← Chapters

အခန်း (၃၇၁-၃၇၅)

Vol. 25 Ch. 371-375

အခန်း (၃၇၁-၃၇၅)

Vol. 25 Ch. 371-375

အပိုင်း ၃၇၁ အမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင် ပေါ်ထွက်လာခြင်း

"ဒီအသံက...ဆရာတူညီလေး?"

ကျွင့်ပုကျန်းမှာ အင်မတန်ပျော်ရွှင်သွားသည်။

ခဏအကြာတွင် စုလင်းဝူမှာ ပုဟွားကျောင်း၏စစ်တလင်းမြေဆီသို့ နတ်ဝိဉာဉ်သားရဲများအားခေါ်ဆောင်လာသည်မှာ နတ်လက်နက်တစ်ခု ကောင်းကင်ယံမှ သက်ဆင်းလာသည့်အလားပင်။

ထို ဗုဒ္ဓသူရဲကောင်းဝိဉာဉ်များမှာ ဗုဒ္ဓအမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်၏ ကမ္ဘာငယ်ထဲမှ စွမ်းအားနိယာမ၊ နတ်ဝိဉာဉ်စွမ်းအားနှင့် ဗုဒ္ဓစွမ်းအားတို့ဖြင့် စုဝေးနေသည်ပင်။ သို့သော် နတ်ဝိဉာဉ်သားရဲများပေါ်ထွက်လာချိန်၌ ၎င်းတို့မှာ တမုဟုတ်ချင်းပြန့်ကျဲသွားတော့သည်။ ၎င်းတို့၏အသိစိတ်များမျာ မြေဆီလွှာထဲသို့ တဖန် ပြန်ကာနစ်မြုပ်သွားတော့သည်။

စုလင်းဝူမှာ ကျွင့်ပုကျန်း၏ နံဘေးသို့ရောက်ရှိလာ၏။ ကျွင့်ပုကျန်းမှာ လူသားအသွင်ပြန်လည်ယူပြီးဖြစ်ကာ တစ်ဖက်လူ၏ဝမ်းဗိုက်အား လက်သီးဖြင့် ထိလိုက်သည်။

"သေစမ်း၊ မင်းတကယ်ကြီး နတ်ဝိဉာဉ်သားရဲအများကြီးခေါ်လာတာပဲ။ ကြည့်ရ‌တာတော့ မင်း ဆရာ့ရဲ့သားရဲထိန်းချုပ်ခြင်းအနုပညာကို ကျွမ်းကျင်သွားပုံပဲ။"

စုလင်းဝူမှာ ခပ်တိုးတိုးရယ်လိုက်သည်။

"သာမန်ပါပဲ။ အားလုံးက ဆရာကျွန်တော့ကို ကောင်းကောင်းသင်ပေးထားလို့ပါ။"

"ဒါနဲ့ ဆရာတူအစ်မငါးကဒီမှာပဲ။ ဗုဒ္ဓဂိုဏ်းက ဖမ်းထားခဲ့တာ။"

"သေစမ်း! ဒီသောက်ထိပ်ပြောင်တွေကတော့။ မကြာခင်မှာ ငါတစ်လောကလုံးက အဲ့ဒီထိပ်ပြောင်တွေအားလုံးကို သတ်ပြမယ်!"

ထိုသည်ကိုကြားပြီး သိပ်မကြာခင်မှာပင် လုံကွမ်း၏မျက်နှာမှာ အလွန်အမင်းရှုံ့တွသွားတော့၏။

"ဆရာကိုး၊ ထိပ်ပြောင်တွေအားလုံးကဘုန်းတော်ကြီးမဟုတ်ပါဘူး!"

သူ၏ပူပန်နေသောမျက်နှာထားမှာ မီးငှက်ဇာမဏီနှင့် အခြားသော နတ်ဝိဉာဉ်သားရဲများအား ချက်ချင်းပင် ရယ်မောသွားစေ၏။

ထိုသည်ကိုမြင်သော် ၎င်းတို့နှစ်ဦးမှာ အချိန်မဖြုန်းတော့ဘဲ ချက်ချင်းပင် ဗုဒ္ဓအကျဉ်းထောင်အား ရှာဖွေလိုက်တော့သည်။

အကြောင်းမှာ ကျူးကောကျီချုံသည် အကျဉ်းခန်းတိုင်းတွင်ရှိမနေခြင်းကြောင့်ပင်။ အခြားသောနတ်ဆိုးများလည်း ရှိနေသေးသည်ပင်။

၎င်းတို့အားလုံးလွတ်မြောက်ကာ တစ်ချိန်တည်းတွင် နတ်ဆိုးအားလုံးပြေးထွက်လာပါကာ အကျိုးဆက်များမှာ မတွေးရဲစရာပါပင်။

ဒါက တပည့်လေးများအား ထိခိုက်မိစေမလားကို မည်သူကသိနိုင်ပါမည်နည်း?

ကံအားလျော်စွာဖြင့် လုံကွမ်းမှာ ထိုအချုပ်၌ လူအုပ်ထဲမှ တွားသွားကာ ထွက်လာသည်။

"ဆရာခုနှစ်၊ ဆရာကိုး၊ သခင်မလေးငါးက ဘယ်လှောင်အိမ်ထဲမှာလဲဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော်ဖွင့်ပေးမယ်။"

သူဟာအလျင်အမြန်ပင် ကျူးကောကျီချုံ၏လှောင်အိမ်အားရှာတွေ့သွားကာ ဖွင့်ပေးလိုက်သည်။ တစ်ခဏအကြာတွင် နတ်ဆိုးများမှာ ရူးသွပ်စွာပြေးထွက်လာကြတော့သည်။

သို့သော် ၎င်းတို့မှာ ဒီလောက်ကိုလက်ခံနိုင်ပါသေးသည်။ မည်သို့ဆိုစေ ၎င်းနတ်ဆိုးများမှ လှောင်အိမ်တစ်ခုတည်းမှသာဖြစ်၏။

စုလင်းဝူ၏ အတွေးတစ်ခုနှင့်အတူ နတ်ဝိဉာဉ်သားရဲများမှာ ၎င်းတို့အား ဝန်းရံလိုက်ကြသည်။ ထိုနတ်ဆိုးများမှာ ချက်ချင်းပင် နာခံလိုက်ကြ၏။

မကြာမီတွင် ကျူးကောကျီချုံမှာ လွတ်မြောက်လာ၏။ ကျူးကောကျီချုံအား မြင်သည့်အခိုက်တွင် ကျွင့်ပုကျန်းနှင့် စုလင်းဝူမှာ သက်ပြင်းချလိုက်မိသည်။

သို့သော် ကျူးကောကျီချုံ၏ ဖျော့တော့နေသော မျက်နှာနှင့် သူမ၏ အစွယ်နှစ်ချောင်းအချိုးခံထားရသည်ကို မြင်သည်နှင့် ၎င်းတို့၏နှလုံးသားများမှာ ကူရာမဲ့စွာ ကိုက်ခဲသွားကြတော့သည်။

ထိုမြည်းကတုံးများမှာ တကယ်ကြီး ဆရာတူအစ်မ၏ အစွယ်များကို ချိုးထားခဲ့သည်။

သားရဲတွေ!

ခွေးကောင်အုပ်စုပဲ!

သူမ၏အစွယ်များမှာ သူမ၏ဖုတ်ကောင်ပုံစံပြယုဂ်ဖြစ်သည်ပင်၊ သို့သော် ၎င်းတို့မှာ အညှာအတာမဲ့စွာချိုးပစ်ခဲ့၏။ ဆရာတူအစ်မမှာ မည်မျှသည်းခံခဲ့ရမည်ကို တွေးကြည့်မိသည်။

ထိုအခိုက်တွင် ၎င်းတို့နှစ်ဦးမှာ ဆရာနှင့် ဆရာတူအစ်မတို့အတွက် ဗောဓိကျောင်းအား တိုက်ခိုက်ရန် စွမ်းအားလုံလုံလောက်လောက်မရှိခြင်းကြောင့် ၎င်းတို့ကိုယ်ကို မုန်းတီးသွားကြ၏။

"ဆရာတူအစ်မ၊ ခံစားခဲ့ရပြီ"

စုလင်းဝူ၏မှာ သူ၏ဆို့နင့်နေသောအသံဖြင့်ပြောလိုက်သည်တွင် မျက်လုံးများက အတန်ငယ်ချဉ်နေ၏။

ကျူးကောကျီချုံမှာ အားတင်းကာပြုံးလိုက်၏။

"ဒါတွေအားလုံးက အတိတ်တွေပါပဲ။ မင်းတို့အတွက်လည်း ခက်ခဲခဲ့တာပဲလေ။ မင်းတို့က ငါ့ကိုကယ်ဖို့အတွက် ဗုဒ္ဓဂိုဏ်းကို အသက်နဲ့ရင်းပြီး တိုက်ခိုက်ခဲ့သေးတာပဲ။"

"ကျွန်တော်တို့တွေ ထိပ်ပြောင်တွေအားလုံးကို သတ်နိုင်ဖို့ ဆုတောင်းမိတယ်။"

ကျွင့်ပုကျန်းမှာ သူ၏လက်သီးများအား တင်းကြပ်စွာဆုပ်ထားလိုက်ကာ သူ့လက်ဆစ်များက တဆတ်ဆတ်တုန်နေ၏။

ကျူးကောကျီချုံမှာ ခေါင်းငြိမ့်လိုက်သည်။

"ငါတို့ဗုဒ္ဓဂိုဏ်းကို သတ်ရမယ်၊ ဒါပေမယ့် အခုတော့မဟုတ်ဘူး။ ငါတို့တွေအရမ်းအားနည်းနေသေးတယ်။ အရင်ဆုံး တိုးတက်အောင်လုပ်သင့်တယ်။ ဒီနေရာက‌ကြာကြာနေလို့‌မကောင်းဘူး။ မြန်မြန်ပြန်ဆုတ်ကြရအောင်။"

"ကောင်းပါပြီ!"

ကျွင့်ပုကျန်းမှာ ကောင်းကင်ယံသို့ဟစ်ကြွေးလိုက်သည်။

"ညီလေးရှစ်၊ မတိုက်နဲ့တော့။ ပြန်ဆုတ်ရမယ့်အချိန်ပဲ!"

"သိပါပြီ!"

ကျန်းထိုင်ရွှမ်မှာ သူ၏နတ်ဘုရားအာရုံကို တပည့်များဆီသို့ ထုတ်လွှင့်လိုက်ကာ လူတိုင်းမှာ ဗုဒ္ဓဂိုဏ်းကနေ ချက်ချင်းဆုတ်ခွာကြတော့သည်။

ဗုဒ္ဓဂိုဏ်းသားများမှာ ထိုသို့မဖြစ်လိုသောကြောင့် ရှေ့သို့လိုက်လံကာ တိုက်ခိုက်တော့သည်။

သို့သော် ကျန်းထိုင်ရွှမ်မှာ ၎င်းတို့အား လွယ်လွယ်ကူကူ အောင်မြင်ခွင့်မပေးပါချေ။ သူဟာ နတ်ပစ္စည်းအဆောင်လက်နက်နှင့် နတ်သလင်းကျောက်များအား ပစ်လွှတ်လိုက်ကာ ချက်ချင်းပင် ဖောက်ခွဲလိုက်၏။

ဘုန်း!

တစ်ခဏအကြာတွင် နောက်ထပ် အလင်းလုံးကြီးမှာ ကောင်းကင်သို့မြင့်တက်လာကာ စွမ်းအားကြီးသော အလင်းကြီးက လူတိုင်း၏ မျက်လုံးများအား ထိုးဖောက်ဝင်ရောက်လုနီးပါးပင်။

"သေစမ်း! ငါတို့သူတို့ကို ဒီလိုမျိုးထွက်သွားခွင့်ပေးရမှာလား?"

ဗုဒ္ဓဂိုဏ်းသားများမှာ အင်မတန်ဒေါသထွက်နေကြသည်။

ပုဟွားကျောင်းမှာ ဗုဒ္ဓအကြီးကဲဒါဇင်ချီများကဲ့သို့ ပျက်စီးသွား‌ချေပြီ။ ထို့အပြင် ကူညီရန်လာရောက်ကြသော အရပ်ရပ်မှ ဗုဒ္ဓဂိုဏ်းသားများမှာလည်း အတော်လေး ထိခိုက်ခံစားခဲ့ရ၏။

ရန်သူသာ လွတ်သွားခဲ့ရင် ဗုဒ္ဓဂိုဏ်းကာ မျက်နှာနာမှာမဟုတ်လား?

ဗုဒ္ဓဂိုဏ်းမှာ အနာဂတ်တွင် မည်သို့များ လေးစားခံနိုင်ရတော့ပါမည်နည်း?

နတ်ဘုရားလောကတစ်ခုလုံးမှာ ဗုဒ္ဓဂိုဏ်းအား ရယ်မောကြလိမ့်မည်မဟုတ်ပါလား?

"ငါတို့သူတို့ကို လွယ်လွယ်လေး အလွတ်ပေးလို့မဖြစ်ဘူး! ငါတို့သေရင်တောင်မှ ဗုဒ္ဓဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ရမယ်!"

အချို့သော အစွန်းရောက်ဗုဒ္ဓဂိုဏ်းများမှာ လူသားဆန်မှုကို တောင့်မခံနိုင်ဘဲ တကယ်ကိုပင် ၎င်းတို့၏လက်ဝါးများအား အတူတကွဖိကပ်လိုက်ကာ ဗုဒ္ဓစွမ်းအားကို စတင်လောင်ကျွမ်းစေလိုက်သည်။

"မင်းတို့ကောင်တွေ ရူးသွားပြီလား? မင်းတို့တွေ ထာဝရအပြစ်ပေးခံရလိမ့်မယ်!"

အကြီးအကဲတစ်ဦးမှာ ချက်ချင်းပင် မနေနိုင်ဘဲ ပြောလိုက်ကာ အခြားအကြီးအကဲမှာ ခေါင်းကိုခါလိုက်၏။

"သူတို့ကို လုပ်ခွင့်ပေးလိုက်ပါ။ ဒီအချိန်မှာ လူတိုင်းက သတ်ဖြတ်ခြင်းကြောင့် ရူးသွပ်နေပြီးသားပဲလေ။ သူတို့ရဲ့ဗုဒ္ဓနှလုံးသားတွေက ကမောက်ကမဖြစ်နေကြပြီ။ ဒီတိုက်ပွဲသာ အဆုံးမသတ်ရင် သူတို့တွေ စိတ်နတ်‌ဆိုးကို ပျိုးထောင်မိလိမ့်မယ်။ မကြာခင်မှာပင် နတ်ဆိုးတာအိုထဲကျရောက်သွားတော့မယ်။"

အကြီးအကဲမှာ ထိုသည်ကိုကြားသည်တွင် ကူရာမဲ့စွာ သက်ပြင်းချလိုက်မိသည်။

ဗုဒ္ဓဂိုဏ်းသားများမှာ ၎င်းတို့ကိုယ်ကိုစွန့်လွှတ်လိုက်သည်နှင့် သိပ်သည်းသောဗုဒ္ဓစွမ်းအားမှာ ‌ကောင်းကင်ယံသို့တိုးထွက်လာကာ ချက်ချင်းပင် ရွှေရောင်ဟင်းလင်းပြင်ဝင်ပေါက်ကို ဖြစ်ပေါ်သွားစေ၏။

ရွှေရောင်ဟင်းလင်းပြင်ဖြစ်ပေါ်လာသည်နှင့် ကျယ်ပြောကာ အားကောင်းသော ဗုဒ္ဓစွမ်းအားမှာ ရေတံခွန်ကဲ့သို့ အရူးအမူး ဖိနှိပ်လိုက်တော့သည်။

ခေါင်းထက်ရှိထိုကြောက်မက်ဖွယ်ရောင်ဝါအားအာရုံခံလိုက်မိသည်တွင် ကျူးကောကျီချုံနှင့် အခြားလူများ၏ အမူအရာမှာ ကူရာမဲ့စွာ ပြောင်းလဲသွားသည်။

"အားကောင်းလိုက်တဲ့ရောင်ဝါ! ဒါက အမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်ပဲ! ပြီးတော့ တစ်ယောက်ထက်မကဘူး!"

စုလင်းဝူ၏မျက်လုံးများမှာ လေးနက်သွားသည်။

"တစ်ဖက်လူရဲ့ကျင့်ကြံဆင့်က အရမ်းအားကောင်းလွန်းတယ်။ သူက သာမန် အစောပိုင်းအဆင့် အမတနတ်ဘုရားဧကရာဇ်ကျင့်ကြံသူမဟုတ်ဘူး။ ဒီရောင်ဝါရဲ့စွမ်းအားကိုကြည့်ရရင် အဲ့ဒီလူက အနည်းဆုံး အမတနတ်ဘုရားဧကရာဇ်စတုတ္ထအဆင့်ပဲ။"

လူတိုင်း၏နှလုံးအိမ်များမှာ ရုတ်တရတ် နစ်မြုပ်သွားတော့သည်။

အမတနတ်ဘုရားဧကရာဇ်ပထမအဆင့်ကပင် အတော်လေးကြောက်ဖို့ကောင်းနေပြီဖြစ်သည်။ ယခုတွင်မူ အမတနတ်ဘုရားဧကရာဇ်စတုတ္ထအဆင့်နှင့်အထက် ပညာရှင်တစ်ဦး၏ ရောင်ဝါကို ခံစားနေရသည်။ ထို့အပြင် ၎င်းတို့မှာ တစ်ဦးပင်မကပါချေ။

ထိုသို့ဖြင့် ၎င်းတို့မှာ မည်သို့ အနိုင်ရမည်နည်း?

မဟုတ်သေးဘူး၊ အတိအကျပြောရရင် နိုင်မည် မနိုင်မည်က ကိစ္စမဟုတ်တော့ပါချေ။ သူတို့ထွက်ပြေးနိုင်မလားဆိုသည်က ကိစ္စဖြစ်၏။

အကြောင်းမှာ ထိုရောင်ဝါထွက်ပေါ်လာချိန်၌ လူတိုင်းအား လွှမ်းခြုံလိုက်သောကြောင့်ပင်။

အမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်တစ်ဦး၏ ရောင်ဝါမှာ မည်မျှ စွမ်းအားကြီးလေသနည်း?

ကျွင့်ပုကျန်း၊ ကျန်းထိုင်ရွှမ်နှင့် စုလင်းဝူတို့သာ ခုခံနိုင်ချေသည်။ ကျွင့်ပုကျန်းမှာ နဂါးအသွင်ယူပြီးနောက်တွင်မှသာ လုံးဝခုခံနိုင်ခြင်းဖြစ်၏။

သို့သော် အခြားလူများမှာမည်သို့ဖြစ်မည်နည်း?

