← Chapters

အခန်း (၄၁၆-၄၂၀)

Vol. 28 Ch. 416-420

အခန်း (၄၁၆-၄၂၀)

Vol. 28 Ch. 416-420

အပိုင်း ၄၁၆ အဖွဲ့ခေါင်းဆောင်၊ အရှုံးပေးလိုက်တော့။ လုရှောင်ယန်က နေရာတိုင်းမှာရှိနေတယ်

ထိုသည်ကိုကြားသော် အားလုံးမှာ အနည်းနှင့်အများတော့ စိတ်သက်သာသွားကြ၏။

အဖွဲ့ခေါင်းဆောင်မှာ ယုံကြည်ချက်ရှိနေသ‌ရွေ့ ၎င်းတို့မှာ သဘာဝကျကျပင် သံသယဝင်မည်မဟုတ်ပါချေ။

ထိုသည်မှာ ၎င်းတို့က အခြားလူများအား သတိမထားခြင်းကြောင့်မဟုတ်ပါချေ။ အကြောင်းမှာ သူ့ထံ၌ နတ်ဘုရားဧကရာဇ်အဆင့် ငယ်သား အမြောက်အများရှိခြင်းကြောင့်ပါပင်။ အဖွဲ့ခေါင်းဆောင်မှ မမိုက်မဲပါလျှင် ၎င်းတို့လည်း ထိခိုက်ဖို့ရာ မဖြစ်နိုင်ပါချေ။

ထို့ကြောင့် နတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်များမှာ အဖွဲ့ခေါင်းဆောင်အား တုံ့ဆိုင်းမနေဘဲ ယုံကြည်ကြသည်ပင်။

ထိုသည်က တကယ်ကိုအဓိကပါပင်။ မြေပြင်မှာ တိုက်ခိုက်မှု လွင့်စင်လာသော် ဟင်းလင်းပြင်အကာအရံတစ်ခုလုံးမှာ ချက်ချင်းပင် အညှာအတာမဲ့စွာ အက်ကွဲသွားတော့၏။ အစီအရင်စွမ်းအားမှာ ကောင်းကင်နှင့် ကမ္ဘာမြေအား ခါယမ်းစေလျက် မြေပြင်အား တုန်လှုပ်စေသည်။ ၎င်းမှာ မရပ်တန့်လောက်တော့လုနီးနီးပင်။

သို့သော် ၎င်းမှာ ဧကရာဇ်တစ်ရာအစီအရင်နှင့် ထိခတ်မိသောအခါ၌ ထိုအစီအရင်အား အပြင်းအထန် တုန်ရီသွားစေသည်။ ထို့နောက်တွင် အစီအရင်မှာ တဖြည်းဖြည်း ပြန်ငြိမ်လာကာ ထိုစွမ်းအား,အား နတ်ဘုရားဧကရာဇ်တို့၏အောက်ခြေတွင် ပိတ်ဆို့လျက် ထပ်မံ၍ အဆင့်မမြင့်နိုင်စေတော့ချေ။

နတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်များမှာ ထိုသည်အားမြင်သော် လုံးဝစိတ်သက်သာသွားကာ နှုတ်ခမ်းထောင့်များက ကွေးတက်သွား၏။

အမတဆရာကြီးတစ်ဦး၏ အစီအရင်မှာ မျှော်မှန်းထားသလိုပါပင် စွမ်အားက ထူးကဲလှချေ၏။ ၎င်းမှာ လုရှောင်ယန်၏ စေ့စပ်လှသည့် အစီအစဉ်အား သာမန်ကာလျှံကာပင်ခုခံလိုက်နိုင်သည်။ ၎င်းက ရိုးရှင်းစွာပင် ပါရမီရှင်စွမ်းအားပင်။

လောကရှိမည်သူကမှ ၎င်းတို့အား မကျော်လွန်‌နိုင်ပါချေ!

သို့သော် အားလုံးက ကျေနပ်နေချိန်၌ အမှတ်တမဲ့တစ်ခု ရုတ်တရတ်ဖြစ်ပွားခဲ့၏။

တစ်နေရာရာမှ အက်ကွဲသံတစ်ခုနှင့်အတူ အက်ကွဲကြောင်း တချို့မှာ ဧကရာဇ်တစ်ရာအစီအရင်တစ်ခုလုံး၏ အချိတ်အဆက်များပေါ်၌ ရုတ်တရတ် ပေါ်ထွက်လာကြသည်။

ထိုအခိုက်၌ စွမ်းအားကြီးမားလှသော အလင်းတန်းမှာ လျှပ်စီးကဲ့သို့ အဟုန်ဖြင့်အက်ကွဲကြောင်းများထဲသို့ တမုဟုတ်ချင်းပြေးဝင်သွားကြ၏။

ထိုစွမ်းအင်မှတိုက်ခိုက်လိုက်သည်နှင့် အက်ကွဲကြောင်းများမှာ ကြီးသထက်ကြီးလာတော့၏!

လူတိုင်း၏အမူအရာမှာ ဆိုးဆိုးရွားရွားပြောင်းလဲသွားကြတော့သည်။

"ဘာတွေဖြစ်နေတာလဲ? ဧကရာဇ်တစ်ရာအစီအရင်က ဖျက်ဆီးခံလိုက်ရပြီ!"

"အခုပဲ အဆင်ပြေနေပြီမဟုတ်ဘူးလား? ဘာလို့မျက်စိတစ်မှိတ်အတွင်းမှာ ပျက်ဆီးသွားရတာလဲ?"

"အဖွဲ့ခေါင်းဆောင်၊ ကျုပ်ကိုကယ်ပါဦး!"

အားလုံးမှာ အဖွဲ့ခေါင်းဆောင်အား အကူအညီသာတောင်းနိုင်တော့၏။ ထိုအချိန်တွင် မည်သူကမှ ပြန်မဆုတ်ဝံ့ကြချေ။ အကြောင်းမှာ ၎င်းတို့ နောက်သို့အနည်းငယ်လောက် ပြန်ဆုတ်လိုက်သည်နှင့် အစီအရင်တစ်ခုလုံး ပြိုလဲသွားပေလိမ့်မည်ပင်။

အစီအရင်ပြိုလဲသွားသည်နှင့် အားလုံးမှာ အလင်းတိုင်၏တိုက်ခိုက်ခြင်းကိုခံရပေမည်။

၎င်းမှာ အမတအစီအရင်မှ ဖန်တီးထားသော တိုက်ခိုက်မှုပင်။ မည်သူကမှ မစွန့်စားရဲကြချေ။ ၎င်းတို့ရှုံးသွားသည်နှင့် ၎င်းတို့မည်သို့သေမည်ကိုပင် သိတော့မည်မဟုတ်ပါချေ!

ကောင်းကင်တွင် ကျန်းဖူတုမှာလည်း လုံးဝကြောင်အမ်းနေ၏။

၎င်းမှာ အမတအဆင့်အစီအရင်မျှသာဖြစ်၏။ ထို့အပြင် အစီအရင်၏စွမ်းအားကိုကြည့်ရုံနှင့်ပင် သူဟာ ၎င်းအား အလွယ်တကူ ခုခံနိုင်ပေသည်။

ဧကရာဇ်တစ်ရာအစီအရင်မှာ သူ၏ဆရာ ခွဲဖြာထားခဲ့သော အစီအရင်ပါပင်။ ဘာကြောင့် ထိုငယ်သားများက မခုခံနိုင်ရသနည်း?

ဘယ်လိုလုပ်ဖြစ်နိုင်ရမှာလဲ?

၎င်းမှာအဆုံးစွန်ထိ ထိတ်လန့်အံ့အားသင့်လျက် လူအုပ်ထဲရှိ ပုံရိပ်အချို့၏ နှုတ်ခမ်းထောင့်များ ကွေးတက်သွားသည်ကိုပင် သတိမမူမိပါချေ။

ယွင်‌လီကောတင်မက နောက်ထပ်များစွာရှိနေသေးသည်။

ထိတ်လန့်မှုပြီးနောက်တွင် ကျန်းဖူတုမှာ သတိလက်လွတ်မနေဝံ့တော့ပါချေ။ သူဟာ ချက်ချင်းပင် ထိုအစီအရင်အားဖိနှိပ်ရန် အမတကျင့်စဉ်တစ်ခုကို အသုံးပြုလျက် သူ၏စွမ်းအားမှ ထိုတိုက်ခိုက်မှုများကို လူတိုင်းခုခံနိုင်ရန် မျှဝေလိုက်၏။

ဘုန်း!

သူ၏အမတကျင့်စဉ်မှာ လူတိုင်းထံဆင်းသက်သွားချိန်၌ နတ်ဘုရားဧကရာဇ်အစီအရင်တစ်ခုလုံးမှာ အရှင်လတ်လတ် ဝါးမြိုခံလိုက်ရတော့သည်။

ပေါက်ကွဲမှုတစ်ခုလုံးမှာ ကောင်းကင်ယံတိုင် ပြင်းထန်သောအထိအခိုက်ဖြစ်သွားစေသည်!

ကြီးမြတ်သောနတ်ဘုရားအဆင့်အားလုံးမှာ ထိုဦးတည်ဘက်မှ ကြည့်လိုက်လျက် မျက်လုံးများတွင်ကြောက်ရွံ့မှုနက်နက်ရှိုင်းရှိုင်းအား ထုတ်ပြထားသည်။

ဒါက နတ်ဘုရားဧကရာဇ်အဆင့်တွေကြားက တိုက်ပွဲလား?

၎င်းတို့၏စွမ်းအား ကွာခြားမှုမှာ ၎င်းတို့အား တစ်ဖက်လူထံမှတားဆီးပိတ်ဆို့ထားသော သဘာဝတွင်းနက်နှင့်ပင်တူညီနေ၏။

ပေါက်ကွဲမှုတစ်ခုလုံးမှာ အသက်ရှူကြိမ် တစ်ဆယ့်သုံးကြိမ်မျှကြာသွားပြီးနောက် တဖြည်းဖြည်းရပ်တန့်ပျောက်ကွယ်သွားတော့၏။

သိူ့သော် ပေါက်ကွဲမှုအလင်း လုံးဝပျောက်ကွယ်သွားချိန်၌ အားလုံးမှာ ကြည့်လိုက်ရာ နတ်ဘုရားဧကရာဇ်တစ်ရာထဲမှ ၇ဦးသေဆုံးနေသည်ကို ထိတ်လန့်ဖွယ်တွေ့ရှိလိုက်ရ၏!

မှန်ပါသည်!

၎င်းတို့မှာ သေဆုံးသွားပြီပင်!

အခြားသော နတ်ဘုရားဧကရာဇ်များမှာ စိတ်သက်သာနေသော်လည်း ၎င်းတို့ထဲမှ ခုနှစ်ဦးမှာ တိတ်တဆိတ်သေဆုံးနေ၏!

၎င်းတို့မှာ လုရှောင်ယန်၏အမတအစီအရင်တိုက်ခိုက်မှုအား ခုခံနိုင်စွမ်းမရှိပါချေ။

"ဘာတွေဖြစ်နေတာလဲ?"

လူတိုင်းမှာ မနေနိုင်ဘဲ ကြောင်အသွား၏!

၎င်းတို့မှာ နတ်ဘုရားဧကရာဇ်အဆင့် ၇ဦးပါပင်!

၎င်းတို့မှာ သာမန်‌လူလေးများမဟုတ်ပါချေ။ ထို့အပြင် လုရှောင်ယန်မှာ အင်မတန်စွမ်းအားကြီးနေပါလျှင်တောင် ၎င်းတို့ထံ၌ အဖွဲ့ခေါင်းဆောင် ဖူတု၏စွမ်းအားရှိနေပါသေးသည်။ အဖွဲ့ခေါင်းဆောင်ဖူတုမှာ အမတတစ်ပါးပင်!

သူဟာ နတ်ဘုရားဧကရာဇ်အဆင့်၏ အထက်မှဖြစ်တည်မှုပါပင်!

ထို့ကြောင့် ထိုအချိန်တွင် အားလုံးမှာ စွမ်းအားတိုင်များကြောင့် အပိုင်းအစများအဖြစ် လောင်ကျွမ်းသေဆုံးပြီးသားနတ်ဘုရားဧကရာဇ်ပညာရှင်ကြီးများအား ကြည့်ရှုလိုက်ကာ အတွေးနက်ထဲကျရောက်သွားကြတော့၏။

"တာအိုရောင်းရင်းကျန်း၊ ကြည့်ရတာ ဒီလုရှောင်ယန်က တကယ်ကိုသာမန်မဟုတ်ဘူးပဲ။"

ကျန်းဖူတု၏အမူအရာမှာ အေးစက်လျက် အရုပ်ဆိုးနေ၏။ သူဟာယခုတွင် ရှင်းရှင်းလင်းလင်းပင် နတ်ဘုရားဧကရာဇ်တိုင်းအား ကာကွယ်ပေးနေပါ၏။ ၎င်းတို့ထဲမှအချို့ မရှင်သန်နိုင်ရန်မှာ အဓိပ္ပာယ်ရှိမနေပါချေ။

ထိုသို့ ပဟေဠိဖြစ်နေချိန်၌ ပြင်းထန်သောပေါက်ကွဲမှုတစ်ခုက ကောင်းကင်ယံမှ ရုတ်တရတ်ထွက်ပေါ်လာ၏။

အားလုံးမှာ ထိတ်လန့်သွားကြတော့သည်။

"ဘာတွေဖြစ်နေတာလဲ?"

"တစ်ယောက်ယောက်တော့လာနေပြီ!"

လူတိုင်းမှာ မတုံ့ပြန်နိုင်ခင်တွင် နတ်လျှပ်စီးတစ်သွယ်က ကောင်းကင်ယံမှ ရုတ်တရတ်ကျဆင်းလာကာ တမုဟုတ်ချင်းပင် နတ်ဘုရားဧကရာဇ်အဆင့်တစ်ဦးအား ရိုက်ခတ်လိုက်တော့၏။

ပြင်းထန်သောပေါက်ကွဲမှုနှင့်အတူ ထိုနတ်ဘုရားဧကရာဇ်ပညာရှင်မှာ ချက်ချင်းပင် အပိုင်းအစများအဖြစ်သို့ လွင့်ထွက်သွားတော့သည်။ သူဟာ အော်ဟစ်လိုက်ဖို့ပင် အခွင့်မရလိုက်ပါချေ။

"ရန်သူတိုက်ခိုက်မှုပဲ! ရန်သူတိုက်ခိုက်မှု!"

အားလုံး၏ အမူအရာများပြောင်းလဲသွားကြကာ ချက်ချင်းပင် ပူပန်လာကြတော့၏။

ထိုအခိုက်၌ နောက်ထပ် နတ်လျှပ်စီးတစ်သွယ်ကျဆင်းလာပြန်ကာ ဒုတိယ၊ တတိယနှင့် စတုတ္ထတစ်ခုစီပါ လိုက်ပါလာကြတော့သည်...

ကျဆင်းလာသော နတ်လျှပ်စီးတိုင်းမှာ နတ်ဘုရားဧကရာဇ်များအား သတ်လိမ့်မည်ပင်။ နေရာရှိနတ်ဘုရားဧကရာဇ်အားလုံးမှာ လုံးဝကြောက်ရွံ့နေကြ၏။

၎င်းတို့မှာ စွမ်းအားကြီးနတ်ဘုရားဧကရာဇ်အဆင့်များဖြစ်ကြပါသော်လည်း သေခြင်းတရားအား အလွယ်တကူရင်မဆိုင်ဝံ့ကြပါချေ။ ထို့အပြင် ထိုခရမ်းသွေးကောင်းကင်နတ်လျှပ်စီးမှာ ၎င်းတို့အား အလွယ်တကူပင် သတ်နိုင်ပါ၏။

နတ်ဘုရားတစ်ပါးသည်ပင် ၎င်းအား မခုခံနိုင်ပါချေ!

"သေစမ်း!"

ကျန်းဖူတု၏အမူအရာမှာ အေးစက်လာ၏။

"တာအိုရောင်းရင်း ရှင်းယွင်၊ ကူညီပါဦးဗျာ"

ရှင်းယွင်မှာခေါင်းငြိမ့်လိုက်သည်။

"ပြဿနာမရှိဘူး"

စကားဆုံးသည်နှင့် သူဟာ လက်များကိုအတူတကွဆုပ်လိုက်ရာ ကြီးမားသည့်ရွှေရောင်ဗုဒ္ဓပုံရိပ်မှာ သူ၏နောက်မှ တိုးထွက်လာသည်။

ထိုရွှေရောင်ဗုဒ္ဓပုံရိပ်ပေါ်လာသည်နှင့် ၎င်းမှာ တောက်ပလင်းထိန်လာကာ အဘက်ဘက်သို့ ပစ်ခတ်လိုက်၏။ မူလက သန့်စင်သောခရမ်းသွေးကောင်းကင်နတ်လျှပ်စီးမှာ ချက်ချင်းပင် စွမ်းအားများ ဆုံးရှုံးကာ ထို ရွှေရောင်ဗုဒ္ဓထံဆင်းသက်လိုက်သည်။

အကြောင်းမှာ ထိုဗုဒ္ဓအလင်းက အင်မတန်စွမ်းအားကြီးမားလှခြင်းကြောင့်ပင်။ တိုက်ခိုက်မှုနှစ်ခုမှာ တူညီကာ အချင်းချင်းအား လုံးဝမထိခိုက်စေနိုင်ပါချေ။

ရှင်းယွင်၏ တားဆီးမှုနှင့်အတူ နတ်ဘုရားဧကရာဇ်များမှာ နောက်ဆုံး၌ စိတ်သက်သာရာရသွားကာ သက်ပြင်းချလိုက်တော့သည်။ ကျန်းဖူတုမှာလည်း ချက်ချင်းပင် လုရှောင်ယန်၏တည်နေရာအား ရှာဖွေရန် အမတအဆောင်လက်နက် သံလိုက်အိမ်မြောင်အား အသုံးပြုလိုက်သည်။

၎င်းတို့မှာ နီးကပ်လှသောနယ်နိမိတ်အတွင်းရှိနေသဖြင့် အမတအဆောင်လက်နက်သံလိုက်အိမ်မြောင် ပေါ်ထွက်လာသည်နှင့် လုရှောင်ယန်အား အလွယ်တကူရှာနိုင်သွားခဲ့သည်!

တစ်ခဏအတွင်းတွင်ပင် သေးငယ်လှသော ရွှေရောင်အလင်းတစ်မှုန်မှာ သံလိုက်အိမ်မြောင်ထက်၌ ပေါ်ထွက်လာသည်။

"ကောင်စုတ်လေး၊ ငါနောက်ဆုံးတော့ မင်းကိုတွေ့ပြီ!"

သို့သော် ကျန်းဖူတု မပျော်ရွှင်နိုင်ခင်တွင်ပင် ပို၍များလှသော ရွှေရောင်အလင်းမှုန်များမှာ သံလိုက်အိမ်မြောင်ထက်၌ ပေါ်ပေါက်လာတော့သည်။ အလင်းမှုန်တိုင်းမှာ တုနှိုင်းမဲ့စွာ ကြည်လင်လျက် အင်မတန်နီးကပ်နေ၏။

ထိုသည်က ကျန်းဖူတုအား ကြောင်အသွားစေသည်။

ဘာတွေဖြစ်နေတာလဲ? သူရဲ့ သံလိုက်‌အိမ်မြောင်များ ပျက်စီးသွားတာလား?

တစ်ခုခုမှားနေတာများလား?

ဒါက ဆရာ သူ့ကိုပေးခဲ့တဲ့ အမတအဆောင်လက်နက်လေ!

ပဟေဠိဖြစ်နေချိန်၌ပင် အင်မတန်ဖိနှိပ်နိုင်သော ရွှေရောင်အလင်းမှာ အဝေးတစ်နေရာမှ ရုတ်တရတ်ပျံထွက်လာ၏!

