိုက်သွားရသည်။
သူ၏တစ်ကိုယ်လုံးမှာ မြေပြင်ထက်သို့ ဥက္ကာခဲတစ်ခဲကဲ့သို့ ပြင်းစွာထိရိုက်သွားတော့သည်။
ဘုန်း!
နောက်ထပ်အသံကျယ်တစ်ခုကထွက်ပေါ်လာပြန်ကာ မြေပြင်မှာတုန်ရီသွားသည်။
"သေစမ်း!"
"သေစမ်း!"
လီချန်းရှန်နှင့် စုန့်ရှင်းနျန်မှာ တစ်ချိန်တည်းဆဲရေးမိလိုက်ကြကာ ကောင်းကင်ရှိဆရာနောက်ထပ်တစ်ယောက်အား ကြည့်မိလိုက်ကြသည်။
တစ်ခုခုများမှားနေတာလား?
ဆရာနှစ်ဦးမှာ တကယ်ကြီးပေါ်လာသည်လား?
ဒါကအရမ်းကို ပုံမှန်ဖြစ်မနေဘူးလား?
ဟွေ့ရှင်းမှာ ဝိဉာဉ်လွင့်မတတ်ကြောက်ရွံ့နေပြီးဖြစ်သည်။ သူဟာ အဘယ့်ကြောင့် လုရှောင်ယန်နှစ်ယောက်ဖြစ်နေသည်ကို လုံးဝဂရုမစိုက်ပါချေ။ သူဟာတစ်ဖက်သို့ ချက်ချင်းပျံသွားကာ ထိုသံသရာမှလွတ်မြောက်ချင်နေ၏။
မည်သို့ဖြစ်ဖြစ် ကမ္ဘာတစ်ခုလုံးတွင်ဗုဒ္ဓဂိုဏ်းခွဲများဖြင့် ပြည့်နှက်နေသည်ပင်။ ၎င်းမှာ သူတို့ဘယ်နေရာသွားသွား တူညီနေမည်ဖြစ်၏။
သို့သော် သူပျံမထွက်နိုင်ခင်တွင် အနောက်ဘက်မှ တူညီသောအရှိန်အဝါနောက်တစ်ခုပေါ်ထွက်လာ၏။
"သေစမ်း ခင်ဗျား!"
ဟွေ့ရှင်း၏စိတ်အခြေအနေမှာ နေရာတွင်ပင် ပေါက်ကွဲသွားတော့သည်။
ထိုကောင်တွေမှာ အားလုံးအမြွှာတွေဖြစ်နေသည်လား?
သူတို့က ဘာလို့တစ်ယောက်ပြီးတစ်ယောက်ပေါ်လာနေရတာလဲ?
ဒါ့အပြင် ၎င်းတို့မှာ အမြွှာများဖြစ်နေပါလျှင်တောင် တူညီသောအရှိန်အဝါရှိနေခြင်းကိုတော့ မရှင်းလင်းပါချေ။
"အရှေ့ဘက်...သေစမ်း!"
သူဟာ တစ်ဖက်မလှည့်နိုင်ခင်တွင် အရှေ့ဘက်ကောင်းကင်မှာ လျှပ်စီးတိမ်များဖြင့် ဖုံးအုပ်သွားချေ၏။
နောက်ထပ်လုရှောင်ယန်?
လီချန်းရှန်နှင့် စုန့်ရှင်းနျန်မှာ နေရာတွင်ပင် ကြောင်အသွားကြတော့သည်။
လေးယောက်တောင်...ဆရာကလေ?
ထိုထိတ်လန့်မှုအားလျစ်လျူရှုလျက် လုရှောင်ယန်ကိုယ်ပွားမှာ ဟွေ့ရှင်းအား ဖိနှိပ်ရန် သူ၏အရှိန်အဝါကိုထုတ်သုံးလိုက်၏။ ထို့နောက်တွင် သူဟာတစ်ချိန်တည်းပင်တိုက်ခိုက်လိုက်ကာ ဟွေ့ရှင်းအား အသက်ရှူဖို့ရာပင် အခွင့်အရေးမပေးပါချေ။
ရှေးဟောင်းဧကရာဇ်ကျမ်း၊ အဇူရာကြာပန်းဓားအနုပညာ၊ စစ်မှန်သော ဇာမဏီကိုးပါးအသွင်ပြောင်းခြင်း...
သူဟာ တစ်ချိန်တည်းတွင် ကျင့်စဉ်မျိုးစုံအားသုံးကာ ဟွေ့ရှင်းအား အထူးပုဂ္ဂိုလ်ကြီးအားမျိုးစုံရိုက်နှက်ခြင်းကို ပေးလိုက်သည်။
ဟွေ့ရှင်းမှာ ချက်ချင်းပင် မတုံ့ပြန်နိုင်ဘဲ ကြောင်အနေတော့၏။
သူ၏နတ်ပစ္စည်းအဆောင်လက်နက်မှာလည်းအက်ကွဲသွားကာ သူ၏ကိုယ်တွင်လည်း ဒဏ်ရာအပြင်းအထန်ရနေသည်။
လုရှောင်ယန်ကိုယ်ပွား၏တိုက်ခိုက်မှုမှာ အင်မတန်စွမ်းအားကြီးလှကာ အမြန်နှုန်းမှာလည်း ထိတ်လန့်ဖွယ်ပါပင်။
အဆိုးဆုံးမှာ ထိုလူသည် သူ့အား အသက်ရှူဖို့ပင် လုံးဝအခွင့်အရေးမပေးခြင်းပင်။
ဟွေ့ရှင်း၏ကိုယ်မှာ ဒဏ်ရာများရရှိနေဆဲပင်။ သူ၏ကျင့်စဉ်မှာ အရူးအမူးလှည့်ပတ်ကာ ခန္ဓာအားပြုပြင်လျက် ကာကွယ်နေ၏။
၎င်းမှာ သူ၏စွမ်းအားကို တိုးလာစေပြီး သူ၏နတ်ဝိဉာဉ်ပင်ပေါ်လာသည်အထိပင်။
၎င်းမှာတကယ်ကို ဗောဓိသဗ္ဗပုံရိပ်ဖြစ်ချေ၏!
ဗုဒ္ဓဂိုဏ်း၏နတ်ဝိဉာဉ်များမှာ အားလုံး တစ်စုတစ်စည်းတည်းဖြစ်သည်ဟု သိထားသည်။ ၎င်းတို့အား ဗုဒ္ဓ၊ ဗောဓိသဗ္ဗ၊ ရဟန္တာနှင့် ဗောဓိအရှင်မြတ်ဟူ၍ပင်။
နတ်ဝိဉာဉ်မှာ ဗောဓိသဗ္ဗပုံရိပ်ဖြစ်နေပါလျှင် ဟွေ့ရှင်းမှာ အနာဂတ်၌ ဗောဓိသဗ္ဗတစ်ပါးဖြစ်လာရန် အနည်းဆုံးကျင့်ကြံနိုင်လိမ့်မည်ဟု ဆိုလိုခြင်းပင်။
ကံမကောင်းစွာဖြင့် ဤအခိုက်တွင် သူဟာ ရှင်သန်နိုင်လိမ့်မလားကိုပင် မသိပါတော့ချေ။ သူဟာ ထိုဗောဓိသဗ္ဗဟုခေါ်ဆိုသော အရာဖြစ်လာမည်လားကိုပင် မတွေးဝံ့တော့ပေ။
သူ၏နတ်ဝိဉာဉ်ပေါ်ထွက်လာသည်နှင့် သူ၏ကျင့်စဉ်လှည့်ပတ်ခြင်းမှာ ပို၍သန်မာမြန်ဆန်လာတော့သည်!
သို့သော် သူ၏အမြန်နှုန်းမှာ လုရှောင်ယန်၏တိုက်ခိုက်မှနှုန်းထက် အတော်လေးနိမ့်ကျနေသေး၏။
စနစ်မှာ သူ၏နားထဲတွင် အဆက်မပြတ်မြည်သံထွက်နေသည်။
[ဒင်... သင်၏အသက်မှာ အန္တရာယ်ရှိနေသည်ကို စုံစမ်းမိပါသည်။ သင်၏ကျင့်စဉ် မဟာယနဝါဂျရာအနုပညာမှာ အကြိမ်တစ်ရာပိုမြန်သောနှုန်းဖြင့် လှည့်ပတ်နေပါပြီ]
…
[ဒင်... သင်၏အသက်အန္တရာယ်ရှိနေပြီဟု စုံစမ်းမိပါသည်။ သင်၏ကျင့်စဉ်၊ စစ်မှန်သောဗုဒ္ဓမိုးကြိုးမှာ အလျင်အမြန်တိုးမြင့်နေပါသည်။ ၎င်းမှာ ၁၀%၊ ၅၀%နဲ့ ၁၀၀%အထိတိုးမြှင့်ပြီးပါပြီ။ ၎င်းအား နတ်ဘုရားနည်းလမ်းမှအဆင့်မြှင့်တင်ထားကာ နက်နဲမှုအဆင့်သို့ရောက်ရှိသွားပါပြီ...]
...
[ဒင်...သင်၏အသက်မှာ အန္တရာယ်ရှိနေသည်ဟု စုံစမ်းမိပါသည်။ သင်၏ရေပေါ်ပေါ့ပါးခြေလှမ်းမှာ မသေမျိးတစ်ဝက် လမ်းစဉ်—ဝိဉာဉ်ချုပ်နှောင်သွေးခဲအနုပညာအဖြစ်ပြောင်းလဲသွားပါသည်! ဝိဉာဉ်ချုပ်နှောင်သွေးခဲအနုပညာမှာ hostရဲ့ နောက်ဆုံးသွေးခြေရာလေးနဲ့ ဝိဉာဉ်စွမ်းအားကို သိမ်းဆည်းပြီး hostကို ကိုယ်တိုင်ဖောက်ခွဲခွင့်ပြုရင်းနဲ့ လက်ရှိနယ်မြေကနေ လွတ်မြောက်စေနိုင်ပါတယ်]
...
ထိုကျင့်စဉ်အားမြင်လိုက်ရသော် ဟွေ့ရှင်း၏မျက်လုံးများမှာ ချက်ချင်းတောက်ပသွားတော့သည်။
သူ၏လစ်လပ်နေသောအရာမှာ အချိန်ကိုက်ရောက်ရှိလာခဲ့သည်။ ကောင်းကင်ဘုံမှာသူ့အားမသေစေလိုပါချေ!
ဟားဟားဟားဟား...
သူဟာချက်ချင်းပင် ဝိဉာဉ်ချုပ်နှောင်သွေးခဲအနုပညာကိုအသုံးပြုလိုက်သည်။
ဘန်း!
နောက်တစ်ခဏတွင် သူ၏ကိုယ်မှာ နေရာ၌ပင် သွေးမှုန်အဖြစ်ပေါက်ကွဲထွက်သွား၏။
...
တောင်ကြားအစွန်းတွင် လုရှောင်ယန်မှာ ကျောက်တုံးတစ်ခုထက်၌ မှိုင်းညို့နေဟန်ဖြင့် ထိုင်လျက်ရှိသည်။သူဟာ လက်ဆောင်ထုပ်မှရရှိခဲ့သော အမတငိုကြွေးမိုးမခနွယ်ပင်အား ကြံအဖြစ်သို့ပြောင်းလဲရန်ကြိုးစားနေ၏။
သူဟာ ကိုယ်ပွား၏မှတ်ဉာဏ်များကို မရရှိနိုင်ပါချေ။ သူ၏ကိုယ်ပွားသေဆုံးပြီး သို့မဟုတ် ထိုဂါထာပြယ်သွားခြင်းမရှိပါလျှင် သူဟာ ကိုယ်ပွား၏မှတ်ဉာဏ်ကို စုပ်ယူနိုင်လိမ့်မည်မဟုတ်ပါချေ။ ထို့ကြောင့် ယခုအထိ သူ၏ကိုယ်ပွားမှာ လီချန်းရှန်နှင့် စုန့်ရှင်းနျန်အား ရှာတွေ့ပြီလားကိုမသိရသေးပါချေ။
ထိုသည်က သူ့အားဒေါသထွက်စေသည်။
သူဟာထိုကောင်စုတ်လေးနှစ်ကောင်အားရှာတွေ့ပြီးနောက်တွင် ထို မသေမျိုးမိုးမခကိုင်းများမှ ပြုလုပ်ထားသော ကြံ၏အရသာကောင်းကို ၎င်းတို့အား လုံးဝမြည်းစမ်းခိုင်းရန် ဆုံးဖြတ်လိုက်သည်။
သူဟာ ကြံပြုလုပ်နေရင်း တပည့်များ၏သတင်းကို ကြည့်နေလိုက်သည်။
[သင်၏တပည့်ကျွင့်ပုကျန်းမှာ ဗုဒ္ဓဂိုဏ်းသားတစ်ဦး၏တိုက်ခိုက်ခြင်းကိုခံလိုက်ရပါသည်]
[သင်၏တပည့်ယွင်လီကောမှာ နတ်ဆိုးဂိုဏ်းမဟာအကြီးအကဲ၏တိုက်ခိုက်ခြင်းကိုခံလိုက်ရပါသည်]
[သင်၏တပည့်ကျွင့်ပုကျန်းမှာဗုဒ္ဓဂိုဏ်းအကြီးအကဲတစ်ဦး၏တိုက်ခိုက်ခြင်းကိုခံလိုက်ရပါသည်]
[သင်၏တပည့်ယွင်လီကောမှာ မြေအောက်လောကဘိုးဘေး၏တိုက်ခိုက်ခြင်းကိုခံလိုက်ရပါသည်]
[သင်၏တပည့် ကျန်းထိုက်ရွှမ်မှာ ဗုဒ္ဓအကြီးအကဲတစ်ဦး၏တိုက်ခိုက်ခြင်းကိုခံလိုက်ရပါသည်]
[သင်၏တပည့်ယွင်လီကောမှာ သွေးနတ်ဆိုးမိခင်၏တိုက်ခိုက်ခြင်းကိုခံလိုက်ရပါသည်]
...
လီကောဟာ ထိုလူထူးဆန်းများအားနှိုးဆွရန် တစ်နေ့လုံးမည်သည်အားလုပ်နေသည်ကို မသိရပါချေ။
သို့သော် သူ့အားပိုမိုမယုံကြည်နိုင်စေသည်မှာ ကျွင့်ပုကျန်းနှင့် ကျန်းထိုက်ရွှမ်မှာ တကယ်ကိုပင် ဗုဒ္ဓဂိုဏ်းအား ဆန့်ကျင်လာခြင်းကိုပါပင်။
ဘာလို့ဒီနှစ်ယောက်က ဗုဒ္ဓဂိုဏ်းကိုဆန့်ကျင်နေရတာလဲ?
