အခန်း (၄၂၆-၄၃၀)
Vol. 29 Ch. 426-430
အပိုင်း ၄၂၆ ကြမ်းတမ်းသော အစီအစဉ်
[ဒင်! စွမ်းအားကြီးမြင်းနက်ကို သတ်လိုက်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ် သခင်။ သခင့်ကို မွေးဖွားခြင်းမူလရတနာ ကျောက်စိမ်းရုယိနဲ့ ဆုချီးမြှင့်ပါတယ်]
[ဒင်! စွမ်းအားကြီးမြင်းနက်ကို သတ်လိုက်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ် သခင်။ သခင့်ကို ဆက်နွယ်မှုဝိဉာဉ်ရတနာ လမ်းလျှောက်တုတ်နဲ့ဆုချီးမြှင့်လိုက်ပါတယ်]
[ဒင်! စွမ်းအားကြီးမြင်းနက်ကို သတ်လိုက်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ် သခင်။ သခင့်ကို မွေးဖွားခြင်းမူလရတနာ ပန်းထိုးဘောလုံးနီနဲ့ ဆုချီးမြှင့်ပါတယ်]
ဝမ့်ခိုက်စကားဆက်လိုက်သည်နှင့် လုရှောင်ယန်မှာ မျက်ခုံးပင့်လိုက်သည်။
"ဝမ့်ခိုက် မင်း ကံကောင်းမှုအတော်များများကိုဝါးမြိုပြီးသွားပြီလေ။ မင်းပိုပြီး ထက်ထက်မြတ်မြတ်နဲ့ ငါ့ကို ဆက်နွယ်မှုမူလရတနာတွေ တိုက်ရိုက်ပေးလိုက်လို့မရဘူးလား? ပြောရရင် ငါ့ဘာသာ ပစ္စည်းတွေကို အဆင့်မြင့်ဖို့ ဒုက္ခများရဦးမှာ။"
[ကျွန်တော့မှာလည်း ရွေးစရာမရှိလို့ပါ။ ကံကောင်းမှုလုံလုံလောက်လောက်မစုပ်ယူလိုက်ရတော့ ကျွန်တော်ပေးရမယ့် ပစ္စည်းတွေက အကန့်အသတ်ရှိနေတယ်။ ကျွန်တော်လည်း သခင့်ကို ပိုကောင်းတဲ့ ဓမ္မရတနာတွေပေးချင်တာပါ။ တခြားနည်းလမ်းတကယ်မရှိတော့ရင်လည်း ကျွန်တော် ညအထိစောင့်ပြီး မီးတွေမှတ်လိုက်ပါ့မယ်။ ကျွန်တော် သခင့်ကိုခွင့်ပြု...]
"ရပါတယ်။ မင်းမှာ ဓမ္မရတနာမရှိရင်လည်း ရပါတယ်။ ငါမင်းကိုတွန်းအားမပေးပါဘူး။"
လုရှောင်ယန်မှာ ချက်ချင်းပင် ဝမ့်ခိုက်အားစကားဖြတ်ပြောလိုက်၏။
ဝမ့်ခိုက်မှာ အင်မတန်စိတ်ရှုပ်သွားသည်။
[ကောင်းပြီလေ၊ ကျွန်တော် ပထမကတော့ သခင်သာ ကျွန်တော်နဲ့အတူတူကြည်နူးစရာလေးတစ်ခုခုလုပ်မယ်ဆိုရင် နောက်တစ်ခေါက်တော့ ပိုကောင်းတဲ့ဓမ္မရတနာတွေပေးမလို့ စဉ်းစားထားတာ။ သခင်ကမလိုချင်မှတော့ ဒီတိုင်းပဲထားလိုက်ပါတော့မယ်]
လုရှောင်ယန်မှာ မျက်လုံးများအား လှိမ့်လိုက်၏။ သူဟာ ထိုအရာနှင့် မပက်သက်ချင်ပါချေ။
သူဟာ အရေးမပါသည့်ရတနာတချို့လေးအတွက်နှင့် ကိုယ့်ကိုယ်ကိုယ်ရောင်းစားမည်မဟုတ်ချေ။
မိန်းမများနှင့်ပက်သက်လျှင် လူတစ်ယောက်မပါဝင်တော့သည်အထိ လူတစ်ယောက်မှာ ဝင့်ကြွားရန် အရင်းအနှီး အမြဲရှိရပေလိမ့်မည်ပင်။
တစ်ခါလောက်ပါဝင်လိုက်သည်နှင့် ပြီးဆုံးသွားပေလိမ့်မည်ပင်။ တစ်ဖက်လူမှာ သူမလုပ်ချင်တာမှန်သမျှအား လုပ်နိုင်နေပေလိမ့်မည်။
သူတော်စင်တစ်ယောက်ဆိုလျှင်ပင် မည်သည်မှမကျန်တော့သည်အထိ ခြောက်ခမ်းအောင် စုပ်ယူခံရပေလိမ့်မည်။
ဓမ္မရတနာများအား လက်ခံရရှိပြီးနောက်တွင် လုရှောင်ယန်မှာ သက်ဆင်းလိုက်၏။ ယွင်လီကောမှာလည်း ခပ်မြန်မြန်လိုက်လာခဲ့၏။
အဝေးမှ ဖုန်းထျန်းယွမ်မှာလည်း ပြန်လာခဲ့သည်။ သူဟာတကယ်ကိုပင် လုရှောင်ယန်နှင့် ယွင်လီကောအားစိုးရိမ်လှသောကြောင့် တစ်ဦးတည်းပြန်လာခဲ့ခြင်းပင်။ ၎င်းတို့နှစ်ဦး အဆင်ပြေသည်ကိုမြင်သော် သူဟာ ချက်ချင်းပင် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်၏။
"ဆရာ၊ အားလုံးပြီးသွားပြီလား?"
"ဟုတ်တယ်! အဲ့ဒီ အဘိုးကြီးက ငါ့ကိုပိုင်ဆိုင်ချင်နေပေမယ့် ငါ့ဝိဉာဉ်ရဲ့ ဖျက်ဆီးတာကိုခံလိုက်ရတယ်လေ။"
"ကျွန်တော်သိပါတယ်။ ဆရာက သူရဲကောင်းတစ်ယောက်လိုပဲလေ။ သူ့လိုမျိုး ပုရွက်ဆိတ်လေးတစ်ကောင်က ဆရာ့ကိုအနိုင်ယူနိုင်မှာတဲ့လဲ? သူက ဆရာ့ရဲ့ခြေထောက်ကိုဆေးပေးဖို့တောင် အရည်အချင်းမမီတဲ့လူပဲကို။"
"ဆရာတူအစ်ကိုအကြီးဆုံး၊ အစ်ကိုကတော့ ဆရာ့ကိုဖားနေပြန်ပြီ!"
ယွင်လီကောမှာ ဒေါသတကြီးပြောလိုက်၏။
"ဘာ? မင်းကဒါကိုလက်မခံချင်ဘူးလား? ဘာလို့နောက်ကျရင် လေ့ကျင့်ဖို့ နေရာတစ်ခုခုမရှာရမှာလဲ? ငါမင်းကို အသာပေးလိုက်မယ်။"
ဖုန်းထျန်းယွမ်မှာ အတည်ပေါက်ပြောလိုက်၏။
"ဒီအတွက်ကမလိုပါဘူး။ ကျွန်တော် အစ်ကို့ကိုပြောချင်တာက နောက်ထပ်ဖားရမယ့်လူကကျွန်တော်ပဲလို့။"
လုရှောင်ယန် : "..."
"မင်းတို့ ကောင်စုတ်လေးနှစ်ယောက်၊ ဒီ့ထက်ပိုပြီး တည်တည်ကြည်ကြည်နေလို့မရဘူးလား?"
ထိုအခိုက်၌ တပည့်များတစ်ယောက်ပြီးတစ်ယောက် ၎င်းတို့အား ဝန်းရံလာကြသည်။။ ထိုမှသာ လုရှောင်ယန်မှာ စိတ်မချမ်းမြေ့စရာစကားလုံးအချို့ ထပ်မံပြန့်မသွားရန်အတွက် ပြောနေခြင်းအားရပ်လိုက်တော့၏။
၎င်းမှာ အခြေနေမကောင်းဖြစ်စေလိမ့်မည်။
"ဆရာ!"
"ဂိုဏ်းချုပ်!"
"ဆရာအဘိုး!"
အားလုံးမှာ အတူတကွစုစည်းလိုက်ကြကာ လုရှောင်ယန်အား အတော်လေးခံစားသွားရစေသည်။
၎င်းမှာ မလွယ်ကူခဲ့ပါချေ။ နာကျင်ခံစားမှုများစွာကိုကြုံရပြီးနောက်၌ လူတိုင်းမှာ ထပ်မံ စုံစည်းသွားကြပြန်သည်။
ထို့အပြင် ၎င်းတို့အဖွဲ့မှာ ထပ်မံ ကြီးထွားလာပြန်၏။
နောက်ပိုင်း၌ သူရင်ဆိုင်ရသော ရန်သူများမှာ ပို၍သန်မာပါသော်လည်း အားလုံးအတူတကွလုပ်ဆောင်ကြပါလျှင် အခက်ခဲအားလုံးအား အမှန်တကယ်ကျော်လွှားနိုင်မည်ကို ယုံကြည်ပေ၏။
အသက်ပြင်းစွာရှူလိုက်ပြီးနောက်တွင် လုရှောင်ယန်မှပြောလိုက်၏။
“ငါတို့ ဒီနေ့နားဖို့တစ်ရက်ရတယ်။ ကျင့်ကြံဖို့မလိုဘူး။ အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်ချင်တာလုပ်ကြပါ။"
"ယေး!"
"အသက်ရှည်ပါစေ ဆရာအဘိုး!"
"အသက်ရှည်ပါစေဂိုဏ်းချုပ်!"
လုရှောင်ယန်မှာ သူ၏လက်အားယမ်းလိုက်သည်။
"ဒါပေမယ့် ချွင်းချက်တစ်ခုတော့ရှိတယ်။ အားနည်းတဲ့သူကို သာမန်ကာလျှံကာလေး အနိုင်မကျင့်လိုက်နဲ့။ ငါတို့က လူကောင်းတွေမဟုတ်ပေမယ့်လည်း မကောင်းဆိုးဝါးဆန်တာတွေကိုတော့ မလုပ်ရဘူး။"
"နားလည်ပါပြီ!"
အားလုံးမှာ ဖြန့်ကျက်သွားကြတော့သည်။ ထိုတော့မှသာ လီချန်းရှန်နှင့် စုန့်ရှီနန်တို့မှာ ထိုက်ယိဓားတာအိုနှင့် ကောင်းကင်ဓားသွားစင်မြင့်မှ နတ်ဘုရားဧကရာဇ်လေးဦးအားခေါ်ဆောင်လာတော့၏။
"ဆရာ၊ သူတို့တွေက ထိုင်ယိဓားတာအိုနဲ့ ကောင်းကင်ဓားသွားစင်မြင့်ရဲ့ မဟာအကြီးအကဲနဲ့ ဂိုဏ်းချုပ်တို့ပါ။ ဆရာတူညီလေးခြောက်နဲ့ ကျွန်တော်က လွန်ခဲ့တဲ့နှစ်တွေမှာ လုံလုံခြုံခြုံနဲ့ရှင်သန်နိုင်ဖို့ သူတို့အပေါ်မှာ မှီခိုခဲ့ရတာပါ။"
လုရှောင်ယန်မှာ ခေါင်းငြိမ့်လိုက်ကာ ၎င်းတို့အား ပြောလိုက်၏။
"အားလုံးပဲ ကျုပ်တပည့်နှစ်ဦးကိုကူညီပေးတဲ့အတွက် ကျေးဇူးပါ။"
ထိုက်ယိဓားတာအို၏အကြီးအကဲမှာ ပြုံးလျက် လက်များအား ဆုပ်လိုက်၏။
"စီနီယာ၊ ခင်ဗျားကအရမ်းယဉ်ကျေးနေပါပြီ။ အရင်က ချန်းရှန် ခင်ဗျားရဲ့ ဆန်းကြယ်မှုအကြောင်းတွေပြောတော့ ခင်ဗျားကို တွေ့ချင်နေခဲ့ပါ။ ကံမကောင်းချင်တော့ ခင်ဗျားကိုတွေ့ဖို့ အခွင့်ရေးမရခဲ့ဘူး။ အခုတော့ စီနီယာရဲ့ ပြိုင်ဘက်ကင်းကျင့်ကြံခြင်းကိုမြင်နိုင်သွားပြီ၊ ဒါကကျုပ်ဘဝရဲ့ကောင်းချီးပါပဲ။"
လုရှောင်ယန်မှာ ထူးမခြားနားပြန်ပြောလိုက်၏။
"အကြီးအကဲ၊ ခင်ဗျားက ယဉ်ကျေးလွန်းနေပါပြီ။ ကျုပ်ကသာ ကျုပ်ရဲ့တပည့်လေးနှစ်ယောက်ကို ဂရုစိုက်ဖို့ ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ရမှာပါ။ ဒီလိုဆိုရင်ရော? ကျုပ်မှာ ကျင့်စဉ်အချို့နဲ့ ဓမ္မရတနာတွေရှိတယ်။ သူတို့ကိုကျုပ်ရဲ့ကျေးဇူးတင်ကြောင်းအမှတ်သားအဖြစ်ယူသွားလိုက်ပါ။ မပူပါနဲ့ ဒါတွေက လက်ရှိ ခင်ဗျားတို့မှာရှိပြီးသား ပစ္စည်းတွေထက် မနိမ့်ကျပါဘူး။"
၎င်းတို့လေးဦးမှာ ချက်ချင်းပင် လက်များကိုဆုပ်လျက် ငြင်းဆန်လိုက်ကြ၏။
"စီနီယာလု၊ ဒီလိုမလုပ်ပါနဲ့။ တကယ်တော့... ကျုပ်တို့က ဒီကို ဆုလာဘ်တွေတောင်းခံဖို့ လာကြတာမဟုတ်ပါဘူး။ ကျုပ်တို့လေးယောက်က အမည်မဲ့ဂိုဏ်းထဲဝင်ချင်လို့ပါ! စီနီယာအနေနဲ့ သဘောတူနိုင်မယ်လို့ မျှော်လင့်မိပါတယ်။"
"အမည်မဲ့ဂိုဏ်းကိုဝင်မယ်?"
လုရှောင်ယန်မှာ အတန်ငယ် အံ့အားသင့်သွား၏။
"အမှန်ပါပဲ။ ဒီညမှာ စီနီယာရဲ့စွမ်းအားကို သက်သေထူပြီးနောက်မှာပဲ ကျုပ်တို့ မနာလိုအားကျသွားကြတာပါ။ စီနီယာ ကျုပ်တို့ကို ဒီအခွင့်အရေးလေးပေးဖို့ မျှော်လင့်မိပါတယ်။"
လုရှောင်ယန်မှာ အတန်ငယ် မျက်မှောင်ကျုံ့လိုက်သည်။
"ကျုပ်ကဆန္ဒမရှိတာတော့မဟုတ်ပါဘူး။ သာမန်လူတစ်ယောက်ဆိုရင်တောင် ကျုပ်ငြင်းမှာမဟုတ်ဘူး။ ဒါပေမယ့် ခင်ဗျားတို့တွေက ကျုပ်တပည့်တွေကို ကူညီခဲ့တာကြောင့် ခင်ဗျားတို့ဆီကနေ ဒါကိုဖုံးကွယ်မထားချင်ဘူး။ တကယ်တော့ ကျုပ်မှာရှိတဲ့ ရန်သူတွေက အရမ်းကိုစွမ်းအားကြီးလွန်းတော့ ကျုပ်တို့ဂိုဏ်းကိုဝင်ဖို့ကအရမ်းအန္တရာယ်များတယ်။ ခင်ဗျားတို့တွေ ကျင့်ကြံပြီး အမတလောကကိုသွားတာကပဲပိုကောင်းမယ်ထင်တယ်။"
၎င်းတို့မှာ ခေါင်းများခါယမ်းလျက်ပြောလိုက်၏။
"မဟုတ်ပါဘူး၊ ကျုပ်တို့တွေ စီနီယာရဲ့ဂိုဏ်းကို ဝင်ရောက်ဖို့ ဆုံးဖြတ်ပြီးသားပါ!"
"နောင်တမရဘူးလား?"
"မရပါဘူး"
"ကောင်းပြီလေ! ဒါဆိုရင် ကျုပ်သဘောတူတယ်။ ဒါပေမယ့် ဒါကိုအရင်ပြောပါရစေ။ ကျုပ်က အမည်မဲ့ဂိုဏ်းမှာ အမြင့်ဆုံးနေရာမှာရှိနေတော့ ကျုပ်ရဲ့ကိုယ်ပိုင်တပည့်တွေက ကျုပ်ပြီးရင် အမြင့်မားဆုံးဂုဏ်ပုဒ်တွေရှိကြတယ်။ ဒါကြောင့် ခင်ဗျားတို့သာ အမည်မဲ့ဂိုဏ်းကိုဝင်ရင် ခင်ဗျားတို့ရဲ့ ဂုဏ်ပုဒ်က အဲ့သလောက်ကြီးမြင့်နေမှာမဟုတ်ဘူးနော်။"
"ဒါကအဆင်ပြေပါတယ်။ ကျုပ်တို့တွေ စီနီယာကျဖို့ စိတ်မဝင်စားပါဘူး။ ကျုပ်တို့က စီနီယာလုရဲ့ လမ်းညွှန်မှုကိုပဲ ရချင်တာပါ။"
လုရှောင်ယန်မှာ ခေါင်းငြိမ့်ကာ ချက်ချင်းပင် သူ၏ကမ္ဘာငယ်ထဲ၌ ၎င်းတို့၏ အမှတ်အသားများအား မှတ်ထားလိုက်တော့၏။
ထို့နောက်တွင် သူဟာ သခင်ကြီးလုအား ရှာလိုက်သည်။
"အဘိုး၊ ကျွန်တော်အစက အဘိုးကိုပြောမလို့ပြင်ထားတာ၊ ဒါပေမယ့် အခွင့်အရေးမရလိုက်ဘူးဖြစ်နေတယ်။ ဒါပေမယ့် အခုကအချိန်ကောင်းပဲ... ကျွန်တော့်ကိုနားထောင်ပါ၊ လုမျိုးနွယ်စုသာ ကျွန်တော့နောက်ကိုလိုက်ခဲ့ရင် အရမ်းကိုအန္တရာယ်များလိမ့်မယ်။ ကျွန်တော်နဲ့ အတူမနေဘဲ အဘိုးတို့ဘာသာ အမတလောကဆီရောက်အောင်ကျင့်ကြံရင် ဒါကလည်း နည်းနည်းလောက် အန္တရာယ်များပေမယ့် ကျွန်တော်နဲ့ထက်တော့ ပိုပြီးလုံခြုံလိမ့်မယ်။"
သခင်ကြီးလုမှာ ပြုံးလိုက်၏။
"ရှောင်ယန်၊ အဲ့ဒီအပြင်လူတွေတောင် အမည်မဲ့ဂိုဏ်းကို ဝင်ရဲပြီး စွန့်စားဖို့ မကြောက်ကြဘူး။ ငါကမင်းရဲ့ သွေးရင်းအဘိုးပါ။ ငါကဘယ်လိုများ စွန့်စားတာကို ကြောက်ရမှာလဲ?။
လုရှောင်ယန်မှာ ခေါင်းငြိမ့်လိုက်၏။
"ဒါဆို ကျွန်တော် အဘိုးတို့အားလုံးရဲ့ ဝိဉာဉ်အမှတ်အသားတွေအားလုံးကို ကျွန်တော့ ကမ္ဘာငယ်ထဲမှာ သိမ်းထားလိုက်တော့မယ်။ ကျွန်တော်ပျက်စီးသွားတာနဲ့ အဘိုးတို့လည်း ပျက်စီးသွားမှာနော်။"
"ဒါပေါ့ ကျွန်တော်ထိပ်ဆုံးကိုရောက်နိုင်ရင်တော့ ကျွန်တော့်နောက်ကိုလိုက်ပြီး အောင်မြင်မှုရနိုင်တာပဲ။"
"မင်းပြောသလိုလုပ်ကြတာပေါ့။ ရလာဒ်က ဘာပဲဖြစ်ဖြစ် ငါတို့လုမျိုးနွယ်စုကဆန္ဒရှိပါတယ်။"
"ကောင်းပြီလေ!"
လုရှောင်ယန်မှာ လုမျိုးနွယ်စုရှိ အားလုံး၏အမှတ်အသားများအား ထုတ်ယူလျက် တူညီသောအရာအား ထပ်မံပြုလုပ်လိုက်လေသည်။
အမတတစ်ပါးဖြစ်လာပြီးနောက်တွင် သူထံ၌ သူ၏ကိုယ်ပိုင်ကမ္ဘာငယ် သို့မဟုတ် သူ၏နတ်ဝိဉာဉ်မှာ မရှိတော့ပါချေ။
သူ၏နတ်ဝိဉာဉ်နှင့် ကမ္ဘာငယ်အား သူ၏ဝိဉာဉ်နှင့်ပေါင်းစပ်လျက် အနှစ်သာရဝိဉာဉ်ဖြစ်ပေါ်လာစေခဲ့သည်။
သေမျိုးများမှာ နတ်ဘုရားအဆင့်သို့ရောက်ရှိပြီးနောက်တွင် ၎င်းတို့၏နတ်ဝိဉာဉ်နှင့် ကမ္ဘာငယ်များကို ကျင့်ကြံရခြင်းမှာ လူသားအနေဖြင့် ပါရမီမရှိမှာအား ပြုပြင်ရန်လိုအပ်ခြင်းကြောင့်ပါပင်... ထို့အပြင် ၎င်းတို့မှာလည်း အမတအဆင့်သို့ရောက်ရှိရန် ၎င်းတို့၏ဝိဉာဉ်အား အကောင်းဆုံးအခြေအနေသို့ပြင်ဆင်ရန်လိုအပ်ပေ၏...
