အခန်း (၄၃၆-၄၄၀)
Vol. 30 Ch. 436-440
အပိုင်း ၄၃၆ ခင်ဗျားက ရှေးဟောင်းကောင်းကင်အဓိပတိဆိုတော့ရော ဘာဖြစ်လဲ? ကျုပ်ကတော့ အကုန်လုံးကို တစ်ပုံစံတည်းသတ်မှာပဲ!
လုရှောင်ယန်၏ အမိန့်အားရရှိပြီးနောက်တွင် ကျဲကျောင်းတော်၏ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင် ၄ဦးမှာ အတူတကွထွက်ခွာသွားကြတော့၏။
သို့သော် မထွက်ခွာခင်တွင် ခဏမှာ စကားဆက်လိုက်၏။
"ခဏ"
အားလုံးထွက်ခွာခါနီး၌ လုရှောင်ယန်မှာ ၎င်းတို့အားထိုသို့ တားဆီးလိုက်သည်ပင်။ အားလုံးမှာ ပြန်လှည့်ကာ လုရှောင်ယန်အား ရှုပ်ထွေးစွာကြည့်လိုက်ကြ၏။
"ဂိုဏ်းချုပ်?"
လုရှောင်ယန်မှာ ဆက်နွယ်မှုဝိဉာဉ်ရတနာလေးမျိုးအားထုတ်ယူလျက် ၎င်းတို့လေးဦးထံသို့ ပစ်ပေးလိုက်သည်။
"အဲ့ဒီကောင်ရဲ့လက်ထဲမှာ ဇီးဝါရောင်အလံရှိတယ်။ အဲ့ဒါက ပုံတူပွားလေးသာသာဆိုပေမယ့် ဆက်နွယ်မှုမူလရတနာတစ်ခုရဲ့ စွမ်းအား ဆယ်ရာခိုင်နှုန်းလောက်ရှိတယ်။ လေးယောက်တစ်ယောက်တိုက်ရင်တောင် မင်းတို့တွေအနေနဲ့ လက်ဗလာနဲ့တိုက်ဖို့ဆိုရင် အန္တရာယ်များနေတုန်းပဲ။"
၎င်းတို့နှလုံးအိမ်များမှာ တုန်ရီသွားကြကာ မျက်လုံးများမှာလည်း မနေနိုင်ဘဲ ချဉ်စူးသွားကြ၏။
"ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်၊ ဂိုဏ်းချုပ်။ ကျုပ်တို့ ခင်ဗျားကို စိတ်မပျက်စေရပါဘူး!"
လုရှောင်ယန်မှာ ခေါင်းငြိမ့်လိုက်၏။
"သွားတော့"
"သိပါပြီ!"
၎င်းတို့လေးဦးရွေ့သွားပြီးနောက် ချက်ချင်းပင် ထိုကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်နံဘေးသို့ရောက်ရှိသွား၏။
လုရှောင်ယန်၏ ၎င်းတို့နောက်တွင် ထောက်ပံ့ပေးမှုကြောင့် ထိုနယ်မြေသီးခြားအစီအရင်မှာ သဘာဝကျစွာပင် ၎င်းတို့အပေါ်မသက်ရောက်ပါချေ။
လေးဦးသားမှာ ထိုအစီအရင်အတွင်းသို့ လွတ်လပ်စွာပင် သွားလာနိုင်၏!
ထိုလေးဦးမှ တစ်ဖက်လူနံဘေးသို့ရောက်လာသည်နှင့် တစ်ဖက်လူမှာလည်း တစ်ခဏချင်းပင် တစ်စုံတရာကိုအာရုံခံလိုက်မိသည်။
သူ၏အမူအရာမှာ ချက်ချင်းပင် ဆိုးရွားစွာပြောင်းလဲသွားတော့၏။ ထို့နောက်သူ၏ကိုယ်တွင်းရှိ အမတစွမ်းအားကိုလှည့်ပတ်ကာ ဇီးဝါရောင်အလံအား အသုံးပြုလိုက်၏။
"တာအိုရောင်းရင်းတို့၊ ကျုပ်ဒီနေရာကို အမှတ်မထင်ရောက်လာတာပါ၊ ဘာရန်ငြိုးမှလည်းမရှိပါဘူး။ ကျုပ်အထဲမှာ ပိတ်မိနေပြီး ထွက်မရတော့လို့ပါ။ တာအိုရောင်းရင်းတို့ ကျုပ်ကိုနားလည်ပေးပြီး အသက်ကိုချမ်းသာပေးပါ။ ကျွန်တော်တကယ်ကို ကျေးဇူးတင်ပါတယ်!"
ကံမကောင်းစွာဖြင့် အလင်းရောင်လေးခုသာ တောက်ပသွားသည်။
ဘုန်း! ဘုန်း! ဘုန်း!
တစ်ခဏအတွင်းတွင် အလင်းများမှာ တစ်ဖက်လူ၏ကိုယ်ပေါ်သို့ ရိုက်ခတ်သွား၏။ အလံကိုပင်ဖြတ်သန်းလျက် သူဟာ ကူကယ်ရာမဲ့စွာ သွေးတစ်ပွက်အန်လိုက်ပြီး ကိုယ်တွင်းရှိ သွေးများမှာ ကမောက်ကမဖြစ်ကြကုန်၏။
"သူတို့ ဘယ်လောက်တောင် စွမ်းအားကြီးကြတာလဲ?"
သူ၏နှလုံးအိမ်မှာ အကန့်အသတ်ထိ ကဆုန်ပေါက်နေတော့သည်။
သူ၏ပတ်လည်၌ ဝိုင်းရံနေသော အရာမှာ ဇီးဝါရောင်အလံပါပင်!
၎င်းမှာ ရှေးဟောင်းကောင်းကင်အဓိပတိ၏ ထင်ရှားသော ဓမ္မရတနာများထဲမှတစ်ခုပါပင်။ ၎င်းမှာ ပုံတူပွားသာဖြစ်ပါသော်လည်း မူလလက်နက်စွမ်းအား၏ ဆယ်ရာခိုင်နှုန်းရှိချေ၏!
၎င်းအား အထင်သေး၍မရပါချေ!
ထို့အပြင် ရွှေရောင်အောက်ကျွန်း၌ သူတော်စင်အဆင့်လည်း မရှိပါချေ။ တစ်ဖက်လူများမှာ သူ့အား ဘယ်လိုများ အလွယ်တကူ ထိခိုက်စေနိုင်မည်နည်း?
တစ်ခုခုတော့မှားနေပြီပင်!
တိုက်ခိုက်မှု လေးခုနောက်မှ အရှိန်အဝါမှာ ကောင်းကင်အားအံတုနေသည့်အဆင့်ကိုမရောက်သေးပါချေ။ ၎င်းမှာ သူ၏ကိုယ်ပိုင်အဆင့်နှင့် ဆင်တူနေဟန်ပေါ်၏!
သို့သော် ၎င်းတို့၏တိုက်ခိုက်မှုများမှာ ဇီးဝါရောင်အလံ ပုံတူပွားအား ဖျက်ဆီးနိုင်သည့် အခြေအနေထိရောက်ရှိနေပြီဖြစ်၏!
ထိုသည်မှာ ၎င်းတို့၏ ဓမ္မရတနာများကြောင့်ပါပင်!
၎င်းတို့၏ ဓမ္မရတနာများမှာ ကျင့်ကြံဆင့်ကိုပါ တိုးသွားစေ၏!
၎င်းတို့မှာ အနည်းဆုံး ဆက်နွယ်မှုဝိဉာဉ်ရတနာများ ဖြစ်ရမည်!
သေစမ်း၊ သူဟာ အတော်လေးသတိလက်လွတ်ဖြစ်သွားသည်!
သူ၏ဇီးဝါရောင်အလံမှာ မူလလက်နက်စွမ်းအား၏ ဆယ်ရာခိုင်နှုန်းသာရှိ၏။ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များ ထိန်းချုပ်ထားသည့် ဆက်နွယ်မှုဝိဉာဉ်ရတနာများအား ရင်ဆိုင်နေရခြင်းမှာ သူ၏အမြင်ပိတ်ဆို့ခံထားရခြင်းနှင့်ဆိုပါလျှင် တစ်ဖက်၏တိုက်ခိုက်မှုအား ခုခံရန် အကူအညီမဲ့နေချေ၏။ သူဟာ သည်းခံရင်းသာ ကာကွယ်နေခဲ့၏။ သူပျက်စီးတော့မှာမဟုတ်ဘူးလား?
ပြေး!
မည်သို့သော အတွေးမှမတွေးတော့ဘဲနှင့် သူဟာ လာရာလမ်းကို ချက်ချင်းပြန်တော့၏။
သူ၏အရှိန်မှာ အင်မတန်မြန်လှကာ ထိတ်လန့်ဖွယ်ပင်။ တစ်ခဏအတွင်းတွင် အကာအရံရှေ့သို့ရောက်ရှိသွား၏။
"သူ့ကိုအလွတ်မပေးနဲ့!"
ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်လေးဦးမှာ တစ်ဖက်လူအား တစ်ခဏအတွင်း၌ပင် မှီသွားခဲ့၏။ တစ်ဖက်လူမှ ဇီးဝါရောင်အလံအား အသက်သွင်းကာ ရွှေရောင်အောက်ကျွန်းရှိ အကာအရံထက်၌ အပေါက်ကြီးကြီးမဖောက်နိုင်ခင်တွင် ၎င်းတို့မှာ ထက်မြသော တိုက်ခိုက်မှုများအား ထုတ်ဖော်ကာ ထိုလူအား တိုက်ခိုက်လိုက်ကြသည်။
ဘန်း!
ရိုက်ချက်ကြီးမှာ တစ်ဖက်လူအား ရွှေရောင်အလင်းအကာအရံထိပ်ဖျားအထိ လွင့်ထွက်သွားစေသည်။ သူဟာ ကျောက်တုံးအား ကြက်ဥဖြင့်ပေါက်နေသကဲ့သို့ပင်။ အနောက်ဘက်မှ တိုက်ခိုက်မှုနှင့်ပါဆိုလျှင် သူ၏ အမတကိုယ်တစ်ခုလုံးမှာ အသားပြားဖြစ်သွားတော့မလိုပင် ခံစားနေရ၏။
သေခြင်းရောင်ဝါနှင့် နီးကပ်လာသည်ကို အာရုံခံမိရင်း သူဟာ ကြောက်ရွံ့မှုကြောင့် အလျင်စလိုပြောလိုက်၏။
"ရပ်လိုက်! ရပ်လိုက်! ကျုပ်က ချန်ကျောင်းတော်သားပဲ! ကျုပ်က ကောင်းကင်အဓိပတိရဲ့ တပည့်ပဲ! ကျုပ်ကိုသာ အနာတရဖြစ်အောင်လုပ်ရဲရင် ကောင်းကင်အဓိပတိက ခင်ဗျားတို့ကို အလွတ်ပေးမှာမဟုတ်ဘူး!"
ထိုစကားလုံးများက အားလုံးကို ကြောင်အသွားစေကာ တစ်ခဏမျှ ရပ်တန့်သွားစေ၏။
ထိုသည်ကို အခွင့်ကောင်းယူကာ တစ်ဖက်လူ၏မျက်လုံးများမှာ ချက်ချင်းပင် အရောင်ပြောင်းလျက် နှာမှုတ်လိုက်၏။
"အမှန်တိုင်းပြောရရင်တော့ ကျုပ်က ဒီကို ရှေးဟောင်းကောင်းကင်အဓိပတိရဲ့ အမိန့်နဲ့ လာခဲ့တာပဲ! မင်းတို့ ကျဲကျောင်းတော်ရဲ့ လက်ကျန်လေးတွေ မြန်မြန်ဒူးထောက်ကြ! မင်းတို့သာ ခုခံပြီး ကောင်းကင်အဓိပတိရဲ့ဒေါသကိုဆွရဲရင် မင်းတို့ဘယ်သူမှ အသက်မရှင်နိုင်ဘူးနော်။"
သူ၏စကားဆုံးသည်နှင့် ရွှေရောင်အလင်းတစ်ခု ပျံထွက်လာ၏။ သူဟာ မတုံ့ပြန်လိုက်နိုင်ခင်မှာပင် ၎င်းက သူ၏နှဖူးအား ဖောက်ခွင်းသွား၏။
"မဖြစ်ဘူး!"
ကမ္ဘာတုန်လှုပ်လောက်သည့် အော်သံနှင့်အတူ သူဟာ သူတော်စင်ထုံးထျန်းခင်းကျင်းထားခဲ့သည့် အစီရင်မျက်နှာပြင်နှင့် ရိုက်ခတ်သွားတော့၏။
ထိုအခိုက်၌ မြင်ကွင်းတစ်ခုလုံးမှာ တိတ်ဆိတ်သွားသည်!
အားလုံးမှာ ၎င်းအား မယုံကြည်နိုင်ဖွယ်ကြည့်လိုက်ကြ၏။
ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်မှာ တိုက်ကွက်တစ်ခုလေးနှင့်ပင် သေအောင် ရိုက်ခံလိုက်ရ၏!
သို့သော် အသုံးပြုခဲ့သည့်ဓားမှာမူ ဆက်နွယ်မှာမူလရတနာပင်ဖြစ်သည်!
ရွှေရောင်အောက်ကျွန်းတစ်ခုလုံးတွင် ဆက်နွယ်မှုမူလရတနာရှိသူမှာ တစ်ဦးတည်းသာရှိ၏။
အားလုံးမှာ လုရှောင်ယန်အား တစ်ညီတည်းကြည့်လိုက်ကြသည်။
တကယ်ကိုပင် လုရှောင်ယန်မှာ လက်တွင်းရှိ နေမင်းဖြိုခွင်းနတ်လေးကိုင်းအား ချလိုက်ကာစဖြစ်၏!
ထိုအချိန်၌ အားလုံးမှာ ထိတ်လန့်ကာ ကြောင်သွားကြသည်။
အကြောင်းမှာ လုရှောင်ယန်က လူထုထံသို့ သူဟာ ကောင်းကင်အမတအရှင်ဟုသာ ချပြထားခဲ့ခြင်းဖြစ်သောကြောင့်ပင်။ ထိုအခိုက်၌ သူဟာ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ကို သတ်လိုက်၏။ ဒါကဘယ်လောက်တောင် ကောင်းကင်ကို အံတုနေလိုက်သလဲ?
သို့သော် အားလုံးမှာ လုရှောင်ယန်၏လက်တွင်းရှိ နေမင်းဖြိုခွင်းနတ်လေးကိုင်းမှာ သာမန်လက်နက်မဟုတ်ကြောင်းတွေ့ရှိသွားသည်။ ထိုအစား ဆက်နွယ်မှုမူလရတနာဖြစ်၏!
သူပစ်လွှတ်ခဲ့သောဓားမှာလည်း သာမန်ဓားမဟုတ်ပါချေ။ ၎င်းမှာလည်း ဆက်နွယ်မှုမူလရတနာဖြစ်၏!
နေမင်းဖြိုခွင်းနတ်လေးကိုင်းမှာ ကိုင်ဆောင်သူ၏ အတိုက်အခိုက်စွမ်းအားကို တိုးမြှင့်ပေးနိုင်သည်။
သူဟာ ဆက်နွယ်မှုမူလရတနာနှစ်ခုစလုံးအား တစ်ပြိုင်နက်တည်း သုံးလိုက်သည်ပင်။ တစ်ဖက်လူ၏သတိလက်လွတ်ဖြစ်နေကာ အကာအကွယ်မဲ့နေခြင်းနှင့်ပါဆိုလျှင် သူဟာ ထိုလူအား အောင်အောင်မြင်မြင်သတ်လိုက်နိုင်တော့၏။
ထိုသို့တွေးရာ ၎င်းမှာ အတန်ငယ်ကျိုးကြောင်းသင့်လျော်ပါချေသည်။ သို့သော် ၎င်းကလည်း အားလုံးကို အံ့အားသင့်စေဆဲပင်။
သူဟာ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အား သတ်ရန် နည်းလမ်းတချို့သုံးပါသော်လည်း ၎င်းမှာ သူက ကောင်းကင်အမတဆိုသည့်အချက်အား မပြောင်းလဲစေပါချေ! သူဟာ သူ့ထက် အဆင့်ပိုမြင့်သူအား သတ်လိုက်သည်!
ပြောရလျှင် သူ၏ထိုလက်နက်များအားပိုင်ဆိုင်ခြင်းကိုလည်း သူ၏စွမ်းအား တစ်စိတ်တစ်ပိုင်းဟုဆိုနိုင်၏။
တကယ်တမ်းမှာ လုရှောင်ယန်၏ ကျင့်ကြံဆင့်နှင့်ဆိုလျှင် အဆင့်ပိုမြင့်သူအား တိုက်ခိုက်ရန်မှာ ပြဿနာကြီးတစ်ရပ်မဟုတ်ပါချေ။
နေမင်းဖြိုခွင်းနတ်လေးကိုင်း မရှိလျှင်တောင် သူဟာ တစ်ဖက်လူအားသတ်ရန် ယုံကြည်ချက်ရှိပါ၏။
သို့သော် ထိုသို့ဆိုလျှင် သူ၏ကျင့်ကြံဆင့်အား ထုတ်ဖော်ခံလိုက်ရပေတော့မည်။
ထိုအစား သူ့အတွက် ဓမ္မရတနာများများယူလာကာ ကျင့်ကြံဆင့်တိုးလာခြင်းအား ဖုံးကွယ်သည်က ပိုကောင်းသည်။
နောက်ထပ်တစ်နှစ်လောက်တွင် သူဟာ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်သို့ရောက်ရှိရန် အသေအချာကို ယုံကြည်ပါ၏။
ထိုအချိန်တွင် ရွှေရောင်အောက်ကျွန်းရှိ မည်သူကမှ သူ၏ပြိုင်ဘက်မဟုတ်တော့ချေ။
လုရှောင်ယန်မှာ သူ၏လေးကိုင်းအား ခပ်ဖြည်းဖြည်းရုတ်သိမ်းလျက် အေးစက်စွာပြောလိုက်သည်။
"ဒီနေ့ကစပြီး တစ်ဖက်လူကို ဘယ်သူပဲပို့လိုက်သည်ဖြစ်စေ တစ်ဖက်က ဘာလုပ်နေသည်ပဲဖြစ်စေ သူတို့အနေနဲ့ ကျုပ်တို့ရဲ့ ရွှေရောင်အောက်ကျွန်းဆီကို အကြမ်းဖက်ဖို့ ခြေလှမ်းဝံ့တာနဲ့ ညှာတာမှုမရှိဘဲ အသတ်ခံရမယ်!"
"ရွှေရောင်အောက်ကျွန်းရဲ့ တပည့်တိုင်းက ဒီအမိန့်ကို နာခံဖို့လိုတယ်!"
