← Chapters

အခန်း (၃၈၆-၃၉၀)

Vol. 26 Ch. 386-390

အခန်း (၃၈၆-၃၉၀)

Vol. 26 Ch. 386-390

အပိုင်း ၃၈၆ အမတသတ်ဓားအစီအရင်

တောင်ကြားတွင် လုရှောင်ယန်၏မျက်ခုံးများ မြင့်တက်နေ၏။

အကြောင်းမှာ ဖုန်းထျန်းယွမ်နှင့် ကျီဝူရှားတွေမှာလည်း စတင်ပြေးလာနေသည်ဟူသော သတင်းအချက်အလက်အားရှာတွေ့သွားခြင်းကြောင့်ပါပင်။

နှစ်ဦးသားမှာ အင်မတန်မြန်ဆန်လှကာ ကျွင့်ပုကျန်းနှင့် အခြားသူများကိုပင် မှီနေပြီဖြစ်သည်။ ၎င်းတို့မှာ နောက်ထပ်၂နာရီလောက်ဆိုလျှင် သူ၏နံဘေးသို့ ရောက်ရှိနိုင်‌တော့မည်ဖြစ်၏။

သို့သော် လှုပ်ရှားမှု အချက်အလက်များမှာ အဆုံးမရှိပေါ်လာနေဆဲပင်။

[သင်၏တပည့် ယွင်လီကောမှာ ဗုဒ္ဓကြီးမြတ်သောအဆင့်ပညာရှင်များ၏တိုက်ခိုက်ခြင်းကိုခံနေရပါသည်]

[သင်၏တပည့်ယွင်လီကောမှာ ဗုဒ္ဓအမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်များ၏တိုက်ခိုက်ခြင်းကိုခံနေရပါသည်]

[သင်၏တပည့်ယွင်လီကောမှာ ဗုဒ္ဓဂိုဏ်းသားအမြောက်အများ၏တိုက်ခိုက်ခြင်းကိုခံနေရပါသည်]

...

"လီကောက ဘုန်းတော်ကြီးအသိုက်ထဲကိုများ ကျသွားတာလားကွာ? မဟုတ်သေးဘူး၊ ဒါသာဆက်ဖြစ်နေရင် လီကောထပ်ပြီး တောင့်ခံ‌နိုင်မှာမဟုတ်လောက်တော့ဘူး။ သူအသတ်ခံလိုက်ရရင်ဘယ်လိုလုပ်မလဲ?"

သူဟာ လီကောအား တစ်ယောက်တည်းတိုက်ခိုက်ခွင့် မပေးနိုင်ပါချေ။

ပြောရလျှင် လီကောအတွက် ဤအဆင့်ရောက်အောင် ကျင့်ကြံရန်မှာ မလွယ်ကူလှပါချေ။

သူသာယခုသေသွားခဲ့ပါလျှင် ရှန်းထီကျောက်ရှင်အမှတ်အသားအား ဝိဉာဉ်ရတနာအဆင့်ထိတိုးမြှင့်လိုက်ပါလျှင်တောင် လီကောအား အချိန်တိုအတွင်း ပြန်လည်ရှင်သန်စေရန် မဖြစ်နိုင်ပါချေ။

ထိုသို့ဆိုလျှင် နာနာကျင်ကျင်ဖြင့်လီကောတစ်ယောက်ကျင့်ကြံခဲ့သော စွမ်းအားမှာ အခြားတပည့်များနောက်သို့ ကျဆင်းသွားရပေလိမ့်မည်။

မဖြစ်ဘူး!

သူ၏တပည့်လီကောမှာ အင်မတန်ကြိုးစားလှသည်။ လီကောအား ထပ်မံ ကျဆင်းစေရန် မည်သို့များခွင့်ပြုနိုင်မည်နည်း?

လုရှောင်ယန်မှာ သူ၏အကြီးဆုံးတပည့်လေးအား သားဦးကဲ့သို့ တန်ဖိုးထားချေသည်။

အနာဂတ်တွင် လီကောဟာ ထီးနန်းကိုဆက်ခံရချေမည်။ သူဟာ လီကောတစ်ခုခုဖြစ်မည်ကို မမြင်ရက်ပါချေ။

ထို့ကြောင့် လုရှောင်ယန်မှာ တစ်ခဏအတွင်း၌ တန်ပြန်ရေးအစီအရင်တစ်ခုအား တွေးတောမိသွား၏။

ပထမဆုံး သူဟာ အကြွင်းမဲ့ကောင်းကင်တေးသံကို အသက်သွင်းရမည်!

ထိုအကြွင်းမဲ့ကောင်းကင်တေးသံမှာ လီကောခံစားရမည့် တိုက်ခိုက်မှုတိုင်းအား သူ့ဆီကို လွှဲပြောင်းပေးနိုင်မည်။

သူ၏ကျင့်ကြံဆင့်မှာ လီကောထက်ပိုအားကောင်းကာ သူ၏ ကျင့်ကြံဆင့်ပိုမြင့်သူအားတိုက်ခိုက်နိုင်စွမ်းမှာလည်း လီကောထက်ပိုအား‌ကောင်းချေသည်! ပြောစရာမလိုလောက်အောင်ပင် သူ၏ကာကွယ်မှုနှင့် ခုခံမှုက သဘာဝကျကျပင် လီကောထက် သာလွန်နေမည်ပင်။

ထိုအကြွင်းမဲ့ကောင်းကင်တေးသံအား အသုံးပြုရင်းဖြင့် လီကောမှာ နတ်ဘုရားဧကရာဇ်အဆင့်တစ်ယောက်ကိုရင်ဆိုင်ရပါလျှင်တောင် အနည်းဆုံးတော့ ခုခံကာကွယ်ရန်မှာ ပြဿနာတစ်ခုမ‌ဟုတ်တော့ပါချေ။

ထို့နောက်တွင် သူဟာ ဝမ့်ခိုက်အား နယ်နိမိတ်အကျယ်ဆင့်ခေါ်ခြင်းအား အသုံးပြုကာ လီကောကိုဆင့်ခေါ်စေလိုက်လိမ့်မည်ပင်။

လီကောမှာ ယခုတွင် သူအသက်ရှင်နေကြောင်းအား မသိခြင်းဖြစ်နိုင်သည်။ သူသာသိနေခဲ့ပါက သူ့အားရှာရန် ချက်ချင်းပြန်လာလိမ့်မည်ဖြစ်၏။

ပြီးပြည့်စုံတယ်!

…

တစ်ဖက်တွင် မြင့်မြတ်သော ဗုဒ္ဓမှာ ဗောဓိကျောင်းမှထွက်ခွာပြီး နတ်ဘုရားလောကရှိ လုံးဝဖုံးကွယ်ထားသည့်တောအုပ်ဆီသို့ရောက်ရှိလာသည်။

သူ၏ပုံရိပ်ပေါ်လာသည်နှင့် အရှိန်အဝါတစ်ခုက နံဘေးသို့သက်ဆင်းလာကာ သူ၏မျက်ခွံများကိုပင်တွန့်သွားစေ၏။

တစ်ဖက်လူမှာ အင်မတန်စွမ်းအားကြီးကာလှပသောအမျိုးသမီးတစ်ဦးပင်။ ဗုဒ္ဓကျင့်ကြံသူတစ်ဦးအနေဖြင့် သူဟာ ထိုမိန်းမပျို၏သွင်ပြင်ကို များများစားစားဂရုထားမနေပါချေ။ သို့သော် တစ်ဖက်လူ၏ကျင့်ကြံဆင့်မှာ သူ့အား အင်မတန်စိုးရိမ်စေသည်။

နတ်ဘုရားဧကရာဇ် ဒဿမမြောက်ပြီးပြည့်စုံအဆင့်!

သူ့ထံတွင် ထိုသို့သောကျင့်ကြံဆင့်နှင့် လက်အောက်ငယ်သားများစွာရှိချေသည်။

သို့သော် လူတစ်ယောက်‌၏ကျင့်ကြံဆင့်မှာ ထိုအဆင့်သို့ရောက်ပြီးနောက်တွင် ၎င်းတို့မှာ သာမန်ကာလျှံကာလေး ‌လှုပ်ရှားကိုပင် မဝံ့မရဲဖြစ်တတ်ကြသည်။

၎င်းတို့မှာ ကျင့်ကြံဆင့်အရိပ်အယောင်‌လေးသာကိုအသုံးပြုပါလျှင်တောင် ကောင်းကင်စွမ်းအားနှင့် ကြုံရမည်ဖြစ်ကာ အမတအတိဒုက္ခကျော်ဖြတ်ခြင်းက အချိန်မရွေးပေါ်ထွက်လာနိုင်သည်ပင်။

တစ်ချိန်တည်းမှာပင် သူ့ကဲ့သို့ အမတအဆင့်ပညာရှင်တစ်ဦးမှာလည်း ကောင်းကင်အပြစ်‌ကို ခံစားရကာ အမတစွမ်းအားကို သာမန်ကာလျှံကာအသုံးမပြုနိုင်ပါချေ။

သို့သော် သူဟာဗုဒ္ဓဂိုဏ်းဝင်တစ်ဦးဖြစ်ကာ သူတော်စင်နှစ်ပါးမှလည်း ကာကွယ်ပေးထားလေသည်။

သူသာ အမတစွမ်းအားကိုအပြည့်အဝအသုံးမပြုပါလျှင် ကောင်းကင်အပြစ်မှာ အနည်းနှင့်အများတော့ စိတ်ဝိဉာဉ်တောင်အား မျက်နှာသာပေးပါလိမ့်မည်။

ပြောရလျှင် ထိုကောင်းကင်အပြစ်မှာ မည်မျှပင် စွမ်းအားကြီးနေပါစေ ၎င်းမှာ အမတအတိဒုက္ခလေးသက်သက်သာဖြစ်၏။ အနောက်ဘက်ပညာရှိကြီးနှစ်ဦးနှင့် မည်သို့များနှိုင်းယှဉ်နိုင်ပါမည်နည်း?

သို့သော် တစ်ဖက်လူအား သူ၏အနောက်ဘက်ကံကောင်းခြင်းနှင့် ကာကွယ်ပေးထားခြင်းမရှိပါချေ!

ဒါက... သူတို့တွေဆိုတာ သူတော်စင်တစ်ပါးရဲ့ တပည့်တွေများလား?

ထိုအခိုက်တွင် ထိတ်လန့်ဖွယ်လှိုင်းတစ်ခုမှာ မြင့်မြတ်သောဗုဒ္ဓ၏နှလုံးအိမ်မှ ရုတ်တရတ်တိုးထွက်လာ၏။

သို့သော် သူဟာသဘာဝကျကျပင် မပြသပါချေ။

နှစ်သောင်းချီကြာ ရှင်သန်နေထိုင်ခဲ့ပြီးနောက်တွင် သူ၏ခံစားချက်များအား အလွယ်တကူထိန်းချုပ်နိုင်သည်အထိ ကျင့်ကြံခဲ့ပြီးဖြစ်၏။

"ကြိုဆိုပါတယ်၊ မြင့်မြတ်သောဗုဒ္ဓ"

မြင့်မြတ်သောဗုဒ္ဓမှာ အတန်ငယ်ခေါင်းငြိမ့်လိုက်ကာ ချက်ချင်းပြောလိုက်၏။

"ခင်ဗျားက...?"

"မြင့်မြတ်သောဗုဒ္ဓ၊ ကျွန်မရဲ့ ဆရာတူအစ်ကိုညွှန်ကြားမှုနဲ့ ရှင့်ကို အကြာကြီးစောင့်နေခဲ့တာပါ။"

"ဒါဆိုရင် ကျုပ်ကိုခင်ဗျားရဲ့ ဆရာတူအ‌စ်ကိုဆီခေါ်သွားပေးပါ။"

"မြင့်မြတ်သောဗုဒ္ဓ၊ ကျေးဇူးပြုပြီးလိုက်လာခဲ့ပါ။"

မြင့်မြတ်သောဗုဒ္ဓမှာ အလျင်အမြန်ပင် ဂူတစ်လုံးဆီသို့ ခေါ်သွားခံလိုက်ရ၏။

သူ ဂူထဲသို့ခြေလှမ်းလိုက်ချိန်တွင် မြင့်မြတ်‌သောဗုဒ္ဓ၏ကိုယ်မှာ မမြင်နိုင်ဘဲတုန်လှုပ်သွား၏။

ထိုဂူမှာ တကယ်ကိုပင် အမတအရှိန်အဝါနှင့် ပြည့်နှက်နေ၏!

သူဟာ အမတတစ်ပါးဖြစ်ရမည်ပင်၊ ထို့ကြောင့်သာ သူ၏အမတအသိသညာရောင်ဝါမှာ အင်မတန် ထက်မြနေရခြင်းပင်!

သို့သော် ဤသည်မှာ နတ်ဘုရားလောကဖြစ်၏!

နတ်ဘုရားလောက၌ ထိုသို့သော သိပ်သည်းသည့်အမတအရှိန်အဝါမည်သို့ ရှိနေရသနည်း?

ထိုအမတအရှိန်အဝါမှာ ဓမ္မရတနာတချို့နှင့် ဖန်ဆင်းထားခြင်းမဟုတ်ပါချေ။ အကြောင်းမှာ ဤလောကရှိမည်သည့် ဓမ္မရတနာကမှ အမတအရှိန်အဝါအား အဆုံးမရှိဖန်တီးနိုင်မည်မဟုတ်ချေ။

၎င်းမှာ ဆက်နွယ်မှုမူလရတနာဖြစ်ရင်ဖြစ် မဟုတ်လျှင် ဆက်နွယ်မှုဝိဉာဉ်ရတနာပင်။

သို့သော် ထိုအရာများမှာ သူတော်စင်များ သို့မဟုတ် ကောင်းကင်ဘုံထွဋ်ဖျားကရွှေရောင်အမတအရှင်များ၏ လက်တွင်း၌သာ ရှိကြ‌လေသည်။

မည်သို့များ သာမန်လူတွေကရရှိနိုင်ပါမည်နည်း?

မြင့်မြတ်‌သောဗုဒ္ဓမှာ တစ်ဖက်လူသည် သူ့ကဲ့သိုပင် အမတပထမအဆင့် ဖြစ်တည်မှုဖြစ်သည်ကို ကောင်းကောင်းသိလေသည်။

မည်သို့ပင်ဖြစ်စေ တစ်ဖက်လူထံ၌ ဆက်နွယ်မှု မူလရတနာနှင့် ဆက်နွယ်မှု ဝိဉာဉ်ရတနာတို့ရှိနေရန်မှာ မဖြစ်နိုင်ပါချေ။ အကြောင်းမှာ သူ့ထံ၌ ထိုသည်များအား အသက်သွင်းရင် စွမ်းအားမရှိခြင်းကြောင့်ပင်။

သို့သော် သူ့ထံ၌ ထိုမျှများပြားလှသည့် အမတအရှိန်အဝါရရှိရန် မည်သို့များကျင့်ကြံခဲ့ပါသနည်း?

"မြင့်မြတ်သောဗုဒ္ဓ၊ ကျွန်မရဲ့ ဆရာတူအစ်ကိုက ဂူရဲ့ အတွင်းဆုံးမှာပါ။ ကျေးဇူးပြုပြီး ဝင်သွားလိုက်ပါ။"

မြင့်မြတ်သောဗုဒ္ဓမှာ ခေါင်းငြိမ့်ကာ ဂူထဲသို့ ခြေလှမ်းလိုက်တော့သည်။

သို့သော် သူဟာ ဂူတွင်းသို့ရောက်ရှိချိန်တွင် သူ၏အမူအရာက ရုတ်တရတ်ပြောင်းလဲသွား၏။

တကယ်တွင် ဂူအတွင်းဆုံး၌ အပေါက်ငယ်လေးတစ်ခုရှိကာ ထိုနေရာမှ အမတအရှိန်အဝါအား ဂူထဲသို့ အဆက်မပြတ်ထုတ်လွှတ်နေခြင်းသာဖြစ်သည်ပင်!

ထိုအမတမှာမူ အမတအရှိန်အဝါနှင့် ကျင့်ကြံနေခြင်းပင်။

"ဒါ...ဒါက...?"

ထိုမြင့်မြတ်သောဗုဒ္ဓမှာ ကြောင်အမ်းသွားတော့သည်။

သူ၏ခြေချောင်းများနှင့်ပင် ထိုဂူ၏အခြားတစ်ဖက်က လုံးကို အမတလောကဖြစ်သည်အား ခန့်မှန်းနိုင်လိုက်သည်။

သို့သော် အမတလောကနှင့် နတ်ဘုရားလောကအကြား၌ ကွာဟချက်လေးတစ်ခုရှိ၏!

ကောင်းကင်တာအိုမှာ မည်သူ့ကိုမှ လောကအမျိုးစုံနှင့် သာမန်ကာလျှံကာ ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် စည်းမျည်းသတ်မှတ်ထား၏၊ အထူးသဖြင့် အထက်ပိုင်းလောကများကိုဖြစ်သည်။

ပြောင်းလဲမှုတချို့လုပ်နိုင်စွမ်းရှိသည့် သူတော်စင်တစ်ပါးသာမဟုတ်ပါလျှင် ၎င်းမှာ အခြားသူများအား မည်သည်ကိုမှ လုပ်ရန် မဖြစ်နိုင်တော့ပါချေ။

သူ့ကဲ့သို့ အင်းဆက်လေးတစ်ကောင်သည်ပင် စိတ်ဝိဉာဉ်တောင်မှ စေလွှတ်ခံလိုက်ရပြီးနောက်တွင် ကျင့်ကြံဆင့်အား ဖုံးထားရသေးသည်။ သူ၏အမတကျင့်ကြံဆင့်အား ဖော်ထုတ်မရနိုင်ပါချေ။

သို့သော် ထိုသို့ဆိုလျှင်ပင် သူဟာအင်မတန်ကံကောင်းနေဆဲပင်။ အနည်းဆုံးတော့ ဗုဒ္ဓဂိုဏ်းမှသူ့အား စေလွှတ်နိုင်သေး၏။

သူ့အတွက် သီးသန့်ကျင့်ကြံနိုင်မည့်နေရာလေး ရရှိရန်မှာမူ တကယ်ကိုမဖြစ်နိုင်ပါချေ!

သို့သော် တစ်ဖက်လူမှာ အနောက်ဘက်ဗုဒ္ဓဂိုဏ်းကပင် မလုပ်နိုင်သော တစ်စုံတရာအား တကယ်ကို လုပ်ဝံ့သည်။ ဒါကအရမ်း ရဲရင့်လွန်းမနေဘူးလား?

ထို့အပြင် တစ်ဖက်လူ၏နည်းလမ်းများမှာ စွမ်းအားကြီးနေပြီးသားပင်။ မဟုတ်ပါက ထိုသို့လုပ်ရန်မှာ မဖြစ်နိုင်ပါချေ။

"ဟဟဟဟ... မြင့်မြတ်သောဗုဒ္ဓရဲ့တည်ရှိနေမှုက ကျုပ်ရဲ့ အိမ်စုတ်လေးကို အလင်းဆောင်တာပဲ။"

တစ်ဖက်လူမှာ သူ၏ကျင့်ကြံနေခြင်းကို အဆုံးသတ်ကာ မြင့်မြတ်သောဗုဒ္ဓအား အပြုံးတစ်ခုဖြင့် ကြိုဆိုလိုက်၏။

မြင့်မြတ်သောဗုဒ္ဓမှာ မပြောခင် တစ်ခဏမျှ တိတ်ဆိတ်သွား၏။

"တာအိုညီ‌နောင်၊ ကျုပ်ကို မြင့်မြတ်သောဗုဒ္ဓလို့ ညွှန်းဆိုတာကနေ ရပ်လိုက်ပါတော့။ ဒါက နတ်ဘုရားလောက,ကလူတွေရဲ့ အခေါ်အဝေါ်‌ဆိုတာ ကျုပ်တို့နှစ်ယောက်လုံးသိနေတာပဲ။ စိတ်ဝိဉာဉ်တောင်မှာဆိုရင် ကျုပ်ကသာမန်မသေမျိုးဂိုဏ်းသားလေးပါပဲ။ တာအိုညီနောင်၊ ကျုပ်ကိုရှင်းယွင်လို့သာခေါ်ပါ။"

သူ့ထံ၌ ထိုသို့ပြောရခြင်း အကြောင်းပြချက်များရှိချေသည်။

ပထမဦးစွာ တစ်ဖက်လူက သူ၏ဝှက်ဖဲကိုပြလိုက်ကတည်းက သူ၏လွတ်မြောက်ရာလမ်းကြောင်းကို လုံးဝပိတ်ဆို့ရန်ကြိုးစားတော့မည်ကို သိခြင်းကြောင့်ပါပင်။ သူ၏ရည်ရွယ်ချက်များကိုသာ မဖော်ပြပါလျှင် ယနေ့တွင် ဤဂူမှ ထွက်သွားဖို့ရာမှာ လွယ်ကူမည်မဟုတ်ချေ။

သူ၏နာမည်အရင်းအားပြောခြင်းဖြင့် တစ်ဖက်လူအား စိတ်ချနိုင်မည်လည်းဖြစ်သည်။ ထို့အပြင် တစ်ဖက်လူအား သူသည်လည်း ပူးပေါင်းရန် စိတ်ဝင်စားသည်ဟူသော ခံစားချက်များကို ဖော်ပြရလည်းကျချေသည်။

ဒုတိယအနေဖြင့် သူဟာ တကယ်တော့အတန်ငယ်သွေးဆောင်နေခြင်းပင်။ တစ်ဖက်လူ၏စွမ်းအားနှင့်နည်းလမ်းများမှာ သူ့အား အနာဂတ်သို့ကူရာမဲ့စွာ ရှေးရှုကြည့်စေသည်ပင်။

တစ်ဖက်လူမှာလည်း ပြုံးကာချက်ချင်းပြောလိုက်၏။

"ကောင်းပါပြီ၊ ရှင်းယွင်သခင်က တကယ် ရှေ့ကိုကြည့်တတ်တာပဲ။ ဒီလိုဆိုမှတော့ ရှင်းယွင်သခင်လည်း ကျုပ်ကို ကျုပ်ကိုဓမ္မအမည်နဲ့ ခေါ်နိုင်ပါတယ်။ ကျုပ်နာမည်က ကျန်းလီပါ။"

"ကျန်းလီ?"

