← Chapters

အခန်း (၄၀၁-၄၀၅)

Vol. 27 Ch. 401-405

အခန်း (၄၀၁-၄၀၅)

Vol. 27 Ch. 401-405

ဘာ? မင်းတို့က ငါ့ဆရာကိုသတ်ချင်တယ်ပေါ့? ပြီးတော့ ငါ့ကို ကူညီစေချင်တယ်?

ယွင်လီကော၏နှလုံးအိမ်မှာ တင်းကြပ်လာသည်။ ခေါင်းဆောင်က ဤနေရာတွင်ရှိသည်ကို သိလိုက်၏။

"ဒီနေရာရဲ့ ခေါင်းဆောင်က ဘယ်သူလဲ သိချင်မိတယ်? ဒီလိုများပြားလှတဲ့ နတ်ဘုရားဧကရာဇ်အဆင့်တွေကိုစုဆောင်းနိုင်ဖို့ဆိုရင် သူက သာမန်လူတော့ မဖြစ်နိုင်ဘူး!"

ထိုသို့တွေးလိုက်သည်နှင့် လူတိုင်းမှာပြောလိုက်၏။

"ကြိုဆိုပါတယ်၊ ကြီးမြတ်တဲ့ အမတဖူတု!"

"အမတဖူတု ကျုပ်တို့ကိုတွေ့ဖို့ မလာတာကြာနေရောပေါ့ဗျာ။ အမတဖူတုက ကျုပ်တို့ကို စကားမပြောချင်ဘူးလို့ထင်နေတာ။"

…

အားလုံး တစ်ယောက်ပြီးတစ်ယောက်ပြောနေကြသည်က ယွင်လီကောအား မျက်ဝန်းများကိုကျဉ်းမြောင်းသွားစေသညိ။

ကြီးမြတ်တဲ့ အမတ?

ထိုလူက အမတတစ်ပါးဖြစ်မည်ဟု မမျှော်လင့်ထားခဲ့ပါချေ။

၎င်းမှာ တကယ့်ကိစ္စကြီးပင်!

ထိုအဖွဲ့ခေါင်းဆောင်က ခပ်မြန်မြန်ပင် ပြောလိုက်သည်။

"ကြိုဆိုပါတယ် မိတ်ဆွေသစ်တို့။ ဒီအဖွဲ့က အသန်မာဆုံး နတ်ဘုရားဧကရာဇ်အဖွဲ့ပါ။ ကျုပ်တို့နဲ့ ဆက်သွယ်ထားတဲ့ နတ်ဘုရားဧကရာဇ်တွေအားလုံး အတိဒုက္ခကိုကျော်ဖြတ်ပြီး အမတတစ်ပါးဖြစ်လာဖို့ လိုအပ်တဲ့ အကူအညီတွေကို ရပါလိမ့်မယ်!"

"ခင်ဗျားက နတ်ဘုရားဧကရာဇ်အဆင့်မဟုတ်သေးရင်တောင် ဖြစ်လာဖို့ ကျုပ်တို့က ကူညီနိုင်ပါတယ်။"

"အတိုချုံးပြောရရင် ဒီအဖွဲ့ကိုဝင်ရောက်ခြင်းက အမတဖြစ်လာဖို့ လမ်းကြောင်းကို စတင်လိုက်တာပါပဲ!"

"မင်းက ဘယ်လို‌သွေးဆောင်ရမလဲကို သေချာသိတာပဲ!"

ယွင်‌လီကောမှာ မနေနိုင်ဘဲ စိတ်ထဲ၌ ပျက်ရယ်ပြုလိုက်၏။

တစ်ဖက်လူမှာ စကားဆက်လိုက်သည်။

"အဖွဲ့ကိုဝင်ပြီးရင် အဖွဲ့ရဲ့ ရင်းမြစ်တွေကိုရနိုင်ပါတယ်။ ခဏနေရင် အခုမှ အဖွဲ့ကိုဝင်ရောက်လာခဲ့တဲ့ ကြီးမြတ်သောနတ်ဘုရားအဆင့် ပညာရှင်တချို့ကို လက်ဆောင်အိတ်ကြီးတစ်အိတ်ပို့ပေးလိုက်ပါမယ်။ လက်ခံပေးပါ။"

တစ်ခဏအကြာ၌ ယွင်လီကောမှာ မှန်သားပြင်မှတစ်ချက်လက်သွားသည်ကိုမြင်လိုက်သည်။ တစ်ချိန်တည်းတွင် ခလုတ်တစ်ခုပေါ်လာ၏။

"ကျုပ်တို့ ရင်းမြစ်တွေရဖို့က ခလုတ်နှိပ်ရုံပဲလား?"

ပြောလိုက်သည့်လူမှာ ယွင်လီကောနောက်မှ အဖွဲ့သို့ဝင်လာသူဖြစ်၏။

ယွင်လီကောမှာ ၎င်းတို့ကြားထဲ၌ ကျင့်ကြံဆင့် အနိမ့်ဆုံးမှာ ကြီးမြတ်‌သောနတ်ဘုရားအဆင့်ဖြစ်သောကြောင့် တစ်ဖက်လူ၏ကျင့်ကြံဆင့်သည်လည်း ကြီးမြတ်‌သောနတ်ဘုရားအဆင့်ဟုသာ ခန့်မှန်းလိုက်သည်။

တစ်ဖက်လူ၏စကားလုံးများမှာ လုံးဝအထင်ကြီးဖွယ်ရာမရှိချေ။ ထို့အပြင် တစ်ဖက်လူမှာ သူ့လိုမျိုးလည်း ချောမောမနေပါချေ။ ထိုသည်က ထိုလူသည် နတ်ဘုရားဧကရာဇ်အဆင့်မဖြစ်နိုင်ကြောင်းကို ပြနေသည်။

မကြာမီတွင် အဖွဲ့ခေါင်းဆောင် ဖူတုမှာ ထပ်မံရှင်းပြလိုက်၏။

"အမှန်ပါပဲ။ ခင်ဗျား ခလုတ်နှိပ်လိုက်တာနဲ့ ချက်ချင်းပဲ လက်ခံရမှာပါ။"

တစ်ခဏအကြာ၌ ကြီးမြတ်သောနတ်ဘုရားအဆင့် အသစ်တစ်ဦးမှာ အော်ဟစ်လိုက်သည်။

"အမှန်ပဲကွ! ဒါတကယ်မှန်တယ်! ကျုပ် ထိပ်တန်းအဆင့်နတ်သလင်းကျောက် သန်းတစ်ရာနဲ့ နက်နဲမှုအဆောင်လက်နက်တစ်ခု ရတယ်။"

"မိုးနတ်မင်းကြီး၊ ဒါကတကယ်ကို အမြင်ပွင့်စေတာပဲ။"

"ဒီလောကမှာ ဒီလိုထူးဆန်းတဲ့လူမျိုး တကယ်ရှိနေတာပဲ!"

ယွင်လီကောမှာ မနေနိုင်ဘဲ စိတ်ထဲ၌ ဆဲရေးလိုက်သည်။

ဒါက ထိပ်တန်းအဆင့်နတ်သလင်းကျောက် သန်းတစ်ရာနဲ့ နက်နဲမှုအဆောင်လက်နက်တစ်ခုလေးပဲလေ။ အဲ့လောက်ထိ စိတ်လှုပ်ရှားဖို့လိုလို့လား?

ဒီနေ့ခေတ်မှာ အမတအဆင့်အောက်က ဘာကိုများ ကောင်းမွန်တယ်လို့ သတ်မှတ်ရမှာလဲ?

သို့သော် ထို ထိပ်တန်းအဆင့်နတ်သလင်းကျောက် သန်းတစ်ရာမှာ မဆိုးလှပါချေ။ ထိုသည်ကိုယူပြီး ဆရာ့ကိုပေးလို့ရနိုင်သည်။ သူ၏ဆရာမှာ နတ်သလင်းကျောက်များအား အနှစ်သက်ဆုံးဖြစ်ကာ အစီအရင်များခင်းကျင်းရာ၌ သုံးပေလိမ့်မည်။

ပြောရမည်ဆိုလျှင် လွန်ခဲ့သည့်နှစ်အနည်းငယ်က ဆရာတူညီလေးခုနစ်နှင့် ဆရာတူညီလေးရှစ်တို့မှာ ဆရာ့အတွက် နတ်သလင်းကျောက်များစွာ ရခဲ့သည်။ သူတစ်ယောက်ကသာဆရာ့အား မည်သည့်နတ်သလင်းကျောက်ကိုမှ လုံးဝမပေးအပ်ရသေးသူဖြစ်ချေ၏။

ပြောရလျှင် သူသည်က ဆရာ့၏ အချစ်ဆုံးတပည့်လေးပင်။

ထိုအခိုက်တွင် လူတော်တော်များများက လက်ဆောင်ထုပ်ကြီးတစ်ခုရကြောင်း စာများပို့နေကြ၏။

ယွင်လီကောမှာ တုံ့ဆိုင်းမနေဘဲ ရယူရန် နှိပ်လိုက်၏။

သို့သော် အံ့အားသင့်စရာပင် လက်ခံရန် နှိပ်ပြီးနောက် မည်သည့်တုံ့ပြန်မှုမှရှိမနေပါချေ။

ယွင်လီကော:"???"

ဒါဘာကိုဆိုလိုတာလဲ?

တစ်ဖက်လူက သူရုပ်ချောနေလို့ သူ့ကိုမပေးချင်တာလား?

သူဟာ အကြိမ်ရေအနည်းငယ်ခန့် ထပ်မံနှိပ်လိုက်သော်လည်း ၎င်းအား မရရှိပါချေ။

ထိုသည်က ယွင်လီကောအား အတန်ငယ်ပဟေဠိဖြစ်သွားစေသည်။

တစ်ခဏကြာ‌တွေးပြီးနောက် တစ်စုံတရာအားတွေးမိသွားသည်။

သူဟာတောင်ကြားတွင်ဖြစ်ကာ ထိုတောင်ကြားမှာ ဆရာ၏အစီအရင်ဖြင့် လွှမ်းခြံထားချေသည်ပင်!

ထိုသည်ကြောင့် မည်သည့်ဟင်းလင်းပြင်ပြောင်းရွှေ့ခြင်း ပစ္စည်းဆို ဖြတ်မသွားနိုင်ချေ။ လုရှောင်ယန်၏အစီအရင်ဖြင့် အတည်ပြုထားသည့် ပစ္စည်းများ မဟုတ်ပါလျှင် ယွင်လီကောမှာ ထိုသည်တို့အား အောင်အောင်မြင်မြင် မရယူနိုင်ပါချေ။

ထိုပြဿနာအား ရှာတွေ့သော် ယွင်လီကောမှာ ကြီးမြတ်သောအာကာပြင်ခြေလှမ်းကို အသုံးပြုလျက် တောင်ကြားမှ ချက်ချင်းထွက်ခွာကာ ၄၀၀ကီလိုမီတာအကွာရှိ တောင်ကုန်းတစ်ခုဆီသို့ ရောက်ရှိသွားတော့သည်။

ထိုအခိုက်၌ မှန်သားပြင်ထက်မှ အလင်းမှာ ပိုမိုကြည့်လင်လာတော့သည်! ပြည့်စုံတယ်!

၎င်းမှာ ဆက်သွယ်မှုသင်္ကေတမှာ အထွဋ်အထိပ်ရောက်သွားသလိုပါပင်။

ယွင်လီကောမှာ ချက်ချင်းပင် လက်ခံရန် နှိပ်လိုက်၏။ ခဏအကြာ၌ သိုလှောင်အိတ်တစ်ခုမှာ သူ၏လက်ထဲတွင် ပေါ်ထွက်လာတော့သည်။

အထဲတွင် ထိပ်တန်းအဆင့်နတ်သလင်းကျောက် သန်းတစ်ရာနဲ့ နက်နဲမှုအဆောင်လက်နက်တစ်ခု ရှိနေ၏။

"သေစမ်း! ငါတကယ်ရလိုက်တာပဲ!"

ယွင်လီကောမှာ အနည်းငယ်စိတ်လှုပ်ရှားသွားသည်။ အဘယ့်ကြောင့် သူ၏ဆရာတူညီလေး၊ ညီမလေးများအား မဝင်ရောက်ခိုင်းဘဲနေရမည်နည်း? ထိုသို့ဆိုလျှင် ... ဟီးဟီးဟီး၊ သူဟာ ၎င်းတို့အား အခွင့်ကောင်းယူလျက် ဆရာ့ကို နတ်သလင်းကျောက်များပေးနိုင်တော့မည်!

ဆရာတူညီလေးတစ်ယောက်မှာ သန်းတစ်ရာရပါလျှင် ရှစ်ယောက်ဆိုပါက သန်းရှစ်ရာဖြစ်ပေမည်။

တစ်ဖက်အားအခွင့်ကောင်းယူရန် ဒုတိယမျိုးဆက်တပည့်များကိုပါ ဝင်ရောက်ခိုင်းလျှင် ပိုကောင်းမည်။

ဒါက နတ်သလင်းကျောက် ကုဋေချီရမှာနဲ့ မညီမျှနေဘူးလား?

ယွင်လီကောမှာ အားလုံး၏ကျင့်ကြံဆင့်များမှာ ကြီးမြတ်သောနတ်ဘုရားအဆင့်သို့ မရောက်သေးသည်အား ပူမနေပါချေ။ သူ့ဆရာ့၏အကူအညီနှင့် ဆိုလျှင် ကြီးမြတ်သောနတ်ဘုရားအဆင့်အဖွဲ့တစ်ခုဖန်တီးရန် လွယ်လှသည်မဟုတ်ပါလား?

သူ၏ဆရာတူညီလေး၊ ညီမလေးများ၏ ပါရမီနှင့် ဆရာ့၏စွမ်းအားတို့ဖြင့်ဆိုလျှင် ၎င်းတို့မှာ တစ်လအတွင်း၌ ကြီးမြတ်သောနတ်ဘုရားအဆင့်သို့ ရောက်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် တစ်ဖက်ဆီမှ ထိပ်တန်းအဆင့် နတ်သလင်းကျောက်ရာချီကာ ရနိုင်ပေသည်။

ပြည့်စုံတယ်!

အတော်လေးပြည့်စုံတယ်!

သို့သော် ထိုအခိုက်တွင် အဖွဲ့ခေါင်းဆောင်၏ စာမှာထပ်မံပေါ်‌ထွက်လာသည်။

"ကောင်းပြီး! ဒါဆို ကျုပ်ပထမတာဝန်ကို ဖော်ပြပါမယ်။ ပထမတာဝန်က အဖွဲ့ထဲမှာရှိတဲ့ တာအိုမိတ်ဆွေသစ်တွေကို နတ်ဘုရားဧကရာဇ်အဆင့်ထိတိုးမြှင့်နိုင်‌အောင် ကူညီပေးဖို့ပါ!"

"ဒီတာဝန်ရဲ့ဆုလာဘ်ကတော့ အမတဆေးလုံးတစ်လုံးပါ။ တာဝန်မှာပါဝင်တဲ့ နတ်ဘုရားဧကရာဇ်အဆင့်တွေအားလုံး ဒီဆုကို ရနိုင်ပါလိမ့်မယ်။"

"ထပ်ပေါင်းအနေနဲ့ သိသိသာသာကူညီရင် အမတဆေးလုံးအပိုတွေ ရပါလိမ့်မယ်။ အမတဆေးလုံးအရေအတွက်ကိုတော့ သတ်မှတ်ထားပါတယ်။ အားလုံးကတော့ အခြေအနေပေါ် မူတည်နေပါတယ်။"

ထိုသည်ကိုကြားသော် အားလုံးမှာ ချက်ချင်းစိတ်လှုပ်ရှားလာကြသည်။

"အဖွဲ့ခေါင်းဆောင်က တကယ်အံ့ဩစရာပဲ။ ဒီတစ်ခေါက်ဆုတွေက တကယ်ကို ထူးခြားတယ်!"

"အဟုတ်ပါပဲ။ ဒီတစ်ခေါက် ဆုလာဘ်တွေထူးခြားနေရခြင်းက ခင်ဗျားတို့ကို ဒုတိယတာဝန်မှာ အလုပ်ကောင်းကောင်းပြီးမြောက်စေနိုင်ဖို့ပါ!"

"ဒုတိယတာဝန်ကတော့ ဧကရာဇ်တစ်ရာအစီအရင်ကို ခင်းကျင်းဖို့ပဲ!"

"ဒါကမတိုင်ခင်က ပြောခဲ့ဖူးတဲ့ ဧကရာဇ်တစ်ရာအစီအရင်နဲ့ အတူတူပဲလား? ကြီးမားတဲ့ကံကောင်းမှုနဲ့ကို ရင်ဆိုင်ဖို့လေ?"

"အမှန်ပဲ၊ အဲ့ဒီလူပါပဲ။ ဧကရာဇ်တစ်ရာအစီအရင်က အရမ်းကိုစွမ်းအားကြီးတယ်။ ကျုပ်ဒီအစီအရင်ကို ကြီးမားတဲ့ကံနဲ့လူကိုရင်ဆိုင်ဖို့ သုံးချင်တယ်! သူ့ကို ထာဝရပျက်စီးခြင်းဆီ ကျရောက်စေချင်တယ်!'

ယွင်လီကောမှာ နှလုံး‌ခုန်သံတစ်ချက်ချော်သွားကာ ခံစားချက် မကောင်းတော့ချေ။

ထိုလူများမှာ ကြီးမားသောကံကောင်းမှုနှင့်လူ‌အကြောင်းပြောနေကြသည်။ သို့သော် မည်သူကမှ သူ့ဆရာထက် ကံပိုမကောင်းနိုင်ပေ၊ ဟုတ်တယ်မလား?

ဒါက သူတို့တွေများ... သူ့ဆရာကိုရင်ဆိုင်ချင်နေတာလား?

သူဟာမျက်လုံးများကိုလှိမ့်လိုက်ကာ အကြံတစ်ခုရသွား၏။

"ကံကောင်းတဲ့လူက ဘယ်သူများလဲဗျ? ခင်ဗျားကျုပ်တို့ကို အသေးစိတ်ပေးသိရမယ်ထင်တယ်။ ပြောရရင် တစ်ဖက်လူကို ဆန့်ကျင်ဖို့ စွမ်းအားရှိမလားကို တွေးကြည့်ရဦးမယ်လေ။"

နတ်ဘုရားဧကရာဇ်အဆင့်ကုန်းချန်နှင့် တခြား နတ်ဘုရားဧကရာဇ်အဆင့်များမှာ ချက်ချင်းပြောလိုက်၏။

"တာအိုရောင်းရင်းကော၊ မင်းစည်းကျော်သွားပြီ။"

"အမှန်ပဲ။ အဖွဲ့ခေါင်းဆောင်စီစဉ်ပေးတဲ့ တာဝန်တွေက ကျုပ်တို့အတွက် သင့်လျော်တယ်။ ခင်ဗျား ဒီလိုသံသယဖြစ်ဖို့က နည်းနည်းတော့ စည်းမျဉ်းနဲ့ဆန့်ကျင်နေတယ်။"

ထိုအခိုက်၌ ထိုအဖွဲ့ခေါင်းဆောင်မှာ လူကောင်းလိုပြုမှုရန် အခွင့်ကောင်းယူလိုက်၏။

"ရပါတယ်။ ကျုပ်က အဖွဲ့ခေါင်းဆောင်ဆိုပေမယ့် ခင်ဗျားတို့ထက် ဘာမှ ပိုသာမနေပါဘူး။ ကျုပ်တို့အားလုံးကမိတ်ဆွေပဲလေ။ ပြီးတော့ တာအိုရောင်းရင်း ပြိုင်ဘက်ကို သိချင်တာက ကျိုးကြောင်းဆီလျော်ပြီး နားလည်နိုင်ပါတယ်။

"တကယ်ကိုပဲ ခင်ဗျားကိုပြောပြဖို့ မခဲယဉ်းလှပါဘူး။"

"ကျုပ်ရင်ဆိုင်ချင်တဲ့လူက လုရှောင်ယန်လို့ခေါ်တဲ့ ကျင့်ကြံသူပါ။"

ယွင်လီကောမှာ နှလုံးခုန်သံတစ်ချက်ချော်သွားတော့သည်။

တကယ်ကိုပင် ကံကောင်းသည့်တစ်ယောက်ယောက်အား ဖော်ပြချိန်တိုင်း ၎င်းမှာ သူ၏ဆရာနှင့် ဆက်စပ်နေမည်ဟု သူသိသည်ပင်။

ထို့အပြင် တစ်ဖက်လူမှာ သူ့ဆရာအားပစ်မှတ်ထားနေသည်။

ကံအားလျော်စွာဖြင့် သူဟာဉာဏ်ကောင်းပြီး မေးလိုက်၍ပင်။ မဟုတ်ပါက သူ့ကိုယ်သူအရူးလုပ်မိကာ ဆရာ့အားစိတ်ရှုပ်စေမည်လား?

၎င်းတို့မှာ သူ၏ဆရာနှင့် ရင်ဆိုင်ချင်သည်ဆိုတည်းက မည်သည်ကိုမျှ ပြောစရာမရှိတော့ချေ။ သူတို့အား သတ်ရမည်ပင်!

ယွင်လီကောမှာ ကျိန်ဆဲလုနီးနီးဖြစ်သွားကာ တစ်စုံတရာကမှားယွင်းနေသည်ဟု ခံစားလိုက်ရ၏။

"ငါသာအခု ဆူပူလိုက်ရင် ငါကဆရာ့ရဲ့ငယ်သားဆိုတာသိသွားနိုင်တယ်။ ပြီးတော့ ငါ့ကိုအဖွဲ့ကနေချက်ချင်းကန်ထုတ်လောက်တယ်။ ပြောရရင် သူကဒီနတ်ဘုရားဧကရာဇ်စကားဝိုင်းကို တည်ထောင်ထားသူပဲလေ။"

မဟုတ်သေးဘူး၊ ငါသူ့ကိုဆူပူလို့မရသေးဘူး။ ငါစိတ်ခံစားချက်လေးတွေကြောင့်နဲ့ ဆရာ့ရဲ့အစီအစဉ်တွေကို သွားရှုပ်လို့မရနိုင်ဘူး!

