← Chapters

အခန်း (၄၄၆-၄၅၀)

Vol. 30 Ch. 446-450

အခန်း (၄၄၆-၄၅၀)

Vol. 30 Ch. 446-450

အပိုင်း ၄၄၆ ကုသိုလ်က ဘယ်လောက်ထိုက်တန်သလဲ? အဲ့အရာက အံ့ဩဖို့ကောင်းနေလို့လား?

လုရှောင်ယန်က ၎င်းမှာ လှည့်ကွက်လေးတစ်ခုဟုသာ ဆိုလိုက်သော်ငြား ယန့်ကျစ်မိုမှာ ထိုသို့မထင်ပါချေ။

သူမဟာ မြေအောက်လောကတွင် နှစ်များစွာ ညှင်းပန်းခံခဲ့ရပေသည်။ သူမအသက်ရှင်စဉ်ကသာ မြေအောက်လောက,က မည်မျှစွမ်းအားကြီးသည်ကို မသိပါလျှင် နားလည်နိုင်သေးချေ၏။

သို့သော် ယခုတွင် သူမဟာ လုံးဝ ကလေးဆန်‌မနေတော့ပါချေ။

မြေအောက်လောက၏စွမ်းအားမှာ သာမန်လူများ စိတ်ကူးနိုင်သည်နှင့် ဝေးကွာလွန်းလှသည်။ ထိုတစ္ဆေအစေခံများ၏ နည်းလမ်းများအား သေမျိုးနတ်ဘုရားများနှင့်ပင် နှိုင်းယှဉ်နိုင်၏။

တစ်ဖက်တွင် လုရှောင်ယန်မှာ ထိုတစ္ဆေအစေခံများအား အလွယ်တကူထောင်ချောက်ဆင်နိုင်သည်။ တစ်ယောက်ယောက်မှာ သူဟာမည်မျှစွမ်းအားကြီးမားသည်ကို စိတ်ကူးကြည့်နိုင်သည်။

"ကျွန်မက ကျွန်မရဲ့အမျိုးသားကို သတ်ခဲ့ပြီး မြေအောက်လောကို နှစ်သုံးဆယ်ကြာ အပို့ခံခဲ့ရတယ်။ အခုတော့ ကျွန်မ ကြက်ဖတစ်ကောင်အဖြစ်ပြန်ဝင်စားရမှာဖြစ်ပြီးတော့ သားရဲတစ်ကောင်ရဲ့နာကျင်မှုကိုလည်း ခံစားရမှာပါ။"

လုရှောင်ယန်:"..."

သူဟာ ၎င်းတို့အချင်းချင်း ဆယ်စုနှစ်များစွာ မမြင်တွေ့ခဲ့ကြပြီးနောက်မှ ပြန်လည်တွေ့ဆုံခြင်းဟာ ထိုမျှ အနေရခက်မည်ဟု မထင်ထားခဲ့ပါချေ။

ထို့နောက် သူဟာ ယန့်ကျစ်မို၏ အမျိုးသားက သူမအား အကြိမ်များစွာ လှည့်ဖျားကာ အကြမ်းဖက်ခြင်းကြောင့် ဖြစ်မည်ဟု သုံးသပ်မိသွား၏။ ငြင်းခုံနေချိန်တွင် ယန့်ကျစ်မိုဟာ သူမ၏အမျိုးသားအား တွန်းချလိုက်မိကာ ထိုလူ၏ ခေါင်းနောက်ဘက်က မြေ‌ပြင်နှင့်ဆောင့်မိသာ သေသွားခဲ့ခြင်းပင်။

ထို့ကြောင့် အတိအကျဆိုရလျှင် ယန့်ကျစ်မိုအား အပြစ်မဆိုနိုင်ပါချေ။

ပထမဦးစွာ သူမဟာ မဆိုးသွမ်းဘဲ ရည်ရွယ်ချက်ရှိရှိသတ်လိုက်ခြင်းလည်း မဟုတ်ရပါချေ။

ဒုတိယအနေဖြင့် သူမဟာလည်း နစ်နာသူဖြစ်သော်ငြား လူဆိုးနှင့် ကြုံတွေ့ခဲ့ရခြင်းပင်။

မြေအောက်လောကမှာ သူမအား ငရဲဘုံနိမ့်တွင် နှစ်သုံးဆယ်ကြာ အပြစ်ပေးကာ ညှင်းပန်းမှုမျိုးစုံကို ခံစားစေ၏။ ယခုတွင် ၎င်းတို့မှာ သူမအား ကြက်ဖ‌တစ်ကောင်အဖြစ်ဝင်စားစေကာ နာကျင်စေလိုကြဆဲပင်။ ဒါကအရမ်းများမနေဘူးလား?

သူဟာပြန်လည်မွေးဖွားခြင်းလမ်းကြောင်းခြောက်ရပ်ဆီသို့ အကြည့်ပို့ကာ ‌ရွှေရောင်အလင်းတစ်ပြအားပစ်လွှတ်လျက် ယန့်ကျစ်မိုအား လွှမ်းခြုံသွားစေ၏။

ယန့်ကျစ်မို၏ မျက်လုံးများမှာ မနေနိုင်ဘဲ အတန်ငယ်ပဟေဠိဖြစ်သွားရာ လုရှောင်ယန်မှာ ဖျော့တော့စွာပြုံးလိုက်၏။

"သွားပြီး လူကောင်းတစ်ယောက်အဖြစ်နေတော့။ မင်းရဲ့နောက်ဘဝမှာ ကြွယ်ဝမှုနဲ့ ကလေးတွေရှိလာလိမ့်မယ်။"

ယန့်ကျစ်မို၏နူးညံ့သောကိုယ်လေးမှာ တုန်ရီနေလျက် လုရှောင်ယန်ထံ ချက်ချင်းဒူးထောက်လိုက်တော့၏။

"ရှောင်ယန်၊ ကျေးဇူးတင်ပါတယ်ဟာ"

သူမ တစ်ဖန်မော့ကြည့်လိုက်ချိန်တွင် လုရှောင်ယန်မှာ ပျောက်ကွယ်သွားပြီဖြစ်၏။ အနီးဝန်းကျင်မှာလည်း ပုံမှန်အခြေနေပြန်ရောက်သွားသည်။ အကူအညီမဲ့တံထားထက်ရှိ ဝိဉာဉ်များမှာလည်း ပြန်လည်လှုပ်ရှား‌လို့လာကြ၏။

"ယန့်ကျစ်မို အခုက မင်းအလှည့်ပဲ။ မြန်မြန် အဘွားမုန့်ရဲ့စွပ်ပြုတ်ကိုသောက်လိုက်တော့။ မင်းနောက်ဘဝမှာ ကြွယ်ဝချမ်းသာလိမ့်မယ်။"

ယန့်ကျစ်မိုမှာ ဘေးဘီသို့ကြည့်လိုက်ရာ လုရှောင်ယန်အား မတွေ့နိုင်တော့ချေ။ သူမဟာ အတန်ငယ်သာ သက်ပြင်းချလိုက်လျက် အဘွားမုန့်၏စွပ်ပြုတ်ကိုသာ သောက်လိုက်၏။

သူမဟာ အဘယ့်ကြောင့်လုရှောင်ယန်မှာ ထိုသို့လုပ်နိုင်သည်ကို မသိသော်ငြား ထိုအတန်းဖော်လေးမှာ အင်မတန်အထင်ကြီး‌ဖွယ်ဖြစ်တည်မှုဖြစ်လာကြောင်းကို သိလိုက်၏။

လုရှောင်ယန်မှာ တကယ်တော့မပျောက်ကွယ်သေးပါချေ။ သူဟာ သူ့ကိုယ်သူ ယန့်ကျစ်မို၏ အမြင်အာရုံမှ ဖုံးကွယ်ထားခြင်းသာဖြစ်၏။

သေမျိုးခန္ဓာကိုယ်မှာ ၎င်းတို့၏ကိုယ်ပိုင်ဘဝများကို ထိန်းချုပ်နိုင်စွမ်းမရှိကြသောကြောင့် အခက်ခဲများစွာကို ကြုံတွေ့ကြရသည်။

၎င်းတို့မှာ စွမ်းအားကြီးမားမြင့်မြတ်သော နတ်ဘုရားများ၏လက်တွင်းရှိ ချေမွခံခွင့်ရထားသော အရုပ်ကလေးများလိုပါပင်။

လုရှောင်ယန်၏ မျက်ဝန်းများအတန်ငယ်လှုပ်ရှားလျက် သူ၏မျက်လုံးများမှာ အတော်လေးခိုင်မာနေ၏။

သူဟာ အဓိပတိကြီးဖြစ်လာချင်သည်!

သူဟာ သူ၏ကိုယ်ပိုင်ကံကြမ္မာကို ထိန်းချုပ်ချင်သည်။

"သူတော်စင်လု၊ ခင်ဗျားက သူတော်စင်ဖြစ်ကာစမှာပဲ ကျုပ်ရဲ့မြေအောက်လောကထဲမှာ ဒုက္ခဖြစ်စေပြီးနေပြီ။ ဒါက အတော်လေးများတယ်လို့မထင်ဘူးလား?"

လုရှောင်ယန်မှ ယန့်ကျစ်မို‌ထွက်သွားသည်ကို ကြည့်နေစဉ်၌ ဩဇာရှိသောအသံတစ်ခုက နားတွင်း၌ ပေါ်ထွက်လာသည်။

သူဟာ အကြည့်ကိုရုတ်လျက် သူ၏နံဘေးသို့ လှည့်ကြည့်လိုက်၏။ ဝတ်ရုံဝါဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးမှာ သူ့ထံသို့ ပေါ့ပါးသောခြေလှမ်းများဖြင့် လှမ်းလာ၏။

သူဟာ တစ်ဖက်လူ၏သွင်ပြင်အား မမြင်ရဘဲ ခြေထောက်ကိုသာမြင်ရပါသော်လည်း လုရှောင်ယန်၏စိတ်တွင် တစ်ဖက်လူ၏အလှအား ပုံဖော်ကြည့်ပြီးဖြစ်သည်။

မိန်းမလှတစ်ဦး၏ခြေထောက်မှာ မလှနိုင်သော်လည်း လှပသောခြေထောက်နှင့် မိန်းမမှာ တကယ်ကိုပင် လှပပေလိမ့်မည်ပင်။

သူဟာ ခေါင်းအနည်းငယ်မော့ကာ ဒေါသအကြည့်နှင့်ကြည့်နေသော တစ်ဖက်လူအားကြည့်လိုက်သည်။

သူမဟာ သူ့အား ယန့်ကျစ်မို၏ ပြန်လည်ဝင်စားခြင်း၌ ကြားဝင်ရှုပ်၍လား သူမ၏ခြေထောက်ကို စိုက်ကြည့်နေ၍လား မသိရဘဲ ဒေါသထွက်နေပါ၏။

သို့မဟုတ် သူမဟာ သူတော်စင်ဖြစ်လာရမည့်လူမို့လို့များလား?

သို့ရာတွင် လုရှောင်ယန်မှာ မှန်ကန်သည်ဟု ဆိုရမည်။ သူမ၏ မျက်နှာမှာ ပြိုင်ဘက်ကင်းလှ၏။

လုရှောင်ယန်မှာ သူ၏စိတ်တွင်း၌ မည်သည့်နာမဝိသေသနကိုမှ မရှာတွေ့နိုင်တော့ပါချေ။ သူဟာ သက်ပြင်းသာချလိုက်၏။ နွီဝါးမှမဟုတ်လျှင် ထိုအမျိုးသမီးမှာ လောကတွင် နံပါတ်တစ်ဖြစ်ချေလိမ့်မည်!

သို့မဟုတ်ပါက သူမဟာ နွီဝါးနှင့်အတူ ပူးတွဲပထမဖြစ်နိုင်၏။

အနည်းဆုံး လုရှောင်ယန်မှာ နွီဝါးနှင့် သူ၏အရှေ့မှာ မိန်းမတို့နှင့် နှိုင်းယှဉ်နိုင်မည့် မိန်းမမရှိဟု သိရှိသွားသည်။

"စီနီယာ ဟိုတု၊ ကျုပ်ကိုခွင့်လွှတ်ပါ။"

"ဟမ့်!"

တစ်ဖက်လူမှာ အတန်ငယ်မျက်မှောင်ကျုံ့လျက် နှာ‌ခေါင်းရှုံ့လိုက်သည်။ သို့ရာ၌ သူမဟာ ယန့်ကျစ်မိုအား ပြန်လည်ဝင်စားနေခြင်းမှ မတားဆီးပါချေ၊ ထို့ကြောင့် ၎င်းမှာ အဆင်ပြေလောက်သည်။

"ရှင်က သူတော်စင်ဖြစ်လာကာစလေးမှာ ကျွန်မ‌ရဲ့နေရာကိုလာတယ်ပေါ့လေ။ ဘာကိစ္စရှိလို့လဲ? ဒီမိန်းမကြောင့်လို့တော့မပြောနဲ့။"

လုရှောင်ယန်မှာ ပြုံးလိုက်သည်။

"မဟုတ်ပါဘူး။ ဒီမိန်းကလေးက ကျုပ်ရဲ့မိတ်ဆွေဟောင်းပါပဲ။ သူမနဲ့ ဆုံလိုက်ရတော့ ဒီတိုင်းပဲကူညီလိုက်တာပါ။"

"ကျုပ်ဒီကိုလာတာက စီနီယာဟိုတုနဲ့ဆွေး‌နွေးစရာကိစ္စလေးရှိလို့ပါ။"

"ပြောပါ"

ဟိုတုမှာ ထူးမခြားနားပြောလိုက်သည်မှာ လုရှောင်ယန်နှင့် ဆွေးနွေးရန် စိတ်မဝင်စားသလိုပါပင်။ လုရှောင်ယန်မှာ စကားပလ္လင်ခံမနေတော့ဘဲ သူ၏ရည်ရွယ်ချက်များကို ချက်ချင်းရှင်းပြလိုက်၏။

"ကျုပ် စီနီယာဟိုတုနဲ့ အလောင်းအစားတစ်ခုလုပ်ချင်လို့ပါ။ ဘိုးဘေးဟုန်ကျွင်းတောင်မှ ခင်ဗျားကို ဒီလိုအလောင်းအစားနဲ့ ကမ်းလှမ်းမှာမဟုတ်ဘူး။"

ဟိုတု၏မျက်လုံးများမှာ အတန်ငယ်လှုပ်ခတ်သွားလျက် ချက်ချင်းပြောလိုက်၏။

"ဘာအလောင်းအစားလဲ?"

"ကျုပ် စီနီယာ့ကို သူတော်စင်ဖြစ်လာဖို့ ကူညီမယ်။"

ထိုထူးမခြားနားစကားလေးမှာ ဟိုတု၏မျက်စိအိမ်များကိုပင် တွ့န်သွားစေကာ မျက်နှာလှလှလေးမှာ တဖြည်းဖြည်းလေးနက်လာတော့၏။

"မင်းငါ့ကို နောက်နေတာလား?"

"ကျုပ်သာ စီနီယာဟိုတုကိုစနောက်မယ်ဆိုရင် မြေအောက်လောကကိုတောင်လာဝံ့မှာ မဟုတ်ပါဘူးဗျာ။ ဒါက စီနီယာရဲ့ ပိုင်နက်ပဲလေ။ ကျုပ်အနေနဲ့ စီနီယာ့ကိုဒီနေရာမှာ တိုက်ခိုက်ရင် အကျိုးမရှိဘဲနေမှာပေါ့။"

လုရှောင်ယန်မှာ မှန်ပေသည်။ ဟိုတုမှာ ပြန်လည်ဝင်စားခြင်းလမ်းကြောင်းခြောက်ရပ်နောက်တွင်ရှိကာ သူတော်စင်တစ်ပါးနှင့် ယှဉ်နိုင်ပြီး အဆုံးမဲ့သောကုသိုလ်များလည်းရှိ၏။

ထို့အပြင် သူမဟာ မြေအောက်လောကကို နှစ်များစွာ ထိန်းချုပ်ထားခဲ့ကာ နေရာနှင့်အတော်ကြာရင်းနှီးနေခဲ့ပြီဖြစ်၏။

မြေအောက်လောကရှိ များများစားစားက ဟိုတုကို မတိုက်ခိုက်နိုင်ပါချေ။

သို့ရာတွင် လုရှောင်ယန်မှာ မိမိဘာသာသိမ်းဆည်းထားသည့်အရာရှိပြီး ၎င်းက သူဟာ ဟိုတုအား အမှန်တကယ် အနိုင်ယူနိုင်၏!

ဟိုတုမှာ မည်မျှစွမ်းအားကြီးနေပါစေ သူမ၏ကျင့်ကြံဆင့်အား သူတော်စင်အထွဋ်အထိပ်အဆင့်ဟုသာ ယူဆနိုင်ပေ၏!

လုရှောင်ယန်၏ကျင့်ကြံဆင့်မှာ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်ဖြစ်၏။ သူဟာ ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ရွှေရောင်အမတအရှင်အဆင့်ကိုရောက်ရန် ခြေတစ်လှမ်းသာလိုပေတော့သည်။

ရိုးရိုးသားသားဆိုရလျှင် ဟိုတုမှာ သူနှင့် အဆင့်တူပင်မဟုတ်ပါချေ။

ဟိုတုမှာ မျက်မှောင်းတင်းတင်းကျုံလျက် မျက်ဝန်းများက လုရှောင်ယန်၏မျက်မှာကို အသေအချာစိုက်ကြည့်နေကာ တစ်စုံတရာကို ရှာဖွေလိုနေသလိုပါပင်။

ကံမကောင်းစွာဖြင့် သူမဟာ မည်သည်ကိုမှ မရှာလိုက်နိုင်ပါချေ။

၎င်းမှာ လုရှောင်ယန်၏ လုပ်ဆောင်လျက်က အပြစ်ကင်းလှသည်ဟု မဆိုလိုပါသော်လည်း သူမဟာ လုရှောင်ယန်၏ကျင့်ကြံဆင့်အား မမြင်နိုင်ခြင်းသာဖြစ်၏။

မူလတန်းကျောင်းသားတစ်ယောက်မှာ မည်သို့များ အထက်တန်းကျောင်းသားတစ်ဦး၏ မေးခွန်းကို ဖြေဆိုနိုင်ပါမည်နည်း?

