အခန်း (၃၉၆-၄၀၀)
Vol. 27 Ch. 396-400
အပိုင်း ၃၉၆ ငါနေရာမှာတင် ကြောင်အသွားတယ်
တောင်ကြားတွင် တပည့်များအားကျင့်ကြံရန်စီစဉ်ပေးနေသော လုရှောင်ယန်မှာ ကောင်းကင်ပင်လယ်မြို့တော်လုမျိုးနွယ်စုရှိ ကိုယ်ပွားမှ ဆင့်ခေါ်နေသည်ကို ခံစားမိလိုက်သည်။
လုရှောင်ယန်၏ပို့ချချက်ကိုနားထောင်နေကြသော တပည့်များမှာ မနေနိုင်ဘဲ ပဟေဠိဖြစ်သွားကြ၏။
"ဆရာ! ဘာကိစ္စရှိလို့လဲ?"
လုရှောင်ယန်ဟာ ခေါင်းငြိမ့်လိုက်သည်။
"မျိုးနွယ်စုဆီက ဆင့်ခေါ်နေလို့ပါ။"
အားလုံး၏ မျက်လုံးများမှာ ချက်ချင်းတောက်ပသွားတော့၏။ သေစမ်း၊ လုမျိုးနွယ်စုတဲ့!
ဒါကသူတို့ဆရာလို သူတော်စင်ကိုပျိုးထောင်ခဲ့တဲ့ ထိပ်တန်းမျိုးနွယ်၊ လုမျိုးနွယ်စုပေါ့လေ?
သူတို့သွားပြီးကြည့်ရှုရမယ်။
လူတိုင်းမှာ လုမျိုးနွယ်စုအကြောင်းအား အမြဲတစေ စူးစမ်းလိုနေကြသော်ငြားလည်း မတိုင်ခင်က လုမျိုးနွယ်စုအား မတွေ့ဖူးပါချေ။
လုမျိုးနွယ်စု၏ ဆန်းကြယ်မှုနှင့် စွမ်းအားမှာ လူတိုင်း၏ နှလုံးသားထဲတွင် ကာလအတန်ကြာရစ်ဝဲနေကာ အားလုံးအား ၎င်းတို့နှင့် တွေ့ဆုံချင်လိုစိတ်များဖြစ်လာစေသည်။
"ဆရာ၊ လုမျိုးနွယ်စုကို အတူတူသွားကြရအောင်!"
စုန့်ရှင်းနျန်မှာ နေရာ၌ပင် တောင်းဆိုလိုက်၏။
လုရှောင်ယန်မှာ သူ့အားကြည့်လိုက်သည်။
"မင်းကဘာလို့ လုမျိုးနွယ်စုဆီသွားချင်နေရတာလဲ?"
"ဆရာပဲ လုမျိုးနွယ်စုဆီမှာ ဆရာ့ကို လာရှာစေချင်တယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား? ကျွန်တော်တို့ ဆရာ့ကို မရှာနိုင်ခဲ့ဘူးလေ။ ကျွန်တော် လုမျိုးနွယ်စုဆီ သွားချင်နေတာ အတော်လေးကြာနေပြီ။"
"ငါမင်းတို့ကို အရင်က လုမျိုးနွယ်စုက မျိုးနွယ်စုတစ်ခုဖြစ်ပြီး နတ်ဘုရားလောကမှာ ရှာရလွယ်လိမ့်မယ်ဆိုပြီးတော့ လုမျိုးနွယ်စုဆီကို သွားဖို့ပြောခဲ့တာ။ ပြောရရင် လုမျိုးနွယ်စုက အဲ့လောက်လည်းမဟုတ်နေဘူး။ ပြီးတော့ မင်းတို့ ငါ့ကိုတွေ့နေပြီပဲ၊ အခု လုမျိုးနွယ်စုဆီသွားဖို့ မလိုတော့ဘူး!"
နှိမ့်ချတတ်လိုက်တာ!
ထိုသည်က တပည့်များ၏စိတ်ထဲမှ တူညီသောအတွေးတစ်ခုပင်ဖြစ်တော့၏။
ဟာသပဲ။ ကြီးမြတ်တဲ့လုမျိုးနွယ်စုက သူတော်စင်တစ်ပါးကိုပျိုးထောင်ထားမှတော့ ဘယ်လိုလုပ် အထင်ကြီးစရာမကောင်းဘဲနေမှာတဲ့လဲ?
"ဆရာ! ကျွန်တော်တို့ တစ်ခါလောက်ကြည့်ချင်ရုံပါပဲ။ ကျေးဇူးပြုပြီး ခေါ်သွားပေးပါဗျာ!"
"ဟုတ်တယ်ဗျာ။ ဆရာ၊ တောင်းပန်ပါတယ်။ ကျွန်တော်တို့နေ့တိုင်းကျင့်ကြံနေရတာ တော်တော်ပျင်းစရာကောင်းတယ်။ လုမျိုးနွယ်စုကို ကြည့်ရအောင်ခေါ်သွားပေးပါဗျာ။"
"ဒါက... ကောင်းပြီလေ"
လုရှောင်ယန်မှာ ဘယ်တုန်းကမှ အခြားသူများအတွက် စိတ်မနုခဲ့ပါချေ။ သို့သော် သူ့အဖိုးတန်တပည့်လေးများ၏ တောင်းဆိုမှုကိုမူ သဘောတူလိုက်ဆဲပင်။
"ငါမင်းတို့ကိုခေါ်သွားနိုင်ပါတယ်၊ ဒါပေမယ့် နှစ်ယောက်၊ သုံးယောက်လောက်ပဲခေါ်နိုင်တယ်။ အများကြီးခေါ်သွားရင် အာရုံအများကြီးစိုက်လာကြလိမ့်မယ်။"
"ဒါ့အပြင်၊ လုမျိုးနွယ်စုမှာ ငါ့ရဲ့ပုံစံက တတိယမျိုးဆက်လေးတစ်ယောက်ပဲ။ ငါက အပြင်လောကမှာ နှစ်များစွာ လေလွင့်နေခဲ့တာ။ ငါ့ကိုဖော်မထုတ်မိဖို့နဲ့ မင်းတို့ကျင့်ကြံဆင့်တွေကို ဖုံးထားဖို့ သတိရကြ။ မင်းတို့တွေက လုမျိုးနွယ်စုဝင်တွေထက်တောင် သန်မာနိုင်တယ်... ငါ့ကိုမဖော်ထုတ်လိုက်နဲ့နော်"
"မပူပါနဲ့၊ ဆရာ။ ကျွန်တော်တို့ ဘာလုပ်ရမလဲသိပါတယ်။ ဘယ်လိုဖြစ်ဖြစ် ကျွန်တော်တို့ သိုသိုသိပ်သိပ်ပဲဆက်နေမှာပါ!"
လုရှောင်ယန်မှာ ခေါင်းငြိမ့်လိုက်သည်။
အရမ်းကောင်းတယ်၊ သူ့တပည့်တွေက အရွယ်ရောက်လာကြပြီး ဘယ်လိုပြုမှုရမလဲဆိုတာကို သိလာကြပြီ။
သူ၏ကဒ်များအား ကောင်းစွာကစားနိုင်သည်နှင့် ဆက်လက်ရှင်သန်နိုင်မည်ပင်။
အတွေးလေးတစ်ခုဖြင့် လုရှောင်ယန်မှာ တပည့်သုံးဦးအား ခေါ်ယူလျက် လုမျိုးနွယ်စု၏ခြံဝန်းလေးထဲသို့ နေရာပြန်လည်ပြောင်းရွှေ့လိုက်တော့သည်။
သူ၏ဝမ်းကွဲအစ်ကိုလုရှောင်ချန်မှာ တံခါးခေါက်နေရင်း ပို၍ပို၍ စိုးရိမ်လာ၏။
"ရှောင်ယန်၊ ဘာတွေလုပ်နေတာလဲ? ဘာလို့ထွက်မလာသေးရတာလဲ? တစ်ခုခုများဖြစ်နေတာလား? ရှောင်ယန်၊ မင်း ချီဖောက်လွဲဖောက်ပြန်ဖြစ်နေတာလား? ငါ့ကိုမြန်မြန်ဖြေ၊ မဟုတ်ရင် တံခါးကိုကန်ဖွင့်လိုက်တော့မယ်။"
လုရှောင်ယန်မှာ တံခါးဖွင့်လိုက်၏။ လုရှောင်ချန်မှာ တစ်ဖက်လူအဆင်ပြေကြောင်းမြင်သည်တွင် စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်သည်။
"မင်းငါ့ကို သေအောင်ခြောက်နေတာပဲ။ မင်းတစ်ခုခုဖြစ်နေတယ်ထင်သွားတာ။"
ထိုသို့ပြောရင်းဖြင့် သူဟာ နတ်ဆိုးဆန်ဆန်ပြုံးလိုက်သည်။
"ရှောင်ယန်၊ မင်းအထဲမှာ တစ်ခုခုဆိုးတာများလုပ်နေတာလား? အဲ့ဒါကို မင်းဘာသာလုပ်နေတာလား?"
လုရှောင်ယန်မှာ သူ့အား ဒေါသတကြီး စိုက်ကြည့်လိုက်၏။
"သွားစမ်းပါ!"
ရှောင်ချန်မှာ သူ့ပါးစပ်သူပြန်ရိုက်လိုက်သည်။
"ငါကနောက်နေရုံပါ။ အတည်ကြီးမမှတ်ပါနဲ့ကွာ။ ပြောရရင်... ငလူး! ဘာလို့မင်းခြံဝန်းထဲမှာ လူသုံးယောက်ထပ်ရှိနေရတာလဲ?"
ထိုအခါမှသာ လုရှောင်ချန်မှာ လုရှောင်ယန်ခေါ်လာခဲ့သည့် တပည့်သုံးယောက်: လီချန်းရှန်၊ စုန့်ရှင်းနျန်နှင့် ကျွင့်ပုကျန်းတို့ကို ရှာတွေ့သွားတော့သည်။
တကယ်တော့ ၎င်းမှာ သူ့အမှားမဟုတ်ပါချေ။ လီချန်းရှန်နှင့် ကျန်နှစ်ယောက်၏ကျင့်ကြံဆင့်မှာ သူ့ထက်သာလွန်နေခြင်းကြောင့်သာဖြစ်၏!
၎င်းတို့သုံးဦးအလိုရှိသည်နှင့် သူ၏အသိစိတ်အား တားဆီးထားရန် အင်မတန်လွယ်ကူလှချေ၏။
ထို့ကြောင့် သူဟာ အစက ထိုသုံးဦးအား မတွေ့ခဲ့ခြင်းပက်။
သို့သော် သူဟာ အလျင်အမြန်ပင် ရှုပ်ထွေးနေဟန်ပေါ်နေ၏။
"ရှောင်ယန်၊ မင်းမှာ အရွယ်ရောက်နေပြီးသား သားသုံးယောက်တောင်ရှိနေတာ မသိခဲ့ဘူး... မင်းက တစ်ယောက်ယောက်နဲ့စေ့စပ်ထားတာကိုတော့ သိတယ်မဟုတ်လား? မင်းအပြင်မှာ ရှုပ်လို့မရဘူးလေ။"
လုရှောင်ယန် : "..."
"ထူးဆန်းတာတွေ မပြောလို့ရမလားကွာ? ဒါတွေက ကျွန်တော် လှည့်လည်သွားလာခဲ့တဲ့ နှစ်တွေအတွင်းမှာ လက်ခံခဲ့တဲ့ တပည့်တွေပဲ။"
"ဖူးးး! မင်းက? မင်းကတပည့်တွေလက်ခံနေတုန်းလား? မင်းရဲ့ကျင့်ကြံဆင့်နဲ့ တခြားလူတွေကို လမ်းပြမှားမှာ မစိုးရိမ်ဘူးလား?"
သူ၏နောက်တွင် လီချန်းရှန်နှင့် ကျန်နှစ်ဦးမှာ မနေနိုင်ဘဲ မျက်မှောင်ကျုံ့လိုက်ကြ၏။
"ဒီလူက ဆရာ့ရဲ့ အစ်ကိုထင်တယ်။"
"ဟုတ်မယ်။ မဟုတ်ရင် ဆရာ့ကို သက်တောင့်သက်သာနဲ့ ဟာသလုပ်နိုင်မှာမဟုတ်ဘူး။ ဆရာသူ့ကို အချိန်ကြာသည်းခံခဲ့ရပုံပဲ"
"ဒါပေမယ့်သူ့ကျင့်ကြံဆင့်က အရမ်းနိမ့်တယ်။ အခုမှ တစ်ရာသောတိုက်ပွဲနတ်ဘုရားပထမအဆင့်ပဲရှိသေးတယ်။ ဒီအဆင့်နဲ့... ငါ့ခြေထောက်ကိုဆေးပေးဖို့တောင် မထိုက်တန်သေးဘူး။"
"ဆရာပြောတာများ မှန်နေမလား? လုမျိုးနွယ်စုက အဲ့လောက်ကြီးကောင်းမနေဘူးဆိုတာလေ?"
"ဒါဆို ဆရာက ပိုပြီးတောင် အံ့ဩစရာကောင်းမနေဘူးလား? သူကနားခိုရာမဲ့နေခဲ့တာတောင် ကိုယ့်ကိုယ်ကိုမှီခိုရင်း သူတော်စင်အဆင့်ထိ ကျင့်ကြံခဲ့တယ်လား?"
"ဆရာကအံ့ဖွယ်ပဲ!"
"ဆရာကအံ့ဩစရာပဲ!"
လုရှောင်ယန်မှာ တပည့်များ၏အတွေးကိုမသိဘဲ လုရှောင်ချန်အား ပြောစရာမဲ့စွာသာ စကားဖြတ်လိုက်သည်။
"ကောင်းပြီ၊ ကောင်းပြီ၊ ဒါကိုဆွေးနွေးတာရပ်လိုက်တော့။ အရင်ဆုံး အရေးကြီးကိစ္စအကြောင်းပဲပြောကြရအောင်။ ဘာလို့ ကျင့်ကြံခြင်းအပေါ်မှာပဲ အာရုံစိုက်မနေတာလဲ? ဘာလို့ကျွန်တော့ဆီလာလည်ရတာလဲ?"
လုရှောင်ချန်မှာ ပြုံးနေသည်ကိုရပ်၍ အတည်ပြောလိုက်သည်။
"မြူခိုးဂိုဏ်းကလူတွေရောက်နေကြပြီ။"
လုရှောင်ချန်မှာ နားမလည်နိုင်ခင်တွင် တစ်ခဏရပ်တန့်သွားရသည်။
ယခင်က မြူခိုးဂိုဏ်း၏ နတ်မိမယ်မှာ သူမ၏ကတိအား တည်ရန် နတ်ဘုရားအားဖြစ်ပေါ်စေခြင်းအဆင့်သို့ ကျင့်ကြံပြီးနောက်တွင် သူ့အား လက်ထပ်မည်ဟု ပြောခဲ့ဟန်ပေါ်သည်။
သူမနာမည်ကဘာတဲ့လဲ?
သေစမ်း!
သူမနာမည်ကဘာလဲ?
သူ၏အထင်အရ၊ သူမ၏မျိုးရိုးနာမည်မှာ ... ချင် ဖြစ်လောက်သည်?
တစ်ခုခုတော့ မှားနေပုံပေါ်၏။
သူ၏အထင်အရ သူ့အားနှစ်သက်ခဲ့ဖူးသည့် ချင်မျိုးရိုးနှင့် ငတုံးတစ်ယောက်ရှိခဲ့ဟန်ပေါ်သော်လည်း ထိုတစ်ယောက်မှာ အချိန်အတော်ကြာကဟု ခံစားနေမိသည်။ သူမဟာ ထိုမြူခိုးဂိုဏ်းမှနတ်မိမယ် မဟုတ်လောက်ချေ။
ငလူး!
သူ့အားသဘောကျသည့် မိန်းမပျိုများစွာရှိသည်ပင်။ သို့သော် လုရှောင်ယန်မှာ ကျင့်ကြံချင်ရုံသာဖြစ်ပြီး ထိုမိန်းမပျိုများ၏ အမည်ကို ဘယ်တုန်းကမှ မမှတ်မိနိုင်ခဲ့ခြင်းကြောင့် ရောနေ၏။
"မြူခိုးဂိုဏ်း... အမ်... အဲ့ဒီ... အမ်း... အဲ့ဒီ နတ်မိမယ်က၊ ဟုတ်တယ်မလား?"
"အမှန်ပဲ၊ အမှန်ပဲ။ မင်းရဲ့ ဇနီးလောင်း! မြူခိုးဂိုဏ်းကလူတွေက သူမရဲ့ကျင့်ကြံဆင့် နတ်ဘုရားအားဖြစ်ပေါ်စေခြင်းအဆင့်ကိုရောက်သွားပြီလို့ သတင်းလာပို့တယ်။ အခုမင်း သူမကိုလက်ထပ်နိုင်ပြီ။ ပြောရရင် မင်းဒီတစ်ခေါက်တော့ အကျိုးအမြတ်အကြီးကြီးရလိုက်တာပဲ။ ဒီမိန်းကလေးကပါရမီရှိပြီး ဉာဏ်လည်းကောင်းတဲ့အပြင် နတ်ဘုရားအားဖြစ်ပေါ်စေခြင်းအဆင့်ကိုတောင် တက်လှမ်းသွားပြီလေ။"
"ငါတို့လုမျိုးနွယ်စုမှာတောင် ဒီအဆင့်ကို ဘိုးဘေးရဲ့ထောက်ပံ့မှုကြောင့်သာ ရောက်နိုင်ခဲ့တာလေ။ နှိုင်းယှဉ်ရရင် ဒီကောင်မလေးကျတော့ ဒီအဆင့်ရောက်ဖို့ကို ကိုယ့်ဘာသာမှီခိုခဲ့ရတာ။ ငါတို့လုမျိုးနွယ်စုဘိုးဘေးလိုမျိုး အမတတစ်ပါးရဲ့ ထောက်ပံ့မှုကိုတောင် မရခဲ့ဘူး။ သူမရဲ့အနာဂတ်က တကယ်ကို အကန့်အသတ်မဲ့တယ်။"
"အနာဂတ်မှာ မင်းတို့နှစ်ယောက်ထိမ်းမြားပြီးရင် လိုက်ဖက်တဲ့စုံတွဲဖြစ်အောင်လုပ်ကြ။ အရင်က ဦးလေးနဲ့ ဒေါ်ဒေါ်တို့ရဲ့ ဂုဏ်ကျက်သရေကိုပါ ပြန်တည်ဆောက်လို့ရနိုင်တယ်!"
လုရှောင်ယန်၏ မျက်ခုံးများမြင့်တက်သွားသည်။
"အတွေးတွေများနေပြန်ပါပြီ။ ကျွန်တော်အခု လက်မထပ်ချင်သေးပါဘူး။ ကျွန်တော် အရင်ကသူမကို လက်မထပ်ဘူးလို့ပြောခဲ့ပါတယ်။"
လုရှောင်ချန်မှာ မျက်မှောင်ကျုံ့လိုက်၏။
"ရှောင်ယန်၊ မင်းရူးနေတာလား? ဘာလို့ဒီလိုအရာမျိုးကိုပြောရတာလဲ? သူမက ဘာပဲဖြစ်ဖြစ် မြူခိုးဂိုဏ်းရဲ့ ဂုဏ်သရေရှိ နတ်မိမယ်ပဲလေ။ ဘယ်လိုများသူမက မင်းနဲ့မထိုက်တန်ရမှာလဲ?"