ဘုန်း!

အားလုံး မတုံ့ပြန်နိုင်ခင်တွင် ရွှေရောင်အလင်းမှာ နတ်ဘုရားဧကရာဇ်များအား လွင့်ထွက်သွားစေကာ ချက်ချင်းပေါက်ကွဲသွား၏။ ထိုစွမ်းအားမှာ ကြီးမားလှငည်။ ပေါက်ကွဲမှုလှိုင်းများနှင့်အတူ ၎င်းက နတ်ဘုရားဧကရာဇ် ဆယ်ယောက်ထက်မနည်းအား လုံးဝဖျက်ဆီးလိုက်တော့၏!

လူတိုင်းမှာ မတုံ့ပြန်နိုင်ခင်၌ ‌ဒုတိယရွှေရောင်အလင်းက တိုက်ခိုက်လိုက်သည်။

ဤတစ်ခေါက်တွင် အားလုံးမှာ နိုးနိုးကြားကြားရှိနေကြသည်။ ၎င်းတို့ ရွှေရောင်အလင်းအား သတိပြုမိလိုက်သည့်အခိုက်တွင် နောက်သို့ဆုတ်ခွာလိုက်ကြ၏။

သို့သော် ဆုတ်ခွာလိုက်ပါသော်လည်း နတ်ဘုရားဧကရာဇ်များ၏ ကျင့်ကြံဆင့်နှင့် စွမ်းအားမှာ ခြားနားသေးသည်။ ၎င်းတို့၏ ပြန်လည်ဆုတ်ခွာနှုန်းမှာလည်း နှေးကွေး၏။

မြန်သောတစ်ယောက်မှာမူ တစ်ခဏအတွင်း အလွယ်တကူလွတ်မြောက်နိုင်ပြီး နှေးကွေးသူမှာ မလွတ်မြောက်နိုင်ချေ။

၎င်းတို့အကြားတွင် ကျင့်ကြံဆင့်အားနည်းသော နတ်ဘုရားဧကရာဇ် ငါးဦးမှာ ရွှေရောင်အလင်းနှင့် ထိစပ်လျက် ရုပ်ကြွင်းများအဖြစ်ပြောင်းလဲသွားသည်။

ကျန်ရှိနေသော နတ်ဘုရားဧကရာဇ်များမှာ လုံးဝကြောက်ရွံ့နေကြပြီပင်။

တစ်ဖက်လူမှာ ထပ်မံ၍ တစ်ယောက် တစ်ကွက်ဖြင့် မသတ်တော့ပါချေ။ သူဟာ ဆယ်ယောက်အား တိုက်ကွက်တစ်ကွက်ဖြင့် သတ်နေချေ၏!

၎င်းတို့မှာ နတ်ဘုရားဧကရာဇ်များဖြစ်ပါလျှင်တောင် မည်သူကမှ ထိုသို့သော ထိခိုက်မှုအား ခုခံမထားနိုင်ပါချေ!

တစ်ချိန်တည်းတွင် ပို၍များပြားလှသော ရွှေရောင်အလင်းများမှာ အဝေးတစ်နေရာတွင် လင်းလက်သွား၏။

"ပြေးကြ!"

ထိုနတ်ဘုရားဧကရာဇ်များမှာ ကြောက်ရွံ့သွားကြ၏။ ၎င်းတို့မှာ ချက်ချင်းပင် အဘက်ဘက်သို့ ငှက်များနှင့် သားရဲများကဲ့သို့ ပျံပြေးသွားကြသည်။ ထိုအခိုက်တွင် ရောက်စက ၎င်းတို့၌ ရှိခဲ့သည့် ဘဝင်ခိုက်မှုမှာ လုံးဝပျောက်ကွယ်သွားတော့သည်။

အလင်းတန်းများက ကောင်းကင်သို့ပြေးဝင်လျက် ကျန်းဖူတုမှာ ထပ်ခါထပ်ခါ ဟစ်အော်လိုက်၏။

"ရပ်၊ ရပ်လိုက်! ပြေးရဲတဲ့ဘယ်သူ့ကိုမဆို ငါသတ်မှာ!"

သို့သော် သူ၏နံဘေးမှ နတ်ဘုရားဧကရာဇ်တစ်ချို့မှလွဲပါလျှင်မည်သူကမှ နားထောင်ရန်ဆန္ဒမရှိကြပါချေ။

အံ့ဩဖွယ်ကောင်းစွာပင် ယွင်လီကော၊ ကောင်းကင်ဓားသွားစင်မြင့်နှင့် ထိုက်ယိဓားတာအိုမှ နတ်ဘုရာဧကရာဇ်များမှာ သူ၏နံဘေး၌ ရှိနေကြဆဲပင်။

ကျန်ရှိသော နတ်ဘုရားဧကရာဇ် ဆယ်ဦးမှာလည်း မြင့်မြတ်သောဗုဒ္ဓရှင်းယွင်နံ‌ဘေးသို့ ပျံသွားကြသည်။

ကျန်းဖူတုမှာ ကူကယ်ရာမဲ့စွာ ခေါင်းငြိမ့်လိုက်၏။

"မင်းတို့တွေကတော့ သစ္စာရှိနေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး! လုရှောင်ယန်ကိုသတ်ပြီးရင် မင်းတို့အားလုံး အမတဖြစ်လာစေဖို့ ငါအာမခံတယ်!"

ထိုအခိုက်၌ မနီးမဝေးမှ ပျံထွက်လာသော အလင်းများမှာ တမုဟုတ်ချင်းပင် လွင့်စင်သွား၏။ ၎င်းတို့အချို့မှာ နေရာ၌ပင် ဖျက်ဆီးခံလိုက်ရသည်။

အော်သံများမှာ တစ်ခုပြီးတစ်ခုထွက်ပေါ်လာ၏!

၎င်းကလူသတ်ပွဲ၊ လုံးဝမညီမျှသည့် လူသတ်ပွဲပင်!

ကျန်းဖူတုမှာ နှာမှုတ်လိုက်၏။

"ဒါကိုမြင်လား? ဒါကငါ့ကိုသစ္စာဖောက်တဲ့ရလာဒ်ပဲ! ငါ့ကိုလှည့်ဖျားသူတိုင်း ဒီလိုပဲ အဆုံးသတ်ရမယ်! ဟားဟားဟားဟား..."

စကားဆုံးသည်နှင့် သွေးများလွှမ်းကာ လက်တစ်ဖက်သာရှိတော့သော နတ်ဘုရားဧကရာဇ်တစ်ဦးမှာ သူ၏နံဘေးသို့ရောက်လာကာ ကြောက်ရွံ့နေဟန်ဖြင့် ဆိုလိုက်၏!

"အဖွဲ့ခေါင်းဆောင်! မြန်မြန်! အရှုံးပေးလိုက်တော့! လုရှောင်ယန်က အပြင်ဘက်နေရာတိုင်းမှာပဲ။"

"ချီးထုပ်ပဲ! ဒီမှာ ဘာလို့ ဒီလောက်များတဲ့လုရှောင်ယန်တွေရှိနေရတာလဲ? ငါ့ကို ဝက်ငတုံးများထင်နေတာလား?"

စကားဆုံးသည်နှင့် ကျန်းဖူတစ်ဖက်လူအား သေအောင် ပိုင်းဖြတ်လိုက်တော့၏။

သို့သော် ထိုသို့လုပ်နေစဉ်တွင် ညည်းညူ၍ နှာမှုတ်လိုက်သောအသံမှာ နားထဲ၌ ထွက်ပေါ်လာ၏။

"မင်းပြောတာမှန်တယ်။ မင်းကတကယ်ကို ဝက်ငတုံးပဲ!"

သူ နှာမှုတ်လိုက်သည်နှင့် ယွင်လီကောနှင့် အခြားလူများမှာ ကျန်းဖူတုထံလိုက်ပါလာသော နတ်ဘုရားဧကရာဇ်အချို့အားတိုက်ခိုက်လိုက်တော့သည်။

ဘုန်း! ဘုန်း! ဘုန်း!

တစ်ခဏအတွင်းပင် အင်မတန်များပြားလှသော အလင်းလုံးများမှာ ကောင်းကင်တွင် တိုးထွက်လာကာ လောကကြီးအား နေ့အချိန်ကဲ့သို့ ထွန်းညှိပေးလိုက်၏။

ကျန်းဖူတု၏မျက်လုံးများမှာ သွေးရောင်နှင့် စွေးစွေးနီနေချေပြီ!

"မဟုတ်ဘူး!"

ဒေါသဟိန်းသံတစ်ခုနှင့်အတူ သူဟာလက်အားမြောက်လျက် ထိုးချလိုက်ရာ ဟင်းလင်းပြင်အကာအရံမှာ အက်ကွဲလျက် ယွင်လီကောနှင့် တခြားလူများအား အတူတူမသွားခိုင်းရန်။

"ပြန်ယူမယ်!"

ယွင်လီကောမှာအော်ဟစ်ကာ ကောင်းကင်ဓားသွားစင်မြင့်ရဲ့ စင်မြင့်ခေါင်းဆောင်နှင့် အခြားလူများအား ထွက်ပြေးသွားချေသည်။ ၎င်းတို့မှာ သာမန်နတ်ဘုရားဧကရာဇ်များဖြစ်ကြကာ အဆင့်ပိုမြင့်သောလူရမ်းကားများအား ရှာမတွေ့နိုင်ဟု‌ဆိုချေ၏။

ထိုအခိုက်၌ သူ၏စွမ်းအားအလုံးစုံမှာ တိုးထွက်လာ၏။ အနက်နှင့် သွေးရောင်စွမ်းအားကို ရောနှောလျက် အနက်ရောင်နှင့် အနီရောင်ပုံစံ မီးတောက်တွေအား ဖြစ်ပေါ်စေကာ သူ့အား လွှမ်းခြုံသွား၏။

နတ်ဘုရားသတ်လှံတံမှာ သူ၏လက်တွင်းတွင် အလိုအလျောက်ပေါ်ထွက်လာ၏။

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၂၈။ အပိုင်း ၄၁၇ မင်းရဲ့ဓားအစီအရင်က ငါ့လောက်မသန်မာဘူး

မဟူရာအနက်နှင့် သွေးနီရောင်အရှိန်အဝါပေါ်ထွက်လာချိန်တွင် ကျန်ရှိနေသော နတ်ဘုရားဧကရာဇ်ဆယ်ဦး၏ အမူအရာများမှာ ရုတ်တရတ်ပြောင်းလဲသွားကြသည်။

"ဒီအရှိန်အဝါက! အဲ့ဒါက တကယ်ကိုသူဖြစ်နေတာပဲ!"

"ကျုပ်တို့ အခုလေးကမှ နည်းနည်းလောက်ရင်းနှီးနေတယ်လို့ ခံစားရတာ အံဩစရာမဟုတ်တော့ဘူး။ သူကဒီကောင်စုတ်လေးဖြစ်‌နေမယ်လို့ ထင်မထားခဲ့ဘူး။ သူကလည်း အဲ့ဒီအရွေးချယ်ခံရဲ့ လူတွေထဲကတစ်ယောက်လား? သေလိုက်ပါတော့!"

"သူက မတိုင်ခင်ကမှ နတ်ဘုရားဧကရာဇ်အဆင့်မဟုတ်ဘူးလား? ကျုပ်တို့ဗုဒ္ဓဂိုဏ်းမှာတုန်းက ကြီးမြတ်သောနတ်ဘုရားအဆင့်ကိုတိုးလာတဲ့ပုံပဲ။ ဘာလို့အခု နတ်ဘုရားဧကရာဇ်အဆင့်ကိုရောက်နေတာလဲ? သူ ဉာဏ်အလင်းရသွားတာလား? ဘာလို့ဒီလောက်ကြောက်ဖို့ကောင်းရတာလဲ?"

မြင့်မြတ်သောဗုဒ္ဓမှာ လှည့်ဖျားသလိုခံစားလိုက်ရသောကြောင့် သူ၏ အမူအရာက အဆိုးဆုံးဖြစ်နေသည်။

ယွင်လီကော၏ကျင့်ကြံဆင့်မှာ အလျင်အမြန်တိုးတက်လာသည်က လုရှောင်ယန်၏နည်းလမ်းများမှာ သူ့ထက်ပင် ပိုမိုအားကောင်းနိုင်သည်!

ထိုသို့သာဆိုလျှင် သူနှင့် ကျန်းဖူတုမှာ အတူတကွတိုက်ခိုက်ကြပါလျှင်တောင် လုရှောင်ယန်၏ပြိုင်ဘက်များမဖြစ်နိုင်ကြသေးပါချေ။

တိုက်ပွဲအစမှ ယခုအချိန်ထိ သူဟာ လုရှောင်ယန်ကိုပင် မမြင်ရသေးပါချေ။ သို့သော် လုရှောင်ယန်မှာ ဧကရာဇ်တစ်ရာအစီအရင်အား ဖျက်ဆီးကာ ကျန်းဖူတု၏ အမိန့်ကိုပင် ပျက်သုဉ်းစေခဲ့၏!

၎င်းတို့မှာ နတ်ဘုရားဧကရာဇ်အယောက်တစ်ရာဖြစ်ကာ ကြောင်လေး၊ ခွေးလေးများ အကောင်တစ်ရာမဟုတ်ပါချေ!

လုရှောင်ယန်မှာ သူ၏မျက်နှာကိုပင်မပြပါချေ။

သူထွက်လာပါလျှင် ဘယ်လောက်ထိစွမ်းအားကြီးနေမည်အား မည်သူကသိပါမည်နည်း။

ထိုအခိုက်၌ ကျန်းဖူတု၏တိုက်ခိုက်မှုမှာ ယွင်လီကောရှေ့မှောက်သို့ ရောက်ရှိနေပြီဖြစ်၏။ ယွင်လီကောမှာမူ မည်သည့်အချိန်ကိုမှ မဖြုန်းပါချေ။ တစ်ခဏချင်းပင် သူဟာ နတ်ဘုရားသတ်လှံတံအား ကိုင်ဆောင်လျက် ဒေါင်လိုက်ပင် ပိတ်ဆို့လိုက်၏!

ဘုန်း!

ထိတ်လန့်ဖွယ်ပေါက်ကွဲသံက‌ထွက်ပေါ်လာ၏။ ဟင်းလင်းပြင်အကာအရံမှာ ကျန်းဖူတု၏တိုက်ခိုက်မှုအား လုံးဝခုခံနိုင်စွမ်းမရှိတော့ဘဲ ချက်ချင်းပင် နေရာ၌ ပေါက်ကွဲသွား၏။ ယွင်လီကော၏ပုံရိပ်မှာလည်း အရှင်လတ်လတ်ပင် လွင့်ထွက်သွားတော့၏။ သူဟာ တစ်ချိန်တည်း၌ ခြေလှမ်းဆုတ်လိုက်ရကာ မီးပွားများပင် ထွက်သွားစေသည်။

သို့သော် ခြေလှမ်းရှစ်လှမ်းမျှနောက်ဆုံးပြီးသည်နှင့် မဟူရာအနက်နှင့်သွေးနီရောင်မီးတောက်တို့မှာ တိုးထွက်လာပြီး ဒေါသကြီးနေသယောင် လှည့်ပတ်နေကြသည်။

မဟူရာကြာပွင့်လေးပွင့်မှာလည်း သူ၏ခေါင်းထက်၌ ထွက်ပေါ်လာကာ ခပ်မြန်မြန်လှည့်လည်နေကြ၏။

၎င်းက ကျန်းဖူတု၏တိုက်ခိုက်မှုအား တိုက်ရိုက်ပင်ခုခံရန်ကူညီလိုက်သည်။

အားလုံးမှာ ထိုမြင်ကွင်းအား မြင်သည်တွင် မျက်လုံးများတွန့်သွားလျက် ၎င်းတို့ကိုယ်ပေါ်မှာ အမွှေးများပင် တဆုံးထောင်ထသွား၏!

ယွင်လီကောမှာ နတ်ဘုရားဧကရာဇ်ပထမအဆင့်၌သာရှိသေးသည်ပင်။

ထိုသည်က သူဟာစွမ်းအားကြီးမနေခြင်းကြောင့်မဟုတ်ပါချေ။ သူဟာ အင်မတန်စွမ်းအားကြီးလှပေသည်!

သို့သော် ၎င်းမှာ နတ်ဘုရားလောကတစ်ခုလုံးနှင့်သက်ဆိုင်နေ၏။ သူဟာ အင်မတန်စွမ်းအားကြီးပါသော်လည်း အမတလောကမှ လူများနှင့် သူဟာဘာမှမဟုတ်ပါချေ။

အဖွဲ့ခေါင်းဆောင်ဖူတုမှာမူ အမတဆရာကြီးပင်ဖြစ်သည်!

ယွင်လီကောမှာ အမှန်တွင် အမတဆရာကြီးတစ်ယောက်နှင့် ရင်ဆိုင်ရချိန်၌ လုံးဝကြောက်ရွံ့မနေပါချေ။ ထို့အပြင် သူဟာ တစ်ဖက်လူ၏တိုက်ခိုက်မှုကိုပင် တားဆီးထားလိုက်သေး၏။ ထိုနည်းလမ်းနှင့် အဆင့်မှာ နေရာရှိ လူတိုင်းမှ သူ့အား လေးစားသွားကြစေဖို့ရန်ပင် လုံလောက်နေပေပြီ။

ထို့အပြင် လုရှောင်ယန်၏တပည့်မှာပင် အင်မတန်စွမ်းအားကြီးနေ‌ပြီဖြစ်၏။ လုရှောင်ယန်သာဆိုလျှင် မည်မျှစွမ်းအားကြီးလိမ့်မည်နည်း?

ကျန်းဖူတုမှာ တင်းတင်းကြပ်ကြပ် လက်သီးဆုပ်လျက် အံကိုကြိတ်လိုက်၏။

"ကောလီယွင်! မင်း ခွေးကောင်! ငါမင်းကို ငါ့ရဲ့ တပည့်အရင်းလိုတွေးပေးခဲ့တာ။ အဆုံးကျတော့ မင်းကအရမ်းကို ရက်စက်ယုတ်မာတာပဲ။ မင်းကငါ့ကိုတိုက်ခိုက်ဖို့ အခွင့်ကောင်းတောင်ယူသေးတယ်။ ဘာလို့ဒီလိုလုပ်ရတာလဲ?"

"မင်းကရူးနေလို့လေ!"

ယွင်လီကောမှာ ထူးမခြားနားပြောလိုက်ကာ ထပ်မံ၍ ရှင်းပြမနေတော့ပါချေ။

သူဟာ ဆရာ့၏တပည့်ဖြစ်ကာ သူ့ဆရာမှ ကျန်းဖူတုအား အနိုင်ယူသည်ကို ကူညီရမည်ပင်။ ကျန်းဖူတုဆီက ရခဲ့တဲ့ ပစ္စည်းလေးတွေကြောင့် ဆရာ့ကို အနိုင်ယူဖို့က အဓိပ္ပာယ်ရှိနေလို့လား?

ထို့အပြင် ကျန်းဖူတုမှာ သူ၏အမည်ရင်းကိုပင်မသိဘဲ အရူးလုပ်ခံထားရသည်။ သူသာမရူးနေလျှင် ဘာများဖြစ်မည်နည်း?

ထိုစကားလုံးများမှာ ကျန်းဖူတု၏ စိတ်တွင်းရှိ ဒေါသအား အပြည့်အဝနှိုးဆွပေးလိုက်ကာ သူ့စိတ်အား သူကိုယ်တိုင်ထိန်းချုပ်မရနိုင်အောင်ပင် ဖြစ်သွားစေ၏။

"ကောလီယွင်၊ မင်း‌ ခွေးကောင်၊ ငါမင်းကို ဒီနေ့ မရရအောင်သတ်မယ်!"

