အခန်း (၄၂၁-၄၂၅)
Vol. 29 Ch. 421-425
အပိုင်း ၄၂၁ ပြောင်းပြန်တွေးပြီး သေလိုက်!
"ဒါက ကံကောင်းမှုစွမ်းအားလား?"
မြင့်မြတ်သောဗုဒ္ဓရှင်းယွင်မှာ လက်သီးများအားဆုပ်လျက် နှုတ်ခမ်းထောင့်များက ကွေးတက်သွား၏။
ယခုတွင် သူဟာ ကံကောင်းမှုက မည်မျှစွမ်းအားကြီးသည်ကို အာရုံခံမိလိုက်သည်။
ယခုတွင် ကံကောင်းမှုနှင့်အမှန်တကယ်ပေါင်းစပ်ပြီးနောက် ကံကောင်းမှုမှာ မည်မျှစွမ်းအားကြီးကြောင်း နားလည်လိုက်သည်ပင်!
ဒီကံကောင်းမှုက ဘယ်လိုများလဲ? ဒါကတကယ်ကို မဟာတာအိုပဲ!
ကံကောင်းမှုစွမ်းအားမှာ အင်မတန်စွမ်းအားကြီးမားနေကာ ကျင့်ကြံဆင့်မှာလည်း အင်မတန်တိုးပွားလာသည်။ သူထံ၌ ကံကောင်းမှု ပိုများများရှိပါက မည်မျှစွမ်းအားကြီးလိမ့်မည်နည်း?
ထို့အပြင် ထိုသည်က စတင်ခြင်းသာဖြစ်သေးသည်။ ထိုကံကောင်းမှုစွမ်းအား၏ ဆက်တိုက်ဖွံ့ဖြိုးမှုမှာ အသေအချာကိုပင် သန်မာလာ၏။
မူလက ရှင်းယွင်မှာ သူဟာ ဗုဒ္ဓဂိုဏ်း၏ ပမွှားလေးဟုသာမှတ်ယူထားခဲ့ပေသည်။ သူ၏ဘဝ၌ စိတ်ဝိဉာဉ်တောင်တွင် အများဆုံး ဗုဒ္ဓတစ်ပါးသာဖြစ်လာနိုင်သည်။
သို့သော် ယခုတွင် သူ၏ရည်ရွယ်ချက်မှာ အဆုံးမရှိ တိုးပွားလာ၏။ သူဟာ ယခုတွင် ဗုဒ္ဓတစ်ပါးဖြစ်လာရန် လုံးဝအရည်အချင်းမီနေပြီဖြစ်၏!
သူဟာ လုရှောင်ယန်အား ကြည့်လျက် ပြုံးလိုက်သည်။
"ပြောရရင် ငါမင်းကိုကျေးဇူးတင်ရမယ်။ မင်းကြောင့်သာမဟုတ်ရင် ဒီကံကောင်းမှုစွမ်းအားကို ငါ့ဘာသာရယူနိုင်မှာမဟုတ်ဘူး။ တကယ်တမ်း ငါ့ရဲ့စွမ်းအားကို များများစားစား တိုးမြှင့်နိုင်မှာလည်းမဟုတ်ဘူး။"
လုရှောင်ယန်မှာ ထူးမခြားနားဟန်ဖြင့်ဆိုလိုက်၏။
"မင်းသာ ဒီမြင်းနက်ကိုသတ်လိုက်ရင် သူ့ရဲ့ ဆရာက မင်းကို အလွတ်ပေးမှာမဟုတ်ဘူး။"
မြင့်မြတ်သောဗုဒ္ဓမှာ လက်များအားနောက်သို့ပို့လိုက်ကာ တည်ငြိမ်ဟန်ဖြင့်ပြောလိုက်၏။
"ဒါပေါ့ သူငါ့ကို အလွတ်ပေးမှာမဟုတ်ဘူး။ ဒါပေမယ့် ငါက ဗုဒ္ဓဂိုဏ်းရဲ့တပည့်ဖြစ်ပြီး စိတ်ဝိဉာဉ်တောင်ရဲ့အကာအကွယ်ရှိတယ်လေ။ သူငါ့ကို ဒုက္ခရှာမှာကို တွေးပူစရာမလိုပါဘူး။"
"တစ်ဖက်လူရဲ့ဂုဏ်ပုဒ်ကအရမ်းမြင့်နေရင်တော့ ကျန်းဖူတုလို ဇာတ်ကောင်သေးသေးလေးကြောင့် ဗုဒ္ဓဂိုဏ်းက တစ်ဖက်လူကို သွားဆွနိုင်မှာ မဟုတ်ဘူးလေ?"
"ဒါပေါ့။ ဒါပေမယ့်... တစ်ဖက်လူက ဂိုဏ်းချုပ်လုကို လိုချင်နေတယ်လို့ ပြောလို့ရတယ်!"
"ကျုပ်သာ ဂိုဏ်းချုပ်လုကိုဖမ်းနိုင်ရင် ဂိုဏ်းချုပ်လုရဲ့ လျှို့ဝှက်ချက်လေးကိုရတာဖြစ်ဖြစ် ဂိုဏ်းချုပ်လုကို စိတ်ဝိဉာဉ်တောင်ဆီပေးလိုက်ရတာဖြစ်ဖြစ်က အကျိုးအမြတ်ကြီးပဲလေ။"
"ဒီလိုဆိုရင် ကျန်းဖူတုရဲ့ ဂုဏ်ပုဒ်ကဘယ်လောက်ပဲမြင့်နေနေ ဗုဒ္ဓဂိုဏ်းကကျုပ်ကိုလက်လွှတ်မှာမဟုတ်ဘူး။"
"ခင်ဗျားရော ဒီလိုမထင်ဘူးလား၊ ဂိုဏ်းချုပ်လု?"
လုရှောင်ယန်မှာ အေးစက်စွာသာ ပြုံးလိုက်သည်။
"လူတိုင်းပြောကြတာတော့ ဗုဒ္ဓဘုန်းတော်ကြီးတွေက ဈရက်စက်တဲ့နေရာမှာ အတော်ဆုံးပဲတဲ့။ ကြည့်ရတာတော့ ဒါကတကယ်ဖြစ်နေပုံပဲ။ ဒါပေမယ့် ခင်ဗျားမှာ ကံကောင်းမှုစွမ်းအားရှိနေရင်တောင် ကိစ္စမရှိပါဘူး။ ပြောရင် ကျန်းဖူတုက ကျုပ်ကို အနိုင်မယူနိုင်ခဲ့ဘူးလေ၊ ခင်ဗျားရောသေချာလို့လား?"
"ငါကမင်းရဲ့ပြိုင်ဘက်မဟုတ်ဘူး။ ငါ့ရဲ့ကျင့်ကြံဆင့်က ဘယ်လောက်စွမ်းအားကြီးနေနေ အမတအဆင့်မှာပဲ။ ဒါပေမယ့် ငါက ကျန်းလီ၊ ကျန်းဖူတုတို့နဲ့ ကွဲပြားတယ်။ ငါက ဗုဒ္ဓဂိုဏ်းသားပဲ!"
"အနောက်အရပ်ကို ခရီးသွားတဲ့အချိန်တည်းက ငါတို့အနောက်ဘက်ဂိုဏ်းက သုံးလောကမှာ တဖြည်းဖြည်းနဲ့ အသန်မာဆုံးဂိုဏ်းတဖြည်းဖြည်းဖြစ်လာခဲ့တာပဲ။"
"တာအိုဂိုဏ်းက စွမ်းအားကြီးပေမယ့်လည်း အဖွဲ့ခွဲတွေက အများကြီးရှိတယ်လေ။ လုံးဝစိုးရိမ်စရာမလိုပါဘူး။"
"ဒါ့ကြောင့် ကျုပ်တို့ဗုဒ္ဓဂိုဏ်းက တဖြည်းဖြည်းချင်း လောကသုံးထောင်နဲ့ ကမ္ဘာငယ်၈၀၀ရဲ့ ထိန်းချုပ်မှုကိုရရှိခဲ့တာပဲ။"
"ပြီးတော့ ကျုပ်တို့ဗုဒ္ဓဂိုဏ်းဘိုးဘေးနဲ့ သူတော်စင်နှစ်ပါးက နတ်ဘိုးဘေး အချစ်ရဆုံးတပည့်တွေပဲ။ ကျုပ်တို့ ဗုဒ္ဓဂိုဏ်းအနေနဲ့ ကောင်းကင်တာအိုရဲ့စည်းမျည်းတွေကို နည်းနည်းလောက်ဆန့်ကျင်လို့ဖြစ်ပါတယ်။"
"ခင်ဗျားသိလား... ဒါကဘာကိုဆိုလိုသလဲဆိုတာလေ?"
လုရှောင်ယန်မှာ မျက်လုံးများအားမှေးကျဉ်းလိုက်ကာ သူ၏ နက်မှောင်သောမျက်လုံးများက ပို၍ လေးနက်လာ၏။
သူနှင့်ရင်းနှီးသူများကသာ လုရှောင်ယန်က ဘယ်သောအခါမှ ဤအမူအရာကိုထုတ်ပြသည်ကို သိသည်။ ၎င်းမှာ တစ်ယောက်ယောက်အား သတ်ရန် ဆုံးဖြတ်လိုက်ခြင်းပင်။
များများစားစားပြောမနေဘဲ လုရှောင်ယန်မှာ သူ၏ခြေထောက်အား အနည်းငယ်တို့ထိလျက် နေရာမှ ချက်ချင်းပျောက်ကွယ်သွား၏။
သူ၏ကိုယ်ပွား ဒါဇင်ချီမှာလည်း ပျောက်ကွယ်သွားကြသည်။
ယခု မြင့်မြတ်သောဗုဒ္ဓ၏စကားလုံးများမှာ လုရှောင်ယန်အား အပြင်းအထန်ဒေါသထွက်စေ၏!
ထိုသည်က ဗုဒ္ဓဂိုဏ်းမှာ စိတ်ဝိဉာဉ်တောင်မှ အမတများအား ဆင်းလာစေခြင်းပင်။ အနည်းဆုံးတော့ ၎င်းတို့မှာ ၎င်းတို့၏စွမ်းအားကို အခြားနည်းဖြင့် မြှင့်တင်နိုင်ပေသည်။
ထိုသည်မှာ လုရှောင်ယန်အတွက် သတင်းကောင်းဟုတ်မနေပါချေ။
ထို့ကြောင့် လုရှောင်၏ကျင့်ကြံဆင့်မှာ ထိုအဆင့်နှင့် အင်မတန် ဝေးကွာနေခြင်းကြောင့်ပင်!
သို့သော် ထိုအခိုက်၌ မြင့်မြတ်သောဗုဒ္ဓရှင်းယွင်မှာ ဗုဒ္ဓနတ်ဘုရားဧကရာဇ်အားလုံးအား စုစည်းလိုက်သည်။
"အမိတာဘ!"
ဗုဒ္ဓရွတ်ဆိုခြင်းနှင့်အတူ သူ၏လက်တွင်းရှိ ဗုဒ္ဓသပိတ်အခင်းမှာ တမုဟုတ်ချင်းကြီးထွားလာကာ အားလုံးအားကာကွယ်ပေးမယ့် ရွှေရောင်အကာအရံကြီးဖြစ်လာ၏။
တစ်ချိန်တည်းမှာပင် လုရှောင်ယန်နှင့် ကိုယ်ပွားများမှာ ရွှေရောင်အကာအရံအား တိုက်ခိုက်လိုက်သည်။
ဘုန်း! ဘုန်း! ဘုန်း!
ဆက်တိုက် ပေါက်ကွဲမှုမှာ ကောင်းကင်အား ထိန်ထိန်ညီးသွားစေသည်!
ထိုလျှပ်တပြက်လှိုင်းမှာ အသေအချာကိုပင် ထိန်းချုပ်မရတော့ချေ။
မရေတွက်နိုင်လောက်သော နတ်ဘုရားဧကရာဇ်များမှာ ထပ်ခါထပ်ခါပြန်ဆုတ်လိုက်ကြ၏။ တစ်ဦးမှာ ၅၀ကီလိုမီတာအား ပြန်ဆုတ်ကာ နှစ်ဦးမှာ ၅၀၀ကီလိုမီတာ ပြန်ဆုတ်လျက် သုံးဦးမှာ ၅၀၀၀ကီလိုမီတာပြန်ဆုတ်လိုက်သည်!
ထိုသို့ဖြင့်သာ ၎င်းတို့၏ပုံရိပ်များအား ထိန်းလိုက်နိုင်၏။
"အားကောင်းလိုက်တဲ့စွမ်းအား! ဒီတိုက်ခိုက်မှုက အရမ်းကြီး ကြောက်စရာကောင်းမနေဘူးလား?"
"ဒီလှိုင်းလေးနဲ့တင် ငါတို့ကို ၅၀၀၀ကီလိုမီတာအကွာထိ ပြန်ဆုတ်အောင်လုပ်ခဲ့တာ။ လုရှောင်ယန်ရဲ့တိုက်ခိုက်မှုသာ ငါတို့ပေါ်တိုက်ရိုက်ကျရင်တော့လား ငါတို့တွေမခုခံနိုင်ဘဲ နေရာမှာတင် ပြာကျသွားမှာကို ကြောက်မိတယ်!"
"ဒါပေမယ့်၊ ဒီမြင့်မြတ်သောဗုဒ္ဓကလည်း တကယ်ကို ကြောက်စရာပဲ! သူက လုရှောင်ယန်လို စွမ်းအားကြီးပြိုင်ဘက်ကိုတောင် ခုခံနိုင်တယ်။ ကြည့်ပါဦး သူ့ရဲ့သပိတ်တောင် လှုပ်မနေဘူး။"
"ပြောရရင် သူကဗုဒ္ဓဂိုဏ်းရဲ့ ပညာရှင်တစ်ဦးဖြစ်နေတုန်းပဲလေ! တခြားလူတွေ ယှဉ်နိုင်တာနဲ့ ဝေးနေသေးတယ်။ ဒီလုရှောင်ယန်က နည်းနည်းလေး ထက်မြတ်နေရင်တောင် အသုံးမဝင်သလိုဖြစ်နေတုန်းပဲ။ သူက လုံးဝကို မြင့်မြတ်သောဗုဒ္ဓရဲ့ပြိုင်ဘက်မဟုတ်ဘူး။"
ကောင်းကင်ဓားသွားစင်မြင့်ဂိုဏ်းချုပ်၏ အမူအရာမှာ ပြောင်းလဲသွားကာ ဟုန်ရှုနှင့်ကျန်လူများမှာလည်း အတန်ငယ်ပြောင်းလဲသွားကြသည်။
ဒါက...သူတို့များ လူမှားလိုက်မိတာလား?
ဒီမြင့်မြတ်သောဗုဒ္ဓကပိုပြီးတော့ သန်မာနေတာပဲကို။
တိုက်ပွဲကွင်းပြင်တွင် သပိတ်တွင်းရှိ မြင့်မြတ်သောဗုဒ္ဓမှာ မျက်ခုံးများအား ပင့်လိုက်သည်။
ယခုတွင်... သူ၏ကံကောင်းမှုစွမ်းအားမှာ လွဲချော်သွားသလိုပါပင်!
သူများစိတ်ကူးယဉ်နေမိတာလား?
ဒါမှမဟုတ် ဒါနဲ့ အပြည့်အစုံမပေါင်းစပ်ရအောင် ပြဿနာများရှိနေတာလား?
မဟုတ်သေးချေ၊ သူဟာ တိုက်ပွဲအား အလျင်အမြန် အဆုံးသတ်ရမည့်ပုံပင်။ မဟုတ်ပါက ကံကောင်းမှု ပျောက်ကွယ်သွားသည်နှင့် သူဟာ လုရှောင်ယန်နှင့် ရင်ဆိုင်နိုင်မည်မဟုတ်ချေ။
သတိလက်လွတ်မှုနှင့် နှောင့်နှေးမှုတို့မရှိဘဲ မြင့်မြတ်သောဗုဒ္ဓမှာ အေးစက်စက်အော်လိုက်ကာ သူ၏လက်များအား အတူတကွဖိချထားလိုက်သည်။
"အမိတာဘ၊ တပည့်ရှင်းယွင်က စိတ်ဝိဉာဉ်တောင်ရဲ့ တပည့်သားတွေအနေနဲ့ ကျုပ်ကို ညှာတာဖို့နဲ့ ဗောဓိကျောင်းတပည့်အနေနဲ့ ဆင်းသက်ပြီးကူညီဖို့ ဖိတ်ကြားပါတယ်!"
စကားဆုံးသည်နှင့် အလင်းတန်း ဆယ်ခုမှာ ကောင်းကင်ယံမှာ ကျဆင်းလာကာ ဗုဒ္ဓနတ်ဘုရားဧကရာဇ်များ၏ ကိုယ်တွင်းဝင်ရောက်သွား၏။
တစ်ခဏအတွင်းတွင် ထိုနတ်ဘုရားဧကရာဇ်ဆယ်ပါး၏ ကျင့်ကြံစွမ်းမှာ အင်မတန်ကြောက်မက်ဖွယ်ရာနှုန်းနှင့် တိုးတက်လာသည်။
အဆုံးတွင် ဗုဒ္ဓနတ်ဘုရားဧကရာဇ်အားလုံးမှာ အမတအဆင့်သို့ရောက်သွားကြ၏!
ထိုအခိုက်၌ သပိတ်တစ်ခုလူံးမှာ သန့်စင်၍ သိပ်သည်းသော ရွှေရောင်စွမ်းအင်နှင့် ပြည့်နှက်နေ၏။ ၎င်းမှာ ဗုဒ္ဓဂိုဏ်း၏ရောင်ဝါပင်ဖြစ်တော့၏!
လုရှောင်ယန်မှာ တစ်ဖက်လူ၏ကျင့်ကြံဆင့် တဖြည်းဖြည်းတိုးလာသည်ကို အာရုံခံမိသည်။ သဘာဝကျကျပင် သူဟာလုံးဝသတိလက်လွတ်မနေဝံ့ဘဲ အားကုန်သုံး၍ တိုက်ခိုက်လိုက်၏။
ကောင်းကင်တွင် ယခုမှစ၍ အလင်းမှာ ထပ်မံမှိန်မနေတော့ပါချေ။ အစားထိုးလာသည်မှာတော့ လုရှောင်ယန်၏တိုက်ခိုက်မှုများဖြစ်၏။
ဘုန်း! ဘုန်း! ဘုန်း!
ပေါက်ကွဲမှုများမှာ တစ်ခုပြီးတစ်ခုထွက်ပေါ်လာသော်လည်း သပိတ်မှာမူ လုံးဝပင်လှုပ်ခါမသွားပါချေ။
"သေစမ်းကွာ!"
သူဟာမနေနိုင်ဘဲ တံတွေးထွေးရာ မြင့်မြတ်သောဗုဒ္ဓမှာပြုံးလိုက်၏။
"ဒီဗုဒ္ဓသပိတ်အလင်းကလည်း မွေးဖွားခြင်းဝိဉာဉ်ရတနာပဲ..."
"မင်းမှာ မွေးဖွားခြင်းဝိဉာဉ်ရတနာရှိနေသေးပေမယ့်လည်း ဒီဗုဒ္ဓသပိတ်အလင်းကို ချိုးဖြတ်နိုင်မှာမဟုတ်ဘူး။"
"ဘာကြောင့်လဲဆိုတော့ ငါ့ကိုယ်မှာရှိတဲ့ကျင့်ကြံဆင့်က အမတအဆင့်ဖြစ်ပြီး မင်းရဲ့ကျင့်ကြံဆင့်က နတ်ဘုရားဧကရာဇ် အဌမအဆင့်မှာ မို့လို့ပဲ!
"ဒါကြောင့် ဒီမွေးဖွားခြင်းဝိဉာဉ်ရတာကို မဖျက်ဆီးနိုင်တာလေ။ မင်းရဲ့စွမ်းအင်တွေကို ဖြုန်းတီးဖို့က ပိုကောင်းတယ်။"
လုရှောင်ယန်မှာ အေးစက်စက်ဆိုလိုက်၏။
"ငါချိုးဖြတ်နိုင်နိုင် မနိုင်နိုင် မင်းဆုံးဖြတ်လိုက်တာနဲ့မတူဘူး!"
