← Chapters

အခန်း (၄၅၆-၄၆၀)

Vol. 31 Ch. 456-460

အခန်း (၄၅၆-၄၆၀)

Vol. 31 Ch. 456-460

အပိုင်း ၄၅၆ ဘာ? ငါအခုမှပြန်လာတာလေ။ မင်းကငါ့ကို ပြန်သွားခိုင်းပြီး ကျဲကျောင်းတော်ကိုတိုက်ခိုက်စေချင်တာလား?

(ဤဝတ္ထုသည် စိတ်ကူးယဉ်ဇာတ်လမ်းမျှသာဖြစ်သည်။)

ရွှေရောင်အောက်ကျွန်းတွင် သီးသန့်ကျင့်ကြံနေသည့် လုရှောင်ယန်မှာ ရုတ်တရတ်မျက်လုံးများကို ဖွင့်ပြီး မှေးကျဉ်းလိုက်သည်။

"ဒီအရှိန်အဝါက၊ ထို့ပေါင် သူတော်စင်ဖြစ်လာတာများလား?"

တစ်ခဏရပ်တန့်ပြီးနောက်တွင် သူဟာ နှာခေါင်းရှုံ့လိုက်၏။

"သူ, သူတော်စင်ဖြစ်လာတော့လည်း ဘာအရေးလဲ? ငါ့ရဲ့ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွေရောင်အမတအရှင်အဆင့်က သူ့ကို အဆပေါင်းဒါဇင်ချီတောင် ခံစားရဖို့လုံလောက်တယ်!"

လုရှောင်ယန်မှာ ထို့ပေါင် သူတော်စင်ဖြစ်လာခြင်းကို မအံ့ဩပါချေ။ ယခင်က တာအိုကျင့်ကြံသူထို့ပေါင်မှာ ကျဲကျောင်းတော်ကို သစ္စာဖောက်ပြီး အနောက်ဘက် စိတ်ဝိဉာဉ်တောင်သို့ ထွက်ပြေးလာကာ ကျွင်းတိနှင့် ကျဲယင်တို့၏ တပည့်ဖြစ်ရုံမက အနောက်ဘက်ဂိုဏ်း၏ဗုဒ္ဓဘိုးဘေးလည်း ဖြစ်လာခဲ့၏။ သူဟာ တစ်ဖက်ထံတွင် ကတိပေးထားခဲ့သည်။

ထို့အပြင် မကြာခင်က ကျဲကျောင်းတော်မှ စိတ်ဝိဉာဉ်တောင်သို့ ပို့ဆောင်ထားသော သူလျှိုမှာ စိတ်ဝိဉာဉ်တောင်တွင် ထို့ပေါင်အား သူတော်စင်ဖြစ်လာရန် အထောက်အကူအနေဖြင့် ဗုဒ္ဓတစ်သောင်းတွေ့ဆုံပွဲကို စတင်နေသည်ဟု သတင်းပါးထားခဲ့သေးသည်။

လုရှောင်ယန်မှာ ၎င်းအား ခန့်မှန်းထားခဲ့ပြီးသားပင်။

...

‌ခရမ်းသွေးတိမ်တိုက်နန်းတော်တွင် သီးသန့်ကျင့်ကြံနေသည့် ထုံးထျန်းမှာ ထိုတစ်ချိန်တည်း၌ မျက်လုံးများကို ဖွင့်လှစ်လိုက်၏။ "ဒီအရှိန်အဝါက... ထို့ပေါင်များလား?"

သူ၏မျက်လုံးများမှာ အတန်ငယ်ရှုပ်ထွေးနေသည်။

"သူလည်း သူတော်စင်ဖြစ်လာမယ်လို့တောင် ထင်မထားခဲ့မိဘူး။ လုရှောင်ယန်ပေါ်က ဖိအားကတော့ ကြီးသထက် ကြီးလာလေ၏! သူ ဒီရန်သူတွေကို အနိုင်ယူနိုင်ဦးမှာလား?"

"ငါတို့ကျဲကျောင်းတော်က တကယ်ပဲ ကောင်းမွန်လာနိုင်ပါ့မလား?"

ဖျော့တော့သော သက်ပြင်းချသံမှာ ခရမ်းသွေးတိမ်တိုက်နန်းတော်မှ ပေါ်ထွက်လာ၏။

အခြားနေရာများမှ သူတော်စင်များသည်လည်း ထိုအရှိန်အဝါကို ချက်ချင်းခံစား‌မိပါသော်ငြား များများစားစား အာရုံမထားကြပါချေ။

ရှင်းလင်းစွာပင် အားလုံးက ထို့ပေါင် သူတော်စင်ဖြစ်လာမည်ကို ခန့်မှန်းပြီးသားဖြစ်ကြကာ လုံးဝထူးဆန်းမနေပါချေ!

အခြားတစ်ဘက်တွင် ကောင်းကင်ဘုံခုံရုံးရှိ ဟောက်ထျန်းမှာ ကျဲကျောင်းတော်က ရန်ကျောင်းတော်၊ ချန်ကျောင်းတော်နှင့် ဗုဒ္ဓဂိုဏ်းမှ ဂိုဏ်းသားများစွာကို သတ်ခဲ့သည်ဟု သိလိုက်ရ၏။

သို့ရာ၌ သူဟာ စစ်ကူများမလွှတ်ပါချေ။

ပထမဦးစွာ ကောင်းကင်ဘုံခုံရုံးမှာ ရှေးဟောင်းလောကတွင် မည်သည့်အဖွဲ့အစည်းမှရှိမနေကာ ကျဲကျောင်းတော်ကြောင့် လုံးဝမထိခိုက်ခဲ့ပါချေ။

ဒုတိယအနေဖြင့် ကောင်းကင်ဘုံခုံရုံး၏စွမ်းအားမှာ သူ အားစိုက်ကာ စုဆောင်းခဲ့ရသည့် အရာပင်ဖြစ်၏။

ယခင်က သူသာ နတ်ဘုရားချိတ်ပိတ်ခြင်းအတိဒုက္ခအား ဟုန်ကျွင်းထံငိုယိုမတောင်းခံခဲ့ပါလျှင် သူဟာ အမိန့်မပေးနိုင်သည့် စစ်သူကြီးတစ်ဦးသာ ဖြစ်နေချေလိမ့်မည်။

သူသာကျဲကျောင်းတော်အား သွားဆွပါလျှင် သူ၏နတ်တပ်သားများစွာမှာ သေရပေလိမ့်မည်!

သူဟာ ဆုံးရှုံးမှုကြီးကို သေချာပေါက်ခံစားရပေလိမ့်မည်။

သူသာအရူးမဟုတ်ပါလျှင် ထိုကိစ္စ၌ ဝင်ပါဖို့ရန်မဖြစ်နိုင်ချေ။

မှန်ပါသည်၊ သူသာ အရှုပ်ရှင်းရန် မထွက်လာခင်တွင် ဂိုဏ်းအချို့အား ၎င်းတို့အချင်းချင်း သေလုအောင်တိုက်ခိုက်ခွင့်ပေးထားလိုက်လျှင် အကောင်းဆုံးမြစ်မည်။

ပြည့်စုံတယ်။

သူဟာ ထိုသူတော်စင်များအား စိတ်မကျေနပ်သည်မှာ ကြာခဲ့ပြီပင်!

သူဟာ တာအိုဘိုးဘေးမွေးထုတ်ခဲ့သည့် သုံးလောကဆရာဖြစ်သည်မှာ သေချာပြီး လောကတွင် အသန်မာဆုံးဧကရာဇ်ပင်ဖြစ်၏!

အဆုံးတွင် သူတော်စင်အုပ်စုမှာ သူ့အား ဖိနှိပ်ရမည်ဖြစ်ကာ အသက်ရှူပင်ဝစေနိုင်မှာမဟုတ်ချေ။

ပို၍ မုန်းချင်စဖွယ်ကောင်းသည်မှာ ထိုသူတော်စင်အုပ်စုများက တပည့်များစွာ ပျိုးထောင်ခဲ့ခြင်းကြောင့် ၎င်းတို့အားလုံးမှာ အားနည်းမနေဘဲ သူ့ကိုပင် စိန်ခေါ်ဝံ့ကြသည်ပင်။

ထိုသည်ကြောင့် သုံးလောကရှိ လူ‌များစွာမှာ သူ၏ထိန်းချုပ်မှုအောက်၌ မရှိကြပေ။

၎င်းက သူ့အား သေချာပေါက် အရှက်ရစေ၏။

ယခုတွင် လုရှောင်ယန်ပေါ်လာသည်က ၎င်းတို့၏ ဝင့်ကြွားမှုကို ဖိနှိပ်ရန် ပြည့်စုံစေသည်။

အံ့ဖွယ်ပင်ဖြစ်ချေ၏။

ပြောရလျှင် ယနေ့မှာ သာယာသောနေ့မျိုးပင်ဖြစ်၏။ အဘယ့်ကြောင့် ဒီည လနန်းတော်ကျယ်ကို မသွားရောက်ရမည်နည်း?

သူဟာ ညချမ်းအခါတွင် နတ်မိမယ်ချန်အယ်နှင့် နောက်ဆုံးစကားလက်ဆုံကျခဲ့သည်မှာ ကြာညောင်းလှခဲ့ပြီပင်။ ဘာကြောင့် ယနေ့မစတင်ရမည်နည်း?

သို့သော် ထိုအခိုက်တွင် အားကောင်းလှသောအရှိန်အဝါမှာ အနောက်ဘက်မှ မြင့်တက်လာခဲ့သည်။

ကျောက်စိမ်းဧကရာဇ်၏ ခန္ဓာမှာ ရုတ်တရတ် တုန်ယင်သွားကာ မျက်လုံးများပြူးကျယ်သွား၏။

"ဒီ... ဒီရင်းနှီးနေတဲ့အရှိန်အဝါက! တာအိုကျင့်ကြံသူ ထို့ပေါင်များလား? ဂေါတမလေ! သေစမ်းကွာ သူ တကယ်ကြီးသူတော်စင်ဖြစ်လာတာပဲ? ဘယ်လိုဖြစ်တာလဲ?"

ထိုအချိန်၌ ကျောက်စိမ်းဧကရာဇ်၏မျက်နှာမှာ ချက်ချင်းမှုန်မှိုင်းသွားသည်။

ထို့ပေါင်မှာ သူတော်စင်ဖြစ်လာပြီဆိုကတည်း သုံးလောက၌ သူ့အားဖိနှိပ်နိုင်မည့် နောက်တစ်ဦးပေါ်ထွက်လာပြီဟု ဆိုလိုသည် မဟုတ်ပါလား?

သေစမ်း... သူကကျောက်စိမ်းဧကရာဇ်ဆိုတဲ့အချက်ကြောင့်သာမဟုတ်ရင် သူ့ပုံရိပ်သူဂရုမစိုက်ဘဲ တကယ်ကို ကျိန်ဆဲလိုက်ချင်သည်ပင်!

သူမထိတ်လန့်နိုင်ခင်တွင်ပင် ရွှေရောင်အလင်းတစ်ပြမှာ သူ၏ တော်ဝင်နန်းတော်သို့ တိုက်ရိုက်ဝင်ရောက်လာခဲ့သည်။

ထိုရွှေရောင်အလင်းမှာ အင်မတန်စွမ်းအားကြီးလှသောကြောင့် ကောင်းကင်ဘုံခုံရုံး၏အမတအရှင်များမှာ တုံ့ပြန်ချိန်ပင်မရလိုက်ဘဲ တစ်ဖက်လူအား ၎င်းတို့ရှေ့မှောက်သို့ရောက်ရှိလာရန် အခွင့်အရေးပေး‌မိသွား၏။

ကျောက်စိမ်းဧကရာဇ်၏အမူအရာမှာ အတန်ငယ်အေးစက်နေသည်။ သူ၏အကြည့်နှင့်ပင် တစ်ဖက်လူမှာ ရှေးဟောင်းကောင်းကင်အဓိပတိအောက်မှ ရွှေရောင်အမတအရှင်တစ်ဦးဖြစ်သည့် ချီကျင်းကျီဖြစ်ကြောင်း ပြောနိုင်၏။

တစ်ဖက်လူ၏ ဓမ္မစွမ်းအားမှာ သူ၏ကိုယ်ပိုင်နှင့် ဆင်တူပေသည်။ အနောက်အရပ်သို့ခရီးစဉ်အတိဒုက္ခကတည်းက ၎င်းတို့မှာ သူတော်စင်တစ်ပိုင်းများဖြစ်ခဲ့ကြပြီး သူတော်စင်ဖြစ်လာရန် ခြေတစ်လှမ်းသာလိုခဲ့ကြသည်ပင်။

ဂေါတမ သူတော်စင်ဖြစ်လာခြင်းကြောင့် သူဟာ ခံစားချက်မကောင်းပြီးသားပင်။

"ချီကျင်းကျီ မင်း ဘာလို့ကောင်းကင်ဘုံခုံရုံးကိုရောက်လာရတာလဲ?"

ချီကျင်းကျီမှာ ပြုံးကာ လက်များကို နောက်ကျောသို့ပို့လိုက်၏။

"တာအိုရောင်းရင်း ဟောက်ထျန်း၊ ကျဲကျောင်းတော်ရဲ့သူတော်စင်အသစ်လေးက သူ့ရဲ့တပည့်တွေကို ရှေးဟောင်းလောကမှာ အညှာတာမဲ့သတ်ဖြတ်ဖို့ ခွင့်ပြုထားတယ်။ ကောင်းကင်ဘုံခုံရုံးရဲ့အရှင်သခင်အနေနဲ့ ဘယ်လိုများ ဒီတိုင်းလေးထိုင်နေနိုင်ရတာလဲ?"

ကျောက်စိမ်းဧကရာဇ်မှာ စိတ်တွင်း၌ အေးစက်စက်ပြုံးလိုက်သည်။

ထိုချီကျင်းကျီမှာ တကယ်ကိုပင်အံ့သြစရာကြောင်သူတော်ပင်ဖြစ်၏။ အများအားဖြင့် ထိုလူမှာသူ့အား သုံးလောကအရှင်သခင်အဖြစ် လုံးဝမဆက်ဆံပါချေ။ ယ‌ခု‌တွင် ချန်ကျောင်းတော်မှာ အကျဉ်းကျပ်ထဲရောက်နေချိန်၌ ထိုလူဟာ ချက်ချင်းရောက်လာကာ သူ့အားကောင်းကင်ဘုံခုံရုံး၏အရှင်သခင်ဟု ပြောနေလေ၏။ ထိုလူမှာ သူ့ထံမှ အခွင့်ကောင်းယူရန် ထပ်မံကြိုးစားနေပြန်၏။

သို့သော် သူဟာ ထိုလူအား အရူးတစ်ယောက်အဖြစ် သတ်မှတ်ခွင့်ပေးတော့မည်မဟုတ်ချေ!

သူဟာ အခက်ကြုံနေဟန်ဆောင်လိုက်၏။

"တာအိုရောင်းရင်း ချီကျန်းကျီ၊ တကယ်တော့ ကျုပ်လည်း ခင်ဗျားကိုကူညီချင်ပါတယ်။ ဒါပေမယ့် ကျုပ်ရဲ့ကောင်းကင်ဘုံခုံရုံးမှာ ကျဲကျောင်းတော်ရဲ့ လက်အောက်ငယ်သားဟောင်းတွေနဲ့ ပြည့်နေတာကို ခင်ဗျားလည်းသိပါတယ်။ ခင်ဗျားသာ သူ‌တို့ကို ရွှေရောင်အောက်ကျွန်းဆီသွားပြီး သူတို့ရဲ့မိတ်ဆွေဟောင်းတွေကို တိုက်ခိုင်းရင်တော့ သူတို့တကယ်ပဲ ဆန္ဒရှိကြမှာမဟုတ်ဘူးလေ?"

ချီကျင်းကျီမှာ အေးစက်စက်ပြုံးလိုက်၏။

"တာအိုရောင်းရင်းဟောက်ထျန်း၊ ကျုပ်ကိုမနောက်ပါနဲ့။ ခင်ဗျားက နတ်ဘုရားချိတ်စည်းကို ထိန်းချုပ်တာပဲ။ ခင်ဗျားလက်တွင်းက နတ်ဘုရားချိတ်စည်းနဲ့ဆိုရင်တော့ ဘယ်သူက ခင်ဗျားအမိန့်ကို မနာခံဝံ့ဘဲနေမှာတဲ့လဲ? ပြီးတော့ ကျဲ‌ကျောင်းတော်သားတွေကပဲ ကောင်းကင်ဘုံခုံရုံးရဲ့ တပည့်မှမဟုတ်တာ... ခင်ဗျားမှာ တခြားကျောင်းတော်တွေက တပည့်တွေလည်းရှိတယ်လေ... သူတို့ကျတော့ရော?"

ကျောက်စိမ်းဧကရာဇ်မှာ‌ အေးစက်စွာနှာမှုတ်လိုက်၏။ ဒီလူက တကယ်ပဲ သူ့ရဲ့ကောင်းကင်ဘုံခုံရုံးက ချန်ကျောင်းတော်အတွက် အလကားအလုပ်လုပ်ပေးမယ်ထင်နေတာလား? ဒီလူက ဘယ်လိုအိပ်မက်မက်ရမလဲကို ကောင်းကောင်းသိနေတာပဲ!

"တာအိုရောင်းရင်းချီကျင်းကျီ ခင်ဗျားအထင်မှားနေပြီ။ သူတို့က ကျုပ်ရဲ့ငယ်သားတွေဖြစ်ပြီး နတ်ဘုရားချိတ်စည်းနဲ့ ထိန်းချုပ်ထားကြပေမယ့် သူတို့က နှစ်များစွာ ကျုပ်ရဲ့ငယ်သားတွေဖြစ်နေဆဲပဲလေ။ ဘယ်လိုများနှလုံးသားမဲ့နိုင်ရမှာလဲ? ကျုပ်က ဘယ်လိုများသူတို့ရဲ့ခ့စားချက်ကို လျစ်လျူရှုပြီး ဂုဏ်အသရေကိုညှိုးနွမ်းစေရမှာလဲ? ဒါဆို ကျုပ်က ကောင်းကင်ဘုံခုံရုံးအရှင်သခင်ဖြစ်ဖို့ ဘယ်လိုထိုက်တန်တော့မလဲ? ဒါက နှလုံးသားမဲ့နတ်ဆိုးတွေနဲ့ တူမနေဘူးလား?"

ချီကျင်းကျီမှာ‌ ကျောက်စိမ်းဧကရာဇ်အား စိတ်ထဲ၌ အရှက်မရှိလွန်းသောကြောင့် ဆဲရေးလိုက်မိသည်။ သူက သူ့ကိုယ်သူ ပါရမီရှင်ကြီးဖြစ်မယ်ထင်နေတာများလား?

သူဟာ တစ်ဖက်လူအားအရှုပ်လုပ်ရတော့မည်ဟန်ပင်!

