← Chapters

အခန်း (၄၀၆-၄၁၀)

Vol. 28 Ch. 406-410

အခန်း (၄၀၆-၄၁၀)

Vol. 28 Ch. 406-410

အပိုင်း ၄၀၆ အဖွဲ့လိုက်တိုက်ပွဲ

ဆုံးရှုံးတာပဲ!

ဆုံးရှုံးမှုပဲ!

လုရှောင်ယန်၏တပည့်သည်ပင် ကြီးမြတ်သောနတ်ဘုရားအဆင့်အား တိုက်ခိုက်နိုင်ပါလျှင် လုရှောင်ယန်မှာ မည်မျှထိစွမ်းအားကြီးမားမည်နည်း?

ဤတစ်ခေါက်၌ ဆုံးရှုံးမှုမှာ ကြီးမား‌ခဲ့ချေပြီ!

အားလုံးမှာ သခင်ကြီးလုထံသို့ ခါးသက်သက်အကြည့်များအား ပစ်လွှတ်လိုက်ကြသည်။

၎င်းတို့မှာ ထိုသို့ပြောချင်နေသည်မှာ အသေအချာပါပင်။

"မြေခွေးအိုကြီး၊ ခင်ဗျားမြေးရဲ့ကျင့်ကြံဆင့်က သေချာပေါက် ကောင်းကင်ဘုံကိုအံတုနေတာပါ၊ ဒါပေမယ့် အဆုံးမှာ ခင်ဗျားကျုပ်တို့ကိုလိမ်ပြီး ခင်ဗျားမြေးရဲ့ကျင့်ကြံဆင့်က အလယ်အလတ်လောက်ပဲရှိလို့ ကျုပ်တို့နဲ့လက်မထပ်ချင်ဘူးလို့ပြောခဲ့တယ်။"

အဆုံးတွင် တစ်ဖက်လူ၏မြေးမှာ အလွန်အံ့ဖွယ်ကောင်းလှကာ ၎င်းတို့အား လုံးဝမနှစ်မြို့ကြပါချေ။

သခင်ကြီးလုမှာ အနည်းငယ်ချောင်းဟန့်လိုက်ကာ တစ်လျှောက်လုံးမည်သည်ကိုမျှ မဆိုပါချေ။

ပြောရလျှင် ၎င်းမှာသူ၏အမှားမဟုတ်ပါချေ။ သူဟာ လုရှောင်ယန်၏ ပါရမီမှာ အင်မတန်နိမ့်ကျလှသည်ဟုသာ ပြောခဲ့ခြင်းပင်။ မြူခိုးဂိုဏ်းရှိလူတိုင်းမှာ ချက်ချင်းကြီး လက်ဆက်ပွဲအား ဖျက်သိမ်းလိုက်မည်ဟု ထင်မထားခဲ့ပါချေ။ ၎င်းတို့မှာ သူတို့အား ‌နတ်သလင်းကျောက်‌အမြောက်အများနှင့် နက်နဲမှုအဆောင်လက်နက်များကိုပင် ပေးအပ်ခဲ့သေးသည်။

သူက ဒီ့အတွက် အပြစ်တင်ခံသင့်လား?

၎င်းတို့မှာ ကိုယ့်ကိုယ်ကိုယ်သာအပြစ်တင်သင့်ပေသည်။

ထိုစဉ်က ၎င်းတို့သာ အနည်းငယ်ဆက်လက်တွေးတောမည်ဆိုပါလျှင် ထိုမျှလောက်ထိ ဝမ်းနည်းစိတ်ပျက်ရမည်မဟုတ်ပါချေ။

ယခုတွင် ၎င်းတို့နှလုံးများသာအောင့်လာ၏။

သို့သော် သခင်ကြီးလုမှာ ဟန်ရေးပြကာနေထိုင်ခြင်းက သိုသိပ်စွာနေခြင်းထက်ပိုကောင်းသည်ကို ခံစားလိုက်ရသည်။

ယခင်က သူ့မြေး၏စွမ်းအားမှာ မလုံလောက်သလိုဟန်ဆောင်ကာ ထိုကြောင့်သာပင် လက်ဆက်ပွဲအား ငြင်းဆိုခဲ့၏။ သို့သော် သူဟာလုံးဝရှက်ရွံ့သလိုမခံစားရပါချေ။ ပြောရလျှင် မြူခိုးဂိုဏ်းနှင့်ယှဉ်ပါက လုမျိုးနွယ်စုမှာ တကယ်ကိုပင် မထင်မရှားလေးဖြစ်၏။

သို့ရာ၌ ယခုတွင်မူ သူဟာ မြူခိုးဂိုဏ်းရှေ့မှောက်၌ ခေါင်းမော့နိုင်ပြီဖြစ်သည်။ သူဟာ အချိန်အတော်ကြာ အောင့်အည်းထားပြီး နောက်ဆုံးတွင် ရေအိမ်ထဲ၌ အလေးစွန့်လိုက်နိုင်သလိုခံစားလိုက်ရသည်။ ထိုအခိုက်တွင် သူဟာပို၍ခံစားချက်ကောင်းလာ၏!

ထိုအခိုက်၌ ကောင်းကင်ယံရှိ ကြီးမြတ်သောနတ်ဘုရားအဆင့်နှစ်ဦးမှာ ပို၍ပင်ပြင်းစွာ တိုက်ခိုက်နေကြသည်။

ကောင်းကင်ယံရှိ ဟင်းလင်းပြင်အပြောင်းအလဲမှာ ရေလှိုင်းများကဲ့သို့သော လှိုင်းသဏ္ဍာန်အချို့ကို ထုတ်လွှတ်လာသည်။

ဟင်းလင်းပြင်စွမ်းအားမှာ စတင်ကာ ခပ်ရေးရေးမျှ ပြောင်းလဲလာ၏။

အနိမ့်ပိုင်းလောကတွင် အကြီးမြတ်ဆုံးအဆင့်ပညာရှင်တစ်ဦးမှာ ဟင်းလင်းပြင်စွမ်းအား အရိပ်ယောင်ကို ပြောင်းလဲစေနိုင်သည်။ သို့သော် ထိုနေရာရှိ ဟင်းလင်းပြင်စွမ်းအားမှာ နတ်ဘုရားလောကနှင့်နှိုင်းစာပါလျှင် ပိုလို့ပင် အားနည်းလှကာ နတ်ဘုရားလောကရှိ ဟင်းလင်းပြင်စွမ်းအားနှင့် မယှဉ်နိုင်ပါချေ။

သို့သော် ကြီးမြတ်သောနတ်ဘုရားအဆင့်ရှိ ဖြစ်တည်မှုသုံးခုမှ တစ်ချိန်တည်း၌ တိုက်ခိုက်လိုက်ရာတွင် ထိုအဆင့်၏စွမ်းအားမှာ နတ်ဘုရားလောကရှိ ဟင်းလင်းပြင်စွမ်းအားကိုပင် အပြောင်းအလဲဖြစ်သွားစေရန် လုံလောက်ချေ၏။

ထိုအခိုက်၌ အမတနတ်ဘုရားဧကရာဇ် ဆယ့်သုံးဦးမှာလည်း မြူခိုးဂိုဏ်းအား ငုံ့ကြည့်လိုက်သည်။

"မြူခိုးဂိုဏ်းမှာ ကြီးမြတ်သောနတ်ဘုရားအဆင့်နဲ့ယှဉ်နိုင်လောက်မယ့် နတ်ဝိဉာဉ်သားရဲတစ်ကောင်ရှိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဒါပေမယ့် သူက ကြီးမြတ်သောနတ်ဘုရားအဆင့်နဲ့ ယှဉ်နေနိုင်ရင်တောင်မှ အောက်က‌လူတွေကတော့ မယှဉ်နိုင်လောက်ပါဘူး၊ ဟုတ်တယ်မလား?"

အားလုံးမှာ စူးရှကာ ကောက်ကျစ်သော အကြည့်များက်ု ထုတ်ဖော်လိုက်ကြသည်။

"အားလုံးကိုသတ်!"

မြူခိုးဂိုဏ်းမှာ တိုက်လေမီးပွားဂိုဏ်းကဲ့သို့ ကျော်ကြားလှကာ တိုက်လေမီးပွားဂိုဏ်းအား အနည်းငယ်ကျော်လွန်နေသည့် ရင်းမြစ်များလည်းရှိချေသည်။ ၎င်းတို့သာ မြူခိုးဂိုဏ်းအား ချေမှုန်းနိုင်ကာ ရင်းမြစ်အားလုံးကိုယူနိုင်ပါလျှင် တိုက်လေမီးပွားဂိုဏ်း၏ စွမ်းပကားအား နောက်တစ်ဆင့်သို့ တိုးမြင့်လာစေနိုင်သည်။

ဤအချိန်တွင် တိုက်လေမီးပွားဂိုဏ်းမှာ အဆင့်နိမ့် ဒုတိယအဆင့်ရှိဂိုဏ်းလေးသာဖြစ်သည်။ ၎င်းတို့သာ မြူခိုးဂိုဏ်းအား ဝါးမြိုနိုင်ပါက ဒုတိယအဆင့်ဂိုဏ်းများ၏ အထွဋ်အထိပ်ကို ခြေလှမ်းနိုင်မည်ဖြစ်သည်။ အနာဂတ်တွင် နတ်ဘုရားဧကရာဇ်အဆင့်တချို့ကိုသာ ပျိုးထောင်နိုင်ပါလျှင် နတ်ဘုရားလောကရှိ ပထမအဆင့်ဂိုဏ်းထဲတွင် ပါဝင်လာနိုင်မည်ဖြစ်၏။

နတ်ဘုရားလောကတွင် ဂိုဏ်းတိုင်း ကျင့်သုံးရမည့် လမ်းကြောင်းတစ်ခုလည်းရှိပေသည်။

အခြားဂိုဏ်းများအား ဝါးမြိုကာ ၎င်းတို့၏ဂိုဏ်းအား သန်မာစေခြင်းဖြင့် ခွန်အားတစ်ခုသို့ရောက်ပြီးနောက်တွင် ၎င်းတို့မှာ စုပ်ယူခြင်းအကျိုးသက်ရောက်မှုအား ရရှိသွားနိုင်သည်။

ထို့နောက်တွင် ၎င်းတို့မှာ ဉာဏ်ကြီးရှင်များနှင့် ပညာရှင် ပိုများများကိုပါ စုပ်ယူလိမ့်မည်ပင်။

ထိုဂိုဏ်းမှာ ပို၍သန်မာလာကာ ပါရမီရှင်များအား ရယူလိမ့်မည်။

ပြီးပြည့်စုံတယ်!

အောက်ဘက်ရှိ မြူခိုးဂိုဏ်းမှ လူများမှာ ထိုအမတနတ်ဘုရားဧကရာဇ်တစ်ဆယ့်သုံးဦး၏ ရည်ရွယ်ချက်အား သတိထားမိပြီးဖြစ်သည်။

"သူတို့ဆင်းလာနေပြီ! ကာကွယ်ဖို့ အာရုံစိုက်ထားကြ!"

ထိုအမတနတ်ဘုရားဧကရာဇ် တစ်ဆယ့်သုံးဦး၏အရှိန်အဝါများမှာ ကြီးမြတ်သောနတ်ဘုရားအဆင့်ပညာရှင်များအား မယှဉ်နိုင်ပါသော်လည်း သာမန်လူများအနေနှင့် အလွယ်တကူယှဉ်နိုင်ဖို့လိုပါသေးသည်။

ထိုအမတနတ်ဘုရားဧကရာဇ်တစ်ဆယ့်သုံးဦး၏ အရှိန်အဝါနှင့် စွမ်းအားမှာ အောက်ဘက်ရှိ အမတနတ်ဘုရားဘုရင်အဆင့်ကျင့်ကြံသူများအား မရွေ့လျားစေနိုင်တော့ချေ။ ဆယ်ပါးသောသိုင်းနတ်ဘုရားအဆင့် တပည့်များမှာမူ မြေပြင်ထက်၌ ဒူးထောက်ထားကြရ၏။ တပည့်သစ်လေးတချို့မှာမူ ထိုစွမ်းအားကြီးအရှိန်အဝါနှင့်ကြုံလိုက်ရသောအခါ သွေးပင်အန်လိုက်‌ကြ၏။ ၎င်းတို့ကိုယ်တွင်းရှိအရိုးများမှာ အသက်ရှင်လုနီးနီးကျိုးကြေတော့မယောင်ပင် တွန့်ကွေးသွားကြ၏။

မြူခိုးဂိုဏ်း အကြီးအကဲတချို့နှင့် သခင်ကြီးလုကဲ့သို့သော် မဟာယနနတ်ဘုရားဘုရင်အဆင့်များသည်လည်း ထိုဖိအားကို မခုခံနိုင်ချေ။ ၎င်းတို့တစ်ကိုယ်လုံးရှိ ကြွက်သားများမှာ တုန်လှုပ်နေကြ၏။ ၎င်းတို့မှာ လှုပ်ရှား‌နိုင်ပါလျှင်ပင် အားအပြည့်အား ထုတ်ဖော်နိုင်မည်မဟုတ်ချေ။

ထိုသည်မှာ လုရှောင်ယန်၊ ဟန်ကျန့်နှင့် အခြားလူများမှာ အတော်လေးကျင့်ကြံဆင့်မြင့်မားသော ပညာရှင်များအား တိုက်ခိုက်ရမည်ကို ကြောက်ရွံ့သည့် အကြောင်းပြချက်ပင်။

အကြောင်းမှာ ထိုကျင့်ကြံသူများအကြားရှိ အဆင့်ကြီးတိုင်းတွင် ကြီးမားသောကွာခြားချက်ကြီး ရှိနေသောကြောင့်ပင်။

အဆင့်မြင့်ကျင့်ကြံသူမှာ အဆင့်နိမ့်ကျင့်ကြံသူအား တိုက်ခိုက်ချိန်တွင် ၎င်းတို့မှာ အတိုက်အခိုက်အား၌သာ သာလွန်သည်မဟုတ်ဘဲ သဘာဝစွမ်းအားကြီးဖိအားသည်လည်း သာလွန်ချေ၏!

ကံအားလျော်စွာဖြင့် ထိုတပည့်များမှာ အဆင့်ပိုမြင့်သူများအား တိုက်ခိုက်နိုင်စွမ်းရှိချေသည်။ မဟုတ်ပါလျှင် ၎င်းတို့မှာ အတော်ကြာကတည်းက အသတ်ခံရပြီးဖြစ်ကာ အခြေအနေမှာလည်း ထိုသို့ အဆုံးသတ်မည်မဟုတ်ချေ။

ထိုအမတနတ်ဘုရားဧကရာဇ် တစ်ဆယ့်သုံးဦး၏ ဖိအား,အားရင်ဆိုင်လျက် မြူခိုးဂိုဏ်း,ဂိုဏ်းချုပ်၏မျက်နှာထားမှာ အင်မတန်လေးနက်လို့လာ၏။

သူဟာ အမတနတ်ဘုရားဧကရာဇ်အဆင့်တစ်ဦးသာဖြစ်၏။ ထိုအမတနတ်ဘုရားဧကရာဇ်အဆင့် တစ်ဆယ့်သုံးဦးအားရင်ဆိုင်ရန်မှာ တကယ်ကိုခက်ခဲလှချေသည်!

သို့သော် လူတိုင်း စိတ်ရှုပ်ထွေးနေချိန်တွင် လူအုပ်ထဲမှ ဓားမော့အလင်းတန်းတစ်ခုတိုးထွက်လာကာ ကောင်းကင်ယံသို့ ပြေးထွက်သွား၏!

ထိုဓားမော့၏ ဓားမော့အငွေ့အသက်မှာ အင်မတန် ထက်မြိလှပါချေသည်။ ၎င်းမှာ လေထုကိုပင် ခွင်းသွား၏။ ဖြတ်သွားလိုက်သည့်နေရာတိုင်းတွင် နတ်ဝိဉာဉ်စွမ်းအားမှ ရှောင်တိမ်းလိုက်မည်ဖြစ်ကာ မူလ ခွန်အားအထွဋ်အထိပ်အားကျန်ရှိစေလျက် ထိုဓားမော့အငွေ့အသက်အား ပေတစ်သိန်းအကွာထိ ပျံ့နှံ့သွားစေသည်!

ဓားမော့အလင်းတစ်ချက်လက်လာကာ ကောင်းကင်အား ပိုင်းဖြတ်တော့မယောင်ပင်။ အားလုံး၏မျက်လုံးများ တောက်ပသွားချေ၏။ ထိုတစ်ခဏအတွင်းတွင် ၎င်းတို့ကိုယ်ပေါ်ရှိ ဖိအားမှာ ၁၀%နှုန်း လျော့ကျသွားလေ၏!

ထိုအခိုက်၌ မြူခိုးဂိုဏ်း,ဂိုဏ်းချုပ်၊ မဟာယနနတ်ဘုရားဘုရင်အဆင့်အကြီးအကဲများနှင့် သခင်ကြီးလုတို့၏ မျက်လုံးများမှာ ပြူးကျယ်သွားကြကာ ကိုယ်ပေါ်ရှိ အမွေးများ တဆုံးထောင်ထသွားတော့သည်။

အကြောင်းမှာ ဓားမော့အလင်းတစ်ချက်လက်သွားပြီးနောက် ထိုအမတနတ်ဘုရားဧကရာဇ်အဆင့်ထဲမှ တစ်ဦး၏ ကိုယ်မှာ ပိုင်းဖြတ်ခံလိုက်ရ‌ကာ နှစ်ပိုင်းပင်ကွဲသွားခြင်းကြောင့်ပင်။ ၎င်း၏နောက်ရှိ နတ်ဝိဉာဉ်သည်ပင် မလွတ်မြောက်နိုင်ဘဲ အက်ကွဲသွားကာ လုံးဝပျောက်ကွယ်လာ၏!

၎င်းမှာ လုရှောင်ယန်တပည့်၏ နောက်ထပ်တိုက်ခိုက်မှုဖြစ်ကြောင်းသိလိုက်ကြသည်!

ဒါပေမယ့် ဒီတပည့်က နည်းနည်းလောက် အရမ်းစွမ်းအားကြီးမနေဘူးလား?

သူဟာ အမတနတ်ဘုရားဧကရာဇ်အဆင့်တစ်ဦးအား ချက်ချင်းပင်သတ်လိုက်၏!

ထိုအမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်မှာ အမတနတ်ဘုရားဧကရာဇ် ပထမအဆင့်သို့သာ ခြေလှမ်းရသေးရသော်လည်း ၎င်းမှာ စစ်မှတ်သောအမတနတ်ဘုရားဧကရာဇ်အဆင့်ပါပင်!

သူက လုရှောင်ယန်တပည့်ရဲ့ တိုက်ခိုက်မှုလေးတစ်ကွက်ကိုတောင် အသက်ရှင်ရပ်မတည်နိုင်ဘူးလား?

လုရှောင်ယန်ရဲ့တပည့်အားလုံးကို အရမ်းကိုထူးခြားတာပဲလား?

လုရှောင်ချန်မှာ တစ်ခဏမျှတိတ်ဆိတ်သွားကာ ပြောလိုက်၏။

"အဘိုး၊ ကျွန်တော့ကိုပြောပါဦး၊ ကျွန်တော်သာ ရှောင်ယန့်ကို သူ့တပည့်လုပ်ဖို့တောင်းဆိုရင် သူဘာပြောမယ်လို့ထင်လဲ?"

"သူမင်းကိုလက်ခံမယ်လို့တော့မထင်ဘူး။"

"ဘာလို့လဲဗျာ?"

"ရှောင်ယန်လက်ခံထားတဲ့ တပည့်တွေက သာမန်အကျင့်စရိုက်လေးတွေရှိတယ်လို့များထင်နေလား? ဒီသုံးယောက်ရဲ့ ပါရမီက သာမန်လူတွေ နိုင်းယှဉ်နိုင်တာထက်တောင် သာနေသေးတယ်!"

သခင်ကြီးလုဟာ ထိုသို့ပြောလိုက်ပါသော်လည်း စိတ်ထဲတွင် တွေးမိနေသည်မှာ လု‌မျိုးနွယ်စုသို့ပြန်ရောက်လျှင် သူ့အား ရှောင်ယန်၏တပည့်အဖြစ်လက်ခံရန် တောင်းဆိုရလိမ့်မည်ဟုပင်။

တစ်ခြားသူများ၏ရှေ့မှောက်တွင် ရှောင်ယန်မှာ သူ့အားအဘိုးဟုခေါ်ဆိုမည်။ ကိုယ်ပိုင်ချိန်တွင် သူဟာ ရှောင်ယန့်အား ဆရာဟုခေါ်မည်။

ရှက်စရာကောင်းသည့်ကိစ္စကိုမူ သူဟာလုံးဝဂရုမစိုက်ပါချေ။

အဆင့်ပိုမြင့်တဲ့လူတွေကို တိုက်ခိုက်နိုင်စွမ်းရှိတာက မကောင်းဘူးလား?

