အခန်း (၄၃၁-၄၃၅)
Vol. 29 Ch. 431-435
အပိုင်း ၄၃၁ အဆင့်မြှင့်ကြ၊ မင်းတို့အားလုံး၊ အဆင့်မြှင့်ကြ
လုရှောင်ယန်မှာ ယခုတွင် ရွှေရောင်အောက်ကျွန်းကမည်မျှ စွမ်းအားကြီးမားသည်ကို ရှာဖွေရန် မစောင့်နိုင်တော့ပါချေ။
သူ၏စွမ်းအားနှင့် တစ်ဖက်လူများ၏ စွမ်းအားကို သိခြင်းက သူ့အတွက် ထိုတိုက်ပွဲအား ပြည့်စုံစွာ ထိန်းချုပ်နိုင်စေလိမ့်မည်ပင်။
ဆိုရိုးအတိုင်းပါပင်၊ သင့်ကိုယ်သင်နှင့် သင့်ရန်သူကို နားလည်ပါဟူ၍ဖြစ်၏။
လော့ယန်မှာ ချက်ချင်းပင် လေးစားစွာ ပြန်ပြောလိုက်၏။
"ဂိုဏ်းချုပ်၊ ကျုပ်တို့ ကျဲကျောင်းတော်မှာ လူပေါင်း ၃၀၇ဦးရှိပါတယ်။ အားလုံးထဲမှာ ကျုပ်အပါအဝင် ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင် ၄ယောက်ရှိပါတယ်။ ပြီးတော့ ထိုက်ယိရွှေရောင်အမတအရှင် ၁၀ယောက်လည်းရှိပါတယ်။ ကျန်တာတွေ အကုန်လုံးကတော့ စွမ်းအားအမျိုးမျိူးနဲ့ ကောင်းကင်အမတအရှင်အဆင့်တွေချည်းပါပဲ။"
"သူတို့ထဲမှာ အယောက် ၂၇၀ကတော့ ရွှေရောင်အောက်ကျွန်းမှာရှိပါတယ်။ ကျန်တဲ့ အယောက်၁၀၀ကတော့ ရှေးဟောင်းလောကနဲ့ သုံးလောကလုံးမှာ သူလျှိုတွေအနေနဲ့ ဖြန့်ကျက်ထားကြပါတယ်။"
"ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင် ၄ယောက်"
လုရှောင်ယန်မှာ တစ်ခဏမျှ ရပ်တန့်သွား၏။
၎င်းမှာ မဆိုးလှပါချေ။ ပြောရလျှင် နတ်ဘုရားချိတ်ပိတ်ခြင်းအတိဒုက္ခအတွင်းတွင် ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင် များစွာရှိပါသော်လည်း အများစုမှာ အဆင့်သတ်မှတ်ချက်များ၌ ရှိကြကာ ကောင်းကင်ဘုံခုံရုံး၏အပြစ်သားများဖြစ်လာ၏။ အများအပြားပင် ကျန်ရှိမနေကြတော့ချေ။
ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင် ၄ယောက်သာရှိသည်ဟု ထင်ရပါသော်လည်း ပြောရလျှင် ကျဆင်းနေသည့်ရှေးဟောင်းလောကတွင် ထိုကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အရေအတွက်မှာ အင်မတန် အရေးပါလှချေ၏။
၎င်းမှာ အပျော်ဂေဟာများအား ပိတ်ရန် တွန်းအားပေးပြီးနောက်၌ ပြည့်တန်ဆာတစ်ဦး၏ ကြေးမှာ ၁၀၀မှ ၁၇၀၀ယွမ်အထိ တိုးသွားသလိုပါပင်။
ထို့အပြင် ထုံထျန်းမှာ အင်မတန်ထက်မြတ်နေဆဲပါပင်။ သူဟာ တကယ်ကိုပင် အနာဂတ်၌ အချက်အလက်များစွာစုဆောင်းနိုင်ရန် သုံးလောကရှိ နေရာစုံအား ဂိုဏ်းသားတစ်ရာကျော်ကို သူလျှိုများအဖြစ်စေလွှတ်ထားခဲ့သည်။
ထိုသည်ကိုတွေးရင်းဖြင့် လုရှောင်ယန်မှာ လတ်လတ်ဆက်ဆက်ခူးဆွတ်ထားခဲ့သည့် အမတလဘက်ရည်တစ်ခွက်အား ယူလိုက်ကာ မြည်းကြည့်လိုက်၏။
"ရှေးဟောင်းလောက,က တခြားအဖွဲ့အစည်းတွေကရော ဘယ်လိုအခြေနေရှိလဲ?"
"အမ်း... ကျုပ်တို့ရဲ့ အလျင်က ခန့်မှန်းချက်အရတော့ ရှေးဟောင်းလောကရဲ့ တခြားဂိုဏ်းတွေကြားထဲမှာ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ပေါင်း ၃၀၀၀၀ကနေ ၅၀၀၀၀အထိရှိပါတယ်။"
ဖူးးး!
လုရှောင်ယန်မှာ ယခုမှသောက်ထားခဲ့သော လဘက်ရည်အား အမှတ်မထင် ထွေးထုတ်လိုက်မိသည်။
"အဟွတ် အဟွတ် အဟွတ်..."
နှစ်ကြိမ်ခန့်ချောင်းဆိုးပြီးနောက်တွင် သူဟာ လည်ချောင်းထဲရှိ သက်တောင့်သက်သာမရှိမှုအား ဥပေက္ခာပြုလိုက်ကာ ဆက်ပြောလိုက်သည်။
"ဘာလို့များ ရှေးဟောင်းလောကမှာ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်တွေ အဲ့လောက်များရတာလဲ? ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အများစုက ကောင်းကင်ဘုံခုံရုံးမှာ မဟုတ်ဘူးလား?"
လော့ယန်မှာ အတန်ငယ်ရှက်ရွံ့သွားသလိုပါပင်။
"အာ... ဂိုဏ်းချုပ်၊ ဒါက မတတ်နိုင်ပါဘူး။ အချိန်တွေက ပြောင်းလဲသွားပြီလေ။ အတိတ်မှာတုန်းက ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်တွေ များများစားစားမရှိပေမယ့် အနောက်အရပ်အခက်အခဲမှာတည်းက လောကကြီးက လုံးဝ တည်ငြိမ်သွားတာပဲ။"
"အတိတ်တုန်းက သူတော်စင်ဟုန်ကျွင်း လောကကြီးကို မထိန်းချုပ်ရသေးတာကြောင့် အမတတွေကို ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်ထိ သာမန်ကာလျှံကာလေးရောက်အောင် ကျင့်ကြံခွင့်မပြုခဲ့တာပါ။ ဒါကြောင့် သူက ကောင်းကင်တာအိုနိယာမ တစ်ခုလုံးကိုသုံးပြီး အမတတွေရဲ့ကျင့်ကြံခြင်းကို ဖိနှိပ်ခဲ့တာ။"
"အခု သုံးလောက,က သူတော်စင်ဟုန်ကျွင်းရဲ့ လက်ထဲကို လုံးဝရောက်သွားပြီလေ။ သူက စည်းမျည်းသတ်မှတ်ချက်တွေကို ပြန်ပြောင်းပြီး အမတွေကို ကျင့်ကြံခွင့်ပြုခဲ့တော့တာပဲ။"
"ဒါက အမတတွေ ဘယ်လောက်ပဲကျင့်ကြံနေနေ အဆုံးမှာ သူတော်စင်ဟုန်ကျွင်းရဲ့ ထိန်းချုပ်မှုကနေ မလွတ်မြောက်နိုင်တာကြောင့်ပဲ။"
"ဒါကပဲ ဒီမှာ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်တွေ များလာရတဲ့အကြောင်းပါပဲ။"
လုရှောင်ယန် : "..."
အမ်း... သူဟာထိုအကြောင်းပြချက်အား လက်မခံနိုင်ပါချေ။
သူဟာ မူလက ထိုကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ကပင် လုံလောက်နေပြီဟု ထင်ခဲ့သည်။ အဆုံး၌ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များမှာ နေရာတိုင်း၌ ရှိနေသည်မှာ ခွေးများလိုပါပင်။
မတိုင်ခင်က ထုံထျန်းမှာ သူ့အတွက် အဖွဲ့ကောင်းထားခဲ့သည်ဟု ထင်မှတ်ထားခဲ့သည်။ သို့သော် ယခုတွင် သူ့အတွက် မည်သည်ကိုမျှ ချန်မထားခဲ့ခြင်းနှင့်ပင် တူနေသေး၏။
ဟင်း!
ထားပါတော့၊ ထားပါတော့။ သူဟာ သူ့ကိုယ်သူ အားကိုးရပေဦးမည်။
ကံကောင်းစွာဖြင့် သူ့ထံ၌ ဝမ့်ခိုက်ရှိလေသည်။
သူဟာ အမတအဆင့်သို့သာ တက်လှမ်းရသေးကာ သူ၏တပည့်များမှာလည်း အမတအဆင့်သို့မရောက်သေးကြပါချေ၊ သို့သော် ဝမ့်ခိုက်ပေးအပ်ထားသော ရင်းမြစ်များအား သူတော်စင်ထုံထျန်းသိုလှောင်ထားခဲ့သော ရင်းမြစ်များနှင့် နှိုင်းယှဉ်နိုင်၏။ ၎င်းကပင် အတော်လေးကောင်းမွန်နေပြီပင်!
သူ၏တပည့်အားလုံးသာ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်သို့ရောက်ရှိသွားပါလျှင် ဝမ့်ခိုက်မှ မည်သည့်အဆင့်ရှိ ဓမ္မရတနာပေးအပ်မည်ကို တွေးကြည့်နေမိသည်။
ထို့အပြင် ရွှေရောင်အောက်ကျွန်းအကာအရံနှင့် ထိုအဆင့်မြင့်ကျင့်ကြံသူများနှင့်အတူ သူဟာ အလျင်အမြန်အဆင့်တက်နိုင်ကာ လုံခြုံသောပတ်ဝန်းကျင်၌ ကျင့်ကြံရပေမည်။
မဆိုးလှပါ။
ထိုသို့တွေးတောရင်းဖြင့် လုရှောင်ယန်မှာ သူ၏လက်အား ဆန့်ထုတ်လျက် တစ်ဖက်လူ၏ လက်တွင်းသို့ မွေးဖွားခြင်းဝိဉာဉ်ရတနာအား ပစ်ပေးလိုက်သည်။
"ခင်ဗျား ကြိုးစားခဲ့တာပဲ။ ဒါက ဆုချီးမြှင့်တာပါ။"
လော့ယန်မှာ မွေးဖွားခြင်းဝိဉာဉ်ရတနာတစ်ခု ရရှိပြီးနောက်၌ ချက်ချင်းဒူးထောက်ကာ ကျေးဇူးတင်လိုက်သည်။
"ဆုလာဘ်အတွက် ကျေးဇူးတင်ပါတယ်၊ ဂိုဏ်းချုပ်။"
၎င်းထံတွင် မရေတွက်နိုင်သော မွေးဖွားခြင်းဝိဉာဉ်ရတနာများရှိပါသော်လည်း မွေးဖွားခြင်းဝိဉာဉ်ရတနာတစ်ခုမှာလည်း အဖိုးတန်နေဆဲပါပင်။ သူဟာ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ဖြစ်ပါသော်လည်း ထိုအဖိုးတန်ရတနာအား ဥပေက္ခာမပြုနိုင်ပါချေ။
"ကျဲကျောင်းတော်ရဲ့ တပည့်အားလုံးကို နေရာမှာပဲ စပြီးကျင့်ကြံကြဖို့ သတင်းပေးလိုက်ပါ။ ရင်းမြစ်တွေအတွက်တော့ စိတ်ပူစရာမလိုဘူး။ ကျုပ်တောင်းဆိုချက်က ရိုးရှင်းပါတယ်။ ဒီဆယ်နှစ်အတွင်းမှာ သူတို့ကို ခင်ဗျားလုပ်နိုင်သမျှသာ သန့်စင်ပေတော့။"
၎င်းတို့အားလုံးမှာ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်ထိ ကျင့်ကြံနိုင်လျှင် အကောင်းဆုံးဖြစ်ချေမည်!
"ပြီးတော့ အပြင်လောက,က သူလျှိုတွေကိုလည်း ဆက်သွယ်လိုက်ပါ။ အခုကစပြီး သုံးလောကမှာ ဖြစ်ပျက်သမျှ အဓိကအဖြစ်အပျက်တိုင်းကို ရွှေရောင်အောက်ကျွန်းဆီ အချိန်မီ တင်ပြရမယ်လို့။"
လော့ယန်၏ နှလုံးအိမ်မှာ တုန်ရီလာကာ ချက်ချင်းပင် လက်များကိုဆုပ်လိုက်၏။
"နားလည်ပါပြီ။"
"ခင်ဗျားသွားလို့ရပြီ။"
လော့ယန်ထွက်သွားပြီးနောက်တွင် လုရှောင်ယန်မှာ ယွင်လီကောနှင့်အခြားလူများအားဆင့်ခေါ်ကာ ဒုတိယမျိုးဆက်တပည့်များလည်းပါဝင်ချေ၏။
"ငါတို့တွေ ရှေးဟောင်းလောကကို ရောက်နေပြီ။ ဒီနေရာက ကျင့်ကြံသူတွေက အရမ်းကိုစွမ်းအားကြီးပြီး ငါတို့စိတ်ကူးကိုတောင် အများကြီးကျော်လွန်နေတယ်။ ဒါကြောင့် မင်းတို့ရဲ့ ကျင့်ကြံခြင်းတာဝန်က ပိုလို့တောင် ခက်ခဲလာပြီ။"
"ကျွန်တော်တို့ ဘာလုပ်ရမယ်ဆိုတာကို ပြောပါ ဂိုဏ်းချုပ်။"
လုရှောင်ယန်မှာ ခေါင်းငြိမ့်လိုက်သည်။
"မင်းတို့အားလုံး ကိုယ်ပွားကျင့်စဉ်ကိုကျင့်ကြံပြီးသွားပြီ၊ ဒါကြောင့် အခုကစပြီး ချက်ချင်းပဲ ကိုယ်ပွားတွေ ပိုပြီးဆင့်ခေါ်နိုင်ဖို့ အကောင်းဆုံးကြိုးစားကြပါ။"
"မင်းတို့ရဲ့ မူလကိုယ်နဲ့ ကိုယ်ပွားအများစုကတော့ ရွှေရောင်အောက်ကျွန်းမှာပဲ ကျင့်ကြံဖို့နေရမယ်။ မင်းတို့ရဲ့ ကျင့်ကြံနှုန်းကို အဆ၃၀မြှင့်ပေးမှာမို့လို့ အချိန်တိုအတွင်းမှာ တတ်နိုင်သလောက် ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်ကို ရောက်နိုင်ဖို့ သေချာနေရမယ်။"
"ဒါ့ထက် တစ်ယောက်စီတိုင်းက ကိုယ့်ရဲ့ကိုယ်ပွားကို လောကသုံးထောင်မှာ တာဝန်ထမ်းဆောင်ဖို့ လွှတ်ရလိမ့်မယ်။"
"သိပါပြီ!"
လုရှောင်ယန်မှာ ရွှေရောင်အောက်ကျွန်း၏ ဂိုဏ်းသားများအား ပိုမိုသန်မာခွင့်မပြုခြင်းမှာ အကြောင်းပြချက်နှစ်ခုရှိ၏။
ပထမဦးစွာ အမည်မဲ့ဂိုဏ်းတပည့်များအားလုံးအား ဤနေရာသို့ သူကိုယ်တိုင်ခေါ်လာခဲ့ကာ သူကိုယ်တိုင်အမှတ်အသားပြုထားခဲ့သည်။ ၎င်းတို့၏ သစ္စာရှိမှုအား သံသယမရှိပါချေ။
ကျဲကျောင်းတော်သားများမှာလည်း ၎င်းတို့၏သစ္စာရှိမှုအားတိုးမြှင့်ရန် ကမ္ဘာငယ်ထဲသို့ သဘာဝကျကျပင် ဝင်ရောက်နိုင်သည်။
သို့သော် လုရှောင်ယန်မှာ ၎င်းတို့အား သူ၏ကမ္ဘာငယ်ထဲသို့ မခေါ်ဆောင်ချင်သေးပါချေ။
အကြောင်းမှာ ၎င်းတို့က ထုံထျန်း၏တပည့်များဖြစ်ကာ ထုံထျန်းအား ပြိုင်ဘက်ကင်း သစ္စာရှိကြသည်။ သူသာ၎င်းတို့အား ကမ္ဘာငယ်ထဲသို့အတင်းအကြပ်ထည့်သွင်းကာ ၎င်းတို့၏ ယုံကြည်မှုအား ပြောင်းလဲပါလျှင် ထုံထျန်းမှ သူ့အား သေတဲ့အထိတိုက်ခိုက်မည်လားအား မည်သူကသိပါမည်နည်း?
မည်သို့ဆိုစေ၊ သူဟာ ထုံထျန်းအသိမှတ်ပြုထားခဲ့သည့် ဂိုဏ်းချုပ်အသစ်ဖြစ်သည်။ ၎င်းကပင် ထိုသူတို့အား ထိန်းချုပ်နိုင်ရန် လုံလောက်ပေသည်။
ထုံထျန်းသာ ဒေါသဖြစ်ကာ ရွှေရောင်အောက်ကျွန်းဆီသို့ ညလယ်ကြီးပြန်လာပါက... သူဟာ လွတ်မြောက်နိုင်လိမ့်မည်မဟုတ်ပါချေ။
ဒုတိယအနေဖြင့် လောကသုံးထောင်မှာ အမတလောကထက် များစွာနိမ့်ကျသည်။ အမတအများစုအား အနိမ့်ပိုင်းလောကသို့ ပို့ဆောင်လိုက်ပါက ၎င်းတို့အား ကောင်းကင်တာအိုဂိုဏ်းမှာ ရှာတွေ့သွားနိုင်သည်။
သူ၏တပည့်များမှာမူ သုံးလောက၌ အထင်အရှားမဟုတ်ကြသောကြောင့် အရှာတွေ့မခံရနိုင်ပါချေ။
၎င်းမှာ အပျိူတစ်ယောက်က ကလေးများစွာမွေးခဲ့သော လူတစ်ယောက်နှင့် မယှဉ်နိုင်သလိုပါပင်။
၎င်းကြောင့် လုရှောင်ယန်မှာ အမည်မဲ့ဂိုဏ်းတပည့်များကိုသာ ဦးစားပေး၍ ကိုယ်ပွားများကို စေလွှတ်လိုက်စေသည်။
၎င်းတို့၏ ကိုယ်ပွားများကိုသာ ပို့ဆောင်ခြင်းကြောင့် သေသွားလျှင်ပင် ကိစ္စမရှိပါချေ။ ၎င်းတို့မှာ မည်သည့်ဆုံးရှုံးမှုကိုမှ ပူပန်စရာမလိုပါချေ။
ထိုသို့ဖြင့် ရွှေရောင်အောက်ကျွန်းတစ်ခုလုံးမှာ ဆယ်နှစ်အချိန်အတွင်း၌ ရှည်လျားသော အဆင့်မြှင့်မှုကြီး စတင်လိုက်တော့သည်!