အားလုံး၏ နှလုံးအိမ်များမှာ သူရဲကောင်းဆန်ဆန်ခံစားချက် တဟုန်ထိုးတက်လာသကဲ့သို့ တုန်ရီသွားကြ၏။
နှစ်မည်မျှကြာပြီနည်း?
နတ်ဘုရားချိပ်ပိတ်အတိဒုက္ခဖြစ်ချိန်တည်းက ၎င်းတို့၏ရွှေရောင်အောက်ကျွန်းမှာ အခြားလူများ၏ သနားစာနာခြင်းကိုသာ ခံခဲ့ရ၏။ ၎င်းတို့အား ကျွန်ခွေးအုပ်စုကဲ့သို့လည်း အနိုင်ကျင့်စော်ကားခဲ့ကြသည်!
သို့ရာတွင် ယနေ့၌ ၎င်းတို့မှာ ရွှေရောင်အောက်ကျွန်းက ထပ်မံ မြင့်တက်လာတော့မည်ဟု ပြောဝံ့နေပြီပင်!
၎င်းတို့ကိုယ်တွင်းရှိ သွေးပူများမှာ ဆူပွက်လာ၏။
တိုက်ပွဲအငွေ့အသက်မှာ ၎င်းတို့၏နှလုံးအိမ်များ၌ ပျံ့နှံ့သွား၏!
"ဆန္ဒအတိုင်းပါပဲ၊ ဂိုဏ်းချုပ်! ကျုပ်တို့အားလုံး ရွှေရောင်အောက်ကျွန်းကို စော်ကားရဲသူမှန်သမျှကို သတ်ပစ်ပါမယ်!"
လုရှောင်ယန်မှာ ခေါင်းငြိမ့်လိုက်၏။
"သွားပြီး ကျင့်ကြံကြတော့။ ခင်ဗျားတို့ရဲ့ ကျင့်ကြံနှုန်းကို မြှင့်တင်ကြပါ။ ဒီနေ့ကစပြီး ကျုပ်ခင်ဗျားတို့ကို ကျင့်ကြံခြင်းနည်းလမ်းသစ်တစ်ခုပေးမယ်! ဒါက ခင်ဗျားတို့ရဲ့ ကျင့်ကြံနှုန်းကို အဆပေါင်းဒါဇင်ချီတိုးလာစေလိမ့်မယ်။"
အားလုံး၏နှလုံးအိမ်များမှာ ထပ်မံကာတုန်ရီလာကြ၏။ ၎င်းတို့မှာ မျက်လုံးများပြူးကာ စိတ်ပင်မကူးနိုင်သည့် တစ်စုံတရာအားမြင်တွေ့လိုက်သကဲ့သို့ လုရှောင်ယန်အား သေသေချာချာစိုက်ကြလိုက်သည်။
"ဂိုဏ်း... ဂိုဏ်းချုပ်၊ ဘာပြောလိုက်တယ်? ခင်ဗျားက ကျုပ်တို့ရဲ့ ကျင့်ကြံနှုန်းကို အဆပေါင်းဒါဇင်ချီ တိုးမြှင့်ပေးနိုင်တယ်တဲ့လား?"
လုရှောင်ယန်မှာ ခေါင်းငြိမ့်လိုက်၏။
ယခင်က သူဟာ ရွှေရောင်အောက်ကျွန်း၏တပည့်များ အလျင်အမြန်တိုးတက်လာကြကာ သူပင် မတုံ့ပြန်နိုင်ခင်၌ အတိုင်းအဆမဲ့ စွမ်းအားကြီးလာမည်ကိုစိုးရိမ်ခဲ့သောကြောင့် ၎င်းတို့အတွက် မဟာတာအိုမွေးဖွားခြင်းအား အသက်မသွင်းရသေးချေ။
ထိုသို့ဆိုလျှင် ၎င်းတို့အား ထိန်းချုပ်ရန် မလွယ်ကူပါချေ။
သို့ရာတွင် ယခု၌ ထိုပြဿနာအား စိုးရိမ်ဖို့ မလိုတော့ပါချေ!
၎င်းမှာ သူဟာ ထိုက်ယိရွှေရောင်အမတအရှင်အဆင့်သို့ ရောက်ရှိသွားခြင်းကြောင့်ပါပင်။ ထို့ကြောင့် သူ့ထက်အဆင့်မြင့်သူကို တိုက်ခိုက်ရန် ပြဿနာမရှိတော့ချေ!
သို့သော် နောက်ထပ် ပို၍အရေးကြီးသည့် ကိစ္စရပ်ရှိနေသေးချေ၏။ ယခုတွင် ရှေးဟောင်းကောင်းကင်အဓိပတိမှာ ဤနေရာသို့ လူများပင် လွှတ်နေချေလေပြီ။ ၎င်းမှာ သံသယဝင်စရာမလိုလောက်အောင်ပင် လုရှောင်ယန်အတွက် သတိပေးခေါင်းလောင်းသံဖြစ်၏။
မတိုင်ခင်က သူဟာ ကျောင်းအုပ်ထုံးထျန်း၏ ကာကွယ်မှုနှင့် ဆယ်နှစ်လုံးဆက်တိုက် ကျင့်ကြံနိုင်မည်ဟု ခံစားခဲ့ရသည်။
ထို့ကြောင့် သူ၏မူလအစီအစဉ်မှာ ကျဲကျောင်းတော်တပည့်များအတွက် မဟာတာအိုမွေးဖွားခြင်းအား မဖွင့်လှစ်ခင်တွင် သူကိုယ်တိုင် ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်သို့ ရောက်သည်အထိ စောင့်ဆိုင်းဖို့ဖြစ်၏။
သို့ရာ၌ ယခုတွင် သူဟာ ဆယ်နှစ်လုံးလုံး ငြိမ်းငြိမ်းချမ်းချမ်း မလေ့ကျင့်နိုင်လောက်တော့ဟု ခပ်ရေးရေးခံစားနေရသည်။
ရှေးဟောင်းကောင်းကင်အဓိပတိမှာ လှည့်ကွက်များနှင့် လာကစားမည်ကိုရှောင်ရှားရန် လုရှောင်ယန်မှာ အားလုံးကျင့်ကြံဆင့်အား အရှိန်မြှင့်ရန်မှလွဲ၍ ရွေးစရာမရှိတော့ချေ။
ခရမ်းသွေးတိမ်တိုက်နန်းတော်တွင် ကျောင်းအုပ်ထုံးထျန်းမှာ စစ်ကြေငြာခြင်းကိုကြားလိုက်သော် အံ့အားသင့်ကာ ရယ်မောလိုက်၏။
"ဟားဟားဟား... စိတ်ဝင်စားစရာပဲ! တကယ်ကို စိတ်ဝင်စားစရာပဲ! ဒီကောင်စုတ်လေးက ငါပျိုးထောင်ခဲ့တဲ့ ရွေးချယ်ခံဖြစ်ဖို့တကယ်ကိုထိုက်တန်ပါတယ်။ သူက နတ်ဘုရားဖခင်ကြီးရဲ့ သွေးနဲ့အရိုးကနေ ဖြစ်တည်လာတဲ့ သက်ရှိဖြစ်ဖို့ ထိုက်တန်ပါတယ်!
"ဒီသတ္တိက ကောင်းကင်ကို ထိုးဖောက်ဖို့တောင် လုံလောက်နေပြီ!"
"မင်းမှာ ဒီလိုရည်မှန်းချက်ရှိနေမှတော့ ငါ ကူညီရမှာပေါ့!"
"ကြည့်ရတာ ငါ အဲ့ဒီရှေးဟောင်းခွေးအိုကြီးနဲ့ ပြောသင့်ပြီထင်တယ်။"
ရွှေရောင်အောက်ကျွန်းတွင် လုရှောင်ယန်မှာ တပည့်များအား ကျင့်ကြံရန်စီစဉ်ပေးပြီးနောင် ချက်ချင်းပင် ဇီးဝါရောင်အလံအား ထုတ်ယူလိုက်၏။
သူဟာ မနေနိုင်ဘဲ မျက်မှောင်ကျုံ့လိုက်မိသည်။
ထိုဇီးဝါရောင်အလံမှာ ရှေးဟောင်းကောင်းကင်အဓိပတိ၏ ပိုင်ဆိုင်မှုပင်။ သူ့အနေနဲ့ ၎င်းအား သန့်စင်ရန် လုံးဝမဖြစ်နိုင်ပါချေ။ သူ၏လက်ရှိကျင့်ကြံဆင့်မှာ ထိုအဆင့်သို့ မရောက်သေးပါချေ!
သူ၏ လက်နက်သန့်စင်ရာ၌ ကျွမ်းကျင်မှုများမှာ အင်မတန်အားကောင်းလှပြီး သူ့ထံ၌ပုံစံတူ ဇီးဝါရောင်အလံအား ထုတ်နိုင်စွမ်း ရှိနေပါလျှင် ထိုအချိန်တိုလေးအတွင်း၌ ထည့်သွင်းရမည့် သတ္တုများအား ရှာနိုင်လိမ့်မည်မဟုတ်ချေ။
သို့သော် ရှေးဟောင်းကောင်းကင်အဓိပတိမှာ သူ့အား ကိုယ်ပိုင်အဖြစ်သိမ်းရန် သေချာပေါက် ခွင့်ပြုလိမ့်မည်မဟုတ်။ ထိုသို့ဆိုလျှင် သူကိုယ်တိုင်ကိုယ်ကျလာရောက်ပါက ဒုက္ခများမည်ဖြစ်၏။
ထုံးထျန်း၏အကာအရံမှာ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ရန်မှ ကာကွယ်နိုင်သော်လည်း အဆင့်တူ သူတော်စင်တစ်ပါးအား ဆန့်ကျင်ရာ၌ အသုံးဝင်မည်မဟုတ်ပါချေ။
"ဝမ့်ခိုက်!"
သူဟာ ဝမ့်ခိုက်အား ဆင့်ခေါ်လိုက်၏။
[လာနေပါပြီ၊ လာနေပါပြီ၊ သခင် ကျွန်တော်ကဒီမှာပါ]
"ဒီဇီးဝါရောင်အလံကိုကြည့်ပါဦး။ မင်းပုံစံတူတစ်ခုလုပ်နိုင်လား?"
[ကြည့်ပါရစေဦး]
ဝမ့်ခိုက်မှာ တစ်ချက်ကြည့်,ကြည့်လိုက်၏။
[ဒါပေါ့၊ ပြဿနာမရှိပါဘူး!]
"ငါမင်းကို ပုံစံတူတစ်ခုလောက်လုပ်ပေးစေချင်တယ်။ ဒါပေါ့ မင်း အဆင်ပြေတာလေးတွေထပ်ထည့်ပေးမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ မင်း နားလည်တယ်မလား?"
[မပူပါနဲ့၊ သခင်ရယ်။ ကျွန်တော်နားလည်ပါတယ်]
ဝမ့်ခိုက်မှာ အလျင်အမြန်ပင် ပုံစံတူဇီးဝါရောင်အလံအား လုရှောင်ယန်အတွက် ဖန်တီးပေးလိုက်၏။ ထို့နောက်တွင် သူဟာ လုရှောင်ယန်အား လက်ဆောင်ထုပ် သဏ္ဍာန်ပြောင်းကာ ပေးလိုက်၏။
ထို ဇီးဝါရောင်အလံသစ်အား ရရှိပြီးနောက်တွင် လုရှောင်ယန်၏ နှုတ်ခမ်းထောင့်များကွေးတက်သွား၏။
ထိုဇီးဝါရောင်အလံမှာ ရှေးဟောင်းကောင်းကင်အဓိပတိ၏အလံနှင့် ပုံစံတူသည်။ သို့သော် ခြားနားချက်တစ်ခုရှိသေးသည်မှာ ထိုအလံကာ သူ၏စကားကိုသာ နားထောင်၏!
ရှေးဟောင်းကောင်းကင်အဓိပတိမှာ ၎င်းအား ယူဆောင်ကာ ပေါင်းစပ်လိုက်ပြီးနောက်တွင် တစ်ဖက်လူနှင့် အနာဂတ်တွင် တိုက်ခိုက်ချိန်၌ အရူးလုပ်နိုင်ပေသည်။ လုရှောင်ယန်မှာ ရှေးဟောင်းကောင်းကင်အဓိပတိက သူ့အားရှာတွေ့သွားမည်ကိုမကြောက်ရွံ့ပါချေ။
ဝမ့်ခိုက်၏ အတိုက်အခိုက်စွမ်းအားမှာ မကောင်းပါသော်လည်း ဝမ့်ခိုက်၏ ပစ္စည်းများအား ဖန်တီးနိုင်စွမ်းမှာ ထိပ်တန်းဖြစ်၏!
ဘိုးဘေးဟုန်ကျွင်းသည်ပင် ဝမ့်ခိုက်၏ပြိုင်ဘက်မဟုတ်ပါချေ။ ရှေးဟောင်းကောင်းကင် အဓိပတိမှာ တစ်ခုခုမှားယွင်းနေသည်ကို ရှာတွေ့မည်အား ကြောက်ရွံ့နေ၏။
အပြုံးတစ်ခုနှင့် လုရှောင်ယန်မှာ လက်တွင်းရှိ ဇီးဝါရောင်အလံအား ပစ်လွှတ်လိုက်သည်။
ထိုအလံမှာ အဝါရောင်အလင်းအသွင်သို့ အလိုအလျောက်ပြောင်းလဲသွားကာ ထွက်သွားတော့၏။
ထိုအလံအစစ်၏ရင်းမြစ်ကိုမူ ဝမ့်ခိုက်က ဝါးမြိုလိုက်ကာ နေရာတွင်ပင် သတ္တုများအဖြစ် သန့်စင်လိုက်၏။ ၎င်းအား အခြားသော ဆက်နွယ်မှုမူလရတနာများအဖြစ်အသုံးပြုနိုင်သည်။
ထိုအလံ ထွက်သွားသည်ကိုမြင်သော် လုရှောင်ယန်မှာ လက်ခုက်တီးလိုက်၏။
"ဟီးဟီးဟီး၊ ရှေးဟောင်းခွေးအိုကြီး၊ ကျုပ်ကို ဒါအတွက်အပြစ်တင်လို့မရဘူး။ ခင်ဗျားကသာ တပည့်တွေအပေါ်ယုတ်မာပြီး ပြဿနာလာရှာနေတာပဲ။ ခင်ဗျား အနာဂတ်မှာတော့ နာခံဖို့မျှော်လင့်တယ်။ မဟုတ်ရင်..."
တစ်ဘက်၌ ခရမ်းသွေးတိမ်တိုက်နန်းတော်တွင် ထုံးထျန်းမှာ ရှေးဟောင်းကောင်းကင်အဓိပတိအား ကန်ထုတ်ခဲ့ပေ၏!
"ရှေးဟောင်းခွေးအိုကြီး ဒီကနေသွားတော့!"
ရှေးဟောင်းကောင်းကင်အဓိပတိမှ သူနောက်ဆုံးလာပြီးကတည်းက မထွက်လာတော့တာပင်။
သူဟာတံခါးပိတ်ကျင့်ကြံနေချိန်တွင် ထုံထျန်းမှ တံခါးကိုကန်ဖွင့်လိုက်၏။ သူဟာ အင်မတန်ဒေါသထွက်နခြင်းကြောင့် အော်ဟစ်လိုက်သည်။
"ထုံးထျန်းမင်းဘာလုပ်နေတာလဲ။"
သို့သော် တုန့်ပြန်လာသည်မှာ ပြင်းထန်သည့်တိုက်ခိုက်မှုပါပင်။
ဘုန်း!
ထိုအခိုက်၌ စွမ်းအားနိယာမများမှာသိပ်သည်းလှကာ ကောင်းကင်အား ဖောက်ခွင်းသွား၏။ မည်သည့် ခုခံမှုမှ မရှိသည်အား ပြသသည့်အနေနှင့် ၎င်းမှာ ရှေးဟောင်းကောင်းကင်အဓိပတိ၏ကိုယ်သို့ ခပ်ပြင်းပြင်းရိုက်ခတ်သွား၏။
ခပ်ပြင်းပြင်းပေါက်ကွဲမှုနှင့်အတူ ရှေးဟောင်းကောင်းကင်အဓိပတိ၏ကိုယ်မှာ ချက်ချင်းပင် လွင့်ထွက်သွားကာ နံရံအား ထိုးဖောက်သွား၏။
၎င်းမှာ ခရမ်းသွေးတိမ်တိုက်နန်းတော်ဖြစ်ကာ ဆက်နွယ်မှုဝိဉာဉ်ရတနာ ဖြစ်နေသည့်အချက်ကြောင့်သာမဟုတ်ပါလျှင် သူဟာ သေချာပေါက် ပျက်စီးရပေလိမ့်မည်!
တစ်ခဏအကြာ၌ ရှေးဟောင်းကောင်းကင်အဓိပတိမှာ တစ်ဖန် ပြန်လည် ကြုံးဝါးလိုက်သည်။
"ထုံးထျန်း! မင်း ခွေးရူး! မင်းက သေချင်နေတယ်ထင်တယ်!"
"မင်းကသာ သေချင်နေတာကွ!"
ထုံထျန်း၏အမူအရာမှာ အေးစက်နေ၏။ ရှေးဟောင်းကောင်းကင်အဓိပတိမှာ စွမ်းအားမထုတ်ဖော်နိုင်ခင်၌ ထုံထျန်းက ၎င်း၏ ရှေ့မှောက်သို့ ရောက်နှင့်နေပြီးသားပင်။
နောက်ထပ်ထိုးချက်တစ်ခု ထွက်လာကာ ရှေးဟောင်းကောင်းကင်အဓိပတိ၏ လက်ကောက်ဝတ်ပေါ်သို့ သက်ဆင်းသွား၏။
ဘန်း!
ထိုပြင်းထန်သောပေါက်ကွဲမှုမှာ ရှေးဟောင်းကောင်းကင်အဓိပတိအား အော်ဟစ်သွားစေသည်။ သူ၏လက်တစ်ဝက်မှာ ပြတ်ထွက်သွား၏!
ထို့နောက်တွင် ထုံးထျန်းမှာ သူ၏ရင်ဘတ်အား ကန်လျက် ချက်ချင်း လဲပြိုသွားစေသည်မှာ သွေးတစ်လုပ်ပင် အန်သည်အထိပင်။
သူမထနိုင်ခင်၌ ထုံးထျန်းမှာ သူ၏မျက်နှာထက်သို့ နင်းချလိုက်ပြန်၏။ ထိုအခိုက်တွင် သူ၏အရှိန်အဝါမှာ တိုးထွက်လာသည်။
သူတော်စင် ပထမအဆင့်!
သူတော်စင် ဒုတိယအဆင့်!
တတိယအဆင့်၊ စတုတ္ထအဆင့်၊ ပဉ္စမအဆင့်... ဆဌမအဆင့်အထိတိုင်ပင်။
ထိုအခိုက်၌ သူ၏ကျင့်ကြံဆင့်မှာ ရှေးဟောင်းကောင်းကင်အဓိပတိ၏ အဆင့်တစ်ဆင့်လုံးထက် ကျော်လွန်သွားပါ၏!
