← Chapters

အခန်း (၄၅၁-၄၅၅)

Vol. 31 Ch. 451-455

အခန်း (၄၅၁-၄၅၅)

Vol. 31 Ch. 451-455

အပိုင်း ၄၅၁ ဂုဏ်ထူးဆောင်များ

စွန်းဝူခုံး၏ နတ်ဆိုးခန္ဓာနောက်တွင် ကျောက်တုံးလမ်းမထက်၌ ချုပ်နှောင်ခံထားရသော ခေါင်းသုံးလုံး လက်ခြောက်ဖက်ပုံရိပ်တစ်ခုရှိနေပေသည်။ ထိုပုံရိပ်ခန္ဓာထက်ရှိ နတ်ဆိုးရောင်ဝါမှလွဲလျှင် အခြားအစိတ်အပိုင်းများမှာ နီကျား၏အမတခန္ဓာ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်ကျင့်စဉ်ခန္ဓာနှင့် အတိအကျကိုပင် တစ်ထပ်တည်းကျနေပါသည်။

"ဒါ... ဒါက... ငါ့ရဲ့နတ်ဆိုးခန္ဓာလား?'

နီကျားမှာ သူ၏မျက်လုံးများကိုပင်သူမယုံနိုင်ချေ။

ဒါကဟာသလား?

သူ၏နတ်ဆိုးခန္ဓာမှာ တကယ်ကိုပင် ရေလွှမ်းလှိုဏ်ဂူထဲ၌ အကျဉ်းချခံထားရ၏!

ဘာကြောင့်လဲ?

ဘာလို့ သူတို့တွေက သူ့ရဲ့နတ်ဆိုးခန္ဓာကိုလည်းအကျဉ်းချထားရတာလဲ?

ဖုန်းထျန်းယွမ်မှာ တစ်ဖက်လူထံအကြည့်လွှဲလိုက်သည်။

"ဒါကအရမ်းကို မယုံကြည်နိုင်စရာပဲလို့မထင်ဘူးလား? မင်းက အရှေ့ပင်လယ်ရဲ့ငြိမ်းချမ်းရေးကို နှောင့်ယှက်ခဲ့တာ မေ့မထားနဲ့ဦး။ မင်း နဂါးမင်းသားကို အရေနွှာ၊ အရွတ်တွေကိုဆွဲထုတ်ပြီး မရေတွက်နိုင်တဲ့ ကပ်ဘေးတွေကိုဖြစ်စေခဲ့တယ်။"

"ဒါ့အပြင် မင်း ယန်ကျီအန်းကို ကောင်းကင်ဘုံခုံရုံးနဲ့တိုက်ခိုက်ဖို့ အကူညီတောင်းခဲ့သေးတယ်လေ။ ငါကောင်းကင်ဘုံခုံရုံးကို တိုက်ခိုက်ချိန်မှာ မင်းလည်းအတူတူပဲလေ။ မင်းကို ကောင်းကင်ဘုံခုံရုံးရဲ့ လူလိမ်နံပါတ်တစ်လို့တောင် သတ်မှတ်‌လို့ရနေပြီ။ ဟောက်ထျန်းကသာ မင်းကိုပြဿနာလာမရှာရင် တော်တော်ထူးဆန်းနေပြီ။"

"ဒါပေမယ့်! ဒါပေမယ့် ငါမင်းကို ကူညီခဲ့တာက မင်းကလမ်းကြောင်းမှန်ပေါ်မှာရှိပြီး ကောင်းကင်ဘုံခုံရုံးက နှလုံးသားမဲ့လို့လေ..."

"ဒီတော့? မင်း ဟောက်ထျန်းကိုပုန်ကန်ခဲ့တာကြောင့် မင်းကိုပြဿနာရှာဖို့က သဘာဝပါပဲ။"

"ဒါကြောင့် သူကမင်းရဲ့နတ်ဆိုးခန္ဓာကိုထုတ်နုတ်ပြီး ဘဝအမှတ်အသားကို ဒီရေလွှမ်းလှိုဏ်ဂူထဲမှာ လာချိတ်ပိတ်ထားတာပဲ။"

"ဒီလိုဆိုရင် မင်းသေမှာမဟုတ်ဘူး။ ဒါပေမယ့် မင်းက ဆန့်ကျင်မယ့်အတွေးတွေ ရှိနိုင်မှာလည်းမဟုတ်ဘူး။"

"မင်းရဲ့ဘဝပန်းတိုင်က ကောင်းကင်ဘုံခုံရုံးကိုသစ္စာစောင့်ထိန်းပြီး အလုပ်လုပ်ပေးဖို့ပဲလေ။"

"ကျောက်စိမ်းဧကရာဇ်က မင်းအဖေ၊ မင်းညီအစ်ကိုတွေကိုသတ်ဖို့ တောင်းဆိုရင်တောင်၊ ကိုယ့်ကိုယ်ကိုယ်သတ်သေခိုင်းရင်တောင် မင်းငြင်းဆန်မှာမဟုတ်ဘူး!"

နီကျားမှာ ခြေနှစ်လှမ်း‌ပြန်ဆုတ်လိုက်ကာ မျက်နှာမှာလည်း အင်မတန်ဖျော့တော့လာ၏။

ဖုန်းထျန်းယွမ်မှာ မှန်ပါသည်။ နီကျားမှာလည်း သူထံ၌ ဖခင်နှင့် ညီအစ်ကိုတို့အပေါ် ခံစားချက်များရှိပါလျှင်တောင် သူ၏ကောင်းကင်ဘုံခုံရုံးအပေါ် သိတတ်မှုကိုသာ ဦးစားပေးဖြစ်မည်ကို မိမိကိုယ်ကိုယ်ကောင်းစွာသိသည်ပင်!

၎င်းမှာ သူဟာ ကောင်းကင်မှ ပျိုးထောင်ပေးခံခဲ့ရသည့် ခွေးတစ်ကောင်လိုပါပင်။

ထိုအခိုက်တွင် သူဟာ သူ၏နတ်ဆိုးခန္ဓာနှင့် ထပ်မံပေါင်းစပ်ရန် အတန်ငယ်ခုခံနေမိသည်အထိပင်!

သူဟာ ယခုတွင် ဟောက်ထျန်းလက်တွင်းမှ ရုပ်သေးမျှသာဖြစ်၏။ သူဟာ ဟောက်ထျန်းတောင်းဆိုသမျှကို လုပ်ဆောင်ပေးရတော့မည်ပင်။

သို့သော် ထိုအခိုက်၌ သူသိလိုက်သည်မှာ သူဟာ ခြေလှမ်းတစ်ဝက်ကိုမျှပင်ပြန်မဆုတ်နိုင်ပါချေ!

၎င်းမှာ သူသာပြန်ဆုတ်လိုက်ပါလျှင် သူ၏နတ်ဆိုးခန္ဓာအား ဘယ်သောအခါမှ ထပ်မံပေါင်းစပ်ရန်ရွေးချယ်နိုင်တော့မည် မဟုတ်သောကြောင့်ပင်။ သူဟာ ကျောက်စိမ်းဧကရာဇ်၏ခိုင်းဖက်လေး သေချာပေါက်ဖြစ်လာတော့၏။

ထိုအခိုက်တွင် သူ၏ဖခင်ဟာ အဘယ့်ကြောင့် ကျန်းကျီယာ၏ တပ်သားများနှင့် ပူးပေါင်းခဲ့သည်ကိုနားလည်သွားသည်။

ကျန်းကျီယာထံတွင် သူ၏နတ်ဆိုးခန္ဓာအား ပြန်လည်ပေါင်းစပ်ရန် နည်းလမ်းရှိရမည်။ ၎င်းမှာ သူ၏ဖခင်က တစ်ဖက်လူနှင့် အလောင်းအစားလုပ်ရန် ရွေးချယ်လိုက်ရ‌ခြင်းအကြောင်းပင်။

မဟုတ်ပါက သူ့ဖခင်၏စရိုက်နှင့်ဆိုလျှင် ကျန်းကျီယာနှင့် ပူးပေါင်းမည်မဟုတ်ဘဲ တစ်ဖက်လူအား သေမျိုးလောကသို့ ဆင်းသက်ရန်သာကူညီပေလိမ့်မည်ပင်။

သို့ရာ၌... သူဟာ နတ်ဆိုးခန္ဓာအားယခုပြန်ယူပါလျှင် ဟောက်ထျန်း ရှာ‌တွေ့သွားလိမ့်မလား?

နီကျားမှာ လက်သီးများကို တင်းတင်းဆုပ်လိုက်သည်။ သူဟာ အားများစွာကိုအသုံးပြုထားခဲ့‌ခြင်းကြောင့် လက်သည်းများသည်ပင် လက်ဝါးထဲသို့ ဖောက်ဝင်နေတော့၏။

"မျောက်! မင်းမှာ ငါ့ရဲ့နတ်ဆိုးခန္ဓာကို ဟောက်ထျန်းမသိစေဘဲ ပြန်ရစေနိုင်တဲ့ နည်းလမ်းများမရှိဘူးလား?"

ဖုန်းထျန်းယွမ်မှာ ခေါင်းငြိမ့်လိုက်သည်။

"ဒါပေါ့။ ဘာကျွမ်းကျင်မှုမှ မရှိဘဲနဲ့၊ မင်းမပြောနဲ့ ငါတောင်မလာရဲဘူး။"

စကားဆုံးသည်နှင့် သူဟာလက်ကိုထုတ်ကာ ရွှေရောင်အလင်းနှစ်ခုမှာ သူ၏ရွှေရောင်ခန္ဓာနှင့် နီကျား၏နတ်ဆိုးခန္ဓာအတွင်းသို့ တမုဟုတ်ချင်းဝင်ရောက်သွားသည်။

၎င်းတို့၏နတ်ဆိုးခန္ဓာများမှာ တမုဟုတ်ချင်း အချုပ်အနှောင်များမှာ လွတ်မြောက်ကာ ၎င်းတို့၏ကိုယ်တွင်းသို့ဝင်ရောက်သွား၏။

တစ်ခဏအတွင်းတွင် အလင်းမှာ ရေလွှမ်းလှိုဏ်ဂူအတွင်းတွင် လင်းလက်လာပြီး အားကောင်းလှသောငါးရောင်ခြယ်အလင်းမှာ အရူးအမူးတိုးထွက်လာခဲ့၏။

သို့သော် ထိုအခိုက်တွင် ဖုန်းထျန်းယွမ်မှာ လက်အားဝေ့ယမ်းလျက် အလင်းများအား ၎င်းတို့၏ကိုယ်တွင်းသို့ တွန်းပို့ကာ အရာအားလုံးကို တည်ငြိမ်စေလိုက်သည်။

ထို့နောက်တွင် ဖုန်းထျန်းယွမ်မှာ လက်ကိုမြှောက်လျက် အလင်းနှစ်ခုအားပစ်လွှတ်လိုက်၏။ ၎င်းတို့မှာ ၎င်းတို့၏နတ်ဆိုးကိုယ်များအဖြစ်ထပ်မံပြောင်းလဲသွားကာ ကျောက်တုံးလမ်းမထက်၌ အကျဉ်းချထားလိုက်သည်။

နီကျား၏နှုတ်ခမ်းထောင့်များ အတန်ငယ်ကွေးတက်သွားကာ ရက်စက်သော အရှိန်အဝါက သူ၏မူလဖြောင့်မတ်သောမျက်နှာထက်တွင် ပြန်လည်ပေါ်ထွက်လာသည်။

"‌အဘိုးကြီးဟောက်ထျန်း၊ ဒါကိုမမျှော်လင့်ထားဘူးမဟုတ်လား? ကျုပ်ပြန်လာပြီနော်"

ဖုန်းထျန်းယွမ်မှာ တစ်ဖက်လူထံ အကြည့်လွှဲလိုက်၏။

"အရမ်းမလွန်စေနဲ့။ မင်းအခုမှ နတ်ဆိုးခန္ဓာကိုရထားပြီး မင်းရဲ့မောက်မာတတ်တဲ့စရိုက်က ပေါ်လာပြန်ပြီ။ မင်းသာ လက်ရှိကျင့်ကြံဆင့်လေးနဲ့ ဟောက်ထျန်းကို ပြဿနာသွားရှာရင် မိနစ်ပိုင်းအတွင်းမှာပဲ အသားတုံးတွေဖြစ်သွားမယ်။"

နီကျားမှာ ခေါင်းငြိမ့်ကာ မျက်နှာထက်ရှိ ဆိုးရွားသော အမူအရာကို လေးနက်ဟန်‌ဖြင့်ပြောင်းလဲလိုက်၏။

"မင်းမှန်ပါတယ်။ ဒီခွေးအိုကြီးဟောက်ထျန်းကသာ ငါ့အဖေကို မဖမ်းထားခဲ့ရင် ငါသူ့ကိုအရမ်းယဉ်ကျေးပြနေမှာမဟုတ်ဘူး။ ငါသူ့ကို အနိုင်မယူနိုင်ရင်တောင် ကောင်းကင်ဘုံခုံရုံးမှာတော့ ပြဿနာဖြစ်အောင်လုပ်နိုင်သေးတယ်။"

"ဒါပေမယ့်၊ ပြောရရင် ခွေးအိုကြီးဟောက်ထျန်း ငါတို့ နတ်ဆိုးကိုယ်ကိုချုပ်ထားခဲ့တဲ့သံကြိုးတွေအားလုံးကို ဥက္ခာခဲသံကနေ လုပ်ထားတာပဲ။ ပြီးတော့ သူ့ရဲ့ကျင့်ကြံဆင့်က ဒါတွေနဲ့ ချိတ်ဆက်နေတယ်။ သာမန်ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်တွေအတွက် ဒီသံကြိုးတွေကို ချိုးဖြတ်ဖို့မဖြစ်နိုင်ဘူး။ မင်းဘယ်လိုလုပ်လိုက်တာလဲ?"

ဖုန်းထျန်းယွမ်မှာ ပြံးလိုက်သည်။

"ငါက ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်မဟုတ်တော့ဘူးလေ။"

ဘုန်း!

နီကျားစိတ်ထဲတွင် ‌ဗုံးကြီးတစ်လုံးပေါက်ကွဲသွားသလိုပင် စိတ်တစ်ခုလုံး အသံမြည်နေ၏။

ဖုန်းထျန်းယွမ်ဟာ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်မဟုတ်ပါလျှင် သူတော်စင်ဟုဆိုလိုနေသည်လား?

ဟာသပဲ!

ယခင်က သူဟာ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်သာဖြစ်ပြီး နှစ်သောင်းချီကြာ ပြန်လည်ဝင်စားနေခဲ့သည်။ ယခုတွင် သူဟာကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်ကိုဖြတ်လျက် သူတော်စင်အဆင့်သို့ရောက်လာပြီဖြစ်၏!

သူဘယ်လိုများ အတိအကျ ကျင့်ကြံခဲ့တာလဲ?

ထို့အပြင် သူဟာ သူတော်စင်အဆင့်ထိရောက်အောင်ပင်ကျင့်ကြံနိုင်ပါလျှင်အဘယ့်ကြောင့် သုံးလောကတစ်ခုလုံး၌ သတင်းစာမ‌ဖြန့်ဝေကြသနည်း။

အနည်းဆုံး သူဟာ ဘိုးဘေးဟုန်ကျွင်းနှင့် အခြားသူတော်စင်များထံမှ လုံးဝမဖုံးကွယ်နိုင်ပါချေ။

ဖုန်းထျန်းယွမ်သာ တကယ်ကြီး သူတော်စင်ဖြစ်လာပါလျှင် သူဟာ ၎င်းအား မည်သူမှမသိဘဲ ထိုသို့ပြုနေရသနည်း?

‌သူ၏ရှုပ်ထွေးနေမှုအား အာရုံခံမိဟန်ဖြင့် ဖုန်းထျန်းယွမ်မှာ ထပ်မံရှင်းပြလိုက်၏။

"မင်း ရှုပ်သွားပြီထင်တယ်။ ငါကသူတော်စင်မဟုတ်ဘူး။ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ပါ။"

"ဘာပြောလိုက်တယ်?"

နီကျားမှာ ထပ်မံအော်ဟစ်လိုက်သည်။ ဒီတစ်ခေါက်တွင် သူဟာ သေချာပေါက်ရှုပ်ထွေးသွားတော့၏။

ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ပင်!

၎င်းမှာ သူတော်စင်ထက်ပင်ရှားပါးကာ အဖိုးတန်လှသည့် ဖြစ်တည်မှုဖြစ်၏!

ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များနှင့် သူတော်စင်များမှာ အဆင့်တူကြသည်က မှန်လေ၏။

သို့သော် ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များအား ကောင်းကင်တာအိုကမထိန်းချုပ်ထားဘဲ သုံးလောကအား မမှီ‌ခိုသောဖြစ်တည်မှုများဟုဆိုနိုင်သည်။

သူဟာ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင် ဖြစ်လာသည်နှင့် သူဟာ ဟုန်ကျွင်းအားယှဉ်နိုင်တော့မည့်ဟန်ပါပင်!

အခွင့်အရေးမှာ အင်မတန်နည်းပါးလှသော်လည်း သူတော်စင်ဖြစ်လာခြင်းအား မည်သည်ကမျှ မယှဉ်နိုင်ပါချေ။

"ဘယ်... ဘယ်လိုလုပ်လိုက်တာလဲ?"

