← Chapters

အခန်း (၄၆၁-၄၆၅)

Vol. 31 Ch. 461-465

အခန်း (၄၆၁-၄၆၅)

Vol. 31 Ch. 461-465

အပိုင်း ၄၆၁ သစ္စာခံကတိကဝတ်၊ မင်းအတွက် ယူလာတယ်

(ဤဝတ္ထုသည် စိတ်ကူးယဉ်ဇာတ်လမ်းမျှသာဖြစ်သည်။)

ဂေါတမမှာ တမုဟုတ်ခြင်း စိတ်ဝိဉာဉ်တောင် သူတော်စင်နှစ်ဦး၏ ကျင့်ကြံနယ်မြေသို့ နေရာရွေ့ပြောင်းလိုက်သည်။

ထိုအခိုက်တွင် သူတော်စင်နှစ်ဦးမှာ ရန်‌တုံ၊ အရိမေတ္တေယျနဲ့ ဗုဒ္ဓဂိုဏ်းရဲ့ ဒေါင်းတောက်ပမှုကင်းကောင်ရွှမ်တို့ကို ကျင့်ကြံဖို့ ဦးဆောင်နေ၏။ ၎င်းတို့အားလုံးမှာ ဗုဒ္ဓဂိုဏ်း၏ စွမ်းအားကြီးပညာရှင်များဖြစ်ကြသည်ပင်။

ဂေါတမရောက်လာသည်ကိုမြင်သော် ၎င်းတို့နှစ်ဦးသားမှာ ဂေါတမ၏ရည်ရွယ်ချက်များကို ခပ်မြန်မြန်ပင် တွေ့ရှိသွား၏။ ၎င်းတို့မှာ ဝမ်းရှုအသတ်ခံလိုက်ရကာ စိတ်ဝိဉာဉ်တောင်စစ်တပ်တစ်တပ်လုံး အမြစ်ပြတ်သုတ်သင်ခံလိုက်ရသည်ကို သိကြသော်လည်း တစ်ဖက်လူမှာ မည်သူမှန်းရှာ‌မတွေ့ပါချေ။

နှစ်ဦးသားမှာ မနေနိုင်ဘဲ မျက်မှောင်ကျုံ့လိုက်ကြ၏။

"လုရှောင်ယန်တိုက်ခိုက်တာလား?"

ဂေါတမမှာ လက်အားမြှောက်လျက်ပြောလိုက်သည်။

"ကျုပ်လည်း ဒီလိုထင်ပါတယ်။ လုရှောင်‌ယန်ကိုယ်တိုင် တိုက်ကွက်ထုတ်လိုက်တာသာမဟုတ်ရင် ကျုပ်လည်းရှာတွေ့ဖို့ မဖြစ်နိုင်ပါဘူး။"

"ဒါပေမယ့် သူဘယ်လိုတိုက်ခိုက်ခဲ့တာလဲ? ဘာကြောင့် ငါတို့နှစ်ယောက် သူ့ခြေရာမှန်သမျှကို ရွေရောင်အောက်ကျွန်းနောက်မှာ ရှာနေတာကိုမတွေ့နိုင်သေးဘူးလား?"

"ဘာပဲဖြစ်ဖြစ် ငါတို့ဗုဒ္ဓဂိုဏ်းသားအတော်များများ အသတ်ခံလိုက်ရတယ်။ ဝမ်းရှုလိုလူတောင်အသတ်ခံလိုက်ရတယ်။ ဒီသတင်းသာထွက်သွားရင် သုံးလောကမှာ အရေးကိစ္စကြီးဖြစ်သွားမယ်။ ဆရာ၊ ဆရာဦးလေး ကျုပ် ရွှေရောင်အောက်ကျွန်းကို ကိုယ်တိုင်သွားလို့ရမလား?"

"မဖြစ်ဘူး!"

ကျဲယင်မှာ ဂေါတမအား ချက်ချင်းရပ်တန့်လိုက်၏။

"မင်းကစိတ်ဝိဉာဉ်တောင်ရဲ့ ဂုဏ်သရေရှိအရှင်သခင်၊ သူတော်စင်ပဲ! အထောက်အထားမရှိဘဲ တိုက်ခိုက်ပြီး အဖြစ်မှန်ကိုဖော်ထုတ်ရင် လုရှောင်ယန်သာ ‌ခရမ်းသွေးတိမ်တိုက်နန်းတော်ဆီ ငါတို့အကြောင်းသွားပြောလိုက်လို့ကတော့ ဗုဒ္ဓဂိုဏ်းက သွေးတချို့ကို ဆုံးရှုံးရလိမ့်မယ်။

"ဒါ့အပြင်၊ မင်းက အခုမှသူတော်စင်အဆင့်ကိုတက်လှမ်းကာစဖြစ်ပြီး အခြေမခိုင်သေးဘူးလေ။ မင်းရဲ့အခြေခံသာ ထိခိုက်သွားရင် တကယ်ကိုဒုက္ခများလိမ့်မယ်။"

"ဒါဆိုရင် ဆရာနဲ့ ဆရာဦးလေး၊ ကျွန်တော်တို့ ဘာလုပ်သင့်လဲ...?"

ကျဲယင်နှင့်ကျွင်းတိမှာ အချင်းချင်းကြည့်လျက် ပြုံးလိုက်ကြ၏။

"ငါတို့ အရင်နည်းလမ်းဟောင်းကိုပဲ အသုံးပြုရတာပေါ့ကွာ။"

"အရင်နည်းလမ်းဟောင်း? တာအိုဘိုးဘေးအရှေ့မှာ စောဒကတက်ချင်တာလား?"

"အမှန်ပဲ!"

သူတော်စင်နှစ်ဦးမှာ ပြုံးကာဆိုလိုက်သည်။

"ဆိုရိုးတစ်ခု‌လိုပေါ့၊ ငိုနေတဲ့ကလေးက နို့ပိုစို့ရတယ်တဲ့။ အရင်က မင်းဆရာဦးလေးနဲ့ ငါက ကျင့်ကြံဆင့်အားအနည်းဆုံးဖြစ်ပြီး သူတော်စင်တွေအားလုံးကြားမှာ မရေရာတဲ့အနာဂတ်ပဲရှိကြတယ်။"

"ဒါပေမယ့် ငါတို့နှစ်ယောက်က မင်းရဲ့ဆရာအဘိုးကို ညှာတာဖို့ တောင်းဆိုကြတာပေါ့။ အဆုံးမှာတော့ အနောက်ဘက်ဂိုဏ်းက တကယ်ကို သုံးလောကမှာ ကမ်းလှမ်းချက်ပစ္စည်းတွေအများဆုံးဂိုဏ်းတစ်ခု ဖြစ်နေတယ်လေ။"

"လုရှောင်ယန်က သူတော်စင်ဖြစ်လာကာစဆိုပေမယ့် သူတော်စင်အဆင့်ဖြစ်နေဆဲပဲလေ။ ငါတို့သာ အလျင်စလိုသွားတိုက်လိုက်ရင် သူပဲ သေချာပေါက်န်ုငလိမ့်မယ်။ ဒါပေမယ့် သူအတော်လေး ထိခိုက်ပြီးတော့ အခြေခံနဲ့ အနာဂတ်ကျင့်ကြံခြင်းကိုပါ ထိခိုက်ရလိမ့်မယ်။"

"ငါတို့ ဘိုးဘေးဆီအစီရင်ခံပြီးတာနဲ့ တာအိုဘိုးဘေးကို သူနဲ့ရင်ဆိုင်ခိုင်းလိုက်ရင် လုရှောင်ယန်က ဒါကို ကိုင်တွယ်နိုင်မှာကိုမဟုတ်ဘူး။"

ဂေါတမှာ သိနေဟန်ဖြင့်ပြုံးလိုက်သည်။

"ကျွန်တော်နားလည်ပါပြီ။"

၎င်းက သူယခင်က ဗုဒ္ဓဂိုဏ်းအား ဝင်ရောက်ရန်ရွေးချယ်ခဲ့သည့် အကြောင်းအရင်းလည်းဖြစ်သည်။

သူ့အား တာအိုကျင့်ကြံသူထို့ပေါင်ဟခေါ်ခဲ့ကြခြင်းမှာ သူ့ထံ၌ ရတနာများစွာရှိခြင်းကြောင့်သာမကပေ။ တစ်ချိန်တည်းတွက် သူ၏အင်မတန်တွန့်တိုသောစရိုက်မှာ မည်သို့ ငွေစုရမည်အား သိခြင်းကြောင့်ပင်။ ထို့ကြောင့် သူဟာ ကြွယ်ဝမှုများစွာကို စုဆောင်းနိုင်ခဲ့သည်။

သို့သော် သူ၏ ယခင်က ဆရာဖြစ်ခဲ့သော ကျဲကျောင်းတော်၏ကျောင်းအုပ်ထုံးထျန်းမှာ သူ၏ကြွယ်ဝမှုအား မည်သို့ထိန်းသိမ်းရမည်ကို လုံးဝမသိပါချေ။ သူဟာ တပည့်များစွာလက်ခံရုံမျှမက သူ၏လက်တွင်းရှိရတနာများကိုပင် ပေးကမ်းခဲ့သည်။

တစ်ဖက်တွင် ကျဲယင်နှင့် ကျွင်းတိမှာကွဲပြား၏။ ၎င်းတို့နှစ်ဦးမှာ အင်မတန်ကြိုးစားရုံမျှမက ကြွယ်ဝမှုအား မည်သို့စောင့်ရှောက်ရမည်နှင့် အခြေအနေအား အခွင့်ကောင်းယူရမည်ကို သိကြ၏။

အပြင်လူများ၏ အမြင်တွင် ၎င်းက အနည်းငယ်သိမ်နုပ်ကာ မနှစ်မြို့ဖွယ်ရာပင်။

သို့သော် ၎င်းမှာ ကျဲယင်နှင့် ကျွင်းတိတို့၏ သူတော်စင်များအကြားတွင် အနိမ့်ဆုံးကျင့်ကြံဆင့်နှင့် သုံးလောကရှိ အနောက်ဘက်ဂိုဏ်းအား အသန်မာဆုံးအဖြစ်ထုတ်ဖော်နိုင်ခဲ့သည့် အရည်အချင်းကြောင့်ပင်ဖြစ်ပါ၏။

ထို့အပြင် တာအိုကျင့်ကြံသူထို့ပေါင်မှာ အနောက်ဘက်ဂိုဏ်းတွင် သူတော်စင်ဖြစ်လာခဲ့သည်။ ‌အနောက်ဘက်ဂိုဏ်းမှာ ဦးဆုံး သူတော်စင်သုံးပါးရှိရာလည်းဖြစ်၏။

တစ်ချိန်တည်းတွင် ရန်တုံ၊ အရိမေတ္တေယျနှင့် အနောက်ဘက်ဂိုဏ်း၏အခြားလူများမှာလည်း သူတော်စင်တစ်ပိုင်းအဆင့်သို့ရောက်နေကြကာ သူတော်စင်အဆင့်နှင့် အင်မတန်နီးကပ်နေပါ၏။ ၎င်းတို့မှာ သူတော်စင်ဖြစ်လာရန် အနည်းငယ်သာ လိုပါတော့ချေသည်!

ထိုသို့ဖြင့် အနောက်ဘက်ဂိုဏ်းရှိ သူတော်စင်အရေအတွက်မှာ ဖြည်းဖြည်းချင်းတိုးတက်လာချေသည်။

နှိုင်းယှဉ်ရလျှင် ကောင်းကင်ဘုံခုံရုံးမှာ သူတော်စင်တစ်ဦးပင်မရှိသေးချေ။ ချန်ကျောင်းတော်နှင့်ရန်ကျောင်းတော်တို့အားလည်း ရှေးဟောင်းကောင်းကင်အဓိပတိနှင့် မဟာအဓိပတိအကြီးအကဲတို့ကသာ ထိန်းချုပ်ထားသည်။

၎င်းက ကျဲယင်နှင့်ကျွင်းတိမှာ မှန်ကန်သော လမ်းကြောင်းသို့ လိုက်နေခြင်းကို သက်သေပြနေသည်မဟုတ်ပါလား?

"ဒီလိုဆိုမှတော့၊ ဒီကိစ္စကို ဆရာနဲ့ ဆရာဦးလေးဆီမှာ ထားခဲ့လိုက်ပါ့မယ်။"

နှစ်ဦးသားမှာ ခေါင်းငြိမ့်လျက် အလင်းနှစ်ခုအသွင်ပြောင်းကာ ဟင်းလင်းပြင်းထဲသို့ ဝင်ရောက်လျက် ခရမ်းသွေးတိမ်တိုက်နန်းတော်ဆီသို့ တိုက်ရိုက်ဦးတည်သွားတော့၏။

တစ်ဖက်တွင် ရှေးဟောင်းလောကဝင်ပေါက်၌ ဟင်းလင်းပြင်တံခါးမှာ ထပ်မံပွင့်ဟလာခဲ့၏။

သေစေလောက်သော မဟူရာတိမ်တိုက်ကြီးတစ်ခု လွင့်မျောနေလေ၏။

ဘုန်း!

မဟူရာတိမ်တိုက်ကြီးပေါ်ထွက်လာသည်နှင့် မိုးကြိုးလျှပ်စီးတစ်ခု လက်လာကာ မိုးကြိုးပင်ချိန်းလိုက်၏။ ရှေးဟောင်းလောကရှိ သက်ရှိများမှာ ထိုအသံအား ကြားသည်တွင် ကူကယ်ရာမဲ့စွာ တုန်ယင်သွားကြသည်။

၎င်းတို့ဝိဉာဉ်မှလာသောအကြောက်တရားက မဟူရာတိမ်တိုက်ထဲရှိ သက်ရှိများအားနှိုးဆွမမိစေရန် ပြောကြား‌နေသယောင်ပင်!

ထိုမဟူရာတိမ်တိုက်မှာ ၎င်းတို့အား ပစ်မှတ်ထားနေခြင်းမဟုတ်ပါချေ! ထိုအစား တစ်ဘက်တည်းသို့သာ ဦးတည်နေခြင်းဖြစ်၏။

သက်ရှိများပြန့်ကျဲကာ အချင်းချင်း သ‌င်္ကေတများလှမ်းပို့လိုက်သည်။

ရှေးဟောင်းလောကတွင် မွေးဖွားခဲ့ကြသော ကောင်းကင်ဘုံထွဋ်ဖျားကျင့်ကြံသူတစ်ချို့မှာ လေးနက်နေဟန် ရှိရုံပင်မကပါချေ။

"နတ်စစ်သည်တွေပဲ! ဒီအစီအရင်ကိုကြည့် ငါကြောက်မိတာက ၁၀၀,၀၀ဝထက်မနည်းနေမှာကိုပဲ!"

"ကောင်းကင်ဘုံခုံရုံးက ရှေးဟောင်းလောကမှာမရှိခဲ့တာ နှစ်သောင်းချီကြာနေခဲ့ပြီ။ ဘာလို့ရုတ်တရတ်ကြီးရှေးဟောင်းလောကကို လာခဲ့ရတာလဲ? ဒါက ရွှေရောင်အောက်ကျွန်းက အဲ့ဒီသူတော်စင်နှင့် ဆက်စပ်နေတာကြောင့်လား?"

ကောင်းကင်စစ်သည် တစ်သိန်း ရှေးဟောင်းလောကထဲသို့ လှမ်းဝင်လာပြီးနောက်တွင် နီကျားနှင့်လီကျင်းမှာ ၎င်းတို့၏ကိုယ်ပွားများအား စစ်တပ်ကို အမိန့်ပေးရန်သုံးထား၏။ အဖေနှင့်သားမှာ ရွှေရောင်အောက်ကျွန်းတူရူသို့သာ သွားလိုက်ကြ၏။

နီကျား၏ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့် အကူအညီဖြင့် အဖေနှင့်သားမှာ ရွှေရောင်အောက်ကျွန်းထံ ချက်ချင်းနီးပါးရောက်ရှိလာကြသည်။

သီးသန့်ကျင့်ကြံနေခဲ့သော ဖုန်းထျန်းယွမ်မှာ နီကျားလာနေသည်ကို အာရုံခံမိပြီး ချက်ချင်းပင် ကျင့်ကြံနေရာမှ နိုးလာကာ ရွှေရောင်အောက်ကျွန်းအထက်ကောင်းကင်ယံသို့ရောက်ရှိသွား၏။

"နီကျား၊ မင်းပြန်လာပြီလား။ ဘာလို့ မျက်တောင်တစ်ခတ်အတွင်းမှာ ပြန်လာရတာလဲ?"

သို့သော် သူဟာ စေတီကောင်းကင်ဘုရင်လီကျင်းအားမြင်သော် မနေနိုင်ဘဲ အံ့အားသင့်သွားရသည်။

"ကောင်းကင်ဘုရင်လီလည်း ရောက်နေတာလား?"

လီကျင်းမှာ ခေါင်းငြိမ့်ကာ လက်ကိုဆုပ်လိုက်၏။

"နှစ်သောင်းချီ‌ကြာပြီးနောက်မှာ စွန်းဝူခုံးနဲ့ တစ်ဖန်ပြန်တွေ့ရမယ်လို့ ထင်မထားခဲ့ဖူးဘူး။"

ဖုန်းထျန်းယွမ်မှာ ထူးမခြားနားစွာပြုံးလိုက်၏။

"ဒါတွေအားလုံးကအတိတ်ပါပဲ။ ကျွန်တော့နာမည်က အခုတော့ ဖုန်းထျန်းယွမ်ပါ။"

လီကျင်းမှာ ထပ်မံခေါင်းငြိမ့်လျက် တစ်ဖက်လူအား တာအိုကျင့်ကြံသူဖုန်းဟုခေါ်ဆိုလိုက်၏။

နီကျားမှာ ချက်ချင်းပြောလိုက်သည်။

"မျောက်၊ ငါပြန်ရောက်ပြီးပြီးချင်းမှာပဲ အဲ့ဒီဟောက်ထျန်းအိုကြီး ငါ့ကို ရွှေရောင်အောက်ကျွန်းဆီ စစ်ချီခိုင်းလိုက်တယ်လေ။ အဖေနဲ့ငါဆွေးနွေးပြီး ကောင်းကင်ဘုံခုံရုံးကနေ ရွှေရောင်အောက်ကျွန်းဆီ အရေးပါတဲ့အရာထမ်းတချို့ကို ခေါ်ဆောင်လာဖို့ဆုံးဖြတ်ပြီး ဆရာအဘိုးကို ဖျက်စီးခိုင်းလိုက်မယ်။"

"အဖေကလည်း ဆရာအဘိုးရဲ့တပည့်ဖြစ်‌ချင်နေတာပဲ။"

ဖုန်းထျန်းယွမ်မှာ ရယ်ရမလား ငိုရမလားပင်မသိတော့ပါချေ။

"ဘယ်အချိန်တုန်းကများ မင်းတို့နှစ်ယောက် အဖွဲ့ကိုသစ္စာဖောက်ဖို့ သင်ယူခဲ့ကြတာလဲ?"

