အခန်း (၄၆၆-၄၇၀)
Vol. 32 Ch. 466-470
အပိုင်း ၄၆၆ ရှုပ်ထွေးသောအခြေအနေ၊ သူတော်စင်များ အသိအမှတ်ပြုမှုအတွက် တိုက်ခိုက်ခြင်း
ရွှေရောင်အောက်ကျွန်းမှာ ဗလာကျင်းနေရာ လုရှောင်ယန်၊ ယွင်လီကောနှင့် အတူတကွကျင့်ကြံနေကြသည့် တပည့်အချို့သာ ကျန်ရှိနေခဲ့ကြ၏။
သို့သော် ထိုအချိန်တွင် ရွှေရောင်အလင်းတစ်ပြမှာ ရွှေရောင်အောက်ကျွန်းထက်သို့ တိတ်တဆိတ်ဆင်းသက်လာ၏။
တစ်ဖက်လူဆင်းသက်လာသည်နှင့် လုရှောင်ယန်မှာ သူမအား ချက်ချင်းအာရုံမိလိုက်သည်။
သူဟာ ချက်ချင်းပင် သူ၏ကိုယ်ပွားထံကျင့်ကြံခြင်းကို လွှဲပြောင်းလျက်ကာ တစ်ဖက်လူရှေ့မှောက်သို့ နေရာရွှေ့ပြောင်းသွားလိုက်၏။
"ရှားရှားပါးပါးဧည့်သည်ပါလား! ရှားပါးပါးဧည့်သည်ပဲ! ဘာကြောင့် ဂုဏ်သရေရှိသူတော်စင်နွီဝါးက ရုတ်တရတ်ကြီး ကျုပ်ဆီလာဖို့ အချိန်ရသွားတာလဲ?"
ရောက်လာသည့်လူမှာ လူသားမျိုးနွယ်၏မိခင် သူတော်စင်နွီဝါးမှလွဲ၍ အခြားမရှိချေ!
လုရှောင်ယန်မှာ နွီဝါးအားတစ်ဖန်မြင်ရခြင်းအတွက် အတန်ငယ်အံ့အားသင့်နေဆဲပါပင်။
မတတ်နိုင်ပါချေ။ သူမဟာ လူသားမျိုးနွယ်အား ဖန်တီးထားခြင်းကြောင့် သူမ၏မျက်နှာတွင် ထူးခြားသောခံစားချက်ရှိသည့် လူသားမျက်လုံးများရှိနေခြင်းဖြစ်နိုင်သည်။
ထိုခံစားချက်မှာ သူ့အား ကိစ္စအချို့ကိုပင် စိတ်ကူးမိသွားစေ၏။
မှန်ပါသည်၊ လုရှောင်ယန်မှာ ထိုမျှလောက် မဆိုးရွားချေ။ ၎င်းမှာ သူ့ကိုယ်၏ထင်ထင်ရှားရှားတုန့်ပြန်မှုသာဖြစ်၏။ ထိုသည်သာ အခြားယောက်ျားဖြစ်ပါလျှင် ၎င်းတို့မှာ နွီဝါးအကြောင်း မကောင်းသည်များသာရှိလိမ့်မည်ဖြစ်ကာ ၎င်းမှာ ထိုသူတို့က သန်မာနေခြင်းကြောင့်တော့လုံးဝမဟုတ်ပါချေ။ ၎င်းက နွီဝါးမှာ ၎င်းတို့၏ဗီဇများထဲတွင် တစ်စုံတရာထည့်သွင်းထားခဲ့ခြင်းကြောင့်ဖြစ်နိုင်သ်ည်။
နွီဝါးမှာ လုရှောင်ယန်အားစက္ကန့်အချို့ကြာသည်အထိ စိုက်ကြည့်နေရာ စကားမဆိုပါချေ။
အချိန်ကြာပြီးနောက်မှ သူမဟာပြောလိုက်၏။
"မင်းက အရမ်းထင်ပေါ်နေတယ်။"
"ဘာလို့ဒီလိုပြောရတာလဲ?"
"မင်းက သူတော်စင်ဖြစ်လာကာစမှာပဲ ကောင်းကင်ဘုံခုံရုံးကို ဖျက်ဆီးရဲတယ်လေ။ မင်းအနေနဲ့ အခြားသူတော်စင်တွေ မင်းကိုတိုက်ခိုက်ဖို့ အတူတူပူးပေါင်းသွားကြမှာကို မကြောက်ဘူးလား?"
လုရှောင်ယန်မှာ တည်တည်ငြိမ်ငြိမ်ပြုံးလိုက်၏။
"ကောင်းကင်ဘုံခုံရုံးက သူတော်စင်တချို့ကြောင့်ပဲ ကျုပ်ကို ဒုက္ခပေးနေတာလေ။ မဟုတ်ရင် ဟောက်ထျန်းက ဒီလိုလုပ်ဖို့ သတ္တိရှိမှာမဟုတ်ဘူး။"
"သူတို့ ကျုပ်ကိုတိုက်ခိုက်နိုင်နေမှတော့၊ ကျုပ်ကဘာလို့ သူတို့နဲ့ မရင်ဆိုင်နိုင်ရမှာလဲ?"
နွီဝါးမှာ သူ့အား စက္ကန့်အနည်းငယ်ကြာ ထပ်မံကြည့်ရှုလိုက်ကာ သူမ၏ နှုတ်ခမ်းနီနီလေးများအား ဖွင့်ဟလိုက်သည်။
"မင်းကို အရမ်းယုံကြည်မှုရှိစေတဲ့အရာကို သိချင်မိတယ်။"
လုရှောင်ယန်မှာ သူ့မအား အဖြေမပေးဘဲ ပြုံးသာပြလိုက်၏။
"ဒါနဲ့ ခင်ဗျားကျုပ်ဆီက ဘာလိုချင်လို့လဲ?"
နွီဝါးမှာ အသက်ပြင်းပြင်းရှူကာ ချက်ချင်းပြောလိုက်၏။
"မင်းက ငါ ထွင်းဖောက်မမြင်နိုင်တဲ့လူတစ်ယောက်ပဲ။ ငါလည်း မင်းကို လူသားခန္ဓာနဲ့ သူတော်စင်ဖြစ်လာနိုင်မယ်လို့ ထင်မထားခဲ့ဘူး။"
"ဒါပေမယ့် ငါသိတာတစ်ခုတော့ရှိတယ်။ မင်းသာကောင်းကင်ဘုံခုံရုံးကိုတိုက်ခိုက်ရင် အခြားသူတော်စင်တွေကိုပါ သေချာပေါက်တိုက်ခိုက်ရလိမ့်မယ်။ မင်းမှာ မဟာမိတ်တစ်ယောက်လိုလိမ့်မယ်။"
"မင်းရဲ့ လူသားတစ်ယောက်အနေနဲ့ အတားအဆီးကနေကျော်ဖြတ်ပြီး သူတော်စင်ဖြစ်လာနိုင်တဲ့ လျှို့ဝှက်ချက်ကို ပြောပြနိုင်ရင် ငါမင်းနဲ့ မဟာမိတ်ဖွဲ့ပြီး တခြားသူတော်စင်တွေနဲ့ရင်ဆိုင်ရာမှာ ကူညီပေးမယ်။"
လုရှောင်ယန်မှာ တစ်ခဏမျှ တိတ်ဆိတ်နေပြီးမှ စကားဆက်လိုက်၏။
"ခင်ဗျားက ဒါကို မီးတိမ်တိုက်ဂူရဲ့သူတော်စင်သုံးဦးအတွက် လုပ်နေတာလား?"
နွီဝါးမှာ ခေါင်းငြိမ့်ကာ များများစားစားမဖုံးကွယ်ထားပါချေ။
ပြောရလျှင် မီးတိမ်တိုက်ဂူ၏ သူတော်စင်သုံးဦးအတွက်သာမဟုတ်ပါက သူမဟာ ဒီနေ့ လုရှောင်ယန်ကို လာရှာလိမ့်မည်မဟုတ်ချေ။
ယခင်က လုရှောင်ယန်သူတော်စင်ဖြစ်လာသည်ကိုသိချိန်တွင် လုရှောင်ယန်၏ လျှို့ဝှက်ချက်ကို တိမ်တိုက်ဂူ၏သူတော်စင်သုံးဦးအား ကယ်ဆယ်ရန် လဲလှယ်ချင်နေခဲ့တာဖြစ်သည်။
၎င်းမှာ မီးတိမ်တိုက်ဂူ၏ သူတော်စင်သုံးဦးအနက် ဖူရှီးမှာ သူမ၏အစ်ကိုဖြစ်ခြင်းကြောင့်ပင်!
သူမဟာ သူမ၏အစ်ကိုရင်းက မီးတိမ်တိုက်ဂူအတွင်းတွင် လူသားမျိုးနွယ်၏ ကံကိုဖိနှိပ်ရန် ဖမ်းချုပ်ခံထားရသည်ကို မကြည့်နိုင်ပါချေ။
လွန်ခဲ့သည့် နှစ်သောင်းချီအတွင်း သူမဟာ သူမ၏အစ်ကို လွတ်မြောက်ရေးအတွက် အရာအားလုံးကိုကြိုးစားကြည့်ခဲ့သော်လည်း အကူအညီမဲ့နေဆဲပင်ဖြစ်၏။
၎င်းမှာ လုရှောင်ယန်နှင့် မတွေ့ခင်ဖြစ်ခဲ့ပြီး နောက်တွင်မူ လူသားဂျူနီယာသည်လည်း တကယ်ကိုပင် ဟုန်ကျွင်း၏အတားအဆီးမှ ကျော်ဖြတ်နိုင်ကာ သူတော်စင်ဖြစ်လာခဲ့သည်ပင်!
နှစ်သောင်းချီကြာပြီး ပထမဆုံးအဖြစ် သူမဟာ မျှော်လင့်ချက်ကိုတွေ့လိုက်ရသည်။
မဟုတ်ပါက သူမဟာ ဤအချိန်၌ လုရှောင်ယန်အား လာရှာမည်မဟုတ်ချေ။
ယခင်က လုရှောင်ယန်မှာ သူတော်စင်ဖြစ်ကာစဖြစ်ကာ ကောင်းစွာ လုပ်ဆောင်နေခဲ့သည်။ သူမဟာ လုရှောင်ယန်နှင့် ညှိနှိုင်းရန် အခွင့်အရေးမရှိခဲ့ချေ။
သို့သော် အခုအားလုံးအဆင်ပြေသွားပြီဖြစ်၏။
လုရှောင်ယန်နှင့် အခြားသူတော်စင်ဟောင်းများအကြားရှိ ပြဿနာမှာ အားကောင်းလာခဲ့ပြီပင်။ သူမဟာ ထိုအခွင့်အရေးကို လုရှောင်ယန်အား သူမနှင့် မဟာမိတ်ဖွဲ့ရန် ခြိမ်းခြောက်ရာ၌ အသုံးပြုနိုင်သွားသည်။
လုရှောင်ယန်မှာ သူတော်စင်အချို့နှင့် သေချာပေါက် တိုက်ခိုက်ရမည်ပင်။ ပြဿနာက ပို၍ ပို၍ ပြင်းထန်လာသည်နှင့် အမျှ စစ်ပွဲမှာ မတိမ်းရှောင်နိုင်သည်အထိဖြစ်လာရသည်။
သူဟာ အရူးမဟုတ်သရွေ့ အခြားသူတော်စင်များဟာ ပြိုင်ဘက်မဟုတ်ကြောင်းသိရမည်ဖြစ်ကာ သူမ၏ အကူညီကို သေချာပေါက်လိုအပ်မည်ပင်။
နွီဝါးမှာ ထိုညှိနှိုင်းမူအောင်မြင်ရန် လုံးဝယုံကြည်နေ၏!
ကံမကောင်းစွာဖြင့် လုရှောင်ယန်မှာ သူမ၏အမြင်ကိုနားမထောင်ဘဲ ထူးမခြားနားစွာသာ ပြန်ဖြေလိုက်သည်၊
"စိတ်မကောင်းပါဘူး၊ မင်းရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်၊ သူတော်စင်နွီဝါး။ ကံမကောင်းစွာနဲ့ဘဲ ကျုပ်က အခြားလူတွေနဲ့ မဟာမိတ်တွေဖွဲ့ဖို့အလိုမရှိပါဘူး။"
"မင်းဘာပြောလိုက်တယ်?"
နွီဝါးမှာ အံ့ဩဟန်ပေါ်သွားကာ သူမ၏အမူအရာတစ်ခုလုံးမှာလည်း မယုံကြည်နိုင်ဟန်ဖြင့် ပြည့်နေ၏။
သူမ၏ တောင်းဆိုမှုက အငြင်းခံလိုက်ရသည်တဲ့လား?
အမှားများပါသွားတာလား?
လုရှောင်ယန်က ရူးနေတာလား?
သူက စွမ်းအားကြီးတဲ့ သူတော်စင်ဟောင်းတွေနဲ့ ရင်ဆိုင်ရတော့မှာလေ!
ဒီလိုအချိန်မှာ သူက အကူအညီက သူ့ဘာသာတံခါးလာခေါက်တာတောင် မလိုချင်ဘူးတဲ့လား? ဘာတွေများတွေးနေတာလဲ?
တခဏကြာ တိတ်ဆိတ်ပြီးနောက်တွင် သူမဟာ ဆက်ပြောလိုက်၏။
"မင်း... မင်းငါ့ကိုမယုံလို့လား?"