ထိုအခိုက်၌ နီကျားထံတွင် နတ်ဆိုးခန္ဓာရှိကာ မာနကြီးသည့်စရိုက်ပြန်ဖြစ်သွားပါသော်လည်း သူဟာ မနေနိုင်ဘဲ တံတွေးမြိုချလိုက်ပြီး ဖုန်းထျန်ယွမ်အား ရိုးသားနှိမ့်ချကာ ပြောလိုက်သည်။

မတတ်နိုင်ပါချေ။ အခက်အခဲများစွာရင်ဆိုင်ပြီးနောက်တွင် သူဟာ ဘယ်လောက်မာနကြီးကြီး ပိုမိုသန်မာလာခြင်း၏ အဓိကအချက်ကိုသိလေသည်။

ဖုန်းထျန်းယွမ်မှာ အင်မတန်စွမ်းအားကြီးလာသည်။ သူဟာ သူ၏ကံကြမ္မာကို ထိန်းချုပ်နိုင်၏ခြင်းနှင့်ပင် ညီမျှ၏။

ဖုန်းထျန်းယွမ်မှာ သူ့အား ရှေးဟောင်းသဏ္ဍာန်မဲ့ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဖြစ် သင်ကြားပေးနိုင်ပါလျှင် သူ၏ခါးများကုန်းသွားလျှင်ရော ဘာအရေးနည်း?

လူတစ်ယောက်၏ကိုယ်ပိုင်ကံကြမ္မာကို ထိန်းချုပ်ရန် မကောင်းနေပေဘူးလား?

အကျိုးအမြတ်များကိုတွေးကြည့်ပြီး နီကျားမှာ မိမိကိုယ်ကိုယ်ယုံကြည်မှုအား ဂရုစိုက်နေခြင်းအကြောင်းရပ်တန့်လိုက်တော့သည်။

ဖုန်းထျန်းယွမ်၏နှုတ်ခမ်းထောင့်များမှာ အတန်ငယ်ကွေးတက်လာ၏။

"မင်းတကယ်ပဲ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင် ဖြစ်လာချင်တာလား?"

နီကျားမှာ ချက်ချင်းပင် အလျင်စလိုခေါင်းငြိမ့်လိုက်သည်။

"ကောင်းပြီလေ! ဒါဆိုငါနဲ့တစ်နေရာသွားကြမယ်!"

နီကျားမှာ တစ်ခဏမျှတုံ့ဆိုင်းနေပြီးမှ ခေါင်းငြိမ့်လိုက်တော့၏။

"ကောင်းပြီလေ! ဒါပေမယ့် ငါအကြာကြီးသွားလို့မရဘူး။ ငါပြန်ရောက်တာနောက်ကျရင် ကျောက်စိမ်းဧကရာဇ်က သံသယဖြစ်လိမ့်မယ်။ ငါ့အဖေက ကောင်းကင်အကျဉ်းထောင်မှာပဲရှိသေးတာ။"

"မပူပါနဲ့၊ မကြာပါဘူး။ သွားကြစို့"

ဖုန်းထျန်းယွမ်မှာ သူ၏ပုခုံးများအား ချက်ချင်းဖက်လိုက်ပြီး ဟွာကိုးတောင်မှ နေရာရွှေ့ပြောင်းလိုက်၏။

ထိုက်ယိရွှေရောင်အမတအရှင်အဆင့်ကောင်းကင်တပ်သားများမှာ အစမှအဆုံးထိ မည်သည်ကိုမှအာရုံမခံမိလိုက်ဘဲ မည်သည်မှမဖြစ်သွားသလိုပါပင်။

တစ်ဖက်တွင် လုရှောင်ယန်၏ကမ္ဘာငယ်ထဲ၌ ပုံရိပ်အချို့မှာ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်သို့ တက်လှမ်းသွားကြပြန်သည်!

ပထမမျိုးဆက်တပည့်အားလုံးမှာ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်သို့ ရောက်ရှိသွားကြပြီဖြစ်၏။

လီချန်းရှန်နှင့် စုန့်ရှင်းနျန် နှစ်ဦးစလုံးမှာ နတ်လက်နက်များ၏ ပြန်လည်ဝင်စားသူများဖြစ်ကြကာ ပါရမီထူးကြသည်။ ၎င်းတို့အတွက် အဆင့်တက်ရန် သဘာဝကျကျပင် မခက်ခဲပါချေ။

ကျူးကောကျီချုံနှင့် စုလင်းဝူတို့၏အမှတ်အသားများမှာ ၎င်းတို့ကိုယ်နှင့် ပေါင်းစပ်သွားကြသောကြောင့် ၎င်းတို့၏ကျင့်ကြံဆင့်မှာလည်း တဟုန်ထိုးတိုးတက်လာတော့၏။

ကျွင့်ပုကျန်းနှင့် ကျန်းထိုက်ရွှမ်တို့တွင် ယခင်နတ်ဘုရားလောက,က ခိုင်မြဲသော အခြေခံအုတ်မြစ်ရှိထားခဲ့၏။ တစ်လျှောက်လုံး ၎င်းတို့၏ကျင့်ကြံနှုန်းမှာ အခြားသော ဆရာတူအစ်ကိုများကိုပင် များစွာကျော်လွန်နေပါ၏။

၎င်းတို့မျှပင်မကချေ။ ကျဲကျောင်းတော်၏ လော့ယန်နှင့် အခြားကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များသည်လည်း ရှေးဟောင်းသဏ္ဍာန်မဲါကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်သို့ တက်လှမ်းပြီးကြပြီပင်။

လက်ရှိတွင် လုရှောင်ယန်ထံ၌ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင် တစ်ဆယ့်သုံးယောက်ရှိပြီဖြစ်၏!

ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင် တစ်ဆယ့်သုံးယောက်မှာ တကယ်ကိုပင် ကောင်းကင်ကိုအံတုနေပါ၏!

လော့ယန်နှင့် အခြားလူများထံတွင် ပါရမီမရှိပါသော်လည်း ကိစ္စမရှိပါချေ။ ပြောရလျှင် ၎င်းတို့ထံတွင် လုရှောင်ယန်၏ရှေးဟောင်းခရမ်းသွေးချီရှိကြ၏!

ရှေးဟောင်းအဓိပတိပန်းချီနှင့် ကျင့်ကြံထားသောရှေးဟောင်းခရမ်းသွေးချီမှာ ‌ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်သို့ရောက်ရှိသွား၏။

လက်ရှိနံပါတ်တွင် မြေအောက်လောကဟိုတု၏အကြောင်းမပါချေ။ သူမဟာ ‌ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်သို့ တိုးတက်နေလောက်သည်။ သို့သော် သူမဟာ လုရှောင်ယန်တန်ဖိုးထားသည့် အတိုက်အခိုက်စွမ်းအားမဟုတ်ဘဲ မဟာမိတ်ဟုသတ်မှတ်ရမည်ပင်။

သို့သော် လုရှောင်ယန်မှာ ဂရုမစိုက်ပါချေ။ သူ၏တပည့်အားလုံး ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်ရောက်ရှိသွားသောကြောင့် သူ၏အဆင့်လည်းတိုးလာကာ နောက်ဆုံးအဆင့်သို့ရောက်သွားသည်။

သူဟာ နားလည်ရန် သီးသန့်‌ကျင့်ကြံလိုက်သည်နှင့် ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ရွှေရောင်အမတအရှင်အဆင့်ကို မည်သည့်အချိန်မဆိုရောက်နိုင်လိမ့်မည်!

ထို့ကြောင့် သူ၏တပည့်များ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်သို့ ရောက်ပြီးနောက်တွင် ချက်ချင်းပင် ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်ကို ချက်ချင်းတက်လှမ်းရန်ပြင်ဆင်လိုက်၏။

ထိုအခိုက်တွင် ဖုန်းထျန်းယွမ်မှာ ရုတ်တရတ် ရွှေရောင်အောက်ကျွန်းထံရောက်ရှိလာ၏။

"ဆရာ၊ ကျွန်တော်ပြန်ရောက်ပြီ"

လုရှောင်ယန်မှာ တရားမှတ်နေသည်ကို ရပ်တန့်လိုက်သည်။

"ကံကောင်းလို့ မင်းပြန်လာပြီ။ မင်းသာခြေတစ်လှမ်းနောက်ကျရင် ငါသီးသန့်ကျင့်ကြံတော့မလို့"

"သီးသန့်? ဆရာကထပ်ပြီးအဆင့်‌တက်တော့မလို့လား?"

လုရှောင်ယန်မှာ ခေါင်းငြိမ့်လိုက်သည်။"

ဖုန်းထျန်းယွမ်၏မျက်လုံးများတောက်ပလာ၏။

"သတင်းကောင်းပဲ! ဆရာသာ နောက်ခြေတစ်လှမ်းထပ်လှမ်းရင် ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့အဆင့်ဆီသို့ ရောက်တော့မှာပေါ့။ အဲ့အချိန်ရောက်ရင် ခွေးအိုကြီးဟုန်ကျွင်းက ကျွန်တော်တို့ပြိုင်ဘက်တောင်မဟုတ်တော့ပဲ။"

",ကောင်းပြီလေ။ ပြီးတော့ မင်းရဲ့ဘဝအမှတ်အသားကို မူလကိုယ်ထဲထည့်ပေးပြီးပြီ။ အနာဂတ်မှာ မင်းရဲ့ကျင့်ကြံနှုန်းနဲ့ အမြင့်က ပိုပြီးတိုးလာဦးမယ်။ ငါတို့တစ်နေ့တည်းမှာပဲ ကောင်းချီးနှစ်ခါရတယ်လို့ သတ်မှတ်လို့ရတယ်။"

"ဟီးဟီးဟီးဟီး... တိတိကျကျပြောရရင်၊ ကောင်းချီးက ၃ခုပါ။"

လုရှောင်ယန်မှာ မထိန်းနိုင်ဘဲ ပဟေဠိဖြစ်သွားသည်။

"ကောင်းချီးသုံးမျိုး? ကောင်းချီးသုံးမျိုးကဘယ်ကနေလာတာလဲ? ဒါက... မင်း ဟွာကိုးတောင်ကိုပြန်သွားပြီး မင်းရဲ့ဇနီးကိုခေါ်လာခဲ့တာလား?"

ဖုန်းထျန်းယွမ်၏မျက်မှာမှာ ချက်ချင်းအေးခဲသွား၏။

"အဟွတ် အဟွတ်... သူကကျွန်‌တော့်ဇနီးမဟုတ်ပါဘူး။ သူကကျွန်တော့ရဲ့ ညီအစ်ကိုကောင်းပါ။ သူ့ရဲ့ကျင့်ကြံဆင့်ကအားကောင်းပြီး ပါရမီကလည်း ကျွန်တော့်ထက်မနိမ့်ကျဘူး။ ဆရာသာသူ့ကိုတပည့်လက်ခံနိုင်ရင် သူ့ရဲ့အလားအလာနဲ့ဆို အနည်းဆုံးတော့ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်ထိရောက်နိုင်တယ်။"

"အဲ့ဒီအချိန်ကျရင် ဆရာက နောက်ထပ် ထိပ်တန်းငယ်သားလေးရလာမှာပေါ့။"

"အိုး? သူက ဒီလောက် ထူးခြားတာလား?"

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၃၁။ အပိုင်း ၄၅၂ ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့‌၊ အောင်မြင်မှု!

"သူ့ရဲ့ပါရမီက အရမ်း‌အားကောင်းပါတယ်..."

လုရှောင်ယန်မှာ သူ၏နတ်ဘုရားအာရုံကိုချက်ချင်းဖြန့်ကျက်လိုက်၏။ တစ်ဖက်လူ၏ပုံရိပ်အား အာရုံခံလိုက်ပြီးနောက်တွင် သူဟာ ကူကယ်ရာမဲ့စွာကြောင်အသွားတော့၏။

"နီကျား? မင်း ဇနီးမယားတစ်ယောက် ခိုးပြေးနိုင်တာပဲ... မင်း နီကျားနဲ့ ဖောက်ပြန်‌နေတာလား?"

ဖုန်းထျန်းယွမ် : "..."

"ဆရာ၊ ကျွန်တော်တို့နှစ်ယောက်စလုံးက ယောက်ျားတွေပါ။ ကျွန်တော်တို့က ဘယ်လိုလုပ်ဖောက်ပြန်လို့ရမှာလဲ? ကျွန်တော့ရဲ့ရွှေရောင်တောင်ဝှေးက ဘယ်လိုများသူ့ရဲ့ မီးလှံနဲ့ သဟဇာတဖြစ်မှာလဲ?" (ရွှေရောင်တောင်ဝှေး= ဝူခုံးဘဝက လက်နက်)

"နီကျားက မိန်းကလေးလို့ အမြဲထင်ခဲ့တာ။"

"ဘာကများ ဆရာ့ကိုဒီလိုထင်စေရတာလဲ?"

"ဪ၊ သူက အဲ့လိုမျိုးဝတ်ဆင်ထားလို့ပါ။ သူကကိုယ်ကျပ်အင်္ကျီ၊ ခါးစည်းကြိုးအသေးလေးနဲ့ ကြာပန်းသဏ္ဍာန်စကတ်အတိုလေးကိုဝတ်တယ်လေ။ သူက နှာဘူးတော့ မဟုတ်ပါဘူးနော်? သူနဲ့ အရောတဝင်မနေနဲ့။ သူသာ ‌ကူးစက်ရောဂါတချို့ရှိနေပြီး ငါတို့အမည်မဲ့ဂိုဏ်းတစ်ခုလုံးကို ပြန့်သွားစေရင် ဂိုဏ်းကတော့ နိဂုံးချုပ်ပြီပဲ။"

ဖုန်းထျန်းယွမ် : "..."

"မပူပါနဲ့၊ ဆရာ။ လောကတစ်ခုလုံးက မိန်းမအားလုံးသာ မသေရင် ကျွန်တော်သူ့ကို မကြိုက်ပါဘူး။"

လုရှောင်ယန်မှာ ခဏမျှတိတ်ဆိတ်သွား၏။ ဖုန်းထျန်းယွမ်မှာ သူ၏အမှားကိုအာရုံခံမိကာ အလျင်စလိုဆက်ပြောလိုက်သည်။

"အာ၊ မှားသွားလို့။ ကျွန်တော်ဆိုလိုချင်တာက လောကတစ်ခုလုံးက မိန်းမအားလုံး သေသွားရင်တောင် ကျွန်တော်သူ့ကို မကြိုက်ပါဘူး။"

"ဟုတ်ပြီ!"

ဖုန်းထျန်းယွမ်မှာ ချက်ချင်းပင် နီကျားကိုဆင့်ခေါ်လိုက်၏။

"နီကျား! ဒီကိုလာ"

နီကျားမှာ ချက်ချင်းဆင်းသက်လာ၏။ ဖုန်းထျန်းယွမ်မှာ မမိတ်ဆက်ပေးနိုင်ခင်တွင် သူဟာ လုရှောင်ယန်ထံ ချက်ချင်းလက်ဆုပ်ကာ ဂါရဝပြုလိုက်၏။

"နှုတ်ဆက်ပါတယ်၊ စီနီယာလု။ မျောက်ရဲ့ဆရာက စီနီယာလုဖြစ်နေမယ်လို့ ထင်မထားခဲ့ဘူး။ ကျွန်‌တော့ရဲ့မျက်လုံးတွေနဲ့မြင်တာသာမဟုတ်ရင် ဒါကိုယုံမှာမဟုတ်ဘူး။"

"မင်း ငါ့ရဲ့တပည့်ဖြစ်လာချင်တာလား?" နီကျားမှာ ခေါင်းငြိမ့်လိုက်သည်။

"ဟုတ်ပါတယ်။ ကျွန်တော် စီနီယာ့ကိုလေးစားအားကျပါတယ်။ ထပ်ပေါင်းအနေနဲ့ကတော့ ကျွန်တော်လည်း ခွေးအိုကြီး ဟောက်ထျန်းရဲ့ ချုပ်နှောင်မှုတွေကနေ လွတ်မြောက်ချင်တာကြောင့် စီနီယာ့ရဲ့တပည့်ဖြစ်လာချင်တာပါ။"

"ကျွန်တော်သာ စီနီယာရဲ့တပည့်ဖြစ်လာနိုင်ရင် မသေမချင်း သေချာပေါက် ကြိုးစားပါ့မယ်။"

လုရှောင်ယန်မှာ ပြုံးလျက်ပြောလိုက်သည်။

"မင်းသာငါနဲ့ပူးပေါင်းရင် ငါ့ရဲ့ထိန်းချုပ်မှုအောက်ရောက်သွားလိမ့်မယ်။ ငါရဲ့လက်အောက်နဲ့ ဟောက်ထျန်းလက်အောက်ကြား ကွာခြားချက်က ဘာမို့လို့လဲ? မင်း ငါ့ကို အနာဂတ်မှာ သစ္စာဖောက်မလားလည်း မသိနိုင်ဘူးလေ။"

နီကျားမှာ ၎င်းက လုရှောင်ယန် သူ့အားစမ်းသပ်နေသည်ကို သိချေ၏။

"ကျွန်တော် ဟောက်ထျန်းရဲ့လက်အောက်မှာ အကောင်းဆုံးကြိုးစားခဲ့ပြီးပါပြီ၊ ဒါပေမယ့် ဟောက်ထျန်းက ကျွန်တော့ရဲ့သဘာဝကို အသုံးချပြီး နတ်ဆိုးခန္ဓာကိုချိပ်ပိတ်ထားတယ်။"

"ဒါပေမယ့်၊ စီနီယာကမျောက်ကို ဒီလိုလုပ်မှာမဟုတ်ဘူး။ ဒါနဲ့တင် စီနီယာကို ယုံကြည်ပြီး တပည့်ဖြစ်ဖို့ ထိုက်တန်တာကိုသိနေပါပြီ။"

လုရှောင်ယန်မှာ ခေါင်းငြိမ့်လိုက်၏။

"ကောင်းပြီလေ၊ ဒီလိုဆိုမှတော့၊ ငါ ထျန်းယွမ်ကို မင်းအတွက် ဆရာ‌တစ်ယောက်ရှာခွင့်ပေးလိုက်မယ်။ မင်းမှာ ငါ့ရဲ့ခွင့်ပြုချက်ရှိသွားပြီ။ ထျန်းယွမ် ငါအရင်ဆုံး သီးသန့်ကျင့်ကြံလိုက်ဦးမယ်။ ငါ့ရဲ့ကိုယ်ပွားကလည်း အနှစ်သာရလောကဆီကို တံခါးလာဖွင့်နိုင်တယ်။ သူသာ ဆရာတစ်ယောက်ရှာပြီးတော့ ဒီ‌မှာပဲကျင့်ကြံနေချင်တယ်ဆိုရင် သူ့ကိုကျင့်ကြံဖို့ခေါ်သွားလိုက်ပါ။"

‌စကားဆုံးသည်နှင့် လုရှောင်ယန်မှာ တဖက်လှည့်ကာ သီးသန့်ကျင့်ကြံရန် ထွက်သွားတော့၏။

ဖုန်းထျန်းယွမ်မှာ နီကျားထံ လှည့်ကာပြုံးပြလိုက်သည်။

"ပြီးသွားပြီ။ ဆရာကသဘောတူလိုက်တယ်။ ဒီကိစ္စကို အဆင်ပြေပြီလို့ သတ်မှတ်လို့ရတယ်။"

နီကျားမှာ မျက်မှောင်ကျုံ့လျက် မပျော်ရွှင်ဟန်ပေါ်နေလေသည်။

သူဟာ အသက်ပြင်းပြင်းရှူလျက် ပြောလိုက်၏။

"မျောက်၊ မင်းရဲ့ဆရာအပြင် အမည်မဲ့ဂိုဏ်းမှာ တခြား အကြီးအကဲတွေများရှိသေးလို့လား?"