၎င်းမှာ သူတော်စင်နှစ်ဦးကြားက အဆင့်တစ်ဆင့်လေးခြားနားရုံဖြစ်ပါသော်လည်း သိသာထင်ရှားလှဆဲပါပင်!
ရှေးဟောင်းကောင်းကင်အဓိပတိ၏ အမူအရာမှာ ဆိုးဆိုးရွားရွားပြောင်းလဲသွား၏။
"မင်းဘယ်တုန်းက သူတော်စင်ဆဌမအဆင့်ဖြစ်သွားတာလဲ? ဘယ်တုန်းကလဲ?"
ထုံးထျန်းမှာ နှာမှုတ်လိုက်သည်။
"ငါဘယ်တုန်းက သူတော်စင်ဆဌမအဆင့်ကိုရောက်တယ်ဆိုတာ မင်းကို ဘာကြောင့် ရှင်းပြဖို့လိုရမှာလဲ?"
"နှစ်များစွာကြာအောင် မင်းငါ့ကိုနှိပ်စက်ပြီး ငါတို့ကြားက အကွာအဝေးကိုနီးစပ်ဖို့ ကြိုးစားခဲ့တာပဲ။"
"ဒီအတွက်၊ မင်း ငါ့ရဲ့ကျဲကျောင်းတော်ကို ဖိနှိပ်ခဲ့ပြီး ချန်ကျောင်းတော်ကို တိုးတက်စေခဲ့တယ်။ ယုံကြည်မှုစွမ်းအား အများအပြားရဲ့ အကူအညီနဲ့ မင်းတကယ်ကိုပဲ သူတော်စင်ပဉ္ဓမအဆင့်ကိုရောက်နေတာပဲ။"
"ကံမကောင်းချင်တော့ ကောင်းကင်တာအိုမှာ သူ့ရဲ့ ကိုယ်ပိုင် စည်းမျည်းရှိတယ်လေ!
"ငါက သူတော်စင်ဆဌမအဆင့်ကို ရောက်ပြီးပြီကွ!"
"မင်းက ငါ့ဆီကနေ ချနင်းခံရဖို့ ကံပါလာတုန်းပဲ!"
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၃၀။ အပိုင်း ၄၃၇ တစ်နှစ်ပြီးတစ်နှစ်၊ အမည်မဲ့ဂိုဏ်း အမတထကြွခြင်း
ကျောင်းအုပ်ထုံးထျန်းမှာ ခပ်ဖြည်းဖြည်းဆောင့်ကြောင့်ထိုင်လိုက်ကာ သူ၏ ခြေထောက်အောက်မှရှေးဟောင်းကောင်းကင်အဓိပတိ၏ခေါင်းအား ပုတ်လျက် နှာမှုတ်လိုက်သည်။
"ဟုတ်ပြီ၊ ငါ့ရဲ့ ကျဲကျောင်းတော်က အရင်ကလိုမဟုတ်တော့ဘူးဆိုတာ အမှန်ပဲ။"
"ဘယ်လိုပဲဖြစ်ဖြစ်!"
"ငါရှိနေသရွေ့ ကျဲကျောင်းတော်က ဘယ်တော့မှ ပျက်စီးမှာမဟုတ်ဘူး!"
"မင်း ရွှေရောင်အောက်ကျွန်းကို ထပ်ပြီးရှုပ်ရဲမယ်ဆိုရင် ငါက ခရမ်းသွေးတိမ်တိုက်နန်းတော်ကို ဖောက်ပြီး မင်းရဲ့ချန်ကျောင်းတော်က ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ကို သတ်ဖို့ ဝန်မလေးဘူး!"
"ငါ့ရဲ့ရွှေရောင်အောက်ကျွန်းမှာ အခုဆို တပည့်နည်းနည်းလေးပဲရှိပြီး မင်းရဲ့ချန်ကျောင်းတော်မှာ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်တွေအများကြီးရှိတယ်မဟုတ်လား?"
"ဒါပေမယ့် ငါတို့သာ တကယ်တိုက်ခိုက်ရင် ဘယ်သူက နာကျင်ရမလဲကို ငါတွေးမိတယ်!"
"ငါသာ တပည့်လေးတစ်ရာလောက်ကို ရှုံးရရင် ကျဲကျောင်းတော်ကို ပြန်တည်ထောင်လိုက်မယ်။"
"အဲ့ဒီအချိန်ကျရင် မင်းရဲ့ချန်ကျောင်းတော်နံပါတ်တစ်ဆိုတဲ့ဂုဏ်ပုဒ်ကို တွေးနိုင်ပါဦးမလား!"
"ဆရာတူအစ်ကိုအကြီးဆုံးအပါအဝင် အားလုံးက မင်းရဲ့နေရာကိုယူဖို့ စောင့်နေကြတာ!"
ထိုသို့ပြောရင်းဖြင့် ထုံးထျန်းမှာ ပြန်ရပ်ကာ ထွက်သွား၏။ ရှေးဟောင်းကောင်းကင်အဓိပတိ မြေပြင်မှ တွားသွားထလာချိန်တွင် ကျောင်းအုပ်ထုံးထျန်းမှာ သူ၏နန်းတော်မှ ထွက်ခွာသွားပြီဖြစ်၏။
သူ၏နံဘေးရှိ တပည့်ငယ်လေးမှာ ချက်ချင်းရှေ့သို့လျှောက်လာ၏။
"သူတော်စင်ဆရာ၊ ကျွန်တော်တို့အခုဘာလုပ်ရမလဲ?"
သူ၏စကားဆုံးသည်နှင့် ကိုယ်တွင်းရှိ ကျင့်ကြံခြင်းမှာ ပေါက်ကွဲသွားသည်။
ရှေးဟောင်းကောင်းကင်အဓိပတိ၏ မျက်လုံးများထဲတွင် အေးစက်စက်အလင်းတစ်ချက်ဖြတ်ပြေးသွား၏။
၎င်းမှာ သူက လူရင်းများအတွက် နှလုံးသားမဲ့နေခြင်းကြောင့်မဟုတ်ပါချေ။ သူဟာ သူတော်စင်ဖြစ်၏။ ကျောင်းအုပ်ထုံးထျန်း၏ အရိုက်ခံရသော သတင်းသာပြန့်သွားပါလျှင် သူ၏မျက်နှာအား မည်သည့်နေရာ၌ သွားထားရမည်နည်း?
ထို့ကြောင့် ထိုကိစ္စကြောင်း သိတဲ့သူနည်းလေပိုကောင်းလေပင် ဖြစ်၏။
ထိုအခိုက်တွင် အပြင်ဘက်မှ အရှိန်အဝါ ချဉ်းကပ်လာသည်နှင့် တပည့်တစ်ဦး၏ အသံမှာ တံခါးအပြင်ဘက်မှ ထွက်ပေါ်လာ၏။
"တပည့် ချီကျင်းဇီက ဆရာ့ကိုနှုတ်ဆက်ပါတယ်။"
ရှေးဟောင်းကောင်းကင်အဓိပတိမှာ သူ၏စွမ်းအားများအား ကျောင်းအုပ်ထုံးထျန်းရိုက်ထားခြင်းကြောင့် ဖူးယောင်နေသော မျက်မှာကို ကုသရန် လှည့်ပတ်လိုက်သည်။
"ဝင်လာခဲ့!"
"ဟုတ်ကဲ့ပါ!"
မကြာမီ၌ ချီကျန်းဇီ၏ပုံရိပ်မှာ ရှေးဟောင်းကောင်းကင်အဓိပတိ၏ ရှေ့မှောက်၌ ထွက်ပေါ်လာ၏။
သူဟာ လက်တွင်း၌ ဇီးဝါရောင်အလံအား ကိုင်ဆောင်လျက် ရှေးဟောင်းကောင်းကင်အဓိပတိဆီသို့ လွှဲပေးလိုက်သည်။
"ဆရာ၊ ရွှေရောင်အောက်ကျွန်းဆီကို သွားရတဲ့ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင် အသတ်ခံလိုက်ရပါပြီ။"
"ငါသိတယ်"
ရှေးဟောင်းကောင်းကင်အဓိပတိမှာ ဇီးဝါရောင်အလံအား ရယူကာ ထပ်မံပြောလိုက်သည်ပင်။
"ဆရာ၊ ဒါဆို ကျွန်တော်တို့ ဘာလုပ်ရမလဲ...?"
"အခုတော့ ဘာမှမလုပ်သေးဘဲ ကျဲကျောင်းတော်ကို အရင်လေ့လာကြတာပေါ့။"
"သိပါပြီ"
ချီကျင်းဇီပြန်ဆုတ်ခွာပြီးနောက်တွင် ရှေးဟောင်းကောင်းကင်အဓိပတိမှာ သူ၏လက်တွင်းရှိ ဇီးဝါရောင်အလံအား မူလအလံထဲသို့ ပေါင်းထည့်လိုက်သည်။ ထို အလံအပိုင်းလေးအား ကြည့်နေရင်းဖြင့် ရှေးဟောင်းကောင်းကင်အဓိပတိ၏ မှုန်မှိုင်းနေသော မျက်နှာထက်တွင် နှစ်ခြိုက်နေဟန် ပေါ်လာတော့၏။
"ကံကောင်းလို့၊ ဇီးဝါရောင်အလံက နဂိုအတိုင်းရှိနေသေးတယ်။ မဟုတ်ရင် ငါတကယ်ကြီး ကြီးကြီးမားမားဆုံးရှုံးလိုက်ရမှာ!"
တစ်ခဏရပ်တန့်ပြီးနောက်တွင် သူ၏အမူအရာမှာ ထပ်မံမှုန်မှိုင်းလာတော့၏။
"ဒါပေမယ့်၊ ဒီလိုဆိုရင်တောင် ထုံးထျန်းရာ သက်တောင့်သက်သာဖြစ်ရမယ့်ဘဝမှာ နေဖို့အကြောင်းတောင် မစဉ်းစားနဲ့တော့။ ငါမင်းကို မရင်ဆိုင်နိုင်သေးတာကြောင့် တခြားလူတွေကလည်း မင်းကို မရင်ဆိုင်နိုင်ဘူးလို့ မဆိုဘူးလေ!"
အချိန်မှာ အလျင်အမြန်ကုန်ဆုံးသွား၏။ မျက်စိတစ်မှိတ်အတွင်းတွင် တစ်နှစ်ကုန်လွန်သွားခဲ့သည်။
လုရှောင်ယန်မှ မျက်လုံးအား ဖွင့်လိုက်ချိန်တွင် သူ၏မျက်လုံးများမှာ ပင်လယ်ကြယ်များကဲ့သို့ တောက်ပစွာ ထွန်းလင်းနေပေသည်!
သူ့နံဘေးရှိ ဟင်းလင်းပြင်စွမ်းအားမှာသူအသက်ရှုလိုက်တိုင်း ပြောင်းလဲလာကြ၏!
"ငါ နောက်ဆုံးတော့... ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်ကို ရောက်ခဲ့ပြီ။"
လုရှောင်ယန်၏ နှုတ်ခမ်းထောင့်များမှာ အတန်ငယ်ကွေးတက်သွားလျက် ပျော်ရွှင်နေတော့သည်။
ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်သို့ ရောက်ပြီးနောက်တွင် သူဟာ ဆက်နွယ်မှုချီအား သန့်စင်နိုင်ပြီဖြစ်၏။
သူဟာ စွမ်းအားနိယာမအားနားလည်ကာ လုံလုံလောက်လောက် ဆက်နွယ်မှုချီအား သန့်စင်ပြီးချိန်တွင် သူဟာ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်သို့ ခြေလှမ်းနိုင်ခဲ့ပြီဖြစ်၏!
ဘိုးဘေးဟုန်ကျွင်းမှာ တာအိုအားလမ်းပြပြီး ကောင်းကင်တာအိုနှင့် ပေါင်းစပ်လိုက်ကတည်းက လောကတွင် ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ဟူ၍ မရှိပါချေ။ ၎င်းတို့အားလုံးမှာ သူတော်စင်တစ်ပိုင်းအဆင့်နှင့် သူတော်စင်များဖြစ်၏!
ပြောရလျှင် သူတော်စင်တစ်ပါးမှာ အခြေခံအားဖြင့် ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ဖြစ်သည်။
သို့သော် နှစ်ခုအကြားတွင် ခြားနားချက်ကြီးရှိနေသေး၏။
သူတော်စင်များမှာ ကောင်းကင်တာအိုမှ ထိန်းချုပ်ထားသော ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များဖြစ်၏။ ၎င်းတို့မှာ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင် ဖြစ်လာပါသော်လည်း ကောင်းကင်တာအိုမှ ၎င်းတို့အား သေစေချင်ပါလျှင် ၎င်းတို့မှာ နေတော့မည်မဟုတ်ချေ!
ကောင်းကင်တာအိုမှာ ၎င်းတို့အား ဘယ်အချိန်ဖြစ်ဖြစ် ဖျက်ဆီးနိုင်၏။
ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်များကိုမူ ကောင်းကင်တာအိုက ထိန်းချုပ်မထားပါချေ။
ကောင်းကင်တာအိုမှာ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များအားသတ်ရန်မှာ မှန်ပါသော်လည်း ကောင်းကင်တာအိုမှာ ကိုယ်တိုင်ကိုယ်ကျ အကွက်ချပေးရဦးမည်ပင်။
အခြေခံအားဖြင့် သူတော်စင်များမှာ သကြားဖေဖေတစ်ဦးအား တွဲခုတ်နေပြီး အရိုက်ခံရ အဆူခံနေရသလိုပါပင်။
တစ်ဖက်တွင် အခြားရှေးဟောင်းသဏ္ဍာန်မဲ့ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်များမှာ ကောင်းကင်တာအိုနှင့် ဘလိုင်းဒိတ်လုပ်ပြီးနောက်မှသာ အပြည့်အဝ ပတ်သက်ရန် မလိုတော့ပါချေ။
၎င်းတွင် ခြားနားချက်လေးတစ်ခု ရှိဟန် ပေါ်ပါသော်လည်း...
တစ်ခါတရံ၌ ထိုသို့သော ခြားနားချက်လေးကပင် တကယ်ကို ထင်ရှားလှချေ၏။
သို့သော် ထိုအခိုက်၌လုရှောင်ယန်မှာ ထိုကျင့်ကြံဆင့်ကို မရောက်သေးသောကြောင့် ၎င်းအား ယခုတွင် ပြောရနိ မလိုပါချေ။
လုရှောင်ယန် နိုးထလာပြီးနောက်တွင် ပထမဆုံးလုပ်ရမည့်အရာမှာ ရွှေရောင်အောက်ကျွန်း၏အခြေအနေနှင့် အမည်မဲ့ဂိုဏ်းသားများအား စစ်ဆေးရမည်ပင်။
"အာ၊ နောက်ထပ် ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်နောက်တစ်ယောက်တော့ ထွက်ပေါ်လာပြီ! မဆိုးဘူး၊ မဆိုးဘူး။ ငါ့ရဲ့ အရှိန်မြှင့်တင်နှုန်းကို အသက်သွင်းပြီးနောက်မှာ ရွှေရောင်အောက်ကျွန်းတစ်ခုလုံးရဲ့ စွမ်းအားက အတော်လေး တိုးတက်လာတယ်။"
၎င်းတွင် ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်တစ်ဆင့်တိုးလာပါသော်လည်း ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်တိုင်းမှာ အကြိမ်ပေါင်းထောင်ချီ တိုးတက်လာသည်ပင်။ ၎င်းတို့မှာ ပါရမီကောင်းနှင့် ကံကောင်းရန် လိုအပ်သည်။
ရှေးဟောင်းလောကတွင် ကောင်းကင်ဘုံထွဋ်ဖျား ရွှေရောင်အမတအရှင်များစွာ ရှိပါသော်လည်း ကောင်းကင်ဘုံခုံရုံးနှင့်စိတ်ဝိဉာဉ်တောင်တို့တွင် ကောင်းကင်ဘုံထွဋ်ဖျား ရွှေရောင်အမတအရှင်များမှာ နှစ်ပေါင်းသောင်းချီထောင်ချီကျင့်ကြံခဲ့ရသည်!
နှိုင်းယှဉ်ရလျှင် ရွှေရောင်အောက်ကျွန်းမှာ အတော်လေးကောင်းမွန်သည်။
ပြောရလျှင် လုရှောင်ယန်မှာ အချိန်အလျင်အားအသုံးပြုလျှင်တောင် တစ်နှစ်အား ဆယ်စုနှစ်အနည်းငယ်သာပြောင်းလဲနိုင်သည်။ ရာစုနှစ်တစ်ခုနှင့် နှစ်ထောင်ပေါင်းသောင်းပေါင်းများအကြား၌ ခြားနားချက်ကြီးရှိနေသည်ပင်။
ကောင်းကင်ဘုံထွဋ်ဖျား ရွှေရောင်အမတအရှင်မှလွဲလျှင် တပည့်အများစုမှာ ထိုက်ယိရွှေရောင်အမတအရှင်တွေဖြစ်လာကြသည်။ ယခု ထိုက်ယိဓားရွှေရောင်အမတအရှင်အရေအတွက်မှာ တစ်ရာနီးပါးထိရှိ၏။
၎င်းတို့၏ ကောင်းကင်အမတကျင့်ကြံဆင့်မှာ နောက်ဆုံးအဆင့်သို့ ဖြတ်ကျော်လုဆဲဆဲဖြစ်၏။ အဆင့်တက်လိုက်သည်နှင့် ၎င်းတို့အားလုံး ထိုက်ယိရွှေရောင်အမတအရှင်ဖြစ်လာမည်ပင်။ ထိုလက်ရှိ တိုးတက်မှုများအရ လုရှောင်ယန်မှာ ရွှေရောင်အောက်ကျွန်း၏ အကာအကွယ်အပိုင်းအခြားနဲ့ တိုးတက်မှု အဆုံးသတ်သွားရင် အားလုံးအတွက် ထိုက်ယိရွှေရောင်အမတအရှင်ဖြစ်လာရန် မျှော်လင့်ချက်ရှိသေး၏။
အမည်မဲ့ဂိုဏ်းသားများမှာမူ ကောင်းကင်အမတ နောက်ဆုံးအဆင့်၌သာရှိကြပြီး ထိုက်ယိရွှေရောင်အမတအရှင်ဖြစ်လာရန် မလိုတော့ပါချေ။
ဝူရှားနှင့် ထျန်းယွမ်မှာ ကောင်းကင်အမတအရှင်အဆင့်ထိ တိုးတက်လာကြပြီဖြစ်၏။
အခြားတပည့်များမှာ အမတအဆင့်သို့ တက်လှမ်းလာကြပြီပင်။
ထိုသည်ထက် ဒုတိယမျိုးဆက်တပည့်လေးများမှာလည်း အမတအဆင့်သို့ရောက်ရှိနေကြပြီပင်။ ကျန်သည့်အားလုံးမှာ နတ်ဘုရားဧကရာဇ်အဆင့်သို့ရောက်ရှိနေကြကာ အမတဖြစ်ရန် ခြေတစ်လှမ်းသာလိုကြတော့၏။
ပြောရလျှင် အမည်မဲ့ဂိုဏ်းတပည့်များ၏ကျင့်ကြံဆင့်မှာ အင်မတန် နိမ့်ကျ၏။ ၎င်းအား နားလည်နိုင်ဆဲပါပင်။
သို့သော် ၎င်းတို့၏ကျင့်ကြံနှုန်း နှေးရခြင်းနှင့် သက်ဆိုင်သည့်အခြားအကြောင်းလည်းရှိသေးသည်။ ၎င်းမှာ ၎င်းတို့၏ ပါရမီက မလုံလောက်ခြင်းကြောင့်ပင်။
လုရှောင်ယန်မှာ ပါရမီဆိုသည့်အရာအား ကျင့်ကြံခြင်းလမ်းကြောင်းအား နားလည်ခြင်းနဲ့ လောကနိယာမကို သိရှိခြင်းဟု ပိုလို့ပင် ဖော်ပြရန်ဆန္ဒရှိနေ၏။
၎င်းမှာ စာမတတ်သည့် လူအုပ်စုက စာတစ်ကြောင်းအား ကောင်းစွာ မမှတ်မိနိုင်သည်အထိပင်။ သို့သော် သင်သာ ၎င်းတို့အား စာကြောင်းအား မမှတ်ခိုင်းခင်၌ မည်သို့ဖတ်ရမည်ကို သင်ကြားပေးပါလျှင် ၎င်းတို့မှာ စာကြောင်းအား မှတ်ရလွယ်သွားပေလိမ့်မည်။
"၈နှစ်နဲ့ တစ်ဝက်ကျန်သေးတာပဲ။ ထပ်တိုးတက်ဖို့ အချိန်တွေရှိသေးတယ်။ ဘာလို့ငါက သူတို့ရဲ့နားလည်မှုကိုတိုးတက်လာစေဖို့နေရာမှာ ကူညီဖို့ သင်ခန်းစာတွေ စမပေးခင်မှာ သူတို့အမတအဆင့်ရောက်တဲ့အထိ ဘာလို့ မစောင့်ရမှာလဲ?"