လီကျင်းမှာ အေးစက်စက်ပြောလိုက်၏။

"ဒါက ငါတို့အမှားမဟုတ်ဘူးလေ။ ဒါက ကောင်းကင်ဘုံခုံရုံးအနေနဲ့ စည်းကျော်လာတာကြောင့်ပဲ! ငါတို့လီမျိုးနွယ်စုက ဒီကောင်းကင်ဘံခုံရုံးအတွက် အကောင်းဆုံးလုပ်ဆောင်ပေးခဲ့ပြီး အတော်လေး ကူညီပေးခဲ့တယ်။ ဒါပေမယ့် ကျောက်စိမ်းဧကရာဇ်အိုကြီးက ငါတို့ကိုဘယ်လိုများဆက်ဆံခဲ့လဲ?"

"ငါ့သားရဲ့နတ်ဆိုးခန္ဓာကို ချိပ်ပိတ်ထားပြီးနောက်မှာ ငါ့သားက သစ္စာနဲ့တရားမျှတမှုကိုပဲ ထားခဲ့လိုက်တယ်။ ဟောက်ထျန်းရဲ့ အခိုင်းအစေလေး ဖြစ်လာဖို့လောက်လည်း တွေးခေါ်နိုင်စွမ်းတွေဆုံးရှုံးခဲ့တယ်လေ။ ကောင်းကင်ဘုံခုံရုံးက ငါတို့ကို အရင်ဆုံးလူတွေလို့မဆက်ဆံဘူး။ ငါတို့ကိုကောင်းကင်ဘုံခုံရုံးကို သစ္စာဖောက်လို့ဆိုပြီး ဘယ်လိုအပြစ်တင်နိုင်မှာလဲ?"

နီကျားမှာ ခေါင်းငြိမ့်လျက် သံယောင်လိုက်,လိုက်သည်။

"ငါတို့နှစ်ယောက်လုံး သူတော်စင်ခန္ဓာကို ရယူပြီး ကောင်းကင်ဘုံခုံရုံးနဲ့ မချိတ်ဆက်ထားဘူး။ ဟောက်ထျန်းကိုလည်း လုံးဝအကြွေးမတင်ထားဘူး။ ဟောက်ထျန်းက နှလံးသားမဲ့တာကြောင့် ငါတို့သူ့ကိုသတ်ချင်နေတာပဲ!"

"မျောက်၊ ကြည့်လိုက်၊ ငါတို့ ကောင်းကင်စစ်သည်တစ်သိန်းကို သစ္စာဖောက်ခဲ့တယ်။ ဆရာအဘိုးဆီမှာ အဖေ့အတွက် အမည်ခံတပည့်လေးနေရာများ တောင်းဆိုပေးလို့မရဘူးလားကွာ? ဒါပေါ့၊ ကိုယ်ပိုင်တပည့်ဖြစ်နိုင်ရင်တော့ ပိုကောင်းတာပေါ့။"

"ဒါက... ငါအများကြီးတော့ အာမ,မခံနိုင်ဘူး။ အမည်မဲ့ဂိုဏ်းရဲ့အစီစဉ်အားလုံးကို ဆရာကပဲလုပ်တာ။ ငါတို့က ဆရာပြောသမျှ ဘာမဆိုလုပ်မှာပါ။"

နီကျားမှာ နတ်ဆိုးဆန်ဆန်ပြုံးလိုက်၏။

"ငါတို့ဒါကိုသိပါတယ်၊ ဒါပေမယ့် မင်းကဆရာအဘိုးရဲ့ကိုယ်ပိုင်တပည့်လေ။ မင်းသာကူညီပေးရင် အတော်လေးထိရောက်မှုရှိမှာပါ။"

ထိုသို့ပြောလိုက်ရင်း သူဟာ ဖုန်းထျန်းယွမ်ထံ ပစ္စည်းလေးတစ်ခုပေးလိုက်၏။

"မျောက်၊ ဒါကနည်းနည်းတော့ပျက်စီးနေတယ်။ ဒါကို ကျေးဇူးတင်တဲ့အနေနဲ့ လက်ခံပေး။"

ဖုန်းထျန်းယွမ်မှာ ကြောင်အသွားကာ သူ၏လက်တွင်းရှိ ဆက်နွယ်မှုမူလရတနာကိုကြည့်လိုက်သည်။ ထိုသည်က သူ့အားရယ်ရခက်ငိုရခက်ပင်ဖြစ်သွားရစေ၏။

"နီကျား၊ မင်း ငါတို့ဂိုဏ်းမှာ ဒီပစ္စည်းတွေမရှိဘူးလို့များထင်နေတာလား? ငါတို့ အမည်မဲ့ဂိုဏ်းရဲ့တပည့် ၃၀၀၀‌လုံးမှာ ဆက်နွယ်မှုမူလရတနာတွေရှိတယ်။"

၎င်းကိုကြားသော် လီကျင်း၏နှလုံးခုန်သံမှာ တစ်ချက်ချော်သွား၏။ ရွှေရောင်အောက်ကျွန်းက တကယ်ကို စွမ်းအားကြီးလှသည်လား?

အားလုံးထံတွင် ဆက်နွယ်မှုမူလရတနာရှိနေလျှင် ဤနေရာ၌ ထိုရတနာ ၃၀၀၀တောင်ရှိသည်ဟုဆိုလိုသည်မဟုတ်ပါလား?

မိုးနတ်မင်းကြီး၊ ဒါက တကယ်ကိုရူးသွပ်နေတာပဲ။ ကောင်းကင်ဘုံခုံရုံးတစ်ခုလုံးနဲ့ စိတ်ဝိဉာဉ်တောင်မှာတောင် သူတို့မှာရှိတာရဲ့ တစ်ဝက်တောင်မရှိနေဘူးလေ!

သို့သော် လုရှောင်ယန်၏ ပုံစံအမှန်အား တွေးမိချိန်တွင် သူဟာ ၎င်းက အင်မတန်သာမန်ဆန်သည်ဟု ခံစားလိုက်ရ၏။

သံသယဖြစ်စရာ မည်သည်‌တွင်ရှိပါသနည်း? ပြောရလျှင် တစ်ဖက်လူမှာ ပန်ဂု၏ ပြန်လည်ဝင်စားသူပါပင်။

နီကျားမှာ ဖုန်းထျန်းယွမ်း၏နားအတွင်းတွင် ရေရွတ်လိုက်သည်။

"မင်းသဘောတူရင် တိုက်ပွဲပြီးတဲ့အခါ ငါမင်းကို နတ်မိမယ် ခုနှစ်ပါးနဲ့ ချန်အယ်ကိုပေးမယ်။ ပြီးတော့ အနောက်ဘက်မိခင်ဘုရင်မကိုလည်း အိပ်ရာနွေးစေသူအဖြစ်ပေးမယ်။"

ဖုန်းထျန်းယွမ်မှာ ပိုလို့ပင် ပြောစရာမဲ့သွားသည်။

"ငါမိန်းမတွေကို စိတ်မဝင်စားဘူး။"

နီကျားမှာ ခဏမျှ တိတ်ဆိတ်သွား၏။

"ဒါဆို... ငါ့မှာ အရမ်းကြည့်ကောင်းတဲ့ ညီအစ်ကို နှစ်ယောက်ရှိတယ်။ သူတို့ကကြည့်ကောင်းပြီး အသားရေလည်းအသင့်တင့်ပဲ။ သူတို့က တစ်သန်းထဲကတစ်ယောက်လို့တောင် ငါအာမခံနိုင်တယ်။"

"တော်တော့!"

ဖုန်းထျန်းယွမ်မှာ သူ့အားအလျင်စလိုပင် နှောင့်ယှက်လိုက်၏။

ထိုနီကျားမှာ ပို၍ပို၍ ရယ်စရာ‌များလုပ်နေသည်ပင်။

"ကောင်းပြီလေ၊ မင်းဘာမှပြောစရာမလိုပါဘူး။ ဆရာ့ကိုတွေ့ဖို့သာလိုက်ခဲ့။ ဒါ့ထက်တော့ မလုပ်ပေးနိုင်တော့ဘူး။"

"ဟုတ်ပြီကွ!"

နီကျားမှာ ပြုံးလျက် မျက်လုံးများအားမှေးကျဉ်းလိုက်သည်။ သူဟာ သူ၏အဖေထံ အချက်ပြလိုက်ကာ လီကျင်းကလည်း လက်မထောင်ပြလိုက်၏။

အဖေနှင့်သားမှာ လုရှောင်ယန်၏အနှစ်သာရလောကသို့ ဖုန်းထျန်းယွမ်နောက်မှလိုက်သွား၏။

အနှစ်သာရလောကသို့ရောက်ရှိချိန်တွင် လီကျင်း၏ မျက်လုံးများ ချက်ချင်းပြူးသွားကာ ကိုယ်ပေါ်၏ အမွေးများလည်း တစ်ဆုံးထောင်ထသွားချေ၏။

"ဒါ...ဒါက အနှစ်သာရလောကလား? အနှစ်သာရလောက,က လုံးဝကို သုံးလောက,ကနေ အမှီခိုကင်းတာပဲမဟုတ်လား?"

ဖုန်းထျန်းယွမ်မှာ ခေါင်းငြိမ့်လိုက်သည်။

"ကောင်းကင်ဘုရင်၊ ခင်ဗျားပြောတာကို သေချာရောသိလို့လား။"

လီကျင်းမှာ တိတ်တဆိတ်အံ့ဩလျက် ပြန်ပြောလိုက်သည်။

"ကျုပ်ကဒါကို စာအုပ်တစ်အုပ်ထဲမှာဖတ်ဖြစ်လိုက်ဖို့ ကံကောင်းသွားတာပါ့"

ထိုသို့ပြောလိုက်သော်လည်း လီကျင်း၏လုရှောင်ယန်အား နားလည်နိုင်စွမ်းမှာ အဆင့်သစ်တိုးလာခြင်း‌ဖြစ်ချေ၏။

"ကောင်းကင်ဘုရင်လီ၊ နှိမ့်ချနေစရာမလိုပါဘူး။ ခင်ဗျားက အသိဉာဏ်ကြွယ်ဝပါတယ်။ အစကတော့၊ ကျုပ်တို့လိုကိုယ်ပိုင်တပည့်‌တောင်မှ ဒါက အနှစ်သာရလောကလို့ မပြောနိုင်ခဲ့ဘူး။ ဆရာ့ကြောင့်သာမဟုတ်ရင် ဒါက အနှစ်သာရလောကဆိုတာ ကျုပ်တို့သိမှာမဟုတ်ဘူး။ ကျုပ်တို့ကို ဆရာကိုယ်တိုင်ပြောပြလို့သာသိရတာပါ။

ခင်ဗျားက ဒါကတစ်ချက်ကြည့်ရုံနဲ့ပြောပြနိုင်မယ်လို့ထင်မထားခဲ့မိဘူး။"

လီကျင်းမှာ သူ၏သားကိုကြည့်လျက် မျက်လုံးများကတစ်ခုခုကိုပြောချင်ဟန်ပေါ်နေ၏။

"ကြည့်ဦး၊ ဘယ်လိုလဲ? အသက်ကြီးလေ ပညာရှိလေပဲ မဟုတ်လား?"

သို့သော် နီကျားမှာ သူ့အားလုံးဝမလေးစားပါချေ။ ထိုအစားလုရှောင်ယန်ကိုသာ ညစ်ကျယ်ကျယ်ပြုံးလျက်ကြည့်လိုက်၏။

တစ်ခဏအကြာ၌ လီကျင်းနှင့် ဖုန်းထျန်းယွမ်မှာ လုရှောင်ယန်ထံ ပျံသွားလိုက်တော့သည်။

သို့သော် လီကျင်းခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် သူ၏ကိုယ်မှာ မထိန်းနိုင်ဘဲ ပျံထွက်သွားကာ၊ လျှပ်စီးကြောင်းအသွင်ပြောင်းလျက် တောင်ကြီးတစ်ခုနှင့် ချက်ချင်းတိုက်မိသွားသည်။

ဘုန်း!

ထိုအားကောင်းသောရိုက်ချက်မှာ တောင်ကြီးအား ပြိုလဲသွားစေသည်။

"အဟွတ်၊ အဟွတ်..."

လီကျင်းမှာ မြေပြင်မှာ တွားသွားလိုက်ကာ ကောင်းကင်ယံရှိနီကျားအား လက်ညှိုးထိုး၍

"‌မင်း ကောင်စုတ်လေး၊ ဘာလို့ဒီနေရာရဲ့ အချိန်စီးဆင်းမှုကအရမ်းမြန်နေရတာလဲ? မင်းငါ့ကို တကယ်မပြောခဲ့ဘူးပဲ။"

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၃၁။ အပိုင်း ၄၆၂ သူတော်စင်အငွေ့အသက်က တစ်ဖန်ဆင်းသက်လာတယ်

နီကျားမှာ ပခုံးတွန့်လိုက်၏။

"ကျွန်တော် ဘာမှမပြောနိုင်ခင်မှာပဲ အဖေက ထွက်သွားပြီးနေပြီလေ။ ဘယ်လိုလုပ် ကျွန်တော့ကို အပြစ်တင်နိုင်ရတာလဲ?"

"ကောင်စုတ်လေး! မင်းကအခုရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ဖြစ်နေပြီး မင်းကိုမရိုက်နိုင်တာကြောင့်သာမဟုတ်ရင် အရှင်လတ်လတ်အရေခွံနွှာလိုက်တယ်!"

ထိုသို့ပြောလိုက်သော်ငြား လီကျင်းမှာ လုရှောင်ယန်၏စွမ်းအားကြောင့် ထိတ်လန့်သွားရပြန်သည်!

သူဟာ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အထွဋ်အထိပ်အဆင့်ဖြစ်ပေ၏။ သူတော်စင်တစ်ပိုင်းအဆင့်သို့မရောက်သေးသော်လည်း ထိုအဆင့်၌တွင် အချိန်ကြာရှိနေခဲ့ခြင်းဖြစ်ကာ သာမန် ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အထွဋ်အထိပ်အဆင့်များနှင့် အလွယ်လေးရင်ဆိုင်နိုင်၏။!

သူဟာ သူတော်စင်တစ်ပိုင်းကဲ့သို့ စွမ်းအားမကြီးပါသော်လည်း အဆင့်တူ ပညာရှင်အယောက်တစ်ရာကို တိုက်ခိုက်ရန်မှာ ပြဿနာပင်မဟုတ်ပါချေ။

မှန်ပေသည်၊ အဓိက,က တစ်ဖက်လူမှာ နောက်မှ အထွဋ်အထိပ်အဆင့်သို့ရောက်ခဲ့သော ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ဖြစ်ရမည်ဖြစ်ကာ ယန်ကျီအန်းနှင့် တောင်ဝင်ရိုးစွန်း၏ အမတရသေ့တို့လို ဖြစ်တည်မှုလည်းမဖြစ်ရပါချေ။ မဟုတ်ပါက အတန်ငယ်မယုံနိုင်စရာဖြစ်သွားလောက်၏။

သို့သော် သူဟာ စွမ်းအားကြီးလှပါသော်လည်း လုံးဝတုံ့ပြန်နိုင်ခြင်းမရှိဘဲ လုရှောင်ယန်၏ ဟင်းလင်းပြင်အရှိန်နှင့် ရိုက်မိသွားတော့သည်။

ထိုသည်က လုရှောင်ယန်၏အရှိန်မှာ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အထွဋ်အထိပ်အဆင့်တစ်‌ဦး တောင့်ခံနိုင်သည့်စွမ်းအားကို ကျော်လွန်နေပြီးဖြစ်ကြောင်း ပြသနေ၏!

၎င်းက အင်မတန်ထူးခြားလှပေသည်!

အသက်ပြင်းပြင်းရှူပြီးနောက်တွင် သုံးဦးသားမှာ ဆက်သွားလိုက်ကြသည်။

လုရှောင်ယန်၏စွမ်းအားတိုးလာသည်နှင့်အမျှ သူ၏အနှစ်သာရလောကမှာလည်း အဆုံးမရှိတိုးတက်လာနေခဲ့သည်။ သူ၏လက်ရှိခြောက်လှန့်နိုင်မှုမှာ ယခင်ကထက် အဆပေါင်းမြောက်များစွာ အားကောင်းလာလေပြီပင်!

၎င်းက လီကျင်းအား များစွာ အံ့အားသင့်သွားစေသည်။

တစ်ချိန်တည်းတွင် ၎င်းကသူ့အား ကံကောင်းသည်ဟု ခံစားရစေသည်။

ကံကောင်းစွာဖြင့် သူဟာ လုရှောင်ယန်အား အရှုံးပေးရန်ရွေးချယ်ခဲ့သည်။ မဟုတ်ပါက သူသာ လုရှောင်ယန်ကိုတကယ်ကြီးတိုက်ခိုက်ပါလျှင် သေရမည်မှာ သေချာနေသည်မဟုတ်ပါလား?

သူဟာ အရိပ်အယောင်ပင်မကျန်ဘဲ သေသွားနိုင်သည်။

အားလုံးမှာ ၎င်းတို့၏အရှိန်အား အဆပေါင်းတစ်သောင်းတိုးထားပါသော်လည်း လုရှောင်ယန်နံဘေးသို့ရောက်ရန် နှစ်မိနစ်ကျော်မျှ ကြာသေးသည်။

ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်တစ်ဦးမှာ အင်မတန်စွမ်းအားကြီးမားလှချေ၏။ ဝေးကွာလှသာ လမ်းခရီးရှည်များကို မြန်ဆန်စွာ ဖြတ်သန်းရသည်မှာ ကလေးကစားစရာမျှသာဖြစ်သည်။ သို့သော် အဆပေါင်းတစ်သောင်းအရှိန်နှင့်တောင် လုရှောင်ယန်နံဘေးသို့ ရောက်ရန် ၂မိနစ်ကျော်ကြာနေသေး၏။ ၎င်းမှ လုရှောင်ယန်၏ အနှစ်သာရလောကမှာ မည်မျှစွမ်းအားကြီးလာသည်ကို မြင်နိုင်ချေ၏!