၎င်းမှာ အတန်ငယ်ချောင်းဟန့်လိုက်ပြီး အမူအရာက နူးညံ့သွား၏။

"ကောင်းပြီ၊ ဒီလိုဆိုမှတော့၊ ကျုပ် တာအိုရောင်းရင်းဟောက်ထျန်းကို ‌မနှောင့်ယှက်တော့ပါဘူး။ ကံမကောင်းချင်တော့ ကျုပ်မထွက်လာခင်မှာ ကျုပ်ဆရာက တာအိုဟောက်ထျန်းဆီ လက်ဆောင်ထုပ်ယူလာခိုင်းခဲ့တာ။"

ကျောက်စိမ်းဧကရာဇ်မှာ မျက်ခုံးများကို ပင့်တင်လိုက်မိသည်။

"ဘာ‌လက်ဆောင်လဲ?"

"ဟီးဟီးဟီးဟီး... ဘာမှမဟုတ်ပါဘူး။ ဒါက ကျုပ်ဆရာရဲ့ မဟာတာအိုနိယာမတွေ ရှင်းပြချက် မှတ်တမ်းလေးပါပဲ။ တကယ်တော့ သုံးလောက အရှင်သခင်အနေနဲ့ တာအိုရောင်းရင်းဟောက်ထျန်းမှာ ဒါမျိုးမရှိဘဲမနေလောက်ပါဘူး။ ဒီလိုဆိုမှတော့၊ ကျုပ်သွားလိုက်ပါဦးမယ်။"

စကားဆုံးသည်နှင့် ချီကျန်းကျီမှာ တစ်ဖက်လှည့်ကာ လှည့်သွားမည်အပြုတွင် ကျောက်စိမ်းဧကရာဇ်၏အမူအရာက ဆိုးရွားစွာပြောင်းလဲသွားတော့၏။ သူဟာ နဂါးပလ္လင်ထက်မှချက်ချင်းထရပ်ကာ လက်မြှောက်လိုက်၏။

"တာအိုရောင်းရင်း၊ ခဏနေပါဦး!"

ချီကျန်းကျီ၏နှုတ်ခမ်းထောင့်မှာ အတန်ငယ်ကွေးတက်သွားတော့၏။ သူဟာ ကျောက်စိမ်းဧကရာဇ်ငြင်းဆန်မည်မဟုတ်သည်ကို သိလေသည်။

သူဟာ တစ်ဖန်ပြန်လှည့်ကာ မျက်နှာထက်ရှိ ဝင့်ကြွားမှုက ပြန်ပေါ်လာ၏။ သို့ရာ၌ ၎င်းမှာ ယခင်ထက်ပင် အားကောင်းနေသေးသည်။

ထိုအခိုက်တွင် သူဟာ ကျောက်စိမ်းဧကရာဇ်နှင့်ရင်ဆိုင်လိုက်သည်။ သူဟာ တစ်ဖက်လူအား လုံးဝမလွတ်ပေးမည်မဟုတ်။

၎င်းက သူ၏ သူတော်စင်တပည့်အနေနှင့် အထူးအခွင့်ရေးဖြစ်၏!

သုံးလောကတွင် သူတော်စင်တစ်ချို့မှလွဲပါလျှင် သူ့ကဲ့သို့ သူတော်စင်တစ်ဦး၏တပည့်များမှာ ကောင်းကင်ဘုံခုံရုံး၏အရှင်သခင် ဟောက်ထျန်းအား ခြိမ်းခြောက်နိုင်သည်။ ထိုသို့တွေးလိုက်သည်နှင့် သူဟာ လန်းဆန်းသွား၏။

"ဘာလို့လဲ? တစ်ခုခုဖြစ်လို့လား တာအိုရောင်းရင်းဟောက်ထျန်း?"

ကျောက်စိမ်းဧကရာဇ်မှာ လေးနက်ဟန်ဖြင့် ဆိုလိုက်သည်။

"တာအိုရောင်းရင်း၊ ခင်ဗျားပြောတာအမှန်ပဲလား? ခင်ဗျားမှာ ရှေးဟောင်းကောင်းကင်အဓိပတိရဲ့ မှတ်စုရှိနေတာလား?"

"ဒါပေါ့။ ချန်ကျောင်းတော် အမတအရှင် ဆယ့်နှစ်ဦးထဲက တစ်ဦးအနေနဲ့ ကျုပ်က ဘယ်လိုလိမ်ရမှာလဲ?"

ကျောက်စိမ်းဧကရာဇ်မှာ စိတ်တွင်း၌ ကျိန်ဆဲလိုက်၏။ ရွှေရောင်အမအရှင် ‌၁၂ဦးထဲမှ ၄ဦးမှာ စိတ်ဝိဉာဉ်တောင်ဆီကိုသွားရန် လှည့်ဖျားသွားခဲ့၏။ နောက်ထပ် အမတအရှင် ၁၂ဦးမရှိတော့ပါချေ။

ထို့အပြင် ချီကျန်းကျီ၏ ကျင့်ကြံဆင့်မှာ မူလတည်းကအားနည်းလှ၏။ ယခင်က နတ်ဘုရားချိတ်ပိတ်ခြင်းအတိဒုက္ခတွင် သူဟာ ကိုယ်ပိုင်တပည့်ထံကပင် အနိုင်ယူခံခဲ့ရ၏။ ၎င်းက အရှက်ရမှုပါပင်။ သူဟာ ၎င်းအားဤနေရာ၌ ချန်ကျောင်းတော်အမတအရှင် ဆယ့်နှစ်ဦးဟု မည်သို့ထုတ်ဖော်ပြောကြားဝံ့လေသနည်း။

သို့သော် ထိုအခိုက်တွင် တစ်ဖက်လူမှာ သူလိုချင်တာရသောကြောင့် အရမ်းဘဝင်မမြင့်နေပါချေ။

"တာအိုရောင်းရင်း၊ တကယ်တော့ ကျုပ်လည်း လုရှောင်ယန်ကို အတော်လေးမကျေနပ်ဘူး။ သူက သူတော်စင်ဖြစ်ကာစမှာပဲ ရှေးဟောင်းလောကရဲ့ခွင့်လွှတ်မှုကိုရခဲ့တယ်။ ဒါပေမယ့် ဒါက အရမ်းမကြာတော့ သူက အရမ်းကိုဘဝင်မြင့်သ‌ယောင်‌ပြုနေတာပဲ။ သူက သူတော်စင်တွေနဲ့ သက်ရှိအားလုံးကို မလေးမစားပြုတယ်။ ကျုပ်တို့က ဘယ်လိုများ ဒီလိုဆက်သတ်ခွင့်ပြုနေရမှာလဲ? အနာဂတ်မှာ သူက သုံးလောကတစ်ခွင်ကို ခြိမ်းခြောက်လာလိမ့်မယ်မဟုတ်လား?"

"ကျုပ် လွတ်လမ်းမဲ့ကွန်ရက်ကိုခင်းကျင်းဖို့ ကောင်းကင်တပ်သားတစ်သိန်းကို ပို့ပေးပြီး ကျဲကျောင်းတော်တပည့်အားလုံးကို တစ်ခါတည်း‌ဖမ်းပေးပါ့မယ်။"

ချီကျင်းကျီမှာ စိတ်ထဲတွင် နှာမှုတ်လျက် စာနာခြင်းမရှိပြောလိုက်၏။

"ဘာလို့လဲ? တာအိုရောင်းရင်းဟောက်ထျန်းပဲ ခင်ဗျားအလုပ်သမားတွေက ကျဲကျောင်းတော် လက်အောက်ခံဟောင်းတွေလို့ပြောခဲ့တာမဟုတ်ဘူးလား?"

"အခုအဆင်ပြေသွားတာသေချာရဲ့လား?"

"တာအိုရောင်းရင်း ချီကျင်းကျီ ဘာလို့ကျုပ်ကို ထေ့ငေါ့နေရတာလဲ? ကျုပ်က အခု လက်အောက်ငယ်သားတွေကို စဉ်းစားပေးနေတာပါ။ ဒါပေမယ့် သုံးလောကရဲ့ ငြိမ်းချမ်းမှုနဲ့ယှဉ်ရင် နောက်လာမယ့်အရာက ပိုအရေးကြီးတယ်၊ ဟုတ်တယ်မလား?"

ကျောက်စိမ်းဧကရာဇ်က မှတ်စုကို မည်မျှလိုချင်နေသည်ကိုကြည့်ကာ ချီကျင်းကျီမှာ ပို၍ အထင်သေးသွား၏။

သို့သော် သူဟာ မှတ်စုကို ရှာပေးလိုက်ဆဲပင်။ ပြောရရင် လုရှောင်ယန်နှင့်ရင်ဆိုင်ရမည်မှာ ယခု အရေးကြီးဆုံးအရာပင်ဖြစ်၏။

"ဒီလိုဆိုမှတော့ တာအိုရောင်းရင်း ကျုပ်ကို မကြာခင်မှာပဲ တတ်နိုင်သလောက် စစ်ကူတွေလွှတ်ပေးပါ။"

သူဟာ မှတ်စုကို ပစ်ပေးလိုက်၏။ ဟောက်ထျန်းမှာ ၎င်းအားဖမ်းလိုက်သည်မှာ ရတနာကိုရရှိသွားသလိုမျိုးပါပင်။ သူဟာ နတ်ဘုရားအာရုံကို သာဖွင့်ကြည့်လိုက်ရာ ၎င်းက အစစ်ဖြစ်ချေသည်။ သူဟာ ချက်ချင်းဆိုသလို စိတ်လှုပ်ရှားလျက် ကိုယ်များတုန်ရီလာ၏။

သုံးလောက၏ အကြီးမြတ်ဆုံးအဆင့်အနေနှင့် သူဟာ နှစ်များစွာကြာအောင် စွမ်းအားများစုဆောင်းခဲ့ရသည်။ အချိန်ကျလာသည်တွင် သူဟာ ချက်ချင်းအတားအဆီးကိုချိုးဖြတ်လျက် ပိုမိုအားကောင်းသည့် ကျင့်ကြံဆင့် သူတော်စင်အဆင့်ကိုတက်လှမ်းသွားလိမ့်မည်!

ထိုအချိန်၌ သူဟာ အခြားသူတော်စင်များ၏ အမူအရာကို ဂရုထားစရာမလိုတော့ပါချေ!

ထိုအချိန်၌ သူ့အား သုံးလောက၏ အကြီးမြတ်ဆုံးပညာရှင်ဟုပင် အမှန်တကယ်သတ်မှတ်နိုင်ပေ၏။

သို့သော် သူဟာစွမ်းအားလုံလုံလောက်လောက်ရှိပါသော်လည်း မဟာတာအို၏ နားလည်မှုကင်းမဲ့နေခဲ့ခြင်းပင်။

ကံမကောင်းစွာဖြင့် သူဟာ ဂေါတမနှင့်မတူပါချေ။ ဂေါတမထံ၌ ၎င်း၏နောက်တွင် သူတော်စင်နှစ်ပါး ကျဲယင်နှင့် ကျွင်းတိတို့လိုမျိုး ရှင်းပြနိုင်မည့်လူများရှိချေ၏။ တစ်ဖက်တွင် သူ့ထံ၌ မည်သူမှမရှိချေ။

ဟုန်ကျွင်းမှာလည်း သူ့ကိုယ်သူနှိမ့်ချကာ သူ့အား ရှင်းပြရန်လည်းမဖြစ်နိုင်ပါချေ။ ထို့ကြောင့် သူဟာ ‌သူတော်စင်အဖြစ်တက်လှမ်းရန် အခွင့်အရေးမရခဲ့ပါချေ!

ယခုတွင် သူဟာ ထိုနောင်တအား ပြင်ဆင်နိုင်ခဲ့ပြီဖြစ်၏!

သူ၏အနာဆာကိုပြုပြင်နိုင်လိုက်သည်နှင့် သူဟာ ပြီးပြည့်စုံသွားတော့သည်။

"ကောင်းပြီ! ငါ နီကျားကို ရှေးဟောင်းလောကဆီ တပ်ဖွဲ့နဲ့ပို့ပြီး ကျဲကျောင်းတော်တပည့်တွေနဲ့ ရင်ဆိုင်ခိုင်းရမယ်။"

ဟောက်ထျန်းမှာ လုရှောင်ယန် မလှုပ်ရှားသရွေ့ အခြားသူတော်စင်များလည်း မလှုပ်ရှားသည်ကို သိသောကြောင့် လုရှောင်ယန်အား လုံးဝမကြောက်ရွံ့ပါချေ။

သို့ရာ၌ လုရှောင်ယန်သာတိုက်ခိုက်ပါလျှင် အခြားသူတော်စင်များမှာ ချက်ချင်းလာရောက်ကာ သတ်ကြပေလိမ့်မည်!

ထိုအချိန်၌ ဟုန်ကျွင်းသည်ပင် ဘာကိုမှပြောနိုင်မည်မဟုတ်ချေ။

ဟီးဟီးဟီး... သူသာ သူတော်စင်ဖြစ်လာရန် ရက်အနည်းငယ်ပိုရပါလျှင် ကျဲကျောင်းတော်အား ‌ကြောက်ရွံ့နေရန်မလိုတော့ချေ။

သူဟာ ကမောက်ကမများအား အခွင့်ကောင်းယူကာပင် အကျိုးအမြတ်များလည်း ‌ရကောင်းရလာနိုင်၏။

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၃၁။ အပိုင်း ၄၅၇ မင်းငါ့ကိုလာနောက်နေတာလား? သူတော်စင်လုရဲ့ ဒုတိယမျိုးဆက်တပည့်အားလုံးက ရှေးဟောင်းသဏ္ဍာန်မဲ့ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်တွေချည်းပဲတဲ့လား?

(ဤဝတ္ထုသည် စိတ်ကူးယဉ်ဇာတ်လမ်းမျှသာဖြစ်သည်။)

နီကျား ကောင်းကင်ဘုံခုံရုံးသို့ ပြန်ရောက်ပြီးမကြာမီတွင် တောင်အရပ်ကောင်းကင်တံခါးဝကိုစောင့်ကြပ်သော ကောင်းကင်တပ်သားများမှာ ကျောက်စိမ်းဧကရာဇ်၏ အမိန့်တော်ကို လက်ခံရရှိသွားကြသည်။

ထိုသတင်းကိုကြားသော် နီကျားမှာ ကြောင်အသွားချေသည်။

ဘာကြီးလဲကွာ?

သူဟာ ယခုမှပြန်ရောက်ပြီးဖြစ်ကာ တစ်ဖက်လူက ကျဲကျောင်းတော်တပည့်များကို တိုက်ခိုက်မည့် တပ်ဖွဲ့အား ဦးဆောင်ခိုင်းနေလေသည်လား?

ထို့အပြင် ကျဲကျောင်းတော်မှာ ထိုလူထိန်းချုပ်နိုင်မည့် နေရာတစ်ခု ဖြစ်မည်လား?

သူတို့တွေ ကျဲကျောင်းတော် မည်မျှစွမ်းအားကြီးသည်ကို မသိကြပေဘူးလား?

၎င်းတို့အားလုံးမှာ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ဖြစ်ကြကာ ၎င်းတို့ကြားရှိ အားအနည်းဆုံးမှာပင် ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင် နောက်ဆုံးအဆင့်ကိုရောက်နေပြီဖြစ်၏။

တစ်ဖက်၏ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များမှာ ဟုန်ကျွင်းထံရှိ သူတော်စင်အရေတွက်ထက်ပင် မြင့်မားနေသေး၏။

ကောင်းကင်ဘုံခုံရုံးနှင့် ကျဲကျောင်းတော်၏ စွမ်းအားမှာ လောက်လေးခွနှင့် နျူကလိယဗုံးတို့ကြားရှိကွာခြားချက်နှင့်ပင် တူညီ၏!

သူဟာ တော်ဝင်နန်းတော်သို့ပြေးသွားကာ ရှုပ်ထွေးနေဟန်ဖြင့် ပြောလိုက်သည်။

"အရှင်မင်းမြတ်၊ ဘာကြောင့်များ ကျွန်တော်တို့အနေနဲ့ ‌ကျဲကျောင်းတော်ကို တိုက်ခိုက်ဖို့အမိန့်ပေးရတာပါလဲ? ကျုပ်တို့ ကောင်းကင်ဘုံခုံရုံးနဲ့ ကျဲကျောင်းတော်ကြားမှာ ဘာရန်ငြိုးရန်စမှလည်း မရှိပါဘူး။"

ဟောက်ထျန်းမှာ သူ့အားကြည့်ရှုလျက် မျက်မှောင်ကျုံ့လိုက်သည်။ ထိုအခိုက်တွင် သူဟာ မူမမှန်မှုတစ်ခုကို ခံစားလိုက်ရသည်မှာ သူ့ရှေ့ရှိ နီကျားမှာ အနည်းငယ်ကွဲပြားနေသယောင်ပါပင်။

သို့ရာ၌ သူမည်မျှကြိုးစားကြိုးစား နီကျားကို ထွင်းဖောက်မမြင်နိုင်ချေ။ နီကျားမှ ယခင်ကနဲ့ သိပ်မခြားနားသယောင်လည်း ထင်ရ၏။

တစ်ခဏကြာပြီးနောက် ဟောက်ထျန်းမှာ သူ၏နတ်မျက်စိကိုဖွင့်လှစ်လျက် ရေလွှမ်းလှိုဏ်ဂူကိုကြည့်ရှုလိုက်ပါ၏။

စွန်းဝူခုံးနှင့် နီကျားတို့၏ နတ်ဆိုးကိုယ်ထည်များ လှိုဏ်ဂူထဲ၌ ရှိသေးသည်ကို မြင်မှသာ သက်ပြင်းအေးဆေးချနိုင်လိုက်သည်။

နီကျား၏ရွှေရောင်နတ်ဆိုးခန္ဓာမှာ ထိုနေရာ၌ရှိနေသရွေ့ သူ့အားပုန်ကန်ရန် ဘယ်နည်းနှင့်မှမဖြစ်နိုင်ချေ။

သို့သော် သူမသိသည်မှာ ထိုနတ်ဆိုးခန္ဓာနှစ်ခုက ဖုန်းထျန်းယွမ်ဖန်တီးထားခြင်းကိုပင်။

ဖုန်းထျန်းယွမ်၏ကျင့်ကြံဆင့်မှာ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်ကို တက်လှမ်းပြီးဖြစ်သောကြောင့် ဟောက်ထျန်းယှဉ်နိုင်သည်ထက်ကျော်လွန်နေကာ ၎င်းက ဖုန်းထျန်းယွမ်၏ပုံရိပ်ယောင်လမ်းစဉ်ကို လုံးဝထိုးဖောက်မမြင်နိုင်တော့ပါချေ!

ထို့နောက် သူ၏အမူအရာမှာ အေးစက်သွားကာ အေးစက်စက်မေးခွန်းထုတ်လိုက်သည်။

"အတင့်ရဲလိုက်တာ၊ နီကျား။ ကိုယ်တော်က ဘာကြောင့် အမိန့်တွေကို မင်းဆီ ရှင်းပြနေရဦးမှာလဲ?"

