← Chapters

အခန်း (၃၆၆-၃၇၀)

Vol. 25 Ch. 366-370

အခန်း (၃၆၆-၃၇၀)

Vol. 25 Ch. 366-370

အပိုင်း ၃၆၆ ငါတို့က လိမ်တဲ့နေရာမှာ ကျွမ်းကျင်တယ်

"အဲ့ဒါ စီနီယာထျဲ့ဝူလေ။ သူက အမတနတ်ဘုရားဧကရာဇ်ပထမအဆင့်ပညာရှင်ပဲ! ဟားဟားဟား... အခုတော့ ဒီကောင်ရဲ့အစီအစဉ်တွေက ဘယ်လိုဆက်ပြီးဘဝင်မြင့်နေနိုင်ဦးမလဲဆိုတာ ကြည့်ကြတာပေါ့!"

ကောင်းကင်တွင် ရွှေရောင်အလင်းမှာ တိမ်များကို ထိုးခွင်းလာကာ ဖြတ်သန်းလာသည်။

တိမ်များပျောက်ကွယ်သွားသည်နှင့် ကြီးမားကာ မီတာပေါင်းရာချီရှည်လျားသောရွှေရောင်ဗောဓိသဗ္ဗအသွင်သဏ္ဍာန်မှာ တိမ်များမှ ဆင်းသက်လာသည်။

"အကြီးကြီးပဲ!"

စုလင်းဝူ၏မျက်လုံးများပြူးကျယ်သွားသည်။ တိုက်ပွဲတွင်းရှိနတ်ဆိုးသားရဲများနှင့် နတ်ဝိဉာဉ်သားရဲများမှာ ထိုရောင်ဝါအားအာရုံခံမိပြီး နှလုံးခုန်မြန်လာကြတော့သည်။

ဆရာကြီးတစ်ယောက်၏စွမ်းအားသည် ၎င်းတို့မှာတကယ်တိုက်ခိုက်ရန်မလို ဟူသည့်အချက်မှလာလေသည်။ ၎င်းတို့၏အရှိန်အဝါကပင် လူများအား အတိုက်အခိုက်စွမ်းအားဆုံးရှုံးသွားအောင်လုပ်ရန် လုံလောက်ပေသည်။

ရှင်းလင်းစွာပင် ထိုအခိုက်၌ ထိုထျဲ့ဝူမှာ ၎င်းတို့အထဲမှတစ်ယောက်ပင်ဖြစ်၏။

‌ဗောဓိသဗ္ဗနတ်ဝိဉာဉ်နှင့် ဆံပင်ဖြူဖြူ မုတ်ဆိတ်ဖြင့် ဝတ်ဖြူစင်ကြယ်ဝတ်ဘုန်းကြီးအိုတစ်ပါးမှာ ဖြည်းဖြည်းချင်း ဆင်းသက်လာ၏။

သူဆင်းသက်လာသည်နှင့် သူအား မြူခိုးများက ဝန်းရံထားကြကာ အမတတစ်ပါးက သေမျိုးလောကသို့ ဆင်းသက်လာသည်နှင့်ပင် တူညီနေစေသည်။

၎င်းမှာ သူဖြန့်ကျက်ထားခဲ့သော နတ်ဝိဉာဉ်စွမ်းအားက အားဖြင့် ဖိနှိပ်နေသည့် တိမ်တိုက်များပင်ဖြစ်တော့၏။

ဗုဒ္ဓနတ်ဘုရားဘုရင်သုံးပါးမှာ ချက်ချင်းပင်သူ၏ရှေ့သို့ရောက်ရှိလာကာ အရိုအသေပေးလိုက်သည်။

"အမိတာဘ၊ ကြိုဆိုပါတယ်၊ စီနီယာထျဲ့ဝူ"

ဘုန်းကြီးအိုထျဲ့ဝူမှာခေါင်းငြိမ့်လိုက်သည်။

"မင်းတို့တွေကြိုးစားခဲ့ကြတာပဲ။ သွားတော့။ ကျန်တာကို ငါနဲ့ထားခဲ့ချေ။"

"သိပါပြီ!"

ထိုဗုဒ္ဓနတ်ဘုရားဘုရင်သုံးပါးမှာဘုန်းကြီးအိုထျဲ့ဝူ၏နောက်သို့ ဆုတ်ခွာလိုက်ကြသည်။ သို့သော် အခြားလူများအား ကူညီရန်ဆင်းမသွားကြပါချေ။

မဟာယနနတ်ဘုရားဘုရင်ပညာရှင်များအနေဖြင့် ၎င်းတို့ထံတွင် မဟာယနနတ်ဘုရားဘုရင်အဆင့် ဂုဏ်အသရေရှိသည်ပင်။

နတ်ဆိုးသားရဲများနှင့် နတ်ဝိဉာဉ်သားရဲများအကြားတွင် ကျင့်ကြံဆင့်အမြင့်ဆုံးရှိသူမှာ ဆယ်ပါးသောသိုင်းနတ်ဘုရားအဆင့်သာရှိသေးသည်။

ထိုအဆင့်တွင် မဟာယနနတ်ဘုရားဘုရင်အဆင့်ပညာရှင်ဂုဏ်အ‌သရေဖြင့် ၎င်းတို့အား တိုက်ခိုက်ရန်မှာ မတန်လှပါချေ။ သူတို့သာတိုက်ခိုက်ပါလျှင် သူတို့၏ဂုဏ်သိက္ခာအား ဆုံးရှုံးသွားပေလိမ့်မည်။

ဒါ့အပြင် အမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်တစ်ပါးအနေဖြင့် ဘုန်းကြီးအိုထျဲ့ဝူ၏အတိုက်အခိုက်အတွေ့အကြုံမှာ အင်မတန်ရှားပါးလှလေသည်။ ၎င်းတို့သာ ဂရုတစိုက် လေ့လာပါက တစ်စုံတရာအား သင်ယူကောင်းသင်ယူနိုင်လိမ့်မည်ပင်။

ဘုန်းကြီးအိုထျဲ့ဝူမှာ စုလင်းဝူထံသို့အကြည့်လွှဲလိုက်ပြီး ၎င်း၏လက်အတွင်းရှိ နတ်ဘုရားသတ်ဖြတ်ခြင်းပုဆိန်နှင့် ရှေးဟောင်းဒိုင်းကာ‌တို့ထံ၌ တစ်စက္ကန့်မျှ ရပ်တန့်သွားကာ ထူးဆန်းသောအမူအရာကို ဖော်ထုတ်လာသည်။

ထို့နောက်တွင် သူဟာ စုလင်းဝူအားကြည့်ကာ ဆက်ပြောလိုက်၏။

"မင်းကလူသားတစ်ယောက်ဖြစ်နေမှတော့ ဘာကြောင့် နတ်ဆိုးတွေနဲ့ ပက်သက်နေရတာလဲ? မင်းရဲ့လူသားတစ်ယောက် ဂုဏ်သိက္ခာကို ဆုံးရှုံးမှာမဟုတ်ဘူးလား? မင်းက ငါတို့ဗုဒ္ဓဂိုဏ်းနဲ့ ရေစက်ပါတယ်လို့ ငါထင်တယ်။ ဘာကြောင့် ငါကမင်းရဲ့လမ်းပြဖြစ်ပြီး ဂိုဏ်းကိုဝင်ခွင့်မပေးရမှာလဲ? ဗုဒ္ဓဂိုဏ်းထဲမှာ မင်းကို ဘယ်နတ်ဘုရားဘုရင်အဆင့်ပညာရှင်တွေထက်မှ မနိမ့်ကျစေရဘူးလို့ ငါအာမခံတယ်။ ဘယ်လိုလဲ?"

စုလင်းဝူမှာ အေးစက်စက်ပြုံးလိုက်သည်။

"ကျုပ်က ခင်ဗျားတို့ ဗုဒ္ဓဂိုဏ်းသားအများကြီးကိုသတ်ခဲ့တယ်! ခင်ဗျားလုံးဝဂရုမစိုက်ဘူးလား?"

"ဟီးဟီးဟီးဟီး..."

ထျဲ့ဝူမှာ ခပ်တိုးတိုးရယ်ကာ ချက်ချင်းဆိုလိုက်၏။

"ဆိုရိုးတွေထဲကလိုပေါ့ သားသတ်သမားရဲ့ဓားကိုချလိုက်ပြီး ဗုဒ္ဓလမ်းစဉ်ကိုခံယူပါတဲ့။ မင်းကသာ ရွက်‌သစ်လေးအဖြစ်ပြောင်းလဲပြီး ဒီနတ်ဆိုးသားရဲနဲ့ နတ်ဝိဉာဉ်သားရဲ အားလုံးကို ဗုဒ္ဓဂိုဏ်းရဲ့ နတ်ဆိုးသုတ်သင်ပွဲမှာ ပါဝင်ဖို့ ဗောဓိကျောင်းကိုပို့မယ်ဆိုရင် မင်းရဲ့အမှားကိုပြင်နိုင်ပြီလို့ ယူဆလို့ရတယ်။ ဗောဓိကျောင်းကနေ မင်းအတွက် အပိုထပ်ဆောင်းဆုတစ်ခုလောက်ပေးဖို့ တောင်းဆိုပေးမှာပါ့။ ဘယ်လိုသဘောရလဲ?"

စုလင်းဝူမှာ စိတ်ထဲ၌ လက်ခလယ်ထောင်ပြလိုက်သည်။

ဗုဒ္ဓဂိုဏ်းမှာ တကယ်ကိုအရှက်မဲ့လှချေသည်။ ၎င်းတို့မှာ အမြဲတစေ ဖြောင့်မတ်မှုနှင့် ကိုယ်ကျင့်တရားအကြောင်းဆိုကြသည်။ အဆုံးတွင်မူ ၎င်းတို့မှာ ဗုဒ္ဓဂိုဏ်းတွင် ဂုဏ်ပုဒ်တစ်ခုရရှိစေရန်အတွက် သူ၏လက်အောက်ငယ်သားများကို သစ္စာဖောက်အောင် ပြု‌လုပ်နေကြသည်။

သူသာ သဘောတူပြီး ဗောဓိကျောင်းသို့ ထိုငယ်သားများအား သုတ်သင်ရန်ပို့ဆောင်ပြီးနောက်တွင် သူ့အား မိနစ်အနည်းငယ်အတွင်း၌ပင် သတ်လိုက်နိုင်၏။

သူဟာဗုဒ္ဓဂိုဏ်းမှ လူများ အင်မတန်ကြင်နာလိမ့်မည်ကို မယုံကြည်ပါချေ။

သို့သော် အတိတ်က စုလင်းဝူဆိုလျှင် တစ်ခွန်းမှမဆိုဘဲ ချက်ချင်းတိုက်ခိုက်လိုက်မည်ဖြစ်၏။

သို့သော် လုရှောင်ယန်၏လမ်းညွှန်မှုအား တွေ့ကြုံခဲ့ပြီးနောက်တွင် စုလင်းဝူမှာ ထိုမျှလောက် မတုံးအတော့ပါချေ။ သူဟာထိုအခြေအနေအား အခွင့်ကောင်းယူလိုက်တော့သည်။

သူဟာစိတ်လှုပ်ရှားသယောင်ဟန်ဆောင်လိုက်သည်။

"တကယ်လား?"

ဘုန်းကြီးအိုထျဲ့ဝူမှာ ပြုံးလိုက်သည်။"ဒါပေါ့"

"ဒါဆို...ကျွန်တော့ကို အာမခံရေးပေးပါ။ ခင်ဗျားရဲ့ သွေးအဆီအနှစ်နဲ့ ကျိန်ဆိုပါ။"

ဘုန်းကြီးအိုထျဲ့ဝူမှာ ခေါင်းငြိမ့်လိုက်သည်။

"သေချာတာပေါ့"

မကြာမီတွင် သူဟာ အာမခံအားရေးလိုက်သည်။ ထို့နောက်တွင် သူ၏လက်ချောင်းမှာ သွေးအဆီအနှစ်တစ်စက်အား ထုတ်ယူလိုက်ကာ ၎င်းအပေါ်၌ တံဆိပ်ခတ်နှိပ်လိုက်သည်။

"ဒီအာမခံက လုံလောက်ရဲ့လား?"

သူဟာစုလင်းဝူထံသို့ အာမခံစာအား ပစ်လွှတ်လိုက်သည်။

သူဟာ စုလင်းဝူမှာ မည်သည့်လှည့်စားမှုသုံးသုံး မကြောက်ရွံ့ပါချေ။ ထိုအာမခံ၌ စုလင်းဝူသာ ဗုဒ္ဓဂိုဏ်းအတွင်းသို့ဝင်ရောက်ပါက ၎င်းအား နတ်ဘုရားဘုရင်အဆင့်ပညာရှင်တစ်ယောက်ကဲ့သို့ဆက်ဆံပေးမည်ဆိုသည်ဟုသာ ပြောထားခြင်းကြောင့်ပင်။ ဒါ့အပြင် စုလင်းဝူမှာ ထိုနတ်ဆိုးသားရဲနှင့် နတ်ဝိဉာဉ်သားရဲများအား စွန့်လွှတ်ပါက စုလင်းဝူထံသို့ ရင်းမြစ်များ ထပ်ဆောင်းပေးမည်ဟုသာ ဖော်ပြထားခြင်းပင်။

သို့သော် ၎င်းမှာ အကြောင်းပြချက်သာဖြစ်၏။ စုလင်းဝူမှာ ဗုဒ္ဓဂိုဏ်းသို့ ဝင်ကိုဝင်ရပေမည်။

စုလင်းဝူမှာ ဗုဒ္ဓဂိုဏ်းသို့ အမှန်တကယ်ဝင်ရောက်ပါလျှင် သူဟာဗုဒ္ဓဂိုဏ်းအား ကြီးကြီးမားမားပံ့ပိုးပေးလိုက်နိုင်ခြင်းဖြစ်ကာ ရင်းမြစ်များစွာ ရရှိမည်ဖြစ်သည်။

စုလင်းဝူသာ ဗုဒ္ဓဂိုဏ်းသို့မဝင်ရောက်ပါက သူဟာ စုလင်းဝူအား ချက်ချင်းသတ်လိုက်မည်ပင်။ အချိန်တစ်ခဏမှအပ မည်သို့သော နှောင့်နှေးမှုမျှရှိလိမ့်မည်မဟုတ်ပါချေ။

သို့သော် သူ့အားအံ့ဩစေသည်မှာ စုလင်းဝူသည် သူ၏အာမခံအားရသည်နှင့် ထိုအာမခံထံမှ သွေးအဆီအနှစ်ကိုထုတ်ယူရန် နတ်ဝိဉာဉ်စွမ်းအားကိုချက်ချင်းအသုံးပြုလိုက်ခြင်းဖြစ်သည်။

ထို့နောက်တွင် တစ်ဖက်လူမှ မတုံ့ပြန်နိုင်ခင်၌ သူဟာချက်ချင်းပင် သားရဲထိန်းချုပ်ခြင်းအနုပညာအား အသက်သွင်းကာ သူ၏အတွေးများအား ထိုးဖောက်ပြီး ထိုသွေးအဆီနှစ်ဆီသို့ဝင်ရောက်သွားသည်။

၎င်းမှာ နှစ်များစွာ သားရဲထိန်းချုပ်ခြင်းအနုပညာမှ ရှာ‌တွေ့ခဲ့သော တိုက်ခိုက်နည်းလမ်းပင်ဖြစ်သည်။

အကြောင်းမှာ သားရဲထိန်းချုပ်ခြင်းအနုပညာသည် အခြားသူများ၏စိတ်ကို ခြယ်လှယ်ရန် စိတ်ခွန်အား'အား အသုံးပြုသော ကျင့်စဉ်တစ်ခုဖြစ်၏။ သားရဲထိန်းချုပ်ခြင်းအနုပညာမှာ လူများအား ထိန်းချုပ်နိုင်မည်လားကို မသိရှိသေးပါသော်ငြား သားရဲထိန်းချုပ်ခြင်းအနုပညာအား စိတ်ခွန်အားတိုက်ခိုက်မှုတစ်ခုအဖြစ်အသုံးပြုနိုင်သည်ကိုမူ တွေ့ရှိခဲ့ပြီးဖြစ်သည်။

သူ၏ကျင့်ကြံဆင့်ဖြင့် အမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်တစ်ဦးအား အနိုင်ယူရနိုင် ကျင့်ကြံဆင့်ပေါင်းများစွာ ကျော်လွန်နိုင်သည်။ သို့သော် နတ်ဝိဉာဉ်သားရဲများနှင့် နတ်ဆိုးသားရဲအများအပြားအား စုပ်ယူပြီးနောက်တွင်မူ သူ၏စိတ်ခွန်အားမှာ သူ၏လက်ရှိကျင့်ကြံဆင့်ထက်ပင် ကျော်လွန်သွားခဲ့၏။

သူ၏စိတ်ခွန်အားကို အဆင့်တစ်ဆင့်အထိကျော်လွန်စေနိုင်သည်မှာ ပြဿနာတစ်ခုပင်မဟုတ်ပါချေ။

သားရဲထိန်းချုပ်ခြင်းအနုပညာမှာ ချက်ချင်းအသက်ဝင်ကာ ထျဲ့ဝူ၏ကိုယ်အား တမုဟုတ်ချင်းတုန်လှုပ်သွားစေ၏။ သူ၏နောက်မှာ နတ်ဝိဉာဉ်သည်ပင် အပြင်းအထန်‌တုန်လှုပ်လာတော့၏။

"ခွေးကောင်၊ မင်းကတကယ်ကြီး ငါ့ကိုဆန့်ကျင်ရဲတယ်ပေါ့လေ!"

ထျဲ့ဝူမှာ ချက်ချင်းဒေါသထွက်သွား၏။

သူဟာမပြင်ဆင်ထားခြင်းကြောင့်မဟုတ်ပါချေ။ သူဟာ အင်မတန်စွမ်းအားကြီးကာ သူ၏နံဘေး၌ မဟာယနနတ်ဘုရားဘုရင်အဆင့်ပညာရှင်သုံးဦးပင်ရှိလေသည်။ ထို့အပြင် စုလင်းဝူ၏ကျင့်ကြံဆင့်မှာ သူ့ကဲ့သို့ စွမ်းအားမကြီးပါချေ။ ထို့ကြောင့် သူဟာလုံးဝကိုမကြောက်ရွံ့ပဲ အတန်ငယ်သာ နိုးနိုးကြားကြားဖြစ်သွားခြင်းပင်။

‌သတိထားနေရင်းနှင့်ပင် သူဟာ ကြီးကြီးမားမားဆုံးရှုံးကာ ချက်ချင်း ကြောင်အသွားရခြင်းဖြစ်သည်။

ထိုတိုက်ခိုက်မှုမှာ ထူးခြားကာ သူ၏ဝိဉာဉ်အား အချိန်ခဏကြာမျှ မူးဝေသွားစေသည်။

ထိုသည်ကို အခွင့်ကောင်းယူကာ စုလင်းဝူမှာ ချက်ချင်း‌ထွက်ပြေးလေ၏။

သူ၏ဆရာက တစ်ဖက်လူမှာ သူ့ထက် သန်မာနေပါလျှင် ပြေးသင့်သည်ဟု ပြောထားခဲ့သည်။ တစ်ဖက်လူမှာ သူ့ထက် လူများနေလျှင်လည်း ပြေးသင့်သည်ပင်။

ယခုတွင် တစ်ဖက်လူမှာ သူ့ထက်သန်မာနေရုံသာမက လူလည်းပိုများချေသည်။ သူသာ မပြေးလျှင် ရူးနေ၍ဖြစ်ရမည်။

သူဟာ ထိုလူများ၏ပြိုင်ဘက်မဟုတ်ပါချေ။ ထိုလူများအား မြင်သည့်အခိုက်၌ တိတ်တဆိတ်ပင် အစီစဉ်ဆွဲခဲ့ခြင်းဖြစ်သည်။

တစ်ဖက်လူမှာ ထိုအရာကို ကျရှုံးမည်ဟု မထင်ထားခဲ့ပါပေ။

မလွတ်မြောက်ခင်တွင် သူဟာ အောက်ဘက်ရှိ နတ်ဝိဉာဉ်သားရဲများနှင့် နတ်ဆိုးသားရဲများအား သားရဲထိန်းချုပ်ခြင်းအနုပညာကို အသုံးပြုကာ ဆက်သွယ်လိုက်ပြီး ရှေးဟောင်းမြင့်မြတ်နယ်မြေမှ ချက်ချင်း ထွက်ပြေးရန် ခွင့်ပြုလိုက်သည်။

"သေစမ်း! သူတို့ကို မလွတ်စေနဲ့။ နောက်ကလိုက်ကြ!"