"အရူးမထနဲ့၊ ကောင်းမွန်တဲ့ လက်ဆက်ခြင်းလေးနဲ့ မလွဲစေနဲ့။"
လုရှောင်ယန်မှာ ခေါင်းခါလိုက်သည်။
"မင်းကို သေချာမရှင်းပြနိုင်သေးဘူး။ ကျွန်တော် အဘိုးဆီသွားပြီးပြောပြရမယ်လို့ထင်တယ်။"
ထို့နောက် သူဟာ အပြင်သို့ထွက်ကာ လုမျိုးနွယ်စုခန်းမသို့ လျှောက်လှမ်းသွားလိုက်သည်။
လီချန်းရှန်နှင့် ကျန်နှစ်ဦးမှာ ချက်ချင်းနောက်ကလိုက်လာကြ၏။
လုရှောင်ချန်မှာ ထိုသုံးဦးထံအကြည့်လွှဲကာပြောလိုက်သည်။
"ဒါကမင်းတို့ဆရာရဲ့ကိစ္စပဲ။ မင်းတို့တပည့်လေးတွေ ဝင်မပါသင့်ဘူး။"
သုံးဦးသားမှာ သူ့အားကြည့်ကာပြောလိုက်၏။
"ခင်ဗျားကကျွန်တော်တို့ဆရာမှမဟုတ်တာ။ ဘာကိုယုံပြီး ကျွန်တော်တို့ကို အမိန့်ပေးနေရတာလဲ?"
"ငါကမင်းတို့ဆရာတော့မဟုတ်ဘူး၊ ဒါပေမယ့် မင်းတို့ဆရာရဲ့ဝမ်းကွဲအစ်ကို ပြီးတော့ မင်းတို့ထက်ဝါကြီးတယ်။ နားလည်ရဲ့လား?"
"အိုး! အကြီးအကဲ!"
သုံးဦးသားမှာ လက်များအား တစ်ညီတည်း ဆန့်ထုတ်လိုက်ကြသည်။
"မင်္ဂလာပါ၊ ဆရာဦးလေး။ ဒါက ပထမဆုံးတွေ့ဆုံခြင်းပါ။ ခင်ဗျားက တွန့်တိုတတ်တဲ့လူမဟုတ်ဘူး မလား?"
"ကျွန်တော်တို့ဆရာက သူနဲ့ခင်ဗျားက ဆက်ဆံရေးအကောင်းဆုံးပဲလို့ ပြောထားတယ်။ ကျွန်တော်တို့က ဝါစဉ်နိမ့်နေမှတော့ ခင်ဗျား ကျွန်တော်တို့ကိုတစ်ခုခုမပေးသင့်ဘူးလား?"
လုရှောင်ချန်မှာ ခဏမျှ တိတ်ဆိတ်သွား စကားဆက်လိုက်၏။
"တကယ်တော့ မင်းတို့လည်း သွားပြီးကြည့်သင့်တယ်လို့ထင်ပါတယ်။ ပြောရရင် ဒါကမင်းတို့ဆရာရဲ့ ထိမ်းမြားပွဲပဲလေ! ငါအရင်သွားတော့မယ်။ သူငါ့ရဲ့အကူအညီလိုနေလောက်တယ်။"
စကားဆုံးသည်နှင့် လုရှောင်ချန်မှာ ထွက်ပြေးသွား၏။
လီချန်းရှန်နှင့် ကျန်နှစ်ဦးမှာ တစ်ညီတည်း လက်ခလယ်များထောင်လိုက်ကြတော့၏။
"သနားစရာပဲ!"
"ဆရာ့ကို လုမျိုးနွယ်စုရဲ့ တိုက်ရိုက်တတိယမျိုးဆက်အဖြစ် သတ်မှတ်ထားတယ်တဲ့။ ဆိုတော့ သူ့ရဲ့ဝမ်းကွဲလည်း တိုက်ရိုက်မျိုးဆက် ဖြစ်ကိုဖြစ်ရမယ်။"
"သူကအရမ်းကို အမှိုက်ဆန်နေမှတော့၊ လုမျိုးနွယ်စုတစ်ခုလုံးလည်း တကယ်ကိုအမှိုက်ဆန်နေမှာပဲ။"
"ငါကတော့ လုမျိုးနွယ်စုကို နတ်ဘုရားလောကမှာ ထိပ်တန်းမျိုးနွယ်စုလို့ထင်ထားခဲ့တာ။ ဒါပေမယ့် သေချာတွေးကြည့်မယ်ဆိုရင် ဒါကအဓိပ္ပာယ်ရှိပါတယ်။ ဆရာက တကယ်ကိုအံ့ဩစရာပဲ။ သူ့ကို ဒီမျိုးနွယ်စုက ပျိုးထောင်ခဲ့ရင် ဒီမျိုးနွယ်စုမှာ သူတော်စင်တွေနဲ့ပဲပြည့်နေလောက်တယ်။"
"အဆုံးကျတော့၊ ဆရာကအံ့ဩစရာလူတစ်ယောက်ဖြစ်နေတုန်းပဲ!"
"လုမျိုးနွယ်စုမှာ ခဏလောက်နေကြရအောင်။ ဆရာရဲ့စရိုက်နဲ့ဆို ဒီနတ်မိမယ်ကို လုံးဝလက်ထပ်မှာမဟုတ်ဘူး။ ဒါကို တစ်ခဏအတွင်းဆွေးနွေးနိုင်ပြီး ငါတို့ကို ပြန်ခေါ်သွားလောက်တယ်။"
...
တစ်ဖက်၌ လုမျိုးနွယ်စုခန်းမတွင် မြူခိုးဂိုဏ်းသားများမှာ စားပြီးသောက်ပြီးဖြစ်၏။
သခင်ကြီးလု ၎င်းတို့အား ကိုယ်တိုင်ဧည့်ခံနေ၏။
တကယ်တွင် လုမျိုးနွယ်စု၏လက်ရှိအဆင့်နှင့်ဆိုပါလျှင် ထိုလူများအား ကိုယ်တိုင်ဧည့်ခံရန်မလိုပါချေ။
သူတို့အား ဧည့်ခံရန် ဒုတိယ သို့မဟုတ် တတိယမျိုးဆက်တပည့်များကိုသာ စေလွှတ်နိုင်ချေသည်။
သို့သော် သူ့မြေးလေး၏ လက်ဆက်ခြင်းအတွက် သူ၏ဂုဏ်ကိုနှိမ့်ကာ မြူခိုးဂိုဏ်းသားများအား ကိုယ်တိုင်ဧည့်ခံနေလိုက်သည်။
ထိုအခိုက်တွင် လူအုပ်ထဲ၌ လဘက်ရည်သောက်နေသော ဟန်ကျန့်မှာ အန္တရာယ်မှာ ခပ်မြန်မြန်ချဉ်းကပ်လာသည်ကို ရုတ်တရတ် အာရုံခံမိလိုက်၏။ ၎င်းမှာ သူ၏ ဆံပင်ကိုပင် တစ်ဆုံးထောင်ထသွားစေသည်အထိဖြစ်သွား၏။
"သေစမ်း! ဒီအရှိန်အဝါ၊ ဒါက... ဒါက... ဒါက... သူတော့မဟုတ်ပါဘူးနော်?"
ဟန်ကျန့်မှာ တုန်ရီနေကာ နှလုံးပင်ကိုက်ခဲလာရချေသည်။ သူဟာ အင်မတန်ကြောက်ရွံ့နေသောကြောင့် လက်တွင်းမှ လဘက်ရည်များပင် ဝတ်ရုံပေါ်သို့ ဖိတ်စင်သွားတော့သည်။
"ဂိုဏ်းတူညီလေးဟန်၊ ဘာလို့အရမ်းမယဉ်မကျေးပြုမူနေရတာလဲ?"
အားလုံးမှာ မျက်မှောင်ကျုံ့လိုက်ကြ၏။ ဟန်ကျန့်မှာ ချက်ချင်းပင် ခွက်ကိုချလျက် သူ၏နှဖူးထက်မှ ချွေးအေးများကိုသုတ်လိုက်သည်။
"အာ... ကျွန်တော်အပေါ့သွားဦးမယ်။ ရေအိမ်သွားချင်နေလို့။ ခင်ဗျားတို့ ဆက်ပြောကြပါ။ ကျွန်တော်အရင်သွားတော့မယ်။"
စကားဆုံးသည်နှင့် သူဟာ အလျင်စလိုပင်ပြေးသွားသည်မှာ ယုန်တစ်ကောင်ထက်ပင်မြန်နေသေး၏။
လူတိုင်းမှာ မနေနိုင်ဘဲ မျက်မှောင်ကျုံ့လိုက်မိသည်။
"ဘာလို့ ဂိုဏ်းတူညီလေးဟန်က အရမ်းမယဉ်မကျေးဖြစ်နေရတာလဲ?"
"သူမလာခင်တုန်းက အစာအိမ်နာနေတယ်လို့တောင်ပြောခဲ့သေးတယ်။ သူတစ်ခုခုဆိုးတာ စားမိထားတာဖြစ်နိုင်တယ်။ သခင်ကြီးလု သူ့ကိုအပြစ်မတင်ပါနဲ့။"
သခင်ကြီးလုမှာ ခပ်တိုးတိုးရယ်လိုက်သည်။
"မတင်ပါဘူး၊ မတင်ပါဘူး၊ ဒါကအခြေခံလိုအပ်ချက်ပဲလေ"
ခန်းမအပြင်ဘက်တွင် လုရှောင်ယန်မှာ ဝင်ပေါက်သို့ရောက်ကာစဖြစ်ကာ ရင်းနှီးနေသော အရှိန်အဝါတစ်ခုကို ခံစားမိလိုက်၏။
"ဒီအရှိန်အဝါက၊ ဟန်ကျန့်များလား?"
လုရှောင်ယန်မှာ တမုဟုတ်ချင်းပင် ဟန်ကျန့်၏ရောင်ဝါကို သတိပြုမိလိုက်၏။
သူဟာ ဟန်ကျန့်အား နှစ်များစွာ မတွေ့ခဲ့ရသော်ငြားလည်း တစ်ဖက်လူအား အင်မတန်နက်နက်ရှိုင်းရှိုင်း အထင်ကြီးနေတုန်းပင်။
"ဘာလို့ဒီကောင်လေး လုမျိုးနွယ်စုကိုလာရတာပါလိမ့်? ခဏနေဦး၊ ဖြစ်နိုင်တာက... သူမြူခိုးဂိုဏ်းကိုဝင်လိုက်တာလား?"
လုရှောင်ယန်မှာ တစ်မျိုးတစ်ဖုံ ထူးဆန်းနေဟန်ပေါ်နေ၏။
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၇။ အပိုင်း ၃၉၇ ကြီးမားသော ထုတ်ဖော်ခြင်း၊ ကျုပ်က လုမျိုးနွယ်စုရဲ့ ဘိုးဘေးပဲ
သို့သော် သူဟာ ဟန်ကျန့်နှင့်ရင်ဆိုင်တွေ့ရန် အလျင်လိုမနေပါချေ။
သူ၏ယခု အမြင်အရ ဟန်ကျန့်၏ကျင့်ကြံဆင့်မှာ မမြင့်မားဘဲ သူ့အားလုံးဝပင် မခြိမ်းခြောက်နိုင်ပါချေ။
ထို့အပြင် လုမျိုးနွယ်စုတစ်ခုလုံးအား အစီအရင်များဖြင့် ဝိုင်းရံထား၏။ ဟန်ကျန့်ထံ၌ အတောင်ပံများရှိလျှင်ပင် လွတ်မြောက်ရန်ခက်ခဲပေလိမ့်မည်။
သူဟာဟန်ကျန့်နှင့် မပြောခင်တွင် အရင်ဆုံး မြူခိုးဂိုဏ်းနှင့် ရင်ဆိုင်ရန်ဆုံးဖြတ်လိုက်၏။
ထိုသို့တွေးတောကာ ခန်းမထဲသို့ လှမ်းဝင်သွားလိုက်တော့သည်။
ဟန်ကျန့်မှာမူ ကြောက်ရွံ့မှုဖြင့်တုန်လှုပ်နေကာ လုမျိုးနွယ်စု အခြားခြံဝန်းဆီသို့ ခပ်မြန်မြန်ပင် ထွက်ပြေးသွားခဲ့သည်။
"ငလူး၊ ငါဒါကိုအရင်တည်းက တွေးခဲ့သင့်တာ။ သူတို့ရဲ့မျိုးရိုးနာမည်က 'လု'ဖြစ်နေမှတော့ လုရှောင်ယန်နဲ့ ဆက်စပ်နေနိုင်တာပေါ့! သေစမ်း! ငါဘာလို့ဒါကိုမတွေးခဲ့မိတာပါလိမ့်?"
"ဒီတစ်ခေါက်၊ ငါတော့သေပြီဆရာပဲ။ ဒီကနေရာတိုင်းမှာ အစီအရင်တွေလည်းရှိပြီးတော့ နက်နဲမှုအဆင့်တွေချည်းပဲ။ ငါလုံးဝလွတ်နိုင်မှာမဟုတ်ဘူး။"
"ငါတော့တကယ်သေတော့မှာပဲ!"
"ဘာလို့ငါ... လုမျိုးနွယ်စုတပည့်တစ်ယောက်ကို လမ်းမပြခိုင်းရမှာလဲ? မဖြစ်ဘူး၊ မဖြစ်ဘူး။ ဒါက ပြဿနာပိုတက်လောက်တယ်?"
ဒီလုရှောင်ယန်က တကယ်ကိုစွမ်းအားကြီးမားတာပဲ။ အခုလေးတင် သူ့နားကဖြတ်လာခဲ့တော့ သူ၏အတွေးများကိုပင် မကြားနိုင်ပါချေ။ သူ၏ကျင့်ကြံဆင့်မှာ တကယ်ကိုပင် ကြီးမြတ်သောနတ်ဘုရားအဆင့်အား ကျော်လွန်နေနိုင်လောက်၏။
"ငါသူ့ကို အနိုင်မယူနိုင်ဘူး။ ထွက်ပြေးလို့လည်းမရဘူး။ ဘယ်လိုများအသက်ရှင်နိုင်တော့မလဲ?"
ဟန်ကျန့်မှာ လမ်းလျှောက်နေရင်းဖြင့် ခက်ခက်ခဲခဲစဉ်းစားနေတော့သည်။ ရုတ်တရတ် သူ၏ရှေ့မှောက်သို့လာနေသော မကောင်းသည့်ခံစားချက်တစ်ခုကိုခံစားလိုက်ရသည်။
အကြောင်းမှာ မဟာယနနတ်ဘုရားဘုရင်သုံးပါး၏အရှိန်အဝါကို အာရုံခံမိလိုက်ခြင်းကြောင့်ပင်။
"သေစမ်း! ဒီပုံမှန်မဟုတ်တဲ့လုရှောင်ယန်ကလွဲရင် လုမျိုးနွယ်စုမှာ မဟာယနနတ်ဘုရားဘုရင်အဆင့် သုံးယောက်လည်းရှိနေသေးတာလား!"
သုံးဦးမှာ သူ့ဆီသို့လျှောက်လှမ်းလာသည်အား မြင်သည်တွင် ဟန်ကျန့်မှာ ချက်ချင်းပင် ခေါင်းအားနှိမ့်လျက် သူတို့အားဖြတ်သွားချိန်၌ အားကုန်သုံးကာ သူ၏အရှိန်အဝါကိုဖိနှိပ်ထားလိုက်သည်။
ကံအားလျော်စွာဖြင့် သုံးဦးသားမှာ သူ့အားကြည့်ရုံသာကြည့်ကာ အာရုံပင်မစိုက်ကြပါချေ။
သို့သော် ထိုအခိုက်၌ ဟန်ကျန့်မှာ ၎င်းတို့၏အတွေးများအား ထပ်မံကြားလိုက်ရ၏။
"ဒီလုမျိုးနွယ်စုက တကယ်ကိုအမှိုက်ပဲ။ ကြည့်စရာလည်း ဘာမှမရှိဘူး။"
"အဟုတ်ပဲ။ အချိန်အကြာကြီးလျှောက်လာတာတောင်မှ မဟာယနနတ်ဘုရားဘုရင်အဆင့်လေးတစ်ယောက်တောင် မတွေ့ရဘူး။ ဆရာပြောတာမှန်နေပုံပဲ။ ဒီလုမျိုးနွယ်စု တစ်ခုလုံးမှာ ငါတို့အာရုံစိုက်မှုနဲ့ ထိုက်တန်တဲ့လူများများစားစားမရှိဘူးပဲ။"
"ဘာကိုမှ မမျှော်လင့်တော့ပါဘူးကွာ။"
"ကံကောင်းလို့၊ ဆရာက ငယ်ငယ်ကတည်းက စွန့်ပစ်ခံလိုက်ရတာ။ ဆရာရေ ဆရာသာလုမျိုးနွယ်စုထဲမှာဆက်ရှိနေခဲ့ရင် သူတော်စင်တစ်ပါးတောင် လုံးဝဖြစ်လာနိုင်ခဲ့မှာမဟုတ်ဘူး။"
လေထုမှာ သေလုအောင်တိတ်ဆိတ်သွား၏။ ဟန်ကျန့်မှာ ထိုသုံးဦးအားထွက်ခွာသွားသည်ကိုကြည့်ကာ ရှုပ်ထွေးနေ၏။
သူခန့်မှန်းသည်သာမှန်ပါလျှင် ၎င်းတို့ပြောနေခဲ့သည့် ဆရာမှာ လုံးဝကို လုရှောင်ယန်ပင်!
လုရှောင်ယန်က သူတော်စင်တစ်ပါးဖြစ်နေပြီလား?
အမ်း... တစ်ဖက်လူကို သူဘယ်လိုများတိုက်ခိုက်ရပါ့မလဲ?
ထိုစနစ်မှာ သူတော်စင်တစ်ပါးမှ ဖန်တီးထားခြင်းဖြစ်သည်။ သို့သော် လုရှောင်ယန်ကိုယ်တိုင်မှာမူ သူတော်စင်တစ်ပါးဖြစ်နေလေပြီ!
ထိုစနစ်အား ဖန်တီးခဲ့သည့် လူသည်ပင် လုရှောင်ယန်အား အနိုင်ယူရန်မတတ်နိုင်ပါချေ!
ဒါကတော့ပြီးသွားပြီးပဲ၊ ပြီးသွားပြီ၊ ပြီးသွားပြီ!
ဒီတစ်ခေါက်တော့ လုံးဝပြီးသွားပြီပဲ!
ငိုချင်စိတ်က ချက်ချင်းပင် ဟန်ကျန့်၏စိတ်ထဲတွင် ဆောင့်တက်လာသည်။
သူမငိုနိုင်ချေ။ ငိုခြင်းက အသုံးမဝင်ပါချေ။
သို့သော်... သူမတတ်နိုင်ပါချေ... ဝူးဝူးဝူး
တစ်ဖက်လူများ၏စကားအား သူဟာသံသယမဖြစ်ပါချေ၊ အကြောင်းမှာ တစ်ဖက်လူများက သူသည် အတွေးများကို နားထောင်နိုင်သည်အား မသိကြခြင်းကြောင့်ပင်။
...
လုရှောင်ယန်၏ဘက်တွင် သူဟာ မျိုးနွယ်စုခန်းမသို့ရောက်ရှိပြီးနောက် သူ၏အဘိုးနှင့် မြူခိုးဂိုဏ်းသားများကို မြင်လိုက်ရသည်။
"ရှောင်ယန်၊ သူတို့အားလုံးက မြူခိုးဂိုဏ်းသားတွေပဲ။ သူတို့က မင်းဆီကို သတင်းကောင်းပို့ဖို့ လာခဲ့တာပဲ။ မြူခိုးဂိုဏ်းရဲ့နတ်မိမယ်က နတ်ဘုရားအားဖြစ်ပေါ်စေခြင်းအဆင့်ကိုရောက်နေပြီ။ မင်းအခု လက်ထပ်လို့ရနိုင်ပြီ။"
လုရှောင်ယန်မှာ ဦးစွာ လူတိုင်းအားကြည့်ရှုပြီးမှ အဘိုးအားကြည့်လိုက်သည်။
"အဘိုး၊ ကျွန်တော်အဘိုးနဲ့ နှစ်ကိုယ်ကြားဆွေးနွေးစရာလေးရှိတယ်။ ကျွန်တော်နဲ့ လိုက်ခဲ့နိုင်မလား?"
သခင်ကြီးလုမှာ ပဟေဠိဖြစ်သွား၏။
"ဘာကိစ္စလဲ? ဆွေးနွေးဖို့ တခြားနေရာကို သွားစရာလိုလို့လား? မင်းရဲ့ထိမ်းမြားခြင်းကိုပဲ အရင်မဆွေးနွေးတော့ဘူးလား?"