…
တစ်ဘက်တွင် သူတော်စင်ပုံရိပ်မှာ ရွှေရောင်အောက်ကျွန်းထက် ပေါ်လာချိန်၌ ထုံထျန်း၏ စွမ်းအားမှာ ကျွန်းတစ်ခုလုံးအားချိတ်ပိတ်ထားလျက် ရှေးဟောင်းလောကကြီးတစ်ခုလုံးပင် တုန်ရီလာတော့သည်။
မရေတွက်နိုင်လောက်သည့် အင်မတန် စွမ်းအားကြီးလှသော ဖြစ်တည်မှုများမှာ ၎င်းတို့၏ ကျင့်ကြံရာများမှ ပျံသန်းလာကြကာ ရွှေရောင်အောက်ကျွန်း ဦးတည်ရာသို့ ကြည့်လိုက်ကြသည်။
"လွင့်မျောနေတဲ့ တိမ်တိုက်တွေ၊ သူတော်စင်ပုံရိပ်တစ်ခုက ရွှေရောင်အောက်ကျွန်းပေါ်မှာ ပေါ်ထွက်လာတယ်... ဘာတွေဖြစ်နေတာလဲ?"
"ကျဲကျောင်းတော်များ တစ်ခုခုများဖြစ်နေတာလား?"
"ရွှေရောင်အောက်ကျွန်းက နှစ်သောင်းချီပြီး တိတ်ဆိတ်နေခဲ့ရတော့ သည်းခံနိုင်စွမ်းပါ ပျောက်သွားတာများလား?"
...
တစ်ခဏအကြာ၌ မရေတွက်နိုင်သော ပညာရှင်များမှာ ရွှေရောင်အောက်ကျွန်းထက်သို့ ခြေချလိုက်ကြသည်။
သို့သော် ၎င်းတို့ရောက်ချိန်၌ ရွှေရောင်အောက်ကျွန်းတွင် မည်သည့်ထပ်တိုးအပြောင်းအလဲများမှ မရှိသည်ကို အံ့အားသင့်ဖွယ်ရှာတွေ့သွားကြ၏။ ၎င်းမှာ ရွှေရောင်အောက်ကျွန်းအား လုံးဝချိပ်ပိတ်ထားသည့် ရွှေရောင်အကာအရံမျှသာဖြစ်၏။
"ဘာကြီးလဲ ဒါက?"
"ဒီအကာအရံပေါ်မှာ သူတော်စင်တစ်ပါးရဲ့ အရှိန်အဝါရှိနေတယ်။ ဒါကို သူတော်စင်ထုံထျန်းထုတ်ဖော်ခဲ့တာဖြစ်ရမယ်။ ဒါပေမယ့် ရွှေရောင်အောက်ကျွန်းမှာ ဘာတွေဖြစ်နေတာလဲ?"
"ဟမ့်! သူကသူတော်စင်ဆိုတော့ရော ဘာလုပ်ရမှာလဲ? အခုထုံထျန်းကို ခရမ်းသွေးတိမ်တိုက်နန်းတော်မှာ အကျဉ်းချထားပြီး ဒီလောက,က ကျုပ်တို့ရန်ကျောင်းတော်နဲ့ ချန်ကျောင်းတော်တို့နဲ့ပဲ သက်ဆိုင်တယ်လေ။ ဒီအလင်းအကာအရံကို ဖြိုခွဲပြီး သူဘာတွေစီစဉ်နေလဲ ကြည့်ကြတာပေါ့!"
သူပြောလိုက်စဉ်တွင် ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်မှာ ဦးစွာတိုက်ခိုက်လိုက်သည်!
သူဟာ တော်လှန်ကြယ်ဝိဉာဉ်အနုပညာကိုးရပ်အားအသုံးပြုကာ လောက၏ကြယ်ရောင်ဝါအား လှည့်ပတ်လိုက်၏။ သူဟာ ၎င်းအား သူ၏ရှေ့မှောက်၌ပင် စုစည်းလိုက်ကာ အတိုက်အခိုက်တိုင်လုံးအသွင်ပြောင်းလျက် ရွှေရောင်အလင်းအား ရိုက်လိုက်သည်။
ကံမကောင်းစွာဖြင့် သူ၏တိုက်ခိုက်မှု ရွှေရောင်အလင်းထဲသို့ ဝင်ရောက်သွားချိန်တွင် အသုံးမဝင်ဖြစ်သွား၏။
"သေစမ်း၊ ဒါက တကယ်ကို ချိုးဖြတ်ဖို့ ခက်ခဲတာပဲ!"
"ကျုပ်တစ်ချက်ကြည့်ပါရစေ။"
နောက်ထပ် ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်မှာလည်း တရားမျှတမှုအလင်းကျင့်စဉ်အား ထိုရွှေရောင်အလင်းအစီအရင်အား တိုက်ခိုက်ရန် အသုံးပြုလိုက်သည်။
ကံမကောင်းစွာဖြင့် သူ၏တိုက်ခိုက်မှုမှာ မတိုင်ခင်က ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်၏ တိုက်ခိုက်မှုနှင့် မခြားနားပါချေ။
ထိုရွှေရောင်အလင်းအစီအရင်မှာ အားလုံး၏ စိတ်တွင်း၌ ပိုမိုအားကောင်းလာသည်ပင်။
လူအများအပြား၏ အမူအရာမှာ အင်မတန်လေးနက်လာ၏။
အသက်ပြင်းစွာရှူပြီးနောက်တွင် ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အချို့မှာ အကြည့်များဖလှယ်လိုက်ကာ တစ်ချိန်တည်းတိုက်ခိုက်လိုက်ကြ၏။
တစ်ခဏအတွင်းတွင် အတိုက်အခိုက်တိုင်လုံးပေါင်း ၄၀၀မှာ ကောင်းကင်ယံရှိ ရွှေရောင်အလင်းအစီအရင်အား တိုက်ခိုက်လိုက်ကြသည်!
အလင်းတိုင်အားလုံးမှာ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်တစ်ယောက်ချင်းစီအား ကိုယ်စားပြုပေသည်!
အလင်းတိုင်လုံး ၄၀၀မှာ ရွှေရောင်အလင်းအား တစ်ညီတည်း တိုက်ခိုက်လိုက်ကြပါသော်လည်း ၎င်းတို့မှာ ရွံ့က ပင်လယ်ထဲသို့ ဝင်ရောက်ခြင်းနှင့်ပင် တူညီနေသေး၏။
အလင်းတိုင်ပေါင်း မည်မျှရှိနေပါစေ ရွှေရောင်အလင်းအစီအရင်အား လုံးဝ မထိခိုက်ပါချေ။
လူတိုင်း၏ အမူအရာမှာ လေးနက်လာကြလျက် ချက်ချင်း ဆက်သွယ်လိုက်ကြ၏။
"ကြိုးစားပြီး ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်တွေ ပိုများများဆင့်ခေါ်ကြတာပေါ့! ပြောရရင် ထုံထျန်းက အကျဉ်းချခံရပြီးသားလေ။ သူကဘယ်လိုများ ဒီအစီအရင်ကို ကောင်းကင်ကို ပြောင်းပြန်လှန်ပြီး ခင်းကျင်းနိုင်မှာလဲ?"
"အဟုတ်ပဲ! ဒီနေ့ ဘာပဲဖြစ်ဖြစ် ငါတို့တွေ ဒီရွှေရောင်အလင်းအစီအရင်ကို ချိုးဖြတ်ရမယ်။ ကျဲကျောင်းတော်ကို တိုးတက်လာဖို့ အခွင့်အရေးပေးလို့မဖြစ်ဘူး!"
သို့သော် အားလုံးမှာ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များအား ထပ်မံဆင့်ခေါ်တော့မည့်ဆဲဆဲတွင် စကားလုံးနှစ်လုံးမှာ ထိုရွှေရောင်အလင်းထံမှ ထွက်ပေါ်လာ၏။
"သွားစမ်း!"
၎င်းမှာ တစ်ဖက်သူပြောလိုက်သမျှပင်ဖြစ်ကာ သူ၏အသံအနေအထားမှာလည်း အင်မတန်တည်ငြိမ်လှပြီး ဒေါသဖြစ်ခြင်းအလျင်းမရှိပါချေ!
သို့သော် ၎င်းတိုးထွက်လာပြီးနောက်တွင် အတိုက်အခိုက်အလင်းတိုင်လုံးပေါင်း ၄၀၀မှာ အမှန်ပင် ပေါက်ကွဲသွားကာ တစ်ချိန်တည်းပင် အက်ကွဲသွားကြ၏!
ရွှေရောင်အောက်ကျွန်းအပြင်ဘက်ရှိ နေရာမှာ ထိုအခိုက်၌ ချက်ချင်း အက်ကွဲသွားတော့သည်။
ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင် အယောက် ၄၀၀၏ မျက်လုံးများပြူးကျယ်သွားကာ ၎င်းတို့ကိုယ်ပေါ်ရှိ အမွေးများပင် တစ်ဆုံးထောင်ထသွားသည်!
ပြေး!
၎င်းမှာ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်တိုင်း တွေးလိုက်နိုင်သည့်အတွေးပါပင်!
သို့ရာတွင် ၎င်းတို့လွတ်မြောက်ချင်ပါလျှင်တောင် ထိုအသံလှိုင်း၏ အမြန်နှုန်းမှာ ပို၍ပင် မြန်နေသေး၏!
တစ်ခဏအတွင်းမှာပင် ထိုအသံလှိုင်းမှာ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင် အယောက်၄၀၀အား အမှီလိုက်နိုင်သွားတော့သည်!
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၉။ အပိုင်း ၄၃၂ သူက ငါ့ကိုစောင့်ကြည့်နေတာတဲ့လား?
"ပြီးသွားပြီ!"
လူတိုင်းမှာ တစ်ခဏချင်းပင် အင်မတန် စိတ်ပျက်အားငယ်သွားကြတော့၏။
သို့သော် ၎င်းတို့လုပ်နိုင်တာ မရှိပါချေ။ သူတော်စင်တစ်ပါး၏ စွမ်းအားရှေ့မှောက်တွင် မည်သူမဆို ခုခံရန် ခက်ခဲချေ၏။
ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင် အယောက်၄၀၀မှာ တစ်ခဏချင်းတွင် ပြာမှုန့်များဖြစ်သွားကာ ၎င်းတို့၏ အနှစ်သာရဝိဉာဉ်အရိပ်ယောင်လေးပင် မကျန်ခဲ့ပါချေ။
ထိုအခိုက်၌ လောကတခွင်လုံးမှာလည်း ချက်ချင်းတိတ်ဆိတ်သွားတော့၏!
အဝေးမှ ပြေးလာနေဆဲဖြစ်သော ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များမှာ ထိုသည်အား မြင်သည်တွင် ရပ်တန့်လိုက်ကြပြီး တိတ်ဆိတ်သွားကြတော့၏။
၎င်းတို့မှာ မည်သို့သော ကိစ္စမျိုးဖြစ်နေသည်အား မသိသော်ငြားလည်း ရွှေရောင်အောက်ကျွန်းမှာ ၎င်းတို့သွားနိုင်သည့်နေရာ မဟုတ်တော့ကြောင်းကိုမူ ကောင်းစွာနားလည်လိုက်သည်!
ထုံထျန်းမှာ လက်ရှိတွင် ခရမ်းသွေးကောင်းကင်နန်းတော်၌ အကျဉ်းချခံထားရပါသော်လည်း သူဟာ သူတော်စင်ဖြစ်နေဆဲပါပင်!
သူဟာ သုံးလောကတစ်ခွင်ရှိ သူတော်စင်အနည်းငယ်ထဲမှ တစ်ဦးဖြစ်နေဆဲပင်!
သူတော်စင်နှင့် ၎င်းတို့ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အကြားတွင် အဆင့်တစ်ဆင့်သာ ခြားနားပေသည်!
သို့ရာ၌ ထိုအဆင့်နှစ်ခု၏ ခြားနားချက်မှာ အင်မတန်ကြီးမားလှသည်။
လက်ရှိတွင် သူတော်စင်အဆင့်သို့ရောက်ရှိနေဆဲ ဖြစ်တည်မှုအနည်းငယ်မှလွဲလျှင် လူတချို့မှာ ၎င်းတို့၏ဘဝများ၌ ထိုကွာခြားချက်အား ဖြတ်ကျော်နိုင်စွမ်းမရှိကြချေ၊ အားလုံးမှာ သူတော်စင်အဆင့်သို့ မတက်လှမ်းနိုင်ကြပါချေ!
၎င်းက ခြားနားချက်ပင်ဖြစ်၏!
ထိုခြားနားချက်နှင့် ၎င်းတို့မှာ လူဘယ်လောက်ပင်များနေပါစေ နာခံစွာသာ လှဲလျောင်းနေရမည်သာပင်။
မဟုတ်ပါက ၎င်းတို့မှာ ပြာဖြစ်ကာ ၎င်းတို့၏ နှစ်သောင်းချီသော ခါးသက်သည့်ကျင့်ကြံခြင်းမှာ အဖျက်ဆီးခံရပေလိမ့်မည်။
ကြာညောင်းလှသော တိတ်ဆိတ်မှုပြီးနောက်တွင် ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်တစ်ယောက်မှာ ပထမဦးစွာ ပြန်လည်ဆုတ်ခွာလိုက်၏။
လူတစ်ဦးဆုတ်ခွာပြီးနောက်တွင် နောက်ထပ် နှစ်ယောက်၊ သုံးယောက်၊ လေးယောက်အထိရှိလာမည်ပင်...
"မြန်မြန်၊ သူတော်စင်နှစ်ပါးဆီ သတင်းပို့လိုက်ကြ!"
...
ရွှေရောင်အောက်ကျွန်းတွင် လုရှောင်ယန်မှာ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များ ပြန်လည်ဆုတ်ခွာသွားသည်ကိုမြင်သော် မနေနိုင်ဘဲ ချီးမွမ်းလိုက်၏။
"သူတော်စင်ဆိုတဲ့အတိုင်းပဲ! ခင်ဗျားရဲ့နည်းလမ်းတွေက အံ့ဖွယ်ပဲ။ ခင်ဗျားက ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ရာချီကို ဒီလိုလေးပဲ သတ်လိုက်တယ်။ တစ်ယောက်မှတောင် ကျန်မနေခဲ့ဘူးပဲ!"
"ဒီရွှေရောင်အလင်းအစီအရင်အတွက် တကယ်ကြီး ဆယ်နှစ်ကြာ ခိုင်မာမှုကို အာမခံထားလို့ရနိုင်တာပဲ။"
"ဒါပေမယ့် ဒါကကိစ္စကြီးဆိုပေမယ့်လည်း ထုံထျန်းကငါ့ကိုလေ့လာဖို့အတွက် ဒီအစီအရင်ကို သုံးထားများလားလို့ စဉ်းစားမိတယ်။"
"သူကလက်ရှိမှာ ခွေးအိုကြီး ဟုန်ကျွင်းကြောင့် ခရမ်းသွေးကောင်းကင်နန်းတော်မှာ အကျဉ်းချခံထားရတယ်။ သူ့ရဲ့ အတွေးအရိပ်အယောင်တွေကိုတော့ ကူးပြောင်းလို့ရနိုင်လောက်တယ်။"
"ပြောရရင် သူကလည်း ဟုန်ကျွင်းရဲ့ တပည့်ပဲလေ။ ဟုန်ကျွင်းကလည်း အနည်းနဲ့အများတော့ သူတို့ရဲ့ ဆရာနဲ့တပည့်ဆက်ဆံရေးကို ဂရုစိုက်လောက်မှာပဲ။"
"ငါအရင်ဆုံး အဲ့ဒီသူခိုးအိုကြီး ထုံထျန်းကိုစောင့်ကြည့်ဖို့ အစီအရင်တချို့ခင်းကျင်းရမယ်လို့ ထင်တယ်။"
လုရှောင်ယန်မှာ သူ၏ပုံစံအမှန်က သာမန်မဟုတ်ကြောင်းသိလေသည်။ ထုံထျန်းမှာ သူ့အား ပန်ဂု၏သွေးအဆီအနှစ်နှင့် အရိုးတို့ဖြင့်ဖန်တီးထားခဲ့သည့် အရွေးချယ်ခံဟုသာ ထင်နေခြင်းပင်။ သို့သော် ပြောရလျှင် သူ၏မူလပိုင်ရှင်မှာမူ ပန်ဂု၏ ပြန်လည်ဝင်စားခြင်းဖြစ်သည်။
ယခု၌ သူဟာ ဝိဉာဉ်ကူးပြောင်းကာ ပန်ဂုအား ပိုင်ဆိုင်လိုက်ရသည်။
ထိုသည်က ၎င်းတို့အား သူ၏တတိယမြောက်ပုံစံကို ရှာတွေ့ရန် တကယ်ကိုမဖြစ်နိုင်တော့ပါချေ။
သို့ရာတွင် သူ၏ဒုတိယပုံစံအား ရှာတွေ့ပါကလည်း ပြဿနာမဟုတ်ပါချေ။
ထုံထျန်းမှာ သူက ပန်ဂု၏ပြန်လည်ဝင်စားသူဟုသိပါလျှင်လည်း ပြန်လည် ပြုပြင်ခြင်းမပြုနိုင်ပါချေ။
သူ၏မူလအစီအစဉ်မှာ ကျဲကျောင်းတော်၏ ဂုဏ်အသရေကို ပြန်လည်အထမြောက်ရန် လုရှောင်ယန်အားအသုံးချခြင်းဖြစ်၏။ အဆုံး၌ သူဟာပန်ဂုဟုသိသွားကာ အနာဂတ်၌ သူ့အားကျော်လွန်သွားမည်ကို သိပါလျှင် မည်သို့များ ဆန္ဒရှိပါလိမ့်မည်နည်း?
ပြောရလျှင် တစ်ဖက်လူမှာ သူ့အားတခဏချင်းပင် လှည့်ဖျားကာ ထိုခွေးအိုကြီးဟုန်ကျွင်းထံသွားလိုက်နိုင်၏။
ထိုသို့ဆိုလျှင် ဟုန်ကျွင်းမှာ တိုက်ခိုက်ရန် သူတော်စင်အချို့ကို ခေါ်ဆောင်လာပေလိမ့်မည်။
သေစမ်း၊ အဲ့ဒီ့လိုသာဆိုရင် သူဘယ်လိုသေရမလဲဆိုတာကိုတောင် သိမှာမဟုတ်တော့ဘူး!
ထိုသည်က လုရှောင်ယန်အနေနှင့် အစီအရင်ခင်းကျင်းရခြင်း အကြောင်းအရင်းပါပင်။
...
တစ်ဖက်၌ ခရမ်းသွေးတိမ်တိုက်နန်းတော်တွင် ပုံရိပ်နောက်တစ်ခု ထွက်ပေါ်လာ၏။
ထိုပုံရိပ်ရွေ့သွားသည်နှင့် သူ၏နံဘေးရှိစွမ်းအင်နိယာများ ဖယ်ရှောင်သွားကြကာ သူ၏နံဘေး၌ လှိုင်းရိပ်လေးတစ်ခုရှိနေသလိုပါပင်။
ထိုသည်က သူတော်စင်တစ်ဦးကြောင့်သာဖြစ်နိုင်သည့် အပြောင်းအလဲလေးတစ်ခုပါပင်!