စူးရှသော အလင်းတစ်ချက်က နီကျားမျက်လုံးများထဲတွင် ဖြတ်ပြေးသွား၏။

သူဟာ ဆရာအဘိုးအား နှောင့်နှေးစေမည်ကိုကြောက်ရွံ့ခြင်းကြောင့်သာ မဟုတ်ပါလျှင် ထိုခွေးကောင်အား သတ်လိုက်မည်မှာ ကြာနေလောက်ပြီပင်။

ထိုလူမှာ သူ၏နတ်ဆိုးခန္ဓာအားအကျဉ်းချထားလျက် ရုပ်သေးအသစ်ပြောင်းက အလိုရှိသလို ထိန်းချုပ်နေခဲ့ပေသည်။

နီကျားမှာ ရိုးရှင်းစွာပင် ကောင်းကင်ဧကရာဇ်အား သူ၏အောက်၌ ဖိနှိပ်ထားချင်ပြီး သူ၏အဓိပတိရတနာ မီးလှံတံအား သုံးလျက် ထိုလူအား ထပ်ခါထပ်ခါ ရိုက်နှက်ချင်မိ၏!

ထိုအခိုက်တွင် သူဟာ ချက်ချင်းကြောက်ရွံ့သွားဟန်ဆောင်လိုက်ကာ ထိတ်လန့်နေဟန်ဖြင့် ပြောလိုက်၏။

"အရှင်မင်းမြတ်၊ ကျုပ်ကိုခွင့်လွှတ်ပါ။ နီကျားက ယဉ်ကျေးမှုမရှိဖြစ်သွားတယ်၊ သေသင့်ပါတယ်! နီကျားက ကျဲကျောင်းတော်မှာ သူတော်စင်တစ်ယောက်ရှိကြောင်းကိုပဲ ခံစားမိလို့ပါ။ ကျုပ်တို့သာ ကျဲကျောင်းတော်ကို အလောတကြီးတိုက်ခိုက်မိရင် ကောင်းကင်ဘုံခုံရုံး‌က အခွင့်ကောင်းမရဖြစ်သွားနိုင်ပါတယ်"

ထိုရှင်းပြချက်က ပိုမိုဆီလျော်ပေ၏။ ကောင်းကင်ဧကရာဇ်မှာ ခေါင်းငြိမ့်လျက် ချက်ချင်း နူးညံ့သည့်အသံဖြင့်ပြောလိုက်သည်။

"မင်းဒီလိုတွေးမှတော့ အကောင်းဆုံးပဲပေါ့။ သူသာ သာမန်ကာလျှံကာလေးတိုက်ခိုက်ချင်တယ်ဆိုရင် အခြားသူတော်စင်တွေက ဘယ်လိုများ သူ့ကိုလက်လွှတ်ပေးမှာတဲ့လဲ? မင်းရဲ့တပ်သားတွေကို ရှေးဟောင်းလောကမှာ ဒုက္ခပေးနေတဲ့ ကျဲကျောင်းတော်နဲ့ ရင်ဆိုင်ဖို့ ခေါ်သွားလိုက်။ ဘာကိုမှ စိုးရိမ်နေစရာမလိုဘူး!"

"သိပါပြီ!"

နီကျားမှာ သဘောတူညီမှုဖြင့် လက်များကိုဆုပ်လိုက်ကာ ချက်ချင်းပြောလိုက်၏။

"အရှင်မင်းမြတ်၊ ကျုပ်မှာတောင်းဆိုစရာရှိပါတယ်။"

"ပြောပါ!"

"ကျုပ်မှာ တိုက်ပွဲပေါင်းရာချီအတွေ့အကြုံရှိပြီး ပညာရှင်တစ်ယောက်ကိုတိုက်ခိုက်ဖို့ ယုံကြည်မှုရှိပေမယ့်လည်း တိုက်ပွဲမှာ တပ်သားတွေကိုဦးဆောင်ဖို့ စွမ်းအားမရှိပါဘူး။"

"တိုက်ပွဲကို ဦးဆောင်ဖို့ဆိုရင် ကျုပ်ရဲ့ဖခင်ပေါ်မှာ မူတည်နေပါသေးတယ်။ ဒီလိုတောင်းဆိုတဲ့အတွက် ခွင့်‌လွှတ်ပါ၊ ဒါပေမယ့် ကျုပ်အဖေကို တိုက်ပွဲမှာ ဦးဆောင်ဖို့ ခွင့်ပြုပေးပါ။ ကျုပ်က စစ်တပ်ရဲ့ရှေ့ပြေးဖြစ်ဖို့ ဆန္ဒရှိပါတယ်။"

"ကျုပ်အဖေက သူ့အမှားအတွက် သေချာပေါက် ဝန်ခံလာနိုင်မယ်လို့ အာမခံပါတယ်!"

ဟောက်ထျန်းမှာ မျက်လုံးများကို မှေးကျဉ်းလျက် တစ်ခဏမျှ ရပ်တန့်သွားပြီးမှ ခေါင်းငြိမ့်လိုက်သည်။

"မင်းမှန်တယ်။ တိုက်ပွဲမှာ တပ်သားတွေကို ဦးဆောင်ဖို့ဆိုရင် မင်းက မင်းအဖေထက်တော့ တကယ်ကိုနိမ့်ကျနေသေးတယ်။ ကောင်းပြီလေ၊ ဒီလိုဆိုမှတော့၊ ငါဒါကို ခွင့်ပြုပြီး မင်းအဖေကို ဒီအတွက် ကောင်းကင်အကျဉ်းထောင်ကနေ ခဏလွှတ်ပေးလိုက်မယ်။ သူသာ ကျဲကျောင်းတော်သားတွေကို ဒီတစ်ခေါက်မှာ တိုက်ခိုက်ဖို့ ပါဝင်ကူညီမယ်ဆိုရင်တော့ သူ့ရဲ့အပြစ်တွေကို ခွင့်လွှတ်ပေးလိုက်မယ်။ မဟုတ်ရင်တော့... သူနဲ့အတူ အပြစ်ကြွေးပြန်ဆပ်ခိုင်းမှ နှလုံးသားမဲ့တယ်လို့ အပြစ်မတင်ပါနဲ့!"

ထိုအခိုက်တွင် ကောင်းကင်ဘုံခုံရုံးမှာ စွမ်းအားပိုမိုလိုအပ်နေသည်။ မည်သို့ဖြစ်စေ၊ နီကျား၏နတ်ဆိုးခန္ဓာ လက်တွင်းမှာ ရှိနေလျက်နှင့် သူဟာ တစ်ဖက်လူမှ ပုန်ကန်မည်ကို မကြောက်ရွံ့ပါချေ။

"ကျေးဇူးတင်ပါတယ်၊ အရှင်မင်းမြတ်။ ကျုပ်အဖေကို အခုပဲ ရှေးဟောင်းလောကဆီစစ်ချီရာမှာ ဦးဆောင်ဖို့ သွားခေါ်လိုက်ပါဦးမယ်။"

နီကျားမှာ ကောင်းကင်ဘုံအကျဉ်းထောင်သို့ ချက်ချင်းရောက်လာကာ ကောင်းကင်စေတီဘုရင်လီကို လွှတ်ပေးလိုက်ပြီး သုံးလောက၏ လက်ရှိအဖြစ်အပျက်များကို အစီရင်ခံလိုက်၏။ သူဟာ သူ၏နတ်ဆိုးခန္ဓာကို ပြန်လည်ရရှိလိုက်သည့် သတင်းကိုပင် အစီရင်ခံခဲ့လေ၏။

လီကျင်းမှ သူ၏သားမှာ နတ်ဆိုးခန္ဓာကို ပြန်လည်ရရှိပြီးဖြစ်ကြောင်းနှင့် ပြည့်စုံသောသက်ရှိဖြစ်လာသည်ကို သိသွားချိန်တွင် ချက်ချင်း စိတ်လှုပ်ရှားသွား၏။

လီကျင်းမှာ လုရှောင်ယန်က သူတော်စင်ဖြစ်ပြီး လောကတွင် ခုနှစ်ယောက်မြောက်ဖြစ်ကာ ဆဌမမြောက်အတိဒုက္ခကိုလက်ခံလိုက်ကြောင်းသိရချိန်တွင်လည်း အရမ်းမအံ့ဩသွားဘဲ အမူအရာမှာ အင်မတန်တည်ငြိမ်နေ၏။

နီကျားမှာ မနေနိုင်ဘဲ ပဟေဠိဖြစ်သွား၏။

"အဖေ၊ ဘာလို့လုံးဝမအံ့ဩသွားရတာလဲ? ဒါက သုံးလောကကို ထိတ်လန့်သွားစေတဲ့ ကိစ္စကြီးနော်!"

လီကျင်းမှာ သူ၏နှုတ်ခမ်းမွေးကိုသပ်လျက် ပြုံးလိုက်၏။

"ဟီးဟီး... အစကတော့၊ ငါဒီ‌အကြောင်းဘာမှမပြောဘဲ နေမလို့ပါပဲ။ ဒါပေမယ့် မင်းက နတ်ဆိုးခန္ဓာကိုရသွားပြီဆိုမှတော့ မင်းကို ဖုံးကွယ်ထားစရာမလိုတော့ဘူးပေါ့။"

"ငါဘာလို့ ကျန်းကျီယာကို သွားခွင့်ပေးခဲ့တာလဲသိရဲ့လား?"

"ဒါက ငါသူနဲ့ အလောင်းအစားလုပ်ခဲ့တာကြောင့်ပဲ။ ငါ့အကူအညီအတွက် အလဲအလှယ်အနေနဲ့ သူက မင်းကို နတ်ဆိုးခန္ဓာရစေပြီး အပြည့်အဝလူဖြစ်စေဖို့ သဘောတူခဲ့တယ်!"

"ဒါ့အပြင်၊ လျှို့ဝှက်ချက်ကြီးတစ်ခုလည်း ပါနေသေးတယ်။ ဒါကတော့ သုံးလောကကို ထိတ်လန့်သွားစေမယ့် လျှို့ဝှက်ချက်ပဲ!"

"ဘာများလဲ?"

"ဒီလျှို့ဝှက်ချက်က လုရှောင်ယန်၏ ပုံစံအမှန်နဲ့ ဆိုင်နေတယ်! သူက... ပန်ဂုရဲ့ ပြန်လည်ဝင်စားသူပဲ!"

"ဘာ? သူက ပန်ဂုရဲ့ပြန်လည်ဝင်စားသူလို့ပြောလိုက်တာလား?"

နီကျားမှာ ရုတ်တရတ် လန့်ဖျပ်သွားကာ ပြောစရာမဲ့‌သွား၏!

ထိုအခိုက်မှပင် သူဟာ သူ၏ဆရာအဘိုးက အဘယ့်ကြောင့် ထိုမျှစွမ်းအားကြီးနေသည်ကို သိသွားရတော့၏!

၎င်းက သူဟာ ပန်ဂု၏ပြန်လည်ဝင်စားသူဖြစ်နေ‌ခြင်းကြောင့်ပင်!

သူဟာ နှစ်အနည်းငယ်သာကျင့်ကြံပြီး ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ရွှေရောင်အမတအရှင်ဖြစ်လာခဲ့ခြင်းမှာ အံ့ဩစရာမရှိတော့ပါချေ။ သူထံ၌ ထူးခြားသောနည်းများစွာရှိသည်မှာလည်း အံ့ဩစရာမဟုတ်တော့ချေ!

နီကျားမှာ မတိုင်ခင်က သူအဘယ့်ကြောင့်ထိုမျှ ထူးခြားနေသနည်းဟု တွေးနေခဲ့သည်ပင်!

ယခုတိမ်ကင်းစင်သွားသော် နားလည်သွားခဲ့ပြီဖြစ်၏။

လီကျင်းမှာ လေးနက်စွာခေါင်းငြိမ့်လိုက်၏။

"အဟုတ်ပဲ။ သူက ပန်ဂုရဲ့ပြန်လည်ဝင်စားသူ။ ဒါကြောင့်ပဲ သူ့ရဲ့ကျင့်ကြံနှုန်းက တအားမြန်နေပြီး သူတော်စင်အဆင့်ကို ဒီလိုအချိန်တိုလေးအတွင်းမှာပဲ ရောက်နိုင်သွားခဲ့တာပဲ။"

"တာအိုဘိုးဘေးက အခုချိန်မှာ ဒါကိုမသိသေးဘူး။ ကျန်းကျီယာသိနေတာက သူ နတ်ဘုရားချိပ်စည်းကို စောင့်ကြပ်ချိန်မှာ အမတများစွာကို ချိပ်ပိတ်ခဲ့ရတာကြောင့်ပဲ။ ဒါကြောင့် သူက ကောင်းကင်လျှို့ဝှက်ချက်တွေကို ထုတ်နုတ်ဖို့ အခွင့်ရေးရနေတာပဲ။"

"ဒီအခွင့်အရေးကိုအသုံးချပြီး ကျန်းကျီယာက လုရှောင်ယန်၏ ပုံစံအမှန်က ပန်ဂုရဲ့ပြန်လည်ဝင်စားခြင်းဆိုတာကို ထုတ်နုတ်ခဲ့တာပဲ။ သူသာလုရှောင်ယန်ကို သတ်နိုင်ရင် လုရှောင်ယန်ရဲ့ ကံကောင်းမှုတွေကို လုယူနိုင်ပြီး သူတော်စင်ဖြစ်လာလိမ့်မယ်။"

"ဒါပေမယ့် တာအိုဘိုးဘေးက သူ့ရဲ့ ရှေးဟောင်းခရမ်းသွေးချီကို နှစ်များစွာ ခွဲခြမ်းခဲ့ပြီး အဆင့်နိမ့်လောကမှာ မြင်းနက်တွေကို ဖန်ဆင်းဖို့ သုံးခဲ့တယ်။ သူ့ရဲ့ပန်းတိုင်က ပြန်လည်ဝင်စားတဲ့ပန်ဂုကို ဖမ်းဆီးဖို့ပဲ။"

"ဒါပေမယ့်၊ ပန်ဂုပြန်လည်ဝင်စားသူကို သူမသိဘူးလေ!"

"ကျန်းကျီယာကလည်း လုရှောင်ယန်ရဲ့ပုံစံအမှန်ကို တွေ့ရှိသွားခဲ့တာက နတ်ဘုရားချိပ်စည်းဆိုတာက ပန်ဂုနဲ့ နီးစပ်တဲ့ရတနာ သဏ္ဍာန်မဲ့အဇူရာကြာပွင့်ဖတ်လေးကနေ ဖြစ်တည်လာခဲ့တာကြောင့်ပဲ။"

"လုရှောင်ယန်ရဲ့ပုံစံအမှန်ကိုသာ ငါထုတ်ဖော်လိုက်ရင် တာအိုဘိုးဘေးက ငါကျန်းကျီယာနဲ့တူတူလုပ်ခဲ့တာကိုသိသွားပြီး လီမျိုးနွယ်စုကို ဒေါသတွေပုံချလိမ့်မယ်။ ဒီလိုဆိုရင် ငါတို့တစ်မျိုးနွယ်လုံး အန္တရာယ်ရှိလာနိုင်တယ်လေ။"

"ဒါကလည်း ငါဘာကြောင့်ကျန်းကျီယာကို ကူညီတယ်ဆိုပြီး လုံးဝဝန်မခံခဲ့ရတဲ့အကြောင်းအရင်းပဲ။"

"ကျွန်တော်သိပြီ။ တောင်းပန်ပါတယ်၊ အဖေ။ ကျွန်တော်အရင်က အထင်လွဲခဲ့တယ်!"

"ဒါကမင်းအမှားမဟုတ်ပါဘူး။ မင်းရဲ့နတ်ဆိုးကိုယ်ကို ရသွားခဲ့ပြီပဲ။ ဟောက်ထျန်းရဲ့အလိမ်အညာအောက်မှာ မင်း သူ့ရဲ့အမိန့်တွေကို နာခံဖို့ပဲသိထားတာလေ! မင်းကတစ်ယောက်ယောက်ပြောလာရင်လည်း ယုံမိမှာမဟုတ်ဘူး။"

တစ်ခဏရပ်တန့်ပြီးနောက်တွင် လီကျင်းမှာ စကားဆက်လိုက်၏။

"ဒါပေမယ့် ကျဲကျောင်းတော်ကို တိုက်ခိုက်ရမယ့် ဟောက်ထျန်းရဲ့အမိန့်ကို လက်ခံလိုက်တာကတော့ ရွေးချယ်မှုကောင်းမဟုတ်ဘူး။"

"လုရှောင်ယန်ရဲ့ကံကြမ္မာက မသေချာမှုတွေနဲ့ပြည့်နေတာ။ သူအနာဂတ်မှာ ဘယ်လောက်ဝေးဝေးထိသွားနိုင်မယ်ဆိုတာ ဘယ်သူသိမှာလဲ?"

"မင်းနဲ့ငါသာ အခုချိန်မှာ သူနဲ့ရင်ဆိုင်ရမယ်ဆိုရင် သူက အငြိုးထားလိုက်တာနဲ့ ငါတို့လီမျိုးနွယ်စုက အနာဂတ်မှာ မြှုပ်စရာမြေမရှိဘဲတောင် သေရလိမ့်မယ်!"

လီကျင်း၏စကားများကိုကြားသော် နီကျားမှာ ပြုံးလိုက်သည်။

"အဖေ၊ ဒါက ဆန့်ကျင်ဘက်ပဲ။ ကျွန်တော်တို့က လီမျိုးနွယ်စုအတွက် ကိစ္စတွေကို ခက်ခဲအောင်လုပ်နေတာမဟုတ်တဲ့အပြင် အခွင့်အရေးပါဖြစ်လာလိမ့်မယ်။"

လီကျင်းမှာ အတန်ငယ်ပဟေဠိဖြစ်သွားသည်။

နီကျားမှာ ထပ်မံပြောလိုက်၏။

"အဖေ၊ အဖေ့ရှေ့မှာ အခုရပ်နေတာက ကောင်းကင်ဘုံခုံရုံးရဲ့ ပင်လယ်သုံးစင်းနတ်ဘုရား နီကျားမဟုတ်တော့ဘူး၊ ရွှေရောင်အောက်ကျွန်းက သူတော်စင်လုရဲ့ ဒုတိယမျိုးဆက်တပည့် နီကျားဖြစ်နေပြီ!"

"ဘာ? မင်းကလုရှောင်ယန်ရဲ့တပည့်ဖြစ်လာတာလား? မင်း... မင်းရူးနေပြီ! လုရှောင်ယန်က သူတော်စင်ဖြစ်ပြီး ပန်ဂုပြန်လည်ဝင်စားသူ‌ဆိုပေမယ့်၊ ပန်‌ဂုမဟုတ်တော့ဘူးလေ! ပြီးတော့ မင်းက ဒုတိယမျိုးဆက်တပည့်လေးပဲရှိသေးတာ။ ချန်ကျောင်းတော်က ဒုတိယမျိုးဆက်တပည့်တွေနဲ့ ဘာခြားတော့မှာလဲ?

"ပြီးတော့ ရှေးဟောင်းကောင်းကင်အဓိပတိကမှ ဝါရင့်သူတော်စင်ဖြစ်ပြီး လုရှောင်ယန်က အခုမှအဆင့်တက်လာတဲ့ ပထမအဆင့်သူတော်စင်လေးပဲရှိသေးတာ။ သူက ရှေးဟောင်းကောင်းကင်အဓိပတိကိုတောင် ဘယ်ယှဉ်နိုင်ပါ့မလဲ!"

