← Chapters

အခန်း (၃၉၁-၃၉၅)

Vol. 27 Ch. 391-395

အခန်း (၃၉၁-၃၉၅)

Vol. 27 Ch. 391-395

အပိုင်း ၃၉၁ ကံကြမ္မာလမ်းစဉ်ငယ်

ထိုသို့တွေးနေရင်းဖြင့် လုရှောင်ယန်မှာ အဖြေမရှာနိုင်တော့ပဲ အရှုံးသာပေးနိုင်လိုက်သည်။

ထားလိုက်တော့၊ တပည့်တွေရဲ့ကျင့်ကြံဆင့်ကို အရင့်မြှင့်ပေးတာကပိုကောင်းတယ်။

ဆိုရိုးစကားကဲ့သို့ပင် လူတစ်ယောက်မှာ သံပမာ သန်မာရပေမည်!

သူ၏တပည့်များ လုံလုံလောက်လောက်သန်မာသည်နှင့် ထိုပြဿနာများအား ပူပန်ရန်မလိုတော့ပါချေ။

သူနှင့် တပည့်များအားလုံးမှာ စကြဝဠာ၌ အသန်မာဆုံးဆရာကြီးများဖြစ်လာနိုင်လျှင် အကောင်းဆုံးဖြစ်သည်။

လုရှောင်ယန်မှာ ထိုမေးခွန်းများအားတွေးတောနေစဉ်တွင် တံခါးအပြင်မှ ခေါက်သံတစ်ချက်ထွက်ပေါ်လာ၏။ သူ၏နတ်ဘုရားအာရုံကိုသုံးကာကြည့်လိုက်သော် ၎င်းမှာ ကျူးကောကျီချုံဖြစ်နေ၏။ သို့သော် ကျူးကောကျီချုံထက် ထိုနေရာတွင် မိတ်ဆွေဟောင်းတစ်ယောက်လည်းရှိနေသည်ပင်။

၎င်းမှာ အဆင့်နိမ့်လောကနတ်ဆိုးဂိုဏ်း၏ မူလဂိုဏ်းချုပ် လင်းရှင်းယွဲ့မှ လွဲ၍အခြားမရှိပါချေ။

လင်းရှင်းယွဲ့မှာ မူလက နတ်ဆိုးဂိုဏ်း၏ အရှင်သခင်ဖြစ်၏။ ထို့နောက်တွင် သူ၏လှည့်ဖျားခြင်းကိုခံလိုက်ရကာ သူ့အား အဖေဟုပင် အကြိမ်များစွာ ခေါ်ခဲ့သည်ပင်။

ထို့နောက်တွင် သူမမှာ သေလုနီးနီးအရိုက်ခံခဲ့ရပြီး ရှန်းထီကျောက်ရှင်အမှတ်အသားဖြင့် ပြန်လည်ရှင်သန်စေခဲ့သည်။ သို့သော် ထိုအခိုက်တွင် သူမထံ၌ မည်သည့်သွေးအဆီအနှစ်မှ မရှိချေရာ သူမ၏ကိုယ်အား သူ၏သွေးအဆီအနှစ်ဖြင့် တည်ဆောက်ခဲ့ရချေသည်။

ပြောရလျှင် ဇီဝဗေဒရှုထောင့်မှကြည့်ပါက သူမအား သူ၏သမီးအဖြစ်ယူဆနိုင်ချေသည်။

"ဝင်လာခဲ့ပါ"

ထိုအပြောဖြင့် ကျူးကောကျီချုံမှာ လင်းရှင်းယွဲ့နှင့်အတူ လျှောက်ဝင်လာသည်။

"ဆရာ!"

သူမဟာ လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးလိုက်ရာတွင် လုရှောင်ယန်က ခေါင်းငြိမ့်ပြလိုက်၏။

"မင်းဘာကြောင့် ဒီကိုရောက်နေတာလဲ?"

ကျူးကောကျီချုံမှာ လင်းရှင်းယွဲ့အား သူမ၏နောက်သို့ဆွဲကာ ပို့လိုက်၏။

"ဆရာ့ကိုရှာဖို့‌အတွက် သူ့ကို ကျွန်မခေါ်လာခဲ့တာပါ။ ဒီတစ်ခေါက် ဗုဒ္ဓဂိုဏ်းကကျွန်မကိုဖမ်းသွားတဲ့အကြောင်းဆရာတူအစ်ကို‌လေးသိတာက သူမကြောင့်ပါ။ ဒါပေမယ့် အခု သူမက အမည်မဲ့ဂိုဏ်းကို ထားခဲ့ချင်နေတယ်။ သူမ ဒီနတ်ဘုရားလောကမှ ဘယ်သူ့ကိုမှ မှီခိုစရာမရှိတာကို သိထားပါတယ်၊ ဒါကြောင့် ဆရာသူမကို လက်ခံပြီး အမည်မဲ့ဂိုဏ်းမှာ နေခွင့်ပေးဖို့ မျှော်လင့်မိပါတယ်!"

သူမ၏စကားဆုံးသည်နှင့် လင်းရှင်းယွဲ့မှာ မရိုးသားစွာပြောလိုက်သည်။

"ကျွန်မ မလာချင်ခဲ့ပါဘူး။ သူက ကျွန်မကို ဒီနေရာဆီအတင်းခေါ်လာလို့သာ။"

လုရှောင်ယန်မှာ တစ်ခဏမျှ တိတ်ဆိတ်သွား၏။

"ဒါဆို... ဘာလို့ ဒီတိုင်းထွက်မသွားရတာလဲ?"

လင်းရှင်းယွဲ့မှာ မထိန်းနိုင်ဘဲ ကြောင်အမ်းသွားရ၏။ ထို့နောက်သူမဟာ ဒေါသဖြင့် ခြေကိုဆောင့်လိုက်သည်။

"ကောင်းပြီလေ! ဟမ့်! ဒီမှာ နေတာက ဘာတွေအဲ့လောက်ထိ ခမ်းနားနေလို့လဲ?"

သူမဟာ ထိုသို့ပြောလိုက်သော်ငြား ထွက်မသွားပါချေ။

ကျူးကောကျီချုံမှာ အတော်လေး ပြောစရာမဲ့သွား၏။

"ဆရာ၊ သူမကို မစပါနဲ့တော့။"

လုရှောင်ယန်မှာ ပခုံးတွန့်ကာချက်ချင်းပြောလိုက်၏။

"ကောင်းပြီလေ၊ ငါသိပြီ။ ဘာပဲဖြစ်ဖြစ် သူကဒီတစ်ခေါက်မင်းကိုကယ်ခဲ့တာပဲ။ ဒီလိုဆိုရင်ရော? ငါက ကိုယ်ပိုင်တပည့်တွေ ထပ်ပြီးလက်မခံတော့ဘူး။ သူမကို အမည်မဲ့ဂိုဏ်းရဲ့ ဒုတိယမျိုးဆက်တပည့်အဖြစ်ပဲ လက်ခံလိုက်ရင်ရော?"

သူဟာထိုအစီအစဉ်ကိုပြောကြားချိန်၌ လင်းရှင်းယွဲ့မှာ ချက်ချင်းပင် ငြင်းဆန်လိုက်တော့သည်!

"မဖြစ်ဘူး! ကျွန်မက အစတုန်းကသူနဲ့ မျိုးဆက်တူတူပဲလေ၊ ဒါပေမယ့် အခုတော့ သူ့တပည့်ဖြစ်လာရတော့မယ်! ကျွန်မ အမည်မဲ့ဂိုဏ်းကပဲ ထွက်သွားလိုက်တော့မယ်။"

လုရှောင်ယန်မှာ သူမအား ဒေါသတကြီး ကြည့်ရှူလိုက်၏။ ပြောရလျှင် သူမဟာ အမည်မဲ့ဂိုဏ်း၌ နေရသည်မှာပင် မဆိုးလှ‌ဟု ခံစားမိသည်။ သူမ ဘာကြောင့် ထိုမျှထိ တွက်ကပ်နေရသည်ကို နားမလည်ပါချေ။

သူမဟာ ကျူးကောကျီချုံထက် မျိုးဆက်တစ်ဆင့်နိမ့်သွားလျှင်ရော ဘာများဖြစ်သွားမည်နည်း?

သူမဟာ ကျူးကောကျီချုံထက်ပို၍ မျိုးဆက်မြင့်ချင်နေသည်လား?

သူမဟာ အမျိုးသမီးဂိုဏ်းချုပ်ဖြစ်ချင်ပြီး သူမ၏ဖခင်နှင့် မသင့်လျော်သော် ဆက်ဆံရေးတစ်ခုရှိချင်နေသည်လား?

သို့သော် ကျူးကောကျီချုံမှာ ထပ်မံ၍ အသနားခံပေးလိုက်သည်။

"ဆရာ၊ ဒါကတကယ်လည်း မသင့်တော်ပါဘူး။ သူမကို အမည်ခံတပည့်အနေနဲ့ပဲ လက်ခံထားလို့မရဘူးလား? ပြောရရင် ဆရာတို့က အဖေနဲ့သမီးဖြစ်ခဲ့ဖူးကြတာပဲကို။"

လုရှောင်ယန်မှာ မူလက ငြင်းဆန်ချင်ပါသော်လည်း ကျူးကောကျီချုံမှာ နတ်ဘုရားလောကသို့ လာရောက်ပြီးနောက်တွင် အတော်လေးနာကျင်ခံစားခဲ့ရကာ အမြဲလိုလို ဗုဒ္ဓဂိုဏ်းထံမှ အကျဉ်းချခံခဲ့ရလေသည်။ သူမဟာ ပြန်လာဖို့ မလွယ်ကူခဲ့ချေရာ သူ၏အဖိုးတန်တပည့်လေးအား ဝမ်းမနည်းစေချင်ပါချေ။

ထို့အပြင် လင်းရှင်းယွဲ့မှာလည်း သူနှင့် မဆုံခင်တွင် သူ၏တပည့်တိုက်ခိုက်ခံခဲ့ရကြောင်းအား သိရှိကာ သတင်းဖြန့်ခြင်းဖြင့်ဗျာများနေခဲ့ရသေးသည်ပင်။

ထားလိုက်ပါတော့၊ သူမကိုအခွင့်ရေးတစ်ခုတော့ပေးလိုက်ပါမယ်လေ။

သက်ပြင်းလေးတစ်ချက်ဖြင့် သူဟာပြောလိုက်သည်။

"ကောင်းပြီ၊ ဒါဆိုရင် ငါမင်းပြောတာကိုနားထောင်လိုက်မယ်။ လင်းရှင်းယွဲ့၊ ဒီနေ့ကစပြီး မင်းကို ငါ့ရဲ့ အမည်ခံတပည့်အဖြစ် မှတ်ယူလိုရပြီ။"

လင်းရှင်းယွဲ့၏မျက်လုံးများတောက်ပသွားသော်လည်း သူမဟာ မာန်ဝံ့စွာ ပြောနေဆဲပင်။

"ဒါ...ဒါ... ဒါကရှင့်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နော်။ ကျွန်မ တွန်းအားမပေးခဲ့ဘူး!"

လုရှောင်ယန်မှာ ကူရာမဲ့စွာပြုံးလိုက်သည်။ ထိုမိန်းကလေး၏ ဘဝင်မြင့်သောစရိုက်မှာ သူမ၏ဖခင်နှင့် မသင့်လျော်သောဆက်ဆံရေးရှိသည့် အယ်လီဟူသည့်မိန်းကလေးနှင့် တူညီသည်ဟုပင် ဆိုနိုင်သည်။ သူမဟာ အင်မတန်ခေါင်းမာလှချေ၏!

"ကောင်းပြီလေ၊ ဒီမှာပဲရပ်မနေနဲ့။ မင်းကို အမည်ခံတပည့်အဖြစ်လက်ခံလိုက်ပေမယ့်လည်း မင်းကို အမည်မဲ့ဂိုဏ်းရဲ့ ပထမမျိုးဆက်တပည့်လို့ မှတ်ယူနိုင်နေတုန်းပဲ။ မင်းကြိုးစားပြီး ကျင့်ကြံဆင့်ကို မြန်မြန်တိုးတက်အောင်လုပ်ရမယ်။ အဲ့ဒီတတိယမျိုးဆက်တပည့်တွေထက် မနိမ့်ကျစေနဲ့။"

လင်းရှင်းယွဲ့မှာ အေးခဲသွားတော့သည်။

"မပူပါနဲ့။ ရှင်ကျွန်မကို အသက်ပြန်ရှင်စေလိုက်ကတည်းက ကျွန်မရဲ့ကျင့်ကြံနှုန်းက အရင်ကထက် အများကြီးပိုအားကောင်းလာတယ်။ ကျွန်မသူတို့ကို လုံးဝမရှုံးနိမ့်စေရဘူး။"

လုရှောင်ယန်မှာ ခေါင်းငြိမ့်ကာ လင်းရှင်းယွဲ့အား တောင်နှင့် မြစ်ပန်းချီ၏ လေ့ကျင့်ရေးခန်းမဆီသို့ ကျင့်စဉ်များရှာဖွေရန် စေလွှတ်လိုက်သည်။

ပြောရလျှင် သူမဟာ သူ၏ကိုယ်ပိုင်တပည့်မဟုတ်သလို ကိုယ်ပိုင်တပည့်ကျင့်စဉ်အား ပေးရန်လည်းမလိုပါချေ။

သို့သော် အခုပြောလိုက်သော စကားလုံးများမှာ မည်သည်ကိုဆိုလိုနေပါသနည်း?

သူမ၏ကျင့်ကြံခြင်းပါရမီမှာ ပို၍သန်မာလာသည်လား?

ဒါက သူ့ရဲ့သွေးကြောင့်များလား?

သူ့ရဲ့သွေးက သူမရဲ့ကိုယ်ကို ပြန်လည်တည်ဆောက်ပေးပြီးချိန်မှာ သူမရဲ့ကျင့်ကြံခြင်းပါရမီကို အတော်လေး တိုးမြင့်စေခဲ့တာလား?

လုရှောင်ယန်မှာ သူ၏အရိုးနှင့်သွေးများမှာ ပန်ဂု၏သွေးအဆီအနှစ်နှင့် ‌အရိုးများမှ ဖန်ဆင်းထားသည်ကို သိလေသည်။ ဒါကြောင့်များလား?

ထိုသို့သာဆိုပါလျှင် အနာဂတ်၌ တပည့်များအား ပြန်လည်ရှင်သန်စေရာတွင် သူ၏သွေးအဆီအနှစ်ကို ထည့်သွင်းပေးရမည်။ ဒါက ပိုကောင်းတဲ့သက်ရောက်မှု ဖြစ်လာနိုင်လောက်လား?

သူဟာ အနာဂတ်တွင် ၎င်းအား စမ်းသပ်ကြည့်ရချေမည်။

လင်းရှင်းယွဲ့မှာ လေ့ကျင့်ရေးခန်းမစာကြည့်တိုက်သို့ရောက်လာပြီးနောက်တွင် လုရှောင်ယန်မှာ ကြွေပု‌လင်းလးတစ်ခုအား ကျူးကောကျီချုံထံလွှဲပြောင်းပေးလိုက်သည်။

"ကျီချုံ၊ ဒီအတောတွင်း မင်းခံစားခဲ့ရပြီးပြီ။ အခု မင်းရဲ့စီနီယာအစ်ကိုတွေ အစ်မတွေလည်း အနားမှာရှိနေတော့ မင်းတစ်ယောက်တည်းကိုပဲ ဂရုစိုက်ပေးနေလို့ မသင့်လျော်လှဘူး။ ဒီပုလင်းလေးမှာ မွေးဖွားခြင်းချီပါဝင်တယ်။ ဒါကိုယူပြီး အရင်ဆုံး သန့်စင်လိုက်ပါ။ ဒါက မင်းကျင့်ကြံခြင်းမှာ အတော်လေး ‌အထောက်အကူပြုလိမ့်မယ်။"

လုရှောင်ယန်ထံတွင် ရွေးချယ်စရာလည်းမရှိပါချေ။ သူ့ထံ၌ မွေးဖွားခြင်းချီ များများစားစားမရှိတော့သောကြောင့်ပါပင်။ ထို့အပြင် သူဟာ စွမ်းအင်အမြောက်အများကိုလည်း သူ၏လက်နက်များအား အဆင့်တိုးမြှင့်ရန် အသုံးပြုခဲ့သည်။

သူသာ အမတအဆောင်လက်နက်အား မွေးဖွားခြင်းဝိဉာဉ်ရတနာအဖြစ်သို့ သန့်စင်ချင်ပါလျှင် မွေးဖွားခြင်းချီ အနည်းဆုံး ဒါဇင်ချီမျှ လိုအပ်ပေလိမ့်မည်!

သူ့ထံတွင် အလုံအလောက်မရှိပါချေ။ မဟုတ်ပါက သူဟာတပည့်များအတွက် အားလုံးစီစဉ်ထားလိမ့်မည်ဖြစ်၏။

ကျူးကောကျီချုံမှာ လက်များကိုဆုပ်ကာ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်၊ ဆရာ"

"ကောင်းပြီ! သွားတော့"

ကျူးကောကျီချုံမှာ ကြွေပုလင်းလေးအား ရရှိပြီးနောက်တွင် ထွက်ခွာသွားသည်၊ လုရှောင်ယန်မှာ မနေနိုင်ဘဲ မျက်မှောင်ကျုံ့လိုက်မိ၏။

"ဒါက ငါပဲစိတ်ကူးပဲလား? ဘာလို့ ကျီချုံက... ပိုပြီး သေးသွားတာပါလိမ့်?"

သို့သော်သူဟာ အရေးကြီးကိစ္စများစီ ခပ်မြန်မြန်ပြန်လှည့်လိုက်သည်။

ယွင်လီကော၏ကျင့်ကြံဆင့် အတော်လေးတိုးတက်သွားတာကြောင့် လက်ဆောင်အိတ်အများအပြား ရောက်ရှိနေပြီဖြစ်သည်။

ထို့အပြင် ၎င်းတို့အားလုံးမှာ အတော်လေး အဆင့်မြင့်သော လက်ဆောင်ထုပ်များဖြစ်ကြသည်။ အထဲမှာ ပစ္စည်းကောင်းလေးတွေ ပိုပါလာသင့်တယ်မဟုတ်လား?

"ဝမ့်ခိုက် လက်ဆောင်ထုပ်တွေ ထုတ်လိုက်တော့"

[နားလည်ပါပြီ]

လုရှောင်ယန်မှာ လက်ဆောင်ထုပ်အားလုံးအား တစ်ခုပြီးတစ်ခု ဖွင့်နေလေသည်။

မွေးဖွားခြင်းချီ × 12345

လုရှောင်ယန်၏မျက်လုံးများတောက်ပသွားသည်။ တကယ်ကိုမဆိုးလှပါချေ။ လီကောမှာ အင်မတန်အံ့ဩစရာကောင်းလှ၏!

ထိုမျှ များပြားလှသော မွေးဖွားခြင်းချီဖြင့် သူ၏ဓမ္မရတနာများအား အရည်အသွေးပိုကောင်းစေရန် ပိုလွယ်ကူသွားပြီပင်။

တပည့်များ၏ အမှတ်အသားအား ကမ္ဘာငယ်ထဲသို့ထည့်ပြီးနောက်တွင် ၎င်းတို့မှာ ကောင်းကင်ဘုံအတိဒုက္ခအား လုံးဝကြောက်ရွံ့ရန်မလိုတော့ပါချေ။ အနာဂတ်တွင် ၎င်းတို့မှာ အမတလမ်းစဉ်များအား ကျင့်ကြံနိုင်ကာ အမတအဆောင်လက်နက်များနှင့် မွေးဖွားခြင်းမူလရတနာများကိုပင် အသုံးပြုရမည်ဖြစ်သည်။ ၎င်းတို့၏စွမ်းအားမှာ ထပ်မံ၍ ကြီးကြီးမားမား တိုးတက်လာလိမ့်ပေဦးမည်။

ဒါကတကယ်ကို ပြီးပြည့်စုံတယ်!

အမတလမ်းစဉ် ခရမ်းကောင်းကင်နတ်မိုးကြိုး × 1

‌ခရမ်းကောင်းကင်နတ်မိုးကြိုးအား တိုက်ခိုက်ရန် တိုက်ရိုက်အသုံးပြုနိုင်ကာ အခြားသောတိုက်ခိုက်မှာများကိုလည်း အထောက်အကူပြုရန် ယှဉ်တွဲအသုံးပြုနိုင်သည်။

၎င်းမှာ အခြေခံအားဖြင့် ခရမ်းကောင်းကင်နတ်မိုးကြိုးအစီအရင်၏ ရိုးရှင်းသောအမျိုးအစားဖြစ်သည်။ ၎င်းမှာအသုံးပြုရန် ပို၍ပင် အဆင်ပြေပြေရှိကာ ခင်းကျင်းရန်လည်းမလိုအပ်ပါချေ။

အမတသားရဲဥ × 100000

သေစမ်း၊ သူဟာ အမတသားရဲဥများကိုပင် စတင်ရရှိနေပြီဖြစ်၏!

