အခန်း (၃၈၁-၃၈၅)
Vol. 26 Ch. 381-385
အပိုင်း ၃၈၁ မင်းတို့နဲ့မထိုက်တန်ဘူး
သူဟာ တစ်ဖက်လူ၏လည်ပင်းအားချိုးလိုက်သည့် အခိုက်တွင် ထိုလူ၏နတ်ဝိဉာဉ်ကိုပါ သူ၏နောက်ရှိ နတ်ဝိဉာဉ် အနက်ရောင်တွင်းဆီသို့ စုပ်ယူလိုက်၏။
ခွပ်! ခွပ်!
ထိုနတ်ဝိဉာဉ်မှာ လက်မတစ်ခုချင်းစီကျယ်ပြန့်လာကာ ဗောဓိနတ်ဝိဉာဉ်အား အရှင်လတ်လတ်ဝါးမြိုလျက် အပိုင်းအစများအဖြစ်သို့ချေမှုန်းလိုက်တော့သည်!
ထိုကြောက်မက်ဖွယ်မြင်ကွင်းမှာ နေရာတွင်းရှိ ဗုဒ္ဓဂိုဏ်းသားများအား ကြောက်ရွံ့သွားစေသည်။ ၎င်းတို့၏အမူအရာမှာ အော်လိုက်သည်နှင့် ဆိုးဆိုးရွားရွားပြောင်းလဲသွားသည်။
ထိုတစ်ထောင်သောစစ်ပွဲနတ်ဘုရားအဆင့်ပညာရှင်အချို့မှာ အင်မတန်ဒေါသထွက်သွားကြ၏။
"ခွေးကောင်! မင်းကအရမ်းဘဝင်မြင့်လွန်းတယ်! ငါတို့မင်းကို မသတ်ရရင် ငါတို့ဗုဒ္ဓဂိုဏ်းက လေးစားဖို့ကို ဘယ်လိုမိန့်ဆိုရမှာလဲ? သတ်ကြ!"
ဒေါသသံဖြင့် တစ်ထောင်သောစစ်ပွဲနတ်ဘုရားအဆင့်ပညာရှင်အားလုံးမှာ ပိုမိုပင်မြန်ဆန်သောနှုန်းဖြင့် တိုက်ခိုက်လိုက်၏။
ထိုသွေးရောင်လူရွယ်မှာ ယခင်ကအတိုင်းပင် စွမ်းအင်မြင့်မားလျက် အသေးဆုံးသောကြောက်ရွံ့မှုလေးပင်ရှိမနေပါချေ။
ထိုတစ်ထောင်သောစစ်ပွဲနတ်ဘုရားအဆင့်ပညာရှင်များရောက်လာချိန်တွင် ထိုလူရွယ်မှာ သူ၏လက်တွင်းရှိ လှံတံကိုလွှဲယမ်းလျက် ပထမဆုံးတစ်ယောက်၏ ခေါင်းအား တိုက်ရိုက်ပင် ခွဲလိုက်၏။ ရွှေရောင်သွေးများ ထွက်လာကာ သွေးအဆီအနှစ်အဖြစ်သို့ စုပ်ယူခံလိုက်ရပြီး အနီရောင်သွေးအဖြစ်ပြောင်းလဲသွားသည်။
ထိုတစ်ဖက်လူ၏နတ်ဝိဉာဉ်မှာ တွင်းနက်ကြီး၏ အရှင်လတ်လတ်ဝါးမြိုခြင်းကိုခံလိုက်ရတော့သည်။
ဒုတိယ တစ်ထောင်သောစစ်ပွဲနတ်ဘုရားအဆင့်မှာ နတ်ဝိဉာဉ်တုတ်ချောင်းအား ကိုင်ဆောင်ကာ ဗုဒ္ဓနဂါးရိုက်ခြင်းအနုပညာအား အသုံးပြုလိုက်၏။ သူ၏တုတ်မှာ လူရွယ်အား ရိုက်နှက်လိုက်သော်လည်း သွေးရောင်လူသတ်ငွေ့အဖြစ်သို့ပြောင်းလဲသွားကာ လုံးဝ ရှေ့တိုးနိုင်စွမ်းမရှိတော့ပါချေ။
တစ်ချိန်တည်းတွင် အန္တရာယ်အငွေ့အသက်မှာ သူ့အားအလျင်အမြန်တိုက်ခိုက်လိုက်ပြီး အင်မတန်ကြောက်ရွံ့သွားသည်နှင့် မျက်ဝန်းများကိုပင် တွန့်သွားစေသည်။
မတုံ့ပြန်နိုင်ခင်မှာပင် သွေးစီးလက်မှာ သူ၏ မဟာယနရွှေခေါင်းလောင်းအကာအရံနှင့် မဟာယနဝါဂျရာအနုပညာအား ချိုးဖျက်လိုက်သည်။ တစ်ဖက်လူ၏လက်မှာ သူ၏ရင်ဘတ်အား အလွယ်တကူထိုးခွင်းသွားကာ ခုန်နေသောနှလုံးအားဆွဲထုတ်လျက် သူ၏ရှေ့မှောက်တွင်ပင် ဖိချေလိုက်တော့သည်!
ဘုန်း!
"ဆရာတူညီလေး!"
နောက်ဘက်ရှိတစ်ထောင်သောစစ်ပွဲနတ်ဘုရားမှာအော်ဟစ်ကာ တစ်ဖက်လူရှေ့သို့ နေရာပြောင်းရွှေ့လိုက်တော့၏။ သူ၏မျက်လုံးများကဝေဝါးနေကာ တစ်ဖက်လူမှာ သူ၏နောက်သို့ ပို၍မြန်ဆန်သောအရှိန်ဖြင့် ရောက်ရှိလာတော့သည်။
"မကောင်းတော့ဘူး!"
သူ၏နှလုံးတွင် အန္တရာယ်အား အာရုံခံမိသည်နှင့် ရိုးတွင်းမှပင် နာကျင်မှုကိုခံစားလိုက်ရတော့၏။ သူ၏ကိုယ်မှာ တကယ်တွင် တစ်ဖက်လူ၏ဆွဲထုတ်ခြင်းကို ခံလိုက်ရသည်။
"အာ့!"
ဝမ်းနည်းဖွယ်ရာအော်သံနှင့်အတူ တစ်ထောင်သောစစ်ပွဲနတ်ဘုရားအဆင့်ပညာရှင်၏ သွေးအဆီအနှစ်မှာ တိုးထွက်လာကာ တမုဟုတ်ချင်းပင် ဖုန်မှုန့်အဖြစ်ပြောင်းသွားပြီး အရိုးများပင်မကျန်ရှိခဲ့တော့ပါချေ။
နောက်ထပ်လူသတ်ပွဲမှာစတင်လေပြီ။ ထိုတစ်ထောင်သောစစ်ပွဲနတ်ဘုရားအဆင့်ပညာရှင်များမှာ ထိုလူရွယ်၏ရှေ့မှောက်တွင် ပုရွက်ဆိတ်ငယ်အုပ်စုမျှသာဖြစ်ပြီး လုံးဝမခုခံနိုင်ပါချေ။
"မြန်မြန်၊ မဟာယနနတ်ဘုရားဘုရင်အဆင့်ပညာရှင်တွေကို ခေါ်လိုက်!"
အော်သံတစ်ခုမှာ တောင်၏လမ်းတစ်ဝက်မှ ထွက်ပေါ်လာကာ မဟာယနနတ်ဘုရားဘုရင်အဆင့်ပညာရှင်များက မျက်တောင်တစ်ခတ်အတွင်းတွင် ရောက်ရှိလာတော့၏!
အလင်းပေါင်း ၃၀၀မှာ ဗောဓိတောင်တစ်ခုလုံးအား လင်းထိန်သွားစေသည်။
သို့သော်၊ မဟာယနနတ်ဘုရားဘုရင်အဆင့်ပညာရှင်များ မတိုက်ခိုက်နိုင်ခင်တွင် ၎င်းတို့မှာ ပိုမိုအားကောင်းသောအရှိန်အဝါ၏ ဖိနှိပ်ခြင်းကိုခံလိုက်ရ၏။
"အမိတာဘ! ဒီကလေးရဲ့ကျင့်ကြံဆင့်က သေမျိုးလောကကိုတောင် ကျော်လွန်နေပါရောလား။ ကျုပ်တို့ မဟာယနနတ်ဘုရားဘုရင်အဆင့်တွေကို လွှတ်မယ်ဆိုရင် သာမန်တွေသာ ပိုများနေမှာပဲ။ ဒါကအဓိပ္ပာယ်မရှိဘူး။ ပြန်ဆုတ်ကြစို့။"
မဟာယနနတ်ဘုရားဘုရင်အဆင့်ပညာရှင်များ၏ နှလုံးအိမ်များမှာ ရုတ်တရတ်တုန်ရီလာ၏။
မဟာယနနတ်ဘုရားဘုရင်အဆင့်ပညာရှင်တွေကတောင် ဒီလူရွယ်ကို မခုခံနိုင်ဘူးတဲ့လား? ဒါဆိုရင် ဒီလူကို အမတနတ်ဘုရားဧကရာဇ်တစ်ယောက်ကပဲ ထိန်းထားနိုင်မှာလား?
သို့သော် ၎င်းတို့မှာ သံသယဝင်ရန်အချိန်မရသောကြောင့် ထိုသတင်းအား နတ်ဘုရားဧကရာဇ်အဆင့်ဘုန်းတော်ကြီးထံသို့ ပို့လိုက်တော့သည်။
၎င်းတို့မှာ နတ်ဆိုးတစ်ယောက်အား သတ်ခြင်းအတွက် အကြွေးကျန်စရာလည်းမလိုနေပါချေ။
တောင် တစ်ဘက်တွင် တစ်ထောင်သောစစ်ပွဲနတ်ဘုရားအဆင့်ပညာရှင်များမှာ ကြွက်များပျံသကဲ့သို့ ဖြစ်သည့်တိုင် ရိုက်ခံနေရသည်။ ၎င်းတို့ထဲမှ မည်သူမျှ တစ်ဖက်လူအား မတိုက်ခိုက်ဝံ့ကြပါချေ။
တစ်ဖက်လူနှင့် ၅၀မီတာအကွာတွင်ရှိနေလျှင်ပင် သေဖို့လမ်းကြောင်းပေါ်ရောက်နေသည်နှင့် ညီမျှချေသည်။
ထို့အပြင် ၎င်းတို့မှာ လုံးဝထွက်မပြေးရဲပါချေ၊ အကြောင်းမှာ ထိုလူ၏ကျင့်ကြံဆင့်နှင့် စွမ်းအားမှာ အင်မတန်အားကောင်းလွန်းလှသောကြောင့်ပင်!
တစ်ဖက်လူမှာ တစ်ခဏအတွင်းတွင် မီတာ ၅၀၀၀ သို့မဟုတ် ၅၀၀၀၀ကိုပင် ဖုံးအုပ်နိုင်သည်။
သို့သော် ဤနေရာတွင် သူဟာ ၎င်းတို့အား တစ်ယောက်ပြီးတစ်ယောက်လိုက်နေ၏။ မီတာတစ်သောင်းအချင်းဝက်အတွင်းတွင်ရှိသော တစ်ထောင်သောစစ်ပွဲနတ်ဘုရားအဆင့်ပညာရှင်မှာ လုံးဝသေခြင်းနှင့် အနီးဆုံးဖြစ်၏။
၎င်းတွင် ခုခံရန် မည်သည့်အခန်းမျှပင်မရှိပါချေ။
"မဟာယနနတ်ဘုရားဘုရင်အဆင့်ပညာရှင်တွေကဘယ်မှာလဲ? ဘာလို့ မဟာယနနတ်ဘုရားဘုရင်အဆင့်စီနီယာတွေ ဆင်းမလာကြတာဘဲ? ငါသူတို့ရဲ့ နတ်ဝိဉာဉ်တွေကိုတွေ့လိုက်ပါတယ်!"
တစ်ထောင်သောစစ်ပွဲနတ်ဘုရားမှာ ထပ်ခါထပ်ခါ ဟိန်းဟောက်လိုက်သည်။ တစ်ခဏအကြာတွင် ပိုမိုကြောက်မက်ဖွယ်ရာ ရောင်ဝါအမြောက်အများက တိုက်ပွဲမြေပြင်တွင် ပေါ်ထွက်လာ၏။
၎င်းတို့မှာ မဟာယနနတ်ဘုရားဘုရင်အဆင့်ပညာရှင်များထက်ပင် ပိုကာ သန်မာကြသည်။ အတွေးတစ်ခုနှင့်ပင် ၎င်းတို့မှာ တိုက်ပွဲမြေပြင်သို့ ပေါ်လာကြ၏။ တစ်ထောင်သောစစ်ပွဲနတ်ဘုရားသည်ပင် အလွယ်တကူ အာရုံမခံလိုက်နိုင်ပါချေ။
၎င်းတို့အာရုံခံမိချိန်တွင် တစ်ဖက်လူများမှာ တိုက်ပွဲမြေပြင်သို့ပင်ရောက်နေပြီဖြစ်သည်။
"အမိတာဘ၊ လူစုခွဲကြပါ။ ဒီနေရာကတစ်ထောင်သောစစ်ပွဲနတ်ဘုရားအဆင့်ပညာရှင်တွေအတွက် နေရာမဟုတ်ဘူး။"
"အမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်?"
လူတိုင်း၏မျက်လုံးများမှာ ကျဉ်းမြောင်းသွားသည်။ ၎င်းတို့မှာ မဟာယနနတ်ဘုရားဘုရင်အဆင့်များကိုပင်ကျော်ချပြီး အမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်များအား တိုက်ရိုက်စေလွှတ်လိုက်သည်လား?
ဘုရားရေ နတ်ဘုရားဘုရင်တွေတောင်မှာ ဒီကောင်လေးနဲ့ ရင်မဆိုင်နိုင်ဘူးလား?
သူကဘယ်လောက်တောင် စွမ်းအားကြီးတာလဲ?
သို့သော် ၎င်းတို့အံ့အားသင့်သွားပါသော်လည်း အမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်များပြောသည်မှာ ကျိုးကြောင်းမသင့်ပါချေ။ မည်သူကမျှပင် တစ်စက္ကန့်ပင်ပိုမနေချင်ကြတော့ပါချေ။
တစ်ဖက်လူ၏စွမ်းအားကို သိသိသာသာဖော်ပြပြီးဖြစ်သည်ပင်။ ထိုတစ်ထောင်သောစစ်ပွဲနတ်ဘုရားပညာရှင်များမှာ တစ်ဖက်လူအားသတ်နိုင်လောက်အောင် မသန်မာကြပါချေ။
၎င်းတို့သာ နေလျှင် သေရုံသာရှိ၏။
၎င်းတို့ထွက်သွားသည်နှင့် အားလုံးမှာ ထိုသွေးရောင်ပုံရိပ်နှင့်လူရွယ်အားကြည့်ကာ အမုန်းတရားပျက်ရယ်ပြုမှုများက မျက်ဝန်းတွင် ထွက်ပေါ်လာ၏။
"အရူးကောင်လေး၊ ငါတို့ဗုဒ္ဓဂိုဏ်းကို ဘယ်လိုများဆန့်ကျင်ရဲရတာလဲ?"
အခုဆိုရင် နတ်ဘုရားဧကရာဇ်တွေအများကြီးတိုက်ခိုက်တော့မယ်၊ မင်းဘယ်လိုများရှင်သန်မလဲ ကြည့်ရတာပေါ့!"
အမတနတ်ဘုရားဧကရာဇ်အဆင့်များမှာ တစ်ဖက်သူအားဝန်းရံလျက် အေးစက်စက်ပြောလိုက်သည်။
"အမိတာဘ၊ မင်းက ကျုပ်ရဲ့တောင်အဝင်ဝကိုကျူးကျော်လာပြီး ကျုပ်တို့တပည့်တွေ အကြီးအကဲတွေကို သတ်ခဲ့တယ်။ အနည်းဆုံးတော့ ကျုပ်တို့တွေ မင်းနာမည်ကို သိသင့်ပါတယ်၊ ဟုတ်တယ်မလား?"
ထိုသွေးရောင်ပုံရိပ်မှာ လူတိုင်းအား ကြည့်လိုက်ကာ သူ၏အမူအရာကထူးမခြားနားဖြစ်နေပြီး မည်သည့်ခံစားချက်မျှရှိမနေပါချေ။
"ယွင်လီကော!"
သူဟာထိုစကားလုံးများအား ထူးမခြားနားပြောလိုက်ကာ ထိုအမတနတ်ဘုရားဧကရာဇ်များအား မျက်မှောင်ပင်ကျုံ့သွားစေသည်။
"ယွင်လီကော? ငါတို့မှာ မင်းနဲ့ဘာပြဿနာမှမရှိသင့်ပါဘူး။ မင်းကဘာလို့ငါတို့ဂိုဏ်းကိုတိုက်ခိုက်ပြီး ပြဿနာဖြစ်စေရတာလဲ?"
"မင်းတို့ကများ ကျုပ်ဆရာကိုသတ်ပြီး ကျုပ်နဲ့ ဘာပြဿနာမှမရှိဘူးလို့ ပြောရဲသေးတယ်ပေါ့လေ?"
"မင်းရဲ့ဆရာကဘယ်သူများလဲ?"
"မင်းတို့က ကျုပ်ဆရာရဲ့နာမည်ကိုသိရဖို့ အရည်အချင်းမမီဘူး!"
လူတိုင်းမှာ ခေါင်းများမခါယမ်းမီတွင် ကြောင်အသွားကြ၏။
"ဆွေးနွေးစရာမရှိတော့ပုံပဲ"
ယွင်လီကောမှာ နှာခေါင်းရှုံ့လိုက်ကာ ရှေ့သို့လှမ်းလိုက်သည်။
"ကျုပ်ကမင်းတို့ကို ဘယ်တုန်းကမှ စကားမပြောချင်ခဲ့ပါဘူး!"
"ဒီလိုဆိုမှတော့ ဒီနေ့ ကျုပ်တို့တွေ နတ်ဆိုးတစ်ကောင်ကို သုတ်သင်ရတော့မယ်ပုံပဲ။"
"ကျုပ်ကိုသုတ်သင်မယ်? ခင်ဗျားတို့ အရည်အချင်းမီလို့လား?"
ယွင်လီကောမှာ ခြေတစ်လှမ်းလှမ်းကာ သူ၏လက်တွင်းရှိ လှံတံအား လေထဲသို့ ခပ်မြင့်မြင့်ပစ်လိုက်၏။ ထို့နောက်တွင် သူဟာပြန်ဖမ်းကာ ရှေ့သို့ ချက်ချင်းပစ်လွှတ်လိုက်လေတော့သည်။
ဘုန်း!
သွေးရောင်လှံတံမှာ အမတနတ်ဘုရားဧကရာဇ်တစ်ပါး၏ ရင်ဘတ်အား ထုတ်ချင်းပေါက်သွားစေကာ ထိုလူ၏နတ်ဝိဉာဉ်ကိုပါထိုးခွင်းသွားပြီး နောက်သို့လွင့်ထွက်သွားစေသည်။
၎င်းတို့နောက်ရှိ တစ်ထောင်သောစစ်ပွဲနတ်ဘုရားအဆင့်ပညာရှင်များမှာ လုံခြုံသောအနေအထားသို့ လွတ်မြောက်လာကာစဖြစ်၏။ ၎င်းတို့မှာ သက်ပြင်းပင်မချနိုင်ခင်တွင် ရွှေရောင်အလင်းတစ်ပြမှာ သွေးရောင်လှံတံကြောင့် ပျံလာပြီး ၎င်းတို့ရှေ့ရှိ ဗောဓိကျောင်း သင်္ကေတဘုတ်ပြားကြီးနှင့် ထိခတ်သွားတော့သည်။
ထိုအခိုက်တွင် တစ်ထောင်သောစစ်ပွဲနတ်ဘုရားအဆင့်အားလုံး၏ လောကအမြင်များမှာ လုံးဝပြိုလဲသွားချေတော့သည်။
ဘာတွေဖြစ်နေတာလဲ?
အမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်တစ်ယောက်!
၎င်းမှာ အမတနတ်ဘုရားဧကရာဇ်ပညာရှင် စစ်စစ်ဖြစ်သည်!
သူဟာ ၎င်းတို့နှင့်မတူဘဲ အခြားသော အမှိုက်များနှင့်လည်းမတူပါချေ။
ထိုအစား သူဟာ နယ်မြေတစ်ခုလုံးကိုပင် ထိန်းချုပ်နိုင်စွမ်းရှိသော အမတနတ်ဘုရားဧကရာဇ်အဆင့်ပါပင်!
သို့သော် ယခုတွင် သူဟာ သင်္ကေတဘုတ်ပြားကြီးအား ရေငန်ငါးတစ်ကောင်ကဲ့သို့ ရိုက်ခတ်သွားလေသည်။
သူကလူသားရောဟုတ်ရဲ့လား?
လူတိုင်းမှာ တစ်ဖက်သို့လှည့်လိုက်ရာ အမတနတ်ဘုရားဧကရာဇ်များက ထို သွေးရောင်ပုံသဏ္ဍာန်နှင့် တိုက်ခိုက်နေပြီကိုမြင်လိုက်ရတော့သည်။
ရွှေရောင်ဗုဒ္ဓအလင်းမြောက်များစွာဟာ သွေးရောင်အလင်းအား ဝန်းရံထားကြသည်။
"ဆရာတူအစ်ကိုတို့၊ ဒီကလေးမှာ နတ်လက်နက်မရှိတာကို အခွင့်ကောင်းယူကြစို့။ ကျုပ်တို့မြန်မြန်တိုက်ခိုက်ပြီး သူ့ကိုသတ်ကြမယ်။ လွတ်မြောက်ခွင့်မပေးနဲ့။"
ထိုအမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်များမှာ တစ်ဖက်လူ၏ဘေးတွင် အလင်းများစွာ ရုတ်တရတ်လင်းလက်လာသည်ကိုမြင်ချိန်တွင် တိုက်ခိုက်လုဆဲဆဲဖြစ်၏။
တစ်၊ နှစ်၊ သုံး၊ လေး...