ယခုတွင် ၎င်းတို့အများစုမှာ အမတအဆင့်လည်းမဟုတ်ဘဲ သင်ခန်းစာကိုပင် နားမလည်ပါချေ။
သိူ့သော် ၎င်းတို့အားလုံးမှာ အမတဖြစ်လာလုနီးနီးပင်။ သူဟာ ၎င်းတို့ အမတဖြစ်လာသည်အထိစောင့်နေပါလျှင် လုရှောင်ယန်မှာ သူ၏သင်ခန်းစာထဲရောက်နေသည်အထိ ထိုသင်ခန်းစားများအား ထပ်ခါထပ်ခါ လုပ်ရန် မလိုပါချေ။
ထိုသို့တွေးရင်းဖြင့် သူဟာ လွန်ခဲ့တဲ့နှစ်ကရရှိခဲ့သော လက်ဆောင်ထုပ်များအား ဦးဆုံးဖွင့်ရန် ဆုံးဖြတ်လိုက်သည်။
ပြောရလျှင် ထိုနှစ်အတွင်း တပည့်များမှာ ပိုမိုကျင့်ကြံခဲ့ကာ လက်ဆောင်ထုပ်များစွာလည်း ရခဲ့သည်။
လုရှောင်ယန်မှာ ၎င်းတို့အား တိုက်ရိုက်ဖွင့်လိုက်၏။
ဆက်နွယ်မှုချီ ×100000
သေစမ်း၊ ဘယ်တုန်းကများ ဝမ့်ခိုက်က ဆက်နွယ်မှုချီတွေ ဒီလောက် ရထားတာလဲ?
ဝမ့်ခိုက်မှာ တကယ်ကိုပင် ပို၍ ပို၍ ထက်မြတ်လာပါ၏။ မျှော်မှန်းထားသလိုပင်။
ဆက်နွယ်မှုချီ × 333333.
ဆက်နွယ်မှုချီ × 666666.
ဆက်နွယ်မှုမူလရတနာ၊ ဇီးဝါရောင်အလံ ×1.
ထိုဇီးဝါရောင်အလံအမျိုးအစားမှာ ရှေးဟောင်းကောင်းကင်အဓိပတိလက်တွင်းမှ တစ်ခုထက် နိမ့်ကျမနေပါချေ။
သေစမ်း၊ ဝမ့်ခိုက်မှာ ပို၍ပင် အံ့ဖွယ်ဖြစ်လာ၏။ ၎င်းမှာ အခြားသော သူတော်စင်များ၌ရှိသည်များကို ပုံတူပွားနိုင်သည်၊ လုရှောင်ယန်မှာ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျား ရွှေရောင်အမတအရှင်အုပ်စုအား လေ့ကျင့်ပေးကာ ထိုလက်နက်များအား သူတော်စင်အုပ်စုကို တိုက်ခိုက်ရာတွင် သုံးရမည်?
ထိုသို့ဆိုလျှင် သူဟာ ဘိုးဘေးဟုန်ကျွင်းအား အဘယ့်ကြောင့် ကြောက်ရွံ့ရပါမည်နည်း?
ဝမ့်ခိုက်မှာ သူ၏အတွေးများအား သိနေပုံနှင့် ချက်ချင်းပင် မနေနိုင်မထိုင်နိုင်ဖြင့် ဆိုလိုက်၏။
[သခင်၊ မလောဖို့ အကြံပေးချင်တယ်။ သူတော်စင်တစ်ပါးဆိုတာ တကယ်ကို အရမ်းစွမ်းအားကြီးတယ် ဆိုပေမယ့် ဘိုးဘေးဟုန်ကျွင်းရဲ့ ကျင့်ကြံဆင့်က ရှေးဟောင်းသဏ္ဍာန်အကန့်သတ်မဲ့ရွှေရောင်အမတအရှင်အဆင့်ကိုရောက်နေပြီလေ။ သူက ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျား ရွှေရောင်အမတအရှင်ထက် ပိုသန်မာတယ်]
[ပြီးတော့ သူကရှေးဟောင်းသဏ္ဍာန်အကန့်သတ်မဲ့ရွှေရောင်အမတအရှင်လေးပဲမဟုတ်တာသိတယ်မဟုတ်လား? သူ့မှာ မိတ်ဆွေကောင်းတချို့လည်းရှိတယ်။ ဥပမာ၊ ဘိုးဘေးယန်မေ့တို့လို ရှေးဟောင်းသဏ္ဍာန်အကန့်သတ်မဲ့ရွှေရောင်အမတအရှင်မျိုးပေါ့]
[ပြီးတော့၊ သူတို့က သခင့်ကိုပစ်မှတ်ထားဖို့ အတူတူအလုပ်လုပ်နေကြတာပဲ!]
[ဒါကတော့ လောကကို မဖန်ဆင်းခင်မှာ ပန်ဂုကိုအတူတူတိုက်ခိုက်ခဲ့တာကြောင့်ပဲ။ သူတို့ထဲက ဘယ်သူမှ ပန်ဂုရဲ့ ပြန်လည်ရှင်သန်မှုကနေ အကျိုးအမြတ်ရမှာ မဟုတ်ဘူး]
[ဒါကြောင့်၊ သခင် သူတော်စင်ဖြစ်လာဖို့ မလုံလောက်သေးဘူး]
လုရှောင်ယန် : "..."
သူဟာ သတိလက်လွတ်ဖြစ်ခဲ့ပြီပင်!
ကောင်းကင်တာအို၏ ဂုဏ်သရေရှိသူတော်စင်အုပ်စုမှာ ကိုယ်ကျင့်တရားအား ဂရုမစိုက်ဘဲ သူ့လို့မျိုး လူငယ်လေးကို အနိုင်ကျင့်ရန် အလုပ်အတူတူလုပ်ကြသည်။
ထားပါတော့လေ၊ သူဟာ နည်းနည်းလောက်တော့ သိုသိုသိပ်သိပ်နေလိုက်ဦးမည်။
လုရှောင်ယန်မှာ လက်ဆောင်ထုပ်များအား ဆက်ဖွင့်လိုက်၏။
အမတကိုယ်ထည် ×1.
"အမတကိုယ်ထည်? ဘာလဲဒါက? ငါကသူတော်စင်ဖြစ်လာတော့မှာလေ။ ဘယ်မှာသုံးဖို့ အမတကိုယ်ထည်ကိုပေးရတာလဲ?"
[ဒီအမတကိုယ်ထည်က သခင်သုံးဖို့မဟုတ်ပါဘူး။ အဝတ်အစားအတွက်ပါ]
[သခင့်ရဲ့ကျင့်ကြံဆင့်သာ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျား ရွှေရောင်အမတအရှင်ဖြစ်လာရင် ဖြစ်စဉ်တစ်ခုက လုံးဝပျောက်ကွယ်သွားလိမ့်မယ်။ သုံးလောကလုံးက လူတိုင်းလည်း ဒါကိုသိသွားလိမ့်မယ်]
စိတ်ကူးနေသည်မှာ သူ၏သခင်သာ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျား ရွှေရောင်အမတအရှင်ဖြစ်လာလျှင် ဟုန်ကျွင်းက သခင့်ရဲ့ ပုံစံအမှန်ကိုချက်ချင်းသိလောက်မလား?
[ဒီအမတကိုယ်ထည်ကတော့ ဟုန်ကျွင်းရဲ့ကောင်းကင်တာအိုအောက်က အမတပိုင်ဆိုင်တဲ့ဟာပဲ။ အဲ့အချိန်ကျရင် သူ့ကိုသူတော်စင်ဖြစ်ခွင့်ပြုပြီး သခင်ဝတ်ဖို့အတွက် သူ့ကိုအသုံးချရမှာ၊ ဘိုးဘေးဟုန်ကျွင်းသာ တစ်ယောက်ယောက်သူတော်စင်ဖြစ်လာတာကိုသိသွားရင် ဆရာက တကယ်ကိုပဲ ရှေးဟောင်းသဏ္ဍာန်မဲ့ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်လို့ ထင်တော့မှာမဟုတ်ဘူး။ သူက တကယ်ကိုပဲ သခင့်ကိုမတိုက်ခိုက်ပါဘူး]
"ဝိုး! မင်းကအရမ်းတော်တာပဲ! မင်းအရမ်းတော်ရင် ဘာလို့ ငါ့ကို သူတော်စင်ကိုယ်ထည်ပဲမပေးရတာလဲ? ဘာလို့ငါ ဆက်ကျင့်ကြံဖို့လိုနေရသေးတာလဲ?"
[အာ... ဒါတော့မတတ်နိုင်ဘူးလေ။ ကျွန်တော်သာ သူတော်စင်ကိုယ်ထည်ကို တိုက်ရိုက်ကြီးထောက်ပံ့လိုက်ရင် ဟုန်ကျွင်းအတွက်က အရမ်းကိုလွယ်သွားနယ်။ ပြောရရင် သူ့မှာ ကျောက်စိမ်းဖန်ဆင်းလိပ်ပြာနဲ့ ကောင်းကင်တာအိုရှိနေတယ်လေ]
"သိပြီ"
လုရှောင်ယန်မှာ နောက်ဆုံး၌ တစ်စုံတရာအား နားလည်လိုက်၏။
၎င်းမှု လူတစ်ယောက်က စာမေးပွဲ၌ ခိုးချသလိုပါပင် ၎င်းတို့မှာ စာရွက်ပေါ်၌ ချက်ချင်းမရေးချေ။
၎င်းတို့မှာ စဉ်းစားဟန်ဆောင်နေရသေးသည်။
အနည်းဆုံးတော့ ၎င်းတို့မှာ မေးခွန်းများကိုဖြေဆိုရန် အချိန်ကောင်းအား စောင့်ရန်လိုသေး၏။
မဟုတ်ပါက တစ်ဖက်လူမှာ မည်မျှ ရူးမိုက်နေပါစေ အလွယ်တကူ ဖော်ထုတ်ခံရလိမ့်မည်။
ဝမ့်ခိုက်မှာ တကယ်ကိုတော်ပါ၏။
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၃၀။ အပိုင်း ၄၃၈ ရှောင်ယန်ရဲ့တာအိုပို့ချချက်၊ တိုးတက်လာသော ပါရမီ
နောက်ထပ် ဓမ္မရတနာတချို့မှာလည်း ဆက်နွယ်မှုမူလရတနာများပင်ဖြစ်၏။ မွေးဖွားခြင်းချီနှင့် မွေးဖွားခြင်းမူလရတနာများပင် မပါလာတော့ပါချေ။
၎င်းတို့ကြားတွင် ဒွါဒသမအဆင့်ကုသိုလ်ရွှေကြာပွင့်နှင့် အနောက်ဘက်ဂိုဏ်း၏ ရတနာခုနှစ်ပါးအံ့ချီးသစ်ပင်တို့လည်း ပါဝင်သည်။
ဝမ့်ခိုက်မှာ တဖြည်းဖြည်းနှင့် သူ၏ထိပ်ဆုံးသို့ ရောက်ရှိလာပုံပါပင်။
"ဝမ့်ခိုက်၊ မင်းရဲ့တိုးတက်မှု အကန့်အသတ်က ဘယ်အထိလဲ?"
[အများဆုံး သဏ္ဍာန်မဲ့မူလရတနာအဆင့်ထိ တိုးမြှင်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်ကို အခုပဲ ဆက်နွယ်မှုမူလရတနာထက် ကျော်လွန်တဲ့ သဏ္ဍာန်မဲ့မူလရတနာအနေနဲ့ ယူဆလို့ရနေပြီ။ ကျွန်တော်သာ ကိုယ့်ကိုယ်ကိုယ် အပြည့်အဝပြုပြင်ချင်ပြီး သဏ္ဍာန်မဲ့မူလရတနာဖြစ်လာရင် ကျောက်စိမ်းဖန်ဆင်းလိပ်ပြာ အပိုင်းအစတွေကိုရလိမ့်မယ်။ ပြောရရင် ကျွန်တော် ဟုန်ကျွင်းကို အနိုင်ယူရမယ်]
"မင်းကလွဲပြီး နောက်ထပ် သဏ္ဍာန်မဲ့ မူလရတနာမျိုးရှိလား?"
[အခုတော့မရှိသေးဘူး။ ဒါပေမယ့် သခင် ပန်ဂုစာတမ်း၊ သဏ္ဍာန်မဲ့ခေါင်းလောင်းရယ်နဲ့ ထိုက်ကျိပန်းချီတွေကိုသုံးပြီး ပန်ဂုပုဆိန်ကို သန့်စင်လိုက်ပါ။ ပန်ဂုပုဆိန်ကို သဏ္ဍာန်မဲ့မူလရတနာအနေနဲ့ မှတ်ယူလို့ရတယ်]
[ဒါပေမယ့် ကျွန်တော့ကိုတင်ပဲ သဏ္ဍာန်မဲ့မူလရတနာအဖြစ် သတ်မှတ်လို့ရနိုင်တာကြောင့် ကျွန်တော်ဖန်ဆင်းခဲ့တဲ့ဓမ္မရတနာသုံးခုကို အတူတူသန့်စင်လိုက်တဲ့အခါမှ သဏ္ဍာန်မဲ့ ဝိဉာဉ်ရတနာ အဆင့်ကိုရောက်အောင်ပဲ ဖန်ဆင်းလိုက်တယ်]
[ဒါပေမယ့် ဒါက ကျွန်တော့ရဲ့ အကန့်အသတ်ပဲ]
[ဒါပေမယ့်လည်း အဲ့ဒီခွေးအိုကြီးဟုန်ကျွင်းမှာလည်း သဏ္ဍာန်မဲ့မူလရတနာမရှိပါဘူး။ ကျွန်တော်တို့ ဒီတိုက်ပွဲကို နိုင်မယ်လို့ အရမ်းကိုယုံကြည်ချက်ရှိနေဆဲပဲ]
[ဒါက ကျွန်တော် ကံကောင်းမှုများများစုပ်ယူနိုင်လေလေ သဏ္ဍာန်မဲ့မူလရတနာအဆင့်ကို နီးကပ်လာလေပဲ]
လုရှောင်ယန်မှာ ခေါင်းငြိမ့်လိုက်၏။
ထိုသည်မှာ အကြံဆိုးမဟုတ်ပါချေ။
မည်သို့ဆိုစေ ၎င်းတို့၏ အနိုင်ရရန်အခွင့်ပိုများလျှင် အကောင်းဆုံးဖြစ်၏။
သို့သော် သဏ္ဍာန်မဲ့ရတနာများများ ဖန်တီးနိုင်သဖြင့် သူဟာ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ပိုများများကို ပျိုးထောင်သင့်သည်ဟု ဝမ့်ခိုက်မှ သူ့အားသတိပေးလာသည်။
ထိုသို့ဆိုလျှင် တစ်ဖက်လူအားသတ်ရန် သူ၏အရေအတွက်များပေါ်၌သာ အားထားနိုင်မည်ဖြစ်၏!
