အခန်း (၄၇၆-၄၈၀)
Vol. 32 Ch. 476-480
အပိုင်း ၄၇၆ ဗုဒ္ဓအလင်း ထွန်းတောက်လာပြီ၊ ကိစ္စန္တိဂါဘ၊ မင်းဘာတွေလုပ်နေလဲ?
"သိပါပြီ!"
ထို့ပေါင်မှာ ပြန်ဖြေလိုက်သည်။ သူ၏ရှေ့ရှိရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အား တန်ပြန်ဖိအားပေးပြီးနောက်တွင် သူဟာ ဗုဒ္ဓဓမ္မဆင့်ခေါ်ခြင်းအား အမြန်ဆုံးနှုန်းဖြင့် ချက်ချင်းအသုံးပြုလိုက်၏။
ဆင့်ခေါ်ပြီးသွားသည်နှင့် အနောက်ဘက်ကောင်းကင်ရှိ ဗုဒ္ဓအားလုံးမှာ ရွှေရောင်အလင်းများအသွင်ပြောင်းလျက် ပြေးထွက်လာကြသည်။
ကျဲယင်၏ပန်းတိုင်မှာ အင်မတန်ရိုးရှင်းလှပါသည်။ သူဟာ စိတ်ဝိဉာဉ်တောင်၏ နှစ်သောင်းချီကြာ စုဆောင်းခြင်းကို အသုံးပြုပြီး လုရှောင်ယန်ကို ခုခံနေသည့် ဟုန်ကျွင်းအား ကူညီလိုခြင်းပင်။ လုရှောင်ယန်အားဖျက်ဆီးလိုက်သည်နှင့် တာအိုဘိုးဘေးဟုန်ကျွင်းမှာ သူ့အားသဘာဝကျစွာပင် သနားစဖွယ်ဆက်ဆံတော့မည်မဟုတ်ချေ!
စိတ်ဝိဉာဉ်တောင်သာ ဖျက်ဆီးခံခဲ့ရပါလျှင် ပြန်တည်ဆောက်၍ ရနိုင်သေး၏။ အများဆုံး ၎င်းမှာ နှစ်သောင်းချီ သို့မဟုတ် နှစ်သိန်းချီသာ ကြာမြင့်လိမ့်မည်။
အတိုချုံးရလျှင် အချိန်လွန်မှ စုဆောင်းနိုင်သည့် အရာအားလုံးမှာ တန်ဖိုးမရှိလှပါချေ။
တာအိုဟုန်ကျွင်းအနေဖြင့် သူ့အားပေးမည့် ပစ္စည်းများတန်ဖိုးမှာမူ တိုင်းတာ၍ပင်မရနိုင်ပေ!
ထိုအခိုက်တွင် မြေအောက်လောကရှိ ကျန်းထိုင်ရွှမ်မှာလည်း ဒဏ္ဍာရီလာသွေးပင်လယ်ဆီသို့ ရောက်ရှိလာလေ၏။
ပမာဏများလှသော သွေးအရှိန်အဝါ၊ ပျော့ပျောင်းသည့်အရှိန်အဝါ၊ နာကြည်းမှု အရှိန်အဝါနှင့် မမျှတသော အရှိန်အဝါမှာ ဤနေရာ၌ သိပ်သည်းလှသည်...
လောကရှိ အမစွမ်းအား(ယင်စွမ်းအား)အများစုမှာ ဤနေရာ၌ လာရောက်စုစည်းနေကြသည်။
ထိုသည်မှာ မြေအောက်လောကရှိ တစ္ဆေများသည်ပင် ထိုနေရာသို့ အလွယ်တကူ မလာရောက်ရဲကြခြင်းကြောင့်ပင်။
၎င်းတို့မှာ မကောင်းမှုနတ်ဆိုးဝိဉာဉ်များပင်ဖြစ်ကြ၏!
ထိုသည်မှာ ဘဝတစ်လျှောက်လုံးအတွက် တားမြစ်နယ်မြေသာမက မသေမျိုးများနှင့် နတ်ဆိုးများအတွက်လည်း တားမြစ်ထားသည်။
ထိုသည်မှာ သုံးလောကတစ်ခွင်လုံးရှိ တားမြစ်နယ်မြေပင်ဖြစ်၏!
ကျန်းထိုင်ရွှမ်ရောက်လာချိန်တွင် ထို နတ်ဆိုးစွမ်းအားများဖြင့်ပြည့်နေသော နေရာ၌ အရှိန်အဝါတချို့မှာ မကျရောက်သေးပါချေ။
၎င်းတို့မှာ အင်မတန်စွမ်းအားကြီးလှ၏။
သို့သော် ၎င်းတို့မှာ အလွန်တရာဆိုးရွားလှကာ လူသတ်ရောင်ဝါတို့ဖြင့်ပြည့်နှက်နေသည်က တစ်လောကလုံးအား ဖျက်ဆီးလိုနေသလိုပါပင်။
"ဘယ်သူလဲ? မင်းက သွေးပင်လယ်ထဲကိုတောင် ခြေချရဲတယ်ပေါ့လေ? ဒါက အာဆူလာမျိုးနွယ်စုရဲ့ တားမြစ်နယ်မြေပဲ။ မင်းမသိဘူးလား?"
ကျန်းထိုင်ရွှမ်မှာ ပြုံးလျက် သွေးပင်လယ်ထဲသို့ တဖြည်းဖြည်းလှမ်းဝင်လာခဲ့သည်။
"အာရိုနာ၊ နှစ်ပေါင်းသောင်းနဲ့ချီအောင် ကြာခဲ့ပြီနော်။ မင်း ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ထိပ်ဆုံးအဆင့်ထိတောင် ကျင့်ကြံပြီးပြီပဲ!"
သွေးပင်လယ်ရှိ ခပ်ဝါးဝါးပုံရိပ်မှာ အေးစက်စွာတုန်ရီနေ၏။
"မင်း... မင်းကဘယ်သူလဲ?"
သူဟာ အေးစက်စက်မေးလိုက်ကာ အသံထဲတွင် ကြောက်ရွံ့မှုနှင့် စိတ်လှုပ်ရှားမှုအရိပ်အယောင်တို့ပြည့်နှက်နေ၏။
"ဘာလဲ? နှစ်သောင်းချီကြာသွားတော့ မင်းရဲ့ဘိုးဘေးကိုတောင် မမှတ်မိတော့ဘူးလား?!
အာရိုနာ၏ကိုယ်မှာ ပိုလို့ပင်တုန်ရီလာ၏။
"သခင်? ပြန်လာပြီပေါ့? နှစ်ပေါင်းသောင်းနဲ့ချီအောင်တောင်ကြာခဲ့ပြီပဲ။ နောက်ဆုံးတော့ပြန်လာပြီပေါ့! အာဆူလာမျိုးနွယ်စုက သခင့်ကို စောင့်နေခဲ့တာ ကြာလှရှိနေပါပြီ!"
သူ၏အသံမှာ ပို၍ပင် တုန်ရီလျက် ရှိုက်သံဖြင့်ပင် ရောနေသည်။
"အာဆူလာစစ်သည်တို့၊ မင်းတို့တွေ ဘာလို့ ဘိုးဘေးကို ထွက်ပြီးမကြိုဆိုကြသေးတာလဲ? ဘိုးဘေးက ပြန်လာပြီ! ငါတို့အာဆူလာမျိုးနွယ်စုသခင်က ပြန်လာပြီကွ!"
ထိုအော်သံကို ကြားပြီးနောက်တွင် ပုံရိပ်များစွာမှာ အလျင်အမြန်ပင် သွေးပင်လယ်ထက်၌ စုစည်းလိုက်ကြတော့၏။
ပုံရိပ်တိုင်းမှာ အင်မတန်အားကောင်းလှသောအရှိန်ဝါတို့ဖြင့် ပြည့်နှက်နေသည်။ ပုံရိပ်တိုင်း၏ ကျင့်ကြံဆင့်မှာ ကောင်းကင်ဘုံထွဋ်ဖျား ရွှေရောင်အမတအရှင်အဆင့်ထက် နိမ့်ကျမနေပါချေ။
၎င်းတို့မှာ တစ်ချိန်က ထိုလောက၏ မကောင်းဆိုးဝါးနတ်ဘုရားများဖြစ်ခဲ့ကြကာ မြေအောက်လောကဘိုးဘေးထံ ရောက်ရှိခဲ့ကြသည်။ ၎င်းတို့အား မြေအောက်လောကဘိုးဘေးမှ အာဆူလာမျိုးနွယ်စုဝင်များအဖြစ် ပြောင်းလဲခဲ့သည်ပင်!
"ဘိုးဘေးကပြန်လာပြီလား? ဒါတကယ်ပဲ ဘိုးဘေးလား?"
"ကောင်းတယ်! အခု ငါတို့ကို ဦးဆောင်မယ့်လူရှိလာပြီ! ငါတို့ အာဆူလာမျိုးနွယ်စုရဲ့ နတ်စွမ်းအားကို ပြန်ရယူရမယ့်အချိန်ပဲ!"
ကျန်းထိုင်ရွှမ်မှာ စိတ်ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လျက် ထိုငယ်သားဟောင်းများ၏ အပြုအမူကို အင်မတန်ကျေနပ်နေသည်။
သို့ရာ၌ ထိုအချိန်တွင် သဘောထားကွဲလွဲနေသောအသံတစ်ခုက ရုတ်တရတ်ထွက်ပေါ်လာ၏။
"ဟမ့်! သူပြန်လာတော့ရောဘာဖြစ်လဲ? သူ့ရဲ့မူလကိုယ်ကို ကောင်းကင်ဘုံခုံရုံးက ဖျက်ဆီးလိုက်တာဖြင့်ကြာနေပြီ။ လက်ရှိသူက သာမန်အမတကျင့်ကြံသူလေးပါပဲ။ သူ့စွမ်းအားက ငါတို့ထက်တောင် နိမ့်ကျနေလောက်သေးတယ်။ ဘာလို့ ငါတို့က သူ့ကို သခင်အဖြစ် သတ်မှတ်နေရဦးမှာလဲ?"
"သူမရှိဘဲနဲ့တောင် ငါတို့ကံကြမ္မာကို ငါတို့ထိန်းနိုင်တုန်းပဲလေ။"
"ဒါပေမယ့် သူပြန်လာရင် ငါတို့က သူ့ကျွန်တွေဖြစ်သွားလိမ့်မယ်။"
"မင်းတို့ ကိုယ်ပိုင်ကံကြမ္မာကို မင်းတို့ကိုယ်တိုင်မထိန်းချုပ်ချင်ဘူးလား?"
ကျန်းထိုင်ရွှမ်မှာ မျက်မှောင်ကျုံ့လိုက်၏။
သူဟာ အကြည့်ကိုအောက်ပို့လိုက်၏။ ပုံရိပ်တချို့မှာ သူ့အား ခေါင်းမာစွာစိုက်ကြည့်နေကြကာ မျက်လုံးများထဲတွင် ဘဝင်ခိုက်မှုနှင့်ပြည့်နေလျက် သူ့အားလုံးဝပင် အတည်မသတ်မှတ်ကြပါချေ။
ကျန်းထိုင်ရွှမ်၏အမူအရာမှာ အတန်ငယ်အေးစက်သွား၏။
"ဆိုရော့ဒ်၊ မင်းကိုအရင်က ငါသာမခေါ်လာခဲ့ရင် ကောင်းကင်ဘုံခုံရုံးကြောင့် ပျက်စီးနေလောက်ပြီမဟုတ်ဘူးလား? ဘာလဲ? မင်းကငါ့ကို ဒီနေ့သစ္စာဖောက်ချင်နေတာလား?"
ဆိုရော့ဒ်မှာ ကျယ်လောင်စွာရယ်မောလိုက်၏။
"ဟန်ဆောင်တာရပ်လိုက်တော့။ ငါမင်းကိုလုံးဝမကြောက်ဘူး။ မင်းကတစ်ကြိမ်သေပြီးနေပြီ။ လက်ရှိမင်းက အရင်ကလိုစွမ်းအားလည်းလုံးဝမရှိတော့ဘူး။ ငါမင်းရဲ့အမိန့်တွေကို နားထောင်မှာမဟုတ်ဘူး။"
ကျန်းထိုင်ရွှမ်မှာ ခေါင်းခါလျက် အတန်ငယ်သက်ပြင်းချလိုက်သည်။
"မင်းဘာလို့ခေါင်းခါနေတာလဲ?"
"ငါခေါင်းခါတာက မင်း အရမ်းတုံးအလွန်းနေတာကို သနားလို့ပါ။"
စကားဆုံးသည်နှင့် သူဟာလေထဲ၌ပင် ထိုပုံရိပ်များအား ချက်ချင်း မြေပြင်မှ ဆွဲထုတ်လိုက်၏။
၎င်းတို့ မတုံ့ပြန်နိုင်ခင်တွင် ကျန်းထိုင်ရွှမ်မှာ လက်ကိုဆုပ်လျက် ထိုအာဆူလာမျိုးနွယ်စုပညာရှင်အနည်းစုအား ချက်ချင်းပင် သွေးမြူမှုန်များအဖြစ်လွင့်ထွက်သွားစေသည်။
အာဆူလာမျိုးနွယ်စုတစ်ခုလုံးမှာ ထိုမြင်ကွင်းအားမြင်သည်တွင် မနေနိုင်ဘဲ ကြောင်အလျက် နေရာ၌ပင် ရပ်တန့်နေကြသည်။
ကျန်းထိုင်ရွှမ်မှာ လက်များကိုနောက်ပစ်လျက် အေးစက်စက်အကြည့်ဖြင့်ပြောလိုက်သည်။
"ငါ့ရဲ့ကျင့်ကြံဆင့်က အားနည်းတာကြောင့် ငါ့ကိုခုခံနိုင်မယ်လို့ထင်တဲ့ လူရှိရင် မင်းတို့က မိုက်မဲတုံးအလွန်းတယ်လို့ပဲပြောနိုင်တော့တယ်!"
"ငါပိုပြီးအားနည်းလာခဲ့ရင်တောင် မင်းတို့ပိုပြီးသန်မာလာတယ်လို့မဆိုနိုင်ဘူးလေ။"
"ပြီးတော့၊ ငါက ပိုပြီးအားမနည်းလာရုံတင်မကဘူး ပိုပြီးတောင်သန်မာလာသေးတယ်။"
စကားဆုံးသည်နှင့် သူဟာ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင် အရှိန်အဝါကို ထုတ်ဖော်လိုက်တော့သည်။
တစ်ခဏအတွင်းတွင် အာဆူလာ မျိုးနွယ်သားအားလုံးမှာ ရူးသွပ်ကုန်ကြသည်!
"ဘိုးဘေးက ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်ကိုတောင် ရောက်နေပြီဟ!"
"ဘိုးဘေးကြီး အသက်ရှည်ပါစေ! ဘိုးဘေးက ပြိုင်ဘက်ကင်းလှပါတယ်!"
ကျန်းထိုက်ရွှန်မှာ စိတ်ကျေနပ်စွာဖြင့်ခေါင်းငြိမ့်လိုက်ကာ သွေးပင်လယ်ထဲသို့ တိုက်ရိုက်ဝင်ရောက်လိုက်တော့သည်။
ယခင်က သူဟာ ကောင်းကင်ဘုံခုံရုံးနှင့် ဗုဒ္ဓဂိုဏ်းတို့၏တိုက်ခိုက်ခြင်းခံရချိန်တွင် ပြင်ဆင်မှုများပြုလုပ်ခဲ့ကာ သူ၏ဘဝအမှတ်အသားအား ထိုသွေးပင်လယ်ထဲ၌ ထားခဲ့၏။
ဤနေရာသည် ထိုနတ်ဘုရားများနှင့်ဗုဒ္ဓများဝင်ရောက်ရန်ကြောက်ရွံ့နေကြသောနေရာဖြစ်ခြင်းကြောင့် ၎င်းတို့အား သူ၏ဘဝအမှတ်အသားမရယူနိုင်ရန် ကာကွယ်ပေးသည်။
သွေးပင်လယ်တစ်ခုလုံးမှာ ခပ်မြန်မြန်ပင်စတင်ဆူပွက်လာ၏။ မြေအောက်လောကဘိုးဘေးကြီးပိုင်ဆိုင်သော စွမ်းအားနှင့် ဘဝအမှတ်အသားမှာ ကျန်းထိုင်ရွှမ်၏ ကိုယ်ထဲသို့ အရူးအမူးတိုးဝင်နေကြ၏။
မကြာမီတွင် ကျန်းထိုင်ရွှမ်နံဘေး၌ မီးတောက်ရဲရဲနီကြာပန်းမှာ ဖူးပွင့်လာခဲ့၏။
ထို့နောက်တွင် ဒုတိယ၊ တတိယ၊ စတုတ္ထကြာပွင့်များဖြစ်လာကာ... ဆယ့်နှစ်ပွင့်မပြည့်မချင်း ဆက်လက်ထွက်ပေါ်လာကြသည်။
၎င်းတို့မှာ ကံကြမ္မာနီ ကြာတစ်ဆယ့်နှစ်ပွင့်ပါပင်!
၎င်းတို့မှာ လောကရှိအရာအားလုံးကို လောင်ကျွမ်းစေနိုင်၏။
ထိုထိပ်တန်းပညာရှင်များမှလွဲလျှင် မည်သူကမှ ၎င်းတို့ကို အလွယ်တကူ မခုခံနိုင်ပါချေ။
စွမ်းအား,အား တစ်ဖန်ပြန်လည်ရရှိလာပြီးနောက်တွင် ကျန်းထိုင်ရွှမ်မှာ သွေးပင်လယ်အားကြည့်၍ နှာခေါင်းရှုံ့လိုက်၏။ သူဟာ သွေးပင်လယ်ထက်ရှိ ချိပ်စည်းအား ထိုးချက်တစ်ချက်ဖြင့် အက်ကွဲစေလိုက်သည်!
ထိုသည်မှာ ကောင်းကင်ဘုံခုံရုံးနှင့် စိတ်ဝိဉာဉ်တောင်တို့က ယခင် အာဆူလာမျိုးနွယ်စုတစ်ခုလုံးတွင် ထားရှိခဲ့သည့် ချိပ်စည်းပင်ဖြစ်၏!