ထိုအခိုက်တွင် လျှပ်စီးမှာ ကောင်းကင်ယံ၌ ရုတ်တရတ် လင်းလက်လို့သွားသည်။

ဖုန်းထျန်းယွမ်နှင့် နီကျားကဲ့သို့ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်သည်ပင် ထိုအားကောင်းလှသောဖြစ်စဉ်ကို မခုခံနိုင်ပါချေ။

လီကျင်းမှာ လုံးဝတောင့်ခံထားနိုင်ရန် ၎င်းတို့နှစ်ဦးနောက်၌သာ ပုန်းအောင်းနေရသည်!

ထိုသည်က လီကျင်းအား နှလုံးခုန်မြန်လာစေသည်။ သူဟာ ပုရွက်ဆိတ်ငယ်ကဲ့သို့ပင် ခံစားနေရ၏။

မဟုတ်၊ သူဟာ ပုရွက်ဆိတ်ပင်မဟုတ်ပါချေ။

ဤနေရာ၌ သူဟာ ပုရွက်ဆိတ်ပေါ်မှာ ဖုန်တစ်စက်လိုမျိုး နှိမ့်ချနေရမည်ပင်!

လောကရှိ အရူးအမူးပြောင်းလဲမှုများကို ကြည့်လျက် သူဟာ မနေနိုင်ဘဲ ပြောလိုက်မိ၏။

"စီနီယာလု၊ ခင်ဗျားကဘယ်လောက်တောင်များစွမ်းအားကြီးလိုက်သလဲ?"

နီကျားမှာ ကူကယ်ရာမဲ့စွာ စိတ်လှုပ်ရှားနေ၏။

"ဒီအရှိန်အဝါကနေ သုံးသပ်ကြည့်ရရင် ဆရာအဘိုး အဆင့်ထပ်တက်သွားတာများဖြစ်နိုင်မလား?"

ဖုန်းထျန်းယွမ်မှာ‌ ခေါင်းငြိမ့်လိုက်၏။

"အမှန်ပဲ။ ဆရာကတကယ်ပဲအဆင့်တက်သွားပြန်ပြီ။ ဒီတိုးတက်မှုပြီးရင် ဆရာ့ရဲ့ကျင့်ကြံဆင့်က ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင် ဒုတိယအဆင့်ကို ကျော်ဖြတ်နိုင်သွားပြီပဲ။ ဆရာ့ရဲ့ကျင့်ကြံဆင့် တိုးတက်မှုတိုင်းနဲ့ဆိုရင် ငါတို့နဲ့ ဟုန်ကျွင်းအကြားက ကွာခြားမှုက နည်းနည်းလောက် ပိုလျော့လာတာပေါ့။"

နီကျားမှာ စိတ်လှုပ်ရှားစွာ လက်သီးဆုပ်ထားလျက် မျက်လုံးများကလည်း ရူးသွပ်မှုနှင့် ကိုးကွယ်လိုမှုတို့ဖြင့် တောက်လောက်နေသည်!

သူ၏ဘဝတွင် သူဟာမည်သူ့ကိုမှ အထင်မကြီးခဲ့ချေ၊ ထိုအထဲ၌ သူ၏ဖခင်၊ ဆရာနှင့် သူတော်စင်ပင်ပါ‌ဝင်လေသည်!

သို့သော် ယခု၌ သူဟာ ပထမဆုံးအကြိမ်အဖြစ် အထင်ကြီးမိသွား၏။

ထို့အပြင် ၎င်းမှာ ရိုးရိုးအထင်ကြီးမှုလေးပင်မဟုတ်ပါချေ။ ထိုအစား သူဟာ ယုံကြည်မှုကို သက်သေပြရန် တစ်ဖက်လူအား သူ၏ဝိဉာဉ်၌ပင် အမှတ်အသားပြုစေလိုသည့်ဆန္ဒရှိသည်အထိ အထင်ကြီးမိခြင်းမျိုးပါပင်!

သူဟာ လုရှောင်ယန်အား အယုံကြည်ရဆုံးအဖြစ် သတ်မှတ်မိသည့်အချိန်တွင် လုရှောင်ယန် တစ်နေ့၌ ဤကမ္ဘာ‌တွင်မရှိတော့လျှင် သူဟာ သူ့ကိုယ်သူပင် ချက်ချင်းဖျက်စီးလိုက်မည်ဖြစ်၏။

အချိန်ကြာပြီးနောက်တွင် မူမမှန်သော ဖြစ်စဉ်မှာ ပျောက်ကွယ်သွားတော့၏။ တစ်လောကလုံးမှာ ပုံမှန်ပြန်ဖြစ်သွားပါသော်လည်း ကမောက်ကမအရှိန်အဝါတချို့ကျန်‌ရှိနေသေးကာ အတွင်းရှိလူတိုင်းအား စွမ်းအင်ပင်လယ်ကြီးတွင် ကူးခတ်နေသလို ခံစားမိသွားစေ၏။

လုရှောင်ယန်နံဘေးရှိ ဖုန်းထျန်းယွမ်နှင့် ကျန်နှစ်ဦးသည်ပင် ကျင့်စဉ်များကို မလှည့်ပတ်မကျင့်ကြံနေသည်တောင်မှ ထိုလောက၏စွမ်းအင်များမှာ ၎င်းတို့၏ကိုယ်တွင်းသို့ အဆက်မပြတ်စီးဝင်နေဆဲဖြစ်သည်ကို အာရုံခံမိကြလေသည်။

၎င်းမှာ ၎င်းတို့ကိုယ် အပြင်ဘက်ရှိ စွမ်းအားမှာ အင်မတန်သန့်စင်သောကြောင့်ပင်။ ထို့အပြင် စွမ်းအင်သိပ်သည်းမှုမှာ ၎င်းတို့ကိုယ်၏အဆင့်ကိုပင် ကျော်လွန်နေလေ၏။

ဒါက ဘယ်လိုအသိသညာမျိုးလဲ?

၎င်းတို့အကြားတွင် နှစ်ဦးမှာ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များဖြစ်ကြသည်ပင်!

ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်တစ်ဦး၏ ကိုယ်ရှိ စွမ်းအင်မှာ လုရှောင်ယန်နံဘေးရှိ စွမ်းအင်ထက်ပင် များစွာနိမ့်ကျနေသေးသည်။

ထိုသို့ဆိုလျှင် လုရှောင်ယန်၏ကိုယ်တွင်းမှ စွမ်းအင်မှာ မည်မျှ စွမ်းအားကြီးလိမ့်မည်နည်း?

ထိုအခိုက်တွင် ဖုန်းထျန်းယွမ်နှင့် နီကျား၏ကိုယ်တွင်းရှိ ကျင့်ကြံဆင့်မှာ ခပ်ရေး‌ရေးလျော့ရဲသွားကာ စေတီကောင်းကင်ဘုရင်လီ၏ကိုယ်ရှိ ကျင့်ကြံခြင်းမှာ အရူးအမူးတိုးထွက်လာကြ၏။

ဘုန်း! ဘုန်း! ဘုန်း!

မျက်တောင်တစ်ခတ်စာအတွင်းတွင် သူ၏ကျင့်ကြံဆင့်မှာ သူတော်စင်တစ်ပိုင်းအဆင့်သို့ ကျော်ဖြတ်ရောက်ရှိသွားတော့၏။ သူဟာ သူတော်စင်အဆင့်မှ ခြေတစ်လှမ်းသာ ဝေးကွာတော့၏။

"ငါ... ငါ သူတော်စင်တစ်ပိုင်းဖြစ်သွားပြီ!"

လီကျင်းမှာ‌ ကြောင်အမ်းသွားသည်။

သူဟာ လုရှောင်ယန်ထံမှ ကီလိုမီတာ ၅၀၀၀အကွာမှာ ရပ်နေရုံကြောင့်နှင့် သူ၏ကျင့်ကြံဆင့်မှာ တစ်ခါတည်းအဆင့်တက်သွားကာ သူတော်စင်တစ်ပိုင်းအဆင့်သို့ပင်ရောက်သွားခဲ့သည်။ သောက်လန်းကြီး?

လုရှောင်ယန်ရဲ့ပါရမီမှာ အကန့်အသတ်ရောရှိရဲ့လား?

ပြောရလျှင် လုရှောင်ယန်မှာ သူ၏အနှစ်သာရလောက၌ အဆင့်တက်လှမ်းပြီး အရှိန်အဝါကို မရုတ်သိမ်းရသေးပါချေ။

ဘိုးဘေးဟုန်ကျွင်းမှာ အားကုန်သုံးကာ ကျင့်ကြံဆင့်ကိုထုတ်ဖော်လိုက်လျှင် သူဟာ ထိုအဆင့်သို့လည်း ရောက်သွားနိုင်ကာ သူ၏အနီးရှိ လူများအား ခွန်အားကိုစုပ်ယူစေနိုင်ပြီး အဆင့်တက်သွားစေနိုင်သည်ပင်!

သို့သော် သုံးလောကတွင် ဘိုးဘေးဟုန်ကျွင်းကသာ ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ရွှေရောင်အမတအရှင်ဖြစ်၏။

ထို့ကြောင့် သူဟာ အမြဲတစေ သူ၏ကျင့်ကြံဆင့်ကို ဖိနှိပ်ကာ စွမ်းအားအစစ်မှန်ကို ထုတ်ဖော်ခြင်းမပြုခဲ့ပါချေ။

ယခုတွင် နောက်ထပ်ထိုသို့သော ဖြစ်တည်မှုက သုံးလောက၌ ပေါ်ထွက်လာ၏။ ၎င်းမှာ လုရှောင်ယန်မှလွဲအခြားမဟုတ်ပါချေ!

"လီကျင်းက ဒီကိုရောက်နေတာပဲ"

အားလုံးမှာ ထိတ်လန့်မှုမှာ ငေးငိုင်သွားကြပြီး ခဏအကြာ၌ လုရှောင်ယန်၏အသံမှာလည်း ခပ်ဖြေးဖြေးထွက်ပေါ်လာသည်။

ထိုအသံမှာ ကြီးမြတ်လှသောဂုဏ်အသရေတို့ဖြင့် ပြည့်နှက်နေသည်။ တစ်ဖက်လူ၏စွမ်းအားကိုအာရုံခံမိပြီးနောက်၌ သုံးဦးသားမှာ လုံးဝမတောင့်ခံနိုင်တော့ဘဲ မြေပြင်ထက်သို့ချက်ချင်းဒူးထောက်လိုက်ပေ၏။

၎င်းမှာ လုရှောင်ယန်က ၎င်းတို့အားတမင်သက်သက်ပစ်မှတ်ထားခြင်းကြောင့်မဟုတ်ဘဲ လုရှောင်ယန်၏ကျင့်ကြံဆင့်က အင်မတန်စွမ်းအားကြီးလှသောကြောင့်ပင်။ သူဟာ အဆင့်တက်ကာစဖြစ်ပြီး သူ၏အရှိန်အဝါကိုလည်း ချက်ချင်းရုတ်သိမ်းလိုက်၏။

သို့သော် ထိုအရှိန်အဝါမှာ အင်မတန်အားကောင်းလှသောကြောင့် ချက်ချင်းပင် ပြန်မရုတ်သိမ်းနိုင်လိုက်ပါချေ။

ထို့ကြောင့် သူ၏စကားလုံးများမှာ လောကနှင့် နိယာမစွမ်းအားတို့ဖြင့် ရောယှက်နေကာ ၎င်းတို့သုံးဦးအား မခုခံနိုင်အောင်ဖြစ်သွားစေခြင်းပင်။ ၎င်းတို့မှာ အလိုအလျောက်ပင် ဒူးထောက်လျက် ခုခံရန်ပင် ရည်ရွယ်ချက်မရှိပါချေ။

လုရှောင်ယန်မှာ တဖြည်းဖြည်းလျှောက်သွားလိုက်သည်။ စွမ်းအင်များမှာ သူ၏ကိုယ်တွင်း၌ အဆုံးမရှိ စုဝေးနေကြကာ အဆင့်တက်စဉ်က ထုတ်ဖော်ခဲ့သော စွမ်းအားကို စုဆောင်းနေလိုက်၏။

၎င်းတို့သုံးဦး‌ထက်ရှိ ဖိအားမှာ တဖြည်းဖြည်းလျော့နည်းသွားသည်။ ၎င်းတို့မှာ အသက်ရှူနိုင်သွားကာ ခေါင်းမော့လျက် ‌လုရှောင်ယန်၏ပုံရိပ်ကို တိတ်တခိုးကြည့်လိုက်ကြတော့သည်။

၎င်းမှာ ရွှေရောင်အလင်းပါဝင်နေသော သန့်စင်လှသည့်အဖြူရောင်ပုံရိပ်လေးတစ်ခုပင်ဖြစ်၏။ ညစ်ထေးမှုများလည်း လုံးဝရှိမနေချေ။ ၎င်းက အင်မတန်ပြည့်စုံလှသောကြောင့် လူဟုပင် လုံးဝမထင်ရပါချေ။

အကြည့်တစ်ချက်ဖြင့် သုံးဦးသားမှာ ချက်ချင်းတုန်ယင်သွားကြသည်! ၎င်းတို့ကိုယ်တွင်းရှိ ကျင့်စဉ်များမှာ ၎င်းတို့ဘာသာ လှည့်ပတ်နေကြသည်ကိုပင် ခံစားလိုက်ကြရ၏။ ထိုအခိုက်တွင် ၎င်းတို့မှာ ပြောင်းလဲမှုတစ်ခုကိုခံစားမိလိုက်ကာ အတိတ်ကနားမလည်ခဲ့သည့်အရာများကိုပင် နားလည်လာ၏။

၎င်းမှာ လုရှောင်ယန်၏ကျင့်ကြံဆင့်က အင်မတန်အားကောင်းလှသောကြောင့်ပင်။ သူဟာ ပြီးပြည့်စုံသော အဆင့်ကိုပင် ရောက်နေပြီဖြစ်၏။

လောကနက်နဲမှုပါဝင်သည့် သူ၏ခန္ဓာနှင့်မျက်နှာအား ကြည့်ရုံကပင် ၎င်းတို့၏ဆုံးရှုံးမှုအချို့ကိုပင် ပြင်ဆင်ရန် ‌လုံလောက်ချေ၏။

မျက်စိတစ်မှိတ်အတွင်း၌ ကျင့်ကြံဆင့်များမှာ တစ်ဖန် တက်သွားကြပြန်၏။

၎င်းတို့သုံးဦး၏ ကျင့်ကြံဆင့်မှာ အင်မတန်မြင့်မားသည့်အဆင့်ထိပင်ရောက်သွားသည်။ ၎င်းတို့ထဲမှာ နှစ်ဦးမှာ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များဖြစ်ကြကာ သူတော်စင်နှင့် ယှဉ်နိုင်ပြီး ကျန်တစ်ဦးမှာ သူတော်စင်တစ်ပိုင်းဖြစ်၏။ ၎င်းတို့မှာ သုံးလောကကိုပင် အသေအချာ ကြည့်ရှုနိုင်သည်။

၎င်းတို့အားလုံးမှာ အဆင့်တက်ရန် အခွင့်အရေးကြီးတစ်ရပ်ကို လိုအပ်နေခဲ့ကြ၏။

ယခုတွင်... လုရှောင်ယန်၏ပြီးပြည့်စုံသောခန္ဓာအားကြည့်ရင်း ထပ်မံအဆင့်တက်သွားပြန်ကြသည်။

ထိုအခိုက်၌ လီကျင်း၏မျက်လုံးများကပင် သူ့သား၏ ရူးသွပ်နေဟန်မျိုးအား ထုတ်ပြနေသည်။

သူဟာ ချက်ချင်းပင် လုရှောင်ယန်ကို အရိုအသေပေးလိုက်သည်။

"ဂျူနီယာလီကျင်းက စီနီယာလုကိုနှုတ်ဆက်ပါတယ်! ဒီနေ့၊ ကျုပ်က စီနီယာလုဆီမှာ ခိုလှုံဖို့ ကောင်းကင်စစ်သည်တစ်သိန်းကိုခေါ်ဆောင်လာခဲ့ပါတယ်။ ကျုပ်အနေနဲ့စီနီယာလုဆီမှာ အမည်ခံတပည့်အဖြစ်လက်ခံပေးဖို့ တောင်းဆိုချင်ပါတယ်။ စီနီယာလု၊ ကျေးဇူးပြုပြီး ကူညီပေးပါ!"

လုရှောင်ယန်၏အမူအရာမှာ တည်ငြိမ်နေ၏။

သူ၏ကျင့်ကြံဆင့်မြင့်လေလေ စိတ်ခံစားချက်နည်းလာလေလေဖြစ်သည်။ သူ့အတွက် ခံစားချက်ရှိရန်မှာ အင်မတန်လည်းရှားပါးလှချေ၏။

"ကျုပ်ရဲ့အမည်ခံတပည့်ဆိုတာနဲ့ ကောင်းကင်စစ်သည် တစ်သိန်းကိုလဲလှယ်ဖို့က ဆုံးရှုံးမှုကြီးလို့မထင်ဘူးလား?"

လီကျင်းမှာခေါင်းခါလိုက်သည်။

"စီနီယာ၊ ကျုပ်ခင်ဗျားကိုမလိမ်ဝံ့ပါဘူး။ မလာခင်တုန်းကတော့ ကောင်းကင်စစ်သည် တစ်သိန်းနဲ့အကူအညီပေးရမယ်ဆိုရင် ကိုယ်ပိုင်တပည့်တောင်ဖြစ်လာသင့်တယ်လို့ခံစားမိသေးတယ်။ ဒါပေမယ့် အခုတော့ ခင်ဗျားရဲ့မြင့်မြတ်လှတဲ့အသွင်ကိုကြည့်ပြီး ခင်ဗျားရဲ့ကျွန်ဖြစ်ရင်တောင် ဂုဏ်ယူရမယ်လို့ ခံစားနေရပါတယ်။"

လုရှောင်ယန်၏အမူအရာမှာ ထူးမခြားနားဖြစ်နေဆဲဖြစ်သော်ငြား စကားဆိုလိုက်၏။

"ခင်ဗျားကိုယ်ခင်ဗျားနှိမ့်ချဖို့မလိုပါဘူး။ လူတစ်ယောက်‌အနေနဲ့ ခင်ဗျားရဲ့လက်ရှိအဆင့်ထိ ကျင့်ကြံနိုင်တာကတောင် အတော်လေးကောင်းမွန်နေပြီ။ ကျုပ်ခင်ဗျားကို အမည်ခံတပည့်နေရာပေးမယ်။ ဒီနေ့ကစပြီး ခင်ဗျားက ကျုပ်ရဲ့ ဧကဒသမမြောက်တပည့်ပဲ။"

လီကျင်းမှာ အင်မတန်ပျော်ရွှင်သွား၏။

"နှုတ်ဆက်ပါတယ်၊ ဆရာ!"