၎င်းတို့နှစ်ဦးမှာ ဝမ့်ခိုက်မှာ အာရုံမခံနိုင်လောက်အောင်ကိုပင် ဝေးကွာလှသည်။ ပြောရလျှင် ၎င်းတို့မှာ ကျူးကောကျီချုံအား ဗုဒ္ဓဂိုဏ်းမှဖမ်းဆီးထားသည်ကို သိရန် မဖြစ်နိုင်ပါချေ။
ဘာတွေဖြစ်နေတာလဲ?
ဒါက အတော်လေးထူးခြားတယ်!
ဒီတပည့်လေးတွေကို ဗုဒ္ဓဂိုဏ်းက လှည့်ဖျားခဲ့လို့များလား?
၎င်းတို့မှာ အဘယ့်ကြောင့်ဗုဒ္ဓဂိုဏ်းအားအင်မတန်ဒေါသထွက်နေရပါသနည်း?
လုရှောင်ယန်မှာ ရှုပ်ထွေးစွာဖြင့် 'ကြံ'ပြုလုပ်နေချိန်တွင် သွေးလွှမ်းနေသောပုံရိပ်တစ်ခုက သူ့ရှေ့တွင်ရုတ်တရတ်ပေါ်လာသည်။
တစ်ချိန်တည်းတွင် ဝမ့်ခိုက်၏အသံမှာ သူ၏စိတ်ထဲတွင် ချက်ချင်းထွက်ပေါ်လာ၏။
[မြင်းနက်တစ်ကောင်ကိုတွေ့ရပါတယ်။ ဆရာ၊ သူ့ကိုသတ်လိုက်ပါ။ သူ့ကိုသာအောင်အောင်မြင်မြင်သတ်လိုက်နိုင်ရင် ဆုချခံရမှာပါ]
"ဟားဟားဟား...ငါ၊ ဟွေ့ရှင်း နောက်ဆုံးတော့ လွတ်လာခဲ့ပြီ! မဟာယနနတ်ဘုရားအရှင်ဘုရင် လေးယောက်ကို ရင်ဆိုင်ခဲ့ရတာတောင်မှာ ငါကလွတ်မြောက်ဖို့စီစဉ်နိုင်တုန်းပဲ။ ငါကတကယ်ကိုအရွေးချယ်ခံတစ်ယောက်ပဲ!"
သို့သော် ထိုအခိုက်တွင် ပိုမိုပြင်းထန်ကာ လျင်မြန်သောအသံတစ်ခုမှာ ရုတ်တရတ် သူ၏စိတ်ထဲ၌ထွက်ပေါ်လာသည်။
…
[ဒင်! သင်ဟာသေဆုံးလုနီးပါးဖြစ်နေပြီကိုအာရုံခံမိပြီး သင်၏ကျင့်စဉ်၊ ဟီနယနဂေါတမနတ်လက်ဝါးမှာ ကိုယ်တိုင်ဖျက်ဆီးကာ ပြန်လည်ဖွဲ့စည်းခြင်းကိုလုပ်ဆောင်ပြီး ထိပ်တန်းအရည်အချင်း နက်နဲမှုကျင့်စဉ်— ဂေါတမနတ်လက်ဝါး အဖြစ်သို့ တိုးမြှင့်နေပါပြီ။ ဂေါတမနတ်လက်ဝါးမှာ သင်ဟာသေလုနီးပါးဖြစ်နေသည်ကို အာရုံခံမိကာ လွတ်မြောက်ရန်ပြင်နေပါပြီ]
...
[ဒင်! သင်ဟာသေလုဆဲဆဲဖြစ်နေသည်ကို အာရုံခံမိပြီး သင်၏ကျင့်စဉ် ဝိဉာဉ်ချုပ်နှောင်သွေးခဲမှာ ရပ်တန့်သွားပြီး ထပ်မံအသုံးပြု၍မရနိုင်တော့ပါချေ]
…
[ဒင်! သင်ဟာသေလုဆဲဆဲဖြစ်နေသည်ကိုအာရုံခံမိပြီး သင်၏ကျင့်စဉ် နဂါးနိုင်ကျားလက်သီးမှာ ၎င်းကိုယ်ကို ခွဲထွက်နေပါပြီ]
...
[ဒင်! သင်ဟာသေလုဆဲဆဲဖြစ်နေသည်ကိုအာရုံခံမိပြီး ကျွန်ုပ်မှာ ထွက်ခွာရန်ပြင်နေပါပြီ။ သင်သေဆုံးပြီးနောက်တွင် စာချုပ်အား ဖယ်ရှားပြီး ကျွန်ုပ်လည်းလွတ်မြောက်မည်ဖြစ်ပါသည်။ မဖြစ်နိုင်လောက်သော်လည်း သင်ပြန်လည်ဝင်စားဖို့ရာ မျှော်လင့်မိပါသည်]
ဟွေ့ရှင်းမှာအလွန်အမင်း ကြောင်အသွားသည်။ သူ၏ကိုယ်မှာ သူ၏ခေါင်းအား လှည့်လိုက်ချိန်တွင် တောင့်တင်းနေဟန်ပေါ်ကာ သူ၏နောက်သို့ အကြည့်ပို့လိုက်ဟည်။
သူဟာလုရှောင်ယန်ကိုမြင်သောအခါ လုံးဝလဲပြိုသွားတော့သည်။
"ညီအစ်ကို၊ မင်းမှာ အချိန်တွေ ဘယ်လောက်တောင် ရှိနေတာလဲ?"
သို့သော် သူ့အား တုံ့ပြန်စေသောအရာမှာ ကောင်းကင်ယံတွင်ပြည့်လျှံနေသောတိုက်ခိုက်မှုနှင့် လုရှောင်ယန်၏အဆက်မပြတ်ရွတ်ဆိုခြင်းပင်။
"မဟာကောင်းကင်နဂါး၊ လောကအရှင် ကိစန္တိဂါဘ၊ ပရာဂယာ ဗုဒ္ဓ၊ ..."
"ဂေါတမနတ်လက်ဝါး! ရှေးဟောင်းဧကရာဇ်လက်သီး! မဖျက်ဆီးနိုင်သောဝါဂျရာလက်သီး! ကောင်းကင်ကိုးထပ်ဇာမဏီငိုကြွေး! စစ်မှန်သောဇာမဏီကိုးသွယ်ပုံသဏ္ဍာန်! နတ်နဂါးမြှီးဝေ့ယမ်း! ပင်လယ်ထွက်နဂါးရူး! အဆုံးမဲ့စမ်းချောင်းတွေ! ဆက်စပ်နေတယ်! မင်းသာမှားရင် ထပ်ကြိုးစား..."
"အဇူရာကြာပန်းဓားတေးသံ! ကမ္ဘာဖျက်ဆီးမှုလွှမ်းမိုးခြင်း! ဝိဉာဉ်အက်ကွဲတိုက်ကြီးကိုးတိုက်! ကောင်းကင်ဖွင့်တိုက်ပွဲနတ်ဘုရား..."
ဟွေ့ရှင်းမှာ ကျန်ရှိသော ကျင့်စဉ်များအားမကြားနိုင်တော့ပါချေ။ သူ၏အသိစိတ်မှာ လုံးဝအမှောင်ကျသွားပြီဖြစ်၏။ အဆုံးတွင် ဝိဉာဉ်စွမ်းအားမျာ ခြေရာပင်မကျန်လဲ ပျောက်ကွယ်သွားခဲ့ပြီ။
သူ၏အသိစိတ်မပျောက်ကွယ်ခင်တွင် သူဟာကောင်းကင်ဘုံသို့ လက်ခလယ်တစ်ချောင်း အတင်းထောင်ပြလိုက်ခဲ့သည်။
ေ-ာက်ကောင်းကင်ဘုံ! ဒီစနစ်ကလုံးဝရက်စက်တယ်!
သူဟာဘဝတွင်အင်မတန်ကံကောင်းခဲ့သော်လည်း ယနေ့တွင် သူ၏ကံကောင်းမှုများမှာ မရှိတော့ပါချေ။
ပထမတွင် သူဟာ ပုံစံတူ နတ်ဘုရားဘုရင်ထိပ်ဆုံးအဆင့်လေးဦးအားတွေ့ကြုံခဲ့ရသည်။
အဆုံးတွင် သူ၏မသေမျိုးတစ်ဝက်ကျင့်စဉ်အား သုံးပြီးနောက် ကီလိုမီတာ သိန်းချီအဝေးအားထွက်ပြေးခဲ့သော်လည်း နောက်ထပ်ထိုအမြွှာညီအစ်ကိုကို ထပ်မံကြုံတွေ့ရသေးသည်။
ပို၍ပုံမှန်ဖြစ်မနေသည်မှာ ထိုလူ၏စွမ်းအားမှာ တကယ်တော့ မဟာယနနတ်ဘုရားအရှင်ဘုရင် ထိပ်ဆုံးအဆင့်တွင် ရှိနေခြင်းပါပင်။
ပုံမှန်မဖြစ်ဆုံးမှာတော့ သူဟာ ဗုဒ္ဓဂိုဏ်း၏ ကြီးမြတ်သောနက်နဲမှုများကိုပင် သိနေခြင်းပါပင်။
နောက်ဆုံးတွင် ဟွေ့ရှင်းသည်တောင်မှ မဟာစွမ်းအားကောင်းကင်နဂါးလမ်းစဉ်အားမသိပါချေ!
ဂေါတမလက်ဝါးအဆင့်မြင့်ပြီးချိန်တွင် ၎င်းမှာ ချက်ချင်းထွက်ပြေးသွားခဲ့သည်။
ဟွေ့ရှင်းမှာ ကူရာမဲ့စွာ ကောင်းကင်ဘုံအားကျိန်ဆဲခဲ့လိုက်၏။
သူဟာကောင်းကင်ဘုံမှသူ့အား ပြန်လည်ဝင်စားခွင့်ပေးရန် လောင်းရဲသည်။
သူဟာနောက်ဘဝတွင် ကောင်းကင်ဘုံအားလုံးဝအနိုင်ယူရလိမ့်မည်ဟု ကျိန်ဆိုသည်။
သူ…ဖြစ်ချင်ပါသည်...
အဆုံးတွင် သူ၏အတွေးများမှာ လုံးဝပျောက်ကွယ်သွားတော့၏။
လုရှောင်ယန်အတွက်မူ သူဟာရူးလောက်သော ရိတ်သိမ်းမှုကိုရရှိလိုက်တော့သည်။
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၄။ အပိုင်း ၃၅၃ ဒေါသ
...
[မြင်းနက်ကိုသတ်လိုက်နိုင်တဲ့အတွက် ဂုဏ်ပြုပါတယ် သခင်။ အခုသခင့်ရဲ့ကျင့်ကြံဆင့်တစ်ဆင့်တိုးမြင့်သွားပါပြီ။ သခင်အခုတစ်ခေါက်သတ်လိုက်တဲ့ မြင်းနက်က အရမ်းစွမ်းအားကြီးလို့ထင်တယ်၊ ဆရာ့ရဲ့ကျင့်ကြံဆင့်တောင် နောက်တစ်ဆင့်တိုးသွားတယ်]
လုရှောင်ယန်မှာ သူ၏ကိုယ်တွင်းရှိနတ်ဝိဉာဉ်စွမ်းအားမှာ အောင်မြင်ခြင်းကြောင့် နှစ်ကြိမ်မျှတုန်ရီသွားသည်ကိုခံစားလိုက်ရကာ ချက်ချင်းပင် တက်ကြွလာသည်။
သူဟာနောက်ဆုံးတွင် အမတနတ်ဘုရားဧကရာဇ်အဆင့်သို့တက်လှမ်းသွားပြီဖြစ်၏။ ထို့အပြင် သူဟာ တစ်ဆက်တည်း အဆင့်သေးနှစ်ဆင့်သို့တက်သွားကာ အမတနတ်ဘုရားဧကရာဇ် ဒုတိယအဆင့်သို့ရောက်နေပြီဖြစ်သည်။
အမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်မှာ ပြန်လည်ရှင်သန်ဖို့ရာ ကျင့်စဉ်တစ်ခုမလိုအပ်ဟုဆိုကြသည်။ ထိုအစား ၎င်းမှာ သူ၏ဝိဉာဉ်တစ်ပိုင်းတစ်စနှင့် သွေးလေးတစ်စက်သာ ချန်ထားရန်သာလိုအပ်သည်။
အမတနတ်ဘုရားဧကရာဇ်မှာ မသေမျိုးအဆင့်သို့ရောက်ရှိနေသည်တော့ မဟုတ်ပါချေ။
သို့သော် အချို့သော အမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်များမှာ ၎င်းတို့၏သွေးအဆီအနှစ်တစ်စက်နှင့် ဝိဉာဉ်စွမ်းအားတစ်မျှနှင့်ပင် ကိုယ်တိုင်ပြန်လည်ရှင်သန်နိုင်သည်ပင်။
၎င်းမှာ အမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်တစ်ယောက်၏ ကြောက်မက်ဖွယ်ရာစစ်စစ်ပင်ဖြစ်၏။
သို့သော် ထိုအခိုက်တွင် လုရှောင်ယန်၏စိတ်ထဲရှိ သတိပေးစာများမှာ မရပ်တန့်တော့ပါချေ။
[ဂုဏ်ပြုပါတယ်၊ သခင်၊ မြင်းနက်ကို အောင်အောင်မြင်မြင်သတ်လိုက်နိုင်တာကြောင့် အမတပစ္စည်းအဆောင်ဖြစ်တဲ့ အမတမြင်းမြီးယပ်ကိုလက်ခံရရှိပါတယ်]
[ဂုဏ်ပြုပါတယ်၊ သခင်၊ မြင်းနက်ကို အောင်အောင်မြင်မြင်သတ်လိုက်နိုင်တာကြောင့် အမတသွေးဆေးလုံး ×၉၅၂၇လုံးကိုရရှိပါတယ်]
[ဂုဏ်ပြုပါတယ်၊ သခင်၊ မြင်းနက်ကို အောင်အောင်မြင်မြင်သတ်လိုက်နိုင်တာကြောင့် တော်လှန်ခြင်းကိုးသွယ်အမတဆေးလုံး ×၁၀၀ကိုရရှိပါတယ်]
[ဂုဏ်ပြုပါတယ်၊ သခင် မြင်းနက်ကို အောင်အောင်မြင်မြင်သတ်လိုက်နိုင်တာကြောင့် မသေမျိုးအဆောင်လက်နက်ဖြစ်သည့် ဇင်းနစ်ကောင်းကင်အခြွေအရံ×၁ကိုရရှိပါတယ်]
[ဂုဏ်ပြုပါတယ်၊ သခင်၊ မြင်းနက်ကို အောင်အောင်မြင်မြင်သတ်လိုက်နိုင်တာကြောင့် အမတတာအိုနက်နဲမှု ×၃၀ကိုရရှိပါတယ်]
အမတတာအိုနက်နဲမှုမှာ နက်နဲမှုကျင့်စဉ်များ သို့မဟုတ် နက်နဲမှုလက်နက်များအား မသေမျိုးလမ်းစဉ်အဆင့်နှင့်မသေမျိုးပစ္စည်းအဆောင်လက်နက်အဖြစ်တိုးမြှင့်နိုင်သည်။
[ဂုဏ်ပြုပါတယ်၊ သခင် မြင်းနက်ကို အောင်အောင်မြင်မြင်သတ်လိုက်နိုင်တာကြောင့် မသေမျိုးလမ်းစဉ် ကောင်းကင်ရေမွှား မြေဘီလူးကိုရရှိပါတယ်]
သူဟာ ဆုအပုံလိုက်ကြီးရရှိလိုက်လေသည်။ ၎င်းတို့မှာ အခြေခံအားဖြင့် ကောင်းမွန်ကြသည်ပင်။ ဒါ့အပြင် ၎င်းတို့အားလုံးမှာ အမတအဆင့်များဖြစ်ကြသည်။ ၎င်းမှာ ဟွေ့ရှင်းသည်မည်မျှကြွယ်ဝကြောင်းကိုပြနေ၏။
ထိုအခိုက်တွင် အလင်းများစွာမှာ ဟွေ့ရှင်းဖျက်ဆီးခံလိုက်ရသောနေရာမှပေါ်ထွက်လာကာ အဘက်ဘက်သို့ပျံ့နှံ့သွားသည်။
သို့သော် ဝမ့်ခိုက်၏အရှိန်ကပိုမြန်၏။ သူဟာ လုရှောင်ယန်၏ကိုယ်မှထွက်လာချိန်တွင် ၎င်းမှာ ကိုယ်ပွား ငါးခုကိုဖန်တီးလိုက်သည်။
တစ်ချိန်တည်းတွင် ၎င်းမှာ အလင်းများအားလုံးနောက်သို့လိုက်ကာ အလင်းတစ်ခုကိုမျှပင် မလွတ်စေလိုက်ရပါချေ။
အကြီးမားဆုံးအလင်းမှာ ဉာဏ်အရှိဆုံးနှင့် အလျင်စလိုဖြေလိုက်သည်။
[သူဌေး မလာပါနဲ့။ ကျွန်တော်တို့က တူတူပဲ။ မင်းက စနစ်ဖြစ်ပြီး ကျုပ်ကလည်း စနစ်ပါပဲ။ ကျွန်တော်တို့က လွန်ခဲ့တဲ့နှစ်၈၀၀အကြာကပါ]
ကံမကောင်းစွာဖြင့် ဝမ့်ခိုက်မှာ ၎င်းကိုလျစ်လျူရှုကာ ချက်ချင်းမြိုချလိုက်သည်။
ထို့နောက်တွင်ဝမ့်ခိုက်မှာ လုရှောင်ယန်ကိုယ်ထဲသို့ဝင်ရောက်သွား၏။
[သခင်၊ ငါ အဆင့်မြှင့်ရခါနီးနေပါပြီ။ မြှင့်တင်နေစဉ်အတွင်းမှာ ပြဿနာမရှာပါနဲ့။ မသတ်ပါနဲ့]
လုရှောင်ယန် : "..."