၎င်းမှာ ယနေ့တွင် သူ၏ဖျက်ဆီးခံသွားရသည်အထိပင်။ အာဆူလာမျိုးနွယ်စုဝင်များမှာ ထိုအတားအဆီးမှ လွတ်မြောက်လျက် သုံးလောကတွင် လွတ်လပ်စွာ ပျံသန်းနိုင်ပြီပင်။
ထိုအခိုက်တွင် ရွှေရောင်ဗုဒ္ဓအလင်းတစ်ပြမှာ မြေအောက်လောကထဲသို့ ရုတ်တရတ်ကျဆင်းလာခဲ့၏။
ကျန်းထိုင်ရွှမ်မှ ထိုဗုဒ္ဓအလင်းအားမြင်သည်တွင် ချက်ချင်းမျက်မှောင်ကျုံ့လိုက်၏။
"ဗုဒ္ဓအလင်းကိုဆင့်ခေါ်လိုက်တာလား? ကောင်းကင်ဘုံခုံရုံးကတိုက်ပွဲကတော့ ဟုန်ကျွင်းရဲ့မျိုးဆက်တွေကို မခုခံနိုင်တော့အောင် လုပ်နေပုံပဲ။ ဒီလိုဆိုမှတော့ ငါကမင်းတို့အတွက် ပိုခက်အောင်လုပ်ပေးရတော့မှာပေါ့ကွာ။"
ထိုသို့တွေးလျက် သူဟာ လက်ကိုဝေ့ယမ်းလျက် အာဆူလာမျိုးနွယ်ဝင်အားလုံးကို သူ၏ ကမ္ဘာငယ်ထဲသို့ သွပ်သွင်းလိုက်သည်။
ထို့နောက် သူဟာ ခြေတစ်လှမ်း,လှမ်းလျက် သူ၏နေရာမှ ချက်ချင်းထွက်ခွာသွားတော့သည်။
ငရဲဘုံဆယ့်ရှစ်ထပ်တွင် များစွာသော တစ္ဆေများမှာ သုံးလောကရှိထိုတိုက်ပွဲကြောင့် နာကြည်းဖွယ်အော်ဟစ်နေကြ၏။
ထိုမထင်မှတ်ထားသောတိုက်ပွဲမှာ သုံးလောကတစ်ခုလုံးတွင် ရိုက်ခတ်မှုဖြစ်သွား၏။ ၎င်းတို့ထဲတွင် အရိုက်ခတ်ခံရဆုံးနေရာမှာ ငရဲဘုံဆယ့်ရှစ်ထပ်ပါပင်။
ထိုသည်က ငရဲဘုံဆယ့်ရှစ်ထပ်မှာ သုံးလောကတွင် အဆင့်နိမ့်ဆုံးဖြစ်ခြင်းကြောင့်ပင်။ မည်သည့်ဖိအားရှိရှိ ဤနေရာ၌ အပြင်းအထန် ရိုက်ခတ်ခံရမည်ပင်။
အမှောင်ထုထဲတွင် ဗုဒ္ဓအလင်းမှာ တဖိတ်ဖိတ်တောက်ပနေ၏။
၎င်းမှာ စာနာမှုအပြည့်ရှိသာ့် ဗုဒ္ဓဂိုဏ်း၏ ကိစ္စန္တိဂါဘ ဗောဓိသဗ္ဗပင်ဖြစ်သည်။
သူဟာ စိတ်ဝိဉာဉ်တောင်၏ မဟာဗောဓိသဗ္ဗ လေးယောက်ထဲမှ တစ်ယောက်ဖြစ်ကာ ဗုဒ္ဓဂိုဏ်းအတွက် ကိုယ့်ကိုယ်ကိုယ်စွန့်လွှတ်ရန် သွေးသစ္စာဆိုထားခဲ့သူပင်။
လောကတွင် ဗုဒ္ဓဟု အခေါ်ခံရဖို့ အရည်အချင်းရှိလှသူဆိုလျှင် ၎င်းမှာသေချာပေါက် ကိစ္စန္တိဂါဘပင်ဖြစ်သည်။
ဗောဒိသဗ္ဗမှာ သူ့ကိုယ်သူ စွန့်လွှတ်ဝံ့ကာ ဝိဉာဉ်ပေါင်းသိန်းကုဋေချီကို ခံစားရသည်ပင်။
ထာဝရအတွက် ၎င်းကိုယ်ကိုစွန့်လွှတ်ဝံ့သော ဗောဓိသဗ္ဗတစ်ဦးမှာ စွမ်းအားကိုဆာလောင်လျက် ရက်စက်ကြသော ထိုဘုန်းတော်ကြီးများထက် အဆပေါင်းတစ်သန်းလောက်ပင် မြင့်မြတ်နေပါသေး၏။
ထိုအချိန်တွင် ထိုဗုဒ္ဓအလင်းမှာ ငရဲဘုံဆယ့်ရှစ်ထပ်သို့ ကျဆင်းရန် ဆင့်ခေါ်ခံလိုက်ရသည်ပင်။ တိတ်တဆိတ်ရွတ်ဖတ်နေခဲ့သော ကိစ္စန္တိဂါဘမှာ မျက်လုံးများကို ရုတ်တရတ်ဖွင့်လိုက်သည်။
"ဗုဒ္ဓအလင်းဆင့်ခေါ်ခြင်းလား? ဒါက ဗုဒ္ဓဆင့်ခေါ်ထားခဲ့တဲ့ ဗုဒ္ဓအလင်းပဲ! ဘာတွေဖြစ်နေတာပါလိမ့်? သူတို့တွေ လုရှောင်ယန်ကို အနိုင်မတိုက်နိုင်လို့များလား?"
ငရဲရှိ များစွာသော ဝိဉာဉ်များကိုကြည့်လျက် ကိစ္စန္တိဂါဘမှာ အနည်းငယ်တုံ့ဆိုင်းနေ၏။
သူသာ ထိုအချိန်၌ထွက်ခွာသွားလျှင် စိတ်ဝိဉာဉ်တောင်ကို တကယ်အကူညီတောင်းရပေမည်။
သို့သော် မသေမျိုးအားလုံးမှာ သူ့အားထပ်မံမယုံကြည်တော့ပါချေ။ သူဟာ ထိုမသေမျိုးများအား ဆက်လက်၍ ကယ်တင်နိုင်ခြင်း လုံးဝမရှိတော့ချေ!
၎င်းမှာ သူ၏မဟာဆုတောင်းကို ပျက်စီးစေလိမ့်မည်!
သို့သော် စိတ်ဝိဉာဉ်တောင်မရှိတော့လျှင် ယုံကြည်သူများက မည်သို့ဖြစ်လိမ့်မည်နည်း? ဗုဒ္ဓတာအိုအတွက် မည်သို့ဖြစ်လိမ့်မည်နည်း?
သက်ပြင်းဖျော့ဖျော့ချလျက် သူဟာ ထွက်သွားရန်ပြင်လိုက်သည်။
သို့သော် သူထလာသည့်အချိန်၌အဆများစွာအားကောင်းသော ရွှေရောင်အလင်းတစ်ပြမှာ နံဘေး၌ ပေါ်လာ၏။
ထိုသည်က ကိစ္စန္တိဂါဘရဲ့သူငယ်အိမ်များအား တွန့်သွားစေသည်။
သူဟာ တစ်ဖက်လူက သူ့ထက်ပိုသန်မာသည်ကိုပင်အာရုံခံလိုက်မိသည်!
ပြောရလျှင် အာရုံမခံဘဲနှင့်တောင် တစ်ဖက်လူကသူ့ထက်သန်မာသည်ကို ပြောနိုင်သည်။ ထိုသည်မှာ မြေအောက်လောကဖြစ်သောကြောင့်ပင်။ ၎င်းက ဝင်ဖို့လွယ်သော်လည်း ထွက်ဖို့ခက်ချေ၏။
တစ်ဖက်လူက ဝင်လာရဲသည်နှင့် ၎င်းတို့ထံ၌ ယုံကြည်ချက်ရှိရမည်။
ထို့အပြင် ထိုယုံကြည်ချက်က စွမ်းအားကို ကိုယ်စားပြုသည်။
"ကျုပ်မိတ်ဆွေဟောင်းကြီး၊ ဘယ်ရောက်နေခဲ့တာလဲ?"
"ခင်ဗျားက?"
ကိစ္စန္တိဂါဘမှာ ကျန်းထိုင်ရွှမ်ရွှေရောင်အလင်းမှ ထွက်လာချိန်တွင် မနေနိုင်ဘဲမျက်မှောင်ကျုံ့လိုက်သည်။
ကျန်းထိုင်ရွှမ်၏ပုံရိပ်နှင့် ဒွါဒဿမအဆင့်နီရဲရဲကြာအားမြင်သော် ကိစ္စန္တိဂါဘ၏ အမွေးများ တဆုံးထောင်ထသွားသည်။
"မင်း... တကယ်ကိုမင်းပဲ! ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? မင်းဘယ်လိုများအသက်ရှင်ခဲ့ရသေးတာလဲ?"
ကျန်းထိုင်ရွှမ်မှာ ပြုံးလိုက်သည်။
"ဘာကြောင့် ကျုပ်ကဆက်မရှင်သန်ရမှာလဲ?"
ကနဦးထိတ်လန့်မှုအား ကြုံတွေ့ပြီးနောက်တွင် ကိစ္စန္တိဂါဘမှာ ပုံမှန်ပြန်ဖြစ်သွားသည်။
သူဟာ အသက်ပြင်းစွာရှူလျက် ချက်ချင်းဆိုလိုက်သည်။
"ဒါကလုရှောင်ယန်ကြောင့်လား? သူကသုံးလောကလုံးမှာ ဒီလိုအစွမ်းရှိတဲ့ တစ်ယောက်တည်းသောလူပဲ။ အရင်က ကျုပ် ခင်ဗျားကိုသတ်ဖို့ရာမှာလည်း ပါဝင်နေခဲ့တယ်။ အခုခင်ဗျားကပြန်လာပြီဆိုတော့ လက်စားချေတော့မှာပေါ့ ဟုတ်တယ်မဟုတ်လား?"
ကျန်းထိုင်ရွှမ်မှာ ခေါင်းခါလိုက်၏။
"နှစ်သောင်းချီလည်းကြာခဲ့ပြီ။ ဒါကိုထပ်မပြောချင်တော့ဘူး။ ကျုပ်မင်းကို အခုပြောချင်တာကတော့၊ မင်းကျုပ်တို့နဲ့ ပူးပေါင်းချင်လား?"
ပဟေဠိဖြစ်သွားဟန်မှာ ကိစ္စန္တိဂါဘ၏မျက်လုံးထဲ၌ ပေါ်နေ၏။
"ကျုပ်... ကျုပ်နားကြားမှားတာလား?"
"လုံးဝပဲ!"
ကိစ္စန္တိဂါဘမှာ နှစ်များစွာကျင့်ကြံခဲ့သည်။ ကျန်းထိုင်ရွှမ်သာလျှင် ထိုဗောဓိသဗ္ဗဆိုသည့်အရာမှာ ဗုဒ္ဖဂိုဏ်းတွင် အမြင့်ဆုံးဟု တိတ်တဆိတ်သတ်မှတ်ထားကြောင်း သိပေသည်။ သူ့အား ရှေးဟောင်းခရမ်းသွေးချီကိုပေးပါလျှင် ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်သို့ ချက်ချင်းရောက်သွားနိုင်သည်! သူဟာ အတိုက်ခိုက်စွမ်းအားကြီး၏! သူ့လက်တွင်းရှိ ထရီလီယံချီသောဝိဉာဉ်များမှာလည်း သူ့အား သစ္စာရှိကာ အမိန့်များကိုနာခံပေသည်။
ထိုအခိုက်တွင် ကောင်းကင်ဘုံခုံရုံး၌ သူ့ဆရာနှင့် ဘိုးဘေးဟုန်ကျွင်းတို့ကြားတိုက်ပွဲမှာလည်း ဆက်လက်ဖြစ်ပွားနေသည်။
ထိုအချိန်တွင် ၎င်းက ဆရာ့အတွက် အင်မတန်အကူအညီဖြစ်လေသည်! ကိစ္စန္တိဂါဘမှာ ခေါင်းခါလိုက်၏။
"ကျုပ်က ဘိုးဘေး ပြိုင်ဘက်မဟုတ်ပေမယ့်လည်း သေချာပေါက် ဗုဒ္ဓဂိုဏ်းကို သစ္စာဖောက်မှာမဟုတ်ဘူး!"
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၃၂။ အပိုင်း ၄၇၇ သစ္စာက ဘယ်လောက်များတန်ဖိုးရှိလဲ? ငါ့ရဲ့မိုက်မဲတဲ့ညီငယ်လေး
"သစ္စာတရား?"
ကျန်းထိုင်ရွှမ်မှာ မနေနိုင်ဘဲရယ်လိုက်၏။
ထိုရယ်ခြင်းက ကိစ္စန္တိဂါဘကို မျက်မှောင်ကျုံ့မိသွားစေသည်။
"ဘိုးဘေး၊ ကျုပ်ရဲ့ကျင့်ကြံဆင့်က ခင်ဗျားထက် နိမ့်ကျပေမယ့်လည်း ကျုပ်က ဂုဏ်သိက္ခာနဲ့ လူတစ်ယောက်ဖြစ်နေဆဲပဲလေ။ ကျုပ်ရဲ့သစ္စာတရားကို စောင့်ထိန်းဖို့က မိုက်မဲတယ်လို့မထင်ပါဘူး။ ကျုပ်အနေနဲ့ ဘိုးဘေးရဲ့လက်ရှိပျက်ရယ်ပြု လှောင်ပြောင်မှုကို နားလည်လို့ရနိုင်မလား"
ကျန်းထိုင်ရွှမ်မှာ ခေါင်းငြိမ့်လိုက်၏။
"မင်းမှန်ပါတယ်။ ငါကမင်းကိုလှောင်ပြောင်နေတာပဲ။ ငါကမင်းကို လှောင်နေရုံတင်မကဘူး ရယ်ပါရယ်နေတာလေ။ မင်းရဲ့ မိုက်မဲတုံးအမှုနဲ့ သစ္စာရှိမှုကြီးကို လှောင်ရယ်နေတာ!"
"မင်းကိုယ်မင်း ဗုဒ္ဓဂိုဏ်းအတွက်နဲ့ တစ္ဆေထရီလီယံကို ကျော်လွှားဖို့ အသက်နဲ့ရင်းခဲ့ရတယ်ထင်နေတာလား?"
"ပြောရရင် မင်းက တခြားလူတွေအတွက် အလုပ်လုပ်ပေးရင်း မင်းဘဝကို ဖြုန်းတီးနေတာပဲ။"
"စိတ်ဝိဉာဉ်တောင်က မင်းဆီကနေ ကံကောင်းမှုအတော်များများကို ရယူခဲ့ပေမယ့် ဘယ်သူကမှ မင်းအတွက် အလုပ်မလုပ်ပေးကြဘူး?"
ကိစ္စန္တိဂါဘမှာ လက်ကိုမြောက်လျက် အရိုသေပေးလိုက်သည်။
"ကျုပ်က ဒီကို လုပ်အားပေးလာခဲ့တာပါ။ ဘယ်လိုလုပ် ကျုပ်အလုပ်ကိုလွှဲပေးရမှာလဲ?"
"ပြီးတော့ ကျုပ်က ငရဲဘုံကိုဝင်ရောက်ဖို့ ကျုပ်ကိုယ်ကျုပ်စွန့်လွှတ်ပြီး ဂုဏ်သတင်းကို မြှင့်တင်ခဲ့တာပါ!"
"ကျုပ်က ကျုပ်တို့ဗုဒ္ဓဂိုဏ်းရဲ့ အကြီးမြတ်ဆုံးကျင့်ကြံဆင့်ထဲက တစ်ခုကိုလည်းကျင့်ကြံနေတယ်။ ကျုပ်အတွက် စောဒကတက်စရာလည်းမရှိပါဘူး။"
"ပြောလို့ကောင်းတဲ့ကိစ္စလေးပဲ။ မင်းရဲ့ဂုဏ်သတင်းကို မြှင့်တင်တယ်လို့ပြောခဲ့တယ်နော်၊ ဒါပေမယ့်လည်း ဒါကမင်းရဲ့တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်ဝင်စားစရာလေးတွေကို ကျေနပ်စေဖို့ လုပ်နေတာပဲမဟုတ်ဘူးလား။"
"မင်းရဲ့ကိုယ်ပိုင်ကျင့်ကြံခြင်းနဲ့ ဗုဒ္ဓဘာသာအိပ်မက်နောက်လိုက်ဖို့အတွက် မင်း အရာအားလုံးကိုစွန့်လွှတ်ခဲ့တယ်။"
"မင်းရဲ့ယုံကြည်သူတွေအတွက်ကရော?"
ကိစ္စန္တိဂါဘ၏ မျက်လုံးများမှာ ကြည်လင်နေဆဲပင်။
"အနောက်ဘက်ကောင်းကင်စိတ်ဝိဉာဉ်တောင်ရဲ့ဗုဒ္ဓတွေက ကျုပ်ရဲ့ယုံကြည်သူတွေကို ကောင်းကောင်းဂရုစိုက်ပေးပါ့မယ်လို့ ကျုပ်ကိုကတိပေးခဲ့တယ်! ကျုပ်သူတို့ကို ရှုံးနိမ့်ခွင့်ပြုမှာမဟုတ်ဘူး။"
"အင်အားကိုဆုပ်ကိုင်ထားခြင်းမရှိတဲ့ မင်းလိုဗောဓိသဗ္ဗတစ်ယောက်အတွက် အဲ့ဒီ ရက်စက်ပြီးတင်းကြပ်တဲ့ဗုဒ္ဓဂိုဏ်းကနေ မင်းရဲ့ယုံကြည်သူတွေကို ဂရုစိုက်ပေးပါ့မယ်လို့ထင်နေတာလား?"
"ခင်ဗျားဘာပြောချင်တာလဲ?"
ကိစ္စန္တိဂါဘ၏အမူအရာမှာ အတန်ငယ်ပြောင်းလဲသွား၏။
"ဆိုလိုရင်းက အရမ်းကိုရှင်းပါတယ်။ မင်းရဲ့ယုံကြည်သူတွေက မင်းရဲ့ကာကွယ်မှုကိုအချိန်ကြာဆုံးရှုံးခဲ့ရပြီး ဗုဒ္ဓဂိုဏ်းရဲ့အနိမ့်ဆုံးအဆင့်ကို ကျဆင်းသွားခဲ့ပြီလေ။"
"သူတို့အတွက် တန်ဖိုးရှိတဲ့အရာတိုင်းက ဗုဒ္ဓဂိုဏ်းရဲ့ အခြားအဖွဲ့အစည်းတွေရဲ့ လုယူခံလိုက်ရပြီ။"
"လက်ရှိသူတို့က စိတ်ဝိဉာဉ်တောင်တစ်ခုလုံးမှာ ဆာလောင်နေတဲ့ခွေးအုပ်စုလိုပဲ၊ အခြားအဖွဲ့အစည်းတွေရဲ့ဒေါသနဲ့ ထိခိုက်စေမှုတွေကို ခံစားနေရရှာတာ။"
ကျန်းထိုက်ရွှန်မှာ ထိုကိစ္စအား အနောက်ဘက်ကောင်းကင်စိတ်ဝိဉာဉ်တောင်ရှိ အမည်မဲ့ဂိုဏ်းသားသူလျှိုများထံမှ သိရှိခဲ့ရခြင်းပင်။
မှန်ပါသည်!