"ဒီကိစ္စက ကျွန်တော်တို့လုမျိုးနွယ်စုရဲ့လျှို့ဝှက်ချက်နဲ့သက်ဆိုင်နေတယ်၊ ဒါကြောင့် အပြင်လူတွေကိုကြားခွင့်မပြုတာကအကောင်းဆုံးပါပဲ။ နောက်မှဆွေးတွေးဖို့ကလည်း မသင့်လျော်ပါဘူး။"
"ဒါက... ကောင်းပြီ"
သခင်ကြီးလုမှာ မြူခိုးဂိုဏ်းသားအချို့အား ထိုသို့ပြောလိုက်သည်။
"အားလုံးပဲ၊ ခဏလောက်စောင့်ပေးကြပါ။ ကျုပ်တို့အရင်သွားလိုက်ဦးမယ်၊ နောက်မှ ထိမ်းမြားခြင်းအကြောင်းဆွေးနွေးကြမယ်။"
လူတိုင်းမှာ အလျင်စလိုပင် လက်များကိုဆုပ်ကာပြောလိုက်၏။
"သခင်ကြီးလု၊ အရမ်းယဉ်ကျေးလွန်းနေပါပြီ။ အရင်ဆုံး မျိုးနွယ်စုကိစ္စလုပ်စရာရှိတာလုပ်လိုက်ပါဦး။"
သခင်ကြီးလုနှင့် လုရှောင်ယန်တို့မှာ လုမျိုးနွယ်စု အိမ်ဝန်းထဲသို့ရောက်လာသည်။
"ရှောင်ယန်၊ ဘာကိစ္စလဲ? ဘာလို့ အရမ်းဆန်းကြယ်သလိုလုပ်နေရတာလဲ?"
လုရှောင်ယန်မှာ သူ၏အဘိုးအား အဓိပ္ပာယ်ပါပါကြည့်လိုက်သည်။ တကယ်တမ်း လုမျိုးနွယ်စုသာ သူ့အားကောင်းစွာမဆက်ဆံခဲ့ပါလျှင် ထိုအကြောင်းအားလုံးဝပြောချေလိမ့်မည်မဟုတ်ချေ။ သူဟာ အတော်ကြာကတည်းက လုမျိုးနွယ်စုကပင် ထွက်ခွာသွားပြီးဖြစ်လောက်၏။
သို့သော် လုမျိုးနွယ်စုထံတွင် သူ့အတွက် ရိုးသားသောခံစားချက်များရှိသောကြောင့် ထိုသို့ပြုမှုရန်မလိုအပ်ပါချေ။
ထို့အပြင် သူဟာလုမျိုးနွယ်စုအား ကူညီချင်မိသည်။
အနာဂတ်တွင် သူဟာ ပိုမိုမြင့်မားသောလောကသို့ မကြာမီပင်သွားရပေတော့မည်။ သူဟာလုမျိုးနွယ်စု၌ ထာဝရနေရန်မဖြစ်နိုင်ကာ လုမျိုးနွယ်စုမှာ သူ့အတွက် ဆုံးဖြတ်ချက်ချပေးရန်လည်းမလိုပါချေ။ သူဟာ အနာဂတ်၌ ပြဿနာမဖြစ်စေရန် ယခုတွင်ပင် ဝန်ခံလိုက်တော့၏။
အသက်ဝဝရှူပြီးနောက်တွင် သူဟာလေးနက်နေဟန်ဖြင့်ဆိုလိုက်၏။
"အဘိုး၊ ကျွန်တော် မြူခိုးဂိုဏ်းရဲ့နတ်မိမယ်ကိုလက်ထပ်မှာမဟုတ်ဘူး။"
သခင်ကြီးလုမှာ ချက်ချင်းပင် မျက်လုံးပြူးသွား၏။
"ဘာပြောလိုက်တယ်? မင်းရူးနေလား? ဒါက မြူခိုးဂိုဏ်းရဲ့ နတ်မိမယ်လေ။ ဘိုးဘေးရဲ့ ထောက်ပံ့မှုနဲ့တောင် သူမကမင်းနဲ့ မျိုးနွယ်စုအတွက် ဇနီးကောင်းလုပ်ပေးနိုင်မှာ။ မင်း အခွင့်အရေးကိုလက်လွှတ်လို့မရဘူး။"
"သူမရဲ့ ဂုဏ်၊ ပါရမီ ဒါမှမဟုတ် အသွင်အပြင်, ဒါတွေအားလုံးက တကယ်ကိုရှားပါးလွန်းတယ်။"
"အဲ့ဒီမြူခိုးဂိုဏ်းရဲ့ နတ်မိမယ်ကို လူဘယ်လောက်များများက လက်ထပ်ဖို့ ဆန္ဒရှိနေကြလဲဆိုတာ မင်းသိရဲ့လား?"
"ဘာလို့ ဒီလောက်ကောင်းတဲ့ အခွင့်အရေးကိုငြင်းရတာဘဲ?"
"မင်းရူးနေလား? ပြောပါဦး၊ မင်းရူးနေတာလား?"
လုရှောင်ယန် : "..."
တစ်ခဏမျှတိတ်ဆိတ်သွားပြီးနောက်တွင် သူဟာစကားဆက်လိုက်၏။
"တကယ်တော့၊ ကျွန်တော်က လုမျိုးနွယ်စုကဲ့ ဘိုးဘေးပါ။"
သခင်ကြီးလုမှာ ပို၍ပင်ကြောင်အသွားကာ မျက်မှောင်ကျုံ့လိုက်တော့၏။
"မင်းတကယ်ကြီး ရူးနေတာလား? နေဦး၊ မင်းကျင့်ကြံလွန်းလို့များ ရူးသွားတာလား? ဒါကြောင့် အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာလား? မြန်မြန်! ဘိုးဘေးကိုတွေ့ဖို့ ငါနဲ့လိုက်ခဲ့ချေ! မင်းရဲ့ဦးနှောက်ကို မလောင်ကျွမ်းစေနဲ့။"
သခင်ကြီးလုမှာ အလျင်စလိုပင်လုရှောင်ယန်အား ဆွဲကာ အင်မတန်စိုးရိမ်နေဟန်ပေါ်၏။
ကျင့်စဉ်ဖောက်ပြန်ခြင်းမှာ သာမန်ကိစ္စလေးမဟုတ်ပါချေ။ အစောပိုင်းအခြေအနေတွင် လူတစ်ယောက်ဟာ သူ၏ အသိစိတ်ကိုဆုံးရှုံးရကာ ပေါက်ကရများပြောမည်ဖြစ်၏။ ထို့နောက်တွင် ထိုလူ၏ကိုယ်ရှိ နတ်ဝိဉာဉ်စွမ်းအားနှင့် ချီလမ်းကြောင်းများမှာ ကမောက်ကမဖြစ်သွားလိမ့်မည်။ အဆုံး၌ ထိုလူမှာ ချက်ချင်းပေါက်ကွဲကာ သေရမည်ဖြစ်ပြီး အင်မတန် နာကျင်ခံစားရမည်ပင်!
သို့သော် သူဟာလုရှောင်ယန်အား အဝေးသို့ဆွဲခေါ်လိုက်သည်နှင့် လုရှောင်ယန်ကို ဆွဲမခေါ်နိုင်ကြောင်း ရုတ်တရတ်သတိထားမိသွားသည်။
"ရှောင်ယန်၊ မင်း..."
သခင်ကြီးလုမှာ လုရှောင်ယန်အား လှည့်ကြည့်လိုက်၏။ သူဟာ ထိုကြည်လင်နေသောမျက်လုံးများနှင့် ဆုံချိန်တွင် ထုတ်ဖော်လိုက်သည့် နက်နဲမှုမှာ သခင်ကြီးလု၏ဝိဉာဉ်အား ရုတ်တရတ်တုန်ရီသွားစေ၏။
ထိုအခိုက်တွင် သူ၏အိမ်နှင့် နှစ်များစွာကွာဝေးနေခဲ့ရသော ထိုမြေးလေးအား ဘယ်တုန်းကမှ မမြင်နိုင်ခဲ့သည်အား သတိပြုလိုက်မိသည်။
ထိတ်လန့်မှုတစ်ရပ်က သခင်ကြီးလု၏ နှလုံးအိမ်မှ ရုတ်တရတ်ဆန်တက်လာကာ စိတ်တစ်ခုလုံးနှင့် အသိစိတ်အား အပိုင်းအစများအဖြစ်သို့ လွင့်ထွက်သွားစေသည်။
လုရှောင်ယန်မှာ တကယ်ကိုပင် လုမျိုးနွယ်စု၏ဘိုးဘေးပါပင်!
သူဟာ နားမလည်နိုင်လောက်သော ကျင့်ကြံဆင့်နှင့် လုမျိုးနွယ်စု၏ဘိုးဘေးပါပင်!
သို့သော် သူဟာ အသက်သုံးဆယ်အတွင်း၌သာရှိသေးချေ၏!
သူဟာ အနှစ်သုံးဆယ်အတွင်းနှင့်ပင် အနိမ့်ပိုင်းလောကမှ တစ်ဆင့်ပြီးတစ်ဆင့်ကျင့်ကြံခဲ့သည်။ ထိုမှတစ်ဆင့် သူ၏ကျင့်ကြံဆင့်မှာ လုမျိုးနွယ်စုကိုပင် ကျော်လွန်နေခဲ့၏။ သူဟာ မည်မျှ အားစိုက်ထုတ်ခဲ့ရလေသနည်း?
ကိစ္စမည်မျှကို တွေ့ကြုံခဲ့ရလေသနည်း?
ထိုအခိုက်တွင် သခင်ကြီးလုမှာ လုရှောင်ယန်က မည်မျှစွမ်းအားကြီးသည်ကို တွေးတောမနေမိဘဲ လုရှောင်ယန်ဟာ နှစ်ပေါင်းများစွာ မည်သို့နာကျင်ခံစားနိုင်သည်ကို တွေးတောမိလိုက်သည်။
ချဉ်နေသောခံစားချက်တစ်ခုက သူ၏နှလုံးအိမ်အတွင်းသို့ ဆန်တက်လာကာ သခင်ကြီးလု၏ နှလုံးအား ကိုက်ခဲနေစေလျက် သူဟာငိုချင်လာတော့သည်။
"ရှောင်ယန်... မင်း... မင်း"
လာရှောင်ယန်မှာ တောင်းပန်ဟန်ဖြင့်ပြုံးပြလိုက်၏။
"စိတ်မကောင်းပါဘူး။ ကိစ္စတစ်ချို့ကြောင့် ကျွန်တော့်ပုံစံအမှန်ကိုဖုံးထားဖို့ကလွဲပြီး ရွေးစရာမရှိခဲ့လို့ပါ။"
"အရင်က လုမျိုးနွယ်စုကို ကယ်ဖို့အတွက်နဲ့ လုမျိုးနွယ်စုရဲ့ဘိုးဘေးဟန်ဆောင်ရုံပဲတတ်နိုင်ခဲ့တယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ၊ အဘိုး"
"အရူး၊ မင်းက ငါတို့လုမျိုးနွယ်စုကိုကယ်တင်ပေးခဲ့ပြီး စွမ်းအားတွေလည်းတိုးလာစေခဲ့တာလေ။ ငါမင်းကို ဘာကြောင့် အပြစ်တင်ရမှာလဲ?"
သခင်ကြီးလုမှာ လုရှောင်ယန်၏ ပုခုံးသို့ ထိုးချလိုက်သည်။
"ပြောရရင်၊ မင်းဘာလို့အရမ်းမိုက်မဲရတာလဲ? ဘာလို့ ငါ့ကိုစောစောကမပြောတာလဲ? အဘိုးက မင်းကိုဖော်ထုတ်လိုက်မှာကြောက်လို့လား?"
လုရှောင်ယန်မှာ နေရခက်စွာပြုံးကာ မည်သည်ကိုမှမဆိုဘဲ သူ၏နှာခေါင်းကိုထိလိုက်၏။ သို့သော် အဘိုးလု၏နှလုံးသားမှာ ပို၍ပင်ခါးသက်လာ၏။
လုရှောင်ယန်မှာ အပြင်လောက၌ နှစ်များစွာတစ်ယောက်တည်းကျင်လည်ခဲ့ပြီး လုံးဝ နာကျင်ခံစားခဲ့ရမည်ကို သိချေသည်။ ကျင့်ကြံခြင်းလမ်းကြောင်းမှာ အင်မတန် အန္တရာယ်ကြီးလှချေ၏။ လူတို့၏နှလုံးသားမှာ ရက်စက်လှ၏။ သူသာ သတိမထားပါလျှင် တစ်နေ့သေရလိမ့်မည်။
ထို့ကြောင့် သူဟာ လုမျိုးနွယ်စုအား အစတည်းက သတိထားခဲ့ခြင်းပင် မဟုတ်ပါလား?
၎င်းတို့အားလုံးမှာ ယခင်က လုမျိုးနွယ်စု၏ အမှားပင်။ သူတို့ဟာ လုရှောင်ယန်၏ မိဘများနှင့် လုရှောင်ယန်ကို ကာကွယ်ရန် ကျရှုံးခဲ့၏။
ယခုတွင် လုရှောင်ယန်မှာ မျိုးနွယ်စုဆီပြန်ရောက်ပြီးနောက် ပညာရှင်တစ်ယောက်ပင် ဖြစ်လာခဲ့ချေပြီ။ လုမျိုးနွယ်စုမှာ လုရှောင်ယန်အတွက် ပြင်ဆင်ပေးချင်ပါလျှင်ပင် ဘယ်နေရာကစရမည်မှန်း သိလိမ့်မည်မဟုတ်ချေ။
သူဟာအသက်ပြင်းပြင်းရှူကာ ချက်ချင်းပြောလိုက်၏။
"ရှောင်ယန်၊ ဒါကိုအခုပြောဖို့က အသုံးမဝင်တာကို ငါသိပါတယ်။ မင်းအတွက် အခု လုမျိုးနွယ်စုက ဘယ်လိုပြန်ပြီး ဖာထေးပေးစရာမှမရှိဘူး။ ဒါပေမယ့် မင်းတစ်ခုခုလိုအပ်ရင် ငါကူညီနိုင်ပါသေးတယ်။ ငါ့ကိုသာပြောပြလိုက်။ အဲ့ဒါဘာပဲဖြစ်နေနေ အဘိုးက မင်းကို ကူညီပေးမယ်။"
လုရှောင်ယန်မှာ ခေါင်းငြိမ့်လိုက်၏။
"ကျေးဇူးပါ၊ အဘိုး။ အဲ့ဒီနတ်မိမယ်ဝမ်အကြောင်းပြောရမယ်ဆိုရင်၊ အဲ့ဒီလက်ဆက်ပွဲကို ဖျက်ဖို့အတွက် ကူညီပေးပါ၊ အဘိုး။"
သခင်ကြီးလု : "..."
"ဘာဖြစ်လို့လဲ?"
သခင်ကြီးလုရပ်တန့်သွားသည်ကိုမြင်သော် လာရှောင်ယန်မှာ မနေနိုင်ဘဲ ပဟေဠိဖြစ်သွားသည်။
"ရှောင်ယန်၊ မင်းသူမရဲ့နာမည်ကိုတောင်မေ့နေပြီလား? သူမနာမည်က ကုန်းဝမ်အာလေ။ သူမ မျိုးရိုးနာမည်က 'ကုန်း', 'ဝမ်'မဟုတ်ဘူး"
လုရှောင်ယန်၏မျက်နှာမှာ နီရဲသွား၏။
"အဟမ်း အဟမ်း... မှားသွားလို့ပါ။ မရည်ရွယ်ပါဘူး။"
သခင်ကြီးလုမှာ ရယ်ရခက် ငိုရခက်ဖြစ်သွားတော့၏။
"မင်းလက်မထပ်ချင်သေးဘူးလို့ ငါထင်တယ်။ အခုတောင်မှ မင်းကသူမနာမည်ကိုမသိသေးဘူးလေ။ ထားပါတော့၊ မင်းလည်းဆန္ဒမရှိမှတော့ တွန်းအားမပေးတော့ပါဘူး။"
"ဒါပေမယ့်၊ မြူခိုးဂိုဏ်းက ငါတို့လုမျိုးနွယ်စုအပေါ်ကောင်းပေးခဲ့တယ်။ သူတို့ကို စကားလေးနည်းနည်းနဲ့ ငြင်းလိုက်လို့မရဘူး။ ငါကိုယ်တိုင် မြူခိုးဂိုဏ်းဆီသွားပြီး ဒီထိမ်းမြားခြင်းကို ပယ်ဖျက်ရမယ်။"
လုရှောင်ယန်မှာ ခေါင်းငြိမ့်လိုက်၏။
"အကြံကောင်းပဲ။ ဒါပေမယ့် အဘိုး၊ ကျွန်တော့်ကျင့်ကြံဆင့်အကြောင်းဘာမှမပြောပါနဲ့။"
"ငါနားလည်ပြီ။ ငါသိပါတယ်။ မင်းက အတွေ့အကြုံမရှိဘဲ ကျင့်ကြံဆင့်နိမ့်ပြီး ပါရမီမရှိဘူးလို့ပဲပြောမှာပါ။ မင်းက နတ်မိမယ်နဲ့မထိုက်တန်တာကြောင့် လက်ဆက်ပွဲကို ဖျက်သိမ်းချင်ပါတယ်ဆိုပြီးပေါ့ကွာ။"
လုရှောင်ယန်မှာ သိသာသောအပြုံးတစ်ခုလှစ်ဟပြလိုက်၏။
အမှန်ကိုပင် အသက်ကြီးရင့်လေ ပညာရှိလေပင်။ သူ၏အဘိုးမှာ ချက်ချင်းပင် သူ၏ရည်ရွယ်ချက်ကိုနားလည်၏။
"ဒါကို ခဏထားဦးမယ်။ အဘိုး လက်ဆက်ပွဲကိုဖျက်ဖို့ ကူညီပြီးရင် နောက်ထပ်ခြေလှမ်းအကြောင်းအသိပေးမယ်။ ဒါပေမယ့် မြူခိုးဂိုဏ်းက အဘိုးကိုခက်ခဲအောင် မလုပ်ဖို့ လက်ဆက်ပွဲဖျက်မယ့် မြူခိုးဂိုဏ်းဆီသွားတဲ့လမ်းမှာ ကျွန်တော့်တပည့်သုံးယောက်ကို အဘိုးအတွက် ခစားဖို့ထည့်ပေးလိုက်မယ်။ သူတို့ကျင့်ကြံဆင့်က သိပ်မဆိုးပါဘူး။"
"ကောင်းပြီလေ! ငါအခုပဲ မြူခိုးဂိုဏ်းကိုသွားလိုက်မယ်"
လုရှောင်ယန်၏အဘိုးမှာ ခပ်မြန်မြန်ပင်ထွက်သွားသည်နှင့် လုရှောင်ယန်ဟာ အခြားတစ်ဘက်ကိုကြည့်လိုက်သည်။
ယခုတွင် ဟန်ကျန့်နှင့် ရင်ဆိုင်ရမည့်အချိန်ဖြစ်၏။
သူဟာတစ်ဖက်လူ၏ တည်နေရာကို အာရုံခံမိပြီးသားပင်။ သူ၏ခြေတစ်ချက် အထိဖြင့် ဟန်ကျန့်ရှိရာသို့ နေရာပြောင်းရွှေ့သွားတော့သည်။
"မတွေ့ရတာကြာပြီနော်၊ တာအိုရောင်းရင်းဟန်။ ဘာတွေလုပ်နေခဲ့တာလဲဗျ?"