လီကျင်းမှာ စိုးရိမ်လွန်း၍ ချွေးများပင်ပြန်လာသော်လည်း နီကျားမှာ ယုံကြည်ချက်ရှိရှိပြံးလိုက်၏။

"အဖေ၊ ကျွန်တော်သာ ချန်ကျောင်းတော်မှာ ဒုတိယမျိုးဆက်တပည့်ဖြစ်မယ်ဆိုရင် ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်လေးပဲဖြစ်နိုင်မှာ။"

"ဒါပေမယ့် အခုကျွန်တော်က သူဝောာ်စင်လုလက်အောက်မှာ ရှေးဟောင်းသဏ္ဍာန်မဲ့ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ဖြစ်နေပြီ။"

လီကျင်းမှာ မျက်မှောင်ကျုံ့သွားကာ ‌အမူအရာမှာလည်း အင်မတန်လေးနက်လာ၏။

"ဘာကြီးလဲ? ရှေးဟောင်းသဏ္ဍာန်မဲ့ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်? မင်း အရူးလေး၊ ဘာပေါက်ကရတွေပြောနေတာလဲ? မင်းပြောနေတာကိုရော မင်းသိရဲ့လား? မင်း နတ်ဆိုးကိုယ်နဲ့ပေါင်းလိုက်ပြီးတော့ ‌သုံးသပ်နိုင်စွမ်းတွေပါပျောက်သွားပြီလားကွ?"

စကားဆုံးသွားသည်နှင့် နီကျားမှာ သူ၏ ရှေးဟောင်းသဏ္ဍာန်မဲ့ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့် အရှိန်အဝါကို ထုတ်ဖော်လိုက်၏။

တစ်ခဏအတွင်းတွင် လီကျင်းမှာ စွမ်းအားကြီးမားလှသည့်ရန်သူနှင့် ရင်ဆိုင်နေရသလို ခံစားလိုက်ရ၏။ သူ၏တစ်ကိုယ်လုံးရှိ အမွေးများမှာ တစ်ဆုံးထောင်ထသွားတော့သည်။ ပတ်ဝန်းကျင်အား ချက်ချင်းချိပ်ပိတ်ထားကာ သူ၏မျက်နှာပင် ဖြူဖျော့နေပြီး လုံးဝပင်မလှုပ်‌နိုင်တော့ပါချေ။

"မင်း... မင်း... မင်း..."

လီကျင်း၏မျက်လုံးများမှာ မယုံနိုင်မှုဖြင့်ပြူးကျယ်သွားကာ သူ၏သားအား အသေအချာစိုက်ကြည့်နေတော့၏။

နီကျားမှာ တကယ်ကိုပင် ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ဖြစ်လာသည်လား?

၎င်းမှာ သုံးလောကတစ်ခွင်လုံးရှိ သူတော်စင်များပင် လိုချင်တပ်မက်နေကြသည့် ဖြစ်တည်မှုပါပင်!

သူဟာ သူတော်စင်နှင့်အဆင့်တူသော်လည်း လွတ်လပ်ကာ ကောင်းကင်တာအို၏ ထိန်းချုပ်ခြင်းကိုလည်း မခံရပါချေ။

လောကတွင် မရေတွက်နိုင်သောလူများမှာ ထိုပုံစံကို အလိုရှိကြ၏။ အဆုံးတွင် သူ၏သားမှာ ကျဲကျောင်းတော်ကို ဝင်ရောက်လိုက်ခြင်းကြောင့် ရှေးဟောင်းသဏ္ဍာန်မဲ့ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ဖြစ်လာသည်တဲ့လား?

ထို့အပြင် သူဟာ သူတော်စင်လုအောက်ရှိ ဒုတိယမျိုးဆက် တပည့်လည်းဖြစ်နေသေးသည်?

နောက်နေတာလား!

ထိုသို့ဆိုလျှင် သူတော်စင်လုအောက်မှ ပထမမျိုးဆက်တပည့်များဆိုလျှင် မည်မျှ စွမ်းအားကြီးကြချေမည်နည်း?

နီကျားမှာ သူ့အဖေ၏ အမူအရာအား သိသဖြင့် နှုတ်ခမ်းထောင့်မှာ ကွေးတက်သွားသည်။

"အဖေ၊ ကျွန်တော်ကပဲ ရွှေရောင်အောက်ကျွန်းမှာ‌ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ဖြစ်လာတဲ့ ဒုတိယမျိုးဆက်တပည့်မဟုတ်ဘူး။ အနည်းဆုံး အယောက်နှစ်ဆယ်လောက်တော့ရှိမယ်! ပထမမျိုးဆက်တပည့်တွေကလည်း ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်တွေပဲ။"

"ကျွန်တော်တို့မှာ သုံးလောကကို ခုခံဖို့ အကြွင်းမဲ့ယုံကြည်မှုနဲ့ စွမ်းအားတွေရှိပါတယ်!"

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၃၁။ အပိုင်း ၄၅၈ လီမျိုးနွယ်စုရဲ့ ဂုဏ်အ‌သရေအတွက် ကောင်းကင်ဘုံခုံရုံးရဲ့ အရေးပါတဲ့အရာထမ်းတွေကို ရောင်းထုတ်လိုက်တယ်

(ဤဝတ္ထုသည် စိတ်ကူးယဉ်ဇာတ်လမ်းမျှသာဖြစ်သည်။)

လီကျင်းမှာ လုံးဝကြောင်အနေပြီးဖြစ်၏။

လုရှောင်ယန်၏ လက်အောက်တွင် ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များစွာရှိနေချေ၏။

ပန်ဂု၏ပြန်လည်ဝင်စားသူဖြစ်သည့်အလျောက် လုရှောင်ယန်မှာ အင်မတန်မကောင်းဆိုးဝါးဆန်လှသည်ကိုသိပါသော်လည်း ထိုမျှထိ စွမ်းအားကြီးမည်ဟု ထင်မထားခဲ့ပါချေ!

သူဟာ များပြားလှစွာသော ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များအား သာမန်ကာလျှံကာလေးပင် ဖန်တီးခဲ့၏။ ထို့အပြင် သူဟာ ရှေးဟောင်းလောကသို့ သိပ်မကြာသေးခင်ကမှသာ ရောက်လာခဲ့ခြင်း‌ဖြစ်ချေသည်။

ရှေးဟောင်းလောကသို့မလာခင်တွင် တစ်ဖက်လူ၏ကျင့်ကြံဆင့်မှာ အမတအဆင့်၌သာရှိခဲ့၏။

ပန်ဂုပြန်လည်ဝင်စားသူက ဒီလောက်တောင်ထူးခြားတယ်လား?

သူဟာ ပန်ဂုပြန်လည်ဝင်စားသူဖြစ်သော်လည်း ပန်ဂု၏ယခင်ကိုယ်မှာ လောကကြီးတစ်ခုအသွင်ပြောင်းသွားခဲ့သည်ဟု သိရသည်။ သူ၏ကျင့်ကြံဆင့်အားလုံးမှာလည်း ပျောက်ကွယ်သွားပြီးသားပင်။

သူ့အား ပန်ဂု၏မှတ်ဉာဏ်များနှင့်သာ ပြန်လည်ဝင်စားခဲ့သည်ဟု သတ်မှတ်နိုင်သည်။

သူဟာမည်သို့များ ကောင်းကင်ဘုံကို အံတုနိုင်နေရသေးသနည်း?

တစ်ဖက်လူမှာ တာအိုဘိုးဘေးဟုန်ကျွင်းနှင့်ပင် ယှဉ်နိုင်နေပြီမဟုတ်ပါလား?

သို့သော် တာအိုဘိုးဘေးဟုန်ကျွင်းမှာ သူ၏လက်ရှိကျင့်ကြံဆင့်ကိုရောက်ရှိရန် နှစ်များမရေတွက်နိုင်လောက်အောင် စုဆောင်းခဲ့ရသည်!

အသက်ပြင်းပြင်းရှူပြီး လီကျင်းမှာ လေးနက်နေဟန်ဖြင့်ဆိုလိုက်၏။

"နီကျား၊ ငါ့ကိုရိုးရိုးသားသားပြောစမ်းပါ။ သူတော်စင်လု, အဲ... စီနီယာလုရဲ့ကျင့်ကြံဆင့်ကဘယ်ရောက်နေပြီလဲ?"

လုရှောင်ယန်မှာ ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ ရွှေရောင်ကောင်းကင်အမတအရှင်လမ်းကြောင်းထက်တွင်ရှိနေပြီဖြစ်၏။ သူ့အား သူတော်စင်ဟုပင် မခေါ်သင့်တော့ပါချေ။

ထို့အပြင် ပိုအရေးကြီးသည်မှာ လုရှောင်ယန်၏နည်းလမ်းများက သူတော်စင်များ၏ အထက်၌ရှိနေသည်ပင်။ ၎င်းတို့မှာ အဆင့်တူတွင်ရှိနေလျှင်တောင် သူ့အားသူတော်စင်ဟုခေါ်ရန်မှာ ပျက်ရယ်ပြုနေသလိုပါပင်!

နီကျားမှာ ပြုံးနေခြင်းကို ရပ်တန့်လိုက်သည်။ သူဟာ လုရှောင်ယန်အား ဖော်ပြ‌ခဲ့ချိန်တွင် သူ၏အမူအရာမှာ ပြိုင်ဘက်ကင်းလေးစားရလောက်အောင် လေးနက်နေပါ၏။

"ဆရာအဘိုးက တာအိုဘိုးဘေးဟုန်ကျွင်းနဲ့တောင် ယှဉ်နိုင်နေပြီ"

ဘုန်း!

ထိုအခိုက်တွင် လီကျင်း၏စိတ်တွင်းသို့ ဗုံးကြီးတစ်လုံးပစ်ထည့်လိုက်သလိုပင်ဖြစ်သွားသည်။

လီကျင်း၏ဆံပင်မှာ အဆုံးထိထောင်ထသွားတော့သည်။

သူဟာ လုရှောင်ယန်၏ကျင့်ကြံဆင့်က ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ရွှေရောင်အမတအရှင်အဆင့်ကို ရောက်နှင့်နေပြီဖြစ်ကြောင်း ခပ်ရေးရေးခန့်မှန်းထားခဲ့ပါသော်လည်း အတည်ပြုပြီးနောက်၌ အင်မတန်အံ့အားသင့်သွားဆဲပါပင်!

အလွန့်အလွန်စွမ်းအားကြီးလှသည်!

မူလက လုရှောင်ယန်၏ကျင့်ကြံဆင့်မှာ သူတော်စင်အဆင့်၌သာရှိခဲ့သည်ဟု ထင်ထားခဲ့သည်။

ယခုတွင် လုရှောင်ယန်မှာ သူတော်စင်အဆင့်ကိုပင်ကျော်လွန်နေခဲ့၏။

တာအိုဘိုးဘေးဟုန်ကျွင်းမှာ သူ၏လက်ရှိကျင့်ကြံဆင့်ကိုရောက်ရှိရန် နှစ်သိန်းချီကြာကုန်လွန်ခဲ့သည်... သို့ရာ၌ လုရှောင်ယန်မှာမူ ဆယ်နှစ်ပင်မကြာလိုက်ဘဲ အင်မတန်စွမ်းအားကြီးနေပြီဖြစ်၏။

သူ့အား တာအိုဘိုးဘေးဟုန်ကျွင်းနှင့်သာ တူညီသောအချိန်ပေးအပ်လိုက်ပါလျှင် ဟုန်ကျွင်းမှာ သူ၏ရှေ့‌၌ ပုရွက်ဆိတ်ငယ်တစ်ကောင်နှင့်ပင် တူညီနေလိမ့်မည်မဟုတ်ပါလား?

ထိုအခိုက်တွင် လီကျင်းမှာ လောကအသစ်ထွက်မပေါ်လာခင် ကမောက်ကမများအကြားတွင် ဧကရာဇ်ပန်ဂုက ကောင်းကင်ဖွင့်ပုဆိန်အား ကိုင်ဆွဲလျက် မိစ္ဆာနတ်ဘုရားသုံးထောင်ကို တိုက်ခိုက်ခဲ့ခြင်းအား ခပ်ရေးရေးမြင်ယောင်မိသွား၏!

အတိတ်က သူဟာ ပန်ဂုတွင် မည်သို့သော စွမ်းရည်ရှိသည်ကို အမြဲတစေတွေးတောခဲ့၏။ ၎င်းတို့အားလုံးမှာ သဏ္ဍာန်မဲ့မိစ္ဆာနတ်ဘုရားများဖြစ်ကြချေသည်။ အဘယ့်ကြောင့်များပန်ဂုမှာ ၎င်းတို့ မိစ္ဆာနတ်ဘုရား၃၀၀၀‌အား တစ်ဦးတည်းတိုက်ခိုက်နိုင်ခဲ့ရသနည်း?

ယခုတွင် လုရှောင်ယန်၏ နည်းလမ်းအား တစေ့တစောင်း သိရှိပြီးနောက်၌ ပန်ဂုမှာ တကယ်ကို အရည်အချင်းပြည့်ဝကြောင်းနားလည်သွားသည်!

အသက်ပြင်းစွာရှူပြီးနောက် လီကျင်းမှာ ဆုံးဖြတ်ကြီးတစ်ခုချလိုက်ဟန်ပေါ်နေ၏။

သူဟာ အင်မတန်လေးနက်သောမျက်နှာထားနှင့် မေးလိုက်၏။

"နီကျား၊ စီနီယာလုက တပည့်တွေလက်ခံနေဆဲပဲလား?"

နီကျား : "..."

သူဟာအတန်ငယ်ချောင်းဟန့်လိုက်ကာ ချက်ချင်းဆိုလိုက်၏။

"ဆရာအဘိုးကတော့ တပည့်ထပ်ပြီးလက်မခံတော့ဘူး။ ကျွန်တော်တောင်မှ သူ့ရဲ့တပည့်ကို ဆရာအဖြစ်တင်ခဲ့ရတယ်။ ကျွန်တော်တင်မြှောက်ခဲ့တဲ့ဆရာက စွန်းဝူခုံးပြန်လည်ဝင်စားသူပဲ။ အဖေသာ အမည်မဲ့ဂိုဏ်းကိုဝင်ချင်ရင် ကျွန်တော့လိုမျိုး ပထမမျိုးဆက်တပည့်ကိုပဲ ဆရာအဖြစ်တင်မြှောက်နိုင်တယ်။"

လီကျင်းမှာ မျက်မှောင်ကျုံ့လိုက်၏။

"မင်းဘာပြောလိုက်တာလဲ? စီနီယာလုက စွမ်းအားကြီးပေမယ့်လည်း သူ့အတွက် ပါရမီထူးတဲ့ တပည့်အများကြီးရှာနိုင်ဖို့က မဖြစ်နိုင်ဘူးမဟုတ်လား? မင်းနဲ့ငါက သန့်ရှင်းတဲ့ခန္ဓာတွေနဲ့ ဖြစ်တည်မှုတွေချည်းပဲလေ။ ငါတို့ကသူတော်စင်တော့မဟုတ်ပေမယ့် ပါရမီကတော့ သုံးလောကရဲ့ထိပ်တန်းဖြစ်နေဆဲပဲ။"

"ငါတို့ပါရမီနဲ့တောင် စီနီယာလုရဲ့တပည့်ဖြစ်ဖို့ အရည်အချင်းမမီသေးဘူးဆိုတာ ဖြစ်နိုင်လား?"

"စွန်းဝူခုံးက ငါတို့နှစ်ယောက်ထက်တော့ မသန်မာဘူးမဟုတ်လား?"

နီကျားမှာ ခေါင်းအားခါယမ်းလျက် ခါးသက်စွာပြုံးလိုက်၏။

"ကျွန်တော့ဆရာ စွန်းဝူခုံးကို ပထမမျိုးဆက်တပည့်တွေကြားမှာ အားအနည်းဆုံးလို့တောင်သတ်မှတ်လို့ရတယ်။ အဖေကတော့ ဆရာအဘိုးရဲ့တခြားတပည့်တွေကို မမြင်ဖူးလို့သာဒီလိုပြောနေတာပါ။"

"ဟီးဟီး၊ ဒါဆို ငါ့ကိုပြော‌ပြလေ။ ‌သူ့ရဲ့တခြားတပည့်တွေကရော ဘယ်လိုကောင်းကင်ဘုံကိုအံတုနေလဲဆိုတာကြည့်ရတာပေါ့။"

လီကျင်းမှာ တမုဟုတ်ချင်းပြောစရာမဲ့သွား၏။

"သူ့ရဲ့ဒုတိယတပည့်က အနှစ်သာရဇာမဏီရဲ့ ပြန်လည်ဝင်စားသူပဲ!"

လီကျင်း၏မျက်မှာမှာ ဆိုးရွားစွာ ရှုံတွသွား၏။

"တတိယတပည့်ကတော့ မျောက်ပါပဲ၊ ဒါပေမယ့် လေးယောက်မြောက်တပည့်က ကောင်းကင်ဖွင့်လှစ်ဓားပြန်လည်ဝင်စားသူပဲ။"

လီကျင်း:"..."

"၅ယောက်မြောက်တပည့်ကတော့ကောင်းကင်ကိုးထပ်က ဆန်းကြယ်အပျိုတော်ပဲ။"

လီကျင်းမှာ တိတ်ဆိတ်သွား၏။

"ဆဌ‌မမြောက်တပည့်ကတော့ နတ်ဘုရားသတ်ဓားရဲ့ဝင်စားသူပါ။"

လီကျင်းမှာ စတင်၍ ထုံကျဉ်သလိုခံစားနေရသည်။

"သတ္တမတပည့်ကတော့ ဘိုးဘေးနဂါးဝင်စားသူ။"

လီကျင်းမှာ လုံးဝ အသိစိတ်လွတ်သွားသည်။

"အဌမတပည့်က မြေအောက်လောကဘိုးဘေးဝင်စားသူပဲ။"

လီကျင်းမှာ မည်သည်ကိုမှမခံစားနိုင်တော့ချေ။

"ကိုးယောက်မြောက်ကတော့ မာဂီစစ်နတ်ဘုရားရှင်းထျန်ကနေ ပြန်လည်ဝင်စားခဲ့သူပါ။"

လီကျင်းမှာ လုံးဝတိတ်‌ဆိတ်နေ၏။

လေထုမှာ နေရခက်ဟန်ပေါ်နေသည်။ တစ်ခဏကြာပြီးနောက် လီကျင်းမှာ ပြောလိုက်တော့၏

"အမ်း... စွန်းဝူခုံးကရော ဘယ်လိုလုပ်သူ့တပည့်ဖြစ်လာတာလဲ?"