ယခုတွင် သူ၏တပည့်များအား အစားအစာများပိုမိုပေးနိုင်တော့မည့်ပုံပင်။ ၎င်းတို့မှာ နေ့တိုင်း အမတသားရဲဥပြုတ် ၂လုံးစားပါလျှင် ကျင့်ကြံခြင်းမှာ ပိုမို မြန်ဆန်လာနိုင်လိမ့်မည်ဖြစ်၏။

‌ပြည့်စုံတယ်။

အမတလမ်းစဉ်၊ ဘဝလမ်းစဉ်ငယ် × 1

ထိုလမ်းစဉ်မှာ ဝိဉာဉ်အစစ်အမှန်များ၏ စကားလုံးများကို ပြောခြင်းနှင့်ပင် စစ်မှန်သော ထိခိုက်မှုအားရင်ဆိုင်‌ရစေနိုင်သည်။

ပြောရလျှင် ထို ဘဝလမ်းစဉ်ငယ်အား အသုံးပြုပြီးနောက်တွင် သူဟာတစ်ဖက်လူအား စကားပြောနေရုံနှင့်ပင် ထိခိုက်စေနိုင်သည်။

၎င်းမှာ အံ့ဖွယ်ပင်!

သို့သော် ထိုသို့ပြောမည်ဆိုလျှင် ထိုကျင့်စဉ်မှာ သူတော်စင်၏အသံနိယာမနှင့် အနည်းငယ်ဆင်တူကာ အင်မတန်စွမ်းအားကြီးလေသည်။

"ဝမ့်ခိုက်၊ ဒီကျင့်စဉ်က နည်းနည်းလောက် အတော်လေး ပုံမှန်မဖြစ်နေဘူးလား? ဒါက သူတော်စင်အသံနိယာမနဲ့ ဆင်‌တူနေတာလား?"

[သခင် မှားနေပြီ။ ဒါက သူတော်စင်တွေသုံးတဲ့ နိယာမအမျိုးအစားမဟုတ်ဘူး။ ဒါက အမတလမ်းစဉ်ဖြစ်ပြီးတော့ အမတလမ်းစဉ်ကို ဆင့်ကဲတိုးမြှင့်ထားတာပါ]

[အခုတော့ ဒါက ဘဝ‌လေးလမ်းစဉ်ပါပဲ။ အနာဂတ်မှာ ဘဝကြီးလမ်းစဉ်အထိတောင် တိုးမြှင့်နိုင်ပါတယ်]

[ဒါသာ အဆင့်မြင့်သွားပြီး ဘဝကြီးလမ်းစဉ်ဖြစ်လာရင် သူတော်စင်တစ်ပါးကိုတောင် ထိခိုက်စေနိုင်လိမ့်မယ်]"

[ဒါက ဟုန်ကျွင်းရဲ့စွမ်းအားနဲ့တောင် အဆင့်တူနေတယ်။ သာမန်သူတော်စင်တွေကိုတောင် ကျော်လွန်နေပြီ]

"စွမ်းအားကြီးလိုက်တာ!"

လုရှောင်ယန်မှာ မနေနိုင်ဘဲ သက်ပြင်းချလိုက်သည်။

ဝမ့်ခိုက်မှာ တကယ်ကို အံ့ဖွယ်ပင်။ ကောင်းကင်တာအိုနှင့် အဆင့်တူသည့် ဖြစ်တည်မှုမှာ ခန့်မှန်းထားသလိုပါပင်။

သူတော်စင်အဆင့်အောက်များအား ပုရွက်ဆိတ်များဟု လူတိုင်း‌ဆိုကြသည်၊ သို့သော် ကောင်းကင်တာအိုအောက်တွင် သူတော်စင်များမှာလည်း ပုရွက်ဆိတ်ကလေးများပါပင်။

နောက်တစ်မျိုးဆိုရလျှင် ဝမ့်ခိုက်အောက်ရှိ သာမန်သူတော်စင်များမှာ တကယ်ကိုပင် အမှိုက်ဖြစ်၏။

[ဒါပေမယ့်၊ ဒီအမတလမ်းစဉ်က စွမ်းအားကြီးပေမယ့်လည်း ကန့်သတ်ချက်တစ်ခုတော့ရှိနေတယ်။ ဒါက သခင့်ရဲ့ ဘဝသက်တမ်းကို လောင်ကျွမ်းစေလိမ့်မယ်!]

လုရှောင်ယန် : "..."

ဤလောက၌ မည်သည့် အခမဲ့စားရသည့်နေ့လည်စာဟူ၍မရှိသည်ကို သူလည်းသိပါသည်!

သို့သော်၊ ထားလိုက်ပါတော့။ သူ၏သက်တမ်းတိုသွားလျှင်လည်း ဘာအရေးနည်း? ထိုအစိတ်အပိုင်းသာ တိုမသွားလျှင် အဆင်ပြေနေသေးသည်ပင် :3

လုရှောင်ယန်မှာ ကျန်ရှိသော လက်ဆောင်ထုပ်များနှင့် မွေးဖွားခြင်းမူလရတနာအချို့ကို ဖွင့်လိုက်သည်။ မည်သို့ဆိုစေ ၎င်းတို့အားလုံးမှာ ပစ္စည်းကောင်းလေးများဖြစ်ကြ၏။

သူဟာ အနာဂတ်တွင် အမည်မဲ့ဂိုဏ်း၏ စွမ်းအားတိုးလာရန် တပည့်များထံသို့ ၎င်းတို့အားလုံးအား ပေးအပ်ဖို့ရာ စီစဉ်ထားသည်။

ထိုအထောက်အကူလှိုင်းပြီးနောက်တွင် သူ၏နောက်အစီအစဉ်အား တွေးတောရလိမ့်မည်။

လုရှောင်ယန်မှာ ယွင်လီကောအား ခေါ်လိုက်ကာ နောက်ထပ် အမတသားရဲဥများအား မျှဝေလိုက်သည်။ ထို့နောက်တွင် သူဟာသီးသန့်ကျင့်ကြံခြင်းသို့ ချက်ချင်းဝင်ရောက်လိုက်၏။ သူ၏နတ်အဆောင်လက်နက်များအား တုပကာ မကျင့်ကြံခင်တွင် ကမ္ဘာငယ်၌ တပည့်များ၏ အမှတ်အသားကို ရောင်ပြန်စေလိုက်သည်။

…

တစ်ဖက်တွင် အမည်မဲ့ဂိုဏ်း၏ ဒုတိယမျိုးဆက်တပည့်များမှာလည်း လေ့ကျင့်ရေးခန်းမစာကြည့်တိုက်ထဲသို့ ဝင်လာနေပြီဖြစ်ကာ ကျင့်စဉ်များအား စတင်ရှာဖွေလိုက်ကြသည်။

၎င်းတို့ဝင်သွားသည်နှင့် လူတိုင်းမှာ နက်နဲမှုအဆင့်ကျင့်စဉ်များ၏ တလက်လက်တောက်ပနေမှုကြောင့် အံ့အားသင့်သွားရတော့သည်!

"သေစမ်း! ဆရာအဘိုးက တကယ်ကိုအံ့ဩစရာပဲ။ ဒါတွေအားလုံးက နက်နဲမှုအဆင့်ကျင့်စဉ်တွေချည်းပဲ!"

ရိုးသားရလျှင် ၎င်းတို့မှာ အပြင်ဘက်၌ နှစ်ပေါင်းများစွာ ကောင်းကောင်းနေထိုင်ခဲ့ရသည်။ ၎င်းတို့ထံ၌ နတ်လမ်းစဉ်နှင့် နတ်အဆောင်လက်နက်များ လုံးဝမပြတ်လပ်ခဲ့ပါချေ။

ကျွင့်ပုကျန်း၏ငွေညှစ်ခြင်းနှင့် ကျန်းထိုင်ရွှမ်၏ အုတ်ဂူတူးခြင်းမှပင်ဖြစ်ပါစေ၊ ဒုတိယမျိုးဆက်တပည့်များမှာ အမြဲတစေ ရတနာများစွာ ရရှိခဲ့သည်ပင်။

သို့သော် လုရှောင်ယန်၏လေ့ကျင့်ရေးခန်းမစာကြည့်တိုက်နှင့် နှိုင်းစာရပါလျှင် ထိုရတနာများမှာ တကယ်ကိုပင် မထင်မရှားဖြစ်နေ၏။

လူတိုင်းမှာ ၎င်းတို့နှင့် သင့်‌လျော်မည့်ကျင့်စဉ်များအား စိတ်လှုပ်တရှား ရှာဖွေနေချိန်၌ စူးစမ်းလိုသောကလေးငယ်များနှင့်ပင် တူနေသေးသည်။

လူအုပ်ထဲတွင် ဗုဒ္ဓတုတ်ချောင်းအား ကိုင်ဆောင်ထားသော ထိပ်ပြောင်နှင့်လူမှာတော့ စိုးရိမ်နေဟန်ရှိသည်။

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၂၇။ အပိုင်း ၃၉၂ ဆရာအဘိုးကအင်မတန်ကိုမှအံ့ဖွယ်ပဲ

ထိုထိပ်ပြောင်မှာ မတိုင်ခင်က ထိပ်ပြောင်နဲ့ အတူတူပင်ဖြစ်၏။ အကြောင်းမှာ အမည်မဲ့ဂိုဏ်းတစ်ခုလုံး၌ ထိပ်ပြောင်မှာ တစ်ဦးတည်းသာရှိခြင်းကြောင့်ပင်။

ထိုထိပ်ပြောင်မှာ သဘာဝကျကျပင် လုံကွမ်းဖြစ်၏။

သူဟာ ယခုတွင် အင်မတန်စိတ်ပျက်နေသည်။

ဘာကြောင့်လဲ?

ဘာကြောင့် သူ ဘုန်းတော်ကြီးတစ်ယောက်ဖြစ်ဖို့ ရွေးချယ်ခဲ့ရတာလဲ?

သူသာ ဘုန်းတော်ကြီးဖြစ်မလာခဲ့ရင် ဒီလိုအဆုံးသတ်ရမှာမဟုတ်ဘူး။

သူ၏ဆရာထံတွင် ထူးခြားသောနည်းလမ်းများစွာ ရှိပါသော်ငြားလည်း ဗုဒ္ဓကျင့်စဉ်တစ်ခုရှိရန်မှာမူ မဖြစ်နိုင်ချေ။

ပြောရလျှင် သူ၏ဆရာအဘိုးမှာ ဗုဒ္ဓဂိုဏ်းသားမဟုတ်ချေ။

ထို့အပြင် အမည်မဲ့ဂိုဏ်းမှာလည်း ဗုဒ္ဓဂိုဏ်းနှင့် ပြဿနာဖြစ်ပြီးကာစဖြစ်သည်။

သူ၏ဆရာထံ၌ ကျင့်စဉ်တစ်ခုရှိနေခဲ့ပါလျှင်တောင် သူ့အား ပေးမည်မဟုတ်ပါချေ။

ထို့အပြင် နတ်ဘုရားလောကရှိ‌သူ၏အခြေခံမှာလည်း ဗုဒ္ဓကျင့်စဉ်ဖြစ်သည်။ ယခုမှသာ အခြားကျင့်စဉ်ကိုကျင့်ကြံလိုက်ပါလျှင် ဗုဒ္ဓကျင့်စဉ်နှင့် ဆန့်ကျင်ကာ ၎င်းအားကျင့်ကြံရန်မဖြစ်နိုင်ပါချေ။

သူ၏ကိုယ်တွင်းမှ ဗုဒ္ဓစွမ်းအားကို ဖျက်ဆီးခြင်းဖြင့်သာ ဆက်လက် ကျင့်ကြံနိုင်မည်ဖြစ်၏!

မူလတွင် သူ၏ကျင့်ကြံဆင့်မှာ အမည်မဲ့ဂိုဏ်း၏တတိယမျိုးဆက်ဂိုဏ်းသားများအကြားတွင် အမြင့်ဆုံးဖြစ်ခဲ့၏။

သို့သော် ဆရာအဘိုး၏အကူအညီဖြင့် အားလုံးမှာ သူ့ထက်သာလွန်လာတော့မည်ဖြစ်သည်။

လုံကွမ်းမှာ အနာဂတ်ကိုတွေးတောကာ အင်မတန်ဝမ်းနည်းနေတော့၏။

ထိုအခိုက်တွင် မနီးမဝေးမှ ရှစ်ချန်လင်မှာ ရုတ်တရတ်အော်ပြောလိုက်သည်။

"ထိပ်ပြောင်ရေ မြန်မြန်လာ။ ဒီမှာ ဗုဒ္ဓကျင့်စဉ်တစ်ခုရှိတယ်ဟ!"

"ဘာ!"

လုံကွမ်းမှာ ရုတ်တရတ်အံ့အားသင့်ကာချက်ချင်းပင် ပြေးထွက်သွား၏။

ဗုဒ္ဓကျင့်စဉ်အတန်းလိုက်အား မြင်သည်တွင် ရပ်တန့်သွားတော့၏။

"မိုးနတ်မင်းကြီး! ဒါ...ဒါ တကယ်ကို ဂေါတမနတ်လက်ဝါးပဲ! ဒါတကယ်ကြီးကို ဂေါတမနတ်လက်ဝါးပဲ!"

"ပြီးတော့ မဟာစွမ်းအားကောင်းကင်နဂါးလည်းရှိတယ်! မဟာဘရာမဗုဒ္ဓအသံ! ဗုဒ္ဓလက်သုံးထောင်! ကောင်းကင်ဘုံနဂါး‌မြည်သံရှစ်ပါး! ဘုရားရေ ဗုဒ္ဓကျင့်စဉ်တွေများလှချည်လား? ဟားဟားဟား... အားလုံးကထိပ်တန်းအဆင့်မှီတွေချည်းပဲ။ ဗောဓိကျောင်းမှာတောင် ဒါတွေမရှိဘူး!

ဆရာအဘိုးကတကယ်ကို အံ့ဖွယ်ပဲ!"

လုံကွမ်းမှာ စိတ်လှုပ်ရှားကာ မျက်ရည်များပင် စီးကျလာတော့၏။

ပြောရလျှင် လုရှောင်ယန်ထံ၌သာ မည်သည့်ဗုဒ္ဓကျင့်စဉ်မျှသာရှိမနေပါလျှင် သူ၏ဗုဒ္ဓစွမ်းအားကို ဖျက်ဆီးကာ အသစ်တစ်ဖန်ကျင့်ကြံရမည်ဖြစ်သည်ပင်။

ယခုတွင် လုရှောင်ယန်ထံ၌ ဗုဒ္ဓကျင့်စဉ်များရှိသည်သာမက ဗုဒ္ဓဂိုဏ်း၏ထိပ်တန်းအဆင့်များပင်ဖြစ်နေသေးသည်။ ထိုသို့ဆိုလျှင် သူဟာ အနာဂတ်၌ လေဟုန်ကိုစီးလျက် လှိုင်းတံပိုးများကိုပင် ချိုးဖြတ်နိုင်တော့အလားပင်။

အားလုံးမှာ လုံကွမ်းအား မနာလိုစွာကြည့်လိုက်ကြ၏။

ထိုလေ့ကျင့်ခန်းမစာကြည့်တိုက်အတွင်း၌ အသွင်‌ပြောင်းလဲခြင်းတစ်ဆယ့်ရှစ်ပါး၊ ကိုယ်ပွားလမ်းစဥ်နှင့် ကမ္ဘာမြေလွတ်မြောက်လမ်းစဉ်တို့ကဲ့သို့သော အခြား အမတကျင့်စဉ်များလည်းရှိနေသေးသည်... သို့သော် အမတလမ်းစဉ်များအတွက် အဆင့်မှီသူမရှိပါချေ။

ထို့ကြောင့် အားလုံးမှာ အမတကျင့်စဉ်များဖြစ်ကြပါသော်လည်း အချို့မှာ ရယ်စရာကောင်းလောက်အောင် စွမ်းအားကြီးသည်။ အချို့မှာမူ သာမန်ပင်။

၎င်းတို့မှာ ကမ္ဘာမြေလွတ်မြောက်ခြင်းလမ်းစဉ်အား ဂေါတမနတ်လက်ဝါးနှင့် ယှဉ်ရန် မဖြစ်နိုင်သလိုပါပင်။

အားလုံးမှာ အမတလောကသို့ မရောက်ဖူးကြပါသော်လည်း ဂေါတမနတ်လက်ဝါးမှာ မည်မျှ စွမ်းအားကြီးကြောင်းကိုမူ သိကြချေ၏!

သို့သော် ကျွင့်ချန်းမင်မှာ မနေနိုင်ဘဲပြောလိုက်သည်။

"ဒါပေမယ့် မင်းရဲ့ဒီဗုဒ္ဓကျင့်စဉ်တွေအားလုံးက အမတလမ်းစဉ်တွေချည်းပဲ! မင်းကအခု အမတကျင့်စဉ်တွေကိုကျင့်ကြံနိုင်နေပြီလား? အမတကျင့်စဉ်တွေကိုကျင့်ကြံချင်ရင် အမတကိုယ်ထဲမှာ ကျင့်ကြံနိုင်တဲ့အချိန်ထိစောင့်ရမယ်လေ။ ပြီးတော့ ဒါတွေကို ကျင့်ကြံဖို့ အမတလောကမှာလည်း ရှိနေရမှာ၊ ဟုတ်တယ်ဟုတ်?"

"မဟုတ်ရင် မဟာတာအိုမြင့်‌မြတ်သောအပြစ်ပေးခြင်းဆင်းသက်လာပြီး မင်းကို ငါးရူးတစ်ကောင်လိုကင်ပစ်လိမ့်မယ်"

ကျွင့်ချန်းမင်၏စကားလုံးများမှာ ရေအေးတစ်ပုံးလောင်းချလိုက်သကဲ့သို့ လုံကွမ်း‌ပေါ် ချက်ချင်းပင် ဖိတ်စင်သွားတော့သည်။

ဟုတ်သားပဲ!

ဒီကျင့်စဉ်တွေက ကောင်းမွန်ပေမယ့် သူသာ မကျင့်ကြံနိုင်ရင် ဘာလုပ်ရတော့မှာလဲ?

ပြီးတော့ သူ အမတအဆင့်ကိုရောက်ဖို့ ဘယ်လောက်တောင်ကြာဦးမှာလဲ?

သူဟာယခုမှ ဆယ်ပါးသောသိုင်းနတ်ဘုရားလေးသာဖြစ်သည်။

၎င်းနောက်တွင် များပြားလှသောအဆင့်များရှိသေးချေသည်။ ထို့အပြင် ကျင့်ကြံဆင့်မြင့်လေ ကျင့်ကြံရန် ခက်ခဲလေပင်။

သူသာထို အခြေနေထိကျင့်ကြံပါလျှင် ထိုရောင်းရင်းဂိုဏ်းသားများမှာ ကောင်းကင်ဘုံထွဋ်ဖျားရွေရောင်အမတအရှင်များပင်ဖြစ်နေလောက်ချေပြီ!

ထိုအခိုက်၌ လုံကွမ်းမှာ စိတ်ဓာတ်ကျနေသော ကြောင်လေးတစ်ကောင်ကဲ့သို့ဖြစ်နေလေသည်။

"မဟုတ်သေးဘူး! ငါဆရာအဘိုးကိုမြန်မြန်ရှာပြီး အကူအညီတောင်းရမယ်!"

လုံကွမ်းမှာ ချက်ချင်းပင် လုရှောင်ယန်၏အခန်းဆီသို့ ပြေးသွားလိုက်သည်။

သူဟာတံခါးကိုခေါက်လိုက်၏။

"ဆရာအဘိုး၊ လုံကွမ်းက အကူအညီတောင်းဆိုချင်ပါတယ်"

သီးသန့်ကျင့်ကြံ‌နေသည့် လုရှောင်ယန်မှာ လုံကွမ်းအသံအားကြားချိန်တွင် မနေနိုင်ဘဲ အနည်းငယ် အံ့ဩသွားသည်။ သူဟာချက်ချင်းပင် တားမြစ်စည်းအား ပယ်ဖျက်ကာ လုံကွမ်းအား ဝင်လာစေလိုက်၏။

"ဝင်လာခဲ့"

လုံကွမ်းမှာ လုရှောင်ယန်၏ခွင့်ပြုချက်ကိုရသည်နှင့် အင်မတန်ပျော်ရွှင်သွားသည်။

သူဟာ အခန်းတွင်းသို့ ခပ်မြန်မြန်ဝင်လာကာ လုရှောင်ယန်အား အရိုအသေပေးလိုက်၏။

"ဆရာအဘိုး၊ အနှောင့်အယှက်ပေးမိလို့ တောင်းပန်ပါတယ်။ ခွင့်လွှတ်ပါ"

"ရပါတယ်။ ‌ဒါပေမယ့် မင်းကျင့်စဉ်ရှာဖို့အတွက် လေ့ကျင့်ခန်းမစာကြည့်တိုက်ကို ဘာလို့မသွားတာလဲ? ဘာလို့ငါ့ဆီရောက်လာတာလဲ?"