ခရမ်းသွေးတိမ်တိုက်နန်းတော်၏ လူငယ်လေးတစ်ယောက်မှာ တစ်ဖက်လူအားမြင်ချိန်တွင် ချက်ချင်းအရိုသေပေးလိုက်၏။
"ကြိုဆိုပါတယ်၊ ကောင်းကင်အဓိပတိ!"
"ဟုတ်ပြီ!"
သူဟာ နူးညံ့စွာ အသိအမှတ်ပြုလိုက်ပြီး အေးစက်စက်ပြောလိုက်၏။
"ထုံထျန်းဘယ်မှာလဲ?"
"ကောင်းကင်အဓိပတိကို လျှောက်တင်ပါတယ်၊ သူတော်စင်ထုံထျန်းက ယန်ရှင်းခန်းမမှာ တရားမှတ်နေပါတယ်။"
"အဲ့ဒီကိုခေါ်သွားပေး။"
"သိပါပြီ!"
တစ်ခဏအကြာ၌ ကောင်းကင်အဓိပတိမှာ ယန်ရှင်းခန်းမဆောင်သို့ရောက်ရှိလို့လာလေ၏။
"ကျွန်တော်အထဲဝင်ပြီး ကောင်းကင်အဓိပတိ ရှိကြောင်းအသိပေးလိုက်ပါ့မယ်။"
လူငယ်လေးမှာ လျှောက်တင်ပေးလိုပါသောလည်း ကောင်းကင်အဓိပတိမှာ အေးစက်စက်ဆိုလိုက်၏။
"မလိုဘူး။ ကိုယ့်ဘာသာသွားလိုက်မယ်။"
မကြာမီတွင် သူဟာ လှမ်းဝင်လိုက်၏။ ယန်ရှင်းခန်းမတွင် ကျောင်းအုပ်ထုံထျန်းမှာ တရားထိုင်ဖုံတွင်ထိုင်ကာ တရားမှတ်နေ၏။ ကောင်းကင်အဓိပတိလာမည်အား အချိန်ကြာမျှော်လင့်ထားဟန်ဖြင့် သူဟာ ပြုံးလိုက်၏။
"ဆရာတူအစ်ကိုက ဒီနေ့တကယ်ကို စိတ်အေးနေပုံပဲ။ ကျွန်တော့ကိုတွေ့ ဖို့တကယ်ကြီးလာတယ်ပေါ့လေ။ ကျွန်တော်တကယ်ကို ရင်ထဲထိသွားပါပြီ။"
ရှေးဟောင်းကောင်းကင်အဓိပတိမှာ နှာခေါင်းရှုံ့လိုက်သည်။
"ပုံမှန်အတိုင်းပြောစမ်းပါ!"
ကျောင်းအုပ်ထုံထျန်းမှာ ရပ်တန့်သွားပြီးမှ ဆက်ပြောလိုက်သည်။
"အရင်က ဆရာတူအစ်ကိုအနေနဲ့ ကျွန်တော့ရဲ့ ကျဲကျောင်းတော်သား အများကြီးကိုသတ်ခဲ့တယ်။ ဒီနေ့ ကျွန်တော်က ခင်ဗျားရဲ့ တပည့် ရာကျော်လောက်ကိုပဲသတ်ခဲ့တာပါ။ ဘာလို့အဲ့လောက်ထိ ဒေါသထွက်နေရတာလဲ? ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားပြောသလိုပြောရမယ်ဆိုရင် သူတို့က ပုရွက်ဆိတ်ကလေးနည်းနည်းလောက်ပါပဲ။ ဘယ်လိုများ ကျွန်တော်တို့ကြားက ရင်းနှီးမှုကို ယှဉ်နိုင်မှာတဲ့လဲ?”
"ဒီလိုမထင်ဘူးလား ဆရာတူအစ်ကို?"
ရှေးဟောင်း ကောင်းကင်အဓိပတိ၏ အမူအရာမှာ တမုဟုတ်ချင်းမဲမှောင်သွား၏!
"ရာကျော်လောက်လေးဟုတ်လား။ မင်းက ဒါကို ဘယ်လိုကောင်းကောင်းပြောရမလဲ အသေချာသိတာပဲ! ငါက မင်းတို့ကျဲကျောင်းတော်သားအများကြီးကိုသတ်ခဲ့ပေမယ့်လည်း သူတို့ရဲ့အများစုက သာမန်အမတလေးတွေနဲ့ အမတအဆင့်ထက်တောင်နိမ့်တဲ့ ကမ္ဘာမြေ အမတလေးတွေပါပဲ။ ငါ့အနေနဲ့ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်လေး နည်းနည်းပဲသတ်ပစ်ခဲ့တာပါ!"
"ပြီးတော့အခု မင်းက ငါ့ရဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင် ၃၇၈ယောက်နဲ့ ရန်ကျောင်းတော်က ထိုက်ယိရွှေရောင်အမတအရှင် ၂၂ယောက်ကို တစ်ချိန်တည်း သတ်ပစ်လိုက်တယ်လေ!
"မင်းရဲ့ အဆင့်နိမ့်လှတဲ့ အမတလေးတွေက ဒီ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်တွေနဲ့ ယှဉ်နိုင်တယ်လို့များထင်နေတာလား?"
ကျောင်းအုပ်ထုံထျန်း၏ အမူအရာမှာ အေးစက်သွားသည်။
"သူတို့က ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ပဲဖြစ်ဖြစ် ပိုးမွှားလေးတွေပဲ ဖြစ်ဖြစ်ဂရုမစိုက်ဘူး။ သူတို့အားလုံးက ကျွန်တော့်ရဲ့ တပည့်တွေပဲ! ကျွန်တော်သူတို့ကို ကျွန်တော့်ရဲ့ကိုယ်ပိုင် အသွေးနဲ့အသားလို့မှတ်ယူထားခဲ့တာ! ကျွန်တော့်ရဲ့မျက်လုံးထဲမှာ မထင်မရှား အမတလေးတစ်ယောက်ကတောင် ခင်ဗျားရဲ့ ချန်ကျောင်းတော်က ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်တစ်ယောက်လိုမျိုး အဖိုးတန်တယ်!"
ရှေးဟောင်းကောင်းကင်အဓိပတိမှာ နှာမှုတ်လိုက်သည်။
"မင်းကိုယ်မင်း မြှောက်ပင့်မနေပါနဲ့။ ငါ ကောင်းကင်ဘုံခုံရုံးရဲ့ အမတတွေအကြောင်းကို များများစားစားမပြောပါဘူး... ဒါပေမယ့်၊ မင်းရဲ့အနှစ်သက်ဆုံးတပည့်ထဲကတစ်ယောက် တာအိုကျင့်ကြံသူထို့ပေါင်က လက်ရှိမှာ စိတ်ဝိဉာဉ်တောင်ရဲ့ ပလ္လင်မှာ ထိုင်နေတယ်!"
"သူတို့တွေ မင်းကိုဖခင်တစ်ယောက်လိုဆက်ဆံမလားလို့ သွားပြီးမေးကြည့်လိုက်။"
နာကျင်နေဟန်က ကျောင်းအုပ်ထုံထျန်း၏ မျက်ဝန်းများထဲတွင် ဖြတ်ပြေးသွားသည်၊ သို့သော် သူဟာ အလျင်အမြန် ပြန်ပြင်လိုက်၏။
"ကျွန်တော့မှာ တပည့်တွေအများကြီးရှိပါတယ်။ တစ်ယောက်နှစ်ယောက်လောက်လေး မှားသွားတာက ကျွန်တော့အတွက် ဘာထူးဆန်းမှာမို့လို့လဲ?"
"ကျွန်တော့အနာကိုလာမဆွနေပါနဲ့။ ခင်ဗျားလူတွေလည်း သေပြီးနေပြီ! သူတို့ကို အခုမှ ပြန်လည်ရှင်သန်အောင်လုပ်ဖို့လည်း မဖြစ်နိုင်တော့ဘူး!"
"ကျွန်တော်သူတို့က သတ်ရတဲ့အကြောင်းကိုတော့ ခင်ဗျားစိတ်ထဲမှာ ကောင်းကောင်းသိနေလိမ့်မှာပါ။ နှစ်များစွာကြာအောင် ကျွန်တော်တို့ကျဲကျောင်းတော်က ခင်ဗျားရဲ့ချန်ကျောင်းတော်နဲ့ ရန်ကျောင်းတော်ဆီမှာ အနိုင်ကျင့်ခံခဲ့ရတာ။"
"ကျွန်တော့်အတွက် ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်လေး ၃၀၀၊ ၄၀၀လောက်ကိုသတ်တာက အရမ်းများသွားလို့လား?"
"ဒါက လုံးဝကို လွန်မနေဘူး!"
"ခင်ဗျား ဒါကိုလက်မခံချင်ရင် ဆရာ့ဆီမှာ သွားပြီး လျှောက်တင်နိုင်တယ်။ ဆရာသာ အပြစ်ပေးချင်ရင် ကျွန်တော့်ကို အပြစ်ပေးလို့ရတယ်။ ခင်ဗျားကတော့ ကျွန်တော့ကို သင်ပြဖို့ အရည်အချင်းမမှီဘူး!"
"မင်း!"
ရှေးဟောင်းကောင်းကင်အဓိပတိ၏မျက်လုံးများမှာ ဒေါသဖြင့်ပြည့်နေ၏။ သူအားဝန်းရံထားသော လျှပ်စီးများနှင့် စွမ်းအားနိယာမများမှ အဆက်မပြတ်တိုးထွက်လာကာ အနီးဝန်းကျင်ရှိ ခရမ်းသွေးတိမ်တိုက်နန်းတော်တစ်ခုလုံးအား ထိတ်လန့်သွားစေသည်။ ခရမ်းသွေးတိမ်တိုက်နန်းတော်ရှိ လူငယ်လေးများမှာ မထိန်းနိုင်ဘဲ ရင်ဘတ်ထဲ၌ တင်းကြပ်လာသလိုပင် ခံစားနေကြရသည်။
ထုံထျန်းမှာ ရန်စလိုက်၏။
"ဆရာတူအစ်ကို၊ ခင်ဗျား တိုက်ခိုက်ချင်လို့လား? ကောင်းပြီလေ၊ ကျွန်တော်လည်း နည်းနည်းလောက် ယားယံနေသလိုဖြစ်နေတာ။ ဒီ ခရမ်းသွေးတိမ်တိုက်နန်းတော်မှာ နှစ်များစွာနေပြီးနောက်မှာတော့ ကျွန်တော့်ရဲ့ ကြွက်သားတွေကို အလုပ်ပေးနိုင်တော့မှာပဲ။"
"ကျွန်တော့်မှာ အမတသတ်ဓားမရှိတော့ လက်ဗလာနဲ့ တိုက်ခိုက်ရမယ်ဆိုပေမယ့်လည်း ဆရာတူအစ်ကိုက အသာစီးရနိုင်တယ်လို့ အတိအကျကြီး ပြောလို့မရဘူးလေ၊ ဟုတ်တယ်မဟုတ်လား?"
"ဒီလိုဆိုရင် ခင်ဗျားရဲ့ ဖူးရောင်နေတဲ့ မျက်နှာနဲ့ အပြင်ထွက်လို့လည်း ကောင်းမှာမဟုတ်ဘူး။"
"အတင့်ရဲလိုက်တာ!"
ရှေးဟောင်းကောင်းကင်အဓိပတိမှာ မျက်လုံးများပြူးကျယ်လျက် ထုံထျန်းမှာလည်း နှာခေါင်းရှုံ့လိုက်သည်။ သူဟာ ရှေ့သို့တစ်လှမ်း,လှမ်းကာ အရှိန်အဝါအား ချက်ချင်းထုတ်ဖော်လိုက်တော့သည်။
"ဘာများကြောက်စရာရှိလို့လဲ? ကျွန်တော်က ဒီခရမ်းသွေးတိမ်တိုက်နန်းတော်ထဲမှာ နှစ်သောင်းချီပြီး အကျဉ်းချခံထားရတာလေ။ နောက်ထပ် နှစ်သောင်းချီကြာဦးမယ်ဆိုရင်တောင် ကျွန်တော်ကတော့ ဂရုမစိုက်ဘူး! ပြောရရင် ဆရာတူအစ်ကိုသာ ကျွန်တော့်နဲ့အတူတူလာနေမယ်ဆိုရင်တော့ ဝမ်းသာမိမှာပဲ!"
"မင်း!"
ရှေးဟောင်းကောင်းကင်အဓိပတိမှာ ဒေါသကြောင့် တုန်ရီသွားတော့၏။
သို့သော် သူဟာ ကူကယ်ရာလည်းမဲ့နေပါသည်!
အကြောင်းမှာ ကျောင်းအုပ်ထုံထျန်းမှန်နေခြင်းကြောင့်ပင်။
ထုံထျန်းမှာ မည်သည်ကိုမှမကြောက်ရွံ့ပါချေ။ သူဟာ ထိုခရမ်းသွေးတိမ်တိုက်နန်းတော်တွင် အပြစ်ပေးအကျဉ်းချခံထားရသည်။ သူဟာ ဒုက္ခရှာကာ သူ၏ဆရာအား ဒေါသထွက်စေပါလျှင် အပြစ်ပေးမှုမှ လုံးဝလွတ်မြောက်နိုင်မည်မဟုတ်ချေ။
ထိုသို့ဆိုလျှင် သူသာ ထိုခရမ်းသွေးတိမ်တိုက်နန်းတော်၌ ချိတ်ပိတ်ခံထားရပါက ပျက်စီးသွားလိမ့်မည်။
ထို့အပြင် သူဟာ ကျောင်းအုပ်ထုံထျန်းအား အမှန်တကယ်ပင် အနိုင်မယူနိုင်ပါချေ။ ကျောင်းအုပ်ထုံထျန်းထံ၌ အမတသတ်ဓားမရှိတော့ဘဲနှင့်တောင် သူ့အား အနိုင်ယူနိုင်ကာ ခရမ်းသွေးတိမ်တိုက်နန်းတော် ကြမ်းပြင်အား သုတ်ရန်ပင် အသုံးချလိမ့်မည်။
ထိုသို့တွေးခြင်းကပင် သူ့အား ပို၍ ထိုသို့မလုပ်ရန် ခံစားမိစေ၏။
"မင်းရဲ့ ရိုင်းစိုင်းမှုကို ပြန်သုံးသပ်ထား။ ငါဆရာ့ဆီကိုသွားလိုက်မယ်။ ငါမင်းကို ဒီကိစ္စနဲ့ပက်သက်ပြီး လွယ်လွယ်လေးအလွတ်ပေးမှာမဟုတ်ဘူး!"
စကားဆုံးသည်နှင့် ရှေးဟောင်းကောင်းကင် အဓိပတိမှာ ချက်ချင်းထွက်ခွာသွား၏။
ကျောင်းအုပ်ထုံထျန်းမှာ နောက်မှနေ၍ ရန်စနေလိုက်သေးသည်။
"ဆရာတူအစ်ကို၊ တတ်နိုင်သမျှ သနားဖို့ကောင်းအောင် ဟန်ဆောင်ဖို့ သတိရဦးနော်။ ငိုတဲ့ကလေးက နို့ပိုစို့ရတယ်လေ။"
ရှေးဟောင်းကောင်းကင်အဓိပတိမှာ တုန်ယင်နေကာ မြေပြင်သို့ ပြိုလဲကျလုမတတ်ပင်။
ရှေးဟောင်းကောင်းကင်အဓိပတိမှာ ဒေါသတကြီးထွက်ခွာသွားရာ ကျောင်းအုပ်ထုံထျန်းမှာ အင်မတန်အထင်အမြင်သေးစွာဖြင့် မျက်လုံးများအား လှိမ့်လိုက်၏။
သူဟာ သူတော်စင်တစ်ပါးဖြစ်ပြီး အင်မတန်စွမ်းအားကြီးလာပါလျှင်တောင် သူတော်စင်မှာလည်း လူသားပင်!
သူတော်စင်များမှာ အလွယ်တကူ ဒေါသမဖြစ်ပါသော်လည်း ၎င်းတို့အား ခံစားချက်မဲ့စက်ရုပ်များအဖြစ်တော့ သတ်မှတ်၍မရပါချေ။
ယနေ့ထိတိုင် ထုံထျန်းမှာ နှစ်သောင်းချီတိုင်အောင် ဒေါသဖြစ်ခဲ့ရသည်။
ယခုတွင် သူဟာ ပြန်လည်တိုက်ခိုက်နိုင်နေပြီး ကူကယ်ရာမဲ့စွာပင် အတန်ငယ်စိတ်လှုပ်ရှားနေလေတော့၏!
ခံစားချက်ကောင်းကောင်းနှင့်ပင် သူဟာ အရေးကြီးသောတစ်စုံတရာကို ရုတ်တရတ်သတိရမိသွား၏။
"ဒါနဲ့၊ အခု လောင်လုလုပ်နေတာတွေကို ကြည့်ရမှာပဲ! ဒီကောင်လေးအနေနဲ့ တပည့်တွေကို ကျင့်ကြံရာမှာ စီစဉ်ပြီးလောက်ပြီမဟုတ်လား?"
ထိုသို့ဆိုကာ ကျောင်းအုပ်ထုံထျန်းမှာ ချက်ချင်းပင် ရွှေရောင်အောက်ကျွန်း၏ လက်ရှိအခြေနေအား သူတော်စင်မျက်လုံးကို အသုံးပြုလျက် ရှာဖွေလိုက်သည်။
လုရှောင်ယန်၏ ခန့်မှန်းချက်မှာ မှန်ပါသည်။ ယခင်က ကျောင်းအုပ်ထုံထျန်း အစီအရင်ခင်းကျင်းချိန်တွင် သူဟာ ထိုသည်ကို စဉ်းစားကာ စောင့်ကြည့်အစီအရင်ကိုပါ ထည့်သွေးထား၏။
ဒါပေါ့၊ ၎င်းက သူ့အနေနှင့် လုရှောင်ယန်အား မယုံကြည်ခြင်းမဟုတ်ပါချေ။ သူဟာ လုရှောင်ယန် နှင့်အခြားသူများ၏ တိုးတက်မှုအား မြင်တွေ့လို၍ပင်။
မဟုတ်ပါက သူဟာ သူတော်စင်ဖြစ်နေလျှင်တောင် ပူပန်နေရမည်ပင်!
၎င်းမှာ ကျဲကျောင်းတော် ပြန်လည်အထမြောက်ခြင်းနှင့် ဆက်စပ်နေသောကိစ္စကြီးပါပင်။ ၎င်းမှာ ယခုတွင် သူနှင့်ဆိုင်သည့်အရာပင်ဖြစ်၏!
သို့ရာ၌!
သူဟာသူတော်စင်မျက်လုံးအားဖွင့်လိုက်ချိန်တွင် ချက်ချင်း ကြောင်အမ်းသွားတော့၏။
"ဘာကြီးလဲ?"
ထိုအခိုက်၌ ရွှေရောင်အောက်ကျွန်းမှာ ဖြူဆွတ်သော မြူများဖြင့် လုံးဝ ခြုံလွှမ်းခံထားနေရသည်။
သူ့ကဲ့သို့ ဂုဏ်အသရေရှိသူတော်စင်သည်ပင် ထိုအစီအရင်အား မမြင်နိုင်ပါချေ!