"ငါတော့မင်းတိုးမြင့်တဲ့အချိနိပေါက်ကွဲမှုဖြစ်ပြီး မင်းလည်းရူးမသွားဖို့မျှော်လင့်မိပါတယ်။"
ဝမ့်ခိုက် : [...]
ထိုအခိုက်တွင် လေထုပုံပျက်သွားကာ ကိုယ်ပွားလေးခုမှာတကယ်ကိုပင်ပြန်ရောက်လာခဲ့သည်။
၎င်းတို့ထဲမှနှစ်ဦးမှာ လီချန်းရှန်နှင့် စုန့်ရှင်းနျန်တို့အား သယ်ဆောင်လာခဲ့၏။
လုရှောင်ယန်မှာ ချက်ချင်းကိုပင်ခံစားချက်ကောင်းသွားသည်။
ယနေ့မှာ နေ့ကောင်းလေးတစ်ရက်ပါပင်။
ယခုတွင် သူဟာအိမ်တွင်ထိုင်နေရင်း မြင်းနက်တစ်ကောင်မှာလည်း အကြောင်းအရင်းမရှိပေါ်လာသည်။ ဒါ့အပြင် သူဟာ ကျန်းမာရေးမကောင်းသည့် မြင်းနက်ဖြစ်နေသည်ပင်။
မြင်းနက်များအားသတ်ပြီးနောက်တွင် သူ၏တပည့်အငယ်ဆုံးလေးများမှာလည်း ပြန်လည်ခေါ်ဆောင်လာခံရပေသည်။
"ဆရာ! နောက်ဆုံးတော့ကျွန်တော်တို့ဆရာ့ကိုမြင်ရပြီ။ ဝူးဝူးဝူး..."
"ဆရာ! ကျွန်တော်အများကြီးလွမ်းနေခဲ့တာ။"
၎င်းတို့နှစ်ဦးရောက်ရှိသည်နှင့် ၎င်းတို့မှာ လုရှောင်ယန်၏ပေါင်အားပြေးကာဖက်လိုက်ကာ ငိုကြွေးနေကြသည်။
၎င်းတို့နှစ်ဦး၏ရိုးရှင်းသောခံစားချက်ကိုအာရုံခံမိသည်နှင့် လုရှောင်ယန်၏နှလုံးမှာ ချက်ချင်းပျော့ပြောင်းသွားသည်။ သူဟာ ၎င်းတို့နှစ်ဦးအားမတိုက်ဖို့ရာဆန္ဒရှိနေသည်။
သူဟာဒေါသထွက်ချင်ယောင်ဆောင်နေခြင်းပါပင်။
"ဟမ့်! မင်းတို့နှစ်ကောင်ဘယ်လိုပြန်လာရမလဲကိုတော့သိသေးတယ်ပေါ့။ မင်းတို့နှစ်ယောက်ကိုမတိုင်ခင်ကလည်း ဆင့်ခေါ်ခဲ့တယ်။ မင်းတို့နှစ်ယောက်ဘာလို့ပြန်မလာခဲ့ကြတာလဲ?"
၎င်းတို့နှစ်ဦးမှာ ရှက်ရွံ့စွာဖြင့် ခေါင်းကိုနှိမ့်လိုက်ကြသည်။
"ဆရာ စိတ်အေးအေးထားပါ။ ကျွန်တော်တို့နှစ်ယောက် ပြန်လာဖို့ ငြင်းဆန်တာက ဆရာတူညီမလေးကို ကယ်ဖို့မစီစဉ်ရသေးတာရယ် ဆရာ့ဆီကို ရှက်စရာကောင်းအောင် ပြန်လာဖို့ရယ်ကို စိတ်ပူလို့ မလုပ်ရသေးတာပါ။"
ထိုသည်ကိုကြားသည်နှင့် လုရှောင်ယန်၏စိတ်ထဲမှ ဒေါသက အတော်လေးလျော့နည်းသွားသည်။
"ဟမ့်! မင်းတို့က ကျီချုံအကြောင်းတွေးနေမှတော့ ဒီတစ်ကြိမ်လွှတ်ပေးလိုက်မယ်"
"ကျေးဇူးပါဆရာ!"
၎င်းတိုနှ့စ်ဦးမှာ ချက်ချင်းပင်သက်ပြင်းချလိုက်သည်။ ၎င်းတို့မှာ အရိုက်ခံရန်မလိုတော့ပါချေ။
စုန့်ရှင်းနျန်မှာ သူ၏ကိုယ်ပွားအား ရုတ်တရတ်သတိရကာပြောလိုက်သည်။
"ဒါနဲ့၊ ဆရာ၊ ဆရာနဲ့တူတဲ့လူတွေကို ဘယ်ကရှာလာတာလဲ?'
လုရှောင်ယန်၏နှုတ်ခမ်းထောင့်မှာ ကွေးတက်သွား၏။
"ဒါကဆရာ့ရဲ့ကိုယ်ပွားကျင့်စဉ်ပါ။ မင်းဒါကိုသင်လိုက်တာနဲ့ မင်းရဲ့ကျင့်စဉ်နဲ့လိုက်ပြီး ကိုယ်ပွားအရေအတွက်ကိုတိုးနိုင်တယ်။ ကိုယ်ပွားရဲ့ကျင့်ကြံဆင့်နဲ့ ပိုင်ရှင် သုံးဖို့ ကျင့်စဉ်တွေက..."
"ဟစ်!"
၎င်းတို့နှစ်ဦးမှာ ချက်ချင်းပင် ဦးရေပြားများ ကြောင်တောင်တောင်ဖြစ်လာသည်ကို ခံစားမိလိုက်သည်။
သူ၏ဆရာမှ တကယ်ကိုပင် မာနကြီးကာ ခန့်ညားလေ၏။
သူ့ထံတွင် စွမ်းအားကြီးမားသော ကိုယ်ပွားများပင်ရှိပါချေ၏။
သေချာပေါက်ပဲ!
သူတို့၏ဆရာမှာ မသေမျိုးအမတပင်ဖြစ်ချေမည်။
အခြားအမတများမှလွဲ၍ ၎င်းကဲ့သို့ ကောင်းကင်ဘုံအားသွေဖယ်နေသည့်အရာကို နတ်ဘုရားအဆင့်နှင့်အထက်လေးများက မလုပ်နိုင်ပါချေ။
"ဘုရားရေ ဒီကျင့်စဉ်ကအရမ်းစွမ်းအားကြီးတာပဲ။ ဆရာကျွန်တော့ကိုသင်ပေးပါ။ ဒါကိုလည်း လေ့လာချင်လို့။"
"ကိစ္စမရှိပါဘူး။ မင်းကလုံ့လစိုက်တာ အရမ်းရှားလွန်းတယ်လေ။ ဆရာကမင်းကိုခဏအတွင်းသင်ပေးမယ်။"
လီချန်းရှန်မှာ အလျင်စလိုပြောလိုက်သည်။
"ဆရာ ကျွန်တော်လည်းဒါကိုသင်ချင်ပါတယ်"
လုရှောင်ယန်မှာ ခေါင်းငြိမ့်လိုက်သည်။
"ကောင်းပြီ၊ မင်းသာသင်ချင်ရင် ဆရာကသင်ပေးပါမယ်။"
မည်သို့ဆိုစေ သူ၏တပည့်များမှာ သူ့အား သစ္စာဖောက်လိမ့်မည်မဟုတ်ချေ။ ၎င်းတို့မှာ သူ၏ကိုယ်ပွားလမ်းစဉ်အားသင်ရန်မဆိုးပါချေ။ အနာဂတ်တွင် သူ၏တပည့်များမှာသူတို့၏ကိုယ်ပွားဖြင့် အခြားသူများအား အနိုင်ယူသည်ကို ကြည့်ရမည်မှာ အင်မတန်ပျော်မွေ့ဖွယ်ရာပင်။
"ဒါဆို ဆရာ၊ မြန်မြန်ပဲကျွန်တော်တို့ကိုသင်ပေးပါ။"
"ကောင်းပြီ၊ ကိစ္စမရှိဘူး။ ငါကမင်းတို့ရဲ့စွမ်းအားကို မြှင့်ပေးဖို့ လိုနေသေးတုန်းပဲ။ ငါ့နောက်လိုက်ပြီး အရင်ဆုံးတောင်ကြားကိုသွားကြမယ်။
သူဟာစကားဆုံးသည်နှင့် သူ၏ကိုယ်ပွားများအားရုတ်သိမ်းလိုက်သည်။ တစ်ချိန်တည်းတွင် သူဟာသူ၏ကိုယ်ပွားလေးဦး၏မှတ်ဉာဏ်ကိုပါရုတ်သိမ်းနေ၏။
၎င်းထဲတွင် ၎င်းတို့လေးဦးမှာ အနီးရှိ ဗုဒ္ဓဂိုဏ်းများအား သတ်ဖြတ်ခြင်းနှင့် အချို့သော ကိစ္စလေးများပါဝင်ချေသည်။
"အာ! ဒါဆိုရင်ဒီကောင်က ငါ့ရဲ့ကိုယ်ပွားတွေကြောင့် ဒဏ်ရာအပြင်းအထန်ရနေတာပေါ့လေ။ ဒီမြင်းနက်က လွယ်ကူနေတာ အံ့ဩစရာမဟုတ်တော့ဘူး။ သူက ငါ့ရဲ့ကိုယ်ပွားတွေကိုကြုံခဲ့ရတာပဲလေ။"
လုရှောင်ယန်မှာ သက်ပြင်းချခြင်းကို အဆုံးသတ်လိုက်ကာ သူ၏ခေါင်းတွင် နောက်ထပ်မှတ်ဉာဏ်တစ်ခုအား ရရှိသွားလေသည်။
"ဆရာတူအစ်ကို၊ ဒါကနည်းနည်း ငတုံးဆန်တယ်လို့များမထင်ဘူးလား?"
....
စုန့်ရှင်းနျန်နှင့် လီချန်းရှန်တို့၏အသံများမှာ လုရှောင်ယန်၏စိတ်တွင်းသို့တဖြည်းဖြည်းဝင်ရောက်ကာ လုရှောင်ယန်၏ ပြုံးနေသောမျက်နှာအားချက်ချင်းရပ်တန့်သွားစေ၏။
သူ၏အမူအရာမှာ ချက်ချင်းအေးစက်သွားဟည်။
စုန့်ရှင်းနျန်မှာ လုရှောင်ယန်၏ မူမမှန်မှုအား လုံးဝသတိမထားမိဘဲ ဆက်ပြောလိုက်၏။
"ဆရာ၊ ဘာဖြစ်လို့လဲ?"
လုရှောင်ယန်၏မျက်မှာမှာ မည်းမှောင်သွားသည်။ သူဟာတစ်ဖက်သို့လှည့်ကာ ၎င်းတို့နှစ်ဦးအားချည်နှောင်ရန်အတွက် မီးနဂါးကြိုးအားပစ်လွှတ်လိုက်၏။
"ဆရာ ဘာလုပ်နေတာလဲ?"
၎င်းတို့နှစ်ဦးမှာ ကြောင်အသွားကာ လုရှောင်ယန်မှာ ယခုမှလုပ်ထားသည့် ကြံအား မြှောက်လိုက်၏။
"ငါဒီနေ့ ကြံတစ်ချောင်းလုပ်ထားတယ်။ မင်းတို့ကို ဒီကြံချောင်းက မာလားဆိုတာ စမ်းဖို့ကူညီစေချင်တယ်။"
တစ်ခဏအကြာတွင် အော်သံများမှာ တောင်ကြားမှ ထွက်ပေါ်လာ၏။
"အား!"
"ဆရာ ကျွန်တော်မှားသွားပါတယ်။ နည်းနည်းလောက် လျှော့ပေါ့ပါဦး!"