ထို့နောက်တွင် ၎င်းတို့မှာ ကမ္ဘာငယ်နှင့် နတ်ဝိဉာဉ်အား ထပ်မံမလိုအပ်တော့ပါချေ။ ၎င်းတို့အနေနှင့် ကမ္ဘာငယ်တစ်ခုအား ထပ်မံတည်ဆောက်လိုပါက သူတော်စင်များဖြစ်လာချိန်ထိ စောင့်ဆိုင်းရမည်ပင်။
သို့သော် ခြားနားချက်မှာ နတ်ဘုရားအဆင့်တစ်ဦး၏ ကမ္ဘာငယ်မှာ ဝိဉာဉ်တစ်ခုချင်းစီ၏ ထင်ရှားမှုကို တန်ပြန်နိုင်သည်။ ၎င်းက ကောင်းကင်တာအိုမှ တစ်ဖက်လူအား ပိုမိုကောင်းစွာထိန်းချုပ်နိုင်ရန်လည်း အထောက်အပံ့ပေးသည်။ တစ်ဖက်လူမှ ဝိဉာဉ်နှင့်ပေါင်းစပ်ကာ အမတဖြစ်လာပြီးနောက်တွင် ထိုလူမှာ ကောင်းကင်တာအိုထိန်းချုပ်မှုအောက်တွင် ရုပ်သေးရုပ်တစ်ရုပ်ဖြစ်လာချေလိမ့်မည်။
၎င်းမှာ အစေ့တစ်စေ့အား လူတစ်ယောက်၏ ဝိဉာဉ်၌ စိုက်ပျိုးထားသလိုပင် တစ်ဖက်လူအား လုံးဝကို နာခံစေရန် တွန်းအားပေးနေ၏။ ပြောရလျှင် လူတစ်ယောက်မှာ ကမ္ဘာငယ်နှင့် မပေါင်းစပ်လျှင် ထိုလူမှာ အမတဖြစ်လာနိုင်ချေမရှိပါချေ။ တစ်ဖက်လူမှ အမတအဆင့်သို့ မကျင့်ကြံနိုင်ပါလျှင် ထိုလူ၏ကျင့်ကြံဆင့်မှာ အဆုံးသတ်သွားပြီဖြစ်၏။
၎င်းတို့မှ သူတော်စင်အဆင့်သို့ကျင့်ကြံကာ နောက်ထပ်ကမ္ဘာငယ်တစ်ခု ထုတ်ဖော်ချိန်တွင် ၎င်း၏အနှစ်သာရဝိဉာဉ်မှာလည်း ထိန်းချုပ်ခံရပြီးဖြစ်မည်ပင်။ ထို့ကြောင့် ၎င်းတို့မှာ အနှစ်သာရကမ္ဘာအားထုတ်ဖော်လျှင် မည်သို့ဖြစ်မည်နည်း?
အဆုံးတွင် ၎င်းတို့မှာ ဟုန်ကျွင်း၏ထိန်းချုပ်မှုအောက်မှ မလွတ်မြောက်နိုင်သေးပါချေ။
ထို့ကြောင့် ထိုခွေးအိုကြီးဟုန်ကျွင်းနှင့် ကောင်းကင်တာအိုမှာ တကယ်ကို ခွေးဆိုးအတွဲပင်ဖြစ်ကြ၏။ ၎င်းတို့နှစ်ဦးမှာ စိတ်တူကိုယ်တူဖြစ်ကာ တစ်ယောက်မှာ တစ်ယောက်ထက်ပိုဆိုးကြ၏။ ၎င်းတို့မှာ အတူတကွ အလုပ်လုပ်ကြကာ တဖြည်းဖြည်းချင်း သုံးလောကအား ထိန်းချုပ်နေ၏။
ကံကောင်းစွာဖြင့် သူ့ထံ၌ အမတဖြစ်မလာခင် ကမ္ဘာငယ်ဖန်ဆင်းရန် ဝမ့်ခိုက်ရှိချေသည်။
မဟုတ်ပါက အမတတစ်ပါးဖြစ်လာရန် အတိဒုက္ခအား ကျော်လွှားနေရပေဦးမည်။ ထိုသို့ဆိုလျှင် သူဟာ ကမ္ဘာငယ်နှင့်ပေါင်းစပ်ကာ ဘိုးဘေးဟုန်ကျွင်းအား သူ၏ဝိဉာဉ်တွင်း၌ အစေ့တစ်စေ့စိုက်ပျိုးခွင့်ပြုလိုက်သလိုဖြစ်သွားပေမည်။ ထို့နောက်တွင် သူအနေနှင့် ပြန်လာချင်ပါလျှင် ကောင်းကင်ဘုံအား တက်လှမ်းရသလိုပင် ခက်ခဲလိမ့်မည်ဖြစ်၏!
နောက်ထပ်ဖြစ်လာမည့်အရာမှာ အင်မတန် သိသာလှပါသည်။ လုရှောင်ယန်မှာ သူ၏တပည့်များအား ရှေးဟောင်းလောကသို့ ခေါ်ဆောင်လာနိုင်ရန် ပြင်ဆင်မှုများ စတင်ပြုလုပ်နေတော့၏။
သူပြင်ဆင်ရန်လိုအပ်သည့် အရာများစွာရှိနေသေးသည်။
အထူးသဖြင့် သူ၏လက်ရှိလက်နက်များအား ထပ်မံအဆင့်မြှင့်ရမည်။ အနည်းဆုံးတော့ ၎င်းအား ဆက်နွယ်မှုမူလရတနာအဖြစ် တိုးမြှင့်ရချေမည်!
ထို့အပြင် သူနှင့် တပည့်များအတွက် ကျင့်ကြံရန် လုံခြုံသည့်နေရာတစ်ခု လိုအပ်ပေသည်။
နတ်ဘုရားလောကတွင် ကျန်းကျီယာကဲ့သို့သော ဆရာကြီးတစ်ဦး၏ သေခြင်းအားမဆိုထားနှင့် ထိုဗုဒ္ဓဂိုဏ်းသားများ၏ သေဆုံးခြင်းကပင် ဗုဒ္ဓဂိုဏ်း၏လူများအား ဆွဲဆောင်ရန် လုံလောက်နေပြီဖြစ်၏။
ထိုသို့ဆိုလျှင် လုံးဝဒုက္ခဖြစ်ချေလိမ့်မည်။
သူ့အတွက် ထိုကဲ့သို့ ဒုက္ခများလှသည့်နေရာအား တတ်နိုင်သမျှ မြန်မြန်ထားခဲ့ရန်မှာ ပို၍ လုံခြုံချေ၏။
ဒါပေါ့ သူဟာ တပည့်များအား နားရက်တစ်ရက်ပေးထားကာ အနားယူခွင့်ပေးထားသည်။ သူဟာ အချိန်ဖြုန်းရမည်အား မစိုးရိမ်ပါချေ။
ဆိုရိုးအတိုင်းပင် ကောင်းကင်ဘုံရှိတစ်ရက်မှာ ကမ္ဘာမြေပေါ်ရှိ တစ်နှစ်နှင့် ညီမျှ၏။ နတ်ဘုရားလောကရှိတစ်ရက်မှာ အမတလောကရှိ ဆယ်မိနစ်နှင့် ညီမျှနိုင်သည်။ ၎င်းတို့မှာ အင်မတန်မြန်ဆန်လှစွာ ရောက်လိမ့်မည်မဟုတ်ချေ!
ရှေးဟောင်းလောကတွင် ကျဲကျောင်းတော်၏ ကျန်ရစ်သူများလည်းရှိကြကာ ရွှေရောင်အောက်ကျွန်းလည်းရှိ၏။
ရှေးဟောင်းလောကသို့သွားခြင်းက သူ့အား ထောက်ပံ့မှုတချို့နှင့် ကာကွယ်မှုတချို့အားရစေနိုင်သည်။ သူဟာ သူ၏လက်ရှိကျင့်ကြံဆင့်နိမ့်နိမ့်လေးနှင့်ပင် အတန်ငယ်ယုံကြည်ချက်ရှိနေ၏။
နောက်ဆုံးနှင့် အရေးကြီးဆုံးမှာ ရှုထောင့်ပါပင်...
ရှေးဟောင်းလောကတွင် စွမ်းအင်အမျိုးအစားအားလုံးရှိကာ သူ၏တပည့်များအား မည်သည့်အဆင့်မှာဖြစ်ဖြစ် ကျင့်ကြံရန် သင့်တော်စေ၏။
အကြောင်းမှာ တပည့်တချို့သည် အမတအဆင့်သို့ တက်လှမ်းကာနီးဖြစ်သောကြောင့်ပင်။ ၎င်းတို့အား သူ၏အနှစ်သာရလောကသို့ စုပ်ယူထားသောကြောင့် ၎င်းတို့မှာ အမတအတိဒုက္ခအား ခံစားရမည်မဟုတ်ချေ။ ဆိုရလျှင် အမတအဆင့်သို့ဖြတ်ကျော်ရန် ၎င်းတို့အတွက် အင်မတန်လွယ်လွန်းပေလိမ့်မည်။
ထို့အပြင် အမတအဆင့်သို့ရောက်ရှိပြီးနောက်တွင် နတ်ဝိဉာဉ်စွမ်းအား,အား ကျင့်ကြံရန် သူ့အတွက် လုံးဝမဖြစ်နိုင်တော့ပါချေ။
နတ်ဝိဉာဉ်စွမ်းအားနှင့် အမတစွမ်းအားအကြားရှိ ခြားနားချက်မှာ အရည်အချင်းမှာ အဓိကမဟုတ်ဘဲ မူလအစမှာ အဓိကပင်!
သို့သော် ရှေးဟောင်းလောကသို့ မသွားခင်၌ လုရှောင်ယန်တွင် အစီစဉ်တစ်ခုရှိချေ၏။
ထိုအစီအစဉ်မှာ သူအချိန်ကြာတွေးတောခဲ့ရသော အရာပါပင်။
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၉။ အပိုင်း ၄၂၇ ဘက်ပေါင်းစုံမှ ထိတ်လန့်ဖွယ်ရာ
အချိန်အတော်ကြာတုန်းက အမတလောက၏ဖြစ်တည်မှုနှင့် သူနှင့်မြင်းနက်များအကြားမှ ဆက်နွယ်ချက်အကြောင်းအား လေ့လာသိရှိပြီးနောက်တွင် လုရှောင်ယန်မှာ ထိုပြဿနာအား စဉ်းစားခဲ့သည်။
ထိုသည်မှာ သူဟာမကြာခင်၌ ကောင်းကင်ဘုံခုံရုံးအား ဆန့်ကျင်ရပေလိမ့်မည်ပင်။
ထိုထဲ၌ စိတ်ဝိဉာဉ်တောင်သည်ပင် ပါဝင်နေ၏။
အကြောင်းမှာ ၎င်းတို့က ဘိုးဘေးဟုန်ကျွင်း၏ ငယ်သားများဖြစ်ကြခြင်းကြောင့်ပင်။
လုရှောင်ယန်မှာ ဘိုးဘေးဟုန်ကျွင်းနှင့် ငြိမ်းချမ်းရေးယူနိုင်မည်လား?
မဖြစ်နိုင်ပါချေ။
ပြန်လည်သင့်မြတ်ရေးမှာ နှစ်ဘက်စလုံးက ညီမျှနေမှသာဖြစ်နိုင်သည်။ မဟုတ်ပါက ငြိမ်းချမ်းချင်သည့်ဘက်က ပိုမိုသန်မာနေရမည်။
ဒါပေါ့၊ လုရှောင်ယန်မှာလည်း ငြိမ်းချမ်းရေးမယူချင်ပါချေ။ သူက အဘယ့်ကြောင့်များ သူ့အားသတ်ချင်နေသည့်လူနှင့် ငြိမ်းချမ်းရေးယူရမည်နည်း?
ထို့ကြောင့် သူဟာ အသေအချာ ပြင်ဆင်ရပေမည်။
ကောင်းကင်ဘုံခုံရုံး၊ စိတ်ဝိဉာဉ်တောင်နှင့် မြေအောက်လောကသည်ပင် လုရှောင်ယန်၏ ပစ်မှတ်များဖြစ်ကြ၏။
၎င်းတို့မှာ သုံးလောကတွင် စွမ်းအားအကြီးဆုံး ရင်းမြစ်အများဆုံးကို ပိုင်ဆိုင်ကြသည်!
သူသာ ၎င်းတို့အား မလုယူပါလျှင် သူတိုးတက်လာရန်မှာ အင်မတန်ခက်ခဲချေလိမ့်မည်ပင်။
သို့သော် ပြဿနာမှာ သူဟာ ၎င်းတို့အား တစ်ဖက်ထံမှ ပွင့်လင်းစွာလုယူခြင်းမပြုနိုင်ချေ။
ထို့ကြောင့် သူဟာ တစ်ဖက်ထံ၌ဝင်ရောက်နေရန် သူလျှိုများပို့မည့် အစီစဉ်တစ်ခုအား တွေးထားသည်။
ထိုသို့ဖြင့် သူဟာ အသေအချာပြင်ဆင်နိုင်ကာ အချက်အလက်များပင် စုဆောင်းနိုင်မည်ပင်။
ထို့အပြင် သူဟာ တစ်ဖက်လူ၏ ရင်းမြစ်အချို့ကိုလည်း ခိူးယူနိုင်ချေလိမ့်မည်။
မည်သို့ဆိုစေ သူဟာတစ်ဖက်ထံမှ အခွင့်ကောင်းယူရန် ကြိုးစားရလိမ့်မည်ပင်။
၎င်းအား ကျိုးကြောင်းသင့်သည်ဟုမဆိုနိုင်ပါချေ။ ၎င်းမှာ ရှင်သန်ရမည့်အခွင့်အရေးအတွက်သာဖြစ်၏။ ထိုအခြေအနေတွင် လုရှောင်ယန်မှာ တစ်ဖက်လူအတွက် ပြိုင်ဘက်မဟုတ်ပါချေ။ သူဟာ ဘယ်လိုများ ရက်စက်သည့်အရာအား မလုပ်နိုင်ရမည်နည်း?
အနည်းဆုံးတော့ အရှက်မဲ့ခြင်းမှာ သုတ်သင်ခံရခြင်းထက် များစွာကောင်းမွန်လေသည်။
ထိုသို့တွေးလျက် လုရှောင်ယန်မှာ အလျင်အမြန်ပင် စတင်ပြင်ဆင်တော့၏။ ထို့အပြင် သူပထမဆုံးတွေးမိသူမှာ လုံကွမ်းပင်။
တပည့်များအားလုံးအကြားတွင် ထိုဘုန်းကြီးအတုမှာ စိတ်ဝိဉာဉ်တောင်သို့သွားရောက်ရန် အသင့်လျော်ဆုံးဖြစ်ချေ၏။
သူဟာ ဗုဒ္ဓဂိုဏ်းအားဝင်ရောက်နိုင်လျှင် အကောင်းဆုံးဖြစ်ချေမည်။
သူ၏ဗုဒ္ဓစွမ်းအားမှာ အင်မတန်သန့်စင်လှကာ မစင်ကြယ်မှုအနည်းငယ်ပင်မရှိပါချေ။ ဗုဒ္ဓဂိုဏ်းမှာ သူဟာ နတ်ဆိုးတစ်ကောင်ဖြစ်သည်အား သံသယဝင်လိမ့်မည်မဟုတ်ချေ။
ထို့ကြောင့် လုရှောင်ယန်မှာ လုံကွမ်းအား ချက်ချင်းရှာလိုက်၏။
"ဆရာအဘိုး၊ ကျွန်တော့ကိုရှာနေတာလား?"
လုံကွမ်းမှာ လျှောက်လာချိန်၌ မျက်လုံးများကို မှေးကျဉ်းကာ ပြုံးနေ၏။
သူ၏စိတ်တွင်း၌ ဂိုဏ်းချုပ်မှာ သူ့အား အလျင်စလိုရှာဖွေနေသည်မှာ ကိစ္စကောင်းဖြစ်သည်ပင်!
မလာလိုက်လျှင် ဖြုန်းတီးမှုဖြစ်ချေမည်။
သူရောက်လာသည်အားမြင်သော် လုရှောင်ယန်မှာ ပြုံးလျက်ပြောလိုက်၏။
"လုံကွမ်း၊ ငါမင်းကိုကောင်းကောင်းဆက်ဆံပေးခဲ့တယ်မလား?"
လုံကွမ်းမှာ ချက်ချင်းပင် လေးနက်နေဟန်ဖြင့် ဖြေလိုက်၏။
"ဆရာအဘိုးရဲ့ကြင်နာမှုကို တောင်တန်းတစ်ခုလို လေးလံတယ်လို့တောင်ဆိုနိုင်ပါတယ်ဗျာ!"
လုရှောင်ယန်မှာ ထပ်မံခေါင်းငြိမ့်လိုက်သည်။
"မင်းဒါကိုသိတာကောင်းတယ်။ မင်းပြန်ရောက်ပြီး နှစ်များစွာကြာအောင် အမည်မဲ့ဂိုဏ်းရဲ့ ဒုတိယမျိုးဆက်တွေကြားမှာ အမြဲတမ်းလိုလို မင်းပဲ ရင်းမြစ်တွေအများဆုံးရခဲ့တယ်။ တခြားလူတွေမသိရင်တောင် မင်းသိမှာပါ။"
"ဒါပေါ့၊ ဒါအတွက် အကြောင်းပြချက်အများကြီးရှိတယ်လေ။ ဒါက မင်းရဲ့ပါရမီက ကောင်းလွန်းနေပြီး မင်းရဲ့ကျင့်ကြံဆင့်ကလည်း စွမ်းအားကြီးလို့ပဲ။ ဒါပေမယ့် အရေးကြီးဆုံးက ငါမင်းကိုအမြဲတမ်း ပျိုးထောင်ပေးခဲ့တော့ အသင့်လျော်ဆုံးအချိန်မှာ မင်းကို လေးလံတဲ့တာဝန်တစ်ခုပေးချင်တယ်! ပြီးတော့ အခု အခွင့်အရေးကရောက်လာပြီ!"
လုံကွမ်း၏ မျက်လုံးများမှာ တက်ကြွဟန်ပေါ်နေ၏။
ဆရာအဘိုးက သူ့ကို အရမ်းအရေးကြီးတဲ့ တာဝန်တစ်ခုပေးချင်နေတာလား?
သေစမ်း၊ တာဝန်က အရမ်းကိုအရေးပါနေတယ်ဆိုမှတော့ ဆုကလည်း အရမ်းကိုများမှာပဲ၊ ဟုတ်တယ်မလား?
ဟားဟားဟား... သူတော့ချမ်းသာတော့မှာပဲ!
သူဟာ ယခု၌ အမှန်ကန်ကို ချမ်းသာတော့မည်ပင်!
သူ၏ဆရာအဘိုးမှာလည်း သူ့ကိုပြောခဲ့သည်။ သူသာထိုတာဝန်ကြီးအား အပြီးသတ်နိုင်ပါလျှင် အနာဂတ်တွင် အမည်မဲ့ဂိုဏ်း၌ ကောင်းမွန်သောဘဝတစ်ခုရရှိနိုင်မည်မဟုတ်ပါလား?
ပြည့်စုံတယ်!
ထိုသည်မှာ တကယ်ကိုပြည့်စုံလှ၏။
ထိုအခိုက်တွင် လုံကွမ်းမှာ သူ၏စိတ်ကိုပြင်ဆင်လိုက်၏။
သူဟာ ထိုအလုပ်အားလက်ခံရမည်။
"ဆရာအဘိုး၊ မပူပါနဲ့။ ဆရာသုံးရဲ့ တစ်ဦးတည်းသောတပည့်အနေနဲ့ ကျွန်တော်က အမည်မဲ့ဂိုဏ်းရဲ့ ဒုတိယမျိုးဆက်ထဲမှာ အကောင်းဆုံးပဲလေ။ ကျွန်တော်သာဂိုဏ်းကိုမကူညီရင် ဘယ်သူကကူညီနိုင်မှာတဲ့လဲ?"
"ဒီအရေးကြီးတာဝန်ကို ကျွန်တော်နဲ့ထားခဲ့လိုက်ပါ!"
လုရှောင်ယန်မှာ ခေါင်းငြိမ့်လျက် သူ၏ပုခုံးအား စိတ်သက်သာစွာ ပုတ်ပေးလိုက်၏။
"ငါမင်းအကြောင်းတွေးတာမှန်သားပဲ။ ဒီလိုဆိုမှတော့ စိတ်ဝိဉာဉ်တောင်ကို သွားလိုက်တော့။"
"ကောင်းပါပြီ! ပြဿနာမရှိပါဘူး! ဝေ့၊ ခဏ၊ ကျွန်တော်ဘယ်ကိုသွားရမှာ?"
"စိတ်ဝိဉာဉ်တောင်လေ!"
"မဟုတ်သေးဘူး၊ ကျွန်တော်ကဘာကြောင့် စိတ်ဝိဉာဉ်တောင်ကို သွားရမှာလဲ?"
"ဒါပေါ့၊ စိတ်ဝိဉာဉ်တောင်ထဲကို ခိုးဝင်ပြီး ငါတို့အမည်မဲ့ဂိုဏ်းရဲ့ အဓိက ဆက်ဆံရေးအရာရှိ လုပ်ခိုင်းမလို့လေ!"
