← Chapters

အပြိုင်အဆိုင်

Vol. 3 Ch. 119

အပြိုင်အဆိုင်

Vol. 3 Ch. 119

“ဟေ့၊ သတ္တိရှိရင် နှစ်ယောက်တည်းတိုက်မလား။”

အဖိုးကြီးရော့ဝဲလ်က သင်္ဘောပေါ်က ခုန်ဆင်းပြီးပြီးချင်းပဲ သူ့လမ်းလျှောက်တုတ်ထဲကဓားကို ဆွဲထုတ်ကာ ရဟန်းမင်း ပီးယပ်ကို ညွန်ပြလိုက်တယ်။ ပီးယပ်ကလည်း ရယ်မောရင်း သူ့ကျိုင်းတုတ်ကြီးကို မြှောက်လိုက်ပါပြီ။

“ငါ့ကို နတ်ဘုရားတစ်ပါးကို ချိပ်ပိတ်ထားတာမကြာသေးဘူး ဆိုပြီး အားနည်းနေမယ် ထင်နေရင် မင်းမှားသွားလိမ့်မယ်။”

ပီးယပ်ကိုအမြီပြုပြီးတော့ အလင်းစက်ဝန်းပေါင်းများစွာက လင်းလတ်လာတယ်။ သူက ရှေ့ကိုခြေလှမ်းလိုက်တာနဲ့ အလင်းစက်ကွင်းတွေပေါ်လာပြီး သူ့ကိုလေထဲမှာ မျောလွင့် နေနိုင်စေဖို့အတွက် ထောက်ပံထားလိုက်ပါတယ်။ ရော့ဝဲလ် ကိုယ်တိုင်ကလည်း လက်ကိုတစ်ချက်ဝေ့ယမ်းလိုက်တာနဲ့ အရိုးစုမြင်းပျံကြီးသူ့အရိပ်ထဲကနေထွက်ပေါ်လာကာ ပီးယပ်နောက်ကို လိုက်ပါပျံတက်လိုက်တယ်။

ဒီတိုက်ပွဲမှာစွမ်းအားအကြီးဆုံးဖြစ်တဲ့ ရှေးအယ်ဒါနှစ်ဦးက သူတို့ရဲ့တိုက်ပွဲကို ကောင်းကင်ပေါ်မှာတိုက်ခိုက်ဖို့အတွက် ရွေးချယ်လိုက်ပါပြီ။

...

“အရင်တစ်ခါ မင်းကိုငါ ကောင်းကောင်းရိုက်နှက်ထားတာ မမှတ်သေးဘူးနဲ့တူတယ်။”

ဓားသူတော်စင်ဆားဗီးရပ်က ဓားကိုဓားအိမ်ထဲက ဆွဲထုတ်ရင်း နက်ဆန်ကို အထင်သေးနေတဲ့ ပုံစံနဲ့ပြောလိုက်တယ်။ အရင်ကဆိုရင်တော့ နက်ဆန်က ဆားဗီးရပ်ကိုမြင်တာနဲ့ ထွက်ပြေးဖို့ကြိုးစားရမှာဆိုပေမဲ့ ဒီတစ်ခါမှာတော့ သူက လက်ကိုရှေ့ဆန့်ထုတ်လိုက်တာနဲ့ သူ့အရိပ်ထဲကနေ ငွေရောင်ဆေဘာတစ်လက် ပေါ်ထွက် လာခဲ့ပါတယ်။ အဲဒီဆေဘာက သူ့လက်ထဲရောက်တာနဲ့ အနက်ရောင်ပြောင်းသွားတယ်။

“.....” ဓားအသင့်ဖြစ်တာနဲ့ နက်ဆန်က စကားအပိုမပြောဘဲ ဆားဗီးရပ်ရဲ့လည်ပင်းကိုဦးတည်ကာ ဓားနဲ့စလွယ်သိုင်း ပိုင်းချလိုက်တယ်။ ဆားဗီးရပ်ကလည်း ပြုံးလိုက်ပြီး...