"ဒါက... ပုံရိပ်ယောင်အစီအရင်များလား?
ထုံထျန်းမှာ ခပ်မြန်မြန် တုံ့ပြန်လိုက်၏။
"ဘာလို့ အဲ့ဒီကောင်စုတ်လေးက ပုံရိပ်ယောင်အစီအရင်ကို ခင်းကျင်းခဲ့ရတာပါလိမ့်? ရန်သူဆီကကာကွယ်ရမှာထက်စာရင် ငါ့ရဲ့အစီအရင်က တခြားလူတွေအနေနဲ့ ရွှေရောင်အောက်ကျွန်းကို လာစုံစမ်းမှာကနေတားဆီးပေးတယ်!"
"သူကအစီအရင် အလုပ်မဖြစ်မှာကို ကြောက်နေတာများလား?"
"မဟုတ်ဘူး မဟုတ်ဘူး!"
"ဒီကောင်စုတ်လေးက အရူးဖြစ်နေရင်တောင်ငါ့အစီအရင် ဘယ်လောက်ထိ စွမ်းအားကြီးတာကို သိပါလိမ့်မယ်!"
"ဒါပေမယ့် သူက အရူးမဟုတ်ဘူး!"
"ဒီကောင်စုတ်လေးက ငါ့ကို သေချာပေါက်သတိထားနေတာပဲ!"
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၉။ အပိုင်း ၄၃၃ ကျင့်ကြံဆင့်တိုးတက်ခြင်း
လုရှောင်ယန်၏ ပုံရိပ်ယောင်အစီအရင်၏ အကြောင်းပြချက်အား နားလည်လိုက်ပြီးနောက်တွင် ကျောင်းအုပ်ထုံထျန်းမှာ ကြောင်အမ်းသွားတော့သည်!
"ဒီကောင်စုတ်လေးက ရူးနေတာများလား?"
"ငါ့ကိုဘာလို့ သတိထားနေရတာလဲ?"
"ငါက မင်းကိုဖန်တီးခဲ့တဲ့လူပဲလေ။ ဘယ်လိုများ မင်းကို ထိခိုက်စေမှာလဲ?"
ထုံထျန်းမှာ ၎င်းက မဆီလျော်သည်ကို တွေ့ရှိသွား၏။
"မဖြစ်ဘူး၊ ငါဒီကောင်စုတ်လေး လုပ်နေတာတွေကို ကြည့်ရမယ်!"
ထိုသို့ဆိုလျက် သူဟာ ချက်ချင်းပင် အစီအရင်နှင့် ဆက်သွယ်ချက်အား နိုးထစေလိုက်၏။
သို့သော် သူဟာ လုရှောင်ယန်၏ အစီအရင်အား ဖောက်မမြင်နိုင်သေးပါချေ!
"သေစမ်း! ချိုးဖြတ်!"
ကျောင်းအုပ်ထုံထျန်းမှာ ဒီတစ်ခေါက်၌ စွမ်းအားများ ပိုမိုထည့်သွင်းလိုက်သည်!
သို့သော် သူ၏ရှေ့မှောက်၌ အဖြူရောင်မြင်ကွင်းကရှိနေဆဲပါပင်။
"သေလိုက်ပါတော့၊ ခရမ်းသွေးတိမ်တိုက်နန်းတော်ထဲမှာ သူတော်စင်အဆင့်ကျင့်ကြံသူတွေအားလုံးကို ဖိနှိပ်ထားတာပဲ။ အများဆုံး ရှေးဟောင်းသဏ္ဍာန်နဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင် ဒုတိယအဆင့်ကိုတော့ သုံးလို့ရနိုင်သေးတယ်! ငါရဲ့အားကုန်မသုံးဘဲ ဒီကောင်စုတ်လေးရဲ့ အစီအရင်ကို ဖောက်မမြင်နိုင်ဘူး!"
တစ်ခဏကြာသော် ထုံထျန်းမှာ လက်လျော့လိုက်တော့၏။
သူဟာ တရားထိုင်ဖုံထက်တွင် ထိုင်လျက် သူ၏ဘဝအား စတင်ကာ သံသယဖြစ်လာ၏။
"ငါဘယ်လိုမကောင်းဆိုးဝါးမျိူးကို ဖန်တီးခဲ့မိပါ့လိမ့်? သူက အမတအဆင့်လေးပဲမဟုတ်ဘူးလား? ဘယ်လိုလုပ် သူခင်းကျင်းထားတဲ့ အစီအရင်လေးက ငါ့ကိုတားဆီးနိုင်မှာလဲ?"
တစ်ချိန်တည်းတွင် ရွှေရောင်အောက်ကျွန်းထက်၌ လုရှောင်ယန်မှာ ပျော်ရွှင်စွာ လက်ခုပ်တီးလိုက်သည်။
သူဟာ ကျောင်းအုပ်ထုံထျန်းချန်ထားခဲ့သော ဆက်နွယ်မှု မူလရတနာ ၂၀အားသုံးကာ ရွှေရောင်အောက်ကျွန်းတစ်ခုလုံးအား ကာရံလိုက်ပါ၏။
ထိုအစီအရင်မှာ ဆက်နွယ်မှုမူလရတနာ ၂၀အားသုံးထားသောကြောင့် သူတော်စင်တစ်ဦးသည်ပင် ထိုးဖောက်ရန် မဖြစ်နိုင်ချေ!
ထိုသည်မှာ အစီအရင်များ၏ ကောင်းကျိုးပင်ဖြစ်၏။ အစီအရင်အား ခင်းကျင်းထားသည့် လူ၏ ကျင့်ကြံဆင့်မှာ မလုံလောက်ပါလျှင်တောင် ထိုလူမှာ အစီအရင်အပေါ် မှီခိုကာ သူ၏ကျင့်ကြံဆင့်အား ကျော်လွန်နေသည့် စွမ်းအားကို ထုတ်ဖော်နိုင်ပေ၏!
မှန်ပါသည်၊ ထိုသည်မှာ လုရှောင်ယန်၏ အစီအရင်များတွင် သိနားလည်ခြင်းက အင်မတန်စွမ်းအားကြီးလှသောကြောင့်ပင်!
သူ၏အစီအရင်များတွင် နားလည်မှုမှာ အခြားလူများမရောက်နိုင်မည့် အဆင့်ကိုပင်ရောက်ရှိနေချေပြီဖြစ်သည်!
၎င်းမှာ သူဖန်တီးခဲ့သည့် အစီအရင်မှာ အင်မတန်စွမ်းအားကြီးမားလှသောကြောင့်လည်းဖြစ်၏!
သို့သော် အခြားသော အချက်တချို့လည်း ရှိနေသေးချေငည်။
ထိုသည်မှာ ၎င်းက ပုံရိပ်ယောင်အစီအရင်သာဖြစ်နေခြင်းကြောင့်ပင်!
၎င်းမှာ လုရှောင်ယန်၏ အစီအရင်တွင်နားလည်မှုက မည်မျှ အထင်ကြီးစရာကောင်းနေပါစေ သူဟာ ယခုတွင် အမတအဆင့်သာဖြစ်၏!
သူ့အတွက် သူတော်စင်တစ်ပါးအား ဦးဆောင်တိုက်နိုင်မည့် စွမ်းအားကြီးအတိုက်အခိုက်အစီအရင်အား ဖန်တီးရန်လည်း လုံးဝမဖြစ်နိုင်ပါချေ!
နှစ်ဘက်စလုံးမှာ ရိုးရှင်းစွာပင် အဆင့်မတူညီကြပါချေ!
သို့သော် ပုံရိပ်ယောင်အစီအရင်များမှာမူ ခြားနား၏။ ထိုအစီအရင်မှာ အင်မတန်ရိုးရှင်းလှသောကြောင့် လူတစ်ယောက် အစီအရင်တွင်နားလည်မှုက လုံလုံလောက်လောက်စွမ်းအားကြီးနေကာ အစီအရင်အမြုတေကဲ့သို့သော ဆက်နွယ်မှုမူလရတနာလည်းရှိနေပါလျှင် ထိုလူ၏ စွမ်းအား,အား အဆမတန် တိုးပွားစေနိုင်ရန် အင်မတန် လွယ်ကူစေ၏!
ဥပမာ၊ သာမန်လူတစ်ယောက်မှာ ကမ္ဘာကျော်လက်ဝှေ့ချန်ပီယံအားတိုက်ခိုက်ရာ၌ လုံးဝပင် အရှုံးနှင့်ရင်ဆိုင်ရမည်ပင်...
သို့သော် ထိုသာမန်လူမှာ တစ်ဖက်လူ၏မြင်ကွင်းအား ပိတ်ဆို့ရန် ငရုတ်ရေတချို့အားဖြန်းသကဲ့သို့ လှည့်ကွက်တချို့သုံးရန်ဖြစ်နိုင်သည်။
သို့သော် ထိုအခိုက်၌ လုရှောင်ယန်မှာ မထိန်းနိုင်ဘဲ နှာချေလိုက်မိသည်!
"အားချူးးး!"
သူဟာ မနေနိုင်ဘဲ နှာခေါင်းကို ပွတ်လိုက်၏။
"သေစမ်းကွာ၊ ဘယ်သူကငါ့နောက်မှာ ငါ့မကောင်းကြောင်းပြောနေတာလဲ? ငါသာရှာတွေ့ရင် လီကောကို ခေါ်ပြီး အဲ့ကောင်ဆီ နတ်ဘုရားသတ်လှံတံနဲ့ ပစ်ခိုင်းရမယ်!"
ထို့နောက် သူဟာသူ၏အစီအရင်အား စိတ်ကျေနပ်စွာကြည့်ကာ ခေါင်းငြိမ့်လိုက်တော့၏။
"ကောင်းပြီ! အစီအရင်တော့ ပြည့်စုံသွားပြီ။ ငါကျင့်ကြံဖို့ ပြန်လုပ်နိုင်ပြီပေါ့!"
…
တစ်ဘက်တွင် ခရမ်းသွေးတိမ်တိုက်နန်းတော်၏ နက်ရှိုင်းသောနေရာ၌ ရှေးဟောင်းကောင်းကင်အဓိပတိမှာ တံခါးတစ်ချပ်ရှေ့သို့ရောက်ပြီးနောက်တွင် ကျောင်းအုပ်ထုံထျန်းရှေ့မှောက်၌ ရှိခဲ့သော သူ၏ ဝင့်ကြွားနေဟန်မှာ ချက်ချင်းပျောက်ကွယ်သွားသည်။ အစားထိုးဝင်ရောက်လာသည်မှာ နက်ရှိုင်းလှသော လေးစားမှုနှင့် ပြည့်နေဟန်သာဖြစ်၏!
သူ၏ဆရာတူအစ်ကိုနှင့် ညီများအကြားတွင် သူဟာ ဘိုးဘေးဟုန်ကျွင်းအား အင်မတန် အလေးစားဆုံးဖြစ်၏!
သူဟာလည်း ဘိုးဘေးဟုန်ကျွင်းအနှစ်သက်ရဆုံးတစ်ယောက်ဖြစ်၏။
အကြီးဆုံး၊ မဟာအဓိပတိအကြီးအကဲမှာ ဘိုးဘေးဟုန်ကျွင်း၏ ဟန်ပန်ရှိလေသည်။ သူဟာ အမြဲလိုလိုနားမလည်နိုင်ဖွယ်ဖြစ်ကာ သူ၏နောက်ခံအား ရှာတွေ့ရန်လည်း ခက်ခဲလှ၏။
တတိယညီနောင် ထုံထျန်းမှာ သူ၏ဆရာအား အစိုးရိမ်စေဆုံးနှင့် ဒေါသအထွက်စေဆုံးလူပင်ဖြစ်၏။
ကျဲယိနှင့် ကျွင်းတိတို့မှာ သူ၏ဆရာဆီမှ မည်သို့ ငွေညှစ်ရမည်ကိုသာသိကြသည်!
နွီဝါးကိုမူ ဥပေက္ခာပင်ပြုနိုင်၏။
အကြောင်းမှာ သူမဟာ ကံနှင့်ပတ်သက်ရမည်ကို မနှစ်သက်သောကြောင့်ပါပင်။ သူမဟာ ကိုယ်ကိုယ်တိုင်ဖန်တီးခဲ့သည့်လူများကို စီစဉ်ရန်ပင် ဝင်မစွက်ဖက်ကာ အကြောင်းကိစ္စများအား သူ၏ဆရာတူအစ်ကို၊ မောင်များနှင့်သာ ထားခဲ့သည်။
ရှေးဟောင်းကောင်းကင်အဓိပတိမှာမူ ဖားယားတတ်ခြင်းကြောင့်မဟုတ်ဘဲ သူ၏ဆရာအား နာခံသည်။
တစ်ယောက်ယောက်နှင့် နှိုင်းယှဉ်ရပါလျှင် ရှေးဟောင်းကောင်းကင် အကြီးအကဲမှာ ဟုန်ကျွင်း၏ သွေးသားရင်းချာလိုပါပင်။
ဟုတ်ပါသည်၊ သူဟာ တစ်ဖက်လူ၏ သွေးသားရင်းချာကဲ့သို့ပင် ခံစားရပါချေ၏!
သူဟာ ကိုယ့်ကိုယ်ကိုယ် အမြဲတစေ ဘိုးဘေးဟုန်ကျွင်း၏ တိုက်ရိုက်မျိုးဆက်လိုသာ ဆက်ဆံခဲ့သည်!
၎င်းမှာ သူဟာ ခရမ်းသွေးတိမ်တိုက်နန်းတော်၌ အကျော်ကြားဆုံးဖြစ်ခြင်းကြောင့်လည်းပါဝင်သည်!
မည်သူကမှ သူ့အား မယှဉ်နိုင်ပါချေ!
"ဆရာ! ကျွန်တော်၊ ရှေးဟောင်းအဓိပတိပါ၊ ကျွန်တော့်ရဲ့ လေးစားမှုကိုပြဖို့ လာရောက်ရခြင်းပါ။"
"ဝင်လာခဲ့"
တစ်ဖက်လူမှာ ရှေးဟောင်းကောင်းကင်အဓိပတိလာမည်အား ကြိုသိထားပုံပါပင်။
ပြောရလျှင် သုံးလောကရှိ လှုပ်ရှားမှုတိုင်းမှာ အခြေခံအားဖြင့် ဟုန်ကျွင်း၏ ထိန်းချုပ်မှု အောက်၌ ရှိချေသည်။ သုံးလောကတွင် ဟုန်ကျွင်းမသိသည့်အရာမှာ မရှိသလောက်နီးပပင်။
သူဟာ ရွှေရောင်အောက်ကျွန်းအကြောင်းအား အခြားသူများထက် စောစီးစွာသိထားခဲ့သည်!
မှန်ပါသည်၊ သူဟာ မတိုင်ခင်က ရွှေရောင်အောက်ကျွန်းတွင် ဖြစ်ပျက်ခဲ့သည်များအားလည်း သိချေ၏။
ထို့နောက် ထုံထျန်းမှ ရွှေရောင်အောက်ကျွန်းအားအစီအရင်နှင့်တားဆီးလိုက်ချိန်တွင်မူ သူဟာ အတွင်းဘက်ရှိ အခြေအနေအား အာရုံမခံနိုင်တော့ပါချေ။
ထို့ကြောင့် သူဟာ လုရှောင်ယန်၏ ဖြစ်တည်မှုကို မသိတော့ချေ။
သို့ပါသောကြောင့် သူ့ထံ၌ ထိုကိစ္စအတွက် ကိုယ်ပိုင်နားလည်မှုရှိလေသည်။
ရှေးဟောင်းကောင်းကင်အဓိပတိမှာ အလျင်အမြန်ပင် အခန်းထဲသို့ ဝင်လာကာ ဘိုးဘေးဟုန်ကျွင်းရှေ့မှောက်သို့ရောက်ရှိလို့လာ၏။
သူဟာ ဆရာ့အား ကြည့်လိုက်ချိန်တိုင်းတွင် စစ်မှန်ထင်ရှားလှသော အဓိပတိအား ကြည့်နေရသလိုခံစားရ၏!
ဘိုးဘေးဟုန်ကျွင်း၏ စွမ်းအားကြီးအရှိန်အဝါမှာ သူ့အား လွမ်းဆွတ်၊ လေးစားကာ ရိုသေလာစေသည်!
ထိုထင်ရှားသည့် ဆံဖြူမုတ်ဆိတ်နှင့်ပုံရိပ်မှာ ရွှေရောင်အလင်းနှင့် ထူးကဲလှသောအရှိန်အဝါတစ်ခုအား ထုတ်ဖော်ကာ ၎င်းက သုံးလောကရှိ လူတိုင်းအား ကျော်လွန်နေချေပြီဖြစ်သည်။ တစ်ဖက်လူမှာ တကယ်ကိုပင် သူ၏ ရှင်သန်ရာ အားအင်ပါပင်!
သူဟာ ဆရာ့အတွက် ဖားယားသူဖြစ်လာရန်ဆန္ဒရှိသည်!
သူဟာ ဆရာ့အတွက် ပုစွန်ဆိတ်ကလေးဖြစ်ရန် ဆန္ဒရှိသည်ပင်!
သူဟာဆရာ့အတွက် မည်သည်ကိုမဆို ပြုလုပ်ရန် ဆန္ဒရှိသည်!
"နှုတ်ဆက်ပါတယ်၊ ဆရာ"
ဟုန်ကျွင်းမှာ ခေါင်းငြိမ့်လိုက်သည်။
"မင်း အဲ့ဒီရွှေရောင်အောက်ကျွန်းကိစ္စနဲ့ လာခဲ့တာလား?"
"ဟုတ်ပါတယ်! ဆရာ၊ ဆရာတူညီလေးထုံထျန်းက တကယ်ပဲ ရွှေရောင်အောက်ကျွန်းတစ်ခုလုံးကို အစီအရင်တစ်ခုနဲ့ ဖုံးထားပြီး ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အယောက်၄၀၀လုံးကို သတ်ပစ်ခဲ့တယ်!"
"ဆရာ၊ ကျွန်တော်နဲ့ ဆရာတူအစ်ကို့အတွက် တရားမျှတမှုယူပေးပါ!"
ဘိုးဘေးဟုန်ကျွင်းမှာ တည်ငြိမ်ဟန်ဖြင့်ဆိုလိုက်၏။
"မင်းက မင်းအတွက် တရားမျှတမှုယူပေးစေချင်နေတာလား! ဒါဆိုရင် ထုံထျန်းအတွက်ရော ဘယ်သူက တရားမျှတမှုယူပေးမှာလဲ?"
ရှေးဟောင်းကောင်းကင်အဓိပတိမှာ ရပ်တန့်သွားသည်။
"ဆရာ၊ ဘာကိုဆိုလိုတာပါလဲ?"