၎င်းမှာ ကျန်းထိုင်ရွှမ်က ကိစ္စန္တိဂါဘအား ရှာဖွေပြီး သွေးဆောင်လိုခြင်းကြောင့်ပါပင်!
"မဖြစ်နိုင်တာ။ ဒါတော့တကယ်ကိုမဖြစ်နိုင်ဘူး။ စိတ်ဝိဉာဉ်တောင်က ဒီလိုကိစ္စမျိုးလုပ်မယ်ဆိုတာ ကျုပ်မယုံဘူး။ ဂေါတမဗုဒ္ဓဘယ်မှာလဲ? ရှေးဟောင်းရန်တုံဗုဒ္ဓရော? မေတ္တယျဗုဒ္ဓ၊ ကွမ်းယင်နဲ့ တခြားလူတွေကရော?"
"အနည်းဆုံးတော့ သူတို့က သူတော်စင်တွေဖြစ်နေတုန်းပဲလေ။ သူတော်စင်တွေက ကြားဝင်နှောင့်ယှက်လိမ့်မှာမဟုတ်လောက်ဘူး?"
"အခု စိတ်ဝိဉာဉ်တောင်ရဲ့ အသန်မာဆုံးပညာရှင်တွေအားလုံးက ကောင်းကင်ဘုံခုံရုံးကို ဗုဒ္ဓတစ်သောင်းအစီရင်ဖော်ပြီး ကျုပ်ရဲ့ဆရာတူညီလေးညီမလေးတွေကိုခုခံဖို့အတွက် အပြေးသွားနေကြပြီ!"
"စိတ်ဝိဉာဉ်တောင်က အခုဆိုလုံးဝ ဟာလာဟင်းလင်းဖြစ်နေပြီ။ ဘယ်ပညာရှင်ကမှလည်း ခံတပ်ကို ထိန်းမထားကြဘူး။ အဲ့ဒီ့ အဆင့်နိမ့်တပည့်တွေပဲကျန်ခဲ့တော့တယ်။"
"မင်း ကျုပ်ကိုမယုံရင် အခုပဲ ပြန်သွားကြည့်နိုင်တယ်။ ကျုပ်၊ မြေအောက်လောက ဘိုးဘေးသာလိမ်ရင် နေရာမှာပဲ သေဖို့ဆန္ဒရှိပါတယ်!"
ကျန်းထိုင်ရွှမ်၏စကားလုံးများမှာ မိုးကြိုးကဲ့သို့ စွမ်းအားကြီးကာ ပဲ့တင်ထပ်နေလျက် ကိစ္စန္တိဂါဘ၏နှလုံးအိမ်ကို တုန်ရီနေစေ၏။
သူဟာ ၎င်းကိုမယုံရဲပါသော်လည်း တစ်ဖက်လူမှာသာ ယုံကြည်ချက်မရှိပါလျှင် သူ့အား ပြောဖို့မရဲမည်ကို အသေအချာသိနေပါ၏။
ထိုသည်မှာ ကျန်းထိုင်ရွှမ်၏ကျင့်ကြံဆင့်က သူ၏အထက်တွင် လုံးဝရှိနေခြင်းကြောင့်ပင်။ တစ်ဖက်လူမှာ သူ့အား လုံးဝပင်လိမ်ညာဖို့မလိုဘဲ သူ့အနေနှင့် ကောင်းကင်ဘုံခုံရုံးအား ကူညီမည်ကိုလည်းစိုးရိမ်နေစရာမလိုပါချေ။ တစ်ဖက်လူသာ သူ့အားသတ်ချင်သည်နှင့် လက်တစ်ချောင်းမြှောက်ရုံနှင့်ပင် သတ်နိုင်လေသည်။
ထိုအခြေအနေတွင် တစ်ဖက်လူအတွက် သူ့အား စိတ်ဝိဉာဉ်တောင်ကို ခေါ်တောင်သွားရန်မလိုပါချေ။
သူဟာလက်သီးများကိုဆုပ်လျက် အံကိုကြိတ်လိုက်၏။
ခဏကြာတုန့်ဆိုင်းနေပြီးနောက်တွင် သူ၏မျက်လုံးများက ခိုင်မာလာ၏။
"ကောင်းပြီလေ! ကျုပ် ခင်ဗျားပြောသလိုလုပ်ပြီး စိတ်ဝိဉာဉ်တောင်ကို သွားကြည့်လိုက်မယ်။ ကျုပ်ကိုလိမ်ရဲရင် ကျုပ်အရိုးတွေအက်ပြီးသေရမယ်ဆိုရင်တောင် ခင်ဗျားကို အလွတ်မပေးဘူးမှတ်။"
ကျန်းထိုင်ရွှမ်မှာ ယုံကြည်ချက်ရှိရှိပြုံးလိုက်သည်။
"မပူပါနဲ့! ကျုပ်သာခင်ဗျားကိုလိမ်ချင်ရင် အခု ဒီမှာတင်သတ်လိုက်နေပြီ။"
ကိစ္စန္တိဂါဘမှာ ကျန်းထိုင်ရွှမ်ထံဂါရဝပြုလျက် ချက်ချင်းပင် စိတ်ဝိဉာဉ်တောင်ဆီဦးတည်လိုက်တော့သည်။
အာဆူလာမျိုးနွယ်စုဝင်မှာ ကျန်းထိုင်ရွှမ်နံဘေးသို့ ခပ်မြန်မြန်ရောက်ရှိလာ၏။
"ဘိုးဘေး၊ ကျုပ်တို့အခုဘာလုပ်ရမလဲ?"
ကျန်းထိုင်ရွှမ်မှာကောင်းကင်ကိုကြည့်လျက် အရှိန်အဝါကို ခပ်ဖြည်းဖြည်းထုတ်ဖော်ကာ လောကကို ငုံ့ကြည့်လိုက်သည်။
"ဒါပေါ့ နဝမကောင်းကင်ဘုံကို ငါနဲ့အတူလိုက်ခဲ့ပြီး ဟုန်ကျွင်းရဲ့မျိူးဆက်တွေကို သေတဲ့အထိတိုက်ခိုက်ကြမယ်။"
"သိပါပြီ!"
ကောင်းကင်ဘုံခုံရုံးတွင် လုရှောင်ယန်နှင့်ဟုန်ကျွင်း၏တိုက်ပွဲမှာ ရှေ့မတိုးသာနောက်မဆုတ်သာဖြစ်နေ၏။
ဟုန်ကျွင်း၏စွမ်းအားကြီးကျင့်ကြံဆင့်နှင့် အဆုံးမဲ့ဖိနှိပ်ခြင်းတို့နှင့်အတူ လုရှောင်ယန်မှာ တဖြည်းဖြည်း ခံလာရသည်။
မတတ်နိုင်ပါချေ။ လက်ရှိဟုန်ကျွင်း၏ကျင့်ကြံဆင့်မှာ သူ့ထက်မြင့်နေဆဲပါပင်။
ပြောရလျှင် သူဟာနှစ်များစွာကျင့်ကြံခဲ့ပြီးမှ လုရှောင်ယန်ကမွေးဖွားလာခဲ့သည်။ ဤဘဝတွင် ထိုအရှိန်မြှင့်ခဲ့သည့်နှစ်များအား ပုံမှန်နှစ်များအဖြစ်ပြန်ပြောင်းပါလျှင်တောင် သူဟာ နှစ်သောင်းချီကြာ ကျင့်ကြံရန်လိုအပ်သေးသည်။
၎င်းမှာ တစ်ဖက်လူနှင့် ရှင်းလင်းစွာပင် မယှဉ်နိုင်ပါချေ!
သို့သော် သူ့အတွက် အချိန်တိုအတွင်းတွင် ထိုအဆင့်ရောက်ဖို့ကလည်း မဆိုးလှပါချေ။
တဖြည်းဖြည်း ခံရလာသောအခါ လုရှောင်ယန်မှာ ပန်ဂုပုဆိန်ကို ချက်ချင်းဆင့်ခေါ်လိုက်တော့၏။
ထိုပန်ဂုကောင်းကင်ဖွင့်ပုဆိန်မှာ တုနှိုင်းမဲ့ ထက်မြလွန်းလေသည်။ ၎င်းအား အသက်မသွင်းခင်မှာပဲ ပတ်ဝန်းကျင်နေရာများမှာ ၎င်းတို့ဘာသာ အက်ကွဲနေကြပြီဖြစ်သည်။
"ပန်ဂုကောင်းကင်ဖွင့်ပုဆိန်ပဲ! ဒါက တကယ်ကို ဒဏ္ဍာရီလာပန်ဂုရဲ့ ကောင်းကင်ဖွင့်ပုဆိန်ပဲ! ဒါကပန်ဂုလောကကို ဖန်ဆင်းခဲ့တုန်းက ဒဏ္ဍာရီလာ နတ်အဆောင်လက်နက်ပဲ!"
"အရင်က ဒီနတ်အဆောင်လက်နက်ကြောင့်သာမဟုတ်ရင်၊ ဒီလောကကြီးတောင် တည်ရှိနေမှာမဟုတ်ဘူး။"
သုံးလောကရှိလူတိုင်းမှာ ထိတ်လန့်သွားသည်။
လူတစ်ချို့မှာ လုရှောင်ယန်က စားပွဲများကိုမှောက်ပစ်တော့မည်ဟုပင် ခံစားမိနေ၏။
သို့သော် ဟုန်ကျွင်းဟာ ပန်ဂုကောင်းကင်ဖွင့်ပုဆိန်ပေါ်ထွက်လာချိန်တွင် လုံးဝမကြောက်ရွံ့ပါချေ။ ထိုအစား နှုတ်ခမ်းထောင့်များပင် ကွေးတက်သွားသည်။
"ပန်ဂုကောင်းကင်ဖွင့်ပုဆိန်! တန်ဖိုးရှိတဲ့ရတနာပဲ! မင်းလက်ထဲမှာ ဒါရှိလိမ့်မယ်လို့တောင်မထင်ထားမိဘူး။ နှစ်များစွာကြာပြီးနောက်မှာ ပန်ဂုကောင်းကင်ဖွင့်ပုဆိန်ကို ပေါင်းစပ်ဖို့ သတ္တုတစ်ပိုင်းကိုဖြတ်ခဲ့သေးတယ်။ ဒါပေမယ့်၊ မင်းက ဒါကို ပေါင်းစပ်လိုက်နိုင်တုန်းပဲ။ ငါတကယ်ကို အထင်ကြီးမိပါတယ်။"
လုရှောင်ယန်၏အမူအရာမှာ တည်ငြိမ်နေ၏။
"အပျော်စောမနေနဲ့ဦး၊ ကျုပ်ခင်ဗျားခေါင်းကို ဖြတ်တော့မှာမို့လို့ပဲ။"
"သတိပေးပါရစေဦး။ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းမနေနဲ့။ ကျုပ်တို့က ဖရိုဖရဲခေတ်မှာ မဟုတ်တော့ဘူး။ သုံးလောကကို ကျုပ်ပိုင်ဆိုင်ရမယ့်အချိန်ရောက်လာပြီ၊ ဟုန်ကျွင်း!"
"ဒါဆိုဘာလို့ မကြိုးစားကြည့်ရတာလဲ။"
လုရှောင်ယန်မှာ အချိန်ဖြုန်းမနေပါချေ။ လက်ကောက်ဝတ်တစ်ချက်အလှည့်နှင့် သူဟာ ပန်ဂုကောင်းကင်ဖွင့်ပုဆိန်ကို ဆုပ်ကိုင်လျက် ထိတ်လန့်ဖွယ်နတ်အလင်းကိုထုတ်လွှတ်ကာ ဘိုးဘေးဟုန်ကျွင်း၏ ခေင်းထံသို့ တည့်တည့်ဦးတည်လိုက်တော့၏။
ဘိုးဘေးဟုန်ကျွင်းမှာ မရှောင်တိမ်းဘဲ ထိုတိုက်ကွက်ကိုခုခံရန် သူ၏ကိုယ်ကိုပင် အသုံးပြုလိုက်၏!
"ဘုရားရေ! တာအိုဘိုးဘေးကြီးကရူးနေတာလား? ဒါကဒဏ္ဍာရီလာပန်ဂုကောင်းကင်ဖွင့်ပုဆိန်ကြီးလေ။ သူတကယ်ကြီးမရှောင်ဘဲ သူ့ကိုယ်နဲ့ပဲ ခုခံတော့မယ်။ ဒါက တကယ်ကိုရူးချင်စရာပဲ။"
အားလုံး၏ ထိတ်လန့်နေမှုထဲတွင် ပန်ဂုကောင်းကင်ဖွင့်ပုဆိန်မှာ ဘိုးဘေးဟုန်ကျွင်း၏ခေါင်းသို့ ပြင်းစွာရိုက်ခတ်သွားတော့၏။
ဘုန်း!
ထိုတိုက်ကွက်ရိုက်ခတ်ကျရောက်လာသည်နှင့် သုံးလောကလုံးမှာ ပြင်းပြင်းထန်ထန်တုန်ရီသွားသည်!
၎င်းတို့အကြားတွင် များစွာသော အင်မတန်အားနည်းလှသည့်သက်ရှိများလည်းပါသည်။ ၎င်းတို့မှာ ထိုတိုက်ခိုက်မှုစွမ်းအားကိုမခုခံနိုင်သောကြောင့် နေရာ၌ပင် ထိတ်လန့်ကာသေဆုံးသွားကြတော့၏။
သက်ရှိအားလုံးမှာ ဤလောကကြီးက မည်သည့်အချိန်၌မဆို ပျက်စီးသွားနိုင်သောကြောင့် ကြောက်ရွံ့နေကြ၏။
တုန်ခါနေခြင်းမှာ အချိန်အတော်ကြာ တုန်ခါနေပြီးမှ လုံးဝရပ်တန့်သွားသည်။
သို့သော်!
အရာအားလုံးပြန်တည်ငြိမ်သွားသည်နှင့် သုံးလောကရှိ သက်ရှိပေါင်း ထရီလီယံမှာ အားလုံးကြောင်အမ်းနေကြသည်!
ဘိုးဘေးဟုန်ကျွင်းမှာ တကယ်ကိုပင် ထိခိုက်မှုမရှိပါချေ။
ထိုသည်က အားလုံးကို မယုံကြည်နိုင်လောက်အောင်ဖြစ်သွားစေ၏။
လုရှောင်ယန်၏တိုက်ခိုက်မှုက ဘိုးဘေးဟုန်ကျွင်း၏ခေါင်းထက်တွင်သက်ဆင်းကာ အလင်းတစ်ခုဖြင့် လုံးဝလွှမ်းခြုံသွားခဲ့ပေသည်။
ဘိုးဘေးဟုန်ကျွင်းမှာ သူ၏ကိုယ်ပေါ်တွင် ချပ်ဝတ်တစ်ခုပေါင်းထည့်ထားခဲ့၏!
၎င်းပေါ်ရှိ အရောင်ကိုးပါးမှာ စီးဆင်းနေပြီး အဆုံးမဲ့ထုတ်ဖော်လျက်ရှိသော ဆန်းကြယ်လှသည့်စွမ်းအားနှင့်ပြည့်နေကာ သူ့အား ခိုင်ခိုင်မာမာ ကာကွယ်နေ၏။
"ဒါ ဘာချပ်ဝတ်လဲ? ငါဘာလို့အရင်က ဒီလိုဓမ္မရတနာမျိုး မမြင်ဖူးခဲ့ရတာလဲ?"
"ဘိုးဘေးဟုန်ကျွင်းမှာ ဒီလိုမျိုးဓမ္မရတနာရှိနေတာလား?"
"ဒီချပ်ဝတ်က... နေဦး၊ ဒါက... မဟာအာကာပြင်နတ်ဘုရားချပ်ဝပ်များလား?"
သုံးလောကရှိ ပညာရှင်အချို့မှာ ဘိုးဘေးဟုန်ကျွင်းပေါ်ရှိ ချပ်ဝတ်ကိုသတိပြုမိသွားကြသည်။
"ဘုရားရေ! လာနောက်နေတာလား? မဟာအာကာပြင်နတ်ဘုရားချပ်ဝတ်တဲ့လား? ဒါက လောက နံပါတ်တစ် ဒဏ္ဍာရီလာအဆောင်အယောင်မဟုတ်လား! ဒါက ပန်ဂုကောင်းကင်ဖွင့်ပုဆိန်ကိုတောင် ကျော်လွန်နေပြီး ပန်ဂုကိုပျိုးထောင်ခဲ့တဲ့ အမြှေးပါးကနေ ဖြစ်တည်လာခဲ့တဲ့ တည်ရှိမှုမဟုတ်လား?"
"ဒီချပ်ဝတ်မှာ တိုက်ခိုက်မှုအလုံးစုံကို ကာကွယ်နိုင်တဲ့စွမ်းရည်ရှိတယ်လို့ပြောကြတယ်။ ဘိုးဘေးဟုန်ကျွင်းက အခုချိန်မှာ လုံးဝကြောက်မနေတာ အံ့ဩစရာမရှိတော့ပါဘူး။"
"ဒီဒဏ္ဍာရီလာအသန်မာဆုံးအကာအကွယ်ဓမ္မရတနာနဲ့ဆိုရင် သူကတကယ်ကို ပြိုင်ဘက်ကင်းပဲ။"
"ဟင်း! ပန်ဂုက အဆုံးမှာ ဒါကိုမလုပ်နိုင်နေတုန်းပဲ။ ပြောရရင် သူက လွန်ခဲ့တဲ့နှစ်တွေတည်းက သေဆုံးခဲ့ပြီး သူ့ရဲ့ခန္ဓာကိုလည်း သုံးလောကဆီမှာ ပိုင်းခြားခဲ့တယ်လေ။"
"ငါတို့လို လောက,ကအရာရာတိုင်းကလည်း သူ့ပုံစံအတိုင်းဖြစ်လာတာဆိုတော့ သူက လောကရဲ့ဖခင်ဖြစ်နေတုန်းပဲလေ!"