ကျန်းဖူတုမှာ အော်ဟစ်လိုက်၏။ တစ်ခဏအကြာတွင် ‌အဝေးတစ်နေရာမှာ ရွှေရောင်အလင်းက သူ၏ကိုယ်အား ရိုက်ခတ်လိုက်တော့သည်။

"မင်းက ငါ့တပည့်ကိုသတ်ဖို့ အရည်အချင်းမမီဘူး!"

ဘုန်း!

နောက်ထပ်ထိတ်လန့်ဖွယ် ပေါက်ကွဲသံထွက်ပေါ်လာပြန်၏။ ဤတစ်ခေါက်တွင် ကျန်းဖူတုက လွင့်ပျံသွားသူပါပင်။ ထို့အပြင် သူနောက်ဆုတ်ခဲ့ရသည့် အကွာအဝေးမှာ ယွင်လီကော ဆုတ်ခွာခဲ့သည်ထက် အဆများစွာ ပိုမိုဝေးလံလေသည်။

ဒါ့အပြင် သူဟာ အမတတစ်ပါးဖြစ်၏။ ၎င်းက ထိုစွမ်းအားသည် သူ၏ယခင်တိုက်ခိုက်မှု စွမ်းအားထက် မည်မျှပိုအားကောင်းသည်ကို ခန့်မှန်းပင်ကြည့်နိုင်သည်။

ယွင်လီကောမှာ ဘေးဘက်မှာ ညည်းညူလိုက်၏။

"ငတုံး၊ မင်းက ငါ့ဆရာကိုယ်ပွားရဲ့ တိုက်ခိုက်မှုကိုတောင် မတောင့်ခံနိုင်ဘဲနဲ့ ငါ့ဆရာကိုသတ်ချင်နေသေးတယ်ပေါ့။ မင်းသာမရူးရင် ဘာများလဲ?"

"ပြီးတော့ ငါ့နာမည်က ကောလီယွင်မဟုတ်ဘူး။ ယွင်လီကောပဲ!"

"အကြာကြီးအတူရှိခဲ့ရပြီးတော့ မင်းကငါ့နာမည်အရင်းကိုတောင် မသိနေဘူး။ မင်းကို အရူးလို့ခေါ်နေတာကတောင် အရမ်းကံကောင်းနေပြီမှတ်။ မင်းရဲ့ခေါင်းမှာ တစ်ခုခုများမှားနေတာလား?"

"ယွင်လီကော၊ ငလူး မင်း!"

အမတတစ်ပါးအနေနှင့် ကျန်းဖူတုမှာ အင်မတန်ဒေါသထွက်လွန်းသဖြင့် ဆဲရေးလိုက်၏။ သူ၏ဒေါသမှာ သိသာလှသည်။

သို့သော် သူ့အားကြိုဆိုနေသည်မှာ နောက်ထပ် ရွှေရောင်အလင်းပင်။

ဘုန်း!

ကျန်းဖူတုမှာ ထပ်မံလွင့်သွားပြန်ကာ နောက်ထပ် ရွှေရောင်အလင်းကပေါ်ထွက်လာပြန်၏။

ထိုရွှေရောင်အလင်းမှာ အသက်အန္တရာယ်မရှိပါချေ၊ သို့သော် သူ့အား အချိန်တိုင်း ကြီးကြီးမားမားထိခိုက်စေဆဲပင်။ သူ၏တစ်ကိုယ်လုံးရှိ အမတစွမ်းအား အတက်အကျမှာ ပြင်းပြင်းထန်ထန် တုန်ရီလို့နေ၏။

၎င်းမှာ သူ့အား ထပ်ခါ ထပ်ခါ ပါးရိုက်နေသလိုပါပင်။

ကျန်းဖူတုမှာ အဆက်မပြတ်အော်ဟစ်လိုက်၏။

"လုရှောင်ယန်၊ မင်းမှာသတ္တိရှိရင် ဒီကိုထွက်လာခဲ့။ ထောင့်လေးမှာ ပုန်းပြီး တိုက်ဖို့‌အထိ မင်းကဘယ်လိုယောက်ျားလဲ?"

ယွင်လီကောမှာ လက်ခလယ်ထောင်ပြလိုက်၏။

"မင်းက ‌တောင်းဆိုလိုက်တာနဲ့ပဲ ငါ့ဆရာကထွက်လာရမယ်ပေါ့? မင်းကိုယ်မင်းဘာထင်နေတာလဲ? မင်းကအရမ်းရုပ်ဆိုးပြီး ရူးလွန်းတာပဲ။"

ဖူးးး!

ကျန်းဖူတုမှာ လုရှောင်ယန်‌ကြောင့် ဒေါသထွက်နေကာ သွေးတစ်ပွက်ပင် အန်ထုတ်လိုက်၏!

သူဟာစကားပြောလုဆဲဆဲတွင် တခဏအကြာ၌ ကြယ်စုံသောကောင်းကင်ယံမှ ကျီစယ်နေသံတစ်ခု ထွက်ပေါ်လာသည်။

"လီကော၊ ဒီလိုမပြောနဲ့လေ။ တာအိုရောင်းရင်းကျန်းက မင်းကို ရင်းမြစ်တွေအများကြီး ထောက်ပံ့ခဲ့တာပဲကို။ မင်းဆရာအနေနဲ့ ငါထွက်လာပြီး ကျေးဇူးတင်ရဦးမှာပေါ့။"

စကားဆုံးသည်နှင့် နေမင်းပစ်ခွင်းနတ်လေးကိုင်းအားကိုင်ဆောင်ကာ ‌ကြယ်စုံသောကောင်းကင်ယံမှ ခန့်ညားသောပုံရိပ်တစ်ခု လျှောက်လှမ်းလာသည်။

အားလုံးမှာ မျက်လုံးများအား အတန်ငယ်မှေးကျဉ်းလျက် တိုက်ပွဲကွင်းပြင်တစ်ခုလုံးရှိလေထုမှာလည်း တခဏချင်း လေးနက်သွား၏။

ထိုလူမှာ ယခုတွင် ရွှေရောင်အလင်းလာရာဘက်မှ လျှောက်လှမ်းလာနေခြင်းပင်။ ထို့အပြင် ထိုလူမှာ လက်ထဲ၌ လေးကိုင်းရှည်တစ်ခုအား ကိုင်ဆောင်ထားသေးသည်။ သူ၏ထူးကဲသော အရှိန်အဝါနှင့်ဆိုလျှင် ငတုံးတစ်ယောက်သည်ပင် ၎င်းက လုရှောင်ယန်ဟု ဆိုနိုင်ပေ၏။

လုရှောင်ယန်ကသာ ထိုထင်ရှားသော ထူးကဲသည့်ခံစားချက်အား ပေးစွမ်းနိုင်သည်ပင်။

မဟုတ်ပါက အားလုံးမှာ သူ့အား အမဲလိုက်ရန် စုဝေးကြမည်မဟုတ်ပါချေ။ ထိုအစား အခြားလူများအား အမဲလိုက်ရန်သာ သူနဲ့အတူ စုဝေးကြလိမ့်မည်။

လူအုပ်ထဲတွင်ပင် နတ်ဘုရားဧကရာဇ်စစ်စစ်မှာ အခြားလူများထံမှ ထွင်းဖောက်မြင်ခံရသည်။

"လုရှောင်ယန်၊ မင်းနောက်ဆုံးတော့ ပေါ်လာပြီပဲ။"

ကျန်းဖူတုမှာ ဒေါသဖြင့်အံကိုကြိတ်ကာ မကျေမချမ်းဖြစ်နေပုံက လုရှောင်ယန်အား အရှင်လတ်လတ် အရေနွှာရန် ဆန္ဒရှိနေ၏။

လုရှောင်ယန်မှာဖျော့တော့စွာ ပြုံးလိုက်၏။

"မင်းက ငါ့တပည့်တွေကို လက်ဆောင်တွေတော်တော်များများပေးခဲ့တာပဲ။ ငါမလာဖို့က မသင့်လျော်ဘူးမဟုတ်လား?

ငါ့တပည့်တွေကို ကောင်းကောင်းပျိုးထောင်ဖို့ ကူညီလို့ ကျေးဇူးတင်ပါတယ်။"

ကျန်းဖူတုမှာ ဒေါသကြောင့် သွေးတစ်ပွက်ထပ်အန်လိုက်၏။

လုရှောင်ယန်က ဖြေသိမ့်ပေးလိုက်သည်။

"ဒေါသမဖြစ်ပါနဲ့၊ မင်းမှာ ဒေါသထွက်စရာတွေအများကြီးရှိနေသေးတယ်။"

ထိုသို့ပြောရင်းဖြင့် နောက်ထပ်ပုံရိပ်တစ်ခုမှာ အခြားဦးတည်ဘက်သို့ ခပ်ဖြည်းဖြည်းပြန်ထွက်သွား၏။

သူဟာတကယ်ကိုပင် ထိုလုရှောင်၏ ပုံသဏ္ဍာန်တူဖြစ်သည်။ ၎င်းတို့မှာ တူညီသောဝတ်ရုံများအားဝတ်ဆင်ထားကြကာ တူညီသော ရောင်ဝါများရှိနေသည်။

သို့သော် လက်တွင်းရှိ လက်နက်မှာမူ ကွဲပြား၏။

သူ၏လက်တွင်းရှိလက်နက်မှာ ခွန်းလွန်ဓားဖြစ်ကာ တခြားလုရှောင်ယန်ကိုင်ဆောင်ထားသည်ကာ နေမင်းဖြိုခွင်း နတ်လေးကိုင်းပင်။

"လုရှောင်ယန် နှစ်ယောက်တောင်!"

နေရာရှိ လူတိုင်းမှာ အံ့အားသင့်သွားကြ၏။

၎င်းတို့ထဲမှ တစ်ဦးကပင် အမတအဆင့်ပညာရှင်အား တုန်လှုပ်စေရန် လုံလောက်နေပြီပင်။ လုရှောင်ယန်နှစ်ယောက်‌ဆိုပါလျှင် မည်မျှ စွမ်းအားကြီးမည်နည်း?

လူတိုင်း မထိတ်လန့်သွားခင်တွင် တူညီသော ရောင်ဝါနှင့် အသွင်တစ်ခုမှာ အခြားသောထောင့်တစ်ခုမှ ထွက်ပေါ်လာပြန်သည်။ ဤတစ်ခေါက်၌ ၎င်းကိုင်ဆောင်ထားသည်မှာ ဖန်တီးခြင်းခေါင်းလောင်းပါပင်!

‌ထို့နောက် လာကြသည်မှာ စတုတ္ထမြောက်၊ ပဉ္စမမြောက်၊ ဆဌမမြောက်...

လုရှောင်ယန်၏ပုံရိပ်များမှာ တစ်ယောက်ပြီး‌တစ်ယောက် ထွက်လာကြ၏။ ၎င်းတို့လက်တွင်းရှိ လက်နက်များမှလွဲလျှင် ခြားနားချက်လုံးဝရှိမနေပါချေ!

သူ၏ရောင်ဝါ၊ အသွင်သဏ္ဍာန်ပင်ဖြစ်ပါစေ အားလုံးမှာ တူညီနေကြသည်။

လူတိုင်းမှာ လုံးဝကြောင်အမ်းနေကြ၏။

လုရှောင်ယန်အများကြီးနှင့်ဆိုလျှင် ဘယ်လိုများတိုက်ခိုက်နိုင်မည်နည်း?

ထိုအခိုက်၌ ကျန်းဖူတုမှာ လူတိုင်းဆိုလိုကြသည်ကို နားလည်သွားတော့သည်။ တစ်ဖက်လူပြောခဲ့သည်မှာ တကယ်ကိုမှန်ကန်လှသည်။ လုရှောင်ယန်များစွာရှိနေပါ၏!

သံလိုင်အိမ်မြောင် ပျက်စီးနေခြင်းမဟုတ်ပါချေ။ ၎င်းတို့မှာ သူ့အား လိမ်ညာမနေပါချေ!

လုရှောင်ယန်မှာ ကျန်းဖူတုအားကြည့်လျက် ပြုံးလိုက်သည်။ သူဟာ အချိန်အမဖြုန်းတော့ဘဲ လက်ဖျောက်သာတီးလိုက်၏။

"သူ့ကိုအနိုင်ယူကြ!'

ထိုစကားနှစ်လုံးမှာ ရိုးရှင်း၍ တိကြသည်။ တခဏအကြာ၌ ကိုယ်ပွားဆယ်ခုထက်မနည်း ရှေ့သို့ခုန်လာကြကာ ကျန်းဖူတုဆီ ခုန်သွားကြ၏။

၎င်းက အမြဲတစေ လုရှောင်ယန်၏ အလေ့အထပါပင်။ သူဟာ အဓိပ္ပာယ်မရှိသည်များအား များများစားစားမပြောချင်ပါချေ။

အနည်းဆုံးတော့ သူဟာ တစ်ဖက်လူအား ဦးဆုံးသတ်ရပေမည်။

ထိုအလင်း ဒါဇင်ချီမှာ နတ်ဘုရားဧကရာဇ်ဆဌမအဆင့်၌သာရှိပါသေးသော်လည်း ၎င်းတို့၏အတိုက်အခိုက်စွမ်းအားအစစ်မှာ အမတတစ်ပါးနှင့် ယှဉ်နိုင်နေပြီပင်။

ထိုလူများပေါ်ထွက်လာသည်နှင့် ၎င်းတို့မှာ ကျန်းဖူတုအား တမုဟုတ်ချင်းသတ်ရန်လုံလောက်ပေသည်။

ကျန်းဖု‌တုက အမတအဆင့်ဖြစ်နေရင်တောင်မှပေါ့!

ထိုသည်မှာ လုရှောင်ယန်က အဆင့်ပိုမြင့်သူအား သတ်နိုင်ခြင်းကြောင့်ပင်။

လုရှောင်ယန်ဆယ်‌ယောက်မဆိုထားနှင့် တစ်ယောက်ကတင်ပင် သူ၏အဆင့်အထက်ရှိ ရန်သူများအားသတ်နိုင်သည်။

ကောင်းကင်ယံရှိ ကြယ်စင်အစုအဝေးမှာ ထိုအခိုက်၌ ရပ်တန့်သွားပုံပေါ်၏!

လူတိုင်း၏အသက်ရှူခြင်းမှာ အေးခဲသွားသည်။

ဒီတိုက်ပွဲက အဆုံးသတ်တော့မှာလား?

သို့ပေမယ့် ဒီနည်းလမ်းက အစပဲရှိသေးတယ်!

သိူ့ရာတွင်!

ကျန်းဖူတုတွင် အန္တရာယ်ရှိကာ အသက်ရှင်ရန်အခွင့်အရေးမရှိတော့ဟု လူတိုင်းတွေးမိလိုက်သည်နှင့် အမှတ်တမဲ့တစ်ခုဖြစ်ပွားခဲ့၏။

လုရှောင်ယန်၏ ကိုယ်ပွားဆယ်ခုထက်မနည်း ကျန်းဖုတုနံဘေးသို့ဆင်းသက်လိုက်ချိန်တွင် ရက်စက်သော အပြုံးတစ်ခုက ကျန်းဖူတု နှုတ်ခမ်းထောင့်၌ ရုတ်တရတ်ပေါ်ထွက်လာ၏။

ချက်ချင်းပင် အားကောင်းသောသတ်ဖြတ်ရောင်ဝါနှင့် စွမ်းအားမှာ သူ၏ကိုယ်မှတိုးထွက်လာပြီး မတူညီသော အရောင်များလင်းလက်နေသော အမတဓားလေးပါး အသွင်များက လုရှောင်ယန်၏ ကိုယ်ပွားဆယ်ယောက်ထက်မနည်းအား ဖမ်းချုပ်ထားလိုက်တော့သည်။

တစ်ခဏအတွင်းတွင် နေရာတစ်ခုလုံးပျက်စီးသွားတော့၏။ လုရှောင်ယန်နှင့် အခြားလူများရှိခဲ့သော နေရာမှာ လုံးဝချိတ်ပိတ်ခံလိုက်ရကာ ဖျက်ဆီးခံလိုက်ရ၏။ ၎င်းတို့မှာ မည်သူမှပင် မထိခိုက်လိုက်ဘဲ သီးခြားနေရာများထံပို့ခံရလိုက်သည်။

"ကြောက်စရာအရှိန်အဝါပါလား! မြင့်မြတ်သောဗုဒ္ဓ၊ ဘာတွေဖြစ်နေတာလဲ? သာမန်ဂိုဏ်းလေးမှာ တကယ်ကြီး အားကောင်းတဲ့ အစီအရင်တွေရှိနေတယ်ပေါ့!"

ထိုမြင့်မြတ်သောဗုဒ္ဓရှင်းယွင်၏မျက်လုံးလေးများမှာ ထူးမခြားနားပြောလိုက်စဉ်တွင် တတွတ်တွတ် ပြောနေ၏။

"ဒါက ကျဲကျောင်းတော်ရဲ့ အမတသတ်ဓားအစီအရင်ပဲ။ ဒီဓားအစီအရင်က သာမန်မဟုတ်ဘူး။ ‌ဒါက ကျောင်းအုပ်ထုံးထျန်းပိုင်ဆိုင်တဲ့ လမ်းစဉ်ပဲ။ ဒါက လူလေးယောက်ကို တစ်ယောက်တည်း တိုက်ခိုက်ခွင့်ပြုသင့်တယ်လေ!"

"ဒီအမတသတ်ဓားအစီအရင်က ကျောင်းအုပ်ထုံးထျန်းရဲ့ အမတသတ်ဓားအစီအရင်တွေက နှိုင်းယှဉ်နိုင်စွမ်းမရှိဘူးဆိုပေမယ့်လည်း ဒါက လုံးဝထူးဆန်းပြီး လုရှောင်ယန်တောင် လွယ်လွယ်လေး ခုခံနိုင်တဲ့အရာမဟုတ်ဘူး။

"ငါသာမှားခဲ့ရင်၊ ကျန်းဖူတုရဲ့သရုပ်ပြမှုက လုံးဝ အကျိုးရှိတယ်။ ဒါတွေအားလုံးက လုရှောင်ယန်ရဲ့သွင်ပြင်ကို ဆွဲဆောင်ပြီး အမတသတ်ဓားအစီအရင်ကို ဖျက်ဆီးဖို့ချည်းကပ်တာပဲ!"

"ဟစ်~! ဒီလုရှောင်ယန်ကတော့တကယ်သေချင်နေပြီထင်တယ်။"

တိုက်ပွဲကွင်းပြင်တွင် ကျန်းဖူတုမှာ ရူးနှမ်း၍ရက်စက်သော အမူအရာကို ထုတ်ပြနေ၏။

"လုရှောင်ယန်၊ မင်း ဒါကို မျှော်လင့်မထားဘူးမဟုတ်လား? ငါက အခုလေးတင် စိတ်ရှုပ်ဟန်ဆောင်ပြီး အမတသတ်ဓားအစီအရင်ဆီ မင်းကိုဆွဲဆောင်ဖို့လုပ်ထားတာပဲ။"

"အခုမင်းက အမတသတ်ဓားအစီအရင်ထဲ ရောက်နေပြီဆိုမှတော့၊ မင်းမှာ‌ခေါင်းသုံးလုံးနဲ့ လက်ခြောက်ဖက်ရှိနေရင်တောင် သေရမှာပဲ။

"သေလိုက်တော့!"