ရှင်းယွင်၏ မျက်ခုံးများအတန်ငယ်မြင့်တက်သွားကာ မှတ်ဉာဏ်များထဲ၌ ရှာဖွေကြည့်လိုက်သော်လည်း ထိုသို့သော လူတစ်ယောက်အား မမှတ်မိပါချေ။

သို့သော် ‌ဂရုတစိုက်တွေးကြည့်မိသော် ကျန်းလီမှာလည်း သူ့ကဲ့သို့ပင် ပုစွန်ဆိတ်ကလေးတစ်ကောင်ဖြစ်ရမည်။ သူ၏နောက်ကွယ်ကလူမှာ နောက်တွင် ပုန်းအောင်းနေသည်ပင်။ ထို့ကြောင့် ထိုလူ၏နာမည်အား ဘယ်တုန်းကမှ မကြားဖူးခဲ့သည်မှာ ပုံမှန်ပင်ဖြစ်သည်။

"ဟုတ်ပါတယ်၊ ကျန်းလီပါ။ တာအိုညီနောင်ရှင်းယွင်၊ အများကြီးမတွေးပါနဲ့။ ကျုပ်က အမတလောကမှာ လူမသိသူမ‌သိလေးတစ်ယောက်ပါပဲ။"

ရှင်းယွင်းမှာ အနေရခက်စွာ ပြုံးလိုက်၏။

"တာအိုညီနောင်ကျန်းက တကယ်ကို နှိမ့်ချလွန်းနေပါပြီ။ ခင်ဗျားက ကျုပ်ထက် အဘက်ဘက်မှာ သာလွန်ပါတယ်။ ခင်ဗျားက အရမ်းနှိမ့်ချလွန်းနေတော့ ကျုပ်ကဘယ်လိုနေရတော့မလဲဗျာ?"

တစ်ခဏရပ်ပြီးနောက် သူဟာ စကားဆက်လိုက်သည်။

"ကျုပ်ဒီတစ်ခေါက်လာတာက တာအိုညီနောင်ကျန်းလီပြောခဲ့ဖူးတဲ့ မြင်းနက်တွေကြောင့်ပါပဲ။ ဒီမြင်းနက်တွေကို အမဲလိုက်ရာက ရနိုင်မယ့် အကျိုးအမြတ်တွေကိုလည်း သိချင်လို့ပါ။"

"အကျိုးအမြတ်တွေကတော့ သိသာပါတယ်။ မြင်းနက်တွေကို အဲ့ဒီ့လူက ဖန်ဆင်းခဲ့တာလေ။ ကျုပ်တို့သာ အောင်အောင်မြင်မြင် အမဲလိုက်နိုင်ရင် ကံကောင်းမှုအကြီးကြီးကိုရလိုက်တာပဲ။"

"ရှင်းရှင်းပြောရရင် ခင်ဗျား မြင်းနက်တွေကို သတ်ပြီးတာနဲ့ ခင်ဗျား ရေအိမ်ထဲရောက်နေချိန်မှာတောင် ထိပ်တန်းအဆင့်အမတဆေးလုံး တစ်လုံးနှစ်လုံးလောက်ကိုတောင် ကောက်ရနိုင်တယ်!"

"ဟစ်~"

ရှင်းယွင်မှာ ချက်ချင်းပင် ဦးရေပြားများ ထုံကျင်သွားသည်ကိုခံစားလိုက်ရ၏။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?"

"ဖြစ်နိုင်တာပေါ့။ မဟုတ်ရင် ကျုပ်က ဘာကြောင့်များ တာအိုညီနောင်ရှင်းယွင်ဆီလာနေရမှာလဲဗျာ? တာအိုညီနောင်ရှင်းယွင်၊ ကျုပ်တို့ဘဝမှာ ကျုပ်တို့လိုသာမန်လူတွေကို အောင်အောင်မြင်မြင်ကျင့်ကြံဖို့ မဖြစ်နိုင်ဘူးဆိုတာ ခင်ဗျားသိသင့်တယ်။"

"ကျုပ်တို့ရဲ့ အကောင်းဆုံးအောင်မြင်မှုက အမတလောက,က အဖွဲ့အစည်းတစ်ခုခုရဲ့ ပုစွန်ဆိတ်ကလေးတွေ ဖြစ်လာရတာပဲရှိတယ်။ ရှင်းရှင်းပြောရရင် ကျုပ်တို့နဲ့ အမြောက်စာဇာတ်ကောင်လေးတွေကြားမှာ ဘာခြားနားချက်ရှိလို့လဲ?"

"သူတော်စင်တစ်ပါးလိုဖြစ်တည်မှုမပြောနဲ့၊ ရဟန္တာအဆင့် ဖြစ်တည်မှု ဒါမှမဟုတ် အမတတစ်ပါးတောင် မဖြစ်နိုင်ဘူး။"

"တာအိုညီနောင်ရှင်းယွင်၊ ခင်ဗျား... ဒီလိုနေဖို့ ဆန္ဒရှိလို့လား?"

ရှင်းယွင်၏နှလုံးအိမ်မှာ ချက်ချင်းပင် ပြင်းပြင်းထန်ထန်ခုန်ပေါက်လာသော်လည်း သူဟာအဖြေမပေးပါချေ။

ကျန်းလီမှာ စကားဆက်လိုက်၏။

"တာအိုညီနောင်ရှင်းယွင်၊ ဒီတစ်ခေါက် ခင်ဗျားရဲ့ဗုဒ္ဓဂိုဏ်းက ဘယ်သူနဲ့ရင်ဆိုင်နေတာလဲဆိုတာကိုသိရဲ့လား?"

"ဒါက မြင်းနက်တွေလို့ ခင်ဗျားထင်နေတယ် မဟုတ်လား? ပြောရရင် သူတို့က သူတို့ထက် အဆင့်မြင့်တဲ့ ရန်သူတွေကို သတ်နိုင်ပြီး ကျင့်ကြံဆင့်တွေတက်ဖို့ကလည်း တကယ်ကိုမြန်ကြ‌တယ်လေ!"

"ဒါပေမယ့်၊ ပြောပါရစေ၊ သူတို့တွေကလုံးဝကို မြင်းနက်တွေမဟုတ်ကြဘူး!"

"သူတို့တွေက မြင်းနက်ရဲ့ တပည့်လေးတွေပဲရှိသေးတယ်!"

"ဒါပေမယ့် သူတို့တွေက မြင်းနက်နဲ့ ပတ်သက်လိုက်ပြီဆိုကတည်းက အောင်မြင်မှုကြီးတွေ ရရှိနိုင်ခဲ့တာပဲ! သူတို့တွေ ဒီအဆင့်ရောက်ဖို့ ဘယ်နှနှစ်လောက်ပဲကုန်ဆုံးလိုက်သလဲဆိုတာသိရဲ့လား?"

"ဆယ်နှစ်တောင်မပြည့်ဘူး!"

"မတိုင်ခင်ကမှ သူတို့တွေ အဆင့်နိမ့်လောက,ကနေ တက်လာကြပြီး နတ်ဘုရားအဆင့်လေးတွေပဲရှိသေးတာ!"

ရှင်းယွင်၏မျက်လုံးများမှာ ရုတ်တရတ် ပြူးကျယ်သွားကာ ကိုယ်ပေါ်ရှိအမွေးများပင် တစ်ဆုံးထောင်ထသွားတော့၏။

တစ်ခဏကြာပြီးနောက်တွင် အသက်ပြင်းပြင်းရှူကာ လေးနက်ဟန်ဖြင့်ဆိုလိုက်၏။

"ခင်ဗျားမှာ ဘယ်လောက်ယုံကြည်ချက်ရှိလဲ?"

ကျန်းလီ၏နှုတ်ခမ်းထောင့်မှာ အမတဓားလေးလက်နှင့် အစီအရင်တစ်ခုအား ထုတ်ယူလိုက်ချိန်တွင် ကွေးတက်သွားတော့၏!

"တာအိုညီနောင်ရှင်းယွင်၊ ခင်ဗျား အမတသတ်ဓားအစီအရင်ကို ကြားဖူးသလား?"

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၂၆။ အပိုင်း ၃၈၇ အန္တရာယ်

"အမတ... အမတသတ်ဓားအစီအရင်!"

ရှင်းယွင်မှာ ကြောင်အမ်းသွားတော့သည်။

ပြောရလျှင် အမတသတ်ဓားအစီအရင်မှာ အတော်လေးကျော်ကြားလှ၏။

၎င်းမှာ ပထမဆုံးရှေးဟောင်းဓားအစီအရင်ပင်!

ထို့အပြင် ကျောင်းတော်သခင်ထုံးထျန်း ထိန်းချုပ်ထားသည့် ထိပ်တန်းသတ်ဖြတ်ခြင်းအစီအရင်လည်းဖြစ်သည်။

နတ်ဘုရားချိတ်ပိတ်အပြစ်စီရင်ခြင်းပြီးနောက်တွင် ပျောက်ကွယ်သွားပါသော်လည်း ၎င်း၏ဂုဏ်သတင်းအား သုံးလောကလုံးရှိ လူတိုင်းသိကြပေသည်။

ရှင်းယွင်၏ထိတ်လန့်မှုအား မြင်သည်တွင် ကျန်းလီဟာပြုံးကာရှင်းပြလိုက်၏။

"ဒါပေါ့ ဒါကအမတသတ်ဓားအစီအရင်အစစ်တော့မဟုတ်ဘူးလေ။ အမတသတ်ဓားအစီအရင်အစစ်ကို ပြည့်ပြည့်စုံစုံထုတ်ဖော်ဖို့ဆိုရင် သူတော်စင်တစ်ပါးကိုလိုတယ်။"

"ဒီတစ်ခုက ကျုပ်ဆရာဖန်တီးခဲ့တဲ့ မူလ အမတသတ်ဓားအစီအရင်ကို တုပထားတဲ့အစီအရင်ပဲ။ ဒါ့ထက် ကျုပ်ဆရာက အမတသတ်ဓားအစီအရင်ကားချပ်ကိုလည်း ဖန်တီးခဲ့တယ်။

"ဒါက အမတအဆောင်လက်နက်အမျိုးအစားဆိုပေမယ့်လည်း ဒါကဘယ်လောက်ထိ စွမ်းအားကြီးတယ်ဆိုတာကို ကျုပ်ရှင်းပြဖို့ မလိုဘူးလို့ထင်တယ်၊ ဟုတ်တယ်မလား?"

ရှင်းယွင်မှာ ခေါင်းငြိမ့်လိုက်၏။

သူပြောတာ မှန်ပါသည်။

၎င်းမှာ အမတသတ်ဓားအစီအရင်၏ အမတအဆောင်လက်နက်အမျိုးအစားသာဖြစ်သည်ဆိုလျှင်ပင် လုံလောက်နေပြီဖြစ်၏။

အကြောင်းမှာ ထိုမြင်းနက်မှာ နတ်ဘုရားလောကတွင်ရှိနေသည်ဆိုကတည်းက မကြာမီတွင် အမတတစ်ပါးမဟုတ်‌သေးဟုဆိုလိုပေသည်။ တစ်ဖက်လူက အမတတစ်ပါးမဟုတ်သည်ကို အသာထား အမတများသည်ပင် အမတသတ်ဓားအစီအရင်၏ထိုအမျိုးအစားအား မထိန်းချုပ်နိုင်ပါချေ။

တစ်ဖက်လူမှာ ကျင့်ကြံဆင့်တစ်ဆင့်ပိုမြင့်သူကို တိုက်ခိုက်နိုင်ပါလျှင်တောင်၊ သူ့ထံ၌ နည်းလမ်းများစွာရှိပါလျှင်တောင်...

၎င်းမှာဖြစ်နိုင်ချေမရှိပါချေ!

"ဒါပေမယ့်၊ ပြောရရင် တာအိုညီနောင်ကျန်းလီမှာ ဒီလို စွမ်းအားကြီးတဲ့နည်းလမ်းတွေရှိကတည်းက ဒါကို ကျုပ်မပါဘဲလုပ်ရင်တောင် ပြဿနာမရှိဘူးမလား? ဘာလို့ကျုပ်ကို လိုအပ်နေရသေးတာလဲ?"

"ဟီးဟီးဟီးဟီး..."

ကျန်းလီမှာထူးမခြားနားပြုံးလိုက်ကာ ချက်ချင်းပြောလိုက်၏။

"တာအိုညီနောင်ရှင်းယွင်၊ ခင်ဗျားအရင်က မြင်းနက်တစ်ယောက်ကိုမှ မတိုက်ခိုက်ဖူးဘူးလေ၊ ဒါ့ကြောင့် မြင်းနက်တစ်ကောင်က ဘယ်လောက်ထိစွမ်းအားကြီးလဲဆိုတာကို ခန့်မှန်းလို့တောင် ရနိုင်မှာမဟုတ်ဘူး။ ရိုးရိုးသားသားပြောရရင်၊ အမတသတ်ဓားအစီအရင်နဲ့တောင် သူ့ကိုလုံးဝသတ်နိုင်လိမ့်မယ်လို့ မပြောရဲဘူး!"

"ဘာ! သူကဒီလောက်တောင်စွမ်းအားကြီးတာလား?"

စွမ်းအားရှင် ရှင်းယွင်၏နှလုံးမှာ တုန်ရီသွား၏။ သူဟာ ရေခဲခန်းထဲ ကျဆင်းသလိုခံစားလိုက်ရကာ အင်မတန်ကြောက်ရွံ့သွား၏။

သူဟာ ကျန်းလီအား လာရောက်ရှာဖွေရခြင်းအကြောင်း တစ်စိတ်တစ်ပိုင်းမှာလည်း ထိုမြင်းနက်များ၏စွမ်းအားကို နှစ်သက်ကာ ၎င်းတို့အား အမဲလိုက်ခြင်းဖြင့် သူ၏ကံကြမ္မာကို ပြောင်းလဲချင်သောကြောင့်ပါပင်။

တစ်နည်းပြောရလျှင် သူဟာ အမတတစ်ယောက်အနေနှင့် ထိုမြင်းနက်များနှင့် ရင်ဆိုင်ရန် ယုံကြည်ချက် တစ်ခုတော့ရှိချေသည်ပင်။

သို့သော် ယခုတွင် ကျန်းလီမှာ အမတသတ်ဓားအစီအရင်၏ထိုအမျိုးအစားကပင် တစ်ဖက်လူအား အနိုင်ယူရန် မဖြစ်နိုင်ဟုပြောလာချေပြီ။ ထိုသို့သာဆိုလျှင် တိုက်ခိုက်ခြင်း၏ ရည်ရွယ်ချက်က ဘာများဖြစ်မည်နည်း!

သူသာဆက်သွားနေရင် သေခြင်းနဲ့ ကြုံရမှာမဟုတ်ဘူးလား?

ကျန်းလီမှာ ထပ်မံရှင်းပြလိုက်သည်။

"တာအိုညီနောင်၊ အထင်မလွဲပါနဲ့။ ဒီမြင်းနက်တွေကလုံးဝကို ဒီလောက်ကြီးစွမ်းအားကြီးတယ်လို့ ပြောနေတာမဟုတ်ပါဘူး။ ဒီမြင်းနက်တွေကလည်း အရမ်းကိုကျွမ်းကျင်လိမ္မာတယ်လို့ပြောချင်တာပါ။ ခင်ဗျားသာ ဂရုမစိုက်ရင် သူတို့လွတ်သွားနိုင်ပါတယ်။

"ကျုပ်ရဲ့ အမတသတ်ဓားအစီအရင်က တစ်ဖက်လူကိုသတ်ဖို့ မျှော်လင့်ချက်လုံးဝရှိပါတယ်။ ဒါပေမယ့် တစ်ဖက်လူကိုအနိုင်ယူပြီးရင် သူက ထွက်ပြေးမယ့်ပုံပါပဲ။"

"အဲ့ဒီလူလွတ်သွားတာနဲ့ ယုန်ငကြောက်လေးပဲ ဖြစ်သွားလိမ့်မှာပါ။ သူ့ကိုထပ်ပြီးရှာတွေ့ဖို့ကလည်း ကောင်းကင်ဘုံကို တက်လှမ်းရသလို ခက်ခဲမှာပါ။

"အဲ့မြင်းနက်ရဲ့ ကျင့်ကြံနှုန်းတိုးတက်ပုံနဲ့ဆိုရင် သူပိုပြီးသန်မာလာဖို့က သိပ်ကြာမှာမဟုတ်ဘူး။ အဲ့လိုဆိုရင် သူ့နဲ့ ရင်ဆိုင်ဖို့က တကယ်ကို ဖြစ်နိုင်မှာမဟုတ်တော့ဘူး။"

"ဒါကြောင့် အမတသတ်ဓားအစီအရင်အပြင်ဘက်မှာ ဧကရာဇ်တစ်ရာအဆင့်အစီရင်ကို ခင်းကျင်းဖို့ တာအိုညီ‌နောင်ရှင်းယွင်ဆီလာပြီး အကူအညီတောင်းရတာပါ။ ဒီအစီအရင်ကို ကျဲကျောင်းတော်ရဲ့ အမတတစ်သောင်းအစီအရင် စုစည်းထားတဲ့အမျိုးအစားလို့လည်း ယူဆနိုင်ပြီးတော့ မြင်းနက်ထွက်ပြေးတာကနေ တားဖို့လည်း ကူညီပါလိမ့်မယ်။"

"ဒီလိုနဲ့ ကျုပ်တို့ရဲ့ မဟာအစီအစဉ်ကအောင်မြင်ပါလိမ့်မယ်။ ခင်ဗျားနဲ့ကျုပ်က ကောင်းကင်ဘုံကိုအံတုပြီး ကံကြမ္မာကို ပြောင်းလဲနိုင်လိ့မ်မယ်။"

"ဒီလိုဆိုပေမယ့်လည်း ကျုပ်တို့ဗောဓိကျောင်းမှာက နတ်ဘုရားဧကရာဇ်အဆင့်ဆိုလို့ ၁၅ယောက်ပဲရှိတာလေ။ တာအိုညီနောင့်အတွက် နတ်ဘုရားဧကရာဇ်တစ်ရာကိုစုစည်းပြီး ဧကရာဇ်တစ်ရာအစီအရင်ကိုခင်းကျင်းဖို့က မလွယ်ကူနိုင်ဘူး၊ မဟုတ်လား?"

"တာအိုညီနောင်ရှင်းယွင်း၊ မပူပါနဲ့။ ကျုပ် ရှေးဟောင်းမျိုးနွယ်စုခေါင်းဆောင်တွေအများကြီး ရှာတွေ့ပြီးပါပြီ။ ဥပမာ၊ လင်းမျိုးနွယ်စုမှာ အဲ့ဒီမြင်းနက်နဲ့ အရှုပ်အရှင်းတစ်ခုရှိထားတယ်။ အဆင့်နိမ့်လောက,က သူတို့ရဲ့မျိုးဆက်ကို အဲ့ဒီမြင်းနက်က သတ်ခဲ့တယ်လေ။"

"ကျုပ် တခြားမျိုးနွယ်စုအများကြီးကိုလည်း သိမ်းသွင်းပြီးပါပြီ။ အခုဆိုရင် ဧကရာဇ်တစ်ရာအစီအရင်ကိုခင်းကျင်းနိုင်ဖို့အတွက် ဗောဓိကျောင်းက နတ်ဘုရားအရှင်ဘုရင် ၁၅ယောက်ကိုပဲ လိုတော့တာပါ!"