ထိုသို့ပြောရင်းဖြင့် လုရှောင်ယန်မှာ ဆေးလုံးတစ်လုံးအား မြိုချလိုက်၏။ ထိုသည်မှာ ယခင်က ဝမ့်ခိုက်ပေးထားခဲ့သော အတုအပအမတဆေးလုံးပါပင်။
ထိုသည်မှာ အမတဆေးလုံးအတုမဟုတ်ဘဲ အတုအပအမတဆေးလုံးပါပင်။
နာမည်ထွက်လာသည်နှင့် ထိုဆေးလုံးမှာ လုရှောင်ယန်၏ကျင့်ကြံဆင့်အား အမတအဆင့်သို့ အချိန်တိုတွင်းတိုးလိုက်နိုင်သည်။
အမတတစ်ပါး၏ကျင့်ကြံဆင့်မှာ မည်မျှအားကောင်းကြောင်းဖော်ပြရန်ပင်မလိုပါချေ။ လုရှောင်ယန်မှာ အဆင့်ကျော်နိုင်သည့်စွမ်းရည်ရှိသည်နှင့် တွဲကြည့်ပါလျှင် ထိုအကူအညီမှာတစ်ဆက်တည်း အဆင့်နှစ်ဆင့်တိုးသွားသောကြောင့် ထူးကဲနေ၏။
လုရှောင်ယန်မှာ အမတဆေးလုံးအား မြိုချလိုက်ချိန်တွင် ထပ်မံတိုက်ခိုက်လိုက်၏။ ထိုစွမ်းအားကြီး သက်ရောက်မှုမှာ တကယ်ကိုပင် အကျိုးရှိလှကာ တစ်ဖက်၏သပိတ်ကိုပင် လှုပ်ခါသွားစေ၏။
လူတိုင်း၏နှလုံးသားများမှာ ထိုသည်ကိုမြင်သော်လည်း တုန်ရီနေ၏။
ထိုလုရှောင်ယန်မှာ တကယ်ကိုစွမ်းအားကြီးလှချေသည်!
သူဟာ ဗုဒ္ဓအမတအား တုန်လှုပ်စေရန် မွေးဖွားခြင်းဝိဉာဉ်ရတနာကိုပင် အသုံးပြုဖြစ်မည်ထင်သည်!
ထိုသည်မှာ သူ၏ကျင့်ကြံဆင့်အရမ်းနိမ့်နေခြင်းကြောင့်ပင်!
သူ၏မိဘများက သူဟာ အဆင့်များများကျော်နိုင်သည်အား သိကြသည်လား?
သူက ဘာလိူ့ဒီလောက် အရှက်မဲ့နေရတာလဲ? အခြားလူတွေက ဒါနဲ့ ယှဉ်ပြိုင်ဖို့မည်သို့များလုပ်ကြသနည်း?
မြင့်မြတ်သောဗုဒ္ဓ၏နှလုံးအိမ်မှာလည်း တုန်ရီလာကာ လုရှောင်ယန်မှာ သူ၏အဆင့်က ထိုသို့ဖြင့်ကျင့်ကြံနိုင်ရန် မျှော်လင့်မထားပါချေ။
သပိတ်က တစ်ခုပြီးတစ်ခုတုန်ရီလာသည်။ ထိုသည်မှာ အက်ကွဲနီးလုလုဖြစ်နေဟန်ပေါ်ကာ မြင့်မြတ်သောဗုဒ္ဓမှာ ချက်ချင်းပင် သပိတ်အား ပစ်လွှတ်လိုက်၏
သို့သော သူဟာ မရူးနှမ်းပါချေ။ သပိတ်အားဖယ်ရှားသည်မှာ လုရှောင်ယန်၏ တိုက်ခိုက်မှုအားဆက်လက်ခုခံနိုင်ရန်ဖြစ်၏။
ထို့ကြောင့် ပြန်ဆုတ်ခွာလိုက်သည်နှင့် သူဟာ အလှည့်အဖျားတချို့လုပ်တော့သည်။ သူဟာ လုရှောင်ယန်၏စက်ကွင်းအတွင်းမှ လွတ်မြောက်ရန် ဟင်းလင်းပြင်ခုန်ခြင်းအား အသုံးပြုလိုက်သည်။
ထို့အပြင် သူဟာ အသက်ပိုရှူလျက် နောက်တစ်ကွက်ထုတ်လိုက်၏။
တကယ်ကိုပင် လုရှောင်ယန်၏ တိုက်ခိုက်မှု နယ်နမိတ်မှ ထွက်လာလိုက်ကာ လုရှောင်ယန်အား အမြန်ဆုံးနှုန်းဖြင့် ချက်ချင်းတိုက်ခိုက်လိုက်တော့၏။
ကြီးမားလှသောရွှေလက်ဖဝါးအမှတ်အသားအား ဆွဲယူလိုက်သည်။ ထိုလက်ဝါးအမှတ်အသားထွက်ပေါ်လာသည်နှင့် လေနှင့်တိမ်မှာ ဆိုးရွားစွာ ပြောင်းလဲသွား၏။ ကောင်းကင်ရှိကြယ်များမှာ တစ်ချိန်လုံး တောက်ပနေခဲ့သည်ပင်။ ပြီးတော့ ဒါက ဒီတိုက်ခိုက်မှုကို ကာကွယ်ရုံပါပင်။
"ဂေါတမနတ်လက်ဝါး?"
လုရှောင်ယန်မှာ ချက်ချင်းပင် တစ်ဖက်လူများက ဂေါတမလက်ဝါးအား အသုံးပြုသည်ကို သတိပြုမိသွား၏!
မည်သည့်တုံ့ဆိုင်းမှု ကြောက်ရွံ့မှုမှမရှိဘဲ လုရှောင်ယန်မှာ တမုဟုတ်ချင်းပင် တိုက်ခိုက်လိုက်ကာ ဂေါတမလက်နတ်ဝါးအားအသုံးပြုးလိုက်သည်။
ထိုအတုအပအမတဆေးလုံးကြောင့်သာ အမတအဆင့်ကိုတိုးတက်ခဲ့တာလေ။
သူဟာ အမတတစ်ပါးအား လုံးဝကြောက်နေဖို့မလိုပါချေ!
ဘုန်း!
ထိုဂေါတမလက်ဝါးနှစ်စုံမှာ လေထဲ၌ ရိုက်ခတ်သွား၏။ ရွှေရောင်လက်ဝါးအရိပ်များမှာ ထပ်နေကြကာ လောကအား ထိန်ညီးစေသည့် တလက်လက်အလင်းများအသွင်ပင် ပြောင်းသွားကြ၏။
တစ်ချိန်တည်းတွင် လျှပ်တပြက်လှိုင်းမှာ ဟင်းလင်းပြင်အကာအရံအား တိုက်ရိုက်ဖျက်ဆီးလျက် အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
"ဘုရားရေ!"
နတ်ဘုရားဧကရာဇ်များမှာ ရူးသွပ်စွာ နောက်ဆုတ်ကာ လိပ်ပြာလွင့်မတတ်ကြောက်သွားကြ၏။
ဒါက အရမ်းကြီးစွမ်းအားကြီးမနေဘူးလား?
၎င်းတို့မှာလည်း ဟင်းလင်းပြင်အကာအရံအား အက်ကွဲစေနိုင်ပါသော်ငြား အနည်းငယ်သာဖြစ်သည်။ တစ်ဖက်တွင် ၎င်းတို့နှစ်ဦးကြားအကွာအဝေးမှာ မီတာပေါင်းသောင်းချီပင် အပြောခံနေရပါပြီ။
၎င်းတို့မှာ လုံးဝကို တူညီသည့်အဆင့်မဟုတ်ပါချေ။
ထို့အပြင် ၎င်းတို့မှာ ထိုအက်ကွဲနေရာမှ ထွက်လာသောစွမ်းအင်လှိုင်းမှာ နတ်ဘုရားဧကရာဇ်များအား ထိခိုက်စေပါသော်လည်း တစ်ဖက်လူအား လုံးဝတော့သတ်မည်မဟုတ်ပါချေ။
တစ်ဘက်တွင် လုရှောင်ယန်ထုတ်လိုက်တဲ့စွမ်းအင်လှိုင်းနှင့် မြင့်မြတ်သောဗုဒ္ဓမှာ သေလုအောင်ခြိမ်းခြောက်ခြင်းပင်။
ထိုမြင်ကွင်းမှ ၎င်းမှာ လုရှောင်ယန်နှင့် မြင့်မြတ်သောဗုဒ္ဓရှင်းယွင်သည် အဆင့်မတူကြပါချေ။
ဂေါတမနတ်လက်ဝါးပြောင်းလဲပြီးနောက်တွင် မြင့်မြတ်သောဗုဒ္ဓရှင်းယွင်နှင့် လုရှောင်ယန်တို့မှာ ပြန်ဖို့ရာ ပိုက်ဆံပင်မရှိတော့ချေ။
မြင့်မြတ်သောဗုဒ္ဓမှာ ချက်ချင်းပင် ယခုမှ အမတအဆင့်သို့ရောက်ရှိသွားသော တပည့်ဆယ်ဦးအား လျှို့ဝှက်နည်းလမ်းသုံး၍ အချိန်တိုတွင်း စကားပြောရလိုက်သည်။
"ဘာတွေစောင့်နေတာလဲ? မြန်မြန်တိုက်ခိုက်! ဒီကောင်စုတ်လေးရဲ့ကျင့်ကြံဆင့်က အရမ်းစွမ်းအားကြီးတယ်။ သတိလက်လွတ်မနေနဲ့။ သူ့ကိုသတ်ပြီးတဲ့အထိ ဘယ်သူကိုမှ တိုက်ခိုက်တာရပ်ဖို့ ခွင့်မပြုဘူး!"
"သိပါပြီ!"
ထိုနတ်ဘုရားဧကရာဇ်ဆယ်ဦးမှာ ပြန်ဖြေလျက် ချက်ချင်းပင် ၎င်းတို့ကိုယ်တွင်းရှိစွမ်းအင်ကိုအသုံးပြုလိုက်၏။ စွမ်းအားကြီးရွှေရောင်စွမ်းအင်မှာ ၎င်းတို့ကိုယ်မျက်နှာပြင်မှ ဖူးပွင့်လာ၏။ ၎င်းမှာ အင်မတန်ပေါများလှသောဗုဒ္ဓစွမ်းအားပါပင်။
ထို့နောက် ထိုနတ်ဘုရားဧကရာဇ်ဆယ်ဦးမှာ လုရှောင်ယန်၏ကိုယ်ပွားအား ပြေးကာတိုက်လိုက်ကြသည်။
ကောင်းကင်တွင် ဟင်းလင်းပြင်အကာအရံများမှာ တစ်စပြီးတစ်စပြိုကွဲလာနေ၏။ အားကောင်းသောစွမ်းအားမှာ အဆုံးမရှိပြန့်နှံ့လျက် အက်ကွဲနေသော ဟင်းလင်းပြင်အကာအရံများအား တစ်ချက်တည်းနှင့်ဆက်စပ်လိုက်သည်။ အဆုံးတွင် ၎င်းတို့မှာ ကြီးမားသော ဟင်းလင်းပြင်တွင်းနက်အား ချိတ်ဆက်လျက် တောင်ကြားတစ်ခုလုံးကိုပါ ဖုံးအုပ်လုဖြစ်သွားစေသည်။
ထိုသည်အားကြည့်ရုံနှင့်ပင် နတ်ဘုရားဧကရာဇ်များ၏ နှလုံးမှာ တုန်ရီနေသည်။
၎င်းတို့မှာ တိုက်ပွဲအား ကြည့်နေသည်ဟုပင် ဆိုရမည်!
၎င်းတို့အားလုံးမှာ နတ်ဘုရားဧကရာဇ်များဖြစ်ကာ ဤလောက၏အသန်မာဆုံးများပင်!
သို့သော် ၎င်းတို့မှာ တိုက်ပွဲကိုကြည့်ရန်သာ အရည်အချင်းမီ၏။
ထိုအခိုက်၌ ဂုဏ်သရေရှိနတ်ဘုရားဧကရာဇ်များမှာ ပုရွက်ဆိတ်များထက်ပင် သေးငယ်သည်ဟု ခံစားနေက၏။ ၎င်းတို့မှာ အခြားလူနင်းခြေခံရနိုင်သည့် ပုရွက်ကောင်လေးများလိုပါပင်။
"သေစမ်း! ငါတို့ဒီတိုက်ပွဲမှာ ဆရာ့ကိုတောင်မကူညီနိုင်ဘူး။ တကယ်ကိုအသုံးမကျတာပဲ!"
ယွင်လီကောမှာ ထူးမခြားနားဟန်ဖြင့်ဆိုလိုက်၏။
"ငါတို့ဆရာကို အပြင်ကနေရောဘာလို့မကူညီနိုင်ရမှာလဲ?"
အားလုံးမှာ ကြောင်အမ်းနေကြလျက် မျက်မှောင်များကြုံ့လိုက်ရသည်။
"ဆရာတူအစ်ကိုအကြီးဆုံး၊ ဘာပေါက်ကရတွေပြောနေတာလဲ? ကျုပ်တို့ရဲ့ကျင့်ကြံဆင့်နဲ့ဆိုရင် တိုက်ပွဲဗဟိုကို မဝင်ခင်မှာပဲ ဒီတိုက်ပွဲလှိုင်းလေးရိုက်ခတ်ရုံနဲ့တင် ပျက်စီးသွားလိမ့်မယ်။ ဆရာ့ကိုဘယ်လိုကူညီနိုင်မှာလဲ?"
ယွင်လီကော၏ နှုတ်ခမ်းထောင့်များမှာ အတန်ငယ်ကွေးတက်သွားလျက် နတ်ဆိုးဆန်စွာပြုံးလိုက်သည်။
"ငါတို့တွေ မြင်းနက်တွေကို ဖိနှိပ်နိုင်တဲ့ တစ်ခုခုလုပ်နိုင်တာကိုမေ့နေကြတာလား?"
ကျီဝူရှားနှင့် ဖုန်းထျန်းယွမ်တို့မှာကြောင်သွားကြသည်။ ထို့နောက် ၎င်းတို့မှာ တစ်စုံတရာကိုတွေးမိကြကာ ချက်ချင်းပြောကြသည်။
"ဗုဒ္ဓဂိုဏ်း ထင်ထားသလိုပဲ။ ဆရာတော့ ဒီတစ်ခေါက်သေပြီထင်တယ်!"
"ဗုဒ္ဓဆရာကြီးက အရမ်းကိုကြောက်စရာကောင်းတာပဲ!"
ထိုက်ယိဓားတာအိုနှင့် ကောင်းကင်ဓားသွားစင်မြင့်မှ အခြားသူများကပါကြောင်အမ်းသွားကြသည်။
"မင်းတို့ကောင်တွေဘာလုပ်နေကြတာလဲ? ဘာလို့ ထူးဆန်းတာတွေပြောနေရတာလဲ?"
လီချန်းရှန်မှာ တစ်စုံတရာအားတွေးမိကာ ချက်ချင်းဆိုလိုက်၏။
"အားလုံးမှာ မပူပါနဲ့။ ကျုပ်တို့အကုန်လုံးဗုဒ္ဓဂိုဏ်းကို ချီးမြောက်ပြီး ဆရာ့ကို နှိမ့်ချရအောင်။"
"ဗုဒ္ဓဂိုဏ်းကကြီးမြတ်တယ်။ ဆရာကတော့ လုံးဝသေပြီပဲ!"
"ဗုဒ္ဓဂိုဏ်းဆရာကြီးကထင်ထားသလိုပဲ၊ ဆရာ ကြွက်တစ်ကောင်ပျံသွားသလိုမျိုးထိကို အနိုင်ယူလိုက်ပါ!"
ကောင်းကင်ဓားသွားစင်မြင့်နှင့် ထိုက်ယိဓားတာအိုမှ နတ်ဘုရားဧကရာဇ်များမှာ ပဟေဠိဖြစ်နေသော်လည်း အတူတူအော်ဟစ်လိုက်ကြဆဲပင်။
မည်သို့ဆိုစေ လုရှောင်ယန်၏တပည့်များကလုရှောင်ယန်အား ထိခိုက်စေမည်မဟုတ်ပါချေ။
အဝေးမှ အခြားနတ်ဘုရားဧကရာဇ်များမှာ ထိုသည်ကိုမြင်သော် လုရှောင်ယန်မှာ အနိုင်မရဘဲ အရှုံးပေးလိုက်သည်အား သိကြသည်။ ထို့ကြောင့် ၎င်းတို့မှာ နားမလည်လည်း တစ်လျှောက်လုံး အော်ဟစ်နေကြသည်ပင်။
မြင်မြတ်သောဗုဒ္ဓမှာ သူ၏ လက်ဝါးစောင်းနှင့် ခုတ်ချလိုက်၏။ သူဟာ အင်မတန်ကြီးကျယ်ကာ အားကောင်းသော ဂေါတမနတ်လက်ဝါးအားအသုံးပြုရန်ပြင်ထားခဲ့၏။
သူဟာထိုလက်ဝါးအားအသုံးပြုပါလျှင် လုရှောင်ယန်၏မူလကိုယ်အားဖျက်ဆီးကာ လုံးဝထိခိုက်ဖို့ရန်လုံလောက်ပေမည်။
သို့သော် အချို့အကြောင်းကြောင့် သူဟာ တိုက်ကွက်အမှားအားအသုံးပြုခဲ့ပေ၏!
အမှန်ပဲ၊ သူအကွက်မှားသုံးလိုက်တယ်!
သူဟာ ဂေါတမနတ်လက်ဝါး၏ လှည့်ပတ်လမ်းကြောင်းအားကြည့်ပြီးမှသာ ပရာယနာလက်ဝါးအား အစားထိုးသုံးခဲ့တာပင်။
ပရာယနာလက်ဝါး၏စွမ်းအားမှာ ကြီးမားလှသော်လည်း နယ်နိမိတ်မှာသေးငယ်သည်။ ၎င်းမှာ လုရှောင်ယန်၏နားကိုပွတ်တိုက်သွားကာ ထိပင်မထိပါချေ။
၎င်းက မြင့်မြတ်သောဗုဒ္ဓအားကြောင်အမ်းသွားစေသည်။
ဘာတွေဖြစ်နေတာလဲ?
သူ့လိုမျိူး ဂုဏ်သရေရှိအမတဆရာကြီးမှာ တကယ်ကိုပင် အကွက်မှားထုတ်လိုက်သည်လား?
ဒါကအရမ်းကံဆိုးနေတာမဟုတ်ဘူးလား?
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၉။ အပိုင်း ၄၂၂ သခင်ကြီး
သူရပ်တန့်သွားသောအချိန်မှာ အင်မတန်တိုတောင်းလှပေသည်။ ပြောရလျှင် သူဟာလုရှောင်ယန်အား ရင်ဆိုင်နေရခြင်းဖြစ်ကာ သတိလက်လွတ်မနေဝံ့ပါချေ။
ထိုသို့တွေးနေချိန်၌ လုရှောင်ယန်၏တိုက်ခိုက်မှုကလည်း ရောက်ရှိလာသည်။
သူဟာ ရွှမ်ယွမ်ဓားအားကိုင်ဆောင်လျက် ရှင်းယွင်အားခုတ်ချလိုက်သည်။
"မင်းအရမ်းနှေးလွန်းတယ်"
ရှင်းယွင်မှာ သူ့အားဒေါသတကြီးစိုက်ကြည့်ကာ ခြေထောက်အား အနည်းငယ်တို့ထိလျက် ချက်ချင်း နေရာရွှေ့ပြောင်းလိုက်၏။
သို့သော် သူ၏ကိုယ်အား တခြားတစ်ဘက်၌ တည်ငြိမ်စေနေချိန်တွင် အမှတ်တမဲ့တစ်ခု ထပ်မံဖြစ်ပွားခဲ့၏။
ဘုန်း!
လုရှောင်ယန်၏ရွှမ်ယွမ်ဓားမှာ သူ၏ခေါင်းအား အသေအချာပင် ရိုက်ခတ်သွားတော့၏။ သူ့အားကာကွယ်ပေးထားသော ဗုဒ္ဓဝါဂျရာအနုပညာနှင့် ရွှေရောင်အလင်းအကာအရံကြောင့်သာမဟုတ်ပါလျှင် မသေလျှင်တောင်မှ အပြင်းအထန်ဒဏ်ရာရသွားလောက်ပေသည်။
ရှင်းယွင်မှာ ထိတ်လန့်သွားကာ အလျင်စလိုပင် နဖူးထက်မှချွေးများအားသုတ်လိုက်၏။
သူဘာဖြစ်သွားတာလဲ?
သူဟာ အသေအချာကို ရှောင်တိမ်းခဲ့သည်ပင်။ လုရှောင်ယန်ရဲ့ ဓားတိုက်ကွက်က ဘာဖြစ်သွားတာလဲ? ဘယ်လိုများသူ့ကို တစ်ခဏလေးအတွင်းမှာ ဖမ်းမိသွားတာလဲ?