"ရပ်လိုက်တော့"
ထိုစကားတစ်ခွန်းက ရှေးဟောင်းကောင်းကင်အဓိပတိ၏ ကိုယ်အား တမုဟုတ်ချင်းတုန်ရီသွားစေသည်။ သူဟာ ကြောက်ရွံ့မှကြောင့် ခေါင်းပင်ငုံ့ထား၏။
ဘိုးဘေးဟုန်ကျွင်းမှာ စကားဆက်လိုက်သည်။
"အရင်က မင်းအတွက်နဲ့ ငါ ကျဲကျောင်းတော်တစ်ခုလုံးကို ဖျက်ဆီးလုနီးနီးဖြစ်သွားတယ်! မင်းရဲ့ချန်ကျောင်းတော် အာဟာရပြည့်ပြီး သုံးလောကမှာ နံပါတ်တစ်ဂိုဏ်းဖြစ်ဖို့အတွက်နဲ့ ထုံထျန်းကို ဒီခရမ်းသွေးတိမ်တိုက်နန်းတော်မှာ နှစ်သောင်းချီကြာ ပိတ်လှောင်ထားခဲ့တယ်!"
"မင်းကျတော့ရော? မင်းရဲ့ချန်ကျောင်းတော်က တကယ်ပဲ အာဟာရပြည့်ပြီး မင့်ဆရာတူညီရဲ့ ကျဲကျောင်းတော်ကို ထပ်ခါထပ်ခါဖျက်ဆီးဖို့ ကြိုးစားခဲ့တယ်! ငါဒီနှစ်တွေအကုန်လုံးမှာ မသိခဲ့ဘူးများထင်နေတာလား?"
"ငါကန်းသွားပုံပါပဲ။"
ရှေးဟောင်းကောင်းကင်အဓိပတိမှာ အတန်ငယ်တုန်ရီလို့နေ၏။
"ဆရာပြောတာမှန်တယ်။ ကျွန်တော်မှားသွားတယ်။ ဒါပေမယ့် ထုံထျန်းက ဆရာ့ကို ဆန့်ကျင်ပြီးကောင်းကင်ဘုံကို အံတုခဲ့တယ်။ သူက ဒါနဲ့ထိုက်တန်ပါတယ်။"
"ပါးစပ်ပိတ်ထား!"
ဟုန်ကျွင်း၏ အသံအနေထားမှာ ချက်ချင်းပြောင်းလဲသွား၏။ ဖိအားတစ်ခုကျဆင်းလာကာ ချက်ချင်းပင် ရှေးဟောင်းကောင်းကင်အဓိပတိအနီးရှိ စွမ်းအားနိယာမများအား အေးခဲသွားစေသည်။
ထိုအခိုက်၌ ရှေးဟောင်းကောင်းကင်အဓိပတိမှာ ကြောက်ရွံ့မှုကြောင့် စတင်တုန်ရီလာသည်!
သူဟာသူတော်စင်တစ်ယောက်ဖြစ်နေပါလျှင်ပင် ကိစ္စမရှိပါချေ!
သူ့အား သုံးလောကရှိ မည်သူကမှ နှိုးဆွရန် မဝံ့ရဲကြသော လူတစ်ယောက်ဖြစ်ပါလျှင်ပင် ဘိုးဘေးဟုန်ကျွင်းကဲ့သို့ သုံးလောက၏ နံပါတ်တစ်ရှေ့မှောက်၌မူ သူဟာ ယင်ကောင်သာသာပါပင်။
သူတော်စင်တစ်ယောက်အနေနဲ့ သူဟာ ဟုန်ကျွင်းအားတိုက်ခိုက်ရန် အရည်အချင်းမှီသည်။
သိူ့သော် သူဟာ တိုက်ခိုက်မှုအချို့ကိုသာ ဖလှယ်နိုင်ပြီး အချီအနည်းငယ်သာ ခုခံနိုင်မည်။ ထို့ထက်ပိုကြာပါလျှင် မိနစ်အနည်းငယ်အတွင်း၌ ဟုန်ကျွင်းထံ၌ ဖျက်ဆီးခံရမည်ပင်!
ဘိုးဘေးဟုန်ကျွင်းမှာ စကားဆက်လိုက်သည်။
"သုံးလောကရဲ့ နံပါတ်တစ်က ငါဆိုတာကို မင်းသတိရနေမှရမယ်! ငါကကောင်းကင်ဘုံပဲ! ငါကကောင်းကင်ဘုံရဲ့ ဆန္ဒပဲ! ထုံထျန်းကို စိတ်မလုံခြုံဘူးလို့ ငါပြောရင် သူစိတ်မလုံခြုံလို့ပဲ။ ငါသာ ထုံထျန်းရဲ့ အပြစ်ကင်းမှုအကြောင်းပြောမယ်ဆိုရင် သူက အပြစ်ကင်းတယ်။"
"ငါဘယ်လိုလုပ်ရမယ်ဆိုတာကို မင်းသင်ပေးစရာမလိုဘူး!"
ရှေးဟောင်းကောင်းကင်အဓိပတိမှာ ထပ်ခါထပ်ခါ မြှောက်ပင့်နေတော့၏။
"ဆရာက ဉာဏ်ပညာကြီးမားတယ်။ ဆရာက ထက်မြတ်ပါတယ်။ ကျွန်တော်က ခဏလောက်လေးပဲ မိုက်မဲသွားတာပါ။ ခွင့်လွှတ်ပေးပါ။"
ထိုမြင်ကွင်းအားမြင်သော် ဟုန်ကျွင်းမှာ သူ၏အရှိန်အဝါအား ခပ်ဖြည်းဖြည်း ရုတ်သိမ်းလိုက်၏။
ရှေးဟောင်းကောင်းကင်အဓိပတိမှာ သက်မချလိုက်သည်။
"မင်းကငါ့တပည့်ပါ။ ထုံထျန်းကလည်း ငါ့တပည့်ပဲ။ ထုံထျန်းအနေနဲ့ သူ့ရဲ့တပည့်တွေနဲ့ မဟာတပည့်တွေကို ဆုံးရှုံးခံဖို့မဖြစ်နိုင်ဘူး။"
ရွှေရောင်အောက်ကျွန်းကိစ္စအား အတိတ်နှစ် သောင်းချီတုန်းက သူ၏လျော်ကြေးဟု မှတ်ယူနိုင်သည်!
"အခုကစပြီး၊ ရွှေရောင်အောက်ကျွန်းမှာ ပြဿနာမဖြစ်စေရင် ချန်ကျောင်းတော်၊ ရန်ကျောင်းတော်နဲ့ အနောက်ဘက်ဂိုဏ်းတောင်မှ ကျဲကျောင်းတော်ကို ပစ်မှတ်မထားရဘူး! နားလည်လား?"
"ဟုတ်ကဲ့ နားလည်ပါတယ်!"
"မင်းနားလည်ရင် သွားလို့ရပြီ။"
"ဟုတ်ကဲ့ပါ!"
ရှေးဟောင်းကောင်းကင်အဓိပတိမှာ ရွှေရောင်တိမ်တိုက်နန်းတော်မှ ထွက်ခွာလာ၏။ သူဟာ ခရမ်းသွေးတိမ်တိုက်နန်းတော်မှ ထွက်လာကာ စူးရှလာတော့၏။
"ထုံထျန်း မင်းကိုယ်မင်း ဒီတစ်ခေါက် ကံကောင်းတယ်လို့မှတ်ထား ဒါပေမယ့် ငါမင်းကို ဖိနှိပ်နိုင်တော့မယ်လေ!”
"ငါ ရှေးဟောင်းအဓိပတိက ဆရာ့ရဲ့ဒုတိယတပည့်ပဲ! ငါကအမြဲ မင်းအထက်မှာရှိတယ်!"
"မင်းရဲ့ကျင့်ကြံဆင့်က အရမ်းမြင့်နေရင်တောင် ငါ့မှာ တပည့်အများကြီးရှိတယ်!"
"မင်းက ငါ့ဆီကနေ အနင်းခံရဦးမှာပဲ! ဟမ့်!"
...
မျက်စိတစ်မှိတ်အတွင်း၌ နှစ်တစ်ဝက်ကုန်လွန်သွား၏။
၎င်းအား နှစ်တစ်ဝက်ဟုဆိုပါသော်လည်း လုရှောင်ယန်နှင့် သူ၏တပည့်များမှာမူ ၁၅နှစ်ကြာ ကျင့်ကြံလိုက်ရသည်!
ကျဲကျောင်းတော်သားများမှာ လက်ရှိအချိန်၌ ထိုကျင့်စဉ်အား မကျင့်သုံးရသေးပါချေ။
အကြောင်းမှာ လုရှောင်ယန်အနေနှင့် မတိုင်ခင်က အမတအဆင့်တွင်သာရှိခဲ့ကာ ကျဲကျောင်းတော်တပည့်သားများက သူ့ထက်အင်မတန်အဆင့်မြင့်ကြသောကြောင့်ပင်!
ကျဲကျောင်းတော်၏ လူများမည်မျှကောင်းနေပါစေ၊ သူဟာ အခြားလူများအား သတိထားရပေဦးမည်။ ထို့ကြောင့် လုရှောင်ယန်၏ကျင့်ကြံဆင့်မှာ ၎င်းတို့နှင့် ရင်ဆိုင်ရန်မသင့်လျော်သေးချိန်တွင် သူ၏ကျင့်ကြံဆင့်အမှန်နှင့် စွမ်းရည်အား ဖော်ပြလိုခြင်းမရှိပါချေ။
ဆယ့်ငါးနှစ်အတွင်း ဝမ့်ခိုက်ထောက်ပံ့ပေးထားသော ရင်းမြစ်များနှင့် ထုံထျန်းချန်ခဲ့သော ရင်းမြစ်များနှင့်ဆိုလျှင် ၎င်း၏တပည့်များ ဝက်ဖြစ်သွားပါလျှင်တောင် ပါရမီရှင်အုပ်စုဖြစ်လာစေ၏!
၎င်းတို့အကြားတွင် ယွင်လီကော၏ကျင့်ကြံဆင့်မှာ နဝမမြောက်အမတအဆင့်သို့ပင် ရောက်သွားချေ၏!
သူ၏ပါရမီမှာ လုံးဝ နိုးထလာသည်။ ယခုတွင် အခြားတပည့် များမှာ သူ၏ပြိုင်ဘက်မဟုတ်ကြတော့ချေ!
ကျီဝူရှား၏ကျင့်ကြံဆင့်မှာ တတိယမြောက် အမတအဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။
သူမနှင့် ယွင်လီကောအကြား ကွာခြားချက်မှာ အတန်ငယ်ကြီးမားလှသော်လည်း မတတ်နိုင်ပါချေ။ ယွင်လီကော၏ ပါရမီမှာ တကယ်ကိုပင် သူမ,ထက် အားကောင်းပါ၏။
ယခင်ဘဝများတွင် ယွင်လီကောမှာ ကျီဝူရှားထက်ပိုမိုသန်မာခဲ့သည်ပင်။ ထို့ကြောင့် ကျီဝူရှားမှ ယွင်လီကောအား မမှီနိုင်သည်မှာ သာမန်ပင်ဖြစ်၏။
သို့သော် တတိယမြောက် အမတအဆင့်မှာ ကျင့်ကြံဆင့်အတော်လေးမြင့်လာခြင်းပါပင်။
ယခင်က သူမမှာ နတ်ဘုရားဧကရာဇ်အဆင့်သို့ပင် မရောက်နိုင်မည့် သာမန်ဖြစ်တည်မှုလေးသာဖြစ်သည်!
ယခုတွင် သူမ၏ကျင့်ကြံဆင့်မှာ ဆယ်ဆင့်ထက်ပင် ပိုတိုးတက်လာပြီဖြစ်၏!
ဖုန်းထျန်းယွမ်မှာလည်း မဆိုးလှပါချေ။ သူဟာ ပထမမြောက်အမတအဆင့်သို့ရောက်ရှိကာ ကျီဝူရှားထက် အတန်ငယ် နိမ့်ကျနေ၏။ သို့သော် သူဟာ ယခင်က ကြီးမြတ်သော နတ်ဘုရားအဆင့်၌သာရှိခဲ့သည်။ ဤတစ်ခေါက် အမတအဆင့်အား ဖြတ်ကျော်ရန် အင်မတန်စွမ်းအားကြီးနေပြီးဖြစ်၏။ ပြောရလျှင် သူဟာ များများပြားပြား မမျှော်မှန်းထားပါချေ။ ထိုသည်က အတန်ငယ်လက်တွေ့မဆန်သလိုပင်။
ထို့အပြင် ဖုန်းထျန်းယွမ်မှာလည်း ယခင်ဘဝမှတ်ဉာဏ်အား နိုးထစေခဲ့သည်ပင်!
လုရှောင်ယန်မှာ တကယ်ကိုပင် ထိုလူနှင့် ရင်းနှီးလှပါချေ၏!
စွန်းဝူခုံး!
ဟုတ်ပါသည်!
၎င်းမှာ အနောက်အရပ်သို့ ခရီးသွားခြင်း အခက်အခဲအတွင်း ကောင်းကင်နန်းတော်အား ပျက်စီးစေခဲ့သော စွန်းဝူခုန်းပါပင်။
သူသေဆုံးရသည့်အကြောင်းအား မပြောပါချေ။ သို့သော်လည်း လုရှောင်ယန်မှာ ထိုသည်က စိတ်ဝိဉာဉ်တောင်နှင့် ကောင်းကင်ဘုံခုံရုံးကြောင့်မှန်း ကောင်းစွာသိပါသည်။ ၎င်းတို့မှာ တစ်ဖက်လူအား သူ၏အသုံးဝင်မှုဖြင့် အပြင်ဘက်၌ နေနေစဉ်၌ အရှုပ်ထဲသို့ကန်ထုတ်လေသည်။
လုရှောင်ယန်မှာ သူ့အားထုတ်ဖော်ရန် တွန်းအားမပေးပါချေ။ ဖုန်းထျန်းယွမ်မဖော်ပြပါလျှင် ၎င်းက အင်မတန်ဝမ်းနည်းနေခြင်းကြောင့်ပါပင်။
သူထုတ်ဖော်ချင်သည့် အချိန်အား စောင့်ဆိုင်းနေသည်က ပိုကောင်းသည်။
လီချန်းရှန်နှင့် စုန့်ရှင်းနျန်၏ ကျင့်ကြံဆင့်များမှာ အလွန်တည်ငြိမ်ကြသည်။ ၎င်းတို့မှာ နတ်ဘုရားဧကရာဇ်အထွဋ်အထိပ်အဆင့်ကိုရောက်နေကာ အမတအဆင့်သို့ ခြေလှမ်းတစ်ဝက်ဝင်နေ၏။ ၎င်းတို့မှာ အမတအဆင့်အား ဘယ်အချိန်ဘယ်နေရာမှာမဆို တက်လှမ်းသွားနိုင်၏!
မတိုင်ခင်က ၎င်းတို့နှစ်ဦး ရှေးဟောင်းလောကသို့ ရောက်ကာစတွင် နတ်ဘုရားဧကရာဇ်ပထမအဆင့်၌သာရှိသေးချေ၏။ ယခုတွင် ၎င်းတို့မှာ နတ်ဘုရားဧကရာဇ်ပြီးပြည့်စုံသောအဆင့်သို့ရောက်နေချေလေကာ မဆိုးလှပါချေ!
အဓိက အကြောင်းအရင်းမှာ ၎င်းတို့နတ်ဘုရားလောက၌ ရှိစဉ်က နှစ်ဦးသားမှာ ထိုက်ယိဓားတာအိုနှင့် ကောင်းကင်ဓားသွားစင်မြင့်ဆီသို့ ပြန်သွားခဲ့ခြင်းကြောင့်ပင်။ ရလာဒ်အနေနှင့် နှစ်ဦးသားမှာ အားလုံးနှင့် အတူတကွကျင့်ကြံခွင့်ကို လွဲချော်သွားခဲ့ရသည်။
ထိုနှစ်ဦး၏ မှတ်ဉာဏ်များမှာလည်း နိုးထလာခဲ့ပြီပင်။ တစ်ဦးမှာ ကောင်းကင်အက်ကွဲဓားဝိဉာဉ်၏ ပြန်လည်ဝင်စားခြင်းဖြစ်ကာ ကျန်တစ်ဦးမှာ လောကအဖျက်အဆီးဓားမော့ဝိဉာဉ်မှ ပြန်လည်ဝင်စားခြင်းပါပင်။
၎င်းတို့နှစ်ဦးသား အနေနှင့် အမြွှာညီအစ်ကို ဖြစ်ရန် နေရာရှာမတွေ့ခဲ့ခြင်းမှာ နှမျောစရာဟုပင် ဆိုရချေမည်။
နှစ်ဦးသားမှာ ပြီးပြည့်စုံသော စုံတွဲဖြစ်၏။ တစ်ဦးမှာ ကောင်းကင်အား အက်ကွဲစေနိုင်ကာ ကျန်တစ်ဦးမှာ လောကအား ဖျက်စီးနိုင်သည်။
ပဉ္စမတပည့် ကျူးကောကျီချုံမှာလည်း နတ်ဘုရားဧကရာဇ်အဆင့်သို့ရောက်ကာ ယခင်ဘဝမှ မှတ်ဉာဏ်များနိုးထလာပြီဖြစ်၏!
သူမဟာ ဒဏ္ဍာရီလာကောင်းကင်ကိုးထပ်ဆန်းကြယ်နတ်မိမယ်ပင်ဖြစ်၏။
လုရှောင်ယန်မှာ ထိုလူနှင့် အရမ်းကြီးမရင်းနှီးနေပါချေ။ သူမအား ယခင်စစ်နတ်ဘုရားမဟု ဆိုနိုင်ပေ၏!
သူမဟာ အင်မတန်အံ့ဖွယ်ကောင်းသော်လည်း ပန်ဂုမှ ကောင်းကင်ကို အက်ကွဲစေပြီး နောက်မှ မွေးဖွားခဲ့သော ဖြစ်တည်မှုပါပင်။ မည်သို့ဆိုစေ သူမဟာ လီကောနှင့်မယှဉ်နိုင်ပါချေ။
ကျွင့်ပုကျန်းမှာလည်း လုရှောင်ယန် အလွန်ရင်းနှီးသည့် ဖြစ်တည်မှုပါပင်!
ကြီးမြတ်သောချင် ဘိုးဘေးနဂါးပါပင်!
မှန်ပါသည်၊ သူဟာ လောကအား စုစည်းခဲ့သော ကြီးမြတ်သောချင် ဘိုးဘေးနဂါးပင်ဖြစ်၏။
သူဟာ မာဂီမျိုးနွယ်၏ နောက်ဆုံးမျိုးဆက်လည်း ဖြစ်သည်!
သို့သော် သူ့ထံ၌ ပုံစံနှစ်မျိုးရှိ၏။ သူဟာ ကြီးမြတ်သောချင် ဘိုးဘေးနဂါးပင်မက နဂါးမျိူးနွယ်၏ ဘိုးဘေးပင်ဖြစ်လေ၏!
ဘိုးဘေးနဂါးအနေဖြင့် သူဟာ ယခင်ဘဝက ကျီဝူရှား အနှစ်သာရဇာမဏိဖြစ်ချိန်တွင် တန်းတူရှိခဲ့သည်။
လုရှောင်ယန်မှာ ထိုနှစ်ဦးက စုံတွဲအနေနှင့်ဆိုလျှင် ပိုသင့်လျော်မည်ဟု ခံစားမိ၏!