ထျဲ့ဝူမှာ ဒေါသထွက်နေပြီဖြစ်သည်။ သူဆိုသည်မှာ ဗုဒ္ဓဂိုဏ်း၏ ဂုဏ်သရေရှိ အမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်ဖြစ်သည်။ သို့သော်လည်း ကောင်စုတ်လေးတစ်ကောင်၏ လှည့်စားခြင်းကိုခံလိုက်ရသည်။ သူဟာ ၎င်းအားမည်သို့ လက်ခံနိုင်ပါမည်နည်း? ထို့ကြောင့် ချက်ချင်းပင် ဗုဒ္ဓဂိုဏ်းသားများအား ရှေးဟောင်းမြင့်မြတ်နယ်မြေထဲ၌ ၎င်းတို့အား လိုက်လံဖမ်းဆီးရန် အမိန့်ပေး‌လိုက်တော့သည်။

စုလင်းဝူမှာ နတ်ဝိဉာဉ်သားရဲများအား ခေါ်ဆောင်ကာ ပြေးနေရင်းဖြင့် နတ်သလင်းကျောက်များအား ပစ်လွှတ်နေသည်။

ထို ရှေးဟောင်းမြင့်မြတ်နယ်မြေထဲတွင် နတ်သလင်းကျောက်တွင်းများ များစွာရှိချေသည်။ ထို့အပြင် နတ်ဝိဉာဉ်သားရဲများနှင့် နတ်ဆိုးသားရဲများမှာ ထို နတ်သလင်းကျောက်များအား မလိုအပ်ပါချေ။

ထို့ကြောင့် လွန်ခဲ့သည့် နှစ်များစွာက စုဆောင်းခဲ့သော နတ်သလင်းကျောက်များမှာ ကျန်းထိုင်ရွှမ် အုတ်ဂူများတူးရင်းရရှိလာခဲ့သော နတ်သလင်းကျောက်အရေအတွက်ထက် ‌မရေတွက်နိုင်လောက်အောင် များပြားလှချေသည်။

ပြေးနေရင်းဖြင့် သူဟာ နတ်သလင်းကျောက်များအား ပစ်လွှတ်ကာ ဖောက်ခွဲနေပြီး သူ၏နောက်မှ ဗုဒ္ဓဂိုဏ်းသားများအား မချိမဆန့်ခံစားစေလိုက်သည်။

စုလင်းဝူမှာ အင်မတန်ဉာဏ်ကောင်းလှသည်။ သူဟာနတ်သလင်းကျောက်များအား ထိုဗုဒ္ဓဂိုဏ်းသားများ၏ဒေါသကိုရှောင်ရှားရန် အတော်များများအသုံးပြုခြင်းမဟုတ်ဘဲ လိုက်လာရန်ဆန္ဒမရှိအောင်သာ ပြုလုပ်နေခြင်းဖြစ်သည်။

သူဟာ အရင်ဦးစွာ နတ်သလင်းကျောက် အရေအတွက်အနည်းငယ်ကိုသာ ဖောက်ခွဲခဲ့သည်။ ၎င်းမှာ သူသည် လက်ခလယ်ထောင်ပြနေခြင်းနှင့်ပင်တူ၏။

၎င်းမှာ:" လာကြ! လာပြီး ငါ့ကိုဖမ်းကြလေ။ ငါ့ကိုဖမ်းနိုင်ရင် ဖမ်းခွင့်ပေးမှာပေါ့ ဟီးဟီးဟီး..."ဟု ပြောနေသလိုပါပင်။

အထိအခိုက်မှာ မများလှသော်လည်း အပြင်းအထန်ညှင်းဆဲနေခြင်းပါပင်!

ဗုဒ္ဓဂိုဏ်းမှ လူများမှာ ဒေါသကြောင့် ‌ပြိုလဲကုန်ကြသည်။

ပြောရလျှင် ထျဲ့ဝူမှာ ယနေ့တွင် သူ၏ထက်မြတ်မှုကို အလှောင်ခံရသလိုခံစားလိုက်ရသည်။

ထိုစုလင်းဝူမှာ မဟာယနနတ်ဘုရားဘုရင်ပထမအဆင့်ပညာရှင်လေးသာဖြစ်သော်လည်း သူ့အားတကယ်ကို အရူးလုပ်ခဲ့သည်။ သူသာ စုလင်းဝူကိုမသတ်ရလျှင် အနာဂတ်၌ သူဟာ ဗုဒ္ဓဂိုဏ်းတွင် ဆက်လက်၍ နေနိုင်တော့မည်မဟုတ်ချေ။ ၎င်းမှာ အင်မတန်ရှက်ဖွယ်ကောင်းလှချေသည်!

ထို့ကြောင့် သူ၏ဝိဉာဉ်မှာ ပြန်လည်တည်ငြိမ်သွားပြီးနောက်တွင် ချက်ချင်းပင် စုလင်းဝူအား လိုက်လံဖမ်းဆီးရန် ဗုဒ္ဓနတ်ဘုရားလမ်းစဉ်ကိုအသုံးပြုလိုက်တော့၏။

စုလင်းဝူမှာ ၎င်းတို့ထဲတွင် ပညာရှင်အမြောက်အများရှိပြီး လိုက်လံဖမ်းဆီးခံရမည်ကို ခန့်မှန်းထားသည်ပင်။ တစ်ဖက်လူများအား အနိုင်ယူရန် သူ၏အမြန်နှုန်းပေါ်တွင် မှီခိုရန်မဖြစ်နိုင်ကြောင်းကိုလည်း သိပါသည်။

ထို့ကြောင့် သူဟာ အားလုံးကို ရေကန်တစ်ခုဆီသို့ ဦးဆောင်သွား၏။

ရေကန်သို့ရောက်ပြီးနောက်တွင် သူဟာနောက်ကွယ်မှ တိုက်ခိုက်ခြင်းကို ချက်ချင်းရပ်တန့်လိုက်သည်။ သို့သော် သူဟာထိုရေကန်အတွင်းသို့ နတ်သလင်းကျောက်များ ပစ်ထည့်လိုက်၏။

ဘုန်း! ဘုန်း! ဘုန်း!

တစ်ခဏအတွင်းတွင် ရေကန်တစ်ခုလုံးမှာ တုန်ရီသွားသည်။

ရေထက်တွင် လှိုင်းများထလာ၏။

ထို့နောက်တွင် ၎င်းတို့မှာ ကန်၏တစ်ဖက်သို့ရောက်မှသာ ပြေးနေခြင်းကိုရပ်တန့်လိုက်ကြသည်။ ထို့နောက် မြေပြင်တွင် လှဲလျောင်းကာ ရေကန်ဆီသို့ တိတိပပစိုက်ကြည့်နေကြသည်။

တစ်ခဏအကြာ၌ ဗုဒ္ဓဂိုဏ်းသားများမှာ ရေကန်သို့ရောက်ရှိလာကြတော့သည်။

တစ်ချိန်တည်းမှာပင် အင်မတန်ကြီးမားသော နတ်ဝိဉာဉ်သားရဲမှာ ‌ကန်‌၏အောက်ခြေမှ ရုတ်တရတ်ထွက်ပေါ်လာသည်။ ၎င်းမှာ မိကျောင်းတစ်ကောင်နှင့်တူညီသော်လည်း သူ၏ကိုယ်မှာ တောင်တစ်လုံးထက်ပင်ကြီးမားလေ၏။

၎င်းက သူ၏ပါးစပ်ကြီးအား ဖွင့်ဟထားကာ ဗုဒ္ဓဂိုဏ်းသားအားလုံးအား မြိုချလုနီးပါးပင်။

နတ်ဘုရားဘုရင်သုံးပါးနှင့် အမတနတ်ဘုရားဧကရာဇ်ပညာရှင်မှာ ချက်ချင်းရပ်တန့်လိုက်ကြသည်။ ၎င်းတို့၏မျက်လုံးများမှာ ရှေ့ရှိမိကျောင်းကြီးအား စိုက်ကြည့်နေချိန်၌ ပြူးကျယ်လာကြသည်။

"ကြီး...ကြီးမြတ်သောနတ်ဘုရားအဆင့် နတ်ဆိုး?"

မိကျောင်းနတ်ဆိုးမှာ ၎င်းတို့အား ကြည့်လျက် အေးစက်စွာပြောလိုက်သည်။

"မင်းတို့က လူသားတွေပဲ။ မင်းတို့ကို ငါ့ရဲ့ နယ်မြေမှာ ဘယ်သူက ခြေချခွင့်ပေးထားလို့လဲ?"

"အထင်လွဲသွားတာပါ၊ အထင်လွဲနေတာပါ၊ ဒါတွေအားလုံးက အထင်လွဲနေတာပါပဲ။ ကျွန်တော်တို့ အခုပဲထွက်သွားတော့မှာပါ။"

"ထွက်သွားမယ်! မင်းတို့ဒီကိုရောက်နေပြီ‌ဆိုမှတော့ ဘယ်လိုလုပ်ထွက်သွားနိုင်တော့မှာလဲ? မင်းတို့ ခွေးကောင်တွေ ဒီရှေးဟောင်းမြင့်မြတ်နယ်မြေက မင်းတို့ရဲ့ ‌အိမ်နောက်ဖေးခြံဝန်းလေးလို့များထင်နေကြတာလား?"

၎င်းမှာ စကားဆုံးသည်နှင့် ရှေ့သို့ခုန်ကာ သူ၏ပါးစပ်ကြီးမှာ ကောင်းကင်နှင့် မြေပြင်အား ဝါးမြိုလုနီးပါးပင်။

ထိုကြေကွဲဖွယ်ရာ အသံကိုကြားသည်နှင့် လိပ်နက်နှင့် အခြားသူများမှာ မနေနိုင်ဘဲ ဝေဝါးဝါးပြောလိုက်သည်။

"ထင်ထားတဲ့အတိုင်းပဲ မိကျောင်းနတ်ဆိုးအရှင်ပါလား! အမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်တစ်ယောက်တောင်မှာ ဒါကို မထိန်းနိုင်ဘူး။"

"ကံကောင်းလို့ ငါတို့ကဉာဏ်ကောင်းပြီး သူတို့ကို ဖမ်းဖို့ မိကျောင်းနတ်ဆိုးအရှင်ကို သုံးနိုင်ခဲ့တာ။ မဟုတ်ရင်၊ ငါတို့အကုန်သတ်ခံလိုက်ရလိမ့်မယ်။"

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၂၅။ အပိုင်း ၃၆၇ လူအုပ်ကြားထဲက ထိပ်ပြောင်အုပ်စု၊ ထိပ်ပြောင်တွေထဲက လူလိမ်

"ဒါပေမယ့် ပြီးရင်ဘယ်ကိုသွားကြမှာလဲ? ဒီလူစုကို ဖျက်ဆီးပြီးရင် ခဏလောက် ရပ်လို့ရနိုင်မှာလား?"

စုလင်းဝူမှာ ခဏမျှတွေးတောလိုက်ကာ ချက်ချင်းပင် ခိုင်မာသောအကြည့်ဖြင့် ပြောလိုက်သည်။

"မဟုတ်ဘူး၊ ငါတို့အနောက်ဘက်ကိုသွားရမှာ။ ဒီဗုဒ္ဓဂိုဏ်းသားအုပ်စုက အနောက်ဘက်ကို စစ်ကူထောက်ပံ့ဖို့ သွားနေတာပဲ။ အနောက်ဘက်က ဗုဒ္ဓဂိုဏ်းတစ်ခုတော့ တိုက်ခိုက်ခံနေရလောက်တယ်။ ငါတို့သွားရမယ်။ ဆရာတူအစ်ကိုနဲ့ အစ်မတို့ကို တွေ့ရမယ်ဆိုရင်ဘယ်လိုလုပ်မလဲ?"

လိပ်နက်မှာ တီးတိုးပြောလိုက်သည်။

"သခင်ကိုး၊ တကယ်တော့ ကျွန်တော်တို့ဘာကြောင့်ဒီလိုလုပ်ဖို့လိုရတာလဲ? ဂိုဏ်းချုပ်ကသေပြီးနေပြီပဲကို ဘာလို့ အဲ့ဒီ ဆရာတူအစ်ကိုတွေညီ‌တွေကို ရှာဖို့လိုနေဦးမှာလဲ? ပြောရရင် သခင်လေးလည်း ဗုဒ္ဓဂိုဏ်းသားအများကြီးကို သတ်ခဲ့ပြီး ဆရာအတွက်လက်‌စားချေပြီးပြီလို့ ယူဆလို့ရနေတာပဲ။ ပြီးတော့ ဘာလို့ ဒီ ရှေးဟောင်းမြင့်မြတ်‌နယ်မြေမှာပဲ နေပြီးတော့ ကျုပ်တို့နဲ့ပဲ မကျင့်ကြံရတာလဲ?"

"တွေးကြည့်လေ။ အခုဆိုရင် ဂိုဏ်းချုပ်ကသေသွားပြီဆိုတော့ တခြား သခင်လေးတွေနဲ့ သခင်မလေးနှစ်ယောက် တကယ်ပဲ ဂိုဏ်းချုပ်နေရာကို လုနေကြမှာ!"

"သခင်လေးရဲ့ကျင့်ကြံဆင့်ကလည်း မဟာယနနတ်ဘုရားဘုရင်အဆင့်မှာဆိုပေမယ့် အမတနတ်ဘုရားဧကရာဇ်အဆင့်ကိုရောက်နေပြီးသား သခင်လေးထက်ပိုသန်မာတဲ့သူတစ်ယောက်ယောက်ရှိနေလောက်တယ်။"

"ပြီးတော့ သခင်လေးရဲ့ကျင့်ကြံဆင့်က သူတို့ထက်ပိုမြင့်နေရင်တောင် အဆင့်တစ်ဆင့်ပိုမြင့်တဲ့သူကို မတိုက်ခိုက်နိုင်ဘူးလေ။ သူတို့ကတိုက်ခိုက်နိုင်တယ်လေ! သခင်လေးက ဘယ်လိုလုပ် သူတို့ကိုယှဉ်နိုင်မှာလဲ?"

တစ်ယောက်ယောက်၏လက်အောက်ခံဖြစ်ရန် ထွက်သွားခြင်းထက် ရှေးဟောင်းမြင့်မြတ်နယ်မြေတွင်နေကာ နတ်ဘုရားဧကရာဇ်အဆင့်သို့ ဦးစွာ ရောက်ရှိအောင် ကျင့်ကြံခြင်းက သူ့အတွက်ပိုကောင်းပေသည်။

"ကျုပ်တို့ နတ်ဝိဉာဉ်သားရဲတွေ အကူအညီနဲ့ဆိုရင် သခင်လေးလည်း နတ်ဝိဉာဉ်သားရဲတွေကို ပုံမှန်စုပ်ယူနိုင်ပြီး သခင်လေးရဲ့ အနာဂတ်က အကန့်အသတ်မဲ့ဖို့ကို ကျုပ် အာမခံတယ်။ သခင်လေးရဲ့ သိုင်းပညာကံက... ဝေ့၊ ဝေ့၊ ဝေ့၊ သခင်ကိုး ကောင်းကောင်းပြောရအောင်။ ကောင်းကောင်းပြောရအောင်ပါ။ မတိုက်ခိုက်ပါနဲ့။ ကျုပ်ရဲ့လည်ပင်းက မင်းရဲ့ နတ်ဘုရားသတ်ဖြတ်ခြင်းပုဆိန်ကို မခုခံနိုင်ပါဘူး။"

စုလင်းဝူမှာ နတ်ဘုရားသတ်ဖြတ်ခြင်းပုဆိန်ကိုကိုင်ဆောင်ကာ ၎င်းအား လိပ်နက်၏လည်ပင်းထက်၌ တင်ထားလိုက်သည်။ တစ်ဖက်လူ၏ခေါင်းအား မြဲမြဲကိုင်ထားပြီး ၎င်းအား လိပ်ခွံထဲသို့ ငုံ့မလျှိုးစေရန်အလို့ငှာ သူ၏နတ်ဝိဉာဉ်စွမ်းအားကိုပင် အသုံးပြုထားသည်။

"ကျုပ်ရဲ့ဆရာကိုသစ္စာဖောက်ဖို့တောင် အားပေးရဲတယ်ပေါ့လေ? ခင်ဗျားလိပ်အိုကြီး၊ ခင်ဗျားအချိန်အကြာကြီးနေလာပြီး သက်ကြားအိုကြီးဖြစ်နေပြီထင်တယ်! ကျုပ်ဆရာသေသွားရင်တောင်မှ ကျုပ်က အမည်မဲ့ဂိုဏ်းသားတစ်ယောက်ဖြစ်နေတုန်းပဲ။ ဆရာ့‌ကြောင့်သာမဟုတ်ရင် ကျုပ်က အနိမ့်ပိုင်းလောကမှာပဲ ဆက်ရှိနေပြီးတော့ အမှိုက်လေးတစ်စလောက်ပဲဖြစ်နေဦးမှာ။ အခုလိုမျိုး နတ်ဘုရားဘုရင်အဆင့်ပညာရှင်ဘယ်လိုလုပ်ဖြစ်နိုင်မှာတဲ့လဲ?"