ရှင်းယွင်မှာ ခေါင်းငြိမ့်လိုက်သည်။

"ကျုပ်သိပြီ။ ဒါဆိုရင်တော့ နားလည်ပြီ။ ဒီပူးပေါင်းမှုကို ကျုပ်ပါဝင်မယ်။"

"ကောင်းပြီလေ! ဒီကိစ္စပြီးသွားရင် တာအိုညီနောင်ရှင်းယွင်ရမယ့် အကျိုးအမြတ်တွေက မွေးဖွားခြင်းချီတစ်ရာ ဒါမှမဟုတ် တစ်ထောင်ထက်တောင် များစေရမယ်။"

"အဲ့လိုဆိုရင် ရဟန္တာတစ်ပါးမပြောနဲ့ ဗောဓိသဗ္ဗတစ်ပါးကတောင် ခင်ဗျားနဲ့ မယှဉ်နိုင်မှာ စိုးရတယ်။"

...

ဗောဓိကျောင်းတွင် ဗောဓိကျောင်း၏ ကျောင်းထိုင်ဆရာတော်ပေါ်လာချိန်၌ မူလက ပူပန်နေကြသောလူများမှာ သက်ပြင်းချလိုက်နိုင်၏။

ဗောဓိကျောင်း၏ ယခင်ကျောင်းထိုင်များအားလုံးမှာ ကြီးမြတ်သောနတ်ဘုရားအဆင့်ပညာရှင်များသာဖြစ်ကြသည်။

သူနှင့်ဆိုလျှင် ယွင်လီကောအားခြိမ်းခြောက်ရန် လုံလောက်နိုင်သည်။

"ဒီကလေးရဲ့ နတ်ဆိုးသဘာဝက နက်ရှိုင်းတာပဲ။ ဒီဗုဒ္ဓဓမ္မက သူ့ကိုအကြာကြီး ဖိနှိပ်နိုင်မှာမဟုတ်ဘူး။ ကိုယ်တော့ရဲ့ တိုက်ခိုက်စွမ်းအားကို တိုးမြှင့်ဖို့ လက်ရာမြောက်ဓမ္မကြာသုတ္တန်ကို ပြောင်းပြီး မဟာကျမ်းစာအစစ်အမှန်ကို သုံးလိုက်။"

"ကောင်းပါပြီ!"

ထိုအခိုက်တွင် ဗောဓိများ၏ အကြီးအကဲများနှင့် တပည့်များသာမက ကြီးမြတ်သော နတ်ဘုရားအဆင့်ပညာရှင်များပင်ဖြစ်ပါစေ ၎င်းတို့အားလုံးမှာ တင်ပလ္လင်ခွေထိုင်ကာ လက်ရာမြောက်ဓမ္မကြာသုတ္တန်အား ရွတ်ဆိုလိုက်ကြသည်။

ကျမ်းစာပေါ်ထွက်လာသည်နှင့် များစွာသောရွှေကြာပွင့်များမှာ ဗောဓိတောင်တစ်ခုလုံးတွင် ထွက်ပေါ်လာ၏။ ထိုကြာပန်းများပွင့်လန်းလာကာ ကြာပွင့်တစ်ခုစီတွင် ဗုဒ္ဓသဏ္ဍာန်တစ်ခုက ထိုင်နေ၏။

ဗောဓိကျောင်း,ကျောင်းထိုင်ပေါ်၌ ဗုဒ္ဓသောင်းချီ၏ ယုံကြည်မှုစွမ်းအားမှာ တစ်ချိန်တည်းတွင် တိုးမြင့်လာတော့သည်။ ဗောဓိကျောင်း, ကျောင်းထိုင်၏အရှိန်အဝါမှာ ချက်ချင်းပင် ထိတ်လန့်ဖွယ်ကောင်းအောင် အလျင်အမြန်တိုးထွက်လာခဲ့၏။

တစ်ခဏအတွင်းတွင် သူ၏အရှိန်အဝါမှာ ကြီးမြတ်သောနတ်ဘုရားအဆင့်အားကျော်လွန်လျက် နတ်ဘုရားဧကရာဇ်အဆင့်သို့ တက်လှမ်းသွားတော့၏!

"အမိတာဘ၊ ကောင်းတယ်၊ ကောင်းတယ်! ဗုဒ္ဓက ညှာတာပြီး ဒီနတ်ဆိုးကို ဖျက်ဆီးဖို့ ကူညီလိမ့်မယ်!"

ထိုကျောင်းထိုင်မှာ သူ၏ခြေထောက်အား အနည်းငယ်ထိလိုက်ရာ ယွင်လီကောရှေ့မှောက်သို့ ရောက်ရှိသွားတော့၏။

"တတ္ထာဂတ နတ်ဆိုးသတ်ဖြတ်ခြင်း!"

သူဟာ ယွင်လီကော၏ ကိုယ်ကိုရွယ်ကာ လက်ဝါးဖြင့်ခုတ်ချလိုက်သည်။

ယွင်လီကောမှာ နောက်လည်းမဆုတ်၊ ရှောင်တိမ်းခြင်းလည်းမပြုပါချေ။ သူဟာ လှံတံကိုကိုင်ဆောင်လျက် တိုက်ခိုက်လိုက်တော့၏။

ဘုန်း!

၎င်းတို့နှစ်ဦး၏စွမ်းအင်မှာ တိုးထွက်လာ၏။ ပထမဦးစွာ အနက်ရောင်အလင်းက တောက်လဲ့လာကာ ‌နောက်တွင်တော့ ရွှေရောင်အလင်းက အရူးအမူးပျံ့နှံ့လာ၏။

ထိုအားကောင်းသောစွမ်းအားမှာ လောကအား တုန်ရီစေကာ ဗောဓိတောင်တစ်ခုလုံးအား လှုပ်ယမ်းသွားစေ၏။

နှစ်ဦးသားမှာ အချင်းချင်းဆက်လက်တိုက်ခိုက်နေကြပြီး တိုက်ခိုက်မှုများကို ဖလှယ်နေကြ၏...

၎င်းတို့၏ထိခိုက်မှုရလာဒ်ထွက်လာချိန်တိုင်း ပေါက်ကွဲမှုအပြင်းစား ဖြစ်ပွားလေသည်။

ဗုဒ္ဓပုံရိပ်များမှာ ကောင်းကင်တွင်ပြည့်နှက်နေလျက် အတန်ငယ် မထိန်းချုပ်နိုင်ဖြစ်နေကာ လွင့်ပျံလာလေသည်။

ကျောင်းထိုင်မှာ အတန်ငယ်လေးနက်သွား၏။

သူဟာ ရွေးစရာမရှိသော်လည်း ရှေ့သို့လှမ်းလိုက်သည်။

တကယ်တွင် ဗုဒ္ဓဂိုဏ်း၏စွမ်းအားမှာ နတ်ဘုရားဧကရာဇ် အထွဋ်အထိပ် တစ်ယောက်နှစ်ယောက်လောက်သာ ပေါ်ထွက်လာပါလျှင် ယွင်လီကောအား ကြက်ကလေး ခွေး‌ကလေးသတ်သလိုပင် အလွယ်တကူ ချေမှုန်းနိုင်ကြပေလိမ့်မည်!

ပြောရလျှင် ယွင်လီကောမှာ မည်မျှပင် ကောင်းကင်ဘုံအား အံတုနိုင်နေပါစေ ထိပ်တန်းနတ်ဘုရားဧကရာဇ်အဆင့်ဖြစ်ဖို့ရာတော့ အဝေးကြီးလိုနေသေးသည်။ မဟုတ်လျှင် သူဟာ အင်မတန်ကို ကောင်းကင်ဘုံနှင့် သွေဖီနေပြီဖြစ်၏။

သို့ရာတွင် မြင့်မြတ်သောဗုဒ္ဓကခွင့်မပြုကတည်းက သူ့ထံတွင် လုပ်နိုင်တာမရှိပါချေ။

၎င်းမှာ အခြားကြီးမြတ်‌သောနတ်ဘုရားအဆင့်ပညာရှင်များသည်ပင် ထွက်လာခွင့်မရသည့်အခြေအနေထိရောက်နေပြီဖြစ်၏။ ယခုတွင် သူဟာ ဒီရေကို အံတုရန် သူ့ကိုယ်သူ မှီခိုရချေတော့မည်။

သူဟာ မရှုံးနိုင်ပါချေ။ သူရှုံးသည်နှင့် ဗောဓိကျောင်း၏ အဆုံးအရှုံးမှာ အင်မတန်များပြားသွားမည်ဖြစ်၏။ အနာဂတ်တွင် စိတ်ဝိဉာဉ်တောင်မှာ ဤလောကရှိ ၎င်းတို့၏ထောက်ပံ့မှုများ လျော့ချလိမ့်မည်ဖြစ်၏။ ထိုသို့ဖြင့် ဗုဒ္ဓဂိုဏ်းမှာ ဤလောကတွင် ရှင်သန်ဖို့ရာ ဖြစ်နိုင်တော့မည်မဟုတ်ပါချေ။

တိုက်ပွဲအကြားတွင် ဗောဓိကျောင်း, ကျောင်းထိုင်ဆရာတော်မှာ နက်နဲမှုနတ်ပစ္စည်းအဆောင်လက်နက် လေးမျိုးအား လက်ဖြင့် ထုတ်ယူလိုက်၏။

ဦးစွာ သူ၏နောက်တွင် မဟာမင်မင်းဆက်ဘီးအား ထားလိုက်ကာ သူ၏တိုက်ခိုက်မှုအား တိုးမြှင့်ရန် ဗုဒ္ဓစွမ်အားကို အရူးအမူးစု‌စည်းလိုက်၏။

ဒုတိယအနေဖြင့် သူ၏ခေါင်းထက်၌ ထာဝရဗုဒ္ဓခေါင်းလောင်းအားထားလိုက်သည်။ သူ၏နတ်ဝိဉာဉ်စွမ်းအားကို လှည့်ပတ်ကာ ခေါင်းလောင်းတီးသည့်အချိန်တိုင်း ယွင်လီကောအား ထောင့်အားလုံးမှ တိုက်ခိုက်နိုင်လိမ့်မည်။

တတိယအနေဖြင့် သူဟာ ဗုဒ္ဓအရိုးတော်ပုတီးစေ့အား ထုတ်ယူလိုက်သည်။ ၎င်းမှာ ယွင်လီကော၏ပတ်လည်တွင် မဟာကောင်းကင်ဘုံထွဋ်ဖျား၂၄ပါးကို အကျဉ်းချကာ လေထုထဲမှာ မည်သည့်နတ်ဝိဉာဉ်စုပ်ယူခြင်းကိုမဆို တားဆီးထားလိုက်၏။

သူထုတ်ယူလိုက်သောလေးခုမြောက် ပစ္စည်းမှာ ရွှေရောင်ဗုဒ္ဓ အမွေအနှစ်ပင်။ ၎င်းမှာ ယွင်လီကော၏ရင်ဘတ်အား မဟာဗုဒ္ဓစွမ်းအားဖြင့်တိုက်ရိုက်တိုက်ခိုက်လိုက်သည်။

နက်နဲမှု လက်နက်လေးခုလုံးထွက်ပေါ်လာသည်နှင့် ဗောဓိကျောင်း, ကျောင်းထိုင်ဆရာတော်၏ တိုက်ခိုက်စွမ်းအားမှာ ပို၍ပင် မြန်သောအရှိန်ဖြင့် ရုတ်တရတ် တိုးထွက်လာသည်။ တစ်ခဏအတွင်းတွင် ယွင်လီကော၏အရှိန်အဝါအား ဖိနှိပ်လိုက်၏။

ရွှေရောင်ဗုဒ္ဓအမွေအနှစ်မှာ ယွင်လီကောအားပြင်းစွာ ရိုက်ခတ်သွား၏။ တစ်ခဏအတွင်းပင် ယွင်လီကောအား နောက်သို့ တွန်းထုတ်လိုက်သည်!

ဖူးးး!

ယွင်လီကောမှာ မီတာတစ်သိန်းစလုံးသို့ လွင့်စင်သွားကာ ဗောဓိတောင်ထွဋ်မှာ တောင်နံဘေးသို့ ပြန်လည်ရောက်ရှိသွား၏။

ထိုအခိုက်တွင် ပထမဆုံးသော သွေးတစ်ပွက်အား အန်ထုတ်လိုက်တော့သည်!

သူဟာ ဗောဓိကျောင်းထဲသို့ ခြေချလိုက်ကတည်းက တစ်စုံတစ်ယောက်အား ရှုံးလိုက်သော ပထမဆုံးအကြိမ်ပင်!

ဗောဓိသဗ္ဗနတ်ဝိဉာဉ်တစ်ခုမှာ ဗောဓိတောင်၏ကျောင်းထိုင်ဆရာတော်နောက်မှ တိုးထွက်လာ၏။ ၎င်းမှာ မီတာတစ်ထောင်ရှည်က အင်မတန်မြင့်မြတ်သောရောင်ဝါအား ထုတ်လွှတ်နေသည်!

"မင်းရဲ့ကျင့်ကြံဆင့်က အမတနတ်ဘုရားဧကရာဇ်အဆင့်မှာပဲရှိသေးပြီး ငါ့ရဲ့ကျင့်ကြံဆင့်က လက်ရာမြောက်ဓမ္မကြာသုတ္တာန်ရဲ့အထောက်အပံ့နဲ့ နတ်ဘုရားဧကရာဇ်တစ်ယောကိုတောင် ယှဉ်နိုင်နေပြီ!"

"တစ်ချိန်တည်းမှာပဲ မင်းရဲ့ဓမ္မရတနာက နတ်ပစ္စည်း‌အဆောင်လက်နက်ဖြစ်ပြီး ငါ့ဓမ္မရတနာကအားလုံး နက်နဲမှုအဆင့်တွေချည်းပဲ!

"မင်းကငါ့ရဲ့ပြိုင်ဘက်မဟုတ်တော့ပါဘူး။ မင်းအခုအရှုံးပေးမယ်ဆိုရင် ငါတို့ဗုဒ္ဓဂိုဏ်းက ပြုပြင်ပြီး မင်းကို အသက်ရှင်ဖို့ အခွင့်အရေးပေးမှာပါ။"

"သားသတ်ဓားကိုချပြီး ဗုဒ္ဓလမ်းစဉ်ကို လိုက်နာပါ!"

ယွင်လီကောမှာ သွေးတစ်ပွက်အန်ကာ နှုတ်ခမ်းထောင့်မှ သွေးများကိုသုတ်လိုက်၏။

"မင်းတို့ဗုဒ္ဓဂိုဏ်းကတကယ်ကို အရှက်မဲ့တာပဲ။ ကျုပ်ကဗုဒ္ဓဂိုဏ်းသားအများကြီးကို သတ်ခဲ့တာတောင် ပါရမီရှိတာကိုမြင်ပြီး ချည်ထားချင်သေးတယ်ပေါ့။"

"ဗုဒ္ဓဂိုဏ်းက နတ်ဘုရားလောကမှာ နံပါတ်တစ်ဂိုဏ်းဖြစ်လာတာ မအံ့ဩတော့ပါဘူး။ မင်းတို့တွေက ကျုပ်တို့ အမည်မဲ့ဂိုဏ်းထက်တောင် အရှက်မဲ့ကြသေးတယ်!"

"ကံမကောင်းချင်တော့ ကျုပ်က ဗုဒ္ဓဂိုဏ်းကို ဖျက်ဆီးချင်တယ်လို့ပြောခဲ့ပြီးပြီလေ!"

"ကျုပ်ရဲ့ကတိကိုတည်ရဦးမယ်!"

"ခေါင်းမာလိုက်တာ။ ဒီလိုမှတော့ မင်းကို နောက်ဘဝဆီပဲပို့ပေးရတော့မယ်။"

အသက်ပြင်းစွာရှူပြီးနောက်တွင် ဗောဓိကျောင်း,ကျောင်းထိုင်မှာ ထပ်မံတိုက်ခိုက်လိုက်တော့သည်။

သူ၏နောက်မှ ဗောဓိသဗ္ဗပုံရိပ်မှာ ကမ္ဘာမြေတုန်လှုပ်လောက်သည့် လက်ဝါးရိပ်နှင့် တိုက်ခိုက်လိုက်သည်။ တစ်လောကလုံးရှိ နတ်ဝိဉာဉ်စွမ်းအားမှာ မွေ့ယမ်းသွားကာ လေနှင့် တိမ်တိုက်များမှာလည်း ဆိုးဆိုးရွားရွားပြောင်းလဲသွားတော့သည်။ လောကတွင် အချင်းဝက် ကီလိုမီတာ ၅၀၀၀အတွင်းရှိ အရာအားလုံးကို ထိရောက်သွားကြ၏!

ယွင်လီကောခေါင်းထက်ရှိ ကြာနက်မှာ ပို၍ပင် မြန်စွာလည်နေသည်။ သူဟာလက်တွင်းရှိလှံတံကို ကိုင်မြှောက်လျက် တစ်ဖက်လူအား ထပ်မံရင်ဆိုင်လိုက်တော့သည်။

ဘုန်း!

ဤတစ်ကြိမ် ရိုက်ခတ်လှိုင်းမှာ ဗောဓိတောင်တစ်ခုလုံး၏တောင်‌နံဘေးအား ချောက်ကြီးတစ်ခုအဖြစ် ပိုင်းဖြတ်သွားတော့၏။

ယွင်လီကော ထင်မထားခဲ့သည်မှာ ထိုဗောဓိကျောင်း, ကျောင်းထိုင်သည် ထိုလက်ဝါးရိပ်ထဲ၌ နက်နဲမှုအဆောင်လက်နက်ဖြစ်သည့် ရွှေရောင်ဗုဒ္ဓအမွေအနှစ်အား ရောနှောထားမည်ကိုပင်!

ရွှေရောင်ဗုဒ္ဓအမွေအနှစ်မှာ ရုတ်တရတ် ပေါက်ကွဲမှု အလယ်မှာ ထွက်လာကာ ယွင်လီကော၏ရှေးဟောင်းသဏ္ဍာန်မဲ့စစ်နတ်ဘုရားလှံတံကို ပြင်းစွာ ထိခတ်သွားလေသည်။ တစ်ခဏမျှ ရပ်တန့်ပြီးနောက်တွင် ၎င်းမှာ ထိုရှေးဟောင်းသဏ္ဍာန်မဲ့စစ်နတ်ဘုရားလှံတံအား တိုက်ရိုက်ပဲ အက်ကွဲစေလိုက်တော့၏!

၎င်းမှာ အရှိန်မလျော့သွားပါချေ။ ထိုရှေးဟောင်းသဏ္ဍာန်မဲ့စစ်နတ်ဘုရားလှံတံအား အက်ကွဲစေပြီးနောက်တွင် ယွင်လီကော၏ကိုယ်အား ပို၍ပင်အားကောင်းသောအရှိန်ဖြင့် ရိုက်ခတ်လိုက်သည်။

ဘုန်း!

အခြားသော ပေါက်ကွဲမှုအပြင်းစားနှင့် ယွင်လီကော၏ညာလက်တစ်ဝက်မှာ ထိုရွှေရောင်ဗုဒ္ဓအမွေအနှစ်ကြောင့် အက်သွားတော့သည်!

ဖူးးးး!

ယွင်လီကောမှာ သွေးတစ်ပွက်အန်လိုက်ကာ ထပ်မံလွင့်စင်သွားတော့၏။ ဤတစ်ကြိမ်တွင် သူဟာ တောင်ခြေထိပင် လွင့်ထွက်သွားသည်။

ကြာနက်မှာမူ အနက်ရောင်အရှိန်အဝါအား အဆုံးမဲ့ ထုတ်လွှတ်နေဆဲဖြစ်ကာ သူ၏သွေးအဆီအနှစ်အား စုစည်းနေပါသော်လည်း အတန်ငယ် ကမောက်ကမ ဖြစ်နေပြီးဖြစ်သည်။

ယွင်လီကောမှာ မူလက အဆင့်တစ်ဆင့်မြင့်သူကို တိုက်ခိုက်န်ုငသည်ပင်။ သူဟာအကာအကွယ်အား စွန့်ကာ ၎င်းတို့အားလုံးအား တိုက်ခိုက်စွမ်းအားအဖြစ်သို့ ပြောင်းလိုက်သည်။

ယခုတွင် သူဟာအပြင်းအထန်ဒဏ်ရာရကာ သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဟန်ပင်ပေါ်နေ၏။

ရုတ်တရတ် အဇူရာသက်ရှည်သဏ္ဍာန်တစ်ခုမှာ သူ၏နောက်၌ ပေါ်လာကာ သူ၏အပြင်းအထန်ဒဏ်ရာရနေသော ကိုယ်အား အလျင်အမြန်ကုသပေးလိုက်၏!

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၂၆။ အပိုင်း ၃၈၈ ဒုတိယမြောက် အဆင့်တက်ခြင်း—နတ်ဘုရားသတ်ဖြတ်ခြင်း

ယွင်လီကော၏ကိုယ်မှာ လျင်မြန်စွာကောင်းမွန်လာသည်ကို မြင်သည်တွင် ဗောဓိကျောင်း၏ကျောင်းထိုင်ဆရာတော်မှာ မျက်လုံးများအားအတန်ငယ်မှေးကျဉ်းလိုက်၏။

"စွမ်းအားကြီးလှချည်လား။ ဒါကမင်းရဲ့ဒဏ်ရာတွေကို ဒီလိုမျိုး အမြန်နှုန်းနဲ့တောင် ကုသနိုင်တယ်ပေါ့။ ဒါပေမယ့် မင်းရဲ့ပြန်ကောင်းနှုန်းဘယ်လောက်မြန်မြန် ငါမင်းကိုပေးခဲ့တဲ့ ဒဏ်ရာတွေကို နှိုင်းယှဉ်လို့မရပါဘူး!"