ထိုသည်မှာ ကျွင့်ပုကျန်းက အဆီးအတားမရှိကာ ကျီဝူရှားက မှတ်စုရေးမှတ်ရသည်ကိုကြိုက်နှစ်သက်ခြင်းကြောင့်ပင်။ ၎င်းတို့နှစ်ဦးစလုံးမှာ အရှက်မဲ့လှ၏။ ၎င်းတို့မှာ တကယ်ကိုပင် ပူးပေါင်းကာ ဟာသစုံတွဲဖြစ်လာသင့်သည်!
***
ပြိုင်ဘက်ကင်း အသန်မာဆုံး သခင်ကြီးစနစ်
စာစဉ် ၂၉။ အပိုင်း ၄၃၄ ဂိုဏ်းချုပ်၊ ဉာဏ်အလင်းရခဲ့တာလား?
၈ယောက်မြောက်တပည့် ကျန်းထိုင်ရွှမ်မှာ ယခင်ဘဝက မြေအောက်လောကဘိုးဘေးဖြစ်၏။
၉ယောက်မြောက်တပည့် စုလင်းဝူမှာ ယခင်ဘဝ၌ မာဂီမျိုးနွယ်၏ ပါရမီရှင် ရှင်းထျန်း ဖြစ်ခဲ့သည်။
သူဟာ ခေါင်းအဖြတ်ခံခဲ့ရသည့် ရက်စက်သောလူဖြစ်ချေ၏။
ထိုသည်က လုရှောင်ယန်အား သက်ပြင်းချစေ၏။
"ဘာလို့ငါတပည့်တွေအားလုံးက ကြမ်းတမ်းနေရတာလဲ?!"
ဒါပေမယ့်လည်း ထားလိုက်ပါ။ ဝမ့်ခိုက်မှ ဧကရာဇ်ပါရမီရှိသည်ဟု မှတ်ယူထားသော လူများမှာ ကြမ်းတမ်းရပေမည်ပင်။
ပြောရလျှင် ဝမ့်ခိုက်မှာ ပိုလို့ပင်ကြမ်းတမ်းလှချေ၏။
များစွာသော ထူးချွန်ပါရမီရှင်များမှာ အမည်မဲ့ဂိုဏ်း၏ ဒုတိယမျိူးဆက် တပည့်များထံမှလည်း ပေါ်ထွက်လာ၏။ ဥပမာ၊ ရှီချန်းလင်၊ ကျွင့်ချန်းမင်၊ သခင်ကြီးလု၊ ကျီဝူရှန်နှင့် နတ်ဘုရားဧကရာဇ်အဆင့်သို့ ရောက်ရှိပြီးသား တပည့်များဖြစ်ကြသည်။
၎င်းတို့မှာ အမတနှင့် အမတများ မဖြစ်သေးကြပါသော်လည်း လုရှောင်ယန်မှာ လုံးဝ စိတ်မပူပါချေ!
၎င်းမှာ သူ့ထံ၌ နှစ်ပေါင်း ကိုးနှစ်ကျန်ရှိနေသေးသောကြောင့်ပင်။ ထိုကိုးနှစ်မှာ တပည့်များ၏ ကျင့်ကြံဆင့်အား အရည်အချင်းမှီ အဆင့်ထိတိုးတက်လာစေရန်လုံလောက်ပေသည်။
တပည့်များ၏ ကိုယ်ပွားများမှာလည်း လောကသုံးထောင်မှ အကျိုးအမြတ် ရယူနေကြ၏။ နှစ်ဝက်အတွင်းတွင် ၎င်းတို့မှာ မြင်းနက်ပေါင်း ၁၂၉ဦးအား သတ်ခဲ့ချေ၏။
၎င်းတို့အကြားတွင် စနစ်ရှိသော မြင်းနက်များ၊ ဝိဉာဉ်ကူးပြောင်းလာသည့် မြင်းနက်များ၊ ပြန်လည်မွေးဖွားခဲ့ကြသော မြင်းနက်များ၊ ကံထူးမှုနှင့်ကြုံကြိုက်ရသော မြင်းနက်များ၊ လုံအောက်ထျန်းပုံစံ မြင်းနက်များနှင့် မိုက်ရူးရဲဆန်သော မြင်းနက်များပါဝင်၏... မည်သို့ဆိုစေ၊ ၎င်းတို့အားလုံးမှာ အင်မတန် ဝင့်ကြွားကြကာ နတ်ဘုရားနှင့် ဗုဒ္ဓများကိုပင် သတ်ဖြတ်နိုင်ကြ၏။
မြင်းနက်ပေါင်း တစ်ရာကျော်၏ ကံကောင်းမှုမှာ ဝမ့်ခိုက်အား များစွာတိုးတက်လာစေ၏။ မတိုင်ခင်က ရရှိခဲ့သော ကျန်းကျီယာ၏ ကံကောင်းမှုနှင့်ပါ ပေါင်းလိုက်လျှင် ဝမ့်ခိုက်၏ လက်ရှိတိုးတက်မှုမှာ ပြိုင်ဘက်ကင်းလှချေ။
လုရှောင်ယန်မှာလည်း ဝီရိယရှိရှိကျင့်ကြံနေခဲ့ပေသည်။ သူ၏ကိုယ်ပွားများနှင့် တပည့်များ၏ကျင့်ကြံခြင်းအကူအညီဖြင့် သူ၏ကျင့်ကြံဆင့်မှာလည်း တဖြောင့်တည်း တိုးတက်လာကာ ထိုက်ယိရွှေရောင်အမတအရှင်ပထမအဆင့်သို့ ရောက်ရှိနေပြီဖြစ်၏။
မှန်ပါသည်၊ သူဟာ လူထုရှေ့၌ ကောင်းကင်အမတအရှင်ပထမအဆင့် အရှိန်အဝါကိုသာ ထုတ်ပြထားသောကြောင့် အခြားလူများမှာ လုရှောင်ယန်၏ ကျင့်ကြံဆင့်အမှန်ကို မသိကြပါချေ။
လုရှောင်ယန်မှာ နောက်တစ်နှစ်၌ သူ၏ကျင့်ကြံဆင့်မှာ ကောင်းကင်ဘုံထွဋ်ဖျား ရွှေရောင်အမတအရှင်အဆင့်အထိ တိုးတက်လာလိမ့်မည်ဟု ခန့်မှန်းမိ၏!
ထိုသို့တွေးခြင်းကပင် သူ့အားပျော်ရွှင်စေ၏!
"ဝမ့်ခိုက်၊ ငါ လက်ဆောင်အိတ်တွေ လက်ခံဖို့အဆင့်သင့်ဖြစ်နေပြီ။"
[နားလည်ပါပြီ။ လက်ဆောင်ထုပ်တွေကို ဆန္ဒအလျောက် ထုတ်ပေးလိုက်ပါပြီ။ သခင်အခုပဲ လက်ခံပြီး ဖွင့်လို့ရပါပြီ။ ပြီးတော့ သခင်အဆင်ပြေစေဖို့အတွက် တစ်ကြိမ်တည်းမှာ လက်ဆောင်ထုပ်၁၀ထုပ်ကိုဖွင့်လို့ရနိုင်ပါပြီ]
"ဒါကကောင်းသားပဲ။ ဝမ့်ခိုက် မင်းကတော်ပြီးရင်းတော်လာတာပဲ။"
[ဒါတွေအကုန်လုံးက သခင်ကျွန်တော့်ကိုကောင်းကောင်းသင်ပေးခဲ့လို့ပါ။ ထပ်ပေါင်းပြောရရင် သခင်က မြင်းနက်အတော်များများကိုသတ်ခဲ့တော့ ကျွန်တော်လည်း ကံကောင်းမှုတွေကို ပိုရနိုင်ခဲ့တာပေါ့]
"ပြောရရင်၊ ကံကောင်းမှုကဘာလဲ? မင်း ကံကောင်းမှုတွေကို စုပ်ယူပြီးရင်လည်း မင်းရဲ့စွမ်းအားက အရမ်းကြီးမတိုးလာတာကို ခံစားမိနေတယ်။ အဲ့အစား မင်းရဲ့လုပ်ဆောင်ချက်တွေတော့ နည်းနည်းတိုးတက်လာတယ်။"
[သခင်၊ ကံကောင်းမှုဆိုတာက တကယ်တော့ ရှေးဟောင်းခရမ်းသွေးချီပါ။ ဒါက မဟာတာအိုနိယာမနဲ့ သက်ဆိုင်တဲ့ ဖြစ်တည်မှုပါပဲ။ ရှေးဟောင်းခရမ်းသွေးချီပိုများလေ၊ အဲ့ဒီလူက မဟာတာအိုစွမ်းအားကို ပိုထိန်းချုပ်နိုင်လေပဲ]
[လက်ရှိမှာ အမတတွေက အမတစွမ်းအားဖြစ်တဲ့ မွေးဖွားခြင်းချီနဲ့ ဆက်နွယ်မှုချီကို ကျင့်ကြံကြတယ်။ လူတစ်ယောက်က စွမ်းအားနိယာမကို ဖြတ်ကျော်ပြီးတာနဲ့ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်၊ သူတော်စင်ဖြစ်လာလိမ့်မယ်!]
[ရှေးဟောင်းခရမ်းသွေးချီကတော့ စွမ်းအားနိယာမကို ကျော်လွန်နေတဲ့ ဖြစ်တည်မှုပဲ!]
[ရှေးဟောင်းခရမ်းသွေးချီကို ကျင့်ကြံပြီးနောင်မှာ လူတစ်ယောက်က ပိုမြင့်တဲ့အဆင့်ကိုရောက်နိုင်ပြီး သုံးလောကရဲ့ တင်းကြပ်မှုတွေကိုဖြတ်ကျော်လို့ တခြားလောကတွေကို လှည့်လည်သွားလာဖို့ ခွင့်ပြုချက်ရလိမ့်မယ်]
[ဘိုးဘေးဟုန်ကျွင်းက အဲ့ဒီအဆင့်ကိုရောက်နေပြီးသားပဲ]
"ဒါဆို... မင်းမှာ အခု ရှေးဟောင်းခရမ်းသွေးချီ ဘယ်လောက်ရှိလဲ?"
[အရမ်းမများဘူး၊ ၁၃လောက်ပဲ။ ပြီးတော့ သူတို့ထဲက တစ်ခုက ကျန်းကျီယာရဲ့ ကံကောင်းမှုစွမ်းအားနဲ့ ဘိုးဘေးဟုန်ကျွင်း အချိန်ကြာ ဖန်တီးခဲ့တဲ့ မြင်းနက်တွေကိုသတ်ပြီးနောက်မှာ ဖြစ်ပေါ်လာတာပဲ]
"သေစမ်း! မြင်းနက်အများကြီးကို သတ်ပြီးတာတောင် ရှေးဟောင်းခရမ်းသွေးချီ ၁၃စက်လောက်ပဲရတာတဲ့လား? ဒါက နည်းနည်းလောက် လွန်မနေဘူးလား?"
"ပြီးတော့ ဘိုးဘေးဟုန်ကျွင်းအနေနဲ့ မြင်းနက်အတော်များများကို ခွဲထုတ်နိုင်ပြီးကတည်းက သူ့ဆီမှာ ရှေးဟောင်းခရမ်းသွေးချီဘယ်လောက်ပဲကျန်တော့မှာလဲ?"
လုရှောင်ယန်မှာ ဘိုးဘေးဟုန်ကျွင်းက သူနှင့်ရင်ဆိုင်ဖို့လောက်လေးနှင့် ရှေးဟောင်းခရမ်းသွေးချီများစွာကို ခွဲထုတ်မည်ဟု မယုံကြည်ပါချေ။
[ဟမ်းးး... ကျွန်တော်ရဲ့အရင်ခန့်မှန်းချက်အရ အနည်းဆုံး ရှေးဟောင်းခရမ်းသွေးချီ ၆၀လောက်ပဲကျန်တော့လောက်မယ်။ ပြောရရင် သူရပြီးသား ကျောက်စိမ်းဖန်ဆင်းလိပ်ပြာရဲ့အကြွင်းအကျန်မှာ ခရမ်းသွေးချီ ၄၉စက်ပါဝင်တယ်။ နှစ်များစွာ ကြာအောင် သူက ဇွတ်ကျင့်ကြံနေခဲ့တာ။ သူ့ရဲ့ကိုယ်ထဲမှာ ရှေးဟောင်းခရမ်းသွေးချီ အတော်များများရှိနေလောက်တယ်]
လုရှောင်ယန် : "..."
သူဟာ အတန်ငယ်ပင်ပန်းသလိုခံစားလိုက်ရကာ အထူးသဖြင့် စိတ်ပင်ပန်းနေခြင်းပင်။
လုရှောင်ယန်မှာ ယခုတွင် ရှေးဟောင်းခရမ်းသွေးချီက မည်မျှရှားပါးလှသည်ကို နားလည်သွား၏။ ထို့နောက် မျက်စိတစ်မှိတ်အတွင်း၌ ဟုန်ကျွင်းထံ၌ ထိုခရမ်းသွေးချီ ၆၀ ထက်ပို၍ ရှိမည်ကိုလည်း သိလိုက်ရသည်။
တစ်ခဏအကြာ၌ လုရှောင်ယန်မှာ နားထင်များအား ဖိနှိပ်လိုက်ကာ သက်ပြင်းချလိုက်၏။
"ထားလိုက်တော့၊ ငါအရင်ဆုံး လက်ဆောင်ထုပ်တွေကို ဖွင့်ကြည့်လိုက်မယ်။"
မည်သို့ဆိုစေ သူယခု လုပ်နိုင်တာမရှိပါချေ။
လုရှောင်ယန်မှာ လက်ဆောင်ထုပ်အားဖွင့်လိုက်၏။
မွေးဖွားခြင်းချီ × 100000.
ဆက်နွယ်မှုချီ ×1000.
မွေးဖွားခြင်းချီ × 9999.
ဆက်နွယ်မှုမူလရတနာ၊ ပင်လယ်သေပုလဲ ×1.
ဆက်နွယ်မှုမူလရတနာ၊ အမိတာဘ ဗုဒ္ဓ ကျည်ပွေ့ ×1.
ဆက်နွယ်မှုမူလရတနာ၊ ပန်ဂုစာတမ်း ×1.
ဆက်နွယ်မှုမူလရတနာ၊ ရွှေရောင်ကုသိုလ်ကြာပွင့် ×16.
ဆက်နွယ်မှုမူလရတနာ၊ စိန်လက်ကောက်× 1.
ဆက်နွယ်မှုချီ ×1000.
...
မည်သို့ပင်ဆိုစေကာမူ ယခု၌ အဆင့်အနိမ့်ဆုံးများမှာ ဆက်နွယ်မှုမူလရတနာများသာဖြစ်၏။ ဝမ့်ခိုက်မှာ အင်မတန်စွမ်းအားကြီးနေဆဲဟုပင် ဆိုနိုင်ချေသည်!
ဤတစ်ခေါက်တွင် ဝမ့်ခိုက်မှာ သူ့အား ဆက်နွယ်မှုမူလရတနာ ၃၀ကျော်ပင်ပေးခဲ့ကာ ကျောင်းအုပ်ထုံထျန်း၏ စာရင်းကိုပင်ကျော်လွန်နေ၏။
ဝမ့်ခိုက်မှာ အခြားမြင်းနက်များ၏ ကံကောင်းမှုအား တဖြည်းဖြည်းစုပ်ယူခဲ့ပြီးနောက်တွင် ပို၍ ပို၍အထင်ကြီးစရာကောင်းလာသည်ဟု ပြောနိုင်၏။
သို့သော် ၎င်းမှာလည်းကောင်းပါသည်။ မည်သို့ဖြစ်ဖြစ် ပစ္စည်းအားလုံးမှာ သူ့အတွက်သာပင်။
မွေးဖွားခြင်းချီနှင့် ဆက်နွယ်မှုချီတို့အား တပည့်များကျင့်ကြံရန်နှင့် ၎င်းတို့၏ကျင့်ကြံဆင့်တိုးလာရာ၌ ကူညီရန် အသုံးမပြုနိုင်ပါသော်လည်း လက်နက်များ၏ အဆင့်ကို မြှင့်ရာတွင် အသုံးပြုနိုင်ချေသည်!
၎င်းအား ထောင့်ပေါင်းစုံမှ အံ့အားသင့်ဖွယ် ရင်းမြစ်ဟုပင် ဆိုနိုင်၏!
သို့သော် ဒုက္ခဖြစ်စေသော အရာမှာ ဆက်နွယ်မှုချီအား လူတစ်ယောက်က ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအဆင့်သို့ရောက်ရှိမှသာ ကျင့်ကြံနိုင်၏။
ကံအားလျော်စွာဖြင့် သူဟာ မွေးဖွားခြင်းချီအား ဦးစွာကျင့်ကြံနိုင်ကာ ကျင့်ကြံနှုန်းအား တိုးနိုင်၏။ တစ်ချိန်တည်းတွင် သူ၏ ကိုယ်ထည်ကိုလည်း တိုးတက်စေနိုင်သည်။ ထို့အပြင် ၎င်းအားကြားခံအဖြစ်လည်းအသုံးပြုနိုင်၏။
ဆက်နွယ်မှုချီအား တိုက်ရိုက်ကျင့်ကြံလိုက်ပါလျှင် ပါရမီသိပ်မကောင်းသော တပည့်များမှာ ချီဖောက်ပြန်ကာ ဆက်နွယ်မှု ချီ၏ ဝါးမြိုခြင်းကိုခံရနိုင်သည်။
တစ်ဘက်တွင် မွေးဖွားခြင်းချီအား ကျင့်ကြံခြင်းက ၎င်းတို့အား အုတ်မြစ်ကောင်းကောင်းဆောက်နိုင်ရန် အကူအညီပေးကာ အနာဂတ်ကျင့်ကြံခြင်းနှင့် ဆက်နွယ်မှုချီအား ချေဖျက်ရာ၌ ထောက်ပံ့ပေးနိုင်သည်။
၎င်းတို့မှာ လူများစွာ မရရှိနိုင်သော အရာများဖြစ်ကြ၏။ ဝမ့်ခိုက်မှာ သူ့အပေါ် အင်မတန်ကောင်းလွန်းလှသည်။
လုရှောင်ယန်မှ အရာအားလုံးအား ပြင်ဆင်ပြီးနောက်တွင် လော့ယန်အား ချက်ချင်းဆင့်ခေါ်လိုက်တော့သည်။
အတွေးတစ်ခုဖြင့် လော့ယန်မှာ ခန်းမအတွင်းသို့ တစ်ခဏချင်းနီးပါးရောက်လာသည်။
"ဂိုဏ်းချုပ်၊ ကျုပ်ကိုရှာနေတာလား?"
လုရှောင်ယန်မှာ ခေါင်းငြိမ့်လိုက်သည်။
"မတိုင်ခင်က ကျုပ် ခင်ဗျားကို သုံးလောကလုံးက ကျဲကျောင်းတော်သားတွေကို စုဝေးပြီး သူတို့ရသမျှ သတင်းတွေပို့ခိုင်းဖို့ တောင်းဆိုခဲ့တယ်လေ။ သူတို့တွေ သတင်းပြန်ပို့ရဲ့လား?"
