အခန်း (၄၄၁-၄၄၅)
Vol. 30 Ch. 441-445
အပိုင်း ၄၄၁ ကျုပ်နဲ့ ပူးပေါင်းတဲ့လူတွေက သူတော်စင်ဖြစ်လာနိုင်တယ်
လုရှောင်ယန်က ထပ်ပြီးအဆင့်တက်သွားတာလား?
သူ မတိုင်ခင်ကမှ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်ပဲရှိသေးတာလေ။ ဘယ်လိုများအဆင့်တက်သွားတာလဲ?
ဒါက...ဒါက... အဲ့ဒီအဆင့်မှာများရှိနေတာလား?
လော့ယန်မှာ အလျင်စလိုပြောလိုက်၏။
"ဂိုဏ်းချုပ်၊ ဒါက... ခင်ဗျား သူတော်စင်ဖြစ်သွားပြီလား?"
လုရှောင်ယန်မှာ မည်သည်ကိုမှ မဖုံးကွယ်ပါချေ။ ရွှေရောင်အောက်ကျွန်းတစ်ခုလုံးမှာ ယခုတွင် သူ၏ထိန်းချုပ်မှုအောက်၌ရှိသည်၊ ထို့ကြောင့် ပြောပြလျှင်လည်း ဘာမှမထိခိုက်ပါချေ။
မည်သို့ဖြစ်ဖြစ် သူဟာ တစ်ဖက်လူ၏ မှတ်ဉာဏ်အား ဘယ်အချိန်မဆို ဖျက်နိုင်၏။
သူတော်စင်ဖြစ်လာပြီးနောက်တွင် သူဟာ လိုသမျှကို လုပ်နိုင်သည်။ သူဟာ အကြောက်အလန့်ကင်းကာ အားလုံးအပေါ်၌ အထင်အမြင်သေးနေ၏!
သို့သော် အားလုံးမှာ တမုဟုတ်ချင်း ထိတ်လန့်ဆွံ့အသွားချေတော့သည်။
လုရှောင်ယန်က သူတော်စင်ဖြစ်သွားပြီတဲ့!
ဘုရားရေ၊ သူတို့များ နားကြားမှားတာလား?
၎င်းတို့၏ဂိုဏ်းချုပ်မှာ ရှေးဟောင်းလောကသို့ ရောက်လာသည်မှာ နှစ်အနည်းငယ်သာရှိသေးပြီး သူတော်စင်ဖြစ်လာပြီပင်။ ဒါက အရမ်းကြီး မကောင်းဆိုးဝါးဆန်မနေဘူးလား?
မဟုတ်သေးဘူး၊ တစ်ဖက်လူအား မကောင်းဆိုးဝါးဆန်သည်ဟု ပြောခြင်းက မလုံလောက်သေးချေ။ လုရှောင်ယန်၏ကျင့်ကြံဆင့်မှာ မဖော်ပြနိုင်လောက်သော အဆင့်သို့ပင် ရောက်နေပြီဖြစ်၏!
ထိုအခိုက်တွင် အမည်မဲ့ဂိုဏ်းသားများမှာ ၎င်းတို့၏ဂိုဏ်းချုပ်က မတိုင်ခင်က သူတော်စင်မဟုတ်ကြောင်း သိရှိသွားကြသည်။ သို့သော် ဂိုဏ်းချုပ်မှာ သူတော်စင်ဖြစ်နေပြီဖြစ်သောကြောင့် ၎င်းက ကိစ္စမရှိတော့ပါချေ!
ဒါကလုံလောက်နေပြီ!
သို့သော် လော့ယန်မှာ ခပ်မြန်မြန်ပင်တုံ့ပြန်ကာ ရှုပ်ထွေးစွာပြောလိုက်၏။
"ဒါပေမယ့်... မဟုတ်သေးဘူး။ ဂိုဏ်းချုပ်၊ ခင်ဗျားသာသူတော်စင်ဆိုရင် ဘာလို့ သဘာဝဖြစ်စဉ်တွေနဲ့ နေရာအနှံ့ကြာပွင့်တွေက ဘယ်မှာလဲ?"
လုရှောင်ယန်မှာ စကားဆက်လိုက်သည်။
"ဒါက ကျုပ်ပြောချင်နေတာပဲ။ ကျုပ်ရဲ့ကျင့်ကြံဆင့်က တိုးတက်လာပြီ ဒါပေမယ့် သူတော်စင်မဟုတ်သေးဘူး။ အတိအကျပြောရရင် ကျုပ်ကို ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်လို့ ခေါ်နိုင်တယ်!
ရွှေရောင်အောက်ကျွန်းတစ်ခုလုံးမှာ ထပ်မံတိတ်ဆိတ်သွား၏။
လူတိုင်းမှာ ပြောစရာမဲ့သွား၏။
လုရှောင်ယန်မှာ သူတော်စင်မဟုတ်သေးပါချေ!
ထိုအစား ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်တဲ့လား?
ဘယ်လိုဟာသကြီးလဲ?
အားလုံးသိထားကြသည်မှာ ဘိုးဘေးဟုန်ကျွင်းက ကောင်းကင်တာအိုနှင့် ပေါင်းစပ်ထားခြင်းဖြစ်၏။ သုံးလောကအား ကောင်းကင်တာအိုနှင့် စည်းကျပ်ထားသည်။ ထို့ကြောင့် သုံးလောကမှာ ကောင်းကင်တာအိုနှင့် သက်ဆိုင်၏။
ထို့အပြင် ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ဖြစ်လာရန်မှာ လုံးဝပယ်ဖျက်ခံရမည့် လမ်းကြောင်းပင်။ လူတိုင်းမှာ သူတော်စင်သာဖြစ်လာနိုင်ကြ၏!
သူတော်စင်များမှာ ကောင်းကင်တာအို၏ စည်းမျဉ်းပင်။
သုံးလောကတွင် လူတိုင်းမှာ သူတော်စင်ဖြစ်လာရန်သာ မျှော်လင့်နိုင်ကြပြီး ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်မဖြစ်နိုင်ချေ။
ထိုနှစ်ဆင့်မှာ တူညီပါသော်လည်း စည်းမျဉ်းများမှာမူ ခြားနား၏။
၎င်းမှာ ရဲဝန်ထမ်းများက လူမှုဆက်ဆံရေးနယ်ပယ်တွင် ပုံမှန် လေးစားဖွယ်ရာ ဖြစ်တည်မှုများဖြစ်သည်နှင့် တူညီ၏။
သို့သော် ၎င်းတို့အား သူခိုးအုပ်အကြားတွင် ထားလိုက်ပါလျှင်မည်သို့ဖြစ်မည်နည်း?
ကြွက်များသည်ပင် ၎င်းတို့အကြား၌ ကြောင်တစ်ကောင်ထည့်လျှင် ကြောက်ရွံ့ပေ၏!
ထို့အပြင် ပိုမိုကြောက်ရွံ့ဖွယ်ကောင်းသည်မှာ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်သည် မရေတွက်နိုင်လိုက်သော ဖြစ်နိုင်ချေများကို ကိုယ်စားပြု၏!
ထိုသည်မှာ သူတော်စင်များအား ကောင်းကင်တာအိုက လုံးဝဖိနှိပ်ထားပြီး ကျွန်များသာဖြစ်နေခြင်းကြောင့်ပင်။
ထို့အပြင် ၎င်းတို့မှာ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ဖြစ်လာပြီး နောက်၌ ပိုမိုအဆင့်မြင့်သည့်နေရာအား တက်လှမ်းနိုင်သေးသည်ပင်။
တစ်ခဏလောက် လူတိုင်း၏ မျက်လုံးများ တောက်ပသွားကာ အရူးအမူးဖြစ်နေဟန်များပေါ်လာကြသည်။
လုရှောင်ယန်မှာ လော့ယန်နှင့် အခြားသူများထံအကြည့်ပို့လျက် ဆက်ပြောလိုက်သည်။
"ကျုပ်ခင်ဗျားတို့ကို ဒီအကြောင်းပြောရတာက ကျုပ် ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ဖြစ်လာကတည်းက ကျုပ်ရဲ့ ကိုယ်ပိုင်တာအိုကို ထုတ်ဖော်နိုင်ပြီး နယ်ပယ်တစ်ခုရဲ့သခင်ဖြစ်လာတာကြောင့်ပဲ။"
"ဒါပေမယ့်လည်း ကျုပ်ကို သူတော်စင်ထုံးထျန်းက ဖန်တီးခဲ့ပြီး ကျဲကျောင်းတော်နဲ့လည်း နက်ရှိုင်းတဲ့ဆက်နွယ်မှုရှိတယ်လေ။"
"ခင်ဗျားတို့သာ ဆန္ဒရှိမယ်ဆိုရင်၊ ကျုပ်ရဲ့တာအိုကို ချိတ်ဆက်ပြီးတာနဲ့ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်ကို ကျင့်ကြံနိုင်မယ့် အခွင့်အရေးပေးနိုင်တယ်။"
"ဒါပေမယ့်၊ ခင်ဗျားတို့ ဆန္ဒမရှိရင်တော့ သူတော်စင်ထုံးထျန်းရဲ့ မျက်နှာကိုထောက်ပြီးခင်ဗျားတို့ကို ဘာမှမလုပ်ပါဘူး။ ကျုပ်ခင်ဗျားတို့ရဲ့ ဒီနေ့မှတ်ဉာဏ်ကိုပဲဖျက်ပါမယ်။ ဒါကို စဉ်းစားနိုင်ပါတယ်။"
လော့ယန်နှင့် အခြားလူများ၏ နှလုံးသားများမှာ အရူးအမူးခုန်လှုပ်နေကြသည်။
၎င်းတို့အတွက် အလိုမရှိသည်မှာ မဖြစ်နိုင်ပါချေ။
ပြောရလျှင် ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ဖြစ်လာခြင်းမှာ သူတော်စင်ဖြစ်လာခြင်းနှင့်တူချေသည်။
၎င်းတို့သာ လုရှောင်ယန်နောက်မလိုက်လာပါလျှင် ကျဲကျောင်းတော်၏ ကျင့်ကြံခြင်းနည်းလမ်းအား မှီခိုပြီး ကောင်းကင်တာအိုနောက်လိုက်ကာသာ သူတော်စင်ဖြစ်လာပေလိမ့်မည်။
မဟုတ်ပါက ၎င်းတို့မှာ ယနေ့ထိတိုင် ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ဖြစ်အောင် ကျင့်ကြံခဲ့ပြီးမှ သူတော်စင်အဆင့်လေးနှင့် ကျေနပ်နေရမည်မဟုတ်လား?
သို့သော် ၎င်းတို့မှာ ကျဲကျောင်းတော် ပြန်လည်တိုးတက်လာရန် နှစ်သောင်းချီကြာ စောင့်ကြပ်နေခဲ့ရသည်။ ၎င်းမှာ နှစ်သောင်းချီကြာ ထမ်းဆောင်ခဲ့ရသည့် ၎င်းတို့၏ သစ္စာပင်။
ယခုတွင် ၎င်းတို့၏ ယုံကြည်မှုအား ရိုးရိုးလေးပြောင်းလဲရန် မေးမြန်းလာသည်မှာ ၎င်းတို့၏ တာအိုနှလုံးသားများအား မတည်မငြိမ်ဖြစ်စေ၏။
လုရှောင်ယန်မှာ ၎င်းတို့၏ တုံ့ဆိုင်းမှုအား မြင်ပုံရသော်လည်း ဒေါသမဖြစ်ပါချေ။
အခြေအနေသာပြောင်းလဲသွားပြီး သူ၏လူများအသတ်ခံရကာ အရာအားလုံးအားလက်လျှော့ခိုင်းပြီး သူ၏ကျင့်ကြံဆင့်တိုးမြင့်နိုင်ရန် ပညာရှင်တစ်ယောက်မှ ကမ်းလှမ်းလာပါက လုရှောင်ယန်မှာ မည်မျှ ဝမ်းနည်းမည်နည်း?
သူဟာ သစ္စာမဲ့သူများအား လက်ခံခဲ့ပါလျှင်တောင် ၎င်းတို့အနာဂတ်အတွက် တွေးထားသည့် ဒုတိယအတွေးရှိသေးသည်။ သူသာ ၎င်းတို့အား အလွယ်တကူ နင်းချေပါလျှင်တောင် သူ့အား အနည်းနှင့်အများတော့ သက်တောင့်သက်သာ ဖြစ်လိမ့်မည်မဟုတ်ချေ။
၎င်းမှာ လူတစ်ယောက်က လက်ထပ်ပြီးသားမိန်းမတစ်ယောက်နှင့် လက်ထပ်ပြီးနောက်တွင် မည်သည်ကမှအရေးမပါတော့သလိုပါပင်။
မည်မျှ သဘောထားကြီးသော လူဖြစ်နေပါစေ သူဟာ အနည်းငယ်တော့ စက်ဆုပ်မိမှာပင်။
"ကျုပ်ရဲ့တာအိုကို ချိတ်ဆက်ပြီးနောက်မှာ ကျဲကျောင်းတော်ကို မစွန့်လွှတ်နိုင်မှာကို ပူပန်နေရင်လည်း စိတ်ချလက်ချနားနိုင်ပါတယ်။ ဒါက ကျုပ်အနေနဲ့ ထုံးထျန်းပေါ်မှာ ကျေးဇူးကြွေးတင်နေလို့ပါ။ ဒါက ကျုပ်အတွက် ကျဲကျောင်းတော်သားတွေကို ပြန်ပေးတဲ့ ပုံစံပါပဲ။ ဒါပေမယ့် လက်စားချေပြီးနောက်မှာ ကျုပ်က ထုံးထျန်းနဲ့မဆိုင်တော့ဘူး။ ကျုပ်မှာ ကျုပ်ရဲ့ကိုယ်ပိုင်တာအိုရှိလိမ့်မယ်။"
"ပြီးတော့ တခြားရှုထောင့်ကနေ ခင်ဗျားတို့ ကျုပ်ရဲ့တာအိုကိုချိတ်ဆက်ဖို့ ဆန္ဒမရှိရင် ခင်ဗျားတို့ကျင့်ကြံဆင့်က ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ကနေ ဖြတ်ကျော်နိုင်မှာမဟုတ်ဘူး။ ထပ်ပြီး ခင်ဗျားတို့အနေနဲ့ ကောင်းကင်တာအိုရဲ့တရားစီရင်ပိုင်ခွင့်အောက်မှာ သူတော်စင်လည်း ဖြစ်မလာနိုင်ဘူး။
"အနာဂတ်မှာ၊ ခင်ဗျားတို့သာ ကျဲကျောင်းတော်အတွက် လက်စားချေဖို့ တိုက်ပွဲတစ်ခုခုတိုက်ရမယ်ဆိုရင်တောင် ဘယ်လောက်ထိတိုက်နိုင်မှာလဲ? အဲ့ဒီစွမ်းအားကြီးကောင်းကင်တပ်တွေကိုရင်ဆိုင်တဲ့အခါကျရင် ခဏလေးနဲ့ အသတ်ခံရမှာပဲ ဟုတ်တယ်မဟုတ်လား?"
လုရှောင်ယန်၏ စကားလုံးများမှာ အားလုံးကို ထပ်မံထိတ်လန့်သွားစေပြန်သည်။ အားလုံး၏နှလုံးသားထဲရှိ နောက်ဆုံးသံသယများအား ဖယ်ရှားပြီးနောက်တွင် မည်သူကမှ သူ့အားမငြင်းဆန်ပါချေ။
အားလုံးမှာ အသက်ပြင်းပြင်းရှိုက်လျက် ခိုင်မာစွာပြောလိုက်ကြသည်။
"ဂိုဏ်းချုပ်၊ ကျုပ်တို့ ခင်ဗျားရဲ့တာအိုကို ချိတ်ဆက်ဖို့ ဆန္ဒရှိပါတယ်။"
လုရှောင်ယန်မှာ ခေါင်းငြိမ့်လိုက်သည်။ အားလုံး၏ လက်ခံမှုကိုရပြီးနောက်တွင် သူဟာ အားလုံးအား သူ၏ကမ္ဘာထဲ၌ မှတ်တမ်းတင်လိုက်တော့သည်။
ကျန်ရှိသည့် ရွှေရောင်အောက်ကျွန်းမှ တပည့်ရာချီမှာ ၎င်းတို့၏ ကျင့်ကြံခြင်းအား နှစ်သောင်းချီစုစည်းလာခဲ့ကြကာ အတော်လေးကောင်းမွန်ကြသည်။ ၎င်းတို့၏ပါရမီနှင့် အသွင်အပြင်မှာ အမည်မဲ့ဂိုဏ်း ဒုတိယမျိုးဆက်ထက်ပင် ကောင်းမွန်နေသေး၏။ လုရှောင်ယန်မှာလည်း ၎င်းတို့အား အတန်ငယ်လက်လျှော့ရန် ဆန္ဒမရှိပါချေ။
ထိုသည်တို့အား ပြုလုပ်ပြီးနောက်တွင် ရွှေရောင်အောက်ကျွန်းတစ်လုံး၌ လုရှောင်ယန်၏ လူများဖြင့် ပြည့်နေတော့၏။ ၎င်းက လုရှောင်ယန်အား ပို၍ ထင်ရှားလာစေသည်။
သူ၏ကျင့်ကြံဆင့်မှာ ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ရွှေရောင်အမတအရှင်အဆင့်သို့ တက်လှမ်းပြီးနောက်တွင် သူဟာ ဟုန်ကျွင်းအား တစ်ယောက်ချင်းယှဉ်တိုက်နိုင်နေပြီဖြစ်၏။
သို့သော် ပြဿနာသေးသေးလေးရှိနေသေးသည်ပင်။ တပည့်များ၏ အမှတ်အသားများအား ပြန်လည်ဝင်စားခြင်း လမ်းကြောင်းခြောက်ရပ်တွင် ဖုံးကွယ်ထားဆဲပင်။
၎င်းမှာ သက်ရှိအားလုံးမှာ ကောင်းကင်တာအိုနှင့် သက်ဆိုင်သောကြောင့် အမှတ်အသားများစွာရှိဖို့က သေချာသည်။ ကောင်းကင်တာအိုမှ ထိန်းချုပ်ထားသည့် အမှတ်အသားများမှ လွဲလျှင် ပြန်လည်ဝင်စားခြင်း လမ်းကြောင်းခြောက်ရပ်တွင်လည်း ပြန်လည်မွေးဖွားခြင်း အမှတ်ရှိ၏။
သူဟာ ထိုအမှတ်များအား ရရှိရန်လိုသည်။ မဟုတ်ပါက ကောင်းကင်တာအိုမှ သူ၏တပည့်အားလုံးကို သာမန်ကာလျှံကာဖြင့် သတ်လိုက်နိုင်၏။
လုရှောင်ယန်မှာ တပည့်များအား ကျင့်ကြံရန်အတွက် ဦးစွာစီစဉ်လိုက်သည်။ ၎င်းတို့သာ အဆင့်တက်ချင်ပါလျှင် သူ့အား ရှာဖွေရမည်ဖြစ်၏။
၎င်းတို့၏ အဆင့်တက်လှမ်းမှုမှာ ၎င်းတို့၏ကိုယ်ပိုင်အနှစ်သာရလောက၌သာ ရှိနေရမည်။ မဟုတ်လျှင် ကောင်းကင်တာအိုရှာတွေ့သွားပါက အင်မတန် ဒုက္ခများချေမည်။
လုရှောင်ယန်မှာ မပြင်ဆင်ရသေးပါချေ။ နှစ်ဘက်စလုံးတိုက်ခိုက်ပါလျှင် သူ၏အောင်မြင်နိုင်မည့် အခွင့်အရေးများမှာ အင်မတန် နိမ့်ကျနေသည်။
"ဝမ့်ခိုက်၊ ငါ့ကိုယ်ပွားဘယ်လိုနေလဲ? ဘယ်အချိန်မှာ အဆင့်တက်ပြီး သူတော်စင်ဖြစ်နိုင်မှာလဲ?'
