← Chapters

အခန်း (၃၇၆-၃၈၀)

Vol. 26 Ch. 376-380

အခန်း (၃၇၆-၃၈၀)

Vol. 26 Ch. 376-380

အပိုင်း ၃၇၆ လုရှောင်ယန်၏ ပုံစံအမှန်

[သခင်၊ ငါဘယ်လောက်ကောင်းလဲဆိုတာကို သခင်မသိပါဘူး။ ငါက နောက်ကျော၊ ခြေချောင်းတွေနဲ့ခြေထောက်တွေကို ဘယ်လိုအကြောလျှော့ပေးရမလဲသိတယ်လေ။ ပြီးတော့ နှိပ်တဲ့နေရာမှာအရမ်းကျွမ်းကျင်တယ်။ ငါ့ရဲ့အကွက်တွေကို စိတ်ကူးတောင်ယဉ်နိုင်မှာမဟုတ်ဘူး။ ပြီးတော့ ကိုယ်ပွားတွေဘယ်လိုဖန်တီးရမလဲကိုလည်း သိသေးတယ်။ သခင့်ရဲ့ပျော်ရွှင်မှုကို နှစ်ဆတောင်လုပ်ပေးနိုင်တယ်!]

"အဓိပ္ပာယ်မဲ့စကားတွေတော်လိုက်တော့။ မြန်မြန်လေး ငါ့အဖိုးတန်တပည့်လေးတွေရဲ့သတင်းသာပြစမ်းပါ။ မနှောင့်နှေးစေနဲ့။"

[ကောင်းပါပြီ၊ သခင်၊ တစ်ခုခုလိုရင် လွတ်လွတ်လပ်လပ်ခေါ်နိုင်ပါတယ်။ ငါ စောင့်နေမှာပါ]

လုရှောင်ယန်၏ မျက်ခုံးများ အနည်းငယ်မြင့်တက်သွား၏။ ထိုဝမ့်ခိုက်မှာ ဂိုဏ်းစတားနှင့်တူလှပြီး သူ၏ကိုယ်အား နေ့တိုင်းတပ်မက်နေသည်ပင်။

ဒီကောင်ကလည်း နာလန်ဟုန်ယွီလိုမျိုး ဝိဉာဉ်ကူးပြောင်းလာတာလား? သူရဲ့ယခင်ဘဝ သေမျိုးလောက,ကနေများလာခဲ့တာလား?

ဒါမှမဟုတ် ဒီကောင်က သူ့ကို ပါရမီရှင်ဆရာကြီးတစ်ယောက်ဖြစ်လာအောင် ပျိုးထောင်ပေးပြီး သူ့ရဲ့ ခွေးအမလေးလုပ်မလို့များလား?

ဒါက ကျန်းထိုက်ကျင့်ကြံခြင်းအစီအစဉ်လား?

ဝမ့်ခိုက်က သူ့ကိုများ ပြည့်စုံတဲ့ခင်ပွန်းတစ်ယောက် ဖြစ်အောင်လုပ်ချင်နေတာလား?

သေစမ်း၊ ထိုသို့သာဆိုလျှင် သူဟာ ဝမ့်ခိုက်နှင့်ပတ်သက်၍ သတိထားရပေတော့မည်။

သူဟာဦးစွာ ကောင်းကောင်းမွန်မွန်ကျင့်ကြံလိုပြီး ကျင့်ကြံဆင့်တိုးမြင့်ကာ သူတော်စင်တစ်ပါးဖြစ်လာသည်နှင့် ဝမ့်ခိုက်အား ရှောင်ကြဉ်ရပေမည်။

ဝမ့်ခိုက်မှာ အလျင်အမြန်ပင် လုရှောင်ယန်အတွက် တပည့်များ၏သတင်းကို ထုတ်ယူပေးလိုက်သည်။

၎င်းက လုရှောင်ယန်အား လျှာကိုက်မိသွားစေ၏။

ကျွင့်ပုကျန်းမှာ တစ်ထောင်သောစစ်ပွဲနတ်ဘုရားဒုတိယအဆင့်သို့ရောက်ရှိနေပြီး ကျန်းထိုင်ရွှမ်မှာ တစ်ထောင်သောစစ်ပွဲနတ်ဘုရား တတိယအဆင့်တွင်ဖြစ်၏။ စုလင်းဝူမှာမူ ပိုမို လွန်လွန်းနေပါသေးသည်။ သူဟာ မဟာယနနတ်ဘုရားဘုရင်ပထမအဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်၏။

ကျူးကောကျီချုံ၏ သတင်းလည်း ပေါ်ထွက်လာသည်။ နတ်ဘုရားအားဖြစ်ပေါ်စေခြင်းအဆင့်...

သူမ၏ကံဟာ အင်မတန်ဆိုးရွားလှဟန်ပေါ်သည်။ နတ်ဘုရားလောကသို့ရောက်ရှိပြီးနောက်တွင် သူမဟာ ဗုဒ္ဓဂိုဏ်း၏အကျဉ်းချထားခြင်းကိုခံလိုက်ရကာ ကျင့်ကြံခြင်းပင် မပြုနိုင်ပါချေ။

သို့သော် လုရှောင်ယန်မှာ ဖုန်းထျန်းယွမ်၏ကျင့်ကြံဆင့်အား မြင်သည်တွင် မနေနိုင်ဘဲ နေရာ၌ပင်ဆဲရေးလိုက်မိ၏။

"ငလူး!"

ဖုန်းထျန်းယွမ်မှာ တကယ်ကိုပင် မဟာယနနတ်ဘုရားဘုရင်ပဉ္စမအဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်၏!

ဒီကောင်‌စုတ်လေးဘယ်လိုများ ကျင့်ကြံလိုက်တာလဲ?

သူမြေဩဇာတွေများ စားလိုက်တာလား?

ဒီတိုးတက်နှုန်းက နည်းနည်းလောက်အရမ်းကြောက်ဖို့ကောင်းနေတာမဟုတ်ဘူးလား?

သူ၏ကျင့်ကြံဆင့်အင်မတန်တိုးတက်လာသည်မှာ အံ့ဩစရာမဟုတ်တော့ပါချေ။ သူ၏တပည့်အားလုံးမှာ အင်မတန်စွမ်းအားကြီးကြသောကြောင့်ပါပင်။ ၎င်းတို့မှာ စုန့်ရှင်းနျန်နှင့် လီချန်းရှန်တို့ထက်ပင် ပိုမို စွမ်းအားကြီးနေသေးသည်။

လုရှောင်ယန်မှာ ထို‌နှစ်ယောက်ဆီသို့အကြည့်လွှဲလိုက်၏။ ၎င်းတို့မှာ မဟာယနနတ်ဘုရားဘုရင်ပထမအဆင့်၌သာရှိနေသေးသည်။

သို့သော်ထိုနှစ်ယောက်မှာ သူနှင့်တွေ့ဆုံရသောကြောင့်သာ ဦးဆောင်နိုင်သွားတာဖြစ်သည်။ အခြားသူများမှာ အမတဆေးလုံးများ လာမစားရသေး‌ပါသော်လည်း ၎င်းတို့၏တိုးတက်နှုန်းမှာ ထိုနှစ်ယောက်ထက် နိမ့်ကျလိမ့်မည်မဟုတ်ပါချေ။ ၎င်းမှ ထိုနှစ်ဦးသည် လုံးဝပျင်းရိနေသည်ဟုပင် မြင်နိုင်ပေသည်။

လုရှောင်ယန်မှာ ချက်ချင်းပင် ထိုနှစ်ယောက်အား ခပ်ပြင်းပြင်းပါးရိုက်ရန် သူ၏ကိုယ်ပွားအား အမိန့်ပေးလိုက်၏။

သေလိုက်ပါတော့၊ ၎င်းတို့မှာ အင်မတန်များပြားလှသော ရင်းမြစ်များအား အသုံးပြုနေပြီး ကျင့်ကြံခြင်းကတော့ နှေးကွေးနေသည်။ လုရှောင်ယန်မှာ ၎င်းတို့အား မရိုက်နှက်ရလျှင် စိတ်သက်သာမည်မဟုတ်ချေ။

မကြာခင်တွင် နှလုံးပြုတ်လုမတတ် အော်သံတစ်ခုက တောင်ကြားမှ‌ထွက်ပေါ်လာသည်။

လုရှောင်ယန်မှာ တပည့်များ၏ သတင်းအား ဆက်လက်ဖတ်ရှုနေလိုက်၏။

ယခုတွင် လီကောနှင့် ဝူရှားတို့သာ ထွက်ပေါ်မလာသေးခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦး မည်သည်များ လုပ်နေမည်ကို တွေးကြည့်မိ၏။

၎င်းမှာ လီကောအတွက်‌ဆို ပို၍မှန်ပေမည်။ ထိုကလေး၏ ပါရမီမှာ အင်မတန်နုံချာလှပါသည်၊ သို့သော် သူဟာ နေရာတိုင်း၌ ပြဿနာဖြစ်တတ်၏။ သူဟာ အသတ်ခံလိုက်ရပြီလားပင် မသိရပါချေ။

လုရှောင်ယန်၏ နတ်ဘုရားအာရုံမှာ ရှန်းထီကျောက်ရှင်အမှတ်အသားဆီသို့ရောက်ရှိသွား၏။ ကံကောင်းစွာဖြင့် လီကောမှာ အသက်ရှင်နေသေးကာ သွေးအဆီအနှစ် ပြန်လည်ရှင်သန်စေခြင်းဖြစ်စဉ်မှာ အသက်မဝင်သေးပါချေ။

သူဟာ လှုပ်ရှားမှု အချက်အလက်များအား ထပ်မံဖွင့်လှစ်လိုက်ရာ မှန်သားပြင်ထက်၌ တပည့်များ၏ သတင်းများနှင့် ပြည့်သွားတော့သည်။

[သင်၏တပည့် ကျန်းထိုင်ရွှမ်မှာ ဗုဒ္ဓဂိုဏ်းသားတစ်ဦး၏တိုက်ခိုက်ခြင်းကိုခံလိုက်ရပါသည်]

...

[သင်၏တပည့် ကျွင့်ပုကျန်းမှာ ဗုဒ္ဓဘုန်းတော်ကြီးတစ်ပါး၏ တိုက်ခိုက်ခြင်းကိုခံလိုက်ရပါသည်]

...

[သင်၏တပည့် စုလင်းဝူမှာ ဗုဒ္ဓအကြီးအကဲတစ်ဦး၏ တိုက်ခိုက်ခြင်းကိုခံလိုက်ရပါသည်]

…

[သင်၏တပည့် ဖုန်းထျန်းယွမ်မှာ ဗုဒ္ဓနတ်ဘုရားဧကရာဇ်အဆင့်၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရပါသည်]

...

လုရှောင်ယန် : "..."

နောက်ဆုံးတွင် မှန်သားပြင်မှာ လီကောတိုက်ခိုက်ခံရခြင်း သတင်းများအား ထပ်မံကာပြသခြင်းမရှိတော့ပါချေ။ အဆုံးတွင် အခြားသောတပည့်များအားလုံးမှာ တိုက်ခိုက်နေကြ၏။

၎င်းက လုရှောင်ယန်အား အင်မတန်ဒေါသဖြစ်စေလေသည်။

မူလတွင် လူတိုင်းမှာ သိုသိုသိပ်သိပ်ကျင့်ကြံနေကြသည်ပင်။ အဆုံးတွင်တော့ ၎င်းတို့အားလုံးမှာ ရုတ်တရတ်ဆန်စွာ ထွက်လာကြသည်။ အားလုံးမှာ လီချန်းရှန်နှင့် စုန့်ရှင်းနျန်ဆိုသည့် ကောင်စုတ်လေးနှစ်ယောက်ကြောင့်ပင်၊ ၎င်းတို့မှာ သူ၏ ဆင့်ခေါ်ခြင်းကိုပဲ နားမထောင်ဘဲ သူတို့ကိုယ်သူတို့ တော်လှပြီဟု တွေးထင်ခဲ့ခြင်းကြောင့်ပါပေ။ လူတိုင်း ထွက်လာစေရန် ၎င်းတို့မှာ လုရှောင်ယန် အသတ်ခံလိုက်ရပြီဆိုသည့်သတင်းအား ကြေငြာလိုက်ကြသည်ပင်။

ယခုတွင် လူတိုင်းမှာ ဗုဒ္ဓဂိုဏ်းအား တိုက်ခိုက်နေကြတော့၏။ ထို့အပြင် ဗုဒ္ဓဂိုဏ်းမှာ နတ်ဘုရားလောက၌ အသန်မာဆုံးဂိုဏ်းလည်း ဖြစ်ဟန်တူသည်။

ယခုတွင် ၎င်းတို့မှာ တကယ်ကိုပင် သေသည်အထိ တိုက်ခိုက်ရတော့မည်ပင်။

"ဝမ့်ခိုက်၊ မြန်မြန် သူတို့ကို ဆွဲဆောင်ဖို့ စွမ်းအားကြီး ဝိဉာဉ်ဆွဲဆောင်ခြင်းကို သုံးလိုက်။"

[မလိုပါဘူး။ သူတို့ ပြေးလာနေကြပြီ]

"အိုး~"

လုရှောင်ယန်၏မျက်လုံးများ တောက်ပသွားတော့၏။ ဖိဂုလျန်မှာ ‌အားလုံးအား ရှာတွေ့သွားခဲ့ပြီဟု သူဟာ ခပ်ရေးရေး ခံစားမိလိုက်သည်။ ကောင်းတယ်။ ဒီလိုဆိုရင် အားလုံး သူ့ဘေးကို ပြန်ရောက်လာနိုင်တော့မယ်။

၎င်းတို့ရောက်ရှိလာသည်နှင့် သူဟာ ၎င်းတို့အား ကျင့်ကြံရန် တိတ်ဆိတ်သော နေရာတစ်ခုအား ရှာဖွေကာ ခေါ်ဆောင်သွားမည်ဖြစ်သည်။

သူ၏တပည့်များသာ နောက်ထပ်အဆင့်တစ်ခုထိ မြင့်တက်သွားပြီပါလျှင် သူသည်မှာလည်း တစ်နှစ် သို့မဟုတ် နှစ်,နှစ်အတွင်းတွင် နတ်ဘုရားဧကရာဇ်အဆင့်သို့ တိုးမြှင့်ရန် ဖြစ်နိုင်လိမ့်မည်ဟု ခန့်မှန်းမိလေသည်။

သူ၏ကျင့်ကြံဆင့်မှာ နတ်ဘုရားဧကရာဇ်အဆင့်သို့ တိုးမြင့်ပြီးနောက်တွင် သူလုပ်လိုသည့်အရာအားလုံးအား လုပ်ဆောင်နိုင်မည်မဟုတ်လား?

ဒါပေါ့၊ သူဟာ ထင်ထင်ရှားရှားနေထိုင်မည်မဟုတ်ပါချေ။ သူဟာကျင့်ကြံရာ၌ လွယ်ကူခြင်းကိုသာ အလိုရှိလေသည်။

၎င်းမှာ လူတစ်ယောက်သည် အစိတ်အပိုင်းများအား တိတိကျကျမရွေးချယ်နိုင်ပါသော်လည်း ၎င်းတို့မှာ ရှည်ကြာ၊ မာကျောကာ ခံနိုင်စွမ်းရည်ရှိရမည်နှင့်ပင် တူညီနေ၏!

ထိုသို့ဖြင့် လူတစ်ယောက်ဟာ အခြားတစ်ယောက်နှင့် ယှဉ်ရချိန်တွင် ယုံကြည်မှုရှိနိုင်ပေမည်။

သူ၏တပည့်လေးများလည်း အလျင်အမြန်ပြန်လာနိုင်ပြီး မည်သို့သော ပြဿနာကိုမှ ထပ်မံသွားမဆွမိစေရန်သာ မျှော်လင့်မိပါသည်။

"ဒါနဲ့၊ ဝမ့်ခိုက် မင်းဒီတစ်ခေါက် တစ်ခုခုကိုများ သတိရသေးလား?"

လုရှောင်ယန်မှာ ထိုအရေးကြီးကိစ္စအား မေ့လုနီးနီးပင်ဖြစ်နေသည်။

အရေးကြီးဆုံးအရာမှာ သူ၏ပုံစံအမှန်ဖြစ်၏။ အဘယ်ကြောင့် မြင်းနက်များဟာ သူ့အား ဖမ်းနိုင်ပါမည်နည်း?

အဘယ်ကြောင့် ကောင်းကင်ဘုံဟာ မြင်းနက်တစ်ယောက်အား ပျိုးထောင်ချင်နေရပါသနည်း?

[ကျွန်တော် အဲ့ဒါရဲ့ အပိုင်းတစ်ခုကို မှတ်မိတယ်။ ကျွန်တော်က ကျောက်စိမ်းဖန်ဆင်းလိပ်ပြာများကြားက မဟာတာအိုရဲ့ စွမ်းအားတစ်ခုပဲ။ ကောင်းကင်တာအိုမှာ တာအို၅၀ရှိပြီး ကျွန်တော်က သူတို့ထဲကတစ်ခုပဲ။ ကျွန်တော် အဲ့ဒီခွေးကောင် ဟုန်ကျွင်းနဲ့ မပတ်သက်ချင်တာကြောင့် ကျောက်စိမ်းဖန်ဆင်းလိပ်ပြာကနေ ထွက်ပြေးလာခဲ့တာပဲ။ ဆရာ့ကိုဖမ်းဖို့ မြင်းနက်တွေကို ပြင်ဆင်နေတာ]

"ဒါဆိုရင်... ငါ့ရဲ့ပုံစံအမှန်က... ပန်ဂုရဲ့ ပြန်လည်ဝင်စားခြင်းလား?"

(ပန်ဂု : ( တရုတ် : 盤古 ၊ PAN-koo ) သည် ကောင်းကင်နှင့် မြေကြီးကို ပိုင်းခြားကာ တောင်များနှင့် မြစ်များ ကဲ့သို့သော ပထဝီဝင် အသွင်အပြင်များ ဖြစ်လာသော တရုတ် ဒဏ္ဍာရီတွင် ရှေးဦး သတ္တဝါနှင့် ဖန်ဆင်းခံ အသွင်အပြင် ဖြစ်သည်။)

လုရှောင်ယန်မှာ သံသယများအား ထုတ်ပြောရန်ကြိုးစားလိုက်သည်။

အကြောင်းမှာ သူသည် ၎င်းအား ကြာရှည်စွာ တွေးတောနေခဲ့မိခြင်းကြောင့်ပါပင်။

ပန်ဂုမှလွဲလျှင် သူ့ထံနိုင်ရှိမည့် အခြားပုံစံများကို မတွေးဆနိုင်ပါချေ။

ထို့အပြင် ပန်ဂုထက် ဘယ်အရာကိုမှ ကောင်းကင်တာအိုက မြင်းနက်များကိုသုံးကာ ဖမ်းဆီးရန်မလိုပါချေ။

သို့သော် တခဏအကြာ၌ ဝမ့်ခိုက်မှာ ခေါင်းကိုခါလိုက်၏။

[ဒါက... ကျွန်တော်လည်း မသေချာဘူး။ တကယ်တော့ သခင့်ရဲ့ကိုယ်နဲ့ သွေးအဆီအနှစ်ပ ပန်ဂုရဲ့ သွေးအဆီအနှစ်နဲ့ အရိုးတွေကနေဖြစ်ပေါ်လာတာမို့လိုပါ။ သခင့်ဆီကို ကျွန်တော် ဆွဲဆောင်ခံလိုက်ရတာကလည်း သခင့်မှာ ပန်ဂုရဲ့ ရောင်ဝါရှိနေတာကြောင့်ပါ။ ကျောက်စိမ်းဖန်ဆင်းလိပ်ပြာကတော့ မူလက ပန်ဂုရဲ့ အသက်သွေးကြောချိတ်ဆက်မှုရတနာပါ။ ပြီးတော့မှ အဲ့ဒါကို ခွေးကောင်ဟုန်ကျွင်းကလုသွားတာ။

ဒါကြောင့် ကျွန်တော့်မှာ ဆရာနဲ့သဘာဝအတိုင်းရင်းနှီးနေတာပါ]

[ကောင်းကင်တာအိုတောင်မှ သခင်က ပန်ဂုရဲ့သွေးအဆီအနှစ်တွေ အများကြီးစုပ်ယူပြီး ပန်ဂုကို ပြန်ခေါ်တာကနေ တားဆီးဖို့အတွက်နဲ့ ဟုန်ကျွင်းကို မြင်းနက်တွေ စုဆောင်းပေးဖို့ စီစဉ်ပေးနေတယ်လေ]

[ဒါပေမယ့်...

ဒါပေမယ့်လည်း... ဆရာသန်မာပြီးရင်း သန်မာလာတာနဲ့ တစ်ခုခုမှားနေတာကို ရှာတွေ့လိုက်ရတယ်။ ဆရာ့ရဲ့ရောင်ဝါထဲမှာ ပန်ဂု‌ထက်တောင် ပိုပြီးစွမ်းအားကြီးနေတဲ့ နောက်ထပ်... ဖြစ်တည်မှုတစ်ခု ရှိနေတဲ့ပုံပါပဲ!]