အမတနတ်ဘုရားဧကရာဇ်အဆင့်တစ်ဦးအား ဓားမော့တစ်ချက်ဖြင့် သတ်ပြီးနောက်တွင် စုန့်ရှင်းနျန်မှာ ရှေ့သို့လှမ်းလာတော့၏။ သူဟာ နက်နဲမှုအဆင့် ဓားမော့ရှည်အားကိုင်ဆောင်လျက်ကောင်းကင်သို့ပျံထွက်သွားသည်။

ထိုထိတ်လန့်ဖွယ်အား တွေ့ကြုံပြီးနောက်တွင် တိုက်လေမီးပွားဂိုဏ်း၏ အမတနတ်ဘုရားဧကရာဇ်ကျန်တစ်ဆယ့်နှစ်ဦးမှာ ချက်ချင်းဒေါသထွက်သွားတော့၏။

"ဒီခွေးကောင်လေးက ငါတို့အကြီးအကဲထဲက တစ်ယောက်ကိုတောင် သတ်ရဲတယ်ပေါ့!"

"သူ့ကိုအလွတ်မပေးနဲ့!"

အမတနတ်ဘုရားဧကရာဇ်ဆယ့်နှစ်ဦးမှာ တစ်ချိန်တည်းတွင် တိုက်ခိုက်လိုက်ကြရာ ၎င်းတို့၏ဖိအားမှာ ကောင်းကင်နှင့် မြေပြင်ကို လှုပ်ခါသွားစေသည်။

မတူညီသောနတ်ဝိဉာဉ်အရောင်ဆယ့်နှစ်သွယ်မှာ ဥက္ကာပျံတစ်ဆယ့်နှစ်စင်းကဲ့သို့ အလျင်အမြန်ကျဆင်းလာ၏။

ထိုအမတနတ်ဘုရားဧကရာဇ်အဆင့်တစ်ဆယ့်နှစ်ဦးမှာ ၎င်းတို့၏ အားကုန်သုံးကာ မဆုတ်မနစ်တိုက်ခိုက်ကြတော့သည်။

စုန့်ရှင်းနျန်မှာ ရှေ့သို့သွားလိုက်တိုင်း အကြိမ်များစွာ ပိုင်းဖြတ်သည်။ သူ၏နောက်တွင် ဓားမော့ရှည်နတ်ဝိဉာဉ်ပေါ်ထွက်လာ၏။

ထိုဓားမော့မှာ ၉၉ပေနှင့် ၉လက်မရှည်လျားကာ တစ်ဖက်လူ၏ နတ်ဝိဉာဉ်ကဲ့သို့ ကြီးမားဟန်မရှိပါချေ။ ၎င်း၏အရွယ်အစားမှာ လုံးဝမကြီးမားချေ။

သို့သော် ၎င်းမှ ထုတ်လွှတ်‌နေသော လွှမ်းမိုးနိုင်မှု၊ လူသတ်အရှိန်အဝါ၊ ထက်မြိသောအရှိန်အဝါနှင့် ကြီးမြတ်မှု အငွေ့အသက်တို့မှာ လောကအား လွှမ်းမိုးနိုင်ရန်ပင် လုံလောက်ဟန်ပေါ်သည်။

နတ်ဝိဉာဉ်၏အထောက်အပံ့အကူအညီဖြင့် စုန့်ရှင်းနျန်၏ဓားမော့တိုက်ကွက်တိုင်းမှာ အင်မတန်ကြီးမြတ်လှချေသည်။ ထိုနတ်ဝိဉာဉ်မှာ လောကအား အထင်သေးနေဟန် ရောင်ဝါပင်ရှိကာ အရာအားလုံးအား ပိုင်းဖြတ်နိုင်ဟန်ပင်ရှိ၏!

ထိုဓားမော့မှ အမတနတ်ဘုရားဧကရာဇ်တစ်ဆယ့်နှစ်ဦးအား ပိုင်းဖြတ်လိုက်ချိန်တိုင်းတွင် ၎င်းတို့၏ကိုယ်များမှာ အပြင်းအထန်တုန်ရီလာကာ အမြန်နှုန်းမှာလည်း နှေးကွေးလို့လာ၏။

စုန့်ရှင်းနျန်မှ ထိုအမတနတ်ဘုရားဧကရာဇ်တစ်ဆယ့်နှစ်ပါး၏‌အရှိန်အဝါများအား ထပ်ခါထပ်ခါ ဖရိုဖရဲဖြစ်သည်အထိ ပိုင်းဖြတ်နေသည်!

၎င်းတို့မှာ အမတနတ်ဘုရားဧကရာဇ်များဖြစ်နေခြင်းကြောင့်သာမဟုတ်ပါလျှင် ၎င်းတို့၏ ပြန်လည်ကုသနှုန်းမှာစွမ်းအားကြီးမည်ဖြစ်ကာ ၎င်းတို့၏အစီအရင်မှာလည်း စုန့်ရှင်းနျန်၏ ဓားမော့အငွေ့အသက်အား ရင်ဆိုင်နေရချိန်၌ အရှုပ်အထွေးများလုပ်နိုင်မည်ပင်။

ထိုသို့ဆိုလျှင်ပင် ထိုအမတနတ်ဘုရားဧကရာဇ်တစ်ဆယ့်နှစ်ဦးမှာ စုန့်ရှင်းနျန်နှင့် ရင်ဆိုင်ရန် မလွယ်ကူလှပါချေ။

မူလက ၎င်းတို့မှာ မီတာပေါင်းသိန်းချီအကွာအဝေးအား တစ်ခဏအတွင်း‌သွားနိုင်ရန် လွယ်ကူသည်။

သို့သော် ယခုတွင် တစ်ဆယ်စက္ကန့်တောင်ကြာခဲ့၏!

၎င်းက လူတိုင်း၏အမြန်နှုန်းမှာ စုန့်ရှင်းနျန်၏တိုက်ခိုက်ခြင်းကိုခံရပြီးနောက်တွင် အကြိမ်ပေါင်းဒါဇင်ချီလျော့ကျသွားလေသည်!

သို့သော် ၎င်းတို့မှာ အမတနတ်ဘုရားဧကရာဇ်အဆင့် တစ်ဆယ့်နှစ်ဦးပါပင်!

အမတနတ်ဘုရားဧကရာဇ်အဆင့် တစ်ဆယ့်နှစ်ဦး!

၎င်းတို့မှာ အာလူးချောင်းလေးများသာမဟုတ်ကြပါချေ။ ၎င်းတို့မှာ တိုက်လေမီးပွားဂိုဏ်းအား စွန့်လွှတ်ခဲ့ပါလျှင်ပင် မည်သည့်နေရာ၌ဖြစ်ဖြစ် ဒုတိယအဆင့်ဂိုဏ်းတစ်ခုအဖြစ် ပြန်လည်ထူထောင်နိုင်သည်!

ထိုအချိန်တွင် စုန့်ရှင်းနျန်မှာ မဟာယနနတ်ဘုရားဘုရင်အဆင့်၌သာရှိသေးသည်!

၎င်းတို့မှာ မနေနိုင်ဘဲ အမတနတ်ဘုရားဧကရာဇ်အဆင့်၊ ကြီးမြတ်သောနတ်ဘုရားအဆင့် သို့မဟုတ် နတ်ဘုရားဧကရာဇ်အဆင့် သို့ရောက်ပါလျှင် မည်မျှ ထူးချွန်လာနိုင်မည်ကို တွေးတောနေသည်။

ထိုမေးခွန်းက လူတိုင်း၏စိတ်တွင် ထွက်ပေါ်လာသည်။

ထိုအခိုက်၌ အမတနတ်ဘုရားဧကရာဇ်အဆင့် တစ်ဆယ့်နှစ်ဦးနတ်ဝိဉာဉ်များမှာ စုန့်ရှင်းနျန်၏ ဦးခေါင်းထက်သို့ တိတိပပဆင်းသက်လာတော့သည်။

ထိုတစ်ဆယ့်နှစ်ဦး၏နတ်ဝိဉာဉ်များမှာ အရောင်စုံ ဖူးပွင့်လာ၏။ ၎င်းတို့မှာ လှပဟန်ပေါ်ပါသော်လည်း မြေအောက်လောကလမ်းပေါ်ရှိ အနီရောင် ခေါင်ရမ်းပန်းများမှာ သေခြင်းအရောင်ဖြင့် ဖိတ်‌ဖိတ်တောက်နေ‌သကဲ့သို့ပါပင်။

"ကောင်စုတ်လေး၊ မင်းမှာဘာရှိသေးလဲ ထပ်ကြည့်တာပေါ့!"

တိုက်လေမီးပွားဂိုဏ်း၏ အကြီးအကဲတစ်ဦးမှာ နီရဲနေသောမျက်လုံးများဖြင့် ဒေါသတကြီးအော်ဟစ်လ်ြုသည်။ ၎င်းတို့တစ်ဆယ့်နှစ်ဦးမှာ စုန့်ရှင်းနျန်အား အနီးအနားမှနေကာ ဖိနှိပ်ရန် အတူတကွလုပ်ဆောင်လျက် စုန့်ရှင်းနျန်ထက်သို့ တိုက်ခိုက်မှုရောင်စုံအား ဆင်းသက်စေလိုက်သည်။

ဘုန်း! ဘုန်း! ဘုန်း!

ထိုပေါက်ကွဲမှုများမှာ အချိန်တိုင်းတွင် ပို၍ကျယ်လောင်ကာ ပြင်းထန်လို့လာ၏။

စုန့်ရှင်းနျန် ရပ်နေခဲ့သောနေရာမှာ ချက်ချင်းပင် ရွှေရောင်အလင်းလုံးအသွင်ပြောင်းလဲသွားသည်။ ၎င်းမှာ ကောင်းကင်ယံတွင် နေလုံးအသစ်ပြူထွက်လာသလိုပါပင်။

လီချန်းရှန်မှာ လက်ပိုက်လျက် နှုတ်ခမ်းများကိုသပ်လိုက်သည်။

"လူဆယ့်နှစ်ယောက်က နည်းနည်းများတယ်။ ဆရာတူညီလေးခြောက်ရဲ့ လက်ရှိစွမ်းရည်နဲ့ဆိုရင် သူ ထိန်းနိုင်လောက်မှာမဟုတ်ဘူး။"

"ထားလိုက်တော့၊ ငါကူမယ်"

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၂၈။ အပိုင်း ၄၀၇ ပျောက်သွားဦးမယ့် Usnရဲ့အကူအညီက ဘယ်လောက်ထိ အံ့အားသင့်စရာကောင်းလို့လဲ! (Usn က usရဲ့ ရေတပ်ပါ)

အမတနတ်ဘုရားဧကရာဇ်အဆင့်တစ်ဦးတည်းသာရှိနေခဲ့ပါလျှင် စုန့်ရှင်းနျန်မှာ နတ်ဝိဉာဉ်စွမ်းအား,အား တိုးစေရန်ဝတ်ဆင်ထားသော ချပ်ဝတ်ကိုသာမှီတည်လျက် သူ၏စွမ်းအားအလုံးစုံကိုထုတ်ဖော်ရန် ‌အာရုံစိုက်နိုင်ချေမည်။

သူ၏တိုက်ခိုက်မှု နတ်ဝိဉာဉ်နှင့် ထက်မြမှုအကူအညီဖြင့် အမတနတ်ဘုရားဧကရာဇ်အဆင့်တစ်ဦးအား သတ်ရန်မှာမူ မခက်ခဲပါချေ။

ယခုတွင် အမတနတ်ဘုရားဧကရာဇ်အဆင့် တစ်ဆယ့်နှစ်ဦးလုံးက စုန့်ရှင်းနျန်အား စတင်တိုက်ခိုက်နေကြရာ စုန့်ရှင်းနျန်မှာ ကာကွယ်ရန်အတွက် သူ၏တိုက်ခိုက်မှုတစ်ပိုင်းအား အသုံးပြုလိုက်သည်မှလွဲ ရွေးစရာမရှိတော့ပါချေ။

မဟုတ်ပါက သူ၏တိုက်ခိုက်မှု မည်မျှ‌အားကောင်းနေပါစေ တိုက်ကွက်တစ်ကွက်ဖြင့်သာ အသတ်ခံလိုက်ရပါလျှင် အဓိပ္ပာယ်မဲ့သွားချေလိမ့်မည်။

ထိုအခိုက်၌ စုန့်ရှင်းနျန်၏ တိုက်ခိုက်မှုစွမ်းအားမှာ ထက်ခြမ်းခွဲထားပြီးဖြစ်သည်။ သူဟာ လက်တွင်းရှိ ဓားမော့အလင်းအား တစ်ဖက်လူ၏တိုက်ခိုက်မှုအားချိုးဖြတ်ရန် အဓိကအသုံးပြုထားသည်ပင်။ သူ၏ခွန်အားတစ်ဝက်ကိုမူ တစ်ဖက်၏တိုက်ခိုက်မှုအား ဖျက်ဆီးပြီးနောက် ပေါက်ကွဲမှုအား ကာကွယ်ရန် အသုံးပြုထား၏။

စုန့်ရှင်းနျန်၏ ထိုခြိမ်းခြောက်မှုအား အာရုံခံမိပြီးနောက်တွင် အမတနတ်ဘုရားဧကရာဇ်တစ်ဆယ့်နှစ်ဦးမှာ စုန့်ရှင်းနျန်အား လုံးဝသတ်ရန် ဆုံးဖြတ်လိုက်ကြကာ အသက်ရှင်နိုင်မည့်အခွင့်ကိုပင် ပေးရန် မစီစဉ်ထားကြတော့ပါချေ။

နှစ်ဘက်စလုံးမှာ ၎င်းတို့၏စွမ်းအားများအား အဆုံးအစွန်ထိ ဖြန့်ကျက်ထားလိုက်ကြသည်ပင်။

သို့သော် တိုက်ပွဲမှာ အထွဋ်အထိပ်ထိရောက်လာသည်နှင့် အမှတ်တမဲ့တစ်ခုဖြစ်သွားခဲ့သည်။

ဓားအလင်းတန်းတစ်ထောင်ကျော်မှာ ထိုအလင်းလုံးအပြင်ဘက်မှ ပျံထွက်လာကြသည်။

ထိုဓားအလင်းတစ်သောင်း၏စွမ်းအားမှာ ထိုအခိုက်၌ ထုတ်ဖော်လိုက်သည့် စုန့်ရှင်းနျန်၏ ဓားမော့အလင်းထက် လုံးဝနိမ့်ကျမနေပါချေ!

၎င်းမှာ အမတနတ်ဘုရားဧကရာဇ်တစ်ဦးအား နေရာ၌ပင်သတ်ဖြတ်ရန် မလုံလောက်ပါသော်ငြား ထိုသည်အား အလွယ်တကူ ခုခံနိုင်ရန် မည်သူမှ ယုံကြည်ချက်ရှိမနေပါချေ။

ထို့ကြောင့် လူတိုင်းမှာ ထိုအခွင့်ကောင်းအား လက်လွှတ်ရန်မှလွဲရွေးချယ်စရာမရှိတော့ဘဲ ပြန်ဆုတ်ကာ ထိုဓားအလင်းများအား ခုခံကာကွယ်လိုက်ကြတော့၏။

ဘုန်း! ဘုန်း! ဘုန်း!

ထိုဓားအလင်းများမှာ အားလုံး၏တိုက်ခိုက်မှုအား ထိခတ်သွားကာ မူလက ကြီးမားကာ တောက်လဲ့နေသောရွှေရောင်အလင်းလုံးရှိခဲ့သည့် ‌တစ်ဝိုက်တွင် နောက်ထပ် အလင်းလုံးလေးများဖြစ်ပေါ်လာကြသည်။ အလုံးတိုင်းမှာ အချင်းတစ်ရာမီတာထက်ကျော်သည်။

မြေပြင်ထက်ရှိ ပုန်းအောင်းနေကြသော မြူခိုးဂိုဏ်းမှ လူများမှာ ထိုတိုက်ပွဲအား စောင့်ကြည့်နေကြ၏။ ၎င်းတို့၏နှလုံးများမှာ ကဆုန်ပေါက်နေလျက် အင်မတန်ကြောက်ရွံ့နေကြသည်။

ဒါက လုရှောင်ယန်တပည့်ရဲ့ စွမ်းအားလား?

တစ်ဦးတည်းသာဆိုလျှင်လည်း ၎င်းတို့မှာ နားလည်နိုင်ပါသေးသည်။

သို့သော် သုံးဦးစလုံးမှာ လုံးဝစွမ်းအားကြီးမားလှသည်ပင်။ ဒါကအတော်လေး မယုံကြည်နိုင်ဖွယ်ရာ့င်။

လူတိုင်းမှာ ထိုမြင်ကွင်းအားမြင်ချိန်တွင် မျက်လုံးများက မနာလိုမှုဖြင့် နီရဲလာကြ၏!

ထိုသည်မှာ လုရှောင်ယန်၏ တပည့်သာဖြစ်သည်။ လုရှောင်ယန်သာဆိုလျှင် မည်မျှစွမ်းအားကြီးမည်နည်း?

၎င်းတို့အားလုံးမှာ လုရှောင်ယန်သည် (အသက်)သုံးဆယ်နားတစ်ဝိုက်တွင် အများဆုံးရှိသည်ဟု သိထားကြသည်ပင်!

နတ်ဘုရားလောက၏အသက်များမှာ သေမျိုးလောက၏အသက်နှင့် တူညီမနေပါချေ။ နတ်ဘုရားလောကတွင် သာမန်လူများနှင့် နှိုင်းစာပါက လုရှောင်ယန်မှာ ဆဲလ်လေးတစ်ခုဟု ပြောလျှင် ချဲ့ကားရာကျပေလိမ့်မည်။

သို့သော် ထိုသို့သော ကောင်စုတ်လေးတစ်ကောင်မှာ ကြီးမြတ်သောနတ်ဘုရားနှစ်ဦးနှင့် အမတနတ်ဘုရားဧကရာဇ်ဆယ့်သုံးဦးအားတိုက်ခိုက်နိုင်မည့် တပည့်သုံးဦးအား ပျိုးထောင်ခဲ့ချေသည်!

အားလုံးမှာ လုရှောင်ယန်မည်မျှအင်အားကြီးသည်ကို စိတ်ပင်မကူးဝံ့ပါချေ။ သူဟာ ၎င်းတို့အတွက် နတ်ဘုရားနှင့် ဆင်တူကာ သေမျိုးလောကရှိလူများ၏ နတ်ဘုရားသဖွယ်ဖြစ်တည်မှုများပင်။ ထိုအခိုက်၌ လုရှောင်ယန်မျာ ၎င်းတို့နှလုံးသားတွင် အမတတစ်ဦးဟုခေါ်ဆိုရန်ပင် စွမ်းအားကြီးမားလှသည်!

လုရှောင်ယန်မှာ ၎င်းတို့နှလုံးသားတွင် နောက်တစ်ဆင့်ပင် မြင့်နေပြီဖြစ်၏။

မြူခိုးဂိုဏ်း,ဂိုဏ်းချုပ်မှာ သခင်ကြီးလုရှေ့မှောက်သို့ တိတ်တဆိတ်ပင် ရောက်ရှိလို့လာလေသည်။

"သခင်ကြီးလု၊ ဝမ်အာနဲ့ရှောင်ယန်တို့ကြားက စေ့စပ်ပွဲက အကျုံးဝင်သေးလား? ရှောင်ယန်သာ ဆန္ဒရှိမယ်ဆိုရင် ကျုပ်တို့မြူခိုးဂိုဏ်းက သူ့ရဲ့တပည့်ဖြစ်ဖို့ ဆန္ဒရှိပါတယ်။"

သခင်ကြီးလု၏မျက်နှာမှာ မနေနိုင်ဘဲ ရှုံ့တွန့်သွားတော့သည်။

ဟာသပဲ!

သူဟာ ကိုယ့်ကိုယ်ကိုယ်ပင် လုရှောင်ယန်၏တပည့်အဖြစ်လက်ခံခွင့်ရရန် ကြိုးစားဦးမည်ဖြစ်၏။ ရှောင်ယန်မှာ ထိုသည်ကိုပင် သဘောတူမည်လားအား မသိသေးပါချေ!