[သူက ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ကို ရောက်နေပါပြီ၊ ဒါပေမယ့် ကျွန်တော် ကုသိုလ်တစ်ချို့ စုဆောင်းဖို့လိုနေသေးတယ်။ ကျွန်တော် သခင့်အတွက် ပြင်ပေးထားပြီးသား လက်ဆောင်ထုပ်တစ်ခုလည်းရှိသည်။ သခင် ဘယ်အချိန်မဆို ယူလို့ရပါတယ်]
လုရှောင်ယန်မှာ ခေါင်းငြိမ့်လိုက်သည်။ လွန်ခဲ့သည့်၂နှစ်က သူ၏တပည့်များကျင့်ကြံဆင့်မှာ အတော်တိုးတက်လာသည်။ သဘာဝကျကျဆိုရလျှင် လက်ဆောင်ထုပ်မှာ အပြားအပြားရှိ၏။
ဆက်နွယ်မှုမူလရတနာအပိုင်းအစ× 100000.
ဆက်နွယ်မှုမူလရတနာအပိုင်းများအား ဆက်နွယ်မှုမူလရတနာများ ပေါင်းစပ်ရန်နှင့် အထိအခိုက်များပြုပြင်ပေးရန်ပင်။
၎င်းမှာ ပစ္စည်းကောင်းလေးဖြစ်၏။ အနာဂတ်တွင် သူ ဟုန်ကျွင်းအား တိုက်ခိုက်ချိန်၌ သူ၏ဓမ္မရတနာမှာ လုံးဝ ထိခိုက်သွားလိမ့်မည်။ ထိုသို့သော သူ၏ဓမ္မရတနာကိုပြုပြင်နိုင်သည်မှာလည်း မဆိုးလှပါချေ။
ကုသိုလ်× 18888.
ကုသိုလ် × 99999.
သဏ္ဍာန်မဲ့ကျင့်စဉ်၊ အဓိပတိရှေးဟောင်းပန်းချီ×1။
ထိုကျင့်စဉ်မှာ လုရှောင်ယန်အား အံ့အားသင့်စေသည်။
အကြောင်းမှာ မတိုင်ခင်က အဆင့်မြင့်ဆုံးမှာ အမတလောကအဆင့်သာ ဖြစ်၍ပင်။ ယခုတွင် ဝမ့်ခိုက်မှာ သဏ္ဍာန်မဲ့ကျင့်စဉ်ကို ဖန်တီးပေးခဲ့သည်။
"ဝမ့်ခိုက်၊ သဏ္ဍာန်မဲ့ကျင့်စဉ်ကဘာဖြစ်လို့လဲ?"
[သဏ္ဍာန်မဲ့ကျင့်စဉ်တွေက လောကရဲ့ ဖန်တီးခြင်းမတိုင်ခင်က ကျင့်စဉ်တွေပဲ။ ဘိုးဘေးဟုန်ကျွင်းနဲ့ လီကောရဲ့ အရင်ဘဝမှာ သူတို့တွေ ဒီကျင့်စဉ်တွေကို ကျင့်ကြံခဲ့ကြတယ်]
[ဒါပေမယ့်၊ အဓိပတိရှေးဟောင်းပန်းချီက ပန်ဂုရဲ့ ပြီးပြည့်စုံတဲ့ကျင့်စဉ်ပဲ။ ကျွန်တော် တိတ်တိတ်လေး ဖွက်ထားတာ။ ဟုန်ကျွင်းရဲ့ ကျောက်စိမ်းဖန်ဆင်းလိပ်ပြာမှာတောင် ဒါမရှိဘူး]
[မတိုင်ခင်က၊ သခင့်ကျင့်ကြံဆင့် အရမ်းနိမ့်ခဲ့တယ်။ သခင့်ကို အဓိပတိရှေးဟောင်းပန်းချီကို ကျင့်ကြံပြီး နောက်ဆုံးကနေ ကာကွယ်ဖို့အတွက် သခင့်ဆီကနေ ဖွက်ထားတာပဲ]
[ဒါပေမယ့် အခု သခင်က ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ဖြစ်လာပြီဆိုတော့ ဒီကျင့်စဉ်ကို ကျင့်ကြံလို့ရပြီလေ]
"ငါသိပြီ"
ထိုကျင့်စဉ်မှာ ဟုန်ကျွင်း၏ ပြီးပြည့်စုံသော ကျင့်စဉ်ဖြစ်သောကြောင့် အင်မတန်ကောင်းမွန်သည်။ ဒါက သူကျင့်ကြံပြီးတဲ့နောက်မှာ ဘိုးဘေးဟုန်ကျွင်းကိုတောင် ဖိနှိပ်နိုင်မယ်လို့ ဆိုလိုတာလဲ?
ပြည့်စုံတယ်!
လုရှောင်ယန်မှာ များစွာ တုံ့ဆိုင်းမနေပါချေ။ သူဟာ သူ၏အမတကိုယ်ထည်ထဲသို့ ကုသိုလ်အားလုံးကိုဖြည့်တင်းလိုက်ကာ အလိုအလျောက်ပင် သန့်စင်လိုက်တော့သည်။
ထို့နောက် သူဟာ အဓိပတိရှေးဟောင်းပန်းချီကို ကျင့်ကြံတော့၏။
ဤတစ်ခေါက်တွင် အချိန်အတော်ကြာသွားသည်။ ထိုအဓိပတိရှေးဟောင်းပန်းချီအား လုရှောင်ယန်ကျင့်ကြံဖူးသမျှထဲတွင်အခက်ခဲဆုံးကျင့်စဉ်ဟုပင် ယူဆနိုင်၏။
လုရှောင်ယန်မှာ တစ်နှစ်လုံးအား လက်တွေ့လောကတွင် သုံးလိုက်သည်!
လုရှောင်ယန်မှာ အချိန်နှုန်းကိုအသုံးပြုနိုင်၏။ သူ၏အချိန်နှုန်းမှာ အဆ၈၀မှ ၈၀၀အထိတိုးသွားပြီပင်!
၎င်းမှာ သူ့အတွက် နှစ်ရှစ်ရာကိုဖြတ်သန်းခြင်းက အဓိပတိရှေးဟောင်းပန်းချီအား နားလည်ဖို့လုံရုံနှင့် ညီမျှသည်။
ထိုသည်မှ အဓိပတိရှေးဟောင်းပန်းချီက အရမ်း မူမမှန်ဖြစ်နေပုံပါပင်ာ
လုရှောင်ယန်မှာ အဓိပတိရှေးဟောင်းပန်းချီအား လုံးဝနားလည်သွားချိန်တွင် သူ၏ကျင့်ကြံဆင့်မှာ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင် ပြည့်စုံထိပ်ဆုံးအဆင့်သို့ရောက်နေပြီပင်။
သူဟာ ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ရွှေရောင်အမတအရှင်အဆင့်သို့ရောက်ရန် ခြေတစ်လှမ်းသာလိုတော့၏!
ထိုသည်က လုရှောင်ယန်အား သက်ပြင်းချစေ၏။
"ရှေးဟောင်းအဓိပတိပန်းချီက ထင်ထားသလိုပဲ ငါတောင်နားမလည်နိုင်ခင်မှာ နှစ်၈၀၀လောက်ကျင့်ကြံခိုင်းနေသလိုပဲ။ ဒီကျင့်စဉ်ကို အချိန်ကြာကျင့်ကြံရင် ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်ကို ကျော်ဖြတ်ဖို့ကကြာမှာမဟုတ်တော့ဘူး။"
ဝမ့်ခိုက်မှာ ပြုံးလိုက်သည်။
[သခင်က တကယ်ကို စွမ်းအားကြီးတာပဲ]
ယခင်က ပန်ဂုမှာ ထိုရှေးဟောင်းအဓိပတိပန်းချီအား ကျင့်ကြံရန် နှစ်များစွာကုန်ဆုံးခဲ့သော်လည်း သခင်မှာ နှစ်၈၀၀အတွက် ကျင့်ကြံခဲ့၏။
[သခင့်ရဲ့ပါရမီက ပန်ဂုထက်တောင် အဆများစွာ မကောင်းဆိုးဝါးဆန်နေသေးတယ်]
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၃၀။ အပိုင်း ၄၄၂ ရှစ်နှစ်တာ သီးသန့်ကျင့်ကြံခြင်း၊ လောကရှိ ခုနှစ်ယောက်မြောက် သူတော်စင်
လုရှောင်ယန်မှာ ဝမ့်ခိုက်၏စကားလုံးများအား များများစားစားဂရုစိုက်မနေပါချေ။
ပြောရလျှင် သူ၏ဝိဉာဉ်ကိုယ်ထည်မှာ ပန်ဂုထက်များစွာ သာလွန်နေ၏။ သူ့အတွက် ပန်ဂုပင်နားလည်ရန် အင်မတန်ခက်ခဲခဲ့သော ကျင့်စဉ်အား အလွယ်တကူ နားလည်နိုင်သည်မှာ ကျိုးကြောင်းဆီလျော်ပါပေသည်။
ရှေးဟောင်းအဓိပတိပန်းချီမှာ သူ၏ကျင့်ကြံဆင့်အား ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ပြီးပြည့်စုံဒဿမအဆင့်ထိ တက်လှမ်းစေခဲ့သည်။ သူဟာ ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ရွှေရောင်အမတအရှင်ဖြစ်ဖို့ရာ ခြေတစ်လှမ်းသာလိုတော့ချေ၏။
သူဟာ ဘိုးဘေးဟုန်ကျွင်းအား ခုခံရာ၌ ပိုလို့ပင် ယုံကြည်ချက်ရှိလာပြီဖြစ်၏။
သို့သော် ဘိုးဘေးဟုန်ကျွင်းမှာ နှစ်ပေါင်းကုဋေချီကြာအောင် အစီစဉ်ဆွဲခဲ့ပေ၏။ သူ့ထံ၌ နည်းလမ်းမည်မျှ ရှိမည်ကို မည်သူကသိနိုင်ပါမည်နည်း?
ထို့ကြောင့် လုရှောင်ယန်မှာလည်း သတိထားနေရ၏။
သူဟာ လီကောနှင့် အခြားလူများလည်း ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်သို့ တက်လှမ်းတော့မည်ကို အာရုံခံမိသည်။
ကျဲကျောင်းတော်မှ လော့ယန်နှင့် အခြားလူများမှာလည်း ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်သို့ ရောက်လုဆဲဆဲဖြစ်နေကြပြီပင်။
လုရှောင်ယန်မှာ ၎င်းတို့အား သူကိုယ်တိုင် ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ရွှေရောင်အမတအရှင်အဆင့်သို့ရောက်မှသာ အဆင့်တက်ခွင့်ပြုလိုသည်။
သို့သော် ထိုနှုန်းထားဖြင့်ဆိုလျှင် သူပင်မတက်နိုင်ခင် ၎င်းတို့ အဆင့်တက်သွားလိမ့်မည်။
၎င်းမှာ သူ၏ပါရမီက ၎င်းတို့ထက် အားကောင်းသော်ငြား ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ရွှေရောင်အမတအရှင်မှာ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်ကဲ့သို့ မလွယ်ကူသောကြောင့်ပင်။
လုရှောင်ယန်မှာ ၎င်းတို့အား ခပ်ဖြေးဖြေးသာ အဆင့်တက်စေလိုခြင်းမှာ ပြန်လည်ဝင်စားခြင်းလမ်းကြောင်းခြောက်ရပ်ရှိ ၎င်းတို့၏အမှတ်အသားများကို ပြန်လည်ယူဆောင်လိုခြင်းကြောင့်ဖြစ်၏။ ထိုသို့ဖြင့် ၎င်းတို့မှာ အနာဂတ်တွင် ပိုမိုအားကောင်းသည့် အဆင့်သို့တိုးတက်နိုင်ပေမည်။
ပြောရလျှင် ဝမ့်ခိုက်ပြောကြားချက်အရ ပန်ဂုထက်မြင့်မားသော ဖြစ်တည်မှုတစ်ခုရှိပါက ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ရွှေရောင်အမတအရှင်အဆင့်က လုံလောက်မည်မဟုတ်ချေ။
သို့သော် လုရှောင်ယန်မှ သူ၏ကိုယ်အား စစ်ဆေးလိုက်ရာ ကိုယ်တွင်း၌ ခရမ်းသွေးအလင်းနှစ်ခုအား ရှာတွေ့သွား၏။
"ဒီနှစ်ခုက ဘာလဲ?"
[သခင်၊ ဒါက ရှေးဟောင်းခရမ်းသွေးချီပါ]
[ရှေးဟောင်းခရမ်းသွေးချီက သုံးလောကမှာရှိတဲ့အရာတိုင်းကိုကျော်လွန်နေတဲ့ ဖြစ်တည်မှုပဲ။ ရှေးဟောင်းခရမ်းသွေးချီကိုကျင့်ကြံဖို့က နည်းလမ်းနှစ်မျိုးပဲရှိတယ်။ တစ်ခုက သဏ္ဍာန်မဲ့စွမ်းအားကို ကျင့်ကြံဖို့နဲ့ နောက်တစ်ခုက နိယာမစွမ်းအားကိုကျင့်ကြံဖို့ပဲ]
[ဒီလမ်းကြောင်းနှစ်ခုက လုံးဝကိုခြားနားတယ်ဆိုပေမယ့် နှစ်ခုစလုံးကတော့ ပန်းတိုင်တူကြတယ်။ သဏ္ဍာန်မဲ့စွမ်းအားနဲ့ နိယာမစွမ်းအားက တူညီတယ်လေ။ သဏ္ဍာန်မဲ့စွမ်းအားက သဏ္ဍာန်မဲ့မှုမှာ တည်ရှိတယ်။ ဥပမာ ဘိုးဘေးယန်မေ့၊ လီကောရဲ့ ယခင်ပုံစံရာဟူးနဲ့ ဟုန်ကျွင်းရဲ့ ယခင်ကိုယ်ထည်တို့တွေက သဏ္ဍာန်မဲ့စွမ်းအားကိုကျင့်ကြံခဲ့ကြတယ်။ ဟုန်ကျွင်း ကောင်းကင်တာအိုနဲ့ပေါင်းစပ်ပြီးတဲ့နောက်မှာ သဏ္ဍာန်မဲ့စွမ်းအားကို စတင်ကျင့်ကြံခဲ့တယ်လေ။ ပြီးတော့ သူထိန်းချုပ်တဲ့ သုံးလောကမှာ သူတော်စင်အဆင့်ရောက်ချင်တဲ့လူတိုင်းကတော့ နိယာမစွမ်းအားကိုကျင့်ကြံရမှာပဲ]
[သခင်ကတော့ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင် ဖြစ်လာတာကြောင့် သဏ္ဍာန်မဲ့စွမ်းအားကို ကျင့်ကြံတယ်]
[ဒါပေမယ့် နောက်ဆုံးကျရင် သခင်အနေနဲ့ ရှေးဟောင်း ခရမ်းသွေးချီကိုကျင့်ကြံရမှာပဲ]
[ဒါက လောကမှာရှိတဲ့ အရာအားလုံးရဲ့ရင်းမြစ်ပဲ]
[အဲ့ဒီမှာ အသုံးချစရာအတော်များများရှိပြီးတော့ သခင်စိတ်ကူးထားတာထက် ကျော်လွန်နေတယ်။ အရင်က ဘိုးဘေးဟုန်ကျွင်းက ရှေးဟောင်းခရမ်းသွေးချီခြောက်မျိုးကို ခွဲခြားပြီးတော့ သုံးလောကရဲ့ သူတော်စင်ခြောက်ပါးအဖြစ်ပြောင်းလဲခဲ့တယ်!]
[ဒါကိုကြည့်ပြီး ဒီချီက ဘယ်လောက်ထိ စွမ်းအားကြီးတယ်ဆိုတာကို မြင်နိုင်တယ်!]