လုရှောင်ယန်မှာ ခပ်ရေးရေးပြုံးလိုက်ကာ များများစားစားရှင်းပြမနေပါချေ။
"ဒီလိုမဟုတ်ပါဘူး။ ခင်ဗျားမဟာမိတ်ဖြစ်လာဖို့အတွက် သံသယမရှိပါဘူး။ ပြောရရင် ခင်ဗျားက ကျဲယင်နဲ့ ကျွင်းတိကိုမပြောနဲ့ဦး၊ မဟာအဓိပတိအကြီးအကဲမဟုတ်သလို ရှေးဟောင်းကောင်းကင်အဓိပတိလည်းမဟုတ်ဘူးလေ။ ခင်ဗျားက ဒီလောက်အရှက်မမဲ့တာကို ယုံပါတယ်။"
"ဒါဆို ဘာလို့လဲ?"
"ကျုပ်အနေနဲ့ အကြောင်းပြချက်ပေးရမယ်ဆိုရင်၊ ဒါက... ခင်ဗျားရဲ့ အခြေနေတွေက မထူးခြားလို့ပဲ။ အနည်းဆုံးတော့ ခင်ဗျားလိုချင်တဲ့ အဖြေနဲ့ လဲလှယ်ဖို့အတွက် ကောင်းကောင်းမလုံလောက်သေးဘူး။"
“အမှန်ပဲ၊ ခင်ဗျားလည်း ကျုပ်ရဲ့အဖြေကို ကျေနပ်မှာမဟုတ်လောက်ဘူး။ ခင်ဗျားသွားသင့်ပြီ။"
လုရှောင်ယန်မှာ သူမကို ထွက်ခွာရန် ထပ်ပြောလိုက်ရာ နွီဝါးမှာ တစ်ဖန်တိတ်ဆိတ်သွားပြန်၏။
သူမဟာ လုရှောင်ယန်အား အသေအချာစိုက်ကြည့်လိုက်ကာ လုရှောင်ယန်၏ အကြည့်မှ တစ်စုံတရာကို သိရှိလို့နေသလိုပါပင်။
ကံမကောင်းစွာဖြင့် လုရှောင်ယန်၏အကြည့်မှာ အင်မတန်ရှင်းလင်းနေကာ မည်သည့်ကြောင်သူတော်ဆန်မှုမှလည်း ပါဝင်မနေပါချေ။
ထိုသည်က သူဟာ သူမ၏မဟာမိတ်ဖြစ်ရန် တကယ်စိတ်မဝင်စားသည်ကိုပြနေ၏။
အချိန်ကြာတိတ်ဆိတ်နေပြီးနောက်၌ နွီဝါးမှာ လက်သီးများကိုတစ်ဖန်ဆုပ်လိုက်လျက် လုရှောင်ယန်အား လေးနက်စွာကြည့်ရှုလိုက်သည်။
"မင်းသာ မီးတိမ်တိုက်ဂူရဲ့သူတော်စင်သုံးဦးကိုကယ်ဖို့ကူညီပေးရင် ငါမင်းကိုလက်ထပ်ပါ့မယ်!"
လုရှောင်ယန်မှာ ထိုသို့သော ထိတ်လန့်ဖွယ်စကားလုံးများအား နွီဝါးထံမှကြားလိုက်ရသည်တွင် အတန်ငယ်အံ့အားသင့် ထိတ်လန့်သွားရသည်။
ထိုမိန်းမမှာ အနည်းငယ်ရက်စက်လှသည်။ ဤလောကရှိ မိန်းမများမှာ ယောက်ျားများထက်ပို၍ ကြောက်မက်ဖွယ်ကောင်းသည်က အံ့ဩစရာမဟုတ်တော့ချေ။ ၎င်းက လူသားမျိုးနွယ်ဘိုးဘေး နွီဝါးမှာလည်း ရက်စက်သောမိန်းမဖြစ်ခြင်းကြောင့်ပင်။
တစ်ဖက်လူမှာ တကယ်ကို ရက်စက်လှ၏။
သူမဟာ တကယ်ကိုပင် ဂုဏ်သရေရှိသူတော်စင်ခန္ဓာရှိသော်လည်း သူ့အားလက်ထပ်ချင်နေသေးသည်။
ဒါက သူမက အနေထားအမျိုးမျိုးမှာ သူ့အတွက် ဘောလုံးအသင်းတစ်သင်းထောင်လို့ရတဲ့အထိ ကလေး ရှစ်ယောက်၊ ဆယ်ယောက်လောက်မွေးပေးဖို့ ကူညီမယ်လို့ ပြောနေတာမဟုတ်ဘူးလား?
ဝိုး... ထိုသို့တွေးခြင်းကပင် သူ့အားစိတ်လှုပ်ရှားစေ၏!
နွီဝါး၏နှုတ်ခမ်းစွန်းများကွေးတက်သွားသည်။ သူမဟာ သူမကိုယ်သူမ အင်မတန်ယုံကြည်ချက်ရှိပါ၏။ သူမဟာ လူသားမျိုးနွယ်၏မိခင်ဖြစ်ကာ သူတော်စင်လည်းဖြစ်၏။ လုရှောင်ယန်မှာလည်း သူတော်စင်ဖြစ်နေပါလျှင်တောင် သူဟာ ငြင်းဆန်ဖို့ဆန္ဒရှိလိမ့်မည်မဟုတ်ပါချေ!
ထိုသည်က ထိုသူတော်စင်အဆင့်ပညာရှင်များအား ခုခံရန်ကူညီမည်မှာ မဟာမိတ်မဟုတ်တော့ပါချေ။ ပိုအရေးကြီးသည်မှာ သူတော်စင်ပဉ္စမအဆင့်အနေဖြင့် သူမဟာ တစ်ဖက်လူ၏ ဇနီး၊ အိမ်ရှင်မဖြစ်လာလိမ့်မည်ပင်။
ထို့အပြင် သူမ၏ကုသိုလ်တစ်ပိုင်းကိုလည်း တစ်ဖက်လူက သူမ၏လင်ယောက်ျားဖြစ်လာခြင်းကြောင့်ယူဆောင်ရမည်ပင်။
ထိုသည်က နှစ်သောင်းချီကျော်ကြာအောင် လေ့ကျင့်ခဲ့လျှင်တောင် မကျင့်ကြံနိုင်သည့် ပစ္စည်းကောင်းလေးတစ်ခုပင်ဖြစ်၏။
သုံးလောကရှိ လူများစွာတွင် သူ့အား မနာလိုသည့်သူပင် ရှိမှာမဟုတ်နိုင်ချေ!
ရှေးဟောင်းကောင်းကင်အဓိပတိ၊ ကျဲယင်၊ ကျွင်းတိနှင့်အခြားသူတော်စင်များသည်ပင် သူမအား ကြည့်လိုက်ချိန်တိုင်း သူမ၏ကုသိုလ်ကို တပ်မက်ကြလိမ့်မည်ပင်!
မူလက နွီဝါးမှာ ထိုသို့လုပ်ရန် မဖြစ်နိုင်ချေ။
သို့သော် သူမမှာ ရွေးစရာမရှိပါချေ။
သူမဟာ သူမ၏အစ်ကို,ကိုကယ်ရမည်ဖြစ်ကာ မီးတိမ်တိုက်ဂူ၏ ထာဝရအတားအဆီးမှ လွတ်မြောက်ရန် ကူညီရချေမည်ပင်!
ထိုအတွက် လုရှောင်ယန်အား လက်ထပ်ရန် ထိုက်တန်ပါ၏။
ထို့အပြင် သူမဟာ များစွာခံစားရလိမ့်မည်လည်းမဟုတ်ချေ။
ပထမဦးစွာ လုရှောင်ယန်မှာလည်း သူတော်စင်ဖြစ်ကာ ကျင့်ကြံဆင့်ကမနိမ့်ပါချေ။
ချိန်းတွေ့ရန်လည်း မကြာခင်က အောင်မြင်သွားခဲ့သည့် အနောက်ဘက် စိတ်ဝိဉာဉ်တောင်မှ ဂေါတမဗုဒ္ဓအပါအဝင် လောကတွင် သူတော်စင်ရှစ်ဦးသာရှိသည်!
သူတော်စင်တိုင်းမှာ သူတော်စင်ပထမအဆင့်တွင် ရှိနေပါလျှင်တောင် ၎င်းက ထရီလီယံထဲမှ တစ်ဦးသာဖြစ်၏။ ၎င်းတို့မှာ လေးစားရန်ပင် ထိုက်တန်ချေ၏။
ဒုတိယအနေဖြင့် လုရှောင်ယန်မှာ တကယ်ကိုအင်မတန်ခန့်ငြားလှချေ၏။
နွီဝါးမှာ ထိုသည်ကိုဝန်ခံပါ၏။
သူမဟာ လူသားများစွာကို ဖန်ဆင်းခဲ့ပါသော်လည်း လုရှောင်ယန်၏ သွင်ပြင်မှာ သူမဖန်ဆင်းခဲ့ဖူးသည်ကို ကျော်လွန်နေဟန်ပေါ်သည်။ ၎င်းက အင်မတန်မြင့်မားလှသော အဆင့်ကိုပင် ရောက်ရှိနေပါ၏။
သူမဟာ ထိုသည်က မည်သည့်အဆင့်ကိုပင် တိတိကျကျမပြောနိုင်ပါချေ။ အတိုချုံးရလျှင် တစ်ဖက်လူမှာ အင်မတန်ခန့်ငြားလှပေ၏။ သူမဟာ သူတော်စင်တစ်ဦးဖြစ်နေပါလျှင်တောင် မိန်းမတစ်ယောက်၏ ရှုထောင့်မှ သုံးလောကရှိ လူများစွာတွင် လုရှောင်ယန်၏သွင်ပြင်အား ယှဉ်နိုင်မည့် လူများစွာမရှိချေ။
ကံမကောင်းစွာဖြင့် သူမဟာ အောင်မြင်မှုအား တွေးနေချိန်တွင် လုရှောင်ယန်မှာ ချက်ချင်းငြင်းဆိုလိုက်၏။
"မေ့လိုက်ပါ။"
"ဟမ်?"
နွီဝါးမှာ တမုဟုတ်ချင်းကြောင်အမ်းသွားကာ အတန်ငယ်ဆုံးရှုံးသွားသယောင်ပင်။
သူမတကယ်ကြီးအငြင်းခံလိုက်ရတာလား?
အမှားတစ်ခုခုရှိလို့လား?
လုရှောင်ယန်က သူမကိုတကယ်ကြီးငြင်းလိုက်သည်လား?
သူမဟာ လုရှောင်ယန်နှင့် မဟာမိတ်ဖွဲ့ရန်ပင် ကမ်းလှမ်းနေခြင်းမဟုတ်ပါချေ။ ဒီတစ်ခေါက်တွင် လက်ထပ်ခြင်းမဟာမိတ်အဖြစ် တောင်းဆိုနေခြင်းဖြစ်၏!
၎င်းတို့မှာ ဂုဏ်သိက္ခာနှင့် ကျက်သရေတို့ကို ဝေမျှမည့် စုလျားရစ်ပတ်မှုဖြစ်လာမည်မှာအသေအချာပင်။
သူမဟာ သူတော်စင်ဟောင်းဖြစ်သည်။ သူမဟာ သူ့အား အသိအမှတ်ပြုခြင်းကြောင့်သာ လက်ထပ်ရန် သဘောတူခြင်းဖြစ်၏။
အဆုံးတွင် ထိုကောင်လေးမှာ တကယ်ကြီးငြင်းလိုက်သည်ပင်!
သူရူးနေတာလား?
အရူးတစ်ယောက်သည်ပင် ထိုမျှ မိုက်မဲသည့် ဆုံးဖြတ်ချက်ကိုချမှာမဟုတ်ပါချေ! သို့သော် ပြောရလျှင် လုရှောင်ယန်မှာ နွီဝါးက ကြည့်ရဆိုးသည်ဟု မခံစားရသော်လည်း သူမဟာ ကြည့်ကောင်းရုံသာဖြစ်သည်။
စွမ်းအားအရာတွင် သူက ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ရွှေရောင်အမတဖြစ်နေပြီပင်။ ထို့ထက်မြင့်သော အဆင့်ရှိမရှိ မည်သူကသိမည်နည်း?
နှိုင်းစာရလျှင် နွီဝါးမှာ အဆင့်ငါးသူတော်စင်လေးမျှသာဖြစ်သည်။
သူဟာ နွီဝါးအားလက်ထပ်ပါလျှင် ဆိုးကျိုးသာရလိမ့်မည်။ ပြောရလျှင် နွီဝါးကသာ သူ့ဆီက အမြတ်ထုတ်နေခြင်းပင်။
တစ်ဖက်တွင် နွီဝါးမှာ သူ့အား နှစ်သက်ခြင်းကြောင့်လက်ထပ်လိုခြင်းမဟုတ်ပါချေ။ သူမဟာ သူ၏အစ်ကို မီးတိမ်တိုက်ဂူ၏အတားအဆီးမှ လွတ်မြောက်ရန် သူ့အား ကူညီလိုစေခြင်းကြောင့်သာ ဖြစ်၏။
တစ်ဖက်လူ၏ စွမ်းအားကိုဘေးဖယ်ထားလျှင် လုရှောင်ယန်မှာ အနည်းဆုံး သူ့အား တကယ်နှစ်သက်သူကိုသာ လက်ထက်လိုက်မည်။
သူ့အား ဆန့်ကျင်လောက်မည့် ဖြစ်တည်မှုအား မည်သို့လက်ထပ်နိုင်ပါမည်နည်း?