လုရှောင်ယန်မှာ အတန်ငယ်အံ့အားသင့်သွားတော့၏။

‌တကယ်တွင် သူ့ထံ၌ သူသာသိသည့် လျှို့ဝှက်ချက် တစ်ခုရှိပေသည်။ ဝမ့်ခိုက်သည်ပင် မသိပါချေ။

၎င်းမှာ သူဟာ ဝိဉာဉ်ကူးပြောင်းလာသူတစ်ဦးဖြစ်သည်ပင်။

နောက်တစ်မျိုးပြောရလျှင် သူ၏ကိုယ်မှာ တကယ်တော့ ပန်ဂု၏ သွေးအဆီအနှစ်နှင့် အရိုးတို့ဖြင့် ဖွဲ့စည်းထားသော်လည်း သူ၏ဝိဉာဉ်မှာတော့ ထိုသို့မဟုတ်ပါချေ။

အကြီးအကဲထျန်းကျီနှင့်ပြောခဲ့သည့် ယခင်စကားဝိုင်းနှင့် ယှဉ်တွဲကြည့်ပါလျှင် သူ၏ပုံစံအမှန် တစ်ပိုင်းအား ကြမ်းတမ်းစွာ ကောက်နုတ်နိုင်ပြီဖြစ်၏။

ဦးစွာ သူအားပြန်လည်ဝင်စားရန် ကျဲကျောင်းတော်မှ အဆင့်နိမ့်လောကဆီသို့ ခေါ်ဆောင်လာပုံရသည်။

အကြောင်းမှာ အကြီးအကဲထျန်းကျီညွန်ပြခဲ့သည့် လက်ရှိအချက်အလက်မှာ ကျဲကျောင်းတော်၏ တပည့်တစ်ဦးနှင့် အင်မတန်ဆင်တူနေခြင်းကြောင့်ပါပင်။

အကြီးအကဲထျန်းကျီပြောကြားခဲ့သည့် ဂိုဏ်းအကြောင်း သို့မဟုတ် နံရံပေါ်ရှိရှေးဟောင်းဆေးရေးပန်းချီပဲဖြစ်ပါစေ ၎င်းတို့နှစ်မျိုးစလုံးမှာ လုရှောင်ယန်အား ထိုသို့သာ တွေးထင်စေပါသည်။

ဒဏ္ဍာရီများအရ လုရှောင်ယန်မှာ ကျဲကျောင်းတော်အား အသေအချာသိချေသည်။

၎င်း ကျဲကျောင်းတော်မှာ သူ့အား အခြေအနေကိုပြောင်းပြန်လှန်ဖို့ရန် သုံးချင်နေကြပုံပေါ်သည်။

သို့သော် ကျဲကျောင်းတော်မှာ သူ့အား အခြေအနေကိုပြန်ပြောင်းရန် အသုံးပြုချင်ကာ သူ့အား ရွေးချယ်ခံဟုလည်း ထင်လေသည်ပင်။ သို့သော် အချက်အလက်အရ သူသည်မှာ ကျဲကျောင်းတော်၏ စိတ်ကူးထက်ပင် ကျော်လွန်နေသည့် ဖြစ်တည်မှုပင် ဖြစ်ပုံအတော်ရလေသည်။

၎င်းမှာ ဒုတိယအချက်လည်းဖြစ်၏။ သူ၏ပုံစံအစစ်အမှန်မှာ ပန်ဂု၏ ပြန်လည်ဝင်စားခြင်းနှင့်ပင် အတော်လေးဆင်တူနေလေသည်။

သို့သော် သူဟာ ပန်ဂု၏ ကိုယ်ခန္ဓာသာပြန်လည်ဝင်စားခြင်း ဖြစ်နေသည့်အကြောင်းမှာ မူလကိုယ်ပိုင်ရှင်၏ ဝိဉာဉ်သည် သူ့ကြောင့် ပြန့်ကျဲသွားကြခြင်းကြောင့်ပင်။

ပန်ဂုမှာ သူ့အားပြန်လည်ရှင်သန်ရန် အသုံးပြုနေသည့်ဟန်ပင်ပေါ်လေ၏။

ထို့ကြောင့် ကောင်းကင်တာအိုမှာ ပန်ဂု၏ပြန်လည်ရှင်သန်ခြင်းအား တားဆီးရန် သူ့အား သတ်ဖို့ရာ မြင်းနက်များအား စုဆောင်းနေခြင်းပင်။

အမ်း... အဘယ်ကြောင့် သူဟာ လူတိုင်းမှ အမြတ်ထုတ်လိုနေကြသည့် ရုပ်သေးလေးတစ်ခုသာဖြစ်သည်ဟု ခံစားနေရပါသနည်း?

တတိယနှင့် အရေးအကြီးဆုံးအချက်မှာ...

သူ၏ဝိဉာဉ်သည် ပန်ဂုနှင့် မသက်ဆိုင်သော်လည်း ပန်ဂု၏ဝိဉာဉ်အား ပြန့်ကျဲစေခဲ့သည့် ဖြစ်တည်မှုတစ်ခုပင်ဖြစ်သည်။

ဆိုရလျှင် သူ၏ဝိဉာဉ်ကိုယ်မှာ ပန်ဂုအား ကျော်လွန်နေသည့် တည်ရှိမှု၊ အသိစိတ်ကိုယ်ထည်ဟုပင် ပြောနိုင်၏။ မဟုတ်လျှင် ၎င်းမှာ ပန်ဂု၏ဝိဉာဉ်အား ဖျက်ဆီးကာ ပန်ဂု၏ ပြန်လည်ဝင်စားထားသည့်ကိုယ်အားလည်း ရယူနိုင်ရန် မဖြစ်နိုင်ပါချေ!

နောက်ဆုံးတွင် ပန်ဂုကဲ့သို့ ဆရာကြီးတစ်ပါးအား ဤစကြဝဠာရှိ အသန်မာဆုံးဖြစ်တည်မှုဟုပင် ယူဆနိုင်သည် မဟုတ်ပါလား?

သူဟာ ပန်ဂုထက်ပင် သန်မာနေခဲ့ပါလျှင်... သူဟာ မည်မျှ စွမ်းအားကြီးနေမည်နည်း?

"ဝမ့်ခိုက်၊ ဒီလောကမှာ ပန်ဂုထက်ပိုသန်မာတဲ့ ဖြစ်တည်မှုတစ်ခုရှိနေတာလား?'

[ဒါပေါ့။ ဒါကြောင့် ပန်ဂုက အကန့်အသတ်ထိကျင့်ကြံပြီး ‌ကမ္ဘာကို သဘာဝဆန်ဆန်ဖန်တီးချင်တာလေ။ သူက နောက်ထပ်ကျင့်ကြံဖို့ဆိုရင် ဒီစကြဝဠာ နယ်မြေ‌ကို ဖြတ်ကျော်ရဦးမှာ။ သူတင်မကဘဲ ဟုန်ကျွင်းကျူရှီးနဲ့ ကောင်းကင်တာအိုလည်း ထိုနည်းတူပဲ။ သူတို့နှစ်ဦးက ပန်ဂုရဲ့ကျင့်ကြံဆင့်အထွဋ်အထိပ်ထိတောင်မရောက်သေးဘူးဆိုတော့ တစ်ဘက်တည်းနေဖို့ ရွေးချယ်လိုက်တာပဲ။ သဘာဝအရဘဲ ဒါက ‌‌ကောင်းကင်ဘုံထွဋ်ဖျားကိုကျော်ဖြတ်ပြီး မဟာအာကာပြင်မှာ အဆင့်မြင့်ရောက်ဖို့ ကျင့်ကြံရမှာပါ]

[စကြဝဠာက အကန့်အသတ်မဲ့ပါတယ်၊ ကျင့်ကြံခြင်းလည်း ဒီလိုပါပဲ]

[ဒါပေမယ့် လက်ရှိလောကရဲ့ကျင့်ကြံခြင်းမှာက အဆင့်တွေရှိတယ်]

[ဒါက သူ့ရဲ့ဆရာသခင် နတ်ဘုရားလောကကို လာရောက်ကျင့်ကြံပြီး ခြေလှမ်းနောက်တစ်ခု ဘယ်လိုလှမ်းဖို့ လိုသလဲဆိုတာနဲ့တူတယ်]

[ဒါက အမတအဆင့်ရောက်အောင် ကျင့်ကြံပြီးနောက်မှာ လူတစ်ယောက်က အမတလောကဆီကို သွားရမယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့]

လုရှောင်ယန်မှာ နားထင်များကို ဖိပွတ်လိုက်သည်။

သေလိုက်ပါတော့၊ မူလက သူဟာ ကျင့်ကြံဆင့်တိုးလာပြီး သူတော်စင်တစ်ပါးဖြစ်လာပြီးနောက်တွင် နားနေနိုင်ပြီဟု တွေးထင်ခဲ့သည်။ ယခုတွင် ဒါက မလုံလောက်သေးပုံပေါ်၏။

နောက်ဆုံးတွင် ဟုန်ကျွင်းကျူရှီးကဲ့သို့ တည်ရှိမှုတစ်ခုသည်ပင် ဆက်လက် ကျင့်ကြံရပေဦးမည်။

ဒါက တကယ်ပဲ အမှန်ဖြစ်နိုင်လား?

ကျင့်ကြံခြင်းအတွက် အဆုံးသတ်မရှိဘူးလား?

သူဘယ်ကို သွားသွား ကျင့်ကြံနေရမှာလား?

သို့သော် ခေါင်းကိုက်ခြင်းမှလွဲ၍ လုရှောင်ယန်မှာ ထိုမျှ အများကြီးတွေးတောရန် အချိန်မရှိဟု ‌နားလည်လိုက်သည်။

အကြောင်းမှာ သူ့ထံ၌ ပြဿနာအချို့ရှိနေခြင်းကြောင့်ပင်။

၎င်းတို့ထဲမှ တစ်ဦးသည် နတ်ဘုရားလောက၏ ဗုဒ္ဓဂိုဏ်းဖြစ်သည်။

ဒုတိယမှာ အကြီးအကဲထျန်းကျီပြောသည်အရ ထိုလူထူးဆန်းမှာ ကောင်းကင်ဘုံခုံရုံးနှင့် မသက်ဆိုင်သော်ငြားလည်း သူ့အား အတော်လေး တပ်မက်နေသည်။

တတိယမှာ အမတလောက၊ စိတ်ဝိဉာဉ်တောင်တန်း၊ ကောင်းကင်ဘုံခုံရုံး၊ ကျဲကျောင်းတော်နှင့် သူတော်စင်များအကြားမှ အငြင်းပွားမှုဖြစ်သည်။

စတုတ္ထပြဿနာမှာ ဟုန်ကျွင်းကျူရှီးနှင့် ကောင်းကင်တာအိုတို့ပင်။

ပဉ္စမမြောက်ပြဿနာမှာ အရေးပါဆုံးပင်ဖြစ်၏။

၎င်းမှာ ပန်ဂုသည်ပင် ပြန်လည်ရှင်သန်ရန်အတွက် လုရှောင်ယန်အား အခွင့်အရေးအဖြစ်အသုံးချနေနိုင်သည်။

နောက်ဆုံးမှတော့ သူဘယ်သူလဲကိုပင် သူဟာမသိသေးပါချေ။

သူသည် ပန်ဂုထက် အားကြီးသော တည်ရှိမှုတစ်ခုဖြစ်၏။ သို့သော် ပန်ဂုထက် အင်အားကြီးသည့် ရန်သူတစ်ယောက်ရှိနေသေးတာလား?

ဟမ်း... တွေးကြည့်ရလျှင် လုရှောင်ယန်မှာ ချက်ချင်းပင် မျှော်လင့်ချက်မဲ့နေသည်ဟု ခံစားလိုက်ရတော့သည်။

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၂၆။ အပိုင်း ၃၇၇ ဒါပေမယ့် ဒီနေရာမှာရှိတဲ့ လူအများစုက လူသားတွေမဟုတ်ကြဘူး

သူဟာ ဖုံးကွယ်နေရဦးမည်!

လုရှောင်ယန်မှာ သူ၏တပည့်များ ပြန်ရောက်လာသည်နှင့် ပုန်းကွယ်ကာ အမတအဆင့်သို့ ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။

"တပည့်တွေ ဒီကိုပြေး‌လာနေပြီဆိုတည်းက အရမ်းကြီးမကြာ‌လောက်ဘူး။ ဟီးဟီး... ငါဒီမှာ စောင့်နေလိုက်မယ်။"

...

နတ်ဘုရားလောက၏ ထောင့်တစ်နေရာတွင်။

လူအိုကြီးတစ်ယောက်မှာ သေမင်းတံခါးဝနှင့် ရင်ဆိုင်နေရကာ လူရွယ်တစ်ယောက်၏လက်အား ကိုင်ဆောင်လျက် မောပန်းနေရင်းဖြင့် သင်ကြားနေ၏။"

"ဟန်ကျန့်၊ ငါဒါကို မလုပ်နိုင်မှာစိုးမိတယ်။"

"ဒီတစ်ခေါက် ငါတို့ဗုဒ္ဓဂိုဏ်းဆင့်ခေါ်တာကို ခံခဲ့ရချိန်မှာ သူတို့ဆီကနေ အမြတ်ထုတ်ဖို့ အခွင့်ရေးလိုချင်ခဲ့ပြီး သူတို့ရဲ့စာအုပ်ကောင်းတွေကိုလည်း ရချင်ခဲ့တယ်။

ဒါပေမယ့် တစ်ဖက်က အရမ်းစွမ်းအားကြီးနေမယ်လို့ မျှော်လင့်မထားခဲ့မိဘူးလေ။ သူက ငါတို့ဂိုဏ်းကို ချက်ချင်းဖျက်ဆီးပြီး မင်းနဲ့ငါနဲ့ကိုပဲ ချန်ထားရစ်ခဲ့တယ်။"

ဟန်ကျန့်မှာ ကူကယ်ရာမဲ့စွာပြောလိုက်သည်။

"ဂိုဏ်းချုပ်၊ ခင်ဗျားက ဒီလိုဒဏ်ရာတွေရနေပြီးပြီလေ။ စကားပြောတာရပ်လိုက်ပါတော့။ ဒီလိုနဲ့ တဖြည်းဖြည်းသေသွားမယ်။"

"မဟုတ်ဘူး၊ အခုသာ ငါမပြောရင် အနာဂတ်မှာ ငါထပ်မပြောနိုင်မှာကို စိုးရတယ်။"

တစ်ခဏရပ်တန့်ပြီးနောက်တွင် သူဟာစကားဆက်လိုက်သည်။

"ဟန်ကျန့်၊ ငါမရတော့ဘူး။ ငါသေပြီးရင် ငါတို့ဂိုဏ်းမှာ မင်းက တစ်ဦးတည်းသော ရှင်ကျန်သူပဲ။"

"ဒီတစ်ခေါက်ဂိုဏ်းက နာကျင်ချိန်မှာ မင်းမသေဘူး။ ဒါက မင်းက အတော်လေးကံကောင်းတဲ့ ပုဂ္ဂိုလ်ဆိုတာကို ပြသနေတယ်!

"ဂိုဏ်းကို အခုမင်းဆီမှာ အပ်ခဲ့မယ်။"

ဟန်ကျန့်မှာ ပြောစရာမဲ့သွားသည်။ သူဟာကံကောင်း၍ အသက်ရှင်ရခြင်းမဟုတ်ပါချေ။ သူဟာ တကယ်တော့ ဗုဒ္ဓဂိုဏ်းမှာ လုရှောင်ယန်၏ တပည့်များနှင့်ရင်ဆိုင်ချင်သည်ကို သိသောကြောင့် တောင်တစ်ခုလုံး တိုက်ပွဲတွင်းသို့ ထွက်ခွာသွားချိန်၌ သူဟာ ရေအိမ်ထဲ၌သာ ပုန်းအောင်းနေခဲ့ခြင်းဖြစ်သည်။

လူတိုင်း တိုက်ခိုက်ပြီးနောက်တွင် သူဟာ သတင်းယူရန် တိုက်ပွဲကွင်းပြင်းသို့ သွားရောက်ခဲ့ခြင်းပင်။ အဆုံးတွင် သူဟာ သေလုနီးပါးအရိုက်ခံထားရသော ဂိုဏ်းချုပ်နှင့် ကြုံတွေ့ရလိမ့်မည်ဟု ထင်မထားခဲ့ပါချေ။

ထို့နောင်တွင် ဂိုဏ်းချုပ်မှာ သူသည် ထိုသို့သော ပြင်းထန်သည့်တိုက်ပွဲကွင်းပြင်တွင် ရှင်သန်ရလောက်အောင် ကံကောင်းလှသည်ဟု အထင်လွဲမှားသွားခဲ့သည်။

၎င်းမှာတကယ်ကို အထင်လွဲခြင်းတစ်ရပ်သာဖြစ်၏။

"ဂိုဏ်းချုပ်၊ ကျွန်တော်မလုပ်နိုင်မှာကိုစိုးရွံ့မိပါတယ်။ ဘာလို့တခြားတစ်ယောက်ကိုမရှာတာလဲ? ကျွန်တော်က ဂိုဏ်းချုပ်ဖြစ်ဖို့အတွက် မသင့်တော်ပါဘူး!"

"မင်းလုပ်နိုင်ပါတယ်။ မင်းကိုယ်မင်းယုံကြည်ဖို့ပဲလိုတာပါ။ အရင်က ငါလည်း ငါ့ကိုယ်ငါ မလုပ်နိုင်ဘူးလို့ ခံစားမိခဲ့တယ်။ ဂိုဏ်းတစ်ခုလုံးမှာ လူတွေအများကြီးပဲလေ။ ငါက ရုပ်ဆိုးပြီး အရပ်ကလည်းပုသေးတယ်။ ဒါပေမယ့် အဆုံးမှာတော့ အရင်ဂိုဏ်းချုပ်ရဲ့ဇနီးက ချက်ချင်းပဲ ငါ့ကို သဘောကျပြီး ဂိုဏ်းချုပ်အသစ်တင်မြှောက်ခဲ့တာပဲ။ အခုတော့ မင်းမှာ အရမ်းကောင်းတဲ့အနာဂတ်တစ်ခုရှိမယ်လို့ထင်တယ်။"

"ရှင်မ၊ ငါ မင်းနဲ့အတူ ထာဝရမနေ‌နိုင်ခဲ့ဘူး။ နောက်ဘဝမှာပဲတွေ့ရအောင်!"

စကားဆုံးသည်နှင့် ဂိုဏ်းချုပ်မှာ လုံးဝသေဆုံးသွားတော့၏။

ဟန်ကျန့် : "..."

သူဟာ ဂိုဏ်းချုပ်၏ဇနီးကအင်မတန်အရုပ်‌ဆိုးသော်လည်း ဂိုဏ်းချုပ်မှာ သူမအား အဘယ့်ကြောင့်သေလုအောင် ချစ်မြတ်နိုးရသည်ကို နားလည်သွားသည်။

သူမဟာ ယခင်ဂိုဏ်းချုပ်ချန်ထားခဲ့သော ဇနီးဖြစ်ကာ သူ့အား ဂိုဏ်းချုပ်နေရာရရှိရန်ပင် ထောက်ပံ့ပေးခဲ့သည်။

ထိုအခိုက်တွင် ကြမ်းရှသောအသံတစ်ခုက သူ၏နားအတွင်း၌ ရုတ်တရတ်ပေါ်ထွက်လာတော့၏။

"ယောက်ျား! ဝူးဝူးဝူး... ဘာလို့ တစ်ယောက်တည်း ထွက်သွားရတာလဲ! ရှင်ကျွန်မကို တစ်ယောက်တည်းထားခဲ့ရင် ကျွန်မကဘယ်လိုများ အသက်ဆက်ရှင်ရမှာလဲ? ကျွန်မက တစ်ယောက်တည်းလေ။ အနိုင်ကျင့်ခံရရင်ဘယ်လိုလုပ်မလဲ?"

ဟန်ကျန့်မှာ သူမ၏ ခပ်ဝါးဝါးပုံရိပ်အား ကြည့်ရှုလိုက်ကာ သူ၏မျက်နှာက ကူရာမဲ့လျက် ရှုံ့တွန့်သွားတော့၏။

ဂိုဏ်းချုပ်၏ဇနီးမှာ ဟန်ကျန့်အား မော့ကြည့်ကာ ဆိုလိုက်သည်။

"အကြီးအကဲဟန် ဒီနေ့ကစပြီး ရှင်ကဂိုဏ်းချုပ်ပဲ။ အခု ဂိုဏ်းမှာ ကျွန်မတို့နှစ်ယောက်ပဲကျန်တော့တယ်။ ကျွန်မကိုယ်ကျွန်မလှတာသိပါတယ်၊ ဒါပေမယ့် ကျွန်မ‌အပေါ်မှာ ဘယ်လိုမသင့်လျော်တဲ့ အတွေးမှမတွေးပါနဲ့။ မဟုတ်ရင်၊ ကျွန်မ..."

သူမ၏စကားမဆုံးခင်မှာပင် ဟန်ကျန့်မှာ ပိုင်းဖြတ်လိုက်ကာ ဂိုဏ်းချုပ်အား မြင်တွေ့ရန်ပို့ပေးလိုက်၏။

"အော့!"

ဟန်ကျန့်မှာ ရွံ့လွန်းသောကြောင့် အန်ထုတ်လိုက်သည်။ ထို့နောက်တွင် သူဟာ ပါးလုပ်ကျင်းကာ လှည့်ထွက်သွားတော့၏။

သူဟာ ဤ မကောင်းသည့်ဂိုဏ်းတွင် နေလိမ့်မည်မဟုတ်ပါချေ။ လူတိုင်းသေသွားပြီးမှတော့ သူဟာအဘယ့်ကြောင့်ဆက်နေရမည်နည်း? သူကဂိုဏ်းချုပ်ဖြစ်ချင်တယ်လို့များထင်နေကြတာလား? ဟာသပဲ! အရူးတစ်ယောက်ကပဲ ဂိုဏ်းချုပ်ဖြစ်ဖို့ ပြန်လာလိမ့်မယ်။"

မကောင်းတဲ့တောင်ဂိတ်တစ်ခုရဲ့ ဂိုဏ်းချုပ်ဖြစ်တာ ဘာများကောင်းနေလို့လဲ?

သို့သော် သူဟာခန်းမမှ မထွက်ခွာနိုင်ခင်တွင် သူ၏စိတ်တွင်းမှ အသံများထွက်ပေါ်လာ၏။

[ဒင်! သင်ဟာ ဂိုဏ်းချုပ်ဖြစ်နေသည်ကို အာရုံခံမိပြီး အသန်မာဆုံးဂိုဏ်း အရံစနစ်ကို အသက်သွင်းလိုက်ပါပြီ။ တောင်းဆိုခြင်း ချိတ်ဆက်နေပါပြီ]

[ဒင်! သင်ဟာအတန်ငယ်စိတ်အားငယ်နေသည်ကို အာရုံခံမိပြီး သင့်ဂိုဏ်း၏‌ကံကောင်းခြင်းရွှေနဂါးမှာ အလိုအလျောက်ကြီးထွားနေပါပြီ။ ၎င်းမှာ ဂိုဏ်း၏ကံအား အဆမတန်တိုးမြှင့်ပေးပါလိမ့်မည်]

[ဒင်! သင်ဟာအတန်ငယ် မလွယ်ကူဖြစ်နေသည်ကို အာရုံခံမိပြီး သင့်ဂိုဏ်း၏တောင်အဝင်ဝမှာ နက်နဲမှုအဆင့် ဂိုဏ်းအကာအကွယ်အစီအရင်မှာ အလိုအလျောက် စတင်တည်ဆောက်နေပါပြီ]

[ဒင်! သင်ဟာ ထွက်ခွာချင်နေသည်ကို အာရုံခံမိပြီး သင့်ဂိုဏ်း၏အပ်နှံမှုကျမ်းမှာ နတ်ဘုရားကျင့်စဉ် ၁၀ဝအား ဖြန့်ချီပေးနေပါပြီ]

[ဒင်! သင်ဟာထွက်ပြေးရန်ပြင်ဆင်ပြီးသည်ကို အာရုံခံမိကာ သင့်ဂိုဏ်း၏ရတနာသော့မှာ ထိပ်တန်းအဆင့်နတ်သလင်းကျောက်အား အရေအတွက်တစ်ခုထိ အလိုအလျောက်ထုတ်ပေးကာ ထိပ်တန်းအဆင့် နတ်ပစ္စည်းအဆောင်လက်နက်၁၀မျိုးလည်း ပါဝင်ပါသည်]

[ဒင်! ချိတ်ဆက်ခြင်းအောင်မြင်သွားပါလျှင် ‌ဂိုဏ်းရှိ အရာအားလုံးအား ထိန်းချုပ်နိုင်ပါပြီ။ ချိတ်ဆတ်ချင်ပါသလား?]