"ဆရာက သူတော်စင်တစ်ပါးဖြစ်ပြီး ဒီပုရွက်ဆိတ်လေးတွေရဲ့ ခြိမ်းခြောက်မှုကို လုံးဝမကြောက်ပေမယ့်လည်း ဆရာ့ရဲ့အကြီးဆုံးတပည့်အနေနဲ့ ဒီပုရွက်ဆိတ်တွေ ဆရာ့ကိုနှောင့်ယှက်ခွင့် မပေးနိုင်ဘူး။"

"ငါနည်းလမ်းတစ်ခုခုစဉ်းစားပြီး ဒီကောင်တွေကို မြှုပ်စရာတောင် မရှိဘဲသေအောင်လုပ်ရမယ်။ တစ်ချိန်တည်းမှာပဲ ငါသူ့ကိုပါ နှိပ်စက်ရမယ်။ ငါ့ဆရာကိုဆန့်ကျင်တဲ့အတွက် နောင်တရအောင်လုပ်ပေးရမယ်။"

ယွင်လီကောမှာ တစ်ခဏမျှတွေးနေလိုက်ပြီး သူ၏နှုတ်ခမ်းထောင့်များမှာ ကွေးတက်သွားသည်။ သူ့ထံ၌ အကြံတစ်ခုရှိပြီးသားပင်။

သူဟာဆရာတူညီလေးညီမ‌လေးများ၏ ကျင့်ကြံနှုန်းတိုးမလာခင်တွင် တစ်ဖက်လူနှင့် ဦးစွာရင်ဆိုင်ရမည်။ ထို့နောက်တွင်... ဟီးဟီးဟီး... သူဟာ လူတိုင်းကို ဤ အဖွဲ့ထဲသို့ ဆွဲသွင်းမည်။ ၎င်းတို့မှာ ဧကရာဇ်တစ်ရာအစီအရင်ကို ဝင်နိုင်လျှင် အကောင်းဆုံးဖြစ်လိမ့်မည်။ ဒါကပိုလို့ပင် ပြီးပြည့်စုံစေလိမ့်မည်။

ထိုသို့ဆိုလျှင် သူနှင့်ကျန်လူများမှာ တစ်ဖက်အဖွဲ့၏ အညှာအတာမဲ့ တိုက်ခိုက်ခြင်းက တိုက်ရိုက် ရင်ဆိုင်နိုင်ပေမည်။

ကောင်းတယ်။

အတော်လေးပြည့်စုံတယ်!

ထိုသို့တွေးတောလျက်ပင် သူဟာချက်ချင်း ပြန်ဖြေလိုက်သည်။

"လုရှောင်ယန်? ကျုပ်တစ်ခါမှ မကြားဖူးဘူး။ သူက အချိန်နည်းနည်းနဲ့ကျင့်ကြံတဲ့သူဖြစ်ရမယ်၊ ဟုတ်တယ်လား? ဒီလို အမှိုက်က အဖွဲ့ခေါင်းဆောင်ရဲ့အချိန်နဲ့ တကယ်ပဲထိုက်တန်လို့လား?"

"ဟီးဟီးဟီးဟီး... တာအိုရောင်းရင်းကော၊ ခင်ဗျားမသိပါဘူး၊ ဒါပေမယ့် ဒီလုရှောင်ယန်က လူသိမများတဲ့ လူတစ်ယောက်ဆိုပေမယ့်လည်း သူ့ရဲ့ကျင့်ကြံဆင့်က တကယ်ကို ကြောက်ဖို့ကောင်းလောက်အောင် စွမ်းအားကြီးတယ်!"

"သူက စွမ်းအားကြီးရုံတင်မကဘူး အင်မတန် မြင့်မားတယ်လို့ပါပြောလို့ရတယ်၊ ပြီးတော့ သူ့ရဲ့ အတိုက်အခိုက်စွမ်းအားအစစ်က တကယ်ကို နားမလည်နိုင်လောက်တဲ့အရာပဲ။"

"အရာအားလုံးကိုဘေးချိတ်ထားလိုက်ရင် သူ့ထက်အဆင့်ပိုမြင့်သူတွေကို တိုက်ခိုက်တဲ့ နည်းလမ်းတွေက အဆုံးမဲ့တယ်!"

ထိုအခိုက်၌ နတ်ဘုရားဧကရာဇ်ကုန်းချန်မှာ မနေနိုင်ဘဲ ပြောလိုက်၏။

"ကျုပ်တို့လည်း အဆင့်ပိုမြင့်သူတွေကိုတိုက်ခိုက်နိုင်ပါတယ်။ ကျုပ်တို့မှာ ကျင့်စဉ်တွေလုံလုံလောက်လောက်ရှိတာနဲ့ နတ်အဆောင်လက်နက်တွေ၊ အစီအရင်တွေ၊ တခြားအထောက်အပံ့တွေပါနဲ့ဆိုရင် ကျုပ်တို့ထက် ပိုအဆင့်မြင့်တဲ့ ရန်သူတွေကို သတ်ဖို့က အရမ်းကိုလွယ်လွန်းတယ်...

"ဒါပေမယ့် ‌ဒီလုရှောင်ယန်က ကျင့်စဉ်တွေလက်နက်တွေနဲ့ရန်သူတွေကို အစီအရင်တွေကို မသုံးဘဲတောင် သတ်နိုင်တယ်လို့ ငါပြောမယ်ဆိုရင်ရော?"

"ဒါက..."

နတ်ဘုရားဧကရာဇ် ကုန်းချန်မှာ တစ်ခဏမျှငြိမ်သွားကာ ဆက်ပြောလိုက်သည်။

"ဒါက လုံးဝကြီးတော့ မဖြစ်နိုင်တာမဟုတ်ပါဘူး။ လုပ်တော့ လုပ်နိုင်ပါသေးတယ်။"

"ဒါဆို သူက အဆင့်ကြီးနှစ်ဆင့် ကျော်လွန်နိုင်တယ်လို့ ပြောရင်ရော?"

"အဆင့်ကြီးနှစ်ဆင့်? ဒါလုံးဝမဖြစ်နိုင်ဘူး။ အဖွဲ့ခေါင်းဆောင်၊ နောက်နေတာဖြစ်ရမယ်။"

"ဝမ်းနည်းပါတယ်၊ ငါနောက်နေတာမဟုတ်ဘူး။ ဒါက လုရှောင်ယန်ဘယ်လောက် စွမ်းအားကြီးတယ်ဆိုတာပဲ။"

အဖွဲ့တစ်ခုလုံးမှာ အသက်ရှူကြိမ်ဒါဇင်ချီမှာ တိတ်ဆိတ်သွားပြီးနောက် ပေါက်ကွဲမှုများပေါ်ထွက်လာသည်။

"ဟာသပဲ! ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ဒါကလုံးဝမဖြစ်နိုင်တာကြီး!"

"အဖွဲ့ခေါင်းဆောင်၊ သူတကယ်ကြီး သူ့ထက်ကျင့်ကြံဆင့်နှစ်ဆင့်ပိုမြင့်တဲ့ ရန်သူတွေကို သတ်နိုင်တာလား? သူကလူရောဟုတ်သေးရဲ့လား?"

"ကျုပ်မယုံဘူး! ကျုပ်တို့လောကမှာ ဒီလိုပုံမှန်မဟုတ်တဲ့လူ ဘယ်လိုရှိနိုင်မှာလဲ?!"

လူတိုင်းမှာ ချက်ချင်းပင် စိတ်အားထက်သန်စွာဆွေးနွေးနေကြရာ ယွင်လီကောမှာ မျက်လုံးများကို လှိမ့်လိုက်၏။

မသိနားမလည်သော လူမိုက်အုပ်စုပင်။

သူ့ဆရာ၏တပည့်အနေနှင့် သူသည်ပင် အဆင့်ကြီးနှစ်ဆင့်ကျော်လွန်နိုင်နေပြီ။ သူ့ဆရာက အဆင့်လေးဆင့်ကျော်‌လွန်နေရမှာမဟုတ်ဘူးလား?

ထို့အပြင် သူ၏ဆရာမှာ သူတော်စင်တစ်ပါးဖြစ်နေချေပြီ။ သူ၏ဆရာမှာ အဆင့်များကျော်လွန်နိုင်နေလျှင်တောင် ထိုအမှိုက်စလေးများမှာ သူ၏ပြိုင်ဘက်မဟုတ်သေးပါချေ။

ဒါပေါ့ ထိုကောင်လေးများမှာ သူ့ဆရာအား ပြိုင်ရန် အရည်အချင်းမမီပါချေ။ အမှိုက်အုပ်စုက ဘယ်လိုများ သူတော်စင်တစ်ပါးကို တိုက်ခိုက်မှာလဲ?

သူတို့တကယ်လုပ်နိုင်လျှင်ပင် ယွင်လီကောနှင့် အခြားတပည့်များမှာ ကိုယ်တိုင် တွဲလောင်းချထားရန် နေရာတစ်ခုသာရှာလိုက်မည်!

အမည်မဲ့ဂိုဏ်းသားများနှင့်ပင် ထိုအမှိုက်များအား ဖျက်ဆီးနိုင်ချေသည်။ ဆရာကအဘယ့်ကြောင့်များ တစ်ခုခုလုပ်ရန် လိုအပ်မည်နည်း?

ထိုသို့တွေးကာ ယွင်လီကောမှာ နောက်ထပ်စာတစ်ကြောင်းပို့လိုက်သည်။

"ဒီလိုသာဆိုရင် ပိုကောင်းတယ် မဟုတ်လား? အောင်မြင်ဖို့ အခွင့်အရေးက ပိုပြီး မြင့်လာလိမ့်မယ်။"

"ကျုပ်မှာ ကြီးမြတ်သောနတ်ဘုရားအဆင့် မိတ်ဆွေအချို့ရှိနေပါတယ်။ အဖွဲ့ခေါင်းဆောင်သာ ဆန္ဒရှိမယ်ဆိုရင် သူတို့ကိုဆက်သွယ်ပြီး စကားဝိုင်းကို ဝင်ရောက်စေနိုင်ပါတယ်။"

"ဒါဆို ခင်ဗျားသူတို့ကို တိုးတက်ဖို့ ရင်းမြစ်တစ်ချို့ပေးနိုင်မှာပေါ့။ အားလုံးအတူတကွလုပ်ဆောင်မယ်ဆိုရင် ဒီလုရှောင်ယန်ကို အနိုင်ချဖို့က လွယ်ကူသွားလိမ့်မယ်။"

"အဖွဲ့ခေါင်းဆောင်၊ ဘယ်လိုထင်ပါလဲ?"

"အိုး? ဒီလိုဆိုရင် တကယ်ကိုပဲမဆိုးပါဘူး။ ဒါပေမယ့် သာမန်ကြီးမြတ်သောနတ်ဘုရားအဆင့်တွေတော့ မလုပ်နိုင်ဘူး။ အထူးစွမ်းရည်တချို့မရှိဘဲနဲ့တော့ တိုက်ပွဲကြားမှာ အမြောက်စာလေးတွေပဲ ဖြစ်သွားရလိမ့်မယ်။"

"မဟုတ်ရင် ကျုပ်က ဘာကြောင့်များ နတ်ဘုရားလောကတစ်ခုလုံးမှာ ကြီးမြတ်သောနတ်ဘုရားအဆင့် အနည်းစုကိုပဲ စုဆောင်းနေရဦးမှာလဲ?"

"မပူပါနဲ့၊ အဖွဲ့ခေါင်းဆောင် ဖူတု။ ကျုပ်ရဲ့မိတ်ဆွေတွေက ထူးခြားတဲ့ကျွမ်းကျင်မှုတွေရှိတာကို ကျုပ်အာမခံပါတယ်။ သူတို့ခင်ဗျားကို စိတ်မပျက်စေရဘူးလို့ အာမခံတယ်။"

"ကောင်းပြီ! ဒီလိုဆိုမှတော့ သူတို့ကိုခေါ်လာကြည့်ပါ၊ ကျုပ်တစ်ချက်ကြည့်ကြည့်မယ်။"

"ပြဿနာမရှိပါဘူး၊ ဒါပေမယ့် အားလုံးက ခရီးထွက်‌ပြီး လေ့ကျင့်နေကြတုန်းမို့။ ခဏလောက်တော့ ရှာဖို့မလွယ်လောက်ဘူး။ ဒီလိုဆိုရင်ရော? ကျုပ်ခင်ဗျားဆီကို အများဆုံး လတစ်ဝက် ဒါမှမဟုတ် တစ်လအတွင်းမှာ အချိန်မီ စာပြန်‌လိုက်မယ်။"

"ကောင်းပြီ! ‌တာအိုရောင်းရင်းကောက အဖွဲ့ထဲရောက်ကာစမှာပဲ ဒီလောက်အလုပ်ကြိုးစားမယ်လို့ ထင်မထားခဲ့မိဘူး။ ခင်ဗျားကို နောက်ထပ် ထိပ်တန်းအဆင့် နတ်သလင်းကျောက် သန်းတစ်ရာ ဆုချပါမယ်။"

"ကျေးဇူးပါ၊ အဖွဲ့ခေါင်းဆောင်"

ယွင်လီကော၏ နှုတ်ခမ်းထောင့်မှာ အတန်ငယ်ကွေးတက်သွား၏။ သူဟာ သာမန်ကာလျှံကာပင် နောက်ထပ် ထိပ်တန်းအဆင့်နတ်သလင်းကျောက် သန်း၁၀၀ကိုလက်ခံရလိုက်ပေသည်။ ၎င်းက ထိုအဖွဲ့ခေါင်းဆောင် ဖူတု၏ဉာဏ်ရည်မှာ ထိုမျှမမြင့်မားပုံပေါ်စေ၏!

ယခုတွင် သူ၏ဆရာတူညီလေး ညီမလေးများကိုရှာကာ ကြီးမြတ်သောနတ်ဘုရားအဆင့်သို့ အလျင်အမြန် ကျင့်ကြံနိုင်အောင် လုပ်ရပေတော့မည်။

အဖွဲ့ရှိလူများမှာ အင်မတန်မနာလိုဖြစ်သွားကြသည်။ ၎င်းတို့မှာ ယွင်လီကောအား စာအိတ်နီများပေးရန် တောင်းဆိုနေကြ၏။ ၎င်းမှာ စကားဝိုင်း၏ အထူးလုပ်ဆောင်ချက်ပင်။ ၎င်းတို့လက်တွင်း၌ နတ်သလင်းကျောက်၊ သဘာဝရတနာ၊ လက်နက်များအပါအဝင် ရင်းမြစ်အချို့ကိုထည့်ကာ စာအိတ်နီအသွင်ပြောင်းလျက် လူတိုင်းအား ဆွဲစေနိုင်သည်။

စာအိတ်နီထဲရှိပစ္စည်းများအား ဆွဲသည့်သူကပိုင်ဆိုင်ပေလိမ့်မည်။

ယွင်လီကောမှာ ရိုးရှင်းစွာပင် ၎င်းတို့အား ဥပေက္ခာပြုထားလိုက်၏။

ငတုံးအုပ်စု။ သူ၏ပါးစပ်တွင်းသို့ရောက်ပြီးသားအစာကို အဘယ့်ကြောင့် ထွေးထုတ်ရမည်နည်း? ဟာသပဲ!

မင်းတို့ဟာက ငါ့အတွက်ပဲ၊ ဒါပေမယ့် ငါ့ဟာကလဲ ငါ့အတွက်ပဲ!

သူဟာ သူတစ်ယောက်တည်းကသာ တခြားလူများဆီမှ အခွင့်ကောင်းယူသောလူဟုခံစားရသည်၊ နောက်ထပ်နည်းလမ်းမရှိပါ!

အဆုံးတွင် အဖွဲ့ခေါင်းဆောင် ဖူတုမှ စာအိတ်နီအကြီးတစ်အိတ်ပို့ပေးမှသာ အားလုံးက ကိစ္စကိုရပ်လိုက်ကြသည်။

ယွင်လီကောမှာ သဘာဝကျကျပင် စာအိတ်အများအပြားကို လုကာ ကံကောင်းမှုဘုရင်ခေါင်းစဉ်ကိုပင်ရရှိသွားချေသည်!

အဖွဲ့ခေါင်းဆောင်ဖူတုမှာ ၎င်းတို့အား ထိပ်တန်းအဆင့် နတ်သလင်းကျောက် ဆယ်သန်းသာပေးခဲ့ခြင်းပင်။ သူဟာ တစ်ကိုယ်တည်း ၉.၉သန်းကို လုယူနိုင်ခဲ့၏!

၎င်းက အားလုံးအား ဒေါသဖြင့် ခြေဆောင့်စေသည်အထိပင်!

သို့သော် ယွင်လီကောမှာ ပျောက်သွားကာ စကားပြောခြင်းရပ်လိုက်ပုံပင်။

လူတိုင်းမှာ သူ့အားဆန့်ကျင်လျက် ကူရာမဲ့နေကြ၏။

...

တစ်ဖက်တွင် ဟန်ကျန့်မှာ စနစ်အား ကောင်းကောင်းမွန်မွန် ပြုံးကာပြောလိုက်သည်။

"ငါအရင်ကမှားသွားပါတယ်ကွာ။ ငါမသိခဲ့လို့ပါ။ ငါ့ကိုခွင့်လွှတ်ပါ၊ စနစ်ရယ်။"

[ဟမ့်! ဟန်ကျန့်ရာ ဆိုရိုးလိုပဲပေါ့ မြင်းကောင်းက ပြန်မလာဘူးတဲ့လေ။ မင်းငါ့ကိုလက်လွှတ်လိုက်တည်းက ဘာလို့ ငါကပြန်လာရမှာလဲ? မင်းငါ့ကိုရယ်စရာဖြစ်အောင် လုပ်နေတာလား?]

ဟန်ကျန့်မှာ တောင်းတောင်းပန်ပန်ပြုံးပြလိုက်၏။

"တာအိုရောင်းရင်းရာ ကျုပ်ကိုအပြစ်မတင်ပါနဲ့။ အရင်က ငါ့အတွက် ဘာကကောင်းတယ်ဆိုတာ မသိခဲ့လို့ပါ။ မင်းက လောကမှာ အရှားပါးဆုံးစနစ်ဆိုတာကို ငါဘယ်လိုလုပ်သိနိုင်မှာလဲ? မင်းအခု ပြန်မလာတော့ဘူးလား?"

"ငါမင်းနဲ့ ချိတ်ဆက်ပြီး အသက်သွင်းဖို့ ပြန်လာခဲ့တာပါကွာ။"

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၂၇။ အပိုင်း ၄၀၂ ဆရာက အရမ်းသံသယဖြစ်စရာကောင်းလွန်းတယ်

[ဟမ့်! ငါမင်းကိုထပ်ပြီးစိတ်မဝင်စားတော့တာ နှမျောစရာပဲ]

[အရင်က မင်းငါ့ကိုဥပေက္ခာပြုခဲ့တယ်။ လက်ရှိငါက မင်းလိုက်မီနိုင်တဲ့ တစ်ယောက်မဟုတ်တော့ဘူး။ ငါက နောက်ထပ်ချိတ်ဆက်ပြီး လုရှောင်ယန်ကို သတ်ဖို့ အသစ်လေးတစ်ယောက်ကိုရှာဖို့ပြင်ပြီးပြီ]

ဟန်ကျန့် : "..."

"အမ်၊ ညီအစ်ကိုရာ၊ မလုပ်ပါနဲ့။ ငါကမင်းရဲ့ ပထမဆုံးရွေးချယ်မှုမဟုတ်ဘူးလား? ငါ့ရဲ့ကံက အမြဲလိုလို အရမ်းကောင်းနေတာလေ။ မင်းနဲ့ငါသာ ချိတ်ဆက်ပြီး အသက်သွင်းပြီးရင် လုရှောင်ယန်ကို သတ်ဖို့အတွက် အတူတကွလုပ်ဆောင်တာက နှစ်ယောက်လုံးအတွက် ပိုပြီးမလွယ်သွားစေဘူးလား?"

[ဟမ့်! ငါ့ကိုထပ်ပြီးအရူးလုပ်ဖို့ မကြိုးစားနဲ့! မင်းကြောင့် အရူးဖြစ်ခံမှာမဟုတ်တော့ဘူး။ ငါအရင်က နောက်ထပ်စနစ်တစ်ခုနဲ့ ကြုံခဲ့သေးတယ်။ သူပြောတာကတော့ မင်းက ခွေးတစ်ကောင်ထက်တောင် သူရဲဘောကြောင်တယ်ဆိုပဲ။ ငါသာမင်းနဲ့ ချိတ်ဆက်လိုက်ရင် ဒီတာဝန်ကို နှစ်တစ်သောင်းအတွင်းမှာတောင် ပြီးမြောက်ဖို့ အခွင့်မရှိမှာ စိုးရတယ်!]

[ငါတခြားသခင်ကိုပဲ သွားရှာတော့မယ်။ ‌နှုတ်ဆက်ပါတယ်!]