‌"ခင်ဗျားကိုပြောပါရစေ၊ ကျုပ်က အမည်မဲ့ဂိုဏ်းရဲ့အဖွဲ့ဝင်တစ်ယောက်အဖြစ် မွေးဖွားလာပြီး အမည်မဲ့ဂိုဏ်းရဲ့ တစ္ဆေအဖြစ်နဲ့ပဲသေလိုက်မယ်။ ခင်ဗျား လိပ်အိုကြီး ကျုပ်ဆရာရဲ့ အိမ်မွေးနတ်ဆိုးအနေနဲ့ သူ့တပည့်ကို သူ့ဂိုဏ်းကနေထွက်ဖို့ အကြံပေးတယ်။ ခင်ဗျားက စက်‌ဆုပ်စရာပဲ။"

"သခင်လေးကိုး၊ စိတ်လျှော့ပါ။ စိတ်လျှော့ပါ။ ဒါက သခင်လေးအတွက်ပြောရတာပါ။ ပြီးတော့ သခင်လေးရဲ့ ဆရာကလည်းသေပြီလေ။ သခင်လေးရဲ့ဂိုဏ်းကို စွန့်ခွာတာက မမှားပါဘူး။"

"ဒီလိုဆိုရင်တောင် ကျုပ်ဆရာသေပြီး‌တဲ့နောက်မှာ ဒါကိုမပြောရဘူး။ ဒီနေ့ခင်ဗျားကို လုံးဝသတ်ပြီး စွပ်ပြုတ်လုပ်သောက်ပစ်မယ်။"

လိပ်နက်မှာ အင်မတန်ကြောက်ရွံ့သွားကာ အသည်းအသန်ဖြစ်သွား၏။ သူဟာ အလျင်စလိုပင် အခြားသောနတ်ဝိဉာဉ်သားရဲများထံသို့လှည့်ကာ အကူအညီတောင်းလိုက်၏။

"ညီအစ်ကိုတို့၊ ကျုပ်ကိုမြန်မြန်ကယ်ပါဦး။ ကျုပ်တို့အားလုံး ညီအစ်ကိုတွေပဲလေ။ ကျုပ်ကို ဒီလိုမထားခဲ့ပါနဲ့။"

သို့သော် သူလှည့်လိုက်ချိန်တွင် ထိုနတ်ဝိဉာဉ်သားရဲများမှာ လူစုခွဲထားပြီးဖြစ်သည်။ ၎င်းတို့၏မျက်လုံးများမှာ သူ့အား ဝံပုလွေများနှင့် ကျားများကဲ့သို့စိုက်ကြည့်လျက် တောက်ပနေကြသည်။ အချို့မှာ သွားရည်ပင်ယိုနေကြ၏။

"မြန်မြန်၊ သခင်လေးကိုး၊ သူ့ကိုသတ်လိုက်တော့။"

"ကျုပ်ဒီကောင်ကို စားချင်နေခဲ့တာကြာပြီ။ ဘယ်တုန်းကမှ အခွင့်အရေးမရခဲ့ဘူး။ ဒီနေ့တော့ အခွင့်အရေးရှာတွေ့ခဲ့ပြီလေ။"

"သခင်လေးကိုး၊ သူ့ရဲ့ကိုယ်တစ်ဝက်ကို ပြုတ်ပြီး တစ်ဝက်ကိုကင်ရအောင်။ ဒီလိပ်အိုကြီးက ‌နှစ်ပေါင်း သောင်းချီထက်ကြာအောင်နေခဲ့တာ။ သူ့အသားက ကျုပ်တို့စွမ်းအင်တွေကို အားဖြည့်ပေးပြီး ကျောက်ကပ်တွေကို အားကောင်းလာစေမှာအသေအချာပဲ။"

…

‌"သေစမ်း!"

လိပ်နက်ဆဲရေးပြီးနောက်တွင် တစ်ခဏအတွင်း၌ သူ၏လည်ပင်းထက်မှ နာကျင်မှုကိုခံစားလိုက်ရကာ အသိစိတ်အားလုံးပျောက်ကွယ်သွားတော့၏။

စုလင်းဝူမှာ သူ၏ခေါင်းကြီးအားနင်းကာ အေးစက်စက်ဆိုလိုက်သည်။

"ခင်ဗျားတို့ မြင်ကြလား? ဒါကကျုပ်တို့အမည်မဲ့ဂိုဏ်းကို သွေးခွဲရင်ဖြစ်လာမယ့်ရလာဒ်ပဲ! ကျုပ်ဆရာက အမြဲတမ်းကျုပ်ဆရာဖြစ်နေမှာပဲ။ သူသေသေရှင်ရှင် ကျုပ်ရဲ့ဆရာဖြစ်နေတုန်းပဲ!"

"ကျုပ်တို့နဲ့ ကျုပ်နဲ့အမည်မဲ့ဂိုဏ်းကြားမှာ တစ်ယောက်ယောက် ထပ်ပြီးဝင်နှောင့်ယှက်ရဲမယ်ဆိုရင် ဒီလိပ်အိုကြီးလို ခံစားရလိမ့်မယ်။"

"သခင်လေးကိုး၊ မင်းကတကယ်ရဲရင့်တယ်!"

"သခင်လေးကိုးက စွမ်းအားကြီးတယ်!"

"သခင်လေးကိုးက အရမ်းယောက်ျားပီသတယ်!"

နတ်ဝိဉာဉ်သားရဲများမှာ လိပ်နက်အား နှစ်ပိုင်းခွဲနေချိန်တွင် ဩဘာပေးနေကြပြီး ၎င်းအား အသားကင်တွင်းထဲနှင့် စွပ်ပြုတ်အိုးထဲသို့ ထည့်လိုက်သည်။

တကယ်တော့ ဤသည်မှာ ၎င်းတို့၏အမှားမဟုတ်ပါချေ။

ယခင်က လိပ်နက်ကြောင့်သာမဟုတ်ပါလျှင် ၎င်းတို့ထဲမှ အများစုမှာ လုရှောင်ယန်၏ အိမ်မွေးနတ်ဆိုးများအဖြစ် ခေါ်ယူခြင်းခံရမည်မဟုတ်ပါချေ။

၎င်းတို့မှာ လုရှောင်ယန်ကြောင့် နတ်ဘုရားလောကသို့လာရောက်ပြီးနောက်တွင် ကျင့်ကြံခြင်းအများအပြားရရှိခဲ့ပါသော်လည်း ၎င်းတို့၏ဝိဉာဉ်များ၌ လုရှောင်ယန်၏ သွေးအဆီအနှစ်ရှိနေဆဲပါပင်။

လုရှောင်ယန်သာ မိန်းမတစ်ယောက်နှင့် သားတစ်ယောက်ရှိပါလျှင် ၎င်းတို့အား ဆက်လက်ထိန်းသိမ်းနိုင်ပေလိမ့်ဦးမည်။

အကြောင်းမှာ လုရှောင်ယန်၏ သွေးအဆီအနှစ်က ၎င်းတို့အား အလွယ်တကူ ထိန်းချုပ်နိုင်ခြင်းကြောင့်ပင်။ လုရှောင်ယန်၏ တိုက်ရိုက်ဆက်ခံသူများတွင် တူညီသောသွေးဆက်ရှိကာ ၎င်းတို့ထံ၌ သူတို့အားထိန်းချုပ်ရန် အ‌ခွင့်အရေးတစ်ခုရှိသည်ဟုဆိုလိုပေသည်။

အခြေခံအားဖြင့် ၎င်းမှာ ချိန်ကိုက်ဗုံးတစ်လုံးနှင့် မခြားနားပါချေ။

ပြောရလျှင် ၎င်းတို့၏ကိုယ်တွင်း၌ ထာဝရတိုင်အောင် ကြီးမားသောအန္တရာယ်အား မြှုပ်နှံထားသည်ပင်။ ထိုအခြေအနေ၌ မည်သူက လိပ်နက်အား အရိုးထိတိုင်မမုန်းဘဲနေနိုင်လိမ့်မည်နည်း?

လူတိုင်းမှာ လိပ်နက်အား အပြည့်အဝစားသုံးလိုက်ကာ ၎င်း၏ အထူးအပိုင်းကိုပင် ချန်မထားခဲ့ပါချေ။ ၎င်းမှာရွှေ‌ခြင်္သေ့က ရွှေရောင်အပ်မှိုတစ်ခုအား မြိုချသည်နှင့်ပင် တူနေသေးသည်။

ခြင်္သေ့များအပေါ်မူတည်ပြီး တစ်ယောက်ယောက်စားသုံးလိုက်သော ခန္ဓာအစိတ်အပိုင်းတစ်ခုမှာ ထိုလူ၏ကိုယ်ပေါ်မှ တူညီသောအစိတ်အပိုင်းအား အားဖြည့်ပေးသည်ပင်။

စားသောက်ပြီးနောက်တွင် ဗုဒ္ဓဂိုဏ်းပြုလုပ်‌နေသည်များအားသိလိုသဖြင့် လူတိုင်းမှာချက်ချင်းပဲ အနောက်ဘက်သို့ဦးတည်လိုက်သည်။

...

တစ်ချိန်တည်းတွင် ပုဟွားကျောင်းမှ ဗုဒ္ဓဆရာကြီး ၈၁ဦးမှာ ထိုနတ်ဆိုးများအား အစုလိုက် စုဝေးလိုက်ကြသည်။

သိုလှောင်အိတ်များနှင့် သိုလှောင်လက်စွပ်များမှာ အသက်များအား မသိုလှောင်နိုင်ပါချေ၊ နတ်ဆိုးသုတ်သင်ရှင်းလင်းပွဲမှာလည်း သေဆုံးပြီး နတ်ဆိုးများအား မသုတ်သင်ပါချေ။

ထို့ကြောင့်အသက်ကိုထိန်းသိမ်းနိုင်သော ယခင် အကျဉ်းရထားတွဲကဲ့သို့ လှောင်အိမ်ကိုလိုအပ်လေသည်။

ကံကောင်းစွာဖြင့် ဗုဒ္ဓဂိုဏ်းမှာ နတ်ဆိုးများအား အကျဉ်းချရန်အတွက် မရေတွက်နိုင်အောင် ပြင်ဆင်ထားခဲ့ပြီးသားပင်။

"ငါတို့နောက်ဆုံးတော့ စုဝေးပြီးပြီ။ အခု ဒီကောင်တွေကို ဗောဓိကျောင်းဆီ ပို့ဆောင်ရမယ့်အချိန်ပဲ။"

"ဒီကောင်တွေက ငါတို့‌ဗုဒ္ဓဂိုဏ်းကို တိုက်ခိုက်ချင်နေတာ၊ ဒါပေမယ့် အဆုံးမှာတော့ ငါတို့ဗုဒ္ဓဂိုဏ်းကို ဘာများထိခိုက်သွားအောင်လုပ်နိုင်လို့လဲ? သူတို့က ငါတို့နဲ့ ကစားပေးနေရုံလေးပါပဲ။"

"အမှန်ပဲ။ နှစ်ပေါင်းများစွာတိုင်အောင် ဗုဒ္ဓဂိုဏ်းကိုဆန့်ကျင်ရင် ဘယ်သူကများ အဆုံးထိရှင်သန်ဖူးလို့လဲ? သူတို့အားလုံး ငါတို့ဗုဒ္ဓဂိုဏ်းရဲ့ လက်ရာမြောက် ဓမ္မနဲ့ဖိနှိပ်ခံလိုက်ရတာပဲမဟုတ်လား?"

"ကောင်းပြီ၊ မြန်မြန်သွားကြစို့။ နတ်ဆိုးသုတ်သင်ရှင်းလင်းပွဲကို မနှောင့်နှေးစေနဲ့။ မဟုတ်ရင် မြင့်မြတ်သောဗုဒ္ဓ ဒေါသထွက်သွားလိမ့်မယ်။"

မြင့်မြတ်သောဗုဒ္ဓအကြောင်း ထုတ်ပြောလိုက်ချိန်တွင် ထိုဗုဒ္ဓအကြီးအကဲများ၏အမူအရာမှာ တမုဟုတ်ချင်း လေးနက်သွား၏။

သူတို့အတွက်မူ မြင့်မြတ်သောဗုဒ္ဓမှာ အမတအဆင့်ရှိတည်ရှိမှုဖြစ်သည်ပင်။ ၎င်းမှာ သူတို့လို ပုံရိပ်အသေးလေးများ၏ အိပ်မက်မက်ရုံသာတတ်နိုင်သည့် အရာပင် ဖြစ်၏။

၎င်းတို့သာ မြင့်မြတ်သောဗုဒ္ဓအတွက် အလုပ်လုပ်ပေးနိုင်ပြီး အကြိုက်လိုက်နိုင်လျှင် ကောင်းကင်ဘုံသို့ ခြေတစ်လှမ်းနှင့်ပင်ရောက်ရှိကာ တမူထူးသောအခွင့်အလမ်းကိုရရှိနိုင်လောက်သည်။

လူတိုင်းမှာ ပြင်ဆင်ပြီးသည်နှင့် ထွက်ခွာရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

လုံကွမ်းမှာ ခပ်ရေးရေးသက်ပြင်းချလိုက်မိသည်။

ထိုအခိုက်တွင် အမည်မဲ့ဂိုဏ်း၏မည်သည့်တပည့်မှ မရောက်လာသေးပါချေ။ ၎င်းတို့မှာ ဒီတစ်ခေါက်တွင် အကူအညီမဲ့နေဟန်ပေါ်၏။

သူဟာ ဒုတိယမျိုးဆက်တပည့်လေးသာဖြစ်သည်။ လုရှောင်ယန်၏ ကိုယ်တိုင်လမ်းညွှန်မှုမပါဘဲနှင့် လုရှောင်ယန်၏ ကိုယ်ပိုင်တပည့်များကဲ့သို့ အားကောင်းသောစွမ်းအားကို ထုတ်နိုင်ရန်မှာ မဖြစ်နိုင်ပါချေ။

ဗောဓိကျောင်းသို့ရောက်ပြီးမှသာ အစီစဉ်ဆွဲနိုင်တော့မည်ထင်ပါသည်။

မည်သူကမှ ကျူးကောကျီချုံအား ကယ်ဖို့ရောက်မလာပါလျှင် သူဟာကျူးကောကျီချုံအတွက် ‌အခေါင်းပြင်ကာ ပြာများကိုသာသန့်ရှင်းပေးနိုင်တော့မည်ဟန်တူသည်။

သို့သော် လူတိုင်းဟာ အထက်သို့တက်လာပြီး ပျံသန်းခါနီးဆဲဆဲတွင် အလင်းလုံးကြီးတစ်ခုမှာ တစ်ခဏအကြာ၌ ကောင်းကင်မှကျဆင်းလာ၏။

"ဗုဒ္ဓဂိုဏ်းက ဘုန်းတော်ကြီးတစ်ယောက်က ငါ့ရဲ့ဆရာတူအစ်မကို ဖမ်းရဲတယ်ပေါ့လေ? ငါ့ရဲ့အမည်မဲ့ဂိုဏ်းကို လွယ်လွယ်လေးအနိုင်ကျင့်လို့ရမယ်ထင်နေတာလား?"

ထိုအလင်းလုံးကြီးတွင် ကြောက်မက်ဖွယ်အရှိန်အဝါပါဝင်သည်။ ၎င်းမှာ ရယ်စရာကောင်းလောက်အောင် စွမ်းအားကြီးပြီး အရာအားလုံးကို ဆုတ်ဖြဲကာ ဖျက်ဆီးတော့မည့်နီးပါးပင်။

"အဲ့ဒါ နတ်သလင်းကျောက်တွေပဲ! တစ်ယောက်ယောက်က နတ်သလင်းကျောက်တွေကို ဖောက်ခွဲလိုက်ပြီ!"

ဗုဒ္ဓအကြီးအကဲတစ်ဦးမှာ ကူရာမဲ့ ကြောက်ရွံ့စွာ အော်လိုက်သည်။

တစ်ခဏအကြာ၌ ဗုဒ္ဓအကြီးအကဲအားလုံး၏အမူအရာမှာ လေးနက်သွားတော့သည်။

၎င်းတို့မှာ ထိုတိုက်ခိုက်မှာစွမ်းအားသည် မဟာယနနတ်ဘုရားဘုရင်အထွဋ်အထိပ်အဆင့်ပညာရှင်တစ်ဦး၏ တိုက်ခိုက်မှုထက် နိမ့်ကျလိမ့်မည်မဟုတ်သည်ကို အာရုံခံမိပေသည်။

ထိုသို့သော နတ်သလင်းကျောင်းများဖြင့် စွမ်းအားကြီးတိုက်ခိုက်မှုတစ်ရပ်အား ဖန်တီးနိုင်ရန် ထိုလူထံတွင် ထိပ်တန်းအဆင့်နတ်သလင်းကျောက်မည်မျှ ရှိနေနိုင်ပါသနည်း?

တစ်ဖက်လူမှာ အနည်းဆုံး ထိပ်တန်းအဆင့်နတ်သလင်းကျောက်ပေါင်း ၇သန်းမှ ၈သန်းအထိအသုံးပြုထားသည်မဟုတ်ပါလား?

ဒါကအရမ်းကြီး လွန်မနေဘူးလား?

ဒါကတကယ်ကို လူမဆန်ပါချေ။

"မြန်မြန်ကာကွယ်ကြ!"

အမတနတ်ဘုရားဧကရာဇ်အဆင့်ဗုဒ္ဓဆရာကြီးမှာ ချက်ချင်းပင် လူတိုင်းအား တစ်ချိန်တည်းတွင် တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။ တစ်ခဏအကြာ၌ လူတိုင်းမှာ မဟာယနရွှေခေါင်းလောင်းအကာအရံနှင့် မဟာယနဝါဂျရာအနုပညာကို တစ်ချိန်တည်း၌လှည့်ပတ်လိုက်ကြသည်။

ရွှေခေါင်းလောင်းအကာအရံလမ်းစဉ်မှာ ၎င်းတို့ရှေ့၌ အကာအကွယ်အတားအဆီးတစ်ခုအား ထုတ်လွှတ်ပေးကာ ဝါဂျရာအနုပညာက ၎င်းတို့ကို အားဖြည့်ပေးနိုင်သည်။

၎င်းတို့ ၈၁ဦး၊ မဟုတ်ဘူး၊ လုံကွမ်းအပါအဝင် ဗုဒ္ဓဆရာကြီး ၈၂ဦးမှာ တစ်ချိန်တည်းမှာပင် တိုက်ခိုက်လိုက်ကြ၏။ မဟာယနရွှေခေါင်းလောင်းအကာအရံ၏ကာကွယ်မှုမှာ တစ်ဖက်လူ၏တိုက်ခိုက်မှုအား ၆၀မှ ၇၀ရာခိုင်နှုန်းအထိ ခုခံနိုင်ပေသည်။ မဟာယနဝါဂျရာအနုပညာအား အသုံးပြုခြင်းကပင် ကျန်ရှိသော တိုက်ခိုက်မှုအား ခုခံနိုင်စေကာ တစ်ဖက်လူ၏ လှုပ်ရှားမှုကို ဖြေရှင်းနိုင်သည်။

မဟာယနရွှေခေါင်းလောင်းအကာအရံအတားအဆီးဖြစ်ပေါ်လာသည့်အခိုက်တွင် နတ်သလင်းကျောက် အလင်းရင်းမြစ်ကြီးမှာ ကျဆင်းလာ၏။

၎င်းမှာ တိုက်ရိုက်ပင် အင်မတန်ကြမ်းတမ်းစွာဖြင့် ရိုက်ခတ်သွား၏။ ပြင်းထန်သောရိုက်ခတ်မှုမှာ ရွှေခေါင်းလောင်းအကာအရံ၏တားဆီးခြင်းကို ခံလိုက်ရသည်ပင်။ ကျန်ရှိသည့် လျှပ်တပြက်လှိုင်းမှာမူ ဗုဒ္ဓဆရာကြီးများ၏ ကိုယ်အင်္ဂါများကိုဆက်လက်တိုက်ခိုက်နေသည်။

သို့သော် မဟာယနဝါဂျရာအနုပညာ၏ကာကွယ်မှုဖြင့် ကိုယ်အင်္ဂါများ အပါအဝင် ၎င်းတို့၏တစ်ကိုယ်လုံးမှာ သန်မာလာသည်။ ထို့ကြောင့် နတ်သလင်းကျောက်အလင်းရင်းမြစ်ကြီး၏ တိုက်ခိုက်မှုအားပိတ်ဆို့တားဆီးနိုင်လိုက်ကာ ၎င်းတို့အားထပ်မံ၍ အပြင်းအထန် မထိခိုက်နိုင်တော့ပါချေ။

၎င်းတို့၏ အားကောင်းသော ပြန်လည်ကုသနိုင်စွမ်းကြောင့် ဒဏ်ရာအသေးလေးများမှာ မြန်မြန်ပြန်ကောင်းသွားသည်။ ၎င်းတို့မှာ ဗုဒ္ဓဂိုဏ်း၏ကုသကျင့်စဉ်ကိုတောင် အသုံးပြုရန် မလိုအပ်ပါချေ။

အကာအရံ၏အောက်တွင် လူတိုင်းမှာ အချင်းချင်းကြည့်ကာ ပြုံးဖြဲဖြဲလုပ်လိုက်ကြသည်။

ထိုတိုက်ခိုက်မှုကြီးအား ဖြေရှင်းပြီးနောက် မည်သည်ကမှ ၎င်းတို့အား ထိုထက်ပျော်‌ရွှင်အောင် မလုပ်ပေးနိုင်တော့ပါချေ။

ရှိခဲ့ပါလျှင်လည်း ထိုသည်မှာ ထိုဉာဏ်ကြီးရှင်အား သတ်ပြီး ထိုသူ၏နတ်သလင်းကျောက်များအား လုယူခြင်းသာ‌ဖြစ်ချေလိမ့်မည်။

သို့သော် လူတိုင်းမှာ အနိုင်ရသလိုခံစားနေရချိန်၌ လုံကွမ်းမှာ တစ်ရာသောတိုက်ပွဲနတ်ဘုရားအဆင့် ဗုဒ္ဓအကြီးအကဲနှစ်ဦး၏နောက်ကျောကို လက်ဝါးတစ်ချက် ရိုက်လိုက်သည်။

"မဟာယနပရာယနာလက်ဝါး!"