ထိုအခြေအနေအားဖြေရှင်းရန် ခက်ခက်ခဲခဲစဉ်းစားနေသော ဟန်ကျန့်မှာ ထိုအသံအား ကြားရာ၌ အနည်းငယ်ခါးသက်ဟန်ပေါ်သွား၏။
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၇။ အပိုင်း ၃၉၈ တင်ပြပါတယ်! စနစ်တစ်ခုက ခင်ဗျားကိုသတ်ဖို့ ကြိုးစားနေတယ်
သူဟာ ခေါင်းအား တုံ့ဆိုင်းစွာ လှည့်လိုက်၏။ လုရှောင်ယန်အားမြင်သော် မျက်ရည်များမှာ မထိန်းနိုင်အောင်စီးကျလာတော့သည်။
တစ်ခဏကြာပြီးနောက် မြေပြင်ထက်၌ ဒူးထောက်လိုက်တော့၏။
"ညီနောင်! ကျုပ်ကိုလွှတ်ပေးပါဗျာ။ ဝူးဝူးဝူး... ကျုပ်ခင်ဗျားကို မဆန့်ကျင်ခဲ့ဖူးပါဘူး။ ကျုပ်က လေလွင့်ကျင့်ကြံသူလေးတစ်ယောက်ပါပဲ။ ဒီတစ်ထောင်သောစစ်ပွဲနတ်ဘုရားအဆင့်ကိုရောက်ဖို့ နှစ်ပေါင်း၂၀၀၀လောက်ကျင့်ကြံခဲ့ရတာပါ။"
"နှစ်များစွာကြာအောင် ကျုပ်နေ့တိုင်းပဲ လိပ်တစ်ကောင်လိုနေခဲ့ရတာပါ။"
"အခြားလူတွေစိတ်ကူးထားတာကိုလည်း မလုယူပါဘူး။ တခြားသူတွေ လိုက်ဖမ်းရင်တောင် ပြန်တိုက်ခိုက်ဖို့ မဝံ့ရဲပါဘူးဗျာ။ မိန်းမအများကြီးကိုလည်း မကြည့်ဖူးဘူး။ သူတို့နဲ့ တစ်ခုခုလုပ်တာကိုတောင် မတွေးဝံ့ပါဘူး။ ကျုပ် ဆရာကြီးတချို့ကို သွားဆွမိမှာ စိုးမိပါတယ်။
"ကျုပ်ထက် ကျင့်ကြံဆင့် ၂ဆင့်လောက်နိမ့်တဲ့လူကိုမြင်ရင်တောင် ထွက်ပြေးနေကြပါ!"
"ကျုပ်ကို စာနာပေးလို့ရမလား? အသက်ရှင်ခွင့်ပေးနိုင်မလားဗျာ?"
လုရှောင်ယန်မှာ မျက်ဝန်းများအား အတန်ငယ်ကျဉ်းမြောင်းလိုက်၏။
"မင်းကဒီလိုဆိုရင်တော့ ဘယ်နေရာမှာဖြစ်ဖြစ် မင်းကိုမသတ်ချင်ပါဘူး။ ဒါပေမယ့် ပြောရရင် မင်းလိုလူမျိုးက တကယ်ကိုပိုလို့တောင် အန္တရာယ်များတယ်!'
ဟန်ကျန့် : "..."
ထိုသို့သော သတိရှိသည့်လူနှင့် ရင်ဆိုင်ရန်မှာ ပိုလိုပင် ဒုက္ခများမည်ဖြစ်၏။
တစ်ဖက်လူမှ တိုးတက်လာကာ သူ့ကိုသတ်မည်အား စောင့်နေရမည့်အစား တစ်ဖက်ကို ဦးစွာသတ်ရန်မှာ ပိုကောင်းပေမည်။
မည်သို့ဆိုစေ တစ်ယောက်ကတော့ သေမှဖြစ်မည်။
ထိုသို့တွေးကာ လုရှောင်ယန်မှာ မွေးဖွားခြင်းမူလရတနာအဖြစ်အဆင့်မြှင့်ပြီးသား ရွှမ်ယွမ်ဓားအား ဖြည်းညင်းစွာ ဆွဲထုတ်လိုက်သည်။
ဟန်ကျန့်မှာတုန်ရီသွားကာ အလျင်စလိုပင်ပြောလိုက်၏။
"ညီနောင်၊ မလောပါနဲ့။ စိတ်လည်းမမြန်ပါနဲ့! ကျုပ်ကိုပြင်ဆင်ဖို့ အခွင့်အရေးတစ်ခုလောက်ပေးနိုင်မလား?"
လုရှောင်ယန်မှာ ရပ်တန့်ကာ ချက်ချင်းဆိုလိုက်၏။
"ပြင်ဆင်ရမယ်? မင်းကဘယ်လိုပြင်ဆင်နိုင်မှာလဲ?"
ဟန်ကျန့်မှာချက်ချင်းပင် လက်ကိုမြှောက်လိုက်၏။
"ခင်ဗျားကို ထိခိုက်စေချင်နေတဲ့ စနစ်လို့ခေါ်တဲ့ ကောင် တစ်ချို့ရှိတယ်! သူတို့အားလုံးက ကျွန်တော့ကို အသက်သွင်းစေချင်ကြပြီး ခင်ဗျားကိုသတ်စေချင်နေတာ။ ဒါပေမယ့် ကျွန်တော်က ဒီလိုမျိုးအရာကို ဘယ်လိုလုပ်နိုင်မှာတဲ့လဲ? ခင်ဗျားက ကျုပ်ရဲ့ စံပြလေ။ ဒီလိုစက်ဆုပ်စရာကို ဘယ်လိုများသဘောတူနိုင်မှာလဲ?"
"ဒါကြောင့် သူတို့အားလုံးကိုငြင်းခဲ့တယ်! ဒါပေမယ့် ခိုးနားထောင်ခြင်းစနစ်က ကျွန်တော့်ကိုယ်ကိုချိတ်ဆက်ထားပြီး အသက်မသွင်းရသေးဘူး။"
ဟန်ကျန့်မှာ တစ်ဖက်လူအားအနိုင်မယူနိုင်ပါလျှင် စနစ်များအကြောင်းတင်ပြရန်သာ ဆုံးဖြတ်လိုက်တော့၏။ ထို့နောက်တွင်မူ တစ်ဖက်လူမှ သူ့အားသတ်မည်ကို စိုးရိမ်စရာလိုတော့လိမ့်မည်မဟုတ်ချေ။
အခြားနည်းလမ်းမရှိတော့ပါလျှင် အမည်မဲ့ဂိုဏ်းကိုဝင်လိုက်မည်။
တစ်ဖက်လူအား မနိုင်,နိုင်လျှင် ထိုသူနှင့်ချိတ်ဆတ်မည်။ ပြည့်စုံတယ်!
လုရှောင်ယန်မှာ မထိန်းနိုင်ဘဲ အံ့ဩသွား၏။
စနစ်တွေအများကြီးရှိတယ်ပေါ့!
ထိုဟန်ကျန့်မှာ အတော်လေး အံ့ဖွယ်ကောင်းပုံပင်!
အခြားလူများမှာ စနစ်တစ်ခုကိုသာ အများဆုံးဆွဲဆောင်နိုင်ပါသော်လည်း သူဟာ စနစ်များစွာကို ဆွဲဆောင်နိုင်ခဲ့သည်။
သို့သော် သေချာတွေးကြည့်လိုက်လျှင် နားလည်နိုင်ဟန်ပေါ်၏။
ဤလောကရှိ မြင်းနက်များမှာ သူ့ထံမှအသတ်ခံလိုက်ရပေပြီ။ ဟန်ကျန့်အား ရှာရန်မှလွဲလျှင် စနစ်များမှာ မည်သူ့ကိုမှ ရှာနိုင်မည်မဟုတ်တော့ချေ။
ရှားပါးပစ္စည်းများမှာ အဖိုးတန်သည်။ ပလပ်ခေါင်းများစွာရှိပြီး ပလပ်ပေါက်များနည်းနေလျှင် ပလပ်ပေါက်တန်ဖိုးမှာ မြင့်တက်လာမည်ဖြစ်သည်။
ထို့အပြင် ပလပ်ပေါက်အရေအတွက် လျော့သွားသည်နှင့် တစ်ခုလုံးတန်ဖိုးမှာလည်း တိုးလာမည်ပင်။
၎င်းမှာ သူ၏ယခင်ဘဝရှိ ပြည့်တန်ဆာများနှင့်တူသည်။
အစီရင်ခံရသူများလေ ကျန်သူများမှာ ပို၍ ဈေးကြီးလေပင်။
ထိုပြည့်တန်ဆာများ၏ စုစုပေါင်းဝင်ငွေမှာ ပြောင်းလဲမည်မဟုတ်ချေ။
လုရှောင်ယန်ကိုယ်ရှိ ဝမ့်ခိုက်မှာပြောလိုက်သည်။
[သခင်၊ သူ့ကိုယ်ထဲမှာ တကယ်ကို စနစ်တစ်ခုရှိနေတယ်။ သူ့ကိုဝါးမြိုခွင့်ပေးပါ၊ ဒါမှ သူ့ဆီကနေ တခြားစနစ်တွေရဲ့ တည်နေရာကိုထုတ်ဖော်နိုင်လိမ့်မယ်။ ဒီစနစ်တွေအားလုံးကို ကောင်းကင်တာအိုကနေ ခွဲထွက်လာတဲ့ ရှေးဟောင်းခရမ်းသွေးချီကနေ ရောစပ်ထားတာပဲ။ သူတို့တွေက ကျွန်တော့ စွမ်းအားကို မြှင့်တင်ပေးနိုင်တယ်]
"ကောင်းကင်တာအိုနဲ့ ရှေးဟောင်းခရမ်းသွေးချီရဲ့ကြားထဲက ဆက်နွယ်မှုကဘာလဲ?"
[ကောင်းကင်တာအိုက ပန်ဂုရဲ့ပြိုင်ဘက်ပဲ။ ပြောရရင် ကျောက်စိမ်းဖန်ဆင်းလိပ်ပြာထဲမှာ ရှေးဟောင်းခရမ်းသွေးချီစုစုပေါင်း ၅၀ရှိတယ်။ ဒါပေမယ့် ပန်ဂုလောကကိုဖန်တီးချိန်မှာ ကျောက်စိမ်းဖတ်ဆင်းလိပ်ပြာက အက်ကွဲသွားတယ်။ ဟုန်ကျွင်းက ရှေးဟောင်းခရမ်းသွေးချီ ၇ခုပါတဲ့ အကြီးဆုံးအပိုင်းကိုရသွားခဲ့တာပဲ]
[ဒါပေမယ့် နှစ်များစွာကြာပြီးတဲ့နောက်မှာ ထပ်ပြီးတော့ ရှေးဟောင်းခရမ်းသွေးချီအများအပြားကို စုစည်းနိုင်ခဲ့တယ်။ မဟုတ်ရင် သူကောင်းကင်တာအိုမှာ ထပ်ပြီး ဝင်ပါဖို့ မဖြစ်နိုင်ဘူး]
[ဒါပေမယ့် ရှေးဟောင်းခရမ်းသွေးချီ ၅၀ကိုအပြည့်အဝမစုစည်းဘဲနဲ့ သုံးလောကကို အပြည့်အဝအုပ်စိုးဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ]
[ပြောရရင် ဒီလောကမှာကောင်းကင်တာအိုကို ရှောင်တိမ်းနိုင်တဲ့နေရာများစွာလည်းရှိသေးတာပဲ။ အဲ့ဒီ့နေရာတွေမှာ ရှေးဟောင်းခရမ်းသွေးချီတွေရှိနိုင်တယ်]
[ဒါကလွဲရင် အဲ့ဒီ့စနစ်တွေကို ကောင်းကင်တာအိုကဖန်ဆင်းထားပြီး ရှေးဟောင်းခရမ်းသွေးချီနဲ့ ရောစပ်ထားခဲ့တာပဲ]
[ကျွန်တော်သာ ဒါတွေကို စုပ်ယူလိုက်ရင် ကောင်းကင်တာအိုနဲ့ ဟုန်ကျွင်းတော့ ရှေးဟောင်းခရမ်းသွေးချီတချို့ကို ဆုံးရှုံးလိုက်ရတော့မှာပဲ]
"သိပြီ"
လုရှောင်ယန်မှာ အနည်းငယ်နားလည်သွား၏။ ရှင်းရှင်းပြောရလျှင် ၎င်းတို့မှာ တူညီသောကိတ်မုန့်အတွက် တိုက်ခိုက်နေခဲ့ခြင်းပင်။
ထိုကိတ်မုန့်တစ်ခုတွင် အပိုင်းများများလုနိုင်သူက ပိုမိုသန်မာလာပေလိမ့်မည်။
သို့သော် ပြောရလျှင် ထိုဟန်ကျန့်မှာ အင်မတန်လိမ္မာပါးနပ်သည်။ တစ်ဖက်လူမှာ အချိန်အတော်ကြာ ရှင်သန်နေထိုင်လာခဲ့ကာ သူ၏အကူအညီမပါဘဲ တစ်ထောင်သောတိုက်ပွဲနတ်ဘုရားအဆင့်ထိကျင့်ကြံနိုင်ခဲ့၏။
ထိုသည်ကပင် လုရှောင်ယန်အား တစ်ဖက်လူသည် သူ၏တပည့်များထက် အထင်ကြီးဖွယ်ဖြစ်သည်ဟု ခံစားမိစေ၏။
ထိုလူအားသတ်ခြင်းက... နှမျောစရာဖြစ်လိမ့်မည်။
သူဟာ တစ်ဖက်လူအားသတ်လိုက်ပါက ဆုတချို့ရနိုင်လိမ့်မည်။ သို့သော် ထိုမျှလည်း များလိမ့်မည်မဟုတ်ချေ။ သူ့အတွက် ဟန်ကျန့်နောက်တစ်ယောက်အား ပျိုးထောင်ရန်မှာလည်း လွယ်ကူလိမ့်မည်မဟုတ်ချေ။
ထို့အပြင် လုရှောင်ယန်မှာ အနာဂတ်တွင် အမတလောကသို့ အသေအချာကို ခြေလှမ်းတော့မည်ပင်။
ဟုန်ကျွင်းနှင့် ကောင်းကင်တာအိုသာ သူ့အားသတ်ချင်ပါလျှင် ၎င်းတို့၏လက်အောက်ငယ်သားများကို လုံးဝအမိန့်ပေးလိမ့်မည်ဖြစ်သည်။
ထိုအချိန်တွင် ကောင်းကင်ဘုံခုံရုံးပင်မက စိတ်ဝိဉာဉ်တောင်နှင့် မြေအောက်ဘုံပင်ဖြစ်နေပါစေ ၎င်းတို့အားလုံးမှာ သူ့အားတိုက်ခိုက်ကြမည်ပင်။
သူ့အား အလွယ်တကူ အနိုင်ယူနိုင်မည်မဟုတ်ချေ။ သူဟာ ဝှက်ဖဲများတတ်နိုင်သလောက်ရှာဖွေရန် နည်းလမ်းစဉ်းစားရပေမယယည်။
ထိုသို့တွေးရင်းဖြင့် လုရှောင်ယန်မှာ အကြံတစ်ချက်ရသွားသည်။
ထို့နောက်သူဟာ မျက်လုံးအားမှေးကျဉ်းကာ ဟန်ကျန့်ထံသို့ စကားဆိုလိုက်သည်။
"ငါမင်းကို အသက်ရှင်ခွင့်ပေးမှာပါ၊ ဒါပေမယ့် ငါ့အတွက် တစ်ခုခုပြန်လုပ်ပေးရမယ်။"
ဟန်ကျန့်မှာ ချက်ချင်းပင် ခန္ဓာကိုယ်အား မတ်လိုက်၏။
"ဘယ်အချိန်မဆို ငါ့အတွက် မင်းကိုယ်မင်းစွန့်လွှတ်နိုင်ဖို့ ပြင်ဆင်ထားရမယ်!"
"မင်းအတွက် ဟန်ရေးပြဖို့မလိုဘူး။ ငါမင်းကိုမသိတာတော့မဟုတ်ဘူး။ မင်းရဲ့စကားလုံးတွေက ငါ့အတွက် ဘာအဓိပ္ပာယ်မှရှိမနေဘူး။ မင်းကို ဝိဉာဉ်အမှတ် ပြီးတော့ သွေးအဆီနှစ်အမှတ်အသားလိုမျိုး ပြုမူစေချင်တယ်။ ပြောရရင် မင်းဒါတွေအကုန်လုပ်ရမယ်။"
"နားလည်ပါတယ်!"
ဟန်ကျန့်မှာ အင်မတန် ရိုးသားပြီး လိမ္မာလှသည်။ သူတော်စင်တစ်ယောက်၏ရှေ့တွင် နာခံရမည်ကို သိလေ၏။ ထို့ထက် သူ့ထံတွင် နောက်ထပ်ရွေးခြယ်မှုလည်းရှိမနေပါချေ။
ထို့အပြင် သူတော်စင်တစ်ပါး၏ လက်ပါးစေဖြစ်ရသည်မှာလည်း မဆိုးပါချေ။
အနည်းဆုံးတော့ သူတော်စင်အား သူ၏နောက်ခံအဖြစ် အတော်လေး ယုံကြည်ရနိုင်ပါသေးသည်။
သူဟာ အင်မတန်နာခံသည်ကိုမြင်သော် လုရှောင်ယန်မှာ ခေါင်းငြိမ့်ကာ ချက်ချင်းပင် အချက်ပြလိုက်၏။ ဟန်ကျန့်မှာ နားလည်လိုက်ကာ ချက်ချင်းပဲ သူ၏ဝိဉာဉ်နှင့် သွေးအဆီအနှစ်အား လက်လွှဲပေးလိုက်တော့သည်။
"စီနီယာလု၊ ဒီမှာကျုပ်ဝိဉာဉ်နဲ့ သွေးအဆီအနှစ်ပါ။"
လုရှောင်ယန်မှာ စစ်ဆေးလိုက်၏။ ဟန်ကျန့်မှာ အင်မတန်ယုတ်မာလှသောကြောင့် သူဟာဂရုစိုက်ရမည်ပင်။
ပြဿနာမရှိကြောင်းထပ်ခါထပ်ခါစစ်ဆေးပြီးမှသာ ဟန်ကျန့်၏သွေးအဆီအနှစ်နှင့် ဝိဉာဉ်အား ဖိဂုလျန်၏ကိုယ်ထဲသို့ ပေါင်းစပ်လိုက်သည်။
ပြောရလျှင် အမည်မဲ့ဂိုဏ်း၏ တတိယမျိုးဆက်တပည့်အားလုံးမှာ ဖိဂုလျန်၏ထိန်းချုပ်မှုအောက်တွင်ရှိ၏။
လုရှောင်ယန်ထိုသို့လုပ်ရခြင်းမှာ ထိုတပည့်များထဲမှ တစ်ယောက်မှာ သူတော်စင်တစ်ယောက်၏ထိန်းချုပ်ခြင်းကို ခံရပါလျှင် ပြန်လည်တိုက်ခိုက်နိုင်ရန်ဖြစ်၏။ ထို့အပြင် ထိုအချိန်၌ ၎င်းတို့၏ကျင့်ကြံဆင့်မှာ သူ့အားကျော်လွန်ပြီး ပြန်လည်ထိန်းချုပ်ပါက ဒုက္ခများမည်ပင်။
အကြောင်းမှာ လုရှောင်ယန်နှင့် ဖိဂုလျန်၏ဆက်နွယ်ချက်မှာ သားရဲထိန်းချုပ်ခြင်းအနုပညာမှဖြစ်သည်။ ဖိဂုလျန်၏ သွေးအဆီအနှစ်နှင့် ဝိဉာဉ်အား သူကိုယ်တိုင်ထိန်းချုပ်ထားသော်လည်း သားရဲထိန်းချုပ်ခြင်းအနုပညာနှင့်ပင်ဖြစ်၏။ ၎င်းတို့၏သွေးအဆီအနှစ်နှင့် ဝိဉာဉ်များအား လုရှောင်ယန်၏ကိုယ်တွင်းသို့ မပေါင်းစပ်ထားပါချေ။
ဖိဂုလျန်သာ ခုခံဝံ့ပါလျှင် ချက်ချင်းသတ်လိုက်မည်ဖြစ်၏။ ဖိဂုလျန်မှာ သူ့အား သွေးအဆီအနှစ်နှင့် ဝိဉာဉ်တို့ကိုသုံးကာ ထိန်းချုပ်နိုင်လိမ့်မည်မဟုတ်ချေ။
တစ်ယောက်ယောက်မှာ လူသားတို့အား သားရဲထိန်းချုပ်ခြင်းအနုပညာနှင့် မထိန်းချုပ်နိုင်ပါချေ။
တစ်ဖက်လူမှာ သူ့အားထိန်းချုပ်ချင်ပါလျှင် ၎င်းတို့၏ သွေးအဆီအနှစ်နှင့် ဝိဉာဉ်အား သူ့ကိုကိုယ်ထဲသို့ စုပ်ယူလိုက်မည်သာဖြစ်သည်။
သူသာ ထိုသို့မလုပ်ပါလျှင် ထိုလူမှာ အင်မတန်စွမ်းအားကြီးနေပါက သူ့အား လျှို့ဝှက်လမ်းစဉ်တချို့ဖြင့် ထိန်းချုပ်လိုက်ပေလိမ့်မည်။ တစ်ဖက်လူမှာသူ့အား မထိန်းချုပ်နိုင်လျှင်ပင် သူ၏ဝိဉာဉ်ခန္ဓာအား ထိခိုက်စေမိသည်နှင့် အင်မတန်ဒုက္ခများချေမည်ဖြစ်၏။
လုရှောင်ယန်မှာ ကိစ္စများအား အမြဲတစေ ခိုင်ခိုင်ကြည်ကြည်သာ လုပ်ဆောင်ခဲ့သည်။ ထိုသို့သော ကိစ္စမျိုးအား မည်သို့ ဖြစ်ခွင့်ပြုနိုင်မည်နည်း!