"ဝေ့၊ ဝေ့! ညီအစ်ကို၊ မသွားပါနဲ့။ နောက်ထပ်ဆွေးနွေးကြည့်ရအောင်။ ငါတို့ မင်းလိုသမျှကို ဆွေးနွေးနိုင်ပါတယ်။"

[ဘယ်လိုများငါတို့လုပ်နိုင်မှာ။ ငါဘယ်သူနဲ့မဆို ဆွေးနွေးနိုင်တယ်၊ မင်းကလွဲရင်ပေါ့]

ဟန်ကျန့်မှာ စိတ်ထဲ၌ အားမလိုအားမရစွာ ညည်းညူနေလိုက်ကာ အဘယ့်ကြောင့် လုရှောင်ယန် ဤနေရာသို့မရောက်သေးသည်ကိုတွေးတောလိုက်၏။

သူဟာယခုမလာပါလျှင် ထိုအချိန်အနေအား ထိန်းနိုင်တော့မည်မဟုတ်ချေ။

သူဟာ လုရှောင်ယန်မဟုတ်ပါချေ။ ထိုစနစ်၏ ပြိုင်ဘက်ပင် လုံးဝမဟုတ်ပါချေ!

စနစ်မှာ ရွှေရောင်အလင်းအဖြစ်စုစည်းသွားကာ ခဏအကြာ၌ပင် လွတ်မြောက်တော့မည်ကိုမြင်သော် မိုးကြိုးသံတစ်ခုက ကောင်းကင်ယံ၌ထွက်ပေါ်လာ၏။ လုရှောင်ယန်မှာ ရုတ်တရတ်ပေါ်ထွက်လာသည်။

"ပြေးမယ်ပေါ့? မင်းကိုမင်းဘယ်သွားမယ်လို့ထင်နေတာလဲ?"

ဝမ့်ခိုက်မှာ လုရှောင်ယန်၏ကိုယ်မှ တိုက်ရိုက်ပျံထွက်လာကာ ပို၍ပင်သန်မာသော ရွှေရောင်အလင်းဖြစ်ပြောင်းလဲလျက် ၎င်းအား ချက်ချင်းဖိနှိပ်လိုက်သည်။

[လုရှောင်ယန်? မင်းဒီကိုဘယ်လိုရောက်နေတာလဲ? ဟန်ကျန့်! ငလူး မင်း! မင်း ခွေးကောင်! မင်းကြောက်စရာကောင်းလောက်တဲ့ သေခြင်းနဲ့ သေရလိမ့်မယ်!]

ဟန်ကျန့်မှာ တံတွေး‌ထွေးလိုက်သည်။

"မင်းကသာ ကြောက်စရာသေခြင်းနဲ့ သေရမှာကွ။ မင်းသေခါနီးနေပြီ၊ ဒါပေမယ့် အော်နေသေးတယ်ပေါ့။ အော်နေတာရပ်လိုက်တော့။"

တစ်ခဏအကြာတွင် စနစ်မှာ ဝမ့်ခိုက်၏ဝါးမြိုခြင်းကိုခံလိုက်ရပြီး နေရာမှာပင် သန့်စင်ခြင်းခံလိုက်ရတော့သည်။

လုရှောင်ယန်မှာ ဝမ့်ခိုက်၏ စွမ်းအားက အနည်းငယ်မျှ တိုးလာသည်ကို အာရုံခံမိလိုက်သည်။

ယခင်က ဝမ့်ခိုက်မှာ ဝါးမြိုရန် အတော်လေးကုန်ဆုံးရပြီး ထိုကံစွမ်းအားကို သန့်စင်ရသည်။ တစ်ခါတရံတွင် ၎င်းမှာ လများစွာကြာအောင် သီးသန့်ကျင့်ကြံခြင်းထဲဝင်ရောက်ရသေးသည်။

ယခုတွင် ၎င်းမှာနေရာ၌ပင် ၎င်းတို့ထဲမှ တစ်ခုအား ချေဖျက်နိုင်ကာ အကြွင်းအကျန်များအား လေ နှစ်ချက်သုံးချက်လည်ရုံဖြင့် ဖယ်ရှားနိုင်သည်။ ၎င်းမှာ အတော်လေး စွမ်းအားကြီးလာပြီဖြစ်၏။

ဟန်ကျန့်မှာ ချဉ်းကပ်ရန် အခွင့်အရေးယူလိုက်သည်။

"စီနီယာလု၊ ကျွန်တော် အဆင်ပြေတယ်မလား?"

လုရှောင်ယန်မှာ ခေါင်းငြိမ့်လိုက်သည်။

"ကောင်းကောင်းလုပ်ပါ။ ငါမင်းကို အနာဂတ်မှာ ကောင်းကောင်းဆက်ဆံပါ့မယ်။"

လုရှောင်ယန်မှာ ဟန်ကျန့်ထံသို့ အမတဆေးလုံးတစ်ပုလင်းပစ်ပေးလိုက်သည်။

"ကျေးဇူးပါ၊ စီနီယာလု"

ဟန်ကျန့်မှာ အလျင်စလိုပင် သူ့အားကျေးဇူးတင်လိုက်သည်။

ရိုးရိုးသားသားဆိုရလျှင် သူဟာ စနစ်တစ်ခုအားဖမ်းဆီးရန် လုရှောင်ယန်အား ကူညီခဲ့၏။ ထိုသည်မှာ အတော်လေးကြီးမားနေပြီပင်။

အမတဆေးလုံးလေးတစ်ပုလင်းမှာ တကယ်ကို အတန်ငယ်မလုံလောက်သလိုပင်။

သို့သော် သူဟာ အရှုံးသာပေးလိုက်၏။ လုရှောင်ယန်မှာ သူ့အား တစ်ခဏမျှတော့ အတော်များများပေးလိမ့်မည်မဟုတ်ချေ။

ဟန်ကျန့်မှာ မစိုးရိမ်ပါချေ။ အနာဂတ်၌ အခွင့်ရေးများစွာရှိလာလိမ့်မည်။

သူဟာအနာဂတ်၌ ပိုမိုကူညီနိုင်ပြီးနောက်တွင်မူ လုရှောင်ယန်မှာ သူ့အား သနားစဖွယ်မဆက်ဆံဟု ယုံကြည်လာမည်ပင်။

အကြောင်းမှာ လုရှောင်ယန်မှာ သူ့တပည့်များအား မည်သို့ဆက်ဆံသည်အား မြင်ထားသောကြောင့်ပင်။

သို့သော် သူဟာ ထိုစက်ကွင်းထဲသို့ ပေါင်းစည်းရန်မဖြစ်နိုင်သေးချေ။

သို့သော်၊ မကြာခင်တွင် ထိုစက်ကွင်းထဲသို့ ဝင်ရောက်နိုင်ပေလိမ့်မည်။

"ဒီမှာ စနစ်ဘယ်လောက်လောက်ထပ်ရှိနိုင်မလဲဆိုတာကိုတော့ ငါမသိဘူး။ မင်းနည်းနည်းလောက်ထပ်ရှာရဦးမယ်။ မင်းရှာတွေ့ပြီး‌ရင်တော့ ငါမင်းကို သနားစဖွယ်ဆက်ဆံမှာမဟုတ်တော့ဘူး။"

"မပူပါနဲ့၊ စီနီယာလု။ ကျွန်တော်လုပ်နေတာကို ကျွန်တော်သိပါတယ်။ ခင်ဗျားကိုလုံးဝစိတ်မပျက်စေရပါဘူး။"

လုရှောင်ယန်မှာ ခေါင်းငြိမ့်ပြီးနောက် ဝမ့်ခိုက်နှင့်အတူ ထွက်ခွာသွားတော့၏။

သူဟာ တောင်ကြားသို့ပြန်ရောက်သည်နှင့် သူ၏ကိုယ်တွင်းရှိ နတ်ဝိဉာဉ်စွမ်းအားမှာ ထပ်မံ၍ အပြောင်းအလဲလေးဖြစ်သွားသည်။ ထို့နောက် ချက်ချင်းပင် အဆင့်တက်သွားပြန်၏။

"ဘာတွေဖြစ်နေတာလဲ? ငါအခုတလော ဘာလို့ ဒီလောက်အဆင့်တက်တာမြန်နေရတာလဲ?"

ပဟေဠိဖြစ်နေစဉ်တွင်ပင် သူ၏စူးရှသောအသိက လေထုထဲတွင် မှားယွင်းနေသော တစ်စုံတရာအား အာရုံခံမိလိုက်သည်။

၎င်းမှာ တောင်ကြားတစ်ခုလုံးရှိ နတ်ဝိဉာဉ်စွမ်းအားမှာ အတော်လေးတိုးတက်လာခြင်းပင်။‌

နတ်ဝိဉာဉ်စွမ်းအားမှာ အင်မတန်သိပ်သည်းလှကာ နှင်းစက်အချို့ပင် ပန်းများနှင့် သစ်ပင်များထက်တွင် စုဝေးနေကြတော့သည်။

လုရှောင်ယန်မှာ နတ်ဘုရားအာရုံအားဖြန့်ကျက်လျက် ချက်ချင်းပင် စိတ်ဝိဉာဉ်အများအပြားစုဝေးသည့် အစီအရင်များမှာ တောင်ကြားတစ်ခုလုံး၌ ရှိနေသည်ကို အာရုံခံလိုက်မိ၏။ အတိအကျကိုပင် အစီအရင်များစွာရှိနေခြင်းကြောင့် တောင်ကြားရှိ နတ်ဝိဉာဉ်သိပ်သည်းဆမှာ အဆက်မပြတ်တိုးလာနေသည်။

ထိုသည်က လုရှောင်ယန်အား ပို၍ပင် ပဟေဠိဖြစ်သွားစေသညခ။

သူဟာခဏမျှသာ ထွက်သွားရသေးသည်။ ဘာတွေများဖြစ်နေသနည်း?

သူ၏တပည့်များက ဘာများလုပ်နေကြသနည်း?

ဘာကြောင့် စိတ်ဝိဉာဉ်စုစည်းအစီအရင်အများအပြားရှိနေရသနည်း?

ထိုအတွေးဖြင့် လုရှောင်ယန်မှာ ယွင်လီကောအား ဆင့်ခေါ်လိုက်သည်။

တစ်ခဏအတွင်းတွင် လေထုမှာပုံပျက်သွားပြီး ယွင်လီကော၏သဏ္ဍာန်ထွက်ပေါ်လာ၏။

ကြီးမြတ်သောနတ်ဘုရားအဆင့်သို့ရောက်ပြီးချိန်တွင် သူဟာ နတ်ဝိဉာဉ်စွမ်းအားကို ဆန္ဒရှိသလိုထိန်းချုပ်နိုင်နေပြီဖြစ်၏။ ကြီးမြတ်သောအာကာပြင်ဖြိုခွဲခြင်းခြေလှမ်း၏ အကူအညီဖြင့် သူဟာအတွေးတစ်ချက်နှင့်ပင် နေရာပြောင်းရွှေ့နိုင်နေပြီဖြစ်၏။

သို့သော် သူသွားနိုင်သည့်အကွာအဝေးမှာ လုရှောင်ယန်နှင့်တော့ အတော်လေးကွာနေသေးသည်။

"ဆရာ၊ ကျွန်တော့ကိုရှာနေတာလား?"

လုရှောင်ယန်မှာ ခေါင်းငြိမ့်ကာ ချက်ချင်းပင် ရှုပ်ထွေးနေဟန်ဖြင့် ဆိုလိုက်၏။

"တောင်ကြားမှာ ဘာတွေဖြစ်နေတာလဲ? ဘာလို့ မင်းတို့ကောင်‌တွေ စိတ်ဝိဉာဉ်စုစည်းအစီအရင်တွေအများကြီး ဖန်တီးထားရတာလဲ?"

ယွင်လီကောမှာ ဆန်းကြယ်ဟန်ပြုံးကာပြောလိုက်၏။

ကျွန်တော် ဆရာတူညီလေး၊ ညီမလေးတွေပိုကောင်းကောင်းကျင့်ကြံနိုင်ပြီး ကြီးမြတ်သောနတ်ဘုရားအဆင့်ကို တတ်နိုင်သမျှ မြန်မြန်ရောက်နိုင်ဖို့ အစီအရင်တွေခင်းကျင်းခိုင်းထားတာပါ။"

"အားယိုး၊ ရှားပါးလိုက်တဲ့ အမြင်ပါလား။ မင်းတကယ်ကိုပဲ ဆရာတူညီလေး၊ညီမလေးတွေကို ကျင့်ကြံရာမှာ ကူညီဖို့တွေးတတ်နေပြီပဲ။ မဆိုးဘူး၊ မင်းတိုးတက်လာပြီ။"

ယွင်လီကောမှာ နှာခေါင်းအားဖိပွတ်လိုက်ကာ ထပ်မံပြုံးလိုက်၏။

"မဟုတ်ပါဘူး၊ တကယ်တော့ တခြားအကြောင်းရှိလို့ပါ။"

လုရှောင်ယန်၏ မျက်ခုံးများ အတန်ငယ်မြင့်တက်သွားသည်။

သူ၏ပဟေဠိဖြစ်နေဟန်အား‌မြင်သော် ယွင်လီကောမှာ ဆက်ပြောလိုက်သည်။

"လွန်ခဲ့တဲ့နှစ်ရက်က အကြောင်းပြချက်တစ်ချို့ကြောင့် ကျွန်တော့စိတ်ထဲမှာ မှန်သားပြင်တစ်ခုပေါ်လာတယ်။ အဲ့ဒါက နတ်ဘုရားဧကရာဇ်စကားဝိုင်းပါပဲ။"

"အဖွဲ့ခေါင်းဆောင်က ဖူတုလို့ခေါ်တဲ့ အမတတစ်ယောက်ဖြစ်ပြီးတော့ အဖွဲ့ထဲမှာ နတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်တွေ များလွန်းတယ်။ ပြီးတော့ အဖွဲ့ခေါင်းဆောင်က ဆရာ့ကို သတ်ချင်တယ်လို့ အတိအကျကိုပြောနေတာပါ။"

"နတ်ဘုရားဧကရာဇ်စကားဝိုင်း?!"

လုရှောင်ယန်မှာ ရေရွတ်လိုက်မိ၏။ ထိုနာမည်အားကြားပြီးနောက်တွင် တစ်ဖက်လူမှာ နောက်ထပ် ဟက်ကာတစ်ယောက်ဖြစ်နိုင်သည်ဟု ခံစားမိလိုက်သည်။

သို့သော် တစ်ဖက်လူမှာ အတော်လေးဘဝင်မြင့်မည်ဟု ထင်မထားခဲ့ချေ။ ထိုလူမှာ သူ့အားသတ်ရန်ပင် သူ၏လူများကိုပင် လာစုနေသေးသည်။ လက်ရှိမြင်းနက်များမှာ ပိုလို့ပင် ပလွှားလာကြသေးသည်။ ထို့အပြင် ၎င်းတို့မှာ ပို၍ ပို၍ပင် အရှက်မဲ့လာကြချေ၏။

"ဒါဆိုမင်းရဲ့ဆရာတူညီလေး၊ ညီမလေးတွေကို ဒီကောင်နဲ့ ရင်ဆိုင်ဖို့အတွက် ကျင့်ကြံခိုင်းနေတာပေါ့?"

လီကောမှာ လက်အားဝေ့ယမ်းလိုက်သည်။

"သူ့ကိုဘာကြောင့်လွယ်လွယ်လေးလွှတ်ပေးရမှာလဲ? သူနဲ့ရင်ဆိုင်ဖို့ဆိုရင် ဆရာရယ် ဆရာ့ရဲ့လေလည်သံလေးတစ်ချက်နဲ့တင် သူ့ကိုသတ်နိုင်ပါတယ်။ ဒါပေမယ့် သူက ဆရာ့ကိုဆန့်ကျင်ရဲမှတော့ သူ့ကိုလုံးဝလွှတ်မပေးနိုင်ဘူးပေါ့။"

"သူက ထိပ်တန်းအဆင့်နတ်သလင်းကျောက်သန်းတစ်ရာနဲ့ နက်နဲမှုအဆောင်လက်နက်ပါနဲ့ လက်ဆောင်ထုပ်ကြီးကိုတောင် အဖွဲ့ဝင်တိုင်းကိုပေးသေးတယ်။"

"ဒါပေမယ့်၊ အဖွဲ့ဝင်ဖို့အတွက် လိုအပ်ချက်တစ်ခုရှိတယ်လေ။ လူတစ်ယောက်က အနည်းဆုံး ပါရမီကောင်းကောင်းနဲ့ ကြီးမြတ်သောနတ်ဘုရားအဆင့်ပညာရှင်ဖြစ်နေရမယ်တဲ့။"

"ကျွန်တော်ဒါကိုတွေးပြီးပြီ။ တစ်လအတွင်းမှာ ဆရာတူညီလေး၊ ညီမလေးတွေကို ကြီးမြတ်သောနတ်ဘုရားအဆင့်ဖြစ်လာအောင်လုပ်မယ်။ အဲ့လိုဆိုရင် ကျွန်တော်တို့အားလုံးအဖွဲ့ကိုဝင်နိုင်ပြီး သူတို့ဆီက အခွင့်ကောင်းယူလို့ရပြီ။"

လုရှောင်ယန်မှာ ခေါင်းငြိမ့်လိုက်သည်။

"တော်တယ်"

"ဟီးဟီးဟီး... ကျွန်တော်ဒါတွေအားလုံးကို ဆရာ့ဆီကနေပဲသင်ခဲ့တာပါ။ ဒါပေမယ့် ကျွန်တော် ဆရာတူညီလေး၊ညီမလေးတွေကို ကြီးမြတ်သောနတ်ဘုရားအဆင့်ထိရောက်အောင် ကျင့်ကြံနိုင်ဖို့ဆိုရင် ဆရာ့အကူအညီကိုလိုနေသေးတယ်။"

"ငါသိတယ်။ အရင်ဆုံးသွားပြီးကျင့်ကြံနေလိုက်။ ငါတစ်ခုခုတွေးကြည့်လိုက်မယ်။"

"ကျေးဇူးပါ၊ ဆရာ"

လုရှောင်ယန်မှာ သူ၏တပည့်များ၏ ကျင့်ကြံဆင့် အဘယ့်ကြောင့် အရမ်းမြန်မြန်တိုးတက်လာရသနည်းဟု တွေးတောနေခဲ့သည်။

ထိုကလေး လီကောမှာ ပို၍ပို၍ပင် သူနှင့်တူလာသည်ဟု ပြောလို့ရသည်။ သူဟာပို၍ ထက်မြက်လာသည်ပင်!

လုရှောင်ယန်မှာ အတွေးနက်နက်ထဲသို့ ကျဆင်းသွား၏။

တပည့်များ၏ကျင့်ကြံဆင့်မှာ ကြီးမြတ်သောနတ်ဘုရားအဆင့်သို့ ရောက်‌လုဆဲဆဲဖြစ်သောကြောင့် သူ့ကိုယ်သူတိုးမြှင့်ရတော့မည်ဖြစ်၏။

သူ၏ကျင့်ကြံဆင့် တိုးလာသည်နှင့် အကြိမ်ရေအနည်းငယ်ခန့် အချိန်စီးဆင်းမှုကို တိုးမြှင့်ရန်မှာ ပြဿနာမဟုတ်တော့ချေ။

တောင်နှင့် မြစ်ပန်းချီထဲတွင် တစ်လအား တစ်နှစ်ကြာအောင် ပြောင်းလဲရမည်မှာ ပြဿနာတစ်ခုမဟုတ်တော့ပါချေ။

ထို့အပြင် သူ၏တပည့်များမှာ အမတကျင့်စဉ်များအား ကျင့်ကြံနေပြီဖြစ်ကာ ကျင့်ကြံနှုန်းမှာလည်း အင်မတန်မြန်လှသည်။ ၎င်းတို့အား ကြီးမြတ်သောနတ်ဘုရားအဆင့်သို့ တိုးမြှင့်ပေးရန်မှာ မဖြစ်နိုင်သည်တော့မဟုတ်ချေ။

ယခုတွင် ကျီဝူရှား၊ ဖုန်းထျန်းယွမ်၊ ကျန်းထိုင်ရွှမ်နှင့် စုလင်းဝူတို့မှာ နတ်ဘုရားဧကရာဇ်အဆင့်သို့ရောက်ရှိပြီးဖြစ်ကာ ကြီးမြတ်သောနတ်ဘုရားအဆင့်ရောက်ဖို့ပင် ပို၍ လွယ်ကူနေသေး၏။

"အမတသားရဲဥတွေနဲ့ အ‌မ‌တဆေးလုံးထောက်ပံ့မှုတွေကို တိုးပေးသင့်တဲ့ပုံပင်။ ငါ့မှာ လုံလုံလောက်လောက်ရှိတာနဲ့ သူတို့ကို ကြီးမြတ်သောနတ်ဘုရားအဆင့်ထိ တိုးတက်စေဖို့ လွယ်ကူသွားလိမ့်မယ်။"

လုရှောင်ယန်မှာ ချက်ချင်းပင် ၎င်းတို့ အနည်းစုအတွက် ကျင့်ကြံခြင်းရင်းမြစ်အထောက်အကူများအား စီစဉ်ပေးလိုက်သည်။ သူဟာ အချိန်စီးဆင်းမှု တိုးရန်အတွက်လည်း ပါဝင်ပစ္စည်းအချို့ပေါင်းထည့်လိုက်သည်။

ရပြီ!

တပည့်များ၏ ကျင့်ကြံဆင့်တိုးလာချိန်တွင် သူ၏ကိုယ်ပိုင်ကျင့်ကြံဆင့်မှာလည်း တိုးလာလိမ့်မည်။ ၎င်းမှာ လယ်ယာစိုက်ခြင်းနှင့် ဆင်တူသည်။ နွေဦးတွင် အစေ့တစ်သုတ် စိုက်ပျိုးထားခြင်းဖြင့် ဆောင်းဦးတွင် အစားအစာများပိုမို ရိတ်သိမ်းနိုင်မည်ပင်။

ယခုတွင် သူဟာ နတ်ဘုရားဧကရာဇ်ဖြစ်ဖို့ရာ အဆင့်သေးလေး တစ်ဆင့်နှစ်ဆင့်ခန့်သာ လိုတော့ပေသည်။ သူသာ နည်းနည်းလောက်ကျင့်ကြံလိုက်ပါလျှင် နတ်ဘုရားဧကရာဇ်တစ်ယောက်ဖြစ်မလာနိုင်ပေဘူးလား? ထိုသို့တွေးတောခြင်းကပင် သူ့အားပျော်ရွှင်သွားစေ၏။

...