"ဟင့်အင်း! ဆရာက ဂိုဏ်းမှာ စွမ်းအားအကြီးဆုံးပဲလေ။ ဆရာရဲ့အောက်မှာဆို ငါရယ် ဆရာတူညီအစ်ကိုတွေနဲ့ ဆရာတူအစ်မတွေပဲရှိတယ်။ တခြားတပည့်တွေကတော့ ဒုတိယ‌မျိုးဆက်တပည့်တွေချည်းပါပဲ။"

နီကျားမှာ မျက်မှောင်ပိုကျုံ့သွား၏။

"ဒါဆို ငါက ပထမမျိုးဆက်၊ ဒါမှမဟုတ် ဒုတိယမျိုးဆက်တပည့်တွေထဲကနေ ဆရာတစ်ယောက်ရှာရမှာပေါ့?"

ဖုန်းထျန်းယွမ်မှာ ခေါင်းငြိမ့်လျက်

"ဒါပေါ့၊ မင်းဆရာတစ်ယောက်ရှာဖို့ ဘယ်နေရာမှာ အစီစဉ်ဆွဲထားလဲ?"

"ဒါဆို မင်းက အနာဂတ်မှာ ငါ့ရဲ့စီနီယာဖြစ်လာမှာလား? ငါတို့က သွေးသောက်ညီအစ်ကိုတွေလေ၊ ဒါပေမယ့်အခု မျက်တောင်တစ်ခတ်အတွင်းမှာ မင်းက ငါ့လည်ပင်းကိုတက်နင်းသွားတာပဲ။ ဘာတွေများဖြစ်နေတာလဲကွာ?"

"ဒါက သာမန်ပါပဲ။ ငါတို့အမည်မဲ့ဂိုဏ်းရဲ့ စီနီယာသတ်မှတ်ပုံက အရမ်းကို ကမောက်ကမဆန်လွန်းနေတယ်။ ပြောရရင် ဆရာ့ရဲ့ အဘိုးရင်းတောင်မှ အမည်မဲ့ဂိုဏ်းရဲ့ ဒုတိယမျိုးဆက်တပည့်ပဲ။"

နီကျား၏မျက်နှာမှာ ကူကယ်ရာမဲ့စွာ ရှုံ့တွသွား၏။

"ငါ ပထမမျိုးဆက်တပည့်လေးပဲလုပ်ပြီး မင်းရဲ့ဆရာတူညီလေးပဲဖြစ်လာလို့မရဘူးလား?"

"မရဘူး၊ ဆရာ တပည့်အားလုံးပေါင်းကိုးယောက်ပဲလက်ခံတာ။ ဒါကလွဲရင် သူ ဘယ်သူ့ကိုမှလက်မခံဘူး။ သူ့ရဲ့သမီး၊ လင်ရှင်းယွဲ့တောင်မှ ကိုယ်ပိုင်တပည့်မဟုတ်ဘူးလေ။ မင်းကို ငါ့ဆရာက တပည့်အနေနဲ့လက်ခံဖို့ ဖြစ်နိုင်မယ်လို့များထင်နေတာလား?"

"ဘာလို့ မင်းဆရာ့သမီးအရင်းရဲ့မျိုးရိုးနာမည်က "လု"အစား "လင်"ဖြစ်နေရတာလဲ?"

"ငါဘယ်လိုသိမှာလဲ? ပြီးတော့ ဘာလုပ်ဖို့ဒါကိုမေးနေတာလဲ?"

"ဘာမှမဟုတ်ပါဘူး။ ငါသိချင်လို့ပါ။ အစကတော့ ငါအမည်မဲ့ဂိုဏ်းကိုတကယ်ဝင်ချင်ပါတယ်၊ ဒါပေမယ့် အခု ငါဒုတိယမျိုးဆက်တပည့်ပဲဖြစ်လာရမယ်ဆိုတော့ နည်းနည်းစဉ်းစားဖို့လိုသေးတယ်။"

"ပြောရရင် ငါ့ရဲ့လက်ရှိ နတ်ဆိုးခန္ဓာက တစ်ဖန်ပေါင်းစည်းပြီးပြီလေ။ ငါ့အတွက် အနာဂတ်မှာ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်ကို တက်လှမ်းဖို့ကမဖြစ်နိုင်တာမဟုတ်ပါဘူး။"

အဆုံးတွင် နီကျားမှာ မာနအနည်းငယ်ရှိနေသေးသည်ပင်။ မည်သို့ဆိုဆို သုံးလောက၌ သူ၏ကိုယ်ပိုင်ဂုဏ်သတင်းလည်းရှိနေသေးသည်ပင်။ သူဟာ ပင်လယ်သုံးစင်း၏ မဟာနတ်ဘုရားဖြစ်၏! တတိယမင်းသားနီကျားလည်းဖြစ်သည်ပင်!

သူ့အတွက် စွန်းဝူခုံး၏ဂျူနီယာဖြစ်လာရန်မှာ တကယ်ကိုပင် ခက်ခဲလှချေ၏။

အရေးကြီးဆုံးမှာ သူဟာ ပထမမျိုးဆက်တပည့်ဖြစ်လာပါလျှင် ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်ဖြစ်လာနိုင်သည်။ သို့သော် သူသာ ဒုတိယမျိုးဆက်တပည့်ဖြစ်လာပါက ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်ဖြစ်ဖို့ရန် အခွင့်အရေးလုံးဝရှိမည်မဟုတ်ချေ။

လုရှောင်ယန်မှာ မည်မျှပင် အံ့ဖွယ်ကောင်းနေပါစေ၊ ထိုမျှလောက်အထိတော့ အံ့ဖွယ်မကောင်းလောက်ချေ။

ထိုသို့ဆိုလျှင် သူဟာအမည်မဲ့ဂိုဏ်းအား အဘယ့်ကြောင့် ဝင်ရောက်ရမည်နည်း?

သူ့ဘာသာပင် ဂိုဏ်းတစ်ခုဖွဲ့စည်းလိုက်တော့မည်ပင်။

ဖုန်းထျန်းယွမ်မှာ ခေါင်းငြိမ့်လိုက်၏။

"ဒီလိုဆိုမှတော့ ငါမင်းကိုတွန်းအားမပေးတော့ဘူး။ ငါတို့အမည်မဲ့ဂိုဏ်းက မင်းကိုတွန်းအားမပေးပါဘူး။"

၎င်းတို့စကားပြောနေချိန်၌ လော့ယန်နှင့် ကျန်သူများမှာ အနှစ်သာရလောကမှ ထွက်လာကြသည်။ ၎င်းတို့မှာ ဖုန်းထျန်းယွမ်အားမြင်သည်တွင် ချက်ချင်းလာရောက် အရိုအသေပေးလိုက်ကြ၏။

"ဆရာဦးလေးဖုန်း၊ ပြန်လာပြီပဲ။"

ဖုန်းထျန်းယွမ်မှာ ခေါင်းငြိမ့်လိုက်သည်။

"မင်းတို့အရှိန်အဝါကို အကဲဖြတ်ရရင် မင်းတို့တွေ အဆင့်တက်လာကြပြန်ပြီမဟုတ်လား?"

လော့ယန်နှင့်ကျန်လူများမှာ ၎င်းတို့မျက်နှာထက်ရှိ ပျော်ရွှင်မှုကို မဖုံးဖိနိုင်ကြပါချေ။

"ကျွန်တော်တို့အဆင့်တက်သွားပါပြီဗျာ။ အခုဆိုရင် ကျွန်တော်တို့အားလုံး ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်ကို ရောက်နေကြပါပြီ။"

နီကျား : ???

သူဟာ ထွက်ခွာလုဆဲဆဲတွင် ခြေထောက်အား တစ်ဖန်ပြန်ရုတ်လိုက်လေ၏။

သူဟာ ၎င်းတို့ထံအကြည့်လွှဲကာ ချက်ချင်းပင် ၎င်းတို့အား ညွှန်ပြလိုက်သည်။

"သူတို့အဆင့်က ဘာ?"

"ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်လေ!"

နီကျားမှာ တစ်ခဏမျှတိတ်ဆိတ်သွားသည်။

"သူတို့က မင်းရဲ့သိုင်းလောက တူငယ်တွေလား?"

ဖုန်းထျန်းယွမ်မှာ ထပ်မံခေါင်းငြိမ့်လိုက်သည်။

"သူတို့က အစကတော့ ရွှေရောင်အောက်ကျွန်းက ကျဲကျောင်းတော်သားတွေပါပဲ။ အခုတော့ အမည်မဲ့ဂိုဏ်းရဲ့တပည့်တွေဖြစ်လာပြီး ငါတို့ဂိုဏ်းရဲ့ ဒုတိယမျိုးဆက်ဖြစ်လာတယ်။"

လော့ယန်နှင့် ကျန်လူများမှာ ပြုံးလိုက်ကြသည်။

"ဟုတ်ပါတယ်၊ တတိယမင်းသား။ ကျဲကျောင်းတော်ရဲ့ ကျန်ရှိနေတဲ့တပည့်တွေက ကျဲကျောင်းတော်မှာ ပါရမီအဆိုးဆုံးပါပဲ။ သူ‌တို့က ကုန်းချန်မင်၊ ရွှေရောင်စိတ်ဝိဉာဉ်မိခင်နတ်ဘုရားနဲ့ အခြားလူတွေထက် အတော်လေးနိမ့်ကျတယ်... မူလက ကျွန်တော်တို့ရဲ့ပါရမီနဲ့ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်ဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့တွေ နောက်ထပ် နှစ်တစ်သိန်းလောက်ထပ်ပြီးကျင့်ကြံရင်တောင် မဖြစ်နိုင်သေးဘူး။"

"ကျွန်တော်တို့ သူတော်စင်တစ်ပိုင်းအဆင့်ကိုတောင် ရောက်‌နိုင်မှာမဟုတ်လောက်ဘူး။"

"ဒါပေမယ့် ကျုပ်တို့ အမည်မဲ့ဂိုဏ်းထဲဝင်လိုက်ကတည်းက ကျင့်ကြံဆင့်အားလုံး အရူးအမူးတိုးတက်လာကြတယ်။ ကျုပ်တို့ကျင့်ကြံဆင့်နဲ့ ပါရမီလည်းတိုးတက်လာတယ်။ ကျွန်တော်တို့ရဲ့ကျင့်ကြံဆင့်ကိုခိုင်မာတည်မြဲစေဖို့ ရှေးဟောင်းခရမ်းသွေးချီရခဲ့သေးတယ်။"

"ကျုပ်တို့က အမည်မဲ့ဂိုဏ်းကိုဝင်ပြီးနောက်မှာ အခြားဂိုဏ်းကို မစဉ်းစားလိုက်နဲ့။"

နီကျားမှာ တစ်ခဏမျှတိတ်ဆိတ်နေပြီးမှ ဖုန်းထျန်းယွမ်ထံ ဒူးထောက်လိုက်၏။

"ညီ‌နောင်မျောက်၊ အိုးမဟုတ်သေးဘူး၊ ဆရာ ကျွန်တော်အရိုအသေပေးတာကိုလက်ခံပေးပါ။"

ဖုန်းထျန်းယွမ်မှာ အင်မတန် ပျော်ရွှင်သွားသည်။

တကယ်ကိုပင် မည်သူကမှ ထို သွေးဆောင်ခြင်းကိုငြင်းဆန်နိုင်မည်မဟုတ်ချေ။

သို့သော် ပြောရလျှင် မည်သူက ရှေးဟောင်းခရမ်းသွေးချီကိုတောင့်ခံနိုင်ပါမည်နည်း?

နီကျားမှာ သူ၏ကိုယ်ခန္ဓာအပြည့်အဝကို ပြန်လည်ရှာတွေ့ခဲ့ပြီး ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ဖြစ်လာရန် ထိုက်တန်ပေသည်။ သို့သော် သူဟာ အရည်အချင်းမီရုံသာရှိကာ ထိုသို့ဖြစ်လာရန် ဝေးနေသေးသည်။

အပြင်ဘက်တွင် အချိန်ဖြုန်းကာ ကျင့်ကြံနေရမည့်အစား၊ အမည်မဲ့ဂိုဏ်းကိုဝင်လိုက်တာက ပိုကောင်း၏။

ထိုသို့ဆိုလျှင် သူ၏ကျင့်ကြံဆင့်တဟုန်ထိုးတိုးလာပြီး ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ဖြစ်လာနိုင်မည်မဟုတ်ပါလား?

နှိုင်းစာရလျှင် ဂုဏ်သိက္ခာက လုံးဝအရေးမကြီးပါချေ!

"မင်းငါ့ကို မင်းရဲ့ဆရာအဖြစ်အသိအမှတ်ပြုပြီးပြီဆိုမှတော့ ငါမင်းကို အခွင့်ကောင်းယူမှာမဟုတ်ပါဘူး။ အနာဂတ်မှာ ငါ့ကို မျောက်လို့ပဲခေါ်ပါ။ အမည်မဲ့ဂိုဏ်းထံမှာ ဆရာ့ကိုရိုသေသမှုရှိရတာကလွဲရင် စည်းမျည်းအများကြီးတော့မရှိပါဘူး။"

"မင်းအရင်ဆုံး ငါ့ဆရာရဲ့အနှစ်သာရလောကထဲကို ဝင်သင့်တယ်။ ငါဆရာ့ရဲ့ကိုယ်ပွားကို အမှတ်အသားမှတ်ပေးဖို့တောင်းဆိုလိုက်မယ်။ ဒီလိုဆိုရင် မင်းသေသွားရင်တောင် ပြန်လည်ရှင်သန်နိုင်သေးတယ်။ အဲ့လိုဆိုရင်တော့ မင်းအတွက် ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်တက်ဖို့ ရှေးဟောင်းခရမ်းသွေးချီကို ဆရာ့ဆီမှာတောင်းပေးမယ်။"

နီကျားမှာ တုံ့ဆိုင်းသွား၏။

"ဒီလိုဆို‌ပေမယ့်လည်း ဒီမှာကျင့်ကြံပြီး‌ရှေးဟောင်းခရမ်းသွေးချီကိုသန့်စင်ရင် ဘယ်လောက်ကြာမလဲကိုမသိဘူးလေ။ ကောင်းကင်ဘုံခုံရုံးက တစ်ခုခုကို အာရုံခံမိသွားလိမ့်မယ်။"

ဖုန်းထျန်းယွမ်မှာ သူ၏ပုခုံးကိုပုတ်ကာ သူ့ဆရာ၏ အနှစ်သာရလောကထဲသို့ တွန်းပို့လိုက်တော့၏။

"မပူပါနဲ့၊ မင်းဝင်သွားရင်သိလိမ့်မယ်။"

နီကျားမှာ ပဟေဠိဖြစ်ပြီးရင်း ဖြစ်နေ၏။ သို့သော် သူဟာလုရှောင်ယန်၏အနှစ်သာရလောကတွင်းသို့ဝင်လိုက်ချိန်တွင် သူ၏ကိုယ်မှာ ချက်ချင်းတုန်ရီလာတော့၏။

သေစမ်း၊ အမတစွမ်းအားအဆင့်အထိရှိတဲ့ မြန်နှုန်းက အထဲမှာ အရမ်းကိုမြန်မြန်ကြီးလှည့်ပတ်နေတာလား?

သူဟာ သူ၏ကိုယ်တွင်းမှ ကျင့်ကြံဆင့် အရူးအမူးတိုးထွက်လာသည်ကိုခံစားမိသည်နှင့် သူဟာဝင်ရောက်သွားသည်။ မျက်တောင်တစ်ခတ်စာအတွင်းတွင် ၎င်းမှာ ယခင်ကထက် အဆ၃၀၀၀ပိုကာ အရူးအမူးလှည့်ပတ်နေတော့၏။

"မျောက်... ဒါ... ဒါက... သေစမ်း! စီနီယာလု၊ အိုး မဟုတ်ဘူး၊ ဆရာအဘိုးက၊ ဘယ်လောက်ထိ စွမ်းအားကြီးတာလဲ?"

ဖုန်းထျန်းယွမ်မှာ ခပ်တိုးတိုးရယ်လိုက်သည်။

"မင်းဒါကို စိတ်ပူဖို့မလိုပါဘူး။ ဒါပေမယ့် အမည်မဲ့ဂိုဏ်းကိုဝင်ရောက်တာက မင်းရဲ့အကောင်းဆုံးရွေးချယ်မှုဆိုတာ ငါမင်းကိုအာမခံနိုင်ပါတယ်။

နီကျား၏နှလုံးမှာ အရူးအမူးတုန်လှုပ်လာတော့၏။

သူဟာ ယနေ့တွင် များစွာသော ထိတ်လန့်မှုများကို ရရှိခဲ့သည်ပင်!