ဒေါသသံ‌နှင့်အတူ အမတသတ်ဓားလေးပါးအစီအရင်မှာ ‌နှလုံးပြုတ်လုမတတ် လူသတ်ရောင်ဝါအားထုတ်လွှတ်နေတော့၏။

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၂၈။ အပိုင်း ၄၁၈ ဘာလို့မင်းတို့ကောင်တွေအကုန်လုံး ပုံစံတူနေရတာလဲ

ကျန်းဖူတုမှာ အမတသတ်ဖြတ်ခြင်းဓားအစီအရင်အား ထိန်းချုပ်လိုက်ရင်း အခြားသော နတ်ဘုရားဧကရာဇ်များထံ အော်ပြောလိုက်သည်။

"မင်းတို့ ဘာကိုစောင့်နေတာလဲ? အဲ့ဒီယွင်လီကောနဲ့ ကျန်တဲ့လူလိမ်တွေကို သတ်ကြလေ။ သူတို့အားလုံးကိုသတ်ပြီး ဖြစ်ပြီးသမျှကို ဖြစ်ခွင့်ပြုလိုက်တော့မယ်။ ဒီကိစ္စပြီးရင် မင်းတို့အားလုံး အကျိုးအမြတ်‌တွေရအောင်လုပ်ပေးမယ်!"

အားလုံး၏မျက်လုံးများမှာ ချက်ချင်းတောက်ပသွားကြ၏။

အမှန်ပဲ။ သူတို့လုရှောင်ယန်ကိုတော့ အနိုင်မယူနိုင်ပေမယ့် လုရှောင်ယန်ရဲ့ ငယ်သားတွေကိုတော့ အနိုင်ယူနိုင်တာပဲ။

ထိုအခိုက်၌ အားလုံး၏အရှိန်အဝါများမှာ တစ်ဖက်လူများကိုသာ ပစ်မှတ်ထားလိုက်ကြတော့သည်။

ယွင်လီကောမှာ မျက်လုံးများအားမှေးကျဉ်းလိုက်၏။ သူဟာ ထိုနတ်ဘုရားဧကရာဇ်ဆိုသူများအား လုံးဝကြောက်ရွံ့မနေပါချေ။

သို့သော် သူ၏ဆရာတူညီလေး ညီမလေးများအတွက်တော့ လွယ်ကူမည်မဟုတ်ချေ။

၎င်းတို့မှာ အစပိုင်းက နတ်ဘုရားဧကရာဇ်အမြောက်အများအား ဖျက်ဆီးနိုင်ခဲ့ပါသော်လည်း ဤနေရာ၌ နတ်ဘုရားဧကရာဇ် ဒါဇင်ချီလောက်ကျန်နေသေးဆဲပင်။

ထို့အပြင် မြင့်မြတ်သောဗုဒ္ဓနံဘေးမှ ဗုဒ္ဓနတ်ဘုရားဧကရာဇ်၁၀ပါးလည်းရှိနေသေး၏!

အားလုံး၏ နှလုံးများတုန်ရီလာသည်နှင့် လုရှောင်ယန်မှာပျံထွက်လာကာ ကျီဝူရှားနှင့် အခြားလူများလက်တွင်းသို့ နတ်အလင်းများအား ပစ်လွှတ်လိုက်သည်။

"ဒါတွေအားလုံးက မင်းတို့အတွက် အဆင့်မြှင့်ပေးထားတဲ့ အမတအဆောင်လက်နက်တွေချည်းပဲ။ သူတို့နဲ့ဆို အဆင့်ပိုမြင့်တဲ့ရန်သူတွေကို သတ်ဖို့လုံလောက်တယ်။ အခုကစပြီး ထိန်းထားဖို့ ကြိုးစားကြပါ၊ ပြီးတော့ ဒီကောင်ကို ငါဖျက်ဆီးပြီးတဲ့အထိ စောင့်ကြ။"

လုရှောင်ယန်မှာ ၎င်းတို့အား ကမ္ဘာငယ်အတွင်းတွင်ထားကာ အမှတ်အသားပြုပြီးနောက်တွင် ထိုအမတအဆောင်လက်နက်များမှာ ဤကမ္ဘာနှင့် မသက်ဆိုင်တော့ပါချေ။

ထို့ကြောင့် ယခုတွင် ၎င်းတို့၏အမတအဆောင်လက်နက်များအား လှည့်ပတ်အသုံးပြုပါလျှင်တောင် ကောင်းကင်တာအိုမှ ရှာတွေ့လိမ့်မည်မဟုတ်ချေ။

လုရှောင်ယန်မှာ လုံးဝမကြောက်ပါချေ။

လူတိုင်းမှာ လှမ်းယူလိုက်ကြ၏။

"ဆရာ၊ ကျွန်တော်တို့ကို အမတအဆောင်လက်နက်အားလုံးပေးလိုက်ရင် ဆရာကကျတော့ ဘာကို သွားသုံးမှာလဲ?"

လုရှောင်ယန်၏ကိုယ်ပွားများမှာ လက်ယမ်းလိုက်ကြ၏။

"ရပါတယ်။ ငါကကျန်တာ ဘာကိုဖြစ်ဖြစ်သုံးလိုက်မယ်။'

အားလုံးမှာ တစ်ခဏချင်းပင် တိတ်ဆိတ်သွားကြ၏။

ကောင်းကင်ဓားသွားစင်မြင့်ဂိုဏ်းချုပ်မှာ မနေနိုင်ဘဲ စုန့်ရှင်းနျန်၏ နား,နားကပ်၍ တီးတိုးပြောလိုက်သည်။

"ရှင်းနျန်၊ ရှင်ဘာလို့ရုတ်တရတ်ကြီးတိတ်သွားရတာလဲ? အရမ်းကို ခံစားသွားရ‌လို့ ပြောစရာမဲ့သွားတာလား?"

စုန့်ရှင်းနျန်မှာ အားဖျော့စွာပြောလိုက်၏။

"မင်း ငါ့ဆရာရဲ့လှည့်ကွက်တွေကို မသိပါဘူးကွာ"

"သူသာ နောက်ဆုံးစာကြောင်းကိုမပြောလိုက်ရင် အဆင်ပြေဦးမယ်။ ဒါပေမယ့် ဒါကိုပြောလိုက်ပြီ‌ဆိုမှတော့ ခံစားရစရာကိုမလိုတော့ဘူး၊ ဘာလို့လဲဆိုတော့ သူသေချာပေါက်ကို ပိုပြီးသန်မာတဲ့ ဓမ္မရတနာကို သူ့အတွက်သူ သိမ်းထားမှာမို့လို့ပဲ။"

ကောင်းကင်ဓားသွားစင်မြင့်ဂိုဏ်းချုပ် : "..."

သူမ၏ သေးသွယ်သွယ်မျက်နှာ‌လှလှလေးမှာ ကူကယ်ရာမဲ့စွာ ရှုံ့တွသွား၏။

ဒီလိုမျိုး ကြံစည်တတ်လွန်းတဲ့ ဆရာမျိုးရှိနေသေးတာလား?

သို့သော် ပြောရမည်ဆိုလျှင် ထိုလုရှောင်ယန်မှာ တကယ်ကိုပင် အင်မတန်စွမ်းအားကြီးလှချေ၏!

တစ်ဖက်လူထံ၌ ပို၍ပင် စွမ်းအားကြီးမားသော ဓမ္မရတနာရှိနေချေပေသည်။ ထိုဓမ္မရတနာက မည်သည့်အဆင့်များဖြစ်မည်နည်း?

ထိုသူက စုန့်ရှင်းနျန်ပြောသလိုပင် တကယ့်ကို သူတော်စင်တစ်ပါးဖြစ်နေသည်လား?

ကျန်းဖူတုမှာ အေးစက်စက်ပြုံးလိုက်၏။

"ငတုံး၊ သူတို့က မင်းတို့နှစ်ယောက်နဲ့မတူဘူးလေ။ ကံ‌ကောင်းမှုကြီးရဲ့ အကာအကွယ်မရှိဘဲနဲ့ အမတအဆောင်လက်နက်ကို သုံးလိုက်ရင် ကောင်းကင်တာအိုနိယာမတွေက သူတို့ကို ဖျက်ဆီးသွားလိမ့်မယ်။ ငါတို့နတ်ဘုရားဧကရာဇ်တွေတောင်မှ တိုက်ခိုက်ဖို့လိုမှာမဟုတ်တော့ဘူး။"

လုရှောင်ယန်မှာ သူ့အားတစ်ချက်ကြည့်လိုက်၏။

"မသိနားမလည်တဲ့‌ကောင်ပဲ။"

ကျန်းဖူတုမှာ တစ်စုံတရာအားပြောလိုဆဲပင်။ ထိုအချိန်၌ ကျီဝူရှားနှင့် အခြားလူများမှာ နတ်ဘုရားဧကရာဇ်များအား စတင်တိုက်ခိုက်နေကြပြီဖြစ်၏။

သူမျှော်လင့်မထားခဲ့သည်မှာ ကျီဝူရှားနှင့် အခြားလူများမှာလည်း ထိုအမတအဆောင်လက်နက်များအား သုံးချိန်၌ စိတ်ချလက်ချဖြစ်နေသည်ကိုပင်။ ၎င်းတို့မှာ ကောင်းကင်တာအိုနိယာမထံမှ မည်သို့သော် အပြစ်ဒဏ်မှ အခတ်မခံရပါချေ!

ထိုအခိုက်တွင် ကျန်းဖူတုမှာ လုံးဝကြောင်အမ်းသွားရတော့၏။

ဘာတွေဖြစ်နေတာလဲ?

လုရှောင်ယန်က အရွေးချယ်ခံတစ်ယောက်ဖြစ်နေလို့များ သူ့တပည့်တွေရဲ့ကံကလည်း သူ့ကိုယ်ပိုင်ကံထက် နိမ့်ကျမနေတာလား? သူတို့ရဲ့ကံကောင်းမှုက အမတအဆောင်တွေကို အသုံးပြုနိုင်တဲ့ အဆင့်တစ်ခုထိတောင်ရောက်နေကြတာလား?

ဒီလုရှောင်ယန်က နည်းနည်းလောက် အတော်လေး မူမမှန်ဖြစ်နေတာမဟုတ်ဘူးလား?

သို့သော် သူဟာ လက်သီးများအား တင်းတင်းကြပ်ကြပ်ဆုပ်လိုက်ကာ လုရှောင်ယန်အား အေးစက်စက်ကြည့်ရှုလိုက်၏။

"အရမ်းလည်း ဝင့်ကြွားမနေပါနဲ့။ ငါ့အ‌နေနဲ့ လတ်တလော မင်းရဲ့တပည့်တွေကို မသတ်နိုင်ရင်တောင် ကိစ္စမရှိပါဘူး။"

"ငါမင်းကိုသတ်ပြီးရင် သူတို့ကိုလည်း သတ်လိုက်မှာပဲလေ!"

...

ဘုန်း! ဘုန်း!

မကောင်းဆိုးဝါးအသွင်မိုးကြိုးတစ်သွယ်မှာ ကောင်းကင်၌ လင်းလက်သွား၏။

၎င်းမှာ အမတသတ်ဖြတ်ခြင်းဓားအစီအရင်ပါပင်။ ၎င်းမှာ ကောင်းကင်စွမ်းအားကိုပင် အစပျိုးနေပြီဖြစ်၏။

အမတသတ်ဖြတ်ခြင်းဓားအစီအရင်ပေါ်ထွက်လာသည်နှင့် ရာသီဥတုမှာပြောင်းလဲသွားကာ ကောင်းကင်ယံရှိ ကြယ်တာရာများမှာလည်း တဖိတ်ဖိတ် တောက်လဲ့နေကြတော့၏။

အင်အားကြီးလှသော စွမ်းအား‌ကြောင့် လုရှောင်ယန်၏ တပည့်များမှာ ကူကယ်ရာမဲ့စွာဖြင့် ရှေ့သို့တိုးကာ ၎င်းတို့၏ဆရာအား ကာကွယ်စေ၏။

ကံမကောင်းစွာဖြင့် ထိုအမတသတ်ဖြတ်ခြင်းဓားအစီအရင်မှာ စွမ်းအားကြီးမားကာ မြန်ဆန်လှသည်။

၎င်းမှာ သူကျေနပ်သလို လုပ်နိုင်သည်ဟုပင် ဆိုနိုင်ပေ၏။

အတွေးတစ်ခုဖြင့် အစီအရင်တစ်ခုလုံးမှာ သူလိုချင်သည့်အတိုင်း ဆက်သွားနေ၏။

သွေးရောင်လူသတ်ရောင်ဝါမှာ ကောင်းကင်ယံတွင်ဖုံးလွှမ်းလျက် လုရှောင်ယန်အား ဝါးမြိုတော့မည့်လေဆင်နှာမောင်းတစ်ခုဖြစ်ပေါ်လာကာ သူ့အားအပိုင်းပိုင်းဆုတ်ဖြဲကာ ဖျက်ဆီးချင်နေသည်ပင်။

အနီးဝန်းကျင် ကြယ်စင်အစုအဝေးမှာ ပိုလို့ပင် ပြင်းပြမြန်ဆန်စွာဖြင့် ‌လင်းလက်လာသည်!

တစ်ခဏချင်းပင် ၎င်းက လုရှောင်ယန်ထံသို့ အကြိမ်ပေါင်းသန်းချီတိုက်ခိုက်လိုက်သည်။

တိုက်ခိုက်မှုတိုင်းမှာ လုရှောင်ယန်၏အသက်အန္တရာယ်ဖြစ်စေနိုင်သည့် အားနည်းချက်ကို ဦးတည်နေ၏။

ဘုန်း! ဘုန်း! ဘုန်း!

ထိုဓားအစီအရင်တွင် လျှပ်စီးများလက်ကာ မိုးကြိုးက ခြိမ်းခြောက်ကြသည်ပင်။ ထိုစွမ်းအားဒြပ်စင်များမှာ ‌မြေ၊ ရေ၊ လေနှင့် မီးအသွင်ပြောင်းကာ ထပ်မံ တိုးတက်လာပြန်သည်။ အစီအရင်တွင်းရှိ နတ်ဝိဉာဉ်စွမ်းအားကဲ့သို့အရာအားလုံးသည်ပင် ထပ်ခါထပ်ခါ ဖျက်ဆီးခံနေရ၏!

ထိုအမတသတ်ဖြတ်ခြင်းဓားအစီအရင်၏ ဖျက်ဆီးမှုမှာ ထိုအခိုက်၌ စတင်နေပြီဖြစ်၏။

ထိုလှည့်ပတ်ခြင်းအစီအရင်အတွက် စိတ်ကူးယဉ်ဖွယ်၊ မလိုအပ်သည်များပင်မရှိပါချေ။ ၎င်းမှာ အစီအရင်တစ်ခုလုံးအတွင်းရှိ အရာအားလုံးအား အရိုးရှင်းဆုံးနှင့် အပြင်းထန်ဆုံးပုံစံဖြင့် ဖျက်ဆီးနေလေသည်။

မြင့်မြတ်‌သောဗုဒ္ဓအပါအဝင် ထိုအမတသတ်ဖြတ်ခြင်းဓားအစီအရင်အား မြင်သူတိုင်းမှာ ကူကယ်ရာမဲ့စွာ ကြောက်ရွံ့နေကြ၏။

၎င်းတို့မှာ အမတသတ်ဖြတ်ခြင်းဓားအစီအရင်အတွင်း၌ ရှိမနေပါသော်လည်း အင်မတန်ကြောက်ရွံ့နေကြပြီပင်။ အချို့မှာမူ တုန်ရီလာကြကာ ခြေထောက်များပင်အားနည်းလာကြ၏။

၎င်းတို့အားလုံးနီးပါးမှာ ထိုအစီအရင်ထဲအား လှမ်းဝင်သွားပါလျှင် တစ်ခဏချင်းပင် ဖျက်ဆီးခံရမည်အား အသေအချာကိုအာရုံခံမိနေ၏!

လူအချို့မှာ လုရှောင်ယန်သည် ထိုအချိန်၌ သေသွားပြီဟုပင် တထစ်ချယုံကြည်လိုက်ကြတော့၏!

ကွင်းပြင်အတွင်းရှိ တိုက်ပွဲမှာ ရပ်တန့်သွားပြီဖြစ်၏။ မည်သူကမှ ဆက်လက်မတိုက်ခိုက်လိုကြတော့ချေ။ ၎င်းတို့မှာ ထိုရှားပါးကာ စိတ်လှုပ်ရှားဖွယ်ကောင်းသော တိုက်ပွဲအား ၎င်းတို့၏ကိုယ်ပိုင်မျက်လုံးနှင့် မြင်ချင်နေကြသည်!

ထိုအမတသတ်ဖြတ်ခြင်းဓားအစီအရင်မှာ ခပ်မြန်မြန်ပင်ရောက်လာပြီး ထွက်သွားခဲ့ချေ၏။

ထိုသည်မှာ အသုံးမဝင်သောကြောင့်မဟုတ်ချေ။ ၎င်းမှာ အမတသတ်ဖြတ်ခြင်းဓားအစီအရင်အား တုပထားခြင်းဖြစ်ပါသော်လည်း သာမန်တော့ဟုတ်မနေချေ။ ကျန်းဖူတုမှာလည်း ထိုအစီအရင်အား အချိန်ကြာ ထိန်းချုပ်နိုင်စွမ်းမရှိဘဲ ခဏမျှသာ ထိန်းချုပ်နိုင်ခြင်းကြောင့်ပင်!

သို့သော် ၎င်းကပင် လုံလောက်နေပြီဖြစ်၏။

ထိုအမတသတ်ဖြတ်ခြင်းဓားအစီအရင်၏ စွမ်းအားမှာ တစ်စက္ကန့်မျှသာ ကြာမြင့်ပါလျှင်တောင် တစ်ဖက်လူများအား လုံးဝဖျက်ဆီးနိုင်ရန် လုံလောက်ပေသည်!

ထို့အပြင် ထိုအစီအရင်မှာ စက္ကန့်အနည်းငယ်ကြာမြင့်ခဲ့ချေလေသည်ပင်!

"သူသေသွားပြီလား?"

၎င်းမှာ လုရှောင်ယန်အား တိုက်ခိုက်ရန် လာရောက်ခဲ့ကြသည့် လူတိုင်းနီးပါး၏အတွေးပင်။

သို့သော် ထိုအစီအရင် ရုတ်သိမ်းပြီးအခိုက်၌ အားလုံး၏စိတ်များမှာ လုံးဝဖရိုဖရဲဖြစ်သွားကြတော့၏။

လုရှောင်ယန်၏ကိုယ်ပွားများမှာ တကယ်ကိုပင် နဂိုအတိုင်း ရှိနေကာ ထိခိုက်မှုပင်မရှိပါချေ!

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ဒါ မဖြစ်နိုင်ဘူး!"

ကျန်းဖူတု၏မျက်နှာ၌ မယုံကြည်မှုများနှင့်ပြည့်နှက်သွားချေတော့၏! သူ၏မျက်လုံးများမှာ ကျွဲရိုင်းတစ်ကောင်ကဲ့သို့ ပြူးကျယ်နေတော့၏။

ထိုသည်မှာ အမတသတ်ဖြတ်ခြင်းဓားအစီအရင်ပင်!

၎င်းမှာ တုပထားခြင်းဖြစ်ကာ အမတသတ်ဖြတ်ခြင်းဓားအစီအရင်အစစ်ထက် နိမ့်ကျနေပါသော်လည်း စွမ်းအားကြီးအစီအရင်တစ်ခုတော့ ဖြစ်နေဆဲပါပင်။ ၎င်းအား အမတတစ်ပါးကပင် ခုခံဖို့ မဖြစ်နိုင်ကာ ပြာအဖြစ်ပြောင်းလဲစေနိုင်၏။

သို့ရာတွင် လုရှောင်ယန်မှာ ၎င်းအားတားဆီးလိုက်သည်ပင်!

သူကလေ!

ဘယ်လိုများ တားဆီးနိုင်ရတာလဲ?