"ကျွန်တော့ကို လူလိမ်ဖြစ်စေချင်နေတာလား? ဆရာအဘိုး၊ ကျွန်တော်မသွားဘူးနော်။ စိတ်ဝိဉာဉ်တောင်မှာက ဘုန်းကြီးတွေနဲ့ပဲပြည့်နေတာ။ အဲ့ဒီမှာ ဂေါတမဗုဒ္ဓနဲ့ သူတော်စင်နှစ်ပါးလည်းရှိနေသေးတယ်! ကျွန်တော်သာသွားလို့ အရိုက်ခံရရင်ရော? ပြန်လာနိုင်မှာမဟုတ်တော့ဘူးလေ!"
"မဖြစ်ဘူး၊ မဖြစ်ဘူး၊ တစ်ယောက်ယောက်ကိုပဲရှာလိုက်သင့်တယ်!"
"ဘယ်သူ့ကိုသွားရှာစေချင်နေတာလဲ? ငါအခု ဘယ်သူ့ကိုရှာနိုင်မှာတဲ့လဲ? အမည်မဲ့ဂိုဏ်းတစ်ခုလုံးမှာ မင်းတစ်ယောက်တည်း ကတုံးဖြစ်နေတာ။ ပြီးတော့ ဗုဒ္ဓကျင့်စဉ်တွေအားလုံးမှာလည်း မင်းရဲ့ကျင့်ကြံဆင့်က အမြင့်ဆုံးပဲလေ။ မင်းသာ စိတ်ဝိဉာဉ်တောင်ကို မသွားရင် ငါက ဘယ်သူ့ကိုပို့နိုင်မှာတဲ့လဲ?"
လုံကွမ်းမှာ ချက်ချင်းပင် ငိုချင်သွား၏။
"ဆရာအဘိုး၊ ကျွန်တော်ကတုံးဖြစ်နေတာ ကျွန်တော့အမှားမှမဟုတ်တာ။ ကျွန်တော်သာ စိတ်ဝိဉာဉ်တောင်ကို လူလိမ်အနေနဲ့သွားရင် တကယ်သေမှာဗျ။ ကျွန်တော့ကိုသာရှာတွေ့သွားကြရင် သူတော်စင်တစ်ပါးရဲ့ သေတဲ့ထိရိုက်တာကိုလည်း ခံရဦးမယ်!"
လုရှောင်ယန်မှာ ဒေါသတကြီးပြောလိုက်၏။
"မင်းကိုလည်းကြည့်ဦး။ မင်းနာမည်ကိုမင်း ဘယ်လိုလုပ် လုံကွမ်းလို့ပြောနိုင်ရတာလဲ? လုံငကြောက်ဆိုတဲ့ နာမည်ကမှ မင်းနဲ့ပိုသင့်တော်မယ်လို့ထင်တယ်! မင်းနာမည်က လုံကွမ်းလေ။ နာမည်ကိုဘာလို့ဖြုန်းတီးနေရတာလဲ!"
လုံကွမ်းမှာ ဖျော့တော့စွာပြောလိုက်၏။
"ဆရာအဘိုးသာ ကျွန်တော့်ကိုနေခွင့်ပြုပြီး စိတ်ဝိဉာဉ်တောင်ကို မသွားရရင်တော့ ကျွန်တော့နာမည်ကို လုံငကြောက်လို့ပြောင်းဖို့ ဆန္ဒရှိပါတယ်။"
"သေလိုက်ပါတော့..."
လုရှောင်ယန်မှာ ပြောစရာမဲ့သွား၏။
တစ်ဖက်လူထံတွင် မျှော်လင့်စရာကျန်နေသေးသည်ကြောင့်သာမဟုတ်ပါလျှင် သူ့အား သေတဲ့အထိ ရိုက်လိုက်မှာပင်!
"ကောင်းကောင်းနေစမ်းပါ။ ငါ့မှာ သူတော်စင်ဖြစ်ဖို့ နေရာတစ်ခုရှိပါသေးတယ်။ မင်းသာ စိတ်ဝိဉာဉ်တောင်ကနေပြန်လာရင် မင်းကိုသူတော်စင်ဖြစ်စေရမယ်လို့ အာမခံတယ်။"
"ဟစ်"
လုံကွမ်းမှာ ချက်ချင်းပင် မနေနိုင်ဘဲ ရှိုက်လိုက်၏။ သူ၏ကိုယ်ပေါ်ရှိ နဂါးအကြေးခွံများသည်ပင် ဖောင်းလာကြသည်။
သူ၏ဝိုင်းစက်သောမျက်လုံးများက လုရှောင်ယန်ထံ အသေအချာစိုက်ကြည့်နေကြသည်။
"ဆရာအဘိုး၊ တကယ်ပဲ အမှန်တိုင်းပြောနေတာလား?"
"ငါသာမင်းကိုလိမ်ရင် မြှုပ်စရာနေရာမရှိဘဲ သေရလိမ့်မယ်!"
လုံကွမ်းမှာ ထပ်မံရှိုက်လိုက်ကာ အင်မတန် ပျော်ရွှင်ဝမ်းမြောက်သွားလေ၏။
ထိုသည်မှာ သတင်းကောင်းပါပင်!
၎င်းမှာ တကယ်ကို အာမခံချက်ပင်!
သူ၏ဆရာအဘိုးမှ ထိုသို့ပြောသည်နှင့် ဒါကတကယ်အမှန်ဖြစ်၏။
သူသာ ကိုယ့်ကိုယ်ကိုယ်အားကိုးပြီးကျင့်ကြံနေပါလျှင် နှစ်ပေါင်းတစ်သိန်း သို့မဟုတ် တစ်သန်းအတွင်းတွင်ပင် သူတော်စင်အဆင့်သို့ ရောက်နိုင်လိမ့်မည်မဟုတ်ချေ။
ယခုတွင် သူ၏ဆရာအဘိုးမှာ သူ့အား သူတော်စင်ဖြစ်လာရန် နေရာတစ်ခုပေးနေချေပြီ။ သူသာထိုသို့သော ဆုကြီးအား သဘောမတူလိုက်ပါလျှင် တကယ်ကိုအရူးတစ်ယောက်သာဖြစ်ချေလိမ့်မည်။
"ဆရာအဘိုး၊ မပူပါနဲ့။ ကျွန်တော့်ရဲ့ လက်ရှိကျင့်ကြံဆင့်က မလုံလောက်ပေမယ့်လည်း နတ်ဘုရားဧကရာဇ်အဆင့်ကိုရောက်ကာနီးနေပါပြီ။ ဗုဒ္ဓဂိုဏ်းက ဒီတစ်ခေါက် ဒီလောက်ကြီးမားတဲ့ဆုံးရှူံမှုကို ခံစားပြီးမှတော့ စုံစမ်းဖို့အတွက် အမတွေ ချက်ချင်းပို့လိုက်မယ်လို့ထင်တယ်။"
"ကျွန်တော့ကျင့်ကြံဆင့်က တကယ်ကို နက်ရှိုင်းတယ်လေ။ ကျွန်တော်ဗုဒ္ဓဂိုဏ်းကို ထပ်ဝင်နိုင်ပြီး စိတ်ဝိဉာဉ်တောင်ကို လွယ်လွယ်နဲ့ဝင်လို့ရလောက်တယ်။"
"ကံကောင်းပါစေ။ သူတော်စင်တစ်ယောက်ဖြစ်လာရမယ့်နေရာက မင်းကိုစောင့်နေတယ်! သွားတော့။"
"သိပါပြီ!"
လုံကွမ်းမှာ အင်မတန်စိတ်လှုပ်ရှားလျက် ချက်ချင်းပင် ဗုဒ္ဓဂိုဏ်းအား ရှာရန်ထွက်သွားကာ ၎င်းတို့ထဲသို့ဝင်ရောက်ရန် ထပ်မံပြင်ဆင်လိုက်၏။
သူထွက်သွားပြီးနောက် လုရှောင်းယန်မှာ နှုတ်ခမ်းများအား သပ်လိုက်၏။
"ဒီအကွက်က တကယ်ကိုအသုံးဝင်တယ်လို့ပြောလို့ရတယ်။ ဒါက သာမန်ကတိလေးဆိုရင် သူတို့ဂရုတောင်စိုက်မှာမဟုတ်လောက်ဘူး။ ပြီးတော့ ဂရုစိုက်ရင်တောင် ကောင်းကင်ဘုံခုံရုံး၊ စိတ်ဝိဉာဉ်တောင်နဲ့ မြေအောက်လောက,က သူတို့ကို အကျိုးအမြတ်တွေပိုပေးပြီး ငါ့ကိုလှည့်ဖျားအောင်လုပ်ရင် ငါတကယ်ကိုဒုက္ခတွေ့မှာ။"
"ပြောရရင်တော့၊ ငါသာ သူတို့ပြန်လာတဲ့အခါကျ သူတော်စင်အဆင့်ရောက်အောင် လုပ်ပေးမယ်လို့ ကတိပေးလိုက်ရင်တော့ ငါ့ကိုသစ္စာဖောက်ကြမှာမဟုတ်လောက်တော့ဘူး။
သုံးလောက၌ သူတော်စင်အများအပြားမရှိဟု ဆိုနိုင်ချေသည်။
၎င်းတို့မှာ လက်တဆုပ်စာမျှသာရှိချေသည်။
သုံးလောက၌ မည်သည်ကမျှ ထိုအရာထက် ကမ်းလှမ်း၍ ကောင်းမည်နည်း?
သူဟာတကယ်ကို ဉာဏ်ကြီးရှင်ဖြစ်ပေ၏!
ထို့နောက်တွင် လုရှောင်ယန်မှာ ရှီချန်းလင်အားခေါ်လိုက်သည်။
"လောင်ရှီ၊ မင်းကငါတို့အမည်မဲ့ဂိုဏ်းမှာ နှစ်များစွာရှိနေခဲ့တယ်။ ငါမင်းကို ဘယ်လိုများဆက်ဆံခဲ့လဲ?"
ရှီချန်းလင်မှာ တစ်ခဏမျှတိတ်ဆိတ်သွားပြီးမှပြောလိုက်၏။
"ဆရာအဘိုး၊ ကျွန်တော်က ဆရာဦးလေးမဟုတ်ပါဘူး။ ကျွန်တော်ဒီလိုမလုပ်တတ်ဘူး။ ပြီးတော့ ကျွန်တော် လွန်ခဲ့တဲ့နှစ်ရက်လောက်တည်းက သွေးယိုခြင်းဖြစ်နေတာပါ။ ကျွန်တော်နဲ့ အဲ့ဒါကို အတူတူလုပ်ချင်လိမ့်မယ်လို့မထင်ပါဘူး။"
လုရှောင်ယန် : "???"
"လီကောနဲ့ ငါက ရိုးသားပါတယ်။ ငါ့ကို မကျိန်ဆဲနဲ့လေ။"
"ဒါပေါ့! ဒါပေါ့!"
လုရှောင်ယန် : "..."
တစ်ဖက်လူက ၎င်းအား ရည်ရွယ်ချက်ရှိရှိလုပ်နေသည်ဟု သူအဘယ့်ကြောင့်ခံစားနေရသနည်း?
သူဟာ တစ်ဖက်လူအား ကောင်းကင်ဘုံခုံရုံး၌ စိုက်ပျိုးထားချင်သောကြောင့်သာ မဟုတ်ပါလျှင် သေအောင်ကန်ပစ်မှာဖြစ်သည်!
"ငါ့မှာ မင်းအတွက် တကယ်ကိုအရေးကြီးတဲ့ တာဝန်ရှိတယ်။ မင်းသာဒါကိုအပြီးသတ်နိုင်ရင် သူတော်စင်ဖြစ်လာဖို့ နေရာပေးမယ်။ ငါမှာ အဲ့ဒီ့နေရာတစ်ခုပဲရှိတာ။ သုံးလောကလုံးမှာလည်း အဲ့သလိုမျိုး အခွင့်အရေးထပ်မရှိတော့ဘူးလေ! မင်းသာလွဲသွားခဲ့ရင် နောက်ထပ် နှစ်သန်းတစ်ရာလောက်စောင့်နေရဦးမယ်!"
"ဟစ်"
ရှီချန်းလင်မှာ ကြို့ထိုးလိုက်ကာ ကိုယ်ပေါ်ရှိ အမွေးများ တစ်ဆုံးထောင်ထသွားတော့၏။
ချက်ချင်းပင် သူဟာ ထရပ်ကာ သူ၏ခါးစည်းကြိုးအား အတည်ပေါက်ကြီး ဖြည်လိုက်၏။
လုရှောင်ယန်မှာ ကြောင်အနေ၏။
"မင်းဘာလုပ်ချင်နေတာလဲ?"
ရှီချန်းလင်မှာ ပြုံးကာပြောလိုက်၏။
"ဆရာအဘိုး တကယ်တော့ ကျွန်တော့်ရဲ့ သွေးယိုစိမ့်ခြင်းက ပြန်ကောင်းသွားပြီဆိုတာ ပြောဖို့မေ့နေတာပါ။"
ဘုန်း!
"သွားပြီးတော့ ဆယ်နှစ်လောက် နံရံကိုပဲမျက်နှာမူနေလိုက်တော့။ မဟုတ်ဘူး! နှစ်တစ်ရာလောက်!"
လုရှောင်ယန်မှာ တစ်ဖက်လူအား လွင့်ထွက်သွားအောင် ကန်ကာ ဒေါသတကြီး ဟစ်အော်လိုက်သည်။
ထို့နောက် ကျီဝူရှင်းမှာ လက်ဘက်ရည်တစ်ခွက် ယူဆောင်လာ၏။
"ဂိုဏ်းချုပ် စိတ်လျှော့ပါ။ ဒါက ဆရာဦးလေးရှစ် ဆုချထားတဲ့ လဘက်ရည်ပါ။ ဒါကို ဦးဦးဖျားဖျားမသောက်ရက်လို့ ဂိုဏ်းချုပ်ဆီ အကုန်လာပို့ပေးတာပါ။"
"လဘက်ရည်? သူကဘယ်ကနေ လဘက်ရည်ရလာတာလဲ?"
"ဘာမှတော့မဟုတ်ပါဘူး။ ကျွန်တော်တို့တွေ မတိုင်ခင်က အုတ်ဂူတွေဖောက်ခဲ့ကြတယ်မဟုတ်လား? ကျွန်တော်တို့တွေ တချို့အုတ်ဂူတွေဆီကနေ လ္ဘက်ရွက်တွေ ခူးလာခဲ့တာပါ။ ဒါတွေက ထိပ်တန်းနတ်ဝိဉာဉ်စွမ်းအားလဘက်ရည်တွေချည်းပဲ။ ဒါကိုသောက်ပြီးရင် စိတ်ကိုလန်းဆန်းသွားစေပြီး နတ်ဝိဉာဉ်စွမ်းအားကိုတောင် သန့်စင်စေနိုင်တယ်။ ဒါကတကယ်ကို ပစ္စည်းကောင်းပဲ။"
လုရှောင်ယန် : "..."
သူဟာ မူလက တစ်ဖက်လူအား သူ့အတွက် ဝေယျာဝစ္စလုပ်ပေးခြင်းကြောင့် ချီးကျူးချင်နေပါသော်ငြား ၎င်းကို ကြားပြီးနောက်တွင် သူ၏စကားလုံးများအား ပြန်လည်ရုတ်သိမ်းလိုက်၏။
"မင်းမှာ ဒီလဘက်ရည်အတွက် အရည်အသွေးအာမခံချက်ရှိလို့လား? ဒါက သက်တမ်းကုန်လောက်ပြီ မဟုတ်လား?"
"ဂိုဏ်းချုပ်၊ မနောက်ပါနဲ့။ ဒါက နတ်ဝိဉာဉ်စွမ်းအားလ္ဘက်ရည်လေ။ ရှေးအချိန်တွေအများကြီးကို ဖြတ်ကျော်လာတာ။ သာမန်လဘက်ရည်လေးပဲမဟုတ်ဘူး။ ဘယ်လိုလုပ် သက်တမ်းကုန်နိုင်မှာလဲ? သောက်ကြည့်ပါ။"
"မလိုဘူး။ ဒါကိုနောက်မှ မင်းအဖေကိုသောက်ဖို့ပေးလိုက်။ ပြောရရင် သူသေပြီးတဲ့နောက်မှာတောင်မှ သူ့သားသမီးတွေရဲ့ ညည်းတွားတာကိုခံနေရတုန်းပဲ။ ငါ့မှာ မင်းအတွက် အခု အရမ်းအရေးကြီးတဲ့ တာဝန်ရှိတယ်။ မင်းစိတ်ဝင်စားမယ်လို့ထင်မိတယ်?"
ကျီဝူရှင်းမှာ ရပ်တန့်သွား၏။ ထို့နောက်တွင် သူ၏မျက်လုံးများမှာ ချဉ်စုပ်ကာ နီရဲလာပြီး မြူခိုးများဖြင့် ကွယ်သွား၏။
"ဂိုဏ်းချုပ်၊ ကျွန်တော်ဘာလုပ်ရမလဲ?! ဘာလို့ကျွန်တော့အပေါ်အရမ်းကောင်းနေရတာလဲ? ကျွန်တော်က အမည်မဲ့ဂိုဏ်းရဲ့ နာမည်မရှိတဲ့ တပည့်လေးပဲလေ။"
"ဟုတ်ပါတယ်၊ ကျွန်တော့ရဲ့ သွေးရင်းညီမလေးက အမည်မဲ့ဂိုဏ်းရဲ့ ဒုတိယဆရာတူအစ်မဆိုတာမှန်တယ်..."
"ကျွန်တော့ အဖေနဲ့ ဦးလေးကလည်း အမည်မဲ့ဂိုဏ်းရဲ့ ထူးချွန်တဲ့ ဒုတိယမျိုးဆက်တပည့်တွေဆိုတာမှန်ပါတယ်..."
"ကျွန်တော့ညီလေးကတောင် အမည်မဲ့ဂိုဏ်းရဲ့ လူငယ်မျိုးဆက်က ပါရမီရှင်ပဲ..."
"ဒါပေမယ့်၊ ကျွန်တော်က သာမန်လူပါပဲ! ခင်ဗျားကကျွန်တော့်ကို ဒီလိုမျိုးအရေးကြီးတာဝန်ပေးချင်တယ်လား!"
"ခဏနေဦး... ဒါက... ဒါက... ခင်ဗျားကကျွန်တော့ရဲ့ သွေးရင်းအဖေလား?'
လုရှောင်ယန် : "..."
"မဟုတ်ဘူး၊ အများကြီးမတွေးပါနဲ့။ ငါမင်းကို တာဝန်တစ်ခုပေးချင်ရုံပါပဲ။"
"ဒါပေမယ့် ဂိုဏ်းချုပ်က ဒီတာဝန်ကို တခြားလူကိုမဟုတ်ဘဲ ကျွန်တော့ကိုပေးတာလေ။ ကျွန်တော့ရဲ့ အဖေမဟုတ်ရင် ဒါက...ဟစ် ~! ကျွန်တော့ညီမလေးကို လက်ခံလိုက်တာလား?"
"မင်းကအခုတော့ ဒီတာဝန်နဲ့ အရမ်းကိုသင့်လျော်တယ်လို့မထင်တော့ဘူး။ ပြန်သွားပြီးသာ ကျင့်ကြံနေလိုက်တော့။"
ကျီဝူရှင်းအား မောင်းထုတ်ပြီးနောက်တွင် သူဟာ မနေနိုင်ဘဲ ခေါင်းပင်ကိုက်လာ၏။
ဘာလို့အမည်မဲ့ဂိုဏ်းတစ်ခုလုံးမှာ အဆင်ပြေတဲ့လူမရှိရတာလဲ?