အချိန်အတော်ကြာပြီးနောက်၌ သူမဟာ လုရှောင်ယန်အား ထိုးဖောက်မမြင်နိုင်သည်ကို နားလည်သွားဟန်ဖြင့် သက်ပြင်းခိုးချသည်မှာ လုရှောင်ယန်အား ရှာဖွေရန် လက်လျော့လိုက်သလိုပါပင်။

"သွားတော့။ ငါမင်းနဲ့ ဘယ်လိုအလောင်းအစားကိုမှမလုပ်ချင်ဘူး။ ငါမင်းကို ကမ်းလှမ်းစရာလည်းမရှိဘူး။"

လုရှောင်ယန်၏ မျက်ခုံးများ အတန်ငယ်မြင့်တက်သွားသည်။ သူဟာ ဟိုတုက သူ့အားငြင်းဆန်မည်ကို တွေးထားသော်လည်း ထိုသို့ငြင်းဆန်ရန် ဆင်ခြေသုံးမည်ဟု မထင်ထားခဲ့ပါချေ။

တစ်ဖက်လူမှာသူ့အား အကြောင်းမရှိဘဲ ငြင်းဆန်လျှင် အနည်းငယ်ဒုက္ခများပေသည်။ သူဟာ သူမလိုက်လျောရန်အတွက် သူ၏ဆွဲဆောင်မှုကိုအသုံးချကာ ဖြားယောင်းရန်လည်းမဖြစ်နိုင်ပါချေ။

ထို့အပြင် သူမ၏ ဂုဏ်ပုဒ်၊ မာနတို့နှင့်ဆိုလျှင် သူ့အား သူ၏နည်းလမ်းအတိုင်းလုပ်ဆောင်ခွင့်ပြုမည်မဟုတ်ပါချေ။

အသက်ကြီးကြီးမိန်းမများမှာ ရင့်ကျက်ပါသော်လည်း မာနကြီးလာချိန်၌ တကယ်ကို စိတ်ရှုပ်ဖွယ်ကောင်းလှသည်။ ၎င်းတို့အား မိန်းမငယ်များနှင့် ရင်ဆိုင်ရသည်ထက် အဆတစ်ရာလောက် ပိုမိုခက်ခဲပေ၏။

မဟုတ်ချေ၊ အဆတစ်သောင်းလောက်ပင် ပိုခဲယဉ်း၏!

ဝိုင်ကဲ့သို့ပင် နှစ်ကြာလေ ပိုမိုယစ်မူးဖွယ်ကောင်းလေဖြစ်၏။

တစ်ခဏမျှတိတ်ဆိတ်သွားပြီးနောက် လုရှောင်ယန်မှာ စစ်မှန်သောအမြင်သုံးပါးကိုတိုက်ရိုက်ဖွင့်ကာ ဟိုတု၏အချက်အလက်များကို စစ်ဆေးလိုက်၏။

စစ်မှန်သောအမြင်သုံးပါးမှာ သူ၏ကျင့်ကြံဆင့် တိုးလာသည်နှင့် ပိုမိုအားကောင်းလာခဲ့သည်ပင်။ ထို့အပြင် ၎င်းမှာ သူ၏ကိုယ်ထက်လည်း အမြဲတစေအားကောင်းသည်ပင်!

လုရှောင်ယန်၏လက်ရှိခွန်အားမှာ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ထိပ်ဆုံးအဆင့်ဖြစ်ရာ စစ်မှန်သောအမြင်သုံးပါးအား ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ရွှေရောင်အမတအရှင်အဆင့်နှင့် ယှဉ်နိုင်ပြီဟု ပြော၍ရသည်။

တစ်ချက်ကြည့်ပြီးနောက်တွင် သူဟာ ဟိုတုမှ သူ့အားငြင်းဆန်သည့်အကြောင်းပြချက်ကိုနားလည်သွားတော့သည်။

ဟိုတုမှာ နှစ်များစွာကြာအောင် ကုသိုလ်ပမာဏအမြောက်အများကို စုဆောင်းခဲ့ချေ၏။

ထိုကုသိုလ်ပမာဏမှာ သူမအား သူတော်စင်ဖြစ်လာစေဖို့ရာ လုံလောက်၏!

သူမသာ မိမိဘာသာ သူတော်စင်ဖြစ်လာနိုင်ပါလျှင် အဘယ့်ကြောင့်များ လုရှောင်ယန်နှင့် အလောင်းအစားလုပ်ရမည်နည်း? သူမဟာ လုံးဝငြင်းဆိုပစ်လိုက်သည်ပင်။

သို့သော် လုရှောင်ယန်မှာ နောက်ထပ် မူမမှန်မှုအရိပ်ယောင်တစ်ခုကို တွေ့လိုက်၏။

တစ်ခုခုတော့မှားနေပြီပက်။

ဟိုတုမှာ သူတော်စင်ဖြစ်လာနိုင်သော်လည်း မဖြစ်ပါချေ။

ထို့အပြင် ဝမ့်ခိုက်မှာ သုံးလောကမတိုင်ခင်တွင် ဟုန်ကျွင်း လုံးဝမထိန်းချုပ်ထားသည့် နေရာသုံးခုအပြင် ရှေးဟောင်းလောက၏ အကြွင်းအကျန်တစ်ချို့နှင့် တာအိုခြောက်ပါးလည်းရှိသည်ဟု ဆိုခဲ့ဖူးသည်။

ပြောရလျှင် ဟိုတုမှာ တကယ်ကိုပင် ဘိုးဘေးဟုန်ကျွင်းအား ခုခံနေခြင်းပင်။

သူမဟာ သူတော်စင်တစ်ပါးနှင့် ကောင်းကင်တာအို၏ ရုပ်သေးမဖြစ်ချင်ပါချေ။

ထို့အပြင် သူမ၏ကျင့်ကြံခြင်းနည်းလမ်းမှာ နိယာမစွမ်းအားမဟုတ်ဘဲ ကုသိုလ်အပေါ် အဓိကမှီတည်နေသည်။

ထို့ကြောင့် သူမဖြစ်လာချင်သည်မှာ သူတော်စင်မဟုတ်လဲ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်ဖြစ်၏!

သူမ၏ အတွေးများအား မြင်ပြီးနောက်၌ လုရှောင်ယန်၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွား၏။

သူဟာ ဟိုတုက သူ့ဆီမှ ထပ်မံမလွတ်မြောက်‌နိုင်တော့မည်ကို သိသွားသည်။

"ခင်ဗျားအဲ့လောက်လည်းရှင်းပြဖို့မလိုပါဘူး။ ခင်ဗျားဆီမှာ ကျုပ်လိုချင်တာရှိတယ်။ ပြီးတော့ အဲ့ဒါက ခင်ဗျားအတွက်ဘာမှမဟုတ်ဘူး။"

"ပြီးတော့ ကျုပ်မှာ ခင်ဗျားလိုချင်တာရှိတယ်။"

ဟိုတုမှာ လုရှောင်ယန်ထံကြည့်ကာ ဂရုမစိုက်ပါချေ။

"ကျွန်မကို လျှို့ဝှက်ထားစရာမလိုပါဘူး။ တစ်ခုခုဖြစ်ရင် ပြောသာပြောပါ။"

"ခင်ဗျားက သူတော်စင်ဖြစ်မလာချင်မှတော့၊ ဒါ‌ဆို... ခင်ဗျားရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ဖြစ်ချင်နေတာလား?"

ထိုသို့ဆိုလိုက်သည်နှင့် ဟိုတု၏မူလ ဘဝင်မြင့်ဟန်များမှာ တမုဟုတ်ချင်း တုနှိုင်းမဲ့စွာ လေးနက်သွား၏။

"မင်းဘာပြောချင်တာလဲ?"

လုရှောင်ယန်မှာ လက်များ‌နောက်ပို့လျက် ရပ်နေကာ ယခင်ကလိုမျိုး ယဉ်ကျေးမနေတော့ပါချေ။

တစ်ခါတရံတွင် လူကြီးလူကောင်းတစ်ဦးက ထိုသို့သော ဂုဏ်ဝင့်သည့် အသက်ကြီးရင့်သည့်အမျိုးသမီးတစ်ဦးနှင့် ရင်ဆိုင်နေချိန်တွင် သူ၏စွမ်းအားကိုဖော်ပြရန်မှာ အကျိုးရှိပေ၏။

လုရှောင်ယန်၏ ရုတ်တရတ် အရှိန်အဝါအပြောင်းအလဲကို အာရုံခံမိကာ ဟိုတုမှာ ထိတ်လန့်သွားတော့သည်။

"စွမ်းအားကြီးလိုက်တဲ့ အရှိန်အဝါ! မင်းက သူတော်စင်ဖြစ်ကာစပဲရှိသေးတယ်လေ။ ဘယ်လိုလုပ် ဒီလို အရှိန်အဝါလေးပဲရှိနေရသေးတာလဲ?"

"မဟုတ်ဘူး၊ မင်းရဲ့အရှိန်အဝါက ဘယ်သူတော်စင်ထက်မဆို အားကောင်းနေတာပဲ!"

ဘာတွေဖြစ်နေသည်လဲ?

"မင်းက ရွှေရောင်အောက်ကျွန်းက သူတော်စင်မဟုတ်ဘူးပဲ!"

"မင်းဘယ်သူလဲ?"

လုရှောင်ယန်၏ နှုတ်ခမ်းထောင့်များကွေးတက်သွားသည်။

သူဟာ ဟိုတုက ကမောက်ကမထဲ ကျဆင်းသွားမည်ကို သိပါသည်။

"ကျုပ်ဘယ်သူဆိုတာက အရေးမကြီးပါဘူး။ ခင်ဗျားက ရှင်းရှင်းလင်းလင်းသူတော်စင်ဖြစ်လာနိုင်နေရက်နဲ့ ဒီလိုလုပ်ဖို့ ဆန္ဒမရှိဘူးပဲ။ကြည့်ရတာ ခင်ဗျားက ဟုန်ကျွင်းရဲ့ရုပ်သေးလေးဖြစ်လာချင်တာမဟုတ်ဘူးလား?"

"ဒီလိုဆိုရင် ခင်ဗျားသေချာပေါက်ကို ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်အမတအရှင်ဖြစ်လာချင်တာပေါ့။

ကျုပ်ခင်ဗျားကိုရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်အမတအရှင်ဖြစ်လာဖို့ ကူညီနိုင်တယ်။"

ဟိုတုမှာ လက်သီးတင်းတင်းဆုပ်လိုက်၏။ အချိန်ခဏအတွင်းတွင် လုရှောင်ယန်မှာ သူမ၏အတွေးများကို ဖောက်မြင်လိုက်၏။

ထိုလူမှာ အင်မတန်ကြောက်မက်ဖွယ်ပင်!

ထို့အပြင် ပို၍ကြောက်မက်ဖွယ်ကောင်းသည်မှာ သူ၏လက်ရှိအရောင်အဝါပင်ဖြစ်သည်!

ထိုအရှိန်အဝါမှာ သူတော်စင် ပဉ္ဓမအဆင့် သို့မဟုတ် ဍဌမအဆင့်တို့လောက် မရိုးရှင်းတော့ပါချေ။ သူဟာ ‌သူတော်စင်နောက်ဆုံးအဆင့်သို့မဟုတ် ပြီးပြည့်စုံအဆင့်သို့ပင် ရောက်ပြီးလောက်သည်!

ထို့အပြင် ပိုအရေးကြီးဆုံးမှာ သူဟာ သူတော်စင်မဟုတ်ချေ!

ပြောရလျှင် သူဟာ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်အမတအရှင်ပင်ဖြစ်၏!

ထိုအခိုက်တွင် ဟိုတု၏ နှလုံးအိမ်မှာ စတင်ပိုမိုမြန်ဆန်စွာ ခုန်လှုပ်လာခဲ့သည်!

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၃၀။ အပိုင်း ၄၄၇ သွေးသောက်ညီနောင်ဖွဲ့စည်းခြင်း၊ မင်းရဲ့မာဂီမျိုးနွယ်က လောကကို ပိုင်ဆိုင်ရလိမ့်မယ်

အားလုံးသိထားကြသည့်အတိုင်း၊ အနောက်အရပ်သို့ခရီးစဉ် အတိဒုက္ခအဆုံး၌ သုံးလောကမှာ ကောင်းကင်တာအိုဆီသို့ကျရောက်သွားကာ မည်သူ့ကိုမှ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်ကို ဖြတ်ကျော်ဖို့ရာ မဖြစ်နိုင်တော့ချေ။

သူမ၊ ဟိုတုမှာ အချိန်ကြာတည်းက သူတော်စင်ဖြစ်လာနိုင်သည်။ သူမ သူတော်စင်မဖြစ်လာရခြင်းမှာ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်ကို ကျော်ဖြတ်ရန် အခွင့်ကောင်းရှာဖွေနေခြင်းကြောင့်ပင်။

ကံမကောင်းစွာဖြင့် ထိုပန်းတိုင်အား မရောက်ရှိခဲ့ချေ။

ယခုတွင် လူတစ်ယောက်က သူမရှေ့၌ ပေါ်လာပြီး ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ဖြစ်လာရန် ကူညီနိုင်သည်ဟု ပြောနေ၏။ ထို့အပြင် တစ်ဖက်လူမှာ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ဖြစ်နေသေးသည်။ သူဟာ တကယ်ကိုပင် မငြင်းဆန်နိုင်ပါချေ။

သို့သော် သူမမှာ ဆင်ခြင်တုံတရားရှိ၏။

"ငါ့ကို ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်ရောက်အောင် ဘယ်လိုကူညီနိုင်မှာလဲ?"

လုရှောင်ယန်မှာ ပြုံးလျက် သူ၏လက်ကို ဖြည်းညင်းစွာဖြန့်လိုက်သည်။ တလက်လက်တောက်ပနေသော ခရမ်းသွေးအရှိန်အဝါမှာ သူ၏လက်ဖဝါးတွင် ရုတ်တရတ်ပေါ်လာ၏။

"ရှေးဟောင်းခရမ်းသွေးချီ!"

ဟိုတုမှာ နေရာ၌ အော်ဟစ်လိုက်ကာ သူမ၏ ဗာဒံစေ့သဏ္ဍာန်မျက်ဝန်းများမှာ လုရှောင်ယန်အား မယုံကြည်နိုင်ဖွယ်ကြည့်လိုက်ချိန်၌ ပြူးကျယ်သွား၏!

သူမမှာ ထိုအချိန်၌ ရှေးဟောင်းခရမ်းသွေးချီအား လု‌ယူတော့မလိုပင်ဖြစ်သည်!

ပြောရလျှင် ၎င်းမှာရှေးဟောင်းခရမ်းသွေးချီပင်။ ၎င်းမှာ ရှေးဟောင်းခရမ်းသွေးချီတစ်ခုမျှသာဖြစ်သော်လည်း စွမ်းအားမှာ အားလုံးစိတ်ကူးနိုင်သည်ထက်ပင် ကျော်လွန်နေသည်။

ရှေးဟောင်းခရမ်းသွေးချီတစ်ခုမှာ ‌သူတော်စင်တစ်ဦးကိုပင် ဖန်တီးနိုင်သည်ဟုပင် သိရသည်!

သို့သော် သူမ၏အသိစိတ်များမှာ အင်မတန်ထိန်းချုပ်နိုင်နေဆဲဖြစ်ကာ အလျင်မလိုတော့ပါချေ။

၎င်းမှာ လုရှောင်ယန်က ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်နောက်ဆုံးအဆင့်၌ ရှိနေခြင်းကြောင့်ပင်။ သူမသာ သူ့ကိုတိုက်ခိုက်ပါလျှင် မြေပြင်ထက်၌ သေချာပေါက် ဖိနှိပ်ခံထားရပေမည်။

သူမဟာ ဘယ်သောအခါမှ နောက်ခံအစီစဉ်ထားမည်မဟုတ်ချေ။

အသက်ပြင်းစွာရှူပြီးနောက်၌ သူမဟာ လေးနက်ဟန်ဖြင့် ဆိုလိုက်သည်။

"မင်းငါ့ဆီက ဘာလိုချင်တာလဲ?'

"ပြန်လည်ဝင်စားခြင်းလမ်းကြောင်းခြောက်ရပ်က အမှတ်အသားတချို့ပါ။ အများကြီးတော့မဟုတ်ပါဘူး။ လူအယောက်ပေါင်း ၃၀၀၀လောက်ရဲ့အမှတ်အသားပါပဲ။ ခင်ဗျားအတွက် အရမ်းကို လွယ်မှာပါ။"

"ရှေးဟောင်းခရမ်းသွေးချီတစ်ခုကို ပြန်လည်ဝင်စားခြင်းလမ်းကြောင်းခြောက်ရပ်က လူသုံးထောင်ရဲ့အမှတ်အသားနဲ့ အလဲလှယ်လုပ်ချင်လား?"

ဟိုတုမှာ သူမ၏နားကိုပင်မယုံနိုင်ဖြစ်သွားသောကြောင့် ထပ်မေးလိုက်၏။

"မင်း ငါ့ကိုညာနေတာလား? ဒီအလောင်းအစားကနေ မင်းပဲ ဆုံးရှုံးမှု အကြီးကြီးဖြစ်သွားမှာနော်"

လုရှောင်ယန်မှာ‌ခေါင်းငြိမ့်လိုက်သည်။

"ကျုပ်ကဘာလို့ညာရမှာလဲ?"