"မင်းဘာပြောနေသလဲကို မင်းသိရဲ့လား?"
နွီဝါး၏အမူအရာမှာ အတန်ငယ်အေးစက်နေပေသည်။
လုရှောင်ယန်မှာခေါင်းငြိမ့်လိုက်၏။
"ဒါပေါ့ ကျုပ်သိပါတယ်။"
နွီဝါးမှာ လက်သီးများကို တင်းတင်းဆုပ်ထားလိုက်သည်။ သူမလိုမျိုး ဂုဏ်သရေရှိသူတော်စင်နွီဝါးမှာ လက်ထပ်ခွင့်ကို ဦးစွာတောင်းခဲ့ပါသော်လည်း တကယ်ကြီးအငြင်းခံခဲ့ရပေ၏!
ပျက်ရယ်ပြုခံရမှုကြီးက သူမ၏ လက်သည်းများကို အသားတွင်းသို့ ခပ်နက်နက်နစ်ဝင်သွားစေတော့သည်။
"မင်း!"
သို့သော် သူမ တစ်စုံတရာကိုပြောလုဆဲဆဲတွင် နောက်ထပ်ရင်းနှီးနေသောအသံမှာ သူမနားတွင်းသို့ တိတ်တဆိတ်ဝင်ရောက်လာခဲ့၏။
"အာ, အစ်မနွီဝါးလည်း ဒီကိုရောက်နေတာလား?"
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၃၂။ အပိုင်း ၄၆၇ ကောင်းကင်ဘုံခုံရုံးကို ဖြိုခွဲခြင်း၊ သုံးလောကအား ထိတ်လန့်စေမှု
"မင်းပါလား!"
နွီဝါး၏အမူအရာမှာ ချက်ချင်းပြောင်းလဲသွား၏။ သူမဟာတစ်ဖက်လှည့်လျက် ထိုလူအားကြည့်ကာ မျက်လုံးများက မရုံနိုင်မှုဖြင့် ပြည့်နှက်သွား၏။
သူမဟာ ဟိုတုက ထိုရွှေရောင်အောက်ကျွန်းသို့လာမည်ဟု ဘယ်တုန်းကမှထင်မထားခဲ့ချေ!
သူမနှင့် ဟိုတုတို့အား မိတ်ဆွေဟောင်းတို့အဖြစ်သတ်မှတ်နိုင်၏။
ပြောရလျှင် ၎င်းတို့၏ဂုဏ်ပုဒ်များမှာလည်း ဆင်တူကြလေသည်။
ဟိုတုမှာ သူတော်စင်မဟုတ်သေးပါသော်လည်း သူမထံ၌ သုံးလောကအတွက် ကုသိုလ်ကြီးတစ်ခုရှိနေဆဲပင်။
ထို့ကြောင့် သူမ၏ကျင့်ကြံဆင့်မှာလည်း သူတော်စင်နှင့်နှိုင်းယှဉ်နိုင်၏။
ရှင်းရှင်းပြောရလျှင် သုံးလောက၌ နွီဝါးနှင့် ယှဉ်ရန် အရည်အချင်းမီလောက်မည့် မိန်းမတစ်ဦးရှိပါလျှင် ၎င်းမှာ သံသယဝင်စရာမလိုလောက်အောင် ဟိုတုဖြစ်ပေမည်!
သုံးလောကတစ်ခွင်တွင် ဟိုတုကသာလျှင် သူမအား ခေါင်းမော့ကာယှဉ်ပြိုင်နိုင်မည်ဖြစ်ကာ အခွင့်လည်း မရမည်မဟုတ်ချေ။ ၎င်းမှာ စွမ်းအားအရာ၊ သို့မဟုတ် အသွင်အပြင်နှင့် အရှိန်အဝါတို့ပါ ပါဝင်လေ၏!
နွီဝါးမှာ လက်သီးခပ်ဖွဖွဆုပ်လိုက်သည်။
သူမဟာ လုရှောင်ယန်က အဘယ့်ကြောင့် သူမအားငြင်းဆိုခဲ့သည်ကို နားလည်သွား၏။
၎င်းကြောင့်ပါပင်။ သူ့ထံတွင် သူမနှင့် ယှဉ်နိုင်မည့် မိန်းမတစ်ဦးရှိနေခြင်းကြောင့်ပင်ဖြစ်၏။
သို့သော် ရယ်စရာကောင်းသည်မှာ သူမက လုရှောင်ယန်နှင့် အလဲအထပ်လုပ်ရန် လာရောက်ဆွေးနွေးခဲ့ခြင်းပင်!
ဤသည်က တကယ်ကိုရယ်စရာကောင်းလှချေ၏။
အသက်ပြင်းစွာရှူလိုက်ပြီး နွီဝါးဟာ မျက်လုံးများကိုမှိတ်လိုက်သည်။
သူမဟာ လုရှောင်ယန်အား အခွဲခံထားရသည့် လူသားဧကရာဇ်သုံးဦးအား ကယ်ဆယ်ရန် အသုံးပြုချင်ခဲ့သည်အား သိပါ၏။
ယနေ့တွင် သူမဟာ ကြေကွဲဖွယ်ရှုံးနိမ့်ခြင်းကို ခံစားခဲ့ရသည်။
"မင်းမှာ ညီမလေးဟိုတုရဲ့အထောက်အပံ့ရှိနေခဲ့မယ်လို့ထင်မထားခဲ့ဘူး။ လုရှောင်ယန်၊ မင်းကတကယ်ကို ကောင်းကောင်းဖုံးထားခဲ့တာပဲ။ အရမ်းကိုတော်လှပါပေတယ်။"
လုရှောင်ယန်မှာ ပခုံးတွန့်လိုက်၏။
"ဒါတော့ ဒါပေါ့။ ဘယ်သူက ဒီနေ့တွေမှာ မဟာမိတ်တွေ များများပိုမရှာကြလို့လဲ?"
"ဒီလိုဆိုရင်၊ မင်းကဘာလို့ ငါ့ဆီ အစတည်းကမလာခဲ့တာလဲ? မင်းကလူသားဖြစ်ပြီး ငါဖန်ဆင်းထားခဲ့တာလေ။"
နွီဝါး၏အသံမှာ အေးစက်လာ၏။ ရှင်းလင်းစွာပင် ထိုအခိုက်၌ သူမဟာ လုရှောင်ယန်အား နာကြည်းနေချေပြီပင်။
လုရှောင်ယန်မှာ မစိုးရိမ်နေပါချေ။ သူဟာ ခပ်ရေးရေးပြုံးလျက် ပြောလိုက်သည်။
"ကျုပ်ရှာချင်တဲ့လူရှာဖို့က ကျုပ်ရဲ့လွတ်လပ်မှုပါ!"
နွီဝါးမှာ လက်သီးများကိုဆုပ်လိုက်၏။
"ဒီလိုဆိုမှတော့ မင်းအနာဂတ်မှာ နောင်တမရဖို့ မျှော်လင့်မိပါတယ်။"
"ကျုပ်၊ လုရှောင်ယန်က ကျုပ်လုပ်တာကို ဘယ်တော့မှနောင်တမရဘူး။"
လုရှောင်ယန်၏ကွဲပြားနေသောစကားလုံးများက နွီဝါးအား မည်သည်ကိုမှ မဆိုနိုင်ဖြစ်သွားစေသည်။ နွီဝါးမှာ နှာခေါင်းရှုံ့လျက် လှည့်ထွက်သွားကာ ဟိုတုအား စကားတစ်ခွန်းပင်ပြောမသွားခဲ့ပါချေ။
နွီဝါးထွက်သွားသည်ကိုမြင်သော် ဟိုတုမှာ မနေနိုင်ဘဲ စနောက်လိုက်မိ၏။
"ကျွန်မ တစ်ယောက်ယောက်ရဲ့ အစီစဉ်ကိုများဖျက်မိသွားပြီလား?"
လုရှောင်ယန်မှာသူမအား ကြည့်လိုက်၏။
"ပေါက်ကရတွေ မပြောနဲ့တော့။ ဘာလို့ဒီကိုလာတာလဲ?"
"ဘာလို့လဲဟုတ်လား? နွီဝါးကျတော့ ရှင့်နေရာကိုလာနိုင်ပြီး၊ ကျွန်မကျတော့ လာလို့မရဘူးလား?"
"လာနောက်မနေနဲ့။ ကျုပ်ကိုဒီလိုအကြောင်းတွေမပြောနဲ့။ ဘာလို့ခင်ဗျား မြေအောက်လောကမှာ မနေတာလဲ? ဘာလို့ကျုပ်ကိုလာရှာရတာလဲ?"
ဟိုတုမျက်နှာထက်ရှိ ရွှတ်နောက်နောက်အမူအရာပျောက်ကွယ်သွားကာ လေးနက်ဟန်ကပေါ်လာ၏။
"ကျွန်မအနေနဲ့ ဘာဖြစ်တာလဲဆိုတာကို မေးဖို့ လာခဲ့တာပါ။ ဘာလို့ ရှင် ကောင်းကင်ဘုံခုံရုံးနဲ့ ရုတ်တရတ်ကြီး စတိုက်ရတာလဲ?"
"ကောင်းကင်ဘုံခုံရုံးကကျုပ်ကိုပြဿနာလာရှာချင်ပြီး နတ်စစ်သည်တစ်သိန်းလွှတ်လိုက်တယ်လေ။ ဒီကိစ္စနောက်မှာ သူတော်စင်တစ်ယောက်တော့ ရှိရမယ်။ ကျုပ်သာပြန်မတိုက်ခိုက်ရင် သူတို့က ပိုပြီးစည်းကျော်လာမှာပေါ့။"
"ဒါပေမယ့်လည်း ရှင်က ကောင်းကင်ဘုံခုံရုံးကိုတိုက်ရိုက်စစ်ကြေငြာလိုက်ရင် သူတော်စင်တွေကို တိုက်ခိုက်ရလိမ့်မှာပေါ့။ တစ်ချိန်တည်းမှာပဲ ဟုန်ကျွင်းကိုပါ တိုက်ခိုက်လာစေနိုင်တယ်လေ။"
"ဟုန်ကျွင်းအခုတိုက်ခိုက်ရင်ရော ဘာဖြစ်လဲ? ရှင့်မှာ ဟုန်ကျွင်းနဲ့ရင်ဆိုင်ဖို့ ယုံကြည်ချက်ရှိတယ်မဟုတ်လား?"
လုရှောင်ယန်မှာ ခေါင်းခါလိုက်သည်။
"ဒီအခြေနေကကျုပ်ကို ဦးဆုံးတိုက်ခိုက်ဖို့ တွန်းအားပေးခဲ့လို့ပါ။ ဟုန်ကျွင်းက ရွှေရောင်အောက်ကျွန်းကို ထပ်စစ်ဆေးနေပြန်ပြီလေ။ သူကတစ်ခုခုကိုခပ်ရေးရေးရှာတွေထားတယ်လို့ ကျုပ်သံသယဖြစ်မိတယ်။ ဆိုရိုးစကားလိုပေါ့၊ တောင်းပန်တယ်လို့ပြောဖို့ထက် လုံခြုံဖို့က ပိုကောင်းတယ်တဲ့။ ကျုပ်မှာ ရွေးစရာမရှိဘူး!"
ဟိုတုမှာ သက်ပြင်းဖျော့ဖျော့ချလိုက်သည်။
"ကြည့်ရတာတော့ သုံးလောကရဲ့ အပြောင်းအလဲကို ဒီတစ်ခေါက်တော့ မရှောင်လွှဲနိုင်လောက်တော့ဘူးထင်တယ်။"
"ဒါနဲ့၊ ပြောရရင် ဘာလို့မင်း ဒီတစ်ခေါက် ရွှေရောင်အောက်ကျွန်းကို ရုတ်တရတ်ကြီးလာရတာလဲ?"
ဟိုတုမှာ ချက်ချင်းပြန်ဖြေလိုက်၏။
"ကျွန်မ ယွင်လီကောရဲ့ဘဝအမှတ်အသားနဲ့ သတ်ဖြတ်ခြင်းလမ်းကြောင်း အကြောင်းသတင်းရှာတွေ့ထားတယ်။"
လုရှောင်ယန်၏မျက်လုံးများ တောက်ပသွား၏။
လီကော၏ယခင်ဘဝတွင် သူဟာ နတ်ဆိုးဘိုးဘေးရာဟူးဖြစ်ခဲ့သည်။ သူသာ ယခင်ဘဝ၏စွမ်းအားကို ပြန်ရနိုင်လျှင် ယခုဘဝ၏ စွမ်းအားနှင့်ဆိုပါက စွမ်းအားကြီးမားလွန်းလှသည့် ပညာရှင်ဖြစ်လာပေလိမ့်မည်!
ထိုသို့ဆိုလျှင် သူ၏ကျင့်ကြံခြင်းမှာ တစ်စိတ်တစ်ပိုင်းလောက် တိုးလာမည်ပင်။
ယွင်လီကော၏စွမ်းအားနှင့်ဆိုလျှင် ၎င်းက သူ့အား ဟုန်ကျွင်းကိုခုခံနိုင်ရန် ပိုမိုအဆင်ပြေစေလိမ့်မည်။
"ဘယ်နေရာမှာလဲ?"