"ဆရာ၊ ကျွန်တော်နဲ့သင့်တော်မယ့်ကျင့်စဉ်ကိုသွားရှာခဲ့ပြီးပါပြီ။ ဒါပေမယ့် ကျင့်စဉ်တွေအားလုံးက အမတအဆင့်တွေချည်း ဖြစ်နေလို့ပါ။ ကျွန်တော့ လက်ရှိကျင့်ကြံဆင့်က အရမ်းနိမ့်နေသေးတော့ အဲ့ဒါတွေကိုမကျင့်ကြံနိုင်သေးဘူး"

"ဒါကို တစ်ခုခုအရေးပါတယ်လို့ထင်ခဲ့ပေမယ့် ကိစ္စကြီးဖြစ်လာတာပဲ။ ငါ့မှာ ဘယ်လိုသာမန်ဗုဒ္ဓကျင့်စဉ်မှမရှိဘူး။ ဗုဒ္ဓကျင့်စဉ်ဆိုလို့ အနိမ့်ဆုံးအဆင့်ဖြစ်တဲ့ အမတအဆင့်ကျင့်စဉ်တွေပဲရှိတယ်။"

လုံကွမ်း၏မျက်နှာမှာ ချက်ချင်းရှုံ့တွသွား၏။

ရယ်စရာကောင်းမနေဘူးလား? ဒီကျင့်စဉ်တွေရဲ့ အနိမ့်ဆုံးအဆင့်အားလုံးက အမတအဆင့်တွေချည်းပဲတဲ့လေ?

သူစတင်လိုက်သည့်အရာမှာ နတ်ဘုရားလောကတစ်ခုလုံးရှိ ဗုဒ္ဓဂိုဏ်းသားများ၏ ပန်းတိုင်များပင် ဖြစ်၏!

"ဒါဆို ကျွန်တော်ဘာလုပ်သင့်လဲ? ကျွန်တော့်ကိုယ်ထဲက ဗုဒ္ဓစွမ်းအားကိုဖျက်ဆီးပြီး တခြားကျင့်စဉ်တွေပဲ ထပ်ကျင့်ကြံရမလား?"

လုရှောင်ယန်မှာ ခေါင်းကိုခါယမ်းလိုက်သည်။

"မလိုပါဘူး။ ငါ့ရဲ့ကမ္ဘာငယ်ထဲမှာ မင်းရဲ့အမှတ်အသားတွေကို မှတ်တမ်းတင်ဖို့ပြင်ထားပြီးပြီ။ အခုကစပြီး မင်းလည်း သုံးလောကနဲ့ ဓာတ်ကြီးငါးပါးကနေ လွတ်မြောက်နိုင်ပြီ။ ပြန်လည်ဝင်စားခြင်း နည်းလမ်းခြောက်သွယ်ကလည်း မင်းကိုမထိန်းချုပ်နိုင်တော့ဘူး။ ဒီလိုဆိုမှတော့ ကောင်းကင်တာအိုကလည်း မင်းကို မထိန်းထားနိုင်တော့ဘူးလေ။ ပြောရရင် မင်းလည်း အမတလမ်းစဉ်တွေကို ကျင့်ကြံနိုင်ပြီ!"

"ဟစ်~"

လုံကွမ်းမှာ ချက်ချင်းပင် ဦးရေပြားမှာ ထုံကျင်သလိုခံစားလိုက်ရသည်!

ဒါကအတော်လေးအထင်ကြီးစရာပဲမလား?

၎င်းတို့၏ဆရာအဘိုးမှာ တကယ်ကိုပင် သူတို့အား သုံးလောကနှင့် ဓာတ်ကြီးငါးပါးတို့ထံမှပင် လွတ်မြောက်ရန်ကူညီနိုင်သည်!

ဒါကအရမ်းစွမ်းအားမကြီးနေဘူးလား?

ရှေးအချိန်များက ၎င်းအားလုပ်ဆောင်နိုင်ခဲ့သူများမှာ အနည်းဆုံး ရွှေရောင်အမတအဆင့်သို့ရောက်ရှိခဲ့သည်ပင်!

သို့သော် ၎င်းတို့မှာ ကိုယ်တိုင်ကိုသာ သုံးလောကကနေ လွတ်မြောက်စေနိုင်သည်။ အခြားသူများအား ထိုသို့လုပ်နိုင်ရန် မကူညီနိုင်ကြချေ။

ယခုတွင်မူ ၎င်းတို့၏ဆရာအဘိုးမှာ အမည်မဲ့ဂိုဏ်းမှ တပည့်အားလုံးအား သုံးလောကမှလွတ်မြောက်စေချင်သည်။ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များသည်ပင် ထိုသို့မလုပ်နိုင်ပါချေ!

ဒါဆိုရင်... သူတို့ဆရာကအဲ့ဒါများ....

ဟစ်!

လုံကွမ်း၏ဝိဉာဉ်တစ်ခုလုံးမှာ ထိတ်လန့်လျက် ပြောစရာမဲ့သွားရသည်!

‌ဘုရားရေ!

၎င်းတို့မှာ တကယ်ကိုပင် သူတော်စင်တစ်ပါး၏တပည့်များဖြစ်ကာ ပထမနှင့် ဒုတိယမျိုးဆက်တပည့်များပင်ဖြစ်၏!

ဒါက တကယ်ကြီးကို... အံ့ဖွယ်ပဲ!

လုံကွမ်းမှာ ယခုတွင် ရူးမတတ်ရယ်မောချင်နေ၏။

ယခင်က သူဟာတကယ်ကိုအင်မတန်ဉာဏ်ရှိခဲ့သည်ပင်!

သူဟာအမည်မဲ့ဂိုဏ်းအား ဝင်ရောက်ရန်ရွေးချယ်ခဲ့ပြီး လက်ရှိဂိုဏ်းချုပ်အား မဆန့်ကျင်ခဲ့ပါချေ။

မဟုတ်လျှင် သူဟာ ဖုန်မှုန့်ဖြစ်နေခဲ့သည်မှာ ကြာလောက်ပြီ။

သူဟာ ဒီတစ်ခေါက်တော့ တကယ်ကိုသတ်ချလိုက်တာပင်!

လုံကွမ်းမှာ အနိမ့်ပိုင်းလောကရှိ လုရှောင်ယန်၏ယခင်ဖျော်ဖြေမှုအား လုံးဝသံသယမရှိပါချေ။ လုရှောင်ယန်မှာ ယဲ့ချန်၏ ကိုယ်တိုင်ဖျက်ဆီးခြင်းအား ခုခံရန်မဖြစ်နိုင်ဘဲ နတ်ဘုရားလောကသို့ ဦးတည်လာသည့်အချိန်တွင်ပင် လုံ‌ကွမ်းမှာ လုရှောင်ယန်အား ယုံကြည်နေဆဲပါပင်။

အကြောင်းမှာ သူ၏ဆရာအဘိုး ထိုသို့မလုပ်နိုင်ခြင်းကြောင့်မဟုတ်ဘဲ ဆရာအဘိုး၏လက်များအား ကြိုးနှင့်ချည်ခံထားရသောကြောင့်ပင်။

အကြောင်းမှာ သူတော်စင်တစ်ပါးဖြစ်လာလျှင်ပင် ကောင်းကင်တာအိုကသူ့အား ကျော်လွန်နိုင်နေဆဲပင်!

ယခင်က အနိမ့်ပိုင်းလောက၌ရှိနေခြင်းကြောင့် ကောင်းကင်တအိုနိယာမ အပြစ်ပေးခြင်းအား ‌ဖြစ်ပွားစေခဲ့ခြင်းပင်။

သူတော်စင်များသည်ပင် ကောင်းကင်တာအိုအား သတိချပ်ရသည်။

သို့သော် သူတော်စင်တစ်ပါးမှာ မဟာတာအိုအောက် စွမ်းအားအကြီးမားဆုံးဖြစ်တည်မှုပင်။ လုံကွမ်းမှာ ဘဝင်မြင့်လွန်းသောကြောင့် မဟုတ်ပါချေ။ ပြောရလျှင် သုံးလောကလုံးရှိ လူဘယ်လောက်များများကများ သူတော်စင်တစ်ပါးကို ဆရာခန့်အပ်ခဲ့ပါသနည်း?

ပြောရလျှင် မည်သူမှ ရွှေရောင်အမတအဆင့်သို့ မကျင့်ကြံရသေးပါချေ။

သူ၏အနာဂတ်တွင် သူဟာရွှေရောင်အမတဖြစ်လာမည်၊ ထို့ကြောင့် မျက်လုံးများမှာ စိတ်လှုပ်တရှား နီမြန်းနေသည်။

"ဆရာအဘိုး! ဆရာအဘိုးကကျွန်တော့အပေါ် တကယ်ကောင်းတာပဲ။ ကျွန်တော်ဘာမှမပြောတော့ပါဘူး။ ကျွန်တော် ဝီရိယရှိရှိကျင့်ကြံပြီး ကျွန်တော့အသက်ကို ဆရာအဘိုးနဲ့ အမည်မဲ့ဂိုဏ်းအတွက် ရင်းထားပါ့မယ်!"

လုရှောင်ယန်မှာ ခေါင်းငြိမ့်လိုက်သည်။

"မင်းမှာ ဒီရည်ရွယ်ချက်‌ရှိနေရင် အဆင်ပြေပါပြီ။ အမှတ်အသားတွေကတော့ ခပ်မြန်မြန်လေးနဲ့ တစ်လလောက်ဆိုပြီးပါပြီ။ အဲ့သလိုဆိုရင် မင်းလည်း အမတကျင့်စဉ်ကို တိုက်ရိုက်ကျင့်ကြံနိုင်တော့မှာဆိုတော့ ပူစရာမလိုတော့ဘူး။"

"သိပါပြီ! ကျေးဇူးတင်ပါတယ်၊ ဆရာအဘိုး။ ကျွန်တော်အခုသွားပါတော့မယ်၊ ဆရာအဘိုးကိုထပ်မနှောင့်ယှက်တော့ပါဘူး။"

"ကောင်းပြီ၊ သွားပါ"

လုံကွမ်းမှာ ထွက်သွားခါနီးဆဲဆဲတွင် တစ်စုံတရာအားရုတ်တရတ် တွေးမိကာ ရပ်လိုက်၏။ သူဟာ ချက်ချင်းပင် ပုဟွားကျောင်းမှ နတ်ဆိုး ရှစ်သန်းအားလှောင်ပိတ်ထားသော ဟင်းလင်းပြင်လှောင်အိမ်အား လုရှောင်ယန်ထံသို့ လွှဲပေးလိုက်သည်။

"ဆရာအဘိုး၊ ဒါကျွန်တော် ပုဟွားကျောင်းကနေ တွေ့ခဲ့တဲ့ နတ်ဆိုးရှစ်သန်းပါ။ ပုဟွားကျောင်းက သူတို့ကို ‌နတ်ဆိုးသုတ်သင်ပွဲအတွက် ဗောဓိကျောင်းဆီပို့ဖို့ ပြင်ထားတာ။"

"အဆုံးကျတော့ ကျွန်တော်သူတို့ကို လမ်းတစ်ဝက်မှာတင်ကယ်လိုက်တယ်။"

"ဆရာအဘိုး၊ ကျွန်တော်တို့ဘာလုပ်သင့်လဲ?"

လုရှောင်ယန်မှာ လုံကွမ်းထံ၌ နတ်ဆိုးရှစ်သန်းရှိနေမည်ဟု ထင်မထားခဲ့ပါချေ။

"ဒါက ကြွယ်ဝမှုပမာဏ‌ခပ်သေးသေးမဟုတ်ဘူး။ ငါတို့ လွှတ်ပေးလို့မရဘူး။ ငါတို့လက်ထဲရောက်နေပြီပဲ။ ဘာမှမဟုတ်ဘဲ လွှတ်ပေးလိုက်ရင် အမည်မဲ့ဂိုဏ်းစည်းကမ်းတွေနဲ့ ကိုက်ညီမှာမဟုတ်တော့ဘူး။"

"ကျွန်တော်လည်း ထင်ပါတယ်။"

လုရှောင်ယန်မှာ တစ်ခဏမျှ တွေးတောလျက် ချက်ချင်းဆိုလိုက်သည်။

"ဟင်း၊ ငါသိပြီ! မကြာခင်ကမှ ရတနာရှစ်သွယ်စေတီကို ဖန်ဆင်းမိခဲ့တယ်။ ဒီရတနာရှစ်သွယ်စေတီက အမတအဆောင်လက်နက်ပဲ။ ဒါက မင်း ဗုဒ္ဓကျင့်စဉ်တစ်ခုကို ကျင့်ကြံရင် ဖြစ်လာမယ့်အရာပဲ။ ငါဒီနတ်ဆိုးရှစ်သန်းကို သန့်စင်ဖို့ ဗုဒ္ဓဓမ္မကိုသုံးပြီးရင် သူတို့ကို ရတနာရှစ်သွယ်စေတီထဲမှာ သိမ်းထားလိုက်မယ်။ သူတို့ကို နေ့တိုင်းညတိုင်း ဗုဒ္ဓကျမ်းဂန်တွေကို ဆိုစေပြီး ရတနာရှစ်သွယ်စီခြယ်စေတီရဲ့ စွမ်းအားကို မြှင့်တင်ဖို့ သူတို့ရဲ့ စိတ်စွမ်းအင်ကို အသုံးပြုရမယ်။"

"အနာဂတ်မှာ သူတို့တွေကို ရတနာရှစ်သွယ်စီခြယ်စေတီထဲမှာ ထောင်ဖမ်းထားရင် သူတို့ကို သုတ်သင်ဖို့လည်း ဒီဗုဒ္ဓစွမ်းအားကိုသုံးနိုင်လိမ့်မယ်။"

"ဒီလိုဆိုရင် ရတနာရှစ်သွယ်စီခြယ်စေတီကို မွေးဖွားခြင်းဝိဉာဉ်ရတနာ‌အနေနဲ့တောင် သတ်မှတ်လို့ရပြီ။ သုံးလောကမှာ အတော်လေးအထင်ကြီးစရာလို့ ယူဆနိုင်တယ်။"

"ကောင်းပြီ၊ အရင်ထွက်သွားနှင့်။ အမှတ်အသားကို လက်စသတ်ပြီးရင် မင်းအတွက် စီစဉ်ပေးမယ်။"

လုံကွမ်း၏ ဆံပင်များမှာ ထပ်မံ၍ တစ်ဆုံးထောင်သွားကြ၏!

သူ၏ဂိုဏ်းချုပ်မှာ တကယ်ကိုပင် သူတော်စင်တစ်ပါးဖြစ်၏!

သူ၏အတွေးမှာ တကယ်ကို ထူးခြားနေသည်။

ထိုတစ်ခု‌လေးဖြင့် သူဟာ အမတအတောင်လက်နက်အား မွေးဖွားခြင်းဝိဉာဉ်ရတနာအဖြစ်ပြောင်းလဲနိုင်သည်။

အံ့ဩစရာ!

သူကတကယ်ကို အံ့ဩစရာပဲ!

သူ၏ဆရာအဘိုးထံ၌ အဘယ့်ကြောင့် ကျင့်စဉ်များနှင့် ထိပ်တန်းဓမ္မရတနာများ ရှိနေကြောင်းကို နားလည်လိုက်ပြီဖြစ်၏။

သူသာ လုပ်ချင်သည်များကို လုပ်နိုင်နေပါလျှင် ရလိုသည်များကိုလည်း ရနိုင်သည်မဟုတ်ပါလား။

အနာဂတ်မှာ ဂိုဏ်းချုပ်ဆီကနေ ဂုတ်သွေးစုပ်ရမယ်။

ဒီလိုနဲ့ ပြောရမယ်ဆိုရင် ဆရာယွင်ကလည်း ဆရာအဘိုးရဲ့ အချစ်ဆုံးတပည့်လေးမဟုတ်လား? ဆရာယွင်က ဆရာ့အကြိုက်ကိုသိတာပဲ။ သူသာ ဆရာယွင်ဆီကနေသင်ရင် အနာဂတ်မှာ ဆရာအဘိုးဆီကနေ နှစ်သက်ခံရနိုင်တာပဲ။

သူ၏ဆရာအဘိုးကို ဖိနပ်အားလျက်ပေးရာတွင် ယိမ်းနွဲ့နေသ၍ အဆင်ပြေသည်။

ခြေထောက်လျက်သူ မကလို့ အစေခံဖြစ်နေပါစေ သူ လုံကွမ်းမှာ တကယ်ကိုပင် ဆရာအဘိုး၏အကြိုက်ကို ရယူမည်ဖြစ်သည်!

ဒါပေါ့၊ သူ့ဆရာအဘိုးမှာသာ အထူးဝါသနာတွေရှိနေရင်တောင် သူ...အမ်း... သူက နဂါးမ,တောင်ဖြစ်လာမယ်လို့မှတ်ထားလို့ရတယ်!

ပြောရရင် သူတော်စင်တစ်ပါးထံမှ အနှစ်သက်ခံရပါလျှင် သူဟာအဘယ့်ကြောင့် လိင်အမျိုးအစား အကြောင်းဂရုစိုက်ရမည်နည်း?

ကောင်းကင်ယံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်ရောက်ပြီးနောက်တွင် သူဟာ သုံးလောကကိုပင် လှည့်လည်နိုင်ပေမည်။ ဒါကဘောင်းဘီထဲမှာ သူ့ပစ္စည်းကို သိမ်းထားတာထက် ပိုကောင်းမယ်မဟုတ်လား?

ထိုသို့တွေးကာ သူဟာ ချက်ချင်းပင် လုရှောင်ယန်အား လေးလေးနက်နက်အရိုအသေပြုလျက် ခါးပတ်ကြိုးအား အတန်ငယ်ဖြေလျော့လိုက်ရာ သူ၏တင်ပါးက အပေါ်သို့မြင့်တက်လာတော့၏။

"ဆရာ့ရဲ့ မေတ္တာအတွက်ကျေးဇူးတင်ပါတယ်။ ကျေးဇူးပါ၊ ဆရာအဘိုး။ ကျွန်တော်သွားပါတော့မယ်"

ပြောရင်းဖြင့် သူဟာ နှုတ်ခမ်းစူကာ တစ်လှမ်းချင်းထွက်ခွာသွားသည်။

လုရှောင်ယန်မှာ မနေနိုင်ဘဲ ခေါင်းကိုစောင်းလျက် မျက်ခုံးများမြင့်တက်လာကာ မျက်နှာထက်၌ ရှုပ်ထွေးမှုများဖြင့် ပြည့်နေတော့၏။

ဘာလို့သူ ရုတ်တရတ်ကြီး လီကောပုံကို လုံကွမ်းဆီမှာ မြင်လိုက်ရတာလဲ?

ဒါက အမ်း... ဖိနပ်လျက်သူတစ်ယောက်ရဲ့ အရိပ်များလား?

"ငါမှတ်မိတာသာသေချာရင် လုံကွမ်းက လီကောရဲ့ တပည့်မဟုတ်လား?"

ထိုသို့တွေးကာ လုရှောင်ယန်၏မျက်နှာမှာ ချက်ချင်းမည်းမှောင်သွား၏။

ဘာလို့လီကောရဲ့တပည့်တွေက သူ့လိုမျိုး ဖိနပ်လျက်သူလေးဖြစ်လာရတာလဲ?

ထိုကောင်စုတ်လေးလီကောမှာ ဘယ်သောအခါမှ အတည်တကျမလုပ်ပါချေ?!

မဟုတ်‌ဘူး လီကောကို တွေ့ရင်နောက်မှ ကောင်းကောင်း သင်ခန်းစာပေးရမယ်။

ထိုသို့တွေးကာ လုရှောင်ယန်မှာ ချက်ချင်းပင် စိတ်ရှုပ်စွာဖြင့် စာထွင်းနေလိုက်သည်။

ပြောရလျှင် သူဟာအခြားအလုပ်ကိုလုပ်နေခြင်းပင်။

ဥပမာ လက်နက်များအားသန့်စင်က ဆက်နွယ်မှာ ဝိဉာဉ်ရတနာအဆင့်သို့မြှင့်နေခြင်းမျိုးပင်။

ထို့အပြင် သူ၏ ဘဝငယ်ကျင့်စဉ်အားကျင့်ကြံကာ ယခုလေးတင်ရရှိခဲ့သေည အခြားအမတကျင့်စဉ်များအား ပြီးပြည့်စုံအဆင့်သို့ တိုးမြှင့်ပေးလိုက်သည်...