မြင့်မြတ်သောဗုဒ္ဓရှင်းယွင်မှာလည်း ထိတ်လန့်သွားတော့သည်။

အခြားလူများမှာ အမတသတ်ဖြတ်ခြင်းဓားအစီအရင်ကမည်မျှစွမ်းအားကြီးသည်အား မသိနိုင်ပါလျှင်တောင် အမတတစ်ပါးအနေနှင့် သူကတော့ ထိုစွမ်းအား,အား ကောင်းစွာသိချေသည်။

အမတလောကရှိ မည်သည့်အမတကမှ ထိုတိုက်ကွက်အား ခုခံနိုင်မည်မဟုတ်သည်အား ရှင်းလင်းစွာ အာရုံခံနိုင်ချေ၏။

ထို့ကြောင့် သူဟာ ပဟေဠိဖြစ်သွားတော့သည်!

သို့သော် ထိုအခိုက်၌ တစ်ယောက်ယောက်မှ အော်ပြောလိုက်သည်။

"ကြည့်ဦး၊ လုရှောင်ယန်ရဲ့လက်နက်တွေက တောက်ပနေတယ်။"

ထိုသတိပေးမှုအပြီးတွင် မြင့်မြတ်သောဗုဒ္ဓမှာ ထိုလက်နက်များ၏ ကွဲပြားမှုတစ်ခုခုအား သတိပြုမိသွားသည်။

ယခုတွင် လုရှောင်ယန်မှာ ထိုလက်နက်များဖြင့်ပေါ်လာသော်လည်း သူဟာထိုလက်နက်များ၏ အံ့ဖွယ်များအား အာရုံမရသေးပါချေ။

ထိုအခိုက်၌ သူဟာ ထိုလက်နက်များ၏ နက်နဲမှုအား နားလည်သွားချေ၏။

"သူ့မှာ ဒီလိုသိပ်သည်းတဲ့စွမ်းအားရှိမယ်လို့ ထင်မထားခဲ့ဘူး။ ကြည့်ရတာ ကျန်းလီ ဒါမှမဟုတ် ကျန်းဖူတုတော့ ဒီ‌တစ်ခေါက်သေပြီထင်တယ်!"

ကျန်းဖူတုမှာ လုရှောင်ယန်၏ ကိုယ်ပွားများလက်တွင်းမှ လက်နက်များကို သတိပြုမိသွားသည်။

"ဒီလက်နက်တွေ၊ မဖြစ်နိုင်တာ! ဒါတွေကတကယ်ကို အမတအဆောင်လက်နက်ကိုတောင် ကျော်လွန်နေတဲ့ ဖြစ်တည်မှုတွေပဲ။ ဒါတွေအားလုံးက မွေးဖွားခြင်းဝိဉာဉ်ရတနာတွေမဟုတ်လား! မင်းမှာ ဒီလိုမျိုး မွေးဖွားခြင်းဝိဉာဉ်ရတနာတွေအများကြီးရှိတယ်ပေါ့?"

အားလုံးမှာ ထိုသည်ကိုကြားသောအခါ ကြောင်အသွားကြ၏။

"မွေးဖွားခြင်းဝိဉာဉ်ရတနာ? မွေးဖွားခြင်းဝိဉာဉ်ရတနာက ဘာကြီးလဲ?"

၎င်းတို့မှာ နတ်ဘုရားလောက၌ အင်မတန်စွမ်းအားကြီးပါသော်လည်း အမတလောကအကြောင်းအား မသိကြသေးပါချေ။ အများဆုံး ၎င်းတို့သိကြသည်မှာ အမတအဆောင်လက်နက်များနှင့် အမတကျင့်စဉ်များသာဖြစ်ကြ၏။ ၎င်းတို့မှာ ထိုသည်များထက်ပို၍ သေချာမသိကြတော့ပါချေ။

မြင့်မြတ်သောဗုဒ္ဓမှာ ရှင်းပြလိုက်သည်။

"မွေးဖွားခြင်းဝိဉာဉ်ရတနာလို့ခေါ်တဲ့အရာတွေက တကယ်တော့ အမတအဆောင်လက်နက်ကိုတောင် ကျော်လွန်နေတဲ့ ဖြစ်တည်မှုပဲ။

ဒါကို လက်နက်အနေနဲ့မဟုတ်ဘဲ ကိုယ်တိုင် အမှီခိုကင်းကင်းကျင့်ကြံနိုင်တဲ့ ဖြစ်တည်မှုလို့ပြောလို့ရတယ်။

မွေးဖွားခြင်းဝိဉာဉ်ရတနာတွေကို လက်နက်နယ်ပယ်ကိုပါကျော်လွန်နေတယ်လို့လည်း သတ်မှတ်နိုင်တယ်။

မွေးဖွားခြင်းဝိဉာဉ်ရတနာတွေအများကြီးရှိပေမယ့်လည်း တကယ်ကိုရှားလွန်းတယ်။ အမတလောကမှာတောင် အမ‌တတွေအနေနဲ့ မွေးဖွားခြင်းဝိဉာဉ်ရတနာတွေကိုထိန်းချုပ်ဖို့ အရည်အချင်းမမီကြဘူး။

အဆင့်မြင့်အမတနည်းနည်းလောက်ကပဲ အရမ်းကိုကံကောင်းနေမှသာ မွေးဖွားခြင်းဝိဉာဉ်ရတနာတွေကို ထိန်းချုပ်လို့ရတာ။

သူရဲ့ရှားပါးမှုက နတ်ဘုရားအဆင့်ကျင့်ကြံသူရဲ့ နက်နဲမှုအဆင့်လက်နက်ကို ပိုင်ဆိုင်တာနဲ့တောင်မညီမျှ‌ဘူး။ ဒါပေမယ့် ‌အဆင့်နိမ့်လောကရဲ့ သေမျိုးတစ်ယောက်က နက်နဲမှုအဆင့်လက်နက်တစ်ခုကို ပိုင်ဆိုင်ထားသလိုကိုရှားတာ!"

"ဟစ်~"

ထိုသည်ကိုကြားသော် လူတိုင်းမှာ ၎င်းတို့၏ဝိဉာဉ်များ အပြင်းအထန်တုန်ရီလာသည်ကိုပင် ခံစားလိုက်ရသည်။

အဲ့ဒီမွေးဖွားခြင်းဝိဉာဉ်ရတနာက တကယ်ကို ဒီလို စွမ်းအားကြီးတဲ့ဖြစ်တည်မှုလား?

ဟာသပဲလား?

လုရှောင်ယန်မှာ တကယ်ကိုပင် အမတများပင် အလွယ်တကူမရရှိနိုင်သော မွေးဖွားခြင်းဝိဉာဉ်ရတနာကိုပိုင်ဆိုင်သည်လား?

ထို့အပြင် အများကြီးပင်ရှိသေး၏!

အရေးကြီးဆုံးမှာ သူဟာ ယခုတွင် နတ်ဘုရားဧကရာဇ်အဆင့်သာရှိသေး၏!

အမတတစ်ပါးပင်မဟုတ်သေးပါချေ!

သူ့လိုမျိုး နတ်ဘုရားဧကရာဇ်တစ်ယောက်ထံ၌ မွေးဖွားခြင်းဝိဉာဉ်ရတနာအများအပြားရှိနေသည်။ ထိုသတင်းသာ အမတလောကသို့ ပျံ့သွားပါလျှင် အမတလောကမှ လူတိုင်းမနာလိုပင်ဖြစ်လောက်ကြသည်မဟုတ်ပါလား?

ထိုကောင်းကင်ဓားသွားစင်မြင့်နှင့် ထိုက်ယိဓားတာအိုမှ နတ်ဘုရားဧကရာဇ်အနည်းငယ်သည်ပင် အရူးအမူးဖြစ်နေကြ၏။

၎င်းက လုရှောင်ယန်မှာ သူတော်စင်တစ်ပါးဆိုသည်အား သက်သေပြုနေပါ၏!

သူတော်စင်များမှလွဲလျှင် မည်သူ့ထံ၌ မွေးဖွားခြင်းဝိဉာဉ်ရတနာများ အများအပြားရှိပါမည်နည်း? ထို့ဆိုပါလျှင် ၎င်းတို့မှာ ဂေါ်ဖီထုပ်များကဲ့သို့ ပေါများလှပေမည်ပင်။

သို့သော် အကြောင်းပြချက်တချို့ကြောင့် လုရှောင်ယန်မှာ သူ၏ကိုယ်အစစ်အား ထုတ်မပြပါချေ!

ပြောရလျှင် အားလုံးမှာ ယခင်က မွေးဖွားခြင်းဝိဉာဉ်ရတနာများအား မည်မျှစွမ်းအားကြီးမားသည်ကို မသိကြပါသော်လည်း လောကတိုင်းအား ကောင်းကင်တာအိုနိယာမဖြင့် ဖိနှိပ်ထားသည်ကိုမူသိကြချေသည်။

အဆင့်မြင့်လောကမှ ကျင့်ကြံသူများအား အဆင့်နိမ့်လောကတချို့၌ သာမန်ကာလျှံကာလေးနေနိုင်ရန် ခွင့်မပြုထားပါချေ။ လုရှောင်ယန်ကဲ့သို့သော သူတော်စင်တစ်ပါးသည်ပင် ထိုစည်းမျည်းအား ဆန့်ကျင်ခြင်းမပြုနိုင်ပါချေ။

ထို့ကြောင့် လက်ရှိတွင် ၎င်းပြသသွားခဲ့သော စွမ်းအားမှာ နတ်ဘုရားဧကရာဇ်အဆင့်သာဖြစ်၏။

သို့သော် မည်သို့ဆိုစေကာမူ ထိုလုရှောင်ယန်အား အခွင့်ကောင်းယူနိုင်ပါက ကြွယ်ဝလာကြမည်ကို သိကြပေသည်!

ထိုအခိုက်၌ ဗုဒ္ဓနတ်ဘုရားဧကရာဇ်များမှာ ကူရာမဲ့စွာ စကားဆိုလိုက်၏။

"ဒီကောင်လေးမှာ ပစ္စည်း‌ကောင်းလေးတွေ အတော်များများရှိတာပဲ။ ငါတို့သာအမတလောကမှာဆိုရင် သူကတော့ အရူးအမူး အလုခံရမှာပဲ။"

ရှင်းယွင်မှာ အတန်ငယ်ပြုံးလိုက်၏။

"အရူးအမူးလုကြမယ်? မဟုတ်ဘူး"

အားလုံးမှာ မနေနိုင်ဘဲ မျက်မှောင်ကျုံ့လိုက်ကြသည်။

"ဒါပေမယ့် မြင့်မြတ်သောဗုဒ္ဓပြောတော့ ဒီပစ္စည်းက အရမ်းပဲရှားပါတယ်ဆို?"

"ဒါက အရမ်းရှားတယ်၊ ဒါပေမယ့် သူသာ အမတလောကမှာပေါ်လာရင် အကြီးမြတ်ဆုံးပညာရှင်တွေရဲ့ သေတဲ့အထိရိုက်တာကိုခံရလိမ့်မယ်။ သူလုံးဝတောင် တုံ့ပြန်နိုင်မှာမဟုတ်ဘူး။"

လူတိုင်းမှာ ငြိမ်သက်သွားကြပြီးမှ မြင့်မြတ်သောဗုဒ္ဓ၏ ဆိုလိုရင်းကိုနားလည်သွားကြသည်။

အမှန်ပဲလေ။

လူသားများမှာ ကြွယ်ဝမှုကြောင့်သေဆုံးကြကာ ကျေးငှက်များမှာ အစာအတွက်သေဆုံးကြရ၏။

လူတစ်ယောက်သာ လုံလုံလောက်လောက် စွမ်းအားကြီးမနေပါလျှင် သေရုံသာရှိတော့၏။

ကျန်းဖူတုမှာ လုရှောင်ယန်၏ မွေးဖွားခြင်းဝိဉာဉ်ရတနာအားမြင်ပြီးနောက်တွင် ရူးလုမတက်ဖြစ်သွားတော့၏!"

သူဟာ လုရှောင်ယန်က သူ့ထက်အင်မတန်သန်မာသည်ကို လက်မခံနိုင်ပါချေ။

သူဟာ ဆရာ့၏ ကိုယ်ပိုင်တပည့်ပင်ဖြစ်ချေ၏။ သူသည်မှာ ဆရာ့၏နောက်ခံကြောင့်သာ စွမ်းအားကြီးမားလာရခြင်းပင်။

လုရှောင်ယန်မှာမူ လေလွင့်ကျင့်ကြံသူဖြစ်ကာ သူ့အား ညွှန်ပြမည်သူတောင်မရှိပါချေ။ ဘာကြောင့်လဲ?

သူက အရွေးချယ်ခံတစ်ယောက်ဖြစ်နေတာကြောင့်လား?

"မင်းမှာ မွေးဖွားခြင်းဝိဉာဉ်ရတနာရှိတော့လည်း ဘာဖြစ်လို့လဲ? ငါက ဒီအစီအရင်ကို မင်းသေတဲ့အထိ ထောင်ချောက်ဆင်ဖို့သုံးမှာပဲ။ အဲ့သလိုဆိုရင် ဆရာ့ကို မြင်ဖို့တောင် အစီအရင်တွေကို သွားယူလိုက်မယ်။ မင်းမှာ ခေါင်းသုံးလုံးနဲ့ လက်‌ခြောက်ဘက်ရှိနေရင်တောင် အသုံးမဝင်ဘူးကွ!"

"မင်းက ငါ့ကို ဒီလိုအမအဆောင်လက်နက်အဆင့် အစီအရင်လေးနဲ့ သတ်နိုင်မယ်ထင်နေတာလား?"

အေးစက်စက်အပြုံးတစ်ခုမှာ ကျန်းဖူတု၏ မျက်နှာထက်၌ ပေါ်ပေါက်လာသည်။

"ငါက ဒီနတ်ဘုရားဧကရာဇ်စကားဝိုင်းကိုပဲ နတ်ဘုရားလောကဆီရောက်ပြီး နှစ်များစွာကြာတောင် ပြင်ဆင်ခဲ့တယ်ထင်နေတာလား?"

"မင်းရဲ့နည်းလမ်းတွေကအဆုံးမဲ့ပြီးတော့ ငါထင်ထားတာထက် အများကြီးကျော်လွန်နေလိမ့်မယ်လို့ ဆရာကသတိပေးခဲ့တယ်၊ အဲ့ဒါကြောင့် ငါ့ကို ပိုပြီးပြင်ဆင်ထားဖို့ပြောခဲ့တယ်။"

"လွန်ခဲ့တဲ့နှစ်အနည်းငယ်က ငါ ဒီ‌နတ်ဘုရားလောကမှာ မရေတွက်နိုင်လောက်တဲ့ အဖွဲ့အစည်းတွေကို ထိန်းချုပ်ပြီး သွေးလွှမ်းစစ်ပွဲတော်တော်များများကိုလည်း အစပျိုးခဲ့တယ်!"

"ဒီစစ်ပွဲတွေကြောင့်သာ ငါသွေးတွေအတော်များများစုဆောင်းနိုင်ခဲ့တာ။"

"အခု ဒီသွေးတွေကို အမတသတ်ဖြတ်ခြင်းဓားအစီအရင်မှာ အားဖြည့်ဖို့ သုံးထားတာပဲ!"

ထိုသို့ပြောရင်းဖြင့် ကျန်းဖူတုမှာ လက်ချောင်းအားဆန့်ထုတ်ကာ သွေးပုတီး‌စေ့တစ်လုံးအား ပစ်လွှတ်လိုက်၏။

ထိုသွေးပုတီးစေ့ထွက်ပေါ်လာသည်နှင့် တစ်ခဏချင်းတွင် သွေးရောင်ဝါကတိုးထွက်လာ၏။ ထိုအမတသတ်ဖြတ်ခြင်းဓားအစီအရင်မှာ မူလက သတ်ဖြတ်ခြင်းဓားအစီအရင်ပင်ဖြစ်၏။ ယခုတွင်မူ ထိုသွေးရောင်ဝါနှင့် ထိ‌တွေ့လိုက်သော် ၎င်း၏စွမ်းအားမှာ ဆယ်ဆမြင့်မားသွား၏။

ထိုအခိုက်၌ ကောင်းကင်ယံရှိကြယ်တာရာများမှာ ပို၍ပင်မြန်ဆန်လာကြကာ ထိုအမတသတ်ဖြတ်ခြင်းဓားအစီအရင်၏စွမ်းအားထက်ပင် ပို၍ ကြောက်ရွံ့ဖွယ်ဖြစ်နေတော့၏!

"ငါ့ဆီမှာ ဒီကလူတွေထက်တောင်ပိုတဲ့သွေး တစ်ကုဋေရှိတယ်! လူတစ်သန်းရဲ့သွေး အကူအညီနဲ့ ငါ့ရဲ့အစီအရင်က အမတအဆောင်လက်နက်လေးဖြစ်နေသေးရင်တောင် မင်းရဲ့မွေးဖွားခြင်းဝိဉာဉ်ရတနာကို ခုခံနိုင်လိမ့်မယ်! မင်းဒီတစ်ခေါက်တော့ ခုခံနိုင်ပါဦးမလားလို့ သံသယဖြစ်မိတယ်။"

လုရှောင်ယန်မှာ ခေါင်းအားခပ်ဖြေးဖြေးခါလိုက်၏။

အဘယ့်ကြောင့် ထို‌လူများမှာ အရမ်းရူးသွပ်နေရသနည်း? ၎င်းတို့မှာ လူများအား အရူးအမူးသတ်ကြကာ ကျင့်စဉ်များ၊ အစီအရင်များ ထုတ်ဖော်ရန် အသုံးပြုကြ၏။

မူလက အဆင့်နိမ့်လောကတွင်လည်း ယဲ့မျိုးနွယ်စုကထိုသို့ပြုလုပ်ခဲ့သေးသည်ပင်။

မျှော်လင့်မထားသည်များဖြစ်ပွားမလာပါလျှင် ထိုကျန်းဖူတုမှာလည်း ထိုလူထူးဆန်း၏ တပည့်ပင်ဖြစ်ချေမည်။

ထိုလူထူးဆန်း၏တပည့်တိုင်းမှာ တူညီနေကြသည်လား? ၎င်းတို့၏အတွေးများနှင့် နည်းလမ်းများမှာ တူညီကြသည်။

အဘယ့်ကြောင့် ထိုလူများမှာ ပုံစံတူညီနေကြသနည်း?

သို့သော် ရိုးသားရလျှင် ထိုလူများမှာ အောက်ခြေ‌၌ရှိမနေပါချေ။

ဒါပေါ့၊ လုရှောင်ယန်မှာ သူတော်စင်တစ်ပါးမဟုတ်ပါချေ။ သူဟာ ထိုလူများမှာ စတိုင်လ်မမိဟုသာ ခံစားနေရခြင်းဖြစ်၏။

ထိုအခိုက်၌ အမတသတ်ဖြတ်ခြင်းဓားအစီအရင်မှာ ပို၍ အားကောင်းလာတော့၏!

၎င်းမှာ လူတစ်ကုဋေ၏သွေးကိုစုပ်ယူပြီးသားပင်။ ဓားလေးချောင်း၏အလင်းများမှာ သွေး‌နီရောင်အဖြစ်ပြောင်းလဲသွား၏။ ၎င်းတို့မှာ ထူးဆန်းလှကာ ထိတ်လန့်ဖွယ်ပင်!