လုရှောင်ယန်မှာခေါင်းငြိမ့်လျက် လီကျင်း၏အမှတ်အသားအား အနှစ်သာရလောက၌ ထိန်းသိမ်းရန် အတွေးများဖြင့် ရယူလိုက်သည်။ ထို့နောက်၊ လက်ချောင်းတစ်ချက်အလှုပ်ဖြင့် သူဖန်တီးခဲ့သည့် ကျင့်စဉ်မှာ လီကျင်းအတွက် လီကျင်းစိတ်တွင်းသို့ ဝင်ရောက်ရန် သင့်လျော်စေသည်။ ထိုကျင့်စဉ်အားရရှိပြီးနောက်၌ လီကျင်း၏ကျင့်ကြံဆင့်မှာ တမုဟုတ်ချင်းတိုးတက်လာတော့၏။

သူဟာ ချက်ချင်းအဆင့်တက်သွားသည်။ သို့သော် ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ဖြစ်မလာပါချေ!

"ခင်ဗျားကကျုပ်ရဲ့ဧကဒသမမြောက်တပည့်ပဲ။ ခင်ဗျားကို ရတနာခုနှစ်သွယ်စီခြယ်စေတီနဲ့ ရှေးဟောင်းပန်းချီတွေကို သင်ပေးမယ်။"

"ခင်ဗျားရဲ့မူလဓမ္မရတနာကလည်း ရတနာခုနှစ်သွယ်စီခြယ်စေတီဆိုပေမယ့် ဒါက ကျုပ်ရဲ့ရတနာခုနှစ်သွယ်စီခြယ်စေတီထက် အများကြီးနိမ့်ကျတယ်။ ကျုပ်ဟာက ဆက်နွယ်မှုမူလရတနာဖြစ်ရုံတင်မကဘဲ ကျုပ်ဖန်တီးခဲ့တဲ့ အစီအရင်တွေ တိုက်ခိုက်မှုတွေလည်းရှိတယ်။ ဒါရဲ့စွမ်းအားက သူတော်စင်တစ်ယောက်ကိုတောင်သတ်နိုင်တယ်!"

"ရှေးဟောင်းသဏ္ဍာန်မဲ့ပန်းချီကတော့ ကောင်းကင်ကိုပိုတောင်အံတုနေသေးတယ်။ အထဲက လူသတ်အစီအရင်ကလည်း ဆက်နွယ်မှုမူလရတနာထက် မနိမ့်ကျတဲ့ အမတသတ်ဓားအစီအရင်တောင်ရှိတယ်။ ဒီဓမ္မရတနာတွေနဲ့ ခင်ဗျားသုံးလောကမှာလည်း တောက်ပလာနိုင်လိမ့်မယ်။"

လီကျင်းမှာ အင်မတန်စိတ်လှုပ်ရှားလျက် တစ်ဖန်ချက်ချင်း အရိုသေပေးလိုက်သည်!

သို့သော် တစ်ချိန်တည်းတွင် အားကောင်းလှသော အငွေ့အသက်မှာ ကောင်းကင်ဘုံကိုးထပ်မှသက်ဆင်းလာကာ ရွှေရောင်အောက်ကျွန်းသို့ ရောက်ရှိသွားသည်။

သုံးယောက်မှာ ချက်ချင်းတုန်ယင်နေ၏။

"ဒီအငွေ့အသက်က အရမ်းစွမ်းအားကြီးတယ်! ဆရာ့ကိုတောင်ယှဉ်နိုင်လောက်တယ်!"

လုရှောင်ယန်မှာ အတန်ငယ်မျက်လုံးများကိုမှေးကျဉ်းလိုက်၏။

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၃၁။ အပိုင်း ၄၆၃ ရှေးဦးစွာကောင်းကင်ဘုံခုံရုံးကို ဖျက်စီးခြင်း

ထိုအငွေ့အသက်ကျဆင်းလာသည်နှင့် နေရာရှိ လူတိုင်း၏ အမူအရာများမှာ မထိန်းနိုင်ဘဲ ဆိုးဆိုးရွားရွားပြောင်းလဲသွားကြသည်။

‌၎င်းမှာ အင်မတန်စွမ်းအားကြီးခြင်းကြောင့်ပင်!

၎င်းက လုရှောင်ယန်နှင့် နှိုင်းယှဉ်နိုင်သည်ဟုဆိုလျှင်တောင် ချဲ့ကားခြင်းမဖြစ်နိုင်ချေ။

"ဆရာ, ဒါက...?"

ဖုန်းထျန်းယွမ်မှာ လေးနက်နေဟန်ဖြင့် ကူကယ်ရာမဲ့စွာ မေးမြန်းလိုက်သည်။ လုရှောင်ယန်မှာ အေးစက်စက်ဟန်ဖြင့် ပြန်ဖြေ၏။

"ဟုန်ကျွင်း!"

လူတိုင်း၏အမူအရာမှာ အေးစက်သွားသည်။

ဘိုးဘေးဟုန်ကျွင်းက သူတို့ကို ကိုယ်တိုင် လာစစ်ဆေးနေတာလား?

ထိုအခိုက်တွင် လုရှောင်ယန်မှလွဲ၍ လူတိုင်း၏နှလုံးအိမ်များမှာ ကူကယ်ရာမဲ့စွာ ခုန်လှုပ်နေကြတော့၏။

"ဆရာ၊ ဒါဆို ကျွန်တော်တို့အခုဘာလုပ်သင့်လဲ? ဟုန်ကျွင်းက ကျွန်တော်တို့တည်နေရာကို ရှာတွေ့သွားမှာလား?"

လီကျင်းမှာ အလျင်စလိုမေးလိုက်၏။

လုရှောင်ယန်မှာ ခေါင်းခါလိုက်သည်။

"မပူပါနဲ့။ ရွှေရောင်အောက်ကျွန်းတစ်ခုလုံးက ငါ့ရဲ့အနှစ်သာရလောကထဲမှာပဲ။ ဘိုးဘေးဟုန်ကျွင်းက ငါ့ရဲ့အနှစ်သာရလောကကို ဖောက်ထွင်းမြင်နိုင်ဖို့အထိ စွမ်းရည်မရှိပါဘူး။"

“ဒါပေမယ့် ဘာလို့ သူ ရုတ်တရတ်ကြီး ရွှေရောင်အောက်ကျွန်းကို စုံစမ်းရတာလဲ?"

ယခင်က လုရှောင်ယန်၏ရုပ်သေးကိုယ်ပွားသူတော်စင်ဖြစ်လာချိန်တွင် ဟုန်ကျွင်းမှာ ရွှေရောင်အောက်ကျွန်းသို့ တစ်ခါလာဖူးကာ လုံးဝရှာကြည့်သွားသည်ပင်။

ထိုအချိန်ကသူဟာ သူတော်စင်ရုပ်သေးနှင့်ရွှေရောင်အောက်ကျွန်းထံမှ မည်သည်ကိုမှမတွေ့ရပါချေ။ ထိုသို့ဆိုလျှင် သူဟာ သံသယများရှိနေဖို့မသင့်တော့ပါချေ။

ယခုတွင် သူ၏အတွေးများက ဒုတိယအကြိမ်ဆင်းသက်လာ‌စေပြန်သည်။

ဘိုးဘေးဟုန်ကျွင်းက သူတို့ကို သံသယရှိနေတာလား?

အငွေ့အသက်တစ်ခုလုံးမှာဆယ်စက္ကန့်ထက်ပင်ကြာသေး၏။

ထိုဆယ်စက္ကန့်အတွင်း၌ သာမန်လူများမှာ ရွှေရောင်‌အောက်ကျွန်းအား သေချာပေါက် မမြင်နိုင်ပါချေ။ သို့သော် ဘိုးဘေးဟုန်ကျွင်းသာဆိုပါက ရွှေရောင်အောက်ကျွန်းအား အကြိမ်ပေါင်း ဘီလီယံပင် ရှာနိုင်၏!

ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်၏စွမ်းရည်အားတွက်ချက်ခြင်းမှာ သာမန်လူများထက် အဆများစွာ သာလွန်နေပါ၏။ ဘိုးဘေးဟုန်ကျွင်း၏ အတွေးများပျောက်ကွယ်ကြချိန်တွင် သက်ပြင်းချသံတစ်ချက်ကြားလိုက်ရသည်။

"သူနောက်ဆုံးတော့ ပြန်ဆုတ်သွားခဲ့ပြီ။ ဒီဘိုးဘေးဟုန်ကျွင်းကဘာများလုပ်နေတာပါလိမ့်?"

လုရှောင်ယန်မှာ လက်ချောင်းများဖြင့်တွက်ချက်လျက် မည်သည်ဖြစ်ပွားနေသည်အားရှာဖွေလိုက်၏။

"အနောက်ဘက်ဂိုဏ်းစိတ်ဝိဉာဉ်တောင်က ဝမ်းရှုသေသွားလို့ပဲ။ ဂေါတမက ဝမ်းရှုရဲ့သေဆုံးခြင်း‌အကြောင်းကို ရှာမတွေ့ဘူး။ ဒါကြောင့် ကျဲယင်နဲ့ကျွင်းတိက ခရမ်း‌သွေးတိမ်တိုက်နန်းတော်မှာ အထွန့်လာတက်ကြတာပဲ။"

"ဟုန်ကျွင်းလည်း ဒီကိစ္စကိုစုံစမ်းဖို့ရောက်နေသလိုပဲ။ ကံကောင်းချင်တော့ ငါတို့ရဲ့ဖြစ်တည်မှုကို သူရှာမတွေ့သေးဘူး။ ဒါပေမယ့်လည်း ဒါက တစ်ကြိမ်ပဲဆိုရင်တော့ အဆင်ပြေပါတယ်။ အကြိမ်များစွာဖြစ်လာရင်တော့ ဟာန်ကျွင်း ရူးနေရင်တောင် ငါတို့အစီစဉ်ကိုသိသွားလောက်တယ်။"

လုရှောင်ယန်မှာ ခေါင်းငြိမ့်လျက် လီကျင်းအားကြည့်လိုက်သည်။

"လီကျင်း၊ ကျန်းကျီယာက ဘယ်လိုများ ကျုပ်ရဲ့ပုံစံအမှန်ကို သိခဲ့ရတာလဲ? ပြီးတော့ ဒီအကြောင်း တစ်‌ယောက်ယောက်ကိုပြောခဲ့သေးလား?"

လုရှောင်ယန်မှာ တကယ်တော့ သူဟာပန်ဂု၏‌ပြန်လည်ဝင်စားသူဖြစ်ကြောင်း လီကျင်းသိခြင်းအပေါ် နည်းနည်း မကောင်းသည့်ခံစားချက်များရှိခဲ့သည်ပင်။

သူဟာ ယခင်ကလီကျင်းအား သတ်ရန်ပင်တွေးတောခဲ့သေးသည်။

သို့သော် ‌နီကျားမှာ အမည်မဲ့ဂိုဏ်း၏တပည့်ဖြစ်လာပြီးနောက်၌ သူဟာ လီကျင်းအားသတ်ရန် မရည်ရွယ်တော့ပါချေ။

၎င်းမှာ လီကျင်းမှ သူနှင့်ပူးပေါင်းလာချိန်တွင် လီကျင်းအား လက်ခံရန်ရွေးချယ်ရသည့်အကြောင်းလည်းဖြစစ်၏။။ လီကျင်းမှာ ချက်ချင်းပြန်ဖြေလိုက်သည်။

"ကျန်းကျီယာက အရင် နတ်ဘုရားချိပ်စည်းကိုထိန်းချုပ်တုန်းက အမှတ်တမဲ့သိခဲ့ရတာပါ။ နတ်ဘုရားချိတ်ပိတ်ခြင်းအတိဒုက္ခပြီး‌တဲ့နောက်မှာ နတ်ဘုရားချိပ်စည်းကနေ ကောင်းကင်လျှို့ဝှက်ချက်ကို တွေ့ဖို့အခွင့်ရေးရခဲ့တာပါ။"

" သူဒါကို ကျုပ်ဆီပြောပြခဲ့တာကတော့ ကျုပ်နဲ့ ကောင်းကင်ဘုံခုံရုံးမှာ ချိတ်ပိတ်ခံထားရတဲ့ကျုပ်ရဲ့သားနီကျားတို့နဲ့ အလုပ်အတူလုပ်ချင်တာကြောင့်ပါ။ ကျုပ်က နီကျားကိုကယ်ချင်တာကြောင့် သူနဲ့ အင်အားပူးပေါင်းခဲ့ပါတယ်။"

"အခြားလူတွေကတော့ ဒီအကြောင်းသိလားဆိုတာကို ကျုပ်လည်းမသိပါဘူး။"

လုရှောင်ယန်မှာ တစ်ခဏမျှရပ်တန့်ကာ မျက်မှောင်ကျုံ့လိုက်သည်။ ၎င်းမှာ နတ်ဘုရားချိပ်စည်းကြောင့်ဟု သူသာသိပါလျှင် သူ၏ပုံစံအမှန်အား ဒုတိယလူ၊ တတိလူများမရှိပေဘူးလား?

အသက်ပြင်းစွာရှူပြီးနောက် လုရှောင်ယန်မှာ ချက်ချင်းဆိုလိုက်သည်။

"နတ်ဘုရားချိပ်စည်းက အခုဘယ်မှာလဲ?'

"ဆရာ၊ နတ်ဘုရားချိပ်စည်းက အခု ကောင်းကင်ဘုံခုံရုံးရဲ့ ကျောက်စိမ်းဧကရာဇ်လက်ထဲမှာပါ။"

"တပည့်အားလုံးဆီ အခြားဂိုဏ်းတွေကိုတိုက်ခိုက်တာရပ်ဖို့ သတင်းပေးလိုက်တော့။ မင်းရဲ့အားကုန်သုံးပြီး တိုက်ပွဲနေရာကို ပြန်ဆွဲပြီး ရွှေရောင်အောက်ကျွန်းဆီပြန်လာခဲ့။"

"ဆရာ၊ ကျဲကျောင်းတော်ကို ဂုဏ်သတင်းပြန်ရအောင်ကူညီချင်တာလို့မပြောခဲ့ဘူးလား? ဘာလို့ အရမ်းမြန်မြန်ကြီးပြန်ဆုတ်ရတာလဲ? ရှေးဟောင်းလောက အဖွဲ့အစည်းသုံးခု တပည့်တွေရဲ့တစ်ဝက်လောက်က ကျုပ်တို့သတ်တာခံရပြီးနေပြီ။ တစ်ခဏအတွင်းမှာပဲ ရှေးဟောင်းတစ်ခုလုံးကို သိမ်းနိုင်တော့မှာပါ။"

ဖုန်းထျန်းယွမ်မှာ မထိန်းနိုင်ဘဲ အသံက သံသယဖြစ်နေ၏။

"ကျဲကျောင်းတော်ကို သူ့ရဲ့ဂုဏ်သတင်းပြန်ရအောင်ကူညီတာက ထုံးထျန်းအပေါ်တင်နေတဲ့ကျေးဇူးကိုဆပ်တာပဲ။ တစ်ချိန်တည်းမှာပဲ၊ ဟုန်ကျွင်းကို ငါကျင့်ကြံနေကြောင်း ရှာတွေ့မှာကနေ တားဆီးဖို့လည်း ငြင်းဆန်ရာကျတယ်။"

"ငါက အခု ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ရွှေရောင်အမတအရှင်ဖြစ်နေပြီဆိုပေမယ့်လည်း ဟုန်ကျွင်းရဲ့အခု ကျင့်ကြံခြင်းအကြောင်းကို များများစားစားမသိဘူးလေ။ သူသာ ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ရွှေရောင်အမတအရှင် နောက်ဆုံးအဆင့်ကိုသာရောက်နေရင် ငါက သူ့ရဲ့ပြိုင်ဘက် မဟုတ်နိုင်တော့ဘူး။ ဒါကြောင့် ငါ့မှာ ကျင့်ကြံဆင့်တက်ဖို့အတွက် အချိန်လိုတာပဲ။"

"ဒါပေမယ့်၊ အခု ငါ့ရဲ့ပုံစံအမှန်ကို နတ်ဘုရားချိပ်စည်းက ဖော်ထုတ်နိုင်တယ်ဆိုမှတော့ အဲ့ဒီလူ ငါ့ရဲ့စွမ်းအားအမှန်ကို အာရုံမခံနိုင်ခင် နတ်ဘုရားချိပ်စည်းကို ပြန်ယူရမယ်။"

"ဒီဖြစ်စဉ်က နည်းနည်းအန္တရာယ်များပေမယ့်လည်း ‌အကြောင်းတချို့ကြောင့် လုပ်လို့တော့ရနေသေးတယ်။"

"အရင်ဆုံး၊ ငါက ကျဲကျောင်းတော်ရဲ့နာမည်ကို ပြန်ရှင်သန်နိုင်အောင် လက်ရှိမှာ လုပ်ဆောင်နေရတယ်။ ငါ သုံးလောကရဲ့ဘယ်နေရာမှာပဲတိုက်တိုက် ဟုန်ကျွင်းရဲ့သံသယကို ‌ဆွဲဆောင်မိမှာမဟုတ်ဘူး။"

"ဒုတိယအနေနဲ့၊ ကောင်းကင်ဘုံခုံရုံးက ငါ့ကိုတိုက်ခိုက်ဖို့ အခုပဲလူတွေပို့လိုက်တယ်။ ငါဒီအကြောင်းပြချက်ကိုသုံးပြီး ကောင်းကင်ဘုံခုံရုံးကို ခုခံပြီးပြန်တိုက်နိုင်တယ်။ ကျန်တာအတွက်တော့ ပြောစရာမရှိဘူး။"

"ဆရာက ထက်မြတ်လွန်းလှပါတယ်! ကျွန်တော်အခုပဲ တပည့်တွေအားလုံးကို ပြန်ဆင့်ခေါ်လိုက်ပါ့မယ်။

လုရှောင်ယန်မှာ ခေါင်းငြိမ့်လျက် လီကျင်းအားကြည့်လိုက်သည်။

"လီကျင်း၊ နီကျား၊ အခုက မင်းတို့နှစ်ယောက်ကူညီရမယ့်အချိန်ပဲ။ ဒီတစ်ခေါက် မင်းတို့ကို အတူတူအလုပ်လုပ်ပြီး ကောင်းကောင်းပြသစေချင်တယ်။”

လီကျင်းနှင့် သူ၏သားမှာ အကြည့်ချင်းဖလှယ်လိုက်ကြကာ နှုတ်ခမ်းထောင့်စွန်းများပင် ကွေးတက်သွားကြ၏။

"မပူပါနဲ့၊ ဆရာ။ ကျုပ်တို့သာရှိနေရင် ဟောက်ထျန်းနဲ့ ကောင်းကင်ဘုံခုံရုံးတစ်ခုလုံးကို မြှုပ်စရာနေရာတောင် မရှိစေရဘူး!"