ဒါပေါ့၊ သူ့အတွက် အန္တရာယ်ဖြစ်စေနိုင်သော အချက်အားလုံးအား ဖယ်ရှားပစ်မည်ပင်!
ထို့ထက် သူဟာ ဟန်ကျန့်၏ အသိစိတ်ပင်လယ်တွင် ဝိဉာဉ်စည်းကျပ်ခြင်းနှင့် စိတ်အမှတ်အသားတစ်ခုအား ထည့်ပေါင်းရန် စစ်မှန်သောအမြင်သုံးပါးအားလည်း အသုံးပြုလိုက်သည်။
ထိုသို့ဖြင့် ဟန်ကျန့်အား မည်သည့်သူတော်စင်မှ ထိန်းချုပ်လိမ့်မည်မဟုတ်ဟု သေချာစေမည်ဖြစ်၏။
ကိစ္စအားလုံးပြီးနောက်တွင် လုရှောင်ယန်မှာ ဟန်ကျန့်အား ချက်ချင်းအမိန့်ပေးလိုက်၏။
"စနစ်ကို မင်းကိုယ်ထဲကနေ လှည့်စားပြီးထုတ်လိုက်။"
"သိပါပြီ! ကျွန်တော်အခုပဲလုပ်လိုက်မယ်!"
ထိုသို့ဖြင့် ဟန်ကျန့်မှာ ချက်ချင်းပင် သူ၏ကိုယ်တွင်းမှ စနစ်နှင့် စတင်ဆက်သွယ်လိုက်တော့၏။
"ဝေ့၊ စနစ်၊ ထွက်လာခဲ့။"
[လာနေပြီ၊ လာနေပါပြီ၊ ဒီမှာပါ! host ဘယ်လိုလဲဆိုတာ မေးလို့ရမလား? ကျွန်တော့ကို အသက်သွင်းဖို့ပြင်ပြီးပြီလား?]
"သေချာတာပေါ့၊ ဒါပေမယ့် ဒါမလုပ်ခင် မင်းဘယ်လိုပုံလဲဆိုတာ ကြည့်ချင်သေးတယ်။ ငါ့ကိုယ်ထဲကထွက်လာခဲ့ မင်းကိုတစ်ချက်ကြည့်ပါရစေ။"
[ကောင်းပြီလေ၊ ကိစ္စမရှိဘူး!]
ခဏအကြာ၌ ဟန်ကျန့်၏ကိုယ်မှ ရွှေရောင်အလင်းတစ်ပြ ပျံထွက်လာ၏။
ထိုအခိုက်၌ ၎င်းမှာ လုရှောင်ယန်နှင့် ဝမ့်ခိုက်အား သတိပြုမိလိုက်တော့သည်။ ၎င်း၏စွမ်းရည်မှာ လုရှောင်ယန်နှင့် ဝမ့်ခိုက်ထက် အတော်လေးနိမ့်ကျနေသောကြောင့် ၎င်းမှာ ဟန်ကျန့်၏ ကိုယ်တွင်း၌ လုရှောင်ယန်နှင့် ဝမ့်ခိုက်အား အာရုံမခံနိုင်ခဲ့ပါချေ!
"..."
လေထုမှာ သေလုအောင် တိတ်ဆိတ်သွားတော့၏။ တခဏကြာသော် ထိုရွှေရောင်အလင်းမှာ ချက်ချင်းဆဲရေးလိုက်တော့သည်။
[ဟန်ကျန့်၊ ငလူးးး မင်း!]
၎င်း၏စကားဆုံးချိန်တွင် ဝမ့်ခိုက်မှာ ချက်ချင်းဝါးမြိုလိုက်တော့၏။
ခွပ်! ခွပ်!
အက်ကွဲသံအနည်းငယ်နှင့် ဝမ့်ခိုက်မှာ စနစ်အား အရှင်လတ်လတ် ဝါးမြိုလိုက်တော့သည်။
ထိုမြင်ကွင်းက ဟန်ကျန့်အား ကြောက်ရွံ့တုန်လှုပ်သွားစေ၏!
သူတော်စင်တစ်ယောက်မှ ပျိုးထောင်လာခဲ့သည့် ခွေးတစ်ကောင်(ဝမ့်ခိုက်)မှာ မျှော်မှန်းထားသလိုပါပင်!
အံ့ဖွယ်ပဲ!
ထိုစနစ်အား သူတော်စင်တစ်ပါးမှ ဖန်ဆင်းထားသော်လည်း တစ်ဖက်လူထံမှ မလွတ်မြောက်နိုင်ချေ။
၎င်းမှာ အတည်ပြုလိုက်ပြီဖြစ်၏!
လုရှောင်ယန်မှာ သူတော်စင်တစ်ပါးပင်!
သူဟာတကယ်ကို သူတော်စင်ပင်!
ကံအားလျော်စွာဖြင့် သူဟာ ဉာဏ်ကောင်းပြီး နာနာခံခံနှင့် သူ၏ကိုယ်အား ထိန်းချုပ်ခွင့်အား လက်လွှဲပေးခဲ့သည်။ မဟုတ်ပါက သူဟာ ပြာပင်ဖြစ်သွားလောက်ချေပြီ။
"စီနီယာလုက အံ့ဩစရာပဲ! စီနီယာလု အသက်ရှည်ပါစေ!"
ဟန်ကျန့်မှာ သင့်လျော်သည့်အချိန်၌ ဟစ်ကြွေးလိုက်သည်။
လုရှောင်ယန်မှာ သူ့အားကြည့်လိုက်၏။
"အဓိပ္ပာယ်မရှိတာတွေတော်လိုက်တော့။ ငါမင်းကိုအခု တာဝန်တစ်ခုပေးမယ်။ အရင်ကစနစ်တွေအားလုံးကို ရှာဖို့ နည်းလမ်းစဉ်းစားထား။ မင်းရှာတွေ့တဲ့ စနစ်တိုင်းအတွက် မင်းကို အမတဆေးလုံးတစ်ပုလင်းပေးမယ်။"
"မင်းကို တခြားသူတွေ စနစ်တွေသာရှာတွေ့မယ်ဆိုရင် ဘာလုပ်ရမလဲကိုသိရဲ့လား?"
ဟန်ကျန့်မှာ ခေါင်းငြိမ့်လိုက်သည်။
"သိတယ်၊ သိတယ်။ ကျွန်တော်နားလည်ပါတယ်။ ကျုပ်ကို သေတဲ့အထိရိုက်ကြရင်တောင် ခင်ဗျားကို မဖော်ထုတ်ပါဘူး။ ကျွန်တော်အပြင်မှာ သေပြီး ဝိဉာဉ်ပျက်စီးသွားရင်တောင် ခင်ဗျားနာမည်ကိုထုတ်မပြောပါဘူး။"
လုရှောင်ယန်မှာ ခေါင်းငြိမ့်လိုက်၏။
ဟန်ကျန့်အားမျှော်မှန်းထားသလိုပင် သူဟာတကယ်ကိုသိုသိုသိပ်သိပ်နေရာ၌ တော်လွန်းသည်။
ယခင်က တစ်ဖက်လူမှာ သူ၏မိတ်ဆွေဖြစ်ကာ ရန်သူတစ်ယောက်မဟုတ်ခဲ့ပါက သူ့အားထိန်းချုပ်ရန် တစ်ဖက်လူ၏ သွေးအဆီအနှစ်နှင့် ဝိဉာဉ်အား ထုတ်ယူလိမ့်မည်မဟုတ်ချေ။
တစ်ဖက်လူမှာ သူ၏လူယုံပင်ဖြစ်လာနိုင်ချေရှိသည်။
"ကောင်းပြီ၊ သွားတော့"
လုရှောင်ယန်မှာ ဟန်ကျန့်အား အမတဆေးလုံးတစ်ပုလင်းပစ်ပေးလိုက်သည်။
ဟန်ကျန့်အား အလုပ်ကောင်းကောင်းလုပ်စေရန်အလို့ငှာ လုရှောင်ယန်မှာ ဦးစွာ တစ်ဖက်လူ၏စွမ်းရည်အား တိုးမြှင့်ပေးရန်လိုအပ်သည်။
မည်သို့ဆိုစေ ဟန်ကျန့်မှာ သူ၏ထိန်းချုပ်မှုအောက်ရောက်နေပြီဖြစ်သည်။ သူ၏ကျင့်ကြံဆင့်အား မြှင့်တင်ပေးခြင်းဖြင့် ဟန်ကျန့်မှာ သူ့အတွက် ပိုကောင်းအောင် လုပ်ဆောင်နိုင်သည်။
"ကျေးဇူးပါ၊ စီနီယာလု။ အိုး၊ မဟုတ်သေးဘူး၊ ကျေးဇူးပါ ဆရာ။ ကျွန်တော်အခုပဲ စနစ်ကိုသွားရှာတော့မယ်။"
ဟန်ကျန့်မှာ ခပ်မြန်မြန်ပဲထွက်သွား၏။ ဤတစ်ခေါက်တွင် လုရှောင်ယန်မှာ သူ့အားတားဆီးဖို့ အစီအရင်များကို သုံးလိမ့်မည်မဟုတ်မှန်း သိနေတာကြောင့် စိုးရိမ်စရာမလိုဘဲ ထွက်သွားနိုင်ပြီဖြစ်၏။
ကံမကောင်းစွာဖြင့် သူ၏လွတ်လပ်မှုအား ဆုံးရှုံးလိုက်ရပြီ!
ထားလိုက်ပါတော့။ လွတ်လပ်မှုကအဖိုးတန်တယ်၊ ဒါပေမယ့် ဘဝတန်ဖိုးက ပိုမြင့်မားတာပေါ့။
သူ့အတွက် အသက်ရှင်နေသည်ကပင် မဆိုးလှချေ။ ဘာကြောင့် အတွေးများနေရမည်နည်း?
ဟန်ကျန့်ထွက်ခွာသွားပြီးနောက်တွင် လုရှောင်ယန်၏တပည့်သုံးဦးမှာ သူ၏နံဘေးသို့ အလျင်အမြန်ရောက်လာတော့သည်။
"ဆရာ၊ မြူခိုးဂိုဏ်းဆီကို လက်ဆက်ပွဲဖျက်သိမ်းဖို့အတွက် ဆရာ့ရဲ့အဘိုးနဲ့ ကျွန်တော်တို့ကိုလိုက်သွားစေချင်တာလား?"
လုရှောင်ယန်မှာ ခေါင်းငြိမ့်လိုက်သည်။
"အဘိုးက လက်ဆက်ပွဲကို ဖျက်သိမ်းဖို့ မာနာမပလွှားပေမယ့်လည်းကွာ မြူခိုးဂိုဏ်းမှာ မျိုးနွယ်စုကြီးနဲ့ စီးပွားရေးရှိသေးတယ်လေ။ သူတို့တွေ အရှက်ရသလိုခံစားရမှာကိုတော့ မရှောင်လွှဲနိုင်ဘူး။"
"ငါ့အဘိုးက မဟာယနနတ်ဘုရားဘုရင်အဆင့်ပဲရှိသေးပြီး မြူခိုးဂိုဏ်းမှာက အမတနတ်ဘုရားဧကရာဇ်အဆင့်ရှိလောက်မယ့်ပုံပဲ။ မင်းတို့သုံးယောက်က အဆင့်ပိုမြင့်တဲ့လူကို တိုက်ခိုက်နိုင်တယ်လေ။ မင်းတို့သုံးယောက်သာ ငါ့အဘိုးကို ကာကွယ်ပေးမယ်ဆိုရင် ငါစိတ်ချလက်ချအနားယူနိုင်မှာ"
"သိပါပြီ။ ဒါဆိုကျွန်တော်တို့နားလည်ပါပြီ။"
"ခဏ၊ မင်းတို့အတွက် ငါ့ဆီမှာ ပိုအရေးကြီးတဲ့တာဝန်တစ်ခုရှိတယ်။"
"ပြောပါ၊ ဆရာ"
လုရှောင်ယန်မှာ လက်များအားနောက်ပို့လျက် ကောင်းကင်အား ၄၅ဒီဂရီထောင့်မှာ မော့ကြည့်လိုက်သည်။
"အဲ့ဒီဝမ်...ချင်...အမ်း... အဲ့ဒီနတ်မိမယ်ကသာ လက်ဆက်ပွဲဖျက်တဲ့အချိန်မှာ တစ်ခုခုပြောရဲမယ်ဆိုရင် မင်းတို့သုံးယောက် သူမကို တိတ်တဆိတ် တိုက်ခိုက်ပြီး သတ်ရလိမ့်မယ်။ သူ့ရဲ့ဝိဉာဉ်ကိုတောင် ချန်မထားနဲ့၊ နားလည်ရဲ့လား?"
"မပူပါနဲ့၊ ဆရာ။ ကျွန်တော်တို့နားလည်ပါတယ်!"
"ကောင်းပြီ၊ သွားကြတော့"
"ဟုတ်ကဲ့ပါ!"
အားလုံးထွက်ခွာသွားပြီးနောက် လုရှောင်ယန်မှာ တတိယကိစ္စအားတွေးလိုက်မိတော့သည်။
ယခင်က လီကောမှာ ဗောဓိကျောင်းသို့သွားချိန်၌ ဗောဓိကျောင်းတွင် ကြီးမြတ်သောနတ်ဘုရားအဆင့်များသာ အများစုရှိကြသည်ဟု ပြောခဲ့သည်။ ထို့အပြင် ထိုကြီးမြတ်သောနတ်ဘုရားအဆင့် ၆ယောက်သာပေါ်လာခဲ့၏။
ဗောဓိကျောင်း၏ အရွယ်အစားနှင့် ၎င်းတို့ထံ၌ ပညာရှင်မှာ ထို့ထက်များနိုင်သည်။
ဗောဓိကျောင်း၌ နတ်ဘုရားဧကရာဇ်အဆင့် ၁၀ပါးထက်ပိုများသည်ဟုလည်း ဆိုကြသည်။
အဘယ့်ကြောင့် အခြားလူများမတိုက်ခိုက်ခဲ့ကြသနည်း?
ဒါက ညစ်ပတ်တဲ့ လောင်းကစားတစ်ခုများလား?
ပြောရလျှင် အကြီးအကဲထျန်းကျီမှာ နတ်ဘုရားလောကရှိ ကျဲကျောင်းတော်မှ ပညာရှင်များဟာ သူ့အား ကြိုဆိုရန် စောင့်ဆိုင်းနေကြသည်ဟု ဆိုခဲ့သည်။
ထိုလူမှာ သူ့အားကူညီရန် အမှောင်ထဲ၌ ပုန်းကွယ်နေသည်လား?
သို့သော် လုရှောင်ယန်မှတ်မိသည်သာမှန်ပါလျှင် လက်ရှိ စိတ်ဝိဉာဉ်တောင်မှ ဗုဒ္ဓသည် ကျဲကျောင်းတော်၏ လူလိမ်တစ်ယောက်ဖြစ်ဟန်တူနေ၏။
စိတ်ဝိဉာဉ်တောင်နှင့် ကျဲကျောင်းတော်အား ပေါင်းစည်းရန် မည်သို့ဖြစ်နိုင်ပါမည်နည်း?
ထိုသည်မှာ ရှင်းလင်းစွာပင် ဖြစ်လာလိမ့်မည်မဟုတ်ချေ။
ဒါဆိုလျှင်... ထိုလူများဖြစ်နိုင်မလား?!
လုရှောင်ယန်မှာ တစ်ဖက်လူအား မသိသေးပါချေ။
ယခင်က အကြီးအကဲထျန်းကျီမှာ ထိုလူ၏အသတ်ခံရကာ လုရှောင်ယန်အတွက် သတင်းစကားချန်မထားခဲ့ပါချေ။
တစ်ဖက်လူမှာ ဗုဒ္ဓဂိုဏ်းနှင့် ကောင်းကင်ဘုံခုံရုံးမှ မဖြစ်နိုင်ဟုသာ ခန့်မှန်းလိုက်သည်။
တစ်ဖက်လူက မြေအောက်လောက,ကများလား?
တစ်ဖက်လူမှာ သူ၏ပုံစံအမှန်အား ရှင်းရှင်းလင်းလင်းသိနေကာ သူ့အား ဖမ်းဆီးချင်နေ၏။
လုရှောင်ယန်မှာ တစ်ဖက်လူသည် ကျဲကျောင်းတော်ထက်ပင် ပိုသိနိုင်မည်ဟု သံသယဖြစ်မိသည်ပင်။
အကြောင်းမှာ ကျဲကျောင်းတော်သည် သူ့အား အရွေးချယ်ခံအဖြစ်သာ ပျိုးထောင်ပေးခဲ့ခြင်းကြောင့်ပင်။ ပြောရလျှင် သူ၏ကိုယ်မှာ ပန်ဂုအားရှင်သန်ထမြောက်ရန် အသုံးပြုရမည့် သော့ချက်ဖြစ်ခြင်းပင်။
တစ်ဖက်လူမှာ သူ,မသိထားသည့်အကြောင်းတစ်ခုခုအား သိနေရမည်။
ဟုန်ကျွင်းသာသိသည့် လျှို့ဝှက်ချက်အား သိနေသူမှာ မည်သူဖြစ်မည်နည်း?
ထိုမေးခွန်းမှာ လုရှောင်ယန်အား နက်နက်နဲနဲ နှောင့်ယှက်နေတော့၏။
သို့သော် ထိုအခိုက်တွင် ဝမ့်ခိုက်မှာ ပြောလိုက်၏။
[ကျွန်တော် သခင့်ကို ကောင်းကင်ဧကရာဇ်ကြေးမုံရယ် လူသားဧကရာဇ်စုတ်တံရယ်နဲ့ ကမ္ဘာမြေဧကရာဇ်စာအုပ်တွေ မပေးခဲ့ဘူးလား? ဒီပစ္စည်းသုံးမျိုးနဲ့ လောက,က အရာအားလုံးကို စူးစမ်းရှာဖွေလို့ရနိုင်တယ်]
[ဒါပေါ့၊ သူတို့တွေက အခု မွေးဖွားခြင်းဝိဉာဉ်ရတနာတွေပဲရှိသေးတယ်။ သူတို့ရဲ့ရှာဖွေနိုင်တဲ့ အကန့်အသတ်က နည်းနည်းလောက်ပိုသေးနိုင်တယ်၊ ဒါပေမယ့် တစ်ဖက်လူကိုရှာဖို့တော့ အခွင့်အရေးရှိပါသေးတယ်]
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၇။ အပိုင်း ၃၉၉ မုဆိုးနဲ့ မြေခွေး
"အဲ့ဒီရတနာသုံးခုက ဒီလောက်တောင် အံ့ဩဖို့ကောင်းတာလား?"