ဟန်ကျန့်မှာ ရပ်တန့်သွား၏။ ထပ်ပြီးတော့?

သူဟာ စနစ် တစ်ခုထက်ပိုကြုံခဲ့ဖူးပြီဖြစ်၏။ မတိုင်မီက အဆင့်နိမ့်လောကတွင် တစ်ယောက်ယောက်ကသူ့အား စနစ်အသီးတစ်ခုပေးချင်ခဲ့ပါသော်လည်း သူဟာ၎င်းအား လွှင့်ပစ်ခဲ့သည်ပင်။ နောက်တွင် နတ်ဘုရားလောကသို့ရောက်ရှိပြီးနောက် နောက်ထပ်စနစ်က သူ့အား လာရောက်ရှာဖွေသော်လည်း ၎င်းမှာ သူ၏ဖျက်ဆီးခြင်းကိုခံလိုက်ရသည်။

ယခုတွင် နောက်ထပ် စနစ်တစ်ခုရှိနေသေးသည်လား?

သူ့အား ငတုံးဟုထင်နေကြသည်လား?

"ငါ့ကို မင်းနဲ့ချိတ်ဆက်စေချင်ရင်တော့အဆင်ပြေပါတယ်၊ ဒါပေမယ့် ဒါကိုအရင်ဆုံးပြောလိုက်မယ်။ ငါက လုရှောင်ယန်ကို ဆန့်ကျင်မှာမဟုတ်ဘူး။ ငါကလုရှောင်ယန်ကို အနိုင်ယူဖို့ဆိုတာမဖြစ်နိုင်ဘူး။ လုရှောင်ယန်ကို အနိုင်ယူဖို့တို့ လုရှောင်ယန်ရဲ့ တပည့်တွေ၊ ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေကို ဆန့်ကျင်ဖို့တို့ကို မတောင်းဆိုရင်တော့ ငါချိတ်ဆက်ဖို့ သဘောတူပါတယ်။"

[ဒင်! hostမှာ အရှက်မဲ့ပြီး အလကားစားချင်နေသည်ကို တွေ့ရှိရပါသည်။ စနစ်မှာ ဆုတ်ခွာနေပါပြီ။ ထို့အပြင် စနစ်က လက်ခလယ်ထောင်ပြလျက် သင့်အား တံတွေးဖြင့် ထွေးလိုက်ပါသည်။ တာ့တာ!]

အသံမှာ ပျောက်ကွယ်သွား၏။ ဟန်ကျန့်မှာ နှာခေါင်းတွန့်ကာ စိတ်ရှုပ်မခံနေတော့ပါချေ။

ဒါက ဘယ်လိုချီးထုပ်စနစ်ကြီးလဲ? သူ့ကို လုရှောင်ယန်ကို အနိုင်ယူဖို့ပဲ လှည့်ဖျားချင်နေတယ်။

နောက်ဆုံးတွင် လုရှောင်ယန်မှာ တစ်စုံ‌တစ်ယောက်အတွက် အသေးအဖွဲလေးဟုတ်မနေပါချေ။

လုရှောင်ယန်မှာ ယခုတွင် မည်မျှ အံ့ဖွယ်ကောင်းသည်ကို ကြည့်လိုက်ပါ။

သူ၏တပည့်များမှာ နတ်ဘုရားလောက၏ဗုဒ္ဓဂိုဏ်းများအား စတင်တိုက်ခိုက်ခဲ့ပြီးဖြစ်၏။ သူဟာ ထိုသို့သော အံ့ဖွယ်ဖြစ်တည်မှုအား မည်သို့တိုက်ခိုက်နိုင်ပါမည်နည်း?

သူဟာ ယခုတွင် လုရှောင်ယန်၏ တပည့်များကိုပင် အနိုင်မယူနိုင်ပါချေ!

သေချာတာကတော့ သူဟာလုရှောင်ယန်အား တိုက်ခိုက်မည်မဟုတ်ပါချေ!

"မတတ်နိုင်ဘူး။ ဒီဂိုဏ်းကဖျက်ဆီးခံလိုက်ရပြီးပြီ။ ငါပုန်းဖို့ နောက်ထပ်ဂိုဏ်းတစ်ခုရှာရတော့မှာပေါ့။ ဒီတစ်ခေါ်တော့ ဘယ်ဂိုဏ်းရှာသင့်လဲ?"

"ဒီနားမှာ မြူခိုးဂိုဏ်းလို့ခေါ်တဲ့ဂိုဏ်းတစ်ခုကိုကြားဖူးတယ်။ ဘာလို့သွားပြီး မစစ်ဆေးရမှာလဲ?

…

ဖုန်းထျန်းယွမ်၏ဘက်‌တွင် အမည်မဲ့ဂိုဏ်း၏တပည့်များအားလုံးနီးပါးမှာ တောင်ကြားသို့ အမြန်ဆုံးနှုန်းဖြင့် ပျံသန်း‌နေကြသည်။

ဖုန်းထျန်းယွမ်၏ကျင့်ကြံဆင့်မှာ အလွန်ထူးခြားလှကာ မဟာယနနတ်ဘုရားဘုရင် ပဉ္ဏမအဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်၏။ သူ၏ရွှေ့လျားမှုနှုန်းမှာ အင်မတန်ကိုမြန်ဆန်လှပါသော်လည်း အခြားလူများ၏ ကျင့်ကြံဆင့်မှာ ထိုအဆင့်နှင့် အတော်လေးအလှမ်းကွာနေသေး၏။

အခြားသူများအား ခြုံခိုတိုက်ခိုက်ခံရသည်မှ ကာကွယ်ရန်အလို့ငှာ သူဟာအဓိကအဖွဲ့နောက်သာ လိုက်နိုင်သည်။

သူဟာချက်ချင်းပဲ သူ၏ဆရာအား မည်မျှ ရှာတွေ့ချင်သည်ဖြစ်ပါစေ ၎င်းမှာ မဖြစ်နိုင်ပါချေ။

သူ၏ကိုယ်‌ပေါ်ရှိ ဗုဒ္ဓဂိုဏ်း၏ သတ်ဖြတ်ခြင်းအမှတ်အသားကြောင့် ဗုဒ္ဓဆရာကြီးများမှာ တစ်လျှောက်လုံး သူ၏အနောက်သို့ ဆက်လက်လိုက်နေသည်။

"အားလုံးပဲ၊ ဂရုစိုက်ကြပါ။ ဗုဒ္ဓဂိုဏ်းသားတွေ ထပ်လာနေပြီ။"

"အစီအရင်ကို တည်ဆောက်လိုက်! အစီအရင်ကိုတည်ဆောက်လိုက်!"

ကျွင့်ပုကျန်းနှင့် ကျန်းထိုင်ရွှမ်ပြောလိုက်သည်နှင့် ၎င်းတို့ဦးဆောင်ထားသော တပည့်လေးများမှာ ချက်ချင်းပင် အကာအကွယ်အစီအရင်များအား ခင်းကျင်းလိုက်ကြတော့သည်။

၎င်းတို့မှာ တိုက်ခိုက်ရန် အရည်အချင်းမမှီသောကြောင့်မဟုတ်ပါချေ၊ သို့သော် ၎င်းတို့၏ကျင့်ကြံဆင့်မှာ အင်မတန်အားနည်းလှသည်။ ရှေ့သို့သာဆက်သွားနေပါက တိုက်ပွဲအား နှောင့်နှေးစေရုံသာဖြစ်ပေလိမ့်မည်။

ထို့ကြောင့် ဖုန်းထျန်းယွမ်မှာ တစ်လျှောက်လုံး တိုက်ပွဲများအားစောင့်ကြပ်နေခြင်းဖြစ်၏။ ၎င်းတို့မှာ မည်သည့်ဗုဒ္ဓဂိုဏ်းသားများအားကြုံရသည်ဖြစ်ဖြစ် ချက်ချင်းသတ်လိုက်မည်ဖြစ်သည်။

ထိုအခိုက်တွင် ဗုဒ္ဓဂိုဏ်းသားအချို့မှာ သူ၏ရှေ့မှောက်၌ ပေါ်ထွက်လာကြ၏။ ဖုန်းထျန်းယွမ်မှာ တောင်တန်းနတ်ဘုရားအမှတ်အသားကျောက်တိုင်အား ကိုင်ဆောင်ကာ ရှေ့သို့ပြေးသွားလိုက်၏

သူ၏တုတ်ချောင်းအား တစ်ချက်ယမ်းလိုက်သည်နှင့်အတူ နတ်ဝိဉာဉ်စွမ်းအားများ စုဝေးလာကာ တောင်တန်းနတ်ဘုရားမှတ်ကျောက်တိုင်အား ရွှေရောင်အလင်းတစ်ပြကိုထုတ်လွှတ်လိုက်စေ၏။

အကြောင်းမှာ နတ်ဝိဉာဉ်စွမ်းအားသည် အင်မတန်စွမ်းအားကြီးလှကာ နတ်ပစ္စည်းအဆောင်လက်နက်ဆီမှပင် လျှံကျနေခြင်းကြောင့်ပါပင်။

တောင်တန်းနတ်ဘုရားမှတ်ကျောက်တိုင်မှာ ၎င်းတို့နံဘေးသို့ရောက်မလာခင်တွင် နတ်ဝိဉာဉ်စွမ်းအားမှာ ထိုဗုဒ္ဓဂိုဏ်းသားအချို့အား သွေးမြူမှုန်များအဖြစ် ပေါက်ကွဲထွက်သွားစေတော့သည်။

ဖုန်းထျန်းယွမ်မှာ အတန်ငယ်မျက်မှောင်ကျုံ့လိုက်ကာ တစ်စုံတရာကမှားယွင်းနေသည်ကို ခပ်ရေးရေးခံစားမိလိုက်ရသည်။

ထိုသို့ခံစားမိနေစဉ်မှာပင် ကောင်းကင်ယံမှ ရွှေရောင်အလင်းတစ်ပြကျဆင်းလာကာ ကျွင့်ပုကျန်းနှင့် အခြားသူများအား မတုံ့ပြန်နိုင်ခင်မှာပင် လွှမ်းရစ်သွားတော့၏။

"မကောင်းတော့ဘူး!"

ဖုန်းထျန်းယွမ်၏အမူအရာမှာ ပြောင်းလဲသွားကာ ချက်ချင်းပင် ကူညီရန် လှည့်လာတော့၏။

သို့သော် သူတစ်ဖက်လှည့်လိုက်ချိန်မှာပင် များပြားလှသော ရောင်ဝါများက သူ့အား ဟင်းလင်းပြင်ဆီမှ တိုက်ရိုက်တိုက်ခိုက်လိုက်ကြတော့သည်။

အမတနတ်ဘုရားဧကရာဇ်အဆင့်!

ဖုန်းထျန်းယွမ်၏ သူငယ်အိမ်များကျဉ်းမြောင်းသွားကာ တုနှိုင်းမဲ့ရွှေခန္ဓာအား အားကုန်ထုတ်သုံးလိုက်တော့၏။

တစ်ခဏအကြာတွင် ၁၇ခုသောတိုက်ခိုက်မှုတို့ကသူ၏ ကိုယ်ဆီသို့ ပြင်းထန်စွာ ရိုက်ခတ်လာတော့သည်။

ဘုန်း! ဘုန်း! ဘုန်း!

ပေါက်ကွဲမှုများမှာ ဆက်တိုက်ထွက်ပေါ်လာ၏။ ၎င်းမှာ တုနှိုင်းမဲ့ရွှေခန္ဓာနှင့် နတ်ပစ္စည်းအဆောင်လက်နက်တို့အား ဖြတ်သန်းကာ ဖုန်းထျန်းယွမ်၏ ကိုယ်တွင်းအင်္ဂါများအား ထိခိုက်သွားစေ၏။

အဆုံးတွင် ၎င်းမှာ အမတနတ်ဘုရားဧကရာဇ်အဆင့် ၁၇ယောက်၏ တိုက်ခိုက်မှုဖြစ်သည်ပင်!

"အမိတာဘ! ကျုပ်တို့ဒီနေရာမှာ အချိန်အကြာကြီး စောင့်နေခဲ့တာ။"

"မင်းတို့က ကျုပ်တို့ရဲ့ဗုဒ္ဓဂိုဏ်းသား အများအပြားကို သတ်ခဲ့ကြတယ်။ ဒါတောင် ထွက်ပြေးချင်နေသေးတာလား?"

ဖုန်များပျောက်ကွယ်သွားသည်နှင့် ဖုန်းထျန်းယွမ်၏ကိုယ်မှာ အားလုံးရှေ့၌ ပေါ်ထွက်လာသည်။

သူဟာ ထိုမျှလောက် မထိခိုက်ပါချေ။ ရွှေရောင်လူကြီးမှာ နဂိုအတိုင်းရှိနေဆဲပါပင်။

သို့သော် သူဟာလေးနက်နေဟန်ပေါ်၏။

အမတနတ်ဘုရားဧကရာဇ်အဆင့် ၁၇ယောက်အကြားတွင် ၈ယောက်မှာ အမတနတ်ဘုရားဧကရာဇ်စတုတ္ထအဆင့်ဖြစ်ကာ ၆ယောက်မှာ အမတနတ်ဘုရားဧကရာဇ်ပဉ္စမအဆင့်ဖြစ်ပြီး နှစ်ယောက်မှာ ဆဌမအဆင့်နှင့် ကျန်တစ်ယောက်မှာ သတ္တမအဆင့်တို့ဖြစ်ကြသည်။

အဖွဲ့မှာ အင်မတန်အားကောင်းလှသည်။

၎င်းတို့သာ တစ်ပြိုင်နက်တည်းရောက်မလာခဲ့ပါလျှင် ဖုန်းထျန်းယွမ်မှာ များများစားစားဂရုစိုက်မိမည်မဟုတ်ပါချေ။

သို့သော် ၎င်းတို့အတူတကွရောက်လာချိန်တွင်မူ ဖုန်းထျန်းယွမ်မှာ ၎င်းတို့အားလုံးအား အနိုင်ယူရန် တကယ်ကိုခက်ခဲလှသည်အား သိလို‌က်တော့သည်။

သူ၏နောက်သို့ နတ်ဘုရားအာရုံကိုဖြန့်ကျက်ကာ အေးစက်စက်ဆိုလိုက်သည်။

"ဆရာတူညီလေးကျွင့်၊ မင်းတို့တွေ အဆင်ပြေကြလား?"

ကျွင့်ပုကျန်းမှာ အော်ပြောလိုက်သည်။

"မဆိုးပါဘူး။ ဒါက ခရမ်းရွှေသပိတ်တစ်ခုပဲ။ ထိပ်တန်းအဆင့်အဆောင်လက်နက်ဖြစ်ပြီး အတော်လေးမာကျောတယ်။ ကျွန်တော်တို့ အထဲကနေဖျက်ဆီးလို့မရနိုင်ဘူး၊ ဒါပေမယ့် တစ်ခဏလောက်ကတော့ ပြဿနာမရှိပါဘူး။ ပြီးတော့ ဆရာတူအစ်ကို ဂရုစိုက်ပါ!"

ဗုဒ္ဓအမတနတ်ဘုရားဧကရာဇ်အဆင့်များထဲမှ တစ်ဦးမှာ ပြုံးလျက်ဆိုသည်။

"ဂရုစိုက်ရမယ်? မင်းဂရုမစိုက်နိုင်မှာပဲစိုးမိပါတယ်? အမတနတ်ဘုရားဧကရာဇ်အဆင့်၁၇ယောက်ကို ရင်ဆိုင်တာက မင်းရဲ့ကျင့်ကြံဆင့်နဲ့ ကျင့်စဉ်တွေ အရမ်းစွမ်းအားကြီးနေရင်တောင် ငါတို့ရဲ့ ပြိုင်ဘက်ဖြစ်ဖို့က မဖြစ်နိုင်ဘူးလေ။"

သူပြောတာအမှန်ပင်။ အမတနတ်ဘုရားဧကရာဇ်အဆင့်၁၇ယောက်အတူတကွ တိုက်ခိုက်ခြင်း၏အကျိုးဆက်မှာ တစ် အပေါင်း တစ်ကဲ့သို့ မဟုတ်ပါချေ။

လူများလေ သက်ရောက်မှုကြီးလေဖြစ်သည်။

အမတနတ်ဘုရားဧကရာဇ်အဆင့် ၁၇ယောက်၏ စွမ်းအားများ ချိတ်ဆက်ခြင်းမှာ ဖုန်းထျန်းယွမ်ကဲ့သို့ အဆင့်ပိုမြင့်သူများအား တိုက်ခိုက်နိုင်သူကပင် ဂရုစိုက်ရမည်ဟု ပြောနိုင်သည်။

သို့သော် ဖုန်းထျန်းယွမ်၏အမူအရာမှာ မပြောင်းလဲပါချေ။

၎င်းမှာ ထိုသူတို့အား အနိုင်ယူရာ၌ ယုံကြည်ချက်ရှိနေခြင်း မဟုတ်ရပါပေ။

သို့သော် သူ၏ဆရာတူညီမလေးများနှင့် ညီလေးများ၊ ထို့အပြင် အမည်မဲ့ဂိုဏ်း၏တပည့်လေးများအားလုံး အဖမ်းခံလိုက်ရခြင်းကြောင့်ပါပင်။

ယခုတွင် သူကသာ အားလုံးအား ကယ်တင်နိုင်သူဖြစ်ချေ၏။

သူ့ထံတွင် နောက်ဆုတ်ရန် နေရာပင်မရှိပါချေ!

သူဟာ ထိုတိုက်ပွဲအား နိုင်လျှင်နိုင် မနိုင်လျှင် သေရချေမည်!

သူဟာ အချိန်ပင်မဖြုန်းဘဲ တိုက်ပွဲနတ်ဘုရားအနုပညာနှင့် တုနှိုင်းမဲ့ရွှေခန္ဓာအား အသက်သွင်းလိုက်သည်။ သူ၏ကိုယ်ရှိ နတ်ဘုရားလမ်းစဉ်နှစ်ခုအား အကန့်အသတ်မဲ့ အားဖြည့်ပြီးနောက်တွင် ဖုန်းထျန်းယွမ်မှာ ခြေတစ်လှမ်း,လှမ်းလိုက်ကာ မီတာ သောင်းချီအကွာသို့ ပျံ့နှံ့သွားသည့် အလင်းတန်းတစ်ခုအသွင်ပြောင်းလဲကာ အမတနတ်ဘုရားဧကရာဇ် စတုတ္ထအဆင့် အကြီးအကဲများရှေ့မှောက်သို့ ရောက်ရှိသွားခဲ့တော့သည်။

သူဟာ ရန်သူ၏အားသာချက်အား လျော့ချရန် တစ်ယောက်ပြီးတစ်ယောက် ဖြတ်ကျော်ချင်လေသည်။

ကံမကောင်းစွာဖြင့် သူ၏အကြံမှာ ကောင်းမွန်ပါသော်လည်း တစ်ဖက်မှာ တုံးအမနေပါချေ။

သူတိုက်ခိုက်လိုက်သည် အခိုက်မှာပင် ထိုအမတနတ်ဘုရားဧကရာဇ်အဆင့်များ ဒါဇင်ချီလောက်မှာ တစ်ချိန်တည်း တိုက်ခိုက်လိုက်တော့၏။

ဗုဒ္ဓကျင့်စဉ်၁၅မျိုးမှာ သူ၏ကိုယ်ပေါ်သို့ ချက်ချင်းသက်ဆင်းလာကာ သူ့အား မောပန်းနေစေ၏။ သူ၏ကိုယ်မှာ ချက်ချင်းပင် ထိန်းချုပ်နိုင်မှုပျောက်ဆုံးသွားကာ မီတာ တစ်သိန်းအဝေးသို့ လွင့်ထွက်သွားပြီး မီတာပေါင်း တစ်သောင်းရှိသော တောင်တန်းရှည်ကြီးအား ပြိုကျသွားစေ၏။

ဘုန်း! ပြင်းထန်သောပေါက်ကွဲမှုတစ်ရပ်မှာ ရုတ်တရတ် ဤလောက၌ ပေါ်ထွက်‌လာတော့သည်။

ထိုတိုက်ခိုက်မှုဖြင့် ဖုန်းထျန်းယွမ်းမှာ တစ်ဖက်၏ စက်ဝိုင်းတွင်းမှ တကယ်ကိုလွတ်မြောက်သွားတော့သည်။ သူဟာ ထွက်ပြေးရန် ကြီးမြတ်သော အာကာပြင်ခြေလှမ်းအား ထုတ်သုံးလိုက်တော့သည်။

သို့သော် သူဟာထွက်မပြေးပါချေ။

အကြောင်းမှာ ကျူးကောကျီချုံနှင့် အခြားသူများမှာ တစ်ဖက်၏လက်တွင်း၌ ရှိနေဆဲဖြစ်သောကြောင့်ပါပင်။

တစ်ဖက်လူမှာ ဤထောင်ချောက်အား အစကတည်းကဆင်လာခဲ့သည်။

အစတွင် ၎င်းတို့မှာ သူ၏ မီးစွမ်းအားကို ဆွဲ‌ဆောင်ရန် ယင်ကောင်ငယ်လေးအချို့အား အသုံးပြုလိမ့်မည်။ ထို့နောက်တွင်မူ ၎င်းတို့မှာ ကျူးကောကျီချုံနှင့် အခြားသူများအား ထိန်းသိမ်းထားရန် နည်းလမ်းတစ်ခု စဉ်းစားထားလိ့မ်ည်။ ထိုမှသာ အမတနတ်ဘုရားဧကရာဇ်အဆင့်၁၇ယောက်မှာ သူ့အားတိုက်ခိုက်ကာ သူရှုံးသွားချိန်၌ ထွက်မပြေးရန် သေချာမည်ဖြစ်သည်။

"လူတိုင်းကတော့ ဗုဒ္ဓဂိုဏ်းဟာ ညှာတာမှုကို တန်ဖိုးထားတယ်လို့ပြောကြတယ်။ သူတို့ကို အရမ်းကြီး ကြံစည်တတ်မယ်လို့ ထင်မထားခဲ့ဘူး။ ရယ်စရာပဲ။"

"အမိတာဘ၊ မင်းတို့က အပြစ်များစွာကိုကျူးလွန်ခဲ့ပြီး ကျုပ်တို့ဗုဒ္ဓဂိုဏ်းသား အများအပြားကို သတ်ဖြတ်ခဲ့တယ်။ မင်းတို့လိုမျိုး မကောင်းဆိုးဝါးဆန်တဲ့လူတွေကို ရင်ဆိုင်နေရချိန်မှာ ဖြောင့်မတ်နေဖို့ မလိုပါဘူး။"

"အားလုံးပဲ၊ အချိန်မဖြုန်းကြနဲ့။ သူက အဆင့်ပိုမြင့်တဲ့လူတွေကိုတောင် တိုက်ခိုက်နိုင်တယ်။ ဒါက အရမ်းကိုအန္တရာယ်များတယ်။ လူတိုင်းပဲ မြန်မြန်အတူတကွလုပ်ဆောင်ပြီး သူ့ကိုသတ်ကြရမယ်။ မဟုတ်ရင် တစ်ခုခုဖြစ်လာတော့မှာ ဒုက္ခများ‌နေရလိမ့်မယ်။"

"ကောင်းပါပြီ!"