[ပြီးတော့၊ သခင်ကျင့်ကြံတဲ့ ရှေးဟောင်းအဓိပတိပန်းချီက ရှေးဟောင်းခရမ်းသွေးချီကို ကျင့်ကြံဖို့ ပိုပြီး သင့်လျော်စေတယ်]
[သခင်သာ အချိန်တချို့ပေးနိုင်မယ်ဆိုရင် သခင့်ကိုယ်ထဲက ရှေးဟောင်းခရမ်းသွေးချီကို ဟုန်ကျွင်းထက် ကျော်အောင် လုပ်ဖို့ လွယ်လိမ့်မယ်]
[အဲ့သလိုဆိုရင် ကျွန်တော့်ရဲ့စွမ်းရည်နဲ့ တခြားဓမ္မရတနာတွေရဲ့ စွမ်းရည်ကိုတိုးမြှင့်ပြီး သဏ္ဍာန်မဲ့ဝိဉာဉ်ရတနာတို့ သဏ္ဍာန်မဲ့မူလရတနာတို့အဖြစ်ပြောင်းဖို့တောင် ရှေးဟောင်းခရမ်းသွေးချီကို သုံးနိုင်တယ်]
“ရှေးဟောင်းမူလရတနာထက် သန်မာတဲ့ ဖြစ်တည်မှုရှိသေးလား?"
[ဒါပေါ့၊ အဲ့ဒါက ရှေးဟောင်းရတနာ! ရှေးဟောင်းပုလဲပဲ!]
ထိုအချိန်၌ ဝမ့်ခိုက်၏အသံမှာ ရှင်းလင်းစွာပင် လေးနက်နေပေ၏။
[ဒါက သုံးလောကအကြားမှာ အသန်မာဆုံးဓမ္မရတနာပဲ။ ဒါကို ရှေးဟောင်းခရမ်းသွေးချီနဲ့ ဖွဲ့စည်းထားပြီး သုံးလောကရဲ့ ရင်းမြစ်လို့တောင် ပြောကြတယ်]
[ဒါပေမယ့်၊ ပန်ဂုတောင်မှ ရှေးဟောင်းပုလဲကို မမြင်ခဲ့ဖူးဘူး။ ပြောရမယ်ဆိုရင် သမိုင်းက ဘယ်သူမှ ရှေးဟောင်းပုလဲကို မမြင်ဖူးလောက်ဘူး]
"ငါသိပြီ"
လုရှောင်ယန်မှာ စည်းမျဉ်းများကို အတန်ငယ်နားလည်သွား၏။ ရိုးရှင်းစွာပြောရမယ်ဆိုလျှင် ဝမ့်ခိုက်မှာ ၎င်း၏ အကန့်အသတ်ကို ရောက်လုဆဲပင်ဖြစ်သည်။ သို့သော် ရှေးဟောင်းအဓိပတိကုသိုလ်မှာ ပိုမိုမြင့်မားသည့်အဆင့်ကိုရောက်ရှိစေကာ ၎င်းအား အာဟာရဖြစ်စေ၏။
ဝမ့်ခိုက်မှာ တကယ်ကိုပင်ထက်မြတ်လှသည်ဟု ဆိုနိုင်သည်။ ထိုသည်မှာ နှစ်ဦးနှစ်ဖက် အကျိုးရှိပေသည်။
၎င်းသာ ဟုန်ကျွင်း သို့မဟုတ် ကောင်းကင်တာအို ၄၉ရပ်မှဖြစ်လာသည့်ကျောက်စိမ်းဖန်ဆင်းလိပ်ပြာအား တစ်ဦးတည်းတိုက်ခိုက်ပါလျှင် အနိုင်ရလိမ့်မည်မဟုတ်ချေ။
ထိုအစား၊ ၎င်းမှာ တစ်စုံတစ်ယောက်အား အဆင့်မြင့်သည်အထိ ပျိုးထောင်သည်ကိုရှာတွေ့ပါလျှင် ဟုန်ကျွင်း သို့မဟုတ် ကောင်းပင်တာအိုအား ခုခံနိုင်ပေမည်။
သို့သော်... သူဟာ အဘယ့်ကြောင့် ရှေးဟောင်းပုလဲအား အတန်ငယ်ရင်းနှီးနေသည်ဟု ခံစားနေရပါသနည်း?
၎င်းမှာ သူ၏စိတ်တွင်းရှိ ခပ်ရေးရေးမှတ်ဉာဏ်တစ်ခုလိုပါပင်။
သို့ရာတွင် သူဟာ နက်နက်ရှိုင်းရှိုင်းတွေးလိုချိန်တွင် မှတ်ဉာဏ်များက ဗလာဖြစ်နေသည်ကို တွေ့ရှိရ၏။
"ငါ့ရဲ့အဓိကဝိဉာဉ်က ရှေးဟောင်းပုလဲနဲ့များ ဆက်စပ်နေတာလား?"
[သခင်၊ ဘာတွေ ပွစိပွစိလုပ်နေတာလဲ?]
"အာ... ဘာမှမဟုတ်ပါဘူး။"
လုရှောင်ယန်မှာ ၎င်းအား ဘေးဖယ်ထားလိုက်၏။ သူမသေချာသေးခင်တွင် ကိုယ့်ကိုယ်ကိုယ် များစွာ ဒုက္ခမခံစေလိုပါပေ။
"ဝမ့်ခိုက်၊ အရင်ဆုံး လက်ဆောင်ထုပ်ဖွင့်လိုက်"
[သိပါပြီ]
လွန်ခဲ့သည်နှစ်တွင် တပည့်များ၏ကျင့်ကြံဆင့်မှာ အတော်လေးတိုးတက်လာခဲ့သည်။ လီကောနှင့်အခြားသူများမှာ အဆင့်မြင့်သည်အထိ မရောက်သေးဘဲ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်သာရှိပါသေးသော်ငြား လီချန်းရှန်နှင့် အခြားသူများမှာမူ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အထွဋ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
ထို့ကြောင့် ဝမ့်ခိုက်မှာ လက်ဆောင်ထုပ်အများအပြားကို စုစည်းထားဆဲပင်။
သဏ္ဍာန်မဲ့စွမ်းအား ×9999.
လုရှောင်ယန် မတိုင်ခင်က စုပ်ယူခဲ့သည့် သဏ္ဍာန်မဲ့စွမ်းအား,အားလုံးကို လောကမှ ထုတ်နုတ်ထားခြင်းဖြစ်ကာ သန့်စင်သည့်သဏ္ဍာန်မဲ့စွမ်းအားမဟုတ်ပါချေ။
သဏ္ဍာန်မဲ့စွမ်းအားနှင့်အတူ သူ၏ကျင့်ကြံနှုန်းမှာ တိုးလာနိုင်ပြီး တိုက်ရိုက်ပင် သန့်စင်နိုင်၏။
သို့ရာ၌ ရှေးဟောင်းအဓိပတိပန်းချီနှင့်အတူသဏ္ဍာန်မဲ့စွမ်းအားမှာ တကယ်ကိုပင် သူ့အတွက်မရှိမဖြစ်၏။
သို့သော် ၎င်းမှာ တပည့်များအတွက်တော့ အင်မတန်စွမ်းအားကြီးနေဆဲပင်။
သဏ္ဍာန်မဲ့စွမ်းအား × 2200.
သဏ္ဍာန်မဲ့စွမ်းအား×1500.
ကျန်သည့်ဆုများမှာ အခြေခံအားဖြင့် သဏ္ဍာန်မဲ့စွမ်းအားများပင်။
လုရှောင်ယန်မှာ ထိုသည်က ဝမ့်ခိုက်၏အကန့်အသတ်ဖြစ်ကြောင်း နားလည်သည်။
သဏ္ဍာန်မဲ့စွမ်းအား၏ အထက်မှာ ရှေးဟောင်းခရမ်းသွေးချီပင်ဖြစ်၏။
ထို့အပြင် ရှေးဟောင်းခရမ်းသွေးချီမှာ အင်မတန်အဖိုးတန်လှကာ ဝမ့်ခိုက်သည်ပင် နှစ်များစွာစုဆောင်းခဲ့ပြီးမှ တစ်ဆယ့်သုံးမျိုးသာရှိသေး၏။
သူဟာ တကယ်ကိုပင်သူ့အားပေးရန် ဆန္ဒမရှိခြင်း မဟုတ်ပေဘူးလား?
ရှေးဟောင်းခရမ်းသွေးချီ × 2.
လုရှောင်ယန်မှ ထိုသို့တွေးနေစဉ်တွင် ရှေးဟောင်းခရမ်းသွေးချီနှစ်ခုမှာ နောက်ဆုံးလက်ဆောင်ထုပ်မှ ပေါ်ထွက်လာတော့၏။
ထိုသည်က လုရှောင်ယန်အား ကြောင်အမ်းသွားစေသည်။
"ဝမ့်ခိုက်၊ မင်းမှာ ခရမ်းသွေးချီ ဆယ့်သုံးမျိုးပဲရှိတာမဟုတ်ဘူးလား? ဘာလို့ငါ့ကို နှစ်မျိုးပေးရတာလဲ?"
[မတတ်နိုင်ဘူးလေ။ ပြောရရင် သခင်ကအခု အရမ်းကိုအားနည်းနေသေးတာကိုး။ ကျွန်တော်သာ သခင့်ကို ရှေးဟောင်းခရမ်းသွေးချီ နှစ်မျိုးလောက်သာ ထပ်မပေးလို့ ဆရာအသတ်ခံရရင်ဘယ်လိုလုပ်မလဲ?]
"မင်း ကောင်စုတ်လေး"
လုရှောင်ယန်မှာ သူ၏ခေါင်းကိုခါလျက်ပြောစရာမဲ့စွာပြုံးလိုက်၏။
သို့သော် သူ၏နှလုံးသားထဲ၌ နွေးထွေးမှုက ဆန်တက်လာသည်။
၎င်းတို့၏ ရင်းနှီးမှုအကြောင်းအား ပြောစရာပင်မလိုပါချေ။ သူဟာ သဘာဝကျကျပင်သိပါ၏။
"ငါအစကတော့ ဆယ်နှစ်လောက်သိုသိုသိပ်သိပ်နေမလို့ပေမယ့် အခုတော့ အရမ်းနောက်ကျနေပုံပဲ။ ဝမ့်ခိုက်၊ ငါ့ရဲ့အမတကိုယ်ထည်အတွက် မင်းရဲ့ပြင်ဆင်မှုအခြေနေဘယ်လိုရှိလဲ?'
[သခင့်ရဲ့ အမတကိုယ်ထည်က ကုသိုလ်အားလုံးကို စုပ်ယူပြီးပါပြီ။ ဒါကိုကြိုက်တဲ့အချိန်မှာ သူတော်စင်အနေနဲ့ အဆင့်မြှင့်လိုက်လို့ရပြီ]
ခိုင်မြဲနေဟန်က လုရှောင်ယန်၏မျက်လုံးများထဲတွင် ဖြတ်ပြေးသွား၏။
"ကောင်းပြီ! ဒီလိုဆိုမှတော့ စကြစို့!"
[နားလည်ပါပြီ]
အသက်ပြင်းပြင်းရှူပြီးနောက်တွင် ဝမ့်ခိုက်မှာ လုရှောင်ယန်၏ အမတကိုယ်ထည်အား ချက်ချင်းအသက်သွင်းလျက် သူတော်စင်ဖြစ်လာရန် အတိဒုက္ခကို ကျော်ဖြတ်လိုက်၏!
ထိုအခိုက်တွင် ကမ္ဘာမြေ တုန်လှုပ်ဖွယ်အရှိန်အဝါမှာ သုံးလောကလုံးအား တမုဟုတ်ချင်း တုန်ရီသွားစေ၏။
ခရမ်းသွေးတိမ်တိုက်နန်းတော်ရှိ ဖြစ်တည်မှုမှာ ထိုမူမမှန်မှုအား ပထမဆုံးအာရုံခံမိသူဖြစ်၏။
ပြောရလျှင် သုံးလောကလုံး၏ ၉၉ရာခိုင်နှုန်းနီးပါးမှာ သူ၏ထိန်းချုပ်မှုအောက်၌ ရှိပေ၏။ ထို့ကြောင့် သူဟာ ထိုအရှိန်အဝါကို ချက်ချင်းအာရုံခံလိုက်မိသည်။
"ဘာတွေဖြစ်နေတာလဲ? တစ်ယောက်ယောက်က သူတော်စင်ဖြစ်ဖို့ အတိဒုက္ခကိုကျော်ဖြစ်နေတာလား? ဘယ်သူများလဲ?"
သူဟာ လက်ချောင်းများဖြင့် တွက်ချက်လိုက်ရာ ချက်ချင်းနားလည်သွား၏။
"ထုံးထျန်းရဲ့ တပည့်လား? ကျဲကျောင်းတော်က ဒီလိုအခွင့်အရေးကြီးနဲ့ကြုံရမယ်လို့တောင် ထင်မထားခဲ့ဘူး။ ကောင်းကင်တာအိုမှာ ဒီလိုစီစဉ်မှုမရှိပါဘူး! အဲ့ဒီလူများဖြစ်နိုင်လား?"
သို့သော် သူဟာ ချက်ချင်းခေါင်းခါလိုက်ကာ
"ဒါတော့မဟုတ်ဘူး။ သူသာဆိုရင် ငါစူးစမ်းနိုင်ဖို့ မဖြစ်နိုင်လောက်ဘူး။ ပြီးတော့ ဒီကောင်လေးက ကောင်းကင်တာအိုထိန်းချုပ်မှုအောက်က သူတော်စင်ဖြစ်ပြီးတော့ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်မဟုတ်ဘူး။ ငါသူ့ကို နင်းချေဖို့ အတွေးတစ်ခုပဲလိုတယ်။"
"ဒါက ကောင်းကင်တာအိုက သုံးလောကိုအပြည့်အဝမထိန်းချုပ်ရသေးလို့ နည်းနည်းလျော့တိလျော့ရဲမပြည့်မစုံဖြစ်နေလို့သာ ဒီလိုဖြစ်လာရတာပဲ။"
"ဒါပေမယ့် သူတော်စင်တစ်ယောက်လောက်ထပ်ရဖို့က မဆိုးပါဘူး။"
"ပြောရရင် သူတော်စင်အသစ်တိုင်းနဲ့အတူ ငါ့ရဲ့ သုံးလောကထိန်းချုပ်မှုက ပိုပြီးတော့ နက်ရှိုင်းလာလိမ့်မယ်!"
ထိုသို့တွေးလျက် ဘိုးဘေးဟုန်ကျွင်းမှာ အမိန့်တစ်ခုညွှန်ကြားကာ မျက်လုံးများကို တစ်ဖန်ပြန်မှိတ်လိုက်၏။
တစ်ဖက်လူမှာ ကောင်းကင်တာအို၏ ထိန်းချုပ်မှုအောက်၌လုံးဝရှိနေသဖြင့် သူဟာ လုံးဝစိုးရိမ်ဖို့ရာမလိုပါချေ။
ပြောရလျှင် တစ်ဖက်လူထံ၌ မည်သည့် တိုက်ကွက်အပြင်းစားဘဲရှိနေနေ သူဟာ တစ်ဖက်လူအား အတွေးနှင့်ပင် ဖျက်ဆီးနိုင်သည်။
ခရမ်းသွေးတိမ်တိုက်နန်းတော်၏ အခြားတစ်ဖက်တွင် ကျောင်းအုပ်ထုံးထျန်းမှာ နေရာ၌ ပေါက်ကွဲသွား၏။
"သေစမ်း! ဒီကောင်စုတ်လေးက သူတော်စင်တောင် ဖြစ်နေပြီလား? မဖြစ်နိုင်တာ၊ မဖြစ်နိုင်တာ? ဘယ်လောက်ပဲကြာသေးလို့လဲ?"
၎င်းမှာ ဆယ်နှစ်ပင်မရှိသေးပါချေ!
"ငါဒီကောင်စုတ်လေးကို ဆယ်နှစ်ပေးထားခဲ့တယ်။ သူ့ရဲ့ပါရမီက ဘယ်လောက်ပဲ ကောင်းကောင်း ဒီလောက်ထိတော့ ထူးခြားနေစရာ မလိုဘူးမဟုတ်လား? သူဆယ်နှစ်အတွင်းမှာတင် ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ဖြစ်လာနေရင်တောင် မဆိုးသေးဘူး။ ဘယ်လိုလုပ် မျက်တောင်တစ်ခတ်အတွင်းမှာ သူတော်စင်ဖြစ်လာရတာလဲ?"
ထိုအခိုက်တွင် ကျောင်းအုပ်ထုံးထျန်းမှာ လုံးဝရှုပ်ထွေးနေကာ နေရာ၌ ကြောင်အနေလေသည်။
သူလုရှောင်ယန်ကို ဖန်တီးခဲ့သည့်အကြောင်းအရင်းမှာ ကျဲကျောင်းတော် ပြန်လည်အထမြောက်ရန်သာဖြစ်သည်။ အဆုံး၌ ထိုကောင်စုတ်လေးက ကောင်းကင်ဘုံကို တိုက်ရိုက်တက်လှမ်းလိမ့်မည်ဟု မထင်ခဲ့ချေ။
မတိုင်ခင်က သူ၏ အတွေးများမှာ အင်မတန်ရိုးရှင်းလှသည်။ လုရှောင်ယန်၏ကျင့်ကြံဆင့်မှာ အင်မတန်နိမ့်ကျ၏။ တစ်ဖက်လူကို ဦးဆုံးကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ဖြစ်ရန် ဆယ်နှစ်ပေးထားလျှင် တစ်ဖက်လူမှာ သူ၏အသက်ကိုကယ်နိုင်သည်။ ထို့နောက်တွင် သူဟာ တဖြည်းဖြည်းကျင့်ကြံနိုင်ပြီး ကျဲကျောင်းတော်အား ပြန်လည်အထမြောက်စေရန် အကြမ်းဖက်လုပ်ဆောင်ရမည်ဟုပင်။
သူဟာ ဦးနှောက်တစ်ရာ ပေးထားခဲ့လျှင်တောင် လုရှောင်ယန်မှာ ရှစ်နှစ်အတွင်း သူတော်စင်ဖြစ်လာနိုင်မည်ဟု တွေးမည်မဟုတ်ချေ။!
ထိုကောင်စုတ်လေးမှာ လူသားမဟုတ်ပါချေ!
သူဟာ အင်မတန် ထူးခြားလှချေ၏!