ထို့အပြင် သူဟာ လက်နက်တချို့၏အဆင့်အား မြှင့်ရဦးမည်ပင်။
ပြောရလျှင် သူ၏တပည့်များအား တာဝန်ပေးရန် လက်နက်အလုံအလောက်ရှိဖို့လို၏။
ထိုသို့တွေးကာ လုရှောင်ယန်မှာ သီးသန့်ကျင့်ကြံခြင်း အချီအသစ်အား စတင်လိုက်တော့၏။
ဤတစ်ခေါက်တွင် ကျင့်ကြံခြင်းထက် သူဟာ ဓမ္မရတနာများကိုပါ သန့်စင်လေသည်။
မည်သို့ဖြစ်ဖြစ် ကျင့်ကြံဆင့်မှာ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်သို့ တိုးလာပြီးနောက်တွင် လုရှောင်ယန်မှာ ကိုယ်ပွား ၁၀၀အား ဖန်တီးနိုင်နေပြီဖြစ်၏။ မဟာတာအိုမွေးဖွားခြင်းအတွက် လိုအပ်သောအချိန်အား အဆပေါင်းရှစ်ဆယ်အထိ နှစ်ဆတိုးလိုက်နိုင်သည်။
ထို့ကြောင့် ကျင့်ကြံဆင့်မြင့်လေလေ ကျင့်ကြံရန်ခက်ခဲလေဆိုသည့် စည်းမျည်းရှိပါသော်လည်း သူဟာ စိုးရိမ်ဖို့မလိုပါချေ။
နောက်တစ်နှစ်ပြီးနောက်တွင် လုရှောင်ယန်မှာ မျက်လုံးများပြန်ဖွင့်လိုက်ကာ သူ၏ကျင့်ကြံဆင့်မှာ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အထွဋ်အထိပ်အဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်၏။
လုရှောင်ယန်၏ အဆင့်တက်ခြင်းအတွက် မည်သို့သော အတားအဆီးမှမရှိပါချေ။
အခြားလူများနှင့် မတူဘဲ သူဟာ ဟိုဟိုဒီဒီ ဒုက္ခများအားကျော်လွှားရန်မလိုအပ်ပါချေ။
သူ၏ကျင့်ကြံဆင့်မှာ အဆင့်တစ်ခုသို့ရောက်ရှိလာသည်နှင့် မည်သည့် အချိန်၊ နေရာတွင်မဆို အဆင့်တက်နိုင်မည်ဖြစ်၏။
သို့သော် သူဟာ နောက်ဆုံးအဆင့်သို့ ကျော်ဖြတ်ရန်အထိ ဆက်လက်မကျင့်ကြံပါချေ။
ထိုသည်မှာ ဝမ့်ခိုက်မှ သူ့အတွက် ပြင်ပေးထားခဲ့သော အမတကိုယ်ထည်မှာ လုရှောင်ယန်၏ အဆင့်သို့မရောက်သေးခြင်းကြောင့်ပင်။ တစ်ဖက်မှာ ယခု၌ ထိုက်ယိရွှေရောင်အမတအရှင်အဆင့်၌သာရှိသေး၏။
တစ်ဖက်၏ ကျင့်ကြံဆင့်မှာ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အထွဋ်အထိပ်အဆင့်သို့မရောက်ရှိခင်နှင့် သူတော်စင်ဖြစ်လာရန် အတိဒုက္ခအားကျော်ဖြတ်ရန် လိုအပ်နေချိန်တွင် လုရှောင်ယန်၏မူလကိုယ်မှာ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်သို့ တက်လှမ်းရန် မသင့်တော်ပါချေ။
သို့သော် ကောင်းသည့်အရာမှာ အမည်မဲ့ဂိုဏ်းသားများအားလုံးမှာ အမတအရှင်အဆင့်သို့ အတော်များများရောက်ရှိနေကြပြီဖြစ်သည်။
လုရှောင်ယန်မှာ နောက်ဆုံးတော့ သူ၏ပို့ချချက်များအား စတင်နိုင်ချေပြီပင်။
ရွှေရောင်အောက်ကျွန်း၏တပည့်များမှာ ကျင့်ကြံနေချိန်၌ လုရှောင်ယန်၏ ဆင့်ခေါ်မှုကို အာရုံခံမိလိုက်သည်။ အားလုံး၏ အမူအရာများမှာ အေးစက်သွားကာ ၎င်းတို့၏လှိုဏ်ဂူများမှ ထွက်လာ၍ ရွှေရောင်အောက်ကျွန်းခန်းမရှေ့တွင် စုစည်းလိုက်ကြသည်။
၎င်းတို့ ခန်းမအရှေ့သို့ရောက်ရှိချိန်တွင် ၎င်းတို့ရှေ့ရှိ အမည်မဲ့ဂိုဏ်းသားပင်လယ်ကြီးကိုတွေ့လိုက်ရသောအခါ ကြောင်အမ်းသွားကြ၏။
"ဂိုဏ်းချုပ်၊ ဒီလူတွေက...?"
လော့ယန်မှာ သူ၏သံသယများကို ဖော်ပြလိုက်ရာ လုရှောင်ယန်မှ ရှင်းပြလိုက်သည်။
"သူတို့အားလုံးက ကျုပ် အနိမ့်ပိုင်းလောကနဲ့ နတ်ဘုရားလောက,ကနေ လက်ခံလာခဲ့တဲ့ တပည့်တွေပါ။ ဒီနေ့ကစပြီး ကျုပ် ဟောပြော ပို့ချတော့မှာပါ။ ခင်ဗျားတို့တွေလည်း သူတို့နဲ့အတူ ပို့ချချက်ကို နားထောင်လို့ရပါတယ်။"
"သိပါပြီ။ ဂိုဏ်းချုပ်က တကယ်ကို အထင်ကြီးစရာပဲ။ ခင်ဗျား အနိမ့်ပိုင်းလောကနဲ့ နတ်ဘုရားလောကမှာတွေ့ခဲ့တဲ့ တပည့်တွေအားလုံးက အမတအဆင့်နဲ့ အထက်မှာချည်းပဲ!"
လော့ယန်မှာ မနေနိုင်ဘဲ ချီးမွမ်းလိုက်သည်ပင်။
"ဒါပေမယ့်၊ ဂိုဏ်းချုပ်ဘာကြောင့် ပို့ချချက်တွေ ဟောပြောဖို့ အတွေးရသွားတာလဲ?"
လုရှောင်ယန်မှာ တည်ငြိမ်စွာဆိုလိုက်၏။
"ရွှေရောင်အောက်ကျွန်းအတွက် သူတော်စင်ထုံးထျန်းထားခဲ့တဲ့ အကာအကွယ်က ဆယ်နှစ်လောက်ပဲခံနိုင်မယ်။ ဆယ်နှစ်အတွင်းမှာ ရွှေရောင်အောက်ကျွန်းရဲ့ အကာအရံပျက်စီးသွားတာနဲ့ ရှေးဟောင်းလောကတစ်ခုလုံးက ကျုပ်တို့တွေအားလုံး ချန်ကျောင်းတော်နဲ့ ရန်ကျောင်းတော်က ပညာရှင် ထောင်ချီကို ရင်ဆိုင်ရလိမ့်မယ်။"
"နှစ်ပေါင်း ခုနစ်,နှစ်နဲ့ တစ်ဝက်ကျန်သေးတယ်ဆိုပေမယ့် ရွှေရောင်အောက်ကျွန်းရဲ့ စွမ်းအား အလုံးစုံက တစ်ဖက်လူတွေကို ခုခံနိုင်ဖို့ အရမ်းကိုဝေးကွာလွန်းနေသေးတယ်။"
"ဒါကြောင့် ကျုပ် ခင်ဗျားတို့တွေရဲ့ ကျင့်ကြံဆင့်တိုးမြှင့် လာစေဖို့အတွက် ပို့ချချင်နေတာပဲ။"
"ဒါဆို ကျုပ်တို့ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ကိုလည်း ဂိုဏ်းချုပ်ကို လိုသေးလား?"
လုရှောင်ယန်မှာ ခေါင်းခါလျက် အောက်သို့ ညွှန်ပြလိုက်သည်။
"ခင်ဗျားတို့က သူတို့နဲ့အတူ ပို့ချချက်ကို နားထောင်လိုက်ပါ။"
"ဘာပြောတယ်?"
ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ငါးဦးမှာ ရုတ်တရတ် အတန်ငယ် အရှုံးနှင့်ကြုံရသလိုဖြစ်သွား၏။
လုရှောင်ယန်၏ ပါရမီမှာ အင်မတန်အားကောင်းသည်က မှန်ပါသော်လည်း သူ၏ကျင့်ကြံဆင့်မှာ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်သို့ မရောက်နိုင်သေးချေ။
သူဟာ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်သို့ပင် မရောက်သေးဘဲ ၎င်းတို့အား မည်သို့သင်ပြနိုင်မည်နည်း?
၎င်းတို့၏ တုန့်ပြန့်ချက်မှာ လုရှောင်ယန်၏ အစီအစဉ်ထဲ၌ သဘာဝကျစွာပင် ပါဝင်နေပြီးသားဖြစ်၏။
ထို့အကြောင့် ထိုအချိန်တွင် လုရှောင်ယန်မှာ လေမဖြုန်းတော့ဘဲ ချက်ချင်းပင် သူ၏အရှိန်အဝါကို ထုတ်ဖော်လိုက်သည်။
တစ်ခဏအတွင်းတွင် လေနှင့် တိမ်ထုများမှာ လွင့်ပျံ့သွားကြ၏။ ရွှေရောင်အောက်ကျွန်းရှိ ကျင့်ကြံသူအားလုံးမှာ ဖိအားကြီးကို ခံစားလိုက်ရတော့သည်။
"ဘုရားရေ! စွမ်းအားကြီးလိုက်တဲ့ အရှိန်အဝါပါလား!"
"ဒါအရှိန်အဝါက... ဆရာက ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်ကို ရောက်နေပြီလို့ဆိုလိုတာလား?"
"ဆရာက ကောင်းကင်အမတအရှင်အဆင့်မဟုတ်ဘူးလား? ဘယ်လိုလုပ် မျက်တောင်တစ်ခတ်အတွင်းမှာပဲ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ဖြစ်လာရတာလဲ?"
"ဂိုဏ်း... ဂိုဏ်းချုပ်၊ ခင်ဗျား...?"
လော့ယန်မှာ အင်မတန်ထိတ်လန့်လွန်းသောကြောင့် ကြောင်အသွားသည်။ လုရှောင်ယန်မှာ ပြုံးလိုက်၏။
"ထိတ်လန့်စရာမလိုပါဘူး။ ကျုပ်က အရင်က ကျင့်ကြံဆင့်တစ်ပိုင်းတစ်စလောက်ကို ဖုံးကွယ်ထားခဲ့တာပါ။ အကြောင်းပြချက်ကိုတော့ ခင်ဗျားတို့လည်းသိမှာပါ။"
ထိုသည်ကို ကြားသော် လော့ယန်မှာ လုရှောင်ယန်၏ ကျင့်ကြံဆင့်ဖုံးကွယ်ထားခြင်းအား နားလည်သွား၏။
ပြောရလျှင် ရှေးဟောင်းကောင်းကင်အဓိပတိ၏ ငယ်သားတစ်ဦးမှာ သူ့အား ထောက်လှမ်းရန် လာခဲ့သေး၏။ ထိုသည်ကပင် ဂိုဏ်းချုပ်၏ ကျင့်ကြံဆင့်အား ဖုံးကွယ်ထားရန် ကျိုးကြောင်းသင့်ပေ၏။
လုရှောင်ယန်မှာ ယခု၌ ၎င်းတို့အား သူ၏ကျင့်ကြံဆင့်အမှန်ကို ပြောဝံ့ခြင်းမှာ သူ၏လက်ရှိကျင့်ကြံဆင့်က ရွှေရောင်အောက်ကျွန်းတစ်ခုလုံး၌ အသန်မာဆုံးဖြစ်သောကြောင့်ပါပင်!
ထို့အပြင် သူခွင့်ပြုသည့် လူကလွဲလျှင် မည်သူကမှ ရွှေရောင်အောက်ကျွန်းမှ မထွက်ခွာနိုင်ခြင်းကြောင့်ပင်။ သူဟာ ထိုသတင်းပျံ့သွားမည်အားလည်း မစိုးရိမ်ပါချေ။
ဆယ်နှစ်ကြာပြီးနောက်တွင် သူဟာ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ဖြစ်လာခဲ့၏။ အဘယ့်ကြောင့် သူဟာ ကြောက်ရွံ့နေရမည်နည်း?
ယခုတွင် သူဟာ ကျင့်ကြံဆင့်အား ထုတ်ပြလိုက်သည်၌ ထိုကျဲကျောင်းတော်သားများအား ပိုကောင်းအောင် ထိန်းချုပ်လာနိုင်၏။
လုရှောင်ယန်မှာ ယခုတွင် အတွေးတစ်ခုရှိချေ၏။ သူဟာ ကျဲကျောင်းတော်မှ လူများအား လက်ခံနိုင်လောက်မည်လားဟုပင်။
၎င်းတို့မှာ ယခုတွင် သူ၏အမိန့်အောက်၌ မရှိကြပါသော်လည်း သူဟာ ထုံးထျန်းထောက်ခံထားသည့် ဂိုဏ်းချုပ်ဖြစ်သည်။
လုရှောင်ယန်လိုချင်သည်မှာ ၎င်းတို့က သူ၏အမိန့်များကိုသာ နာခံကာ ထုံးထျန်းအမိန့်များအား လုံးဝငြင်းဆန်ခြင်းပါပင်။
သူဟာထိုသို့လုပ်လိုပါက စွမ်းအားလုံလုံလောက်လောက်ကို ထုတ်ပြရန်လို၏။
အားနည်းသူမှာ သန်မာသူအား မှီခိုဖို့ရန်သာ ရွေးချယ်ရသည်။
လုရှောင်ယန်မှာ အသက်ပြင်းပြင်းရှိုက်လျက် လက်များကိုဆုပ်လိုက်၏။
"ကျုပ်တကယ်ကို ခင်ဗျားတို့ရဲ့ နက်ရှိုင်းတဲ့ ကျင့်ကြံခြင်းနဲ့အမြော်အမြင်ကို လေးစားမိတယ်။"
လုရှောင်ယန်မှာ ခေါင်းငြိမ့်ကာ ချက်ချင်းပင် သူနှင့်အနီးဆုံးနေရာကိုညွှန်ပြလိုက်၏။
"ကျုပ်ဘေးနားမှာထိုင်။"
"သိပါပြီ!"
လော့ယန်နှင့် အခြားလူများထံတွင် အတော်အတန်နက်နဲသော ကျင့်ကြံဆင့်များရှိကြ၏။ ၎င်းတို့သာ ကျင့်ကြံဆင့်အား တတ်နိုင်သမျှ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်သို့ တိုးမြှင့်နိုင်ပါလျှင် ၎င်းတို့မှာ လုံးဝပင် အလိုက်သိသော ငယ်သားများဖြစ်ပေလိမ့်မည်။
အားလုံးထိုင်ချလိုက်ချိန်တွင် လုရှောင်ယန်မှာ ပို့ချချက်ကို စတင်လိုက်တော့၏။
"ပန်ဂုက လောကကို ထုတ်ဖော်ခဲ့ပြီး အရာအားလုံးက ပန်ဂုဆီကနေ ဆင်းသက်လာခဲ့တယ်။ လောကရဲ့ များပြားလှတဲ့ ပြိုင်ပွဲတွေကြားမှာ ရှေးဟောင်းသဏ္ဍာန်မဲ့ပညာရှင်တွေနည်းနည်းလေးလောက်ပဲပြီး ကျန်တာကတော့ ပန်ဂုရဲ့မျိုးဆက်တွေပဲ။ အဲ့ဒီအထဲမှာ သဘာဝကျကျကို သူတော်စင်တွေ၊ ဘိုးဘေးနဂါးတွေ၊ ရှေးဟောင်းဇာမဏီတွေနဲ့ ရှေးဟောင်းချီလင်တွေပါဝင်တယ်။ အဲ့ထဲမှာ ခင်ဗျားတို့နဲ့ ကျုပ်လည်းပါတာပေါ့။"
"နောက်တစ်မျိုးပြောရရင်တော့၊ ကျင့်ကြံသူတိုင်းဟာ လက်ရှိလောက ပညာရှင်တွေနဲ့ တူညီတဲ့မျိုးဆက်ကနေ မွေးဖွားခဲ့ကြတယ်။ ခြားနားချက်ကတော့ တချို့က အစကနေစတင်ပြီး တချို့က နောက်မှ စတင်တယ်၊ တချို့ကတော့ မြင့်မြတ်သူတွေဆီက အကူအညီရပြီး တချို့ကတော့ အမှောင်ထုထဲမှာ တစ်ယောက်တည်း ရှာဖွေရတယ်လေ။"
"သူတို့သာ အမှန်တရားကိုကျင့်ကြံရင် အားလုံးကတော့ သူတော်စင်ဖြစ်ဖို့ အလားအလာရှိပါလိမ့်မယ်!"
"ဆိုရိုစကားလိုမျိုးပေါ့၊ မင်းမျိုးမင်းနွယ်ဆိုတာ မရှိဘူး!"
"လူတစ်ယောက်ရဲ့ ရည်မှန်းချက်ကြီးမားလေလေ အဲ့ဒီလူက သန်မာလာနိုင်လေလေပဲ။"
"အမှန်ပဲ"
ဘုန်း!
ထိုစကားလုံးများမှာ အားလုံး၏ နှလုံးအိမ်များထဲတွင် မိုးကြိုးနှယ် မြည်ဟီးနေ၏။
ကျင့်ကြံသူအားလုံးမှာ သူတော်စင်ဖြစ်လာချင်ပါသော်လည်း သူတော်စင်ဖြစ်ရန် မဖြစ်နိုင်ကြောင်းသိကြပေသည်!
သူတော်စင်နှင့် ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်ကြားတွင် ခြားနားချက်တစ်ခုသာရှိပါသော်ငြား ထိုခြားနားချက်လေးမှာ လောကရှိ သက်ရှိကုဋေချီအား နှိပ်စက်ရန်လုံလောက်သည်!
ပန်ဂုမှ လောကနှင့် ဘိုးဘေးဟုန်ကျွင်း၏ တာအိုဟောကြားခြင်းကို ထုတ်ဖော်ပြလိုက်ကတည်းက သူတော်စင်ဆိုတာ ၆ယောက်ပဲ မွေးဖွားခဲ့သေးတာမဟုတ်လား?
ဟို့တူမှာမူ သူမထံ၌ သူတော်စင်စွမ်းအားရှိပါသော်လည်း သူမဟာ မြေအောက်လောကနှင့် ထာဝရချိတ်ဆက်နေကာ လွတ်လပ်သည့်သူတော်စင်ဖြစ်လာနိုင်မည်မဟုတ်ချေ။
ထို့ကြောင့် မည်သူကမှ ၎င်းတို့သူတော်စင်ဖြစ်လာနိုင်မည်ဟု မဆိုဝံ့ကြပါချေ။
ယခုတွင် လုရှောင်ယန်မှာ လူတိုင်းက သူတော်စင်ဖြစ်လာနိုင်သည်ဟု ဆိုနေ၏။ ထိုသည်က လူများစွာအား အင်မတန် ပူပန်စေသည်။
တချို့အရာများမှာ တစ်ခါရပြီးသည်နှင့် ထုံအလာကြကာ ချီးမြှောက်ခံလိုကြသည်။ ထိုအရာများက နှလုံးအိမ်တွင်း၌ ခိုအောင်းနေကာ မဖြစ်နိုင်ဟု ယုံကြည်လာစေ၏။
၎င်းမှာ လုရှောင်ယန်၏ ယခင်ဘဝက ဖြစ်ခဲ့သလိုပင် ဆင်းရဲသူများအတွက် အောင်မြင်ရန် ခက်ခဲသည်။ ထို့အပြင် အချိန်တိုးတက်လာသည်နှင့် ၎င်းမှာ နှစ်တိုင်းလိုလို ခက်ခဲလာ၏။ ဆင်းရဲသည့်ကျောင်းသူကျောင်းသားများ တက္ကသိုလ်တက်ရောက်နိုင်သည်မှာ ရှားလှ၏။
ထိုသည်မှာ ၎င်းတို့က မူလတည်းက အဆီးအတားမဲ့ခဲ့ခြင်းကြောင့်ပင်!