လုရှောင်ယန်မှာ ရုတ်တရတ် သူ့နံဘေး၌ လူပေါင်းများစွာအား စုဆောင်းထားပါသော်ငြားလည်း အသုံးဝင်သည့်လူ များများစားစားမရှိကြောင်း သတိပြုမိလိုက်သည်။
ခေါင်းကိုက်စရာပဲ။
ဤတစ်ခေါက်၌ သူ၏ကြမ်းတမ်းလှသောအစီအစဉ်အတွက် ကိုယ်ပိုင်တပည့်များသုံးရန်မှာ လုံးဝမသင့်လျော်ပါချေ။ ၎င်းတို့မှာ သူ၏ကျင့်ကြံဆင့်အား တိုးတက်စေရန် ကျင့်ကြံရချေဦးမည်။
ထပ်ပေါင်းရလျှင် တခြားလောကများမှ မြင်းနက်များအား ဖမ်းဆီးရန် အစီအစဉ်မှာ ရှေးဟောင်းလောကသို့ရောက်ပြီးမှသာ အကောင်အထည်ဖော်ရမည်ဖြစ်၏။
တပည့်အသစ်များမှာလည်း မသင့်လျော်ပါချေ။ ၎င်းတို့အား သူ၏ကမ္ဘာထဲ၌ ထည့်သွင်းထားပြီးဖြစ်သော်လည်း ၎င်းတို့၏ သစ္စာရှိမှုမှာ အချိန်ကြာ မပျိုးထောင်ရသေးသလို မကြီးထွားသေးသောကြောင့် မသင့်လျော်ပါချေ။
အဆုံးတွင် လုရှောင်ယန် မီးငှက်ဇာမဏီကိုသာ ကျောက်စိမ်းရေကန်ဆီသို့ သွားရောက်ရန် စီစဉ်လိုက်ရ၏။ အကြောင်းမှာ ကျန်းကျီယာ၏ဝိဉာဉ်အား စုပ်ယူပြီးနောက်တွင် သူဟာ အမတလောကအကြောင်းအား အနည်းနှင့်အများတော့ သိလိုက်ရသောကြောင့်ပင်။
ထိုစွမ်းအားမှာ ကျန်းကျီယာအပေါ် သူ၏ဒုတိယမြောက် အံ့ဩမှုပါပင်။
ပြောရလျှင် ကျောက်စိမ်းရေကန်မှာ မြင့်တက်လာနိုင်ရန် အမတငှက်များအား လက်ခံလေသည်။ ထို့အပြင် မီးငှက်ဇာမဏီမှာ ငှက်မဖြစ်၏။ ထိုသို့သွားပြီးနောက်တွင် အစီအစဉ်များလုပ်ရန် အင်မတန်လွယ်သွားမည်ဖြစ်၏။
ဖိဂုလျန်အားလည်း မဟာလနန်းတော်သို့သွားခိုင်းလိုက်သည်။
ကျန်းကျီယာ၏မှတ်ဉာဏ်များမှ အလှအပတချို့အား ထောက်လှမ်းချင်နေသည့် အမတတချို့မှာ ထိုမဟာလနန်းတော်တွင်ရှိသည်ကို တွေ့သည်။ ထို့ကြောင့် မဟာလနန်းတော်တွင် အစောင့်အရှောက် အမတသားရဲအား မကြာခင်က စုဆောင်းခဲ့သည်။ သို့ရာတွင် တစ်ယောက်ယောက်က မကောင်းသောရည်ရွယ်ချက်ဖြင့် မကောင်းသည့်အမတသားရဲများအား ပို့လိုက်မည်ကို စိုးရိမ်နေသောကြောင့် အချိန်ကြာသည်အထိ မရွေးချယ်ရသေးပါချေ။
ဖိဂုလျန်မှာ အင်မတန်တုံးအပုံပေါ်ကာ ကိစ္စများလုပ်ရာ၌ ပိုမို တုံးအလာတတ်သည်။ ထိုသို့သော ငတုံးမှာ အနှောင့်ယှက်မခံလိုသည့် အထီးကျန်မိန်းမတစ်ယောက်၏ သနားညှာတာမှုအား အလွယ်တကူဖမ်းစားနိုင်သည်။
ထို့ထက် လုရှောင်ယန်မှာ ကောင်းကင်ဘုံခုံရုံး၊ မြေအောက်လောကနှင့် ပင်လယ်လေးသွယ်နဂါးနန်းတော်ကိုပင်အခြားသောငယ်သားအုပ်စုများပို့လိုက်သည်။
အတိုချုံးရလျှင် လုရှောင်ယန်မှာ သုံးလောက၏ လူသားများရှိရာ နေရာအားလုံးသို့ သူလျှိုများပို့လိုက်လေသည်။
အားလုံးလုပ်ပြီးချိန်တွင် လုရှောင်ယန်မှာ အားလုံးအား ရှေးဟောင်းလောက၌ ကျင့်ကြံရန်ခေါ်ဆောင်သွားတော့သည်။
သူထွက်သွားပြီး မကြာလိုက် ဗောဓိကျောင်း၌ ရွှေရောင်အလင်းများပေါ်ထွက်လာသည်။
ဟင်းလင်းပြင်ဝင်ပေါက်ကြီးတစ်ခုပွင့်လာကာ ရွှေရောင်ဗုဒ္ဓပုံရိပ်တချို့ဆင်းသက်လာ၏။
"ဒီနတ်ဘုရားလောကရဲ့ ဗုဒ္ဓဂိုဏ်းမှာ ဘာတွေဖြစ်သွားလဲဆိုတာကို ရှင်းရှင်းလင်းလင်းစုံစမ်းရမယ်။ ဘာကြောင့် ဒီလိုဖြစ်တာလဲရှာကြစမ်းပါ၊ ဘာလို့ ဖျက်ဆီးခံရလုနီးပါးတောင်ဖြစ်နေရတာလဲ? ထပ်ပေါင်းအနေတဲ့ ဒီလောက,က ဗုဒ္ဓဂိုဏ်းသားအားလုံးကိုစုစည်းပြီး သူတို့ကျင့်ကြံဆင့်ကိုတိုးပေးလိုက်။ ပြီးရင် ဗုဒ္ဓတစ်သောင်းစည်းဝေးပွဲကို ချောချောမွေ့မွေ့ကျင်းပနိုင်တာသေချာဖို့ သူတို့ကို စိတ်ဝိဉာဉ်တောင်ဆီ ချက်ချင်းခေါ်သွားလိုက်တော့။"
ကောင်းကင်ဘုံခုံရုံးမှအမိန့်တစ်ခုလည်း ကျဆင်းလာလေသည်ပင်!
ကောင်းကင်စေတီဘုရင်လီကျင်းမှာ ကျန်းကျီယာအား အဆင့်နိမ့်လောကသို့ လျှို့ဝှက်စွာ လာခွင့်ပြုထားကာ ကောင်းကင်စည်းမျည်းများအား ချိုးဖောက်ထားသောကြောင့် အကျဉ်းချခံထားရသည်။
တစ်ခဏလောက် သုံးလောကရှိလူတိုင်းမှာ အလုပ်များကာပူပန်နေကြရသည်။ ၎င်းမှာ သုံးလောက၌ မတည်ငြိမ်သော လက်ရှိအခြေနေနှင့် ကြုံနေရသလိုပါပင်။
ခရမ်းသွေးတိမ်တိုက်နန်းတော်တွင် အနက်ရောင်ဝတ်ရုံနှင့် ပုံရိပ်တစ်ခုမှာ တင်ပလ္လင်ခွေထိုင်လျက် ပြုံးလိုက်သည်။
"ကံကြမ္မာလှည်းဘီးက ထပ်ပြီးလည်နေပြန်ပြီပဲ! ပန်ဂုရဲ့ ခန္ဓာလမ်းစဉ်နဲ့ ငါဖန်တီးခဲ့တဲ့ ဆန်းကြယ်မှုက နောက်ဆုံးတော့ ပေါ်လာပြီပဲ!"
"ဒီတစ်ခေါက်တော့ မင်းဒါကို ထိန်းထားနိုင်မလားလို့ တွေးမိတယ်၊ ဆရာ?"
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၉။ အပိုင်း ၄၂၈ ဆရာနဲ့ တပည့်
ရှေးဟောင်းလောကတွင် များပြားလှသော ကမောက်ကမများဖြစ်နေ၏။
ထိုနေရာမှာ ယခင်က လောကတစ်ခုလုံး၏ အဓိကကိုယ်ထည်ဖြစ်ခဲ့ဖူးသည်ပင်! ၎င်းမှာ နဂါးနှင့် ဇာမဏီအခက်အခဲမတိုင်ခင်တွင် ထိုဟုန်ကျွင်းမှ တာအိုကိုဟောကြားကာ ရှေးဟောင်းလောကအား အက်ကွဲစေပြီး သုံးလောကကို ခွဲခြမ်းလိုက်ရာ ၎င်းမှာ လောကကြီး၏ တစ်ထောင့်တစ်နေရာသာဖြစ်လာခဲ့သည်။
သို့သော် ထိုသို့ဆိုလျှင်တောင် ၎င်း၌ လောကကြီးအား မသိစေနိုင်သည့် စွမ်းအားရှိသည်ပင်!
ထိုနေရာ၌ ဘယ်သောအခါမှ သုံးလောကသို့ ခြေလှမ်းမလာကြသည့် ရှေးဟောင်းပါရမီရှင်ဆရာကြီးများမှာ ပုန်းအောင်းကာ ကျင့်ကြံနေကြသည်ပင်။
တောင်တန်းနှင့်မြစ်ချောင်းများ ပြောင်းလဲကာ ကြယ်များရွေ့လျားသွားပြီး နေနှင့် လတို့ ထွန်းလင်းလာကြသည်။
အချိန်များစွာ မရေတွက်နိုင်သော ပါရမီရှင်များမှာ ဤနေရာ၌သာ ပုန်းအောင်းနေကြ၏။
၎င်းမှာ ယခင် ရှေးဟောင်းလောက,က တိတ်တဆိတ် ပြန်လည်ရောက်ရှိလာသလိုပါပင်။
ထိုအခိုက်တွင် ရှေးဟောင်းလောက၏ တစ်နေရာမှ ဟင်းလင်းပြင်ဝင်ပေါက်လေးတစ်ခုမှာ ခပ်ဖြည်းဖြည်းပွင့်လာ၏။
ပုံရိပ်သုံးခုမှာ ဟင်းလင်းပြင်ဝင်ပေါက်၏ စွမ်းအားကိုအမှီပြု၍ ရှေးဟောင်းလောကလေးထဲသို့ ဝင်ရောက်လာ၏။
"ဒါက ရှေးဟောင်းလောကလား? ငါမှတ်မိနေတာနဲ့ နည်းနည်းလောက်ကွဲသွားတာပဲ!"
"ငါတို့တွေ အကြိမ်ပေါင်းမရေတွက်နိုင်လောက်အောင် သေခဲ့ပြီးပြီ။ ရှေးဟောင်းလောက,က ပြိုကွဲသွားတာပဲကြာခဲ့ပြီ၊ အရင် ရှေးဟောင်းလောကဆိုတာ ထပ်မရှိတော့ဘူး။ ဒါပေမယ့် လက်ရှိရှေးဟောင်းလောကကိုလည်း အထင်သေးလို့မရဘူး။"
လုရှောင်ယန်မှာ သူ၏နံဘေးရှိ လီကောနှင့် ဝူရှားအားကြည့်လိုက်သည်။ ရိုးရိုးသားသားဆိုရလျှင် ဝူရှားမှ သူမသည် အနှစ်သာရဇာမဏီ၏ ပြန်လည်ဝင်စားသူဟု ဆိုခဲ့ချိန်၌ သူ၏စိတ်များရှုပ်ထွေးသွားခဲ့သည်။
သူ၏ တပည့်အကြီးဆုံးမှာ နတ်ဆိုးဘိုးဘေး၏ ပြန်လည်ဝင်စားခြင်းဖြစ်ကာ သူ၏ဒုတိယတပည့်မှာ အနှစ်သာရဇာမဏီ၏ ပြန်လည်ဝင်စားခြင်းဖြစ်၏။
သူ၏တပည့်များအားလုံးမှာ ထိုသို့သော ထိပ်တန်းအရည်ချင်းရှိ ပါရမီရှင်တွေများ ဖြစ်နိုင်လောက်မလား?
၎င်းက သူ့အား အနည်းငယ် နေရခက်စေသည်။
ပြောရလျှင် သူသည်မှာလည်း မသိရသေးသည့် ပါရမီရှင်ကြီးပင်။ မည်သည့်နောက်ခံမှမရှိဘဲနှင့် သူ၏ယခုလက်ရှိအဆင့်သို့ရောက်လာရန် မဖြစ်နိုင်ပါချေ။
"ဒီနေရာမှာ အဓိပ္ပာယ်မရှိတာတွေတော်လိုက်တော့။ မင်းတို့နှစ်ယောက် အတိတ်တုန်းက ရှေးဟောင်းလောကမှာ ဘယ်လိုအံ့ဖွယ်ဖြစ်ခဲ့လဲဆိုတာ ငါဂရုမစိုက်ဘူး။ လက်ရှိ ရှေးဟောင်းလောက,က မင်းတို့နှစ်ယောက် ထိန်းချုပ်နိုင်တဲ့ အရာမဟုတ်ဘူး! မင်းတို့ကိုယ် မင်းတို့ ထိန်းထားကြ။"
ယွင်လီကောမှာ ဖျော့တော့စွာပြုံးလိုက်၏။
"မပူပါနဲ့၊ ဆရာ။ ဒါက ရှေးဟောင်းလောကပါပဲ။ အရင်က ရှေးဟောင်းလောကကြီး ပြည့်စုံနေချိန်မှာတောင် ကျွန်တော် မကြောက်ခဲ့ဘူး။ အခု ရှေးဟောင်းလောက,က ပြိုလဲခဲ့ပြီး ဒီလောက်ထိ အားနည်းခဲ့တာလည်းကြာပြီမို့လို့ လုံးဝကို စိုးရိမ်စရာမရှိပါဘူး။"
သူ၏စကားဆုံးသည်နှင့်ပင် မီးတောက်ငှက်တစ်ကောင်မှာ မိုးကုပ်စက်ဝိုင်းမှ အလျင်အမြန် ပျံသန်းလာသည်။
ထိုငှက်မှာ မီတာတစ်ထောင်ထက်ပင် ရှည်လျားကာ တောင်ပံဖြန့်ထားသည်မှာလည်း မီတာ၈၀၀ကျော်ထိရောက်၏။ ၎င်း၏ တစ်ကိုယ်လုံးအား မီးတောက်များဖြင့် ဝန်းရံထားကာ နှလုံးပြုတ်လုမတတ်အရှိန်အဝါတို့ဖြင့် ခြုံလွှမ်းနေငည်။ ၎င်း၏ကျင့်ကြံဆင့်မှာ အနည်းဆုံး ကောင်းကင်အမတအဆင့်လောက်တော့ရှိရမည်!
သို့သော်!
၎င်းမှာ ကောင်းကင်မှ ကြီးမားသောလူဝံလက်ဖဝါးကြီး ဆန့်ထွက်လာချိန်၌ ဇာမဏီအော်သံတစ်ခုထွက်လာကာ တစ်ဖက်၏ဆွဲယူ စားသောက်ခြင်းကို ခံလိုက်ရတော့သည်။
နတ်ဆိုးလူဝံပုံရိပ်အားကြည့်လိုက်သော် ၎င်းမှာ အနည်းဆုံး မီတာတစ်သောင်းရှည်လျား၍ စူးရှကာသိပ်သည်းသော ရောင်ဝါရှိနေ၏။ ၎င်းမှာ ထိုငှက်ထက် အဆများစွာ သန်မာကာ အနည်းဆုံး ကောင်းကင်အမတအထွဋ်အထိပ်အဆင့်တွင် ဖြစ်နေလောက်သည်။
သို့သော် ၎င်းတို့သုံးဦး ထိုထိတ်လန့်မှုမှ မနိုးထလာခင်တွင် နောက်ထပ် ဝိဉာဉ်အလင်းအားထုတ်လွှတ်နေသော မီတာတစ်ထောင်သာရှည်လျားသည့် လက်သည်းငါးချောင်းနဂါးမှာ ထိုနတ်ဆိုးလူဝံ၏ကိုယ်အား ဖောက်ထွင်းသွား၏။ ၎င်းမှာ နတ်ဆိုးအမြုတေအားထုတ်ယူကာ ခရမ်းသွေးအလင်းအသွင်ပြောင်းလဲသွား၏။
တစ်ခဏအတွင်းတွင် ၎င်းတို့သုံးဦး မတုံ့ပြန်နိုင်ခင်မှာပဲ ကောင်းကင်အမတနှင့် ကောင်းကင်အမတအထွဋ်အထိပ်အဆင့်တို့မှာ ၎င်းတို့ရှေ့၌ အသတ်ခံလိုက်ရသည်ပင်။
လေထုမှာ အတန်ငယ်တိတ်ဆိတ်သွား၏။ တစ်ခဏမျှတိတ်ဆိတ်သွားပြီသည်တွင် ယွင်လီကောမှပြောလိုက်၏။
"ဆရာ၊ ကျွန်တော့ကျင့်စဉ်က အဆင့်တက်တော့မယ်ထင်တယ်။ ကျွန်တော် တောင်နှင့်မြစ်ပန်းချီထဲမှာ ကျင့်ကြံချင်ပါတယ်။"
လုရှောင်ယန်မှာ သူ့အားဒေါသတကြီးစိုက်ကြည့်လိုက်၏။
"နောက်တစ်ခေါက် မင်းမှာအစွမ်းအစမရှိရင် ဝင့်ကြွားမနေနဲ့!"
ယွင်လီကောမှာ နေရခက်စွာပြုံးလိုက်ကာ တောင်နှင့်မြစ်ပန်းချီထဲသို့ ထည့်သွင်းခံလိုက်ရသည်။
ကျီဝူရှားမှာ ချက်ချင်းပြောလိုက်၏။
"ဆရာ၊ ကျွန်မတို့အခုဘာလုပ်သင့်လဲ?"
လုရှောင်ယန်မှာ တည်ငြိမ်စွာပြောလိုက်သည်။
"ငါဒါကိုအကြာကြီးတွေးနေခဲ့တာ။ ငါတို့ ဒီရှေးဟောင်းလောကထဲမှာ လုံးဝလျှောက်သွားနေလို့မရဘူး။ ငါတို့လက်ရှိစွမ်းအားက အရမ်းအားနည်းနေသေးတယ်။ ရှေးဟောင်းလောကမှာက ပညာရှင်တွေနဲ့ပြည့်နေတာ။ ငါတို့သာ လျှောက်သွားပြီး ပါရမီရှင်တစ်ယောက်ယောက်နဲ့ရင်ဆိုင်ရရင် ကြေကွဲစရာတွေဖြစ်သွားလိမ့်မယ်။"
ကျီဝူရှားမှာ ခေါင်းငြိမ့်လိုက်ကာ သူမ၏မျက်လုံးများ၌ လေးနက်မှုများဖြင့်ပြည့်နေ၏။
သူမနှင့် ယွင်လီကောတို့ နှစ်ဦးစလုံးထံတွင် ယခင်ဘဝမှ မှတ်ဉာဏ်များနိုးထလာပြီးဖြစ်သည်။ ထို့ကြောင့် ၎င်းတို့မှာ လုရှောင်ယန်က သူတော်စင်မဟုတ်မှန်းသိကြ၏။ သို့သော် ၎င်းမှာ အခြားလူများအတွက် ကိစ္စကြီးတစ်ခုဟုတ်မနေပါချေ။
ယခုတွင် အားလုံးမှာ လုရှောင်ယန်အား သူတော်စင်ဟု ထင်နေကြဆဲဖြစ်၏။
တစ်ခါတရံတွင် သူမလည်း အခြားလူများနှင့် တူညီချင်မိသည်။ သိတာနည်းလေ ပိုပြီးပျော်ရွှင်ရလေပါပင်။
"ဒါ့ကြောင့် ငါတို့တွေ တတ်နိုင်သမျှ မြန်မြန် ရွှေရောင်အောက်ကျွန်းကိုရှာပြီး ကျဲကျောင်းတော်ကို ဆက်သွယ်ရမယ်။"
"အကြံကောင်းပါပဲ။"
"မင်းလည်း ဒီလိုထင်တယ်ပေါ့? ဒါပေမယ့် ဆရာကမင်းရဲ့ အကူအညီကိုလည်း လိုတယ်။"
ကျီဝူရှားမှာ သူမဆရာ၏ လေးနက်နေဟန်ကိုကြည့်ရင်း နှလုံးခုန်သံပင် တစ်ချက်လွဲသွား၏။
"ဆရာ၊ ကျွန်မရဲ့ကျင့်ကြံဆင့်က ခါးသက်တဲ့ကျင့်ကြံခြင်းအပြီးမှာမှ နတ်ဘုရားဧကရာဇ် ပထမအဆင့်ကိုပဲရောက်သေးတာပါ။ ကျွန်မက အမတအဆင့်ကိုတောင်မရောက်သေးဘူး။ အလျင်မလိုပါနဲ့။ မဟုတ်ရင် ကျွန်မသေလိမ့်မယ်။"
လုရှောင်ယန်မှာ လေးနက်နေဟန်ဖြင့် ဆိုလိုက်၏။
"ဝူရှား၊ မင်းပြောင်းလဲသွားပြီပဲ။ ဆရာ့ကိုတောင်မယုံတော့ဘူးလား? မင်း ဆရာ့ရဲ့ ကျွမ်းကျင်ပိုင်နိုင်မှုကို ယုံမှရမယ်။"
ကျီဝူရှား၏ နှုတ်ခမ်းထောင့်မှာ တွန့်လိမ်သွား၏။
သူမ နတ်ဘုရားဧကရာဇ်အဆင့်ရောက်ပြီး မှတ်ဉာဏ်များမနိုးထခင်တွင် လုရှောင်ယန်အား တုန့်ဆိုင်းမှုမရှိ ယုံကြည်ခဲ့သည်။ ၎င်းမှာ ထိုအချိန်က သူမသည်လည်း လုရှောင်ယန်က သူတော်စင်ဟု တွေးထင်ခဲ့ခြင်းကြောင့်ပါပင်။
သို့ရာတွင် ယခု၌ သူမ၏မှတ်ဉာဏ်များ နိုးထလာခဲ့ပြီး လုရှောင်ယန်မှာ သူတော်စင်မဖြစ်နိုင်ကြောင်းသိနေချေပြီဖြစ်၏။
သို့သော် လုရှောင်ယန်မှာ သူမ၏ဆရာဖြစ်နေဆဲဖြစ်သောကြောင့် ထိုသည်ကိုသာပြုလုပ်နိုင်၏။
လေးနာရီခန့်ကြာပြီးနောက်တွင် သားရဲအရေနှင့်ရှေးဟောင်းကျင့်ကြံသူတစ်ဦးဖြတ်သွားရာ ညည်းတွားသံတစ်ခုအားကြားလိုက်ရ၏။ သူဟာရပ်တန့်လျက် ချက်ချင်းပင် အသံရှိရာနောက်သို့ လိုက်လာသည်။
ကျီဝူရှားအားမြင်သော် သူ၏မျက်လုံးများ လင်းထိန်သွားတော့သည်။ ကျင့်ကြံသူအမ၏ အရေပြားမှာ မဆိုးလှပါချေ။ ၎င်းတို့မှာ သင့်တင့်မျှတနေကာ နှင်းဆီရောင်သန်းနေပြီး ကျောက်စိမ်းကဲ့သို့ ရွှန်းလဲ့နေ၏။
သို့သော် ၎င်းတို့၏ အသွင်အပြင်များမှာ ကွဲပြားနေဆဲပင်။
လူတချို့မှာ အသားအရေကောင်းလျှင် ပိုမိုကြည့်ကောင်းမည်ဖြစ်ကာ အချို့မှာ ကြည့်မကောင်းပါချေ။ နောက်ဆုံးအနေဖြင့် အသားရေမည်မျှကောင်းကောင်း အသုံးမဝင်ပါချေ။
ပြောရလျှင် လောက၌ အသားရေကောင်းသူများရှိသော်လည်း ၎င်းတို့အား မည်သူမှမနှစ်သက်ပါချေ!