"ဆရာ၊ ကျွန်တော့်ကိုလွှတ်ပေးပါ။"
…
၎င်းတို့၏အသံများမှာ အချိန်တစ်ခဏကြာမျှ ထွက်ပေါ်လာသည်။ ၎င်းတို့မှာ လုရှောင်ယန်ကြောင့် သနားဖွယ်ရာ အနိုင်ယူခံလိုက်ရသည်။ လုရှောင်ယန်မှာ ကြံများထံတွင် နတ်ဘုရားလမ်းစဉ်တစ်ခုကိုပင် ပေါင်းထည့်လိုက်ကာ ၎င်းတို့နှစ်ဦးအား ဒဏ်ရာများကိုပြန်မကုသနိုင်အောင်ပြုလုပ်နေသည်။ ၎င်းတို့မှာ ခံစားသာ ခံစားနေရ၏။
ဤသည်မှာ ၎င်းတို့နှစ်ဦးအား လုံလုံလောက်လောက်ခံစားရစေသည်။ ၎င်းတို့မှာ ကျောက်ဆောင်များပေါ်တွင် လှဲလျောင်းကာ ၎င်းတို့၏ တင်ပါးများက စုကျုံ့သွားသည်မှာ ဖရုံသီးခြောက်များကဲ့သို့ရှုံတွနေ၏။
တိုက်ခိုက်ပြီးနောက်တွင် လုရှောင်ယန်မှာ ဒေါသဖြင့် နှာမှုတ်လိုက်၏။
"မင်းတို့နှစ်ယောက် ဒီမှာနေပြီး မင်းတို့လုပ်ရပ်တွေကို ပြန်စဉ်းစားနေ။ ဒါကိုကောင်းကောင်းသတိရ။ မင်းတို့တွေ အနာဂတ်မှာ မရိုမသေလုပ်ရဲလား ကြည့်ကြတာပေါ့။"
"ဆရာ၊ စိတ်အေးအေးထားပါ။ ကျွန်တော်တို့ထပ်မလုပ်တော့ပါဘူး။"
"မင်းတို့ မလုပ်ရဲရင်တော့အကောင်းဆုံးပေါ့။ ဒါပေမယ့် မင်းတို့ဒီမှာနေရဦးမယ်။ နှစ်နာရီမကုန်ခင် ငါ့ရဲ့နတ်ဘုရားလမ်းစဉ်ကို ပြန်ဖြေဖို့မကြိုးစားနဲ့။ ခံစားနေလိုက်ကြ။"
စကားဆုံးသည်နှင့် လုရှောင်ယန်မှာ ထွက်သွားတော့သည်။
၎င်းမှာ သူသည် လုမျိုးနွယ်စုခြံဝန်းရှိသူ၏တံခါးအား တစ်စုံတစ်ယောက်မှလာရောက်ခေါက်သည်ကို အာရုံခံမိသောကြောင့်ပင်။
အတွေးတစ်ခုဖြင့် သူဟာ ချက်ချင်းပင် နေရာပြောင်းရွှေ့လိုက်သည်။
...
နတ်ဘုရားလောက၊ ဗုဒ္ဓဂိုဏ်း။
သီးသန့်ကျင့်ကြံနေသော မြင့်မြတ်သောဗုဒ္ဓမှာ ရုတ်တရတ်မျက်လုံးများကိုဖွင့်လိုက်သည်။ သူ၏မျက်လုံးများမှ ရွှေရောင်အလင်းနှစ်ပြအား ထုတ်လွှတ်နေပြီး တုနှိုင်းမရသော ထူးဆန်းသည့် ခံစားချက်ကိုပြသနေ၏။
"ဘယ်သူလဲ? ကိုယ်တော်တို့ ဗုဒ္ဓဂိုဏ်းမှာ နှစ်တစ်သောင်းကြာပြီးမှ တစ်ခါပေါ်လာခဲ့တဲ့ ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်လေးကို သတ်တာ ဘယ်သူလဲ?"
"ဘယ်သူလဲ!?"
သူ၏ဒေါသသံကိုအာရုံခံမိကာ ဗုဒ္ဓအကြီးအကဲမှာ တံခါးအပြင်ဘက်မှ အလျင်အမြန်ထွက်လာပြီး တီးတိုးဆိုလိုက်သည်။
"မြင့်မြတ်သောဗုဒ္ဓ၊ ဘာဖြစ်တာလဲ?"
"ဟွေ့ရှင်းအသတ်ခံလိုက်ရပြီ။"
"ဟွေ့ရှင်းအသတ်ခံလိုက်ရတယ်? ဘယ်လိုဖြစ်နိုင်မှာလဲ? သူက ထိပ်ဆုံးအဆင့်တစ်ထောင်သော စစ်ပွဲနတ်ဘုရားလေ!"
"ဒါတင်မကသေးဘူး။ ဒီကလေးက အမြဲသတိကြီးတယ်။ သူက သူ့ရဲ့ကျင့်ကြံဆင့်ကိုတောင်ဖုံးထားသေးတယ်ထင်တယ်။"
ထိုအကြီးအကဲမှာ ချက်ချင်းပင် ကြောက်ရွံ့ကာ ပြောစရာမဲ့သွားသည်။
ဟွေ့ရှင်းကသူ့ရဲ့ကျင့်ကြံဆင့်ကိုဖုံးထားတာလား?
ဟွေ့ရှင်းက တကယ်တော့ မဟာယနနတ်ဘုရားအရှင်အဆင့်ကိုရောက်နေပြီလို့ဆိုလိုတာလား?
ဘုရားရေ သူကအသက်ဘယ်လောက်ပဲရှိသေးလို့လဲ? သူကတကယ်ကြီးကို နတ်ဘုရားဘုရင်အဆင့်ကိုရောက်နေပြီ!
သူ၏ပါရမီမှာ တကယ်ကိုပင် ထိတ်လန့်ဖွယ်အင်အားကြီးမားလှသည်။
သို့သော် အကြီးအကဲမှာ အလျင်အမြန်ပင် မြင့်မြတ်သောဗုဒ္ဓ၏စကားများကိုတွေးမိသွား၏။ ဟွေ့ရှင်းမှာ တကယ်ကြီးအသတ်ခံလိုက်ရသည်။
မည်သူက ဟွေ့ရှင်းကဲ့သို့ နတ်ဘုရားဘုရင်အဆင့်ပညာရှင်အားသတ်ရန် အင်မတန်အားကောင်းရသနည်း?
ဒါက ဂိုဏ်းတချို့က ထိပ်တန်းစီနီယာ တစ်ယောက်များဖြစ်နိုင်မလား?
ဒါမှမဟုတ် စွမ်းအားကြီးမားတဲ့နတ်ဆိုးဖြစ်မလား?
သူဟာထိတ်လန့်သွားသည့်အချိန်၌ နောက်ထပ်သင်္ကန်းဝတ်ထားသော ပုံရိပ်တစ်ခုမှာ အပြင်ဘက်မှဝင်လာသည်။
"မြင့်မြတ်သောဗုဒ္ဓ၊ မြင့်မြတ်သောဗုဒ္ဓ၊ မကောင်းတော့ဘူး."
"ဒီတစ်ခေါက်ရောဘာဖြစ်ပြန်ပြီလဲ?"
မြင့်မြတ်သောဗုဒ္ဓ၏အမူအရာမှာ အင်မတန်ညို့မှိုင်းနေသည်။
သူဟာ ယခုတွင် ထိုသတင်းဆိုးများအား မကြားချင်ပါချေ။ ၎င်းမှာ မကြာခင်ကအတည်ပေါက်ဖြစ်သော သတင်းဆိုးများကြောင့်ပါပင်။
"ဘာထပ်ဖြစ်ပြန်ပြီလဲ?
"ဗုဒ္ဓအရှင်မြတ်၊ ဝူရှူးမြို့တော်ကဗုဒ္ဓဂိုဏ်းခွဲအတော်များများ တိုက်ခိုက်ခံလိုက်ရပါတယ်။
"ပြောရမယ်ဆိုရင် တစ်ကိုယ်တည်းမွန်မြတ်သောဘုန်းကြီးက ထွက်သွားပြီဆိုတာပဲ။ ဒီဂိုဏ်းခွဲက တပည့်တွေအားလုံးအသတ်ခံလိုက်ရပြီဆိုတာပဲ။"
"ဘာပြောချင်တာလဲ?"
မြင့်မြတ်သောဗုဒ္ဓ၏မျက်လုံးများမှာ ချက်ချင်းပြူးကျယ်သွားသည်။ တစ်ဖက်လူမှာ အင်မတန်တုန်လှုပ်နေလျက်ဆက်ပြောလိုက်သည်။
"ဒါကအကုန်မဟုတ်သေးဘူး။ တခြားဘုရားကျောင်းတော်တော်များများလည်းတိုက်ခိုက်ခံလိုက်ရတယ်။ ရှေးဟောင်းမြင့်မြတ်နယ်မြေရဲ့အပြင်ဘက်က ဂိုဏ်းခွဲသစ်တွေလည်း သူတို့ကိုယ်သူတို့မကာကွယ်နိုင်ဘဲ အကုန်အသတ်ခံလိုက်ရပြီ။"
"မဖြစ်နိုင်တာ!"
"ဒါအမှန်ပါပဲ၊ မြင့်မြတ်သောဗုဒ္ဓ။ အခု တစ်ယောက်ယောက်က ကျုပ်တို့ဗုဒ္ဓဂိုဏ်းရဲ့ ရှေးဟောင်းဂူအချို့ကိုလည်း တိတ်တဆိတ်လုယက်နေတာပါ။ ပျံလွန်တော်မူပြီးသားဘုန်းကြီးတွေရဲ့အုတ်ဂူတော်တော်များများတောင် အဖောက်ခံလိုက်ရပါပြီ။ တစ်ဖက်က သူတို့ရဲ့အမွေအနှစ်လေးတောင်မထားခဲ့ပါဘူး။
အမွေအနှစ်တွေအကုန်ရောင်းဖို့လည်း လေလံတင်ထားတယ်လို့ကြားရပါတယ်။"
"ခွေးကောင်တွေ!"
ဗုဒ္ဓဂိုဏ်းမှာ သွေးတစ်လုပ်အပြည့်အန်လိုက်ကာ နေရာမှာပင် သတိလစ်သလိုဖြစ်သွားတော့သည်။
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၄။ အပိုင်း ၃၅၄ လုရှောင်ယန်၏သေခြင်း
"မြင့်မြတ်သောဗုဒ္ဓ၊ မြင့်မြတ်သောဗုဒ္ဓ!"
ဗုဒ္ဓဂိုဏ်းအကြီးအကဲမှာ ထိတ်လန့်သွားသည်။
မြင့်မြတ်သောဗုဒ္ဓအား ဤလောက၏ဗုဒ္ဓဂိုဏ်းအား ဦးဆောင်ရန် စိတ်ဝိဉာဉ်တောင်မှပို့ဆောင်ထားခြင်းပါပေ။ တစ်ခုခုဖြစ်ပါလျှင် သူတို့မှာ တာဝန်ယူနိုင်လိမ့်မည်မဟုတ်ချေ။
"မြင့်မြတ်သောဗုဒ္ဓ၊ အဆင်ပြေပါရဲ့လား?'
အကြီးအကဲမှခေါ်လိုက်သည်နှင့် မြင့်မြတ်သောဗုဒ္ဓမှာ သူ၏မျက်လုံးများအား ဖြည်းဖြည်းချင်းဖွင့်လိုက်၏။ သူ၏မျက်လုံးများတွင် အေးစက်သောအလင်းနှင့် လူသတ်ငွေ့တို့ဖြင့် ပြည့်နှက်နေသည်။
သူဟာ ဤလောကသို့လာရောက်ပြီး နှစ်ပေါင်းသောင်းချီကျော်ကြာအောင် ဗုဒ္ဓဂိုဏ်းအားဦးဆောင်လာခဲ့သည်ပင်။ သူဟာ ဗုဒ္ဓဂိုဏ်းအတွက် မရေတွက်နိုင်လောက်အောင်ကုသိုလ်များစုဆောင်းပေးခဲ့ကာ မရေတွက်နိုင်လောက်သော အမတအရှင်များအား ပျိုးထောင်ပေးခဲ့သည်ပင်။
မူလတွင် သူဟာ သူ၏တာဝန်ကိုပြီးမြောက်ပြီး နတ်ဆိုးသုတ်သင်ရှင်းလင်းပွဲပြီးနောက်တွင် စိတ်ဝိဉာဉ်တောင်သို့ပြန်ကာ ဆုလက်ခံရရှိမည်ဟု ခံစားနေမိခဲ့သည်။
သူဟာ ဆုကို ကျင့်ကြံဆင့်အား ပိုမိုမြင့်သောအဆင့်တစ်ခုအထိတိုးမြှင့်ရာတွင်သုံးကာ ဗောဓိအရှင်မြတ်နေရာသို့ တက်လှမ်းရန် ကြိုးစားအားထုတ်နေခဲ့ရဟန်ပါပင်။
သို့သော် ယခုမူ ထိုသို့သောအရာက ဖြစ်ပွားခဲ့သည်။
ထိုအချိန်ရောက်လျှင် ဗောဓိအရှင်မြတ်ဖြစ်လာခြင်းကိုမဆိုထားနှင့် သူဟာအပြစ်မပေးခံရလျှင်ပင် မဆိုးဘူးဖြစ်ချေမည်။
ဗုဒ္ဓဂိုဏ်းတွင် ဆုများပေါများလှသော်ငြား တစ်ယောက်ယောက်ဟာ သတိလက်လွတ်နေပြီး ကောင်းမွန်စွာမလုပ်ဆောင်ပါလျှင် အပြစ်ပေးခြင်းက အင်မတန်စွမ်းအားကြီးမည်ပင်ဖြစ်သည်။
သူ၏နှစ်သောင်းချီကြာသော ဇွဲနှင့် ကြိုးစားမှုက ဒီနေရာမှာ ဒီလိုပဲ အမှုန့်ချေခံလိုက်ရတော့မှာလား?