သို့သော် သူ့ထံတွင် ကိုယ်ပွားဆယ်ခုရှိနေပြီးသားပင်။ ထို့အပြင် ထိုကိုယ်ပွားအားလုံးမှာ သူ၏ကျင့်ကြံဆင့်နှင့် ဉာဏ်ရည်ကိုလည်း မျှဝေခံထားရသည်။

၎င်းတို့မှာ ထို မလိုအပ်သောတာဝန်လေးများအား ပြီးမြောက်ရန်ကူညီနိုင်၏။ သူဟာ ကိုယ်ကိုယ်တိုင်အပေါ်၌သာ သတိကပ်ထားရန်လိုအပ်ပေသည်။

…

လုံကွမ်းမှာမူ လုရှောင်ယန်၏အခန်းမှထွက်လာပြီးနောက် သူ၏လက်များကို နောက်ဘက်သို့ပို့ကာ တောင်ကြားလမ်းထက်၌ အေးအေးဆေးဆေးလျှောက်လှမ်းနေသည်။

ထိုအခိုက်တွင် ကျွင့်ချန်းမင်မှာ လေ့ကျင့်ခန်းမစာကြည့်တိုက်မှာ ပြန်လာခဲ့ပြီးဖြစ်သည်။ သူဟာ နက်နဲမှုအဆင့်ကျင့်စဉ်နှစ်ခုအား လေ့လာထားကာ ကျင့်ကြံရန် နေရာရှာနေချိန်၌ လုံကွမ်းမှာ ကြည်နူးနေဟန်ဖြင့် လျှောက်လာသည်ကိုမြင်လိုက်ရသည်။

"ညီအစ်ကိုလုံ၊ ဘာတွေဖြစ်နေတာလဲ? ဘာလို့အရမ်းပျော်နေတာတုန်း? ဆရာကများ နက်နဲမှုအဆင့်ကျင့်စဉ်ပေးထားသေးလို့လား?"

လုံကွမ်းမှာ သူ့အားကြည့်လိုက်၏။

"နက်နဲမှုအဆင့်ကျင့်စဉ်? မင်းဘာလို့ဒါလေးကို လိုချင်နေရတာလဲ?"

"ကျင့်ကြံဖို့ပဲပေါ့ကွာ!"

"ကျင့်ကြံမယ်? ဟ!"

လုံကွမ်း၏စကားလုံးများမှာ ကျွင့်ချန်းမင်အား ပို၍ပင် ပဟေဠိဖြစ်‌လာစေသည်။

"ညီအစ်ကိုလုံ၊ ဆေးများမှားသောက်လာတာလား?"

"နားစမ်းပါ! ငါဆေးမှားမသောက်ဘူး။ အဓိပ္ပာယ်မရှိတာတွေမပြောနဲ့"

"ဒါဆိုရင် ဘာလို့ နက်နဲမှုအဆင့်ကျင့်စဉ်အကြောင်းတောင် ဂရုမစိုက်ရတာလဲ? မင်းက အမတကျင့်စဉ်ကို ကျင့်နိုင်နေတာလဲမဟုတ်ဘူး။"

လုံကွမ်းမှာ လက်ကိုဝေ့ယမ်းလိုက်သည်။

"ကောင်းပြီ၊ ကောင်းပြီ၊ မင်းကိုအမှန်ပြောပြမယ်။ ငါ နက်နဲမှုကျင့်စဉ်ကို ကျင့်စရာမလိုတော့ဘူး။ တစ်လအတွင်း၊ အများဆုံးတစ်လ၊ ငါ အမတလမ်းစဉ်ကို ကျင့်ကြံနိုင်ရမယ်။ အဲ့အချိန်ကျ မင်းလည်း အမတလမ်းစဉ်ကို ကျင့်ကြံနိုင်လိမ့်မယ်။ ဒါကြောင့် ငါ နက်နဲမှုအဆင့်လုံးဝကို ကျင့်စရာမလိုတော့ဘူး။"

ကျွင့်ချန်းမင်မှာ တစ်ခဏတိတ်ဆိတ်နေပြီးမှ ဂရုတစိုက်ပြောကြားလိုက်၏။

"လောင်လုံ၊ မင်းနေကောင်းတာသေချာရဲ့လား?"

လုံကွမ်းမှာ သူ့အား ဒေါသတကြီးစိုက်ကြည့်လိုက်သည်။

"မင်းဘာပြောတာလဲ? ငါနေမကောင်းမဖြစ်ဘူးလို့ မင်းကိုပြောပြီးပြီလေ"

"ဒါဆိုဘာလို့ အရမ်းကို ဆန်းကြယ်သလိုလုပ်နေတာလဲ? အမတလမ်းစဉ်တွေကို အမတကိုယ်နဲ့ပဲ ကျင့်ကြံနိုင်တယ်လေ။ နက်နဲမှုကျင့်စဉ်ကို မကျင့်ကြံဘူးဆိုရင် ဘယ်လိုတိုးတက်ပြီး အမတကိုယ်ကိုရနိုင်မှာလဲ? မင်းမှာသာ အမတကိုယ်မရှိရင် အမတလမ်းစဉ်တွေကို ဘယ်လိုကျင့်ကြံနိုင်မှာလဲ?"

လုံကွမ်းမှာ ‌ကူကယ်ရာမဲ့စွာ ခေါင်းကိုခါယမ်းလိုက်သည်။

"ထားလိုက်တော့၊ ထားလိုက်တော့! မင်းကိုအမှန်တိုင်းပြောပြမယ်! အနားတိုးလာခဲ့။ တခြားလူတွေကိုမကြားစေချင်ဘူး။"

လုံကွမ်းမှာ ရှေ့သို့မှီကာ တီးတိုးပြောလိုက်သည်။

"ဆရာအဘိုးက ငါတို့ကို သုံးလောကနဲ့ ဓာတ်ကြီးငါးပါးဆီကနေ လွတ်မြောက်စေချင်နေတယ်! ဒီလိုနဲ့ ငါတို့တွေ ကောင်းကင်တာအိုရဲ့ထိန်းချုပ်မှုအောက်ကလွတ်မြောက်ပြီး အမတလမ်းစဉ်တွေကိုကျင့်ကြံနိုင်တော့မယ်!"

"ဟစ်~! မဖြစ်နိုင်တာ? ဆရာအဘိုးက ဒီလောက်အံ့ဩဖို့ကောင်းတာလား?"

"ဆရာအဘိုးက အံ့ဖွယ်တင်မကဘူး! ဆရာအဘိုးက ရယ်စရာကောင်းလောက်အောင်ကို အံ့ဩစရာကောင်းတာ! ငါမင်းကိုပြောပြမယ် ဆရာအဘိုးက ဒဏ္ဍာရီလာသူတော်စင်တစ်ပါးတောင်ဖြစ်လောက်တယ်!"

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၂၇။ အပိုင်း ၃၉၃ ငါတို့အားလုံးက သူတော်စင်တစ်ပါးရဲ့ တပည့်ပဲ!

လေထုမှာ ရုတ်တရတ်သေလုအောင်တိတ်ဆိတ်သွားတော့သည်။ တစ်ခဏကြာပြီးနောက် ကျွင့်ချန်းမင်မှာ အော်ဟစ်လိုက်တော့၏!

"သေစမ်း!"

လုံကွမ်းမှာ ထိတ်လန့်သွားကာ အလျင်စလိုပင် တစ်ဖက်လူ၏ ပါးစပ်အား ပိတ်လိုက်၏။

"မင်းမှာ သေချင်တဲ့ဆုတောင်းများရှိနေတာလားကွာ?! ဘာလို့ အကျယ်ကြီးအော်နေရတာလဲ?"

ကျွင့်ချန်းမင်မှာ အင်မတန်စိတ်လှုပ်ရှားကာ ကမောက်ကမပင်ဖြစ်သွားသည်။

"မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ဘူး... ဆရာအဘိုးက သူတော်စင်တစ်ပါးလို့ပြောလိုက်တာလား?"

"အင်းလေ!"

"မင်းဘယ်လိုသိလဲ? ဆရာအဘိုးကသူ့ကိုယ်သူပြောတာကို ကြားလိုက်လို့လား?"

"ပြောပြမယ်ကွာ! ငါမတိုင်ခင်က ပုဟွားကျောင်းကနေ နတ်ဆိုးရှစ်သန်းကို မဖမ်းခဲ့ဘူးလား? ဆရာအဘိုးပြောတာကိုခန့်မှန်းကြည့်? ဆရာအဘိုးက အမတအဆောင်လက်နက်ကနေ မွေးဖွားခြင်းဝိဉာဉ်ရတနာကို ပြောင်းလဲချိန်မှာ သူတို့ကို သုံးချင်တယ်တဲ့!"

"ဆရာအဘိုးက မွေးဖွားခြင်းဝိဉာဉ်ရတနာတွေကို သာမန်ကာလျှံကာလေးတောင်လုပ်နိုင်တယ်လို့ပြောချင်တာလား? ဒါကသူ့ကို သူတော်စင်တစ်ပါးဖြစ်သွားစေတာလား?"

"သေစမ်း!"

ကျွင့်ချန်းမင်မှာ ထပ်မံအော်ဟစ်လိုက်ရာ လုံကွမ်းမှာ ချက်ချင်းပင် သူ၏ပါးစပ်အား ထပ်မံ၍ ပိတ်လိုက်ရ၏။

"မင်းသေချင်နေတာလား? အခုလေးတင် မအော်နဲ့လိုပြောထားတာကို ထပ်အော်လိုက်သေးတယ်!"

"သွေ့ပုချိ၊ ငါအရမ်းစိတ်လှုပ်ရှားသွားလို့ပါကွာ"

ကျွင့်ချန်းမင်မှာ အင်မတန် ထိတ်လန့်အံ့အားသင့်နေပြီပင်။

ဒါက ဒဏ္ဍာရီလာသူတော်စင်လေ!

လောကမှာ စွမ်းအားအကြီးဆုံးဖြစ်တည်မှု!

လုရှောင်ယန်ကသာ သူတော်စင်တစ်ပါးဆိုရင် သူတို့အနာဂတ်တော့ လုံခြုံပြီပေါ့။

တကယ်ကို လုံခြုံပြီပဲ။

"ဒါဆို.... နောက်တစ်မျိုးပြောရရင် ငါတို့တွေ နက်နဲမှုအဆင့်ကျင့်စဉ်တွေ ထပ်ကျင့်စရာမလိုတော့ဘူးပေါ့?"

"သေချာတာပေါ့! ဆရာအဘိုး အများဆုံးတစ်လအတွင်းမှာ ငါတို့ကို လောကသုံးပါးကနေလွတ်မြောက်အောင် ကူညီမယ်တဲ့။ အဲ့ဒီအချိန်ကျရင် အမတကျင့်စဉ်တွေကိုကျင့်ကြံနိုင်ပြီး အမတအဆောင်လက်နက်တွေကိုလည်း လွတ်လွတ်လပ်လပ်သုံးလို့ရပြီ။"

"ဒါဆို ကျင့်ကြံခြင်းကရော?!"

ကျွင့်ချန်းမင်မှာ သူ၏လက်တွင်းရှိ ကျင့်စဉ်ကိုပင် လွှင့်ပစ်လိုက်တော့သည်။

"ဟင့်အင်း၊ ငါကသွားသောက်တော့မှာ"

"လောင်ကျွင်း၊ မင်းသောက်လို့တော့ရပါတယ်၊ ဒါပေမယ့် မူးနေရင်းနဲ့ ပေါက်ကရမပြောနဲ့နော်။ ဆရာအဘိုးရဲ့ ပုံစံအမှန်ကို လျှို့ဝှက်ချက်အနေနဲ့သိမ်းထားရဦးမှာ။ မပေါက်ကြားစေနဲ့။"

"မပူပါနဲ့၊ မင်းငါ့ကို ကောင်းကောင်းသိတယ်မလား? ငါက အဲ့လိုလူလား?"

"ကောင်းပြီလေ။ ငါသွားပြီး အရင်ဆုံး အမတကျင့်စဉ်ကို ကျင့်ကြံလိုက်မယ်။ ဒီလိုဆိုရင် အချိန်ကျလာတာနဲ့ ကျင့်ကြံရမှာပေါ့။"

"သွား၊ သွား"

၎င်းတို့နှစ်ဦးသားနှုတ်ဆက်ပြီးနောက်တွင် ကျွင့်ချန်းမင်မှာ ကျွင့်ပုကျန်း၏ကျင့်ကြံရာဂူသို့ ချက်ချင်းပြေးသွားတော့သည်။

"ကောင်စုတ်လေး၊ မင်းရဲ့အကာအရံကိုမြန်မြန်ဖယ်လိုက်။ ငါမင်းကိုပြောစရာရှိတယ်။"

တစ်ခဏအကြာတွင် ကျွင့်ပုကျန်းမှာ ဂူအပြင်သို့ မှောင်မိုက်ဟန်ဖြင့် ထွက်လာသည်။

"ဘိုးဘေး၊ ကျုပ်ကိုမျက်နှာသာ ‌နည်းနည်းလောက်ပေးနိုင်မလား? ကျုပ်က ဆရာ့ရဲ့ခုနှစ်ယောက်မြောက်တပည့်ဖြစ်နေတုန်းပဲလေ။ ကျုပ်ကို‌တစ်နေကုန် ကောင်စုတ်လေးလို့ခေါ်နေမှတော့ ဆရာတူအစ်ကိုတွေ အစ်မတွေရှေ့မှာ မျက်နှာပြနိုင်မှာမဟုတ်တော့ဘူး။"

ကျွင့်ချန်းမင်မှာ စိုက်ကြည့်ကာ ဒေါသတကြီးပြောလိုက်၏။

"မင်း သူတော်စင်တစ်ပါးဖြစ်လာရင်တောင် မင်းကငါ့ရဲ့မျိုးဆက်ပဲ။ ဘာလို့ မင်းကို ကောင်စုတ်လေးလို့မခေါ်ရမှာလဲ?"

"အ..."

ကျွင့်ပုကျန်းမှာ ပြောစရာ‌မဲ့သွားသော်လည်း တစ်ဖက်လူအား လျစ်လျူမရှုနိုင်ချေ။

"ကောင်းပြီလေ မင်းဆီကအခွင့်ကောင်းယူချင်လို့ ဒီကိုလာတာမဟုတ်ဘူး။ မင်းကို အရေးကြီးကိစ္စတွေအကြောင်းပြောမလို့ပဲ! ဂိုဏ်းချုပ်ရဲ့ကျင့်ကြံဆင့်က ဘယ်မှာလဲသိကြလား?"

"ငါဆရာတူအစ်ကိုလေးကိုလည်း သွားတွေ့ခဲ့တယ်။ သူပြောတာကျတော့ ဆရာက အမတတဲ့!"

"ချီးထုပ်! အမတက ဘာမှမဟုတ်ဘူး။ အမတတွေက ငါတို့ဂိုဏ်းချုပ်ကို ယှဉ်ရဲလား? ပြောပါရစေ၊ ဂိုဏ်းချုပ်က သူတော်စင်ပဲ!"

"သေစမ်း!"

ကျွင့်ပုကျန်းမှာ ရုတ်တရတ်အော်လိုက်ကာ မျက်လုံးများပင်ကျယ်သွားသည်!

ကျွင့်ချန်းမင်မှာ သူ၏ပါးစပ်အား ချက်ချင်းပိတ်လိုက်၏။

"ဘာလို့အကျယ်ကြီးအော်နေတာလဲ?"

ကျွင့်ပုကျန်းမှာ ချက်ချင်းပင် သူ၏လက်အား တွန်းထုတ်ကာ ဝေ့ကြည့်လိုက်၏။

"ဘိုးဘေး၊ ဘယ်ကနေသတင်းရခဲ့တာလဲ? ဒါအမှန်ပဲလား?! ဒါမဖြစ်နိုင်ဘူးမဟုတ်လား?"

"မပူပါနဲ့၊ ဒီအချက်အလက်ရင်းမြစ်က တိကျပါတယ်။ အတည်ပြုပြီးတာလည်းကြာနေပြီ။ ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကပဲ ဒီအကြောင်းသိလိမ့်မယ်။ ငါတို့ တတိယလူကို သိခွင့်ပေးလို့မဖြစ်ဘူး။ မင်းကြားရဲ့လား?"

ကျွင့်ပုကျန်းမှာ ဖြောင့်ချက်ပေးလိုက်၏။

"မပူပါနဲ့၊ ကျုပ်နားလည်ပါတယ်။ ငါ ဒီဂိုဏ်းရဲ့ ထိပ်တန်းလျှို့ဝှက်ချက်ကို ဘယ်သူ့ကိုမှမပြောပါဘူး။"

ကျွင့်ချန်းမင်မှာ ခေါင်းငြိမ့်လိုက်သည်။

"ကောင်းပြီလေ၊ ငါသွားသောက်တော့မယ်။ မင်းလည်း အနားယူသင့်ပြီ။ ကျင့်ကြံစရာမလိုသေးဘူး။ တစ်လအတွင်းမှာ ငါတို့တွေ အမတကျင့်စဉ်တွေကို တိုက်ရိုက်ကျင့်ကြံနိုင်လိမ့်မယ်။"

"နားလည်ပြီ"

ကျွင့်ပုကျန်းထွက်သွားပြီးနောက်တွင် ကျွင့်ချန်းမင်မှာ အသက်ပြင်းပြင်းရှူကာ လေးနက်ဟန်ဖြင့် ဆိုလိုက်၏။

"မဟုတ်သေးဘူး၊ ငါဆရာတူအစ်ကိုလီရဲ့အမှားကိုအမှန်ပြင်ရမယ်။ ဆရာက အမတတစ်ယောက်မဟုတ်ဘူး။ ဆရာက သူတော်စင်တစ်ပါးပဲ!"

...

လုရှောင်ယန်၏ဘက်တွင် တပည့်များ၏အမှတ်အသားချန်နေချိန်၌ ကိုယ်ပွားပေါ်၌သာ ကျင့်ကြံရန် မှီခိုထားရ၏။ ထို့နောက်တွင် သူဟာ လက်နက်များအား မွေးဖွားခြင်းဝိဉာဉ်ရတနာအဆင့်သို့ အရူးအမူးတိုးမြှင့်လိုက်သည်။ သူဟာအတော်လေး အားစိုက်ထုတ်နေသည်ဟုပင် ဆိုနိုင်ချေသည်။ သူဟာ တစ်လလုံးမအိပ်ရသေးသောကြောင့် အင်မတန်ပင်ပန်းလှကာ မျက်ကွင်းညိုညိုများပင် ပေါ်ထွက်လာကြတော့၏။

သို့သော် ရလာဒ်များမှာမူ အထင်ကြီးစရာပင်။

တပည့်များ၏အမှတ်အသားများမှာ သူ၏ကမ္ဘာထဲတွင် တံဆိပ်ရိုက်ပြီးဖြစ်သည်။

အနာဂတ်တွင် တစ်ဖက်လူမှာ ပြန်လည်ဝင်စားခြင်းလမ်းကြောင်းခြောက်သွယ်အမှတ်ရှိသည့် သူတော်စင်သာမဟုတ်ပါလျှင် တစ်ဖက်လူမှာ သူ၏တပည့်အား လုံးဝသတ်နိုင်လိမ့်မည်မဟုတ်ချေ။

သူဟာတပည့်များအား အဆုံးမရှိ ပြန်လည်ဝင်စားရန် ခွင့်ပြုထား၏။

ပြည့်စုံတယ်!

ယခုမှစကာ ရှန်းထီကျောက်ရှင်အမှတ်အသားအား ထပ်မံမလိုအပ်တော့ပါချေ။

သို့သော် လုရှောင်ယန်မှာ ရှန်းထီကျောက်ရှင် အမှတ်အသားတွင် မဟာတာအိုအောက် အသန်မာဆုံး စွမ်းအားနိယာမတချို့ကို တွေ့ရှိသွား၏။

ထို့ကြောင့် သူဟာ ရှန်းထီကျောက်ရှင်အမှတ်အသားအား ခွဲထုတ်ကာ ပါဝင်သမျှ စွမ်းအားနိယာမအားလုံးအား သူ၏ကမ္ဘာငယ်အတွင်းသို့ ဝါးမြိုလိုက်သည်။ ထို့နောက် ရှန်းထီကျောက်ရှင်အမှတ်အသား၏ သတ္တုများအား ရွှမ်ယွမ်ဓားထံပေါင်းစပ်ကာ ရွှမ်ယွမ်ဓားအား ၎င်းကိုယ်တိုင် အလျင်အမြန်ကုသစေနိုင်ရန် ခွင့်ပေးလိုက်သည်။

၎င်းမှာ မွေးဖွားခြင်းဝိဉာဉ်ရတနာအ‌ဆင့်ကိုပင်ကျော်လွန်နေကာ မွေးဖွားခြင်းမူလရတနာပင် ဖြစ်လာ၏!