"ဒါ...ဒါတွေကအားလုံး နတ်ပစ္စည်းအဆောင်လက်နက်တွေပဲ!'
ထိုဗုဒ္ဓအမတနတ်ဘုရားဧကရာဇ်များမှာ လုံးဝပြိုလဲသွားသည်။
ဒီကောင်လေးက နတ်ပစ္စည်းအဆောင်လက်ဖွဲ့ အရောင်းကုန်သည်များလား?
သူထံတွင် အဆောင်လက်နက်များစွာရှိချေသည်ပင်။ မည်သူကများသူ့ကို ယှဉ်ပြိုင်မည်နည်း?
ထိုနတ်ပစ္စည်းအဆောင်လက်နက်များ၏ အရေအတွက်မှာ ဒါဇင်ချီပြီးရှိနေနိုင်သည်!
"မဟုတ်သေးဘူး! မြင်းမြီးယပ်ကိုကြည့်ကြည့်! ဒီ မြင်းမြီးယပ်က တာအိုဘုန်းတော်ကြီးထျန်းယိရဲ့ နတ်ပစ္စည်းအဆောင်လက်နက် ဖြစ်နေပုံပဲ! ဒါက ထိပ်တန်းအဆောင်လက်နက်လေ။ ဒါပေမယ့် ဘာလို့ တာအိုဘုန်းတော်ကြီး ထျန်းယိရဲ့ အဆောင်လက်နက်က သူ့လက်ထဲမှာရှိနေရတာလဲ?"
"ဘုရားရေ၊ ဒါက... သူတာအိုဘုန်းတော်ကြီးထျန်းယိကိုသတ်ခဲ့တာများလား? တာအိုဘုန်းတော်ကြီး ထျန်းယိက အမတနတ်ဘုရားဧကရာဇ်သတ္တမအဆင့်လေ!"
"ဒါတင်မကသေးဘူး၊ သူ့လက်ထဲကဓားရှည်ကိုကြည့်လိုက်။ ဒါက နတ်ဆိုးတိုက်လေဂိုဏ်း ဂိုဏ်းချုပ်ယင်ချန်းရှန်ရဲ့ နတ်ပစ္စည်းအဆောင်ဓားပဲ။ ယင်ချန်းရှန်က အမတနတ်ဘုရားဧကရာဇ်နဝမအဆင့် ထိပ်တန်းပညာရှင်လေ၊ ဒါပေမယ့် သူတကယ်ကြီး ယင်ချန်းရှန်ရဲ့အဆောင်လက်နက်ကို ရခဲ့တာလား?"
"ပြီးတော့၊ ဒီ ရေခဲဓားမြှောင်က နှစ်တစ်သောင်းနတ်ဘုရားကျောက်စိမ်းနှင်းပွင့်ရေခဲစိုင်ပဲ! ဒါက အနောက်တောင်ဖုံးဝှက်ရတနာမျှော်စင်ရဲ့ လျှို့ဝှက်ရတနာပဲ!"
…
ဗုဒ္ဓအမတနတ်ဘုရားဧကရာဇ်ပညာရှင်များမှာ ကြည့်လေလေ ၎င်းတို့ဟာ ပို၍ထိတ်လန့်ကြောက်ရွံ့လာလေလေဖြစ်သည်!
၎င်းတို့နာမည်မပေးနိုင်သည့် အဆောင်လက်နက်များမှလွဲလျှင် ၎င်းတို့မှာ အချို့အား အနည်းနှင့်အများတော့ သိလေသည်။
ထို့အပြင် ကြောက်မက်ဖွယ်အကောင်းဆုံးမှာ ထိုအဆောင်လက်နက်များ၏ယခင်ပိုင်ရှင်များသည် ဤနတ်ဘုရားလောကတွင် ထိပ်တန်းပါရမီရှင်များဖြစ်ကြ၏!
အင်မတန်ကြောက်မက်ဖွယ်ရာပင်။ ထိုကောင်လေးမှာ လက်ရှိအဆင့်သို့ရောက်ရန် ပညာရှင်ဘယ်လောက်များများအားသတ်ခဲ့ပြီး ထိုမျှများပြားလှသည့်နတ်ပစ္စည်းအဆောင်လက်နက်များရရှိခဲ့ပါသနည်း?
သေခြင်းဖိအားမှာ ရုတ်တရတ် လူတိုင်း၏နှလုံးအိမ်သို့ကျရောက်လာသည်။
ထိုအခိုက်တွင် ယွင်လီကောမှာ အဆောင်လက်နက်အားလုံးအား ထုတ်ပြပြီးဖြစ်သည်။ လေထုမှာ အလင်းရောင်မျိုးစုံဖြင့် ထိန်ထိန်ညီးလျက် ရောင်စုံမြင်ကွင်းလေးဖြစ်နေတော့သည်။ အလယ်ဗဟိုတွင် ယွင်လီကော၏ နီညိုရောင်အသွင်မှာ ဆက်လက်စောင့်ကြပ်နေ၏။
"ဆုတ်ခွာ!"
တိုက်ပွဲမစတင်ခင်မှာပင် လူတိုင်းဟာ ဆုတ်ခွာရန်သာစိုင်းပြင်းနေတော့သည်။ ၎င်းတို့မှာ ယွင်လီကောအား လုံးဝမတိုက်ခိုက်ဝံ့တော့ပါချေ။
ယွင်လီကော၏အဆောင်လက်နက်များအားလုံး ထုတ်ပြလိုက်ပြီးနောက်တွင် အမတနတ်ဘုရားဧကရာဇ်အဆင့်များမှာ ရပ်တန့်ခြင်းပင် မပြုနိုင်ကြတော့ဘဲ ချက်ချင်းပင် ထွက်ပြေးရန်ရွေးချယ်လိုက်ကြတော့၏။
၎င်းတို့မှာ မမိုက်မဲပါချေ။ ၎င်းတို့၏လက်ရှိကျင့်ကြံဆင့်သို့ရောက်လာရန်မှာ လွယ်ကူခဲ့သည်မဟုတ်ချေ။ မည်သူမှ မသေချင်ပါပေ။
ပိုမိုကြောက်မက်ဖွယ်ကောင်းသည်မှာ ၎င်းတို့အနိုင်ယူခံလိုက်ရသည်နှင့် တစ်ဖက်လူမှာ သူတို့၏နတ်ဝိဉာဉ်များကိုပင် ဝါးမြိုမည်ဖြစ်သည်ပင်။ ၎င်းတို့နတ်ဝိဉာဉ်အစက်လေးတစ်စက်သည်ပင် ကျန်ရှိမည်မဟုတ်တော့ချေ။
၎င်းတို့သာ ပြန်လည်ဆုတ်ခွာခဲ့ပါလျှင် လူတိုင်း၏ မျက်လုံးလှိမ့်ခြင်း ပျက်ရယ်ပြုခြင်းများနှင့် ရင်ဆိုင်ရမည်ကိုသိပါသော်လည်း နှစ်ပေါင်းထောင်ချီ သို့မဟုတ် နှစ်ပေါင်းသောင်းချီကျင့်ကြံဆင့်များကို ဖြုန်းတီးသည်ထက်တော့ သာလွန်နေပါသေးသည်။ နောက်ဆုံးတွင် ၎င်းတို့ရှုံးသွားပါက ၎င်းတို့၏မူလကိုယ်အသိစိတ်သည်ပင် ပျက်စီးသွားမည်ဖြစ်သည်။
ထိုတစ်ထောင်သောစစ်ပွဲနတ်ဘုရားအဆင့်များမှာ။ဗောဓိကျောင်းဝင်ပေါက်သို့ပင် ပြန်လာပြီး အမတနတ်ဘုရားဧကရာဇ်အဆင့်များမှာ ပိုမိုမြန်မြန်ပြန်ပြေးလာသည်ကိုမြင်လိုက်ရတော့သည်။ ၎င်းတို့မှာ ချက်ချင်းပင် ကူရာမဲ့စွာ စိတ်ထဲတွင်တွေးလိုက်ကြ၏။
ဘာတွေဖြစ်နေတာလဲ? ဘာလို့သူတို့ပြန်ဆုတ်ခွာလာတာလဲ? သူတို့အားလုံးက အမတနတ်ဘုရားဧကရာဇ်အဆင့်တွေလေ!
၎င်းတို့မှာ များပြားသည်ကိုမပြောနှင့် ၎င်းတို့၏စွမ်းအားနှင့်ဆိုလျှင် တစ်ဖက်လူအား အထင်ပင်သေးနိုင်သည်။
သို့သော် ရလာဒ်ကလူတိုင်းအား ထိတ်လန့်စေ၏။
"စီနီယာတို့၊ ဘာလို့အကုန်ပြန်ဆုတ်လာကြတာလဲ? အဲ့ဒီ့ကောင်စုတ်လေးကို မသတ်ဘူးလား?"
"ပိတ်ထားစမ်း။ မြန်မြန်၊ ငါတို့ဗောဓိကျောင်းရဲ့ဂိုဏ်းကာကွယ်အစီအရင်ကိုဖွင့်လိုက်! မြန်မြန်!"
အမတနတ်ဘုရားဧကရာဇ်ပညာရှင်များမှာ အလျင်အမြန်ပင် ဗောဓိကျောင်းထဲသို့ဝင်ရောက်ကာ ချက်ချင်းပင် ဗောဓိကျောင်း၏တောင်စောင့်ကြပ်အစီအရင်အား အသက်သွင်းလိုက်တော့၏။
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၆။ အပိုင်း ၃၈၂ လောကအနှစ်သာရ
သူ၏တပည့်များ အပြင်းအထန်ကြိုးစားနေတုန်းဆိုသည်ကိုသိလိုက်ရပြီးသည်တွင် လုရှောင်ယန်ဟာ စိတ်သက်သာစွာသက်ပြင်းချလိုက်ပါသည်။ ချက်ချင်းပင်သူဟာ လက်ဆောင်အိတ်များကိုဖွင့်ရန်ပြင်လိုက်၏။
သူ၏တပည့်များတိုးတက်လာသည်မှာ အတော်လေးကြာနေပြီဖြစ်သောကြောင့် လက်ဆောင်အိတ်များမှာအတော်လေးစုပုံနေလေသည်။ အခုပဲသုံးလိုက်တာကအကောင်းဆုံးဖြစ်မည်ပင်။
ချီစွမ်းအင်မွေးဖွားခြင်း ×100
"ချီစွမ်းအင်မွေးဖွားခြင်း, အဲ့ဒါဘာကြီးလဲ?"
[ချီစွမ်းအင်မွေးဖွားခြင်းက ကမ္ဘာစတင်မွေးဖွားပြီးနောက်မှာ ပေါ်ထွက်လာခဲ့တာ။ ကမ္ဘာပေါ်မှာအားအကောင်းဆုံးချီပဲလေ။ ချီဆက်နွယ်မှုရဲ့အောက် အားအကောင်းဆုံးပေါ့။ တပည့်တွေရဲ့ကျင့်ကြံဆင့်ကမလုံလောက်သေးလို့ ချီစွမ်းအင်မွေးဖွားခြင်းပဲလက်ဆောင်အိတ်ထဲထည့်ပေးလို့တယ်။ ချီဆက်နွယ်မှုတော့မရသေးဘူး]
[အဲ့ဒါကိုသုံးပြီး ကျင့်ကြံဆင့်နဲ့ ခွန်အားမြှင့်ပေးလို့ရပေမယ့် အမတအဆင့်ကိုရောက်ပြီးမှသုံးလို့ရမှာ]
[ဒါ့ထက် ဓမ္မရတနာတွေရဲ့ ပင်ကိုယ်စွမ်းအားတိုးတက်ဖို့နဲ့ အမတအဆောင်လက်နက်တွေကို မွေးဖွားခြင်းဝိဉာဉ်ရတနာနဲ့ မွေးဖွားခြင်းမူလရတနာဖြစ်အောင်အဆင့်မြှင့်လို့ရတယ်]
[အမတလောကမှာတောင် အမတတွေတိုက်ပွဲဖြစ်နိုင်လောက်အောင် အတော်လေးတန်ဖိုးရှိတဲ့ရတနာလေ]
"ငါသိပြီ"
လုရှောင်ရန် ခေါင်းငြိတ်လိုက်ပြီး လက်ဆောင်အိတ်တွေဆက်ဖွင့်လိုက်သည်။
မွေးဖွားခြင်းဝိညာဉ်ရတနာ, အမတသတ်ဓား ×1
မွေးဖွားခြင်းဝိညာဉ်ရတနာ, အမတသတ်ဓား ×1
မွေးဖွားခြင်းဝိညာဉ်ရတနာ, အမတသတ်ဓား ×1
မွေးဖွားခြင်းဝိညာဉ်ရတနာ, အမတသတ်ဓား ×1
"ဒါကအမတသတ်ဓား လေးလက်မဟုတ်လား?
အမတသတ်ဓားလေးလက်က ကျဲကျောင်းတော်သခင်ထုံထျန်းရဲ့ မူလဓမ္မရတနာတွေဖြစ်သင့်တယ်လေ။ ဟုတ်တယ်မလား? ထပ်ပြောရင် အမတသတ်ဓားက ဆက်နွယ်မှုရတနာဖြစ်သင့်တာမဟုတ်ဘူးလား? ဘာလို့မွေးဖွားခြင်းဝိညာဉ်ရတနာဖြစ်နေတာလဲ?"
[အမတသတ်ဓားလေးလက်က တကယ်ကို ကျောင်းသခင်ထုံထျန်းရဲ့ ဓမ္မရတနာတွေဖြစ်ခဲ့ပါတယ်။ နောက်ပိုင်း နတ်ဘုရားချိတ်ပိတ်တိုက်ပွဲထဲမှာ လုယူခံလိုက်ရတာ]
[ဒါပေမယ့် ဒီအမတသတ်ဓားလေးလက်ကတော့ သူ့ရဲ့ဓားလေးလက်နဲ့တော့မတူဘူး။ အဲ့ဒီအစားဒီဓားတွေကို မူလ အမတဓားကနေ အဆင့်ဆင့်ပြောင်းလဲထားတာလေ။ အဲ့ဒါကြောင့် မွေးဖွားခြင်းဝိညာဉ်ရတနာပဲဖြစ်နေတာပါ]
[သခင်သာ ဆက်နွယ်မှုဝိညာဉ်စွမ်းအင်ကိုရရင်တော့ ဒီဓမ္မရတနာတွေကို ဆက်နွယ်မှု မူလရတနာအဆင့်ရောက်အောင် မြှင့်လို့ရတယ်လေ။ အဲ့လိုဆိုရင်သူတို့လည်း ဆက်နွယ်မှုမူလရတနာတွေဖြစ်လာမှာမဟုတ်ဘူးလား?]
[ကျွန်တော်ကူညီပေးရင် သခင်လည်း အမတသတ်ဓားအစီအရင်ကိုသုံးလို့ရပြီ]
[ထုံထျန်းရဲ့အမတသတ်ဓားအစီအရင်ကိုလည်း နတ်ဘုရားချိတ်ပိတ်တိုက်ပွဲထဲမှာပဲ အလုခံလိုက်ရတာပါ။ ဒီအမတဓားနဲ့ အစီအရင်က အဲ့အချိန်တည်းက တခြားစီဖြစ်သွားခဲ့ကြတာပါ]
[အဲ့တာကြောင့် သခင်က ဒီလောကထဲမှာ ပြီးပြည့်စုံတဲ့အမတသတ်ဓားအစီအရင်ကိုခင်းကျင်းနိုင်တဲ့ တစ်ခုတည်းသောတည်ရှိမှုဖြစ်သွားပြီ]
"ဝိုး ကောင်းတယ်"
ပြီးပြည့်စုံသော အမတသတ်ဓား၀င်္ကပါမှာ သူတော်စင်လေးယောက်အားဖိနှိပ်နိုင်သည်ကို လုရှောင်ယန်နားလည်ပေသည်။
ယခုအချိန်တွင် သူတော်စင်တစ်ပါးကိုလုံး၀အနိုင်မယူနိုင်သေးချေ။ သို့သော် မကြာခင်တွင် သူတော်စင်တစ်ပါးနှင့်တိုက်ခိုက်ရမည်ဖြစ်သည်။ အမတသတ်ဓားအစီအရင်နှင့်ဆိုလျှင် သူ့ထံ၌အသက်ကယ်ပစ္စည်းတစ်ခုအပိုရှိပြီဖြစ်သည်။
ဤသည်ကအတော်လေးအဆင်ပြေသည်။
နောက်ထပ်ပစ္စည်းအချို့မှာလည်း ကောင်းမွန်ပေသည်။
ချီစွမ်းအင်မွေးဖွားခြင်း ×88
ချီစွမ်းအင်မွေးဖွားခြင်း×150
…
မွေးဖွားခြင်းဝိညာဉ်ရတနာ, ကောင်းကင်ဧကရာဇ်ကြေးမုံ ×1
မွေးဖွားခြင်းဝိညာဉ်ရတနာ, ဟယ့်လော့ စာအုပ် ×1
မွေးဖွားခြင်းဝိညာဉ်ရတနာ, ပန်ဂုအောင်လံတံခွန် ×1
…
လက်ဆောင်အိတ်များကိုကြည့်ရင်း ဝမ့်ခိုက်ကတခြားသူများဆီက ခိုးလာသည်ကို လုရှောင်ယန်မှာ ခပ်ရေးရေး နားလည်မိလိုက်သည်။
ယခင်ကဝမ့်ခိုက်မှာ ကောင်းကင်တာအို၅၀ထဲက အဖွဲ့၀င်တစ်ယောက်ဖြစ်ခဲ့ခြင်းကြောင့် သူ့၏အချက်အလက်မှာ လက်ရှိကောင်းကင်တာအိုနဲ့တူနေလောက်သည်။ ပြောရမယ်ဆိုလျှင် သူတို့က မိခင်တစ်ယောက်ထဲမှမွေးထားခြင်းပါပင်။
ဝမ့်ခိုက်မှာဤနည်းကိုသုံးပြီး သူနှင့် ဟုန်ကျွင်း၏ကွာခြားမှုအား ပြင်ဆင်ချင်နေသည်လည်းဖြစ်နိုင်သည်။
သို့သော်... တစ်စုံတရာမှာ မှားယွင်းနေဟန်တူ၏။
"ဝမ့်ခိုက် ပန်ဂုအောင်လံတံခွန်ကဘာလဲ? မင်းပြောတော့ မင်းကကျောက်စိမ်းဖန်ဆင်းလိပ်ပြာကနေပျံသန်းလာတဲ့ ကောင်းကင်ဘုံလျို့ဝှက်ချက်ဆို? မင်းဘယ်လိုလုပ် ပန်ဂုအောင်လံတံခွန်ကိုထုတ်ပေးနိုင်ရတာလဲ? ကျောက်စိမ်းဖန်ဆင်းလိပ်ပြာက အဲ့ခွေးအိုကြီး၊ အိုး မဟုတ်ပါဘူး၊ ဟုန်ကျွင်းကျူရှီးရဲ့ ရတာမဟုတ်လား? ဟုန်ကျွင်းက ပန်ဂုထက်တောင်စွမ်းအားကြီးတာလား?"
၀မ့်ခိုက်က သူ့အား အတော်လေးအထင်သေးတဲ့အကြည့်နဲ့ကြည့်လိုက်သည်။
[ဟုန်ကျွင်းက သူ့ကိုယ်သူဘာထင်နေလဲ? သူ့ကိုကျောက်စိမ်းဖန်ဆင်းလိပ်ပြာရဲ့ သခင်လို့ခေါ်ဖို့တောင်ထိုက်တန်ရဲ့လား?]
[အစတည်းက ဖန်တီးခြင်းကျောက်စိမ်းလိပ်ပြာက ပန်ဂုရဲ့ရတနာပဲလေ။ သူရရှိထားခဲ့တဲ့ကျောက်စိမ်းဖန်ဆင်းလိပ်ပြာက ဖန်တီးခြင်းကျောက်စိမ်းလိပ်ပြာအစစ်ရဲ့ အပိုင်းလေးတွေ စုစည်းပြီးဖြစ်လာတာ။ ပြီးတော့ အစစ်အတိုင်းပြန်ဖြစ်ဖို့အဝေးကြီးလိုသေးတယ်]
[ပန်ဂုအောင်လံတံခွန်ကတော့ ပန်ဂုပုဆိန်အပိုင်းလေးတွေကနေဖြစ်ပေါ်လာတာလေ။ အဲ့တာကမပြီးသေးလို့ကျွန်တော်ကပဲပုံစံတူလုပ်ထားလိုက်တာ။ အဲ့တာကဘာတွေအရမ်းထူးဆန်းနေလို့လဲ?]
"ငါသိပြီ။"
လုရှောင်ယန်မှာခေါင်းငြိတ်လိုက်ကာ လက်ဆောင်ထုပ်ကိုထပ်ဖွင့်လိုက်သည်။
မွေးဖွားခြင်းဝိညာဉ်ရတနာ, သဏ္ဍာန်မဲ့ခေါင်းလောင်း ×1
နက်နဲမှုရတနာခုနှစ်ပါးစီခြယ်စေတီတော် ×1
လုရှောင်ယန် : "..."