တဖြည်းဖြည်းစိတ်ငြိမ်လာပြီးနောက်တွင် သူဟာ အေးစက်စက်ဖြင့်ဆိုလိုက်သည်။
"စုံစမ်းဖို့ လူတွေလွှတ်လိုက်။ စုံစမ်းဖို့ အကြီးအကဲတွေကိုလွှတ်။ တစ်ဖက်ကိုရှာတွေ့ခဲ့ရင် အလွတ်မပေးနဲ့။ အညှာအတာမထားဘဲသတ်ပစ်လိုက်။"
"ဒါပေမယ့် မြင့်မြတ်သောဗုဒ္ဓ၊ နေရာတွေကတော့တော်တော်လေးများပြားတယ်။ ကျုပ်တို့ဗောဓိဘုရားကျောင်းမှာ နေရာအများကြီးရှိပေမယ့်လည်း ဒါကပုံးထဲက ရေစက်လေးတစ်စက်ပါပဲ။"
"ဒါဆို အဲ့ဒီတည်နေရာက တခြားဂိုဏ်းတွေကို စုံစမ်းဖို့ကူညီလိုက်ပါ။ ရှာတွေ့တဲ့လူကို နတ်သလင်းကျောက်တွေ၊ နတ်ဆေးလုံးတွေနဲ့ တခြားရင်းမြစ်အစုံ ဆုချီးမြှင့်မယ်လို့ပြောလိုက်။"
"ကိုယ်တော့်ရဲ့အမိန့်ကို နားထောင်ဖို့ဆန္ဒမရှိရင်တော့ မညှာနေဘဲသတ်ပစ်လိုက်။
အတိုချုံးအနေနဲ့ကတော့ တစ်ယောက်ကိုလွှတ်ပေးလိုက်တာထက် အယောက်တစ်ထောင်ကို သတ်တာကပိုကောင်းတယ်။"
"သိပါပြီ!"
…
လုရှောင်ယန်၏ဘက်တွင် သူဟာ ခြံဝန်းသို့ရောက်ရှိချိန်၌တွင် သူ၏ကိုယ်တွင်းရှိနတ်ဝိဉာဉ်စွမ်းအားမှာ တုန်ရီနေသည်။ သူဟာ နောက်ထပ်အဆင့်တစ်ဆင့်တက်သွားကာ အမတနတ်ဘုရားဧကရာဇ်တတိယမြောက်အဆင့်သို့ ရောက်ရှိသွားသည်။
၎င်းမှာ လုရှောင်ယန်အား အတန်ငယ်ပျော်ရွှင်စေ၏။
"တခြားတပည့်လေးတွေကတော့ အကုန်လုံးကြိုးစားနေကြပုံပါပဲ။ သူတို့က ငါ့ကို နောက်ထပ်အဆင့်ကြီးတစ်ခုတိုးဖို့တောင် ကူညီပြီး အမတနတ်ဘုရားဧကရာဇ်တတိယအဆင့်ကိုတောင်ရောက်သွားစေတယ်။ ငါ ကြီးမြတ်သောနတ်ဘုရားအဆင့်ကိုရောက်ဖို့လည်း မလိုတော့ဘူးထင်ပါတယ်။"
"အဲ့ဒီအချိန်ဆိုရင် နတ်ဘုရားဧကရာဇ်အဆင့်ကိုရောက်ဖို့လည်းသိပ်မလိုတော့ဘူးပဲ။"
တံခါးခေါက်သံမှာ ထပ်မံထွက်ပေါ်လာကာ ဝမ်းကွဲအစ်ကိုလုရှောင်ချန်နှင့် ဆင်တူလှသည်ပင်။
"ရှောင်ယန်၊ မင်းအဆင်ပြေရဲ့လား?"
လုရှောင်ယန်မှာ တံခါးဆီသို့နေရာရွှေ့ပြောင်းကာ ဖွင့်လိုက်၏။
"ပြေပါတယ်။ ဝမ်းကွဲအစ်ကို ကျွန်တော့်ကိုရှာတာ ကိစ္စတစ်ခုခုများရှိလို့လား?"
"မင်းအဆင်ပြေတယ်ဆိုရင်တော့ကောင်းပါတယ်။ ဒီကို ကျင့်ကြံခြင်းရင်းမြစ်တွေပေးဖို့ပဲလာခဲ့တာပါ။"
လုရှောင်ယန်မှာခေါင်းငြိမ့်ကာ သိုလှောင်အိတ်ကိုယူလိုက်သည်။ သိုလှောင်အိတ်ငယ်ထဲတွင် ဆေးလုံးများ၊ နတ်သလင်းကျောက်များနှင့် အစရှိသည်တို့ပါဝင်လေသည်။
"မင်းရဲ့လက်ရှိကျင့်ကြံဆင့်ဘယ်လောက်ရှိပြီလဲ?"
"နတ်ဘုရားအားဖန်ဆင်းခြင်းအဆင့်ကိုရောက်နေပါပြီ။"
"နတ်ဘုရားအားဖန်ဆင်းခြင်းအဆင့်ကိုရောက်နေပြီပဲ။ မဆိုးဘူး၊ လုံးဝမဆိုးဘူး။"
"ဒါတွေအကုန်လုံးက ဘိုးဘေးကြီးရဲ့ကံကိုကျေးဇူးတင်ရမှာပါ။ ကျွန်တော်က ကံကောင်းသွားရုံပါပဲ။"
"ဟုတ်တယ်၊ အမှန်ပဲ။ ဒါတွေအကုန်လုံးက ဘိုးဘေးရဲ့ကျေးဇူးပဲ။ ဘိုးဘေးကြောင့်သာမဟုတ်ရင် ငါတို့လုမျိုးနွယ်စုက ပျောက်ကွယ်သွားလောက်ပြီ။"
"ဒါတော့မဖြစ်နိုင်ပါဘူး၊ ဟုတ်တယ်မလား? ချဲ့ကားနေတာမဟုတ်ဘူးလား? ဘိုးဘေးကြီးအနားမှာမရှိရင် ကျွန်တော်တို့လုမျိုးနွယ်စုက မျိုးနွယ်စုအသေးလေးပဲလေ။ ဒုက္ခအတော်များများ ဖြစ်စေမှာမဟုတ်လောက်ပါဘူး။"
လုရှောင်ချန်မှာ ထပ်မံသက်ပြင်းချလိုက်သည်။
"မင်းမသိပါဘူး၊ ဒါပေမယ့် အခုအပြင်ဘက်မှာ အရမ်းကို ဖရိုဖရဲဖြစ်နေတယ်။ ဖရိုဖရဲဖြစ်ချက်က ဘယ်လိုပြောရမလဲတောင်မသိဘူး။ မကြာခင်ကမှ လူတစ်စုက တိတ်တဆိတ်ပဲပေါ်လာပြီး လုရှောင်ယန်အတွက် လက်စားချေချင်တယ်လို့ပြောတယ်၊ ဗုဒ္ဓဂိုဏ်းကိုလည်းပစ်မှတ်ထားနေကြလို့တဲ့။"
သေစမ်း၊ သူဟာဗုဒ္ဓဂိုဏ်းနှင့် အပြင်းအထန်တိုက်ခိုက်နေခြင်းဖြစ်သည်။
"ဗုဒ္ဓဂိုဏ်းက ဒီနတ်ဘုရားလောကမှာ အင်အားအကြီးမားဆုံးဂိုဏ်းပဲ! သူတို့တွေဘယ်လိုတောင်ထိရဲနေရတာလဲ? သူတို့အသက်ရှင်နေရတာပင်ပန်းနေတာကြောင့်လို့ မထင်ဘူးလား?"
"ဘယ်သူ့အကြောင်းကိုပြောနေတာလဲ? လုရှောင်ယန်တဲ့လား?"
"အမှန်ပဲ! အဲ့ဒါလုရှောင်ယန်တဲ့! မင်းမထင်ထားဘူးမဟုတ်လား? သူ့နာမည်က တကယ်ကိုမင်းနဲ့တစ်ထေရာတည်းပဲ! ဟီးဟီးဟီး...ဒါပေမယ့် အဲ့ဒါကလုံးဝကိုမင်းမဟုတ်ပါဘူး။မင်းရဲ့ကျင့်ကြံဆင့်နဲ့ဆို ဗုဒ္ဓဂိုဏ်းကမင်းကိုဂရုလည်းမစိုက်သလို သတ်ဖို့တောင် မအားနေဘူးလေ။"
လုရှောင်ယန်၏မျက်နှာမှာ အလွန်အမင်းရှုံ့တွသွားလေ၏။ သူဟာ တစ်စုံတရာအား ရေးရေးလေးတွေးနေမိသည်။
"အဲ့ဒီနှစ်ကောင်ကတော့"
လုရှောင်ချန်မှာမူ ဟာသလုပ်နေဆဲပါပင်။
"ရှောင်ယန်၊ ဒီအချိန်မှာ မင်းအိမ်မှာပဲကောင်းကောင်းနေသင့်တယ်နော်။ အပြင်မထွက်နဲ့။"
"မင်းက အဲ့ဒီလုရှောင်ယန်မဟုတ်ပေမယ့်လည်း ဗုဒ္ဓဂိုဏ်းက သတ်ရတာကို အရူးအမူးဖြစ်လာပြီး လုရှောင်ယန်လို့ခေါ်တဲ့လူတိုင်းကို သတ်ဖို့ဆုံးဖြတ်လိုက်ရင် မင်းအခက်တွေ့နေမယ်။
ဒါပေမယ့်၊ ငါတို့လုမျိုးနွယ်စုဘိုးဘေးက ဘယ်သူ့ကိုမှ အပြင်ထွက်ခွင့်မပေးထားဘူး။ မင်းအိမ်မှာပဲ သီးသန့်ကျင့်ကြံနေနိုင်တယ်။ ထွက်လို့လည်းမရပါဘူး။"
လုရှောင်ယန်မှာ ခေါင်းငြိမ့်ကာ ချက်ချင်းပင် လုရှောင်ချန်အား နှုတ်ဆက်လိုက်၏။ သူဟာခြံဝန်းငယ်ထဲသို့ပြန်ရောက်လာချိန်တွင် စတင်တွေးတောတော့၏။
ယခင်က သူဟာ အဘယ့်ကြောင့် တပည့်အမြောက်အများထွက်ပေါ်လာရသနည်းဟု ပဟေဠိဖြစ်ခဲ့သည်။
၎င်းတို့မှာ အစကသိုသိုသိပ်သိပ်နေနေကြသည်ပင်။ အဘယ့်ကြောင့် ၎င်းတို့မှာ ဗုဒ္ဓဂိုဏ်း၏ ပစ်မှတ်ထားခြင်းကိုခံနေရပါသနည်း?
"ဗုဒ္ဓဂိုဏ်းကနေ သူ့ကိုသတ်လိုက်ပြီဆိုပြီးတစ်ယောက်ယောက်က သတင်းဖြန့်လိုက်လို့ သူတို့တွေ တောင်ကထွက်ခွာလာကြတာဖြစ်နိုင်တယ်။"
ဒါ့အပြင် ထင်ထားသည့်အတိုင်းဖြစ်မလာလျှင် ၎င်းမှာ လီချန်းရှန်နှင့် စုန့်ရှင်းနျန်၏ လုပ်ရပ်ဖြစ်ချေမည်။
လုရှောင်ယန်မှာ သူတပည့်များ၏ရှာဖွေခြင်းကို တကယ်ပင်လိုချင်ပါသော်လည်း သူဟာလူပုံအလယ်တွင် ထုတ်ဖော်ရမည်ထက် ပုန်းကွယ်နေရသည်ကို ပိုမိုနှစ်သက်သည်။
ယခုတွင်မူ တပည့်အားလုံးမှာ ဖော်ထုတ်ခံလိုက်ရပြီပင်။
လက်ရှိတွင် လီကော၊ ဝူရှားနှင့် ထျန်းယွမ်တို့သာ ပုန်းကွယ်နေခြင်းဖြစ်သည်။
ထို့အပြင်၊ လီကောမှာမူ... ထည့်တွက်လို့မရပါချေ။
၎င်းတို့မှာ ဗုဒ္ဓဂိုဏ်းက လှိုင်းတစ်ချက်ဖြင့် သုတ်သင်လိုက်ပါက သူ့အတွက် အဆုံးအရှုံးများချေတော့မည်။
သူဟာ စိုးရိမ်ပူပန်နေ၍မဖြစ်ပါချေ။ စိတ်ငြိမ်ငြိမ်ထားရမည်။
ကျီချုံမှာ လက်ရှိတွင် ဗုဒ္ဓဂိုဏ်း၏လက်အတွင်း၌ရှိနေပြီး သူမ၏တည်နေရာကိုလည်း မသိရသေးပါချေ။ သူမအား တိတ်တဆိတ်ကယ်တင်ရန်မှာ အရူးတစ်ယောက်အိပ်မက်လိုပါပင်။
ဒါ့အပြင် သူ၏တပည့်များနှင့် ဗုဒ္ဓဂိုဏ်းမှာ ရန်သူများဖြစ်နေချေပြီ။ သူဟာဗုဒ္ဓဂိုဏ်းအား အနာဂတ်တွင် တိုက်ခိုက်ပါရန် ကံကြမ္မာသတ်မှတ်ပြီးသားဖြစ်ပုံရသည်။
ဗုဒ္ဓဂိုဏ်းမှာ နတ်ဘုရားလောကတွင် နံပါတ်တစ်ဂိုဏ်းဖြစ်သည်ပင်။
သူဟာ ထိုကဲ့သို့တိုက်ခိုက်လိုက်ပါလျှင် သေရမည်မှာသေချာ၏။
သူဟာ စွမ်းအားတိုးမြင့်မည့်နည်းလမ်းတစ်ခုအားစဉ်းစားရချေမည်။
သူ့အားရှာတွေ့ပြီးဖြစ်သော တပည့်များမှာ လီချန်းရှန်နှင့် စုန့်ရှင်းနျန်ဖြစ်သည်။
လုရှောင်ယန်မှာ ယာယီအားဖြင့် ထိုနှစ်ယောက်အပေါ် မှီတည်နေပါလျှင် သူ၏ကျင့်ကြံဆင့်အား အမတနတ်ဘုရားဧကရာဇ်တတိယအဆင့်မှ စတုတ္ထ၊ ပဉ္စမအဆင့်အထိ အချိန်တိုအတွင်းတိုးလာနိုင်လိမ့်မည်။
သူဟာကျင့်ကြံပြီး ထပ်မံတိုးတက်သွားပါလျှင် သူဟာ တစ်လနှစ်လအတွင်း၌ အမတနတ်ဘုရားဧကရာဇ်၏နောက်ဆုံးအဆင့်သို့ တိုးမြင့်သွားရန်မှာ ပြဿနာတစ်ခုမဟုတ်တော့ချေ။
ထိုတပည့်များမှာ ကိုင်တွယ်နိုင်လားဆိုသည်ကိုသာလျှင် သူမသိတာဖြစ်သည်။
သို့သော် လုရှောင်ယန်မှာ ၎င်းတို့အား အချိန်တစ်ခဏမျှတော့ မရှာတွေ့နိုင်ပါချေ။ သူဟာ၎င်းတို့ထံတွင် မည်သည့်ကိစ္စများမှ မဖြစ်ပွားရန်ဆုတောင်းပေးရုံသာတတ်နိုင်၏။
သူဟာလုမျိုးနွယ်စု၏အင်အားကို တိုးမြှင့်ရန်အတွက် အလျင်လိုရန် မလိုအပ်ပါချေ။ ထိုသူများမှာ သူ၏တပည့်များမဟုတ်ပါချေ။ သူတို့၏ကျင့်ကြံဆင့်တိုးလာပါလျှင်တောင် သူ၏ကျင့်ကြံဆင့်မှာ တိုးမြင့်လာနိုင်လိမ့်မည်မဟုတ်ချေ။
လုမျိုးနွယ်စုတစ်ခုလုံး၏ ခွန်အားအားလုံးပေါင်းမှာ အင်မတန်အားနည်းကြကာ ဗုဒ္ဓဂိုဏ်းအားခုခံရန်ပင် မလုံလောက်ပါပေ။ နတ်ဘုရားအားဖန်ဆင်းခြင်းအဆင့်မှ နတ်ဘုရားဘုရင်အဆင့်နှင့် အမတနတ်ဘုရားဧကရာဇ်အဆင့်အထိမှာ ဗုဒ္ဓဂိုဏ်းအတွက် ပုရွက်ဆိတ်များသဖွယ်သာဖြစ်ပြီး ၎င်းတို့မှာ မည်သည်ကိုမျှ မပြောင်းလဲနိုင်ပါချေ။
သို့သော် သူဟာနတ်ဘုရားအရှင်ဘုရင်အဆင့်သို့ကျင့်ကြံပြီးလျှင် သူ၏သွေးမျိုးစက်ကိုအသက်ဝင်စေကာ လုမျိုးနွယ်စု၏စွမ်းအားမှာလည်း ထပ်မံတိုးလာလိမ့်မည်ပင်။
ထိုသို့ဆိုလျှင် သူဟာ များပြားလှသော ခွန်အားကိုရရှိပေလိမ့်မည်။
သူဟာကျင့်ကြံဆင့်အား တိုးမြှင့်ရဦးပေမည်။ သူဟာလီချန်းရှန်နှင့် စုန့်ရှင်းနျန်တို့၏ ကျင့်ကြံဆင့်အား တိုးမြှင့်ခြင်းကနေစတင်ရပေမည်။
ထိုသို့တွေးရင်းဖြင့် လုရှောင်ယန်မှာ ဤနေရာ၌ သူ၏ကိုယ်ပွားကို ကျင့်ကြံခိုင်းထားပြီး တောင်ကြားသို့မသွားခင် ချက်ချင်းပင် ခြံဝန်းငယ်အား အစီအရင်များဖြင့် ချိပ်ပိတ်ထားလိုက်သည်။
...