လုရှောင်ယန်မှာ ချက်ချင်းမေးလိုက်သည်။
"ငရဲဘုံကိုးထပ်"
ဟိုတုမှာ တစ်လုံးချင်းစီပြောလိုက်၏။
"ငရဲဘုံကိုးထပ်?"
လုရှောင်ယန်မှာ မနေနိုင်ဘဲ မျက်မှောင်ကျုံ့လိုက်၏။
ဝမ့်ခိုက်လည်း ထိုငရဲဘုံကိုးထပ်မှာ သုံးလောကရှိ ဘိုးဘေးဟုန်ကျွင်း မထိန်းချုပ်ထားသောနေရာသုံးခုထဲတွင်တစ်ခုအပါအဝင်ဖြစ်သည်ဟု ပြောခဲ့သည်။
သို့သော် ယွင်လီကော၏ သတ်ဖြတ်ခြင်းတာအိုနှင့်ဘဝအမှတ်အသားမှာ ငရဲဘုံကိုးထပ်၌ ရှိမည်ဟာ ထင်မထားခဲ့ပါချေ။
သို့သော် ၎င်းအားဂရုတစိုက်တွေးပြီးနောက်တွင် သူဟာ အနည်းငယ်နားလည်သွား၏။
ပြောရလျှင် ရာဟူးနှင့်ဟုန်ကျွင်းတို့၏တိုက်ပွဲပြီးနောက်၌ ဟုန်ကျွင်းမှာ အောင်မြင်မှုကိုရရှိခဲ့သည်။ ဟုန်ကျွင်းမှာ တစ်လောကလုံးကိုပိုင်ဆိုင်သွားခဲ့၏။
ရာဟူးထံ၌ရွေးစရာမရှိခဲ့ချေ။ သူဟာ ကိုယ့်ဘာသာ ထွက်ခွာရပေမည်။
သုံးလောကတွင် ဟုန်ကျွင်းမရှာတွေ့နိုင်သော သုံးနေရာရှိခဲ့၏။
သူသာ ထိုသုံးနေရာထဲမှ တစ်နေရာကို မထွက်ပြေးခဲ့လျှင် မည်သည့်နေရာကို ထွက်ပြေးနိုင်မည်နည်း?
သို့သော် ငရဲဘုံကိုးထပ်မှာ အင်မတန်ဒုက္ခများလှသည်။
ငရဲဘုံကိုးထပ်တွင် တည်ရှိကြသော ပညာရှင်များမှာ ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ရွှေရောင်အမတအရှင်များပင် ကြောက်ရွံ့ရသော ဖြစ်တည်မှုများ ဖြစ်ကြဟန်တူသည်ဟုပင်!
ပိုအရေးပါသည်က ငရဲဘုံကိုးထပ်အား သွားရန် တစ်လမ်းသာရှိ၏။ ၎င်းမှာ ထိုလူ၏ကိုယ်အား ဖျက်ဆီးကာ အနှစ်သာရဝိဉာဉ်အား သွားလာရန် အသုံးပြုခြင်းပင်။
လူဘယ်လောက်များများကများ ထိုသို့သောအရာကိုလုပိနိုင်မည်နည်း?
လုရှောင်ယန်မှာ နားထင်များကိုခပ်ပြင်းပြင်းဖိပွတ်ကာ ချက်ချင်းစကားဆက်လိုက်၏။
"အခုတော့ ဒီကိစ္စကိုဘေးချိတ်ထားလိုက်ကြရအောင်။ လက်ရှိ တပည့်အားလုံးထဲမှာ ပုကျန်းနဲ့ထျန်းယွမ်ပဲ သူတို့ဘဝအမှတ်အသားကို ရှာမတွေ့သေးတာ။ သူတို့ဘဝအမှတ်အသားကိုရှာတွေ့တဲ့ထိ စောင့်ကြတာပေါ့။"
လုရှောင်ယန်မှာ ထိုနှစ်ဦး၏ဘဝအမှတ်အသားများအား ရှာတွေ့ပြီးနောက်တွင် ၎င်းတို့မှာ သူ၏ကျင့်ကြံဆင့်ကို များစွာတိုးမြင့်လာစေမည်အားသိလေ၏။
ထိုအခိုက်တွင် သူ၏ကျင့်ကြံဆင့်လည်းတိုးလာမည်ပင်။
ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ရွှေရောင်အမတအရှင်မှာ အင်မတန်စွမ်းအားကြီးလှသော်လည်း ထိုအဆင့်ထက်ပိုမြင့်သော ဖြစ်တည်မှုများရှိနေနိုင်ဆဲပင်!
သူသာ ထိုကျင့်ကြံဆင့်သို့ရောက်ရှိနိုင်လျှင် သူဟာ ငရဲဘုံကိုးထပ်သခင်နှင့် ရင်ဆိုင်နိုင်လိမ့်မည်ဟု မည်သူအာမခံနိုင်မည်နည်း?
သူဟာ ထိုဆန်းကြယ်လှသည့် ငရဲဘုံကိုးထပ်သခင်အား အနိုင်ယူနိုင်လိုက်သည်နှင့် လီကော၏ယခင်ဘဝစွမ်းအားနှင့် အမှတ်အသားကိုလုယူနိုင်မည်ဖြစ်ကာ လွယ်ကူသွားပေလိမ့်မည်။
ဟိုတုမှာ ခေါင်းငြိမ့်လိုက်သည်။
"ရှင့်မှာ ယုံကြည်ချက်ရှိတာ ကောင်းပါတယ်။ ဒီအချိန်မအတောအတွင်းမှာ လူတော်တော်များများသေရလိမ့်မယ်။ ကျွန်မလည်း သုံးလောကမှာကမောက်ကမတွေလုက်ဖို့ အခွင့်ကောင်းယူပြီး ဒုက္ခဖြစ်စေတာတွေကနေ ကာကွယ်ဖို့ မြေအောက်လောကကို အချိန်မီပြန်ရဦးမယ်။"
ဟိုတုမှာလည်း လှည့်ကာထွက်သွား၏။ လုရှောင်ယန်မှာ ကောင်းကင်ဘုံခုံရုံး၏ဦးတည်ရာကိုကြည့်လျက် မျက်လုံးများတွင် နက်နဲနေဟန်ကိုပြသနေသည်။
သူ့ထံ၌ ခံစားချက်မကောင်းမှုခပ်ရေးရေးရှိနေ၏။
သို့သော် သူဟာ ဘာဖြစ်နေမှန်းရှာမတွေ့နိုင်ချေ။
တစ်ချိန်တည်းတွင် တောင်ဘက်ကောင်းကင်ဂိတ်တံခါး၌။
လီကျင်းနှင့် နီကျားမှာ တောင်ဘက်ကောင်းကင်ဂိတ်တံခါးသို့ အလျင်အမြန် ပြန်ပြေးလာချိန်၌ သွေးများဖြင့် လွှမ်းနေသည်။
"ကောင်းကင်ဘုံခုံရုံးကို အနိုင်ယူခံလိုက်ရပြီ။ ရွှေရောင်အောက်ကျွန်းရဲ့တပည့်တွေတိုက်ခိုက်နေကြတယ်။ မြန်မြန်! ကောင်းကင်ဘုံခုံရုံးရဲ့အကာကွယ်အစီရင်တွေကို အသက်သွင်းလိုက်ကြတော့!"
ကောင်းကင်ဘုံခုံရုံးအား စောင့်ကြပ်နေကြသည့်ကောင်းကင်စစ်သည်များ၏အမူအရာမှာ အဖေနှင့်သားရောက်လာသည်ကိုမြင်သော် ဆိုးဆိုးရွားရွားပြောင်းလဲသွားကြ၏။ ၎င်းတို့မှာ သံသယပင်မထားဝံ့ဘဲ ချက်ချင်းပင် အကာကွယ်အစီရင်ကို အသက်သွင်းလိုက်ကြ၏။
လီကျင်းနှင့်နီကျား တောင်ဘက်ကောင်းကင်ဂိတ်တံခါးသို့ ဝင်ရောက်လိုက်ချိန်တွင် အကာအကွယ်အစီရင်ကြီး ဖြစ်ပေါ်လာတော့၏။
တခဏအကြာ၌ ရွှေရောင်အောက်ကျွန်း၏ တပည့်များမှာ တောင်ဘက်ကောင်းကင်ဘုံဂိတ်တံခါးကိုမှီလာသည်။ ကောင်းကင်စစ်သည်များမှာ အဖေနှင့်သားအား ဖြေသိမ့်ကာ ပြောလိုက်၏။
"ကောင်းကင်ဘုရင်၊ တတိယမင်းသား မပူပါနဲ့။ ဒီနေရာက ကောင်းကင်ဘုံခုံရုံးရဲ့အကာကွယ်အစီရင်နဲ့ဆိုရင် ဘယ်သူမှ ဝင်မလာနိုင်ပါဘူး!"
အဖေနှင့်သားမှာ စကားမပြောသော်လည်း မျက်လုံးများက လှောင်ပြုံးကိုထုတ်ဖော်နေကြသည်။
"ငတုံး၊ ငါတို့တွေ ကောင်းကင်ဘုံခုံရုံးရဲ့အကာကွယ်အစီရင်ရဲ့ အားနည်းချက်ကို သူတို့ဆီ လွှဲပေးပြီးတာကြာနေပြီ။ ငါတို့မင်းတို့ကို အစီရင်ဖွင့်ခိုင်းတာက ငါတို့ကိုစောင့်ကြည့်ပြီး ကောင်းကင်ဘုံခုံရုံးတစ်ခုလုံးဆီ သတင်းပို့မယ့်အချိန်မရတော့ဘဲ အချိန်ဆွဲထားနိုင်အောင်လို့ကွ။"
ထိုသည်က အဖေနှင့်သားဆုံးဖြတ်ခဲ့ကြသည့် အစီစဉ်လည်းဖြစ်ချေသည်။ ၎င်းတို့၏ ရာထူးများမှာ ထူးခြားကာ အသုံးဝင်နေဆဲပါပင်။ ၎င်းတို့မှာ ၎င်းတို့ကိုယ်၎င်းတို့ ထုတ်ဖော်လိုက်ရန်အတွက်ပင် မသင့်လျော်နေပါချေ။
ကောင်းကင်ဘုံခုံရုံးသို့ရောက်ရှိပြီးနောက်တွင် ၎င်းတို့မှာ လုပ်ချင်တာ လုပ်နိုင်သွားပြီပင်။
ကောင်းကင်ဘုံခုံရုံး၏ ကံကြမ္မာမှာမူ...
နှစ်ဦးသားမှာ ဂရုမစိုက်ချေ။ ၎င်းတို့မှာ ယခုတွင် လုရှောင်ယန်၏ငယ်သားများဖြစ်နေပြီပင်။
ရွှေရောင်အောက်ကျွန်း၏ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင် ၃၀၀၀မှာ တောင်ဘက်ကောင်းကင်ဂိတ်တံခါးရှေ့သို့ ရောက်ရှိနေပြီပင်။ ၎င်းတို့မှာ ထိုအစီအရင်အားမြင်သည်တွင် လုံးဝမရပ်တန့်ပါချေ။ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အချို့မှာ လက်တွင်းတွင် ဆက်နွယ်မှုမူလရတနာကိုဆွဲကိုင်လျက် ကျင့်စဉ်များကိုလှည့်ပတ်လိုက်ကြသည်။ တစ်ခဏအတွင်းတွင် ၎င်းတို့မှာ ကောင်းကင်ဘုံခုံရုံးအကာကွယ်အစီအရင်၏ အားနည်းချက်နေရာကို ရိုက်လိုက်ကြ၏။ ထိုကောင်းကင်စစ်သည်များနှင့် စစ်သူကြီးများမှာမထိန်းနိုင်ဘဲ ပျက်ရယ်ပြုလိုက်ကြသည်။
"မင်းတို့ကျဲကျောင်းတော်သားတွေက ငါတို့ကိုပြဿနာရှာချင်တယ်ပေါ့လေ? မင်းတို့ကိုမင်းတို့ အရမ်းအထင်ကြီးနေကြတာပဲ!"
"ပိုပြီးရယ်စရာကောင်းတာကတော့ကွာ သူတို့ကတကယ်ပဲ ကောင်းကင်ဘုံခုံရုံးရဲ့အစီအရင်ကို ချိုးဖြတ်ချင်ကြတာတဲ့!"
"ဘယ်သူက ဒီအစီရင်ကိုတည်ဆောက်ခဲ့လဲဆိုတာကိုရောသိရဲ့လား? ဒါအစီအရင်ကို ဧကရာဇ်ကိုးချန်ကိုယ်တိုင်ခင်းကျင်းခဲ့တာကွ! ဒါက သူတော်စင်တစ်ပိုင်းခင်းကျင်းခဲ့တဲ့ အစီအရင်ပဲ! သူတော်စင်တစ်ပိုင်းတစ်ယောက်ကပဲ ချိုးဖြတ်နိုင်တယ်!"