"အမိတာဘ!"

အခြားသောဗုဒ္ဓအဆိုအမိန့်တစ်ခုအား မိန့်ကြားပြီးသည်တွင် ဗောဓိကျောင်း,ကျောင်းထိုင်၏အနောက်မှ ဗောဓိသဗ္ဗပုံရိပ်မှာ ထပ်မံပေါ်ထွက်လာခဲ့၏။ ၎င်းဟာ ပို၍ပင် မြင့်မားလာကာ ‌မီတာပေါင်းတစ်သောင်းကိုပင် ခပ်မြန်မြန်ကျော်လွန်သွားတော့သည်!

တစ်ခဏအကြာ၌ သူ၏နောက်ဘက်ရှိ နတ်ဝိဉာဉ်ထံသို့ နက်နဲမှုအဆောင်လက်နက် လေးမျိုးအား ပေါင်းစပ်လိုက်သည်။

ထိုနက်နဲမှုအဆောင်လက်နက်လေးပါး၏ အထောက်အပံ့ကိုရပြီးသည်တွင် ဗောဓိကျောင်း,ကျောင်းထိုင်၏နတ်ဝိဉာဉ်မှာ ပို၍ပင်စွမ်းအားကြီးမားလာ၏။

သူဟာ နတ်ဝိဉာဉ်အား တိုက်ရိုက်တိုက်ခိုက်ရာ၌အသုံးပြုနိုင်ရန် ထိုနက်နဲမှုအဆောင်လက်နက်များအား အသုံးပြုရခြင်းပင်ဖြစ်၏။ ထိုသို့ဖြင့် ပို၍ပင် သန်မာမြန်ဆန်သောစိတ်ခွန်အားနှင့် တိုက်ခိုက်နိုင်လိမ့်မည်!

တကယ်ကိုပင် ထိုတိုက်ကွက်အား သုံးပြီးနောက်၌ ယွင်လီကော၏နံဘေးသို့ ချက်ချင်းရောက်ရှိသွားတော့သည်။

ဘုန်း!

ထိုဗောဓိသဗ္ဗနတ်ဝိဉာဉ်မှာ ရိုက်ချလိုက်သည်။

ထိုတိုက်ခိုက်မှုကြီးမှာ ယွင်လီကောအား ခုခံရန် မည်သို့သော အခွင့်အရေးမှမပေးပါချေ။ ထိုးနှက်ချက်တစ်ခုဖြင့် ၎င်းမှာ ယွင်လီကောအား မီတာတစ်ထောင်ထက်ပိုသော မြေပြင်ထက်သို့ လွင့်ထွက်သွားစေ၏။

ယွင်လီကောမှာ အလျင်အမြန်ပင် မြေပြင်သို့ ရောက်ရှိနိုင်ရန် ကမ္ဘာမြေဖောက်ခွဲအနုပညာအား အသုံးပြုလိုက်သည်။ သူရောက်ရှိသွားသည်နှင့် နောက်ထပ်လက်ဝါးတစ်ခုကျဆင်းလာတော့သည်။

နတ်ဝိဉာဥ်စွမ်းအား ရောယှက်လျက်ရှိသော ဗုဒ္ဓစွမ်းအား၏သိပ်သည်းဆမှာ ယွင်လီကောအား သူ၏ကိုယ်တွင်းအင်္ဂါများတုန်ရီသည့်တိုင် ရိုက်ခတ်လိုက်သည်။ သူ၏ကိုယ်တွင်းမှ အရိုးများစွာမှာ နေရာ၌ပင် အက်ကွဲကုန်ကြ၏! သူ၏ကွဲအက်‌သွားသောအရေပြားထက်မှ သွေးများကစိမ့်ထွက်လာတော့သည်။

သူ၏အတိုက်အခိုက်စွမ်းအားမှာ အင်မတန်အားကောင်းလှသော်လည်း ပိုမိုကောင်းမွန်စွာတိုက်ခိုက်နိုင်ရန်မှာမူ သူဟာ အကာအကွယ်ချပ်ဝတ်တန်ဆာအား ဖယ်ရှားကာ ကာကွယ်နိုင်စွမ်းအား လက်လွှတ်ထားခြင်းကြောင့်ပါပင်။ ထိုသို့ဖြင့် သူ၏အဖျက်အဆီးစွမ်းအားကို ပိုမိုကောင်းမွန်စွာထုတ်ဖော်နိုင်မည်ဖြစ်၏။

သို့သော် ၎င်းမှာ သူ၏အကာအကွယ်အား အဆင့်တစ်ခုအထိ လျော့ချပစ်လိုက်မည်ပင်။

ကြီးမြတ်သောနတ်ဘုရားအဆင့်ပညာရှင်တစ်ယောက်အား ရင်ဆိုင်ရင်း အသာစီးရရန် တိုက်ခိုက်မှုကိုသာ အခွင့်ကောင်းယူမှီခိုနေခဲ့ရသည်။ သို့သော် အဆင့်တစ်ဆင့်ပိုမြင့်သူအား တိုက်ခိုက်ရာ၌လည်း အကန့်အသတ်တော့ရှိသေးသည်ပင်။ နတ်ဘုရားဧကရာဇ်အဆင့်တစ်ယောက်အား ရင်ဆိုင်ကြုံတွေ့ရချိန်တွင်မူ တစ်ဖက်လူထံ၌ နက်နဲမှုအဆောင်လက်နက်လေးပါး၏အထောက်အပံ့လည်း ရှိနေကာ သူ၏အားနည်းချက်အား လုံးဝထုတ်ဖော်ခံလိုက်ရတော့၏။

ဘုန်း! ဘုန်း! ဘုန်း!

ကျောင်းထိုင်၏အဆက်မပြတ်တိုက်ခိုက်မှုမှာ ယွင်လီကောအား သွေးစွန်းနေသော ပုံရိပ်အသွင်ပြောင်းသွားစေတော့သည်။

သူ၏ကိုယ်တွင်ဝန်းရံလျက်ရှိသော အနက်နှင့်အနီအဖျက်အဆီးလူသတ်ငွေ့အတွက်သာမဟုတ်လျှင် သူ၏ပုံစံအမှန်အား သိရန် မဖြစ်နိုင်ပါချေ။

သူ၏နောက်ရှိ ထို အဇူရာသက်ရှည်ပုံရိပ်မှာလည်း သူ၏ကိုယ်အား အဆက်မပြတ် ကုသပေးနေသည်၊ သို့သော် သူခံစားခဲ့ရသော အထိအခိုက်အား ရှင်းလင်းစွာပင် ပြင်ဆင်နိုင်စွမ်းမရှိပါချေ။

ယွင်လီကောမှာ ထိုတိုက်ခိုက်မှုများအား ပုံသေရှောင်တိမ်းကာ ကျောင်းထိုင်များမှ တောင်၏နောက်သို့ ပို့ခြင်းကိုခံလိုက်ရသည်။

ယွင်လီကော ခြေလှမ်းလိုက်သည်နှင့် ရွှေရောင်ဗု‌ဒ္ဓအလင်းများမှာ ကောင်းကင်ယံသို့ဟိန်းထွက်သွားကြကာ ကောင်းကင်ဘုံတိုင်ကဲ့သို့ မြဲမြံစွာဖမ်းချုပ်ထားလိုက်၏။

"‌ဒါက?"

"ဒါကဗုဒ္ဓဂိုဏ်းရဲ့ ကြီးမြတ်သောနက်နဲမှုအဆင့်ဖြစ်တဲ့ မဟာဝါဂျရာလေးပါးအစီအရင်ပဲ! ဒါကို မဟာဝါဂျရာမြို့တော်လေးခုလို့လည်း သိကြတယ်! မဟာဝါဂျရာလေးပါးသာ အုတ်မြစ်အနေနဲ့ဆိုရင် မကောင်းဆိုးဝါးအားလုံးကို ဖိနှိပ်လိမ့်မယ်။ နတ်ဆိုးတွေ ခြေလှမ်းဝင်လာတာနဲ့ ဒီအစီအရင်ကနေ လွတ်မြောက်ဖို့ဆိုတာမဖြစ်နိုင်ဘူး။"

"မတိုင်ခင်က မင်းရဲ့စွမ်းအားအများစုကို ကုန်ခမ်းစေခဲ့ပြီး ဒဏ်ရာ‌လည်းရစေခဲ့တယ်!"

"အခုဆိုရင် မင်းကို ဝါဂျရာလေးပါးအစီအရင်နဲ့ဖိနှိပ်ထားပြီး ငရဲပြည်ကိုတန်းပို့တော့မယ်။"

"အမိတာဘ!"

သူဟာ လက်ဖဝါးများအား အတူတကွဖိကပ်လိုက်ကာ ရွှေရောင်ဗုဒ္ဓကြီးအားဖန်တီးရန် မဟာဗုဒ္ဓစွမ်းအားနှင့် နတ်ဝိဉာဉ်စွမ်းအားတို့အား ရောနှောလိုက်သည်။ ၎င်းမှာ ကောင်းကင်မှဆင်းသက်လာကာ ယွင်လီကော၏ခေါင်းအားဖိချလိုက်၏။

စွမ်းအားမှာ အင်မတန်အားကောင်းသောကြောင့်ပင်ဖြစ်နိုင်သည်၊ ဟင်းလင်းပြင်စွမ်းအားသည်ပင် စတင်အက်ကွဲလာ၏!

ယွင်လီကောမှာ ထိုရွှေရောင်ဗုဒ္ဓ၏ထိန်းချုပ်မှုမှာ လုံးဝမလွတ်မြောက်နိုင်ဘဲ တစ်ဖက်လူ၏ ဖိနှိပ်ခြင်းအား အပြည့်အဝခံစားနေရ၏။

သူဟာ အနက်ရောင်ကြာပွင့်အား အားကုန်ထုတ်သုံးလိုက်သည်။ ထိုကြာနက်မှာ အလျင်အမြန်လည်သွား‌သည်။ ထိုကြာနက်၏လှည့်ပတ်မှုကြောင့် အားနည်းသော အနက်နှင့်ခရမ်းရောင်လျှပ်စီးတို့ ပေါ်ထွက်လာကြသည်။

ထိုရွှေရောင်ဗုဒ္ဓဖိနှိပ်လိုက်သည်နှင့် သူသာမခုခံနိုင်ပါလျှင် လုံးဝအဆုံးသတ်သွားမည်ကို သိခဲ့သည်!

ထိုမှောင်မိုက်သောစွမ်းအားမှာ ရွှေရောင်ဗုဒ္ဓအားအရူးအမူးခုခံလိုက်ကာ ဖိနှိပ်ခြင်းအား ငြင်းဆန်နေ၏။

ထိုရွှေရောင်ဗုဒ္ဓမှာ ယွင်လီကော၏ပိတ်ဆို့တားဆီးခြင်းအားခံလိုက်ရတော့သည်။

"စွမ်းအားကြီးလိုက်တာ!"

"နက်နဲမှုအဆောင်လက်နက်လေးပါးနဲ့ ချီးမြှောက်ထားတဲ့ နတ်ဝိဉာဉ်ကိုတောင် တားဆီးလိုက်တယ်။ ဒီကောင်စုတ်လေးက တကယ်ကိုအရမ်းထူးခြားတာပဲ!"

…

လူတိုင်းဆွေးနွေးနေကြသည်တွင် ကျောင်းထိုင်ကဆိုလိုက်၏။

"အကြီးအကဲနဲ့တပည့်ဂိုဏ်းသားတို့၊ ကျုပ်ကိုကူညီကြပါဦး! ဒီကောင်စုတ်လေးရဲ့ကျင့်ကြံဆင့်ကအရမ်းအားကောင်းလွန်းနေတယ်။ ကျုပ်စွမ်းအားနဲ့ နက်နဲမှုအဆောင်လက်နက်လေးပါးပေါင်းရင်တောင် သူ့ကိုဖိနှိပ်လို့မရနိုင်သေးဘူး!"

"သိပါပြီ!"

ဗုဒ္ဓအကြီးအကဲနှင့် ဂိုဏ်းသားသောင်းချီမှာ ၎င်းတို့၏ကျင့်စဉ်များအား တစ်ချိန်တည်းတွင် အသုံးပြုလိုက်ကာ ထိုဗောဓိသဗ္ဗနတ်ဝိဉာဉ်ထဲသို့ ဝိဉာဉ်စွမ်းအားများကို ထိုးသွင်လိုက်ကြတော့သည်။ ထိုဗောဓိသဗ္ဗနတ်ဝိဉာဉ်မှာ ထပ်မံ မြင့်တက်လာပြန်သည်။

၎င်း၏ကိုယ်မှာ မူလကမီတာတစ်သောင်းရှည်လျားခဲ့သော်လည်း ယခုတွင်မူ ၎င်း၏ ထိုင်လျက်အမြင့်ကပင် မီတာတစ်သောင်းမြင့်မားသည်ပင်!

အင်မတန်အားကောင်းလှသော နတ်ဝိဉာဉ်စွမ်းအားအထောက်အပံ့ကို ရရှိပြီးနောက်တွင် ထိုကျောင်းထိုင်၏ဗောဓိသဗ္ဗနတ်ဝိဉာဉ်မှာ လုံးဝပင်မရပ်တန့်ပဲ အာကာပြင်ကို ထပ်မံဖြိုခွင်းလျက် ဖိနှိပ်လိုက်သည်။

ဖူးးး!

လီကောမှာ နောက်ထပ်သွေးတစ်ပွက်အန်ထုတ်လိုက်သည်။ သူ၏တစ်ကိုယ်လုံးရှိစွမ်းအားမှာ လုံးဝကုန်ခမ်းသွား‌သယောင်ပင် ခံစားလိုက်ရသည်။

သူဟာ ထိုဗောဓိသဗ္ဗနတ်ဝိဉာဉ်၏တိုက်ခိုက်မှာအား ထပ်မံခုခံနိုင်စွမ်းမရှိတော့ပါချေ!

သူ၏ကိုယ်ရှိနာကျင်မှုမှာ တဖြည်းဖြည်းပျောက်ကွယ်သွားပြီးဖြစ်သည်။ သူဟာ နာကျင်မှုမှာ ထုံသွားပြီပင်ဖြစ်၏!

သူ၏လက်တွင်းရှိ နတ်ပစ္စည်းအဆောင်လက်နက်အားလုံးမှာလည်း ပျက်စီးသွားပြီဖြစ်သည်!

ယွင်လီကောမှာ သူ၏ဝှက်ဖဲအားလုံးကိုဆုံးရှုံးလိုက်ရပြီဖြစ်၏။

သူဟာ မျက်လုံးများအား ဖြေးညင်းစွာပိတ်လျက် ပြုံးလိုက်၏။

"ဆရာ! ဆရာ့အတွက် ဗုဒ္ဓဂိုဏ်းအကြီးအကဲနဲ့ တပည့်ပေါင်းသောင်းနဲ့ချီပြီးသတ်ခဲ့ရတာက ကျွန်တော့အတွက်လည်း တန်ပါတယ်!"

ယွင်လီကောမှာ သူ့ဆရာ၏ယခင်လမ်းညွှန်မှုအား ပြန်လည်တွေးတောလိုက်သည်။

ဆရာ့‌ကြောင့်သာမဟုတ်ပါလျှင် သူ၏ဘဝတွင် ရှောင်ပေအား အနိုင်ယူနိုင်မည်မဟုတ်သလို ယွင်မျိုးနွယ်စုအတွက်လက်စားချေရန် ရှောင်မျိုးနွယ်စုအား သတ်နိုင်ခဲ့လိမ့်မည်မဟုတ်ပါချေ။

ဆရာ့ကြောင့်သာမဟုတ်ပါလျှင် သူဟာမကျင့်ကြံနိုင်သည့် အမှိုက်သာဖြစ်ပါလိမ့်မည်။

သူဟာ လမ်းမပေါ်တွင် တောင်းရမ်းနေရကာ သေမင်းတံခါးဝ၌ရုန်းကဲနေဆဲဖြစ်လျှင်ဖြစ် သို့မဟုတ် ကိုယ်ခံပညာလမ်းကြောင်းအား ခါးသက်စွာ လျှောက်လှမ်းနေရဆဲဖြစ်လောက်သည်။

ဆရာ့ကြောင့်သာမဟုတ်လျှင် ဂရုစိုက်မှုအများအပြားလည်း ရရှိခဲ့လိမ့်မည်မဟုတ်ချေ။ သူဟာ အမည်မဲ့ဂိုဏ်းတွင် အဆိုးဆုံးတပည့်ဖြစ်ပေမယ့်လည်း!

သို့သော် ဆရာဟာ သူ့အားဘယ်သောအခါကမှ မစွန့်လွှတ်ခဲ့ပါချေ။ ဤသည်က သူ ယနေ့တွင် ထိုဗုဒ္ဓဗောဓိကျောင်းအားတိုက်ခိုက်နိုင်ပြီး မ‌ရေတွက်နိုင်လောက်သော ဗုဒ္ဓဆရာကြီးများအား သတ်နိုင်ရသည့်အကြောင်းပင်!

သူ့ထံတွင် ရှိသမျှဟာ ဆရာပေးထားခဲ့သည်ချည်းဖြစ်သည်။ ယခုတွင် ၎င်းတို့အားလုံးအား ဆရာ့ထံသို့ပြန်ပေးနိုင်ခဲ့ပြီ!

သူ့ထံတွင် နောက်ဘဝသာရှိခဲ့ပါလျှင် သူဟာဆရာ့၏တပည့်ပင် ဖြစ်လာနိုင်ဖို့ မျှော်လင့်မိပါသည်။

သို့သော် ထပ်မံ၍ အကြီးဆုံးတပည့်မဖြစ်ချင်ပါပေ။ ပါရမီမရှိသည့် လူတစ်ယောက်အနေဖြင့် ဆရာ့၏ပို့ချမှုအား ထောင့်တစ်နေရာ၌ထိုင်နားထောင်နေရသည့် မထင်မရဦးတပည့်လေးသာဖြစ်လာချင်ပါသည်။

ထိုသို့ဆိုလျှင် သူ၏ကျင့်ကြံဆင့်မှာ အားကောင်းမနေပါလျှင်တောင် ဆရာ့အား အရှက်ရစေလိမ့်မည်မဟုတ်ချေ။

သူ၏အတွေးများအားလုံးမှာ အရိပ်ပမာဖြတ်သန်းသွား၏။ ထင်မထားစွာဖြင့် သူဟာတစ်ဖက်လူထံမှ မည်သည့်ဖိအားကိုမှ မခံစားရပါချေ!

ထိုအစား သူ၏‌နံဘေး၌ အင်မတန်ရင်းနှီးနေဟန်တူသည့် အရှိန်အဝါတစ်ခုရှိနေသည်ပင်။

ဒီအရှိန်အဝါက... ဆရာ့ရဲ့ဟာပဲ!

ယွင်လီကောမှာ မျက်လုံးများကိုချက်ချင်းဖွင့်လိုက်သည်။ တစ်ခဏကြာပီးနောက်တွင် သူ၏မျက်နှာ၌ မျက်ရည်များပြည့်သွား၏!

ဤသည်မှာ သူ၏ဆရာမဟုတ်ပါချေ။ ထိုဗောဓိသဗ္ဗပုံရိပ်အားခုခံရန်ကူညီပေးထားသည့် ဆရာ့၏ပုံရိပ်ပင်ဖြစ်၏။

ထိုအခိုက်တွင် ယွင်လီကောမှာ နှလုံးသားက အပိုင်းအစများဖြစ်သွားသကဲ့သို့ပင် ခံစားလိုက်ရသည်။

ဆရာ!

မြေအောက်လောကမှာ သေဆုံးပြီးတာတောင်မှ ဆရာ့ရဲ့ ဝိဉာဉ်တစ်စိတ်တစ်ပိုင်းက သူ့ကိုကာကွယ်ပေးနေတုန်းပဲ!

အဆုံးမဲ့သောခံစားချက်များက သူ၏နှလုံးအိမ်မှယိုဖိတ်လာပါသော်လည်း နောက်မှလိုက်လာသည်မှာ ပို၍ပင်အားကောင်းသောဒေါသပင်ဖြစ်၏!

အကြောင်းမှာ ထိုဗုဒ္ဓဘုန်းတော်ကြီးများမှာ ၎င်းတို့၏ဆရာကိုသတ်ခဲ့ခြင်းကြောင့်ပင်!

သူဟာ ထိုဘုန်းတော်ကြီးများရှေ့မှောက်၌ အရှုံးပေးရန်ပင် တကယ်ကြီးရွေးချယ်လိုက်ခဲ့သေး၏!

မည်သို့များ အရှုံးပေးရမည်နည်း?