တစ်ဖက်တွင် ထိုသူမှာ သူ၏ဂိုဏ်းရှိ လူတိုင်းအား လက်ဆက်ပွဲလေးတစ်ခုကြောင့်နှင့် လုရှောင်ယန်၏တပည့်များဖြစ်လာစေချင်နေသည်!

အပေးအယူတစ်ခုပါပဲ!

တောင်းဆုတွေပြည့်လျှံနေတဲ့အတွေးပဲ!

"ဂိုဏ်းချုပ်၊ ကျုပ်တို့စကားကို ကျုပ်တို့ဘယ်ရုတ်သိမ်းမှာတဲ့လဲ? ကျုပ်တို့ရှောင်ယန်ကလည်း လက်မဆက်ချင်သေးပါဘူး။ ဒါကထားလိုက်ကြရအောင်။ ထပ်မပြောပါနဲ့တော့"

မြူခိုးဂိုဏ်း,ဂိုဏ်းချုပ်၏မျက်နှာမှာ မည်းမှောင်နေ၏။

"သခင်ကြီးလု၊ ဆွေးနွေးဖို့ အကန့်နည်းနည်းချန်ထားပါ။ ခင်ဗျားရဲ့ အခြေအနေကိုခင်ဗျားပြောနိုင်ပါ‌တယ်။ ခင်ဗျားက အခြေအနေကို မပြောနိုင်တာမဟုတ်ဘူးတော့ မဟုတ်လား?"

"ဒါက အခြေအနေနဲ့မဆိုင်ပါဘူး။ ပြဿနာက ကျုပ်မြေးလေးက စိတ်အားပြည့်ကျင့်ကြံချင်နေပြီး လုံးဝလက်မထပ်ချင်တာကြောင့်ပါ။"

"ဒါဆို ကျုပ်တို့လက်မထပ်ကြလည်း အဆင်ပြေပါတယ်။ ခင်ဗျားတို့ လုမျိုးနွယ်စုထဲ ကျုပ်တို့ကို ဝင်ခွင့်ပေးပြီး ရှောင်ယန့်ရဲ့ တပည့်ဖြစ်လာခွင့်ပေးပါ။ ကျုပ်တို့ မြူခိုးဂိုဏ်းထပ်မလို‌ချင်တော့ပါဘူး။ ရှောင်ယန့်နောက်ပဲ လိုက်လို့ရနိုင်မလား?"

သခင်ကြီးလုမှာ ချက်ချင်းပင် ပြောစရာမဲ့သွား၏။

ထိုလူမှာ အနည်းငယ်ရူးသွပ်နေသည်။ ရှောင်ယန်အား ဆရာဖြစ်စေချင်သဖြင့် ထိုသို့သော အရာကိုပင်ပြောသည်!

သူဟာ မြူခိုးတစ်ဂိုဏ်းလုံးအား ဂရုမစိုက်ပါချေ။

သို့သော် ၎င်းမှာ သူ၏မြေးဖြစ်ကာ စွမ်းအားကြီး၍ ခန့်ညားသောကြောင့် အင်မတန်ပျော်ရွှင်နေပုံပင်။

"ဒါဆို... ကျုပ်သူ့ကို‌ခင်ဗျားအတွက်မေးပေးပါမယ်။ ကျုပ်ပဲအရင်ဆုံးပြောလိုက်ပါ့မယ်။ ခင်ဗျားကျုပ်တို့ရှောင်ယန်က အရမ်းစွမ်းအားကြီးတာကိုသိပါတယ်။ တစ်ဖက်လူရဲ့အရည်အချင်းကသာမန်ဖြစ်နေရင်တော့ သူနှစ်သက်မှာမဟုတ်လောက်ဘူး။"

"ဒါကြောင့်၊ သူလက်ခံမယ်လို့တော့ အာမ,မခံနိုင်သေးပါဘူး။"

"မပူပါနဲ့၊ မပူပါနဲ့။ ကျုပ်ဘယ်လိုမျှော်လင့်ရမလဲသိပါတယ်။"

တစ်ဦးမှ အနီး၌ မရှိသည်ကိုမြင်သော် မြူခိုးဂိုဏ်း,ဂိုဏ်းချုပ်မှာ သခင်ကြီးလုထံ သိုလှောင်လက်စွပ်တစ်ကွင်းအား ဆင်မြန်းပေးလိုက်သည်။

"ဆရာကြီး၊ ဒီထဲမှာ ထိပ်တန်းအဆင့်နတ်သလင်းကျောက် ၂၀၀ပေးရဦးမယ်။ ပြီးတော့ ဒါတွေက ကျုပ် နှစ်များစွာ စုဆောင်းလာခဲ့တဲ့ ရင်းမြစ်တွေပဲ။ မြူခိုးဂိုဏ်းတစ်ခုလုံးကို တပည့်အနေနဲ့ လက်ခံဖို့ မဖြစ်နိုင်ဘူးဆိုတာ ကျုပ်လည်းသိပါတယ်။ ဒါပေမယ့်၊ ကျုပ်အနေနဲ့ ရှောင်ယန့်ကို၊ အိုး မဟုတ်ဘူး၊ သခင်လေးလုကို ဆရာအဖြစ် မှတ်ယူလို့ ဖြစ်နိုင်ပါတယ်?"

"ခင်ဗျားက သခင်လေးလုရဲ့ သွေးအရတော်စပ်တဲ့ အဘိုးပဲလေ။ ခင်ဗျား ကျုပ်ဖြစ်နိုင်တာ သေချာအောင်လို့ လုပ်နိုင်တယ်မဟုတ်လား?!"

သခင်ကြီးလု၏ မျက်ခွံများမှာ တွန့်သွားသည်။

"ဂိုဏ်းချုပ်လီ၊ ခင်ဗျားကျုပ်ကို အမှားလုပ်မိအောင် သွေးဆောင်နေတာလား? ရှောင်ယန်က ကျုပ်ရဲ့သွေးနီးစပ်မြေးလေးဖြစ်နေရင်တောင်မှာ ကျုပ် ဒါကို လုပ်နိုင်မှာမဟုတ်ဘူးလေ"

"သူ့ရဲ့ သွေးနီးစပ်အဘိုးအနေနဲ့ အပြင်လူတွေသူ့ကို ရှုပ်တာ မခံနိုင်ဘူး! ကျုပ်က ဒီလိုလူမဆန်တာကို ဘယ်လိုလုပ်နိုင်ပါ့မလဲ?"

"ဒီကိစ္စပြီးသွားရင် ကျုပ် ထိပ်တန်းအဆင့် နတ်သလင်းကျောက် ၅၀၀နဲ့ကမ်းလှမ်းဖို့ရှိပါသေးတယ်။"

သခင်ကြီးလု၏ ပါးစပ်မှာ မဲ့ရွဲ့သွားပြီး အတန်ငယ်ချောင်းဆိုးမိသွား၏။

"ဒါမဖြစ်နိုင်ဘူး။ ပြောရင်၊ ခင်ဗျား၊ ကျုပ်ရဲ့သားနဲ့ ရှောင်ယန့်ရဲ့အဖေက နှစ်ပေါင်းများစွာ မိတ်ရင်းဆွေရင်းတွေဖြစ်ခဲ့ကြတာ။ ရှောင်ယန်က ကျုပ်ကိုမျက်နှာသာမပေးရင်တောင် သူ့ရဲ့တမလွန်က အဖေကိုတော့ မျက်နှာသာပေးရဦးမယ် မဟုတ်လား?"

"ကျေးဇူးပါ၊ သခင်ကြီးလု"

"ပြဿနာမရှိပါဘူး။ ကျုပ်နဲ့ ထားခဲ့လိုက်"

၎င်းတို့နှစ်ဦးမှာ အချင်းချင်းကြည့်ကာ ပြုံးလိုက်ကြပြီးနောက်တွင် ကောင်းကင်ယံရှိတိုက်ပွဲကို ဆက်ကြည့်နေလိုက်ကြသည်။

အမှန်တွင် မြူခိုးဂိုဏ်း,ဂိုဏ်းချုပ်၏ အပြုအမူများမှာ ချဲ့ကားလွန်းနေခြင်းမဟုတ်ပါပေ။

သူဟာ မြူခိုးဂိုဏ်း,ဂိုဏ်းချုပ်ဖြစ်ပါသော်လည်း မြူခိုးဂိုဏ်း၏ အဆင့်အစစ်မှာလည်း ကန့်သတ်ထားသည်။

သူဟာ ဘဝ၌ သေသည်အထိ ကျင့်ကြံပါလျှင်တောင် ထပ်မံ၍ တိုးတက်လာရန် မဖြစ်နိုင်ပါချေ။

သူ၏ကျင့်ကြံဆင့်မှာ အများဆုံးမှ ကြီးမြတ်သောနတ်ဘုရားအဆင့်သို့သာ ရောက်ရှိနိုင်ပေလိမ့်မည်။ ထို့အပြင် ၎င်းမှာ လုံလောက်သောအခွင့်အလမ်းများနှင့် တိုက်ဆိုင်မှုများရှိနေမှသာလျှင် ဖြစ်နိုင်ချေရှိ၏!

မဟုတ်ပါက၊ အမတနတ်ဘုရားဧကရာဇ်အဆင့်မှာ သူ၏နောက်ဆုံးကန့်သတ်ချက်ပါပင်!

အမှန်ကိုပင် သူဟာ ၎င်းထက် ကျော်လွန်ချင်ပေသည်။

ကျင့်ကြံသူ‌တစ်ဦးအနေဖြင့် မည်သူကများ အမတဖြစ်လာရန် အိပ်မက်မမက်ဖူးမည်နည်း?

သူသာ အမတတစ်ပါးဖြစ်မလာနိုင်ဘာလျှင် ကျင့်ကြံခြင်း၌ မည်သည့်အဓိပ္ပာယ်ရှိချေမည်နည်း?

ယခင်က သူဟာထိုအကြောင်းအား မတွေးဝံ့ခဲ့ချေ၊ အကြောင်းမှာ ရှေးယခင်ကတည်းက မြူခိုးဂိုဏ်း၏ တည်ထောင်သူသာလျှင် နတ်ဘုရားဧကရာဇ်အဆင့်သို့ ကျင့်ကြံနိုင်ခဲ့သည်။ သို့သော် ထိုတည်ထောင်သူမှာ အမတမဖြစ်ခဲ့ပါချေ။

ယခုတွင် လုရှောင်ယန်၏တပည့်အား မြင်ပြီးနောက် သူဟာ မျှော်လင့်ချက်အားရှာတွေ့သွားခဲ့၏!

ထို့ကြောင့် မည်သို့ဖြစ်စေကာမူ သူဟာ လုရှောင်ယန်၏တပည့်ဖြစ်ရန် နည်းလမ်းအား စဉ်းစားရချေတော့မည်!

ကောင်းကင်ရှိ တိုက်ပွဲအား ကြည့်ကာ ထို မြူခိုးဂိုဏ်း,ဂိုဏ်းချုပ်၏မျက်လုံးများမှာ ပြင်းပြသော စိတ်ဆန္ဒအား ထုတ်ဖော်ပြသနေ၏။

ကောင်းကင်တွင် လီချန်းရှန်မှာ စုန့်ရှင်းနျန်ထက်ရှိ အမတနတ်ဘုရားဧကရာဇ် တစ်ဆယ့်နှစ်ဦး၏ ဖိနှိပ်တိုက်ခိုက်မှုအား ပယ်ဖျက်ရန် ထိုက်ယိဓားတာအိုကို အသုံးပြုလိုက်သည်။ နောက်တစ်ခဏတွင် သူဟာ ထိတ်လန့်ဖွယ်အစိမ်းရင့်ရင့်ဓားအလင်းအား ထုတ်ဖော်လိုက်တော့၏။

ထိုသည်မှာ အမတကျင့်စဉ် အဇူရာကြာပွင့်ဓားအနုပညာ၏ စွမ်းအားပင်!

ထိုဓားသက်ဆင်းမှုနှင့် ဓားအလင်းမှာ ထိတ်လန့်‌ဖွယ်ကောင်းအောင်ပင် မြန်လွန်း၏။ ၎င်းမှာ ကောင်းကင်ယံရှိ တိမ်ထုများကိုပင် ဆုတ်ဖြဲသွားကာ အမတနတ်ဘုရားဧကရာဇ်အဆင့်တစ်ဦးထံသို့ကျဆင်းသွား၏။

နေရာတွင်ပင် ထိုအမတနတ်ဘုရားဧကရာဇ်ပညာရှင်နှင့် သူ့အနောက်ရှိ နတ်ဝိဉာဉ်မှာ အညှာတာမဲ့စွာဖြင့် အက်ကွဲသွားလျက် မြူမှုန်များအဖြစ်ပြောင်းလဲသွားသည်။

ထိုသူသေဆုံးခိုက်တွင် အော်ဟစ်ဖို့ရန်ပင် အခွင့်မရှိလိုက်ပါချေ။

"မဖြစ်ဘူး!"

သူ၏အဖော်မှာ ဒေါသသံဖြင့် အော်ဟစ်လိုက်‌၏။

"ခွေးကောင်! ငါမင်းကိုသတ်မယ်!"

မျှော်လင့်မထားစွာဖြင့် စကားဆုံးသည်နှင့် သူ၏နားထဲ၌ အေးစက်စက်အသံက ပေါ်ထွက်လာတော့သည်။

"မင်းကသူ့ကိုသတ်ဖို့ အရည်အချင်းမမှီသေးဘူး!"

"အကြီးအကဲဝမ်၊ ခင်ဗျားနောက်မှာ!"

သူ၏အပေါင်းဖော်မှာ အချိန်မီ သတိပေးလိုက်သော်လည်း ခုခံရန် နောက်ကျသွားခဲ့ချေပြီ။

ထို့နောက်တွင် ၎င်းမှာ လျှပ်စီးလက်သည်အထိပင် ပိုမိုမြန်‌ဆန်သော ဓားမော့အလင်းအား မျက်ဝန်းအကြားတွင် မြင်လိုက်ရတော့သည်။

နာကျင်မှု မပျံ့နှံ့သွားခင်တွင် သူ၏အသိစိတ်တစ်ခုလုံးမှာ အမှောင်ထုတွင်းသို့ သက်ဆင်းသွားတော့၏။

တစ်ခဏအကြာ၌ စုန့်ရှင်းနျန်မှာ အမတနတ်ဘုရားဧကရာဇ်အဆင့်နှစ်ဦးအား တစ်ဆက်တည်းသတ်လိုက်သည်။ လီချန်းရှန်နှင့် စုန့်ရှင်းနျန်တို့၏ သရုပ်က အားလုံးကို ထိတ်လန့်သွားစေသည်။

မြူခိုးဂိုဏ်းသာမက လုမျိုးနွယ်စုနှင့် တိုက်လေမီးပွားဂိုဏ်းမှ လူများပင်ပါသေးသည်!

စုန့်ရှင်းနျန်မှာ ရှေ့သို့လက်စားချေရန် ပြေးဝင်လာသော အမတနတ်ဘုရားဧကရာဇ်နှစ်ဦးအား ပြန်တွန်းလိုင်သည်။ သူဟာ ကြီးမြတ်သောအာကာပြင်ဖြိုခွင်းခြေလှမ်းကိုသုံးလျက် အမတနတ်ဘုရားဧကရာဇ်နောက်တစ်ဦး၏ နောက်ဘက်သို့ရောက်ရှိသွားကာ တစ်ဆက်တည်း သုံးချက်ခုတ်ပိုင်းလိုက်သည်။

အားကောင်းသော‌ရွှေရောင်ဓားမော့အလင်းမှာ နီးစပ်ရာမှတိုးထွက်လာကာ တစ်ဖက်လူအား လွတ်မြောက်ရန်အခွင့်အရေး‌ပင်မပေးပါချေ။ ‌၎င်းမှာ ထိုလူအား အရှင်လတ်လတ် ‌ဆုတ်ဖြဲလိုက်သည်!

ထိုနတ်ဝိဉာဉ်မှာလည်း စုန့်ရှင်းနျန်၏ဓားမော့အလင်းကြောင့် ရက်ရက်စက်စက် အဖြတ်ခံလိုက်ရသည်ပင်။ ၎င်းမှာ အမတနတ်ဘုရားဧကရာဇ်တစ်ပါး၏ နတ်ဝိဉာဉ်နှင့်ပင် တူညီမနေဘဲ လေတစ်ချက်ဒဏ်ကိုပင် မခံနိုင်သည့် အင်မတန်အားနည်းလှသော စက္ကူပေါ်မှ ဆေးစက်လေးတစ်စက်လိုပါပင်!

တစ်ဖက်တွင်မူ လီချန်းရှန်မှာ နောက်ထပ် အမတနတ်ဘုရားဧကရာဇ်တစ်ပါးအား သတ်လိုက်၏။

"ဆရာတူအစ်ကိုလေး၊ အစ်ကို့ရဲ့ဓားကျင့်စဉ်က မြန်နေတုန်းပဲ။"

လီချန်းရှန်မှာ ပြုံးလိုက်သည်။

"မဟုတ်ပါဘူး၊ မင်းရဲ့ဓားမော့ကျင့်စဉ်ကမှ ပိုကောင်းတာပါ!"

"ဟီးဟီး... ကျွန်တော်တို့နှစ်ယောက်စလုံး ထိပ်ဆုံးရောက်သွားရင် ဘာလို့မယှဉ်တွဲကြရမှာလဲ?"

"ကောင်းပြီလေ၊ မင်းဆန္ဒရှိရင် ငါလည်းလိုက်ကစားမှာပေါ့။"

၎င်းတို့၏စကားလုံးများတွင် သိပ်သည်းသော တိုက်ပွဲအငွေ့အသက်ဖြင့်ပြည့်နေ၏။

၎င်းမှာ ရန်ငြိုးဖွဲ့ခြင်းမဟုတ်ပါဘဲ ယှဉ်တွဲတိုက်ခိုက်ခြင်းပင်!

တစ်ယောက်မှာ ဓားမော့၌ ကျွမ်းကျင်ကာ တစ်ယောက်မှာ ဓား၌ လိမ္မာသည်၊ ၎င်းတို့၏ဆန္ဒမှာ သွေးများနှင့် အရိုးများမှ ဖြစ်တည်လာသည့် တူယှဉ်တွဲမှုပါပင်!

အမတနတ်ဘုရားဧကရာဇ်အဖွဲ့မှာမူ ၎င်းတို့မျက်လုံးထဲ၌ အမှိုက်အုပ်စုနှင့်ပင် တူညီသေး၏။

နှစ်ဦးသားမှာ ၎င်းတို့အား လုံးဝဂရုမစိုက်ပါချေ။ ၎င်းတို့မှာ သားရဲအုပ်စုအား ချောင်းမြောင်းနေသော မုဆိုးနှစ်ယောက်လိုပင်။

မဟုတ်သေးဘူး!

အတိအကျဆိုရလျှင် ၎င်းတို့မှာ ကြွက်အုပ်စုအား ချောင်းမြောင်းနေခြင်းပင်။

အားနည်းတဲ့ကြွက်ကလေးတွေ!

၎င်းတို့နှစ်ဦး၏ တိုက်ခိုက်မှုအောက်တွင် တိုက်လေမီးပွားဂိုဏ်းရှိ အမတနတ်ဘုရားဧကရာဇ်ပညာရှင်များမှာ လျော့နည်းသွားသည်။ မျက်တောင်တစ်ခတ်စာအတွင်းတွင် ထိုဒါဇင်ချီ အုပ်စုမှာ အသတ်ခံလိုက်ရ၏။ ယခုတွင် ငါးယောက်သာကျန်ရှိတော့သည်။

ထိုအခိုက်၌ အမတနတ်ဘုရားဧကရာဇ်တစ်ဦးမှာ ထိုဖိအားကြီးကြီးအား ခံနိုင်စွမ်းမရှိတော့ပါချေ။ သူဟာ စူးစူးရှရှအော်မြည်တမ်းလျက် လှည့်ကာပြေးတော့၏။

"အရူးတွေ! သူတို့အားလုံးက အရူးအုပ်စုပဲ!"

ကံမကောင်းစွာဖြင့် သူဟာ ကီလိုမီတာငါးဆယ်အထိသာထွက်ပြေးပြီးချိန်တွင် လီချန်းရှန်၏ထိတ်လန့်ဖွယ်ဓားအလင်းမှာ သူ၏ကိုယ်နှင့် ဝိဉာဉ်အား ထိုးဖောက်သွားကာ စိတ်ပျက်အားငယ်သွားစေတော့သည်။

"မင်းထွက်ပြေးဖို့ ငါ့ဆီက ခွင့်တောင်းခဲ့လို့လား?"