သို့သော် အားလုံးလှောင်ပြောင်နေချိန်၌ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များမှာ ဆက်နွယ်မှုမူလရတနာများဖြင့် တိုက်ခိုက်လိုက်ရာ တောင်ဘက်ကောင်းကင်ဂိတ်တံခါး၌ ပြင်းထန်စွာတုန်လှုပ်လာလျက် ပေါက်ကွဲမှုကြီးဖြစ်ပေါ်လာတော့သည်။
တစ်ခဏအတွင်း စွမ်းအားကြီးလှသော ပြင်းအားမှာ အညှာတာမဲ့စွာဖြင့် အားအနည်းဆုံးနေရာကို အက်ကွဲစေလိုက်သည်။
၎င်း အက်ကွဲသွားချိန်၌ ကောင်းကင်ဘုံခုံရုံး၏အကာကွယ်အစီအရင်တစ်ခုလုံးမှာ ထောက်ပံ့မှု ပျောက်ဆုံးသွားလျက် စတင်အက်ကွဲလာတော့သည်။
ထိုလှောင်ပြောင်နေခဲ့ကြသော ကောင်းကင်စစ်သည်များမှာ ချက်ချင်းကြောင်အမ်းသွားကြ၏။
ထိုအစီအရင်က ကျိုးပြတ်သွားသည်လား?
သူတို့အိပ်မက်များမက်နေတာလား?
ထိုသည်မှာ အင်ပါယာလေးဦးထဲမှ တစ်ဦးဖြစ်သည့် ဧကရာဇ်ကိုးချန်ထုတ်ဖော်ခဲ့သည် အစီအရင်ဖြစ်လေသည်ပင်!
ဒါက သူတော်စင်တစ်ပိုင်းထုတ်ဖော်ခဲ့တဲ့ အစီအရင်လေ။ ဘယ်လိုများ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်နည်းနည်းလေးကြောင့် ပျက်စီးသွားရတာလဲ?
၎င်းတို့မတုန့်ပြန်နိုင်ခင်မှာပင် ရွှေရောင်အောက်ကျွန်း၏ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များမှာ ဆင်းသက်လာပြီး တောင်ဘက်ကောင်းကင်ဂိတ်တံခါးအား ချိုးဖြတ်လိုက်သည်။
ဘုန်း! ဘုန်း!
ပေါက်ကွဲမှုများ အဆက်မပြတ်ထွက်လာ၏။ လျှပ်စီးများ ထပ်ခါ ထပ်ခါထွက်ပေါ်လာကာ တောက်ပနေသော အလင်းက ကောင်းကင်ဘုံခုံရုံးတစ်ခုလုံးကို လင်းထိန်နေစေသည်။
မရေတွက်နိုင်လောက်သော အမတအရှင်များမှာ ကြောက်ရွံ့ကာ ထွက်ပြေးကုန်ကြ၏။
လီကျင်းနှင့် နီကျားမှာလည်း မီးထဲသို့လောင်စာထပ်ထည့်သည့်အနေဖြင့် ကောင်းကင်ဘုံခုံရုံး၏ အနက်ပိုင်းများသို့ဝင်ရောက်လျက် နှစ်ဘက်စလုံးမှ အော်ဟစ်လိုက်ကြသည်။
"ကောင်းကင်ဘုံခုံရုံးက ကျူးကျော်ခံနေရပြီ! လူစုကြ! ကောင်းကင်စစ်သည်တွေနဲ့ စစ်သူကြီးတွေအားလုံး လူစုကြ! အရှင်မင်းမြတ်က အမတအားလုံးကို တောင်ဘက်ဂိတ်တံခါးကမှာ ထောက်ပံ့ဖို့ အမိန့်ပေးထားတယ်! မနာခံရင် အသတ်ခံရလိမ့်မယ်!"
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၃၂။ အပိုင်း ၄၆၈ သူတော်စင်တစ်ပိုင်းအဆင့်ပညာရှင်တွေ တစ်ယောက်ပြီးတစ်ယောက် သေကုန်ပြီ။ ကျဲကျောင်းတော်က ဘယ်လိုတောင်စွမ်းအားကြီးတာလဲ?
လီကျင်းနှင့်သူ့သား၏ လွန်လွန်ကျုးကျူးလုပ်ရပ်များကြောင့် အမတများနှင့် ကောင်းကင်စစ်သည်များမှာ အဘက်ဘက်မှ စုစည်းလာကြ၏။
ထိုသည်က အမည်မဲ့ဂိုဏ်းသားများအတွက်လည်း အဆင်ပိုပြေစေနိုင်သည်ပင်!
ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင် ၃၀၀၀၏ အရူးအမူးဖိနှိပ်မှုအောက်တွင် အပြေးရောက်လာကြသည့် ကောင်းကင်စစ်သည်များနှင့် အမတများမှာ ရူးသွပ်စွာအရိုက်ခံနေရသည်။
လုသုံးပင်း၊ ဟန်ရှန့်ကျီ၊ ထျဲ့ကွိုက်လီ...စသည့် အမတအရှင်ရှစ်ဦးမှာလည်း နေရာ၌ပင် အရိုက်ခံရကာ သုံးဦးသေပြီး လေးဦးဒဏ်ရာရသွား၏။ လုသုံးပင်းသာလျှင် ကျင့်ကြံဆင့်အားကောင်းသောကြောင့် ခါးခါးသီးသီး တောင့်ခံထားရသည်။
ရွှေ့သဲ့ရှင်း၏လက်မှာ လုရှောင်ချန်၏ဓားကြောင့်ပြတ်သွားကာ သူ၏အမူအရာမှာလည်း ဆိုးဆိုးရွားရွားပြောင်းလဲသွားသည်။ မလွတ်မြောက်နိုင်ခင်မှာပင် သခင်ကြီးလုမှာ ခုန်ထွက်လာပြီး သူ၏ခေါင်းထက်ရှိ ပန်းသုံးပွင့်ကို ဖျက်ဆီးလျက် နောက်ဘဝသို့ပို့ဆောင်လိုက်တော့သည်။
ဟောက်သဲ့ရှင်းမှာ ရှီချန်းလင်၏ ပစ်မှတ်ထားခံရသောကြောင့် ပိုလို့ပင်သနားဖွယ်ကောင်းလှသည်။
ရှီချန်းလင်မှာ လက်ရှိတွင် ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ဖြစ်နေပြီပင်။ မှန်ပါသည်၊ သူဟာ ထိုစွမ်းအားကိုလုံးဝမထုတ်ဖော်ပါချေ။ သို့သော် သူဟာ သူတော်စင်တစ်ပိုင်းအရှိန်အဝါကိုသာထုတ်ဖော်ထားသော်ငြား ဟောက်သဲ့ရှင်းခုခံနိုင်မည့်အရာမဟုတ်ပါချေ။
သူဟာ လက်တစ်ချောင်းကိုသာဆွဲဆန့်လျက် ဟောက်သဲ့ရှင်းအား နေရာတွင်ပင် အဆုံးမဲ့ဖိအားဖြင့် ဖိနှိပ်လိုက်ချေတော့သည်!
ဟောက်သဲ့ရှင်းမှာ အချိန်မီပင် မတုန့်ပြန်နိုင်လိုက်ချေ။
ထိုင်ပေကျင်းရှင်းမှာလည်း နောက်ထပ် အမည်မဲ့ဂိုဏ်းမှ ဒုတိယမျိုးဆက် ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင် ကျွင့်ချန်းမင်နှင့် ရင်ဆိုင်ကြုံတွေ့ရလောက်အောင်ကံမကောင်းဖြစ်သွား၏။ အကျိုးနည်းပင်၊ ကျွင့်ချန်းမင်မှာ တစ်ဖက်လူ၏ အနှစ်သာရဝိဉာဉ်အား တိုက်ရိုက်ပင်ထုတ်ယူလိုက်ကာ ဝါးမျိုလိုက်ပြီး အားဖြည့်လိုက်တော့သည်။
ကောင်းကင်ဘုံခုံးမှာ အရူးအမူးဖျက်ဆီးခံလိုက်ရသည်။ အမည်မဲ့ဂိုဏ်းသားများမှာ အခြားသောနယ်ပယ်တစ်ခုမှ ဖြစ်တည်မှုများလိုပါပင်။ ကောင်းကင်ဘုံခုံရုံး၏ပညာရှင်များမှာ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များဖြစ်ပါသော်လည်း မခုခံနိုင်ပါချေ။
တစ်ဖက်တွင် အမည်မဲ့ဂိုဏ်းသားများအားလုံးမှာ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အထွဋ်အထိပ်အဆင့်များ ဖြစ်နေသောကြောင့်လည်းဖြစ်သည်။
ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်သို့ရောက်ပြီးနောက်တွင် ၎င်းတို့အကြား၌ အဆင့်သေးတစ်ခုစီတိုင်းတွင် ခြားနားချက်ကြီးတစ်ခုရှိပေ၏။
၎င်းက ကောင်းကင်ဘုံခုံရုံး၏အမတအရှင်များအား ခေါင်းကိုက်စေရန်လုံလောက်ပေ၏။
တစ်ဖက်တွင် ထို ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ထိပ်ဆုံးအဆင့်များအားလုံးမှာ ဆက်နွယ်မှုမူလရတနာများအားကိုင်ဆောင်ထားကြသည်။
ကောင်းကင်ဘုံခုံရုံးမှာ ပညာရှင်များအနေဖြင့် ၎င်းအားမည်သို့ ရင်ဆိုင်ရမည်နည်း?
ကောင်းကင်ဘုံခုံရုံးမှ အမတအားလုံး ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များဖြစ်လာပါလျှင်တောင် တစ်ဖက်အား အသာစီးရရန်မှာ ခက်ခဲနေဆဲပင်။
လီကြွယ်မှာ ကောင်းကင်ယံသို့ဟစ်ကြွေးလိုက်သည်။
"ကောင်းကင်တာအို၊ ခင်ဗျားတကယ်ပဲ ကောင်းကင်ဘုံခုံရုံးကိုဖျက်ဆီးချင်တာလား?"
ထိုစကားဆုံးသည်နှင့် သူ၏ခေါင်းမှာ ကျီဝူရှန်၏ လှံတံဖြင့် အရိုက်ခွဲခံလိုက်ရသည်။ ထို့နောက် သူ၏အနှစ်သာရဝိဉာဉ်မှာ တိတိပပ ဆွဲထုတ်ခံလိုက်ရကာ ချက်ချင်းထိုးခွင်းသွားလျက် သူ့အား ပြာအသွင်ပြောင်းသွားစေပြီး လောကမှ ပျောက်ကွယ်သွားစေသည်။
ထိုကောင်းကင်မှ ဖရိုဖရဲဖြစ်နေပါ၏။
အမည်မဲ့ဂိုဏ်းသားများမှာ ကြုံဆုံရသမျှနတ်ဘုရားများနှင့် ဗုဒ္ဓများအားလုံးကို ဖျက်ဆီးသတ်ဖြတ်နေကြတော့၏။
ထိုမြင်ကွင်းက သုံးလောကအား နီးနီးကပ်ကပ်လေ့လာနေသော ကျောက်စိမ်းအာကာပြင်နန်းတော်၊ အကန့်အသတ်မဲ့နန်းတော်၊ အနောက်ဘက်စိတ်ဝိဉာဉ်တောင်... နှင့် မြေအောက်လောကကိုပင် ထိတ်လန့်သွားစေသည်။
အဖွဲ့အစည်းများစွာက ထိုတိုက်ပွဲကို အာရုံစိုက်ရန် ၎င်းတို့၏ ထောက်လှမ်းရေးဓမ္မရတနာများအား သုံးလိုက်ကြသည်။
၎င်းတို့မှာ အမည်မဲ့ဂိုဏ်းသားများသတ်ဖြတ်နေသေည်ကို ကိုယ်တိုင်မြင်ကြသောအခါ အင်မတန် ထိတ်လန့်အံ့ဩနေကြသည်။
"မိုးနတ်မင်းကြီး! ဒါကကျဲကျောင်းတော်သားတစ်ဦးရဲ့အစွမ်းလား? ဒါ... ဒါက အရမ်းကြောက်စရာကောင်းမနေဘူးလား?"
၎င်းတို့၏စိတ်တွင်းတွင် ၎င်းတို့က အမည်မဲ့ဂိုဏ်းသားများဖြစ်သည်ကို မသိကြဘဲ ကျဲကျောင်းတော်သားများအဖြစ်သာ ဆက်ဆံနေကြဆဲဖြစ်၏။
"ဒါက ရိုးရိုးအမတမဟုတ်တော့ဘူး! ကျဲကျောင်းတော်သားတွေက တကယ်ကိုကြောက်စရာပဲ။ ကောင်းကင်ဘုံခုံရုံးကတောင် သူတို့ကို မရပ်တန့်နိုင်ဘူး။ သူတို့သာ ငါတို့ကိုတိုက်ခိုက်ရင် ငါတို့လည်း သူတို့ကို ဖိနှိပ်နိုင်လောက်မှာမဟုတ်ဘူး!"
မူလက၊ ၎င်းတို့မှာ ကျဲကျောင်းတော်တွင် လုရှောင်ယန်၏ ဦးဆောင်မှုအောက်၌ ပညာရှင်အနည်းငယ်မျှကိုသာ ပျိုးထောင်သည်ဟု တွေးထင်ခဲ့ခြင်းဖြစ်၏။
သို့သော် ယခုတွင် ပညာရှင်အရေအတွက်အနည်းအကျဉ်းမျှသာ မဟုတ်ပါတော့ချေ။ ဤနေရာရှိလူတိုင်းမှာ ပညာရှင်ဖြစ်၏!