ရည်မှန်းချက်မြင့်လေ စွမ်းအားကြီးလေဖြစ်၏။ ထိုအဆိုက လုံးဝမှန်ကန်မနေပါသော်လည်း အားလုံး၏ ပါရမီနှင့် စွမ်းအားမှာ အင်မတန်ခြားနားလှချေသည်။
သို့သော် လူတစ်ယောက်မှာ ငွေတစ်သန်းဝင်ရန် ရည်မှန်းချက်ထားကာ ထိုအတွက် အလုပ်ကြိုးစားပါလျှင် ၎င်းမှာ ထိုလူက ထောင်ပေါင်းရာချီ ဝင်ငွေရသလိုမျိုးပါပင်။
"မင်းရဲ့ပန်းတိုင်က ယွမ်တစ်သိန်းဖြစ်နေရင် ယွမ်တစ်သောင်းထက်ပိုတန်တဲ့ အခွင့်အရေးကိုပေးလိုက်ပါ!
သို့သော် လူတိုင်းမှာ မရူးမိုက်ပါချေ။ လုရှောင်ယန်၏ စကားအနည်းငယ်ကြောင့် ၎င်းတို့မှာ သူတော်စင်ဖြစ်လာနိုင်မည်ဟု မထင်ပါချေ။
လုရှောင်ယန်မှာ မရူးမိုက်ဘဲ ထိုအမှတ်အသားလေးနှစ်ခုက ၎င်းတို့အား သူတော်စင်ဖြစ်လာစေမည်ဟု မမျှော်လင့်ပါချေ။
သို့သော် သူဟာ အားလုံးအတွက် ပန်းတိုင်တစ်ခုကို ခင်းကျင်းရမည်။
လုရှောင်ယန်မှာ ကျင့်ကြံခြင်းအကြောင်းကို သေချာပြောနေချိန်၌ လူတိုင်း၏ ကိုယ်များမှာ တစ်ဖန်တုန်ရီလာကြသေး၏!
လုရှောင်ယန်၏ ပို့ချချက် ပြီးနောက်တွင် ၎င်းတို့၏ ကျင့်ကြံခြင်း လမ်းစဉ်များမှာအင်မတန်ခြားနားလှသော်လည်း ထိုနည်းအတိုင်းကျင့်ကြံနေဆဲပင်။
သို့သော် လုရှောင်ယန် ပို့ချချက်အား ပို့ချနေချိန်၌ ၎င်းတို့မှာ နားလည်သွား၏။ ကျင့်ကြံခြင်းတွင် ကျင့်ကြံရန်ပန်းတိုင်တစ်ခုကို ထားရမည်အားနားလည်သွားသည်ပင်!
တစ်ခဏအကြာတွင် တပည့်များမှာ ချက်ချင်းပင် တရားမှတ်သည့်အခြေအနေအား ဝင်ရောက်သွား၏။ ထိုအချိန်တွင် ခရမ်းသွေးတိမ်တိုက်နန်းတော်၌ ကျောင်းအုပ်ထုံထျန်းမှာ သူ၏အခန်းဆီသို့ ပြန်လာကာ အမူအရာပြောင်းသွား၏။
"ဘာတွေဖြစ်နေတာလဲ? ဘာလို့ ရွှေရောင်အောက်ကျွန်းမှာ လောကစွမ်းအားကို စုပ်ယူတဲ့အရှိန်က ဘာလို့ ဒီလောက်ထိရောက်နေရတာလဲ?"
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၃၀။ အပိုင်း ၄၃၉ ရှေးဟောင်းသဏ္ဍာန်မဲ့တာအိုအဆင့်
ထုံးထျန်းမှာ သူ၏သူတော်စင်မျက်လုံးအား ဖွင့်ကာ ရွှေရောင်အောက်ကျွန်းထံ ထပ်မံကြည့်ရှုလိုက်၏။ သို့သော် တခဏအကြာ၌ သူဟာ မနေနိုင်ဘဲ မျက်မှောင်ကျုံ့လိုက်သည်။
အကြောင်းမှာ သူဟာ လုရှောင်ယန်ခင်းကျင်းထားခဲ့သည့် ပုံရိပ်ယောင်အစီအရင်အား ဖြတ်ကျော်ကာ မမြင်နိုင်သေးသောကြောင့်ပင်!
"သေစမ်း၊ ငါ ဂုဏ်သရေရှိသူတော်စင်က ဒီကောင်စုတ်လေးရဲ့ပုံရိပ်ယောင်အစီစဉ်ကို မမြင်နိုင်ဘူးတဲ့လား! ဒီကောင်စုတ်လေးရဲ့ အစီအရင်ခင်းကျင်းတဲ့အစွမ်းက ဒီလောက်တောင် အံ့ဩဖို့ကောင်းတာလား?"
ထိုသည်က ထုံးထျန်းအား အင်မတန်စိတ်ဓာတ်ကျသွားစေ၏!
"ထားလိုက်တော့။ ဘယ်လိုပဲဖြစ်ဖြစ် သူသန်မာလာလေလေ ကျဲကျောင်းတော်အတွက် ကောင်းလေလေပဲပေါ့။"
ခေါင်းကိုခါလျက် ထုံးထျန်းမှာ သူ၏ မျက်လုံးများကိုသာပိတ်ကာ တစ်ဖန်ကျင့်ကြံလိုက်သည်။
ရွှေရောင်အောက်ကျွန်းတွင်၊
"မဟာတာအိုက နက်နဲပြီး အမျိုးအစား ၃၀၀၀ထောင်ထိ ခွဲခြားထားတယ်..."
လုရှောင်ယန်၏ ကျင့်ကြံနှုန်းအား ရှင်းပြချက်မှာ စဉ်ဆက်မပြတ် လှည့်ပတ်တိုးတက်နေ၏။ ထိုသည်က ရှုပ်ထွေးရာမှ နက်နဲလာသည်။
သူ၏အသံမှာ ခပ်ဖျော့ဖျော့အမတအရှင်အသံဖြစ်သွား၏။ ၎င်းက လူတစ်ယောက်နားတွင်းသို့ ဝင်လာချိန်တွင် ထိုလူအား စိတ်လှုပ်ရှားစေရုံမျှမက ၎င်းတို့၏ကျင့်ကြံခြင်းနားလည်မှုမှာလည်း တဖြည်းဖြည်းနှင့် ရှုထောင့်ပေါင်းစုံမှ တိုးလာချေသည်။
လုရှောင်ယန်၏ ရှင်းပြချက်အောက်တွင် ကျင့်ကြံသူများ၏ မူလကရှိသော အရှုပ်အထွေးများမှာ ရှင်းလင်းသွားသည်။
ပို့ချချက်မှာ မရှည်ကြာဘဲ အကျိုးရလဒ်ပဲတိုးတက်လာစေရန် လုရှောင်ယန်က အချိန်နှုန်း အဆ၈၀အားအသုံးပြုထားခဲ့၏။ ထိုသည်က လက်ရှိနေရာရှိ တပည့်အားလုံးအား အနည်းနှင့်အများတော့ ခပ်မြန်မြန် နားလည်လာစေ၏။
ပါရမီကောင်းနှင့် လူတချို့မှာ ပို့ချချက်ကို နားထောင်နေရင်းနှင့်ပင် ကျင့်ကြံလိုက်ကြ၏။ ထိုအခိုက်တွင် ၎င်းတို့ကိုယ်တွင်းရှိ အချိန်ကြာ မပြေလျော့ထားသော အမတစွမ်းအားမှာ အဆုံးမဲ့သော လှိုင်းကြီးအား ထွက်ပေါ်လာစေသည်။
ပို့ချချက်၏ ပထမဆုံးအချိန်တွင် လူတချို့မှာ အဆင့်တက်လာကြသည်။
ပို့ချချက် ဒုတိယအချိန်တွင် လူသုံးယောက်ထက်ပို၍ပင် အဆင့်တက်သွားကြ၏။
ပို့ချချက်၏ သုံးချိန်တွင် လူတစ်ရာထက်ကျော်ကာ အဆင့်တက်သွားသည်။
လုရှောင်ယန်၏ရှင်းပြချက်အောက်တွင် လူတိုင်း၏ကျင့်ကြံဆင့်မှာ တစ်တန်းတည်း တိုးတက်လာတော့၏။
ထိုမြင်ကွင်းက လော့ယန်နှင့် အခြား ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်တို့၏ နှလုံးကိုပင် အခုန်မြန်ကာ ထိတ်လန့်လာစေသည်။
နှစ်သောင်းချီအကြာက ၎င်းတို့မှာ သူတော်စင်ထုံးထျန်းဆီမှ ကြားခဲ့ရသည်မှာ ကံကောင်းလှသည်။
ထိုအချိန်တွင်ပင် ၎င်းတို့အားလုံးမှာ ပုရွက်ဆိတ်များကြားမှ ပုရွက်ဆိတ်ဖြစ်ကာ သူတော်စင်ထုံးထျန်းသင်ကြားပေးထားခဲ့သော နက်နက်နဲနဲနားလည်မှုလည်းမရှိချေ၊ ၎င်းတို့မှာ သူတော်စင်ထုံးချန်းပို့ချခဲ့သည့် အချိန်အခါလေးကိုသတိရနေဆဲပင်။
နှစ်သောင်းချီကြာပြီးလျှင်တောင် ထိုမြင်ကွင်းက ၎င်းတို့၏စိတ်တွင်း၌ ကျန်နေဆဲဖြစ်ကာ မနေ့ကဖြစ်ခဲ့သလိုပါပင်။
ထိုအချိန်ဆိုလျှင် ရွှေရောင်ဝိဉာဉ်နတ်ဘုရားမိခင်၊ ကျောက်ကုန်းမင်၊ တာအိုဆရာထို့ပေါင်၊ ကောင်းကင်ညီအစ်မသုံးဖော်... ကျဲကျောင်းတော် ပါရမီရှင်များမှာ သူတော်စင်ထုံးထျန်း၏ အမိန့်နှင့် ရှေးဟောင်းလောကရှိ ပါရမီရှင်ဖြစ်လာသူများမှာ ၎င်းတို့အား ထိတ်လန့်သွားစေသည်။
ယနေ့တွင် ၎င်းတို့မှာ လုရှောင်ယန်ထံမှ သူတော်စင်ထုံထျန်း၏ပို့ချချက် အချိန်အခါလေးအား ထပ်မံကြုံလိုက်ရပြန်သည်ပင်။
လုရှောင်ယန်၏ လက်ရှိကျင့်ကြံဆင့်မှာ သူတော်စင်မဟုတ်ဘဲ သူတော်စင်ထုံးထျန်း၏ ဟောပြောချက် အထဋ်အထိပ်အဆင့်သို့ နီးကပ်မနေနိုင်သော်လည်း သူဟာ သူတော်စင်ထုံးထျန်းအား ချဉ်းကပ်သည့် လက်က္ခဏာများအား ပြသပြီးဖြစ်၏။
ထိုသည်က အားလုံး၏ မျှော်လင့်ချက် ပြန်ရသွားသလိုပါပင်!
ကျဲကျောင်းတော်၏ မျှော်လင့်ချက်မှာ မြင့်တက်လာ၏!
အချိန်တွေ ကျော်လွန်လာသည်နှင့် ပို၍ များပြားသော လူတို့မှာ အဆင့်တက်လာကြသည်။
၎င်းတို့အကြားတွင် လုရှောင်ယန်၏တပည့်ကိုးဦး၏ ကျင့်ကြံဆင့်မှာ အလျင်မြန်ဆုံးဖြစ်၏!
၎င်းတို့၏ ယခင်ဘဝများတွင် ၎င်းတို့အားလုံးမှာ လောကရှိ ကျော်ကြားသော ပညာရှင်များဖြစ်၏။
အခြားလူများနှင့် နှိုင်းစာရလျှင် ၎င်းတို့မှာ လုရှောင်ယန်၏ ပိုမိုသင်ကြားခြင်းကို ခံရသော သူသာ တာအိုနိယာမကို ပိုနားလည်နိုင်သည်။ ယွင်လီကော၏ ကျင့်ကြံဆင့်မှာ ဦးဆုံးအဆင့်တက်သွား၏။
ထိုက်ယိရွှေရောင်အမတအရှင်!
ထိုက်ယိရွှေရောင်အမတအရှင် ပထမအဆင့်!
ထိုက်ယိရွှေရောင်အမတအရှင် ဒုတိယအဆင့်!
ထိုက်ယိရွှေရောင်အမတအရှင် တတိယအဆင့်!
အဆုံးတွင် ပို့ချချက်မှာ နှစ်တစ်ဝက်ပင်ကြာသွားပြီးနောက် သူဟာ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်ထိ တိုးတက်သွားတော့သည်။
ထိုသည်က သူ၏ပါရမီမှာ လုရှောင်ယန်ထက် အားကောင်းသည်ဟု မဆိုလိုပါချေ။ သူ၏ပါရမီမှာလည်း မဆိုးပါချေ။ သို့သော် သူနှင့် လုရှောင်ယန်အကြား၌ ခြားနားချက်ကြီးရှိနေသေး၏။
ဥပမာ သူဟာ အဆင့်နှစ်ဆင့်ပိုမြင့်သူအား စိန်ခေါ်နိုင်သည်။ သို့သော် လုရှောင်ယန်မှာ ကျင့်ကြံဆင့်တူပါသော်လည်း လုရှောင်ယန် စိန်ခေါ်နိုင်သူမှာ ပိုများပေ၏။
ထို့အပြင် သူ၏ကျင့်ကြံနှုန်းမှာလည်း ပိုမြန်ချေသည်။
၎င်းမှာ တစ်လလျှင် ဒေါ်လာသုံးထောင် လစာရသူအား လစဉ် ယွမ်တစ်သောင်း လစာရသူနှင့် နှိုင်းယှဉ်နေသည်နှင့်ပင် တူနေချေ၏။ နောက်တစ်ခုမှာ ပိုမို နိမ့်ကျနေသည်ပင်။
သို့သော် ယွင်လီကော၏ကျင့်ကြံဆင့် တိုးတက်လာပြီးနောက်တွင် လုရှောင်ယန်မှာ အထောက်အပံ့ရနိုင်လိုက်၏။ ထို့ကြောင့် ခြုံပြောရလျှင် လုရှောင်ယန်မှာ အရှုံးမရှိပါချေ။
အခြားတပည့်များမှာလည်း ထိုက်ယိရွှေရောင်အမတအရှင်အဆင့်သို့ရောက်ရှိသွားကြချေပြီပင်။
၎င်းမှာ ၎င်းတို့၏ ကျင့်ကြံဆင့် အပြောင်းအလဲများသာဖြစ်၏။
ထိုပို့ချချက်လှိုင်းမှာ နှစ်တစ်ဝက်ကြာညောင်းခဲ့သည်။ လုရှောင်ယန်၏ အချိန် အဆ၈ဝအောက်တွင် ၎င်းက ရွှေရောင်အောက်ကျွန်းရှိ ကျင့်ကြံသူများအားလုံး၏ ကျင့်ကြံဆင့်များအား အတော်အတန်တိုးတက်လာစေသည်။
၎င်းတို့အထဲ၌ ယွင်လီကောနှင့် လွန်ခဲ့သည့်နှစ်တစ်ဝက်က အဆင့်တက်ခဲ့သောလူများအပါအဝင် ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင် အယောက်၅၀ပင်ကျော်နေ၏!
ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင် အယောက်ငါးဆယ်။ ဒါကဘာကိုဆိုလိုတာလဲ? ရှေးဟောင်းလောကတွင် ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များစွာရှိပါသော်လည်း ထို အယောက်ငါးဆယ်ပေါင်း၏ စွမ်းအားမှာ ရှေးဟောင်းလောကတစ်ခုလုံးတွင် ၎င်းတို့လုပ်ချင်တာကို လုပ်နိူင်နေသည့် အစွမ်းရှိသည်ပင်။
ထိုက်ယိရွှေရောင်အမတအရှင်များမှာ ၎င်းတို့ထက်ပင် များသေး၏။
မည်သို့ဆိုစေ ရွှေရောင်အောက်ကျွန်းတစ်ခုလုံး၌ အမတအရှင်အဆင့်များမရှိကြတော့ပါချေ။ ၎င်းတို့အထဲတွင် အားအနည်းဆုံးမှာ ကောင်းကင်အမတအရှင်သာဖြစ်၏။
လုဂှောင်ယန်မှာ ပညာရှင်အများအပြားရှိခြင်းအပေါ်အားထားချင်ပါသည်။ သူဟာ ပမာဏထက် အရည်အချင်းကို ပိုလိုအပ်၏။
ဥပမာ ယခင်က ကျောင်းအုပ်ထုံးထျန်းမှာ တပည့်များစွာ ခေါ်ဆောင်လာခဲ့သည်။ နောက်ဆုံး၌ တစ်ခုခုဖြစ်ပွားချိန်၌ ၎င်းတို့မှာရှောင်သွားကြကာ အားလုံးနီးပါးမှာ နတ်ဘုရားချိပ်ပိတ်စည်းထဲ၌ ချိတ်ပိတ်ခံခဲ့ရသည်။
သို့သော် ၎င်းနောက်တွင် လုရှောင်ယန်မှာ တစ်စုံတရာအား စတင်တွေးတောလိုက်သည်။
၎င်းမှာ သူဟာ ကျင့်ကြံခြင်းအမြောက်အများအား စုစည်းကာ မည်သည့်အချိန်တွင် မဆို ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်ကို ကျော်ဖြတ်နိုင်သည်။
သူဟာ ၎င်းအား ယခုထိတိုင် ထိန်းချုပ်ထားနိုင်ပါသော်လည်း ၎င်းမှာမည်မျှခံသည်အား မည်သူကသိပ်မည်နည်း?
သူ့ထံ၌ ပန်ဂု၏အဆင့်မြင့်ကိုယ်ထည်ရှိပါလျှင် သူဟာ သူတော်စင်အဆင့်ကို သေချာပေါက်ဖိနှိပ်ထားနိုင်လိမ့်မည်။ သို့သော် လက်ရှိသူဟာ ပန်ဂု၏ သွေးအဆီအနှစ်နှင့် အရိုးများကို ရောယှက်ကာသာ ဖြစ်ပေါ်လာခြင်းဖြစ်ချေ၏!
သူဟာ သူ့ထံ၌ ပန်ဂုကိုယ်ထည်၏ မည်မျှကိုပိုင်သည်အား သိပင်မသိပါချေ။
တစ်သောင်းမှာ တစ်ခုလား? ဒါမှမဟုတ် သန်းတစ်ရာမှာ တစ်ခုလား?
ဒါမှမဟုတ်ရင်လည်း... တစ်ထရီလီယံမှာ တစ်ခုလား?
ထို့အပြင် သူ၏ကျင့်ကြံဆင့်မှာ ၎င်းအား ဖိနှိပ်နိုင်ပါလျှင်တောင် ကျဲကျောင်းတော်တပည့်များမှာ မည်သို့ဖြစ်မည်နည်း?