တစ်ဖက်တွင် သခင်ကြီးလုမှာ လုမျိုးနွယ်စုမှ လူများနှင့် အဖွဲ့ကို ဦးဆောင်က မြူခိုးဂိုဏ်းဆီသို့သွားနေသည်။

လုရှောင်ယန်၏ဝမ်းကွဲ လုရှောင်ချန်နှင့် လုမျိုးနွယ်စု၏ တတိယမျိုးဆက်တိုက်ရိုက်တပည့်များမှာလည်း သွားရာလမ်းကြောင်းတွင်ပင်ဖြစ်သည်။

လမ်း‌တစ်လျှောက်တွင် သူဟာအထူးသဖြင့် စိတ်ဓာတ်ကျနေသည်။

"အဘိုး၊ ရှောင်ယန်က ဒီလိုလို့ထင်လား..."

"ဘယ်လိုလဲ?"

"အဘိုးသိပါတယ်! ဝတ်ရုံလက်ပြတ်(လိင်တူစိတ်ဝင်စားသူ)!"

"မင်းမှာဘာလို့ဒီလောက်များတဲ့ ရယ်စရာအတွေးတွေရှိနေရတာလဲ?"

"ကျွန်တော့မှာ ရယ်စရာအတွေးတွေရှိနေတာမဟုတ်ပါဘူး၊ ဒါပေမယ့် ရှောင်ယန့်ပုံစံက တကယ်ကိုထူး‌ဆန်းနေလို့ပါ။ မြူခိုးဂိုဏ်း နတ်မိမယ်က အရမ်းလှပြီး ပါရမီထူးတယ်လေ၊ ဒါပေမယ့် သူက သူမကိုတောင်မနှစ်သက်ဘူး။"

"ဒါပေမယ့်၊ ဒါ‌တင်မကသေးဘူး။ သတိထားမိလား? သူတပည့်တွေအားလုံးက ယောက်ျားတွေချည်းပဲ၊ ပြီးတော့ အရမ်းကြည့်ကောင်းကြတယ်။"

"မိန်းမတစ်ယောက်တောင်မရှိဘူး!"

"ကျွန်တော့ကိုပြောပါဦး၊ သူသာယောက်ျားတွေကို မကြိုက်တာဆို ဘာများဖြစ်နိုင်ဦးမှာတဲ့လဲ?"

သခင်ကြီးလု၏မျက်နှာမှာ မည်းမှောင်သွားသည်!

"ဒီစွမ်းရည်ကို မင်းရဲ့ကျင့်ကြံခြင်းမှာသာ ထားလိုက်ရင် မင်းရဲ့ကျင့်ကြံဆင့်က အဆင့်လေးနှစ်ဆင့်လောက်တော့ တက်သွားနိုင်မယ်။"

"ဆရာအဘိုး၊ မကြောက်ဘူးလား? ရှောင်ယန်သာဒီလိုဆိုရင် ဦးလေးရဲ့မျိုးဆက်ပြတ်သွားလိမ့်မယ်။"

"သွားစမ်းပါ။ မင်းရဲ့မျိုးဆက်ပြတ်ရင်တောင် ရှောင်ယန့်ရဲ့မျိုးဆက်ပြတ်ဖို့က မဖြစ်နိုင်သေးဘူး!"

ဟာသပဲ။ တစ်ဖက်လူမှာ နှစ်ဒါဇင်ချီလေးကျင့်ကြံရုံနှင့်ပင် အမတမဆင့်သို့ကျော်လွန်နေပြီပင်ဖြစ်သည်။ ထိုသို့သော ပြိုင်ဘက်ကင်းပညာရှင်က ဘယ်လိုများမျိုးဆက်ပြတ်မတဲ့လဲ?

သခင်ကြီးလု၏ အဆူခံရပြီးနောက်တွင် လုရှောင်ချန်မှာ ဘေးဘက်သို့သာ မပျော်မရွှင်ထွက်သွားလိုက်သည်။

လီချန်းရှန်နှင့် ကျန်နှစ်ယောက်မှာမူ လုရှောင်ချန်၏စကားလုံးများအားကြားပြီးနောက်တွင် နှလုံးအိမ်များမှာ တကယ်ကိုလေးနက်သွားကြသည်။

"ဆရာက... သူ့ဝမ်းကွဲအစ်ကိုပြောသလိုများဖြစ်နေနိုင်မလား? သူက ဝတ်ရုံလက်ပြတ်များဖြစ်နိုင်လား?"

"ဝတ်ရုံလက်ပြတ်? ဘာလို့? မင်းလား?"

"နားစမ်းပါ! ငါက ဆရာကတကယ်ကိုသံသယဖြစ်စရာကောင်းနေလို့ပြောနေတာ။ ကြည့်လေ၊ မြူခိုးဂိုဏ်းရဲ့နတ်မိမယ်က သူ့ကိုလက်ထပ်ချင်နေတယ်၊ ဒါပေမယ့် သူကလက်ဆက်ပွဲကို ဖျက်သိမ်းချင်တယ်လေ။ သူက သူမသာ ကံကြမ္မာပြောင်းမယ်တစ်ခုခုပြောရင် သူမကိုသတ်ဖို့တောင် ပြောထားတာပဲ!"

"အဓိပ္ပာယ်မရှိတာတွေ ရပ်လိုက်လို့ရမလား? ဆရာ မြူခိုးဂိုဏ်းနတ်မိမယ်ကို အထင်သေးနေတာက သူမက နတ်ဘုရားအားဖြစ်ပေါ်စေခြင်းအဆင့်အမှိုက်လေးမို့လို့ပဲ။ သူတော်စင်တစ်ပါးက ဘာဆိုတာမင်းသိလား? နွီဝါကလွဲပြီး တခြားလူတွေက ငါတို့ဆရာနဲ့ထိုက်တန်မယ်ထင်လို့လား?"

"ပြီးတော့ ဆရာက သူမကိုသတ်ကိုသတ်ရမယ်လို့မပြောခဲ့ဘူး။ မြင်းနက်တစ်ကောင်ပြောလာနိုင်‌တဲ့ တစ်ခုခုကိုပြောမှသာ သတ်ဖို့ ပြောခဲ့တာလေ။ သူမသာ အဲ့လိုတစ်ခုခုမပြောရင် ငါတို့သတ်စရာမှမလိုတာ!"

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၂၇။ အပိုင်း ၄၀၃ သခင်ကြီးလုရဲ့ မမျှော်လင့်ထားသောအံ့ဖွယ်

"ဒါပေမယ့်၊ ဒါဆရာကယောက်ျားတွေကိုနှစ်သက်တယ်လို့မဆိုလိုဘူးလေ။ ဆရာကသူမကို မကြိုက်တာပါ။ သူမရဲ့ကျင့်ကြံဆင့်နဲ့လည်း မဆိုင်ပါဘူး။"

"မပူပါနဲ့။ ဆရာကယောက်ျားတွေကိုကြိုက်ရင်တောင် ဆရာတူအစ်ကိုအကြီးဆုံးက အရင်ဆုံးခံရမှာပဲ။"

"အမှန်ပဲ။ ဆရာတူအစ်ကိုအကြီး‌ဆုံးက ဖားယားတတ်တဲ့လူ‌ဆိုတော့ ဆရာ့ကိုဖားယားနေဦးမှာပဲ။ ဆရာသာ တကယ်ပဲ ယောက်ျားတွေကိုစိတ်ဝင်စားရင် သူ့ကိုယ်သူတောင်သန့်ရှင်းပြီး ဆရာ့ကိုစောင့်ဖို့ အိပ်ရာထဲမှာလှဲနေလိမ့်မယ်။"

"ပြောတာရပ်လိုက်ကြတော့။ မြူခိုးဂိုဏ်းကိုသွားရအောင်။"

...

အဝေးရှိတောင်ကြားတွင်၊ လုရှောင်ယန်မှာ အကြိမ်များစွာ နှာချေနေတော့သည်။

"အားးချူးး~"

"ထူးဆန်းတယ်၊ ထူးဆန်းတယ်။ ဘာလို့ငါဒီနေ့ နှာတွေပဲဆက်တိုက်ချေနေရတာလဲ? တစ်ယောက်ယောက်များ ငါ့နောက်ကွယ်မှာ ငါ့မကောင်းပြောနေတာလား? ငါအချိန်ကြာ သိုသိုသိပ်သိပ်နေခဲ့ပြီး ဘယ်သူ့ကိုမှလည်းမနှောင့်ယှက်ခဲ့ပါဘူး။ ဘာကြောင့် ငါ့ကိုဆက်ပြီးမကောင်းပြောနေရသေးတာလဲ?"

…

သခင်ကြီးလုနှင့် အခြားလူများမှာ မြူခိုးဂိုဏ်းသို့ရောက်ရှိလာကာ မြူခိုးဂိုဏ်းမှ အကြီးအကျယ်ကြိုဆိုကြလေသည်။ အကြီးအကဲအများအပြားနှင့် တပည့်များမှာ အဝင်ဝတွင် စုဝေးနေကြကာ လုမျိုးနွယ်စုအား စောင့်ဆိုင်းနေကြသည်ပင်။

လုမျိုးနွယ်စုရောက်ရှိလာသည်ကိုမြင်သော် ဆံဖြူမုတ်ဆိတ်နှင့် အဘိုးအိုတစ်ဦးမှာ ချက်ချင်းရှေ့သို့ထွက်လာ‌ခဲ့၏။

"ဘိုးဘေးလု၊ ခင်ဗျားကိုယ်တိုင် ကျုပ်ရဲ့မြူခိုးဂိုဏ်းကိုရောက်လာတာပဲ။ မြူခိုးဂိုဏ်းရဲ့ ပထမအကြီးအကဲအနေနဲ့ ကြိုဆိုပါတယ်ဗျာ..."

တစ်ဖက်လူ၏ဖော်ရွေမှုက သခင်ကြီးလုအား အတန်ငယ် ရှက်ရွံ့သွားစေ၏။

တစ်ဖက်လူမှာ သူဘာ‌ကြောင့် ဒီကိုရောက်လာသည်အား မသိသေး‌သောကြောင့်သာ အင်မတန်ယဉ်ကျေးနေရခြင်းပင်။ တစ်ဖက်လူသာ သူဟာ လက်ဆက်ပွဲဖျက်သိမ်းရန်လာသည်ကို သိပါလျှင် သူ့အားရိုက်မည်ကိုပင်ကြောက်ရ၏။

သခင်ကြီးလုမှာ အခွင့်အရေးမြင့်မြင့်တစ်ခုရှိနေသည်ဟုခံစားလိုက်ရသည်။

ထို့အပြင် မြူခိုးဂိုဏ်းပထမအကြီးအကဲမှာ မဟာယနနတ်ဘုရားဘုရင်နဝမအဆင့်၌ရှိနေကာ သူ့ထက်ပင် သန်မာသေးသည်။

သူဟာ လူရှောင်ချန်နောက်မှ ထိုတပည့်သုံးဦးအား အမှတ်တမဲ့ကြည့်လိုက်မိသည်။ ရှောင်ယန်ပြောခဲ့သည်မှာ ထိုသုံးဦးသည် မဟာယနနတ်ဘုရားဘုရင်အဆင့်ဖြစ်ကြကာ အတိုက်အခိုက်စွမ်းအားမှာလည်း အင်မတန်စွမ်းအားကြီးမားလျက် သူ့အား လုံးဝကာကွယ်ပေးနိုင်သည်ဟုပင်။

လုရှောင်ယန်မှာမည်မျှ အင်အားကြီးမားသည်ကို သိပါသော်လည်း ထိုသုံးယောက်အကြောင်းကိုမူမသိသေးပါချေ။

ထို့ကြောင့် သခင်ကြီးလုမှာ ယခုတွင် အတန်ငယ်မလုံမလဲဖြစ်နေချေသည်။

အတန်ငယ်ချောင်းဆိုးလိုက်ပြီးနောက်တွင် သူ၏လက်များအား ဆုပ်ကာ အရိုအသေပြန်ပေးလိုက်သည်။

"ပထမအကြီးအကဲက အရမ်းယဉ်ကျေးနေပါပြီဗျာ။ ခင်ဗျားက ကျုပ်တို့ လုမျိုးနွယ်စုကိုကြိုဆိုဖို့တောင် လူကိုယ်တိုင်လာခဲ့တာပဲ။ ခင်ဗျားကို အရင်ကျေးဇူးတင်ရမှာပေါ့။"

"ပြဿနာမရှိပါဘူး။ မြူခိုးဂိုဏ်းနဲ့ လုမျိုးနွယ်စုက အနာဂတ်မှာ ဆွေမျိုးတွေဖြစ်ကြတော့မှာပဲလေ။ အရမ်းယဉ်ကျေးနေစရာမလိုပါဘူး။ ဆရာကြီးလု၊ ဝင်လုခဲ့ပါ။"

သခင်ကြီးလု၏မျက်နှာမှာ ပိုလို့ပင် ရှက်ရွံ့လာတော့သည်။

တစ်ဖက်လူမှာ ပိုပြီး စိတ်အားထက်သန်လေ နောက်တွင် သူဟာ ပိုမိုရိုင်းပြမည့်သူဖြစ်လေပင်။

သူဟာ စကားဆိုဖို့ကိုပင် ရှက်ရွံ့နေတော့၏။

သို့သော် ၎င်းအား မြူခိုးဂိုဏ်း,ဂိုဏ်းချုပ်နှင့် မတွေ့ဆုံခင်မှာ ပြောလိုက်ဖို့ရာလည်း မသင့်လျော်နေပါချေ။

သူဟာ တောင်အဝင်ဝမှ ရိုက်ထုတ်ခံရပြီး ဝင်နိုင်ခြင်းပင်မရှိပါလျှင် ပို၌ရှက်ရွံ့ဖွယ်ဖြစ်၏။

"ကျေးဇူးပါ ပထမအကြီးအကဲ"

စကားပြန်ပြီးနောက်တွင် နှစ်ဦးသားဘေးချင်းယှဉ်လျက် မြူခိုးဂိုဏ်းခန်းမဆီသို့ အတူတကွ လျှောက်လှမ်းသွားတော့သည်။

ခန်းမတစ်ခုလုံးရှိ အကြီးအကဲများအားမြင်သော် သခင်ကြီးလုမှာ ကြောက်ဒူးပင်တုန်လာတော့သည်။

ထိုနေရာ၌ လူများစွာရှိနေချေသည်!

ထို့အပြင် တစ်‌ဦးချင်းစီမှာ မဟာယနနတ်ဘုရားဘုရင်အဆင့်၌ရှိကြ၏။

မြူခိုးဂိုဏ်းရဲ့ အုတ်မြစ်က ဒီလောက်တောင် ခိုင်ခံ့တာလား?

သူ့အားကာကွယ်ပေးရန် လုရှောင်ယန်ထည့်ပေးလိုက်သော ထိုတပည့်လေးသုံးဦးက တကယ်ပဲ သူ့ကိုကာကွယ်နိုင်မှာလား?

၎င်းတို့အားလုံးမှာ အတုအယောင်မဟုတ်ဟုသာမျှော်လင့်မိပါသည်။ မဟုတ်ပါက ၎င်းတို့သာတိုက်ခိုက်ကြပါလျှင် သေလုအောင် ပါးရိုက်ခံရမည်ပင်။

ထိုသို့ဆိုလျှင် သူဟာကောင်းစွာအစီစဉ်ဆွဲလျက် အခွင့်ကောင်းယူထွက်ပြေးရမည်!

"အဘိုး၊ သွားကြရအောင်။ ဘာလို့အဝင်ဝမှာဒီတိုင်းကြီးရပ်နေရတာလဲ? ကျွန်တောင်တောင် ဝင်မရတော့ဘူး။"

သူ၏နောက်ရှိ လုရှောင်ချန်မှာ မနေနိုင်ဘဲ ရှုပ်ထွေးစွာပြောလိုက်၏။ သူဟာ သခင်ကြီးလုအား မြူခိုးဂိုဏ်းခန်းမထဲသို့ ဝင်ရန် တစ်ချက်ပင်တွန်းလိုက်သေး၏။

သခင်ကြီးလု၏မျက်နှာမှာ မနေနိုင်ဘဲအလွန်အမင်းရှုံ့တွသွား၏။

ထိုအခိုက်တွင် သူဟာ တစ်ယောက်ယောက်ကိုပင်သတ်ချင်လာတော့သည်။ သူလုရှောင်ချန်ကိုသတ်ပစ်ချင်သည်။

ဘာလို့ဒီကောင်‌စုတ်လေးက ဒီလောက် မသိနားမလည်ဖြစ်နေရတာလဲ?

နဂါးများက နဂါးများကိုမွေးထုတ်ပေးကာ၊ ဇာမဏီက ဇာမဏီကိုမွေးထုတ်ပြီး၊ ကြွက်များ၏ သားမြေးများမှာ တွင်းဘယ်လိုတူးရမလဲသိသည် ဟူသည်မှာ ဖြစ်နိုင်လေသလား?

လုရှောင်ယန်၏ဖခင်မှာ အင်မတန်စွမ်းအားကြီးလှသောကြောင့် လုရှောင်ယန်မှာ ပို၍ သန်မာသည်။ လုရှောင်ချန်၏အဖေမှာ အင်မတန်အားနည်းလှသောကြောင့် လုရှောင်ချန်ကပို၍ အားနည်းသည်လား?

သို့သော် သူဟာ သူ‌၏မြေးကြောင့် ရှေ့သို့တွန်းပို့ခံလိုက်ရသည်ဖြစ်ကာ သူ၏ကံကြမ္မာကိုသာ လက်ခံလိုက်နိုင်၏။

နေရခက်သောအပြုံးဖြင့် အားတင်းကာ လျှောက်ဝင်သွားလိုက်တော့သည်။

လျှောက်သည့် ခြေလှမ်းတိုင်းတွင် သခင်ကြီးလုမှာ လူသတ်ကွင်းထဲသို့ လျှောက်ဝင်နေရသလိုခံစားနေရ၏။

သူဟာ လွတ်မြောက်ချင်ပါလျှင်တောင် မတတ်နိုင်ပါချေ။

ဟင်း!

ထားပါတော့။ လုမျိုးနွယ်စုက လုရှောင်ယန်ပေါ်မှာ ‌အကြွေးတော်တော်များများတင်နေတာကိုတွေးကြည့်ရင် ဒါကပြဿနာမဟုတ်တော့ဘူးလေ။ ပြောရလျှင် လုရှောင်ယန် သူတို့အတွက် လုပ်ပေးခဲ့သည်များနှင့်ယှဉ်ကြည့်ပါက ၎င်းမှာ မထင်မရှားကိစ္စလေးသာပင်။

မကြာခင်တွင် မြူခိုးဂိုဏ်းမှ သူ့အတွက်ပြင်ပေးထားသော ထိုင်ခုံရှိရာသို့ရောက်ရှိ‌သွားတော့သည်။

ထိုထိုင်ခုံမှာ အတွင်းနှင့် အတော်လေးနီးကပ်နေကာ "ဂုဏ်သရေမြင့်" ထိုင်ခုံဖြစ်၏။ ၎င်းမှာ ဂိုဏ်းချုပ်၏ထိုင်ခုံနှင့်ပင် အနီးဆုံးဖြစ်နိုင်သည်။

သခင်ကြီးလုမှာ စိတ်ထဲ၌ ခါးသက်စွာပြုံးလိုက်တော့သည်။

ထိုနေရာမှ လွတ်မြောက်ရန် သူ့အတွက် မလွယ်ကူတော့ပါချေ။

ပြီးဆုံးသွားသည်နှင့် မြူခိုးဂိုဏ်း,ဂိုဏ်းချုပ်မှာ ပြုံးကာပြောလိုက်သည်။

"ဒီနေ့၊ လုမျိုးနွယ်စုခေါင်းဆောင်က ကျုပ်တို့မြူခိုးဂိုဏ်းရဲ့ မြတ်နိုးရတဲ့သမီးတော်ကို ကြိုဆိုဖို့ ကိုယ်တိုင်လာရောက်ခဲ့တယ်။ ဒီအတွက် ကျုပ်တို့မြူခိုးဂိုဏ်းက အထူးစားသောက်ပွဲတစ်ခု ပြင်ပေးထားပါတယ်။ ဒီနေ့ကစပြီး ကျုပ်တို့မြူခိုးဂိုဏ်းနဲ့ လုမျိုးနွယ်စုက ခမည်းခမက်တွေဖြစ်သွားပြီး ထာဝရအတွက် မိသားစုတွေဖြစ်သွားတော့မယ်။"

"အနာဂတ်မှာ မြူခိုးဂိုဏ်းသားတွေက လုမျိုးနွယ်စု ဒုက္ခရောက်နေချိန်မှာ အကူအညီပေးရလိမ့်မယ်။ လုမျိုးနွယ်စုကလည်း ရွေးစရာမရှိဘဲ ကျုပ်တို့ မြူခိုးဂိုဏ်းကို ကာကွယ်ပေးရမယ်! လု..."

မြူခိုးဂိုဏ်း,ဂိုဏ်းချုပ်ပြောနေစဉ်တွင် သခင်ကြီးလုမှာ ရုတ်တရတ်နှောင့်ယှက်လိုက်တော့၏။

"အမ်း၊ ဂိုဏ်းချုပ်၊ ကျုပ်တစ်ခုပြောလို့ရမလား?"