ထို့အပြင် ၎င်းတို့မှာ ကောင်းကင်ကိုအံတုကာ တမူထူးခြားနေသော ဖြစ်တည်မှုများပင်ဖြစ်သည်။
၎င်းမှာ ၎င်းတို့လို သူတော်စင်များ၏ တပည့်များကိုပင် ကြောက်ရွံ့စေရသည်အထိဖြစ်စေသည်။
သူတော်စင်တချို့သည်ပင် မနေနိုင်ဘဲ မျက်လုံးများကို မှေးကျဉ်းလိုက်ကြသည်။ ၎င်းတို့မှာ ကျဲကျောင်းတော်သားများ၏ စွမ်းအားကြောင့် အံ့အားသင့်နေကြခြင်းပင်။
"မပူနဲ့။ ကောင်းကင်ဘုံခုံရုံးက သာမန်ကိစ္စအတော်များများကို ခံစားခဲ့ရပေမယ့်လည်း ကောင်းကင်ဘုံခုံရုံးရဲ့ စွမ်းအားအစစ်က မပေါ်လာသေးဘူးလေ။ သူတို့သာ ထွက်လာရင်တော့ တကယ့် ပြပွဲအစစ်ဖြစ်မှာပဲ!"
"ဘယ်သူနိုင်မယ်ဆိုတာ ပြောဖို့က နည်းနည်းလောက် အရမ်းစောမနေဘူးလား?"
တကယ်ကိုပင် ချန်ကျောင်းတော်သားတစ်ဦးပြောနေချိန်၌ ဒေါသသံနှင့်အတူ တောင်ဝင်ရိုးစွန်းအမတရသေ့ကြီးကြီးမှာ အဖြူရောင်အလင်းအသွင်ပြောင်းလျက် တိုက်ခိုက်လိုက်တော့၏။
"မင်းတို့က ကောင်းကင်ဘုံခုံရုံးကိုကျူးကျော်ပြီး ကောင်းကင်စစ်သည်တွေကိုသတ်တဲ့အထိ အတင့်ရဲတယ်ပေါ့လေ။ မင်းတို့က သုံးလောကကိုရှုပ်ထွေးစေပြီး ယင်နဲ့ယန်ကို ဟန်ချက်ပြောင်းအောင်ကြိုးစားနေတာပဲ?"
လူတိုင်း၏မျက်လုံးများမှာ ချက်ချင်းထွန်းလင်းသွား၏။
တောင်ဝင်ရိုးစွန်းအမတရသေ့မှာ ပေါ်လာပြီပင်။ ၎င်းက ယခုတစ်ခေါက်တွင် သေချာပေါက်ဖြစ်လာချေပြီပင်!
ချန်ကျောင်းတော်၏ အရင်မဟာအမတအရှင်အနေဖြင့် သူ၏ကျင့်ကြံဆင့်မှာလည်း ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ထိပ်ဆုံးအဆင့်၌ရှိသော်ငြား ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ဟောင်းတစ်ဦးအနေဖြင့် ပုံမှန်အဆင့်တူများနှင့် ကွဲပြားနေ၏။
သူဟာ သူတော်စင်တစ်ပိုင်းအဆင့်သို့မရောက်သေးပါလျှင်တောင် ယုံကြည်ချက်ရှိကာ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ထိပ်ဆုံးအဆင့်များစွာကို ခုခံရန်စွမ်းအားလည်းရှိပါ၏!
ပြောရလျှင် သူဟာ ရန်သူများစွာကို ရင်ဆိုင်နိုင်ပေသည်။
သူရောက်လာသည်နှင့် သိပ်သည်းလှသည့်အရှိန်အဝါကို အခွင့်ကောင်းယူကာ အမည်မဲ့ဂိုဏ်း ဒုတိယမျိုးဆက်နှစ်ဦးအား တိုက်ရိုက်ပင် ဝင်တိုက်လိုက်၏။
ဘုန်း!
ပေါက်ကွဲမှုတစ်ခုနှင့်အတူ နိယာမစွမ်းအားများတုန်ရီသွား၏။
အမည်မဲ့ဂိုဏ်းဒုတိယမျိုးဆက်တပည့်နှစ်ဦးမှာ ချက်ချင်းပင် ထိုတောင်ဝင်ရိုးစွန်းအမတရသေ့ကြီးကြောင့် ခြေလှမ်းအနည်းငယ်ပြန်ဆုတ်လိုက်ရကာ ၎င်းတို့၏ အနှစ်သာရဝိဉာဉ်များမှာလည်း ယိမ်းခါနေကြ၏။
"ကောင်းတယ်ဟေ့!"
၎င်းတို့၏ဓမ္မရတနာများဖြင့် တိုက်ပွဲအားကြည့်ရှုနေခဲ့ကြသော ဂိုဏ်းအသီးသီးမှ တပည့်များမှာ မနေနိုင်ဘဲ အော်လိုက်ကြသည်။
ကျဲကျောင်းတော်၏ အင်မတန်စွမ်းအားကြီးလှသော တပည့်များအားမြင်သော် ၎င်းတို့မှာ မထိန်းနိုင်ဘဲ တစ်ညီတည်း အော်မိကြခြင်းပင်!
၎င်းမှာ ကျဲကျောင်းတော်သားများအား ရိုက်လိုက်သည်က ၎င်းတို့ဖြစ်နေသလိုနှင့် တူနေ၏။
သို့သော် ၎င်းတို့မပျော်နိုင်ခင်မှာပင် ရှီချန်းလင်မှာ တစ်ခဏအတွင်းတိုက်ခိုက်လိုက်တော့၏။
သူဟာ စစ်မှန်သော ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ဖြစ်ပါ၏။ လူတိုင်းရှေ့၌ သူ၏ကျင့်ကြံဆင့်အမှန်သို့ မမြှင့်နိုင်ပါလျှင်တောင် သူတော်စင်တစ်ပိုင်းအဆင့်အားထုတ်ဖော်ရန်ဖြစ်နိုင်သေးသည်!
ရှီချန်းလင်မှာ တိုက်ခိုက်လိုက်ကာ သူ၏ဆက်နွယ်မှုမူလရတနာအား တောင်ဝင်ရိုးစွန်းအမတအရှင်၏ခေါင်းကို ခပ်ပြင်းပြင်းရိုက်ရန် အသက်သွင်းလိုက်သည်။
ဘုန်း!
ပြင်းထန်သောပေါက်ကွဲမှုနှင့်အတူ တောင်ဝင်ရိုးစွန်းအမတရသေ့မှာ လွင့်ပျံသွားကာ ခေါင်းမှ ရွှေရောင်အမတသွေးများပင်ထွက်လာချေ၏။
"ဘာ? မဖြစ်နိုင်လိုက်တာ?"
တိုက်ပွဲအား ကြည့်ရှုနေခဲ့သည့် ဂိုဏ်းအသီးသီးမှတပည့်များမှာ မနေနိုင်ဘဲ တစ်ညီတည်းထပ်အော်မိကြပြန်၏။
"ဒါက အတော်လေးမယုံနိုင်စရာပဲ? ငါများမှားနေတာလား? ဒါက တောင်ဝင်ရိုးစွန်းအမတရသေ့ကြီးလေ! ဘယ်လိုလုပ် ဒီကောင်က သူနဲ့ တစ်ယောက်ထဲရင်ဆိုင်နိုင်ရတာလဲ?"
"အိပ်မက်များမက်နေတာလား? ငါအိပ်မက်မက်နေတာပဲဖြစ်ရမယ်! ဒီလောက,ကတကယ်ကို ရူးချင်စရာပဲ!"
ဂိုဏ်းအသီးသီး၏တပည့်များမှာ ထိုအချက်အား လက်မခံနိုင်ကြချေ။
သို့သော် အမှန်တရားမှာ ရှီချန်းလင်က သူ၏စွမ်းအားအစစ်အမှန်ကိုပင် ထုတ်မဖော်ခဲ့ခြင်းဖြစ်၏။ သူဟာ စွမ်းအားအပြည့်၏ နှစ်ဆယ်မှသုံးဆယ်ရာခိုင်နှုန်းကိုသာ ထုတ်ဖော်ခဲ့ပေသည်။
သို့သော် ၎င်းမှာ သူ့အတွက် တောင်ဝင်ရိုးစွန်းအမတရသေ့အား သတ်ရန် လုံလောက်နေပြီဖြစ်၏။
သို့ရာတွင်၊ သူ၏စွမ်းအားအစစ်အားထုတ်ဖော်လိုက်ပါလျှင် သူဟာ တစ်ဖက်လူကိုချက်ချင်းပင်သတ်နိုင်လိမ့်မည်။
ယခုတွင် သူ၏ကျင့်ကြံဆင့်ကို ဖိနှိပ်ထားသောကြောင့် တိုက်ကွက်အချို့ထပ်ထုတ်ရပေသည်။
တောင်ဝင်ရိုးစွန်းအမတရသေ့မတုန့်ပြန်နိုင်ခင်တွင် သူ၏ ဒုတိယတိုက်ကွက်က ၎င်း၏ခေါင်းကို ထပ်မံရိုက်ခတ်သွားချေသည်။
ဘန်း!
ဤတစ်ခေါက်တွင် တောင်ဝင်ရိုးစွန်းအမတရသေ့မှာ လုံးဝ အနိုင်ယူခံလိုက်ရ၏။
သူ၏ခေါင်းထက်ရှိ ပန်းသုံးပွင့်မှာပျောက်ကွယ်သွားကာ ရင်တွင်းရှိ ချီငါးပါးမှာလည်း ဘာမှမရှိခြင်းသို့ရောက်ရှိသွားလေသည်။ သူ၏ကိုယ်သာ ကျန်ခဲ့တော့၏။ ၎င်းသည်ပင် ဒုတိယမျိုးဆက်တပည့်နတ်ဝိဉာဉ်သားရဲအချို့ကြောင့် အပိုင်းပိုင်းစုတ်ပြဲနေကြပြီပင်။
ထိုအချိန်တွင် ဂိုဏ်းအသီးသီးမှတပည့်များအော်လိုက်ကြပြန်သည်။
"မဖြစ်နိုင်ဘူး! ဒါမဖြစ်နိုင်ဘူး!"
တောင်ဝင်ရိုးစွန်းမဟာအမတရသေ့ကြီးမှာ တစ်ချိန်က ချန်ကျောင်းတော်၏ ထိပ်တန်းရွှေရောင်အမတအရှင်ကြီးဖြစ်ခဲ့ဖူးသည်။ ယခုတွင်သူဟာ ကောင်းကင်ဘုံခုံရုံး၏အရေးပါသော အရာထမ်းလည်းဖြစ်နေပြီပင်။ သူဟာ ဘယ်လိုများ တစ်ဖက်လူ၏ တိုက်ကွက်နည်းနည်းလေးကြောင့် ချက်ချင်းရှုံးနိမ့်သွားနိုင်မည်နည်း?
နောက်နေတာလား?
သူက တချို့သာမန်ကျင့်ကြံသူတွေလိုမဟုတ်ဘူးလေ!
၎င်းတို့ထိတ်လန့်နေကြချိန်၌ ပိုမိုကြီးမားသောအရှိန်အဝါများစွာက ဖိနှိပ်လာခဲ့သည်။
ဤတစ်ခေါက် အရှိန်အဝါမှာ ရှင်းလင်းစွာပင် တောင်ဝင်ရိုးစွန်းအမတရသေ့ထက် သန်မာပေ၏။
"မင်းတို့နတ်ဆိုးတွေက ငါ့ရဲ့ကောင်းကင်ဘုံခုံရုံးကို ပြဿနာလာရှာရဲတယ်ပေါ့လေ? တကယ်ကို သေချင်နေကြတာပဲ! မြန်မြန် လက်နက်ချလိုက်တော့!"
သူထိုသို့ပြောလိုက်ချိန်တွင် အရောင်ကွဲပြားသော တိမ်တိုက်ငါးခုမှာ ဦးတည်ဘက်ငါးရပ်မှ ပျံထွက်လာခဲ့၏။
တိမ်ထုတိုင်းမှာ ဖိအားမှာ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များစွာကို တုန်ယင်သွားစေကာ ၎င်းတို့အား ထိုအရာ၏ အောက်၌ တွားသွားစေချင်လာစေသည်။
"အကြီးအကဲငါးယောက် ရောက်လာပြီ! ဟားဟားဟား... အကြီးအကဲငါးယောက်ရောက်လာပြီ! ငါတို့တော့ ကယ်တင်ခံရပြီ။"
ကောင်းကင်စစ်သည်များမှာ စိတ်လှုပ်တရှား အော်ဟစ်လိုက်ကြသည်။
ထို့အပြင် တိုက်ရိုက်ကြည့်ရှုနေကြသော ဂိုဏ်းအသီးသီး၏တပည့်များမှာလည်း စိတ်လှုပ်ရှားစွာ ခေါင်းငြိမ့်လိုက်ကြသည်။
"ကောင်းပြီလေ! အကြီးအကဲငါးယောက်တော့ရောက်လာပြီ။"
အကြီးအကဲငါးဦးမှာ ကောင်းကင်ဘုံခုံရုံး၏ အတိုက်အခိုက်အရာတွင် အင်မတန်စွမ်းအားကြီးလှချေသည်။ တစ်ဦးချင်းစီ၌ ကုသိုလ်များစွာရှိကာ သူတော်စင်တစ်ပိုင်းအဆင့်များလည်း ရောက်နေကြပြီပင်!
၎င်းတို့မှာ သူတော်စင်အဆင့်အောက် အသန်မာဆုံးများဖြစ်ကြ၏!