လူတိုင်းမှာ တစ်ညီတည်းပြန်ဖြေလိုက်ကြကာ တစ်ချိန်တည်းမှာပင် တိုက်ခိုက်လိုက်ကြတော့သည်။

ဗုဒ္ဓအကြီးအကဲ ၁၇ယောက်မှာ ၎င်းတို့၏ နတ်ဝိဉာဉ်များအား တစ်ချိန်တည်းအသုံးပြုလိုက်ကြသည်။

၎င်းတို့တွင် မဟာဗောဓိ ၁၂ပါးနှင့် မဟာရဟန္တာ ၅ပါးပါဝင်လေသည်။

၎င်းတို့၏ပါရမီမှာ အင်မတန် အထင်ကြီးစရာမကောင်းပါသော်လည်း ၎င်းတို့၏ ခွန်အားမှာ ခန့်မှန်း၍ မရနိုင်ပါချေ။

တိုက်ပွဲမှာ ချက်ချင်းအရှိန်မြင့်လာကာ ချက်ချင်းပင် အထွဋ်အထိပ်သို့ရောက်ရှိလာတော့၏။

ပေါက်ကွဲသံများက လောကရှိနေရာတိုင်း၌ ပေါ်ထွက်လာနေကာ အလင်းများမှာလည်း နေရာတိုင်းသို့ လွင့်ပျံလျက် လူတိုင်းအား တောက်လဲ့နေစေသည်။

"သွားလိုက်တော့!'

ဖိနှိပ်ခံထားရသော ဖုန်းထျန်းယွမ်မှာ တဖြည်းဖြည်း ဒေါသဖြစ်ဖွယ် အခြေအနေသို့ကျရောက်လာတော့သည်။ နတ်ဆိုးလူဝံနတ်ဝိဉာဉ်မှာ ဟိန်းသံတိုးတိုးဖြင့် ထွက်လာကာ သူ၏ကိုယ်ပေါ်မှာ ကြိုးများမှာလည်း ပြုတ်ထွက်တော့မည်ဟန်ပေါ်နေလေသည်!

ကောင်းကင်တွင် ရွှေရောင်အလင်း ၁၈ခုရှိသည်။ ၎င်းတို့အကြားတွင် ဖုန်းထျန်းယွမ်က အသန်မာဆုံးဖြစ်၏!

သူဟာ အမတနတ်ဘုရားဧကရာဇ်ပဉ္စမအဆင့်အနေနှင့် အမတနတ်ဘုရားဧကရာဇ်အဆင့် ၁၇ယောက်အား အားတင်းကာတိုက်ခိုက်နေလေသည်!

၎င်းမှာ နေများစွာ ကောင်းကင်ယံတွင် အချင်းချင်းတိုက်ခိုက်နေကြသလိုပါပင်။

၎င်းတို့ ထိတိုက်မိသွားချိန်တိုင်းတွက် အင်မတန်အားကောင်းလှသော နတ်ဝိဉာဉ်စွမ်းအား ပြောင်းလဲမှုအားဖြစ်ပေါ်စေကာ လေနှင့် တိမ်တိုက်များအား ပြောင်းပြန်တိုက်ခတ်စေလျက်၊ နေနှင့်လအား အရောင်များပြောင်းသွားစေကာ တောင်နှင့်မြစ်များအား ခွေယိုင်သွားစေသည်!

ရွှေခရမ်းသပိတ်တွင် ကျွင့်ပုကျန်းဟာ ဒေါသဖြင့် လက်သီးများအား တင်းကြပ်စွာဆုပ်ထားလိုက်သည်။ သူဟာ အားရှိသမျှဖြင့် နဂါးနတ်ဘုရားအနုပညာကို လှည့်ပတ်လိုက်ကာ ထိုသပိတ်အား ထိုးချလိုက်၏။ ၎င်းမှာ ထိုသပိတ်အား လုံးဝမတုန်လှုပ်စေသွားရုံမျှမက စွမ်းအားမှာ တန်ပြန်လာပြီး လူတိုင်းဆီသို့ ရိုက်ခတ်သွားစေတော့သည်။

ဖူးးး!

ကျင့်ကြံဆင့်အားနည်းသည့် အချို့သော တပည့်များနှင့် နတ်ဝိဉာဉ်သားရဲများမှာ ကျွင့်ပုကျန်း၏ထိုးချက်စွမ်းအားကိုပင် မခုခံနိုင်ဘဲ နေရာ၌ပင် သွေးတစ်ပွက်အား အန်ထုတ်မိလိုက်စေသည်။ ၎င်းတို့ကိုယ်တွင်းရှိ နတ်ဝိဉာဉ်စွမ်းအားမှာ စတင်ကာ ကမောက်ကမဖြစ်လာတော့၏။

လုံကွမ်းမှာ ချက်ချင်းအော်ပြောလိုက်သည်။

"ဆရာခုနှစ်၊ လုပ်လို့မရနိုင်ဘူး။ ဒီဗုဒ္ဓနတ်ပစ္စည်းအဆောင်လက်နက်က ဗုဒ္ဓအမတနတ်ဘုရားဧကရာဇ် ၁၇ပါးရဲ့ ခွန်အားကိုပိုင်ဆိုင်ထားတယ်။ ဆရာ့ရဲ့တိုက်ခိုက်မှုက ဒါကို လုံးဝထိုးဖောက်နိုင်မှာမဟုတ်ဘူး။ အထဲကလူတွေကိုပဲ ထိခိုက်စေလိမ့်မယ်။"

"သေစမ်းကွာ! ငါတို့တွေ ဘာလို့ဒီလောက်ဂရုမစိုက်တတ်ကြတာလဲ! ငါ‌တို့ကြောင့် ဆရာတူအစ်ကိုသုံးက ဆက်တိုက် နှိပ်စက်ခံနေရပြီ။ မဟုတ်ရင် ငါသူတို့ကို အနိုင်မယူနိုင်ရင်တောင်မှ သူ့ကိုထွက်ပြေးခိုင်းဖို့ အတော်လေး‌လွယ်လောက်တယ်။"

ကျူးကောကျီချုံမှာ အဇူရာသက်ရှည်အနုပညာအား အားလုံးကို ကုသရန် သုံးလိုက်ပြီး ပြောလိုက်သည်။

"မစိုးရိမ်ပါနဲ့။ တရားမှုအတွက် လမ်းတစ်လမ်းတော့ရှိစမြဲပါ။"

လင်းရှင်းယွဲ့မှာ ခပ်‌ယောင်ယောင်ပြောလိုက်သည်။

"ဒါပေမယ့် ဒီနေရာက တစ်ဝက်လောက်ကပဲ နတ်ဆိုးတွေလေ။"

ကျူးကောကျီချုံ : "..."

သူမဟာ လင်းရှင်းယွဲ့အား ပြောစရာမဲ့စွာကြည့်လိုက်ကာ လင်းရှင်းယွဲ့မှာလည်း လုံးဝ အတည်ပြောလိုက်၏။

"ဘာလို့ကျွန်မကိုကြည့်နေရတာလဲ? ရှင်ကလည်း နတ်ဆိုးပဲလေ! ရှင်က ဖုတ်ကောင်ပဲဟာကို။"

"မင်းပါးစပ်ပိတ်ထားသင့်တယ်။ မင်းကိုရိုက်တာကို မခံနိုင်မှာ စိုးမိပါတယ်။"

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၂၆။ အပိုင်း ၃၇၈ ကျယ်လောင်သော ဇာမဏီအော်သံ

လင်းရှင်းယွဲ့မှာ နာခံစွာဖြင့် ပါးစပ်ကိုပိတ်လိုက်သည်။

အမှန်တွင် သူမအား ၎င်းအတွက် အပြစ်မတင်နိုင်ပါချေ။ အဆင့်နိမ့်‌လောကရှိ အတိတ်တွင် သူမဟာ အင်မတန်စွမ်းအားကြီးမားလှကာ အလွန်မြင့်မားသောဂုဏ်ပုဒ်ရှိလေသည်။ ထို့ကြောင့် သူမဟာ အမြဲလိုလိုတည့်တိုးဆန်တတ်ပြီး လူတစ်ယောက်အား စိတ်ကျေနပ်စေရန်လည်း မတွေးခဲ့ဖူးပါချေ။

ထိုအခိုက်တွင် တိုက်ပွဲကွင်းပြင်၌ ဖုန်းထျန်ယွမ်၏တိုက်ပွဲမှာ ပို၍ ပို၍ ပြင်းထန်လာသည်။

တစ်ဖက်ရှိ နတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်များမှာ အလွန်အင်မတန် အင်အားကြီးမားလှချေသည်။ ထို့အပြင် ၎င်းတို့၏တိုက်ခိုက်ပုံမှာလည်း တကယ်ကို ထက်မြတ်လှချေ၏။

၎င်းတို့မှာ ပဉ္စမနှင့် ဆဌမအဆင့် အမတနတ်ဘုရားဧကရာဇ်ပညာရှင်များနှင့် တိုက်ခိုက်ကြသည်။ အမတနတ်ဘုရားဧကရာဇ်သတ္တမအဆင့်ပညာရှင်များမှာ ဖုန်းထျန်ယွမ်၏တိုက်ခိုက်မှုအားခုခံကာ စတုတ္ထအဆင့်များက အထောက်အပံ့ပေးကြသည်။

ထိုဗုဒ္ဓအမတနတ်ဘုရားဧကရာဇ်အဆင့်အားလုံးမှာ ၎င်းတို့၏ နတ်ဝိဉာဉ်များအား ထုတ်ဖော်ထားကြသည်ပင်။

ရွှေရောင်ဗုဒ္ဓနှင့် ရွှေရောင်ဗောဓိသဗ္ဗပုံသဏ္ဍာန်များမှာမြေပြင်ထက်၌ နေလုံးများကဲ့သို့ တောက်ပလျက်ရှိပေသည်။

ကောင်းကင်ယံတွင် မူမမှန်သောဖြစ်စဉ်တစ်ခုဖြစ်ပေါ်လာကာ လေနှင့် တိမ်တိုက်များက စုဝေးလာကြသည်။ အလင်းရောင်မှာ တစ်ခါတရံတွင် စူးရှလှပြီး တစ်ခါတရံ၌ မှေးမှိန်နေ၏။

လုံကွမ်းမှာ လေးနက်နေဟန်ဖြင့် ဆိုလိုက်သည်။

"ဆရာသုံးဆီမှာ တိုက်ပွဲနတ်ဘုရားအနုပညာနဲ့ တုနှိုင်းမဲ့ရွှေခန္ဓာရှိနေပေမယ့် သူကြာကြာမရပ်တည်နိုင်မှာ စိုးရတယ်။"

"အဲ့ဒီ အမတနတ်ဘုရားဧကရာဇ် စတုတ္တအဆင့် ရှစ်ယောက်က မဟာဗုဒ္ဓကျမ်းသာထဲက တစ်ခုဖြစ်တဲ့ မဟာဘရာမကိုရွတ်ဆိုနေတယ်။ အဲ့ဒါက တိုက်ပွဲနတ်ဘုရားအနုပညာနဲ့တူညီတဲ့ သက်ရောက်မှုရှိတယ်။ ဒါပေမယ့် အဲ့ဒါရဲ့ ထောက်ပံ့မှုက ပိုပြီးတောင် မြန်နေသေးတယ်။ ပြီးတော့လည်း ဗုဒ္ဓအမတနတ်ဘုရားဧကရာဇ်အဆင့် ၈ယောက်လုံးကလည်း ဒီမှာပဲလေ။ ဒါက ဆရာသုံးရဲ့ တိုက်ပွဲနတ်ဘုရားအနုပညာထက် လုံးဝကို ပိုပြီးအားကောင်းနေမှာပဲ။"

ကျူးကောကျီချုံမှာ လက်သီးများဆုပ်လိုက်ကာ စိုးရိမ်ပူပန်နေဟန်ပင်ပေါ်နေသေး၏။

"ဆရာတူအစ်ကိုသုံး ရှင်သန်ဖို့မျှော်လင့်မိပါတယ်။"

လင်းရှင်းယွဲ့မှာ တစ်ချက်ကြည့်လိုက်ကာ တိတ်တဆိတ်ပြောလိုက်သည်။

"ဗုဒ္ဓဆရာကြီးတွေတစ်ယောက်မှထပ်မလာတော့ရင်တော့ အကောင်းဆုံးပဲ။ မဟုတ်ရင် သူရှင်နေ‌ချင်ရင်တောင် ရှင်ကျန်နိုင်မှာမဟုတ်တော့ဘူး။"

ကျူးကောကျီချုံ : "..."

သူမ တစ်ယောက်တည်းသာမဟုတ်ပါချေ။ သပိတ်တစ်ခုလုံးရှိအားလုံးမှာ တိတ်ဆိတ်သွားကြတော့သည်။

လူတိုင်းမှာ လင်းရှင်းယွဲ့အား ရှုပ်ထွေးစွာကြည့်လိုက်ကြသည်။

လင်းရှင်းယွဲ့ : ???"

"အမ်... ငါထပ်ပြီး မပြောသင့်တာပြောလိုက်မိပြန်ပြီလား?"

စကားဆုံးသည်နှင့် ပုံရိပ်သုံးခုဟာ အဝေးမှ ပျံထွက်လာ၏။

နှစ်ဦးမှာ နတ်ဘုရားဧကရာဇ်ပဉ္စမအဆင့်ဖြစ်ကာ တစ်ဦးမှာတော့ ဆဌမအဆင့်၌ရှိချေ၏။

တစ်ဖက်၏ အရှိန်အဝါကိုခံစားမိသည်နှင့် လူတိုင်း၏မျက်နှာများမှာ ချက်ချင်းပင် ဆိုးရွားစွာ ရှုံ့တွသွားတော့သည်။

ဟာသပဲလား?

လင်းရှင်းယွဲ့သည်လည်း ကြောင်အသွားတော့သည်။

ဘုရားရေ၊ သူမဟာ ၎င်းအား သာမန်ကာလျှံကာပင်ပြောလိုက်ခြင်း‌ဖြစ်လေသည်။ သူမဟာ တကယ်ဖြစ်လာဖို့ရာ မမျှော်လင့်ခဲ့ပါချေ။

သို့သော် မည်သို့ဆိုစေ အမတနတ်ဘုရားဧကရာဇ်သုံးပါးမှာ ‌လက်တွေ့၌ တကယ်ကိုရောက်လာပေသည်။

၎င်းတို့သုံးဦး ရောက်ရှိလာသည့်အခိုက်တွင် ၎င်းတို့မှာ မည်သည်ကိုမှမ‌ဆိုဘဲ ချက်ချင်းပင် တိုက်ပွဲတွင်းသို့ဝင်ရောက်လိုက်ကြတော့၏။

ဖုန်းထျန်းယွမ်မှာ မူလတွင် အမတနတ်ဘုရားဧကရာဇ် ၈ဦး၏တိုက်ခိုက်မှုများကိုသာ တောင့်ခံထားရန် လိုအပ်သည်ပင်။ ယခုတွင်မူ သူဟာ အမတနတ်ဘုရားဧကရာဇ် ၁၁ဦး၏တိုက်ခိုက်မှုများအား တောင့်ခံနေရ၏။

ထို့အပြင် ၎င်းတို့မှာ ပဉ္စမနှင့် ဆဌမအဆင့် အမတနတ်ဘုရားဧကရာဇ်အဆင့်များဖြစ်ကြချေသည်။

သတ္တမအဆင့်ပညာရှင်အကြီးအကဲမှာလည်း နတ်ပစ္စည်းအဆောင်လက်နက် နှစ်ခုဖြစ်သည့် ရွှေရောင်ဗုဒ္ဓတုတ်ချောင်းနှင့် ရွှေခေါင်းလောင်းကြီးအား ကိုင်ဆောင်ထား၏။

ဖုန်းထျန်းယွမ်တိုက်ခိုက်လိုက်သည့် အချိန်တိုင်း သူဟာ ရှေ့သို့လှမ်းကာ အဆောင်လက်နက်ဖြင့် ပိတ်ဆို့တားဆီးလေသည်။

ဖုန်းထျန်ယွမ်မှာ အခြားသောအမတနတ်ဘုရားဧကရာဇ်အဆင့်များအား လုံးဝပင် ဒဏ်ရာမပေးနိုင်ပါချေ။

သူဟာ တုနှိုင်းမဲ့ ရွှေခန္ဓာအားအသုံးပြုထားလျှင်ပင် တစ်ဖက်၏တိုက်ခိုက်မှုများအား ဆက်တိုက်ဆိုသလို ခုခံရုံသာတတ်နိုင်သည်။

ပေါက်ကွဲမှုများမှာ ကောင်းကင်ယံ၌ အဆုံးမရှိထွက်ပေါ်နေသည်။ ရွှေရောင်အလင်းလုံးမှာ ပိုမို၍ ကြီးမားသည်ထက်ကြီးမားလာသည်။ အဆုံးတွင် ၎င်းမှာ အကန့်အသတ်ထိရောက်ရှိသွားဟန်ပေါ်ကာ ချက်ချင်းပေါက်ကွဲသွားတော့၏။

ထိုအခိုက်၌ ဖုန်းထျန်းယွမ်၏ တုနှိုင်းမဲ့ရွှေခန္ဓာမှာ ရုတ်တရတ် နှိုင်းဆမရသောပြင်းထန်သည့်ရိုက်ချက်တစ်ခုအား နာနာကျင်ကျင်ခံစားလိုက်ရတော့သည်။ သူ၏ခန္ဓာတစ်ကိုယ်လုံးမှာ ရွှေရောင်တောင်တန်းကြီးမှ မြေပြင်သို့ ကိုင်းညွတ်နေဟန်ပင်ပေါ်နေချေသည်။

ထို့နောက် ပြင်းထန်သောတိုက်ခိုက်မှုတစ်ခုက သူ၏ပေါ်သို့သက်ဆင်းလာတော့သည်။

ထိုအခိုက်တွင် သူ၏တိုက်ခိုက်မှုများအား ဟန့်တားနေသော သတ္တမအဆင့်အမတနတ်ဘုရားဘုရင်သည်ပင် တိုက်ခိုက်မှုထဲသို့ ဝင်ရောက်‌လာတော့၏။

အမတနတ်ဘုရားဧကရာဇ်အဆင့် စုစုပေါင်း ၁၂ဦးမှာ ဖုန်းထျန်းယွမ်အား တရစပ်တိုက်ခိုက်လိုက်ကာ တုံ့ပြန်ရန်အခွင့်အရေးပေးမပေးပါချေ။

မြေပြင်တစ်ခုလုံးမှာ အင်မတန်တုန်လှုပ်လာတော့၏။ ဗုဒ္ဓဂိုဏ်းအကြီးအကဲများ၏ တိုက်ခိုက်မှုများမှာ အင်မတန်သိပ်သည်းလှကာ ကောင်းကင်ယံထက်၌ တိုက်ခိုက်မှုရောင်ဝါမှာ ၁၂ခုဟော အလင်းတိုင်များဖြစ်ပေါ်လာစေ၏။

"ဆရာတူအစ်ကို သုံး"

လူတိုင်း၏နှလုံးအိမ်များမှာ တစ်ခဏချင်းပင် လည်ချောင်းဝသို့ရောက်ရှိလာကာ အင်မတန်ပူပန်နေပြတော့သည်ပင်။

ဖုန်းထျန်းယွမ်မှာ ထိုမျှ သိပ်သည်းကာအားကောင်းသောတိုက်ခိုက်မှုအား မည်သို့ တစ်ဦးတည်း တောင့်ခံနိုင်နေရသနည်း?

ကျူးကောကျီချုံနှင့် အခြားသူများမှာ အင်မတန်လိပ်ပြာမလုံဖြစ်နေကြသည်။

၎င်းတို့သာ ဖုန်းထျန်ယွမ်အား သွားရောက်ကူညီနိုင်ပါလျှင် တစ်ဖက်အား အနိုင်မယူနိုင်လျှင်တောင်မှ ဖုန်းထျန်းယွမ်ပေါ်ရှိ ဖိအားကို လျှော့ချနိုင်နေသေးသည်။

အနည်းဆုံးတော့ ယခုတွင် ဖြစ်နေသကဲ့သို့ အရှက်ရဖွယ်ဖြစ်မနေသင့်ပါချေ။

ထို ဝေခွဲမရသည့်အခိုက်၌ လူတိုင်းမှာ ယုံကြည်မှုစွမ်းအား ရရှိသွားပုံပေါ်ကာ ကောင်းကင်ယံမှ ဇာမဏီအော်သံတစ်ခုမှာ ရုတ်တရတ် ပေါ်ထွက်လာတော့သည်။

ထို ဇာမဏီအော်သံမှာ ‌လောကကိုဖြတ်ကာ ပဲ့တင်ထပ်နေ၏။

၎င်းတွင် အမတအသံပါဝင်နေကာ လူတိုင်း၏ နှလုံးအား သန့်စင်‌လိုက်ပုံပင်ပေါ်နေ၏။

"သန့်စင်လှတဲ့ အမတဇာမဏီအသံပါလား။ တစ်ယောက်ယောက်တော့လာနေပြီ။"

တစ်စုံတစ်ယောက်က အော်ပြောလိုက်ပြီး ကျူးကောကျီချုံ၊ ကျွင့်ပုကျန်းနှင့် အခြားသောဆရာတူမောင်လေးများ၏ မျက်လုံးများမှာ တောက်ပသွားကြတော့သည်။

ဒါက... သူမများလား?