သူဟာ အမည်မဲ့ဂိုဏ်း၏အဓိကတပည့်ပင်!

သူဟာဆရာ့၏ အနှစ်သက်ဆုံးတပည့်ပင်!

သူဟာ ဆရာ့ထံမှ မေတ္တာများစွာနှင့် လမ်းညွှန်မှုကို ရရှိခဲ့သည်ပင်!

သူထံတွင် သေစရာဘာအကြောင်းရှိပါသနည်း? ပြောရလျှင် သူဟာ ထိုဗုဒ္ဓဂိုဏ်းအားမဖျက်ဆီးရသေးချေ။

ဘုန်း!

ကောင်းကင်တွင် အနက်ရောင်လျှပ်စီးကြေင်းမှာ ရုတ်တရတ်ပေါက်ကွဲသွား၏။ လက်‌ရာမြောက်ဓမ္မကြာကျမ်းဂန်ကိုရွတ်ဆိုနေကြသော ရွှေရောင်ကြာပွင့်ဗုဒ္ဓပုံရိပ်သောင်းချီမှာ ရုတ်တရတ်တုန်ရီလာကာ တစ်စုံတရာအားအာရုံခံမိလိုက်ကြသည်။

ကောင်းကင်မှာ အနက်နှင့်သွေးရောင်အရှိန်အဝါတို့ဖြင့် ဖုံးအုပ်နေလျက် နတ်ဆိုးစွမ်းအားမှာ ပျံ့နှံ့လာသည်။

အဆုံးမဲ့လူသတ်ငွေ့မှာ ယွင်လီကော၏ကိုယ်ထံမှ အဆက်မပြတ် ထွက်ပေါ်လာ၏!

ထိုအခိုက်တွင် တောင်နံဘေး၌ ကျောင်းထိုင်၏ ရွှေရောင်ဗုဒ္ဓအမွေအနှစ်ကြောင့် အက်ကွဲသွားခဲ့သော ရှေးဟောင်းသဏ္ဍာန်မဲ့စစ်နတ်ဘုရားလှံတံအပိုင်းအစမှာ ‌ထူးဆန်းသည့် သွေးရောင်တစ်ခုအား ထုတ်လွှတ်လာခဲ့သည်။

အဆုံးတွင် သွေးရောင်လျှပ်စီးမှာ ၎င်းအားခြံရံလျက် ပြန်လည်တည်ဆောက်လိုက်တော့၏!

ထိုအခိုက်တွင် ထိုရှေးဟောင်းသဏ္ဍာန်မဲ့စစ်နတ်ဘုရားလှံတံမှာ ပြန်လည်ထမြောက်လာကာ ရှေးဟောင်းသဏ္ဍာန်မဲ့စစ်နတ်ဘုရားလှံတံ မဟုတ်တော့ပါချေ။ ထိုလှံတံ၏ လက်ကိုင်ထက်တွင် "နတ်ဘုရားသတ်ဖြတ်ခြင်း" ဟူသည့် စာလုံးများအား ထိုးထွင်းထားသည်!

၎င်းမှာ ပို၍ပင်သန်မာ၏!

၎င်းဂာ နက်နဲမှုအဆောင်လက်နက်အဆင့်ကိုပင်ကျော်လွန်ကာ စစ်မှန်သော အမတအဆောင်လက်နက်ဖြစ်လာတော့သည်!

ဘုန်း! ဘုန်း! ဘုန်း! ကောင်းကင်တွင် မိုးကြိုးအတိဒုက္ခအလွှာမှာ စတင်စုဝေးလာကာ ထိုအမတအဆောင်လက်နက်နှင့်ပင် ထိပ်တိုက်တွေ့ချင်ဟန်ပေါ်နေ၏။

အကြောင်းမှာ ယွင်လီကောသည် လုရှောင်ယန်ကဲ့သို့ မဟုတ်ခြင်းကြောင့်ပင်။ သူ့ထံတွင် ကောင်းကင်ဘုံထံမှ ပုန်းကွယ်ရန် လုရှောင်ယန်၏ကံကောင်းမှုနှင့် ဝမ့်ခိုက်၏စွမ်းရည်တို့မရှိပါချေ။

ထိုအမတအဆောင်လက်နက်ပေါ်ထွက်လာသည်နှင့် သူဟာချက်ချင်းပင် မိုးကြိုးအတိဒုက္ခနှင့် ပစ်မှတ်ထားခံလိုက်ရတော့သည်။

သို့သော် ထိုအခိုက်တွင် ထိုနတ်ဘုရားသတ်ဖြတ်ခြင်းလှံတံမှာ အော်သံနိမ့်နိမ့်တစ်ခုအား ထုတ်ဖော်လိုက်၏။ နတ်ဆိုးအရှိန်အဝါနှင့် လူသတ်ငွေ့မှာ ကောင်းကင်တွင် စုစည်းလျက် ထိုမိုးကြိုးအတိဒုက္ခအား တကယ်ကို ပိတ်ဆို့တားဆီးထားလိုက်တော့သည်!

မှန်ပါသည်။ သူဟာကောင်းကင်ယံ၌ အကာအရံကြီးတစ်ခုဖန်တီးရန် နတ်ဆိုး‌အရှိန်အဝါနှင့် လူသတ်ငွေ့အား အသုံးပြုလိုက်ကာ ကောင်းကင်တာအိုနိယာမ၏ စောင့်ကြည့်မှုအား ပိတ်ဆို့ထားလိုက်သည်ပင်။

ကောင်းကင်ယံ၌ အနည်းဆုံး ကီလိုမီတာ၅၀၀၀၀နယ်နိမိတ်အား လူသတ်ငွေနှင့် နတ်ဆိုးရောင်ဝါတို့ဖြင့် ဖုံးအုပ်ထားသည်!

ထို့နောက်တွင် ထိုနတ်ဘုရားသတ်ဖြတ်ခြင်းလှံတံမှာ သွေးအလင်းတန်းအဖြစ်အသွင်ပြောင်းကာ လုရှောင်ယန်၏လက်တွင်းသို့ရောက်ရှိသွား၏။

ထိုနတ်ဘုရားသတ်ဖြတ်ခြင်းလှံတံအားရရှိပြီးနောက်တွင် ယွင်လီကော၏စိတ်တွင်းသို့ မကြုံစဖူးမှတ်ဉာဏ်များ အတားအဆီးမရှိဝင်ရောက်လာ၏။

သူ၏မျက်လုံးနီနီများမှာ ထူးဆန်းသောအလင်းတစ်ခုနှင့် တောက်လဲ့နေတော့သည်။ သူ၏ခေါင်းထက်မှ အနက်ရောင်ကြာပွင့်မှာလည်း နှစ်ခြမ်းကွဲသွားသည်။ ဒုတိယအနက်ရောင်ကြာပွင့်ဖြစ်ပေါ်လာ၏!

သူ၏ကျင့်ကြံဆင့်မှာ သတိမပေးဘဲ စတင်တိုးတက်လာတော့သည်။

မူလတွင် သူဟာ အမတနတ်ဘုရားဧကရာဇ်တတိယအဆင့်၌သာရှိနေခဲ့သော်လည်း မျက်တောင်တစ်ခတ်အတွင်းမှာပင် ထပ်မံအဆင့်တက်သွားခဲ့သည်။

အမတနတ်ဘုရားဧကရာဇ် စတုတ္ထအဆင့်!

အမတနတ်ဘုရားဧကရာဇ် ပဉ္စမအဆင့်!

အမတနတ်ဘုရားဧကရာဇ် ဆဌမအဆင့်!

အမတနတ်ဘုရားဧကရာဇ် သတ္တမအဆင့်!

အမတနတ်ဘုရားဧကရာဇ် အဌမအဆင့်!

အမတနတ်ဘုရားဧကရာဇ် နဝမအဆင့်!

အမတနတ်ဘုရားဧကရာဇ် ဒဿမမြောက်ပြီးပြည့်စုံအဆင့်!

သူဟာထိုအဆင့်သို့ရောက်မှသာရပ်တန့်သွားတော့သည်!

သူ၏ကျင့်ကြံဆင့်တိုးလာသည်နှင့် အဇူရာသက်ရှည်အနုပညာ၏စွမ်းအားမှာလည်း ဆက်လက်တိုးမြင့်လာကာ ပို၍မြန်မြန်ပင် လှည့်ပတ်နေ‌သည်။

မျက်တောင်တစ်ခတ်အတွင်းတွင် သူ၏ကိုယ်မှာ လုံးဝကုသပြီးသွား၏။

...

တောင်ကြားတွင် လုရှောင်ယန်မှာ အကြွင်းမဲ့ကောင်းကင်တေးသံအား အသုံးပြုနေစဉ်၌ ခေါင်းထက်မှ အားကြီးတစ်ခုနှင့် ရုတ်တရတ် ထိခတ်သွားသည်။ ၎င်းမှာ ထိုနေရာ၌ နံဟောင်နေသကဲ့သို့ပင် သူ့အားမူးဝေသွားစေသည်။

"သေစမ်း၊ လီကောရဲ့ပြိုင်ဘက်က အရမ်းရက်စက်လွန်းမနေဘူးလား? ဘာလို့ဒီတိုက်ခိုက်မှုက နတ်ဘုရားဧကရာဇ်အဆင့်ကိုတောင်ကျော်လွန်နေပြီလို့ ခံစားနေရတာလဲ? ငါ့လို ကျင့်ကြံဆင့်မြင့်တဲ့သူတွေကို တိုက်ခိုက်နိုင်တဲ့ လူတောင်မှ ဒီတိုက်ခိုက်မှုကြောင့် မူးသွားတယ်။"

သို့သော် သက်တောင့်သက်သာဖြစ်ရန် သူ၏ကျင့်စဉ်အား မလှည့်ပတ်ခင်၌ သူ၏ကိုယ်တွင်းမှ နတ်ဝိဉာဉ်စွမ်းအားမှာ ရုတ်တရတ် ထိုးထွက်လာကာ ခပ်မြန်မြန်ပင် လှည့်ပတ်သွား၏။

ဖူးးး!

သူထပ်ပြီးအဆင့်တက်သွားတာလား?

"သေစမ်း!"

လုရှောင်ယန်မှာ ကြောင်အသွားတော့သည်။ သူဘယ်လိုများ ဒီလိုအဆင့်တက်သွားရတာလဲ?

တပည့်တွေအားလုံးက ပြေးလာနေကြပြီး ကျင့်ကြံမနေကြဘူးလေ။

သူလည်း မကျင့်ကြံရသေးသလို လီချန်းရှန်နဲ့ စုန့်ရှင်းနျန်တို့လည်း အဆင့်မတက်သေးပါဘူး။

နေပါဦး၊ ဖြစ်နိုင်တာက...?

"ဝမ့်ခိုက်၊ မြန်မြန် လီကောရဲ့အချက်အလက်ဇယားကိုဖွင့်ပေး"

[သိပါပြီ!]

ဝမ့်ခိုက်မှာ ခပ်မြန်မြန်ပင် လီကော၏ အချက်အလက်ဇယားကိုဖွင့်လိုက်၏။ လုရှောင်ယန်မှာ ယွင်လီကောကျင့်ကြံဆင့်က အမတနတ်ဘုရားဧကရာဇ် တတိယအဆင့်မှ ဒဿမမြောက်ပြီးပြည့်စုံအဆင့်ထိ တက်လှမ်းသွားသည်ကိုမြင်သောအခါတွင် ကြောင်အမ်းသွားတော့၏!

လီကောက ဒီလောက်အံ့ဩဖို့ကောင်းတာလား?

ဒီကျင့်ကြံနှုန်းတိုးပုံက တကယ်ကိုရယ်စရာပဲ!

သူဘယ်ဝိဉာဉ်ဆေးလုံးကိုများစားခဲ့သေးတာပါလိမ့်?

လုရှောင်ယန်မှာ ပဟေဠိဖြစ်သွား၏!

"ဒါနဲ့၊ ဝမ့်ခိုက်၊ ငါ့ရဲ့အကြွင်းမဲ့ကောင်းကင်တေးသံလည်း ရောက်နေပြီ။ ဝိဉာဉ်လမ်းညွှန်က ဒီလောက်တောင် နှေးတာလား? ဘာလို့‌တပည့်တွေ မရောက်သေးတာလဲ?"

ဝမ့်ခိုက် : [...]

[သခင်၊ ဒီအကြွင်းမဲ့ကောင်းကင်တေးသံက အသက်ကယ်တိုက်ကွက်လေ၊ အဲ့ဒါကြောင့် အမြန်နှုန်းက အရမ်းမြန်နေရတာပါ။ သခင့်ရဲ့ကျင့်ကြံခြင်းက လီကောရဲ့ဘေးမှာ ပျံ့နှံ့နေပြီးသားပါ]

[ဒါပေမယ့်၊ ဝိဉာဉ်လမ်းညွှန်ကျတော့ အသက်ကယ်တိုက်ကွက်မဟုတ်ဘူးလေ။ လုံးဝကို မြန်မှာမဟုတ်ဘူး!]

[ဒါပေမယ့်၊ မပူပါနဲ့။ အသက်ရှူကြိမ်ဒါဇင်ချီအနည်းငယ်လောက်ကြာရင် ရောက်လာကြတော့မှာပါ]

"ဒါဆိုလဲ ပြီးတာပဲ။"

...

ဗောဓိကျောင်း‌တွင်၊ ကျင့်ကြံဆင့်မြင့်သွားခဲ့သည့် ယွင်လီကောမှာ ထပ်မံလှမ်းထွက်လာသည်။

ထိုအခိုက်၌ သူဟာ ယခင်က မြင့်မြတ်သောဝိဉာဉ်များအား ပြန်လည်ရရှိလိုက်၏!

လက်တွင်းရှိ နတ်ဘုရားသတ်ဖြတ်ခြင်းလှံတံနှင့်အတူ သူဟာ ဗောဓိသဗ္ဗပုံရိပ်၏ တင်ပါးကို ထိုးခွင်းလိုက်တော့သည်!

ဘုန်း!

ထိုနတ်ဘုရားသတ်ဖြတ်ခြင်းလှံတံမှာ အမတအဆောင်လက်နက်ဖြစ်တည်မှုဖြစ်သည်ပင်။ တစ်ဖက်လူ၏နတ်ဝိဉာဉ်က ၎င်းအားမည်သို့ခုခံနိုင်ပါမည်နည်း?

ယွင်လီကော၏လှံတံမှာ ချက်ချင်းပင် တစ်ဖက်လူ၏ ဗောဓိသဗ္ဗနတ်ဝိဉာဉ်အား ထိုးခွင်းလိုက်သည်။

"မဖြစ်ဘူး!"

ကျောင်းထိုင်မှာ ချက်ချင်းပင် သွေးတစ်ပွက်အန်လိုက်ကာ ယွင်လီကောမှာ ထပ်ခါထပ်ခါ နှာမှုတ်လိုက်သည်။ သူဟာ နောက်ဘက်ရှိတွင်းနက်,နတ်ဝိဉာဉ်အား အသက်သွင်းကာ ထိုဗောဓိသဗ္ဗပုံရိပ်အား ချက်ချင်းပင် ဝါးမြိုလိုက်၏!

"ခင်ဗျားရဲ့ နတ်ဝိဉာဉ်ကိုသုံးပြီး ကျုပ်ကိုဖျက်ဆီးချင်နေတာမဟုတ်လား? လာလေ!"

ယွင်လီကောမှာ တစ်ဖက်လူ၏ နတ်ဝိဉာဉ်အား တိုက်ရိုက်ပင် ဝါးမြိုချင်နေ၏!

ထိုတွင်းနက်,နတ်ဝိဉာဉ်မှာ ခပ်တိုးတိုးရယ်ကာ ဗောဓိသဗ္ဗနတ်ဝိဉာဉ်အား အလျင်အမြန်ဝါးမြိုလိုက်ဟန်က ကျောင်းထိုင်အား အော်မိသွားစေကာ ချက်ချင်းပင် သူ၏နတ်ဝိဉာဉ်အား ရုတ်သိမ်းသွားမိစေသည်။

သို့သော်ထိုအခိုက်တွင် သူ၏နတ်ဝိဉာဉ်အား ရုတ်သိမ်းနိုင်ခဲ့ပါလျှင်တောင် သူ၏နတ်ဝိဉာဉ်တစ်ဝက်မှာ ပျက်စီးသွားပြီးဖြစ်သောကြောင့် အသုံးမဝင်တော့ပါချေ။

ထို့အပြင်သူ့ထံ၌ အားအပြည့်ရှိနေပါလျှင်တောင် ယွင်လီကော၏ပြိုင်ဘက်မဟုတ်သေးပါချေ။

သူ့ထံ၌ရှိခဲ့သည့် အခွင့်ကောင်းမှာ လုံးဝပျောက်ကွယ်သွားပြီပင်!

ယွင်လီကောမှာမူ စတင်သတ်ဖြတ်ရန် နတ်ဘုရားသတ်ဖြတ်ခြင်းလှံတံအား ကိုင်ဆောင်လျက် ရှေ့သို့ခုန်လိုက်၏!

သူဟာဗောဓိကျောင်းမှာ ဘုန်းတော်ကြီးအားလုံးအား သတ်ပစ်ချင်သည်ပင်!

နတ်ဘုရားသတ်ဖြတ်ခြင်းလှံတံထွက်ပေါ်လာသည်နှင့် ပေပေါင်းတစ်သောင်းရှိသော အနီရောင်အလင်းမှာ လူတိုင်း၏ကိုယ်ပေါ်၌ အဆက်မပြတ်လင်းလက်သွား၏။ တစ်ယောက်ပြီးတစ်ယောက် ဗုဒ္ဓဆရာကြီးများမှာ အသတ်ခံနေရတော့သည်။ ၎င်းတို့၏ကိုယ်များမှာ ယွင်လီကောထံမှစုပ်ယူခံနေရသော သွေးအဆီအနှစ်များဖြစ်သွားကြကာ နတ်ဝိဉာဉ်များမှာလည်း ယွင်လီကောနတ်ဝိဉာဉ်၏ အာဟာရဖြစ်လာ၏!

ထိုလူအားလုံးမှာ အပြင်ဘက်တွင် အင်မတန်အားကောင်းသော ဆရာကြီးများပင်။ ၎င်းတို့အားလုံးမှာ ယွင်လီကောထံသို့ ပေါများလှသောအာဟာရကိုထောက်ပံ့ပေးနေတော့သည်။

မကြာမီတွင် ယွင်လီကော၏ခေါင်းထက်ရှိ ကြာနက်မှာ ထပ်မံခွဲဖြာသွားပြန်သည်။ ယခုတွင် ကြာနက်လေးပွင့်ရှိပြီဖြစ်၏!

ထို့အပြင် သူ၏ကျင့်ကြံဆင့်မှာလည်း ထပ်မံတိုးတက်လာကာ ကြီးမြတ်သောနတ်ဘုရားပထမအဆင့်သို့ ရောက်ရှိသွားတော့သည်!

"ပြေး! ပြေးကြဟေ့!"

"ပြန်ဆုတ်ကြ!"

မြင့်မြတ်နယ်မြေတွင် နတ်ဘုရားဧကရာဇ်အဆင့်များနှင့် ကြီးမြတ်သောနတ်ဘုရားအဆင့်ပညာရှင်များ၏ အမူအရာများမှာ ဆိုးရွားစွာပြောင်းလဲသွားသည်။

"ကျုပ်တို့အခုတိုက်မှရမယ်! မဟုတ်ရင် ဒီဗောဓိကျောင်းက လူပေါင်း ၉၀ရာခိုင်နှုန်းထက်ပိုပြီးတော့ သူ့ရဲ့အသတ်ကို ခံလိုက်ရလိမ့်မယ်!"

"မဖြစ်ဘူး! မတိုင်ခင်ကမှ ဒီကလေးက အမတနတ်ဘုရားဧကရာဇ်ပထမအဆင့်မှာပဲရှိသေးပြီး ကြီးမြတ်သောနတ်ဘုရားအဆင့်ပညာရှင်ကိုတောင် ခုခံနေနိုင်ပြီ။ အခု သူက ကြီးမြတ်သောနတ်ဘုရားအဆင့်ကိုရောက်နေမှတော့ နတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်‌တွေတောင်မှ သူ့ကိုမဖိနှိပ်နိုင်မှာ စိုးရတယ်။ ငါတို့အခုထွက်သွားရင် ငါတို့လည်း သူ့ကိုမသတ်နိုင်လိမ့်မှာ စိုးတယ်။ သူသာ နတ်ဘုရားဧကရာဇ်အဆင့် တစ်ယောက်နှစ်ယောက်လောက်ကို သတ်လိုက်ရင် မြင့်မြတ်သောဗုဒ္ဓကငါတို့ကို အပြစ်တင်မှာ၊ ငါတို့တွေ ဒီမှာတင်ဇာတ်လမ်းပြီးသွားလိမ့်မယ်"

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၂၆။ အပိုင်း ၃၈၉ ဆရာနှင့် တပည့်ပြန်လည်ဆုံစည်းခြင်း

"သေစမ်းကွာ! ငါတို့ဗောဓိကျောင်းရဲ့တပည့်အားလုံးကို သတ်နေတာကိုပဲ ထိုင်ကြည့်နေရတော့မှာလား?"