“ဓား​ကောင်းတစ်လက် ရလာတယ်ပေါ့လေ။”

...

“ဘာလို့ဒီလိုလုပ်ရပ်မျိုးကို လုပ်ရတာလဲ။”

သီယာက လေးကြိုးကိုဆွဲလိုက်တယ်။ အလင်းဒြပ်စင်တွေနဲ့ ပြည့်နှက်နေတဲ့ စွမ်းအင်မြားတစ်စင်းက လေးမှာဖြစ်တည် လာပြီးတော့ မကြာခင်မှာပဲ မြားအစင်းပေါင်းမြောက်မြားစွာ လေထုထဲမှာပေါ်လာပြီး အရိုးစုစစ်သားတွေကို ပစ်ချ လိုက်တယ်။

“တော်သင့်ပြီ...” ရုတ်တရက် ကောင်းကင်ပေါ်ကနေ အနက်ရောင်တောင်ပံတွေနဲ့မိန်းကလေးတစ်ယောက်က ဆင်းသက်လာပြီး သီယာရဲ့မြားတွေကို ကြားလယ်မှာပဲ တားဆီးလိုက်တယ်။

“ငါက အနည်းဆုံးတော့ နင်တို့နှစ်ယောက်ကို လူဆိုးမဟုတ်လောက်ဘူးလို့ ထင်ထားခဲ့တာ။”

သီယာက သူ့တိုက်ကွက်ကိုဖျက်ဆီးလိုက်တဲ့ နာတာရှာကို မုန်းတီးမှုအပြည့်နဲ့ကြည့်လိုက်ရင်း ပြောလိုက်ပါတယ်။ နာတာရှာက မှော်နှင်တံနဲ့သီယာကိုချိန်လိုက်ရင်း...

“ဒီနေ့ ဒီနေရာမှာသေနေ့စေ့တဲ့သူက ပီးယပ်ပဲလို့ သခင်က ပြောထားပြီးသား။ နင်မပါချင်ရင် နောက်ဆုတ်နေလိုက်။”

ရှင်းရှင်းလင်းလင်းပဲ နာတာရှာက သီယာကိုအခွင့်အရေး ပေးခဲ့ပါတယ်။ ဒါပေမဲ့ သီယာကတော့ ရဟန်းမင်းကြီးကို သတ်ဖြတ်မယ်လို့ကြားတာနဲ့ မျက်နှာက တည်ကြည်သွားပြီး

“အလင်းရောင်ရဲ့တမန်တော်ရဟန်းမင်းကို အန္တရာယ်ပြုတာက အမှန်တရားကိုတိုက်ခိုက်တာနဲ့ အတူတူပဲ။”

သီယာက လေးကြိုးကိုဆွဲလိုက်တယ်။ အလင်းမြားပေါင်း မြောက်များစွာက သူ့နောက်မှာပေါ်လာပြီး နာတာရှာကို ချိန်ထားလိုက်ပါတယ်။ နာတာရှာကလည်း မှော်နှင်တံကို အနည်းငယ်ကစားလိုက်တာနဲ့ လေဓားသွားများစွာကို ဆင့်ခေါ်နိုင်စွမ်းရှိသွားပါတော့တယ်။

“အမှန်တရားကိုမြင်နေရဲ့နဲ့တောင် လုပ်သင့်လုပ်ထိုက်တာ မလုပ်ရဲတဲ့ နင့်လိုသူတော်စင်ကမှ အမှန်တရားကိုထိခိုက် စေတာပဲ။”

အဲဒီနောက်တော့ လေးသူတော်စင်နဲ့အမှောင်အိန်ဂျယ်တို့ နှစ်ယောက်ရဲ့တိုက်ပွဲက အပြင်းအထန်စတင်ပါတော့တယ်။

...

ထန်း... ထန်း... ထန်း...