ဒါသာတကယ်ပဲ သူမသာဖြစ်နေပါလျှင် အင်မတန်ကောင်းချေမည်။ သူမ၏ကျင့်ကြံဆင့်မှာ ဖုန်းထျန်းယွမ်ကဲ့သို့ပင် မထူးခြားလှပါသော်လည်း အနည်းဆုံးတော့ ဖုန်းထျန်းယွမ်အား အသက်ရှူခွင့်တော့ပေးနိုင်လိမ့်မည်ပင်။

၎င်းတို့အားလုံး အလိုရှိနေသည်မှာ ဖုန်းထျန်းယွမ်မှာ အသက်ရှူနိုင်ပြီး အခွင့်အရေးလေးတစ်ကြိမ်လောက်တော့ရရှိရန်ဖြစ်သည်။ ၎င်းကိုသာ လိုအပ်ပေသည်။

သို့သော် လူတိုင်း၌ မျှော်လင့်ချက်များနှင့်ပြည့်နေချိန်တွင် လင်းရှင်းယွဲ့မှာ ရုတ်တရတ်ပြောလိုက်သည်။

"တစ်ယောက်ယောက်တော့လာနေပြီ။ ဘုရားရေ၊ ဒါကထပ်ပြီးတော့ ဗုဒ္ဓဂိုဏ်းကပဲလား? ကျေးဇူးပြုပြီးသွားကြပါတော့။ မဟုတ်ရင် ငါတို့တကယ်သေရတော့မှာမလား?"

သူမ၏စကားဆုံးသွားသည်နှင့် အမတဇာမဏီ‌အသံမှာ ရုတ်တရတ်ပျောက်ကွယ်သွားတော့သည်။

ကျူးကောကျီချုံ : "..."

ကျွင့်ပုကျန်း : "..."

ကျန်းထိုင်ရွှမ် : "..."

စုလင်းဝူ : "..."

၎င်းတို့လေးဦးမှာ လင်းရှင်းယွဲ့အား စိုက်ကြည့်လိုက်ကာ ချက်ချင်းပင် ပြောစရာမဲ့သွားတော့ချေ၏။

"ရှင်တို့ကျွန်မကိုဘာလို့ကြည့်နေကြတာလဲ? ဒီတစ်ခေါက် ဗုဒ္ဓဂိုဏ်းကလူတွေလာဖို့ကို မတောင်းဆိုခဲ့ဘူးလေ! ဒီတစ်ခေါက်တော့ ကျွန်မပြောတာမမှားဘူးမလား?"

ကျူးကောကျီချုံမှာ သူမ၏လက်သီးသေးသေးလေးများကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်ကာ အံကြိတ်လိုက်၏။

"မင်းသာနောက်ထပ်စကားပြောရင် မင်းအဖေတောင် မင်းကိုမမှတ်မိနိုင်လောက်တဲ့အထိ ငါမင်းကိုရိုက်ပစ်မယ်။ ငါ့ကိုယုံရဲ့လား?"

လင်းရှင်းယွဲ့မှာ ချက်ချင်းပင် သူမ၏ပါးစပ်ကိုအုပ်လိုက်၏။

သူမဟာ လေများထပ်မဖြုန်းတော့၍ထင်ပါသည်၊ သူမ၏အထူးသက်ရောက်သည့် ပါးစပ်စီးခြင်းမှာလည်း ပိတ်သွား၏။ ထိုအခိုက်တွင် မူလကပျောက်ကွယ်သွားခဲ့ပြီးသော အမတဇာမဏီအသံမှာ ထပ်မံထွက်ပေါ်လာတော့၏။

ထို အမတဇာမဏီအသံနီးကပ်လာသည်နှင့် ရောင်စုံအလင်းတစ်ပြမှာ မနီးမဝေး‌မိုးကုပ်စက်ဝိုင်းမှ အလျင်အမြန်တိုက်ခိုက်လာတော့သည်။

တစ်ချိန်တည်း၌ ထိုနေရာတွင် အင်မတန်ကြီးမားသော အရှိန်အဝါတစ်ခုလည်းရှိနေသည်။

ဗုဒ္ဓဂိုဏ်းကျင့်ကြံသူများ၏ မျက်လုံးများမှာ ရွေ့လျားသွား၏။

"တစ်ယောက်ယောက်တော့ရောက်နေပြီ။ ဒါငါတို့ဗုဒ္ဓဂိုဏ်းကလူမဟုတ်ဘူး။"

"ဒီကျင့်ကြံဆင့်က အမတနတ်ဘုရားဘုရင် အဌမအဆင့်မှာပဲ။ တစ်ဖက်လူက ဒီကောင်လေးနဲ့မတူဘဲ အဆင့်ပိုမြင့်တဲ့လူတွေကို တိုက်ခိုက်နိုင်စွမ်းမရှိရင်တော့ အဆင်ပြေပါတယ်။"

"ဟမ့်! ဒီလောကမှာ လူတိုင်းကအဆင့်ပိုမြင့်တဲ့လူတွေကိုတိုက်ခိုက်မနေနိုင်ဘူးလေ"

သို့သော်လည်း!

လူတိုင်းမှာ စကားဆုံးသည်နှင့် ရွှေမှန်အလင်းဇာမဏီပုံရိပ်တစ်ခုမှာ တမုဟုတ်ချင်း ရောင်စုံတိမ်တိုက်များထံမှ ပျံထွက်လာတော့သည်။

၎င်း၏အမြန်နှုန်းမှာ ထိတ်လန့်ဖွယ်ကောင်းလောက်အောင် မြန်ဆန်လှချေသည်။

ဗုဒ္ဓဂိုဏ်းမှ အမတနတ်ဘုရားဧကရာဇ်အဆင့်တစ်ဦးသည်ပင် ၎င်းအား အလွယ်တကူ မဖမ်းနိုင်ပါချေ။

တစ်ခဏအတွင်းတွင် ၎င်းမှာ မဟာဘရာမကျမ်းစာအားရွတ်ဆိုသော ဗုဒ္ဓအကြီးအကဲ၈ဦးအား တိုက်ခိုက်လိုက်သည်။

ဗုဒ္ဓဂိုဏ်းမှလူများမှာ မတုံ့ပြန်နိုင်ခင်တွင် အော်ဟစ်လိုက်ကြသည်။

"အား! မီးဗျို့! မီး၊!"

"ဘယ်လိုမီးလဲ? ဘာလို့အမျိုးအစားခွဲမရတာလဲ?"

လူတိုင်းမှာ ချက်ချင်းပင် ကြည့်ရှုလိုက်ရာ ဗုဒ္ဓဂိုဏ်းအကြီးအကဲ၈ဦး၏ကိုယ်ပေါ်တွင် ရောင်ခြည်ခုနှစ်စဉ်မီးတောက်မှာ စတင်လောင်ကျွမ်းနေသည်ကိုမြင်လိုက်ရတော့၏။

မီးတောက်များမှာ အင်မတန်အားကောင်းလှသည်။ တစ်ခဏအတွင်းမှာပင် ၎င်းတို့မှာ စတုတ္ထအဆင့်ဗုဒ္ဓဂိုဏ်းအကြီးအကဲများအား လွှမ်းရစ်လျက် ရူးသွပ်စွာ ဗျာများနေစေသည်။

အခြားသော အမတနတ်ဘုရားဧကရာဇ်ပညာရှင် ၁၂ဦးမှာ ထိတ်လန့်သွားကာ ချက်ချင်းပင် ဖုန်းထျန်းယွမ်အားတိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်‌တော့သည်။ ၎င်းမှာ ရောင်ခြည်ခုနှစ်စဉ်ဇာမဏီ၏ဒုတိယမြောက်တိုက်ခိုက်မှုလှိုင်းမှာ ရောက်ရှိလာခြင်းကြောင့်ပါပင်။

"ဖြန့်ကျက်လိုက်ကြ!"

အမတနတ်ဘုရားဧကရာဇ်သတ္တမအဆင့် ပညာရှင်များမှာ ဦးစွာ အော်ပြောလိုက်ကြ၏။ လူတိုင်းမှာ ချက်ချင်းပင် တတ်နိုင်သမျှ ဆုတ်ခွာလိုက်ကြ၏။

ထိုရောင်ခြည်ခုနှစ်စဉ်ဇာမဏီ၏လှိုင်းမှာ ပဉ္စမအဆင့်ရှိ ဗုဒ္ဓအကြီးအကဲတစ်ဦးကိုသာ လောင်ကျွမ်းသွားစေသည်။

"အားးး..."

ထိုအခိုက်တွင် အဌမအဆင့်အမတနတ်ဘုရားဧကရာဇ်ပညာရှင်မှာ ရောင်ခြည်ခုနှစ်စဉ်မီးတောက်ကြောင့် ပြာအဖြစ်သို့ လောင်ကျွမ်းသွားတော့သည်။

ဗုဒ္ဓဂိုဏ်းကျင့်ကြံသူများ၏အမူအရာမှာ ဆိုးရွားစွာပြောင်းလဲသွားတော့သည်။

"ဒါဘယ်နတ်ဆိုးများလဲ? မင်းကိုယ်မင်း မြန်မြန်ပြလိုက်စမ်းပါ!"

"ရှင်တို့က ကျွန်မရဲ့ ဆရာတူမောင်လေး၊ ညီမလေးတွေကိုတောင် အကျဉ်းချထားပြီး ဆရာတူမောင်လေးကိုတောင် သတ်ချင်နေကြသေးတယ်။ ရှင်တို့ထိပ်ပြောင်တွေကမှ တကယ့်နတ်ဆိုးတွေပဲ!"

ထိုရောင်ခြည်ခုနှစ်စဉ်ဇာမဏီမှာ ဟင်းလင်းပြင်း၌ရပ်တန့်လိုက်ကာ တဖြည်းဖြည်းပေါ်လာပြီး ရောင်ခြည်ခုနှစ်စဉ်ငှက်မွေးဝတ်ရုံနှင့် လှပသောမိန်းမပျိုသဏ္ဍာန်ကို လှစ်ဟပြလာ၏။

"ဆရာတူအစ်မ နှစ်!"

လူတိုင်းမှာအင်မတန်ပျော်ရွှင်သွားတော့သည်။

၎င်းမှာ တကယ်ကိုပင် ဆရာတူအစ်မကျီဝူရှားပါပင်။

သူမနှင့်သာဆိုလျှင် လူတိုင်းမှာ ဒီတစ်ခေါက်တော့ အကယ်ခံလိုက်ရပေပြီ။

ထိုအခိုက်၌ ကျီဝူရှား၏ရောင်ဝါမှာ ယခင်ကနှင့် လွန်စွာခြားနားနေလေသည်။

ဖုန်းထျန်းယွမ်၏ပြောင်းလဲမှုက သူ့အား ယခင်ထက် ငါးဆသန်မာစေပါလျှင် ကျီဝူရှားမှာမူ ဆယ်ဆသာလွန်စွာ ပြောင်းလဲသွားခဲ့သည်ပင်။

ကျီဝူရှားမှာ လှပရုံမျှမက သူမ၏ကိုယ်လေးမှာလည်း အံ့ဩစရာပင်။ သူမ၏အသားအရေသည်ပင် ကြည်လင်နေသည်။

အထူးခြားဆုံးမှာ သူမ၏ရောင်ဝါပါပင်။ ၎င်းမှာ မွန်မြတ်ကာ အေးစက်‌သော ဧကရီတစ်ပါးအား ရှုတ်ချခြင်းငှာ မစွမ်းသာသကဲ့သို့ပါပင်။

ကျီဝူရှားမှာ အားလုံးထံအကြည့်လွှဲကာ သူမ၏အေးစက်စက်မျက်ဝန်းများထဲ၌ နှလုံးသည်းပွတ်နာကျင်မှုအရိပ်ယောင်လေးပေါ်ထွက်လာလေသည်။

သူမ၏လက်ချောင်း‌အား ထုတ်လိုက်ခြင်းဖြင့် ဇာမဏီနားခိုရာအကာအကွယ်အမှတ်အား လျှပ်စီးကြောင်းတစ်ခုလို ပစ်လွှတ်လိုက်ကာ ‌ခရမ်းရွှေသပိတ်အဆောင်လက်နက်နှင့် ခပ်ပြင်းပြင်းထိခတ်မိသွားတော့၏။

ခွပ်!

ခပ်တိုးတိုးအသံနှင့်အတူ ခရမ်းရွှေသပိတ်မှာ စတင်ကာ ဖြည်းဖြည်းချင်း အက်ကွဲလာတော့၏။

စုလင်းဝူမှာ ထိုသည်အားမြင်သည်တွင် ချက်ချင်းပင် နတ်ဘုရားသတ်ဖြတ်ပုဆိန်အားဆင့်ခေါ်ကာ အက်ကွဲကြောင်းအား ခပ်ပြင်းပြင်း ခုတ်လိုက်ရာ ထိုသပိတ်ကြီးမှာ ချက်ချင်းကွဲသွားတော့၏။

ဖူးးး!

လူအုပ်ထဲတွင် အမတနတ်ဘုရားဧကရာဇ်သတ္တမအဆင့် အကြီးအကဲမှာသွေးတစ်ပွက်အန်လိုက်ပြီး ကျီဝူရှားထံ တိတိပပစိုက်ကြည့်နေလိုက်တော့၏။

တစ်ချိန်တည်းတွင် ခုနှစ်ရောင်ခြယ်မီးတောက်များလွှမ်းရစ်ခံထားရသော ဗုဒ္ဓအကြီးအကဲပဉ္စမအဆင့်မှာ ပြာများအဖြစ်သို့ပြောင်းလဲသွားသည်။

"အားကောင်းလိုက်တဲ့ကျင့်ကြံဆင့်! ဒီနတ်ဆိုးမကအရမ်းစွမ်းအားကြီးတယ်။ ငါတို့က သူမရဲ့ပြိုင်ဘက်မဟုတ်ဘူး။ အရင်ဆုံးဆုတ်ခွာကြမယ်!"

၎င်းတို့ထဲမှတစ်ဦးမှာ အသံနိမ့်နိမ့်ဖြင့်အော်ပြောလိုက်ကာ အမတနတ်ဘုရားဧကရာဇ်အဆင့်ဘုန်းတော်ကြီးများမှာ မနေနိုင်ဘဲ အံကြိတ်လိုက်မိ၏။

ထိုအချိန်ထိတိုင် အားကုန်ခံကာ တိုက်ခိုက်လာပြီးနောက်တွင် ၎င်းတို့မှာ တစ်ဦးတစ်လေကိုမျှပင် မသတ်နိုင်လိုက်ဘဲ ထွက်ပြေးရမည့်ကိန်းပင်ဆိုက်နေသေး၏!

၎င်းမှာ နာကျင်ကာ ပြောစရာမဲ့စေသည်။

သို့သော် လူတိုင်းမှာ အခြေအနေအားရှင်းရှင်းလင်းလင်းသိပေသည်။ ၎င်းတို့မထွက်ပြေးပါလျှင် သေကြရမည်ဖြစ်၏။

"သွားကြစို့!"

လူတိုင်းမှာ ၎င်းတို့၏နတ်ဝိဉာဉ်များအား အသက်သွင်းလိုက်တော့၏။ ၎င်းတို့၏နတ်ဝိဉာဉ်များနှင့် ဗုဒ္ဓလမ်းစဉ်တို့နှင့်အတူ အားလုံးမှာ တစ်ခဏအတွင်း၌ ၅၀ကီလိုမီတာအဝေးသို့ ထွက်ပြေးသွားနိုင်သည်။

ကံမကောင်းစွာဖြင့် လူတိုင်းမှာ ထွက်ခွာကာနီး၌ ရွှေရောင်အလင်းတစ်ပြမှာ ရုတ်တရတ် မြေပြင်မှထွက်လာကာ အားလုံး၏လမ်းကြောင်းအား ပိတ်ဆို့လိုက်တော့၏။

"ထွက်သွားချင်တာလား? ဘယ်လိုများလွယ်ကူနေပါ့မလဲ? ငါ့ကိုဒီလောက်ကြာကြာ ရိုက်နှက်ခဲ့ပြီးမှတော့ အခုကငါပြန်တိုက်ရမယ့်အချိန်ပဲလေ၊ ဟုတ်တယ်မလား?"

ထိုစီနီယာဘုန်းတော်ကြီးများ၏ နှလုံးအိမ်များမှာ ရုတ်တရတ်ပင် နှလုံးခုန်သံတစ်ချက်လွဲချော်သွားကာ အင်မတန်လေးနက်သွားသည်။

ဒါကပြီးသွားပြီပင်။ ဖုန်းထျန်းယွမ်မှာ ပြန်လည်ကုသပြီးဖြစ်၏။

လက်ရှိ၌ ၎င်းတို့ ၁၇ဦးမှာ အတူတကွတိုက်ခိုက်ရတော့မည်ဖြစ်ပါသော်လည်း ဖုန်းထျန်းယွမ်အား အခွင့်ကောင်းမယူနိုင် မတတ်နိုင်နေဆဲဖြစ်ချေ၏။ ထို့နောက်တွင် သုံးယောက်ထက်ပိုကာပင် ဖုန်းထျန်းယွမ်အားဖိနှိပ်ရချေတော့သည်။

ယခုတွင် ၁၁ယောက်သာကျန်ရှိတော့၏။

ထို့အပြင် တစ်ဖက်လူ၌ ကျီဝူရှားလည်းရှိနေသေးသည်။

အခြေအနေမှာ ရုတ်တရတ်ပြောင်းလဲသွားခဲ့ချေပြီ!

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၂၆။ အပိုင်း ၃၇၉ လီကော၊ လီကော၊ မင်းကငါ့ကိုဘာလုပ်နိုင်မှာလဲ?

ကျီဝူရှားနှင့် ဖုန်းထျန်းယွမ်တို့၏ခြိမ်းခြောက်မှုအား ရင်ဆိုင်လိုက်ရကာ စီနီယာဗုဒ္ဓဘုန်းတော်ကြီးများမှာ တံတွေးအားခက်ခက်ခဲခဲမျိုချလျက် အချင်းချင်းကြည့်လိုက်ကြ၏။

"ကာကွယ်ဖို့ ဗယ်ရိုခါနအစီအရင်ကိုသုံးလိုက်ရအောင်။ ငါကဗောဓိကျောင်းရဲ့ ပညာရှင်တွေကိုဆင့်ခေါ်လိုက်မယ်။ မဟုတ်ရင် ငါတို့ ဒီနေ့ဒီနေရာမှာသေရလိမ့်မယ်!"

"ဟုတ်ပြီ!'

အမတနတ်ဘုရားဧကရာဇ်သတ္တမအဆင့်ပညာရှင်မှာ အမိန့်ပေးလိုက်ကာ အခြားသောဘုန်းတော်ကြီးများမှာ ချက်ချင်းပင် ၎င်းတို့၏ကျင့်စဉ်များအား အသုံးပြုလိုက်ကြသည်။

လုံကွမ်းမှာ အော်ပြောလိုက်၏။

"ဒုတိယသခင်မလေး၊ ဆရာသုံး၊ အဲ့ဒါကို သူတို့လုံးဝမသုံးမိစေနဲ့။ ဗယ်ရိုခါနအစီအရင်ကို ထုတ်လွှတ်လိုက်တာနဲ့ ခင်‌ဗျားတို့ရဲ့ကျင့်ကြံဆင့်က သူတို့ရဲ့ ကျင့်ကြံဆင့်တစ်ခုလုံးကိုကျော်လွန်မနေရင် ဒါကို လုံးဝချိုးဖြတ်နိုင်မှာမဟုတ်ဘူး!"

ကျီဝူရှားနှင့် ဖုန်းထျန်ယွမ်တို့မှာ ၎င်းအားကြားသည်တွင် မျက်လုံးများက အတန်ငယ်ရွေ့လျားသွားကြ၏။ စကားတစ်ခွန်းပင်မဆိုဘဲ ၎င်းတို့မှာ ချက်ချင်းပင် အားကုန်ထုတ်လိုက်တော့သည်။

ဖုန်းထျန်းယွမ်၏နောက်တွင် နတ်ဆိုးလူဝံပေါ်လာကာ သံကြိုးများဖြင့် ချုပ်နှောင်ထားသည်။

ကျီဝူရှား၏နောက်တွင်လည်း ခုနှစ်ရောင်ခြယ်ဇာမဏီထွက်ပေါ်လာ၏။

ထိုနတ်ဝိဉာဉ်နှစ်ခုပေါ်ထွက်လာချိန်တွင် နေနှင့်လမှာ မှေးမှိန်သွားကာ လောကကြီးမှာလည်း မှေးမှိန်သွား၏။ ၎င်းမှာ ဘုန်းတန်ခိုးအား ထိုနတ်ဆိုးလူဝံနှင့် ခုနှစ်ရောင်ခြယ်ဇာမဏီတို့မှ ပိုင်ဆိုင်ထားကြသလိုပါပင်။

ထိုနတ်ဝိဉာဉ်နှစ်ခုပေါ်လာသည့်အခိုက်တွင် တစ်ဖက်ရှိအမတနတ်ဘုရားဧကရာဇ်အဆင့် ၁၁ဦးမှာလည်း ၎င်းတို့၏ နတ်ဝိဉာဉ်များကို ထုတ်ဖော်လိုက်ကြတော့သညခ။

၎င်းမှာ စုစုပေါင်း ရဟန္တာ ၁၁ပါးဖြစ်၏။

ထို အမတနတ်ဘုရားဧကရာဇ်ပညာရှင် ၁၀ဦးမှာ အတွင်းတွင် အမတနတ်ဘုရားဧကရာဇ်သတ္တမအဆင့်များနှင့် ဝန်းရံထားလျက် ၎င်းတို့အား ၃၆၀ဒီဂရီမှ ကာကွယ်ပေးထားသည်။

ကောင်းကင်တွင် ပေတစ်သိန်းရှည်သော ရွှေရောင်ဗုဒ္ဓသဏ္ဍာန်မှာ ခပ်ရေးရေးပေါ်လာကာ ၎င်း၏ လက်ဖဝါးအတွင်း၌ အားလုံးအား တင်ဆောင်ထားလေသည်။

ဘုန်း!

ကျီဝူရှားနှင့် ဖုန်းထျန်းယွမ်တို့၏တိုက်ခိုက်မှုများမှာ တစ်ဖက်လူများထံသို့ သက်ဆင်းသွားကြသော်လည်း ထိခိုက်မှု တစ်စုံတရာမဖြစ်ပွားခဲ့ပါချေ။ အချက်ကျကျဆိုရလျှင် ၎င်းတို့မှာ တစ်ဖက်လူများအား လုံးဝပင် တုန်လှုပ်သွားစေခြင်းမရှိပါချေ။

"အားကောင်းလိုက်တာ!"

ကျီဝူရှားနှင့် ဖုန်းထျန်းယွမ်တို့၏ မျက်ဝန်းများကျဉ်းမြောင်းသွားကာ ဆိုးရွားသောခံစားချက်တစ်ခု ခပ်ရေးရေးရလိုက်သည်။

"ဒီအစီအရင်တွေက ဘာမှားနေတာလဲ? ဒါကတကယ်တော့ အရမ်းစွမ်းအားကြီးတာပဲကို!"