ဘန်း!

ထို တိုက်ခိုက်မှုနှစ်ခုမှာ ပြင်းပြင်းထန်ထန်ရိုက်နှက်ပြီးနောက်တွင် သူ၏ခွန်အားအပြည့်အား ကုန်ဆုံးလုနီးဖြစ်သွားစေကာ ထိုနှစ်ဦးအား သွေးအပြည့်အန်လိုက်စေသည်။ ၎င်းတို့၏ အရှိန်အဝါများမှာ စတင်ကာ ကမောက်ကမဖြစ်လာပြီး နတ်ဝိဉာဉ်စွမ်းအင်များအား မထိန်းချုပ်နိုင်တော့ပါချေ။ ၎င်းတို့စောင့်ကြပ်ထားသော ရွှေခေါင်းလောင်းအကာအရံ၏ နယ်မြေမှာ လုံးဝပြိုလဲသွား၏။

အကာအရံထဲ၌ အပေါက်ကြီးဖြစ်လာပြီးနောက်တွင် ထိုအပေါက်မှာ ဆည်ကျိုးသကဲ့သို့ဖြစ်သွားတော့သည်။

"‌မကောင်းတော့ဘူး!"

လူတိုင်း၏အမူအရာများမှာ ဆိုးရွားစွာပြောင်းလဲသွားသည်။ နတ်သလင်းကျောက်ဖောက်ခွဲမှုမှ အားကောင်းသော စွမ်းအားလှိုင်းက ထိုအပေါက်ကြီးမှ အရူးအမှုး ထိုးခွင်းဝင်ရောက်လာတော့သည်။

ထိုစွမ်းအင်မှာ အင်မတန်အားကောင်းလှချေသည်။ မည်သူ့ကိုမှ တုံ့ပြန်ချိန်မပေးဘဲ ၎င်းမှာ ရွှေခေါင်းလောင်းအကာအရံ၏ အကာအရံအတားအဆီးအားလုံးကို ဆုတ်ဖြဲလိုက်တော့သည်။

အလင်းရောင်မှာ ဗုဒ္ဓအကြီးအကဲအားလုံးကို လွှမ်းခြုံသွားတော့သည်။

အမတနတ်ဘုရားဧကရာဇ်အဆင့်အကြီးအကဲမှာ ဒေါသတကြီးအော်ဟစ်လိုက်သည်။

"မစိုးရိမ်ကြနဲ့။ ကိုယ်တော်နဲ့အတူတူ တင်ပလ္လင်ခွေထိုင်ပြီး ဒီတိုက်ခိုက်မှုကို ခွဲခြမ်းကြမယ်။ ကိုယ်တော်တို့ရဲ့ ကိုယ်ကိုကာကွယ်ဖို့အတွက် ကိုယ်ပေါ်မှာ မဟာယနဝါဂျရာအနုပညာရှိတယ်။ ရွှေရောင်အကာအရံမရှိရင်တောင် ဒီတိုက်ခိုက်မှုက ကိုယ်တော်တို့ကို ဘာမှမဖြစ်စေနိုင်ဘူး!"

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၂၅။ အပိုင်း ၃၆၈ လူတွေကထပ်ပြီးတော့ လူသားတွေမဟုတ်တော့တဲ့နေ့များ

အမတနတ်ဘုရားဧကရာဇ်အဆင့် ပညာရှင်ထံမှအော်သံနှင့်အတူ လူတိုင်းမှာ ချက်ချင်းပင် မဟာယနဝါဂျရာအနုပညာကို အစွမ်းကုန်ထုတ်သုံးလိုက်တော့သည်။ ထို့နောက်တွင် တင်ပလ္လင်ခွေထိုင်လိုက်ကြ၏။

အမတနတ်ဘုရားဧကရာဇ်အဆင့်ဘုန်းတော်ကြီးနှစ်ပါးမှာ အထက်ရှိခံတပ်ကို ထိန်းချုပ်ထားပြီး ဖိအားကို ခွဲခြမ်းလိုက်ကြသည်။

တိုက်ခိုက်မှုမှာ တမုဟုတ်ချင်း အမြန်ကျဆင်းသွား၏။ နတ်ဘုရားဧကရာဇ်အထွဋ်အထိပ်အဆင့်နှင့် နှိုင်းယှဉ်၍ရလောက်သော ပေါက်ကွဲမှုမှာ အားလုံး၏နှလုံးအိမ်ကို တုန်ရီစေသွားကာ ၎င်းတို့ကိုယ်တွင်းရှိ နတ်ဝိဉာဉ်စွမ်းအားကို အရူးအမူးလှည့်ပတ်လိုက်ကြသည်။

ထိုစွမ်းအားမှာ အင်မတန်အားကောင်းလှသောကြောင့် ထိပ်ပိုင်းရှိ အမတနတ်ဘုရားဧကရာဇ်အဆင့်ဘုန်းတော်ကြီးနှစ်ပါးမှာ တိုက်ခိုက်မှုကို ခံစားလိုက်ရချိန်တွင် မထိန်းနိုင်ဘဲ လေပင်လည်သွားရသည်အထိပင်။

ဖူးးးး!

ကံကောင်းစွာဖြင့် ပေါက်ကွဲမှု လှိုင်းမှာ အင်မတန်စွမ်းအားကြီးကာ မြန်ဆန်လှသောကြောင့် ‌‌ခဏအကြာတွင် တိုက်ခိုက်မှုက အနံ့အား ရှင်းလင်းလိုက်ပြီး လူတိုင်းမှာ ၎င်းအား အနည်းငယ်သာ အနံ့ခံလိုက်နိုင်သည်။

ထိုတိုက်ခိုက်မှုအား ခုခံပြီးနောက် အမတနတ်ဘုရားဧကရာဇ်ပညာရှင်နှစ်ဦးမှာ မနေနိုင်ဘဲသက်ပြင်းချလိုက်မိပြီး မျက်နှာထားကပျော်ရွှင်မှုအား ထုတ်ပြနေသည်။

ကံကောင်းစွာဖြင့် ၎င်းတို့မှာ နတ်သလင်းကျောက်‌များပေါက်ကွဲမှုမှ ထွက်ပေါ်လာသော ထိုတိုက်ခိုက်မှုလှိုင်းအားခုခံလိုက်သည်။

နတ်သလင်းကျောက်များမှာမည်မျှ ဈေးကြီးပါသနည်း?

ထိုသည်က သူ့အတွက် လှိုင်းတစ်ခုပေါက်ကွဲရန်ပင် အမြောက်အများကုန်ကျစေသည်။ ဒုတိယလှိုင်းအား ဖောက်ခွဲရန်မဖြစ်နိုင်‌ချေတော့မည် မဟုတ်လား?

သို့သော ၎င်းတို့မျက်နှာထက်မှ အပြုံးများမှာ မရှည်ကြာလိုက်ဘဲ တမုဟုတ်ချင်းပင် အေးခဲသွားတော့သည်။

ဤသည်မှာ ၎င်းတို့၏ခေါင်းထက်မှ ပို၍ပင် အားကောင်းသောအရှိန်အဝါတစ်ခုကျဆင်းလာခြင်းကြောင့်ပါပင်။

‌နောက်ထပ် နတ်သလင်းကျောက်ဖောက်ခွဲခြင်းက ထွက်ပေါ်လာသည်။ ထို့အပြင် ဒီတစ်ခေါက်မှာ ပိုမိုအားကောင်းကာ ပိုမိုပြင်းထန်လှပေသည်။

၎င်းမှာ နတ်သလင်းကျောက်ပေါင်း ဆယ်သန်းထက်ပိုများများအား ဖောက်ခွဲလိုက်သည်ဟု ခန့်မှန်းရသည်။

ဘုန်း!

လျှပ်တပြက်လှိုင်းမှာ ၎င်းတို့ခေါင်းထက်သို့ ကျရောက်လာကာ ချက်ချင်းပင် လူတိုင်းအား သွေးအပြည့်အန်လိုက်မိစေသည်။

တစ်ဦးချင်းဆိုရလျှင် အမတနတ်ဘုရားဧကရာဇ်ပညာရှင်နှစ်ဦးထဲမှ တစ်ဦး၏ လည်ပင်းသည်ပင် ကျိုးသွား၏။ သူ၏စိတ်နှင့် ကိုယ်အင်္ဂါများမှာ အသားပြားများအဖြစ်သို့ပြောင်းလဲသွားကာ နေရာ၌ပင် ခန္ဓာတစ်ခုလုံးပျက်စီးသွားတော့သည်။

အခြားတစ်ယောက်မှာလည်း ပိုမိုကာကောင်းမွန်မနေပါချေ။ သူ၏စိတ်နှင့်ကိုယ်မှာ ဒဏ်ရာရသွားကာ အရိုးများလည်း မရေတွက်နိုင်လောက်အောင်ပင် ကျိုးကြေသွား၏။

သို့သော် သူဟာပိုမိုဉာဏ်ကောင်းပေသည်။ တိုက်ခိုက်မှု ဒုတိယလှိုင်းရောက်ရှိလာချိန်၌ သူဟာ သူ၏ကိုယ်အား ငုံ့လျှိုးလိုက်ခြင်းဖြစ်သည်။

ထိုသို့ဖြင့် အခြားပညာရှင်က သူ့ထက်ပိုမိုသော အထိအခိုက်ကို ခံစားလိုက်ရကာ သူသည်မှာတော့ ခံစားရမည်ထက် အထိအခိုက်ကို လျှော့လိုက်နိုင်သည်။

မဟုတ်လျှင် ၎င်းတို့နှစ်ဦးသာ တစ်ချိန်တည်း ထိခိုက်မှုကို ဝေမျှပါက အတူတကွရှင်သန်နိုင်ရန် အခွင့်အရေးတစ်ခုတော့ ‌ရှိချေဦးမည်ပင်။ သို့ နှစ်ဦးစလုံး အပြင်းအထန်ထိခိုက်သွားနိုင်၏။

ထိုသို့သော တိုက်ပွဲတစ်ခုတွင် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခြင်းက အင်မတန်အကျိုးမရှိသော အခြေအနေဖြစ်၏။

သူသာ သတိလက်လွတ်ဖြစ်နေခဲ့ပါလျှင် ၎င်းက သေခြင်းဟုဆိုနိုင်သည်။ ထို့ကြောင့် ၎င်းက သူ၏ကိုယ်ကို ငုံ့လျှိုးခဲ့ရခြင်းအကြောင်းဖြစ်၏။

ပေါက်ကွဲမှုပြီးနောက်တွင် ပုဟွား‌ကျောင်းတစ်ခုလုံးအထက်ရှိ မှိုပွင့်သဏ္ဍာန်တိမ်ထုကြီးမှာ မြင့်တက်လာကာ ကောင်းကင်ဘုံအမှတ်အသားကျောက်တိုင်ကဲ့သို့ ထိုးထွက်နေသည်။

ဗုဒ္ဓဂိုဏ်းအကြီးအကဲများ မြေပြင်သို့ကျဆင်းကာ ရိုက်ခတ်မိသွားချိန်မှာ အမြောက်ဆံများကဲ့သို့ဖြစ်သည်။

အတိုက်အခိုက်လှိုင်းမှာ အင်မတန်စွမ်းအားကြီးမားလှချေသည်။ ၎င်းတို့မှာ ထိုအခြေအနေ၌ သူတို့၏ကိုယ်များကိုပင် ထိန်းချုပ်နိုင်ရန် မစွမ်းသာတော့ပါချေ။

"သေစမ်း၊ ဒါကတကယ်ကိုအံ့ဖွယ်ပဲ။ အဲ့ဒါ ဘယ်ကဆရာကြီးဘဲ? သူကချက်ချင်းကို ထိပ်တန်းအဆင့် နတ်သလင်းကျောက် ၁၀သန်းကနေ သန်း၂၀လောက်အထိ အကုန်ခံနိုင်ခဲ့တာပဲ။ ဒါကတကယ်ကို လွန်လွန်ကျူးကျူး‌ဖြစ်နေတာပဲ!"

လုံကွမ်းမှာ မနေနိုင်ဘဲ သူ၏လျှာကို သပ်လိုက်မိသည်။

ဗုဒ္ဓဘုရားကျောင်းငယ်၏ကျောင်းထိုင်ဆရာတော်မှာ သူ၏တစ်ဘဝလုံး၌ နတ်သလင်းကျောက်ပေါင်း တစ်သန်းကိုသာ စုဆောင်းနိုင်ခဲ့သည်။ သို့သော် တစ်ဖက်လူ၏ကြွယ်ဝမှုမှာ သူ့ထက် အဆနှစ်ဆယ်လောက်ပင် ပိုမိုကြီးမားလေ၏။

ဒါကဘယ်လိုတောင်ကြောက်စရာကောင်းတာလဲ?

ထိုဗုဒ္ဓအကြီးအကဲများမှာ ဟန်ဆောင်နေရန်ပင် အချိန်မရှိပါချေ။ ၎င်းတို့မှာ တွင်းများမှတွားသွားထွက်လာကြကာ လုံကွမ်းအား အသေအချာစိုက်ကြည့်လိုက်တော့သည်။

အရာအားလုံးမှာ ထိုကောင်စုတ်လေးကြောင့်သာဖြစ်၏။ သူဟာ တိတ်တဆိတ်တိုက်ခိုက်မနေခဲ့ပါလျှင် သူတို့မှာ ထိုမှ ဝမ်းနည်းဖွယ်ကောင်းလောက်အောင် ကျရှုံးမှာမဟုတ်ပါချေ။

အနည်းဆုံးတော့ တစ်ဖက်လူ၏ တိုက်ခိုက်မှာ ဒုတိယလှိုင်းမှာ ရွှေခေါင်းလောင်းအကာအရံ၏ အကာအကွယ်အတားအဆီးကိုသာ ဖျက်ဆီးနိုင်လိုက်မည်ပင်။

၎င်းတို့၏ မဟာယနဝါဂျရာအနုပညာမှာ ခုခံနိုင်စွမ်းရှိ၏။

ဒီခွေးကောင်တော့။

"မင်း ဗုဒ္ဓဂိုဏ်းရဲ့ သစ္စာဖောက်! မင်းက တကယ်ကြီးနတ်ဆိုးတွေနဲ့ ပူးပေါင်းပြီး ငါတို့ကို ဆန့်ကျင်ရဲတယ်ပေါ့!"

လုံကွမ်းမှာ အလျင်စလိုပြောလိုက်သည်။

"တော်တော့၊ ဒါကိုမပြောနဲ့။ ကျုပ်တာဝန်မယူနိုင်ဘူး။ ကျုပ်က အစတည်းက အမည်မဲ့ဂိုဏ်းရဲ့တပည့်တစ်ယောက်ပဲ။ ဒါပေမယ့် နတ်ဘုရားလောကကို လာပြီးနောက်မှာ အဲ့ဒီမက်မွန်ပွင့်ဘုန်းကြီး‌ကျောင်းရဲ့သီလရှင်‌တွေဆီကနေ အဖမ်းခံလိုက်ရလို့သာ။ ကျုပ်သာ ဘုန်းတော်ကြီးဖြစ်မလာရင် သေရမှာမို့လို့ပဲ။"

"အဲ့ဒါကြောင့် အသေအချာပြောရရင် အစတည်းက ကျုပ်ဆိုတာ ခင်ဗျားတို့ဗုဒ္ဓဂိုဏ်းရဲ့ ရန်သူပဲ။

"ပြီးတော့ ခင်ဗျားတို့က ကျုပ်တို့ အမည်မဲ့ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို သတ်ပစ်ခဲ့ပြီး သခင်မလေးငါးကို ဖမ်းဆီးထားခဲ့တယ်။ မင်းတို့ထိပ်ပြောင်တွေကို ကျုပ်ကိုယ်တိုင် ပါးရိုက်နိုင်ပါစေလို့ ဆုတောင်းမိတယ်။"

"ဘယ်တုန်းက ငါတို့ အမည်မဲ့ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို သတ်ခဲ့လို့လဲ?"

"ဟမ့်! ဒီနေရာမှာပဲ တုန်လှုပ်ပြနေတာကိုရပ်လိုက်တော့။ ဒီမှာက ဗုဒ္ဓဂိုဏ်းသားတွေ အများကြီးပဲ။ မင်းတို့တွေ သူ့ကိုမသတ်လိုက်ရင်တောင်မှ မင်းတို့ဂိုဏ်းကတစ်ယောက်ယောက်ကသတ်လိုက်တာနေမှာပေါ့။ ဒီလိုမှတော့ ထွက်ပြေးဖို့ကိုတောင် မစဉ်းစားနဲ့။"

သူပြောနေစဉ်တွင် ကျွင့်ပုကျန်း၏ပုံရိပ်မှာ ကောင်းကင်ယံမှ ဆင်းသက်လာဟည်။ ရှီချန်းလင်နှင့် အခြားလူများမှာ ‌အဝေးတစ်နေရာမှ စောင့်နေကြ၏။ ဤနေရာရှိတိုက်ပွဲမှာ ၎င်းတို့နှင့် မသင့်လျော်လှသောကြောင့် ကျွင့်ပုကျန်းမှာ ၎င်းတို့အား လာခွင့်မပေးနိုင်ပါချေ။

တစ်ဖက်လူမှာ မသေခင် ပြန်လည်တိုက်ခိုက်ပြီး တိုက်ကွက်ကြီးတစ်ကွက်ထုတ်လိုက်ပါက ၎င်းတို့အားလုံးမှာ လုံးဝကို ခုခံနိုင်တော့မည်မဟုတ်ပါချေ။

လုံခြုံမှုရှိစေရန်အတွက် သူဟာ အားလုံးအား ပုန်းကွယ်စေကာ တိုက်ပွဲကို ‌ကြည့်စေလိုက်သည်။

လုံကွမ်းမှာ ကျွင့်ပုကျန်းဆင်းသက်လာသည်ကို မြင်သည်တွင် ချက်ချင်းပင် မျက်လုံးများ မှေးကျဉ်းကာ ပြုံးလိုက်၏။

"ဒါဆို ဒါကဆရာခုနှစ်ပေါ့။ ဒါကဘယ်ဆရာလဲလို့တွေးနေခဲ့တာ! ဆရာခုနှစ်က တကယ်ကို ‌ဉာဏ်ထက်တာပဲ။ ကျွန်တော်တောင် ဆရာက ထိပ်တန်းအဆင့်နတ်သလင်းကျောက်ပေါင်း ဆယ်သန်း၊ သန်းနှစ်ဆယ်လောက်ကို ချက်ချင်း ဖောက်ခွဲလိုက်မယ်လို့‌ ထင်မထားခဲ့ဘူး။"

ကျွင့်ပုကျန်းမှာ ခပ်တိုးတိုးရယ်ကာ ပြောလိုက်သည်။

"ဒါကဘာမှမဟုတ်ပါဘူး။ မင်းကိုပြောပြလိုက်မယ်၊ ဒီနတ်သလင်းကျောက်တွေအားလုံးက ဗုဒ္ဓဂိုဏ်းကနေ ငါ့ကိုပေးခဲ့တာတွေပဲ။ အရင်က ဗုဒ္ဓဂိုဏ်းငါ့ကို အကူညီလာတောင်းတော့ ငါလည်း သူတို့ဆီကနေ နတ်သလင်းကျောက်ပေါင်း သန်းဆယ်နဲ့ချီပြီးငွေညှစ်ခဲ့တာပဲ။ ဟီးဟီးဟီး...ငါ့မှာ အတော်များများကျန်နေသေးတယ်။"

ဗုဒ္ဓဂိုဏ်းမှ လူများမျာ ၎င်းကိုကြားသောအခါတွင် ဒေါသထွက်လွန်းသဖြင့် သွေးများပင်အန်လိုက်ကြသည်။ ၎င်းတို့၏မျက်လုံးများမှာ နီရဲသွားကြသည်။ သေစမ်း၊ ဗုဒ္ဓဂိုဏ်းမှ သူတို့ဘာသာပေးထားသော နတ်သလင်းကျောက်များဖြစ်နေသည်။

၎င်းမှာ အင်မတန်ကိုမှ နှလုံးကွဲကြေစေသည်!