တောင်ကြားတွင် လီချန်းရှန်နှင့် စုန့်ရှင်းနျန်မှာ ကျောက်ဆောင်များပေါ်၌လှဲနေကြတုန်းပါပင်။ ၎င်းတို့၏တင်ပါးများ ရောင်ယမ်းနေကာ နာကျင်မှုဖြင့် မျက်မှောင်ကျုံ့လိုက်သည်။
လုရှောင်ယန်မှာ နတ်ဘုရားလမ်းစဉ်အားသုံးထားသောကြောင့် ၎င်းတို့နှစ်ယောက်အတွက် ကုသပေးရန်မရှိပါချေ။
"ဒါက မင်းအဓိပ္ပာယ်မရှိတဲ့စကားတွေကိုပြောတဲ့အမှားပဲ။ အခုဘာတွေဖြစ်နေပြီလဲကြည့်လေ။ ငါတို့နှစ်ယောက်လုံးအရင်ဆုံး ရိုက်ခံရမှာမဟုတ်ဘူး။ အဆုံးမှာ အရမ်းသနားစရာကောင်းအောင်ခံစားရမှာ။ မင်းအခု ပိုအဆင်ပြေလာပြီလား?"
လီချန်းရှန်မှာ မနေနိုင်ဘဲ အထွန့်တက်လိုက်သည်။
စုန့်ရှင်းနျန်မှာ ဝမ်းနည်းစွာပြန်လည်ပြောကြားလိုက်၏။
"ဆရာ့မှာ ကိုယ်ပွားတွေရဲ့မှတ်ဉာဏ်ရှိမယ်လို့ ကျွန်တော်ဘယ်လိုလုပ်သိမှာလဲ?"
"အနာဂတ်မှာ ဆရာနဲ့ပတ်သက်လို့ဘာမကောင်းမှမပြောရတော့ဘူး။ ဆရာကစွမ်းအားကြီးပြီး အကုန်ကြားနိုင်တယ်လေ။"
"အမှန်ပဲ။ ကျွန်တော့်ရဲ့တင်ပါးတွေတော့အတော်နာနေပြီ။ အရင်စပြောတဲ့တစ်ယောက်က ကျွန်တော်မှန်းကို ဆရာသိလားတော့မသိပေမယ့် သူကတကယ်ကြီး နာအောင်ရိုက်တာပဲ။ ကျွန်တော့တင်ပါးကတော့ အစ်ကို့ထက်ပိုပြီး ရောင်နေပါပြီ။"
"သေလိုက်လေ၊ ငါ့ဟာကပိုရောင်တာ! မင်းဟာက ပိုသေးတယ်!"
"ကျွန်တော့်ဟာက ပိုကြီးတာ!"
"ဘာလို့ မင်းရဲ့ဘောင်းဘီကိုမချွတ်တာလဲ? ပြိုင်ကြမယ်!"
"ဒါဆိုလဲ ပြိုင်တာပေါ့။ ကျွန်တော်က လုံးဝနိုင်မှာပဲ!"
၎င်းတို့နှစ်ဦးဟာ ပြောဆိုနေရင်း ဘောင်းဘီများကို ချွတ်ရန်ပြင်လိုက်ကြတော့သည်။ သို့သော် သူတို့၏ ခါးစည်းကြိုးများ ဖြည်၍မပြီးသေးခင်မှာပဲ လုရှောင်ယန် ရောက်ရှိလာသည်။
ထို့နောက်တွင် မြင်ကွင်းမှာ ရေသေကဲ့သို့တမုဟုတ်ချင်းတိတ်ဆိတ်သွားသည်။
တစ်ခဏအကြာတွင် လုရှောင်ယန်မှာ အသက်ပြင်းပြင်းရှူကာ လေးနက်သောအမူအရာဖြင့်ပြောလိုက်၏။
"မင်းတို့ကို အတတ်နိုင်ဆုံး အောင်မြင်မှုရရှိစေချင်လို့ မင်းတို့ကို ချစ်သူထားခွင့်မပြုခဲ့ဘူး။ ငါအဲ့သလိုလုပ်တာက မင်းတို့ကောင်းဖို့ပဲ၊ ဒါပေမယ့် မင်းတို့ချစ်သူထားချင်ရင်တောင် ငါက ဘာမှမပြောဘူး။ နောက်ဆုံးတော့ ယောက်ျားတွေက ဘာကြောင့် မိန်းမတွေကိုလိုအပ်လဲဆိုတာကို ငါနားလည်သွားပြီ။ မင်းတို့နှစ်ယောက်က ဒါကိုလုပ်ဖို့ လုံးဝမလိုပါဘူး။"
လီချန်းရှန် : "..."
စုန့်ရှင်းနျန် : "..."
"ဆရာ၊ ဒါကဆရာတွေးနေသလိုမဟုတ်ပါဘူး။"
လုရှောင်ယန်မှာ လက်ကိုဝေ့ယမ်းလိုက်သည်။
"တော်တော့၊ ငါနားလည်ပါတယ်။"
၎င်းတို့နှစ်ဦးမှာ ချက်ချင်းပင် ငိုချင်သွား၏။
"ဆရာ၊ ဒါကတကယ်ဆရာထင်သလိုမဟုတ်ပါဘူး။ ကျွန်တော်တို့နှစ်ယောက်က ပြိုင်ချင်ရုံပါပဲ။"
လေထုမှာ ထပ်မံတိတ်ဆိတ်သွားပြန်၏။ လုရှောင်ယန်မှာ သူ၏လက်ကိုဝေ့ယမ်းကာ ထွက်ခွာရန်တစ်ဖက်သို့လှည့်လိုက်သည်။
"အရမ်းစောပြီးလာမိတာ ငါ့အမှားပါ။"
"ဆရာ၊ မသွားပါနဲ့။ ကျွန်တော်တို့ အဲ့ဒီလို လုပ်ဖို့ကြိုးစားနေတာမဟုတ်ပါဘူး။ အထင်လွဲနေတာပါ!"
လုရှောင်ယန်မှာ နှေးသွားမည်ကိုကြောက်ရွံ့သဖြင့် ယုန်တစ်ကောင်ထက်ပင် မြန်မြန်ပြေးသွားကာ ထိုမှသာ ၎င်းတို့နှစ်ဦးမှာ ဘောင်းဘီများကို ချွတ်နိုင်ပေလိမ့်မည်ပင်။
သို့သော် တောင်ကြားမှာ အင်မတန်ကြီးမားလွန်းလှသည်။ သူဟာ မည်သည့်နေရာ၌ပုန်းအောင်းနေရမည်နည်း။
ငါးမိနစ်ကြာပြီးနောက်တွင် လီချန်းရှန်နှင့် စုန့်ရှင်းနျန်မှာ အဖြစ်တစ်ခုလုံးကိုရှင်းပြနိုင်လိုက်တော့သည်။
၎င်းတို့နှစ်ဦးမှာ ထိုသည်ကို ပြုလုပ်နေခြင်းမဟုတ်ကြောင်း အထပ်ထပ်ရှင်းပြပြီးနောက်မှသာ လုရှောင်ယန်မှာ စိတ်သက်သာရာရသွား၏။
ကံကောင်းစွာဖြင့် ၎င်းတို့မှာ အဖြောင့်များဖြစ်နေသ၍ မည်သည့်အန္တရာယ်မှရှိလာမည်မဟုတ်ပါချေ။
ဝမ့်ခိုက်သည်ပင် သူ့အားနေ့စဉ်ခေါင်းကိုက်စေနေသည်။ ထိုအဖိုးတန်တပည့်လေးနှစ်ဦးကပါ လိင်တူချစ်ကြိုက်သူများဖြစ်လာပါလျှင် သူဟာ ခေါင်းဖြင့် နံရံကို အရှိန်ပြင်းပြင်း ဝင်ဆောင့်မိလောက်သည်။
လီချန်းရှန်နှင့် စုန့်ရှင်းနျန်မှာမူ လုရှောင်ယန်နားလည်သည်ကို မြင်သွားပြီးနောက်မှ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်မိသည်။
သူတို့၏ဆရာသာအထင်လွဲမှားပြီး သူ့တို့အားမုန်းတီးသွားပါလျှင် ဒုက္ခများပြီဖြစ်သည်။ ဂိုဏ်းမှသာ သူတို့နှစ်ဦးအား ထပ်မံထုတ်ပယ်ပါက ၎င်းတို့နှစ်ဦးမှာ နံရံနှင့်ခေါင်း ဝင်ဆောင့်ရုံသာတတ်နိုင်ပေလိမ့်မည်။
သို့သော် ၎င်းတို့နှစ်ဦးမှာ ဝမ်းမမြောက်နိုင်ခင်တွင် လုရှောင်ယန်ကစကားဆက်လိုက်၏။
"ဒီကိစ္စပြီးသွားပြီးဆိုတော့ နောက်ထပ်တစ်ခုခုပြောရအောင်။ ငါဘယ်လိုသေသွားလဲဆိုတာ သိချင်မိတယ်။ မင်းတို့နှစ်ယောက်ငါ့ကို ပြောပြလို့ရမလား?"
လီချန်းရှန် : "..."
စုန့်ရှင်းနျန် : "..."
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၄။ အပိုင်း ၃၅၅ မင်းကိုရိုက်မယ့်လက်နက်ဝယ်ဖို့ပိုက်ဆံတောင်းနေတယ်
တောင်ကြားတွင် အော်သံများ ထပ်မံ၍ပေါ်ထွက်လာခဲ့ပြန်သည်။
ဤတစ်ကြိမ် အော်သံများမှာ မတိုင်ခင်ကထက် အဆများစွာ ကျယ်လောင်၏။
ဤအချိန်တွင် လုရှောင်ယန်မှာ တကယ်ကိုပင် သူ၏အားအပြည့်သုံးလိုက်၏။ ၎င်းတို့အားရိုက်နေချိန်တွင် သူဂာ အဇူရာသက်ရှည်အနုပညာကို ၎င်းတို့၏ဒဏ်ရာများပြန်ကောင်းရန်လည်းအသုံးပြုလိုက်၏။
သူဟာ တကယ်ကို ဒေါသထွက်နေသည်။ ၎င်းတို့နှစ်ဦးမှာ ဒုက္ခအမြောက်အများဖြစ်စေခဲ့ပြီးဖြစ်သည်။
မူလတွင် ကျူးကောကျီချုံသာ ဗုဒ္ဓဂိုဏ်း၏ဖမ်းဆီးခြင်းကိုခံခဲ့ရသည်။ သူဟာ သူမအား ကယ်ထုတ်ရန် နည်းလမ်းတစ်ခုစဉ်းစားနိုင်သေး၏။
သူဟာ ကယ်မထုတ်နိုင်ပါလျှင်တောင် ကျူးကောကျီချုံအား ပြန်လည် အသက်သွင်းရန် ရှန်းထီကျောက်ရှင်အမှတ်အသားအားအသုံးပြုနိုင်သေးသည်။ အနည်းဆုံးတော့ သူဟာအခြေအနေပြင်းထန်အောင် ပြုလုပ်မည်မဟုတ်ပါချေ။
သူသာ နှစ်အနည်းငယ်ပိုရပြီး နတ်ဘုရားဧကရာဇ်အဆင့်သို့ကျင့်ကြံနိုင်လျှင်...