လူတစ်ယောက်၏ ဆုံးရှုံးမှာမှာ ဈေးကွက်တန်ဖိုး သို့မဟုတ် လူတစ်ဦးပေါ်သတ်မှတ်ထားသည့်တန်ဖိုးအပေါ်တွင် မမူတည်ချေ။

သူ့အတွက် လီကောနှင့် တပည့်အားလုံးမှာ ဆွေမျိုးများဖြစ်ကြ၏။ အားလုံး၏အသက်နှင့် နှိုင်းစာရပါလျှင် ရှေးဟောင်းခရမ်းသွေးချီတစ်စက်၏ တန်ဖိုးမှာ သူ့အတွက် ဘာမှမဟုတ်ချေ။

မှန်ပါသည်၊ အရေးကြီးဆုံးသော ပြဿနာမှာ သူ့ထံ၌ ရှေးဟောင်းခရမ်းသွေးချီမရှိခြင်းလည်းမဟုတ်ချေ။

ရှေးဟောင်းအဓိပတိပန်းချီကိုကျင့်ကြံပြီးနောက်၌ သူဟာ ရှေးဟောင်းခရမ်းသွေးချီများကို တဖြည်းဖြည်းထုတ်လုပ်ခဲ့သည်။ ထို့အပြင် ယခု၌ပင် သူ့ထံတွင် ရှေးဟောင်းခရမ်းသွေးချီအများအပြားရှိပေ၏။ သူဟာ ရှေးဟောင်းခရမ်းသွေးချီတစ်စက်လောက်လေးကိုတော့ တတ်နိုင်ပါသည်။

ထို့အပြင် သူဟာ ဟိုတုနှင့်အလဲအထပ်လုပ်ရန်လည်း မကြောက်ရွံ့ပါချေ။

အကြောင်းမှာ ဟိုတုက ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ဖြစ်လာလိုခြင်းကြောင့်ပင်။ သူဟာ ဟိုတုမှ သူ့အားသစ္စာဖောက်ကာ ဟုန်ကျွင်းထံ‌သွားရောက်ပြောကြားမည်ကို မစိုးရိမ်တော့ချေ။

"ဒါအမှန်ပါပဲ"

ဟိုတုမှာ တစ်ခဏမျှ တုံ့ဆိုင်းနေလျက် ချက်ချင်းပင် လက်ကိုဆန့်ထုတ်လိုက်တော့၏။

"ငါ့ကိုအရင်ဆုံး နာမည်စာရင်းပြ"

လုရှောင်ယန်မှာလက်ကိုမြှောက်လျက် ရွှေရောင်အလင်းသို့ညွှန်လိုက်သည်။ ထိုရွှေရောင်အလင်းမှာ တမုဟုတ်ချင်း နာမည်စာရင်းအသွင်ပြောင်းကာ ဟိုတုရှေ့မှောက်ရောက်ရှိသွား၏။

ဟိုတုမှာ အကြည့်လေးပို့လိုက်ကာစတွင် လည်ပင်းပင်တုန်ရီလာလျက် လုရှောင်ယန်ထံ အမည်စာရင်းကို ပစ်ပေးလုနီးပါးဖြစ်သွားသည်။

စာရင်းထက်ရှိ ပထမဆုံးလူမှာ နတ်ဆိုးဘုရင်ရာဟူးပင်!

ဟာသပဲ!

နတ်ဆိုးဘုရင်ရာဟူးဆိုတာ ဘယ်လိုဖြစ်တည်မှုမျိုးမို့လို့လဲ?

ထိုလူမှာ ဟုန်ကျွင်းနှင့်ပင် ယှဉ်လို့ရသည်မဟုတ်ပါလား?

သူမဟာ ဟုန်ကျွင်းကိုပင် အနိုင်မယူနိုင်‌သော်ငြား တစ်ဖက်လူက ရာဟူး၏အမှတ်အသားကိုပင် လွှဲပြောင်းစေချင်နေသေးသည်။

သူမလုပ်ချင်သော်လည်း အရည်အချင်းမီပါ့မလား?

ထို့နောက် ဟိုတုမှာ အကြည့်ကိုထပ်မံလွှဲလိုက်ရာ မျက်နှာမှာ ထပ်မံ၍ ရှုံ့တွသွားတော့၏။

အနှစ်သာရဇာမဏီ!

ထိုသည်မှာလည်း ကြမ်းတမ်းသူဖြစ်သည်။ သူမ၏စွမ်းအားမှာလည်း နတ်ဆိုးဘုရင်ရာဟူးထက် မနိမ့်ကျနေဘူးမဟုတ်ပါလား?

နောက်တစ်ခုမှာ အနည်းငယ် မူမမှန်ပိုဖြစ်နေကာ၊ စွန်းဝူခုံးပင်ဖြစ်၏။

စတုတ္ထမြောက်မှာလည်း ယင်ကောင်ငယ်လေးမဟုတ်ပါချေ။ ၎င်းမှာ ကောင်းကင်အက်ကွဲဓားဖြစ်၏။

ပဉ္စမမှာ ကောင်းကင်ဘုံကိုးထပ်ဆန်းကြယ်အပျိုစင်ဖြစ်သည်။

ဆဌမမှာ နတ်ဘုရားသတ်ဖြတ်ဓားမော့ပင်။

သတ္တမမှာ ဘိုးဘေးနဂါးဖြစ်၏!

နောက်ထပ် ပိုမိုကြမ်းသောလူပင်။

အဌမမှာ မြေအောက်လောကဘိုးဘေးဖြစ်သည်။

နဝမမှာ မျှော်လင့်ပင်မထားခဲ့သော ရှင်းထျန်းဖြစ်၏။

အရှေ့က ဘိုးဘေးနဂါးမှာ နဂါးမျိုးနွယ်ဘိုးဘေးဖြစ်ပါသော်လည်း သူ၏ အဆက်ဆက်ပြန်လည်ဝင်စားခြင်းတွင် မာဂီ၏ပညာရှင်လည်းဖြစ်သည်။

ထိုသို့ဖြင့် ဤနေရာ၌ မာဂီအမျိုးသားနှစ်ဦးရှိနေသည်။

အခြားလူများမှာမူ အရေးစိုက်စရာမလိုချေ။ ၎င်းတို့အားလုံးမှာ သာမန်လူများဖြစ်၏။

ဟိုတုမှာ ချက်ချင်းပြောလိုက်တော့သည်။

"ရှင့်ကိုအမှန်တိုင်းပြောပါရစေ။ ဒီလူတွေကြားမှာ ကျွန်မဆီမှာ ရှိတဲ့ဘဝအမှတ်အသားက ရှင်းထျန်နဲ့ ကောင်းကင်ဘုံကိုးထပ်ဆန်းကြယ်အပျိုစင်‌တို့ပဲ။ ကျွန်မမှာ အခြားလူတွေရဲ့ အမှတ်အသားမရှိဘူး။” ဒီကောင်းကင်ဘုံကိုးထပ်ဆန်းကြယ်အပျိုစင်‌အမှတ်အသားက အတိတ်ဘဝရှိ သူမနေရာအား ပြန်ဝင်စားသွားခြင်းပင်။

"ရှင်းထျန်အမှတ်ကျတော့လည်း သူကမာဂီရဲ့အဖွဲ့ဝင်တစ်ယောက်ပဲ။"

"ဒီလိုပေါ့?"

လုရှောင်ယန်မှာ မတတ်နိုင်ဘဲ မျက်မှောင်ကျုံ့လိုက်သည်။

သူ့အတွက် ထိုအလောင်းအစားလုပ်ရမည်မှာ အင်မတန်အကျိုးမဲ့လှသည်။ အဆုံးတွင် သူဟာ အမှတ်အသားနှစ်ခုကိုသာ လဲလှယ်လိုက်နိုင်သည်။

ထိုအလောင်းအစားမှာ မထိုက်တန်ပါချေ။

"အခြားလူတွေရဲ့ အမှတ်အသားတွေကရော?"

"ကျွန်မ ရာဟူးအကြောင်းကို မသိပေမယ့်လည်း အနှစ်သာရဇာမဏီရဲ့ဘဝအမှတ်အသားကတော့ အနှစ်သာရဇာမဏီသေသွားတဲ့နေရာမှာ ရှိနိုင်တယ်။ ဒါပေမယ့် ဟုန်ကျွင်းတောင် အဲ့နေရာကို အလွယ်လေးမဝင်နိုင်ဘူး။ ရှင်လည်း အဲ့နေရာကိုဝင်နိုင်မှာမဟုတ်ဘူး။"

"စွန်းဝူခုံးရဲ့ဘဝအမှတ်အသားကတော့ ဟွာကိုးတောင်တန်းမှာရှိတယ်။"

"ကောင်းကင်ဖွင့်လှစ်ဓားနဲ့နတ်ဘုရားသတ်ဖြတ်ဓားမော့မှာ ဘဝအမှတ်အသားဆိုတာမရှိဘူး။

"ဘိုးဘေးနဂါးရဲ့ဘဝအမှတ်အသားက ပင်လယ်လေးစင်းနဂါး‌မျိုးနွယ်ရဲ့ လက်တွင်းမှာရှိတယ်။ မြေအောက်လောကအရှင်ရဲ့ဘဝအမှတ်အသားကတော့ အာဆူရာသွေးပင်လယ်မှာ ရှိတယ်။"

"ငါသိပြီ"

"ဒါဆိုရှင်ကျွန်မကို အလဲအထပ်လုပ်ချင်တုန်းပဲပေါ့နော်"

ဟိုတုမှာ အတန်ငယ်စိတ်ရှုပ်နေဟန်ဖြစ်သည်။ ပြောရလျှင် သူမ၏ဘဝ၌ ရှေးဟောင်းခရမ်းသွေးချီကို ရရှိရန် အခွင့်အရေးရသည့် အချိန်လေးပါပင်!

ကံကောင်းစွာဖြင့် လုရှောင်ယန်မှာ ခေါင်းငြိမ့်လျက် အလဲအလှယ်လုပ်ပေးဆဲပင်။

လုရှောင်ယန်မှာ ရွေးစရာမရှိချေ။ ၎င်းမှာ သူမှအခြားလူများကို ဥပေက္ခာပြုထားလျှင်ပင် ကျူးကောကျီချုံ၊ စုလင်းဝူနှင့် အခြားသော တတိယမျိုးဆက်တပည့်များ၏ အမှတ်အသားများမှာ ဟိုတုလက်တွင်း၌ ရှိဆဲပင်။ လုရှောင်ယန်မှာ ဒီတိုင်းထိုင်မနေနိုင်ပါချေ။

လုရှောင်ယန် သဘောတူသည်ကိုမြင်သော် ဟိုတုမှာလည်း သက်ပြင်းချလိုက်၏။ သူမ၏နှုတ်ခမ်းထောင့်များလည်း ကွေးတက်သွားသည်။ ထို့နောက် လက်ချောင်းကိုထုတ်ကာ အလင်းတန်းတစ်ပြကို ထုတ်ယူစေလျက် ကျူးကောကျီချုံ၊ စုလင်းဝူနှင့် အခြားလူများ၏ ဘဝအမှတ်အသားများကို လုရှောင်ယန်ထံလွှဲပေးဆဲပင်။ လုရှောင်ယန်လည်း ဟိုတုအား ရှေးဟောင်းခရမ်းသွေးချီကို လက်လှမ်းပေးလိုက်သည်။

သို့သော် မထွက်ခွာခင်တွင် ဟိုတုမှာ စကားဆက်လိုက်၏။

"နေဦး"

လုရှောင်ယန်မှာ ရပ်တန့်လျက် အကြည့်ကိုဤနေရာသို့ပို့ထား၏။

"ရှင်ဒီလောက်ထိ စွမ်းအားကြီးဖို့ ဘယ်လိုတွေကျင့်ကြံခဲ့တယ်ဆိုတာကို ကျွန်မနားမလည်ပေမယ့်လည်း ရှင်က ဟုန်ကျွင်းရန်သူဖြစ်ရမယ်၊ ဟုတ်တယ်မလား?"

လုရှောင်ယန်မှာ ခေါင်းငြိမ့်လိုက်သည်။

"ကောင်းသားပဲ။"

"ဒါဆိုရင် ရှင်ကျွန်မနဲ့အတူ သွေးသောက်ဖွဲ့ဖို့ချင်လား?"

လုရှောင်ယန်မှာ ဟိုတုအား အတန်ငယ်လေးစားသမှုဖြင့်ကြည့်လိုက်၏။ ထိုမိန်းကလေးမှာ အတန်ငယ်တော့ တော်သည်ဟုဆိုနိုင်သည်။

သူမဟာ နာမည်စာရင်းကိုကြည့်လျက် တစ်စုံတရာကို အာရုံခံမိကာ သူဟာ သာမန်လူမ‌ဟုတ်ကြောင်းကိုသိလိုက်၏။ ထို့ကြောင့် သူမဟာ ဟုန်ကျွင်းအားတိုက်ခိုက်ခြင်းမှ အကျိုးအမြတ်တချို့ရရန် သွေးသောက်ဖွဲ့ဖို့ရာ တောင်းဆိုလိုက်၏။

မှန်‌ပေသည်၊ သူမဟာ တစ်ဖက်လူ၏ ကျင့်ကြံဆင့်နှင့် ဟုန်ကျွင်း၏ပြိုင်ဘက်ဟူလား၍ပင် မသိ‌ပါချေ။ သို့သော် အနည်းဆုံးတော့ အငြင်းပွားစရာမှာ သူမက ဟုန်ကျွင်းနှင့် ရန်သူဖြစ်နေခြင်းပင်။

ထိုသို့ဆိုလျှင် သူမဟာ သူနှင့် ဦးဆုံး သွေးသောက်ဖွဲ့ရမည်။ ဟုန်ကျွင်းအနိုင်ယူခံလိုက်ရသည်နှင့် သူမလည်းထင်ရှားလာနိုင်ပြီပင်။

ဟုန်ကျွင်းသာမရှုံးလျှင် သူမဟာ သူတော်စင်ဖြစ်ရန် ကုသိုလ်များကိုသာ ရွေးချယ်အသုံးပြုနိုင်ကာ မြေအောက်လောကကို ‌အလျော့ပေးလိုက်လို့ရ၏။ ထိုအချိန်တွင် ဟုန်ကျွင်းမှာ သူမအား လုံးဝသတ်နိုင်မည်မဟုတ်ချေ။

လုရှောင်ယန်မှာ သူမနှင့် မဟာမိတ်ဖွဲ့ရန် အဆင်ပြေပေသည်။

ပြောရလျှင် မဟာမိတ်များမှာ သူ့အား အကျိုးအမြတ်အားလုံးနှင့်‌ ထောက်ပံ့နိုင်သည်ဟုပင်။

ဒုက္ခကြုံရလျှင် သူမဟာ အနည်းနှင့်အများတော့ အကူအညီဖြစ်နိုင်သည်။

"ဒါပေါ့။ ခင်ဗျားက ကျုပ်တို့နဲ့ မဟာမိတ်ဖွဲ့ချင်မှတော့ ကျဲကျောင်းတော်က ဂုဏ်ယူပါတယ်။"

"ကျုပ်တို့သာ ဟုန်ကျွင်းကို အနာဂတ်မှာ ဖျက်စီးလိုက်ရင် ခင်ဗျားရဲ့ မာဂီမျိူးနွယ်က ကိုယ်ပိုင်လောကရှိလာမယ်လို့ ကျုပ်အာမခံတယ်။"

သူဟာ မည်သည်ကိုမှ မလုပ်နိုင်ခင်တွင် ကတိသာပေးထားရမည်ပင်။ မည်သို့ဆိုစေ မာဂီမှာ ၎င်းတို့၏ ကိုယ်ပိုင်လောကရှိပေလိ့မ်မည်။ သို့သော် သူဟာ တစ်ဖက်လူအား ထိုကမ္ဘာကိုထိန်းချုပ်ရန် ခွင့်ပြုခြင်းအကြောင်းကို မပြောပါချေ။

၎င်းမှာ ကျန်းထိုင်ရွှမ်ကလည်း မာဂီ၏ ပြန်လည်ဝင်စားသူဖြစ်ခြင်းကြောင့်ပင်။ ကျန်းထိုင်ရွှမ်မှာလည်း မာဂီမျိုးနွယ်အုပ်ချုပ်သူဖြစ်ရန် အရည်အချင်းမီ၏။ ဟီးဟီး...

လုရှောင်ယန်၏ကတိအား ရပြီးနောက်တွင် သူမဟာ ၎င်းက ကတိသာသာဖြစ်သည်ကိုသိပါသော်ငြား သူမဟာ ပြုံးကာ ကျေးဇူးတင်ဆဲပင်။

"ကျေးဇူးပါ၊ တာအိုရောင်းရင်းလု"

၎င်းတို့ လူကြီးများအကြား ဆက်သွယ်ချက်မှာ တိတ်ဆိတ်သည်။ ၎င်းတွင် အကျိုးအမြတ်နှင့် ဆုံးရှုံးမှုများသာရှိ၏။ ရိုးသားမှုလည်း မရှိပါချေ။

၎င်းတို့အားလုံးမှာ အရူးလုပ်နေကြခြင်းပင်။ အဆုံး၌ ၎င်းမှာ ပိုလို့ပိုလို့သန်မာတဲ့သူတွေကို မှီခိုနေသည်။

၎င်းတို့နှစ်ဦး မဟာမိတ်ဖွဲ့ပြီးနောက်တွင် လုရှောင်ယန်မှာ လှည့်ကာထွက်သွား၏။

လုရှောင်ယန် ရွှေရောင်အောက်ကျွန်းသို့ ပြန်လာပြီးနောက်တွင် သူဟာ ချက်ချင်းပင် စွမ်းအားကြီးအရှိန်အဝါကိုခံစားလိုက်ရ၏။

၎င်းက လုရှောင်ယန်၏အမူအရာကိုရုတ်တရတ်ပြောင်းလဲသွားစေ၏။

"ဒီအရှိန်အဝါက၊‌ လီကောပဲ။ သေစမ်း!"

လီကောမှာ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင် အထွဋ်အထိပ်အဆင့်သို့ ရောက်နေသည်မှာ ကြာပြီဖြစ်၏။ သို့သော် လုရှောင်ယန်အနေနှင့် ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်ကို မတက်လှမ်းရသေးသောကြောင့်သာ သူဟာ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်သို့ မရောက်နိုင်သေးချေ။ ယခုတွင် လုရှောင်ယန်ဖြတ်ကျော်ပြီးနောက် သူ့အား စည်းကျပ်ထားခြင်းမရှိတော့ချေ။

ထိုစည်းမျည်းအား ဖယ်ရှားပြီးနောက်တွင် သူ၏ကိုယ်တွင်းစွမ်းအင်တိုးလာသည်နှင့် သူဟာ ၎င်းကို မဖိထားလိုက်နိုင်ချေ။ ယခုတွင် သူဟာ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်သို့ရောက်သွားပြီဖြစ်သည်။

သို့သော် ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်၏ကိစ္စမှာ လုံးဝထွက်မလာနိုင်စေရပါ။

ယွင်လီကောမှာလည်း သူ့ကိုယ်သူထိန်းချုပ်ရန် အကောင်းဆုံးကြိုးစားနေ၏။

တစ်ချိန်တည်း၌ သူဟာအတွေးများနှင့် အရူးအမူးဆက်သွယ်နေသည်။

"ဆရာ၊ မြန်မြန်! ပြန်လာခဲ့!"