"ဒီလိုဆိုရင် မြန်မြန်ခင်းကျင်းကြ။ ငါ ထပ်ပြီးကျင့်ကြံပြီးတော့ စွမ်းအားတိုးအောင်လုပ်လိုက်ဦးမယ်။"

"သိပါပြီ!"

လုရှောင်ယန်မှာ အားလုံး ထွက်သွားရန်အတွက်စီစဉ်ပေးလိုက်သည်။

တစ်ဖက်တွင် ခရမ်း‌သွေးတိမ်တိုက်နန်းတော်ရှိ ဘိုးဘေးဟုန်ကျွင်းမှာ သူ၏အတွေးများကို ပြန်ရုတ်သိမ်းကာ ထိုနှစ်ဦးသားထံသို့ အကြည့်ပို့လိုက်၏။

"မင်းတို့နှစ်ယောက်မှားနေပြီ။ လုရှောင်ယန်က ရွှေရောင်အောက်ကျွန်းကိုလည်း မခွာဘဲ ဘာကိုယ်ပွားကိုမှလည်း မသုံးထားဘူး။"

ကျဲယင်၏အမူအရာမှာ ချက်ချင်းပြောင်းသွား၏။

"ဆရာ၊ ဒါမဖြစ်နိုင်ပါဘူး! လုရှောင်ယန်သာ ကိုယ်တိုင်မတိုက်ရင် ကျုပ်တို့လို သူတော်စင်ကြီးတွေတောင် ဘယ်လိုများ ဝမ်းရှုသေတာကို မသိလိုက်နိုင်ရမှာလဲ?"

ဘိုးဘေးဟုန်ကျွင်းမှာ နှာခေါင်းရှုံ့လိုက်သည်။

"မင်းတို့နှစ်ယောက်မှာ ဒါကိုပြောဖို့ အရှက်ရှိသေးတာလား? နှစ်များစွာကျင့်ကြံပြီးနောက်မှာ တစ်ယောက်က သူတောစင်တတိယအဆင့်နဲ့ နောက်တစ်ယောက်က စတုတ္ထအဆင့်မှာပဲရှိနေသေးတယ်။ ဒီလိုကျင့်ကြံဆင့်နဲ့ မင်းတို့မှာ ဘာအချက်အလက်မှမရရင်တောင် ပုံမှန်ဖြစ်နေပြီ။"

"လုရှောင်ယန်သာ သူရဲ့လက်အောက်ငယ်သားတွေအတွက် လျှို့ဝှက်ရတနာတွေကို ယူရင် မင်းတို့ရဲ့ အာရုံခံကိုပိတ်ဆို့ထားဖို့ကအလွယ်လေးပဲ။ ဒါကဘာများထူးဆန်းနေလို့လဲ?"

"ဒါပေမယ့်..."

"ကောင်းပြီ! ငါက ဆဌမမြောက်အတိဒုက္ခကို အသက်သွင်းတဲ့လူပဲ။ မင်းတို့နှစ်ယောက်က ငါ့ကိုသံသယဖြစ်နေတာလား?"

"ကျွန်တော်တို့ မလုပ်ရဲပါဘူး"

နှစ်ဦးသားမှာ ချက်ချင်းကြောက်ရွံ့မှုဖြင့် ဒူးထောက်လိုက်ကြသည်။

ဟုန်ကျွင်းမှာ ဆက်ပြောလိုက်၏။

"ကောင်းပြီ၊ မင်းတို့နှစ်ယောက် အဓိပ္ပာယ်မရှိတာတွေတော်တော့။ မြန်မြန်ပြန်ကြ။ မင်းတို့ရဲ့ ဗုဒ္ဓဂိုဏ်းကို ထပ်နွယ်မလာစေချင်ရင် တပည့်တွေကို စု‌စည်းပြီး တံခါးပိတ်ကျင့်ကြံခိုင်းလိုက်။"

"မင်းတို့သာ ဒီအတိဒုက္ခမှာ ပါဝင်လိုက်လို့ လုရှောင်ယန်ရဲ့အသတ်ခံရပြီး စောဒကတောင်မတတ်နိုင်ဘဲနဲ့။ ဒါကိုမင်းတို့ရှက်စရာလို့မထင်ရင်တောင် ငါကတော့ ရှက်စရာတော့ရပြီထင်တယ်။"

ကျဲယင်နှင့် ကျွင်းတိမှာ လက်သီးများကိုဆုပ်လိုက်ကြ၏။ ၎င်းတို့မှာ တစ်စုံတရာပြောလိုပါသော်လည်း မပြောဝံ့သဖြင့် လက်သာလျှော့လိုက်နိုင်သည်။

"ဆရာမှန်ပါတယ်။ ကျွန်တော်တို့နားလည်ပါပြီ။"

ဟုန်ကျွင်းမှာ ခေါင်းငြိမ့်လိုက်၏။

"ဒီလိုဆိုရင် မင်းတို့နှစ်ယောက် ပြန်သွားနိုင်ပြီ။"

"သိပါပြီ"

နှစ်ဦးသားမှာ ပြန်ထွက်သွားကြသည်။ ၎င်းတို့နှစ်ဦး ထွက်သွားပြီးနောက်တွင် ဘိုးဘေးဟုန်ကျွင်း၏အမူအရာမှာ အတန်ငယ် ပဟေဠိဖြစ်သွား၏။

"ငါတောင်မှ ဘာလို့ ဝမ်းရှုသေတဲ့အကြောင်းရင်းကို ရှာမတွေ့ရတာလဲ? ဒီလုရှောင်ယန်က တကယ်ကို နည်းနည်းတော့ထူးဆန်းတယ်! ဒါက... အဲ့ကောင်‌လေးများဖြစ်နိုင်နေမလား?"

သို့သော် ဟုန်ကျွင်းမှာ ခေါင်းထပ်မံခါယမ်းလိုက်သည်။

"မဟုတ်ပါဘူး။ သူသာပန်ဂုဆိုရင် ပန်ဂုရဲ့ဘဝင်မြင့်မှုနဲ့ ငါ့ကို အရိုအသေပေးမှာမဟုတ်ဘူး။ ဒါပေမယ့် သူကောင်းကင်တာအိုသူတော်စင်ဖြစ်လာနိုင်တယ်ဆိုတဲ့,အချက်ပဲ!"

"ပန်ဂုရဲ့ပြန်ဝင်စားသူက ကောင်းကင်တာအိုသူတော်စင်ဖြစ်လာနိုင်လိမ့်မှာမဟုတ်ဘူး။ သူကသေချာပေါက် ရှေးဟောင်းသဏ္ဍာန်မဲ့ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ပဲ ဖြစ်လာလိမ့်မယ်။"

"ဒါပေမယ့်ပြောရရင် ဘာကြောင့် ‌ငါခွဲခဲ့တဲ့ ပန်ဂုရဲ့ပြန်လည်ဝင်စားသူက အဆင့်နိမ့်လောက ရှေးဟောင်းခရမ်းသွေးချီကို မတွေ့ရတာလဲ?"

"ငါ ဒါကိုရှာဖို့ နည်းလမ်းစဉ်းစားဖို့လိုနေပြီ။"

ဟုန်ကျွင်းမှာ သုံးလောကအား ပန်ဂုဖန်တီးထားခဲ့ခြင်းဖြစ်သည်ကြောင့် သွား၍မရနိုင်ပါချေ။ အဆင့်နိမ့်လောကနှင့် အဆင့်မြင့်လောတို့ကြားတွင် ပန်ဂု၏စွမ်းအားတို့ဖြင့် လှည့်ပတ်နေသော အကာအရံတစ်ခုရှိပေသည်။ ၎င်းအားပန်ဂုကအသေအချာကို ခင်းကျင်းခဲ့သည်။ ၎င်းမှာ အဆင့်နိမ့်လောကသို့ လက်လွတ်စပယ်ဝင်ရောက်လာခြင်းမှ တားဆီးပြီး သူ၏ပြန်ဝင်စားမှု မတိုင်ခင်မှာတော့ သူ့ကိုသတ်တာကနေကာကွယ်နိုင်သည်!

ဟုန်ကျွင်းမှာ အမတတစ်ဦးအား အဆင့်နိမ့်လောကသို့ ပန်ဂုအား ရှာဖွေဝင်ရောက်ရန် အမိန့်ပေးလျှင် ဖြစ်နိုင်မည်မဟုတ်သေးချေ!

တစ်ဖက်လူ၏ စိတ်တွင်း၌ ဟုန်ကျွင်း၏အမိန့်ရှိနေသေးသောကြောင့် ပန်ဂု၏အသိစိတ်မှပိတ်ဆို့ခံရချေမည်ပင်။

အဆင့်နိမ့်လောကသို့သွားရာလမ်းတွင် တစ်ဖက်လူမှာ ပန်ဂု၏အသိစိတ်ကြောင့် အပိုင်းအစများအဖြစ်ချေဖျက်ခံလိုက်ရနိုင်သည်!

ပန်ဂု၏ခွန်အား,အား သံသယဝင်စရာပင်မလိုပါချေ။ ဟုန်ကျွင်းမှာ ပန်ဂုချန်ထားခဲ့သည့် အကာအရံကိုပင် ‌အလောတကြီး ထိခိုက်ရန် မဝံ့ရဲတော့ပါဘူးကွာ။

သူဟာ ရှေးဟောင်း‌ခရမ်းသွေးချီအား အဆင့်နိမ့်လောကသို့ ဝင်ရောက်ရန်သာ ပို့ဆောင်ထားနိုင်သည်။

ယခုတွင် သူဟာ အဆင့်နိမ့်လောကသို့ အသိစိတ်တစ်ခုပို့ဆောင်ချင်ပြီး ရှေးဟောင်းခရမ်းသွေးချီစွမ်းအားကိုသာ အသုံးပြုနိုင်နေသည်။

ရှေးဟောင်းခရမ်းသွေးချီမှာ လောက၌ အသန်မာဆုံးစွမ်းအားဖြစ်၏။ ရှေးဟောင်းခရမ်းသွေးချီကဲ့သို့သော သန့်စင်သည့်စွမ်းအားခန္ဓာရှိသူကသာ ပန်ဂု၏ အကာအရံကို ကျော်ဖြတ်ကာ ပြန်လာနိုင်၏။

မကြာခင်တွင် ဟုန်ကျွင်းမှာ ရှေးဟောင်းခရမ်းသွေးချီကို ခွဲခြားလိုက်သည်။ ဂုဏ်သရေရှိ ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့အမတအရှင်ဖြစ်သည့် သူသည်ပင် ထိုအားကောင်းသော ခရမ်းသွေးအလင်းထဲ ဆက်လက်ပါဝင်ရန် ဆန္ဒမရှိပါချေ။

သို့သော် သူ၏အစီအစဉ်အရ ရွေးစရာမရှိဘဲ အနိမ့်ပိုင်းလောကများသို့သွားရ‌မည်ပင်။

ရှေးဟောင်းခရမ်းသွေးချီမှာ လုံးဝနှောင့်နှေးစရာမနေပါချေ။ တစ်ခဏအတွင်း ၎င်းမှာ အထက်နှင့် အနိမ့်ပိုင်းလောကထိစပ်ရာသို့ရောက်ရှိသွားသည်။

သို့သော် ၎င်းမှ မျက်နှာပြင်ကို ထိလိုက်သည့်အချိန်တွင် အဖျက်အမှောင့်စွမ်းအားဖြင့်ပြည့်နေသော စွမ်းအားကြီးက ရုတ်တရတ် ဆင်းသက်လာပြီး အညှာအတာမဲ့စွာ ဖြိုခွင်းလိုက်သည်!

ဟုန်ကျွင်း၏မျက်လုံးများမှာ ကူကယ်ရာမဲ့စွာတွန့်နေ၏။ သူဟာ တံတွေးမြိုချလေ။

"စွမ်းအားကြီးလိုက်တာ! ပန်ဂုအတွက်ပေါ့! နှစ်များစွာ သေပြီးနောက်မှာတောင် သူ့ရဲ့အသိစိတ်က ရှေးဟောင်းခရမ်းသွေးချီကို အလွယ်လေး ချေဖျက်နိုင်တုန်းပဲ!"

တစ်ခဏရပ်တန့်ပြီးနောက် သူ၏မျက်လုံးများ အေးစက်လာ၏။

"ဒါပေမယ့် ဒီလိုဆိုရင်တောင် ပန်ဂုရဲ့ပြန်ဝင်စားသူကိုရှာပြီး သတ်ရမယ်!"

ထိုသို့ပြောလိုက်ရင်း ဟုန်ကျွင်းမှာ ကိုယ်တွင်းမှ ခရမ်းသွေးချီသုံးမျှင်အား ထပ်မံ ခွဲထုတ်လိုက်သည်။ သူဟာ အတန်ငယ်နာကျင်နေပါသော်လည်း အကာအကွယ်ထံသို့ ထိုခရမ်းသွေးချီသုံးမျှင်အား ပစ်လိုက်ဆဲပင်။

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၃၁။ အပိုင်း ၄၆၄ သုံးလောကဆီသို့ ကြေညာခြင်း၊ ကောင်းကင်ဘုံခုံရုံးက သေခြင်းကိုတောင့်တနေတယ်!

တစ်ဖက်တွင် ကျဲယင်နှင့် ကျွင်းတိတို့မှာ တာအိုဘိုးဘေးဟုန်ကျွင်းနန်းတော်မှ ထွက်လာကာ အေးစက်စက် ‌ပြောဆိုနေကြ၏။

"ဆရာက ဒီကိစ္စကို ဂရုမစိုက်ဘူး။ ‌အသေအချာကိုပဲ သူက ကျဲကျောင်းတော်ကိုဆို ဘက်လိုက်တယ်။"

"အမှန်ပဲ။ အရင်က နတ်ဘုရားချိတ်ပိတ်ခြင်းအတိဒုက္ခမှာ ငါတို့တွေ ထုံးထျန်းကို ဆန့်ကျင်ဖို့ အတူတူလုပ်ဆောင်ခဲ့ကြတယ်။ ဆရာကတော့ နည်းနည်းမပျော်မရွှင်ဖြစ်နေခဲ့တယ်လေ။"

"အခုကျဲကျောင်းတော်က တိုးတက်လာတော့မယ်ဆိုတော့ ဆရာက ထုံးထျန်းကို ပြုပြင်ပေးချင်မှာပဲ။"

"ဒါတော့မဖြစ်ဘူး! ငါတို့အနောက်ဘက်ဂိုဏ်းအနေနဲ့ လက်ရှိအခြေနေကိုရောက်ဖို့ မလွယ်ခဲ့ဘူးလေ။ ကျဲကျောင်းတော်ကိုသာ ပြန်ရှင်သန်ခွင့်ပြုခဲ့ရင် ငါတို့တွေ သေချာပေါက် ရင်းမြစ်တွေအများကြီးဆုံးရှုံးကြမှာပဲ။"

"ငါတို့အနောက်ဘက်ဂိုဏ်းကပဲ ရင်းမြစ်တွေ ပိုင်းခြားထားတဲ့ဂိုဏ်းတစ်ခုတည်းမဟုတ်ဘူး။ တခြားဂိုဏ်းတချို့မှာလည်း ဒီလိုပဲ။"

"ဘာလို့ ငါတို့နှစ်ယောက်အနေနဲ့ တခြားသူတော်စင်နှစ်ယောက်ကိုသွားရှာပြီး ဘယ်လိုထင်ကြောင်းသွားမကြည့်ရမှာလဲ?"

"လူတိုင်း လုရှောင်ယန်ကို ရင်ဆိုင်ဖို့ အတူတူလုပ်ရင်တော့အကောင်းဆုံးပဲ။ လူအများကြီးအတူတူလုပ်ဆောင်ရင် လုရှောင်ယန်လောက်လေးကို ရင်မဆိုင်နိုင်လောက်ဘူးလို့တော့ မထင်ဘူး။"

"အကြံကောင်းပဲ!"

သို့သော် ၎င်းတို့နှစ်ဦး နတ်ဆိုးဆန်စွာပြုံးလျက် လုရှောင်ယန်အားရင်ဆိုင်မည့် တစ်ဦးဦးအား ရှာရန်ပြင်ဆင်နေသည်တွင် ယခင်ကျဲကျောင်းတော်ဂိုဏ်းချုပ် ထုံးထျန်းအား ဝင်ပေါက်တွင် တွေ့လိုက်ရသည်။

ထုံးထျန်းအား ခရမ်းသွေးတိမ်တိုက်‌နန်းတော်တွင် ဖမ်းထားသော်လည်း ဟုန်ကျွင်းမှာ သူ၏သူတော်စင်အာရုံခြောက်ပါးကို မပိတ်ဆို့ထားပါချေ။ ထို့ကြောင့် သူဟာ သုံးလောကအရေးကိစ္စများအား စူးစမ်းနိုင်သေးသည်။

ထို့ကြောင့် သူဟာ စိတ်ဝိဉာဉ်တောင်စစ်တပ်အပါအဝင် ရန်ကျောင်းတော်၊ ချန်ကျောင်းတော်နှင့် ဗုဒ္ဓဂိုဏ်းတို့၏ လက်ရှိအခြေအနေကိုသိပေသည်။

သို့သော် သူဟာ လုရှောင်ယန်ဟာ ဝမ်းရှုအား မည်သို့သတ်ခဲ့ကြောင်းကိုမူ ကောက်ချက်မချနိုင်သေးချေ။

သို့သော် ကျဲယင်နှင့် ကျွင်းတိက အဘယ့်ကြောင့်ဤနေရာကိုလာကြောင်းအား ခန့်မှန်းနိုင်သည်ပင်။

ထို့ကြောင့်သူဟာ ရွေးချယ်စရာမရှိဘဲ ထွက်လာရကာ လုရှောင်ယန်ကို တိတ်တဆိတ်ကူ‌ညီနေရ၏။

"ဝေ့၊ ကြည့်စမ်း၊ ဘယ်သူများလဲ? ဒါက ကျဲယင်နဲ့ ကျွင်းတိမဟုတ်လား? ဘာလို့မင်းတို့တွေ စိတ်ဝိဉာဉ်တောင်မှာ ကျင့်ကြံမနေကြတာလဲ? ဘာလို့ ဆရာ့ရဲ့ခရမ်းသွေးတိမ်တိုက်နန်းတော်ကို သီးသန့်လာကြတာလဲကွာ?"