ယခုတွင် ကျွင့်ပုကျန်း၊ ကျန်းထိုက်ရွှမ်နှင့် စုလင်းဝူတို့ပင် ပါဝင်နေပြီဖြစ်၏။
လုရှောင်ယန်မှာ သူဖြစ်ချင်သလို ထပ်မံ၍ သိုသိုသိပ်သိပ်မနေနိုင်တော့ပါချေ။
သူဟာ တစ်ကြိမ်တည်းနှင့် တပည့်အများအပြားကို ဆုံးရှုံးဖို့ရာမတတ်နိုင်ပါချေ။
ကောင်းကင်တာအိုမှာ သူ့အားမည်သည့်အချိန်တွင် တိုက်ခိုက်မည်ကိုမသိသောကြောင့် သူဟာတစ်ချိန်လုံး ဂရုစိုက်နေရမည်ဖြစ်သည်။ သူဟာတစ်ခဏမျှပင် အပန်းမပြေနိုင်ပါချေ။
အခုတွင်... သူဟာ မျက်ရည်များပြည့်နေပြီပင်။
အညှာအတာမဲ့ရိုက်နှက်ပြီးနောက်တွင် လုရှောင်ယန်မှာ နောက်ဆုံးတော့ သူ၏ဒေါသကိုထိန်းလိုက်နိုင်၏။ သို့သော် ထိုအချိန်တွင် သူဟာထိုနှစ်ယောက်အား မြေပြင်ထက်တွင် ဆက်ရှိစေကာ နာကျင်မှုကို ဆက်လက်ခံစားခိုင်းလိုက်၏။
၎င်းတို့အား ရိုက်နှက်ပြီးနောက်တွင် သူဟာ ဒဏ်ရာများကိုသက်သာစေရန် ချက်ချင်းပင် အဇူရာ သက်ရှည်အနုပညာကို လှည့်ပတ်လိုက်သည်။ ထို့နောက် ၎င်းတို့နှစ်ဦးအား ချက်ချင်းပင် ကျင့်ကြံခြင်းတာဝန်ကိုပေးလိုက်၏။
အဘယ့်ကြောင့်ဆိုသော် အချိန်မှာ နီးကပ်နေခြင်းကြောင့်ပင်။
အမတသွေးဆေးလုံး၊ အမတဝိဉာဉ်ဆေးလုံးနှင့် အမတခြင်ဆီဆေးလုံးအား တိုက်ရိုက်ပင် ထောက်ပံ့ပေးလိုက်သည်။
ထို့နောက်တွင် သူဟာ ၎င်းတို့အားရောင်ခြယ်ငါးသွယ်အမတသစ်ခွ၊ အမတကြာပွင့်နှင့် အမျိုးမျိုးသော သဘာဝရတနာများကိုလည်းထောက်ပံ့ပေးလိုက်သည်။
၎င်းတို့နှစ်ဦးမှာ ထိုရတနာများကို အရူးအမူးဝါးမြိုနေချိန်တွင် ဝက်များနှင့်ပင်တူနေသေးသည်။
ဒါပေါ့ ၎င်းတို့အား "ဝက်များ"ဟုခေါ်ဆိုရန်မှာ တကယ်ကိုပင် မသင့်လျော်ပါချေ။
ဝက်များဟု ဖော်ပြဖို့မသင့်ခြင်းမှာ နတ်ဘုရားအရှင်ဘုရင်ပညာရှင်သည်ပင် လုရှောင်ယန်ထောက်ပံ့ပေးသည့် ထိုရတနာများအား မစားသုံးနိုင်သောကြောင့်ပါပင်။
၎င်းတို့အားလုံးမှာ နတ်ဘုရားလောကရှိလူများ အိပ်မက်သာမက်နိုင်သော ပစ္စည်းများဖြစ်ကြသောကြောင့်ပါပင်။
သာမန်အခြေအနေတွင် တစ်ရာသောတိုက်ပွဲနတ်ဘုရားအဆင့်ပညာရှင်များမှာ များပြားလှသော ရတနာများအားတစ်ကြိမ်တည်း ဝါးမြိုပါက ၎င်းတို့၏ကိုယ်များမှာ မခံနိုင်ဘဲ ပေါက်ကွဲကာ သေဆုံးကြရပေလိမ့်မည်။
သို့သော်၊ လုရှောင်ယန်အနီးတွင်ရှိနေခြင်းဖြင့် အရာအားလုံးမှာ ပြဿနာမဟုတ်တော့ပါချေ။
လုရှောင်ယန်မှာ တိုက်ရိုက်ပင်ကိုယ်ပွားတစ်ခုဖန်တီးလိုက်ပြီး ထိုကိုယ်ပွားအား တစ်နေ့တွင် ၂၄နာရီ အဇူရာအသက်ရှည်နည်းပညာကို အသုံးပြုစေလိုက်သည်။ အစိမ်းရောင်အလင်းမှာ ၎င်းတို့နှစ်ဦးပေါ်တွင် အသက်စွမ်းအားအပြည့်ဖြင့် အဆုံးမဲ့တောက်ပနေသည်။
ဆေးစွမ်းအားမှာ ၎င်းတို့ထဲတွင် အရူးအမူးစီးဆင်းနေကြသည်။ အချိန်အများစုတွင် သွေးကြောပေါက်ကွဲသွားသည်နှင့် ချက်ချင်းပင် ပြန်ကုလိုက်သည်ပင်။
ထို့နောက်တွင် ချက်ချင်းမကုသနိုင်ခင် နောက်ထပ်သွေးကြောထပ်ပေါက်သွားသည်။
ထိုနည်းနှင့် လုရှောင်ယန်၏ လက်ရှိ မဟာတာအိုမွေးဖွားခြင်း အသုံးပြုမှုဖြင့် တစ်လတွင် အချိန်သုံးလရရှိပေသည်။ ၎င်းတို့နှစ်ဦးမှာ အားအပြည့်ဖြင့် လုရှောင်ယန်ထောက်ပံ့သော သဘာဝရတနာများနှင့် ဆေးလုံးများအား တစ်လအတွင်း ပြန်လည်ကောင်းမွန်လာသည်။
၎င်းမှာ သူတို့၏ ကျင့်ကြံဆင့်များအား တစ်ရာသောတိုက်ပွဲနတ်ဘုရားပထမအဆင့်မှ တစ်ထောင်သော စစ်ပွဲနတ်ဘုရား ပဉ္စမအဆင့်သို့ တိုးမြှင့်သွားစေသည်။
တိုးတက်မှုမှာ တကယ်ကိုပင် စွမ်းအားကြီးမားလှသည်။
၎င်းတို့နှစ်ဦး၏အကူအညီဖြင့် လုရှောင်ယန်၏ကျင့်ကြံဆင့်များလည်း အတော်လေးမြင့်တက်သွားသည်။
သူဟာ ဒီလတွင်မကျင့်ကြံပါလျှင်တောင် သူ၏ကျင့်ကြံဆင့်မှာ အမတနတ်ဘုရားဧကရာဇ်တတိယအဆင့်မှ အမတနတ်ဘုရားဧကရာဇ်ပဉ္စမအဆင့်သို့ရောက်ရှိသွားသည်။
လုရှောင်ယန်မှာ ဒီတပည့်နှစ်ဦး၏ ကျင့်ကြံနှုန်းကိုကြည့်ရှုခြင်းဖြင့် သူ၏အခြားတပည့်များကျင့်ကြံနှုန်းမှာလည်း မြန်ဆန်နိုင်မည်ဟုခန့်မှန်းမိသည်။
၎င်းမှာ အမတနတ်ဘုရားဧကရာဇ်အဆင့်သို့တိုးမြှင့်ရန်အတွက် ထိုလူမှာ များပြားလှသောအတွေ့အကြုံအားလိုအပ်ခြင်းကြောင့်ပင်။ ထိုတပည့်နှစ်ဦး၏ကျင့်ကြံဆင့်မှာ လုံလောက်သည်ထက်ပင်ပိုနေပြီဖြစ်၏။
သို့သော် ၎င်းမှာ လုံလောက်နေဆဲပင်။
သူသာတပည့်အားလုံးအားစုစည်းနိုင်ပြီး ၎င်းတို့၏ကျင့်ကြံဆင့်များတိုးမြင့်ရန် ဆေးလုံးများနှင့် သဘာဝရတနာများကိုအသုံးပြုပါလျှင် သူဟာ အနည်းဆုံးတော့ အမတနတ်ဘုရားဧကရာဇ်အဆင့်ကို အလွယ်တကူဖြတ်ကျော်ကာ ကြီးမြတ်သောနတ်ဘုရားအဆင့်သို့ရောက်နိုင်လိမ့်မည်ဟု ခန့်မှန်းမိသည်။
ထိုအချိန်ဆိုလျှင် သူဟာ နတ်ဘုရားဧကရာဇ်အဆင့်သို့ရောက်ရန် ခြေတစ်လှမ်းသာလိုတော့ပေမည်။
ဤလတွင် လုရှောင်ယန်မှာ ဘာဆိုဘာမျှမလုပ်ပါချေ။ သူဟာ ကျင့်လည်းမကျင့်ကြံပါချေ။ သူဟာယခုတွင်သူ့ကိုယ်သူ အလျင်အမြန် အားကောင်းစေရန်လိုအပ်နေပေပြီ။ ရိုးရိုးကျင့်ကြံခြင်းက သူ၏လိုအပ်ချက်များအား မကျေနပ်စေပါပေ။ သူဟာ သူ၏တပည့်များနှင့် ကိုယ်ပွားများအား ဝမ့်ခိုက်မှ သူ၏ကျင့်စဉ်များနှင့် လက်နက်များကို တိုးမြှင့်ရန် ပေးအပ်ထားသော နက်နဲမှုအမတတာအိုကိုအသုံးပြုနေစဉ်တွင် ကျင့်ကြံစေချင်ပါသည်။
နက်နဲမှုအဆင့်မှာ လုရှောင်ယန်အတွက် ထပ်မံ၍မလုံလောက်ပါတော့ချေ။ နောက်ဆုံးတွင် ယခင်မြင်းနက် ဗုဒ္ဓဂိုဏ်းသားဟွေ့ရှင်းမှာ မသေမျိုးတစ်ဝက်နည်းလမ်းများကို စတင်အသုံးပြုခဲ့သည်ပင်။
သူဟာ နက်နဲမှုအဆင့်နည်းလမ်းများအား အသုံးပြုနေပါလျှင် အခြားလူများအား အနာဂတ်တွင် မည်သို့အနိုင်ယူနိုင်ပါချေမည်နည်း? သူ့ထက်ကျင့်ကြံဆင့်မြင့်သော ရန်သူများအားမည်သို့ သတ်ဖြတ်နိုင်မည်နည်း?
ထို့ကြောင့် သူဟာ မသေမျိုးလမ်းစဉ်များအား အသုံးပြုရချေတော့မည်။
သူဟာ အမြဲတစေ အခြားသူများထက် ခြေတစ်လှမ်းသာနေသည်ပင်။ သူဟာအထင်ကြီးစဖွယ်ဖြစ်ရမည်။
သူအသုံးပြုနေသောပစ္စည်းများ၏ အဆင့်မှာ ပိုနိမ့်နေပါလျှင် သူဟာ ဟာသတစ်ခုလိုသာဖြစ်နေလိမ့်မည်။
ထို့အပြင် အချို့သော စွမ်းအားကြီးမားသည့် လက်နက်များကိုလည်း အမတအဆောင်လက်ဖွဲ့အဆင့်သို့ တိုးမြှင့်သင့်ပေသည်။
ဤလောကတွင် သူဟာ လုပ်ချင်သမျှကို လုပ်နိုင်သော ဖြစ်တည်မှုတစ်ခုဖြစ်ပေသည်။
လောကတိုင်းတွင်လည်း ထို ညီမျှမှုနှင့် စည်းမျဉ်းများရှိနေသည်။
ဤလောကတွင် မြင်းနက်များနှင့် သူ့ထက် မည်သူကမှ အမတအဆောင်လက်ဖွဲ့များနှင့် အမတမသေမျိုးနည်းလမ်းများအား အသုံးမပြုနိုင်ကြပါချေ။
တစ်စုံတစ်ယောက်မှာ ၎င်းကို အသုံးပြုလိုက်သည်နှင့် ထိုသူတို့မှာ ဆယ်စက္ကန့်အတွင်း၌ပင် ကောင်းကင်တာအိုဆီမှ တုံ့ပြန်မှုကိုခံစားရပေလိမ့်မည်။
မည်သူကမှ ထိုအကျိုးဆက်ကိုမခံနိုင်ကြဘဲ အထူးသဖြင့် အတိဒုက္ခကို ကျော်ဖြတ်ပြီး အမတဖြစ်လာသူများပင်ဖြစ်သည်။
ကံမကောင်းစွာဖြင့် ဝမ့်ခိုက်မှာ လက်ရှိတွင် အဆင့်မြှင့်နေသည်။ သူဟာတပည့်များထံမှ လက်ဆောင်ထုပ်များကို မရရှိနိုင်ပါချေ။ မဟုတ်လျှင် သူဟာနောက်ထပ်ခြေတစ်လှမ်းသို့ တက်နိုင်မည်ဖြစ်သည်။
လုရှောင်ယန်မှာ ရှန်းထီကျောက်ရှင်အမှတ်အသားဆီသို့ အကြည့်ကိုပို့လိုက်သည်။ သူ၏တပည့်လေးများအားလုံး အသက်ရှင်နေကြပြီး ပူပန်စရာမရှိပါချေ။
သူဟာသီးသန့်ကျင့်ကြံခြင်းသို့ဆက်လက်ဝင်ရောက်လိုက်တော့သည်။
...
တစ်ဖက်တွင်၊ နတ်ဘုရားလောကရှိ ဝူရှူးမြို့၌။
ပုံရိပ်တချို့မှာ ဗုဒ္ဓအလင်းများဝတ်ဆင်ထားကြကာ မြို့ထဲသို့ဆင်းသက်လုကြပြီး ကျွင့်ပုကျန်းအား တွေ့ဆုံရန် မြို့အရှင်အိမ်တော်သို့ဝင်ရောက်လာကြသည်။
"အမိတာဘ၊ ကြိုဆိုပါတယ်၊ မြို့အရှင်ကျွင့်။"
ကျွင့်ပုကျန်းမှာ ထိုသူတို့အား အပြုံးတစ်ခုဖြင့်ကြိုဆိုရန် ရှေ့သို့လျှောက်သွားလိုက်သည်။
"ကြိုဆိုပါတယ်၊ ကြိုဆိုပါတယ်... ကျုပ်တို့ရဲ့ဝူရှူးမြို့တော်ကနေ ဗုဒ္ဓဂိုဏ်းအကြီးအကဲတွေကိုကြိုဆိုပါတယ်။ ကျုပ်တို့ဝူရှူးမြို့တော်က ဒီနေ့ခင်ဗျားတို့ရှိနေတာကြောင့် ဂုဏ်ယူရပါတယ်။"
ဗုဒ္ဓအကြီးအကဲတစ်ချို့မှာ အချင်းချင်းကြည့်လိုက်ကြကာ ခေါင်းငြိမ့်ပြလိုက်ပြီး ၎င်းတို့၏မျက်လုံးများကာ ပြေလျော့သော အမူအရာကိုထုတ်ပြနေကြသည်။
ဝူရှူးမြို့၏ ထိုမြို့အရှင်ကျွင်းမှာ လူဆိုးတစ်ယောက်မဟုတ်ပါချေ။
သူသည် ရိုးသားသောလူတစ်ယောက်ဖြစ်သည်ပင်။
"အမိတာဘ၊ မြို့အရှင်ကျွင့်၊ ခင်ဗျားက အရမ်းကြင်နာလွန်းနေပါပြီ။ ကျုပ်တို့ ဝူရှူးမြို့ကိုလာရတာက အရမ်းကံကောင်းလို့ပါ။"
"ဆရာတော်တို့၊ အရမ်းယဉ်ကျေးလွန်းနေပါပြီ။ ကျေးဇူးပြုပြီး ဝင်ခဲ့ပါ။"
ကျွင့်ပုကျန်းမှာ ဗုဒ္ဓအကြီးအကဲများအား ဝူရှူးမြို့တော်သို့ဖိတ်ခေါ်လိုက်သည်။
ထို ဆရာတော်များ၏ကျင့်ကြံဆင့်များအားလုံးမှာ တစ်ထောင်သော စစ်ပွဲနတ်ဘုရားထိပ်ဆုံးအဆင့်များသို့ရောက်ရှိနေကြပြီး သူ့ထက်ပင်မြင့်ကြသေးသည်။
သို့သော် သူမကြောက်ပါချေ။
ထိုဗုဒ္ဓဂိုဏ်းနှင့် ရင်မဆိုင်ခင်တွင် သူ၏ကျင့်ကြံဆင့်မှာ တစ်ရာသောတိုက်ပွဲနတ်ဘုရားအထွဋ်အထိပ်အဆင့်တွင်ဖြစ်၏။
ဗုဒ္ဓဂိုဏ်းခွဲအနည်းငယ်ကိုဖျက်ဆီးကာ တိုက်ပွဲတချို့ကြုံပြီးနောက်တွင်မူ သူ၏ကျင့်ကြံဆင့်မှာ ထပ်မံတိုးလာပြီး နောက်ဆုံး၌ တစ်ထောင်သောတိုက်ပွဲနတ်ဘုရား ပထမအဆင့်သို့ရောက်ရှိခဲ့ပြီဖြစ်သည်။
သူဟာလီချန်းရှန်နှင့် စုန့်ရှင်းနျန်တို့ထက် အခွင့်အလမ်းနည်းပါးပြီး ဝူရှူးမြို့တော်မှာ ထိုက်ယိဓားတာအိုနှင့် ကောင်းကင်ဓားသွားစင်မြင့်ထက် အတော်လေးနိမ့်ကျပါသော်လည်း ကျွင့်ပုကျန်း၏ပါရမီမှာ လီချန်းရှန်နှင့် စုန့်ရှင်းနျန်တို့ထက် အတော်လေးအားကောင်းသည်ပင်။
သို့သော် ထိုပါရမီတစ်ခုလေးနှင့်ပင် သူဟာ သူတို့နှစ်ဦးအား မကျော်နိုင်ပါချေ။ ထိုနှစ်ဦးအား ကျော်လွန်နိုင်သည့် အဓိကအချက်မှာ သူဟာ လမ်းစဉ်တစ်ခုကို လေ့လာခဲ့ခြင်းကြောင့်ပင်။
၎င်းမှာ နဂါးတစ်ကောင်အသွင်ပြောင်းခြင်းပါပင်!