"ကျွန်တော်ထပ်မထိန်းထားနိုင်တော့ဘူး!"

"ကျွန်တော်ထိန်းမထားနိုင်တော့ဘူး!

"ကျွန်တော်အကန့်သတ်ကိုရောက်နေပြီ!"

သူဟာ ယခုတွင် ကျင့်ကြံ‌ရာမှာ တစ်ချက်ကလေးပင်မရွေ့ဝံ့ပါချေ။ ထိုသို့ဆိုလျှင်တောင် သူဟာ ကိုယ်တွင်းရှိ အချိန်ကြာစုစည်းထားခဲ့သော စွမ်းအင်ကို ဖိနှိပ်နိုင်ခြင်းမရှိတော့ချေ။ သူသာ ထပ်မံကျင့်ကြံပါလျှင် ချက်ချင်းပြိုလဲကာ အရူးအမူးတိုးတက်လာပေလိမ့်မည်။ ထိုအချိန်ဆိုလျှင် ဟုန်ကျွင်းလည်း သိသွားပေလိမ့်မည်! နောက်ဆုံးတွင် လုရှောင်ယန်မှာ ယွင်လီကောအား သူ၏ကမ္ဘာငယ်ထဲသို့ အချိန်မှီ ထည့်သွင်းလိုက်နိုင်၏။

သူဟာ ယွင်လီကော ထပ်မံမဖိနှိပ်နိုင်ချိန်မှသာ ‌ကမ္ဘာငယ်ထဲသို့ထည့်လိုက်သည်။ သူ၏စွမ်းအင်အလုံးစုံမှာ ထိုအခိုက်၌ အရူးအမူးတိုးထွက်လာ၏။

ဘုန်း!

‌လောကတစ်ခွင်လုံး အတန်ငယ်တုန်ရီသွားသည်နှင့် ယွင်လီကော၏ ကျင့်ကြံဆင့်မှာ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်သို့ရောက်ရှိသွား၏!

လုရှောင်ယန်နှင့် ယွင်လီကောမှာ မတတ်နိုင်လဲသက်ပြင်းချလျက် နဖူးပေါ်မှ ချွေးများကိုသုတ်လိုက်သည်။

ယခုမှာ အရာအားလုံးကို ဟုန်ကျွင်းထံပေးသိလိုက်ရမည့်အချိန်မဟုတ်ချေ။ ၎င်းတို့မှာ အသေအချာကိုပင် ဟုန်ကျွင်းအားသူ၏နောက်ခံကို အလွယ်တကူသိခွင့်မပေးပါချေ!

ယခုတွင် ယွင်လီကောမှာ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်သို့ တက်လှမ်းသွားပြီဖြစ်ရာ ကျဲကျောင်းတော်လည်း နောက်တစ်ဆင့်တိုးသွားသည်ပင်။

ပြည့်စုံတယ်!

လုရှောင်ယန်မှာ ယွင်လီကောအား ကမ္ဘာငယ်မှ ထုတ်လိုက်သည်။ ယွင်လီကောမှ အရှိန်အဝါကိုပိတ်ဆို့ပြီးနောက်တွင် ဟုန်ကျွင်းသည်ပင် ယွင်လီကော၏ ဖြစ်တည်မှုကို မစုံစမ်းနိုင်တော့ပါချေ။

သူဟာ ချက်ချင်းပင် လုရှောင်ယန်ထံ ဂါရဝပြုလိုက်၏။

"ကျေးဇူးပါ၊ ဆရာ! ဆရာ့ကြောင့်သာမဟုတ်ရင် လီကောကတော့ ထပ်ပြီး ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ကို ထပ်ရောက်မှာမဟုတ်ဘူး! လီကောက ဒီကြင်နာမှုကိုမမေ့ပါဘူး။"

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၃၀။ အပိုင်း ၄၄၈ မင်းမှတ်မိလား? မင်းတစ်ခါက ချစ်ဝံ့ မုန်းဝံ့ခဲ့တဲ့ ယောက်ျားတစ်ယောက်ပဲ!

"အရမ်းယဉ်ကျေးဖို့မလိုပါဘူး။ မင်းကအခု ငါ့တပည့်ပဲလေ။ ‌တစ်ရက်အတွက် ဆရာဖြစ်ပြီး တစ်ဘဝလုံးစာအတွက် ဖခင်ပဲ။ တပည့်တွေကို လမ်းညွှန်ပေးဖို့က ဆရာတစ်ယောက်ရဲ့တာဝန်ပဲမဟုတ်ဘူးလား?"

"ဆရာ!"

ယွင်လီကော၏မျက်လုံးများမှာ အတန်ငယ်နီရဲနေသော်လည်း လုရှောင်ယန်မှာ ၎င်းအတွက် အချိန်မရှိပါချေ။

"မင်းက အခုရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ဖြစ်နေပေမယ့်လည်း အဲ့လောက်ထိ စွမ်းအားမလုံလောက်သေးဘူး။ ဟုန်ကျွင်းလက်အောက်က သူတော်စင်တွေက နှစ်များစွာတိုင်အောင် သူတော်စင်ဖြစ်လာခဲ့ပြီးတော့ ကျင့်ကြံဆင့်တွေကလည်း သူတော်စင်ပထမအဆင့်မကဘူး။ မင်းရဲ့ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်နဲ့ဆိုရင် သူတို့ကို တုန်လှုပ်‌စေဖို့တောင် မလုံလောက်ဘူး။ ငါ ဟုန်ကျွင်းကိုတိုက်ခိုက်နေပြီး မင်းကသူတို့နဲ့ ရင်မဆိုင်နိုင်ရင် ဒီတိုက်ပွဲကိုနိုင်ဖို့အတွက် မျှော်လင့်ချက်ရှိမှာမဟုတ်ဘူး။"

ယွင်လီကောမှာ ခေါင်းငြိမ့်လိုက်သည်။

"ကျွန်တော်သိပါတယ်။ ကျွန်တော့ကျင့်ကြံဆင့်ကို တတ်နိုင်သမျှ အချိန်တိုအတွင်းမှာ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ရဲ့ ‌နောက်‌ဆုံးအဆင့်ထိရောက်အောင် တိုးမြှင့်ပါ့မယ်။"

လုရှောင်ယန်မှာ အင်မတန်ကျေနပ်သွား၏။ သူဟာ လက်ချောင်းကိုထုတ်လျက် ယွင်လီကော၏ ကိုယ်တွင်းသို့ ရှေးဟောင်းခရမ်းသွေးချီတစ်စင်ကို ပစ်ထည့်လိုက်သည်။

"ရှေးဟောင်းခရမ်းသွေးချီ! ပစ္စည်းကောင်းပဲ"

ယွင်လီကောမှာ အကြည့်တစ်ချက်နှင့်တင် လုရှောင်ယန်မှ သူ့အားရှေးဟောင်းခရမ်းသွေးချီ ပေးအပ်လိုက်သည်ကို သိရှိသွားသည်။

ပြောရလျှင် သူဟာ ယခင်ဘဝက ကမောက်ကမများအကြား၌ ရှေးဟောင်းခရမ်းသွေးချီကို ကျင့်ကြံခဲ့သည်ပင်။

"အမှန်ပဲ။ ဒါကရှေးဟောင်းခရမ်းသွေးချီ။ ရှေးဟောင်းခရမ်းသွေးချီက ဒီလောကမှာ စွမ်းအားအကြီးဆုံးအားပဲ။ ရှေးဟောင်းခရမ်းသွေးချီကို သန့်စင်ပြီးနောက်ကျရင် မင်းရဲ့ကျင့်ကြံဆင့် ပိုမြန်မြန်တိုးတက်လာလိမ့်မယ်။ ဒါက သဏ္ဍာန်မဲ့စွမ်းအားကို ကျင့်ကြံတာထက်တောင် အတော်လေးပိုမြန်တယ်။"

"ကျေးဇူးတင်ပါတယ် ဆရာ။ ကျွန်တော်သေချာပေါက် ဇွဲရှိရှိနဲ့ကျင့်ကြံပါ့မယ်။"

"ငါမင်းကို ‌နောက်တစ်ခုပြောချင်တာက ငါမင်းရဲ့ ဘဝအမှတ်အသားကိုရှာမတွေ့ခဲ့ဘူး။ မင်းတင်မကဘူး ဝူရှား၊ ထျန်းယွမ်၊ ပုကျန်းနဲ့ ထိုက်ရွှမ်တို့ရဲ့ အမှတ်အသားကိုပါ မတွေ့ခဲ့ဘူး။"

"‌ဒီလိုဖြစ်လာမယ်လို့ ကျွန်တော်ခန့်မှန်းမိပါတယ်။ အရင်က ခွေးအိုကြီးဟုန်ကျွင်းက ကျွန်တော့ရဲ့ လူသတ်စွမ်းအားကို ကျွန်တော့်ကိုယ်ပိုင်အနှစ်သာရဝိဉာဉ်ဆီကနေ ခွဲထုတ်လိုက်ပြီး လတချို့လောက် ပြန်လည်ဝင်စားစေတယ်။"

"ဒါပေမယ့်၊ လူသတ်စွမ်းအားက မဟာတာအိုစွမ်းအားရဲ့ တစ်ခုတည်းသောအရာပဲ။ သူကကောင်းကင်တာအိုကို ထိန်းချုပ်ထားရင်တောင် လူသတ်စွမ်းအားကိုဖျက်ဆီးဖို့ မဖြစ်နိုင်ဘူး။ သူ့အတွက်အာရုံလည်းခံမရ သိလည်းမသိရတဲ့ နေရာကို လူသတ်စွမ်းအားပို့ပေးဖို့က မဖြစ်နိုင်ဘူးပဲ"

"ကျွန်တော့ဘဝအမှတ်ကိုလည်း ဒီနေရာမှာ ဖုံးထားတာပါ။ ကျွန်တော်သာ ဘဝအမှတ်အသားကို ထပ်ရှာချင်ရင် ဟုန်ကျွင်းကို သေချာပေါက်နိုင်မှရမယ်။"

"အနည်းဆုံးတော့ တခြားဆရာတူညီလေး၊ ညီမလေးတွေရဲ့ အမှတ်အသားကို လွယ်လွယ်ရှာနိုင်မှာပါ။ ကျွန်တော့ရဲ့ဘဝအမှတ်အသားက အမြန်လိုနေတာမဟုတ်ဘူး။ ညီလေး၊ညီမလေးတွေရဲ့ ဘဝအမှတ်အသားကိုပဲရှာသင့်တယ် ထင်မိပါတယ်။"

လုရှောင်ယန်မှာ ခေါင်းငြိမ့်လိုက်သည်။

"မင်းနားလည်ရင်တော့ အကောင်းဆုံးပေါ့၊ သွားတော့"

"ဟုတ်ကဲ့ပါ!"

ယွင်လီကောမှ ကျင့်ကြံရန်ဆုတ်ခွာသွားပြီးနောက်တွင် လုရှောင်ယန်မှာ ခန်းမဆီသို့ပြန်လာခဲ့၏။ လော့ယန်မှာ ချက်ချင်းပင် သုံးလောကအကြောင်း နောက်ဆုံးရအချက်အလက်များကို လက်လွှဲပေးလိုက်သည်။

လုရှောင်ယန်မှာ နတ်ဘုရားအာရုံကို ဖြန့်ကျက်လျက် အချက်အလက်အားလုံးကို လက်ခံလိုက်သည်။

သူ၏ ခန့်မှန်းချက်မှန်ပါသည်။ သူ၏ရုပ်သေးမှ အတိဒုက္ခကို လက်ခံကြောင်း ကြေညာပြီးနောက်တွင် သုံးလောကတစ်ခွင်လုံးမှာ အေးဆေးသွားကြဟန်ပေါ်ကာ တွတ်တိုးသံများပေါ်ထွက်လာပြန်သည်။

ဤနေရာတွင် အနူးညံ့ဆုံးဖြစ်သော အဖွဲ့သုံးဖွဲ့ရှိ၏။

ပထမဦးဆုံးမှာ ချန်းကျောင်းတော်၏ ‌ရှေးဟောင်းကောင်းကင်အဓိပတိပင်။ သူ၏ဂုဏ်ယူဖွယ်တပည့်လေးများမှာ သစ္စာဖောက်ပြီး စိတ်ဝိဉာဉ်တောင်သို့ ရောက်သွားကြသော်လည်း သူ့ထံ၌အင်မတန်နက်ရှိုင်းသော ကျင့်ကြံဆင့်နှင့် တပည့်များရှိသည်ပင်။

ဥပမာ... တောင်ဝင်ရိုးစွန်းအမတဟာမစ်၊ ပြီးပြည့်စုံထိုက်ယိနှင့် ပြီးပြည့်စုံယွီတင်းတို့ပင်...

၎င်းမှာ ရှေးဟောင်းကောင်းကင်အဓိပတိက ၎င်းတို့အား ကျောက်စိမ်းအာကာပြင်နန်းတော်တွင် မကြာသေးမီကမှ ပြန်လည်စုစည်းခဲ့ပြီး ရက်များစွာ ပေါ်မထွက်လာဟုဆိုသည်။ ရှင်းလင်းစွာပင် သူဟာ ထိုတပည့်များထဲတွင် သူတော်စင်အချို့ကို ပျိုးထောင်ချင်နေပေသည်။

နောက်တစ်မျိုးမှာ စိတ်ဝိဉာဉ်တောင်ဖြစ်၏။ စိတ်ဝိဉာဉ်‌တောင်မှာ တစ်သောင်းသောဗုဒ္ဓအစည်းဝေးကို ပြုလုပ်နေပြီဟုဆိုသည်။

ထိုဗုဒ္ဓတစ်သောင်းအစည်းအဝေးမှာ အမှန်က များစွာသောလောကများမှ ဗုဒ္ဓဂိုဏ်းသားအားလုံးကို ကျဲကျောင်းတော်၏သစ္စာ‌ဖောက် ထို့ပေါင်ဖြစ်သည့် ဗုဒ္ဓထံ ယုံကြည်မှုစွမ်းအားကူးပြောင်းပေးခြင်းဖြစ်သည်။

ဂေါတမ၏ကျင့်ကြံဆင့်မှာ ပြိုင်ဘက်ကင်းကာ ဧကရာဇ်လေးပါးထက်ပင် မြင့်မား၏။ ၎င်းမှာ လက်ရှိသုံးလောကတွင် သူ၏ကျင့်ကြံဆင့်က သူတော်စင်တစ်ဦးနှင့် အနီးစပ်‌ဆုံးဟု ဆိုနိုင်၏။

ယခုမှာ ၎င်းဗုဒ္ဓတစ်သောင်းအစည်းအဝေးကျင်းပခဲ့သည့် ပထမဆုံးအကြိမ်မဟုတ်ပါချေ။ ၎င်းအား နှစ်တစ်သောင်းတိုင်း၌ ကျင်းပကာ ယုံကြည်မှုစွမ်းအားအမြောက်အများကို စုစည်းသည်။

ပြောရလျှင် ဗုဒ္ဓတစ်သောင်းအစည်းအဝေးအားအကြိမ်ရေတချို့ ကျင်းပသည်မဟုတ်ပါလျှင် ထို့ပေါင်မှာ ထိုသို့သော ကောင်းကင်ဘုံအားအံတုနေသည့်အဆင့်အား အချိန်တိုအတွင်း မရောက်နိုင်ချေ။ ၎င်းမှာ ကောင်းကင်ဘုံခုံရုံး၏နတ်ဘုရားချိတ်ပိတ်အတိဒုက္ခတွင် နှိမ်နင်းခံခဲ့ရသော ကျောက်ကုန်းမင်၊ ကျွင်းတိအားနှိမ်နင်းခဲ့သော ဒေါင်းဘုရင်ကုန်းရွှမ်နှင့် အစရှိသည်တို့မှာ သူ့အားချေမှုန်းနိုင်လောက်သည့်အစွမ်းအစရှိသည်ပင်။

အတိတ်တွင် ကုန်းရွှမ်မှာ သူတော်စင်အဆင့်အောက်ရှိ နံပါတ်တစ်ဟုပင် သိခဲ့ကြသည်။

ဗုဒ္ဓဂိုဏ်းအား နှစ်သောင်းချီမှီခိုခဲ့ပြီးနောက်တွင် ထို့ပေါင်မှာ သူတော်စင်အောက်အဆင့်ရှိ ထူးချွန်သူအားလုံးကိုကျော်လွန်လျက် နံပါတ်တစ်ဖြစ်လာခဲ့၏!

ဗုဒ္ဓဂိုဏ်းမှာ သူ့အား အနောက်ဘက်ဂိုဏ်း၏ တတိယမြောက်သူတော်စင်အဖြစ် ပျိုးထောင်လိုဟန်ပါပင်။

ပြောရလျှင် လုရှောင်ယန်မှာ ရှေးဟောင်းကောင်းကင်အဓိပတိ ကျဲယင်နှင့် ကျွင်းတိတို့မှာ ပူးပေါင်းကာ အလောင်းအစားလုပ်ခဲ့သည်ဟု ကောင်းစွာသိပေသည်။ မဟုတ်ပါက သူ၏ဒေါသနှင့်ဆိုလျှင် သူ၏တပည့်များအား မည်သို့ ‌ဗုဒ္ဓဂိုဏ်းထံဝင်ရောက်စေပါမည်နည်း?

သူဟာ ချန်ကျောင်းတော်နှင့် ဗုဒ္ဓဂိုဏ်းက အတူတကွလုပ်ဆောင်နေသည်ဟု ခန့်မှန်းထားလေသည်။ တစ်ဖက်၏ သူတော်စင်အရေအတွက်မှာ တိုးမြင့်လာပါလျှင် သူဟာ ဂရုစိုက်ရချေမည်။

ပြောရလျှင် သူတော်စင်တစ်ယောက်လောက်ပိုရှိခြင်းက ဟာသမဟုတ်ပါချေ။

သူဟာ ဘာကိုမှမကြောက်ရွံ့ပါသော်လည်း သူ၏တပည့်များမှာ မည်သို့ဖြစ်မည်နည်း?

သူဟာ ဟုန်ကျွင်းအားတိုက်ခိုက်‌နေစဉ်တွင် အခြားသူတော်စင်များက သူ့တပည့်များအား တိုက်ခိုက်ပါလျှင်?