လေထုထဲမှာ လှံနဲ့ကြိုးတပ်တံစဥ်က အကြိမ်အကြိမ်အခါခါ ထိတွေ့တိုက်ခိုက်နေတဲ့အတွက် နေရာအနှံမှာမီးပွားတွေ ဖြာထွက်နေပါတယ်။

“သေစမ်း... ဘာလို့ဖုတ်ကောင်တစ်ကောင်က ဒီလောက်ထိ အားကောင်းနေရတာလဲ။” လှံသူတော်စင်နီကိုလပ်က နောက်ကိုပြန်ဆုတ်လိုက်ရင်းနဲ့ မကျေမနပ်ပြောလိုက်တယ်။ သူနဲ့ဆန့်ကျင်ဘက်မှာတော့ အနည်းငယ်စုတ်ပြဲနေတဲ့ အိမ်စေဝတ်စုံကိုဝတ်ဆင်ထားတဲ့ မော်လီရှိနေပြီးတော့ အလွန့်အလွန်ကိုလျင်မြန်တဲ့လှုပ်ရှားမှုတွေနဲ့အတူ ခွန်အားပါလှတဲ့ တိုက်ကွက်တွေကို ထုတ်ဖော်နေပါတယ်။

ဘုန်း...

မော်လီက လေထုထဲခုန်တက်လိုက်ပြီး တံစဥ်နဲ့နီကိုလက်ကို အပေါ်စီးကနေ ပိုင်းချလိုက်တယ်။ နီကိုလက်က လှံကိုကန့်လန့်ဖြတ်အနေအထားနဲ့ တားဆီးလိုက်ပေမဲ့ မော်လီရဲ့ခွန်အားက ကြီးမားလွန်းတဲ့အတွက်ကြောင့် ဘုရားကျောင်းရဲ့ကျောက်သားကြမ်းပြင်တွေ အက်ကွဲကုန်တယ်။ ပြီးတော့ ဒီကြမ်းပြင်တွေက သာမန်ကြွေပြားနဲ့လုပ်ထားတာမဟုတ်ဘဲ အင်မတန်ခိုင်ခံ့တဲ့ စကျင်ကျောက်ပြားချက်ကြီးတွေနဲ့ ပြုလုပ်ထားတာပါ။ ဒါပေမဲ့ ​မော်လီရဲ့ခွန်အားနဲ့ရင်ဆိုင်ရချိန်မှာတော့ ဝေဖာချပ်လေးတွေလိုပဲ ပြိုကွဲကျနေပါတယ်။

“သေစမ်း....” မော်လီက ရုတ်တရက်လေထုထဲမှာ ရှိနေရင်းက လမ်းကြောင်းပြောင်းလိုက်ပြီး နီကိုလပ်ရဲ့ရင်ဘတ်ကို ခြေထောက်နဲ့ကန်လိုက်တယ်။ နီကိုလပ် နောက်ကိုဆုတ်သွားရချိန်မှာ တံစဥ်နဲ့လည်မျိုကို ထိုးခွဲဖို့ကြိုးစားလိုက်ပေမဲ့...

ထန်း....

သံစူးလုံးကြီးတစ်ခုက နီကိုလပ် တံစဥ်နဲ့အခုတ်မခံရခင် ကြားလယ်ကနေ ဖြတ်တားလိုက်ပါတယ်။

“တပ်မှူးဂျူလီယာ...” နီကိုလက်က ချက်ချင်းပဲ သူ့ကို ကယ်လိုက်တဲ့တပ်မှူးကို သတိထားမိသွားတယ်။ ဂျူလီယာက နီကိုလပ်ကို ပြန်လှည့်မကြည့်ဘဲ မော်လီကိုသာတွန်းလှန်ဖို့ အာဏာထားထားရင်း ပြောလိုက်တယ်။

“အရှင်၊ ဒီဖုတ်ကောင်က သာမန်ဖုတ်ကောင်မဟုတ်ဘူး။ သံချေးရောင်ဆံပင်တွေရှိနေတဲ့ ဖုတ်ကောင်ဘုရင်မပါ။ သူ့ခွန်အားက ပြိုင်ဖက်ကင်းတယ်။”