ကျွင့်ပုကျန်းမှာ နတ်ဘုရားအားဖြစ်ပေါ်စေခြင်းအဆင့်တွင် ထိုအခြေအနေအားရှာတွေ့ခဲ့သည်။
သူ၏ဆရာသင်ကြားပေးခဲ့သော် နဂါးနတ်ဘုရားအနုပညာအားလှည့်ပတ်ရာတွင် သူဟာ တကယ်ကိုပင် ခြေသည်းလေးချောင်း ရွှေနဂါးအဖြစ်သို့ ပြောင်းလဲနိုင်သည်။
ထို့နောက်တွင် သူ၏ကျင့်ကြံဆင့်မှာ ဆယ်ပါးသောသိုင်းနတ်ဘုရားသို့ရောက်ရှိပြီးချိန်တွင် သူဟာ ခြေသည်းငါးချောင်း ရွှေနဂါးဖြစ်လာခဲ့သည်။ သူဟာတစ်ရာသောတိုက်ပွဲနတ်ဘုရားဖြစ်လာချိန်တွင်မူ ခြေသည်းခြောက်ချောင်းရွှေနဂါးဖြစ်လာတော့၏။
ယခုတွင် သူဟာ တစ်ထောင်သော စစ်ပွဲနတ်ဘုရားအဆင့်သို့ တက်လှမ်းသွားချိန်တွင်မူ သူဟာ ခြေသည်းခုနှစ်ချောင်းရွှေနဂါးဖြစ်နေပြီဖြစ်၏။
ဒါ့အပြင် နဂါးအသွင်ယူပြီးနောက်တွင်လည်း သူ၏အကာအကွယ်၊ အတိုက်အခိုက်အားနှင့် ခုခံနိုင်စွမ်းတို့မှာ အဆင့်ကြီးတစ်ဆင့်အထိ တိုးမြင့်လာခဲ့၏။
ထို့မျှမက သူဟာ အဆင့်ကြီးတစ်ဆင့်ပိုမြင့်သူကိုပင် တိုက်ခိုက်နိုင်ပါ၏။ နဂါးအသွင်ယူပြီးနောက်တွင် သူဟာ အမတနတ်ဘုရားဧကရာဇ်ပထမအဆင့်ပညာရှင်ကိုပင် တိုက်ခိုက်နိုင်နေပြီဖြစ်သည်။
အခြေခံအားဖြင့် သူဟာ တစ်ဖက်လူများကြောင့် ကြီးကြီးမားမားဒဏ်ရာရရှိမည်မဟုတ်ပါချေ။
သူဟာ မူလက ဗုဒ္ဓဂိုဏ်းအကြီးအကဲများအား တိုက်ရိုက်ဖျက်ဆီးချင်ခဲ့သည်။ သို့သော် နောက်တွင် ၎င်းမှာ အင်မတန်ဖြုန်းတီးရာကျသည်ကိုခံစားရသောကြောင့် သူ၏စိတ်ကိုပြောင်းလိုက်သည်။
အကြီးအကဲများအား အထဲသို့ကြိုဆိုပြီးနောက်တွင် ဗုဒ္ဓအကြီးအကဲများက ချက်ချင်းပြောလိုက်သည်။
"မြို့အရှင်ကျွင့်၊ ကျုပ်တို့အနည်းစုက ဒီကို ဗုဒ္ဓဂိုဏ်းရဲ့ အမိန့်ကိုပို့ဆောင်ဖို့ လွတ်လပ်ခွင့်ကို ယူဆောင်လာခဲ့ပါတယ်။ ခင်ဗျားသိတဲ့အတိုင်းပဲ မကြာခင်က တစ်ချို့ မကောင်းတဲ့လူတွေက ကျုပ်တို့ဗုဒ္ဓဂိုဏ်းကိုတပ်မက်နေကြပြီး ကျုပ်တို့ရဲ့ဗုဒ္ဓဂိုဏ်းခွဲတွေကို ဆက်တိုက်ပဲ ဖျက်ဆီးကြတယ်လေ။"
"ကျုပ်တို့ ဗောဓိဘုရားကျောင်းရဲ့ဗုဒ္ဓက ဒီကိစ္စကိုစုံစမ်းပြီး ကျုပ်တို့ဗုဒ္ဓဂိုဏ်းကို ကူညီဖို့အတွက် အနီးအနားက ဂိုဏ်းတွေနဲ့ မြို့တော်တွေကို မိန့်ဆိုလိုက်ပါတယ်။
ဒါပေမယ့် မြို့အရှင်ကျွင့်က ဘာသဲလွန်စကိုမှမတွေ့ရဘူးဆိုတော့ ကျုပ်တို့လည်းရွေးစရာမရှိတော့တာနဲ့ ကိုယ်တိုင်လာရောက်မေးမြန်းရတာပါ။"
ကျွင့်ပုကျန်းမှာ သက်ပြင်းရေးရေးချလိုက်သည်။
"ဟင်း! တကယ်တော့ ခင်ဗျားတို့ကျုပ်ကိုဒါအတွက်နဲ့ အပြစ်တင်လို့မရနိုင်ဘူး။ ကျုပ်မှာရွေးစရာမရှိဘူးလေ။"
"ရိုးရိုးသားသားပြောရရင် ကျုပ်တကယ်တော့ သဲလွန်စတချို့တွေ့ထားခဲ့ပါတယ်။ ကျုပ်ရဲ့လက်အောက်ငယ်သားတွေက သူတို့အဖွဲ့နဲ့တောင် ကြုံခဲ့ရတယ်။"
ဗုဒ္ဓဂိုဏ်းအကြီးအကဲ၏မျက်လုံးများမှာ ချက်ချင်းတောက်ပသွားသည်။
"အိုး! မြို့အရှင်ကျွင့်၊ တကယ်ပြောနေတာလား?"
"ဒါပေါ့ ကျုပ်အတည်ပြောနေတာ။ မြို့အရှင်တစ်ယောက်အနေနဲ့ ကျုပ်ကဘာလို့ခင်ဗျားတို့ကိုလိမ်ညာရမှာတဲ့လဲ?"
"အဲ့ဒီလူအဖွဲ့က အခု ဘယ်နေရာမှာရှိလဲဆိုတာ မြို့အရှင်ကျွင့်ကိုမေးလို့ရနိုင်မလား?"
"ဟင်း!"
ကျွင့်ပုကျန်းမှာ ခပ်ရေးရေးသက်ပြင်းချကာ ချက်ချင်းပြောလိုက်သည်။
"ဒါတွေအကုန်လုံး ကျုပ်တို့ဝူရှူးမြို့ကကျင့်ကြံသူတွေရဲ့အမှားပါ။ သူတို့ရဲ့စွမ်းအားကအရမ်း အားနည်းကြတယ်လေ။ သူတို့ကိုဖမ်းဖို့ကျရှုံးရုံတင်မကဘူး၊ ကျုပ်တို့လူတွေအများကြီးကိုလည်းဆုံးရှုံးလိုက်ရတယ်။ ကျုပ်တို့တွေလည်း အဆုံးအရှုံးတော်တော်များသွားတယ်။"
"ခင်ဗျားတို့ကို မကူညီချင်လို့မဟုတ်ဘူးဆိုတာ ခင်ဗျားသိပါတယ်။ ဒါကကျုပ်ရဲ့ ဝူရှူးမြို့တော်လေးက အရမ်းသေးလွန်းနေတာကြောင့်ပါ။ ဘာပဲဖြစ်ဖြစ် ကျုပ်တို့ဝူရှူးမြို့က ကျင့်ကြံသူတွေကိုဂရုစိုက်ဖို့နည်းလမ်းလည်း စဉ်းစားရဦးမှာ ဟုတ်တယ်မလား? ဒါ့ကြောင့် ဗုဒ္ဓဂိုဏ်းကကိုယ်တိုင်ပဲစုံစမ်းကြတာ ပိုကောင်းမယ်ထင်ပါတယ်။ ကျုပ်တို့မှာ တကယ်ကြီးရွေးစရာမရှိလို့ပါ။"
ဗုဒ္ဓဂိုဏ်းအကြီးအကဲများမှာ အချင်းချင်းကြည့်ရှုလိုက်ကြကာ ခပ်ရေးရေးသက်ပြင်းချလိုက်သည်။ ၎င်းတို့မှာ ဒါကိုရှောင်လွှဲမရနိုင်မှန်းသိလေသည်။
"မြို့အရှင်ကျွင့် မစိုးရိမ်ပါနဲ့။ တကယ်တော့ ကျုပ်တို့ဒီတစ်ခေါက်လာတာက ဒီကိစ္စကိုဖြေရှင်းပေးဖို့ပါ။"
"ကျုပ်တို့ဗုဒ္ဓဂိုဏ်းက မြို့အရှင်ကျွင့်ရဲ့အကူအညီကို ဘယ်တော့မှမမေ့ပါဘူး။"
"ပြောရရင် မြင့်မြတ်သောဗုဒ္ဓက ကျုပ်တို့ရဲ့သဘောထားကိုပြသဖို့အတွက် မြို့အရှင်ကျွင့်ဆီကို ကျုပ်တို့နဲ့ လက်ဆောင်ထုပ်အချို့ ထည့်ပေးလိုက်ပါတယ်။"
"အိုး? မြင့်မြတ်သောဗုဒ္ဓက တကယ်ကိုပဲ ရည်ရွယ်ချက်ကောင်းကောင်းရှိတယ်။ ဒါကကျုပ်တို့ဝူရှူးမြို့တော်ကို တုနှိုင်းမဲ့လောက်အောင် ရင်ထဲထိသွားစေပါတယ်ဗျာ။ မြင့်မြတ်သောဗုဒ္ဓက ကျုပ်တို့ဝူရှူးမြို့တော်ကို ဘယ်လောက်များပေးဖို့ စီစဉ်ထားသလဲကို သိချင်မိပါတယ်။"
"ဟီးဟီး၊ အရမ်းမများပါဘူး။ ဒါက ထိပ်တန်းအဆင့်နတ်သလင်းကျောက်ဆယ်သန်း၊ နတ်လက်နက် နှစ်ရာနဲ့ နတ်ပစ္စည်းအဆောင်လက်နက် ဆယ်မျိုးတည်းပါ။"
ကျွင့်ပုကျန်း၏မျက်နှာထက်မှ အပြုံးမှာ ချက်ချင်းပျောက်ကွယ်သွားကာ စိတ်မဝင်စားသည့် အမူအရာကအစားထိုးလာ၏။
"လူတိုင်းကတော့ ဗုဒ္ဓဂိုဏ်းက နတ်ဘုရားလောကမှာ အကြွယ်ဝဆုံးလို့ပြောကြတာပဲ။ တစ်လျှောက်လုံးကျုပ်လည်းဒီလိုပဲတွေးလာတာ။ အခုတော့ ဗုဒ္ဓဂိုဏ်းက ဒီလောက်လည်း အထင်ကြီးစရာမကောင်းဘူး ထင်ပါတယ်။"
"ဒီတစ်ခေါက် ကျုပ်တို့ ဝူရှူးမြို့တော်မှာ အနည်းဆုံး ကျင့်ကြံသူတစ်သောင်းလောက်သေသွားတယ်။ ပြီးတော့ သူတို့အားလုံးက ကျင့်ကြံဆင့်မြင့်ပြီး ပညာရှင်တွေချည်းပါပဲ။"
"ခင်ဗျားတို့ကျုပ်ကိုပေးတဲ့ ပမာဏလောက်နဲ့ ကျင့်ကြံသအားလုံးကိုလျော်ကြေးပေးပြီးရင်တောင် ဘာမှကျန်မှာမဟုတ်တော့ဘူး။"
"ထားလိုက်ပါတော့၊ ခင်ဗျားတို့တွေဒါကို ပြန်ယူသွားသင့်တယ်။ ကျုပ်ကဒီတစ်ခေါက်တော့ ဒါကိုကျုပ်တို့ဝူရှူးမြို့တော်ရဲ့ဆုံးရှုံးမှုလို့ပဲမှတ်ယူလိုက်ပါ့မယ်။ လူသတ်သမားတွေကိုရှာဖို့ ခင်ဗျားတို့လူတွေလည်းပို့သင့်တယ်။ ကျုပ်တို့ဝူရှူးမြို့တော်ကဝင်ပါမှာမဟုတ်တော့ဘူး။"
ဗုဒ္ဓဂိုဏ်းအကြီးအကဲများမှာ ချက်ချင်းပြောစရာမဲ့သွားကြတော့သည်။
***