တစ်ချိန်တည်းတွင် နှစ်ဦးတည်းသာ သုံးလောက၌ ထိတ်လန့်အံ့အားသင့်နေကြသည်မဟုတ်ချေ။ သုံးလောကရှိလူတိုင်း ထိတ်လန့်နေကြခြင်းပင်။
သန်မာသူဖြစ်ဖြစ် အားနည်းသူဖြစ်ဖြစ် ထိုအခိုက်၌ ၎င်းတို့မှာ စွမ်းရည်ရှိသည်နှင့် ၎င်းတို့၏ အသက်များကိုရင်းလျက် ရွှေရောင်အောက်ကျွန်းသို့ သွားကြပေလိမ့်မည်။
၎င်းတို့အားလုံးမှာ ထိုသူတော်စင်အသစ်မှာ သူတော်စင်ဖြစ်ရန် အတိဒုက္ခကျော်ဖြတ်နေခြင်းအား သက်သေထူလိုကြသည်။
အသက်ရှူကြိမ်အနည်းငယ်အတွင်းတွင် တာအိုအမျိုးမျိုးမှ မရေတွက်နိုင်သော ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များမှာ ရွှေရောင်အောက်ကျွန်းအနီးတစ်ဝိုက်သို့ ရောက်ရှိလာကြ၏။
ရွှေရောင်အောက်ကျွန်းမှ အဆက်မပြတ်ထုတ်လွှတ်နေသော စွမ်းအားကြီးအရှိန်အဝါအား အာရုံခံလျက် အားလုံးမှာ မတတ်နိုင်ဘဲ မျက်လုံးများပြူးကျယ်လျက် စိုက်ကြည့်နေကြကာ ထိုမျက်လုံးများကပင် အဆုံးမဲ့သောတောင့်တခြင်းကို ထုတ်ဖော်နေကြ၏!
သူတော်စင်ဖြစ်လာခြင်းမှာ အားလုံး၏အိပ်မက်ဖြစ်သော်လည်း ၎င်းမှာ မျှော်လင့်ချက်သာသာပင်ဖြစ်သည်!
ယခုတွင် သူတော်စင်တစ်ဦးက ၎င်းတို့ရှေ့မှောက်၌ ပေါ်ထွက်လုဆဲဆဲဖြစ်၏။ မည်သူကများ ရှေ့သို့ မကြည့်လိမ့်မည်နည်း? ဘယ်သူက စိတ်မလှုပ်ရှားဘဲနေလိမ့်မည်နည်း? မည်သူကများ မရှိခိုးဘဲနေမည်နည်း?
ထိုသူတော်စင်က ၎င်းတို့မဟုတ်လျှင်တောင်မှပင်!
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၃၀။ အပိုင်း ၄၄၃ စွမ်းအားကြီးပညာရှင်များ
"အဓိပတိထို့လျန်၊ ကောင်းကင်ဘုံထွဋ်ဖျား... လူတွေအများကြီးလာကြတာပဲ! သူတို့အားလုံးကို လွန်ခဲ့တဲ့ နှစ်သောင်းချီအတွင်းမှာ အဟုန်အပြင်းဆုံး တပည့်တွေချည်းပဲ။"
"ဒါတင်မကသေးဘူး၊ သူတို့အပေါ်ကိုကြည့်လိုက်။ ဟင်းလင်းပြင်လှိုဏ်ခေါင်းကို ဆောက်နေကြပြီ။ ဒါက ချီကျင်းဇီ၊ ပြီးပြည့်စုံဟွမ်းလုံ၊ ပြီးပြည့်စုံထိုက်ယိနဲ့ ဗုဒ္ဓဂိုဏ်းရဲ့နဂါးနိုင်ကျားရဟန္တာပဲ... သူတို့အားလုံးက ချန်ကျောင်းတော်နဲ့ ဗုဒ္ဓဂိုဏ်းမှာ နှစ်များစွာ ကျော်ကြားခဲ့တဲ့ ရွှေရောင်အမတအရှင်တွေချည်းပဲ။ သူတို့တွေတောင် ဒီမှာရှိနေမှတော့ ချန်ကျောင်းတော်နဲ့ ဗုဒ္ဓဂိုဏ်းသားအငယ်လေးတွေက ဘာလို့မလာရမှာလဲ?"
ထိုသို့ဆိုလိုက်သည်နှင့် လေနှင့် တိမ်တိုက်များ ဆန်တက်လာကာ လောကအရောင်ပြောင်းသွား၏။ ကောင်းကင်တစ်ခွင်လုံးရှိ လျှပ်စီးတိမ်များမှာ အလုံးတစ်ခုအဖြစ်စုစည်းသွားကြသည်။ ကြီးမားလှသည့် ဆယ်မီတာထူသော လျှပ်စီးကြီးမှာ ရွှေရောင်အောက်ကျွန်းထက်သို့ ဆင်းသက်လာကာ ထုံးထျန်းခင်းကျင်းခဲ့သည့် အကာအရံကို အက်ကွဲသွားစေ၏။
ထို မငြိမ်မသက်မှုကြီးက သက်သေပြချင်သူများအား ကြောက်ရွံ့သွားစေလည်း မည်သည်ကိုဆိုရမည်မှန်းလည်း မသိတော့ပါချေ။
အားလုံး မတည်ငြိမ်နိုင်ခင်တွင် ဒုတိယမြောက် လျှပ်စီးကြောင်းလည်း ကျရောက်လာ၏။ ထိုလျှပ်စီးမှာ ပိုမိုမြန်ဆန်၊ ထူထဲကာ ယခင်တစ်ခုထက် အားကောင်း၏!
မည်သို့သော မမျှော်လင့်ထားသည်များသာ မဖြစ်ပါလျှင် ထိုလျှပ်စီးကြောင်းအတိဒုက္ခကျဆင်းလာလျှင် ထိုရွှေရောင်အောက်ကျွန်းမှာ အပြင်းအထန်ထိခိုက်သွားနိုင်သည်။
ထိုလျှပ်စီးအတိဒုက္ခမှာ ကျယ်ပြောသော ပင်လယ်ရှိ ကျွန်းငယ်လေးအတွက် တိုက်ရိုက်ဆင်းသက်လာသည်ပင်။
သို့ရာ၌ တစ်ချိန်တည်းတွင် သိပ်သည်းသောနိယာမစွမ်းအားကို ထုတ်လွှတ်လျက်ရှိသော ပုံရိပ်မှာ ရုတ်တရတ် ရွှေရောင်အောက်ကျွန်းမှ ပြေးထွက်လာသည်။
"ထွက်လာပြီ!"
အားလုံး၏ မျက်လုံးများက တစ်ဖက်၏ ပုံရိပ်အား စူးစိုက်နေချိန်၌ ပြူးကျယ်နေကြ၏။
ဘုန်း!
ထို့နောက် ၎င်းမှာ ထိုကျယ်ပြောသော လျှပ်စီးအတိဒုက္ခကို ဖျက်ဆီးလိုက်သည်။
"စွမ်းအားကြီးချက်ပဲ!"
လူတိုင်း၏နှလုံးသားများမှာ မထိန်းနိုင်လဲ ရပ်တန့်သွားသည်မှာ ၎င်းတို့အား ဖြစ်ညှစ်ထားသလိုပါပင်။
ထို့နောက် တတိယမြောက်၊ စတုတ္ထမြောက်၊ ပဉ္စမမြောက်၊ ဆဌမမြောက်... ထို့ထက်ပိုသော လျှပ်စီးကြောင်းများမှာ အရူးအမူးရိုက်ခတ်နေကြ၏။
လျှပ်စီးကြောင်းတိုင်းမှာ သန်မာလှကာ ယခင်တစ်ခုထက် ပိုမိုစွမ်းအားကြီး၏!
၎င်းမှာ စွမ်းအားကြီးမားလှသဖြင့် လာရောက်ကြည့်ရှုကြသောထိုကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များသည်ပင် ရွေးစရာမရှိဘဲ ထိုအတိဒုက္ခလျှပ်စီးကြောင်း၏ ရိုက်ခတ်မှာအား မသက်ရောက်စေရန် ခပ်မြန်မြန် ဆုတ်ခွာရှောင်တိမ်းနေကြရသည်။
မျက်စိဖြင့် မြင်နိုင်လောက်သည်အထိ မရေတွက်နိုင်သော ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များမှာ ထိုအင်မတန်စွမ်းအားကြီးသောကောင်းကင်တာအိုဖိအားကို ခံလိုက်ရကာ ကောင်းကင်ယံသို့ မပျံသွားနိုင်တော့ချေ။
ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အောက် လူများမှာမူ ကြည့်ရှုဖို့ရန်ပင် အရည်အချင်းမမှီကြချေ။ ၎င်းတို့မှာ ထိုကောင်းကင်စွမ်းအားကို ကြောက်ရွံ့လျက် အဝေး၌ ပုန်းအောင်းနေကြသည်။ ၎င်းတို့မှာ ကီလိုမီတာတစ်သန်းအဝေးမှ ရွှေရောင်အောက်ကျွန်းထက်ရှိဖြစ်စဉ်ကိုသာ ကြည့်နိုင်၏။
ပုံရိပ်မှာမူ လက်များကိုနောက်ပစ်လျက် ကောင်းကင်ယံသို့ ခိုင်မာသောအကြည့်ဖြင့် လှမ်းလျှောက်သွားသည်။
ထိုသာမန်ဆန်လှသော ခြေလှမ်းများတွင် ကောင်းကင်လျှို့ဝှက်ချက်များ မရေတွက်နိုင်အောင် ပါဝင်နေသည်။ ၎င်းမှာ တစ်ဦးတည်းကျင့်ကြံခြင်းမှအောင်မြင်နိုင်သည်နှင့် ဝေးကွာနေသည်။
နေရာရှိကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များမှာ နှစ်သောင်းချီကျင့်ကြံခဲ့ကြသည့် ချို့တဲ့နေသူများမဟုတ်ချေ၊ သို့သော် မည်သူကမှ တစ်ဖက်လူကဲ့သို့သော ခြေလှမ်းလှမ်းနိုင်သည်ဟု မယုံကြည်ဝံ့ကြပါချေ။
သူ၏ခြေလှမ်းတိုင်းဟာ လူတိုင်း၏ နှလုံးအိမ်များကို သက်ရောက်၍ အပြင်းအထန်ခုန်လှုပ်နေစေဟန်ပင် ပေါ်နေ၏။
အချို့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များ၏ မျက်လုံးများတွင် မနာလိုမှုများနှင့်ပင်ပြည့်နေချေ၏။
လူအများအပြားမှာ လက်သီးတင်းတင်းဆုပ်လျက် ၎င်းတို့မှာ အဘယ့်ကြောင့် အတိဒုက္ခကျော်ဖြတ်နေသူများမဟုတ်သည်ကို တွေးတောနေကြသည်။
သူတို့မှာ ဘာမရှိလို့လဲ?
ဘယ်အချိန်မှာ သူတို့ရဲ့ နှစ်သောင်းချီခါးသက်သက်ကျင့်ကြံခြင်းကို ကောင်းကင်တာအိုက အသိအမှတ်ပြုမှာလဲ?
နောက်ဆုံးတွင် စွမ်းအားကြီးမားသော ပုံရိပ်မှာ အားလုံးရှေ့မှောက်၌ ကောင်းကင်ယံသို့လှမ်းဝင်သွားတော့သည်။
တစ်ခဏအတွင်းတွင် လောကကို ထိတ်လန့်စေခဲ့သော မိုးကြိုးမှာ ပျက်ပြယ်သွား၏။ တိမ်မည်းများအားလုံးမှာလည်း ရွှေရောင်အလင်းတစ်ပြကိုထုတ်လွှတ်လျက် ကောင်းကင်မှာ ရှင်းလင်းသွားဟန်ပင်။
တိမ်မည်းများမှာ ရွှေရောင်ပြောင်းသွားသည်။ တိမ်များထဲတွင် လူတစ်ယောက်မှာ နဂါးနှင့် ဇာမဏီများကိုပင် ခပ်ရေးရေးမြင်နိုင်ပြီဖြစ်၏။
ရောင်စုံပန်းပွင့်များမှာ ဆွဲဆောင်မှုရှိသောအနံ့များကို ထုတ်လွှတ်လျက် ကောင်းကင်ယံမှ ကျဆင်းလာသည်။
ရွှေရောင်အောက်ကျွန်းတွင် ကြာပွင့်များမှာ နေရာတိုင်း၌ရှိနေကြ၏။
"ပြီးသွားပြီ! သူကသူတော်စင်ပဲ!"
"ဒါကတကယ်ကို အလုပ်ဖြစ်တာပဲ! မိုးနတ်မင်းကြီး! လောကမှာ ဆဌမမြောက်သူတော်စင်ပေါ်လာပြီ!"
မူလက သူတော်စင်မှာ ခြောက်ဦးသာရှိသည်။ ပြန်လည်ဝင်စားခြင်းလမ်းကြောင်းခြောက်ရပ်အား ရောစပ်ပြီးနောက်၌ ဟိုတု၏စွမ်းအားမှာ သူတော်စင်တစ်ဦးနှင့်ပင်ယှဉ်နိုင်နေပြီဖြစ်၏။ သို့သော် သူမမှာ မြေအောက်လောကကို မထားရစ်ခဲ့နိုင်သောကြောင့် သူတော်စင်မဖြစ်သေးပါချေ။
လူများစွာမှာ သက်ပြင်းချလျက် အံ့အားသင့်နေကြ၏။
ထိုအခိုက်တွင် ထိုပုံရိပ်မှာ မကြုံစဖူး တယူသန်မှုအား ဖြစ်ပေါ်လာစေသည်။
အနောက်အရပ်သို့ခရီးသွားခြင်းအခက်အခဲပြီးနောက်တွင် လောကရှိ အခက်အခဲအားလုံး ပြီးဆုံးပြီဟု သိထားကြသည်။
ထို့ကြောင့် သူတော်စင်ဖြစ်လာရန်မှာ ခက်ခဲလှချေ၏။
သို့သော် ယခုတွင် မဖြစ်နိုင်သလိုပင် ထိုသို့သော ဖြစ်တည်မှုတစ်ခု တစ်ဖန်ပေါ်ထွက်လာသည်။
ထိုသည်က ၎င်းတို့ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များတွင် သူတော်စင်ဖြစ်ရန် အခွင့်အရေးရှိသေးသည်ဟု ဆိုလိုနေသည်လား?
ထိုသို့ဆိုလျှင် နှစ်များစွာ ခါးသက်သက်ကျင့်ကြံနေခဲ့ကြသည့် ထိုကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များမှာ မျှော်လင့်ချက်အသစ်ကိုမြင်နိုင်ပြီဖြစ်၏!
တစ်ချိန်တည်းတွင် ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များမှာ ချက်ချင်းပင် ငြိမ်းချမ်းသောရောင်ဝါကို ၎င်းတို့အတွက် အသုံးပြုရန်အလို့ငှာ ကြိုးစားစုပ်ယူလိုက်ကြ၏။
သို့သော် ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များမှာလည်း ကောင်းကင်ယံရှိ ထိုပုံရိပ်ကို အသေအချာကြည့်နေကြသည်။
မကြာမီတွင် ပို၍အားကောင်းသော အရှိန်အဝါက ကောင်းကင်ယံထက်၌ ပေါ်ထွက်လာတော့၏။
ထိုအရှိန်အဝါကိုအာရုံခံမိသော် ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အားလုံးမှာ မတတ်နိုင်ဘဲ တုန်ရီလျက် ချက်ချင်းရပ်တန့်လိုက်ကြသည်။ ထို့နောက် ထိုသူအား အသေအချာစိုက်ကြည့်လိုက်ကြ၏။
"ဒါက သူတော်စင်ပဲ။ သူတော်စင်တစ်ယောက်က ဒီမှာ!"
တစ်ခဏအကြာ၌ နတ်အလင်း ငါးရောင်ခြယ်ထုတ်လွှတ်နေသော ပုံရိပ်မှာ ရွှေရောက်အောက်ကျွန်းအထက်ကောင်းကင်ယံတွင် ပေါ်ထွက်လာကာထိုကျွန်း၏ ယခုမှဖြစ်လာသော သူတော်စင်နှင့် အဆင့်တူတွင် ရပ်နေလိုက်သည်။
"နှစ်သောင်းချီအောင်ကြာခဲ့ပြီ။ ဒီနေ့သုံးလောကမှာ သူတော်စင်နောက်တစ်ယောက်ပေါ်ထွက်လာဦးမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ ကျုပ်ခင်ဗျားကို ဘယ်လိုများ ညွှန်းဆိုသင့်လဲ?"
ကျဲကျောင်းတော်အထက် ကောင်းကင်ယံရှိပုံရိပ်မှာ တစ်ခဏမျှ တိတ်ဆိတ်ပြီးမှ ပြောလိုက်၏။
"လုရှောင်ယန်!"
"လုရှောင်ယန်၊ မင်းက ကျဲကျောင်းတော်ရဲ့တပည့်လား? ဘာလို့ငါ မင်းကို ဆရာတူညီလေးထုံးထျန်း အရင်ကပြောဖူးတယ်လို့ မကြာရသေးတာပါလိမ့်?"
"ဒါကရှေးဟောင်းကောင်းကင်အဓိပတိပဲ! သူအရင်ဆုံးရောက်လာမယ်လို့ မထင်ထားမိဘူး။"
အောက်ဘက်ရှိ တစ်ယောက်မှာ တစ်ဖက်လူက ရှေးဟောင်းကောင်းကင်အဓိပတိမှန်းရိပ်မိသွားသည်။
သူနဲ့ ကျဲကျောင်းတော်ကြားက ဆက်နွှယ်မှုက ခပ်သေးသေးမဟုတ်ဘူး။ သူ့ကြောင့်သာ သူတော်စင်ထုံးထျန်းမှာ ခရမ်းသွေးတိမ်တိုက်နန်းတော်အား ချိတ်ပိတ်ထားခဲ့ခြင်းပင်။ သူသာ အလျင်အမြန် လာခဲ့ပါလျှင် ထိုသည်မှာကျဲကျောင်းတော်တပည့်အသစ်မှန်းသိသည်ပင်။
ထိုအခိုက်တွင် လုရှောင်ယန် အတော်လေးဆက်ပြောလိုက်သည်။
"ဘယ်တုန်းတည်းက ကျုပ်တို့ ကျဲကျောင်းတော်ရဲ့ကိစ္စတွေကို ခင်ဗျားဆီ သတင်းပို့ရမှာလဲ?"