"မဟုတ်ဘူး၊ ဒါပုံရိပ်ယောင်တစ်ခုပဲ။ ပုံရိပ်ယောင်ပဲဖြစ်ရမယ်။"
သူဟာတံတွေးမြိုချလျက် နှုတ်ခမ်းထောင့်များကွေးတက်သွား၏။
"ကံကောင်းလို့ ငါ့ရဲ့ရွှေခေါင်းလောင်းအကာအကွယ်ကို ရွှေရောင်အလင်းအကာအရံအဖြစ်အဆင့်မြှင့်ထားလို့သာပေါ့။ မဟုတ်ရင် ငါအခုတကယ်ကြီးအရိုက်ခံနေရလောက်ပြီ။"
သို့သော် သူ၏စကားဆုံးသည့်အခိုက်၌ပင် ရွှေရောင်အကာအရံမှ အက်ကွဲသံတစ်ခုပေါ်ထွက်လာသည်။
ရှင်းယွင်၏မျက်နှာထက်ရှိ အပြုံးမှာ တမုဟုတ်ချင်းပျောက်ကွယ်သွားကာ မယုံကြည်နိုင်မှုဖြင့် မျက်လုံးများပင် ပြူးကျယ်နေတော့၏။
သူဟာ ရွှေရောင်အကာအရံထက်ရှိ အက်ကြောင်းအား တိတိပပစိုက်ကြည့်လျက် အတော်ကြာကြောင်အမ်းသွားတော့သည်။
"ဘာတွေဖြစ်နေတာလဲ? ဘာတွေဖြစ်နေတာလဲ? ဒီရွှေရောင်အလင်းအကာအရံကအမတလမ်းစဉ်မဟုတ်ဘူးလား? ဒါက ရွှေခေါင်းလောင်းအကာအရံထက်တောင် စွမ်းအားကြီးပိုကြီးတယ်လေ။ ဘယ်လိုများ လုရှောင်ယန်ကြောင့်ပျက်စီးသွားရတာလဲ? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? စနစ်၊ ထွက်လာခဲ့စမ်းပါ။"
[သတိပေးပါတယ် host၊ ခင်ဗျားသာ ကျုပ်ကိုထပ်ပြီးကျိန်ဆဲမယ်ဆိုရင် စနစ်မှာက ကိုယ်ပိုင်ဖျက်ဆီးဖို့ အခွင့်အရေးရှိပါတယ်]
"မင်း!"
ရှင်းယွင်မှာ ဒေါသထွက်လွန်း၍ သွေးပင်အန်လိုက်မိသည်။ စနစ်၏ ဆုများမှာ အင်မတန်ကောင်းမွန်လှသော အချက်ကြောင့်သာမဟုတ်ပါလျှင် ၎င်းနှင့် ချိတ်ဆက်မှုအား ဖျက်လိုက်မည်ပင်။
မတတ်နိုင်ပါချေ။ သူဟာ ဘာပဲဖြစ်နေနေ ဆုံးဖြတ်ချက်အတိုင်းသာ လုပ်ဆောင်ရချေတော့မည်။
အသက်ပြင်းပြင်းရှူပြီးနောက်တွင် သူဟာအံကိုကြိတ်လျက်ဆိုလိုက်၏။
"ငါယုံပါတယ်! ယုံပါတယ်ကွာ! ဒါဆိုငါ့ကိုမြန်မြန်ပြောပါဦး၊ ရွှေရောင်အကာအရံကဘာဖြစ်သွားတာလဲ?"
[ဒါကရှင်းပါတယ်။ ပြောရရင် ကျွန်တော်အခုမှ ပြန်ယူထားတာ။ ခင်ဗျားက ပြည့်စုံတဲ့အဆင့်ထိ မကျင့်ကြံရသေးဘူးလေ။ ခင်ဗျားကပဲ ကျင့်စဉ်ကို ပြည့်စုံတဲ့အဆင့်ထိမကျင့်ကြံနိုင်ဘဲနဲ့ ခင်ဗျားအပြစ်အတွက်နဲ့ ကျုပ်ကို အပြစ်တင်နေတာလား? ဒါက ခင်ဗျားအမှားပဲလေ!]
ရှင်းယွင်၏အဆီရစ်နေသော မျက်နှာကြီးမှာ ရှုံ့တွန့်သွားသည်။
မှန်ပါသည်၊ စနစ်မှာ မှန်ပါသည်။ ထိုမှသာ သူဟာ ရွှေရောင်အလင်းအကာအရံအား ပြည့်စုံအဆင့်ထိမကျင့်ကြံရသေးကြောင်းသတိရသွား၏။
သူ၏ကျင့်ကြံဆင့်မှာ ပြည့်စုံသည့်အမတအဆင့်ဖြစ်ပါသော်လည်း လုရှောင်ယန်မှာ အဆင့်ပိုမြင့်သူများအား တိုက်ခိုက်နိုင်နေဆဲပင်။
ထိုသည်ထက် လုရှောင်ယန်ထံတွင် အင်မတန်မူမမှန်လှသော အရာများလည်းရှိနေသေးသည်။ ထိုသည်က သူ၏လက်နက်များမှာ အင်မတန်စွမ်းအားကြီးနေခြင်းပါပင်။
မွေးဖွားခြင်းမူလရတနာနှင့်အတူ သူ့အတွက် ရွှေရောင်အလင်းအကာအရံအား ရင်ဆိုင်ရန်မှာ အင်မတန်ကိုပင် လွယ်လွန်းလှချေမည်မှာ ရှင်းပါသည်။
ခွပ်! ခွပ်!
ထိုအခိုက်၌ ရွှေရောင်အလင်းအကာအရံထက်ရှိအက်ကြောင်းများမှာ ပိုမိုအားကောင်းသထက် အားကောင်းလာခဲ့၏။
ရွှေရောင်ဗုဒ္ဓမှာ အံကိုကြိတ်လျက် လက်တွင်းမှ ဗုဒ္ဓအလင်းတိုင်အား ယမ်းလျက် ဟစ်ကြွေးလိုက်တော့သသည်။
"မဟာကောင်းကင်နဂါး! လောကအရှင်ကေရှတိဂါဘ! ပရာယနဗုဒ္ဓ! ပရာယနဘကွန်း!"
ထိုအခိုက်၌ သူဟာခုခံရန် လက်လျှော့ကာ လုရှောင်ယန်အား တိုက်ရိုက်တိုက်ခိုက်လိုက်၏။
တစ်ခဏအကြာ၌ တိုက်ခိုက်မှုနှစ်ခုမှာ ထိခတ်သွားတော့သည်။
ထိုအချိန်တွင် မည်သို့သော အသံမှရှိမနေပါချေ။ အကြောင်းမှာ ပေါက်ကွဲမှုအလင်းနှင့် သက်ရောက်မှုလှိုင်း၏အမြန်နှုန်းတို့မှာ အင်မတန်မြန်လှကာ အသံ၏ပို့ဆောင်ချက်ကိုပင် ကျော်လွန်နေခြင်းကြောင့်ပင်။
ကောင်းကင်တစ်ခုလုံးဆီသို့ တိုးထွက်လာကာ ပြည့်လျှံမသွားခင်တွင် အားလုံးမှာ အဖြူရောင်အစက်တစ်စက်ကိုသာ မြင်လိုက်ကြရသည်။ ထို့နောက်တွင် လောကရှိအရာအားလုံးမှာ ထိုအဖြူရောင်အလင်းနှင့် လွှမ်းခြုံသွားတော့သည်။ နတ်ဘုရားဧကရာဇ်တို့၏ ဦးခေါင်းများမှာ အသံမြည်နေကြကာ ၎င်းတို့၏စိတ်ခွန်အားသည်ပင် နှောင့်ယှက်ခံလိုက်ရ၏။ ၎င်းတို့၏စိတ်ခွန်အားမှာ ပျံ့နှံ့သွားကြကာ နတ်ဝိဉာဉ်စွမ်းအား အကာအကွယ်တွင်သာ ပုန်းကွယ်နိုင်ကြတော့၏။
ထိုအခြေအနေမှာ စက္ကန့်ပေါင်းဒါဇင်ချီမျှကြာညောင်းကာ ခပ်ဖြည်းဖြည်းချင်း ပျောက်ကွယ်လာ၏။ လူတိုင်းမှာ မျက်လုံးများဖွင့်လိုက်ကာ ကွင်းပြင်ထက်ရှိ လူနှစ်ယောက်အား ကြည့်လိုက်ကြသည်။ ၎င်းတို့မှာ မနေနိုင်ဘဲ ပုခုံးတွန့်လိုက်၏။
ထိုအခိုက်တွင် ဟင်းလင်းပြင်အကာအရံမှာ လုံးဝအက်ကွဲသွားကာ ပြန်လည်ကောင်းမွန်ရန် အချိန်များစွာယူနေတော့။ ဒုတိယနယ်ပယ်ဟင်းလင်းပြင်အကာအရံသည်ပင် အက်ကွဲသွားခဲ့သည်။ ကြောက်မက်ဖွယ်ရောင်ဝါများထုတ်လွှတ်နေခဲ့ကြသော ဖြစ်တည်မှုအချို့မှာ ၎င်းတို့၏ရောင်ဝါများအား ဆက်လက်ထုတ်လွှတ်နေကာ လောကအပြင်ဘက်အား စူးစမ်းလိုနေကြ၏။
ထိုအခိုက်တွင် လုရှောင်ယန်နှင့် ရှင်းယွင်နှစ်ဦးစလုံးမှာ ထိခိုက်သွားကြ၏။
ရှင်းယွင်၏လက်တစ်ဘက်ပြတ်သွားကာ သူ၏ပုခုံးတစ်ဝက်သည်ပင် လုရှောင်ယန်ထံ၌ အဖြတ်ခံလိုက်ရ၏။
လုရှောင်ယန်မှာအဆင်ပြေပါ၏။ သူ၏ရင်ဘတ်၌သာ ရွှေရောင်သွေးများဖြင့် စွန်းထင်နေခြင်းဖြစ်သည်။
၎င်းမှာ နှစ်ဘက်စလုံးမှာ နာကျင်ခံစားရသောအခြေအနေပါပင်!
သို့သော် ၎င်းတို့နှစ်ဦးစလုံးမှာ အမတများဖြစ်ကြ၏။ ၎င်းတို့၏ဒဏ်ရာများမှာ မြန်မြန်ဆန်ဆန်ပင် ပြန်ကောင်းသွားသည်။ ၎င်းတို့မှာ ကျင့်စဉ်များကိုသာ လှည့်ပတ်ရန်လိုအပ်ကြ၏!
အဇူရာသက်ရှည်အနုပညာမှာ လှည့်ပတ်လိုက်၏။ လုရှောင်ယန်၏နောက်မှ ရွေရောင်ပုံရိပ်တစ်ခုတိုးထွက်လာကာ ချက်ချင်းပင် ဒဏ်ရာများအား ကုသပေးလိုက်သည်။
သို့သော် ရှင်းယွင်၏ပြန်လည်ကောင်းမွန်နှုန်းမှာ ထိုမျှလောက် မမြန်ပါချေ။
သူ၏ချက်ချင်းအော်ဟစ်လိုက်၏။
"မင်းတို့ကောင်တွေဘာလုပ်နေတာလဲ? ငါ့ကိုလာကူကြလေ!"
ဒေါသသံနှင့်အတူ အမတနှင့် စိတ်ဝိဉာဉ်တောင်ဗုဒ္ဓစွမ်းအားတို့ စုဝေးနေသော အခြားပုံရိပ်ဆယ်ခုမှာ အလျင်အမြန်ရှေ့သို့လှမ်းလာကြ၏။
သို့သော် လုရှောင်ယန်၏ ကိုယ်ပွားများမှာ မရူးမိုက်ဘဲ ၎င်းတို့နီးကပ်လာခြင်းမှရပ်တန့်လိုက်၏။ သူဟာ ၎င်းတို့အား အလွတ်မပေးဘဲ အသေအချာကို စောင့်ကြည့်နေလိုက်၏။
ရှင်းယွင်မှာ တံထွေး,ထွေးလိုက်ကာ သူ၏မျက်နှာတွင် ဆန္ဒကင်းမဲ့မှု ဒေါသတို့ဖြင့် ပြည့်နှက်နေသည်။
ယခုတွင် သူဟာ မဟာစွမ်းအားကောင်းကင်နဂါးအားအသုံးပြုလိုက်ချိန်၌ ထပ်မံ၍ ကံဆိုးသွားပြန်သည်။ သူ၏မဟာစွမ်းအားကောင်းကင်နဂါးအား အောင်အောင်မြင်မြင်သုံးနိုင်လုနီးပါးပင်ဖြစ်၏။ အဆုံးတွင် ထိုအခိုက်၌ လုရှောင်ယန်မှာ နောက်ထပ် မွေးဖွားခြင်းမူလရတနာအားထုတ်ယူကာ သူ၏ရွှေခေါင်းလောင်းအကာအရံထက်တွင် ပြင်းစွာ ရိုက်ခတ်လျက် ချက်ချင်းဖျက်ဆီးလိုက်၏။
ရလာဒ်အနေနှင့် သူဟာ မဟာစွမ်းအားကောင်းကင်နဂါးတစ်ဝက်နှင့်အတူ တိုက်ခိုက်ရန် တွန်းအားပေးလိုက်သည်။
သေစမ်း၊ သူတို့ပြောတော့ မြင်းနက်ရဲ့ ကံကောင်းမှုကိုရူလိုက်တာနဲ့ ကောင်းကောင်းလုပ်ဆောင်နိုင်ပြီး လမ်းလျှောက်နေရင်းတောင် ငွေတွေကောက်ရနိုင်တယ်ဆို?
ဘာလို့ မြင်းနက်ရဲ့ကံကောင်းမှုကို စုပ်ယူပြီးနောက်မှာမှ သူ့ကံက ပိုဆိုးလာရတာလဲ?
"စနစ်၊ ဘာတွေဖြစ်နေတာလဲ? တစ်ခုခုများမှားနေတာလား? ဘာလို့ ငါ့ရဲ့ကံကောင်းမှုက မကြာသေးခင်ကပဲ လျော့လာတယ်လို့ ခံစားနေရတာလဲ?"
[တကယ်ကိုပဲ၊ အနီးအနားက ကျွန်တော့ကိုတိုက်ခိုက်နေတဲ့ တစ်ယောက်ယောက်ကြောင့်ပေါ့]
"မင်းကိုတိုက်ခိုက်တယ်? မင်းကိုတိုက်ခိုက်နိုင်တဲ့ ထူးခြားတဲ့လူရှိသေးတာလား? မင်းကကံကောင်းမှုမဟုတ်ဘူးလား? ကံလေ! လောကရဲ့ အမှန်တရားတွေပါဝင်နေတဲ့ ဖြစ်တည်မှုတစ်ခုလေ!"
"မင်းအခုတိုက်ခိုက်ခံနေရတယ်လို့ ပြောချင်တာလား?"
[အမှန်ပဲ၊ ဒါကတကယ့်ကိစ္စပဲ။ ကံကောင်းမှုကိုတိုက်ခိုက်ဖို့က အရမ်းလွယ်ပါတယ်။ ဒါကကျွန်တော် ခင်ဗျားနဲ့လုံးဝချိတ်ဆက်လိုက်လို့ပဲ။ ဒါကြောင့် တစ်ဖက်လူက ကျုပ်ကိုတိုက်ခိုက်ချင်နေရင် ခင်ဗျားကိုပဲတိုက်ခိုက်ရမှာပေါ့]
"ဒါဆို ဘယ်သူကမင်းကိုအတိအကျတိုက်ခိုက်နေရတာလဲ?"
[လူတွေကအရမ်းများလွန်းနေတယ်၊ ဒါကြောင့် သေချာမဆုံးဖြတ်နိုင်သေးဘူး၊ ဒါပေမယ့် အပြင်ဘက်က အုပ်စုဖြစ်ဖို့များတယ်]
ရှင်းယွင်၏မျက်လုံးများ ကျဉ်းမြောင်းလို့သွား၏။
သူသတိထားခဲ့သည်မှာ နတ်ဘုရားဧကရာဇ်အုပ်စုမှလွဲလျှင် မည်သူကမှ သူ့အတွက် အားပေးနေမည်မဟုတ်ချေ။
မူလက ရှင်းယွင်မှာထိုသို့တွေးခဲ့၏။ သို့သော် လုရှောင်ယန်၏တပည့်များက သူ့အား အားပေးနေသည်ကိုတွေ့လိုက်၏။
မကောင်းတာတစ်ခုခုတော့ဖြစ်နေပြီ!
သူဟာ လုရှောင်ယန်အားရင်ဆိုင်နေချိန်တွင် လုရှောင်ယန်၏ တပည့်များက သူ့ကိုအားပေးရန်မှာ မဖြစ်နိုင်ပါချေ။
တစ်ခုခုတော့မှားနေပြီ။
တကယ်ကို တစ်ခုခုတော့မှားနေပြီ။
သူဟာနှာခေါင်းရှုံ့လျက် သူ၏လက်တွင်းမှ ဆုတောင်းပုတီးစေ့များအား ပစ်လွှတ်လိုက်၏။
ဆုတောင်းပုတီးစေ့များမှာ ချက်ချင်းပင် ယွင်လီကောနှင့်အခြားလူများထံသွားရာလမ်း၌ နဂါးကြီးအသွင်ပြောင်းသွားတော့သည်။
"ဗုဒ္ဓဂိုဏ်းရဲ့ကောင်းကင်နဂါးရှစ်ကောင်ကျင့်စဉ်ပဲ! သတိထားကြ၊ ဒီကျင့်စဉ်က ဓမ္မရတနာကို ကောင်းကင်နဂါးအသွင်ပြောင်းနိုင်တယ်။ သူ့ရဲ့စွမ်းအားက အဆုံးမဲ့ပြီး အမတတစ်ယောက်ထက်လုံးဝမနိမ့်ကျဘူး?"
ကောင်းကင်နဂါးမှာ မနေနိုင်ဘဲ ဟိန်းဟောက်လိုက်၏။
ယွင်လီကောမှာ နှာမှုတ်လျက် တစ်ဖက်လူအား တိုက်ရိုက်ပင် ကြိုဆိုလိုက်တော့သည်။
"အချိန်ကိုက်ပဲ!"
သူ၏ကောင်းကင်နဂါးရှစ်ကောင်လမ်းစဉ်မှာ ယွင်လီကော၏တားဆီးခြင်းအား ခံလိုက်ရသည်ကို မြင်သော် ရှင်းယွင်မှာ အရမ်းကြီး ဒေါသဖြစ်မသွားပါချေ။
အကြောင်းမှာ လူတိုင်းက သူ၏တိုက်ကွက်ကြောင့် ထိခိုက်သွားပြီးနောက်တွင် စကားသံများရပ်တန့်လိုက်ခြင်းကို သတိထားသွားမိသောကြောင့်ပင်!
ထိုသည်ကလုံလောက်သည်။
သူ၏ဒဏ်ရာများမှာ ပြန်လည်ကောင်းမွန်လာပြီးဖြစ်၏။
"လုရှောင်ယန်၊ ဆက်သွားကြတာပေါ့!"
သူဟာ ငြင်သာစွာအော်ဟစ်လျက် လုရှောင်ယန်အား ထပ်မံတိုက်ခိုက်ရန် ကြိုးစားလိုက်သည်။
လုရှောင်ယန်မှာလည်း သူ့အား သတိဖြင့်ကြည့်လိုက်၏။ သူ၏ကိုယ်တွင်းရှိ နတ်ဝိဉာဉ်စွမ်းအားမှာ အရူးအမူးလှည့်ပတ်နေတော့သည်!
သို့ရာတွင်!
ထိုအခိုက်၌ အမှတ်တမဲ့တစ်ခု ရုတ်တရတ်ဖြစ်သွားသည်။
ကောင်းကင်တွင် ရွှေရောင်ဟင်းလင်းပြင်ဂိတ်ဝမှာ မူလအက်ကွဲနေသော ဗလာနယ်မှ ပွင့်လာသောကြောင့်ပင်!
အားလုံး၏နှလုံးအိမ်များမှာ ချက်ချင်းတုန်ရီလာကြတော့သည်။
၎င်းတို့၏ အမူအရာများမှာ ဆိုးရွားစွာပြောင်းလဲသွားကြ၏။
အက်ကွဲဗလာနယ်တွင် ဟင်းလင်းပြင်ခုန်ခြင်းအား အသုံးပြုရန် တင်းတင်းကြပ်ကြပ်တားမြစ်ထားကြောင်း သိရသည်။
အကြောင်းမှာ လူတစ်ယောက်၏တည်နေရာအား ဆုံးဖြတ်ရန် မလွယ်ကူသောကြောင့်ပင်။ ဤသည်မှာ လူတစ်ယောက်က မိမိနှင့်မရင်းနှီးသော နေရာတစ်ခုအား နေရာရွေ့ပြောင်းသည်နှင့် အင်မတန်တူညီလှသည်။
တစ်မျိုးဆိုရလျှင် လူတစ်ယောက်မှာ ကောင်းမွန်သည့်တည်နေရာသို့ ပို့ခံရသည်အား တပ်အပ်ပြောနိုင်ပါလျှင်တောင် လုံခြုံသောဟင်းလင်းပြင်နေရာပြောင်းရွှေ့ခြင်း ဥမင်အား မတည်ဆောက်နိုင်သေးခြင်းပင်။
တစ်စုံတရာမှားယွင်းသွားသည်နှင့် အသက်အန္တရာယ်ရှိလာမည်ဖြစ်၏!
တစ်ဖက်လူမှာ ထိုအခြေအနေအား ဆန့်ကျင်လျက် ထိုဗလာနယ်ထဲ၌ နေရာပြောင်းရွှေ့ဥမင်အား အတင်းအကြပ်တည်ဆောက်ခဲ့သည်ပင်။
ဖြစ်နိုင်ချေတစ်ခုမှာ တစ်ဖက်လူသည် ဤနေရာ၌ မကြာခဏနေရာရွှေ့ပြောင်းသည်ပင်။
ဖြစ်နိုင်ချေနောက်ထပ်တစ်ခုမှာ တစ်ဖက်လူ၏ စွမ်းအားသည် အင်မတန်အားကောင်းလှသောကြောင့် ၎င်းတို့၏စိတ်ကူးကိုပင်ကျော်လွန်နေလောက်သည်။ ရလာဒ်အနေဖြင့် တစ်ဖက်လူမှာ ဗလာနယ်ထဲ၌ အက်ကွဲဗလာနယ်အကာအရံနှင့်အတူ ညှိနှိုင်းချက်များကိုရှာတွေ့သွားကာ ဤနေရာသို့ရောက်ရှိရန် ဟင်းလင်းပြင်ဥမင်အား လုံခြုံစွာ တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်ရမည်။
ဘယ်သူများလဲ?