အခြားလူများအား ချန်ထားကာ ၎င်းတို့လေးဦးတည်း လွတ်မြောက်ရန်မှာ မဖြစ်နိုင်ပါချေ။

"အမိတာဘ! ရှန်းဇိုင်း ရှန်းဇိုင်း။ မင်းတို့ရဲ့ခေါင်းမာမှုကြောင့် ကျုပ်တို့ရဲ့ ဗုဒ္ဓဂိုဏ်းသားတွေကို သူတို့ကိုယ်ကိုစွန့်လွှတ်ဖို့ တွန်းအားပေးသလိုဖြစ်သွားပြီ။ ကျုပ် ဗုဒ္ဓတာအိုကို နှစ်များစွာ ကျင့်ကြံခဲ့ရင်တောင် ဒီနေ့ရဲ့ လူသတ်ပွဲအစပြုပွဲကလွဲပြီး ရွေးချယ်စရာမရှိဘူး။"

ထိုအသံထွက်ပေါ်လာသည်နှင့် ရွှေရောင်အလင်းအားထုတ်လွှတ်နေသော ပုံရိပ်တစ်ခုမှာ ဟင်းလင်းပြင်ဝင်ပေါက်မှထွက်ပေါ်လာသည်။

သူ၏နောက်မှ နတ်ဝိဉာဉ်မှာ မဟာဗောဓိနတ်ဝိဉာဉ်ဖြစ်၏။

၎င်းက ဗုဒ္ဓဂိုဏ်းတွင် အဆင့်နိမ့်ဆုံးသော နတ်ဝိဉာဉ်ဖြစ်ပါသော်လည်း ၎င်းမှာ အမတနတ်ဘုရားဧကရာဇ်စတုတ္ထအဆင့်ပညာရှင်ဖြစ်သည်ကတော့ မပြောင်းလဲသွားပါချေ။ သူ၏ကျင့်ကြံဆင့်နှင့် အတိုက်အခိုက်စွမ်းအားမှာ တူညီဆဲပင်။

သူဟာဟင်းလင်းပြင်ဝင်ပေါက်မှ လုံးဝလှမ်းထွက်လာပြီးနောက်တွင် သူ၏ရောင်ဝါက အရူးအမူး ထွက်ပေါ်လာကာ ရှီချန်းလင်နှင့်အခြားသော အမည်မဲ့ဂိုဏ်း ဒုတိယမျိုးဆက်တပည့်များအား ဖိနှိပ်ကာ မီးငှက်ဇာမဏီနှင့် အခြားသောနတ်ဝိဉာဉ်သားရဲများပင် ပါဝင်လေသည်။ ၎င်းတို့မှာ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ပဲ ကိုယ်တွင်းရှိ လှည့်ပတ်နေသော နတ်ဝိဉာဉ်စွမ်းအားမှာရပ်တန့်သွားလေသည်။

"စွမ်းအားကြီးလိုက်တာ!"

ကျူးကောကျီချုံမှာ အံကိုကြိတ်လိုက်ကာ ချက်ချင်းပြောလိုက်သည်။

"ဆရာတူမောင်လေးကျွင့်၊ ဆရာတူမောင်လေးကျန်း၊ ဆရာတူမောင်လေးစု မင်းတို့ရဲ့ကျင့်ကြံဆင့်တွေက အလုံအလောက်အားကောင်းတာပဲ။ မြန်မြန်ထွက်သွားကြတော့။ ငါတို့ကယ်နိုင်သမျှ များများကယ်ရအောင်။"

"ဒါပေမယ့် အစ်မကို ဘယ်လိုထားခဲ့ရမှာလဲ?"

"ငါကအခုသေလူဖြစ်နေပါပြီ။ မင်းတို့သာငါ့ကိုခေါ်သွားခဲ့ရင် ငါက မြှုပ်စရာနေရာမရှိဘဲသေသွားရလိမ့်မယ်။"

"ဘာလို့မင်းတို့အရင်ဆုံးထွက်သွားပြီး အမည်မဲ့ဂိုဏ်းရဲ့ မျှော်လင့်ချက်ကို မထိန်းသိမ်းရမှာလဲ? အနာဂတ်မှာ ဆရာ့အတွက်လက်စားချေနိုင်မှာပါ။"

သုံးယောက်သားမှာ အချင်းချင်းကြည့်လိုက်ကြကာ မျက်ဝန်းများက ဝမ်းနည်းမှုကို ဖော်ပြနေသည်။

၎င်းတို့မှာ သူတို့၏ဆရာတူအစ်မနှင့် အချိန်များစွာ အတူတူကုန်ဆုံးခဲ့ရသော ညီအစ်ကိုများအား ဗုဒ္ဓဂိုဏ်းကသတ်လိုက်မည်ကို မည်သို့ ကြည့်ရှုနိုင်ပါမည်နည်း?

သို့သော် သူတို့သာ ထွက်မသွားခဲ့ပါလျှင် ဤနေရာ၌ပင် သေရလိမ့်မည်။

သူတို့အားလုံးသေသွားသည်နှင့် အနာဂတ်တွင်မည်သူက အမည်မဲ့ဂိုဏ်းအတွက် လက်စားချေပေးမည်နည်း?

"ဆရာတူအစ်မငါး၊ ဂရုစိုက်ပါ!"

ကျွင့်ပုကျန်းမှာ အံကိုကြိတ်ကာ ချက်ချင်းပင် နဂါးအသွင်ယူလျက် ထွက်သွားတော့၏။ ကျန်းထိုင်ရွှမ်နှင့် စုလင်းဝူမှာလည်း လှည့်ကာ ထွက်သွားတော့သည်။

၎င်းတို့မှာ ခံစားချက်ကို တန်ဖိုးမထားသောကြောင့်မဟုတ်ပါချေ။ အတိအကျဆိုရလျှင် ခံစားချက်များကို တန်ဖိုးထားခြင်းကြောင့်သာ ထွက်ခွာရခြင်းဖြစ်၏။

သေဆုံးခြင်းမှာ ကြောက်မက်ဖွယ်မကောင်းပါချေ။ ပြောရလျှင် မည်သူကမှ လက်စားမချေနိုင်ပါက ၎င်းကသာ အမှန်တကယ်ကြောက်မက်ဖွယ်ကောင်းချေမည်။

ငတုံးတစ်ယောက်ကသာ ရူးရူးမိုက်မိုက်နေရန် ရွေးချယ်လိမ့်မည်။

ယနေ့တွင် ၎င်းတို့မှာ သူတို့၏ဆရာတူအစ်မနှင့် အခြားသူများအား မကယ်ဆယ်နိုင်ခဲ့ပါချေ... သို့သော် အနာဂတ်တွင် ဆရာတူအစ်မနှင့် အခြားလူများအတွက် လုံးဝကို လက်စားချေနိုင်မည်ဖြစ်သည်။

၎င်းတို့အကုန်လုံးဤနေရာ၌သာ သေဆုံးသွားပါလျှင် မည်သည်မှကျန်ရှိမည်မဟုတ်တော့ပါချေ။

သို့သော် ၎င်းတို့သုံးဦးထွက်မသွားခင်တွင် နောက်ထပ် အားကောင်းသောအရှိန်အဝါက ဟင်းလင်းပြင်တံခါးမှာ တိုးထွက်လာသည်။ ၎င်းမှာ ဗုဒ္ဓအမတနတ်ဘုရားဧကရာဇ်စတုတ္ထအဆင့်ပညာရှင်ထက်ပင် ပိုမိုအားကောင်းနေသေးသည်!

အမတနတ်ဘုရားဧကရာဇ်ပဉ္စမအဆင့်ပညာရှင်ပါပင်!

"မင်းတို့က ဗုဒ္ဓဂိုဏ်းကို လာပြီး ဒုက္ခပေးထားတာတောင် ထွက်သွား‌ချင်သေးတယ်ပေါ့။ ငါတို့ဗုဒ္ဓဂိုဏ်းက ဘယ်သူမဆို ဆိုးဆိုးရွားရွားပြုမူနိုင်တဲ့နေရာလို့များထင်နေကြတာလား?"

ယခင် အမတနတ်ဘုရားဧကရာဇ်စတုတ္ထအဆင့်ပညာရှင်မှာ ကျူးကောကျီချုံ၊ ရှီချန်းလင်နှင့် အခြားသောနတ်ဝိဉာဉ်သားရဲများအားဖိနှိပ်ထားသည်။

ထိုဗုဒ္ဓအမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်မှာမူ ကျွင့်ပုကျန်း၊ ကျန်းထိုင်ရွှမ်နှင့် စုလင်းဝူတို့အား ဖိနှိပ်လိုက်၏။

ထိုအမတနတ်ဘုရားဧကရာဇ်ပဉ္စမအဆင့်ပညာရှင်မှာ ၎င်းတို့သုံးဦးအား ဖိနှိပ်ထားရန် လုံလောက်ချေသည်။ ၎င်းတို့သုံးဦး၏ စစ်မှန်သောအတိုက်အခိုက်စွမ်းအားမှာ အားကောင်းပါသော်လည်း ၎င်းတို့မှာ ထိုလူ၏ပြိုင်ဘက်မဟုတ်ပါချေ။ ၎င်းတို့၏နတ်ဝိဉာဉ်စွမ်းအားမှာ ချက်ချင်းရပ်တန့်သွားကာ လှည့်ပတ်ခြင်းမှာ နှေးကွေးသွား၏။ ၎င်းတို့၏ကိုယ်တွင်းရှိစွမ်းအားမှာ သုညအထိ ဖိနှိပ်ခံထားရသည်။

"သေစမ်း! ချိုးဖြတ်!"

ကျန်းထိုင်ရွှမ်မှာ သူ၏နောက်မှ ငရဲဝိဉာဉ်ပေါ်ထွက်လာသည်နှင့် အရူးအမူး ဟစ်ကြွေးလိုက်သည်။ သူ၏ကိုယ်မှ တစ္ဆေရောင်ဝါမှာ ဆက်လက်ထိုးထွက်ကာ ထိခတ်နေကြ၏... သူဟာတကယ်တော့ ချိုးဖြတ်လုနီးနေသည်ကို ခပ်ရေးရေးခံစားနေရသည်။

သို့သော်ထိုအခိုက်တွင် ဟင်းလင်းပြင်ဝင်ပေါက်သို့ တတိယမြောက်ရောင်ဝါရောက်ရှိလာသည်။

၎င်းမှာ နောက်ထပ်အမတနတ်ဘုရားဧကရာဇ်ပဉ္စမအဆင့်ပညာရှင်ပါပင်!

"ပြီးသွားပြီ!"

၎င်းတို့သုံးဦးမှာ ထိုသို့‌တွေးလိုက်မိဆဲဆဲတွင် ၎င်းတို့ခေါင်းများပေါ်သို့ လေးလံသောတိုက်ခတ်မှုတစ်ခု ကျဆင်းလာသည်။

ဘုန်း!

ထိုအခိုက်တွင် သုံးဦးသားမှာ တစ်ချိန်တည်း၌ ဥက္ကာခဲများဟုပင် ခံစားလိုက်ရသည်။

ဘုန်း! ဘုန်း! ဘုန်း!

ဒီတစ်ခေါက်တွင် အမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်မှာ တစ်ဖက်သားကိုဖိနှိပ်ရန် ၎င်း၏ရောင်ဝါကိုအသုံးမပြုပါချေ။ ထိုအစား သူဟာ တိုက်ခိုက်ရန် နတ်ဝိဉာဉ်စွမ်းအားကိုသာအသုံးပြုလိုက်သည်။

သုံးဦးသားမှာ မြေပြင်သို့ပြင်းပြင်းထန်ထန်ရိုက်ခတ်မိသွားကာ မြေတွင်းကြီးသုံးတွင်းကို‌ဖြစ်ပေါ်သွားစေ၏။

မြေပြင်ထက်ရှိကျောက်တုံးကြီးများမှာ အက်ကွဲသွားကြ၏။ ကျောက်တုံးအချို့မှာ ဆယ်မီတာထက်ရှည်ကြပြီး ထိုအားကြီးကြောင့် အဝေးသို့ပင် လွင့်ပျံသွားကြသည်။

တစ်ယောက်ယောက်မှာ ထိုတိုက်ခိုက်မှုကမည်မျှအားကောင်းသိကို စိတ်ကူးပင်ကြည့်နိုင်သည်!

"ဆရာတူမောင်လေး!"

ကျူးကောကျီချုံမှာ အံ့အားသင့်သွားက သူမ၏နှလုံးက နာကျင်လာ၏။

သူမ၏ဆရာတူမောင်လေးများမှာ ဒီ‌တစ်ခေါက်တွင် ဖျက်ဆီးခံရတော့မည်ကို သိခဲ့ပါသည်!

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၂၅။ အပိုင်း ၃၇၂ ဗုဒ္ဓဂိုဏ်းကို ဒီလောက,ကနေ ပျောက်ကွယ်သွားစေချင်တယ်

"အဟွတ် အဟွတ်!"

၎င်းတို့သုံးဦးသားမှာ မြေတွင်းများထဲမှ တွားသွားထွက်လာကြပြီး သွေးများမှာလည်း ပါးစပ်ထောင့်မှစီးကျနေကြသည်။

အမတနတ်ဘုရားဧကရာဇ်ပဉ္စမအဆင့်ကျင့်ကြံခြင်းမှာ ၎င်းတို့အတွက် အင်မတန်စွမ်းအားကြီးလှသည်။ သုံးဦးသားမှာ ကြာကြာမတောင့်ခံနိုင်ကြပါချေ။

၎င်းတို့၏ကျင့်ကြံဆင့်ကို ကျော်လွန်နိုင်ပါလျှင်တောင် တစ်ဖက်အား ခုခံဖို့မဖြစ်နိုင်သေးပါချေ။

တစ်ဖက်မှ တိုက်ကွက်တစ်ခုတည်းဖြင့် အောင်မြင်ပြီးနောက်တွင် သူ၏အချိန်များကိုမဖြုန်းတီးတော့ဘဲ လက်ဝါးဖြင့် ဖိချလိုက်တော့၏။

နတ်ဝိဉာဉ်စွမ်းအားမှာ စုဝေးကာ ရွှေလက်ဝါးအမှတ်အသားဖြစ်ပေါ်လာပြီး လွှမ်းမိုးနိုင်သည်အထိ ထိုးထွက်လာသည်။ လေထုထဲရှိ နတ်ဝိဉာဉ်စွမ်းအားမှာ မလျော့နည်းသည့်တိုင်အောင် ကျုံ့လာ၏။

သုံးယောက်စလုံးမှာ တစ်ဖက်လူ၏တိုက်ခိုက်မှုမှာ စောင့်ကြည့်ခံထားရကာ အနာတရဖြစ်နေကြပြီးဖြစ်သည်။

လူတိုင်းမှာ ဖြစ်လာမည့်အရာအားခန့်မှန်းမိလိုက်ကြသည်။

ကျူးကောကျီချုံမှာ လုံးဝစိတ်ပျက်အားငယ်နေ၏။ ၎င်းတို့သုံးဦးမှာ ထိုဗုဒ္ဓလက်ဝါးအား ဆန္ဒကင်းမဲ့စွာ ကြည့်နေလိုက်ကြသည်။

တစ်ဖက်မှာ အင်မတန်စွမ်းအားကြီးလှသောကြောင့် ၎င်းတို့၏နတ်ဝိဉာဉ်စွမ်းအားမှာ တိုက်ခိုက်လိုသည့်အချိန်တွင် အတန်ငယ်ကမောက်ကမဖြစ်နေ၏။ ထွက်ပြေးရုံသာတတ်နိုင်ကြသည်ပင်။ ခုခံဖို့ရန်မှာမူ အရူးတစ်ယောက်၏ အိပ်မက်လိုဖြစ်နေသည်။

မီတာတစ်သောင်း၊ မီတာတစ်ထောင်၊ မီတာတစ်ရာ...

ဗုဒ္ဓလက်ဝါးမှာ တမုဟုတ်ချင်းကျဆင်းလာခဲ့သည်။ ထို ၀.၀၀၁စက္ကန့်လေးမှာ ရာစုနှစ်တစ်စုစာမျှ ရှည်ကြာနေပုံပေါ်သည်။

၎င်းက ထိုသုံးဦးအား နာကျင်စေ၏။

လူတိုင်းမှာ သေခြင်းတရားအားမကြောက်ရွံ့ဟု‌ဆိုကြသော်လည်း မည်သူကများ သေခြင်းတရားကို တည်ငြိမ်စွာ ရင်ဆိုင်နိုင်ပါမည်နည်း?

သို့သော် ထိုတိုက်ခိုက်မှုကြောင့် ၎င်းတို့မှာ လုံးဝသေဆုံးတော့မည်ဟုထင်‌နေသည့်အခိုက်တွင် ဗုဒ္ဓအမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်မှာ တစ်စုံတရာအား အာရုံခံမိလိုက်သည့်နှယ် မျက်ခုံးများက မြင့်တက်သွားခဲ့၏။

ဘုန်း!

ဗုဒ္ဓလက်ဝါးမှာ ရုတ်တရတ်ပေါက်ကွဲသွားကာ မြေပြင်ထက်၌ ရွှေရောင်အလင်းလုံးကြီးအားဖြစ်ပေါ်လာစေသည်။

၎င်းမှာ နေအသေးစားလေးသည် တုနှိုင်းမဲ့စွာ တောက်ပနေဟန်နှင့်ပင် တူနေသေး၏။

ထိုစွမ်းအားလှိုင်းမှာရိုက်ခတ်နေလျက် ကီလိုမီတာ၂၀၀အချင်းဝက်ရှိအဝေးရှိမြေပြင်ထက်သို့ကျရောက်သွားတော့သည်။

လုံကွမ်း၊ ရှီချန်းလင်နှင့် အခြားသူများသည်ပင် အဝေးသို့လွင့်သွားကြ၏။

ကံအားလျော်စွာဖြင့် ၎င်းမှာ ရိုက်ခတ်ခြင်းမျှသာဖြစ်သည်။ သွေးထွက်ရုံမျှသာဖြစ်ပြီး မည်သို့သော ကြီးကြီးမားမားထိခိုက်မှုမှ‌ဖြစ်မသွားခဲ့ပေ။

"ဆရာတူမောင်လေး"

ကျူးကောကျီချုံမှာ ရေရွတ်လိုက်ကာ၊ လုံကွမ်းသည်လည်း အော်ဟစ်လိုက်သည်။

"သူတို့မသေသေးဘူး! သူ့တို့အရှိန်အဝါတွေနဲ့ အသက်စွမ်းအားတွေရှိနေတုန်းပဲ။"

ကျူးကောကျီချုံ၏နှလုံးအိမ်မှာ တုန်ရီသွားသည်။

မသေဘူး?

၎င်းတို့မှာ ထိုသို့သော စွမ်းအားကြီးတိုက်ခိုက်မှုကြီးကိုခံစားရပြီးနောက်တွင် အသက်ရှင်နေဆဲဖြစ်သည်လား?

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

တစ်ခုခုတော့မှားနေပြီ!

ထို့အပြင် သူမဟာ နောက်ထပ် အရှိန်အဝါတစ်ခုအား အာရုံခံမိနေသေးသည်။

ကျူးကောကျီချုံထံတွင် နတ်ဝိဉာဉ်စွမ်းအားအချို့ပြန်လည်ရရှိလာသောကြောင့် ထိုသို့သောအပိုင်းမျိုးကို အာရုံခံနိုင်နေပြီဖြစ်သည်။

တစ်ယောက်ယောက်က ကျွင့်ပုကျန်းနှင့် အခြားလူများအား ထိုတိုက်ခိုက်မှုကို တားဆီးရန် ကူညီခဲ့သည်။

ဘယ်သူများလဲ?

ဖုန်များ တဖြည်းဖြည်းပျောက်ကွယ်သွားသည်တွင် တလက်လက်တောက်လဲ့နေသောရွှေရောင်အလင်းတစ်ပြမှာ အရင်ဆုံးသူမ၏ အာရုံထဲသို့ ချဉ်းနင်းဝင်ရောက်လာသည်။

ကျူးကောကျီချုံ၏မျက်ဝန်းအိမ်များကျယ်သွား၏။ ထို့နောက်တွင် သူမ၏မျက်လုံးများမှာချဉ်သွားကာ မျက်ရည်များနှင့်ပြည့်နေ၏။

အဲ့ဒါသူပဲ!

ဖုန်မှုန့်များ လုံးဝပျောက်ကွယ်သွားချိန်၌ ကြီးမားလှသောရွှေရောင်အသွင်သဏ္ဍာန်မှာ ၎င်းတို့သုံးဦးအား လွှမ်းခြုံသွား၏။

သုံးယောက်စလုံး ရှင်သန်နေသည်ကို မြင်သောအခါတွင် ၎င်းတို့မှာ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။ ‌ထို့နောက် မတ်မတ်ရပ်လိုက်ကာ ၎င်းတို့ရှေ့ရှိ ပုံရိပ်အား ဂါရဝပြုလိုက်သည်။

"နှုတ်ဆက်ပါတယ်၊ ဆရာတူအစ်ကိုသုံး"

ဖုန်းထျန်းယွမ်မှာ လက်များကိုနောက်ပစ်ထားလျက် နောက်သို့ လှည့်မလာပါချေ။ သူဟာကောင်းကင်ယံရှိ အမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်အား ထူးမခြားနားစိုက်ကြည့်ကာ ဆိုလိုက်သည်။

"ဘာလို့... ဒီနေရာမှာဆရာ့ရဲ့အရိပ်ယောင်လုံးဝမရှိတာလဲ?"