ပုံရိပ်ယောင်လမ်းစဉ်တည်ရှိနေပါသော်လည်း အဆင့်မြင့်ကျင့်ကြံသူများကသာ အဆင့်နိမ့်များအား လှည့်ဖျားနိုင်သည်။ အဆင့်နိမ့်ကျင်ကြံသူများက အဆင့်မြင့်ကျင့်ကြံသူများကို လှည့်ဖျားရန်မဖြစ်နိုင်ပါချေ။!
ကျီဝူရှား၏ကျင့်ကြံဆင့်မှာ အမတအဆင့်ပင်မရောက်သေးပါချေ။ ရှေးဟောင်းလောကတွင် အမတများမှာ ယင်ကောင်သာသာပါပင်။ တစ်ဖက်လူမှာ ကျီဝူရှား၏ကျင့်ကြံဆင့်အား အကြည့်တစ်ချက်နှင့်ပင် မြင်နိုင်သဖြင့် သူမအား အရေးထားမည်ပင်မဟုတ်ချေ။
"တာအိုရောင်းရင်း၊ ဘာကြောင့်ဒီနေရာမှာ ညည်းညူနေရတာလဲ?"
လုရှောင်ယန်မှာ မနီးမဝေးရှိ ကျောက်ဆောင်တစ်ခုအနောက်၌ ပုန်းအောင်းလျက် ကူကယ်ရာမဲ့စွာ နှလုံးခုန်မြန်နေ၏။
"သူဘာတွေပြောနေတာလဲ? ဘာလို့ဒီကောင်က ညည်းတွားတာကို ညည်းညူတာနဲ့မှားရတာလဲ? ဒီကောင် မိန်းမတစ်ယောက်ကို မမြင်ရတာ ဘယ်လောက်တောင်ကြာနေပြီလဲမသိဘူး?"
ကျီဝူရှားမှာ အတန်ငယ်ရှက်ရွံ့သွား၏။ သူမဟာ အတန်ငယ်ချောင်းဟန့်ကာ ချက်ချင်းပြောလိုက်၏။
"ကျွန်မ စီနီယာအစ်မတွေနဲ့ လမ်းကွဲသွားပြီး အပြန်လမ်းကို မသိတော့လို့ပါ။"
တစ်ဖက်လူ၏မျက်လုံးများ တောက်ပသွားတော့သည်။
တစ်ဖက်လူမှာ ဤဥပဒေမဲ့ ရှေးဟောင်းလောက၌ လမ်းပျောက်နေ၏။ ထို့အပြင် ၎င်းမှာ အင်မတန်လှပလွန်းသည့် တာအိုအမျိုးသမီးငယ်လေးတစ်ယောက်တည်းလည်း ဖြစ်ချေသည်။ ၎င်းမှာ ကောင်းကင်ဘုံ၏ ကံကောင်းခြင်းပါပင်!
"ဒါဆို မင်းက ဘယ်ဂိုဏ်းကလဲ? ငါမင်းကိုပြန်ပို့ပေးမယ်၊ ဟုတ်ပြီလား?"
"ရှင်က?"
ကျီဝူရှားမှာ သတိထားဟန်ဆောင်ကာ တစ်ဖက်လူအားကြည့်လိုက်၏။
"ရှင့်ရဲ့ ကျင့်ကြံခြင်းအဆင်ပြေပါ့မလား? ကျွန်မရဲ့ဂိုဏ်းက ဒီနဲ့ အရမ်းဝေးလွန်းတယ်။ ရှေးဟောင်းလောကရဲ့ ခရီးက အန္တရာယ်များတယ်။ ကျွန်မရဲ့ လုံခြုံမှုကို အာမခံနိုင်လို့လား?"
"သေချာတာပေါ့။ ငါကအခုပဉ္စမမြောက် အမတအဆင့်ကျင့်ကြံသူပဲလေ။ ငါ့ရဲ့ကျင့်ကြံဆင့်ကရှေးဟောင်းလောကမှာ အရမ်းကြီးမမြင့်ပေမယ့်လည်း ငါ့ဆီမှာကမ္ဘာမြေလွတ်မြောက်ခြင်းလမ်းစဉ်ရှိနေတော့ ကောင်းကင်အမတအထွဋ်အထိပ်ရဲ့ရှေ့မှာတောင် တိတ်တိတ်လေးထွက်ပြေးလို့ရတယ်လေ။ မင်းရဲ့ဂိုဏ်းကိုပြန်ခေါ်သွားပေးဖို့က ပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့်... လောကမှာ အလကားစားရတဲ့ နေ့လယ်စာဆိုတာမရှိဘူးလေ။ မင်းအနေနဲ့ ဂိုဏ်းဆီကိုပြန်ခေါ်သွားပေးစေချင်တယ်ဆိုရင်... ဟီးဟီးဟီး... တာအိုရောင်းရင်းက ကျုပ်ကို ဘာများပြန်လုပ်ပေးမလဲလို့ တွေးကြည့်မိတယ်?"
"သေစမ်း၊ ရှင်!"
တစ်ဖက်လူထံ၌ ကမ္ဘာမြေလွတ်မြောက်လမ်းစဉ်ရှိသည်ကို သိပြီးနောက်တွင် လုရှောင်ယန်မှာ လျှပ်စီးကြောင်းအသွင်ပြောင်းလျက် တစ်ဖက်လူဆီသို့ခုန်သွားလိုက်၏။ တစ်ဖက်လူ၏အမူအရာမှာ ဆိုးဆိုးရွားရွားပြောင်းလဲသွားကာ လွတ်မြောက်ရန် ချက်ချင်းပြင်လိုက်တော့၏။ သူ၏ကိုယ်ပေါ်၌ အဝါရောင်အလင်းပေါ်လာပြီး ချက်ချင်းပင် ကမ္ဘာမြေလွတ်မြောက် လမ်းစဉ်ကိုအသုံးပြုလိုက်သည်။
သို့သော် သူ၏ခေါင်း မြေပြင်ဖြင့် ရိုက်ခတ်သွားသည်၌ သံတောင်ကြီးနှင့်ထိခတ်သွားသလို ခံစားလိုက်ရသည်။
ဘန်း!
တစ်ခဏတွင်းမှာပင် သူဟာ မူးဝေသွားသည်။
၎င်းမှာ လုရှောင်ယန်က တစ်စုံတရာကို ပြုလုပ်လိုက်ခြင်းကြောင့်ပင်။
လုရှောင်ယန်မှာ ရှေ့သို့ပြေးသွားကာ ချက်ချင်းပင် ထိုလူအား နဂါးချုပ်နှောင်ကြိုးနှင့် ချုပ်နှောင်လျက် လုံးဝမလွတ်မြောက်နိုင်အောင် တားဆီးလိုက်တော့သည်။
ထိုကျင့်ကြံသူမှာ ဒေါသတကြီး ဆဲရေးလိုက်၏။
"အပျက်မလေး၊ မင်းက သခင်ဝူကို ချုံခိုတိုက်ရဲတယ်ပေါ့လေ!"
ကျီဝူရှားမပြောနိုင်ခင်တွင် လုရှောင်ယန်မှာ တစ်ဖက်လူ၏ ခေါင်းအား ရိုက်ထည့်လိုက်၏။
"မင်းက ပြန်ပြောရဲသေးတယ်ပေါ့လေ?"
လုရှောင်ယန်မှာ တစ်ဖက်လူအား ဆင့်ကာဆင့်ကာ ပါးရိုက်လိုက်၏။
ထို့နောက်တွင် စစ်မှန်သောအမြင်သုံးပါးအား ထိုလူ၏အသိစိတ်ပင်လယ်အားစူးစမ်းရန်သုံးလျက် ထိုအသိစိတ်ပင်လယ်အား လုံးဝဝါးမြိုလိုက်တော့သည်။
"ရွှေရောင်အောက်ကျွန်းရဲ့တည်နေရာကိုတွေ့ပြီ။ ငါတို့နဲ့အရမ်းနီးနေမယ်လို့ထင်မထားဘူး။ အတော်ကောင်းတယ်!'
စကားဆုံးသည်နှင့် လုရှောင်ယန်မှာ စစ်မှန်သောအမြင်သုံးပါးအား ထပ်မံလှည့်ပတ်လိုက်ပြီး တစ်ဖက်လူ၏ မှတ်ဉာဏ်များအား ဖျက်ပစ်လိုက်တော့သည်။
"မင်းငါ့ကိုအရင်က မမြင်ခဲ့ဖူးဘူး။ မင်းက အလေးသွားနေတာပဲ။"
တစ်ဖက်လူ၏အမူအရာမှာ ချက်ချင်းပင် တောင့်တင်းသွား၏။ ထို့နောက် ထိုလူဟာ ခါးစည်းကြိုးကိုဖြေလျက် အလေးသွားတော့သည်။
ကျီဝူရှား၏ မျက်နှာမှာ နီရဲလျက် ချက်ချင်းပင် ထွက်ခွာရန် တစ်ဖက်သို့လှည့်လိုက်၏။
လုရှောင်ယန်မှာ သူမ၏နောက်သို့ အလျင်စလိုလိုက်သွားကာ ပျော်ရွှင်နေဟန်ဖြင့် ပြောလိုက်သည်။
"ဝူရှား၊ ငါမင်းကိုဘာပြောခဲ့လဲ? ဒီအစီစဉ်က အကျိုးရှိမှာပါလို့ပြောခဲ့တယ်လေ၊ မဟုတ်လို့လား? မင်း ကျင့်ကြံသူတစ်ယောက်ကို ဆွဲဆောင်နိုင်လိုက်ပြီးရင် ငါက သူ့ရဲ့မှတ်ဉာဏ်တွေကို လုယူလိုက်မယ်လို့။ ဒါဆို ငါတို့သဘာဝကျကျပဲ ရွှေရောင်အောက်ကျွန်းရဲ့ တည်နေရာကို သိသွားမှာပဲ။"
"ဟမ့်! ဆရာက နည်းနည်းတော့များသွားပြီ! ဆရာက ကျွန်မကို တကယ်ကြီး ဒီလို... ဒီလိုကိစ္စမျိုးလုပ်ဖို့ အသုံးချတယ်။ ပြောရရင် ကျွန်မက မိန်းကလေးလေ။"
"ငါ့မှာလည်း ရွေးစရာမရှိလို့ပါ။ ကျဲကျောင်းတော်က အဲ့ဒီလူတွေက ငါ့ကို သက်သေခံအမှတ်အသားလေး ဘာလေးမှမပေးလိုက်တာ။ စွမ်းအင်လေးနည်းနည်းထည့်ပြီးတော့လည်း ရွှေရောင်အောက်ကျွန်းကို ရှာလို့မရနိုင်ဘူးလေ။ ငါသာမမေးလို့ လမ်းလွဲသွားရင်ဘယ်လိုလုပ်မလဲ?"
"ရှေးဟောင်းလောက,က အရမ်းကိုအန္တရာယ်များလွန်းတယ်။"
ကျီဝူရှားမှာ နှုတ်ခမ်းကိုက်လိုက်၏။
"ဒါက နောက်ဆုံးပဲ။ နောက်တစ်ခေါက်ကျရင် ဆရာတူညီမလေး ငါးကိုပဲလုပ်ခိုင်းလိုက်ပါ!"
"သူမက မလုပ်နိုင်ဘူးလေ။ သူမက သေအောင် အစားရေစာ ဆာလောင်နေတဲ့ပုံနဲ့။ ငါတို့သာ ကျင့်ကြံသူတစ်ယောက်ကို ရှာတွေ့ရင် သူမကို ဓားနဲ့ထိုးသတ်ပြီး ဓမ္မရတနာတွေပါ လုသွားနိုင်ချေရှိတယ်။ သူက သူမကိုတော့ မင်းကိုဆက်ဆံသလို လုံးဝဆက်ဆံမှာမဟုတ်ဘူး။"
ကျီဝူရှား၏ မျက်နှာပို ပိုလို့ပင် နီရဲလာချေတော့၏။
"ဆရာ၊ ရှင်... ရှင်က နှာဘူးပဲ!"
ထိုသို့ပြောကာ သူမဟာ ပိုလို့မြန်မြန်ပင် ပျံသန်းသွား၏!
လုရှောင်ယန်မှာ ခေါင်းခါလိုက်သည်။
"ဝူရှားရဲ့ ဒေါသကကြီးနေတုန်းပဲ။"
၎င်းတို့နှစ်ဦးထွက်ခွာသွားချိန်၌ ဝူမျိုးနွယ်နာမည်ရှိ ကျင့်ကြံသူမှာ လုရှောင်ယန်၏ စိတ်ထိန်းချုပ်ခြင်းမှ လွတ်မြောက်သွားကာ ဘေးဘီသို့ ရှုပ်ထွေးစွာကြည့်လိုက်သည်။
"ငါဒီမှာ ဘာလုပ်နေတာလဲ? ဘယ်သူငါ့ဘောင်းဘီကိုချွတ်သွားတာလဲ?"
သူဟာ အောက်ဘက်သို့ အလျင်စလိုစစ်ဆေးလိုက်သည်။
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၉။ အပိုင်း ၄၂၉ သူတော်စင်တွေမှာ ဘယ်လို မကောင်းတဲ့ရည်ရွယ်ချက်တွေရှိနေတာလဲ?
တစ်ဖက်လူ၏ မှတ်ဉာဏ်များတွင် ရှာဖွေပြီးနောက်၌ လုရှောင်ယန်မှာ ဒဏ္ဍာရီလာ ရွှေရောင်အောက်ကျွန်းသို့ ခပ်မြန်မြန်ရောက်ရှိသွားသည်။
၎င်းမှာ ပင်လယ်နယ်နိမိတ်တွင်းရှိ ကြီးမားသော ကျွန်းကြီးပါပင်။ ၎င်းမှာ အဆမတန်ကျယ်ပြောလှကာ ကီလိုမီတာသန်းပေါင်း ရာချီကျယ်ဝန်းလှသည်!
ထိုကျွန်းသို့လာရန် လုရှောင်ယန်မှာ သူ၏အသွင်အား အကြိမ်ပေါင်း ၃၀၂ကြိမ်ပြောင်းလဲခဲ့ရသည်။
တစ်ယောက်ယောက်နှင့် တွေ့လုနီးနီးအချိန်တိုင်း သူ၏အသွင်ကိုပြောင်းရသည်။
တစ်ချိန်တည်းတွင် သူဟာ ကျင့်စဉ်များစွာ ကျင့်ကြံထားခဲ့ခြင်းကြောင့် တစ်ချိန်ပြီးတစ်ချိန် အရှိန်အဝါပါ ပြောင်းလဲလိုက်သည်။
အမျိုးသမီးတစ်ဦးနှယ် ဝတ်ဆင်သည်ကလွဲပါလျှင် လုရှောင်ယန်မှာ အားလုံးနီးပါးကို ပြုလုပ်ခဲ့သည်။
သူဟာ ဘုန်းတော်ကြီးတစ်ဦးလိုဟန်ဆောင်သည်၊ တာအိုဆရာလိုလည်း ဟန်ဆောင်သည်...
အရာအားလုံးက လုံခြုံမှုအတွက်ပင်။ ၎င်းက အရေးပါသည်။ ဤနေရာသို့ လာရာတလျှောက်တွင် လုရှောင်ယန်မှာ လုံးဝမတိုက်ခိုက်ခဲ့ပါချေ။ ထို့အပြင် သူဟာ သူ့အားခက်ခဲအောင်လုပ်မည့် ရန်သူနှင့်လည်း မကြုံတွေ့ခဲ့ရပါချေ။
ကျီဝူရှားကိုမူ တောင်နှင့်မြစ်ပန်းချီထဲ၌ ကျင့်ကြံရန် ပို့ထားပြီးဖြစ်၏။
ပြောရလျှင် ၎င်းတို့အတူတကွခရီးသွားနေခြင်းထက် လုရှောင်ယန်တစ်ဦးတည်းသွားခြင်းမှာ ပိုမို လုံခြုံပေသည်။
အဝေးမှ ရွှေရောင်အောက်ကျွန်းအားကြည့်ကာ လုရှောင်ယန်၏ မျက်ဝန်းများ၌ စိတ်သက်သာရသွားဟန် ပေါ်ထွက်လာ၏။
"ငါနောက်ဆုံးတော့ ဒဏ္ဍာရီလာရွှေရောင်အောက်ကျွန်းကို ရောက်ခဲ့ပြီပဲ။ နောက်ဆုံးတော့ အဖွဲ့အစည်းကိုရှာတွေ့ခဲ့ပြီ။ ငါ့ကို နောက်ထပ် အနှစ် နှစ်ဆယ်၊ မဟုတ်ဘူး၊ အနှစ်တစ်ရာလောက် တိတ်တိတ်လေး ကျင့်ကြံခွင့်ပြုလိုက်ပါတော့။ ဒါဆို ခွေးအိုကြီးဟုန်ကျွင်းကိုသတ်ဖို့က ငါ့အတွက်ပြဿနာမဟုတ်တော့ဘူး!"
ပြည့်စုံတယ်!
သူ၏သစ်သားလှေငယ်လေးအား စီးနင်းနေရင်းဖြင့် လုရှောင်ယန်မှာ နောက်ဆုံးတွင် ရွှေရောင်အောက်ကျွန်းထက်သို့ ခြေချနိုင်သွားသည်။
သို့သော်... ကျွန်းသို့ရောက်ချိန်တွင် သူဟာ ချက်ချင်းကြောင်အမ်းသွားလေသည်။
ဘာတွေဖြစ်နေတာလဲ?
သူ၏ရှေ့ရှိ ရွှေရောင်အောက်ကျွန်းမှာ သူစိတ်ကူးထားသည်နှင့် များစွာ ခြားနားနေလေသည်။
သူစိတ်ကူးထားခဲ့သည့် ရွှေရောင်အောက်ကျွန်းမှာ ကျဲကျောင်းတော်ရှိတပည့်များ အတူတကွ ကြိုးစားကျင့်ကြံကာ ငြိမ်းချမ်းလှသည့် ကျွန်းဟူ၍ပင်!
သို့သော် လက်ရှိရွှေရောင်အောက်ကျွန်းမှာ ချုံးချုံးကျနေရုံမျှမက ကျွန်းပေါ်ရှိ တပည့်များမှာလည်း အင်မတန်စုတ်ပြတ်နေသည့် အဝတ်အစားများအား ဝတ်ဆင်ထားကြသည်။ ၎င်းတို့မှာ သူတောင်းစားများထက်ပင် ပို၍ သနားစရာကောင်းနေသေး၏။
"ဒါကရွှေရောင်အောက်ကျွန်းလား?"
သူ၏မျက်စိများကိုပင် သူမယုံနိုင်ပါချေ။
ယခင်က အနိမ့်ပိုင်းလောကမှ လုမျိုးနွယ်စုထံသို့ တက်လှမ်းလာချိန်တွင် သူကိုယ်တိုင်အတွက် နောက်ခံရှာချင်ခဲ့သည်။ အဆုံး၌မူ လုမျိုးနွယ်စုမှာ တကယ်ကို အမှိုက်ပင်ဖြစ်၏။
သို့သော် လုမျိုးနွယ်စုမှာ အနည်းဆုံးတော့ သူ့အားအချိန်တစ်ခုအတွင်း အကာအကွယ်များထောက်ပံ့ပေးခဲ့ပါသည်။
ကောင်းပြီ၊ ယခုတွင် သူဟာရွှေရောင်အောက်ကျွန်း၌ရှိနေကာ ထိုအချိန်ကထက်ပင် အခြေနေဆိုးနေသည်။ သူဟာ ထိုသူတောင်းစားအုပ်စုနှင့် မည်သို့များ ပက်သက်ရမည်နည်း?
သူဟာ ဤနေရာ၌ အထောက်အပံ့ရှာရန်လာခြင်းဖြစ်သည်၊ ထောက်ပံ့ရန်မဟုတ်ချေ!
မဖြစ်ဘူး၊ မဖြစ်ဘူး၊ သူထွက်သွားဖို့လိုတယ်!
ထိုအခိုက်တွင် လုရှောင်ယန်မှာ ရှေးဟောင်းလောက,ကဘယ်လောက်အန္တရာယ်များကာ ကျဲကျောင်းတော်တွင် သူ့အတွက် မျှော်လင့်ချက် မည်မျှရှိသည်ကိုပင် ဂရုမစိုက်တော့ပါချေ။
သူဟာ ၎င်းတို့အား လုံးဝဂရုမစိုက်တော့ပါချေ။ သူဟာ ထွက်ပြေးချင်ပြီး အင်မတန်အံ့ဩဖွယ်ရှေးဟောင်းဂိုဏ်းတစ်ခုကိုသာရှာကာ ပုန်းအောင်းပြီး ကျင့်ကြံလိုက်ချင်သည်။
သို့သော် လုရှောင်ယန် ထွက်မပြေးနိုင်ခင်၌ မဟူရာတိမ်တိုက်တစ်ခုမှာ အဝေးရှိမိုးကုပ်စက်ဝိုင်းမှ ခပ်မြန်မြန်ပျံသန်းလာကာ များစွာသော စွမ်းအားကြီးရောင်ဝါများနှင့် ရောယှက်သွား၏။
လုရှောင်ယန်၏နှလုံးအိမ်မှာ တုန်ရီသွားလျက် လေးနက်ဟန်ပေါ်လာတော့သည်။
"ဒီမှာတစ်ယောက်ယောက်ရှိနေတယ်။"
တုံ့ဆိုင်းမှုမရှိဘဲ သူဟာ သူ၏အရှိန်အဝါအား ဖုံးကွယ်ရန် နေရာတစ်ခုကို ချက်ချင်းရှာလိုက်တော့၏။
မကြာမီတွင် ထိုမဟူရာတိမ်တိုက်မှာ ရွှေရောင်အောက်ကျွန်းအထက်ရှိ ကောင်းကင်ထဲသို့ သက်ဆင်းလာသည်။
များစွာသောပုံရိပ်များမှာ ထိုမဟူရာတိမ်တိုက်ထံမှ ဆင်းလာကြ၏။ ၎င်းတို့တစ်ဦးချင်းစီထံ၌ အင်မတန်စူးရှသော အရှိန်အဝါရှိသည်။ အနိမ့်ဆုံးကျင့်ကြံဆင့်ရှိသူမှာပင် ကောင်းကင်အမတအဆင့်ပညာရှင်ဖြစ်၏!