ဘယ်သူများလုပ်ခဲ့တာလဲ?
တစ်ခဏအကြာ၌ လူတိုင်း၏နှလုံးသားများအား ပြုတ်ထွက်လုမတတ်ဖြစ်စေသော အရှိန်အဝါမှာ တဖြည်းဖြည်း ထိုဗလာနယ်ဥမင်မှ လှမ်းထွက်လာ၏။
"စွမ်းအားကြီးချက်ပဲ!"
ရှင်းယွင်၏နှလုံးအိမ်မှာတုန်ရီသွား၏။
သူ၏အမတထိပ်ဆုံးအဆင့်နှင့်ဆိုပါလျှင်တောင် ထိုလူအရှေ့၌ ပုရွက်ဆိတ်ငယ်လေးတစ်ကောင်မျှသာခံစားနေရသည်။
ဒါကအရမ်းကြောက်ဖို့ကောင်းမနေဘူးလား?
တစ်ဖက်လူ၏ကျင့်ကြံဆင့်မှာ ကောင်းကင်အမတအဆင့်ကိုပင် ကျော်လွန်နေလောက်သည်!
တစ်ခဏအကြာ၌ သန့်စင်သောအဖြူရောင်ပုံရိပ်မှာ ထိုဗလာနယ်ဥမင်မှ ခပ်ဖြည်းဖြည်းထွက်လာတော့သည်။
ထို အခြားလောကဆန်ဆန်ရောင်ဝါတွင် အမတအရှိန်အဝါ၊ ဂုဏ်အသရေတို့ဖြင့် ပြည့်နှက်နေကာ လူတိုင်းအား သူ၏ကိုယ်ကိုပင် မကြည့်ဝံ့နိုင်လောက်အောင် ဖြစ်စေ၏!
"စွမ်းအားကြီးလိုက်တဲ့ဖြစ်တည်မှု!"
အားလုံးမှာ မနေနိုင်ဘဲ တံတွေးမြိုချလိုက်ကာ ကြောက်ရွံ့နေကြတော့၏!
လုရှောင်ယန်သည်ပင် ခြိမ်းခြောက်မှုကြီးကြီးမားမားခံစားလိုက်ရသည်။ သူ၏တစ်ကိုယ်လုံးရှိအမွေးများမှာ ကူကယ်ရာမဲ့စွာ တစ်ဆုံးထောင်ထသွားသည်။
ထိုသည်မှာ သူ့ခန္ဓာ၏ ထင်ရှားသောတုံ့ပြန်မှုပင်။ သူဟာ တစ်ဖက်လူအားကြောက်ရွံ့နေသည်ဟုခံစားရသည်။
"သေစမ်း၊ ဒါက နည်းနည်းလေးအရမ်းခံစားလို့ကောင်းနေတယ်။"
လုရှောင်ယန်မှာ မထိန်းနိုင်ဘဲ ဆဲရေးလိုက်၏။
ထိုလူအိုကြီးမှာ ရိုက်ကွင်းနောက်ရှိ အဆင့်၉၉၉ရှိ သခင်ကြီးပါပင်။ ဘာလို့ဒီမှာရှိနေတာလဲ?
မြေခွေးအိုကြီးပဲ။ အဲ့လူက သူ့ထက်တောင် ယုတ်မာနေသေးတယ်။
သေလိုက်ပါတော့!
တစ်ဖက်လူမှာ လုရှောင်ယန်အတွက် သီးသန့်လာခဲ့ပုံပါပင်။ သူ၏မျက်လုံးများမှာ လုရှောင်ယန်အား တိတိပပစိုက်ကြည့်နေလျက် လွမ်းဆွတ်နေမှုနှင့် ရူးသွပ်မှုအရိပ်အယောင်ကိုထုတ်ပြနေသည်။
ထိုသည်က လုရှောင်ယန်အား နှလုံးခုန်သံတစ်ချက်ချော်သွားစေသည်။
ဒီလို နှာဘူးအိုကြီးရဲ့ အကြည့်ကဘာကြီးလဲ?
ဒီလူကများ...
ဒီလူကများ သူ့ကိုတစ်ခုခု လုပ်ချင်နေတာလား?
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၉။ အပိုင်း ၄၂၃ တိုက်ပွဲအထွဋ်အထိပ်
လုရှောင်ယန် စကားမပြောနိုင်ခင်တွင် တစ်ဖက်လူမှာ ပြုံးလျက် ပြောလိုက်၏။
"ငါတို့နောက်ဆုံးတော့ တွေ့ကြပြီပေါ့။"
လုရှောင်ယန်မှာ မျက်ခုံးများအား အတန်ငယ်ပင့်မြှောက်လိုက်သည်။
"ခင်ဗျားက အဆင့်နိမ့်လောကမှာ အကြီးအကဲထျန်းကျီကို သတ်ခဲ့တဲ့လူလား?"
တစ်ဖက်လူမှာ ပြုံးလိုက်သည်။
"အမှန်ပဲလေ။ ငါက နတ်မိမယ်ပိရှောင်းကိုသတ်ခဲ့တဲ့လူပဲ။ ဒါပေမယ့် သူမက သူတော်စင်တစ်ပါးရဲ့ အသွေးထဲအထိရိုက်နှက်တာကိုခံခဲ့ရပြီး အတော်ကြာကြာတည်းကသေသွားပြီလို့ ယူဆရမှာပေါ့။ ဒါပေမယ့် သူတော်စင်ထုံထျန်းက ကောင်းကင်ဘုံကိုအံတုပြီး သူ့ရဲ့ကံကြမ္မာကိုပြောင်းလဲချင်တယ်လေ။ ရလာဒ်ကတော့ သူကပဲ ပိရှောင်းကို သူမရဲ့သွေးနဲ့ဝိဉာဉ်ကိုသုံးပြီး အဆင့်နိမ့်လောကမှာ မင်းရဲ့တာအိုကာကွယ်သူအဖြစ်ဖန်တီးပေးခဲ့တယ်။"
"သူမက ငါ့ရဲ့အသတ်ကိုခံလိုက်ရမှတော့ ဒါကသူမရဲ့ကံကြမ္မာပဲလေ။"
လုရှောင်ယန်၏မျက်လုံးများကအေးစက်သွားကာ တစ်ဖက်လူအား ပိုမိုပင်ကြောက်ရွံ့လို့လာချေ၏။
တစ်ဖက်လူမှာ အကြီးအကဲထျန်းကျီ၏ပုံစံအမှန်အား ချက်ချင်းပင် ပြောနိုင်လေသည်။ ထိုသည်မှာ ထိုလူ၏ပုံစံအမှန်က သာမန်မဟုတ်ဟန်ပေါ်ချေ၏။ ထိုလူ၏ကျင့်ကြံဆင့်နှင့်ပါဆိုရင် သူဟာ အသေအချာကို စွမ်းအားကြီးသောနှာဘူးအိုကြီးဖြစ်၏!
ဒါကစည်းမျည်းတွေနဲ့ နည်းနည်းဆန့်ကျင်မနေဘူးလား?
၎င်းမှာ ရိုးရိုး hackမျိုးမဟုတ်တော့ပါချေ။ ထိုသည်အား နယ်ပယ်လျော့ချခြင်းတိုက်ခိုက်မှုဟု မှတ်ယူနိုင်သည်။
ကောင်းကင်တာအိုမှာ သူ့အား မထိန်းချုပ်နိုင်ပါချေ။
အသက်ပြင်းပြင်းရှူလိုက်ပြီးနောက်တွင် လုရှောင်ယန်မှာစကားဆက်လိုက်၏။
"ခင်ဗျားကဘာေ-ာက်ကောင်လဲ?"
လူအိုကြီးမှာ သူ၏အပြုံးအား ထိန်းသိမ်းထားဆဲပင်။
"မင်းမသိဘူးလား၊ ငါ့လိုမျိုးဉာဏ်ကြီးရှင်တစ်ယောက်ကသာ မင်းရှေ့မှာ ပုံစံအစစ်ကိုထုတ်ပြရင် သေချာပေါက်သေမယ်ဆိုတာကိုလေ?"
"အကောင်းဆုံးလုပ်ရမှာက ကိစ္စတုံးပြီး မင်းကိုသေချာပေါက်သတ်ဖို့ပဲ!"
လုရှောင်ယန် : "..."
ထိုလူအိုကြီးမှာစွမ်းအားကြီးရုံမျှမက ပုံစံအမှန်ကပင် အင်မတန်ကောင်းမွန်နေ၏။ ထိုသည်မှာ ထိုလူက အတော်ယုတ်မာသူဟုပင် ဆိုနိုင်သည်။
သူ့ထံ၌ နောက်ခံအစီအစဉ်ရှိနေသည့်အချက်ကြောင့်သာမဟုတ်ပါလျှင် ယနေ့ သူဟာသေသွားလိမ့်မည်ပင်။
ထိုအခိုက်တွင် ရှင်းယွင်မှာ အင်မတန်ကြောက်ရွံ့မှုအား ခံစားလိုက်ရသည်။ သူဟာ လုရှောင်ယန်အား လုံးဝမသတ်နိုင်သည်အား သိခဲ့သည်ပင်။
ထိုသည်မှာ သူဆက်လက် ပါဝင်ဖို့မသင့်တော့သည့် တိုက်ပွဲအဆင့်ထိပင်ရောက်သွားချေပြီ။
သူဟာ သူ၏အကြည့်အားတစ်ဘက်သို့ပို့လိုက်၏။ နတ်ဘုရားဧကရာဇ်ဆယ်ဦးမှာ လုရှောင်ယန်၏ကိုယ်ပွားများကြောင့် အများစုပင်အသတ်ခံရပြီးဖြစ်သည်။ တစ်ယောက်နှစ်ယောက်သာကျန်တော့၏။ ၎င်းတို့အတွက် ရှင်သန်ဖို့ရန်မှာ မဖြစ်နိုင်တော့ချေ။
သူ၏ဗုဒ္ဓအလင်းပုတီးစေ့မှာမူ ဗုဒ္ဓကောင်းကင်နဂါးအသွင်ပြောင်းလဲလျက် ယွင်လီကောနှင့် တိုက်ခိုက်နေဆဲပင်။
သူဟာထပ်မံ မနေနိုင်တော့ပါချေ။
အသက်ပြင်းပြင်းရှူလျက် ချက်ချင်းပင် ဆံဖြူမုတ်ဆိတ်နှင့် အဘိုးအိုထံသို့ လက်နှစ်ဘက်ဆုပ်ကာ အရိုအသေပေးလိုက်၏။
"စီနီယာကြီး၊ လုရှောင်ယန်က ခင်ဗျားရဲ့သားကောင်မှန်းမသိခဲ့လို့ပါ။ ကျုပ်အနေနဲ့ ကိုယ့်ကိုယ်ကိုအထင်ကြီးလွန်ပြီး ခင်ဗျားရဲ့သားကောင်ကို လုယူခဲ့မိတာ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ၊ စီနီယာ။"
"ကျုပ်အခုသွားတော့မယ်။ စီနီယာ၊ ခင်ဗျားသာ အနာဂတ်မှာ အားလပ်ရင် ကျုပ်တို့စိတ်ဝိဉာဉ်တောင်မှာ ဘယ်အချိန်မဆို လာကစားဖို့အတွက် ကြိုဆိုနေပါ့မယ်။ ကျုပ်ခင်ဗျားကို ကောင်းကောင်းဆက်ဆံပေးမှာပါ။"
စကားဆုံးသည်နှင့် သူဟာတစ်ဖက်လှည့်ကာပြေးလိုက်၏။ သူဟာချက်ချင်းပင် ဗလာနယ်အား အက်ကွဲစေလျက် ဗလာနယ်ထဲသို့ ထွက်ပြေးရန် ဗုဒ္ဓအလင်းကိုအသုံးပြုလိုက်သည်။
အဘိုးအိုမှာ သူ့အားကြည့်ပင်မကြည့်ဘဲ ဗလာနယ်အား သာမန်ကာလျှံကာလေးပင် ဆွဲယူလိုက်၏။
ခွပ်! ခွပ်!
ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုမှာ လူတစ်ယောက်၏နှလုံးအား ပြုတ်လုမတတ်ဖြစ်စေ၍ ကောင်းကင်ယံတိုင် ထိုးထွက်နေ၏။ ၎င်းမှာ ချက်ချင်းပင် ဗလာနယ်၏ နေရာကြီးကြီးမားမားအား အက်ကွဲစေကာ မြင့်မြတ်သောဗုဒ္ဓရှင်းယွင်အား လည်ပင်းမှ ဖမ်းဆုပ်လိုက်သည်!
လူတိုင်းမှာ ကြောင်အသွားလျက် ထိုကြောက်မက်ဖွယ်မြင်ကွင်းအား မယုံကြည်နိုင်ဖွယ်ငေးကြည့်နေကြသည်!
ဒါဟာသများလား?
ထိုရှင်းယွင်မှာ ဗလာနယ်ထဲသို့ ထွက်ပြေးပြီးဖြစ်သည်။ ထို့အပြင် သူ၏အရှိန်နှင့်ဆိုလျှင် တစ်ခဏအတွင်း၌ ကီလိုမီတာပေါင်းသောင်းချီးအား သွားရောက်နိုင်သည်ပင်။
သို့သော် တစ်ဖက်လူမှာ ရှင်းယွင်အား သာမန်ကာလျှံကာလေးပင် ဖမ်းယူလိုက်နိုင်သည်။ ထိုစွမ်းအားပေါ်အခြေခံကြည့်ပါလျှင် လူတစ်ယောက်မှာ ထိုသူက မည်မျှစွမ်းအားကြီးသည်ကို ခန့်မှန်းနိုင်ပေလိမ့်မည်!
ထိုသည်မှာ မြင့်မြတ်သောဗုဒ္ဓရှင်းယွင်ကဲ့သို့သော အမတသည်ပင် ကြောက်ရွံ့ရသော ဖြစ်တည်မှုတဲ့လား?
ထိုအခိုက်၌ လူတိုင်းမှာ ကူကယ်ရာမဲ့သွားကြ၏။
၎င်းတို့မှာ မြင့်မြတ်သော ဗုဒ္ဓရှင်းယွင်ဖြစ်သွားသလိုပါပင်။
ထိုအခိုက်တွင် သူဟာ ဗုဒ္ဓဂိုဏ်း၏ ဘဝင်မြင့်သော အမတမြင့်မြတ်သောဗုဒ္ဓမဟုတ်တော့ပါချေ။ သူဟာ အခြားလူများစာနာနေကြသော အားနည်းသည့်ပုရွက်ဆိတ်လေးတစ်ကောင်သာဖြစ်၏။
မဟုတ်ဘူး!
ထိုအခိုက်၌ သူ့အားပုရွက်ဆိတ်နှင့်ပင် မယှဉ်နိုင်ပါချေ!
သူဟာ ပုရွက်ဆိတ်ငယ်ထက်ပင် နိမ့်ကျနေသေး၏!
တစ်ဖက်လူ၏လက်ကြီးမှာ ရှင်းယွင်၏လည်ပင်းအား တင်းတင်းကြပ်ကြပ်ဖမ်းဆုပ်ထားသည်မှာ သူ၏မျက်နှာအား နီရဲနေရာမှာ တဖြည်းဖြည်းချင်းစိမ်းလာသည်အထိပင်။ သူဟာ တစ်ဖက်လူ၏လက်ထဲ၌ရုန်းကန်နေဆဲဖြစ်ကာ မှိုကဲ့သို့ကြောက်ရွံ့နေ၏။
"စီနီယာ... စီနီယာ... ကျေးဇူးပြုပြီး ကျုပ်ကိုလွှတ်ပေးပါ... ကျုပ်... ကျုပ်... ကျုပ်ကဗုဒ္ဓဂိုဏ်းကပါ..."
ခွပ်!
စကားမဆုံးခင်တွင်ပင် တစ်ဖက်လူမှာ သူ၏လည်ပင်းအား ချိုးချလိုက်တော့၏။
မှန်ပါသည်၊ သူဟာ ရှင်းယွင်၏လည်ပင်းအား ချိုးလိုက်သည်ပင်!
"မင်းကငါ့ကို တကယ်ကြီးဗုဒ္ဓဂိုဏ်းနဲ့ ဖိအားပေးနိုင်မယ်ထင်နေတာလား?"
ထို့နောက်တွင် သူဟာရှင်းယွင်၏အလောင်းအား ပစ်ချလိုက်တော့သည်။ အစမှအဆုံးထိ သူဟာ တစ်ဖက်လူအား ကြည့်ပင်မကြည့်ပါချေ။
ရှင်းယွင်မှာ ချက်ချင်းအသက်ရှူရပ်သွားကာ ငါးသေတစ်ကောင်နှင့်ပင် မခြားတော့ပါချေ။
ထို့နောက်တွင် လူအိုကြီးမှာ ကောင်းကင်နဂါးအား ဗုဒ္ဓအလင်းပုတီးစေ့အသွင်ပြန်ပြောင်းလိုက်၏။ ထိုအခိုက်တွင် လုံကွမ်းမှာ ချက်ချင်းပင် ဆုတောင်းပုတီးစေ့များအား ဖမ်းရန် ရှေ့သို့ထွက်လာခဲ့သည်။
"ဟီးဟီးဟီး၊ ဆရာဦးလေး၊ ဒီဆုတောင်းပုတီးစေ့တွေက ဗုဒ္ဓဂိုဏ်းကပိုင်တာပါ။ သူတို့က ခင်ဗျားအတွက် အသုံးမဝင်ပါဘူး။ ကျွန်တော့ကိုပေးလိုက်ပါ။"
ယွင်လီကောမှာ တကယ်ကိုဂရုမစိုက်ပါချေ။ ပြောရလျှင် ထိုရတနာမှာ မွေးဖွားခြင်းဝိဉာဉ်ရတနာဖြစ်နေပါသော်လည်း လုံကွမ်းပြောသလိုပင် သူနှင့် မသင့်လျှော်ပါချေ။
ထပ်ပေါင်းဆိုရလျှင် သူ၏ယခင်ဘဝမှတ်ဉာဏ်များ နိုးထလာပြီးနောက်တွင် သူဟာ မွေးဖွားခြင်းဝိဉာဉ်ရတနာများအား စိတ်မဝင်စားတော့ပါချေ။
ထိုအခိုက်၌ သူ၏စွမ်းအင်အားလုံးအား လူအိုကြီးပေါ်၌သာ ဦးတည်ထား၏။
သူဟာတစ်ဖက်လူအား တိတိပပစိုက်ကြည့်လျက် ကျီဝူရှားနှင့် အခြားလူများထံ တီးတိုးပြောလိုက်သည်။
"မင်းတို့တွေ ဂရုစိုက်ကြ။ တခြားလူတွေကိုခေါ်ပြီး အရင်ဆုတ်ခွာကြတော့။ ဒီလူက သာမန်မဟုတ်ဘူး။ သူကရင်ဆိုင်ဖို့မလွယ်ဘူး!"
ကျီဝူရှား၏ဇာမဏီမျက်ဝန်းများမှာ အေးစက်နေသည်။
"ရှင် ထိန်းထားနိုင်လား?"
"ငါအဆင်ပြေမှာပါ။ ငါ့ရဲ့ကျင့်ကြံဆင့်ကလက်ရှိမှာ နတ်ဘုရားဧကရာဇ်တတိယအဆင့်ကိုရောက်နေပြီးတော့ ဆရာ့ကိုနည်းနည်းလောက်တော့ကူညီနိုင်တယ်။ ပြောရရင် မင်းက ဇာမဏီမျိူးနွယ်ရဲ့ မဖျက်ဆီးနိုင်သောခန္ဓာကို ပြန်မရသေးဘူးလေ! ပြီးတော့ တခြားလူတွေလည်း လုံးဝမလုပ်နိုင်ဘူး! ငါတို့သေသွားရင် ဆရာ့ရဲ့ကမ္ဘာငယ် ဒါမှမဟုတ် ရှန်းထီကျောက်ရှင်အမှတ်အသားကိုပဲ မှီခိုပြီး ရှင်သန်နိုင်မှာ။ အချိန်တွေအများကြီးဖြုန်းမိရင် ငါတို့အားလုံးရဲ့ စွမ်းအားတွေကို ထိခိုက်လာနိုင်တယ်။"
ကျီဝူရှားမှာ အံကိုကြိတ်လိုက်သည်။ ၎င်းအား သူမဆရာ၏သမိုင်းတွင် စွမ်းအားအကြီးဆုံးအခက်အခဲဟုပင် ဆိုနိုင်ချေ၏။ ကံမကောင်းစွာဖြင့် သူမဟာ ဆရာ၏တိုက်ခိုက်မှုအား မကူညီနိုင်ပါချေ။
သို့သော်သူမသာဆက်နေပါလျှင် ဆရာ့အား ဝန်ပိုစေမည်အား သိသည်ပင်။
အသက်ပြင်းစွာရှူပြီးနောက်တွင် သူမဟာ တခြားလူများအား ချက်ချင်းဦးဆောင်ကာ အလျင်အမြန် ပြန်ဆုတ်ခွာတော့၏။
မုတ်ဆိတ်ဖြူအမတမှာ မျက်ခုံးများအားအတန်ငယ်ပင့်လိုက်၏။ ရှင်းလင်းစွာပင် သူဟာ ကျီဝူရှားနှင့် အခြားခူများအား ထွက်သွားစေလိုသည့်ဆန္ဒမရှိပါချေ။
သူ၏လက်အား အနည်းငယ်မြှောက်လျက် ဝတ်ရုံထဲမှ ရွှေပဲစေ့အချို့အား ပစ်လွှတ်လိုက်သည်။ ခဏအကြာတွင် ၎င်းတို့မှာ ကောင်းကင်အမတတပ်သားများအသွင်ပြောင်းလဲသွားကြတော့၏။
ကောင်းကင်တပ်သားများ ပေါ်လာသည်နှင့် ၎င်းတို့မှာ ကျီဝူရှားနှင့် အခြားလူများအား ပစ်မှတ်ထားလိုက်ကြသည်။
"သေစမ်း!"