[ဒါပေါ့။ အဲ့ဒီသုံးခုက သုံးလောကမှာရှိတဲ့ အရာအားလုံးကို စူးစမ်းနိုင်တယ်။ သူတို့တွေက ပန်ဂုလောကကို ထုတ်ဖော်တော့ သုံးလောကနဲ့ဆက်နွယ်ပြီး ဖွံ့ဖြိုးလာခဲ့ကြတဲ့ ဆက်နွယ်မှုမူလရတနာတွေပဲ။ ကောင်းကင်ဧကရာဇ်ကြေးမုံကိုဖြတ်ပြီး သုံးလောကကို စူးစမ်းနိုင်ပြီးတော့ ကမ္ဘာမြေဧကရာဇ်စာအုပ်မှာ လူသားဧကရာဇ်စုတ်တံနဲ့ ရေးလို့ရတယ်]
[ဒါပေမယ့် ဒီလောကမှာဒီရတနာသုံးခုကိုရှောင်ရှားနိုင်တဲ့ ဖြစ်တည်မျို့အချို့လည်းရှိတယ်။ ဥပမာ ဆက်နွယ်မှုရတနာတချို့ဖြစ်တဲ့ တောင်နဲ့မြစ်ပန်းချီ၊ ဟယ့်လော့စာအုပ်နဲ့ သဏ္ဍာန်မဲ့ခေါင်းလောင်းပဲ... ဒီအရာတွေက ဒီရတနာသုံးခုရဲ့ ထောက်လှမ်းမှုကို ရှောင်တိမ်းနိုင်တယ်]
[ဒါပေမယ့်လည်း အများစုကတော့ မလုပ်နိုင်ဘူး]
"ဒါပေမယ့် မင်းရဲ့ ရတနာသုံးခုက ဓားပြတိုက်ထားတာတွေလေ။"
ဝမ့်ခိုက် : [...]
[သခင်၊ ကျွန်တော့ကို ဒီလိုဝေဖန်နေလို့ တစ်ခုခုရသွားမှာ မို့လို့လား?]
"မဟုတ်ဘူးလေ! ငါမင်းကိုအမှန်ကိုပြောနေတာပဲ။ မင်းရဲ့ရတနာတွေက စစ်မှန်တဲ့ ဆက်နွယ်မှုမူလရတနာရဲ့ စွမ်းအားကို လုံးဝ ထုတ်ဖော်နိုင်မှာ မဟုတ်ဘူး။ သူတို့က အခုမှ မွေးဖွားခြင်းဝိဉာဉ်ရတနာတွေပဲရှိသေးတယ်။"
[ဒါဆို... ကျွန်တော်ဘာလို့ပြန်မယူရမှာလဲ?]
"ရပါတယ်။ ဒါနဲ့ လုပ်ကြည့်လိုက်မယ်။"
လုရှောင်ယန်မှာ အဝေးတစ်နေရာအားရှာဖွေကာ ထိုရတနာသုံးခုအား စတင်သုံးလိုက်၏။
နတ်ဝိဉာဉ်စွမ်းအား,အားထည့်သွင်းလိုက်သည်နှင့် ကောင်းကင်ဧကရာဇ်ကြေးမုံမှာ ရွှေရောင်အလင်းခပ်ဖျော့ဖျော့အား ထုတ်လွှတ်လိုက်တော့သည်။ မြင်ကွင်းတချို့မှာ အတွင်းတွင် ခပ်မြန်မြန်ဖြတ်သွားကြသည်။
လုရှောင်ယန်၏ခြေထောက်အောက်ဘက်ရှိနေရာမှစတင်ကာ နတ်ဘုရားလောကတစ်ခုလုံးအားဖြတ်သွားလျက် အခြားသောလောကသို့ ဖြန့်ကျက်သွားသည်။
ကောင်းကင်ဧကရာဇ်ကြေးမုံအား စတင်လိုက်သည်နှင့် လူသားဧကရာဇ်စုတ်တံမှာ ဖြည်းဖြည်းချင်းလှုပ်ရှားလာတော့၏။
ကမ္ဘာမြေဧကရာဇ်စာအုပ်မှာလည်း အလိုအလျောက်ပွင့်လာကာ လူသားဧကရာဇ်စုတ်တံမှာ ထိုစာအုပ်ပေါ်၌ အလိုအလျောက်ရေးမှတ်နေတော့၏။
၎င်းမှာ အမှတ်တစ်ခု၊ ဒက်ရှ်တစ်ခု(—)နှင့် မျဉ်းအချို့ကိုရေးဆွဲလိုက်၏...
တစ်ချိန်တည်းတွင် အမတလောက၌ ဆံပင်ဖြူ၊ မုတ်ဆိတ်နှင့် သဏ္ဍာန်တစ်ခုမှာ တစ်စုံတရာအာရုံခံမိသည့်နှယ် မျက်လုံးအားဖွင့်လိုက်သည်။
"ဒီထောက်လှမ်းရေးစွမ်းအားက... အဲ့ဒါများလား...?"
သူတွေးတောနေခိုက်တွင်ပင် ရွှေရောင်အလင်းတစ်ပြမှာ သူ၏ကိုယ်မှထွက်လာကာ လွှမ်းခြုံသွားတော့၏။
"ဒီကောင်စုတ်လေးက ဒီအဆင့်ထိတောင် ရောက်နေမယ်လို့ ထင်မထားခဲ့ဘူး။ ရွေးချယ်ခံဆိုတဲ့အတိုင်းပဲ၊ အဲ့ဒီဓားပြမြင်းနက်တွေယှဉ်နိုင်ဖို့ အဝေးကြီးပဲ။"
"ကြည့်ရတာတော့ ငါ့ရဲ့ခရူးဆိတ်စစ်ပွဲကိုအရှိန်မြှင့်ရတော့မယ့်ပုံပဲ။"
...
နတ်ဘုရားလောကတွင် မူလ ရေးဆွဲနေသော လူသားဧကရာဇ်စုတ်တံမှာ ချက်ချင်းရပ်တန့်သွား၏။
"ဟမ်?"
လုရှောင်ယန်၏ မျက်ခုံးများမြင့်တက်သွားသည်။
"ဘာတွေဖြစ်နေတာလဲ? ဘာလို့ ဒီလူသားဧကရာဇ်စုတ်တံက ရပ်သွားတာလဲ? ဘာဖြစ်တာပါလိမ့်?"
ဝမ့်ခိုက်မှာလည်း အတန်ငယ်ပဟေဠိဖြစ်သွားသည်။
[ဒါကမဖြစ်သင့်တဲ့ကိစ္စပဲ။ ယုတ္တိကျကျပြောရရင် ဒီဧကရာဇ်စုတ်တံက ရေးဖို့တောင်စနေပြီလေ။ တစ်ဖက်လူရဲ့ ပုံစံအမှန်နဲ့ တည်နေရာကို စုံစမ်းပြီးပုံပဲ]
လုရှောင်ယန်မှာ ကမ္ဘာမြေဧကရာဇ်စာအုပ်၌ တစ်ဝက်တစ်ပျက်ရေးထားခဲ့သော "သိုး"ဆိုသည့်စကားလုံးအားကြည့်ကာ အတော်ပင်ပြောစရာမဲ့သွား၏။
"ဒါကမင်းရဲ့ဓမ္မရတနာက အဲ့လောက်ထိမကောင်းနေလို့ဖြစ်လောက်မယ်။ ဒါက ဓားပြတိုက်လာတဲ့ အမျိုးအစားပဲလေ။"
[အာ... တစ်ဖက်လူမှာ ဆက်နွယ်မှုမူလရတနာရှိနေပုံပဲ၊ ဒါကြောင့် ဒီရတနာသုံးခုကနေ ပုန်းကွယ်နေနိုင်တာ]
လုရှောင်ယန်မှာ ခေါင်းကိုခါလျက် ဝမ့်ခိုက်၏ စကားများကြောင့် အတော်လေးပြောစရာမဲ့သွားပြန်သည်။
သို့သော် သူတတ်နိုင်တာမရှိချေ။ တစ်ချိန်မှာ ခြေတစ်လှမ်းသာသွားနိုင်ပေ၏။
"ဒါနဲ့ ပြောရရင် ငါတစ်ဖက်လူကို မရှာနိုင်ရင် ငါတို့ဘက်တော်သားတွေရောရှာနိုင်လောက်လား?"
လုရှောင်ယန်မှာ အကြီးအကဲထျန်းကျီပြောခဲ့ဖူးသည့် နတ်ဘုရားလောကရှိ ကျဲကျောင်းတော်၏ ကာကွယ်သူများအကြောင်းကို တွေးတောမိသွားသည်။
သူဟာချက်ချင်းပင် ကောင်းကင်ဧကရာဇ်ကြေးမုံအား ချက်ချင်းပင် အသက်သွင်းလိုက်သည်။ တစ်ခဏအကြာ၌ လူသားဧကရာဇ်စုတ်တံမှာ စတင်ရေးလိုက်တော့သည်။
မကြာမီတွင် ကမ္ဘာမြေဧကရာဇ်စာအုပ်၌ တည်နေရာကို ရေးသားထားခဲ့သည်။ လုရှောင်ယန်မှာ ထိုနေရာသို့ နေရာရွှေ့ပြောင်းသွားလိုက်သည်။
သူပေါ်လာချိန်၌ ထိုနေရာသို့ရောက်ရှိနေပြီဖြစ်သည်။
ထိုနေရာ၌ လစ်လပ်နေသော အုတ်ဂူတစ်ခုရှိနေကာ အတော်လေးဝမ်းနည်းဖွယ်ကောင်းနေသည်။
လုရှောင်ယန်မှာ နတ်ဘုရားအာရုံအားဖွင့်လှစ်လျက် အုတ်ဂူထဲရှိ ခေါင်းတလားကိုသာကြည့်ရှုလိုက်သည်။
သူ၏လက်အဝေ့တစ်ချက်ဖြင့် ခေါင်းတလား အဖုံးမှာ ချက်ချင်းပင် ပွင့်ထွက်သွားတော့သညခ။
အထဲ၌ လှဲလျောင်းနေသည်မှာ ထူးခြားသောအရှိန်အဝါတစ်မျိုးနှင့် အင်မတန် လှပသောမိန်းမပျိုလေးပင်။
လုရှောင်ယန်မှာ အကြည့်တစ်ချက်နှင့်ပင် ထိုသူအားပြောလိုက်နိုင်ကာ နတ်ဘုရားလောကရှိကျဲကျောင်းတော်မှ သူ့အားကာကွယ်ပေးရန် စီစဉ်ပေးခြင်းခံထားရသူဖြစ်၏။
အကြောင်းမှာ အကြီးအကဲထျန်းကျီမှ ဂူထံ မြှုပ်နှံပေးခဲ့သော နတ်သမီး သုံးဖော်နှင့် အင်မတူတူညီနေသည်။
သူမဟာ ရှင်သန်ခြင်းအရိပ်အယောင်ပင် မရှိတော့ချေ။ သို့သော် နောက်ထပ် အင်မတန်စွမ်းအားကြီးကာ ထူးဆန်းသော စွမ်းအားက သူမ၏ကိုယ်တွင်း၌ ပေါ်ထွက်လာ၏။
လုရှောင်ယန်မှာ ထိုစွမ်းအားနှင့် အင်မတန်ရင်းနှီးနေသည်။ ၎င်းမှာ သူ၏တပည့်ငါး,ကျူးကောကျီချုံမဟုတ်ပေဘူးလား?
ဖုတ်ကောင်တစ်ကောင်ရဲ့စွမ်းအားလေ!
"ကျဲကျောင်းတော်မှာ တကယ်ကိုတစ်ယောက်မှမကျန်တော့ဘူး။ သူတို့ကို လူသေဖုတ်ကောင်တွေအဖြစ်တောင်ရောက်သွားစေခဲ့ကြတယ်။ ဖုတ်ကောင်တွေလည်း ပိုက်ဆံရလားသိချင်မိတယ်။"
"ဒါပေမယ့် ဒီဖုတ်ကောင်က သူမရဲ့ရင်သားတွေကို အတော်လေးဂရုစိုက်ခဲ့တယ်လို့ ပြောလို့ရတယ်။ နှိုင်းယှဉ်ကြည့်ရရင် ကျီချုံရဲ့ ရင်သားတွေက သေလုအောင် ငတ်ပြတ်နေတာကျနေတာပဲ။"
သူဟာ တစ်ဖက်လူ၏ကိုယ်သို့ဝင်သွားသော မွေးဖွားခြင်းချီကို ထုတ်လိုက်သည်။ သိမ်မွေ့သောအသံဖြင့် တစ်ဖက်လူမှာ မျက်ဝန်းများအား ဖြည်းညင်းစွာဖွင့်လိုက်၏။
သူမ၏အကြည့်က လုရှောင်ယန်အားဆုံသွားချိန်တွင် အတန်ငယ်ကြောင်အမ်းသွားတော့သည်။
"ဂိုဏ်းတူမောင်လေး? ဘယ်လိုလုပ်ဒီကိုရောက်နေတာလဲ?"
လုရှောင်ယန်မှာ သူ၏အသွင်အပြင်အား တစ်ဖက်လူ၏မှတ်ဉာဏ်များအတွင်းသို့ ကူးပြောင်းလိုက်သည်မှာ တိုးတက်လာ၍ သူ့အားအကြည့်တစ်ချက်နှင့်ပင် မှတ်မိနိုင်သည်ဟု ခန့်မှန်းလိုက်သည်။
သို့သော် ထိုသည်က ပုံမှန်ပင်ဖြစ်၏။ ပြောရလျှင် သူတော်စင်တစ်ပါးအနေဖြင့် သူ၏အနာဂတ်အသွင်အား ကြိုတင်မခန့်မှန်းနိုင်လျှင် အတော်လေး စိတ်ရှုပ်ရမည်ပင်။
ထို့ကြောင့် သူဟာ အံ့မဩဘဲပြောလိုက်၏။
"ဘာမှမဟုတ်ပါဘူး။ ကျွန်တော်ကောင်းကင်ကို တက်လှမ်းတော့မှာမို့လို့ရယ် အစ်မတောင်ကနေထွက်သွားတာကို မမြင်ခဲ့တာရယ် ဒါကြောင့် အစ်မများဒုက္ခတစ်ခုခုကြုံနေနိုင်မလားကိုသိရအောင် လာရှာဖို့ လျှို့့ဝှက်နည်းလမ်းတစ်ခုကိုသုံးခဲ့တာပါ။"
ထိုလှပသောဂိုဏ်းတူအစ်၏မျက်နှာမှာ နီရဲသွားဟန်ကိုလှစ်ဟပြလာ၏။
"အစကတော့ ငါ လွန်ခဲ့တဲ့၂နှစ်အကြာလောက်က နိုးလာသင့်တာပါ။ ဒါပေမယ့် ငါ့ရဲ့ဂူကိုအဖောက်ခံခဲ့ရတယ်လေ၊ ဒါကြောင့် ပြန်လည်ရှင်သန်ထမြောက်မှု အောင်မြင်ဖို့ စွမ်းအားလုံလုံလောက်လောက် မစုပ်ယူခဲ့ရဘူး။"
"မင်းအလုခံရတယ်? အဲ့ဒီ့နောက်ကွယ်မှာ ဉာဏ်ကြီးရှင်တစ်ယောက်ယောက်ရှိနေတာလား?"
ထိုလှပသောဂိုဏ်းတူအစ်မမှာ ခေါင်းအား ခပ်ဖြည်းဖြည်းခါယမ်းလိုက်၏။
"အရမ်းတော့မသေချာပါဘူး၊ ဒါပေမယ့် သူတို့ကပုံမှန်အုတ်ဂူဖောက်သူတွေပဲဖြစ်နိုင်တယ်။ လူတချို့နာမည်တော့ မှတ်မိတယ်။ အဲ့ဒီထဲမှာ ကျွင့်ချန်းမင်လို့ခေါ်တဲ့တစ်ယောက်ရှိတယ်။ သူတို့ခေါင်းဆောင်ကိုတော့ "ဆရာရှစ်"လို့ခေါ်ကြတယ်။ မင်းလည်း ဒီနတ်ဘုရားလောကမှာ နေရာကြာပြီဆိုတော့ ဒီနာမည်တွေကို မင်းသိလောက်လား။"
လုရှောင်ယန် : "..."
"အဟွတ် အဟွတ်... ကျွန်တော် မကြားဖူးဘူး။ သူတို့က သူခိုးတွေပဲဖြစ်မယ်၊ ဒါကြောင့်သေချာတော့မသိဘူး။"
သူဟာထိုသို့ပြောလိုက်သော်ငြား ထိုလူများမှာ အမည်မဲ့ဂိုဏ်းကဟုခန့်မှန်းမိလိုက်သည်။
ပြောစရာပင်မလိုပါချေ၊ ကျွင့်ချန်းမင်မှာ ကျွင့်ပုကျန်း၏ဘိုးဘေးပင်။
ထို "ဆရာရှစ်"မှာမူ ကျန်းထိုင်ရွှမ်ပင် ဖြစ်နိုင်သည်။
အကြောင်းမှာ လုရှောင်ယန်သည် ထိုကျန်းထိုင်ရွှမ်က နတ်ဘုရားလောက၌ ဒုတိယမျိုးဆက်တပည့်လေးများနှင့်အတူ မွန်မြတ်ကောင်းကင်လျှပ်စီးအားမှီခို၍ အုတ်ဂူဖောက်ခဲ့ကာ အတော်လေး ဝင်ငွေကောင်းခဲ့သည်ဟု ကြားခဲ့ရသည်ပင်။
သူဟာ ယခင်က ကျဲကျောင်းတော်မှပို့လိုက်သော လူများမှာ သူ့အား အဘယ်ကြောင့် လာရောက်မရှာဖွေကြောင်းအား တွေးတောနေခဲ့သေးသည်။ ကြည့်ရသည်မှာ သူ၏တပည့်က တစ်ဖက်လူများ၏ နိုးထခြင်းအား တိတ်တဆိတ် တိုက်ခိုက်ဖျက်ဆီးခဲ့ပြံပင်။
၎င်းမှာ တကယ်ကို နေရခက်စေ၏။
ကံကောင်းစွာဖြင့် တစ်ဖက်လူမှာ ထိုသူတို့ကသူ၏တပည့်များဖြစ်ကြောင်း မသိချေ။ မဟုတ်ပါက ပို၍ပင် နေရခက်စေမည်။
"ဒီလိုလား? မင်းတောင်မသိရင် သူတို့က ဆရာကြီးတစ်ယောက်တော့ မဟုတ်လောက်ဘူး။"
တစ်ခဏမျှရပ်တန့်ပြီးနောက် သူမဟာဆက်ပြောလိုက်သည်။
"ပြောရရင်၊ မင်းငါ့ကိုလာရှာဖို့ လောနေတယ်ဆိုတော့ ဒုက္ခတစ်ခုခုများ ကြုံနေရလို့လား?"
"တကယ်တော့ နည်းနည်းလောက် အခက်ကြုံနေရတယ်၊ ဒါပေမယ့် မသေချာပါဘူး။ အရင်ကျွန်တော် အနိမ့်ပိုင်းလောကမှာတုန်းက အကြီးအကဲထျန်းကျီ အဲ့ဒီမြင်းနက်တွေထက် ကျွန်တော့ကို တိတ်တဆိတ်တိုက်ခိုက်နေတဲ့ အရမ်းကို စွမ်းအားကြီးတဲ့အဖွဲ့တစ်ခုကို ရှာတွေ့ခဲ့တယ်။"
"တစ်ဖက်လူက နတ်ဘုရားလောက,က နတ်ဘုရားဧကရာဇ်တော်တော်များများကို စုဆောင်းထားပြီးပြီးလို့ သံသယဝင်နေမိတယ်။"
"အရမ်းစွမ်းအားကြီးတဲ့အဖွဲ့လား?"