သူဟာ အမည်မဲ့ဂိုဏ်းကြောင့် ပြောစရာမဲ့ကာ ထိတ်လန့်သည့်အချိန်တိုင်းတွင် ထပ်မံ၍ အံ့ဩဖွယ်ကောင်းသည်များကို ထပ်ထုတ်ပြလျက် သူ့ကိုအံ့အားသင့်စေပေလိမ့်မည်!

ယခုတွင်ပင် သူဟာ အမည်မဲ့ဂိုဏ်း၌ သူမသိသေးသော ဝှက်ဖဲများရှိနေနိုင်သည်ကိုလားကိုမူမသိရပါချေ!

သို့သော် ထိုအခိုက်တွင် အနှစ်သာရလောကတစ်ခုလုံး၏ စီးဆင်းမှုမှာ ထပ်မံ တိုးတက်လာပြန်၏။

၎င်းမှာ အကြိမ်သုံးထောင်မှာ ၃၈၀၀ကြိမ်သို့ခုန်ကူးကာ အကြိမ် ၅၅၀၀၊ အကြိမ်ခြောက်ထောင်... အဆုံးမှာ အကြိမ် ၈၀၀၀ရောက်ချိန်၌ ရပ်တန့်သွားတော့၏။

တစ်ချိန်တည်းတွင် လောကတစ်ခွင်လုံးမှာ ၎င်း၏ စွမ်းအားကို အရူးအမူးတိုးပွားလာစေသည်။

သဏ္ဍာန်မဲ့စွမ်းအားမှာ အရူးအမူးတိုးတက်လာကာ ကမောက်ကမကမ္ဘာသစ်တစ်ခုကို ဖြစ်ပေါ်လာစေသလိုပါပင်!

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၃၁။ အပိုင်း ၄၅၃ ကျဲကျောင်းတော် နေမြင့်ချိန်

"စီ...စီနီယာလုအဆင့်တက်သွားတာလား? စီနီယာလုပြောတော့ သီးသန့်ကျင့်ကြံဦးမယ်ဆို? သူ့ရဲ့‌အားကောင်းတဲ့ကျင့်ကြံဆင့်နဲ့ဆိုရင်တောင် အဆင့်တက်တာ အရမ်းမြန်လွန်းမနေဘူးလား?"

နီကျားမှာ ထိတ်လန့် ကြောင်အလျက်ရှိသည်။

ကျင့်ကြံဆင့်ပိုမြင့်လေ အဆင့်တက်ရန်ခက်ခဲလေဆိုသည်ဟု သိထားကြသည်ပင်။

တစ်ဦးချင်းဆိုရလျှင် စီနီယာလု၏ကျင့်ကြံဆင့်နှင့်အတူ သူဟာ သုံးလောကအား အုပ်စိုးနိုင်သည့်အဆင့်သို့ပင် ရောက်နေပြီဖြစ်၏။

ထိုအဆင့်နှင့် ၎င်းမှာ နည်းနည်းလောက်အဆင့်တက်ရန်ပင် အင်မတန်ခက်ခဲနိုင်သည်!

အဆင့်ကြီးတစ်ဆင့်တက်ဖို့ပင် မဆိုထားနှင့်ဦး။

ဖုန်းထျန်းယွမ်မှာ အသက်ပြင်းပြင်းရှူကာ ပျော်ရွှင်ဟန်ကို ထုတ်ပြလာ၏။

"ဆရာက ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ရွှေရောင်အမတအရှင်အဆင့်ကိုတက်လှမ်းသွားပြီ။"

"အဲ့ဒါဘာလဲ? သူက ဘယ်အဆင့်ကိုတက်သွားတာ? ‌ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ရွှေရောင်အမတအရှင်လား?"

နီကျားမှာ နေရာတွင်ပင် လုံးဝကြောင်အမ်းနေချေ၏။ သူ့လက်တွင်းရှိ မီးလှံတံမှာ မြေပြင်ထက်သို့အသံကျယ်နဲ့အတူပြုတ်ကျသွားပေ၏။

ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ရွှေရောင်အမတအရှင်တဲ့လား?

ဒါက တာအိုဘိုးဘေးဟုန်ကျွင်းနဲ့အဆင့်တူမဟုတ်ဘူးလား?

လုရှောင်ယန်က ဒီလောက်စွမ်းအားကြီးတာလား?

သူက ဟုန်ကျွင်းကိုတောင် စိန်ခေါ်ပြီး သုံးလောကကို အုပ်စိုးဖို့တောင် ယှဉ်ပြိုင်နိုင်ဖို့ အရည်အချင်းမီနေတာလား?

သူထိတ်လန့်နေစဉ်တွင် လုရှောင်ယန်၏အနှစ်သာရလောကမှာ လုံးဝတိုးတက်သွား၏။

၎င်းမှာ သဏ္ဍာန်မဲ့အရှိန်အဝါကို အလိုအလျောက်ထုတ်လွှတ်နေရုံမျှမက အားလုံးကို ဆင့်ကဲတိုးတက်စေနေ၏။ ၎င်းမှာ အဆင့်နိမ့်နယ်ပယ်မှ အဆင့်မြင့်နယ်ပယ်သို့ ကြီးထွားလာတော့သည်!

ဤလောကတွင် လုရှောင်ယန်မှာ သက်ရှိသန်းချီကို ဖန်တီးမည့်အတွေးသာလိုတော့သည်!

ဤလောကတွင် လုရှောင်ယန်မှာ အမျိုးမျိုးသော ဆက်နွယ်မှုမူလရတနာကိုပင် ဝမ့်ခိုက်ကဲ့သို့ ဖန်တီးနိုင်ပြီဖြစ်၏။

ဤလောက၌ လုရှောင်ယန်မှာ သခင်ဖြစ်ကာ အရာအားလုံးကို ထိန်းချုပ်နိုင်သည့် အရှင်သခင်နတ်ဘုရားပင်!

သူဟာ ဝမ့်ခိုက်ကိုပင် လုံးဝကျော်လွန်သွား၏။ ထိုအခိုက်၌ သူဟာ ဝမ့်ခိုက်နှင့် အဆက်သွယ်ဖြတ်လျှင်တောင် အတွေးတစ်ခုသာလိုချေသည်။

လုရှောင်ယန်မှာ ‌နောက်‌ဆုံးတွင် သူ၏ဘဝ၊ လွတ်လပ်မှုနှင့်အရာအားလုံးကို လုံးဝထိန်းချုပ်နိုင်ပြီဖြစ်၏!

သူဟာမျက်လုံးများဖွင့်လိုက်သည်။ ၎င်းတို့ထံတွင် လျှပ်စီးမရှိတော့ဘဲ ခရမ်းသွေးရောင်ဝါသမ်းနေ၏။

၎င်းမှာ သူ၏ကိုယ်တွင်ကူးခတ်နေသော ရှေးဟောင်းခရမ်းသွေးချီပါပင်။ သူ၏ကိုယ်မှာ ရွှေရောင်ခန္ဓာအဖြစ်သို့ လုံးလုံးလျားလျားပြောင်းလဲသွားပြီပင်။ သူတော်စင်တစ်ပါးသည်ပင် သူ့အားလုံးဝမချဉ်းကပ်နိုင်သလို ထိလည်းမထိခိုက်စေနိုင်တော့ချေ။

ထိုအခိုက်တွင် လုရှောင်ယန် ရှူထုတ်လိုက်သည့်ရောင်ဝါကပင် သဏ္ဍာန်မဲ့ရောင်ဝါဖြစ်၏။

သူဟာမျက်လုံးများဖွင့်လျက် လောကတစ်ခွင်လုံးကိုခြုံကြည့်လိုက်သည်။ လောကတစ်ခွင်လုံးမှာ သူ၏ထိန်းချုပ်မှုအောက်တွင်ရောက်နေ၏။

သူဟာ ‌လောကသို့ငုံ့မိုးကြည့်လိုက်သည်နှင့် သူ၏အမြင်တွင်းရှိဖြစ်တည်မှုတိုင်းဟာ ရိုသေစွာဒူးထောက်ကြသည်မှာ ဘာသာရေးယုံကြည်သက်ဝင်သူများလိုပါပင်။

လုရှောင်ယန်မှာ ခေါင်းငြိမ့်လျက် ချက်ချင်းပြောလိုက်၏။

"ဒီနေ့၊ ငါ ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ရွှေရောင်အမတအရှင်ဖြစ်လာပြီး ရှေးဟောင်းခရမ်းသွေးချီဆယ်စက်ကို ဆုအနေနဲ့ ချီးမြင့်မယ်။ ပါရမီအ‌ထူးဆုံးက အရင်ဆုံးရမယ်။ အခြားလူတွေက သတ္တိကြောင်နေလို့မရဘူး။ အနာဂတ်မှာ လူတိုင်း ရှေးဟောင်းခရမ်းသွေးချီကို ရရှိလိမ့်မယ်။'

"နားလည်ပါပြီ၊ တာအိုဘိုးဘေး!"

လုရှောင်ယန်မှာ ရှေးဟောင်းခရမ်းသွေးချီဆယ်စက်ကိုဖြန့်ကျဲလိုက်၏။ ထိုချီမှာ ပေါင်းစပ်ရန် ပါရမီထူးသူအား ရှာဖွေနေတော့သည်။

အမည်မဲ့ဂိုဏ်း၏ဒုတိယမျိုးဆက်တပည့်များဖြစ်သည့် ရှီချန်းလင်၊ ကျွင့်ချန်းမင် ကျီဝူရှန်တို့ တစ်ဦးချင်းစီမှာ ချီတစ်စက်စီရလိုက်ကြရ၏။ ကျဲကျောင်းတော်သားဟောင်းများမှာ စုစုပေါင်း ငါးခုရလေသည်။ လင်ရှင်းယွဲ့မှာ ကံကောင်း၍ တစ်ခုရလိုက်ပြီး နောက်တစ်ခုအား နီကျားမှရရှိလိုက်သည်။

လု‌မျိုးနွယ်စုမှာမူ ရှေးဟောင်းခရမ်းသွေးချီကိုမရရှိကြပါချေ။

ပထမဦးစွာ ၎င်းတို့၏ ပါရမီမှာ ထိုလူများအား မယှဉ်နိုင်ပါချေ။

ဒုတိယအနေဖြင့် လုရှောင်ယန်ထံတွင် ပန်ဂုသွေးဆက်နှင့် လုမျိုးနွယ်သွေးဆက်ရှိပါသော်ငြားလည်း သူ၏တိုးတက်မှုမှာ လုမျိုးနွယ်စု၏တိုးတက်မှုကို ဦးဆောင်နေသည်။

ဥပမာ ဆရာအဘိုးလုမှာ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်သို့ တက်လှမ်းရန် ရှေးဟောင်းခရမ်းသွေးချီကိုမလိုအပ်ပါချေ။

လုရှောင်ယန်မှာ အားလုံးထံအကြည့်ပို့ကာ ချက်ချင်းဆိုလိုက်သည်။

"ငါ့မှာ ထုံးထျန်းအပေါ်ကျေးဇူးကြွေးတင်နေတုန်းပဲ။ ကျဲကျောင်းတော်ရဲ့အရေးကို ကူညီဖို့ ကတိပေးထားတယ်။ ငါမင်းတို့ကို ရှေးဟောင်းခရမ်းသွေးချီကိုသန့်စင်ဖို့ ခုနှစ်ရက်ပေးမယ်။ ခုနှစ်ရက်မှာ ရွှေရောင်အောက်ကျွန်းက သုံးလောကကို ကျဲကျောင်းတော် အမည်နဲ့တိုက်ခိုက်ရမယ်။ အောင်မြင်တဲ့လူက ဆုချခံရမယ်။"

"သိပါပြီ!"

အားလုံးမှာ တစ်ညီတည်းပြန်ဖြေလိုက်ကြကာ၊ ကျေနပ်အားရသွားကြ၏။

ဖုန်းထျန်းယွမ်မှာ ချက်ချင်း နီကျားကိုပြောလိုက်သည်။

"မြန်မြန်လေး မင်းရဲ့‌ရှေးဟောင်းခရမ်းသွေးချီကို သန့်စင်လိုက်တော့။ အဆုံးအဖြတ်တိုက်ပွဲက ခုနှစ်အတွင်းမှာရှိမယ်တဲ့။'

နီကျားမှာခေါင်းငြိမ့်လျက် ချက်ချင်းပင် တင်ပလ္လင်ခွေထိုင်လိုက်သည်။

လုရှောင်ယန်၏ဘက်တွင် အမိန့်အားထုတ်ပြန်ပြီးသည်နှင့် သူဟာ ထိုင်မနေရသေးချေ။ သူဟာ ဆက်လက်ကျင့်ကြံနေရသေး၏။ ထပ်ပေါင်းရလျှင် သူ၏လက်နက်မှာ ထပ်မံတိုးတက်ရန်လိုသေးသည်။

သူ၏ကျင့်ကြံဆင့် ပိုမိုသန်မာလာလေ ဟုန်ကျွင်းနှင့်တိုက်ပွဲမှာလည်း နီးကပ်လာလေပင်။

ဟုန်ကျွင်းမှာ နှစ်များစွာကတည်းက ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ရွှေရောင်အမတအရှင်ဖြစ်လာခဲ့ခြင်းပင်။ ယခု သူ၏ကျင့်ကြံဆင့်မှာ သေချာပေါက် ပထမအဆင့်တွင်ရှိလိမ့်မည်မဟုတ်ချေ။

ထို့အပြင် ထိပ်တန်းတည်ရှိမှုအနေနှင့် သူ၏လက်တွင်းရှိကျောက်စိမ်းဖန်ဆင်းလိပ်ပြာအပိုင်းများမှာ ဝမ့်ခိုက်၏အပိုင်းများထက်ပင် ပိုမိုမြင့်မားလာ၏။

လုရှောင်ယန်၏ အဆင့်ပိုမြင့်သည့် ရန်သူများအား တိုက်ခိုက်နိုင်စွမ်းမှာ တစ်ဖက်လူရှေ့မှောက်၌ မလုံလောက်နိုင်သေးပါချေ။

သို့သော် မကျင့်ကြံခင်တွင် လုရှောင်ယန်မှာ သူ၏တပည့်များ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်ကို တက်လှမ်းမှုအတွက်လက်ဆောင်ထုပ်များ ဖွင့်ရပေဦးမည်။

"ဝမ့်ခိုက်၊ ငါ့အတွက်လက်ဆောင်ထုပ်တွေ ဖွင့်ပေးပါဦး။'

[သခင်၊ သခင့်ရဲ့ကျင့်ကြံဆင့်က ကျွန်တော့ထက် ကျော်လွန်နေတော့ လက်ဆောင်ထုပ်တွေထပ်ဖွင့်စရာမလိုတော့ပါဘူး။ အခု ကျွန်တော့ကို သခင်လိုချင်တာ ဖန်တီးခိုင်းလို့ရနေပြီ]

[ဒါပေမယ့်၊ သခင်ဖန်တီးနိုင်တဲ့အရာက ‌ဆက်နွယ်မှု ဝိဉာဉ်ရတနာအဆင့်ကနေ မကျော်လွန်နိုင်ဘူး၊ ပြောချင်တာကတော့ ကျွန်တော့ အကန့်အသတ်ထက်မပိုနိုင်ဘူးပေါ့]

လုရှောင်ယန်မှာခေါင်းငြိမ့်လျက် ဝမ့်ခိုက်၏စွမ်းအားမှာ ကန့်သတ်ခံထားရကြောင်း နားလည်သွားသည်။

ထိုသို့ဆိုလျှင် သူ့အတွက် လက်ဆောင်ထုပ်များဖွင့်ရန်မလိုတော့ချေ။

သူ၏မူလကိုယ်မှာ ရှေးဟောင်းခရမ်းသွေးချီရရှိရန် ရှေးဟောင်းအဓိပတိပန်းချီအား ကျင့်ကြံနေကာ သူ၏ကိုယ်ပွားများက လက်နက်များကို အဆင့်မြှင့်နေ၏။

လုရှောင်ယန်မှာထိုအကြောင်းတွေးထားသည်ပင်။ သူဟာ ပထမဆုံးရှေးဟောင်းခရမ်းသွေးချီအား ဝမ့်ခိုက်ကို ‌ဆက်နွယ်မှုမူလရတနာအဖြစ် အဆင့်မြှင့်ရန် အသုံးပြုမည်။

ထို့နောက် သူဟာ ဝမ့်ခိုက်အား ကောင်းကင်ဖွင့်ပုဆိန်ကို ဖန်တီးခိုင်းမည်ပင်။

ယခင်က ပန်ဂုမှလောကအားဖန်တီးချိန်တွင် ကောင်းကင်ဖွင့်ပုဆိန်အား ထိုက်ကျိပန်းချီ၊ ‌ပန်ဂုပုဆိန်နှင့် သဏ္ဍာန်မဲ့ခေါင်းလောင်းအဖြစ် အပိုင်းသုံးပိုင်းခွဲထားသည်။

ဝမ့်ခိုက်မှာ ထိုအရာသုံးခုအား သူ့အတွက် ဖန်တီးပေးပြီးဖြစ်၏။ လုရှောင်ယန်ထံတွင် ကောင်းကင်ဖွင့်ပုဆိန်၏ မူလပါဝင်ပစ္စည်းများနှင့် စွမ်းအားကြီးအဆင့်မြှင့်စွမ်းရည်ရှိသည်နှင့် ကောင်းကင်ဖွင့်ပုဆိန်အား တစ်ဖန်ပြန်ကာဖန်တီးရန် လွယ်ကူလှပေသည်။

ထိုသို့ဆိုလျှင် သူ့ထံ၌ ရှေးဟောင်းမူလရတနာနှစ်မျိုးရှိကာ ဟုန်ကျွင်းအား တိုက်ခိုက်ရာ၌ ပိုမို ယုံကြည်ချက်ရှိလာမည်ပင်။

မှန်ပါသည်၊ လုရှောင်ယန်မှာ သဏ္ဍာန်မဲ့အဇူရာကြာပွင့်အား ဖန်တီးနိုင်ပါလျှင် ပိုကောင်းပေမည်။

သဏ္ဍာန်မဲ့အဇူရာကြာပွင့်အား ရှေးဟောင်းမူလရတနာအဖြစ်သတ်မှတ်နိုင်ကာ ရှေးဟောင်းပုလဲနှင့် တူညီသည့်ဖြစ်တည်မှုပါပင်။

ကံမကောင်းစွာဖြင့် သဏ္ဍာန်မဲ့အဇူရာကြာပွင့်အား ရတနာမျိုးပေါင်းများစွာအဖြစ်ပင် ခွဲခြားထားခဲ့ပါသေးသည်။ ၎င်းအား ပြန်လည်စုပေါင်းရန် အတော်လေးအားစိုက်ထုတ်ရမည်ပင်။ လုရှောင်ယန်၏ အဆင့်မြှင့်စွမ်းရည်မှာ မည်မျှ အားကောင်းနေပါစေ သူဟာ သဏ္ဍာန်မဲ့အဇူရာကြာပွင့်အား ဖန်တီးရန် အခွင့်အလမ်းမရှိပါချေ။

ထို့အပြင် ဟုန်ကျွင်းမှာလုရှောင်ယန်အား ၎င်းကိုပြန်လည်ဖန်တီးရန် အချိန်မပေးနိုင်ပါချေ။

အချိန်မှာ လျှပ်တပြက်ကုန်ဆုံးသွားကာ ခုနှစ်ရက်က မျက်တောင်တစ်ခတ်အတွင်းရောက်ရှိလာ၏။

လုရှောင်ယန်၏မဟာတာအိုမွေးဖွားခြင်းတွင် ထို ခုနှစ်ရက်အား ရက်ပေါင်း ၇၀၀၀၀အဖြစ်ပြောင်းလဲသွားသည်!