အမည်မဲ့ဂိုဏ်း၏ ဦးစားပေးနံပါတ်တစ်မှာ ရက်စက်ဖို့ရန်ပင်။ တိုက်ပွဲစတင်လိုက်သည်နှင့် ရန်သူတစ်ယောက်ကိုပင် မလွတ်စေဘဲ အားလုံးကိုသတ်ရမည်ဖြစ်၏။

ထို့ကြောင့် လီချန်းရှန်ပင်မက စုန့်ရှင်းနျန်ပင်ဖြစ်နေပါစေ၊ ၎င်းတို့မှာ တိုက်ပွဲစတင်သည်နှင့် လူတိုင်းအား ပစ်မှတ်ထားလိုက်သည်။

အမတနတ်ဘုရားဧကရာဇ်တစ်ဦးထွက်ပြေးချင်သည်နှင့် ၎င်းတို့မှာ ချက်ချင်းမတုံ့ပြန်ဘဲ မည်သူမှ မလွတ်မြောက်ရန် သေချာစေဖို့အလို့ငှာ ၎င်းတို့အား သတ်ပစ်လိုက်သည်ပင်။

သူ၏ဆရာက အချို့ကိစ္စများမှာ ပုခက်ထဲကတည်းကပင် သတ်ရန်လိုအပ်သည်ဟုပင်။

ကျန်ရှိနေသေးသော အမတနတ်ဘုရားဧကရာဇ်လေးဦးမှာ အတော်လေး စိတ်ဓာတ်ကျနေပြီပင်။ ၎င်းတို့မှာ လွတ်ပင်မ‌လွတ်မြောက်နိုင်ပါချေ။ မည်သည့်မျှော်လင့်ချက်များရှိရမည်နည်း?

ကောင်းကင်သို့ထပ်မံကြည့်လိုက်ရာ ၎င်းတို့၏ အားငယ်မှုမှာ နှစ်ဆဖြစ်သွား၏!

ကြီးမြတ်သောနတ်ဘုရားအဆင့်နှစ်ဦးအနက် တစ်ဦးမှာ ဒဏ်ရာများနှင့် ဖုံးလွှမ်းနေလျက် ၎င်းနောက်ရှိ နတ်ဝိဉာဉ်မှာ ပြိုလဲလုနီးနီးပင်။

ကျန်သည့်တစ်ဦးမှာလည်း အရိုက်ခံနေရခြင်းမှ မောပန်းနေကာ သူ၏‌ကိုယ်၌ ရွှေရောင်သွေးများဖြင့် ခြယ်သခံထားရသည်။

ကြီးမြတ်သောနတ်ဘုရားအဆင့်တစ်ဦးသည်ပင် အနိုင်ယူခံနေရသည်။ ၎င်းတို့မှာ မည်သို့တတ်နိုင်ပါမည်နည်း?

"ငါမင်းကို သေတဲ့အထိ တိုက်ခိုက်မယ်!"

အပြင်းအထန်ဒဏ်ရာရ‌ထားသော ကြီးမြတ်သောနတ်ဘုရားအဆင့်ပညာရှင်မှာ ဟစ်ကြွေးလျက် ကမ္ဘာငယ်အား ‌ထုတ်ဖော်လိုက်တော့သည်!

ထိုကမ္ဘာငယ်၌ ကျေးငှက်များ ပန်းမန်များနှင့် ပြည့်လျှမ်းနေသည်။ ရှင်သန်မှုများစွာ တိုးထွက်လာ၏။

ထိုကမ္ဘာငယ်မှာ အင်မတန်စွမ်းအားကြီးလွန်းလှသည်!

အနည်းဆုံးတော့ နတ်ဘုရားလောကရှိ လူမြောက်များစွာမှာ ထိုကမ္ဘာငယ်အား ကြည့်နိုင်မည်မဟုတ်ပါချေ။

သို့သော် ထိုကမ္ဘာငယ်ပေါ်လာခိုက်တွင် ကျွင့်ပုကျန်းမှာ ချက်ချင်းပင် ကမ္ဘာငယ်အား ဆင့်ခေါ်လိုက်တော့၏!

သူ၏ကမ္ဘာငယ်မှာ မဖျက်ဆီးနိုင်သောနဂါးကျွန်းဆွယ်ပင်!

၎င်းတွင် တောင်တန်း၊ ပင်လယ်များပါရှိကာ မရေတွက်နိုင်သောနဂါးများက လှည့်ပတ်နေကြ၏။

၎င်းမှာ ကြီးမြတ်သောနတ်ဘုရားအဆင့်၏ ကမ္ဘာငယ်လောက် မကြီးမားသော်လည်း ၎င်း၏စွမ်းပကားမှာ အဆများစွာကြီးမားချေ၏။

၎င်းမှာ တိုက်ရိုက်ပင် ထိခတ်မိသွားလေသည်။

ဘုန်း!

အပြင်းစားပေါက်ကွဲမှုနှင့်အတူ အက်ကွဲသံတစ်ခုပေါ်ထွက်လာ၏။

ထိုကြီးမြတ်သောနတ်ဘုရားအဆင့်ပညာရှင်မှာ ချက်ချင်းပင် သွေးတစ်ပွက်အန်ကာ အင်မတန် အားငယ်သွား၏။

"မဖြစ်ဘူး! မဖြစ်ဘူး!"

သူ၏ကမ္ဘာငယ်မှာ အညှာအတာမဲ့စွာပဲ အက်ကွဲလျက် ပေါက်ကွဲသွားကာ ဗလာနယ်အဖြစ် ‌လုံးဝပြောင်းလဲသွားတော့သည်။

ထိုကမ္ဘာငယ်၏ပျက်စီးမှုမှာ နတ်ဝိဉာဉ်၏ ပျက်စီးမှုနှင့်ခြားနားသည်။ နတ်ဝိဉာဉ်တစ်ခု ပျက်စီးမှုမှာ ထိုလူ၏ကျင့်ကြံဆင့်ကိုသာ ထိခိုက်စေသည်။

သို့သော် ကမ္ဘာငယ်ပျက်စီးမှုမှာမူ တစ်ဖက်လူအား ထာဝရဖျက်ဆီးလိုက်ပေလိမ့်မည်!

သူ၏ဝိဉာဉ်မှာ လုံးဝပျောက်ကွယ်သွားလျက် ပြန်လည်ဝင်စားနိုင်ဖို့ပင် အခွင့်မရှိတော့ပါချေ။

ထို့ကြောင့် ရွေးချယ်မှုမရှိခြင်းမဟုတ်ပါလျှင် မည်သူကမှ ၎င်းတို့၏ကမ္ဘာငယ်များအား ထုတ်သုံးလိုခြင်းမရှိကြချေ။

ထိုကြီးမြတ်သောနတ်ဘုရားအဆင့်ပညာရှင်၏ကမ္ဘာငယ်မှာ ပေါက်ကွဲသွား၏။ ထိုအပြင်းစားပေါက်ကွဲမှု မထွက်လာခင်က ကျွင့်ပုကျန်းမှာ သူ၏နဂါးအမြီးအား ယမ်းလျက် တိုက်လေမီးပွားဂိုဏ်းချုပ်အား ထိုကမ္ဘာငယ်ထဲသို့ ရိုက်သွင်းခဲ့သည်ပင်။

"မဖြစ်ဘူး!"

ထို့နောက်တွင် တိုက်လေမီးပွားဂိုဏ်းချုပ်မှာလည်း ပေါက်ကွဲမှုထဲပါသွားတော့သည်။

ကောင်းကင်တွင် ဟင်းလင်းပြင်စွမ်းအားမှာ အညှာအတာမဲ့စွာ မွှေနှောက်နေ၏။

ဤတစ်ခေါက်တွင် ကျွင့်ပုကျန်းမှာခဲတစ်လုံးဖြင့် ငှက်နှစ်ကောင်အား သတ်လိုက်သည်ဟု ပြောလို့ရသည်!

တိုက်လေမီးပွားဂိုဏ်းမဟာအကြီးအကဲ၏ ကမ္ဘာငယ်အကူအညီဖြင့် သူဟာ ကြီးမြတ်သောနတ်ဘုရားအဆင့်နှစ်ဦးအား တစ်ကြိမ်တည်း ဖျက်ဆီးလိုက်နိုင်၏။

ထိုအခိုက်တွင် မ‌နီးမဝေးမိုးကုပ်စက်ဝိုင်းမှ ပိုလို့ပင် အားကောင်းသောအရှိန်အဝါများ ထွက်ပေါ်လို့လာလေသည်။

လူတိုင်း၏ အမူအရာမှာ ချက်ချင်းပင် ဆိုးဆိုးရွားရွားပြောင်းသွားကြကာ တိုက်လေမီးပွားဂိုဏ်းမှ အမတနတ်ဘုရားဧကရာဇ်လေးဦးသည်ပင် ပျော်ရွှင်သွားကြ၏။

"ဒါ ကောင်းကင်ဓားသွားစင်မြင့်ရဲ့ ပညာရှင်တွေပဲ! ဟားဟားဟား.... ကောင်းကင်ဓားသွားစင်မြင့်က ငါတို့ကိုကယ်ဖို့လာတာပဲ။ အခု ငါတို့သေဖို့မလိုတော့ဘူး!"

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၂၈။ အပိုင်း ၄၀၈ ပြေး၊ သူတို့အားလုံးက မြင့်မြတ်သောသားတော်တွေပဲ။

"ငါတို့ သေမှာကိုစိုးရိမ်ဖို့မလိုတော့ဘူး။ အခုက သူတို့စိုးရိမ်ရမယ့်အလှည့်ပဲ"

တိုက်လေမီးပွားဂိုဏ်း၏ အမတနတ်ဘုရားဧကရာဇ်အဆင့်များမှာ မျှော်လင့်ချက်အား မြင်နေရသယောင်ပင် အင်မတန်စိတ်လှုပ်ရှားနေကြ၏။

မြူခိုးဂိုဏ်းမှ လူများ၏အမူအရာများမှာ ချက်ချင်းပြောင်းလဲသွားကာ အင်မတန်လေးနက်လို့လာ၏။

"ပြီးသွားပြီ။ ထိုက်ယိဓားတာအိုရဲ့ ပညာရှင်တွေက မရောက်သေးဘူး။ ကျုပ်တို့ထပ်ပြီး ထိန်းမထားနိုင်တော့မှာကို စိတ်ပူမိတယ်။"

"ဘာလုပ်သင့်လဲ? ကောင်းကင်ဓားသွားစင်မြင့်က ကြီးမြတ်သောနတ်ဘုရားအဆင့်ရဲ့ အတိုက်အခိုက်စွမ်းအားက တိုက်လေမီးပွားဂိုဏ်းက ပညာရှင်တွေထက် ပိုပြီးသန်မာတယ်!"

"ပြီးတော့၊ ကောင်းကင်ဓားသွားစင်မြင့်မှာ နတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်လည်းရှိတယ်လေ။ အခုတော့ ငါတို့တကယ်သေကြရတော့မယ်။"

"ကျုပ်သေရမှာကိုမကြောက်ပါဘူး။ ကျုပ်ကြောက်မိတာက သေတာထက်ဆိုးတဲ့ ဘဝမှာနေထိုင်ရမှာကိုပဲ!"

သို့သော် ထိုအခိုက်တွင် ပို၍ပင်များပြားလှသော အရှိန်အဝါများမှာ တခြားတစ်ဘက်မှပျံသန်းလာကြပြန်သည်။ ၎င်းတို့၏စွမ်းအားမှာ ကောင်းကင်ဓားသွားစင်မြင့်မှ လူများထက် လုံးဝနိမ့်ကျလိမ့်မည်မဟုတ်ချေ။

မြူခိုးဂိုဏ်း,ဂိုဏ်းချုပ်မှာ ချက်ချင်းပျော်ရွှင်သွားတော့သည်။

"အဲ့ဒါ ထိုက်ယိဓားတာအိုပဲ! ထိုက်ယိဓားတာအိုရဲ့ ပညာရှင်တွေ ဒီကိုရောက်နေပြီ!"

"ဟားဟားဟား... တကယ်ကို ထွက်နိုင်တဲ့လမ်းရှိသေးတာပဲ! အတိတ်တုန်းက ထိုက်ယိဓားတာအိုဆိုတာ ဘယ်တော့မှ မြန်မြန်စစ်ကူမပို့ဘူး။ ဒီတစ်ခေါက်တော့ ထိုက်ယိဓားတာအိုရဲ့ ပညာရှင်တွေ ဒီလောက်မြန်မြန်ရောက်လာလိမ့်မယ်လို့ ထင်မထားခဲ့ဘူး!"

နှစ်ဘက်စလုံးမှာ စိတ်လှုပ်ရှားနေကြ၏။

တိုက်လေမီးပွားဂိုဏ်း၏ အမတနတ်ဘုရားဧကရာဇ်အဆင့်လေးဦးမှာ မနေနိုင်ဘဲ ပုတ်ခတ်လိုက်၏။

"ဟမ့်! မင်းတို့တွေ ကံကောင်းတယ်ပဲမှတ်လိုက်ပါ! မင်းတို့တကယ်ကြီး မင်းတို့ကိုကယ်တင်ဖို့ ထိုက်ယိဓားတာအိုကို အချီန်မီရလိုက်တာပဲ။ ဒါပေမယ့်အရမ်းလည်း ပျော်မနေပါ‌နဲ့ဦး။ ငါတို့တိုက်လေမီးပွားဂိုဏ်းက ဒီနေ့ရဲ့ စော်ကားခံရမှုကို လုံးဝ ပြန်ပေးပြီး အနာဂတ်မှာ နှစ်ဆပြန်ခံရအောင် လုပ်ပေးမယ်။"

စကားဆုံးသည်နှင့် လီချန်းရှန်မှာ နှာမှုတ်လိုက်သည်။

"နှစ်ဆ ပြန်ပေးမယ်? မင်းစိတ်ကူးများယဉ်နေတာလား? မင်းတို့ ဒီနေ့လွတ်နိုင်ဦးမယ်လို့ ထင်နေတာလား?"

တိုက်လေမီးပွားဂိုဏ်း၏ အမတနတ်ဘုရားဧကရာဇ်အဆင့်လေးဦးမှာ လုံးဝမကြောက်ရွံ့ဘဲ အေးစက်စက်ပြုံးလိုက်သည်။

"မင်းတို့ကောင်တွေ ဒီတစ်ခေါက်တော့ တကယ်ကိုကံကောင်းနေတာပဲ။ မင်းတို့ကိုကယ်ဖို့ အချိန်မီလေး ထိုက်ယိဓားတာအို အကြီးအကဲကို အပြေးလာစေနိုင်ခဲ့တယ်ပေါ့။

ဒါပေမယ့်၊ အခုကောင်းကင်ဓားသွားစင်မြင့်ကလည်း ဒီကိုရောက်နှင့်နေပြီ၊ ငါကြောက်မိတယ်... မင်းတို့ ငါတို့ကို ဒီနေရာမှာဆက်ထိန်းထားဖို့ထိ လက်လှမ်းမမီမှာကိုပေါ့!"

၎င်းတို့မှာ စကားဆုံးသည်နှင့် ကောင်းကင်ဓားသွားစင်မြင့်၏ အကြီးအကဲများ‌ထံသို့ ပျံသန်းသွားသည်။

အားလုံးအား အံ့ဩစေသည်က လီချန်းရှန်နှင့် လုရှောင်ယန်မှာ ၎င်းတို့အား တကယ်ပင် မတားဆီးပါချေ။ ၎င်းက လူတိုင်းနှလုံးသားအား ပိုလို့ပင် လေးလံလာစေသည်။

လီချန်းရှန်နှင့် ကျန်နှစ်ဦးမှာ ယခုတွင် ကောင်းကင်ဓားသွားစင်မြင့်အား ကြောက်ရွံ့လာချေသည်လား?

တိုက်လေမီးပွားဂိုဏ်း၏ အမတနတ်ဘုရားဧကရာဇ်လေးဦးမှာ ကောင်းကင်ဓားသွားစင်မြင့်၏ ကြီးမြတ်သောနတ်ဘုရားအဆင့်အကြီးအကဲတချို့၏ ရှေ့မှောက်သို့ အလျင်အမြန်ပင်ရောက်ရှိသွားကာ ချက်ချင်းပင် ဖားယားလျက် ဒူးထောက်လိုက်ကြ၏။

"ကြိုဆိုပါတယ်၊ ကောင်းကင်ဓားသွားစင်မြင့်ရဲ့ စီနီယာတို့။"

ကောင်းကင်ဓားသွားစင်မြင့်၏ ကြီးမြတ်သောနတ်ဘုရားအဆင့်ပညာရှင်များမှာ ၎င်းတို့အား ထူးမခြားနားကြည့်ရှုလိုက်ကြသည်။

အရှေ့တွင် ရပ်နေသော အဘိုးအိုမှာ ခပ်ဖြေးဖြေးပြောလိုက်သည်။

"ကျုပ်တို့ ဒီအနီးအနားမှာ ကင်းလှည့်နေရင်းနဲ့ ခင်ဗျားတို့ တိုက်လေမီးပွားဂိုဏ်းရဲ့ ဂိုဏ်းချုပ်နဲ့ မဟာအကြီးအကဲ တစ်ချိန်တည်းမှာပဲ သေသွားတာကို ရှာတွေ့သွားခဲ့တာ။ ဒါကြောင့် ဘာများဖြစ်နေလဲကို စုံစမ်းဖို့လာခဲ့တာပါ။"

၎င်းတို့လေးဦးမှာ ချက်ချင်းပင် ဖြေကြားလိုက်သည်။

"စီနီယာတို့၊ အဲ့ဒီမြူခိုးဂိုဏ်းက ခွေးကောင်တွေ ကျုပ်တို့ဂိုဏ်းချုပ်နဲ့ မဟာအကြီးအကဲကိုသတ်ခဲ့ကြတာပါ။"

၎င်းတို့မှာ မထိန်းနိုင်ဘဲ မျက်မှောင်ကျုံ့မိသွားကြသည်။

"မြူခိုးဂိုဏ်း? မြူခိုးဂိုဏ်းက ခင်ဗျားတို့ တိုက်လေမီးပွားဂိုဏ်းလိုပဲစွမ်းအားကြီးတယ်လေ။ ဘယ်လိုလုပ် ခင်ဗျားတို့ဂိုဏ်းရဲ့ မဟာအကြီးအကဲနဲ့ ဂိုဏ်းချုပ်ကိုသတ်နိုင်မှာလဲ?"

"သူတို့က ကူညီဖို့ ပညာရှင်သုံးယောက်ကို ခေါ်ခဲ့ပါတယ်။ သူတို့ကျင့်ကြံဆင့်တွေက အရမ်းစွမ်းအားကြီးလို့ပါ။ ပြီးတော့ သူတို့က သေချာပေါက် မဟာယနနတ်ဘုရားဘုရင်အဆင့်မှာ ဆိုပေမယ့် အဆင့်ပိုမြင့်တဲ့သူကိုတောင် သတ်နိုင်ပြီး ကျုပ်တို့ ဂိုဏ်းချုပ်နဲ့ မဟာအကြီးအကဲကိုသတ်ခဲ့တာပါ။"

"အိုး? ဒီလိုလား? ဒီမြူခိုးဂိုဏ်း‌လေးမှာ အိပ်ပျော်နေတဲ့ကျားတွေနဲ့ ပုန်းနေတဲ့နဂါးတွေရှိမယ်လို့ထင်မထားဘူး။ ဒီလိုဆိုရင်တော့ မြူခိုးဂိုဏ်းရဲ့ ပညာရှင်တွေကို ကျုပ်တို့လည်း တွေ့ချင်တယ်"

မြူခိုးဂိုဏ်းမှာ ထိုက်ယိဓားတာအို၏ သွေးသားဂိုဏ်းပင်ဖြစ်၏။ မြူခိုးဂိုဏ်းတွင် ပါရမီရှင်တချို့ပေါ်ထွက်လာပါလျှင် ထိုက်ယိဓားတာအိုမှရရှိသွားမည်ဖြစ်ကာ အနာဂတ် ကောင်းကင်ဓားသွားစင်မြင့်ဂိုဏ်းအတွက် ပြဿနာကြီးတစ်ရပ်ဖြစ်သွားနိုင်သည်။

ကောင်းကင်ဓားသွားစင်မြင့်နှင့် ထိုက်ယိဓားတာအိုမှာ ရန်သူလည်း ဖြစ်ကာ မိတ်ဆွေများလည်းဖြစ်သည်။ ၎င်းတို့တွင် ဘုံရန်သူရှိပါက ရန်သူများဖြစ်ကြလိမ့်မည်မဟုတ်ချေ။ သို့သော် မည်သည့်ရန်သူမှမရှိပါက တစ်ဖက်နှင့် တစ်ဖက် ယဉ်ကျေးနေကြလိမ့်မည်မဟုတ်ချေ။

၎င်းတို့မှာ အချင်းချင်း တတ်နိုင်သမျှအခွင့်ကောင်းယူကြချေလိမ့်မည်ပင်။ ၎င်းမှာ အိပ်ရာထက်ရှိ လူငယ်စုံတွဲမှာ အချင်းချင်းဆန့်ကျင်လျက် အသာစီးရယူရန်ကြိုးစားနေကြသလိုပါပင်။

ကောင်းကင်ဓားသွားစင်မြင့်မှာ တစ်ဖက်အား ဖျက်ဆီးရန် အခွင့်ကောင်းယူနိုင်ပါလျှင် လုံးဝနောက်ဆုတ်မည်မဟုတ်ချေ။

ထိုသို့တွေးကာ ၎င်းတို့အချို့မှာ ချက်ချင်းပင် မြူခိုးဂိုဏ်းထံသို့ အရှိန်အဝါဖြင့် ဖိနှိပ်လိုက်ကြသည်။

"မြူခိုးဂိုဏ်းကများ ကျုပ်တို့ကောင်းကင်ဓားသွားစင်မြင့်ရဲ့ သွေးသားဂိုဏ်းတပည့်တွေကို တိုက်ခိုက်ပြီး သတ်ရဲတယ်ပေါ့လေ။ မင်းတို့ ငါတို့ ကောင်းကင်ဓားသွားစင်မြင့်ကို အထင်သေးတာလား?"