ထိုလှပသောဆရာတူအစ်မမှာ မနေနိုင်ဘဲ ရေရွတ်လိုက်မိပြီး မျက်မှောင်ကျုံ့လိုက်သည်။
"ဘယ်သူကမင်းကိုတိတ်တဆိတ်ရင်ဆိုင်နေတာလဲ? မင်းရဲ့ပုံစံအမှန်ကို တခြားသူတော်စင်တွေ ရှာတွေ့သွားတာများလား?"
"ကျွန်တော်လည်း အသေးစိတ်တော့ သေချာမသိဘူး။ တစ်ဖက်လူရဲ့ လက်ရှိ ပုံစံအသစ်ကိုလည်းမသိဘူး။ ဒါပေမယ့် အကြီးအကဲထျန်းကျီက အဲ့ဒီလူနဲ့ ရင်ဆိုင်ရင်းသေသွားခဲ့မှတော့ အဲ့ဒီလူရဲ့စွမ်းအားက မသေးလောက်ဘူး။"
အကြီးအကဲထျန်းကျီနှင့်ကျန်လူများအတူတကွ သေဆုံးခဲ့ရသည်ကို ကြားသော် လှပသောဂိုဏ်းတူအစ်မ၏မျက်လုံးများမှာ မထိန်းနိုင်ဘဲမှောင်မိုက်သွား၏။
"သူမကို အဆုံးမှာ သေမယ်လို့ထင်မထားခဲ့ဘူး။"
လုရှောင်ယန်မှာ တစ်ဖက်လူအား ညည်းညူရန် အချိန်အနည်းငယ်ပေးလိုက်သည်။
"ပြောရရင် မင်းရဲ့ပုံစံအမှန်ကို ကျွန်တော့ကိုပြနိုင်လား? ကျွန်တော် မင်းရဲ့နာမည်အစစ်ကိုတောင် မသိသေးဘူး။"
ထိုလှပသော ဂိုဏ်းတူအစ်မမှာခေါင်းငြိမ့်ကာ လေးနက်ဟန်ဖြင့်ပြောလိုက်၏။
"ငါက ရှောင်ကောင်းကင်သုံးခုက ချုံရှောင်းပါ။ ငါ့ကို အဲ့ဒီခွေးအိုကြီး ရုယိရတနာသုံးပါးနဲ့ ရှေးဟောင်းကောင်းကင်ဧကရာဇ်သတ်ခဲ့တာ။ မင်းကို အနိမ့်ပိုင်းလောကမှာ ကာကွယ်ခဲ့တာက ငါ့ရဲ့ဒုတိယညီမလေး နတ်မိမယ် ပိုင်ရှောင်းပဲ။"
"ငါ့ရဲ့ဒုတိယညီမလေးနဲ့ ငါက ရှေးဟောင်းကောင်းကင်ဧရာဇ်ဆီမှာ အသတ်ခံခဲ့ရတယ်၊ ကောင်းကင်တာအိုက ငါတို့ကိုထောက်လှမ်းဖို့ မလွယ်ခဲ့ဘူးလေ။ ဒါကြောင့် ဆရာက ငါတို့ကို နတ်ဘုရားလောကနဲ့ အဆင့်နိမ့်လောကဆီပို့ဖို့ လျှို့ဝှက်နည်းလမ်းကိုသုံးပြီး မင်းရဲ့တာအိုကာကွယ်သူတွေကို မင်း အမတအဆင့်ထိရောက်နိုင်တာ သေချာအောင်လုပ်စေခဲ့တယ်။"
"ဒါကို ခန့်မှန်းမိတာကြာပါပြီ။"
လုရှောင်ယန်မှာ ခေါင်းငြိမ့်လိုက်သော်လည်း ချက်ချင်းဆက်ပြောလိုက်၏။
"ပြောရရင် မင်းတို့သုံးယောက် နတ်ဘုရားတွေဖြစ်လာတာမဟုတ်ဘူးလား? မင်းတို့က ကောင်းကင်ဘုံခုံရုံးရဲ့ နတ်ဘုရားဖြစ်ပြီးသားလေ။ ဘာလို့ဒီကိုရောက်နေတာလဲ?"
ချုံရှောင်းမှာ ဝမ်းနည်းနေဟန်ဖြင့်ပြောလိုက်သည်။
"အရင်တည်းက ဆရာက ကောင်းကင်ဘုံရဲ့ဆန္ဒကို မဆန့်ကျင်နိုင်မှန်းသိခဲ့တယ်၊ ဒါကြောင့်ပဲ သူ့ကို နတ်ဘုရားအဆင့်သတ်မှတ်ခြင်းမှာ လက်မှတ်ရေးထိုးဖို့ တွန်းအားပေးခဲ့ကြပြီး ငါတို့ ကျဲကျောင်းတော်တပည့်တွေကို ကောင်းကင်ဘုံခုံရုံးဆီလှမ်းဝင်စေပြီး လက်ပါးစေတွေဖြစ်စေခဲ့တယ်။ ဒါပေမယ့် သူက တပည့်အချို့ရဲ့ သွေးအဆီအနှစ်နဲ့ ဝိဉာဉ်အဆီအနှစ်တချို့ကိုဆက်သိမ်းထားဖို့ တစ်ခုခုကိုတိတ်တဆိတ်လုပ်ခဲ့တယ်။"
"သူက ကောင်းကင်ဘုံကိုအံတုပြီး ကံတရားကိုပြောင်းလဲလို့ ကျဲကျောင်းတော်အတွက် အခွင့်အရေးတစ်ခုလောက်ရဖို့မယ့် နေ့ကိုစောင့်ဆိုင်းနေခဲ့တာ။"
"ငါ့ရဲ့ဒုတိယညီမလေးကို အဲ့ဒီကောင်းကင်ဘုရင်ရတနာသေတ္တာနှင့် သွေးရေအဖြစ်ပြောင်းခဲ့တယ်၊ ပြီးတော့ ငါ့ခေါင်းကိုလည်း ရုယိရတနာသုံးပါးနဲ့ ခွဲပစ်ခဲ့တယ်လေ။ ငါတို့အားလုံးသေပြီး ကောင်းကင်ဘုံခုံရုံးကို ထပ်ပြီးမခြိမ်းခြောက်နိုင်တော့ဘူး။ ငါတို့က မင်းကိုကာကွယ်ဖို့ ပြည့်စုံတဲ့ တမန်တော်တွေပဲ။"
"ကျွန်တော်သိပြီ။"
ယခင်က လုရှောင်ယန်မှာ ထုံးထျန်းသည် အဘယ့်ကြောင့် နတ်ဘုရားအဆင့်သတ်မှတ်ခြင်းအား လက်မှတ်ရေးထိုးခဲ့သည်ကို တွေးတောနေခဲ့သည်။ ပြောရလျှင် တစ်ဖက်လူမှာ သူတော်စင်တစ်ပါးဖြစ်ကာ ဖိဂုလျန်ကဲ့သို့ အလွယ်လေးခြယ်လှယ်မခံရနိုင်သောလူဖြစ်၏။ ထို့အပြင် တစ်ဖက်လူမှာ နတ်ဘုရားအဆင့်သတ်မှတ်ခြင်းအား လက်မှတ်ရေးထိုးခြင်း၏ အကျိုးဆက်များကို မည်သို့မသိရသနည်း?
သို့သော် တစ်ဖက်လူမှာ ဟုန်ကျွင်းနှင့် အခြားသူတော်စင်များ၏ ခြိမ်းခြောက်ခြင်းအားခံခဲ့ရခြင်းပင် သူဟာ ထိုစာချုပ်၌ လက်မှတ်မထိုးချင်ပါလျှင်ပင် လက်မှတ်ထိုးမှဖြစ်ပေမည်။
မဟုတ်ပါက ဟုန်ကျွင်းမှာ သူ့အားချက်ချင်းသတ်လိုက်လျှင် ကျဲကျောင်းတော်တစ်ခုလုံးပျက်စီးရပေလိမ့်မည်။ ထိုသို့ဆိုလျှင် တပည့်လေးများမှာ နတ်ဘုရားအဆင့်သတ်မှတ်ခြင်းနှင့်သာ အဆုံးသတ်ရပေလိမ့်မည်။
ရိုးရိုးသားသားပြောရလျှင် ၎င်းမှာ စွမ်းအား၏အကြောင်းပင်။
အားနည်းသူများမှာ အခြားသူများ၏ သနားစရာသာအမြဲဖြစ်နေမည်။
၎င်းမှာ တစ်ဖက်လူက ရွေးချယ်ချင်မချယ်ချင်နှင့်မဆိုင်ချေ၊ သို့သော် ထိုသူမှာရွေးချယ်နိုင်သော စွမ်းရည်ရှိရမည်!
"ဆရာတူမောင်လေးလု၊ ဆရာက ဒီအခွင့်အရေးကိုစောင့်ဖို့ အချိန်တွေအများကြီး အစီစဉ်ဆွဲခဲ့တာ။ ဒါက ငါတို့ကျဲကျောင်းတော်ကို ပြန်ပြီးရယူဖို့ အခွင့်အရေးတစ်ခုလည်းဖြစ်တယ်။ မင်းအောင်မြင်မှရမယ်။"
လုရှောင်ယန်မှာခေါင်းငြိမ့်လိုက်သော်လည်း စိတ်ထဲ၌ တွက်ချက်နေ၏။
သူဟာ ကျဲကျောင်းတော်၏ လက်ပါးစေမဖြစ်ချင်ပါပေ။ သူဟာ အမြင့်ဆုံးအဆင့်ထိကျင့်ကြံကာ ဟုန်ကျွင်းအားအနိုင်ယူ၍ ကောင်းကင်တာအိုကို ဆောင့်ကန်ချင်သည်။
ကျဲကျောင်းတော်မှာ သူ့အား ဂိုဏ်းပြန်လည်ထူထောင်ရန် အသုံးချချင်နေ၏။ သူသည်လည်း ကျဲကျောင်းတော်အား ယာယီအသုံးချက သူ့အသက်အားကယ်ချင်ပြီး ကောင်းကင်တာအိုမှ ပုန်းအောင်းနေချင်သည်။
အများဆုံးတော့ သူဟာဟုန်ကျွင်းအား ဖျက်ဆီးပြီးနောက်တွင် ကျဲကျောင်းတော်ရှင်သန်ရန် နေရာတစ်ခုပေးလိုက်မည်ပင်။ သို့သော် သူဟာကျဲကျောင်းတော်၏ ကိရိယာလေးတစ်ခုဖြစ်လာဖို့မှာ မဖြစ်နိုင်ပါချေ။
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၇။ အပိုင်း ၄၀၀ နတ်ဘုရားဧကရာဇ်စကားဝိုင်း
"မင်းရဲ့လက်ရှိကျင့်ကြံဆင့်ကဘယ်မှာလဲ?"
"ကျွန်တော် အမတတစ်ယောက်ရဲ့စွမ်းအားကိုဖော်ထုတ်နိုင်နေပါပြီ။ ဒါပေမယ့် အတိုက်အခိုက်အတွေ့အကြုံနဲ့ အဆင့်ရယ်နဲ့ဆိုရင် အမတနည်းနည်းလောက်ကိုတိုက်ခိုက်ဖို့က ပြဿနာမဟုတ်ပါဘူး။"
လုရှောင်ယန်မှာ နားလည်သည်။ ထုံးထျန်းမှာ အရာအားလုံးအတွက် တာဝန်ခံခဲ့သည်ပင်။ ကမ္ဘာငယ်တိုင်းမှာ ကောင်းကင်တာအိုဖြင့် စောင့်ကြည့်ခြင်းခံရသောကြောင့် ထုံးထျန်းစီစဉ်ပေးခဲ့သော တပည့်များ၏ကျင့်ကြံဆင့်မှာ သိပ်မမြင့်မားပါသော်လည်း လူအနည်းစုနှင့်ရင်ဆိုင်ရန်မှာမူ လုံလောက်ပေ၏။
ထိုသို့ဖြင့် သူ့အားကောင်းကင်တာအိုမှ မရှာဖွေနိုင်တော့ဘဲ အမတအဆင့်အထိ အောင်အောင်မြင်မြင်ကျင့်ကြံနိုင်အောင် ကာကွယ်နိုင်လိမ့်မည်။
ခြေလှမ်းတိုင်းအား တာဝန်ယူထားပြီးဟုပင် ဆိုနိုင်၏။
သို့သော် တစ်ဖက်လူထံ၌ ကြီးမားသော တိုက်ကွက်များရှိနေသဖြင့် လုရှောင်ယန်မှ အမတဖြစ်လာပြီးနောက် ပေးရမည့် တန်ဖိုးမှာ လုံးဝမနိမ့်ပါချေ!
အတိုချုပ်ရလျှင် သူဟာဂရုစိုက်ရမည်ဖြစ်ကာ ထုံထျန်းမှ သူ့အားမည်သို့ဆက်ဆံမည်ကိုလည်း ကြည့်ရှုရမည်။
တစ်ဖက်လူမှာ သူ့အပေါ်ကောင်းပါလျှင် သူသည်လည်း ကျဲကျောင်းတော်အပေါ်ပိုကောင်းပေးမည်ပင်။ တစ်ဖက်လူမှာ မကောင်းလျှင်မူ သူသည်လည်း နှလုံးသားမဲ့ရပေလိမ့်မည်။
မည်သို့ဆိုစေ အခြားလူများမှ သူ့အားနှလုံးသားမဲ့သည်ဟု ဆိုကြမည်ကို မစိုးရိမ်ပါချေ။ သူ၏တပည့်များ ကောင်းစွာရှင်သန်နေထိုင်နိုင်သည်နှင့်ပင် အဆင်ပြေသည်။
"အခုအတွက်တော့ ဘာကိုမှ မစိုးရိမ်ပါဘူး။ ကျွန်တော်စိုးရိမ်တာက အဲ့ဒီဉာဏ်ကြီးရှင်ပဲ။ အဲ့ဒီလူပေါ်လာရင်တော့ မင်းနဲ့ဆိုင်သွားပြီ။"
"ငါနားလည်ပါတယ်။ ထပ်ပြောရရင် ဆရာက မင်းရဲ့ကျင့်ကြံဆင့် အမတအဆင့်ကိုရောက်သွားတာနဲ့ မင်း အမတလောကကို မသွားနိုင်တော့ဘူးလို့ပြောခဲ့တယ်။ မင်း ရှေးဟောင်းလောကကိုသွားရမယ်။"
"ကျွန်တော်သိပါတယ်။"
လက်ရှိတွင် သုံးလောကရှိ နေရာအများစုအား ကောင်းကင်တာအိုမှ ထိန်းချုပ်ထားချေသည်။ ကောင်းကင်တာအိုဖြင့် မထိန်းချုပ်ထားသည့်နေရာမှာ အနည်းစုသာရှိ၏။
သို့သော် မည်သူမျှ ထိုနေရာများသို့ မဝင်ရောက်နိုင်ကြချေ။ ထို့ကြောင့် အတိအကျဆိုရလျှင် ပြန်လည်ဝင်စားခြင်းလမ်းကြောင်းခြောက်သွယ်နှင့် ရှေးဟောင်းနယ်မြေရှိ နေရာတချို့သို့ သွားရောက်ခြင်းကသာ ကောင်းကင်တာအို၏ထိန်းချုပ်မှုအောက်မှ လွတ်မြောက်စေနိုင်လိမ့်မည်။
လုရှောင်ယန်မှာ လက်ရှိတွင် အဆင့်နိမ့်လောက၌ရှိနေကာ ကောင်းကင်တာအိုမှသူ့အား ယာယီမစောင့်ကြည့်နိုင်ပါချေ။ သို့သော် သူဟာအမတလောကသို့ရောက်ရှိသည်နှင့် ကောင်းကင်တာအိုမှာ သူ့အားချက်ချင်းပင်လိုက်လံဖမ်းဆီးပေလိမ့်မည်။
ထိုကိစ္စအားဆွေးနွေးပြီးနောက်တွင် နှစ်ဦးသားမှာ နှုတ်ဆက်လိုက်ကြသည်။ လုရှောင်ယန်မှာ တောင်ကြားသို့ပြန်လာကာ တပည့်များ၏ကျင့်ကြံဆင့်အား ဆက်လက်စောင့်ကြည့်နေလိုက်၏။
သူ၏တပည့်များခပ်မြန်မြန်ကျင့်ကြံနေမှသာလျှင် သူ၏ကျင့်ကြံဆင့်လည်း မြန်မြန်တိုးလာမည်ဖြစ်၏။ ကျင့်ကြံဆင့်မြင့်လေ ပိုမိုလုံခြုံလေပင်။
...
တစ်ချိန်တည်းတွင်၊ ရွှေရောင်နတ်အမိန့်က နတ်ဘုရားလောက၏နက်နဲမှုကောင်းကင်ချောက်ကမ်းပါးကို ဆင်းသက်လာ၏။
ခဏအကြာ၌ ပုံရိပ်တစ်ခုမှာ ရုတ်တရတ် ထိုနက်နဲမှုကောင်းကင်ချောက်ကမ်းပါးမှ ပျံထွက်လာကာ ရွှေရောင်နတ်အလင်းဖြင့် လွှမ်းရစ်သွားသည်။
သူဟာ ထိုနတ်အမိန့်အား ဖွင့်လှစ်လိုက်သည်။ ၎င်းတွင် စကားစုအတိုလေးတစ်ခုဖြစ်သည့် —သတ် ဟုသာပါရှိသည်!
ထိုစကားလုံးမှာ အင်မတန်သိပ်သည်းသော လူသတ်ငွေ့ဖြင့် ပြည့်နှက်နေသည်မှာ လေထုက သွေးညှီနံ့အား ထုတ်လွှတ်ပေးနေသည့်အလားပင်!
တစ်ခဏကြာပြီးသည်တွင် နောက်ထပ်ပုံရိပ်တစ်ခုမှာလည်း သူ၏နံဘေးသို့ ရောက်ရှိလာ၏။
"ဆရာတူအစ်ကို ဖူတု၊ ဘာဖြစ်လို့လဲဗျ?"
ဖူတုမှာ လေးနက်နေဟန်ဖြင့်
"ဆရာက လုရှောင်ယန်ကို သတ်ဖို့ ငါ့ကိုအမိန့်ပေးလိုက်လို့ပါ။"
"မကြာခင်လား? ငါတို့တွေ ဧကရာဇ်ရာချီအစီအရင်ကို မခင်းကျင်းရသေးဘူးလေ!"
"နတ်ဘုရားဧကရာဇ်တွေက သာမန်လူတွေမဟုတ်ဘူး... နတ်ဘုရားလောက,က ကြီးမားနေပေမယ့်လည်း ဒါက ကမ္ဘာသုံးထောင်ထဲကတစ်ခုပဲ။ နတ်ဘုရားဧကရာဇ်အဆင့်ကို ကန့်သတ်ထားတယ်။"
"ဒါပေမယ့် ဆရာ အခုပဲတိုက်ချင်တယ်ဆိုရင် နှောင့်နှေးနေလို့မရတော့ဘူး။ ဆရာက အခြားလူတွေ သူ့အမိန့်တွေကို မနာခံရင် မကြိုက်ဘူးဆိုတာ သိတယ်မလား?"
"ဒါပေမယ့် အဲ့ဒီ အမတသတ်ဓားအစီအရင်လေးနဲ့ လုရှောင်ယန်ကို တိုက်နိုင်ပါ့မလား?"
"အခု ကိစ္စတွေကဒီလိုဖြစ်လာမှတော့ ငါတို့ကြိုးစားကြည့်ရမှာပေါ့ကွာ။ ဒါပေမယ့် ငါ နတ်ဘုရားဧကရာဇ်အယောက်တစ်ရာကို မစုဆောင်းရသေးပေမယ့်လည်း ဒီလောကမှာ အင်မတန်ကံကောင်းတဲ့လူတွေအများကြီးရှိသေးတယ်။ အရမ်းအားကောင်းတဲ့ကံနဲ့ ကြီးမြတ်သောနတ်ဘုရားအဆင့်တချို့ကိုရွေးနိုင်မယ်ဆိုရင် ဧကရာဇ်တစ်ရာအစီအရင်ကို ပြင်ဆင်ဖို့လုံလောက်ပါတယ်။"
"တခြားနည်းလမ်းတကယ်ပဲ မရှိရင်တော့ ဗောဓိကျောင်းကို သူတို့ရဲ့ ကြီးမြတ်သောနတ်ဘုရားအဆင့် အကုန်လုံးကို ပို့ခိုင်းလိုက်မယ်။ ဒါဆိုရင်လည်း လုံလောက်နေပြီ။"
"ဒါက အကြံကောင်းပဲ။ အနည်းဆုံးတော့ ထပ်ဆင့်မဟာအစီအရင်ကိုခင်းကျင်းဖို့ ဖြစ်နိုင်သွားတာပေါ့။ ဒါကပိုပြီးလုံခြုံမယ်။"
"ငါ့ကိုကာကွယ်ပေး။ ငါချက်ချင်းပဲ ကံကောင်းတဲ့ ကြီးမြတ်သောနတ်ဘုရားအဆင့်ပညာရှင်တွေကိုရှာရမယ်။"
"ဟုတ်ကဲ့ပါ!"