ရက်ပေါင်း ၇၀၀၀၀လုံးနှင့် နှစ်နှစ်ရာလောက်ပင်ကြာ၏!

ထိုသို့သော် အချိန်ကြာကြီးပြီးနောက်တွင် ဝက်အုပ်စုသည်ပင် အဆင့်တစ်ခုလောက်တက်ပြီးနေပြီဖြစ်၏။

ရွှေရောင်အောက်ကျွန်းတစ်ခုလုံးတွင် အဆင့်အနိမ့်ဆုံးကျင့်ကြံသူများမှာ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များဖြစ်ကြ၏။ ထို့အပြင် ၎င်းတို့အားလုံးမှာ ပြီးပြည့်စုံအဆင့်များပင်ဖြစ်ကြသည်!

၎င်းတို့မှာ ယခင်ရွှေရောင်အောက်ကျွန်းထက် များစွာသန်မာလှပေ၏!

သုံးလောကလုံးတွင် ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များစွာရှိကြပါသော်လည်း ၎င်းတို့မှာ ကျင့်ကြံခြင်း၌ ဂုဏ်ပုဒ်များပြောင်းလဲနေကြသည်။ ၎င်းတို့အကြား၌ ပြီးပြည့်စုံအဆင့်မှာ တစ်ရာခိုင်နှုန်းထက်ပင် နည်းပါးလှချေ၏!

ထို့အပြင် ရှေးဟောင်းခရမ်းသွေးချီဆယ်စက်မှာ ပြန်လည်သန့်စင်ပြီးသွားပြီပင်။ ရွှေရောင်အောက်ကျွန်းတွင် ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်မှာ နှစ်ဆယ့်သုံးယောက်လောက်ပင်ရှိ၏။

ဟုန်ကျွင်းလက်အောက်ရှိ သူတော်စင်အရေအတွက်မှာ နှိုင်းယှဉ်ရန် အားနည်းလှချေသည်။

ခုနှစ်ရက်ကြာပြီးနောက်၊ မနက်ခင်းတွင် နီကျားမှာ သူ၏ကျင့်ကြံခြင်းမှ နိုးထလာ၏။ သူ၏ကျင့်ကြံဆင့်မှာ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်ကို ရောက်ရှိသွားသည်ပင်။

သူဟာ အသက်ပြင်းပြင်းရှူကာ သူ၏ကိုယ်တွင်းရှိ စွမ်းအားကို အာရုံခံလိုက်မိသည်။ သူဟာ စိတ်လှုပ်ရှားလျက် မယုံကြည်နိုင်မှုဖြင့်ပင် ပြည့်နှက်သွားသည်။

‌ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်!

လူဘယ်လောက်များများက ဒါကိုအိပ်မက်မက်ခဲ့ရသလဲ?

၎င်းက လူများစွာ တောင့်တနေရသည့်စိတ်ဆန္ဒလည်းဖြစ်သည်။

ယခုတွင် သူဟာ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ဖြစ်လာပြီပင်။

သူဟာထိုအခိုက်အား ဘယ်တော့မှ မေ့လိမ့်မည်မဟုတ်ချေ။

အမည်မဲ့ဂိုဏ်း၏တပည့်များမှာ ပြင်ဆင်ပြီးသည်ကိုမြင်သော် သူဟာ ဖုန်းထျန်းယွမ်ရှေ့မှောက်သို့ နေရာပြောင်းရွှေ့လိုက်သည်။

"မျောက်၊ ငါတို့သုံး‌လောကကိုတိုက်ရတော့မှာလား?"

၎င်းတို့နှစ်ဦးမှာ ဆရာနှင့်တပည့်ဖြစ်ကြပါသော်လည်း စီနီယာသတ်မှတ်မှုကိုဂရုမစိုက်ကြပါချေ။ ၎င်းတို့မှာ အတိတ်က ညီအစ်ကိုကောင်းများလိုဖြစ်နေဆဲပင်။

"ငါတို့ရဲ့ပန်းတိုင်က သုံးလောကမဟုတ်ဘဲ ဟုန်ကျွင်းပဲ။"

"ဒါပေမယ့်၊ ဟုန်ကျွင်းက ဘယ်လောက်ထိစွမ်းအားကြီးတယ်ဆိုတာကို ဘယ်သူမှမသိဘူးလေ။ ဆရာကတော့ သီးသန့်ကျင့်ကြံနေဆဲပါပဲ။

"ပြီးတော့ ဆရာက ကျဲကျောင်းတော်အပေါ်ကိုလည်း အကြွေးတင်နေသေးတယ်။ အမည်မဲ့ဂိုဏ်းရဲ့တပည့်တစ်ပိုင်းက ကျဲကျောင်းတော်သားဟောင်းတွေချည်းပဲ။ ဒါကြောင့် သူက ငါတို့ကို ကျဲကျောင်းတော်အမည်နဲ့ သုံးလောကမှာ ထပ်ပြီးကျော်ကြားလာစေချင်တာ။ ဒါကို ထုံးထျန်းနဲ့တပည့်တွေအတွက် ကျေးဇူးပြန်ဆပ်တယ်လို့ပြောလို့ရပါတယ်။"

"ဒါကြောင့် ငါတို့သုံးလောကကိုတိုက်ခိုက်မယ့်အကြောင်းပြချက်ထဲက တစ်ခုကတော့ အကြွေးပြန်ဆပ်ဖို့ပဲ။ နောက်ထပ်အကြောင်းပြချက်ကတော့ ဆရာကျင့်ကြံချိန်ပိုရဖို့ အချိန်ဆွဲတာပေါ့။"

"ငါသိပြီ! ငါအစကတော့ကောင်းကင်ဘုံခုံရုံးကို တိုက်ရိုက်ဖျက်စီးချင်ပြီး အဲ့ဒီခွေးအိုဟောက်ထျန်းကို အရှင်လတ်လတ်ဖမ်းချင်ခဲ့တာ။"

"ဒါပေမယ့် ဒါကိုကြည့်ပြီး သူ့ကိုနည်းနည်းလောက် ထပ်ပေးနေလိုက်ဦးမယ်။"

ဖုန်းထျန်းယွမ်မှာ ခေါင်းငြိမ့်လိုက်သည်။

"မင်းမှန်တယ်။ ဟောက်ထျန်းက မကြာခင်မှာ သေတော့မှာပဲ၊ အခုတော့မဟုတ်ပေမယ့်ပေါ့။"

"အခု၊ ဟုန်ကျွင်းက ဆရာ့ကိုသူတော်စင်ထင်ပြီး ဆဌမမြောက်အတိဒုက္ခကို အသက်ဝင်စေထားတယ်။ သူက ဆဌ‌မမြောက်အတိဒုက္ခကိုသုံးပြီး သုံးလောကကို ‌နောက်ထပ်ပေါင်းစပ်ပြီး ထိန်းချုပ်ချင်နေတာလေ။"

"ငါတို့ကတော့ ဒါကိုအခွင့်ကောင်းယူပြီး သူ့ကိုမြန်မြန်သတ်ရမှာပဲ!"

နီကျား၏မျက်လုံးများမှာ စိတ်လှုပ်ရှားစွာ လှုပ်လီနေ၏။

သူဟာ လက်သီးများကိုဆုပ်လျက် ဆက်ပြောလိုက်သည်။

"ငါအရင်ဆုံးကောင်းကင်ဘုံခုံရုံးကိုပြန်သွားပြီး ပုန်းနေလိုက်မယ်။ မင်းတို့တွေ ကောင်းကင်နန်းတော်ကို ဒုက္ခ‌ဖြစ်စေတဲ့အချိန်ကျရင် ငါသူ့ကိုပြန်ရိုက်ရမှာပေါ့။ ဟီးဟီးဟီး..."

"အကြံကောင်းပဲ။"

"ဒါက ကောင်းကင်ဘုံခုံရုံးရဲ့ အကာကွယ်မြေပုံပဲ။ ဒါတွေက အထဲမှာ စောင့်ကြပ်ထားတဲ့ အစီအရင်တွေနဲ့ အထားအသို နတ်ထောင်ချောက်တွေ။"

နီကျားမှာ ဖုန်းထျန်းယွမ်ထံ အကာကွယ်မြေပုံကိုလက်လွှဲပေးလိုက်ကာ ချက်ချင်းပင် နှုတ်ဆက်လိုက်တော့၏။

သူထွက်သွားပြီးတစ်မိနစ်အတွင်းတွင် ရွှေရောင်အောက်ကျွန်းရှိကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်၃၀၀၀မှာ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ဆယ်ဦး၏ ဦးဆောင်မှုအောက်တွင် ရှေးဟောင်းလောက အဘက်ဘက်သို့ပျံသန်းသွားကြသည်။

ပထမဆုံးဦးတည်ရာမှာ‌ရွှေတိမ်တိုက်ဂိုဏ်းပင်။

၎င်းမှာ ချန်ကျောင်းတော်၏ရှေးဟောင်းကောင်းကင်အဓိပတိအား ယုံကြည်သောဂိုဏ်းပင်။ ၎င်းက ရွှေရောင်အောက်ကျွန်းနှင့် အနီးကပ်ဆုံးဂိုဏ်းလည်းဖြစ်၏။ လွန်ခဲ့သည့်နှစ်အနည်းအတွင်းက ၎င်းမှာ ကျဲကျောင်းတော်အား အနိုင်ကျင့်ဆုံးဖြစ်ကာ အကြမ်းတမ်းဆုံးလည်းဖြစ်၏!

ကျဲကျောင်းတော်မှာ ၎င်းတို့အား သေချာပေါက်အမုန်းဆုံးပါပင်။

ရွှေတိမ်တိုက်ဂိုဏ်း၏တပည့်များမှာ ကျင့်ကြံနေစဉ်တွင် တိမ်မည်းထုကြီးက ကောင်းကင်ယံ၌ပေါ်ထွက်လာသည်ကိုမြင်လိုက်ရသည်။ ၎င်းမှာ ပြိုင်ဘက်ကင်းရောင်ဝါများနှင့် ရောနှောနေကာ အရူးအမူးတိုက်ခိုက်လာကြ၏။ အားလုံးမှာ လုပ်လက်စများကိုရပ်တန့်၍ မျက်လုံးများတွင် စူးစမ်းလိုစိတ်နှင့် လေးနက်မှုအရိပ်‌ယောင်တို့ဖြင့် ပြည့်နှက်သွား၏။

"ဘာကြီးလဲ?"

"သူတို့က ရွှေရောင်အောက်ကျွန်းဘက်ကနေ လာတာပဲ။ ကျဲကျောင်းတော်တပည့်တွေဟ!"

ရွှေတိမ်တိုက်ဂိုဏ်းမှလူများမှာ မျက်လုံးများမှေးကျဉ်းလိုက်ကြ၏။

"ဒီအရှိန်အဝါကိုကြည့်ရရင် ရွှေရောင်အောက်ကျွန်းရဲ့သူတော်စင်က နောက်ဆုံးတော့ အတိဒုက္ခကို စတင်လိုက်ပုံပဲ?!"

"ဟီးဟီးဟီးဟီး... ရှေးဟောင်းကောင်းကင်အဓိပတိက ရွှေရောင်အောက်ကျွန်းနဲ့အနီးစပ်ဆုံးဂိုဏ်းတွေမှာ ထောင်ချောက်တွေအများကြီးဆင်ပေးခဲ့တယ်။ အဲ့ဒီသူတော်စင်သာ ရွှေရောင်အောက်ကျွန်းမှာပုန်းနေရင်တော့ သူအသက်ရှင်မှာပါ။"

"အခုတော့ သူတို့ကထွက်လာပြီ၊ ကျဲကျောင်းတော်ရဲ့ကံကြမ္မာကတော့ ဒီမှာတင်အဆုံးသတ်ပြီပဲ!"

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၃၁။ အပိုင်း ၄၅၄ ကျဲကျောင်းတော်က ကမောက်ကမဖြစ်နေပြီ။ ငါတော့ နတ်ဘုရားတွေကိုပျောက်ကွယ်သွားစေချင်တယ်

"ပြည့်စုံတယ်။ တာအိုဘိုးဘေး ဟုန်ကျွင်းအနေနဲ့ ဆဌမမြောက်အတိဒုက္ခကိုကြေငြာလိုက်ကတည်းက ရွှေရောင်အောက်ကျွန်းက လိပ်လိုမျိုးပုန်းအောင်းနေခဲ့တာ။"

"အဲ့ဒီလုရှောင်ယန်က ပိုလို့တောင် သူရဲဘောကြောင်သေးတယ်။ ဒီနေ့ကျဲကျောင်းတော်က သီးသန့်နေရာကနေ ထွက်လာကြပြီ။ ဒီလိုဖြစ်လာမှတော့ ငါတို့အနေနဲ့ သူတို့အားလုံးကိုသတ်ရမယ်။"

"အမှန်ပဲ! မင်းတို့ရဲ့ စိတ်နှလုံးကို သတ်ပစ်ပြီး ချန်ကျောင်းတော်က ဘယ်လောက်ထိ စွမ်းအားကြီးတယ်ဆိုတာ ကျဲကျောင်းတော်ကိုသိခွင့်ပေးလိုက်။"

အားလုံးပြောနေစဉ်တွင် ထိုတိမ်မည်းဆီမှ ‌အလင်းတန်းတစ်ခုပျံထွက်လာတော့၏။

၎င်းတို့ ထိုအလင်းကိုအာရုံခံမိလိုက်ချိန်တွင် ရွှေတိမ်တိုက်ဂိုဏ်းတစ်ခုလုံး၏ အမူအရာများမှာ ဆိုးရွားစွာပြောင်းလဲသွားကြသည်။

"စွမ်းအားကြီးလိုက်တဲ့တိုက်ခိုက်မှုပဲ!"

ဘုန်း!

ခဏအကြာ၌ ထိုတိုက်ခိုက်မှုမှာ ရွှေတိမ်တိုက်ဂိုဏ်း၏ ရင်ပြင်တည့်တည့်သို့ ကျရောက်လာ၏။ ရပ်တန့်ခြင်းမရှိဘဲ ၎င်းမှာ ရွှေတိမ်တိုက်ဂိုဏ်းအလယ်တွင် ပေါက်ကွဲထွက်သွားတော့သည်။

မှိုပွင့်သဏ္ဍာန်တိမ်ထုကြီးတစ်ခု ကောင်းကင်ယံတွင် ပေါ်ထွက်လာ၏။ ပိုမိုကြောက်မက်ဖွယ်ကောင်းသည်မှာ ရိုက်ခတ်လှိုင်းကပျံ့နှံ့သွားပြီး ‌ထိုဂိုဏ်းမှ အဆင့်နိမ့်ဂိုဏ်းသားများစွာကို နေရာ၌ပင်သတ်ပစ်လိုက်သည်!

အောက်ဘက်ရှိ မည်သည့် ကောင်းကင်အမတအရှင်မှ မရှင်ကျန်ပါချေ!

ကောင်းကင်အမတအရှင်အဆင့်ထက်မှ လူတိုင်းမှာ ဒဏ်ရာအပြင်းအထန်ရသွားကြ၏!

ထိုက်ယိရွှေရောင်အမတအရှင်များလည်း ဖြူဖျော့နေကြသည်။

၎င်းမှာ ပေါက်ကွဲမှု ဗဟိုရှိ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်နှစ်ဦးကိုပင် နေရာ၌ သတ်ပစ်လိုက်သည်အထိပါပင်။

ထိုကြောက်မက်ဖွယ်မြင်ကွင်းက ရွှေတိမ်တိုက်ဂိုဏ်းတွင် တပ်စွဲထားသော ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များကို ကြောက်ရွံ့သွားစေ၏။ ၎င်းတို့မျက်မှာထက်ရှိ ဘဝင်မြင့်မှုများပျောက်ကွယ်သွားကာ အားလုံး ပူပန်လာကြ၏။

"မကောင်းတော့ဘူး! မြန်မြန် တောင်အဝင်အကာအကွယ်အစီအရင်ကို အသက်သွင်းလိုက်တော့! မြန်မြန်!"