လုံကွမ်းမှာ လေးနက်ဟန်ဖြင့် မိတ်ဆက်ပေးလိုက်သည်။

"ဒီအစီအရင်က သာမန်အစီအရင်မဟုတ်ဘူး။ ဒါက ဗောဓိ‌ကျောင်းရဲ့ ထိပ်တန်းနက်နဲမှုအဆင့်အစီအရင်ပဲ။"

"ကြောက်စရာအကောင်းဆုံးက ဒါက သူတို့ရဲ့ ခွန်အားကနေဖြစ်လာတာမဟုတ်ဘူး၊ ဒါပေမယ့် ဗုဒ္ဓဂိုဏ်းရဲ့ကံတရားကနေဖြစ်လာတာပဲ။

"သိသိသာသာနဲ့ပဲ ဒါက ဗုဒ္ဓဂိုဏ်းတစ်ခုလုံးအပေါ်မှာမူတည်နေပြီး အရမ်းစွမ်းအားကြီးလွန်းတယ်။ ကံနည်းနည်းလောက်ပဲကောင်းနေရင်တောင် လက်ရှိကျွန်တော်တို့ ကိုင်လှုပ်နိုင်ရဲ့အရာမျိုးမဟုတ်ဘူး။"

"ဒါဆိုရင်၊ သွားကြစို့"

ကျီဝူရှား၏အသိစိတ်မှာ ဗလာဖြစ်သွသည်။

"တစ်ဖက်ကလက်ရှိမှာ ဗုဒ္ဓဂိုဏ်းပညာရှင်ကို ဆင့်ခေါ်နေတယ်။ ငါတို့ သူတို့ကိုအနိုင်မယူနိုင်မှာတော့ ဒီနေရာကနေအရင်ထွက်ကြတာပေါ့။ သွားပြီးဆရာ့ကိုရှာကြမယ်။ သူ့မှာတော့ ဒီကောင်တွေနဲ့ရင်ဆိုင်ဖို့ နည်းလမ်းတစ်ခုခုရှိလောက်တယ်။"

"မဟုတ်ရင် ငါတို့ထက်အဆင့်မြင့်တဲ့လူတွေကိုသတ်နိုင်ရင်တောင် တစ်ဖက်က နတ်ဘုရားအဆင့်ထက်မြင့်တဲ့ပညာရှင်ကိုရှာတွေ့ရင် ငါတို့သေမှာ အသေအချာပဲ။"

လုံကွမ်းမှာ ခါးသက်စွာပြုံးလိုက်၏။

"ကျွန်တော်မကြောက်ပါဘူး။"

ကျီဝူရှားမှာ အတန်ငယ်မျက်မှောင်ကျုံ့လိုက်သည်။

"မင်းဘာပြောချင်တာလဲ?"

လုံကွမ်းမှာ ရွှေရောင်ဗုဒ္ဓသဏ္ဍာန်ကြီးအားညွှန်ပြလိုက်သည်။

"ဒါကိုမြင်ရလား? ဒါက ဗယ်ရိုခါနအစီအရင်ရဲ့ အူတိုင်ပဲ။ ဒီလက်ဝါးက ဗုဒ္ဓအမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်တွေကိုကာကွယ်ပေးနေပြီး နောင်ထပ်လက်ဝါးကျတော့ ကျွန်တော်တို့အတွက် အထူးပဲ။"

"အခု ကျွန်တော်တို့ မလှုပ်ရှားရင် ဒါကတိုက်ခိုက်မှာမဟုတ်ဘူး။ ကျွန်တော်တို့ထွက်ခွာတာနဲ့ ကျွန်တော်ကို တိုက်ခိုက်လိမ့်မယ်။"

ကျွင့်ပုကျန်းမှာ အတန်ငယ်ပဟေဠိဖြစ်သွားသည်။

"ဒီလိုဆိုရင် အခုဒါက ငါတို့ကိုဘာလို့မတိုက်ခိုက်ရတာလဲ? ဒါကအရမ်းစွမ်းအားကြီးတယ်လေ။ ငါတို့ကို လက်ဝါးတစ်ချက်နဲ့တင် ရင်ဆိုင်နိုင်တယ်မဟုတ်လား? တိုက်ခိုက်ဖို့အတွက် ဗုဒ္ဓဂိုဏ်းက ဆရာကြီးတစ်ယောက်ကို ဘာကြောင့်လိုနေဦးမှာလဲ?"

လုံကွမ်းမှာ ခေါင်းကိုခါလိုက်၏။

"အဲ့ဒါက အတိုက်အခိုက်စွမ်းအားရှိတဲ့အမျိုးအစားမဟုတ်တော့ ကျွန်တော်တို့ကို မထိခိုက်စေနိုင်ဘူး။ ဒါက အကာအကွယ်အစီအရင်နဲ့ ထောင်ချောက်အစီအရင်တွေကို ပေါင်းစပ်ထားတဲ့ အစီအရင်တစ်ခုပါပဲ။"

ဒါက လက်တစ်ဖက်ကို ကာကွယ်ဖို့သုံးပြီး တစ်ဖက်က အချိန်နဲ့နေရာရဲ့စွမ်းအင်ကို မွှေနှောက်ဖို့ပဲ။ သူတို့နှစ်ခုလုံးက ကျွန်တော်တို့ကို ဒီလောက,ကနေ လွတ်မြောက်ရာက တားဆီးဖို့သက်သက်ပါပဲ။"

"ဒီနေရာက ဗယ်ရိုခါနအစီအရင်ရဲ့နက်နဲမှု တည်ရှိရာပဲ။"

"မဟုတ်ရင် ဒါက ကျွန်တော်တို့အစီအရင်ကို တိုက်ရိုက်တိုက်ခိုက်လိမ့်မယ်။"

"တကယ်တော့ ကျွန်တော်ထင်ခဲ့တာက ဒါကို စိတ်ဝိဉာဉ်တောင်ဆီ အကျိုးပြုနိုင်ဖို့လို့ရည်ရွယ်တယ်ပဲထင်ထားခဲ့တာပါ။"

"အကြောင်းကတော့ စိတ်ဝိဉာဉ်တောင်က ‌ဒီအဆင့်နိမ့်ဘုန်းတော်ကြီးတွေကို မကူညီချင်ဘူးလေ။ အမတတွေတောင် မဟုတ်သေးတဲ့ ဒီဘုန်းကြီးတွေနဲ့ပတ်သက်ပြီး စိတ်ရှုပ်မခံချင်ကြတာပေါ့။ သူတို့တွေ နတ်ဘုရားလောကရဲ့ ဗုဒ္ဓကျင့်ကြံသူတွေကို ဆင့်ခေါ်နိုင်ဖို့ ဒါက သူတို့ကို အကာအကွယ်နည်းစနစ်တစ်ခု ပေးအပ်ခဲ့တာပါ။"

"ဗုဒ္ဓဂိုဏ်းကအမြဲတမ်း ယုတ်မာတယ်။ တစ်ယောက်ယောက်က ထိပ်ဖျားကမဟုတ်ရင် ဗုဒ္ဓဂိုဏ်းရဲ့အကျိုးအမြတ်တွေကို ဘယ်လိုနှစ်သက်နိုင်မှာလဲ? ဒါပေမယ့် ကျွန်တော်တို့ ဒီတိုင်းထိုင်နေလို့တော့မဖြစ်ဘူး။"

ကျီဝူရှားမှာ ဖုန်းထျန်းယွမ်အား တစ်ချက်ကြည့်လိုက်သည်။ ဖုန်းထျန်းယွမ်မှာ ချက်ချင်းပင် နားလည်သွားကာ မနီးမဝေးသို့ပျံသန်းသွားသော ရွှေရောင်အလင်းအသွင်ပြောင်းသွား၏။

သူပျံထွက်သွားသည့်အခိုက်တွင် ထိုရွှေရောင်ဗုဒ္ဓသဏ္ဍာန်မှာ လုံကွမ်းပြောခဲ့သလို စတင်ကာရွေ့လျားလာတော့၏။

၎င်း၏အမြန်နှုန်းမှာ မြန်ဆန်ပုံမရသော်လည်း တစ်ခဏအတွင်းတွင် ၎င်းမှာ ဖုန်းထျန်းယွမ်ကိုယ်ပေါ်သို့ကျရောက်လာကာ ဖိနှိပ်လိုက်တော့၏။

ဘုန်း!

အင်မတန်စွမ်းအားကြီးလှသော လက်ဝါးမှာ တမုဟုတ်ချင်းပင် ဖုန်းထျန်းယွမ်အား ဖိနှိပ်ထားတော့၏။

သူဟာ တုနှိုင်းမဲ့ရွှေခန္ဓာအား အားကုန် အသုံးပြုပြီး တစ်ကိုယ်လုံးရှိ နတ်ဝိဉာဉ်စွမ်းအားကို အကန့်သတ်ထိတိုင်ထုတ်လျှင်ပင် သူဟာလွတ်မြောက်ရန် မစွမ်းသာပါချေ။ အများဆုံး ခုခံရုံသာတတ်နိုင်၏။

"ချိုးဖြတ်!"

ဖုန်းထျန်းယွမ်မှာ ဒေါသတကြီးအော်ဟစ်လိုက်၏။ ကိုယ်ပေါ်ရှိရွှေရောင်လူကြီးမှာ လက်များကိုမြှောက်လျက် ထိုလက်ဝါးကိုမြှင့်တင်လိုက်၏။

ဗုဒ္ဓဂိုဏ်းအကြီးအကဲများ၏ အမူအရာမှာ ဆိုးရွားစွာပြောင်းလဲသွားတော့သည်။

ထို ဗယ်ရိုခါနာအစီအရင်မှာ ဗုဒ္ဓဂိုဏ်း၏ကံမှ ဖြစ်ပေါ်လာကာ ဗုဒ္ဓဓမ္မစွမ်းအားဖြင့် စုစည်းထားခြင်းဖြစ်သည်။ အတိအကျပြောရလျှင် ထိုစွမ်းအားမှာ နတ်ဘုရားလောကရှိဝိဉာဉ်စွမ်းအားကိုပင် ကျော်လွန်နေကာ အမတလောကနှင့် သက်ဆိုင်လေသည်!

၎င်းထံ၌ အမတလောကရှိစွမ်းအား အမြောက်အများမပါဝင်ပါသော်လည်း ၎င်းမှာ နတ်ဘုရားလောကရှိ ကျင့်ကြံသူများ ခုခံနိုင်သည့် အရာမျိုးမဟုတ်ပါချေ။

ကြီးမြတ်သောနတ်ဘုရားအဆင့်ပညာရှင်တစ်ဦး သို့မဟုတ် နတ်ဘုရားဧကရာဇ်တစ်ပါး သည်ပင် ဖိနှိပ်ခံရမည်ဖြစ်ကာ အချိန်တိုအတွင်းမလွတ်မြောက်နိုင်ပါချေ။ သို့သော် ဖုန်းထျန်းယွမ်မှာ တကယ်ကိုပင် ထို ဗုဒ္ဓလက်ဝါးအား ခုခံနိုင်စွမ်းရှိပေ၏!

သို့သော် သူ၏စွမ်းအားမှာ အမတနတ်ဘုရားဧကရာဇ်အဆင့် ပဉ္စမအဆင့်၌သာ အများဆုံးရှိပေသည်!

သူဟာထို ဗုဒ္ဓလက်ဝါးအား မည်သို့ မြှင့်တင်လိုက်ပါသနည်း?

"ဒါကသူ့ရဲ့နတ်ဝိဉာဉ်ပဲ! သူ့ရဲ့နတ်ဝိဉာဉ်!"

ထိုဗုဒ္ဓအကြီးအကဲများထဲမှာ တစ်ဦးမှာ တစ်စုံတရာအား ရှာတွေ့သွားခဲ့၏။

ထိုအခိုက်တွင် ဖုန်းထျန်းယွမ်ထုတ်လိုက်‌သော ရွှေရောင်ပုံရိပ်နှင့် တုနှိုင်းမဲ့ရွှေခန္ဓာမှာ ဗုဒ္ဓလက်ဝါးအား မတင်ထားသည့် တစ်ခုတည်းသောအရာမဟုတ်ပါချေ။ ဖုန်းထျန်းယွမ်မှာ သူ၏နတ်ဝိဉာဉ်အပေါ်တွင်လည်း အမှီပြုထား၏!

၎င်းမှာ အရိုးများအား ကြိုးများဖြင့် ထိုးထွင်းထားကာ အလွှာအထပ်ထပ် ချိတ်ပိတ်ထားသော နတ်ဆိုးလူဝံနတ်ဝိဉာဉ်ပါပင်!

ဗုဒ္ဓအကြီးအကဲတစ်ဦးမှာ နတ်ဆိုးလူဝံ၏ မျက်လုံးများနှင့် ဆုံကာ ချက်ချင်းပင် သူ့ဆီဦးတည်နေသည့် သိပ်သည်းသောလူသတ်ငွေ့၊ အမုန်းတရားနှင့် ဒေါသတို့အား ခံစားမိလိုက်သည်။

ဖူးးး!

အကြည့်တစ်ချက်လေးနဲ့!

အကြည့်တစ်ချက်နှင့် သူဟာ နတ်ဆိုးလူဝံနတ်ဝိဉာဥ်ရှိပြင်းထန်သောနတ်ဆိုးရောင်ဝါအား တောင့်ခံမနိုင်တော့ပါချေ။

"တည်တည်မြဲမြဲနေပြီး သူ့ကြောင့် အထိခိုက်မခံကြနဲ့။"

နောက်ထပ်အကြီးအကဲမှာ ချက်ချင်းပင် သူနှင့်ဘနေရာချင်းလဲလိုက်၏။

ယခုတွင် လူတိုင်းမှာ ဗယ်ရိုခါနအစီအရင်ကိုတစ်စုတစည်းတည်းအသုံးပြုနေကာ တစ်ယောက်ယောက်မှ တစ်ခုခုဖြစ်သွားခဲ့ပါလျှင် အစီအရင်မှာ ပြိုကွဲသွားမည်ဖြစ်ကာ ရန်သူအား မဆင့်ခေါ်နိုင်ခင်မှာပင် အပိုင်းအစများအဖြစ် ပျက်စီးသွားပေလိမ့်မည်။

"...ကျေးဇူးပါ၊ ဆရာတူအစ်ကို။"

"ဂရုစိုက်။ ဒီကလေးရဲ့နတ်ဆိုးသဘာဝက အရမ်းအားကောင်းပြီး မင်းနဲ့ငါ ခုခံနိုင်ဖို့ ကွာဝေးလွန်းနေတယ်။ ငါတို့တွေ ဗုဒ္ဓဂိုဏ်းက စီနီယာတွေ ဆင်းလာပြီးမှပဲ သူ့ကိုရင်ဆိုင်နိုင်လိမ့်မယ်!"

"ကောင်းပါပြီ!"

ကျီဝူရှား၏ဘက်တွင် သူမဟာ ချက်ချင်းပင် လူတိုင်းအား ထွက်သွားစေရန်စိုင်းပြင်းနေသည်။

"ဆရာတူမောင်လေးသုံးက အခု မီးစွမ်းအားကိုဆွဲဆောင်နေတယ်။ မြန်မြန်ထွက်သွားပြီး ဆရာ့ကိုရှာကြ!"

ကျူးကောကျီချုံမှာ ပူပန်စွာပြောလိုက်သည်။

"ဒါ‌ဆိုရင် ဆရာတူအစ်ကိုသုံးကရော?"

"မင်းတို့တွေပဲအရင်ဆုံးထွက်သွားလိုက်။ အစ်မကဒီမှာဆက်နေလိုက်မယ်။ မင်းတို့ဒီမှာနေလည်း အသုံးမဝင်ဘူး။ ငါရှိနေရင် အခွင့်အရေးတစ်ခုတော့ရှိနိုင်ဦးမှာပါ။ မဟုတ်လို့ ဗုဒ္ဓဂိုဏ်းရဲ့ဆရာကြီးလာရင် ငါတို့ဘယ်သူမှလွတ်နိုင်တော့မှမဟုတ်ဘူး။

"ဆရာ့မှာ ရှန်းထီကျောက်ရှင်အမှတ်အသားရှိပေမယ့်လည်း အားလုံးအတူတူသေကုန်ကြရင် ရှန်းထီကျောက်ရှင်အမှတ်အသားရဲ့ တာဝန်ကလည်း ပိုကြီးနေဦးမယ်။

ဒါကြောင့် လူနည်းနည်းလောက်ပဲကျန်နေခဲ့တာက အကောင်းဆုံးပဲ။"

ကျွင့်ပုကျန်းနှင့် ကျန်သည့်သူများမှာ လက်သီးများဆုပ်လိုက်ကြသည်။

"သေလိုက်ပါတော့၊ ဒီလိုခက်ခဲနေတဲ့အချိန်မှာ ငါတို့တွေက တကယ်ကို မကူညီနိုင်ဘူး။"

"ပြောတာရပ်လိုက်တော့။ ဒီတစ်ခေါက်တော့ ဘာပြဿနာမှ မဖြစ်ရင် အကောင်းဆုံးပဲ။"

စုလင်းဝူနှင့် ကျန်းထိုင်ရွှမ်မှာ တောင်ကြားဆီသို့ ချဉ်းကပ်လာ၏။ ၎င်းတို့ထဲမှတစ်ဦးမှာ နတ်ဝိဉာဉ်သားရဲများအား စုစည်းထားပြီး တစ်ဦးမှာ ဒုတိယမျိူးဆက်တပည့်များအား စုစည်းထားချေသည်။

ကျူးကောကျီချုံမှာ အံကိုကြိတ်ကာ အဆုံး၌ အသက်ပြင်းပြင်းတစ်ချက်သာရှူလိုက်နိုင်၏။

"‌ဒီနည်းပဲရှိတော့တယ်။ ဆရာတူအစ်မ၊ ဂရုစိုက်ပါ။"

ကျီဝူရှားမှာ ခေါင်းငြိမ့်လိုက်ကာ ကျူးကောကျီချုံမှာ ချက်ချင်းပင် အဓိကအဖွဲ့နှင့် ထွက်ခွာသွားတော့၏။

ကျီဝူရှားမှာ လုံးဝနှောင့်နှေးနေဖို့မရဲဘဲ ချက်ချင်းပင် စစ်မှန်သောဇာမဏီကိုးပါးအသွင်ပြောင်းခြင်းအားအသုံးပြုလိုက်တော့သည်။ ခုနှစ်ရောင်ခြယ်မီးတောက်မှာ သူမအား ရစ်သိုင်းသွား၏။ ဇာမဏီနတ်ဝိဉာဉ်နှင့်အတူ ၎င်းမှာ ခုနှစ်ရောင်ခြယ်ဇာမဏီဖြစ်ပေါ်လာကာ ခုနှစ်ရောင်ခြယ်အလင်းအားထုတ်လွှတ်လျက် ဖုန်းထျန်းယွမ်အားဖိနှိပ်ထားသည့် ရွှေရောင်ဗုဒ္ဓလက်အား ထိခတ်လိုက်တော့သည်။

စီနီယာဗုဒ္ဓဘုန်းကြီးများမှာ ကူရာမဲ့စွာ အေးစက်စက်ပြုံးလိုက်ကြသည်။

"ရယ်စရာပဲ။ မင်းဖျက်ဆီးချင်တာနဲ့ပဲ ဒီဗယ်ရိုခါနအစီအရင်ကိုချိုးဖြတ်နိုင်မယ်လို့ထင်နေတာလား?"

"ဒါက ငါတို့ဗုဒ္ဓဂိုဏ်းရဲ့ ထိပ်တန်းအစီအရင်တွေထဲက တစ်ခုပဲ!"

"အမှန်ပဲ! ဒီဗယ်ရိုခါနအစီအရင်ကို အမတတစ်ပါးကပဲဖျက်ဆီးနိုင်မယ်! မင်းလိုပုရွက်ဆိတ်လေးတွေနဲ့ ထိုက်တန်တဲ့အရာမဟုတ်..."

သူ၏စကားမဆုံးခင်မှာပင် ကျီဝူရှားဟာ ဗယ်ရိုခါနအစီအရင်နှင့် ထိတိုက်လိုက်သည်။

ဘုန်း!

ပြင်းထန်သော ပေါက်ကွဲမှုဖြင့် ရွှေရောင်ဗုဒ္ဓပုံရိပ်၏လက်မောင်းမှာ အနည်းငယ်ပြောင်းကာ တုန်ရီလာ၏။

"ဘာ!"

ဗုဒ္ဓဂိုဏ်းစီနီယာဘုန်းတော်ကြီးများမှာ ချက်ချင်းပင် သောကရောက်ကုန်ကြ၏။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?"

"ဒါက နတ်ဝိဉာဉ်တစ်ခုပဲ။ ဒီမိန်းကလေးရဲ့နတ်ဝိဉာဉ်ကလည်း ထူးခြားနေတယ်။"

ထိုစီနီယာဘုန်းတော်ကြီးမှာ မူမမှန်မူအား ဦးစွာတွေ့ရှိနေဆဲဖြစ်ကာ နေရာ၌ပင်အော်လိုက်၏။

အားလုံးမှာ ကျီဝူရှား၏ဇာမဏီနတ်ဝိဉာဉ်အား ကြည့်ကာ ချက်ချင်းပင်ကူရာမဲ့စွာတုန်လှုပ်သွားတော့သည်။

၎င်းမှာ သေခြင်းရောင်ဝါနှင့်ပြည့်နှက်နေသော ဇာမဏီတစ်ကောင်ပါပင်။ သို့မဟုတ် ဒါဟာ တစ်ဝက်သေနေပြီးသာ ဇာမဏီပါပင်!

သူ၏မျက်လုံးတစ်ဖက်မှာ ရှင်းရှင်းလင်းလင်းမမြင်နိုင်တော့ဘဲ တစ်ဖက်မှာမူ ကျောက်စိမ်းကဲ့သို့ မည်းနက်နေသည်။ အတွင်းရှိ ရွှေရောင်သူငယ်အိမ်များနှင့်တွဲကြည့်လျှင် ၎င်းမှာ ကမ္ဘာလောကကြီးအား အထင်သေးကာ ကြောက်မက်ဖွယ်ရာအရှိန်အဝါကိုထုတ်လွှတ်နေ၏!

၎င်းမှာ အင်မတန်စွမ်းအားကြီးမားသည့်အရှိန်အဝါပင်!

၎င်းအတွက် ကမ္ဘာလောကကြီးက ဘာမှမဟုတ်သလိုပါပင်။

သို့သော် ထိုဇာမဏီမှာ ရှင်သန်ရန် အခွင့်အလမ်းတစ်ဝက်သာကျန်ရှိတော့၏!