"ဒါက ဗောဓိကျောင်းကတပည့်တွေချည်းပဲမဟုတ်ဘူး။ ဗုဒ္ဓဂိုဏ်းကတပည့်တွေပဲ! သူတို့ဗုဒ္ဓဂိုဏ်းကိုဝင်လိုက်တည်းက ဗုဒ္ဓဂိုဏ်းအတွက် စွန့်လွှတ်ဖို့ ပြင်ဆင်ထားရမယ်။"

"သူတို့ရဲ့သေခြင်းက ငါတို့ရဲ့လုံခြုံမှုနဲ့ အလဲအလှယ်လုပ်နိုင်တယ်၊ ဆိုးတာတော့ဘယ်ဟုတ်မလဲ။"

"မြင့်မြတ်သောဗုဒ္ဓကသူတို့ကို အရမ်းဘဝင်မြင့်ခွင့် ပြုမှာမဟုတ်ဘူး။ ငါတို့၏ခွန်အားကို သိမ်းထားပြီး မြင့်မြတ်သောဗုဒ္ဓရဲ့အမိန့်တွေကိုစောင့်ရမယ်။"

"အမိတာဘ! ငါတို့ရဲ့ဂိုဏ်းသားတွေကို အန္တရာယ်တွင်းထဲမှာ ထားခဲ့ဖို့ အပြစ်ဘယ်လောက်တောင်ကြီးလိုက်မလဲ? အနာဂတ်မှာ စိတ်ဝိဉာဉ်တောင်ကို ရောက်ရင်တောင်မှ ဗုဒ္ဓက ငါတို့ရဲ့အပြစ်တွေကို ဘယ်လိုများ ခွင့်လွှတ်ပေးနိုင်မှာတဲ့လဲ?"

...

ဗောဓိကျောင်းတွင် ယွင်လီကောမှာ သတ်လေ ပျော်လေဖြစ်လာသည်။

သတ်နေချိန်တွင် သူဟာအခြားလူများ၏ သွေးအဆီအနှစ်နှင့် နတ်ဝိဉာဉ်အား စုပ်ယူနေရင်းဖြင့် သူ၏ကျင့်ကြံဆင့်မှာလည်း ပို၍ တိုးမြင့်လာလေသည်။

မကြာမီတွင် ယွင်လီကော၏ကျင့်ကြံဆင့်မှာ နောက်တစ်ဆင့်တိုးမြင့်လာကာ ကြီးမြတ်သောနတ်ဘုရား ဒုတိယအဆင့်သို့ရောက်ရှိသွား၏!

မတတ်နိုင်ပါချေ။ ဗောဓိကျောင်း၏တပည့်များနှင့် အကြီးအကဲများ၏ကျင့်ကြံဆင့်မှာ တကယ်ကိုပင်အင်မတန်စွမ်းအားကြီးလှချေသည်!

အပြင်ဘက်တွင် ယွင်လီကောမှာ ဆယ်ရက်တိုင်း၌ အမတနတ်ဘုရားဧကရာဇ်အဆင့်တစ်ဦးကိုသာ ရင်ဆိုင်နိုင်ခဲ့သည်။

ဤနေရာတွင် နေရာတိုင်း၌ မဟာယနနတ်ဘုရားဘုရင်နှင့် အမတနတ်ဘုရားဧကရာဇ်တို့ရှိသည်။ ထို့အပြင် သူ၏ကျင့်ကြံဆင့်မှာလည်း ကြီးမြတ်သောနတ်ဘုရားအဆင့်သို့ရောက်ရှိနေပြီဖြစ်၏။ မဟာယနနတ်ဘုရားဘုရင်အဆင့်တစ်ဦးကိုသတ်ရသည်မှာ ဖရဲသီးခွဲသလိုပင်လွယ်ကူချေသည်။ သူ၏ကျင့်ကြံဆင့်မှာ အပြင်ဘက်၌ ရှိခဲ့စဉ်ကထက်ပင် ပို၍မြန်မြန်တိုးတက်လာသည်။

"ရပ်လိုက်!"

ကျောင်းထိုင်ဆရာတော်၏မျက်လုံးများမှာ ယွင်လီကောအား အားကုန်သုံးကာတိုက်ခိုက်ရန် ရှေ့သို့ပြေးလာချိန်၌ နီရဲနေသည်။

ယွင်လီကောမှာ‌ အေးစက်စွာပြုံးလိုက်သည်။

"အခြေနေတွေက အခုထိတူတယ်လို့ ထင်နေတုန်းပဲလား?"

သူဟာ များများစားစားမပြောပါချေ။ သူ၏လှံတံတစ်ချက်အလှုပ်နှင့်ပင် သူ့အား တိုက်ခိုက်‌မည့်ဆဲဆဲတစ်ဖက်လူ၏ ညာလက်အား ချိုးလိုက်သည်!

ဘုန်း!

သူ၏လှံတံမှာ စွမ်းအားအပြည့်ဖြင့် ဖောက်ခွဲလိုက်၏!

ဗောဓိကျောင်း,ကျောင်းထိုင်မှာ သူ၏ပါးစပ်တွင်းမှ ရွှေရောင်ဗုဒ္ဓအမွေအနှစ်အား အန်ထုတ်လိုက်ကာ ယွင်လီကော၏ မျက်နှာထံဦးတည်နေသော ရွှေရောင်အလင်းစူးစူးအဖြစ်ပြောင်းလဲသွားသည်။ ယွင်လီကောမှာ နတ်ဘုရားသတ်ဖြတ်ခြင်းလှံတံကိုပင် အသုံးမပြုချင်နေပါချေ။ သူ၏ခေါင်းထက်ရှိ အနက်ရောင်ကြာပွင့်မှာ အနက်ရောင်လျှပ်စီးကိုထုတ်ဖော်လျက် ‌ရွှေရောင်ဗုဒ္ဓအမွေအနှစ်အား တမုဟုတ်ချင်းပင် ဖျက်ဆီးလိုက်သည်။

ထိုကျောင်းထိုင်မှာ သွေးတစ်ပွက်အန်လိုက်၏။ သူ၏တိုက်ခိုက်မှု ကျရှုံးသည်ကိုမြင်သည်တွင် အခြားသော နက်နဲမှုအဆောင်လက်နက်များကို အသုံးပြုလိုက်တော့သည်။

ပထမဦးစွာ သူဟာ ယွင်လီကော၏ပုံရိပ်အား တည်ငြိမ်နေစေရန် ဆုတောင်းပုတီးစေ့အား အသုံးပြုလိုက်၏။ ထို့နောက်တွင် ယွင်လီကောအား ဖိနှိပ်ရန် ဗုဒ္ဓခေါင်းလောင်းအား အသုံးပြုလိုက်သည်။ နက်နဲမှုအဆောင်လက်နက်နှစ်ခုဖြင့် သူဟာ ယွင်လီကောအား ထောင်ချောက်ဆင်လိုက်သည်။ ထို့နောက်တွင် ထိုကျောင်းထိုင်မှာ လက်အစီအရင်ပုံဖော်ကာ နေရာ၌ပင် ဖောက်ခွဲမှုတစ်ခုအား ဖန်တီးလိုက်တော့သည်။

ဘုန်း!

ထိုကမ္ဘာတုန်လှုပ်ဖွယ်ပေါက်ကွဲမှုမှာ ဗောဓိတောင်တစ်ခုလုံးမှ အချင်းဝက် ၃၀၀,၀၀၀ကီလိုမီတာရှိသည့် အလင်းများအား ထွက်ပေါ်လာစေသည်!

မရေတွက်နိုင်သော သက်ရှိများမှာ ထိုကြောက်မက်ဖွယ်အရှိန်အဝါကို အာရုံခံမိပြီး ကူရာမဲ့စွာ တုန်ရီသွားကြတော့သည်။

ထိုမြင်ကွင်းမှာ ၎င်းတို့၏ဘဝ၌ လုံးဝမမေ့နိုင်မည့်အရာတစ်ခုဟုပင် ဆိုနိုင်ပေသည်!

"ဟား! ဟား!"

ထိုကျောင်းထိုင်မှာ မျက်နှာထက်၌ အပြုံးတစ်ခုပေါ်ထွက်မလာခင်တွင် ‌အတော်လေး မောပန်းနေသည်။

"ဟားဟားဟား... မင်းဒါကို ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး၊ ဟုတ်တယ်မလား? မင်းကသေသင့်တယ်၊ ဟုတ်တယ်မလား?"

သို့သော် စကားဆုံးသည်နှင့် နတ်ဆိုးသဏ္ဍာန်တူပုံရိပ်မှာ ခြစ်ရာပင်မရှိဘဲ ထပ်မံပြေးထွက်လာသည်။

တစ်ဖက်လူ၏လက်တွင်းရှိ လှံတံမှာ ထိုပေါက်ကွဲမှုအား ဆုတ်ဖြဲလျက် ၎င်းထံသို့ ဦးတည်သွားတော့၏!

"ဒါ မဖြစ်နိုင်ဘူး! မဖြစ်နိုင်ဘူး!"

ထိုကျောင်းထိုင်၏ယုံကြည်မှုမှာ လုံးဝပြိုလဲသွားတော့သည်။

ဒီကောင်ဘာတွေလုပ်နေတာလဲ? သူကနတ်ဘုရားဧကရာဇ်အဆင့်တစ်ယောက်ဖြစ်နေရင်တောင်မှ နက်နဲမှုအဆင့်အဆောင်လက်နက်နှစ်ခုရဲ့ ကိုယ်တိုင်ဖျက်ဆီးခြင်းကို ခုခံဖို့ မလွယ်ကူနိုင်ဘူးလေ?

သူဟာတကယ်ကို ခြစ်ရာပင်မရှိပါချေ။

ပြောရလျှင် အထိအခိုက်အားလုံးအား လုရှောင်ယန်မှာ ခုခံလိုက်ခြင်းကြောင့်ပါပင်။ ယွင်လီကောမှာ လုံးဝပင်ဒဏ်ရာမရပါချေ!

သို့သော် သူဟာ ထိုသည်ကိုမသိသဖြင့် ၎င်းမှာ ယွင်လီကော၏စွမ်းရည်ဟုသာ ထင်မှတ်လိုက်တော့သည်!

သူဟာ အချိန်အတော်ကြာဘုန်းတော်ကြီးဖြစ်လာပြီး ကျင့်ကြံလာသည့်အချက်ကြောင့်သာ မဟုတ်ပါလျှင် သူဟာ ခုန်တက်ပြီး ယွင်လီကော၏ ဘိုးဘေးတစ်ဆယ့်ရှစ်ဆက်လုံးအား ကျိန်ဆဲလိုက်မည်ပင်!

သို့သော် သူဟာ ထိတ်လန့်ကာဒေါသဖြစ်နေရပါသော်လည်း ယွင်လီကောအား ဤအခိုက်၌ နီးကပ်လာခွင့်မပေးနိုင်သည်ကို သိသည်ပင်။ မဟုတ်ပါက သူဟာသေရမည်ပင်။ ထို့ကြောင့် သူ၏နောက်၌ ယွင်လီကော၏တိုက်ခိုက်မှုအား ပိတ်ဆို့တားဆီးရန် မဟာမင်မင်းဆက်လှည်းဘီးအား အသက်သွင်းထားခဲ့သည်!

ကံမကောင်းစွာဖြင့် မဟာမင်မင်းဆက်လှည်းဘီးမှာ နက်နဲမှုအဆင့်အဆောင်လက်နက်သာဖြစ်ကာ နတ်ဘုရားသတ်ဖြတ်ခြင်းလှံတံမှာ အမတအဆောင်လက်နက်အဆင့်သို့ပင် တက်လှမ်းသွားပြီးဖြစ်၏။

၎င်းတို့နှစ်ဦးမှာ မတူညီသော အဆင့်များ၌ရှိကြသည်။ ထို့အပြင် ယွင်လီကော၏ကျင့်ကြံဆင့်မှာ အင်အားကြီးမားလှသည်။ ကျင့်ကြံခြင်းသက်သက်ဆိုရလျှင် ယွင်လီကောက ပိုမိုသန်မာချေ၏။ တစ်ဖက်လူမှာ လက်မပါသောတိုက်ပွဲတွင်ပင် သူ၏ ပြိုင်ဘက်မဟုတ်ပါချေ။

ထို့ကြောင့် နှစ်ဦးသားမှာ မတူညီသော စွမ်းအားများလည်းရှိကြသည်ပင်!

ယွင်လီကော၏လှံတံမှာ တမုဟုတ်ချင်းပင် တစ်ဖက်လူ၏ မဟာမင်မင်းဆက်လှည်းဘီးအား ထိုးခွင်းလိုက်သည်။ ထိုလှံတံမှာ တစ်ဖြောင့်တည်း ထိုးခွင်းလိုက်ချိန်တွင် သွေးနဂါးနှင့်ပင်တူချေသည်။

သို့သော် သူဟာဗောဓိကျောင်း,ကျောင်းထိုင်အား ချက်ချင်းမသတ်သေးပါချေ။ ထိုအစား သူဟာ တခြားလက်နှင့်ပေါင်အား ထိုးလိုက်သည်။ သူ၏လက်ကောက်ဝတ်အရွေ့တစ်ချက်နှင့် နတ်ဘုရားသတ်ဖြတ်ခြင်းလှံတံမှာ ဖောက်ခွဲလိုက်သည်!

ထို့နောက်တွင် ယွင်လီကောမှာ ထိုဗောဓိကျောင်း,ကျောင်းထိုင်အား မြေပြင်၌ ချိပ်ပိတ်ရန် သူ၏နတ်ဝိဉာဉ်စွမ်းအားကိုအသုံးပြုလိုက်၏။

"သတ်လိုက်! မင်းမှာ အစွမ်းအစရှိရင် ငါ့ကိုသတ်လိုက်!"

ကျောင်းထိုင်မှာ အော်ဟစ်လိုက်ကာ ယွင်လီကောကမူ နှာမှုတ်လိုက်၏။

"ခင်ဗျားသေဖို့ မလွယ်ပါဘူး! ခင်ဗျားရဲ့ဗောဓိကျောင်းကတပည့်တွေ ကျုပ်ဆီမှာ အသတ်ခံရတာကို ခင်ဗျားမျက်လုံးနဲ့ ကြည့်ခိုင်းထားမယ်!"

စကားဆုံးသည်နှင့် သူဟာကောင်းကင်သို့ထပ်မံပျံသွားကာ သတ်ဖြတ်ခြင်းအချီသစ်ကိုစလိုက်၏!

ကောင်းကင်ရှိ ဗုဒ္ဓဆရာကြီးအားလုံးမှာ ငတုံးလေးများကဲ့သို့ ကျဆင်းလာတော့၏!

ကျောင်းထိုင်မှာ ထောင်ချောက်မိနေသောသားရဲတစ်ကောင်ကဲ့သို့ ဟစ်ကြွေးလိုက်သည်။ သူဟာအင်မတန်ဒေါသဖြစ်နေလေ၏!

သို့သော် ယွင်လီကောမှာ သူ့အား ဥပေက္ခာပြုထားလိုက်သည်။

‌ကျောင်းထိုင်မှာ ဒေါသထွက်ရမှာ တောင်းပန်တိုးလျှိုးခြင်းသို့ရောက်သွားသည်။ ထို့နောက်တွင် သူဟာ စိတ်ပျက်အားငယ်သွားကာ နောက်ဆုံး၌ ထုံအသွားသည်... အဆုံးတွင် သူ၏မျက်လုံးများမှာ တွေဝေနေကာ တောက်ပခြင်းပင်ကင်းမဲ့သွားတော့သည်။

ငါးမိနစ်ကြာပြီးနောက်တွင် ဗောဓိကျောင်းတစ်ခုလုံး၏တပည့်အားလုံးမှာ ယွင်လီကော၏အသတ်ခံလိုက်ကြရတော့သည်။

ထိုအခိုက်တွင် သူ၏ကိုယ်၌ မည်သို့သော အနာတရမှပင်ရှိမနေပါချေ!

ယွင်လီကောမှာ ကောင်းကင်ရှိသူ့ဆရာ၏ဝိဉာဉ်ကသူ့အား ကာကွယ်ပေးနေသည်ဟု ထင်မှတ်လိုက်သည်။

ကျောင်းထိုင်မှာ ယွင်လီကော၏တက်နင်းခြင်းကိုခံထားရ၏။ ယွင်လီကောမှာ နတ်ဘုရားသတ်ဖြတ်ခြင်းလှံတံ၏ ထိပ်ဖျားကိုလည်း တစ်ဖက်လူ၏လည်ချောင်းထက်တွင် ဖိထားကာ သူ၏လမ်းကြောင်းပေါ်သို့ ပို့ရန်ပြင်လိုက်၏!

"နေဦး!"

ကျောင်းထိုင်မှာ ရုတ်တရတ်ပြောလိုက်၏။

ယွင်လီကောမှာ အတန်ငယ်ရပ်တန့်သွားကာ အေးစက်စက်ပြုံးလိုက်၏။

"ဘာလဲ? ကြောက်နေပြီလား? ဗောဓိကျောင်းရဲ့ ဂုဏ်သရေရှိကျောင်းထိုင်ကြီးကလည်း သေခြင်းကိုကြောက်တာပဲလား? အခုခင်ဗျားကို အရင်ဆုံးသတ်ဖို့ မတောင်းဆိုတော့ဘူးလား?"

ကျောင်းထိုင်မှာ ချောင်းနှစ်ကြိမ်ဆိုးလိုက်၏။ သူဟာ ယွင်လီကောကြောင့် အတော်လေးခံစားခဲ့ရပြီးဖြစ်သည်။ ထိုအခိုက်တွင် သူဟာလုံးဝခုခံနိုင်စွမ်းမရှိတော့ပါချေ။

သူ၏နံရိုးများမှာ ကျိုးကြေနေကာ သူ၏ကိုယ်တွင်လည်း အပေါက်များနှင့်ပြည့်နေ၏။ သူ၏ကိုယ်တွင်းအင်္ဂါများမှာ အမှုန့်များပင် ဖြစ်ခါနီးနေလေပြီပင်။

ကြီးမြတ်သောနတ်ဘုရားအဆင့်ပညာရှင်တစ်ယောက်၏ အားကောင်းသော အသက်စွမ်းအားကြောင့်သာမဟုတ်ပါလျှင် သူဟာ သေသည်မှာ ကြာနေပြီဖြစ်လောက်သည်။

"ငါကသေမှာကိုကြောက်တဲ့လူ‌တစ်ယောက်မဟုတ်ဘူး။ ငါ့မှာမင်းကိုမေးချင်တဲ့ မေးခွန်းတစ်ခုရှိလို့ပါ။ မဟုတ်ရင် ငါငြိမ်းငြိမ်းချမ်းချမ်းသေရမှာမဟုတ်ဘူး!"

"ခင်ဗျားကို ဝမ်းနည်းမှုလက်ကျန်တွေနဲ့ သေဖို့မစောင့်နိုင်တော့ဘူး!"

တစ်ဖက်လူ၏စကားဆုံးသည်နှင့် ယွင်လီကောမှာ သူ၏လည်ချောင်းအား ထိုးဖောက်လိုက်သည်။

ထိုအခိုက်တွင် ကျောင်းထိုင်၏ဝိဉာဉ်မှာ သူ၏ကိုယ်မှ ပျံထွက်လာကာ ခိုင်မာစွာမေးမြန်းလိုက်၏။

"ငါသိမှဖြစ်မယ်။"

ယွင်လီကောမှာ တန့်သွား၏။ တစ်ဖက်လူမှာ ဝိဉာဉ်အဖြစ်ပြောင်းသွားပြီးနောက်တွင်ပင် ထိုသို့မေးလာရန် ထင်မထားခဲ့ချေ။

"ခင်ဗျားကအတော်လေးခေါင်းမာတာပဲ! ကောင်းပြီလေ၊ ခင်ဗျားက ယောက်ျားစစ်စစ်ဖြစ်ပုံပါပဲ။ ‌ခင်ဗျားကိုပြောပြမယ်! အကြောင်းက ခင်ဗျားတို့ ကျုပ်ဆရာကိုသတ်ခဲ့တာကြောင့်ပဲ!"

"မင်းဆရာကဘယ်သူလဲ?"

"ကျုပ်ဆရာနာမည်က လုရှောင်ယန်"

"လုရှောင်ယန်?"

ကျောင်းထိုင်မှာ အတန်ငယ်မျက်မှောင်ကြုံ့သွား၏။

"ငါဘာလို့ဒီနာမည်ကိုမကြားဖူးရတာလဲ? ငါတို့ဗုဒ္ဓဂိုဏ်းက ဒီလိုလူတစ်ယောက်ကို မသတ်ခဲ့ဖူးဘူးဆိုတာ သေချာပါတယ်။ မင်းတစ်ယောက်ယောက်နဲ့များ မှားနေတာလား?"