"ကောင်းပြီ၊ ထားလိုက်တော့။ သူတို့ ဒဏ်ရာရနေတုန်းမှာ ငါအရင်သူတို့ကိုသတ်ရမယ်။"

စကားဆုံးသည်နှင့်ကျွင့်ပုကျန်းမှာ လူအုပ်ထဲသို့တိုးဝင်သွားကာ နဂါးနတ်ဘုရားအနုပညာကို အားကုန်ထုတ်သုံးလိုက်သည်။ ရွှေရောင်နဂါးသဏ္ဍာန်ပုံရိပ်မှာ သူ၏ပုံရိပ်ရွေ့လျားသည်နှင့် ကူးခတ်မြဲကူးခတ်နေ၏။ ‌၎င်းမှာ လူတစ်ယောက်၏နှလုံးကိုပင် ပြုတ်ထွက်‌လောက်စေနိုင်သော ဂုဏ်သရေဖြင့်ပြည့်နှက်နေပုံပေါ်၏။ ၎င်းမှာ ဆင်းသက်လာခဲ့သည့် နတ်နဂါးအစစ်အမှန်ဖြစ်ချေသည်။

ကျွင့်ပုကျန်း၏လက်များမှာ ကြီးမားသော ရွှေနဂါးလက်သည်းကြီးနှင့်ပင် ဖုံးအုပ်နေတော့သည်။ သူဝေ့ယမ်းလိုက်ရာတွင် နဂါးလက်သည်းမှာ လေထုထဲရှိ နတ်ဝိဉာဉ်စွမ်းအားကိုပင် ချက်ချင်းဖျက်စီးလိုက်သည်။

နဂါးလက်သည်း ဖြတ်သန်းသွားချိန်တွင် တစ်ရာသောတိုက်ပွဲနတ်ဘုရားအဆင့်ပညာရှင်နှစ်ဦးမှာ တစ်ညီတည်းပင် အပိုင်းအစများဖြစ်သွားတော့၏။ အသားနှင့်ရောနှောနေသော သွေးများမှာ မြေပြင်ပေါ်တွင် စီးဆင်းသွား၏။

ထို့နောက်တွင် လေးယောက်မြောက်တစ်ရာသောနတ်ဘုရား၊ ခြောက်ယောက်မြောက်၊ ရှစ်ယောက်မြောက်...

အချိန်ကုန်လာသည်နှင့်အမျှ သေဆုံးမှုမှာလည်း ပျံ့နှံ့သွားသည်။ စစ်မြေပြင်၌ တိုက်ခိုက်နေချိန်တွင် သူ၏ဘဝအား အလိုရှိနေသော သေဆုံးခြင်းနတ်ဘုရားတစ်ပါး အလားပါပင်။

လုံကွမ်းမှာ ၎င်းအားမြင်သည်တွင် ကူရာမဲ့စွာမျက်မှောင်ကျုံ့လိုက်ပြီး အတန်ငယ်ကြောင်အသွား၏။

"ထူးဆန်းတယ်၊ ငါဘာလို့ ဆရာခုနှစ်ရဲ့ကျင့်ကြံဆင့်က ငါ့ကိုယ်ထဲက သဘာဝနဂါးမျိုးနွယ်ကျင့်စဉ်နဲ့ နည်းနည်းတူနေတယ်လို့ ခံစားမိနေရတာလဲ? ဘာတွေဖြစ်နေတာလဲ?"

ပြောရလျှင် မူလကနဂါးနတ်ဘုရားအနုပညာအား နဂါးမျိုးနွယ်ကျင့်စဉ်မှဖန်တီးထားခြင်းဖြစ်ကာ နဂါးပြိုင်ပွဲထိပ်တန်းကျင့်စဉ်ဟုပင် ယူဆနိုင်ချေသည်။

ထို့အပြင် လုံကွမ်း၌ နဂါးမျိုးနွယ်သွေးဆက်ရှိလေသည်။ သူ၏ကိုယ်တွင်းရှိ ဗီဇများတွင် နဂါးမျိုးနွယ်ကျင့်စဉ်များပါဝင်နေလေသည်။ ထို့ကြောင့် ၎င်းတို့မှာ ဆင်တူနေသည်ဟု ခံစားမိရန်မှာ လုံးဝကိုပုံမှန်ဖြစ်၏။

"မြန်မြန်! မြန်မြန်ပြန်ဆုတ်ကြ!"

ဗုဒ္ဓဂိုဏ်းအကြီးအကဲမှာ အော်လိုက်သည်။

ကျွင့်ပုကျန်း၏ကျင့်ကြံဆင့်မှာ မူလက တစ်ထောင်သောတိုက်ပွဲနတ်ဘုရားပထမအဆင့်တွင်သာရှိချေသည်။ သို့သော် နဂါးနတ်ဘုရားအနုပညာအားအသုံးပြုပြီးနောက်တွင်မူ သူ့ထက်ကျင့်ကြံဆင့်တစ်ဆင့်ပိုမြင့်သော လူကိုပင် တိုက်ခိုက်နိုင်နေပြီဖြစ်၏။

ဤနေရာရှိ တစ်ရာသောတိုက်ပွဲနတ်ဘုရားအဆင့်ပညာရှင်များနှင့် တစ်ထောင်သောစစ်ပွဲနတ်ဘုရားအဆင့်ပညာရှင်များမှာ သူ၏ရှေ့တွင် အမှိုက်လေးများသာဖြစ်ချေသည်။ ၎င်းတို့မှာ တကယ်ကိုပင် မလုံလောက်ပါချေ။

ကျွင့်ပုကျန်းမှာ ထိုဗုဒ္ဓအကြီးအကဲများအား ဂေါ်ဖီထုပ်များလှီးဖြတ်သကဲ့သို့ အရူးအမူးသတ်လိုက်သည်။

"ကောင်စုတ်လေး၊ ဘဝင်မြင့်မနေနဲ့။"

ထိုကျွင့်ပုကျန်းမှာ သူတို့၏တပည့်များအား အကြောင်းအရင်းမဲ့ သတ်ဖြတ်နေသည်ကို မြင်သော် မဟာယနနတ်ဘုရားဘုရင်ပညာရှင်အချို့မှာ သည်းမခံနိုင်ကြပါတော့ချေ။

မဟာယနနတ်ဘုရားဘုရင်အဆင့်များထဲမှာ နှစ်ဦးမှာ ချက်ချင်းပင် ဟစ်အော်လိုက်ကြကာ ကျွင့်ပုကျန်းထံသို့ ပြေးသွားသည်။

"အချိန်ကောင်းပဲ!"

ကျွင့်ပုကျန်းမှာ အေးစက်စက်ပြုံးလိုက်ကာ သူ၏လက်များအားဆန့်ထုတ်လိုက်သည်။ နဂါးလက်သည်းပုံရိပ်နှစ်ခုမှာ တစ်ဖက်လူ၏လက်သီးအား ပိတ်ဆို့တားဆီးလိုက်သည်။

"သွားလိုက်တော့!"

ဒေါသတကြီးအော်သံနှင့်အတူ ကျွင့်ပုကျန်းကိုယ်တွင်းရှိ နတ်ဝိဉာဉ်စွမ်းအားမှာ အလျင်အမြန် လှည့်ပတ်နေ၏။ သူဟာလက်ထဲတွင် စွမ်းအားများစုစည်းလျက် ၎င်းတို့၏ လက်သီးများအား ချိုးဖြတ်လိုက်တော့သည်။

သူဟာဖရဲသီးတစ်လုံးအား ခွဲသကဲ့သို့ တစ်ဖက်လူများ၏ထိုးချက်များအား အားဖြင့် ပယ်ဖျက်လိုက်သည်။

ဖူးးးး!

နီရွှေရွှေသွေးများမှာ တမုဟုတ်ချင်း တိုးထွက်လာ၏။

ထိုမဟာယနနတ်ဘုရားဘုရင်ပညာရှင်နှစ်ဦးမှာ ဝမ်းနည်းဖွယ်မအော်ဟစ်လိုက်ခင်တွင် ကျွင့်ပုကျန်းမှာ သူ၏လက်များအား ထောင့်ဖြတ်အတိုင်းပိုင်းဖြတ်လိုက်၏။ သူ၏လက်ဝါးများအား ဖုံးအုပ်ထားသည့် နဂါးလက်သည်းပုံရိပ်ကြီးမှာ ၎င်းတို့၏ရင်ဘတ်ပေါ်ရှိ အသားများကိုဆုတ်ဖြဲလျက် အရိုးများကိုပင် လှစ်ဟပြလိုက်သည်။ ၎င်းတို့၏ရဲရဲတောက်နီနေသော နှလုံးများကိုပင် ရှင်းရှင်းလင်းလင်း မြင်နိုင်နေသည်။

ထိုစွမ်းအားလှိုင်းမှာ ထိုနတ်ဘုရားဘုရင်အဆင့်ပညာရှင်နှစ်ဦးအား တန်ပြန် တွန်းအားပေးလိုက်သည်။

"စွမ်းအားကြီးချက်ပဲ!"

လူတိုင်း၏နှလုံးအိမ်များမှာ တုန်ရီလာ၏။

အားလုံးမှာ အပြင်းအထန်ဒဏ်ရာရထားပါသော်လည်း ၎င်းတို့၏စွမ်းအားများမှာ ကျန်ရှိနေသေးသည်။

မဟာယနနတ်ဘုရားဘုရင်အဆင့်ပညာရှင်တစ်ဦးမှာ နတ်ဘုရားပညာရှင်အဆင့်ဖြစ်နေဆဲပါပင်!

သို့သော် ကျွင့်ပုကျန်းမှာ ထိုလူများအား ပြောင်းလဲမှုတစ်ခုလေးဖြင့် အလွယ်တကူ သတ်လိုက်နိုင်၏။ ထိုစွမ်းအားနှင့်ကျင့်ကြံဆင့်မှာ တကယ်ကိုပင် ၎င်းတို့အား ကြောင်အသွားစေသည်။

ကျွင့်ပုကျန်းမှာ ချဉ်းကပ်လာတော့မည်ဖြစ်ပြီး မဟာယနနတ်ဘုရားဘုရင်နှစ်ပါးအား လုံးဝသတ်လိုက်သည်ကိုမြင်သောအခါ အမတနတ်ဘုရားဧကရာဇ်အဆင့်ဘုန်းတော်ကြီးမှာ ချက်ချင်းပင် တိုက်ခိုက်လိုက်တော့သည်။ သူဟာ ရွှေရောင်အလင်းတစ်ခုအသွင်ပြောင်းကာ တမုဟုတ်ချင်းပင် ရောက်ရှိလာပြီး ကျွင့်ပုကျန်း၏နဂါးလက်သည်းကို ထိုးနှက်လိုက်၏။

ဘန်း!

ပြင်းထန်သောပေါက်ကွဲမှုနှင့်အတူ ၎င်းတို့နှစ်ဦးမှာ တမုဟုတ်ချင်းပင် ကိုယ်စီ၏နတ်ဝိဉာဉ်စွမ်းအားများ၏ တွန်းကန်ခြင်းကိုခံလိုက်ရသည်။

တစ်ဖက်လူမှာ မျက်ဝန်းများအား အတန်ငယ်မှေးကျဉ်းကာ ထိုအမတနတ်ဘုရားဧကရာဇ်ဘုန်းတော်ကြီးက ချက်ချင်းပြောလိုက်သည်။

"ဒီကလေးကတကယ်ကို စွမ်းအားကြီးလှတာပဲ။ ငါက ပြင်းပြင်းထန်ထန်ထိခိုက်သွားပြီး သူ့ကိုအနိုင်မယူနိုင်ဘူး။ အစီအရင်တစ်ခုကိုခင်းကျင်းပြီးမှ အမတနတ်ဘုရားဧကရာဇ်ပထမအဆင့်ရဲ့ စွမ်းအားအပြည့်အစုံကို ထုတ်ဖော်နိုင်လိမ့်မယ်။ မဟုတ်ရင် ငါတို့အားလုံးသေရလိမ့်မယ်!"

သူဟာ အပြင်းအထန်ထိခိုက်ထားပြီးဖြစ်သည်။ ထိုသည်ကြောင့် သူ၏လက်ရှိပြန်လည်ကောင်းမွန်နှုန်းမှာ အင်မတန်နှေးကွေးလှသည်။

သူသာ အစီအရင်ကိုအသုံးမပြုပါလျှင် ကျွင့်ပုကျန်းအား အမှန်တကယ်သတ်နိုင်မည်လားကို အာမ,မခံနိုင်ပါချေ။

အမိန့်တစ်ခုဖြင့် ဗုဒ္ဓဂိုဏ်းအကြီးအကဲများမှာ ချက်ချင်းပင် ဖြန့်ကျက်လိုက်ကာ တစ်ချိန်တည်းတွင် အစီအရင်များအား ခင်းကျင်းလိုက်ကြတော့၏။

ရွှေရောင်ဗောဓိမဟာနတ်ဝိဉာဉ်မှာ အကြီးအကဲတိုင်း၏အနောက်မှ ပေါ်ထွက်လာပြီး အနီးအနားဝန်းကျင်အား ရွှေပုံသဏ္ဍာန်ထင်ဟပ်နေစေသည်။

ဗုဒ္ဓအမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်မှာ လက်ဝါးများကိုပူးကပ်လိုက်ပြီး သူ၏နှုတ်ခမ်းထောင့်မှာ အတန်ငယ်ကွေးတက်သွား၏။ ခပ်ဝါးဝါးရွှေရောင်ဗောဓိသဗ္ဗပုံရိပ်မှာ သူ၏ကိုယ်မှ ‌ထွက်ပေါ်လာသည်။

"ရဟန္တာဗုဒ္ဓနှလုံးသားအစီအရင်၊ အသက်ဝင်!'

လုံကွမ်း၏မျက်လုံးများမှာ အေးစက်သွား၏။

"မကောင်းတော့ဘူး၊ ဒါက ဗုဒ္ဓဂိုဏ်းရဲ့ ရဟန္တာဗုဒ္ဓနှလုံးသားအစီအရင်ပဲ! ဒီအစီအရင်ပေါ်လာတာနဲ့ အဲ့ဒီအမတနတ်ဘုရားဧကရာဇ်အဆင့်ကလည်း သူ့ရဲ့ကိုယ်ကို အလျင်အမြန်ကုသနိုင်ပြီး ထိပ်ဆုံးအဆင့်ကိုရောက်သွားနိုင်တယ်။ အဲ့အချိန်ဆိုရင် ဆရာခုနှစ်လည်း ‌ဒုက္ခတွေ့ရလိမ့်မယ်။

သို့သော် သူဟာတိုက်ခိုက်ရန်မပြင်ရသေးခင်မှာပင် ကျွင့်ပုကျန်းမှာ လက်သည်းလေးချောင်းအသွင်ပြောင်းလဲလိုက်သည်။ ၎င်းမှာ သူ၏ကနဦးအခြေနေပါပင်။ တိုက်ပွဲမှာ ဆက်လက်နေစဉ်၌ သူ၏လက်သည်းများက တိုးလာပေမည်။

"သေစမ်း!"

လုံကွမ်း၏မျက်လုံးများမှာ ထိုမြင်ကွင်းအား မယုံကြည်မှုဖြင့် ကြည့်နေချိန်၌ ပြူးကျယ်လာတော့သည်။

တစ်ဖက်လူမှာ တကယ်ကို နဂါးတစ်ကောင်ဖြစ်ချေ၏!

ဒါကဟာသတစ်ခုများလား?

သူ၏နဂါးဟူသည့်ဂုဏ်ပုဒ်နှင့် တစ်ဖက်လူမှာ တကယ်ကို နဂါးအစစ်အမှန်ဖြစ်ကြောင်းကို သူ၏ကိုယ်ပိုင်မျက်လုံးများနှင့် ကြည့်ကာပြောနိုင်သည်။ ဒါကလုံးဝကို ပုံရိပ်ယောင်နည်းပညာမဟုတ်ပါချေ!

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၂၅။ အပိုင်း ၃၆၉ လက်စားချေသူများ၊ စုစည်းခြင်း

နဂါးတစ်ကောင်အသွင်ယူပြီးနောက်တွင် ကျွင့်ပုကျန်းမှာ ဟိန်းဟောက်လိုက်ကာ ဗုဒ္ဓအမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်ထံသို့ ဦးတည်လိုက်သည်။

တစ်ချိန်တည်းတွင် ထိုဘုန်းတော်ကြီး၏ ဗောဓိသဗ္ဗပုံရိပ်မှာ တဖြည်းဖြည်းချင်း သိပ်သည်းလာသည်။

ဤသည်မှာ ထိုဗုဒ္ဓအမတနတ်ဘုရားဧကရာဇ်၏ ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာခြင်းကြောင့်ပါ‌ပင်။ ထိုအခိုက်၌ သူဟာ ထိပ်ဆုံးသို့ပင် ပြန်လည်ရောက်ရှိသွားတော့သည်။

ကျွင့်ပုကျန်း၏ချွန်ထက်သောလက်သည်းများက သူ၏ရှေ့မှောက်သို့ရောက်ချိန်တွင် ထိုဗုဒ္ဓအမတနတ်ဘုရားဧကရာဇ်ပညာရှင်မှာ သူ၏မျက်လုံးများကို ရုတ်တရတ်ဖွင့်လိုက်သည်။ ရွှေရောင်အလင်းနှစ်ခုမှာ ထက်မြိသောဓားများကဲ့သို့ ပြေးထွက်လာသည်။

ထိုအားကောင်းသောဖိအားမှာ ကျွင့်ပုကျန်း၏ချွန်ထက်သော လက်သည်းများ၏တိုက်ခိုက်မှုကို ခုခံနေသည်။ တစ်ခဏအတွင်းတွင် ထိပ်တန်းအဆင့်နတ်သလင်းကျောက်များအား ဖောက်ခွဲခြင်းနှင့် နှိုင်းယှဉ်နိုင်သော စွမ်းအားတစ်ခု ထိုးထွက်လာသည်။

ဘုန်း!