ပညာရှင်များဆင်းသက်လာချိန်၌ ထိုရွှေရောင်အောက်ကျွန်း၏ သနားစရာကျင့်ကြံသူများမှာ ကူကယ်ရာမဲ့စွာ ခေါင်းမော့လိုက်ကြ၏။ ၎င်းတို့မှာတစ်ဘက်လူများထံသို့ အသေအချာစိုက်ကြည့်လိုက်ကြကာ မျက်နှာများထက်၌ ကြောက်ရွံ့ဟန်ကိုပြနေ၏။
တစ်ဖက်လူများမှာ အားလုံးပေါင်း တစ်ဆယ့်သုံးယောက်ရှိပြီး၊ အမျိုးသား၈ယောက်နှင့် အမျိုးသမီး ၅ယောက်ပင်။
ဦးဆောင်လာသော လူမှာ ဆံဖြူကာ မုတ်ဆိတ်ရှိသော အဘိုးအိုဖြစ်သည်။ သူ၏အရှိန်အဝါအား ကျန်းကျီယာနှင့်ပင် နှိုင်းစာနိုင်၏။
ထို လူများမှာ ရှေးဟောင်းလောက၌ ဘာမှမဟုတ်သော်လည်း ဤနေရာ၌မူ အတော်လေး ကြောက်မက်ဖွယ်ပါပင်။
ရွှေရောင်အောက်ကျွန်းမှလူများအနေဖြင့် တစ်ဖက်လူများအား မြင်ပြီးနောက်တွင် အံကိုကြိတ်လျက် မျက်ဝန်းများထဲ၌ သိပ်သည်းလှသော အမုန်းများဖြင့် ပြည့်နေသည်။
"ရွှေရောင်တိမ်တိုက်ဂိုဏ်း! မင်းတို့ဒီကို ဘာလာလုပ်ပြန်တာလဲ?"
အဘိုးအိုမှာ နှာခေါင်းရှုံ့ကာ သူ၏လက်များအား နောက်သို့ ပို့လိုက်၏။
"ဒါပေါ့ ဒါက ကျဲကျောင်းတော်က မိစ္ဆာတွေများ ငါတို့ချန်ကျောင်းတော်က ချမှတ်ထားတဲ့စည်းမျည်းတွေကို ချိုးဖောက်သေးလားဆိုတာကို လာစစ်ဆေးတာလေ!"
"မနေ့ကတင်ပဲ ရှန်ရှန်းဂိုဏ်းကလာစစ်ဆေးပြီးသွားပြီလေ။ ဘာလို့လဲ? ခင်ဗျားတို့ ရွှေရောင်တိမ်တိုက်ဂိုဏ်း မသိတာလား။"
"သိပါတယ်။"
"ခင်ဗျားသိနေရင် ဘာလို့လာနေရသေးတာလဲ!"
"ကျဲကျောင်းတော်ရဲ့တပည့်တွေမှာ ထူးခြားတဲ့တိုက်ကွက်တွေရှိတယ်။ ဒီမှာ လူပေါင်းများစွာရှိတယ်လေ။ မင်းတို့ထဲကတစ်ယောက်ယောက်များ မိစ္ဆာဖြစ်ဖို့ ကျင့်ကြံချင်နေတာလားဆိုတာကို ဘယ်သူကသိမှာလဲ?"
"ငါတို့ ချန်ကျောင်းတော်တပည့်တွေက မင်းတို့ကျဲကျောင်းတော်တပည့်တွေအတွက် လာခဲ့တာပါ။ ဒါကြောင့် မင်းတို့တွေကို ပိုပြီးစစ်ဆေးရမှာလေ။"
"မင်းတို့ရဲ့ ထုံထျန်းအရှင်က မျက်ကန်းဖြစ်နေပြီး ကောင်းကင်ဘုံရဲ့ ဆန္ဒကိုမသိဘူးလေ။ ဒါကြောင့်ပဲ ကျဲကျောင်းတော်က အခုချိန်မှာ ပျက်စီးပြီး ဂိုဏ်းသားတွေလည်း ထွက်သွားကြတာ။"
"ချန်ကျောင်းတော်နဲ့ ရန်ကျောင်းတော်ရဲ့ သူတော်စင်နှစ်ပါးသာ မိတ်ဆွေစိတ်ကြောင့် မင်းတို့ကောင်တွေကို ဂရုစိုက်ပေးဖို့ ငါ့ကိုတောင်းဆိုခဲ့တာ၊ ကျဲကျောင်းတော်ရဲ့ နောက်ဆုံးကျဆင်းမှုကတော့ ရောက်လာပြီ။"
ကျဲကျောင်းတော်၏ တပည့်များမှာ လက်သီးများကိုဆုပ်လျက် အံကိုကြိတ်ထားလိုက်သည်!
"ပါးစပ်ပိတ်ထား! မင်းတို့လို ဂျူနီယာလေးတွေက ကျဲကျောင်းတော်ရဲ့ သူတော်စင်ကို နာမည်တပ်ခေါ်ရအောင် ဘယ်လိုများ အရည်အချင်းရှိနေလို့လဲ?"
"ပြီးတော့၊ ငါတို့ကျဲကျောင်းတော်ကိစ္စထဲမှာ ကြားဝင်ဖို့လည်း မင်းတို့ချန်ကျောင်းတော်နဲ့ ရန်ကျောင်းတော်တို့တွေနဲ့လည်း မဆိုင်ဘူး!"
"ဆူညံလိုက်တာ!"
သူ၏စကားဆုံးသည်နှင့် ရွှေရောင်တိမ်တိုက်ဂိုဏ်း၏ တပည့်တစ်ဦးမှာ သူ၏လက်အား လွှဲယမ်းလျက် ဓားအလင်းတစ်ခုအား ထုတ်ဖော်၍ခုတ်ချလိုက်ပြီး ကျဲကျောင်းတော်တပည့်နှစ်ဦးအား ချက်ချင်းသတ်ပစ်လိုက်သည်!
"ရိုင်းစိုင်းလိုက်တာ!"
အမှောင်ထဲ၌ ပုန်းအောင်းနေသော လုရှောင်ယန်မှာ မနေနိုင်ဘဲ စိတ်ထဲတွင် ဆဲရေးလိုက်၏။
သူဟာ တခြားလူများ၏ အရေးကိစ္စများတွင် ဝင်ပါရသည်ကို မကြိုက်သော လူတစ်ယောက်ဖြစ်သည်ပင်။ သို့သော် ထိုအခိုက်တွင် သူဟာ သူ၏စိတ်နှလုံးအတွင်းရှိ ရှေးဟောင်းကောင်းကင်ဧကရာဇ်နှင့် မဟာအမြတ်ဆုံးအကြီးအကဲတို့လို အဘိုးကြီးနှစ်ဦးအား ပြင်းစွာ ပျက်ရယ်ပြုလိုက်သည်။
ချန်ကျောင်းတော်နှင့် ရန်ကျောင်းတော်၏ သူတော်စင်များအား ထုံထျန်း၏ ဆရာတူအစ်ကိုများဟု ယူဆနိုင်သည်။ ယခင်က ၎င်းတို့မှာ ထုံထျန်းအပေါ်ရက်စက်လျှင် အဆင်ပြေပါသော်လည်း အခုတွင် ၎င်းတို့မှာ ၎င်းတို့၏ဂိုဏ်းတပည့်များမှ ကျဲကျောင်းတော်၏ တပည့်များကိုပင် ယခုလိုမျိုး အနိုင်ကျင့်ခွင့်ပေးထားသည်။ ၎င်းတို့မှာ တကယ်ကို ယုတ်မာရက်စက်လှ၏။
ပြောရမည်ဆိုလျှင် ၎င်းတို့အားလုံးမှာ ပန်ဂု၏ အနှစ်သာရဝိဉာဉ်မှ ဖြစ်ပေါ်လာကာ ဟုန်ကျွင်း၏ သင်ကြားခြင်းကိုခံခဲ့ရသည်ပင်။ အဘယ့်ကြောင့် ထုံထျန်းမှာ ထိုသို့ ရူးနှမ်းရမည်နည်း? ထိုနှစ်ဦးမှာလည်း အဘယ့်ကြောင့် ရက်စက်ယုတ်မာကြသနည်း?
ကျဲကျောင်းတော်မှ လူများမှာ ၎င်းတို့၏ ဆရာတူညီအစ်ကိုများ အသတ်ခံရပြီးနောက်တွင် ပိုမိုဒေါသဖြစ်လာကာ မျက်လုံးများပင် နီရဲလာကြသည်။
သို့သော် ၎င်းတို့မှာ မည်သည်ကိုမှမပြောကြပါချေ။
အကြောင်းမှာ ခုခံမှုက အသုံးမဝင်သောကြောင့်ပင်။ ရွှေရောင်တိမ်တိုက်ဂိုဏ်းမှလူများမှာ အေးစက်စွာပြုံးလိုက်ကြပြီး ထို စစ်ဆေးရေးဆိုသည့်အရာအားလုပ်ဆောင်ရန် တဖြည်းဖြည်းရှေ့တိုးလာကြ၏။
တကယ်တော့ ၎င်းအား ပျက်ရယ်ပြုခြင်းဟုခေါ်ဆိုလျှင် ပို၍သင့်တော်ပေလိမ့်မည်!
၎င်းတို့မှာ စွမ်းအားကြီး ဘုရင်များက ၎င်းတို့၏ကျွန်များအား လာရောက်စစ်ဆေးသလိုမျိုးပင် ကျဲကျောင်းတော်၏တပည့်များအား အလွန်အကြူး ပျက်ရယ်ပြုနေကြ၏။
ရွှေရောင်တိမ်တိုက်ဂိုဏ်းမှ ဂိုဏ်းသားတစ်ဦးမှာ ပိုလို့ပင် မိုက်မဲလှကာ ကျဲကျောင်းတော်၏ အတန်ငယ်ပိုမိုလှပသော ဂိုဏ်းသူအား အကြမ်းဖက်နေ၏။
၎င်းမှာ တိုင်းပြည်အား ဖျက်စီးခြင်းထက်ပင် ပို၍ ကြေကွဲစရာကောင်းနေချေ၏!
လုရှောင်ယန်မှာ ထုံထျန်းသာ ကျဲကျောင်းတော်က ထိုသို့သော အခြေအနေအထိ ကျဆင်းသွားသည်ကို သိပါလျှင် ယခင်က နတ်ဘုရားအဆင့်သတ်မှတ်ခြင်း၌ အမှတ်အသားပြုရန် လုံးဝရွေးချယ်မည်မဟုတ်ဟု ခန့်မှန်းလိုက်သည်။
ဟင်း၊ ဒါက အရမ်းခက်ခဲတာပဲ။
သူဟာ ဦးစွာ ချန်ကျောင်းတော်နှင့် ရန်ကျောင်းတော်ကိုသာ ဝင်ရောက်သင့်သည့်ပုံပါပင်။ သူတိုးတက်လာပြီးနောက်မှသာ ထုံထျန်းအား ပြန်လည်ပေးဆပ်တော့မည်။ ပြောရလျှင် သူဟာ ဤလောက၌ သူ၏မူလကိုယ်အား ဖန်တီးပြီး အောင်မြင်စွာ ဝိဉာဉ်ကူးပြောင်းရန် ခွင့်ပြုပေးခဲ့သူပါပင်။
လုရှောင်ယန်မှာ ထိုလူများထွက်သွားပြီးနောက် ချက်ချင်းထွက်သွားမည်ဟု ဆုံးဖြတ်လိုက်သည်။
သို့သော် ထိုအခိုက်၌ ထိုက်ယိရွှေရောင်အမတအရှင်မှာ တစ်စုံတရာအား ရှာတွေ့သွားဟန်ပေါ်ကာ သူ၏အကြည့်အား လုရှောင်ယန်ရှိရာဘက်သို့ ပို့လိုက်၏။
"အဲ့ဒီမှာ ဘယ်သူပုန်းနေတာလဲ?"
လုရှောင်ယန်မှာ ကြောင်အသွားသည်။
သူ့ကိုရှာတွေ့သွားတာလား?
မဖြစ်နိုင်လိုက်တာ၊ ဟုတ်တယ်မဟုတ်လား?
သူ၏ပုန်းအောင်းနိုင်စွမ်းမှာ ပြိုင်ဘက်ကင်းသည်အား ဘေးထားလိုက်လျှင် ဝမ့်ခိုက်မှာ သူ၏ဖြစ်တည်မှုအား ခွေးအိုကြီး ဟုန်ကျွင်းပင် မရှာဖွေနိုင်အောင် ဖုံးကွယ်ပေးထား၏။ တစ်ဖက်လူက ဘယ်လိုများသူ့ကို ရှာတွေ့နိုင်မည်နည်း?
သူထိတ်လန့်နေစဉ်တွင်ပင် စူးရှသော အရှိန်အဝါတစ်ခုက လုရှောင်ယန်နံဘေးမှ ထွက်ပေါ်လာ၏။ ၎င်းမှာ ကောင်းကင်အမတအရှင်အဆင့်သို့ ရောက်ရှိပြီးသား ကျဲကျောင်းတော်၏တပည့်ပါပင်!
ထိုသည်က လုရှောင်ယန်အား ထိတ်လန့်သွားစေ၏။
ယခုတွင် သူဟာ ပုန်းအောင်းနေရာ၌သာ အာရုံစိုက်ထားလိုက်၏။ သူ၏အမြန်လိုနေခြင်းကြောင့် နံဘေးတွင် ကျဲကျောင်းတော်တပည့်တစ်ယောက် ပုန်းအောင်းနေသည်ကို ရှာမတွေ့ခဲ့ချေ။
သူ သတိလက်လွတ်ဖြစ်သွားခဲ့၏!
တစ်ဖက်လူမှာ သူ၏တည်ရှိမှုကို အသေအချာသိရမည်။ မဟုတ်သေးချေ၊ ၎င်းတို့တိုက်ခိုက်နေချိန်၌ သူထွက်ပြေးရမည်။ သူဟာ အဖမ်းမခံချင်ပါချေ။
ရွှေရောင်တိမ်တိုက်ဂိုဏ်းအကြီးအကဲမှာ အထင်အမြင်သေးစွာ ပြုံးလိုက်၏။
"ကောင်းကင်အမတအရှင်လေးတစ်ယောက်ကများ ငါတို့ကို ချောင်းတိုက်ရဲတယ်ပေါ့။ မင်းကတကယ်ကို သေချင်နေတာပဲ! သွားစမ်း!
စကားဆုံးသည်နှင့် သူဟာ လက်ချောင်းများကို ထုတ်လျက် မန္တာန်တစ်ခုပစ်လွှတ်လိုက်သည်။ ရွှေရောင်အလင်းတစ်ခုမှာ ကောင်းကင်တွင် ထွန်းလင်းသွားကာ တစ်ဖက်အား တုံ့ပြန်ရန်အခွင့်အရေးပင်မပေးဘဲ လုရှောင်ယန်ရှိရာဘက်သို့ ပြန်လည် လွင့်ထွက်သွားစေသည်။
ဘုန်း!
သူဟာ မြေပြင်နှင့် တိုက်ရိုက် ရိုက်ခတ်သွားကာ မြေပြင်ကို အက်ကွဲသွားစေ၏။ လုရှောင်ယန်ပုန်းကွယ်နေခဲ့သည့် ကျောက်ဆောင်ကြီးမှာလည်း ထိုတိုက်ခိုက်မှုလှိုင်းကြောင့် ပျံထွက်သွားသည်။
လုရှောင်ယန် : "..."
လေထုမှာ တစ်ခဏမျှ အတန်ငယ်တိတ်ဆိတ်သွားသည်။
ထို့နောက်တွင် သူဟာ အနည်းငယ်ချောင်းဟန့်လျက် ပြောလိုက်၏။
"ကျုပ်ကဖြတ်သွားရုံပါပဲ! ကျုပ်က ခရီးသွားလေးပါ။ ဆက်လုပ်ကြပါ!"
သူဟာစကားဆုံးသည်နှင့် ပြေးတော့၏။ ကျင့်ကြံဆင့်အား အကန့်သတ်ထိ ဆွဲဆန့်ကာ စစ်မှန်သောအမြင်သုံးပါးအားအသက်သွင်းလိုက်သည်။ အမြန်နှုန်းမှာ အင်မတန်မြန်ဆန်လှ၏။ သူ ကီလိုမီတာ ၅၀၀၀အတေးသို့ ပျံသန်းရောက်ရှိသွားချိန်၌ ထိုက်ယိရွှေရောင်အမတအရှင်သည်ပင် တုံ့ပြန်ချိန်မရလိုက်ချေ!
သို့သော် သူဟာ ရွှေရောင်အောက်ကျွန်း၏ ပင်လယ်နယ်နိမိတ်မှ ပျံမထွက်နိုင်ခင်တွင် အလင်းတစ်ပြမှာ ကျွန်းအထက်ရှိ ကောင်းကင်မှ ထိုးထွက်လာခဲ့သည်။
ထိုအလင်းအား မိုးကုပ်စက်ဝိုင်းသို့ ပစ်လွှတ်ပြီးနောက်တွင် ၎င်းမှာ ခပ်မြန်မြန်ပဲ ပျံ့နှံ့သွားကာ ရွှေရောင်အောက်ကျွန်းတစ်ခုလုံးအား လွှမ်းခြုံသည့် အကာအရံတစ်ခုအသွင်ပြောင်းသွားတော့သည်။
လုရှောင်ယန်သည်ပင် ချွင်းချက်မဟုတ်ပါချေ!
သူဟာ ကျွန်း၏ ပင်လယ်နယ်နိမိတ်မှ မလွတ်မြောက်နိုင်ခင်၌ ရွှေရောင်အလင်းမှ ဖြစ်ပေါ်လာသော အကာအရံနှင့် ရိုက်ခတ်မိသွားသည်။
ဘန်း!
ခေါင်းမူးနေစဉ်၌ လုရှောင်ယန်မှာ နောက်သို့ တိုက်ရိုက်ခုန်သွားလိုက်သည်။
"မာလိုက်တာ!"
ထိုရိုက်ခတ်မှုမှာ လုရှောင်ယန်အား အတော်လေး နာကျင်သွားစေသည်။
ထို့အပြင် တစ်ခဏအကြာ၌ ရွှေရောင်အောက်ကျွန်းတစ်ခုလုံးမှာလည်း ပြောင်းလဲသွားသည်!
တိုးထွက်နေသော ဝိဉာဉ်စွမ်းအင်မှာ ကျဲကျောင်းတော်ရှိတပည့်တိုင်း၏ ကိုယ်တွင် ပြည့်နှက်သွားကာ တပည့်အားလုံး၏ကျင့်ကြံဆင့်အား စတင်တိုးတက်လာစေနေသည်။
၎င်းမှာ ရွှေရောင်တိမ်တိုက်ဂိုဏ်း၏ သတ်ခြင်းကိုခံခဲ့ရသော ကျဲကျောင်းတော် တပည့်အလောင်းများကိုပင် တဖြည်းဖြည်းပြန်လည်ကောင်းမွန်လာစေကာ မူလအခြေနေသို့ပြန်လည်ရောက်ရှိလာသည်အထိပင်ဖြစ်၏။
၎င်းမှာ အဆုံးမဟုတ်သေးချေ၊ အဘယ့်ကြောင့်ဆိုသော် မြေပြင်ရှိ ကျဲကျောင်းတော်တပည့်များမှာလည်း ထိုအခိုက်၌ တကယ်ကြီး ပြန်လည်ရှင်သန်လာသောကြောင့်ပင်။
အားလုံး၏ကျင့်ကြံဆင့်များ တိုးတက်လာ၏။
ကောင်းကင်အမတအရှင်!
ထိုက်ယိရွှေရောင်အမတအရှင်!
အဆုံးတွင် ကောင်းကင်ဘုံထွဋ်ဖျားကရွှေရောင်အမတအရှင်ပင် မွေးဖွားလာတော့၏!
ရွှေရောင်အောက်ကျွန်းထက်ရှိ ကောင်းကင်တွင် တိမ်တိုက်များမှာ တဖြည်းဖြည်း လူအကြီးကြီးအသွင်ဖြစ်ပေါ်လာ၏။ ထိုလူသဏ္ဍာန်မှာ လောကအား အထင်အမြင်သေးနေသည့် ဖိအားနှင့် ပြည့်နှက်နေကာ နေရာရှိလူတိုင်းအား သူ့ထံသို့ တိုက်ရိုက်မကြည့်ရဲအောင်ပင် ဖြစ်စေ၏။
ရွှေရောင်တိမ်တိုက်ဂိုဏ်းမှ လူများမှာ မယုံကြည်နိုင်မှုကြောင့် မျက်လုံးများပြူးနေကြသည်။
"ဒါ... ဒါက သူတော်စင်တစ်ယောက်ရဲ့ ပုံရိပ်ပဲ! ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ဒါက ခရမ်းသွေးကောင်းကင်နန်းတော်မှာ အကျဉ်းချခံထားရတဲ့ ကျဲကျောင်းတော်ရဲ့ သူတော်စင်မဟုတ်ဘူးလား?! ဘာလို့ဒီမှာ ရှိနေရသေးတာလဲ?"