"သူကအသတ်ခံရပြီး ပြန်လည်ဝင်စားခံရချိန်မှာ ဆရာအဘိုးနားရှိခဲ့တာလည်းဖြစ်နိုင်တယ်။ ဒါကြောင့် သူ့ကို တပည့်အဖြစ်လက်ခံခဲ့တာပဲ။"

လီကျင်းမှာ ကောင်းကင်ယံသို့မော့ကြည့်ကာ သက်ပြင်းချလိုက်ပြီး သူ၏အမူအရာမှာ အတန်ငယ်အထီးကျန်နေဟန်ပေါ်၏။

"ဒါကတော့ ကောင်းချီးပေးခံထားရသလိုပါပဲ! မင်းနဲ့ စွန်းဝူခုံးမှာ အရင်က အမှားကြီးရှိပြီး အသတ်ပါခံခဲ့ရနိုင်တယ်။ ဒါပေမယ့် မင်းမှာ နောက်ခံအဖြစ် ငါရယ်, မင့်ဆရာရယ်နဲ့ ချန်ကျောင်းတော်ရှိတာကြောင့် သေဖို့မလိုဘူးလေ။ တစ်ဖက်မှာတော့ စွန်းဝူခုံးကသေသွားခဲ့တယ်။"

"ဒါပေမယ့်လည်း စွန်းဝူခုံးက မင်းမရနိုင်တဲ့အခွင့်အရေးကိုရသွားခဲ့တယ်။ နှမျောစရာပဲ!"

နီကျားမှာ ထပ်မံစကားဆိုလိုက်၏။

"အဖေ၊ ကျွန်တော်က အမည်မဲ့ဂိုဏ်းရဲ့တပည့်တစ်ဦးဖြစ်မလာ‌နိုင်ရင်လည်း မျှော်လင့်ချက်ရောင်ခြည်လေးတော့ရှိပါသေးတယ်။ ဒါက အဖေ့ကို ပထမမျိုးဆက်တပည့်အဖြစ် ကူညီပေးဖို့ပဲ။"

လီကျင်း၏မျက်လုံးများပြူးကျယ်သွား၏။

"မင်းမှာ အစီစဉ်ရှိတာလား?"

နီကျားမှာ နတ်ဆိုးဆန်ဆန်ပြုံးလိုက်သည်။"

"ကျောက်စိမ်းဧကရာဇ်က ကျွန်တော်တို့ကို ရှေးဟောင်းလောကဆီ စစ်ချီဖို့ မပြောခဲ့ဘူးလား? ကျွန်တော်တို့နှစ်ယောက် ဒါကို အခွင့်ကောင်းယူပြီး ကောင်းကင်ဘုံခုံရုံးရဲ့စစ်သားတွေကို ရွှေရောင်အောက်ကျွန်းဆီခေါ်သွားပြီး ကူညီခိုင်းလို့ရတာပဲ။ ဒါလိုဆိုရင် ဆရာအဘိုးက တကယ်ပျော်သွားလိမ့်မယ်။"

"ဒါ့အပြင် ဆရာအဘိုးမှာ အမည်ခံတပည့်ရှိတယ်လို့လည်း သိထားတယ်။ အဖေ့အနေနဲ့ ကိုယ်ပိုင်တပည့်ဖြစ်လာဖို့ ကြိုးစားစရာမလိုဘူး။ အဖေသာ အမည်ခံတပည့်ဖြစ်လာရင်တော့ ဒုတိယမျိုးဆက်တပည့်တွေထက် အဆင့်မြင့်နေဦးမှာပဲ!"

"ဟစ်"

လီကျင်းမှာ ချက်ချင်း ကြို့ထိုးသွားသည်။

"နီကျား၊ ဒါအကြံကောင်းပဲ၊ ဒါပေမယ့် အရမ်းကို လူဆိုးဆန်နေတယ်! မကောင်းဘူး ဟုတ်တယ်မလား?"

"ဒီလို‌ဆိုတော့ရော? အဖေ၊ ဒါက ကျွန်တော်တို့ လီမျိုးနွယ်စုရဲ့ အခွင့်ရေးကောင်းကြီးပါ။ ဒါသာ ကောင်းကောင်းအလုပ်ဖြစ်သွားရင် နောက်ထပ်ခြေလှမ်းတစ်လှမ်းလှမ်းနိုင်သွားလောက်တယ်။ ဒါပေမယ့် ကျရှုံးရင်တော့ ကျွန်တော်တို့ဝိဉာဉ်တွေတောင် ပျောက်ကွယ်သွားလိမ့်မယ်။ ဒါက ကောင်းကင်ဘုံခုံရုံးမျာ တစ်နေ့လုံး ရုပ်သေးလေးတွေလို ဆက်ဆံခံရတာထင်စာရင်တော့ အများကြီးပိုကောင်းနေသေးတယ်။"

လီကျင်းမှာ လက်သီးများဆုပ်လိုက်၏။

"ကောင်းပြီ! ငါမင်းကိုနားထောင်ပြီး စွန့်စားရမှာပေါ့!"

မတတ်နိုင်ချေ။ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်၏ပုံစံမှာ တကယ်ကို ဆွဲဆောင်‌နိုင်ပေသည်!

သူဟာ ကောင်းကင်ဘုံခုံရုံး၌ ရာထူးမြင့်မြင့်ရှိပါသော်လည်း ဟောက်ထျန်းလက်တွင်းမှ ခွေးလေးသာသာဖြစ်နေဆဲပင်။

ဟောက်ထျန်းမှာ သူ့အား ကောင်းကင်အကျဉ်းထောင်အတွင်းသို့ပင် အလွယ်တကူပို့ဆောင်‌နိုင်ပေ၏။

နှိုင်းယှဉ်ရလျှင် သူ့အတွက် ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ဖြစ်လာရန်မှာ ပိုမိုကောင်းမွန်သည်မဟုတ်ပါလား?"

"ဒါဆိုရင်မြန်မြန်လုပ်ကြစို့လား?"

"ငါတို့အရင်ဆုံး ဝူချွီရှင်းကိုရှာရမယ်။"

လီကျင်းမှာ အံကိုကြိတ်လိုက်၏။

"ငါဒီခွေးကောင်ကို ‌မကျေနပ်တာကြာနေပြီ။ သူ ကောင်းကင်ဘုံခုံရုံးကိုလာကတည်းက တစ်ချိန်လုံး ဖားယားနေတော့တာပဲ။ သူကတကယ်ကို ဟောက်ထျန်းလက်အောက်က အကြီးဆုံးခွေးကြီးပဲ!"

"သူ့အတွက် ဟောက်ထျန်းအချစ်ကို အားကိုးပြီး ငါ့ကိုအကြိမ်ပေါင်းများစွာ ဆန့်ကျင်ခဲ့တယ်။"

"ဒီတစ်ခေါက်၊ ငါကောင်းကင်အကျဉ်းထောင်ကို အပို့ခံရပြီးနောက်မှာ မတတ်နိုင်ဘဲ ငါ့လက်ထဲက စစ်တပ်အင်အားကို တပ်မက်နေခဲ့တယ်လေ။ သူက ငါ့ကို တင်းတင်းကြပ်ကြပ် အပြစ်ပေးဖို့ ဟောက်ထျန်းဆီမှာ အကြိမ်များစွာတောင်းဆိုခဲ့တယ်။ ငါသာ သူ့အရိုးကိုချိုးပြီး ပြာတွေကိုမကြဲရဘူးဆိုရင် သူ့အတွက် သက်ညှာသလိုဖြစ်သွားလိမ့်မှာပေါ့!"

"အကြံကောင်းပဲ။ ဒီဝူချွီရှင်းက ဘယ်လိုဖားယားရမလဲကိုပဲသိတာ။ ဖားယားတာကလွဲရင် သူကအသုံးကိုမဝင်ဘူး! အရင်က သူ့ကြောင့်သာမဟုတ်ရင် မျောက်က လှည့်စားခံခဲ့ရမှာမဟုတ်ဘူး။"

"ဒါ့ထက် ငါတို့ ကျူးယောင်ရှင်းကိုလည်း သေချာပေါက်ခေါ်လာရမယ်။ ပြောရရင် သူ့ရဲ့ကောင်းကင်ဘုံခုံရုံး ရာထူးက မဆိုးပါဘူး။ ပြီးတော့ နှစ်များစွာကြာပြီးနောက်မှာ သူက ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်ထိရောက်ရှိခဲ့ပြီး ကောင်းကင်ဘုံခုံရုံးရဲ့ အဓိကအတိုက်အခိုက်စွမ်းအားထဲက တစ်ခုဖြစ်ခဲ့တယ်။ သူ့ကိုသာ စီနီယာလုလက်ထဲကို လွှဲပေးလိုက်ရင် စီနီယာလုတကယ်ကို ကျေနပ်သွားလောက်တယ်။"

"ငါတို့ ကောင်းကင်ဆရာသခင်အဆင့်တချို့ကိုလည်း စုဆောင်းရမယ်။"

"စိတ်ဝိဉာဉ်နတ်ဘုရားကြီး၊ ကောင်းကင်ဘုရင်လေးပါး၊ ကြယ်စင်နှစ်ဆယ့်ရှစ်လုံးက ပညာရှင်တွေ၊ လျှပ်စီးနယ်ပယ်၊ ရေနယ်ပယ်၊ မီးနယ်ပယ်တို့ပဲ... သူတို့တစ်ယောက်ကိုမှ အလွတ်ပေးလို့မဖြစ်ဘူး။ အမတ‌တွေပိုစွန့်လွှတ်ရလေလေ သက်သေပိုပြနိုင်လေပဲ။ ဆရာအဘိုးက လုံးဝကိုကျေနပ်နေမှာပဲ။"

"ငါတို့ဘာလို့ တောင်ဝင်ရိုးစွန်းအမတကြီး ဒါမှမဟုတ် ခြေဗလာအမတအရှင်တို့လို ပညာရှင်တွေကို ဘာလို့မခေါ်ရမှာလဲ?"

"ဒီခွေးအိုဟောက်ထျန်းရဲ့ သားတွေကို ရှောင်နိုင်ရင်တော့မဆိုးဘူး။ ပြီးတော့ မင်းသားလေးတွေ မင်းသမီးလေးတွေနဲ့ကမ်းလှမ်း‌ရအောင်ပါ။"

"ကျွန်တော့မှာသာ ဆရာအဘိုးရဲ့အိပ်ရာကိုနွေးစေမယ့် ကိုယ်လုပ်တော်တစ်ယောက်ရှိနိုင်ခဲ့ရင်တော့ဗျာ။ ကံမကောင်းချင်တော့ မိန်းမတွေက အမြဲလိုလိုမတိုက်ခိုက်ကြဘူးလေ။"

"ဒါကတော့ ကိစ္စမရှိပါဘူး။ ပြောရရင် သူတို့ကလည်း အရမ်းကို အိုနေပြီပဲ။ စီနီယာလုသာ သူတို့နဲ့ပက်သက်ပြီး စိတ်မကျေနပ်ရင် ငါတို့နဲ့ အစေးမကပ်ဖြစ်နေပါဦးမယ်။"

"ဒါတော့ဟုတ်ပါတယ်လေ။ ကံမကောင်းချင်တော့လည်း ကောင်းကင်ဘုံခုံရုံးမှာ လှပတဲ့မိန်းမရယ်လို့ များများစားစားမရှိပါဘူး။ ကြည့်ကောင်းတဲ့မိန်းကလေးတွေအားလုံးကိုလည်း အဲ့ဒီခွေးအိုကြီးဟောက်ထျန်းပဲ သိမ်းပိုက်ထားတယ်လေ။ ရုပ်ဆိုးဆိုးနဲ့လူတွေကတော့ ဆရာအဘိုးကို မပြောနဲ့ဦး ကြည့်ရုံနဲ့တင်ကျွန်တော့ကိုတောင် သွေးအန်စေနိုင်လောက်တယ်။"

"ချန်အယ်က အသက်ကြီးတာပဲ။ သူမကတော့လှပေမယ့် အရမ်းကို အိုမင်းနေပြီ။ စီနီယာလုက သူမကိုလည်း မနှစ်သက်မှာ စိုးရွံ့မိတယ်။ ကျွန်တော်တို့ကို ရိုက်တောင်ရိုက်လိုက်မလားပဲ။"

"ကျွန်တော်ကြားတာတော့ အမတအမျိုးသမီးအုပ်စုအသစ်တစ်ခု မကြာသေးခင်ကမှ ကျောက်စိမ်း‌ရေကန်ကို ရောက်လာခဲ့တယ်တဲ့။ သူတို့အားလုံး ဒီလောကကို တက်လှမ်းလာကစပဲရှိသေးတယ်။"

အဖေနှင့်သားမှာ ပြောရင်းပြောရင်းနှင့် စိတ်လှုပ်ရှားသထက်လှုပ်ရှားလာကြတော့သည်။ ၎င်းတို့မှာ လီမျိုးနွယ်စု၏ ဂုဏ်ပုဒ်အတွက် ကောင်းကင်ဘုံခုံရုံးတစ်ခုလုံးနှင့် ဟောက်ထျန်းတို့ကို လုရှောင်ယန်ထံ၌လဲလှယ်ချင်နေသည်မှာအသိသာပင်။

တစ်ဖက်တွင် အမည်မဲ့ဂိုဏ်းသားများမှာ သတ်လေ ပျော်လေဖြစ်လာကြ၏။

၎င်းတို့မှာ အဖွဲ့ဆယ်ဖွဲ့ခွဲလိုက်ကာ ရွှေရောင်အောက်ကျွန်းကို ဗဟိုပြုလျက် အရပ်ဆယ်မျက်နှာသို့ ဖြန့်ကျက်သွားလိုက်ကြသည်။

၎င်းတို့ဖြတ်သွားသည့်နေရာတိုင်းနီးပါးတွင် ချန်ကျောင်းတော်၊ ရန်ကျောင်းတော်သားများသာမက ဗုဒ္ဓဂိုဏ်းသားများပင်ဖြစ်နေပါစေ အသတ်ခံခဲ့ကြရသည်သာပင်။

အမည်မဲ့ဂိုဏ်းမှာ တစ်ဖက်အား အခွင့်အရေးမပေးသလို ပြန်လည်ရှင်သန်ခွင့်လည်းမပေးပါချေ။

၎င်းတို့ တစ်ယောက်ယောက်ကို သတ်လိုက်ချိန်တိုင်းတွင် လုရှောင်ယန်မှာ ၎င်းတို့အား တစ်ဖက်လူနာမည်ကို မှတ်သားခိုင်းမည်ပင်။ ထို့နောက် သူဟာ မြေအောက်ငရဲလောကရှိ ဟို့တုထံ ၎င်းတို့၏ အမှတ်သားများကိုဖျက်ခိုင်းဖို့ရာ သတင်းပေးလိမ့်မည်။ ထိုနည်းလမ်းဖြင့် ၎င်းတို့မှာ ပြန်လည်ဝင်စားဖို့ရန်ပင် မဖြစ်နိုင်တော့ပါချေ!

၎င်းက မည်သည့် ဝင်စားသူ၊ ဝိဉာဉ်ကူးပြောင်းသူကိုမဆို ပေါ်ထွက်လာစေခြင်းမှ ကြိုတင်ကာကွယ်ထားနိုင်သည်။

၎င်းက အနည်းငယ်ပြဿနာရှိပါသော်လည်း ၎င်းတို့၏ လုံခြုံမှုကို အာမခံနိုင်ချေ၏!

အမည်မဲ့ဂိုဏ်းသားများမှာ တစ်နေ့လျှင် ကီလိုမီတာ ၅၀၀၀နှုန်းဖြင့် အပြင်ဘက်၌ အရူးအမူး ဖြန့်ကျက်ထားကြတော့သည်။ ထို့အပြင် ၎င်းတို့မှာ ထိုသည်ကို ကျဲကျေင်းတော်အမည်နှင့် လုပ်ဆောင်ကြသည်ပင်!

ထိုရက်စက်သောအသွင်အပြင်က အားလုံး၏ ရွှေရောင်အောက်ကျွန်းကို သိရှိနားလည်ခြင်းအား ပြန်လည်ရှင်သန်လာစေခဲ့သည်!

၎င်းက ရှေးဟောင်းလောက၏ တစ်ချိန်က အသန်မာဆုံးအဖွဲ့အစည်းမှာ တစ်ဖန်ပြန်လည်ရောက်ရှိလာသယောင်ပါပင်!

ကြောက်မက်ဖွယ်ရာကျဲကျောင်းတော်မှာ ပြန်လာခဲ့ပြီဖြစ်၏!

ထိုအခိုက်၌ ရွှေရောင်ဟင်းလင်းပြင်ဥမင်မှာ ရှေးဟောင်းလောကအဝင်ဝ၌ ဖြည်းညင်းစွာ ပွင့်ဟလာတော့သည်!

အင်မတန်နက်နဲသောအရှိန်အဝါတစ်ခုက ၎င်းထံမှ ဖြန့်ကျက်လာကာ လူတိုင်းအား အသက်ပင်မရှူ‌နိုင်လောက်တော့သည်အထိ ဖိနှိပ်ထားလေတော့၏။

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၃၁။ အပိုင်း ၄၅၉ အလုံးစုံ ပျက်သုဉ်းခြင်း

(ဤဝတ္ထုသည် စိတ်ကူးယဉ်ဇာတ်လမ်းမျှသာဖြစ်သည်။)

အလင်းရောင်များဆင်းသက်လာချိန်တွင် မရေတွက်နိုင်လောက်သော ကတုံးများမှာ နေရာအနှံ့ပေါ်ထွက်လာကြ၏။

၎င်းတို့မှာ သာမန်ကတုံးများမဟုတ်ကြချေ။ ထိုအစား ၎င်းတို့မှာ ဗုဒ္ဓဂိုဏ်းတွင် အဆင့်တစ်ခုသို့ရောက်နေပြီးဖြစ်သော ပညာရှင်များဖြစ်ကြ၏။

အားလုံးမှာ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များ မဟုတ်ကြပါသော်လည်း အနည်းဆုံးတော့ တစ်စိတ်တစ်ပိုင်းမှာ စိတ်ဝိဉာဉ်တောင်၌ ထိပ်တန်းအရည်အချင်းရှိသူများဖြစ်ကြပေသည်။

၎င်းတို့အကြား၌ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များလည်း ရှိပါ၏။

ပို၍ အရေးကြီးသည်က အများစုမှာ ယခင်က ရွှေရောင်အောက်ကျွန်းနှင့် သက်ဆိုင်ခဲ့ကြသည်။

၎င်းတို့၏ ရောက်ရှိမှုမှာ ကျဲကျောင်းတော်သားများအား ဖျက်စီးမည့် ဆုံးဖြတ်ချက်ကို ပြသရန် လုံလောက်ချေ၏!