သုံးဦးစလုံးမှာ တစ်ယောက်ပြီးတစ်ယောက်ခေါင်းငုံ့သွားကြကာ ဖုန်းထျန်းယွမ်ထံသို့ ပြန်လည်ဖြေကြားနိုင်ခြင်းမရှိပါချေ။

ဖုန်းထျန်းယွမ်၏မျက်လုံးများထဲ၌ နာကျင်နေသော အရိပ်အယောင်ကဖြတ်ပြေးသွား၏။

"ဒီလိုလား?"

သူဟာတစ်စုံတရာအား ခပ်ရေးရေးခန့်မှန်းမိပြီးသားဖြစ်သည်ပင်။ ဖော်ပြမရနိုင်သောဒေါသက အချဉ်ဖောက်လာကာ ရင်ထဲ၌ ပေါက်ထွက်သွား၏။

လူသတ်ငွေ့ပျံ့နှံ့လာကာ ထို ရွှေရောင်လူကြီး၌ သွေးရောင်လူသတ်ငွေ့ကတစ်မျိုးတစ်ဖုံရောယှက်နေလျက်ရှိသည်။

ကြီးမားသောနတ်ဆိုးလူဝံအသွင်မှာ ထိုရွှေရောင်လူကြီး‌၏နောက်မှ ထိုးထွက်လာတော့သည်။

ထိုနတ်ဆိုးလူဝံထံတွင် အရိုးထဲထိထိုးဖောက်ထားသော ကြိုးများက ချိတ်ပိတ်ထားသကဲ့သို့ ဝန်းရံနေသည်။ သို့ရာတွင် ထိုကြိုးများထံ၌ သူ၏ကိုယ်မှ ထုတ်လွှတ်လျက်ရှိသော စွမ်းအားကြီးလူသတ်ငွေ့များနှင့် မကောင်းဆိုးဝါးရောင်ဝါများပါဝင်မနေပေ။

၎င်းမှာ ရှေးဟောင်းနတ်ဆိုးဘုရင်က တိုင်းတာမရနိုင်သောရောင်ဝါနှင့် ဤလောက၌ပေါ်ထွက်လာဟန်နှင့်ပင်တူနေသေးသည်ပင်!

"အမိတာဘ၊ အားကောင်းလိုက်တဲ့ နတ်ဆိုးရောင်ဝါပါလား"

"သူတို့ဆီမှာ ဒီလိုအားကောင်းတဲ့ပညာရှင်တစ်ယောက်ရှိနေမယ်လို့ ထင်မထားခဲ့ဘူး။ ဒါပေမယ့် သူက အမတနတ်ဘုရားဧကရာဇ်ပဉ္စမအဆင့်မှာပဲရှိနေသေးတယ်။ ငါတို့ကိုခြိမ်းခြောက်နိုင်တဲ့ထိမဟုတ်သေးဘူး။"

"ဒီလိုဆိုမှတော့ အောက်ဆင်းပြီး သူတို့ကိုဖျက်ဆီးကြ‌တာပေါ့။"

စကားဆုံးသည်နှင့် ထိုအမတနတ်ဘုရားဧကရာဇ်ပဉ္စမအဆင့်ပညာရှင်မှာ တိုက်ခိုက်ရန်ပြင်ဆင်လိုက်သည်။

သို့သော် နံဘေးရှိ အမတနတ်ဘုရားဧကရာဇ်စတုတ္ထအဆင့်ပညာရှင်မှာ တီးတိုးပြောလိုက်သည်။

"အမိတာဘ၊ သူကပုစွန်ဆိတ်လေးတစ်ကောင်ပါပဲ။ ဆရာတူအစ်ကိုဘာကိုမှလုပ်ဖို့မလိုပါဘူး။ ကျွန်တော်ပဲအရောက်ပို့ပေးပါရစေ။"

တစ်ခဏအတွင်းတွင် သူ၏နောက်မှ မဟာဗုဒ္ဓပုံရိပ်မှာ ပိုမိုအားကောင်းသောအလင်းတစ်ပြကိုပင် ထုတ်လွှတ်လိုက်ကာ ‌သေမျိုးလောကသို့ အမတဗုဒ္ဓတစ်ပါးဆင်းသက်လာသည်နှင့်ပင် တူနေသေးသည်။

ထို့နောင်တွင် သူဟာ လက်တစ်ဖက်နှင့် ဗုဒ္ဓဂိုဏ်း၏ မဟာယနဝါဂျရာလက်သီးကို အသုံးပြုကာ ထိုးချလိုက်သည်!

ကောင်းကင်ယံရှိတိမ်များမှာ ထိုထိုးချက်ထက်ရှိ နတ်ဝိဉာဉ်စွမ်းအားကြောင့် မွေ့ယမ်းသွားသည်။ ၎င်းမှာ ကြီးမားသောနတ်ဝိဉာဉ်စွမ်းအားတစ်ခုဖြင့်ရောယှက်ကာ ဖိချလိုက်သည်။

ထိုဖိအားမှာ တစ်ဖန်ထိုးထွက်လာပြန်သည်။ လူတိုင်း၏နှလုံးသားများမှာ နောက်ထပ်တောင်ကြီးတစ်လုံးဖြင့် ဖိချခံလိုက်ရသလိုခံစားလိုက်ရကာ ၎င်းတို့၏အသက်ရှူခြင်းမှာလည်း ထပ်မံရပ်တန့်သွားတော့သည်။

အမတနတ်ဘုရားဧကရာဇ်စတုတ္ထအဆင့်ပညာရှင်တစ်‌ဦး၏ဖိအားမှာ ထိတ်လန့်ဖွယ်စွမ်းအားကြီးမားလှသည်!

ရွှေရောင်ဗုဒ္ဓလက်သီးမှာ တောင်တစ်လုံးကဲ့သို့ကြီးမားလှကာ ပေပေါင်းတစ်သောင်းထက်ပင် ‌ရှည်နေ၏။ ထို့အပြင် ၎င်း၏အမြန်နှုန်းမှာလည်း အင်မတန်မြန်ဆန်လှကာ ချက်ချင်းပင်ရောက်ရှိလာခဲ့သည်။

အမြန်နှုန်းမှာ အင်မတန်မြန်ဆန်လှသောကြောင့် ၎င်းမှာ အနီးဝန်းကျင်ရှိ နတ်ဝိဉာဉ်စွမ်းအားနှင့် ပွတ်တိုက်မိသွားကာ မီးတောက်များပင် ထွက်ပေါ်လာ၏။ ၎င်းမှာ သိပ်သည်းလှသော ဒြပ်စင်ကိုလည်းသယ်ဆောင်ထားသည်။

ဗုဒ္ဓဂိုဏ်းကျင့်ကြံသူများ၏မျက်လုံးထဲတွင် ဖုန်းထျန်းယွမ်မှာ ထိုတိုက်ကွက်ကို လုံးဝပင်ခုခံနိုင်မည်ပုံမရှိဟန်ပေါ်နေလေသည်။

ထိုအမတနတ်ဘုရားဧကရာဇ်ပဉ္စမအဆင့်ပညာရှင်‌လေးမှာ ယခုတွင် ထိုတိုက်ခိုက်မှုအား တောင့်ခံနိုင်သည်ကို ဘာကြောင့်မှန်းမသိပါသော်ငြား ထိုတိုက်ခိုက်မှု၏ စွမ်းအားမှာလည်း ထိုမျှလောက် အားကောင်းမနေပါချေ။ နောက်ဆုံးတွင် ၎င်းမှာ ထိုစီနီယာဘုန်းတော်ကြီး၏ အားအပြည့်တိုက်ခိုက်မှုပင်မဟုတ်ပါချေ။

ထို့ကြောင့် ဗုဒ္ဓဂိုဏ်းမှလူများမှာ ဖုန်းထျန်းယွမ်က အံ့ဩစရာကောင်းသည်ဟုမထင်ပါချေ။

သို့သော် မဟာယနဝါဂျရာလက်သီးသက်ဆင်းလာချိန်တွင် ဖုန်းထျန်းယွမ်မှာ လုံးဝပူပန်မနေပါချေ။ သူ၏မျက်ရစ်လေးများပင် မြင့်တက်မသွားပါချေ။

ဘုန်း!

ထိုလက်သီးအလင်းမှာ ဖုန်းထျန်းယွမ်၏ မဖျက်ဆီးနိုင်သော‌ရွှေခန္ဓာဆီသို့ ခပ်ပြင်းပြင်းရိုက်ခတ်သွားကာ ပို၍ပင်ပြင်းထန်သောပေါက်ကွဲမှုကို ဖြစ်ပေါ်စေ၏။

"ဂရုစိုက်၊ မြန်မြန်ကာကွယ်!"

မနီးမဝေးရှိ လုံကွမ်းမှာ ချက်ချင်းပင် အော်လိုက်ကာ လူတိုင်းအား ကာကွယ်ဖို့ပြင်ထားရန်ပြောလိုက်သည်။

သို့သော် လူတိုင်းမှာ ၎င်းတို့၏နတ်ဝိဉာဉ်စွမ်းအား အကာအကွယ်အားအသက်သွင်းလိုက်ချိန်တွင်မူ ပေါက်ကွဲလှိုင်းမှာ ပေါ်ထွက်မလာတော့ပါချေ။

"ဒါက...?"

လူတိုင်းမှာ ပဟေဠိဖြစ်နေချိန်၌ ရွှေရောင်လူကြီးမှ လက်ကြီးတစ်ဖက်အား ဆန့်ထုတ်လိုက်ကာ သူ၏လက်ဝါးမှ ပေါက်ကွဲမှုလှိုင်းစွမ်းအင်ကို တားဆီးထားလိုက်သည်။

"ဘာ!"

"မဖြစ်နိုင်လိုက်တာ!"

ဗုဒ္ဓအကြီးအကဲများနှင့် ကောင်းကင်ရှိတပည့်များမှာ ၎င်းကိုမြင်သော် အံ့အားသင့်ကာ ကြောင်အသွားကြသည်။

ဒါကဟာသလား?

အမတနတ်ဘုရားဧကရာဇ်ပဉ္စမအဆင့်ပညာရှင်တစ်ယောက်က လုံးဝဒဏ်ရာမရဘဲနှင့် အမတနတ်ဘုရားဧကရာဇ်စတုတ္ထအဆင့်ပညာရှင်၏တိုက်ခိုက်မှုအား တကယ်ကြီးတားဆီးလိုက်လေသည်။ ထို့နောက်တွင် သူဟာ လက်ဝါးလေးဖြင့် တိုက်ခိုက်မှုကိုပင် ဖိနှိပ်ထားလိုက်သေး၏။

ဒါကဘယ်လိုစွမ်းအားမျိုးလဲ?

ဒါကတကယ်ကြီးကို ရယ်စရာကောင်းတဲ့စွမ်းအားကြီးပဲ!

"သေစမ်းခွေးကောင်!"

အမတနတ်ဘုရားဧကရာဇ်စတုတ္ထအဆင့်ပညာရှင်ဘုန်းတော်ကြီး၏ အမူအရာမှာ အေးစက်သွားတော့သည်။

ဖုန်းထျန်းယွမ်မှာ တကယ်ကို သူ့အား ပျက်ရယ်ပြုနေသည်!

သူဟာ ဖုန်းထျန်းယွမ်အားသတ်ရန်တိုက်ခိုက်လုဆဲဆဲတွင် သူ၏စီနီယာအကိုဆီမှ အသံဟာ နားထဲတွင်ပေါ်ထွက်လာသည်။

"ပုချီ၊ ထွက်သွားတော့!"

တစ်ချိန်တည်းနီးပါးမှာပင်၊ ဖုန်းထျန်းယွမ်မှာ နေရာမှပျောက်ကွယ်သွားကာ သူ့ရှေ့၌ ပေါ်လာသည်ကိုမြင်လိုက်ရသည်။

"အရမ်းမြန်တယ်!"

ပုချီ၏မျက်လုံးများမှာ ပြူးကျယ်သွားကာ သူ၏ဆံပင်သည်ပင် တဆုံးထောင်ထသွားသည်ကိုခံစားလိုက်ရ၏။

ဒါက အမတနတ်ဘုရားဧကရာဇ်ပဉ္စမအဆင့်ပညာရှင်တစ်ယောက်မှာ ရှိသင့်တဲ့ အမြန်နှုန်းလား?

"မင်းရဲ့ကိစ္စတွေကို မင်းဆီပြန်ပေးမယ်။"

ထိုသည်အား ထူးမခြားနားစွာပြောဆိုပြီးနောက်တွင် ဖုန်းထျန်းယွမ်မှာ တိုက်ခိုက်မှုအား ထိုသူ၏ရင်ဘတ်ထက်တွင် အညှာအတာကင်းမဲ့စွာ ရိုက်နှိပ်ပေးလိုက်တော့၏။

ဘုန်း!

ထိုတိုက်ခိုက်မှုကြီးမှာ ပုချီအား မီတာတစ်သောင်းအဝေးသို့ တိုက်ရိုက် လွင့်ထွက်သွားစေ၏။

"ခွေးကောင်!"

ပုချီမှာ ဟစ်အော်လိုက်ကာ တိုက်ခိုက်လုဆဲဆဲ၌ ၎င်း၏ဆရာတူအစ်ကို၏သတိပေးချက်အား ထပ်မံကြားလိုက်ရသည်။

"ပုချီ၊ မင်းနောက်မှာ!"

တစ်ဖက်လူမှာ ပြောလိုက်သည့်အခိုက်မှာတွင်ပင် တုနှိုင်းမဲ့ကာ စွမ်းအားကြီးသောတိုက်ခိုက်မှုက သူ၏နောက်ကျော‌သို့ရိုက်ခတ်သွား၏။

ဘန်း!

သိပ်သည်းသောနတ်ဝိဉာဉ်စွမ်းအားမှာ ပုချီ၏အကာအကွယ်နတ်ဝိဉာဉ်စွမ်းအား,အား နှလုံးသားမဲ့စွာဖြင့် ပြန့်ကျဲသွားစေသည်။ ထို့နောက်တွင် ၎င်းမှာ ပုချီ၏ကိုယ်ထက်ရှိ နတ်ချပ်ဝတ်တန်ဆာအား ပျက်စီးသွားစေ၏။ ထို့နောက်တွင် ၎င်းမှာ ပုချီ၏ကိုယ်ကိုထိုးခွင်းလျက် အသားနှင့်အရိုးများကိုပါ ထိုးဖောက်သွားတော့၏!

ပုချီမှာ ဆုံးရှုံးမှုဖြစ်သွားခဲ့သည်။

သူဟာမတုံ့ပြန်နိုင်ခင်တွင် တစ်ဖက်လူမှာ သူ၏ကိုယ်အား အညှာအတာမဲ့စွာ ထိုးခွင်းလိုက်သည်ပင်!

ပိုမိုကြောက်မက်ဖွယ်ကောင်းလှသည်မှာ ဖုန်းထျန်းယွမ်မှာ လက်ရှိတွင် ရဲရဲတောက်နေကာ ခုန်ပေါက်နေသောနှလုံးအားကိုင်ဆောင်ထားခြင်းပါပင်!

၎င်းမှာ ပုချီ၏နှလုံးပင်ဖြစ်၏!

ထို့အပြင် မတိုင်ခင်က ဖုန်းထျန်းယွမ်မှာ ကြိုတင်ရရှိထားခဲ့သော ပုချီ၏မဟာယနဝါဂျရာလက်သီးစွယ်ကိုသာ ထုတ်သုံးခဲ့သည်။

ထို့ကြောင့် အတိအကျဆိုရလျှင် ထိုအခိုက်မှာ ဖုန်းထျန်းယွမ်၏ ပထမဆုံးတိုက်ခိုက်မှုဖြစ်ချေ၏။

တစ်ဖက်လူမှာ သူ့အား တိုက်ကွက်တစ်ခုလေးဖြင့်ပင် သတ်ခဲ့သည်လား?

ဒါ...ဒါပေမယ့် ဘယ်လိုလုပ်နိုင်မှာလဲ?

ဖုန်းထျန်းယွမ်မှာ ရှင်းလင်းစွာပင် အမတနတ်ဘုရားဧကရာဇ်ပဉ္စမအဆင့်ပညာရှင်မျှသာဖြစ်ပြီး ပုချီထက် အဆင့်ကိုးဆင့်သာ မြင့်မားလေသည်။ တစ်ဖက်လူမှာ သူ့အားမည်သို့ ချက်ချင်းသတ်နိုင်ခဲ့ပါသနည်း?

ကံမကောင်းစွာဖြင့် ပုချီမှာ ထိုသည်ကို မသိရှိနိုင်သေးခင်မှာပင် ကြီးမားသောလက်ကြီးက သူ၏နှလုံးအား ချေမွလိုက်ချေတော့သည်။

ဖူးးး!

တစ်ခဏအတွင်းမှာပင် သူ၏နှလုံးများမှာ ရွံ့များအဖြစ်ပြောင်းလဲသွားသည်။

ထို့နောက်တွင် ဖုန်းထျန်းယွမ်မှာ သူ့အားကောင်းကင်ယံမှပစ်ချလိုက်သည်မှာ အမှိုက်အား လွှင့်ပစ်လိုက်သလိုပါပင်။

လေထုမှာ သေလုအောင်ငြိမ်သက်သွားသည်မှာ အပ်ကျသံပင်ကြားရလောက်သည်။

အသက်ရှူကြိမ်အနည်းငယ်အကြာတွင် ပုချီ၏အလောင်းမှာ မြေပြင်ထက်သို့ပြင်းစွာကျဆင်းလာတော့သည်။

ဘုန်း!

နောက်ထပ် မြေတွင်းကြီးတစ်တွင်းက မြေပြင်ထက်၌ ထွက်ပေါ်လာပြန်သည်။

သူဟာ သေသွားပါသော်လည်း သူ၏နတ်ဘုရားကိုယ်မှာ အင်မတန်မာကျော‌ဆဲပင်ဖြစ်ဟ။

လူတိုင်းမှာ ကောင်းကင်ရှိဖုန်းထျန်းယွမ်အား မယုံကြည်နိုင်စွာကြည့်လိုက်ကြသည်။

သူကဒီလိုလေးပဲသေသွားတာလား?

ဂုဏ်သရေရှိအမတနတ်ဘုရားဧကရာဇ်စတုတ္ထအဆင့်ပညာရှင်တစ်ယောက်၊ စစ်မှန်သောဗုဒ္ဓဆရာကြီးတစ်ပါးမှာ ဖုန်းထျန်းယွမ်၏တိုက်ခိုက်မှုကို တကယ်ပင်မခုခံနိုင်ဘဲ ဖုန်းထျန်းယွမ်ကြောင့် သတ်ခံလိုက်ရသည်လား?

ဒါတွေအားလုံးက နတ်ဘုရားဧကရာဇ်ပညာရှင် လုပ်နိုင်တာလား?

ဒါတွေအားလုံးလေ!

ဖုန်းထျန်းယွမ်မှာ လူတိုင်းကဲ့သို့ အံ့အားသင့်မနေပါချေ။ သူဟာ အကြည့်အား ကျန်နေသေးသောအမတနတ်ဘုရားဧကရာဇ်ပဉ္စမအဆင့်ပညာရှင်နှစ်ယောက်ထံသို့သာပို့ထား၏။

"မင်းတို့ထဲမှာ ဘယ်သူအရင်ဆုံးသေချင်လဲ? ဒါမှမဟုတ်... တစ်ခါတည်းသတ်ပေးရမလား?"

အမတနတ်ဘုရားဧကရာဇ်ပဉ္စမအဆင့်ပညာရှင်နှစ်ယောက်၏မျက်လုံးများမှာ ပြူးကျယ်သွားကာ ချွေးအေးတစ်လွှာမှာ ၎င်းတို့၏နှဖူးထက်မှပေါ်ထွက်လာ၏။

ဖုန်းထျန်းယွမ်ထုတ်လိုက်သော ဖိအားမှာ တကယ်ကိုပင်အင်မတန်စွမ်းအားကြီးမားလွန်းလှသည်!