လုရှောင်ယန်မှာ တံထွေးထွေးလျက် ချက်ချင်းပင် လီကောဆီသို့ အတုအပအမတဆေးလုံးတစ်လုံးပစ်ပေးလိုက်သည်။
"လီကော၊ ဒါကိုသုံး!"
"သိပါပြီ!"
ယွင်လီကောမှာ ချက်ချင်းမြိုချလိုက်ကာ သူ၏ကိုယ်တွင်းရှိအရှိန်အဝါမှာချက်ချင်း အမတအဆင့်သို့ တိုးတက်သွား၏။
ထို့နောက်တွင် လုရှောင်ယန်မှာ အမတသတ်ဓားလေးလက်နှင့် အစီအရင်မူကြမ်းတို့ကို ယွင်လီကောထံ လွှဲပေးလိုက်သည်။
အမတသတ်ဖြတ်ခြင်းဓားအစီအရင်အား ရရှိပြီးနောက်တွင် ယွင်လီကော၏ အရှိန်အဝါက တိုးပွားလာတော့၏။
မူလက ပြင်းထန်သောလူသတ်ရောင်ဝါရှိနေခဲ့သည့် ယွင်လီကောမှာ ထို အမတသတ်ဖြတ်ခြင်းဓားအစီအရင်ကိုရပြီးနောက်တွင် ခွန်အားက ကြီးမားစွာ တိုးလာသည်။ သူ၏လူသတ်ရောင်ဝါမှာ လောကတွင် ဖြစ်စဉ်တစ်ခုကိုပင် ဖြစ်ပွားစေခဲ့၏။ ကောင်းကင်ရှိ ကြယ်စင်အစုအဝေးမှာ ပျက်စီး၍ အမှောင်ထုဆီသို့ ကျရောက်သွားရုံမျှမက မဟူရာနှင့်သွေးနီရောင်တိမ်တိုက်များမှာလည်း ကောင်းကင်၌ တဖြည်းဖြည်းပေါ်ထွက်လာသည်။
ထို့နောက်တွင် ယွင်လီကောမှာ အမတသတ်ဖြတ်ခြင်းဓားအစီအရင်သုံးလျက် ပထမအဆင့်ကောင်းကင်အမတတပ်သားအား ဖမ်းချုပ်လိုက်တော့၏။
ထိုမှသာ လုရှောင်ယန်မှာ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်၏။ ကျီဝူရှားနှင့် အခြားလူများအသတ်မခံရသည်မှာသေချာလျှင် အဆင်ပြေပြီဖြစ်သည်။ မဟုတ်ပါက ၎င်းတို့ထပ်မံရှင်သန်ပြီးကျင့်ကြံရန် မည်မျှကြာမည်ကိုမသိနိုင်ပါချေ!
မုတ်ဆိတ်ဖြူအဘိုးအိုမှာမူ ယွင်လီကော၏ လုပ်ဆောင်ချက်အားမြင်သော် မထိန်းနိုင်ဘဲ အတန်ငယ်ထိတ်လန့်အံ့အားသင့်သွားသည်။
သို့သော်ငြား တစ်ခဏအကြာ၌ သူဟာစိတ်သက်သာသွား၏။
"ဒီသဘာဝဖြစ်စဉ်ကိုကြည့်ရရင် သုံးလောကရဲ့သမိုင်းတစ်လျှောက်လုံးမှာ နတ်ဆိုးဘိုးဘေးရာဟူးကပဲ အမတသတ်ဖြတ်ခြင်းဓားအစီအရင်ကို ဒီအဆင့်ထိရောက်အောင် ထုတ်ဖော်နိုင်တာ မဟုတ်လား?
ဒါပေမယ့် မင်းဖြစ်နေမှတော့ မင်းအနေနဲ့ နတ်ဆိုးဘိုးဘေးရာဟူးကို မင်းရဲ့တပည့်အဖြစ် လက်ခံဖို့က မထူးဆန်းတော့ပါဘူး။"
လုရှောင်ယန်၏နှလုံးအိမ်မှာ တုန်ရီသွားရသည်။ တစ်ဖက်လူက ယွင်လီကောရဲ့ပုံစံအမှန်ကိုသိနေတာလား?
လုရှောင်ယန်၏ အံ့အားသင့်မှုအား အာရုံခံမိဟန်ဖြင့် ထိုလူမှာ ထပ်မံပြုံးလိုက်သည်။
"ဒီလောက် လန့်သွားဖို့မလိုပါဘူးကွာ။ ရိုးရိုးသားသားပြောရရင် ငါ့ကို မြင်းနက်လို့ယူဆလို့ရပါတယ်။ ပြီးတော့ တာအိုဘိုးဘေးဟုန်ကျွင်းကိုလည်း မြင်းနက်အဖြစ်ယူဆလို့ရတယ်။"
"လောကမှာ လူတစ်ယောက်က မြင်းနက်ဖြစ်မနေရင် တစ်ခုခုဖြစ်မြောက်အောင်လုပ်ဖို့က တကယ်ကိုခက်ခဲလိမ့်မယ်။ မြင်းနက်တစ်ယောက်ရဲ့ ဖြစ်မြောက်နိုင်တဲ့ အတိုင်းအတာမျိုးက သူတို့ကံစွမ်းအားပေါ်မှာ မူတည်နေတယ်။"
"မြင်းနက်တိုင်းမှာ သူတို့ရဲ့ကိုယ်ပိုင်တာဝန်ရှိတယ်။ တာဝန်က အဆုံးကိုရောက်လာရင် အဲ့ဒီမြင်းနက်ရဲ့ ဆုတွေကလည်း အဲ့ဒီ့မှာပဲ ရပ်သွားပြီလို့ဆိုလိုတယ်။"
"မင်းနောက်ထပ် အဆင့်တက်ချင်ရင် တခြားမြင်းနက်တွေရဲ့ကံကောင်းမှုကို ဝါးမြိုရလိမ့်မယ်။ မဟုတ်ရင် မင်းဘယ်တော့မှအဆင့်တက်နိုင်မှာမဟုတ်ဘူး။"
"သူပြောသလိုပဲ သူကရှင်းယွင်ကိုယ်ကနေခွဲထွက်လာတဲ့ ကံကောင်းမှုစွမ်းအားကို နုတ်ယူပြီး သူ့ကိုယ်ထဲကိုစုပ်ယူခဲ့တယ်။"
လုရှောင်ယန်မှာ ထိုလူအားအသေအချာစိုက်ကြည့်လိုက်သည်။
"ကျုပ်မှာ သံသယတစ်ခုရှိတယ်။ ခင်ဗျားဒါကိုသိမှတော့ ဘာလို့တခြားမြင်းနက်တွေကို မစုပ်ယူရတာလဲ? ခင်ဗျားခွန်အားနဲ့ဆိုရင် တခြားမြင်းနက်တွေကို ဝါးမြိုဖို့က ပြဿနာမဟုတ်ဘူးလေ? ဘာလို့ကျုပ်ဆီကိုလာကြည့်နေရတာလဲ?"
ဆံဖြူအမတကြီးမှာ ဖျော့တော့စွာပြုံးလိုက်၏။
"ငါမင်းကို အချက်လက်တွေပေးအောင် သွေးဆောင်နေတာလား? ဒါပေမယ့် မင်းကိုပြောလည်းထိခိုက်စရာမရှိပါဘူး။ အဆင့်နိမ့်လောကနဲ့ နတ်ဘုရားလောက,ကမြင်းနက်တွေအားလုံးကို တာအိုဘိုးဘေးက မင်းကိုရှာဖို့အကြောင်းပြချက်လေးနဲ့ သူ့ရဲ့ကံကောင်းမှုတွေကိုခွဲပြီး ဖန်တီးခဲ့တာပဲ။"
"ငါ့အနေနဲ့ အဲ့ဒီမြင်းနက်တွေကို ဝါးမြိုလည်းအလကားပဲလေ။ ပထမဆုံး ငါ့ကို တာအိုဘိုးဘေးရှာတွေ့သွားနိုင်တယ်။ ဒုတိယအနေနဲ့ တာအိုဘိုးဘေးရှာမတွေ့သွားရင်တောင် ဒီမြင်းနက်အားလုံးကိုဝါးမြိုဖို့က ငါ့အတွက် အသုံးမဝင်ဆဲပဲ။ သူတို့က မူလတည်းက တာအိုဘိုးဘေးက သူ့ရဲ့ကံကောင်းမှုလေး တစ်စတစ်စစီကို ခွဲပြီးဖန်တီးခဲ့တာပဲလေ။ ငါသူတို့ကိုအားလုံးကို ဝါးမြိုလိုက်ရင် တာအိုဘိုးဘေးရဲ့ကံကောင်းမှုလေး တစ်စလောက်ကိုပဲ ဝါးမြိုနိုင်မှာပေါ့။"
"ငါ့ရဲ့ဒီဘဝအောင်မြင်မှုတွေက တာအိုဘိုးဘေးကို ဘယ်နည်းနဲ့မှာကျော်နိုင်မှာမဟုတ်ဘူး။ ငါသူတော်စင်ဖြစ်မလာနိုင်ဘူး။
"ဒါပေမယ့် မင်းကမတူဘူး!"
"မင်းက ပန်ဂုရဲ့ပြန်လည်ဝင်စားသူလေ။ ငါသာမင်းရဲ့ကံကောင်းမှုကို ဝါးမြိုနိုင်ရင် လောကမှာ ဘယ်သူကများငါ့ရဲ့ပြိုင်ဘက် ဖြစ်တော့မှာလဲ?"
"တာအိုဘိုးဘေးဟုန်ကျွင်းတောင်မှ ငါ့ရှေ့မှာဆို ပုရွက်ဆိတ်လေးသာသာပဲရှိတော့မှာ။ ဘာကိုကြောက်ရတော့မှာလဲ?"
"မင်း... သဘောမတူဘူးလား?"
လုရှောင်ယန်မှာ တစ်စက္ကန့်မျှ တိတ်ဆိတ်သွား၏။ တစ်ဖက်လူမှာ တိုက်ခိုက်ရန် ပြင်ဆင်ပြီးသည်ကိုမြင်သော် သူ၏နှလုံးအား မုန်တိုင်းတစ်ခုဝင်မွှေနေသလိုပင် ခံစားလိုက်ရပြီး အရူးအမူးခုန်လှုပ်နေတော့သည်။
သူဟာ ချက်ချင်းပင် လက်အားဆွဲဆန့်လိုက်၏။
"ခဏ၊ ခင်ဗျားနဲ့ကျုပ်မတိုက်ခိုက်ခင် ကျုပ်မှာ နောက်ဆုံးမေးခွန်းတစ်ခုရှိတယ်။"
တစ်ဖက်လူမှာ အတန်ငယ်ရပ်တန့်သွားပြီးမှ ခေါင်းငြိမ့်လိုက်၏။
"မေးပါ။"
"ကျုပ်မေးချင်မိတယ်။ ထုံထျန်းတောင်မှ ကျုပ်ရဲ့ပုံစံအမှန်ကိုမသိဘဲ ကျုပ်ကို သူဖန်တီးထားတဲ့ ပါရမီရှင်လို့ ထင်နေတာ။ ခင်ဗျားက ကျုပ်ကို ပန်ဂုရဲ့ပြန်ဝင်စားသူလို့ ဘယ်လိုများသတ်မှတ်လိုက်တာလဲ?"
တစ်ဖက်လူမှာ ပြုံးလိုက်သည်။
"စိတ်ဝင်စားစရာပဲ။ ဒါဆို မင်းကိုလျှို့ဝှက်ထားပေးထားမလား၊ လျှို့ဝှက်မပေးဘူးလားကို ဘာလို့ မခန့်မှန်းတာလဲ?"
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၉။ အပိုင်း ၄၂၄ မိတ်ဆွေဟောင်းများ၏တိုက်ပွဲ
"အဲ့လိုမဟုတ်ဘူးလို့တော့ ခန့်မှန်းမိပါတယ်။"
"မင်းသိတာကောင်းတယ်!"
စကားဆုံးသည်နှင့် တစ်ဖက်လူမှာ သူ၏အမတစွမ်းအား,အားလှည့်ပတ်လိုက်သည်။ စွမ်းအားကြီးအမတစွမ်းအားမှာ အနီးဝန်းကျင် ကီလိုမီတာ သောင်းချီအတွင်းရှိ နတ်ဝိဉာဉ်စွမ်းအားကိုပင် ရောထွေးသွားစေကာ ၎င်းအား သိပ်သည်းလာစေ၏။ ထိုသည်ကြောင့် လုရှောင်ယန်နှင့် ယွင်လီကောမှာ အနီးအနားရှိ နတ်ဝိဉာဉ်စွမ်းအား,အား လုံးဝစုပ်ယူနိုင်ခြင်းမရှိပါချေ။
ကံကောင်းစွာဖြင့် ဆရာနှင့်တပည့်နှစ်ဦးစလုံးမှာ အတုအပအမတဆေးလုံးအား သောက်သုံးထားခဲ့ပေသည်။ ထိုဆေးလုံး၏အထောက်အပံ့နှင့် နှစ်ဦးသားမှာ ထိုအချိန်အနည်းငယ်အတွင်း၌ စွမ်းအားမပျောက်ဆုံးသွားခဲ့ပါချေ။
ယွင်လီကောမှာ အမတသတ်ဖြတ်ခြင်းဓားအစီအရင်အား တစ်ဖက်၏ အမတများကိုခုခံရန် အသုံးပြုလိုက်သည်။
လုရှောင်ယန်မှာ သူ၏ကိုယ်ပွားအား တစ်ဖက်လူနှင့်ရင်ဆိုင်ရန် ခေါ်ယူလိုက်၏။
တစ်ခဏအတွင်းမှာပင် တစ်ဖက်လူ၏ အမတစွမ်းအားမှာ လုရှောင်ယန်ရှေ့မှောက်၌ ပျံ့နှံ့သွားတော့၏။
စွမ်းအားကြီးမှာ အသက်ရှူကျပ်လောက်အောင်ပင် စွမ်းအားကြီးမားလှချေသည်!
လုရှောင်ယန်မှာ သူ၏ဘဝ၌ရင်ဆိုင်ကြုံတွေ့ခဲ့ရသော ရန်သူများအကြားတွင် ထိုလူကသာ သူ့ထက် ကျင့်ကြံဆင့် အဆပေါင်းဒါဇင်ချီမျှကျော်လွန်နေသည့် တစ်ဦးတည်းသောလူဖြစ်သည်ပင်!
နှစ်ဘက်လုံး၏ အတိုက်အခိုက်စွမ်းအားမှာ လုံးဝကို အဆင့်မတူနေပါချေ။
တစ်ဖက်လူ၏စွမ်းအားမှာ သူ၏ရှေ့မှောက်သို့ ရောက်ရှိတော့မည်အားမြင်သော် လုရှောင်ယန်မှာ ချက်ချင်းပင် မနီးမဝေးသို့ ညွှန်ပြလိုက်၏။
"ကြည့်လိုက်ဦး! ခင်ဗျားနောက်မှာ တစ်ယောက်ယောက်ရှိနေတယ်!"
ထိုအမတမှာ ပြုံးလျက် ပူပန်နေခြင်းမရှိပါချေ။
"ဒီလိုမျိုး လှည့်ဖျားမှုလေးက ငါ့ပေါ်မှာအလုပ်ဖြစ်မယ်များထင်နေတာလား? ငါ့ရဲ့ကျင့်ကြံဆင့်က မင်းထက် အဆပေါင်းဒါဇင်ချီလောက် အားကောင်းတယ်။ မင်းငါ့ရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်ချင်ရင်တောင် ငါ့ဆီကနေ လွတ်မြောက်ဖို့က မဖြစ်နိုင်ဘူးလေ။ မင်းရဲ့စွမ်းအင်ကို မဖြုန်းတီးတာ ပိုကောင်းမယ်..."
သူ၏စကားမဆုံးခင်တွင်ပင် ခေါင်းထက်၌ လေးလံသော တိုက်ခတ်မှုတစ်ခုအား ခံစားလိုက်ရသည်။
ဘုန်း!
ပြင်းထန်သော ပေါက်ကွဲမှုနှင့်အတူ ထိုအမတကြီးမှာ ထိုရုတ်တရတ် အားကြီးဖြင့် ရိုက်ခတ်သွား၏။ သူဟာ ဥက္ကာပျံတစ်လုံးကဲ့သို့ပင် မြေပြင်သို့ပြင်းစွာ ထိရိုက်သွားပြီး မြေတွင်းကြီးတစ်တွင်းပင်ဖြစ်ပေါ်လာ၏။ တစ်ရာကီလိုမီတာအတွင်းရှိ မြေပြင်နှင့် တောင်တန်းများမှာ ပြိုလဲသွားကာ ကြီးမားသော အနက်ရောင်တွင်းတစ်တွင်းကြီးအဖြစ်သို့ နစ်ဝင်သွား၏။
လုရှောင်ယန်မှာ သက်ပြင်းတစ်ချက်ချလိုက်သည်။
"ကံကောင်းလို့ မင်းအချိန်မီရောက်သွားတာ။ မင်းသာနည်းနည်းလောက်ပိုနောက်ကျရင် ငါရှေးဟောင်းလောကကိုမသွားရဘဲ သေချာပေါက်ဒုက္ခရောက်မှာ။"
"ဝမ်းနည်းပါတယ်၊ ဒီကိုလာဖို့ ကျွန်မရဲ့ကျင့်ကြံဆင့်ကိုလုံလောက်အောင်လုပ်ရသေးတယ်။"
ရောက်ရှိလာသည့်လူမှာ နတ်မိမယ် ချုံရှောင်းဖြစ်ကာ နတ်မိမယ်သုံးဦးမှ တစ်ဦးဖြစ်သည်။
"မင်းရဲ့လက်ရှိကျင့်ကြံဆင့်က ဘယ်လောက်လ?"
"ရှင်အဆင်ပြေမယ်လို့ အာမခံပါတယ်။"
လုရှောင်ယန်မှာ ခေါင်းငြိမ့်လိုက်သည်။
"ကောင်းသားပဲ။"
သို့သော် သူဟာ ချုံရှောင်းအား လုံးဝမယုံကြည်ရဲသေးချေ။ ပြောရလျှင် ထိုမိန်းကလေးမှာ အင်မတန်ယုံကြည်ချက်ရှိနေလျှင် မည်သို့ဖြစ်မည်နည်း? သူမရှုံးသွားရင်ရော?