ထိုသည်က နှလုံးပြုတ်လုမတတ်ဖိအားပါဝင်နေသည့် ထူးမခြားနားစာကြောင်းလေးသာဖြစ်ဟန်တူသည်။
ထိုအခိုက်တွင် အားလုံး၏ နှလုံးသားများမှာ ထပ်မံ ဒုန်းစိုင်းနေကြ၏။
"မိုးနတ်မင်းကြီး၊ ဒီကောင်ရူးနေတာလား?"
"သူက သူတော်စင်ဖြစ်လာရုံလေးရှိသေးတယ်။ ရှေးဟောင်းကောင်းကင်အဓိပတိက အချိန်ကြာ သူတော်စင်ဖြစ်ခဲ့တာ။ သူသာ တစ်ဖက်လူကို ဆွမိပြီး တိုက်ခိုက်ကြရင် သူပဲ နာကျင်ရမှာကို။"
ပြောရလျှင် လုရှောင်ယန်မှာ သရုပ်ဆောင်နေခြင်းသာဖြစ်သည်။
ပြောရလျှင် ၎င်းမှာ သူ၏ကိုယ်ပွားသာဖြစ်ကာ သူ၏မူလကိုယ်မဟုတ်ပါချေ။
ယခုမှ သူတော်စင်တစ်ယောက်ဖြစ်လာပြီး ကျဲကျောင်းတော်ရဲ့ဂိုဏ်းချုပ်အသစ်ဖြစ်လာတဲ့လူက မာနမကြီးနေလျှင် ထူးဆန်းနေလိမ့်မည်။
ထိုအချိန်တွင် ဟုန်ကျွင်းမှာ ၎င်းအား မြင်လိုက်၏။
ထုံထျန်း၏တပည့်တစ်ဦးအနေဖြင့် သူဟာ ချန်ကျောင်းတော် ရှေးဟောင်းကောင်းကင်အဓိပတိအား ဒေါသမထွက်ပြပါလျှင် ထူးဆန်းနေပေလိမ့်မည်။
ထို့ကြောင့် လုရှောင်ယန်မှာ တိုက်ရိုက်ပင် မာနကြီးမှုနှင့် မုန်းတီးမှုတို့အား ရှေးဟောင်းကောင်းကင်အဓိပတိထံသို့ သက်ရောက်စေလိုက်သည်။
ထိုသို့ဖြင့် မည်သူကမှ သူ့ထံ၌ အခြားရည်ရွယ်ချက်ရှိမည်ဟု သံသယမဝင်လောက်တော့ချေ။
ရှေးဟောင်းကောင်းကင်အဓိပတိအနေဖြင့် သူဟာတကယ်ကို ဒေါသကြီးကာ အမူအရာမှာလည်း ချက်ချင်းရုပ်ဆိုးသွား၏။
ထိုမျက်လုံးများမှာ သတ်ချင်နေဟန်ပင်ပေါ်နေ၏!
သို့သော် သူစကားမပြောနိုင်ခင်တွင် ရွှေရောင်အောက်ကျွန်းအထက်ကောင်းကင်ယံတွင် ကုသိုလ်အလင်းရှိ စွမ်းအားကြီးပုံရိပ်အမြောက်အများပေါ်ထွက်လာနေသည်။
"အမိတာဘ၊ သူတော်စင်အသစ်လက်ခံရရှိတဲ့အတွက် ဂုဏ်ပြုပါတယ်။ ဂုဏ်ပြုလျက်ပါ၊ ဂုဏ်ပြုလျက်ပါ။"
ထိုဘုန်းတော်ကြီးနှစ်ပါးမှာ အနောက်အရပ်မှာ သူတော်စင်နှစ်ဦးဖြစ်သည့် ကျဲယင်နှင့် ကျွင်းတိတို့ပင်။
နောက်ထပ် ပုံရိပ်နှစ်ခုမှာမူ တစ်ဦးထံတွင် အပေါ်ပိုင်းက လူကိုယ်ရှိကာ အောက်ဘက်၌ မြွေခန္ဓာရှိနေ၏။ တစ်ခြားတစ်ယောက်မှာမူ နွားထီးစိမ်းကြီးအား စီးနင်းနေသည်။
၎င်းမှာ အသေအချာကိုပင်လူသားမျိုးနွယ်မိခင် နွီဝါးနှင့် မဟာအဓိပတိအကြီးအကဲ၏လူ့ဇာတိ၊ လောင်ဇစ်ပါပင်။ မဟာအဓိပတိအကြီးအကဲမှာလည်း ပြိုက်ဘက်ကင်း သူတော်စင်သုံးယောက်အကြားတွင် ကျင့်ကြံဆင့်အမြင့်ဆုံးသူတော်စင်လည်းဖြစ်၏။
"ဂုဏ်ပြုပါတယ် မင်းတို့ကျဲကျောင်းတော်က နောက်ထပ် သူတော်စင်ကို ထပ်ပြီးမွေးထုတ်ပေးခဲ့လို့။ ဂုဏ်ပြုပါတယ်။"
အားလုံးရောက်လာသည်ကိုမြင်သော် ရှေးဟောင်းကောင်းကင်အဓိပတိမှာ ချက်ချင်းငြင်းခုံလိုက်တော့၏။
"ဆရာတူအစ်ကိုနဲ့ အစ်မတို့၊ ဒီကလေးကအရမ်းဘဝင်မြင့်နေတော့ ကျုပ်ရဲ့မဟာစွမ်းအားကိုထိခိုက်စေတယ်။ ကျုပ်က သူ့ကိုဂုဏ်ပြုဖို့လာပေမယ့် ကျုပ်ရှေ့မှာတင် ဘဝင်လေဟပ်ပြနေတယ်။ ဒါပေမယ့် သူကဆရာတူညီလေးထုံးထျန်းရဲ့တပည့်ဖြစ်နေတာကိုထောက်ပြီး၊ သူ့ကိုဒီတစ်ခေါက်တော့ ခွင့်လွှတ်ပေးလိုက်မယ်။ သူသာ ထပ်ပြီးဘဝင်မြင့်ဦးမယ်ဆိုရင် ကျုပ်ရဲ့ရိုင်းပြမှုအတွက် အပြစ်မတင်ပါနဲ့။"
သို့သော် သူစကားဆုံးသည်နှင့် လုရှောင်ယန်မှာ ထပ်ပြောမည်ဟု မည်သူကထင်မည်နည်း၊
"အရှက်မဲ့လိုက်တာ၊ ခင်ဗျားအရင်က ကျဲကျောင်းတော်ကို ပစ်မှတ်ထားတော့ ဘာလို့ ညှာတာမှုတောင် မပြရတာလဲ? ဖြောင့်မတ်သလိုဟန်ဆောင်နေတာ ရပ်လိုက်ပါတော့!"
သူထပ်ပြောလိုက်ချိန်တွင် ရှေးဟောင်းကောင်းကင်အဓိပတိနှင့် ခေါင်းချင်းပါဆိုင်သွား၏။
မည်သို့ဖြစ်ဖြစ် ၎င်းမှာ ဟန်ဆောင်မှုသာသာပင်ဖြစ်သည်။ ရှေးဟောင်းကောင်းကင်အဓိပတိနှင့် ဆန့်ကျင်ဘက်ဖြစ်သူ အနေဖြင့် သရုပ်တောင်လိုက်ခြင်းက သူ့အား ကိုယ်ပွား၏ တန်ဖိုးတိုးချဲ့ရန် အကူအညီပေးသည်။
လုရှောင်ယန်မှာ ရှေးဟောင်းကောင်းကင်အဓိပတိအား လုံးဝမကြောက်ရွံ့ပါချေ။
တစ်ဖက်တွင် သူ၏မူလကိုယ်ဖြင့် ရှေးဟောင်းကောင်းကင်အဓိပတိအား တိုက်ခိုက်ရန်မှာ ဟင်းသီးဟင်းရွက်များ လှီးချွတ်ရသကဲ့သို့ပင် လွယ်ကူသည်။ သူဟာ တစ်ဖက်လူအကြောင်းလုံးဝမစဉ်းစားပါချေ။ တစ်ဖက်လူမှာ သူ၏လမ်းကြောင်းပေါ်ရှိ ကျောက်ခဲအား အောင်မြင်ရန် နင်းထားခြင်းပင်!
သူ၏ပန်းတိုင်အစစ်မှာ ဘိုးဘေးဟုန်ကျွင်းနှင့် ကောင်းကင်တာအိုပင်ဖြစ်၏!
တစ်ဖက်၌ ရှေးဟောင်းကောင်းကင်အဓိပတိအဆင့်က သူ့အားသတ်ချင်နေပါလျှင် မလွယ်ကူပေ။
သူတော်စင်များမှာ လောကတွင် အမတအဆင့်ကိုရောက်နေကြပြီ!
တစ်လောကလုံးမှာ လူဘယ်နှယောက် သူတော်စင်ဖြစ်လာနိုင်သနည်း?
တစ်ဖက်လူမှာ ရှေးဟောင်းသဏ္ဍာန်မဲ့ရွှေရောင်အမတအရှင်မဟုတ်ပါလျှင်ပင် တစ်ဖက်လူမှာ သူ့အားသတ်ဖို့ပင် အရည်အချင်းရှိမည်မဟုတ်ချေ။
ရှေးဟောင်းကောင်းကင်အဓိပတိမှာ လုံးဝဒေါသထွက်နေ၏။ သူဟာ ဓမ္မရတနာ၊ ကျောက်စိမ်းရုယိနှင့် လူတွေကတော့ တိုင်ခိုက်ရန်ပြင်ရမည့်အချိန်ပင်။
"ကောင်စုတ်လေး မင်းကတကယ်ကိုသေချင်နေတာပဲ!"
လုရှောင်ယန်မှာ ရွေ့ပင်မရွေ့ပါချေ။
ရှေးဟောင်းကောင်းကင်အဓိပတိမှ အရှိန်အဝါထုတ်လွှတ်လိုက်သည်ကိုမြင်သော် ရွှေရောင်အလင်းက ကောင်းကင်ယံမှ ကျဆင်းလာသည်။
ထိုရွှေရောင်အလင်းမှာ ပိုလို့ပင် ထိုရှေးဟောင်းကောင်းကင်အဓိပတိက လူများအား ပိုမိုသန်မာစေလိမ့်မည်!
မည်သူကမှ ဒီရွှေရောင်အလင်းကိုခုခံနိုင်မည်မဟုတ်ချေ!
နောက်ထပ်သူတော်စင်ဖြစ်စဉ်များက ထိုရွှေရောင်အလင်းကို မြင်သည်တွင် ၎င်းတို့မှာ ရွေးချယ်စရာမရှိဘဲ ထိုရောင်ဝါကိုရုတ်သိမ်းလျက် ရွှေရောင်အလင်းကို အရိုအသေပေးလိုက်၏။
"နှုတ်ဆက်ပါတယ်၊ ဆရာ"
သူထိုသို့ပြောပြီးနောက်တွင် အားလုံးမှာ ချက်ချင်းတိတ်ဆိတ်သွား၏!
အားလုံးမှာ ထိတ်လန့်နေသည်။
ထိုသည်ကတကယ်ကို... တကယ်ကိုပင်ထိုဖြစ်တည်မှုဖြစ်ပေ၏! ဘုရားရေ၊ ကျဲကျောင်းတော်၌ သူတော်စင်အသစ်တစ်ပါးပေါ်လာခဲ့သည်။ သုံးလောကနံပါတ်တစ် ဘိုးဘေးဟုန်ကျွင်းသည်ပင် လာရ၏။
ထိုသည်မှာ တကယ်ကို အထင်ကြီးစရာပင်!
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၃၀။ အပိုင်း ၄၄၄ ဆဌမမြောက် အတိဒုက္ခ
ရွှေရောင်အလင်းရောက်ရှိလာပြီး ပေတစ်ရာရှည်သည့် သဏ္ဍာန်ကြီးတစ်ခုကို ထုတ်ဖော်လိုက်သည်။
ဟုန်ကျွင်းသွားသည့်နေရာတိုင်းတွင် သုံးလောကရှိ သက်ရှိအားလုံး ဒူးထောက်ကြကုန်၏။
နေရာရှိ သူတော်စင်ခြောက်ပါးသာ ဒူးမထောက်ဘဲ ခေါင်းကို အတန်ငယ်ငုံ့ထားကြသည်။
လုရှောင်ယန်၏ ရုပ်သေးမှာလည်း သူ၏ခေါင်းအား အတန်ငယ်ငုံ့ထား၏။ ထိုသည်က ဟုန်ကျွင်း၏ပုံရိပ်ကို ခေါင်းငြိမ့်စေသည်မှာ လုရှောင်ယန်အား အင်မတန်စိတ်ကျေနပ်အားရသွားပုံပါပင်။
ထို့နောက်တွင် လုရှောင်ယန်၏ရုပ်သေးမှာ သူ၏စိတ်တွင်းသို့ အင်မတန်ကြီးမားသည့် စိတ်စွမ်းအင်ပြေးဝင်လာသည်ကိုခံစားလိုက်ရသည်။
တစ်ခဏအတွင်း တစ်ဖက်လူမှာ သူ၏တစ်ကိုယ်လုံးအား စစ်ဆေးလိုက်၏။
လုရှောင်ယန်၏ရုပ်သေးမှာ မအံ့ဩပါချေ။ ဘိုးဘေးဟုန်ကျွင်းက သူ၏ရုတ်တရတ်ပေါ်ထွက်လာမှုကို ပဟေဠိမဖြစ်လျှင်သာ ထူးဆန်းနေပေလိမ့်မည်။
ရုပ်သေးနှင့် မူလကိုယ်ကြား ဆက်နွယ်ချက်မှာ ချိတ်ဆက်ထားပါသော်လည်း ရုပ်သေး၏စရိုက်လက္ခာများအား လောကဒြပ်စင်များနှင့် နိယာမစွမ်းအားတို့ဖြင့် ချိတ်ဆက်ထားသည်။
ရှင်းလင်းစွာပြောရလျှင် ဘိုးဘေးဟုန်ကျွင်းမှ လုရှောင်ယန်၏ရုပ်သေးအား စူးစမ်းနေချိန်တွင် လုရှောင်ယန်၏ မူလကိုယ်က အာရုံခံနိုင်ပါသော်လည်း ဟုန်ကျွင်း၏ ရှုထောင့်တွင်မူ လုရှောင်ယန်မှာ လောကနှင့် ဆက်နွယ်နေသည်ဟုသာ ထင်ရသည်။ သူဟာ လုရှောင်ယန်၏ မူလကိုယ်အား လုံးဝသတိမပြုမိချေ။
ထိုသည်မှာ ယခင်က ဝမ့်ခိုက်မှ လုရှောင်ယန်၏ရုပ်သေးကို ဖန်တီးခဲ့ရခြင်းအကြောင်းပင်။
မှန်ပါသည်၊ ဝမ့်ခိုက်မှာ ဟုန်ကျွင်းထံမှ ပုန်းကွယ်လိုခြင်းကြောင့်သာ ရုပ်သေးအားဖန်တီးခဲ့ခြင်းမဟုတ်ပါချေ။ တစ်ချိန်တည်းတွင် ရုပ်သေးမှာ ဟုန်ကျွင်းအား အတိဒုက္ခအသစ်ကို စတင်စေရန် ငါးစာချခြင်းပင်။ ဟုန်ကျွင်းမှာ သုံးလောက၏ သူပုန်များအားလုံးကို အပြည့်အဝမသန့်စင်ရသေးသည်ကို သိချေ၏။ ဟုန်ကျွင်းသာ သူ၏ကောင်းကင်တာအိုကို အပြည့်အဝပြီးပြည့်စုံစေချင်ပါလျှင် ထိုအခွင့်အရေးကိုသုံးလျက် ကောင်းကင်တာအိုကို သန့်စင်ပေလိမ့်မည်။
မဟုတ်ပါက သူ့အား နှစ်တစ်ထောင် သို့မဟုတ် နှစ်တစ်သောင်းလောက်သာ ပိုပေးပါလျှင် ကောင်းကင်တာအိုအား အပြည့်အဝသန့်စင်ရန် မေ့သွားနိုင်သည်!
၎င်းမှာ သုံးပြီးသားအရုပ်ကို ပြန်ဝယ်ရသည်နှင့်တူချေ၏။ ဝယ်သူမှာ သန့်ရှင်းမှုကို မစွဲလန်းနေပါလျှင်တောင် ၎င်းအား အသုံးမပြုခင်၌ ယခင်ပိုင်ရှင်ကြောင့် ဖြစ်ပေါ်ခဲ့သော အညစ်အကြေးကို သေချာဖယ်ရှားရမည်ပင် မဟုတ်ပေဘူးလား?
ရွှေရောင်အောက်ကျွန်းအောက်တွင် လုရှောင်ယန်၏မူလကိုယ်မှာ ဘိုးဘေးဟုန်ကျွင်း၏စွမ်းအားကို အာရုံခံလျက် မျက်လုံးများကိုမှေးကျဉ်းလိုက်သည်။
"စွမ်းအားကြီးလိုက်တာ!"