ဖုတ်ကောင်ဘုရင်မဆိုတာကြားတော့ နီကိုလပ်က မျက်လုံးကိုမှေးလိုက်ပြီး သူ့လှံကိုပြန်ကြည့်လိုက်တယ်။ “သူက အင်အားကြီးမားတဲ့ ဖုတ်ကောင်ဘုရင်မဆိုရင်တောင် ကျွန်တော့်ရဲ့အစစ်အမှန်ကြမ္မာလှံက သူ့ကို ဖောက်ထွင်းနိုင်တယ်။”

နီကိုလပ်က အရင်လိုမျိုးပေါ့ပေါ့ပါးပါး တိုက်ခိုက်ဖို့ထက် သေချာဂရုစိုက်တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူ့ရဲ့လှံဖျားမှာ အလွန်တရာစွမ်းအားကြီးမားတဲ့ အဖျက်စွမ်းအားတချို့ စတင်စုစည်းလာပြီးတော့ ရွှေအိုရောင်အလင်းတန်းအဖြစ် ဖွဲ့တည်လာပါတယ်။

“ ဒီလှံတံက တမန်တော်ရဲ့နံဘေးတော်ကိုတောင် ထွင်းဖောက်နိုင်ခဲ့တာပဲ။ ဘာလို့ဖုတ်ကောင်ဘုရင်မ တစ်ယောက်ကို အနိုင်မယူနိုင်ရမှာလဲ။”

...

“သတိထား....”

ရွှမ်း...

လီချင်းချင်းက မြေပြင်ကနေထွက်ပေါ်လာတဲ့ နွယ်ပင် များစွာကို လှံနဲ့ခုတ်ဖြတ်ပြီးတော့ ရူဘီကို ကာကွယ်ပေးခဲ့တယ်။ သူတို့နှစ်ယောက်လုံးက ပြိုင်တူပြေးနေကြပြီးတော့ သူတို့ရှိနေတဲ့ မြေပြင်ဟာ တည်ငြိမ်ပုံမပေါ်ဘဲ သစ်နွယ်ပင်တွေထိုးတွက်လာတတ်ပြီး သူတို့ကိုတိုက်ခိုက်နေပါတယ်။

“ဒီမရဏနွယ်တွေနဲ့ရစ်ပတ်ခံလိုက်ရတာနဲ့ လူတစ်ယောက်မှာ ရှိနေသမျှစွမ်းအားတွေအားလုံး စုပ်ယူခံလိုက်ရမှာလား။ တကယ့်ကို ကြောက်စရာပဲ...”

ဒိုင်းသူတော်စင်ရူဘီက ဘေးပတ်ဝန်းကျင်ကိုကြည့်ရင်းနဲ့ ပြောလိုက်တယ်။ ဘုရားကျောင်းစစ်သည်အများစုက နွယ်ပင်တွေရဲ့ခြောက်ကပ်နေအောင်စုပ်ယူခြင်းကို ခံရပြီး အကုန်လုံးမေ့မျောနေပါပြီ။

ဒိုင်းသူတော်စင်နဲ့သူ့အဖော်က မထိမခိုက်ဘဲရှိနေသေးတယ် ဆိုပေမဲ့လို့ အိုလီရာနာကိုအနိုင်ယူဖို့အတွက် နည်းလမ်းကို အသည်းအသန်စဥ်းစားနေရပါတယ်။

“လာပြီ...”

ဝုန်း...