အသက်စွမ်းအားလုံးဝပြည့်နေပါလျှင် မည်မျှများ စွမ်းအားကြီးမားနေပါမည်နည်း?

၎င်းတို့အားလုံးမှာ ဗုဒ္ဓဂိုဏ်း၏ စီနီယာဘုန်းတော်ကြီးများဖြစ်ကြ၏။ ၎င်းတို့၏နတ်ဝိဉာဉ်များမှာ မဟာရဟန္တာအဆင့်သာဖြစ်ကြပြီး ဗောဓိသဗ္ဗအဆင့်ပင်မဟုတ်ပါသော်လည်း ၎င်းတို့ထံတွင် အတွေ့အကြုံမရှိဟု မဆိုလိုပါချေ။

၎င်းတို့၏ နှစ်ပေါင်း ထောင်ချီ သို့မဟုတ် နှစ်ပေါင်းသိန်းချီကြာ ကျင့်ကြံခြင်းတွင် ရွှေရောင်ဗုဒ္ဓနတ်ဝိဉာဉ်ကိုပင် မြင်တွေ့ခဲ့ရသည်ပင်!

သို့သော် ရွှေရောင်ဗုဒ္ဓနတ်ဝိဉာဉ်မှာ ထိုဇာမဏီထက်နိမ့်ကျနေဟန်ပင်ရှိသည်!

ထိုအဆင့်မြင့်ဆုံးရွှေရောင်ဗုဒ္ဓနတ်ဝိဉာဉ်မှာ တကယ်ကို တစ်ဝက်သေပြီးသားဇာမဏီထက်နိမ့်ကျနေသည်လား?

ဒါဘယ်လိုဟာသမျိုးလဲ?

အောက်ဘက်တွင် ပထမဆုံးထိတိုက်မှုမှာ အလုပ်ဖြစ်သည်အားမြင်သည်၌ ကျီဝူရှားမှာ ချက်ချင်းပင် ဒုတိယအကြိမ် ထိတိုက်မှုကိုဖန်တီးပြီးနောက်၊ တတိယထိတိုက်ခြင်း၊ စတုတ္ထထိတိုက်ခြင်း... သူမ၏အမြန်နှုန်းမှာ ပို၍ပို၍မြန်လာကာ ဗယ်ရိုခါနအစီအရင်၏ ဗုဒ္ဓပုံရိပ်တစ်ခုလုံးမှာလည်း အဆုံးမဲ့စွာ တုန်ခါလာတော့သည်။

ထိုစီနီယာဗုဒ္ဓဘုန်းတော်ကြီးများမှာ ချက်ချင်းပင် အင်မတန်ကြောက်ရွံ့သွားကြတော့၏။

"ဆရာတူအစ်ကို၊ မြန်မြန်ဆင့်ခေါ်‌လိုက်တော့! မြန်မြန်!"

…

နတ်ဘုရားလောက၊ ဗောဓိတောင်ခြေ!

အနက်ရောင်ဝတ်ရုံရှည်နှင့်ပုံရိပ်တစ်ခုမှာ တဖြည်းဖြည်းချင်း နတ်ဘုရားလောကဗုဒ္ဓဂိုဏ်း၏ မြင့်မြတ်နယ်မြေဟု အခေါ်ရှိသော နေရာသို့ ဝင်ရောက်လာ၏။

သူ၏မျက်လုံးများမှာ သွေးရောင်ကဲ့သို့ရဲရဲနီကာ လူသတ်ငွေ့များဖြင့် ပြည့်နေ၏။ ၎င်းမှာ မှောင်မိုက်သောသွေးနီများက သူ၏ကိုယ်ပေါ်တွင် ဆက်တိုက် လှည့်ပတ်နေသလိုပါပင်။

သူဟာမည်သည့်ခွန်အားကိုမှ အသုံးမပြုထားပါသော်လည်း အင်မတန်ကြောက်ရွံ့ဖွယ်ကောင်းနေလေ၏။

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၂၆။ အပိုင်း ၃၈၀ ပုရွက်ဆိတ်လေးများ၊ ထိပ်တန်းနတ်ဘုရားအဆင့်အား ထိတ်လန့်စေခြင်း

သူဟာခေါင်းအား အတန်ငယ်မော့လိုက်ကာ သူ၏မျက်လုံးများထဲ၌ လူသတ်ငွေ့များက ပျံ့နှံ့နေတော့၏။ ဝန်းရံနေသော သွေးရောင်ဝါမှာ တဖြည်းဖြည်းနှင့် ပျံ့နှံ့လာသည်။

ဗောဓိတောင်အောက်ရှိ ဗုဒ္ဓဂိုဏ်းသားများမှာ တစ်ဖက်လူ၏ပုံရိပ်အား ချက်ချင်းတွေ့ရှိသွားသည်။ တစ်ဖက်လူကိုယ်‌ရှိ နှလုံးပြုတ်လုမတတ်လူသတ်ငွေ့နှင့် နတ်ဆိုးရောင်ဝါအား အာရုံခံမိသော် ဗုဒ္ဓဂိုဏ်းသားများ၏အမူအရာများမှာ ချက်ချင်းပင်ပြောင်းလဲသွားတော့သည်။

"ဒါဘယ်နတ်ဆိုးလဲ? မင်းကဘယ်လိုများ ငါ့ရဲ့ဗောဓိတောင်ကို လာရဲတာလဲ?"

စကားဆုံးသည်နှင့် ပုံရိပ်အချို့မှာ ဗုဒ္ဓလမ်းစဉ်ကိုအသုံးပြုကာ ရွှေရောင်အလင်းဖြင့်တိုက်ခိုက်လိုက်သည်။

မီတာတစ်ထောင်အကွာအား ချက်ချင်းပင်ဖုံးလွှမ်းသွားတော့သည်။ သို့သော် ၎င်းတို့မှာ တစ်ဖက်လူနံဘေးသို့ရောက်ရှိသွားသည်နှင့် ၎င်းတို့မှာ ချက်ချင်းပင် သွေးမြူမှုန်များအဖြစ် ပေါက်ကွဲလွင့်စင်သွားတော့သည်။

ဘန်း ဘန်း ဘန်း...

လူရွယ်ပုံသဏ္ဍာန်မှာ တိုက်ခိုက်ခြင်းပင်မပြုခဲ့ပါချေ။ လူသတ်ငွေ့က သူ့အားရစ်သိုင်းလိုက်သည်နှင့် ချက်ချင်းပင် ဗုဒ္ဓဂိုဏ်းသားအများအပြားကို သတ်လိုက်သည်။

ထိုတပည့်များအကြားတွင် အားအနည်းဆုံးမှာလည်း နတ်ဘုရားဖြစ်ပေါ်စေခြင်းအဆင့်ဟုသိထားရသည်!

နတ်ဘုရား‌လောကရှိ အချို့သော ဗုဒ္ဓဂိုဏ်းများ သို့မဟုတ်ဂိုဏ်းငယ်လေးများတွင် ၎င်းတို့မှာ ကျောင်းထိုင်ဆရာတော့၏ စွမ်းအားကိုပင် မီလုမီခင်ဖြစ်၏။

သို့သော် ထိုသည်မှလွဲ၍ ၎င်းတို့မှာ လူသတ်ငွေ့ဖြင့် လွှမ်းခြုံနေသော တစ်ဖက်လူအားခုခံရန်ပင်မစွမ်းသာပါချေ။

မည်မျှကြောက်မက်ဖွယ်ကောင်းလှသနည်း?

တောင်အဝင်ဝရှိ ဗုဒ္ဓဂိုဏ်းသာများ၏ မျက်လုံးများမှာ ချက်ချင်းပင် ထိုသည်ကိုမြင်သည်နှင့် ကျဉ်းမြောင်းသွားတော့သည်။

"မြန်မြန်၊ အချက်ပြခေါင်းလောင်းတီးလိုက်တော့။ တစ်ယောက်ယောက်က ဗုဒ္ဓဂိုဏ်းကို ကျူးကျော်လာနေပြီ!"

သူ၏စကားဆုံးသည်နှင့် မည်သူမှတုံ့မပြန်လိုက်ကြချေ။

"ဘယ်လို..."

သူဟာတစ်ဖက်ကိုလှည့်ကာ အကြည့်ပို့လိုက်၏။ ချက်ချင်းပင် သူ၏အမွှေးများ တစ်ဆုံးထောင်ထသွားကာ မျက်လုံးများမှာ ကျဉ်းမြောင်းသွားတော့သည်။ သူ၏တစ်ကိုယ်လုံးမှာ ရေခဲအိမ်အဖြစ်သို့ ကျရောက်တော့မည့်ဟန်ပေါ်နေသည်။

သူ၏အပေါင်းအပါအချို့မှာ ရင်ဘတ်၌ထုတ်ချင်းပေါက်ကာ သွေးများတစ်စက်စက်စီးကျနေသည်။

၎င်းတို့မှာ သေဆုံးသွားပါသော်လည်း အမူအရာများမှညမူ ကျန်ရှိနေဆဲပင်။

၎င်းမှာ ထိုသူတို့သည် ‌တစ်ဖက်လူအား မြင်တွေ့လိုက်သည်နှင့် သေသွားကြောင်းပြ‌သနေ၏။

ပျို့အန်ချင်စရာသွေး‌နံ့က ၎င်းတို့အား ချန်လျက် လွင့်ပျံနေသည်။ ၎င်းမှာ ဗောဓိကျောင်းသို့‌ခြေလှမ်းလာခဲ့သည့် အနက်ရောင်ဝတ်ရုံရှည်ဝတ်လူရွယ်ထံမှ ရောက်လာခဲ့ခြင်းဖြစ်သည်။

ဗုဒ္ဓဂိုဏ်းသားများမှာ တုန်လှုပ်သွားတော့သည်။ ထိုသို့သော နီးနီးကပ်ကပ်အခြေအနေတွင် သေခြင်းတရားက သူ၏ရှေ့မှောက်သို့ရောက်ရှိနေပြီးဖြစ်သည်ဟု ခံစားလိုက်ရတော့သည်။ စိတ်ပျက်အားငယ်မှုက တစ်ဖက်လူမှာ မတိုက်ခိုက်လျှင်တောင် သူဟာသေတော့မည်ဖြစ်သည်ဟု ခံစားမိစေသည်။

သို့သော် အံအားသင့်ဖွယ်ကောင်းစွာဖြင့် တစ်ဖက်လူကသူ့အား မတိုက်ခိုက်ပါချေ။ ထိုလူမှာ ဗောဓိတောင်ဆီသို့သာ ခပ်ဖြေးဖြေးလျှောက်လှမ်းသွားခဲ့သည်။

သူဟာ သက်ပြင်းချလိုက်ကာ စွမ်းအားများမှာ ‌ခမ်းခြောက်အောင် စုပ်ယူခံလိုက်ရဟန်တူသည်။

သို့သော် မကြာမီတွင် ပျော်ရွှင်နေသောအသံက သူ၏ပါးစပ်ထောင့်မှ ထွက်ပေါ်လာတော့သည်။

"ဟီးဟီး...ငါမသေဘူး! ငါမသေဘူးကွ!"

တစ်ခဏရပ်တန့်ပြီးနောက်တွင် သူ၏မျက်နှာထက်ရှိအပြုံးမှာ ‌တဖြည်းဖြည်းချင်းပျောက်ကွယ်သွားကာ မျက်ခုံးများအတန်ငယ်မြင့်တက်သွားသည်။

သို့သော်... အဘယ့်ကြောင့် တစ်ဖက်လူမှာသူ့အား မသတ်ခဲ့ရသနည်း?

ထိုသံသယ‌ထွက်ပေါ်လာသည်နှင့် သူဟာ ရင်ဘတ်ထက်၌ ‌ခပ်ရေးရေး နာကျင်မှုကိုခံစားလိုက်ရသည်။

သူဟာ ကူရာမဲ့စွာ ငုံ့ကြည့်လိုက်သည်။

ဖူးးး!

တစ်ခဏအတွင်းတွင် သူ၏ပါးစပ်တွင်းမှာ သွေးတစ်ပွက်ထွက်လာကာ တစ်ကိုယ်လုံးမှာလည်း မြည်သံကျယ်ဖြင့် ပြိုလဲသွားတော့သည်။

၎င်းမှာ တစ်ဖက်လူမတိုက်ခိုက်ဟုမဆိုပါချေ၊ သို့သော် ထိုသူ၏အမြန်နှုန်းမှာ အင်မတန်မြန်ဆန်လှပေသည်!

၎င်းမှာ ထိတ်လန့်ဖွယ်မြန်ဆန်လှ၏!

ရလာဒ်အနေဖြင့် သူဟာ နာကျင်မှုကိုပင်မခံစားရပါချေ။

တကယ်တွင် ကြီးမားသောအပေါက်တစ်ခုက သူ၏ကိုယ်တွင် အခြားလူများကဲ့သို့ပင် ပေါက်ထွက်ပြီးသားဖြစ်ချေ၏။

ပြိုလဲပြီးနောက်တွင် သူ၏မျက်လုံးများမှာ ဗောဓိတောင်အား တိတိပပစိုက်ကြည့်နေလိုက်သည်။ သူ၏အသိစိတ်တဖြည်းဖြည်းပျောက်ကွယ်မသွားခင်တွင် သူ၏ရှေ့ရှိကမ္ဘာကြီးမှာ သိပ်သည်းသောသွေးနီရောင်ဖြင့် လွှမ်းခြုံထားသလိုခံစားလိုက်ရတော့သည်။

ထိုအခိုက်တွင် တစ်လောကလုံးမှာ လူသတ်ပွဲထဲသို့ ကျရောက်သွားသလိုပါပင်။

မကြာမီတွင် အော်သံတစ်ခုမှာ ဦးဆောင်ကာထွက်လာ၏။ ထို့နောက် ဒုတိယမြောက်တစ်ခု၊ တတိယမြောက်တစ်ခု၊ စတုတ္ထမြောက်တစ်ခု...

အဆုံးမဲ့သောအော်သံများမှာ အဆုံးမရှိထွက်ပေါ်နေပြီး သူ၏အသိစိတ်မှာလည်း လုံးဝအမှောင်ကျသွားတော့သည်။

အဘယ်ဖြစ်တည်မှုမျိုးကများ ဗုဒ္ဓဂိုဏ်းအား နှိုးဆွလိမ့်မည်နည်း?!

သူ့အားလျစ်လျူရှုကာ အနက်ရောင်ဝတ်ရုံဝတ် လူရွယ်မှာ အခြားနေရာသို့သွားရာလမ်း၌ သတ်ဖြတ်တော့သည်။

သူဖြတ်သွားသည့် လူတိုင်းသေကြသည်!

၎င်းမှာ ဗုဒ္ဓဂိုဏ်း၏ ဘုန်းကြီးငယ်များသာမက ဆရာကြီးများပင်ဖြစ်နေပါစေ ၎င်းတို့မှာ သူ၏ရှေ့မှောက်တွင် အသက်မဲ့ဂေါ်ဖီထုပ်များနှင့် တူလှသည်။

သွေးရောင်လူသတ်ငွေ့များမှလွဲ၍ သူ၏မျက်လုံးထဲတွင် အခြားမရှိပါချေ။

ဗောဓိကျောင်းတစ်ခုလုံးမှာ သွေးများဖြင့် လွှမ်းခြုံသွားတော့သည်။

သို့သော် ထူးဆန်းစွာနှင့် ထိုဗုဒ္ဓဂိုဏ်းသားများမှာ နတ်ဘုရားအဆင့်များဖြစ်ကြကာ ၎င်းတို့၏သွေးမှာလည်း ရွှေရောင်ဖြစ်ကြသည်။

သို့သော် တစ်ဖက်လူ၏အသတ်ခံရကာ ကိုယ်ထဲသို့ စုပ်ယူခံရပြီးနောက်တွင် ၎င်းတို့၏သွေးများမှာ သွေးနီရောင်များအဖြစ် တဖြည်းဖြည်းပြောင်းလဲလာသည်!

တစ်ဖက်လူ၏လူသတ်ငွေ့မှာ အင်မတန်စွမ်းအားကြီးလှကာ နတ်ဘုရားတစ်ပါး၏သွေးကို အရောင်ပင်ပြောင်းနိုင်၏။

"ရန်သူ တိုက်ခိုက်မှု! ရန်သူတိုက်ခိုက်မှု! တစ်ယောက်ယောက်က ငါတို့ဗောဓိကျောင်းထဲကို ကျူးကျော်လာပြီ! မြန်မြန်! ဗုဒ္ဓဂိုဏ်းသားအားလုံး မြန်မြန်တိုက်ခိုက်ကြ။"

သတိပေးခေါင်းလောင်းမှာ နောက်ဆုံးတော့ မြည်သွားတော့သည်။ ‌မရေတွက်နိုင်သော ဗုဒ္ဓဂိုဏ်းသားများမှာ တောင်မှ ထိုးဆင်းလာကြသည်။

ဗုဒ္ဓအလင်းမှာ ဗောဓိကျောင်းတောင်ပေါ်တွင် တောက်ပစွာ လင်းထိန်နေ၏။ တောင်ခြေ‌တွင် လူရွယ်၏ကိုယ်မှာ နတ်နိမိတ်နှင့်တူနေကာ သူ၏နောက်မှ အရာအားလုံးသည်လည်း အနီရောင်ဖြစ်နေ၏။

ထိုဘက်နှစ်ဘက်မှာ ချက်ချင်းပင် အသက်ရှူသံတစ်ကြိမ်အတွင်း၌ ထိခတ်သွားကာ ရွှေရောင်မှ အနီခွဲခြမ်းပေးသည့် မျဉ်းကြောင်းတစ်ခုဖြစ်ပေါ်လာတော့သည်။

ဗောဓိကျောင်းတပည့်များအကြား အားအနည်းဆုံးမှာ နတ်ဘုရားအားဖြစ်ပေါ်စေခြင်းအထက်အဆင့်ဖြစ်သည်။

၎င်းတို့အားလုံးမှာ နတ်ဘုရားလောကမှာ ရွေးချယ်လာကဲ့သော ဉာဏ်ကြီးရှင်လေးများဖြစ်သည်။

အဆင့်နိမ့်ခွန်အားနှင့် ထိုသူတို့မှာ အခြားဗုဒ္ဓဂိုဏ်းခွဲများအား ပို့ဆောင်ခံထားရကာ ဗောဓိကျောင်းတွင် နေရန် အရည်အချင်းမမီပါချေ။

သို့သော်၊ ထို ဗုဒ္ဓဆရာကြီးများ၏မျက်နှာတွင် လူရွယ်က လုံးဝကိုမကြောက်ဟန်ပေါ်နေသည်။

ဘက်နှစ်ဘက်ထိခတ်မိသွားသည့်အခိုက်တွင် ‌ဗုဒ္ဓဂိုဏ်းသားအယောက်နှစ်ဆယ်မှာ နေရာ၌ပေါက်ကွဲသွားကာ ရွှေရောင်သွေးမြူမှုန်များအဖြစ်ပြောင်းလဲသွားပြီး လူရွယ်၏ စုပ်ယူခြင်းကိုခံလိုက်ရသည်။

ထို့နောက်တွင် လူရွယ်မှာညာလက်ကိုဝေ့ယမ်းလိုက်သည်တွင် သူ၏အနီရောင်လှံတစ်ခုမှာချက်ချင်းပင် လက်တွင်း၌ပေါ်ထွက်လာသည်။

မည်သူမျှ သူ၏လှံတံကိုခုခံနိုင်မည်မဟုတ်ချေ။

သူ၏လက်ကောက်ဝတ်တစ်ချက်လှည့်ရင်း ရှေးဟောင်းဟိန်းဟောက်သံတစ်ခုအား ‌လှံတံထိပ်ဖျားတွင် ထုတ်ဖော်လိုက်သည်။

အေးစက်သောအလင်းတစ်ခုနှင့် ကမ္ဘာမြေတုန်လှုပ်ဖွယ်ရောင်ဝါမှာ လှံတံမှာ ဟိန်းထွက်လာကာ နဂါးကြီးတစ်ကောင်အသွင်ပြောင်းသွားသည်။

သွေးနဂါးမှာ လူအုပ်ထဲသို့‌ဝင်ရောက်သွားကာ ဗောဓိတောင်ထက်၌ အချင်း မီတာတစ်ထောင်ထက်ပိုသော မြေတွင်းကြီးအား ထွက်ပေါ်လာစေသည်။

၎င်းမှာ ဗုဒ္ဓဂိုဏ်း၏ မြင့်မြတ်နယ်မြေဟု သိရှိထားသည်။ ဤနေရာရှိ မြေလက်မစီတိုင်းမှာ ဗုဒ္ဓတာအိုမှ နှစ်များစွာ ပျိုးထောင်လာခဲ့‌ရသည့်နေရာဖြစ်၏။ ၎င်း၏မာကြောမှုမှာ အနည်း‌ဆုံး နတ်တစ်ပိုင်းပစ္စည်းအဆောင်လက်နက်နှင့်ပင်ယှဉ်နိုင်သည်။ ၎င်းမှာ အပြင်ဘက်ရှိ သာမန်ကျောက်တုံးများ နှိုင်းယှဉ်နိုင်ရန် အင်မတန်ဝေးနေပါချေသေးသညခ။

သို့သော် ၎င်းမှာ တစ်ဖက်လူ၏တိုက်ခိုက်မှုအား မခုခံနိုင်‌နေ‌ဆဲ ဖြစ်သည်။

တစ်ချိန်တည်းတွင် ဗုဒ္ဓဂိုဏ်းသား ၅၀၀မှာ ထိုတစ်ကွက်တည်းဖြင့် အသတ်ခံလိုက်ရ၏။

သွေးအဆီအနှစ်တိုးထွက်လာပြီး မရေတွက်နိုင်သောရောင်ဝါများပျံ့နှံ့လာကာ အခြားသော ဗုဒ္ဓဂိုဏ်းသားများအပေါ်ပျံ့ကြဲသွားလျက် အကာအကွယ်အတားအဆီးများကိုလှိုက်စားသွားတော့သည်။

ထိုစွမ်းအားအောက်တွင် ဗုဒ္ဓဂိုဏ်းသားများ၏ အမူအရာမှာ ပြောင်းလဲသွားကာ ချက်ချင်းပြန်ဆုတ်လိုက်ကြ၏။

"အဲ့ဒီသွေးကိုမထိနဲ့!"