"ဂိုဏ်းချုပ်၊ သတင်းတွေကို ပြန်ပို့လိုက်ကြပါတယ်။ ကျုပ်တို့လည်း ဂိုဏ်းချုပ် ကြည့်မယ်ဆိုတဲ့ အမိန့်ကို စောင့်နေတာပါ။"
"ကောင်းတယ်။ ကျုပ်ကို သတင်းတွေ အကုန်ပေးပါ။"
"သိပါပြီ!"
လုရှောင်ယန်မှာ သတင်းရလိုက်ကာ ချက်ချင်းပင် မွေးဖွခြင်းချီနှင့် ဆက်နွယ်မှုချီတို့အား ပစ်ပေးလိုက်၏။
လော့ယန်မှာ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်သို့ရောက်ရှိပြီးဖြစ်သော်လည်း ထိုအဆင့်အနေဖြင့် ဆက်နွယ်မှုချီအား သန့်စင်ရန် အန္တရာယ်များနေဆဲပေ။
လုရှောင်ယန်မှာ သူ့အား မည်သည်မှ မဖြစ်စေချင်သည့်အတွက် ထပ်ပေါင်း မွေးဖွားခြင်းချီ ၁၀၀ကိုပေးလိုက်သည်။
လော့ယန်မှ ထိုရင်းမြစ်များရပြီးနောက်တွင် မျက်လုံးများ ပြူးကျယ်သွား၏။
"ဂိုဏ်းချုပ်၊ ဒီဆုတွေက နည်းနည်းလောက် အရမ်းများမနေဘူးလား?"
လုရှောင်ယန်မှာ အတန်ငယ်မျက်မှောင်ကျုံ့ကာ ရှုပ်ထွေးနေဟန်ဖြင့် ဆိုလိုက်၏။
"ဘာလို့လဲ? ကျောင်းအုပ်ထုံထျန်း အတိတ်တုန်းက ဒီကျင့်ကြံခြင်းရင်းမြစ်တွေ မပေးခဲ့ဘူးလား?"
"ဒီလိုမဟုတ်ပါဘူး။"
လော့ယန်မှာ ရှင်းပြလိုက်၏။
"သူတော်စင်တွေက ဒီလို ကျင့်ကြံခြင်းရင်းမြစ်တွေကို သဘာဝကျကျပဲ ထုတ်သုံးနိုင်ကြတယ်လေ။ ဒါပေမယ့် ကျုပ်တို့က အခုအရမ်းကိုအားနည်းနေသေးပြီး တပည့်အသစ်လေးတွေ ဖြစ်နေတုန်းပဲ။
ဒီလိုကျင့်ကြံခြင်းရင်းမြစ်တွေကို ဆရာတူအစ်ကိုကျောက်ကုန်းမင်၊ ထို့ပေါင်၊ ရွှေရောင်ဝိဉာဉ်နတ်ဘုရားမိခင်နဲ့ အခြားသော ဆရာတူအစ်ကိုအစ်မတို့လို ပါရမီရှင်တပည့်တွေကပဲ ပိုင်တယ်။
ဒါပေမယ့်လည်း သူတို့ နတ်ဘုရားအဆင့်သတ်မှတ်ချက်တွေထဲ ဝင်ရောက်ပြီး ကောင်းကင်ဘုံခုံရုံးနဲ့ စိတ်ဝိဉာဉ်တောင်ရဲ့ အစိတ်အပိုင်းတွေဖြစ်လာတော့ ကျုပ်တို့လို ဂျူနီယာလေးတွေပဲ ကျန်တော့တယ်။"
လော့ယန်၏ နှလုံးအိမ်မှာတုန်ရီသွားသည်။
"ခင်ဗျားရဲ့ လက်ရှိကျင့်ကြံဆင့်က ဘာများဖြစ်မလဲ၊ ဂိုဏ်းချုပ်?"
လုရှောင်ယန်မှာ ထူးမခြားနားဟန်ဖြင့် ဆိုလိုက်၏။
"ဒါကအဆင်ပြေပါတယ်။ ကျုပ် ကောင်းကင်အမတအရှင်အဆင့်ကို ရောက်တာမကြာသေးဘူး။"
“ခင်ဗျားဘာပြောလိုက်တယ်?"
လော့ယန်၏ မျက်လုံးများမှာ မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်သွား၏။
"ဂိုဏ်းချုပ်၊ ခင်... ခင်ဗျား ကောင်းကင်အမတအရှင်အဆင့်ကို ဒီလောက်မြန်မြန်ကြီးရောက်သွားတယ်ပေါ့?"
တကယ်တော့၊ မယုံကြည်နိုင်ခြင်းမှာ သူ၏အမှားမဟုတ်ပါချေ။
လုရှောင်ယန်မှ အမတလောကသို့စတင်ရောက်ရှိချိန်တွင် ဆဌမမြောက် အမတအရှင်အဆင့်သို့သာရောက်သေးသည်။
ယခုတွင် အချိန်မည်မျှ ကုန်ဆုံးသွားသနည်း?
နှစ်တစ်ဝက်လေးပါပင်!
ထိုသို့သော် နှစ်တစ်ဝက်လေးတွင် လုရှောင်ယန်မှာ တကယ်ကြီး ဆဌမမြောက်အမတအရှင်အဆင့်မှ ကောင်းကင်အမတအရှင်အဆင့်သို့ တိုက်ရိုက်ရောက်သွားခဲ့သည်!
ဒါကအရမ်းကြောက်စရာကောင်းမနေဘူးလား?
လော့ယန်ပင်မဆိုထားနှင့် ကျဲကျောင်းတော်၏ ယခင်ကထိပ်တန်းကျောင်းတော်သားများသည်ပင် ထိုကျင့်ကြံနှုန်းသို့ မရောက်နိုင်ခဲ့ချေ။
အချိန်အတော်ကြာပြီးနောက်မှ သူဟာ တုံ့ပြန်လိုက်နိုင်၏။ သူဟာလုရှောင်ယန်ကိုကြည့်လျက် မျက်လုံးများထဲ၌ ခံစားချက်မျိုးစုံ ပြည့်လျှမ်းနေတော့သည်။
သူဟာ ထိရှပြီး စိတ်လှုပ်ရှားနေသည်။ အတိုချုံးပြောရလျှင် ထိုအခိုက်၌ စိတ်ခံစားချက်မျိူးစုံတိုးထွက်လာသည်။
ကျဲကျောင်းတော်အတွက် မျှော်လင့်ချက်ရှိပြီပင်!
ကျဲကျောင်းတော်အတွက်တကယ်ပင် မျှော်လင့်ချက်ရှိပြီဖြစ်၏!
နှစ်တစ်ဝက်အတွင်း သူဟာ ဆဌမမြောက်အမတအရှင်အဆင့်မှ ကောင်းကင်အမတအရှင်အဆင့်သို့ တက်လှမ်းခဲ့သည်!
၎င်းမှာ စတီးရွိုက်များရခြင်းထက်ပင် ပိုပြင်းထန်၏!
ထိုအခိုက်၌ လော့ယန်မှာ လုရှောင်ယန်က မည်မျှကြောက်မက်ဖွယ်ကောင်းသည်အား အာရုံခံမိသွားဟန်ပေါ်၏!
သူတော်စင်မှ လုရှောင်ယန်အား ကျဲကျောင်းတော်အား ပြန်လည်အထမြောက်စေသူ ဖြစ်စေချင်နေသည်မှာ အံ့ဩစရာမဟုတ်တော့ပါချေ!
ထို့ကြောင့် ၎င်းကသာ အကြောင်းအရင်းပင်ဖြစ်၏။
လုရှောင်ယန်မှာ ထိပ်တန်းအဆင့်ပါရမီရှင်ပါပင်!
အသက်ပြင်းပြင်းရှူပြီးနောက်၌ လော့ယန်၏အမူအရာမှာ လေးနက်လာကာ လုရှောင်ယန်အား လေးစားစွာ အရိုအသေပြုလိုက်သည်။
"တပည့်လော့ယန်က ဂိုဏ်းချုပ်နောက်ကနေ တရင်းတနှီးလိုက်ပြီး ကျဲကျောင်းတော်ကို မူလကဂုဏ်အသရေ ပြန်ရအောင် လုပ်ဆောင်ပါ့မယ်!"
"ကောင်းပြီ၊ သွားပြီး အရင်ဆုံးကျင့်ကြံလိုက်ဦး။"
"သိပါပြီ!"
လော့ယန် ပြန်ထွက်သွားပြီးနောက်၌ လုရှောင်ယန်မှာ ချက်ချင်းပင် ထိုသတင်းများ၌ အသုံးဝင်မည့် တစ်ခုခုအားတွေ့နိုင်ရန် ရှာဖွေနေလိုက်၏။
သို့သော် သူ ပထမစာမျက်နှာအား ဖွင့်လိုက်သည်နှင့် လုံးဝ မျက်စိဖမ်းစားမနေသည့် တစ်ခုခုအားမြင်တွေ့လိုက်ရသည်။
နိုဝင်ဘာ ၁၂ရက်နေ့၊ နေသာတယ်!
ရွှေသယ့်ရှင်းနာမည်နဲ့ လူတစ်ယောက်က မဟာလနန်းတော်ကိုဖြတ်သွားပြီး နောက်မှာရပ်တန့်လိုက်ပါတယ်။ သူ့ကို မဟာလနန်းတော်ရဲ့ အမတသားရဲသစ် နတ်မိမယ်ချန်အဲ့ရှာတွေ့သွားလို့ နတ်မိမယ်က ဆက်ဟောင်နေပြီး ကောင်းကင်တပ်သားတွေရှာတွေ့သွားတာကြောင့် ပါးအချက်လေးဆယ်ရိုက်ခံလိုက်ရပါတယ်။
လုရှောင်ယန် : "..."
သူ၏အမူအရာမှာ ကူကယ်ရာမဲ့လျက် တစ်မျိုးတစ်ဖုံထူးဆန်းနေ၏။
"ဒါက... ဖိဂုလျန်များလား? မဆိုးဘူး၊ ဖိဂုလျန်က ဒီအမတလောကမှာတောင် သူခိုးဖမ်းနိုင်သားပဲ!"
"ပြီးတော့ တစ်ဖက်လူက အကောင်ကြီးကြီးလည်းဖြစ်နေသေးတယ်လေ!"
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၉။ အပိုင်း ၄၃၅ မင်းထွက်ဖို့အတွက် တစ်လမ်းရှိတယ်
လုရှောင်ယန်မှာ ဖိဂုလျန်အား ထိုမျှထိကောင်းကောင်းလုပ်နိုင်လိမ့်မည်ဟု ထင်မထားခဲ့ပါချေ!
ဖိဂုလျန်၏ အနာဂတ်မှာ တကယ်ကိုပင် အဆုံးမရှိတော့ချေပြီ!
အခြားတပည့်များလည်း ယခုတွင် မည်သည်အားလုပ်ဆောင်နေမည်နည်းဟု စဉ်းစားမိ၏! ၎င်းတို့သည်လည်း ဖိဂုလျန်ကဲ့သို့ အံ့အားသင့်ဖွယ်ဖြစ်နိုင်မည်လား?
လုံကွမ်းနှင့် အခြားတပည့်များသည်လည်း ကောင်းစွာလုပ်ဆောင်နိုင်ပြီး ရန်သူ၏အတွင်းပိုင်းအမြုတေအား တိုက်ခိုက်နိုင်ရန် မျော်လင့်မိပါ၏။
ထိုမှသာလျှင် ၎င်းတို့မှာ သူ့အား အနာဂတ်၌ ပိုမိုကောင်းမွန်စွာ ထောက်ပံ့နိုင်ချေမည်။
လုရှောင်ယန်မှာ ဆက်ဖတ်လိုက်၏။
"အနောက်အရပ်မိခင်မက်မွန်သီးပွဲတော်ကို ကိုးနှစ်အတွင်းမှာ ကျင်းပပါလိမ့်မယ်။ လက်ရှိမှာ သူတို့က အမတမက်မွန်သီးတွေကို ရွေးချယ်နေပါပြီ။"
အမတမက်မွန်သီးတွေ မှည့်တော့မှာလား? သေစမ်း၊ သူဟာ ထိုအသီးက အင်မတန်အရသာရှိကာ နူးညံ့လှသည်ဟု ကြားဖူးနားဝရှိခဲ့သည်။ ယခင်က စွန်းဝူခုံးမှ နတ်မိမယ်ခုနှစ်ပါးအား ခဲလိုက်ပြီးနောက်တွင် ၎င်းတို့အား မည်သည့်မှမလုပ်ဘဲ မက်မွန်သီးသာထိုင်စားနေခဲ့သည်။
ထိုမှ ၎င်းမက်မွန်သီးမှာ လုံးဝကိုထူးကဲလျက် နတ်မိမယ်ခုနှစ်ပါးထက်ပင် တောက်ပနေသည်အား မြင်တွေ့နိုင်၏!
ကံမကောင်းစွာဖြင့် သူဟာ ကောင်းကင်ဘုံခုံရုံး၏ နတ်ဘုရားမဟုတ်ပါချေ။ ထို့အပြင် သူ၏ပုံစံအမှန်မှာ ထူးခြား၍ ထိုအမတမက်မွန်သီးများအား သာမန်ကာလျှံကာစား၍ မရနိုင်ပါချေ။
၎င်းမှာ ရှင်းလင်းစွာပင် အင်မတန်ကံဆိုးခြင်းဖြစ်ချေ၏။
သူ၏ကျင့်ကြံဆင့် သူတော်စင်အဆင့်သို့ရောက်ရှိပြီးနောက်တွင်မူ သူဟာ သေချာပေါက်ကို ခိုးယူ... အိုး မဟုတ်ဘူး၊ သေချာပေါက်ကို အမတမက်မွန်သီးနည်းနည်းလောက် သွားယူရမယ်!
ကြောက်စရာဘာရှိလို့လဲ?
လုရှောင်ယန်မှာ တံတွေးမြိုချလျက် ဆက်ဖတ်လိုက်သည်။
အောက်တွင်ပါရှိသည့်သတင်းများအားလုံးမှာ အခြေခံအားဖြင့် ကိုယ်ရေးကိုယ်တာကိစ္စများပင်။
ဥပမာ၊ ဝူချူရှင်းအမည်ရှိတဲ့ အမျိုးသားတစ်ယောက်က ညလယ်ရောက်တိုင်း ဧကရာဇ်နက္ခတ်ကြည့်အဆောင်ထဲကို ခိုးဝင်ပါတယ်။ ပြီးတော့ အဲ့ဒီ ဧကရာဇ်နက္ခတ်ကြည့်ဆောင်ထဲမှာ ထူးဆန်းတဲ့ အသံတချို့လည်း ရှိနေတယ်...
နောက်ထပ်ဥပမာမှာ ကောင်းကင်ဘုရင်လေးပါးမှာ ကောင်းကင်တပ်သားများအား ကောင်းကင်ဘုံခုံရုံးမှ တိတ်တိတ်လေးထွက်ခွာခွင့်ပေးခဲ့ပါတယ်။ အချိန်တိုင်း သူတို့တွေက ပြင်ဆင်ခလည်းရပါတယ်။ ဒါပေမယ့် ကောင်းကင်ဘုံခုံရုံးမှာ အဓိကပွဲတော်ရှိပြီး စည်းကမ်းအရမ်းတင်းကြပ်ထားရင် ပိုပေးရပါတယ်...
အခြားသောဥပမာမူ ကောင်းကင်ဘုံခုံရုံးက အဆင့်မြင့်အရာထမ်းတွေအနေနဲ့ နတ်မိမယ်တွေကို တိတ်တဆိတ်သိမ်းထားပါတယ်...
အကြောင်းအရင်းကတော့ ကောင်းကင်ဘုံခုံရုံးက ယောက်ျားနဲ့ မိန်းမတွေ မေတ္တာမျှကြတာကို ပိတ်ပင်ထားပြီး ဒီလိုကိစ္စမျိုးတွေဆိုရင် အသေအချာကို တင်းကြပ်ထားပါတယ်။
ထို့ကြောင့် ထိုသတင်းအားကောင်းစွာ အသုံးပြုနိုင်ပါလျှင် လုရှောင်ယန်အား အကျိုးရှိစေပေလိမ့်မည်။
သို့သော် ယခုတွင် သူဟာ ကောင်းကင်ဘုံခုံရုံးကိုပင် မဝင်နိုင်တော့ပါချေ။ သူဝင်နိုင်သည့် အချိန်တွင် သူတော်စင်ပင် ဖြစ်လာနေလောက်ပြီပင်။
ထားပါတော့ အခုကစပြီး ဒီသတင်းကို သေချာသိမ်းထားရမယ်။
၎င်းက အနာဂတ်တွင် အသုံးဝင်လာနိုင်သည်။
လုရှောင်ယန်မှာ သူ၏လက်တွင်း၌ သတင်းအား ပိတ်သိမ်းလိုက်တော့မည့်အချိန်တွင် စာတစ်စောင်အားအမှတ်မထင်တွေ့လိုက်ရ၏။ တစ်ခဏအတွင်းတွင် သူ၏မျက်လုံးများက ၎င်းအား အသေအချာစိုင်ကြည့်ကာ ရွေ့ပင်မရွေ့ပါချေ။
၎င်းမှာ စေတီကျောင်းဆောင်ကောင်းကင်ဘုရင်လီမှာ ကျန်းကျီယာအား အနိမ့်ပိုင်းလောကသို့ တိတ်တဆိတ်သွားခွင့်ပေးခြင်းကြောင့် ကောင်းကင်အကျဉ်းထောင်၌ ဖမ်းဆီးခံထားရခြင်းပါပင်။
လုရှောင်ယန်၏ နှလုံးပင် ရပ်တန့်သွား၏။ ထိုကျန်းကျီယာအား ကောင်းကင်ဘုရင်လီက ပို့လိုက်တာတဲ့လား?
သူ၏မျက်လုံးများမှာ တစ်ခဏချင်းအေးစက်သွားကာ အင်မတန်လေးနက်ဟန်ပေါ်လာတော့၏!
ယခင်က ကျန်းကျီယာမှာ သူ့အား ပန်ဂု၏ပြန်လည်ဝင်စားခြင်းဟု သိသွားသည်အား သိပ်မစိုးရိမ်ခဲ့ပေ။
အကြောင်းမှာ ကျန်းကျီယာနောက်၌ မည်သူမှမရှိဟု ထင်ခဲ့ခြင်းကြောင့်ပင်!
၎င်းမှာ သူအတော်လေးစိုးရိမ်ရသည့် အရာပင်ဖြစ်၏။
သူဟာ ကျန်းကျီယာမှ အနိမ့်ပိုင်းလောကသို့ ခွင့်ပြုချက်မရှိဘဲဆင်းလာကာ တစ်ဦးတည်းလုပ်ဆောင်နေသည်ဟု တွေးထင်ခဲ့သည်။
သို့သော် ၎င်းမှာ လုံးဝမဖြစ်နိုင်လောက်ဟု သိချေ၏!
ပြောရလျှင် အခုတွင် သူဟာ ကျန်းကျီယာမှာ စေတီကျောင်းဆောင်ကောင်းကင်ဘုရင်သည်လည်း သူ၏ပုံစံအမှန်အား သိသွားနိုင်သည်လား!