ရုတ်တရက်မြေပြင်က အက်ကွဲသွားပြီး ဧရာမသစ်သားနွယ် လက်သီးကြီးကိုဖွဲ့စည်းထားတဲ့ ဆံပင်အညိုရောင်နဲ့ ကလေးမလေးအိုလီရာနာက မြေပြင်ထဲကနေ ထိုးထွက်လာပြီး နွယ်ပင်တွေကိုလိုက်လံရှင်းထုတ်နေတဲ့ လီချင်းချင်းကိုတိုက်ခိုက်လိုက်တယ်။

“အဲဒီလိုအဖြစ်ခံမယ် ထင်နေတာလား။” ရူဘီက လီချင်းချင်း ရှေ့မှာရပ်လိုက်ပြီး ဒိုင်းနဲ့တိုက်ရိုက်ပဲ အိုလီရာနာရဲ့ထရပ်ကားအသေးတစ်စီးစာအရွယ်ရှိတဲ့ လက်သီးကိုခုခံလိုက်တယ်။

ဘုန်း....

ရူဘီကနောက်ကို နည်းနည်းရွေ့သွားပေမဲ့ ဟန်မပျက်ပါပဲ။ လက်ထဲကိုင်ထားတဲ့ ခြောက်လုံးပြူးနဲ့တောင် အိုလီရာနာရဲ့ ခေါင်းကိုချိန်ပြီးတော့ ပစ်ခတ်လိုက်သေးတယ်။

ဒိုင်း... ဒိုင်း... ဒိုင်း...

သေနတ်ကျည်ပေါက်ရာသုံးခုက အိုလီရာနာရဲ့မျက်နှာမှာ ဖြစ်ပေါ်လာပေမဲ့ ဘာသွေးမှမထွက်ဘဲ မကြာခင်မှာပဲ ပြန်ပြီး ကောင်းလာပြန်ပါပြီ။

“အရူးမ၊ ငါက ဒီလောက်ထိ များပြားတဲ့စွမ်းအားတွေကို စုပ်ယူထားတာ။ သေနတ်နဲ့ပစ်ခံရရုံနဲ့ သေမလား။”

အိုလီရာနာက ရူဘီကို အရူးမလို့ခေါ်လိုက်ပြီး မြေကြီးထဲကို ထပ်မံတိုးဝင်ပျောက်ကွယ်သွားပြန်တယ်။ သေချာပေါက် တခြားရှုထောင့်တစ်ခုခုကနေ အလစ်တိုက်ဖို့ကြံနေတာပါပဲ။

ရူဘီကတော့ မီးခိုးတွေအူထွက်နေတဲ့ သေနတ်ပြောင်းကို စိတ်ဓာတ်ကျစွာနဲ့ကြည့်လိုက်ရင်း “ဒီတစ်ခါလည်း ငါ့ရဲ့ကုတ်သေနတ်က အသုံးမဝင်ပြန်ဘူးပဲ။”လို့ ဖြေလိုက်ပါတယ်။

လီချင်းချင်းကတော့ အဆောင်တစ်ခုကို အိတ်ထဲကနေ ထုတ်ယူလိုက်ပြီး လှံသွားမှာကပ်လိုက်တယ်။ မကြာခင်မှာပဲ သူ့လှံကို မီးလျှံတွေက ဖုံးလွှမ်းသွားတယ်။

“ဖုန်းရွှေဓာတ်ငါးပါးကျမ်းအရ သစ်သားက မီးကိုကြောက်တယ်တဲ့ စမ်းကြည့်ရအောင်။”

...

“အိုးဟားဟားဟား... ဒီတိုက်ပွဲက ပျော်စရာကောင်းမယ့်ပုံပဲ။”

မိုနီကာကတော့ ဘုရားကျောင်းအတွင်းမှာ ဦးတည်ရာမဲ့ ပျံသန်းနေရင်း ဘုရားကျောင်းစစ်သည်တွေကို မထင်ရင် မထင်သလိုမျိုး တိုက်ခိုက်နေပါတယ်။ ဒါပေါ့၊ မိုနီကာက နက်ဆန်ရဲ့အမိန့်ကိုမမေ့ဘဲ ဒီစစ်သည်တွေကို ပြန်လည် တိုက်ခိုက်ဖို့မဖြစ်နိုင်လောက်တဲ့အထိ ဒဏ်ရာရသွားစေဖို့ပဲ ရည်ရွယ်တိုက်ခိုက်နေခဲ့တာပါ။