မြူခိုးဂိုဏ်းမှလူများမှာ ၎င်းတို့၏နှလုံးအိမ်၌ပင် ဖိအားကိုခံစားလိုက်ကြရကာ ၎င်းတို့၏ သွေးအဆီအနှစ်များမှာ လှည့်ပတ်၍ပင် မရလောက်အောင် ဖိနှိပ်ခံထားရသည်။

သို့သော် လော့လော့စကားဆုံးသည်နှင့် ထိုက်ယိဓားတာအိုမှ လူများမှာလည်း ရောက်နေကြပြီပင်။

"မင်းတို့ကောင်တွေက အသေအချာကို အထင်ကြီးစရာ စွမ်းအားတွေရှိကြတာပဲ!"

ကောင်းကင်ဓားသွားစင်မြင့်မှကြီးမြတ်သောနတ်ဘုရားအဆင့်များမှာ ထိုက်ယိဓားတာအို၏အကြီးအကဲများအား နှာခေါင်းရှုံ့လိုက်ကြသည်။

"ဒီကိစ္စက ကျုပ်တို့ကောင်းကင်ဓားသွားစင်မြင့်နဲ့ မြူခိုးဂိုဏ်းကြားက ကိစ္စပါ။ မြူခိုးဂိုဏ်းက အမှားအရင်လုပ်ပြီး ကျုပ်တို့ တိုက်လေမီးပွားဂိုဏ်းသားတွေကို သတ်ခဲ့တာ။ ကျုပ်တို့ကောင်း‌ကင်ဓားသွားဂိုဏ်းအနေနဲ့ ရှင်းပြချက်တောင်းဖို့က ကျိုးကြောင်းဆီလျော်ပါတယ်။"

"ဒီအချိန်မှာ ခင်ဗျားတို့ ထိုက်ယိဓားတာအို ကြားဝင်ဖို့အတွက်က အရမ်းများနေတယ်လို့ မထင်ဘူးလား?"

"ခင်ဗျားရဲ့ စကားလုံးတွေက အရမ်းရင့်သီးမနေဘူးလား?"

"ခင်ဗျားတို့ ကောင်းကင်ဓားသွားစင်မြင့်ဂိုဏ်းသားတွေကပဲ လူတွေဖြစ်ပြီး၊ ကျုပ်တို့ထိုက်ယိဓားတာအိုဂိုဏ်းသားတွေကျတော့ လူတွေမဟုတ်ဘူးလား?"

"မြူခိုးဂိုဏ်းသားတွေ တိုက်လေမီးပွားဂိုဏ်းချုပ်ကို သတ်ရတဲ့ အကြောင်းအရင်းကို မသိရသေးဘူး။ သိရင်တောင်မှ ကျုပ်တို့ထိုက်ယိဓားတာအိုလည်း ဆုံးဖြတ်နိုင်ပါတယ်။ ဘယ်တုန်းကများ ခင်ဗျားတို့ ကောင်းကင်ဓားသွားစင်မြင့်က ကျုပ်တို့ကို အမိန့်ပေးနိုင်သွားရတာလဲ?"

"ဘာလို့လဲ? ခင်ဗျားတို့ထိုက်ယိဓားတာအိုက တကယ်ပဲဒီကိစ္စမှာ ကြားဝင်ချင်နေတာလား? ကျုပ်တို့ကောင်းကင်ဓားသွားစင်မြင့်ဆီကနေ မေးခွန်းထုတ်ခံရမှာ မကြောက်ဘူးလား?"

ပြောနေချိန်တွင်ပင် ကောင်းကင်ဓားသွားစင်မြင့်မှာ တစ်ဖက်အား အရှိန်အဝါများဖြင့် ဖိနှိပ်လိုက်ကြတော့၏။ ထိုခြိမ်းခြောက်မှုမှာ ၎င်းတို့ကိုယ်ကို သက်သေပြခြင်းပင်။

သို့သော် ထိုက်ယိဓားတာအိုမှာ လုံးဝ မလှုပ်ရှားပါချေ။ ၎င်းတို့မှာ နှာခေါင်းရှုံ့ကာသာ ချက်ချင်းတုံ့ပြန်လိုက်သည်။

"ကျုပ်တို့က ခင်ဗျားတို့ကို ကြောက်တယ်များထင်နေကြတာလား?"

နှစ်ဘက်စလုံးမှာ ဒေါသဖြစ်ကာ တိုက်ခိုက်ရန်အသင့်ဖြစ်နေသည်အားမြင်သော် အင်မတန် သဘောထားကွဲလွဲစရာအသံမှာ အောက်ဘက်မှ ရုတ်တရတ်ထွက်ပေါ်လာခဲ့၏။

"အကြီးအကဲချင်၊ ခင်ဗျားက လေဘယ်လိုကြီးရမလဲတော့ကောင်းကောင်းသိနေတာပဲ။"

ထိုအသံအားကြားသော် ကောင်းကင်ဓားသွားစင်မြင့်မှ လူများမှာ ရုတ်တရတ် တုန်ရီသွားကြသည်။

တိုက်လေမီးပွားဂိုဏ်း၏ အမတနတ်ဘုရားဧကရာဇ်အဆင့် လေးဦးမှာ ၎င်းတို့၏ မူမမှန်မှုအား သတိမမူမိချေ။ ထိုအသံအား ကြားပြီးနောက်တွင် ၎င်းတို့မှာ အောက်ဘက်ရှိစုန့်ရှင်းနျန်အား ညွှန်ပြကာ ကြိမ်းမောင်းလိုက်၏။

"အဲ့ဒါသူပဲ! အကြီးအကဲတို့၊ သူကကျုပ်တို့ တိုက်လေမီးပွားဂိုဏ်းရဲ့ အကြီးအကဲတွေကို သတ်ခဲ့တာ!"

"အကြီးအကဲတို့ ဒီကောင်စုတ်လေးကို အလွတ်ပေးလို့မဖြစ်ဘူး! သူ့ကိုအပိုင်းပိုင်းဆုတ်ဖြဲသင့်တယ်! မဟုတ်ဘူး၊ အပိုင်းပိုင်းဆုတ်ဖြဲရုံတင်မကဘူး အရင်ဆုံးနှိပ်စက်ပြီး အကြိမ်ပေါင်း သောင်းချီလောက်ပြိုလဲအောင်လုပ်ရင် အကောင်းဆုံးပဲ။ ပြီးတော့ သူ့ရဲ့အရိုးတွေကိုမီးရှို့ပြီး ပြာတွေကို ကျဲချရမှာ။"

"သူ့ရဲ့အသားကို အပိုင်းပိုင်းဖြတ်ပြီး ဆားနယ်သင့်တယ်။ သူ့ကို သေတာထက်ဆိုးတဲ့ဘဝက ဘာလဲဆိုတာ သိအောင်ပြလိုက်စမ်းပါ!"

၎င်းတို့လေးဦးမှာ နှလုံးသားအတွင်းမှ မကျေနပ်မှုကို အာရုံထားမိနေကာ ကောင်းကင်ဓားသွားစင်မြင့်အကြီးအကဲများ၏ အရုပ်ဆိုးကာ အေးစက်နေသောအမူအရာအား လုံးဝ လျစ်လျူရှုထားမိကြ၏!

လေးယောက်မြောက်လူမှ စကားပြောလုဆဲဆဲ၊ စကားပင်မပြောနိုင်လိုက်ခင်တွင် ကြီးမြတ်သောနတ်ဘုရားအဆင့်တစ်ဦးမှာ ချက်ချင်းတိုက်ခိုက်လိုက်၏။ သူဟာ တစ်ဖက်လူ၏နှလုံးအား ထိုးချလိုက်ကာ ချက်ချင်းပင် ရင်ညွန့်ရိုးအား ကွဲအက်သွားစေပြီး ရင်အုပ်အား အညှာအတာမဲ့စွာ ပျက်စီးသွားစေသည်။

၎င်းမှာ ထိုသူအား နေရာ၌ပင် သတ်လိုက်၏!

ထိုလူ၏ မျက်လုံးမှာ ထိုတုံ့ပြန်မှုအကြီးစားကြောင့် ပြူးကျယ်လျက်ရှိသည်။ သူဟာ ငါးသေတစ်ကောင်ကဲ့သို့ပင် ဝမ်းနည်းဖွယ်ကောင်းကာ ရယ်ချင်စဖွယ်လည်းဖြစ်နေ၏။

တိုက်လေမီးပွားဂိုဏ်း၏ကျန် အမတနတ်ဘုရားဧကရာဇ်အဆင့်များမှာလည်း အထိန်းအကွပ်မဲ့စွာ တုန်လှုပ်သွားကြသည်။ ၎င်းတို့မှာ ကြောင်အနေလျက် ဘာဖြစ်နေမှန်းအား လုံးဝမသိကြတော့ပါချေ။

၎င်းတို့မှ ကောင်းကင်ဓားသွားစင်မြင့်၏ ကြီးမြတ်သောနတ်ဘုရားအဆင့်ပညာရှင်များအား အကြောင်းအရင်းကို မေးလုဆဲဆဲတွင် ထိုပညာရှင်များမှာ ၎င်းတို့အား အလျင်စလိုပင် အဝေးသို့ရိုက်ထုတ်လိုက်ကြ၏။ ထို့နောက် စုန့်ရှင်းနျန်နံဘေးသို့ အလျင်အမြန်ပင်ရောက်လာကာ တစ်ညီတည်း ဂါရဝပြုလိုက်ကြသည်။

"နှုတ်ဆက်ပါတယ်၊ မြင့်မြတ်သောသားတော်။ ခင်ဗျားဒီမှာရှိနေမှန်း ကျုပ်တို့မသိခဲ့ဘူး။ ကျုပ်တို့ရဲ့ ရိုင်းပြမှုကို ခွင့်လွှတ်ပေးပါ!"

ထိုအခိုက်၌ တစ်လောကလုံးမှာ လုံးဝတိတ်ဆိတ်သွားတော့သည်!

မြူခိုးဂိုဏ်းမှသာမက လုမျိုးနွယ်စုရှိ လူများသည်ပင် အင်မတန် ထိတ်လန့်အံ့အားသင့်သွားကြတော့သည်။

ကြီးမြတ်သောနတ်ဘုရားအဆင့်များ၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရနေသောတိုက်လေမီးပွားဂိုဏ်းမှ အမတနတ်ဘုရားဧကရာဇ်များမှာ သွေးထွက်နေသည်ကိုပင် အာရုံမထားနိုင်တော့ဘဲ နေရာ၌ပင် ကြောင်အလျက် ကျောက်ရုပ်များသဖွယ်‌ဖြစ်နေ၏။

ထိုအခိုက်၌ ၎င်းတို့၏ အတွေးများမှာ ထပ်တူကျနေကြသည်!

စုန့်ရှင်းနျန်က ကောင်းကင်ဓားသွားစင်မြင့်ရဲ့ မြင့်မြတ်သောသားတော်လား?

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

သူက ဘယ်လိုလုပ် ကောင်းကင်ဓားသွားစင်မြင့်ရဲ့ မြင့်မြတ်သောသားတော်ဖြစ်နိုင်မှာလဲ?

သူက လုရှောင်ယန်ရဲ့ တပည့်မဟုတ်ဘူးလား?

‌ပြောရရင် ကောင်းကင်ဓားသွားစင်မြင့်ရဲ့ မြင့်မြတ်သောသားတော်က အတော်လေးကို ရိုသေဖို့ကောင်းတဲ့ ဖြစ်တည်မှု မဟုတ်ဘူးလား?!

စုန့်ရှင်းနျန်... ဘယ်လိုလုပ် စုန့်ရှင်းနျန်ဖြစ်နိုင်မှာလဲ...?

ဂလု!~

၎င်းတို့ထဲမှ တစ်ဦးမှာ တံတွေးမြိုချလျက် မနေနိုင်ဘဲ ဂရုတစိုက်မေးမြန်းလိုက်သည်။

"စီနီယာ၊ ခင်ဗျားတို့တွေများ အထင်မှားနေကြတာလား? သူက ကောင်းကင်ဓားသွားစင်မြင့်ရဲ့ မြင့်မြတ်သောသားတော်မဟုတ်ပါဘူး။ သူတို့က လုရှောင်ယန်လို့ခေါ်တဲ့ လူတစ်ယောက်ရဲ့ တပည့်တွေပါ!"

ကောင်းကင်ဓားသွားစင်မြင့်ဂိုဏ်းမှလူများမှာ တစ်ဖက်လှည့်ကာ အေးစက်စက်အကြည့်များအား ပို့လွှတ်လိုက်ကြသည်။ ကြီးမြတ်သောနတ်ဘုရားအဆင့်ပညာရှင်တစ်ဦးမှာမူ ချက်ချင်းပင် သူ၏ဓားမော့အား လွှဲယမ်းလိုက်၏။

ထိုဓားမော့အလင်း ထွက်ပေါ်လာကာ ချက်ချင်းပင် တိုက်လေမီးပွားဂိုဏ်းမှ အမတနတ်ဘုရားဧကရာဇ်အဆင့်တစ်ဦးအား နှစ်ပိုင်းခုတ်ချလိုက်တော့သည်။

"မင်းပြောတာများသွားပြီ! မင်းတို့ ငတုံး‌တွေ၊ ငါတို့ ကောင်းကင်ဓားသွားစင်မြင့်အကြီးအကဲတွေက ငါတို့ရဲ့ မြင့်မြတ်သောသားတော်ကို လူမှားမလားကွ? ငါတို့ကို ရူးနေတယ်များထင်နေလား?"

လူတိုင်းမှာ တကာ်ကိုပင် အပြင်းအထန် ဒေါသထွက်လာကြတော့သည်။

၎င်းမှာ သူတို့ ကောင်းကင်ဓားသွားစင်မြင့်၏ မြင့်မြတ်သောသားတော်ဖြစ်ကာ ကောင်းကင်ဓားသွားစင်မြင့်၏ နောက်ထပ် စင်မြင့်‌ခေါင်းဆောင်ပင်။ အဆုံးတွင် ထို တိုက်လေမီးပွားဂိုဏ်းမှ ငတုံးများကြောင့် ၎င်းတို့မှာ မြင့်မြတ်သောသားတော်ကိုပင် တိုက်ခိုက်မိလုနီးနီးဖြစ်သွားသည်။

၎င်းတို့သာ မြင့်မြတ်သောသားတော်အား တိုက်ခိုက်ပါလျှင် အသက်ဆယ်ချောင်းရှိလျှင်ပင် အသက်ရှင်လိမ့်မှာမဟုတ်ချေ!

စင်မြင့်ခေါင်းဆောင်က ၎င်းတို့အား အရှင်လတ်လတ် ဆွဲစုတ်ပစ်လိမ့်ချေမည်။

တိုက်လေမီးပွားဂိုဏ်း၏ ကျန်ရှိနေသော အမတနတ်ဘုရားဧကရာဇ်နှစ်ဦးမှာ လုံးဝ အားငယ်သွားတော့၏။ ၎င်းတို့စိတ်တွင်းရှိ နောက်ဆုံးလက်ကျန်မျှော်လင့်ချက်လေးမှာ လုံးဝပြိုလဲကာ ပျောက်ကွယ်သွားသည်။

ပြီးသွားပြီ!

ပြီးသွားပြီ၊ ပြီးသွားပြီ၊ အားလုံး ပြီးသွားခဲ့ပြီ!

ဒီတစ်ခေါက်တော့ သူတို့တကယ်ကို ဖျက်ဆီးခံရပြီပဲ။

၎င်းတို့မှာ တစ်ဖက်လူအား သိရန်ပင်ကျရှုံးရုံမျှမက တတိုက်လည်းတိုက်ခိုက်ခဲ့သည်။ ၎င်းတို့မှာ တကယ်ကို သေခြင်းအား တောင့်တနေကြသည်ပင်!

ထိုအခိုက်၌ နောင်တရသည်ထက် နောင်တများဖြင့် ပြည့်နှက်နေကြတော့သည်။ ၎င်းတို့မှာ နောင်တရလွန်းသဖြင့် ငိုပင်ငိုချင်လာကြတော့၏!

ဘာကြောင့်လဲ?

ဘာလို့ သူ‌တို့နှစ်ယောက်က ဂိုဏ်းချုပ်နဲ့တူတူ ဒီကိုရောက်လာခဲ့ရတာလဲ?

သူတို့သာ မလာခဲ့ပါလျှင် ထိုသို့သောအရာနှင့် တွေ့ကြုံရမည်မဟုတ်ပါချေ။

၎င်းတို့မှာ ထိုသို့သောအရာအား ကြုံဆုံရလျှင်ပင် တတ်နိုင်သမျှ ပို၍ သတိထားကာ သေဟန်ဆောင်ပါက ထိုအန္တရာယ်များနှင့် အဆုံးသတ်မည်မဟုတ်ချေ!

ထိုက်ယိဓားတာအိုမှ လူများမှာ ‌ချက်ချင်းပင် ကူရာမဲ့စွာ ရယ်မောလိုက်ကြ၏။

"ဖူးးး! ညီနောင်ချင်၊ မင်းတို့ကောင်တွေက တကယ်ကိုတစ်ခုခုပဲ! မင်းတို့အခုနကမှကာကွယ်ပေးနေခဲ့တဲ့ ဂိုဏ်းသားက မင်းတို့ရဲ့ မြင့်မြတ်သောသားတော်ဆီမှာ အရိုက်ခံထားရတာတဲ့။ ပြီးတော့ သူတို့က မင်းတို့မြင့်မြတ်သောသားတော်ကို အရှင်လတ်လတ်‌အရေနွှာပြီး အ‌ရိုးတွေကိုတောင် မီးရှို့ချင်နေသေးတယ်။ ဟားဟားဟားဟား... ဒါက နတ်ဘုရားလောကတစ်ခုလုံးမှာ အရယ်ရဆုံးဟာသပဲ။"

"ခင်‌ဗျားတို့ကောင်းကင်ဓားသွားစင်မြင့်ရဲ့ မြင့်မြတ်သောသားတော်က ချယ်လှယ်တတ်တဲ့ခေါင်းအုံးလေးများလား? ခင်ဗျားတို့တကယ်ပဲ သူ့ကိုအကြာကြီး သတိမထားခဲ့မိတာလား?"

"ခင်ဗျားတို့ ကောင်းကင်ဓားသွားစင်မြင့်မှာသာ နှစ်သက်ရ‌လောက်တဲ့ မြင့်မြတ်သောသားတော်မရှိရင်လည်း ကျုပ်တို့ ထိုက်ယိဓားတာအိုမှာ လာတောင်းလို့ရပါတယ်ဗျာ။ ကျုပ်တို့ခင်ဗျားကို ဒီမြင့်မြတ်သောသားတော်ထက် အဆပေါင်းသောင်းချီကျော်လွန်နေတဲ့ မြင့်မြတ်သောသားတော်ကိုပေးလိုက်မယ်!"