မြူခိုးဂိုဏ်း,ဂိုဏ်းချုပ်မှာ အတန်ငယ်အံ့အားသင့်သွားသော်လည်း အလျင်အမြန်ပင်ခေါင်းငြိမ့်လိုက်သည်။

"ရပါတယ်၊ ဆက်ပြောပါ။"

သခင်ကြီးလုမှာ ခန်းမအပြင်သို့အကြည့်‌ပို့လိုက်သည်။ သူဟာ ခက်ခဲသည့်အနေအထားတွင် ရှိနေပါသော်လည်း အားတင်းကာ ပြောလိုက်၏။

"ဂိုဏ်းချုပ်၊ ကျုပ်တို့လုမျိုးနွယ်စုက အတွေ့အကြုံကင်းမဲ့ပြီး ဂုဏ်သတင်းကလည်းနိမ့်ပါးပါတယ်။ မြူခိုးဂိုဏ်းနဲ့ နှိုင်းစာရရင် ကျုပ်တို့ကတကယ်ကိုပဲ မထင်မရှားလေးပါပဲ။"

"မူလကတော့၊ ကျုပ်တို့လုမျိုးနွယ်စုအတွက် မြူခိုးဂိုဏ်းရဲ့ နတ်မိမယ်ကို လက်ဆက်ရမှာက ကောင်းချီးပေးတာပါပဲ။"

"ဒါပေမယ့်၊ ကျုပ်မြေးလေးရဲ့ ကျင့်ကြံဆင့်က အင်မတန်နိမ့်ကျလှပြီး ပါရမီကလည်း အရမ်းကိုသာမန်ဖြစ်လွန်းနေပါတယ်။ သူက တကယ်ကိုပဲ နတ်မိမယ်ကုန်းနဲ့ မထိုက်တန်ပါဘူး!"

"ဒါ့ကြောင့်၊ နတ်မိမယ်ကုန်းရဲ့လက်ဆက်ပွဲကို မနှောင့်နှေးစေဖို့နဲ့ မြူခိုးဂိုဏ်းရဲ့ ဂုဏ်သတင်းကိုမထိခိုက်စေဖို့ ကျုပ်တို့ လုမျိုးနွယ်စုက သူတို့ရဲ့ လက်ဆက်ပွဲကို ဖျက်သိမ်းဖို့ ဂိုဏ်းချုပ်ကို တောင်းဆိုပါတယ်။"

"ဂိုဏ်းချုပ်၊ ကျေးဇူးပြုပြီးလက်ခံပေးပါ။"

ထိုသို့ပြောလိုက်သည်နှင့် ခန်းမတစ်ခုလုံးမှာ တမုဟုတ်ချင်းပင် သေလုအောင် တိတ်ဆိတ်သွားတော့သည်။

သခင်ကြီးလုမှာ တံတွေးပင်ခက်ခက်ခဲခဲမြိုချလိုက်ကာ နှလုံးခုန်အတော်မြန်လာတော့၏။

သူတို့ ဒေါသထွက်သွားတာလား?

တစ်ဖက်လူတွေက သူ့ကိုသတ်တော့မှာများလား?

သူဟာကိုယ်တွင်းရှိ နတ်ဝိဉာဉ်စွမ်းအားကိုပင် စတင်လှည့်ပတ်လိုက်ကာ လုရှောင်ချန်အား အချိန်မရွေး ခေါ်သွားရန် ပြင်လိုက်၏။

သို့သော် အံ့ဩစရာကောင်းအောင်ပင် တိတ်ဆိတ်သွားပြီးနောက်၌ လူတိုင်း၏စကားလုံးများမှာ ရုတ်တရတ် နွေးထွေးစွာ လျှံထွက်ကျလာတော့သည်။

သို့သော် လူတိုင်းမှာ သူ့အား မဝေဖန်ပါချေ။ ထိုအစား နွေးထွေးစွာပင် ချီးမွမ်းနေကြသေး၏။

"ကောင်းပြီလေ! လု‌မျိုးနွယ်စုမှာ ဒီလို သတိထားမှုမျိုးရှိနေမယ်လို့ ကျုပ်တို့တကယ်မထင်ထားခဲ့ဘူးဗျာ။ တကယ်ကို ထက်မြတ်ကြတာပဲ!"

"ရှားရှားပါးပါးပဲ။ ဒီနေ့ဒီခေတ်မှာ အမှိုက်မရှိဘူးဆိုတာ မရှိဘူး။ တန်ဖိုးရှိတာကတော့ လုမျိုးနွယ်စုက သူတို့ကိုယ်သူတို့ အမှိုက်ဆိုတာ နားလည်ကြတာပဲ!"

"ဒါကြောင့်နဲ့ အနာဂတ်မှာ လုမျိုးနွယ်စုက ကျုပ်တို့ဂိုဏ်းရဲ့ မိတ်ဆွေဖြစ်ဖို့ ထိုက်တန်ပါတယ်။"

"လုမျိုးနွယ်စုက ထက်မြတ်နေဆဲပဲဗျို့!"

...

သခင်ကြီးလု : "..."

သူ၏မျက်နှာထားမှာ အင်မတန်စိတ်ဝင်စားကာ ရှုပ်ထွေးနေတော့၏!

ယုတ္တိကျကျဆိုရလျှင် သူဟာ မြူခိုးဂိုဏ်းမှ ဒုက္ခမရှာဘဲ လက်ဆက်ပွဲဖျက်ရန် သဘောတူသည်အား ပျော်ပင်ပျော်နေသင့်လေသည်။

သို့သော်... သူဟာအရူးတစ်ယောက်ကဲ့သို့ညည်းတွားကာ ရယ်ရခက် ငိုရခက်ပင်ဖြစ်သွားတော့၏။

ဂိုဏ်းချုပ်၏ မျက်နှာထားမှာလည်း အင်မတန်ပျော်ရွှင်နေဟန်ရှိသည်။ သူဟာ သူ၏အဖိုးတန်တပည့်လေးမှာ လုမျိုးနွယ်စု၏ ငချွတ်လေးနှင့် လက်ထပ်မည်ကို မလိုလားမှန်း သိသာချေသည်။

သို့သော်သူ၏ ယခုဟန်မှာ အတော်လေးကောင်းမွန်သည်။ အနည်းဆုံးတော့ သူဟာ လူကြားထဲတွင် ဟက်ဟက်ပက်ပက်ရယ်မောမနေပါချေ။ ထိုအစား၊ သူ၏လေးနက်နေဟန်ကိုသာ ထိန်းထားဆဲပင်။

"ဆရာကြီးလု၊ လုမျိုးနွယ်စုက တကယ်ပဲဒီလိုတွေးသလား?"

သခင်ကြီးလုမှာ လက်များကိုဆုပ်ကာပြောလိုက်၏။

"ဟုတ်ပါတယ်၊ ဒါကကျုပ်တို့ခံစားရတာပါပဲ။ ဂိုဏ်းချုပ်၊ ကျေးဇူးပြုပြီး နတ်မိမယ်ရဲ့လက်ဆက်မှု မနှောင့်နှေးရအောင် ဒီကိစ္စကိုသဘောတူပေးပါ။"

သခင်ကြီးလုမှာ သူ၏အဆင့်အား နှိမ့်ချတဲ့အထိပင် အတတ်နိုင်ဆုံးကြိုးစားခဲ့ပြီးဖြစ်၏။ မျက်နှာနာရလျှင်လည်း ဘာဖြစ်မည်နည်း? အနည်းဆုံးတော့ ရှင်သန်နေထိုင်နိုင်နေသေးသည် မဟုတ်ပါလား?

မြူခိုးဂိုဏ်း,ဂိုဏ်းချုပ်မှာ ခေါင်းငြိမ့်လိုက်သည်။

"လုမျိုးနွယ်စုလို အင်မတန်ဖြောင့်မတ်ဖို့ရှားပါးလွန်းပြီး ကျုပ်သမီးအတွက် တွေးပေးတတ်တယ်။ ဒီလိုဆိုမှတော့ ကျုပ်တို့ မြူခိုးဂိုဏ်းက လုမျိုးနွယ်စုကို ကျဆုံးခွင့်ဘယ်ပေးပါ့မလဲ။"

"အရင်က ညီနောင်လုကြောင့်သာ ကျုပ်ဒီနေ့ဒီနေရာကိုရောက်နေခဲ့တာပါ။ အခု လုမျိုးနွယ်စုက ကျုပ်မြတ်နိုးရတဲ့တပည့်ရဲ့အနာဂတ်ကို မနှောင့်နှေးစေဝံ့ဖြစ်ပြီး လက်ဆက်ပွဲကို ဖျက်သိမ်းဖို့ ကိုယ်တိုင်ကိုယ်ကျရွေးချယ်ခဲ့တယ်လေ။ ဒီလိုဖြောင့်မတ်မှုနဲ့ဆိုမှတော့ မြူခိုးဂိုဏ်းအနေနဲ့ လုမျိုးနွယ်စုကို ထိပ်တန်းအဆင့်နတ်သလင်းကျောက် သန်း၂၀၀, နက်နဲမှုကျင့်စဉ် တစ်ခုနဲ့ နက်နဲမှုအဆောင်လက်နက်တစ်ခု ပေးလိုက်မယ်ဗျာ။"

သခင်ကြီးလုမှာ ကြောင်အမ်းသွားရတော့သည်။ ဒါကမမှန်ပါချေ။ တစ်ဖက်လူမှာ လက်ဆက်ပွဲဖျက်သိမ်းခြင်းကြောင့် သူ့အားဒေါသမဖြစ်ရုံသာမက ပစ္စည်းများပင်ပေးနေသေးသည်။ ထိုလူများမှာ လုမျိုးနွယ်စုအား မည်မျှထိပင် အထင်သေးနေသနည်း?!

ဝမ်းနည်းမှုခပ်ဖျော့ဖျော့မှာ သူ၏နှလုံးသားထံမှ တမုဟုတ်ချင်း တိုးထွက်လာသည်။

သို့သော် သူဟာ ပြုံးနေရဆဲဖြစ်ကာ ယဉ်ယဉ်ကျေးကျေးစကားလုံးများလည်း ပြောနေရ၏။ ၎င်းက ဝမ်းနည်းဖွယ်ရာ အကောင်းဆုံးပင်။

"အာ... ဂိုဏ်းချုပ်၊ ခင်ဗျားအရမ်းကို ယဉ်ကျေးလွန်းနေပါပြီ။ ကျုပ်တို့က လက်ဆက်ပွဲကိုဖျက်ဖို့တောင်းဆိုတဲ့လူတွေပါ။ ဘယ်လိုများ မြူခိုးဂိုဏ်းရဲ့လက်ဆောင်ကို လက်ခံနိုင်မှာလဲ?"

အကြီးအကဲများမှာ ချက်ချင်းပင် နွေးထွေးစွာ အကြံပေးလိုက်သည်။

"ရတယ်၊ ရတယ်!"

"အဟုတ်ပဲ၊ သခင်ကြီးလု၊ လက်ခံလိုက်ပါ။"

သခင်ကြီးလုမှာပိုလို့ပင်ငိုချင်သွားပါသော်လည်း ပြုံးသာပြုံးနိုင်ကာ ပြန်ဖြေလိုက်ရ၏။

"ဒီ... ဒီလိုဆိုမှတော့၊ ကျုပ်လက်ခံလိုက်ပါ့မယ်။ ကျေးဇူးပါ၊ ဂိုဏ်းချုပ်။"

ဂိုဏ်းချုပ်မှာ ပြုံးကာ လက်ယမ်းပြလိုက်သည်။

"ရပါတယ်။ လုမျိုးနွယ်စုက အားလုံးပဲ၊ မင်းတို့ပင်ပန်းသွားကြပြီ။ ကျုပ် ခဏနေရင် တစ်ယောက်ယောက်ကို စား‌ပွဲပြင်ခိုင်းလိုက်တော့မယ်။ သောက်ကြတာပေါ့။"

သို့သော် ထိုအခိုက်တွင် ပုံရိပ်အမြောက်အများမှာ ခန်းမထဲသို့ ထပ်မံဝင်ရောက်လာ၏။

"မြူခိုးဂိုဏ်း,ဂိုဏ်းချုပ်၊ အရင်က ကျုပ်တို့‌‌တိုက်လေမီးပွားဂိုဏ်း ကမ်းလှမ်းဖို့လာခဲ့သေးတယ်။ ခင်ဗျားတို့ မြူခိုးဂိုဏ်းနတ်မိမယ်က စေ့စပ်ပြီးသားဆိုတော့ ငြင်းပယ်ခဲ့ကြတယ်။"

"အခု၊ တစ်ဖက်လည်း လက်ဆက်ပွဲနဲ့ မထိုက်တန်တာကို သိ‌သွားတော့ လက်ဆက်ပွဲဖျက်သိမ်းဖို့ တောင်းဆိုလာတယ်လေ။ ဒီတစ်ခေါက် ကျုပ်တို့တိုက်လေမီးပွားဂိုဏ်းရဲ့ မြင့်မြတ်သောသားတော်က ကမ်းလှမ်းဖို့လာပါတယ်။ ဂိုဏ်းချုပ် ငြင်းဖို့စီစဉ်ထားတုန်းလား?"

"တိုက်လေမီးပွားဂိုဏ်း?"

လုရှောင်ချန်မှာ မျက်ခုံးများပင်မြင့်တက်သွားသည်။

သခင်ကြီးလုမှာ အသံနိမ့်နိမ့်ဖြင့် ရှင်းပြလိုက်၏။

"မင်းရဲ့အသံကိုလျော့စမ်းပါ။ တိုက်လေမီးပွားဂိုဏ်းက မြူခိုးဂိုဏ်းနဲ့ ဆင်တူတဲ့ဂိုဏ်းတစ်ဂိုဏ်းပဲ။ သူတို့က ငါတို့ သွားဆွနိုင်တဲ့လူတွေမဟုတ်ဘူး။"

"ဟစ်~"

လုရှောင်ချန်မှာ တံတွေးမြိုချကာ ချက်ချင်းပင် လည်ပင်းက နာနာခံခံပုဝင်သွားတော့သည်။

ကျွင့်ပုကျန်းမှာ မနေနိုင်ဘဲ အတန်ငယ်မျက်မှောင်ကျုံ့လိုက်ကာ သူ၏ဆရာတူအစ်ကိုနှစ်ယောက်အား တီးတိုးဆိုလိုက်၏။

"ဆရာတူအစ်ကို၊ တိုက်လေမီးပွားဂိုဏ်းကအရမ်းစွမ်းအားကြီးလို့လား? ကျွန်တော် မတိုင်ခင်က ဝူရှူးမြို့ရဲ့ မြို့အရှင်ဖြစ်ခဲ့ဖူးပေမယ့်၊ မကြားဖူးလို့ပါ။"

လီချန်းရှန်မှာ သူ့အား အထင်အမြင်သေးစွာကြည့်လိုက်သည်။

"သူကတကယ်တော့ ဘာကောင်မှမဟုတ်ဘူး။ သူတို့ဂိုဏ်းက ဒုတိယအဆင့်ဂိုဏ်းလေးတစ်ခုသာသာပဲ။ သူတို့ကလည်း မြူခိုးဂိုဏ်းလို အမှိုက်ပဲလေ။"

စုန့်ရှင်းနျန်သည်လည်း ခေါင်းငြိမ့်လိုက်သည်။

"ဟုတ်တယ်။ ငါတို့ကဆရာ့ရဲ့တပည့်တွေမဟုတ်ရင်တောင်မှ ဆရာတူအစ်ကိုလီနဲ့ ငါက ထိုက်ယိဓားတာအိုနဲ့ ကောင်းကင်ဓားသွားစင်မြင့်ရဲ့ မြင့်မြတ်သောသားတော်တွေအဖြစ်သတ်မှတ်ခံထားရတာ၊ ငါတို့ဂုဏ်ပုဒ်က သူတို့တွေထက်တောင် အတော်လေးမြင့်နေသေးတယ်။ ဒီကောင်က ငါတို့ဖိနပ်တွေ သယ်ပေးဖို့တောင် အရည်အချင်းမမီပါဘူးကွာ။"

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၂၇။ အပိုင်း ၄၀၄ လုရှောင်ယန်က ဘာမို့လို့လဲ?

"ထားလိုက်ပါ၊ အခုတော့ သူ့ကို လျစ်လျူရှုပြီး စောင့်ကြည့်ရအောင်။ ဘယ်လိုပဲဖြစ်ဖြစ် နတ်မိမယ်ကုန်းက ဒါကိုပြောဖို့ ထွက်မှမလာသေးတာ။ သူမသာ ထွက်မလာရင်တော့ မြင်းနက်မဟုတ်ဘူးပေါ့။ ဒီအဖြစ်ကိုပဲ ငြိမ်ကြည့်ပြီး တခြားဟာတွေကို ဂရုမစိုက်ဘဲ နေရအောင်ကွာ။"

"ဟုတ်တယ်။ ဒီကဝိဉာဉ်စွမ်းအားလဘက်ရည်က အတော်လေးအရသာရှိတယ်။ အဲ့ထဲမှာ နတ်ဝိဉာဉ်စွမ်းအားတွေ အတော်လေးပါတယ်။ ဆရာတူအစ်ကိုတို့ မြန်မြန်သောက်ကြ။ အစ်ကိုတို့ကုန်ရင် ကျွန်တော်သွားဖြည့်ပေးမယ်။"

တကယ်တွင် ၎င်းတို့သုံးဦးမှာ နောက်ခံကောင်းများရှိကြပြီး နှစ်များစွာကြာအောင် ဝင်ငွေများများလည်းရှိခဲ့သည်။ ၎င်းတို့မှာ စားကောင်းသောက်ဖွယ်ရာ အလုံးစုံကို မြင်ပြီးသားဖြစ်၏။

သို့သော် လုရှောင်ယန်၏တပည့်ဖြစ်လာပြီးနောက်တွင် ၎င်းတို့မှာ အခြားလူများထံမှ အခွင့်ကောင်းယူသည့်အလေ့အထမှာ တိုးတက်လာသည်။

အကျိုးရှိမည့်တစ်ခုခုရှိနေသည်နှင့် အလွတ်ပေးကြမည်မဟုတ်ချေ။

ဤသည်မှာ ရင်းနှီးသည့်လူအပေါ် အမှတ်အသားပြုခြင်းဟု ဆိုနိုင်သည်။

သို့သော် သုံးဦးသားမှာ ပြဿနာရှိသည်ဟု မထင်ကြပါချေ။ ၎င်းတို့မှာ တစ်ချိန်က မြင်းနက်များ၏ ခြေနင်းကျောက်တုံးဖြစ်ခဲ့ဖူးကာ ထိုမြင်းနက်များထံမှ ခွေးထက်ပင် ဆိုးအောင် အနိုင်ယူခံခဲ့ရသည်။

ကျွင့်ပုကျန်းသာ အတော်လေးကံကောင်းခဲ့ခြင်းပင်။ သူဟာ ဟန်ကျန့်၏ တိုက်ခိုက်ခြင်းကို မခံရနိုင်လိုက်ခင်မှာပင် ဆရာ့ထံမှ အချိန်မီ ကယ်ဆယ်ခံလိုက်ရသည်။ သို့သော် ထိုမြင်းနက်များမှာ မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်းအား အာရုံခံလိုက်နိုင်သည်ပင်။

ထို့ကြောင့် အားလုံးမှာ ၎င်းတို့ရှင်သန်နိုင်သည်နှင့် ကြိုးစားရမည်ကို သိကြလေသည်။

၎င်းတို့၏စွမ်းအားတိုးလာရန် အခွင့်ကောင်းယူခြင်း အကျိုးအမြတ်ရယူခြင်းကလည်း ၎င်းတို့လုပ်ဆောင်မည့်ထဲမှ တစ်ခုပင်။

တိုက်လေမီးပွားဂိုဏ်း၏ အကြီးအကဲများနှင့် မြင့်မြတ်သောသားတော်များမှာ ခန်းမထဲသို့ တဖြည်းဖြည်း လှမ်းဝင်လာကြကာ မြူခိုးဂိုဏ်း,ဂိုဏ်းချုပ်နှင့် အကြီးအကဲများအား အတန်ငယ် မကျေမနပ်ဖြစ်သွားစေ၏။

"ကျုပ်တို့ မြူခိုးဂိုဏ်းရဲ့နတ်မိမယ်က ဒီနေ့ပဲ လက်ဆက်ပွဲကို ဖျက်သိမ်းလိုက်ပေမယ့်လည်း သူမကလက်ထပ်ဖို့ကို အလျင်မလိုနေပါဘူး။ ‌တိုက်လေမီးပွားဂိုဏ်းက အားလုံးပဲ ပြန်သွားကြတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။"

တိုက်လေမီးပွားဂိုဏ်းမှ လူများမှာ ပြုံးလိုက်သော်လည်း ထွက်မသွားပါချေ။

ဦးဆောင်လာသော အကြီးအကဲမှာ ပြုံးလျက်ဆိုလိုက်သည်။

"ကျုပ်တို့ ဒီတစ်လျှောက်လုံးလာခဲ့ရပြီး မြူခိုးဂိုဏ်း ကျုပ်တို့ကို ပြန်မသွားစေခင်မှာ လဘက်ရည်တစ်ငုံတောင် မတိုက်ဘူးပဲ။ ဒါမြူခိုးဂိုဏ်းက ဧည့်သည်တွေကို ဧည့်ခံပုံလား?"

မြူခိုးဂိုဏ်း၏ပထမအကြီးအကဲမှာ နှာမှုတ်လိုက်၏။

"ကျုပ်တို့မြူခိုးဂိုဏ်းက ခင်ဗျားတို့ တိုက်လေမီးပွားဂိုဏ်းဆီကနေ ဧည့်သည်ကိုဘယ်လိုဧည့်ခံရမယ်ဆိုတာ သင်ပြခံရဖို့ မလိုဘူးလို့ထင်တယ်၊ ဟုတ်တယ်မလား?"