ထို့အပြင် သူဟာ ကောင်းကင်ဧကရာဇ်ဟောက်ထျန်းအားသတိထားဖို့လိုသေးသည်။

သူဟာ လုရှောင်ယန်ထံတွင်မှာနောက်ဆုံးအဆင့်သာရှိ၏၊ အကြောင်းမှာ သူ၏စွမ်းအားနှင့် နောက်ခံက အခြားလူများထက် အားနည်းသောကြောင့်ပင်။

သူဟာ ဟုန်ကျွင်း၏ကလေးတပည့်ဖြစ်ပါသော်လည်း ဟုန်ကျွင်းမှာ ကလေးတပည့်မဆိုထားနှင့် ကိုယ်ပိုင်တပည့်များကိုပင် အချိန်မရွေး ထုတ်ပယ်နိုင်သည်။

ထို့ကြောင့် ဟောက်ထျန်းမှာ ဟုန်ကျွင်းထံမှာ မည်သို့သော အကျိုးအမြတ်မှ မရရှိခဲ့ပါချေ။

ထို့အပြင် သူဟာ သူတော်စင်ဖြစ်လာရန် အသန်မာဆုံးဆန္ဒရှိခြင်းကြောင့်လည်းဖြစ်၏။

၎င်းမှာ သူသာသူတော်စင်ဖြစ်လာပါလျှင် အခြားသူတော်စင်များအား စိန်ခေါ်ရန် အရည်အချင်းမီမည်ကို သိသောကြောင့်ပင်။

မဟုတ်ပါက သူ၏သုံးလောကဆရာဆိုသည်မှာ အမြဲထာဝရ ဟာသပင်ဖြစ်သွားချေလိမ့်မည်!

ခြုံပြောရလျှင် လုရှောင်ယန်ထံ၌ ရန်သူများစွာရှိပါသော်လည်း သူ့ထံတွင်ကြောက်စရာမရှိချေ။ ထို့အပြင် ကြောက်ရွံ့မှုက သူ့အား မည်သို့ဖြစ်ဖြစ် ကူညီမည်မဟုတ်ချေ။

သူဟာ ရုပ်သေးအား ဦးဆုံးဆက်လက် ငြိမ်ကုပ်ခိုင်းထား၏။ ရုပ်သေးငြိမ်ကြည့်နေသည်နှင့် အတိဒုက္ခမှာ ဖြစ်လာမည်မဟုတ်ချေ။ အတိဒုက္ခမဖြစ်ပွားပါလျှင် သူဟာ ကျင့်ကြံရန်အချိန်များများရချေမည်။

သူ့အား အချိန်နည်းနည်းပိုပေးပါလျှင် သူ၏စွမ်းအားမှာ ဆိုးဆိုးရွားရွားပင် ပြောင်းလဲသွားမည်ဖြစ်၏။

ထို့အပြင် လုရှောင်ယန်အား အတော်အတန်ပျော်ရွှင်စေသည်မှာ အမည်မဲ့ဂိုဏ်း၏ ဒုတိယမျိုးဆက်တပည့်များမှာ မကြာခင်က ထောက်လှမ်းရေးအစီရင်ခံစာတွင် မကြာခဏပေါ်ထွက်လာခြင်းကြောင့်ပါပင်။

ဥပမာ၊ လုံကွမ်းပင်ဖြစ်၏။ သူဟာ ကောင်းကင်နဂါးရှစ်ပါးထဲမှတစ်ဦးအဖြစ်သတ်မှတ်ခံထားရကာ ဗောဒိအဓိပတိပင်ဖြစ်နေချေလေပြီပင်။

သူဟာ စိတ်ဝိဉာဉ်တောင်၏အဆင့်အနိမ့်ဆုံးကိုကျော်လွန်လျက် ခေါင်းဆောင်ဖြစ်လာသည်။ သူဟာ မထင်မရှားဖြစ်တည်မှုလေးသာဖြစ်သော်လည်း ၎င်းက ကြီးမားသော တိုးတက်မှုပါပင်။ ပြောရလျှင် သူဟာ အပြင်ဘက်၌ တစ်ဦးတည်းဖြစ်နေရန် မလွယ်ပါချေ။

သူဟာ ခြေလှမ်းနောက်တစ်လှမ်း,လှမ်းပါလျှင် ရဟန္တာဖြစ်လာကာ စိတ်ဝိဉာဉ်တောင်၏ အလယ်အဆင့်သို့ ရောက်ရှိတော့မည်ဖြစ်၏။

ထို့အပြင် အခြားတပည့်များမှာလည်း အတော်လေးအဆင်ပြေကြသည်။

ဥပမာဆိုရလျှင် မီးငှက်ဇာမဏီမှာ... အနောက်ဘက်မိခင်ဧကရီ၏ အပျိုတော်ဖြစ်လာ၏။

ထိုဂုဏ်ပုဒ်အား အထင်မသေးသင့်ပါချေ။ အနောက်ဘက်မိခင်ဧကရီ၏အပျိုတော်မှာ အမျိုးစုံသော ရွေးချယ်မှုအဆင့်များကို ကျော်ဖြတ်ရန်လိုအပ်ပေ၏။ မရေတွက်နိုင်သော ဇာမဏီမျိုးဆက်များမှာ ၎င်းနေရာအတွက် ပြိုင်ဆိုင်ကြကာ ထိုအနောက်ဘက်မိခင်ဧကရီ၏အပျိုတော်ဖြစ်လာရန် အခက်အခဲများကိုကျော်ဖြတ်ကြရ၏။

အပျိုတော်မှာ အနောက်ဘက်မိခင်ဧကရီနှင့် အနီးစပ်ဆုံးဖြစ်သည်။ အပျိုတော်မှာ အနောက်ဘက်မိခင်ဧကရီ၏ကိုယ်သင်းနံ့ကိုပင် အနံ့ခံနိုင်သည်ဟု ဆိုစမှတ်ပြုကြ၏။

ထိုသို့ဖြင့် ၎င်းမှာ အနောက်ဘက်မိခင်ဧကရီ၏ လျှို့ဝှက်ချက်များစွာကို သိနိုင်ပေမည်။

မီးငှက်ဇာမဏီမှာ အချက်အလက်များအား အချိန်တိုင်း နေရာတိုင်း စုဆောင်းနိုင်သည်။ ၎င်းမှာ အနောက်ဘက်မိခင်ဧကရီနှင့် တွေ့ဆုံသူ၊ သူမပြောသည်များနှင့် သူမ၏ ထူးခြားသောဝါသနာများကိုပင် သိသည်။ လုရှောင်ယန်မှာ မီးငှက်ဇာမဏီအား သူမထံဆက်လက်စောင့်ကြည့်ခိုင်းထားပါလျှင် ကောင်းကင်ဘုံခုံရုံးအား မည်သည့်အချိန်မဆို ကပ်ဘေးကြီး‌ဖြစ်နိုင်စေပြီဖြစ်၏!

လု‌ရှောင်ယန်မှာ အခြားတပည့်များ၏ အချက်အလက်များကိုလည်း တစ်ခုပြီးတစ်ခုသတိရသွားသည်။ ထိုတပည့်များမှာ သူသီးသန့်ကျင့်ကြံရာမှထွက်လာချိန်၌ အင်မတန်ကိုမှ အသုံးဝင်လာကြသည်။

အသက်ပြင်းပြင်းရှူပြီးသည်တွင် လုရှောင်ယန်မှာ တရားမှတ်လိုက်ကာ ရှေးဟောင်းအဓိပတိပန်းချီအား ဆက်လက်ကျင့်ကြံလိုက်၏။

သူဟာ ရှေးဟောင်းခရမ်းသွေးချီအား တပည့်များထံ၌ သန့်စင်ထားသည့်တစ်ခုခုရှိရန်အလို့ငှာ ပိုမို ကျင့်ကြံရန်လိုသေးပေ၏။

ယခုတွင် သုံးလောကတစ်ခွင်လုံးမှာ ဟုန်ကျွင်း၏ထိန်းချုပ်မှုအောက်ရောက်သွားပြီပင်။ ဟုန်ကျွင်းမှာ သုံးလောကနေရာအများစု၌ နိယာမစွမ်းအားကို အများဆုံးဖြည့်တင်းထား၏။

၎င်းက သဏ္ဍာန်မဲ့စွမ်းအားကိုကျင့်ကြံရန်ပိုမိုခက်ခဲစေသည်။ တပည့်များမှာ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်ကို ကျော်ဖြတ်ပြီးနောက်၌ ကျင့်ကြံခြင်းတွင် ရှေးဟောင်းခရမ်းသွေးချီကို အဓိကမှီခိုလာရတော့၏။

တစ်ချိန်တည်းတွင် ကောင်းကင်နန်းတော် ကောင်းကင်အကျဉ်းထောင်၏ အနက်ရှိုင်းဆုံးနေရာတွင်၊

"ကြိုဆိုပါတယ်၊ ပင်လယ်သုံးသွယ်နတ်ဘုရား နီကျား"

"ထွက်သွားပေးပါ။ ကျုပ်အဖေကို ကိုယ့်ဘာသာပြောလိုက်မယ်။'

"သိပါပြီ"

ကောင်းကင်အကျဉ်းအား‌စောင့်ကြပ်နေသော ကောင်းကင်တပ်သားများမှာ ခပ်ဝေးဝေးတွင်နေလိုက်ကြ၏။

လီကျင်းမှာ ကောင်းကင်စည်းမျည်းများအား ချိုးဖျက်သောကြောင့် အကျဉ်းချခံထားရသော်လည်း ၎င်းတို့မှာ သူ့အား မရိုမသေမပြုခဲ့ပါချေ။ တစ်ဖက်လူအား ရိုသေလေးစားရန်လိုနေ‌ဆဲပင်။ သူ၏အကျဉ်းခန်းမှာ အသန့်ရှင်းဆုံးဖြစ်ကာ အစားအစာများမှာလည်း အကောင်းဆုံးဖြစ်၏။ တစ်ဖက်လူ ထွက်လာချင်ကာ ထောင်တွင် လမ်းလျှောက်ချင်လျှင်တောင် တစ်ဖက်လူ အကျဉ်းထောင်မှ လှမ်းမထွက်မချင်း ၎င်းတို့မှာ တားခြင်းပြုခြင်း ပြုလုပ်မည်မဟုတ်ချေ။

မတတ်နိုင်ပါချေ။ ပြောရလျှင် တစ်ဖက်လူထံ၌ နတ်ဘုရားသားတော်သုံးပါးရှိ၏။ အရာအားလုံးကို ဘေးဖယ်ထားပါလျှင် လူများစွာက နီကျားကို မဆွရဲပါချေ။ ၎င်းမှာ စွမ်းအား၏ အကျိုးပင်ဖြစ်၏။

ထို့အပြင် လီကျင်းမှာ မူလက ကောင်းကင်ဘုံခုံရုံး၏ထိပ်တန်းပညာရှင်တစ်ဦးဖြစ်ကာ နှစ်များစွာကြာအောင် ကျောက်စိမ်းဧကရာဇ်၏လူယုံတော်လည်းဖြစ်၏။ သူအား တစ်နေ့တွင်ပြန်လည်ပေးအပ်ရမည်ပင်။

ကိစ္စများမှားယွင်းသွားပါလျှင် ၎င်းတို့၏တစ်မိသားစုလုံးသေရုံမျှမက ဤတို့၏ ကိုယ်ခန္ဓာနှင့် ဝိဉာဉ်များသည်ပင် ဖျက်ဆီးခံရကာ ပြန်လည်ဝင်စားနိုင်တော့မည်မဟုတ်ချေ!

နီကျားမှာ ရှေ့သို့ဖြည်းဖြည်းချင်းလျှောက်လာကာ သူ၏ဖခင်အကျဉ်းတံခါးအနီးသို့ရောက်လာ၏။ သူဟာ ဖခင်မှာ မျက်လုံးမှိတ်လျက်တင်ပလ္လင်ခွေထိုင်နေဟန်ကိုကြည့်ကာ မနေနိုင်ဘဲ သက်ပြင်းချလိုက်မိ၏။

"အဖေ၊ ဘာလို့ ဒီလိုအမှားမျိုးလုပ်ခဲ့ရတာလဲ? ကျန်းကျီယာက တစ်ချိန်တုန်းက ကျွန်တော်တို့ရဲ့အဓိပတိဖြစ်ခဲ့ပေမယ့် အခုတော့ နာမည်တစ်ခုထက် မပိုတော့ဘူး။ သူက ပြာမှုန်တွေဖြစ်သွားခဲ့တာကြာနေပြီလေ။ သူ့သခင်ပြောတာကတော့ အဖေဝန်ခံလိုက်တာနဲ့ ပြစ်ဒဏ်တွေအားလုံးက ဖယ်ရှားပေးပြီး အရင်နေရာကိုပြန်ပေးမယ်ဆိုပဲ!"

ယခုတွင် ကျဲကျောင်းတော်၏ သူတော်စင်အသစ်မှာ ပေါ်ထွက်လာပြီဖြစ်ရာ တာအိုဘိုးဘေးဟုန်ကျွင်းမှာ အတိဒုက္ခခြောက်ပါးကို အသက်သွင်းလိုက်၏။

"အဖေ့အနေနဲ့ ကောင်းကင်ဘုံခုံရုံးအတွက် အလုပ်လုပ်ဖို့ စောစောထွက်လာသင့်တယ်၊ အပန်းဖြေဖို့အတွက်နဲ့ ကောင်းကင်အကျဉ်းထောင်ထဲမှာ မပုန်းနေပါနဲ့။"

လီကျင်းမှာ မျက်လုံးများကို ဖြေးညင်းစွာဖွင့်လျက် နီကျားကိုကြည့်လိုက်၏။ သူ၏မျက်လုံးများက နှလုံးနာကျင်မှု၊ ဝမ်းနည်းမှုနှင့် အကူအညီမဲ့မှုတို့ကို ထုတ်ပြနေသည်။

"က‌လေး၊ မင်းက ငါ့စကားတွေကို ထပ်နားထောင်ဖို့ မထိုက်တန်တော့ဘူး။"

"အတိတ်က မင်းကထင်ရှားပြီး ဖြောင့်မတ်တယ်။ မင်းကငါတို့ရဲ့ ဆက်ဆံရေးကို ပျက်စီးစေရင်တောင်မှပဲ မင်းအတွေးမှားနေတာကို မစွန့်လွှတ်သေးဘူး။"

"အခုတော့ မင်းက ကောင်းကင်ဘုံခုံရုံရဲ့ ခွေးတစ်ကောင်ကလွဲပြီး ဘာမှမဟုတ်တော့ဘူး။"

"သွားတော့!"

"ငါ့မှာပြောစရာမရှိဘူး။"

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၃၀။ အပိုင်း ၄၄၉ အထိန်းချုပ်ခံသူတော်စင်၊ မင်းနဲ့ငါ အားလုံးက ပုစွန်ဆိတ်ကလေးတွေပါပဲ

"အဖေ၊ ထပ်ပြီးဆွေးနွေးဖို့ တကယ်ပဲ စိတ်မဝင်စားတော့တာလား?"

လီကျင်းမှာ ဆက်မဖြေတော့ချေ။ အဆုံး၌ နီကျားမှာ ခပ်ဖျော့ဖျော့သတ်ပြင်းချလျက် လှည့်ထွက်သွားသည်။

သူဟာ သူ့အဖေအား စိတ်ပူပါသော်လည်း သူလုပ်နိုင်တာမရှိပါချေ။ ၎င်းမှာ ကောင်းကင်ဘုံခုံရုံးမှာရှိသည့် ပင်လယ်သုံးစင်းကြောင့်ဖြစ်ကာ သူဟာဟောက်ထျန်း၏ လက်အောက်ခံမျှသာဖြစ်၏!

သူဟာ ကောင်းကင်ဘုံခုံရုံးအား ‌ဆန့်ကျင်ရန် မည်သည်ကိုမျှ မလုပ်နိုင်ပါချေ။

သူဟာ ကောင်းကင်အကျဉ်းထောင်မှ လှမ်းထွက်လာချိန်၌ ပုံရိပ်တစ်ခုမှာ အဝေးတစ်နေရာမှလျှောက်လှမ်းလာ၏။ သူ၏မျက်နှာအား ရွှေရောင်အမွှေးများဖြင့်ဖုံးလွှမ်းထားကာ ရွှေရောင်ပိုးသားဝတ်ရုံကိုဝတ်ဆင်ထား၏။ သူ၏ကိုယ်အား ဗုဒ္ဓအလင်းဖြင့် ကာထားသည်။

နီကျား၏မျက်လုံးများတောက်ပသွားကာ ချက်ချင်းပင်ရှေ့သို့သွားလိုက်၏။

"မျောက်၊ မင်းကဒီမှာပဲ"

သို့သော် တစ်ဖက်လူမှာ သူ၏လက်ဝါးကိုသာ ထူးမခြားနား ပင့်မြှောက်လိုက်၏။

"အမိတာဘ၊ မတွေ့ရတာကြာပြီ။ မင်းဘယ်လိုလဲ?"

နီကျားမျက်နှာထက်ရှိ အပြုံးမှာ ချက်ချင်းမှေးမှိန်သွားသည်။

၎င်းမှာ တစ်ဖန်တူညီဆဲပင်!