"ဒါပေမယ့်... သူကအရွယ်လွန်ပြီး ငါတို့ခေတ်နဲ့ မသင့်လျော်ပုံပါပဲ။"
လုရှောင်ယန်မှာ ထိုအခြေနေကို မျှော်လင့်ထားခဲ့ပြီးပုံပါပင်။ ပြောရလျှင် သူဟာ မူလက အင်မတန်သတိထားနေခဲ့သည်။
ဘိုးဘေးဟုန်ကျွင်းအားမတိုက်ခိုက်ခင်တွင် သူဟာ ထိုတိုက်ပွဲ၏တိုးတက်မှုအား စိတ်အတွင်း၌ အခါခါ စီစဉ်ခဲ့ပြီးသားဖြစ်သည်!
ထိုတွင် လက်ရှိအခြေနေလည်း ပါဝင်နေပါ၏။
၎င်းမှာ ဝမ့်ခိုက်က အင်မတန်စွမ်းအားကြီးပါသော်လည်း ၎င်းဖန်ဆင်းခဲ့သည့်အရာများမှာ ကန့်သတ်ထားခံရဆဲပါပင်။ အဆုံးတွင် လုရှောင်ယန်မှာ ရှေးဟောင်းခရမ်းသွေးချီအား လက်နက်များအဆင့်မြှင့်ရာ၌ သုံးရန်လိုနေဆဲဖြစ်ပြီး သဏ္ဍာန်မဲ့မူလရတနာများအဖြစ်သို့ ပြောင်းလိုက်သည်!
တစ်ဖက်တွင် ထိုဖြစ်တည်မှုအချို့မှာ လောကတွင် မူလတည်းကရှိနေခဲ့သည်ပင်။
ဘိုးဘေးဟုန်ကျွင်းမှာလည်း ထိုရတနာများကိုစုဆောင်းရန် အကြိမ်များစွာ ကြိုးစားခဲ့သည်။
ထို့ကြောင့် သူဟာ ဟုန်ကျွင်းတွင်ရှိသည့် ဝှက်ဖဲများစွာကို မသိပါသော်လည်း ဟုန်ကျွင်းထံ၌ ဝှက်ဖဲများစွာရှိသည်ကို မသိစိတ်အရ သိရှိနေပါ၏။ သူ့အတွက် ထိုဝှက်ဖဲများကို ခုခံတိုက်ခိုက်ရန် ပစ္စည်းများစွာကို ဖန်ဆင်းဖို့လိုပေသည်။
သူဟာ ကောင်းကင်ဖွင့်ပုဆိန်ကို လက်နှစ်ဖက်စလုံးဖြင့် တင်းတင်းကြပ်ကြပ်ကိုင်ဆောင်လျက် လက်လွှတ်ရန်နှင့် ရပ်လိုက်ရန်ဆိုသည့် ရည်ရွယ်ချက်လုံးဝပင် မရှိပါချေ။
သူဟာ ဟုန်ကျွင်းအား, အားအပြည့်ဖြင့်ဆွဲယူလိုက်သည်။ ဘိုးဘေးဟုန်ကျွင်းသာ မူမမှန်မှုတစ်ချို့ပြုဝံ့ပါလျှင် မဟာအာကာပြင်နတ်ဘုရားချပ်ဝတ်ကိုဖျက်ဆီးရန် ဖြစ်နိုင်ပါချေ၏!
ထိုသည်မှာ သူဟာရှေးဟောင်းခရမ်းသွေးချီအား ၎င်းအတွင်းသို့ အဆုံးမဲ့လောင်းထည့်ခဲ့ခြင်းကြောင့်ပင်! ဟုန်ကျွင်းက ၎င်းကို အာရုံပြောင်းလိုက်သည်နှင့် အဆုံးမဲ့ပျက်စီးခြင်းသို့ရောက်ရမည်ပင်။ လုရှောင်ယန်မှာလည်း အန္တရာယ်များသော အခြေအနေ၌ရှိသော်ငြား သူ့ထံ၌ဝမ့်ခိုက်ရှိပါသေးသည်။
"ဝမ့်ခိုက်၊ အခုထွက်လာခဲ့တော့! မင်းမထွက်လာရင် မင်းဝါးလို့မရတဲ့အထိ အရိုးတွေပါမကျန်အောင် ငါဖျက်စီးပစ်တော့မှာနော်!"
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၃၂။ အပိုင်း ၄၇၈ စိတ်ဝိဉာဉ်တောင် ထရီလီယံ ချီစွမ်းအင်မြစ်အား ချိုးဖြတ်ခြင်း
[လာပါပြီ၊ လာနေပါပြီ! သခင်၊ ကျွန်တော်ဒီမှာပါ![
ရွှေရောင်အလင်းတစ်ပြမှာ လုရှောင်ယန်၏ကိုယ်မှပျံထွက်လာကာ နတ်မြေခွေးကြီးအသွင်ပြောင်းလျက် ဘိုးဘေးဟုန်ကျွင်း၏ကိုယ်ဆီသို့ ခုန်အုပ်လိုက်သည်။
နတ်ဝိဉာဉ်စွမ်းအားမှာ တိုးထွက်လာပြီး ဘိုးဘေးဟုန်ကျွင်းနှင့် အညှာအတာမဲ့စွာ ရိုက်ခတ်သွားတော့သည်။
ထိုအချိန်တွင် ဘိုးဘေးဟုန်ကျွင်း၏ မဟာအာကာပြင်နတ်ဘုရားချပ်ဝတ်သည်ပင် ထိုရိုက်ချက်ကြောင့်တုန်ရီလာ၏။
"မင်းပါလား!"
ဘိုးဘေးဟုန်ကျွင်း၏မျက်လုံးများပြူးကျယ်ကာ အေးစက်သွားတော့သည်။
[အမှန်ပဲ! ကျုပ်လေ! ဟုန်ကျွင်း၊ မင်းသောက်ရမ်းယုတ်မာတဲ့ခွေးကောင်လေး! အရင်က ပန်ဂုသေတော့ မင်းပဲ ကျောက်စိမ်းဖန်ဆင်းလိပ်ပြာကို လုသွားပြီး ကောင်းကင်တာအိုအဖြစ် အဆင့်မြှင့်ခဲ့တာလေ။ မင်းသာ ငါတို့အားလုံးကိုတောင် နှိမ်နင်းချင်ခဲ့ပြီး မင်းနဲ့တောင် ပေါင်းစပ်လိုက်တာပဲ!]
[ကံမကောင်းချင်တော့၊ မင်းငါ့ကိုမဖမ်းမိခဲ့ဘူးလေ!]
[ဒီနေ့ကတော့၊ အဲ့ဒီအကြွေးကို ဆပ်ရမယ့်အချိန်ရောက်လာပြီ]
ဘိုးဘေးဟုန်ကျွင်းမှာ နှာခေါင်းရှုံ့လိုက်၏။
"ငါမင်းကိုကြောက်တယ်လို့များထင်နေတာလား? နှစ်များစွာကြာအောင် ငါမင်းကို လုံးဝဖိနှိပ်ခဲ့တာပဲ။ မင်းက သုံးလောကတစ်ခွင်လုံးမှာ ခွေးတစ်ကောင်လို့ လှည့်ပတ်သွားနေခဲ့တာလေ။"
"မင်း ဒီနေ့ထွက်လာမှတော့ ငါ့လက်ကနေ ဘယ်တော့မှ မလွတ်အောင်လုပ်ပေးမယ်။"
[ဒါဆို ဘာလို့မလုပ်ကြည့်သေးတာလဲ!]
ဝမ့်ခိုက်မှာ တိုက်ခိုက်မှုနှစ်ရပ်ကိုထုတ်ဖော်လိုက်၏။ ဘိုးဘေးဟုန်ကျွင်း၏မဟာအာကာပြင်နတ်ဘုရားချပ်ဝတ်မှ ဆင့်ကဲတိုးတက်လာခဲ့သော အကာအရံမှာ အဆုံးမဲ့စွာတုန်ရီလျက် မည်သည့်အချိန်၌မဆို ပေါက်ကွဲသွားတော့မယောင်ဖြစ်နေပါ၏။
"ဒဏ္ဍာရီထဲမှာ ကောင်းကင်ဘုံက တာအိုအပါး ၅၀ကိုမွေးဖွားပေးခဲ့ပေမယ့် တစ်ပါးက ထွက်ပြေးခဲ့တယ်။ ဒါက ထွက်ပြေးသွားခဲ့တဲ့ တစ်ပါးများလား? ဒါကတကယ်ကို ကောင်းကင်ဘုံကိုအံတုနေပြီး တုနှိုင်းမဲ့စွမ်းအားကြီးလွန်းတယ်! ဘိုးဘေးဟုန်ကျွင်းက မဟာအာကာပြင်နတ်ဘုရားချပ်ဝတ်ကို ဝတ်ထားတာတောင်မှ သူက ယှဉ်တိုက်နိုင်သေးတယ်!"
သုံးလောကမှ လူများမှာ မနေနိုင်ဘဲ သက်ပြင်းချလိုက်ကြသည်။
ထိုအချိန် တိုက်ပွဲအခြေအနေမှာ မယုံနိုင်စရာပါပေ။
နှစ်ဘက်စလုံးတွင် အဆုံးမဲ့ ရက်စက်မှုများရှိပြီးထိပ်ဆုံးအဆင့်ကိုရောက်ရှိနေကြသည်ပင်။ ၎င်းတို့ အခြားနည်းလမ်းများအား ထုတ်ဖော်နိုင်မည်လားကိုလည်း မသိရသေးပါချေ။
ဘိုးဘေးဟုန်ကျွင်းမှာ ထပ်ခါထပ်ခါ အနိုင်ယူခံနေရသည်။
သို့သော် သူဟာ အရှုံးကိုဝန်မခံပါချေ။
"လုရှောင်ယန် အစောကြီးဘဝင်မြင့်မနေနဲ့ဦး။ မင်းမှာက ကျောက်စိမ်းဖန်ဆင်းလိပ်ပြာအပိုင်းတစ်ခုပဲရှိပေမယ့် ငါ့မှာက ၄၉ပိုင်းရှိတယ်! အရေအတွက်ချင်းယှဉ်ရငိတောင် မင်းကငါ့ရဲ့ ပြိုင်ဘက်မဟုတ်သေးဘူး။"
စကားဆုံးသည်နှင့် သူဟာ ပြိုင်ဘက်ကင်းဓမ္မရတနာဖြစ်သည့် ကျောက်စိမ်းဖန်ဆင်းလိပ်ပြာကို တိုက်ရိုက်ဆင့်ခေါ်လိုက်၏!
ကြီးမားလှသောကျောက်စိမ်းလိပ်ပြာတစ်ခု ထွက်ပေါ်လာပြီး ဝမ့်ခိုက်ကို တိုက်ခိုက်လိုက်သည်နှင့် ကြီးမားလှသော စွမ်းအားကိုထုတ်လွှတ်လိုက်သည်။
သုံးလောကမှ လူများမှာလည်း မနေနိုင်ဘဲ ကြောက်ရွံ့တုန်လှုပ်နေသည်ပင်။
စွမ်းအားကြီးလှပေ၏!
ဘိုးဘေးဟုန်ကျွင်းမှာလည်း သူ၏ကျောက်စိမ်းဖန်ဆင်းလိပ်ပြာကို ထုတ်ယူလိုက်လေသည်။
ထိုသုံးလောက၏ အသန်မာဆုံးဆရာကြီးနှစ်ပါးမှာ အသက်များကိုပင် စွန့်စားနေကြ၏။
"ထူးဆန်းတယ်၊ ပုံမှန်ယုတ္တိဗေဒအရဆိုရင် ဘိုးလေးဟုန်ကျွင်းမှာ တစ်ဖက်ကလူထက် ကျောက်စိမ်းဖန်ဆင်းလိပ်ပြာအပိုင်းတွေ ပိုရှိတယ်လေ။ ဒါဆိုဘာလို့ နှစ်ယောက်သားက ပြိုင်တောင်ပြိုင်နိုင်နေရတာလဲ?"
ပြောရလျှင် အားလုံးမသိကြသည်မှာ ဘိုးဘေးဟုန်ကျွင်းထံ၌ ကျောက်စိမ်းဖန်ဆင်းလိပ်ပြာအပိုင်းပေါင်း ၅၀ရှိသည်ကိုပါပင်!
သို့သော် နှစ်များစွာတိုင် သူဟာတစ်ဖက်ထံ မည်သည့်အရာမှ ပေါင်းမထည့်ပေးခဲ့ဖူးရုံသာမက ထိုကျောက်စိမ်းလိပ်ပြာအပိုင်းများထံမှပင် ရှေးဟောင်းခရမ်းသွေးချီမျကိုစုပ်ယူလျက် ကိုယ်ပိုင်အသုံးပြုရန် သန့်စင်ခဲ့လေသည်။
လုရှောင်ယန်မှာမူ ဝမ့်ခိုက်ထံမှ အကျိုးအမြတ်ရခဲ့၏။
လုရှောင်ယန်မှာ ရှေးဟောင်းအဓိပတိပန်းချီကိုရပြီးနောက်တွင် သူ့ဘာသာကျင့်ကြံခဲ့ရုံမျှမက ရှေးဟောင်းခရမ်းသွေးချီတစ်ပိုင်းကိုပင် ပေးခဲ့သည်။
ထို့ကြောင့်သာမဟုတ်ပါလျှင် သူ၏စွမ်းအားကြီးပါရမီနှင့် ဘိုးဘေးဟုန်ကျွင်းနှင့်ဆင်တူသည့် ကျင့်ကြံဆင့်တစ်ခုကိုပင် တိုးတက်ခဲ့ပြီးလောက်ဖြစ်နိုင်သည်။
သို့သော် ၎င်းမှာလည်း စိတ်ချရသည့်ရွေးချယ်မှုဖြစ်နေဆဲပင်!
လုရှောင်ယန်သာ သူ့ကိုယ်သူအပေါ်ရှိ စွမ်းအားအလုံးစုံကိုသာ အာရုံထားနေခဲ့ပါလျှင် သူတစ်ချိန်ကဆုံးရှုံးခဲ့ဖူးသည့် အရာအားလုံးကို ဆုံးရှုံးရပေလိမ့်မည်!
သူ၏စွမ်းအားကိုသာ နည်းနည်းလောက်ဖြန့်ကျက်ခဲ့ပါလျှင် သူဟာ များစွာသော နေရာများမှ တိုက်ခိုက်နိုင်ပေသည်။
ဘိုးဘေးဟုန်ကျွင်းနှင့်ရင်ဆိုင်ရန် စွမ်းအားအလုံးစုံကိုရင်းနှီးဖို့ရာ သူ့အတွက် လုံးဝလက်တွေ့မကျပါချေ။
ထိုသည်မှာ ဘိုးဘေးဟုန်ကျွင်းက ကောင်းကင်တာအိုနှင့်ပေါင်းစပ်ပြီး ၎င်းမှ သီးခြားခွဲထုတ်လာနိုင်သောကြောင့်ဖြစ်၏!
ကောင်းကင်တာအိုမှာ ထိုကျောက်စိမ်းဖန်ဆင်းလိပ်ပြာအပိုင်း ၄၉ခုပင်ဖြစ်ပါသည်!
၎င်းတို့ထံ၌ ဘိုးဘေးဟုန်ကျွင်းကဲ့သို့သော တူညီသည့်စွမ်းအားရှိသည်ပင်!
လူနှစ်ဦးသား တစ်ယောက်တည်းတိုက်ခိုက်ဖို့ရာမှာ လုရှောင်ယန်အတွက် အတန်ငယ်ခက်ခဲပေ၏။
သူ၏ကိုယ်ပွားများမှာလည်း များများစားစားအသုံးမဝင်ပါချေ။ ပြောရလျှင် သူ၏အဆင့်၌ ဘိုးဘေးဟုန်ကျွင်းထံ၌လည်း ကိုယ်ပွားပေါင်းထောင်ချီရှိနိုင်ပေ၏။
တစ်ဖက်လူအား ကိုယ်ပွားများသုံး၍ အရေအတွက်နှင့်ဖိနှိပ်ရန်မှာလည်း လက်တွေ့မဆန်လှပါချေ။
ထို့ကြောင့် သူဟာ သူနှင့်စွမ်းအားအရာတွင်နှိုင်းယှဉ်နိုင်ကာ သူ့အားကူညီနိုင်မည့်လူရှိနိုင်မည်ကို သေချာအောင်လုပ်ရပေမည်။
မကြာမီတွင် ဝမ့်ခိုက်နှင့် ကောင်းကင်တာအိုမှာလည်း ရှေ့မတိုးသာ နောက်မဆုတ်သာအခြေအနေသို့ရောက်နေ၏။
ထိုအချိန်၌ကျောင်းအုပ်ထုံးထျန်းသာ လုရှောင်ယန်၏ကိုယ်နှင့် ပေါင်းစပ်ရန် ဆန္ဒရှိလိုက်သည်နှင့်... ထို့ထက်၊ လီကောသာ မဟာအဓိပတိအကြီးအကဲအားဖမ်းနိုင်ပြီး လုရှောင်ယန်ကိုသာ ဝါးမြိုခွင့်ပြုနိုင်ခဲ့မည်ဆိုပါလျှင် သူ၏စွမ်းအားမှာ ထပ်မံတိုးတက်လာနိုင်သည်။
ထိုသို့ဆိုလျှင် တိုက်ပွဲရလာဒ်ကို ဆုံးဖြတ်နိုင်ချေလိမ့်မည်!
သို့သော် ထိုအချိန်တွင် ရွှေရောင်အလင်းပေါင်းသောင်းချီမှာ ရုတ်တရတ် အနောက်ဘက်ကောင်းကင်စိတ်ဝိဉာဉ်တောင်ရှိရာမှ ပျံထွက်လာကြသည်!
ထိုရွှေရောင်အလင်းများတွင်ပါရှိသည့် စွမ်းအားမှာ အင်မတန်စွမ်းအားကြီးမားခြင်းမရှိပါသော်လည်း ၎င်းတို့မှာ သိပ်သည်းလှသည့် ဗုဒ္ဓစွမ်းအားများနှင့် ရောယှက်နေ၏!