ကျဲကျောင်းတော်၏ တပည့်အားလုံးမှာ စိတ်လှုပ်တရှားအော်ဟစ်လိုက်ကြသည်။
"အရွေးချယ်ခံ! အရွေးချယ်ခံ ပြန်လာခဲ့ပြီ!"
"အရွေးချယ်ခံပြန်လာပြီ။ ကျဲကျောင်းတော်တော့ ချမ်းသာပြီပဲ!"
ခေါင်းမူးနေသောလုရှောင်ယန်မှာ မြေပြင်တွင် တွားသွားနေရာမှ ထလိုက်ချိန်၌ ကောင်းကင်ရှိ ပုံရိပ်နှင့်အတူ လူတိုင်းအား တွေ့လိုက်ရသည်။
၎င်းကသူ၏ မျက်လုံးများအား တွ့န်သွားစေ၏။
စွမ်းအားကြီးလိုက်တာ!
၎င်းမှာ လုရှောင်ယန် မြင်ဖူးသမျှတွင် စွမ်းအားအကြီးဆုံးဖြစ်တည်မှုဖြစ်၏!
တစ်ဖက်လူမှာ ပုံရိပ်တစ်ခုနှင့်ပင် ထို ထိုက်ယိရွှေရောင်အမတအရှင်ဆိုသူအား အပြည့်အဝ ဖိနှိပ်လိုက်သည်။ လုရှောင်ယန်မှာ ကောင်းကင်ဘုံထွဋ်ဖျား ရွှေရောင်အမတအရှင်သည်ပင် ထိုလူ၏ ပြိုင်ဘက်မဟုတ်ဟု ခန့်မှန်းလိုက်၏။
သူ၏ ခြေချောင်းများနှင့်ပင် ၎င်းမှာ ဒဏ္ဍာရီလာသူတော်စင်၏ ပုံရိပ်ဟု ပြောနိုင်၏!
သို့သော် ၎င်းမှာ ယခုတွင် ပြဿနာဟုတ်ဟန်မတူပါချေ!
ထိုအစား သူဟာ ထုံထျန်း၏ ပုံရိပ်က ဤအခိုက်၌ အဘယ့်ကြောင့်ပေါ်ထွက်လာသည်ကို တွေးတောနေသည်။
ဘာလို့တစ်ဖက်လူက ရွှေရောင်အောက်ကျွန်းကို ချိတ်ပိတ်လိုက်တာလဲ?
ပြီးတော့ ဘာလို့ ကောင်းကင်က သူတော်စင်ပုံရိပ်ကြီးက သူ့ကိုပြုံးပြနေတယ်လို့ ခံစားနေရတာလဲ?
ထိုမေးခွန်းများက လုရှောင်ယန်၏ ခေါင်းထဲ၌ ပြည့်နေ၏။
သူဟာ ထိုထုံထျန်းထံတွင် ရည်ရွယ်ချက်ကောင်းများမရှိဟု ခပ်ရေးရေးမှန်းဆမိသည်။
အနည်းဆုံးတော့ ထိုအစီအရင်မှာ သူ့ကြောင့် အသက်ဝင်လာရခြင်းဖြစ်ပေ၏။
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၉။ အပိုင်း ၄၃၀ ကျဲကျောင်းတော်၏ ဂိုဏ်းချုပ်ဖြစ်လာခြင်း?
လုရှောင်ယန် ပဟေဠိဖြစ်နေချိန်၌ ရွှေရောင်အောက်ကျောင်းတော်၏တပည့်များမှာ သူ၏ရှေ့မှောက်တွင် ဒူးထောက်လိုက်ကြတော့သည်။
"ကြိုဆိုပါတယ်၊ ဂိုဏ်းချုပ်!"
"ဘာကြီးလဲ?"
လုရှောင်ယန်၏ နဂိုကတည်းက ကြောင်အမ်းနေသော စိတ်အစဉ်မှာ ယခုတွင် ပိုလို့ပင် ရှုပ်ထွေးသွား၏။
သူဟာ စိတ်တွင်း၌ အော်ဟစ်နေလျက် ဘာတွေဖြစ်နေသည်ကို တစ်ယောက်ယောက်ကပြောပြနိုင်ရန် မျှော်လင့်နေမိ၏။
ရွှေရောင်အောက်ကျွန်းတစ်ခုလုံးတွင် မတ်မတ်ရပ်နေသူမှာ သူနှင့် ရွှေရောင်တိမ်တိုက်ဂိုဏ်း၏ အကြီးအကဲများနှင့် ဂိုဏ်းသားများသာရှိသည်။
လုရှောင်ယန်မှာ ၎င်းတို့အားကြည့်လိုက်ရာ ၎င်းတို့ကလည်း လုရှောင်ယန်အား ကြည့်လိုက်ကြ၏။
"ကောင်စုတ်လေး! မင်းက ဒီတိုင်းလေးပဲ ဖြတ်သွားတာပါလို့ ပြောခဲ့တယ်ပေါ့လေ?"
"မင်းရဲ့ရည်ရွယ်ချက်ကဘာလဲ? ဘာလို့ ကျဲကျောင်းတော်ရဲ့ ကျန်တဲ့ အဖွဲ့ဝင်တွေကို စုဆောင်းနေရတာလဲ?"
သူ၏စကားဆုံးသည်နှင့် အားလုံးပေါ်သို့ ကြီးမားသောအရှိန်အဝါများက ဆူနာမီကဲ့သို့ အရူးအမူး ဖိနှိပ်ချလိုက်တော့သည်!
"အတင့်ရဲလိုက်တာ! မင်းကများ ငါတို့ကျဲကျောင်းတော်ရဲ့ဂိုဏ်းချုပ်ကို စော်ကားရလောက်အောင် အတင့်ရဲတယ်ပေါ့လေ! မင်းက သေဖို့ထိုက်တန်တယ်!"
"ချန်ကျောင်းတော်က မင်းတို့ ငတုံးတွေ အပြစ်ပေးတာနဲ့ ထိုက်တန်တယ်!"
"ဖူးးး!"
၎င်းတို့ မန္တာန်အသုံးမပြုနိုင်ခင်တွင် တစ်ဖက်လူ၏ မမှန်းဆနိုင်လောက်သော စွမ်းအားကြီးအရှိန်အဝါမှာ ရွှေရောင်တိမ်တိုက်ဂိုဏ်းအကြီးအကဲနှင့် ဂိုဏ်းသား တစ်ဆယ့်သုံးဦး၏ စွမ်းအားထက် ကျော်လွန်နေ၏။ ၎င်းတို့မှာ မြေပြင်ထက်၌ ဒူးထောက်လျက် မျက်နှာများနီရဲနေကာ စကားတစ်ခွန်းပင်မဆိုနိုင်တော့ချေ။
"ဂိုဏ်းချုပ်! ဒီအရိုင်းအစိုင်း ဆယ့်သုံးယောက်က ခင်ဗျားကို မရိုမသေပြုနေကြတယ်။ ကျေးဇူးပြုပြီး သူတို့ကို အပြစ်ပေးပါ!"
ကျဲကျောင်းတော်မှ ထိုက်ယိရွှေရောင်အမတအရှင်မှာ လုရှောင်ယန်၏ရှေ့မှောက်၌ ဒူးထောက်လျက် အမိန့်ပေးရန် တောင်းခံနေလေ၏။
လုရှောင်ယန်၏ မျက်နှာမှာ တွန့်ရှုံ့သွား၏။
"ဒါဆို ဘာကိုစောင့်နေတာလဲ? လုပ်လိုက်တော့လေ။"
"သိပါပြီ!"
ကျဲကျောင်းတော်၏ပညာရှင်အများအပြားမှာ တစ်ချိန်တည်းတွင် တိုက်ခိုက်လိုက်ကြ၏။ တစ်ခဏအတွင်းတွင် အမျိုးမျိုးသော လက်သဏ္ဍာန်များမှဖြစ်ပေါ်လာသော အလင်းများမှာ ကောင်းကင်ယံ၌ ပြည့်နှက်သွားကြ၏။
ရွှေရောင်တိမ်တိုက်ဂိုဏ်းမှ အကြီးအကဲနှင့်ဂိုဏ်းသား တစ်ဆယ့်သုံးဦးမှာ အင်မတန်ကြောက်ရွံ့လှသောကြောင့် ချက်ချင်းအော်ဟစ်လိုက်ကြ၏။
"မင်းတို့ကများ ငါတို့ကို တိုက်ခိုက်ရဲတယ်ပေါ့! ရွှေရောင်တိမ်တိုက်ဂိုဏ်းက မင်းတို့ကို အလွတ်ပေးမှာမဟုတ်ဘူး! ရန်ကျောင်းတော်ကလည်း အလွတ်ပေးမှာမဟုတ်ဘူးကွ!"
ကံမကောင်းစွာဖြင့် ထိုတစ်ဆယ့်သုံးဦး၏ အော်သံများမှာ ကျဲကျောင်းတော်မှလူများ၏ ဒေါသမျက်နှာကိုဖော်ပြရန်ပင် ထိုက်တန်မနေပါချေ။ ၎င်းတို့မှာ တစ်ဘက်၏ ကျင့်စဉ်များဖြင့် နေရာ၌ပင် ဖျက်ဆီးခံလိုက်ရကာ ပြာများအဖြစ်လောင်ကျွမ်းလျက် ဝိဉာဉ်တစ်စပင်ကျန်မနေတော့ပါချေ!
လုရှောင်ယန်မှာ တံတွေးပင်ခက်ခက်ခဲခဲမြိုချလိုက်၏။
သေစမ်း၊ ဒီကျဲကျောင်းတော်သားတွေက တကယ်ကို အံ့ဩစရာပဲ။ အဲ့ဒီဆယ့်သုံးယောက်ကြားထဲမှာ ထိုက်ယိရွှေရောင်အမတအရှင် နှစ်ယောက်ပါနေပြီး ကျန်တဲ့လူတွေကလည်း ကောင်းကင်အမတအရှင်အဆင့်တွေမှာရှိတယ်။ မျက်စိတစ်မှတ်လေးအတွင်းမှာပဲ သူတို့အားလုံး ကျဲကျောင်းတော်ရဲ့လူတွေဆီမှာ အသတ်ခံလိုက်ရတယ်။
ထိုကျဲကျောင်းတော်တပည့်၏ ကျင့်ကြံဆင့်မှာ အင်မတန်မြင့်မားနေပြီဖြစ်သည်။ တစ်ဖက်လူသာ သူ့အားတိုက်ခိုက်ပါလျှင် လွတ်မြောက်နိုင်မှာ မဟုတ်လောက်ဘူး မဟုတ်လား?
သေစမ်း၊ ထိုလူများမှာ သူတောင်းစားယောင်ဆောင်ကာ အနိုင်ကျင့်ခံခဲ့ကြသည်ပင်!
၎င်းတို့မှာ သူ့ထက်ပင် သိုသိုသိပ်သိပ်နေကြသော ပါရမီရှင်ကြီးများပင်ဖြစ်ချေ၏!
လူတိုင်းမှာ ထိုရွှေရောင်တိမ်တိုက်ဂိုဏ်းမှ လူတစ်ဆယ့်သုံးယောက်အားသတ်ပြီးနောက်တွင် လုရှောင်ယန်ထံ ဒူးထောက်လိုက်ကြပြန်၏။ ၎င်းတို့၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများဖြင့်ပြည့်နေတော့သည်။
လုရှောင်ယန်မှာ တစ်ခဏမျှ တိတ်ဆိတ်နေပြီးမှ စကားဆိုလိုက်၏။
"အမ်း၊ ဘာတွေဖြစ်နေတာလဲဆိုတာ ကျုပ်ကိုတစ်ယောက်ယောက် ရှင်းပြနိုင်မလား? အခု ကျုပ်ရဲ့စိတ်က နည်းနည်းရှုပ်ထွေးနေတယ်။"
ကောင်းကင်ဘုံထွဋ်ဖျား ရွှေရောင်အမတအရှင်ထဲမှ တစ်ဦးမှာ အလျှင်အမြန်ပင် ရှေ့သို့လျှောက်လာပြီး လုရှောင်ယန်ထံ ရှင်းပြလိုက်၏။
"ဂိုဏ်းချုပ်၊ ခင်ဗျားက သူတော်စင်တစ်ယောက်ဖန်တီးခဲ့တဲ့ မြင်းနက်လား?"
လုရှောင်ယန်မှာ ခေါင်းငြိမ့်လိုက်သည်။
"ဟုတ်ပါတယ်။ အဲ့ဒီတော့?"
တစ်ဖက်လူမှာ စိတ်သက်သာရာရကာ သက်ပြင်းချပြီးမှ ပြုံးလိုက်၏။
"ဒီလိုဆိုရင် ဒါက သေချာပါတယ်။ အရင်က သူတော်စင်တွေကို နတ်ဘုရားအဆင့်သတ်မှတ်ခြင်းမှာ အမှတ်အသားပြုဖို့ တွန်းအားပေးခံရတယ်။ ကျဲကျောင်းတော် မလွတ်မြောက်နိုင်တာကို သိပြီး သူတို့က ပိုတောင်ကြီးတဲ့ အစီအစဉ်ကို အသေချာ ရေးဆွဲခဲ့ကြတာ။ ပြောရရင် အတိဒုက္ခလေးပါး ပြီးတဲ့နောက်မှာ ထပ်ပြီး တိုက်ခိုက်လာကြလိမ့်မယ်။"
"ခင်ဗျားက အဲ့ဒီတိုက်ခိုက်မှုကို စတင်လိမ့်မယ်။"
"ခင်ဗျားက ကျုပ်တို့ ကျဲကျောင်းတော်ကို ကျက်သရေ ပြန်ဆောင်နိုင်အောင် တည်ဆောက်ပေးပြီး အထွဋ်အထိပ်ကို ပြန်ဆွဲတင်ဖို့ ဦးဆောင်လိမ့်မယ်!"
လုရှောင်ယန် : "...."
"ဒီလို အရေးကြီးတဲ့ကိစ္စကို ကျုပ်အပေါ်မှာ ပုံအောထားတာ မသင့်လျော်ဘူး မဟုတ်လား? ကျုပ်က အခုမှ အမတအဆင့်လေးပဲရှိသေးတယ်!'
အားလုံး၏ မျက်ဝန်းများမှာ ခိုင်မာနေကြ၏။
"မဟုတ်ပါဘူး! ခင်ဗျားအသေအချာလုပ်နိုင်မှာပါ! သူတော်စင်က ခင်ဗျားလုပ်နိုင်တယ်လို့ ပြောရင် တကယ်လုပ်နိုင်လို့ပဲ!"
"ဂိုဏ်းချုပ်၊ ခင်ဗျားကိုယ်ခင်ဗျားယုံကြည်သင့်ပါတယ်! ခင်ဗျားက အရွေးချယ်ခံတစ်ယောက်ပဲ! ခင်ဗျားက အလားလာအများကြီးရှိတဲ့လူပဲ!"
လုရှောင်ယန်မှာ စိတ်ထဲ၌ ကူကယ်ရာမဲ့စွာ ရယ်သွမ်းသွေးလိုက်သည်။
"ကျုပ်ကို တကယ်ကြီး ဒါကို ယုံဖို့ မျှော်လင့်နေတာလား? ကျုပ်သာတကယ်ယုံရင် ထူးဆန်းနေလိမ့်မယ်။"
သူဟာ ယခုတွင် ထိုကိစ္စ၏ အကြောင်းနှင့်အကျိုးအား အသေအချာ နားလည်နေသည်ပင်။
ထုံထျန်းမှာ ကျဲကျောင်းတော် မလွတ်မြောက်နိုင်တော့သည်ကို ရှာတွေ့ပြီးနောက်တွင် သူ၏မွေးဖွားမှုအား စီမံခဲ့၏။ သို့သော် ၎င်းအား ချက်ချင်းမစီစဉ်ဘဲ ဆယ်စုနှစ် တချို့ကြာပြီးမှသာ စီစဉ်ခဲ့သည်ပင်။
ထိုအချိန်အတွင်းတွင် သူဟာ နတ်ဘုရားအဆင့်သတ်မှတ်ချက်များတွင် မပါဝင်သော ဂိုဏ်းတပည့်များအား အင်အားစုဆောင်းကာ သူရောက်လာမည်ကို စောင့်ဆိုင်းရန် အမြဲတစေ တောင်းဆိုခဲ့သည်။
၎င်းတို့၏ကျင့်ကြံဆင့်များ ယခင်ကအင်မတန်နိမ့်ကျနေခြင်းမှာ ထုံထျန်းမှ ချန်ကျောင်းတော်နှင့် ရန်ကျောင်းတော်၏ တိုက်ခိုက်ခြင်းအား တားဆီးရန် ၎င်းတို့၏ကျင့်ကြံဆင့်များကို ချိတ်ပိတ်ခဲ့သည်။
သို့မဟုတ် ၎င်းတို့မှာ သူ့အားစောင့်မျှော်နေရန် ရည်ရွယ်ချက်ရှိရှိ အားနည်းဟန်ဆောင်နေကြခြင်းလည်းဖြစ်နိုင်၏။
သူ၏ကိုယ်ရှိ အမတစွမ်းအား,အား အသက်သွင်းပြီးနောက်၌ ရွှေရောင်အောက်ကျွန်းရှိ ထုံထျန်း ခင်းကျင်းခဲ့သော အစီအရင်အား နိုးထသွားစေခဲ့သည်။
ခန့်မှန်းသည်သာ မှန်မည်ဆိုလျှင် ထိုအစီအရင်ကလည်း သူ့အတွက်ပြုလုပ်ထားခြင်းဖြစ်ရမည်။
ထိုအစီအရင်မှာ သူ့အားကာကွယ်လိုသည်ဖြစ်စေ ထောင်ချောက်ဆင်လိုသည်ဖြစ်စေ၊ သူကတော့မသိခဲ့ပါချေ။
ထိုအမှတ်တမဲ့က သူ့အား လှည်ဖျားခံရသလို ခံစားရစေ၏!
ထိုကျဲကျောင်းတော်သားများမှာ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များဖြစ်ကြကာ ဂိုဏ်းသားအားလုံး၏ ကျင့်ကြံဆင့်က လုရှောင်ယန်၏ အထက်၌ ရှိကြပါသော်လည်း သူဟာ ပျော်ရွှင်မနေပါချေ။ ထိုအစား သူဟာ ငိုကြွေးလိုက်ချင်၏။
ကောင်းပြီလေ၊ အပြင်ဘက်က အကာအရံကိုထည့်မတွက်နဲ့ဦး ဒီကျဲကျောင်းတော်သားတွေရဲ့ ကျင့်ကြံဆင့်ကတင် အရမ်းကိုစွမ်းအားကြီးနေပြီ။ အခုတွင် သူဟာ တကယ်ကို မလွတ်မြောက်နိုင်ပါတော့ချေ။
သို့သော် ပြဿနာမှာ ယခု စကားဝိုင်းမှဖြစ်သည်၊ ချန်ကျောင်းတော်နှင့် ရန်ကျောင်းတော်ဂိုဏ်းသားများမှာ လာရောက်၌ တစ်ခေါက်ပြီး တစ်ခေါက်လာစစ်ဆေးနိုင်သည်!
ထိုသို့ဆိုပါက ၎င်းတို့သာ တွေ့ရှိသွားပါလျှင် သူဟာ လက်ရှိကျင့်ကြံဆင့်လေးနှင့် မြုပ်စရာမြေပင် မရှိဘဲ သေရလိမ့်မည် မဟုတ်ပါလား?
သူဟာ မူလက လုမျိုးနွယ်စုကဲ့သို့သော အခြေနေတူအဖြစ်ကို ကြုံနေရသည်ဟု ထင်ခဲ့သည်။ ကျဲကျောင်းတော်၌ အမှိုက်များဖြင့် ပြည့်နေသည်ဟူ၍!
သို့သော် ကျဲကျောင်းတော်၌ ပါရမီရှင်အမြောက်အများ မြင်တွေ့ရမည်ဟု ထင်မထားခဲ့ပါချေ။
ထို့နောက်တွင် အံ့ဩဖွယ်ကောင်းစွာဖြင့် ပါရမီရှင်များစွာရှိပါလျက်နှင့် ၎င်းတို့မှာ သူ့အား ဂိုဏ်းချုပ်ဖြစ်လာစေချင်နေ၏။
ဂိုဏ်းချုပ်ဖြစ်လာရန်မှာ အင်မတန်ဒုက္ခများမည်ပင်။ သူဟာ ဟိုဟို ဒီဒီကိစ္စများအား ပူပန်နေရမည်။
ထိုသို့တွေးတောခြင်းကပင် လုရှောင်ယန်အား ဦးနှောက်ဆဲလ် မြောက်များစွာနှင့် အခန်းများစွာဆုံးရှုံးလိုက်ရသလိုပါပင်!