သူ၏ရှေ့ရှိပုံရိပ်မှာ ဘိုးဘေးဟုန်ကျွင်း၏ ပုံရိပ်မျှသာဖြစ်ချေသော်လည်း လုရှောင်ယန်မှာ ထိုအသွင်သဏ္ဍာန်၏ ကျင့်ကြံဆင့်က ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အထွဋ်အထိပ်အဆင့်ကို ရောက်နေပြီဖြစ်ကြောင်း အာရုံခံနိုင်သည်။
ပြောရလျှင် သူ၏ပုံရိပ်များထဲမှ တစ်ခုမှာပင် သူ၏မူလကိုယ်နှင့် တူညီပေသည်။
သေစမ်း၊ ဘိုးဘေးဟုန်ကျွင်းက ဒီနှစ်တွေမှာ ဒီတိုင်းလေး နေခဲ့တာမဟုတ်ဘူးပဲ။ သူဟာ သူ၏ကျင့်ကြံဆင့်အား ပိုလို့ပင်မြင့်မားသောအဆင့်ထိ ကျင့်ကြံခဲ့၏။
ကံကောင်းစွာဖြင့် သူဟာ အမှောင်ထဲတွင်ရှိကာ ဘိုးဘေးဟုန်ကျွင်းက အလင်းထဲတွင် ရှိနေသောကြောင့် လုရှောင်ယန်မှာ လတ်တလောတော့ စိုးရိမ်စရာမလိုပါချေ။
သူဟာ ဘိုးဘေးဟုန်ကျွင်အား တစ်ယောက်ချင်းမတိုက်ခိုက်ခင် တိုးတက်နေရမည်။
လုရှောင်ယန်၏ရုပ်သေးမှာ ကောင်းကင်တာအို၏သင့်လျော်သော သူတော်စင် အမှန်ပင်ဖြစ်ကြောင်းအား အတည်ပြုပြီးနောက်တွင် ဘိုးဘေးဟုန်ကျွင်းမှာ အပြည့်အဝစိတ်သက်သာရာရသွား၏။
တစ်ဖက်လူမှာ သူ၏ထိန်းချုပ်မှုမှ ကင်းလွတ်နေသည့် သူတော်စင်မဟုတ်သရွေ့ ပြဿနာမရှိပါချေ!
တစ်ခဏအကြာ၌ ဘိုးဘေးဟုန်ကျွင်း၏ မိုးကြိုးအသံမှာ အားလုံး၏ နားအတွင်းတွင် ရှင်းရှင်းလင်းလင်း ရိုက်ခတ်နေတော့၏။
"ဒီတစ်ခေါက်၊ လုရှောင်ယန်က သူတော်စင်အဆင့်ကို တက်လှမ်းသွားတယ်။ သူတော်စင်နောက်တစ်ယောက်ရှိလာတာက ကျုပ်တို့ သုံးလောကအတွက် ကောင်းချီးလို့ပြောနိုင်တယ်။"
"ကျုပ် ကောင်းကင်တာအိုကို ထိန်းချုပ်ပြီးကတည်းက နှစ်သောင်းချီကြာအောင် ဒီသုံးလောကမှာ သူတော်စင်တွေ ထပ်ပြီးမပေါ်ထွက်လာခဲ့ကြတော့ဘူး။"
"ဒီနေ့တော့၊ ကောင်းကင်ဘုံက ကျုပ်တို့ကို ကောင်းချီးတစ်ခု ချီးမြှောက်လိုက်ပုံပါပဲ။"
"ဒီအတွက် ကျုပ်က နောက်ထပ် အတိဒုက္ခတစ်ခုကိုစတင်ချင်မိပြီး သုံးလောကဆီကို သူတော်စင်တွေပို့ချင်ပါတယ်။"
"ဘာ!"
ထိုစကားလုံးများမှာ ဟိန်းသံကိုပင်ထွက်သွားစေ၏။
နောက်ထပ်အတိဒုက္ခမှာ နောက်စရာမဟုတ်ဟု ဆိုနိုင်၏။ အတိဒုက္ခပေါ်ထွက်လာသည်နှင့် သွေးထွက်သံယိုဖြစ်ပေလိမ့်မည်။"
ထို့အပြင် ၎င်းမှာ သွေးအနည်းငယ်မဟုတ်ဘဲ သွေးများစွာပင်ဖြစ်၏။ မရေတွက်နိုင်သောကျင့်ကြံသူများမှာ အတိဒုက္ခတွင် သေရလိမ့်မည်။
သို့သော် တစ်ချိန်တည်းတွင် သူတော်စင်အသစ်တစ်ဦးလည်း မွေးဖွားလာပေလိ့မ်မည်ပင်!
ထိုသည်မှာ ကပ်ဘေးနှင့် အခွင့်အလမ်းကြီးတစ်ရပ်ပင်ဖြစ်တော့၏။
၎င်းက အထူးသဖြင့် ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်တို့အတွက် မှန်ကန်ပေသည်!
သူတို့ထဲက ဘယ်သူကများ လက်ရှိအခြေအနေကနေ တိုးတက်ဖို့အတွက် မရေတွက်နိုင်လောက်တဲ့ အခက်အခဲတွေကို ကြုံခွင့် မရမှာလဲ?
သို့သော်၊ ကောင်းကင်တာအိုထံတွင် သူတော်စင်အရေအတွက် အတိအကျရှိ၏။ ၎င်းတို့၏စွမ်းအား မည်မျှကြီးနေပါစေ၊ ၎င်းတို့မှာ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ကိုမကျော်လွန်နိုင်ပါချေ။
ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဖြစ် လောကကြီးတွင် အချိန်ကြာနေခဲ့ရပြီး မည်သူကများ သူတော်စင်မဖြစ်လိုဘဲနေမည်နည်း?
သူတော်စင်ဖြစ်လာပြီးနောက်တွင် လောကကြီးပြောင်းလဲသွားပါလျှင်ပင် ၎င်းတို့ဟာ သေလိမ့်မည်မဟုတ်ချေ!
၎င်းမှာ စစ်မှန်သော ထာဝရအသက်ပါပင်!
၎င်းမှာ စစ်မှန်သော လုပ်ပိုင်ခွင့်လည်းဖြစ်၏!
ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်မှာ စွမ်းအားကြီးပါသော်လည်း လောကတွင် ၎င်းတို့မှာ တကယ်ကိုများပြားလှသည်။ ၎င်းတို့အတွက် လွတ်လပ်မှုအစစ်အမှန်ကို ရရှိရန် မဖြစ်နိုင်ပါချေ။
လူတစ်ယောက်သာ တစ်ဖက်လူ၏ အဖွဲ့အစည်းကို သွားဆွမိပါလျှင် ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်နှစ်ဦးတိုက်ခိုက်ချိန်တွင် သာမန်ကာလျှံကာသာထိခိုက်ပေလိမ့်မည်။
ထိုသို့ဆိုလျှင် အသက်ရှည်ရှည်နေရခြင်းက ဘယ်မှာ အသုံးဝင်မည်နည်း?
ထို့ကြောင့် ထိုသတင်းများကြားပြီးနောက်တွင် ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များ၏ မျက်လုံးများမှာ စိတ်လှုပ်ရှားစွာ တောက်ပသွားကြ၏။
ထို့အပြင် ထိုနှစ်များစွာကြာအောင် ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်သို့ ရောက်ရှိခဲ့ကြခြင်း လှိုင်းကြီးမှာ အင်မတန်စွမ်းအားကြီးသည်။
ထို ကျင့်ကြံဆင့်နိမ့်ပါးသူများမှာမူ ၎င်းကိုကြားသည်နှင့် အမူအရာပြောင်းကာ ကြောက်ရွံ့သွားကြတော့၏။
၎င်းတို့မှာ သူတော်စင်အဆင့်ကိုယှဉ်ပြိုင်ရန် မျှော်လင့်ချက်မရှိသော်လည်း အတိဒုက္ခအတွင်း သတ်ဖြတ်မှုကို အသေအချာပင် မရင်ဆိုင်လိုပါချေ။
သို့သော် ပိုမို စိတ်အားငယ်စရာကောင်းသည်မှာ ၎င်းတို့၏ ဂုဏ်ပုဒ်များက နိမ့်ကျပြီး စကားဝင်ပြောဖို့ပင် အရည်အချင်းမမှီချင်းပါပင်။
သို့သော် ၎င်းတို့ဝင်မပြောပါသော်လည်း တစ်ယောက်ယောက်ကတော့ ပြောလိုကါ၏။
"မဖြစ်ဘူး! ဆရာ!"
ထိုလူမှာ ရှေးဟောင်းကောင်းကင်အဓိပတိမှလွဲ၍အခြားမရှိချေ။
သူဟာ ထိုကျဲကျောင်းတော်၏ သူတော်စင်အသစ် လုရှောင်ယန်အား မကြောက်ပါချေ။ ပြောရလျှင် လုရှောင်ယန်မှာ သူတော်စင်အဆင့်သို့ရောက်ကာစဖြစ်ကာ ယခုတွင် ပထမအဆင့်၌သာရှိသေးလောက်သည်။ သူဟာ လုရှောင်ယန်အား ဂရုမစိုက်ပါချေ။
သို့သော် သူဟာ ထိုကိစ္စကြောင့် ထုံးထျန်းမှာ ခရမ်းသွေးတိမ်တိုက်နန်းတော်မှ ထွက်လာရမည်ကို စိုးရိမ်၏။
ထုံးထျန်းတစ်ခါထွက်လာလိုက်သည်နှင့် အကျိုးဆက်များကို စိတ်ကူးပင်မကြည့်နိုင်ပါချေ။
ယခင်က ၎င်းတို့မှာ ထုံးထျန်းအား အတူတကွ ဆန့်ကျင်ခဲ့ကြသည်။ အဆုံးတွင် ထုံးထျန်းအား ခရမ်းသွေးတိမ်တိုက်နန်းတော်တွင် ချိပ်ပိတ်ခံလိုက်ရသည်။ ထုံးထျန်းသာ အတိဒုက္ခအသစ်ကြောင့်သာ ထွက်လာရပါလျှင် သူဟာ သုံးလောကအပေါ်လက်စားချေလိမ့်မည်မဟုတ်ပါလား?
အရာအားလုံးကိုဘေးဖယ်ထားလျက် ကောင်းကင်ဘုံခုံရုံး၌ပင် ကျဲကျောင်းတော်သားများ မရေတွက်နိုင်လောက်အောင်ရှိ၏။
ယခုတွင် ထိုကျဲကျောင်းတော်သားများမှာ ရွေးစရာမရှိဘဲ ကောင်းကင်တရားရုံး၏အမိန့်များကို နားထောင်နေရသည်မှာ ၎င်းတို့အား နတ်ဘုရားချိတ်စည်းတံဆိပ်ဖြင့် ဖိနှိပ်ထားခြင်းကြောင့်ပါပင်။ ထုံးထျန်းသာထွက်လာပါလျှင် ၎င်းတို့ဘာဖြစ်လိမ့်မည်နည်း?
ဥပမာ ကျောက်ကုန်းမင်၊ ရှောင်နတ်မိမယ်သုံးဖော်တို့ပင်...
ထုံးထျန်းမှာ နတ်ဘုရားချိတ်စည်းတံဆိပ်အား မဖျက်ဆီးနိုင်ပါသော်ငြား ၎င်း၏ ဖိနှိပ်မှုကိုတားဆီးနိုင်ပေသည်။
ထို့ထက် ၎င်းတွင် စိတ်ဝိဉာဉ်တောင်လည်းရှိ၏။
တာအိုဆရာထို့ပေါင်မှာ အနောက်အရပ်စိတ်ဝိဉာဉ်တောင်၏ ဂေါတမဗုဒ္ဓဖြစ်လာခဲ့သည်။ သူသာ ထုံးထျန်းအား ထပ်မံနှိပ်စက်ပါက ဗုဒ္ဓဂိုဏ်းအတွက် ကပ်ဘေးဖြစ်လိမ့်မည်။ သူသာ ထုံထျန်းအား နှောင့်ယှက်ပါက ထုံးထျန်းအတွက် သတ်ရန် လက်ဝါးချက်တစ်ချက်သာလိုပေသည်။
ကောင်းကင်ဘုံခုံရုံးနှင့် ဗုဒ္ဓဂိုဏ်းနှစ်ခုစလုံးမှာ သုံးလောကတွင် ဖိအားအများဆုံးပေးထားကြသည်။ ထိုသို့ဖြင့် ၎င်းတို့မှာ သုံးလောကလုံးအား ထိန်းချုပ်ရမည်ဟုဆိုနိုင်သည်။
ဘိုးဘေးဟုန်ကျွင်းမှလွဲလျှင် ၎င်းတို့မှာ ဘော့စ်ကြီးများဖြစ်ကြ၏။
သို့သော် ယခုတွင် ဘိုးဘေးဟုန်ကျွင်းမှာ နောက်ထပ်အတိဒုက္ခတစ်ခုအား တည်ထောင်လုဆဲဆဲပင်။ မျက်နှာပြင်ထက်၌ သူတော်စင်တစ်ဦးမွေးဖွားလာကာ ၎င်းတို့၏ အဖွဲ့အစည်းမှာလည်း အန္တရာယ်ရှိပေတော့မည်။ တစ်ချိန်တည်းတွင် ကျဲကျောင်းတော်မှာ တိုးတက်ရန် အခွင့်ကောင်းယူနေကြ၏။
သူဟာ မမိုက်မဲသရွေ့ ၎င်းအား သဘောတူမည်မဟုတ်ချေ။
"ဆရာ၊ အတိဒုက္ခက လောကမှာ လူများစွာကိုသတ်ဖြတ်ပြီး လုယက်မှုတွေကိုဖြစ်ပေါ်စေတယ်။ အဲ့ဒီအတွက် သခင် ကျွန်တော်တို့ကို အတိဒုက္ခမှာ အလွယ်တကူမပါဝင်စေဖို့ ထပ်ခါထပ်ခါ ဆင်ခြေပေးခဲ့တာမဟုတ်လား။
ဒါပေမယ့်အခု ကျွန်တော်တို့သာ လုရှောင်ယန်အတွက် နောက်ထပ် အတိဒုက္ခကို စတင်ချင်ရင် လောကမှာရှိတဲ့ သက်ရှိအားလုံးကို အန္တရာယ်များစေတာမဟုတ်ဘူးလား?"
"ဒါကဆရာ့ရဲ့ သူတော်စင်ပုံရိပ်ယောင်ကို မထိခိုက်စေဘူးလား?"
ဘိုးဘေးဟုန်ကျွင်းမှာ သူ့ထံသို့အကြည့်ပို့လိုက်ရာ ရှေးဟောင်းကောင်းကင်အဓိပတိမှာ ချက်ချင်းပင် သူ၏ခေါင်းအား မလုံမလဲ ငုံ့ချလိုက်၏။
ဘိုးဘေးဟုန်ကျွင်းမှာ သူ၏ဆိုလိုရင်အား မည်သို့များ မသိဘဲနေမည်နည်း?
သို့သော် သူ့ထံ၌ ကိုယ်ပိုင်အစီစဉ်ရှိသည်။
သူဟာ လုရှောင်ယန်အား သူကိုယ်တိုင် မလှမ်းဝင်နိုင်သော သုံးလောကရှိနေရာများအား အပြည့်အဝသိမ်းယူရာ၌ အသုံးချချင်သည်။ အတိဒုက္ခရှိလာချိန်တိုင်းတွင် လောကမှာ အင်မတန်မငြိမ်မသက်အခြေနေအား ကျရောက်ရသည်။ ထိုသည်က သူ့အတွက် သုံးလောကအား ပိုမိုသန့်စင်ရန် အကျိုးရှိ၏!
သို့သော် ရှေးဟောင်းကောင်းကင်အဓိပတိ၏ စိုးရိမ်မှုများမှာ လုံးဝမဖြစ်နိုင်သည်တော့ မဟုတ်ချေ။ ထုံးထျန်းမှာ အင်မတန်ခေါင်းမာလှကာ အင်မတန် မတည်ငြိမ်လှချေ။
သူသာ တကယ်လွတ်မြောက်လာပါလျှင် လောကရှိ ကမောက်ကမများမှာ များစွာကြီးမားလာကာ ပေးထားသည့်အမိန့်ကိုပင် ထပ်မံဖျက်ဆီးလိမ့်မည်ဖြစ်၏။
ထို့ကြောင့် သူဟာလည်း ၎င်းအား မြန်ရန်ဆန္ဒမရှိပါချေ။
ထိုသို့တွေးလျက် သူဟာပြောလိုက်၏။
"လုရှောင်ယန်"
ရုပ်သေးလုရှောင်ယန်မှာ ချက်ချင်းပင်ပြန်ဖြေလိုက်၏။
"ဟုတ်ကဲ့ပါ၊ ဆရာ"
"ဒီကောင်းကင်တာအိုအတိဒုက္ခက မင်းအတွက်ပဲ၊ ဒါကြောင့် မင်းအကျိုးဆက်တွေကို ကိုယ့်ဘာသာတာဝန်ယူရမယ်။ မင်းသာ ဒါကိုလက်ခံဖို့ ဆန္ဒမရှိရင်တော့ အတိဒုက္ခလည်းရှိမှာမဟုတ်ဘူး။ ဒါက မင်းရဲ့ဆုံးဖြတ်ချက်အပေါ်မူတည်တယ်။"
သူထိုသို့ဆိုလိုက်သည်နှင့် လူများစွာမှာ ချက်ချင်းကြောင်အမ်းကုန်ကြသည်။
ဒါက ရိုက်စားလုပ်နေတာမဟုတ်ဘူးလား?
ပြောရလျှင် သူဟာ လုရှောင်ယန်ကိုသာ အတိဒုက္ခထဲတွင် ပါဝင်ဆင်နွှဲစေသည်။ ထိုသည်က သူတော်စင်ထုံးထျန်းလည်း ဝင်မပါနိုင်ဘူးလို့ ဆိုလိုနေသည်လား?
ဒါဆို တိုက်ခိုက်တာရဲ့ ရည်ရွယ်ချက်ကရော?
ကျဲကျောင်းတော်၏ လူသတ်လက်နက်နှင့် နောက်ခံမှာ ထုံးထျန်းသာဖြစ်သည်။
ထုံးထျန်း၏ စွမ်းအားမှာ ချန်ကျောင်းတော် ရှေးဟောင်းကောင်းကင်အဓိပတိနှင့် ဗုဒ္ဓဂိုဏ်း၏ ကျဲယင်နှင့် ကျွင်းတိတို့အား ခုခံရန် လုံလောက်သည်။
၎င်းတို့မှာ လုရှောင်ယန်ကိုသာ အားထားနေရပါလျှင် သူဟာ ၎င်းတို့သုံးဦးနှင့်ပင် ကူရာမဲ့နေချေလိမ့်မည်။
တစ်ဖက်လူမှာ လုရှောင်ယန်အား အရိုက်ခံရဖို့ကို တောင်းဆိုနေသည်ဟုပင် ပြောနိုင်၏။
ထို့အပြင် ပိုအရေးကြီးသည်မှာ သူတော်စင်များအတွက် လည်းအတိဒုက္ခတွင် သေဆုံးဖို့ ဖြစ်နိုင်၏။
ထိုသို့ဆိုလျှင် လုရှောင်ယန်မှာ သေပင်သေသွားနိုင်သည်!