အနောက်အရပ်သို့ခရီးစဉ်အတိဒုက္ခကတည်းက စွန်းဝူခုံးမှ သူ၏ပုံတူပွားအတုအား တိုက်ခိုက်ချိန်တွင် သူဟာ ထိုအခင်မင်ဆုံးမိတ်ဆွေအား မမှတ်မိနိုင်ခဲ့ပါချေ။

နှစ်များစွာကြာပြီးနောက် ယန်ကျန်း၊ လေ့ကျန်းကျီနှင့် စွန်းဝူခုံးတို့အားလုံးမှာမမှတ်မိနိုင်ချေ။

အမတများနှင့် ဗုဒ္ဓများဖြစ်လာပြီးနောက်တွင် ၎င်းတို့အားလုံးမှာ မူလသွေးနွေးစရိုက်များနှင့် ခံစားချက်များပျောက်ကွယ်ကုန်ကြသည်။

ထို့အပြင် နှစ်အနည်းငယ်အကြာက နဂါးဖြူလေးမှာ သောက်စားပြီးနောက် အမှားတစ်ခုကိုဆိုခဲ့ခြင်းကြောင့် ၎င်းမှာ စိတ်ဝိဉာဉ်တောင်၏စည်းမျဉ်းကိုချိုးဖောက်နေကာ လိုက်လံဖမ်းဆီးခြင်းခံခဲ့ရ၏။ လိုက်လံဖမ်းဆီးခဲ့သည့် ခေါင်းဆောင်၏ ပြောကြားချက်အရ စွန်းဝူခုံးမှာ တကယ်ကိုပင် နဂါးဖြူလေးဟာ ဗုဒ္ဓဂိုဏ်းထံမှသေလုအောင်ရိုက်နှက်ခံနေရသည်ကို စောင့်ကြည့်နေခဲ့သည်ဟုပင်။

ထိုနေရာ၌ ဘုန်းတော်ကြီးရှားနှင့် ပါကျဲလည်းရှိနေခဲ့ကြသည်။

အတည်ငြိမ်ဆုံးနှင့် စည်းကမ်းအလိုက်နာ‌ဆုံး ထျန်းစန်းသည်ပင် ထိုနဂါးဖြူလေးအားကာကွယ်ရန် သေဆုံးသွားခဲ့ပေသည်။

သို့သော် နီကျားမှာ ထိုနေ့အား ခပ်ရေးရေးသတိရမိသွားကာ ထိုနေ့က စွန်းဝူခုံး၏မျက်နှာထက်၌ မည်သည့်ခံစားချက်မှမရှိသည်က အရေးမပါသောအရာကိုကြည့်ရှုနေသလိုပါပင်။

နီကျားမှာ ထိုနေ့က စွန်းဝူခုံးသည် ဘုန်းတော်ကြီးရှားသေလုဆဲဆဲတွင် ၎င်း၏ရှေ့မှောက်၌ အသေအချာရှိနေ‌ခဲ့သည်... သို့သော် ဘုန်းတော်ကြီးရှားမှာ ဟွာကိုးတောင်ကိုကြည့်လျက် "ဆရာတူအစ်ကို"ဟု အော်ဟစ်ခဲ့သည်။

သူဟာ အရှေ့ရှိ မျောက်ကိုကြည့်ကာ ဆက်ပြောလိုက်သည်။

"အောင်ပွဲခံဗုဒ္ဓ၊ ဒီနေ့ ဘယ်လိုလုပ်ဒီမှာရှိနေရတာလဲဗျာ?"

"ဗုဒ္ဓဘိုးဘေးတစ်ယောက်အနေနဲ့ ကျုပ်တို့စိတ်ဝိဉာဉ်တောင်ရဲ့ လူလိမ်ရဟန္တာကို အပြစ်ပေးခံရတာကနေ ခယလွှဲပြောင်းပေးဖို့လာခဲ့တာပါ။"

နီကျားမှာခေါင်းငြိမ့်လိုက်သည်။ ကောင်းကင်ဘုံခုံရုံးမှ မကြာသေးခင်က လူလိမ်တစ်ယောက်ကို ဖမ်းမိကြောင်းသိထားပေ၏။ တစ်ဖက်လူမှာ သေမျိုးမိန်းမတစ်ဦးနှင့် မေတ္တာမျှကာ စိတ်ဝိဉာဉ်တောင်၏စည်းမျည်းကို ချိုးဖောက်ခဲ့သည်။

"မျောက်၊ မင်း ကိစ္စပြီးရင် ကျုပ်ရဲ့အဆောင်တော်ကိုလိုက်ပြီးသောက်ဖို့ အားလား?"

"မဖြစ်ဘူး၊ ကျုပ်ကဗုဒ္ဓဂိုဏ်းကပါ။ သေရည်သောက်ဖို့ကမသင့်လျော်ပါဘူး။"

"ကောင်းပါပြီလေ၊ အနာဂတ်မှာပဲ ထပ်တွေ့ကြတာပေါ့။"

"အမိတာဘ၊ နှုတ်ဆက်ပါတယ်။"

နီကျားမှာ အောင်ပွဲခံဗုဒ္ဓထွက်ခွာသွားသည်ကိုကြည့်ရင်း မနေနိုင်ဘဲ မျက်မှောင်ကျုံ့လိုက်၏။

"အရင်က စွန်းဝူခုံး သူ့ရှေ့မှာရှိပါလျက်နဲ့ ဘာကြောင့် ဘုန်းတော်ကြီးရှားက ဟွာကိုးတောင်ကိုကြည့်ပြီး "ဆရာတူအစ်ကိုလို့" အော်ရတာလဲ? ဒါက ငါမသိတဲ့ ဟွာကိုးတောင်ရဲ့လျှို့ဝှက်ချက်များလား?"

တစ်ခဏမျှတွေးတောနေပြီးနောက်တွင် မီးကွင်းများပေါ်တက်လှမ်းလိုက်ကာ နန်းတော်ကျယ်ထဲသို့ရောက်သွားသည်။

"အရှင်သခင်၊ ကျုပ်ရဲ့မလုံမခြုံဖြစ်နေတဲ့ ဖခင် လီကျင်း ဝန်မခံသေးဘူးလား"

ကျယ်ဝန်းသောနန်းဝတော်တွင် အင်မတန်ဂုဏ်သရေရှိသော စွမ်းအားကြီးပုံရိပ်တစ်ခုမှာ အကြည့်အား အောက်ဘက်ရှိ နီကျားအားထံ‌ပို့လိုက်ကာ ချက်ချင်းပင်ပြောလိုက်၏။

"မင်းအတွက် အချိန်နည်းနည်းပေးပါ့မယ်။"

"ကျေးဇူးပါ အရှင်"

"ကျောက်စိမ်းဧကရာဇ်မှာ ခေါင်းငြိမ့်လိုက်သည်။ နီကျားမှာ တစ်ခဏမျှ ရပ်တန့်ပြီးမှ စကားဆက်လိုက်၏။

"အရှင်သခင်၊ ကျွန်တော် ခွင့်ပြုချက်တောင်းချင်ပါတယ်။"

"ပြောပါ!"

"ကျွန်တော့ရဲ့ညီအစ်ကိုနှစ်ဦးက လက်ရှိ စိတ်ဝိဉာဉ်တောင်မှာ အလုပ်လုပ်နေပါတယ်။ ကျုပ်စိတ်ဝိဉာဉ်တောင်ဆီသွားဖို့ ညီအစ်ကိုတွေကိုမေးပြီး အဖေ့ကို အတူတူဖျားယောင်းချင်လို့ပါ။"

"ခွင့်ပြုချက်ကို ရယူလိုက်ပါ"

"ကျေးဇူးပါ၊အရှင်"

နီကျားမှာ အမိန့်ကိုလက်ခံကာ ရှေ့သို့သွားလိုက်၏။ သူဟာ ကျယ်ပြောသောနန်းတော်မှလှမ်းထွက်လိုက်သည်နှင့် ကျောက်စိမ်းဧကရာဇ်မှာ ခန်းမရှိကောင်းကင်တပ်သားတစ်ဦးကို အချက်ပြလိုက်သည်။

ထိုကောင်းကင်တပ်သားမှာ နားလည်ကာ ချက်ချင်းလိုက်သွား၏။

နီကျားမှာ တောင်ဘက်ကောင်းကင်တံခါးဝကိုရောက်သည်နှင့် ယန်ကျီအန်းအားဆုံလိုက်ရသည်ပင်။

"ဆရာတူအစ်ကိုနှစ်ယန်၊ မတွေ့ရတာကြာပြီ"

ယန်ကျီအန်းမှာ ခေါင်းငြိမ့်လိုက်၏။

"မင်းကြည့်ရတာ အဆင်မပြေပါ့လား။ ကောင်းကင်ဘုရင်လီကြောင့်များလား?"

"အဟုတ်ပဲ။ ကျုပ်အဖေက ဝန်မခံချင်သေးဘူးတဲ့လေ။ ဘာလို့ ကျန်းကျီယာကို သေမျိုးလောကဆီ ဆင်းလာခွင့်မပြုရမှာလဲ? ဒါပေမယ့် ကျုပ်အဖေက တစ်ခုခုကိုဖုံးကွယ်ထားတယ်လို့ ခပ်ရေးရေးအာရုံခံမိနေတယ်။ မဟုတ်ရင် သူကကျုပ်ကို အသိမပေးဘဲနေမှာမဟုတ်ဘူး။"

"ထပ်ပေါင်းပြောရရင် ကျုပ်‌ မျောက်နဲ့တွေ့ခဲ့ပြီးပြီ။ ကံမကောင်းစွာနဲ့ပဲ သူက အရင်တုန်းကမျောက်လိုမဟုတ်တော့ဘူး။ ဆရာတူအစ်ကို၊ ကျုပ် ဟွာကိုးတောင်ကို တစ်ချက်လောက်သွားကြည့်ချင်တယ်။"

ယန်ကျီအန်း၏မျက်ခွံများမှာတွန့်သွားတော့၏။

"ကျောက်စိမ်းဧကရာဇ်ဆီတင်ပြပြီးပြီလား?"

နီကျားမှာ‌ ခေါင်းခါလိုက်၏။

"မဟုတ်ဘူး၊ ကျုပ်က စိတ်ဝိဉာဉ်တောင်ကိုသွားပြီး ကျုပ်အစ်ကိုနှစ်ယောက်ကို အဖေ့ကို အတူတူ‌ပြုစုဖို့အတွက် တောင်းဆိုမလို့ပါ။"

ယန်ကျီအန်းမှာ အကြည့်များအား အနောက်ဘက်မှတိမ်များသို့ပို့လျက် ချက်ချင်းပင်ရပ်တန့်သွား၏။

"သွား၊ ‌ဒါပေမယ့် နောက်တစ်ခေါက်ထွက်ခွာရင်ကျောက်စိမ်းဧကရာဇ်ဆီလာမလည်ပါနဲ့။ မဟုတ်ရင် မင်းအဖမ်းခံရဖို့က သေချာပေါက်ပဲ"

နီကျား၏မျက်လုံးများ အတန်ငယ်ရွေ့လျားသွားကာ ယန်ကျီအန်းဆိုလိုသည်ကို သိလိုက်၏။

ကျောက်စိမ်းဧကရာဇ်မှာ သူ့နောက်လိုက်ရန် လူများလွှတ်ထားခဲ့၏!

သူဟာ လက်ကိုဆုပ်လျက်ကျေးဇူးတင်လိုက်သည်။

"ကျေးဇူးပါ၊ ဆရာတူအစ်ကို"

စကားဆုံးသည်နှင့် နီကျားမှာ တောင်ဘက်ကကောင်းကင်တံခါးမှ ထွက်ခွာလိုက်တော့သည်။ သူ၏အနောက်ရှိ ငွေအလင်းတစ်ပြမှာ အလျင်အမြန်ဖမ်းခံလိုက်ရသည်။ သို့သော် ယန်ကျီအန်း၏နဖူးထက်ရှိ ကောင်းကင်မျက်လုံးရွေ့လျားသွားသည်နှင့် ငွေအလင်းမှာ ကောင်းကင်မျက်လုံးထဲဝင်ရောက်သွားလေသည်။

"ဒီပုံရိပ်ယောင်ထဲမှာပဲနေလိုက်"

တစ်ဖက်တွင် ရွှေရောင်အောက်ကျွန်းထက်၌ တပည့်များမှာ တဖြည်းဖြည်းအဆင့်တက်လာကြကာ နေ့နေ့ညညကျင့်ကြံပြီးနောက် အဆင့်မြင့်သွားကြပြီဖြစ်သည်။

ကျီဝူရှားမှာ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်ကို ပထမဆုံးကျော်ဖြတ်လာနိုင်ခဲ့ပြီး ဖုန်းထျန်းယွမ်မှာ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်ကိုရောက်ရှိသွားပြန်သည်။

ဖုန်းထျန်းယွမ်မှာ လုရှောင်ယန်၏အနှစ်သာရလောကမှထွက်လာချိန်တွင် လုရှောင်ယန်ထံဆရာတူအစ်ကိုအစ်မများလိုမျိုး ဂါရဝပြုလိုက်သည်။

"ဆရာ"

လုရှောင်ယန်မှာ ခေါင်းငြိမ့်လျက် ချက်ချင်းပြောလိုက်၏။

"မဆိုးဘူး။ မင်းဒီလောက်မြန်မြန် ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်ကို တက်လှမ်းသွားတာပဲ။"

"အဓိပ္ပာယ်မရှိတာတွေ မပြောဘဲနေရအောင်။ မင်းရဲ့ဘဝအမှတ်အသားကို မြေအောက်လောကမှာမတွေ့ခဲ့ဘူး။ ဝူရှားက ‌ဘိုးဘေးဇာမဏီသေဆုံးခဲ့တဲ့နေရာကို ဦးတည်သွားပြီ။"

"မင်းရဲ့ဘဝအမှတ်အသားက ဟွာကိုးတောင်မှာရှိနိုင်တယ်။ ဟွာကိုးတောင်ကိုသွားပါ။"

"သိပါပြီ!"

...

ရှေးဟောင်းလောကအဆုံးတွင် အာကာပြင်ကြယ်စင်အစုအဝေးက ရပ်တည်နေ၏။ အဆုံးမဲ့ကြယ်စင်အစုအဝေးထဲတွင် မရေတွက်နိုင်သော စွမ်းအားကြီးသက်ရှိများ ရှိပေ၏။

၎င်းမှာ သုံးလောကနှင့် အခြားစကြဝဠာများအကြားတူညီချက်ပင်!

ကျီဝူရှား၏ပုံရိပ်မှာ ဟင်းလင်းပြင်ကိုဖြတ်၍ ကြယ်စုံသော ကောင်းကင်ယံကိုရောက်လာက တလက်လက်တောက်နေသော အာကာပြင်ကိုမော့ကြည့်လိုက်သည်။

"ဒါကသုံးလောကရဲ့ နယ်နိမိတ်လား?"

"ဆရာပြောတာတော့ သုံးလောကမှာ ဟုန်ကျွင်းမထိန်းချုပ်ထားတဲ့ သုံးနေရာရှိတယ်ဆို။"

"တစ်ခုကမြေအောက်နယ်မြေကိုးခု"

"နောက်တစ်ခုက ကြီးမြတ်သော အာကာပြင်"

"တတိယက အရင်ဘဝက အနှစ်သာရဇာမဏီအဖြစ် ငါသေဆုံးခဲ့တဲ့နေရာပဲ။"

သူမဟာ လက်သီးတင်းတင်းဆုပ်လျက် ကြယ်စင်အစုအဝေးထဲ ခြေမလှမ်းခင်တွင် အသက်ပြင်းစွာရှူလိုက်သည်။

သူမမှာ ကြယ်စင်အစုအဝေးထဲခြေလှမ်းလိုက်သည်နှင့် များစွာသော စွမ်းအားကြီးအရှိန်အဝါများ၏ ချုပ်နှောင်ခံလိုက်ရသည်။

တစ်ချိန်တည်းတွင် အလင်းများစွာက အဝေးမှတိုက်ခိုက်လာ၏။

"မင်းကို ကြယ်စင်အစုအဝေးထဲ ဘယ်သူကဝင်ခွင့်ပေးလိုက်တာလဲ?"

"မင်း ကြယ်စင်အစုအဝေးထဲဝင်ချင်ရင် သတ်မှတ်တန်ဖိုးကို ပေးဆောင်ရမယ်!"

...

ကျီဝူရှားမှာ နှာခေါင်းရှုံ့လျက် ချက်ချင်းပင် ဇာမဏီနားခိုရာအကာအကွယ်အမှတ်အားဆင့်ခေါ်လိုက်သည်။

"မင်းကသေချင်နေတာပဲ!"

ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်၏စွမ်းအားမှာ ဇာမဏီနားခိုရာအကာအကွယ်အမှတ်ထဲသို့ အဆက်မပြတ်ကူးပြောင်းသွားကာ အကာကွယ်အမှတ်ထဲရှိ စွမ်းအားမှာ ရုတ်တရတ် အင်မတန်အားကောင်းလာသည်။

ထိုအလင်းတချို့အား တုန့်ပြန်ရန်ပင် အခွင့်မပေးဘဲ အင်မတန်စွမ်းအားကြီးစွမ်းအင်မှာ အကာအကွယ်အမှတ်မှ ထိုးထွက်လာကာ များစွာသောဇာမဏီပုံရိပ်များ ပျံသန်းကာ အလင်းအမျိုးမျိုးဖြစ်သွားစေ၏။

ဘုန်း! ဘုန်း! ဘုန်း!

နှစ်ဘက်မှာ ထိခတ်မိသွားကာ အညှာအတာကင်းကင်းသတ်လိုက်ကြ၏။ အော်သံများမှာ ကြယ်စုံကောင်းကင်ကြီးအောက်မှာအော်ခဲ့ပါသည်။

အာ့!"

"ငါအရှုံးပေးတယ်၊ ငါအရှုံးပေးတယ်..."

...

ထိုကြေကွဲဖွယ်အော်သံမှာ နှလုံးကျိန်းစေလျက် အားလုံး၏ အသည်းနှလုံးများအား အတိုင်းအဆမဲ့ပူပန်စေသည်။

ပညာရှင်တချို့မှာ မူလကတိုက်ခိုက်ရန်ပြင်ဆင်ထားကြသော်လည်း ချက်ချင်းပင်ပုန်းကာ ရှေ့သို့မလာရဲကြတော့ချေ။

အနှစ်သာရဇာမဏီမှာ ဤနေရာတွင်သေဆုံးခဲ့သည်ကို သိသောကြောင့် ကောင်းကင်တာအိုမှာ ဤနေရာရှိ ကောင်းကင်အား ထိန်းချုပ်ခြင်းမရှိပါချေ။

ကြယ်စုံသောကောင်းကင်တွင် ပညာရှင်များစွာရှိနေ၏။

လူတစ်ဦးမှာ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်မဟုတ်ပါလျှင် ထိုကြယ်စုံကောင်းကင်တွင် ၎င်းတို့မှာ အရည်အချင်းမမီပါချေ။

ရှင်သန်ဖို့ပင်မဆိုထားနှင့်...