တစ်ယောက်ယောက်က အော်လိုက်သည်နှင့် နောက်တစ်ယောက်မှာ ချက်ချင်းပင် ရွှေတိမ်တိုက်ဂိုဏ်း၏ ဂိုဏ်းအကာကွယ်အစီအရင်ကို အလျင်အမြန်အသက်သွင်းလိုက်တော့သည်!

ရွှေရောင်အလင်းတစ်ပြမှာ ကောင်းကင်တွင် လင်းလက်လာပြီး ‌မှိုသဏ္ဍာန်တိမ်ထုကြီးအား ပြန့်ကျဲသွားစေ၏။ ထို့နောက်တွင် ၎င်းမှာ အဘက်ဘက်သို့ပြန့်သွားလျက် ‌ရွှေ‌တိမ်တိုက်ဂိုဏ်းတစ်ခွင်လုံးအား လွှမ်းခြုံထားသည့် ရွှေရောင်အကာအကွယ်အဖြစ်ပြောင်းလဲသွားသည်။

၎င်းမှာ ကျားနှင့် နဂါး အော်သံများက ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးအား ယမ်းခါသွားစေသလိုပါပင်။ ၎င်းမှာ ကောင်းကင်ယံသို့ အော်ဟစ်ကာ ကောင်းကင်ဘုံအား ထိုအစီအရင်ကို မည်သူကမှမချိုးဖြတ်နိုင်ဟု ပြောပြနေသလိုပင်!

သို့ရာ၌ အစီအရင်ဖြစ်ပေါ်လာသည်နှင့် ခဏအကြာတွင် နောက်ထပ်ရွှေရောင်အလင်းတစ်ခုမှာ ကောင်းကင်ယံမှ ကျလာသည်။

ထို ရွှေရောင်အလင်းမှာ ပထမရွှေရောင်အလင်းထက် လုံးဝမနိမ့်ကျနေဘဲ ရင်ပြင်အား ခဏချင်းရိုက်ခတ်သွတော့၏။

၎င်းပေါ်ထွက်လာချိန်တွင် ကီလိုမီတာ၅၀၀အတွင်း နိယာမစွမ်းအားမှာ စတင်တုန်ရီလာ၏။

ရှည်လျားသောမြစ်ကြီးမှာ ထိုနိယာမစွမ်းအား‌များကြောင့် ဖြစ်ပေါ်လာရသည်။

ချန်ကျောင်းတော်သားများမှာ အင်မတန်ပူပန်နေကြ၏။

"တာအိုရောင်းရင်းတို့၊ မကြောက်ကြပါနဲ့။ ကျုပ်တို့ ရွှေတိမ်တိုက်ဂိုဏ်းရဲ့အစီအရင်ကို ‌ကျားဟိန်းနဂါးဟစ်သံလို့ ခေါ်ဆိုတယ်။ ဒါကို ချန်ကျောင်းတော် ရွှေရောင်အမတအရှင် ၁၂ပါးထဲက စီနီယာချီကျင်းကျီရဲ့လမ်းညွှန်မှုနဲ့ ဖန်တီးထားတာပါ။ သူ့ရဲ့စွမ်းအားက ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်လေးတစ်ယောက် ဖျက်ဆီးနိုင်တဲ့အရာတော့မဟုတ်ဘူး!

"လုရှောင်ယန်သာ ကိုယ်တိုင်မလာရင် ဘယ်သူကမှ ဒီအစီအရင်ကို ချိုးဖြတ်နိုင်မှာမဟုတ်ဘူး။"

ထိုသည်ကိုကြားသော် အားလုံးမှာ မထိန်းနိုင်ဘဲ သက်ပြင်းချမိလျက် ပြုံးလိုက်ကြသည်။

၎င်းအား ချီကျင်းကျီ၏လမ်းညွှန်မှုနှင့် ဖန်တီးထားသည်ဆိုပါလျှင် ပြဿနာမရှိချေ။

ချီကျင်းကျီကဘယ်သူမို့လို့လဲ?

သူက ချန်ကျောင်းတော် ဂုဏ်သရေရှိဘိုးဘေး၊ ရှေးဟောင်းကောင်းကင်အဓိပတိရဲ့ တိုက်ရိုက်တပည့်တစ်ယောက်ပဲလေ!

ပြီးတော့လည်း သူက အထူးချွန်ဆုံးလူ ၁၂ယောက်ထဲက တစ်ယောက်လည်းဖြစ်တယ်။

သုံးလောကတစ်ခွင်လုံးမှာ သူ့အားယှဉ်နိုင်သည့် လူများများစားစားမရှိပါချေ။

ရန်ကျောင်းတော်၊ ချန်ကျောင်းတော်နှင့် ဗုဒ္ဓဂိုဏ်းမှာလည်း မဟာမိတ်များဖြစ်ကြပြီး ကျဲကျောင်းတော်အား အတူတကွခုခံနိုင်သည်။

၎င်းတို့မှာ ချန်ကျောင်းတော်ကို တိုက်ခိုက်လိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် လုရှောင်ယန်မှလွဲလျှင် ထိုအစီအရင်နဲ့ပက်သတ်၍ မည်သည်ကိုမှကြောက်ရွံ့နေရန်မလိုအပ်ပါချေ။

ဘုန်း!

တစ်ခဏအကြာ၌ တိုက်ခိုက်မှုမှာ အစီအရင်ပေါ်ဆင်းသက်လာ၏။ တစ်ခဏအတွင်းတွင် အစီအရင်မှာ အပြင်းအထန်တုန်ရီလာတော့သည်။ သို့သော် ၎င်းမှာ ပြင်းစွာလှုပ်ခါနေစဉ်တွင် ခွန်အားလည်း အဆက်မပြတ် လျော့နည်းလာ၏။

အသက်ရှူကြိမ်အနည်းငယ်ကြာပြီးနောက်၌ ၎င်းမှာ တည်ငြိမ်သွားတော့သည်။

အားလုံးမှ ထိုမြင်ကွင်းကိုမြင်သည်နှင့် မျက်နှာထက်ရှိ အပြုံးများ ပိုထင်းလာကြသည်။

"ကောင်းတယ်!"

"စီနီယာ ချီကျင်းကျီရဲ့ လမ်းညွှန်မှုနဲ့ လုပ်ထားတဲ့အစီအရင်ကတော့ ထင်ထားသလိုပဲ။ ဒီအစီအရင်ရဲ့အဆင့်က တကယ်ကိုကြောက်စရာပဲ။"

"အခု၊ ရွှေရောင်အောက်ကျွန်းက တကယ်ကို ခံစားရလိမ့်မယ်။"

အားလုံးမှဆက်လက် လှောင်ပြောင်ကာ ပျက်ရယ်ပြုနေကြသည်က ကျဲကျောင်းတော်၏ ရှုံးနိမ့်မှုအား ကံသတ်မှတ်ထားပြီးသလိုပါပင်။

ထိုအခိုက်၌ နောက်ထပ် အလင်းတန်းတစ်ခုမှာ အကာကွယ်အစီအရင်အား ရိုက်ခတ်သွား၏။

ဘုန်း!

"ဘာလို့ကျဲကျောင်းတော်ကလူတွေ လက်မလျှော့ကြသေးတာလဲ? သူတို့ရဲ့အားထုတ်မှုက အလကားပဲဆိုတာမသိကြဘူးလား?"

"ကျဲကျောင်းတော်က အမြဲတစေ သေခြင်းတရားကိုတောင့်တနေတာလေ။ သူတို့ရဲ့နည်းလမ်းတွေကို အခုမှ ဘယ်လိုရပ်တန့်နိုင်မှာတဲ့လဲ?"

သို့သော် ထိုပထမဆုံးအလင်းတန်း မပျက်စီးသွားခင်တွင် ဒုတိယအလင်းတန်းမှာ မျက်တောင်တစ်ခတ်အတွင်း၌ ပေါ်ထွက်လာ၏။ ထို့နောက်တွင် တတိယမြောက်၊ စတုတ္ထမြောက်၊ ပဉ္စမမြောက်နှင့် ဆဌမမြောက်တို့ပေါ်ထွက်‌လာတော့သည်...

အဆုံးတွင် အလင်းတန်းတိုက်ခိုက်မှု တစ်ရာကျော်မှာ အကာအရံထက် တစ်ချိန်တည်းဆင်းသက်လာကာ အဆုံးမဲ့ တိုးတက်နေ၏။

အကာအကွယ်အစီအရင်မှာ ပိုလို့ပိုလို့ပင် တုန်ရီလာ၏။ ‌ချန်ကျောင်းတော်မှ လူများ၏ အပြုံးများပျောက်ကွယ်သွားပြီး တစ်ဖန်ပြန်ကာ စိုးရိမ်ပူ‌ပန်သောကကို ခံစားလိုက်ကြရ၏။

"ဘာလို့တိုက်ခိုက်မှုတွေများနေရတာလဲ? တိုက်ခိုက်မှုတိုင်းက ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ထက်တောင် နိမ့်ကျမနေဘူး! ဘယ်ကနေများ ဒီလောက်များတဲ့ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်တွေရောက်လာရတာလဲ?"

ယခုသုံးလောကတွင် ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များစွာရှိပါသော်လည်း ၎င်းမှာ ကျဲကျောင်းတော်သားများက နှစ်သောင်းချီဖိနှိပ်ခံရခဲ့ပြီး လုံ့လတစိုက်ကျင့်ကြံနေခဲ့ခြင်းကြောင့်ပင်။ သီအိုရီအရဆိုလျှင် ၎င်းတို့၏ကျင့်ကြံခြင်းမှာ ရပ်နေခြင်း၊ ယိုယွင်းလာခြင်းတို့သာ ဖြစ်သင့်၏။

သို့သော် ယခုတွင် ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်၁၀၀ကျော်က ချက်ချင်းထွက်ပေါ်လာသည်။ ထို့အပြင် ထိုတိုက်ခိုက်မှုအရေအတွက်များမှာ အဆုံးမရှိတိုးလာနေဆဲပင်။ ထိုသည်က ကျဲကျောင်းတော်ရှိ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အရေအတွက်မှာ တစ်ရာထက်များနေခြင်းသည်ကိုဆိုလို၏။

ခွပ်!

အားလုံးသောကရောက်နေချိန်၌ အက်ကွဲသံတစ်ခုမှာ အကာအရံထံမှ ထွက်ပေါ်လာကာ အားလုံး၏ တင်းကြပ်နေပြီးသာနှလုံးသွေးကြောများကို ပိုမိုတင်းကြပ်သွားစေကာ မည်သည့်အချိန်မဆို ပြတ်ထွက်သွားတော့လုဆဲဆဲဖြစ်နေချေ၏။

သို့သော် ထိုအသံမှာ ၎င်းတို့အား အကြောင်းမဲ့ ဟာသလုပ်နေသယောင်ဖြင့် တစ်ခေါက်ပြီးတစ်ခေါက်‌ထွက်ပေါ်လာနေ၏။

ခွပ်! ခွပ်!

ထို့အပြင်... အက်ကွဲသံများမှာ ‌အကာအရံထက်‌၌ ပို၍ပို၍ ပေါ်ထွက်လာတော့၏။

နဂါးနှင့်ကျား၏ ကျန်နေခဲ့သော ပုံရိပ်များမှာ အရူးအမူးကူးခတ်လာနေကြသည်မှာ ကြွက်များက ဖိအားကြီးအောက်၌ လွတ်မြောက်ရန်စတင်နေသလိုပါပင်။

နောက်ဆုံးတွင် အဆက်မပြတ်အက်ကွဲနေသံနှင့်အတူ အကာအရံတို့မှာ အက်ကွဲသွားကြသည်။

"မကောင်းတော့ဘူး! ကျဲကျောင်းတော်သားတွေဝင်လာနေပြီ!"

"မပူနဲ့! ပိုပြီး‌ကမောက်ကမဖြစ်လေလေ ပိုပြီးအန္တရာယ်ရှိ‌လေပဲ။ အားလုံးက တိုက်ခိုက်ဖို့အတွက်စုစည်းပြင်ဆင်ကြ။"

၎င်းတို့စကားဆုံးသည်နှင့် အမည်မဲ့ဂိုဏ်းသားများမှာ ကောင်းကင်မှသက်ဆင်းလာတော့၏။

ပထမဆုံးမှာ ကျဲကျောင်းတော်တပည့်ပါပင်။

နှစ်များစွာကြာအောင် ကျဲကျောင်းတော်သားများမှာ ရွှေ‌ရောင်အောက်ကျွန်းထက်တွင် ဂိုဏ်းကြီးတချို့ထံမှ အလှောင်ပြောင်ခံခဲ့ရသည်ပင်။ ယခုတွင် ၎င်းတို့မှာ လက်စားချေနိုင်ပြီဖြစ်ကာ မည်သူကမှ ညှာတာမှုကိုမပြသပါချေ။ လူသတ်ငွေ့အောက်တွင် ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များမှာ ရူးနှမ်းစွာကျရောက်သွားကြ၏။ ၎င်းတို့မှာ တောင်‌ထက်သို့ ဆာလောင်နေသောကျားများကဲ့သို့ဆင်းသက်လာကြက ၎င်းတို့၏ တိုက်ခိုက်မှုနည်းလမ်းအသီးသီးတို့ဖြင့် ဖိနှိပ်လိုက်ပါ၏။

ဘုန်း! ဘုန်း! ဘုန်း!

တစ်ခဏအတွင်းတွင် ‌ချန်ကျောင်းတော်သားများ၏အစီအရင်မှာ အနှောင့်ယှက်ခံလိုက်ရတော့၏။ ထိုလှိုင်းအတွင်းတွင် ချန်ကျောင်းတော်သားများစွာမှာ နေရာ၌ အသတ်ခံခဲ့ရသည်။

တိုက်ပွဲမှာ အထွဋ်အထိပ်သို့ ချက်ချင်းရောက်လာ၏။ သတ်ဖြတ်ခြင်း အော်သံများ! ဆူညံသံများ! ဘက်နှစ်ဘက်မှာ ရောထွေးယှက်နွယ်သွားကာ လူတစ်ယောက်၏သွေးကိုဆူပွက်ကာ အော့နှလုံးပင်နာလာစေ၏။

ချန်ကျောင်းတော်မှ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်တစ်ဦးမှာ လုံးဝတုံ့ဆိုင်းမနေချေ။ တစ်ဖက်လူဆင်းသက်လိုက်သည်နှင့် သူဟာ ဓမ္မရတနာကိုဆွဲထုတ်ကာ ထိုလူအား တိုက်ခိုက်လိုက်၏။

သူ၏ဓမ္မရတနာမှာ ‌မွေးဖွားခြင်းဝိဉာဉ်ရတနာဖြစ်၏။ ၎င်းမှာ မွေးဖွားခြင်းဝိဉာဉ်ရတနာလေးသာဖြစ်ပါသော်လည်း ၎င်းမှာ ဓမ္မရတနာအနေနှင့် အတော်လေးကောင်းမွန်နေသေးသည်ပင်။ ၎င်းမှာ သူယခင် ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ဖြစ်လာကာစက ခက်ခက်ခဲခဲရရှိခဲ့သော ဓမ္မရတနာပါပင်။ သူ့အတွက် ၎င်းမှာ သူ၏ဘဝထက်ပင် အရေးပါသော ရတနာဖြစ်၏!

သို့ရာတွင် သူ တစ်ဖက်လူ၏ ဓမ္မရတနာအား ခုခံရန် မွေးဖွားခြင်းဝိဉာဉ်ရတနာအား ကိုင်ဆောင်လိုက်သည့်အခိုက်တွင် တစ်ဖက်လူလက်ထဲမှ ဓမ္မရတနာကြောင့် သူ၏လက်နက်မှာ အညှာအတာမဲ့စွာ အက်ကွဲသွားတော့၏။

ဘုန်း!

ပြင်းထန်သောပေါက်ကွဲမှုနှင့်အတူ သူ၏ဓမ္မရတနာမှာ ဖန်ခွက်နှယ်ပေါက်ထွက်သွားပါ၏။

ထိုရိုက်ခတ်မှုလှိုင်းနှင့် တုံ့ပြန်မှုမှာ သူ၏ပုံရိပ်အား လွင့်ထွက်သွားစေသည်။

ဖူးးး!

သူဟာ သွေးအပြည့်တစ်လုပ်အန်လိုက်ပြီး ထိုမြင်ကွင်းအား မယုံနိုင်ဖွယ်ကြည့်လိုက်မိ၏။

ဘာတွေဖြစ်နေတာလဲ?

သူ့ရဲ့ မွေးဖွားခြင်းဝိဉာဉ်ရတနာက ခဏအတွင်းမှာပဲ ဘာကြောင့်များ အက်ကွဲသွားရတာလဲ?

တစ်ဖက်လူ၏ဓမ္မရတနာမှာ သူ့ထက်အဆင့်တစ်ဆင့်သာမြင့်နေပါလျှင် ထိုသို့ဖြစ်လာရန် မဖြစ်နိုင်ချေ! ၎င်းမှာ တစ်ဖက်လူထံ၌ ဆက်နွယ်မှုဝိဉာဉ်ရတနာပင်ရှိနေဟန်ပေါ်ကာ အတော်လေးမူမမှန်ဖြစ်နေ၏။ သူ၏ဓမ္မရတနာမှာ ဖလှယ်မှုတစ်ခုလေးကိုပင် မတောင့်ခံနိုင်ပါချေ!

၎င်းမှာ လူတစ်ယောက်က သံမဏိကိုဖြတ်နိုင်ပါလျှင်ပင် ဆွဲထုတ်ရန်ခက်နေသေးသည်မဟုတ်ပါလား?

သူဟာကြောင်နေစဉ်တွင် အခြားသော မိတ်ဆွေများ၏ အော်သံကိုကြားလိုက်ရသည်။

"ဂရုစိုက်၊ သူတို့မှာ ‌ဆက်နွယ်မှုမူလရတနာတွေရှိတယ်!"