၎င်းမှာ လုရှောင်ယန် ပထမဆုံးရရှိသည့် မွေးဖွားခြင်းမူလရတနာလည်းဖြစ်သည်။

၎င်းအား အကျိုးမြတ်ကြီးတစ်ခုဟုပင် ဆိုနိုင်ချေသည်။

တောင်နှင့်မြစ်ပန်းချီ၊ ရှေးဟောင်းပန်းချီ၊ ဖန်တီးခြင်းခေါင်းလောင်း၊ ကမောက်က‌မခေါင်းလောင်း၊ ရတနာခုနှစ်သွယ်စီခြယ်စေတီ၊ ခွင်းလွင်ဓား၊ အမတသတ်ဖြတ်ခြင်းဓားလေးပါး၊ အမတသတ်ဓားအစီအရင်၊ ကောင်းကင်ဧကရာဇ်ကြေးမုံ၊ ဧကရာဇ်ခေါင်းဘီး၊ ကမ္ဘာ့ဧကရာဇ်စာအုပ်နှင့် အစရှိသည်တို့ကိုမူ မွေးဖွားခြင်း မူလရတနာအဆင့်သို့ တိုးမြှင့်လိုက်သည်။

လုရှောင်ယန်မှာ သူ့အား ယခုတွင် အမတတစ်ပါးသည်ပင် ကြောက်ရွံ့နေလောက်မည်ဟု ခန့်မှန်းမိသည်။

သူ၏ယခင်ဘဝတွင် ထိုသို့သော ရတနာများမှာ သူအား သူဌေးကြီးအဖြစ်ပြောင်းလဲစေမည်ပင်။

လုံကွမ်း၏ရတနာရှစ်သွယ်စီခြယ်စေတီမှာလည်း ပြီးဆုံးပြီဖြစ်၏။ လုရှောင်ယန်မှာ ဗုဒ္ဓကျင့်စဉ်တစ်ခုအား နတ်ဆိုးရှစ်သန်းလုံးကို သန့်စင်ကာ ရတနာရှစ်သွယ်စီခြယ်စေတီတွင် ချိတ်ပိတ်ရန် အသုံးပြုလိုက်၏။ အစဉ်အဆက် အကြားအမြင်ရှိ ဘုန်းတော်ကြီးများဖြစ်လာကြပေလိမ့်မည်။

အနာဂတ်တွင် လုံကွမ်းမှ အခြားသူများကိုတိုက်ခိုက်ကာ အနိုင်မယူနိုင်သည်နှင့် ထိုရတနာရှစ်သွယ်စီခြယ်စေတီအား ထုတ်ဖော်နိုင်ပေမည်။ တစ်ဖက်လူမှာ ဘာပဲဖြစ်ဖြစ် စုပ်ယူခံရသည်နှင့် ထိုစေတီထဲ၌ သန့်စင်ခံရမည်ဖြစ်ကာ ၎င်း၏တစ်စိတ်တစ်ပိုင်းဖြစ်လာပေလိမ့်မည်!

၎င်းမှာ အတော်လေး အံ့ဖွယ် မွေးဖွားခြင်း ဝိဉာဉ်ရတနာပင်!

လုရှောင်ယန်၏ကိုယ်ပွားမှာလည်း ဘဝငယ်ကျင့်စဉ်၊ ခရမ်းကောင်းကင်နတ်မိုးကြိုးနှင့် အခြားသော အမတလမ်းစဉ်များအား လေ့လာနေသည်။

ကိုယ်ပွားများအားဖယ်ရှားပြီး‌နောက်တွင် ၎င်းတို့ကျင့်ကြံခဲ့သည့် ထိုအမတလမ်းစဉ်များနှင့် ကျင့်ကြံဆင့်မှာ သဘာဝကျကျပင် သူ၏မူလကိုယ်၌ ပေါင်းစပ်သွားကြသည်။

"ဟုတ်ပြီ၊ ကြည့်ရအောင်။ ကျစ်ကျစ်၊ မဆိုးပါဘူး။ ငါ့ကျင့်ကြံဆင့်က ကြီးမြတ်သောနတ်ဘုရား ဆဌမအဆင့်တောင် ရောက်သွားပြီ။ မဆိုးဘူး!"

လုရှောင်ယန်မှာ စိတ်ကျေနပ်စွာခေါင်းငြိမ့်လိုက်သည်။

သိူ့သော် သူဟာ မနေနိုင်ဘဲ ပဟေဠိဖြစ်သွား၏။

တစ်ခုခု... တော့မှားနေပြီ။

ဒါဟာသာမန်ယုတ္တိကျခြင်းအရပင်၊ သူ၏ကိုယ်ပွားများမှာ သူနှင့် ပါရမီတူသည်ဆိုလျှင် ကျင့်ကြံဆင့်မှာ ဤမျှလောက် နိမ့်မနေသင့်ပေ။

ယွင်လီကော မတိုင်ခင်က ကျင့်ကြံခဲ့ခြင်းကြောင့်သာ သူဟာ ကြီးမြတ်သောနတ်ဘုရား၏အလယ်အဆင့်သို့ရောက်ရှိနေခြင်းပင်။

ဘာလို့အခု ဆဌမအဆင့်မှာပဲရှိနေသေးရတာလဲ?

သူဟာ ကျင့်ကြံဆင့် နှစ်ဆင့် သုံးဆင့်ခန့်သာတိုးလာသည်။

မဟုတ်ဘူး၊ တစ်ခုခုတော့မှားနေပြီ။

ပြောရလျှင် သူ၏တပည့်များ သူ့နံဘေးသို့ပြန်ရောက်လာကာ ရင်းမြစ်များစွာလည်း အသုံးပြုပြီးပြီပင်။ ၎င်းတို့မှာ သူ၏ကျင့်ကြံဆင့်အား အနည်းငယ်မျှသာ တိုးစေနိုင်မည်ဆိုသည်မှာ မဖြစ်နိုင်ပါချေ။

ထိုမျှ နီးကပ်လှသော အကွာအဝေးလေးနှင့် လုရှောင်ယန်မှာ ဝမ့်ခိုက်အား မည်သည်ကိုမှ ခိုင်းစေရန်မလိုအပ်ပါချေ။ အားလုံး၏ကျင့်ကြံခြင်းအား နတ်ဘုရားအာရုံနှင့်ပင် ကြည့်ရှုနိုင်ချေသည်။

သူသာ မမြင်ခဲ့လျှင် ပိုကောင်းပေလိမ့်မည်။ ယခုတွင်မူ သူဟာ ထိတ်လန့်သွားတော့၏!

လီကောမှာ နောက်ထပ်အဆင့်တက်ကာ ကြီးမြတ်သောနတ်ဘုရား တတိယအဆင့်သို့ရောက်ပြီး၊ ကျီဝူရှားမှာလည်း အမတနတ်ဘုရားဧကရာဇ်နဝမအဆင့်သို့တက်လှမ်းပြီးဖြစ်သည်။ ကျူးကောကျီချုံမှာမူ ဆယ်ပါးသောသိုင်းနတ်ဘုရားအဆင့်ကိုပင်ကျော်ဖြတ်ကာ တစ်ရာသောတိုက်ပွဲနတ်ဘုရားအဆင့်သို့ပင် ရောက်နေချေလေပြီ။

ထိုသုံးဦးမှလွဲ၍ အခြားသူများ၏ ကျင့်ကြံဆင့်မှာ တိုးတက်မလာခဲ့ပါချေ!

ဟာသပဲ?

"ငါများ စိတ်ကူးယဉ်မိနေတာလား?"

မဟုတ်လျှင် တပည့်များမှာ အဘယ့်ကြောင့်အဆင့်မတက်ရပါသနည်း?

သူဟာ မဟာတာအိုမွေးဖွားခြင်းအား အဆင့်မြှင့်ထားသောကြောင့် လူတိုင်း၏ ကျင့်ကြံနှုန်းမှာ တိုးလာရလိမ့်မည်ပင်။

လုရှောင်ယန်၏ မဟာတာအိုမွေးဖွားခြင်း သက်ရောက်မှုအား လူများလှသောကြောင့် အနည်းငယ်လျော့နည်းစေနိုင်ပါသော်လည်း ၎င်းမှာ တစ်လအား လေးလအထိ ချဲ့ပေးထားသည်ပင်!

ထို့ကြောင့် ထိုရှုထောင့်မှဆိုလျှင် ၎င်းတို့၏ကျင်ကြံဆင့်မှာ လေးလအတွင်း တကယ်ကြီးကို မတိုးတက်လာခဲ့ချေ!

တစ်ခုခုမှားနေပြီ!

တစ်ခုခုတော့ တကယ်ကြီးမှားနေပြီ!

တစ်ခုခုတော့ တကယ်၊ တကယ်ကိုမှားနေပြီ။

လုရှောင်ယန်မှာ မနေနိုင်ဘဲ မျက်မှောင်ကျုံ့လိုက်၏။ သူဟာ ချက်ချင်းနေရာ‌ရွှေ့ပြောင်းလိုက်ကာ ကျွင့်ပုကျန်းနံဘေးသို့ရောက်ရှိသွား၏။

"ကျွင့်ပုကျန်း"

ထိုအခိုက်တွင် ကျွင့်ပုကျန်းမှာ ပုခက်ထက်၌ သက်သာရာရစွာ နေစာလှုံနေခြင်းဖြစ်သည်။ သူဟာ နေရောင်အား ကာရန်ပင် သစ်ရွက်နှစ်ခုအား သုံးထား၏။

လုရှောင်ယန်၏အသံကိုကြားသည်တွင် သူဟာမနေနိုင်ဘဲ ပျင်းရိစွာပြောလိုက်သည်။

"သက်တောင့်သက်သာရှိလိုက်တာ။ ငါထပ်ပြီး အိပ်မက်မက်နေပြန်ပြီ။ ဒါပေမယ့်၊ ဘာလို့ဆရာ့ကိုအိပ်မက်မက်နေရတာလဲ? ငါယောက်ျားတွေကိုစိတ်မဝင်စားပါဘူး။ ဆရာကအရမ်းခန့်ငြားလွန်းနေလို့များ ယောက်ျားရော မိန်းမကိုပါဆွဲဆောင်နိုင်ပြီး ငါ့ရဲ့သတ်မှတ်ချက်ကိုတောင် ပြဿနာဖြစ်စေတာများလား?"

လုရှောင်ယန်၏မျက်နှာမှာ မည်းမှောင်သွားကာ လက်ကိုလွှဲလျက် တစ်ဖက်လူအား ပါးရိုက်လိုက်၏။

ဖြန်း!

ထိုခက်ထန်သောရိုက်ချက်မှာ ကျွင့်ပုကျန်းအား ပုခက်ထက်မှပင်ပြုတ်ကျသွားစေ၏။

ဒုတ်!

ကျွင့်ပုကျန်းမှာ လုရှောင်ယန်၏ပြိုင်ဘက် အဘယ်သို့ဖြစ်နိုင်မည်နည်း? သူဟာချက်ချင်းပင် သူ၏မျက်နှာထက်၌ လက်ဝါးရာကြီးကိုပင်ခံစားလိုက်ရသည်!

ဖူးးး!

သူဟာ အလျင်စလိုထရပ်လိုက်ကာ ဗွက်များပင် အန်ထုတ်လိုက်သည်။ လုရှောင်ယန်အား မြင်သည်တွင် ကြေက်ရွံ့လွန်း၍ ဖျော့တော့သွား၏။

"ဆရာ... ဆရာ၊ ဘယ်လိုလုပ်ဒီရောက်နေတာလဲ?"

"ငါမင်းကို တင်ပြနေရဦးမှာလား?"

"မဟုတ်၊ မဟုတ်၊ မဟုတ်ပါဘူး။ ဆရာ ကျွန်တော်ကဒါကိုပြောချင်တာမဟုတ်ပါဘူး။ အထင်မလွဲပါနဲ့။"

"မင်းကိုမေးပါရစေ။ မင်းဘာလို့မကျင့်ကြံနေရတာလဲ? အခုတစ်လတောင်ရှိနေပေမယ့် မင်းရဲ့ကျင့်ကြံဆင့်တွေကလည်း မြင့်မလာဘူး။ မင်းက နေရောင်အောက်မှာ လေညင်းခံနေမယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး!"

ကျွင့်ပုကျန်းမှာ နေရခက်စွာ ပြုံးလိုက်၏။

"ကျွန်တော်တို့လည်း အစကကျင့်ကြံချင်ခဲ့ပါတယ်။ ဒါပေမယ့်၊ ဒါတွေအားလုံးက ဆရာကအရမ်းစွမ်းအားကြီးနေလို့မဟုတ်ဘူးလား? ဒါကြောင့် ကျွန်တော်တို့ ခဏလောက်နားကြဖို့ ဆုံးဖြတ်ထားတာပါ"

"ဘယ်လိုပဲဖြစ်ဖြစ် ဆရာ့လို မဟာသူတော်စင်တစ်ပါးက ကျွန်တော်တို့ကို ကာကွယ်ပေးနေမှတော့ ဘာကြောက်စရာရှိတော့မှာလဲ?"

"ကျွန်တော်တို့တွေကို လောကသုံးပါးနေ လွတ်မြောက်ဖို့ ကူညီပြီး အမတလမ်းစဉ်တွေကိုကျင့်ကြံခွင့်ပြုမှပဲ ကျင့်ကြံကြမလို့ပါ။ ပြောရရင် ဒါက နက်နဲမှုအဆင့်ကျင့်စဉ်ကိုကျင့်ကြံတာထက် ပိုမြန်မယ်လေ။ ဒီလိုဆိုရင် ကုန်သွားတဲ့အချိန်အတွက် လွယ်လွယ်လေးပြန်ပြင်နိုင်တာပဲ။"

လုရှောင်ယန် : "..."

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၂၇။ အပိုင်း ၃၉၄ ဇနီးလောင်းလေး လာနေပြီ

"ငါက သူတော်စင်တစ်ပါးတဲ့လား?

သူ ဘယ်တုန်းကများ သူတော်‌စင်တစ်ပါးဖြစ်လာတာလဲ?

ဘာလို့ ဒီအကြောင်းမသိရတာလဲ?"

ထိုအခိုက်တွင် လုရှောင်ယန်မှာ ကြောင်အမ်းသွားရ၏။

ကျွင့်ပုကျန်းမှာ ခပ်တိုးတိုးရယ်လိုက်သည်။

"ဆရာ၊ တပည့်တွေအရှေ့မှာတော့ ဒါကို ဖုံးထားဖို့မလိုပါဘူးဗျာ။ ကျွန်တော်ကဆရာ့ရဲ့ တိုက်ရိုက်တပည့်ပဲလေ။ ဆရာက သူတော်စင်တစ်ပါးဆိုတဲ့ သတင်းကို ဘယ်လိုများဖြန့်နိုင်မှာတဲ့လဲ? မပူပါနဲ့၊ ကျွန်တော်အကုန်နားလည်ပါတယ်။ တစ်ခွန်းမှ မဟဘူးလို့ အာမခံပါတယ်"

လုရှောင်ယန်၏မျက်နှာမှာ မနေနိုင်ဘဲ ရှုံ့တွသွားတော့သည်။

သူဟာတကယ်ကိုပင် ပြောစရာမဲ့သွားချေသည်။

သူက သူတော်စင်တစ်ပါးနဲ့တူနေလို့လား?

သူ့လိုမျိုး မွဲတေနေတဲ့ သူတော်စင်တစ်ပါး,ပါးများရှိနေလို့လား?

ဒီငတုံးလေးတွေကို သူ့တပည့်အဖြစ် ဘာလို့ရှာ‌ခဲ့ရဦးမှာလဲ?

သူတော်စင်တွေက ဒီလိုကိစ္စလေးတစ်ခုလုပ်ဖို့ အချိန်မှမရှိတာ။

"ငါက သူတော်စင်မဟုတ်ဘူး။ ပေါက်ကရတွေမပြောနဲ့။"

ကျွင့်ပုကျန်းမှ နားလည်ဟန်ကိုပြသလိုက်ခြင်းသည် လုရှောင်ယန်အား ပို၍ပင်ပြောစရာမဲ့သွားစေ၏။

ဒါကပြီးသွားပြီပင်။ အမည်မဲ့ဂိုဏ်းတစ်ခုလုံးမှာ သူ့အား သူတော်စင်အဖြစ် သိထားကြဟန်ပေါ်နေ၏။

ထိုအခိုက်တွင် သူရှင်းပြချင်လျှင်ပင် အသုံးမဝင်ချေ။ တစ်ဖက်လူများမှာ လုံးဝနားမထောင်ချေ။

ထို့အပြင် သူသာ အောင်မြင်စွာရှင်းပြနိုင်လျှင်ပင် ဘာအဓိပ္ပာယ်ရှိမည်နည်း?

အဆုံး‌တွင် ထိုငတုံးများအား ၎င်းတို့၏ဆရာက ထိုမျှထိမတတ်နိုင်ဟူ၍သာ ခံစားသွားရချေမည်။

မူလတွင် အမှတ်အသားမပြီးမြောက်ခင်၌ ၎င်းတို့အား နက်မဲမှုကျင့်စဉ်ကို ကျင့်ကြံရန်အသုံးပြုစေချင်ခဲ့သည်။ တစ်လအတွင်း၌ မဟာတာအိုမွေးဖွားခြင်း၏အချိန်ထိန်းချုပ်ထားခြင်းနှင့်အတူ အမည်မဲ့ဂိုဏ်း၏စွမ်းအားအလုံးစုံမှာ လုံးဝတိုးလာချေလိမ့်မည်။

သို့သော် ထိုငတုံးတပည့်လေးများမှာ ထိုသို့သော အခွင့်ကောင်းကို ဖြုန်းတီးကာ မည်သည်ကိုမှ ပြီးမြောက်မည်မဟုတ်ဟု ထင်မထားခဲ့ပါချေ။

ယခုတွင် ထိုလုပ်ရပ်မှာ ပြီးဆုံးပြီးဖြစ်ရာ အချိန်ကို ဖြုန်းတီးပြီးဖြစ်သည်။ သူတတ်နိုင်တာဘာမျှမရှိပါချေ။

သူဟာ ထိုတပည့်အားလုံးအားလည်း မရိုက်နိုင်ပါချေ။

သို့သော် လုံကွမ်းကိုမူ တကယ်ကို ရိုက်သင့်ပေသည်။ အကြောင်းမှာ လုရှောင်ယန်သည် ထိုကိစ္စက လုံကွမ်းနှင့် လုံးဝဆက်စပ်နေသည်ဟု အလွယ်တကူပင် ခန့်မှန်းလိုက်နိုင်သောကြောင့်ပင်။

သူဟာနှဖူးများအား ဖိပွတ်လိုက်ကာ ချက်ချင်းပြောလိုက်၏။

"အခု၊ မင်းတို့ အမတကျင့်စဉ်တွေကိုကျင့်ကြံနိုင်ပြီ။ ချက်ချင်းပင် တပည့်တွေအားလုံးကို မြန်မြန်ကျင့်ကြံကြပြီး အချိန်မဖြုန်းဖို့ သတင်းပေးလိုက်တော့။ ပြီးတော့ မင်းနဲ့ မင်းရဲ့ဆရာတူညီအစ်ကို မောင်နှမတွေက ပိုပြီးတော့ မြန်မြန်ကျင့်ကြံသင့်တယ်။ တစ်ယောက်ယောက်က အချိန်ဖြုန်းမယ်ဆိုရင်တော့ ငါ့ကိုအညှာအတာမဲ့တယ်ဆိုပြီးတော့ အပြစ်မတင်နဲ့။"

"နားလည်ပါပြီ"

လုရှောင်ယန်မှာ သူ၏ကိုယ်ပိုင်တပည့်အသီးသီးအတွက် အမတအဆင့်ကျင့်စဉ်များကို လက်လွှဲလိုက်ပြီးသည်တွင် လုံကွမ်း၏ ဂူဆီသို့ရောက်လာ၏။

ထိုကောင်လေးမှာ သူ၏ညီနောင်ဂိုဏ်းသားများနှင့် သောက်ထားကာစဖြစ်ကာ ယစ်ထုပ်‌ဖြစ်နေလေသည်!