မိုနီကာရဲ့အရှိန်ကမြန်လွန်းလို့ တော်တော်များများက ခရမ်းရောင်ဆံပင်တွေနဲ့မိန်းကလေးတစ်ယောက် သူတို့နားက ဖြတ်သွားတာကို အချိန်လွန်မှသတိထားမိကြပြီး သူတို့ခန္ဓာကိုယ်ပေါ်မှာ လက်သည်းရာတွေပေါ်လာကာ သွေးတွေပန်းထွက်တာကိုသာ ကူရာမဲ့စွာနဲ့ ကြည့်နေနိုင်တယ်။

“ကောင်မလေး၊ တော်သင့်ပြီလို့ မထင်ဘူးလား။”

ရုတ်တရက် ခေါင်းစွပ်နီကြီးစောင်းထားတဲ့လူက မိုနီကာရဲ့ ရှေ့မှာပေါ်လာပြီး တားဆီးလိုက်တယ်။ သူ့လက်တွေထဲမှာ အနီရောင် စစ်သုံးပုဆိန်တစ်ခုစီကိုကိုင်ထားပြီး သွေးဆာလောင်ခြင်းအငွေ့အသက်တွေ ထွက်ပေါ်နေတယ်။

“အာ့ရာ... ကွပ်မျက်ခြင်းတပ်ဖွဲ့ရဲ့ခေါင်းဆောင်၊ သွေးစွန်းဘုန်းတော်ကြီးပါလား။”

ကွပ်မျက်ခြင်းတပ်ဖွဲ့ရဲ့ခေါင်းဆောင်နာမည်ကို ဘယ်သူမှ သေချာမသိကြပါဘူး။ အဲဒီအစား သူ့ရဲ့နာမည်ပြောင်ကိုသာ လူတွေသိကြပါတယ်။ ပြီးတော့ ဒီလူဟာ ရဟန်းမင်းကြီးနဲ့ ဓားသူတော်စင်ပြီးရင် ဘုရားကျောင်းမှာအစွမ်းအထက်ဆုံး တတိယပုဂ္ဂိုလ်ဆိုပြီး နာမည်ကြီးပါတယ်။

“ကျုပ်တို့ဘုရားကျောင်းက စကူးဘတ်မျိုးနွယ်နဲ့စစ်ဖြစ်ဖို့ အကြောင်းမရှိဘူး။ ဒီကိစ္စက အမှောင်ကျောင်းတော်နဲ့ ဘုရားကျောင်းရဲ့ကိစ္စပဲ။ ဒါပေမဲ့ စကူးဘတ်မျိုးနွယ်ရဲ့ မင်းသမီးက ကျုပ်တို့ကိုတိုက်ခိုက်လာမယ်ဆိုရင်တော့ ကျုပ်တို့ဘုရားကျောင်းက စကူးဘတ်မျိုးနွယ်ကို မျက်ကွယ်ပြုထားမှာမဟုတ်ဘူး။”

သွေးစွန်းဘုန်းတော်ကြီးက ခြိမ်းခြောက်လိုက်တော့ မိုနီကာက သူ့ရဲ့သွေးတွေနဲ့ရွဲရွဲစိုနေတဲ့လက်နဲ့ ပါးစပ်ကို အုပ်ကာ တင့်တယ်စွာရယ်မောလိုက်တယ်။ သူ့ရဲ့ပတ္တမြားလို မျက်လုံးတွေကတော့ ရဲရဲတောက်ပလို့။

“ရိုမြူလက်ဘုရားကျောင်းက လင်ဘိုဘုံပြင်ပမှာရှိတဲ့ အဖွဲ့အစည်းတွေထဲမှာ အားအကောင်းဆုံးဖြစ်နေတယ် ဆိုတာနဲ့ပဲ စကူးဘတ်မျိုးနွယ်နဲ့တန်းတူရပ်နိုင်မယ်လို့ ထင်နေတာလား။