ဟာသပဲ။ ၀မ့်ခိုက်ကတော့ နက်နဲမှုအဆင့်အမှိုက်ကို မွေးဖွားခြင်းဝိညာဉ်ရတနာတွေထဲလာရောထားတာပဲ။
ပျော်နေတာတောင်ပျောက်သွားသည်။
သို့သော် ဖွင့်စရာလက်ဆောင်ထုပ်တွေကျန်နေသေးသည်။
လောကအနှစ်သာရ ×1
"လောကအနှစ်သာရ, အဲ့တာဘာကြီးလဲ?"
[လောကအနှစ်သာရနဲ့ဆိုရင် သခင်က လွတ်လပ်တဲ့လောကတစ်ခုကိုဖန်တီးလို့ရတယ်။ အဲ့ဒီလောကထဲမှာ ပိုင်ရှင်က ကျင့်ကြံဆင့်အသစ်တွေ, သက်ရှိပုံစံအသစ်တွေနဲ့ အခြားတည်ရှိမှုမျိုးစုံကို ဖန်တီးနိုင်လိမ့်မယ်]
[ဒါက ကမ္ဘာငယ်လေးနဲ့ဆင်တူသလိုထင်ရပေမယ့် တကယ်ကအများကြီးကွာတယ်]
[ဘာလို့လဲဆိုတော့ ကမ္ဘာငယ်လေးက ကိုယ်ပိုင်ကမ္ဘာဆိုပေမယ့် ကောင်းကင်ဘုံတာအိုရဲ့ ထိန်းချုပ်မှုအောက်မှာရှိတုန်းပဲ]
[လောကအနှစ်သာရနဲ့ဆိုရင် သခင့်ရဲ့ ကမ္ဘာငယ်လေးကို လောကသုံးပါးနဲ့ ကမ္ဘာငယ်လေးသုံးထောင်ကနေတသီးတခြားစီ ဖြစ်သွားအောင်လုပ်နိုင်တယ်]
[ဒီလိုရှင်းပြမယ်ဗျာ]
[လက်ရှိမှာဆို လောကသုံးပါးထဲက ဧကရာဇ်အချို့ကို ကောင်းကင်ဘုံတာအိုမထိန်းချုပ်ရသေးဘူး]
[ပထမဆုံး ဇာမဏီဘိုးဘေးသေခဲ့တဲ့နေရာ]
[ဒုတိယအနေနဲ့ ပြန်လည်၀င်စားခြင်းလမ်းကြောင်း ခြောက်သွယ်ရဲ့ အပြင်က မဟာအာကာပြင်ဧကရာဇ်]
[တတိယအနေနဲ့ကတေ့ မြေအောက်နယ်မြေ ကိုးခု]
[ရှေးဦးကမ္ဘာရဲ့ နေရာတစ်ခုကိုတော့ ကောင်းကင်တာအိုကကျူးကျော်ပြီး အတောမသတ်နိုင်အောင်ဝါးမျိုနေပြီ]
[ငရဲဘုံရဲ့ ပြန်လည်၀င်စားခြင်းလမ်းကြောင်းခြောက်သွယ်အများစုလည်း ကောင်းကင်ဘုံတာအိုဆီကျဆုံးသွားပြီလေ]
[လောကအနှစ်သာရကိုဆရာရပြီးပြီဆိုတော့ သခင်နဲ့ဝိညာဉ်အမှတ်အသားရှိတဲ့တပည့်တွေသာ ပြန်လည်၀င်စားခြင်းလမ်းကြောင်းခြောက်သွယ်ကနေ ဖယ်ရှားခံလိုက်ရတာနဲ့ သခင်တို့ထာ၀ရအသက်ရှင်နိုင်သွားပြီ။ သေသွားရင်တောင် ကောင်းကင်တာအိုရဲ့ထိန်းချုပ်ခြင်းမခံရပဲ ချက်ချင်းပြန်ရှင်လာနိုင်တယ်]
[ဒါပေမယ့်, ကျောင်းတော်သခင် ထုံထျန်းက ကျဲကျောင်းတော်ပြန်လည်ရှင်သန်ခြင်းကိုပြီးဆုံးစေဖို့ သခင်ကိုအသုံးချချင်တယ်ဆိုတည်းက ဟိုတုအမှတ်အသားကိုထိန်းသိမ်းထားဖို့ တစ်ခုခုလုပ်သင့်လို့ ကျွန်တော်ထင်တယ်]
[တုန်ရှန်သခင်ရဲ့အမှတ်အသားက ပြည့်စုံတာကိုကျွန်တော်အာရုံခံနိုင်တယ်]
လုရှောင်ယန်လဲဘာမှမတတ်နိုင်ပဲ စိတ်ထဲ၌မျက်လုံးကိုလှိမ့်လိုက်မိသည်။
ကျောင်းတော်သခင်ထုံထျန်းမှာ သူ့အားဝိညာဉ်အမှတ်အသားပေးရလောက်အောင် ကြင်နာတတ်သည်ဟုသူမယုံပါချေ။ တစ်ဖက်လူမှာသူ့အား ပြန်လည်ဝင်စားခြင်း ခြောက်သွယ်မှ ပယ်ဖျက်ပေးလျှင်ပင် ထိုလူထံ၌ သူ့အား စောင့်စည်းရန်နည်းလမ်းတစ်ခုရှိနေလောက်သည်။ ၎င်းမှာ သူ၏လက်များမှာ အမှတ်နိုင်သည်ပင်။
သူ၏ဝိညာဉ်ပြီးပြည့်စုံသည်အား ဝမ့်ခိုက်ကအာရုံခံနိုင်သည်ဆိုသည်မှာ သူ၏ဝိဉာဉ်မှာ မူလလုရှောင်ယန်နှင့်တူညီနေသည်။ သူဟာ ကမ္ဘာမြေပေါ်မှာ ကူးပြောင်းခဲ့ခြင်းပင်။
သူ၏လက်ရှိဝိညာဉ်က ကောင်းကင်တာအို, ပြန်လည်၀င်စားခြင်းလမ်းကြောင်းခြောက်သွယ် ဒါမှမဟုတ် အခြားသူများ၏ထိန်းချုပ်မှုအောက်တွင်မရှိသောကြောင့်လည်းဖြစ်နိုင်သည်။
ဒါပေါ့ ဒီလိုဆိုလဲကောင်းတာပဲ!
အနည်းဆုံးတော့ အနာဂတ်မှာ ထုံထျန်းနှင့် ရင်ဆိုင်ရလျှင် ၎င်းတို့ကိုယ်ကို မထိန်းချုပ်နိုင်တော့ပါချေ။
သူက စွမ်းအားကြီးကာ မည်သူကမှ မထိန်းချုပ်နိုင်ဘူး။
အံ့ဩစရာပဲ
"ဒါကအရမ်းမိုက်မဲ့ပုံပဲ။ ဒါကိုဘယ်လိုသုံးရမှာလဲ?"
[အဲ့တာကို ကမ္ဘာငယ်လေးထဲသာတိုက်ရိုက်ထည့်လိုက်]
လုရှောင်ယန်က ၀မ့်ခိုက်ပြောတဲ့အတိုင်းပဲ အဲ့တာကိုသူ့ကမ္ဘာငယ်လေးထဲ ထည့်လိုက်သည်။
နောက်တခဏမှာပဲ သူ့ရဲ့ကမ္ဘာငယ်လေးထဲမှာပြောင်းလဲသွားကိုခံစားလိုက်ရသည်။
အဲ့ဒီပြောင်းလဲမှုက အရမ်းအရမ်းသိမ့်မွေ့ပြီး မပြောပလောက်အောင်နည်းပါးလှသည်။
သို့သော်လည်း လုရှောင်ယန်ကတော့ တစ်ခုခုကွဲပြားသွားသည်ကိုအာရုံခံမိလိုက်သည်။
အရင်ချိန်တွေတုန်းက သူ့ရဲ့ကမ္ဘာငယ်လေးထဲမှာဘာမဆိုလုပ်လို့ရသည်ဟု ခံစားရသည်။ သို့သော် တစ်ယောက်ယောက်ချောင်းကြည့်နေသည်ဟုလဲခံစားရသေးသည်။ ထပ်ပြောရလျှင်ချောင်းကြည့်ခံရခြင်းသာမဟုတ် အချို့သောစည်းမျည်းများကို မခုခံနိုင်ပေ။
ဥပမာဆိုရလျှင်သူက ရေလေမြေမီးစသောဒြပ်များကိုဖန်တီးနိူင်သည်။ပန်းပွင့်များ အပင်များ ငါးလေးများ ပုဇွန်များကဲ့သို့အသေးအဖွဲလေးများကိုလဲဖန်တီးနိုင်သည်။
သို့သော် လူသားကိုတော့မဖန်တီးနိုင်ပေ။
နတ်ဘုရားဧကရာဇ်အဆင့်သို့ရောက်မှသာ လူသားအဆင့်သက်ရှိများကို ဖန်တီးနိုင်မည်ဟုလုရှောင်ယန်ထင်ခဲ့သည်။
ပြောရလျှင် သူဖန်တီးနိုင်လျှင်တောင်မှ ကောင်းကင်တာအို၏စီရင်မှုအောက်တွင်ရှိနေဦးမည်ဖြစ်သည်။ ဒါမှမဟုတ် သက်ရှိကမပြည့်စုံပဲ မိခင်နှင့် ဖခင်ကပျိုးထောင်၍မွေးဖွားလာသော သက်ရှိနှင့်ယှဉ်နိုင်မည်မဟုတ်ပေ။
ရှင်းရှင်းပြောရလျှင် ကျင့်ကြံသူတစ်ဦး၏ကမ္ဘာငယ်လေးသည်၎င်းတို့၏ကျင့်ကြံခြင်းမှ ထွက်ပေါ်လာသောအရာဖြစ်သည်။ ထိုသည်ကိုကို ပြန်လည်၀င်စားခြင်းလမ်းကြောင်းခြောက်သွယ်စက စည်းကမ်းသတ်မှတ်ထားခြင်းဖြစ်သည်။
၎င်းမှာဂိမ်းပရိုဂရမ်တစ်ခုက သင့်အား အချို့သော ပစ္စည်းများရရန်ခွင့်ပြုသော်လည်း အခြားအရာများရရန် ခွင့်မပြုသကဲ့သို့ပင်ဖြစ်သည်။
သဘာ၀ကျကျပင် လောကအနှစ်သာရကိုရရှိသော လုရှောင်ယန်သည် မတူညီတော့ချေ။
သူဟာယခုပင်သက်ရှိတစ်ကောင်အား ချက်ချင်း ဖန်တီးနိုင်သည်ဟု ခံစားနေရသည်။ ထို့အပြင်အတွေးတစ်ချက်ဖြင့်ပင်သက်ရှိတစ်ကောင်ကို ဖန်တီးနိုင်ပြီဖြစ်၏။
"လီကော တစ်ယောက်လောက်ဖန်တီးလိုက်ရင်ကောင်းမလား? လီကောကို မမြင်ရတာကြာပြီ"
အတွေးတစ်ချက်ဖြင့်ပင် သူ့မှတ်ဉာဏ်ထဲကအတိုင်း လီကောကိုဖန်တီးလိုက်သည်။
"ဆရာ အံ့ဩစရာပဲ! ဆရာကအတော်ဆုံးပဲ! ဆရာလောကသုံးပါးမှာအသန်မာဆုံး…"
လီကောမှာ ထွက်လာသည်နှင့် ချက်ချင်းဖားယားတော့သည်။ ရင်းနှီးပြီးသားခံစားချက်က လုရှောင်ယန်ကို ကျေနပ်စွာခေါင်းညိတ်သွားစေသည်။
"မဆိုးဘူး။ ဒီကောင့်ဖားတဲ့စကေးက လီကောနဲ့တောင်ယှဉ်လို့ရတယ်။ လောကအနှစ်သာရကို ရပြီးတော့ ငါ့ရဲ့ကမ္ဘာငယ်လေးကတခြားသူတွေနဲ့ တကယ့်ကိုမတူတော့ဘူးပဲ။"
"ဘာပဲဖြစ်ဖြစ် ဒါလဲကောင်းတာပဲ။ အတွေးတစ်ချက်နဲ့တင် ငါ့စိတ်ထဲရှိတဲ့ သက်ရှိ ဒါမှမဟုတ် လူသားကိုဖန်တီးလို့ရနေပြီ။ ဒါက အတော်လေးကောင်းတယ်။"
"နောက်ပိုင်းမှာ ဒီနည်းနဲ့ ငါ့အပေါ်သစ္စာရှိတဲ့နောက်လိုက်အုပ်စုတွေဖန်တီးလို့ရတယ်။"
ထိုအတွေးနှင့် လုရှောင်ယန်မှာ ယွင်လီကော၏ကျင့်ကြံဆင့်ကို မြှင့်ပေးလိုက်သည်။
ဤဘ၀တွင် လီကောတိုးတက်လာသည်ကိုမြင်ရဖို့မဖြစ်နိုင်ဘူးလို့သူထင်သည်။ ဒါကြောင့် သူဖန်တီးထားသည့် လီကောကိုကူညီကာ ကျင့်ကြံဆင့်မြှင့်ပေးခြင်းဖြစ်သည်။ ဤနည်းဖြင့် သူ့ဆန္ဒပြည့်သည်ဟု ယူဆနိုင်ပေသည်။
ခန္ဓာသန့်စင်ခြင်း၊ မွေးဖွားခြင်း၊ ဆက်နွယ်ခြင်း၊ အရှင်သခင်... သိုင်းဘုရင်အဆင့်၊ နတ်ဘုရားအဆင့်... နတ်ဘုရားဘုရင်အဆင့်... နတ်ဘုရားဧကရာဇ်အဆင့်... ဘန်း!
လီကော၏ကျင့်ကြံခြင်းမှာ နတ်ဘုရားဧကရာဇ်အဆင့်ကိုတက်လှမ်းပြီးချိန်တွင်ပင် ပေါက်ကွဲက လောကထဲသို့ပျောက်ကွယ်သွားလေသည်။
လုရှောင်ယန် : "..."
သေစမ်း၊ လီကောအား သူလုံး၀ထိန်းချုပ်နိုင်သည့် ကမ္ဘာငယ်လေးထဲတွင်ဖန်တီးထားလျှင်ပင် ထိုသူအား မကူညီပေးနိုင်သေးချေ။
လီကော၏အနာဂတ်ဘဝမှာ မည်မျှကံဆိုးမည်ကို တွေးတောမိလိုက်၏။
လီကောမှာ ထာ၀ရ၀မ်းနည်းစရာဘဝရရှိဖို့များကံပါလာသည်လား?
လုရှောင်ယန်မှာခေါင်းခါလျက် ထိုအကြောင်းအားမေ့ထားရန် ဆုံးဖြတ်လိုက်သည်။ လီကောအတွက်တော့ မျှော်လင့်ချက်မရှိတော့ပါချေ။
ပြောရလျှင် အဘယ့်ကြောင့် တပည့်များယခုထိ ပေါ်မလာရသေးသနည်း?
ချက်ချင်းပင် လုရှောင်ယန်မှာ တပည့်များ၏ အချက်အလက်ကိုစူးစိုက်ကြည့်လိုက်သည်။
"သေစမ်းကွာ!"
နောက်ခဏတွင် သူဟာမတတ်နိုင်ဘဲ ကျိန်ဆဲလိုက်မိသည်။
သူဟာ တကယ်ကြီး မယုံနိုင်ဖွယ်အရာတစ်ခုအား တွေ့မြင်လိုက်ရသည်ပင်!
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၆။ အပိုင်း ၃၈၃ လုရှောင်ယန်၏ ကျင့်ကြံခြင်းလမ်းကြောင်း
[သင်၏တပည့်ဖုန်းထျန်းယွမ်မှာ ဗုဒ္ဓနတ်ဘုရားဘုရင်ပညာရှင်တစ်ဦး၏ တိုက်ခိုက်ခြင်းကိုခံလိုက်ရပါသည်]
[သင်၏တပည့်ဖုန်းထျန်းယွမ်မှာ ဗုဒ္ဓအမတနတ်ဘုရားဧကရာဇ်တစ်ပါး၏ တိုက်ခိုက်ခြင်းကိုခံလိုက်ရပါသည်]
[သင်၏တပည့်ကျီဝူရှားမှာ ဗုဒ္ဓအမတနတ်ဘုရားဧကရာဇ်တစ်ပါး၏တိုက်ခိုက်ခြင်းကိုခံလိုက်ရပါသည်]
[သင်၏ယွင်လီကော ဗုဒ္ဓအမတနတ်ဘုရားဧကရာဇ်တစ်ပါး၏တိုက်ခိုက်ခြင်းကိုခံလိုက်ရပါသည်]
အမ်...
ထိုကောင်စုတ်လေးသုံးကောင်မှာ ဘယ်တုန်းကမှ ကိုယ်ထင်မပြခဲ့ချေ။ အဆုံးတွင် ၎င်းတို့ထွက်လာသည်နှင့် ဒုက္ခများစွာကိုရှာနေခဲ့၏!
အများဆုံးတော့ ကျွင့်ပုကျန်းနှင့် အခြားသူများမှာ မဟာယနနတ်ဘုရားဘုရင်အဆင့်ကိုသာ တိုက်ခိုက်ခဲ့သည်ပင်။ အများဆုံး ၎င်းတို့မှာ အမတနတ်ဘုရားဧကရာဇ်ပညာရှင်တစ်ယောက်နှင့် တိုက်ကွက်အနည်းငယ်သာ ဖလှယ်ခဲ့လိမ့်မည်ပင်။ သို့သော် ထိုကောင်စုတ်လေးသုံးယောက်မှာမူ တကယ်ကိုပင် အမတနတ်ဘုရားဧကရာဇ်အဆင့်အား ချက်ချင်းတိုက်ခိုက်ခဲ့သည်ပင်။
မဟုတ်သေးဘူး၊ တစ်ခုခုတော့မှားနေပြီ။
လုရှောင်ယန်မှာ အကြည့်လွှဲလိုက်၏။ မှန်သားပြင်တွင် တူညီသော သတိပေးစာများနှင့် ပြည့်နေသည်။ ပြောရလျှင် ၎င်းတို့သုံးဦးမှာ ဗုဒ္ဓဂိုဏ်း၏ အမတနတ်ဘုရားဧကရာဇ်အဆင့်များနှင့် အချိန်ကြာ ရင်ဆိုင်နေခဲ့ကြသည်ပင်။
၎င်းတို့မှာ ဗုဒ္ဓဂိုဏ်းမှ ပါရမီရှင်ဆရာကြီးများအုပ်စုဖြင့် အချိန်အတော်ကြာ တကယ်ကြီးတိုက်ခိုက်နေသည်လား?
"သေစမ်း! သေစမ်း! သေစမ်း! သေလိုက်တော့၊ သေလိုက်တော့ သေလိုက်ပါတော့...!"
လုရှောင်ယန်မှာ သူ၏မျက်လုံးများအား ခပ်ပြင်းပြင်းဖိပွတ်လိုက်သည်။ သူမမှားကြောင်းထပ်ခါထပ်ခါ အတည်ပြုပြီးနောက်တွင် ကူရာမဲ့စွာ စိတ်လှုပ်တရှား မျက်ရည်သုတ်လိုက်၏။
"ဒါကအိပ်မက်မဟုတ်ဘူးပဲ! အိပ်မက်မဟုတ်ဘူး! ဟားဟားဟား... ငါ့တပည့် လီကော နောက်ဆုံးတော့ တိုးတက်သွားခဲ့ပြီ။"
အမတနတ်ဘုရားဧကရာဇ်အဆင့်နှင့် အချိန်ကြာတိုက်ခိုက်နိုင်ရန်မှာ လူတစ်ယောက်ဟာ အနည်းဆုံး မဟာယနနတ်ဘုရားဘုရင်အဆင့်၌ရှိရမည်ဖြစ်၏!
လုရှောင်ယန်မှာ သူ၏နတ်ဘုရားကျင့်စဉ်များအားလုံးအား သင်ကြားပေးခဲ့သည်။ ၎င်းတို့အတွက် အဆင့်ပိုမြင့်သောလူအားတိုက်ခိုက်နိုင်ရန်မှာ ပြဿနာကြီးတစ်ရပ်မဟုတ်ပါချေ။
လီကော၊ ကျီဝူရှားနှင့် ဖုန်းထျန်းယွမ်တို့၏ ကျင့်ကြံဆင့်များမှာ အနည်းဆုံး မဟာယနနတ်ဘုရားဘုရင်အဆင့်၌ရှိနေခဲ့ပါလျှင် ၎င်းတို့မှာ အတော်အတန်စွမ်းအားကြီးသည်ဟု ဆိုရပေမည်!
ထိုအခိုက်၌ လုရှောင်ယန်မှာ စိတ်ကိုပြင်ဆင်လိုက်၏။
ကောင်းပြီ!
"ဝမ့်ခိုက်၊ သူတို့တွေ ငါနဲ့ဘယ်လောက် ဝေးနေသေးလဲ? ငါ့တပည့်တွေကို သွားခေါ်ချင်တယ်!"
[ကံကောင်းလို့ ကျူးကောကျီချုံနဲ့ တခြားလူတွေအားလုံးက အရမ်းကိုနီးနေကြပါတယ်။ သူတို့တွေ နေ့တစ်ဝက်လောက်ဆိုရင် ရောက်လောက်ပါပြီ]
[ဖုန်းထျန်းယွမ်နဲ့ ကျီဝူရှားကလည်း နယ်နိမိတ်ထဲမှာပါပဲ။ သူတို့ရောက်ဖို့ သိပ်မကြာလောက်တော့ပါဘူး]
[လီကောကတော့ အတော်လေးဝေးနေသေးတယ်]
"ဒါဆိုရင် အခု သူတို့ရဲ့ကျင့်ကြံဆင့်ကို မြင်နိုင်လား?"