ကျဲယင်နှင့်ကျွင်းတိမှာ သဘာဝကျစွာပင် ဒေါသဖြစ်သွား၏။

"ဒါက ခင်ဗျားနဲ့ဘာဆိုင်လို့လဲ?"

ထုံးထျန်းမှာ ဒေါသမထွက်ပါချေ။ သူ၏ဒေါသမှာ နှစ်သောင်းချီကြာဖိနှိပ်ခံခဲ့ရပြီး ယခင်ကနှင့် တူညီ‌ခြင်းမရှိတော့ချေ။

ယခင်က သူ၏အသိဉာဏ်နည်းပါးနေခြင်းကြောင့်သာမဟုတ်လျှင် ဆရာတူအစ်ကိုအမများ၏ ဆန့်ကျင်ခြင်းကို ခံခဲ့ရမည်မဟုတ်ချေ။

အဆုံး၌ သူဟာ ခရမ်းသွေးကောင်းကင်နန်းတော်တွင် အကျဉ်းချခံထားရုံပင်မက ကျဲကျောင်းတော်၏ တပည့်များသည်ပင် ခံစားခဲ့ရသည်။

လက်ရှိသူဟာ ယခင်ကထက် ပို၍ ပို၍ ပို၍ ရင့်ကျက်နေပါ၏။ ကျဲယင်နှင့် ကျွင်းတိတို့ ဒေါသဖြစ်လေလေ စိတ်တိုလေဖြစ်၏။ ထိုသို့ဆိုလျှင် သူဟာ ပျော်ရွှင်ရမည်ပင်။

"ကျစ် ကျစ်၊ ဆရာတူညီလေးတို့၊ သူတော်စင်တွေအနေနဲ့ ဘာကြောင့်များဒီလိုအရာတွေကိုပြောနေရတာလဲ? ဒါက မကောင်းဘူးနော်!"

"သူတော်စင်တစ်ဦးအနေနဲ့၊ လူတစ်ယောက်ဟာ တည်ငြိမ်ရမယ်၊ သုံးလောကမှာ ကိုယ့်ကိုယ်ကိုယ် အရူးမလုပ်မိစေဖို့ သင့်တင့်မျှတတဲ့ပုံစံနဲ့ ပြောဆိုနေထိုင်ရမယ်။"

"အမှန်ပဲ၊ မင်းကိုယ်မင်းအရူးမဖြစ်စေဖို့ကတော့ ကိစ္စမရှိပါဘူး။ မင်းအရမ်းဒေါသဖြစ်လာပြီး ရူးရူးနှမ်းနှမ်းဖြစ်လာရင် ဒုက္ခတွေ့ရလိမ့်မယ်။"

"ခင်ဗျား!"

ကျဲယင်မှာ လက်သီးများကို ခိုင်ခိုင်မြဲမြဲဆုပ်လျက် ထုံးထျန်းအားအသေအချာကြည့်ရှုလိုက်သည်။

"ထုံးထျန်း၊ ဘဝင်မြင့်မနေနဲ့။ အရင်က နတ်ဘုရားချိတ်ပိတ်ခြင်းတိုက်ပွဲမှာ မင်းရဲ့ကျဲကျောင်းတော်သားတွေမရေတွက်နိုင်လောက်အောင် ထိခိုက်ပြီး အသတ်ခံခဲ့ရတယ်။ ကျန်တဲ့လူတွေကလည်း နတ်ဘုရားချိပ်စည်းထဲမှာ ချိပ်ပိတ်ခံခဲ့ရရင် ခံခဲ့ရ၊ မဟုတ်ရင် အနောက်ဘက် စိတ်ဝိဉာဉ်တောင်ကို ဝင်ရောက်ခဲ့ကြရတယ်! ကျန်တဲ့တပည့်တွေကလည်း နှစ်ပေါင်းသောင်းချီကျော်ကြာအောင် အနိုင်ကျင့်ခံခဲ့ကြရတယ်‌!"

"အခု မင်းက လုရှောင်ယန်ရှိရုံလောက်လေး ကံကောင်းသွားတာပါ။ ဒါ‌ကြောင့်မင်း နည်းနည်းလေးအကျိုးရသွားတာပါပဲ။ ဘာများ ဘဝင်မြင့်စရာလိုနေလို့လဲ?"

ကျွင်းတိမှာလည်း သံယောင်လိုက်,လိုက်သည်။

"အမှန်ပဲ။ ဒီတစ်ခေါက် ကျုပ်တို့က လုရှောင်ယန်ရဲ့အားနည်းချက်ကို မရှာနိုင်တာကြောင့်သာ ခံနေရတာပဲ။ လုရှောင်ယန်ရဲ့အားနည်းချက်ကိုရှာတွေ့လိုက်တာနဲ့ ရှင်းရှင်းလင်းလင်းတိုက်ခိုက်နိုင်ပြီ!"

"ဒီအချိန်ကျရင် ငါတို့ထဲကဘယ်သူပဲဖြစ်ဖြစ် လုရှောင်ယန်ကို အလွယ်လေးဖျက်ဆီးနိုင်လိမ့်မယ်။"

"မမေ့ကြနဲ့!"

"သူက သူတော်စင်ပထမအဆင့်လေးသာသာပဲ! ငါတို့ရှေ့မှောက်မှာဆိုရင် ဖိနပ်‌သယ်ပေးဖို့တောင် အရည်ချင်းမရှိဘူး!"

ထုံးထျန်းမှာ ပခုံးတွန့်လိုက်သည်။

"သူက အခု သူတော်စင်ပထမအဆင့်မှာပဲရှိသေးတာကိုတော့ ဝန်ခံပါတယ်။ ဒါပေမယ့် သူ့မှာ သူ့ဆရာအဖြစ်ငါရှိနေသေးတာကိုတော့ မမေ့နဲ့ဦး! မင်းတို့ထဲကတစ်ယောက်ယောက် လုရှောင်ယန်ကို တိုက်ခိုက်ဝံ့တာတွေ့ရင်တော့လား၊ မင်းတို့နှစ်ယောက်ကို ဒဏ်ရာအပြင်းအထန်ရစေတာအတွက် ဒါမှမဟုတ်... မင်းတို့ရဲ့ အနောက်ဘက်ဂိုဏ်းကိုဖျက်ဆီးတာအတွက် ငါ့ကိုအပြစ်မတင်နဲ့!"

ထိုသို့ပြောပြီးသည်နှင့် ထုံးထျန်းမှာ သူ၏ကျင့်ကြံဆင့်တစ်ခုလုံးအား ထုတ်ဖော်လိုက်တော့၏!

ထိုစွမ်းအားကြီးအရှိန်အဝါမှာ ကျဲယင်နှင့်ကျွင်းတိတို့အား စွမ်းအားကြီးရန်သူတစ်ယောက်ကို ရင်ဆိုင်နေရသလို ခံစားမိလိုက်သည်။

ဘုန်း!

နှစ်ဦးသားမှာ ချက်ချင်းသွေးဆောင့်တက်သလိုခံစားလိုက်ရပြီး အင်မတန်ထိတ်လန့်သွားကြသည်။

"ထုံးထျန်း! အတင့်ရဲလိုက်တာ! ဆရာက မင်းကို ခရမ်းသွေးတိမ်တိုက်‌နန်းတော်မှာအကျဉ်းချချင်တယ်။ မင်းသာ ခရမ်းသွေးကောင်းကင်တိမ်တိုက်ကနေ တစ်လှမ်းလောက်ပဲ ထွက်လာရဲထွက်လာကြည့် ဆရာကမင်းကို အလွတ်ပေးမှာမဟုတ်ဘူး!"

"မင်းကံစမ်းပြီး၊ ‌ငါလုပ်ရဲလားကြည့်လိုက်လေ!"

ထုံးထျန်းမှာ လုံးဝညှာတာခြင်းကိုမပြချေ။ သူ၏ခိုင်မာ‌သောအကြည့်က ကျဲယင်နှင့်ကျွင်းတိတို့ကို သေအောင်တုန်ရီသွားစေပြီး၊ ၎င်းတို့၏အမူအရာများမှာလည်း အင်မတန် အရုပ်ဆိုးလှချေ၏။

"ဟမ့်! ဒါဆို ကြည့်ရ‌တာပေါ့!"

‌ထိုသို့ပြောပြီးနောက် နှစ်ဦးသားမှာ ချက်ချင်းတစ်ဖက်လှည့်ကာ ခပ်မြန်မြန်ထွက်ခွာသွားလျက် ထပ်မံ၍ ကြာကြာပင်မဝံ့တော့ချေ။

အကြောင်းမှာထိုနှစ်ဦးက ထုံးထျန်းအနေဖြင့် အမှန်တကယ်တိုက်ခိုက်ဝံ့ကြောင်း သိကြခြင်းကြောင့်ပင်။ ယခင်က သူဟာ တပည့်များအတွက် အမတတစ်သောင်းအစီအရင်အား ခင်းကျင်းရန်မတုံ့ဆိုင်းနေခဲ့ပါချေ။ ၎င်းက သူဟာ အင်မတန်ရူးနှမ်းလှသည်ဟုပင် ဆိုနိုင်နေ၏!

ယခု နှစ်သောင်းချီကြာ ‌ကျော်လွှားပြီးသည်နှင့် ကျဲကျောင်း‌တော်မှာလည်း ပြန်လည်မွေးဖွားလာလေပြီ။ သူဟာ တပည့်များကိုကာကွယ်ရန်အလို့ငှာ ယခင်နှစ်သောင်းချီကြာကကဲ့သို့ လွှမ်းမိုးနိုင်ခြင်းမရှိတော့ဟု မည်သူကအာမခံနိုင်ပါမည်နည်း?

၎င်းတို့နှစ်ဦး ချက်ချင်းထွက်ပြေးသွားကြသည်ကိုမြင်သော် ထုံးထျန်းမှာ မထိန်းနိုင်ဘဲ မျက်မှောင်ကျုံ့မိသွားက မျက်နှာထက်၌ ပူပန်ဟန်လည်းပေါ်လာချေသည်။

"ငါ ဘယ်လိုနတ်ဆိုးမျိုးကို ဖန်တီးခဲ့မိပါလိမ့်? လုရှောင်ယန်အတွက် မကောင်းဆိုးဝါးဆန်တဲ့ပါရမီနဲ့ ကျင့်ကြံခြင်းရှိတာမှန်ပေမယ့်လည်း သူက ငါ့ထက်တောင် ဘဝင်မြင့်သေးတယ်။ ပြဿနာရှာတဲ့နေရာမှာ တယ်တော်ပါ့လား!"

"ဒီနှုန်းနဲ့ဆို အလုပ်ဖြစ်မှာမဟုတ်ဘူး။"

"ကြည့်ရတာ ဒေါသထွက်စရာတွေထပ်လုပ်တာကနေ တားဆီးဖို့ သူ့ကို ညွှန်ကြားသူတစ်ချို့ပေးဖို့ အခွင့်အရေးရှာရမယ့်ပုံပဲ!"

ရှေးဟောင်းလောကတွင် လီကျင်းနှင့် သူ၏သားနှစ်ဦးစလုံးမှာ ယခု၌ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များဖြစ်နေကြပြီပင်။ ထိုနှုန်းထားက ထိတ်လန့်ဖွယ် မြန်ဆန်လွန်းလှ၏။

မျက်တောင်တစ်ခတ်စာတွင် ၎င်းတို့မှာ ကောင်းကင်ဘုံခုံရုံးစစ်တပ်သို့ ပြန်လာကြသည်။ နှစ်ဦးသားမှာ ၎င်းတို့၏ကိုယ်ပွားများနှင့်ပေါင်းစပ်လိုက်ကြပြီး ချက်ချင်းပင် စစ်တပ်အား ရွှေရောင်အောက်ကျွန်းဆီသို့ စွမ်းအားကြီးမားစွာ ဦးဆောင်သွားလေတော့၏။

ထို လမ်းကြောင်းပြောင်းမှုက ယခင်ကျဲကျောင်းတော်သားများကို ပဟေဠိဖြစ်သွား၏။

ကောင်းကင်စစ်သူကြီးများအကြားမှ မိုးကြိုးနတ်ဘုရားဝမ်ကျုံးမှာ လီကျင်းကို တည့်တိုးပင်မေးလိုက်သည်။

"လီယွမ်ရွှိုက်၊ ကျုပ်တို့ဦးတည်ဘက်ကိုဘာကြောင့်ပြောင်းလိုက်တာလဲ? ဒီဦးတည်ဘက်က... ရွှေရောင်အောက်ကျွန်းဆီ ဦးတည်နေတာမဟုတ်လား?"

လီကျင်းမှာ ခေါင်းငြိမ့်လိုက်၏။

"အမှန်ပဲ၊ ကျုပ်တို့ ရွှေရောင်အောက်ကျွန်းဆီကို ဦးတည်နေတာပါ။"

ဝမ်ကျုံးနှင့် အခြားလူများ၏အမူအရာမှာ ချက်ချင်းပြောင်းလဲသွားသည်။

"လီယွမ်ရွှိုက်၊ ကျုပ်တို့ကို ဟာသလုပ်နေတာလား?"

လီကျင်းမှာ သူ့အားကြည့်ကာ နှာခေါင်းရှုံ့လိုက်၏။

"ဘာလို့လဲ? ခင်ဗျားကြောက်နေတာလား? လိပ်ပြာမလုံလို့လား? ဒါမှမဟုတ်... ကျုပ်တို့ရဲ့ ဆက်ဆံရေးဟောင်းကြောင့် ရွှေရောင်အောက်ကျွန်းကို တိုက်ခိုက်ဖို့ ဆန္ဒမရှိဘူးလား?"

ဝမ်ကျုံးမှာ ချက်ချင်းခေါင်းခါလိုက်၏။

"စစ်သူကြီးလီ၊ ဘယ်လိုလုပ် ဒီလိုကိစ္စမျိုးကို ပြောနိုင်ရတာလဲ? ကျုပ်ကအခု ကောင်းကင်ဘုံခုံရုံး မိုးကြိုးနယ်မြေရဲ့ပင်မနတ်ဘုရားဖြစ်နေမှတော့ ကျုပ်က ကောင်းကင်ဘုံခုံရုံးအတွက်ပဲ တိုက်ခိုက်ရမှာပေါ့။ ကျုပ်လုံးဝ ကျုပ်တို့ရဲ့ ရင်းနှီးမှုဟောင်းကို မမေ့ပါဘူး။"

"ကျုပ်စိုးရိမ်နေတာက ရွှေရောင်အောက်ကျွန်းမှာရှိတဲ့ သူတော်စင်ကိုပါ!"

"ကျုပ်တို့မှာ ကောင်းကင်တပ်သား တစ်သိန်းရှိနေပေမယ့်လည်း သူတော်စင်တစ်ဦးအတွက်ဆို ကျုပ်တို့က ပုရွကိဆိတ်အကောင်တစ်သိန်းနဲ့ ဘာမှမခြားဘူးလေ။ ကျုပ်တို့ ဘယ်လိုများ ရွှေရောင်အောက်ကျွန်းကိုသွားနိုင်မှာတဲ့လဲ?"

လီကျင်းမှာ ခပ်တိုးတိုးရယ်လိုက်သည်။

"ဟီးဟီးဟီး... ခင်ဗျားဒါကိုစိုးရိမ်ဖို့မလိုပါဘူး။ မပူပါနဲ့၊ ရှေးဟောင်းကောင်းကင်အ‌ဓိပတိက ကျုပ်တို့ဧကရာဇ်နဲ့ အလောင်းအစားလုပ်ထားပါတယ်။ လုရှောင်ယန်က တစ်ခါလောက်လေးလှုပ်ရှားလိုက်တာနဲ့ သူက လုရှောင်ယန်ကိုသတ်ဖို့ကူညီပေးလိမ့်မယ်။"

"ကျုပ်တို့ကောင်းကင်ဘုံခုံရုံးရဲ့ အမတအရှင်တွေက လုရှောင်ယန်ကို ဒေါသဖြစ်စေပြီး တိုက်ခိုက်အောင်ဆွပေးဖို့ပဲလိုတာပါ။ ဒါက အန္တရာယ်မများပါဘူး။"

ထိုသည်ကိုနားထောင်ပြီး ဝမ်ကျုံးမှာ သက်ပြင်းချလိုက်လေ၏။

"ကျုပ်သိပါပြီ။ ဒါဆိုရင်တော့ စိတ်သက်သာရာရသွားပါပြီဗျာ။"

လီကျင်းမှာ စိတ်တွင်း၌ အေးစက်စက်ပြုံးလိုက်သည်။

ထိုကျဲကျောင်းတော်၏လူလိမ်မှာ ကောင်းကင်ဘုံခုံရုံးလျှပ်စီး‌နယ်မြေ၏ပင်မနတ်ဘုရားဖြစ်လာခဲ့သည်။ သို့သော် သူဟာ သူ့ကိုယ်သူအတွက်ပဲတွေးကာ ကျဲကျောင်းတော်ပျက်စီးခြင်းအား လုံးဝပင် ဂရုမစိုက်ပါချေ။ သူဟာ ရွှေရောင်အောက်ကျွန်းရှိ တပည့်များ၏ အသတ်ကိုပင်ခံရသင့်ပေ၏။

ထိုသည်က သူတစ်ဦးတည်းမဟုတ်ပါချေ။ နတ်စစ်သည်တစ်သိန်းနှင့် ကောင်းကင်ဘုံခုံရုံးတွင်ပင် မရေတွက်နိုင်သော လူလိမ်များစွာရှိ၏!

သို့ရာတွင် သူဟာ များစွာ စိုးရိမ်မနေပါချေ။ သူ၏ဆရာမှာ ကောင်းကင်ဘုံခုံရုံးအားဖျက်စီးရန် အမိန့်ချထားပြီးပင်ဖြစ်၏။ သူဟာ အတွင်းမှလှုပ်ရှားခြင်းကို စောင့်ကြည့်ရန်သာလိုပေ၏။

၎င်းတို့အား သတ်လိုသည့် လူများစွာလည်းရှိပေသည်!

ကောင်းကင်ယံတွင် တိမ်မည်းများ ကျဆင်းလာသည်။ နတ်စစ်သည်တစ်သိန်းမှာလည်း အဖျက်ဆီးအရှိန်အဝါတစ်ခုနှင့် ရောယှက်လျက် ချီတက်လာကြသည်။ မျက်တောင်တစ်ခတ်အတွင်းတွင် ၎င်းတို့မှာ ရွှေရောင်အောက်ကျွန်းအထက် ကောင်းကင်ယံသို့ ရောက်ရှိလာကြသည်။

‌ပင်လယ်ထက်ရှိ ရွှေရောင်အောက်ကျွန်းအားကြည့်ကာ အောက်ဘက်ရှိ လျှပ်စီးနတ်ဘုရားများ၊ မိုးကြိုးနတ်ဘုရားများ... အားလုံးမှာ ၎င်းတို့၏စွမ်းအားများကို အသက်ဝင်စေလိုက်ပြီး လျှပ်စီးများလက်လာစေ၏။ ‌ထိုကောင်းကင်စွမ်းအားမှာ ကြီးမားလှပေသည်!