စွမ်းအားလှိုင်းမှာ ချက်ချင်းပြေးထွက်လာပြီး ထိုလူနှင့် ထိုနဂါးမှာ ထပ်ခါထပ်ခါနောက်ဆုတ်လိုက်ရသည်။ သို့သော် ဗုဒ္ဓအကြီးအကဲဒါဇင်ချီမှာ ပျက်စီးသွားခြင်းနှင့် ဒဏ်ရာရသွားခြင်းတို့မရှိပါချေ။ ၎င်းတို့၏ကိုယ်များမှာ လုံးဝပင် မရွေ့လျား‌ပါချေ။

ကျွင့်ပုကျန်း၏နဂါးမျက်လုံးများမှာ နိုးနိုးကြားကြား ဖြစ်လာကာ ဗုဒ္ဓအမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်မှာ ပြုံးလိုက်သည်။

"ရဟန္တာဗုဒ္ဓနှလုံးသားအစီအရင်က ဒီအစီအရင်ထဲက ဗုဒ္ဓဂိုဏ်းသားတွေအားလုံးကို ထိခိုက်မှု အတူတကွခံစားခွင့်ပေးတယ်။"

"သူတို့ရဲ့ကျင့်ကြံဆင့်တွေက ငါတို့ထက်နိမ့်ကျနေပေမယ့် ငါတို့ရဲ့အတိုက်အခိုက်လှိုင်းတွေပို ခွဲခြမ်းယူလိုက်ရင် အညီအမျှပဲ သူတို့ကို ထိခိုက်စေမှာမဟုတ်တော့ဘူး။"

ကျွင့်ပုကျန်းမှာ အေးစက်စွာ နှာမှုတ်လိုက်ကာ သူ၏ကိုယ်အားထပ်မံလှည့်ပတ်လိုက်သည်။ သူဟာရှေ့တူရူရှိ အစီအရင်ခင်းကျင်းနေသော ဗုဒ္ဓဂိုဏ်းသားများထံ ပြေးသွားလိုက်သည်။

ထိုမြင်ကွင်းကြည့်ရှုရင်းဖြင့် ဗုဒ္ဓအမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်ထံ၌ လှောင်ပြောင်ခြင်းကိုဖော်ပြနေသည်။ ထို့နောက်တွင် သူဟာကျွင့်ပုကျန်းရှေ့သို့ နေရာပြောင်းရွှေ့သွားကာ သူ၏လမ်းကြောင်းအကြောင်း မေးမည်သာဖြစ်သည်။

၎င်းတို့နှစ်ဦးသားမှာ ထပ်မံတိုက်ခိုက်လိုက်ကြပြန်၏။ ရွှေရောင်အလင်းမှာ ကောင်းကင်ယံသို့ ဆက်လက်ထိုးဖောက်နေကာ အားလုံး၏ မျက်စိများကျိန်းလောက်အောင်ပင် တောက်ပသည်ထက်တောက်ပနေ၏။

ကျွင့်ပုကျန်းမှာ သူ့ထက်ကျင့်ကြံဆင့်တစ်ယောက်အားတိုက်ခိုက်နိုင်သော်လည်း ၎င်းက သူ့ထက်အဆင့်ကြီးတစ်ခုလုံးမြင့်သူအား သတ်နိုင်သည်ဟု မတူပါချေ။ ထိုသို့ဆိုရလျှင်ပင် သူဟာနတ်ဘုရားဧကရာဇ်ပထမအဆင့်အား တစ်ယောက်အား တစ်ကိုယ်တည်းတိုက်ခိုက်နိုင်ပါတယ်။

လုံကွမ်းမှာ ကြောင်အသွားတော့သည်။

"သေစမ်း၊ ဆရာခုနှစ်က အရမ်းစွမ်းအားကြီးမနေဘူးလား? သူကတကယ်ကိုသန်မာတာပဲ။"

ကျွင့်ပုကျန်းမှာ သူ၏ကျင့်ကြံဆင့်သည် တစ်ထောင်သောစစ်ပွဲနတ်ဘုရားပထမအဆင့်ဟုသာ ပြသခဲ့သည်။ လုံကွမ်းကဲ့သို့ပင် နဂါးတစ်ကောင်အသွင်ပြောင်းပြီးနောက်တွင် သူ၏ကျင့်ကြံဆင့်အား အဆင့်ကြီးတစ်ဆင့်အဖြစ် တိုးလာနိုင်မည်ဖြစ်သည်။

သို့သော် ပြဿနာမှာ လုံကွမ်းက အဆင့်မြင့်သူအားမတိုက်ခိုက်နိုင်ပါသော်လည်း ကျွင့်ပုကျန်းကပြုလုပ်နိုင်၏။

အဆုံးတွင် ထို ည်မှာ ဂိုဏ်းချုပ်မှ သူ့အားသင်ပြပေးခဲ့သော ကျင့်စဉ်များအားကျေးဇူးတင်ရချေမည်။

ဂိုဏ်းချုပ်မှ အမည်မဲ့တပည့်များကို သင်ကြားပေးခဲ့သော ကျင့်စဉ်များမှာ အင်မတန်ထူးခြားလှချေသည်။ ထူးကဲသောကျင့်စဉ်များကသာလျှင် အဆင့်တစ်ဆင့်ပိုမြင့်သော ရန်သူကိုတိုက်ခိုက်စေနိုင်သည်။ မဟုတ်လျှင် ကျွင့်ပုကျန်းဤမျှ စွမ်းအားကြီးမည်ဆိုသည်မှာ မဖြစ်နိုင်ပါချေ။

မနာလိုစရာပဲ။ သူဟာ ဂိုဏ်းချုပ်၏တပည့်တစ်ယောက်ဖြစ်ခဲ့သည်မှာ အင်မတန်ကောင်းမွန်ချေသည်။

သို့သော် ထိုသို့ပြောနေရင်းဖြင့် ဂိုဏ်းချုပ်မှာ သေသွားခဲ့ပြီပင်။ သူဟာ ဂိုဏ်းချုပ်‌၏နေရာအား ရယူနိုင်မည်လားကို တွေးနေမိသည်။

ဆရာခုနှစ်နှင့် ငယ်ရွယ်သောလုံမပျိုလေးနှစ်ဦးမှာ ဂိုဏ်းချုပ်၏တိုက်ရိုက်တပည့်များဖြစ်ကြသည်။ ဆိုရလျှင် ၎င်းတို့အားလုံးမှာ ဂိုဏ်းချုပ်နေရာရရန် အရည်အချင်းမီချေသည်။

ပထမဆုံးတွင် သူဟာ သူ၏ကိုယ်ပိုင်ဆရာ ယွင်လီကောအား ဖယ်ရှားပစ်ရမည်။

ယွင်လီကောမှာ နာမည်အရသာ သူ၏ဆရာဖြစ်နေသော်လည်း လုံကွမ်းမှာ သူ၏ဆရာသည် ဂိုဏ်းချုပ်နေရာကို အနိုင်ရရန် အရည်အချင်းမမီဟု ထင်မိချေသည်။

၎င်းမှာ သူ၏ပါရမီနှင့် ဆရာတူညီလေး ညီမလေးများအား အနိုင်ယူရန် မဖြစ်နိုင်ခြင်းကြောင့်ပါပင်။

လုံကွမ်းမှာ သူ၏ဆရာအား အပြစ်တင်နေခြင်းမဟုတ်ပါချေ။ ဤသည်မှာ သူဟာ အသုံးမကျသောကြောင့်ပါပင်။

ဂိုဏ်းချုပ်အနား၌ရှိချိန်တွင် သူဟာဂိုဏ်းချုပ်၏ အထောက်အပံ့များအား လုံးဝမှီခိုနေ၏။

ယခုတွင် ဂိုဏ်းချုပ်ထွက်သွားပြီးနောက်၌ သူ၏ကျင့်ကြံဆင့်မှာ လုံကွမ်းကိုပင် ယှဉ်နိုင်မည်မဟုတ်ပါချေ။

သူဟာသေတဲ့အထိပင် အနိုင်ယူခံလောက်ရသည့်အထိပါပင်။ ၎င်းမှာ သူဟာသေလားရှင်လားအားမသိသေးသောကြောင့်ပါပင်။

တစ်ဖက်တွင် သခင်မလေးငါးမှာ ထိုသို့မဟုတ်ပါချေ။

သခင်မလေးငါးမှာ ဗုဒ္ဓဂိုဏ်း၏ဖမ်းဆီးခြင်းကိုခံလိုက်ရပြီး ခုပင်မခုခံနိုင်ပါချေ။ သူမဟာလည်း တကယ်ကို အားနည်းသူဖြစ်၏။

၎င်းမှာ သူမ‌နောက်သို့လိုက်ခြင်းဟာ အနာဂတ်မရှိခြင်းပါပင်။

ထို့အပြင် ဂိုဏ်းချုပ်မှာ ချောမောလှကာ ဂုဏ်သရေရှိ၏၊ သို့သော်သူ့ထံ၌ နတ်သလင်းကျောက်များစွာရှိချေသည်။

လုံကွမ်းမှာ ပထမဆုံး ဆရာခုန‌စ်ထံသို့ အရင်ဆုံး ဆက်သွယ်ရန် နည်းရှာသင့်လားကိုပင်။

နောက်‌ဆုံးတွင် တစ်ဖက်လူမှာ အင်မတန်ခန့်ငြားကာ နဂါးမျိုးနွယ်မှလည်းဖြစ်နေသေးသည်။ တစ်ဖက်လူဟာ သူ့အား အနည်းနှင့် အများတော့ မျက်နှာသာပေး‌သင့်သည်ပင်။

ကောင်းပြီ၊ ဆုံးဖြတ်လိုက်ပြီ။

တစ်ခဏမျှတော့ သူဟာကျိုးကြောင်းဆီလျော်သော ဆင်ခြေရှာရန် နည်းအားစဉ်းစားကာ ဆရာခုနှစ်ထံ၌ သူ့အားတပည့်အဖြစ်လက်ခံရန် သွေးဆောင်လိုက်မည်။

ပြီးပြည့်စုံတယ်။

ထိုအခိုက်တွင် ကျွင့်ပုကျန်းနှင့် ဗုဒ္ဓအမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်တို့၏ တိုက်ခိုက်မှုမှာ ပို၍ပို၍ပြင်းထန်လာတော့သည်။ တိုက်ခိုက်မှာစွမ်းအားမှာ ဗုဒ္ဓအကြီးအကဲများကိုပါ စတင်သက်ရောက်လာတော့၏။

သူအသွင်ပြောင်းထားသော ရွှေနဂါးမှာ နောက်ထပ်လက်သည်းထပ်မံရရှိလာသည်။

သူ၏အတိုက်အခိုက်စွမ်းအားမှာ တိုးတက်နေဆဲဖြစ်၏။ လက်သည်းအရေအတွက်တိုးလာသည်နှင့် သူ၏စွမ်းအားမှာလည်း ဆက်လက်တိုးလာသည်။

ထိုနှုန်းထားဖြင့် ငါးမိနစ်မပြည့်ခင်တွင် သူဟာတစ်ဖက်လူအားကျော်လွန်ကာ အောင်မြင်မှုလုံးဝရလိုက်တော့သည်။

သို့သော် အရာအားလူံးအဆင်ပြေပြေရှိနေသည်နှင့် အားကောင်းသောအရှိန်အဝါအမြောက်အများမှာ ရုတ်တရတ်ပင် အရှေ့တောင်အရပ်မှ တိုက်ခိုက်လာကြသည်။

ထိုအရှိန်အဝါမှာ အမည်မဲ့ဂိုဏ်းမှာတပည့်များ၏မျက်လုံးများကို တွ့န်သွားစေသည်။

"သေလိုက်ပါတော့! ဗုဒ္ဓဂိုဏ်းရဲ့စစ်ကူတွေရောက်လာပြီ!"

နဂါးအသွင်ယူထားပြီးသား ကျွင့်ပုကျန်းမှာ ချက်ချင်းပင် အမူအရာကလေးနက်သွားတော့၏။

သူဟာနဂါးတစ်ကောင်အသွင်ယူလိုက်ခြင်းအကြောင်းမှာ အလျင်အမြန်တိုက်ခိုက်ချင်ပြီး တစ်ဖက်၏စစ်ကူများရောက်လာခြင်းမှ ကာကွယ်လိုသောကြောင့်ပါပင်။

သို့သော် သူဟာအတွက်အချက်မှားသွားလိမ့်မည်ဟု ထင်မထားခဲ့ပါချေ။ တစ်ဖက်၏စစ်ကူများမှ ရောက်ရှိနေပြီဖြစ်၏။

ယခုတွင် သူဟာ ဆရာတူအစ်မအား ကယ်နိုင်တော့မည်မဟုတ်ပါချေ။

သို့သော် ပြဿနာမှာ ယခုအချိန်မှသာ ကျူးကောကျီချုံအား မကယ်တင်ပါလျှင် ‌ထပ်မံကယ်တင်ရန် မဖြစ်နိုင်တော့ပါချေ။

အကြောင်းမှာ ကျူးကောကျီချုံအား ဗောဓိကျောင်းသို့လွှဲပြောင်းခံလိုက်ရပြီးသည်နှင့် ဗောဓိကျောင်းနှင့်ရင်ဆိုင်ရန် အစွမ်းအစမရှိတော့သောကြောင့်ဖြစ်သည်။

သူဟာ သူ၏ဆရာတူအစ်မအား ထိုထိပ်ပြောင်များသတ်သည်ကို ထိုင်နေကြည့်နေရဦးမည်လား?

နောက်ဆုံးတွင် သူ၏ဆရာမှာ ထိုဘုန်းတော်ကြီးများထံမှ အသတ်ခံခဲ့ရဟည်။

ဒေါသတကြီးဟိန်းဟောက်သံနှင့်အတူ ကျွင့်ပုကျန်းမှာ အင်မတန် ဆန္ဒမရှိသလိုခံစားလိုက်ရသည်။ အင်မတန်အေးစက်သောတိုက်ပွဲအငွေ့အသက်မှာ ဆက်လက်ပျံ့နှံ့လာ၏။ သူဟာသူ၏ကိုယ်တွင်းရှိ နဂါးနတ်ဘုရားအနုပညာအားအသက်သွင်းလိုက်နိုင်ကာ ပို၍မြန်မြန်လှည့်ပတ်နိုင်လိုက်ပုံပင်!

ထိုအခိုက်တွင် နဂါးနတ်ဘုရားအနုပညာမှာ ၎င်းဘာသာ နတ်ဘုရားကျင့်စဉ်မှ နက်နဲမှုကျင့်စဉ်အဖြစ်သို့ အဆင့်မြင့်သွားသည်။

ကျွင့်ပုကျန်း၏ကျင့်ကြံဆင့်မှာ ထပ်မံ၍တိုးထွက်လာကာ တစ်ထောင်သောစစ်ပွဲနတ်ဘုရားဒုတိယအဆင့်သို့ အလျင်အမြန်ရောက်ရှိသွားတော့သည်။

နဂါးအသွင်ယူခြင်းနှင့် သူ၏အတိုက်အခိုက်စွမ်းအားအကူအညီဖြင့် စစ်မှန်သောအတိုက်အခိုက်စွမ်းအားမှာ ထိုအခိုက်၌ အမတနတ်ဘုရားဧကရာဇ်ဒုတိယအဆင့်သို့တိုးမြင့်သွားလေသည်။

ထို့အပြင် သူ့ထံ၌ တိုက်ပွဲနတ်ဘုရားအနုပညာရှိနေဆဲပါပင်။

တိုက်ပွဲနတ်ဘုရားအနုပညာမှာ သူ၏စွမ်းအားကို တိုက်ပွဲအတွင်း၌ အဆုံးမရှိတိုးလာနိုင်စေသည်။ ထို့ကြောင့် သူ၏အတိုက်အခိုက်စွမ်းအားမှာ သန်မာသည်ထက်သန်မာလာ၏။ သူဟာ သာမန်လူများကဲ့သို့ အလျင်အမြန်အရှုံးပေးလိမ့်မည်မဟုတ်ပါချေ။

မူလတွင် ဗုဒ္ဓအမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်မှာ ကျွင့်ပုကျန်းအား တိုက်ခိုက်နိုင်ဆဲပင်။ သို့သော် ကျွင့်ပုကျန်း၏ ကျင့်ကြံဆင့်တိုးလာသည်နှင့် သူဟာချက်ချင်း ဖိနှိပ်ခံလိုက်ရတော့သည်။

အသက်နှစ်ရှိုက်စာအတွင်းတွင် များစွာသော လက်သည်းရာများက သူ၏ကိုယ်ပေါ်တွင် ထွက်ပေါ်လာကာ နက်ရှိုင်းလွန်းလှသဖြင့် အရိုးများကိုပင် မြင်နိုင်လေသည်။ ထိုဘုန်းတော်ကြီးကိုယ်‌ပေါ်ရှိသင်္ကန်းမှာ သွေးများဖြင့် အနီရောင်ခြယ်သခံလိုက်ရတော့သည်။

"မျှော်လင့်ချက်ရှိသေးတယ်!"

ကျွင့်ပုကျန်းမှာ စတင်ကာ ရူးသွပ်လာသည်။ သူဟာ အတိုတောင်းဆုံးအချိန်အတွင်းတွင် ထိုဗုဒ္ဓအကြီးအကဲများအား သတ်ဖြတ်ချင်လာ၏။

ထိုနည်းဖြင့်သာ ကျူးကောကျီချုံအားလွတ်မြောက်စေရန် အခွင့်အရေးတစ်ခုရှိလာတော့သည်။

သူ၏တိုက်ခိုက်မှုအဟုန်အားတိုးမြှင့်လိုက်သည်နှင့် ဗုဒ္ဓနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်မှာ ရှင်းလင်းစွာပင် တောင့်မခံနိုင်တော့ပါချေ။ သူ၏ကိုယ်ပေါ်၌ ဒဏ်ရာများစွာ ထပ်မံပေါ်ထွက်လာသည်။

"မြန်မြန်၊ အစီအရင်ကို နိဗ္ဗာနဝါဂျရာအစီအရင်အဖြစ်ပြောင်းလိုက်!"