လုရှောင်ယန်မှာ ထိုကောင်လေး မူးမမူးအား ဂရုထားမနေပါချေ။ သူဟာ ဂူအတွင်းသို့ဝင်ရောက်လာကာ ချိတ်ပိတ်လိုက်၏။ ထို့နောက်လက်အိတ်များစွပ်လိုက်ကာ လုံကွမ်းအားရိုက်နှက်တော့သည်။

တစ်ဖက်လူမှာ မူးနေပါလျှင်‌တောင် သူဟာ ရိုက်နှက်ရင်းဖြင့် ထိုသူအား နှိုးချင်ပေသည်!

သူဟာ လုံကွမ်းအား ရှိုက်သံပင် ထွက်လာစေသည်!

...

ကိစ္စများပြီးနောက်တွင် လုရှောင်ယန်မှာ သူ၏အိမ်တော်ရှိရာသို့ ပြန်လာကာ ဆက်လက်ကျင့်ကြံနေလိုက်သည်။

သူဟာ လုမျိုးနွယ်စု မည်သည်ကိုလုပ်နေမည်အား တွေးနေမသည်။ ဒီတစ်ခေါက် ပြန်ရောက်ပြီးနောက်တွင် သူဟာ လုမျိုးနွယ်စုထံ အရာအားလုံးအား ဖွင့်ပြလိုက်သင့်သလားဟု တွေးတောမိနေလေသည်။

အရာအားလုံး ဖွင့်ပြပြီးနောက်တွင် လု‌မျိုးနွယ်စု၏ အမှတ်အသားများအား သူ၏ကမ္ဘာထဲသို့ပေါင်းစပ်ကာ အမတကျင့်စဉ်များအား စတင်ကျင့်ကြံစေလိုက်မည်။

ထိုသို့ဖြင့် သူ့ထံ၌ နောက်ထပ် စွမ်းအားကြီး လက်အောက်ငယ်သားအဖွဲ့အား ရရှိစေနိုင်လိမ့်မည်ပင်။

"ဒါနဲ့၊ ဝမ့်ခိုက် ပြောရရင် သူတို့ကို ငါ့ရဲ့ကမ္ဘာငယ်ထဲမှာ မှတ်ထားပြီးကတည်းက သူတို့တွေက ငါ့ရဲ့လက်အောက်ငယ်သားဖြစ်လာသင့်တယ်မလား။ အခု သူတို့ရဲ့ကျင့်ကြံခြင်းကလည်း ငါ့ရဲ့ကျင့်ကြံဆင့်ကို တိုးပေးသင့်တယ်မဟုတ်လား?"

[သခင်ပြောချင်တာက လုံကွမ်း၊ ရှစ်ချန်လင်နဲ့ တခြား ဒုတိယမျိုးဆက်တပည့်လေးတွေလည်း လီကောနဲ့ တခြားတပည့်တွေလိုမျိုး အ‌ဆုံးမဲ့တဲ့ ကျင့်ကြံဆင့်ကိုထောက်ပံ့ပေးနိုင်မယ်လို့လား?]

"ဟုတ်တယ်၊ ဟုတ်တယ်၊ ငါပြောချင်တာ အဲ့ဒါပဲ"

[ဝမ်းနည်းပါတယ်၊ မဖြစ်နိုင်ပါဘူး။ ပြောရရင် သူတော်စင်တစ်ပါးတောင်မှ ကျင့်ကြံဆင့်တိုးတက်ဖို့အတွက် သူ့တပည့်တွေရဲ့ ကျင့်ကြံခြင်းပေါ်မှာ မှီခိုမနေနိုင်ပါဘူး]

[တခြား ကောင်းကင်တာအို ၄၉တောင်မှ မလုပ်နိုင်ဘူးလို့ ပြောနိုင်တယ်]

[ကျွန်တော်ဒီလိုလုပ်နိုင်တာက ကျွန်တော့်ရဲ့ စရိုက်လက္ခဏာအရပါ!]

[ပြီးတော့ ဆုတွေကလည်း ကျွန်တော့်ရဲ့ စရိုက်လက္ခဏာတွေပါပဲ!]

[ကောင်းကင်တာအို၅၀မှာ မတူညီတဲ့ သဘာဝ‌ရှိတယ်လေ။ ကျွန်တော့ရဲ့သဘာဝကတော့နှစ်ပိုင်းရှိတယ်။ ဖန်ဆင်းခြင်းနဲ့ ထိန်းချုပ်ခြင်းပဲ။]

[ဖန်ဆင်းခြင်းကို ဥပမာပြောပြမယ်]

[အရင်က ဟုန်ကျွင်း တရားပို့ချချိန်မှာ ကူညီပေးမယ့် ကျွန်တော်သာရှိရင် ဆုတွေချီးမြှင့်ဖို့ သူ့အတွက်ပိုလွယ်ခဲ့လိမ့်မှာ။ ပြီးတော့ ဆုတွေလည်းပိုများမှာပေါ့!]

[ကျွန်တော့အကူအညီမရှိတော့ စကြဝဠာမှာရှိထားပြီးသား ဆက်နွယ်မှု ဓမ္မရတနာကိုပဲ မျှဝေနိုင်တယ်။]

[ပြီးတော့ ထိန်းချုပ်လာရတဲ့အချိန်မှာ အမျိုးစားအစုံအလင်လည်းရှိနေတယ်...]

[ဥပမာ၊ သွေးအဆီအနှစ်ထိန်းချုပ်မှု၊ စိတ်ထိန်းချုပ်မှု၊ ဝိဉာဉ်ထိန်းချုပ်မှုနဲ့ အစရှိတာတွေပေါ့... ဒါပေမယ့် ကျွန်တော့ရဲ့ ထိန်းချုပ်မှုကို ထိပ်တန်းအရည်အချင်းရှိထိန်းချုပ်မှုအနေနဲ့ပဲ ယူဆနိုင်တယ်။ ဒါက ကျွန်တော့ကို ဟုန်ကျွင်းသင်ကြားပေးခဲ့တဲ့ သန့်စင်ခြင်းသုံးပါးလမ်းစဉ်နဲ့တောင် နှိုင်းယှဉ်နိုင်တယ်!]

[တပည့်တွေကိုထိန်းချုပ်ပြီး သူတော်စင်အဆင့်တွေ အဲ့ထက်ပိုမြင့်တဲ့ အဆင့်တွေအထိ ပျိုးထောင်ရင်းနဲ့ သခင့်ရဲ့စွမ်းအားကို တိုးမြှင့်ပေးနိုင်တာပါ]

[တိတိကျကျပြောရရင် ဒီထိန်းချုပ်နည်းက အရမ်းစွမ်းအားကြီးလို့ ကန့်သတ်ချက်တစ်ခုတော့ရှိပါတယ်]

[အဲ့ဒါကတော့ ထိန်းချုပ်မှု ပမာဏတစ်ခုရှိတာပဲ!]

[ဒါကြောင့် သခင့်အတွက် အလားအလာအရှိဆုံး တပည့်ကိုးယောက်ကို ရွေးပေးခဲ့တာပါ]

[အများဆုံး သခင့်အတွက် တပည့် တစ်ယောက်နှစ်ယောက်လောက်ပဲ ပိုထည့်ပေးနိုင်တော့မယ်။ ပြီးတော့ အဲ့ဒီ့ထက်ပိုများဖို့ မဖြစ်နိုင်တော့ဘူး။ မဟုတ်ရင် ကျွန်တော့ရဲ့ အကန့်အသတ်ကိုကျော်လွန်သွားလိမ့်မယ်]

"ငါသိပြီ။ ဒါဆိုရင် မတိုင်ခင်က မင်းပြောခဲ့ဖူးတဲ့ ဧကရာဇ်ပါရမီ အကြောင်းကိုမေးချင်တယ်။ အခုတော့ ဒါက သိုင်းဘုရင်အဆင့်တွေကို ရည်ညွှန်းတာမဟုတ်ပုံပဲ။ ပြီးတော့ လူတိုင်းက နတ်ဘုရားဧကရာဇ်အဆင့်ကို ဖြတ်ကျော်နိုင်လုဆဲဆဲဖြစ်နေကြမှာတော့ ဒီဧကရာဇ်ပါရမီက နတ်ဘုရားဧကရာဇ်အဆင့်နဲ့လည်း မဆိုင်ဘူးမဟုတ်လား?"

ဝမ့်ခိုက်မှာ ခေါင်းငြိမ့်လိုက်၏။

[ဒါကတကယ်ကို သိုင်းဘုရင်အဆင့်ရော နတ်ဘုရားဧကရာဇ်အဆင့်ရောမဟုတ်ပါဘူး။ ဒီနေရာ ဧကရာဇ်က ဧကရာဇ်ပန်ဂုလိုမျိုး ပြိုင်ဘက်ကင်းတွေကကို ကျော်လွန်တဲ့ ပညာရှင်တစ်ယောက်ကို ရည်ညွှန်းထားတာပါ!]

"အာ... ပန်ဂုက သူတော်စင်တစ်ယောက်ဖြစ်ချင်လို့ တာအိုလမ်းစဉ်ကိုလိုက်ခဲ့တာ မဟုတ်ဘူးလား? သူက ဧကရာဇ်တစ်ပါးဖြစ်နေခဲ့မှတော့ သူတော်စင်တစ်ပါးဖြစ်ဖို့ ဘာကြောင့်လိုနေဦးမှာလဲ?"

လုရှောင်ယန်မှာ အနည်းငယ်ရှုပ်ထွေးသွားသည်။

[သူက သူတော်စင်ဖြစ်ချင်ခဲ့လို့မဟုတ်ပါဘူး! ဟုန်ကျွင်းက ကောင်းကင်တာအိုနဲ့ပေါင်းစပ်ခဲ့ပေမယ့်လည်း သူ့ရဲ့စွမ်းအားက ပန်ဂုထက်နိမ့်ကျနေသေးတယ်လေ။ သူ့ရဲ့ကျင့်ကြံဆင့်က သုံးလောကမှာ ပြိုင်ဘက်ကင်းတာကြောင့် သူ့ကိုယ်သူ သူတော်စင်လို့ပဲခေါ်ခဲ့တာပေါ့]

[ဒီရှုထောင့်ကနေဆိုရင် သူ့ကိုယ်သူ သူတော်စင်တစ်ပါးလို့ခေါ်တွင်တာက ပြဿနာမဟုတ်တော့ဘူး။ သူ့ကိုယ်သူ "ဖိဂုလျန်"လို့လည်း ခေါ်နိုင်ပြီး သုံးလောကမှာ ဒီ "ဖိဂုလျန်"ဆိုတဲ့ခေါင်းစဉ်က လေးစားဖွယ်အကောင်းဆုံးဖြစ်လာခဲ့လိမ့်မှာ!]

[သူ တာအိုလမ်းစဉ်နောက်လိုက်ခဲ့တာက ဒီတာအိုနဲ့ ထာဝရဖြစ်တည်မှုတို့ရဲ့ ပြည့်စုံတဲ့ ထိန်းချုပ်သူ ဖြစ်လာစေဖို့ပဲ၊ သူတော်စင်တစ်ယောက်ဖြစ်ဖို့မဟုတ်ဘူး]

[သူတော်စင်တစ်ပါးကို ထာဝရဖြစ်တည်မှုအဖြစ် သတ်မှတ်လို့ရနိုင်လား?

ထိုအခိုက်၌ လုရှောင်ယန်မှာ နားလည်သွားသည်။

တကယ်တော့ သူတော်စင်တစ်ပါးအား ထာဝရအနေဖြင့် မယူဆနိုင်ချေ။ ထိုခေါင်းစဉ်မှာ လောကအား ရှုပ်ထွေးစေခဲ့ခြင်းသာဖြစ်၏။

သူတော်စင်တစ်ပါးမှာ တကယ်ကိုပင် သူဆန္ဒရှိသလို လုပ်နိုင်ကာ ထာဝရဖြစ်တည်နေပါလျှင် ထုံးထျန်းမှာ ကျဲကျောင်းတော်အား ပြန်လည်ထမြောက်စေရန် သူ့အား အသုံးပြုလိုခဲ့မှာမဟုတ်ချေ။

"ဒါဆို... သူတို့ တစ်‌ခုခုနဲ့ ငါ့ကိုပိုပြီးထောက်ပံ့လို့‌ရအောင် လုပ်နိုင်တဲ့ နည်းလမ်းလေးများမရှိဘူးလား?"

လုရှောင်ယန်မှာ သူ၏တပည့်များအား လူမိုက်မငှားချင်ပါပေ။

အဘယ်ကြောင့်များ သူ့အတွက်တိုက်ခိုက်ရန် လူမိုက်များစွာ လိုအပ်နေရမည်နည်း?

ရွှေရောင်အမတအရှင် မည်မျှပင်ရှိနေပါစေ ၎င်းတို့မှာ သူတော်စင်တစ်ပါးအား အနိုင်မယူနိုင်ပါချေ!

[သူတို့တွေ ထောက်ပံ့နေကြပြီ။ သူတို့ကို သခင့်ရဲ့ကမ္ဘာငယ်ထဲမှာ ပေါင်းစပ်လိုက်တာနဲ့ ယုံကြည်မှုကို ပုံဖော်ကြလိမ့်မယ်။ ပြီးရင်တော့ သခင် ယုံကြည်မှုစွမ်းအားကို စုပ်ယူဖို့ သူတို့ကိုသုံးနိုင်လိမ့်မယ်!]

"ယုံကြည်မှုစွမ်းအား?"

[အမှန်ပဲ။ ‌ဒါက တာအိုကိုထိန်းချုပ်ဖို့ အရိုးရှင်းဆုံးနည်းပဲ။ သခင်လည်း သခင့်ရဲ့တာအိုကို မရှာတွေ့သေးဘူး။ သခင့်မှာ ကမ္ဘာတစ်ခုပဲရှိတယ်။ ဒါကသခင့်မှာ ဝိဉာဉ်မရှိဘဲ ခန္ဓာပဲရှိနေတာနဲ့တူတယ်။ ဒါမှမဟုတ် သခင့်ရဲ့တာအိုက အရမ်းအားနည်းနေတာ၊ အားနည်းလွန်းလို့ ဥပေက္ခာပြုထားရလုနီးပါးပဲ]

[ဒီလိုနဲ့ သခင်သာ ယုံကြည်မှုစွမ်းအားကို ပိုပြီးစုပ်ယူနိုင်ရင် တာအိုကို ထုတ်နိုင်တာ ဒါမှမဟုတ် အစတည်းက အားနည်းပြီးသားတာအိုကို သန်မာလာအောင် လုပ်နိုင်လိမ့်မယ်။ ဒါကတဖြည်းဖြည်းနဲ့ သခင့်ရဲ့ ခွန်အားကို တိုးလာစေလိမ့်မယ်]

[သခင် အခုဒါကို အာရုံမခံနိုင်သေးတာက ယုံကြည်သူတွေအရမ်းနည်းနေသေးလို့ပဲ။ ပြီးတော့ ယုံကြည်သူတွေရဲ့ ကျင့်ကြံဆင့်တွေကလည်း အရမ်းကိုအားနည်းနေတယ်]

[အမည်မဲ့ဂိုဏ်းသားအားလုံးက ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်တွေ ဒါမှမဟုတ် ရှေးဟောင်းသဏ္ဍာန်မဲ့ရွှေရောင်အမတအရှင်တွေသာဆိုရင် သခင့်ရဲ့ကမ္ဘာငယ်ထဲမှာ အဆက်မပြတ်စီးဆင်းနေတဲ့ယုံကြည်မှုစွမ်းအားတွေကို ရှင်းရှင်းလင်းလင်းအာရုံခံနိုင်လိမ့်မယ်]

“နားလည်ပြီ။ အခြေခံအားဖြင့်တော့ လီကောနဲ့ တခြားတပည့်တွေက ယုံကြည်မှာစွမ်းအားကို ထောက်ပံ့ပေးနိုင်တယ်ပေါ့။ ဒါပေမယ့် ယုံကြည်မှုစွမ်းအားက ငါ့ရဲ့ကျင့်ကြံဆင့်ကို တိုက်ရိုက်မတိုးမြှင့်ပေးနိုင်တော့ အာရုံမခံနိုင်ဘူး။"

[အဟုတ်ပဲ]

လုရှောင်ယန်မှာ မေးစေ့အား ပွတ်သပ်လိုက်သည်။ သူ၏ကမ္ဘာငယ်ထဲရှိ လက်အောက်ငယ်သားအရေအတွက်အား တိုးမြှင့်ရန် တကယ်ကို လိုအပ်နေဟန်ပါပင်။

ပြောရလျှင် ၎င်းမှာ သူ၏ကျင့်ကြံဆင့်နှင့် သက်ဆိုင်နေပေသည်။

သူ၏တပည့်များကျင့်ကြံပြီးကာ စွမ်းအားတိုးလာပြီးနောက်တွင် လုမျိုးနွယ်စုသို့ပြန်သွားကာ သူ၏ကျင့်ကြံဆင့်အမှန်အား ထုတ်ပြလျက် ၎င်းတို့အား သူ၏ငယ်သားများအဖြစ် လက်ခံရန် ဆုံးဖြတ်လိုက်တော့သည်။

ပြောရလျှင် သူဟာ သူ၏တာအိုဖြစ်တည်မှုအား အာရုံခံနိုင်ပုံမပေါ်ပါချေ။

ဒါဆိုရင်... သူ့တာအိုက သိုသိုသိပ်သိပ်နေတဲ့ တာအိုများဖြစ်နေမလား?

၎င်းမှာ အင်မတန်သိုသိပ်လွန်းလှသောကြောင့် ပုန်းအောင်းနေကာ သူပင်အာရုံခံ၍ မရနိုင်သည်လား?

ခေါင်းအားခါယမ်းလျက် အသေးစိတ်အား ပုံမ‌ဖော်နိုင်တော့သည့် လုရှောင်ယန်မှာ ကျင့်ကြံရန်သာ စတင်လိုက်နိုင်သည်။

...

တစ်ချိန်တည်းတွင် မဖိတ်ခေါ်ထားသော ဧည့်သည်တစ်စုမှာ ‌ကောင်းကင်ပင်လယ်မြို့တော်ရှိ လုမျိုးနွယ်စု၏ဘိုးဘေးနယ်မြေသို့ ရောက်ရှိလာသည်။

"ဒါက လုမျိုးနွယ်စုလား? တကယ်ကို အခြေနေမဟန်တဲ့ တောင်ပေါ်ရွာလေးပဲ။ ဝိဉာဉ်စွမ်းအင်ကလည်း အရမ်းနည်းပါးပြီးတော့ စွမ်းအားကြီးပညာရှင်တစ်ယောက်လောက်ကို ပျိုးထောင်ဖို့တောင် ခက်ခဲနိုင်လောက်တယ်။"

"ကံမကောင်း‌ချင်တော့ နတ်မိမယ်က ဒီလုမျိုးနွယ်စုက ကောင်စုတ်လေးနဲ့ စေ့စပ်ထားတယ်လေ။ ပြီးတော့ နတ်မိမယ်က ကတိအမြဲတည်တဲ့လူတစ်ယောက်ဖြစ်ပြီးတော့ စေ့စပ်မှုကိုလည်း ရုတ်သိမ်းဖို့ ဆန္ဒမရှိဘူး။ ဒီလုမျိုးနွယ်စုက ကောင်စုတ်လေးက ဒီတစ်ခေါက်တော့ တကယ်ကို နိုင်ကွက်ရသွားတာပဲ။"

"ဟင်း! နတ်မိမယ်က နတ်ဘုရားအားဖြစ်ပေါ်စေခြင်းအဆင့်ကိုတောင် ခြေလှမ်းနေပြီ။ သူသာ ကျုပ်တို့မြူခိုးဂိုဏ်းမှာ ဆက်နေနိုင်ရင် အနည်းဆုံးတော့ အနာဂတ်မှာ အမတနတ်ဘုရားဧကရာဇ်အဆင့်တောင်ဖြစ်လာနိုင်တယ်! သူမကဘာကြောင့် ဒီစေ့စပ်ပွဲကို ဖြည့်ဆည်းပြီး ဒီလုမျိုးနွယ်က ကောင်စုတ်လေးနဲ့ ထိမ်းမြားဖို့လိုတာလဲ?"

"မဟုတ်ဘူး၊ တစ်ခဏအတွင်းမှာ ငါတို့လုမျိုးနွယ်စုတစ်ခုလုံးကို ရှုပ်ထွေးအောင်လုပ်ရမယ်။ လုမျိုးနွယ်စုကို နောက်ပြန်ဆုတ်အောင် လုပ်လိုက်နိုင်ရင်တော့ အကောင်းဆုံးပဲ"

"အဟုတ်ပဲ! လုမျိုးနွယ်စုလိုမျိုး မျိုးနွယ်စုသေးသေးလေးနဲ့ ကျုပ်တို့ မြူခိုးဂိုဏ်းရဲ့ နတ်မိမယ်ကို လက်ဆတ်ခွင့် ပြုလို့မဖြစ်နိုင်ဘူး! လုံးဝကို မထိုက်တန်ဘူး!"