"ချီးထုပ်ပဲ! ကျုပ်၊ ယွင်လီကောက မှားဖို့ဆိုတာ မဖြစ်နိုင်ဘူး!"

"မင်းမှားနေပြီ။ ငါတို့ဗုဒ္ဓဂိုဏ်းက လုရှောင်ယန်လို့ခေါ်တဲ့လူတစ်ယောက်ကို ဘယ်တုန်းကမှမသတ်ခဲ့ဖူးဘူး။ ငါက ဗောဓိကျောင်းရဲ့ ကျောင်းထိုင်ပဲ။ မင်းဆရာက မင်းထက်ပိုပြီးသန်မာမှာပေါ့။ ဒီလိုစွမ်းအားကြီးတဲ့လူတစ်ယောက်ကိုသတ်မယ်ဆိုရင် တခြား ဗုဒ္ဓဂိုဏ်းခွဲတွေက ငါ့ဆီကို လုံးဝတင်ပြမှာပဲ။"

"ဒါပေမယ့် ဘယ်သူကမှ ငါ့ကိုမတင်ပြကြပါဘူး။ ဒါကငါတို့ဗုဒ္ဓဂိုဏ်းက မင်းဆရာကိုဘယ်တုန်းကမှ မသတ်ခဲ့ဘူးဆိုတာ သက်သေပြဖို့လုံလောက်တယ်။"

"ကျုပ်ကိုဝက်တစ်ကောင်လို့များထင်နေတာလ? ကျုပ်ကဒါကိုယုံရမှာတဲ့လား? ကျုပ်ဆရာသာ ခင်ဗျားတို့ဗုဒ္ဓဂိုဏ်းရဲ့အသတ်မခံရရင် ကျုပ်ဒူးထောက်ပြီး ခင်ဗျားကို အဖေလို့ခေါ်လိုက်မယ်! ကျုပ် ဘာမှမရှိတဲ့ဂိုဏ်းကိုတောင် ထွက်ပြေးသွားလိုက်မယ်! ရုလိုင်ကို ကျုပ်ရဲ့တစ်ဆယ့်ရှစ်ဆက်မြောက်ဘိုးဘေးအဖြစ် မှတ်ယူထားလိုက်မယ်!"

သူ၏စကားဆုံးသည်နှင့် ယွင်လီကော၏ကိုယ်မှာ အတန်ငယ်တုန်ရီသွားသည်။

အကြောင်းမှာ သူ့ဆရာက... သူ့အား ဆင့်ခေါ်နေသည်ကို အာရုံခံမိခြင်းပင်!

သူ့ဆရာ... မသေသေးတာလား?

ဘာလို့ဒီလိုဖြစ်နေရတာလဲ?

သူဟာ ဆရာ့အတွက်လက်စားချေရန် ဗောဓိကျောင်းတစ်ခုလုံးမှာ ပြန်လည်တိုက်ခိုက်ခြင်း မပြုနိုင်သည်အထိ ထိုဘုရားကျောင်းတစ်ခုလုံးအား အနိုင်ယူနိုင်ရနိ အတော်လေးကြိုးစားခဲ့သည်။ သူဟာ ဗောဓိကျောင်းအကြီးအကဲနှင့် တပည့်များ သောင်းနှင့်ချီအောင်ပင် သတ်ဖြတ်ခဲ့လေသည်။

သူဟာ ‌ဗုဒ္ဓဂိုဏ်း၌ သွေးချောင်းစီးစေခဲ့သည်ဟုပင် ဆိုနိုင်လောက်သည်!

အဆုံးတွင် သူ၏ဆရာမှာ တကယ်ကိုမသေသေးချေ?

ဒါတွေအားလုံးက အထင်မှားတာတဲ့လား?

ဗုဒ္ဓဂိုဏ်းက နစ်နာသူဖြစ်သွားတာတဲ့လား?

အမ်၊ ဒီသတင်းကတော့ အရမ်းများသွားပြီ။ တစ်ခဏလောက် ယွင်လီကောဟာ နားမလည်နိုင်ဖြစ်နေ၏။

"ကျုပ်တို့ဗုဒ္ဓဂိုဏ်းက "လုရှောင်ယန်"လို့ခေါ်တဲ့ ကျင့်ကြံသူတစ်ယောက်ကို ဘယ်တုန်းကမှမသတ်ခဲ့ဘူးလို့ ဗုဒ္ဓနဲ့တောင် ကျိန်ဝံ့တယ်! ခင်ဗျားလုံးဝမှားနေပြီ!"

ယွင်လီကောမှာ တစ်ဖက်လူ၏ဝိဉာဉ်အား နောက်ထပ်လှံတံဖြင့် မလွင့်‌သွားစေခင်တွင် တစ်ခဏမျှ တိတ်ဆိတ်သွားသေး၏။

"ခင်ဗျားက ကျုပ်အဖေဖြစ်‌ချင်နေတာလား? ခင်ဗျားနဲ့တန်လို့လား?! ဆရာကသာ ကျုပ်အဖေဖြစ်ဖို့အရည်အချင်းမှီတယ်!"

ဗုဒ္ဓဂိုဏ်းမှာ သူ၏ဆရာအား သတ်ခဲ့ပါလျှင် ကိစ္စမဟုတ်ပါချေ။ အထင်မှားလျှင်လည်းကိစ္စမရှိပါချေ။ မည်သို့ဆိုစေ ၎င်းတို့၏အမည်မဲ့ဂိုဏ်းမှာ ဂိုဏ်းကောင်းမဟုတ်ပါချေ။ ၎င်းတို့အားလုံးမှာ လူဆိုးများဖြစ်ကြ၏။ ၎င်းတို့မှာ ကတိသစ္စာများနှင့် ကိုယ်ကျင့်တရားအား ဘာကြောင့် ဂရုစိုက်နေရမည်နည်း?

အမည်မဲ့ဂိုဏ်း၏ဦးစားပေးမှာ သိုသိုသိပ်သိပ်နေထိုင်ရန်နှင့် အခြားသူများအား အခွင့်ကောင်းယူရန်ဖြစ်သည်!

သူဟာ ထိုစည်းမျဉ်းနှစ်ခုအား မှတ်သားထားစရာသာလိုချေသည်!

သူဟာလူဆိုးဖြစ်ရသည်ကို ဂရုမစိုက်ပါချေ။ ပြောရလျှင် တစ်ဖက်လူမှာ သူ့အားဘာလုပ်နိုင်ပါမည်နည်း?

တစ်ဖက်လူထံတွင် အနိုင်ရပြီးနောက် သူနှင့် ဤသည်ကိုဆွေးနွေးရန်သာ အခွင့်ရှိသည်!

ထိုကျောင်းထိုင်အားသတ်ပြီးနောက်တွင် ယွင်လီကောမှာ အတန်ငယ်ချောင်းဟန့်လိုက်ကာ ချက်ချင်းပင် နတ်ဘုရားသတ်ဖြတ်ခြင်းလှံတံကို ရုတ်သိမ်းလျက် ဗောဓိကျောင်းမှ ထွက်ပြေးလာခဲ့တော့သည်။

ဗောဓိကျောင်း၏ နတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်များမှာ ထွက်မလာသေးပါချေ။ ၎င်းတို့မှာ တစ်နေရာရာ၌ သီးသန့်ရှိနေနိုင်သည်။ နတ်ဘုရားဧကရာဇ်အဆင့်အုပ်စုသာ သူ့အားပြေးထွက်ကာ တိုက်ခိုက်ပါလျှင် ဒုက္ခတွေ့မည်ဖြစ်၏။

သူဟာတစ်ဖက်လူအားတိုက်ခိုက်ရန်ကြောက်ရွံ့ခြင်းကြောင့်မဟုတ်ပါချေ။

မူလတွင် တစ်ဖက်လူများမှာ သူ၏ဆရာအားသတ်ခဲ့ကာ လက်စားချေလိုစိတ်သာရှိနေသောကြောင့် သေရမည်ကိုမကြောက်ခဲ့ပါချေ။

ထို့အပြင် သူရောက်ရှိချိန်၌ ၎င်းအားတွေးထားပြီးပင်ဖြစ်ချေသည်။ သူ အသက်ရှင်လျက်ပြန်ရန်ပင် မျှော်လင့်မထားခဲ့ချေ။

သူဟာ ဗုဒ္ဓဂိုဏ်းသားများ နည်းနည်းပိုကာ သတ်လိုက်နိုင်သည်နှင့် ဗုဒ္ဓဂိုဏ်း၏အသတ်ခံရလျှင်တောင် သူ၏ဆရာထံသစ္စာရှိသည်ဟု ယူဆနိုင်ချေသည်။

သို့သော် ယခုတွင် ဆရာမှာ မသေသေးသောကြောင့် ဘာကြောင့်များ ဘဝအတွက်တိုက်ခိုက်နေရမည်နည်း?

သူဟာခပ်မြန်မြန်ပဲပြေးလာကာ သူ၏ကျင့်ကြံဆင့်တိုးတက်ရန် ဆရာ့ကိုရှာဖွေနေလိုက်၏။

...

တစ်ဖက်တွင် လုရှောင်ယန်မှာ အခန်းမှ ထော့နဲ့နဲ့ဖြင့်ထွက်လာ၏။ သူဟာဘယ်လက်ဖြင့် ခါးကိုကိုင်ထားကာ ညာလက်ဖြင့် မေးစေ့ကိုကိုင်ထား၏။

"သေစမ်း! ဒီကောင်စုတ်လေးလီကောက ဘယ်လိုဒုက္ခရှာရမလဲကိုသေချာသိတာပဲ! နာလိုက်တာ!"

"ဒါကကြီးမြတ်သောနတ်ဘုရားအဆင့်ပညာရှင်လားကွာ? သူက နတ်ဘုရားဧကရာဇ်အဆင့်တစ်ပါးကိုများ သွားဆွလိုက်တာလား?"

လုရှောင်ယန်၏လက်ရှိကျင့်ကြံဆင့်မှာ ကြီးမြတ်သောနတ်ဘုရားအဆင့်၌သာရှိသေးပြီး နတ်ဘုရားဧကရာဇ်အဆင့်သို့မရောက်ရှိသေးပါချေ။

ထို့အပြင် သူဟာ အကြွင်းမဲ့ကောင်းကင်တေးသံကို အသုံးပြုချိန်၌ သူ၏လက်နက်များအား အသုံးမပြုနိုင်ခဲ့ပါချေ။ ပြောရလျှင် သူဟာ ထိုတိုက်ခိုက်မှုအားလုံးကို လက်ခံရန် သူ၏ကိုယ်အား အသုံးပြုခဲ့ရသည်ပင်!

ကံအားလျော်စွာဖြင့် သူ၏ကိုယ်မှာ အင်မတန်အားကောင်းလှကာ မဖျက်ဆီးနိုင်သောရွှေခန္ဓာအားအသုံးပြုနိုင်သည်။

မကြာမီတွင် သူဟာ ဒဏ်ရာများအား ကုစားရန် အဇူရာသက်ရှည်အနုပညာအား အသုံးပြုလိုက်သည်။

ထိုသည်တို့အား ပြုလုပ်ပြီးသည်နှင့် ရင်းနှီးနေသော အရှိန်အဝါအုပ်စုကြီးတစ်ခုမှာ တောင်ကြားအပြင်ဘက်မှ ထွက်ပေါ်လာတော့သည်။

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၂၆။ အပိုင်း ၃၉၀ ကြိုးစားခြင်းကိုစတင်ပြီး ထောင့်ပေါင်းစုံကနေ တိုးတက်ကြမယ်

အတွေးတစ်ချက်ဖြင့် လုရှောင်ယန်မှာ တောင်ကြားအဝင်ဝသို့ နေရာရွှေ့ပြောင်းလိုက်တော့၏။

မကြာမီတွင် မနီးမဝေးမိုးကုပ်စက်ဝိုင်းမှ အနက်ရောင်အစက်ကလေးများပေါ်ထွက်လာကာ တဖြည်းဖြည်းကြီးထွားလာကြ၏။

ဦးဆောင်လာသော နှစ်ဦးမှာ ကျီဝူရှားနှင့် ဖုန်းထျန်းယွမ်းတို့ပင်။

နောက်တွင်မူ ကျူးကောကျီချုံ၊ ကျွင့်ပုကျန်း၊ ကျန်းထိုင်ရွှမ် နှင့် စုလင်းဝူတို့ပါလာကြ၏။

ကျန်လူများမှာ အမည်မဲ့ဂိုဏ်း၏ ဒုတိယမျိုးဆက်တပည့်လေးများနှင့် နတ်ဝိဉာဉ်သားရဲများပင်။

သို့ရာတွင် အမည်မဲ့ဂိုဏ်း၏နတ်ဝိဉာဉ်သားရဲအဖွဲ့မှာ အတော်လေး ကြီးလာပြီဖြစ်သည်။ မူလက ဒါဇင်ချီအနည်းငယ်မျှသာရှိခဲ့ပါသော်လည်း ယခုတွင်မူ အနည်းဆုံး ခုနှစ်ရာ ရှစ်ရာလောက်ထိ ရှိနေပြီဖြစ်၏။

"ကြိုဆိုပါတယ်၊ ဆရာ!"

လူတိုင်းမှာ လုရှောင်ယန်၏ရှေ့မှောက်သို့ စိတ်လှုပ်တရှားရောက်ရှိလာကြကာ တစ်ညီတည်း ဒူးထောက်လိုက်ကြ၏။

ထိုအခိုက်တွင် နှစ်များစွာကြာရှည်အောင် မတွေ့မမြင်ခဲ့ရခြင်းက စိတ်လှုပ်ရှားပူနွေးသော မျက်ရည်များအဖြစ်သို့ ပြောင်းလဲသွားကြကုန်သည်။ လူအများအပြား၏မျက်လုံးမှာ နီရဲကုန်ကြ၏။

အတော်လေးကြိုးစားပြီးနောက်တွင် အမည်မဲ့ဂိုဏ်းမှာ ထပ်မံဆုံစည်းကြရပြီဖြစ်၏!

လုရှောင်ယန်ထံ၌လည်း ခံစားချက်များနှင့်ပြည့်နေချေသည်။

ဤသည်မှာ မလွယ်ကူခဲ့ပါချေ။

ကျင့်ကြံခြင်းလောကတွင် အချိန်ကုန်မြန်ကာ အင်မတန်အန္တရာယ်များလေသည်။ လူတစ်ယောက်မှာ သတိလက်လွတ်နေပါလျှင် လုံးဝဖျက်‌ဆီးခံရနိုင်ကာ ပြာအဖြစ်ပြောင်းသွားပေလိမ့်မည်။

ယခုတွင် နှစ်အနည်းငယ်ကြာပြီးနောက် အားလုံးမှာ လုံခြုံစွာဖြင့် အတူတကွ ပြန်လည်ဆုံစည်းနိုင်ကြပေပြီ။ ၎င်းမှာ ကံကောင်းလှလေချေ၏!

"ထကြ၊ ထကြပါ!"

လုရှောင်ယန်မှာ သူ၏အသံက အတန်ငယ်ဆို့နင့်လာသည်ကိုသတိမထားမိပါချေ။

သူဟာ တစ်ယောက်ယောက်အတွက် ဘယ်တုန်းကမှထိုသို့သော ရိုးသားကာလေးပင်သော ခံစားချက်မျိုး မရှိခဲ့ဖူးပါချေ။

ထိုတပည့်များအား သူ၏အသက်သွေးကြောဟုပင် မှတ်ယူနိုင်ချေ၏။

"ဆရာ၊ ‌ဒါကလုမျိုးနွယ်စုလား? ကျွန်တော်တို့ တောက်လျှောက်ရှာဖွေနေခဲ့ပေမယ့် လုမျိုးနွယ်စုကို မတွေ့နိုင်ခဲ့ဘူး!"

"ဆရာ၊ ဆရာတူညီလေး,လေးနဲ့ ဆရာတူညီလေးခြောက်ကို ရှာတွေ့ပြီးပြီလား?"

"ဆရာ၊ ဇနီးတစ်ယောက်ရှာတွေ့ပြီလား? အထီးကျန်နေတဲ့ ယောက်ျားတစ်ယောက်ပဲဖြစ်နေတုန်းလား?"

"ဆရာ၊ ကျွန်တော်တို့ အရမ်းလွမ်းနေခဲ့တာ!"

"ဆရာ..."

…

လူတိုင်းမှာ လုရှောင်ယန်၏ခေါင်းအား ပေါက်ထွက်လောက်အောင် မေးခွန်းများတရစပ်မေးမြန်းနေကြ၏။

သူဟာ ချက်ချင်းပင် လက်ဝေ့ယမ်းလိုက်သည်။

"ရပ်၊ ရပ်လိုက်တော့။ မေးခွန်းတွေအရမ်းအများကြီးမမေးနဲ့။ပြီးတော့ ခဏနေရင် ငါ့ကိုအထီးကျန်နေတဲ့ယောက်ျား‌လို့ ခေါ်တဲ့ဘယ်သူ့ကိုမဆို အချက်၅၀ဒဏ်ပေးခံရမယ်။"

"ဖူးးး၊ ဟားဟားဟား..."

လူအုပ်ကြီးမှာ ရယ်မောလိုက်ကြသည်။

ထိုအခိုက်တွင် အားကောင်းသောအရှိန်အဝါတစ်ခုမှာ မနီးမဝေးကောင်းကင်ယံမှ ပျံသန်းလာကာ ကောင်းကင်‌နှင့် ကမ္ဘာမြေကြီးအား လှုပ်ခါနေစေ၏!

ထိုအရှိန်အဝါပေါ်ထွက်လာသည်နှင့် မဟူရာအနက်နှင့်အနီစွမ်းအင်မှာ လူတိုင်း၏အမြင်သို့ ဝင်ရောက်လာတော့သည်။

"မဟုတ်သေးဘူး၊ တစ်ခုခုတော့မှားနေပြီ!"

"ဒါနောက်ကနေ လိုက်ဖမ်းနေတဲ့လူတွေလား?"

"မဟုတ်ဘူး။ ဒီအရှိန်အဝါကအင်အားကြီးပေမယ့်လည်း သွေးအဆီအနှစ်ရယ် အဖျက်အဆီးရောင်ဝါရယ်နဲ့ ရောနှောနေတယ်။ ဒါကလုံးဝကို ဗုဒ္ဓဂိုဏ်းကစွမ်းအားမဟုတ်ဘူး။"

"ဆရာ၊ အဲ့ဒါဘယ်သူများလဲ?"

လူတိုင်းမှာ ပူပန်လာကြကာ လုရှောင်ယန်၏နှုတ်ခမ်းများက ကွေးတက်သွားတော့၏။

သူဟာ ထိုလူမှာ မည်သူမှန်းသိပါသော်လည်း ထုတ်မပြပါချေ။

တစ်ခဏအတွင်းတွင် ထိုလူအားမြင်လိုက်သည်နှင့် အင်မတန် အံ့အားသင့်သွားကြသည်!

လူတိုင်းစိုးရိမ်နေချိန်တွင် သွေးရောင်သဏ္ဍာန်တစ်ခုမှာ အားလုံးရှေ့မှောက်၌ ခပ်မြန်မြန်ကျဆင်းလာကာ လုရှောင်ယန်ဆီသို့ ဦးတည်လျက် ဒူးထောက်လိုက်သည်။

"တပည့်ယွင်လီကောက ဆရာ့ကိုနှုတ်ဆက်ပါတယ်!"

ထိုမြင်ကွင်းတစ်ခုလုံးမှာ ချက်ချင်းငြိမ်သက်သွားတော့သည်။ အားလုံးမှာ မျက်လုံးပြူးသွားက ယွင်လီကောအား မယုံကြည်ဟန်ဖြင့် အသေအချာကြည့်ရှုနေကြ၏။

ဒါဘယ်လိုဟာသလဲ?

ယွင်လီကော!

ဒါက ဆရာတူအစ်ကိုအကြီးဆုံးလား?

သူတို့ပဲ အိပ်မက်မက်နေတာလား?

ယွင်လီကော ပြသခဲ့သည့်အရှိန်အဝါမှာ အနည်းဆုံးတော့ အမတနတ်ဘုရားဧကရာဇ်အဆင့်အထက်၌ ရှိနေသည်မဟုတ်ပါလား?

ဆရာတူအစ်ကိုအကြီးဆုံးက ဘယ်လိုများ အရမ်းအံ့ဩဖို့ကောင်းသွားရတာလဲ?

ဟာသပဲ!

အတိတ်က သူ၏ကျင့်ကြံဆင့်မှာ လုံးဝကိုအမှိုက်ပင်ဖြစ်၏!

အမည်မဲ့ဂိုဏ်း၏ အဓိကတပည့်မှာ အားအနည်းဆုံးတပည့်လည်းဖြစ်ချေသည်။ လူတိုင်းက ဒါကိုသိပါ၏!

လူအုပ်ထဲတွင် လူများစွာက ၎င်းတို့၏လက်နက်များကို တိတ်တဆိတ်ထုတ်ယူလိုက်ကြသည်။

"ညီအစ်ကိုတို့ အသင့်ပြင်ထားကြ။ ဒီတစ်ယောက်က အယောင်ဆောင်ဖြစ်နိုင်တယ်!"