ထိုစွမ်းအားများမှာ နိယာမစွမ်းအားသစ်များကိုပင် ဖြစ်ပေါ်လာစေသည်။
ထိုမြင်ကွင်းအားမြင်သော် ဟုန်ကျွင်းမှာ မထိန်းနိုင်ဘဲပြုံးလိုက်သည်။
"လုရှောင်ယန်၊ ပြီးသွားပြီ။ မင်းရဲ့အဆုံးသတ်ကို ရောက်နှင့်နေပြီ။"
လုရှောင်ယန်မှာ စိတ်ဝိဉာဉ်တောင်ရှိရာဘက်သို့ အကြည့်လွှဲလိုက်သည်။ ထိုရွှေရောင်အလင်းများမှာ တကယ်ကိုပင် သူ၏အမူအရာကို အတန်ငယ်လေးနက်လာစေသည်။
သူဟာ ၎င်းအတွင်းရှိစွမ်းအားက ထိုလောက၏နိယာမများနှင့် ကွဲပြားနေသည်ကို ရှင်းလင်းစွာဖြင့် အာရုံခံနိုင်လိုက်၏။
"အရမ်းအံ့ဩသွားလား? ငါအရင်ကဘာလို့ အနောက်ဘက်ကောင်းကင်စိတ်ဝိဉာဉ်တောင်ကို ထောက်ပံ့ဖို့ရွေးချယ်ခဲ့လဲဆိုတာကို သိရဲ့လား? ငါဘာကြောင့်များ အနောက်ဘက်ကောင်းကင်စိတ်ဝိဉာဉ်တောင်ကို သုံးလောကရဲ့ ကမ်းလှမ်းချက်အများဆုံး ဂိုဏ်းအဖြစ် ခွင့်ပြုခဲ့လဲ သိရဲ့လား?"
"ငါဒီနေ့ရောက်လာဖို့ကို အတော်ကြာမျှော်လင့်နေခဲ့ရတာ။"
"ဒီနေ့သာရောက်လာရင် ငါတစ်ယောက်တည်းစွမ်းအားနဲ့ မင်းကိုအနိုင်ယူနိုင်ပါမယ်လို့ အာမ,မခံနိုင်ခဲ့ဘူးလေ။"
"ဒါကြောင့်ပဲ၊ စိတ်ဝိဉာဉ်တောင်ကို သုံးလောကရဲ့ ပါရမီရှင်တွေစုဆောင်းပြီး ဗုဒ္ဓတာအိုကို ကျင့်ကြံစေဖို့ အသုံးချခဲ့တာပဲ။"
"ဗုဒ္ဓတစ်ပါးရဲ့စွမ်းအားက ကန့်သတ်ချက်တစ်ခုကိုရောက်လာချိန်ကျရင် ရှေးဟောင်းဗုဒ္ဓအမိတာဘအစစ်အမှန်နဲ့တောင် ယှဉ်နိုင်လောက်တယ်!"
"မင်းကတကယ်ကို စွမ်းအားကြီးပြီး ပါရမီရှိလွန်းတာကိုတော့ ဝန်ခံပါတယ်။ မင်းက နောက်ထပ် ကျောက်စိမ်းဖန်ဆင်းလိပ်ပြာကိုတောင် ဘယ်လိုပျိုးထောင်ရမလဲသိတာပဲ။"
"ဒါပေမယ့်၊ မင်းတစ်ယောက်တည်းမှာပဲ ဦးနှောက်ရှိတာမဟုတ်ဘူးလေ။ ငါလည်း ဘယ်လိုသတိထားရမလဲဆိုတာသိပါတယ်။"
"နှစ်များစွာကြာအောင် ငါလည်း အရံအစီစဉ်တွေ ဆက်တိုက်ချထားခဲ့တာပါပဲ!"
"စိတ်ဝိဉာဉ်တောင်ရဲ့စွမ်းအားကတော့ ငါမင်းကို တားဆီးဖို့ပြင်ထားခဲ့တဲ့ နောက်ထပ် ဓမ္မရတနာပဲ။"
လုရှောင်ယန်၏ အမူအရာမှာ အေးစက်လာခဲ့၏။
အမိတာဘမှာ ဗုဒ္ဓဂိုဏ်းရှိ ရှေးဟောင်းဗုဒ္ဓတစ်ပါးပါပင်။
သူ့ထံ၌ သဏ္ဍာန်မဲ့မကောင်းဆိုးဝါးဘုရင်တစ်ယောက်ထက်ပင် မနိမ့်ကျသော စွမ်းအားရှိပေ၏။
အနောက်ဘက်စိတ်ဝိဉာဉ်တောင်သာ သူနှင့်နှိုင်းယှဉ်နိုင်သည့်စွမ်းအားဖြစ်ပေါ်ရန် ဗုဒ္ဓမြောက်များစွာ၏စွမ်းအားကိုအသုံးပြုပါက ယွင်လီကောနှင့် ကျန်တပည့်များကိုပင် ဖိနှိပ်နိုင်လောက်သည်။
လီကောနှင့် ကျန်တပည့်များသာ ဖိနှိပ်ခံရပြီး မဟာအဓိပတိအကြီးအကဲအား အနိုင်မယူနိုင်ပါလျှင် လုရှောင်ယန်အတွက် ထိုတိုက်ပွဲအား ရှုံးနိမ့်သွားနိုင်ချေ တစ်ခုရှိလာလိမ့်မည်!
ထိုအခိုက်တွင် အနောက်ဘက်ကောင်းကင်စိတ်ဝိဉာဉ်တောင်၏ ဗုဒ္ဓများရောက်ရှိလာသည်ကိုမြင်သော် ကျဲယင်မှာ ချက်ချင်းအော်ဟစ်လိုက်၏။
"အနောက်ဘက်ကောင်းကင်ဘုံရဲ့ ဗုဒ္ဓတွေ၊ ကျုပ်ရဲ့အမိန့်ကိုနားထောင်ပြီး ဗုဒ္ဓတစ်သောင်းအစီအရင်ကို ခင်းကျင်းကြပါ!"
ထိုအမိန့်အားပေးပြီးနောက်တွင် ဗုဒ္ဓများ၊ ဗောဓိသဗ္ဗများ၊ ရဟန္တာများနှင့် ဗောဓိအဓိပတိတို့ အားလုံးမှာ အတူတကွစုစည်းလျက် ရွှေရောင်ဗုဒ္ဓကြီးတစ်ပါးအားဖြစ်ပေါ်လာစေသည်!
ထိုရွှေရောင်ဗုဒ္ဓကြီးဖြစ်ပေါ်လာပြီးနောက်တွင် သုံးဦးသား၏စွမ်းအားမှာ ချက်ချင်းပင် အဆက်မပြတ်တိုးတက်လာတော့၏။
မျက်တောင်တစ်ခတ်အတွင်းတွင် ၎င်းတို့၏ကျင့်ကြံဆင့်မှာ နှစ်ဆထက်ပင် များလာ၏!
၎င်းကြောင့်ပင် ဖုန်းထျန်းယွမ်နှင့် အခြားတပည့်များပေါ်ရှိ ဖိအားမှာလည်း ချက်ချင်း တိုးသွားသည်ပင်!
မျက်စိတစ်မှိတ်အတွင်း၌ ၎င်းတို့မှာ ထပ်ခါထပ်ခါအနိုင်ပြန်ယူခံလိုက်ရကာ ရွှေရောင်သွေးများပင် ထွက်လာကြတော့၏။
တစ်ချိန်တည်းမှာပင် သင်္ကန်းဟောင်းရုံထားသည့်ပုံရိပ်တစ်ခုမှာ အနောက်ဘက်ကောင်းကင်စိတ်ဝိဉာဉ်တောင်ခြေ၌ ပေါ်ထွက်လာတော့သည်။
သူဟာ ရှေ့ရှိ စိတ်ဝိဉာဉ်တောင်အားကြည့်လျက် မျက်လုံးများထဲတွင် စိတ်ခံစားမှုများ လွမ်းဆွတ်မှုများဖြင့် ပြည့်နေသည်။
မကြာသေးခင်တစ်ချိန်က သူ့ထံ၌ မြေအောက်လောကသို့သွားကာ ဗုဒ္ဓဂိုဏ်းအတွက် ကံကောင်းမှုနှင့် အခွင့်အလမ်းများကိုရယူရန်ဆိုသည့် မဟာဆုတောင်းကြီးရှိခဲ့သည်!
ထိုမဟာဆုတောင်းအတွက် သူဟာ သူ၏လွတ်လပ်မှုကိုပင် စွန့်လွှတ်ပြီး သူ့ကိုယ်သူ ငရဲဘုံဆယ့်ရှစ်ထပ်၌ နှစ်သောင်းချီကြာအောင် ချုပ်နှောင်ထားခဲ့သည်။
"အမိတာဘ!"
ဗုဒ္ဓကျမ်းဂန်လာအား ရွတ်ဆိုပြီးနောက်တွင် သူဟာ စိတ်ဝိဉာဉ်တောင်ဆီသို့ စတင်လှမ်းလျှောက်သွားလိုက်တော့သည်။
ထိုစိတ်ဝိဉာဉ်တောင်ထက်တွင် သူ၏မျိုးဆက်မှ ကျောင်းဆောင်တစ်ခုရှိခဲ့သည်။
ထိုနေရာတွင် ကိစ္စန္တိဂါဘ၏ယုံကြည်သူအားလုံးမှာ ပျော်ရွှင်မှုကိုရရှိနိုင်၏!
သို့သော် ထိုနေရာ၌ အချိန်ကြာလျှောက်ပြီးသည့်နောက်တွင်ပင် ထိုနေရာအားမတွေ့ပါချေ။
သူဟာ အချိန်ကြာ စိတ်ဝိဉာဉ်တောင်ရှိရာသို့ပြန်မလာခဲ့ဘဲ ဤနေရာရှိ မှတ်ဉာဏ်များအား မရင်းနှီးခြင်းကြောင့် လမ်းမှားနေခြင်းဟုထင်လိုက်လေ၏။
ထို့ထက် ဗုဒ္ဓနှင့် အခြားလူများမှာ စိတ်ဝိဉာဉ်တောင်အတွက် အစီအစဉ်အသစ်များချထားခဲ့ပုံရ၏။
သို့သော် သူ့ကိုယ်သူ သက်သာစေရုံမှလွဲ သူရှာတွေ့လိုသည့်အရာကို မရှာတွေ့သေးပါချေ။
နောက်ဆုံးတွင် သူဟာ ယုံကြည်သူအုပ်စုတစ်ခုက ကျောင်းဆောင်ထောင့်ကလေးနှင့် အလားသဏ္ဍာန်တူနေသည်ကို တွေ့ရှိသွားသည်။
၎င်းတို့၏ အဝတ်အစားများက စုတ်ပြဲနေရုံမျှမက အရေနှင့် အရိုးသာရှိတော့သည်အထိ ပိန်လှီလှပေသည်။
အားလုံး၏ မျက်လုံးများမှာ မှိန်ဖျော့နေလျက် အစီစဉ်လည်းကျမနေပါချေ။
အားလုံးမှာ အချိန်မရွေး သေတော့မည့်ပုံပေါ်နေ၏။
ဤအနောက်ဘက်နိဗ္ဗာန်ဘုံမှာ မည်သို့ဖြစ်နေသနည်း?
၎င်းနှင့် သူရှိခဲ့ဖူးသည့် ငရဲဘုံဆယ့်ရှစ်ထပ်တွင် မည်သည်ကကွာခြားနေတော့သနည်း?
"ဖူးးး! ကျဲယင်! ကျွင်းတိ! ဂေါတမ! ရန်တုံ! ကွမ်ရင်! ဒါမင်းတို့ငါ့ကို ဆက်ဆံတဲ့ပုံပေါ့လေ? ဒါက ငါ့ရဲ့ယုံကြည်သူတွေကို ဆက်ဆံတဲ့ပုံတဲ့လား?"
သူဟာ သွေးတစ်ပွက်ပင်အန်လျက် သူ၏စုတ်ပြတ်နေသော အဝတ်များကိုပင် ချင်းချင်းနီသွားစေသည်။
ထို တိုင်တည်မှုက ယုံကြည်သူများကို တမုဟုတ်ချင်းပင် တုန်ရီသွားကာ မော့ကြည့်လာစေ၏။
၎င်းတို့မှ ကိစ္စန္တိဂါဘကိုမြင်သောအခါ မျက်ရည်များကိုပင် မသုတ်နိုင်လောက်အောင် ခြောက်သွေ့နေခဲ့ကြသော မျက်လုံးများက မျက်ရည်များကို ထပ်မံ၍ ညှစ်ထုတ်လာနိုင်ကြသည်။
၎င်းတို့မှာ ခံစားလွယ်သွား၍ဖြစ်နိုင်သည်ပင်!
အားငယ်မှုများနောက်၌ မျှော်လင့်ချက်ရှိလာခြင်းကြောင့်လည်း ဖြစ်နိုင်၏!
သို့မဟုတ် ၎င်းတို့မှာ နှစ်ပေါင်းသောင်းနှင့်ချီအောင် နာကျင်ခံစားခဲ့ကြ၍လည်း ဖြစ်နိုင်သည်!
ထိုအခိုက်တွင် မည်သူကမှ မထိန်းနိုင်တော့ကြချေ။
"ကိစ္စန္တိဂါဘ! တကယ်ပဲ ခင်ဗျားလား?"
"ကိစ္စန္တိဂါဘ! ခင်ဗျားတကယ် ပြန်လာပြီပဲ။"
ကိစ္စန္တိဂါဘမှာ နှုတ်ခမ်းထောင့်မှသွေးများကိုသုတ်လျက် ယုံကြည်သူများကိုကြည့်ကာ သက်ပြင်းရှိုက်လိုက်သည်။
"ကျုပ် ခင်ဗျားတို့ကို ခက်ခဲစေခဲ့တယ်။ ဒါတွေအားလုံးက ကျုပ်အမှားပါပဲ။ ကျုပ်ကြောင့်သာမဟုတ်လျှင် ဒီလိုဖြစ်သွားခဲ့ကြမှာမဟုတ်ဘူး။"
"ကိစ္စန္တိဂါဘ! ဝူးဝူးဝူး... နောက်ဆုံးတော့ ပြန်လာပြီ!"
"ခင်ဗျားတို့ ဘာကြောင့် ထွက်မသွားကြတာလဲ? ဘာလို့နေဖို့ ရွေးချယ်ခဲ့ကြတာလဲ?"
"လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းချီကြာတုန်းက ကျုပ်တို့ အကြိမ်ပေါင်းမနည်း ထွက်သွားဖို့စဉ်းစားခဲ့ကြတယ်။ ဒါပေမယ့်၊ ကျုပ်တို့သာဒီမှာဆက်နေရင် ခင်ဗျားအနေနဲ့ စိတ်ဝိဉာဉ်တောင်မှာ နေရာတစ်ခုအမြဲရမယ်ဆိုတာ သိတယ်လေ။ ကျုပ်တို့သာထွက်သွားရင် ခင်ဗျား ဒီမှာ အမြစ်တွယ်စရာမှမရှိဘဲ။"
ထိုစကားလုံးများနှင့် ကျင့်ကြံသူတို့၏ ငိုခြင်းများက ကိစ္စန္တိဂါဘကိုထိုးဆွနေသော ဓားထက်ထက်များနှယ်ပင် နှလုံးသားကို ကိုက်ခဲလာစေ၏။ သို့သော် ထိုအချိန်၌ အခြားအဖွဲ့အစည်းများမှ ဗုဒ္ဓတချို့မှာ တိမ်များထက်မှ ဂုဏ်ဝင့်စွာ ပျံထွက်လာကြသည်။
"အဆင့်နိမ့်လေးတွေ! ဘာလို့ စိတ်ဝိဉာဉ်တောင်မှာ နေ,နေသေးတာလဲ?”
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၃၂။ အပိုင်း ၄၇၉ ဒီနေ့၊ ငါ၊ ကိစ္စန္တိဂါဘက နတ်ဆိုးတစ်ကောင်ဖြစ်လာမယ်!
ထိုလျှပ်တပြက်ပုံရိပ်များက ကိစ္စန္တိဂါဘ၏ကိုယ်ကို တုန်ရီသွားစေသည်။
သူဟာ တစ်ဖက်လူ၏အဝတ်များကို သတိပြုမိလိုက်သည်။ ၎င်းမှာ မေတ္တယျဗုဒ္ဓ၏ယုံကြည်သူတစ်ဦးပါပင်။
"မေတ္တယျဗုဒ္ဓရဲ့ ယုံကြည်သူတစ်ဦးပါလား?"
ယခင်က သူနှင့် မေတ္တယျဗုဒ္ဓတို့၏ဆက်ဆံရေးမှာ မဆိုးလှပါချေ။ ၎င်းတို့အား အင်မတန်ရင်းနှီးသောမိတ်ဆွေများဟုပင် မှတ်ယူနိုင်ချေ၏။
သို့သော် ယနေ့တွင် သူစိတ်ဝိဉာဉ်တောင်ကိုပြန်လာချိန်၌ မေတ္တယျဗုဒ္ဓ၏ယုံကြည်သူများမှာ သူ၏ယုံကြည်သူများကိုပင် အဆင့်တန်းနိမ့်လေးများဟု ဆဲရေးနေသေး၏!
၎င်းက တကယ်ကိုမယုံနိုင်စရာပါပေ။
သူဟာ တစ်ဖက်လူအား အေးစက်စက်ဟန်ပန်ဖြင့် အသေအချာစိုက်ကြည့်နေလိုက်၏။
"ဒါက ကိစ္စန္တိဂါဘရဲ့ပိုင်နက်ပဲ။ သူတို့က ကိစ္စန္တိဂါဘရဲ့ယုံကြည်သူတွေပဲ! မင်းတို့ကို ဘယ်သူကများ သူတို့ကိုအနိုင်ကျင့်ပြီး ထွက်သွားခိုင်းခွင့်ပြုထားရတာလဲ?"