ထိုသို့ဆိုလျှင် လုရှောင်ယန်က မည်သို့များ သဘောတူနိုင်နေဦးမည်နည်း?
ခရမ်းသွေးတိမ်တိုက်နန်းတော်တွင် ထုံးထျန်းမှာ လက်သီးကိုတင်းတင်းဆုပ်ကာ အမူအရာက အသည်းအသန်ဖြစ်နေ၏။
"ဆရာ၊ ခင်ဗျားကသိသာလွန်းနေတယ်!"
သို့သော် ဘိုးဘေးဟုန်ကျွင်းမှာ လုရှောင်ယန်အား တမင်သက်သက်ဖြားယောင်းနေဟန်ပင်။
လုရှောင်ယန်မှ မငြင်းဆန်နိုင်ခင်တွင် တစ်ဖက်လူက ဦးဆုံးပြောလိုက်ပြန်၏။
"မင်းသာ ဒီအတိဒုက္ခကို ကျော်ဖြတ်နိုင်ရင် ထုံးထျန်းကို သူ့ရဲ့ အပြစ်ဒဏ်ကနေ ရှောင်ရှားပြီး လွှတ်ပေးမယ်။"
သူထိုသို့ပြောလိုက်ရာ လုရှောင်ယန်မှာ သူဆန္ဒမရှိလျှင်တောင် သဘောတူရမည်ဖြစ်၏။ မဟုတ်ပါက၊ သူဟာ သုံးလောကတွင် လူလိမ်သာ ဖြစ်လာမည်မဟုတ်ပါလား?
သူဟာ အခွင့်အရေးပေးထားချိန်တွင် သူတော်စင်ထုံးထျန်းအား ကယ်ဆယ်ရန် မကြိုးစားပါလျှင် အနာဂတ်တွင် မည်သူက ယုံကြည်ပါလိမ့်မည်နည်း? မည်သူက သူနှင့် ပူးပေါင်းချင်ပါလိမ့်မည်နည်း?
ယုံကြည်သူနှင့် ယုံကြည်မှုစွမ်းအားမရှိဘဲ သူ၏ကုသိုလ်မှာ မည်သို့ တိုးမြင့်လာမည်နည်း? သူဟာ ဘယ်လိုများ နိယာမစွမ်းအားကို ထပ်မံရရှိနိုင်မည်နည်း...
တစ်ဖက်လူမှာ သူ့အား အဆုံးထိတွန်းပို့နေသည်ပင်။
လုရှောင်ယန်မှာ သဘာဝကျကျပင် ၎င်းက ဟုန်ကျွင်း၏ထောင်ချောက်ဆင်ခြင်းဖြစ်ကြောင်းကို သိလေ၏။
တစ်ဖက်လူမှာ လုရှောင်ယန်အား သူ့အတွက် အလုပ်လုပ်စေချင်ရုံသာမက လုရှောင်ယန်အား ဆန္ဒရှိရှိလည်း လုပ်စေချင်နေသည်။ သူဟာ တကယ်ကိုပင် အဆုံးစွန်ထိ ယုတ်မာလှပေ၏။
ထိုသို့ဖြင့် လုရှောင်ယန်မှာ အပြည့်အဝပင် သူ၏လက်နက်ကိရိယာလေးသာဖြစ်လာတော့၏!
ထိုကိရိယာမှာ သုံးလောကအား လုံးဝသန့်စင်ရမည်ဖြစ်၏!
ထို့အပြင် အဆုံး၌ မည်သို့သော အကျိုးမှလည်းမရှိပါချေ။
တစ်ဖက်လူမှာ ထုံးထျန်းအား လွှတ်ပေးမည့် နောက်ဆုံးအခြေအနေကိုပင် အလွယ်တကူ ထုတ်ဖော်ပြောကြားခဲ့သည်။
ထိုသည်မှာ သူ၏သူတော်စင်ပထမအဆင့်နှင့် ထိုအတိဒုက္ခအား ကျော်ဖြတ်ရှင်သန်ရန်မှာ အရူးတစ်ယောက်၏ အိပ်မက်တစ်ခုပင်ဖြစ်သောကြောင့်ဖြစ်၏။
ရှေးဟောင်းကောင်းကင်အဓိပတိတို့အကြားတွင် မည်သူကသူ့အား ရှင်သန်ခွင့်ပြုမည်နည်း?
သို့သော်... တစ်ဖက်လူမသိသည်မှာ လုရှောင်ယန်၏ သူတော်စင်ကိုယ်ထည်က ငါးစာမျှသာဖြစ်ခြင်းကိုပင်။
၎င်းမှာ သူ့အတွက် ကုသိုလ်ကိုပင် မလိုအပ်သည်အထိ ဖြစ်၏။
တစ်ဖက်လူမှာ သူဟာ လုရှောင်ယန်အား ကျည်ဆံကိုကိုက်ရန် တွန်းအားပေးထားသည်ဟု ထင်နေပါသော်လည်း တကယ်တမ်းမှာ လုရှောင်ယန်က အချိန်ကို စောင့်နေခြင်းပင်။
လုရှောင်ယန်မှာ ဆက်လက် သရုပ်ဆောင်နေလိုက်၏!
သူဟာ သရုပ်ဆောင်နေလျက်နှင့် တစ်ဖက်လူအား ဖျက်ဆီးနေသည်!
လုရှောင်ယန်၏ရုပ်သေးမှာ ဦးစွာ မျက်မှောင်ကျုံ့လျက် အသက်ပြင်းပြင်းရှူလိုက်သည်။
"သူတော်စင်ထုံးထျန်းက ကျုပ်ရဲ့ကျေးဇူးရှင်ပဲလေ! ကျုပ်သာ သူ့ကိုတကယ်ကယ်တင်နိုင်မယ်ဆိုရင် ကျုပ်က သေချာပေါက် လုပ်ရမှာပေါ့။ ဒါကြောင့် ကျုပ် ဒီအတိဒုက္ခကို သဘောတူပါတယ်!"
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၃၀။ အပိုင်း ၄၄၅ မြေအောက်လောကသို့ ခရီးစဉ်
ရုပ်သေးလုရှောင်ယန်မှာ အတိဒုက္ခအား လက်ခံလိုက်တော့သည်!
လူတိုင်း၏အကြည့်များအောက်တွင် ထိုသူတော်စင်အသစ်လေးမှာ အတိဒုက္ခအား လက်ခံလိုက်၏။
ထိုသည်က နှစ်သောင်းချီကြာ သုံးလောက ငြိမ်းချမ်းမှုကြီး တစ်ဖန်ပြန်ကာပျက်စီးသွားပြီဟု ဆိုလိုခြင်းပင်။
၎င်းမှာ မူလကသတ်မှတ်ထားခဲ့သည့် အထက်အောက်တွင် ဖြစ်နိုင်ချေအသစ်များပေါ်ထွက်လာခဲ့ပြီဟုလည်း ဆိုလိုသည်။ ယနေ့မှစကာ သုံးလောကမှာ အခြေနေသစ်တစ်ရပ်သို့ လုံးဝဝင်ရောက်သွားပြီဖြစ်သည်။ တစ်ခဏကြာအောင် တချို့မှာ ပျော်ရွှင်ကာ အချို့မှာ ဝမ်းနည်းကြ၏။
"ကောင်းပြီ! ကျုပ်တပည့်ထုံးထျန်းက တပည့်ကောင်းတစ်ယောက်ကို လက်ခံခဲ့တာပဲ။"
ဘိုးဘေးဟုန်ကျွင်းမှာ ပြုံးလျက် လုရှောင်ယန်အတွက် ရွှေရောင်အလင်းနှစ်တန်းကို ပစ်လွှတ်လိုက်သည်။
"ဒီပစ္စည်းနှစ်ခုက မဟာသူတော်စင်အလင်းဘီးနဲ့ ကောင်းကင်ချိုးဖျက်ပုတီးစေ့ပဲ။ နှစ်မျိုးစလုံးကတော့ ဆက်နွယ်မှု မူလရတနာတွေပဲ။ သူတို့ကို ထုံးထျန်းပေါ်ပြုမှုပုံအတွက် ငါကဆုချတယ်လို့ပဲသတ်မှတ်လိုက်ပါ။ မင်းအနေနဲ့ ထုံးထျန်းကိုစိတ်မပျက်စေဖို့ မျှော်လင့်မိပါတယ်။"
"ကျေးဇူးတင်ပါတယ်၊ တာအိုဘိုးဘေး"
လုရှောင်ယန်၏ရုပ်သေးမှာ ဘိုးဘေးဟုန်ကျွင်းထံမှ ဆက်နွယ်မှုမူလရတနာနှစ်မျိုးကို လက်ခံလိုက်သည်။ ဘိုးဘေးဟုန်ကျွင်းမှာ ပြုံးကာ ခေါင်းငြိမ့်လိုက်ပြီး ပုံရိပ်မှာ လောကမှ ချက်ချင်းပျောက်ကွယ်သွားတော့၏။
တစ်ဘက်တွင် ရှေးဟောင်းကောင်းကင်အဓိပတိအပါအဝင် ကျန်ရှိနေသော သူတော်စင်များမှာလည်း ပြုံးလိုက်၏။
ယခင်က ၎င်းတို့မှ လုရှောင်ယန်အား အတိဒုက္ခကို မကျော်လွှားစေချင်ရခြင်းအကြောင်းမှာ ခရမ်းသွေးတိမ်တိုက်နန်းတော်မှ ထုံးထျန်းလွတ်လာမည်ကို စိုးရိမ်ကြခြင်းကြောင့်ပင်။
ယခုတွင် လုရှောင်ယန်သာ ရှိတော့၏။ သူ့အနေနှင့် သူတော်စင်ဖြစ်လာလျှင်လည်း ဘာလုပ်ရမည်နည်း?
ဤနေရာရှိ မည်သည့်သူတော်စင်ကို သူ အနိုင်ယူနိုင်မည်နည်း?
ရှေးဟောင်းကောင်းကင်အဓိပတိမှာလည်း လုရှောင်ယန်မှာ အခြားလူများကို အနိုင်ယူနိုင်လိမ့်မည်ဟု မယုံကြည်ပါချေ။
ထို့အပြင်၊ ၎င်းတို့၏လူများမှာ သူတော်စင်ဖြစ်လာရန် အခွင့်အရေးရနိုင်ပါက ပိုပြည့်စုံသွားမည်မဟုတ်ပါလား?
မဟာအဓိပတိအကြီးအကဲမှာ လုရှောင်ယန်အား အနည်းဆုံးတော့ ဂရုစိုက်ဟန်ပေါ်သည်။ သူဟာ ဆေးပုလင်းတစ်ခုအား သာမန်ကာလျှံကာပစ်ပေးလျက် ချက်ချင်းလှည့်ထွက်သွား၏။
"သူတော်စင်အဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ် ဆရာတူ၊တူလေးလု"
ထိုပစ္စည်းလေးမှာ အဖိုးလည်းမတန်သလို ဈေးလည်းမပေါပါချေ။ သို့သော်တစ်ဖက်လူမှာ လုရှောင်ယန်အား လုထုရှေ့တွင် မျက်နှာသာပေးသည့်အနေနှင့် ၎င်းအား ပစ်ပေးလိုက်ဆဲပါပင်။
ပြောရလျှင် လုရှောင်ယန်မှာ သူတော်စင်ဖြစ်လာကာစဖြစ်၏။ ၎င်းတို့မှာ ခဏနေလျှင် သေမျိုးရန်သူများဖြစ်လာမည်ဆိုလျှင်ပင် ထိုအခိုက်၌ သူ့အတွက် ယဉ်ကျေးရန် လိုအပ်ဆဲပါပင်။
သင့်လျော်သော ကျင့်ဝတ်ကဘယ်သောအခါမှာ ခေတ်ကုန်သည်ဟူ၍မရှိချေ။
သို့ရာ၌ ရှေးဟောင်းကောင်းကင်အဓိပတိ၊ ကျွင်းတိနှင့် ကျဲယင်တို့မှာ တကယ်ကိုပင် အရှက်မဲ့လှ၏။
၎င်းတို့မှာ တစ်ဖက်လူအား သင်္ကေတအနေဖြင့် မည်သည်ကိုမှ မပေးရုံမျှမက လှောင်ပင်လှောင်နေကြသေး၏။"
"ဆရာတူ၊ တူလေးလု၊ ဆဌမမြောက်အတိဒုက္ခကိုရရှိတဲ့အတွက် ဂုဏ်ပြုပါတယ်။ ငါတို့က ကျိုးကြောင်းသင့်လျော်တဲ့လူတွေတော့မဟုတ်ဘူး။ မင်းသာစည်းမျည်းတွေကိုလိုက်နာပြီး မင်းမထိသင့်တာကို မထိတာနဲ့ မင်းအနေနဲ့ လုံခြုံဖို့က သေချာပါတယ်။"
"မဟုတ်ရင် မင်းရဲ့ကျင့်ကြံဆင့်က အသုံးမဝင်တော့ဘူးပဲ။"
"ဒါဆို မင်း စိုးရိမ်နေဖို့ မလိုပါဘူး။"
"မင်းဒုက္ခမရှာဖို့မျှော်လင့်ပါတယ်။"
စကားဆုံးသည်နှင့် သူတော်စင်သုံးပါးမှာ ပျော်ရွှင်စွာ ထွက်ခွာသွားကြသည်။
နောက်ဆုံး နွီဝါးမှာ လုရှောင်ယန်အား ရှုပ်ထွေးစွာကြည့်လိုက်၏။
ဂုဏ်သရေရှိသူတော်စင်အနေနှင့် ပြောရမည်ဆိုလျှင် နွီဝါး၏သွင်ပြင်မှာ သုံးလောက၌ အသေအချာကို ထိပ်တန်းအဆင့်ဖြစ်သည်ဟု ဆိုနိုင်သည်။
၎င်းမှာမြင့်မြတ်သည်၊ သို့သော် မိန်းမများရှိသင့်သည့် အလှတရားလည်းရှိပါချေသည်။ ၎င်းကပင်ပြည့်စုံနေပြီး သူမ၏မျက်နှာတစ်ခုလုံးအား ကောင်းကင်ဘုံက ဖန်ဆင်းထားသလိုပါပင်။
သူမ၏ပုံသဏ္ဍာန်မှာ အင်မတန်ကို ပြီးပြည့်စုံလှ၏။ သူမ၏ ပုံရိပ်လေးအား ကြည့်ရုံနှင့်ပင် လူတစ်ယောက်အား မရိုးမယွဖြစ်လာစေနိုင်သည်။
သူမ၏ အောက်ပိုင်းကိုယ်ကသာ မြွေတစ်ကောင်ဖြစ်နေ၏။ လုရှောင်ယန်မှာ သူဟာ မသန်မာဘဲ သာမန်ယောက်ျားများလိုသာဖြစ်နေမည်ဆိုလျှင်တောင် သူမအကြောင်းကို တွေးမိလိမ့်မည်မဟုတ်ဟု ခန့်မှန်းလိုက်၏။
ပြောရလျှင် တစ်ဖက်လူ၏ ခန္ဓာထက်၌ မည်သည့်ထွက်ပေါက်မှမရှိချေ။
သို့သော် ထိုအခိုက်၌ သူမဟာ မျက်မှောင်ကျုံ့ကာ မျက်နှာလှလှလေးထက်၌ တကယ်ကို သနားနေသောအမူအရာကိုထုတ်ပြလာ၏။
"ထူးဆန်းတယ်၊ သေချာပြောရရင် မင်းက လူတစ်ယောက်တော့ဖြစ်နိုင်တယ်။ ဒါပေမယ့် ငါဘာလို့ မင်းဆီကနေ လူတစ်ယောက်ရဲ့အငွေ့အသက်တစ်ခုကိုမှ အာရုံမခံမိရတာလဲ?"