"အားလုံးပဲ ဂရုစိုက်ကြပါ။ လုမျိုးနွယ်စုနားမှာ အစီအရင်တစ်ခုရှိနေတယ်။"

"ကျစ်၊ ဘာကြောက်စရာများရှိနေလို့လဲ? ဒီတိုင်းပဲ ဝင်လိုက်ရအောင်"

လူအုပ်ထဲရှိ နောက်ဘက်မှ တပည့်တစ်ဦးမှာ ထိုအစီအရင်အားမြင်သည်တွင် ‌ကူရာမဲ့စွာတုန်လှုပ်သွား၏။

"သေစမ်း! ဒီအစီအရင်က... ဒါတွေကတကယ်ကို နက်နဲမှုအဆင့်အစီအရင်တွေချည်းပဲလား? တစ်ခုခုမှားနေတာလား? ပြီးတော့ တစ်ခုပြီးတစ်ခုပဲ! ခင်းကျင်းထားတဲ့ အစီအရင်ပေါင်း တစ်သောင်းထက်တောင်ကျော်ဦးမယ်။ ကျူးကျော်သူတွေက ဒီလိုဆို ဘယ်လိုများရှင်သန်နိုင်တော့မှာလဲ?"

သူ၏နံဘေးမှ တပည့်မှာ ထိုသည်ကိုမြင်ရာ၌ ‌မနေနိုင်ဘဲ မျက်မှောင်ကျုံ့လိုက်သည်။

"ဘာဖြစ်လို့လဲ? ဂိုဏ်းတူညီလေး ဟန်ကျန့်၊ ဘာလို့ မလာ‌သေးတာလဲ?"

ဟန်ကျန့်မှာ ခါးသက်သွား၏။

ဘာကြောင့် သူလာရမည်နည်း?

ဘာလို့လဲ?!

ထိုအစီအရင်များမှာ တကယ်ကိုပင်အံ့ဖွယ်ဖြစ်ချေ၏!

ဝင်လိုက်သည့် မည်သူမဆို သေလိမ့်မည်ပင်!

ဟန်ကျန့်မှာ နှစ်များစွာ ကျင့်ကြံခဲ့သည်။ သူဟာပါရမီရှိပါသော်လည်း သူ၏ကျင့်ကြံဆင့်အား ကန့်သတ်ခံထားရဆဲပင်။

ယခုတွင် အများဆုံး သူဟာ နတ်ဘုရားလမ်းစဉ်အဆင့် အစီအရင်များကိုသာ ရင်ဆိုင်နိုင်သေးသည်။ သူဟာ နက်နဲမှုအဆင့်အစီအရင်များအား လုံးဝမချိုးဖျက်နိုင်ပါချေ!

"အာ... အမ်း... ဂိုဏ်းတူအစ်ကို၊ ကျွန်တော့အစာအိမ်နည်းနည်းနာနေလို့။ အစားမှားတာဖြစ်ရမယ်။ ကျွန်တော်သွားပြီးတော့ ဖြေလျော့လိုက်ဦးမယ်။"

"ပြဿနာများလားလို့ကွာ။ မင်းသာ ဝမ်းပျက်ဝမ်းလျှောဖြစ်နေရင် ဒါအတွက် ငါ့ဆီမှာ ဆေးလုံးရှိတယ်။ ဒါက အကျိုးသက်ရောက်မှုကောင်းပြီး မြန်တယ်။ ပြီးတော့ အလယ်အဆင့်နတ်သလင်းကျောက်သုံးတုံးပဲကျတယ်။ လိုချင်လား?"

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၂၇။ အပိုင်း ၃၉၅ စိတ်တွင်းကအသံကိုကြားပြီးတဲ့နောက်မှာတော့ ဒူးထောက်ဖို့ကို ရွေးချယ်ခဲ့တယ်

"အာ... မလိုပါဘူး။ ကျွန်တော့ အစာအိမ်ပြန်ကောင်းလာပြီလို့ ရုတ်တရတ်ခံစားလိုက်ရတယ်။"

"ကောင်းတာပေါ့။ မြန်မြန် ဝင်ကြစို့"

"အာ... ကောင်းပါပြီ"

ဟန်ကျန့်မှာ ကိုယ့်ကိုယ်ကိုအားပေးကာ သဘောတူဟန်ဖြင့် ခေါင်းငြိမ့်လိုက်သည်။

ရိုးရိုးသားသားဆိုရလျှင် သူဟာ ဝင်လိုစိတ်မရှိပါချေ။ သို့သော် သူသာ မဝင်သွားပါလျှင် အခြားသူများမှာ တစ်ခုခုမှားနေသည်ဟု ထင်သွားကြပေမည်။

သူ သတိထားမခံချင်ပါပေ။

မတိုင်ခင်က သူ လုမျိုးနွယ်စုထံသို့ပင် မလာရောက်ချင်ခဲ့သည်အထိပင်။

သို့သော် သူဟာ မြူခိုးဂိုဏ်းအားဝင်ရောက်ကာစတွင် တာဝန်တစ်ခု ထမ်းဆောင်ရမည်ဖြစ်သည်ပင်။ မတတ်နိုင်ဘဲ လာရုံသာလာနိုင်၏။

ထိုသည်က ကိစ္စမဟုတ်ပါချေ။ သူဟာ အားနာနေခြင်းကြောင့်ပင်!

မည်သို့‌ဆိုစေ သူဟာ မည်သူ့ကိုမျှ သူ၏ကျင့်ကြံဆင့်နှင့်ဖုံးကွယ်ထားသော စွမ်းအားကို ပြသမည်မဟုတ်ချေ။

အားလုံးမှာ လုမျိုးနွယ်စု၏ အစီအရင်ထဲသို့ အလျင်အမြန် လျှောက်ဝင်လိုက်သည်။

"တွေ့လား၊ ငါသိနေတယ်။ ဒီအစီအရင်က ငါတို့အတွက် ဘာမှကိုမဟုတ်တာ။ မျက်လုံးမှတ်ထားလျက်နဲ့တောင် ပုံရိပ်ယောင်အစီအရင်ရဲ့ အပြင်ဘက်ဆုံးကို လျှောက်နိုင်တယ်။"

"အမှန်ပဲ။ သူတို့အားလုံးက မျိုးနွယ်စုသေးသေးလေးပါပဲ။ ဘာလို့ ပုံရိပ်ယောင်အစီအရင်တွေတောင် ခင်းကျင်းပြီး အလုပ်ရှုပ်ခံနေရတာလဲ? ဒါက အတော်လေး ရှက်စရာကောင်းမနေဘူးလားကွာ?"

...

တစ်နာရီကြာပြီးနောက်

လူတိုင်း၏မျက်နှာမှာ လေးနက်နေ၏။

"မင်းတို့ကောင်တွေဒီ... ပုံရိပ်ယောင်အစီအရင်ကို ဖြတ်မြင်နိုင်ကြလား?"

"ငါအခုဘယ်မှာလဲတောင် မသိတော့ဘူး။"

"ဘာတွေဖြစ်နေတာလဲတောင်မသိတော့ဘူး!"

"သေစမ်း! ဒီလုမျိုးနွယ်စုသေးသေးလေးက တကယ်ကို အရမ်းအံ့ဩစရာကောင်းနေတာလား?"

ဟန်ကျန့်မှာ မနေနိုင်ဘဲ မျက်လုံးများကို လှိမ့်လိုက်မိသည်။

သူတို့က မျိုးနွယ်စုအသေးလေးဆိုလည်း ဘာအရေးတုန်း? ပြောရရင် မျိုးနွယ်စုအသေးလေးမှာ ပုန်းကွယ်နေတဲ့ ဆရာကြီးတစ်ယောက်လည်း ရှိနိုင်သေးတာပဲ!

မဟုတ်ရင် ဟန်ကျန့်က ဘာကြောင့်များ နှစ်ထောင်ချီကြာအောင် ပုန်းကွယ်နေခဲ့ရမှာလဲ?

မြန်မြန်သေကြသူများမှာ မျိုးနွယ်စုငယ်လေးများအပေါ် အထင်သေးကြသူများသာပင်။

ကံအားလျော်စွာဖြင့် ၎င်းမှာ ပုံရိပ်ယောင် အစီအရင်ဖြစ်သည်။ ၎င်းတို့မှာ ထောင်ချောက်မိနေရုံသာဖြစ်ပြီး ထိခိုက်ခြင်းမရှိပါချေ။ မဟုတ်ပါက ဟန်ကျန့်မှာ ထိုအစီအရင်အား ချိုးဖျက်ရန် နည်းလမ်းတစ်ခုလောက်တော့ စဉ်းစားမည်ဖြစ်၏။

သို့သော်လည်း... ဤအစီအရင်အား ချိုးဖျက်ရန် ယုံကြည်မှု အများအပြားတော့ရှိ‌မနေပါချေ...

သို့သော် ထိုအခိုက်တွင် ပြောင်းလဲမှုတစ်ခုဖြစ်သွား၏။ ထို ပုံရိပ်ယောင်အစီအရင်မှာ တကယ်ကိုပင် ပြောင်းလဲသွားကာ တိုက်ခိုက်မှုအချို့ပေါ်ထွက်လာ၏။

ဘုန်း!

စောင့်ကြည့်နေသော မြူခိုးဂိုဏ်းသားတစ်ဦးမှာ ရုတ်တရတ် လွင့်ထွက်သွား၏။

ထိုအစီအရင်၏စွမ်းအားမှာ အင်မတန်အားကောင်းလှသောကြောင့် သူဟာသွေးတစ်ပွက်ကိုပင် လေထဲ၌ အန်ထုတ်မိလိုက်၏။ သက်ဆင်းလာချိန်တွင် နေရာ၌ပင်မူးမေ့လဲသွား၏။

"သေစမ်း! ဒါက ပုံရိပ်‌ယောင်အစီအရင်မဟုတ်ဘူးလား? ဘာလို့ပြင်ပတိုက်ခိုက်မှုတွေရှိနေတာလဲ?"

ဟန်ကျန့်၏မျက်လုံးများအေးစက်သွားကာ နှလုံးခုန်မြန်လာတော့သည်။

အစီအရင်အတွင်းရှိ သူ၏ခန့်မှန်းချက်ဖြင့် တစ်ဖက်လူမှာ အစီအရင်များအားထပ်ထားကြောင်းသိလိုက်သည်။ ပုံ‌ရိပ်ယောင်အစီအရင်အောက်၌ အတိုက်အခိုက်အစီအရင်တစ်ခုရှိနေ၏။

လူတစ်ယောက်သာ အချိန်တစ်ခုအထိ ထိုပုံရိပ်ယောင်အစီအရင်အတွင်း၌ ရှိနေပါလျှင် ၎င်းတို့မှာ အစီအရင်၏ တိုက်ခိုက်ခြင်းကို ခံရပေလိမ့်မည်။

ဟန်ကျန့်မှာ အစီအရင်ခင်းကျင်းထားသူကိုပင် တွေးတောမိသွား၏။ တစ်ဖက်လူ၏ အစီအရင်၌ နားလည်နိုင်စွမ်းမှာ တကယ်ကိုပင် နက်ရှိုင်းလှချေသည်။

ထိုသို့ပူပန်နေချိန်၌ တိုက်ခိုက်မှုတစ်ခုမှာ သူ၏ ရှေ့မှောက်သော ရောက်ရှိလာသည်။

ဟန်ကျန့်၏မျက်လုံးများကျဉ်းမြောင်းသွားကာ ကိုယ်တွင်းရှိ နတ်ဝိဉာဉ်စွမ်းအားမှာ ထင်ထင်ရှားရှားပင် ထိုတိုက်ခိုက်မှုကို ကာကွယ်လိုက်၏။

သို့သော် သူဟာကာကွယ်ရုံသာဖြစ်ပြီး မတိုက်ခိုက်နိုင်ပါချေ။

ဘုန်း!

တစ်ခဏအကြာတွင် သူ၏ကိုယ်မှာ ချက်ချင်းလွင့်ထွက်သွားကာ ဘေးဘက်သို့ ခပ်ပြင်းပြင်းကျလာခဲ့တော့၏။

"ဟန်ကျန့်!"

သူဟာ အခြားသောဂိုဏ်းတူအစ်ကိုများ၏ အော်သံကိုပင် မတုံ့ပြန်ဘဲ မူးမေ့ချင်ဟန်ဆောင်လိုက်တော့သည်။

သူ၏ အစီအရင်အပေါ်နားလည်ခြင်းအရ တစ်ယောက်ယောက်မှာ မခုခံပါလျှင် ထိုသို့သော အစီအရင်မှာ ဆက်လက်တိုက်ခိုက်လိမ့်မည်မဟုတ်ချေ။ ပိုမိုခုခံလေလေ တိုက်ခိုက်မှု ပြင်းအား ပိုမိုကောင်းလေလေပင်ဖြစ်သည်။

မည်သို့ဆိုစေ လုမျိုးနွယ်စု ထွက်လာချိန်၌ ၎င်းတို့အား ကယ်ဆယ်လိမ့်မည်ပင်။ နောက်ဆုံးတွင် ၎င်းတို့ထံ၌ ထိမ်းမြားခြင်း သတင်းစကားအားပို့ဆောင်ရန်ရှိသေးသည်။ ထိုလုမျိုးနွယ်စုထံ၌ သူတို့အားထိခိုက်စေရန် အကြောင်းပြချက်မရှိပါချေ။

ထိုမတိုင်ခင်တွင် သူဟာလဲလျောင်းနေရန်သာလို၏။

ထိုအခိုက်၌ အခြားသော ဂိုဏ်းတူအစ်ကိုများမှာ ထိုအစီအရင်နှင့် စတင် ရင်ဆိုင်နေကြပြီပင်ဖြစ်သည်။

နှစ်ဘက်စလုံးမှာ ပျော်ရွှင်စွာ ဖလှယ်နေကြ၏။ အလင်းရောင်မှာ ဆက်လက်တောက်ပနေကာ ပေါက်ကွဲမှုက တစ်ခုခုပြီးတစ်ခုထွက်လာ၏။

မြေပြင်တွင် လှဲလျောင်းနေရင်းဖြင့် ဟန်ကျန့်မှာ မြက်များကိုဆွဲကာ ပျင်းရိမှုအား ချေဖျက်နေ၏။

အခြားလူများမှာ ထိုအစီအရင်အား အနိုင်ယူနိုင်သည်ဟု အဘယ့်ကြောင့် ယုံကြည်နေသည်ကို သူဟာ နားမလည်နိုင်ပါချေ။

ထိုအစီအရင်ထဲ၌ တစ်နာရီကြာပြီးချိန်တွင် ထိုအစီအရင်အား မည်မျှအားကောင်းသည်ဟုပင် မလေ့လာထားကြချေ။

ထို့အပြင် ထိုအစီအရင်အား မည်သို့ အနိုင်ယူရချေမည်နည်း?

၎င်းမှာ အစီရင်ငယ်လေးတစ်ခုမျှသာဖြစ်ချေ၏။ သို‌့သော် နောက်ကွယ်၌ အတိုက်ခိုက်အစီအရင်၊ အကာအကွယ်အစီအရင်နှင့် အခြားသော အစီအရင်မျိုးစုံက ရေမတွက်နိုင်လောက်အောင်ရှိနေသေးသည်မလား?

ဘာကြောင့် မြေပြင်တွင်သာ လှဲလျောင်းကာ သူကဲ့သို့ သေချင်ဟန်မဆောင်ရသနည်း?

သို့သော် ထိုဂိုဏ်းတူအစ်ကိုများမှာ အတော်လေးစွမ်းအားကြီးသည်ဟု ဆိုနိုင်ပါပေသည်။ ၎င်းတို့မှာ ထိုအစီအရင်ထံမှ အနိုင်မယူခံလိုက်ရခင်တွင် ဆယ့်ငါးမိနစ်အထိ တိုက်ခိုက်နိုင်ခဲ့သည်။

ထိုရလာဒ်မှာ အတော်လေးကောင်းမွန်လှချေ၏။

အကြောင်းမှာ ဟန်ကျန့်သည် ထိုအစီအရင်မှာ နက်နဲမှုအဆင့်ဖြစ်ကြောင်း ကောင်းကောင်းသိထားသည်ပင်။ ထို့အပြင် တစ်ဖက်လူမှာ ၎င်းအား ပြည့်စုံစွာတည်ဆောက်ထားချေသည်။ ၎င်းမှာ ပုံရိပ်ယောင်အစီအရင်လေးတစ်ခုသာ ဖြစ်ပါသော်ငြားလည်း ထိုသည်အား အက်ကွဲစေရန် တစ်နာရီ၏ သုံးပုံတစ်ပုံခန့်ကြာပေမည်။

ထို့အပြင် သူ၏ကျင့်ကြံဆင့်မှာ ၎င်းတို့ထက်ပင် သန်မာလှကာ အစီအရင်တွင် နားလည်မှုမှာ ပိုလို့ပင် ကြောက်မက်ဖွယ်ကောင်းနေ၏!

ဂိုဏ်းတူအစ်ကိုများအားလုံး လဲကျသွားချိန်၌ ပုံရိပ်အချို့ ပျံသန်းလာကြသည်။

"တစ်ခုခုမှားနေပြီ။ မြန်မြန်သွားကြည့်ကြမယ်"

"ဒါ မြူခိုးဂိုဏ်းကလူတွေပဲ! မြန်မြန် သူတို့ကို ဆရာကြီးဆီခေါ်သွားကြမယ်!"

ဟန်ကျန့်မှာ စိတ်ထဲ၌ ကူရာမဲ့စွာ ရယ်မောလိုက်သည်။

"ဆွဲသွားတယ်ဟ"

တစ်ခဏအကြာ၌ သူ့အား လုမျိုးနွယ်စု ဗဟိုချက်ထံသို့ ဝက်သေတစ်ကောင်ကဲ့သို့ သယ်ဆောင်လာကြသည်။

သူ့အား မလိုက်ချိန်တွင် သူဟာ မျက်လုံးများအတန်ငယ်ကျဉ်းမြောင်းလျက် တစ်ဖက်လူအား ကြည့်လိုက်ချေ၏။

အာ၊ အခြားလူများမှာ လုမျိုးနွယ်စု အမျိုးသမီးတပည့်များ၏ သယ်ဆောင်ခြင်းကိုခံလာရဟန်တူသည်။ သူ့အား သယ်ဆောင်ခဲ့သည်မှာ အဘယ့်ကြောင့် ယောက်ျားလေးတပည့်များသာဖြစ်နေရသနည်း။

ဒါဟာ သူ့အား မြူခိုးဂိုဏ်းသို့ ဝင်ကာစဆိုပြီး ခွဲခြားဆက်ဆံနေချင်သေးတာလား?

မကြာခင်တွင် သူနှင့် အားလုံးအား လုမျိုးနွယ်စုခြံဝန်းဆီသယ်ဆောင်လာကာ အိပ်ရာထက်သို့ပစ်ချလိုက်၏။ ထို့နောက်တွင် ၎င်းတို့အား နှိုးရန် တစ်ယောက်ချင်းစီအား ဆေးလုံးတစ်လုံးပင်တိုက်ရသေးသည်။

ထိုဆေးလုံးမှာ ထိပ်တန်းဟုပင် ဆိုနိုင်၏!

၎င်းမှာ ပါးစပ်ထဲ၌ ချက်ချင်းပျော်ဝင်သွားကာ ချိုမြိန်ပြီး အရသာရှိလှသည်။ ထို့အပြင် ၎င်း၌ အင်မတန်များပြားလှသော အဆီအနှစ်လည်း ပါဝင်ကာ မသန့်စင်သည်ပင် မရှိချေ။ စားသုံးပြီးနောက်တွင် အပြင်ဘက်၌ တွေ့ခဲ့ရသော ထိုဆေးလုံးပုံအား စားခြင်းထက် ပိုကောင်းသည်ဟု ခံစားလိုက်ရသည်!

ထိုလုမျိုးနွယ်စု၌ ချောင်းမြောင်းနေသောကျားနှင့် ပုန်းကွယ်နေသောနဂါးများရှိမည်ဟု မျှော်လင့်မထားခဲ့ပါချေ!

အစီအရင်များမှာ ထူးချွန်လှသည်သာမက ဆေးလုံးများသည်ပင် အင်မတန်ကောင်းမွန်လှချေသည်။

အံ့ဩစရာပဲ!