သူ၏ပို့ချချက်အားနားထောင်ပြီးနောက်တွင် ၎င်းတို့မှာ သူတော်စင်ဖြစ်လာရင် သေချာသည့်အခွင့်အရေးရှိသွားသည်ပင်။
၎င်းတို့ထံ၌ပင် အခွင့်အရေးမရှိပါလျှင် လီကောနှင့် အခြားလူများမှာ မည်သို့ဖြစ်မည်နည်း?
လီကော၏ ပါရမီနှင့်ဆိုလျှင် သူဟာ သုံးနှစ်အတွင်း ရှေးဟောင်းသဏ္ဍာန်မဲ့ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်သို့ မတက်လှမ်းနိုင်ပါလျှင် လုရှောင်ယန်မှာ သူ-ျီးစားသည်ကို live streamပင်ပြလိုက်မည်!
ထို့ကြောင့် ယွင်လီကောမှာ ရှေးဟောင်းသဏ္ဍာန်မဲ့ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်သို့ မတက်လှမ်းနိုင်ပါလျှင်တောင် ဟုန်ကျွင်းမှာ အခြားလူများ အဆင့်တက်လျှင် တစ်ခုခုမူမမှန်သည်အား ရှာတွေ့နိုင်လောက်၏။
မဖြစ်ချေ၊ လုရှောင်ယန်မှာ သူ၏စွမ်းအားကို တိုးမြှင့်ရန် နည်းလမ်းစဉ်းစားရချေတော့မည်။
"ဝမ့်ခိုက်၊ မင်းငါ့ကို အခု ရှေးဟောင်းသဏ္ဍာန်မဲ့ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်ကို တက်လှမ်းခွင့်ပြုနိုင်လား?"
[သခင်သာအခုအဆင့်တက်သွားရင် ရှာတွေ့ခံရမှာမဟုတ်လား? သခင် အခုပဲ အဲ့ဒီခွေးအိုကြီးဟုန်ကျွင်းနဲ့ တိုက်ခိုက်ချင်နေပြီလား? သခင်ကငယ်ရွယ်၊ စွမ်းအားပြည့်ပြီး မာရေကြောရေရှိပေမယ့် ဟုန်ကျွင်းရဲ့ ကျွမ်းကျင်မှုက ဝါရင့်နေပြီ။]
[ဆိုရိုးစကားလိုပေါ့၊ အသက်ကြီးလေ ပညာရှိလေတဲ့!]
လုရှောင်ယန် : "..."
"မင်းနည်းနည်းလောက် အတည်လုပ်လို့မရဘူးလား?"
[ဟုတ်ပြီလေ! ကျွန်တော်က ဘယ်လိုများအတည်မလုပ်နေလို့လဲ? အရမ်းကို အတည်ပြောနေတာပါ။ သခင်ကသာ အတွေးမှားတွေတွေးနေတာလေ၊ ကျွန်တော်မဟုတ်ဘူး]
လုရှောင်ယန် : "..."
"ငါဆိုလိုတာက မင်းရဲ့ လက်ရှိစွမ်းရည်နဲ့ဆိုရင် ငါ ရှေးဟောင်းသဏ္ဍာန်မဲ့ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်ကိုတက်လှမ်းသွားတဲ့အချိန်မှာ ဘိုးဘေးဟုန်ကျွင်း ငါ့ကိုရှာမတွေ့စေဖို့ အာမ,မခံနိုင်ဘူးလား?"
[ဒါပေါ့။ ဒါပေမယ့် သခင်၊ သခင်သိထားရမှာကလေ ရှေးဟောင်းသဏ္ဍာန်မဲ့ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်က ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်လို မရိုးရှင်းဘူးဆိုတာပဲ]
[ဒါကြောင့် သခင်သာ အခုပဲ ရှေးဟောင်းသဏ္ဍာန်မဲ့ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်ကို တက်လှမ်းချင်တယ်ဆိုရင် သခင့်ရဲ့အရှိန်အဝါတွေ လုံးဝမပေါ်သွားအောင် သခင့်ကို အခိုင်အမာ လွှမ်းခြုံထားပေးရမှာ]
[အဲ့ဒါကြောင့်ပဲ ဒါက ဘာကိုဆိုလိုလဲ သိရဲ့လား?]
[ကျွန်တော့ကိုယ်တိုင် ခင်ဗျားဘေးမှာ ရစ်နွယ်ထားရမယ်ဆိုတာပဲ]
လုရှောင်ယန် : "..."
"ငါထပ်ပြီးတော့ ရှေးဟောင်းသဏ္ဍာန်မဲ့ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်မဖြစ်ချင်တော့ဘူး။ ငါ့ကို လက်ဆောင်ထုပ်တွေပဲ ဖွင့်ဖို့ ကူညီတော့။"
ဝမ့်ခိုက် : [...]
[သခင်၊ သခင်တကယ်ကြီး ရှေးဟောင်းသဏ္ဍာန်မဲ့ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ဖြစ်လာဖို့ စိတ်မဝင်စားတော့ဘူးပေါ့? ပြီးတော့ ဒီလို ပျော်စရာကျင့်ကြံခြင်းနည်းလမ်းကို ဘယ်သာမန်လူမဆို လက်ခံမှာပဲလေ၊ ဟုတ်တယ်မဟုတ်လား?]
"ခွေးတစ်ကောင်နဲ့ အဲ့လိုလုပ်တဲ့လူကသာ တကယ်ကို သာမန်မဟုတ်တာဘဲ၊ အဲ့လိုမထင်ဘူးလား? မင်းငါ့ကိုအဲ့ဒါအတွက်ပိတ်ပင်နိုင်ပါတယ်၊ တားဆီးလိုက်ပါ။ မဂုတ်ရင်လည်း ထားလိုက်တော့။"
"ငါသေသွားပြီးရင် ဘိုးဘေးဟုန်ကျွင်းက မင်းကို ဒီတိုင်းလွတ်ပေးမှာမဟုတ်လောက်ဘူးထင်တယ်နော်? အဲ့ဒီအချိန်ကျရင် မင်းအနေနဲ့ ရိုက်တာကို တောင့်ခံနိုင်ဖို့ မျှော်လင့်မိပါတယ်။"
[ခင်ဗျားနိုင်ပါတယ်၊ သခင်]
"ဒီလိုမှပေါ့။"
[သခင်၊ သခင့်ရဲ့ အနှစ်သာရလောကထဲကို ဝင်လို့ရပါတယ်။ ကျွန်တော် ခင်ဗျားရဲ့ အနှစ်သာရလောကကို သေချာပိတ်ထားနိုင်တယ်။ အဲ့လိုနဲ့ သခင်အဆင့်တက်ပြီးရင် ဘိုးဘေးဟုန်ကျွင်းရှာတွေ့မှာမဟုတ်တော့ဘူး]
[ဒါပေမယ့် အဲ့ဒါက ယာယီပဲရမယ်။ အချိန်အတော်ကြာပြီးနောင်ကျရင် ဟုန်ကျွင်းက မူမမှန်တာတစ်ခုခုကို ရှာတွေ့သွားဦးမှာပဲလေ။
ပြောရရင် ရှေးဟောင်းသဏ္ဍာန်မဲ့ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်က သာမန်ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်မှမဟုတ်တာ]
[စကားလုံးနှစ်လုံးနဲ့ အဆင့်တစ်ဆင့်ပဲ ခြားတဲ့လူတွေဆိုပေမယ့်လည်း သူတို့ကြားက ခြားနားချက်က တွင်းနက်ကြီးတစ်ခုလိုပဲ]
[ပြီးတော့၊ သခင်က ကောင်းကင်တာအိုသူတော်စင်ဖြစ်မလာသေးပေမယ့် ရှေးဟောင်းသဏ္ဍာန်မဲ့ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ဖြစ်လာမှာလေ]
[ကောင်းကင်တာအိုသူတော်စင်က ဟုန်ကျွင်းရဲ့ ထိန်းချုပ်မှုအောက်မှာပဲ။ သူသာ နိယာမစွမ်းအားကို စားသုံးပြီးရင် အဲ့ဒါကို ထပ်ခါထပ်ခါသုံးနိုင်ဆဲပဲ။ လောကရဲ့ စွမ်းအားနိယာမက အရမ်းကြီး လျော့ကျသွားမှာမဟုတ်ဘူး၊ ဒါကြောင့် ဟုန်ကျွင်းက ဘာကိုမှ သံသယမဖြစ်တာပဲ။ ဒါက သခင့်ကို အမတကိုယ်ထည်ပေးခဲ့တဲ့ အကြောင်းပြချက်လည်းဖြစ်တယ်]
[ဒါပေမယ့် ရှေးဟောင်းသဏ္ဍာန်မဲ့ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်တွေက ဘိုးဘေးဟုန်ကျွင်းဆီကနေ အစားအစာတွေလုယက်ကြတယ်။ အဲ့ထဲမှာ လောကရဲ့ များပြားလှတဲ့ ရင်းမြစ်တွေချည်းပဲလေ။ ဟုန်ကျွင်းက မျက်ကန်းမဟုတ်ရင်တော့ သေချာပေါက် သတိပြုမိမှာပဲ]
လုရှောင်ယန်မှာ အသက်ပြင်းပြင်းရှူကာ အခိုင်အမာဆိုလိုက်၏။
"ဒီလိုဆိုရင်တောင် ငါကျင့်ကြံရဦးမယ်"
စွမ်းအားကြီးမားသည့် အုတ်မြစ်ကိုရရှိပြီးမှသာလျှင် သူဟာ စကားပြောရန် အခွင့်ရသွား၏။
၎င်းမတိုင်ခင်တွင် ပြောစရာမရှိနေပါချေ။
ဝမ့်ခိုက်မှာ ခေါင်းငြိမ့်လိုက်သည်။
[ကျွန်တော်ရွေးချယ်ထားတဲ့ သခင်ဆိုတဲ့အတိုင်းပဲ။ ခင်ဗျားကို လေးစားပါတယ်!]
စကားဆုံးသည်နှင့် ဝမ့်ခိုက်မှာ ချက်ချင်းပင် ဖောင်းလာပြီး လုရှောင်ယန်အား တိုက်ရိုက် ဝါးမြိုလိုက်သည်။
မှန်ပါသည်၊ ဝမ့်ခိုက်က လုရှောင်ယန်ကို မစားပါချေ။ ထိုအစား ၎င်းက လုရှောင်ယန်အား ကာကွယ်ရန် သူ၏တစ်ကိုယ်လုံးရှိ ကံကောင်းမှုအစွမ်းအား အသုံးပြုလိုက်သည်။
လုရှောင်ယန်မှာ ဝမ့်ခိုက်၏ အစာအိမ်ထဲကိုဝင်လာကာ အတန်ငယ်ထူးဆန်းသလိုခံစားနေရသည်။
ဒါက နည်းနည်းလောက် အဲ့လိုမျိုး...
ထားပါတော့ သူဟာ မြန်မြန် ကျင့်ကြံရမည်!
ထိုသို့တွေးကာ သူဟာ အနှစ်သာရလောကတွင်းသို့ ခပ်မြန်မြန်ဝင်ရောက်ပြီး စတင် ကျင့်ကြံလိုက်တော့သည်။
မတိုင်ခင်က သူဟာ ကျင့်ကြံခြင်းအများအပြားကို စုဆောင်းပြီးသော်လည်း အဆင့်မတက်ရသေးပေ။
ယွင်လီကောနှင့် အခြားလူများပေးသော အထောက်အပံ့မှာ အရမ်းမများပါချေ။
ပြောရလျှင် ရှေးဟောင်းသဏ္ဍာန်မဲ့ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်သို့ တက်လှမ်းခြင်းက ကျင့်ကြံခြင်း အများအပြားလိုအပ်ပေ၏!
အဆုံးတွင် ၎င်းက သူ့အပေါ် မူတည်နေသေးသည်။ သူဟာ အခြားလူများအပေါ်အားကိုးပါလျှင် မျှော်လင့်ချက်ပင် ရှိမည်မဟုတ်ချေ။
လုရှောင်ယန် ထိုင်ချလိုက်သည်နှင့် သူ၏အရှိန်အဝါမှာ မြင့်တက်လာတော့၏!
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၃၀။ အပိုင်း ၄၄၀ ဟုတ်တာပေါ့၊ငါအဆင့်တက်ပြီးနေပြီ
လုရှောင်ယန် ကျင့်ကြံနေချိန်၌ ရွှေရောင်အောက်ကျွန်းတစ်ခုလုံးမှာ တည်ငြိမ်သွားဟန်ပင်ပေါ်နေသည်။
သို့သော် ပြောရလျှင် လုရှောင်ယန်၏ပို့ချချက်ကြောင့် အားလုံး၏ ကျင့်ကြံခြင်းလမ်းကြောင်းအပေါ်ရှိ အတွေ့အကြုံမှာ များစွာတိုးတက်လာခဲ့သည်ပင်။
ထို့အပြင် လုရှောင်ယန်မှာ ၎င်းတို့အား ရင်းမြစ်များစွာ ပေးအပ်ထားသည်။ ၂နှစ်အတွင်း ရွှေရောင်အောက်ကျွန်းတစ်ခုလုံး၏ စွမ်းအားမှာ အတော်အတန်တိုးပွားလာသည်။
ယခင် လွန်ခဲ့သည့် ဟောပြောပို့ချနေခဲ့သည့် နှစ်ဝက်အတွင်းတွင် ရွှေရောင်အောက်ကျွန်းထက်၌ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင် ဒါဇင်ချီရှိလာခဲ့ပြီဖြစ်သည်။ ယခုတွင် အယောက် ၂၀၀လောက်ပင်ဖြစ်နေပြီ!
ထိုသည်ထက် တပည့်အများစုမှာ ထိုက်ယိရွှေရောင်အမတအရှင်အဆင့်ထိ ကျင့်ကြံပြီးကြပြီပင်။
တပည့်များ၏ ၄၀ရာခိုင်နှုန်းအောက်ကသာ ထိုက်ယိရွှေရောင်အမတအရှင်းအဆင့်သို့ မတက်လှမ်းရသေးခြင်းဖြစ်၏။
ရှေးဟောင်းလောကတစ်ခွင်လုံးတွင်ပင် မည်သည့်ဂိုဏ်းကမှ ထိုသို့သောအောင်မြင်မှုကို မရရှိဖူးပါချေ။
ရှင်းလင်းစွာပင် ကျဲကျောင်းတော်မှာ တစ်ဖန်ပြန်လည်ကာ ယခင်က စွမ်းအားကြီးဂိုဏ်းပြန်ဖြစ်လာပြီပင်!
ယွင်လီကော၊ ကျီဝူရှား နှင့် ဖုန်းထျန်းယွမ်... တို့မှာ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ပြီးပြည့်စုံအဆင့်ထိပင် ရောက်ရှိနေကြပြီဖြစ်သည်။ ၎င်းတို့မှာ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ဖြစ်ဖို့ရာ ခြေတလှမ်းသာလိုပါတော့သည်!
သို့သော် ၎င်းတို့မှာ အဆင့်မတက်ကြပေ။ ဤသည်မှာ ၎င်းတို့အဆင့်မတက်လိုသောကြောင့် မဟုတ်ဘဲ အဆင့်မတက်နိုင်ခြင်းကြောင့်သာဖြစ်၏။
၎င်းတို့မှာ တစ်ယောက်ယောက်၏ အနှစ်သာရလောကထဲ၌ ရှိနေပါလျှင် ထိုအနှစ်သာရလောက၌ ကန့်သတ်ထားသည့် အမြင့်ဆုံးကျင့်ကြံဆင့်ရှိပေသည်။ နောက်တစ်မျိုးဆိုရလှင် လုရှောင်ယန်သာ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်သို့ မတက်လှမ်းပါလျှင် ၎င်းတို့မှာလည်း ထိုအဆင့်ကိုတက်လှမ်းနိုင်လိမ့်မည်မဟုတ်ချေ။
၎င်းမှာ ဟုန်ကျွင်းက ကောင်းကင်တာအိုနှင့်ပေါင်းစပ်ပြီး ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ရွှေရောင်အမတအရှင်ဖြစ်လာသလိုပါပင်။ သုံးလောကတွင် မည်သူကမှ ထိုကျင့်ကြံဆင့်အား မကျော်လွန်နိုင်ပါချေ။
လီချန်းရှန်နှင့် အခြားတပည့်များမှာလည်း ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်သို့ ကျင့်ကြံနေကြပြီပင်။ ထို့အပြင် ၎င်းတို့မှာ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင် ပထမ၊ ဒုတိယအဆင့်လေးများပင် မကပဲ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင် နောက်ဆုံးအဆင့်၊ အလယ်အဆင့်တို့သို့ ရောက်ရှိနေကြပြီဖြစ်သည်။
ထိုနေ့တွင် တိမ်မည်းများမှာ လုရှောင်ယန်၏ကမ္ဘာငယ်ကို ဖုံးအုပ်လျက် လျှပ်စီးများမှာလည်း အရူးအမူး ရိုက်ခတ်နေကြသည်။
အင်မတန်ကြီးမားလှသော အားတစ်ခုမှာ လုရှောင်ယန်၏ ကိုယ်မှ အဆုံးမရှိပျံ့နှံ့သွား၏။
ထိုအားမှာ အမတစွမ်းအား မဟုတ်တော့ပါချေ။ ၎င်းက အမတစွမ်းအားကို ကျော်လွန်လျက် စွမ်းအားနိယာမကိုလည်း ဖိနှိပ်လို့ထားသည်။
ဥပမာဆိုရလျှင် ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်မှာ စွမ်းအားနိယာမကို ဖိနှိပ်ထားနိုင်ရင်တောင် ၎င်းအား အက်ကွဲစေခြင်း လှုပ်ခါခြင်းတို့ကိုသာဖြစ်စေနိုင်ပြီး လုံးဝ ပြောင်းလဲသွားစေရန်မလုပ်နိုင်ပါချေ။
၎င်းမှာ သာမန်လူများက အချင်းချင်းပြန်သတ်လိုက်သော်လည်း နတ်ဘုရားများကသာ ၎င်းတို့ကို ပြန်လည်ရှင်သန်စေနိုင်ခြင်းနှင့် တူပေသည်။
ထိုအခိုက်တွင် လုရှောင်ယန်မှာ လုံးဝပြန်လည်မွေးဖွားလာကာ ယခင်ကမရောက်ခဲ့ဖူးသည့် အဆင့်သို့ရောက်ရှိသွားတော့သည်!
၎င်းမှာ—ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ပင်ဖြစ်ပါ၏!
သို့သော် ရှေးဟောင်းကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်သို့ ရောက်ပြီးနောက်တွင် လုရှောင်ယန်မှာ သူ၏အရှိန်အဝါကို မြင့်တက်နေရာမှ မရပ်တန့်ချေ။ ထိုအစား၊ သူဟာအဆက်မပြတ်တိုးထွက်နေသော အရှိန်အဝါကိုပင် အားထား၍ တစ်ဖန် အဆင့်တက်လိုက်ပြန်သည်။
ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ဒုတိယအဆင့်!
ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်တတိယအဆင့်!
ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်စတုတ္ထအဆင့်!
ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ပဉ္စမအဆင့်!
ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ပဉ္စမအဆင့်သို့ ရောက်မှသာ လုရှောင်ယန်မှာ အရှိန်အဝါမြင့်တက်နေခြင်းကို ရပ်တန့်လိုက်၏။
လုရှောင်ယန်မှ မျက်လုံးများဖွင့်လိုက်ချိန်တွင် အနှစ်သာရလောကတစ်ခွင်လုံးမှာ လေးရာသီ၊ မြေ၊ ရေ၊ လေနှင့်မီးတို့အဖြစ် ဆင့်ကဲပြောင်းလဲနေ၏။ ကျေးငှက်များ၊ သားရဲများနှင့် အရာအားလုံးကြီးထွားလာကြသည်။
လုရှောင်ယန်မှာ အနှစ်သာရလောကအတွင်းရှိ အပြောင်းအလဲများကို ကြည့်ကာ တစ်ခဏမျှ ရပ်တန့်သွား၏။
"အလင်းရောင်ရှိအောင်လုပ်ပေးပါဦး"
တစ်ခဏအကြာ၌ အခြေတည်ရွှေကျီးကန်းတစ်ကောင်မှာ ကောင်းကင်၌ တမုဟုတ်ချင်းမွေးဖွားလာ၏။ အော်သံတစ်ခုနှင့်အတူ လောကတစ်ခုလုံးမှာ အလင်းရောင်ဖြင့် ထိန်ထိန်ညီးသွား၏။
စကားလုံးအနည်းငယ်နှင့်အတူ လုရှောင်ယန်မှာ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်ကို ကျော်လွန်နေသော ရွှေကျီးတစ်ကောင်ကို ဖန်ဆင်းခဲ့သည်ပင်။
၎င်းမှာ သူယခင်ကကျင့်ကြံခဲ့သောကျင့်စဉ်ဖြစ်သည့် ကံကြမ္မာငယ်လမ်းစဉ် သို့မဟုတ် ကံကြမ္မာကြီးလမ်းစဉ် မဟုတ်တော့ပါချေ။
၎င်းမှာ စစ်မှန်သော နိယာမပင်!
ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်သို့ ရောက်ပြီးချိန်တွင် လူတစ်ယောက်မှာ လောက၏ စွမ်းအားနိယာမကို ထိန်းချုပ်လာနိုင်သည်။
သူ၏ ကြီးမားသောဘဝကံလမ်းစဉ်အားအသုံးပြုပါလျှင် သက်ရောက်မှုက သုံးလောကရှိ သက်ရှိများအားလုံးကိုသတ်ဖြတ်ရန် ဖိနှိပ်ကြလိမ့်မည်။
တစ်ဘက်တွင် သူတော်စင်များက သက်ရှိများကို ကိုယ်တိုင်ဖန်ဆင်းနိုင်ပေသည်။
မှန်ပါသည်၊ ထိုသက်ရှိများက သူတော်စင်ကို မကျော်လွန်နိုင်ပါချေ။
သို့ရာ၌ ထိုသို့ဆိုလျှင်ပင် ၎င်း၏ကျင့်ကြံဆင့်မှာ သူတော်စင်တစ်ပိုင်းအဆင့်၌သာ ရှိသေးပေ၏!
၎င်းအား သူတော်စင်တစ်ပါးအောက်မှ ထင်ရှားသောဖြစ်တည်မှုဟုဆိုနိုင်သည်။
သို့သော် ရွှေကျီး၏အသွင်နှင့်အတူ လုရှောင်ယန်၏ အနှစ်သာရလောကမှာ ခပ်မြန်မြန်တိုးတက်လာတော့ချေသည်။ တောင်တန်းများ၊ မြစ်ချောင်းများနှင့် မြေပြင်ပေါ်ရှိသက်ရှိအားလုံးပင် ၎င်းအား တောင့်ခံနိုင်စွမ်းရှိမည်မဟုတ်ချေ။ အချို့နေရာများသည်ပင် လောင်ကျွမ်းနေကြပြီဖြစ်၏။
လုရှောင်ယန်မှာ တစ်စုံတရာအားတွေးလျက် ဆက်ပြေလိုက်သည်။
"မူလကိုပြန်ရောက်"
တစ်ခဏအတွင်းတွင် ရွှေကျီးမှာ ပျောက်ကွယ်သွား၏။ ထိုလောကရှိ သက်ရှိများမှာ အချိန်မီ နောက်ပြန်ဆုတ်သွားကြကာ ခပ်မြန်မြန် ပြန်လည်ပြုပြင်လိုက်ကြ၏။
ထိုစွမ်းအားကို အာရုံခံမိသော် လုရှောင်ယန်မှာ မနေနိုင်ဘဲ လက်သီးဆုပ်လျက် သက်ပြင်းချလိုက်၏။
"ကြောက်စရာပဲ! သူတော်စင်အဆင့်အောက်က ဘယ်သူကမှ ပြိုင်ဘက်ကင်းမဟုတ်ဘူးဆိုတာ အံ့ဩစရာမရှိတော့ပါဘူး။ ဒါကမှန်နေပုံပဲ။ ဒီစွမ်းအားနဲ့ တစ်ဖက်လူက သူတော်စင်မဟုတ်ရင်တောင် ငါ့ကိုဒဏ်ရာရစေဖို့တောင် တတ်နိုင်မှာမဟုတ်ဘူးပဲ။"
လူတစ်ယောက်မှာ သူတော်စင်ဖြစ်ရန် အင်မတန်နီးကပ်နေပါလျှင်တောင် သူတော်စင်အတွက် ပြိုင်ဘက် ဖြစ်ဖို့ရာမှာ မဖြစ်နိုင်ပါချေ။
သူ၏ကျင့်ကြံဆင့်မှာ ထိုသူတော်စင်တစ်ပါးဖြစ်လာပြီးနောက်တွင် လုရှောင်ယန်မှာ သက်ပြင်းချလိုက်၏။
ထိုသူတော်စင် ကျင့်ကြံဆင့်နှင့်ဆိုလျှင် ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်ရန် စွမ်းရည် ထပ်ပေါင်းရရှိလာနိုင်မည်။
"ငါကရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်ကို ရောက်နေပြီ။ ဟုန်ကျွင်းကို အနိုင်ယူဖို့ဆိုရင် အဆင့်တစ်ဆင့်ပဲလိုတော့တယ်။ ဒါပေမယ့် ဟုန်ကျွင်းရဲ့ကျင့်ကြံဆင့်ကိုမသိရသေးဘူး။ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ပထမအဆင့်နဲ့ ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်တို့ကြားက ခြားနားချက်ကလည်းအရမ်းကိုကြီးမားတယ်။
"ဒါကြောင့် ဒါမတိုင်ခင် ငါ နည်းနည်းလောက်တော့ သည်းခံထားရမယ်။
"ဒါပေမယ့် ငါ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်ကိုရောက်ပြီဆိုတော့ ကျန်တဲ့လူတွေရဲ့ ကျင့်ကြံဆင့်တွေတက်လာလောက်တယ်။ ကြည့်ရတာ သူတော်စင်တွေကို ခုခံမယ့် ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အုပ်စုကို လေ့ကျင့်ပေးရမယ့် အချိန်ပဲ။"
မူလက ဟုန်ကျွင်းလက်အောက်၌ သူတော်စင်အများအပြားရှိလေသည်။
ဒုတိယအနေနှင့် သူဟာ ထိုသူတော်စင်များနှင့် မရင်ဆိုင်ရလျှင်တောင် သုံးလောက၌ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များစွာ ရှိနေဆဲပင်။ သူဟာ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင် အရေအတွက်ကို မတိုးမြှင့်ပါလျှင် လီကောနှင့် ကျန်တပည့်များက တစ်ဖက်ကို မည်သို့ရင်ဆိုင်ရမည်နည်း?
ထိုသို့တွေးကာ လုရှောင်ယန်မှာ ဝမ့်ခိုက်၏ အစာအိမ်ထဲမှထွက်၍ ရွှေရောင်အောက်ကျွန်းဆီသို့ ပြန်သွားလိုက်၏။
သူ ရွှေရောင်အောက်ကျွန်းတွင် ပေါ်လာသည့်အချိန်၌ ကျွန်းပေါ်က အမည်မဲ့ဂိုဏ်း၏ တပည့်များ၏ ကျင့်ကြံဆင့်မှာ အလိုအလျောက်တိုးတက်လာတော့သည်။
၎င်းတို့၏ အမှတ်အသားများမှာ လုရှောင်ယန်၏ ကမ္ဘာထဲ၌ ရှိနေ၏။ လုရှောင်ယန် ပိုမိုသန်မာလာပြီးနောက်တွင် ၎င်းတို့လည်း သန်မာလာမည်ပင်။
တစ်ဦးချင်းဆိုရလျှင် လုမျိုးနွယ်စုတပည့်များမှာ လုရှောင်ယန်၏ ကမ္ဘာနှင့် မသက်ဆိုင်ပါသော်လည်း လုရှောင်ယန်နှင့် သွေးမျိုးဆက်တူကြသည်ပင်။
လုရှောင်ယန် ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ဖြစ်လာပြီးနောက်၌ ၎င်းတို့၏ကျင့်ကြံဆင့်မှာ တစ်သမတ်တည်းတိုးတက်လာချေသည်။
မျက်တောင်တစ်ခတ်အတွင်းတွင် ရွှေရောင်အောက်ကျွန်းတစ်ခုလုံးရှိ တပည့်ရာချီမှာ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်သို့ရောက်ရှိသွားကြ၏!
ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်သို့ မရောက်သေးသောလူများမှာ ထိုက်ယိရွှေရောင်အမတအရှင်အဆင့်သို့ရောက်နေပြီဖြစ်၏။
ထိုအခိုက်၌ ရွှေရောင်အောက်ကျွန်းတစ်ခုလုံးတွင် ကျင့်ကြံဆင့်အနိမ့်ဆုံးမှာ ထိုက်ယိရွှေရောင်အမတအဆင့်နှင့် အထက်ပင်ဖြစ်တော့၏။
ခရမ်းသွေးတိမ်တိုက်နန်းတော်ရှိ သူတော်စင်ထုံးထျန်းမှာ မျက်လုံးများပြူးကျယ်လျက် လေးနက်နေဟန်ပြည့်နေသည်။
"ဘာတွေဖြစ်နေတာလဲ? ဘာလို့ရွှေရောင်အောက်ကျွန်းမှာ ရုတ်တရတ်ကြီး ဒီလောက်များတဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်တွေ ပေါ်လာရတာလဲ?"
"လုရှောင်ယန်က ဘာတွေလုပ်နေပြန်ပြီလဲ?"
ထိုအခိုက်တွင် အဆုံးမဲ့သောလှိုင်းများက ထုံးထျန်း၏ နှလုံးအိမ်တွင် ဆန်တက်လာသည်။
သူဟာလုရှောင်ယန်အား ဖန်ဆင်းထားခြင်းဖြစ်သောကြောင့် လုရှောင်ယန်မှာ အင်မတန်ထူးခြားသည်ကို အသေအချာသိပေသည်။ ၎င်းမှာ လုရှောင်ယန်က သူကိုယ်တိုင် ပန်ဂု၏ အသွေးနှင့်အရိုးတို့ဖြင့် ဖန်တီးထားခဲ့သည့် အရွေးချယ်ခံပါပင်။ လုရှောင်ယန်မှာ ပန်ဂုနှင့်ဖန်တီးခံထားရသောလူဖြစ်သောကြောင့် ကောင်းကင်ဘုံမှ အသေအချာကိုပင် ကောင်းချီးပေးထားပေသည်။
သို့သော် ထိုသို့ဆိုလျှင်ပင် သူ့အတွက် တစ်ချိန်တည်းနှင့် များပြားလှသည့် ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များအား ဖန်ဆင်းရန်မှာ မဖြစ်နိုင်ချေ!
တစ်ဖက်လူတစ်ဦးတည်းကသာ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်သို့ တက်လှမ်းသွားခြင်းဆိုလျှင် ပို၍သင့်လျော်ပေဦးမည်။
တကယ်ကိုပင် ထုံထျန်း၏အမူအရာလေးနက်ခဲ့ခြင်း အကြောင်းအရင်းမှာ လုရှောင်ယန်က ထူးခြားခြင်းကြောင့်သာ မဟုတ်ပါချေ။ ၎င်းမှာ တစ်ဖက်လူက သူ၏ခန့်မှန်းချက်များကိုပင် ကျော်လွန်နေခြင်းကြောင့်ဖြစ်၏။
ထိုသည်တွင် အင်မတန်အရေးကြီးသည့် အကြောင်းအရင်းရှိနေပေသည်။
ယခင်က လုရှောင်ယန်အား ဖန်တီးခဲ့ချိန်တွင် သူဟာ အသွေးနှင့် အရိုးများကိုအသုံးပြုခဲ့ရုံမက အနှစ်သာရဝိဉာဉ်ကိုပင် အသုံးပြုခဲ့၏!
မှန်ပါသည်!
အနှစ်သာရဝိဉာဉ်ပင်!
သူဟာ မူလက ပန်ဂု၏ အနှစ်သာရဝိဉာဉ်မှ ဖြစ်တည်လာခဲ့ခြင်းကြောင့် သူ၏ အနှစ်သာရဝိဉာဉ်မှာ ပန်ဂုနှင့် တူညီနေပေသည်။
တစ်ဖက်တွင် ၎င်းမှာ လုရှောင်ယန်၏ အလားအလာကို တိုးမြင့်စေ၏။ တစ်ဖက်မှာမူ ၎င်းက လုရှောင်ယန်ကို မည်သည့်ပြောင်းလဲမှုမဆို ရှောင်ရှားရန် ကောင်းကောင်းထိန်းချုပ်နိုင်သည်။
ဥပမာ လုရှောင်ယန်မှာ ရုတ်တရတ်ဘက်ပြောင်း၍ ရန်သူနှင့် ပူးပေါင်းလိုက်လျှင် သူ၏အစီအစဉ်အားလုံးမှာ အလဟဿဖြစ်သွားပေမည်မဟုတ်လား?
သို့သော် နှစ်အနည်းငယ်အကြာက သူဟာ လုရှောင်ယန်နှင့် ဆက်စပ်နေသည့် ဝိဉာဉ်ချိတ်ဆက်မှု ပြတ်တောက်သွားကြောင်းကိုတွေ့ရှိခဲ့သည်။
သူဟာ အဘယ့်ကြောင့်နည်းကို မပြောနိုင်သော်ငြား လုရှောင်ယန်မှာ ရွှေရောင်အောက်ကျွန်းကိုရောက်လာချိန်၌ပင် သူဟာ လုရှောင်ယန်၏ ဝိဉာဉ်နှင့် မချိတ်ဆက်နိုင်သေးပါချေ။
ထိုကောင်စုတ်လေးမှာ အမှီအခိုကင်းဖြစ်တည်မှု ဖြစ်လာပုံပါပင်။ သူဟာ ဆန်းကျယ်ပေ၏။
ယခုတွင် သူဟာ များစွာသော ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များကို တစ်ခါတည်းဖန်တီးလျက် ကျောင်းအုပ်ထုံးထျန်းကို အင်မတန် စိုးရိမ်လာစေသည်။
သို့သော် သူဟာ ထိုအကြောင်းကို မပြောနိုင်ပါချေ။ လုရှောင်ယန်ထံ၌ မည်သည်များဖြစ်နေသည်ကိုလည်း မသိသေးပါချေ။ သူသာ လုရှောင်ယန်၏ကိစ္စအား ခွင့်ပြုချက်မရှိ ထုတ်ဖော်မိပါလျှင် သူဟာ ဘိုးဘေးဟုန်ကျွင်းထံမှ အပြစ်ပေးခံရရုံမျှမက မှားယွင်းသွားပါလျှင်လည်း နှစ်များစွာ ကြံစည်ခဲ့သည်များမှာ ရှုပ်ထွေးသွားချေလိမ့်မည် မဟုတ်ပါလား?
မည်သို့ဆိုစေ လုရှောင်ယန်မှာ များပြားလှသော ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များကို ဖန်တီးထားသော်ငြား ကျဲကျောင်းတော်မှာ သူ၏လက်တွင်း၌ ရှိနေသေးသဖြင့် ပူပန်နေစရာ မလိုပါချေ။
သူဟာ ကျဲကျောင်းတော်မှလူများ သစ္စာဖောက်မည်ကို စိုးရိမ်စရာမလိုပါချေ။
၎င်းမှာ ကျဲကျောင်းတော် တပည့်များ မရူးနှမ်းသေးသ၍ ၎င်းတို့မှာ သူ့လိုမျိုး ဂုဏ်သရေရှိသူတော်စင်အား သစ္စာဖောက်ပြီး လုရှောင်ယန်ကဲ့သို့ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်လေးကို ပူးပေါင်းမည်မဟုတ်ချေ။
ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်မှာ မည်မျှစွမ်းအားကြီးနေပါစေ ၎င်းမှာ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်လေးသာဖြစ်၏!
သူတော်စင်တစ်ပါး၏ ရှေ့မှောက်တွင် တစ်ဖက်လူမှာ ပုရွက်ဆိတ်သာသာဖြစ်နေဆဲပင်!
[ဂုဏ်ပြုပါတယ်၊ သခင် ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်]
ရွှေရောင်အောက်ကျွန်းတွင် ဝမ့်ခိုက်မှာ လုရှောင်ယန်အားဂုဏ်ပြုလိုက်သည်။ လုရှောင်ယန်မှာ အတန်ငယ် ခေါင်းငြိမ့်လျက် သူ၏အခန်းမှထွက်လာ၏။
ထိုအခိုက်တွင် ယွင်လီကောမက အခြားသူပင်ဖြစ်နေပါစေ၊ ၎င်းတို့အားလုံးမှာ ခန်းမအဝင်ဝသို့ တစ်ညီတည်းရောက်လာ၏။ ၎င်းတို့မှာ လုရှောင်ယန်အား ကြည့်ကာ မျက်လုံးထဲတွင် မျှော်လင့်ချက်၊ စိတ်ဆန္ဒတို့ဖြင့် ပြည့်နေ၏။
.
"ဆရာ! ဒါက...?"
ယွင်လီကောမှာ ကူကယ်ရာမဲ့စွာဖြင့် ဂရုတစိုက်မေးမြန်းလိုက်သည်မှာ လုရှောင်ယန် ဒေါသဖြစ်မည်ကို ကြောက်ရွံ့နေဟန်ပါပင်။
လုရှောင်ယန်မှာ တုံ့ဆိုင်းမနေဘဲ ဆိုလိုက်၏။
"အမှန်ပဲ။ မင်းထင်နေသလိုပဲ၊ ငါအဆင့်တက်သွားပြီ!"
သူထိုသို့ဆိုလိုက်သည်နှင့် အားလုံး၏ဆံပင်မွှေးများမှာ အဆုံးထိထောင်ထသွားချေတော့သည်။
***