"မြူခိုးဂိုဏ်းကတကယ်ကို ကျုပ်တို့ တိုက်လေမီးပွားဂိုဏ်းဆီက သင်ပြခံရဖို့မလိုပါဘူး။ ဒါပေမယ့် ကျုပ်တို့တိုက်လေမီးပွားဂိုဏ်းက ကျင့်ကြံခြင်းမှာ ခင်ဗျားတို့ကို လမ်းညွှန်မှုတချို့ပေးနိုင်တယ်!"

"ခွေးကောင်!"

ထိုသို့ပြောလိုက်သည်နှင့် မြူခိုးဂိုဏ်းမှ လူများ၏အမူအရာမှာ ဆိုးဆိုးရွားရွား ပြောင်းလဲသွားတော့သည်။ ၎င်းတို့မှာ တစ်ယောက်ပြီးတစ်ယောက် ဒေါသတကြီးအော်ဟစ်လိုက်ကြ၏။

သခင်ကြီးလုနှင့် လုရှောင်ချန်တို့ နှစ်ဦးစလုံးကြောက်ရွံ့သွားကြသည်။ နှစ်ဦးစလုံးမှာ ခေါင်းများကို နှိမ့်ထားကြကာ စကားတစ်ခွန်းပင် မဆိုဝံ့ကြပါချေ။

တစ်ဖက်တွင် လီချန်းရှန်နှင့် ကျန်နှစ်ယောက်မှာ လဘက်ရည်သောက်ကာ သရေစာမုန့်များစားလျက် နောက်ထပ်မည်သည်ဖြစ်လာမည်ကို အချင်းချင်းဆွေးနွေးကြည့်နေကြသည်။

"ဒီ‌တိုက်လေမီးပွားဂိုဏ်းက တကယ်ကို အံ့ဖွယ်‌ဖြစ်နေကြတာပဲ။ သူတို့က တစ်ဖက်ရဲ့ ပိုင်နက်နေရာကို လာပြီး‌တာတောင် ပလွှားနေသေးတယ်။ ရှားပါးလိုက်တာ။"

"ဆရာပြောတော့ လူတွေက အကြောင်းမရှိဘဲ ငတုံးလိုမပြုမှုကြဘူးတဲ့။ ဒီလူတွေ အရမ်းပလွှားရဲကြတဲ့အကြောင်းရင်း နှစ်ခုပဲရှိမယ်။"

"ပထမအကြောင်းရင်းက သူတို့တွေ မြင်းနက်တစ်ယောက်နဲ့ကြုံပြီး ဉာဏ်ထက်မြတ်မှုတွေ လျော့နည်းသွားတာ။ ဒါပေမယ့် ဒီမှာ ဘယ်မြင်းနက်မှ မရှိဘူးဆိုတော့ ဒီအကြောင်းပြချက်ကို ဖယ်လိုက်လို့ရပြီ။"

"ဒါဆို ဒုတိယအကြောင်းရင်းပဲရှိတော့တယ်။ ဒုတိယအကြောင်းရင်းက တိုက်လေမီးပွားဂိုဏ်းက တစ်ယောက်ယောက် စွမ်းအားတိုးတက်လာလို့ပဲ။ ဒီလိုဆိုရင် သူတို့တွေ မြူခိုးဂိုဏ်းကို ဖိနှိပ်လို့ရပြီလေ။ မဟုတ်ရင် ဒီမြူခိုးဂိုဏ်းမှာ ဒီလောက်ထိ ဘဝင်မြင့်ရဲမှာမဟုတ်ဘူး။"

"ဆရာတူအစ်ကိုပြောတာမှန်တယ်။ သူတို့ဒီနေ့ အဲ့ဒီနတ်မိမယ်ကုန်းကို လက်ထပ်မယ်လို့ထင်တယ်။ မြူခိုးဂိုဏ်းကဆန္ဒမရှိရင်တောင်မှ ‌တိုက်လေမီးပွားဂိုဏ်းက ခွန်အားသုံးပြီးဖိနှိပ်မှာပဲ။ မြူခိုးဂိုဏ်းက ငါတို့မတိုက်ခိုက်ရင်တောင် နိုင်,နိုင်ချေလုံးဝမရှိဘူး။"

"ဒါပေမယ့်၊ ငါတို့ကူညီဖို့က မဖြစ်နိုင်ဘူးလေ။ ဆရာက နတ်မိမယ်ကုန်းနဲ့ စေ့စပ်ပွဲကို ဖျက်သိမ်းလိုက်ပြီးပြီပဲ။ ငါတို့နဲ့ ဆိုင်မနေဘူး။ နတ်မိမယ်ကုန်းကိုလည်း ကူညီဖို့မလိုဘူး။"

အမည်မဲ့ဂိုဏ်း၏ စည်းမျဉ်းများတွင် အခြားလူများ၏ရန်ပွဲ၌ မပါဝင်ရန်နှင့် ကြည့်ရုံသာကြည့်ရန် ‌ပြဌာန်းထားလေသည်။

ပြောရလျှင် ၎င်းတို့ရှင်သန်နိုင်သည်နှင့် အဆင်ပြေသည်။

တကယ်ကိုပင် လူတိုင်းမှတိုက်လေမီးပွားဂိုဏ်းအား ကြိမ်းမောင်းနေချိန်တွင် တိုက်လေမီးပွားဂိုဏ်းမှလူများမှာ ၎င်းတို့အား အတင်းအကြပ်မမှတ်ယူပါချေ။ ၎င်းတို့မှာ တစ်ဖက်လူက ခြိမ်းခြောက်မှုတစ်ခုပင်မဟုတ်ဟု ထင်ထားကြပုံပါပင်။

မြူခိုးဂိုဏ်း၊ ဂိုဏ်းချုပ်မှာ တစ်စုံတရာအား ရှင်းလင်းစွာမြင်နေရသည်။ သူဟာ လက်ကိုမြှောက်လျက် အားလုံးအား စိတ်ငြိမ်ငြိမ်ထားရန် ‌ညွှန်ကြားလိုက်သည်။

ထို့နောက်တွင် သူဟာ ခပ်မှောင်မှောင်အကြည့်နှင့် ပြောလိုက်သည်။

"မင်းတို့ရဲ့ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်းဖော်ပြပါ။ အကြမ်းနည်းသုံးတာတွေ ရပ်ထားလိုက်ဦး။ တစ်ခုခုရှိရင် ပြောသာပြောလိုက်ပါ။"

"မြူခိုးဂိုဏ်း,ဂိုဏ်းချုပ်ကတကယ်ပဲ ရှေ့ကိုကြိုမြင်တတ်တာပဲ။ ကျုပ်တို့ တိုက်လေမီးပွားဂိုဏ်း ဒီတစ်ခေါက်တော့ ရိုးရိုးသားသားလာခဲ့တာပါ။ ပြောရရင် လုမျိုးနွယ်စုက စေ့စပ်ပွဲ ဖျက်သိမ်းဖို့လာတာကို မပြောနဲ့ဦး၊ သူတို့တွေ မဖျက်သိမ်းရင်တောင် ကျုပ်တို့က ဒီနေ့ မြူခိုးဂိုဏ်းဆီကို ကမ်းလှမ်းဖို့လာဦးမှာပါ။"

"မြူခိုးဂိုဏ်းကို ခန်းဝင်ပစ္စည်းမျိုးစုံပေးဖို့ထက် ကျုပ်တို့တိုက်လေမီးပွားဂိုဏ်းက ကြီးမြတ်သောနတ်ဘုရားအဆင့်ကို တက်လှမ်းဖို့ရာမှာ ရရှိခဲ့တဲ့ အတွေ့အကြုံတချို့ကို ဝေမျှပေးဖို့ ဆန္ဒရှိပါတယ်။ ပြီးတော့ ခင်ဗျားတို့ကို ခြေလှမ်းတစ်ဝက် အမတဆေးလုံးလည်းပေးမှာပါ။"

"ဘာပြောလိုက်တယ်?"

အားလုံး၏မျက်လုံးများမှာ ချက်ချင်းပင် ပြူးကျယ်သွားတော့သည်။

တစ်ဖက်လူထံ၌ တကယ်ကိုပဲ ခြေလှမ်းတစ်ဝက်အမတဆေးလုံးရှိနေသည်လား! ထို့အပြင် ၎င်းတို့ထံ၌ ကြီးမြတ်သောနတ်ဘုရားအဆင့်သို့ တက်လှမ်းရန် အတွေ့အကြုံလည်းရှိနေသေးသည်။ ဟာသပဲ!

မီးပွားတိုက်လေဂိုဏ်းမှာ ထိုအရာများကို မည်သည့်နေရာမှ ရရှိခဲ့လေသနည်း?

နေရာရှိ လူများအကြားတွင် လီချန်းရှန်နှင့် ကျန်နှစ်ဦးတို့သာ စကားတစ်ခွန်းမှမဆိုခြင်းဖြစ်၏။ ၎င်းတို့မှာ ထိုသို့မျှော်လင့်ထားကြောင်းကို ညွှန်းဆိုနေသည့် အမူအရာသာ ထွက်ပေါ်လာ၏။

စုန့်ရှင်းနျန်မှာ တီးတိုးဆိုလိုက်သည်။

"ယုတ္တိရှိရှိဆိုရင်တော့ကွာ ဒီကောင်တွေ ပညာရှင်တချို့ရဲ့အမွေအနှစ် ဒါမှမဟုတ် သူတို့ဘိုးဘေးအုတ်ဂူဆီကနေ တူးပြီး အမွေအနှစ်တွေ ရလာခဲ့တာဖြစ်ရမယ်။"

တကယ်ကိုပင် သူ့စကားဆုံးသည်နှင့် တိုက်လေမီးပွားဂိုဏ်းအကြီးအကဲမှာ ဆက်ပြောလိုက်သည်။

"တကယ်တော့၊ ကျုပ်တို့ မြူခိုးဂိုဏ်းက မကြာခင်လေးကမှ ကံကောင်းသွားတာပါ။ ကျုပ်တို့ တိုက်လေမီးပွားဂိုဏ်းဘိုးဘေးတွေ ချန်ထားရစ်ခဲ့တဲ့ အမွေအနှစ်တချို့ကို ရှာတွေ့ခဲ့တယ်။ ကျုပ်တို့ ဂိုဏ်းချုပ်နဲ့ မဟာအကြီးအကဲရဲ့ကျင့်ကြံဆင့်ပဲ ကြီးမြတ်သောနတ်ဘုရားအဆင့်ကိုရောက်နေတာမဟုတ်ဘဲ တခြားအကြီးအကဲတွေရဲ့ ကျင့်ကြံဆင့်ကလည်း မတူညီတဲ့ပမာဏတွေနဲ့ ‌တိုးတက်လာကြပါတယ်။"

"ကျုပ်တို့တိုက်လေမီးပွားဂိုဏ်း မြင့်မြတ်သောသားတော်ရဲ့ ကျင့်ကြံဆင့်တောင် ဆယ်ပါးသောတိုက်ပွဲနတ်ဘုရားအဆင့်ထိ တိုးတက်လာပါတယ်။ ဒီလိုပါရမီမျိုးနဲ့ဆိုရင် ခင်ဗျားတို့ဂိုဏ်းရဲ့အပျိုစင်နတ်မိမယ်ကို လက်ထပ်ဖို့ထက်တောင် လုံလောက်နေပြီမဟုတ်လား?"

မြူခိုးဂိုဏ်းမှာ ရုတ်တရတ်တိတ်ဆိတ်သွား၏။ မတိုင်ခင်က ဒေါသနှင့် ဆူပူမှုတို့မှာ ထိုအခိုက်၌ လုံးဝကွယ်ပျောက်သွားတော့သည်။

ဂလု!

တံတွေးမြိုချသံတချို့ပင် လူအုပ်ထံမှ ထွက်လာကြ၏။

ကြီးမြတ်သောနတ်ဘုရားအဆင့် နှစ်ပါးမှာ တိုက်လေမီးပွားဂိုဏ်း၌ တကယ်ကြီး ပေါ်ထွက်လာသည်ပင်!

ထိုအခိုက်၌ မူလက ကျင့်ကြံဆင့်၌ အထက်တွင်ရှိနေသော မြူခိုးဂိုဏ်းမှာ ‌တိုက်လေမီးပွားဂိုဏ်း၏ ဖိနှိပ်ခြင်းကို ချက်ချင်းခံလိုက်ရသည်ပင်။

အကြောင်းမှာ မြူခိုးဂိုဏ်း၏ အသန်မာဆုံးဂိုဏ်းချုပ်နှင့် မဟာအကြီးအကဲတို့သည်ပင် အမတနတ်ဘုရားဧကရာဇ်အဆင့်၌သာရှိနေသေးသောကြောင့်ပင်။ သို့သော် တစ်ဖက်မှာ ကြီးမြတ်သောနတ်ဘုရားအဆင့်ပင်ရှိနေ၏။

အားနည်းသူများမှာ အားကြီးသူ၏သားကောင်ဖြစ်တတ်သော လောကတွင် တစ်ဖက်၏ခွန်အားမှာ အခြားတစ်ဖက်အား အပြည့်အဝဖိနှိပ်ထားပါက ငြင်းခုံမှုအားလုံးမှာ အဓိပ္ပာယ်မဲ့နေချေလိမ့်မည်။

တစ်ယောက်မှာ ငြင်းခုံမှုကိုရှုံးသွားပါလျှင် မျက်နှာပျက်ရပေလိမ့်မည်ပင်။ တစ်ဖက်မှာ ငြင်းခုံမှုအား အနိုင်ရခဲ့ပါက အခြားတစ်ဖက်၏ သေလုအောင် ပါးရိုက်ခြင်းကိုခံရမည်မှာသေချာ၏!

၎င်းမှာ ဆန်းကြယ်သောလောကကြီး၏ လက်တွေ့ပါပင်!

သခင်ကြီးလုမှာ သူ၏နှဖူးထက်ရှိ ချွေးအေးများကိုသုတ်လိုက်သည်။ ကံအားလျော်စွာဖြင့် ယနေ့တွင် ရှောင်ယန်၏ လက်ဆက်ပွဲအား ဖျက်သိမ်းရန်လာလိုက်နိုင်သည်။ မဟုတ်ပါက တစ်ဖက်လူများမှာ သူ့အား အတော်ကြာ ပစ်မှတ်ထားနေပေလိမ့်မည်။

လုရှောင်ယန်မှာ အင်မတန်စွမ်းအားကြီးကာ ထိတ်လန့်ဖွယ်ကောင်းသည်မှာ မှန်ကန်ပါသည်။ သို့သော် လုရှောင်ယန်မှာ ယခုဤနေရာ၌ ရှိမနေချေ။ တစ်ဖက်လူများ တိုက်ခိုက်ချင်ပါလျှင်ပင် ၎င်းတို့အား ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အလွယ်တကူ ချေမှုန်းပစ်လိုက်နိုင်သည်။

ယခုတွင် ညစ်တတ်သော လူများမှာ တိုက်လေမီးပွားဂိုဏ်းမှ လူများနှင့် စုန့်ရှင်းနျန်သာဖြစ်၏။

တိုက်လေမီးပွားဂိုဏ်းမှလူများ ညစ်တတ်သည့်အကြောင်းအား ဖော်ပြနေစရာပင်မလိုပါချေ။

တစ်ဖက်တွင် စုန့်ရှင်းနျန် ညစ်တတ်ခြင်းမှာ သူဟာ တိတိကျကျ ခန့်မှန်းနိုင်ခြင်းကြောင့်ပင်။

မည်သို့ဆိုစေ သူဟာ ထိုတိုက်လေမီးပွားဂိုဏ်းအား မကြောက်ရွံ့ပါချေ။

အဆင့်ပိုမြင့်သူအား တိုက်ခိုက်နိုင်သူတစ်ယောက်အနေဖြင့် သူဟာ အမတနတ်ဘုရားဧကရာဇ်ပညာရှင်တစ်ဦးနှင့် ရင်ဆိုင်ရသည်ကို မကြောက်ရွံ့ပါချေ။ တစ်ဖက်လူမှာ ကြီးမြတ်သောနတ်ဘုရားအဆင့် ဖြစ်နေပါလျှင်လည်း သူဟာထိုသူနှင့် အနည်းငယ်ရင်ဆိုင်နိုင်ဆဲပင်။ သူဟာတစ်ဖက်လူအား အနိုင်မယူနိုင်ပါလျှင်ပင် လွတ်မြောက်နိုင်မည်ဖြစ်ကာ စိုးရိမ်ဖွယ်ရာ လုံးဝမရှိပါချေ။

ဒါပေါ့ သူသာ ကောင်းကင်ဓားသွားစင်မြင့်၏ ကမ္ဘာငယ်အား ဆင့်ခေါ်ရန် အချိန်နည်းနည်းပိုရခဲ့ပါလျှင် ထို တိုက်လေမီးပွားဂိုဏ်းတစ်ခုလုံးအား တိုက်ရိုက်ချေမှုန်းနိုင်မည်ပင်။

သူဟာ ညစ်ကျယ်စွာပြုံးလျက်ကြည့်လိုက်သည်တွင် လီချန်းရှန်နှင့် ကျွင့်ပုကျန်းတို့မှာ လက်မထောင်ပြလိုက်ကြတော့၏။

သို့သော် သူပြုံးနေချိန်၌ပင် တိုက်လေမီးပွားဂိုဏ်း၏မြင့်မြတ်သောသားတော်မှာ ရှေ့သို့လှမ်းလာကာ ပြောလိုက်၏။

‌"တကယ်တော့၊ ကျွန်တော်က အစ်မကုန်းကို မေတ္တာသက်ဝင်နေခဲ့တာပါ။ အစ်မကုန်းက ကျွန်တော့်ကို နည်းနည်းလေး အထင်လွဲချော်နေရုံပါပဲ။ ကျွန်တော် အစ်မကုန်းကို လက်ဆက်ချင်ပါတယ်။ ဂိုဏ်းချုပ် ကျေးဇူးပြုပြီး စီနီယာအစ်မကို ကျွန်တော်နဲ့လက်ဆက်ဖို့ သဘောတူပေးပါ။"

ဂိုဏ်းချုပ်မှာ အသက်ပြင်းပြင်းရှူလိုက်ကာ လေးနက်နေဟန်ဖြင့်ဆိုလိုက်၏။

"တကယ်တော့၊ ကျုပ်ဒါကို သူမကိုမေးဖို့လိုနေသေးတယ်။ သူမသာ ဆန္ဒမရှိရင်၊ ကျုပ် တွန်းအားမပေးနိုင်ဘူး။"

တိုက်လေမီးပွားဂိုဏ်း၏ မြင့်မြတ်သောသားတော်မှာ မကျေနပ်ဟန်ကို ထုတ်ပြလာ၏။

"ဒါက ဂိုဏ်းချုပ် နည်းနည်းလောက် အလိုလိုက်လွန်းနေတာမဟုတ်ဘူးလား?"

"ဒါက ခင်ဗျားကျွန်တော့ကို ဘယ်လိုပြောရမယ်ဆိုတဲ့ပုံစံပေါ့?"

ထိုဂိုဏ်းချုပ်၏အမူအရာမှာ အတန်ငယ်အရုပ်ဆိုးသွား‌ပါသော်လည်း ဒေါသတော့ဖြစ်မသွားပါချေ။ ရှင်းလင်းစွာပင် သူဟာ တစ်ဖက်အား ကြောက်ရွံ့နေပေပြီ။

ပြောရလျှင် ကြီးမြတ်သောနတ်ဘုရားအဆင့် နှစ်ဦးမှာ ဟာသမဟုတ်ပါချေ။

တစ်ခုခုသာမှားသွားပါလျှင် မြူခိုးဂိုဏ်းတစ်ခုလုံးပါ ဖျက်ဆီးခံရနိုင်ချေရှိ၏။

သူဟာ ထိုသို့ မစွန့်စားနိုင်ပါချေ။

သို့သော် သူ၏လိုက်လျောမှုက တိုက်လေမီးပွားဂိုဏ်း၏မြင့်မြတ်သောသားတော်အား ပိုလို့ပင် ပလွှားစေနိုင်သည်။

"ကျုပ်က အမှန်ကိုပြောနေရုံပါ။ ရင်းနှီးမှုကိုပြောရမယ်ဆိုရင် ကျုပ်တို့ ဂိုဏ်းနှစ်ဂိုဏ်းက အချင်းချင်း အနီးစပ်ဆုံးပါပဲ။ ပြီးတော့ ကျုပ်တို့ စွမ်းအားတွေကလည်း အနီးတစ်ဝိုက်မှာ အားအကောင်းဆုံးပဲလေ။ ကျုပ်တို့သာ မိတ်ဆွေတွေဖြစ်နိုင်ရင် အနာဂတ်မှာ နှစ်ဂိုဏ်းလုံးအတွက် အ‌တော်လေးအကျိုးဖြစ်ထွန်းစေမှာပါ။"

"ထပ်ပေါင်းပြောရရင် ကျွန်‌တော်တို့တွေအနေနဲ့ စီနီယာဂိုဏ်းချုပ်ကိုလည်း ကူညီနိုင်ပါတယ်။ ကျွန်တော်တို့ စီနီယာဂိုဏ်းချုပ်ကို ကြီးမြတ်သောနတ်ဘုရားအဆင့်ရောက်အောင်အထိ ကူညီပေးမှာပါ၊ ဘာကြောင့်ငြင်းဆန်ရတာလဲ?

"ဒါ့အပြင်၊ ခင်ဗျား မတိုင်ခင်ကလည်း စီနီယာအစ်မကုန်းကို မထင်မရှားညီလေးတစ်ယောက်နဲ့ လက်ဆက်ပေးဖို့ ရွေးချယ်‌ခဲ့သေးတယ်လေ။ ဘာကြောင့်များ အစ်မကုန်းရဲ့ လက်ဆက်ပွဲကို ခင်ဗျားကိုယ်တိုင် မဆုံးဖြတ်နိုင်ဘူးလို့ပြောရတာလဲ?"