...
တောင်ကြားတွင် လုရှောင်ယန်မှာ တပည့်များအား လေ့ကျင့်ပေးနေချိန်၌ ဟန်ကျန့်၏အသံကို ရုတ်တရတ်ကြားလိုက်ရ၏။
"ဒီကောင်စုတ်လေးဟန်ကျန့်က အတော်လေးအကျိုးရှိတာပဲ။ စနစ်တစ်ခုကို အတော်မြန်မြန်ရှာတွေ့တယ်။"
အချိန်မဖြုန်းတော့ဘဲ လုရှောင်ယန်မှာ ချက်ချင်းပင် စနစ်အား ဖမ်းဆီးရန် သွားလိုက်၏။
သူထွက်သွားသည်နှင့် တောင်ကြား၌ အားကောင်းသော အရှိန်အဝါတစ်ခု ပျံ့နှံ့လာ၏။
ကျင့်ကြံနေသည့်လူတိုင်းမှာ ချက်ချင်းပင် မနေနိုင်ဘဲ ထိတ်လန့်သွားကြ၏။
"ဒီအရှိန်အဝါက... တစ်ယောက်ယောက်တော့ အဆင့်တက်သွားပြန်ပြီ။ ပြီးတော့ ဒီအရှိန်အဝါကအတော်လည်းအားကောင်းနေသေးတယ်။ ဒါက ကြီးမြတ်သောနတ်ဘုရားအဆင့်ရဲ့ အရှိန်အဝါပဲ!"
"အဲ့ဒါ ဆရာတူအစ်ကိုအကြီးဆုံးပဲ။ ဆရာတူအစ်ကိုအကြီးဆုံး ထပ်ပြီး အဆင့်တက်သွားပြီပေါ့"
"သေစမ်း၊ ဆရာတူအစ်ကိုအကြီးဆုံးက အခုတော့ ဒီလောက်ထိ အံ့ဩစရာဖြစ်နေပြီပေါ့လေ? သူ လွန်ခဲ့တဲ့ ရက်ပိုင်းလေးကမှ အဆင့်တက်သွားတာ ငါမှတ်မိပါတယ်။ မျက်တောင်တစ်ခတ်အတွင်းမှာပဲ နောက်တစ်ဆင့်တက်သွားပြန်တာလား? အရမ်းကြီးမြန်မနေဘူးလား?"
"ဆရာတူအစ်ကိုအကြီးဆုံးက ပိုပြီးပိုပြီးကို အံ့ဩစရာကောင်းလာတာပဲ!"
စုလင်းဝူမှာ ဝမ်းနည်းမှု ခပ်ဖျော့ဖျော့အား ခံစားလိုက်ရ၏။
"အတိတ်မှာတုန်းကတော့ အငယ်ဆုံးက ကျင့်ကြံဆင့်အမြင့်ဆုံးပဲ။ ဘာလို့ အခုမှ အခြေအနေက ပြောင်းပြန်ဖြစ်သွားရတာလဲ? အခုတော့ အကြီးဆုံးတပည့်က ကျင့်ကြံဆင့်အမြင့်ဆုံးပဲ!"
"အချိန်တွေများပြောင်းလဲသွားလို့လား?"
ဆိုရိုးစကားလိုပါပင်— သင်ပြုသောကံသင့်ထံပြန်လာလိမ့်မည်။
ဟန်ကျန့်အားသွားရှာသော လုရှောင်ယန်မှာ သူ၏ကျင့်ကြံဆင့်နောက်တစ်ဆင့်တက်သွားသည်အား ခံစားလိုက်ရသည်။
ထိုသည်ကသူအား အတန်ငယ်အံ့ဩသွားစေသည်။ ဂရုတစ်စိုက်ကြည့်ပါက ၎င်းမှာ လီကောမှ ထပ်မံအဆင့်တက်သွားခြင်းပင်။
"မဆိုးဘူး။ လီကောက ထင်ပေါ်ကျော်ကြားလာပြီးတဲ့နောက်မှာ အတော်လေးတိုးတက်လာပြီး အရှိန်ကောင်းကောင်းလည်းရှိလာတယ်! ဒီလိုသာဆက်ဖြစ်နေမယ်ဆိုရင်တော့ ငါလည်း နတ်ဘုရားဧကရာဇ်အဆင့်ရောက်ဖို့ သိပ်မလိုတော့ဘူးပဲ။ လီကော မင်းလုပ်နိုင်တယ်! ငါမင်းနဲ့တူတူကြိုးစားမယ်! မင်းကောင်းကောင်းကျင့်ကြံနေရမယ်!"
…
ထိုအခိုက်တွင် ယွင်လီကောမှာ အဆင့်တက်သည့်ပျော်ရွှင်မှုရှိမနေပါချေ။ ထိုအစား သူ၏မျက်နှာမှာ ရှုပ်ထွေးနေ၏။
အကြောင်းမှာ ထိုအခိုက်တွင် သူ၏စိတ်တွင်း၌ မှန်သားပြင်တစ်ခုပေါ်ထွက်လာခြင်းကြောင့်ပင်။
ပို၍ကြောင်အမ်းသွားစေသည်မှာ ထိုမှန်သားပြင်မှ —လူငယ်လေး၊ မင်းပိုပြီးသန်မာလာချင်လားဟု ပြောထားခြင်းပါပင်!
အောက်ဘက်၌လည်း ခလုတ်တစ်ခုရှိသေး၏။
"ဒါဘာကြီးလဲ?"
ယွင်လီကောမှာ ပဟေဠိဖြစ်သွား၏။ သို့သော် ထိုခလုတ်အားနှိပ်ရန် ခပ်မြန်မြန်ပင် သူ၏စိတ်ခွန်အားကိုအသုံးပြုလိုက်၏။
အကြောင်းမှာ သူ၏စိတ်တွင်းသို့ ထိုသို့သောအရာကိုထည့်သွင်းထားခဲ့သည့် ငတုံးအား အင်မတန်စူးစမ်းလိုသောကြောင့်ပင်။
[ပဟေဠိဖြစ်နေတာလား? မင်းအတော်လေးကြိုးစားခဲ့ပြီးပြီ၊ ဒါပေမယ့် မင်း နတ်ဘုရားဧကရာဇ်အဆင့်ကို မကျင့်ကြံနိုင်ဘူးမဟုတ်လား?]
[နတ်ဘုရားဧကရာဇ်အဆင့်ဘယ်လိုဖြစ်လာနိုင်မလဲ စဉ်းစားနေတယ်မဟုတ်လား?]
[ရင်းမြစ်ပိုများများနဲ့ ကျင့်ကြံခြင်းအတွေ့အကြုံတွေ ပိုရဖို့ စဉ်းစားနေတယ်မဟုတ်လား?]
"ဒါက နည်းနည်းတော့ စိတ်ဝင်စားစရာပဲ။"
ယွင်လီကောမှာ နောက်တစ်ဆင့်သို့ ဆက်လိုက်သည်။ မှန်သားပြင်ထက်ရှိ စကားလုံးများမှာ ချက်ချင်းပြောင်းသွား၏။
[ကျုပ်တို့မှာ အားအကောင်းဆုံးလမ်းညွှန်မှုရှိပါတယ်]
[ကျုပ်တို့မှာ အပေါများဆုံးရင်းမြစ်တွေရှိပါတယ်]
[နတ်ဘုရားဧကရာဇ်စကားဝိုင်းထဲမှာ အမြဲတမ်းမျှော်လင့်ချက်ရှိပါတယ်!]
[ကျုပ်တို့နဲ့ ဆက်သွယ်ပြီး နတ်ဘုရားဧကရာဇ်အဆင့်ပညာရှင် ဖြစ်လာလိုက်ပါ!]
[ခွေးတိုင်းမှာ သူတို့ရဲ့နေ့ရှိပါတယ်! ဆင်းရဲသူကို အနိုင်မကျင့်ပါနဲ့!]
[ရဲရင့်ပြီးတော့ မင်းကိုအထင်သေးတဲ့လူတွေကို ငြင်းဆန်လိုက်ပါ!]
[နတ်ဘုရားဧကရာဇ်အဆင့်ကိုကျင့်ကြံပြီးနောက်ကျရင် လောကမှာ ထင်ရှားလာပါလိမ့်မယ်!]
[အခုပဲ ဆက်သွယ်လိုက်ပါ! နတ်ဘုရားဧကရာဇ်အဆင့်တွေရဲ့ ပို့ချချက်တွေကိုလည်း အခမဲ့နားထောင်နိုင်ပါလိမ့်မယ်!]
[ထိပ်တန်းပါဝင်သူငါးယောက်လည်း ထိပ်တန်းနတ်သလင်းကျောက် သန်းရာချီထက်ပိုပြီးတန်ရဲ့ လက်ဆောင်ထုပ်ကြီးတွေရပါလိမ့်မယ်]
"ဒီဆုလာဘ်တွေက အတော်လေးများတာပဲ။”
ယွင်လီကောမှာ ပြုံးကာ ထိုသည်က အတန်ငယ်စိတ်ဝင်စားဖွယ်ကောင်းသည်ဟု ခံစားလိုက်ရသည်။
၎င်းမှာ တကယ်ကို နတ်ဘုရားဧကရာဇ်အဆင့်၏ပို့ချချက်နှင့် ထိပ်တန်းနတ်သလင်းကျောက် သန်းရာချီထက်ပိုပြီးတန်ရဲ့ လက်ဆောင်ထုပ်ကြီများကိုလည်းပေးမည်ပင်။
တစ်ဖက်လူက ဒီလောက်ချမ်းသာသလား?
တစ်ဖက်လူက ဒီလောက်စွမ်းအားကြီးလား?
ဒါအမှန်ပဲလား?
သူဟာ ဝင်ရောက်ရန်ဆုံးဖြတ်ကာ ပျော်စရာတစ်ခုခုရှိမလားကြည့်လိုက်၏။
သူဟာ ဆိုးရွားသည့်တစ်ခုခုဖြစ်လာမည်ကို မကြောက်ပါချေ။ ပြောရလျှင် သူ၏ဆရာမှာ သူ့ကိုကာကွယ်နိုင်သည်။
သူ၏ဆရာမှာ ဂုဏ်သရေရှိ သူတော်စင်ဖြစ်၏။ မည်သည်ကိုကြောက်နေရမည်နည်း?
ယွင်လီကောမှာ တွေးမနေတော့ဘဲ ချက်ချင်းပင် ဆက်သွယ်ရန်နှိပ်လိုက်၏။
သူဟာ တကယ်တော့ နတ်ဘုရားဧကရာဇ်ဖြစ်လာခြင်းအား စိတ်မဝင်စားပါချေ။ သူ့ဆရာ၏လမ်းညွှန်မှုနှင့်ဆိုလျှင် သူဟာ နတ်ဘုရားဧကရာဇ်အဆင့်အား အလွယ်တကူကျင့်ကြံနိုင်ပေ၏။ ထို့အပြင် သူ၏လက်ရှိကျင့်ကြံဆင့်နှင့်ဆိုလျှင် အဆင့်ပိုမြင့်သူများကိုပင် တိုက်ခိုက်နိုင်သည်။ သူဟာ သာမန်နတ်ဘုရားဧကရာဇ်အဆင့်များအားဂရုမစိုက်ပါချေ။
သူဟာ ထိုသည်နှင့် ပျော်စရာရှာချင်ရုံသာဖြစ်၏။
တစ်ခဏအကြာ၌ သူ၏စာမျက်နှာမှာ ရုတ်တရတ် မြင်ကွင်းကျယ်တစ်ခုအဖြစ်ပြောင်းသွားကာ ဘောင်ငယ်တစ်ခုလည်းရှိနေ၏။
"အာ၊ နောက်ထပ်လူအသစ်ပဲ? ငါကကုန်းမင်နတ်ဘုရားဧကရာဇ်လျူယွင်ဖေးပါ။ မင်းကဘယ်ကဆိုတာမေးလို့ရမလား?"
ယွင်လီကောမှာ မျက်လုံးများအား မှေးကျဉ်းလိုက်သည်။
စိတ်ဝင်စားစရာပဲ။ ဒါက နတ်ဘုရားဧကရာဇ်အဆင့်ပေါ့။ ဤ အဖွဲ့ထဲတွင် တစ်ခုခုတော့ ဖြစ်နေမည်နေဟန်ပေါ်သည်။
သို့သော် သူဟာမတုံ့ပြန်လိုက်ချေ။
ပြောရလျှင် ကြီးမြတ်သောနတ်ဘုရားအဆင့်သို့ရောက်ပြီးနောက်တွင် သူဟာ ထိုနတ်ဘုရားဧကရာဇ်ဟုခေါ်ဆိုသူများအား လုံးဝဂရုစိုက်မနေတော့ပါချေ!
ယုတ်မာတယ်!
"အာ၊ ဒီတာအိုရောင်းရင်းအသစ်က စကားပြောရတာမကြိုက်ပုံပဲ။ တာအိုရောင်းရင်း ခင်ဗျားနာမည်ကိုပြောင်းနိုင်လား? ခင်ဗျားက ယောက်ျားလား မိန်းမလား? ဘာလို့ ဘာမှမပြောတာလဲ?"
ထိုသို့ပြောနေသူမှာ နတ်ဘုရားဧကရာဇ် ကုန်းချန်ပင်။
နောက်ထပ်နတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်!
ထိုစကားဝိုင်းမှာ ရိုးရှင်းပုံမရချေ! ၎င်းတွင် နတ်ဘုရားဧကရာဇ်အဆင့်များနှင့်ပြည့်နေ၏။
သို့သော်... ထိုမျှ များပြားလှသည့် နတ်ဘုရားဧကရာဇ်များအား စုစည်းရသည့် အစီစဉ်မှာ မည်သည်များဖြစ်မည်နည်း?
ယွင်လီကောမှာ ထိုမျှများပြားလှသော နတ်ဘုရားဧကရာဇ်အဆင့်များသာ အတူတကွစုစည်းရသည်ကို မယုံကြည်ပါပေ။
ဒီလောကမှာ ငြိမ်းချမ်းမှု ဘယ်လိုရှိနိုင်မှာလဲ?
သူဟာ ဦးစွာ ၎င်းတို့အား ပုံဖော်ရန်ကြိုးစားလိုက်၏။
ထိုသို့တွေးကာ ယွင်လီကောမှာ စတင်တုံ့ပြန်လိုက်တော့သည်။
"နှုတ်ဆက်ပါတယ် စီနီယာတို့။ ကျွန်တော်က... ကောလီယွင်ပါ။ ဒီကိုရောက်တာ ပထမဆုံးအကြိမ်ပါပဲ။ အမှားလုပ်မိတာရှိရင် ခွင့်လွှတ်ပေးကြပါဦး။"
ယွင်လီကောမှာ သူ၏အမည်အစစ်ကိုအသုံးမပြုပါချေ။ တစ်ဖက်လူမှာ မိတ်ဆွေလား ရန်သူလား မည်သူသိမည်နည်း? သူ၏အချက်အလက်များအား ကိုယ်ပိုင်သာ သိမ်းထားသည်ကပို၍ကောင်းမည်။
"ကိစ္စမရှိပါဘူး၊ ကိစ္စမရှိပါဘူး။ ပြောရင် ဒီနတ်ဘုရားဧကရာဇ်စကားဝိုင်းကို လာနိုင်သူတွေက အားလုံးပါရမီရှင်တွေချည်းပဲလေ။"
"ညီအစ်ကိုကောက ဒီနတ်ဘုရားလောကမှာ ကျော်ကြားတဲ့ ပါရမီရှင်ဖြစ်ပုံပဲ ဟုတ်တယ်မလား?"
"ညီအစ်ကိုကော ဘယ်မျိုးနွယ်စုဆီကလာလဲကို သိလို့ရမလား? ဒါမှမဟုတ် စီနီယာတစ်ယောက်ယောက်ရဲ့ ချစ်တပည့်လေးများလား?"
"ကျွန်တော်မှာ နောက်ခံမရှိတဲ့ လေလွင့်ကျင့်ကြံသူလေးပါပဲ။"
ထိုသို့ပြောပြီးနောက် စကားဝိုင်းတစ်ခုလုံးမှာ တိတ်ဆိတ်သွားသည်။
ယွင်လီကောမှာ ဂရုတစိုက်ပြောလိုက်၏။
"စီနီယာတို့ ကျွန်တော်တစ်ခုခုမှားတာများပြောမိလိုက်လို့လားဗျ? မပျော်မရွှင်ဖြစ်သွားစေတာလား?"
တစ်ခဏအကြာတွင် နတ်ဘုရားဧကရာဇ် ဟုန်ရှုဆိုသူက စကားပြန်၏။
"ကျုပ်တို့အဖွဲ့ကို ဝင်ရောက်နိုင်သူတွေက အနည်းဆုံးတော့ ကြီးမြတ်သောနတ်ဘုရားအဆင့်မှာရှိရမယ်။ ပြီးတော့ သတ်မှတ်ထားတဲ့ အသက်အရွယ်မှာ အဲ့ဒီအဆင့်ကိုရောက်နေတာဖြစ်ရမယ်!"
"ဒါ့ကြောင့် ခင်ဗျားရဲ့ပါရမီက ကျုပ်တို့ကို ရှက်လွန်းလို့ ချွေးပြန်သွားစေလို့ပါဗျာ!"
ယွင်လီကောမှာ ကိုယ့်ကိုယ်ကိုယ် သတိလက်လွတ်ဖြစ်လွန်းသည်ဟု ထင်လိုက်မိသည်။
သူဟာ မူလက မထင်ပေါ်ချင်ရုံသာဖြစ်သော်လည်း ထိုသို့ဖြစ်သွားရန် မမျှော်လင့်ခဲ့ပေ။
သူဟာ သိုသိုသိပ်သိပ်နေရန်ကျရှုံးသွားဟန်ပေါ်ကာ သူ့ဆရာ၏ကျွမ်းကျင်မှုများအား မသင်ယူခဲ့သလိုပါပင်။
သူဟာ ဤ ကြီးမြတ်သောနတ်ဘုရားအဆင့်သို့ရောက်ရန် ဆေးလုံးသန်းနှင့်ချီ စားခဲ့ရသည်ဟု ပြောရပေမည်။
ထို့နောက် အနည်းငယ်ချောင်းဟန့်လျက် ဆိုလိုက်၏။
"ဒါက ကံကောင်းလို့ပါ။ ကျွန်တော်က ရှေးဟောင်း နတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်ရဲ့ အမွေအနှစ်ကို ကောက်ရဖို့အထိ ကံကောင်းသွားခဲ့တယ်လေ။"
"မဆိုးပါဘူး။ တာအိုရောင်းရင်းကော၊ အရမ်းကြီး နှိမ့်ချဖို့ မလိုပါဘူး။"
ယွင်လီကောပြန်ဖြေလုဆဲဆဲတွင် မှန်သားပြင်မှာ ရုတ်တရတ်လင်းလာ၏။
ချက်ချင်းပင် နတ်ဘုရားဧကရာဇ်ကုန်းချန်မှာ ချက်ချင်းပြောလိုက်၏။
"အဖွဲ့ခေါင်းဆောင်၊ ခင်ဗျားရောက်ပြီပဲ။ အားလုံးပဲ အဖွဲ့ခေါင်းဆောင်ကို ကြိုဆိုကြပါ!"
***