လုရှောင်ယန်၏ မူလကိုယ်မှာ မနေနိုင်ဘဲ အောက်ဘက်မှနေကာ သူမအား လှမ်းကြည့်လိုက်၏။
သူမသာ အာရုံခံနိုင်လျှင် ထူးဆန်းနေပေလိမ့်မည်။
ပြောရလျှင် ထိုကောင်အား ဝမ့်ခိုက်မှ ဖန်တီးထားခြင်းပင်။ သူပင်မဆိုထားနှင့် ဘိုးဘေးဟုန်ကျွင်းသည်ပင် သူ့အား ထွင်းဖောက်မြင်နိုင်မည်မဟုတ်ချေ။
တစ်ခဏအကြာ၌ နွီဝါးမှာ စကားဆက်လိုက်သည်။
"ထားပါတော့။ မင်းကြည့်ရတာ သူတော်စင်ဖြစ်ပြီးနောက်မှာ လူသားလမ်းကြောင်းကို ထားရစ်ခဲ့ပုံပါပဲ။"
သူမဟာ လုရှောင်ယန်ထံသို့ ရွှေရောင်အလင်းကိုပစ်ပေးလိုက်၏။
"ဒါကငါသန့်စင်ထားတဲ့ မှန်ဓားပျံပဲ။ ဒါက ဆက်နွယ်မှုဝိဉာဉ်ရတနာ ထိပ်တန်းအဆင့်ကိုရောက်နေပြီ။ ဒါက တချို့ ဆက်နွယ်မှုမူလရတနာတွေနဲ့တောင် ယှဉ်နိုင်တယ်။"
လုရှောင်ယန်မှာ ရုပ်သေးအား ထိန်းချုပ်ကာ ပြန်ဖြေလိုက်၏။
"ကျေးဇူးတင်ပါတယ်၊ စီနီယာ"
"ဆရာတူအစ်ကိုထုံးထျန်းနဲ့ ဆရာတူအစ်ကိုရှေးဟောင်းကောင်းကင်အဓိပတိတို့က အမြဲတစေ ဆန့်ကျင်ဘက်တွေဖြစ်ခဲ့ကြတယ်။ အခုမင်းက ကျဲကျောင်းတော်ရဲ့ သူတော်စင်အသစ်နဲ့ ဂိုဏ်းချုပ်ဖြစ်လာမှတော့ ဆရာတူအစ်ကိုရှေးဟောင်းကောင်းကင်အဓိပတိက မင်းကိုလုံးဝ သည်းခံမှာမဟုတ်ဘူး။ မင်းကောင်းကောင်းလုပ်မယ်လို့ မျှော်လင့်ပါတယ်။"
စကားဆုံးသည်နှင့် နွီဝါးမှာ လှည့်ကာ ထွက်သွားတော့၏။
သူတော်စင်များ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားပြီးနောက်တွင် ရွှေရောင်အောက်ကျွန်းတစ်ဝိုက်ရှိ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များမှာ လုရှောင်ယန်အား စိတ်အားထက်သန်စွာကြည့်ရှုလိုက်ကြကာ လက်များကို ဆုပ်လိုက်ကြ၏။
"သူတော်စင်ဖြစ်လာတဲ့အတွက် ဂုဏ်ပြုပါတယ် သူတော်စင်လု။"
ထိုလူများမှာ ကျဲကျောင်းတော်သားများမဟုတ်လျှင်တောင်မှ တစ်ဖက်လူအား မျက်နှာသာပေးရမည်ဖြစ်သည်။
လုရှောင်ယန်မှာ ရုပ်သေးအား ထိန်းချုပ်လျက် ပြန်ဖြေလိုက်၏။
"ခုနှစ်ရက်အတွင်းမှာ ကျုပ်က ရွှေရောင်အောက်ကျွန်းမှာ ပို့ချချက်တစ်ခုကို ဟောပြောပေးသွားမှာပါ။ အဲ့ဒီအချိန်ကျရင် ခင်ဗျားတို့အားလုံးပဲ လာရောက်နားထောင်ပြီး ဖြန့်ဝေနိုင်ပါတယ်။"
"ကျေးဇူးတင်ပါတယ်၊ သူတော်စင်"
လုရှောင်ယန်မှာ သဘာဝကျကျပင် ကျင့်ကြံရန် ကုသိုလ်မလိုပါချေ။ သို့သော် ရုပ်သေးအနေဖြင့် သူဟာ သရုပ်ဆောင်ရချေဦးမည်။ ပြောရလျှင် သူဟာ အတိဒုက္ခအား လက်ခံပြီးဖြစ်၏။ သူ့အတွက် ပို့ချချက်တစ်ခု မလုပ်ရန်မှာ အင်မတန် ကျိုးကြောင်းမဆီလျော်ဖြစ်ပေလိမ့်မည်။
ထို့အပြင် သူတော်စင်အနေဖြင့် သူဟာ ကုသိုလ်အား စိတ်မဝင်စားဘဲ တာအိုကို မဖြန့်ဝေချင်ပါလျှင် သံသယအလွယ်တကူဖြစ်စေနိုင်၏။ ဟုန်ကျွင်းမှာ မည်မျှ ရူးမိုက်နေပါစေ သူ့အတွက် မည်သည်ကိုမှ အာရုံမခံနိုင်သည်မှာ မဖြစ်နိုင်ပါချေ။
သူဟာ ပြဇာတ်တစ်ခုလုံးအား ထိန်းသိမ်းထားရမည်ပင်။
လူတိုင်းမှ သူ့အားကျေးဇူးတင်ပြီးနောက်တွင် လုရှောင်ယန်၏ရုပ်သေးမှာ ကောင်းကင်ယံမှ ဆင်းသက်လာတော့၏။ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်တို့မှာလည်း ပြန်ဆုတ်ခွာသွားကြ၏။
အားလုံးထွက်သွားပြီးနောက်၌ ရွှေရောင်အောက်ကျွန်းမှာ ပြန်လည်တည်ငြိမ်လို့လာသည်။
လုရှောင်ယန်၏ရုပ်သေးမှာ ရွှေရောင်အောက်ကျွန်းခန်းမတွင် တင်ပလ္လင်ခွေထိုင်လျက် နေရောင်ပူပူအောက်၌ စတင်ကျင့်ကြံကာ ထိုခန္ဓာကိုယ်အား ရွှေရောင်အောက်ကျွန်းအတွင်းပိုင်းအခြေအနေကို တားဆီးရန် အသုံးပြုလိုက်သည်။
လုရှောင်ယန်၏မူလကိုယ်မှာ လျှို့ဝှက်စွာပင် ရွှေရောင်အောက်ကျွန်း၌ အစီစဉ်ဆွဲနေလိုက်သည်။
"အခု ငါအတိဒုက္ခကို လက်ခံလိုက်ပြီဆိုတော့ အတိဒုက္ခက ရက်အနည်းငယ်အတွင်းမှာ စမှာပဲ။ အဲ့အချိန်ကျရင် အားလုံးက သေချာပေါက် ကျဲကျောင်းတော်ကို ပစ်မှတ်ထားလိမ့်မယ်။"
"ကံကောင်းချင်တော့ မတိုင်ခင်က ငါ ကျဲကျောင်းတော်သားတွေရဲ့ကျင့်ကြံဆင့်ကိုတိုးပေးခဲ့တယ်။ အခု ရွှေရောင်အောက်ကျွန်းမှာ ကျဲကျောင်းတော်သားတွေနဲ့ အမည်မဲ့ဂိုဏ်းသားအားလုံးပေါင်း ၃၀၀ကျော်တော့ရှိတယ်။ သူတို့အားလုံးက ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်တွေဖြစ်ပြီး အခြားလူတွေဆီကနေ ပစ်မှတ်ထားခံရဖို့ မစိုးရိမ်ကြဘူး။"
"သို့ပေမယ့် ပြန်လည်ဝင်စားခြင်းလမ်းကြောင်းခြောက်ရပ်က ပုန်းကွယ်နေတဲ့အန္တရာယ်ပဲ။ ငါဒါကိုအရင် ရှင်းရမယ်။"
"အခုက မြေအောက်လောကကိုသွားရမယ့် အချိန်ထင်တယ်။"
အသက်ပြင်းစွာရှူပြီး လုရှောင်ယန်မှာ တမုဟုတ်ချင်းပင် နေရာမှပျောက်ကွယ်သွား၏။
သူပြန်လည်ပေါ်လာချိန်တွင် သူဟာအဆုံးမဲ့ အမှောင်ထုထဲသို့ရောက်ရှိနေပြီဖြစ်သည်။
လုရှောင်ယန်၏မူလကိုယ်မှာ သူတော်စင်မဟုတ်ပါချေ။ သူတော်စင်၏ကုသိုလ်နှင့် ဖုံးကွယ်ထားသော ပုံစံ၏အထောက်အပံ့မပါဘဲ အမှောင်ထုထဲရှိ သတ္တဝါများမှာ သူ၏ပုံစံအမှန်အား အာရုံခံနိုင်လိမ့်မည်မဟုတ်ချေ။ ၎င်းတို့မှာ သက်ရှိတစ်ယောက်ရောက်ရှိလာသည်ကို အာရုံခံမိချိန်တွင် ချက်ချင်း အရူးအမူးခုန်နေကြသည်။
သို့သော် ၎င်းတို့မှ လုရှောင်ယန်နံဘေးသို့ မရောက်နိုင်ခင်တွင် လုရှောင်ယန်မှာ ၎င်းတို့အား အမှုန့်ချေလိုက်၏!
သူ၏ဝိဉာဉ်အရိပ်အယောင်လေးပင် ကျန်မနေပါချေ။
"ဒါက မြေအောက်လောကလား?"
လုရှောင်ယန်မှာ ဘေးဘီသို့ အကြည့်ဝဲလိုက်သည်။ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အထွဋ်အထိပ်အဆင့်သို့ ရောက်နေခြင်းဖြင့် သူဟာ အကြည့်တစ်ချက်နှင့် ကီလိုမီတာသန်းတစ်ရာအကွာအတွင်းရှိ အရာအားလုံးကိုမြင်နိုင်ပေသည်။
တစ္ဆေများ၊ နတ်ဆိုးများ၊ ယက္ခများနှင့် မကောင်းဆိုးဝါးများမှာ လုရှောင်ယန်၏မျက်ဝန်းထဲသို့ ဝင်လာသည်။
သူ၏ယခင်ဘဝတွင် လုရှောင်ယန်မှာ အမတများနှင့် မြေအောက်လောက၏အကြံအဉာဏ်ကို မထီမဲ့မြင်ပြုလိုက်၏။ ယခုတွင် ၎င်းအားတကယ်မြင်နေရကာ ဤလောကရှိ အတော်များများမှာ အမှန်ဖြစ်ကြောင်းသိရှိသွား၏။
သို့သော် အတိတ်တွင် သူဟာ ထိုဖြစ်တည်မှုများကို ရင်ဆိုင်ရချိန်၌ နှိမ့်ချသည့်ပုရွက်ဆိတ်ကလေးသာဖြစ်ခဲ့သည်။ မထင်မရှားလေလွင့်တစ္ဆေလေးတစ်ကောင်ကပင် သူ့ကိုသတ်နိုင်သည်။
သို့ရာတွင် ယခု မြေအောက်လောကကြီးတစ်ခုလုံးကပင် သူ၏ပြိုင်ဘက်မဟုတ်တော့ပါချေ။
ပြန်လည်ဝင်စားခြင်းလမ်းကြောင်းခြောက်ရပ်တည်နေရာအား အာရုံခံလိုက်မိပြီးနောက်၌ လုရှောင်ယန်မှာ သူ၏နေရာမှ ထပ်ပျောက်သွား၏။
ပြန်လည်ဝင်စားခြင်းလမ်းကြောင်းခြောက်ရပ်ရှေ့မှောက်တွင် ဝိဉာဉ်အတန်းများမှာ အတန်းလိုက်ရပ်နေကြ၏။ ၎င်းတို့မှာ အဘွားမုန့်၏စွပ်ပြုတ်ကိုသောက်ပြီးနောက်၌ ပြန်လည်ဝင်စားခြင်းလမ်းကြောင်းခြောက်ရပ်ကို ဖြတ်သန်းကာ ပြန်လည်ဝင်စားကြပေလိမ့်မည်။
၎င်းတို့၏ ယခင်ဘဝ အောင်မြင်မှုများမှာ ငရဲဘုရင်၁၀ပါး၏ ချမှတ်ခြင်းကို ခံရပြီးပြီဖြစ်၏။ ၎င်းတို့သာ ယခင်ဘဝက ကောင်းမှုများစုဆောင်းခဲ့ပါလျှင် နောက်ဘဝ၌ မိသားစုကောင်းကောင်းသို့ ဝင်စားနိုင်မည်ဖြစ်၏။ ၎င်းတို့မှာ ယခင်ဘဝက မကောင်းသည့်အရာများကျူးလွန်ခဲ့ပါလျှင် ၎င်းတို့၏အနာဂတ်ဘဝမှာ မသေချာပေ။
၎င်းတို့မှာ တိရိစ္ဆာန်များ သို့မဟုတ် သူဆင်းရဲများဖြစ်လာပေလိမ့်မည်။
လုရှောင်ယန်မှာ လက်များနောက်ပို့လျက် လျှောက်လာပြီး သက်ရှိများကိုကြည့်ရှုလိုက်ချိန်တွင် သူဟာ မနေနိုင်ဘဲ သက်ပြင်းချလိုက်၏။
အတိတ်တွင် သူဟာ ထိုပုရွက်ဆိတ်ပေါင်းထရီလီယံထဲမှာ တစ်ကောင်ဖြစ်သည်။ ယခုတွင် သူဟယ ပြန်လည်ဝင်စားခြင်းလမ်းကြောင်းခြောက်ရပ်ကို ကျော်ဖြတ်လျက် ၎င်းတို့အား အထင်သေးနိုင်သည့် ဖြစ်တည်မှုပင်ဖြစ်လာသည်။
သို့ရာတွင် ထိုအခိုက်၌ သူ၏အကြည့်မှာ အကူအညီမဲ့တံတားထက်ရှိ ရင်းနှီးနေသော ပုံရိပ်ထံတွင် ရပ်တန့်သွားတော့သည်။
ထိုအချိန်တွင် လုရှောင်ယန် မျက်လုံးများမှာ ထိတ်လန့်သွားဟန်ပင်။
"အဲ့ဒါသူမ မဟုတ်လား? သူမကလည်း ဒီအကူအညီမဲ့တံတားကို လာရမယ်လို့ ထင်မထားဘူး။"
"ငါဆယ်စုနှစ်များစွာ ဝိဉာဉ်ကူးပြောင်းခဲ့ပေမယ့်လည်း ကမ္ဘာပေါ်မှာ သူမကတော့ အသက် ၄၀, ၅၀လောက်ပဲဖြစ်သင့်တာလေ။ ဘယ်လိုများ ဒီလောက်မြန်မြန်ကြီးသေသွားရတာလဲ?"
သူ၏စကားဆုံးသည်နှင့် လုရှောင်ယန်၏ကိုယ်မှာလည်း အကူအညီမဲ့တံတားထက်သို့ ဆင်းသက်လိုက်သည်။
"ယန်ကျစ်မို၊ မတွေ့ရတာကြာပြီ"
နတ်ဆိုးများချုပ်ထားသော လှပသည့်ပုံရိပ်လေးမှာ ထိုအသံကိုကြားသည်တွင် ရုတ်တရတ်ရပ်တန့်သွား၏။ သူမဟာ လုရှောင်ယန်ဘက်သို့လှည့်ကြည့်လိုက်ပြီး ကူကယ်ရာမဲ့စွာ ကြောင်အမ်းနေသည်။
"ရှင်က... လုရှောင်ယန်လား?"
လုရှောင်ယန်မှာ ပြုံးကာ ခေါင်းငြိမ့်လိုက်၏။ ၎င်းတို့နှစ်ဦးမှာ အထက်တန်းအခန်းဖော်များဖြစ်ကြသည်။ သူ၏ကျင့်ကြံဆင့်ကြောင့် လုရှောင်ယန်မှာ မူလအသွင်ကို ပြန်ရပြီးဖြစ်သည်။ ထို့ကြောင့် ဆယ်စုနှစ်များစွာ ကြာပြီးနောက်တွင်တောင် တစ်ဖက်လူက သူ့အားမှတ်မိနေခြင်းပင်။
ယခင်က လုရှောင်ယန်မှာလည်း ကျောင်း၌ ထင်ပေါ်ကျော်ကြားသည်။ သူ၏အဆင့်ရလာဒ်များမှာ မမြင့်လှသော်လည်း သူ၏သွင်ပြင်ကပင် သူ့အား ကျော်ကြားစေနိုင်၏။
ကံမကောင်းစွာဖြင့် သူ၏ခေတ်တွင် အင်တာနက်က သိပ်မဖွံ့သေးပါချေ။ မဟုတ်ပါက သူဟာ အင်တာနက်ဆယ်လီပင်ဖြစ်လာပြီး ကောလိပ်ဝင်ခွင့်စာမေးပွဲကျရှုံးပြီးနောက် ကမ်းရိုးတန်းဒေသတွင် အလုပ်လုပ်စရာလိုမည်မဟုတ်ချေ။
"မင်းလည်း ဒီအကူအညီမဲ့တံတားကိုလာရမယ်လို့ မထင်ထားခဲ့ဘူး။ ဘယ်လိုများသေခဲ့တာလဲ?"
"အမ်..."
သူ၏နံဘေးရှိတစ္ဆေအစောင့်မှာ ချက်ချင်းမျက်မှောင်ကျုံ့လျက် ယန့်ကျစ်မို၏ပခုံးကို ကြာပွတ်ဖြင့်ရိုက်လိုက်သည်။
"ဒါက အကူအညီမဲ့တံတားပဲ။ ငြိမ်ငြိမ်နေလိုက်"
၎င်းတို့၏ကျင့်ကြံဆင့်များမှာ အင်မတန်နိမ့်လှသောကြောင့် လုရှောင်ယန်အား လုံးဝမမြင်နိုင်ကြပါချေ။ ၎င်းတို့မှာ ယန့်ကျစ်မိုက တစ်ယောက်တည်းစကားပြောနေသည်ဟု ထင်နေကြခြင်းပင်။
ယန့်ကျစ်မိုမှာ ထိတ်လန့်သွားကာ သူမဇက်ပင်ပုသွား၏။ သူမမျက်နှာထက်တွင် ကြောက်ရွံ့မှုနှင့်ပြည့်နေသည်။ ရှင်းလင်းစွာပင် သူမဟာ အတော်များများ ရိုက်ခံထားရပုံပင်။
သို့သော် အချိန်အတော်ကြာပြီးနောက်တွင် သူမစောင့်မျှော်နေခဲ့သော နာကျင်မှုမှာ ပေါ်မလာခဲ့ချေ။
သူမဟာ ခေါင်းကိုအနည်းငယ်မော့လိုက်သည်။ တစ်ခဏအကြာ၌ သူမ၏ဝိဉာဉ်ကိုယ်တစ်ခုလုံးမှာ နေရာ၌ပင် ကြောင်အမ်းလျက် မျက်လုံးများပြူးသွား၏။
၎င်းမှာ ထိုအခိုက်၌ အကူအညီမဲ့တံတားတစ်ခုလုံးထက်မှ ဝိဉာဉ်နှင့် တစ္ဆေအစေခံအားလုံးမှာ ရွေ့လျားမှုကင်းမဲ့နေသည့် အခြေအနေသို့ရောက်ရှိသွားကြသည်။
"ရှောင်ယန်၊ ဒါ... ဒါက...?'
လုရှောင်ယန်မှာ ဖျော့တော့စွာပြုံးလိုက်၏။
"ဘာမှမဟုတ်ပါဘူး။ ဒါကလှည့်ကွက်လေးပါပဲ။ ပြောရရင် မင်းဘာလို့ဒီလောက်အစောကြီးသေသွားရတာလဲ? ငါမှတ်မိတာသာ မှန်ရန် မင်းက အခု အများဆုံး အသက် ၄၀၊၅၀လောက်တော့ ရှိနေရမှာမဟုတ်လား?"
***