သို့‌ရာတွင် ၎င်းတို့ လှောင်ရယ်နေချိန်၌ အင်မတန်ရင်းနှီးနေသော အသံအား ၎င်းတို့နားထဲ၌ ကြားယောင်လိုက်ကြရသည်။

"တခြား‌လူတွေကိုရယ်ဖို့က အရမ်းပျော်စရာကောင်းနေတာလား? ဒါက ကျုပ်တို့ထိုက်ယိဓားတာအိုအကြီးအကဲတစ်ယောက်ရဲ့ အရည်အချင်းလား။"

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၂၈။ အပိုင်း ၄၀၉ နတ်ဘုရားဧကရာဇ်အဆင့်သို့ ခြေလှမ်းခြင်း

ထိုအသံပေါ်ထွက်လာသည်နှင့် မြူခိုးဂိုဏ်းမှ လူများ၏နှလုံးသားမှာ ချက်ချင်းတင်းကြပ်လာကြသည်။

ဒီလီချန်းရှန်ကရူးနေတာလား?

သူက ဘာလို့ ထိုက်ယိဓားတာအိုကို သွားဆွနေရတာလဲ!

တစ်ခုခုမှားနေတာလား? လှိုင်းတစ်ခုတောင် မငြိမ်ရသေးဘူး နောက်လှိုင်းတစ်ခုက ထလာပြန်ပြီ။ သူတို့ရပ်လို့ရမလား?

သူတို့တွေက ဒုက္ခဖြစ်စေရတာကိုများ အရမ်းကြိုက်နေကြတာလား?

စုန့်ရှင်းနျန်မှာ ကောင်းကင်ဓားသွားစင်မြင့်၏ မြင့်မြတ်သောသားတော်ဖြစ်နေပါလျှင်တောင် ၎င်းတို့မှာ ဘဝင်မြင့်နေစရာမလိုနေပါချေ။ ၎င်းတို့မှာ တစ်ဖက်အား ဒေါသဖြစ်စေပြီး တိုက်ခိုက်ခံရပါလျှင် ထပ်မံနာကျင်ခံစားရပေဦးမည်။

သို့သော် မည်သူကမှ ‌ထိုက်ယိဓားတာအိုမှလူများမျက်နှာထက်ရှိ တောင့်တင်းနေသောအမူအရာများအား သတိမပြုမိကြပါချေ။

မကြာမီတွင် အားလုံးမှာ ရှေ့သို့လျှောက်သွားကာ လီချန်းရှန်ရှေ့မှောက်သို့ ရောက်ရှိလို့လာ၏။

"နှုတ်ဆက်ပါတယ်၊ မြင့်မြတ်သောသားတော်"

လေထုမှာ ထပ်မံ၍ သေလုအောင်ငြိမ်သက်သွားတော့သည်။ လူတိုင်းမှာ ယနေ့တွင် ၎င်းတို့ မည်မျှထိ ခဏခဏငြိမ်သက်နေရသည်ကိုပင် မမှတ်မိနိုင်ကြတော့ပါချေ။

သို့သော် အချိန်တိုင်းတွင် လူတိုင်းမှာ အင်မတန် ထိတ်လန့်သွားကြသည်ပင်။

လုရှောင်ယန်၏တပည့်မှာ တကယ်ကိုပင်ထိုက်ယိဓားတာအို၏ မြင့်မြတ်သောသားတော်ဖြစ်နေချေသည်!

ယနေ့တွင် ၎င်းတို့မှာ ပထမဆုံး လုရှောင်ယန်၏တပည့်များက အဆင့်ပိုမြင့်သူများအား သတ်နိုင်ကြောင်းကို လေ့လာခဲ့ကြရသည်။

ထို့နောက်တွင် လုရှောင်ယန်၏တပည့်များထံ၌ များစွာသောပုံစံများရှိသည်ကို တွေ့ရှိခဲ့ရ၏။ တစ်ဦးမှာ ကောင်းကင်ဓားသွားစင်မြင့်၏ မြင့်မြတ်သောသားတော်ဖြစ်ကာ တစ်ဦးမှာ ထိုက်ယိဓားတာအို၏ မြင့်မြတ်သောသားတော်ဖြစ်ချေသည်။

၎င်းတို့မှာ အင်မတန်ကို အံ့ဩဖွယ်ကောင်းနေပြီးဖြစ်ပါသော်လည်း လုရှောင်ယန်၏တပည့်များဖြစ်ချင်နေကြသေးသည်လား?

ထိုအခိုက်၌ လုရှောင်ယန်၏စွမ်းအားအပေါ် လူတိုင်း၏အမြင်မှာ နောက်တစ်ဆင့်တိုးလာတော့သည်။

လုရှောင်ယန်မှာ မည်သို့သော ဖြစ်တည်မှုဖြစ်သနည်း?

သူ့ထံ၌ မည်သို့များ ထိုသို့သော တပည့်များရှိနေသနည်း?

ထိုတပည့်သုံးဦးမှာ စွမ်းအားအကြီးဆုံးဖြစ်နိုင်လောက်သည်။

ထိုသုံးဦးထက် ပိုမိုသန်မာသော တပည့်များရှိဖို့ရန်မှာ မဖြစ်နိုင်တော့ပါချေ။ သို့သော် ထိုသို့ဆိုလျှင်ပင် ၎င်းတို့သုံးဦးမှာ လုံလောက်ပါချေသည်။

စွမ်းအားနှင့် ဂုဏ်ပုဒ်များဖြင့်ပင် ထိုသုံးဦးမှာ လုရှောင်ယန်၏ လက်ကျန်ဘဝတစ်လျှောက်လုံးအား ဂုဏ်ယူရစေနိုင်သည်။

ထိုသို့သော တပည့်များနှင့် သူ့ဘဝတွင် မည်သည်ကို တောင်းဆိုနိုင်ပါဦးမည်နည်း?

ထို့နောက်တွင် မျှော်လင့်ထားသလိုပင် လီချန်းရှန်နှင့် စုန့်ရှင်းနျန်မှာ ၎င်းတို့၏ အကြီးအကဲများအား အပြစ်တင်လေသည်။

နှစ်ဘက်စလုံးရှိအကြီးအကဲများမှာ နာနာခံခံနားထောင်ရန်သာတတ်နိုင်သည်။ မတတ်နိုင်ပါချေ။ ပြောရလျှင် ထိုမြင့်မြတ်သောသားတော် နှစ်ဦးထံ၌ နှစ်ပေါင်းသောင်းချီအတွင်းတွင် အကောင်းဆုံးပါရမီနှင့် စွမ်းအားရှိချေ၏!

၎င်းတို့နှစ်ဦးမှာ ထိုက်ယိဓားတာအိုနှင့် ကောင်းကင်ဓားသွားစင်မြင့်တို့တွင် ထူးကဲသော ဂုဏ်ပုဒ်များလည်းရှိကြသည်။

လုမျိုးနွယ်စု၏မြေးအဘိုးအပါအဝင် မြူခိုးဂိုဏ်းတစ်ခုလုံးနှင့် တိုက်လေမီးပွားဂိုဏ်း၏ အမတနတ်ဘုရားဧကရာဇ်နှစ်ဦးသည်ပင် နှစ်ဘက်လုံးရှိ အကြီးအကဲများ အပြစ်တင်ခံနေရသည်ကို ရိုကျိုးစွာသာ ကြည့်နေရ၏။

မှန်ပါသည်၊ ၎င်းတို့မှာ နှစ်ဘက်စလုံးရှိ အကြီးအကဲများ ပြစ်တင်ခံနေရသည်ကို မြင်ချိန်တွင် စကားတစ်ခွန်းမပြော၊ အသက်တစ်ချက်ပင် မရှူရဲပါချေ။

တစ်ခဏကြာမျှ ဆူပူပြီးနောက်တွင် အဆုံးသတ်သွားပြီဖြစ်၏။ ထို့နောက်တွင် ၎င်းတို့မှာ အောက်ဘက်၌ ထပ်မံစုစည်းလိုက်ကြသည်။

မြူခိုးဂိုဏ်း,ဂိုဏ်းချုပ်နှင့် အခြားလူများ ချက်ချင်းပင် ၎င်းတို့၏ခေါင်းများအား အင်မတန်‌ရိုသေလေးစားဟန်ဖြင့် နှိမ့်လိုက်ကြသည်။

လီချန်းရှန်မှာ တည်ငြိမ်နေဟန်ဖြင့် ဆိုလိုက်သည်။

"ဒီကိစ္စက ဒီမှာတင်ပြီးပြီ။ တိုက်လေမီးပွားဂိုဏ်းက ကျုပ်ဆရာတူညီလေးရဲ့ဂိုဏ်းက လက်အောက်ခံဆိုတော့ ခင်ဗျားတို့ အမတနတ်ဘုရားဧကရာဇ်နှစ်ယောက်ကို အလွတ်ပေးလိုက်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ကျုပ်ဆရာတူညီလေးရဲ့ လက်အောက်ခံတွေပဲလေ။"

မြူခိုးဂိုဏ်း,ဂိုဏ်းချုပ်မှာ ချက်ချင်း ဖြေကြားလိုက်သည်။

"ခင်ဗျား ဆန္ဒရှိသလိုသာလုပ်ပါ၊ မြင့်မြတ်သောသားတော်"

လီချန်းရှန်မှာ ခေါင်းငြိမ့်ကာ ကျွင့်ပုကျန်းအားပြောလိုက်၏။

"ဆရာတူညီလေးကျွင့်၊ ထိုက်ယိဓားတာအိုက ငါ့ကိုပြန်လာစေချင်နေပြီ။ ဒါကြောင့် ခဏလောက်တော့ ဂိုဏ်းဆီကို ပြန်မလာနိုင်လောက်သေးဘူး။ မင်းပဲ ဂိုဏ်းကို တင်ပြဖို့ ပြန်လိုက်သွားလိုက်တော့။"

စုန့်ရှင်းနျန်မှာလည်း ချက်ချင်းပြောလိုက်သည်

"တိုက်ဆိုင်လိုက်တာ။ ကောင်းကင်ဓားသွားစင်မြင့်ကလည်း ကျွန်တော့ကိုပြန်လာစေချင်နေတယ်။ တစ်ခုခုအရေးကြီးတာရှိနေလို့တဲ့လေ။"

ကျွင့်ပုကျန်းမှာ ခေါင်းငြိမ့်လိုက်သည်။

"ဒီလိုဆိုမှတော့ ကျွန်တော်ပဲပြန်ပြီး တင်ပြလိုက်ပါ့မယ်။ ဆရာတူအစ်ကိုတို့ မပူပါနဲ့။"

"ကောင်းပြီလေ၊ ဒီလိုဆိုရင် ဒီမှာပဲ နှုတ်ဆက်ကြတာပေါ့။ ငါတို့နောက်မှ ဂိုဏ်းမှာ ပြန်ဆုံကြမယ်။"

"ဟုတ်ကဲ့ပါ!"

လူတိုင်းမှာ တစ်ယောက်ပြီးတစ်ယောက်ထွက်သွားကြ၏။ ကျွင့်ပုကျန်းမှာ သခင်ကြီးလုနှင့် လုရှောင်ချန်တို့အား လုမျိုးနွယ်စုဆီသို့ ပြန်လည်ခေါ်ဆောင်သွားသည်။

မထွက်ခွာခင်တွင် မြူခိုးဂိုဏ်း၊ ဂိုဏ်းချုပ်မှာ သခင်ကြီးလုအား မနေနိုင်ဘဲ မှာလိုက်၏။

"ဆရာကြီး၊ ကျုပ်ကိစ္စကို မမေ့နဲ့ဦးနော်။"

"မပူပါနဲ့၊ ကျုပ်ဘာလုပ်ရမလဲသိပါတယ်။"

"ကျေးဇူးပါ၊ သခင်ကြီး။"

"ရပါတယ်ကွာ"

...

လုရှောင်ယန်ဘက်တွင် သူ၏မမောမပန်းအားထုတ်မှုကြောင့် ကျီဝူရှားနှင့် ဖုန်းထျန်းယွမ်တို့မှာ ကြီးမြတ်သောနတ်ဘုရားအဆင့်သို့ရောက်ရှိသွားကြပြီး အောင်အောင်မြင်မြင်နှင့်ပင် နတ်ဘုရားဧကရာဇ်စကားဝိုင်းတွင် ဝင်ရောက်ကူညီနိုင်သွားကြပြီဖြစ်၏။

တစ်ဖက်လူမှာ အင်မတန် ‌ထက်မြတ်လှသည်ဟု ဆိုနိုင်သည်။ ကြုံရာလက်ဆောင်ထုပ်လေးတွင်ပင် ထိပ်တန်းအဆင့်နတ်သလင်းကျောက် သန်းတစ်ရာထက်ပိုကာ ပါရှိနေတတ်သည်။ ၎င်းက လုရှောင်ယန်၏ နှလုံးအား ယားကျိကျိဖြစ်လာစေကာ တစ်ဖက်လူအား အခွင့်ကောင်းယူချင်လာသည်။

သူဟာ ရန်သူအား သတိပေးလိုက်မိကာ သူ၏ ပုံစံအစစ်အား သိခွင့်ပြုလိုက်မိမည်အား စိုးရိမ်နေသည့် အချက်ကြောင့်သာ မဟုတ်ပါလျှင် သူဟာ ဝင်ရောက်ပြီးသည်မှာ ကြာနေချေပြီ။

လီကော၏ကျင့်ကြံဆင့်မှာ ကြီးမြတ်သောနတ်ဘုရား သတ္တမအဆင့်သို့ပင်ရောက်နေပြီဖြစ်၏။

ကျန်နေသောစုလင်းဝူမှာ ကြီးမြတ်သောနတ်ဘုရားအဆင့်သို့ရောက်ရန် ခြေတစ်လှမ်းသာလိုတော့၏။

ကျန်းထိုင်ရွှမ်မှာလည်း အမတနတ်ဘုရားဧကရာဇ်အဆင့်သို့ ရောက်ရှိပြီးဖြစ်သည်။ ကျူးကောကျီချုံ၏ ကျင့်ကြံဆင့်ကသာလျှင် အတန်ငယ်နိမ့်နေခြင်းဖြစ်သည်။ လက်ရှိတွင် သူမဟာ တစ်ထောင်သောစစ်ပွဲနတ်ဘုရားအဆင့်သို့သာရောက်ရှိသေးကာ မဟာယနနတ်ဘုရားဘုရင်အဆင့်ရောက်ဖို့ရန်ပင် အတော်လေးလိုနေသေး‌သည်။

သို့သော် သူမထံ၌ တတ်နိုင်တာမရှိပါချေ။ အကြောင်းမှာ ယခင်က သူအား ဗုဒ္ဓဂိုဏ်းမှ ဖမ်းဆီးကာ အကျဉ်းချထားခြင်းကြောင့်ပင်။ အချိန်အတော်ကြာ သူမဟာ ကျင့်ကြံဖို့ရန် အခွင့်မရှိရုံမျှမက သူမ၏ကိုယ်အား ဗုဒ္ဓဓမ္မဖြင့် ဖိနှိပ်ထားခြင်းကြောင့်ပင်။

ထိုအခိုက်၌ ကျူးကောကျီချုံမှုလွဲ၍ အားအနည်းဆုံးတပည့်များမှာ လီချန်းရှန်၊ ကျွင့်ပုကျန်းနှင့် စုန့်ရှင်းနျန်တို့ပင်။

သို့သော် ထိုလူများ၏အကူအညီဖြင့် လုရှောင်ယန်မှာ နောက်ဆုံးတွင် နတ်ဘုရားဧကရာဇ်အဆင့်သို့ရောက်ရှိသွားချေသည်။

၎င်းမှာ နတ်ဘုရားလောကတွင် ထိပ်တန်းအဆင့်ဖြစ်ကာ လုရှောင်ယန်အား နတ်ဘုရားအဆင့်ကိုနက်နက်ရှိုင်းရှိုင်းနားလည်စေနိုင်သည်။

သေမျိုးများ ကျင့်ကြံချိန်တွင် ၎င်းတို့၏ ကိုယ်နှင့်ဝိဉာဉ်များအား အသုံးပြုသည်။ နတ်ဘုရားအဆင့်နှင့် အထက်တွင်မူ နတ်ဝိဉာဉ်နှင့် ကမ္ဘာငယ်များအား ကျင့်ကြံစေကြသည်။

ထို့နောက်တွင် ၎င်းတို့၏ထင်ရှားမှုများအား ပေါ်လွင်စေရန် သန့်စင်လိုက်ကာ ကိုယ်တွင်းတွင် မြှုပ့်နှံထားသော စွမ်းအား အလုံးစုံကို ထုတ်ဖော်နိုင်ပေလိမ့်မည်ဖြစ်၏။

၎င်းတို့မှာ သူ၏စရိုက်အား အကန့်သတ်ထိ ‌ဖော်ထုတ်ကာ ပြည့်စုံသည်အထိ ကျင့်ကြံစေပါလျှင် နောက်ထပ်ခြေလှမ်းမှာ အမတအဆင့်ပင်။

နောက်တစ်မျိုးဆိုရလျှင် ၎င်းတို့မှာ ကောင်းကင်တာအို၏ ကျေးကျွန်များဖြစ်ကာ ကောင်းကင်တာအို၏ ထိန်းချုပ်ခြင်းအားခံနေကြရသည်!

ဒါကအတော်လေးရယ်စရာကောင်းတယ်။

လူများမှာ ကျင့်ကြံနေရင်းဖြင့် တွေးကြသည်မှာ ကျင့်ကြံခြင်းဖြင့် ထာဝရရှင်သန်နေနိုင်ကာ သုံးလောကတွင် ဂရုစိုက်မရာမလိုတော့ချေ။

သို့သော် အချက်ကျကျဆိုရလျှင် မြင့်မြင့်ကျင့်ကြံလေ ပို၍ ထိန်းချုပ်နိုင်လေပင်ဖြစ်သည်။

လူတစ်ယောက်၏ ကျင့်ကြံဆင့် မလုံလောက်ပါလျှင် ကောင်းကင်တာအိုမှာ ၎င်းတို့အားအထင်တသေးကြည့်ရှုလျက် ထိန်းချုပ်ဖို့ပင် အလုပ်ရှုပ်မခံရနိုင်တော့ပါချေ!

လုရှောင်ယန်မှာ ဝမ့်ခိုက် မတိုင်ခင်က ပြောခဲ့သည်အား နားလည်သွားသည်။

ကောင်းကင်တာအိုမှာ ကိုယ်တိုင်ဆိုလျှင် မရင့်ကျက်ပါချေ။ ၎င်းမှာ ပန်ဂု၏အဆင့်နှင့်ကွာခြားလှသည်။

ထို့ကြောင့် ဟုန်ကျွင်းနှင့် အတူတကွလုပ်ဆောင်ပါလျှင်တောင် သုံးလောကအား အလွယ်တကူထိန်းချုပ်နိုင်မည်မဟုတ်ပါချေ။

ထို့ကြောင့် အမတအထက်ဆင့်ကျင့်ကြံဆင့်ရှိလူများအား ထိန်းချုပ်ရန်ရွေးချယ်ခြင်းကသာလျှင် ဦးဆုံး အဆင့်မြင့် အတိုက်အခိုက်စွမ်းအားကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်မည်ဖြစ်၏။

ထို့နောက်တွင် ၎င်းတို့မှာ လုရှောင်ယန်အား လိုက်လံဖမ်းဆီးရန် မြင်းနက်များဖန်တီးကြချေလိမ့်မည်။

၎င်းမှာ အာမခံနှစ်ဆ သုံးနိုင်နေခြင်းပင်။

ဦးစွာ လုရှောင်ယန်မှာ အနိမ့်ပိုင်းလောက သို့မဟုတ် နတ်ဘုရားလောကတွင် အဖမ်းခံရပါလျှင် ဒုက္ခအားကယ်တင်နိုင်သည်။

ဒုတိယအားဖြင့် သူ့အား အနိမ့်ပိုင်းလောကနှင့် နတ်ဘုရားလောကတွင် မဖမ်းဆီးနိုင်ပါလျှင် ကြောက်စရာမလိုပါချေ။ အကြောင်းမှာ မည်သို့ဆိုစေ လုရှောင်ယန်မှာ အမတအဆင့်သို့ကျင့်ကြံနေပေလိမ့်မည် ဖြစ်ခြင်းကြောင့်ပင်။ သူဟာ အမတအဆင့်သို့ ကျင့်ကြံနိုင်သည်။ အမတအဆင့်သို့ကျင့်ကြံပြီးသည်နှင့် တစ်ဖက်လူကြောင့် ထိန်းချုပ်ခံထားရနိုင်သည်။ အ‌ဆုံးတွင် သူဟာ ဤလက်ဝါးအတွင်းမှ လွတ်မြောက်ရန် မဖြစ်နိုင်ချေ။

မည်သို့ဆိုစေ၊ ၎င်းမှာ မည်သို့ဖြစ်ဖြစ် အနိုင်ရပေလိမ့်မည်!