ယခုတွင်ပင် ထို မထင်မရှားအမတနတ်ဘုရားဧကရာဇ်ပညာရှင်မှာ အမတနတ်ဘုရားဧကရာဇ်စတုတ္ထအဆင့်ပညာရှင်တစ်ယောက်အား မည်သို့သတ်လိုက်နိုင်သည်ကို နားမလည်နိုင်ပါချေ!

မိုးနတ်မင်းကြီး၊ အခု အမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်တစ်ယောက်က တူညီတဲ့ အမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်တစ်ယောက်ထက်တောင် နိမ့်ကျနေပြီလား?

"အမိတာဘ၊ ရှန်းဇိုင်း ရှန်းဇိုင်း။ မင်းရဲ့ကျင့်ကြံဆင့်ကတကယ်ကြီး ငါတို့ကို လေးစားစေတယ်။ ဒါပေမယ့် ရန်သူဖြစ်ဖို့ထက် ရန်ငြိုးကိုဖြေရှင်းတာကပိုကောင်းပါတယ်။ မင်းကစွမ်းအားကြီးပေမယ့်လည်း ငါတို့ဗုဒ္ဓဂိုဏ်းမှာ ပညာရှင်တွေပိုများတယ်! ငါထင်တာတော့ တိုက်ခိုက်တာတွေရပ်ပြီး ညှိနှိုင်းသင့်တယ်လို့ပေါ့။ ဘယ်လိုလဲ?"

ဖုန်းထျန်းယွမ်မှာ ၎င်းတို့နှစ်ဦးအား တုံ့ပြန်ခြင်းပင်မပြုဘဲ ရှေ့သို့သာလှမ်းလိုက်၏။

"မဖြစ်နိုင်တာ၊ ဘာကြောင့်... ကျုပ်ကဒီကမ္ဘာမှာ ဗုဒ္ဓဂိုဏ်းကို တည်ရှိနေခွင့်ပေးရမှာလဲ။"

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၂၅။ အပိုင်း ၃၇၃ ဒါငါ့အမှားမဟုတ်ဘူး

"ကျုပ်ကတော့ ဒီအကြံကောင်းတယ်လို့မထင်ဘူး။ ခင်ဗျားကစွမ်းအားကြီးပေမယ့် ကျုပ်တို့ဗုဒ္ဓဂိုဏ်းကလည်း အသေးအဖွဲ့လေးတော့မဟုတ်ဘူး။

ကျုပ်တို့တကယ်တိုက်မယ်ဆိုရင် နောက်ဆုံးခင်ဗျားပဲနောင်တရမှာ"

ဖုန်းထျန်းယွမ်မျက်နှာအမူအရာမှာအရင်အတိုင်းမပြောင်းလဲပဲရှိနေဆဲဖြစ်သည်။

"ခင်ဗျားတို့ကျုပ်တို့သတ်နိုင်ရင် သတ်ပြီးနေပြီ။ ခင်ဗျားတို့မသတ်နိုင်တော့ကျုပ်ကိုကြောက်အောင်လာခြောက်တယ်။ ခင်ဗျားတို့ ဗုဒ္ဓဂိုဏ်းရဲ့အဆင့်က ဒါပဲလား။"

ထိုသို့ပြောရင်းဖြင့် ၎င်းတို့နှစ်ဦးရှေ့သို့ ရောက်ရှိသွားသည်။ ၎င်းတို့အား ဖြေရှင်းခွင့်ပင်မပေးဘဲ သူ၏ကိုယ်ပေါ်မှ ရွှေရောင်လူကြီးမှာ လက်သီးနှစ်ခုစလုံးဖြင့်ထိုးချလိုက်ကာ ထိုစီနီယာဘုန်းတော်ကြီးနှစ်ပါးစလုံးအား အထိနာသွားစေသည်။

တစ်ခဏအတွင်းတွင် ၎င်းတို့နှစ်ဦးမှာ မီတာသောင်းချီအကွာသို့ ဆုတ်လိုက်ရသည်။

"ဒီကလေးက အတော်စွမ်းအားကြီးတာပဲ။ ငါတို့နှစ်ယောက်အတူတူတိုက်မှရမယ်။ မဟုတ်ရင် ငါတို့ဒီနေ့ဒီမှာပဲ သေကြရလိမ့်မယ်။"

"ဟုတ်ပြီ! အတူတူတိုက်ကြမယ်"

၎င်းတို့နှစ်ဦးမှာ ဆုံးဖြတ်ချက်ချလိုက်ပြီးသည်နှင့် ချက်ချင်းပင် နတ်ပစ္စည်းအဆောင်လက်နက်များအား ထုတ်ယူလိုက်ကြတော့၏။

တစ်ဦးမှာ ဗုဒ္ဓတုတ်‌ချောင်းအားကိုင်ဆောင်ကာ တစ်ယောက်မှာတော့ ဗုဒ္ဓမိန့်ဆိုဓားကိုကိုင်ဆောင်ထားလေသည်။

ဗုဒ္ဓလက်နက်များမှာ နတ်ဘုရားလောက၌ အမြဲတစေအပေါများဆုံးနှင့် အကြွယ်ဝဆုံးဖြစ်သည်။

အမတနတ်ဘုရားဧကရာဇ်ပညာရှင်များအနေနှင့် ၎င်းတို့နှစ်ယောက်လုံးမှာ မိမိကိုယ်ကိုကာကွယ်ရန် နတ်ပစ္စည်းအဆောင်လက်နက်များ ရှိလေသည်။

သို့သော် ၎င်းတို့မှာ အဆင့်အနိမ့်ဆုံးနတ်အဆောင်လက်နက်များသာဖြစ်ချေ၏။

သို့ရာတွင် ဖုန်းထျန်းယွမ်မှာ အထင်အမြင်သေးစွာပြုံးလိုက်သည်။

"အဆင့်နိမ့်နတ်ပစ္စည်းအဆောင်လက်နက်တွေကို နတ်ပစ္စည်းအဆောင်လက်နက်လို့ခေါ်ဖို့တောင် တန်လို့လား?"

"ဟမ့်၊ ဘဝင်‌မြင့်နေတဲ့ကောင်စုတ်လေး။ ဒါက မင်းမှာ တစ်ခုလောက်ရှိလားဆိုတာအပေါ်မှာပဲ မူတည်နေတယ်။"

စကားဆုံးသည်နှင့် ၎င်းတို့နှစ်ဦးမှာ တစ်ချိန်တည်းတိုက်ခိုက်လိုက်ကြကာ ရွှေရောင်အလင်းနှစ်သွယ်အဖြစ်ပြောင်းလဲသွားပြီး ဖုန်းထျန်းယွမ်၏နံဘေးသို့ ချက်ချင်းရောက်ရှိလာသည်။ ၎င်းတို့မှာ တစ်ချိန်တည်း၌ နှစ်ဘက်စလုံးမှ တိုက်ခိုက်လိုက်ကြတော့သည်။

အမတနတ်ဘုရားဧကရာဇ်ပဉ္စမအဆင့်ပညာရှင်၏စွမ်းအားမှာ ထိုအခိုက်၌ တိုးထွက်လာတော့၏။

ဖုန်းထျန်းယွမ်မှာ မတုန်လှုပ်နေဘဲ ချက်ချင်းပင် အာကာပြင်ဖြိုခွဲခြင်းတူနှင့် တောင်တန်းနတ်ဘုရားအမှတ်အသားကျောက်တိုင်ကိုထုတ်ယူလိုက်၏။

သူဟာတူအား ဘယ်လက်တွင်ကိုင်ဆောင်ကာ ညာဘက်တွင် ကျောက်တိုင်ကိုကိုင်ဆောင်ထား၏။ သူ၏လက်များမှာ တစ်ချိန်တည်း၌ ပေါ်ထွက်လာကာ မဖျက်ဆီးနိုင်သောရွှေခန္ဓာ၏ အားကောင်းသော စွမ်းအားနှင့် ရောယှက်သွားတော့သည်။ ထိုအခိုက်တွင် ၎င်းတို့၏ စွမ်းအားအလုံးစုံမှာ တိုးထွက်လာ၏။

သူ၏ဆရာပြောခဲ့သည်မှာ သူသာ တစ်ဖက်အား ချက်ချင်းသတ်နိုင်ပါလျှင် အတတ်နိုင်‌ဆုံးထိုသို့သာလုပ်သင့်ပေသည်။ အချိန်ဖြုန်းတီးခြင်းမှာ မခန့်မှန်းနိုင်သော မတော်တဆများကိုသာယူဆောင်လာတတ်၏။

ထို့ကြောင့် သူဟာလုံးဝကိုနောက်ပြန်ဆုတ်လိမ့်မည်မဟုတ်ပါချေ။

နတ်အဆောင်လက်နက်နှစ်ခုထွက်ပေါ်လာသည်နှင့် ၎င်းတို့မှာ အမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်နှစ်ဦးအား နေရာ၌ပင် ပြိုလဲသွားစေတော့၏။

ယခင်က ဖုန်းထျန်းယွမ်မှာ ၎င်းတို့နှစ်ဦးအား ကျီစားနေစဉ်က ဖုန်းထျန်ယွမ်မှာ ဟန်ရေးပြနေသည်ဟုသာထင်ခဲ့သည်။ သို့သော် ဖုန်းထျန်းယွမ်မှာ မျက်တောင်တစ်ခတ်အတွင်း၌ သူတို့နှင့်အတော်လေးကွာခြားနေသော နတ်ပစ္စည်းအဆောင်လက်နက်တစ်ခုအား ထုတ်ယူလာခဲ့မည်ဟု ထင်မ‌ထားခဲ့ပါချေ။

၎င်းတို့နှစ်ဦးအား ပြိုလဲသွားစေသည်မှာ ထိုသည်က နှစ်ခုပင်ဖြစ်နေခြင်းကြောင့်ပါပင်!

တိုက်ခိုက်မှု ဆင်းသက်လာသည့်အခိုက်တွင် ဖုန်းထျန်းယွမ်၏သိပ်သည်းသောတိုက်ခိုက်မှုမှာ ၎င်းတို့နှစ်ဦးအား ပျံထွက်သွားစေသည်။

နှစ်ဦးအားမှာ သွေးများအန်ထုတ်ကာ လွင့်ထွက်သွားလေသည်။ ၎င်းတို့လက်အတွင်းရှိ နတ်ပစ္စည်းအဆောင်လက်နက်များမှာ တိုက်ခိုက်မှုအများစုအား သည်းခံနေရ၏။ တစ်ဦး၏ ဗုဒ္ဓမိန့်ဆိုဓားမှာ ကွေးသွားခဲ့သည်ပင်! နောက်တစ်ဦး၏ဗုဒ္ဓတုတ်ချောင်းတွင်မူ အက်ကွဲကြောင်းများပင် ထွက်ပေါ်လာ၏။

၎င်းမှာ အင်မတန် ကြောက်မက်ဖွယ်ကောင်းလှကာ ထိုနှစ်ဦးအား အလွန်ကြောက်ရွံ့သွားစေသည်။

၎င်းတို့မှာ မူလက နတ်ပစ္စည်းအဆောင်လက်နက်များအပေါ်မှီခိုပါလျှင် ကွာခြားမှုအား အနည်းငယ်လျှော့ချနိုင်မည်ဟု တွေးထင်ထားခဲ့သည်။ ယခုတွင် ခြားနားချက်မှာ မလျော့ကျသွားရုံမျှမက ပိုမိုပင် ကြီးမားလာခဲ့၏!

"စွမ်းအားကြီးလိုက်တာ!"

"ငါတို့က သူ့ရဲ့ပြိုင်ဘက်မဟုတ်ဘူး။ ဒီလိုဆက်သွားလို့မဖြစ်တော့ဘူး။ မဟုတ်ရင် ငါတို့အားလုံးသူ့လက်ထဲမှာပဲသေရလိမ့်မယ်။"

"ဗုဒ္ဓဂိုဏ်းသားတွေ မြန်မြန်လေး ဗုဒ္ဓဆရာကြီးတွေကိုထပ်ပြီးဆင့်ခေါ်လိုက်ကြတော့။ မဟုတ်ရင် ဒီနေ့ဒီမှာပဲသေရလိမ့်မယ်!"

ဗုဒ္ဓဂိုဏ်းသားများမှာ ထပ်မံ၍ ၎င်းတို့ကိုယ်ကို စွန့်လွှတ်လိုက်ကြပြန်သည်။ ၎င်းတို့မှာ အနီးရှိ အမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်များအား ဆင့်မခေါ်ခင်တွင် ဗုဒ္ဓစွမ်းအားကိုလောင်ကျွမ်းစေကာ ဟင်းလင်းပြင်ဝင်ပေါက်ထံသို့ ထိုးသွင်းလိုက်သည်။

ထိုအခိုက်တွင် ဖုန်းထျန်းယွမ်မှာ ရှေ့သို့တစ်ဖန် ခုန်သွားလိုက်ကာ ၎င်းတို့နှစ်ဦးမှာ သီးခြားစီသာခုခံလိုက်နိုင်ကြသည်။

သို့သော် တိုက်ပွဲစတင်ပြီး တစ်စက္ကန့်မပြည့်သေးခင်မှာပင် ဟင်းလင်းပြင်ထံမှ အမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်တစ်ယောက်၏ အရှိန်အဝါကထွက်ပေါ်လာပြန်၏။

"နောက်ထပ် အမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်က ဒီမှာပဲ!"

"ဒီအရှိန်အဝါက အရမ်းအားကောင်းတဲ့ အမတနတ်ဘုရားဧကရာဇ်ဆဌမအဆင့်ပညာရှင်ရဲ့စွမ်းအားပဲ! ဒါကသူတို့နှစ်ယောက်ထက်တောင် အားကောင်းနေသေးတယ်!"

ကျူးကောကျီချုံနှင့် အခြားသူများ၏နှလုံးအိမ်များမှာ တုန်ရီသွားကြသော်လည်း ဖုန်းထျန်းယွမ်မှာမူလုံးဝပူပန်မနေပါချေ။

သူ၏လက်တွင်းမှု တိုက်ခိုက်မှုမှာ ပိုမိုစူးရှကာ မြန်ဆန်လာ၏။

အမတနတ်ဘုရားဧကရာဇ်ပဉ္စမအဆင့်ပညာရှင်နှစ်ဦးမှာ ခုခံရန်ပိုမိုခက်ခဲလာကြ၏။

"ခွေးကောင်! လုပ်ရဲတယ်ပေါ့!"

ထိုအခိုက်တွင် အမတနတ်ဘုရားဧကရာဇ်ဆဌမအဆင့်ပညာရှင်မှာ အင်မတန်နီးကပ်လာကာ ဟင်းလင်းပြင်ဝင်ပေါက်မှ ဘယ်အချိန်မဆို လှမ်းထွက်လာနိုင်နေလေသည်။

သူဟာ မရောက်သေးပါသော်ငြား လူသတ်ငွေ့မှာမူ အဘက်ဘက်သို့ တိုးထွက်‌လာကြသည်။

ကံမကောင်းစွာဖြင့် ဖုန်းထျန်းယွမ်မှာ ထိုသူရောက်သည်ဖြစ်စေ မရောက်သေးသည်ဖြစ်စေ ဂရုမစိုက်ပါချေ။ တိုက်ခိုက်မှုမှာ အဆင့်တစ်ခုအထိ စုစည်းပြီးသည်တွင် သူဟာ အာကာပြင်တူအား အမတနတ်ဘုရားဧကရာဇ်ပဉ္စမပညာရှင်တစ်ယောက်ကို ဖိနှိပ်ရန်အလို့ငှာ ပစ်လွှတ်လိုက်တော့၏။

ထို့နောက်တွင် သူဟာ အင်အားအလုံးစုံအား စုစည်းလိုက်၏။ ရွှေရောင်လူကြီးအသွင်သဏ္ဍာန်မှာ တောင်တန်းနတ်ဘုရားအမှတ်အသားကျောက်တိုင်အား လက်နှစ်ဘက်စလုံးဖြင့်ကိုင်ဆောင်ထားလေသည်။ တောင်တန်းနတ်ဘုရားအမှတ်အသားကျောက်တိုင်မှာ တမုဟုတ်ချင်းကြီးမားလာကာ မီတာသောင်းချီရှည်လျားသော သံ‌တိုင်ကြီးတစ်ခုဖြစ်လာပြီး နောက်ထပ် အမတနတ်ဘုရားဧကရာဇ်ပဉ္စမပညာရှင်ဆီသို့ ရိုက်ခတ်သွားခဲ့၏။

"မဖြစ်ဘူး!"

ထိုအမတနတ်ဘုရားဧကရာဇ်ပဉ္စမအဆင့်ပညာရှင်မှာ ခုခံရန် သူ၏လက်တွင်းမှ ဗုဒ္ဓတုတ်ချောင်းအားမြှောက်လိုက်၏။

သို့သော် ထိုတုတ်ချောင်းအားမြှောက်လိုက်သည့်အခိုက်တွင် ၎င်းမှာ တောင်တန်းနတ်ဘုရားအမှတ်အသားကျောက်တိုင်ကြောင့် အက်ကွဲသွားတော့၏။

ထို့နောက်တွင် ထိုစွမ်းအားမှာ အရှိန်မလျော့သွားဘဲ နေရာ၌ပင် သူ၏ခေါင်းအား ဖရဲသီးခွဲသကဲ့သို့ ခွဲလိုက်ကာ သတ်လိုက်ပစ်‌လိုက်တော့သည်။

တစ်ချိန်တည်းနီးပါးတွင် မီးငှက်ဇာမဏီနှင့် အခြားသောနတ်ဝိဉာဉ်သားရဲများမှာ ရှေ့သို့ပြေးထွက်လာကာ သူ၏အလောင်းအား ဆုတ်ဖြဲလျက် ဝါးမြိုလိုက်ကြ၏။

အမတနတ်ဘုရားဧကရာဇ်ပဉ္စမအဆင့်ပညာရှင်တစ်ယောက်၏ ကိုယ်တွင်းအာဟာရမှာ အင်မတန် ဆွဲဆောင်နိုင်လေသည်!

ထိုအာဟာရများမှာ ၎င်းတို့၏တိုးတက်မှုအတွက် အင်မတန်အကျိုးရှိလှသည်။

အမတနတ်ဘုရားဧကရာဇ်စတုတ္ထအဆင့်ကိုမူ လုံကွမ်းကဝါးမြိုခဲ့ခြင်းဖြစ်၏။

"ခွေးကောင်! မင်းကသေချင်နေတာပဲ!"

ထိုဗုဒ္ဓဂိုဏ်း၏ အမတနတ်ဘုရားဧကရာဇ်ဆဌမအဆင့်ပညာရှင်မှာ ဟင်းလင်းပြင်ဝင်ပေါက်မှာ တစ်ဝက်မျှလှမ်းထွက်ပြီးဖြစ်သည်။ သူ၏ကိုယ်မှာ ဟင်းလင်းပြင်ဝင်ပေါက်မှ အပြည့်အဝလှမ်းမထွက်နိုင်ခင်မှာပင် သူဟာ ဖုန်းထျန်းယွမ်နှင့် ရင်ဆိုင်ရန်အတွက် သူ၏နတ်ပစ္စည်းအဆောင်လက်နက်အား အသုံးပြုထားလိုက်၏။

ဖုန်းထျန်းယွမ်မှာ မည်သည့်အချိန်ကိုမျှ ဖြုန်းတီးခြင်းမပြုပါချေ။ လှည့်ပင်မကြည့်ဘဲ သူ၏လက်တွင်းမှ တောင်တန်းနတ်ဘုရားအမှတ်အသားကျောက်တိုင်အား ကောင်းကင်ယံသို့ပစ်လွှတ်လိုက်ရာ တစ်ဖက်လူရှေ့သို့ တမုဟုတ်ချင်းရောက်ရှိသွားလေသည်။

ဘန်း!