လုရှောင်ယန်မှာ လောင်းကစားလုပ်သည်အား နှစ်သက်သည့်လူမျိုးမဟုတ်ပါချေ။ သူဟာ အရံအစီအစဉ်ချထားရပေမည်။
"ကောင်းကင်တပ်သားတွေနဲ့ ရင်ဆိုင်နေတဲ့ ကျုပ်တပည့်ကို အရင်ဆုံးကူညီလိုက်မယ်။ ကျုပ်ခင်ဗျားကိုဒီမှာထားခဲ့မယ်။"
ချုံရှောင်းမှာ ရယ်ရမလား ငိုရမလားပင် မသိတော့ပါချေ။ ထိုဂိုဏ်းတူမောင်လေးမှာ သူမအား အတော်အခွင့်ကောင်းယူနေချေသည်။
သူဟာတစ်ဖက်လူအား အနိုင်မယူနိုင်သည်ကိုသိကာ သူမထံ၌လည်း အလောင်းအစားလုပ်ရန် ဆန္ဒမရှိတော့သောကြောင့် သူဟာ ထွက်ပြေးရန်ပြင်နေလေသည်။
သို့သော် သူမထံ၌ လေးလံသော တာဝန်ရှိနေ၏။ သူမဟာ လုရှောင်ယန်၏ တာအိုအစောင့်အရှောက်ပင်ဖြစ်ချေသည်။ သူဟာကောင်းစွာရှင်သန်နိုင်ပြီး ကျဲကျောင်းတော်အား ပြန်လည်ရှင်သန်စေနိုင်သည်နှင့် မည်သည်ကမျှ အရေးမပါတော့ပါချေ။
"ဆက်လုပ်"
လုရှောင်ယန်မှာ တစ်ဖက်လှည့်ကာ ထွက်သွားတော့၏။ မထွက်သွားခင်တွင် သူဟာ ရပ်တန့်၍ ထူးမခြားနားဆိုလိုက်သည်ာ
"ဂိုဏ်းတူအစ်မ၊ ဂရုစိုက်ပါ။"
လုရှောင်ယန်မှာ ထူးမခြားနားဆိုလျက် သူ၏နေရာမှ ခပ်မြန်မြန်ပင် ပျောက်ကွယ်သွားတော့သည်။
ချုံရှောင်း၏နှုတ်ခမ်းထောင့်များမှာကွေးတက်လာသည်။
"ဒီကောင်စုတ်လေးက ငါ့ကိုဂိုဏ်းတူအစ်မလို့ ရည်ညွှန်းရမှာကိုတော့ သိသေးသားပဲ။"
တစ်ခဏအကြာ၌ သန့်စင်သော အဖြူရောင်အလင်းမှာ မြေပြင်မှရုတ်တရတ်တိုးထွက်လာသည်။
ထိုသည်ကတစ်ဖက်လူမှာ မြေပြင်မှ တဖြည်းဖြည်းမြင့်တက်လာခြင်းပင်။ ရှင်းလင်းစွာဖြင့် သူဟာ ယခုတိုက်ကွက်ကြောင့် အတော်ဆိုးဆိုး ရိုက်နှက်ခံထားရသည်ပင်။ သူ၏ခေါင်းအနောက်ဘက်မှာလည်း သွေးထွက်နေဆဲပါပင်။ ထို့အပြင် သူ၏ကိုယ်ရှိ အမတစွမ်းအားမှာလည်း အတန်ငယ်ကမောက်ကမဖြစ်နေချေ၏။
၎င်းမှာ သူ၏ဝတ်ရုံများပင် အတန်ငယ်စုတ်ပြတ်နေသည်အထိပင်။
ချုံရှောင်းမှာ သူမ၏ဓားအား ဆွဲထုတ်လျက် အေးစက်စွာပြုံးလိုက်သည်။
"ကျန်းကျီယာ၊ မတွေ့ရတာကြာပြီနော်!"
မနီးမဝေးမှ အမတသတ်ဖြတ်ခြင်းဓားအစီအရင်အတွင်းသို့ ဝင်လုဆဲဆဲလုရှောင်ယန်မှာ ချက်ချင်းပင် ကူကယ်ရာမဲ့စွာ တုန်ရီသွား၏။
ကျန်းကျီယာ!
ထိုဉာဏ်ကြီးရှင်မှာ တကယ်ကို ကျန်းကျီယာပင်!
နတ်ကြာပွတ်အားကိုင်ဆောင်လျက် နတ်ဘုရားအဆင့်သတ်မှတ်ချက်များအား ထိန်းသိမ်းထားသော ဖြစ်တည်မှုပင်!
ထိုလူဟာ သူနှင့်ရင်ဆိုင်လိုသည်မှာ အံ့ဩစရာမရှိတော့ပါချေ။
ကျန်းကျီယာမှာ နတ်ဘုရားအဆင့်သတ်မှတ်ချက်များအားထိန်းသိမ်းသူဖြစ်သော်လည်း အဆုံးတွင် သူကိုယ်တိုင်အတွက် နေရာတစ်ခုအား မစောင့်ရှောက်နိုင်ခဲ့ပါချေ။ သူဟာ လောက၏သခင် ကျောက်စိမ်းဧကရာဇ်ပင်ဖြစ်နိုင်ခဲ့သည်!
အဆုံးတွင် ထိုလူမှာ နတ်ဘုရားအဆင့်များထဲတွင်ပင် နေရာမရတော့ပါချေ။ ထိုသည်ကလည်း ဝမ်းနည်းဖွယ်ပင်။
သို့သော် တစ်ဖက်လူမှာ သူနှင့်ရင်ဆိုင်ပြီး သူ၏ကံကောင်းမှုအား ခိုးယူချင်၍ တကူးတကလာသောကြောင့် ထိုလူမှာ ပိုလို့ပင် ဝမ်းနည်းစရာကောင်းမည်ဟု မျှော်လင့်မိပါသည်။
ထိုလူမှာ သူ၏မျိုးနွယ်စုတစ်ခုလုံးနှင့်အတူ မြှုပ်နှံစရာမြေပင်မရှိဘဲ သေဆုံးသွားနိုင်လျှင် အကောင်းဆုံးဖြစ်၏။
ချုံရှောင်း၏ပုံရိပ်အားမြင်သော် ကျန်းကျီယာမှာ ဦးစွာကြောင်အသွားပြီးမှ နှာခေါင်းရှုံ့လိုက်၏။
"စိတ်ဝင်စားစရာပဲ။ မင်းအသက်ရှင်နေဦးမယ်လို့ထင်မထားခဲ့ဘူး။ မင်းကိုကြည့်ရတာ သူတော်စင်ထုံထျန်းဆီကနေ အကယ်ခံခဲ့ရပုံပဲ။ သူကမင်းကို နတ်ဘုရားလောကထဲကို မလွှင့်ပစ်ခင်မှာ မင်းရဲ့ခန္ဓာကိုယ်ကို ဖြတ်တောက်ပြီး ဖုတ်ကောင်အဖြစ်ပြောင်းလဲခဲ့တာ မဟုတ်လား? မင်းက ထုံထျန်းရဲ့ပုစွန်ဆိတ်ကလေးပါပဲ။ မင်းရဲ့အသက်ကို ကျဲကျောင်းတော်အတွက် ရင်းပစ်လိုက်ဖို့ လိုလို့လား?"
သူဟာမှန်ပါသည်။ ချုံရှောင်း၏အလောင်းအား ထုံထျန်းမှ ကလိခဲ့သည်ပင်။ သို့သော် ၎င်းကလည်း ချုံရှောင်း၏ ခွင့်ပြုချက်ရခဲ့သောကြောင့်ဖြစ်၏။
ထို့အပြင် ချုံရှောင်းမှာ ဖုတ်ကောင်အဖြစ်သန့်စင်လိုက်ပါက သူမ၏စွမ်းအားမှာ အချိန်တိုအတွင်း ထပ်မံ တိုးပွားလာနိုင်သောကြောင့်ပင်။
လုရှောင်ယန်မှာအမတသွေးဆေးလုံးမှ အမတသွေးအားထုတ်ယူကာ သူမကို စုပ်ယူရန်ထောက်ပံ့ပေးခဲ့သည်၊ ထိုသည်က သူမအား ပြည့်စုံသောအမတအဆင့်မှ ပြည့်စုံသောကောင်းကင်အမတအဆင့်ဆီသို့ တစ်ခဏအတွင်း တိုးတက်သွားစေ၏!
ထိုကြီးမားသောတိုးတက်မှုမှာ သူမ၏အတိုက်အခိုက်စွမ်းအား အင်မတန်တိုးတက်လာခြင်းဟုမှတ်ယူနိုင်သည်။
ထိုသည်မှာ သူမ၏ယခင်ဘဝက ရရှိခဲ့သော စွမ်းအားထက် အင်မတန်နိမ့်ကျနေပါသော်ငြား အနည်းဆုံးတော့ ၎င်းမှာ အမတတစ်ပါးထုတ်ဖော်နိုင်သည့် စွမ်းအားထက် ပိုမိုအားကောင်းနေသေးသည်!
"ကျွန်မအသက်ကို ဘယ်သူ့အတွက်ရင်းရင်း ရှင်စိတ်ပူဖို့မလိုပါဘူး။ ပြောရရင် ရှင်ကသာ စွမ်းရည်တွေမရှိတော့လို့ ကျွန်မရဲ့ဂိုဏ်းတူမောင်လေးရဲ့ ကံကောင်းမှုကို ရက်ရက်စက်စက် ခိုးယူချင်နေတာလေ။"
"ပြောရမယ်ဆိုရင် အရင်ကရှင့်ကြောင့်သာမဟုတ်ရင် ကျွန်မတို့ကျဲကျောင်းတော်က ဒီလိုအခြေအနေနဲ့ အဆုံးသတ်သွားမှာမဟုတ်ဘူး။ ဒီနေ့ရှင့်ရဲ့သွေးကို ကောင်းကင်ဘုံက ကျွန်မတို့ ကျဲကျောင်းတော် တပည့်တွေရဲ့ ဝိဉာဉ်တွေကို သက်သာရာရစေဖို့ ပေးအပ်မယ်!"
ထိုသို့ပြောလိုက်ပြီး ချုံရှောင်းဟာ ခုတ်ချလိုက်တော့သည်။ ဓားအလင်းမှာ နဂါးတစ်ကောင်နှင့်တူပြီး ကျန်းကျီယာဆီသို့ ခုန်ဝင်သွား၏။
ကြယ်စင်အစုအဝေးတစ်ခုလုံးမှာ ထိုဓားအောက်၌ ၎င်း၏တောက်ပမှုကို ဆုံးရှုံးသွားတော့သည်။ အားကောင်းသော စွမ်းအားကြီးမှာ မနီးမဝေးရှိ အမတသတ်ဖြတ်ခြင်းဓားအစီအရင်ထံသို့ပါ သက်ရောက်သွားသည်။
ပြောရလျှင် နှစ်ဘက်အကြားရှိ ကျင့်ကြံဆင့် ကွာခြားမှုမှာ လွန်စွာကြီးမားလှချေသည်!
ကံကောင်းစွာဖြင့် လုရှောင်ယန်မှာ ထက်မြက်ကာ တစ်ဖက်လူနောက်တွင် အင်မတန်စွမ်းအားကြီးသောပညာရှင်တစ်ဦးပေါ်လာနိုင်သည်ကို သိချေ၏။ ထို့ကြောင့် နတ်ဘုရားလောကတွင် ကျဲကျောင်းတော်မှ သူ့အတွက် တာအိုအစောင့်အရှောက်ကိုရှာဖွေသည့် နည်းအားစဉ်းစားလိုက်သည်။
ရှင်သန်ခြင်း၏ ပထမစည်းမျည်းမှာ ထွက်ပြေးလွတ်မြောက်ရန်ဖြစ်သည်။
ဒုတိယစည်းမျည်းမှာမူ မလွတ်မြောက်နိုင်ချိန်၌ ညစ်ပတ်သော လှည့်ဖျားမှုများ အသုံးပြုရန်ဖြစ်၏။
သူဟာ ရန်သူအား အနိုင်မယူနိုင်ပါလျှင် အနိုင်ယူနိုင်သူအား ရှာဖွေရမည်။
လုရှောင်ယန်မှာ ဤအချိန်၌ ၎င်းအား ရှက်မနေပါချေ။
သူဟာ နတ်ဘုရားဧကရာဇ်အဆင့်ဖြစ်နေချိန်၌ ကောင်းကင်အမတအဆင့်ကိုပင် ကျော်လွန်နေသော ဖြစ်တည်မှုတစ်ခုအား တိုက်ခိုက်သည်အထိ မရူးသေးပါချေ။
သူဟာ အဆင့်ပိုမြင့်သူများအားတိုက်ခိုက်နိုင်ပါလျှင်တောင် ၎င်းတို့နှစ်ဦးကြားရှိ ခြားနားချက်မှာ အင်မတန်ကြီးမားလှသည်။
ချုံရှောင်း၏ဓားမှာ ကျန်းကျီယာရှေ့မှောက်သို့ သက်ဆင်းသွားလေ၏။
သို့သော် ကျန်းကျီယာမှာလည်း သာမန်လူဟုတ်မနေချေ။ သူ့ထံတွင်လည်း မရေတွက်နိုင်လောက်သော ရတနာများရှိချေသည်။
ချုံရှောင်းပေါ်ထွက်လာသည်ကိုမြင်ကတည်းက မွေးဖွားခြင်းဝိဉာဉ်ရတနာ ချပ်ဝတ်အကာအကွယ်အားထုတ်ထားခဲ့ပြီးဖြစ်သည်။
၎င်းမှာ ထိပ်တန်းမဟုတ်ပါသော်လည်း လုံလောက်နေပါသေးသည်။
ဓားအလင်းမရောက်ရှိခင်တွင် ကျန်းကျီယာကိုယ်ပေါ်ရှိချပ်ဝတ်မှာ စွမ်းအားကြီးအလင်းတစ်ပြကိုထုတ်လွတ်လျက် တစ်ချိန်တည်းတွင် ရိုက်ခတ်သွားကြသည်။ ထိုအရာနှစ်ခုထိခတ်သွားချိန်တွင် အားကောင်းသောရိုက်ချက်မှာ ထိုနှစ်ခုအား နောက်သို့ပို့ရန်တွန်းအားပေးလိုက်တော့သည်။
သို့သော် ကျန်းကျီယာ၏ကျင့်ကြံဆင့်မှာ ရှင်းလင်းစွာပင် ချုံရှောင်းအား ကျော်လွန်နေသည်ပင်။ ထို့ကြောင့် သူဟာ မီတာတစ်သောင်းနောက်သို့သာ ဆုတ်ခွာသွားသော်လည်း ချုံရှောင်းမှာ မီတာပေါင်းသောင်းချီနောက်ဆုတ်သွားလျက် ယွင်လီကော၏ အမတသတ်ဖြတ်ခြင်းဓားအစီအရင်ထံသို့ပင် ရောက်လုရောက်ခင်ဖြစ်သွား၏။
ကျန်းကျီယာမှာ ချောင်းမြောင်းတိုက်ခိုက်ခြင်းကြောင့် သနားစရာအခြေနေဖြစ်နေပါသော်လည်း သူ၏ကျင့်ကြံဆင့်မှာ အားကောင်းနေသေးပြီး တိုက်ခိုက်မှုများမှာလည်း သေစေနိုင်လောက်သည်။
ထိုမှ သူ၏ခါးသက်သောကျင့်ကြံခဲ့သည့်နှစ်များမှာ သူ့အား လုံးဝကိုထူးကဲနေစေရန် ပြုလုပ်ပေးထားသည်အား မြင်နိုင်သည်။
"ဟမ့်! မင်းကငါ့ကိုတိုက်ခိုက်ချင်တာလား? လွန်ခဲ့တဲ့ နှစ်တစ်သောင်းတုန်းက ငါ့ရဲ့ဆရာ၊ ရှေးဟောင်းကောင်းကင်ဧကရာဇ်က မင်းကိုသတ်ခဲ့တယ်။ ဒီနေ့ငါက မင်းကိုထပ်သတ်ပေးမယ်။ မင်းထပ်ပြီး ဝင့်ကြွားနိုင်သေးလား ကြည့်ရသေးတာပေါ့!"
"ဒါကတော့ ရှင့်မှာစွမ်းရည်ရှိလားမရှိလားပေါ်မှာမူတည်တယ်!"
"ဟားဟားဟားဟား... ချုံရှောင်း၊ မင်းကိုယ်မင်းငါ့ရဲ့ပြိုင်ဘက်လို့ထင်နေတုန်းပဲလား? အရင်က မင်းတို့ညီအစ်မသုံးယောက် အဝါရောင်မြစ်တေးသံကိုးသွယ်အစီအရင်ကို ခင်းကျင်းခဲ့ပြီးတော့ ငါတို့ချန်ကျောင်းတော်ရဲ့ ရွှေရောင်အမတအရှင်တစ်ဆယ့်နှစ်ပါးကို အတော်လေးထိခိုက်စေခဲ့တယ်။ သူတို့တွေက ရင်ဘတ်ပေါ်က အရှိန်အဝါငါးမျိုးကိုဖျက်ဆီးပြီး ခေါင်းပေါ်က ပန်းသုံးပွင့်ကိုလည်း ရိတ်ပစ်ခဲ့တယ်။ ဒါက ဘယ်လောက်တောင် ကျက်သရေရှိခဲ့သလဲ?"
"ကံမကောင်းချင်တော့ အခုမင်းကတစ်ယောက်တည်းဖြစ်နေပြီး အဝါရောင်မြစ်တေးသံကိုးသွယ်အစီအရင်ကိုမခင်းကျင်းနိုင်တော့ဘူးလေ!"
"ကျင့်ကြံဆင့်အနေနဲ့ကျတော့လည်း မင်းကအခုမှ ကောင်းကင်အမတအထွဋ်အထိပ်အဆင့်ပဲရှိသေးတယ်လေ။ ငါ့ကိုဘယ်လိုများတိုက်ခိုက်နိုင်မှာလဲ?"
ချုံရှောင်း၏အမူအရာမှာ မပြောင်းလဲပါချေ။
"ပြောရရင် ကျွန်မကို သူတော်စင်တစ်ပါးကသတ်ခဲ့တာလေ။ အခုကျွန်မပြန်လည်မွေးဖွားလာတော့ ကျင့်ကြံဆင့်က သဘာဝကျကျပဲ မမြင့်နေဘူး။ ရယ်စရာပါနေလို့လား? နှစ်များစွာကြာပြီးတာတောင်မှ ထိုက်ယိရွှေရောင်အမတအရှင်အဆင့်ထိပဲရောက်အောင် ကျင့်ကြံခဲ့တဲ့ လူကမှ တကယ်ရယ်စရာကောင်းတာ။ ရှင်က ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်တောင်ဟုတ်မနေဘူးလေ။ ရှက်စရာပဲ။"
မနီးမဝေးမှ လုရှောင်ယန်နှင့် ယွင်လီကောမှာ နှာမှုတ်လိုက်ပြီး မထိန်းနိုင်ဘဲ ရယ်လိုက်ကြသည်။
"နတ်ဘုရားချိတ်ပိတ်ခြင်းအတိဒုက္ခဖြစ်ပြီးခဲ့တာတောင်ကြာနေပြီကို သူကတကယ်ကြီး ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်တောင်မဟုတ်သေးဘူးလား? မဖြစ်နိုင်ဘူးနော်? ရှက်စရာပဲ!"
"ဒီလိုမပြောနဲ့လေ။ ပြောရရင် သူ့ရဲ့ဂုဏ်သရေကိုငါတို့ ပျက်ရယ်မပြုသင့်ဘူး။ သူ့အတွက် မျက်နှာထောက်ပေးလိုက်ပါ။"
အဝေးမှ ကျန်းကျီယာ၏အမူအရာမှာ ပို၍ပင်အေးစက်လာလေ၏။
"ချုံရှောင်း! မင်းကသေခြင်းကိုတောင့်တနေတာပဲ!"
သူဟာ ထိုစကားလုံးများအား အေးတိအေးစက်ဖွင့်ထုတ်လျက် ညာဘက်လက်အား ယမ်းလိုက်သည်။ နတ်ဘုရားရိုက်နှက်ခြင်းကြာပွတ်မှာ သူ၏ညာလက်အတွင်း၌ ပေါ်ထွက်လာ၏။
"ဒီနေ့၊ ငါမင်းကိုသတ်မယ်!"
ချုံရှောင်းမှာ အထင်အမြင်သေးလျက်ရယ်လိုက်၏။"
"ကျွန်မက ဖုတ်ကောင်ဖြစ်နေပြီး အနှစ်သာရဝိဉာဉ်တောင်ရှိမနေဘူးလေ။ ရှင့်ရဲ့ နတ်ဘုရားရိုက်နှက်ခြင်းကြာပွတ်ရဲ့ အထူးထောက်ပံ့မှုက ကျွန်မပေါ်မှာ အလုပ်မဖြစ်ဘူး။ ကျွန်မအတွက် ဒါက တကယ်ကိုသာမန်ဆန်လွန်းတဲ့ ဆက်နွယ်မှု ဝိဉာဉ်ရတနာလေးပါပဲ။ ကျွန်မလက်ထဲက မွေးဖွားခြင်းဝိဉာဉ်ရတနာဓားနဲ့ယှဉ်ရင် တကယ်ကို အများကြီး ပိုအားကောင်းမှာတောင်မဟုတ်ဘူး။"
"ဒီတော့? နတ်ဘုရားရိုက်နှက်ခြင်းကြာပွတ်ရဲ့ အထူးထောက်ပံ့မှုက မင်းအပေါ်မှာ အလုပ်မဖြစ်ရင်တောင် ဒါက မင်းမခုခံနိုင်တဲ့ ဖြစ်တည်မှုဖြစ်နေတုန်းပဲ! ငါ့အတွက်တော့ ငါက ထိုက်ယိရွှေရောင်အမတအရှင်လေးပဲဖြစ်နေရင်တောင် မင်းလာဆွလို့မရနိုင်တဲ့ ဖြစ်တည်မှုပဲ!"
"ဒီလိုလား? ရှင်ကအရမ်းကိုယုံကြည်ချက်ရှိလွန်းနေတယ်လို့ပဲ ပြောနိုင်တယ်! ဒါပေမယ့် ကျွန်မမှာ ရွှေရောင်ရေကပ်ဘေးနဂါး ကတ်ကြေးနဲ့ ရှေးဟောင်းသဏ္ဍာန်မဲ့ရွှေရောင်ရေမှုတ် ရှိတယ်ဆိုရင်ရော?"