တစ်ဖက်ရှိလူများမှာ တကယ်ကိုပင် ကိစ္စန္တိဂါဘကို မမှတ်မိကြပါချေ။
ကိစ္စန္တိဂါဘမှာ စိတ်ဝိဉာဉ်တောင်သို့ နှစ်သောင်းချီကြာပေါ်မလာခဲ့သည့်အချက်ကိုဘေးချိတ်ထားလျှင်ပင် ထိုအချိန်၌ သူ၏အဝတ်များမှာ ပြဲစုတ်နေကြသည်။ မည်သူကမှ သူ့အားကိစ္စန္တိဂါဘအဖြစ် ဆက်ဆံရန်မဖြစ်နိုင်ပါချေ။
ထို့ကြောင့်အားလုံးမှာသူ့အား ဂရုမစိုက်ခဲ့မိပါချေ။ သူ့အားကြည့်ရှုပြီးနောက်မှ အေးအေးစက်စက်ပြောလိုက်သည်။
ကိစ္စန္တိဂါဘမှာ ဒေါသဖြစ်နေသည်။ သူဟာ လက်သီးများကို တင်းတင်းဆုပ်လျက် အသက်ပြင်းစွာရှူပြီးမှသာ ဆက်ပြောလိုက်၏။
"မေးပါရစေဦး။ ဘာလို့ ကိစ္စန္တိဂါဘရဲ့ယုံကြည်သူတွေကိုဆက်လိုက်နေရတာလဲ?"
၎င်းတို့၏အမူအရာများမှာ အတန်ငယ်အရုပ်ဆိုးနေကြသည်။
"ရူးနေလား? မင်းနဲ့ပက်သက်ပြီး တစ်ခုခုမှားနေတာလား? ငါတို့မောင်းထုတ်ချင်တဲ့ဘယ်သူ့ကိုမဆို မောင်းထုတ်လို့ရတယ်! မင်းစိတ်ပူဖို့မလိုပါဘူး။"
စကားဆုံးသည်နှင့် ကိစ္စန္တိဂါဘမှာ သူ၏စိတ်တွင်းရှိ ဒေါသကို ထပ်မံဖိနှိပ်မထားနိုင်ပါတော့ချေ။ သူဟာ ထိုလူများအား နေရာ၌ပင် အပိုင်းအစများဖြစ်အောင် ရိုက်နှက်တိုက်ခိုက်လိုက်ကာ ၎င်းတို့၏ဝိဉာဉ်များကို ဖြန့်ကျက်ပစ်လိုက်သည်။
ကိစ္စန္တိဂါဘမှာ လက်သီးတင်းတင်းဆုပ်လိုက်ရာ လက်သည်းများက အသားထဲသို့နစ်ဝင်နေလျက် ရွှေရောင်သွေးများကိုပင် ထွက်လာစေသည်။
"သူတို့တွေ မင်းတို့ကို ဒီလိုဆက်ဆံနေကျပဲလား?"
ထိုယုံကြည်သူများမှာ အံကြိတ်လျက်ပြောလိုက်သည်။
"ဒါက ဘာမှမဟုတ်သေးပါဘူး။ ကျုပ်တို့လူပေါင်းများစွာကို ဖမ်းဆီးထားကြပြီး ကျွန်ပြုထားတာတောင်ရှိတယ်! ကျုပ်တို့လူတွေအများကြီးအသတ်ခံရတာက သူတို့ကို ခုခံတာကြောင့်တဲ့လေ။"
"သူတို့ဒီနေ့ကျုပ်တို့ကို ထုတ်ဖို့လာတာကတော့ ကျုပ်တို့ကသူတို့အတွက် တန်ဖိုးမရှိတော့လို့ပါ။ ကျုပ်တို့တွေက တကယ်ပဲခြောက်ခမ်းနေအောင် စုပ်ယူခံခဲ့ရပြီးပါပြီ။
"ခင်ဗျားသာ ဒီမြင်ကွင်းကိုကြည့်ဖို့ ဒီနေ့သာ ကိုယ်တိုင်ကိုယ်ကျပြန်မလာရင် သူတို့အနေနဲ့ သူတို့အနိုင်ကျင့်တာကို ဆန့်ကျင်ခုခံတာကြောင့် ကျုပ်တို့အားလုံးအသတ်ခံနေရလောက်ပြီ။"
ကိစ္စန္တိဂါဘ၏ဒေါသမှာ အထွဋ်အထိပ်သို့ပင်ရောက်နေချေပြီဖြစ်၏!
"အား! ကျဲယင်! ကျွင်းတိ! သေစမ်း မင်းတို့!"
သူဟာကောင်းကင်သို့ဟစ်ကြွေးလျက် ဒေါသက သုံးလောကကို မြည်ဟီးနေစေသည်။
နှစ်သောင်းချီကြာ ဒုက္ခစရိယာကျင့်ကြံခြင်း!
နှစ်သောင်းချီကြာ အနစ်နာခံစွန့်လွှတ်ခြင်းပင်!
အားလုံးမှာ ဗုဒ္ဓဂိုဏ်းအား မရေတွက်နိုင်လောက်သော ကံကောင်းမှုနှင့် ကုသိုလ်ရရှိစေရန်ပါပင်။
အဆုံး၌မူ သူကသာ အခြားလူများလက်တွင်းက ကစားစရာသာသာဖြစ်သွားခဲ့ရသည်!
သူ၏ယုံကြည်သူများမှာ နာကျင်ခံစားခြင်းဝေဒနာတွင် ရှင်သန်နေထိုင်ခဲ့ရသော်လည်း အခြားလူများအတွက် အနစ်နာခံနေကြဆဲပင်ဖြစ်၏။
ထိုသည်က အပြင်လောက၌ နေ့နေ့ညည တစ်သီးတစ်သန့်အလုပ်လုပ်ခဲ့ရသော်လည်း အဆုံး၌ ခိုးယူခံလိုက်ရသည့် လူတစ်ယောက်နှင့် မခြားနားပါချေ။
အခြားလူများမှာ ၎င်းတို့၏ ဇနီးသည်အား ပိုင်ဆိုင်ရုံမျှမက သားကိုလည်း နေ့စဉ်ပင်ရိုက်နှက်ပေ၏။ အဆုံး၌ ၎င်းတို့၏သားအား သတ်ပြီးနောက်တွင် အိမ်ကိုပင် ပိုင်ဆိုင်ရလိမ့်မည်။
အဆုံး၌ ၎င်းတို့လုပ်ခဲ့သည့်အရာအားလုံးမှာ အခြားလူများအား အဆုံးမဲ့သုံးစွဲနိုင်စေရန်ပင် ဖြစ်နေခဲ့၏!
လူတစ်ယောက်မှာ ကိစ္စန္တိဂါဘ၏စိတ်နှလုံးတွင်းရှိ ဒေါသကိုပင် စိတ်ကူးကြည့်နိုင်သည်။
သူဟာ လက်စားချေချင်နေ၏။ သူဟာ ဗုဒ္ဓဂိုဏ်းတစ်ခုလုံးထံမှ ပြန်ရယူလိုနေသည်။
သူဟာ ယခင်က ကိုယ့်ကိုယ်ကိုယ်အနစ်နာခံနိုင်ခဲ့သောကြောင့် ယနေ့တွင် ဗုဒ္ဓဂိုဏ်းတစ်ခုလုံးအား ဖျက်ဆီးရန် နတ်ဆိုး ဖြစ်လာနိုင်သည်!
"သုံးလောကရဲ့ သဘာဝဝိဉာဉ်တွေအားလုံး နားထောင်ကြ! ဗုဒ္ဓဂိုဏ်းက အတော်လေးလွန်နေပြီ။ သူတို့က တကယ်ကို ကြောင်သူတော်ပဲ! ကျုပ် ကိစ္စန္တိဂါဘ ဗောဒိသဗ္ဗကို လှည့်ဖျားပြီး ဗုဒ္ဓဂိုဏ်းအတွက် ကုသိုလ်များများရဖို့ ငရဲပြည်ကိုဝင်ရောက်စေခဲ့တယ်! ဒါပေမယ့် အဆုံးမှာ သူတို့က ကျုပ်ရဲ့ယုံကြည်သူတွေကို အနိုင်ကျင့်ပြီး ကျုပ်တပည့်တွေနဲ့ တပည့်ကြီးတွေကိုလည်းဖျက်ဆီးခဲ့တယ်!"
"ဒီနေ့ကစပြီး၊ ငါ ကိစ္စန္တိဂါဘက ဗုဒ္ဓဂိုဏ်းရဲ့ဗောဓိသဗ္ဗမဟုတ်တော့ဘူး!"
"ကျုပ် နတ်ဆိုးအသွင်ပြောင်းပြီး ဗုဒ္ဓဂိုဏ်းတစ်ခုလုံးနဲ့ ညှိုနှိုင်းဖို့ မလိုတော့ဘူး။"
"ကျုပ်တို့တွေ လောက,က နောက်ဆုံးကြောင်သူတော်ဗုဒ္ဓဂိုဏ်းသားကို သတ်ပြီးတဲ့ထိ နေရအောင်!"
ထိုဆန္ဒဖြစ်ပေါ်လာသည်နှင့် သုံးလောကတစ်ခွင်လုံးမှာ အင်မတန် အံ့အားသင့်သွားကြ၏!
လူတိုင်းမှာ ဗုဒ္ဓဂိုဏ်းက အင်မတန်ကြောင်သူတော်ဆန်လှကြောင်းသိပါသော်လည်း မည်သူကမှ ဗုဒ္ဓဂိုဏ်းက ကိုယ့်လူများကိုပင် ထိခိုက်စေမည်ဟု မထင်ခဲ့ပါချေ။
ထိုသည်က ရူးသွပ်ဖွယ်ရာပင်!
ပို၍မထင်ထားခဲ့သည့်အရာမှာ ကိစ္စန္တိဂါဘက နတ်ဆိုးအသွင်ယူတော့မည်ဟု ဆုံးဖြတ်လိုက်ခြင်းပါပင်!
သုံးလောကလုံးတွင် အစာနာတတ်ဆုံး ဗောဓိသဗ္ဗဟု ကျော်ကြားခဲ့သူမှာ ဗုဒ္ဓဂိုဏ်းကြောင့် နတ်ဆိုးဖြစ်လာတော့မည်ပင်။ ထို့အပြင် ၎င်းက ဗုဒ္ဓဂိုဏ်း၏ လောကရှိ အင်မတန်ကောင်းမွန်နေမှုကိုပင် ဖြေရှင်းပြနေ၏။
ဗုဒ္ဓဂိုဏ်း၏ ကလိမ်ကြံမှုမှာ သုံးလောကရှိလူတိုင်း၏နှလုံးသားတွင် ခတ်နှိပ်ထားပြီးပင်ဖြစ်သည်။
တချို့ဗုဒ္ဓဂိုဏ်းသားများမှာ ၎င်းကိုကြားသော် ၎င်းတို့၏ဂုဏ်သိမ်များကို လက်လျော့လျက် နေရာမှထွက်ခွာလိုက်ကြ၏။
ထိုသည်သာမက ကိစ္စန္တိဂါဘမှာဆက်ပြောလိုက်၏။
"သုံးလောကမှာ အဖွဲ့စည်းတစ်ခုက ကျုပ်နဲ့ဆိုင်နေသရွေ့! အဲ့ဒါကကျုပ်ရဲ့ ယုံကြည်သူပဲ! ဒီတော့ ကျုပ်ကို ခင်ဗျားတို့ရဲ့စွမ်းအား ခဏလောက်ငှားပေးပါ။"
" ကျုပ် လောကမှာ အကြီးမားဆုံး နတ်ဆိုးဖြစ်သည်ပင်!"
ထိုသို့ပြောလိုက်သည်နှင့် ကိစ္စန္တိဂါဘ၏ယုံကြည်သူအားလုံးမှာ ဗုဒ္ဓဂိုဏ်းသားမှ နတ်ဆိုးများအဖြစ်ပြောင်းလဲသွားကြတော့သည်!
ပိုမိုကြောက်မက်ဖွယ်ရာကောင်းသည်မှာ ငရဲဘုံဆယ့်ရှစ်ထပ်ရှိ ဝိဉာဉ်အားလုံးမှာ ကိစ္စန္တိဂါဘ၏ယုံကြည်သူများဖြစ်လာကြသည်။
ယခင်က ကိစ္စန္တိဂါဘမှ ၎င်းတို့ကို သုတ်သင်နှိမ်နင်းလိုခဲ့ချိန်တွင် ၎င်းတို့အားလုံးမှာ မြေအောက်လောက၌ ရှိနေပါသော်လည်း သူ့ကဲ့သို့ပင် ငရဲ၌ ပုန်းအောင်းနေကြလျက် လူများကို ထိခိုက်စေရန် ထွက်လာခြင်းမရှိခဲ့ကြပါချေ။
သို့သော် ၎င်းက နတ်ဆိုးဝိဉာဉ်များမှာ အကောင်းဘက်ရောက်လာသည်ဟု မဆိုပါချေ!
၎င်းတို့က နတ်ဆိုးများဖြစ်ဆဲပင်!
၎င်းတို့မှာ ကိစ္စန္တိဂါဘကြောင့် ခံစားမိသွားရကာ သူနှင့် မိတ်ဆွေများဟု မှတ်ယူလိုက်ကြခြင်းသာဖြစ်ကြ၏။
သို့သော် ထိုအခိုက်တွင် ကိစ္စန္တိဂါဘမှ နတ်ဆိုးတစ်ကောင်ဖြစ်လာပြီးနောက်၌ ထိုနတ်ဆိုးဝိဉာဉ်များမှာ ၎င်းတို့သဘာဝအတိုင်း မပြုမူကြတော့ပါချေ။
သူ၏နတ်ဆိုးမျက်နှာအား လုံးဝထုတ်ဖော်လိုက်ချေပြီပင်။ ထရီလီယံချီနတ်ဆိုးဝိဉာဉ်များမှာ ငရဲမှထွက်လာပြီး အနောက်ဘက်ကောင်းကင်စိတ်ဝိဉာဉ်ဂိုဏ်း၏ကံကောင်းမှုကို ဖျက်ဆီးလိုက်သည်!
ထိုအခိုက်တွင် စိတ်ဝိဉာဉ်တောင်တစ်ခုလုံးက ငရဲဖြစ်လာသည်!
ဘုန်းတော်ကြီးအားလုံးမှာလည်း နတ်ဆိုးဝိဉာဉ်၏ အသတ်ခံလိုက်ရ၏!
ကိစ္စန္တိဂါဘမှာ မရေတွက်နိုင်သော ယုံကြည်သူများနှင့် နတ်ဆိုးများ၏ သစ္စာတရားစွမ်းအားကိုစုပ်ယူလျက် သူ၏ဗုဒ္ဓကျင့်ကြံခြင်းတစ်ခုလုံးကို လုံးဝသန့်စင်လိုက်တော့သည်။
သို့သော် သူဟာ သာမန်လူဖြစ်မလာပါချေ။ ထိုအစား၊ သူ၏စွမ်းအားမှာ အဆုံးမဲ့တိုးတက်လာဆဲပင်ဖြစ်ချေ၏။
လူသားအဆင့်!
နတ်ဘုရားအဆင့်!
အမတအဆင့်!
မျက်စိတစ်မှိတ်အတွင်း သူဟာ ပိုလို့ပင် စွမ်းအားကြီးမားသော အဆင့်သို့ တက်လှမ်းသွားသည်။
နောက်ဆုံးတွင် လူတိုင်းရှေ့၌ပင် သူဟာ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်သို့ အောင်အောင်မြင်မြင် ရောက်ရှိသွားလေတော့သည်!
သူ့အား သုံးလောကရှိ တတိယမြောက် စွမ်းအားအကြီးဆုံး အဖွဲ့အစည်းဟုပင် သတ်မှတ်၍ ရနိုင်သွားသည်!
ပထမအဖွဲ့အစည်းမှာ သဘာဝကျကျပင် ဘိုးဘေးဟုန်ကျွင်း၏အဖွဲ့အစည်းဖြစ်၏။
ဒုတိယမှာ လုရှောင်ယန်၏ အဖွဲ့အစည်းပါပင်။
သူဟာ တတိယအဖွဲ့အစည်းကိုပိုင်ဆိုင်သော ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ဖြစ်ပါ၏!
သူ၏အခြေအနေကို အင်မတန်တိုက်ဆိုင်သည်ဟုပင် သတ်မှတ်ရနိုင်သည်။
လုရှောင်ယန်မှာ လက်ရှိတွင် ဟုန်ကျွင်းကိုတိုက်ခိုက်နေပြီး ဟုန်ကျွင်းမှာ ထို ကိစ္စန္တိဂါဘနှင့် မရင်ဆိုင်နိုင်သေးပါချေ။
ကိစ္စန္တိဂါဘမှာ ထိုအခြေအနေမှ အကျိုးရနေသည်ဟုပင် ဆိုနိုင်ပါသည်။
အဆင့်တက်ပြီးနောက်၌ ကိစ္စန္တိဂါဘကိုယ်ပေါ်ရှိ ရွှေရောင်သင်္ကန်းမှာ သွေးနီရောင်နတ်ဆိုးအလင်းအသွင်သို့ ပြောင်းလဲသွားတော့သည်။
ထိုသွေးနီရောင် အလင်းမှာ အနောက်ဘက်ကောင်းကင်ဘုံတစ်ခုလုံးကို အပြည့်အဝထွန်းလင်းသွားစေ၏။
သုံးလောကရှိ သက်ရှိအားလုံးမှာ ထိုအင်မတန်နတ်ဆိုးဆန်လှသည့်လူသတ်ငွေ့ကို အာရုံခံမိချိန်၌ စတင်တုန်ယင်လာကြတော့သည်။
၎င်းမှာ အင်မတန်ကြောက်မက်ဖွယ်ရာပင်။ နောက်ထပ် နတ်ဆိုးမှာ လောက၌ ပေါ်ထွန်းလာပြီဖြစ်၏။
ထို့အပြင် ထိုနတ်ဆိုး၏စွမ်းအားမှာ သူတော်စင်အဆင့်သို့ပင်ရောက်နေချေလေပြီ!
နတ်ဆိုးတာအိုက သုံးလောကမှာ အခုကစပြီး အကျုံးဝင်သွားတာများလား?
ကိစ္စန္တိဂါဘမှာ လက်သီးကိုဆုပ်လျက် ကိုယ်ထဲရှိ စွမ်းအားများဆန်တက်လာမှုကို ခံစားမိနေသည်။ သူဟာ ယခုလေးတွင် ဖြစ်သွားသည့် အရာကို မယုံရဲသေးဘဲ စိတ်ခံစားမှု နောင်တတို့ဖြင့်သာပြည့်နှက်နေတော့၏။
"ဒါက ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်တစ်ယောက်ရဲ့ စွမ်းအားလား? ဒါကသူတော်စင်တစ်ယောက်ရဲ့စွမ်းအားလား?"
ထိုသည်မှာ အင်မတန်ရယ်ရွှင်ဖွယ်ရာပင်။
"ငါ သူတော်စင်ဖြစ်လာဖို့ နှစ်များစွာ ကြိုးစားခဲ့ရတယ်။ ဗုဒ္ဓဂိုဏ်းရဲ့သူတော်စင်တစ်ယောက်အစား နတ်ဆိုးတာအိုရဲ့ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်တစ်ယောက်ဖြစ်လာမယ်လို့မထင်ခဲ့ဘူး!"