လုရှောင်ယန်မှာ မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။

အကူအညီမဲ့လျက်ပင် သူဟာ ထိုအရာအားသုံးကာသာ ထိုအစီအရင်အား ချိုးဖြတ်ပြီး တစ်ဖက်အား လုံးဝလက်လျှော့စေလိုက်၏။

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၂၈။ အပိုင်း ၄၁၉ ငါရဲ့အမတသတ်ဖြတ်ခြင်းဓားအစီအရင်ကို မြည်းကြည့်လိုက်

ထိုအခိုက်တွင် အမတသတ်ဖြတ်ခြင်းဓားအစီအရင်ထက်ရှိ အလင်းမှာ အထွဋ်အထိပ်သို့ရောက်ရှိသွားတော့၏။

ညကောင်းကင်ယံတစ်ခုလုံးအား သွေးနီရောင်ကြယ်အလင်းများဖြင့် ထိန်ထိန်ညီးသွားစေလျက် ပုံမှန်အရောင်အသွေးများပင် ပျောက်ကွယ်သွားတော့သည်။

ထိုအချိန်၌ လူတိုင်းမှာ အမတသတ်ဖြတ်ခြင်းဓားအစီအရင်အတွင်းတွင်ရှိမနေပါသော်လည်း သွေးလွှမ်းလူသတ်ရောင်ဝါမှာ ၎င်းတို့အား အသက်ရှူရခက်ပြီး ခန္ဓာကိုယ်များပင် အလွယ်တကူလှုပ်ရှားမရနိုင်တော့သည်အထိ ထိတ်လန့်သွားစေ၏။

မြင့်မြတ်သောဗုဒ္ဓမှလွဲလျှင် ယွင်လီကောသာလျှင် ထိုသွေးရောင်ဝါအောက်‌၌ ပုံမှန်အတိုင်း လှုပ်ရှားနိုင်သည်။

ထိုမြင့်မြတ်သောဗုဒ္ဓမှာ ထိုသို့လုပ်နိုင်ရခြင်းမှာ သူ၏ကျင့်ကြံဆင့်က အလုံအလောက်စွမ်းအားကြီးနေခြင်းကြောင့်ပင်။ ယွင်လီကောမှာလည်း လူသတ်ရောင်ဝါကိုကျင့်ကြံထားပြီး တစ်ဖက်လူကဲ့သို့သော စွမ်းအားများရှိနေခြင်းကြောင့် ထိုသို့လုပ်နိုင်ရခြင်းဖြစ်၏။ အမတသတ်ဖြတ်ခြင်းဓားအစီအရင်မှာ သူ့ထံသို့ ရိုးရှင်းစွာ မသက်ရောက်နိုင်ပါချေ။

ကျန်းဖူတု၏ နှုတ်ခမ်းထောင့်များ အတန်ငယ်ကွေးတက်သွားသည်။ ထိုအခိုက်၌ သူဟာ အမတသတ်ဖြတ်ခြင်းဓားအစီအရင်အား စွမ်းအားပြည့် ထုတ်ဖော်နိုင်နေပြီပင်။ အမတသတ်ဖြတ်ခြင်းဓားအစီအရင်မှာ သူ၏ထိပ်ဆုံးအခြေအနေသို့ ရောက်ရှိနေပြီဖြစ်၏။ လုရှောင်ယန်ထံတွင် မွေးဖွားခြင်းဝိဉာဉ်ရတနာရှိနေပါလျှင်တောင် ထိုအစီအရင်အား ချိုးဖြတ်ရန် မေ့ထားရပေမည်!

သူဟာ နောက်ဆုံး၌ အောင်မြင်လုနီးနီးဖြစ်နေချေပြီ!

လုရှောင်ယန်အားသတ်ကာ သူ၏ဆရာပေးအပ်ခဲ့သော တာဝန်ပြီးဆုံးပြီးနောက်တွင် သုံးလောက၌ သူလုပ်ချင်သည်အား လုပ်နိုင်တော့မည်ဖြစ်၏!

သို့ရာတွင် ထိုအချိန်၌ ရွှေရောင်အလင်းတစ်ပြမှာ ထိုနီညိုရောင် အမတသတ်ဖြတ်ခြင်းဓားအစီအရင်မှ ပျံထွက်လာသည်!

ကျန်းဖူတု၏နှလုံးမှာ မကောင်းသည့်ခံစားချက်ကိုရလိုက်ကာ ရပ်တန့်သွား၏!

"မကောင်းတော့ဘူး! အမတသတ်ဖြတ်ခြင်းဓားအစီအရင်ပဲ၊ သတ်ကြ!"

သူဟာ အမတသတ်ဖြတ်ခြင်းဓားအစီအရင်အား ချက်ချင်း အသက်မသွင်းခဲ့ပါလျှင် တစ်ခဏအကြာ၌ တစ်ခုခုဖြစ်ကာ အရာအားလုံး‌ဆုံးရှုံးရတော့မည်ဟန်ပေါ်သောကြောင့် စွမ်းအင်အား ဆက်လက်မစုစည်းနေတော့ပါချေ။

ထိုအမတသတ်ဖြတ်ခြင်းဓားအစီအရင်အားအသက်သွင်းလိုက်ရာတွင် သွေးနီရောင်သတ်ဖြတ်ခြင်းရောင်ဝါက လုရှောင်ယန်၏ကိုယ်ပွားအား ထပ်မံတိုက်ခိုက်လိုက်တော့သညခ။

မြေ၊ရေ၊လေနှင့် မီး‌တို့မှာ ဓားအစီအရင်၌ တစ်ဖန် တိုးတက်လာကြပြန်သည်။ ထို့အပြင် ၎င်းတို့မှာ ယခင်ထက်ပင် ပိုမိုမြန်ဆန်ကာ သန်မာလာခဲ့၏!

ရှင်းလင်းစွာပင် လက်ရှိ အစီအရင်မှာ ယခင်ကထက် အဆပေါင်းမြောက်များစွာပိုမိုအားကောင်းပေ၏!

ထို့ကြောင့် လူသတ်ရောင်ဝါက လုရှောင်ယန်၏ကိုယ်ပေါ်၌ စုစည်းမသွားခင်တွင် ရွှေရောင်အလင်းမှာ အမတသတ်ဖြတ်ခြင်းဓားအစီအရင်ထက်မှ လူသတ်ရောင်ဝါအား ဆုတ်ဖြဲလိုက်သည်!

မှန်ပါသည်၊ ၎င်းမှာ ထိုအစီအရင်အား စွမ်းအားကြီးတိုက်ကွက်နှင့်ပင် ဖျက်ဆီးလိုက်၏!

ဘုန်း!

တစ်ခဏအကြာ၌ ၎င်းမှာ အစီအရင်အားအက်ကွဲစေချက် အမတဓားတစ်လက်ထက်သို့ တည့်တည့်ကျဆင်းသွားသည်။ ထို့နောက်တွင် ၎င်းမှာ ဆက်လက်ကျဆင်းလာ၏။ ဒုတိယ၊ တတိယနှင့် စတုတ္ထအမတဓားတို့မှာ တစ်လက်ပြီးတစ်လက် အက်ကွဲသွားတော့သည်!

ထိုအင်မတန်ကြောက်မက်ဖွယ်တိုက်ကွက်မှာ ကြယ်စုံသော ကောင်းကင်တစ်ခုလုံးအား တုန်လှုပ်နေစေ၏။

အမတသတ်ဖြတ်ခြင်းဓားအစီအရင်၏ အမတဓားလေးလက်လုံးမှာ လုရှောင်ယန်၏ ရွှေရောင်အလင်းကြောင့် တစ်ခဏချင်းကျိုးပြတ်သွားကြသည်!

ကမ္ဘာမြေ‌တုန်လှုပ်ဖွယ် အမတသတ်ဖြတ်ခြင်းဓားအစီအရင်မှာလည်း ချက်ချင်းပျောက်ကွယ်သွား၏!

ပေါက်ကွဲမှုမှ ပြင်းထန်သောစွမ်းအားမှာ နတ်ဘုရားဧကရာဇ်များအား နောက်သို့ဆုတ်ရန်တွန်းအားပေးလိုက်သည်။ လူတစ်ကုဋေ၏ သွေးများမှ ဖြစ်ပေါ်လာသော လူသတ်ရောင်ဝါမှာလည်း လုရှောင်ယန်၏ စုပ်ယူခံလိုက်ရသည်!

ထိုလူသတ်ရောင်ဝါမှာ အင်မတန်မြန်ဆန်စွာ ပျံ့နှံ့သွားပါသော်ငြား ယွင်လီကောမှာအားလုံးစုပ်ယူဖို့ အချိန်မရလိုက်ဘဲ အနည်းငယ်သာ စုပ်ယူနိုင်လိုက်သည်။ သူဟာ လူသန်းတစ်ရာလောက်၏ သွေးအားစုပ်ယူလိုက်နိုင်ဆဲပါပင်။

ထိုသည်ကို ယွင်လီကောခေါင်းထက်တွင် မဟူရာရောင်ကြာ နောက်ထပ်တစ်ပွင့်အား ပေါ်လာစေသည်။ ထိုနေရာ၌ ကြာနက်ငါးပွင့်ရှိနေပြီဖြစ်၏။

ထို့အပြင် သူ၏ကျင့်ကြံဆင့်မှာ တစ်ဆက်တည်းနှင့် အဆင့်နှစ်ဆင့်တက်သွားကာ နတ်ဘုရားဧကရာဇ် တတိယအဆင့်သို့ရောက်ရှိသွားချေ၏!

ကောင်းကင်တွင် အပြောင်းအလဲတစ်ခု ခပ်ရေးရေးပေါ်ထွက်လာ၏။ အကြောင်းမှာ လုရှောင်ယန်၏ အဓိကကိုယ်မှ ကျင့်ကြံဆင့်တိုးတက်လာ၍ပင်!

ထိုအခိုက်၌ သူဟာနတ်ဘုရားဧကရာဇ်သတ္တမအဆင့်သို့ပင်ရောက်ရှိနေပြီဖြစ်၏!

လျှပ်တစ်ပြက်လှိုင်းပေါ်လာပြီးနောက်၌ မြင်ကွင်းတစ်ခုလုံးမှာ ထပ်မံ၍ သေလုအောင် တိတ်ဆိတ်သွားပြန်သည်။

လုရှောင်ယန်မှာ မစိုးရိမ်ချေ။ အမတသတ်ဖြတ်ခြင်းဓားအစီအရင်မှာ ပျက်စီးသွားပြီးဖြစ်ကာ မည်သည့်နေရာတွင်မှ ရှိမနေတော့ပါချေ!

"ဘုရားရေ၊ ဒါ...ဒါက... ဘာတွေဖြစ်နေရတာလဲ?"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ဒီကောင်ကဘယ်လောက်ထိ စွမ်းအားကြီးနေတာလဲ?"

"ဘယ်လိုများလုပ်လိုက်တာလဲ?"

ထိုအခိုက်၌ အားလုံးမှာ လုရှောင်ယန်အား ရင်ဆိုင်ချိန်၌ စွမ်းအားများကင်းမဲ့နေသည်ဟုပင် ခပ်ပြင်းပြင်းခံစားလိုက်ကြရ၏!

မှန်ပေသည်၊ ယွင်လီကောနှင့် အခြားလူများတော့မပါဝင်ချေ။ ယွင်လီကောနှင့် အခြားလူများအားလုံးမှာ ဂုဏ်ယူနေကြ၏။

ထိုသည်က ၎င်းမှာ ၎င်းတို့၏ဆရာဖြစ်ခြင်းကြောင့်ပင်!

၎င်းတို့၏ဆရာစွမ်းအားကြီးလေလေ ၎င်းတို့ကပိုမို ဂုဏ်ယူလေလေဖြစ်၏!

ထိုထဲတွင် ကောင်းကင်ဓားသွားစင်မြင့်နှင့် ထိုက်ယိဓားတာအိုမှ နတ်ဘုရားဧကရာဇ်များလည်း မပါဝင်ချေ။

၎င်းတို့မှာ နောက်ဆုံးအချိန်၌ မှန်ကန်သည့်ဘက်တွင် တိုက်ခိုက်ရန်ရွေးချယ်ခဲ့ခြင်းကြောင့် အင်မတန် ဝမ်းမြောက်နေကြသည်။ ၎င်းမှာ လီချန်းရှန်နှင့် စုန့်ရှင်းနျန်တို့အား ဂိုဏ်းသားအဖြစ်လက်ခံထားသော အကျိုးကျေးဇူးကြောင့်ပါပင်။ မဟုတ်ပါက ထိုအချိန်၌ နှစ်ဘက်စလုံး သေကြရမည်ပင်။

၎င်းတို့မှာ ယခုမသေလျှင်ပင် နောက်၌ သေပေလိမ့်မည်။

တစ်ဦးချင်းဆိုရပါလျှင် ကောင်းကင်ဓားသွားစင်မြင့်ဂိုဏ်းချုပ် ဟုန်ရှုမှာ ထိုအချိန်၌ စိတ်လှုပ်အရှားဆုံးပင် ဖြစ်ချေတော့၏။

အကြောင်းမှာ သူမက စုန့်ရှင်းနျန်၏ မိန်းကလေးဖြစ်ကာ ထိုနတ်ဘုရားဧကရာဇ်များထက် သူနှင့် ပိုမို ရင်းနီးခြင်းကြောင့်ပင်။

အနာဂတ်တွင် သူမဟာ ပိုမိုမြင့်သောအဆင့်သို့ ရောက်လိမ့်မည်။

ကျန်းဖူတုမှာလုံးဝကြောင်အနေကာ သူ၏မျက်နှာ၌ စိတ်အားငယ်မှုတို့နှင့် ပြည့်နေ၏။

သူ၏စွမ်းအားအကြီးဆုံး ယုံကြည်ရာမှာလည်း အမတသတ်ဖြတ်ခြင်းဓားအစီအရင်ဖြစ်ကာ ဖျက်ဆီးခံလိုက်ရပေပြီပင်။ လုရှောင်ယန်အား ဘယ်လိုသတ်နိုင်ပါမည်နည်း?

သူဟာ ကျရှုံးခဲ့ပြီဖြစ်၏!

ထိုအခိုက်တွင် သူ၏ဆရာအားမည်သို့ပြန်ပေးရမည် သူ၏ဆရာမှ မည်သို့ခံစားရမည်ကိုလည်း မသိတော့ပါချေ။

"ဘာကြောင့်လဲ? ငါ အမတသတ်ဖြတ်ခြင်းဓားအစီအရင်ကို အားဖြည့်ပြီးတာတောင် ဘာ‌လို့မင်းက ဖျက်ဆီးနိုင်နေသေးတာလဲ?"

"ဘယ်လိုများလုပ်ခဲ့တာလဲ?"

ကျန်းဖူတုမှာ လက်သီးတင်းတင်းဆုပ်လိုက်ကာ လုရှောင်ယန်၏ကိုယ်ပွားအား အတိအကျစိုက်ကြည့်လျက် မျက်ဝန်းများထဲ၌ ဆန္ဒကင်းမဲ့မှုများဖြင့် ပြည့်လျှံနေတော့သည်။

ထိုအခိုက်တွင် ရှင်းယွင်မှာ အေးစက်စက်ပြောလိုက်၏။

"ငါသာမမှားရင် လုရှောင်ယန်ရဲ့လက်ထဲက ရတနာကို မွေးဖွားခြင်းမူလရတနာအဖြစ် အဆင့်မြှင့်ခဲ့တာဖြစ်ရမယ်။"

"ဘာ? မွေးဖွားခြင်းမူလရတနာ? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? မွေးဖွားခြင်းမူလရတနာကို မွေးဖွားစေဖို့ ကုသိုလ်အများကြီးစုစည်းဖို့လိုတယ်မဟုတ်လား? ပြီးတော့ သူတို့ကို လောက,ကမွေးဖွားပြီးနောက်မှပဲ ယူဆောင်ခံရတာလေ။ သူ့မှာ ဘယ်လိုလုပ် မွေးဖွားခြင်းမူလရတနာရှိနေနိုင်မှာလဲ?"

ရှင်းယွင်မှာလေးနက်နေဟန်ဖြင့်ဆိုလိုက်၏။

"ငါလည်း မသိဘူး၊ ဒါပေမယ့် ငါသာမမှားရင် ဒီကလေးက မွေးဖွားခြင်းမူလရတနာကို ဖန်တီးနိုင်ပုံပဲ! သူ့ရဲ့လက်ထဲမှာရှိတဲ့ဓားက ရွှမ်ယွမ်ဓားနဲ့ အရမ်းတူနေတာကြောင့်ပဲ။ ရွှမ်ယွမ်ဓားက ကုသိုလ်တော်တော်များများကိုသယ်ဆောင်ထားပြီး ဆက်နွယ်မှု ဝိဉာဉ်ရတနာနဲ့တောင် နှိုင်းယှဉ်နိုင်တယ်။"

"ပြီးတော့၊ ရွှမ်ယွမ်ဓားအရှင်သခင်ကလည်း သူမဟုတ်ဘူး။"

"သူ့ကိုတစ်ယောက်ယောက်က ရွှမ်ယွမ်ဓား ခဏလောက်ငှားပေးဖို့မှမဖြစ်နိုင်တာ။ ပြီးတော့၊ ရွှမ်ယွမ်ဓား‌ကနေလည်း မွေးဖွားခြင်းမူလရတနာရဲ့ရောင်ဝါကိုပဲ အာရုံခံမိတယ်။ ကုသိုလ်အတော်များများတော့ အာရုံမခံမိဘူး။ ဒါကြောင့် ဒီရွှမ်ယွမ်ဓားကို သူဖန်တီးထားတယ်လို့ ဆိုလိုတာပဲ။"

"ဘာပြောလိုက်တယ်?!"

ကျန်းဖူတု၏ကိုယ်မှာတုန်ရီကာ လုံးဝကြောင်အမ်းသွားတော့၏။

လုရှောင်ယန်က မွေးဖွားခြင်းမူလရတနာကိုတောင် ဖန်တီးနိုင်သည်လား!

၎င်းမှာ မွေးဖွားခြင်းမူလရတနာပင်! ထို့အပြင် ရွှမ်ယွမ်ဓားလည်း ဖြစ်နေသေး၏!

ကျန်းဖူတုမှာ ရွှမ်ယွမ်ဓားအကြောင်းအနည်းငယ်တော့ကြားဖူးပေသည်။ ၎င်းမှာ မွေးဖွားခြင်းမူလရတနာသာဖြစ်ပါသော်လည်း ကုသိုလ်အမြောက်အများအား သယ်ဆောင်ထားသောကြောင့် ဆက်နွယ်မှုဝိဉာဉ်ရတနာနှင့်ပင် နှိုင်းယှဉ်၍ ရနေချေပြီပင်!

လုရှောင်ယန်မှာ မွေးဖွားခြင်းမူလရတနာအားဖန်တီးန်ုငခဲ့ကာ ၎င်းမှာ ဒုတိယရွှမ်ယွမ်ဓားပင်ဖြစ်တော့၏!

ထိုကောင်လေးမှာ တကယ်ကို ကောင်းကင်အားအံတုနေသည်လား?

ဆရာပြောကြားခဲ့သည့် အရွေးချယ်ခံတစ်ယောက်၏စွမ်းအားမှာ ထိုသို့ဖြစ်နေသည်လား?