"အမှန်ပဲ။ သူသာဆရာ့ကို မလေးမစားလုပ်ရဲရင် ရှေ့ကိုပြေးပြီး တိုက်ခိုက်ကြမယ်!"

…

လုရှောင်ယန်မှာ ယွင်လီကောထံသို့ ပြုံးပြကာ ခေါင်းငြိမ့်ပြလိုက်သည်။

"မဆိုးဘူး။ မင်းကငါ့ကိုစိတ်မပျက်စေဘူးပဲ။"

ယွင်လီကောမှာ နှာခေါင်းအားထိလျက် ခပ်တိုးတိုးရယ်လိုက်၏။

"ဟီးဟီးဟီး... ဒါတွေအားလုံးက ဆရာ့ရဲ့လမ်းညွှန်မှုကြောင့်ပါပဲ။ မဟုတ်ရင် ကျွန်တော် ဒီနေ့ ဒီနေရာမှာဘယ်လိုလုပ်ရှိနေနိုင်မှာတဲ့လဲ? ပြောရရင် လွန်ခဲ့တဲ့ နှစ်နည်းနည်းလေးအတွင်းမှာ ပစ္စည်းကောင်းလေးတချို့လည်း တွေ့ခဲ့သေးတယ်။ ဆရာ့အတွက် ဝတ္တရားကျေပွန်ကြောင်းပြတဲ့အနေနဲ့ ယူလာခဲ့သေးတယ်။"

ပြောနေရင်းဖြင့် ယွင်လီကောဟာ သိုလှောင်လက်စွပ်ဖဲမှာ ပစ္စည်းအချို့အား ထုတ်ယူလိုက်၏။ ရှေ့သို့လှမ်းကာ လုရှောင်ယန်ထံ လက်လွှဲပေးတော့မည့်ဆဲဆဲတွင် သူ၏နောက်မှ အမည်မဲ့ဂိုဏ်းသားအုပ်စုမှာ ချက်ချင်းတိုက်ခိုက်လိုက်ကြ၏!

"ကျစ်! မကောင်းဆိုးဝါး၊ ဆရာ့ကိုများထိရဲတယ်ပေါ့! ‌မင်းကသေချင်နေတာပဲ!"

"ညီအကိုတို့ တိုက်ခိုက်ကြ!"

ယွင်လီကောမှာ သူ၏ဆရာတူညီအစ်ကိုမောင်နှမများက သူ့အားတိုက်ခိုက်လိမ့်မည်ဟု လုံးဝမျှော်လင့်မထားခဲ့ပါချေ။ ထိုသို့‌ဆိုလျှင်တောင် သူ၏ကျင့်ကြံဆင့်အား အလွယ်တကူထုတ်ဖော်မတိုက်ခိုက်ဝံ့ပဲ ဆရာတူမောင်နှမများအား ဒဏ်ရာမရစေချင်ပါပေ။ တစ်ခဏအကြာတွင် သူဟာ ခေါင်းကို အုပ်ကာ အော်ဟစ်ရုံသာတတ်နိုင်တော့၏။

"ဘာတွေလုပ်နေကြတာလဲ? မင်းတို့ရူးနေလား? ငါလေ! မင်းတို့ရဲ့ဆရာတူအစ်ကိုအကြီးဆုံး!"

ကျွင့်ပုကျန်းမှာ လက်တစ်ဖက်တွင် ဓားမော့ကိုကိုင်ကာ တစ်ဖက်၌ ဓားအား ကိုင်ဆောင်လျက် လုရှောင်ယန်ရှေ့တွင် ကာဆီးထားသည်။

"ဆရာ၊ ဒီဆရာတူအစ်ကိုအကြီးဆုံးက အတုကြီး။ မပူပါနဲ့၊ ကျွန်တော်ရှိနေချိန်မှာ ဆရာ့ကို မထိခိုက်စေရဘူး။"

လုရှောင်ယန် : "..."

"သူက အတုဆိုတာမင်းဘယ်လိုသိလဲ?"

"ဒါက မလွယ်လွန်း‌နေဘူးလား? ဆရာတူအစ်ကိုအကြီးဆုံးက ဘယ်လိုလုပ် အမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်တစ်ယောက် ဖြစ်လာနိုင်ရမှာလဲ? အခု သူက ဆယ်ပါးသောတိုက်ပွဲနတ်ဘုရားအဆင့်ဆိုရင်တောင် မဆိုးဘူးလို့ပြောလို့ရတယ်။"

တစ်ခဏအကြာတွင် သူဟာပြောလိုက်သည်။

"ရပ်လိုက်တော့! လီကောကအစစ်ပဲ။"

လူတိုင်းမှာ ချက်ချင်းရပ်တန့်ကာ လုရှောင်ယန်အား မယုံကြည်နိုင်ဖွယ်ကြည့်ရှုလျက် ထပ်မံကြောင်အသွားကြပြန်သည်။

"တ... တကယ်ကြီးလား?"

လုရှောင်ယန်မှာ လေးနက်နေဟန်ဖြင့်ခေါင်းငြိမ့်လိုက်ရာ လူတိုင်းမှာ အချင်းချင်းကြည့်လိုက်တော့သည်။

ယွင်လီကောမှ မြေပြင်၌ တွားသွားရာမှ ထလာကာ အေးစက်နေဟန်ဖြင့် ဆိုလိုက်၏။

"ဘယ်ခွေးကောင်က ငါ့ရဲ့ခွကြားကို နတ်လက်နက်နဲ့ ဘယ်သူရိုက်လိုက်တာလဲ?"

လူတိုင်းမှာ ချက်ချင်းပင် နတ်လက်များအားနောက်တွင်ထားကာ ခေါင်းများခါလိုက်ကြသည်။

"ကျွန်တော်မဟုတ်ဘူး။ ကျွန်တော်ကခေါင်းကိုပဲ ရိုက်တာပါ။"

"ကျွန်တော်လည်းမဟုတ်ပါဘူး။ ကျွန်တော်က ခါးကိုပဲ ရိုက်မိတာ။"

"ကျွန်တော်က စတောင်မစ‌ရသေးဘူး။ ခုမှဒီကိုရောက်တာပါ။"

ယွင်လီကောမှာ ဒေါသဖြင့်အံကိုကြိတ်လိုက်သည်။

"အဓိပ္ပာယ်မရှိတာတွေတော်လိုက်တော့။ နောက်မှ ငါ့ကိုတိုက်ခဲ့တဲ့ လူတိုင်းနဲ့ တစ်ယောက်ချင်းစီရင်ဆိုင်မယ်။"

အားလုံးမှာ လုရှောင်ယန်အား ကြည့်လိုက်သည်နှင့် ခါးသက်ဟန်ပေါ်သွားကြသည်။

"အမ်း၊ မင်းတို့အားလုံးပြန်ရောက်ပြီဆိုတော့ အရင်ဆုံး ကျင့်ကြံခြင်းပြဿနာအကြောင်းပြောကြတာပေါ့။ မင်းတို့အားလုံး ဝင်လာခဲ့။ ငါတို့ရဲ့ စွမ်းအားကို ပြန်ဖြည့်ကြ‌တာပေါ့။"

သူ၏စကားလုံးများ အဓိပ္ပာယ်မှာ ရှင်းလင်းစွာပင်၊

"ငါ့ကိုမကြည့်နဲ့။ ငါနဲ့မဆိုင်ဘူး။ ငါဝင်ပါမှာမဟုတ်ဘူး" ဟူ၍ပင်။

အားလုံးမှာ ကူရာမဲ့သွားကြ၏။ ၎င်းတို့မှာ ဆရာတူအစ်ကိုအကြီးဆုံးမှာ နောက်ပိုင်းတွင် ပိုမိုညင်သာရန်သာ ဆုတောင်းနိုင်ကြ၏။

ထို့နောက် လုရှောင်ယန်၏လမ်းညွှန်မှုအောက်တွင် လူတိုင်းမှာ ဦးစွာ တောင်ကြားသို့ဝင်ရောက်လိုက်ကာ လုရှောင်ယန်မှ ၎င်းတို့အတွက် ကျင့်ကြံရန်ပြင်ဆင်ပေးထားသော ရင်းမြစ်များကိုရရှိလိုက်သည်။

ဒီတစ်ခေါက်တွင် လုရှောင်ယန်မှာ ၎င်းအား လူကိုယ်တိုင်ပေးဆောင်ခြင်းမဟုတ်ချေ။

သူဟာ တောင်နှင့် မြစ်ပန်းချီထဲတွင် စာကြည့်တိုက်တစ်ခုလုပ်ထား၏။

ထိုစာကြည့်တိုက်မှာလည်း တကယ်ကိုပင် အမတအဆောင်လက်နက်ပါပဲ။ ၎င်းမှာ အမတအဆောင်လက်နက်လေ့ကျင့်ခန်းပါပင်။ တောင်နှင့်မြစ်ပန်းချီကဲ့သို့ပင် ကျုံ့ဆန့်နိုင်သည်။

သို့သော် ၎င်းမှာ သခင်၏အတွေးဖြင့် အသွင်ပြောင်းနိုင်၏။ ထို့အပြင် အတွင်းပိုင်းဖွဲ့စည်းမှုအား မည်သည့်အချိန်မဆို ပြောင်းလဲနိုင်သည်။

ထို့အပြင် ၎င်းမှာ အင်မတန်မာကျောလှ‌ကာ ကိုယ်ပိုင် နေရာပြောင်းရွှေ့အစီအရင်နှင့် အကာအကွယ်အစီအရင်လည်းရှိ၏။ ထို့ကြောင့် လုရှောင်ယန်မှာ ၎င်းအား သိုင်းလေ့ကျင့်ခန်းအဖြစ်ပြောင်းလဲလိုက်ခြင်းပါပင်။

လုရှောင်ယန်မှာ ချက်ချင်းပင် တပည့်များအား ဝင်စေလိုက်ကာ ၎င်းတို့၏ ကျင့်စဉ်များအား ရွေးချယ်လိုက်၏။

ယွင်လီကောနှင့် ကျန်သူများမှာလည်း ကျင့်စဉ်များရွေးချယ်ရန် ဝင်လာနိုင်သည်။ သို့သော် အရေးကြီးဆုံးမှာ ယွင်လီကောနှင့် ကျန်လူများသည် ဝမ့်ခိုက်ပေးအပ်ထားပြီးသား ကိုယ်ပိုင်ကျင့်စဉ်များအား အဓိကကျင့်ကြံပြီးဖြစ်သည်။ လုရှောင်ယန်မှာ ထိုကျင့်စဉ်များအား နက်နဲမှုနှင့် အမတအဆင့်ကျင့်စဉ်များအဖြစ် အဆင့်မြှင့်တင်ပြီးသားဖြစ်သည်။ အခြားသောကျင့်စဉ်များကိုမူ အစားထိုးရန် သင့်လျော်သည့် ကျင့်စဉ်တစ်ခုကိုသာရွေးချယ်နိုင်၏။

လုရှောင်ယန်အား အံ့အားသင့်စေသည်မှာ ယွင်လီကောသည် အမတကျင့်စဉ်အမျိုးအစားကို ကျင့်ကြံနိုင်ပြီးဖြစ်ကြောင်းပင်။ အကြောင်းမှာ ၎င်းထံတွင် ကောင်းကင်တာအိုနိယာမ၏ ရှာဖွေခြင်းမှ ကာကွယ်ရန် အထူးစွမ်းအားရှိခြင်းကြောင့်ပါပင်။

ထိုသည်ထက် အခြားတပည့်များမှာ ဦးစွာ နက်နဲမှုအဆင့်ကျင့်စဉ်များကိုသာ ကျင့်ကြံနိုင်ကြသေးသည်။

ထိုပြဿနာမှာ လုရှောင်ယန်အား တစ်စုံတရာကိုတွေးတောမိသွားစေ၏။

ယွင်လီကောမှာ ကောင်းကင်တာအိုနိယာမအား တားဆီးနိုင်သည့် အဆင့်သို့ရောက်ရှိနေသဖြင့် အခြားသောတပည့်များလည်း ထိုသို့လုပ်နိုင်လောက်မည်ဟု တွေးတောမိလိုက်သည်။

လက်ရှိအခြေအနေအရ တပည့်များအားလုံးမှာ ၎င်းတို့၏ ယခင်ဘဝမှ ပြန်လည်ဝင်စားလာခြင်းပါပင်။ ထို့အပြင် ၎င်းတို့အားလုံးမှာ ပါရမီရှင်ဆရာကြီးများဖြစ်နိုင်သော်လည်း သူ့ကဲ့သို့ အံ့ဖွယ်မကောင်းပါချေ။

ထိုလီကောမှာ သူ၏ပါရမီအား တိုးမြှင့်ပြီးဖြစ်သည်။ ထို့နောက်တွင်... ဝူရှားလား? ဒါမှမဟုတ် ထျန်းယွမ်လား?

သို့သော် သူဟာ အဓိကအချက်ကို မသိသေးပါချေ။ ထိုအဓိကအချက်အား ရှာခြင်းကသာ ၎င်းတို့၏ ပါရမီတိုးတက်လာရန် ကူညီနိုင်မည်ဖြစ်၏။

"လီကောရဲ့ပါရမီက သူကိုယ်တိုင်ကို စွမ်းအားမြှင့်တင်ဖို့ အခြားလူတွေကို အဆုံးမရှိဝါးမြိုရတာပဲ။ ပြောရရင် နတ်ဝိဉာဉ်များများဝါးမြိုလေလေ၊ ပိုပြီးသန်မာလာလေလေပဲ!"

"ဝူရှားရဲ့ နတ်ဝိဉာဉ်က ဇာမဏီတစ်ကောင်ပဲ။ ငါ ဇာမဏီတချို့ရှာပြီး သူစားဖို့အတွက် ကင်ပေးလိုက်ရမလား?

"ဒါပေမယ့် ဇာမဏီအစစ်တစ်ကောင်က အရမ်းကျင့်ကြံဆင့်အားကောင်းနိုင်တယ်။ ဒါက အမတလောကအထက်က ဖြစ်တည်မှုတစ်ခုဖြစ်နိုင်တယ်။ အခုတော့ အနိုင်မယူနိုင်လောက်သေးဘူး။

"ပြီးတော့ ဒီနည်းလမ်းကအလုပ်မဖြစ်လောက်ဘူး။ ထျန်းယွမ်ရဲ့နတ်ဝိဉာဉ်က နတ်ဆိုးလူဝံပဲ။ ဒါကြောင့်ပဲ ငါသူ့ကို မျောက်တွေကျွေးလိုက်ရမလား?"

"ဒါဆိုရင် ချန်းရှန်နဲ့ ရှီနန်ကလည်း ဓားတွေ ဓားမော့တွေကို ဝါးမြိုနေရမှာလား?"

အမ်းးး... တွေးကြည့်ရင်းဖြင့် လုရှောင်ယန်မှာ မနေနိုင်ဘဲ ပုခုံးတွန့်လိုက်မိ၏။

၎င်းတို့မှာ ထိုသည်တို့အား ဝါးမြိုလိုက်ပါလျှင်တောင် အစာချေနိုင်မည်မဟုတ်ချေ။ ၎င်းတို့အား ထိပ်ပိုင်းမှ ဝါးမြိုကာ အောက်ခြေမှ ဆွဲယူပါလျှင် ကြည့်ဖို့ရာပင် နာကျင်ပေလိမ့်မည်။"

"ထားလိုက်တော့၊ ငါတို့ အမတလောကကိုရောက်မှပဲ ဒါကိုတွေးပူရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကျင့်ကြံဆင့်တွေကလည်း အရမ်းနိမ့်သေးတယ်။ သူတို့ရဲ့ကျင့်ကြံဆင့်ကို အရင်ဆုံး အမတအဆင့်ထိရောက်အောင် တိုးမြှင့်ပေးရမယ်။"

လုရှောင်ယန်မှာ လုပ်စရာအများကြီးရှိသေးသည်။ထိုသည်မှာ သူ၏ကမ္ဘာငယ်တွင် ယွင်လီကောနှင့် အခြားတပည့်များ၏ အမှတ်အသားကို ထိန်းသိမ်းကာ ကောင်းကင်တာအိုနိယာမ၏ထိန်းချုပ်မှုအောက်မှ လွတ်မြောက်စေရန်ပင်။ ထိုသို့ဖြင့် ၎င်းတို့ အမတများဖြစ်လာလျှင်တောင်မှ အတိဒုက္ခအားကျော်ဖြတ်စရာမလိုတော့ပါချေ။ အနာဂတ်တွင် ၎င်းတို့၏ကျင့်ကြံဆင့်ဘယ်လောက်အားကောင်းကောင်း ပူပန်စရာမလိုတော့ပါချေ။

ယွင်လီကောအား အမတလမ်းစဉ်များကို သင်ကြားမပေးခင်တွင် သူ၏တပည့်များအား ကျင့်စဉ်များကိုတစ်ယောက်ပြီးတစ်ယောက် သင်ကြားပေးလိုက်၏။

၎င်းတို့အား ကျင့်စဉ်အသီးသီးသင်ကြားပေးပြီးနောက်တွင် လုရှောင်ယန်မှာ တပည့်များ၏လက်နက်များအား ရုတ်သိမ်းလိုက်ကာ အဆင့်မြှင့်ပေးရန်ပြင်လိုက်သည်။ ထို့နောက်တွင် သူဟာ အမတဆေးလုံးများ၊ နက်နဲမှုဆေးလုံးများနှင့် တူညီရာများကို တပည့်များကျင့်ကြံရန် မျှဝေပေးလိုက်၏။

ထိုရင်းမြစ်များလက်ခံရရှိပြီးနောက်တွင် လူတိုင်းမှာ ခိက်ချင်းထွက်ခွာရန်ပြင်လိုက်ကာ တောင်ကြား၌ ကျင့်ကြံရန် နေရာရှာဖွေလိုက်ကြ၏။

ယွင်လီကောဟာ မထွက်ခွာခင်တွင် ကူရာမဲ့စွာ ရပ်တန့်လိုက်သည်။

"ဒါနဲ့၊ ဆရာ၊ ပြောရရင်၊ အကြောင်းပြချက်တစ်ချို့ကြောင့် ဒီတစ်ခေါက် ဗောဓိကျောင်းမှာ နတ်ဘုရားဧကရာဇ်အဆင့်တစ်ယောက်ကိုမှ မတွေ့ခဲ့ရဘူးပဲ။ အဲ့ဒီမှာ ကြီးမြတ်သောနတ်ဘုရားအဆင့် ငါးယောက်ခြောက်ယောက်လောက်ပဲရှိတယ်။ ပြီးတော့ ငါးယောက်က ပထမအဆင့်ပဲရှိသေးတာ။"

လုရှောင်ယန်မှာ အတန်ငယ်မျက်မှောင်ကြုံ့လိုက်သည်။

"တကယ်လား? ငါသိပြီ။ မင်းအရင်သွားလိုက်။"

"ဟုတ်ကဲ့ပါ!"

ယွင်လီကောထွက်သွားသည်နှင့် လုရှောင်ယန်မှာ လေးနက်နေဟန်ဖြင့် ဆန်းစစ်လိုက်သည်။

‌ဗုဒ္ဓဂိုဏ်းမှာ နတ်ဘုရားလောက၌ အားအကောင်းဆုံးဂိုဏ်းဖြစ်သည်။ အရာအားလုံးအား နောက်ပို့ထားလိုက်လျှင် ၎င်းတို့ထံ၌ နတ်ဘုရားအရှင်ဘုရင်အဆင့်များစွာရှိသည်။

ကြီးမြတ်သောနတ်ဘုရားအဆင့်များကိုပင် ဖော်ပြနေရန်မလိုပါချေ။

သိူ့သော် လီကောမှာ တကယ်ကိုပင် နတ်ဘုရားဧကရာဇ်အဆင့်တစ်ဦးကိုမှ မကြုံခဲ့ရပါချေ။

တစ်ခုခုမကောင်းတာတော့ ဖြစ်တော့မည်ထင်ပါသည်။

ဗုဒ္ဓဂိုဏ်း၏ အမြင့်ဆုံးဖြစ်တည်မှုမှာ မြင့်မြတ်သောဗုဒ္ဓဖြစ်၏။ သူဟာ အမတလောကရှိ စိတ်ဝိဉာဉ်တောင်မှ စေလွှတ်ခံရကာ ဗုဒ္ဓဂိုဏ်း၏လုပ်ငန်းဆောင်တာများအား ထမ်းဆောင်နေရ‌သည်။ လောကသုံးထောင်တွင် ထိုသို့သော် မြင့်မြတ်သောဗုဒ္ဓများစွာရှိသည်ပင်။

ဒါက... အဲ့ဒီလူများ အမတလောက,‌ကနေရောက်လာတာကြောင့်ပဲ သူ့ရဲ့ပုံစံအမှန်ကို သိသွားတာကြောင့်လား?

ဒါမှမဟုတ်... အဲ့ဒီလူက တစ်ခုခုကိုများ ကြံစည်နေလို့လား?

***

All Chapters