သူ့ကိုယ်သူ လှောင်ပြောင်ပြီးနောက်တွင်၊ မျက်ဝန်းများက ခိုင်မာလာ၏။
"ကိစ္စန္တိဂါဘရဲ့ယုံကြည်သူအားလုံးနဲ့ ငရဲဘုံဆယ့်ရှစ်ထပ်က နတ်ဆိုးဝိဉာဉ်တို့! ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အနေနဲ့ ကျုပ်၊ ကိစ္စန္တိဂါဘက ကျုပ်နဲ့အတူတိုက်ခိုက်ပြီး ဗုဒ္ဓဂိုဏ်းကို သတ်ဖြတ်ဖို့ တောင်းဆိုပါတယ်!"
"သတ်!"
"သတ်!"
"သတ်!"
ကောင်းကင်ဘုံခုံရုံး၏ တိုက်ပွဲကွင်းပြင်ထက်တွင် ဗုဒ္ဓ၊ ရဟန္တာ၊ ဗောဓိသဗ္ဗ၊ ဗောဓိအဓိပတိ သောင်းချီကြောင့်ဖြစ်ပေါ်လာခဲ့သော ဗုဒ္ဓတစ်သောင်းအစီအရင်မှာ ရွှေရောင်အလင်း တဖိတ်ဖိတ်တောက်ပနေလျက် သုံးလောကလုံးအား ဗုဒ္ဓအလင်းဖြင့် ရေသပ္ပာယ်နေသလိုပါပင်။
ဗုဒ္ဓတစ်သောင်းအစီအရင်၏အကူညီနှင့် ကျဲယင်၊ ကျွင်းတိ၊ ရန်တုံ၊ ထို့ပေါင်၊ ကွမ်းယင်၊ မေတ္တယျနှင့် အခြားဗုဒ္ဓသူတော်စင်အားလုံးမှာ လုရှောင်ယန်၏တပည့်များနှင့် တပည့်ကြီးများအား တစ်ယောက်ပြီးတစ်ယောက် နောက်ဆုတ်သွားသည်အထိ တိုက်ခိုက်နေကြသည်။
အချို့မှာ ၎င်းတို့ဝိဉာဉ်များပျက်စီးသည်အထိပင် အနိုင်ယူခံရပြီး ကိုယ်ခန္ဓာများလည်း ပျက်စီးသွားကြသည်။
ဒုတိယနှင့် တတိယမျိုးဆက်တပည့်များမှာ လုံးဝကျရှုံးနေကြကာ ဟုန်ကျွင်း၏မျိုးဆက်စွမ်းအားကို မခုခံနိုင်ဖြစ်နေ၏!
ဘိုးဘေးဟုန်ကျွင်း၏ မျက်နှာမှာ အထင်သေးဟန်ကိုထုတ်ပြလာသည်။
"မင်းမြင်ပြီလား? လုရှောင်ယန်! ငါ ဒါတွေကို မင်းအတွက်ပြင်ဆင်ထားခဲ့တာပဲ။"
"အရင်က၊ ပန်ဂုက လောကကို မကြည်ညိုဘဲ သူ့ရဲ့ကိုယ်နဲ့ လောကစွမ်းအားကို လှုပ်ခတ်ရာမှာ ပါဝင်ခဲ့တယ်။ ဒါကြောင့်ပဲ သူသေသွားတာပေါ့။"
"အခု မင်းက ထပ်ပြီး သူ့ရဲ့ခြေရာကို စလှမ်းနေပြီလေ။ မင်းသာကောင်းကင်ဘုံကိုခုခံနိုင်ရင် မင်းလည်း သေရမှာပဲ။ ကောင်းကင်ကိုဆန့်ကျင်သူတိုင်းက သေရမယ်။"
သို့ရာတွင် ထိုအချိန်၌ ကိစ္စန္တိဂါဘ၏အသံမှာ အနောက်ဘက်ကောင်းကင်စိတ်ဝိဉာဉ်တောင်ရှိရာမှ ရုတ်တရတ်ထွက်ပေါ်လာခဲ့၏။
ကိစ္စန္တိဂါဘပြုလုပ်ထားခဲ့သည့် မဟာသစ္စာအား ကြားပြီး စိတ်ဝိဉာဉ်တောင်တစ်ခုလုံး၏ ဗုဒ္ဓစွမ်းအားမှာ အင်မတန် ပူလောင်သန့်စင်လာပြီး အေးစက်သွားရာ ဟုန်ကျွင်း၏ အမူအရာကလည်း ပြောင်းလဲသည်။
"မကောင်းတော့ဘူး။ ကိစ္စန္တိဂါဘက စိတ်ဝိဉာဉ်တောင်ကို သွားနေတာပဲ။"
ဗုဒ္ဓဂိုဏ်းရှိ လူများမှာ ချက်ချင်းထိတ်လန့်သွားသည်!
အခြားလူများမှာ ဘာဖြစ်နေသည်ကို မသိသော်လည်း လူတိုင်းထက်တော့ ကောင်းကောင်းသိပါ၏။
၎င်းတို့မှာ နှစ်များစွာကြာ ဗုဒ္ဓဂိုဏ်းက ကိစ္စန္တိဂါဘ၏ယုံကြည်သူများကို မည်သို့သော ညစ်ပတ်သည့်ကိစ္စများလုပ်ခဲ့သည်အား သတိထားမိခဲ့ကြသည်။
၎င်းတို့မှာလည်း ထိုသည်ကိုသာ သိသူများသာဖြစ်ကြ၏။
၎င်းတို့မှာ ငတုံးများဖြစ်နေလျှင်ပင် ကိစ္စန္တိဂါဘကထိုအရာများအား မြင်သော် မည်သို့လုပ်မည်အား စိတ်ကူးပင်ကြည့်နိုင်၏။
အားလုံးမတုံ့ပြန်နိုင်ခင်တွင် အနောက်ဘက်ရှိနေရာမှာ စတင်အက်ကွဲလာသည်။
နတ်ဆိုး၊ ဒေါသ၊ အမှောင်ထုနှင့် သွေးဆာနေသည့် လူသတ်ငွေ့တို့ဖြင့် ပြည့်နေသော သွေးနီရောင်ပုံရိပ်မှာ ထိုဟင်းလင်းပင်အဟအပြဲမှ ထွက်လာ၏!
"စိတ်ဝိဉာဉ်တောင်ကတုံးတွေ၊ ငရဲကိုသာသွားပြီး သေလိုက်တော့!"
မေတ္တယျမှာ သူ့အား ဦးဆုံး နားချသည်။
"ကိစ္စန္တိဂါဘ အခု မလောနဲ့ဦး။ မင်းအထင်မှားနေတာငါတို့သိတယ်။"
"ဒါပေမယ့် မပူပါနဲ့။ တိုက်ပွဲကို အပြီးသတ်နိုင်တာနဲ့ ဒါတွေကို မင်းအတွက် လုံးဝပြင်ဆင်ပေးမှာပါ။"
ရန်တုံသည်လည်း အကြံပေးလိုက်သည်။
"အဟုတ်ပဲ! ကိစ္စန္တိဂါဘ! မင်းငါတို့တိုက်ပွဲကို မဖျက်ဆီးနိုင်ဘူး။"
“ငါတို့ဒီတိုက်ပွဲပြီးတာနဲ့ မင်းရဲ့သွေးဆက်က စိတ်ဝိဉာဉ်တောင်တစ်ခုလုံးမှာ အဆင့်တစ်ဖြစ်စေရမယ်။"
"မင်းက လောကသုံးထောင်ရဲ့ ယုံကြည်သူကြားထဲက တက်လှမ်းနိုင်မှုကို ဆုံးဖြတ်ရမယ်! ငါတို့ ဗုဒ္ဓ၊ ဗောဓိသဗ္ဗနဲ့ ရဟန္တာနေရာရဲ့ အရေးကြီးနေရာကို မင်းကိုပဲ ပေးမှာပါ။"
ကိစ္စန္တိဂါဘမှာ ရယ်လျက် ခေါင်းမော့လိုက်၏။
"ရက်စက်ပြီး အရှက်မဲ့တဲ့ အမှိုက်အုပ်စုပါလား။ မင်းတို့ကို ငါထပ်ယုံမယ်ထင်နေတုန်းပဲလား?"
"ငါ ဒီစကားနှစ်ခွန်းပဲပြောလိုက်တော့မယ်— ငလူးးးး!"
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၃၂။ အပိုင်း ၄၈၀ ငါတစ်ခါတော့လွဲသွားခဲ့တယ်၊ ဒါပေမယ့်အခု ငါမမှားစေရဘူး။
ဟစ်ကြွေးပြီးနောက်တွင် ကိစ္စန္တိဂါဘမှာ စွမ်းအားအပြည့် ထုတ်သုံးလိုက်တော့သည်။
ထိုအားကောင်းပြီး ပြိုင်ဘက်ကင်းသော စွမ်းအားမှာ ကောင်းကင်ဘုံခုံရုံးတစ်ခုလုံးအား အနီရောင်လွှမ်းသွားစေလျက် ထူးဆန်းသောသွေးပင်လယ်အဖြစ်သို့ရောက်ရှိသွားစေ၏။
"သေလိုက်တော့!"
နှစ်သောင်းချီကြာအောင်ချုပ်ထိန်းထားခဲ့ရသော ဒေါသနှင့်အတူ ကိစ္စန္တိဂါဘမှာ သွေးနဂါးအသွင်ပြောင်းလျက် ဗုဒ္ဓတစ်သောင်းအစီရင်ဆီသို့ တိုက်ရိုက်ပြေးဝင်သွားလိုက်သည်။
ဗုဒ္ဓတစ်သောင်းအစီအရင်မှာ မူလက အင်မတန်သန့်စင်သော အစီအရင်ဖြစ်၏။ ဗုဒ္ဓဓမ္မသာလျှင် အတွင်း၌ ပေါ်လာနိုင်ပြီး အခြားမည်သည့် မသန့်စင်မှုမှမရှိချေ။
မဟုတ်ပါက အစီအရင်တစ်ခုလုံးမှာ ချောချောချူချူ မလှည့်ပတ်နိုင်သောကြောင့် အက်ကွဲသွားမည်ဖြစ်သောကြောင့်ပင်။
ထို့ကြောင့် ကိစ္စန္တိဂါဘ၏စွမ်းအား တိုးထွက်လာချိန်၌ ဗုဒ္ဓတစ်သောင်းအစီအရင်မှာ ချက်ချင်းပေါက်ကွဲသွားတော့သည်။
ဘုန်း!
ထိတ်လန့်ဖွယ် အသံကျယ်နှင့်အတူ ဗုဒ္ဓ၊ ဗောဓိသဗ္ဗ၊ ရဟန္တာ၊ ဗောဓိအဓိပတိပေါင်းသောင်းချီမှာ... ဒဏ်ရာရာပြီး သေဆုံးသွားကြတော့သည်။
ကျန်ရစ်သူများမှာလည်း မသေမကြေ ဒဏ်ရာမရပါလျှင်တောင် ဒဏ်ရာပြင်းစွာရကြပြီး ဆက်လက် မတိုက်ခိုက်နိုင်တော့ကြပါချေ။
ကိစ္စန္တိဂါဘ၏စွမ်းအားမှာ သူတော်စင်တစ်ပါးနှင့်ပင် ယှဉ်နိုင်နေပြီဖြစ်၏။ ဗုဒ္ဓတစ်သောင်းအစီအရင်၏အထောက်ပံ့နှင့်အတူ အနောက်ဘက်စိတ်ဝိဉာဉ်တောင် ဗုဒ္ဓသောင်းချီတို့၏ ဖိအားမှာ ပြိုင်စံရှားလှချေ၏။
"မဟုတ်ဘူး!"
ကျဲယင်မှာ ဒေါသတကြီးအော်ဟစ်လိုက်ကာ မျက်လုံးများက ပြူးကျယ်လာ၏။
သူဟာ မူလက အနောက်ဘက်ကောင်းကင်စိတ်ဝိဉာဉ်တောင်၏စွမ်းအားကို ဟုန်ကျွင်းအား ကျေနပ်စေရန် အဓိက အသုံးပြုလိုခဲ့သည်။
သို့သော် ယခုတွင် ၎င်းတို့အားလုံးမှာ ကိစ္စန္တိဂါဘကြောင့် ပျက်စီးသွားကြသည်!
ထိုအခြေအနေ၌ မည်သို့များ ဒေါသမဖြစ်ဘဲ နေလိမ့်မည်နည်း?
"မင်း ခွေးကောင်! မင်းကိုမင်း သောက်ဆရာကြီးလို့များထင်နေတာလား? ငါမင်းကိုသတ်ပြမယ်။"
ထိုအခြေနေတွင် သူဟာ ညင်သာမနေတော့ပါချေ။ သူဟာ လူသတ်သမားတစ်ဦးနှင့်ပင်တူနေ၏!
သူဟာ ဖုန်းထျန်းယွမ်ကို ပြင်းစွာဒဏ်ရာရစေခြင်းအား လက်လျှော့၍ ကိစ္စန္တိဂါဘဆီသို့ ခုန်အုပ်လိုက်သည်။
"ငါမင်းကိုကြောက်တယ်များထင်နေလား? ငါသာကြောက်နေရင် ဒီနေရာကိုတောင် လာမှာမဟုတ်ဘူး။"
ကိစ္စန္တိဂါဘမှာ အော်ဟစ်လိုက်ပြီး လုံးဝနောက်မဆုတ်ပါချေ။ သူဟာ လက်ဖဝါး၌ စွမ်းအားအလုံးစုံကိုစုစည်းလျက် စွမ်းအားကုန်ထုတ်သုံးလိုက်သည်။
သူတော်စင်နှစ်ဦး၏စွမ်းအားမှာ ကောင်းကင်ယံ၌ ထိခတ်သွားကြ၏။
ပြင်းထန်သော ပေါက်ကွဲမှုတစ်ခုနှင့် ဗုဒ္ဓဂိုဏ်း၏ရွှေရောင်အလင်း၊ နတ်ဆိုးတာအို၏ သွေးရောင်အလင်းတို့မှာ အလျင်အမြန် ပြန်ဆုတ်ခွာသွားကြသည်။
ထိုတိုက်ကွက်ကြောင့် မရေတွက်နိုင်သော ထွက်ပြေးရန်အချိန်မရခဲ့သည့် စိတ်ဝိဉာဉ်တောင် တပည့်များမှာ သေလုအောင် ထိတ်လန့်သွားကြပြန်သည်။
ကိစ္စန္တိဂါဘမှာ ထိုအခြေနေကို အချိန်ကြာ မျှော်မှန်းထားခဲ့သည်ပင်။
သူဟာ မနေနိုင်ဘဲ လှောင်ရယ်လိုက်၏။
"ဘာလဲ? ကျဲယင်၊ မင်း ခွေးအိုကြီး! မင်းမှာ ငါ့ကို ခွေးကောင်လို့ခေါ်ဖို့ အရှက်ရှိနေသေးတာလား။ ငါ့ကိုသတ်ဖို့အတွက်နဲ့ မင်းတကယ်ကြီး စိတ်ဝိဉာဉ်တောင် တပည့်အတော်များများရဲ့ အသက်တွေကို စွန့်လွှတ်ခဲ့တယ်လေ! မင်းနောက်ဆုံးတော့ မင်းပုံစံအစစ်ကို မင်းထုတ်ပြလာပြီပေါ့လေ? မင်းက နေ့တိုင်း လူကောင်းလိုဟန်ဆောင်နေခဲ့ပေမယ့်လည်း မင်းက တကယ်တော့ ကြောင်သူတော်စစ်စစ်ပဲ!"
"ပိတ်ထား!"
ကျဲယင်၏မျက်လုံးများမှာ နီရဲသွားသည်။
သူဟာ မည်သို့များ ထိုတိုက်ကွက်၏ အကျိုးဆက်များကို မသိရှိနိုင်ပဲ နေမည်နည်း?
သို့သော် သူဟာ သတိလွတ်မနေနိုင်ပါချေ။ ထိုအချိန်၌ သူဟာ ကိစ္စန္တိဂါဘကိုသာ သတ်ချင်ခဲ့သည်ပင်။
ထိုသည်မှာ ကိစ္စန္တိဂါဘ၏လုပ်ရပ်များမှာ သူ၏အစီအစဉ်ကို ဖျက်ဆီးခဲ့ခြင်းကြောင့်ပင်။ ၎င်းကြောင့် ဟုန်ကျွင်း၏မျိုးဆက်မှာ လုရှောင်ယန်ကို လုံးဝရှုံးနိမ့်သွားသည်ပင် ဖြစ်နိုင်ချေ၏။
ထိုသို့သာဆိုလျှင် သူဟာ သေဖို့သာလိုပါတော့သည်။
သူဟာ သေလုဆဲဆဲဖြစ်နေသောကြောင့် အဘယ့်ကြောင့်များ သူ၏ပုံရိပ်ကို ဂရုထားနေရတော့မည်နည်း? ဒါက ရယ်စရာပဲကောင်းမနေဘူးလား?