ပြင်းထန်သော ပေါက်ကွဲမှုနှင့်အတူ သူဟာ ဟင်းလင်းပြင်ဝင်ပေါက်မှ လှမ်းထွက်ပြီးသာ ထိုလူ၏ခြေထောက်အား ထိခတ်စေမိလိုက်သည်။ ထိခတ်ပြီးနောက်တွင်မူ ထိုခြေထောက်မှာ ဝင်ပေါက်ဆီသို့ ပြန်လည်ဝင်ရောက်သွားသည်။

ထို့နောက်တွင် ဖုန်းထျန်းယွမ်မှာ အာကာပြင်ဖြိုခွဲခြင်းတူအားကောက်ယူလိုက်ကာ အားကုန်သုံး၍ မဖျက်ဆီးနိုင်သော ရွှေခန္ဓာအား လှည့်ပတ်လိုက်တော့သည်။ အော်သံတစ်ခုဖြင့် အခြားဗုဒ္ဓအကြီးအကဲ၏လက်တွင်းရှိ တုတ်ချောင်းအား ဖောက်ခွဲလိုက်ကာ ထိုလူ၏ကိုယ်အား အက်ကွဲသွားစေပြီး လုံးဝသတ်လိုက်တော့သည်။

မီးငှက်ဇာမဏီနှင့် အခြားသောနတ်ဝိဉာဉ်သားရဲများမှာ အမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်အား တစ်ဖန် ရူးသွပ်စွာ ဝါးမြိုလိုက်ကြပြန်သည်။

၎င်းတွင်ပါဝင်သည့် အားကောင်းသော အဆီအနှစ်မှာ ၎င်းတို့ကိုယ်တွင်းရှိ နတ်ဝိဉာဉ်စွမ်းအားကို စတင်ကာ တက်ကြွလာစေသည်။ ရှင်းလင်းစွာပင် ၎င်းတို့မှာ အဆင့်တက်ကာနီးဖြစ်နေ၏။

အချို့သော အဆင့်နိမ့် နတ်ဝိဉာဉ်သားရဲများမှာ ချက်ချင်းပင် နေရာ၌ အဆင့်တက်သွားကြတော့သည်။

ဟင်းလင်းပြင်ဝင်ပေါက်ရှိ နတ်ဘုရားဧကရာဇ်ပညာရှင်မှာ တောင်တန်းနတ်ဘုရားအမှတ်အသားကျောက်တိုင်အား အဝေးသို့တွန်းပို့ပြီးဖြစ်ချေသည်။ သူ၏မျက်လုံးများမှာ သွေးရောင်ကဲ့သို့ ရဲရဲနီနေကာ နှလုံးပြုတ်လုမတတ် လူသတ်ငွေ့ဖြင့် ပြည့်နေ၏။

"‌ကောင်စုတ်လေး ငါမင်းကိုဒီနေ့မသတ်ရင် ငါဘယ်တော့မှ ဗုဒ္ဓတစ်ပါးဖြစ်မလာဖို့ ကျိန်ရဲတယ်!"

သူဟာအံကြိတ်လိုက်ပြီးထိုသည်အား တစ်လုံးချင်းပြောကာ လက်တစ်ဖက်၌ နတ်ပစ္စည်းအဆောင်လက်နက်အား ကိုင်ဆောင်ထားကာ တစ်ဖက်၌ ဗုဒ္ဓတုတ်ချောင်းကိုကိုင်ကာ ဖုန်းထျန်းယွမ်ဆီသို့ပြေးသွားလေသည်။

နှစ်ဦးသား တိုက်ခိုက်လိုက်သည်နှင့် စွမ်းအားကြီးတိုက်ခိုက်မှုပေါ်ထွက်လာကာ ကောင်းကင်တစ်ခုလုံးရှိ တိမ်များအားလုံးအား အဝေးသို့ပင်လွင့်စင်သွားစေလေသည်။

ရိုက်ခတ်မှုမှာ ဟင်းလင်းပြင်ဝင်ပေါက်ကိုပင် ခါယမ်းသွားစေ၏။

"စွမ်းအားကြီးလိုက်တာ! ဆရာတူအစ်ကိုသုံးကတကယ်ကို အရမ်းစွမ်းအားကြီးတာပဲ!"

"တစ်ဖက်က ကျင့်ကြံဆင့် ၁၁ဆင့်တောင် ပိုမြင့်တယ်မဟုတ်လား? ဒါကိုကြည့်ရရင် တစ်ဖက်လူက သူ့ထက် အဆင့်နည်းနည်းလောက်လေးပိုမြင့်နေရင်တောင် အလွယ်လေး ကျော်နိုင်မှာပဲ!'

အောက်ဘက်ရှိ ကြည့်ရှုနေသူများမှာ အားလုံးထိတ်လန့်နေကြ၏။

အမည်မဲ့ဂိုဏ်းသားများမှာမူ အမည်မဲ့ဂိုဏ်းသားများထံ၌ ကျင့်ကြံဆင့်ပိုမြင့်သော သူများအား တိုက်ခိုက်နိုင်သည့်စွမ်းအားရှိသည်ကို အားလုံးသိကြသည်ပင်။

သို့သော် လူတစ်ယောက်က မည်မျှ အဆင့်များများကို ကျော်လွန်နိုင်သည်မှာမူ မတိကျပါချေ။

ဥပမာ‌ဆိုရလျှင် စုလင်းဝူမှာ သူ၏ပင်ကိုယ်ကျင့်စဉ်၊ တိုက်ပွဲနတ်ဘုရားဆိတ်ညံမှုရှစ်သွယ်အား ကောင်းစွာမကျင့်ကြံဘဲ သားရဲထိန်းချုပ်ခြင်းအနုပညာကိုမူ အဓိကထားကျင့်ကြံကာ အဆင့် သုံးဆင့်မှလေးဆင့်အထိ အများဆုံးကျော်လွန်နိုင်ချေသည်။

ကျွင့်ပုကျန်းနှင့် ကျန်းထိုင်ရွှမ်တို့မှာမူ အဆင့်ကြီးတစ်ခုလုံးကိုပင် ကျော်လွန်နိုင်၏

၎င်းတို့အကြားတွင် ကျွင့်ပုကျန်းမှာ နဂါးအသွင်ပြောင်းပြီး ကျင့်ကြံဆင့်ကြီးတစ်ဆင့်တိုးမြှင့်နိုင်သောကြောင့် အတိအကျဆိုရလျှင် သူဟာ အဆင့်ကြီးနှစ်ဆင့် ကျော်လွန်နိုင်ချေ၏။

ပြောရလျှင် သူဟာ လက်ရှိ၌ တစ်ထောင်သောစစ်ပွဲနတ်ဘုရားဒုတိယအဆင့်၌သာရှိသေးသော်ငြားလည်း မဟာယနနတ်ဘုရားဘုရင်အဆင့်အား ကျော်လွန်ပြီး အမတနတ်ဘုရားဧကရာဇ်ဒုတိယအဆင့်ပညာရှင်တစ်ယောက်နှင့်ပင် ရင်ဆိုင်နိုင်သည်။

၎င်းမှာ သူဟာတစ်ဖက်လူအား အနိုင်ယူနိုင်မည်ဟု အာမ,မခံနိုင်ပါသော်လည်း တစ်ဖက်လူ၏ အသတ်ခံရမည်တော့မဟုတ်ပါချေ!

၎င်းမှာ အဆင့်များကျော်တက်ခြင်း၏ ဆွဲဆောင်မှုတစ်ရပ်ပင်။

၎င်းသည် အသက်ကယ်နည်းနှင့် လူသတ်နည်း နှစ်ခုစလုံးပင်ဖြစ်၏။ ၎င်းမှာ လူများထံမှ စောင့်ကြည့်ခံရကာ အင်မတန်မနာလိုခံရနိုင်သည့် အထူးစွမ်းရည်ပင်ဖြစ်ချေသည်။

ယခုတွင် ဖုန်းထျန်းယွမ်၏ကျင့်ကြံဆင့်မှာ သူ့အား အဆင့်ကြီးတစ်ဆင့်နှင့် အဆင့်ငယ်တစ်ဆင့်အား ကျော်လွန်နိုင်စေပြီး စုစုပေါင်း အဆင့်ငယ် ဆယ့်တစ်ဆင့်ပင်ဖြစ်သည်။

သူဟာ ဒါဇင်ချီသော အဆင့်ငယ်များကိုသာ ကျော်လွန်နိုင်ကာ ကျွင့်ပုကျန်းထက် နိမ့်ကျပါသော်လည်း သူဟာ အံ့အားသင့်ဖွယ်စွမ်းအားကြီးမားလှချေ၏။

လုံကွမ်းကဲ့သို့ အောက်ဘက်ရှိ တတိယမျိုးဆက်တပည့်များနှင့် အခြားသောနတ်ဝိဉာဉ်သားရဲများမှာ ထိုသည်ကိုမြင်သော် မနေနိုင်ဘဲ မနာလိုသည့်အမူအရာများ ထွက်ပေါ်လာသည်။

သူဟာအမည်မဲ့ဂိုဏ်း၏တပည့်တစ်ဦးဖြစ်ကာ ထိုသို့ အဆင့်ပိုမြင့်သည်လူများအား တိုက်ခိုက်နိုင်သည်။ သူဟာတကယ်ကို ဆွဲဆောင်မှုရှိလှ၏!

တစ်ဖက်တွင် ဗုဒ္ဓဂိုဏ်းသားများမှာ ၎င်းတို့၏ဗုဒ္ဓစွမ်းအားကို ဆက်လက်လောင်ကျွမ်းနေစေကြဆဲပါပင်။ အချို့မှာ ၎င်းတို့၏စွမ်းအားများကုန်ခမ်းသွားသောကြောင့် ကျောက်သားရုပ်တုများပင်ဖြစ်လာကြကာ ဘယ်သောအခါမှ ပြန်လည်ရှင်သန်မလာနိုင်ကြတော့ပါချေ။

သို့သော် ဖုန်းထျန်းယွမ်ထံသို့ မည်သို့သော ထိခိုက်မှုမှမရှိသည်ကို ကြည့်ရင်းဖြင့် အချို့ဗုဒ္ဓဂိုဏ်းသားများမှာ အချင်းချင်းကြည့်လိုက်ကြကာ ကူရာမဲ့စွာသက်ပြင်းချလိုက်ကြ၏။ ထို့နောက်တွင် ၎င်းတို့မှာ လက်ဝါးများအား အတူတကွဖိကပ်ထားလိုက်ကြပြီး ဗုဒ္ဓကျမ်းများကို စတင်ရွတ်ဆိုလိုက်ကြတော့သည်။ ၎င်းတို့သည် ပိုမိုအားကောင်းသော ဗုဒ္ဓအကြီးအကဲများအား ဆင့်ခေါ်ရန်ပင် ဗုဒ္ဓစွမ်းအားများအား လောင်ကျွမ်းစေလိုက်သည်။

၎င်းတို့ထံတွင် ရွေးချယ်ခွင့်မရှိပါချေ။ ၎င်းတို့မှာ အမတနတ်ဘုရားဧကရာဇ်ပညာရှင်တစ်ယောက်၏ စွမ်းအားနှင့် အမြန်နှုန်းအား ခုခံနိုင်ခြင်းမရှိဟူသည့်အချက်ကို ဘေးဖယ်ထားလျှင်လည်း မည်သို့ဖြစ်ဖြစ် အကူအညီမဲ့နေ‌ဆဲဖြစ်သည်။ နောက်ဆုံးတွင် ‌အောက်ဘက်ရှိ ကျွင့်ပုကျန်းနှင့်အခြားသူများအားကြည့်ရှုလိုက်ရင်းဖြင့် ၎င်းတို့မှာ လွတ်မြောက်ရန်လည်း မဖြစ်နိုင်တော့ပါချေ။

၎င်းတို့မှာ မိမိကိုယ်ကို မစွန့်လွှတ်ပါဘဲ ဗုဒ္ဓဂိုဏ်းမှ ဤတိုက်ပွဲအားရှုံးနိမ့်သွားပါလျှင် လက်စားချေရန်အခွင့်အရေးပင် ရလိုက်မည်မဟုတ်ပါချေ။

မည်သို့ဆိုစေ ၎င်းတို့အားလုံးမှာ သေကြရမည်ဖြစ်သည်။ အနည်းဆုံးတော့ ၎င်းတို့မှာ မသေခင် တစ်စုံတရာကို လုပ်သွားချင်သည်။

ကျွင့်ပုကျန်းနှင့် အခြားသူများမှာ ၎င်းကို သတိပြုမိကာ ချက်ချင်းပင် ရှေ့သို့ မှီလိုက်ကြ၏။

"ဆရာတူအစ်ကိုသုံးအတွက်ကာထားပေးကြ။ ဒီကောင်တွေကို အောင်မြင်ခွင့်မပေးနဲ့။"

"ကောင်းပါပြီ!"

၎င်းတို့သုံးဦးမှာ တိုက်ပွဲကို ဝင်ရောက်လိုက်ကြ၏။ ကောင်းကင်ထက်တွင် သတ်ဖြတ်ခြင်းအားအနည်းငယ်ပိုမို ထွက်ပေါ်လာသည်။

တစ်ခဏအတွင်းတွင် ဗုဒ္ဓဂိုဏ်းသားများနှင့် အကြီးအကဲများ၏အော်သံများမှာ တစ်ဖန်ထွက်ပေါ်လာတော့၏။

လူတိုင်း၏မျက်လုံးများမှ သတ်ဖြတ်ခြင်းကြောင့် နီရဲနေကြပြီဖြစ်သည်။

တစ်ဖက်လူက ဘယ်သူလဲဆိုတာဂရုမစိုက်ဘူးလား? လုရှောင်ယန်ကို သတ်ဖို့ ဘယ်သူကတောင်းဆိုလို့လဲ? သူတို့က ဆရာ့ကိုသတ်ခဲ့ခြင်းဖြစ်သည်!

ဆရာတူအစ်ကိုသုံးပြောခဲ့သည့်အတိုင်း ဗုဒ္ဓဂိုဏ်း၏ ဤလောက၌တည်ရှိခြင်းအား ရပ်စဲရမည်ဖြစ်သည်!

အထက်ရှိ တိုက်ပွဲမှာ ပြင်းထန်လာသည်နှင့် အောက်ဘက်ရှိ ပုံရိပ်တစ်ခုမှာ လူအုပ်ထဲသို့ ‌ရုတ်တရတ်ပြေးဝင်လာသည်။

"ဆရာတူအစ်မကျူးကော၊ နောက်ဆုံးတော့ ရှင့်ကိုတွေ့ပြီ။"

"မိန်းကလေးလင်"

ရောက်ရှိလာသည့်လူမှာ လင်ရှင်းယွဲ့ကလွဲ၍အခြားမရှိပါချေ။

လင်ရှင်းယွဲ့မှာ မပြောခင်၌ အသက်အနည်းငယ်ရှူလိုက်၏။

"မတိုင်ခင်က ဆရာတူအစ်ကိုလေးရယ် ဆရာတူအစ်ကိုခြောက်ရယ်နဲ့အတူ ရှာဖို့ ထွက်လာခဲ့သေးတယ်။ အစက အစ်မကိုကယ်ချင်ခဲ့ပေမယ့် မရှာနိုင်ခဲ့ဘူး။"

"အကူညီမဲ့နေရင်းနဲ့ သူတို့နှစ်ယောက်က ကြောက်စရာအကြံရပြီး ရှင်တို့ဆရာကို ဗုဒ္ဓဂိုဏ်းကသတ်လိုက်ပြီဆိုတဲ့ သတင်းတွေ ဖြန့်ခိုင်းခဲ့တာပဲ။"

"ဒါကြောင့် လူတိုင်းက ဗုဒ္ဓဂိုဏ်းသားတွေကို တိုက်ခိုက်ဖို့လာခဲ့ကြတာ။"

လူတိုင်း မပေါက်ကွဲသွားခင် လေထုမှာ စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားခဲ့၏။

"မင်းဘာပြောလိုက်တယ်?"

ကျူးကောကျီချုံ၏မျက်နှာမှာချက်ချင်းပင် အကြီးအကျယ်ရှုံ့တွသွားတော့သည်။

သူမ,တင်မကပါချေ။ တစ်ချိန်တည်း၌ အားလုံးမှာလည်းကြောင်အနေကြ၏။

"‌ဂိုဏ်းချုပ်က မသေသေးဘူးပေါ့?"

"သေစမ်း! ဂိုဏ်းချုပ်က တကယ်ကြီးမသေသေးတာလား? သတင်းတွေ‌ပျံ့နေပြီးပေမယ့် သူကမသေသေးဘူးပေါ့?"

"ပြီးသွားပြီ၊ ပြီးသွားပြီ။ ငါတို့တော့ ပြဿနာကြီးပြီပဲ။"

ကျူးကောကျီချုံမှာ သူ့နဖူးသူပြန်ရိုက်မိလိုက်သည်။

"မင်းဘာလို့စောစောမပြောခဲ့တာလဲ? ဘာလို့ စောစောလာမပြောခဲ့ရတာလဲ?"

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၂၅။ အပိုင်း ၃၇၄ ‌ဗုဒ္ဓဂိုဏ်း၏ အမဲလိုက်အမှတ်အသား

လင်ရှင်းယွဲ့မှာ အပြစ်ကင်းဟန်ဖြင့်ပြောလိုက်သည်။

"ဒါကတကယ်ကို ကျွန်မရဲ့အမှားမဟုတ်ပါဘူး။ ကျွန်မက ကောလဟာလပဲဖြန့်ခဲ့ရုံတင်ပါ။ ဘယ်သူက သူတို့တွေ ဗုဒ္ဓဂိုဏ်းကို တော်တော်ဆိုးဆိုးအနိုင်ယူပြီး ဗုဒ္ဓဂိုဏ်းခွဲတွေကို ဒီလောက်မြန်မြန် ဖျက်ဆီးမယ်လို့ ထင်ခဲ့မှာလဲ?"

"မဟုတ်သေးဘူး၊ ဘာလို့မင်းတို့တွေ ဒီကောလဟာလကိုဖြန့်ခဲ့ရတာလဲ?"

"ကျွန်မအမှားမဟုတ်ဘူးလေ။ ရှင့်ရဲ့ဆရာတူအစ်ကိုနဲ့ ဆရာတူမောင်လေးက ဒါကို တိုင်ပင်ခဲ့တဲ့လူတွေပဲ။ အစကတော့ ရှင့်ကို ဗုဒ္ဓဂိုဏ်းက ဖမ်းသွားတယ်လို့ပြောချင်ခဲ့ကြပေမယ့် ဗုဒ္ဓဂိုဏ်းက ရှင့်ကိုစုံစမ်းမှာ စိုးရိမ်နေကြလို့ပါ။"

"ပြီးတော့လည်း တစ်ချိန်လုံး သူတို့နှစ်ယောက်ကလည်း ဗုဒ္ဓကျောင်းငယ်အပါအဝင် ဂိုဏ်းအများကြီးကို ဖျက်ဆီးခဲ့‌ပြီးနေပြီလေ။"

"ဗုဒ္ဓဂိုဏ်းက ရှင့်ကိုစုံစမ်းဖို့ အတော်လေးလွယ်နေမှာ။"

"ဗုဒ္ဓဂိုဏ်းကသာ ရှင့်ကိုသတ်ပြီးဖြစ်ဖြစ် သူတို့နှစ်ယောက်ကိုခြိမ်းခြောက်ရင်ဖြစ်ဖြစ် ဒါကမှပိုပြီး ဒုက္ခများလိမ့်မှာ။"

ကျူးကောကျီချုံမှာ ပြောစရာမဲ့သွား၏။

"ဒါဆိုရင် ဒီအကြောင်းကိုသိပြီးတော့ မင်းမတားခဲ့ဘူးလား? မင်းတို့ရဲ့ရည်ရွယ်ချက်က ဆရာတူမောင်လေးကျွင့်နဲ့ အခြားသူတွေကို ထွက်လာအောင် ဆွဲဆောင်နိုင်ဖို့ပဲ မဟုတ်လား? ဒါဆို သူတို့အကုန်ထွက်လာပြီးတည်းက သူတို့ကိုရှာပြီး ဘာလို့ကိစ္စတွေကို ရှင်းလင်းသွားအောင် ရှင်းမပြနိုင်ရတာလဲ?"