၎င်းမှာ ကောင်းကင်ဘုံအားသွေဖီလွန်းနေသောကြောင့်ကောင်းကင်မှာ ဒူးထောက်ကာ သူ၏ခြေချောင်းများကိုပင် လျက်ရလုနီးပါးဖြစ်နေ၏။

ထိုအခိုက်၌ ကျန်းဖူတု၏‌လောကအမြင်မှာ လုံးဝလဲပြိုသွားတော့သည်။

လုရှောင်ယန်မှာ တစ်ဖက်လူအား တွေးတောရန် အချိန်များများမပေးပါချေ။ လူသတ်ငွေ့ကအမတသတ်ဖြတ်ခြင်းဓားအစီအရင်အားဖျက်ဆီးခဲ့သည့်အခိုက်တွင် ၎င်းမှာ ကျန်းဖူတုအား တိတိပပ ပစ်မှတ်ထားလိုက်တော့သည်။

ကျန်းဖူတုမှာ ထိုလူသတ်ငွေ့အား အာရုံခံပြီးနောက်တွင် နှလုံးမှာ တုန်ရီသွား၏။ သူဟာ သတိလက်လွတ်ပင်မနေဝံ့ဘဲ ချက်ချင်းပင် ရွှေပုလဲအား အသုံးပြုလိုက်သည်။ ထိုပုလဲမှ ထုတ်လွှတ်လိုက်သော ရောင်ဝါမှာ မွေးဖွားခြင်းဝိဉာဉ်ရတနာနှင့် အင်မတန်ဆင်တူနေ၏။ ၎င်းမှာပေါ်ထွက်လာသည်နှင့် ကျန်းဖုတုအား နေရာတွင် ချုပ်ထားလိုက်သည်။

"လုရှောင်ယန်၊ မင်းကစွမ်းအားကြီးတယ်ဆိုတာ ငါဝန်ခံပါတယ်ကွာ! ဒါပေမယ့် မင်းငါ့ကိုသတ်ဖို့ မလွယ်ဘူးကွ! ငါ့ရဲ့ ဒီဓမ္မရတနာက အမတအဆောင်လက်နက်အဆင့်ဖြစ်ပေမယ့်လည်း မွေးဖွားခြင်းဝိဉာဉ်ရတနာနဲ့တောင်ယှဉ်နိုင်နေပြီ။"

"ပြီးတော့ ဒါက မွေးဖွားခြင်းရတနာမဟုတ်ပေမယ့်လည်း ငါ့အတွက်အချိန်အများကြီးဝယ်နိုင်ပါသေးတယ်။ ငါ့အတွက် အနည်းဆုံး ၂နာရီလောက်ပဲကြာမှာပါ။ အရမ်းမကြာပေမယ့်လည်း ငါ့ဆရာကို အကူညီတောင်းဖို့ လုံလောက်တယ်။"

"ငါ့ဆရာရောက်လာတာနဲ့၊ မင်းမှာ ခေါင်းသုံးလုံးနဲ့ လက်ခြောက်ဘက်ရှိနေရင်တောင်မှ ငါ့ကိုဘာမှလုပ်လို့ရမှာမဟုတ်ဘူး! ဟားဟားဟား..."

ကျန်းဖူတုမှာ မည်မျှဘဝင်ခိုက်နေသည်အားမြင်သော် လုရှောင်ယန်၏ကိုယ်ပွားအားလုံးမှာ အေးစက်သွားကြပြီး သူ၏စကားလုံးများအား အတည်ယူလိုက်ကြသည်။

သတိပင်မပေးဘဲ သူဟာခုတ်ချလိုက်၏။

ဘုန်း!

ဓားအလင်းမှာ ပေပေါင်းတစ်သိန်းမှ ပျံထွက်လာကာ လောကခန်းဆီးကိုပင် ပျက်စီးလုနီးနီးဖြစ်သွားစေသည်။ အဆုံး၌ ၎င်းမှာ ကျန်းဖူတုထက်သို့ အညှာအတာမဲ့စွာ သက်ဆင်းသွား၏။

သို့သော် လုရှောင်ယန်၏ဓား ကျန်းဖူတုအပေါ်သို့ သက်ဆင်းသွားသည်နှင့် ၎င်းမှာ တစ်ခဏမျှတုန်ရီသွားတော့သည်။ လျှပ်တပြက်လှိုင်းမှာ အပြာရောင်စွမ်းအင်လှိုင်းနှင့်အတူ ပျံပေးလာ၏။

မနီးမဝေးရှိ နတ်ဘုရားဧကရာဇ်အားလုံးမှာ ထိုအားကြီးသော လှိုင်းမှ ထက်မံ အတွန်းခံလိုက်ရကာ ကျန်းဖူတုမှာ အမှန်ပင် မစိုးရိမ်တော့ချေ!

ထိုမြင်ကွင်းက လူတိုင်းအား ထပ်မံအံ့အားသင့်သွားစေသည်။

"ဘုရားရေ၊ ကျန်းဖူတုရဲ့နည်းလမ်းတွေကလည်း မရိုးရှင်းဘူးပဲ။"

"အမှန်ပဲ။ သူကလုရှောင်ယန်ရဲ့တိုက်ခိုက်မှုကိုတောင် ခုခံနိုင်တယ်! ဒါက အမတသတ်ဖြတ်ခြင်းဓားအစီအရင်ကိုတောင်ဖျက်ဆီးနိုင်တဲ့ ခွန်အားမဟုတ်လား။ ဒါက ပြဿနာတော့လုံးဝမဖြစ်သွားပါဘူး။ အရမ်းကို ကောင်းကင်ဘုံနဲ့ သွေဖီနေရုံပါပဲ။"

"ဒါပေမယ့်၊ သူက အမတဆိုတာမမေ့နဲ့ဦး၊ လုရှောင်ယန်က အခုမှ နတ်ဘုရားဧကရာဇ်အဆင့်ပဲရှိသေးတယ်။ နှစ်ယောက်ကြားက ကွာခြားချက်ကအရမ်းကြီးလွန်းတယ်။"

ထိုသို့ပြောပြီးသည်တွင် အားလုံးမှာ လုရှောင်ယန်အတွက် ထပ်မံသနားစာနာမိကြပြန်၏။

လုရှောင်ယန်မှာ ယနေ့ ကျန်းဖူတုအား မသတ်နိုင်လျှင်ပင် လူတိုင်း၏နှလုံးသားထဲ၌ သူရဲကောင်းဖြစ်ကာ အထူးပညာရှင်ပါပင်!

သူလုပ်သည်မှာ ပြီးဆုံးနေပြီဖြစ်၏!

သို့သော် လုရှောင်ယန်မှာ ၎င်းကမလုံလောက်ဟု ခံစားမိ၏!

တစ်ယောက်ယောက်က သူ့အားထိဝံ့ပါလျှင် တစ်ဖက်လူအား လုံးဝသတ်လိုက်ပေမည်။

သူဟာ လက်တွင်းမှ ရွှမ်ယွမ်ဓားအား ရုတ်သိမ်းလျက် လက်ချောင်းများဖြင့် သဏ္ဍာန်ဖော်လိုက်ကာ ကွဲပြားသောအရောင်လေးခုအား ထုတ်လာလေသည်။

၎င်းတို့မှ အလင်းလေးသွယ်အား မြင်သည့်အခိုက်တွင် လူတိုင်း၏ အမူအရာမှာ ထပ်မံ၍ ဆိုးဆိုးရွားရွားပြောင်းလဲသွားချေ၏!

၎င်းတို့မှာ ယနေ့ မည်မျှထိ ထိတ်လန့်ခဲ့ရသည်ကိုပင် မသိချေ။

သို့သော် ထိတ်လန့်မှုတိုင်းတွင် မတူတာတစ်ခုခုအား ခံစားရ၏။

၎င်းတို့အားလုံးမှာ လုံးဝကွဲပြားကြသည်!

ဒီတစ်ခေါက် အထိတ်တလန့်မှာ ယခင်ကထက် လုံးဝမနိမ့်ကျပါချေ။

အလင်းလေးသွယ်မှာ ကျန်းဖူတုထံရပ်သွားသည်နှင့် သူ၏မျက်နှာအရောင်မှာ ဖျော့တော့လာနေ၏။

"မဖြစ်နိုင်တာ! ဒါမဖြစ်နိုင်ဘူး! မင်းဘယ်လိုလုပ်ခဲ့တာလဲ? မင်းဘယ်လိုလုပ် အမတသတ်ဖြတ်ခြင်းဓားနဲ့ အမတသတ်ဖြတ်ခြင်းဓားအစီအရင်ကိုရခဲ့တာလဲ?"

သို့သော် သူဟာ တစ်စုံတရာအားတွေးမိသွားကာ ချက်ချင်းပြောလိုက်၏။

"ခဏနေဦး၊ မင်းကိုယ့်အစီအရင်နဲ့ကိုယ်ဖန်တီးထားတာလား?"

လုရှောင်ယန်မှာ နောက်ဆုံး၌ ထူးမခြားနားပြုံးလျက်ပြောလိုင်သည်။

"အမှန်ပဲ။ ဒီအမတသတ်ဖြတ်ခြင်းဓားအစီအရင်ကို ငါကိုယ်တိုင်လုပ်ထားတာ။ ဒါပေမယ့် မင်းတို့ရဲ့အကြိုက်နဲ့တော့ နည်းနည်းကွဲတယ်။"

"မင်းရဲ့... ဒါက အမတ‌အဆောင်လက်နက်လား"

"ငါ့အတွက်က မွေးဖွားခြင်းဝိဉာဉ်ရတနာအဆင့်အမျိုးအစားပဲ!"

"မင်းသာအမတအဆောင်လက်နက်နဲ့ဆိုရင် တောင့်ခံနိုင်မလားသိချင်လို့ပါ!"

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၂၈။ အပိုင်း ၄၂၀ အခြေအနေအား အခွင့်ကောင်းယူခြင်း

"မွေး... မွေးဖွားခြင်းဝိဉာဉ်ရတနာ!"

ကျန်းဖူတုမှာ အင်မတန် စိတ်ပျက်နေတော့၏။

အားလုံးပြီးသွားပြီ!

သူဟာ ယခုတွင် တကယ်အဖျက်ဆီးခံရပြီဖြစ်၏။ သူ့အား သူ၏ဆရာပေးခဲ့သော ပုလဲမှာ အသုံးမဝင်ပါချေ။

သူ၏အကြီးမားဆုံးသောယုံကြည်ရာမှာ ဆရာပေးထားခဲ့သည့် အသက်ကယ်ပုလဲပင်ဖြစ်၏။ ၎င်းမှာ အချိန်ခဏအတွင်း၌ ထိခိုက်မှုအားလုံးအား ခုခံနိုင်ကာ သူ၏ဆရာမှ လာရောက်ကယ်ဆယ်ရန်အတွက် အသုံးပြုနိုင်ပေ၏။

သို့သော် ယခုတွင် လုရှောင်ယန်မှာ မွေးဖွားခြင်းဝိဉာဉ်ရတနာကိုပင်အသုံးပြုနေသည်။ သူ၏ပုလဲမှာ မည်မျှစွမ်းအားကြီးနေပါစေ အသုံးမဝင်ပါချေ!

လုရှောင်ယန်၏အမတသတ်ဖြတ်ခြင်းဓားအစီအရင်မှာ လှုပ်ရှားနေ၏။ ဤတစ်ခေါက်၌ ကောင်းကင်ရှိ ကြယ်များမှာ မှိန်သွားကြကာ အလင်းရောင်များ ပျောက်ဆုံးသွားကြ၏။

ကျန်းဖူတုမှာ မတိုင်ခင်က အမတသတ်ဖြတ်ခြင်းဓားအစီအရင်အား အသုံးပြုခဲ့ကာ ကောင်းကင်ရှိကြယ်များမှာလည်း တဖိတ်ဖိတ်တောက်ပကြခဲ့ဆဲပင်။ သို့သော် လုရှောင်ယန်၏အမတသတ်ဖြတ်ခြင်းဓားအစီအရင်မှာမူ ၎င်းတို့အား မှိတ်တုတ်မှိတ်တုတ် တောက်ပခြင်းကိုပင် ဖိနှိပ်ထားကြ၏!

ဓားအစီအရင်အား အသုံးပြုချိန်တွင် မြေ၊ ရေ၊ လေနှင့် မီးတို့မှာ ဆင့်ကဲတိုးတက်လာကြ၏။ အစီရင်အတွင်းရှိအရာအားလုံးမှာ ထိုလူသတ်‌ရောင်ဝါကြောင့် မခံနိုင်ဘဲပျက်ဆီးသွားကြတော့သည်။

ကျန်းဖူတု၏ပုလဲမှာ ထိုအစီအရင်အား ရင်ဆိုင်လိုက်သည့်အခိုက်တွင် ၎င်းမှာ စတင်အက်ကွဲလာတော့၏။ ၎င်းမှာ လုရှောင်ယန်၏ အစီအရင်အား ခုခံနိုင်စွမ်းမရှိတော့ပါချေ!

ကျန်းဖူတု၏အမူအရာမှာ ဆိုးဆိုးရွားရွားပြောင်းလဲလျက် သတိလက်လွတ်ပင်မနေဝံ့တော့ပါချေ။ တစ်ခဏအတွင်းတွင် သူ၏ဝတ်ရုံအတွင်းမှ ထူးဆန်းသော ကမ္ပည်းတိုင်တစ်ခု ထုတ်ယူလိုက်၏။

"လွတ်မြောက်!"

သူဟာဂါထာအား တိတ်တဆိတ်ရွတ်ဆိုလိုက်ကာ ထိုပေါ်တွင် သွေးအဆီနှစ်ဖြင့်သုတ်လိုက်၏။ ထိုကမ္ပည်းမှ ထူးခြားသောအလင်းအားထုတ်လွှတ်လျက် ကျန်းဖူတု၏ သွေးအဆီနှစ်နှင့် ဝိဉာဉ်အား ယူဆောင်သွားကာ အမတသတ်ဖြတ်ခြင်းဓားအစီအရင်မှ ချက်ချင်းလွတ်မြောက်သွားစေ၏။

တစ်ခဏအကြာ၌ ကျန်းဖူတုနှင့် သူ၏ပုလဲမှာ အစီအရင်၏ဖျက်ဆီးခြင်းကိုခံလိုက်ရ၏!

အားလုံး၏ အမူအရာများမှာ ဆိုးရွားစွာပြောင်းလဲသွားကြ၏။ မည်သူကမှ ကျန်းဖူတုထံ၌ ထိုသို့သော် လွတ်မြောက်ကျင့်စဉ်တစ်ခုရှိမည်ဟု ထင်မထားခဲ့ပါချေ။

ပြောရလျှင် ထိုသည်အား ထွက်ပြေးခြင်းဟုမမှတ်ယူနိုင်ပါချေ။ အကြောင်းမှာ ကျန်းဖူတု၏ မူလကိုယ်က လွတ်မြောက်သွားခြင်း မရှိသောကြောင့်ပင်။ သူဟာ ကမ္ပည်းတိုင်အား သူ၏သွေးအဆီအနှစ်နှင့် ဝိဉာဉ်ကိုသာ လွတ်မြောက်စေရန်အတွက် အသုံးပြုခဲ့ခြင်းပင်။ ထိုသို့ဖြင့် အနာဂတ်တွင် သူ၏ဆရာအားရှာတွေ့ချိန်၌ ပြန်လည်ရှင်သန်လာနိုင်လောက်ကာ ဝိဉာဉ်မှာလည်း တဖြည်းဖြည်းပျောက်ကွယ်သွားတော့မည်မဟုတ်ချေ။

အစီအရင်တွင်း၌ သူ၏အဓိကကိုယ် ကျန်နေခဲ့ရခြင်းမှာ မလွတ်မြောက်နိုင်သောကြောင့်ပင်။

သူ၏ မူလကိုယ်လွတ်မြောက်သည်နှင့် လုရှောင်ယန်မှာ သူ့အားပစ်မှတ်ထားကာ အစီအရင်အား ရွှေ့လိုက်မည်ပင်။ သူဟာ လွတ်မြောက်နိုင်လိမ့်မည်မဟုတ်ချေ။

သို့ရာတွင် သူ့ထံ၌ လွတ်မြောက်နိုင်ရန် သွေးအဆီအနှစ်နှင့် ဝိဉာဉ်သာရှိနေပါက လုရှောင်ယန်မှာ သူ့အား လိုက်လံဖမ်းဆီးခြင်းမပြုနိုင်ပါချေ။ ထိုသို့ဖြင့် သူဟာ လုရှောင်ယန်၏ ထောင်ချောက်အတွင်းမှာ လွတ်မြောက်နိုင်ပေ၏။

မည်သို့ဆိုစေ သူဟာ အနိုင်ရသူဖြစ်နေဆဲပါပင်!

"လုရှောင်ယန်၊ ဒီနေ့ မင်းငါ့ကိုသတ်ဖို့ ကျရှုံးသွားမှတော့ အနာဂတ်မှာ ငါက မင်းရဲ့ခွေးအသက်ကို အသေအချာရအောင်ယူပြမယ်! သိပ်မကြာခင်မှာပဲ ဒီနေ့ရဲ့ စော်ကားခံရမှုကို လက်စားချေဖို့ မင်းကိုငါ့လက်နဲ့ လာသတ်မယ်!"

လုရှောင်ယန်မှာ သူ့အားထူးမခြားနား စိုက်ကြည့်လိုက်၏။

"မင်းက ငါ့ရဲ့ကိုယ်ပွားလေးတွေနဲ့ပင် ရင်ဆိုင်နေရတာကို မေ့သွားတာလား?"

ကျန်းဖူတုမှာ ကြောင်အသွားလျက် တစ်ခဏချင်းပင် ကြောက်ရွံ့ဟန်‌အပြည့်ဖြစ်သွား၏။

"မဟုတ်ဘူး!"

သူဟာ အော်ဟစ်လိုက်သည်။ တစ်ခဏအကြာ၌ ရွှေရောင်အလင်းတစ်ချက်မှာ ကောင်းကင်ယံမှ ပျံထွက်လာကာ ထိုကမ္ပည်းတိုင်ထံသို့ ပြေးဝင်လာတော့၏။

ထိုသည်မှာ အမှောင်ထဲ၌ ပုန်းကွယ်နေခဲ့သော လုရှောင်ယန်၏ မူလကိုယ်ပါပင်!

ကျန်းဖူတု၏ အမူအရာမှာ အင်မတန်စိတ်အားငယ်ဟန်ပေါ်နေသည်။

ပြီးသွားချေပြီ။ အားလုံးပြီးသွားပြီဖြစ်၏!

လွတ်မြောက်လိုခဲ့‌သော သွေးအဆီအနှစ်နှင့် ဝိဉာဉ်အပိုင်းသည်ပင် ပျက်စီးလုနီးနီးဖြစ်သွား၏။ မည်သို့များ လွတ်မြောက်နိုင်ပါမည်နည်း?

သို့ရာတွင် သူစိတ်အားငယ်နေချိန်၌ နောက်ထပ်ရွှေရောင်အလင်းတစ်ခုမှာ နီးကပ်လာလျက် ကမ္ပည်းတိုင်အား ဦးစွာ လုယူလိုက်၏။

"ဒါက?"

ကျန်းဖူတုမှာ ရပ်တန့်သွားလျက် လုရှောင်ယန်၏ မျက်လုံးများလည်း ကျဉ်းမြောင်းသွားကြ၏။

၎င်းမှာ ရှင်းယွင်၏ တိုက်ခိုက်မှုဖြစ်ပြီး ကျန်းဖူတု၏ ကမ္ပည်းအား လုယူလိုက်ခြင်းပင်။

ကျန်းဖူတုမှာ လွန်စွာပျော်ရွှင်လို့သွားလေသည်။

"အကူအညီကြောင့် ကျေးဇူးတင်ပါတယ်၊ တာအိုရောင်းရင်းရှင်းယွင်။ ခင်ဗျား ကျုပ်ရဲ့ကမ္ပည်းကို အမတလောကဆီယူလာပေးတာနဲ့ ကျုပ်ပြန်လည်မွေးဖွားလာချိန်ကျရင် ထပ်ပြီး ကျေးဇူးတင်ပါ့မယ်။"

သို့သော် သူ၏စကားဆုံးသည်နှင့် ရှင်းယွင်မှာ သူ၏ကမ္ပည်းအား တစ်ချက်တည်း ချိုးဖျက်လိုက်တော့သည်။

"မဖြစ်ဘူး!"