တစ်ဖက်တွင် ကျီဝူရှားမှာ များစွာသော ကောင်းကင်ဘုံထွဋ်ရွှေရောင်အမတအရှင်တို့ကို သတ်လိုက်နိုင်ဆဲဖြစ်သည်။ သူမ၏ကြောက်မက်ဖွယ် အရှိန်အဝါမှာ ဒဏ္ဍာရီလာ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်နှင့်ပင်နှိုင်းယှဉ်နိုင်၏!

၎င်းတို့မှာ အကြား၌ အဆင့်တစ်ခုသာကြာသေးသော်လည်း ခြားနားချက်မှာ ကောင်းကင်နှင့်မြေကြီးလိုပင်!

တစ်ရာ၊ တစ်ထောင်၊ တစ်သောင်း ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များမှာ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်လေးတစ်ယောက်ကိုပင် အနိုင်မယူနိုင်ပါချေ!

၎င်းမှာ ထိုကြယ်စုံကောင်းကင်၏ငြိမ်းချမ်းမှုလေး ပြိုကွဲတော့မလိုပါပင်။

မရေတွက်နိုင်သော ပါရမီရှင်များမှာ ချက်ချင်းပင် သီးသန့်ကျင့်ကြံလိုက်ကာ ဟင်းလင်းပြင်အကာအရံအားဖျက်ဆီးပြီး အခြားဟင်းလင်းပြင်နေရာသိူ့ ထိုကမောက်ကမ၏ သက်ရောက်မှု‌ကိုရှောင်ရှားရန် ဝင်ရောက်လိုက်ကြသည်။

အောက်လိုင်မြို့ငယ်၊ ဟွာကိုးတောင်

ရွှေရောင်အလင်းတစ်ပြမှာ ဟွာကိုးတောင်ထက်သို့ တဖြည်းဖြည်းဆင်းသက်လာ၏။ တောင်တစ်ခုလုံး၏ တိတ်ဆိတ်မှုအားကြည့်ကာ ဖုန်းထျန်းယွမ်မှာ မထိန်းနိုင်ဘဲ ဝမ်းနည်းသွားသည်။

မကြာခင်က ထိုနေရာမှာ ကမ္ဘာပေါ်ရှိ နိဗ္ဗာန်ဘုံဖြစ်ခဲ့ကာ အမတများအတွက် မြင့်မြတ်နယ်မြေပါပင်။

ယခုတွင် ထိုနေရာမှာ ဗလာတောင်ကြားနှင့် တိတ်ဆိတ်မှုသာရှိတော့၏။ ၎င်းတို့ပျော်ရွှင်မှုနှင့် ‌မျောက်ကလေးများကို ပျော်ရွှင်စေသည်ကိုထားဦး ငှက်တစ်ကောင်၊ တီတစ်ကောင်ကိုပင်ရှာဖွေရန်ခက်ခဲလှသည်။

သက်ပြင်း‌နှင့်အတူ ဖုန်းထျန်းယွမ်မှာ နောက်ထပ်အလင်းတစ်ခု မနီးမဝေးမှ ဆင်းသက်လာချိန်၌ တိုက်ခိုက်မည့်ဟန်ပေါ်နေ၏။

တစ်ဖက်လူ၏‌ပုံရိပ်အားမြင်သော် ဖုန်းထျန်းယွမ်မှာ ကူကယ်ရာမဲ့စွာကြောင်အသွားတော့သည်။

တစ်ဖက်လူက သူ့အား သတိကြီးစွာကြည့်လိုက်သည်။

"မင်းကဘယ်သူများလဲ? ဟွာကိုးတောင်ရဲ့တားမြစ်‌နယ်မြေထဲကို ဝင်ရောက်ဖို့ အတင့်ရဲတယ်ပေါ့လေ? ကောင်းကင်တပ်သားတွေကလွဲရင် ဒီကို ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုတာမင်းမသိဘူးလား?"

ဖုန်းထျန်းယွမ်၏ နှုတ်ခမ်းထောင့်များ အတန်ငယ်ကွေးတက်သွားကြသည်။

"ဒါဆိုမင်းကရော?"

"ငါက ကောင်းကင်ဘုံခုံရုံးပင်လယ်သုံးစင်းနတ်ဘုရားပဲ။ ငါဒီကိုလာတာကို နားလည်ပေးလို့ရပါတယ်။ ဒါပေမယ့်မင်းက ကောင်းကင်တပ်သားရော စစ်သူ‌ကြီးရောမဟုတ်ဘူး။ ဒီကိုလာရောက်ဖို့ ဘာအခွင့်အရေးရှိမှာလဲ?"

ဖုန်းထျန်းယွမ်မှာ ပြုံးလိုက်သည်။

"ဟွာကိုးတောင်က ငါ့အိမ်ပဲ။ ဘာလို့ငါမလာနိုင်ရမှာလဲ?"

နီကျား၏ကိုယ်မျာ တုန်ယင်သွားကာ မျက်လုံးများမှာလည်း ပြူးကျယ်သွား၏။

"မင်း... မင်းကမျောက်လား?"

ဖုန်းထျန်းယွမ်မှာ ခေါင်းငြိမ့်လိုက်သည်။

"ဒါပေါ့၊ ဒါပေမယ့် ငါ့နာမည်က အခု ဖုန်းထျန်းယွမ်ပဲ။"

"မဖြစ်နိုင်တာ! မင်းကဘယ်လိုလုပ် မျောက်ဖြစ်နိုင်မှာလဲ?!‌ မျောက်က ဗုဒ္ဓတောင်ဖြစ်နေပြီကို။ သူကအခု အောင်ပွဲခံဗုဒ္ဓပဲ! မင်းကဘယ်သူလဲ? မင်းကငါ့ကိုလာရှုပ်ချင်တာလား? မင်းကတကယ်သေချင်နေတာကို!"

လက်ကောက်ဝတ်တစ်ချက်အလှုပ်လေးနှင့် သူ၏လက်တွင်း၌ မီးလှံတံ‌ထွက်ပေါ်လာသည်။ မီးကွင်းများမရှိဘဲနှင့်တောင် သူဟာ ဖုန်းထျန်းယွမ်၏ခေါင်းထက်သို့ ခုန်နိုင်၏။

ထိုအခိုက်တွင် ကောင်းကင်ဘုံခုံရုံး၏အမတရောင်ဝါမှာ ပေါ်ထွက်လာ‌တော့သည်။ အားကောင်းသောစွမ်းအားမှာ အနီးဝန်းကျင်ကိုပင် အေးခဲစေသည်။

နီကျားမှာ တစ်ဖက်လူအား တစ်ကွက်တည်းနှင့် အလဲသိပ်နိုင်ရန် ယုံကြည်မှုရှိ၏!

သူဟာ တစ်ဖက်လူအား သိချင်နေမိသည်။

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၃၀။ အပိုင်း ၄၅၀ ငါတို့အားလုံးက ပုရွက်ဆိတ်သာသာပဲ၊ ဘယ်လိုများ ကောင်းကင်ဘုံကိုမဆန့်ကျင်နိုင်ရမှာလဲ?

အားကောင်းသောစွမ်းအားတစ်ခုမှာ ဖုန်းထျန်းယွမ်၏ခေါင်းထက်သို့ ဖိချလိုက်ကာ သူ့အား ဖျက်ဆီးလုနီးနီးပင်ဖြစ်သွား၏။

သို့သော် ဖုန်းထျန်းယွမ်မှာ လုံးဝမရှောင်တိမ်းဘဲ တစ်ဖက်လူတိုက်ခိုက်မှုမှာ သူ့အားရွေ့စေဖို့ရန်ပင် မထိုက်တန်သကဲ့သလိုပါပင်။၏

ဘုန်း!

နီကျား၏တိုက်ခိုက်မှုမှာ ဖုန်းထျန်းယွမ်၏ခေါင်းအား အညှာအတာကင်းမဲ့စွာရိုက်ခတ်လျက် နိယာမစွမ်းအားများကိုတုန်ရီလာစေသည်။ သို့သော် ၎င်းမှာ ဖုန်းထျန်းယွမ်အားမည်သည့်ထိခိုက်မှုမှမဖြစ်စေခဲ့ပါချေ!

"ဘာလဲဟ! ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?"

ထိုအခိုက်တွင် နီကျားမှာ လုံးဝပြိုလဲသွားတော့၏။

သူ၏စွမ်းအားမှာ ထိုရှေးဟောင်းပညာရှင်များ သို့မဟုတ် သူတော်စင်တစ်ပိုင်းများထက်များစွာနိမ့်ကျနေသည်။ သို့ရာ၌ ထိုပညာရှင်အားလုံးမှာ သူတော်စင်များ၏ ကိုယ်ပိုင်တပည့်များဖြစ်ကြကာ သူ့ဆရာ၏မျိုးဆက်ဟု အမည်တပ်နိုင်၏။

၎င်းတို့မှာ စွမ်းအားကြီးပါသော်လည်း အနည်းငယ်သာရှိချေ၏။ ထို့အပြင် သူဟာ ၎င်းတို့အားလုံးနီးပါးကိုသိချေ၏!

သူ၏ရှေ့မှောက်ရှိဖြစ်တည်မှုမှာ သူ၏တိုက်ခိုက်မှုအား လုံးဝမလှုပ်ရှားဘဲ ခုခံနိုင်သည်။ သူဟာ အနည်းဆုံး နောက်ဆုံးအဆင့် ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ဖြစ်၏!

၎င်းမှာ နီကျားက ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ပဉ္စမအဆင့်ပင်ဖြစ်၏!

"ကြည့်ရတာ မင်းရဲ့ကျင့်ကြံဆင့်က နှစ်အတော်ကြာ မတိုးတက်ခဲ့ပုံပဲ။ ဒါပေမယ့် မအံ့ဩတော့ပါဘူး။ သူတို့က ငါ့ကိုဒီလိုလုပ်ခဲ့မှတော့ မင်းအတွက်လည်း ပိုကောင်းစရာတော့မရှိဘူးပေါ့။"

ဖုန်းထျန်းယွမ်၏စကားလုံးများမှာ နီကျားအားပိုလို့ပင် အံ့အားသင့်သွားစေ၏။

"မင်း... မင်းကဘယ်သူလဲ?"

ဖုန်းထျန်းယွမ်မှာ လက်အားအနည်းငယ်မြှင့်လိုက်ကာ နိယာမစွမ်းအားတစ်ခုက နီကျားကိုဖိနှိပ်လိုက်ကာ မြေပြင်ထက်၌ တစ်ဖန်ပြန်ရပ်စေလိုက်သည်။

"ငါမင်းကို ငါကမင်းရဲ့ညီအစ်ကို‌ကောင်း စွန်းဝူခုံးလို့ပြောခဲ့တယ်လေ။"

"ဒါဆို စိတ်ဝိဉာဉ်တောင်ကလူက ဘယ်သူလဲ?"

"စိတ်ဝိဉာဉ်တောင်?"

ဖုန်းထျန်းယွမ်၏ မျက်လုံးများက နက်ရှိုင်းကာ ရှုပ်ထွေးနေသည်။

"သူက နားခြောက်ခု မျောက်ပဲ။"

"နားခြောက်ခုမျောက်? သူ့ကိုနားခြောက်ခုမျောက်လို့ပြောပြီး မင်းကစွန်းဝူခုံး‌လို့ပြောတယ်။ မင်းမှာဘာအထောက်အထားရှိလဲ?"

ဖုန်းထျန်းယွမ်မှာ ဖျော့တော့စွာပြုံးလိုက်၏။

"မင်းမပြောနိုင်ဘူးလား? မင်းက နွီဝါးရဲ့စိတ်ဝိဉာဉ်ပုတီးစေ့ဝင်စားသူဖြစ်ပြီး ငါက နွီဝါးလက်ထဲက ကောင်းကင်ကျောက်တုံးရဲ့ဝင်စားမှုပဲလေ။ ငါတို့က မျိုးဆက်တူတူပဲ။ ဘာလို့ အခုပဲ ငါ့ရဲ့အနှစ်သာရဝိဉာဉ်နဲ့ ဆက်သွယ်ဖို့ မကြိုးစားတာလဲ?"

"မင်းအခုသိသွားပြီမလား?"

သူဟာ ပြန်လည်ဝင်စားပြီးပါသော်လည်း သူ၏ဘဝအမှတ်အသားထံတွင် အတိတ်ကအရှိန်အဝါအကြွင်းအကျန်ရှိနေသေးချေ၏။ ၎င်းမှာ ဖုန်းထျန်းယွမ်က သူ့ကိုယ်သူ မသန့်စင်ခဲ့ခြင်းကြောင့်ပင်။ ၎င်းအား သူ့ကိုယ်၏တစ်ထောင့်တစ်နေရာက ချိတ်ပိတ်ထားသည့် မှတ်ဉာဏ်တစ်စဟုပင်မှတ်ယူ‌နိုင်ချေ၏။ ထိုအခိုက်တွင် မှတ်ဉာဏ်က တဖြည်းဖြည်းထွက်လာသလိုပါပင်။

နီကျားမှာ အပြာရောင်လျှပ်စီးကြောင်းအား ခံစားခဲ့ရပုံပေါ်ကာ နောက်နှစ်လမ်းပြန်ဆုတ်သွားသလိုပါပင်။

တကယ်တွင် ဖုန်းထျန်းယွမ် မပြောဘဲနှင့်တောင် သူဟာ တစ်စုံတရာကိုခပ်ရေးရေးခံစားမိလိုက်၏။

ထိုအခိုက်တွင် သူဟာ စွန်းဝူခုံးက အဘယ့်ကြောင့် လူတိုင်းအပေါ်အေးစက်ပြီး သူ၏မျက်စိရှေ့၌ ထျန်းစန်းနှင့်အခြားလူ‌များ‌အသတ်ခံရသည်ကို ထူးမခြားနားကြည့်နေခဲ့ကြောင်းကို သိရှိနားလည်သွားတော့၏။

သူဟာ စွန်းဝူခုံးက အဘယ့်ကြောင့် သူစိမ်းဆန်နေရသည်ကို နားလည်သွားတော့သည်။

ထိုသို့ဖြစ်နေရခြင်းပင်!

သို့သော်... အဘယ့်ကြောင့်နည်း?

ဖုန်းထျန်းယွမ်မှာ နီကျား၏စိတ်ရှုပ်မှုကို သိမြင်ဟန်ဖြင့် စကားဆက်လိုက်၏။

"တကယ်တော့ ဒါကလုံးဝကိုပုံမှန်ပါပဲ။ မင်းနဲ့ငါက သုံးလောကမှာ ငါတို့နာမည်တွေကိုချန်ထားခဲ့ကြတယ်။ မင်းနဲ့ငါက ငါတို့ခေါင်းဆောင်တွေကို လက်မခံဘဲရိုင်းပြတဲ့လူတွေလည်းဖြစ်တယ်လေ။ ငါတို့ငြင်းဆန်ခံလိုက်ရ‌တာကြောင့် ရှင်းပြဖို့က ပိုလွယ်သွားပြီ။"

"ဒါပေမယ့်မင်းက ငါ့ထက် နည်းနည်းလောက်ပိုကံကောင်းတာကြောင့် မင်းအတွက်ကဆရာနဲ့ အဖေရှိနေတုန်းပဲလေ။ ရှင်းရှင်းလင်းလင်းပြောရရင် မင်းကနောက်ခံကောင်းရှိပြီး မင်းအတွက် သက်သောင့်သက်သာဖြစ်ဖို့တောင်းဆိုကြမှာပဲ။ အနည်းဆုံးတော့ မင်းက ပင်လယ်သုံးစင်းနတ်ဘုရားအဖြစ်နေလို့ရသေးတယ်။"

"ငါကတော့ ခေါင်းကခြေဖျားအထိပုစွန်ဆိတ်လေးပါပဲ။ သူတို့ငါ့ကိုသဘောမကျရင် ငါ့ကို အစားထိုးပြီး စွန့်လွှတ်လိုက်လိမ့်မယ်။"

"ငါက အဆင့်နိမ့်လောကမှာဝင်စားတော့ အချိန်များစွာကြာအောင် သုံးလောကကို ပြန်လာနိုင်မယ်လို့မထင်ခဲ့ဘူး။"

နီကျားမှာ လက်သီးများကိုဆုပ်လိုက်၏။

"ငါမယုံသေးဘူး! ငါ့ဆရာက ငါ့ကိုလုံးဝသစ္စာဖောက်မှာမဟုတ်ဘူး! ငါ့ဆရာသစ္စာဖောက်ရင်တောင် ငါ့အဖေကတော့ဘယ်လိုလုပ်မှာလဲ? ငါ့ညီအစ်ကိုတွေကရော? သူတို့သာ ငါ့ကိုတကယ်သစ္စာဖောက်ခဲ့ရင် အခု ငါဘယ်လိုများ လုံခြုံနေရသေးတာလဲ?"

"မင်းတကယ်ကြီး လုံခြုံနေလို့လား? နှစ်များစွာကြာအောင် မင်းတစ်ခုခုကိုမေ့နေတယ်လို့မထင်ဘူးလား? တစ်ခုခုကို သံသယမဖြစ်ဘူးလား?"

"ငါ..."

နီကျားမှာ မည်သည်ကိုမှမပြောလိုဘဲ တုံ့ဆိုင်းနေပါ၏။ ၎င်းမှာ သူသည် တကယ်ကိုပင် တစ်စုံတရာပျောက်ဆုံးသည်ဟု ခံစားနေရသော်လည်း ၎င်းက မည်သည်မှန်းကိုမသိပါချေ!

ဖုန်းထျန်းယွမ်မှာ ပုခုံးတွန့်လိုက်သည်။

"ရပါတယ်။ ငါနဲ့ ရေလွှမ်းလိုဏ်ဂူဆီသာလိုက်ခဲ့၊ မင်းအမှန်တရားကိုသိရလိမ့်မယ်။ ငါမင်းကို လိမ်ညာဖို့မလိုပါဘူး။"

"ကောင်းပြီလေ!"

နီကျားမှာ အံကိုကြိတ်လျက် ဖုန်းထျန်းယွမ်နောက်သို့ လိုက်သွား၏။

နှစ်ဦးသားမှာ ရေလွှမ်းလှိုဏ်ဂူအဝင်ဝသို့ရောက်ပြီးနောက်တွင် စွမ်းအားကြီးအရှိန်အဝါနှစ်ခု ထွက်ပေါ်လာ၏။"

"ဒါတွေက ကောင်းကင်ဘုံတပ်သားတွေလား? ဘာလို့ ကောင်းကင်ဘုံခုံရုံးက ဒီနေရာကို ကောင်းကင်တပ်သားတွေပို့ထားရတာလဲ?"