ထိုသည်ကိုကြားသော် သူ၏မျက်လုံးမှာ ရုတ်တရတ်ပြူးကျယ်သွားကြ၏။

‌ဖုန်ထုထဲတွင် တစ်ဖက်လူမှာ ထွက်ပြေးပြီးဖြစ်သည်။ တစ်ဖက်လူမှာ သူ၏လက်သဏ္ဍာန်ကိုသုံးလျက် ဓမ္မရတနာနှင့် တစ်ဖန်ပြန်လည်ရိုက်ခတ်လိုက်ခေ၏။

"မကောင်းတော့ဘူး!"

သူဟာ အော်ဟစ်လိုက်ပြီး ချက်ချင်းပင် လွတ်မြောက်ရန်အကောင်းဆုံး လွတ်မြောက်နည်းလမ်းကို အသုံးပြုလိုက်သည်။

သို့ရာ၌ သူ၏အရှိန်မှာ ခြေတစ်လှမ်းနှေးနေသေးသည်ပင်။

ကျဲကျောင်းတော် ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်၏ တိုက်ခိုက်မှုမှာ သူ၏ရင်ဘတ်ကို အညှာအတာမဲ့စွာ ရိုက်လိုက်သည်။ တစ်ခဏအတွင်း၌ သူဟာ သွေးနောက်ထပ်တစ်လုပ်အန်လိုက်ကာ သူ၏ ပါးစပ်နှင့် နားကွဲသွားပြီး ရင်ဘတ်မှာလည်း အတော်လေးနာကျင်ခံစားသွားရသည်။

သူ၏ရင်ဘတ်ရှိ ရောင်ဝါငါးပါးမှာအက်ကွဲပြန့်ကျဲသွားကြ၏။ သူ၏ခေါင်းထက်ရှိ ပန်းသုံးပွင့်ထဲမှ နှစ်ပွင့်မှာ နေရာ၌ပင် ပေါက်ကွဲသွားကာ ကျန်ရှိသည့်တစ်ဦးမှာ အက်ကြောင်းများဖြင့် ဖုံးလွှမ်းနေပြီး ပြိုလဲသွား၏။

တိုက်ကွက်တစ်ခု!

တိုက်ကွက်တစ်ခုလေးနှင့် တစ်ဖက်လူမှာ သူ့အား အညှာအတာမရှိဖျက်ဆီးလိုက်ပါ၏။

တစ်ဖက်လူမှာ သူ၏ကိုယ်အား ဒဏ်ရာပြင်းစွာရစေရုံသာမက အနှစ်သာရဝိဉာဉ်ကိုလည်း ဖျက်စီးခဲ့သည်၊ ရင်တွင်းရှိ ရောင်ဝါငါးပါးနှင့် ခေါင်းထက်ရှိ ပန်းသုံးပွင့်ကိုလည်း ဖျက်ဆီးခဲ့၏။

သူမတုံ့ပြန်နိုင်ခင်တွင် နောက်ထပ်အော်သံတစ်ခုက နားအတွင်းသို့ဝင်ရောက်လာ၏။

"မဟုတ်ဘူး! အဲ့ဒါသူပဲမဟုတ်ဘူး။ သူတို့တစ်ယောက်ချင်းစီတိုင်းက ဆက်နွယ်မှုမူလရတနာတွေကို တပ်ဆင်ထားကြတာပဲ!"

ထိုသည်ကိုကြားသည်နှင့် ကျဲကျောင်းတော်သားများထံမှ တိုက်ခိုက်မှုလှိုင်းနောက်တစ်ခုမှာရောက်ရှိလာသည်။ ထိုအခိုက်တွင် သူ၏ ကိုယ်နှင့် ဝိဉာဉ်မှာ ဖျက်ဆီးခံလိုက်ရပြီး ပြာမှုန်များအဖြစ်ပြောင်းလဲသွားသည်။

သူပျက်စီးသွားသည့်အခိုက်တွင် သူဟာ ကျဲကျောင်းတော်မှာ နှစ်သောင်းချီဖိနှိပ်ခံခဲ့ရပြီး စွမ်းအားများစွာကြီးမားလာကြောင်းကို မယုံကြည်တော့ပေ။ သူတို့ဘယ်လိုများလုပ်လိုက်တာလဲ?

တိုက်ပွဲမှာ တစ်ဖက်သတ်ကြီးပင်။ အသက်ရှူကြိမ်သုံးဆယ်ကြိမ် မပြည့်ရုံလေးများ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်တွေတပ်စွဲထားရင်ဘယ်လိုလုပ်ကြမလဲ။

ကျဲကျောင်းတော်သားတွေရဲ့ စွမ်းအားကြီး အားကောင်းသည့်ကျင့်ကြံနှုန်းမှာ ၎င်းတို့အား အကူအညီမဲ့စေသည်။

"ပြန်ဆုတ်! မြန်မြန်ပြန်ဆုတ်ကြ! ငါတို့ဒီနေရာကို ထပ်မကာကွယ်နိုင်တော့ဘူး။ မြန်မြန်ပြန်ဆုတ်ကြ!"

ရှေးဟောင်းကျင့်ကြံဆင့်နှင့်ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်တစ်ဦးမှာ အားလုံးကို ချက်ချင်းပြန်ဆုတ်ရန်ပြောလိုက်၏။

အခြား‌ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များမှာ‌ နောက်မှလိုက်လာကြ၏။

ထိုဖြစ်စဉ်အတွင်းတွင် ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များစွာ အသတ်ခံလိုက်ရသည်။

ထို့အပြင် ထိုသို့ဆိုလျှင်တောင် ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ဆယ်ဦးကျော်မှာ ဖရိုဖရဲများအတွင်းမှ လွတ်မြောက်သွားကြဆဲပင်။

ပြောရလျှင် ထိုတိုက်ပွဲမှာ ကမောက်ကမဆန်လှကာ လူများစွာလည်းရှိကြ၏။ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ကျင့်ကြံဆင့်နှင့် ၎င်းတို့အား လွတ်မြောက်စေရန် အခွင့်အရေးရှိသည်။ သို့သော် ထိုကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ဒါဇင်မျှ ကောင်းကင်သို့လွတ်မြောက်သွားသည်နှင့် ပုံရိပ်တစ်ခုက ၎င်းတို့မျက်လုံးတွင်း၌ ပေါ်ထွက်လာတော့သည်။

ထိုပုံရိပ်မှာ တိမ်ထုများအကြား၌ ဝင့်ဝင့်ကြွားကြွားရပ်နေကာ လက်များကို ကျောနောက်ပို့ထား၏။ အစမှအဆုံးထိ သူဟာ မတိုက်ခိုက်ခဲ့ပါချေ။

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၃၁။ အပိုင်း ၄၅၅ သူတော်စင်များစွာပေါ်ထွက်လာခြင်း

(ဤဝတ္ထုသည် စိတ်ကူးယဉ်ဇာတ်လမ်းမျှသာဖြစ်သည်။)

"ခြုံခိုတိုက်ခိုက်တာလား?"

"ဟမ့်! ခြုံခိုတိုက်တော့ရောဘာဖြစ်လဲ? သူကတစ်ယောက်တည်းပဲကို။ ငါတို့အတူတူတိုက်ခိုက်ကြရင် ခဏအတွင်းမှာပဲ သတ်နိုင်တယ်။ တိုက်ခိုက်ကြ!"

ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များစွာမှာ တုံ့ဆိုင်းမှုမရှိ တစ်ချိန်တည်းတိုက်ခိုက်လိုက်ကြသည်။

ပြောရလျှင် လောက၌ သူတော်စင် ခုနှစ်ပါးသာရှိပါ၏။

၎င်းတို့မှာ လုရှောင်ယန်က သူတော်စင်ဖြစ်လာမှန်းသိကြသည်ပင်။

ထို့ကြောင့် ၎င်းတို့ရှေ့ရှိလူမှာ သေချာပေါက် သူတော်စင်မဟုတ်ချေ။

သူဟာ သူတော်စင်မဟုတ်ပါလျှင် ၎င်းတို့အနေဖြင့် မည်သည်ကိုကြောက်ရွံ့ရမည်နည်း?

၎င်းတို့အားလုံးမှာ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များဖြစ်ကြကာ ဆယ်ယောက်ထက်ပင်ပိုသေး၏။ သို့ရာတွင် တစ်ဖက်လူထံ၌ လူတစ်ယောက်သာရှိလေသည်။ အားလုံးမှာ ‌ဒေါသဖြစ်လျက်ပင် ၎င်းအား တိုက်ခိုက်မည်ဖြစ်၏!

သို့သော် အားလုံး ကောင်းကင်ယံသို့ရောက်လာသည်နှင့် အရှေ့မှ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်မှာ နေရာ၌ပင် ပေါက်ကွဲသွားရာ ၎င်းတို့မှာ တစ်ဖက်လူထံပင် ရောက်သွားကြပေ၏။

ဘန်း!

သွေးမှုန်များမှာ ပြန့်ကျဲသွားပြီး နေပူပူအောက်က တလက်လက်တောက်ပနေသော ဝိုင်နီလိုပါပင်။

အားလုံးမတုံ့ပြန်နိုင်လိုက်ခင်၌ နောက်ထပ် ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်တစ်ဦးမှာ မျက်စိတစ်မှိတ်အတွင်းထပ်မံပေါက်ထွက်သွားလေသည်။

ထို့နောက်၊ တတိယ၊ စတုတ္ထ၊ ပဉ္စမ၊ ဆဌမနှင့် သတ္တမမြောက်ပညာရှင်များလည်း ပေါက်ကွဲသွားကြ၏... ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင် ဒါဇင်နီးပါးအားလုံးမှာ ဆက်တိုက်ဆိုသလိုပေါက်ကွဲခဲ့ကြလေသည်!

ဘုန်း! ဘုန်း!

ကောင်းကင်တွင် ဆယ်ခုထက်ပိုသော လျှပ်စီးကြောင်းများ မြည်ချုန်းနေသလိုပင်ဖြစ်ကာ နားပင်ကန်းလောက်၏!

မြေပြင်ထက်ရှိရွှေတိမ်တိုက်ဂိုဏ်းမှ လူများမှာ ချက်ချင်းပင် ခုခံနိုင်စွမ်းပျောက်ဆုံးသွားကြသည်။ ၎င်းတို့မှာ စိတ်အားငယ်သွားကြသောကြောင့် နေရာတွင်ပင် ရပ်တန့်နေကြ၏။

ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ဆယ်ယောက်ကျော်ပင်!

၎င်းတို့အားလုံးမှာ တစ်ခါတည်းအသတ်ခံလိုက်ရသည်လား?

တစ်ဖက်လူမှာ ထိုအဆင့်သို့ရောက်ရှိရန် မည်မျှစွမ်းအားကြီးနေမည်နည်း?

သူတော်စင်တစ်ပိုင်းလား? လုရှောင်ယန်လို သူတော်စင်မှ လွဲလျှင် ‌ကျဲကျောင်းတော်၌ သူတော်စင်တစ်ပိုင်းအဆင့်ရှိနေသေးသည်လား?

ဟာသပဲ!

ကျဲကျောင်းတော်က ဘယ်တုန်းက အရမ်းစွမ်းအားကြီးသွားတာလဲ?

ချန်ကျောင်းတော်၏ ကြောင်အနေကြသော တပည့်များကိုရင်ဆိုင်ရသော် ကျဲ‌ကျောင်းတော်၏ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များမှာ လုံးဝ စာနာခြင်းမရှိပါချေ။ ၎င်းတို့မှာ ကျင့်စဉ်မျိုးစုံနှင့် ဓမ္မရတနာများကိုသုံးလျက် တစ်ဖက်အား ၎င်းတို့၏ဝိဉာဉ်များကွယ်ပျောက်သွားသည်အထိ ရိုက်တော့၏။

အသက်ရှူကြိမ်တစ်ရာစာလောက်တွင် ရွှေတိမ်တိုက်ဂိုဏ်းတစ်ခုလုံးမှာ ရှင်းလင်းသွား၏။ ကျဲကျောင်းတော်မှ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များကလွဲလျှင် မည်သူမှမရှိတော့ပါချေ။

ဆိုရလျှင် ၎င်းမှာ ရွှေတိမ်တိုက်ဂိုဏ်းသာမဟုတ်ချေ။ ရွှေရွှေရောင်အောက်ကျွန်းတစ်ဝိုက်ရှိ ချန်ကျောင်းတော်၊ ရန်ကျောင်းတော်နှင့် ဗုဒ္ဓဂိုဏ်းလက်အောက်ခံများအားလုံးမှာ အရှင်းလင်းခံလိုက်ရသည်။ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များစွာမှာ ထိုတိုက်ပွဲများအတွင်း၌ သေကြေသွားကြသည်။

လုရှောင်ယန်မှာ အတိဒုက္ခကသူ့အား သက်ရောက်စေလောက်မည်ကိုလုံးဝမကြောက်ပါချေ။ အတိဒုက္ခအားလက်ခံခဲ့သူမှာ သူတော်စင်ရုပ်သေးဝမ့်ခိုက်ပင်ဖြစ်၏။ သူမဟုတ်ပါချေ။ အတိဒုက္ခကျရှုံးသွားရင်တောင် တစ်ဖက်ထံသာ ကျရောက်မည်ဖြစ်ကာ မထိခိုက်နိုင်ပါချေ။

ရွှေတိမ်တိုက်ဂိုဏ်းပျက်စီးသွားသည်နှင့် ကျောက်စိမ်းအာကာပြင်နန်းတော်၌ တရားဟောနေသော ရှေးဟောင်းကောင်းကင်အဓိပတိမှာ ဟစ်ကြွေးလိုက်၏။

"လုရှောင်ယန်၊ မင်းကောင်စုတ်လေး! ငါ့ရဲ့ ကျောက်စိမ်းအာကာပြင်နန်းတော် ငယ်သားတွေကို သတ်ဝံ့တယ်ပေါ့လေ! ကျောက်စိမ်းအာကာပြင်နန်းတော်က အနိုင်ကျင့်ဖို့ လွယ်တယ်များထင်နေလား?"

ထိုရွှေရောင်အမတအရှင်အချို့၏ အမူအရာများမှာ ဆိုးရွားစွာပြောင်းလဲသွား၏။

ရှေးဟောင်းကောင်းကင်အဓိပတိ မည်သည်ကိုမှမဆိုနိုင်ချိန်တွင် ၎င်းတို့မှာ ကိစ္စ၏ အကြောင်းအကျိုးကို သိပေ၏။

"ဘာလို့များ‌ကျဲကျောင်းတော်မှာ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်တွေ အဲ့လောက်အများကြီးပေါ်လာရတာလဲ။ ဒါကအရမ်းကြီးစွမ်းအားကြီးမနေဘူးလား?"

" ပြီးတော့ ဘယ်လိုများ ဒီလောက်များတဲ့ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်တွေ သေသွားရတာလဲ? ဘာလို့ငါ ဘာကိုမှ အာရုံမခံရတော့တာလဲ? လုရှောင်ယန်များတိုက်ကွက်တစ်ခုဖန်တီးထားတာလား?"

"ဒါက လုရှောင်ယန်ပဲဖြစ်ရမယ်။ သူ မတိုက်ခိုက်ရင်တော့ ဒါသူ့ကိုယ်ပွားဖြစ်ရမယ်။ မဟုတ်ရင်ကျုပ်တို့ကျင့်ကြံဆင့်တွေနဲ့ ဘယ်လိုများ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်‌တွေ သေသွားတာကို မရှာတွေ့နိုင်ရတာလဲ?"

"လုရှောင်ယန်က ဘယ်လောက်တောင် ဘဝင်မြင့်နေရတာလဲ။ သူက အတိဒုက္ခကိုရခဲ့တဲ့ တစ်ဦး‌တည်းသောလူပဲ။ သူတော်စင်အနေနဲ့ သူကဦးစွာတိုက်ခိုက်ပြီး လူပေါင်းများစွာကို သတ်ခဲ့တယ်။ သူက အတိဒုက္ခ၏ အပြစ်ဒဏ်ကျရောက်လာမှာကို မကြောက်ဘူးလား?"

ရှေးဟောင်းကောင်းကင်အဓိပတိမှာ လက်သီးတင်းတင်းဆုပ်လျက် သူ၏မျက်လုံးထဲရှိ လူသတ်ငွေ့မှာ အင်မတန်တောက်ပနေ၏။

"ဒီကလေးက တကယ်ကို ဘဝင်မြင့်တာပဲ။ သူက သူတော်စင်အဆင့်ရောက်ကာစဆိုပေမယ့် ချန်ကျောင်းတော်ကို ဂရုမစိုက်ဘူးပဲ။ ငါတို့သာသူ့ရဲ့ဘဝင်မြင့်မှုကို မရင်ဆိုင်ရင် သူ့နေရာသူမသိမှာစိုးရတယ်!"

"ကိုယ်တော့်ရဲ့အမိန့်ကိုနာခံပါ။ ဟောက်ထျန်းကို ကျဲကျောင်းတော်သားတွေကို ဖျက်ဆီးဖို့‌ ရှေးဟောင်းလောကဆီပို့ရမယ်!"

"ဆရာ၊ ကျွန်တော်တို့ချန်ကျောင်းတော်မှာ တပည့်တွေအများကြီးရှိနေတုန်းပါ။ အသတ်ခံလိုက်ရတဲ့ တပည့်အရေအတွက်က ခြင်းတောင်းထဲက အစက်လေးတစ်စက်ပါပဲ။ ဘာကြောင့် ကျွန်တော်တို့ ကောင်းကင်ဘုံခုံရုံးကိုကာကွယ်ပေးဖို့ မတောင်းဆိုရမှာလဲ? ဒါက ကျွန်တော်တို့ ကျောက်စိမ်းအာကာပြင်နန်းတော်ကို အသုံးမဝင်မဖြစ်စေဘူးလား?"