"‌လုရှောင်ယန်သာ စီနီယာအစ်မကုန်းကို လက်ထပ်နိုင်မယ်ဆိုရင်၊ ကျုပ်ကရော ဘာလို့မဖြစ်နိုင်ရမှာလဲ?"

"ရှင်းရှင်းပြောရရင် လုရှောင်ယန်က ဘာမို့လို့လဲ?"

"ကျုပ်ရဲ့ ဖိနပ်တွေကိုသယ်ဖို့တောင် အရည်အချင်းမမီ‌တဲ့ကောင်လေးက ဘယ်လိုများ အစ်မကုန်းကိုလက်ဆက်ဖို့ အရည်အချင်းမီနိုင်မှာလဲ?"

"သူက..."

သူဟာစကားအဆုံးမသတ်နိုင်လိုက်ခင်တွင် အဖြူရောင်အလင်းတစ်ပြမှာ လူအုပ်ထဲမှာ ရုတ်တရတ်ပျံထွက်လာကာ တိုက်လေမီးပွားဂိုဏ်း၏မြင့်မြတ်သောသားတော်အား တိုက်ခိုက်လိုက်တော့၏။

"မြင့်မြတ်သောသားတော်၊ ဂရုစိုက်!"

နတ်ဘုရားဘုရင်အဆင့် တိုက်လေမီးပွားဂိုဏ်း၏အကြီးအကဲမှာ ထိုတိုက်ခိုက်မှုအား အာရုံခံလိုက်နိုင်၏။

ထို့ကြောင့် သူဟာ ထိုတိုက်ခိုက်မှုအား ချက်ချင်းတားဆီးကာ ထိုအဖြူရောင်အလင်းအား လက်သီးတစ်ချက်ဖြင့် အက်ကွဲသွားစေလိုက်၏။

အက်ကွဲသွားပြီးနောက်တွင် ၎င်းမှာ ကြွေခွက်တစ်ခွက်ဖြစ်ကြောင်းအား လူတိုင်းသတိပြုမိလိုက်တော့သည်။

"ခွေးကောင်! ကျုပ်တို့တိုက်လေမီးပွားဂိုဏ်းရဲ့ မြင့်မြတ်သောသားတော်ကို ထိခိုက်အောင် လုပ်ဝံ့တယ်ပေါ့လေ? ဘယ်သူများလဲ?"

အကြီးအကဲ၏ စကားမဆုံးခင်မှာပင် နှစ်ခုမကသော အဖြူရောင်အလင်းများမှာ ချက်ချင်း ပျံသန်းထွက်လာကြတော့သည်။ တစ်ခုမှာ သူ၏မျက်နှာသို့တည့်တည့်ရိုက်မိကာ တစ်ခုမှာတော့ သူ့အားဖြတ်ကျော်လျက် ထို မြင့်မြတ်သောသားတော်အား အပြည့်အဝထိမှန်သွားတော့သည်။

ဘန်း!

ထိုတိုက်လေမီးပွားဂိုဏ်းအကြီးအကဲမှာ ထိုတိုက်ခိုက်မှုအား တားဆီးလိုက်၏။ ပြောရလျှင် သူ၏ကျင့်ကြံဆင့်မှာ မြင့်‌မားလေ၏။

သို့သော်မြင့်မြတ်သောသားတော်မှာမူ အရမ်းကံမကောင်းခဲ့ပါချေ။ သူ၏ကျင့်ကြံဆင့်မှာ ဆယ်ပါးသောသိုင်းနတ်ဘုရားအဆင့်၌သာရှိသေးချေသည်။

ထိုအဖြူရောင်အလင်း၏ ရှေ့မှောက်တွင် သူဟာ တို့ဖူးတုံးသာသာမျှသာဖြစ်၏။

ပေါက်ကွဲမှုအပြင်းစားနှင့် ထိုမြင့်မြတ်သောသားတော်၏ခေါင်းမှာ ကွဲသွားသည်။

ထိုအခိုက်၌ နေရာတစ်ခုလုံးမှာ တိတ်ဆိတ်သွားတော့သည်။

ထို့နောက်လီချန်းရှန်နှင့် ကျန်နှစ်ဦး၏ အသံများထွက်လာ၏။

"မင်းကိုမင်း ပါရမီရှင်ဆရာကြီးလို့များထင်နေတာလား?"

"မင်းသာသူမကိုလက်ထပ်ချင်နေရင် ခုပဲသွားလုပ်လိုက်လေ။ ဘာလို့ ငါတို့ဆရာရဲ့ နာမည်ကပါလာရတာလဲ?"

"မင်းရဲ့ပါးစပ်ကို နောက်ဘဝမှာ စောင့်ကြည့်ဖို့ မမေ့နဲ့။"

မြူခိုးဂိုဏ်းမှ လူတိုင်းမှာ ကြောင်အသွားတော့သည်။

လုရှောင်ယန်၏တပည့်မှာ တကယ်ပဲ တိုက်လေမီးပွားဂိုဏ်း၏ မြင့်မြတ်သောသားတော်အား သတ်လိုက်လေသည်!

ဒါဘယ်လိုဟာသကြီးလဲ?

သခင်ကြီးလုနှင့် လုရှောင်ချန်မှာမူ နေရာ၌ပင် ကျောက်ရုပ်ဖြစ်သွားတော့သည်။

လုရှောင်ချန်မှာ ကြောင်အမ်းသွား၏။ ဒီလူသုံးယောက်က ဘာ‌‌ဖြစ်နေကြတာလဲ?

သူတို့သာ တိုက်လေမီးပွားဂိုဏ်းရဲ့ နတ်ဘုရားသားတော်ကို အဲ့ဒီဂိုဏ်းအရှေ့မှာသတ်လိုက်ရင် ဒီတိုက်လေမီးပွားဂိုဏ်းကသာ လိုက်ဖမ်းတဲ့အခါ ဘယ်လိုတာဝန်ယူမှာတဲ့လဲ?

သခင်ကြီးလုမှာ ထိုအကြောင်းမတွေးပါချေ။ သူဟာ လုရှောင်ယန်သည် ယခုဤနေရာ၌ ‌ရှိမနေဘဲ လုရှောင်ယန်၏ နောက်ခံရှိနေလျှင်ပင်တောင် ထိုမျှထိ ဘဝမမြင့်သင့်‌ကြောင်းကိုသာ တွေးတောနေ၏။

၎င်းတို့နောက်အား တိုက်လေမီးပွားဂိုဏ်းမှ လိုက်ဖမ်းပါလျှင် မည်သူကရပ်တန့်နိုင်မည်နည်း?

ပြီးသွားခဲ့ပြီ။ ယခု တကယ်ကိုပြီးဆုံးသွားခဲ့ပြီပင်။

တိုက်လေမီးပွားဂိုဏ်းမှာမူ ထိုသို့ ထိတ်လန့်ဖွယ်ရာအားကြုံတွေ့လိုက်ရပြီးနောက် လုံးဝကို ‌ဒေါသဖြစ်သွားကြသည်။

"ခွေးကောင်တွေ! မင်းတို့ကများ ငါတို့ဂိုဏ်းရဲ့ မြင့်မြတ်သောသားတော်ကို သတ်ဝံ့တယ်ပေါ့လေ!"

သူ၏စကားဆုံးသည်နှင့် စုန့်ရှင်းနျန်မှာ ချက်ချင်းခုတ်ချလိုက်သည်။

ဘုန်း!

သန့်စင်သော ရွှေရောင်ဓားမော့အလင်းမှာ အားကြီးနှင့် ရောယှက်သွား၏။ ၎င်းမှာ တိုက်လေမီးပွားဂိုဏ်းအကြီးအကဲအား တုံ့ပြန်ဖို့ရန် မည်သည့်အခွင့်အရေးကိုမျှပင် မပေးပါဘဲ တိုက်ရိုက်ပင် နှစ်ပိုင်းဖြတ်လိုက်သည်။

၎င်းမှာ စုန့်ရှင်းနျန်၏ ‌ဒေါသအလျောက်တိုက်ခိုက်မှုပင်ဖြစ်၏။ သူ၏အဆင့်ထက် ကျော်‌လွန်နေသော စွမ်းအားဖြင့် ထိုဓားမော့တိုက်ကွက်မှာ အမတနတ်ဘုရားဧကရာဇ်တစ်ပါးတစ်ယောက်ထက် လုံးဝကိုနိမ့်ကျလိမ့်မည်မဟုတ်ချေ။

ထိုသို့သော မဟာယနနတ်ဘုရားဘုရင်လေးတစ်ယောက်က မည်သို့များ ထို အမတနတ်ဘုရားဧကရာဇ်အဆင့် တိုက်ခိုက်ခြင်းကို ခုခံနိုင်ပါမည်နည်း?

"မင်းတို့ ဂိုဏ်းရဲ့မြင့်မြတ်သောသားတော်ကို သတ်လိုက်လည်းဘာဖြစ်လဲ? မင်းတို့က ငါ့ဆရာကို ဟာသလုပ်ရဲတယ်လေ။ မင်းတို့ဂိုဏ်းကို ဖျက်ဆီးရင်တောင် မင်းတို့အားလုံးနဲ့ ထိုက်တန်တယ်!"

မြူခိုးဂိုဏ်းမှ လူများမှာ ကြောင်အသွားကြတော့၏။

ထိုအကြီးအကဲမှာ မဟာယနနတ်ဘုရားဘုရင်အဆင့်ပင်ဖြစ်၏!

မဟာယနနတ်ဘုရားဘုရင်အဆင့်ပညာရှင်လေ!

သူကဒီ‌လိုလေးပဲသတ်လိုက်တာတဲ့လား?

ဒါဆို ဘယ်လောက်ထိတောင်မှ စွမ်းအားကြီးနေရတာလဲ? သူက အမတနတ်ဘုရားဧကရာဇ်ပညာရှင်များလား?

"တိုက်လေမီးပွားဂိုဏ်းရဲ့ မြင့်မြတ်သောသားတော်က သူ့ဆရာကို စော်ကားတယ်လို့ ပြောခဲ့တာမဟုတ်လား? ဒါဆို သူ့ဆရာက လုမျိုးနွယ်စုက လုရှောင်ယန်များလား?"

"ဟာသပဲ! သူ့ကျင့်ကြံဆင့်ကတင် အရမ်းစွမ်းအားကြီးနေပြီလေ။ သူ့ဆရာသာ လုရှောင်ယန်ဆိုရင် လုရှောင်ယန်က ဘယ်လောက်ထိ စွမ်းအားကြီးလိုက်မလဲ?"

လုရှောင်ချန်မှာ ပိုလို့ပင် ကြောင်အမ်းသွားရသည်။

ဘာကြီးလဲ?

လုရှောင်ယန်ရဲ့တပည့်က မဟာယနနတ်ဘုရားဘုရင်အဆင့်တစ်ယောက်ကို ဒီလို ချက်ချင်းပဲသတ်လိုက်နိုင်တာလား?

ဟာသပဲ?

ဒါမှမဟုတ် သူပဲအိပ်မက်မက်ပြီး မနိုးသေးတာလား?

သူဟာ အဘိုးကိုကြည့်လိုက်၏။

"အဘိုး၊ ကျွန်တော့ကိုရိုက်ကြည့်ပါဦးလား? အိပ်မက်မက်နေသလားသိရအောင်။"

"သွားစမ်းပါ!"

သခင်ကြီးလုမှာ သူ့အား ဒေါသတကြီးစိုက်ကြည့်လိုက်ကာ ချက်ချင်းပင် အတန်ငယ်ထိတ်လန့်သွားသည်။ သူဟာ လုရှောင်ယန်၏တပည့်သုံးဦးအား အဓိပ္ပာယ်ပါပါကြည့်ရှုလိုက်၏။

ထိုအခိုက်၌တွင်ပင် လုရှောင်ယန်မှာ ထိုမဟာယနနတ်ဘုရားဘုရင်အဆင့်တပည့်သုံးဦးက သူ့အားကာကွယ်နိုင်သည်ဟာ အဘယ့်ကြောင့် ဆိုခဲ့မှန်းနားလည်လိုက်၏။

၎င်းတို့သုံးဦးမှာ မဟာယနနတ်ဘုရားဘုရင်အဆင့်သာ ဖြစ်နေပါသော်လည်း ၎င်းတို့အဆင့်နှင့်အထက် ရန်သူများအား သတ်နိုင်နေပြီဖြစ်ကာ မဟာယနနတ်ဘုရားဘုရင်အဆင့်များအား ချက်ချင်းသတ်နိုင်သည်။

ထို့ကြောင့် မြူခိုးဂိုဏ်း,ဂိုဏ်းချုပ်မှာ အမတနတ်ဘုရားဧကရာဇ်အဆင့်ဖြစ်ပါလျှင်တောင် သူဟာစိုးရိမ်နေစရာမလိုပါချေ။

သို့သော် သူ၏ တပည့်လေးများကပင် အဆင့်ပိုမြင့်သော ရန်သူများအား သတ်နိုင်ပါသည်။ လုရှောင်ယန်သာဆိုလျှင် မည်မျှထိ စွမ်းအားကြီးနိုင်မည်နည်း?

"ရှောင်ယန်၊ မင်းရဲ့လက်ရှိစွမ်းအားက ဘာများလဲ?"

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၂၇။ အပိုင်း ၄၀၅ မင်းရဲ့တပည့်က အရမ်းအံ့ဖွယ်ကောင်းတယ်လား?

ကျန်ရှိသော တိုက်လေမီးပွားဂိုဏ်းကျင့်ကြံသူများ၏ အမူအရာမှာ ချက်ချင်းပင် ဆိုးဆိုးရွားရွားပြောင်းလဲသွားကာ ခန္ဓာများက တုန်ရီလာကြ၏။

"မင်း...မင်း... မင်း ငါတို့ဂိုဏ်းရဲ့ အကြီးအကဲနဲ့ မြင့်မြတ်သောသားတော်ကိုတကယ်ကြီးသတ်ရဲတယ်ပေါ့! ငါတို့ဂိုဏ်းက မင်းကို အလွတ်မပေးဘူးကွ။"

ကျွင့်ပုကျန်းမှာ ကောက်ကျစ်စွာပြုံးလျက် ရှေ့သို့လှမ်းလာ၏။

"ငါတို့က မင်းတို့တိုက်လေမီးပွားဂိုဏ်းကို အလွတ်ပေးမယ်ထင်နေတာလား? ဒါမှမဟုတ်... မင်းတို့ကောင်စုတ်လေးတွေကိုလေ?

လူတိုင်းမှာ အမူအရာပြောင်းလဲသွားကြသည်။

"ဘာ... ဘာလုပ်ဖို့ ကြံစည်နေတာလဲ? မင်းငါတို့ကို သတ်ချင်နေတာလား?"

"ပေါက်ကရမပြောစမ်းပါနဲ့။"

တစ်ခဏအကြာတွင် ၎င်းတို့မည်သည်မှ မဆိုလိုက်နိုင်ခင်တွင် ကျွင့်ပုကျန်းမှာ ရှေ့သို့ပြေးသွားလိုက်ပြီးဖြစ်၏။ ရွှေရောင် နတ်ဝိဉာဉ်စွမ်းအားက သူ၏လက်များကိုရစ်သိုင်းထားကာ နဂါးလက်သည်းများ ဖြစ်ပေါ်လာပြီး ၎င်းတို့အား တစ်စဆီ၏စုတ်ဖြဲလျက် မည်သည့်အခွင့်အရေးမျှပင်မပေးပါချေ။

ထိုသို့ သွေးလွှမ်းနေသော ဝမ်းနည်းဖွယ်ရာ မြင်ကွင်းအား ‌မြင်သော် မြူခိုးဂိုဏ်းတစ်ခုလုံးမှာ ကြောက်ရွံ့မှုကြောင့်တုန်လှုပ်လာကြသည်။

မည်သူကမှ လုရှောင်ယန်၏တပည့်သုံးဦးမှာ ထိုမျှထိကြမ်းတမ်းလှကာ တိုက်လေမီးပွားသံတမန်အားလုံးအားသတ်လိုက်မည်ဟု ထင်မထားခဲ့ကြချေ။

ဂလု~

မြူခိုးဂိုဏ်း,ဂိုဏ်းချုပ်မှာ တံတွေးမြိုချလိုက်ကာ တည်ငြိမ်နိုင်ရန်အကောင်းဆုံးကြိုးစားနေရ၏။

"မင်း... မင်းတို့အားလုံးက လုရှောင်ယန်ရဲ့တပည့်တွေလား?"

လီချန်းရှန်မှာ‌ ခေါင်းငြိမ့်လိုက်သည်။

"လက်ဆက်ပွဲလည်း ပျက်သွားပြီဆိုမှတော့ ကျုပ်တို့ထွက်သွားရမယ့်အချိန်ကျပြီပဲ။ တိုက်လေမီးပွားဂိုဏ်းအတွက်တော့ မပူပါနဲ့။"

"ဒါက ကျုပ်တို့လုပ်ခဲ့တာမို့လို့ တာဝန်ယူမှာပါ။ ကျုပ်တို့ ခဏအတွင်းမှာပဲ တိုက်လေမီးပွားဂိုဏ်းကို ဖျက်ဆီးပြီး ခင်ဗျားတို့ မြူခိုးဂိုဏ်းကို အရှုပ်ထဲမပါစေရပါဘူး။"

ထိုသည်ကိုကြားသော် မြူခိုးဂိုဏ်းချုပ်ပင်မက၊ အခြားလူများ၊ သခင်ကြီးလုနှင့် မျိုးနွယ်စုဝင်များသည်ပင် နှလုံးများ အထိန်းအကွပ်မဲ့ တုန်ရီနေသည်ကို ခံစားနေလိုက်ရ၏။

လုရှောင်ယန်ရဲ့ တပည့်တွေအားလုံး အတော်လေးမာန်ဝံ့ကြတာပဲလား?

သူတို့တကယ်ပဲ တိုက်လေမီးပွားတစ်ဂိုဏ်းလုံးကို ဖျက်ဆီးချင်နေတာလား?

မြူခိုးဂိုဏ်း,ဂိုဏ်းချုပ်မှာ မနေနိုင်ဘဲ ပြောလိုက်သည်။

"အဲ့ဒီတိုက်လေမီးပွားဂိုဏ်းမှာ ကြီးမြတ်သောနတ်ဘုရားအဆင့်နှစ်ဦးရှိနေပါပြီ။ ခင်ဗျားတို့သုံးယောက် အနိုင်ယူနိုင်မှာလား?"

"ခင်ဗျားပူစရာမလိုပါဘူး၊ မြူခိုးဂိုဏ်း,ဂိုဏ်းချုပ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်တို့ကိုယ်တိုင် ဆုံးဖြတ်မှာပါ။"

စကားဆုံးသည်နှင့် များပြားလှသော ‌အရှိန်အဝါများမှာ မနီးမဝေးမိုးကုပ်စက်ဝိုင်းမှ ရုတ်တရတ်တိုက်ခိုက်လိုက်ကြသည်။

"မြူခိုးဂိုဏ်းရဲ့ခွေးကောင်တွေ! မင်းတို့တကယ်ကြီး ငါတို့တိုက်လေမီးပွားဂိုဏ်းရဲ့ မြင့်မြတ်သောသားတော်နဲ့ အကြီးအကဲကို သတ်ဝံ့တယ်ပေါ့။ ငါ၊ လွမ်ယွင်က မင်းတို့ လွယ်လွယ်အနိုင်ကျင့်လို့ရမယ့်လူလို့များထင်နေလား?"

လုရှောင်ချန်၏ အမူအရာမှာ ဆိုးဆိုးရွားရွားပြောင်းလဲသွားသည်။

"ဘာလို့ တိုက်လေမီးပွားဂိုဏ်းက လူတွေ ဒီလောက်မြန်မြန်ကြီးရောက်လာကြတာလဲ?"

သခင်ကြီးလုမှာ သက်ပြင်းချကာ ပြောလိုက်သည်။

"တိုက်လေမီးပွားဂိုဏ်းနဲ့ မြူခိုးဂိုဏ်းက အချင်းချင်း ကပ်လျက်ရှိနေပြီး အရမ်းနီးစပ်ကြတယ်လေ။ ဒါကြောင့် သူတို့အကြီးအကဲနဲ့ မြင့်မြတ်သောသားတော်ရဲ့ဝိဉာဉ်မှတ်တမ်းတင်ကျောက်ပြားတွေကွဲသွားတာနဲ့ ချက်ချင်းသိပြီး ရောက်လာကြတော့တာပေါ့။"

"ကျွန်တော်သိပြီ။ ဒါပေမယ့် ရှောင်ယန့်ရဲ့ တပည့်သုံးယောက်က တကယ်ပဲ ကြီးမြတ်သောနတ်ဘုရားအဆင့်နစ်ယောက်ကို အနိုင်ယူနိုင်လောက်လား?"

"ငါလည်းမသိဘူး။ ကြည့်ကြတာပေါ့"

မြူခိုးဂိုဏ်းမှ လူများ၏အမူအရာမှာ မကောင်းလှပါချေ။

ပြောရလျှင် လီချန်းရှန်နှင့် အခြားလူများမှာ ၎င်းတို့ပြောခဲ့သလိုမျိုး တိုက်လေမီးပွားဂိုဏ်းအား အနိုင်မယူနိုင်ခဲ့ပါလျှင် ကျန်သည့်တာဝန်ကို ၎င်းတို့မြူခိုးဂိုဏ်းက ထမ်းဆောင်ရလိမ့်မည်ပင်။

"ဂိုဏ်းချုပ်၊ ကျုပ်တို့စောစောကြိုပြင်ဆင်ထားသင့်လား?"