သူဟာမတတ်နိုင်ဘဲ အော်ဟစ်လိုက်သည်။

နိဗ္ဗာနဝါဂျရာအစီအရင်မှာလည်း ဗုဒ္ဓဂိုဏ်း၏မဟာအစီအရင်များထဲမှ တစ်ခုဖြစ်သည်။ ထိုအစီအရင်မှာ သူ၏ဒဏ်ရာများအား ပြန်လည်ကောင်းမွန်စေရာ၌ အရှိန်အား အလွန်အကျူးတိုးမြှင့်ပေးနိုင်သည်။

မူလက သူသည် ကျွင့်ပုကျန်းအားမကြောက်ရွံ့ပါချေ။ သို့သော် သူဟာကျွင့်ပုကျန်း၏ လူမဆန်သည့် တိုက်ခိုက်မှုများတိုးမြင့်လာသည်ကို ထိန်းချုပ်နိုင်စွမ်းဆုံးရှုံးသွားပြီးဖြစ်သည်။

မည်သို့ဆိုစေ သူသာ အသက်ရှုကြိမ်အနည်းငယ်ခန့်ပိုမိုတောင့်ခံနိုင်ပါလျှင် ဗုဒ္ဓဂိုဏ်း၏ အဓိကတပ်ဖွဲ့ရောက်လာသည်နှင့် လုံခြုံမည်ဖြစ်သည်။

ကျွင့်ပုကျန်းမှာ မည်မျှအင်အားကြီးကြီး သူဟာအခြေအနေကို သူ့ဘာသာပြောင်းပြန်လှန်နိုင်ရန် မဖြစ်နိုင်ပါချေ။

လုံကွမ်း၊ ရှီချန်းလင်နှင့် အခြားလူများက ၎င်းကိုမြင်သော် အမူအရာမှာ ချက်ချင်းပြောင်းလဲသွားကြသည်။

"မြန်မြန်! သူတို့ရဲ့အစီအရင်ကိုဖျက်ဆီးပစ်။ သူတိုအစီအရင်ကိုမအောင်မြင်စေနဲ့။ အစီအရင်သာ အောင်အောင်မြင်မြင်ခင်းကျင်းလိုက်နိုင်ရင် သူကပိုပြီးကြာကြာ တောင့်ခံနိုင်သွားမှာ။"

အားလုံး၏နှလုံးများမှာ များစွာသော ဗုဒ္ဓအကြီးအကဲများအား ချက်ချင်းတိုက်ခိုက်လိုက်သည်၌ လှုပ်ခတ်နေကြသည်။

လုံကွမ်းမှာ ချက်ချင်းပင် နဂါးတစ်ကောင်အသွင်ပြောင်းလိုက်ကာ သူ၏ကျင့်ကြံဆင့်မှာ တစ်ရာသောတိုက်ပွဲနတ်ဘုရားအဆင့်သို့တိုးတက်လာသည်။ သူဟာ တစ်ရာသောတိုက်ပွဲနတ်ဘုရားအဆင့်ဗုဒ္ဓအကြီးအကဲနှစ်‌ဦးအား ရင်ဆိုင်လိုက်၏။

ရှီချန်းလင်နှင့် အခြားလူများမှာ တစ်ဖက်လူများအတွက်ပြိုင်ဘက်ပင်မဟုတ်ကြသောကြောင့် နတ်သလင်းကျောက်များကိုသာ လောင်ကျွမ်းစေပြီး ပစ်လွှတ်ကာ ဆက်တိုက် တိုက်ခိုက်နေကြသည်။

တစ်ခဏမျှ ဗုဒ္ဓအစီအရင်မှာ နေရာ၌ပင် အနှောင့်အယှက်ပြုခံလိုက်ရ၏။

ဗုဒ္ဓအမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်မှာ အစီအရင်ထောက်ပံ့မှုကို ဆုံးရှုံးသွားကာ သူ၏အတိုက်အခိုက်စွမ်းအားသည်လည်း ချက်ချင်းပင် အင်မတန် လျော့နည်းသွားတော့သည်။

အစက သူဟာ ကျွင့်ပုကျန်း၏ ဖိနှိပ်မှုကို ခံခဲ့ရသည်။ ယခုတွင် သူဟာ တစ်ဖက်လူအ‌တွက် ပြိုင်ဘက်တစ်ယောက်ပင် မဟုတ်ခဲ့ပါချေ။

ကျွင့်ပုကျန်းမှာ အင်မတန် ပျော်ရွှင်သွားသည်။

ကောင်းမွန်သော အခွင့်အလမ်းပါပင်။

"ထိပ်ပြောင်ကြီးရေ၊ သေလိုက်တော့!"

"မကောင်းတော့ဘူး!"

ထိုအခိုက်တွင် ကျွင့်ပုကျန်းနှင့် အခြားလူများမှာ မသေဆုံးခင်၌ ထိုအခိုက်အတွင်းသို့ ဝင်ရောက်လာသည်။

သို့သော် ထိုအခိုက်တွင် ရွှေရောင်အလင်းတစ်ပြမှာ ကောင်းကင်မှ ရုတ်တရတ်ကျဆင်းလာကာ ထိုဗုဒ္ဓအမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်အား ချက်ချင်းပင် လွှမ်းခြုံသွားတော့၏။

ဘုန်း!

ပြင်းထန်သောပေါက်ကွဲမှုတစ်ခုဖြင့် ကျွင့်ပုကျန်း၏နဂါးလက်သည်းမှာလည်း အလင်းတိုင်ကို ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားသည်။

တစ်ခဏအတွင်းတွင် အလင်းတိုင်မှာ ပျံ့နှံ့သွားကာ ကျွင့်ပုကျန်းအားအဝေးသို့ လွင့်စင်သွားစေသည်။

"သေစမ်း!"

သူဟာအံကိုကြိတ်ကာ ညည်းတွားလိုက်သည်။

သူနှင့် အင်မတန်နီးကပ်လွန်းသည်!

ကံမကောင်းစွာနှင့်ပင် ၎င်းမှာ တကယ်ကို နှလုံးကွဲစေနိုင်သည်!

"ဟားဟားဟားဟား... ဆိုရိုးလိုပဲ၊ ဖြောင့်မတ်မှုက နတ်ဆိုး‌ရဲ့လှည့်ဖျားမှုတွေကို အမြဲတမ်းထိန်းချုပ်နိုင်တယ်။ မင်းတိုက်ခိုက်ပြီးရင်း တိုက်ခိုက်ခဲ့ပေမယ့် မင်းကငါတို့ဗုဒ္ဓဂိုဏ်းအတွက် ပြိုင်ဘက်မဟုတ်သေးဘူး! ဟားဟားဟား... မင်းငါ့ကိုထပ်ပြီးမသတ်နိုင်တော့ပါဘူး၊ ပြီးတော့ မင်းရဲ့သေဆုံးခြင်းကရောက်လာပြီလေ။"

ထိုသို့ပြောလိုက်ရင်းဖြင့် ထိုဗုဒ္ဓအမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်မှာ သူ၏နတ်ဝိဉာဉ်စွမ်းအားကို ကျွင့်ပုကျန်းအား လိုက်လံဖမ်းဆီးရန်အလို့ငှာ လှည့်ပတ်လိုက်တော့သည်။

ထိုအလင်းတိုင်မှာ ကောင်းကင်ယံရှိ ဗုဒ္ဓဂိုဏ်းသားများ၏စွမ်းအားမှ မွေးဖွားလာသော အကာအကွယ်နတ်အလင်းဖြစ်ချေသည်။

ကျွင့်ပုကျန်း၏တိုက်ခိုက်မှုမှာ ၎င်းအား မကျော်ဖြတ်နိုင်ပါချေ။ ‌ပြောရလျှင် တစ်ဖက်လူများမှာ ခံစစ်လှည့်ဖျားမှုအား အသက်သွင်းလိုက်ခြင်းပါပင်။

ထို့ကြောင့် ကျွင့်ပုကျန်း၏လက်ရှိတိုက်ခိုက်ခြင်းစွမ်းအားမှာ သူ့ထက်ပိုမိုသန်မာအားကောင်းပါသော်လည်း သူဟာလုံးဝပင်မကြောက်ရွံ့တော့ပါချေ။

"ကောင်းကင်ဘုံကတကယ်ကြီးငါတို့ အမည်မဲ့ဂိုဏ်းကိုသေစေချင်နေတာလား?"

ကျွင့်ပုကျန်း၏နဂါးမျက်လုံးများမှာ အဆုံးမဲ့ဒေါသဖြင့် ပြည့်နှက်နေ၏။

တစ်ဖက်လူမှာ သူ့ကိုတိုက်ခိုက်တော့မည်ဟန်ကိုမြင်သော် သူဟာ မထိန်းနိုင်ဘဲ ဝမ်းနည်းကာ ဒေါသဖြစ်သွားသည်။

သူဟာ တစ်ဖက်လူ၏ကျင့်ကြံဆင့်ကို မကြောက်ရွံ့ပါချေ။ သူဟာ ထိုလူထံ၌ အင်မတန်များပြားလှသော အပေါင်းအပါများရှိခြင်းနှင့် သူ၏အားအပြည့်တိုက်ခိုက်ခြင်းကို ထိန်းနေရသည်ကိုသာ ဒေါသထွက်နေရခြင်းဖြစ်ပေသည်။

သို့သော် ဗုဒ္ဓအမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်မှာ ခဏအကြာ၌ ကောင်းကင်ယံမှ ပေါက်ကွဲမှုတစ်ခုထွက်ပေါ်လာသည်တွင် ညံ့ဖျင်းသလိုခံစားလိုက်ရသည်။ ထို့နောက်တွင် အချို့ဗုဒ္ဓဂိုဏ်းသားများမှာ နုံအသလိုခံစားရလိုက်၏။

"ဘာဖြစ်တာလဲ?"

ဗုဒ္ဓအမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်၏နှလုံးမှာ ရပ်တန့်သွားသည်။

စစ်ကူများမှာ ရောက်ရောက်ခြင်း အဘယ့်ကြောင့် တိုက်ခိုက်ခံနေရပါသနည်း?

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၂၅။ အပိုင်း ၃၇၀ နတ်ဆိုးဆန်သောဗုဒ္ဓ

တောင်ကြားတွင် အရှိန်အဝါတစ်ခု ရုတ်တရတ် တိုးထွက်လာသည်။

တောင်ကြားတစ်ခုလုံးအနီးရှိ သက်ရှိအားလုံးမှာ ထိုကြောက်မက်ဖွယ်အရှိန်အဝါ၏ဖိနှိပ်ခြင်းကိုခံလိုက်ရကာ ကြောက်ရွံ့တုန်လှုပ်သွားကြသည်။

လီချန်းရှန်နှင့် စုန့်ရှင်းနျန်မှာလည်း ရုတ်တရတ် တုန်ရီသွားကာ ကျင့်ကြံနေရာမှာ နိုးထလာကြ၏။

"ဒီအရှိန်အဝါကတော်တော်လေးအားကောင်းတာပဲ! ဘယ်သူအဆင့်တက်သွားတာလဲ? တစ်ယောက်ယောက်တော့ ကြီးမြတ်သောနတ်ဘုရားအဆင့်ကိုတက်သွားပြီ!"

"ဆရာများလား?"

စုန့်ရှင်းနျန်၏မျက်လုံးများမှာ ပဟေဠိဖြစ်သွားကာ လီချန်းရှန်မှာ သူ့အား ငတုံးတစ်ယောက်နှယ်ကြည့်လိုက်သည်။

"မင်းကအရူးလား? ဆရာ့ရဲ့ကျင့်ကြံဆင့်က အမတအဆင့်ရဲ့အထက်မှာရှိတယ်လေ! သူကဘယ်လိုလုပ် ကြီးမြတ်သောနတ်ဘုရားအဆင့်ကိုတက်သွားတာဖြစ်နိုင်မှာလဲ?"

"ဟုတ်သားပဲ။ ဆရာ့ရဲ့အိမ်မွေးနတ်ဆိုးထဲက တစ်ကောင်များလား? ဒါမှမဟုတ် ဆရာလက်ခံလိုကဲ့ နောက်ထပ်တပည့်များလား?"

"သေစမ်း၊ အသစ်လား? အခုနောက်ပိုင်း အသစ်လေးတွေက အရမ်းစွမ်းအားကြီးတာလား?"

"ကျွန်တော်ကတော့ တစ်ထောင်သောစစ်ပွဲနတ်ဘုရားအထွဋ်အထိပ်အဆင့်ထိရောက်အောင် မြန်မြန်ကျင့်ကြံနိုင်ခဲ့တာက မဆိုးဘူးထင်ထားတာ။ ဒီတက်သစ်စကြယ်ပွင့်လေးတွေက ကျွန်တော့ထက်ပိုမြန်နေမယ်လို့ဘယ်ထင်ထားပါ့မလဲ။"

"မဟုတ်ဘူး၊ ငါတို့ညီအစ်ကိုတွေ မြန်မြန် ကျင့်ကြံရမယ်။ မဟုတ်ရင်၊ ဆရာ့အရှေ့မှာ မျက်နှာဘယ်လိုပြရမလဲ?"

"ဟုတ်ပြီ၊ ဟုတ်ပြီ၊ ဟုတ်ပြီ။ မြန်မြန် ကျင့်ကြံကြမယ်။"

၎င်းတို့နှစ်ဦးမှာ အလျင်စလိုပင် ထပ်မံကျင့်ကြံလိုက်ကြသည်။

လုရှောင်ယန်ဘက်တွင် အသက်ရှူကြိမ်အနည်းငယ်လောက်ကြာပြီးနောက်တွင် သူဟာ ကြီးမြတ်သောနတ်ဘုရားပထမအဆင့်ကို အောင်အောင်မြင်မြင်တက်လှမ်းသွားနိုင်ခဲ့သည်။ ၎င်းကသူ့အား စိတ်သက်သာရာရကာ သက်ပြင်းချစေသည်။

"ငါနောက်ဆုံးတော့ ကြီးမြတ်သောနတ်ဘုရားအဆင့်ကို ရောက်ခဲ့ပြီ။ ကြီးမြတ်သောနတ်ဘုရားအဆင့်ကိုရောက်နေပြီဆိုမှတော့ နတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်ဖြစ်ဖို့ ဘယ်လောက်ပဲလိုတော့မှာလဲ?"

သူဟာ နတ်ဘုရားဧကရာဇ်အဆင့်ကိုရောက်သည်နှင့် အဆင့်ပိုမြင့်သည့်ရန်သူများကို သတ်ရန်စွမ်းအားရရှိတော့မည်ဖြစ်ကာ နတ်ဘုရားဧကရာဇ်အဆင့်အများအပြားနှင့် ရင်ဆိုင်ရန်မှာလည်း ပြဿနာတစ်ရပ်မဟုတ်တော့ပါချေ။

ဒါပေါ့၊ သူ၏ပိုမို သိုသပ်သော စရိုက်နှင့် သူ့အားဝိုင်းရံနေမည့် နတ်ဘုရားဧကရာဇ်အဆင့်အများအပြားမှာလည်း မရှိနိုင်ပါချေ။

"ပြောရမယ်ဆိုရင် ဖိဂုလျန်က မကြာခင်မှာ ဗောဓိကျောင်းကို ရောက်နေလောက်ပြီမလား?"

နတ်ဘုရားလောကမှာ အင်မတန်ကျယ်ပြောလှချေသည်။ နတ်ဘုရားဧကရာဇ်အဆင့်သို့ ရောက်ရှိပြီးလျှင်တောင် လောက၏အဆုံးများသို့ ရောက်ရန်မလွယ်ကူပါချေ။

"သူကတော့ ငါ့ရဲ့ သတ္တမမြောက်၊ အဌမမြောက်နဲ့ နဝမမြောက်တပည့်လေးတွေကို ရှာနိုင်မယ်လို့ထင်တယ်။ အရမ်းကြီးနှေးနေရင်တော့ သူတို့အသတ်ခံလိုက်ရပြီး အချည်းနှီးဖြစ်သွားမှာပဲ။"

လုရှောင်ယန်မှာ တစ်ချက်ကြည့်လိုက်သည်။ ဝမ့်ခိုက်မှာ မနိုးထလာသေးပါချေ။ သို့သော် ဝမ့်ခိုက် အဆင့်မြှင့်နေသည်မှာလည်း သိပ်မကြာသေးပါချေ။ လုရှောင်ယန်မှာ မည်မျှပူပန်နေနေ ဘာမှမတတ်နိုင်ပါချေ။

ဟင်း၊ သူဟာစောင့်နေရုံသာတတ်နိုင်သည်။

လုရှောင်ယန်မှာ ကျင့်ကြံခြင်းသို့ ထပ်မံဝင်ရောက်ချိန်တွင် အမတအဆင့်တိုးမြှင့်ပြီးသား ရှန်းထီကျောက်ရှင်အမှတ်အသားမှာ ရုတ်တရတ် တောက်ပလာ၏။

"နောက်ထပ်တပည့်တစ်ယောက်ပြန်ရှင်သန်လာတာလား? ဘာလို့တပည့်တွေအများကြီးပြန်ရှင်သန်နေရတာလဲ? ဘာတွေဖြစ်နေတာလဲ?"

လုရှောင်ယန်မှာ ကူရာမဲ့စွာ အံ့အားသင့်သွားသည်။

သူဟာချက်ချင်းစစ်ဆေးလိုက်၏။ ကံကောင်းစွာနှင့် ၎င်းမှာ သူ၏တပည့်များမဟုတ်ချေဘဲ ဒုတိယမျိုးဆက်တပည့်များသာဖြစ်၏။

"ဂိုဏ်းချုပ်၊ ကျုပ်တို့နောက်ဆုံးတော့ပြန်တွေ့ခဲ့ပြီ။ ဒါကငရဲလား? ဒီလောက်လည်း ကြောက်ဖို့ကောင်းတဲ့ပုံမပေါ်ပါဘူး!"

တပည့်များ၏ခေါင်းမှာ ပြူထွက်လာပြီး မေး‌မြန်းလိုက်သည်။

လုရှောင်ယန်၏မျက်နှာမှာမည်းမှောင်သွား၏။ အရာအားလုံးမှာ ဟိုငတုံးနှစ်ကောင်ကြောင့်ဖြစ်၏။ အဘယ့်ကြောင့် ၎င်းတို့မှာ သူသေသွားပြီဟု လောကအားကြေငြာခဲ့ရသနည်း?

သူဟာ အနည်းငယ်ချောင်းဟန့်ကာ ချက်ချင်းပင် အားလုံးကိုရှင်းပြလိုက်၏။

၎င်းတို့မှာ ဤသည်က ငရဲမဟုတ်ဘဲ အားလုံးရှင်သန်နေသေးကြောင်းကို သိလိုက်ရသောအခါ အင်မတန်ပျော်ရွှင်သွားကြ၏။

နောက်ဆုံးတွင် ရှင်သန်နေချိန်မှာ မည်သူက သေချင်ပါမည်နည်း!

ထို့‌နောက် လုရှောင်ယန်မှာ အရင်တပည့်တစ်သုတ်နှင့် အတူကျင့်ကြံရန် စီစဉ်ပေးလိုက်သည်။

ထိုကိစ္စများပြီးဆုံးသွားပြီးသည်တွင် သူ၏ရှန်းထီကျောက်ရှင်အမှတ်အသားမှာ ထပ်မံလင်းလဲ့လာခဲ့ပြန်၏။

ဒီ‌တစ်ခေါက်တွင် ပြန်လည်ရှင်သန်လာခဲ့သည်မှာ လိပ်နက်ဖြစ်သည်ပင်။

လိပ်နက်မှ လုရှောင်ယန်အား မြင်တွေ့ချိန်၌ ချက်ချင်းမငိုခင်တွင် အရင်ဆုံးရပ်တန့်သွားသည်။

"သခင်! နောက်ဆုံးတော့ တွေ့ရပြီပေါ့! ဝူးဝူးဝူး... ခင်ဗျားမသိဘူး၊ ဒါပေမယ့် သခင်လေးကိုးနဲ့ အဲ့ဒီခွေးကောင်တွေက ကျုပ်ကိုတကယ်ကြီးသတ်လိုက်တယ်။ ကျုပ်ရဲ့ ကိုယ်တစ်ဝက်က စွပ်ပြုတ်ဖြစ်သွားပြီး တစ်ဝက်က အကင်ခံလိုက်ရတယ်။ ကျုပ်ရဲ့လက်အောက်ငယ်သားတွေတောင် အဲ့ဒီ့ရွှေခြင်္သေ့ရဲ့သတ်စားခံလိုက်ရတယ်။ သခင်ကျုပ်ကို ကူညီမှဖြစ်မယ်။"

လုရှောင်ယန်၏အမူအရာမှာ တမျိုးတဖုံထူးဆန်းသွားကာ မျက်ခုံးများမြင့်တက်သွား၏။

"ဒါမဖြစ်နိုင်ဘူးလေ၊ ဟုတ်တယ်မလား? လင်းဝူက ငါလက်ခံထားတဲ့ နောက်ဆုံးတပည့်ဆိုပေမယ့် သူ့ရဲ့စရိုက်က လုံးဝ ပျော်ပျော်ပါးပါးနေတတ်တဲ့ပုံစံပါ။ သူကမင်းကို ဘာလို့အနိုင်ကျင့်ရမှာလဲ? မင်းဒေါသထွက်အောင်များတစ်ခုခုလုပ်ခဲ့သေးလား?"