ဒါပေမဲ့ ရှင်တို့ကိုကြည့်ရတာ ဒီလောက်ကြီးလည်း စွမ်းအားကြီးတဲ့ပုံ မပေါ်ပါလား။ အမှောင်ဘုရားကျောင်းက ဆီနိတ်တာနှစ်ယောက်နဲ့မင်းသားတစ်ပါးကတောင် ရှင်တို့ကို စိန်ခေါ်နိုင်တယ်။”

မိုနီကာရဲ့ကဲ့ရဲ့စကားကြောင့် သွေးစွန်းဘုန်းတော်ကြီးက ဘယ်လိုမှမနေနိုင်တော့ဘဲ ပုဆိန်ကိုဝေ့ယမ်းကာ မိုနီကာကို ပြေးဝင်တိုက်ခိုက်လိုက်တယ်။

ဘုန်း...

ပုဆိန်ခုတ်ချက်တစ်ခုတည်းကတင် ဘုရားကျောင်းရဲ့ နောက်ကွယ်မှာရှိနေတဲ့ တိုင်လုံးများစွာက ပိုင်းဖြတ်ခံရပြီး ဘုရားကျောင်းခန်းမကြီးရဲ့တစ်ဝက်နီးပါးလောက်က ပြိုကျသွားကာ ဘုရားကျောင်းစစ်သည်တော်ရာနဲ့ချီပြီး အသက်ပေးဆပ်လိုက်ရတယ်။

“ဟယ်တော်... ရှင်က ရှင့်လူတွေကိုတောင် ဂရုမစိုက်ဘဲ တိုက်ခိုက်နေတာပဲ။ ကြည့်ရတာ ကျွန်မပြောတာမှန်နေတဲ့ ပုံပဲ။” တကယ်လည်း မိုနီကာပြောတာက မှန်ပါတယ်။ အမှောင်ကျောင်းတော်က ဒီနေရာကို ဆီနိတ်တာ နှစ်ယောက်ဖြစ်တဲ့ ရော့ဝဲလ်နဲ့နာတာရှာကိုပဲ ခေါ်လာခဲ့တာ။ ဒါပေမဲ့ ရော့ဝဲလ်က သာမန်ဆီနိတ်တာတွေထက် အများကြီး ပိုအစွမ်းထက်နေတာလေးတစ်ခုပဲ။

မိုနီကာက ရယ်မောလိုက်ရင်းနဲ့ သွေးစွန်းဘုန်းတော်ကြီး ဆက်လက်တိုက်ခိုက်လာတဲ့တိုက်ကွက်တွေကို ထပ်မံပြီး ရှောင်ရှားလိုက်တယ်။ သွေးစွန်းဘုန်းတော်ကြီးက နာမည်အတိုင်းပဲ အစွမ်းထက်ပါတယ်။ မိုနီကာက သူ့လောက် စွမ်းအားမကြီးပါဘူး။ ဒါပေမဲ့ စကူးဘတ်မင်းသမီးမှာ ထူးခြားချက်တစ်ခုရှိပြီး ပြိုင်ဘက်ကင်းစွမ်းရည်တစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ အဲဒါကတော့ ထွက်​ပြေးနိုင်စွမ်းပါပဲ။

“ရှင်ဘယ်လောက်စွမ်းအားကြီးကြီး ကျွန်မကိုထိအောင် မတိုက်ခိုက်နိုင်ရင် အလကားပဲမဟုတ်လား... အားဟားဟားဟား။”

မိုနီကာက ရယ်မောနေရင်းနဲ့ ရှေ့ကနေထွက်ပြေးနေတယ်။ ပုဆိန်ကြီးနဲ့ သွေးစွန်းဘုန်းတော်ကြီးကတော့ နောက်ကနေ ပြေးလိုက်လို့။

...