တစ်ယောက်ယောက်က အော်ဟစ်လိုက်သည်။ လူတိုင်းမတုံ့ပြန်နိုင်ခင်တွင် လူရွယ်မှာ သူ၏လှံတံအား မြေပြင်သို့ ရိုက်ခတ်လိုက်ပြီးဖြစ်သည်။ သူ၏လက်ကောက်ဝတ်အားအနည်းငယ်လှုပ်ခတ်ရုံနှင့် မြေပြင်ရှိသွေးမှာ တကယ်ကိုပင် သွေးချည်မျှင်များအဖြစ်ပြောင်းလဲကာ ချက်ချင်း ဗုဒ္ဓဂိုဏ်းသားများ၏ ကိုယ်အား ဝါးမြိုသွားတော့သည်။

"မကောင်းတော့ဘူး!"

လူတိုင်း၏အမူအရာမှာ ဆိုးဆိုးရွားရွားပြောင်းလဲသွားတော့သည်။ ၎င်းတို့လွတ်မြောက်ကာနီးတွင် ထိုသွေးသံချေးတက်ခြင်းမှာ ၎င်းတို့၏ နတ်ဝိဉာဉ်စွမ်းအားအကာအကွယ်ကို လှိုက်စားကာ ကိုယ်တွင်းသို့ စိမ့်ဝင်သည်ကို တွေ့ရှိသွားသည်။

"အားးး..."

အော်သံများမှာ နေရာအနှံ့တွင် ထွက်ပေါ်လာသည်။ ထိုသွေးမှာ သွေးချည်မျှင်များအဖြစ်ပြောင်းကာ ၎င်းတို့၏ အရိုးနှင့်အသားများအား တိုက်ရိုက်လှိုက်စားသွားတော့၏။

၎င်းတို့မှာ နတ်ဝိဉာဉ်စွမ်းအားကို ဗုဒ္ဓစွမ်းအားအသွင်ပြောင်းပြီး ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရန် ဗုဒ္ဓဂိုဏ်း၏ မဟာယနဝါဂျရာအနုပညာနှင့် ရွှေခေါင်းလောင်းအကာအရံအား အသုံးပြုဖို့ရာ ၎င်းတို့၏အသက်များအား ရင်းလျှင်ပင် အသုံးမဝင်ဘဲ စွမ်းအင်ဖြုန်းတီးမှုသာဖြစ်ပေလိမ့်မည်။

ထိုတိုက်ကွက်မှာ ဗုဒ္ဧဂိုဏ်းသား တစ်ရာနီးပါး၏ကိုယ်များအား အရှင်လတ်လတ် ပိုင်းဖြတ်ခြင်းကို ခံသွားရစေသည်။

၎င်းတို့အားလုံးမှာ အပြင်းအထန်ဒဏ်ရာရနေကြ၏!

"အမိတာဘ။ ရှန်းဇိုင်း ရှန်းဇိုင်း။ မင်းရဲ့ လူသတ်ငွေ့က အင်မတန်သန်မာပါတယ်။ ကျုပ်တို့ ဗောဓိကျောင်းဆီ ကျူးကျော်လာတာအတွက် ရှင်းပြချက်တစ်ခုမပေးတော့ဘူးလား?"

ဗုဒ္ဓတစ်ပါး၏ ဆိုခြင်းနှင့်အတူ အခြားသော ဗုဒ္ဓဂိုဏ်းသားတစ်သုတ်မှ တောင်မှ ပျံထွက်လာသည်။ ထိုထဲတွင် ၎င်းတို့မှာ ၇၀၀ထက်ပင်ကျော်လွန်နေကာ အားလုံးမှာ ဆယ်ပါးသော သိုင်းနတ်ဘုရားအဆင့်နှင့်အထက်များဖြစ်ကြသည်။

၎င်းတို့ပေါ်ထွက်လာသည်နှင့် နောက်ဘက်ရှိ နတ်ဝိဉာဉ်များမှာ တောက်ပလာတော့သည်။ ၎င်းတို့မှာ အဓိကဗုဒ္ဓအရှင်မြတ်များဖြစ်ကြကာ ထိုအထဲ၌ တစ်ရာသောတိုက်ပွဲနတ်ဘုရားအဆင့်အချို့လည်း ရောနှောနေသည်။

အဝေးမှ ဗုဒ္ဓရာချီမှာ ရွှေရောင်အလင်းအား ထုတ်လွှတ်လျက် တောင်မှ စောင့်ကြပ်ပေးနေသလိုပါပင်။

၎င်းတို့မှာ ဆယ်ပါးသောသိုင်းပွဲနတ်ဘုရားအဆင့်ရာချီဖြစ်၏!

ထိုသို့သော တပ်ဖွဲ့မှာ နတ်ဘုရားလောကရှိမည်သည့်အဖွဲ့အစည်း၏အင်အားကိုမဆို ကြီးမားစွာ တိုးမြင့်လာစေနိုင်သည်။

သို့သော် ထိုလူရွယ်မှာ ၎င်းတို့အား ကြည့်ပင်မကြည့်ပါချေ။ သူဟာ မြေပြင်မှ ‌လှံတံအားဆွဲထုတ်လိုက်ကာ နှာခေါင်းရှုံ့လိုက်ပြီး ရှေ့‌သို့လှမ်းလာတော့၏!

သိပ်သည်းသောသွေးနီရောင်အလင်းမှာ တမုဟုတ်ချင်းပင် လှံတံမှထွက်လာကာ ပေပေါင်း တစ်သိန်းအထိရောက်ရှိသွားတော့သည်။

၎င်းမှာ လှံတံအား ကောင်းကင်တိုင်ရောက်ရှိစေမည့် သွေးဓားအဖြစ်ပြောင်းတော့မည့်ဟန်ပါပင်!

ထိုလူရွယ်မှာ သူ၏လက်အားလွှဲကာ ထိုသွေးဓားအား ပစ်လွှတ်လိုက်တော့သည်။ သွေးရောင်နတ်ဆိုးအလင်းမှာ ကောင်းကင်တစ်ခုလုံးအား လေထုထဲတွင်ပင် ဆုတ်ဖြဲတော့မလိုပါပင်။

ဘုန်း!

၎င်းမှာ ပြေးလာနေသောဗုဒ္ဓဂိုဏ်းသားရာချီအကြားသို့ တိုက်ရိုက်သက်ဆင်းသွားသည်။

အားလုံးနီးပါးမှာ သွေးဓားလမ်းကြောင်းသို့ရောက်ရှိကာ ထိုအခိုက်မှာပင် အသတ်ခံလိုက်ရတော့၏။ ၎င်းတို့အားလုံးမှာ သွေးဓား၏ရောင်ဝါကြောင့် ဖုန်မှုန့်များအဖြစ်သို့ ပြန့်ကျဲသွားတော့သည်။

"စွမ်းအားကြီးလိုက်တာ!"

သူ၏ဓားအလင်းကြောင့် နှစ်ဘက်လုံးသို့ ဖြန့်ကျက်လိုက်ကြသော လူများမှာ ထိုအခိုက်၌ အင်မတန်ထိတ်လန့်သွားကာ ၎င်းတို့၏ဦးနှောက်များမှာလည်း ထုံထိုင်းလာတော့သည်။

"ဆယ်ပါးသောသိုင်းနတ်ဘုရားအဆင့်အဖွဲ့လောက်လေးနဲ့ ကျုပ်ကိုရှင်းပြစေချင်တယ်ပေါ့? မင်းတို့ကောင်တွေက ထိုက်တန်လို့လား?"

ထိုသို့ပြောကာ တစ်ဖက်လူ၏ကိုယ်မှာ‌ နေရာပြောင်းရွေ့လိုက်ပြီး သိုးအုပ်ထဲသို့ ဝင်လာသည့် ဆာလောင်နေသာကျားတစ်ကောင်ကဲ့သို့ ရူးသွပ်စွာ တိုက်ခိုက်လိုက်တော့သည်။

ဗုဒ္ဓဂိုဏ်းသားများမှာ လုံးဝကို သူ၏ပြိုင်ဘက်မဟုတ်ပါချေ။ ထိုနေရာတွင် များပြားလှသော ‌ဆယ်ပါးသောတိုက်ပွဲနတ်ဘုရားအဆင့်ပညာရှင်များရှိပါသော်လည်း ၎င်းတို့မှာ သူ့အား ပုရွက်ဆိတ်များကဲ့သို့သာ နင်းချေ‌မိစေနိုင်သည်။

သတ်ဖြတ်မှုမှာ ပျံ့နှံ့နေကာ သွေးများမှာလည်း စီးဆင်းနေ၏။

ထိုအခိုက်တွင် ထိုနေရာမှာ ကမ္ဘာကြီး၏အဆုံးနှင့်ပင်တူနေပါ၏။

"ရပ်လိုက်တော့! မင်းကများ ငါတို့ဗုဒ္ဓဂိုဏ်းသားတွေကို ထိခိုက်အောင်လုပ်ရဲတယ်ပေါ့! မဟုတ်ရင် မင်းကို အလွတ်မပေးဘူး!"

ထိုအခိုက်တွင် ပျံသန်းလာသည့် လူမှာ ဗုဒ္ဓဂိုဏ်း၏တစ်ရာသောတိုက်ပွဲနတ်ဘုရားအဆင့်သာဖြစ်သည်ပင်!

၎င်းတို့တွင် ဆယ်ပါးသောသိုင်းနတ်ဘုရားအဆင့်အား ကျော်လွန်နေသော စွမ်းအားကြီးကြီးမားမားရှိချေသည်။ စွမ်းအားကြီးသောတိုက်ကွက်ဖြင့် ၎င်းတို့မှာ ထိုလူရွယ်အား ဖိနှိပ်လိုက်ကာ ဗုဒ္ဓဂိုဏ်းသားများအား သတ်ဖြတ်နေခြင်းမှ ရပ်တန့်စေလိုက်သည်။

သို့သော် ထိုလူရွယ်မှာ ထိုသည်အား အချိန်ကြာ ခန့်မှန်းလာခဲ့ပုံပေါ်၏။

၎င်းတို့အား လုံးဝဂရုမစိုက်ဘဲ လူအုပ်ထဲရှိ ဆယ်ပါးသောသိုင်းပွဲနတ်ဘုရားအဆင့်ပညာရှင်များအား ဆက်လက်သတ်ဖြတ်နေဆဲပင်!

လှံတံတစ်ခုဖြင့် သူဟာ ဆယ်ပါးသောသိုင်းနတ်ဘုရားအဆင့်ပညာရှင်အများအပြားကို သတ်ခဲ့သည်။ ဟင်းသီးဟင်းရွက်များ လှီးဖြတ်သလိုပါပင်။

တစ်ရာသောတိုက်ပွဲနတ်ဘုရားအဆင့်ပညာရှင်များမှာ ရူးသွပ်တော့မလိုပင်။ ၎င်းတို့၏မျက်လုံးများမှာ နီရဲလျက် ၎င်းတို့မှာ မွန်မြတ်သောဗုဒ္ဓဘုန်းတော်ကြီးများမဟုတ်တော့ဘဲ သွေးဆာနေသော ယက္ခဘီလူးအုပ်စုဖြစ်သွားကြသလိုဖြစ်နေကြ၏။

လူတိုင်းမှာ ဟိန်းဟောက်လိုက်ကာ အရူးအမူး ပျံထွက်သွားတော့၏။

၎င်းတို့နောက်ရှိ ဗောဓိနှင့် ရဟန္တာနတ်ဝိဉာဉ်များမှာ စွမ်းအားကြီးကာ တောက်ပနေသော အလင်းကိုထုတ်လွှတ်နေသည်မှာ ထိုကမ္ဘာအား မဟာဗုဒ္ဓစွမ်းအားဖြင့် သန့်စင်လိုက်သလိုပါပင်!

လူရွယ်မှာ ဘယ်တော့မှ မပူပန်ပါချေ။ သူ၏လက်ရှိ လှံတံဖြင့် ဗုဒ္ဓဂိုဏ်း၏ ဆယ်ပါးသောဧကရာဇ်သိုင်းနတ်ဘုရားများအား တည်ငြိမ်စွာ ဆက်လက်သတ်ဖြတ်လိုက်၏။

ထို တစ်ရာသောတိုက်ပွဲနတ်ဘုရားဟုခေါ်သော ပညာရှင်များမှာ သူ၏ရှေ့မှောက်တွင် ဖော်ပြဖို့ရာပင် မထိုက်တန်သလိုပါပင်!

"ခွေးကောင်! မင်းရပ်လိုက်တာပိုကောင်းမယ်! သေလိုက်!"

ဒေါသတကြီးအော်သံနှင့်အတူ တစ်ရာသောတိုက်ပွဲနတ်ဘုရားများမှာ သူ၏ဘေးသို့ရောက်ရှိလာတော့သည်။ ၎င်းတို့၏ နတ်ဝိဉာဉ်များမှာ ရွှေရောင်အလင်းဖြင့် ပေါက်ကွဲသွားသော်လည်း ထိုသွေးနီရောင်နတ်ဝိဉာဉ်များနှင့် တစ်ဖက်လူ၏ လူသတ်ငွေ့အား ဖိနှိပ်ခြင်းမပြုနိုင်ပါချေ!

သူမရောက်ရှိခင်တွင် ၎င်းတို့မှာ တိုက်ခိုက်မှုများအားထုတ်ဖော်လိုက်ကြသည်။ တစ်ဖက်လူရောက်လာသည်နှင့် မရေတွက်နိုင်သော ဗုဒ္ဓကျင့်စဉ်များမှာ လူရွယ်၏ကိုယ်ပေါ်၌ ပေါက်ကွဲသွားတော့၏။

ဘုန်း! ဘုန်း! ဘုန်း!

ဗုဒ္ဓကျင့်စဉ် ရာချီမှာ လူရွယ်ထံသို့ တစ်ညီတည်းဆင်းသက်သွားတော့သည်။ လေထုမှာ နေရာ၌ပင်ပေါက်ကွဲကာ နတ်ဝိဉာဉ်စွမ်းအားမှာ ဆောင့်ထွက်လာ၏။

"ငါတို့အောင်မြင်သွားပြီလား?"

လူတိုင်းထိုမေးခွန်အားမေးလိုက်ချိန်တွင် သွေးလွှမ်းနေသောလက်ကြီးတစ်ဖက်မှာ ပေါက်ကွဲမှုအလင်းထံမှ ဆန့်ထွက်လာပြီး တစ်ရာသောတိုက်ပွဲနတ်ဘုရားအဆင့်တစ်ယောက်၏လည်ပင်းအား ဖမ်းဆုပ်လိုက်တော့သည်။

ခွပ်!

အသံနှင့်အတူ သူ၏လည်ပင်းမှာ ကျိုးသွား၏။

၎င်းမှာ အ‌ဆုံးသတ်မဟုတ်ပါချေ၊ အကြောင်းမှာ ၎င်းထံတွင် အသက်စွမ်းအားကောင်းကောင်းရှိပြီး အလွယ်တကူမသေဆုံးနိုင်ခြင်းကြောင့်ပါပင်။ သူဟာတိုက်ခိုက်နိုင်နေသေး၏!

သူဟာ နတ်လက်နက်အား အားကုန်သုံးကာ လှည့်ပတ်လိုက်ပြီး သူ့အားသတ်ချင်နေသည့် ထိုသွေးရောင်ပုံရိပ်အား အရူးအမူး တိုက်ခိုက်လိုက်သည်။ ကံမကောင်းစွာဖြင့် သူဟာ တစ်ဖက်လူ၏ အကာအကွယ်ကိုပင် မချိုးဖြတ်နိုင်ပါချေ။

တစ်ဖက်လူမှာ တစ်ရာသောတိုက်ပွဲနတ်ဘုရားအဆင့်ပညာရှင် အုပ်စုထဲသို့ ပြေးဝင်လာတော့သည်။

သွေးရောင်လှံတံမှာ ဆာလောင်နေသော‌ကျားက တောငါကို စွန့်ခဲ့သည်နှင့်ပင်တူနေ၏။ ၎င်းဖြတ်သွားသည့်နေရာတိုင်းတွင် အသက်တချို့အား အဆုံးသတ်လိမ့်မည်ပင်။

တစ်ရာသောတိုက်ပွဲနတ်ဘုရားအဆင့်များကိုပင် သူ၏ရှေ့မှောက်၌ အားနည်းသောပုရွက်ဆိတ်လေးတစ်ကောင်ကဲ့သို့ ဖျက်ဆီးချေမွနိုင်သည်။ ၎င်းတို့မှာ ထို ဆယ်ပါးသောသိုင်းနတ်ဘုရားအဆင့်များထက် များများစားစားသန်မာသည့်ဟန်ပင် မပေါ်ပါချေ။

လည်ပင်းအားဖမ်းဆုပ်ခံထားရသည့် တစ်ရာသောတိုက်ပွဲနတ်ဘုရားအဆင့်မှာ ပြိုလဲကျလုနီးနီးဖြစ်နေ၏။

ထိုလူရွယ်မှာ တမင်သက်သက်သူ့အား အသက်ဆက်ရှင်ခွင့်ပေးထားသလိုပါပင်။ ထိုသူဟာ သူ့အား မလွတ်မြောက်စေရန် ထိုသူ့အားထိ‌ခိုက်အောင်မလုပ်နိုင်ရန် ဖမ်းဆုပ်ရုံသာ ထားသည်ပင်။

ထိုသူဟာ သူ့အား ဗုဒ္ဓဂိုဏ်းသားများအား တစ်ယောက်ပြီးတစ်ယောက်သတ်နေသည်ကို ကြည့်စေလိုနေသည်။

"ရပ်! ရပ်လိုက်တော့!"

သူဟာ အသံပြာဝေစွာအော်နေသော်လည်း လူရွယ်မှာ လုံးဝ နောက်မဆုတ်ပါချေ။

သူဟာ ဆက်လက်သတ်ဖြတ်နေကာ သူ၏တိုက်ခိုက်မှုများက ပို၍ပို၍ပြင်းထန်လာ၏!

"ပြေး! ပြေး!"

ထိုအခိုက်တွင် တစ်ရာသောတိုက်ပွဲနတ်ဘုရားအဆင့်သည်ပင် စိတ်ဖိအားဒဏ်ကို တောင်မ့ခံနိုင်ဘဲ အခြားသောပုရွက်ဆိတ်များကဲ့သို့ ထွက်ပြေးရန်သာရွေးချယ်လိုက်သည်။

ထိုလူရွယ်မှာ ထို မြင်ကွင်းအား အတော်ကြာ မျှော်လင့်ထားရဟန်ပေါ်ကာ စိတ်အပြောင်းအလဲသိပ်မဖြစ်ဘဲ သူ၏နတ်ဝိဉာဉ်ကိုသာ ဖြန့်ကျက်လိုက်သည်။

ဒါက ဘယ်လိုနတ်ဝိဉာဉ်လဲ?!

၎င်းမှာ ကျောက်စိမ်းကဲ့သို့ မည်းနက်နေသော အနက်ရောင်တွင်းကြီးတစ်ခုပင်ဖြစ်သည်။ ၎င်းတွင် အလင်းရောင်လုံးဝမရှိပါချေ၊ ၎င်းမှာ ကောင်းကင်နှင့်မြေကြီးအား ဝါးမြိုတော့မည့်ဟန်ပေါ်နေကာ မည်သူကိုမှ မျှော်လင့်ချက်ပင်မပေးပါချေ!

၎င်းမှာ အနက်ရောင်ကြာပွင့်ထက်တွင်ဖြစ်၏။ ၎င်းတွင် မည်သို့သောသန့်စင်မှုမှ မပါဝင်ဘဲ အသက်ရှူမဝနိုင်လောက်သော ရောင်ဝါကိုသာ ထုတ်ဖော်ထားသည်။

နတ်ဝိဉာဉ်ပေါ်လာသည်နှင့် ၎င်းမှာ တဖြည်းဖြည်း လည်လာသည်။ ဗောဓိနတ်ဝိဉာဉ်များနှင့် ဗောဓိသဗ္ဗနတ်ဝိဉာဉ်များပင်ဖြစ်ပါစေ ၎င်းတို့မှာ အလောင်းတွေထံမှ ဖယ်ထုတ်ခံရကာ အနက်ရောင်တွင်းထဲသို့စုပ်ယူခံရပြီး တစ်ဖက်လူ၏နတ်ဝိဉာဉ်အာဟာရဖြစ်လာမည်ပင်။

၎င်းမှာ အခြားသောနတ်ဝိဉာဉ်များအား ဝါးမြိုသည့်နတ်ဝိဉာဉ်တစ်ခုဖြစ်သည်!

လည်ပင်းအားဖမ်းဆုပ်ခံထားရသော ဗုဒ္ဓဂိုဏ်းသားမှာ ထိုသည်ကိုမြင်သည်တွင် ပြိုလဲသွား၏။

ထိုလူမှာ တကယ်ကို နတ်ဝိဉာဉ်များအား ဝါးမြိုနိုင်သည်လား! သူပဲအိပ်မက်မက်နေတာလား?

နတ်ဝိဉာဉ်များအား တကယ်ကိုပင် ဝါးမြိုနိုင်သည်လား?

သူဟာမတုံ့ပြန်နိုင်ခင်တွင် ပိုမိုအားကောင်းသောအရှိန်အဝါများစွာမှာ ‌တစ်ခဏအကြာ၌ အထက်မှ ဆင်းသက်လာသည်။ ထိုအရှိန်အဝါများမှာ သူ၏ကိုယ်ပိုင်ထက်ပင် အဆများစွာ သန်မာအားကောင်းလေသည်!

"ဒါက တစ်ထောင်သောစစ်ပွဲနတ်ဘုရားအဆင့်ပညာရှင်တွေပဲ! ငါတို့ဗုဒ္ဓဂိုဏ်းရဲ့တစ်ထောင်သောစစ်ပွဲနတ်ဘုရားအဆင့်ပညာရှင်တွေ! ဟားဟားဟားဟား... ငါတို့ဗုဒ္ဓဂိုဏ်းရဲ့တစ်ထောင်သောစစ်ပွဲနတ်ဘုရားပညာရှင်တွေက ဒီမှာပဲ။ မင်းဒီတစ်ခေါက်တော့ သေတာကိုကြည့်ရတော့မယ်!"

တောင်ဘက်တွင် တစ်ထောင်သောစစ်ပွဲနတ်ဘုရားအဆင့်ပညာရှင်များမှာလည်း ထိုမြင်ကွင်းကို မြင်ကာ ချက်ချင်း အော်ပြောလိုက်တော့၏။

"ရပ်လိုက်စမ်းကောင်စုတ်လေး။ လုပ်ရဲတယ်ပေါ့!"

ခွပ်!

သို့သော် စကားမဆုံးခင်မှာပင် ထိုလူရွယ်မှာ သူ၏လက်ကို ချက်ချင်းပြန်ရုတ်လိုက်၏။ တစ်ခဏအတွင်းတွင် ထို ဓားစာခံ၏လည်ပင်းမှာ လုံးဝကျိုးသွားကာ သူ၏ ခေါင်းမှာ လည်ပင်းနှင့် သီးခြားဖြစ်သွားတော့၏။

***

All Chapters