[ဒါပေါ့။ အချက်အလက်ကိုထုတ်ပေးလိုက်ပါပြီ။ တစ်ချက်ကြည့်လိုက်ပါဦး၊ သခင်]
လုရှောင်ယန်မှာ အကြည့်ပို့လိုက်ကာ မျက်လုံးများကချဉ်သွား၏။
သူဟာဘယ်တုန်းကမှစိတ်ခံစားချက်မများဖူးပေ၊ သူ၏မိဘများ သေဆုံးချိန်၌လည်း ထိုနည်းလည်းကောင်းပါပင်။
လီကောမှာ နောက်ဆုံးတော့ တိုးတက်လာခဲ့ပြီဖြစ်၏!
ဖုန်းထျန်းယွမ်မှာ မဟာယနနတ်ဘုရားဘုရင်ပဉ္စမအဆင့်တွင်ရှိကာ ကျီဝူရှားမှာ အဌမအဆင့်ဖြစ်၍ လီကောမှာမူ အမတနတ်ဘုရားဧကရာဇ်ပထမအဆင့်သို့ရောက်ရှိနေပြီးဖြစ်၏!
သူ၏ကျင့်ကြံဆင့်မှာ အခြားသောတပည့်များကြောင့် တိုးလာခဲ့ခြင်းဟု အမြဲတစေတွေးထင်နေခဲ့သည်။ အဆုံးတွင် လီကောကြောင့် ဖြစ်လိမ့်မည်ဟု ထင်မထားခဲ့ပါချေ။
အထင်ကြီးဖွယ်ရာပင်!
"သေစမ်း၊ ငါအခု လီကောနဲ့ တခြားတပည့်တွေပြန်လာဖို့စောင့်နေတာပဲ။ ငါသာ သူတို့ကို ထောက်ကူဖို့ အမတဆေးလုံးတွေသာပေးလိုက်ရင် သူတို့တွေ မိနစ်ပိုင်းအတွင်းမှာပဲ တိုးတက်ပြီး သန်မာလာကြမယ်လို့ ထင်တယ်။ ငါလည်း ဒါကို တစ်ခဏအတွင်းမှာပဲ နတ်ဘုရားဧကရာဇ်အဆင့်ကိုတက်လှမ်းနိုင်ဖို့ အခွင့်ကောင်းယူထားရမယ်!
ထိုသို့တွေးကာ လုရှောင်ယန်မှာ ချက်ချင်းပင် သူ၏နောက်ထပ်ခြေလှမ်းအား စတင်ကာစီစဉ်လိုက်တော့၏။
သူဟာ တပည့်များအတွက် ကျင့်စဉ်အသီးသီးအား မပြင်ဆင်ခင်တွင် ကျင့်ကြံခြင်းဆေးလုံးများအား ပြင်ဆင်လိုက်၏။
၎င်းတို့ နတ်ဘုရားလောကသို့ မရောက်ခင်တွင် သူတို့၏ကျင့်စဉ်များမှာ နတ်ဘုရားကျင့်စဉ်များအဖြစ်သို့ တိုးမြှင့်ပြီးဖြစ်၏။
၎င်းတို့မှာ အမတကျင့်စဉ်များအား မကျင့်နိုင်သေးသော်ငြားလည်း အနည်းဆုံးတော့ နက်နဲမှုကျင့်စဉ်များအား ကျင့်ကြံနိုင်ပါသည်။
နက်နဲမှုအဆင့်ကျင့်စဉ်များသည်ပင် နတ်ဘုရားကျင့်စဉ်ထက် အဆများစွာ အားကောင်းလေသည်။
သို့သော်... ပြောရလျှင် သူ့ထံ၌ ကိုယ်ပိုင်လွတ်လပ်သောကမ္ဘာငယ်ရှိပြီးဖြစ်ကာ လောကသုံးပါးအားလည်း စွန့်လွှတ်ပြီးဖြစ်သည်။ သူဟာ ကောင်းကင်တာအိုထံမှ ဖိနှိပ် ထိန်းချုပ်ခြင်းမခံရတော့ပါချေ။
ထိုသို့ဆိုလျှင် လီကောနှင့် အခြားသူများမှာ ကောင်းကင်တာအို၏ ချုပ်နှောင်မှုများမှလွတ်မြောက်ကာ သူ့ကဲ့သို့ အမတကျင့်စဉ်များအား စတင်ကျင့်ကြံနေသည်လား?
"ဝမ့်ခိုက်၊ ငါ လီကောနဲ့ အခြားသူတွေကို ကမ္ဘာငယ်ဆီခေါ်လာရင် သူတို့တွေ အမတကျင့်စဉ်တွေကို ကျင့်ကြံနိုင်မှာလား?"
[ဒါပေါ့၊ သူတို့တွေ အမတကျင့်စဉ်ကိုကျင့်ကြံနိုင်တယ်။ ပြဿနာမဖြစ်ပါဘူး။ ဒါပေမယ့် တစ်ခုတော့ရှိတယ်]
"ဘာများလဲ?"
[ကျင့်ကြံခြင်းလမ်းကြောင်းဆိုတဲ့အရာက တကယ်တော့ ကောင်းကင်တာအိုအတွက် ဆန်းစစ်ခြင်း ဖြစ်စဉ်ပါပဲ]
[အကြောင်းကတော့ စကြဝဠာတွင်းမှာရှိတဲ့ သက်ရှိအားလုံးက ပန်ဂုရဲ့ခန္ဓာနဲ့ ဝိဉာဉ်ကို အဓိကအသုံးပြုနေတာကြောင့်ပါ]
[သက်ရှိအားလုံးကို ထိန်းချုပ်နိုင်တာကပဲ ကောင်းကင်တာအိုကို ပန်ဂုအသက်ရှင်စဉ်ကရရှိခဲ့တဲ့ စွမ်းအား အထွဋ်အထိပ်ကို ရောက်ရှိပြီး တကယ်တမ်း အသုံးပြုနိုင်စေတယ်]
[ဒါပေမယ့်၊ ကောင်းကင်တာအိုရဲ့ကျင့်ကြံဆင့်ကို ကန့်သတ်ထားပါတယ်။ အဲ့ဒါက ပန်ဂုကနေအသွင်ပြောင်းလဲခဲ့တဲ့ လောကသုံးပါးကို တစ်ခါတည်းနဲ့ ဘယ်လိုလုပ် ဝါးမြိုနိုင်မှာတဲ့လဲ?]
[ဒါကြောင့် သူက အရင်ဆုံးထိပ်တန်းအဆင့်တွေဆီမှာ အာရုံစိုက်ထားလိုက်ပြီးတော့ အင်အားကြီးတဲ့လူက အားနည်းတဲ့လူကို ဖိနှိပ်စေတော့တာပဲ]
[နောက်တစ်မျိုးပြောရရင် အဲ့ဒီဉာဏ်ကြီးရှင်တွေကိုလည်း ပစ်မှတ်ထား,ထားသေးတယ်]
[သခင်က ကမ္ဘာငယ်ကိုဖန်ဆင်းနိုင်တဲ့အထိ ကျင့်ကြံပြီးတည်းက ကောင်းကင်တာအိုကထိန်းချုပ်ထားတဲ့ လမ်းကြောင်းပေါ်ကို တဖြည်းဖြည်းနဲ့ရောက်သွားပြီ။ ပြီးတော့ အချိန်တွေကျော်လွန်ပြီး ကျင့်ကြံဆင့်တွေတိုးလာတာနဲ့ ကောင်းကင်တာအိုက ပိုပိုပြီးတော့ ထိန်းချုပ်လာလိမ့်မယ်]
[ဒီလိုနဲ့ ကျင့်ကြံဆင့် ဘယ်လောက်မြင့်မြင့် သူတော်စင်တစ်ပါးဖြစ်လာရင်တောင် ကောင်းကင်တာအိုရဲ့ ရုပ်သေးလေးတစ်ရုပ်ပဲဖြစ်နေဦးမှာပဲ]
[ဒါ့ထက်၊ အဲ့ဒီဟုန်ကျွင်းမှာလည်း မြင်းနက်တွေအပေါ်မူတည်ပြီးတော့ တတိယနည်းတစ်ခုရှိသေးတယ်]
[ပါရမီရှင်တချို့ကိုသတ်ဖို့အတွက် အရင်ဆုံး မြင်းနက်တွေကိုသုံးပြီး အဲ့ဒီပါရမီရှင်တွေကနေ ပန်ဂုပြန်ရှင်လာမှာကို အရင်တားဆီးတယ်။ ဒုတိယအနေနဲ့ကတော့ ပါရမီရှင်တွေရဲ့ မွေးဖွားမှုကို ရပ်တန့်ပစ်လိုက်ဖို့က သူ့အတွက်ပိုပြီး အဆင်ပြေနေတယ်လေ။ ဒီနည်းနဲ့ဆိုရင် သူတို့ကိုထိန်းချုပ်ဖို့ စွမ်းအားများများတောင်မလိုတော့ဘူး]
[နောက်ဆုံးတော့လည်း သာမန်လူတွေက သူ့အတွက် ထိန်းချုပ်ဖို့ ပိုပြီးသင့်တော်တယ်လေ]
[ဒါကြောင့်၊ သခင်က တခြားတပည့်တွေရဲ့ ကမ္ဘာငယ်တွေကို ကျေညက်စေဖို့ သခင့်ရဲ့ကမ္ဘာငယ်ကို သုံးလို့ရနိုင်မယ်ဆိုရင် သူတို့အပေါ်မှာ ဒီကမ္ဘာရဲ့ အမှတ်ကို ဖျက်လိုက်ပါ၊ ဒါဆိုရင် လောကသုံးပါးနဲ့ ပြန်လည်ဝင်စားခြင်းလမ်းကြောင်းခြောက်သွယ်ကနေ လွတ်မြောက်မယ်လို့ ယူဆလို့ရနိုင်တယ်လေ]
[ဒီနည်းနဲ့ဆိုရင် သူတို့တွေကို နိယာမတွေနဲ့ မတင်းကြပ်တော့သလို အေးအေးချမ်းချမ်းနဲ့ အမတကျင့်စဉ်တွေလိုမျိုး အဆင့်မြင့်ကျင့်စဉ်တွေကို ကျင့်ကြံနိုင်လိမ့်မယ်]
[ပြောရရင် အမတကျင့်စဉ်တွေကို အဆင့်အမြင့်ဆုံးကျင့်စဉ်လို့တောင်ပြောလို့ရနိုင်တယ်။ ဒါရဲ့အထက်မှာဆိုရင် သူတော်စင်အဆင့်မှာ ကျင့်ကြံနေတဲ့ ယုံကြည်မှုစွမ်းအားပဲရှိတော့တယ်]
[ဒါပေမယ့် သခင် ယုံကြည်မှုစွမ်းအားကို ကျင့်ကြံဖို့မလိုပါဘူး။ သခင့်ရဲ့တပည့်တွေလည်း ယုံကြည်မှုစွမ်းအားကိုကျင့်ကြံဖို့မလိုဘူး။ အကြောင်းကတော့ သခင်က ကောင်းကင်တာအိုကနေ လွတ်မြောက်သွားတဲ့ ကမ္ဘာငယ်အသစ်ကို ထုတ်ဖော်နိုင်လို့ပါ]
[အနာဂတ်မှာ သခင် သူတော်စင်တစ်ပါးဖြစ်လာရင် သခင့်ကို သူတော်စင်တစ်ပါးလို့ ခေါ်ရလိမ့်မှာမဟုတ်ဘဲ ရှေးဟောင်းသဏ္ဍာန်မဲ့ဇင်းနစ်ကောင်းကင်ဘုံရွှေရောင်အမတအရှင်လို့ပဲ ခေါ်ခံရမှာပါ]
[သူတော်စင်တွေအားလုံးက ရှေးဟောင်းသဏ္ဍာန်မဲ့ဇင်းနစ်ကောင်းကင်ဘုံရွှေရောင်အမတအရှင်တွေပါ။ ဒါပေမယ့် ကောင်းကင်တာအိုရဲ့ အောက်မှာတော့ သူတို့တွေကို သူတော်စင်တွေလို့ခေါ်ကြတယ်။ ဒီနည်းနဲ့ သူတို့ရဲ့ ဖြစ်နိုင်စွမ်းက နောက်တစ်လှမ်းရှေ့တိုးနေချိန်မှာ ဖိနှိပ်ခံလိုက်ရတယ်]
[ဒါပေမယ့်၊ သခင် စိတ်ပူစရာမလိုပါဘူး။ သခင် အနာဂတ်မှာ ကျင့်ကြံနိုင်ပါသေးတယ်]
"ငါသိပြီ!"
လုရှောင်ယန်မှာ ခေါင်းငြိမ့်လိုက်ကာ အတန်ငယ်စိတ်လှုပ်ရှားနေ၏။
"ပြောချင်တာက ငါ့ရဲ့တပည့်လေးတွေ အနာဂတ်မှာ အမတ အတိဒုက္ခ ဒါမှမဟုတ် သူတော်စင်အတိဒုက္ခကို ကျော်ဖြတ်ဖို့ မလိုတော့တာလား? ငါတို့တွေ ကျင့်ကြံဖို့ ငြိမ်းချမ်းတဲ့ နေရာရှာပြီး အဆုံးထိတိုင် သိုသိုသိပ်သိပ်နေသွားရမလား?"
ဝမ့်ခိုက် : [...]
[သခင်၊ ဒါကဆရာတွေးသမျှ အကုန်ပဲလား? ဒီအဆင့်နဲ့ဆိုရင် အခြားလူတွေက သူတို့ရဲ့ စွမ်းအားကို ချက်ချင်းထုတ်နိုင်လိမ့်မယ်လေ။ ဒါပေမယ့်၊ သခင့်ရဲ့ ပထမဆုံးအတွေးက ပုန်းပြီး ကျင့်ကြံဖို့တဲ့လား?]
"ကျစ်! ငါ့ကိုအရူးလို့များထင်နေတာလား? ကမ္ဘာကြီးကိုချက်ချင်းဖျက်ဆီးဖို့ ဘယ်လိုများ အရမ်းလွယ်နေမှာတဲ့လဲ? လောကမှာ တာအို၅၀ရှိပြီး ကောင်းကင်တာအိုက သူတို့ ၄၉နဲ့ ယှဉ်ပြိုင်နေတယ်။ ဒါက 1 vs 49ဖြစ်နေပြီလေ။ တစ်ဖက်လူကို အနိုင်ယူဖို့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? အရင်ဆုံးဒါကို မပြောဘဲနေကြရအောင်..."
"ဟုန်ကျွင်းအကြောင်းပြောကြစို့... ငါသာဟုန်ကျွင်းကိုတိုက်ခိုက်ရင် ငါ့ကိုယ်ငါ သတ်တာနဲ့မတူနေဘူးလား? ငါ အခေါင်းကြိုတင်ပြင်ထားသင့်လား?"
ဝမ့်ခိုက် : [...]
[သခင်၊ ငါ သခင့်ရဲ့ဘာကို အလေးစားရဆုံးလဲသိလား?]
"ဘာလဲ?"
[သခင်က လုံးဝကို သူရဲဘောကြောင်တယ်၊ ဒါပေမယ့် တခြားလူတွေ အမှားရှာမရအောင်တော့ အရမ်းတည်တည်နေတတ်တယ်။]
"မင်းရိုက်ခံချင်လို့လား? ငါကဘယ်လိုလုပ် သူရဲဘောကြောင်သွားတာလဲ? ငါကကိုယ့်စွမ်းအားကို စနစ်ကျကျတိုးမြှင့်နေတာပါ။"
[ငါက အထူးအနိုင်ယူခြင်းတစ်ခုကို လိုချင်တယ်။ မင်းလုပ်ရဲလား? ငါအိပ်ရာထဲ ဆယ်လလောက် အိပ်ရာထဲလှဲနေနိုင်အောင်လို့ ငါ့ကို ရိုက်စေချင်တယ်]
လုရှောင်ယန်ဟာ တည်ငြိမ်စွာပြောလိုက်၏။
"မင်းမှန်ပါတယ် ငါကတကယ်ကို ငကြောက်ပဲ။"
ဝမ့်ခိုက် : "..."
ဝမ့်ခိုက်မှာ နက်နက်ရှိုင်းရှိုင်းခံစားလိုက်ရသည်။
လုရှောင်ယန်မှာ ထိုသည်အားလုပ်ရန် ကြောက်ရွံ့ကြောင်းကို ဝန်ခံလိုက်သည်။
ပြောရလျှင် ဝမ့်ခိုက်မှာ အင်မတန်ကူရာမဲ့နေ၏။
သူသည်လည်း မဟာတာအိုကဲ့သို့ တစ်ခုပင်ဖြစ်ချေ၏။ သူ့ကိုယ်သူအား မမှီခိုဘဲ ကိုယ်ပိုင်နာမည်ပေးမယ်ပေါ့။
၎င်း၏စွမ်းအားမှာ အခြားသော တိုးတက်မှုများအား ကူညီရန်ဖြစ်၏။
၎င်းမှာ မွေးဖွားစဉ်ကတည်းက တွဲလျက်ပါလာသည့် စွမ်းရည်ပင်ဖြစ်သည်။
၎င်းမှာ လူသားတစ်ဦးမဟုတ်ပါချေ။ လူသားများတွင်မူ အဆုံးမရှိသော ဖြစ်နိုင်ချေများရှိ၏။
၎င်းတွင် ရွေးချယ်မှုမှာ မရှိသလောက်ပင်နည်းပါးချေသည်။
သို့သော် သူဟာ လုရှောင်ယန်အား မြင့်မြင့်မှန်းထားကာ ထိုသည်ကပင် သူနှင့် အတူရှိချင်သည့်အကြောင်းဖြစ်၏။
သူသာလုရှောင်ယန်၏ မိန်းမလေးဖြစ်လာပါလျှင် အနာဂတ်တွင် အမှီအခိုကင်းသော ဖြစ်တည်မှုတစ်ခုပင်ဖြစ်လာပေလိမ့်မည်။
အကြောင်းမှာ လုရှောင်ယန်၏ ကျင့်ကြံဆင့်မှာ အဆင့်တစ်ခုသို့ရောက်ရှိပြီးနောက်တွင် ဝမ့်ခိုက်အား လုံးဝကျော်လွန်ကာ စစ်မှန်သောဘဝတစ်ခုကိုပင် ပေးစွမ်းနိုင်လိမ့်မည်။
၎င်းမှာ ဟုန်ကျွင်းအား အနိုင်မယူဘဲ ကိုယ်ကိုယ်တိုင်သာ အမှီအခိုကင်းသော ဘဝတစ်ခုဖြစ်လာလိမ့်မည်။
ရိုးရိုးသားသားဆိုရလျှင် သူဟာ ၎င်းအား အစကတည်းက စီစဉ်ခဲ့ခြင်းဖြစ်၏။
၎င်းဟာ လူတစ်ဦးအား သူ၏မိန်းမလေးဖြစ်မလာခင်တွင် ဤကမ္ဘာရှိ အသန်မာဆုံးဖြစ်တည်မှုအဖြစ် ပျိုးထောင်လိမ့်မည်ပင်။
ဤအစီအစဉ်အား တုနှိုင်းမဲ့ပြီးပြည့်စုံသောယောက်ျားပျိုးထောင်ခြင်း အစီအစဉ်ဟု ခေါ်ဆိုပေသည်!
သို့သော် ၎င်းမှာ လုရှောင်ယန်အား မထိန်းချုပ်နိုင်သလို ထိန်းချုပ်နိုင်သည်လည်း မဟုတ်ပါချေ။
၎င်းဟာ သူကိုယ်တိုင် ထိန်းချုပ်၍ရနိုင်သော ယောက်ျားအား မလိုအပ်ပါချေ။
နောက်ဆုံးတော့လည်း ထိုသို့သော ယောက်ျားမှာ မည်သို့များ ဟုန်ကျွင်းနှင့် ကောင်းကင်တာအိုအား ရင်ဆိုင်နိုင်ပါမည်နည်း?
လုရှောင်ယန်အတွက်မူ နောက်ဆုံးတွင် ၎င်းကို လိုချင်မည်လား၊ ၎င်းကိုယ်တိုင်က သူ၏အနာဂတ်ကို လောင်းကစားနေသည်ဟုသာ ပြောနိုင်သည်။
ယောက်ျားများဟာ အမြဲတစေ ၎င်းတို့၏ဘဝတစ်လျှောက်လုံးအား အလောင်းအစားလုပ်ကြသည်။ ၎င်းတို့မှာ အရှုံးမခံနိုင်ပါချေ။
မိန်းမများမှာ ၎င်းတို့၏ဘဝတွင် တစ်ကြိမ်တစ်ခါသာ အလောင်းအစားလုပ်ကြ၏။ သူတို့အနိုင်ရလျှင် အကောင်းဆုံးဖြစ်မည်။ ကျရှုံးလျှင်မူ မည်သည်ကိုမျှ မရနိုင်ပါချေ။
လုရှောင်ယန်မှာ ထပ်မံ၍ သိုသိုသိပ်သိပ်နေထိုင်ရန် စတင်လေ့လာနေသည်ကို ကြည့်ရင်းဖြင့် သူ၏မျက်လုံးများမှာ ငေးမောသွားတော့၏။ ထို့နောက်တွင် သူဟာ အတွေးများအား ပြန်ရုတ်သိမ်းကာ လုရှောင်ယန်၏ကိုယ်ထံ ထပ်မံပေါင်းစပ်လိုက်တော့သည်။
…
ဖုန်းထျန်းယွမ်၏ဘက်တွင် ကျီဝူရှားမှာ ရွှေဗုဒ္ဓလက်နှင့် အဆက်မပြတ် တိုက်နေသောကြောင့် ထို ရွှေဗုဒ္ဓလက်မှာ ပြိုလဲလုနီးကာ အတန်ငယ် ထိန်းထားနိုင်စွမ်းမရှိတော့ပါချေ။
ဖုန်းထျန်းယွမ်မှာ ထပ်ခါထပ်ခါဟိန်းဟောက်လိုက်ကာ နောက်ရှိနတ်ဆိုးလူဝံနတ်ဝိဉာဉ်က ပိုမိုသန်မာလာတော့သည်!