သူရှင်သန်နိုင်သည်နှင့် ဂိုဏ်းအသစ်နှင့် စိတ်ဝိဉာဉ်တောင်အသစ်ကို တည်ထောင်နိုင်သည်ပင်။
ကျန်သည့်အရာများကိုမူ လက်လျော့လိုက်မည်။
ကံမကောင်းစွာဖြင့် ကိစ္စန္တိဂါဘမှ ဗုဒ္ဓတစ်သောင်းအစီအရင်ကို ဖျက်ဆီးခဲ့ခြင်းကြောင့် ၎င်း၏အထောက်အပံ့မရှိဘဲ သူ၏ကျင့်ကြံဆင့်မှာ သူတော်စင် တတိယအဆင့်သို့ပင် ပြန်လည်ကျဆင်းသွားတော့သည်။
သူ၏စွမ်းအားမှာ ကိစ္စန္တိဂါဘကို ဖိနှိပ်ရန် လုံလောက်ပါသော်လည်း ကိစ္စန္တိဂါဘ၏ကျင့်ကြံဆင့်မှာ ယခုတင် တက်လှမ်းသွားသောကြောင့်ပါပင်။ အများဆုံး သူဟာ သူတော်စင်ပထမအဆင့်နှင့် ညီမျှသည့် ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင် ပထမအဆင့်လောက်သာ ရှိလိမ့်မည်။
သို့သော် သူဟာ တစ်ဖက်လူကို ကောင်းစွာဖိနှိပ်နိုင်သည်။
သူဟာ ဖုန်းထျန်းယွမ်အား အလွယ်တကူထိခိုက်စေခဲ့သလို ကိစ္စန္တိဂါဘကိုမူ မထိခိုက်စေနိုင်ပါချေ။
၎င်းတို့နှစ်ဦးမှာ တစ်ယောက်ပြီးတစ်ယောက်တိုက်ခိုက်လျက် အချင်းချင်း ရိုက်နှက်နေကြသည်။ ၎င်းတို့ထဲ မည်သူကမှ နောက်မဆုတ်ဘဲ စွမ်းအားကုန် ထုတ်သုံးနေကြပေသည်။
ကောင်းကင်ဘုံခုံရုံးမှာ တစ်ဖန်ပူပန်သွားကြပြန်၏။
လုရှောင်ယန်မှာ ထိုသည်ကို မြင်ချိန်တွင် မနေနိုင်ဘဲ ဘိုးဘေးဟုန်ကျွင်းကို စနောက်လိုက်၏။
"ဟုန်ကျွင်း၊ ဒါကိုမြင်လား? လူတွေက မတရားမှုကို မြင်တဲ့အချိန်မှာ သတိထားမိကြတယ်။ မင်းနဲ့ မင်းရဲ့တပည့်တွေက အပြစ်အတော်များများကို ကျူးလွန်ခဲ့တယ်။ ဒါကြောင့် ခင်ဗျားလူတွေက သူတို့ကိုယ်သူတို့အတွက် တိုက်ခိုက်နေကြတာပဲ။"
ဘိုးဘေးဟုန်ကျွင်းမှာ နှာခေါင်းရှုံ့လိုက်၏။
"သူတို့က ငတုံးလေးနှစ်ယောက်ပါပဲ။ ဒီတော့ဘာဖြစ်လဲ?"
"အခုလေးတင် ဗုဒ္ဓတစ်သောင်းအစီအရင်ကြောင့် မင်းတပည့်တွေ အတော်လေးထိခိုက်သွားတာ မမေ့နဲ့ဦး။ အခု ငါတို့ဘက်က အရေးသာနေပြီ။"
"ပြီးတော့၊ ဒီလိုအခွင့်အရေးတွေမရှိရင်တောင်မှ ကိစ္စန္တိဂါဘက ကျဲယင်ကို နိုင်ဖို့မဖြစ်နိုင်သေးဘူး။ အဆုံးမှာ ငါပဲ နိုင်မှာ!"
"ကောင်းကင်ဘုံက ဘယ်တော့မှ မကျရှုံးဘူး!"
"ဒီလိုလား? ဒါက လုံးဝကြီးမမှန်နေဘူး!'
လုရှောင်ယန်မှာ ကွဲပြားစွာ ပြုံးလိုက်၏။ သူ၏ယုံကြည်မှုရှိနေဟန်မှာ ဟုန်ကျွင်း၏ နှလုံးခုန်သံကိုပင်ချော်သွားစေပြီး ခံစားချက်သိပ်မကောင်းသလိုဖြစ်သွား၏။
တစ်ခဏအကြာ၌ သိပ်သည်းလှသော သွေးရောင်ဝါမှာ အောက်ဘက်ရှိ ကောင်းကင်ဘုံခုံရုံးမှ ကောင်းကင်ယံသို့ ပျံ့နှံ့သွားသည်။
"ဒါက... မဖြစ်နိုင်တာ! မဖြစ်နိုင်ဘူး!"
ဘိုးဘေးဟုန်ကျွင်းမှာ ၎င်းကို သတိပြုမိသွားသည်။
၎င်းမှာ အာဆူလာမျိုးနွယ်စုပါပင်!
မြေအောက်လောကဘိုးဘေး၏ အာဆူလာမျိုးနွယ်ပါပင်!
ထို့အပြင် ဦးဆောင်လာသည့်လူက မြေအောက်လောကဘိုးဘေး ဟုတ်မနေဘူးလား?
သူဟာ သေဆုံးပြီးနောက်မှသာ ပြန်လည်မွေးဖွားလာခဲ့သော်လည်း ယခုတွင် သူ၏စွမ်းအားမှာ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်သို့ပင် ရောက်နေလေချေပြီ။ ထို့အပြင် တတိယအဆင့်ထိ တက်လှမ်းပြီးလည်းဖြစ်၏!
ဒါ့အပြင် များပြားလှသော နောက်ရှိ အာဆူလာမျိုးနွယ်ဝင်များက သူ့အား သံယောဇဉ်ရှိစွာဖြင့် ထောက်ပံ့ပေးထားကြရာ အတိုက်အခိုက်စွမ်းအားမှာ နောက်တစ်ဆင့်သို့ပင် တိုးတက်ရန် လုံလောက်နေပြီဖြစ်၏။
ထိုအခြေအနေတွင် သူရရှိခဲ့သည့် အခွင့်ရေးမှာ တမုဟုတ်ချင်း ပျောက်ကွယ်သွားပြီဖြစ်၏။
"သေလိုက်ပါတော့!"
အော်ဟစ်လိုက်ပြီးနောက်တွင် ဘိုးဘေးဟုန်ကျွင်းမှာ အတန်ငယ် မထိုင်နိုင်ဖြစ်နေဆဲပါပင်။
သူဟာ ဤနေရာရှိ လုရှောင်ယန်အား ခုခံနိုင်သည်။ တစ်ဖက်လူအား "လ"အချို့ သို့မဟုတ် အဆုံးထိ ခုခံရပါလျှင်တောင် လုံးဝမကြောက်ရွံ့ပါချေ။
၎င်းမှာ သူ၏စွမ်းအားက ထင်ရှားနေခြင်းကြောင့်ပင်။ သူဟာ လုရှောင်ယန်ထက် သန်မာပေ၏။
နှောင့်နှေးမှုရှည်ကြာလေ သူ့အတွက် ပိုမို အခွင့်သာလေပင်ဖြစ်သည်။
သို့သော် ယခုတွင် ကိစ္စန္တိဂါဘနှင့် မြေအောက်လောကဘိုးဘေးက တိုက်ပွဲသို့ ဝင်ရောက်လာခြင်းကြောင့် အခြေနေက ချက်ချင်းပြောင်းလဲသွားခဲ့သည်။
လုရှောင်ယန်၏ မျိုးဆက်က သူ၏မျိုးဆက်ကို အနိုင်ယူနိုင်လိုက်ပြီး မဟာအဓိပတိအကြီးအကဲအား လုရှောင်ယန်ဝါးမြိုရန် ဖမ်းဆီးနိုင်လိုက်သည်နှင့် လုရှောင်ယန်၏စွမ်းအားမှာ အဆများစွာ ထပ်မံတိုးလာလိမ့်မည်ပင်။ အနည်းဆုံး လုရှောင်ယန်မှာ သူ၏စွမ်းအားကိုပင် အမှီလိုက်နိုင်ရန် မခဲယဉ်းတော့ပါချေ။
ထိုအချိန်ဆိုလျှင် သူ့ထံ၌ မဟာအာကာပြင်နတ်ဘုရားချပ်ဝတ်ရှိပါလျှင်ပင် အသုံးမဝင်တော့ပါချေ။
ကျန်းထိုင်ရွှမ်မှာ ကောင်းကင်ဘုံသို့ရောက်ပြီးနောက်တွင် ချီကျင်းကျီနှင့် ထိပ်တိုက်တွေ့သွားသည်! ထိုအခိုက်၌ သူဟာ ကျီဝူရှန်အား သူ၏စွမ်းအားအကုန်ဖြင့် တိုက်ခိုက်နေခြင်းဖြစ်သည်။ ကျီဝူရှန်မှာ အန္တရာယ်နှင့်ကြုံနေကာ သေလုဆဲဆဲဖြစ်နေ၏။
ကျန်းထိုင်ရွှမ်ရောက်လာပြီးနောက်တွင် သူဟာ တစ်ဖက်လူ၏ရင်ဘတ်သို့ ခပ်ပြင်းပြင်းထိုးချလိုက်တော့သည်။
ဘန်း!
သူ၏ကိုယ်အား ဖျက်ဆီးလိုက်နိုင်လောက်သည့် ထိုးချက်ဖြင့် ကျန်းထိုင်ရွှမ်မှာ ချီကျင်းကျီ၏ရင်ဘတ်အား တိုက်ရိုက်ထိုးခွင်းလိုက်ချေသည်။
ထို့နောက် သူ၏ ကြာပန်းနီကြမ္မာမီးမှာ ချီကျင်းကျီအား လောင်ကျွမ်းစေလိုက်ကာ အစအနပင်ချန်မထားခဲ့ပါချေ။ ထို့အပြင် ၎င်းမှာ ထိုလူ၏ ရှေးဟောင်းခရမ်းသွေးချီကိုပါ စုပ်ယူလိုက်လေသည်။
သို့သော် သူဟာ နောက်ထပ်ပုံရိပ်တစ်ခုကို မီသွားခြင်းကြောင့် ၎င်းက အဆုံးသတ်မဟုတ်ပါချေ။
ထိုလူမှာ စိတ်ဝိဉာဉ်တောင်မှ ကုန်းရွှမ်ပါပင်!
တစ်ဖက်လူမှမီသွားပြီးနောက်တွင် ကုန်းရွှမ်မှာ နောက်ဘက်မှ လူသတ်ငွေ့များတောက်လောင်လာသည်ကို ခံစားလိုက်ရ၏။
တုံ့ဆိုင်းမှုမရှိဘဲ သူဟာ တစ်ဖက်လှည့်၍ စွမ်းအားကုန်ဖြင့် ခုခံလိုက်သည်!
သူဟာ မသေလိုပါချေ။ သူဟာ အခက်ခဲပေါင်းများစွာကို ကျော်ဖြတ်ခဲ့ရသော်လည်း သူတော်စင်ဖြစ်မလာသေးပါချေ။ သူဟာ တစ်ယောက်ယောက်၏ အသုံးချခံပင်ဖြစ်လာသည်။
ယခုတွင်သူဟာ သူတော်စင်ဖြစ်လာသောကြောင့် အဆုံးထိရှင်သန်ရမည်ပင်။ သူဟာ ထိုတိုက်ပွဲတွင် ရှင်သန်နိုင်သည်နှင့် သုံးလောကအကြားတွင် လွတ်လပ်စွာ ပျံသန်းနိုင်တော့မည်ဖြစ်၏!
ကံမကောင်းစွာဖြင့် လက်တွေ့မှာတကယ်ကို ရက်စက်လှပါသည်။
ကျန်းထိုင်ရွှမ်မှာ စွမ်းအားအရာတွင် သူ့ထက် များစွာသာလွန်နေသည်သာမက အာဆူလာမျိုးနွယ်စုကလည်း ကူညီပေးနေသေးသည်။ ၎င်းက အနောက်ဘက်စိတ်ဝိဉာဉ်တောင်၏ သူတော်စင်များအား မတိုင်ခင်က ဗုဒ္ဓတစ်သောင်းအစီအရင်ဖြင့် အထောက်အခံပေးထားသလိုပင် ဤအချိန်၌ ကျန်းထိုင်ရွှမ်အား အာဆူလာမျိုးနွယ်စုမှ ထောက်ပံ့ပေးထား၏။
သူ၏အတိုက်အခိုက်စွမ်းအားမှာ အဆပေါင်းမရေတွက်နိုင်လောက်အောင်ပင် တိုးတက်လာသည်။
သူ၏လက်သီးက ကုန်းရွှမ်အားထိလိုက်သည့်အခိုက်တွင် ကုန်းရွှမ်၏လက်များကို အက်ကွဲသွားစေပြီး သွေးမှုန်များအဖြစ် ပေါက်ကွဲထွက်သွားစေတော့သည်!
"မဖြစ်ဘူး!"
ကုန်းရွှမ်မှာ သူ၏ ရင်ဘတ်အား ထိုးခွင်းခံလိုက်ရချိန်၌ ထိုသို့အော်ဟစ်လိုက်သည်ပင်။
တစ်ခဏအတွင်းတွင် ကျန်းထိုင်ရွှမ်မှာ ဗုဒ္ဓသူတော်စင်နှစ်ဦးအား တစ်ဆက်တည်း အဆုံးသတ်လိုက်ချေသည်။
ထိုစွမ်းအားကြီး တိုက်ကွက်မှာ သုံးလောကတစ်ခွင်လုံးကို ထိတ်လန့်သွားစေ၏။
ဟုန်ကျွင်း၏မျိုးဆက်မှ လူများမှာ ပိုလိုပင် ထိတ်လန့်နေကြတော့သည်ပင်။
၎င်းတို့မှာ သူတော်စင်နှစ်ဦးပင်ဖြစ်သည်!
သူဟာ တစ်ဖက်အား ဆက်တိုက်,တိုက်ကွက်နှစ်ခုဖြင့်သာတိုက်ရိုက် သတ်လိုက်သည်ပင်။ ထိုနည်းလမ်းက အင်မတန်စွမ်းအားကြီးလှသဖြင့် ဖော်ပြခြင်းငှာ မစွမ်းသာပါချေ!
"ခွေးကောင်! ရပ်လိုက်စမ်း!"
ကျန်းထိုင်ရွှမ် ထပ်မံတိုက်ခိုက်တော့မည်ကို မြင်သည်၌ ကျွင်းတိမှာ မနေနိုင်တော့ပါချေ။
သူ၏ကျင့်ကြံဆင့်မှာ သူ၏ဆရာတူအစ်ကို ကျဲယင်ထက်ပင် အားကောင်းပါချေ၏။ သူဟာ ယခုလေးတင် သူ၏ပြိုင်ဘက်ကို ဒဏ်ရာပြင်းပြင်းရစေခဲ့သောကြောင့် ယခုတွင် တစ်ဖက်အား ခုခံရန် စွမ်းအားများအသုံးပြုဖို့ရာ လုံလောက်နေချေပြီပင်။
ကံမကောင်းစွာပင် သူဟာ ကျန်းထိုင်ရွှမ်အား မထိနိုင်ခင်မှာပင် နောက်ထပ် စွမ်းအားကြီးလှသော အင်အားတစ်ခူမှာ ရုတ်တရတ် သူ၏ကိုယ်မှ ပေါက်ကွဲထွက်လာ၏။
ထိုစွမ်းအားမှာ အင်မတန်အားကောင်းလှချေ၏။ ၎င်းက သူ၏တုံ့ပြန်နိုင်မှု နှုန်းနှင့် သည်းခံမှုတို့ကိုပင် ကျော်လွန်နေပါ၏။
၎င်းနှင့်အတူ သူ၏ကိုယ်မှာ နေရာ၌ပင် လွင့်ပျံသွား၏။
ဖူးးး!
သူဟာ သွေးတစ်ပွက် ပြင်းပြင်းအန်ထုတ်လိုက်ကာ တိုက်ခိုက်လိုက်သူအား မယုံကြည်နိုင်စွာကြည့်လိုက်၏!
"ထုံးထျန်း၊ မင်းရူးနေလား? ရူးနေတာလားလို့?"
ထုံးထျန်းမှာ သူ၏လက်ကို တဖြေးဖြေးပြန်ရုတ်လျက် အေးစက်စွာကြည့်လိုက်၏။
"ငါမရူးဘူး။ အတော်လေး ဉာဏ်ကောင်းတာပါ။"
"မင်းတို့ကောင်တွေက ငါ့ကိုနှစ်ပေါင်းများစွာလှည့်ဖျားခဲ့တာ။ ငါက အခုမှ နည်းနည်းလောက်စိတ်ဝင်စားခံရတာ မဟုတ်လား?"
"သုံးလောကကို မင်းတို့လိုစက်ဆုပ်စရာလူတွေက အချိန်တော်တော်ကြာ ထိန်းချုပ်ခဲ့ကြတယ်! အခုက ငါတို့အနေနဲ့ သခင်အမှန်ကို ပြန်ပြောင်းပေးရမယ့်အချိန်ပဲ။"
"ပြီးတော့ အဲ့ဒီသခင်က ပန်ဂုပဲ!"
"မင်းကိုယ်မင်းခုထိ မရူးဘူးလို့ ပြောနေသေးတာလား? လုရှောင်ယန်သာနိုင်ရင် သူက မင်းကိုသေချာပေါက် ဝါးမြိုလိုက်မှာပဲ! သူက ပန်ဂုဝင်စားသူဖြစ်ပြီး မင်းက ပန်ဂုရဲ့ အနှစ်သာရဝိဉာဉ်ထဲကတစ်ခုပဲ။ မင်းက သူ့ရဲ့အာဟာရလေးပဲဖြစ်လာလိမ့်မယ်။ ဒါကိုမသိဘူးလား?"
"ဒါကပဲ ငါမင်းတို့နဲ့ရင်ဆိုင်ရမယ်ဆိုတာကို တိတိကျကျသိသွားစေတာ။"
"ငါက သူ့ရဲ့အနှစ်သာရဝိဉာဉ်။ ဘာလို့ ငါကသူနဲ့ရင်ဆိုင်ဖို့ တခြားလူတွေကိုကူညီရမှာလဲ? ငါ့ကို သူဝါးမြိုလိုက်ရင်တောင် ငါသူနဲ့ ထပ်ပြီးပေါင်းစပ်ရုံပဲလေ။"
"ငါက ကြီးမြတ်တဲ့ပန်ဂုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာလိမ့်မယ်။"
"မင်းတို့နဲ့သာနေရင် ဟုန်ကျွင်းက ငါ့ကို သူမပျော်တဲ့ဘယ်အချိန်မဆို သတ်လိုက်နိုင်တယ်။"
"ဒီလိုဆိုမှတော့ ငါကဘာလို့သူနဲ့ပေါင်းစပ်လိုက်ဖို့ကိုပဲ မရွေးရမှာလဲ?"
"သောက်ရူးကောင်! မင်းကတကယ်ကို သောက်ရူးကောင်ပဲ!"
ကျွင်းတိမှာ ထပ်ခါထပ်ခါ ဆဲရေးလျက် ထုံးထျန်းမှာမူ လုရှောင်ယန်ကိုကြည့်လိုက်၏။
"ထုံးထျန်း၊ ကျေးဇူးပြုပြီး မင်းရဲ့မူလကိုယ်ဆီပြန်လာပြီး ဧကရာဇ်ပန်ဂုရဲ့ အနှစ်သာရဝိဉာဉ်ကို ပြန်တည်ဆောက်ပေးပါ!"
***