ချုံရှောင်း၏စကားလုံးများမှာ ကျန်းကျီယာ၏အမူအရာအား တမုဟုတ်ချင်းပြောင်းလဲသွားစေ၏။
"မဖြစ်နိုင်တာ! မင်းငါ့ကိုညာနေတာပဲ။ မင်းမှာဘယ်လိုလုပ်ရွှေရောင်ရေကပ်ဘေးနဂါး ကတ်ကြေးနဲ့ ရှေးဟောင်းသဏ္ဍာန်မဲ့ရွှေရောင်ရေမှုတ်ရှိမှာလဲ? ဒီဓမ္မရတနာနှစ်ခုကို အခု ငါတို့ချန်ကျောင်းတော်က ပိုင်တာပဲ။ မင်းကနတ်ဘုရားလောကမှာ ရှိတာကြာနေပြီလေ။ ဘယ်လိုလုပ်ဒါတွေကိုရနိုင်မှာလဲ? ငါ့ကိုညာဖို့တောင်မစဉ်းစားနဲ့!"
ချုံရှောင်းမှာ အေးစက်စက်ပြုံးလိုက်ကာ သူမလက်တွင်းရှိဓားအား ဘေးတွင်ထားလိုက်၏။ ထို့နောင်တွင် သူမဟာ ရွှေရောင်ရေကပ်ဘေးနဂါး ကတ်ကြေးနဲ့ ရှေးဟောင်းသဏ္ဍာန်မဲ့ရွှေရောင်ရေမှုတ်တို့အား ဆင့်ခေါ်လိုက်တော့သည်။
ထိုဓမ္မရတနာနှစ်မျိုးအား မြင်ကာ ၎င်းတို့အပေါ်ရှိ ဆက်နွယ်မှုဝိဉာဉ်ရတနာနှင့် မွေးဖွားခြင်းဝိဉာဉ်ရတနာတို့၏ ရောင်ဝါအား အာရုံခံမိသောအခါ ကျန်းကျီယာ၏ကိုယ်မှာ ချက်ချင်းတုန်ရီသွားကာ မျက်လုံးများက စိုးရိမ်ပူပန်ဟန်ပေါ်နေ၏။
"ဒါကတကယ်ကို ရွှေရောင်ရေကပ်ဘေးနဂါး ကတ်ကြေးနဲ့ ရှေးဟောင်းသဏ္ဍာန်မဲ့ရွှေရောင်ရေမှုတ်တွေပဲ။ မဖြစ်နိုင်တာ! မင်းဘယ်လိုများရခဲ့တာလဲ? မင်းကိုအသေအချာပဲ နတ်ဘုရားလောကထဲမှာ နှစ်များစွာချိပ်ပိတ်ထားခဲ့တာလေ!"
ထိုအခိုက်၌ လုရှောင်ယန်နှင့် ယွင်လီကောမှာ ကျန်းကျီယာဆင့်ခေါ်ထားခဲ့သည့် အမတတပ်သားများနှင့် အသေအချာကို ရင်ဆိုင်နေပြီဖြစ်၏။
သူဟာ ခပ်ဖြည်းဖြည်း အသက်အောင့်လျက် ဖျော့တော့သော အပြုံးဖြင့် ဆက်ပြောလိုက်သည်။
"စိတ်မကောင်းပါဘူး၊ ကျုပ် သူမကိုပေးခဲ့တာပဲ!"
"မဖြစ်နိုင်တာ! မင်းမှာ ရွှေရောင်ရေကပ်ဘေးနဂါး ကတ်ကြေးနဲ့ ရှေးဟောင်းသဏ္ဍာန်မဲ့ရွှေရောင်ရေမှုတ်ရှိဖို့ဆိုတာ မဖြစ်နိုင်ဘူး။ မင်းက ဘယ်တုန်းကမှ အမတလောကကိုမရောက်ဖူးဘူးလေ။ ဘယ်လိုများ ဒီရတနာနှစ်ပါးကိုရခဲ့တာလဲ?"
ကျန်းကျီယာမှာ ၎င်းအား ယုံကြည်ရန် ဆန္ဒမရှိသေးသောကြောင့် လုရှောင်ယန်မှာ ပုခုံးတွန့်လိုက်သည်။
"ငတုံး၊ ခင်ဗျားကျုပ်ကို ယုံလား မယုံလား ဂရုမစိုက်ဘူး။ ကျုပ်က ခင်ဗျားအသက်ကိုပဲလိုချင်တာ!"
ယွင်လီကောမှာ သူ၏လက်အား ဝေ့ယမ်းလိုက်၏။
"အမှန်ပဲ! ကျုပ်ဆရာပြောသမျှက အဓိပ္ပာယ်မရှိနေရင်တောင် ကိစ္စမရှိဘူး!"
လုရှောင်ယန်မှာ သူ၏ခေါင်းအား ထိုးလိုက်၏။
"ကောင်စုတ်လေး၊ မင်းဘာတွေပြောနေတာလဲ? သေချင်လို့လား?!"
ယွင်လီကောမှာ ခေါင်းပွတ်လျက် နေရခက်စွာပြုံးလိုက်၏။
"ကျွန်တော်မကောင်းတာပါ၊ ကျွန်တော်မကောင်းတာပါ"
လုရှောင်ယန်မှာ သူ့အားဒေါသတကြီးကြည့်ကာ ချက်ချင်းပင် ချုံရှောင်းအားပြောလိုက်၏။
" နောက်ပိုင်းကတော့ ဂိုဏ်းတူအစ်မရဲ့ လုပ်ဆောင်ပုံ၌ ဆိုင်သွားပြီ"
ချုံရှောင်းမှာ ခေါင်းငြိမ့်လိုက်သည်။ သူမ၏လှပသောပုံရိပ်လေးမှာ လူတစ်ယောက်အား စိတ်အပန်းပြေစေသည်။ သူမ ပေါ့ပေါ့ပါးပါးခြေလှမ်းလိုက်သည်နှင့် ရွှေကြာပွင့်များဟာ ဗလာနယ်ထဲ၌ ပွင့်လန်းလာတော့သည်။
ထိုအခိုက်၌ ချုံရှောင်း၏ ကောင်းကင်အမတအထွဋ်အထိပ်အဆင့်စွမ်းအားမှာ အထိန်းအကွပ်မဲ့စွာ တိုးထွက်လာသည်။
ချန်ကျောင်းတော်တစ်ခုလုံးအား ကြောက်ရွံ့စေခဲ့သည့် ထိုရှောင်းနတ်မိမယ်သုံးဦး၏ တတိယသခင်မလေးမှာ ပြန်လာခဲ့ပြီပင်!
မည်သို့သော မလိုအပ်သည့်နှောင့်နှေးမှုမှမပါဘဲ ချုံရှောင်းမှာ ရှေးဟောင်းသဏ္ဍာန်မဲ့ရွှေရောင်ရေမှုတ်အား ထုတ်ယူလျက် ကျန်းကျီယာထံပစ်လွှတ်လိုက်လေသည်။
ကျန်းကျီယာ၏အမူအရာမှာ ဆိုးရွားစွာပြောင်းလဲသွား၏။ သူဟာ လုံးဝပင် မနှောင့်နှေးရဲဘဲ ချက်ချင်းပင် ထပ်ခါထပ်ခါ ပြန်လည်ဆုတ်ခွာသွား၏။
သို့သော် ရှေးဟောင်းသဏ္ဍာန်မဲ့ရွှေရောင်ရေမှုတ်မှာမည်သို့သော ရတနာဖြစ်ပါသနည်း? ကျန်းကျီယာသာ ရှေးဟောင်းသဏ္ဍာန်မဲ့ရွှေရောင်ရေမှုတ်အား အလွယ်တကူရှောင်ရှားနိုင်ပါလျှင် ယခင်က ချန်ကျောင်းတော်မှာ ထိုအမတအရှင်များမှာ ကိုယ့်ကိုယ်ကိုယ် တို့ဖူးနှင့်သာ သတ်သေသင့်ပေသည်!
"သေစမ်း!"
ကျန်းကျီယာမှာ အံကိုကြိတ်လျက် ချက်ချင်းပင် သူ၏နတ်ဘုရားရိုက်နှက်ခြင်းကြာပွတ်အား ထုတ်ယူကာ ရှေးဟောင်းသဏ္ဍာန်မဲ့ရွှေရောင်ရေမှုတ်အား ခုခံလိုက်ရာ အားအပြည့်ဖိနှိပ်လိုက်နိုင်ပြီး အချိန်ခဏစာမျှရပ်သွား၏။
ထိုနှစ်ခုစလုံးမှာ ဆက်နွယ်မှုပစ္စည်းများမှ သန့်စင်ထားခဲ့သော ဆက်နွယ်မှုဝိဉာဉ်ရတနာများဖြစ်ကြသည်။ နတ်ဘုရားရိုက်နှက်ခြင်းကြာပွတ်မှာ ရှေးဟောင်းသဏ္ဍာန်မဲ့ရွှေရောင်ရေမှုတ်အား ဖိနှိပ်ရာ၌ အထူးပြုထားသော ဖြစ်တည်မှုမဟုတ်ပါသော်ငြား အနည်းငယ်မျှ ဖိနှိပ်ရန်မှာတော့ပြဿနာကြီးတစ်ရပ်မဟုတ်ပါချေ။
ကျန်းကျီယာမှ နတ်ဘုရားရိုက်နှက်ခြင်းကြာပွတ်အားလက်လျော့လိုက်ပြီးနောက်တွင် သူဟာနောက်ထပ် မွေးဖွားခြင်းဝိဉာဉ်ရတနာအားထုတ်ယူလျက် ချုံရှောင်းထံသို့ ခုန်သွားသည်။
သူဟာ အမတလောက၌ မည်သို့သော အဓိပ္ပာယ်မှမရှိဘဲနေထိုင်ခဲ့ခြင်းမဟုတ်ပါချေ။ သူဟာ ရတနာအချို့အား ထုတ်ယူနိုင်နေဆဲဘဲ။
ယခုတွင် သူ့ထံ၌ ဆက်နွယ်မှုဝိဉာဉ်ရတနာဖြစ်သည့် နတ်ဘုရားရိုက်နှက်ခြင်းကြာပွတ်မရှိတော့ဘဲ အခွင့်အရေးကြီးတစ်ရပ်အား ဆုံးရှုံးသွားရခြင်းပင်။ သို့သော် သူဟာ ထိုက်ယိရွှေရောင်အမတအရှင်ဖြစ်နေသေးသောကြောင့် ကြောက်ရွံ့မနေပါချေ!
တစ်ဖက်လူအား အဆင့်ကြီးတစ်ခုလုံးကျော်လွန်နေသည့် စွမ်းအားနှင့်ဆိုလျှင် လုံလောက်ပေသည်။ သူဟာ ယုံကြည်ချက်ရှိပါ၏!
ချုံရှောင်းမှာ သူမအား တိုက်ခိုက်ခွင့်ပြုမနေပါချေ။ သူမဟာ ချက်ချင်းပဲ လက်တွင်းရှိ ရွှေရောင်ရေကပ်ဘေးနဂါးကတ်ကြေး အားပစ်လွှတ်လိုက်သည်။
"သွား!"
ရွှေရောင်ရေကပ်ဘေးနဂါးကတ်ကြေးပေါ်ထွက်လာသည်နှင့် ၎င်းတို့မှာ ချက်ချင်းပင် ကပ်ဘေးနဂါးကြီးနှစ်ကောင်အသွင်ပြောင်းလဲလျက် ကျန်းကျီယာဆီသို့ ခုန်သွား၏။
ကျန်းကျီယာမှာ အေးစက်စက်ပြုံးလိုက်သည်။
"ငါမင်းကိုကြောက်မယ်များထင်နေတာလား?"
စကားဆုံးသည်နှင့် သူဟာလက်ချောင်းတစ်ခုအား ရှေ့သို့ထုတ်လျက် ရွှေရောင်ကြိုးအား သူ၏ဝတ်ရုံတွင်းမှ ပျံထွက်ကျလာသည်။
အမတချိတ်ဆက်ခြင်းကြိုးပါပင်!
အမတချိတ်ဆက်ခြင်းကြိုး ထွက်ပေါ်လာသည်နှင့် ၎င်းမှာ ရေကပ်ဘေးနဂါးကြီးနှကောင်အား သွားပေါင်းလိုက်သည်။ တစ်ခဏအတွင်း၌ ရေကပ်ဘေးနဂါးနှစ်ကောင်မှာ ထပ်မံ၍ ရွှေရောင်ရေကပ်ဘေးနဂါးကတ်ကြေးအဖြစ် ပြောင်းလဲသွားတော့မည်ဟန်ပေါ်နေ၏။
အမတချိတ်ဆက်ခြင်းကြိုးမှာ ရွှေရောင်ရေကပ်ဘေးနဂါးကတ်ကြေးထက် အတော်လေးနိမ့်ကျနေပါသော်လည်း ကျန်းကျီယာလိုအပ်သည်မှာ အချိန်ကြာကြာထိန်းချုပ်ခြင်းမဟုတ်ပါချေ! သူဟာတစ်ခဏလောက်ရပ်တန့်လိုခြင်းပင်!
တစ်ခဏအတွင်း၌ သူ၏ကိုယ်မှာ ရှေ့သို့ခုန်ကာ ချုံရှောင်းနံဘေးသို့ရောက်ရှိသွားတော့၏။
"မင်းအခုတော့ သေပြီပဲ!"
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၉။ အပိုင်း ၄၂၅ ဖုံးကွယ်ထားသောပုံစံအမှန်
ကျန်းကျီယာမှာ ချုံရှောင်းရှေ့မှောက်ရောက်ရှိလာ၏။ ချုံရှောင်းထံ ခုန်သွားလိုက်သည်နှင့် သူ၏လက်တွင်းရှိဓားမှာ နှလုံးပြုတ်လုမတတ်အလင်းတစ်ပြအားထုတ်လွှတ်နေသည်။
သူသာ နတ်ဘုရားလောကရှိ လုရှောင်ယန်၏ တာအိုအစောင့်အရှောက်အား သတ်လိုက်သည်နှင့် လုရှောင်ယန်အားလည်း သတ်နိုင်မည်ဖြစ်ကာ သူ၏ကံကောင်းမှုကိုလည်း ဝါးမြိုနိုင်ပေလိမ့်မည်!
ထိုကံကောင်းမှုမှာ မည်မျှစွမ်းအားကြီးသည်အား မသိပါသော်လည်း လုရှောင်ယန်၏ကံအားဝါးမြိုပြီးနောက်တွင် သူဟာ မည်သူကမှ ရန်မစရဲမည့် ဖြစ်တည်မှုတစ်ခုဖြစ်လာမည်ဟု ယုံကြည်လေသည်။ သူဟာ ကံကြမ္မာအား ထိန်းချုပ်လာနိုင်မည်ဖြစ်ကာ သူတော်စင်တစ်ပါးအား ခုခံနိုင်ပေလိမ့်မည်!
သူဟာ ချုံရှောင်းမှ သူ၏တိုက်ခိုက်မှုအား ရှောင်တိမ်းနိုင်သည်ကို မစိုးရိမ်ပါချေ။ ၎င်းတို့၏ကျင့်ကြံဆင့်တွင် ခြားနားချက်ကြီးရှိသည်ပင်။ ချုံရှောင်းမှာ မည်မျှထိ ကောင်းကင်ဘုံအားအံတုနေပါစေ သူမအတွက် လွတ်မြောက်ရန်မှာ မဖြစ်နိုင်ပါချေ။
ထိုသည်မှာ သူ့ထံ၌လည်း ကံကောင်းမှုလုံလောက်စွာရှိချေသည်။ ၎င်းမှာ ချုံရှောင်းကသူ၏ ကံကောင်းမှုအားခုခံရန် မဖြစ်နိုင်ပါချေ!
သို့သော် သူ့အားအံ့ဩစေသည်မှာ ချုံရှောင်းသည် သူ၏ဓားအားရှောင်တိမ်းရန်ပင် မစဉ်းစားခြင်းဖြစ်၏။
ဖူးးး!
အသက်ရှူရပ်လောက်သောအသံဖြင့် ချုံရှောင်းမှာ ကျန်းကျီယာ၏ဓားဖြင့် အထိုးခံလိုက်ရသည်။
ကျန်းကျီယာမှာ ကြောင်အနေလျက် တစ်စုံတရာမှားယွင်းနေသည်ဟု ခပ်ရေးရေးခံစားမိနေသည်။ သူဟာ ထပ်မံနောက်ဆုတ်လိုချင်နေသည့်အချိန်၌ အင်မတန်နောက်ကျနေပြီပင်။
ချုံရှောင်းမှာ ချက်ချင်းပင် ကျန်းကျီယာ၏လက်မောင်းအား ဆွဲလိုက်ပါ၏။
"မိပြီ!"
ချုံရှောင်းမှာအေးစက်စက်ပြုံးလျက် ကျန်းကျီယာမှာ ပို၍အေးစက်နေပုံပင်ပေါ်လေသည်။
"မင်းဘာလုပ်ချင်နေတာလဲ?"
"ခန့်မှန်းကြည့်လေ!"
ချုံရှောင်း၏ နှုတ်ခမ်းထောင့်မှာ အတန်ငယ်ကွေးတက်သွား၏။ တခဏအကြာ၌ သူမ၏ကိုယ်မှာ တဖိတ်ဖိတ်တောက်ပနေသော ရွှေရောင်အလင်းများဖြင့် ထွန်းလင်းသွားသည်။
"သေလိုက်ပါတော့!"
ကျန်းကျီယာ၏အမူအရာမှာ အင်မတန်အေးစက်လှကာ ဆဲရေးလိုက်ချေ၏။
နောက်ဆုံး၌ ချုံရှောင်းမှာ မည်သည်အားလုပ်မည်ကို သူသိသွားခဲ့ပြီပင်။ ထိုကောင်မစုတ်လေးမှာ ကိုယ်တိုင်ဖျက်ဆီးခြင်းလုပ်ချင်နေ၏! သူမဟာ အစကတည်းက သူ၏ပြိုင်ဘက်မဟုတ်သည်အား သိရှိထားပြီးပင်ဖြစ်၏!
သို့သော် ကျဲကျောင်းတော်၏ အခြေနေတစ်ရပ်လုံးနှင့် အောင်မြင်မှု၏ကံကြမ္မာအတွက် သူမဟာထိုကိုယ်တိုင်ဖျက်ဆီးခြင်းကြောင့် ဒဏ်ရာပြင်းစွာရစေချင်နေလေသည်။
ထိုသို့ဆိုလျှင်တောင် သူမ၏ ဘဝအား ဆုံးရှုံးရမည်ပင်!
သူဟာ ချုံရှောင်း၏ပေါက်ကွဲမှုနယ်နိမိတ်မှ ထွက်ပြေးလိုသောကြောင့် အမတစွမ်းအား,အား အားကုန်သုံးလိုက်တော့သည်။
သို့သော် ချုံရှောင်းမှာ ကျန်းကျီယာအား မည်သို့ အလွယ်တကူအလွတ်ပေးနိုင်မည်နည်း?
ကျန်းကျီယာမှာ ချုံရှောင်အား အဝေးသို့တွန်းပို့နိုင်ကာနီးဆဲဆဲ၌ ချုံရှောင်း၏ဝတ်ရုံတွင်းမှ အနီရောင်အလင်းတစ်ချက်လင်းလာတော့သည်။
၎င်းမှာ ယခင်က လက်ဆောင်ထုပ်အတွင်းမှ လုရှောင်ယန်ရရှိခဲ့သော ဝိဉာဉ်ချုပ်နှောင်ကြိုးပါပင်။ ၎င်းအား လုရှောင်ယန်မှာ အချိန်အတော်ကြာတည်းက မွေးဖွားခြင်းဝိဉာဉ်ရတနာအဖြစ် အဆင့်မြှင့်ခဲ့ခြင်းပင်။
ကျန်းကျီယာ၏ကျင့်ကြံဆင့်မှာ ထိုမျှလောက်မြင့်မားမနေသောကြောင့် ထိုဝိဉာဉ်ချုပ်နှောင်ကြိုးအား ရှောင်ရှားရန်မှာ မဖြစ်နိုင်ပါချေ!
ထိုဝိဉာဉ်ချုပ်နှောင်ကြိုး၏ ချုပ်ခံရပြီးသည့်နောက်တွင် ကျန်းကျီယာမှာ သူ၏ဝိဉာဉ်ရတနာဓားပျံအား ချက်ချင်းဆင့်ခေါ်ကာ ဝိဉာဉ်ချုပ်နှောင်ကြိုးအား ချိုးဖြတ်ရန်အလို့ငှာ ခုတ်ချလိုက်၏။
သို့သော် ၎င်းတို့နှစ်မျိုးစလုံးမှာ မွေးဖွားခြင်းဝိဉာဉ်ရတနာများဖြစ်ကြကာ ဝိဉာဉ်ရတနာဓားပျံမှာလည်း ထို ဝိဉာဉ်ချုပ်နှောင်ကြိုးအား မချိုးဖြတ်နိုင်ပါချေ။
ပြီးသွားခဲ့ပြီပင်!