ဂေါတမမှာလည်း ကျဲကျောင်းတော်မှ ထွက်ပြေးပြီးနောက်မှသာ အနောက်ဘက်စိတ်ဝိဉာဉ်တောင်သို့ ဝင်ရောက်ခဲ့သည်ဟု သိရသည်။

သို့သော် သူတော်စင်ဖြစ်ပြီးနောက်တွင် သူဟာ ရွှေရောင်အောက်ကျွန်းတစ်ခုလုံးအား ဖျက်ဆီးလိုသည်။ ထိုအခိုက်၌ ဝမ်းရှု၏ဂုဏ်သရေရှိရွှေခန္ဓာမှာ ဆယ်မီတာ အနီးအနား၌ ပေါ်ထွက်လာသည်။

ထိုရွှေခန္ဓာက ရွှေရောင်အောက်ကျွန်းတည်ရှိရာကို ကြည့်ရှုလိုက်သည်။ သူ၏အကြည့်မှာ ကီလိုမီတာတစ်သောင်းကိုထိုးဖောက်၍ နက်ရှိုင်းဟန်ကို ပြသနေသည်။ ရွှေရောင်အလင်းနှစ်ခုမှာ လျှို့ဝှက်ဆန်းကြယ်လိုမျိုး စုတ်ပြဲသွား၏။

"လုရှောင်ယန်က ရွှေရောင်အောက်ကျွန်းတွင်ရှိနေသေးပေမယ့် ဘဝင်မြင့်ရဲမှာ မဟုတ်ဘူး! သူက သူတော်စင်ခန္ဓာနဲ့ပဲ။ ဘာရွေးချယ်စရာမှမရှိတာ မဟုတ်ရင် သာမန်ကာလျှံကာလေးတိုက်ခိုက်မှာမဟုတ်ဘူး။"

"ကျုပ်တို့က သူ့အစေခံလေးတွေကိုဖျက်စီးလို့ သူ့ရဲ့ညာလက်ကို ဖြတ်ပြီး ကျဲကျောင်းတော် ကြီးထွားလာတာကို ကြိုတင်ကာကွယ်ဖို့ပဲလိုတာပါ။ ဒီနည်းနဲ့ဆိုရင် ကျဲကျောင်းတော်က ဒီအတိဒုက္ခမှာ ရှင်သန်နိုင်ဖို့ နည်းလမ်းရှိတော့မှာလဲ။"

"ဒါပေါ့၊ လုရှောင်ယန်သာ ကိုယ်တိုင်တိုက်ရဲရင် အနောက်ဘက်ကောင်းကင်က သူတော်စင်သုံးပါးအနေနဲ့ သူ့ကိုအလွတ်ပေးမှာမဟုတ်ဘူး!

"ဒါကြောင့်၊ ညီကိုတို့၊ စိုးရိမ်စရာမလိုဘူး။ သတ်ကြ! ကျဲကျောင်းတော်သားတွေကို သတ်ပြီး ကျုပ်တို့ဗုဒ္ဓဂိုဏ်းရဲ့စွမ်းအားကို မြှင့်တင်ကြ!"

နှိုးဆော်မှုတစ်ရပ်နှင့်တကွ စိတ်ဝိဉာဉ်တောင်တပည့်ပေါင်းထောင်ချီမှာ ကိုယ်တွင်းရှိအမတစွမ်းအားများကို တစ်ညီတည်း လှည့်ပတ်လိုက်ကြတော့၏။

တစ်ခဏအတွင်းတွင် ရွှေရောင်အလင်းထောင်ချီမှာ နေလုံးအသေးစားလေးများတဖိတ်ဖိတ်လက်နေသကဲ့သို့ ပျံထွက်လာပြီး အလင်းပေါင်းမည်မျှရှိသည်ကို မသိရလောက်အောင်ပင် တောက်ပနေကြတော့၏။

ဝမ်းရှုမှာ လက်ချောင်းများဖြင့်တွက်ချက်လိုက်ပြီး ဦးတည်ဘက်တစ်ဘက်သို့ ချက်ချင်းညွှန်ပြလိုက်သည်။ အလင်းပေါင်းသောင်းချီမှာ တမုဟုတ်ချင်း ထိုဦးတည်ဘက်သို့ ပျံထွက်သွားတော့၏။

တစ်ချိန်တည်းမှာပင် ကီလိုမီတာ ကုဋေချီအဝေး၌ ဗုဒ္ဓကျောင်းတစ်ခုမှာလည်း အမည်မဲ့ဂိုဏ်းမှ အဖွဲ့တစ်ခု၏ တိုက်ခိုက်ခြင်းကိုခံနေရသည်။

အမည်မဲ့ဂိုဏ်းသားများ၏ ပြင်းပြင်းပြပြတိုက်ခိုက်မှုအောက်တွင် ၎င်းတို့မှာ မခုခံနိုင်ပင်ဖြစ်နေကြတော့၏။ ဂိုဏ်းသားများမှာ တစ်ဦးပြီးတစ်ဦးကျဆုံးနေကြကာ လွတ်မြောက်ရန်ပင် အခွင့်မရှိခဲ့ပါချေ။

အားလုံးမှာ ကြောက်ရွံ့ဒေါသထွက်နေကြကာ မျက်ဝန်းနီနီများမှာလည်း လူသတ်ငွေ့၊ ဒေါသတို့ဖြင့် ရောယှက်နေကြတော့သည်။

"မင်းတို့ကျဲကျောင်းတော်သားတွေက ငါတို့ဗုဒ္ဓစိတ်ဝိဉာဉ်တောင်အနေနဲ့ ကျဲကျောင်းတော်နဲ့ မင်းတို့ရဲ့တာအိုကိုဖျက်စီးပစ်မှာကို ကြောက်နေကြတာမဟုတ်လား?"

အမည်မဲ့ဂိုဏ်းသားမှာ အေးစက်ဟန်ပေါ်နေပြီး တစ်ဖက်အားလုံးဝ ဂရုမစိုက်ပါ‌ချေ။

"ဒါက မင်းတို့အစွမ်းပြန်ရနိုင်တဲ့အထိ စောင့်ဖို့လိုလိမ့်မယ်။"

ထိုတိုတောင်းပြီး အင်မတန်အစွမ်းထက်လှသည့် လှောင်ပြောင်မှုမှာ ဗုဒ္ဓဂိုဏ်းသားများအား ဒေါသကြောင့် တမုဟုတ်ချင်းပြိုလဲသွားစေ၏။

ထိုဘုရားကျောင်းရှိ ဗုဒ္ဓဂိုဏ်းသားများ အပြတ်အသတ် သုတ်သင်ခံရဆဲ‌ဖြစ်နေသည်ကိုကြည့်ကာ အလင်းတန်းများက ကောင်းကင်တစ်နေရာမှ ဥက္ကာပျံများကဲ့သို့ လျင်မြန်စွာ ပျံထွက်လာကြသည်။

ထို အလင်းတန်းမှ ထုတ်လွှတ်‌နေသော သိပ်သည်းသည့်ဗုဒ္ဓစွမ်းအားကို အာရုံခံမိသော် အားလုံးမှာ အင်မတန်ပျော်ရွှင်သွားကြ၏။

"ဟားဟားဟားဟား... စိတ်ဝိဉာဉ်တောင်ရဲ့ ဗုဒ္ဓအရှင်တွေရောက်နေပြီ! ဒါက စိတ်ဝိဉာဉ်တောင်ရဲ့ဗုဒ္ဓအရှင်တွေပဲ! ဟားဟားဟားဟား... အခုတော့ မင်းတို့သေရမယ့်အလှည့်ပဲ! ငါတို့အနေနဲ့ ဒီနေ့မှာ သေဆုံးခဲ့ရတဲ့ ဗုဒ္ဓဂိုဏ်းရဲ့ အကြီးအကဲနဲ့ တပည့်သောင်းချီအတွက် လက်စားချေရမယ်!"

အမည်မဲ့ဂိုဏ်းသားများမှာ လုံးဝပူပန်မနေပါချေ။

ထိုခရီးစဉ်တွင် အမည်မဲ့ဂိုဏ်းမှာ အဖွဲ့ဆယ်ဖွဲ့ခွဲထားခဲ့၏။ အဖွဲ့တိုင်းတွင် ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အထဋ်အထိပ်အဆင့် အယောက်၃၀၀ပါရှိလေ၏!

အားလုံးမှာ ပညာရှင်များထဲမှာ ပညာရှင်ဟုပင် ဆိုနိုင်၏။ ရန်ကျောင်းတော်၊ ဗုဒ္ဓဂိုဏ်းတွင်းသာမက ချန်ကျောင်းတော်တွင်ပင်ဖြစ်ပါစေ ၎င်းတို့အားလုံးမှာ ထိပ်တန်းအရည်အချင်းရှိသူများပင်ဖြစ်ကြသည်!

သူတော်စင်များမဟုတ်သရွေ့ ၎င်းတို့နှင့် ယှဉ်တိုက်နိုင်မည့်လူ များများစားစားမရှိပါချေ။

ထို့အပြင်!

သူတော်စင်တစ်ပါးရောက်လာလည်း ဘာအရေးနည်း?

၎င်းတို့၏အဖွဲ့အား ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်တစ်ဦးမှ ဦးဆောင်လာခြင်းဖြစ်၏!

၎င်းမှာ သူတော်စင်နှင့်ယှဉ်နိုင်သော ဖြစ်တည်မှုပင်။ သူတော်စင်‌တစ်ပါးရောက်လာလျှင်ပင် ၎င်းတို့မှာ မကြောက်ရွံ့ချေ!

ထိုအချိန်တွင် ထိုဘုရားကျောင်း၌ ဂိုဏ်းသားပေါင်းတစ်ရာမျှသာ သတ်ဖြတ်မှုကြီးအား ကိုင်တွယ်နေရခြင်းဖြစ်၏။ တိမ်များအထက်တွင် ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်နှင့် ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အယောက်၂၀၀ကျော်ရှိချေသည်။

၎င်းတို့ကြောက်ရွံ့နေမှသာလျှင် ထူးဆန်းနေမှာဖြစ်၏!

ကောင်းကင်တွင် ဝမ်းရှုမှာ စိတ်ဝိဉာဉ်တောင်တပည့်တစ်သောင်းအား ကူညီရန် အပြေးလာလိုက်သည်။ သူဟာ ဗုဒ္ဓဂိုဏ်းသားများက ရယ်စရာအခြေနေ၌ ရှိသည်ကိုမြင်သော် ချက်ချင်းဒေါသဖြစ်သွား၏။

"ရပ်စမ်း! မင်းတို့ကျဲကျောင်းတော်က ခွေးကောင်တွေ၊ ငါတို့ရဲ့ဗုဒ္ဓဂိုဏ်းသားတွေကို ထိခိုက်အောင် လုပ်ဝံ့တယ်‌ပေါ့လေ? မင်းတို့မရပ်ရင် မင်းတို့ဝိဉာဉ်ကို ဖျက်စီးပစ်မယ်!"

သို့သော် သူ၏စကားဆုံးသည်နှင့် အမည်မဲ့ဂိုဏ်းသားများမှာ မရပ်တန့်ရုံမျှသာမက ပိုလိုပင် ကြမ်းတမ်းလာလေသည်။ မျက်တောင်တစ်ခတ်အတွင်းတွင် ဗုဒ္ဓဂိုဏ်းကျင့်ကြံသူပေါင်းရာချီမှာ အပိုင်းအစများအဖြစ်သို့ ပြန့်ကျဲသွားတော့သည်။

ထိုနှလုံးကြွေလုမတက်အော်သံက မိုးကုပ်စက်ဝိုင်းသို့လွင့်ပျံ့သွား ဝမ်းရှုနားတွင်းသို့ရောက်ရှိလာပြီး ဝမ်းရှု၏နှ‌ဖူးကြောများကို ဒေါသကြောင့် ထောင်ထလာစေ၏။

"အားးး! မကောင်းဆိုးဝါး သတ္တဝါတွေ၊ မင်းတို့ကိုငါမသတ်ရရင် ငါဘယ်တော့မှာ ဗုဒ္ဒမဖြစ်လာရဘူးလို့ ကျိန်ဆိုတယ်! စိတ်ဝိဉာဉ်တောင်တပည့်တွေ နားထောင်ကြ။ သူတို့အားလုံးကိုသတ်!"

ရွှေအလင်းသောင်းချီမှာ ဓားထက်ထက်များကဲ့သို့ ကျဆင်းလာကြသည်။

သို့သော် သူမဆင်းသက်နိုင်ခင်တွင် နောက်ထပ် ထိတ်လန့်ဖွယ်အရှိန်အဝါမှာ ကောင်းကင်မှ တိုးထွက်လာပြီး လှိုင်းတစ်ခုကဲ့သို့ ဖိချလိုက်သည်။

ဝမ်းရှု၏အမူအရာမှာ ဆိုးရွားစွာ ပြောင်းလဲသွား၏။

"ခြုံခိုတိုက်ခိုက်မှု! မင်းတို့ရဲ့ခေါင်းထိပ်ကို ဂရုစိုက်ကြ!"

စကားဆုံးသည်နှင့် စွမ်းအားကြီးကာ ကျိုးကြောင်းမဆီလျော်သော အရှိန်အဝါများမှာ ချက်ချင်းပင် လူအုပ်ထဲသို့ ကျဆင်းလာ၏။

ဘုန်း! ဘုန်း! ဘုန်း!

တိုက်ခိုက်မှုတိုင်းနှင့် ဗုဒ္ဓဂိုဏ်းသားတစ်ရာ သို့မဟုတ် ဒါဇင်ချီမှာ သေရလိမ့်မည်ပင်!

တိုက်ခိုက်မှုတစ်ခုလေးနှင့် ဗုဒ္ဓဂိုဏ်းသား‌တစ်သောင်းကျော်မှာ အသတ်ခံလိုက်ရပြီပင်။

ပေါက်ကွဲမှုများမှာ ကောင်းကင်တွင် စဉ်ဆက်မပြတ်ထွက်ပေါ်နေသည်က ရွှေရောင်နေလုံးများစွာ ပေါ်ထွက်လာသလိုပါပင်။

ဗုဒ္ဓဂိုဏ်းသားများ၏အလောင်းများမှာ ဖက်ထုပ်လေးများကဲ့သို့ ကျဆင်းလာကြသည်။ ထို့အပြင် အလောင်းအားလုံးမှာ ခြေလက်အင်္ဂါ မပြည့်စုံကြပေ။

တစ်ဖက်မှာ ၎င်းတို့အား တိုက်ကွက်တစ်ခုတည်းနှင့်သတ်ခဲ့ရုံသာမက ၎င်းတို့၏ ခန္ဓာများနှင့် ဝိဉာဉ်ကိုပင် ဖျက်ဆီးခဲ့သေး၏!

သူ၏နည်းလမ်းများမှာ ကြမ်းတမ်းရုံသာမက ထိတ်လန့်ဖွယ်စွမ်းအားကြီးလေသည်!

"ခွေးကောင်၊ ရပ်လိုက်!"

ဝမ်းရှုမှာ အော်ဟစ်လိုက်ပြီး ဗုဒ္ဓသူတော်စင်လက်သီးအား ထုတ်ဖော်ရန် လက်ကိုမြှောက်လိုက်၏။

ရွှေရောင်လက်သီးအလင်းမှာ ကခုန်နေလျက် ကောင်းကင်ယံတွင် ရွှေရောင်ဗုဒ္ဓပုံရိပ်ကိုပင် ပွင့်လန်းလာစေ၏။ အနှိုင်းမဲ့ဝါဂျရာစွမ်းအားနှင့်အတူ ၎င်း၏ရှေ့မှောက်ရှိ အမည်မဲ့ဂိုဏ်းသားတစ်ဦးထံ ရိုက်ခတ်သွားစေသည်။

တစ်ဖက်လူမှာလည်း လုံးဝနိမ့်ကျမနေပါချေ။ တစ်ဖက်လူမှ တိုက်ခိုက်ခံရသည်ကို အာရုံခံမိလိုက်သည့်အခိုက်တွင် သူဟာ လက်စည်းတံဆိပ်များအား ပုံဖော်လိုက်တော့၏။

ကျင့်စဉ်နှစ်ခု ထိခတ်သွားသည့်အခိုက်တွင် ပိုမိုသန်မာသောရွှေအလင်းလုံးတစ်ခုမှာ ကောင်းကင်ယံ၌ တစ်ဖန်ပြန်ပေါ်လာပြီး အခြားသော အလင်းလုံးများကို ကျော်‌လွန်နေပါ၏!

ထိုစွမ်းအားမှာ အင်မတန်ကြောက်ရွံ့ဖွယ်ကောင်းလှကာ ဗုဒ္ဓဂိုဏ်းသားများအား အသက်မရှူနိုင်သည်အထိပင် ဖိနှိပ်နေသည်။

ပေါက်ကွဲမှုပြီးနောက်တွင် ဝမ်းရှုမှာ မီတာတစ်သိန်းနောက်သို့ တိုက်ရိုက် လွင့်ထွက်သွားသည်။ သူ၏ကိုယ်မှ သွေးများလည်း ‌ဆန်တက်လာကာ အနီးဝန်းကျင်နိယာမစွမ်းအားများ တုန်ယင်နေကြ၏။ ၎င်းမှာ သူ၏ခေါင်းထက်ရှိ ပန်းသုံးပွင့်မှာ အတန်ငယ်ခါယမ်းသွားပြီး ၎င်းတို့ထက်ရှိ အလင်းပင်တုန်ရီသွားသည်အထိပင်။

ရှင်းလင်းစွာပင် သူ၏ကိုယ်မှာ ထိုတိုက်ကွက်ကြောင့် ထိခိုက်သွားပြီဖြစ်၏!

ထိုသည်က ဝမ်းရှုအား ထိတ်လန့်ကာ မယုံကြည်နိုင်မှုဖြင့် ပြည့်သွားစေသည်။

သူ၏ကျင့်ကြံဆင့်မှာ သူတော်စင်အဆင့်သို့မရောက်သေးပါသော်လည်း ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အထွဋ်အထိပ်အဆင့်သို့ရောက်ရှိနေဆဲပင်!

ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်အထက်ရှိ အဆင့်တိုးတက်မှုတိုင်းမှာ ကောင်းကင်ဘုံသို့တက်လှမ်းနေရသလိုပင် ခက်ခဲပေ၏။ သုံးလောကတွင် ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များစွာရှိပါသော်ငြားလည်း အထွဋ်အထိပ်အဆင့်မှာတော့ များများစားစားမရှိပါချေ။

တစ်ဖက်လူမှာ အဘယ့်ကြောင့် သူ၏သွေးအဆီအနှစ်ကိုပင် တိုက်ကွက်တစ်ခုတည်းနှင့် လှုပ်ခါစေနိုင်နေရသနည်း?!

တစ်ခုခုတော့မှားနေပြီပင်!

တစ်ခုခုတော့တကယ်မှားနေပြီဖြစ်၏!

သူမတုံ့ပြန်လိုက်နိုင်ခင်တွင် ပုံရိပ်အမြောက်အများမှာ သူ့အားဝန်းရံလိုက်ကြ၏။

သူ့ထံရောက်ရှိလာသော ဖိအားနှင့်အရှိန်အဝါကို အာရုံခံမိသော် ဝမ်းရှု၏မျက်လုံးများ ပြူးကျယ်သွားသည်။

သူဟာ တစ်ဖက်လူထံတွင် ထိုလူ၏ကိုယ်ပိုင်အရှိန်အဝါတည်ရှိနေသည့်စွမ်းအားကို တကယ်ကြီးအာရုံခံမိလိုက်သည်။

ဒီလူတွေက?

သူတို့အားလုံးက ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အထွဋ်အထိပ်အဆင့်တွေလား?

မဟုတ်၊ ၎င်းတို့သာ မဟုတ်ချေ!

ယခုတွင်သူဟာ ဒေါသကြောင့် မျက်ကန်းဖြစ်သွားပြီပင်။ သူဟာ တုံ့ပြန်လိုက်ပြီး ချက်ချင်းပင် အောက်ဘက်ရှိ ကျင့်ကြံသူများအပါအဝင် ကျင့်ကြံသူအယောက်၂၀၀တို့မှာ ‌ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အထွဋ်အထိပ်အဆင့်ကိုရောက်နေပြီဖြစ်ကြောင်း တွေ့ရှိသွားတော့သည်!