"ကျွန်မလုပ်ခဲ့တယ်!"

လင်ရှင်းယွဲ့မှာ တည်ငြိမ်ဟန်ပေါ်နေ၏။

"ကျွန်မသူတို့ကိုရှာဖို့ အရမ်းကြိုးစားခဲ့တာပါ၊ ဒါပေမယ့် သူတို့ကအရမ်းမြန်လွန်းတယ်။ ကျွန်မလုံးဝကို လိုက်မမှီနိုင်ခဲ့ဘူး။"

"ဗုဒ္ဓဂိုဏ်းတိုက်ခိုက်ခံရတယ်လို့ ကြားလိုက်တာနဲ့ ချက်ချင်းပဲ စုံစမ်းဖို့သွားပါတယ်။ ဒါပေမယ့် ကျွန်မသွားလိုက်တိုင်း သူတို့က တိုက်ခိုက်ပြီးနေပြီ။ အဲ့ဒီကျောင်းတွေရဲ့ သော့ခတ်ထားတဲ့ ရတနာတွေကိုတောင် လုယူပြီး နောက်ကနေတောင်လိုက်ပါတယ်။ ကျွန်မ နတ်သလင်းကျောက် ၁သန်းနီးနီးလောက်တောင် ကောက်ခဲ့တယ်။"

လင်ရှင်းယွဲ့မှာ သိုလှောင်အိတ်အချို့ကိုပင် ထုတ်ယူလိုက်ကာ ကျူးကောကျီချုံရှေ့မှောက်၌ လှုပ်ယမ်းပြလိုက်သည်။

ကျူးကောကျီကျံမှာ လုံးဝ ညစ်ညူးသွား၏။

သူတို့ဆရာ၏သေဆုံးခြင်းမှာ အထင်လွဲမှုကြီးတစ်ရပ်ပင် ဖြစ်ဟန်တူ၏!

ထိုအထင်လွဲမှားမှုကြောင့် ၎င်းတို့မှာ ဗုဒ္ဓဂိုဏ်းအမြောက်အများကိုပင် ဖျက်ဆီးခဲ့လေသည်။ ၎င်းမှာ မျက်နှာထက်မှ သာမန်ပါးရိုက်ချက်လေးတစ်ခုမဟုတ်ပါတော့ချေ။ ၎င်းတို့မှာ ဗုဒ္ဓဂိုဏ်း၏ သေမျိုးရန်သူများပင်ဖြစ်လာချေပြီ!

၎င်းတို့မှာ အစကသူမကိုသာကယ်တင်ပြီး မထင်မရှားဖြစ်နေပါလျှင် အများဆုံး ဂိုဏ်းခွဲတစ်ခု၊ နှစ်ခုကိုသာဖျက်ဆီးကာ အာရုံအများအပြားလည်း ဆွဲဆောင်ဖြစ်မည်မဟုတ်ပါချေ။ ယခုတွင်မူ ၎င်းတို့မှာ ဗုဒ္ဓအမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်တချို့ကိုပင် သတ်ဖြတ်ခဲ့ပြီး မထင်ရှားချင်လျှင်ပင် မဖြစ်နိုင်တော့ပါချေ။

၎င်းတို့၏ဆရာမှာ နတ်ဘုရားလောကသို့ရောက်လျှင် မည်သို့သော ပြဿနာမှမဖြစ်စေရရန် ထပ်ခါထပ်ခါသတိပေးထားခဲ့သည်ပင်။

ကံမကောင်းစွာဖြင့် ၎င်းတို့မှာ စွမ်းအားအကြီးဆုံးဗုဒ္ဓဂိုဏ်းအား မတော်တဆသွားဆွမိခဲ့သည်။

ဆိုးလှချေသည်။ ၎င်းတို့မှာ ဗုဒ္ဓဂိုဏ်းဆီမှ ပစ်မှတ်ထားခြင်းခံရသည်ကို အသာထား ဆရာသာသိလျှင် ဒေါသကြောင့်ပင် သေသွားနိုင်ချေရှိ၏။

၎င်းတို့၏ ဆရာမှာ သူတို့အား အရိုးနှင့်အသားတခြားစီဖြစ်အောင်ထိပင် ရိုက်နှက်လောက်သည်။

"သ...သခင်‌မလေးငါး၊ ကျွန်တော်တို့အခုဘာလုပ်သင့်လဲ?"

ရှီချန်းလင်မှာ ကူကယ်ရာမဲ့နေရင်း တီးတိုးပြောလိုက်၏။

ကျူးကောကျီချုံမှာ နားထင်များအား ခေါင်းကိုက်သဖြင့် ဖိပွတ်လိုက်သည်။

ထိုအခိုက်တွင် အဝေးမှ နောက်ထပ် အနက်ရောင်အလင်းတန်း ပျံသန်းလာကာ ၎င်းတို့ရှေ့မှောက်သို့ အလျင်အမြန်ရောက်ရှိလာလေ၏။

"နောက်ဆုံးတော့ မင်းတို့ကိုတွေ့ပြီ။ ဘုရားရေ၊ ငါတော့ခရီးတစ်လျှောက်လုံး မောနေခဲ့တာပဲ။"

ဖိဂုလျန်မှာ လျှာတစ်လစ်ထွက်နေကာ ခန္ဓာကိုယ်မှာလည်းတုန်ရီနေ၏။

တစ်လျှောက်လုံးတွင် ၎င်းမှာ အားကုန်သုံးကာပြေးခဲ့ရပြီး တစ်ခဏမျှပင် ရပ်တန့်ခြင်းမရှိခဲ့ပါချေ။ ၎င်းမှာ မသေမချင်းပြေးခဲ့ရသည်။

"ဖိဂုလျန်၊ မင်းလည်း နတ်ဘုရားအဆင့်ကိုရောက်သွားပြီပဲ။"

မီးငှက်ဇာမဏီနှင့် အခြားသောနတ်ဝိဉာဉ်သားရဲများမှာ ၎င်းထံသို့ နှုတ်ဆက်ရန် သွားလိုက်ကြသည်။ ဖိဂုလျန်မှာ ဟောဟဲဆိုက်ကာ အသက်ရှူထုတ်နေ၏။

"အခုက... ဒါကိုပြောဖို့... အချိန်မဟုတ်သေးဘူး။ ဟူးဟူး..."

၎င်းမှာသွေးများကိုတည်ငြိမ်စေကာ ဆက်ပြောလိုက်သည်။

"ငါမင်းတို့ကိုပြောဦးမယ်။ ဂိုဏ်းချုပ်ကမသေသေးဘူး။ သူကအခု အသက်ရှင်ပြီးကျန်းမာနေတယ်။ ဗုဒ္ဓဂိုဏ်းကိုထပ်ပြီး မဆန့်ကျင်နဲ့တော့။ မြန်မြန် ငါနဲ့အတူပြန်ပြီး ကျင့်ကြံကြမယ်။"

လူတိုင်းမှာ အတန်ငယ်ငြိမ်သက်သွားသည်။

"ဘာဖြစ်တာလဲ? မင်းတို့တွေ ဘာလို့ဘာမှမပြောကြတာလဲ?"

ကျွင်းချန်မင်မှာ ကောင်းကင်ယံသို့ ညွှန်ပြလိုက်၏။

"မင်း အတော်နောက်ကျသွားပြီ။ ငါတို့တွေ နောက်ထပ် ဗုဒ္ဓဂိုဏ်းသားတွေနဲ့ အကြီးအကဲအုပ်စုကို သတ်ခဲ့ပြီးပြီ။ ငါတို့ အမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်တချို့ကိုတောင် သတ်ပစ်ခဲ့သေးတယ်။"

စကားဆုံးသည်နှင့် နောက်ထပ် ဗုဒ္ဓဂိုဏ်းသားအလောင်းမှာ ဖိဂုလျန်၏ နံဘေးသို့ ‌ကျရောက်လာတော့၏။

နတ်ဝိဉာဉ်သားရဲတချို့မှာ မြန်မြန်ရှေ့သို့သွားကာ ၎င်းအား အပိုင်းအစများအဖြစ်ဆုတ်ဖြဲ၍ အရှင်လတ်လတ် ဝါးမြိုလိုက်ကြပြန်သည်။

ဖိဂုလျန်:"..."

"မဟုတ်သေးဘူး၊ ငါပြောမယ်၊ ဘာလို့မင်းတို့ကောင်တွေ ဒီလိုလုပ်ဖို့ တအားမြန်နေရတာလဲ? အမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်တွေက ဂေါ်ဖီထုပ်လေးတွေကို အရမ်းပေါနေလို့လား? ဘာလို့ဒီလိုလေးပဲသတ်လိုက်ရတာလဲ? ဗုဒ္ဓဂိုဏ်းကို လေးစားမှုလေးနည်းနည်းတော့ပြသင့်တယ်မဟုတ်ဘူးလား?"

"အခုက ဒါတွေပြောနေရမယ်အချိန်မဟုတ်ဘူးလို့ ငါတော့ထင်တယ်။ လွတ်လမ်းတစ်ခုလောက်ရှာကြရအောင်။"

ကျူးကောကျီချုံမှာ လေးနက်ဟန်ပေါ်နေကာပြောလိုက်၏။

"ဆရာတစ်ခါတုန်းကပြောခဲ့ဖူးတယ်။ ငါတို့တွေ အခြားသူတွေကို အညှာအတာမရှိဘဲ သွားဆွတာမျိုးပဲဖြစ်ဖြစ် ဖယ်ရှားတာမျိုးပဲဖြစ်ဖြစ် မလုပ်သင့်ဘူးတဲ့။"

"ဒီဗုဒ္ဓဂိုဏ်းသားအားလုံးကို သတ်လိုက်စမ်း။ တစ်ယောက်ကိုမှ ချန်မထားခဲ့နဲ့။"

လင်ရှင်းယွဲ့၏မျက်နှာမှာ ကူရာမဲ့စွာ ရှုံ့တွသွားတော့သည်။

သူမဟာ အဆင့်နိမ့်လောကတုန်းက နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ခဲ့ဖူးကာ မျက်လုံးတစ်ချက်မတွန့်ဘဲ လူတစ်ယောင်အား သတ်ခဲ့သူဟုပင်ယူဆနိုင်ချေသည်။

သို့သော် ရိုးသားရလျှင် သူမဟာတကယ်တော့ သူမအဖေ၏တပည့်များအား မယှဉ်နိုင်ပါချေ။

သူမသာ သူမ၏အဖေနှင့် ထပ်မံနှိုင်းယှဉ်ရပါလျှင် ပိုလို့ပင် နိမ့်ကျဦးမည်ဖြစ်၏။

ဆိုရလျှင် သူမ၏အဖေမှာ အင်မတန်အရှက်မဲ့လှသည်ဟု ဆိုလိုနေခြင်းမဟုတ်ပါလား?

နေပါဦး... ဘာလို့သူမက အဲ့ဒီလူကို ထပ်ပြီး သူမအဖေလို ဆက်ဆံနေမိရတာလဲ?

အားးး...

လင်ရှင်းယွဲ့မှာ သူမ၏ ခေါင်းသေးသေးလေးက ပြိုကွဲသွားတော့မလိုခံစားလိုက်ရ၏။ သူမ၏ဦးနှောက်မှာလည်း သူမအား လုံးဝနားမထောင်ပါချေ။

၎င်းမှာ ထိုလုရှောင်ယန်၏အမှားသာဖြစ်၏။ သူဟာ သူ့မအား အရှုပ်ထုပ်တစ်ခုဖြစ်စေခဲ့သည်ပင်။

…

မနီးမဝေးရှိတောင်ကြားတွင် ကျင့်ကြံနေသော လုရှောင်ယန်မှာ နှာချေလိုက်၏။

"ဟက်ချိုး"

သူဟာ နှာခေါင်းအား ဖိပွတ်လိုက်ပြီး ကူရာမဲ့စွာ မျက်မှောင်ကြုံ့လိုက်မိ၏။

"သေစမ်း၊ ငါ့ကိုနောက်ကွယ်မှာ ဘယ်သူကကျိန်ဆဲနေတာလဲ? သူ့ရဲ့အဖေလမ်းလျှောက်ရင် ‌ကားတိုက်ပြီးသေပါစေလို့ မျှော်လင့်မိတယ်! သူရဲ့လက်ကျန်ဘဝတစ်ခုလုံးမှာ ဇနီးတစ်ယောက်မရနိုင်ဖို့ မျှော်လင့်မိတယ်! သူရဲ့ကျင့်စဉ်ဖောက်ပြန်ပါစေ! သေးတောင် ကောင်းကောင်းမပေါက်နိုင်ရင်တော့ အကောင်းဆုံးပဲ။"

စကားဆုံးသည်နှင့် သူ၏ကိုယ်တွင်းမှ နတ်ဝိဉာဉ်စွမ်းအားများမှာ ရုတ်တရတ်ပင် အနည်းငယ်မငြိမ်မသက်ဖြစ်လာပြီး သူ့အားကြောက်ရွံ့သွားစေ၏။

"သေစမ်း၊ ငါတော့ ကျိန်ဆဲတာနဲ့အလုပ်ရှုပ်ပြီး ကျင့်ကြံတာကိုတောင် အနှောင့်အယှက်ဖြစ်သွားပြီ။"

သူဟာ အလျင်စလိုပင် အခြေအနေအား ပြန်လည်ထိန်းညှိကာ သူ၏နတ်ဝိဉာဉ်စွမ်းအားကို ပုံမှန်လှည့်ပတ်ရန် လမ်းညွှန်လိုက်သည်။

"ထူးဆန်းလိုက်တာ။ ငါလို့မျိုး အရမ်းတော်တဲ့ဆရာကြီး ချီဖောက်ပြန်ခြင်းကိုတောင် ဘယ်တုန်းကမှ မကြုံခဲ့ဖူးဘူး။ ငါမျက်လုံးပိတ်ပြီးကျင့်ကြံရင်တောင် နှလုံးခုန်သံတစ်ချက်မလွဲဘဲတောင် ကျင့်ကြံနိုင်တုန်းပဲ။ ဒီနေ့ဘာတွေဖြစ်နေတာလဲ?"

…

ပုဟွားကျောင်း အထက်တွင် ကျူးကောကျီချုံ၏စကားများကို ကြားပြီးနောက် လူတိုင်းမှာ စတင်ကာ လှုပ်ရှားလိုက်ကြ၏။

"သခင်မလေးငါး ပြောတာမှန်တယ်။ သတ်ကြ!"

"ဗုဒ္ဓဂိုဏ်းသားတွေအားလုံးကို သတ်ပစ်။"

လူတိုင်းမှာ ရှေ့သို့ထွက်သွားကြကာ ကျွင့်ပုကျန်းနှင့် အခြားသူတို့ထံ ပူးပေါင်းလိုက်ကြကာ ဗုဒ္ဓဂိုဏ်းသားများအား အရူးအမူးသတ်ကြတော့သည်။

တစ်ခဏလောက်တော့ ဗုဒ္ဓဂိုဏ်းသားများမှာ ကြောင်တောင်တောင်ဖြစ်သွားကြသည်။

"ဆရာတူညီလေးကျန်း မြန်မြန် ဝိဉာဉ်စုစည်းအစီအရင်ကို ခင်းကျင်းလိုက်တော့။ သူတို့အားလုံးရဲ့ ဝိဉာဉ်တွေကို စုဆောင်းလိုက်။ သူတို့ဝိဉာဉ်တွေကို လွတ်မြောက်ခွင့်မပေးနဲ့! ငါတို့ဗုဒ္ဓဂိုဏ်းက ‌ရှာဖွေမှာကို ရှောင်ချင်တယ်။"

ကျွင့်ပုကျန်းမှာ ကျန်းထိုင်ရွှမ်ထံသို့ ဟစ်အော်လိုက်ကာ ကျန်းထိုင်ရွှမ်မှာလည်း ဝိဉာဉ်စုစည်းအစီအရင်ကို ခင်းကျင်းရန် ဆင်းသွားလိုက်၏။

ကောင်းကင်တွင် အမတနတ်ဘုရားဧကရာဇ်ဆဌမအဆင့်ပညာရှင်ဘုန်းတော်ကြီးမှာ ဖုန်းထျန်းယွမ်ကြောင့် ပျက်စီးလုနီးနီးဖြစ်သွား၏။

သူ၏လက်တစ်ဖက်မှာ မရှိတော့ဘဲ၊ ကျန်လက်တစ်ဖက်၏ တစ်ဝက်သာရှိတော့၏။ သူ၏ခြေထောက်များမှာလည်း ကျိုးသွားကာ မျက်လုံးတစ်ဖက်မှာလည်း ပေါက်ထွက်သွားသည်။ သူ၏ရှေ့သွားများပင် မရှိတော့ချေ။

သူဟာ သွေးတစ်ပွက်အန်ထုတ်လိုက်ကာ ပြင်းပြင်းပြပြ မောဟိုက်နေတော့၏။ အကြည့်များကိုလည်း အောက်သို့ပို့လိုက်ကာ ဝမ်းနည်းနေလေသည်။

ဗုဒ္ဓဂိုဏ်းသားများမှာ အစုလိုက်အပြုံလိုက်ပင်အသတ်ခံလိုက်၏။ မည်သည်မျှပင် မကျန်ရှိတော့ပါချေ။ ယခုတွင် သူတစ်ဦးသည်သာ ခါးသက်စွာ ရပ်တည်နေရသည့်သူဖြစ်၏။

ထို့အပြင် သူဟာ အသက်ရှူကြိမ်အနည်းငယ်မျှထက် ပိုမခံနိုင်တော့ပါချေ။

"ဗောဓိကျောင်းက စီနီယာဘုန်းကြီးတွေ ထွက်မလာတာကြောင့်သာ မဟုတ်ရင် ငါ ဗုဒ္ဓဂိုဏ်းရဲ့ ဂုဏ်သိက္ခာက မင်းတို့လို နတ်ဆိုးတွေကြောင့် ပျက်ရယ်ပြုခံရပါ့မလား? ဒီနေ့ ငါရှုံးတာကိုဝန်ခံတယ်၊ ဒါပေမယ့် ဒါကို ဒီတိုင်းထားလိုက်လိမ့်မယ်လို့တော့ မထင်ထားနဲ့။ ငါရဲ့နတ်ဝိဉာဉ်၊ ကျင့်ကြံဆင့်နဲ့ အရာအားလုံးကိုသုံးပြီး ဗုဒ္ဓဂိုဏ်းရဲ့ သတ်ဖြတ်ခြင်းအမှတ်အသားကို မင်းအပေါ်မှာ ချန်ထားခဲ့မယ်။"

"ဒီဗုဒ္ဓဂိုဏ်း သတ်ဖြတ်ခြင်းအမှတ်အသားနဲ့ဆိုရင် ဗုဒ္ဓဂိုဏ်းသားတွေရှိတဲ့နေရာတိုင်း သူတို့ကမင်းနောက်ကိုလိုက်ဖမ်းကြလိမ့်မယ်။ ဗုဒ္ဓဂိုဏ်းက နတ်ဘုရားလောကမှာ ကြီးမားတဲ့အဖွဲ့အစည်းတစ်ခုပဲ။ မင်း ဗုဒ္ဓဂိုဏ်းသားဘယ်လောက်များများကို ခုခံနိုင်မလဲဆိုတာကို ကြည့်ချင်မိတယ်။"

"ဟားဟားဟားဟား... မင်းကိုငရဲမှာစောင့်နေမယ်!"