တစ်ချိန်တည်းတွင် ယခင်က သူမရရှိခဲ့ဖူးသော အချို့မှတ်ဉာဏ်များမှာ သူ၏စိတ်တွင်းသို့ တဖြည်းဖြည်းရောယှက်လာ၏။
"တတ္ထာဂတ၊ စိတ်ဝိဉာဉ်တောင်ရဲ့ ဂုဏ်သရေရှိဆရာအနေနဲ့ မင်းကတကယ်ကို စက်ဆုပ်စရာပဲ။ ငါသေသွားရင်တောင် မင်းရဲ့ဗုဒ္ဓဂိုဏ်း လက်ပါးစေလုပ်မှာမဟုတ်ဘူး!"
"ငါ့ရဲ့ဗုဒ္ဓဂိုဏ်းကို မဝင်ရင် မင်းပဲသေရမှာ။"
"ငါသေရင် မင်းရဲ့ ကြီးမြတ်လှတဲ့ခံဝန်ချက်ကြီးကို ဘယ်လိုပြီးအောင်လုပ်မှာလဲ?!"
"နားမလည်တဲ့ ပုရွက်ဆိတ်လေး။ အနောက်အရပ်သို့ခရီးသွားခြင်း တန်ကြေးကို ဆုံးဖြတ်ပြီးသွားပြီ။ ဒါက ကောင်းကင်ရဲ့လိုဆန္ဒပဲ။ မင်းတို့လိုကောင်လေးတွေကြောင့် ဘယ်လိုပြောင်းလဲပေးရမှာလဲ? မင်းသေသွားရင် တစ်ယောက်ယောက်က မင်းနေရာကိုယူမှာပဲလေ။"
တစ်ခဏအကြာတွင် ဗုဒ္ဓလက်ဝါးဖျက်ဆီးမှုက ကျရောက်လာတော့၏။
သူ၏ရှေ့မှောက်မှ ဗုဒ္ဓလက်ဝါးနှင့် ထိုဗုဒ္ဓလက်ဝါးမှာ ဆင်တူလွန်းလှသည်ပင်?
သူ၏စိတ်တွင် အဆုံးမဲ့ အမည်မဲ့ဒေါသက ထွက်လာကာ ဖုန်းထျန်းယွမ်၏ မျက်လုံးများကို နီပင်နီလာစေ၏။
"ဒီလောက,ကဘယ်သူမှာ ငါ့ကိုမတားနိုင်ဘူး! ဖွင့်လှစ်!"
နတ်ဆိုးလူဝံမှာ ဟိန်းဟောက်ကာ သူ၏ဝိဉာဉ်ရှိ ကြိုးနှစ်ချောင်းမှာ တကယ်ကိုပျက်စီးသွားကာ သူ၏လက်များအား ပျက်စီးလွယ်နေစေသည်!
ထိုအခိုက်တွင် ဖုန်းထျန်းယွမ်၏ကျင့်ကြံဆင့်မှာ နောက်တစ်ဆင့်တက်သွားကာ နတ်ဘုရားဘုရင် ပဉ္စမအဆင့်မှ ဆဌမအဆင့်သို့ရောက်ရှိသွား၏!
ထို့နောက် ကျီဝူရှား၏ရိုက်ချက်ကြောင့် အပြင်းအထန်လှုပ်ခါသွားခဲ့သည့် ထို ဗုဒ္ဓလက်မှာ သူ့ကြောင့် လုံးဝထောင်ထသွားတော့သည်။
ထို့နောက်တွင် ဖုန်းထျန်းယွမ်မှာ အာကာပြင်ဖြိုခွဲတူအား ကိုင်ဆောင်လျက် ဗုဒ္ဓလက်ဝါးအား ဖြတ်သန်းသွားတော့သည်။ တစ်ခဏအတွင်းတွင် တစ်ဖက်လူ၏လက်မှာ လက်မချင်းစီ ပျက်စီးသွားတော့၏!
"ဘာ!"
လူတိုင်း၏အမူအရာမှာ ဆိုးဆိုးရွားရွား ပြောင်းလဲသွားကြသည်။
"မဖြစ်နိုင်လိုက်တာ!'
၎င်းမှာ ၎င်းတို့ထုတ်လွှတ်ထားသော ယုံကြည်မှုစွမ်းအားကြောင့် ဖြစ်ပေါ်လာသည့် ဗုဒ္ဓပုံရိပ်ဖြစ်ကာ ဗုဒ္ဓဂိုဏ်း၏ မဟာကံကောင်းမှုကြီးလည်းဖြစ်သည်ပင်!
အမတနတ်ဘုရားဧကရာဇ်အဆင့်တို့ စုဝေးခဲ့သော ထိုပုံရိပ်ကြောင့် နတ်ဘုရားဧကရာဇ်အထက်ကပညာရှင်များမှာ ၎င်းကိုတွန်းထုတ်လိုက်သော်လည်း ပျက်စီးသွားရန်လုံးဝမဖြစ်နိုင်ပါချေ။
ထို့အပြင် ထိုဖုန်းထျန်းယွမ်မှာ မည်သူနည်း? သူဟာ မဟာယနနတ်ဘုရားဘုရင် ဆဌမအဆင့်၌သာရှိသေးချေ၏!
မဟာယနနတ်ဘုရားဘုရင် ဆဌမအဆင့်မှာ မည်သို့များ ထိုသို့လုပ်ဆောင်နိုင်သနည်း?
"ဆရာတူမောင်လေး၊ မင်းလုပ်တာကောင်းတယ်!"
ကျီဝူရှားမှာ စိတ်လှုပ်ရှားစွာအော်လိုက်၏။ ဖုန်းထျန်းယွမ်မှာ ကောင်းကင်ယံရှိ အခြားသောဗုဒ္ဓပုံရိပ်လက်ဝါးရှေ့မှောက်သို့ ရောက်ရှိနေပြီးဖြစ်သည်။
"ဆရာတူအစ်မ၊ ကျွန်တော့်ကိုကူဦး!"
"ကောင်းပြီ!"
ကျီဝူရှားမှာလေချွန်လိုက်ရာ ဇာမဏီနားခိုရာအကာအကွယ်အမှတ်မှာ ကောင်းကင်မှကျဆင်းလာကာ ဗုဒ္ဓလက်ဝါးအား ထိမှန်သွားတော့၏။
ဗုဒ္ဓလက်ဝါးမှာ အပြင်းအထန်တုန်ရီလျက် လူတိုင်း၏ကိုယ်များမှာလည်း ချက်ချင်းတုန်ရီသွားကြ၏။
လူတိုင်းမတုံ့ပြန်နိုင်ခင်တွင် ဖုန်းထျန်းယွမ်မှာ အာကာပြင်ဖြိုခွဲတူအား ထပ်မံဝေ့ယမ်းလိုက်ကာ ဗုဒ္ဓလက်ဝါးအား အဝေးသို့လွင့်ထွက်သွားစေသည်။
"မကောင်းတော့ဘူး!"
"ဆရာတူအစ်ကို၊ ဒါကို ဆင့်မခေါ်ရသေးဘူးမလား? ကျွန်တော်တို့အကာအကွယ်တော့ပါသွားပြီ!"
လူတိုင်းမှာ အင်မတန်ကြောက်ရွံ့နေကြသည်။ သို့သော် အမတနတ်ဘုရားဧကရာဇ်သတ္တမအဆင့်ပညာရှင်မှာ ပြုံးနေလက်စဖြင့် ပြောလိုက်သည်။
"စိုးရိမ်ဖို့မလိုပါဘူး။ ဗုဒ္ဓဂိုဏ်းက ဖွင့်ထားပြီးသားပါ။ စီနီယာဗုဒ္ဓဘုန်းတော်ကြီးတွေက ရောက်တော့မယ်!"
စကားဆုံးသည်နှင့် ရွှေရောင်ဟင်းလင်းပြင်ဂိတ်မှာ ရုတ်တရတ် ကောင်းကင်၌ ပွင့်လှစ်သွားတော့၏။
"ဟားဟားဟားဟား... ဗုဒ္ဓဂိုဏ်းဆီသွားတဲ့ ဂိတ်က ပွင့်လာပြီ! ဗုဒ္ဓဂိုဏ်းဆီသွားတဲ့ ဂိတ်က ပွင့်လာပြီ! အခု ငါတို့တော့ အကယ်ခံရပြီ!"
"ဗောဓိကျောင်းက စီနီယာဘုန်းတော်ကြီးတွေ ငါတို့ကို ချက်ချင်းလာကယ်လိမ့်မယ်! သူတို့ပေါ်လာတာနဲ့ အဲ့ဒီနတ်ဆိုးနှစ်ကောင်တော့ သေပြီပဲ။ ဟားဟားဟား..."
ထိုဗုဒ္ဓနတ်ဘုရားဧကရာဇ်အဆင့် ၁၁ယောက်မှာ စိတ်လှုပ်တရှားအော်ဟစ်လျက် ဗီလိန်က အောင်မြင်မှုကိုရလိုက်သလိုပါပင်။
ဖုန်းထျန်းယွမ်နှင့် ကျီဝူရှားတို့၏အမူအရာများမှာ အတန်ငယ်လေးနက်သွား၏။ အကြောင်းမှာ တစ်ဖက်က ပိုမိုအားကောင်းသော ပညာရှင်များ ပို့လိုက်ပါလျှင် ၎င်းတို့နှစ်ဦးမှာ လုံးဝကို ရင်ဆိုင်နိုင်တော့မည်မဟုတ်ချေ။
၎င်းတို့နှစ်ဦးသားမှာ အချင်းချင်းကြည့်ကာ အကြံတစ်ခုရသွား၏။
၎င်းတို့၏ဆရာမှာ မနိုင်လျှင် ပြေးရန်ပြောထား၏။ မည်သို့ဖြစ်နေပါစေ ၎င်းမှာ သူတို့၏ ဆရာသင်ပေးခဲ့ကာ အရှက်သည်းရမည်လည်းမရှိပါချေ။
ရှင်သန်ခြင်းကသာ မျှော်လင့်ချက်ရှိမည်ဖြစ်၏။
ရှင်သန်ခြင်းကပင် ရယ်မောခြင်းကိုကျန်ရှိစေမည်။
အနိုင်ရသူကသာ သမိုင်းကိုရေးနိုင်မည်။ ထိုအချိန်သို့ရောက်လျှင် မလွတ်နိုင်ဟု ပြောနေလျှင်ပင် မည်သူကမျှ ဘာမှ လုပ်မည်မဟုတ်ပါချေ။
သို့သော် ၎င်းတို့နှစ်ဦးမလွတ်မြောက်ခင်တွင် ဗုဒ္ဓဂိုဏ်း၏ဂိတ်အား အညှာအတာကင်းမဲ့သော သွေးနတ်ဆိုးစွမ်းအားနှင့် ပြည့်နှက်နေသည့်အရာက ဖျက်ဆီးလိုက်သည်။
အားမှာ အင်မတန်စွမ်းအားကြီးလှ၏။ အာကာပြင်ဂိတ်မှာ စက္ကူဖြင့် ပြုလုပ်ထားသကဲ့သို့ ကြေမွသွား၏!
ဗုဒ္ဓအမတနတ်ဘုရားဧကရာဇ်ပညာရှင်များမှာ တမုဟုတ်ချင်းကြောင်အသွားတော့သည်။
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၆။ အပိုင်း ၃၈၄ မင်းက ကြီးမြတ်သောနတ်ဘုရားအဆင့်ဆရာကြီးဆိုတော့ရော ဘာဖြစ်လဲ? ငါကမင်းကို သတ်မှာပဲ!
ဘာတွေဖြစ်နေတာလဲ?
ဘာလို့ ဗုဒ္ဓဂိုဏ်း ဟင်းလင်းပြင်ဂိတ်က ပိတ်သွားရတာလဲ?
ဗုဒ္ဓဂိုဏ်းအကြီးအကဲတွေက ဘာလုပ်နေတာလဲ?
သူတို့အတွက် စီနီယာဘုန်းတော်ကြီးတစ်ပါးလောက်လွှတ်ပေးဖို့က အရမ်းခက်ခဲနေလို့လား?
ဗုဒ္ဓအမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင် ၁၁ဦးမှာ လုံးဝကြောင်အမ်းသွားကြတော့၏။
တစ်ချိန်တည်းတွင် ပိုမိုသန်မာသောရောင်ဝါမှာ ဖုန်းထျန်းယွမ်နှင့် ကျီဝူရှားထံမှ ထွက်ပေါ်လာကာ လူတိုင်းကို တုန်ရီသွားစေသည်။
၎င်းတို့မှာ ဖျက်ဆီးခံရတော့မည်ကို သိလိုက်၏။
...
ဗောဓိကျောင်းဘက်တွင် ယွင်လီကောမှာ ဗောဓိကျောင်း၏ အကာအကွယ်အစီရင်အားဖျက်ဆီးလုဆဲဆဲတွင် ရွှေရောင်ဟင်းလင်းပြင်ဂိတ်မှာ သူ၏နံဘေး၌ ရုတ်တရတ်ပေါ်ထွက်လာ၏။
"ဒါကဘာကြီးလဲ?"
သူဟာ မပျော်မရွှင်ဖြင့် အတန်ငယ်မျက်မှောင်ကျုံ့လိုက်ကာ ရှေးဟောင်းဧကရာဇ်လက်သီးအားထုတ်ဖော်လျက် ထိုဟင်းလင်းပြင်ဂိတ်အား အပိုင်းအစများအဖြစ်သို့ ရောက်အောင်ထိုးချပစ်လိုက်၏။
ထို့နောက်တွင် ရှေ့သို့လျှောက်သွားလိုက်ကာ တောင်ထွဋ်သို့ရောက်ရှိလာ၏။
ထိုအခိုက်တွင် ဗုဒ္ဓဂိုဏ်းမှဘုန်းတော်ကြီးများမှာ တစ်ညီတည်း တံတွေးမြိုချလိုက်တော့၏။
ဗောဓိကျောင်းသို့ ဝင်ရောက်ပြီးကတည်းက ၎င်းတို့မှာ ယနေ့ကဲ့သို့အဖြစ်မျိုးအား မကြုံဖူးခဲ့ပါချေ။
ဗောဓိကျောင်းမှာ ဗုဒ္ဓဂိုဏ်းတွင် ထိပ်သီးဂိုဏ်းဖြစ်ပြီး လောကတွင် အသန်မာဆုံးဂိုဏ်းဖြစ်၏။ ထိုသို့ကြောင့် ထိုစီနီယာဘုန်းတော်ကြီးများမှာ အမြဲတစေ သက်တောင့်သက်သာ,သာ နေထိုင်ခဲ့ကြသည်။
ယခုတွင် ၎င်းတို့မှာ ရုတ်တရတ် အင်မတန်စွမ်းအားကြီးမားသော ဖြစ်တည်မှုနှင့် ရင်ဆိုင်ကြုံတွေ့ရသောအခါ လူတိုင်းမှာ သဘာဝကျစွာနှင့်ပင် ပူပန်နေကြတော့၏။
ဘုန်း!
များများစားစားမပြောဘဲနှင့် သွေးနီရောင်ပုံရိပ်မှာ ၎င်း၏ ပထမဆုံးတိုက်ခိုက်မှုအား ထုတ်ဖော်လိုက်ပြီဖြစ်သည်။
ကံအားလျော်စွာဖြင့် ဗောဓိကျောင်း ဂိုဏ်းအကာအကွယ်အစီအရင်ဆီမှ မည်သို့သော လှုပ်ရှားမှုမှမရှိသည်က အားလုံးကို စိတ်သက်သာစွာ သက်ပြင်းချစေလိုက်သည်။
ဘုန်း!
ထို့နောက်တွင် ဒုတိယ၊ တတိယ၊ စတုတ္ထ...
တစ်ခေါက်ပြီး တစ်ခေါက် ထိုဂိုဏ်းအကာအကွယ်အစီအရင်အား အဆုံးမရှိ တိုက်ခိုက်ပါသော်လည်း ၎င်းမှာ လုံးဝဥဿုံ လှုပ်ရှားခြင်းမရှိပါချေ။
၎င်းမှာ နေရာရှိ ဗုဒ္ဓဂိုဏ်းသားများ အားလုံးကို ပြုံးသွားစေသည်။
နောက်ဆုံးတွင် ၎င်းတို့မှာ ထိုနတ်ဆိုးဘုရင်အား ခုခံနိုင်ပြီဖြစ်၏။
ထိုဂိုဏ်းအကာအကွယ်အစီအရင်ဖြင့် တစ်ဖက်လူမှာ တိုက်ခိုက်ခြင်းငှာမစွမ်းသာတော့ပါချေ။ နောက်ပိုင်း မြင့်မြတ်သောဗုဒ္ဓအားသတင်းပို့ရန် မြင့်မြတ်နယ်မြေသို့ ပို၍အားကောင်းသော လူများအားပို့လိုက်နိုင်သည်နှင့် သူဟာတစ်ဖက်အား အနိုင်ယူနိုင်မည်ဖြစ်၏။
ယွင်လီကောမှာ အတန်ငယ်မျက်မှောင်ကျုံ့လိုက်၏။
သူ၏တိုက်ခိုက်မှုတစ်ခုတည်းဖြင့် ထိုတောင်၏အကာကွယ်အစီအရင်အား ဖျက်ဆီးရန် မဖြစ်နိုင်ဟု ပြောနိုင်သည်။
ပြောရလျှင် ထိုသည်မှာ ဗောဓိကျောင်းဖြစ်ပြီး နတ်ဘုရားလောကတွင် စွမ်းအားအကြီးဆုံးဂိုဏ်းဖြစ်သည်!
ထို့အပြင် ဤနေရာရှိ ထိုဂိုဏ်းအကာအကွယ်အစီအရင်အား နတ်ဘုရားအရှင်ဘုရင်အဆင့်ပညာရှင်သည်ပင် အလွယ်တကူချိုးဖြတ်ခြင်းမပြုနိုင်ပါချေ။
သို့သော် သူဟာမကြောက်ရွံ့ပါချေ။
သူဟာ နတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်တစ်ယောက်ပင် မချိုးဖျက်နိုင်သော ထိုအစီအရင်ကိုပင် ချိုးဖျက်နိုင်စွမ်းရှိသည်!
အသက်ပြင်းပြင်းတစ်ချက်ရှူပြီးနောက်တွင် မျက်လုံးများထဲရှိ ထူးဆန်းသောအနီရောင်အလင်းမှာ ခုန်ထလာ၏။ သူ၏နောက်ရှိ အနက်ရောင်ကြာပွင့်မှာ တွင်းနက်,နတ်ဝိဉာည်ဆီမှ ခပ်ဖြည်းဖြည်း လှည့်ကာ ကွာလာ၏။
ကြာနက်ပေါ်ထွက်လာသည်နှင့် ထိုဗုဒ္ဓဂိုဏ်း,တောင်အကာအကွယ်အစီအရင်မှာ စတင်ကာ တုန်ခါလာတော့၏။
"ဘာတွေဖြစ်နေတာလဲ?"
ဗုဒ္ဓဂိုဏ်းမှ လူများမှာ ချက်ချင်းပင်ထိတ်လန့်သွားတော့၏!
ဒီအနက်ရောင်ကြာပွင့်က ဘာကြီးလဲ?
ဘာလို့ ဗုဒ္ဓဂိုဏ်းရဲ့ တောင်အကာအကွယ်အစီအရင်က အဲ့ဒါထွက်လာတာနဲ့ တုန်ခါသွားတာလဲ?
အားလုံး၏ကြောက်ရွံ့မှုကို လျစ်လျူရှုလျက် ယွင်လီကော၏ နှုတ်ခမ်းထောင့်များမှာ အတန်ငယ်ကွေးတက်သွားလျက် အေးစက်စက်အပြုံးတစ်ပွင့်အား လှစ်ဟပြနေ၏။
သူ၏မျက်လုံးရွေ့လျားသွားသည်နှင့် ထိုကြာနက်မှာ ရုတ်တရတ် အနက်ရောင်အလင်းတန်းအသွင်ပြောင်းလဲကာ ထိုအကာအကွယ်အစီအရင်နှင့် ထိတိုက်သွားတော့၏။
ခွပ်! ခွပ်!