ပင်လယ်ရှိ သက်ရှိများက ထိုမြင်ကွင်းအားမြင်သည်တွင် ၎င်းတို့လည်း အရှုပ်ထဲပါမည်ကို ကြောက်ရွံ့လျက် ကူကယ်ရာမဲ့စွာအလျင်အမြန်ထွက်ပြေးကြကုန်၏။

လီကျင်းမှာ အောက်ဘက်သို့ အကြည့်လွှဲလျက် နီကျားထံ အချက်ပြလိုက်သည်။

"ကျဲကျောင်းတော်က လူတိုင်း နားထောင်ကြပါ။ ခင်ဗျားတို့က ရှေးဟောင်းလောကမှာ အပြစ်ကင်းတဲ့လူတွေကို သတ်ခဲ့ပြီး ရှေးဟောင်းလောကတစ်ခုလုံးက လူတိုင်းကို စိုးရိမ်စေခဲ့တယ်။ ဒီနေ့ ကြီးကျယ်ခမ်းနားတဲ့အဓိပတိရွှေကျောက်စိမ်း ကောင်းကင်ဧကရာဇ်ရဲ့ မြင့်မြတ်တဲ့အမိန့်တော်အရ ကျုပ်တို့က ခင်ဗျားတို့ ရွှေရောင်အောက်ကျွန်းကို သတိလာပေးရတာပဲ။"

"မဟုတ်ရင် မင်းတို့ ကျဲကျောင်းတော်ကို တိုက်ခိုက်တယ်လို့ ကောင်းကင်ဘုံခုံရုံးကိုအပြစ်မတင်နဲ့!"

ထိုအမိန့်က လောကသို့ပဲ့တင်ထပ်သွားကာ ရှေးဦးသတ္တဝါဆန်းမြောက်များစွာအား ထပ်ခါထပ်ခါ အော်ဟစ်သွားစေ၏။

"မိုးနတ်မင်းကြီး၊ ကောင်းကင်ဘုံခုံရုံးက တကယ်ပဲ ရွှေရောင်အောက်ကျွန်းကိုတိုက်ခိုက်နေပြီကွ!"

"သူတို့နဲ့ထိုက်တန်တယ်။ ရွှေရောင်အောက်ကျွန်းမှာ သူတော်စင်တစ်ယောက် ပေါ်လာပြီးကတည်းက သူတို့က အတော်လေး ဘဝင်မြင့်နေကြတာ။ လွန်ခဲ့တဲ့ ရက်ကလေးအတွင်းမှာတောင် အဖွဲ့အစည်းသုံးခုက ပညာရှင်များစွာကို သတ်ခဲ့ပြီးကြပြီလေ။"

"အခု သူတို့က ကောင်းကင်ဘုံခုံရုံးကိုဆွမိသွားတာပဲ။"

"ဒါပေမယ့် ကောင်းကင်ဘုံခုံရုံးက သူတော်စင်တစ်ယောက်တောင်မရှိဘဲနဲ့ ဘယ်လိုများ တိုက်ခိုက်ရဲရတာလဲ?!"

"ဟီးဟီးဟီး... ကောင်းကင်ဧကရာဇ်က တကယ်ကြီးရူးနေတယ်လို့များထင်နေတာလား? သူကထက်မြတ်တယ်! သူ့မှာသာ သူတော်စင်တစ်ယောက်ယောက်ရဲ့အထောက်အပံ့မရှိရင် ဘယ်လိုများရွှေရောင်အောက်ကျွန်းကို တစ်ယောက်တည်း ခုခံဝံ့မှာလဲ? သူက အဲ့လောက်ထိ မမိုက်မဲပါဘူး!"

"အမှန်ပဲ။ ဒါပေမယ့်၊ သူ ရွှေရောင်အောက်ကျွန်းကို ဘယ်လိုများ ဒါလေးနဲ့ရင်ဆိုင်မလဲတွေးမိတယ်! သူတော်စင်လုသာမတိုက်ခိုက်ရင် ရွှေရောင်အောက်ကျွန်းက ကောင်းကင်ဘုံခုံရုံးကို အနိုင်တိုက်နိုင်မှာမဟုတ်ဘူး။"

"ဒါပေမယ့် သူသာတိုက်ခိုက်ရင် တခြားသူတော်စင်တွေလည်း တိုက်ခိုက်ကြလိမ့်မယ်။

“ဒီနေ့၊ ရွှေရောင်အောက်ကျွန်းကတော့ တကယ်ပဲ ကျဉ်းထဲကြပ်ထဲရောက်နေပြီပဲ။"

သို့သော် အားလုံး ဆွေးနွေးနေကြစဉ်၌ ရွှေရောင်အ‌လင်းတစ်ခုမှ ရွှေရောင်အောက်ကျွန်းဆီမှ ပျံထွက်လာကာ ‌တိမ်များအကြားသို့ပြေးဝင်သွားသည်။

ထိုရွှေရောင်အလင်းပေါ်ထွက်လာသည်နှင့် လုရှောင်ယန်၏အသံမှာလည်း သုံးလောကဆီသို့ ပဲ့တင်ထပ်သွားတော့၏။

"ကောင်းကင်ဘုံခုံရုံးက အကျင့်ပျက်ပြီး အလုပ်ရှုပ်နေတာပဲ။ ဒီနေ့၊ ငါ၊ လုရှောင်ယန်က သုံးလောကဆီကို ကျဲကျောင်းတော်က ကောင်းကင်ဘုံခုံရုံးနဲ့ သေမျိုးရန်သူတွေဖြစ်‌ကြောင်းကို ကြေငြာလိုက်တယ်!"

"အခုကစပြီး၊ ကျုပ်ရဲ့ကျဲကျောင်းတော်တပည့်တွေက စွမ်းအားအကုန်သုံးပြီး ကောင်းကင်စစ်သည်တွေကို သတ်လိမ့်မယ်! မှားစရာလည်းရှိမှာမဟုတ်ဘူး!"

"ကောင်းကင်ဘုံခုံရုံးရဲ့ နောက်ဆုံးစစ်သည်‌သေတဲ့အထိ သူတို့ကိုတိုက်ခိုက်ကြ!"

"ဒီအမိန့်ကို သုံးလောကဆီကြေညာလိုက်ပြီ!"

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၃၁။ အပိုင်း ၄၆၅ ဖိနှိပ်ခြင်း၊ ကောင်းကင်ဘုံခုံရုံးရှိ အရှုပ်အထွေးများ

လုရှောင်ယန်၏သတင်းမှာ သုံးလောကသို့ပျံ့နှံ့သွားချိန်တွင် အားလုံးမှာ ရူးသွပ်သွားကြ၏!

ပထမဦးဆုံးထိတ်လန့်အံ့အားသင့်သွားရသူမှာ ကျဲကျောင်းတော်၏ယခင်‌ဂိုဏ်းချုပ် ထုံးထျန်းပင်ဖြစ်၏!

ထိုအခိုက်တွင် သူဟာ ထိတ်လန့်လွန်း၍ ပြောစရာပင်မဲ့နေ၏!

"ဒီကောင်စုတ်လေးကရူးနေပြီလား? သူက ကောင်းကင်ဘုံခုံရုံးကိုဖျက်ဆီးချင်နေတာလား? အရမ်းကြီးဘဝင်မြင့်လွန်းမနေဘူးလား? သူက သူတော်စင်ဖြစ်လာကာစမှာပဲ ရှေးသမိုင်းဝင်ဂိုဏ်းတွေကိုတိုက်ခိုက်ခဲ့‌တယ်လေ။ မျက်တောင်တစ်ခတ်အတွင်းမှာပဲ ‌ကောင်းကင်ဘုံခုံရုံးကိုတိုက်ခိုက်ချင်နေသေးတာလား?"

ကျောင်းအုပ်ထုံးထျန်းမှာ လုရှောက်ယန်က ကောင်းကင်ဘုံခုံရုံးအား အနိုင်ယူနိုင်မည်ဟု မထင်ခြင်းမဟုတ်ချေ။ လုရှောင်ယန်သာ ကောင်းကင်ဘုံခုံရုံးအား ကိုယ်တိုင်တိုက်ခိုက်ပါက ရင်ဆိုင်ရန် တကယ်ကိုပင်လွယ်ကူလှချေမည်။

ပြောရလျှင် ကောင်းကင်ဘုံခုံရုံး၌ သူတော်စင်တစ်ယောက်ပင် မရှိ‌ပါချေ။ သို့သော် ကောင်းကင်ဘုံခုံရုံးမှ ရွှေရောင်အောက်ကျွန်းနှင့် ရင်ဆိုင်ရန် စစ်သည်များ ပို့လိုက်သည့် အချိန်မှ သူဟာ ထိုနောက်၌အခြားသူတော်စင်များရှိသည်ကို ခန့်မှန်းမိသည်ပင်။

အခြားသူတော်စင်များ၏ အထောက်အပံ့ကြောင့်မဟုတ်လျှင် ထိုကောင်စုတ်ဟောက်ထျန်းမှာ သူတော်စင်တစ်ပါးအား ဆွရဲမှာမဟုတ်ချေ။

လုရှောင်ယန်သာ မတိုက်ခိုက်ပါလျှင် ရွှေရောင်အောက်ကျွန်းမှာ များစွာသောဆုံးရှုံးမှုကို ခံစားရမည်ပင်ဖြစ်၏။ လုရှောင်ယန်သာတိုက်ခိုက်ပါက သူဟာ အခြားသူတော်စင်များကို သေချာပေါက်ဆွဲဆောင်မိပေလိမ့်မည်။

ထိုသို့ဆိုလျှင် ဒုက္ခများမည်ဖြစ်၏။

"ကောင်စုတ်လေး၊ မင်းငါ့ကို နေ့တိုင်းပြဿနာရှာစရာလိုလို့လား? မင်းကတကယ်ကိုပဲ ကောင်းကင်ဘုံခုံရုံးနဲ့ ပေါ်ပေါ်ထင်ထင်တိုက်ခိုက်ရဲတယ်ပေါ့! မဟုတ်သေးဘူး၊ ငါ ခရမ်းသွေးတိမ်တိုက်နန်းတော်ကထွက်ဖို့နည်းလမ်းစဉ်းစားပြီးမှ ငါနဲ့စကားကောင်းကောင်းပြောရအောင်ပါ။

"မဟုတ်ရင်တော့ သူဘယ်လိုဒုက္ခရှာမလဲကို ဘယ်သူသိမှာလဲ။"

...

နွီဝါးနန်းတော်၊ မြေအောက်လောက၊ ကျောက်စိမ်းအာကာပြင်နန်းတော်တွင်... ပညာရှင်များစွာမှာ မနေနိုင်ဘဲ အမျိုးမျိုးခန့်မှန်းနေကြလျက် လုရှောင်ယန်အားပျက်ရယ်ပြုလျက်ရှိကြသည်။

"ဘာလို့ဒီကောင်စုတ်လေးက ရုတ်တရတ် အရမ်းထင်ပေါ်ချင်နေရတာလဲ? ဒါကအဓိပ္ပာယ်မရှိဘူးလေ။"

"အရူးပဲ! တကယ်ကိုအရူး! ငါသူနဲ့အတူ ကုန်သွယ်တာက တကယ်မှန်ရဲ့လားတောင်မသိတော့ဘူး။"

"ဟားဟားဟား... ဒီကောင်စုတ်လေးက နောက်ဆုံးတော့ ဒေါသထွက်သွားပြီပဲ။ ကောင်းတယ်! ကောင်းတယ်! ကောင်းတယ်! ငါသူ့ကိုတိုက်ခိုက်ဖို့အတွက် စောင့်နေခဲ့တာ! ငါသူ့ကို သတ်ချင်လွန်းလို့ ရူးတော့မယ်!"

‌ရွှေရောင်အောက်ကျွန်းအထက်တွင် ကောင်းကင်စစ်သည်များနှင့် ကောင်းကင်စစ်သူကြီးများမှာ လုရှောင်ယန်၏ ဘဝင်လေဟပ်နေသော စစ်ကြေညာချက်ကိုကြားပြီးချိန်၌ အင်မတန်ဒေါသဖြစ်နေကြ၏။

"ဒါကတော့အရမ်းများသွားပြီ! သူတို့က ငါတို့ရဲ့ကောင်းကင်ဘုံခုံရုံးကို မလေးမစားလုပ်နေတာပဲ!"

လီကျင်းမှာ အေးစက်စက်ပြောလိုက်၏။

"စစ်သည်တော်တို့၊ လုရှောင်ယန်က သူတော်စင်တစ်ပါးဖြစ်ပေမယ့်လည်း အရမ်းကိုဝင့်ကြွားလွန်းလှပြီး ကျုပ်တို့ကောင်းကင်ဘုံခုံရုံးကိုတောင် ဖျက်စီးချင်နေတယ်! ကျုပ်တို့ဒါကိုဆက်သည်းမခံနိုင်တော့ဘူး! ကောင်းကင်ဘုံခုံရုံးရဲ့ မျက်နှာကိုထောက်ပြီး ဒီနေ့ပဲ ရွှေရောင်အောက်ကျွန်းကို ပိပြားသွားအောင်လုပ်ရမယ်!"

"အားလုံးပဲ၊ စိတ်မပူဘဲ သတ်ကြပါ။ ကျုပ်တို့မှာ ရှေးဟောင်းကောင်းကင်အဓိပတိရဲ့ အကာအကွယ်ရှိပါတယ်။"

လုရှောင်ယန်တိုက်ခိုက်လိုက်သည်နှင့် ရှေးဟောင်းကောင်းကင်အဓိပတိမှာ ချက်ချင်းသူ့အားဖျက်ဆီးရန် ထွက်လာမည်ပင်ဖြစ်ပေ၏!

"အားလုံး၊ မကြောက်ကြနဲ့။ သတ်!"

လီကျင်း၏ လှုံ့ဆော်မှုအောက်တွင် အားလုံးမှာ ချက်ချင်းပင် သွေးများဆူပွက်လာကြသည်ကို ခံစားလိုက်ကြရ၏!

သူတော်စင်တစ်ဦးနောက်ခံနဲ့ ဘာကများကြောက်စရာရှိတော့မှာလဲ?

တစ်ခဏအတွင်းတွင် ကောင်းကင်၌ လျှပ်စီးကြောင်းလင်းလက်လာကာ မိုးကြိုးတစ်ခု ဟိန်းထွက်လာ၏။ မီတာသောင်းချီရှည်လျားသော လျှပ်စီးကြောင်းကြီးမှာ သစ်ကိုင်းခြောက်တစ်ခုလိုမျိုး ပေါက်ကွဲလာကာ ကောင်းကင်စစ်သည်တစ်သိန်းမှာလည်း ရွှေရောင်အောက်ကျွန်းထက်သို့ အလုအယက်ဆင်းသက်ကာ ဖိနှိပ်ထားကြတော့၏။

ကောင်းကင်စစ်သည်များ၏ အမြန်နှုန်းမှာ အင်မတန်မြန်လွန်းလှ၏။ အသက်ရှုကြိမ်တစ်ခါနှစ်ခါစာလေးတွင် ၎င်းတို့မှာ မီတာရာထောင်ချီအောင် ဖြတ်သန်းပြီးဖြစ်သည်။

၎င်းတို့မှာ အလင်းအလျင်ဖြင့် ချက်ချင်းနီးပါးရောက်ရှိသွားသည်။

သို့သော် ၎င်းတို့မှာ ရွှေရောင်အောက်ကျွန်းနယ်နိမိတ်အတွင်းသို့ ခြေလှမ်းဝင်လိုက်သည်နှင့် ကိုယ့်ကိုယ်ကို မတည်ငြိမ်နိုင်စေခင်မှာပင် သိပ်သည်းသော အလင်းက မြေပြင်မှ အရူးအမူးပျံထွက်လာကာ ကောင်းကင်ယံသို့ပြေးဝင်သွား၏။

ဘုန်း! ဘုန်း! ဘုန်း!

ထိုအလင်းများမှာ ကောင်းကင်စစ်သည်များအတွင်းတွင်ပေါက်ကွဲထွက်သွားကာ အော်သံများစွာ ထွက်လာစေ၏။

အလင်းတန်းတစ်ခုတိုင်းမှာ ‌စစ်မှန်သောကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အထွဋ်အထိပ်အဆင့်တစ်ဦး၏ ဆက်နွယ်မှုမူလရတနာနှင့် တိုက်ခိုက်မှုပင်ဖြစ်၏။

ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အထွဋ်အထိပ်အဆင့်သာလျှင် ထိုတိုက်ခိုက်မှုများကို ခုခံနိုင်ပေမည်။

ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ထိပ်ဆုံးအဆင့်များသည်ပင် ထိုသို့သော တိုက်ခိုက်မှုအဆင့်မျိုးအား အပြည့်အဝမခုခံနိုင်ပါချေ။ ဆက်နွယ်မှုဝိဉာဉ်ရတနာအထက်ရှိ ရတနာတစ်ခုခု၏ အထောက်အပံ့မပါလဲ ၎င်းတို့၏ခန္ဓာနှင့် အနှစ်သာရဝိဉာဉ်များမှာလည်း အင်မတန်ထိခိုက်သွားနိုင်သည်။

ပေါက်ကွဲမှုများမှာ တစ်ခုပြီးတစ်ခု‌ထွက်ပေါ်လာနေ၏။ ထိုစွမ်းအားကြီးအားမှာလည်းလောကတစ်ခွင်လုံးအား တုန်ယင်နေစေသည်။

ကောင်းကင်စစ်သည်တစ်သိန်းမှာလည်း ခုခံရန်အခွင့်ပင်မရ‌ပါချေ။ တိုက်ခိုက်မှုလှိုင်းတစ်ခုဖြင့် ၎င်းတို့၏လူအယောက်သောင်း‌ချီမှာ ချက်ချင်းအသတ်ခံလိုက်ကြရသည်ပင်!