ထိုအတွေးက ကျန်းကျီယာ၏နှလုံးအိမ်၌ တိုးထွက်လာချိန်တွင် ချုံရှောင်း၏ကိုယ်မှာ တစ်ခဏအတွင်း၌ ရွှေရောင်အဖြစ် ချက်ချင်းပြောင်းလဲသွား၏။
ဘုန်း!
တုံ့ဆိုင်းခြင်းမရှိဘဲနှင့် ချုံရှောင်းမှာ မည်သို့သော စကားလုံးမှပင်မချန်လှပ်ဘဲ သူမ၏ ကိုယ်အား ဖောက်ခွဲလိုက်တော့သည်။
ကျန်းကျီယာမှ ဝါးမြိုလိုက်သည်နှင့် နှလုံးကြေလုမတတ်နာကျင်မှုက သူ၏ကိုယ်နှင့် ဝိဉာဉ်အား အရူးအမူးလောင်မြိုက်သွားတော့၏။
"အားးး..."
သူဟာ နှလုံးပြုတ်ထွက်မတတ်အော်သံအား ထုတ်ဖော်လိုက်သည်။ ၎င်းမှာ ကိုယ်တွင်းရှိ နာကျင်မှုကြောင့်သာမက နှစ်များစွာ ပြုလုပ်ခဲ့ရသော အစီအစဉ်များလည်း ဖျက်ဆီးခံလိုက်ရသောကြောင့်ပင်။ သူ၏ကြိုးစားမှုအားလုံးမှာ ဖြုန်းတီးခံလိုက်ရပြီဖြစ်၏!
ကံမကောင်းစွာဖြင့် ထိုအခိုက်၌ သူဟာ အသံပင် ထုတ်နိုင်ခြင်းမရှိတော့ချေ!
သူဟာ ထိုက်ယိရွှေရောင်အမတအရှင်ဖြစ်ပါသော်လည်း သူဟာ ပြီးပြည့်စုံကောင်းကင်အမတအရှင်အဆင့်ထက် တစ်ဆင့်သာမြင့်လေသည်။ ထို့အပြင် သူဟာ ပြီးပြည့်စုံထိုက်ယိအမတအရှင်ပင်မဟုတ်ပါချေ။ သူဟာ အဆင့်ငယ်လေးများ၌သာရှိသေးပြီး ပြီးပြည့်စုံအဆင့်နှင့် အတော်လေးလှမ်းနေသေးသည်။ တစ်ဖက်လူမှဖောက်ခွဲလိုက်ပြီးနောက်တွင် သူဟာမသေပါသော်လည်း အပြင်းအထန်ထိခိုက်သွားလေသည်။
မသိလိုက်သော အချိန်အတွင်းတွင် ကျန်းကျီယာမှာ သူ၏အမြင်အား တဖြည်းဖြည်းပြန်ရလာ၏။ အချိန်မည်မျှကုန်လွန်သွားသည်ကပင် အရမ်းမရှင်းမလင်းဖြစ်နေသော်ငြား သူဟာလုရှောင်ယန်၏မျက်နှာအား ရှင်းရှင်းလင်းလင်း မြင်နိုင်ဆဲပါပင်!
သူဟာထိုသည်က အဆုံးသတ်ဟူသည်အားသိလိုက်သည်။
သူတော့သေပြီပင်!
"ဟီးဟီး... ငါအချိန်အကြာကြီးစီစဉ်ခဲ့တာတောင် မင်းပဲနိုင်နေဦးမယ်လို့ ထင်မထားခဲ့ဘူး။ ငါအကြာကြီးအစီစဉ်ဆွဲလာခဲ့တာ! ဒါပေမယ့် အရမ်းလည်း ဝင့်ကြွားမနေပါနဲ့ဦး! ပိုကောင်းတဲ့တစ်ယောက်ကတော့ အမြဲရှိနေတာပဲ။"
"ကျေးဇူး၊ ဒါပေမယ့် ခင်ဗျားစိတ်ပူစရာမလိုပါဘူး။"
စကားဆုံးသည်နှင့် လုရှောင်ယန်မှာ ကျန်းကျီယာ၏ကိုယ်အား ထိုးခွင်းလိုက်ကာ မျက်လုံးများပင်ပိတ်သွားစေ၏။
ထိုဓားက ကျန်းကျီယာ၏ကိုယ်အား ဖြတ်သွားပြီးနောက်တွင် သိပ်သည်းသောရွှေရောင်အလင်းမှာ သူ၏ကိုယ်မှ တိုးထွက်လာပြီး ကောင်းကင်သို့ပြေးဝင်သွား၏။
"မင်းလွတ်နိုင်မယ်လို့များထင်နေလား?"
ဝမ့်ခိုက်မှာ လုရှောင်ယန်၏ကိုယ်မှ ချက်ချင်းပျံထွက်လာကာ ၎င်းအား ဝါးမြိုလိုက်တော့၏။
ထိုကံကောင်းမှုစွမ်းအားကြီးအား ဝမ့်ခိုက်မှာ နေရာ၌ပင် ဝါးမြိုခဲ့သည်ပင်။
ထိုအခိုက်၌ စွမ်းအားကြီးဝိဉာဉ်အငွေ့အသက်တစ်ခုမှာ ကျန်းကျီယာ၏ကိုယ်မှ ရုတ်တရတ်တိုးထွက်လာကာ လုရှောင်ယန်၏ကိုယ်တွင်းသို့ တစ်ခဏချင်း ပြေးဝင်သွား၏။
"ဟားဟားဟား! အဆုံးမှာ ငါကနိုင်တဲ့လူဖြစ်မယ်လို့မထင်ခဲ့ဘူး!"
လုရှောင်ယန်၏အမူအရာမှာပြောင်းလဲသွား၏။
"ကျန်းကျီယာ၊ ခင်ဗျားဒါတွေအားလုံးကိုရည်ရွယ်ချက်ရှိရှိများလုပ်ခဲ့တာလား?"
"အမှန်ပဲ။ ငါရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာ! ချုံရှောင်းကိုမြင်လိုက်ရတဲ့အချိန်တည်းက မင်းကိုသတ်ပြီး ကံကောင်းမှုစွမ်းအားကို လုယူဖို့က မဖြစ်နိုင်ဘူးလို့ သိခဲ့ပါတယ်။"
"ဒါကြောင့် အဲ့ဒီအချိန်တုန်းက နည်းလမ်းကိုပြောင်းခဲ့တာ။ ပထမဆုံး မင်းတို့လူတွေကို ပြဇာတ်ကောင်းလေးပြပြီး မင်းကိုရှုပ်ထွေးစေခဲ့တာပဲ။"
"ကျုပ်သေသွားရင် ကျုပ်ရဲ့ကံကောင်းမှုစွမ်းအားက ကျုပ်ခန္ဓာကိုစွန့်သွားမှာပဲ။ မင်းဒါထွက်သွားတာကို ထိုင်ကြည့်နေမှာ မဟုတ်တာကို ကျုပ်ယုံတယ်။"
"မင်းတစ်ခုခုလုပ်တာနဲ့ မင်းကိုယ်ထဲကိုဝင်ပြီးဘယ်အချိန် ဘယ်နေရာမှာဖြစ်ဖြစ် မင်းဝိဉာဉ်ကို သိမ်းပိုက်လိုက်မယ်။"
"လုရှောင်ယန်၊ အသက်ပိုကြီးလေ ပိုဉာဏ်ကြီးလေပဲ။ ပြီးတော့ ငါ့ရဲ့ မျိုးရိုးအမည်က ကျန်း! မင်းငါ့ကိုအနိုင်မယူနိုင်ပါဘူး!"
လုရှောင်ယန်မှာ တံထွေးထွေးလိုက်သည်။
"ခင်ဗျားကရိုင်းတာပဲ! ခင်ဗျားအနေနဲ့ ဒီလိုထောင်ချောက်နက်နက်ကြီးကိုတောင် ခင်းကျင်းနိုင်တယ်။ ဒါကအတော်လေးအထင်ကြီးစရာပဲ!"
"ငါ့ကိုအပြစ်မတင်နဲ့လေ! ငါလည်းဒီလိုလုပ်ဖို့ တွန်းအားပေးခံခဲ့ရတာပဲ!"
"အရင်က ရှေးဟောင်းကောင်းကင်ဧကရာဇ်အမိန့်ပေးခဲ့တယ်၊ ငါက အရွေးချယ်ခံတစ်ယောက်ဖြစ်တာကြောင့် နတ်ဘုရားအဆင့်သတ်မှတ်ချက်တွေကိုထိန်းသိမ်းရမယ်တဲ့! သူတို့တွေက နတ်ဘုရားချိပ်ပိတ်အတိဒုက္ခကို အပြီးသတ်ရာမှာ ကူညီဖို့ ငါ့ရဲ့ကံကောင်းမှုကို အသုံးချချင်ကြတယ်လေ!"
"ဒီအတွက်နဲ့ ဒီကိစ္စပြီးမြောက်သွားရင် ငါ့ကို ကောင်းကင်ဘုံခုံရုံးရဲ့သခင်ဖြစ်လာစေရမယ်လို့ ကတိပေးခဲ့တယ်!"
"ကံမကောင်းချင်တော့ ငါက အဲ့ဒီငဖားကောင်၊ ဟောက်ထျန်းထက် နိမ့်ကျနေတုန်းပဲလေ! ငါသူတို့လှည့်ဖျားတာခံလိုက်ရတာပဲ။"
"ငါခုခံတာကနေကာကွယ်ဖို့အတွက်နဲ့ အဆင့်သတ်မှတ်ချက်မှာ ငါ့ကိုတောင် နေရာမပေးခဲ့ဘူး!"
"အဲ့ဒီအချိန်ကစပြီး ငါဘယ်သူ့ကိုမှမယုံခဲ့ဘဲ တကယ်မလုပ်ခင်မှာ အစီစဉ်ဆွဲတော့တာပဲ!"
"ဒါကြောင့် မင်းတစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင် အဲ့ဒီကောင်တွေကိုသာ တင်လိုက်!"
လုရှောင်ယန်မှာ မနေနိုင်ဘဲ သက်ပြင်းချလိုက်မိ၏။
"အဆုံးမှာတော့ ခင်ဗျားကလည်း သနားစရာလူပဲ! ဒါပေမယ့် ခင်ဗျားဒီလမ်းကြောင်းကိုလျှောက်ပြီး ကျုပ်ကိုသတ်လို့မဖြစ်ဘူးလေ!"
"မင်းဘာပြောချင်တာလဲ?"
"ဘာကြောင့်လဲဆိုတော့ ကျုပ်တောင်မှ ကျုပ်ဝိဉာဉ်က ဘယ်လို မကောင်းဆိုးဝါးမျိုးလဲဆိုတာကိုမသိဘူး!"
လုရှောင်ယန်၏စကားဆုံးချိန်တွင် ကျန်းကျီယာမှာ လုရှောင်ယန်၏ဝိဉာဉ်ဆီသို့ရောက်ချလာတော့၏။
သူရောက်ချိန်၌ သူ၏တစ်ကိုယ်လုံးပင်မက သူ၏ဝိဉာဉ်တစ်ခုလုံးသည်ပင် ရှုပ်ထွေးသွားတော့သည်!
အကြောင်းမှာ လုရှောင်ယန်၏ ဝိဉာဉ်က အင်မတန်စွမ်းအားကြီးမားလှသောကြောင့်ပင်!
၎င်းမှာ စွမ်းအားကြီးမားလှသောကြောင့် နှိုင်းယှဉ်၍ပင်မရနိုင်ပါချေ!
မျက်စိနှင့်မြင်နိုင်သမျှမှာ ကောင်းကင်ယံရှိ ကြယ်များလိုပါပင်!
သမုဒ္ဒရာမှ ရေတစ်စက်မဆိုထားနှင့် ကျန်းကျီယာ၏ ဝိဉာဉ်သည်ပင် မြူမှုန်လေးတစ်စဖြစ်ချေ၏။ ၎င်းမှာ လုရှောင်ယန်၏ ဝိဉာဉ်အား လုံးဝမနှိုင်းယှဉ်နိုင်ပါချေ!
ကြောက်မက်ဖွယ်အကောင်းဆုံးမှာ ၎င်းက ထိုက်ယိရွှေရောင်အမတအရှင်၏ ဝိဉာဉ်ဖြစ်နေခြင်းပင်။ သူ၏ဝိဉာဉ်စွမ်းအားမှာ သာမန်လူများနှင့် ယှဉ်လျှင် ထိုက်တောင်တန်းကဲ့သို့ စွမ်းအားကြီးမားလှချေ၏။
သို့ရာတွင် လုရှောင်ယန်၏ဝိဉာဉ်ရှေ့မှောက်၌ သူဟာ မထင်မရှားလေးဖြစ်နေဆဲပင်။
လုရှောင်ယန်၏ စွမ်းအားမှာ မည်မျှစွမ်းအားကြီးပါသနည်း?
သူဟာ တမုဟုတ်ချင်း စိတ်အားငယ်မှုများနှင့် လွှမ်းခြုံသွား၏။
"ဒီလိုစွမ်းအားကြီးဝိဉာဉ်လိုမျိုးနဲ့ဆိုရင်... ဒါက ပန်ဂုရဲ့ ပြီးပြည့်စုံတဲ့ ဝိဉာဉ်များလား? ဒါပေမယ့် ဒါတော့မဖြစ်နိုင်ဘူး! ပန်ဂုရဲ့ အနှစ်သာရဝိဉာဉ်က သူတော်စင်သုံးပါးနဲ့ ကောင်းကင်ကကြယ်တွေအဖြစ်ဖန်ဆင်းခံရဖို့ သုံးပိုင်းအခွဲခံလိုက်ရတာလေ။ ဒီလောက မစုစည်းရသေးဘဲ သူတော်စင်သုံးပါးကလည်း အမှီအခိုကင်းကင်းနဲ့ အလုပ်လုပ်နေတုန်းပဲကို။ မင်းကဘယ်လိုလုပ် ပန်ဂုရဲ့ ပြီးပြည့်စုံတဲ့ ဝိဉာဉ်ကိုပြန်ရနိုင်မှာလဲ?"
"ဘာတွေဖြစ်နေတာလဲ?"
"ဘာလို့လဲဆိုတော့ ကျုပ်ကလုံးဝကို ပန်ဂုမဟုတ်လို့ပေါ့!"
စကားဆုံးသည်နှင့် လုရှောင်ယန်၏ စွမ်းအားကြီးဝိဉာဉ်မှာ ကျန်းကျီယာ၏ အမတဝိဉာဉ်အား တိုက်ရိုက်ဖျက်ဆီးလိုက်တော့၏။ ၎င်းမှာ ပုရွက်ဆိတ်ကလေးအား ဖျက်ဆီးလိုက်သလိုပင် ရိုးရှင်းလှချေ၏! ကျန်းကျီယာ လုံးဝပျက်စီးသွားချိန်၌ ဝမ့်ခိုက်၏ အသံမှာ သူ၏စိတ်တွင်းသို့ ဝင်ရောက်လာသည်။
[ဒင်! မြင်းနက်ကိုသတ်လိုက်လို့ ဂုဏ်ပြုပါတယ် သခင်။ မြင်းနက်ရဲ့ အင်မတန်မြင့်မားတဲ့အဆင့်ကြောင့် သခင့်ရဲ့ကျင့်ကြံဆင့်က အဆင့်ကြီးတစ်ဆင့်လုံးတိုးသွားပါတယ်]
ခဏအကြာ၌ လုရှောင်ယန်၏ကျင့်ကြံဆင့်မှာ နတ်ဘုရားဧကရာဇ်ဆဌမအဆင့်မှ တဖြည်းဖြည်းခြင်းအဆက်မပြတ်တိုးတက်လာတော့၏။
သတ္တမအဆင့်၊ အဌမအဆင့်၊ နဝမအဆင့်၊ ဒဿမအဆင့်... အမတအဆင့်!
အဆုံးတွင် သူဟာ ဆဌမမြောက်အမတအဆင့်သို့ရောက်မှသာ ရပ်တန့်သွားတော့သည်!
ထိုအခိုက်တွင် လုရှောင်ယန်မှာ မကြုံစဖူးစွမ်းအားကိုခံစားမိလိုက်သည်!
သူ၏အလိုအလျောက်သိစိတ်မှာ မကြုံစဖူးအဆင့်ထိ တိုးသွားပြီဖြစ်၏။
သူ၏ကျင့်ကြံဆင့်မှာလည်း သူလုပ်ချင်သမျှကို လုပ်နိုင်လောက်သည်အထိ စွမ်းအားကြီးသွားလေသည်။ အတွေးတစ်ခုနှင့်ပင် သူ၏အမတစွမ်းအားမှာ သူ၏အတွေးများအား ပုံဖော်ပေးနေ၏။
အမတတစ်ပါးဖြစ်လာပြီးနောက်တွင် သူ၏မသိစိတ်မှာ နတ်ဘုရားအဆင့်သို့ကျော်လွန်သွားချေ၏။ သူဟာ ဟင်းလင်းပြင်အကာအရံ၏အားနည်းချက်ကိုပင် အာရုံခံနိုင်နေပြီဖြစ်သည်။
ထိုသည်မှာ အဆင့်အသစ်ဖြစ်ကာ၊ စွမ်းအားကြီးအဆင့်ပါပင်!
ထိုအခိုက်၌ သူဟာ အဘယ့်ကြောင့် သေမျိုးများက ကျင့်ကြံချင်ရကြောင်းကို နားလည်သွားသည်! သူဟာ အဘယ့်ကြောင့် သိုင်းသမားအားလုံးက ကျင့်ကြံချင်ရကြောင်းကို နားလည်သွားသည်!
အမတတစ်ပါးဖြစ်လာခြင်းကပင် သေမျိုးအဆင့်အား ချန်ထားကာ ထိုနတ်ဘုရားအဆင့်အထက်များထက်ပင် သာလွန်နေသော အဆင့်တစ်ခုရောက်နိုင်မည်ဖြစ်သောကြောင့်ပင်။
နတ်ဘုရားဖြစ်လာပြီးနောက်တွင် ၎င်းတို့မှာ လောကသုံးထောင်နှင့် ချိတ်ဆက်ပြီးဖြစ်၏။ အမတများအတွက်မူ လောကသုံးထောင်၏ ချုပ်နှောင်မှုများမှလွတ်မြောက်ကာ သုံးလောက၏ တစ်စိတ်တစ်ပိုင်းဖြစ်လာသည်!
မှန်ပါသည်၊ လုရှောင်ယန်ဟာ သုံးလောက၏နေရာအများစုအား လှည့်လည်သွားလာချင်ပါလျှင်တောင် မလုံလောက်သေးပါချေ။ သူဟာ လောကသုံးထောင်၏နေရာအများစုအား အလွယ်တကူ ခရီးထွက်နိုင်ရန် ကောင်းကင်ဘုံထွဋ်ဖျား ရွှေရောင်အမတအရှင်ဆင့်သို့ အနည်းဆုံးရောက်ရှိရချေပေမည်။
သို့သော် အမတတစ်ပါးဖြစ်လာပြီးနောက်၌ သူဟာ အခြားလောကသုံးထောင်အား သွားနိုင်နေပြီပင်။
ထိုလောကများအားလုံးတွင် မြင်းနက်များရှိ၏။ ၎င်းတို့အားလုံး၏စွမ်းအားများမှာ ကောင်းကင်တာအိုမှ ခွဲထွက်လာခြင်းပင်။ ဝမ့်ခိုက်မှာ ၎င်းတို့အားလုံးအား စုပ်ယူပါလျှင် ၎င်းမှာ မည်မျှစွမ်းအားကြီးလာနိုင်သည်အား မည်သူသိပါမည်နည်း!
ထိုမြင်းနက်များအား စုပ်ယူပြီးနောက်တွင် လုရှောင်ယန်မှာ သူ၏ကျင့်ကြံဆင့်က မကြုံစဖူးအဆင့်သို့ ရှောက်ရှိသွားသည်ဟု ခံစားရချေသည်။
ထို့နောက်တွင် လုရှောင်ယန်၏ပန်းတိုင်မှာ ဘိုးဘေးဟုန်ကျွင်းဖြစ်၏!
ကျန်းကျီယာပြောကြားချက်အရ ဘိုးဘေးဟုန်ကျွင်းအားလည်း မြင်းနက်အဖြစ်ယူဆနိုင်သည်။ ဟုန်ကျွင်းဖန်တီးထားခဲ့သည့်လူများမှာ သာမန်မြင်းနက်များဖြစ်ကြကာ သူနှင့်ကျန်းကျီယာမှာတော့ အကြီးစားမြင်းနက်များပါပင်။
ထို့အပြင် သူ၏ဝိဉာဉ်စွမ်းအားမှာ အင်မတန်စွမ်းအားကြီးလှသောကြောင့် ပန်ဂုထက်ပင်ကျော်လွန်နေချေ၏။ လုရှောင်ယန်ခံစားမိသည်မှာ ကောင်းကင်တာအိုအထက်၌ ပိုမိုစွမ်းအားကြီးသော ဖြစ်တည်မှုတစ်ခုရှိမည်ဟုပင်!
ဆက်လက်သွားရန် ခရီးရှည်ကြီးရှိသေးပေ၏!
***