ဝမ့်ခိုက်မှာ တပည့်များလက်ခံချိန်တွင် စစ်ဆေးတတ်သည်။ တစ်ဖက်လူထံ၌ ပုန်ကန်တတ်သည့် ရည်ရွယ်ချက်မျိုးရှိလာနိုင်သည်ကို‌တွေ့ပါလျှင် သူဟာထိုလူအား မည်သို့ဖြစ်စေ တပည့်အဖြစ်လက်ခံမည်မဟုတ်ပါချေ။

"ဂိုဏ်းချုပ်၊ ကျွန်တော်ဘာမှမပြောခဲ့ပါဘူး။ ကျွန်တော်က သခင်လေးကိုးကို နည်းနည်းလေးပဲသွေး‌ဆောင်ရသေးတာကို ကျုပ်ကိုသတ်လိုက်တာပါ။ ကျုပ်ကအပြစ်ကင်းပါတယ်။ သခင်ကူညီမှရမယ်။"

"တကယ်လား?"

"လုံးဝအမှန်ပဲ"

လုရှောင်ယန်မှာ ထပ်မံမေးလိုက်ပြီးနောက်တွင် သူဟာအချိန်မဖြုန်းတော့ဘဲ လိပ်နက်၏မှတ်ဉာဏ်များကို စစ်ဆေးရန် သားရဲထိန်းချုပ်ခြင်းအနုပညာကို ချက်ချင်းအသုံးပြုလိုက်သည်။

သူဟာလိပ်နက်၏ စုလင်းဝူအား ဂိုဏ်းကိုစွန့်လွှတ်ရန်သွေးဆောင်ခဲ့သည်ကို မြင်ချိန်တွင် လိပ်နက်အား အဘယ့်ကြောင့် စုလင်းဝူကသတ်လိုက်သည်ကို နားလည်သွားခဲ့သည်။

အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီးနောက်တွင် လုရှောင်ယန်မှာ ရွှမ်ယွမ်ဓားကို ထုတ်ယူလျက် ချက်ချင်းပင် အမတပစ္စည်းအဆောင်လက်နက်အဖြစ်သို့ မြှင့်တင်လိုက်သည်။

လိပ်နက်မှာ "သခင်၊ ဘာလုပ်မလို့လဲ?" ဟုမပြောခင် ကြောင်အသွားသည်။

"သခင်၊ မလာနဲ့!"

"ကူညီကြပါ!"

....

တစ်ဖက်တွင် ပုဟွားကျောင်း၏ကောင်းကင်ယံထက်၌ လာရောက်ကူညီသည့် ဗုဒ္ဓဂိုဏ်းသားများ တိုက်ခိုက်လိုက်ချိန်တွင် ကျန်းထိုင်ရွှမ်၏ အသံက ကောင်းကင်မှ ပေါ်ထွက်လာသည်။

"ဆရာတူအစ်ကိုခုနှစ်၊ မစိုးရိမ်ပါနဲ့။ ကျွန်တော်ဒီမှာ!"

ထိုအသံနှင့်အတူ ပေါက်ကွဲမှုများစွာကာ ကောင်းကင်ယံထက်တွင် ထွက်ပေါ်လာသည်။

ဗုဒ္ဓဂိုဏ်းသားများမှာ အမှောင်ထုထဲသို့ လွင့်စင်သွားကြသည်။

ကောင်းကင်ယံရှိ စစ်ကူများမှာ ထိခိုက်သွားကာ အကာအကွယ်နတ်အလင်းမှာ ဆက်လက်၍ မရှိနေတော့ပါချေ။ သဘာဝကျစွာပင် ၎င်းမှာ ဗုဒ္ဓအမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်အားလည်း ကာကွယ်ရန် မဖြစ်နိုင်တော့ပါချေ။

ကြီးမားသော နဂါးခေါင်းမှာ ယုတ်မာစွာပြုံးလိုက်ပြီး အင်မတန်မှကြောက်မက်ဖွယ်ကောင်းလှချေသည်။

"အဘိုးကြီး၊ ခင်ဗျားမှာ စစ်ကူတွေရှိတယ်... ဒါပေမယ့်၊ ကျုပ်မှာ ကျုပ်ရဲ့ဆရာတူညီလေးရှိတယ်! ခင်ဗျားရဲ့ အစီအစဉ်တော့ ကျရှုံးတော့မယ့်ပုံပဲ!"

ဗုဒ္ဓအမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်၏အမူအရာမှာ အင်မတန်မှုန်မှိုင်းသွားတော့သည်။ သူဟာနှာခေါင်းရှုံ့လိုက်ကာ ပြေးရန် လှည့်လိုက်၏။

သို့သော် ပြေးရန်ခြေထောက်များအား မြှောက်လိုက်သည်နှင့် ကျွင့်ပုကျန်းမှာ သူ၏နောက်သို့ အရိပ်တစ်ခုလိုလိုက်လာတော့သည်။

၎င်းအား လွတ်မြောက်ရန် အခွင့်တစ်ခုပင် မပေးဘဲ ကျွင့်ပုကျန်းမှာ သူ၏လက်ကိုမြှောက်ကာ ထိုလူ၏ခြေကျင်းဝတ်ကို ဆုပ်ကိုင်လိုက်၏။ ထို့နောက်တွင် ထိုလူအား မြေ‌ပြင်ထက်သို့ ခပ်ပြင်းပြင်းရိုက်ချလိုက်သည်။

တစ်ကြိမ်!

နှစ်ကြိမ်!

သုံးကြိမ်!

...

"သောက်ထိပ်ပြောင်၊ ဘယ်သူက ကျုပ်ရှေ့မှာ ကိုယ်ဟန်ပြနေဖို့ တောင်းဆိုလို့လဲ? ဆက်ပြီးကိုယ်ဟန်ပြနေလေ! ဘာလို့ရပ်လိုက်တာလဲ? ထပြီးတော့ ကိုယ်ဟန်ထပ်ပြစမ်းပါ!"

"ခင်ဗျားက ဗုဒ္ဓဂိုဏ်းရဲ့ စွမ်းအားကြီး အမတနတ်ဘုရားဧကရာဇ်အဆင့် ပညာရှင်မဟုတ်ဘူးလား?"

"ကျုပ်ရဲ့ ဆရာတူအစ်မကို ဖမ်းချင်နေခဲ့တာ မဟုတ်ဘူးလား?"

"အရမ်းကို ဘဝင်မြင့်နေခဲ့တာမဟုတ်လား?"

"ခင်ဗျားကကျုပ်ကို ဗုဒ္ဓဂိုဏ်းသားဖြစ်စေချင်နေတာမဟုတ်ဘူးလား? လာလေ၊ ထ‌လိုက်! ထလိုက်တော့!"

ကျွင့်ပုကျန်းမှာတစ်ဖက်လူအား ခွေးကောင်တစ်ကောင်အား နှိပ်စက်နေသကဲ့သို့ အပြင်းအထန်ရိုက်နှက်လိုက်ပြီး ထိုလူမှာ ပြန်လည်၍ပင်မတိုက်ခိုက်နိုင်တော့ပါချေ။

ထိုလူ၏ နောက်ဘက်ရှိဗောဓိသဗ္ဗပုံရိပ်မှာ‌ ဒဏ်ရာအသေးလေးများ အများအပြားခံစားလိုက်ရသကဲ့သို့ ပျောက်ကွယ်သွားသည်။

ကောင်းကင်ရှိဗုဒ္ဓစစ်ကူများမှာလည်း ရှုပ်ထွေးနေကြသည်။

ဗုဒ္ဓအမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်၏နှလုံးအိမ်မှ နားမလည်နိုင်သောဝမ်းနည်းမှုမှာ တိုးထွက်လာသည်။

ဘာလို့လဲ?

သူဟာ ဘာကြောင့် ဤနေရာကို ကိုယ့်ခြေထောက်နဲ့ကိုယ်လာပြီး ကိုယ့်ကိုယ်ကိုယ် ထိခိုက်စေခဲ့ရတာလဲ?

သူဟာ အစွမ်းပြရန် ကျရှုံးရုံသာမက ခွေးတစ်ကောင်လိုပင် အရိုက်ခံလိုက်ရသည်။ သူဟာယခုတွင် တကယ်သေရတော့မည်။

သူ၏နှစ်ထောင်ချီ ခါးသက်သက်ကျင့်ကြံခြင်းမှလွဲရင် အမှန်တွင် တစ်ဖက်လူမှ နဂါးအသွင်ယူလိုက်ချိန်ကတည်းက ထိုကောင်လေးနှင့် မယှဉ်နိုင်ခဲ့ခြင်းဖြစ်ချေသည်။ ထိုသည်က သူ့အား ငိုချင်အောင်လုပ်နေ၏။ သူဟာ တစ်ဖက်လူအား အလွန်အင်မတန်ကိုမှ မုန်းတီးမိလေသည်။

"ကောင်စုတ်လေး၊ အရမ်းဘဝင်မြင့်မနေနဲ့! ဗုဒ္ဓဂိုဏ်းမှ ဘယ်သူမှမရှိတော့ဘူးလို့များထင်နေတာလား?"

ဗုဒ္ဓအမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်မှာ ဒေါသတကြီးအော်ဟစ်လိုက်ကာ ကျွင့်ပုကျန်းအား နောက်သို့ဆုတ်ရန် တွန်းအားပေးလိုက်သည်။ ထို့နောက်တွင် သူဟာ ကောင်းကင်ယံသို့ဟိန်းဟောက်လိုက်ကာ သူ၏နောက်မှာ နတ်ဝိဉာဉ်မှာ အလျင်အမြန်တိုးထွက်လာတော့သည်။

ဗောဓိသဗ္ဗနတ်ဝိဉာဉ်မှာ အလင်းပေါင်းထောင်ချီကို ထုတ်လွှတ်နေသည်။

ထို့နောက်တွင် ဗုဒ္ဓအမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်သည် သူ၏ကမ္ဘာငယ်ကိုဆင့်ခေါ်လိုက်ကာ ဗောဓိသဗ္ဗနတ်ဝိဉာဉ်၏ နတ်အလင်းအား ကမ္ဘာငယ်ပေါ်၌ ထွန်းလင်းစေလိုက်သည်။

သူ၏မူလ နှစ်လိုဖွယ်မျက်နှာမှာ ထိုအခိုက်၌ နတ်ဆိုးရောင်ဝါနှင့်ပင် ပြည့်နှက်နေသည်။

အင်မတန်ဒေါသထွက်ပြီးနောက်တွင် သူဟာ အတန်ငယ်အစွဲအလန်းဖြစ်သွားတော့သည်။

"ဟားဟားဟား... ပုဟွားကျောင်းမှာ ကျင့်ကြံနေတဲ့ ဂိုဏ်းသားအားလုံးရဲ့ သူရဲကောင်းဝိဉာဉ်တွေကိုဆင့်ခေါ်ဖို့ ငါ့ရဲ့ကမ္ဘာငယ်နဲ့ နတ်ဝိဉာဉ်ကို သုံးတော့မှာ။ ငါနဲ့ ‌ဒီနေရာက ဘယ်သူမှမင်းကိုမသတ်နိုင်ဘူးဆိုတာ ငါသိပါတယ်။ ဒါပေမယ့် အနည်းဆုံးတော့ မင်းရဲ့ လက်အောက်ငယ်သားတွေနဲ့ မိတ်ဆွေတွေအားလုံးကိုတော့ သတ်နိုင်တယ်!"

သူဟာတစ်ဖက်လူအား ဗုဒ္ဓဂိုဏ်းကိုဆန့်ကျင်ခြင်း၏တန်ဖိုးကို ပြသချင်နေလေသည်။

"မင်းရဲ့လက်ကျန်ဘဝတစ်ခုလုံးမှာ နောင်တရပြီး နေစေချင်တယ်။"

စကားဆုံးသည်နှင့် ဗုဒ္ဓအမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်မှာ သူ၏သွေးအဆီအနှစ်ကို လောင်ကျွမ်းစေလိုက်သည်။

သူဟာ ဤနေရာ၌ တပည့်တို့၏သူရဲကောင်းဝိဉာဉ်များအတွက် အလဲအလှယ်အနေဖြင့် သူ့ကိုယ်တိုင်နှင့် အရာအားလုံးကို စွန့်ပစ်လို၏။

ဤသည်မှာ အင်မတန်ထူးဆန်းသောတိုက်ကွက်ပါပင်။ ၎င်းမှာ သူ၏နတ်ဝိဉာဉ်နှင့် ကမ္ဘာငယ်အားလုံးဝစွန့်လွှတ်ခြင်းအပေါ်မူ‌တည်နေ‌သည်။ သူဟာအောင်မြင်သွားသည်နှင့် သူဟာ ဘယ်သောအခါမှ ပြန်လည်ဝင်စားနိုင်တော့မည်မဟုတ်ချေ။

သို့သော် ကျွင့်ပုကျန်း၏လက်အောက်ငယ်သားများနှင့် မိ‌တ်ဆွေများကို သတ်ဖြတ်ရန်အလို့ငှာ သူ့ကိုယ်သူစွန့်လွှတ်ရန် ရွေးချယ်ပြီးဖြစ်သည်။

အမတနတ်ဘုရားဧကရာဇ်ပထမအဆင့်နတ်ဝိဉာဉ်နှင့် ကမ္ဘာငယ်အားလုံးဝစွန့်လွှတ်လိုက်သည်နှင့် ခဏအကြာတွင် ပုဟွားကျောင်း၌ ရွှေရောင်အလင်းက တိုးထွက်လာတော့သည်။

ထိုရွှေအလင်းများမှာ ပုဟွားကျောင်း၌နေ့နေ့ညည‌ကျင့်ကြံခဲ့ပြီး ‌နောက်တွင် အသတ်ခံခဲ့ရသည့် ဗုဒ္ဓဂိုဏ်း၏ သူရဲကောင်းဝိဉာဉ်များကို ကိုယ်စားပြုသည်။

သူရဲကောင်းဝိဉာဉ်များပေါ်ထွက်လာသည်နှင့် ၎င်းတို့မှာ တပည့်များဆီသို့ အရူးအမူးပြေးထွက်သွားကြ၏။

"ခွေးကောင်!"

ကျွင့်ပုကျန်းမှာ ဒေါသတကြီးအော်ဟစ်လိုက်ကာ ချက်ချင်းပင် သူရဲကောင်းဝိဉာဉ်များဆီသို့ ပျံသွားလိုက်သည်။ သို့သော် သူရဲကောင်းဝိဉာဉ်များမှာ အင်မတန်များပြားလှသည်ပင်။

သူဟာ နဂါးအသက်ရှူကြိမ်တစ်ချက်ကလေးနှင့် သူရဲကောင်းဝိဉာဉ် ဒါဇင်ချီမျှမက တစ်ရာလောက်ပင် ဖျက်ဆီးနိုင်‌ပါသော်လည်း ထိုမျှ အချိန်တိုအတွင်းတွင် ၎င်းတို့အားလုံးအား သတ်ပစ်ရန်မှာ မဖြစ်နိုင်ပါချေ။

ရှီချန်းလင်နှင့် အခြားသူများ၏အမူအရာမှာ ချက်ချင်းပင် ဆိုးရွားစွာပြောင်းလဲသွားကြသည်။

လုံကွမ်းမှာချက်ချင်းပင် သူ၏မူလအသွင်သဏ္ဍာန်သို့ပြောင်းလဲကာ သူ၏ တိုက်ခိုက်ရေးစွမ်းအားအစစ်ကို တိုးမြင့်လိုက်သည်။

ထိုသူရဲကောင်းဝိဉာဉ်များအကြားတွင် ထိပ်တန်းပညာရှင်များပြည့်နှက်နေသည်။ လုံကွမ်းသာ တစ်ယောက် နှစ်ယောက်အားတွေ့ကြုံပြီး ၎င်းတို့၏ ပိုင်းဖြတ်ခြင်းကိုခံလိုက်ရပါကာ သူ၏ဘဝလေး ဆုံးရတော့မည်ဖြစ်သည်။

သို့သော် ထိုသို့ဆိုလျှင်တောင် သူ၏အားထုတ်များမှာ မထင်ရှားပါချေ။

အကြောင်းမှာ သူရဲကောင်းဝိဉာဉ်များထဲတွင် ယနေ့သေသွားခဲ့သည့် သူရဲကောင်းဝိဉာဉ်များသာမက အတိတ်က ပုဟွားကျောင်း တိုက်ပွဲတွင် သေဆုံးခဲ့သော် ဝိဉာဉ်များလည်း ပါဝင်ချေသည်။

နောက်ဆုံးတွင် ၎င်းမှာ ဗုဒ္ဓအမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်တစ်ယောက်၏ ကျိန်စာဖြစ်သည်။ ထွက်ပေါ်လာသော စွမ်းအားမှာ ခန့်မှန်း၍ပင်မရပါချေ။

ပိုမို ထူးခြားသည်မှာ ၎င်းတို့သည် ဗုဒ္ဓအမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်ထံမှ လမ်းညွှန်မှုများ ရရှိထားခဲ့ပုံပေါ်နေသည်ပင်။ သူရဲကောင်းဝိဉာဉ်အားလုံးမှာ ကျွင့်ပုကျန်းအား ရှောင်တိမ်းသွားကြကာ ရှီချန်းလင်နှင့် အခြားသူများဖြင့်သာ ရင်ဆိုင်လေသည်။

တစ်ခဏအတွင်း တပည့်အနည်းစုမှာ အသတ်ခံလိုက်ရသည်။ ရှီချန်းလင်နှင့် အခြားလူများမှာလည်း ထိခိုက်ဒဏ်ရာများရရှိသွားခဲ့သည်။

ကျွင့်ပုကျန်းမှာ မထိန်းနိုင်ဘဲ တံတွေးထွေးလိုက်မိသည်။

"သေစမ်း! ငါတို့မှာသာ နောက်ထပ် စစ်ကူတစ်သုတ်လောက်ရှိလို့ကတော့!"

ယခုတွင် ၎င်းတို့၏ဆရာမှာ သေဆုံးပြီးဖြစ်ကာ သေပြီးနောက်တွင် ပြန်လည်ရှင်သန်နိုင်ပါဦးမလားကို မည်သူကများ သိနိုင်ပါမည်နည်း?

ထို့ကြောင့် ၎င်းမှာ သူ့ဒေါသ၏ ‌အကြောင်းပြချက်အမှန်ပင်ဖြစ်သည်။

ကောင်းကင်ဘုံမှာ သူ့အား မြင့်မြင့်တွေးထင်သလားနှင့် အခြားသော အကြောင်းပြချက် ရှိနေသည်လားကို မသိပါချေ၊ သို့သော် သူညည်းတွားပြီးသည်နှင့် ရင်းနှီးသောအသံမှာ အရှေ့မြောက်ဘက် ကောင်းကင်ယံမှ ထွက်ပေါ်လာခဲ့သည်။

"ဆရာတူအစ်ကို စစ်ကူတွေလိုနေတာလား?"

***

All Chapters