သူအိပ်မက်မက်နေတာလား?

ကျဲကျောင်းတော်မှာ ဘာလို့ဒီလောက်များတဲ့ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အထွဋ်အထိပ်အဆင့်တွေရှိနေရတာလဲ?

စိတ်ဝိဉာဉ်တောင်သာဆိုလျှင် ရှင်းပြဖို့လွယ်သေးသည်။ ပြောရလျှင် စိတ်ဝိဉာဉ်တောင်မှာ နှစ်သောင်းချီကြာ စွမ်းအားများစုဆောင်းခဲ့ပြီး ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များစွာကို ပျိုးထောင်ခဲ့သည်။

သို့သော် ကျဲကျောင်းတော်မှာ နှစ်သောင်းချီကြာ ဖိနှိပ်ခံခဲ့ရ၏။ လုရှောင်ယန်မှာ ထူးခြားပြီး မျက်တောင်တစ်ခတ်အတွင်း သူတော်စင်အဆင့်ရောက်အောင် ကျင့်ကြံနိုင်ပါလျှင်တောင် မည်သို့များ ထိုမျှများပြားလှသည့် ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အထွဋ်အထိပ်အဆင့်များအား စုစည်းနိုင်ခဲ့သနည်း?

သို့သော် ၎င်းအားတွေးတောရင်း သူဟာ ထိုလူများ၏ တိုက်ရိုက်တိုက်ခိုက်မှုများအားလုံးကို ရင်ဆိုင်ရန်လည်း မဝံ့ရဲသေးပါချေ။ သူဟာ ပင်ကိုဓမ္မရတနာ၊ ဓားအသိပညာကိုထုတ်ယူလျက် ထိုကျင့်စဉ်ကို အသုံးပြုလိုက်၏။

ဓားအသိပညာပေါ်ထွက်လာသည်နှင့် ဗုဒ္ဓအလင်းတောက်ပလာပြီး ဝမ်းရှု၏ အတိုက်အခိုက်စွမ်းရည်ကို များစွာတိုးမြင့်လာစေသည်။

၎င်းက မတတ်သာပါသော်လည်း ဝမ်းရှု၏ ယုံကြည်ချက်ကိုတိုးလာစေ၏။

သူ၏ဓားအသိပညာမှာ မူလက ချန်ကျောင်းတော်ရှေးဟောင်းကောင်းကင်အဓိပတိမှ သူ့အားအပ်နှင်းခဲ့သည့် ဆက်နွယ်မှုမူလရတနာပါပင်။ ထို့နောက် အနောက်ဘက်သူတော်စင်၏အဆင့်မြှင့်ပေးခြင်းခံရပြီးနောက်၌ ၎င်းမှာ ဗုဒ္ဓဓမ္မအဆောင်လက်နက်ဖြစ်လာသည်။ ထို့အပြင် စစ်မှန်သောစွမ်းအားအရ ၎င်းမှာ ဆက်နွယ်မှုမူလရတနာနှင့်ပင် နှိုင်းယှဉ်နိုင်ပေ၏။

တစ်ဖက်၏ကျင့်ကြံဆင့်မှာ သူ၏ကိုယ်ပိုင်ကျင့်ကြံဆင့်နှင့် ဆင်တူပါသော်လည်း ၎င်းတို့အားလုံးမှာ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အထွဋ်အထိပ်အဆင့်များပင်ဖြစ်ကြကာ ပိုလည်းများကြပေ၏။

သို့ရာ၌ ဆက်နွယ်မှုမူလရတနာနှင့် ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်တစ်ဦးမှာ တစ်ခုမှ မရှိသည့် အမတအရှင်နှင့် လုံးဝကွာခြားပေသည်။

သူဟာ တစ်ဖက်လူနှင့် အခြားလူများအား တိုက်ခိုက်ခြင်းကို လက်ခံရန် လုံးဝယုံကြည်မှုရှိပါ၏။

သို့ရာတွင်!

သူထိုသို့တွေးလိုက်ကာ ဓားအသိပညာအား ထုတ်ယူလိုက်သည်ကိုမြင်ပြီးနောက်၌ တစ်ဖက်လူမှာ အေးစက်စက်ပြုံးလိုက်သည်ကို သတိပြုမိသွား၏။

"မင်းကသေချင်နေတာပဲ!"

ဝမ်းရှုမှာ မျက်ခုံးများအနည်းငယ်ပင့်လျက် မထိန်းနိုင်ဘဲ ပဟေဠိဖြစ်သွားရသည်။

သူဟာ ဆက်နွယ်မှုမူလရတနာကိုပင် ထုတ်ယူပြီးဖြစ်နေပြီလေ! ဘာကြောင့်များ သူ့ကိုသေချင်နေတယ်လို့ ဆက်ပြောနေရတာလဲ?

ဒါက မနာလိုတာများလား?

ဟုတ်ပါ၏!

တစ်ဖက်လူမှာ သေချာပေါက် သူ့ထံ၌ ထိုသို့သော ဓမ္မရတနာကောင်းလေးရှိသည်ကို မနာလိုဖြစ်နေသည်ပင်!

ကံမကောင်းစွာဖြင့် မနာလိုခြင်းမှာ အသုံးမဝင်ပါချေ။

ဆက်နွယ်မှုမူလရတနာမှာ မည်မျှအဖိုးတန်လေသနည်း? ၎င်းက သူ့ကဲ့သို့ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အထွဋ်အထိပ်အဆင့်သို့မရောက်ပါလျှင် တစ်ယောက်ယောက်ထံ၌ ဒါမျိုးရှိရန် မဖြစ်နိုင်ချေ။

သို့သော် သူ၏အတွေးအားထုတ်ပြလိုက်သည်နှင့် တစ်ဖက်လူမှ ဆက်နွယ်မှုမူလရတနာအား ထုတ်ယူကာ ၎င်းတို့၏တိုက်ခိုက်မှုက တမုဟုတ်ချင်းပြင်းထန်လာသည်ကို မြင်လိုက်ရသည်။

"သေစမ်းကွာ!"

ထိုအခိုက်တွင် နှစ်သောင်းချီထက်ပိုအောင် မကျိန်ဆဲခဲ့‌သော ဝမ်းရှုမှာ ကူကယ်ရာမဲ့စွာ ဆဲရေးလိုက်တော့၏။

ဒါက အရမ်းကြီး ပုံမှန်မဟုတ်ဘဲ အရှက်မဲ့လွန်းရာကျမနေဘူးလား?

သူ့အတွက် ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ဖြစ်လာရန်ကပင် ထူးခြားနေပြီဖြစ်သော်လည်း သူ့ထံ၌ များလှစွာသော ဆက်နွယ်မှုမူလရတနာရှိနေသည်လား?

မင်းတို့ ရွှေရောင်အောက်ကျွန်းရဲ့ ဆက်နွယ်မှုမူလရတနာကို တစ်ခါတည်းများစုဝယ်ထားတာလားကွာ?

ဒီလူကဘာလို့ အများကြီးကို သာမန်ကာလျှံကာလေးထုတ်ယူနိုင်နေရတာလဲ?

စကားဆုံးသည်နှင့် တစ်ဖက်လူ၏ ဘုံထွဋ်ဖျားအမတအရှင်များ၏ တိုက်ခိုက်မှုမှာ သူ့အပေါ်သက်ဆင်းလာတော့၏။

ဘုန်း!

ထိတ်လန့်ဖွယ်ပေါက်ကွဲမှုနှင့်အတူ အလင်းက အဘက်ဘက်သို့ ပျံ့လွင့်သွား၏။ တစ်ခဏအတွင်းတွင် ဓားအသိပညာမှာ အက်ကွဲသွားတော့၏!

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၃၁။ အပိုင်း ၄၆၀ စိတ်ဝိဉာဉ်တောင်ကို ထိတ်လန့်သွားစေတယ်!

(ဤဝတ္ထုသည် စိတ်ကူးယဉ်ဇာတ်လမ်းမျှသာဖြစ်သည်။)

"မဖြစ်ဘူး!"

ဝမ်းရှုမှာ အော်ဟစ်လိုက်ကာမျက်နှာထက်၌ စိတ်ပျက်အားငယ်၊ ကြောက်ရွံ့မှုတို့ဖြင့် ပြည့်‌နေ၏။

တစ်ခဏအတွင်းတွင် ဓားအသိပညာ၏ အပိုင်းများမှာ သူ၏ ကိုယ်ကို ထိုးဖောက်၍ ရင်ဘတ်တွင်းရှိ ရောင်ဝါငါးပါးကို ချိုးဖြတ်လိုက်တော့၏။

သူ၏ နှစ်သောင်းချီကျင့်ကြံဆင့်မှာ ထိုအချိန်တွင် များစွာ လျော့ကျသွားချေသည်!

ဝမ်းရှု၏ တစ်ကိုယ်လုံးမှာ လွင့်ပျံသွား၏။

လွင့်ပျံသွားပြီးနောက်တွင် သူဟာ ဘဝတွင်မယုံကြည်နိုင်သော အရာတစ်ခုအား မြင်တွေ့လိုက်ရသည်။

ဗုဒ္ဓဂိုဏ်းသားများအား သတ်နေခဲ့ကြသော ကျဲကျောင်းတော်သားများထံတွင် ဆက်နွယ်မှုမူလရတနာတစ်ခုစီရှိနေသည်ပင်! ၎င်းတို့၏ခွန်အားနှင့် ဆက်နွယ်မှုမူလရတနာတို့ဖြင့်ဆိုလျှင် မည်သူက ၎င်းတို့အား ခုခံနိုင်ပါမည်နည်း?

စိတ်ဝိဉာဉ်တောင်၏တပည့်များမှာ ပြန်လည်မတိုက်ခိုက်နိုင်တော့သည်အထိ အရိုက်ခံလိုက်ရသည်။ အော်သံများအလယ်တွင် ၎င်းတို့မှာ သေမြဲသေကြလျက် ကောင်းကင်မှ အလောင်းများကျဆင်းလာနှုန်းမှာလည်း ပိုမြန်လာ၏။

အိပ်မက်များမက်နေတာလား?

ဘယ်အချိန်တည်းကများ ဆက်နွယ်မှာမူလရတနာတွေက အရမ်းတန်ဖိုးမဲ့သွားရတာလဲ?

ဆက်နွယ်မှုမူလရတနာရှိသည့် သူဟာ လူအချို့နှင့် ရင်ဆိုင်ရလျှင်တော့ အဆင်ပြေပါသေးသည်။

အဆုံးတွင် ထိုလူများထံ၌လည်း ဆက်နွယ်မှုမူလရတနာများရှိပါ၏။

ဘယ်လိုဟာသကြီးလဲကွာ?

ဒါတွေက ‌‌ေ-ာက်ဆက်နွယ်မှုမူလရတနာတွေလေ!

.

ဆက်နွယ်မှုမူလရတနာတွေလေ!

သုံးလောကမှာ မရေတွက်နိုင်လောက်တဲ့လူတွေက ဆက်နွယ်မှုမူလရတနာ တစ်ခုလောက်လေးရဖို့ စိတ်ကူးယဉ်ခဲ့ကြတာလေ!

အခုတော့ လုရှောင်ယန်ရဲ့ တပည့်တွေဆီမှာ တစ်ခုစီရှိနေတာတဲ့လား?

မဟုတ်သေးဘူး၊ ဒီကိစ္စကအရမ်းအရေးပါတယ်။ သူ စိတ်ဝိဉာဉ်တောင်ကို အချိန်မီတင်ပြရမယ်။

၎င်းကိုတွေးလျက် သူဟာ ချက်ချင်းပင် ကိုယ်တွင်းမှ အမတစွမ်းအား,အား အစွမ်းကုန် လှည့်ပတ်လိုက်ကာ စိတ်ဝိဉာဉ်တောင်ဆီသို့ ပြန်ထွက်ပြေးရန် ဗုဒ္ဓလွတ်ငြိမ်းလမ်းစဉ်အား အသုံးပြုလိုနေ၏။

ထိုဗုဒ္ဓဂိုဏ်းသားများမှာ ထပ်မံ မတောင့်ခံနိုင်တော့ပါချေ။ သူဆက်နေပါလျှင်တောင် ၎င်းတို့မှာ သေရလိမ့်မည်ပင်။ သူလွတ်မြောက်ကာ ထိုလျှို့ဝှက်ချက်အား ဗုဒ္ဓဘိုးဘေးနှင့် အခြားသူတော်စင်နှစ်ပါးအား တင်ပြနိုင်ပါလျှင် အနည်းဆုံးတော့ သူဟာ စိတ်ဝိဉာဉ်တောင်အား ရှာတွေ့ခံရခြင်းမှ တားဆီးနိုင်၏။

ထို့အပြင် သူဟာ အကူအညီကြီးတစ်ခုအား လုပ်လိုက်သည်လည်းဖြစ်မည်။ ဗုဒ္ဓဘိုးဘေးမှာ ပျက်စီးသွားခဲ့သည့် သူ၏ရင်ဘတ်မှ ချီငါးပါးကိုလည်း ပြန်လည်ပြုပြင်ပေးလိမ့်မည်ပင်။

သို့ရာ၌ ထိုအချိန်တွင် ဝမ်းရှုမှာ သူ၏နံဘေးမှ နိယာမစွမ်းအား ချက်ချင်းအေးခဲသွားသည်ကို ခံစားလိုက်ရကာ ကိုယ်တွင်းမှ အမတစွမ်းအားမှာ ချိပ်ပိတ်ခံလိုက်ရဟန်ပေါ်ပြီး လုံးဝလှည့်ပတ်နိုင်ခြင်းမရှိတော့ပါချေ။

"ဒါက... သူတော်စင်ပဲ! လုရှောင်ယန်က ဒီမှာလား?"

ဝမ်းရှုမှာ အံ့အားသင့်သွား၏။

အကြောင်းမှာ သူ၏ရင်ဘတ်မှ ချီငါးပါးပျက်စီးသွားခဲ့လျှင်တောင် သူဟာ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်တော့ဖြစ်နေသေးသည်။ တစ်ဖက်လူမှာလည်း ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ဖြစ်နေပါလျှင် သူနှင့်သူ၏ကျင့်ကြံဆင့်အပေါ် အကြွင်းမဲ့ဖိနှိပ်နိုင်ခြင်းမျိုးရှိဖို့ရန် မဖြစ်နိုင်ချေ။

ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အား ဖိနှိပ်နိုင်သည်မှာ သူတော်စင်တစ်ဦးတည်းသာရှိချေ၏!

သူတော်စင်တစ်ပိုင်းသည်ပင် ၎င်းကို မလုပ်နိုင်ချေ!

အများဆုံး သူတော်စင်တစ်ပိုင်းမှာ သူ၏ဝန်းကျင်မှ အာကာပြင်စွမ်းအားကိုချိပ်ပိတ်နိုင်ပြီး ထွက်ပြေးခြင်းမှတားဆီး‌နိုင်သော်ငြား ၎င်းတို့အနေနှင့် သူ၏အမတစွမ်းအားကို ဖိနှိပ်ရန်မှာ မဖြစ်နိုင်ပါချေ!

သူတော်စင်အဆင့်အောက်ရှိလူတိုင်းမှာ မတတ်နိုင်ပါချေ!

သူ့လိုမျိုး ဖြစ်တည်မှုအတွက် သူတော်စင်က စစ်မှန်သောအဓိပတိအရှင်သခင်ပါပင်!

"လုရှောင်ယန်! မင်းကအတော်ယုတ်မာတာပဲ! ဂုဏ်သရေရှိသူတော်စင်တစ်ယောက်အနေနဲ့ ကျင့်ဝတ်တွေကို ဘယ်လိုများအရေးမစိုက်နိုင်ရတာလဲ! ငါ့လိုမျိုးကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်တစ်ပါးကို အနိုင်ကျင့်ရဲတယ်ပေါ့လေ!"

သူဟာ ကောင်းကင်ယံထံ ဟစ်ကြွေးလိုက်ပါသော်လည်း ပြီးဆုံးသွားပြီးနောက်၌ နေရာတွင်ပင် ရပ်တန့်နေပါတော့၏။

အကြောင်းမှာ သူ၏အကြည့်က ကောင်းကင်ရှိ ပုံရိပ်တစ်ခုနှင့်အကြည့်ချင်းဆုံသွားချင်းကြောင့်ပါပင်။

သူ၏အနှစ်သာရဝိဉာဉ်မှာ ထိုအချိန်၌ ကူကယ်ရာမဲ့စွာ တုန်ရီနေ၏။

တစ်ဖက်လူမှာ သူ့အား ဖိနှပ်ခဲ့သည့်လူဟု ခန့်မှန်းပြီးသားပါပင်။

သို့ရာ၌ ထိုလူမှာ သေချာပေါက်ကို လုရှောင်ယန်မဟုတ်ပါချေ။

လုရှောင်ယန်သူတော်စင်ဖြစ်လာချိန်တွင် လောကသုံးပါးလုံးက သူ၏အရှိန်အဝါကို အာရုံခံမိလိုက်ကြ၏။ ထိုအခိုက်တွင် တစ်ဖက်လူ၏အရှိန်အဝါမှာ ရှင်းလင်းစွာပင် လုရှောင်ယန်နှင့် မသက်ဆိုင်နေပါချေ။

ထိုသည်က ရွှေရောင်အောက်ကျွန်းတွင် လုရှောင်ယန်တစ်ဦးတည်းကသာ သူတော်စင်မဟုတ်ဟု ဆိုလိုနေသည်လား?

အချက်အလက်အရ နောက်ထပ်သူတော်စင်တစ်ဦးလား?

ပြီးသွားပြီပဲ!

ထိုအချိန်၌ ဝမ်ရှုမှာရူးနေပါလျှင်တောင် ရွှေရောင်အောက်ကျွန်း၏ နည်းလမ်းများမှာ သူထင်ထားသလို အသေအချာကိုရိုးရှင်းမနေပါချေ!

ထိုအခိုက်၌ သုံးလောကမှာ တကယ်ကိုပင် ဒုက္ခကြီးရောက်ပြီဖြစ်၏။ သို့ရာတွင် သူတွေးထားခဲ့သည့်အတိုင်း မဟုတ်ဝတော့ချေ။

သူဟာ တစ်ဖက်လူ၏အကြည့်အား မြင်ချိန်၌ ထိုလူ၏ တိုးထွက်နေသော အရှိန်အဝါက တိုက်ရိုက်ပင် ဖိချလိုက်တော့၏။

ဘန်း!

ထိုအကြည့်ရိုးရိုးလေးတစ်ခုနှင့်ပင် သွေးမှုန်များအသွင်ကူးပြောင်းသွားလျက် မည်သည်ကိုမှပင် ချန်မထားခဲ့ပါချေ။

ထိုအချိန်တွင် စိတ်ဝိဉာဉ်တောင်မှစေလွှတ်လိုက်သော တပ်ကူများမှာ အားလုံးအသတ်ခံလိုက်ရပြီဖြစ်၏။

လေများရပ်တန့်ကာ အားလုံး တိတ်ဆိတ်ငြိမ်သက်နေ၏။

ထိုကျောင်းတော်ရှိ ဗုဒ္ဓကျင့်ကြံသူများမှာ ၎င်းက စိတ်ပျက်အားငယ်ဖွယ်အတိပြီးသည်ကိုမြင်သော်လည်း ခုခံခြင်းအား ဆက်လက်လုပ်ဆောင်နေပါ၏။

ပြီးသွားပြီပင်!