ထိုအခိုက်တွင် သူဟာ စိတ်ပျက်အားငယ်နေပြီးဖြစ်သည်။

သူ၏စွဲလန်းမှုမှာ သူ့အား နတ်ဆိုးတာအိုဆီသို့ ‌တွန်းပို့ခဲ့သည်ပင်။

သူဟာ ဗုဒ္ဓဂိုဏ်း၏ အမှတ်အသားကိုလိုက်ရှာခြင်းကြောင့် မရေတွက်နိုင်လောက်သောဗုဒ္ဓဂိုဏ်းသားများသေမည်ကို ဂရုမစိုက်ပါပေ။

သူဟာ ဗောဓိကျောင်းနှင့် ဗုဒ္ဓအား လုံးဝစိတ်ပျက်နေပြီဖြစ်၏။ သူဟာ ‌ဖုန်းထျန်းယွမ်နှင့် အခြားသူများအား အင်မတန်ဒေါသဖြစ်နေကာ နာကြည်းနေသည်။

ထိုအခိုက်တွင် သူဟာ ဗုဒ္ဓဂိုဏ်းမက ဖုန်းထျန်းယွမ်နှင့် အခြားသူများကိုပင် ဂရုမစိုက်တော့ပါချေ။

သူဟာ ဗုဒ္ဓဂိုဏ်း၊ ဖုန်းထျန်းယွမ်နှင့် အခြားသူများအား အသက်နှင့် သေခြင်းတိုက်ပွဲထံသို့ ကျရောက်စေချင်နေ၏။

သူဟာ အသက်မရှင်နိုင်တော့မည်ကို သိပြီးဖြစ်သောကြောင့် ဗုဒ္ဓဂိုဏ်းနှင့် အမည်မဲ့ဂိုဏ်းအား သူနှင့်အတူ သေစေချင်နေ၏!

ဖုန်းထျန်းယွမ်မှာ မျက်မှောင်ကျုံ့လိုက်ကာ စိတ်ထဲ၌ ဆိုးဆိုးရွားရွားအာရုံခံမိလိုက်သည်။ သူဟာချက်ချင်းပင်ရှေ့သို့မှီလိုက်ကာ အာကာပြင်တူနှင့် တောင်တန်းနတ်ဘုရားအမှတ်အသားကျောက်တိုင်ကိုအသုံးပြုလိုက်သည်။ သူဟာတစ်ချိန်တည်းတွင် အမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်ဘုန်းကြီး‌အား တိုက်ခိုက်လိုက်သည်။

အံ့အားသင့်စရာကောင်းအောင်ပင် တစ်ဖက်လူမှာ မရှောင်တိမ်းဘဲ သူ့အားတိုက်ခိုက်ခွင့်သာ ပြုလိုက်ကာ ၎င်း၏ကိုယ်အား သွေးမြူမှုန်များအဖြစ်သာ ပြန့်ကျဲသွားစေလိုက်သည်။

သို့သော် သွေးမြူများဖြစ်ပေါ်လာချိန်တွင် မရေတွက်နိုင်သော ရွှေရောင်ဗုဒ္ဓငြိမ်းချမ်းခြင်းအမှတ်အသားများမှာ ၎င်းထံမှ ပြေးထွက်လာကြကာ လူတိုင်း၏ကိုယ်ထဲသို့ နတ်မိမယ်များက ပန်းများကို ဖြန့်ကျဲလိုက်သကဲ့သို့ အရူးအမူးပြေးဝင်သွားကြသည်။

‌"ဒါကဘာကြီးလဲ?"

လူတိုင်း၏အမူအရာမှာပြောင်းလဲသွားတော့သည်။ ၎င်းတို့မှာ ၎င်းတို့၏ကိုယ်ပေါ်၌ မျက်လုံးအပိုတစ်ခု ရှိနေသလို ခပ်ရေးရေးခံစားမိ‌လိုက်ကြသည်။ ၎င်းတို့ထံ၌ ကိုယ်ရေးကိုယ်တာပင် လုံးဝမရှိကြတော့ပါချေ။

ဖုန်းထျန်းယွမ်မှာ လေးနက်သွားဟန်ပေါ်ကာ လူတိုင်းကိုပြောလိုက်၏။

"ငါတို့လှည့်စားခံလိုက်ရပြီ။ အဲ့ဒီ့ဗုဒ္ဓအကြီးအကဲက သူသေခါနီးမှာ ငါတို့ကို ဗုဒ္ဓဂိုဏ်းရဲ့သတ်ဖြတ်ခြင်းအမှတ်အသားပေးလိုက်တယ်။ သူ့ကြောင့် ဒီသတ်ဖြတ်ခြင်းအမှတ်အသားက အနီးအနားကဗုဒ္ဓဂိုဏ်းသားတွေဆီ ငါတို့ကို တိုက်ခိုက်ဖို့စေခိုင်းလိမ့်မယ်။ ငါတို့ပြန်သွားပြီး ဆရာ့ကိုရှာရမယ်၊ ဒါမှဒီအမှတ်ကို သူဖယ်နိုင်မလားသိရမှာပေါ့။"

"မဖြစ်နိုင်တာ? ဒါကဒီလောက်တောင် မှော်ဆန်တာလား?"

ကျွင့်ပုကျန်းမှာ အတန်ငယ် သံသယဖြစ်နေ၏။

လုံကွမ်းမှာ ဖြေရှင်းပြလိုက်သည်။

"ဒါကအမှန်ပဲ။ သူညာနေတာမဟုတ်ဘူး။ ဗုဒ္ဓဂိုဏ်းမှာ သတ်ဖြတ်ခြင်းအမှတ်အသားရှိတယ်။ ဒါကိုထုတ်သုံးလိုက်ပြီး အာရုံခံမိတာနဲ့ အနီးနားကဗုဒ္ဓဂိုဏ်းသားတွေ လာပြီးတော့ သူတို့ရဲ့ကျင့်ကြံဆင့်တွေ စွမ်းအားတွေကိုတောင် ဂရုမစိုက်ဘဲ သတ်ကြလိမ့်မယ်။"

စကားဆုံးသည်နှင့် လူတိုင်းမှာ များပြားလှသော ဗုဒ္ဓတပ်ဖွဲ့များ စုစည်းလာသည်ကို အာရုံခံမိလိုက်ကြ၏။

"သေစမ်း? ပုံမှန်ဟုတ်မနေဘူးမလား?"

ကျွင့်ပုကျန်းမှာ ထိတ်လန့်သွားပြီး ဖုန်းထျန်းယွမ်မှာ စကားဆက်လိုက်သည်။

"အချိန်ကျပြီ။ ဗုဒ္ဓဂိုဏ်းက ဘယ်ပညာရှင်မှရောက်မလာခင် မြန်မြန်ပြန်ပြီး ဆရာ့ကိုရှာကြမယ်။ မဟုတ်ရင်တော့ အရမ်းနောက်ကျသွားလိမ့်မယ်။"

"သွားကြစို့!"

လူတိုင်းမှာ ချက်ချင်းပင် ပုဟွားကျောင်းမှ ပျံထွက်သွားကြတော့၏။

လုံကွမ်းမှာ အကျဉ်းချခံထားရသော နတ်ဆိုးလှောင်အိမ်ဒါဇင်ချီကို ယူဆောင်သွားခဲ့ဟည်။

နတ်ဆိုးအမြောက်အများနှင့်ဆိုလျှင် အသုံးဝင်လောက်သည်။

အားလုံးထွက်သွားပြီသည်နှင့်မကြာလိုက် ရွှေရောင်အလင်းများမှာ အလျင်အမြန်ပျံသန်းရောက်ရှိလာကြသည်။

ပုဟွားကျောင်းမြင်ကွင်းအား မြင်သည်တွင် ဗုဒ္ဓဂိုဏ်းသားများမှာ ထိတ်လန့်သွားကြတော့၏။

"ဝမ်းနည်းစရာပဲ! ပုဟွားကျောင်းတစ်ခုလုံး ဖျက်ဆီးခံလိုက်ရပြီ။ ဒီနတ်ဆိုးတွေက အရမ်းစွမ်းအားကြီးမနေဘူးလား?!"

"သူတို့ မလွတ်နိုင်ဘူး။ အဲ့ဒီ စီနီယာဗုဒ္ဓဂိုဏ်းက သူတို့ပေါ်မှာ သတ်ဖြတ်ခြင်းအမှတ်အသားတစ်ခုထားခဲ့တယ်။ သူတို့နောက်လိုက်ကြမယ်၊ အလွတ်မပေးနဲ့။"

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၂၅။ အပိုင်း ၃၇၅ ဖုံးကွယ်ထားသောခန်းဆီး

နတ်ဘုရားလောက၊ ဗောဓိဘုရားကျောင်းမြင့်မြတ်နယ်မြေ။

မြင့်မြတ်သောဗုဒ္ဓမှာ တင်ပလ္လင်ခွေထိုင်လျက် မျက်လုံးများအား ဖြည်းညင်းစွာဖွင့်လိုက်၏။

အစီအရင်တွင်းရှိ ထိုနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်ဆယ်ငါးပါး၏ သင့်‌လျော်သည့်အခြေအနေသို့ ထိန်းညှိပြီးသည့် အရှိန်အဝါအားအာရုံခံမိသည်တွင် သူ၏နှုတ်ခမ်းထောင့်များမှာ မနေနိုင်ဘဲကွေးတက်သွား၏။ (အမတနတ်ဘုရားဧကရာဇ်မဟုတ်ပါ)

နောက်တွင် ၎င်းတို့မှာ နတ်ဆိုးသုတ်သင်ပွဲအတွက်ပြင်ဆင်နိုင်ပြီဖြစ်၏။ နတ်ဆိုးသုတ်သင်ရှင်းလင်းပွဲ ပြီးဆုံးအောင်မြင်သည်နှင့် ထို နတ်ဘုရားဧကရာဇ်ဆယ့်ငါးပါးမှာ စိတ်ဝိဉာဉ်တောင်မှ ကုသိုလ်ထောက်ပံ့မှုအား ရရှိလိမ့်မည်ဖြစ်၏။ သဘာဝကျစွာဖြင့် ၎င်းတို့မှာ မသေမျိုးအဆင့်အားကျော်ဖြတ်ကာ အမတကဲ့သို့ဖြစ်တည်မှုများ ဖြစ်လာချေတော့မည်။

ထိုအချိန်ဆိုလျှင် ၎င်းတို့မှာ အမတလောကရှိ စိတ်ဝိဉာဉ်တောင်ဆီသို့ တက်လှမ်းနိုင်မည်ဖြစ်ပြီး စိတ်ဝိဉာဉ်တောင်ခြေရှိ လူပေါင်းသန်းချီ၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်လာကြချေလိမ့်မည်။ ၎င်းတို့မှာ စိတ်ဝိဉာဉ်တောင်တစ်ခုလုံးအတွက် စိတ်ခွန်အားထောက်ပံ့ရန် ဗုဒ္ဓကျမ်းဂန်များနှင့် ကျမ်းစာများအား နေ့စဉ်ရွတ်ဆိုနိုင်မည်ဖြစ်သည်။

ထိုအချိန်တွင် သူဟာ နောက်ထပ်အဆင့်တက်ရန်အတွက် သူ၏ပံ့ပိုးမှုများအပေါ် မှီခိုနိုင်တော့မည်ဖြစ်သည်။

စိတ်ဝိဉာဉ်တောင်တွင် အထက်အောက် တင်းကြပ်မှုရှိသည်။ အောက်ခြေရှိလူများမှာ ၎င်းတို့အသုံးပြုရန်အတွက် အမျိုးမျိုးသောကမ္ဘာများမှ ယုံကြည်မှုစွမ်းအားကိုသာ ပြောင်းလဲကာ စုပ်ယူနိုင်ကြသည်။ သို့သော် ၎င်းတို့စုပ်ယူခဲ့သော ယုံကြည်မှုစွမ်းအား အများစုမှာ ထိုအထက်အဆင့်ရှိလူများအား အာဟာရပြုရန် အသုံးပြုဖို့လိုသေးသည်။ ၎င်း၏ ဆယ်ပုံ,ပုံတစ်ပုံကိုပင် ရရန် ဖြစ်နိုင်ချေမရှိပါချေ။

သို့သော် ထိုသို့ဆိုလျှင်တောင်၎င်းတို့မှာ လုံ့လစိုက်ကာ ကျင့်ကြံရန်လိုအပ်သေး၏။ အကြောင်းမှာ လုံ့လတစိုက်ကျင့်ကြံခြင်းကသာ ဗုဒ္ဓလမ်းကြောင်းအား ထပ်မံလျှောက်လှမ်းရန် ယုံကြည်မှုစွမ်းအား,အားပိုမိုရရှိနိုင်မည်ဖြစ်၏။

အဆင့်မြင့်ဖြစ်တည်မှုတစ်ခုဖြစ်လာခြင်းကသာလျှင် ၎င်းတို့ကိုယ်တိုင်အတွက် ယုံကြည်မှုစွမ်းအားထိန်းသိမ်းနိုင်မည်ဖြစ်၏။

၎င်းမှာ မြင့်မြတ်သောဗုဒ္ဧက ကမ္ဘာလေးထဲတွင် အလုပ်လုပ်ရန် ရွေးချယ်ခဲ့ရခြင်းအကြောင်းရင်းပင်ဖြစ်၏။ သူဟာ သူ၏ဂုဏ်ပုဒ်အား နောက်ထပ် အဆင့်သို့ မြှင့်တင်နိုင်ချင်သည်၊ ထိုမှသာ သူ၏ဂုဏ်က တစ်ဖန်ပြန်တက်လာမည်ဖြစ်၏။

သို့သော် ထိုအခိုက်တွင် သူဟာတစ်စုံတရာအား အာရုံခံမိလိုက်ကာ မျက်လုံးများကအတန်ငယ်ကျဉ်းမြောင်းသွားတော့၏။

တစ်ခဏကြာပြီးနောက်တွင် သူ၏မျက်လုံးများ အနည်းငယ်ရွေ့သွားကာ နေရာပြောင်းရွှေ့လိုက်တော့၏။

ပြန်ပေါ်လာချိန်တွင် သူဟာ ဗောဓိကျောင်းအပြင်ဘက်ရှိ ချောက်ကမ်းပါးထိပ်တွင် ရောက်ရှိနေ၏။

ဤနေရာတွင် အစိမ်းရောင်သင်္ကန်းရုံထားသော တာအိုဆရာတစ်ယောက်မှာ ပေါ်လာခဲ့သည်။ သူ့အား အဖြူရောင်မြူများက ရစ်သိုင်းထားလျက် သူ၏အသွင်သဏ္ဍာန်အား ရှင်းရှင်းလင်းလင်းမမြင်နိုင်ပါချေ။

သို့သော်၊ သူ၏ကိုယ်ပေါ်မှာ အရှိန်အဝါအရ မြင့်မြတ်သောဗုဒ္ဓမှာ ထိုသူ၏နောက်ခံနှင့် ပုံစံအမှန်အား အလွယ်တကူ ဆုံးဖြတ်နိုင်လိုက်၏။

"ရှာမှရှားတဲ့ ဧည့်သည့်တစ်ယောက်ပါလား။ ဒီလောကသေးသေးလေးထဲမှာ နောက်ထပ် အမတတစ်ယောက်ရှိနေဦးမယ်လို့ ထင်မထားခဲ့ဘူး။"

တစ်ဖက်လူမှာလည်း ပြုံးလိုက်သည်။

"ကျုပ်ရဲ့တာဝန်ကြောင့် ဒီလောကလေးထဲမှာ အချိန်အတော်ကြာ ပုန်းအောင်းနေပြီး မြင့်မြတ်သောဗုဒ္ဓကို အရိုအသေပြုဖို့တောင် မထွက်လာခဲ့ရဘူး။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ။"

မြင့်မြတ်သောဗုဒ္ဓမှာ ထူးမခြားနားအသွင်ဖြင့်ပြောလိုက်သည်။

"မြင့်မြတ်သောဗုဒ္ဓဆိုတဲ့ခေါင်းစည်းက အဲ့ဒီပုရွက်ဆိတ်လေးတွေ မသေမျိုးလေးတွေ ပေးထားခဲ့တာပါ။ အမတတစ်ပါးအနေနဲ့ ခင်ဗျားလည်း ဒီထဲကို ဟာသလုပ်ဖို့ ဝင်လာဖို့မလိုပါဘူး။ ခင်ဗျားရဲ့ ရည်ရွယ်ချက်တွေကိုပဲ ချက်ချင်းဖော်ပြနိုင်တာက ပိုကောင်းပါတယ်။

"ကောင်းပြီလေ။ ဒီလိုဆိုမှတော့၊ ကျုပ်လည်းသွယ်ဝိုက်မနေတော့ပါဘူး။"

"နတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်တွေက နတ်ဆိုးသုတ်သင်ရှင်းလင်းပွဲအတွက်စတင်ပြင်ဆင်နေကြပြီ။ နတ်ဆိုးသုတ်သင်ရှင်းလင်းပွဲပြီးလို့ မမျှော်လင့်ထားတာတစ်ခုခုသာဖြစ်မလာခဲ့ရင် အဲ့ဒီနတ်ဘုရားဧကရာဇ်အဆင့်ပညာ‌ရှင်တွေကို စိတ်ဝိဉာဉ်တောင်ဆီဝင်ရောက်ဖို့ အာမခံနိုင်လိမ့်မယ်။

"ခင်‌ဗျားသာ ဒီတာဝန်ကိုပြီးမြောက်အောင်မြင်သွားရင် ခင်ဗျားရဲ့ စိတ်ဝိဉာဉ်‌တောင်က ဂုဏ်ပုဒ်က အဆင့်တစ်ဆင့်တိုးသွားလိမ့်မယ်။ ဒါပေမယ့် စိတ်ဝိဉာဉ်တောင်မှာ အဆင့် ၈၁ဆင့်ရှိတယ်။ အဆင့် ၈၁ကနေ ၈၀ကို တက်သွားခဲ့ရင် ဒီတိုးတက်မှုရဲ့ ကတိက ဘယ်လိုဖြစ်မလဲ?

မြင့်မြတ်သောဗုဒ္ဓမှာ မျက်လုံးများအားမှေးကျဉ်းလျက် တစ်ဖက်လူအား ရန်လိုစွာကြည့်လိုက်သည။

"ဘာ? ခင်ဗျား စိတ်ဝိဉာဉ်တောင်က လူတွေဆီကနေ မဲခိုးချင်နေတာလား?"

"ကျုပ်ကဘယ်လိုများ စိတ်ဝိဉာဉ်‌တောင်က လူတွေကို အကူညီတောင်းနိုင်မှာလဲဗျာ? ကျုပ်ကမြင့်မြတ်သောဗုဒ္ဓနဲ့ ပူးပေါင်းချင်ရုံပါ။ မြင့်မြတ်သောဗုဒ္ဓလည်း ဗုဒ္ဓဂိုဏ်းက အားနည်းသူက သန်မာသူရဲ့ သားကောင်ဆိုပြီး ယုံကြည်တာကို သိသင့်တယ်။ ကျုပ်တို့သာ မြင့်မြတ်သောဗုဒ္ဓရဲ့ခွန်အားကို တိုးမြှင့်နိုင်မယ်ဆိုရင် အဲ့ဒီံနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်‌တွေနဲ့မဟုတ်ရင်တောင် မြင့်မြတ်သောဗုဒ္ဓရဲ့အဆင့်ကို အဆင့်တွေအများကြီးတိုးမြှင့်ဖို့ လုံလောက်တယ်လေ၊ ဟုတ်တယ်မလား?"

"ခင်ဗျားမှန်ပါတယ်။ ဒါပေမယ့် နတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်ဆယ့်ငါးပါးက အရေအတွက်နည်းနည်းလေးမဟုတ်ဘူးနော်။ သူတို့ကို ထိန်းနိုင်မယ်ဆိုတာ သေချာလို့လား?"