ထိုအခိုက်တွင် အကာအကွယ်အစီအရင်မှာ ထပ်မံ၍ မခုခံနိုင်တော့ပါချေ။ ယွင်လီကော၏ကြာနက်ကြောင့် ကြီးမားသောတွင်းနက်ကြီးအဖြစ် ပွင့်ထွက်သွားတော့သည်။
"မဖြစ်နိုင်လိုက်တာ! မဖြစ်နိုင်ဘူး!"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? နတ်ဘုရားဧကရာဇ်တစ်ယောက်တောင် ကျုပ်တို့ ဗုဒ္ဓဂိုဏ်းရဲ့ တောင်အကာအကွယ်အစီအရင်ကို ကိုင်မလှုပ်နိုင်ဘူး။ ဘယ်လိုလုပ် ဒီလို အမတနတ်ဘုရားဧကရာဇ်အဆင့်လေးတစ်ယောက်က ချိုးဖျက်နိုင်ရမှာလဲ?"
ထိုဗုဒ္ဓအကြီးအကဲများနှင့် တပည့်များမှာ အော်ဟစ်လာကြသည်။ ယွင်လီကောမှာမူ သူ၏ ကြာနက်အား ပြန်ရုတ်သိမ်းလျက် လှံတံကိုကိုင်ဆောင်ထား၏။ အတွေးတစ်ချက်ဖြင့် သူဟာ ဗုဒ္ဓဂိုဏ်းသားများ၏ လူအုပ်ထဲသို့ ပြေးဝင်လိုက်တော့သည်။
သွေးရောင်ဝါမှာ ၎င်းတို့အား ဝန်းရံလိုက်သည်။ တစ်ရာသောတိုက်ပွဲနတ်ဘုရားအောက်ရှိ ကျင့်ကြံဆင့်များဖြင့် ၎င်းတို့မှာ နံဘေးရှိ သွေးရောင်ဝါအား ခုခံနိုင်စွမ်းမရှိနိုင်ပါချေ။ ၎င်းနှင့် ထိစပ်လိုက်သည့် အခိုက်တွင် ၎င်းတို့မှာ သွေးမြူမှုန်အဖြစ်သို့ ပေါက်ထွက်သွားကာ ယွင်လီကော၏ စုပ်ယူခြင်းကို ခံလိုက်ကြရတော့၏။
တစ်ရာသောတိုက်ပွဲနတ်ဘုရားအဆင့်နှင့် အထက်များမှာလည်း ယွင်လီကော၏ လှံတံအား ခုခံနိုင်ခြင်းမရှိပါချေ။
သတ်ဖြတ်ခြင်း အချီသစ်တစ်ခုမှာ စတင်ပြီး ဗောဓိကျောင်း၏ဆရာကြီးများမှာ နောက်သို့ တွန်းထုတ်ခံလိုက်ရသည်။
"ကျုပ်ကိုကယ်ပါ၊ မြင့်မြတ်သောဗုဒ္ဓ!"
"ကျေးဇူးပြုပြီး ညှာတာပါဦး!"
ထိုဗောဓိကျောင်းစီနီယာဘုန်းတော်ကြီးများမှာ မိဘများအား တမ်းတရလောက်အောင်အထိ ယွင်လီကော၏ အရိုက်ခံလိုက်၏။ ၎င်းတို့ထံတွင် ဆရာကြီးတစ်ဦး၏ ရောင်ဝါနှင့် ခံစားချက်များပင် လုံးလုံးမရှိနေတော့ပါချေ။
တစ်ချိန်တည်းတွင် ဗုဒ္ဓဂိုဏ်းမြင့်မြတ်နယ်မြေ၌ ဗုဒ္ဓကြီးမြတ်သောနတ်ဘုရားအဆင့်များမှာ သည်းခံမှု ပျောက်ဆုံးသွားတော့၏။ ၎င်းတို့၏မျက်လုံးများမှာ လေးနက်နေကာ အဆုံးမဲ့လူသတ်ငွေ့ဖြင့် ပြည့်နေတော့၏။
"မြင့်မြတ်သောဗုဒ္ဓ၊ ကျုပ်တို့ တိုက်ခိုက်ဖို့ တောင်းဆိုပါတယ်!"
တင်ပလ္လင်ခွေထိုင်လျက်ရှိသည့် မြင့်မြတ်သောဗုဒ္ဒ၏မျက်လုံးများမှာ ကီလိုမီတာထောင်ချီအဝေးအား မြင်နိုင်ဟန်ပေါ်နေ၏။
သူဟာ ယွင်လီကော၏ သရုပ်ပြမှုအား ရှင်းလင်းစွာ မြင်ရလေသည်။
သို့သော် သူဟာ မတိုက်ခိုက်ပါချေ။
သူဟာ ဒီလူများထက်ပင် နောက်ထပ်မြင်နိုင်သည်။
အခြားသူများ၏ မျက်လုံးထဲတွင် ထိုကောင်လေးမှာ ဗောဓိကျောင်းတွင်းသို့ ကျူးကျော်လာသော နတ်ဆိုးတစ်ကောင်သာဖြစ်သည်။
တစ်ဘက်တွင် ယွင်လီကော၏ပုံစံအမှန်မှာ အင်မတန်ထူးခြားသည်ကို မြင့်မြတ်သောဗုဒ္ဓအနေနှင့် ကောင်းကောင်းသိလေသည်။
ပြောရလျှင် တစ်ဖက်လူမှာ အမတနတ်ဘုရားဧကရာဇ်ပထမအဆင့်မှာပင် ဗောဓိကျောင်းအား အားအပြည့်တိုက်ခိုက်နိုင်သည်။ ထိုသို့သော လူတစ်ယောက်မှာ မည်သို့များ သာမန်လူဖြစ်နိုင်မည်နည်း?
သူပြသခဲ့သော စစ်မှန်သည့်အတိုက်အခိုက်စွမ်းအားမှာ သူ၏ကျင့်ကြံဆင့်နှင့်ပင် လိုက်ဖက်ညီမနေပါချေ!
ယွင်လီကော၏နောက်တွင် အနက်ရောင်ကြာပွင့်လည်း ရှိနေသေး၏။
၎င်းက မည်သည်မှန်း သူ,မသိပါသော်လည်း ၎င်းမှာ သာမန်ပစ္စည်းလေးမဟုတ်သည်ကိုတော့ ကောင်းကောင်းသိလေသည်!
သူဟာ ၎င်းထံမှ မဟာတာအိုအရှိန်အဝါ၏ အရိပ်အယောင်အား တကယ်ကိုအာရုံခံမိလိုက်၏!
၎င်းကို အသေအချာပင် မမှန်းဆနိုင်ပါချေ!
အကြောင်းမှာ တစ်ဖက်လူသည် အမတတစ်ပါးပင် မဟုတ်သေးပါသော်လည်း မည်သို့များ မဟာတာအိုအရှိန်အဝါရှိနေရသနည်း?
ထို့ကြောင့် ယွင်လီကောမှာ သုံးလောက၏ ဒဏ္ဍာရီလာမြင်းနက်နှင့် တူညီလှသည်ဟု ခပ်ရေးရေး ဆုံးဖြတ်လိုက်နိုင်သည်။
မြင်းနက်များမှာ တစ်ယောက်တည်းမဟုတ်ဘဲ အုပ်စုလိုက်ဖြစ်သည်။
သို့သော် မြင်းနက်တိုင်း၏ နောက်ခံမှာ သုံးလောကတွင် လေးစားဖွယ်အကောင်းဆုံးဖြစ်၏။
မြင့်မြတ်သောဗုဒ္ဓမှာ ယွင်လီကောသာ ဦးဆောင်လျက်တိုက်ခိုက်နေပါသေးလျှင် သူ၏ကံအား ထိခိုက်လာစေနိုင်သည်ကို စိုးရိမ်နေမိ၏!
ဤအခိုက်တွင် သူဟာ ယွင်လီကောအား လုံးဝသတ်နိုင်မည်ဆိုသည်ဟုပင် ယုံကြည်ဝံ့လိုက်သည်။ သို့သော် သူ့အားသတ်ပြီးနောက်တွင် ဘာများဖြစ်လာလိမ့်မည်နည်း?
သူ၏ကံအား ထိခိုက်စေလျှင်ရော?
၎င်းမှာ မထင်မရှားယွင်လီကောအတွက်နှင့်တော့ မထိုက်တန်ပါချေ။
ပို၍ အရေးကြီးသည်မှာ ယခုတွင် ရန်သူအား သတိမပေးချင်ပါချေ။
မြင်းနက်များနှင့် ရင်ဆိုင်ချိန်တွင် ၎င်းတို့တိုက်ခိုက်ချိန်၌ လူတစ်ယောက်မှာ တစ်ဘက်အား လုံးဝဖယ်ရှားနိုင်ရမည်ပင်။ မဟုတ်ပါက ၎င်းတို့မှာ လုံးဝမတိုက်ခိုက်သင့်ချေ!
သူသာ ယွင်လီကောအား တကယ်တိုက်ခိုက်ချင်ပါလျှင် ယွင်လီကောနှင့် ဆက်နွယ်သမျှ အဖွဲ့အစည်းတိုင်းအား ဖယ်ရှားရချေမည်။
သူဟာ ၎င်းတို့အား အခွင့်အရေးပေးလိုက်မိပါလျှင် မြှုပ်စရာနေရာပင်မရှိဘဲ သေရလိမ့်မည်။
မြင့်မြတ်သောဗုဒ္ဓမှာ အလောင်းအစားမလုပ်ဝံ့သလို လုပ်လည်းမလုပ်ချင်ပါချေ။
၎င်းမှာ အဓိပ္ပာယ်မရှိပါချေ။
သို့သော် ၎င်းက ယွင်လီကောအား အလွတ်ပေးရမည်ဟု မဆိုလိုပါချေ။
ယခုတွင် ယွင်လီကော၏ ဖျော်ဖြေမှုမှာ သူ့အား မြင်းနက်များအပေါ် သွားရည်ယိုလာစေသည်။
ကျင့်ကြံဆင့် နိမ့်နိမ့်လေးဖြင့် ထိုမြင်းနက်များမှာ တူညီသောကျင့်ကြံဆင့် သို့မဟုတ် ကျင့်ကြံဆင့်မြင့်သောလူများကိုပင် တိုက်ခိုက်နိုင်သည်။
သူဟာ ထိုသို့သော စွမ်းရည်အား တကယ်ကိုပင် တပ်မက်မိ၏။ ရှင်းရှင်းပြောရလျှင် သူဟာ သွားရည်ယိုနေပြီးဖြစ်၏။
ယခုမှာ ထိုကောင်လေး၏ တောင်းဆိုမှုအား သဘောတူရမည့်အချိန်ဖြစ်၏။
တစ်ဘက်လူနှင့်ပူးပေါင်းကာ ထိုလူ၏ စွမ်းအား,အား ငှားရမ်းခြင်းဖြင့် သူဟာ အကျိုးအမြတ်တချို့ရနိုင်သည်။
ထိုသို့ဆိုလျှင် ထိုအကျိုးအမြတ်များအား ရိတ်သိမ်းရန်အတွက်အသင့်လျော်ဆုံးဖြစ်ပေလိမ့်မည်။
ဒေါသဖြစ်နေသော ကြီးမြတ်သောနတ်ဘုရားအဆင့်ပညာရှင်များအား ကြည့်လျက် မြင့်မြတ်သောဗုဒ္ဓက ပြောကြားလိုက်၏။
"ငါးယောက်! မင်းတို့တွေ ကြီးမြတ်သောနတ်ဘုရားအဆင့်ပညာရှင်ငါးယောက်ပို့နိုင်မယ်၊ ဒါပေမယ့် ငါးယောက်တည်းပဲနော်! မင်းတို့တွေ သူ့ကိုမနိုင်,နိုင်ရင် ထပ်ပြီးတိုက်ခိုက်စရာမလိုတော့ဘူး။"
စကားဆုံးသည်နှင့် သူဟာလှည့်ကာထွက်သွားတော့၏။
ကြီးမြတ်သောနတ်ဘုရားအဆင့်ပညာရှင်ငါးဦးအားပို့ခြင်းကပင် သူ၏အကန့်အသတ်ဖြစ်နေလေပြီ။ အားလုံးအား ပို့ခြင်းမှာမူ မဖြစ်နိုင်ပါချေ။
ထို့အပြင် ကြီးမြတ်သောနတ်ဘုရားအဆင့်ပညာရှင် ငါးဦးကပင် အတော်လေး စွမ်းအားကြီးနေပြီဖြစ်၏။
၎င်းတို့မှာ ယွင်လီကောအားအနိုင်မယူနိုင်ပါလျှင် ဆက်လက်တိုက်ခိုက်ရန် မလိုအပ်တော့ပါချေ။
သူဟာ အခြားသောမြင်းနက်များနှင့် ရင်ဆိုင်ရန်အတွက်လည်း ဝှက်ဖဲများချန်ထားရပေဦးမည်ပင်။
ကြီးမြတ်သောနတ်ဘုရားအဆင့်ပညာရှင်များမှာ အလွန်ပျော်ရွှင်သွားကာ ချက်ချင်းပင် ကျေးဇူးတင်စွာဖြင့် ဂါရဝပြုလိုက်၏။
"ကျေးဇူးတင်ပါတယ်၊ မြင့်မြတ်သောဗုဒ္ဓ!"
...
ဗောဓိကျောင်းတွင် ယွင်လီကောမှာ တောင်ဂိတ်အား ဖွင့်လှစ်ပြီးဖြစ်၏။ ဗောဓိတောင်တန်း၏ ဗုဒ္ဓအလင်းတစ်ခုလုံးမှာ သွေးရောင်လင်းလက်နေတော့သည်။ ဗုဒ္ဓအလင်းမှာ သွေးများကို ဖြတ်သန်းလျက် နီညိုရောင်အလင်းကို ထုတ်လွှတ်နေ၏။ ၎င်းမှာ လောက၏အဆုံးသတ်ရောက်ရှိလာသလိုပါပင်။ အင်မတန် ကြောက်မက်ဖွယ်ကောင်းလွန်းလှ၏!
မနီးမဝေးမှ ဂိုဏ်းများမှာလည်း ၎င်းကိုမြင်သည်တွင် ကူရာမဲ့လျက် တုန်ရီနေကြ၏။
"ဗောဓိကျောင်းမှာ ဘာတွေဖြစ်နေတာလဲ? ဘာလို့ ဒီလောက်အားကောင်းတဲ့ လူသတ်ငွေ့ရှိနေရတာလဲ?"
"ဗောဓိကျောင်းကများ နတ်ဆိုးသုတ်သင်ရှင်းလင်းပွဲကို ကျင်းပနေတုန်း နတ်ဆိုးပညာရှင်တစ်ယောက်ယောက်ကိုများ ဆွဲဆောင်လိုက်မိတာလား?"
"ဒါပေမယ့် ဒီပညာရှင်က အရမ်းကြီးကြောက်စရာကောင်းမနေဘူး? ဗုဒ္ဓဂိုဏ်းကရော ဒီအရှိန်အဝါကို ခုခံနိုင်ရဲ့လား?"
လူတိုင်း သံသယဖြစ်နေချိန်တွင် ရုတ်တရတ် မတော်တဆတစ်ခုဖြစ်သွားတော့၏။
ရွှေရောင်အလင်းတန်းငါးခုမှာ ကောင်းကင်ယံတွင် တိုးထွက်လာကာ တိမ်ထုထဲသို့ ဝင်ရောက်သွား၏။
ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်နှင့် ၎င်းတို့မှာ နီညိုရောင်လူသတ်ငွေ့အား တမုဟုတ်ချင်း ဖိနှိပ်လိုက်တော့သည်။
"အားကောင်းလိုက်တဲ့ ဗုဒ္ဓစွမ်းအား! ဗုဒ္ဓဂိုဏ်းရဲ့ ဆရာကြီးတစ်ယောက်တော့ ပေါ်လာပြီဟေ့!"
"ဒီရောင်ဝါကနေ ခန့်မှန်းရရင် ဒါက ကြီးမြတ်သော နတ်ဘုရားအဆင့်တစ်ယောက်မဟုတ်လား?"
"အံ့ဩစရာပဲ။ ဒီကိစ္စကတော့ လုံးဝကို ပျံ့နှံ့ပြီး တစ်လောကလုံးသိတော့မယ်!"
ဗောဓိကျောင်းတွင် ဗုဒ္ဓဂိုဏ်းသားများ၊ မဟာယနနတ်ဘုရားဘုရင်အဆင့်ပညာရှင်များ သို့မဟုတ် အမတနတ်ဘုရားဧကရာဇ်ပညာရှင်များသော်မှ အင်မတန်စိတ်လှုပ်ရှားလွန်း၍ မျက်နှာများထက်၌ မျက်ရည်များပင်စီးကျလာ၏။ ၎င်းတို့မှာ မြေပြင်ထက်၌ ဒူးထောက်လိုက်ကြကာ လက်ဝါးများအား ဖိကပ်လိုက်ကြတော့သည်။
"ကြီးမြတ်သောနတ်ဘုရားအဆင့်ပညာရှင်တွေ! ငါတို့ဗုဒ္ဓဂိုဏ်းရဲ့ ကြီးမြတ်သောနတ်ဘုရားအဆင့်ပညာရှင်တွေ နောက်ဆုံးတော့ပေါ်လာပြီ!"
"ဒီကြီးမြတ်သော နတ်ဘုရား ငါးပါးကတော့ အဲ့ဒီနတ်ဆိုးကို လုံးဝဖျက်ဆီးပစ်လိမ့်မယ်!"
ကြီးမြတ်သောနတ်ဘုရားအဆင့်ပညာရှင်ငါးဦးမှာ မြင့်မြတ်နယ်မြေမှ အတူတကွထွက်လာကာ နောက်ဘက်၌ ၎င်းတို့၏ နတ်ဝိဉာဉ်များလည်း ထွက်ပေါ်လာကြသည်။ ၎င်းတို့ထဲတွင် ဗုဒ္ဓပုံရိပ်တစ်ခု၊ ရဟန္တာပုံရိပ်သုံးခုနှင့် ဗောဓိသဗ္ဗပုံရိပ်တစ်ခုတို့ပါဝင်၏!
တစ်ဦးချင်းစီမှာ တောင်တစ်လုံးကဲ့သို့ရှည်လျားလေသည်။ အတိုဆုံးမှာ မီတာသုံးထောင်ရှည်ကာ အရှည်ဆုံးမှာ မီတာငါးထောင်ရှည်လေ၏!
နတ်ဝိဉာဉ်ကွာခြားချက်မှာ လူတစ်ယောက်၏အနာဂတ်ပါရမီအား ကိုယ်စားပြုနေသည်မှာ မှန်ကန်ပါသည်...
သို့သော် နတ်ဝိဉာဉ်တစ်ခု၏ အရွယ်အစားမှာ လူတစ်ယောက်၏ လက်ရှိစွမ်းအားကို ကိုယ်စားပြုလေသည်!
နှိုင်းစာရလျှင် ယွင်လီကော၏ နတ်ဝိဉာဉ်မှာ အချင်းမီတာ ၁၀၀၀ကိုသာထုတ်ဖော်နိုင်သည်။ ၎င်းတို့၏ရှေ့မှောက်တွင် သူဟာ ကလေးငယ်တစ်ယောက်လိုပါပင်။
"အမိတာဘ၊ ရှန်းဇိုင်း ရှန်းဇိုင်း။ ငါရဲ့ ဗုဒ္ဓဂိုဏ်းက ငြိမ်းချမ်းတဲ့နေရာလေးပါ၊ ဒါပေမယ့် မင်းက ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ကျုပ်ရဲ့ဗုဒ္ဓဂိုဏ်းအကြီးအကဲနဲ့ တပည့်တွေကို သတ်လိမ့်မယ်လို့ ထင်မထားမိခဲ့ဘူး။"
"မင်း ဒီသွေးကြွေးကို ဆပ်ဖို့ ပြင်ထားပြီးပြီလား?"
ယွင်လီကောမှာ အေးစက်စက်ပြုံးလိုက်၏။
"ဒီဗုဒ္ဓဂိုဏ်းသားတွေက သူတို့ဒေါသကိုမထိန်းချုပ်ဘဲ အေးအေးချမ်းချမ်းနဲ့ ကျင့်ကြံနေတာဟုတ်လို့လား? ဘာလို့ကျုပ်ကို သွေးကြွေးဆိုတဲ့အကြောင်းတွေ လာပြောနေရတာလဲ? ရယ်စရာကောင်းတယ်လို့ မထင်ဘူးလား?"
"အတိတ်မှာ ပြောခဲ့ဖူးပါတယ်၊ ဗုဒ္ဓက လင်းယုန်တွေကိုကျွေးဖို့အတွက် သူ့ရဲ့အသားကို စွန့်လွှတ်ခဲ့တယ်။ ဒီနေ့ မင်းတို့ကောင်တွေကို ကျုပ်ရဲ့ နတ်ဆိုးလမ်းကြောင်းမှာ သက်သေပြဖို့ သတ်ရမယ်။ ဘာလို့ ငါ့ကိုကျင့်ကြံခြင်းမှာ ကူညီဖို့ မင်းတို့ကိုယ်မင်းတို့ မစွန့်လွှတ်တာလဲ?"
"ရယ်စရာကောင်းတဲ့ သီအိုရီပဲ။"
ယွင်လီကောမှာ လက်ယမ်းကာ ပစ်လွှတ်လိုက်၏။
ဘုန်း!
ထိုသွေးရောင်အလင်းမှာ ရုတ်တရတ် တစ်ဖက်လူ၏မျက်နှာကို ထိခတ်သွား၏။ ၎င်းမှာ မည်သို့သောထိခိုက်မှုကိုမှ မဖြစ်စေသော်လည်း အင်မတန်စော်ကားရာကျလေသည်!