အသက်ပြင်းပြင်းရှူပြီးနောက်၌ လုရှောင်ယန်၏မျက်လုံးများမှာ အေးစက်စက်အလင်းနှစ်တန်းအား ထုတ်ဖော်နေ၏။
မဟုတ်သေးဘူး၊ ဘာပဲဖြစ်ဖြစ်၊ သူဟာ ကောင်းကင်ဘုရင်လီ,အားရှာကာ သတ်ရပေမည်!
သူဟာ လက်တွင်းရှိ သတင်းအချက်အလက်ကို ချကာ ဘာသာတွေးတောလိုက်၏။
"ကောင်းကင်ဘုံခုံရုံးက မလှုပ်ရှားရသေးတော့ ကောင်းကင်ဘုရင်လီက ဘာကိုမှမထုတ်ဖော်ရသေးပုံပဲ။ ဒါမှမဟုတ် သူ ငါ့ရဲ့ပုံစံအမှန်ကို လုံးဝမသိတာများလား။"
"ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ငါသတိလက်လွတ်နေလို့မရဘူး။"
"တပည့်တွေရဲ့ ကျင့်ကြံခြင်းကို အရှိန်မြှင့်ပေးရမယ်။"
လူထုထံ သူချပြထားခဲ့သည့် အရှိန်အဝါမှာ အမတကောင်းကင်အရှင်သာဖြစ်ပါသော်လည်း ပြောရလျှင် သူဟာ ထိုက်ယိရွှေရောင်အမတအရှင်ဖြစ်နေပြီပင်။
ထို့နောက်တွင် သူဟာ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အား ရောက်နိုင်သွားပါလျှင် ဆက်နွယ်မှုချီအားကျင့်ကြံနိုင်ကာ စွမ်းအားနိယာမဆီသို့ တိုးတက်သွားနိုင်မည်။ ထိုသို့ဆိုလျှင် သူဟာ သူတော်စင်အဆင့်ရောက်ရှိရန်သာ မျှော်လင့်ထားရပေတော့မည်!
သူကြိုးစားရန်လိုအပ်၏!
လုရှောင်ယန်မှာ ချက်ချင်းပင် ထပ်မံကျင့်ကြံကာ သူ၏ကျင့်ကြံနှုန်းနှင့် အရှိန်အား အဆမတန်တိုးမြှင့်လိုက်၏။ သူဟာ တပည့်များနှင့် သူ၏ကျင့်ကြံနှုန်းအား အဆ၄၀တိုးမြှင့်လိုက်သည်ပင်!
ထိုသည်က သူ၏ကျင့်ကြံဆင့်တိုးတက်လာပြီးနောက် မဟာတာအိုမွေးဖွားခြင်းကို အသုံးပြုကာ ရရှိလာသော အချိန်အထောက်အပံ့ပါပင်!
ဤတစ်ခေါက်တွင် လုရှောင်ယန်မှာ သူ၏ကျင့်ကြံဆင့်အား တစ်ဆက်တည်းနှင့် ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအဆင့်သို့ တွန်းပို့ရန်ပြင်လိုက်တော့သည်!
ထို့ထက် လုရှောင်ယန်မှာ ဝမ့်ခိုက်အား ကိုယ်ပွားအချို့ ပိုကာဖန်တီးစေလိုက်၏။ ထိုသည်က သူ၏တပည့်များကျင့်ကြံဆင့်တိုးလာသောအချိန်တွင် မြင်းနက်များရှာရန် အနိမ့်ပိုင်းလောက သို့မဟုတ် နတ်ဘုရားလောကတို့သို့ ကိုယ်ပွားတချို့ထပ်ပို့ရန်ပင်ဖြစ်၏!
မြင်းနက်များထပ်မံသတ်ခြင်းကသာ ဝမ့်ခိုက်အား ပိုမိုသန်မာလာစေကာ ရှေးဟောင်းခရမ်းသွေးချီ ပိုမိုထောက်ပံ့ရန်ပင်!
ဝမ့်ခိုက်ကိုယ်ပွား၏ ထင်ရှားမှုမှာ လောက၌ ရှိနေသရွေ့ မြင်းနက်များကိုယ်တွင်းရှိ ကံကောင်းမှုစွမ်းအားမှာ အမည်မဲ့ဂိုဏ်းသားများကြောင့် အသတ်ခံလိုက်ရမည်ဖြစ်ကာ ဝမ့်ခိုက်၏ ကိုယ်ပွားထံတွင် ဝါးမြိုခံရမည်ပင်။
ကံကောင်းမှုစွမ်းအားမှာ သူ၏ပိုင်ရှင် ကိုယ်မှခွဲထွက်လာသည်နှင့် ဟုန်ကျွင်းထံ သို့မဟုတ် မြင်းနက်အသစ်ထံသို့သာ ထွက်ပြေးသွားချေလိမ့်မည်။
၎င်းမှာ နောက်မှဖြစ်လျှင် အဆင်ပြေမည်ဖြစ်၏။ သို့သော် ဦးစွာဖြစ်ပါလျှင် ဒုက္ခများမည်ပင်။ ဟုန်ကျွင်းမှာ သူ၏ခြေရာများအား အလျင်အမြန်ရှာတွေ့သွားပေလိမ့်မည်။
လုရှောင်ယန်၏ ပြည့်စုံသောအစီအစဉ်အောက်တွင် အားလုံး၏ကျင့်ကြံခြင်းမှာ ပုံမှန်ဆက်သွားနေ၏။
သို့သော် ထိုအခိုက်၌ ပုံရိပ်တစ်ခုမှာ ရွှေရောင်အောက်ကျွန်းမှ တိတ်တဆိတ်ရောက်လာ၏။
ရွှေရောင်အကာအရံအားရင်ဆိုင်နေရင်း သူဟာ ပူပန်မနေပါချေ။ သူဟာ ဝတ်ရုံတွင်းမှ ဓမ္မရတနာအား ထုတ်ယူလိုက်ကာ ရွှေရောင်အကာအရံပေါ်၌ ထားလိုက်၏။ တစ်ခဏချင်းပင် သူဟာ လူတစ်ယောက်ဝင်ဆန့်နိူင်မည့် လှိုဏ်ပေါက်လေးတစ်ခုအား ဖွင့်လိုက်သည်။
ခရမ်းသွေးကောင်းကင်နန်းတော်တွင် ထုံထျန်းမှာ တရားမှတ်ကာ ကျင့်ကြံနေရင်း ရုတ်တရတ်မျက်လုံးများကို ဖွင့်လိုက်သည်။
သူဟာ နှာမှုတ်လိုက်၏။
"ဒီရှေးဟောင်းခွေးအိုကြီးကာ ဒီကိစ္စကို လွယ်လွယ်နဲ့ လက်မလျှော့ဘူးဆိုတာကို ငါသိနေတယ်။"
"နှစ်တစ်ဝက်အတွင်းမှာ သူတကယ်ကြီးကို ရွှေရောင်အောက်ကျွန်းဆီ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်တစ်ယောက်ကို စုံစမ်းဖို့ လွှတ်လိုက်နိုင်တာပဲ။"
သူဟာမူလက တိုက်ခိုက်ချင်ခဲ့သည်။ ပြောရလျှင် အစီရင်ပေါ်ရှိ သူ၏အမှတ်အသားမှာ ပေါ်ထွက်လာသည်။ သူဟာ ထိုကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ကို သတ်ဖို့ပဲလိုတော့သည်။
သို့သော် မျက်တောင်တစ်ခတ်အတွင်း၌ ခေါင်းအားခါယမ်းလိုက်သည်။
"ထားလိုက်တော့။ ရွှေရောင်အောက်ကျွန်းမှာ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်တွေရှိနေတာပဲ။ သူတို့အနေနဲ့ သူ့ကိုတိုက်ဖို့လောက်က ပြဿနာမရှိလောက်ဘူး။ ပြီးတော့ အဲ့ဒီကောင်စုတ်လေးရဲ့ ထက်မြက်မှုနဲ့ဆိုရင် ငါအရမ်းစိတ်ပူဖို့ မလိုဘူး။"
"ရှေးဟောင်းခွေးအိုကြီးက သဲလွန်စတွေရော ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်တစ်ယောက်ကို ဆုံးရှုံးပြီးနောက်မှာရော ပျံနိုင်ပါတော့မလား!"
အေးစက်စက်အပြုံးတစ်ချက်နှင့် ထုံထျန်းမှာ တရားမှတ်လိုက်ပြန်၏။
ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်မှာမူ ရွှေရောင်အောက်ကျွန်းတွင်းသို့ ဝင်ရောက်ပြီးနောက်၌ မထိန်းနိုင်ဘဲ ဆဲရေးလိုက်၏။
"ကျောင်းအုပ်ထုံထျန်း ခင်ဗျား ဒီအကာအရံလေးကို ခင်းကျင်းဖို့ နှစ်များစွာအားစိုက်ထုတ်ခဲ့ရတယ်လေ။ နောက်ဆုံးမှာတော့ ကျုပ်တောင် အလွယ်လေးဖျက်စီးနိုင်တယ်။
သူဟာ လက်တွင်းရှိ အလံငယ်အား ကောက်ယူကာ မျက်လုံးများက လေးစားမှုနှင့် မေတ္တာအားဖော်ပြနေသည်။
အလံငယ်မှာ ရှေးဟောင်းကောင်းကင်အဓိပတိ၏ ဆက်နွယ်မှုမူလရတနာမှ ခွဲထွက်လာခြင်းပင်။
၎င်းမှာ ဇီးဝါရောင်အလံမှဖြစ်ပေါ်လာသော ပုံတူပွားသာဖြစ်သော်လည်း မူလလက်နက်၏စွမ်းအား ၁၀ရာခိုင်နှုန်းအား ထုတ်ဖော်နိုင်ချေ၏!
၎င်းမှာ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်က ရွှေရောင်အောက်ကျွန်းသို့ ဝင်ရောက်ကာ ကောင်းကင်ဂိုဏ်းချုပ်၏အကာအရံအား ချိုးဖြတ်လိုက်ခြင်းကြောင့်ပင်။
သို့သော် သူဟာ အကာအရံအား အမှန်တကယ် ချိုးဖြတ်လိုက်ကာ ကျွန်းအတွင်းသို့ဝင်ရောက်ချိန်တွင် ချက်ချင်း ကြောင်အမ်းသွား၏။
ဘာတွေဖြစ်နေတာလဲ?
ဘာများလဲ?
သူ၏ရှေ့တွင် သူ၏လက်ချောင်းများကိုပင် မမြင်နိုင်လောက်သော မြူထုကြီးရှိနေ၏။
"ဒီရွှေရောင်အောက်ကျွန်းမှာ ဒုတိယအစီအရင်ရှိနေသေးတာလား?"
သူဟာ အတန်ငယ်မျက်မှောင်ကျုံ့လျက် ခဏမျှ တိတ်ဆိတ်ပြီးနောက်၌ လက်တွင်းရှိ ဇီးဝါရောင်အလံအား ဝေ့ယမ်းလိုက်ချေတော့၏။
ထိုဇီးဝါရောင်အလံပုံတူပွားရွေ့လျားသွားသည်နှင့် လောကတစ်ခွင်လုံးမှာ ချက်ချင်း ရွေ့သွား၏။ လျှပ်စီးကြောင်းများ လှည့်ပတ်နေကာ၊ လေနှင့် တိမ်တိုက်များမှာ စုစည်းတစ်လှည့် ပြန့်ကျဲတစ်လှည့်ဖြစ်နေ၏။
ထိုဇီးဝါရောင်အလံတွင် မူလလက်နက်စွမ်းအား ၁၀ရာခိုင်နှုန်းသာ ရှိနေလျှင်ပင် ၎င်းမှာ ဆက်နွယ်မှုမူလရတနာဖြစ်၏!
၎င်းမှာ သူတော်စင်တစ်ပါး၏ ဓမ္မရတနာဖြစ်နေဆဲပင်!
သူတော်စင်တစ်ပါးနောက်ခံနှင့်အတူ ၎င်း၏စွမ်းအားမှာ သဘာဝကျစွာပင် ကိုယ်ပိုင်ထင်ရှားမှုရှိ၏!
သို့သော်... အံ့ဩဖွယ်ကောင်းစွာပင် ထိုဇီးဝါရောင်အလံအား ဝေ့ယမ်းခြင်းမှာ သူ၏ရှေ့မှောက်ရှိ မြူထုအား လုံးဝလျော့နည်းမသွားစေပေ။ ၎င်းမှာ လုံးဝပင် မရွေ့ပါချေ။
"ဘာဖြစ်နေတာလဲ?"
ထိုကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်မှာ ချက်ချင်း ကြောင်အမ်းသွားသည်။
ထိုဒုတိယအစီအရင်မှာ တကယ်ကိုပင် ပထမတစ်ခုထက် အားကောင်း၏။
သူ၏ဇီးဝါရောင်အလံမှာ ပထမအစီအရင်အား ဖျက်ဆီးလိုက်နိုင်ပါသော်လည်း ဒုတိယအစီအရင်ကိုမူ လုံးဝပင် မရွေ့လျားစေပါချေ!
ပြောရလျှင် သူ၏အလံအား ဝေ့ယမ်းချိန်၌ လေနှင့် လျှပ်စီးများမှာ တကယ်ကိုပင် ရွှေရောင်အောက်ကျွန်းတစ်ခုလုံး၌ ရွေ့လျားနေသည်။ အားလုံးမှာ တစ်ဖက်လူ၏ပုံရိပ်အား ရှာတွေ့လုနီးနီးဖြစ်၏။
သို့သော် လုရှောင်ယန်ခင်းကျင်းခဲ့သည့် နယ်မြေသီးခြားအစီအရင်မှာ လုံးဝမရွေ့လျားပါချေ!
ထိုနယ်မြေသီးခြားအစီအရင်တွင် မည်သို့သော လက်တွေ့အကာအကွယ်စွမ်းရည်မရှိပါချေ။ မည်သည့်တိုက်ခိုက်မှုမဆို အစီအရင်နယ်နိမိတ်အား တိုက်ရိုက်ဖြတ်သွားပေလိမ့်မည်။
တစ်ယောက်ယောက်သာ အစီအရင်အမြုတေအား မတိုက်ခိုင်လျှင် ၎င်းအား ဖျက်ဆီးနိုင်မည်မဟုတ်ချေ။
၎င်း၏ အစီအရင်အမြုတေတွင် ဆက်နွယ်မှုဓမ္မရတနာ ၂၄မျိုးရှိ၏။
ထိုဆက်နွယ်မှုဓမ္မရတနာများမှာ သူတော်စင်တစ်ပါး၏ ပြိုင်ဘက်ကင်း ဓမ္မရတနာများမဟုတ်ပါဘဲ ဇီးဝါရောင်အလံထက်ပင် အရည်အသွေးနိမ့်နေသေး၏!
သို့သော် ၎င်းမှာ အနည်းနှင့်အများတော့ ထိုအလံစွမ်းအားကို ယှဉ်နိုင်သေးပါချေသည်!
ထိုသည်က တစ်ဖက်လူအားလုံးဝပင် လုရှောင်ယန်၏ နယ်မြေသီးခြားအစီအရင်အား လုံးဝမဖြတ်ကျော်နိုင်ဖြစ်စေ၏။
ထိုအခိုက်၌ လုရှောင်ယန်မှာ ထွက်လာပြီးသားပင်။ ကျဲကျောင်းတော်သားများမှ သူထွက်လာသည်ကိုမြင်သော် ချက်ချင်း အရိုအသေပေးလိုက်ကြ၏။
"ကြိုဆိုပါတယ်၊ ဂိုဏ်းချုပ်"
လုရှောင်ယန်မှာ ခေါင်းငြိမ့်လျက် သူ၏လက်အား အတန်ငယ်မြှောက်ထားကာ ၎င်းတို့အား အသိအမှတ်ပြုလိုက်သည်။
ထို့နောက်တွင် လော့ယန်မှာ ချက်ချင်းရှေ့သို့တိုးလာကာ လုရှောင်ယန်၏ နားတွင်းသို့ တီးတိုးကပ်ပြောလိုက်၏။
"ဂိုဏ်းချုပ်၊ ဒီကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ကို ရှေးဟောင်းကောင်းကင် အဓိပတိပို့လိုက်တာပါ။ ကျုပ် သူ့လက်ထဲက ဇီးဝါရောင်အလံကိုတွေ့လိုက်တယ်။ ဒါက ရှေးဟောင်းကောင်းကင်အဓိပတိရဲ့ ထင်ရှားတဲ့ ဓမ္မရတနာထဲက တစ်ခုပဲ။"
"ကျုပ်သိပြီ"
လုရှောင်ယန်မှာ ထူးမခြားနားပြန်ဖြေလိုက်၏။
ရွှေရောင်အအာက်ကျွန်းတွင် ဖြစ်နေသော ကိစ္စကြီးအတွင် ရှေးဟောင်းကောင်းကင်အဓိပတိမှာ ဒီတိုင်းလေးနေရန် မဖြစ်နိုင်တော့ပါချေ။
ထိုသူတော်စင်များအကြားတွင် သူဟာ ထုံထျန်းနှင့် အနက်ရှိုင်းဆုံး ရန်ငြိုးရှိသူဖြစ်၏။
၎င်းတို့နှစ်ဦးမှာ လုံးဝဆန့်ကျင်ဘက်ပင်။ တစ်ဦးမှာ ကောင်းကင်၏ အလိုဆန္ဒနောက်လိုက်သည်။
တစ်ဦးမှာ ကောင်းကင်ကိုအံတုကာ ကံကြမ္မာကိုပြောင်းပစ်၏။
နှစ်ဦးမှာ သေမျိူးရန်သူများနှင့်ပင် တူညီနေ၏။
ပြောရလျှင် သူ၏ချန်ကျောင်းတော်မှာ ကျဲကျောင်းတော်အား နှစ်များစွာကြာအောင် အနိုင်ကျင့်ခဲ့သည်။ ယခုတွင် ကျဲကျောင်းတော်မှာ ရွှေရောင်အောက်ကျွန်းအား ချိတ်ပိတ်လိုက်သည်က တစ်စုံတရာဖြစ်နေကြောင်းပြသနေသလိုပါပင်။
ကျဲကျောင်းတော်အား ဖိနှိပ်ကာ ပြန်လည်အထမြောက်ခြင်းမှ တားဆီးရန် ချန်ကျောင်းတော်အား ကြောက်ရွံ့စေရန်အတွက် ရှေးဟောင်းကောင်းကင်အဓိပတိမှာ ဥပေက္ခာပြုရန်မဖြစ်တော့ပါချေ။
"ဂိုဏ်းချုပ်၊ ခင်ဗျားရဲ့အစီအစဉ်ကဘာလဲ?"
လုရှောင်ယန်၏ မျက်လုံးထောင့်များမှာ အလင်းစူးစူးကို ထုတ်ဖော်နေ၏။
"ဒါပေါ့... ငါတို့သူ့ကို နောက်ဘဝဆီပို့လိုက်ရအောင်!"
ရှေးဟောင်းကောင်းကင်အဓိပတိမှာ လူများအား လျှို့ဝှက်စွာပို့လိုက်ကတည်းက ထိုလူမှာ တစ်စုံတရာအား ကြောက်ရွံ့နေခြင်းဖြစ်ရမည်။
သူဟာကြောက်ရွံ့နေပါလျှင်မှု လုရှောင်ယန်မှာ ကြောက်ရွံ့စရာမရှိတော့ပါချေ။
***