ပြောရလျှင်၊ ထိုကောင်းကင်စစ်သည်များအားလုံးမှာ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များမဟုတ်ကြပါချေ။ ၎င်းတို့၏ အပိုင်းငယ်တစ်ခုစာကသာ ထိုကျင့်ကြံဆင့်ရှိကြခြင်းပင်။

"မပူကြပါနဲ့! မပူကြပါနဲ့! အစီအရင်ကို တည်မြဲအောင်လုပ်ကြပါ! အစီအရင်ကိုပဲတည်‌မြဲအောင်လုပ်ကြ!"

ဝမ်ကျုံးမှာ ကျယ်လောင်စွာဟစ်ကြွေးလိုက်သော်လည်း ၎င်း၏နံဘေးရှိ စစ်သည်များမှာ သူ၏အမိန့်များကို ထပ်မံမနာခံကြတော့ပါချေ။

အကြောင်းမှာ နှစ်ပေါင်းသောင်းချီကြာ ကျင့်ကြံခြင်းနောက်တွင် သူဟာ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်အထွဋ်အထိပ်အဆင့်ကို ရောက်ရှိခဲ့ခြင်းကြောင့်ပါပင်။ ထို့အပြင် လက်တွင်းရှိ ဆက်နွယ်မှုမူလရတနာနှင့်ဆိုလျှင် သူဟာ တစ်ခဏမျှတော့ တောင့်ခံနိုင်မှာပင်။

သို့သော် အခြားသူများမှာ သူမဟုတ်ပါချေ။ လူတိုင်းမှာ သေခြင်းအားကြောက်ရွံ့ကြပြီး မသေချင်ကြပါချေ။

ထိုအခိုက်တွင် မည်သူက သူ၏အမိန့်များကို ဂရုစိုက်နေကြဦးမည်နည်း?

မည်သူကမှ ထိုအစီအရင်ကို ဂရုမစိုက်ကြပါချေ။

သို့သော် ထိုအခိုက်တွင် ကောင်းကင်ရှိလီကျင်းမှာ တကယ်ပင် ဟစ်ကြွေးလိုက်ကာ,

"အတင့်ရဲလိုက်လေ! ဒီစစ်ပြေးတွေကတော့! ကောင်းကင်ဘုံခုံရုံးရဲ့အရာထမ်းတွေဖြစ်ပြီး ပျံပြေးရဲ‌တယ်ပေါ့လေ။ ကောင်းကင်ဘုံခုံရုံးက မင်းတို့ကို ‌ပျိုးထောင်ခဲ့တာ ဘာအသုံးဝင်လဲ? ပြန်သွားပြီ တိုက်ကြ! တိုက်ပွဲကထွက်ပြေးရဲတဲ့ဘယ်သူမဆို သေရမယ်!"

ထိုသို့ပြောလိုက်ရင်း ၎င်းက မလုံလောက်သလိုခံစားရသဖြင့် တည့်တိုးပင် တိုက်ခိုက်လိုက်သည်။

စစ်ပြေးများထဲမှတစ်ဦးမှာ တကယ်ကိုပင် သူ၏ရိုက်ချက်တစ်ခုတည်းဖြင့် အသတ်ခံလိုက်၏!

ထိုသည်က လူတိုင်းကို ဆက်တိုက်စေရန် တွန်းအားပေးလိုက်သည်။

ထိုတိုက်ပွဲမှာ အင်မတန်ပြင်းထန်လှကာ မည်သူကိုမှပင် အသက်ရှူရာနေရာလေးပင်မပေးပါချေ။ တိုက်ပွဲတွင်းရှိ ဝမ်ကျုံးမှာ တစ်စုံတရာကိုအာရုံခံမိသွားဟန်ပေါ်၏။ သူ၏အမူအရာမှာ ဆိုးရွားစွာပြောင်းလဲသွားလျက် ကောင်းကင်ယံသို့အော်ဟစ်လိုက်သည်။

"လီကျင်း! ခင်ဗျားဘာလို့ ပြန်မဆုတ်သေးတာလဲ? မြန်မြန် အားလုံးကိုပြန်ဆုတ်ခိုင်းလိုက်တော့!"

နီကျားမှာ နှာမှုတ်လိုက်၏။

"ဝမ်ကျုံး၊ မင်းကိုယ်မင်းဘာထင်နေလဲ? မင်းက တကယ်ကြီး ငါ့အဖေကို ဘာလုပ်ရမလဲကို သင်ပြရဲတယ်ပေါ့လေ? ကျောက်စိမ်းဧကရာဇ်ရဲ့အမိန့်တွေက ရွှေရောင်အောက်ကျွန်းကို ဆွဲချဖို့ပဲ။ ခင်ဗျားမှာ အစွမ်းရှိရင် ကျောက်စိမ်းဧကရာဇ်ဆီသွားပြီး အကြောင်းပြချက်ပေးလိုက်လေ။ ဒီမှာဘာလုပ်နေတာလဲ?"

"မင်း!"

ဝမ်ကျုံးမှာ ဒေါသတကြီးမာန်မဲလုဆဲဆဲတွင် ကျဲကျောင်းတော်သားတစ်ဦး၏ ပုံရိပ်မှာ သူ၏အမြင်သို့ ခဏချင်းဝင်ရောက်လာ၏။

ထိုသည်မှာ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အထွဋ်အထိပ်အဆင့်တစ်ဦးလည်းဖြစ်ပေ၏။

"အတင့်ရဲလိုက်တာ! မင်းက ရွှေရောင်အောက်ကျွန်းကိုလာပြီးတာတောင်မှ ဒူး‌မထောက်ဘူးပေါ့လေ။ မင်းမှာ ဒီလိုလုပ်ဖို့ထိ အရှက်ရောရှိသေးရဲ့လား? ငါတို့ကျဲကျောင်းတော်မှာနှစ်ထောင်ချီကြာ ပညာပေးခဲ့တာရဲ့ ကြင်နာမှုကို မေ့သွားပြီလား? အရင်က ငါတို့ကျဲကျောင်းတော်ရဲ့ စေ့စေ့စပ်စပ်‌ပျိုးထောင်ပေးခဲ့မှုကြောင့်သာမဟုတ်ရင် မင်းဒီ‌နေ့ဒီနေရာမှာဘယ်လိုလုပ်ရှိနိုင်မှာလဲ? အခု၊ မင်းက ကျဲကျောင်းတော်ရဲ့ရင်ဆိုင်ဖို့ ကောင်းကင်ဘုံခုံရုံးက စစ်သည်အများကြီးကိုတောင် ခေါ်လာခဲ့တယ်ပေါ့လေ။ မင်းရဲ့ကျေးဇူးသိစိတ်ကို ခွေးတွေစားသွားပြီလား?"

ဝမ်ကျုံး တစ်ဖက်လူကိုမြင်ချိန်တွင် သူဟာအင်မတန် နေရခက်သွား၏။ သို့သော် တစ်ခဏအကြာ၌ တစ်ဖက်လူမှာ စတင်တိုက်ခိုက်လိုက်တော့သည်။

မည်သည့် လှုပ်ရှားမှုမှ ထပ်မထည့်ဘဲ တစ်ဖက်လူမှာ ချက်ချင်းရိုက်ထုတ်ပစ်လိုက်၏။

ဘုန်း!

ထို‌အားကောင်းလှသော ရိုက်ချက်မှာ သူ့အား အညှာအတာမဲ့စွာ လွင့်ထွက်သွားစေကာ သူ၏ကိုယ်တွင်းရှိ ချီငါးပါးကိုပင် ကမောက်ကမဖြစ်သွားစေ၏!

ဖူးးး!

လေထဲတွင် ဝမ်ကျုံးမှာ သွေးတစ်လုပ်အန်လိုက်ကာ မျက်လုံးများမို့ဖောင်းလျက် မျက်နှာတွင် မယုံနိုင်မှုများဖြင့်ပြည့်နေ၏။

ကျဲကျောင်းတော်သားတွေက တကယ်ကြီးစွမ်းအားကြီးတာလား?

ယခင်က တပည့်များစွာရှိခြင်းကြောင့် ၎င်းတို့၏ စွမ်းအားမှာ မညီမျှဘဲ အဆက်မပြတ်ပြိုလဲမှုများကိုသာဖြစ်စေခဲ့သည်ဟု သိရသည်။

ယခုတွင် ၎င်းတို့မှာ ကျောင်းအုပ်ထုံးထျန်းလည်းမရှိတော့ဘဲ ယခုမှ အဆင့်တက်ခဲ့သည့် လုရှောင်ယန်သာရှိတော့သည်။ သူ့ထံတွင် ထုံးထျန်းအားကျော်လွန်နိုင်စွမ်းရှိလျှင်တောင် ထိုအဆင့်ထိတော့ ရောက်ရှိရန်မဖြစ်နိုင်ပါချေ။

ထို့အပြင် ရွှေရောင်အောက်ကျွန်းရှိ ကျဲကျောင်းတော်‌သားများမှာ အသတ်ခံခဲ့ရကာ ယခင်ပါရမီရှင်များမှာလည်း ထွက်ခွာခဲ့ကြသည်ပင်။ ကျန်ရှိနေသူများမှာလည်း အမှိုက်များသာဖြစ်သည်။ ၎င်းတို့မှာ လုံးဝကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင် ပြည့်စုံအဆင့်ထိ ရောက်ရန်ပင် အရည်အချင်းမမီကြပေ!

သို့ရာ၌ သူမထိတ်လန့်နိုင်ခင်တွင် ဆက်နွယ်မှုမူလရတနာနှင့် အခြားကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ပြည့်စုံအဆင့်တစ်ဦးမှာ သူ့အား တိုက်ခိုက်လာ၏!

ထို့အပြင် ပို၍ မယုံကြည်နိုင်ဖွယ်ကောင်းသည်မှာ ထိုသူမှာ ကျဲကျောင်းတော်သားတစ်ဦးဖြစ်သည်!

"ဝမ်ကျုံး၊ သေလိုက်!"

ဝမ်ကျုံး၏အမူအရာမှာ ဆိုးဆိုးရွားရွားပြောင်းလဲသွားကာ အော်ဟစ်အကူအညီတောင်းလိုက်တော့၏။

"ကောင်းကင်ဘုရင်လီ၊ ကျုပ်ကိုကယ်ပါဦး!"

ကံမကောင်းစွာဖြင့် ထိုအခိုက်တွင် လီကျင်းမှာ သူ့အားကယ်ဆယ်လိုသည့် ရည်ရွယ်ချက်လုံးဝမရှိပါချေ။ သူဟာ လေထုထဲတွင်သာ ရပ်တန့်နေလျက် ထိုမြင်ကွင်းအား အေးစက်စက်ကြည့်နေကာ မျက်လုံးများတွင်လည်း ခံစားချက်များမှာ ဗလာကျင်းနေ၏။

ထိုအခိုက်တွင် ဝမ်ကျုံးမှာ လုံးဝဒေါသထွက်သွား၏။

"လီကျင်း၊ မင်းခွေးကောင်! မင်းတကယ်ကြီး ကောင်းကင်ဘုံခုံရုံးကိုသစ္စာဖောက်ပြီး လုရှောင်ယန်နဲ့ ပူးပေါင်းတယ်ပေါ့လေ? မင်း သစ္စာဖောက်!"

လီကျင်းမှာ ‌အေးစက်စက်ပြုံးလျက် လုံးဝဂရုမစိုက်ပါချေ။

"မင်းမှာ ငါ့ကိုသစ္စာဖောက်လို့ခေါ်ဖို့ အရှက်ရှိသေးတယ်ပေါ့လေ? မင်းကမှ အရင်က ကျဲကျောင်းတော်ရဲ့ တပည့်တစ်ဦးလေ။"

"ဒါပေမယ့်မင်းက အခု ကောင်းကင်ဘုံခုံရုံးလျှပ်စီးနယ်မြေရဲ့ ပင်မနတ်ဘုရားဖြစ်နေပြီ! ဒါ့အပြင် မင်းက ရွှေရောင်အောက်ကျွန်းကိုတောင် တိုက်ခိုက်နေသေးတယ်!"

"မင်း!"

ဝမ်ကျုံးမှာအော်ဟစ်လိုက်သည်။ ခဏအကြာ၌ အလင်းအချို့မှာ သူ၏ကိုယ်တွင်းသို့ ထိုးခွင်းသွားကာ ခွန်အားအလုံးစုံကို တမုဟုတ်ချင်းလွှင့်ထုတ်လိုက်၏။ ဝမ်ကျုံးမှာ နေရာပင် လဲကျ‌သွားတော့သည်!

သူမသေခင်တွင် ရွှေရောင်အောက်ကျွန်း၏ မြင်ကွင်းကိုသာကြည့်လိုက်နိုင်၏။ ထို့နောက် သူဟာ မျက်လုံးများကို ဖြေးဖြေးချင်းပိတ်လိုက်၏။

ထိုနေရာ၌ ဝမ်ကျုံးကဲ့သို့ ပညာရှင်များစွာရှိနေသော်လည်း ၎င်းတို့တစ်ခုချင်းစီအား ရွှေရောင်အောက်ကျွန်း၏ ‌ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များက ဝိုင်းထားကြ၏။ မည်သူမှ မလွတ်မြောက်ကြချေ!

ကောင်းကင်စစ်သည်တစ်သိန်းမှာ ၂မိနစ်ပင်မကြာဘဲ အားလုံးအသတ်ခံလိုက်ရ၏။

၎င်းတို့အကြားတွင် ကျူးယောင်ရှင်း၊ ဝူချွီရှင်းနှင့် မဟာစိတ်ဝိဉာဉ်နတ်ဘုရား၊ ကောင်းကင်ဘုရင်လေးပါးတို့လည်း ပါဝင်သည်။

လီကျင်းနှင့် သူ၏သားမှာ တောင်ဝင်ရိုးစွန်း အမတရသေ့လိုမျိုး ပညာရှင်များအား မလှည့်ဖျားပါချေ။ သို့သော်လည်း ထိုလူများမှာလည်း သာမန်မဟုတ်ချေ။

သို့ရာ၌ ၎င်းတို့မှာ ရွှေရောင်အောက်ကျွန်းပညာရှင်များ၏တိုက်ခိုက်မှုအား ခုခံနိုင်ခြင်းမရှိဘဲ မည်သည်မှ မကျန်တော့သည်အထိ အရိုက်ခံလိုက်ကြရသည်။

ကောင်းကင်စစ်သည်တစ်သိန်းအသတ်ခံလိုက်ရပြီးနောက်တွင် လီကျင်းမှာ အောက်ဘက်ရှိ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်သုံးထောင်အားကြည့်လျက် အေးစက်စက်ပြုံးလိုက်၏။

"အားလုံးပဲ၊ ကျုပ်အရင်သွားလိုက်မယ်၊ ကျုပ်တို့ကောင်းကင်ဘုံခုံရုံးမှာ ဆုံကြတာပေါ့!"

စကားဆုံးသည်နှင့် သူ၏ပခုံးထက်ရှိ သွေးရောင်အရှုပ်ထုပ်ကို တောက်ချပစ်လိုက်၏။ ထို့နောက် သူဟာ ကောင်းကင်ဘုံခုံရုံးရှိရာဘက်သို့ နေရာပြန်လည်ပြောင်းရွှေ့လိုက်သည်။

ရွှေရောင်အောက်ကျွန်း၏ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အထွဋ်အထိပ်အဆင့် ၃၀၀၀မှာ နောက်မှ နီးကပ်စွာ လိုက်ပါလာကြ၏။

ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်၃၀၀‌၀နောက်တွင် ပုံရိပ်သုံးခုလိုက်ပါလာ၏။

၎င်းတို့မှာ ဖုန်းထျန်းယွမ်၊ စုလင်းဝူနှင့် ကျူးကောကျီချုံတို့ဖြစ်ကြ၏။

ထိုသုံးဦးမှာ ကောင်းကင်ဘုံခုံရုံးအား ချောချောမွေ့မွေ့အဆုံးသတ်ကာ ထိုအမည်မဲ့ဂိုဏ်းသားများ၏ လုံခြုံမှုကို သေချာ‌စေချင်ကြ‌သည်။

တစ်ချိန်တည်းတွင် ... ၎င်းတို့က ဟောက်ထျန်းနှင့်လည်း ရင်ဆိုင်ချင်ကြ၏။

လူတိုင်းရဲ့အမြန်နှုန်းမှာ အင်မတန်မြန်လွန်းလှကာ ၎င်းတို့၏ဖိအားမှာလည်း ပို၍ပင် ဖိနှိပ်နိုင်ကြ၏။ ၎င်းတို့မှာ ကောင်းကင်စစ်သည်များအား သာ၍ကျော်လွန်နေ၏။

မြေ‌ပြင်ရှိ ရှေးဟောင်းသက်ရှိများမှာ နေရာ၌ပင် ကူရာမဲ့ကြောက်ရွံ့စွာ ရပ်နေကြကာ အသက်ပင်ရဲရဲမရှူဝံ့ကြချေ။

"မိုးနတ်မင်းကြီး၊ ဒီအရှိန်အဝါက အားကောင်းလှချည်လား။ ဒါက ကောင်းကင်ဘုံခုံရုံးကနေ ရောက်ကာစ နတ်စစ်သည်တစ်သိန်းထက်တောင် အားကောင်းနေသေးတယ်!"

"အမှန်ပဲ! ငါ နှစ်သောင်းချီကြာအသက်ရှင်နေထိုင်လာခဲ့ပြီး ဒီလိုစွမ်းအားကြီး အဖွဲ့မျိုးကို ဘဝမှာ မမြင်ခဲ့ဖူးဘူး။ ဒါက ရွှေရောင်အောက်ကျွန်းရဲ့ စွမ်းအားအစစ်မှန်များလား? ရွှေရောင်အောက်ကျွန်းက တစ်ဂိုဏ်းတည်းနဲ့ ‌ရန်ကျောင်းတော်၊ ချန်ကျောင်းတော်နဲ့ ဗုဒ္ဓဂိုဏ်းတပည့်တွေ အများကြီးကို တစ်ထိုင်တည်းသတ်နိုင်တာ မဆန်းတော့ဘူး။"

"အဲ့ဒီ နတ်စစ်သည်တစ်သိန်းလည်း ဒီတစ်ခေါက်အသတ်ခံလိုက်ရပုံပဲ၊ ဟုတ်တယ်မဟုတ်လား? ဒါက တကယ်ကြောက်စရာပဲ။ ဘယ်လောက်ကြာသေးလို့လဲ? ငါးမိနစ်တောင်မကြာသေးဘူးလေ။"

"အခု ရွှေရောင်အောက်ကျွန်းက ကောင်းကင်ဘုံခုံရုံးကို သွားတိုက်တော့မှာ‌ဆိုတော့ ကောင်းကင်ဘုံခုံရုံးမှာ ခေါင်းကိုက်စရာလေးရှိလာပြီပဲ။"

***

All Chapters