ဂိုဏ်းချုပ်မှာ အံကိုကြိတ်လျက် ပြောလိုက်၏။

"အင်း၊ ငါတို့ ကောင်းကောင်းပြင်ဆင်ထားရမယ်။ ငါ ထိုက်ယိဓားတာအိုကို ဆက်သွယ်လိုက်မယ်။ တိုက်လေမီးပွားဂိုဏ်းက မတိုင်ခင်ကမှ ကောင်းကင်ဓားသွားစင်မြင့်ကို မှီခိုနေတယ်ကြားတယ်။ လုရှောင်ယန်ရဲ့တပည့်သုံးယောက်က တိုက်လေမီးပွားဂိုဏ်းကိုအနိုင်မယူနိုင်တာကို ဘေးဖယ်ထားဦး၊ သူတို့နိုင်ခဲ့ရင်တောင်မှ တိုက်လေမီးပွားဂိုဏ်းနောက်က ကောင်းကင်ဓားသွားစင်မြင့်အနေနဲ့ ဒီကိစ္စကို ဒီတိုင်းထားမှာမဟုတ်ဘူး။"

"သိပါပြီ"

ထိုတစ်ဖက်တွင် လီချန်းရှန်နှင့်ကျန်နှစ်ဦးမှာ မထိန်းနိုင်ဘဲ စနောက်လိုက်၏။

"မင်းတို့ အတော်လေးမြန်တာပဲ!"

"သူက အတော်ကြာကြအသက်ရှင်လာရတော့ ခပ်စောစောလေး ပြန်ဝင်စားချင်တာနေမှာပေါ့ကွာ။"

"ကောင်းတာပေါ့၊ ငါတို့သုံးယောက် တိုက်လေမီးပွားဂိုဏ်းဆီကို တောက်လျှောက်သွားရမှာတောင် သက်သာသေးတယ်။ ငါတို့ဒီမှာတင်ပဲ သူတို့ကိုချက်ချင်းရင်ဆိုင်လို့ရပြီပေါ့။"

"သိပြီ။"

အတွေးတစ်ချက်ဖြင့် သုံးဦးသားမှာ အလင်းတန်းသုံးသွယ်အသွင်ပြောင်းကာ ရန်သူအား ကြိုဆိုရန် ထွက်သွားကြ၏။

မြူခိုးဂိုဏ်းနှင့် လုမျိုးနွယ်စုမှ လူများမှာ ထိုသည်အား အလွတ်မပေးလိုက်ပါချေ။ ၎င်းတို့မှာ အလျင်အမြန်ပင် ၎င်းတို့နောက်လိုက်ကာ တိုက်ပွဲအား ကိုယ်တိုင်ကြည့်ကာ သက်သေထူချင်နေကြ၏။

အားလုံးအပြင်ဘက်သို့ရောက်သည်နှင့် အလင်းတန်းအမြောက်အများမှာ ကောင်းကင်ယံမှ ခပ်မြန်မြန် လင်းလဲ့လာကြသည်။

၎င်းတို့အကြားရှိ ရွှေရောင်အလင်းလဲ့လဲ့ နှစ်သွယ်မှာ နေနှစ်စင်းကဲ့သို့ပင် စွမ်းအားကြီးမား‌လှချေ၏။

၎င်းတို့မရောက်ခင်မှာပင် အလင်းများမှာ အားလုံး၏ မျက်လုံးများဖွင့်ရန်ပင် ခက်ခဲသွားစေသည်။

၎င်းတို့နောက်မှ လူတစ်ချို့၏အရှိန်အဝါများမှာလည်း ထူးကဲလှချေသည်။ ၎င်းတို့အားလုံးမှာ အမတနတ်ဘုရားဧကရာဇ်အထက်အဆင့်များဖြစ်ကြသည်။ အားလုံးပေါင်း တစ်ဆယ့်သုံးယောက်ပင်ရှိ၏!

၎င်းတို့ရောက်ရှိမှုကြောင့် ကောင်းကင်တွင် လေနှင့် တိမ်တိုက်များ တိုးထွက်လာကာ တစ်ကြိမ်ပြီးတစ်ကြိမ် မိုးကြိုးများတုန်ရီလျက် မြေပြင်ထက်ရှိ သက်ရှိများအား ကူရာမဲ့စွာတုန်ရီနေစေ၏။

"စွမ်းအားကြီးမားလိုက်တာ! ကြီးမြတ်သောနတ်ဘုရားအဆင့် နှစ်ယောက်နဲ့ အမတနတ်ဘုရားဧကရာဇ်အဆင့် ဆယ့်သုံးယောက်တောင်ပဲ!"

"တိုက်လေမီးပွားဂိုဏ်းက အမွေအနှစ်ကြီးကြီးရထားပုံပဲ။ မဟုတ်ရင် ဒီလိုအချိန်တိုအတွင်းမှာ အရမ်းမြန်မြန်ကြီး တိုးတက်လာဖို့မဖြစ်နိုင်ဘူး!"

အားလုံးမှာ လက်သီးများဆုပ်လျက် မျက်ဝန်းများထဲ၌ စိုးရိမ်စိတ်များနှင့်ပြည့်နေ၏။

မြူခိုးဂိုဏ်းမှာ ဒီတစ်ခေါက် တကယ်ဒုက္ခတွေ့ပြီ ထင်ပါသည်။

၎င်းတို့မှာ လုရှောင်ယန်၏တပည့်သုံးဦးက ဤအခြေအနေ၌ ခုခံနိုင်မည်အား မယုံကြည်ကြပါချေ။

ပြောရလျှင် ၎င်းတို့မှာ ကြီးမြတ်သောနတ်ဘုရားအဆင့် နှစ်ဦးနှင့် အမတနတ်ဘုရားဧကရာဇ်တစ်ဆယ့်သုံးဦးတို့ဖြစ်ကြသည်ပင်!

သို့သော် လီချန်းရှန်နှင့် ကျန်နှစ်ဦးမှာမူ ဂရုမစိုက်ပါချေ။

၎င်းတို့သုံးဦးမှာ လုရှောင်ယန်နှင့် မဆုံရသေးပါလျှင် ၎င်းတို့မှာ အတန်ငယ်ပူပန်နေဦးမည်။ ပြောရလျှင် ၎င်းတို့၏ကျင့်စဉ်များနှင့် လက်နက်များမှာ တစ်ဖက်လူများထက် နိမ့်ကျမနေပါချေ။

သို့သော် ယခုတွင် ၎င်းတို့ကျင့်ကြံထားသောကျင့်စဉ်များမှာ အမတကျင့်စဉ်များပင်။ ၎င်းတို့လက်တွင်းရှိလက်နက်များမှာမူ နက်နဲမှုလက်နက်များသာဖြစ်၏။ အဆင့်ပိုမြင့်သော ရန်သူများအား သတ်ရသည်မှာ ဟင်းသီးဟင်းရွက်များ စားရသလိုပင် လွယ်ကူ‌နေသေးသည်။

စိုးရိမ်စရာ ဘာများရှိမည်နည်း?

ကောင်းကင်ကိုကြည့်ပြီးနောက် လီချန်းရှန်မှာပြောလိုက်သည်။

"ကြီးမြတ်သောနတ်ဘုရားအဆင့်နှစ်ယောက်နဲ့ အမတနတ်ဘုရားဧကရာဇ်အဆင့်နှစ်ယောက်ပေါ့။ မင်းတို့ကိုအရင်ရွေးခွင့်ပေးမယ်။ ကျန်တာကို ငါ့အတွက်ထား။"

စုန့်ရှင်းနျန်နှင့် ကျွင့်ပုကျန်းမှာ အချင်းချင်းကြည့်ရှုလိုက်ကြသည်။

"ငါ့ကို ကြီးမြတ်သောနတ်ဘုရားအဆင့်နှစ်ယောက်နဲ့ တိုက်ခွင့်ပေးမလား?"

"ငါ့ကိုသာ တိုက်ခွင့်ပေးစမ်းပါ။ ငါသာ နဂါးအသွင်ယူလိုက်ရင် ငါ့ကျင့်ကြံဆင့်က အမတနတ်ဘုရားဧကရာဇ်အဆင့်ကိုရောက်သွားပြီ။ ငါ့ရဲ့အဆင့်ပိုမြင့်တဲ့ရန်သူတွေကို သတ်နိုင်စွမ်းနဲ့ဆိုရင် ဒီလိုကြီးမြတ်သောနတ်ဘုရားအဆင့် အမှိုက်ကလေးနှစ်ကောင်နဲ့ ရင်ဆိုင်ဖို့က အရမ်းလွယ်လွန်းသွားပြီ။"

"ကောင်းပြီလေ ငါ အမတနတ်ဘုရားဧကရာဇ် ခုနှစ်ယောက်ကိုယူလိုက်မယ်၊ ဆရာတူအစ်ကို ကျန်တဲ့ခြောက်ယောက်နဲ့ ရင်ဆိုင်လိုက်ပါ။"

"သေချာ‌တာပေါ့။"

၎င်းတို့မှာ အပြင်လူများဖြစ်နေလျှင် လုံးဝယဉ်ကျေးနေမည်မဟုတ်ပါချေ။ လုရှောင်ယန်ထံမှာ သင်ယူထားခဲ့သော အလေ့အကျင့်များအရ ၎င်းတို့မှာ သေချာပေါက် အားနာနေမည်ဟုတ်ချေ။

တိုက်ခိုက်မှုတစ်ခုလုံးတွင် တိုက်ကွက်တစ်ကွက်ပင် မထုတ်ဘဲ နေမည်မှာပင် ဖြစ်နိုင်သည်။ ထို့အပြင် ၎င်းတို့မှာ ထွက်ပြေးပင်သွားနိုင်၏။

သို့သော် ၎င်းတို့အားလုံးမှာ တပည့်သားများဖြစ်ကာ စိတ်ရှိမည်မဟုတ်ချေ။

ကျွင့်ပုကျန်းမှာ ပထမဆုံးတိုက်ခိုက်လိုက်၏။ သူဟာခြေတစ်ချက်ဆောင့်ကာ ကိုယ်တွင်းမှ စွမ်းအားကြီးနဂါးဟိန်းသံတစ်ခုထွက်လာစေပြီး လောကအရောင်ကိုပင် ပြောင်းလဲသွားစေသည်။ တစ်ခဏကြာပြီး‌နောက်တွင် ရွှေရောင်အလင်းတစ်ခုမှာ သူ၏ကိုယ်မှာ တိုးထွက်လာကာ ၎င်းတို့၏မျက်လုံးများကိုပင် မဖွင့်နိုင်‌ဖြစ်စေ၏။

ထိုရွှေရောင်အလင်းမှာ တိုက်လေမီးပွားဂိုဏ်းမှ ကြီးမြတ်သောနတ်ဘုရားအဆင့်နှစ်ဦးထက်ပင် အဆများစွာ သန်မာနေသေးပါချေသည်!

ထို့နောက်တွင် လက်သည်းခုနှစ်ခုနတ်နဂါးမှာ အဆုံးမဲ့စွမ်းအားဖြင့် ရွှေရောင်အလင်းအပြင်တွင် ရစ်ပတ်နေ၏။

ကျွင့်ပုကျန်းမှ နဂါးနတ်ဘုရားအနုပညာကိုသုံးလိုက်ချိန်တွင် သူ၏နဂါးနတ်ဘုရားအသွင်ပြောင်းခြင်းမှာ သူ၏ကျင့်ကြံဆင့်အရ လက်သည်းအရေအတွက်များလည်းတိုးလာစေတော့၏။

သူဟာလက်ရှိတွင် မဟာယနနတ်ဘုရားဘုရင်အဆင့်၌‌ရှိနေကာ လက်သည်းခုနှစ်ခုအထိရှိသွားပြီဖြစ်၏။ သို့သော် သူ၏အမတနတ်ဘုရားဧကရာဇ်အဆင့်တွင်မူ လက်သည်းဆယ်ချောင်းအထိပင် ရှိလာနေချေပြီဖြစ်တော့သည်!

ထိုသို့ဆိုလျှင် သူ၏ပါရမီမှာ ပိုလို့ပင် ကောင်းကင်အားအံတုနေသည်အထိ ကြီးထွားလာ၏။ သူဟာ ယွင်လီကော၊ ကျီဝူရှားနှင့် အခြားလူများ၏ ပါရမီကိုပင် ချဉ်းကပ်လာတော့မည်ဖြစ်သည်။

လုရှောင်ယန်မှ တပည့်တိုင်းအား ပေးထားသောကျင့်စဉ်မှာ သို့မဟုတ် ဝမ်ခိုက်မှ တပည့်တိုင်းအားပေးထားသောကျင့်စဉ်မှာ ကျင့်ကြံခြင်းနှင့် ပါရမီကို ပေါင်းစပ်ထားသော ကျင့်စဉ်ပင်ဖြစ်သည်။

ထိုနဂါးနတ်ဘုရားအသွင်ပြောင်းခြင်းမှာ မရပ်တန့်နိုင်လောက်အောင်ပင်!

ကျွင့်ပုကျန်းမှ နဂါးနတ်ဘုရားအသွင်ယူသွားကာ ပေါ်ထွက်လာသည့်အခိုက်တွင် ကောင်းကင်ယံသို့ နဂါးအသက်ရှူသံတစ်ချက်အား မှုတ်ထုတ်လိုက်သည်။

လုံကွမ်းကဲ့သို့ပင် စစ်မှန်သောနဂါးမျိုးနွယ်၏ နဂါးအသက်ရှူသံမှာ‌တောင် သန့်စင်သောရွှေရောင်ဖြစ်၏။

သို့သော် ကျွင့်ပုကျန်း၏နဂါးအသက်ရှူသံမှာ အရောင်စုံအရှိန်အဝါနှင့် ရောနှောနေသည်။

ထိုအရှိန်အဝါမှာ လောက၏ စွမ်းအားအကြီးဆုံးနိယာမများနှင့် ရောနှောနေလျက် နားမလည်နိုင်စေလောက်ကာ နှလုံးကိုပင် ပြုတ်လုမတတ်ဖြစ်စေ၏။

လီချန်းရှန်မှာ အတန်ငယ်မျက်မှောင်ကျုံ့လိုက်သည်။

"ဆရာတူညီလေးကျွင့်ရဲ့ နဂါးအသက်ရှူသံကို အတော်လေးရင်းနှီးနေသလိုပဲ။ ဒါကိုအရင်က ငါတစ်နေရာရာမှာ မြင်ဖူးတယ်ထင်တယ်။"

"မတိုင်ခင်က တစ်နေရာရာမှာမြင်ဖူးတယ်ထင်တယ်။ ဒါက... ဆရာတူအစ်ကိုယွင်ရဲ့ ကြာနက်နဲ့ နည်းနည်းဆင်သလိုမျိုးလည်းရှိပြီး၊ ဆရာတူအစ်မကျီရဲ့ ဇာမဏီစွမ်းအားနဲ့လည်းဆင်သလိုပဲ၊ ပြီးတော့ ဆရာတူအစ်ကို ထျန်းယွမ်ရဲ့ နတ်ဆိုးလူဝံစွမ်းအားနဲ့လည်း နည်းနည်းတူနေသလိုပဲ။ ဒါပေမယ့် သူတို့လုံးဝကြီးတော့တူမနေဘူး။"

"စွမ်းအား အကုန်လုံးက တူညီတဲ့နေရာကလာတာဆိုပေမယ့် တိုက်ခိုက်ပုံတွေကတော့ ကွဲပြားတယ်။"

ထိုအခိုက်တွင် နဂါးအသက်ရှူသံမှာ ကောင်း‌ကင်တွင် တိုက်ခိုက်နေပြီပင်ဖြစ်၏။

ထို တိုက်လေမီးပွားဂိုဏ်း၏ကြီးမြတ်သောနတ်ဘုရားအဆင့်နှစ်ဦးမှာ ကြိုဆိုမတတ်ပင်ဖြစ်သွား၏။ ၎င်းတို့မှာ ထိုရုတ်တရတ်နဂါးအသက်ရှူသံအား တွေ့မြင်လိုက်သည်တွင် အမူအရာများမှာ ဆိုးဆိုးရွားရွားပြောင်းလဲသွားကြသည်။

"ရန်သူကိုတိုက်ခိုက်"

နှစ်ဦးသားမှာ တစ်ချိန်တည်းတွင် တိုက်ခိုက်လိုက်ကြ၏။ တစ်ဦးမှာ လေကိုလှည့်ပတ်ကာ ကျန်တစ်ဦးမှာ မီးကိုလှည့်ပတ်လိုက်သည်။

၎င်းတို့ အနောက်ဘက်၌ လေနတ်ဘုရားသဏ္ဍာန်နှင့် မီးနတ်ဘုရားသဏ္ဍာန်တို့ပေါ်ထွက်လာ၏။

တိုက်လေမီးပွားဂိုဏ်းမှာ လေနှင့်မီးကိုအဓိကကျင့်ကြံသည်။ မီးမှာ လေပေါ်တွင် မှီခိုနေကာ လေမှာ မီးအား ခွန်အားဖြစ်စေသည်။ ၎င်းတို့မှာ ထပ်တူ‌ကျနေကာ အဆုံးမဲ့လှ၏။

ဘုန်း!

တိုက်လေမီးပွားဂိုဏ်းမှ ကြီးမြတ်သောနတ်ဘုရားအဆင့်နှစ်ဦး၏လေနှင့်မီးစွမ်းအားမှာ ကျွင့်ပုကျန်း၏နဂါးအသက်ရှူသံထုတ်လွှတ်ကာစ၌ပင် ထိခတ်သွားသည်။

ထိုအခိုက်တွင် အလင်းလုံးကြီးတစ်လုံးမှာ ကောင်းကင်ယံ၌ ပေါက်ကွဲသွား၏။ ထိုလျှပ်တပြက်လှိုင်းမှာ အရူးအမူး ပေါက်ကွဲလျက် တိုက်လေမီးပွားဂိုဏ်းအဝမှ လူများအား အဝေးသို့ လွင့်စင်သွားစေသည်!

တစ်ခုချင်းဆိုရလျှင် အမတနတ်ဘုရားဧကရာဇ်အဆင့်ကျင့်ကြံသူများမှာ ခြေလှမ်းရာချီနောက်ဆုတ်သွား၏။ ရှေ့ရှိကြီးမြတ်သောနတ်ဘုရားအဆင့်နှစ်ဦးသာ အထိအခိုက်အများစုကို မခံယူခဲ့ပါလျှင် အမတနတ်ဘုရားဧကရာဇ်တစ်ဆယ့်သုံးပါးမှာ ပိုလို့ပင် နောက်ဆုတ်ရနိုင်ချေရှိ၏!

"သေစမ်း မြူခိုးဂိုဏ်းက ဘာကြောင့် ငါတို့ဂိုဏ်းရဲ့အကြီးအကဲနဲ့ မြင့်မြတ်သောသားတော်ကို သတ်ရဲလဲတွေးနေတာ။ သူတို့မှာ ခံတပ်ကိုရိုက်ချနိုင်တဲ့ စွမ်းအားကြီး နတ်ဝိဉာဉ်သားရဲတစ်ကောင်ရှိနေတာကြောင့်ကိုး!"

"ဒါပေမယ့်၊ ကောင်းကင်ထွဋ်ဖျား‌ရွှေရောင်အမတအရှင်က မင်းကို ဒီနေ့ပဲ ကယ်ဖို့ သက်ဆင်းလာမယ်ဆိုရင်တောင် မင်းတို့အားလုံးသေရဦးမှာပဲ!"

"အမှန်ပဲ။ ဒီနေ့ ငါတို့က မင်းတို့ကို အရှင်လတ်လတ်အရေနွှာပစ်မယ်! ဒီနဂါးကြေးခွံတွေကို အကာအကွယ်ချပ်ဝတ်အဖြစ်ပြောင်းပစ်မယ်ကွ!"

ကြီးမြတ်သောနတ်ဘုရားအဆင့်နှစ်ဦးမှာ ဒေါသတကြီးတိုက်ခိုက်လိုက်ရာ နဂါးအသွင်ကျွင့်ပုကျန်းနှင့် ထိခတ်သွားသည်။

ပေါက်ကွဲမှုများမှာ ကောင်းကင်ယံ၌ အဆက်မပြတ်ထွက်ပေါ်နေ၏။ အမျိုးမျိုးသောပေါက်ကွဲမှုအလင်းတန်းများမှာ နေသေးသေးလေးများက လောကကို အလင်းဆောင်နေသည်နှင့်ပင်တူညီနေသေးသည်။ ၎င်းမှာ ကောင်းကင်ရှိ မူလနေ၏အလင်းကိုပင် ပိတ်ဆို့ထား၏။

အောက်ဘက်ရှိလူများမှ ထိုမြင်ကွင်းအားမြင်သည်တွင် ချက်ချင်းပင် တုန်ရီသွားကြသည်။

လုရှောင်ချန်မှာ ကြောင်အသွား၏။

"ဒါကရှောင်ယန့်ရဲ့တပည့်လား? ရှောင်ယန့်ရဲ့တပည့်က ကြီးမြတ်သောနတ်ဘုရားအဆင့်ပညာရှင်ကိုတိုက်နေတာလား? ပြီးတော့ တိုက်ခိုက်တာက သရေလည်းဖြစ်နေသေးတယ်လေ? ဒါနဲ့ ရှောင်ယန်ပြောတော့ သူတို့ကျင့်ကြံဆင့်က ငါ့ထက်တောင်နိမ့်တယ်ဆို?"

သခင်ကြီးလုမှာ ပို၍ ပို၍ပင် စိတ်ခံစားချက်များလာတော့၏။

"ရှောင်ယန် မင်းငါ့ကို ဘယ်လောက်တောင်ပိုပြီး အံ့ဩခိုင်းဦးမှာလဲ?"

မြူခိုးဂိုဏ်းတစ်ခုလုံး၏ မျက်နှာများကိုကြည့်လိုက်သော် ၎င်းတို့၏အမူအရာများမှာ အင်မတန်မည်းမှောင်နေကြ၏!

***

All Chapters