ပြောရလျှင် စိတ်ဝိဉာဉ်တောင်မှ သူတော်စင်များသည်ပင် အသတ်ခံလိုက်ရ၏။ ၎င်းတို့ထံ၌ မည်သည့်အခွင့်ရေးရှိမည်နည်း?

၎င်းတို့မှာ ထောင်ချောက်ပေါင်း ထောင်သောင်းချီယူလာခဲ့လေသည်ပင်!

တစ်ဖက်၏ကျင့်ကြံဆင့်မှာ အနည်းဆုံးတော့ ၎င်းတို့ထက် များစွာ အားကောင်းသည်။

အဆုံးတွင် မည်သူကမှ ရှင်သန်နိုင်မည်မဟုတ်ချေ။

အင်မတန်ကျော်ကြား‌လှသော် ဗုဒ္ဓဂိုဏ်း၏ ဝမ်းရှုသည်ပင်လျှင် အသတ်ခံလိုက်ရ၏။

ဝမ်းရှုမှာ ဗောဓိသဗ္ဗလေးသာဖြစ်ပါသော်လည်း သူဟာ တစ်ချိန်က ရှေးဟောင်းကောင်းကင်အဓိပတိ၏ ရွှေရောင်အမတအရှင်ဆယ့်နှစ်ပါးထဲမှ တစ်ပါးဖြစ်ခဲ့ဖူးသည်။ နောက်တွင် ‌တာအိုကျင့်ကြံသူရန်တုံ၏ဦးဆောင်မှုအောက်၌ သူဟာ အနောက်ဘက် စိတ်ဝိဉာဉ်တောင်သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ပေသည်။

သူ၏ကျင့်ကြံဆင့်မှာ ဗုဒ္ဓဂိုဏ်းတွင် အနည်းဆုံး ထိပ်ဆုံး အယောက်တစ်ရာထဲ၌ ရှိနိုင်၏!

‌ဗုဒ္ဓဂိုဏ်းရှိ ဗုဒ္ဓများစွာသည်ပင် သူ၏ပြိုင်ဘက်မဟုတ်ပါချေ။

သို့ရာ၌ သူဟာ ရှုံးနိမ့်နေဆဲပင်။

ထိုသို့ဆိုလျှင် တိုက်ခိုက်ရသည့်ရည်ရွယ်ချက်က မည်သည်နည်း? ပျော်ဖို့အတွက်လား?!

...

တစ်ချိန်တည်းတွင်၊ စိတ်ဝိဉာဉ်တောင်၌ ဂေါတမမှာ တရားဟောနေ၏။

သူဟာ သူတော်စင်ဖြစ်လာပြီး တာအိုဟောကြားမှုကိုစတင်ကာ ဗုဒ္ဓတပည့်သားများအား ကူညီနေလေသည်!

ပြောရလျှင် ဂေါတမမှာ ထိုအခိုက်အတန့်‌အား အင်မတန်ကြာရှည်အောင် စောင့်ဆိုင်းခဲ့ရသည်။

ယခင်က သူဟာလည်း ကျဲကျောင်းတော် ထိပ်တန်းတပည့်များထဲမှာ တစ်ဦးဖြစ်ကာ ကျဲကျောင်းတော်သူတော်စင်ထုံးထျန်းလက်အောက်၌ တာအိုကျင့်ကြံသူထို့ပေါင်ဖြစ်ခဲ့သည်။

သို့ရာ၌ နတ်ဘုရားချိတ်ပိတ်ခြင်းအတိဒုက္ခ၌ သူဟာ လောင်ဇီ၏အဝါရောင်တာဘန်စစ်သည်တော်များ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရသည်။ ထို့နောက် သူတော်စင်နှစ်ဦး, ကျဲယင်နှင့်ကျွင်းတိတို့၏ သွေးဆောင်မှုအောက်တွင် သူဟာကျဲကျောင်းတော်ကို သစ္စာဖောက်လျက် ဗုဒ္ဓဂိုဏ်း၏ဂေါတမဗုဒ္ဓဘိုးဘေးဖြစ်ရန် ဗုဒ္ဓဂိုဏ်းသို့ဝင်ရောက်ခဲ့တော့သည်။

သူဟာ ဗုဒ္ဓဂိုဏ်းသို့ သူတော်စင်ဖြစ်လာရန် ဝင်ရောက်ခဲ့ခြင်းပင်။

ယခုတွင် သူ၏အိပ်မက်မှာ အထမြောက်လာပြီဖြစ်၏!

သူဟာ လောကတွင် ဆဌမမြောက်သူတော်စင်ဖြစ်လာသည်!

(လုရှောင်ယန်ကို စာရင်းထဲတောင် မထည့်ထားဘူး //-_-)

သူဟာ သက်ရှိအားလုံးကို ကျော်လွန်ရန်ပင် အရည်အချင်းရှိ၏!

ထိုသည်မှစကာ သူဟာဟောက်ထျန်းအား စိတ်ကျေနပ်စေရန် မလိုတော့ချေ။

တာအို‌ဘိုးဘေးဟုန်ကျွင်းလက်အောက်ရှိ ကလေးတပည့်အနေဖြင့် ဟောက်ထျန်းမှာ ကောင်းကင်ဘုံခုံရုံးအား ထိန်းချုပ်ကာ သုံးလောက၏ အကြီးမြတ်ဆုံးပညာရှင်ဖြစ်လာခဲ့သည်။

သူသာ သူတော်စင်မဟုတ်ပါလျှင် ဂေါတမဗုဒ္ဓဖြစ်နေလျှင်တောင်မှ ကောင်းကင်ဘုံခုံရုံး၏ အကြီးအကဲငါးဦးမှ တစ်ဦးအဖြစ် သတ်မှတ်နိုင်သည်ပင်။ ကောင်းကင်ဘုံခုံရုံးမှာ ဒုက္ခကြုံလိုက်ရသည်နှင့် သူ့ထံတောင်းဆိုတတ်ကြကာ သူဟာ နာခံနေရဆဲဖြစ်၏။

သို့သော် ယခုတွင် တာအိုဘိုးဘေးဟုန်ကျွင်း၊ ကျဲယင်နှင့် ကျွင်းတိတို့မှလွဲ၍ သူဟာမည်သူကိုမှ မျက်နှာ‌သာပေးစရာမလိုတော့ချေ။ သူဟာ အားလုံး၏အမိန့်ကို လျစ်လျူရှုနိုင်၏!

၎င်းမှာ သူတော်စင်ဖြစ်လာခြင်း၏ အကျိုးအမြတ်ပါပင်!

၎င်း‌မှာ ခံစားချက်ကောင်းနေခဲ့သောသူဟာ ဟောပြောနေချိန်၌ အင်မတန်လေးနက်နေခြင်းကြောင့်လည်း ဖြစ်ပေသည်။

ပုံမှန်ဟောပြောချက်နှင့် ဆန့်ကျင်လျက် ယနေ့ဟောကြားခြင်းမှာ စိတ်ဝိဉာဉ်တောင်ရှိ ဗုဒ္ဓဂိုဏ်းအမတအရှင်များမှာ မူးဝေနေကြသည်။ ၎င်းတို့မှာ အတွေးနက်နေကြရုံမက၊ ငိုယို၊ ရယ်မောနေကြသည်... ၎င်းတို့မှာ အခြေနေအမျိုးမျိုးထဲကျဆင်းနေကြ၏။

ပို့ချချက်မှာ တူညီသောအရာဖြစ်သော်လည်း မတူညီသော သက်ရောက်မှု တစ်ထောင်ပင်ရှိချေ၏။

မည်သို့ဖြစ်ဖြစ် ထိုသည်က ဂေါတမ၏ဟောကြားခြင်းမှာ နိယာမစွမ်းအားကို ထုတ်ဖော်ကာ အခြားသူများထံသက်ရောက်နိုင်သည်ကို သက်သေပြနေ၏။

၎င်းက သူ့အား အင်မတန်ပျော်ရွှင်စေသည်!

သို့ရာ၌ ထိုအခိုက်တွင် မတော်တဆတစ်ခု ဖြစ်သွားခဲ့၏။ ဝမ်းရှု မူလကပိုင်ဆိုင်ခဲ့သော ကြာပွင့်စင်္ကြံမှာ ရုတ်တရတ်ပေါက်ကွဲသွား၏!

သူသည်သာမကချေ။ ရှေးဟောင်းလောကသို့ သွားရာ အခြားဗုဒ္ဓကြာပွင့်စင်္ကြံများမှာလည်း တစ်ခုပြီးတစ်ခု ပေါက်ကွဲနေကြသည်။

ထိုသည်က စိတ်ဝိဉာဉ်တောင်တစ်ခုလုံးရှိ တာအိုအား နားဆင်နေခဲ့ကြသော တပည့်အားလုံး၏အမူအရာကို ပြောင်းလဲသွားစေသည်။

"ဘာတွေဖြစ်နေတာလဲ?"

"ကြာပွင့်စင်္ကြံတွေရုတ်တရတ်ပေါက်ကွဲကုန်ကြတယ်။ သူတို့တွေ တစ်ခုခုများဖြစ်နေကြတာလား?"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? သွားတဲ့တစ်ယောက်က ဝမ်းရှုလေ! သူ့ရဲ့ကျင့်ကြံဆင့်က အရမ်းစွမ်းအားကြီးတယ်။ ဒါ့အပြင် အတူတူပို့ဆောင်လိုက်တဲ့ စိတ်ဝိဉာဉ်တောင်တပည့်ပေါင်း သောင်းချီလည်းရှိသေးတယ်။ သူတော်စင်အနေနဲ့ လုရှောင်ယန်က သာမန်ကာလျှံကာလေးမတိုက်နိုင်ဘူးလေ။ ရွှေရောင်အောက်ကျွန်းမှာ ငါတို့ စိတ်ဝိဉာဉ်တောင်ရဲ့ပညာရှင်တွေကို ထိခိုက်စေနိုင်တဲ့လူ များများစားစားလည်း ရှိပုံမပေါ်ပါဘူး!"

ဂေါတမမှာ စကားမဆိုပါချေ။ သူဟာ မျက်လုံးများကို အတန်ငယ်မှေးကျဉ်းလျက် သူတော်စင်မျက်လုံးကို ဖွင့်လှစ်လိုက်၏။

ထိုသူတော်စင်မျက်လုံးမှာ သုံးလောက၏ ထောင့်တိုင်းကိုမြင်နိုင်သည်။ သူတော်စင်မျက်လုံးကို ဖွင့်လှစ်ပြီးနောက်တွင် သူဟာ ဝမ်းရှုသေခဲ့သည့်နေရာကိုအလွယ်လေးရှာတွေ့လိုက်နိုင်ပြီး ထိုနေရာ၌ မည်သည်တို့ဖြစ်ပျက်သွားသည်ကို မြင်လိုက်ရသည်။ ထိုသိူ့ဖြင့် သူဟာ ဝမ်းရှုမည်သို့သေသွားသည်ကို ရှင်းရှင်းလင်းလင်းသိလိုက်သည်။

သို့သော် သူ၏အကြည့်အား ရှေးဟောင်းလောကသို့ ကျောက်ချနေချိန်တွင် သူဟာ အမည်မဲ့ဂိုဏ်း၏ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်၏ ရှာတွေ့ခြင်းခံလိုက်ရသည်။

ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်မှာ မျက်လုံးများကိုမှေးကျဉ်းလျက် နှာခေါင်းရှုံ့လိုက်၏။ နိယာမစွမ်းအားမှာ ပျံ့နှံ့သွားကာ ဂေါတမ၏အမြင်စွမ်းအားကို အညှာအတာမဲ့စွာချက်ချင်းအက်ကွဲသွားစေ၏။

တစ်ဖက်လူမှာ ရှေးဟောင်းသဏ္ဍာန်မဲ့ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ပထမအဆင့်သာဖြစ်ပါသော်ငြားလည်း ဂေါတမမှာလည်း သူတော်စင်ပထမအဆင့်သာဖြစ်၏။

၎င်းတို့နှစ်ဦး တူညီသောကျင့်ကြံဆင့်၌ ရှိနေစဉ်တွင် ရှေးဟောင်းသဏ္ဍာန်မဲ့ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်မှာ ထိုအဆင့်အား ပိုမိုစောစီးစွာ တက်လှမ်းထားခဲ့ခြင်းကြောင့် အားသာနေ၏။

တစ်ချိန်တည်းမှာပင် ဂေါတမမှာ သူ၏အမြင်စွမ်းအားကို စိတ်ဝိဉာဉ်တောင်မှာ အသက်သွင်းခဲ့သူဖြစ်၏။ တစ်ဖက်တွင်လည်း ကျဲကျောင်းတော်ပညာရှင်မှာ များစွာအားစိုက်နေစရာမလိုပါချေ။

ထို့ကြောင့် အမြင်စွမ်းအားကို အက်ကွဲစေခြင်းက ခွေးတစ်ကောင်သတ်သလိုပင် ရိုးရှင်းလှ၏။

စိတ်ဝိဉာဉ်တောင်ရှိ သူတော်စင်မျက်လုံးအား အသုံးပြုနေသည့်ဂေါတမမှာ ရုတ်တရတ် အာမေဋိတ်လိုက်ပြီး မျက်လုံးများကိုပိတ်လိုက်၏။ ရွှေရောင်သွေးများမှာ မျက်လုံးနှစ်ဖက်စလုံးမှာ ကျဆင်းလာပြီး စိတ်ဝိဉာဉ်တစ်တောင်လုံးအား ထိတ်လန့်သွားစေ၏။

ဗုဒ္ဓဘိုးဘေးမှာ သွေးထွက်နေလေ၏!

သူတော်စင်ဖြစ်ကာစ ဗုဒ္ဓဘိုးဘေးမှာ တကယ်ကြီးသွေးထွက်နေလေသည်!

ကြီးမားသောလှိုင်းတစ်ခုက ၎င်းတို့၏စိတ်နှလုံးထဲ၌ ဆန်တက်လာနေ၏!

၎င်းက အသေအချာကို စိတ်ကူးပင်မယဉ်နိုင်လောက်အောင်ပင်။

ဗုဒ္ဓဘိုးဘေးက မည်မျှစွမ်းအားကြီးသနည်း?

ယခင်က သူဟာ သူတော်စင်တစ်ပိုင်းဖြစ်ခဲ့သည်။ ယခုတွင်မူ သူဟာ သူတော်စင်အဆင့်သို့‌တက်လှမ်းခဲ့ကာ လောကတွင် အဌမမြောက်သူတော်စင်ဖြစ်လာခဲ့သည်ပင်!

၎င်းမှာ လောက၏ အကြီးမြတ်ဆုံးပညာရှင်တစ်ဦးပါပင်!

သူဟာ ထာဝရတည်ရှိမှုဖြစ်၏!

သို့သော် ယခု၌ သူဟာသွေးထွက်နေ၏!

ထိုသည်က သူ့အား အခြားသူတော်စင်က တိုက်ခိုက်ခဲ့သည်ဟု ဆိုလိုသည်ပင်!

"ဗုဒ္ဓ၊ ဒါက ကျဲကျောင်းတော်က လုရှောင်ယန်များလား?"

ဂေါတမမှာ မျက်လုံးများကိုပိတ်လျက် ခေါင်းခါလိုက်သည်။

"ကျုပ်သေချာမမြင်ရဘူး။ ကျုပ်ရဲ့သူတော်စင်မျက်လုံးက အကွာဝေးရှည်ကြီးကို သွားခဲ့ရတယ်... ပြောရရင် တစ်ဖက်လူက အများကြီးလုပ်စရာတောင်မလိုခဲ့ဘူး။ သူကကျုပ်ကို လုံးဝရှာတွေ့ခွင့်မပေးဘဲ ကျုပ်ရဲ့အမြင်စွမ်းအားကို အက်ကွဲစေလိုက်တာပဲ။"

"ဒီလုရှောင်ယန်က တကယ်ကိုအရမ်းရက်စက်ပြီး အရှက်မဲ့တာပဲ!"

"အမှန်ပဲ! သူတော်စင်တစ်ယောက်အနေနဲ့ သူက ရုတ်တရတ်တိုက်ခိုက်ခဲ့တယ်။ ကျင့်ဝတ်တွေကိုတောင် ဂရုမထားဘူးပဲ။"

"ကျုပ်တို့ အနောက်ဘက်ဂိုဏ်းရဲ့ သူတော်စင်သုံးပါးက တစ်ချိန်တည်းတိုက်ခိုက်ပြီး ပညာပေးသင့်တယ်!"

"ကျုပ်တို့ကိုဆန့်ကျင်တာရဲ့ ရလာဒ်ကိုသိအောင်ပြလိုက်စမ်းပါ!"

ဂေါတမမှာ အသက်ပြင်းပြင်းရှူသွင်းလိုက်ကာ မျက်လုံးများအား ဖြေးညင်းစွာဖွင့်လိုက်၏။

"ဒီလူက လုရှောင်ယန်မဟုတ်ဘူး!"

ထိုသို့ပြောလိုက်သည်နှင့် အားလုံးမှာ ထိတ်လန့်အံ့အားသင့်သွားကြ၏။

တစ်ခဏကြာပြီးနောက်တွင် အားလုံးမှာ ရုတ်တရတ်ပြောလိုက်၏။

"‌ဗုဒ္ဓ... ဗုဒ္ဓဘိုးဘေး၊ ကျွန်တော်တို့ကို နောက်နေတာလားဗျာ? လုရှောင်ယန်သာမဟုတ်ရင် သူကဘယ်လိုများ ဗုဒ္ဓကိုထိခိုက်စေနိုင်မှာတဲ့လဲ? လုရှောင်ယန်ကသာ အခုကျဲကျောင်းတော်က သူတော်စင်လေ။"

"အမှန်ပဲ! ကျောင်းအုပ်ထုံးထျန်းက လက်ရှိမှာ ခရမ်းသွေးတိမ်တိုက်နန်းတော်မှာ အဖမ်းခံထားရတယ်လေ!"

ဂေါတမမှာ လေးနက်နေဟန်ဖြင့် ‌ဆိုလိုက်၏။

"ကျုပ်လည်းဘာတွေဖြစ်နေမှန်းမသိဘူး၊ ဒါပေမယ့် လုရှောင်ယန်တော့မဟုတ်ဘူး! ကျုပ်သွားပြီးတော့ အခုပဲ သူတော်စင်နှစ်ယောက်ကို ကြည့်လိုက်မယ်! ခင်ဗျားတို့ကတော့ ဒီမှာပဲစောင့်နေလိုက်ပါ။ အခုကစပြီး ဘယ်သူ့ကိုမှ စိတ်ဝိဉာဉ်တောင်ကနေ ထွက်ခွင့်မပြုဘူး!"

"အမိန့်မနာခံတဲ့လူတွေကတော့ ညှာတာမှုမရှိ အသတ်ခံရမယ်!"

"သိပါပြီ!"

***

All Chapters