သူတော်စင်တစ်ပိုင်း၏စွမ်းအားမှာ ထိတ်လန့်ဖွယ်ကောင်းလှသည်။ ၎င်းတို့မှာ သူတော်စင်များမဟုတ်ပါသော်လည်း မော့ကြည့်ရန် ထိုက်တန်သည်။ ၎င်းတို့မှာလည်း ရန်သူများအား အလွယ်တကူသတ်နိုင်သည့် ဖြစ်တည်မှုများဖြစ်ကြသည်။
မကြာမီတွင် တိမ်တိုက်များရောက်လာ၏။ ကွဲပြားသောအရောင်နှင့် တိမ်တိုက်ငါးခုမှ သူတော်စင်တစ်ပိုင်းငါးဦးမှာ အရောင်အသီးသီးဝတ်ဆင်ကာ ထွက်လာကြသည်!
"ငါ၊ အရှေ့ဘက်အဇူရာ၊ အဇူရာဝိဉာဉ်အကြီးအကဲ၊ နဝမကောင်းကင်ဧကရာဇ်ရောက်လာပြီ။ ဘယ်သူက ငါတို့ကောင်းကင်ဘုံခုံရုံးကိုထိရဲတာလဲ?"
"ငါ၊ တတိယဆေးလုံးနီဝိဉာဉ်ဧကရာဇ်၊ တောင်ဘက်ကောင်းကင်အရှင်ယွင်ရောက်လာပြီ။ ငါတို့ ကောင်းကင်ဘုံခုံရုံးကိုထိရဲတဲ့ဘယ်သူမဆို အညှာအတာမရှိဘဲ အသတ်ခံရမယ်!"
"ငါ၊ ဗဟိုချက်နက်နဲမှုဧကရာဇ်၊ ဝိဉာဉ်ဝါအကြီးအကဲ၊ ချီထျန်းဧကရာဇ် ရောက်လာပြီ။ မြန်မြန်ဒူးထောက်ပြီး သေကြတော့! ဒီလိုဆိုရင် မင်းတို့ အလောင်းတွေကို နဂိုအတိုင်းချန်ထားပေးမယ်!"
"ငါ၊ အဖြူရောင်ဝိဉာဉ်ဧကရာဇ်၊ အနောက်ဘက်အရှင်မင်းမြတ်၊ သတ္တမကောင်းကင်အရှင်သခင်က မင်းတို့ကျဲကျောင်းတော်နတ်ဆိုးတွေကို သတ်ဖို့လာပြီ!"
"ငါ၊ မြောက်ဘက်အနက်ရောင်ဧကရာဇ်၊ ပဉ္စမကောင်းကင်သခင်ဝူလင်းရွှမ်က ငါတို့ကောင်းကင်ဘုံခုံရုံးအတွက် ဖြေရှင်းချက်တောင်းဖို့လာခဲ့တာပဲ!"
အော်သံများက လူတိုင်းကိုပျော်ရွှင်သွားစေကာ ကောင်းကင်ဘုံခုံရုံးတစ်ခုလုံး၏ အရိုက်နှက်ခံထားခဲ့ရသောအမတအရှင်များအား စိတ်လှုပ်ရှားလွန်း၍ ပြောစရာပင်မဲ့သွားကြစေသည်!
နောက်ဆုံးတော့!
ကောင်းကင်ဘုံခုံရူံး၏ပညာရှင်အစစ်အမှန်များ ရောက်လို့လာချေပြီ!
ထို ပညာရှင်များနှင့်ဆိုလျှင် မည်သည်ကိုကြောက်ရွံ့ရမည်နည်း?
ကောင်းကင်ဘုံခုံရုံးက သေချာပေါက်အနိုင်ရလိမ့်မည်!
သို့သော် ကျဲကျောင်းတော်သားများ လုံးဝမကြောက်ရုံမျှသာမက ၎င်းတို့၏ အယောက်နှစ်ဆယ်ကျော်လောက်မှာ အကြည့်များဖလှယ်လျက် ၎င်းတို့အား ကြိုဆိုရန်ပင် ပြုံးလိုက်ကြ၏။
"သူတို့ရူးနေတာလား?"
ထိုအခိုက်တွင် ကောင်းကင်ဘုံခုံးရုံး၏အမတများပင်မက အခြားဂိုဏ်းများမှ တပည့်များသည်လည်း စိတ်တွင်းတွင် မနေနိုင်ဘဲ မေးခွန်းအမှတ်အသားများပေါ်လာကြသည်။
ကောင်းကင်ဘုံခုံရုံးမှာ သူတော်စင်တစ်ပိုင်းအဆင့်များကိုပို့လိုက်ပြီဖြစ်၏။ အဘယ့်ကြောင့် ၎င်းတို့မှာ မပြေးဘဲရှိနေရသေးသနည်း?
သူတို့ဘာကိုစောင့်နေတာလဲ?
ထို့အပြင် ၎င်းတို့မှာ တစ်ဖက်အား ကြိုဆိုရန်ပင် သွားလိုက်သေးသည်။ သူတို့ တကယ်ကြီးသေချင်နေတာတော့ မဟုတ်ဘူးမလား?
အကြီးအကဲငါးဦးမှာ ထိုသည်ကိုမြင်ချိန်တွင် မနေနိုင်ဘဲ မျက်လုံးများမှေးကျဉ်းလိုက်ကြ၏။
"မင်းတို့က သေချင်နေတာပဲ!"
၎င်းတို့မှာ ထိုသို့ပြောကာ ထို အယောက်နှစ်ဆယ်ကျော်အား တစ်ချိန်တည်းပင် ဖမ်းဆီးရန်ကြိုးပမ်းတိုက်ခိုက်လိုက်ကြ၏။
သို့သော် ၎င်းတို့ တိုက်ခိုက်ချိန်တွင် ထိုအယောက်နှစ်ဆယ်ကျော်မှာ ၎င်းတို့ထက် လုံးဝမနိမ့်ကျနေသော ရောင်ဝါများကို ထုတ်ဖော်လိုက်ကြသည်။
အကြီးအကဲငါးဦး၏ မျက်လုံးများ ပြူးကျယ်သွားကြ၏။
"သေစမ်း!"
ဒီ အယောက်နှစ်ဆယ်ကျော်က တကယ်ကြီး သူတော်စင်တစ်ပိုင်းအဆင့်ကိုရောက်နေပြီလား?!
အကြီးအကဲငါးဦးမှာ ထိုအခိုက်၌ ချက်ချင်းကြောင်အသွားကာ အလျင်စလိုပင် ဆုတ်ခွာရန်ပြင်လိုက်ကြ၏။
သို့သော် ၎င်းက နောက်ကျသွားခဲ့ပြီပင်!
ရှီချန်းလင်နှင့် အခြားလူများ ရှေ့သို့လှမ်းလိုက်ချိန်တည်းက ၎င်းတို့၏ ကံကြမ္မာကိုသတ်မှတ်ပြီးသားဟု ဆိုနိုင်၏!
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၃၂။ အပိုင်း ၄၆၉ အင်ပါယာလေးဦး
"ထူးဆန်းတယ်၊ အကြီးအကဲငါးယောက်ကဘာဖြစ်သွားတာလဲ? ဘာလို့ထွက်ပြေးကြတာလဲ?"
"အမှန်ပဲ။ အကြီးအကဲငါးယောက် ဘာဖြစ်နေတာလဲ? ဂုဏ်သရေရှိသူတော်စင်တစ်ပိုင်းအဆင့် ပညာရှင်ငါးဦးအနေနဲ့ ဒီကျဲကျောင်းတော်က ကြွက်တွေကို သတ်ဖို့က ခွေးတွေ ကြက်တွေဖမ်းရသလိုလွယ်နေရမှာလေ။ သူတို့ကဘာလုပ်နေတာလဲ?"
ကြေးမုံအား စောင့်ကြည့်နေရသော ဂိုဏ်းအသီးသီးမှတပည့်များမှာ ၎င်းကိုမြင်သော် မနေနိုင်ဘဲ ပဟေဠိဖြစ်သွားကြသည်။
သို့သော် သူတော်စင်အချို့၏အမူအရာရုတ်တရတ်ပြောင်းလဲသွားသည်မှာ တစ်စုံတရာကိုတွေးမိသွားသလိုပါပင်။ ၎င်းတို့၏ အမူအရာများက အင်မတန်မှုန်မှိုင်းနေ၏။
အကြီးအကဲငါးပါးအား ကြောက်ရွံ့စေသည့်အရာမှာ နှစ်ခုသာရှိ၏။ ၎င်းမှာ လုရှောင်ယန်ပင်မက ၎င်းတို့အား လုံးဝအနိုင်ယူနိုင်မည့် ဖြစ်တည်မှုတစ်ခုလည်းဖြစ်၏။
ထို့အပြင် လုရှောင်ယန်ဖြစ်ပါလျှင် ၎င်းတို့မှာ ထိုမျှကြောက်မည်မဟုတ်ချေ။
အကြောင်းမှာ လုရှောင်ယန်တိုက်ခိုက်သည်နှင့် သူတော်စင်များလည်းတိုက်ခိုက်မည်ဖြစ်သောကြောင့်ပင်။ လုရှောင်ယန်မှာ တစ်ဖက်၏စွမ်းအားကိုကြောက်ရွံ့ကာ အလွယ်တကူတိုက်ခိုက်မည်မဟုတ်ချေ။
သို့သော် ၎င်းတို့အား စည်းမျည်းမချိုးဖောက်ဘဲ အနိုင်ယူနိုင်မည့်လူ သူတော်စင်တို့အား မလှုပ်ရှားမိစေနိုင်မည့်လူရှိနေပါလျှင် မည်သို့ဖြစ်မည်နည်း?
ရှီချန်းလင်နှင့် အခြားလူများတိုက်ခိုက်လိုက်ချိန်တွင် ထိုအကြီးအကဲငါးဦးမှာ တစ်ဖက်သို့လှည့်လျက် ပြေးတော့သည်။
ရှီချန်းလင်နှင့် ကျန်တဲ့လူတွေက အကြီးအကဲငါးပါးကို ထိခိုက်စေနိုင်တာလား?
သူတို့အားလုံးက ကနဦးသူတော်စင်တွေလား?
သူတော်စင်များထိုသို့တွေးလိုက်သည်နှင့် ရှီချန်းလင်နှင့် ကျန်လူများမှာ အကြီးအကဲငါးပါးကို ခပ်မြန်မြန်ပင် ဝိုင်းဖွဲ့လိုက်ကြသည်။
၎င်းတို့၏ ကျင့်ကြံဆင့်အား ဖိနှိပ်ထားသော ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင် နှစ်ဆယ်ကျော်ရှိနေလျှင်တောင် ထို သူတော်စင်တစ်ပိုင်းအဆင့် ငါးဦးအား ဝိုင်းရံရန်လိုအပ်ပေ၏။
"မလုပ်နဲ့!"
အကြီးအကဲငါးဦးမှာ အော်ဟစ်လိုက်ကာ မျက်နှာထက်တွင်လည်း စိတ်ပျက်အားငယ် ထိတ်လန့်မှုများနှင့်ပြည့်နေ၏။
သို့သော် ရှီချန်းလင်နှင့်အပေါင်းအပါများမှာ လုံးဝနောက်မဆုတ်ပါချေ။
ထိပ်တန်းပညာရှင်အယောက်နှစ်ဆယ်ကျော်မှာ တစ်ချိန်တည်းတိုက်ခိုက်လိုက်ကြ၏။ အားနည်းနည်းလေးနှင့်ပင် ၎င်းတို့မှာ လောကအား တုန်ရီသွားစေသည်။
ထိုစွမ်းအားကြီးတိုက်ခိုက်မှုနောက်တွင် ဟင်းလင်းပြင်မှာ ချက်ချင်းလဲပြိုကျလျက် နိယာမစွမ်းအားမှာလည်း နေရာတိုင်းသို့ပျံ့နှံ့သွားသည်။ ခွပ်! ခွပ်!
လေထဲရှိ ဟင်းလင်းပြင်အကာအရံမှာ အက်ကွဲနေလျက် တစ်ဖန်ပြန်ကာ ခပ်မြန်မြန်ပင် ကုသနေ၏။
အကြီးအကဲငါးဦးမှာ အားလုံး၏တိုက်ခိုက်မှုများအောက်တွင် ထပ်ခါထပ်ခါအော်ဟစ်နေကြကာ ၎င်းတို့၏အရှိန်အဝါများမှာလည်း အလျင်အမြန်အားနည်းလာကြသည်။
ရှီချန်းလင်နှင့်အပေါင်းအပါများမှာ စစ်မှန်သောစွမ်းအားကို ထုတ်ဖော်ခဲ့ရသည်။ ၎င်းတို့ထဲမှ မည်သူမဆို၊ တစ်ဦးတည်းနှင့်ပင် ကောင်းကင်ဘုံခုံရုံး၏အကြီးအကဲငါးဦးအား ချက်ချင်းအပြင်းအထန် တိုက်ခိုက်နိုင်၏!