နီကျား၏အမူအရာမှာ ပို၍ပို၍ ပဟေဠိဖြစ်လာ၏။

"မင်း လွန်ခဲ့တဲ့နှစ်တွေတုန်းက ဟွားကိုးတောင်ကို လုံးဝ မရောက်ခဲ့ဘူးလား?"

နီကျားမှာ ခေါင်းခါလိုက်သည်။

"မင်းကအောင်ပွဲခံဗု‌ဒ္ဓဖြစ်လာပြီလေ။ မင်းအနောက်ဘက်နိဗ္ဗာန်ဘုံမှာ ဗုဒ္ဓကျမ်းစာတွေတစ်နေ့လုံးနားထောင်နေချိန် ငါကဘယ်လိုလုပ် ဒီနေရာကိုလာရမှာလဲ?"

ထို့နောက်သူဟာ စကားဆက်လိုက်သည်။

"ကျောက်စိမ်းဧကရာဇ်က ဒီတစ်ခေါက် ငါ့ကိုလိုက်ရှာဖို့ လူတွေလွှတ်လိုက်တာကို ဒုတိယအစ်ကိုယန်တွေ့သွားတယ်။ သူက ကောင်းကင်တပ်သားတွေအနေနဲ့ ငါတိုရဲ့ခြေရာတွေကိုမရှာတွေ့နိုင်အောင်လုပ်ထားတယ်။"

"ဒါပေါ့၊ အခုက ကျောက်စိမ်းဧကရာဇ်ကို အဲ့အကြောင်းသိခွင့်ပြုထားလို့ကောင်းတဲ့ အချိန်မကျသေးဘူး။"

"သူတို့တွေ ငါ့ကိုဆရာသင်ပေးခဲ့တဲ့ ဟင်းလင်းပြင်ရှင်းလေးရေးလမ်းစဉ်နဲ့ ငါ့ကို ရှာ‌မတွေ့အောင် ဖြတ်သွားခဲ့သင့်တယ်။"

ဖုန်းထျန်းယွမ်မှာ ခေါင်းခါလိုက်၏။

"မင်းကတကယ်တုံးတာပဲ"

ထို့နောက် သူဟာ နီကျား၏ပုခုံးကိုလက်တစ်ဖက်ဖြင့်ကိုင်ကာ ကောင်းကင်တပ်သားတချို့အားဖြတ်ကျော်ရန် ဟင်းလင်းပြင်ရွှေ့ပြောင်းခြင်းအား အသုံးပြုလိုက်၏။

"မြန်လိုက်တာ!"

နီကျားမှာ မနေနိုင်ဘဲ ချီးမွမ်းလိုက်သည်။ ဖုန်းထျန်းယွမ်၏အမြန်နှုန်းမှာ ထိတ်လန့်ဖွယ်ကောင်းအောင်မြန်လှ၏။

ဖုန်းထျန်းယွမ်မှာ ရှင်းပြလိုက်သည်။

"တကယ်တော့ မင်းအခု ကျင့်စဉ်တစ်ခုခုအသုံးပြုလိုက်ရင်တောင် တစ်ဖက်ကိုသတိပေးလိုက်သလိုဖြစ်သွားမယ်။ အကြောင်းက ရှေးဟောင်းနက်နဲမှု ရေမှုတ်အစီအရင်ကို ရေလွှမ်းလှိုဏ်ဂူမှာ ခင်းကျင်းလိုက်ပြီးပြီ။"

"ဘာ? အဓိပတိရှေးဟောင်းအစီအရင်လား? ဒါက ကျောက်စိမ်းဧကရာဇ်ပဲ ခင်းကျင်းနိုင်တာမဟုတ်ဘူးလား?"

"အမှန်ပဲ။ သူပဲလုပ်နိုင်တာ။ သူ့ရဲ့ကျင့်ကြံဆင့်က သူတော်စင်တစ်ပိုင်းအဆင့်ကိုရောက်ပြီးသားဖြစ်တာကြောင့် ဘယ် ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်မှ သူခင်းကျင်းခဲ့တဲ့ အစီအရင်ထဲကိုမဝင်နိုင်ဘူး။ ဒီနေရာမှာက အရမ်းလုံခြုံတယ်။ ဝင်ပြီးသွားရင် ငါတို့‌နှစ်ယောက်လုံး စိုးရိမ်ဖို့မလိုတော့ဘူး။"

နီကျား၏ မျက်လုံးများကျဉ်းမြောင်းသွားသည်။ ဖုန်းထျန်းယွမ်၏ကျင့်ကြံဆင့်မှာ သူ့အားပိုလို့ပင်ကြောက်ရွံ့လာစေ၏။

ယခင်က စွန်းဝူခုံးမှာ သူ့ထက်အနည်းငယ်သာ စွမ်းအားကြီးမားသည်ပင်။

သို့သော် ၎င်းနောက်တွင် တစ်ဖက်လူအား သေမျိုးလောကထဲသို့ ပို့လိုက်ပြီး နှစ်သောင်းချီကြာမှသာ ပြန်ရောက်လာခဲ့၏။ ထို့အပြင် သူဟာ အမြဲတစေကျင့်ကြံနေခဲ့သည်။ မည်သို့ဖြစ်ဖြစ် ဖုန်းထျန်းယွမ်အတွက် ထိုမျှထိ သူ့ထက်ကျော်လွန်နေရန်မှာ မဖြစ်နိုင်ချေ။

ဘာတွေဖြစ်နေတာလဲ?

"မျောက်၊ မင်းအခုကျင့်ကြံဆင့်ဘယ်လောက်ရှိပြီလဲ?'

ဖုန်းထျန်းယွမ်မှာ ပြုံးရုံသာပြုံးလိုက်ပြီး ပြန်မဖြေပါချေ။

"ပိုကောင်းတဲ့တစ်ယောက်ကအမြဲရှိပါတယ်။ ငါ့ရဲ့မထင်မရှားကျင့်ကြံဆင့်လေးက ဘာမှမဟုတ်ပါဘူး။"

သူ၏စကားဆုံးသည်နှင့် သူဟာ ရေလွှမ်းလှိုဏ်ဂူအတွင်းသို့ဝင်ရောက်သွား၏။

နီကျားမှာ ‌သူ့နောက်မှလိုက်ဝင်လာသည်။

ဖုန်းထျန်းယွမ်မှာ ဤနေရာရှိ အရာရာတိုင်းနှင့်ရင်းနှီးနေ၏။ နီကျားမှာလည်း အဆင်ပြေပါသည်။ ပြောရလျှင် သူဟာ ယခင်က ဟွာကိုးတောင်ထက်ရှိ စွန်းဝူခုံးနှင့် တိုက်ပွဲအတွင်းတွင် ဤနေရာသို့ အရူးလိုရောက်ရှိခဲ့သေးသည်။

သို့သော် ဖုန်းထျန်းယွမ်မှာ သူ့အား ယခင်ကမဝင်ရောက်ဖူးခဲ့သည့် လျှို့ဝှက်ခန်းထဲသို့ ခေါ်ဆောင်သွားသည်။

၎င်းက နီကျားအား အတန်ငယ်စူးစမ်းလိုသွားစေသည်။

ထိုလျှို့ဝှက်လှိုဏ်ခေါင်းမှာ အင်မတန်အေးစက်ကာ ကြောက်မက်ဖွယ်အားနှင့်ပြည့်နှက်နေ၏။ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်တစ်ယောက်အနေနှင့်ပင် သူဟာ ဝင်ရောက်ပြီးနောက်၌ အတန်ငယ် မလွယ်ကူသယောင်ခံစားလိုက်ရကာ မထိန်းနိုင်ဘဲ တုန်ယင်သွားပေသည်။ သူဟာ နှစ်များစွာကြာအောင် ထိုသို့မခံစားခဲ့ဖူးချေ။

ဖုန်းထျန်းယွမ်မှာ တစ်ဖက်လူ၏ခံစားချက်အား သတိထားမိဟန်ပေါ်ကာ သူ့အား ၎င်း၏ကိုယ်ပိုင်စွမ်းအားဖြင့် သိမ်းထုပ်လိုက်၏။ တစ်ခဏအတွင်းတွင် နီကျားကိုယ်ထက်ရှိ ကြောက်ရွံ့မှုပျောက်ကွယ်သွားကာ သူ၏လျှာကိုသူ တိတ်တဆိတ် ပြန်စမ်းမိသွားစေ၏။

ထိုမျောက်ဟာ မည်သည့်နေရာ၌ ထိုကောင်းကင်အံတုနေသည့် စွမ်းရည်အားသင်ကြားလာခဲ့ပါသနည်း? သူဟာ ရှင်းရှင်းလင်းလင်းပင် ပြန်လည်ဝင်စားခဲ့ခြင်းဖြစ်သော်လည်း ယခုတွင် သူဟာ ပို၍ပင်သန်မာကာ ယခင်ကထက်ပင် ကောင်းကင်ဘုံကိုအံတုနေပါ၏!

၎င်းမှာ တကယ်ကို ထူးဆန်းသည်!

သို့သော် သူ‌ပဟေဠိဖြစ်နေစဉ်တွင်ပင် ဖုန်းထျန်းယွမ်၏ အသံမှာ ထပ်မံထွက်ပေါ်လာ၏။

"ဒီမှာပဲ"

နီကျားမှာကြောင်အသွားကာ ရှေ့တူရူသို့ကြည့်လိုက်ပါ၏။ တစ်ခဏအတွင်းတွင်ပင် မနေနိုင်ဘဲ တုန်လှုပ်သွား၏။

လှိုဏ်ဂူအတွင်းတွင် ပိန်ခြောက်နေသောမျောက်တစ်ကောင်အား ကျောက်တုံးလမ်းမထက်၌ အမတချိတ်ဆက်အချုပ်အနှောင်ဖြင့် ချုပ်နှောင်ထားချေ၏။ ၎င်း၏ အရိုးများကို ချိတ်ဖြင့် ထိုးဖောက်ထားကာ ၎င်း၏မှော်စွမ်းအားကိုလည်း ချုပ်နှောင်ထား၏။

"ဒါ... ဒါက..."

နီကျားမှာ ထိတ်လန့်သွားကာ ဦးရေပြားများပင် ထုံကျဉ်သွားပြီး ကိုယ်ပေါ်ရှိအမွေးများ တစ်ဆုံးထောင်ထသွားသည်။ ထိုမျောက်မှာမူ မျက်လုံးများအား ဖြည်းညင်းစွာဖွင့်လိုက်ကာ အကြည့်အား ဖုန်းထျန်းယွမ်ထံပို့ပြီး သွားဖြဲပြလိုက်၏။

"ဟီးဟီးဟီးဟီး... မင်းနောက်ဆုံးတော့ရောက်လာပြီ! နှစ်သောင်းချီတောင်ကြာခဲ့ပြီပဲ။ မင်းအပြင်ဘက်မှာ သေသွားပြီထင်နေခဲ့တာ!"

ထို့နောက် သူဟာ နီကျားထံအကြည့်ပို့လိုက်သည်။

"အိုး? နီကျားလေးလည်း ဒီမှာပါလား"

နီကျား၏ကိုယ်မှာ သူ၏ရှေ့ရှိမျောက်က စွန်းဝူခုံးနှင့် ပုံစံတူနေရုံမကဘဲ တစ်ချိန်က သူကြုံဆုံခဲ့ဖူးသည့် စွန်းဝူခုံးနှင့် ပိုတူသောကြောင့် တုန်ရီသွားလေသည်။ ၎င်းတွင် အင်မတန်သိပ်သည်းလှသော နတ်ဆိုးအရှိန်အဝါရှိနေကာ အေးစက်ပြီး ဘဝင်ခိုက်လှ၏။ ၎င်းဟာ အခြားလူများအား လုံးဝဂရုမစိုက်ပါချေ။"

အရေးကြီးဆုံးမှာ သုံးလောကတွင် စွန်းဝူခုံးကသာ သူ့အား နီကျားလေးဟု ခေါ်ဆိုခြင်းကြောင့်ပါပင်။

"စွန်းဝူခုံး? မင်းကစွန်းဝူခုံးလား? ဒါဆိုသူကဘယ်သူလဲ?"

စွန်းဝူခုံးအစစ်အားမြင်ပြီးနောက်တွင် နီကျားမှာ လုံးဝဖရိုဖရဲဖြစ်သွားတော့၏။

တစ်ဖက်လူမှာ ခပ်တိုးတိုးရယ်လိုက်ကာ ဆက်ပြောလိုက်သည်။

"မဟုတ်ဘူး၊ မင်းမှားနေပြီ။ သူက စွန်းဝူခုံးရဲ့ပြန်လည်ဝင်စားသူပဲ၊ ငါကသူ့ရဲ့နတ်ဆိုးခန္ဓာပါ။"

"နတ်ဆိုးခန္ဓာ!"

"အဟုတ်ပဲ။ လောကမှာရှိတဲ့အရာတိုင်းမှာ သူ့ရဲ့ကိုယ်ပိုင်ဆန့်ကျင်ဘက်ဆိုတာရှိတယ်လေ။ ယင်နဲ့ယန်၊ ‌ကောင်းခြင်းနဲ့ ဆိုးခြင်းလိုပေါ့။"

"ငါကသူ့ရဲ့နတ်ဆိုးခန္ဓာပဲ! ပြီးတော့ သူကငါ့ရဲ့မူလကိုယ်ပဲ။"

"ငါသိပြီ။ ဒါပေမယ့် ကျောက်စိမ်းဧကရာဇ်ကသူ့ကိုသတ်လိုက်ပြီးမှတော့ မင်းကိုရော ဘာလို့မဖျက်တီးလိုက်တာလဲ?"

"သူကငါ့ကိုမဖျက်ဆီးနိုင်လို့ပေါ့။ နတ်ဆိုးခန္ဓာပဲဖြစ်ဖြစ် ကောင်းတဲ့ဘက်ပဲဖြစ်ဖြစ် ဒါတွေအားလုံးက ဘဝအမှတ်အသားတွေနဲ့ပေါင်းစပ်ထားတဲ့ ဖြစ်တည်မှုတွေပဲ။ ဘဝအမှတ်အသားက မဟာတာအိုအနှစ်သာရနဲ့သက်ဆိုင်တယ်။ စွမ်းအားနိယာမကိုထိန်းချုပ်နိုင်တဲ့သူတော်စင်တစ်ယောက် ဒါမှမဟုတ်ရင် ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ကသာ ဒါကိုဖျက်ဆီးနိုင်တယ်။ ဟောက်ထျန်းမှာက ဘဝအမှတ်အသားကို တစ်ခုခုလုပ်ဖို့ စွမ်းရည်မရှိဘူးလေ။"

"ဒါပေမယ့်၊ သူက လူတစ်ယောက်ရဲ့နတ်ဆိုးခန္ဓာကို အဲ့ဒီလူရဲ့ မူလကိုယ်ကနေ ခွဲထုတ်ပြီး ဘဝအမှတ်အသားကို ချုပ်နှောင်ထားနိုင်တဲ့ ကျင့်စဉ်တစ်ခုကို ကျင့်ကြံခဲ့တယ်။"

"ရေလွှမ်းလှိုဏ်ဂူကတော့ သူ့ရဲ့မကျေနပ်စရာလက်အောက်ငယ်သားနတ်ဆိုးခန္ဓာတွေကို သိုလှောင်ဖို့ဖြစ်လာခဲ့သေးတယ်။"

"ပြီးတော့ နတ်ဆိုးခန္ဓာကို ချိတ်ပိတ်ချုပ်နှောင်ပြီးနောက်မှာ သူက တစ်ဖက်လူရဲ့ဘဝအမှတ်အသားကိုရသွားလိမ့်မယ်။"

"ဒီလိုနဲ့၊ တစ်ဖက်လူက လွတ်မြောက်ချင်ရင်တောင် သူကအဲ့ဒီလူရဲ့ဘဝအမှတ်အသားကို ထိန်းချုပ်နိုင်တယ်။”

"ဒီလိုနဲ့၊ တစ်ဖက်လူက လွတ်မြောက်ချင်ရင်တောင် သူကအဲ့ဒီလူရဲ့အမှတ်ကိုသုံးပြီး ဘယ်အချိန်မှာဖြစ်ဖြစ် ဖျက်ဆီးပစ်နိုင်တယ်လို့ဆိုတာပဲ!"

"ဒါပေမယ့်၊ နတ်ဆိုးခန္ဓာကိုယ်ကိုချုပ်နှောင်ထားရင် မူလကိုယ်မှာက သစ္စာရှိမှုနဲ့တရားမျှတမှုပဲကျန်တော့တယ်... ဒီလိုအခြေ‌အနေမှာ တစ်ဖက်လူက ပုန်ကန်ဖို့ဘယ်လိုများဖြစ်နိုင်မှာလဲ?"

နီကျားမှာ ၎င်းကိုကြားသော် နှလုံးခုန်သံတစ်ချက်ပင်ချော်သွား၏။

"ငါသိပြီ။ မအံ့ဩတော့ပါဘူး၊ မင်းပြန်လာနိုင်တာကိုမအံ့ဩတော့ဘူး။ ဒါပေမယ့်... ဒါကမဟုတ်ဘူးလေ။ ငါဘာကြောင့် မင်းရဲ့နတ်ဆိုးခန္ဓာက ဒီမှာ ချုပ်နှောင်ခံထားရလဲကို နားလည်ပေမယ့် ဒါက ငါလုပ်ရမှာနဲ့သက်ဆိုင်တာရှိနေလို့လား?"

စွန်းဝူခုံး၏နတ်ဆိုးခန္ဓာမှာ ကောက်ကျစ်စွာပြုံးလိုက်၏။

"ငါ့နောက်မှာ ဘယ်သူရှိလဲကြည့်ကြည့်လိုက်"

နီကျားမှာ အနည်းငယ်ပဟေဠိဖြစ်သွား၏။ သူဟာသူ၏ကိုယ်အား စောင်းလျက် စွန်းဝူခုံးနောက်ဘက်သို့ကြည့်လိုက်သည်။ ထိုအကြည့်မှာ သူ၏‌လောကအမြင်ကိုပင် တမုဟုတ်ချင်းအက်ကွဲသွားစေ၏။

***

All Chapters