ရှေးဟောင်းကောင်းကင်အဓိပတိမှာ အေးစက်စွာပြုံးလိုက်၏။

"အခြားအချိန်တွေသာဆိုရင် ငါတို့ ရွှေရောင်အောက်ကျွန်းကို တိုက်ခိုက်ခိုင်းလို့ရတယ်။ စိုးရိမ်စရာမလိုဘူး။"

"ဒါပေမယ့် ဒီအချိန်မှာ ငါတို့တွေ ဆဌမမြောက် အတိဒုက္ခကိုကြုံနေရတယ်။ ငါတို့သာသတိလက်လွတ်‌နေရင် ဝဋ်တွေကူးသွားနိုင်တယ်။"

"ပြီးတော့ ချန်ကျောင်းတော်သားတွေကိုပဲ သတ်ခဲ့ကြတာမဟုတ်ဘူး။ သူတို့က ဗုဒ္ဓဂိုဏ်းနဲ့ ရန်ကျောင်းတော်ကတပည့်တွေကိုလည်း သတ်လိုက်ကြတယ်... လုရှောင်ယန်ကိုသတ်မယ့်လူတွေ များပါတယ်။"

"ကောင်းကင်ဘုံခုံရုံးကိုတိုက်ခိုက်ခွင့်ပေးတာက ဟောက်ထျန်းကို ငါတို့အတွက် အတိဒုက္ခမှာ ကူညီခွင့်ပေးရာရောက်တယ်။ တခြားဂိုဏ်းနှစ်ဂိုဏ်းသာ တစ်ချိန်တည်းတိုက်ခိုက်ပြီး လုရှောင်ယန်နဲ့အတူ ရင်ဆိုင်ကြရင်တော့ အကောင်းဆုံးပဲပေါ့။ သူတို့‌သာ သေတဲ့အထိတိုက်ခိုက်ပြီး သူတို့စွမ်းအားကို သူတို့ လျော့ကျစေရင်လည်း အကောင်းဆုံးဖြစ်မယ်။"

"အဲ့သလိုဆိုရင် ကိုယ်တော်တို့ချန်ကျောင်းတော်မှာ အနည်းဆုံးပဲခံစားရတော့မှာ!"

"အတိဒုက္ခပြီးတဲ့နောက်မှာ လောက,က ဘယ်သူကများ ငါတို့ရဲ့ပြိုင်ဘက် ဖြစ်နိုင်တော့မှာလဲ?"

အားလုံး၏ မျက်လုံးများ တောက်ပသွားသည်။ ရှေးဟောင်းကောင်းကင်အဓိပတိထံ၌ အစီစဉ်တစ်ခုရှိနေဟန်ပင်!

ထိုသို့ဆိုလျှင် ချန်ကျောင်းတော်မှာ အတိဒုက္ခပြီးနောက်တွင် သုံးလောက၌ နံပါတ်တစ်ဂိုဏ်းဖြစ်လာနိုင်သည်။

ချန်ကျောင်းတော်၏ ကြီးမားလာမှုမှာ ၎င်းတို့ကျင့်ကြံဆင့် တိုးစေမည့် ရင်းမြစ်များပိုမိုထောက်ပံ့လာနိုင်စေလိမ့်မည်!

သူတော်စင်များထပ်မံပေါ်ပေါက်လာရန်ပင် ဖြစ်နိုင်ချေရှိသည်။

"ဆရာက တကယ်ပညာရှိတာပဲ။ ဒါပေမယ့်... ဟောက်ထျန်းက သဘောမတူလောက်ဘူး။ သူကမတုံးဘူးလေ။ ပြီးတော့ သူကလျှာသွက်ပြီး ရက်စက်တယ်။"

"သူက ‌ကျွန်တော်တို့ အသုံးချတာခံရမှာကနေ ရှောင်ရှားဖို့ နည်းလမ်းရှာလိမ့်မယ်။"

ရှေးဟောင်းကောင်းကင်အဓိပတိ၏နှုတ်ခမ်းထောင့်မှာ အတန်ငယ်ကွေးတက်သွား၏။

"အဆင်ပြေပါတယ်။ သူက နှစ်ပေါင်းသောင်းချီကြာ ကျောက်စိမ်းဧကရာဇ်ဖြစ်လာခဲ့ပြီး အဓိပတိကံကောင်းမှုကိုစုဆောင်းလာခဲ့တယ်လေ။ သူက‌သူတော်စင်ဖြစ်လာချင်တာပါ။ ဒါပေမယ့် သူမှာ သူတော်စင်တစ်ယောက်ဖြစ်ဖို့ စွမ်းအားရှိပေမယ့်လည်း အခွင့်အရေးမရဘူးဖြစ်နေတယ်။ သူက မဟာတာအိုရဲ့ နောက်ဆုံး နားလည်နိုင်မှုလေးကို လွဲချော်နေတုန်းပဲ။"

"ငါသာသူ့ကို သူတော်စင်အဖြစ်တက်လှမ်းဖို့ကူညီလိုက်ရင် ဘယ်လိုများငြင်းဆန်နိုင်မှာတဲ့လဲ?'

အားလုံးမှာ အံ့အားသင့်သွားကြ၏။

"ဆရာ၊ ဒီလိုဆိုရင်တော့ ဟောက်ထျန်းကို လွယ်‌လွယ်လေးလွှတ်ပေးထားလို့ မဖြစ်ဘူးမဟုတ်လား?"

"အမှန်ပဲ။ ဟောက်ထျန်းသာသူတော်စင်ဖြစ်လာရင် အနာဂတ်မှာ သူ့ကိုထိန်းချုပ်ဖို့ ပိုခက်ခဲသွားလိမ့်မယ်။ ဒါက ပြဿနာပဲ။"

"မပူပါနဲ့။ မင်းတို့ကလည်း သူတော်စင်အဆင့်ကနေ ခြေတစ်လှမ်းပဲလိုတော့တာပါ။ ဆဌမမြောက်အတိဒုက္ခစတင်တာနဲ့ မင်းတို့မှာ သူတော်စင်ဖြစ်ဖို့ အခွင့်အရေးရှိလာလိမ့်မယ်။"

"ဆရာကျွန်တော့်ကို တစ်ခါပြောဖူးတာက ဆဌမမြောက်အတိဒုက္ခပြီးရင်လောကမှာ သူတော်စင် ‌ဆယ်ယောက်ကျော်တောင် ထွက်လာခွင့်ပြုမယ်ဆိုပဲ။"

"ဟောက်ထျန်းသူတော်စင်ဖြစ်လာရင်တောင် ငါတို့ချန်ကျောင်းတော်ကို လာမဆွနိုင်ပါဘူး။"

"ပိုအရေးကြီးတာက၊ သူသာ သူတော်စင်ဖြစ်လာရင် လုရှောင်ယန်ကို ပိုပြီးဆန့်ကျင်လောက်တယ်။"

"သူတို့နှစ်ဦးသာ သေတဲ့အထိတိုက်ခိုက်ကြရင် ငါတို့ချန်ကျောင်းတော်က ရိတ်သိမ်းဖို့ အခွင့်ကောင်းယူရမှာပေါ့။ မကြာခင်မှာပဲ သူက ကောင်းကင်ဘုံခုံရုံးတစ်ခုလုံးကို လက်လျှော့ရလိမ့်မယ်။"

အားလုံး၏ နှလုံးအိမ်များမှာ တုန်ယင်သွားပြီး လက်မ‌များထောင်လိုက်ကြတော့၏။

ထက်မြတ်တယ်!

ဒါကတကယ်ကို အထင်ကြီးစရာပဲ!

လောကတစ်ခွင်တွင် ၎င်းတို့ဆရာထက် သန်မာသူမရှိပါချေ။

သူ၏ လုရှောင်ယန်နှင့်ဟောက်ထျန်းအား ဆန့်ကျင်မည့် အစီအစဉ်မှာ လုံးဝကိုပြည့်စုံ၏။ ၎င်းတို့နှစ်ဘက်သာ သေသည်အထိတိုက်ခိုက်ကြပါလျှင် သူတို့အတွက် ကောင်းမွန်ချေ၏။ ကောင်းကင်ဘုံခုံရုံးသာ တာဝန်များစွာကို ခံစားရပါလျှင် ကောင်းမွန်ချေ၏။

အတိုချုံးပြောရလျှင် မည်သို့ဖြစ်ဖြစ် ချန်ကျောင်းတော်ကသာ နောက်ဆုံး၌ ရယ်နိုင်မည်ပင်။

တစ်ချိန်တည်းတွင် အနောက်ဘက် စိတ်ဝိဉာဉ်တောင်၌ တစ်သောင်းကျော်သော ရွှေရောင်ဗုဒ္ဓများမှာ စိတ်ဝိဉာဉ်တောင်ခန်းမ၌ စုစည်းလိုက်ကြ၏။ ၎င်းတို့မှာ ကျမ်းဂန်များကိုရွတ်ဆိုကာ ၎င်းတို့၏ အဓိပတိဗုဒ္ဓစွမ်းအားများအားလုံးကို ဂေါတမ၏ကိုယ်ထဲသို့ ပို့ဆောင်ပေးနေကြ၏။

ထိုကျယ်ပြောလှသော‌ဗုဒ္ဓရွတ်ဆိုမှုမှာ ဗုဒ္ဓစွမ်းအားပင်လယ်တစ်ခု ဖြစ်ပေါ်လာပုံပင်။

ဂေါတမမှာ ရွှေရောင်ပင်လယ်တွင် ထိုင်လျက် ဗုဒ္ဓစွမ်းအားကို အ‌ဆုံးမဲ့စွာ စုပ်ယူလိုက်၏။ သူ၏ကိုယ်အား ရွှေရောင်ဖြင့် ထင်ဟပ်နေလေ၏။

၎င်းကသူ့အား ရွှေရောင်ပင်လယ်ဖြင့် ဝိုင်းရံထားလျှင်တောင် ‌ကမ္ဘာအား ရွှေရောင်ပုတီးစေ့ကြီးကထင်ဟပ်‌နေဟန်ပင် ထင်ရစေ၏။

ထိုအခိုက်၌ စွမ်းအားကြီးအရှိန်အဝါမှာ တုနှိုင်းမဲ့ကောင်းကင်စွမ်းအားဖြင့် ရောယှက်သွားလျက် သူ၏ကိုယ်မှ ဖြည်းဖြည်းချင်း ပျံ့နှံ့လာတော့၏။

ထိုရောင်ဝါတဖြည်းဖြည်း‌အားကောင်းလာသည်နှင့် ပေါများလှသော ရွှေရောင်ဗုဒ္ဓများမှာ ပျော်ရွှင်ဖွယ်အမူအရာများပေါ်ထွက်လာတော့သည်။

"ပြီးသွားပြီ! ဗုဒ္ဓဘိုးဘေးက အောင်မြင်သွားပြီပဲ! ဗုဒ္ဓဘိုးဘေးက သူတော်စင်ဖြစ်လာတော့မယ်!"

မကြာခင်တွင် ဗုဒ္ဓစွမ်းအားပင်လယ်တွင်းရှိ ဂေါတမမှာ နောက်ဆုံးအတားအဆီးကိုချိုးဖြတ်နိုင်သွားကာ သူတော်စင်အဆင့်သို့ တက်လှမ်းသွားတော့၏။

ဗုဒ္ဓဂိုဏ်း၏ ဂိုဏ်းသားတစ်ဦးအနေနှင့် သူဟာ သူတော်စင်ဖြစ်လာရန် အတိဒုက္ခကျော်ဖြတ်ဖို့မလိုပါချေ။ ဗုဒ္ဓဂိုဏ်း၏ ရွှေ‌ရောင်ကုသိုလ်ကံကောင်းနဂါးအား သူ့ထံသို့ပေးပို့ကာ သူတော်စင်အဆင့်ရောက်ရှိရန် အလွယ်တကူ,ကူညီခဲ့၏!

သူ၏သူတော်စင်အဆင့် အောင်မြင်သွားခိုက်တွင် စိတ်ဝိဉာဉ်တစ်တောင်လုံးမှာ ဗုဒ္ဓအလင်းဖြင့် ထင်ဟပ်နေတော့သည်။ အားလုံးမှာ ထိုအနောက်ဘက်သူတော်စင်အလင်းဖြင့် ရေချိုးကာ အညစ်အကြေးသန့်စင်ကြ၏။

ထိုအခိုက်တွင် ရွှေရောင်ပုံရိပ်များမှာ အနောက်ဘက်စိတ်ဝိဉာဉ်တောင် နေရာတိုင်း၌ သန့်စင်နေကြတော့သည်။ မြေပြင်မှ ရွှေရောင်ပန်းများမွေးဖွားလာကာ ထိုသဘာဝဖြစ်စဉ်က သူတော်စင်မွေးဖွားခြင်းကို ကိုယ်စားပြုနေ၏။

ဂေါတမမှာ သူ၏မျက်လုံးများကို ဖြည်းညင်းစွာဖွင့်လိုက်ပြီး ထိုရွှေရောင်မျက်ဝန်းများက အနောက်ဘက်စိတ်ဝိဉာဉ်တောင်ရှိ အရာအားလုံးကို မြင်နေနိုင်သလိုပင်။

အားလုံးမှာ အင်မတန်ပျော်မြူးလျက် တစ်ညီတည်း ဒူးထောက်လိုက်ကြ၏။

"သူတော်စင်ဖြစ်လာတဲ့အတွက် ဂုဏ်ပြူပါတယ် ဘိုးဘေး!"

ဂေါတမမှာ သူ၏ကိုယ်တွင်းရှိ စွမ်းအားကိုကြည့်ရှူလျက် ယခင်က မခံစားဖူးခဲ့သော အင်မတန်အားကောင်းသည့်စွမ်းအားကို အာရုံခံမိလိုက်သည်။

"ဒါက သူတော်စင်ရဲ့စွမ်းအားလား?"

အရမ်းကိုအားကောင်းလွန်းတယ်! လူတိုင်းက သူတော်စင်ဖြစ်လာချင်ကြတာ မဆန်းဘူးပဲ။ သူတော်စင်နဲ့နှိုင်းစာရရင် အောက်အဆင့်အားလုံးက ပုရွက်ဆိတ်တွေတောင်မဟုတ်ကြဘူး။

လူအုပ်ထဲတွင် ထောင့်ရှိ ပုံရိပ်တစ်ခုကသာ ဘာကိုမှ လုံးဝမတောင့်တနေခြင်းဖြစ်၏။

အားလုံး၏ မြူးထူးမှုကို အခွင့်ကောင်းယူကာ သူဟာ လေထုထဲရှိ ကျန်ရှိနေသေးသော ဗုဒ္ဓစွမ်းအားကို အရူးအမူးစုပ်ယူနေလိုက်၏။

ကောင်းကင်အမတအရှင် သတ္တအအဆင့်၊ ‌အဌမအဆင့်၊ နဝမအဆင့်... အဆုံး၌ သူဟာ ထိုက်ယိရွှေရောင်အမတအရှင်အဆင့်ကိုကျော်လွန်လျက် ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်သို့ရောက်ရှိသွားတော့သည်။

၎င်းမှာ မူလက ဂေါတမဗုဒ္ဓသူတော်စင်ဖြစ်လာရန် ပေးအပ်ထားခဲ့သည့် ဗုဒ္ဓစွမ်းအားများပါပင်။ ထို့ကြောင့် ၎င်းမှာ အင်မတန်သန့်စင်ရုံမျှမက တုနှိုင်းမဲ့သိပ်သည်းပေ၏။

ယခုတွင် စွမ်းအားမှာ လုံကွမ်း ကြားဖြတ်ယူခြင်းခံလိုက်ရသည်။ မဟုတ်၊ လုံကွမ်းကြားဖြတ်ယူသည်ဟု မပြောနိုင်ချေ။ အတိအကျဆိုရလျှင် မရယူသူကသာ ရူးနှမ်းနေသူများပင်။

ထို့ကြောင့် လုံကွမ်းမှာ ဗုဒ္ဓစွမ်းအားကိုစုပ်ယူကာ သူကိုယ်တိုင်အတွက် အသုံးပြုလိုက်၏။

သူဟာ တကယ်ကိုပင် ဒီတစ်ခေါက် အချီကြီးရသွားတာပင်။

"ထပ်ပြီး၊ ထပ်ပြီး"

"ဟ! ဟ! ငါသာ မင်းရဲ့ဗုဒ္ဓစွမ်းအားကို ခြောက်ခမ်းအောင်မစုပ်ယူရင်တော့လား! ငါက နောက်ထပ်ဖြစ်လာမယ့် ဗုဒ္ဓသူတော်စင်ပဲ! ငါကမင်းကို ငါ့ဆရာကို ဆန့်ကျင်ခွင့်ပြုမယ်ထင်နေလား?"

လုံကွမ်းမှာလေထဲရှိ ဗုဒ္ဓစွမ်းအားကို အရူးအမူးစုပ်ယူနေစဉ်တွင် သူတော်စင်ဖြစ်ကာစ ဂေါတမ၏အမူအရာမှာ ဆိုးဆိုးရွားရွားပြောင်းလဲသွား၏။ သူဟာ မတတ်နိုင်ဘဲ ညည်းတွားလိုက်သည်။

"သေစမ်းကွာ! ဘာတွေဖြစ်နေတာလဲ? ဘာလို့ငါ့ရဲ့ဗုဒ္ဓဂိုဏ်းသားတွေက ထိခိုက်ရမှာလဲ? ဘာတွေဖြစ်နေတာလဲ?"

သူတော်စင်ဖြစ်ကာစ ဂေါတမမှာ ချက်ချင်းဒေါသထွက်သွားသည်။

သူဟာ ယခုမှာ သူတော်စင်ဖြစ်လာကာ အရှုပ်ခံနေရသည်ပင်!

မည်သူက ၎င်းကို ခုခံနိုင်မည်နည်း?

သံသယမများဘဲ သူဟာ လူများစွာကို တိုက်ခိုက်ရန် ပို့ဆောင်လိုက်သည်။

"ဝမ်းရှု၊ ချက်ချင်းပဲ လုရှောင်ယန်ကို သတ်ဖို့ ရှေးဟောင်းလောကကို လူတွေခေါ်သွားလိုက်!"

***

All Chapters