ကျန်းဖူတုမှာ ‌ထပ်မံသွေးအန်လိုက်တော့၏။ အစီအရင်အား မခုခံနိုင်တော့သော သူဟာ လုရှောင်ယန်ကြောင့် နောက်ဘဝသို့အပို့ဆောင်ခံလိုက်ရတော့သည်¡

[ဒင်.... မြင်းနက်ကို အောင်အောင်မြင်မြင်သတ်လိုက်နိုင်လို့ ဂုဏ်ယူပါတယ်၊ သခင်။ ခင်ဗျားရဲ့လက်ရှိ ကျင့်ကြံဆင့် တစ်ဆင့်မြင့်သွားပြီး နတ်ဘုရားဧကရာဇ်အဌမအဆင့်ကိုရောက်ရှိသွားပါပြီ]

မတိုင်ခင်က ယွင်လီကောမှာ ကျင့်ကြံဆင့်တိုးမြင့်ရန် လူသတ်ရောင်ဝါအား စုပ်ယူခဲ့သည်က လုရှောင်ယန်အား နတ်ဘုရားအရှင်ဘုရင် ဆဌမအဆင့်မှ သတ္တမအဆင့်သို့တိုးတက်လာခဲ့သည်ပင်။ ယခုတွင် မြင်းနက်အား သတ်ဖြတ်ပြီးနောက်၌ လုရှောင်ယန်၏ ကျင့်ကြံဆင့်မှာ အဌမအဆင့်သို့ တိုးမြင့်လာခဲ့ပြီဖြစ်သည်။

[ဒင်.... မြင်းနက်ကို အောင်အောင်မြင်မြင်သတ်လိုက်နိုင်လို့ ဂုဏ်ယူပါတယ်၊ သခင်။ ရရှိသောဆု: ဆက်နွယ်မှု ဝိဉာဉ်ရတနာ ထိုက်ကျိပန်းချီ ×1]

[ဒင်.... မြင်းနက်ကို အောင်အောင်မြင်မြင်သတ်လိုက်နိုင်လို့ ဂုဏ်ယူပါတယ်၊ သခင်။ ရရှိသောဆု: ဆက်နွယ်မှု ဝိဉာဉ်ရတနာ၊ ကျောက်စိမ်းရုယိ ×1]

[ဒင်.... မြင်းနက်ကို အောင်အောင်မြင်မြင်သတ်လိုက်နိုင်လို့ ဂုဏ်ယူပါတယ်၊ သခင်။ ရရှိသောဆု: မွေးဖွားခြင်းမူလရတနာ၊ ဖူချီချင် ×1]

[ဒင်.... မြင်းနက်ကို အောင်အောင်မြင်မြင်သတ်လိုက်နိုင်လို့ ဂုဏ်ယူပါတယ်၊ သခင်။ ‌ရရှိသောဆု: ဆက်နွယ်မှုချီ × 888]

[ဒင်.... မြင်းနက်ကို အောင်အောင်မြင်မြင်သတ်လိုက်နိုင်လို့ ဂုဏ်ယူပါတယ်၊ သခင်။ ရရှိသောဆု: ပန်ဂုသွေးအဆီအနှစ် × 1]

[ဒင်... ဂုဏ်ယူပါတယ်၊ သခင်...]

...

အမတ‌လောကရှိ မျှော်စင်တွင် စစ်တုရင်ကစားနေသော မုတ်ဆိတ်ဖြူအဘိုးအိုတစ်ဦးမှာ လက်တွင်းရှိ စစ်တုရင်တစ်ခုအား ပစ်ချကာ ဖျက်ဆီးလိုက်၏။

သူ၏မျက်နှာအမူအရာမှာ တမုဟုတ်ချင်းအေးခဲသွား၏။

တစ်ခဏကြာပြီးနောက်တွင် မုတ်ဆိတ်ဖြူအဘိုးအိုမှာ လက်အားပြန်ရုတ်လိုက်၏။ သူဟာ မျက်လုံးများအားမှိတ်လျက် လေးနက်ဟန်ပေါ်နေသည်။

"နတ်ဘုရားလောက,က ငါ့ရဲ့အစီစဉ်တွေ ပျက်စီးသွားမယ်လို့ ထင်မထားခဲ့ဘူး။"

မျက်နှာချင်းဆိုင်မှ မုတ်ဆိတ်ရှည်နှင့်လူမှာလည်း ဆန္ဒမရှိဟန်အား ထုတ်ဖော်ပြသနေ၏။

"ဒါက အဆုံးသတ်လား? ဒီကောင်စုတ်လေးက အမတမြင်းနက်ကိုတောင် သတ်နိုင်တယ်ဆိုမှတော့ အမတလောကကို သိပ်မကြာခင်မှာပဲ ဝင်လာနိုင်တော့မယ်။"

"တကယ်တော့ သူ့အနေနဲ့ အမတလောကကိုဝင်နိုင်မှာမဟုတ်ဘူး။ အမတလောက,က ကောင်းကင်တာအိုရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေတာ။ သူသာ အမတလောကကိုလာခဲ့ရင် သေချာပေါက် ရှာတွေ့ခံရမှာပဲ။"

"ဒါကြောင့် သူ ရှေးဟောင်းလောကကိုသွားဖို့ကသေချာတယ်။ သူသာ ရှေးဟောင်းလောကကို လာလိုက်တာနဲ့ ‌ရွံ့စေးနွားထီးက ပင်လယ်ထဲကို ဝင်လာသလိုဖြစ်သွားပြီ။ ငါတို့သူ့ကိုထပ်ရှာဖို့ ခက်သွားလိမ့်မယ်။"

မုတ်ဆိတ်ဖြူအဘိုးအိုမှာ မျက်လုံးများအား တဖြည်းဖြည်းဖွင့်လိုက်ရာ အေးစက်စက်အလင်းနှစ်တန်းက ပေါ်ထွက်လာ၏။

"ကြည့်ရတာ ငါကိုယ်တိုင်သွားမှဖြစ်တော့မယ်"

မုတ်ဆိတ်ရှည်နှင့်လူ၏ နှလုံးမှာ တုန်ရီသွား၏။

"မဖြစ်ဘူး! ခင်ဗျားရဲ့ ပုံစံအမှန်နဲ့ နတ်ဘုရားလောကကိုသွားရင် အမတလောက,က ရှာတွေ့သွားလိမ့်မယ်။ အဲ့လိုဆိုရင် ကောင်းကင်ဘုံခုံရုံးကတောင် ခင်ဗျားကို မျက်နှာသာပေးမှာမဟုတ်ဘူး။"

"ဒီလိုဆိုမှတော့ ရွေးစရာလည်းမရှိတော့ဘူး။"

"ဒီကောင်လေးက ပိုပြီးမြန်မြန် ကြီးထွား‌လာတယ်။ ဒီလိုသာဆက်ဖြစ်နေရင် ငါသူ့ကိုသတ်ချင်နေရင်တောင် အခွင့်အရေးရှိမှာမဟုတ်ဘူး။"

"ငါဒီနေ့ကိုရောက်ဖို့ နှစ်ပေါင်းသောင်းနဲ့ချီအောင် တိတ်တိတ်လေးစောင့်နေခဲ့ရတာ။"

"ငါ ပုရွက်ဆိတ်လေးဖြစ်နေရတာ ငြီးငွေ့လာပြီ!"

မုတ်ဆိတ်ရှည်နှင့်လူမှာ ဖျော့တော့စွာ သက်ပြင်းချလိုက်၏။

"ခင်ဗျားဒီလိုထင်နေမှတော့ ကျုပ်အနေနဲ့ သွေးဆောင်စရာလည်းမရှိတော့ပါဘူး။"

"ကျုပ်ရဲ့ခရီးသာ အောင်မြင်ရင်တော့အကောင်းဆုံးပေါ့။ ဒီလိုသာမဟုတ်ရင် နတ်ဘုရားလောကမှာပဲ ချက်ချင်း ကိုယ့်ကိုယ်ကိုယ်သတ်သေပစ်လိုက်ပြီး ကောင်းကင်ဘုံတပ်ဖွဲ့အတွက် ဘာအချက်အလက်မှချန်မထားခဲ့တော့ဘူး။"

"ကျောက်စိမ်းဧကရာဇ်သာ ငါ့ကိုဖမ်းဖို့ မင်းကိုဦးဆောင်ခိုင်းရင် ဦးဆောင်လိုက်ပါ။ ကျောက်စိမ်းဧကရာဇ်က မင်းကိုရှာတွေ့ပြီး ထိခိုက်စေမှာကိုရှောင်ရှားဖို့ ‌တုန့်ဆိုင်းမနေပါနဲ့။"

"အဓိပတိ!"

မုတ်ဆိတ်ရှည်နှင့်လူ၏ မျက်လုံးများမှာ ကူကယ်ရာမဲ့စွာနီရဲသွား၏။

ထိုမုတ်ဆိတ်ဖြူအဘိုးအိုမှာ ထူးမခြားနားစွာပြုံးလိုက်ကာ မထွက်ခွာခင်တွင် လက်အားဝေ့ယမ်းပြလိုက်သည်။

"မငိုပါနဲ့။ ဒါငါ့ရဲ့ရွေးချယ်မှုပါ။ ငါ သူတော်စင်တစ်ယောက်ဖြစ်မလာရင် အသက်ရှင်ဖို့က ဘာအဓိပ္ပာယ်ရှိတော့မှာလဲ!"

ထိုသို့ပြောလိုက်ရင်းဖြင့်၏ သူ၏ပုံရိပ်မှာ နေရာမှပျောက်ကွယ်သွား၏။

…

တခြားဘက်ရှိ နတ်ဘုရားလောကတွင်။

လုရှောင်ယန်မှာ ထိုအခိုက်၌ ရှင်းယွင်ထံသို့သာ အာရုံစူးစိုက်ထားသောကြောင့် ဝမ့်ခိုက်၏ သတိပေးစာများအား နားထောင်မနေပါချေ။

မတိုင်ခင်က ရှင်းယွင်မှာ လုံးဝမတိုက်ခိုက်ခဲ့ဘဲ အဆုံးကျမှသာ ကျန်းဖူတုအား ကူညီခဲ့သည်ကို ပဟေဠိဖြစ်နေခဲ့သည်။

အဆုံးတွင် ရှင်းယွင်မှာ ကျန်းဖူတုအား တကယ်ကြီးသတ်လိုက်လိမ့်မည်ဟုထင်မထားခဲ့ပါချေ။ ထိုလူ၏နည်းလမ်းမှာ တကယ်ကိုပြိုင်ဘက်ကင်းလှ၏။

သူဟာ တစ်ချိန်လုံး ဘာကိုမှ များများစားစားမလုပ်ခဲ့ပါချေ။ အဆုံး၌သာ ကျန်းဖူတုအား ချက်ချင်းသတ်လိုက်၏!

ထိုအခိုက်၌ ရှင်းယွင်မှာ လုရှောင်ယန်အား ပြုံးပြလိုက်၏။

လုရှောင်ယန်သည်လည်း ပြန်ပြုံးပြလိုက်၏။ သို့သော် သူ၏မျက်လုံးများတွင် သတိထားမှုများနှင့် ပြည့်နေကာ ကိုယ်တွင်းရှိ နတ်ဝိဉာဉ်စွမ်းအားမှာ အရူးအမူးတိုးထွက်လာ၏။

သူ၏ခြေချောင်းများနှင့် ရှင်းယွင်မှာ သူနှင့် မိတ်ဆွေဖြစ်ရန် ကျန်းဖူတုအား သတ်ခဲ့ခြင်းမဟုတ်သည်ကိုပြောနိုင်၏။

အကြောင်းမှာ ယခုတွင် သူဟာ ကျန်းဖူတုအား အလွယ်တကူသတ်နိုင်နေသည်ပင်။

တကယ်ကိုပင် တစ်ခဏအကြာ၌ ရှင်းယွင်မှာ ကမ္ပည်းအပိုင်းအစထံမှ ကံကောင်းမှုစွမ်းအား,အား ထုတ်ယူလိုက်လေသည်။

ထိုကမ္ပည်းအပိုင်းအစမှာ မူလက ကျန်းဖူတုအပိုင်ဖြစ်၏။ ကျန်းဖူတုမသေခင်တွင် သူဟာ သူ၏သွေးအဆီအနှစ်နှင့် ဝိဉာဉ်တစ်ပိုင်းတစ်စအား ကမ္ပည်းထဲသို့ ထည့်သွင်းထားခဲ့ပေသည်။

ကံမကောင်းစွာဖြင့် သူ၏သွေးအဆီနှစ်နှင့် ဝိဉာဉ်အား ရှင်းယွင်မှရယူသွားခဲ့လေပြီ။

၎င်းက ရှင်းယွင်မှာ သူ့အား တကယ်ကို တိုက်ခိုက်ရန် ပြင်ဆင်ထားခဲ့ဟန်ပေါ်၏။

"‌ဒါက ကံကောင်းမှုစွမ်းအားလား? ပစ္စည်းကောင်းတစ်ခုကမျှော်လင့်ထားသလိုပဲ။ ဒါကို သယ်ထားရုံနဲ့တွင် ယုံကြည်ချက်ပြည့်နေတယ်လို့ခံစားရတယ်။ ငါဘာကိုလုပ်လုပ် အောင်မြင်နိုင်တော့မလိုပဲ။ စိတ်ဝိဉာဉ်တောင်က ဂိုဏ်းတူအစ်ကိုတွေက မြင်းနက်တွေကို မဆန့်ကျင်ဖို့ပြောခဲ့တာ အံ့ဩစရာကိုမဟုတ်ဘူးပဲ။"

"ဒါပေမယ့် ငါ ဒီကံကောင်းမှုစွမ်းအားကို မင်းရဲ့တိုက်ခိုက်မှုကနေ အခွင့်ကောင်းယူလို့ရခဲ့တာပဲ။ ဂိုဏ်းချုပ်လုက ဒါကိုဘယ်လိုထင်မလဲသိချင်မိတယ်။"

ထိုသို့ပြောလိုက်သည်နှင့် သူဟာ ချက်ချင်းပင် ကံကောင်းမှုစွမ်းအား,အား ကိုယ်တွင်းသို့ပေါင်းစပ်လိုက်တော့သည်။ ကောင်းကင်ရှိကြယ်များမှာ ရွေ့လျားနေကြကာ တမူထူးစွာပြောင်းလဲနေကြ၏။

ထိုသည်မှာ တစ်ယောက်ယောက်၏အသက်စွမ်းအားက အင်မတန်အားကောင်းစွာပြောင်းလဲသွားတော့၏။ ထိုသည်မှာ လောက၏စွမ်းအားကိုပင် သက်ရောက်စေသည်အထိ အားကောင်းလှပါသည်!

ထိုသည်မှာ ကံကောင်းမှုစွမ်းအားပင်ဖြစ်ချေတော့၏!

တစ်ခါမှ မကြားဖူးခဲ့သော ထူးခြားသောအသံတစ်ခုမှာ ရှင်းယွင်၏ စိတ်တွင်းတွင် ပေါ်ထွက်လာ၏။

[ဒင်... ဗုဒ္ဓဂိုဏ်းသားတစ်ဦးအား hostအနေနဲ့တွေ့ရှိပါတယ်။ နတ်ဘုရားဧကရာဇ်စကားဝိုင်းကို အလို‌အလျောက်အနေနဲ့ ဗုဒ္ဓအကြီးမြတ်ဆုံးစနစ်အဖြစ် အဆင့်မြှင့်လိုက်ပါတယ်။ ချိတ်ဆိတ်လိုက်ပါပြီ။ သင့်အနေနဲ့ အသက်သွင်းချင်ပါသလား?]

"အသက်သွင်းလိုက်!"

ရှင်းယွင်မှာ တုံ့ဆိုင်းမှုမရှိဘဲနှင့်ပင် ချက်ချင်းအသက်သွင်းလိုက်၏။

တစ်ခဏအကြာ၌ သူ၏စိတ်တွင်းတွင် သစ်လွင်သောအသံတစ်ခုပေါ်ထွက်လာခဲ့သည်။

[ဒင်... အသက်သွင်းမှုအောင်မြင်ပါတယ်! hostရဲ့ပါရမီက အရမ်းနိမ့်နေတာကို အာရုံခံမိလို့ ပါရမီကိုတိုးမြှင့်နေပါတယ်၊ hostရဲ့ပါရမီက ဗောဓိပါရမီရှင်ကနေ ဗုဒ္ဓပါရမီရှင်အဆင့်ကိုတိုးသွားပါပြီ!

မူလက hostအနေနဲ့ အမတအဆင့်ကိုပဲ အများဆုံးရောက်နိုင်ခဲ့ပါတယ်။ ဒီပါရမီတိုးလာတော့ hostအခုဆိုရင် ဗုဒ္ဓဖြစ်လာနိုင်ပါပြီ!]

[ဒင်... ချိတ်ဆက်မှုအောင်မြင်ပါတယ်။ hostရဲ့ ပထမဆုံးအကြိမ်အသက်သွင်းခြင်းဖြစ်တာကြောင့် စနစ်က လက်ဆောင်ထုပ်ကြီးတစ်ထုပ်နဲ့ ဆုချီးမြှင့်ပါမယ်။ ဒါက hostရဲ့ကျင့်ကြံဆင့်ကို ပြီးပြည့်စုံ အမတအဆင့်ထိ တိုးမြှင့်ပေးမှာပါ။ စနစ်က hostကို မွေးဖွားခြင်းဝိဉာဉ်ရတနာ ဗုဒ္ဓသီလရှင်အလင်းရောင်၊ မွေးဖွားခြင်းဝိဉာဉ်ရတနာ ဗုဒ္ဓသပိတ်အလင်း၊ မွေးဖွားခြင်းဝိဉာဉ်ရတနာ ဗုဒ္ဓတိုင်အလင်းနှင့် ‌မွေးဖွားခြင်းအကြီးမြတ်ဆုံးရတနာ ဆုတောင်းပုတီးစေ့အလင်းတို့ကို ချီးမြှင့်လိုက်ပါတယ်။ ကျေးဇူးပြုပြီး လက်ခံလိုက်ပါ။]

[ဒင်... ချိတ်ဆက်ခြင်းအောင်မြင်ပါတယ်! hostမှာ အဆင့်မြှင့်လို့ရတဲ့ ဆင့်ကဲတိုးတက်ခြင်းအမျိုးအစား ကျင့်စဉ်ရှိပါတယ်။ အဆင့်မြှင့်တင်နေပါပြီ...

မူလ ဟီနယန ဂေါတမနတ်လက်ဝါးကို ဂေါတမနတ်လက်ဝါးအဖြစ် အဆင့်မြှင့်တင်ပြီးပါပြီ!

မူလ မဟာစွမ်းအားကောင်းကင်နဂါးရဲ့ ဖွင့်ထားတဲ့ အပိုင်းဆက်ကို ပြီးဆုံးတဲ့ အမျိုးအစားအဖြစ်‌အဆင့်မြှင့်တင်လိုက်ပါပြီ။

မူလရေပေါ်ပေါ့ပါးခြေလှမ်းကို ဗုဒ္ဓအလင်းလွတ်မြောက်မှုထိ အဆင့်တိုးမြှင့်လိုက်ပါပြီ...]

သူ၏ကိုယ်တွင်းမှ အဆုံးမရှိသော အပြောင်းအလဲများကို အာရုံခံရင်းဖြင့် ရှင်းယွင်၏ နှုတ်ခမ်းထောင့်များမှာ ပျော်ရွှင်မှုအရိပ်အယောင်အား ထုတ်ပြနေတော့၏။ သူဟာ လက်မောင်းများအား ဆန့်တန်းလျက် ကိုယ်တွင်းရှိ စွမ်းအားများအား စီးဆင်းစေလိုက်သည်။

ဝမ့်ခိုက်၏အသံမှာ ‌တစ်ချိန်တည်းတွင် လုရှောင်ယန်၏ နားအတွင်း၌ ပေါ်ထွက်လာ၏။

[သတိပေးပါတယ်၊ မြင်းနက်အသစ်ပေါ်ထွက်လာပါပြီ။ သခင်၊ သူ့ကိုသတ်လိုက်ပါတော့! သခင်သာ သူ့ကိုသတ်လိုက်နိုင်ရင် ဆုများများချီးမြှင့်ခံရမှာပါ]

***

All Chapters