"ခင်ဗျားဒါကို တွေးပူစရာမလိုပါဘူး။ ခင်ဗျားဒီအလောင်းအစားကို လုပ်ချင်ရင် ပြောလိုက်ဖို့ပဲလိုတာပါ။"

မြင့်မြတ်သောဗုဒ္ဓမှာ ပြုံးလိုက်သည်။

"မလိုပါဘူး။ ဗုဒ္ဓဂိုဏ်းရဲ့လူတွေက စိတ်ရှင်းရှင်းနဲ့ ဆန္ဒနည်းနည်းစီလောက်ပဲရှိကြတာပါ။ ကျုပ်ရဲ့ နတ်ဆိုးသုတ်သင်ရှင်းလင်းပွဲကို အောင်မြင်ပြီး ကျုပ်တပည့်တွေကိုလည်း တာဝန်လုံလုံခြုံခြုံပြီးမြောက်ဖို့ စိတ်ဝိဉာဉ်တောင်ဆီ ခေါ်သွားရမယ်ဆိုရင်တော့ ပိုကောင်းမယ်။"

"ကောင်းပြီလေ၊ ကျုပ်အစကတော့ ရိုးရိုးသားသားပဲလာခဲ့ပြီး ချီမွေးဖွားခြင်းနှစ်ခုကို ပြင်ဆင်ထားခဲ့တယ်။ မြင့်မြတ်သော ဗုဒ္ဓကို တကယ်ကိုသွေးဆောင်လို့မရဘူးလို့ ထင်မထားခဲ့ဘူး။ ဒီလိုဆိုမှတော့ ကျုပ်အရှုံးပေးပါတယ်။ မြင့်မြတ်သောဗုဒ္ဓလည်း နတ်ဆိုးသုတ်သင်ရှင်းလင်းပွဲမှာ ကံကောင်းဖို့ဆုတောင်းပေးပါတယ်။ ကျုပ်အရင်သွားတော့မယ်။ ကံမကုန်ရင် ပြန်ဆုံကြတာပေါ့။"

"ခန‌နပါဦး၊ မင်း... ဘာကိုပြောလိုက်တာလဲ?"

မြင့်မြတ်သောဗုဒ္ဓမှာ ရုတ်တရတ်ပင် တစ်ဖက်လူအား ဟန့်တားလိုက်သည်။ တစ်ဖက်လူမှာ ပြုံးရုံသာပြုံးလိုက်ပြီး တစ်ဖက်၏ တုံ့ပြန်မှုအား ‌အတော်ကြာ ခန့်မှန်းပြီးသာဖြစ်ပုံရ၏။

"ခင်ဗျားကြားပါတယ်"

မြင့်မြတ်သောဗုဒ္ဓမှာ အတော်ကြာ တိတ်ဆိတ်သွားပြီးမှ ဆက်ပြောလိုက်သည်။

"မင်းကဘယ်သူလဲ? မင်းက ကောင်းကင်ဘုံခုံရုံးကမဟုတ်ဘူး။ ကောင်းကင်ဘုံခုံရုံးကလူတွေက ကျုပ်ရဲ့စိတ်ဝိဉာဉ်တောင်ကို အကူအညီတောင်းလေ့မရှိကြဘူး။ ဒါပေမယ့် ခင်ဗျားကလည်း အမတတစ်ပါးပဲ။ ခင်ဗျားက အမတလောက,က မြေအောက်လောက ဒါမှမဟုတ် လေလွင့်ကျင့်ကြံသူတစ်ယောက်လား? ခင်ဗျားက ရှေးဟောင်းအသွင်မဲ့မျိူးနွယ်ကလား? ဒါမှမဟုတ်... အဲ့ဒီ့နေရာကများလား?"

"မြင့်မြတ်သော‌ဗုဒ္ဓ၊ ကျုပ်ဘယ်နေရာကလာသလဲဆိုတာကို ပူပန်မနေပါနဲ့။ မြင့်မြတ်သောဗုဒ္ဓသိထားရမှာက ဒီအလောင်းအစားကို သိတာက ကျုပ်တို့ကလွဲလို့မရှိဘူးဆိုတာပဲ။ အခြားသူတွေထက် တတိယလူက သိလိမ့်မှာမဟုတ်ဘူး။"

"မြင့်မြတ်သောဗုဒ္ဓက ဒီချီမွေးဖွားခြင်းနှစ်ခုကို ရဖို့အတွက် အဲ့ဒီနတ်ဘုရားဧကရာဇ်အဆင့် ဆယ့်ငါးပါးကိုစွန့်လွှတ်ဖို့ပဲလိုတာပါ။ ကျုပ်တို့ကိစ္စအောင်မြင်ပြီးရင် ကျုပ် မြင့်မြတ်သောဗုဒ္ဓကို ချီမွေးဖွားခြင်း နှစ်ခုထက်ပိုပေးပါ့မယ်။"

ထို ချီမွေးဖွားခြင်း လေးခုမှာ မြင့်မြတ်သောဗုဒ္ဓ၏ကျင့်ကြံဆင့်အား လူသားအမတအဆင့်မှ ကောင်းကင်အမတအဆင့်သို့တိုးမြှင့်ရန်လုံလောက်ချေသည်။ စိတ်ဝိဉာဉ်တောင်ထက်တွင် ၎င်းက အဆင့် ၇၅သို့ ဝင်ရောက်နိုင်၏။ ၎င်းမှာ ထို နတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်ဆယ့်ငါးယောက်အား အတိဒုက္ခကိုကျော်ဖြတ်ကာ တာဝန်ပြီးဆုံးအောင်လုပ်ခြင်းထက် ပိုမိုအကျိုးသက်ရောက်နိုင်တယ်မဟုတ်ပါလား?

"ပြီးတော့၊ အဲ့ဒီနတ်ဘုရားဧကရာဇ်ဆယ့်ငါးယောက်ထဲက တစ်ချို့မှာ ပြန်လာရမယ့် အခွင့်အရေးတောင် ရှိနေနိုင်တယ်။ ဒီလိုဆိုရင် မြင့်မြတ်သောဗုဒ္ဓက နတ်ဆိုးသုတ်သင်ရှင်းလင်းပွဲကို ဆက်ကျင်းပနိုင်ပြီ။ ဒါက မြင့်မြတ်သောဗုဒ္ဓအတွက် အကျိုးထပ်လောင်းပေးဖို့ ညီမျှတယ်လေ။ မကောင်းဘူးလား?"

မြင့်မြတ်သောဗုဒ္ဓဟာမျက်လုံးများအား လှိမ့်လိုက်သည်။ တစ်ဖက်လူ၏အခြေအနေမှာ တကယ်ကို သွေးဆောင်နေသည်ပင်။ သူသာ ချီမွေးဖွားခြင်းလေးခုအား ရရှိပါလျှင် သူ၏ကျင့်ကြံဆင့်မှာ အဆမတန်တိုးလာမည်ပင်။ ကောင်းကင်အမတအဆင့်သို့ရောက်ရှိရန် မဆိုထားနှင့် သူဟာ ကောင်းကင်အမတအဆင့်အား တိုက်ရိုက်ပင်ကျော်ဖြတ်နိုင်သည်။

သို့သော် တစ်ဖက်လူက နတ်ဘုရားဧကရာဇ်ဆယ့်ငါးပါးအား အလိုရှိနေကတည်းက သူနှင့် အလောင်းအစားထပ်နေသော ထိုလူမှာ သာမန်လူမဟုတ်ပုံပေါ်ချေသည်။

ဤလောကတွင် အမတများမှာ တိုက်ခိုက်ရန် မတတ်နိုင်ပါချေ။ မဟုတ်ပါက ၎င်းတို့အား ကောင်းကင်တာအိုနိယာမဖြင့် ဖိနှိပ်ခြင်းခံရပေလိမ့်မည်။

အမတ၏ကိုယ်ခန္ဓာသည်ပင်လျှင် ကောင်းကင်တာအိုနိယာမ၏အောက်၌ ပြာများအဖြစ်ပြောင်းလဲသွားမည်ဖြစ်၏။

မည်သူကမှကောင်းကင်တာအိုနိယာမကို မခုခံနိုင်ပါချေ။ သူတော်စင်များသည်ပင် ကောင်းကင်တာအိုနိယာမများအောက်၌ ပုစွန်ဆိတ်ကလေးများသာဖြစ်သည်။

ပြောရလျှင် ဤလောက၌ နတ်ဘုရားဧကရာဇ်ပညာရှင်တစ်ယောက်သည်ကပင် အသန်မာဆုံးဖြစ်တည်မှုတစ်ခုဖြစ်လေ၏။

အကြောင်းမှာ နတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်များသည် ကောင်းကင်တာအိုနိယာမနှင့် စည်းတားမခံရဘဲ ဆန္ဒရှိသလိုတိုက်ခိုက်နိုင်သောကြောင့်ပါပင်။

တစ်ဖက်လူမှာ အများအပြားသုံးနိုင်တည်းက အခြားနေရာများမှ နတ်ဘုရားဧကရာဇ်အဆင့်အချို့ကိုလည်း စုဆောင်းထားခဲ့ပြံရသည်။

များပြားလှသော နတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်များနှင့်အတူ တစ်ဖက်လူမှာ ဤကမ္ဘာအား ကျော်လွန်နိုင်နေပြီဖြစ်၏။

ဤနတ်ဘုရားလောကတွင် မည်သို့သော တည်ရှိမှုကမှ နတ်ဘုရားဧကရာဇ်အဆင့်အများအပြားအား ရင်ဆိုင်နိုင်မည်မဟုတ်ပါချေ။

ခဏနေဦး၊ ဒီလူက...ဖြစ်နိုင်လား?

မြင့်မြတ်သောဗုဒ္ဓ၏ မျက်လုံးများမှာ ရုတ်တရတ် ကျယ်သွားကာ ချက်ချင်းပင်တီးတိုးပြောလိုက်၏။

"တာအိုအမျိုးသား၊ ခင်ဗျားက အဲ့ဒီကံကြမ္မာသားတော်လေးနဲ့ ရင်ဆိုင်ချင်နေတာများလား?"

"အမှန်ပဲ။ မြင့်မြတ်သောဗုဒ္ဓကတကယ်ကို စွမ်းအားကြီးပါတယ်။ ဒါကိုချက်ချင်းခန့်မှန်းနိုင်တာပဲ။"

မြင့်မြတ်သောဗုဒ္ဓ၏အမူအရာမှာ တမုဟုတ်ချင်းအေးစက်သွားသည်။

"တစ်ခုခုသာဆိုရင်တော့ အဆင်ပြေလိမ့်မှာပါ။ ဒါပေမယ့် ဒါက ကံကြမ္မာသားတော်လေးဆိုရင်တော့ မေ့လိုက်ပါတော့။ ကျုပ် ဘယ်မြင်းနက်နဲ့မှ မပတ်သက်ချင်ဘူး။ အဲ့ဒီလူတွေက အန္တရာယ်များတယ်၊ ကျုပ်သာ သူတို့နဲ့ရင်ဆိုင်ရရင် သေသွားလိမ့်မယ်။"

"မြင့်မြတ်သော ဗုဒ္ဓ၊ မပူပါနဲ့။ ကျုပ်ကို အဲ့ဒီနတ်ဘုရားဧကရာဇ်အဆင့်ဆယ့်ငါးယောက်ပဲ ငှားပေးပါ။ ဒီတိုက်ပွဲမှာ ခင်ဗျားကိုယ်တိုင်မပါရပါဘူး၊ မြင်းနက်တွေနဲ့လည်း ဘယ်လိုမှ မဆက်ဆံရပါဘူး။ ဒါပေမယ့် ချီမွေး‌ဖွားခြင်းကို ရနိုင်တုန်းပဲဖြစ်မှာပါ။ ဒီဆုကတင် အတော်အဖိုးတန်နေပြီ မဟုတ်ဘူးလား? ဒါပေါ့ မြင့်မြတ်သောဗုဒ္ဓ ဆုံးဖြတ်ဖို့ အလျင်လိုစရာမလိုပါဘူး။ ပြန်သွားပြီးတော့ အရင်ဆုံးစဉ်းစားကြည့်ပါ။"

"မြင့်မြတ်သောဗုဒ္ဓ၊ ဒီချီမွေးဖွားခြင်းနှစ်ခုကိုပဲ အရင်ယူထားလိုက်ပါဦး။ ဒါတွေကို စရံလို့ပဲသတ်မှတ်ထားလိုက်ပါ။ မြင့်မြတ်သောဗုဒ္ဓသာ ဆန္ဒမရှိရင် ကျုပ်ဆီ ပြန်ပေးနိုင်ပါတယ်။"

စကားဆုံးသည်နှင့် သူဟာ ချီမွေးဖွားခြင်းနှစ်ခုအား မြင့်မြတ်သောဗုဒ္ဓ၏လက်ဝါးတွင်းသို့ အသေအချာချပေးလိုက်သည်။

ထို့နောက်တွင် သူဟာ လက်များယှက်ကာ ဂါရဝပြုလိုက်ပြီး အပြုံးရေးရေးဖြင့် ထွက်သွားကာ မြင့်မြတ်သောဗုဒ္ဓအား လေးနက်သောအမူအရာဖြင့် ချန်ထားခဲ့လိုက်သည်။

သူဟာအင်မတန်ဉာဏ်ကောင်းလှကာ ကံကြမ္မာသားတော် မြင်းနက်များနှင့် မရင်ဆိုင်ချင်ပါ။ ဒီလူကဘယ်သူလဲ?

သို့သော် ကြွေပုလင်းထဲရှိ ချီစုဆောင်းခြင်းအား ကြည့်ကာ မထိန်းနိုင်ဘဲ လောဘကြီးဟန်ပေါ်နေသည်။

...

တိမ်များပျောက်ကွယ်သွားပြီးနောက်တွင် ပုံရိပ်မှာ ကီလိူမီတာ ၅၀၀၀အဝေးတွင် အလျင်အမြန်ထွက်ပေါ်လာ၏။

သူ့အား စောင့်ကြိုနေသည်မှာ ကြည့်ကောင်းသော သွင်ပြင်နှင့်မျက်နှာရှိသည် မိန်းမတစ်ဦးဖြစ်ချေသည်။

၎င်းမှာ မိန်းမတစ်ဦးသာဖြစ်ပြီး အရှိန်အဝါကို ဖုံးကွယ်ထားပါသော်ငြား သူမထုတ်ပြထားသော အရှိန်အဝါမှာ နတ်ဘုရားဧကရာဇ်အဆင့်ရဲ့ လက္ခဏာများအား ထုတ်လွှတ်နေသည်။

သူမဟာ တကယ်ကိုပင် နတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်ပါပင်!

"ဆရာ၊ အဲ့ဒီ ထိပ်ပြောင်ဘုန်းတော်ကြီး သဘောမတူဘူးလား?"

"ဒါပေါ့။ ဒီလိုစွန့်စားမှုကြီးအတွက် သူတကယ်ကိုစဉ်းစားဖို့လိုတယ်လေ။"

"ဟမ့်! သူရဲဘောကြောင်တဲ့ထိပ်ပြောင်တစ်ယောက်ပါပဲ! အခွင့်ကောင်းက သူ့ရှေ့မှာရှိနေပေမယ့် သူက ဒါကို မလိုက်ချင်ဘူး။ သူက သတိတောင်ထားနေသေးတယ်။"

"ဒါကပုံမှန်ပါပဲ။ သူက စိတ်ဝိဉာဉ်တောင်ထက်က ကျောက်တုန်းပေါ်မှာလှမ်းနေတာကြောင့် သူရဲ့စံသတ်မှတ်ချက်တွေကလည်း မမြင့်ဘူးဖြစ်နေတာ။ ဒါပေမယ့် ဒါကကိစ္စမရှိပါဘူး။ သူ့ရဲ့စံသတ်မှတ်ချက်က မမြင့်လို့ဘဲ သူ့ကိုဖမ်းဖို့ အခွင့်အရေးပိုမြင့်သွားတာ။

"ပြီးတော့ သူသာငါတို့ကိုပူးပေါင်းလာတာနဲ့ ငါတို့မိတ်ဖက်ဖြစ်ဖို့ သူ့အတွက်ညီမျှပါတယ်။ သူက ထွက်ပြေးချင်ရင်တောင် လွတ်မြောက်လိမ့်မှာမဟုတ်ဘူး။"

"ငါတို့လုရှောင်ယန်ကိုသတ်နိုင်တာနဲ့ ဆရာ့ကိုကူညီပြီး နတ်ဘုရားအားသတ်ဖြတ်ခြင်းအင်ပါယာအသစ်ကိုပြီးမြောက်စေပြီး ငါတို့ရဲ့ ပုရွက်ဆိတ်လိုပုံစံလေးကိုစွန့်နိုင်သွားပြီး ဘုံကိုးထပ်မှာ ဂုဏ်ရှိရှိနဲ့ လောကရဲ့ ပုရွက်ကောင်လေးတွေကို ကြည့်နိုင်လိမ့်မယ်။"

...

တောင်ကြားတွင် လုရှောင်ယန်မှာ ကျင့်ကြံနေပြီး သူ၏ကိုယ်အား ကျယ်ပြောကာ အားကောင်းရောင်ဝါရုတ်တရတ် ထွက်ပေါ်လာသည်။

ဝမ့်ခိုက်မှာ သီးသန့်နေရာမှ ထွက်ကာ အောင်အောင်မြင်မြင် တိုးမြှင့်နိုင်ခဲ့၏!

[သခင်၊ သခင်၊ ငါ အောင်မြင်သွားပြီ။ ငါ့ကို လွမ်းနေသေးလား?]

လုရှောင်ယန်မှာ ပျော်ရွှင်သွားသည်။

"ဒါပေါ့။ ငါမင်းကို သေအောင်လွမ်းနေတာ။ မြန်မြန် တပည့်လေး‌တွေရဲ့ အချက်တွေပြစမ်းပါဦး။ ငါ့ရဲ့အဖိုးတန်တပည့်လေးတွေ ဘာလုပ်နေလဲဆိုတာကို မြန်မြန်ကြည့်ရမယ်။"

ဝမ့်ခိုက် : [...]

[သခင်၊ ဒါက တကယ်ကြီးဆီလျော်ရဲ့လား? ငါ့ စကတ်မခိုင်းလိုက်သလိုခံစားရအောင် ပြောခဲ့ပြီးမှ သခင့်ရဲ့သားကို ရှာခိုင်းနေတာလို့ပြောနေသလိုပဲ]

လုရှောင်ယန်:"???"

"ငါ့ရဲ့သားကိုရှာမယ့်အချိန်မှာ မင်းရဲ့စကတ်ကိုဘာလို့မခိုင်းရမှာလဲ? မင်းကခွေးလေးတစ်ကောင်ပဲလေ။ ငါ့ကလေးရဲ့ အမေဖြစ်ချင်သေးတာလား?"

[သခင် ဒီထက်ပိုပြီး အမြင်မကျယ်နိုင်ဘူးလား? ဒါကဆန်းကြယ်တဲ့လောကကြီးလေ။ လူသားတွေနဲ့ ခွေးတွေနဲ့ ဒါကိုလုပ်ဖို့က မဖြစ်နိုင်တာမှမဟုတ်တာ]

"တခြားလူတွေက လုပ်နိုင်ရင်လုပ်နိုင်လိမ့်မယ်၊ ငါတော့မဟုတ်ဘူး။ အရင်က တစ်ခါကြည့်ပြီး ချက်ချင်းကို အန်မိသွားတယ်။ ငါက ဒီလောက် ပုံမှန်မဖြစ်တဲ့လူမဟုတ်ဘူး။"

ဝမ့်ခိုက် : [...]

[ဒါဆိုရင် ဘာလို့ ယောက်ျားတွေက သူတို့ရဲ့ကောင်‌မလေးတွေမှာ သားရဲနားရွက်တွေနဲ့ အမြှီးသေးသေးလေးတွေရှိရင်တောင် သဘောကျနေရတာလဲ?]

"မင်း သခင်ကြီးယဲ့အကြောင်းကြားဖူးလား? သခင်ကြီးယဲ့က နဂါးတွေကိုကြိုက်ပေမယ့်၊ နဂါးအစစ်တွေကို မကြိုက်ဘူးတဲ့လေ။ ယောက်ျားတွေက ခွေးလိုဟန်ဆောင်တဲ့ လူတွေကို လက်ခံနိုင်ပေမယ့်၊ ခွေးအစစ်တော့ဟုတ်မနေဘူး! ကျေးဇူးပြုပြီး ယောက်ျားတွေကို လေးစားစမ်းပါ။ ကျေးဇူးပဲ။"

***

All Chapters