"ဒါကိုဘာလို့ရယ်စရာကောင်းတယ်ထင်ရတာလဲ? ငါ့ဆရာကို မင်းတို့ဗုဒ္ဓဂိုဏ်းကသတ်လိုက်တဲ့ သွေးကြွေးရှိနေတယ်လေ! ဒါပေမယ့် မင်းတို့တွေက ဘဝမြင့်ပြီး စွမ်းအားကြီးယောင်ဆောင်နေကြတယ်... မင်းတို့တွေက ငါတို့ရဲ့တိုက်ခိုက်မှုကနေ ဟာသလုပ်နေကြတာပဲ!"
ကြီးမြတ်သောနတ်ဘုရားအဆင့်ပညာရှင်များ၏ အမူအရာမှာ အင်မတန်အေးစက်သွားကာ ဗုဒ္ဓဂိုဏ်းသားများမှာ ပိုလို့ပင် ဒေါသဖြစ်လာ၏!
"ရိုင်းစိုင်းလိုက်တာ! မင်းက သေချင်နေတာပဲ!"
"မင်းလို နတ်ဆိုးလေးတစ်ကောင်ကများ ငါတို့ ဗုဒ္ဓဂိုဏ်းရဲ့ ကြီးမြတ်သောနတ်ဘုရားအဆင့်ပညာရှင်တွေကို လှောင်ရဲတယ်ပေါ့လေ?"
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၆။ အပိုင်း ၃၈၅ ကောင်းကင်ဘုံထွဋ်ဖျားက ရွှေရောင်အမတအရှင်ကပဲ ကျုပ်နာမည်ကို ခေါ်ဖို့ ထိုက်တန်တယ်
"ဆူညံနေတာပဲ!"
ယွင်လီကော၏မျက်လုံးများမှာအေးစက်သွား၏။ လက်တစ်ချက်အဝေ့ဖြင့် လှံအား တွတ်ထိုးနေသောလူအုပ်ကြီးထံသို့ ပစ်လွှတ်လိုက်သည်။
"လုပ်ရဲတယ်ပေါ့!"
ကြီးမြတ်သောနတ်ဘုရားအဆင့်ပညာရှင်များမှာ ချက်ချင်းပင် ဟစ်ကြွေးလိုက်တော့၏။ ထို ကြီးမြတ်သောနတ်ဘုရားငါးဦး၏ရောင်ဝါများမှာ ထွက်ပေါ်လာကာ ယွင်လီကောဆီ ဦးတည်လျက် တိုက်ခိုက်မှုအားဖြတ်တောက်ရန် ကြိုးပမ်းနေသည်။
ကံမကောင်းစွာဖြင့် ယွင်လီကောမှာ ၎င်းတို့အား လုံးဝ ဥပေက္ခာပြုထားသည်!
ထိုလှံတံမှာ အားလုံး၏ အလယ်သို့ သက်ဆင်းသွားကာ နေရာ၌ပင် ပုံရိပ်အများအပြားကို ပေါက်ကွဲစေလိုက်သည်။ ၎င်းတို့အကြားတွင် နတ်ဘုရားဧကရာဇ်အဆင့်သုံးဦး၊ နတ်ဘုရားဘုရင်အဆင့် ခြောက်ဦးနှင့် နတ်ဘုရားဘုရင်အဆင့်အောက်မှ လူအများအပြားပါဝင်သည်။ ၎င်းတို့မှာ ဆုံးရှုံးမှုကြီးကြီးခံစားလိုက်ရသည်ဟု ဆိုနိုင်ပေ၏။
ယွင်လီကော တိုက်ခိုက်ပြီးချိန်၌ ကြီးမြတ်သောနတ်ဘုရားငါးဦး၏တိုက်ခိုက်မှာများမှာလည်း ယွင်လီကောထံကျရောက်လာသည်။
ဘုန်း!
ထိုကြီးမြတ်သောနတ်ဘုရားငါးဦး၏ တစ်ချိန်တည်းတိုက်ခိုက်လိုက်သောစွမ်းအားမှာ မယုံကြည်နိုင်လောက်အောင် စွမ်းအားကြီးမားချေ၏။
ယွင်လီကောမှာ ချက်ချင်းပင် မီတာတစ်သောင်းလောက်ထိ လွင့်ထွက်သွားရသည်။ သူ၏ကိုယ်ရှိထိုသွေးရောင်အရှိန်အဝါမှာ တစ်ဖက်၏ စွမ်းအားကို မဖိနှိမ်လိုက်နိုင်ခင်တွင် အရူးအမူးလှည့်ပတ်နေ၏။
သို့သော် ထိုသို့ဆိုလျှင်ပင် သူဆုတ်ခွာလာခဲ့သော လမ်းကြောင်းတစ်လျှောက်တွင် မီတာ ဒါဇင်ချီနက်သောချောက်ကြီးများဖြစ်ပေါ်လာသည်။ ၎င်းမှာ ဗောဓိတောင်ပွင့်ဟနေသော ခုံးကောင်ငယ်နှင့်ပင် တူညီနေသည်။ နှစ်ဘက်စလုံးရှိ စိမ်းလန်းစိုပြေနေသော တောအုပ်များနှင့် ယှဉ်တွင် ကြည့်လျှင် ၎င်းမှာ ဆီလျော်သည်။
တောအုပ်မှာ မမည်းဘဲ စိမ်းနေပါသော်လည်း ၎င်းက ခြားနားသောဆွဲဆောင်မှုတစ်မျိုးပါပင်။
သွေးရောင်ဝါပြန့်နှံ့သွားပြီးနောက်တွင် ကြီးမြတ်သောနတ်ဘုရားအဆင့်ငါးဦး၏ တိုက်ခိုက်မှုများအား ဖြေရှင်းပြီးဖြစ်၏၊ သို့သော် ယွင်လီကော၏ကိုယ်မှာ လုံးဝဒဏ်ရာရမသွားပါချေ။
ထိုတိုက်ခိုက်မှုက ကြီးမြတ်သောနတ်ဘုရားအဆင့်ငါးဦးအတွက် အကျိုးရှိသယောင်ပေါ်နေ၏။ သို့သော် ဆိုရလျှင် ထိုသို့အောင်မြင်ရန် ၎င်းတို့ငါးဦးမှာ ပူးပေါင်းရချေမည်ပင်။ ထို့အပြင် ယွင်လီကောမှာ ဆက်လက်မခုခံဘဲ နောက်ဆုတ်လိုက်၏။
ထို့ကြောင့် တစ်နည်းနည်းဖြင့် ယွင်လီကောမှာ မရှုံးနိမ့်ပါချေ!
"စွမ်းအားကြီးလိုက်တာ!"
ထိုအခိုက်တွင် အော်နေခဲ့သော တပည့်များမှာ ယခုတွင် နာခံလျက် မည်သည်ကိုမှ မပြောဝံ့ကြပေ။
ဂလု~
လူအချို့မှာမူ ခက်ခက်ခဲခဲပင်တံတွေးမြိုချလိုက်ကာ မျက်လုံးများက ကြောက်ရွံ့ဟန်ကိုလှစ်ဟပြသနေသည်။
မည်သူကမှ ယွင်လီကောမှာ ဂုဏ်သရေရှိကြီးမြတ်သောနတ်ဘုရားငါးပါးကို အကျိုးမယုတ်ဘဲ တိုက်ခိုက်နိုင်မည်ဟု ထင်မထားကြပါချေ!
ဤနတ်ဘုရားလောကတစ်ခုလုံးတွင် နတ်ဘုရားအရှင်ဘုရင်အဆင့်ပညာရှင်များမှလွဲလျှင် ကြီးမြတ်သောနတ်ဘုရားအဆင့်ပညာရှင်များမှာ အသန်မာဆုံးဖြစ်၏!
ယွင်လီကော၏ ကျင့်ကြံခြင်းမှာ မည်မျှ စွမ်းအားကြီးနေရပါသနည်း?
ယွင်လီကောမှာ တံထွေးထွေးကာ နှာမှုတ်လိုက်၏။ သူဟာရှေ့သို့တစ်လှမ်းတိုးကာ ချက်ချင်းရောက်ရှိလာတော့၏။
"ခွေးကောင်၊ မင်းကသေချင်နေတာပဲ!"
"မင်းကသာ သေချင်နေတဲ့ကောင်ပါ!"
ပြန်လည်ဖြေဆိုပြီးသည်တွင် ယွင်လီကော၏လှံတံမှာ ထပ်မံတိုက်ခိုက်လိုက်ပြီး ကြီးမြတ်သောနတ်ဘုရားငါးဦးထံ ဦးတည်သွားလိုက်တော့သည်။
၎င်းတို့ငါးဦး၏မျက်လုံးများ ကျဉ်းမြောင်းလျက် လှံ၏ထိပ်စွန်းရှိ ချွန်ထက်ကာအေးစက်သောလူသတ်ငွေ့ကို အာရုံခံမိလိုက်သည်။ ၎င်းမှာ တစ်ဖက်လူလှံတံ၏ စွမ်းအားသည် လောကကြီးအား ဖျက်ဆီးလို့ရလောက်သည်အထိဖြစ်နေသလိုပါပင်။ တစ်ခွန်းမှမဆိုဘဲ ၎င်းတို့မှာ ချက်ချင်းပင် နေရာများမှ ထွက်ပြေးကြတော့၏။
ဘုန်း!
ယွင်လီကော၏လှံထိပ်စွန်းမှာ ၎င်းတို့၏ ယခင်နေရာသို့သက်ဆင်းသွား၏။ သွေးရောင်ဝါပေါက်ကွဲပြီး သွေးမြူမှုန်တစ်ခုက ချက်ချင်းပင် ပျံ့နှံ့လာတော့သည်။
ဗောဓိကျောင်းတွင် အင်မတန် သန့်စင်ခိုင်မာသော ဗုဒ္ဓယန်စွမ်းအားက နေရာအနှံ့၌ ရှိနေ၏။ ၎င်းမှာ ထိုစွမ်းအားနှင့် ထိခတ်မိချိန်တွင် ဆက်လက်၍ မခုခံနိုင်တော့ပါချေ။ အက်ကွဲသံများက ဘောင်မှထွက်ပေါ်လာကာ တစ်သီးတစ်သန့်စီတိုက်ခိုက်နေကြသလိုပါပင်။
ထို့အပြင် ပိုမိုကြောက်မက်ဖွယ်ကောင်းသည်မှာ လူတိုင်းက ယွင်လီကော၏စွမ်းအားသည် ဗုဒ္ဓစွမ်းအားကို ကျော်လွန်ကာ တဖြည်းဖြည်းခြင်း ဖိနှိပ်နေသည်ကို ခပ်ရေးရေးအာရုံခံလိုက်မိကြဟန်တူသည်!
"ဒီကလေးရဲ့လူသတ်ငွေ့က အရမ်းစွမ်းအားကြီးတယ်။ အမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်လေးတစ်ယောက်က ဗုဒ္ဓယန်စွမ်းအားကိုတောင် တကယ်ကြီးဖိနှိပ်နိုင်တယ်! မြန်မြန် ဗောဓိကျောင်းရဲ့ တပည့်တွေ ချက်ချင်းပဲ အစီအရင်တွေခင်းကျင်းပြီး သုတ္တန်တွေကို ရွတ်ဆိုလို့ ဒီကလေးရဲ့ကိုယ်ပေါ်က လူသတ်ငွေ့ကို ဖိနှိပ်ဖို့ ဗုဒ္ဓစွမ်းအားကို စုစည်းကြရမယ်။"
"သိပါပြီ!"
အမိန့်တစ်ခုဖြင့် ဗောဓိ ၅၀,၀၀၀မှာ ချက်ချင်းပင် တောင်ဂိတ်မှဆုတ်ခွာသွားကြ၏။ ကောင်းကင်တွင် အဘက်ဘက်ရှိ နေရာ ၆၄ခုတွင် ထိုင်လျက် ဗုဒ္ဓကျမ်းဂန်များအား ရွတ်ဆိုလိုက်ကြတော့သည်။
ဗောဓိတိုင်းမှာ ကြိုးထုံးတစ်ခုနှင့် တူညီသည်။ ဗောဓိ ၅၀,၀၀၀မှာ ကြီးမားသော ပိုက်ကွန်တစ်ခုအဖြစ်စုသည်းကာ ဗုဒ္ဓကျန်းဂန်များအား ရွတ်ဆိုမြဲရွတ်ဆိုနေကြ၏။
တစ်ခဏအတွင်းတွင် မရေတွက်နိုင်သော ဗုဒ္ဓကျမ်းစာများမှာ ကောင်းကင်တွင် စုဝေးသွား၏။
ဗုဒ္ဓကျမ်းစာများမှာ အဆုံးမရှိကျဆင်းလာကာ ယွင်လီကော၏ကိုယ်ပေါ်သို့တက်သွားကြသည်။
အက်ကွဲလျက်...
မတူညီသောစွမ်းအားများ၏ စွမ်းအင်နှစ်ခုမှာ ထိခတ်ကာ ဆက်နွယ်သွားကြသည်။ ဗုဒ္ဓစွမ်းအားမှာ ချက်ချင်းပင် ယွင်လီကော၏ကိုယ်ပေါ်မှ သွေးအဆီအနှစ်အား ထုတ်ယူရန်ပြင်လိုက်သည်။
"အမိတာဘ၊ ဗုဒ္ဓဓမ္မက အတားအဆီးမဲ့ပါတယ်။ ဒါကို ကောင်းကင်တာအိုကပိုင်ဆိုင်ပြီး နတ်ဆိုးနဲ့ မကောင်းဆိုးဝါတွေကို သုတ်သင်နိုင်တယ်။ နတ်ဆိုးတွေ မြန်မြန်မင်းတို့ရဲ့ဓားကိုချပြီး ဗုဒ္ဓလမ်းကြောင်းကို ဝင်ရောက်ကြ။ မင်းရဲ့နောက်ဘဝမှာ နာကြင်မှုကို ဖြေရှင်းနိုင်မယ်!"
ကြီးမြတ်သောနတ်ဘုရားအဆင့်ငါးဦးမှာ ၎င်းတို့၏ အံ့အားသင့်ဖွယ်အခွင့်အလမ်းအား မလွဲချော်ခဲ့ပါချေ။ ၎င်းတို့မှာ ဗုဒ္ဓဂိုဏ်း၏ နက်နဲမှုအား တစ်ချိန်တည်းတွင်အသုံးပြုလိုက်သည်။ ရွှေရောင်အလင်းငါးခုမှာ ယွင်လီကောအား လျှပ်စီးကြောင်းအသွင်တူ စွမ်းအားဖြင့် ရိုက်ခတ်လိုက်တော့၏!
၎င်းတို့မှာ ယွင်လီကောအား လုံးဝဖိနှိပ်ရန် အခွင့်ကောင်းယူဖို့ ကြိုးစားလိုက်သည်။
နောက်ထပ် ထိတ်လန့်ဖွယ် အသံကျယ်နှင့်အတူ ကောင်းကင်ထိုးခွင်းအလင်းတန်းငါးသွယ်မှာ ယွင်လီကော၏ကိုယ်ပေါ်သို့ ခပ်ပြင်းပြင်း ရိုက်ခတ်လိုက်သည်။ ထိုအခိုက်တွင် ၎င်းတို့မှာ ယွင်လီကော၏ကိုယ်ပေါ်မှ သွေးရောင်ဝါအရိပ်အယောင်အား ချွတ်ယူလျက် သူ့ကိုထပ်မံဆုတ်ခွာမိသွားစေ၏။
"ဒီကောင်လေးက ငါတို့အတွက် ပြိုင်ဘက်မဟုတ်ဘူး။ ထပ်ပြီး သွားကြစို့!"
ကြီးမြတ်သောနတ်ဘုရားအဆင့်တစ်ဦးမှာ ပေါက်ကွဲမှုထဲသို့ ဦးစွာလှမ်းဝင်လျက် လုပ်ဆောင်မှုအား လုယူချင်ဟန် ပေါ်နေ၏။
ပြောရလျှင် ယွင်လီကောမှာ ၎င်းတို့ ငါးဦး၏တိုက်ခိုက်ခံလိုက်ရကာ ကောင်းကင်ယံတွင် ပြည့်နှက်နေသော ဗုဒ္ဓကျမ်းစာများ၏ ဖိနှိပ်ခြင်းကိုလည်း ခံထားရသည်!
သူဟာ ဤအံ့ဖွယ်အခွင့်အလမ်းအား အခြားသူများကို မပေးလိုပါချေ!
"မြောင်ရှင်း၊ မလောနဲ့။ မြန်မြန်ပြန်လာခဲ့!"
နောက်ထပ် ကြီးမြတ်သောနတ်ဘုရားအဆင့်ပညာရှင်မှာ ချက်ချင်းအကြံပေးလိုက်ရာတွင် မြောင်ရှင်းက စိတ်လှုပ်ရှားစွာဆိုလိုက်၏။
"ရပါတယ်။ သူက သာမန်အမတနတ်ဘုရားဧကရာဇ်အဆင့်လေးပဲလေ။ သူဘယ်လောက်ပဲ စွမ်းအားကြီးကြီး ကောင်းကင်ကို အံတုနိုင်မှာတဲ့လား?"
မျှော်လင့်မထားစွာနှင့်ပင် သူ၏စကားဆုံးသည်နှင့် စုပ်ယူအားကြီးတစ်ခုမှာ ရုတ်တရတ် ပေါက်ကွဲမှုမှ ထွက်ပေါ်လာကာ ပို၍ပင် မြန်ဆန်သောနှုန်းဖြင့် သူ့အားဆွဲသွားတော့၏။
"မကောင်းတော့ဘူး!"
သူဟာ တစ်ချက်အော်လိုက်ရာ တုနှိုင်းမဲ့သော ကြီးမြတ်သောနတ်ဘုရားတစ်ယောက်၏ ပေါက်ကွဲအားက ထိုအခိုက်၌ တိုးထွက်လာ၏။
၎င်းမှာ ရွှေရောင်နေဘီးလုံးကြီးက ဗောဓိကျောင်းတစ်ခုလုံးထက်သို့ မြင့်တက်လာသလိုပါပင်။ ၎င်းမှာ တလက်လက်တောက်ပနေလျက် ကီလိုမီတာ ၅၀,၀၀၀ထိ အလင်းဖြာနေတော့၏!
တစ်ချိန်တည်းမှာပင် နှလုံးပြုတ်လုမတတ် အော်သံကထွက်လာ၏။
"အားးးးးး...."
အခြား ကြီးမြတ်သောနတ်ဘုရားအဆင့်လေးဦးမှာ သတိလက်လွတ်မနေဝံ့ဘဲ ချက်ချင်းပင် ဗုဒ္ဓဂိုဏ်း၏ နက်နဲမှုဆိုလိုရင်းကို အားကုန်ထုတ်သုံးလိုက်သည်။
"မြန်မြန်၊ သူ့ကိုဆွဲထုတ်ကြ!"
လေးဦးသားမှာ ဟိနယနတတ္ထာဂတကျမ်းဂန်အား အတူတကွအသုံးပြုနေကြသည်။ ဗုဒ္ဓစွမ်းအားမှာ ရွှေရောင်လက်ဝါးကြီးအသွင်ကူးပြောင်းလျက် တစ်ဖက်လူအား ဆွဲထုတ်နေ၏။
ထိုကြီးမြတ်သောနတ်ဘုရားအဆင့်အား တကယ်ကိုပင် ရှင်လျက် ကယ်လိုက်နိုင်၏။ သို့သော် သူ၏ကိုယ်မှာမူ သွေးများစီးကျလျက် အရေပြားနှင့် အရိုးသာရှိ၏။ မျက်နှာမှာလည်း အင်မတန်အိုနေကာ သေခါနီး လူအိုကြီးနှင့်ပင် တူနေသေး၏။
သူ၏အသက်စွမ်းအားမှာ ခြောက်ခမ်းသည်အထိ စုပ်ယူခံလိုက်ရပြီးဖြစ်သည်။ သူ၏ရဟန္တာနတ်ဝိဉာဉ်မှာ အင်မတန်ကြောက်မက်ဖွယ်ရာတစ်ခုခု၏ ဖြဲဆုပ်ခြင်းကိုခံထားသည်ပင်။ ထိုအခိုက်၌ ၎င်းမှာ ၁ရာခိုင်နှုန်းပင်မပြည့်တော့ချေ!
သူ၏ဘဝမှာ လုံးဝအဆုံးသတ်ပြီဟုပင် ပြောနိုင်သည်။
သူဟာ မသေလျှင်တောင်မှ သေမင်းတံခါးဝ၌ ရုန်းကန်ရုံသာတတ်နိုင်သည်။
"မြောင်ရှင်း၊ အားတင်းထား"
ကြီးမြတ်သောနတ်ဘုရားအဆင့်တစ်ဦးမှာ ရူးသွပ်စွာဖြင့် ၎င်းထံသို့ ဗုဒ္ဓစွမ်းအားများ ပို့လွှတ်ပေးနေပါသော်လည်း သူဟာ၎င်းတို့အား လုံးဝပင် မစုပ်ယူနိုင်ပါချေ။ ဗုဒ္ဓစွမ်းအား ဘယ်လောက်ပဲ လွှဲပြောင်းပြောင်း လောကထဲ၌သာ ပျောက်ကွယ်သွား၏။
၎င်းမှာ အောက်ခြေ၌ အပေါက်ရှိနေသော ဘူးတစ်ဘူးကဲ့သို့ပင် မပြည့်နိုင်ပါချေ။
"မြောင်ရှင်း၊ ဘာတွေဖြစ်နေတာလဲ?"