ကံမကောင်းစွာဖြင့် လုရှောင်ယန်တွင် ဝမ့်ခိုက်ရှိသည်ဟု သတ်မှတ်မခံရပါချေ။ ဝမ့်ခိုက်မှာ သူ့အား အနှစ်သာရလောကတစ်ခုပေးကာ ကောင်းကင်တာအို၏ ထိန်းချုပ်မှု အောက်ကထွက်ပြီး သုံးလောကအပြင်ဘက်ကို သွားခွင့်ပြုလိုက်သည်။

ကျဲကျောင်းတော်အနေဖြင့် ထုံထျန်း၏ အမြင်အလုံးစုံမှာ အင်မတန် ဝေဝါးလှချေသည်။

လုရှောင်ယန်မှာ သူ့ကြောင့် ဖြစ်တည်လာကာ ကောင်းကင်တာအိုနိယာမအား အစွမ်းထက်စေချင်သည်က လုရှောင်ယန်အား ကောင်းကင်တာအိုကိုရှောင်ရှားစေချင်နေသည်။

ထို့အပြင် လုရှောင်ယန်မှာ မြင်းနက်များအား သတ်ခြင်းဖြင့် စွမ်းအားတိုး‌လာရန်လည်း တောင်းဆိုဖူးသည်။

သို့သော် သူစီစဉ်ထားခဲ့ကာ ရောယှက်နေသော လုရှောင်ယန်၏ ဝိဉာဉ်အား မသိတော့ပါချေ။ လက်ရှိလုရှောင်ယန်မှာ ကောင်းကင်တာအို သို့မဟုတ် ထုံးထျန်း‌တို့ကြောင့် ထိန်းချုပ်မရနိုင်တော့ပါချေ။

လုရှောင်ယန်မှာ ချက်ချင်းပင် တစ်စုံတရာအားတွေးမိသွား၏။

အကြောင်းမှာ သူနတ်ဘုရားလောကသို့ ‌ဖြတ်ကျော်လာပြီးချိန်တွင် လောကသုံးပါးအစစ်အားဝင်ရောက်သည်နှင့် ညီမျှနေတတ်သည်။ ထိုသို့ဆိုလျှက် သူဟာ လောကသုံးထောင်ထဲသို့ဝင်ရောက်ရန် အရည်အချင်းမှီပေသည်။

ဘာကြောင့်... တခြားလောကရဲ့ မြင်းနက်တွေကို တပည့်တွေကိုသတ်ခိုင်းပြီး ဝမ့်ခိုက်ရဲ့ စွမ်းအားတိုးဖို့ မသုံးရမှာလဲ?

ဟီးဟီးဟီး... ကောင်းကင်တာအိုကတော့ ဒေါသကြောင့်သေလောက်တယ်။

သို့သော် ယခုအတွက်မူ သူတပည့်များ၏ စွမ်းအားကိုသာ ဦးဆုံး တိုးမြှင့်ပေးရချေမည်။

ပြောရလျှင် သူ၏ကိုယ်ပိုင်စွမ်းအား တိုးတက်ရန် တပည့်များ၏စွမ်းအားကိုသာ တိုးမြှင့်နိုင်သည်။

သူတပည့်များ၏ ကျင့်ကြံခြင်းမှရရှိလာခဲ့သော လက်ဆောင်ထုပ်အားလုံးအား ဖောက်ရန်သာဆုံးဖြတ်လိုက်သည်။

မွေးဖွားခြင်းချီ × ၁၀၀၀၀၀၀၀၀

သူပထမ‌ဆုံးရရှိသည့်လက်ဆောင်မှာ အတော်လေးကောင်းမွန်သည်။ ၎င်းမှာ မွေးဖွားခြင်းချီ သန်းတစ်ရာပင်။

ယခုတွင် တပည့်များအားလုံး၏လက်နက်များမှာ လုံခြုံပြီဖြစ်၏။ ၎င်းတို့အား မွေးဖွားခြင်းမူလရတနာအဆင့်သို့ပင် အဆင့်မြှင့်နိုင်နေပြီဖြစ်သည်။

ထိုအချိန်ဆိုလျှင် လူတိုင်း၌ မွေးဖွားခြင်းရတနာရှိပေလိမ့်မည်။ ၎င်းတို့မှာအမတလောကသို့ သွားရန်ကိုပင် ကြောက်ရွံ့နေလိမ့်မည်မဟုတ်တော့ချေ။

ပြောရလျှင် အမတလောက၏ နတ်ဘုရားများမှာ မွေးဖွားခြင်းရတနာအား ရရှိရန် မဖြစ်နိုင်လောက်ချေ။

မွေးဖွားခြင်းဝိဉာဉ်ရတနာ၊ ခရမ်းသွေးတိမ်တိုက်စကြဝဠာချပ်ဝတ် × 1

မွေးဖွားခြင်း ဝိဉာဉ်ရတနာ အကာအကွယ်လက်နက်ပဲ မဆိုးဘူး။

မွေးဖွားခြင်းဝိဉာဉ်ရတနာ၊ ရေသေပင်လယ်ပုလဲ×1။

မွေးဖွားခြင်းဝိဉာဉ်ရတနာ၊ အဇူရာတိမ်တိုက်မြေအိုး×1

မွေးဖွားခြင်းဝိဉာဉ်ရတနာ၊ သန့်စင်ခြင်းပုလင်း × 1

အမှန်ပဲ။ ဒါတွေအားလုံးက မွေးဖွားခြင်းဝိဉာဉ်ရတနာတွေချည်းပဲ။ မကြာခင်ကမှ ဟန်ကျန့်အကူအညီနဲ့ ဝမ့်ခိုက်က စနစ်နှစ်ခုကို ဝါးမြိုထားပြီး ပိုသန်မာလာတာပဲ။

ယခုတွင် ဆုလာဘ်အားလုံးမှာ မွေးဖွားခြင်းဝိဉာဉ်ရတနာများဖြစ်သည်။

နက်နဲမှုအဆောင်လက်နက်၊ မဟာဓားမော့လက်စွပ် ×1

လုရှောင်ယန် : "..."

"လွန်သွားပြီ၊ ဝမ့်ခိုက်။ ငါမင်းကို စိတ်ထဲမှာ ချီးမွန်းနေခဲ့ပေမယ့် မျက်တောင်တစ်ခတ်စာလေးအတွင်းမှာပဲ မင်းငါ့ကို အမှိုက်တစ်စလာပေးသွားတယ်။"

ဝမ့်ခိုက် : [...]

[သခင်၊ ဒါကနတ်ဘုရားလောကလေ။ နက်နဲမှုအဆောင်လက်နက်တစ်ခု ပေါ်လာဖို့က သာမန်ပါပဲ။ တွေးကြည့်လေ။ တခြားစနစ်တွေက တာဝန်တစ်ခုပြီးမြောက်ခြင်းအတွက် နက်နဲမှု အဆောင်လက်နက်တွေပေးတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ တစ်ခုလောက်ပဲ ဒီတိုင်းပေးလိုက်တာလေ။ အရမ်းကတ်သပ်မနေပါနဲ့]

"ဝိုး! မင်းမှန်တာပဲ။ နောက်တစ်ခေါက် ငါရေချိုးရင် ငါ့ကိုယ်ထဲမှာပုန်းပြီး ငါရေချိုးတာကို ကြည့်မလား?"

ဝမ့်ခိုက် : [...]

[အဟမ်း အဟမ်း... သခင်၊ ခဏနေပါဦး။ ကျွန်တော် အရင်ဆုံး လက်ဆောင်ထုပ်ပြန်ယူလိုက်ဦးမယ်]

တစ်ခဏအကြာတွင် လုရှောင်ယန်မှာ ၎င်းအား ထပ်ဖွင့်လိုက်သည်။

ဆက်နွယ်မှုချီ × 10

လုရှောင်ယန်မှာ မျက်လုံးများအား မှေးကျဉ်းလိုက်၏။

မဆိုးဘူး၊ မဆိုးဘူး။ ဒီဟာကတော့ မဆိုးဘူး။

ဝမ့်ခိုက်မှာ တကယ်ကိုပင် နှာဘူးအိုကြီးပင်။

ရေချိုးပြတာအတွက်ကတော့၊ ဟီးဟီးဟီး... သူက သူ၏ကိုယ်ပေါ်ရှိ ဖုန်များအားခါထုတ်ရန် နတ်ဝိဉာဉ်စွမ်းအားကို သုံးလေ့ရှိသည်။ သူဟာ ချွေးပင်မထွက်ပါချေ။ သူဟာ နေ့တိုင်းအနံ့လည်းကောင်းသောကြောင့် ဘယ်လိုများရေချိုးရမည်နည်း?!

…

တစ်ဖက်တွင် စုန့်ရှင်းနျန်မှာ အကြီးအကဲများ၏ ဦးဆောင်မှုအောက်၌ ကောင်းကင်ဓားသွားစင်မြင့်ဆီသို့ ပြန်ရောက်လာ၏။

"ကြိုဆိုပါတယ်၊ မြင့်မြတ်သောသားတော်!"

"သခင်လေးမြင့်မြတ်သောသားတော် ပြန်လာပြီ!"

ဂိုဏ်းသားများမှာ တစ်ခဏမျှ စိတ်လှုပ်ရှားလာကြ၏။

စုန့်ရှင်းနျန်မှာမူ တစ်ချိန်လုံး လက်ကိုနောက်ပစ်ထားကာ တည်ငြိမ်နေဟန်ဖြင့် ခေါင်းငြိမ့်နေလျက် အစိုးရဝန်ကြီးမှ ကျေးရွာလေးအား လိုက်လံကြည့်ရှုနေသလိုပါပင်။

ထိုသို့ဖြင့် သူဟာ ကောင်းကင်ဓားသွားစင်မြင့် ခန်းမသို့ရောက်ရှိလာ၏။ ကြီးမြတ်သောနတ်ဘုရားအဆင့်ပညာရှင်များ အစီရင်မခံခင်တွင် ခန်းမမှအနီရောင်ခန်းဆီးလွင့်ပျံလာကာ ‌စုန့်ရှင်းနျန်အား ခန်းမတွင်းသို့ခေါ်ဆောင်သွားသည်။ ထို့နောက်တံခါးပိတ်သွားကာ အကြီးအကဲများမှာမူ အချင်းချင်းကြည့်လိုက်ကြ၏။

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၂၈။ အပိုင်း ၄၁၀ မင်းသေချင်လို့လား?

"သေစမ်း ရှင်ကတော့၊ အပြင်ထွက်သွားပြီး ပြန်မလာဘူး။ ကျွန်မရှင့်ကို အရမ်းလွမ်းနေခဲ့တာ။"

"ငါ အရူးထဖို့ ထွက်သွားတာမဟုတ်ဘူးလေ။ အရေးကိစ္စတွေနဲ့ အလုပ်ရှုပ်နေလို့ပါ။"

"အခု ကျွန်မအရေးကိစ္စတွေ‌အကြောင်းမပြောချင်ဘူး။ အတွင်းရေးကိစ္စတွေပဲပြောချင်တယ်။ ဘာလို့ ရှင့်ရဲ့ခါးစည်းကြိုးက ဖြည်ရခက်နေတာလဲ?"

"ဟီးဟီးဟီး၊ ငါ့ရဲ့အဝတ်တွေက အထင်ကြီးစရာပဲလေ။ ဒါတွေက အဝတ်တွေလို့ ထင်ရပေမယ့် တကယ်က နက်နဲမှုအဆောင်လက်နက်တွေပဲ။ ဝေ့၊ မဖြဲပစ်နဲ့လေ။ ပျက်စီးသွားလိမ့်မယ်။"

…

တံခါးအပြင်ဘက်ရှိ အကြီးအကဲအချို့မှာ ခန်းမမှ အသံကိုကြားချိန်၌ ကူကယ်ရာမဲ့စွာ အရှက်သည်းနေကြသည်။ ၎င်းတို့မှာ အတန်ငယ်ချောင်းဟန့်လျက် ထွက်ခွာသွားကြ၏။

"ညီနောင်ငါး၊ သောက်တတ်လား? ကျုပ်မှာ ထိပ်တန်းအဆင့် ဆယ်နှစ်ဝိုင်ရှိတယ်။"

"ဒီလိုလား? ဒါဆိုလည်း သွားပြီး အရသာခံကြ‌တာပေါ့ကွာ။"

...

ခန်းမရှိဆူညံသံများမှာ အားလုံးထွက်သွားချိန်၌ပင် မပျောက်သွားကြသေးပါချေ။ ထိုအစား ပိုလို့ပင် မိုက်မဲလာကြသည်။

တဖြည်းဖြည်းမရပ်တန့်ခင်အချိန်ထိ ၎င်းမှာ တစ်နာရီမျှကြာညောင်းခဲ့လေသည်။

စုန့်ရှင်းနျန်နှင့် စင်မြင့်ခေါင်းဆောင်မှာ ခန်းမ၏ တဖိတ်ဖိတ်တောက်နေသော ကြမ်းပြင်တွင်‌လှဲလျောင်းလျက် မျက်နှာများထက်တွင် အပြုံးများ၊ ‌ကျေနပ်အားရမှုများနှင့် ပြည့်နှက်နေ၏။

"အမှန်ပဲ။ ရှင်အပြင်မှာ တော်တော်ကြာကြာ မရှုပ်ခဲ့ရဘူးထင်တယ်။ မဟုတ်ရင် ဆယ့်ငါးမိနစ်ထက် ကြာမှာမဟုတ်ဘူး။"

"ငါပြောခဲ့ပြီးပြီလေ၊ ‌အရေးကြီးကိစ္စတွေနဲ့ အလုပ်ရှုပ်နေခဲ့တာလို့၊ ဒါပေမယ့် မင်းမှ မယုံတာ။"

"ဟီးဟီး၊ ကျွန်မရှင့်ကို မတွေ့ရတာကြာနေပြီလေ။ ဒေါသမထွက်ပါနဲ့"

သူ၏လက်များအကြား၌ လှဲလျောင်းကာ ညုတုတုလုပ်နေသော စင်မြင့်ခေါင်းဆောင်အား ကြည့်လျက် စုန့်ရှင်းနျန်မှာ စိတ်တွင်း၌ မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။

သူမဟာ သန်မာပြီး စွမ်းအားကြီးနေပါလျှင်ပင် သူ၏ရှေ့မှောက်၌ ကလေးမလေးတစ်ယောက်လိုပါပင်။

ထိုအခိုက်၌ သူမဟာ ထပ်မံစကားဆိုလိုက်သည်။

"ဒါနဲ့၊ ကျွန်မမှာ ရှင့်ကို အရေးတကြီးပြောစရာရှိသေးတယ်။"

"ဟုတ်လား၊ ဆက်ပြောလေ"

"ကျွန်မ မကြာခင်က နတ်ဘုရားဧကရာဇ်စကားဝိုင်းလို့ခေါ်တဲ့ ထူးဆန်းတဲ့ အဖွဲ့တစ်ခုကို ဝင်ခဲ့တယ်။ အဲ့ဒီအဖွဲ့ခေါင်းဆောင်မှာ ထူးကဲတဲ့ အဓိပ္ပာယ်နဲ့ ကံကောင်းမှုတွေရှိနေတယ်။ သူက အနည်းဆုံးတော့ အမတဆရာကြီးတစ်ပါးပဲ!"

"အိုး? စိတ်ဝင်စားစရာပဲ"

"ရှင် မအံ့ဩဘူးလား?"

"ဒါကအဆင်ပြေပါတယ်။ ကျယ်ပြောတဲ့လောကကြီးမှာ ထူးဆန်းတဲ့အရာတွေ အမျိုးစုံရှိတာပဲလေ။ ဒါကပုံမှန်ပဲမဟုတ်ဘူးလား?"

"ရှင်ကတကယ်ကို အမြင်ကျယ်တာပဲ။ ဒီလိုကိစ္စမျိုးကိုတောင် လက်ခံနိုင်တယ်။ ရှင် ကောင်းကင်ဓားသွားစင်မြင့်ရဲ့ ဓားမော့ကျင့်စဉ်ကို မြန်မြန်နားလည်နိုင်သွားတာ အံ့ဩစရာမရှိတော့ပါဘူး။"

တစ်ခဏရပ်တန့်ပြီးနောက် သူမဟာဆက်ပြောလိုက်သည်။

"ဒီတစ်ကြိမ် ရှင့်ကိုပြန်လာဖို့ တောင်းဆိုလိုက်တဲ့ အကြောင်းအရင်းက ရှင့်ရဲ့ကျင့်ကြံဆင့်ကို ပိုတိုးတက်အောင်လုပ်ပြီး အချိန်တိုအတွင်းမှာ ကြီးမြတ်သောနတ်ဘုရားအဆင့်ရောက်အောင်အထိကျင့်ကြံနိုင်ဖို့ပဲ။"

"ကြီးမြတ်သောနတ်ဘုရားအဆင့်ကိုရောက်ပြီးရင် ရှင် နတ်ဘုရားဧကရာဇ်စကားဝိုင်းကို ဝင်လို့ရပြီ။ ဒီအဖွဲ့ကိုဝင်ပြီးရင် ကောင်းကင်ဓားသွားစင်မြင့်ကထက် အဆများစွာ ပိုကောင်းတဲ့ ရင်းမြစ်တွေရော ကျင့်စဉ်တွေရောရလိမ့်မယ်။ ရှင်နဲ့ကျွန်မ အချိန်တိုအတွင်းမှာ အမတအဆင့်ထိ ကျင့်ကြံသွားနိုင်လောက်မှာ။"

"ဘာပဲဖြစ်ဖြစ်။ ငါတကယ်ဂရုမစိုက်ပါဘူး။"

စုန့်ရှင်းနျန်ထံတွင် လုရှောင်ယန်၏အကာအကွယ်ရှိကာ ထို နတ်ဘုရားဧကရာဇ်စကားဝိုင်းဟုခေါ်သည့် အရာအား လုံးဝပင် ဂရုမစိုက်ပါချေ။

သူ၏ဆရာမှာ အင်မတန်စွမ်းအားကြီးမားလှကာ ဂုဏ်သရေရှိ သူတော်စင်တစ်ပါးလည်းဖြစ်၏။ အရူးတစ်ယောက်သည်ပင် သူတော်စင်တစ်ပါးက အမတတစ်ပါးထက်ပို၍ စွမ်းအားကြီးမားသည်ကို သိလိမ့်မည်။

"ကျွန်မတကယ်ပြောနေတာ။ တစ်ဖက်လူက တကယ်ကို စွမ်းအားကြီးတယ်။ ပေါ့သေးသေးမထင်လိုက်နဲ့။"

"ကောင်းပြီလေ၊ ငါနားလည်ပါတယ်။"

"ဟုတ်ပြီလေ! ဒီလိုဖြစ်ရမှာပေါ့။ မကြာခင်က ဒီအဖွဲ့ကနေ လုရှောင်ယန်လို့ခေါ်တဲ့ လူတစ်ယောက်ကို သတ်ဖို့ တာဝန်ပေးထားတယ်။ အဲ့ဒီလူကိုသတ်ပြီးရင် အတော်လေးများတဲ့ဆုတွေလည်း ပေးဦးမယ်လို့ပြောတယ်။ ပြီးတော့ အမတအဆင့်ကိုတောင် ချက်ချင်းတက်လှမ်းသွားနိုင်တယ်။"

"မင်းဘာတွေပြောနေတာလဲ? ဘယ်သူ့ကိုသတ်မှာ?"

"လုရှောင်ယန်လေ!"

ကောင်းကင်ဓားသွားစင်မြင့်ခေါင်းဆောင်မှာ မျက်လုံးဝိုင်းကြီးများဖြင့် မျက်တောင်ခတ်လိုက်ကာ စုန့်ရှင်းနျန်အား ရှုပ်ထွေးစွာကြည့်လိုက်၏။

"ဘာဖြစ်လို့လဲ?"

"မင်းသေချင်လို့လား?! လုရှောင်ယန်က ဘယ်သူလဲဆိုတာမင်းသိလို့လား? လုရှောင်ယန်က ငါ့ဆရာကွ!"