သူဟာ အတန်ငယ်ချောင်းဟန့်လျက် ဆက်ပြောလိုက်၏။
"အမ်း၊ ကျုပ်တို့ ဒါကိုဆွေးနွေးလို့ရမလား? ကျုပ်က ကျဲကျောင်းတော်ဂိုဏ်းချုပ် မဖြစ်နိုင်ဘူး။ ခင်ဗျားတို့ရဲ့ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်တစ်ယောက်ကိုပဲ ဂိုဏ်းချုပ်လုပ်ခိုင်းလိုက်ပါ! ကျုပ်ကတော့ ကျဲကျောင်းတော်သားတစ်ယောက်ပဲဖြစ်ချင်ပါတယ်။ နည်းလမ်းတကယ်ပဲမရှိရင်တော့ ကျုပ် အကြီးအကဲတစ်ယောက်တော့ ဖြစ်လာနိုင်ပါတယ်။ ကျုပ်သာ ငြိမ်းငြိမ်းချမ်းချမ်းကျင့်ကြံနိုင်ရင်ပဲ အဆင်ပြေပါပြီ!
လူတိုင်းမှာ အချင်းချင်းကြည့်လျက် ချက်ချင်းပင် ကူကယ်ရာမဲ့စွာပြုံးလိုက်ကြ၏။
"ဂိုဏ်းချုပ်၊ မပူပါနဲ့။ သူတော်စင်က ဒီအကြောင်းကို တွေးပြီးသားဖြစ်လို့ ခင်ဗျားအတွက် ဒီပြဿနာကို ဖြေရှင်းပြီးသွားပါပြီ။
ထိုသို့ဆိုလျက် ဂိုဏ်းသားအချို့မှာ ကောင်းကင်ရှိ ရွှေရောင်အကာအရံအား အသေအချာ ညွှန်ပြလိုက်၏။
"ဂိုဏ်းချုပ်၊ သူတော်စင်က ဒီအကာအရံကို ခင်ဗျားအတွက် သီးသန့်ချန်ထားပေးခဲ့တာပါ!"
"အဲ့ဒါ အသက်ဝင်လာတာနဲ့ ကျုပ်တို့ ရွှေရောင်အောက်ကျွန်းရဲ့ ကျဲကျောင်းတော်သားတွေကလွဲရင် ဆယ်နှစ်အတွင်း ဘယ်သူမှဝင်နိုင်မှာမဟုတ်ဘူး။ သူတော်စင်တွေတောင်မှ ချွင်းချက်မဟုတ်ဘူး။
"ဒါ့ကြောင့် ဒါနဲ့ဆိုရင် စိုးရိမ်စရာမရှိဘဲ ကျင့်ကြံလို့ရပါတယ်။ သူတော်စင်အနေနဲ့ ခင်ဗျားရဲ့ပါရမီက ဆယ်နှစ်အတွင်းမှာ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင် အထွဋ်အထိပ်အဆင့်ကို ရောက်ဖို့က ပြဿနာမဟုတ်ကြောင်း ခန့်မှန်းထားတယ်။"
"အဲ့လိုဆိုရင် ဒီရွှေရောင်အလင်းမရှိရင်တောင် ခင်ဗျားစိုးရိမ်ဖို့မလိုပါဘူး။"
"ဒီလိုလား?"
လုရှောင်ယန်၏ မျက်လုံးများတောက်ပသွားလေသည်။
ထိုသို့သာဆိုလျှင် ၎င်းအား ရတနာကျွန်းဟုပင် သတ်မှတ်နိုင်လေ၏!
လုရှောင်ယန်မှာ ထိုသို့သော လုံခြုံသည့်နေရာအား အနှစ်သက်ဆုံးဖြစ်ပေဟ။
သူဟာ မည်သို့သော ပူပန်မှုမှ မရှိဘဲ ကျင့်ကြံနိုင်ချေမည်!
ပြည့်စုံတယ်!
သို့သော် အခြားပြဿနာတစ်ခုရှိသေး၏။ ၎င်းမှာ... ဒီလူတွေက သူ့စကားကိုနားထောင်မှာတဲ့လား?
တစ်ဖက်လူများသာ သူ့အားနားမထောင်ပါလျှင် မလွယ်ချေ။
လုရှောင်ယန်မှာ တစ်ခဏမျှ တိတ်ဆိတ်သွားကာ ပြောလိုက်၏။
"ခင်ဗျားတို့ တကယ်ပဲကျုပ်ကို ကျဲကျောင်းတော်ဂိုဏ်းချုပ်ဖြစ်စေဖို့ ဆန္ဒရှိကြရဲ့လား?"
အားလုံးမှာ တစ်ညီတည်း ခေါင်းငြိမ့်ကာ မျက်လုံးများက ရိုးသား၍ ခိုင်မာနေကြ၏!
ဤသည်က ၎င်းတို့မှာ လုရှောင်ယန် သေခိုင်းပါလျှင်တောင် မတုံ့ဆိုင်းမည့်ပုံပါပင်!
"မဖြစ်ဘူး? ကျုပ်က အခုမှ အမတပဲရှိသေးတာ။ ခင်ဗျားတို့ထဲမှာ အသန်မာဆုံးကတင်ပဲ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ဖြစ်နေပြီ။ ကျုပ်ကို လှည့်ဖျားဖို့ ကြိုးစားနေတာလား?"
"ကျုပ်ကပညာမစုံသေးတဲ့အပြင် ငယ်လည်းငယ်သေးတယ်။ ခင်ဗျားတို့ရဲ့ ကိုယ်ကျင့်တရားကို မငဲ့ဘဲနဲ့ ကျုပ်လို လူငယ်လေးတစ်ယောက်ကို အနိုင်ကျင့်မလို့လား!"
အားလုံးမှာ ချက်ချင်းရှင်းပြလိုက်ကြသည်။
"ဂိုဏ်းချုပ် ခင်ဗျားရဲ့ကျင့်ကြံဆင့်ကနိမ့်နေပြီး ခင်ဗျားကလည်း အရမ်းကိုငယ်နေသေးတယ်ဆိုပေမယ့် ပါရမီကတော့ ပြိုင်ဘက်ကင်းပဲလေ!"
"ခင်ဗျားက ကျုပ်တို့ကျဲကျောင်းတော်ရဲ့ ဂုဏ်သရေကို ပြန်လည်အထမြောက်အောင် ဦးဆောင်နိုင်တဲ့ ဖြစ်တည်မှုပဲ။ ကျုပ်တို့ ခင်ဗျားရဲ့အမိန့်တွေကို အသေအချာနားထောင်မှာပါ။ ခင်ဗျားလုံးဝ သံသယထားစရာမလိုပါဘူး!"
"တကယ်လား?"
"သေချာပါတယ်!"
"ဒါဆို ကျုပ်တစ်ခုစမ်းသပ်ကြည့်လို့ရမလား?"
"သေချာတာပေါ့!"
လုရှောင်ယန်မှာ တစ်ခဏမျှတွေးတောကာ ချက်ချင်းပြောလိုက်၏။ "ထကြပါ!"
လူတိုင်းမှာ ချက်ချင်းမတ်မတ်ရပ်လိုက်ကြ၏။
"ဒူးထောက်!"
လူတိုင်းမှာ ချက်ချင်းပင် တစ်ဖန် ဒူးထောက်လိုက်ကြပြန်၏။
"လှဲချ!"
အားလုံးမှာ ချက်ချင်းပင် လှဲချလိုက်ကြပြန်သည်။
"ဟောင်လိုက်စမ်းပါ ... အာ... ထားလိုက်တော့။ ဒါကလုံလောက်ပြီ။ ထကြတော့။"
ထိုသည်က လုရှောင်ယန်အား မနေနိုင်စွာဘဲ စိတ်နှလုံးထဲ၌ ချီးမွန်းလိုက်စေမိ၏။
မဆိုးဘူးပဲ! ကျဲကျောင်းတော်သားတွေက တကယ်ကို ကောင်းကောင်းလေ့ကျင့်ခံထားရတာပဲ။
ထုံထျန်း၏တပည့်များမှာ ထုံထျန်းအား အင်မတန်ရိုသေကြကာ သူ၏အမိန့်များကိုပင် အသေအချာ ထမ်းဆောင်ကြမည့် ဟန်ပါပင်!
ဟုတ်ပြီ၊ ဟုတ်ပြီ!
ထုံထျန်းမှာ ကျဲကျောင်းတော်၏ ပြန်လည်အထမြောက်မည့် အစီစဉ်ကြီးအား သူ့ကိုအသုံးချကာ အပြီးသတ်ချင်နေအား သူလည်းသိချေသည်။
ဒါပေမယ့်လည်း၊ ဒီလိုဆိုတော့ရော?
အနည်းဆုံးတော့ ထိုအခြေအနေတွင် သူဟာ ရှင်သန်နေထိုင်ရန် လုံခြုံရာရသွားခဲ့ပြီပင်။ နှစ်ဘက်စလုံးမှာ ကိုယ်လိုတာကို ကိုယ်ယူကြသည်ပဲဖြစ်၏!
"ကောင်းပြီ! ခင်ဗျားတို့အားလုံးက ကျုပ်ရဲ့အမိန့်တွေကို အရမ်းနာခံချင်နေကြမှတော့ ကျုပ်ကပဲ ကျဲကျောင်းတော်ဂိုဏ်းချုပ်နေရာကို ဆက်ခံလိုက်ပါ့မယ်။ ခင်ဗျား... နာမည်ကဘာလဲ?"
တစ်ဖက်လူမှာ အလျင်အမြန်ပင်ရှေ့သို့လျှောက်လာကာ လုရှောင်ယန်ထံအရိုအသေပေးလိုက်၏။
"ဂိုဏ်းချုပ်၊ ကျုပ်နာမည်က လော့ယန်ပါ။"
"လော့ယန်၊ ကောင်းပြီ။ အခုကစပြီး၊ ခင်ဗျားကကျုပ်ရဲ့ နံပါတ်တစ် အကြီးအကဲပဲ။ ခင်ဗျားအနေနဲ့ ချက်ချင်းပဲ ကျုပ်ကို အသုံးဝင်တဲ့တပည့်ဘယ်လောက်များများရှိသေးတယ်နဲ့ ဘယ်ဆင့်တွေမှာလဲဆိုပြီး တွက်ချက်ရာမှာ ကူညီပေးရမယ်။”
"နားလည်ပါပြီ။ ကျေးဇူးပြုပြီး ရွှေရောင်အောက်ကျွန်းခန်းမကိုသွားလိုက်ပါ ဂိုဏ်းချုပ်။ ကျုပ် ခဏအတွင်းမှာပဲ အစီရင်ခံပါ့မယ်။"
လုရှောင်ယန်မှာ ခေါင်းငြိမ့်ပြီး ချက်ချင်းပင် ဂိုဏ်းသူတစ်ယောက်၏ ဦးဆောင်မှုအောက်ရှိ ရွှေရောင်အောက်ကျွန်းခန်းမသို့ ရောက်သွားသည်။
အံ့ဖွယ်ကောင်းစွာဖြင့် ရွှေရောင်အောက်ကျွန်းခန်းမမှာ မဖျက်ဆီးခံရဘဲ အကောင်းတိုင်းရှိနေသေး၏!
သူ၏ရှုပ်ထွေးနေမှုအား အာရုံခံမိပုံဖြင့် ထိုဂိုဏ်းသူမျာ ချက်ချင်း ရှင်းပြလိုက်သည်။
"သူတော်စင်က ရှင် ရွှေရောင်အောက်ကျွန်းကို ပြန်လာချိန်ကြရင် ရင်းမြစ်တွေအများကြီးလိုမှာကို သိထားလို့ပါ၊ ဂိုဏ်းချုပ်။ ဒါ့ကြောင့် ဒီခန်းမထဲမှာ ရင်းမြစ်တွေ အများအပြားကို ချန်ခဲ့ပြီး ခန်းမကို သူ့ရဲ့စွမ်းအားနဲ့ ချိတ်ပိတ်ခဲ့တာပါ။ ဒါကြောင့် ဒီခန်းမကို ဘယ်ဓားပြမှ မချဉ်းကပ်နိုင်ခဲ့ပါဘူး။"
"ကျုပ်သိပြီ!"
လုရှောင်ယန်မှာ ခေါင်းငြိမ့်လိုက်သည်။
ထုံထျန်းမှာ ဦးနှောက်ရှိသေးကာ သူ့အတွက် တစ်ခုခုချန်ရမည်အား သိသေးသည်ပင်။ မဟုတ်ပါက သူ့အတွက် တစ်ခုခုလုပ်ရန် ခက်ခဲပေလိမ့်မည်။
သူဟာ အရှိန်အဝါကို ထုတ်ဖော်လိုက်၏။ ထိုချိတ်ပိတ်စည်းမှာ သူ၏အရှိန်အဝါအား သိဟန်ပေါ်ကာ ခန်းမမှာ အလိုအလျောက်ပွင့်သွားခဲ့သည်။ လုရှောင်ယန်မှာ ခြေလှမ်းဝင်လိုက်ကာ ဂိုဏ်းသူမှလည်း အနောက်မှ နီးကပ်စွာလိုက်လာခဲ့၏။
၎င်းတို့နှစ်ဦး ခန်းမသို့ရောက်ပြီးနောက်တွင် ၎င်းတို့မှာ တောင်တန်းလေးသဖွယ်စုပုံနေသော တဖိတ်ဖိတ်တောက်နေသည့် ရင်းမြစ်များကြောင့် တမုဟုတ်ချင်း အံ့အားသင့်သွားကြတော့သည်။
ခန်းမရှိ ဓမ္မရတနာ အပုံများနှင့်အတူ ရွှေရောင်အောက်ကျွန်းခန်းမမှာ သိုလှောင်ရုံနှင့်ပင် တူညီနေသေး၏။
ဂလု!
လုရှောင်ယန်မှာ ထိုဂိုဏ်းသူ၏ တံတွေးမြိုချသံကို ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။
"နည်းနည်းလောက်ယူမလား?"
လုရှောင်ယန်မှာ ဖျော့တော့စွာပြုံး၍ မေးလိုက်၏။ တစ်ဖက်လူ၏မျက်နှာမှာ အတန်ငယ်နီရဲသွားကာ အသက်ရှူသံမှာလည်း မြန်လာ၏။
"ဂိုဏ်းချုပ်၊ ကျွန်မကို နောက်နေတာလား?"
လုရှောင်ယန်မှာ ပုခုံးတွန့်ပြလိုက်သည်။
"ကျုပ် ဘယ်တော့မှ မနောက်ဘူး။"
"ဒါဆို... ဒါဆိုရင် ကျွန်မ ဒါတွေကို တကယ်ယူလို့ရတယ်ပေါ့နော်!"
"ယူသွားပါ! ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်က အခုဂိုဏ်းချုပ်ဖြစ်နေပြီပဲ။ ကျုပ်လုပ်ချင်တာကို လုပ်နိုင်တယ်။ ကျုပ်က ဆုချီးမြှင့်မယ်ဆိုရင် ဆုချီးမြှင့်မှာပဲလေ။"
လုရှောင်ယန်မှာ လူများအား သွေးဆောင်ရာ၌ အင်မတန်ထူးချွန်ပေသည်။
သူဟာ ကျဲကျောင်းတော်သို့ ရောက်ကာစဖြစ်ကာ ဘာတွေဖြစ်နေသည်ကိုလည်း မသိပါချေ။ ထုံထျန်းထံ၌ အခြားသော အကြံဆိုးများရှိနေမည်လားကို မည်သူကသိမည်နည်း? ထို့ကြောင့် သူဟာ ဂရုစိုက်ရချေမည်။
ထို့အပြင် ၎င်းအား မူလကကျဲကျောင်းတော်က ပိုင်ဆိုင်သည်ပင်။ ကျဲကျောင်းတော်မှ တစ်ခုခုအား ကျဲကျောင်းတော်သားတစ်ဦး၏ သစ္စာရှိမှုနှင့် လှဲလှယ်ရမည်မှာ အတော်အတန် အကုန်အကျသက်သာပေ၏!
၎င်းမှာ ပြည့်တန်ဆာအား သူ၏ကိုယ်ပိုင်ပိုက်ဆံအိတ်ထဲမှ ခိုးလာခဲ့သော ပိုက်ဆံနှင့် ငွေချေခြင်းနှင့်ပင် တူညီနေသေးသည်။
ပြောရလျှင် ၎င်းမှာ အလကားရသော အစားတစ်နပ်ဖြစ်၏!
"ကျေးဇူးပါ၊ ဂိုဏ်းချုပ်!"
တစ်ဖက်လူမှာ အရိုအသေပေးကာ ကျေးဇူးတင်လိုက်၏။ သူမဟာ ချက်ချင်းပင် ရှေ့သို့သွားကာ အမတဓားနှစ်လက်နှင့် ဘရိုကိတ်အိတ်တစ်ခုကို ယူလိုက်သည်။ ၎င်းတို့နှစ်ခုစလုံးမှာ အမတအဆောင်လက်နက်များဖြစ်ကြ၏။ သူမဟာ မည်သို့သော မွေးဖွားခြင်းဝိဉာဉ်ရတနာနှင့် အဆင့်မြင့် ဓမ္မရတနာများအား ထိပင်မထိပါချေ။
၎င်းက သူမဟာ သူမ၏ နေရာကို သိနေပုံပါပင်။
လုရှောင်ယန်မှာ ခေါင်းငြိမ့်လိုက်၏။
ထိုမိန်းကလေးမှာ အင်မတန်အလိုက်သိကာ အမှာစကားပါးရန်နှင့် ကိစ္စများလုပ်ဆောင်ရန်အတွက် သူ၏ကိုယ်ပိုင်လက်ထောက်လုပ်ခိုင်းရန်သင့်တော်လှ၏။
ထို့နောက် လုရှောင်ယန်မှာ လက်အားပြန်ရုတ်ကာ ထိုဓမ္မရတနာများအား သူ၏တောင်နှင့်မြစ်ပန်းချီထဲသို့ ချက်ချင်း ထည့်သွင်းလိုက်၏။
ထိုသည်အား မမှန်းဆနိုင်လောက်သော ကြွယ်ဝမှုဟုပင် မှတ်ယူနိုင်ချေ၏။
အရာအားလုံးအား ဘေးဖယ်ထားလိုက်လျှင် ၎င်းတို့မှာ ဆက်နွယ်မှုမူလရတနာ ၂၀ထက်ပိုကာ ဆက်နွယ်မှုရတနာ ၁၀၀ထက်လည်းပိုပါ၏။ ထို့အပြင် မွေးဖွားခြင်းမူလရတနာ ၂၀၀ကျော်နှင့် မွေးဖွားခြင်း ဝိဉာဉ်ရတနာ ၈၀၀ကျော်လည်းရှိသည်!
အခြားသော အမတအဆောင်လက်နက်များနှင့် အမတဆေးလုံးများကိုပင် မရေပင်မရေတွက်နိုင်ပါချေ!
လုရှောင်ယန်ထံ၌ ဝမ့်ခိုက်ရှိနေပါလျှင်တောင် ထုံထျန်းချန်ထားခဲ့သည့် သူ၏လက်ရှိ ကြွယ်ဝမှုအား ၎င်းနှင့် တန်းတူဟုပင် ယူဆနိုင်သည်။ ထို့အပြင် ၎င်းက ထုံထျန်း၏ ကြွယ်ဝမှုထဲမှ ဆက်နွယ်မှုမူလရတနာကိုထည့်ပြီး ရေတွက်မထားပါချေ!
၎င်းမှာ ယခုသူ့ထံ၌ အကောင်းဆုံးရှိနေသည့်အရာမှာ ဆက်နွယ်မှုဝိဉာဉ်ရတနာပင်။ သူ့ထံ၌ ဆက်နွယ်မှုမူလရတနာပင် မရှိခဲ့ပါချေ!
ထို့ကြောင့် ထိုရှုထောင့်မှကြည့်လျှင် သူ၏ပိုင်ဆိုင်မှုမှာ နှစ်ဆဖြစ်သွားပြီဟု မှတ်ယူနိုင်သည်!
သူဟာ အတော်လေး အကျိုးရသွား၏!
မဆိုးဘူး၊ မဆိုးဘူး။
ထို့နောက်တွင် သူဟာ သူ၏တပည့်များအား လောကသုံးပါးသို့လှည့်လည်စေကာ မြင်းနက်များသတ်၍ ၎င်းတို့၏ ကံကောင်းမှုများကို ထုတ်ပြီး ဝမ့်ခိုက်ကို အားဖြည့်ပေးမည်။ ထိုမှသာလျှင် သူ့ကိုယ်တိုင်ကိုပါ အားဖြည့်နိုင်မည်ဖြစ်၏!
ထို့အပြင် မဟာတာအိုမွေးဖွားခြင်းနှင့်အတူ သူဟာ အချိန်၏အမြန်နှုန်းနှင့် ကျင့်ကြံခြင်းအား တိုးမြှင့်နိုင်မည်။ ဆယ်နှစ်အတွင်းတွင် သူဟာ သုံးလောကရှိ မည်သည့်အဖွဲ့ခွဲကိုမဆို တိုက်ခိုက်နိုင်မည်ဟု ယုံကြည်မှုရှိသွား၏!
ပြည့်စုံတယ်!
ထိုအခိုက်တွင် လော့ယန်မှာလည်း အထဲသို့ဝင်လာ၏။
"ကြိုဆိုပါတယ်၊ ဂိုဏ်းချုပ်။ ကျုပ်ကျဲကျောင်းတော်သားတွေရဲ့အချက်အလက်တွေကို ရလာပြီးပါပြီ။"
လုရှောင်ယန်မှာ ခေါင်းငြိမ့်လိုက်၏။
"ဒါဆို မြန်မြန်လေး သူတို့ရဲ့ကျင့်ကြံဆင့်တွေကို ဖတ်ပြပါဦး။ ပြီးတော့ လက်ရှိ ရွှေရောင်အောက်ကျွန်းရဲ့ စွမ်းအားအားလုံးကို ခြုံပြီးလည်း စိစစ်ပေးပါဦး။"
***