မြောင်ရှင်းမှာ သူမ၏ပါးစပ်ကို ခက်ခက်ခဲခဲဖွင့်လျက် အက်ကွဲကာ ခြောက်သွေ့နေသော အသံကိုထုတ်ဖော်လိုက်သည်။
"သူ...သူက မတူတဲ့လူတစ်ယောက်ဖြစ်လာပုံပဲ! ပြီးတော့ ဒီကောင်လေးရဲ့ကျင့်ကြံဆင့်က ပိုပြီးတော့... ပိုပြီးတော့ သန်မာလာတဲ့ပုံပေါ်တယ်! မြန်မြန်... မြန်မြန်သွားပြီး နတ်ဘုရားဧကရာဇ်အဆင့်ဆီမှာ အကူအညီတောင်း။ မဟုတ်ရင်၊ ငါ... ငါတို့ လုံးဝသေရလိမ့်မယ်!"
လူတိုင်း၏ မျက်ဝန်းအိမ်များမှာ ကျဉ်းမြောင်းသွားကြကာ ချက်ချင်းပင် ယွင်လီကောရှိရာသို့ ကြည့်လိုက်ကြ၏။ သို့သော် ၎င်းတို့၏မျက်လုံးများ ချက်ချင်း ကျယ်သွားလျက် ဆံပင်သည်ပင် တစ်ဆုံးထောင်ထသွားတော့သည်!
ဗောဓိကျောင်း၏ စီနီယာဘုန်းကြီးများမှာမူ အမျိုးမျိုးသော ကျောင်းများမှ ရာထူးတိုးလာခဲ့ခြင်းဖြစ်၏။ အနိမ့်ဆုံးအဆင့်ရှိတပည့်များသည်ပင် နတ်ဘုရားအားဖြစ်ပေါ်စေခြင်းအဆင့်နှင့် အထက်တွင်ရှိသည်။
နတ်ဘုရားအားဖန်ဆင်းခြင်းအဆင့်သည်ပင် ဗောဓိကျောင်းထဲသို့ဝင်ရောက်ရန် အရည်အချင်းမမီပါချေ။
ထို့ကြောင့် ဤနေရာရှိဗုဒ္ဓဂိုဏ်းသားတိုင်းမှာ နတ်ဆိုးများအား အနိုင်ယူကာ တိုက်ပွဲပေါင်းရာနှင့်ချီ အတွေ့အကြုံရှိပြီးသား ဖြစ်တည်မှုများဖြစ်သည်!
သို့သော် ၎င်းတို့မှာ ယခင်က ထိုသို့သော မြင်ကွင်းမျိုးမမြင်ဖူးပါချေ!
ယွင်လီကောကိုယ်ပေါ်ရှိ နတ်ချပ်ဝတ်တန်ဆာမှာ ချွတ်ထားပြီးသားဖြစ်၏။ သူ၏အထက်ပိုင်းကိုယ်အား လေထုထဲတွင် လှစ်ဟပြထားကာ ကြွက်သားများက အားကောင်းသောခွန်အားဖြင့်ပြည့်နှက်နေ၏။
သူ၏တွင်းနက်,နတ်ဝိဉာဉ်မှာ အကန့်အသတ်ထိ ကျုံ့သွားသည်။ ၎င်းမှာ အချင်း၂မီတာသာရှိကာ ယွင်လီကော၏နောက်ကျောအား စောင့်ရှောက်နေ၏။
အနက်ရောင်ကြာပွင့်မှာ သူ၏ခေါင်းထိပ်တွင် လှုပ်နေ၏။
မှောင်မိုက်သော နတ်ဆိုးရောင်ဝါအား ကြာနက်မှ ထုတ်ဖော်ကာ သူ၏ကိုယ်ပိုင်သွေးအဆီအနှစ်နှင့် ရောနှောလိုက်သည်။ မူလ သွေးနီရောင်မှာ ယခုတွင် နက်မှောင်ကာ နီမြန်းနေတော့၏။
၎င်းမှာ သွေးနီရောင်ထက်ပင် ထိတ်လန့်ဖွယ်ဖြစ်၏!
သွေးနီစွမ်းအားမှာ သက်ရှိများထံသို့သာ လူသတ်ငွေ့အပြည့်ကို ပို့ဆောင်ပေးသည်။
သို့သော် ထိုနက်မှောင်ကာ နီမြန်းသောစွမ်းအားမှာ အဖျက်အဆီးရောင်ဝါနှင့် ပြည့်နေကာ အရာအားလုံးအား ဖျက်ဆီးလိုဟန်ပေါ်နေပြီး ၎င်းတို့ထဲ၌ သက်ရှိ၊ မသေနိုင်သော၊ သို့မဟုတ် လောကရှိ အရာအားလုံးပါရှိသည်!
တစ်ဖက်လူမှာ ရေတစ်စက် မီးတစ်စလေးပင်ဖြစ်နေပါလျှင်တောင် ၎င်းမှာ တစ်ဖက်လူအား ဖျက်ဆီးလိမ့်မည်ပင်! အကြောင်းပြချက်ပင် မရှိပါချေ!
မူလတွင် သွေးရောင်ခြယ်ရောင်ဝါတွင် မဟာသတ်ဖြတ်ခြင်းတာအိုပါဝင်နေသည်။
ယခုတွင် ထို အနက်နှင့်အနီရောင်ဝါမှာ ထိုမဟာသတ်ဖြတ်တာအိုပင် ကျော်လွန်နေဟန်ပေါ်လေ၏!
ဗုဒ္ဓအကြီးအကဲနှင့် တပည့်ပေါင်း ၅၀,၀၀၀မှာ ဗုဒ္ဓကျမ်းဂန်ကို ရွတ်ဆိုလိုက်သည်။ ထိုအခါမှသာ ရွှေရောင်စာလုံးများက သွေးရောင်လူသတ်ငွေ့ထက်သို့ ကျဆင်းလာတော့၏။ ၎င်းတို့မှာ ယွင်လီကော၏လူသတ်ငွေ့ကိုပါ ဖိနှပ်လျက် ဆူညံသံများကိုပေါ်ထွက်နေစေသည်။
သို့သော် ထိုကျမ်းစာများမှာ ယွင်လီကော၏အနက်နှင့် အနီရောင်ဝါပေါ်သို့ကျဆင်းလာချိန်တွင် ပေါက်ကွဲမှုများအား ထုတ်လွှတ်လိုက်တော့၏။
ထိုဗုဒ္ဓကျမ်းစာများမှာ အနက်နှင့် အနီရောင်ဝါအား နီးကပ်လာစဉ်တွင် အလိုအလျောက်ပေါက်ကွဲသွားတော့သည်။
ထိုဗုဒ္ဓကျမ်းစာများမှာ ထိုရောင်ဝါအားကြောက်ရွံ့လေချေသည်!!!
ဘယ်လိုဟာသမျိုးလဲ?
ဒါတွေက ဗုဒ္ဓကျမ်းစာတွေလေ!
လောကတစ်ခုလုံး၊ သုံးလောကတို့တွင် စွမ်းအားအကြီးဆုံးအားနှစ်ခုရှိ၏။ တစ်ခုမှာ တာအိုဖြစ်ပြီး ကျန်တစ်ခုမှာ ဗုဒ္ဓဖြစ်သည်။ အခြားအရာများမှာမူ ထိုအားနှစ်ခုနောက်မှသာ စာရင်းဝင်၏။
ထိုသည်မှာ ဗုဒ္ဓဘာသာ၏အမှန်တရားပါဝင်သော ကျမ်းစာများဖြစ်သည်ပင်။ ၎င်းမှာ ကျင့်ကြံဆင့်အားနည်းသူများကြောင့် ပျံ့ကျဲလျှင် ပျံ့ကျဲနိုင်မည်၊ သို့သော် ၎င်းမှာ အခြားလူ၏ စွမ်းအားကိုကြောက်ရွံ့သဖြင့် ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲရန်မှာ လုံးဝကိုမဖြစ်နိုင်ပါချေ!
ဘာကြောင့် ဗုဒ္ဓဂိုဏ်းက တစ်ဖက်လူရဲ့ မဟာတာအိုကိုကြောက်ရွံ့ရတာလဲ?
ဘာလို့များ ဗုဒ္ဓဂိုဏ်းရဲ့ သူတော်စင်နှစ်ပါးက အရိုအသေထားဖို့ အမိန့်ပေးထားရတာလဲ?
ဒီလောကမှာ အနောက်အရပ်သို့ခရီးသွားခြင်း ကျော်ကြားခဲ့ကတည်းက ဗုဒ္ဓဂိုဏ်းက ကြွယ်ဝလာပြီး တာအိုနဲ့ သိပ်မကွာတော့တာပဲ။
ဒီအခြေအနေမှာ တစ်ဖက်လူက တာအိုဘာသာအနေနဲ့ တူညီတဲ့တာအိုကိုကျင့်ကြံရင်တောင် ဗုဒ္ဓတာအိုကို ဖိနှိပ်တာနဲ့ ကျမ်းစာကို ကိုယ်တိုင်ဖျက်ဆီးဖို့ရာ မဖြစ်နိုင်ဘူး။
ရှင်းပြချက်လေးကတော့ တစ်ဖက်လူရဲ့တာအိုက မဟာတာအိုကို ကျော်လွန်နေတာပဲ။
ဒါက... အမတတာအိုနဲ့ နှိုင်းဆလို့ရလောက်တဲ့ တည်ရှိမှုလား?
ဒါပေမယ့် အမတတာအိုက... ဟုန်ကျွင်းကျူရှီးထိန်းချုပ်ထားတဲ့ တာအိုပဲလေ!
ထိုအခိုက်တွင် လက်ရှိလူတိုင်းမှာ ကြောင်အ၊ ရှုပ်ထွေးကာ ရပ်တန့်သွားကြ၏!
ယွင်လီကောမှာ လူတိုင်း၏ထိတ်လန့်မှုနှင့် အနှောင့်အယှက်မဖြစ်ခံဘဲ ခေါင်းကို အတန်ငယ်မြှင့်လိုက်၏။
အနက်နှင့် အနီရောင်မျက်လုံးများမှာ ကောင်းကင်သို့ကြည့်နေ၏။ အမတနတ်ဘုရားဧကရာဇ် ပထမနှင့် ဒုတိယအဆင့်ကနေ နတ်ဘုရားအားဖြစ်ပေါ်စြေင်းအထိ ဗုဒ္ဓဂိုဏ်းသား တစ်သောင်းထက်ပိုပြီးသွေးမြူအဖြစ်ပေါက်ကွဲပြီး နတ်ဝိဉာဉ်များမှာလည်း အားလုံး ပျက်စီးသွားသည်။
ထို့နောက် စွမ်းအင်နှင့် နတ်ဝိဉာဉ်အဆီအနှစ်တို့မှာ ယွင်လီကော၏ ကိုယ်ဆီသို့ စုပ်ယူခံလိုက်ရသည်။ ယွင်လီကော၏ကျင့်ကြံဆင့်မှာ ထိုအခိုက်တွင်လည်း ထပ်မံတိုးတက်လာ၏။
အမတနတ်ဘုရားဧကရာဇ် ဒုတိယအဆင့်!
အမတနတ်ဘုရားဧကရာဇ် တတိယအဆင့်!
ဗုဒ္ဓဂိုဏ်း တစ်သောင်းလုံးအား မြို့ချခဲ့ပြီးနောက်တွင် ယွင်လီကော၏ ကျင့်ကြံဆင့်မှာ တစ်ဆက်တည်း နှစ်ဆင့်မြင့်သွား၏။
ကြီးမြတ်သောနတ်ဘုရားအဆင့်ပညာရှင်များမှာလည်း ၎င်းတို့အား ပစ်မှတ်ထားနေသော ထိုစွမ်းအားကိုအာရုံခံမိသည်။ ၎င်းတို့၏ကိုယ်များမှာ အပြင်းအထန်တုန်လှုပ်ပြီး ကိုယ်ပေါ်ရှိ နတ်ဝိဉာဉ်စွမ်းအားအကာအကွယ်မှာ ချက်ချင်း ပျက်စီးသွားသည်!
ကံအားလျော်စွာဖြင့် ၎င်းတို့၏ကျင့်ကြံဆင့်မှာ စွမ်းအားကြီးကာ ကိုယ်ခံအားမှာလည်း အခြားသူများထက် သန်မာပြီး ထိုအကွက်အား ခုခံနိုင်လေသည်။
မဟုတ်လျှင်၊ ၎င်းတို့မှာ ထိုတိုက်ကွက်ကြောင့် အင်မတန် ဒဏ်ရာရသွားနိုင်ချေရှိ၏။
သို့သော် ၎င်းတို့မှာ ယခုတွင် သွေးနီရောင်အခြေအနေရှိ ယွင်လီကောအား တိုက်ခိုက်နိုင်ဆဲဖြစ်သည်။ ယခုတွင် ယွင်လီကော၏အခြေအနေပြောင်းလဲသွားသည်နှင့် ၎င်းတို့မှာ အနိုင်ယူနိုင်ချေတော့မည်!
ပုံစံပြောင်းလဲသွားခြင်းနှင့်အတူ ယွင်လီကော၏ အတိုက်အခိုက်စွမ်းအားအစစ်မှာ အဆများစွာ တိုးတက်လာ၏!
ထိုမြင်ကွင်းက လူတိုင်းအား အင်မတန်ကြောက်ရွံ့သွားစေသည်။
"မင်း... မင်းဘယ်သူလဲ?"
ဗုဒ္ဓကြီးမြတ်သောနတ်ဘုရားပညာရှင်များ၏အသံမှာ တုန်ယင်နေ၏။
ယွင်လီကောမှာ ထူးမခြားနားပြောလိုက်ရာ သူ၏အသံမှာ စက်ရုပ်အသံနှင့်ပင်တူနေ၏။ လုံးဝကို လူသားတစ်ယောက်၏အသံနှင့် မတူပါချေ။
"ဘယ်လိုထင်လဲ? ကောင်းကင်ဘုံထွဋ်ဖျားက ရွှေရောင်အမတအရှင်ကပဲ ကျုပ်နာမည်ကို ပြောဖို့ ထိုက်တန်တယ်!"
လူတိုင်း၏ မျက်လုံးများမှာ မှေးကျဉ်းသွားကာ ကိုယ်များမှာ တုန်လှုပ်နေသည်။
သူ၏နာမည်အစစ်အား ထိုကောင်းကင်ဘုံထွဋ်ဖျားအမတအဆင့်နှင့်အထင်ကသာ ပြောနိုင်ပေမည်!
ကောင်းကင်ဘုံထွဋ်ဖျားက ရွှေရောင်အမတအရှင်ကသာ သူ၏နာမည်ကိုပြောရန်ထိုက်တန်၏။ သူတို့အတွက်မူ ၎င်းတို့မှာ ရွှေရောင်အမတအရှင်မဆိုနှင့် အမတပင်မဟုတ်ပါချေ! သူ၏နာမည်အား ပြောရန် မည်သို့ထိုက်တန်မည်နည်း?
သေစမ်းကွာ၊ ဒီတစ်ခေါက် ဗုဒ္ဓဂိုဏ်းက ဘယ်လိုဖြစ်တည်မှုကို သွားဆွလိုက်တာလဲ?
"ပြေး!"
သူဟာ စိတ်ပျက်အားငယ်နေချိန်တွင် ကြီးမြတ်သောအဆင့်နတ်ဘုရားတစ်ပါးက ဝိဉာဉ်လွင့်မတတ်ကြောက်ရွံ့သွားသည်။ သူဟာ နောက်လှည့်ကာ ပျံထွက်လိုက်ပြီး လုရှောင်ယန်အား ထပ်မံတိုက်ခိုက်ရန် မရဲတော့ပါချေ!
သို့သော် မည်သို့ လွတ်မြောက်နိုင်မည်နည်း?
သူ့လှည့်ရာပြန်ပြေးချိန်တွင် ယွင်လီကောမှာ လုံးဝမလှုပ်ပါချေ။ သို့မဟုတ် လှုပ်ရှားရန်လည်း ဂရုမစိုက်လိုခြင်းပင်!
သူ၏နံဘေးရှိလှံတံမှာ ကမ္ဘာတုန်လှုပ်ဖွယ် ဟစ်ကြွေးလိုက်ကာ အာကာပြင်ကို ထိုးခွင်းလျက် အနက်ရောင်လျှပ်စီးအသွင်ပြောင်းကာ တမုဟုတ်ချင်းပင် ကီလိုမီတာသုံးထောင်သို့ ဖုံးလွှမ်းသွားသည်။ ၎င်းမှာ တစ်ဖက်လူ၏နှလုံးကို ထိခတ်ကာ ချိုးဖြတ်လိုက်၏!
ယွင်လီကောမှာ သူ၏လက်အား တဖြေးဖြေးဆန့်ထုတ်ကာ လက်ဝါးအားက အာကာပြင်ကို ခွဲခြမ်းလိုက်၏။ ထို့နောက် သူဟာ ကီလိုမီတာသုံးထောင်အဝေးက လှံတံအား ရုတ်သိမ်းလိုက်သည်။
ကြီးမြတ်သောနတ်ဘုရား၏ ရုပ်အလောင်းသည်ပင် ရုတ်သိမ်းခံလိုက်ရသည်။ သွေးအဆီအနှစ်များအား ယွင်လီကောမှာ လှံတံကတစ်ဆင့် အကြွင်းမဲ့ စုပ်ယူနေ၏။
မြင်ကွင်းတစ်ခုလုံး တိတ်ဆိတ်သွားသည်!
၎င်းမှာ အပ်ကျသံပင်ကြားရလောက်၏!
မည်သူကမျှ စကားတစ်ခွန်းပင် မဆိုရဲကြပါချေ။ ထိုလူအား သွားမဆွသင့်ကြောင်း အားလုံးသိ၏!
ကြီးမြတ်သော နတ်ဘုရားအဆင့်တစ်ဦးသည်ပင် သူ၏လက်မှ ပြေးမလွတ်ပါချေ.
အခြားသော ကြီးမြတ်သော နတ်ဘုရားအဆင့်များသည်လည်း မည်သည်ကိုမှမဆိုပါချေ။
ထိုကောင်လေးမှာ အာကာပြင်အား ထိုးခွင်းလိုက်ပြီဖြစ်၏!
နတ်ဘုရားလောက၏ အာကာပြင်အကာအရံမှာ အဆင့်နိမ့်လောကမှ အာကာပြင် အကာအရံနှင့် ခြားနားလေသည်။
နတ်ဘုရားလောက၏ အာကာပြင်အကာအရံမှာ အဆများစွာ ပိုထူလေ၏။
အဆင့်နိမ့်လောကတွင် သိုင်းဘုရင်အဆင့်များသာလျှင် အာကာပြင်ကို ချိုးဖြတ်နိုင်ကာ နတ်ဘုရားလောကတွင် နတ်ဘုရားဧကရာဇ်အဆင့်ကသာ ချိုးဖြတ်နိုင်၏!
အခြားနည်းဖြင့်ဆိုရလျှင် ယွင်လီကော၏ ယခင်တိုက်ကွက် စွမ်းအားမှာ နတ်ဘုရားဧကရာဇ်အဆင့်သို့ ရောက်ရှိနေပြီဟုပင်!
သို့သော် သူ၏လက်ရှိ ကျင့်ကြံဆင့်မှာမူ အမတနတ်ဘုရားဧကရာဇ်တတိယအဆင့်သာဖြစ်၏!
အမတနတ်ဘုရားဧကရာဇ်အဆင့်ကျင့်ကြံခြင်းနှင့်အတူ သူဟာ ကျင့်ကြံဆင့်နှစ်ဆင့် တိုးမြှင့်လိုက်ခြင်းဖြစ်သည်!
ထိုကောင်လေးမှာ တကယ်ကို သာမန်မဟုတ်ပါချေ!
ဤနတ်ဘုရားလောကတစ်ခုလုံးတွင် သူ့ကဲ့သို့ ထူးခြားသူမရှိနေပါချေ!
"အမိတာဘ"
ဗောဓိတစ်ကျောင်းလုံး အရှုံးသို့ရောက်သည်နှင့် ဗောဓိကျောင်း၏ လက်ရှိကျောင်းထိုင် ထွက်လာခဲ့တော့သည်။
မြင့်မြတ်နယ်မြေမှ မည်သည့်တုန့်ပြန်မှုမှမရှိပါချေ။ မြင့်မြတ်သောဗုဒ္ဓမပါဘဲ အခြား ကြီးမြတ်သောနတ်ဘုရားအဆင့်များနှင့် အမတနတ်ဘုရားဧကရာဇ် ၁၅ဦးတို့မှာ အမိန့်မပါဘဲ မထွက်လာနိုင်ပါချေ။
ထို့အပြင်၊ ကျောင်းထိုင်ဆရာတော်ထွက်လာလျှင်ရောမည်သို့ဖြစ်မည်နည်း?
ယွင်လီကောမှာ အမတနတ်ဘုရားဧကရာဇ်အဆင့်လေးသာဖြစ်ပါသော်လည်း သူ့အား လုံးဝ အထင်သေး၍မရပါချေ!
နတ်ဘုရားဧကရာဇ်အဆင့်တစ်ဦးမှာ သူ့အား ဖိနှိပ်နိုင်သော်လည်း ကြီးမြတ်သောနတ်ဘုရားအဆင့်တစ်ဦးမှာ သူ၏ဖိနပ်များအားသယ်ဖို့ပင် အရည်အချင်းမမီပါချေ!
ထို့အပြင် သူဟာတတိယစွမ်းအားကြီးမားသူအခြေအနေလာအား မည်သူသိမည်နည်း?
ထိုအခိုက်တွင် ကျောင်းထိုင်မထွက်လာလျှင် ဗောဓိကျောင်းတစ်ခုလုံးမှာ ယွင်လီကော ဖျက်ဆီးခြင်းကိုခံရပေလိမ့်မည်!
***