“ဒီဆီနိတ်တာကဒူလာဟမ်နဲ့ စစ်သူကြီးခါလစ်ရဲ့သက်တော်စောင့် ဟာဆန်း တို့ကို လက်ထောက်အဖြစ်ရထားတာလား။ မဆိုးဘူးပဲ၊ ဒါပေမဲ့ ဒီတပ်မှူးရှေ့မှာတော့ မင်းတို့တွေက သုံးစားမရတဲ့ အမှိုက်တွေပဲ။”

လေးတပ်ရင်းတပ်မှူးကြီးဩစတင်းက ဟန်ပါပါနဲ့ ခါးထောက်ရင်း ပြောလိုက်တယ်။ သူ့ရှေ့မှာ ရော့ဝဲလ်ရဲ့ အစေခံနှစ်ယောက်ဖြစ်တဲ့ အာရပ်ကြီးနဲ့ဒူလာဟမ်တို့က ဒူးထောက်နေရပါတယ်။ သူတို့ခန္ဓာကိုယ်မှာတော့ လှံအရွယ်အစားလောက်ရှိတဲ့ ဧရာမမြားကြီးတစ်ချောင်းစီ စိုက်ဝင်နေပြီးတော့ ဩစတင်းက သူတို့ကိုအနိုင်ယူခဲ့တာ အသိသာကြီးပါ။

“ ပျောက်ကွယ်သွားကြစမ်း....” ဩစတင်းက ဒီရန်သူတွေကို နောက်ဆုံးအနေနဲ့ အပြီးသတ်ဖို့အတွက် ဆုံးဖြတ်လိုက်ပြီး တတိယမြောက်အလင်းတိုင်လုံးကြီးကို ဖန်တီးလိုက်တယ်။ အရာအားလုံး ပြီးဆုံးသွားတော့မယ်လို့ သူထင်ခဲ့မိပေမဲ့...

“ရှင်ဖမ်းနိုင်ရင်ဖမ်းလေ....” မိုနီကာက နိုင်ပွဲရနေတဲ့ တပ်မှူးကြီး ဩစတင်းရှေ့ကနေ ဖြတ်ပြေးသွားတယ်။

“ကောင်မလေး၊ သေပေတော့...” တစ်ဖက်မှာတော့ သွေးစွန်းဘုန်းတော်ကြီးက ပုဆိန်တွေကိုဝေ့ယမ်းရင်း နောက်ကနေလိုက်လာတယ်။

ခလွမ်း...

ကံမကောင်းစွာနဲ့ သွေးစွန်းဘုန်းတော်ကြီးရဲ့ပုဆိန်ချက်က အစေခံနှစ်ယောက်ကို ဖိနှိပ်ဖို့ ဩစတင်းပြုလုပ်ထားတဲ့ အလင်းတိုင်ကြီးတွေကို ပျက်စီးသွားစေတာပါ။

ဖိနှိပ်ခံထားရခြင်းမရှိတော့ဒူလာဟမ်နဲ့ အာရပ်ကြီးတို့က သူတို့ဓားတွေကိုမြှောက်လိုက်ပြီး ဩစတင်းကို မှင်သေသေနဲ့ ကြည့်လိုက်ကြတဲ့အတွက် လေးတပ်မှူးကြီးခင်ဗျာ ရင်ခံသလို ခံစားလိုက်ရတယ်။

သူက လေကြီးနေခဲ့ပေမဲ့ ဒီနှစ်ယောက်ကို လွယ်လွယ်နဲ့ အနိုင်ရခဲ့တာတော့မဟုတ်ပါဘူး။ “သေစမ်း၊ အကုန်အစက ပြန်လုပ်ရတော့မယ်။”

https://mmxianxia.com/wp-content/uploads/2025/05/1000098643.webp

လီချင်းချင်း

Artist - နောင်

https://mmxianxia.com/wp-content/uploads/2025/05/1000098656.webp

All Chapters