ထိုလုမျိုးနွယ်စုအသေးလေးမှာ သတ်ချလိုက်ဟန်နှင့်ပင်တူနေ၏။ မြူခိုးဂိုဏ်း၏ နတ်မိမယ်မှာ သခင်လေးလုအား ထိမ်းမြားရန် ဆုံးဖြတ်ခဲ့ခြင်းမှာ အံ့ဩစရာမရှိတော့ပါချေ။

ထို နတ်မိမယ်မှာ လုမျိုးနွယ်စုသည် အင်မတန်အထင်ကြီးဖွယ်ကောင်းသည်အား အချိန်အတော်ကြာကတည်းက သိနေနိုင်သည်။

ထိုအခိုက်တွင် နောက်ထပ်အသံတစ်ခုမှ ရုတ်တရတ် ဟန်ကျန့်စိတ်ထဲတွင် ထွက်ပေါ်လာတော့သည်။

ဟန်ကျန့်မတုန့်ပြန်သည်ကို အာရုံခံမိသဖြင့် စနစ်မှာ ဆက်လက်လုပ်ဆောင်နေလေပြီ၊

[ဒင်! သင်ဟာ ခိုးနားထောင်ခြင်းစနစ်အား အောင်မြင်စွာ ချိတ်ဆက်နိုင်လိုက်ပါပြီ။ ထိုစနစ်မှာ သင့်အား ကြွယ်ဝလှပသော အမျိုးသမီးတစ်ဦးနှင့်လက်ထပ်စေပြီး ဘဝရဲ့ထိပ်ဆုံးကိုရောက်ဖို့ ဂိုဏ်းချုပ်ဖြစ်လာအောင် ကူညီပေးပါလိမ့်မယ်!]

ဟန်ကျန့်မတုန့်ပြန်သည်ကို အာရုံခံမိသဖြင့် စနစ်မှာ ဆက်လက်လုပ်ဆောင်နေပါပြီ၊ ဒင်! သင်ဟာ ခိုးနားထောင်ခြင်းစနစ်နှင့် အောင်မြင်စွာ ချိတ်ဆက်လိုက်ပါပြီ။ ထိုစနစ်မှာ သင့်အား ကြွယ်ဝလှပသော အမျိုးသမီးတစ်ဦးနှင့်လက်ထပ်စေပြီး ဘဝရဲ့ထိပ်ဆုံးကိုရောက်ဖို့ ဂိုဏ်းချုပ်ဖြစ်လာအောင် ကူညီပေးပါမယ်!

"ပေါက်က‌ရတွေကို တော်လိုက်တော့။ ငါကြားတယ်။ ဒီစနစ်နဲ့ ချိတ်ဆက်ရင် လုရှောင်ယန်နဲ့ တိုက်ခိုက်ရဦးမှာလား?"

[Hostကတကယ်ကို ထက်မြတ်တာပဲ။ ကိုယ်တိုင်အတွက် တာဝန်တွေ ဘယ်လိုဖန်တီးရမလဲတောင်သိတယ်ပေါ့!]

"ငါ့ကို မြှောက်ပင့်မနေနဲ့။ ဒီလိုလုပ်လည်း ဘာမှကောင်းလာမှာမဟုတ်ဘူး။ ငါလုရှောင်ယန်ကို မတိုက်ခိုက်ဘူး။ မြန်မြန် သွားလိုက်တော့။ ငါအသက်သွင်းမှာမဟုတ်ဘူး"

[Host၊ ဘာလို့အရမ်းသူရဲဘောကြောင်ရတာလဲ? ကျွန်တော့ အကူအညီနဲ့ဆိုရင် လုရှောင်ယန်ကို နိုင်ဖို့ တကယ်မခက်ပါဘူး]

"တော်လိုက်တော့။ လုရှောင်ယန်ဘယ်လောက် စွမ်းအားကြီးတယ်ဆိုတာကို ငါမသိလို့လား။ မင်းဘာပြောပြော သဘောမတူဘူး။"

[Host ကျွန်တော်က သူတော်စင်တစ်ပါးဖန်တီးထားတဲ့ ဖြစ်တည်မှုလေးပါ။ သူတော်စင်တစ်ပါးဖန်တီးထားတဲ့ စနစ်လေးတစ်ခုက လုရှောင်ယန်ကို ရှုံးနိမ့်မတဲ့လား?]

"သူတော်စင်? ဟစ်!"

ဟန်ကျန့်၏မျက်လုံးများ ပြူးကျယ်သွားကာ ဆံပင်များပင် တစ်ဆုံးထောင်ထသွား၏။

၎င်းမှာ တကယ်ကိုပင် သူတော်စင်တစ်ပါးဖန်တီးထားသည့်စနစ်ပါပင်!

ဘုရားရေ ၎င်းအား သူတော်စင်မှ ဖန်ဆင်းထားလျှင် သူဟာ တွေးတောရမည်ပင်။

ပြောရလျှင် ၎င်းမှာ သူတော်စင်တစ်ပါးဖြစ်ကာ သုံးလောက၌ အားအကောင်းဆုံးပင်!

သို့သော် သူဟာ အရမ်းသတိလက်လွတ်မနေနိုင်ပါချေ။

ပြောရလျှင် ထိုစနစ်အား သူတော်စင်မှဖန်ဆင်းထားသည်ဆိုလျှင်ပင် သူ ဂရုစိုက်ရပေဦးမည်။

ပထမဦးစွာ ၎င်းမှာ သူတော်စင်တစ်ပါးမှ ဖန်ဆင်းထားသည်ဟုဆိုသည်။ ၎င်းမှာ သူတော်စင်မှ ဖန်ဆင်းထားသည်မှာလည်း မဖြစ်နိုင်ချေရှိ၏။ လိမ်နေခြင်းလည်း ဖြစ်နိုင်သည်။

ဒုတိယအနေဖြင့် လုရှောင်ယန်၏ နောက်ကွယ်ကလူမှာလည်း သူတော်စင်ဖြစ်နေပါလျှင်ရော?

ဟန်ကျန့်မှာ လောက၌ သူတော်စင်တစ်ပါးထက်ပိုကာ ရှိသည်ကို သိပေသည်။

တစ်ဖက်လူနောက်ကွယ်၌လည်း သူတော်စင်တစ်ပါးရှိကာ သူသာ ဒုက္ခရှာခဲ့မိပါလျှင် ထိုသူတော်စင်အား နှိုးဆွမိပြီး ပျက်စီးရမည်ဖြစ်သည်။ ထို့အပြင် ထိုစနစ်အား ဖန်တီးခဲ့သော သူတော်စင်မှာ တစ်ဖက်လူအား အနိုင်မယူနိုင်ပါလျှင် သူဟာ အဘယ်သို့ နေရမည်နည်း?

သူဟာ အမြောက်စာလေးအဖြစ် ဇာတ်သိမ်းသွားပေမည်။

ထို့ကြောင့် တစ်ခဏမျှတွေးတောပြီးနောက်တွင် ဟန်ကျန့်မှာ စကားဆက်လိုက်၏။

"ဘာလို့ မင်းတို့စနစ်တွေ လုရှောင်ယန်ကို သတ်ချင်နေကြောင်းကို မေးလို့ရမလား?"

[ကျွန်တော်တို့စနစ်က လုရှောင်ယန်ကိုသတ်ချင်တာမဟုတ်ပါဘူး၊ ဒါပေမယ့် မြင်းနက်တွေကသတ်ချင်နေကြတာပါ။ လောကမှာ မြင်းနက်တွေ အများကြီးရှိတယ်လေ၊ ပြီးတော့ စနစ်တစ်ခုအနေနဲ့ မြင်းနက်တွေကို ကူညီပေးနိုင်တယ်။ ခင်ဗျားကလည်း မြင်းနက်တစ်ယောက်ပါပဲ]

ဟန်ကျန့်မှာ စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားသည်။

မြင်းနက်?

ထိုခေါင်းစဉ်မှာ အင်မတန်အံ့ဖွယ်ရာ ဖြစ်ပုံပေါ်နေ၏။

သို့သော်... ထိုသို့သော အံ့ဖွယ်ဖြစ်တည်မှုက လုရှောင်ယန်အား သတ်ချင်နေပါလျှင် လုရှောင်ယန်မှာ မည်မျှစွမ်းအားကြီးသနည်း?

သေစမ်း၊ သူ့အား အလွယ်တကူလှည့်ဖျားမရနိုင်ပါချေ။

"ကျုပ်မှာ နောက်ထပ်မေးခွန်းရှိသေးတယ်။ မင်းကို သူတော်စင်တစ်ပါးကဖန်တီးထားတယ်‌ဆိုတော့ ဘာလို့သူတော်စင်ကို မဆင့်ခေါ်ရတာလဲ?

ပြောရရင် မင်းတို့ပန်းတိုင်က သတ်မှတ်ပြီးသားလေ။ လုရှောင်ယန်ကို သတ်ဖို့ပဲ ဟုတ်တယ်မလား?"

[စနစ်တွေအားလုံးနဲ့ မြင်းနက်တွေက အတိဒုက္ခကိုမကျော်ဖြတ်ခင်မှာ အမတလောကကို ပြန်သွားလို့မရနိုင်ဘူး။ သူတို့အတွက် အဲ့ဒီသူတော်စင်နဲ့ ဆက်သွယ်ဖို့ မဖြစ်နိုင်ဘူး]

[ဒီထဲမှာ မဟာတာအိုနိယာမတစ်ချို့လည်း ပါနေသေးတယ်။ ကောင်းကင်တာအိုကတောင် အလွယ်လေးပြောင်းလို့မရဘူး]

ဟန်ကျန့်မှာ နားထောင်လေလေ ထိတ်လန့်လေလေဖြစ်သည်။ ၎င်းမှာ တကယ်ကိုပင် မဟာတာအိုဆီပင် ပါဝင်နေချေပြီ!

သေစမ်း၊ ဒါကရယ်စရာကောင်းလာတာပဲ!

လုရှောင်ယန်မှာ လွန်ခဲ့သည့်နှစ်အနည်းငယ်ကမှ အနိမ့်ပိုင်းလောကမှ နတ်ဘုရားလောကဆီသို့ တက်လှမ်းလာထဲ့သည်။ သူဟာ ထိုကိစ္စတွင် မည်သို့ ကိုင်တွယ်ရမည်နည်း?

သူဟာ အလွယ်တကူအရူးလုပ်ခံရကာ အမြောက်စာမဖြစ်ချင်ပါချေ။

ထိုသို့တွေးကာ စကားဆက်လိုက်၏။

"မင်းဖြစ်ချင်ရင်တော့ ဆက်သွားလို့ရပါတယ်၊ ဒါပေမယ့် အရင်ဆုံးအတွေ့အကြုံယူရဦးမယ်။ ပြောရရင်မင်းမှာ စွမ်းအားဘယ်လောက်လောက်ရှိလဲဆိုတာကို မသိဘူးလေ! မင်းရဲ့စွမ်းအား အရမ်းနိမ့်နေရင် ရှုံးမှာ မဟုတ်ဘူးလား?"

[ဒါက... ကောင်းပါပြီ၊ ကျွန်တော် ၁၅မိနစ်ပေးမယ်။ ၁၅မိန‌စ်အတွင်းမှာ ကျွန်တော့်ရဲ့စွမ်းအားကို သုံးနိုင်တယ်]

"ကောင်းပြီ! ငါ‌သဘောတူတယ်!"

ထိုအခိုက်တွင် ဟန်ကျန့်မှာ အင်မတန်ဆန်းကြယ်နေကာ ထူးဆန်းသောအားတစ်ခုကာ သူ၏နားအတွင်းသို့ ခပ်ဖြည်းဖြည်း ဝင်ရောက်လာသည်။

"ဖြေးဖြေးလုပ်ပါ၊ အသာလုပ်စမ်းပါ။ အရမ်းမမြန်နဲ့! ဒါငါ့ရဲ့ ပထမဆုံးအကြိမ်လေ။ သာသာလေးလုပ်ပေးလို့မရဘူးလား?"

"ဟုတ်တယ်၊ ဟုတ်တယ်... ဒီအရှိန်လောက်။ ဝေ့၊ ဟုတ်တယ်၊ နည်းနည်းလောက် အောက်ကိုဆင်း။ ဟုတ်တယ်၊ ဟုတ်တယ်၊ အဲ့နေရာ။ သေချာအောင်လုပ်စမ်းပါ။"

မကြာမီတွင် ဟန်ကျန့်မှာပုံမှန်မဟုတ်သော အသံကိုကြားလိုက်ရသည်။

"ကံကောင်းတယ်၊ ငါဉာဏ်ကောင်းပြီး သေချင်ယောင်ဆောင်နေခဲ့လို့ပေါ့။ ဒါပေမယ့် ပြောရရင် ဘာလို့လုမျိုးနွယ်စုတွေ မရောက်လာသေးရတာလဲ? ငါလေလည်ချင်နေပြီ။ ထိန်းမထားနိုင်တော့ဘူး။"

ဟန်ကျန့် : "..."

၎င်းမှာ သူ၏ဂိုဏ်းတူအစ်ကိုထဲမှ တစ်ယောက်၏အသံပင်။ သူမှလွဲလျှင် အခြားသော ဂိုဏ်းတူအစ်ကိုများမှာလည်း အသိစိတ်မဲ့ဟန်ဆောင်နေလိမ့်မည်ဟု ထင်မထားခဲ့ပါချေ။

ဤလောကမှာ အင်မတန် အန္တရာယ်များလွန်းလှသည်။ လူတိုင်းမှာ သေးငယ်သည်။

ထိုအခိုက်တွင် တံခါးအား ထပ်မံတွန်းပွင့်လာသည်။

"ဆရာ၊ ဒီလူတွေပါ။"

"အဓိပ္ပာယ်မရှိတာ။ သူတို့အားလုံးက မြူခိုးဂိုဏ်းကပဲ။ သူတို့ကို မြန်မြန်လေး နိုးလာအောင်လို့ ပိုကောင်းတဲ့ဆေးလုံးတွေ မကျွေးထားဘူးလား?"

တစ်ခဏအကြာတွင် လုမျိုးနွယ်စုတပည့်များမှာ အားလုံးအား ပိုမိုကောင်းမွန်သည့်ဆေးလုံးများပင် ကျွေးလိုက်ကြသည်။

ဟန်ကျန့်လည်း တစ်ခုရလိုက်သည်။

"ဝေါင်း! ဒီလုမျိုးနွယ်စုဆေးလုံးတွေက ကောင်းသထက်ကောင်းလာတာပဲ!"

၎င်းမှာ သူ၏ စိတ်တွင်းမှ အတွေးမဟုတ်ဘဲ အသိစိတ်ပျောက်ချင်ယောင်ဆောင်ထားခဲ့သော ဂိုဏ်းသား၏ အတွေးများပင်။

၎င်းက ဟန်ကျန့်အား နှလုံးခုန်သံတစ်ချက်ပင် လွဲချော်သွားစေသည်။

ဒါကဆေးလုံးလေးတစ်လုံးပဲမဟုတ်ဘူးလား? တစ်ဖက်လူမှာ သူ၏ရှစ်ဘဝလုံး၌ ဆေးလုံးတစ်လုံးပင် မစားခဲ့ရသလိုပါပင်။

ဒါကတကယ်ကို... အာ၊ သေစမ်း၊ ထိုဆေးလုံးအရသာမှာ မတိုင်ခင်ကဆေးလုံးထက်ပင် ပိုကောင်းနေသေးသည်။

သေစမ်း!

အရသာရှိလိုက်တာ!

ထိုလုမျိုးနွယ်စုမှာ အံ့ဖွယ်ပင်!

ထိုအခိုက်တွင် အခြားသောအသံက သူ၏နားတွင်းသို့ ဝင်ရောက်လာ၏။ ထိုသည်မှာ သခင်ကြီးလု၏အသံပင်။

"ကံကောင်းလို့၊ ငါတို့လုမျိုးနွယ်စုဘိုးဘေးမှာ အမတစွမ်းအားရှိပြီး ဒီလောက်ကောင်းမွန်များပြားတဲ့ ဆေးလုံးတွေ ဖန်ဆင်းထားခဲ့လို့ပေါ့။ မဟုတ်ရင်တော့ ဒီနေ့ မြူခိုးဂိုဏ်းသာအတော်များများ ထိခိုက်ကြမှာပဲ၊ မြူခိုးဂိုဏ်းကိုရှင်းပြဖို့က တော်တော်ခက်ခဲတော့မှာပဲ။"

ဆေးလုံးစားနေသော ဟန်ကျန့်မှာ ရုတ်တရတ်အေးခဲသွား၏။

အမတ... အမတ?

သူနားကြားမှားတာလား?

အမတ?

ဟာသပဲ!

ထိုလုမျိုးနွယ်စုသေးသေးလေးမှာ တကယ်ပဲ အမတဘိုးဘေးရှိတာလား။

သေစမ်း!

မြူခိုးဂိုဏ်းရှိ ကျင့်ကြံဆင့်အမြင့်ဆုံး ပုဂ္ဂိုလ်မှာ ဂိုဏ်းချုပ်ဖြစ်ပြီး ဂိုဏ်းချုပ်မှာ နတ်ဘုရားဧကရာဇ်အဆင့်သာဖြစ်သည်။

အဆုံး‌တွင် လုမျိုးနွယ်၌ အမတစ်ပါးရှိနေသည်လား?

ဟာသလား?

စွမ်းအားကြီးမားသည်မှာ မြူခိုးဂိုဏ်းမဟုတ်ဘဲ လုမျိုးနွယ်စုဖြစ်၏။

မဟုတ်ဘူး၊ နောက်တွင် သူဟာ နာခံရချေမည်။ သူဟာ ထိုအမတအား လုံးဝမနှိုးဆွနိုင်ပါချေ။ မဟုတ်လျှင် သူဟာ မည်သို့သေရမှန်းပင်မသိဖြစ်သွားမည်။

မကြာမီတွင် မြူခိုးဂိုဏ်းသားများမှာ တစ်ယောက်ပြီးတစ်ယောက်နိုးလာ၏။ သခင်ကြီးလုအားမြင်သည်တွင် ယခင်ကဲ့သို့ မဝံ့ကြွားရဲတော့ဘဲ အိပ်ရာမှ ထွက်ကာ နှုတ်ဆက်လိုက်၏။

"မင်္ဂလာပါ၊ သခင်ကြီးလု"

သခင်ကြီးလု ပြောလိုက်၏။

"စိတ်မကောင်းပါဘူး၊ အားလုံးက လမ်းတစ်လျှောက်ခရီးနှင်ခဲ့တာ ကျုပ်တို့လုမျိုးနွယ်စုက ခင်ဗျားတို့ကို သင့်လျော်တဲ့နည်းနဲ့ကြိုဆိုဖို့ ကျရှုံးခဲ့ပါတယ်။ ကျုပ်တို့ညံ့ဖျင်းတာကို ခွင့်လွှတ်ပါ။"

လူတိုင်းမှာ အချင်းချင်းကြည့်လိုက်ကြ၏။

"သခင်ကြီးလု၊ ကြင်နာလွန်းနေပါပြီ။ ကျွန်တော်တို့က အရမ်းဂုဏ်ယူနေပြီး အစီအရင်ကြောင့် ကြက်သေသေသွားလို့ပါ။ ကိုယ့်ကိုယ်ကိုပဲရှက်ရွံ့မိပါတယ်။"

"ဒီလို‌မပြောပါနဲ့။ ဒီတစ်ခေါက်လာရင်းကိစ္စက?"

“ကျွန်တော်တို့ နတ်မိမယ် ကုန်းဝမ်အာက နတ်ဘုရားအားဖြစ်ပေါ်စေခြင်းအဆင့်ထိကျင့်ကြံပြီးကြောင်း လုမျိုးနွယ်စုဆီကို သတင်းလာပို့တာပါ။ ဒါကြောင့် သူမက ကတိတည်ဖို့ ရွေးချယ်ပြီး ကျွန်တော်တို့ကို လုမျိုးနွယ်စုဆီ သတင်းပို့ဖို့ တောင်းဆိုလို့ပါ။"

သခင်ကြီးလု အင်မတန်ပျော်ရွှင်သွားသည်။

"ဒါဆိုနတ်မိမယ်ကုန်းရဲ့ကျင့်ကြံဆင့်ကမြင့်လာပြီပေါ့။ ကောင်းတယ်! ကောင်းတယ်! ဒါကသတင်းကောင်းပဲ။ အားလုံးပဲ ‌ကျုပ်နောက်ကနေ ခန်းမဆီလိုက်ခဲ့ကြပါ။ ခင်ဗျားတို့ကို ကြိုဆိုဖို့ ပွဲတစ်ခုကျင်းပပေးပါမယ်။"

"ကျေးဇူးပါ၊ သခင်ကြီးလု"

"ရပါတယ်။ ဒါကမှန်တာလုပ်တာပဲလေ။ ဒါနဲ့ရှောင်ချန်၊ ရှောင်ယန့်ကိုသွားခေါ်ခဲ့ပါဦး။ နတ်မိမယ်ကုန်းကို လက်ဆက်ဖို့ မြူခိုးဂိုဏ်းကိုသွားနိုင်ပြီလို့ပြောလိုက်ဦး!"

***

All Chapters