"လုရှောင်ယန်က ရှင့်ရဲ့ဆရာ?"

"ဟုတ်တယ်! တစ်ဖက်လူက လုရှောင်ယန်ကိုဆိုလိုချင်တာဆိုရင် ငါ့ဆီလာပြီး ငါ့ဆရာကိုသတ်ခိုင်းနေတာမဟုတ်ဘူးလား? ဒါဆိုငါ့ကိုလည်း သတ်လိုက်တော့။"

"အချစ်၊ ဒေါသမထွက်ပါနဲ့။ ကျွန်မဒါကို မသိလို့ပါ။ ရှင် လုရှောင်ယန်ကို မသိဘူးလို့ ထင်ခဲ့တာ။ သူကရှင့်ဆရာဆိုမှတော့ ကျွန်မသူ့ကို မသတ်ပါဘူး။ ဒီတာဝန်ကို လက်လျော့လိုက်ပါ့မယ်။"

"ကျစ်! လက်လျှော့မယ်? မင်းသာလက်မ‌လျှော့ရင် မင်းသေသွားလိမ့်မယ်။ ငါ့ဆရာက ဘယ်လိုဖြစ်တည်မှုမျိုးဆိုတာ မင်းသိလို့လား? ငါ့ဆရာက သူတော်စင်ပဲ! အဲ့ဒီလူက အမတလေးပဲဖြစ်နေပေမယ့် ငါ့ဆရာကိုသတ်ချင်သေးတယ်ပေါ့လေ? သူက သူ့ကိုယ်သူ အထင်ကြီးလွန်ပြီး သေချင်နေတာပဲ"

စင်မြင့် ခေါင်းဆောင်မှာ မထိန်းနိုင်ဘဲ မျက်မှောင်ကျုံ့လိုက်မိသည်။

"သူတော်စင်? ရှင်နောက်နေတာလား?! ရှင့်ဆရာက သူတော်စင်။ ရှင် လှည့်ဖျားခံထားရတာလား? သူတော်စင်တွေက ဘယ်လိုဖြစ်တည်မှုမျိုး မို့လို့လဲ? သူတို့စကားလုံးတွေက လောကကို ရွှေ့နိုင်ပြီး ကောင်းကင်ဘုံကိုတောင် ပြောင်းလဲနိုင်တယ်။ ရှင့်ဆရာက ဘယ်လိုလုပ် သူတော်စင်ဖြစ်နိုင်မှာလဲ?"

"ငါက လှည့်ဖျားခံရတယ်? ငါပြောလိုက်မယ်။ ငါ့ဆရာ ဘယ်လောက်စွမ်းအားကြီးသလဲဆိုတာ ငါတောင် မခန့်မှန်းနိုင်ဘူး။ ငါအခုကျင့်ကြံနေတဲ့ ကျင့်စဉ်က ဘာကျင့်စဉ်လဲဆိုတာ မင်းသိရဲ့လား? အမတကျင့်စဉ်ကွ! ငါ့ရဲ့ ဆရာတူညီအစ်ကိုတွေ၊ အစ်မတွေ အားလုံး အမတကျင့်စဉ်ကိုကျင့်ကြံနေကြတာ!"

"အမတဆေးလုံးဆိုတာ ငါတို့အတွက် သကြားလုံးလေးတွေလိုပဲ။ ငါတို့ နေ့တိုင်း ဥကြော်တွေနဲ့ ဥပြုတ်ကလွဲ ဘာမှမစားဘူး။ အဲ့ဒါတွေအားလုံးက အမတသားရဲဥတွေပဲ၊ ဘယ်လိုထင်လဲ။"

"ငါ့ရဲ့ဆရာတူညီအစ်ကိုတွေ၊ အစ်မတွေအားလုံးမှာ အဆင့်ပိုမြင့်တဲ့ရန်သူတွေကို သတ်နိုင်တဲ့ အစွမ်းရှိတယ်။ ငါ့ရဲ့ဆရာတူအစ်ကိုအကြီးဆုံးက ကြီးမြတ်သောနတ်ဘုရားအဆင့်ပဲရှိနေသေးပေမယ့် နတ်ဘုရားဧကရာဇ်တစ်ယောက်ကို သတ်နိုင်နေပြီ!"

"ပြီးတော့၊ ဒီလောကမှာ မြင်းနက်လို့ခေါ်တဲ့ ဖြစ်တည်မှုတစ်ခုလည်းရှိသေးတယ်။ ဒီလို ဖြစ်တည်မှုမျိုးကို ဘယ်နည်းနဲ့မှ သတ်လို့မရနိုင်ဘူး။ သူက ကောင်းကင်ဓားသွားဂိုဏ်းရဲ့ ပုစွန်ဆိတ်လေးပဲဆိုရင်တောင်မှာ မင်းကို တစ်နှစ်လောက်အတွင်းမှာတင်ပဲ သတ်ဖို့ စွမ်းအားရှိနေတုန်းပဲ။"

"ဒါပေမယ့်၊ ငါ့ရဲ့ဆရာကတော့ အဲ့လိုမြင်းနက်မျိုးကို ဓား‌တစ်ချက်ယမ်းရုံနဲ့တောင် သတ်နိုင်တယ်!"

"ငါမင်းကို နောက်နေတယ်များထင်နေတာလ?"

"အရမ်းစွမ်းအားကြီးတာပဲ!"

ကောင်းကင်ဓားသွားစင်မြင့်ခေါင်းဆောင်၏မျက်လုံးများမှာ မယုံကြည်နိုင်ဖွယ်ပြူးကျယ်လို့နေ၏။

သူမဟာ မူလက ‌ဤလောကတွင် နတ်ဘုရားဧကရာဇ်စကားဝိုင်းမှာ အင်မတန်စွမ်းအားကြီးလှသည်ဟာ ထင်မှတ်နေခဲ့၏။ သို့သော် စုန့်ရှင်းနျန်၏ ဆရာမှာ ထိုထက်ပင် ကျော်လွန်နေမည်ဟု ထင်မထားခဲ့ချေ။ ၎င်းမှာ သူမ၏ စိတ်ကူးကိုပင် ကျော်လွန်နေပြီဖြစ်၏!

"သူက ပိုပြီးစွမ်းအားကြီးတယ်! ငါ့ဆရာနဲ့ ငါအတူတူရှိစဉ်တည်းက သူ့ကိုခက်ခဲအောင် လုပ်နိုင်တဲ့ တစ်ယောက်ယောက်ကို မတွေ့ဖူးသေးဘူး။ မင်းသာ သူ့ရဲ့ရန်သူဖြစ်တာနဲ့ အသက်ရှင်နိုင်တော့မှာမဟုတ်ဘူး။ ကံကောင်းလို့ အချိန်မီ ဆရာ့ကိုသတ်မယ့်အကြောင်း ငါ့ကိုပြောပြလိုက်လို့သာ။ မဟုတ်ရင် မင်းလုံးဝ ပျက်စီးသွားမယ်လို့ ငါအာမခံတယ်။"

"သိပြီ။ ဒါဆို အဲ့ဒီနတ်ဘုရားဧကရာဇ်စကားဝိုင်းက ချက်ချင်းပဲ ထွက်လိုက်တော့မယ်။"

"မလုပ်နဲ့။ မစိုးရိမ်နဲ့၊ မထွက်နဲ့ဦး။"

စုန့်ရှင်းနျန်မှာ တစ်ခဏမျှတွေးတောနေပြီးနောက် သူ၏ နှုတ်ခမ်းထောင့်များမှာ အတန်ငယ်ကွေးတက်သွားလေသည်။

"သူတို့မင်းကို တွေ့ထားပြီးမှတော့ ဆရာ့ကို အမဲလိုက်ဖို့ သွားပြီး ပါဝင်လိုက်ဦး။ သူတို့တိုက်ခိုက်ချိန်ကျရင် နောက်ကနေ တိုက်ခိုက်။ အဲ့လိုဆိုရင် ပြဿနာအကြီးကြီးတက်လိမ့်မယ်။ ငါ့ဆရာက မင်းကို ပစ္စည်းကောင်းလေးတွေ ပေးလိမ့်မယ်။"

"ကောင်းပြီလေ၊ ကျွန်မရှင်ပြောတာနားထောင်ပါ့မယ်။"

...

တစ်ဖက်ရှိ ထိုက်ယိဓားတာအို၌။

လီချန်းရှန်မှာ ထိုက်ယိဓားတာအိုသို့ ရောက်ပြီးသည်တွင် ဂိုဏ်းချုပ်အား ဦးဆုံး မနှုတ်ဆက်ပါချေ။ ထိုအစားသူဟာ တားမြစ်နယ်မြေသို့သာ ချက်ချင်းရောက်ရှိသွား၏။

"ချန်းရှန်က မဟာအကြီးအကဲကို ဂါရဝပြုပါတယ်။"

ထိုမဟာအကြီးအကဲမှာ သန့်ရှင်းရေးလုပ်နေသည်ကို ရပ်ကာ တံမြက်စည်းထံ မှီထားလိုက်သည်။

"မင်းပြန်လာပြီပဲ။ မဆိုးဘူး။ ခဏလောက်အပြင်ထွက်သွားပြီးတော့ မဟာယနနတ်ဘုရားဘုရင်အဆင့်ထိကျင့်ကြံခဲ့တာပဲ။ မင်းကြည့်ရတာ ကံကောင်းတာတွေ ကြုံခဲ့ရပုံပဲ။"

လီ‌ချန်းရှန်မှာ ခေါင်းခါလိုက်၏။

"မဟုတ်ပါဘူး၊ ကျွန်တော်ဘယ်ကံကောင်းတာကိုမှမကြုံခဲ့ပါဘူး။ ကျွန်တော့ ဆရာကိုတွေ့ခဲ့လို့ပါ။"

"အိုး! တကယ် မင်းရဲ့ဆရာ မင်းရဲ့ကျင့်ကြံဆင့်တက်လာအောင် ကူညီပေးခဲ့တာပဲ။ မင်းရဲ့ဆရာက တကယ်ကိုထူးကဲလှပုံပါပဲ။"

မဟာအကြီးအကဲမှာ အနည်းငယ်အံ့ဩသွားဟန်ပေါ်ကာ လီချန်းရှန်၏မျက်နှာမှာ ဂုဏ်ယူနေဟန်ပေါ်နေ၏။

"အကြီးအကဲပြောတာမှန်ပါတယ်။ ကျွန်တော့ဆရာကတကယ်ကို ထူးကဲလှပါတယ်။ ဒါပေမယ့် ဘာကြောင့် ဒီတစ်ခေါက် အကြီးအကဲ ကျွန်တော့ကို အခေါ်လွှတ်လိုက်ရသလဲကို သိချင်မိပါတယ်။"

"ဒါက ဒီလိုပါ။ ငါ မကြာသေးခင်ကမှ နတ်ဘုရားဧကရာဇ်စကားဝိုင်းလို့ခေါ်တဲ့ အဖွဲ့တစ်ခုထဲ ဝင်ခဲ့တယ်။ ဒီနတ်ဘုရားဧကရာဇ်စကားဝိုင်းထဲမှာ ဒီလောက,က အသန်မာဆုံးပညာရှင်တွေကို စုစည်းထားတယ်။ မင်းရဲ့ကျင့်ကြံဆင့်က ကြီးမြတ်သော နတ်ဘုရားအဆင့်ကိုရောက်တာနဲ့ ဒီနတ်ဘုရားဧကရာဇ်စကားဝိုင်းနဲ့ ဆက်သွယ်လို့ရနိုင်ပြီ။ ဒီလိုဆိုရင် အနာဂတ်မှာ နတ်ဘုရားဧကရာဇ်အဆင့်ကို ခြေလှမ်းဖို့ အတော်လေးအကူအညီဖြစ်စေမယ့် ရင်းမြစ်တွေရလာလိမ့်မယ်။ အမတအဆင့်ထိ ကျင့်ကြံဖို့လည်း အတော်လေး အကူညီဖြစ်တယ်လို့တောင် ပြောလို့ရနိုင်တယ်။"

လီချန်းရှန်၏ မျက်ခုံးများ အတန်ငယ်မြင့်တက်သွားသည်။

"ဒါက စွမ်းအားကြီးတယ်လား?"

"ဒါပေါ့။ ဒီအဖွဲ့ထဲဝင်ပြီးရင် သူတို့က မင်းကို ထိပ်တန်းအဆင့် နတ်သလင်းကျောက် သန်းတစ်ရာနဲ့ နက်နဲမှုအဆောင်လက်နဲ့တစ်ခုပေးလိမ့်မယ်။"

"ဒါ့ထက် ဒီအဖွဲ့ထဲက နတ်ဘုရားဧကရာဇ်အဆင့်တွေက တစ်ကြိမ်ပြီးတစ်ကြိမ် သင်ကြားပေးလေ့ရှိတယ်။ ငါတို့ရဲ့ပို့ချချက်တွေက မင်းတို့ ကြီးမြတ်သောနတ်ဘုရားအဆင့်တွေကို အတွေ့အကြုံကြီးကြီးတစ်ခုရစေနိုင်တယ်။"

"ဒါပေမယ့် သူတို့ဒီပို့ချချက်တွေရော ပို့ချလား? ဘာလို့ နတ်ဘုရားဧကရာဇ်တစ်ယောက်က သူ့ရဲ့ကျင့်ကြံခြင်းအတွေ့အကြုံကို တခြားသူတွေဆီ ဝေမျှရတာလဲ?"

"ဒါကတော့ နတ်ဘုရားဧကရာဇ်စကားဝိုင်းထဲက ပစ္စည်းတွေက အတော်လေးအမျိုးစုံတယ်လေ။ နတ်ဘုရားဧကရာဇ်အဆင့်တွေတောင်မှ နည်းနည်း မနာလိုကြတယ်။

အတိုပြောရရင် မင်းက ဒီအဖွဲ့ထဲဝင်တာနဲ့ အကျိုးအမြတ်ပဲရတော့မှာ။ လုံးဝဆုံးရှုံးစရာမရှိတော့ဘူး။"

တစ်ခဏမျှရပ်တန့်ပြီးသည်တွင် ဆက်ပြောလိုက်သည်။

"ပြီးတော့ မကြာသေးခင်က နတ်ဘုရားဧကရာဇ်စကားဝိုင်းက တာဝန်ကြီးတစ်ခုပေးထားသေးတယ်။ ငါတို့သာ လုရှောင်ယန်လို့ခေါ်တဲ့ ကျင့်ကြံသူကိုသတ်နိုင်တာနဲ့ ရင်းမြစ်အများကြီးရလိမ့်မယ်။ ဒီရင်းမြစ်တွေက ငါတို့ကို အမတအဆင့်ထိရောက်အောင်တောင် ကူညီပေးလိမ့်မယ်။"

"ဘယ်သူ? ဘယ်သူ့ကို သတ်ရမှာလို့ပြောလိုက်တာ?'

"လုရှောင်ယန်"

လီချန်းရှန် : "..."

ထိုအကြီးအကဲမှာ သူ၏ကြောင်အသွားပုံကိုမြင်ကာ မနေနိုင်ဘဲ ပဟေဠိဖြစ်သွား၏။

"ဘာဖြစ်လို့လဲ? တစ်ခုခုမှားနေလို့လား?"

လီချန်းရှန်မှာ အကူအညီမဲ့စွာ‌ပြုံးလျက် ပြောလိုက်၏။

"ရိုးရိုးသားသားပြောရရင်တော့ဗျာ၊ အကြီးအကဲ၊ လုရှောင်ယန်ဆိုတာ ကျွန်တော့ရဲ့ ဆရာပါ။ ပြီးတော့ ခင်ဗျားနဲ့ ဂိုဏ်းချုပ် ဒီတာဝန်ကိုလက်မခံဖို့ အကြံပေးပါရစေ။ အကြောင်းကတော့ ကျွန်တော့ဆရာက သာမန်လူလေးမဟုတ်‌လို့ပါ။ သူ့ကိုသတ်ဖို့ကြိုးစားတဲ့လူတိုင်း ဘယ်တုန်းကမှ မအောင်မြင်ဘူး။ သူ့ကြောင့်ပဲ အသတ်ခံလိုက်ကြရတယ်။"

"ကျွန်တော် အဲ့ဒီနတ်ဘုရားဧကရာဇ်စကားဝိုင်းထဲမှာ ဘာတွေဖြစ်နေလဲမသိပေမယ့် သူတို့က လုံးဝကို ဆရာ့အတွက် ပြိုင်ဘက်မဟုတ်ကြဘူး။"

"ခင်ဗျားတို့သာ ဒီတာဝန်ထဲပါ လိုက်ရင် သေရုံပဲရှိတော့တယ်။"

"ထပ်ပေါင်းအနေ‌နဲ့တော့ ကျွန်တော့ကို ထိုက်ယိဓားတာအိုက ကောင်းကောင်းဆက်ဆံပေးခဲ့ပေမယ့် ကျွန်တော် ဒီတိုင်းလေးပဲထိုင်နေပြီး ထိုက်ယိဓားတာအိုက ကျွန်တော့ဆရာကို ပစ်မှတ်ထားကြတာကို ထိုင်မကြည့်ဘူး။"

"အိုး? မင်းအတည်ပြောနေတာလား?"

အကြီးအကဲမှာ အတန်ငယ်ထိတ်လန့်ကာ မယုံမကြည်ဖြစ်နေ၏။

လီချန်းရှန်မှာ ထပ်မံခေါင်းငြိမ့်လိုက်သည်။

"ဒီနတ်ဘုရားဧကရာဇ်စကားဝိုင်းထဲမှာ နတ်ဘုရားဧကရာဇ်ပေါင်းတစ်ရာလောက်စုစည်းဖားတယ်။ ပြီးတော့ အဲ့ဒီနောက်ကနေ နတ်ဘုရားဧကရာဇ်စကားဝိုင်းကို ထိန်းချုပ်ဖို့ အမတတစ်ယောက်လည်းရှိနေသေးတယ်! မင်းရဲ့ဆရာက အမတထက်တောင် စွမ်းအားကြီးနေတာလား?"

လီချန်းရှန်မှာ ထူးမခြားနားပြုံးလိုက်သည်။

"ကျုပ်ဆရာက သူတော်စင်ပါ!"

လေထုမှာ တစ်ခဏမျှ သေလု‌အောင် တိတ်ဆိတ်သွားသည်။

အချိန်အတော်ကြာပြီးနောက်တွင် အကြီးအကဲမှာ စိတ်ငြိမ်သွားကာ သူ၏ကြောင်အမ်းအမ်းအမူအရာအား ပြန်ရုတ်သိမ်းလိုက်သည်။

သူဟာသက်ပြင်းချလိုက်၏။

"မင်းရဲ့ဆရာက အရမ်းစွမ်းအားကြီးနေမယ်လို့ထင်မထားဘူး။ ဒါဆိုငါ ဂိုဏ်းချုပ်နဲ့အတူ ဒီစကားဝိုင်းကနေ ထွက်ဖို့ ကြေငြာလိုက်မယ်။"

"မဟုတ်သေးဘူး! အကြီးအကဲ အခုထွက်လိုက်ရင် ရန်သူကိုသတိပေးသလိုဖြစ်သွားလိမ့်မယ်။ ပြီးတော့ ဒီလိုထွက်သွားလိုက်ရင် ဘာအကျိုးအမြတ်မှရမှာမဟုတ်တော့ဘူး။"

"ဒီလိုဆိုရင်ရော? ခင်ဗျား ဒီတာဝန်မှာ ဆက်ပြီးဝင်ပါနိုင်ပါတယ်။ ဒီလိုဆိုရင် အဲ့ဒီအဖွဲ့ခေါင်းဆောင်ကို နောက်ကနေတိုက်ခိုက်ပြီး ရင်းမြစ်နည်းနည်းလောက် ညှစ်ယူလို့ရပါတယ်။ တစ်ဖက်အဖွဲ့ကို ဖျက်ဆီးပြီးရင် ကျွန်တော့ဆရာက ခ‌င်ဗျားကို ဆုပေးလိမ့်မယ်။

ဒါက အမတဖြစ်လာဖို့ ချဲ့ကားလွန်းတဲ့ မျှော်လင့်ချက်မဟုတ်ဘူး။"

မဟာအကြီးအကဲ၏မျက်လုံးများမှာ တောက်ပသွားသည်။

"ကောင်းပြီလေ! ဒီလိုဆိုမှတော့ အခုပဲ ဂိုဏ်းချုပ်နဲ့ ဆွေးနွေးလိုက်တော့မယ်။"

***

All Chapters