သို့သော် ၎င်းတို့မှာ ၎င်းတို့၏ ရှေးဟောင်းသဏ္ဍာန်မဲ့အမတအရှင်အဆင့်အား မထုတ်ဖော်ချင်ပါချေ။ သူတို့က အရှိန်အဝါကိုနှိမ့်ပြီး တိုက်ခိုက်မှုအရေတွက်ကိုအတူတကွတိုးမြှင့်လိုက်ကာ တစ်ဖက်လူများကို ခပ်ဖြေးဖြေးသေသည်အထိ တိုက်ခိုက်လိုက်၏။
၎င်းတို့က လက်တွင်းရှိ ဆက်နွယ်မှုမူလရတနာများကိုပင်မသုံးပါချေ။ ထိုသည်က တစ်ဖက်အား လက်နက်မပါဘဲနှင့် အနိုင်ယူခြင်းဟုဆိုနိုင်ပေသည်။
အကြီးအကဲငါးဦးအတွက် ၎င်းမှာ ချက်ချင်းသတ်လိုက်သည်ထက်ပင် ပိုကာ ကြောက်ရွံ့စေသည်!
ထိုမြင်ကွင်းကို ကြည့်ရှုနေခဲ့ကြသော ဂိုဏ်းအသီးသီး၏တပည့်များမှာ လုံးဝပြိုလဲသွားတော့သည်။
"ဒီ... ဒီ....ဒီကျဲကျောင်းတော်သားနှစ်ဆယ်ကျော် အားလုံးက သူတော်စင်တစ်ပိုင်းတွေချည်းပဲလား?"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ကျဲကျောင်းတော်မှာ ကနဦးသူတော်စင်တွေ ဘယ်လောက်တောင် များနေလိမ့်မလဲ? သူတို့မှာ ဘယ်လိုရင်းမြစ်တွေများရှိနေတာလဲ?"
အနောက်ဘက်စိတ်ဝိဉာဉ်တောင်တွင် ကျဲယင်၊ ကျွင်းတိနှင့် ဂေါတမသည်ပင်စိတ်ဝိဉာဉ်တောင်မှစေလွှတ်လိုက်ည့် ကောင်းကင်စစ်သည်ပေါင်းသောင်းချီမှာ အဘယ့်ကြောင့် ချက်ချင်းအသတ်ခံခဲ့ရကြောင်းနားလည်သွား၏!
တစ်ဖက်မှာ အင်မတန်စွမ်းအားကြီးလှသည်။
၎င်းတို့၏စွမ်းအားမှာ သူတို့၏နားလည်မှုကိုပင်ကျော်လွန်နေပါ၏။
သိူ့သော် ထိုသည်ကလည်း ၎င်းတို့အား ကံကောင်းသလိုခံစားရစေသည်။
ကံကောင်းစွာဖြင့် လုရှောင်ယန်က ကောင်းကင်ဘုံခုံရုံးကိုသာတိုက်ခိုက်နေပြီး ၎င်းတို့ကိုမဟုတ်ချေ။
၎င်းတို့ကိုသာဆိုလျှင် ထိုအခိုက်၌ ကပ်ဘေးအား ကြုံရမည်မှာ ၎င်းတို့ပင် ဖြစ်သည်!
ကျဲယင်နှင့်ကျွင်းတိမှာ အကြည့်ချင်းဖလှယ်လျက် မနေနိုင်ဘဲ သက်ပြင်းချကာ သိနေဟန်ဖြင့် ပြုံးလိုက်သည်။
တကယ်ကိုပင် စိတ်ဝိဉာဉ်တောင်မှလူများဟာထက်မြတ်လှသည်။
နွီဝါး၏နန်းတော်တွင် နွီဝါးဟာ မှန်မှ မြင်ကွင်းကိုကြည့်ကာ လက်သီးများကို ဆုပ်လျက် မျက်နှာလေးက တဖြည်းဖြည်းလေးနက်လာ၏။
လုရှောင်ယန်၏ စွမ်းအားက သူမ၏မျှော်မှန်းထားသည်ကို ကျော်လွန်နေသည်။
"ဒီကောင်လေးတကယ်ကို အချိန်တိုအတွင်းမှာ သူတော်စင်တစ်ပိုင်းအဆင့်တွေကို လေ့ကျင့်ပေးခဲ့တယ်ပေါ့! ဘယ်လိုများလုပ်လိုက်တာလဲ?"
လုရှောင်ယန်မှာ လွန်ခဲ့သည့်နှစ်အနည်းငယ်ကမှ သူတော်စင်အဆင့်သို့တက်လှမ်းခဲ့သည်ဟု သိရပေမည်။
နှစ်အနည်းငယ်အတွင်းတွင် သူ၏ရလာဒ်များမှာ အခြားသူတော်စင်အားလုံးပေါင်း၏ရလာဒ်ကိုပင် ကျော်လွန် နိုင်လုနီးပါးဖြစ်နေ၏။
ထိုသည်က တကယ်ကိုပင် မူမမှန်လှကာ ကျိုးကြောင်းမဆီလျော်ပါချေ။ ထိုအခိုက်တွင်နွီဝါးမှာ ၎င်းကိုနောင်တရနေ၏။
အမှန်ကိုပင်၊ သူမနောင်တရခဲ့ပါ၏!
သူမဟာ ဟိုတုရောက်လာချိန်၌ ပြန်ဆုတ်ခဲ့ရန်ရွေးချယ်ခဲ့ပြီး လုရှောင်ယန်အားဆက်လက် မတောင်းဆိုဖြစ်ခဲ့တော့သည်ကို နောင်တရ၏။
ယခင်က အပြင်မထွက်ရန် ရွေးချယ်ခဲ့ခြင်းမှာ သူမက တပည့်အားပျိုးထောင်နေချိန်တွင် အတိဒုက္ခအတွင်းသို့ ဝင်မပါလိုခြင်းကြောင့်ပင်။ သူမလက်အောက်၌ အထင်ကြီးစရာ ငယ်သားမြောက်များစွာမရှိပါချေ။
အတိဒုက္ခ၌ ပါဝင်ပြီးနောက်တွင် သူမဟာ မည်သို့သော အကျိုးအမြတ်မှလည်း ရနိုင်လိမ့်မည်မဟုတ်ချေ။
ယခုတွင် သူမဟာ တပည့်များအားပျိုးထောင်ရာ၌ တော်သော်လည်း သူမ၏ အခွင့်အရေးကိုဖမ်းဆုပ်ရန်ကျရှုံးခဲ့သည့် လုရှောင်ယန်နှင့်တွေ့ဆုံခဲ့သည်။
သူမသာလုရှောင်ယန်ကို တကယ်ကြီးလက်ထပ်နိုင်ပြီး သူ၏မိန်းမဖြစ်လာနိုင်ပါလျှင် သူမဟာ လုရှောင်ယန်အား အရင်ဆုံးနှစ်အနည်းငယ်လောက် ကာကွယ်ရလိမ့်မည်ဖြစ်ကာ နောက်တွင် လုရှောင်ယန်အား ပိုမိုအားကောင်းသည့် ငယ်သားများအား လေ့ကျင့်ပေးခွင့်ပြုရမည်ဖြစ်သည်။ နှစ်အနည်းငယ်အတွင်းတွင် သူမနှင့် လုရှောင်ယန်ဟာ တာအိုဘိုးဘေးဟုန်ကျွင်းမှလွဲ၍ သုံးလောက၌ အသန်မာဆုံးဖြစ်လာနိုင်သည်!
ထိုအချိန်ဆိုလျှင် သူမ၏အကိုအားကယ်ရန် အင်မတန်လွယ်သွားနိုင်လိမ့်မည်မဟုတ်လား?
ထိုအခိုက်၌ သူမဟာ တကယ်ကို နောင်တရမိပါ၏။
ကောင်းကင်ဘုံခုံရုံးတွင် အကြီးအကဲငါးပါး၏ခုခံမှုမှာ အဆုံးကို နီးကပ်လာပြီဖြစ်၏။
၎င်းတို့အားလုံးမှာ အပြင်းအထန်ဒဏ်ရာရကာ ဆက်လက်ခုခံနိုင်စွမ်းလည်း မရှိကြတော့ပါချေ။ ရှီချန်းလင်နှင့် အပေါင်းအပါများထံမှာ နောက်ထပ်တိုက်ခိုက်မှုလှိုင်းမှာ ၎င်းတို့အား သတ်ရန်ပင်လုံလောက်၏!
သို့သော် ထိုအချိန်တွင် မတော်တဆတစ်ခုဖြစ်သွား၏။
ကောင်းကင်ယံတွင် အပေါက်တစ်ခု ဟပြဲသွားကာ ဟင်းလင်းပြင်းစွမ်းအားကို အရှင်လတ်လတ်စုတ်ဖြဲလိုက်၏!
အင်မတန်အားကောင်းလှသောစွမ်းအားမှာ ထိုစုတ်ပြဲနေသောအပေါက်ထံမှ တိုးထွက်လာကာ နေရာရှိ လူတိုင်းအား ဆံပင်များအဆုံးထိထောင်သွားသည်အထိ ဖိနှိပ်ထားတော့သည်။
"ဒီအရှိန်အဝါက! စွမ်းအားကြီးလိုက်တာ!"
ကျူးကောကျီချုံမှာ ကောင်းကင်ယံရှိ တစ်နေရာကို ကြည့်လိုက်သည်။
"သူတော်စင်တစ်ပိုင်းထိပ်ဆုံးအဆင့်ပညာရှင်ပဲ!"
စုလင်းဝူ၏မျက်ခုံးများမြင့်တက်သွား၏။
"သူတော်စင်တစ်ပိုင်းထိပ်ဆုံးအဆင့်? သူတို့က ဘယ်သူလဲ?"
ဖုန်းထျန်းယွမ်မှာပြောလိုက်၏။
"ငါသာမမှားရင် ဒါက ကောင်းကင်ဘုံခုံရုံးရဲ့ အင်ပါယာလေးဦးပဲ။ သူတို့က ဒီခေတ်ရဲ့ စွမ်းအားကြီးပညာရှင်တွေပဲ! ငါတို့သာမရှိရင် သူတို့ကို ဒီခေတ်ရဲ့ ဒုတိယ အဆင့်ပညာရှင်တွေကြားမှာ စွမ်းအားအကြီးဆုံးလို့တောင်သတ်မှတ်လို့ရတယ်။"
"အိုး? သူတို့က တကယ်ပဲ ဒီလောက်ထိ စွမ်းအားကြီးတာလား? စိတ်ဝင်စားစရာပဲ။"
ဖုန်းထျန်းယွမ်မှာ ခပ်ဝေးဝေးသို့ လျှောက်သွားလိုက်၏။
"ငါ့မှာလုပ်စရာလေးရှိသေးတယ်။ မင်းတို့နှစ်ယောက် ဒီမှာနေပြီး အခြေအနေကို သေချာကြည့်ထား။"
"သိပါပြီ!"
ကောင်းကင်ရှိ တွင်းပေါက်မှာ မီတာတစ်သောင်းအကွာထိ ပွင့်လာပြီပင်။
လျှပ်စီးဖြင့်ဝိုင်းရံနေသည့် မြင့်မြတ်သောပုံရိပ်တစ်ခုမှာ ခပ်ဖြည်းဖြည်းလှမ်းထွက်လာ၏။
သူလှမ်းသည့်ခြေလှမ်းတိုင်းနှင့်အတူ ဟင်းလင်းပြင်စွမ်းအားနှင့် နိယာမစွမ်းအားတို့မှာ အတက်အကျကြီးကို ခံစားနေရသည်။ လူတိုင်းမှာ အပြောင်းအလဲကို ခပ်ရေးရေး မြင်နိုင်သေး၏။
"မြင့်မြတ်သောနန်းတော်ရဲ့ကောင်းကင်အင်ပါယာကိုးချန်! ကောင်းကင်ဘုံခုံရုံးရဲ့ အင်ပါယာလေးဦးထဲက တစ်ယောက် ပေါ်လာပြီ!"
"ဘုရားရေ၊ သူတို့လေးယောက်တောင် ရောက်နေပြီလား။ ဒီတိုက်ပွဲက ပိုပိုပြီး အသက်ဝင်လာတာပဲ! ကျဲကျောင်းတော်တော့ ရူးပြီသာမှတ်!"
လူတိုင်းမှာ မနေနိုင်ဘဲ အော်ဟစ်လိုက်ကြကာ သူတော်စင်များ၏အမူအရာမှာလည်း ပိုလို့ပင် မှုန်မှိုင်းလို့လာကြ၏။
ကောင်းကင်ဘုံခုံရုံး၏အင်ပါယာလေးဦးပင်ပေါ်ထွက်လာပြီဖြစ်၏။ ၎င်းတို့သာ ထိုကျဲကျောင်းတော်မှ လူများနှင့် မရင်ဆိုင်နိုင်သေးပါလျှင် သူတော်စင်များမှာ တိုက်ခိုက်ရုံကလွဲ မတတ်နိုင်ပါချေ။
ပြောရလျှင် ၎င်းတို့မှာ ကောင်းကင်ဘုံခုံရုံးပျက်စီးသည်ကိုထိုင်မကြည့်နိုင်ပါချေ!
ကောင်းကင်ဘုံခုံရုံးမှာ ဟောက်ထျန်း၏ အပိုင်ဖြစ်သော်ငြားလည်း ၎င်းက တစ်ခါတရံတော့ အသုံးဝင်နေဆဲပင်။
ပို၍ အရေးပါသည်က ကောင်းကင်ဘုံခုံရုံးသာကျဲကျောင်းတော်ကြောင့် ပျက်စီးသွားပါလျှင် ကောင်းကင်ဘုံခုံရုံးက ကျဲကျောင်းတော်ပိုင်ဖြစ်လာတော့မည်မဟုတ်ပါလား? အနာဂတ်တွင် ကျဲကျောင်းတော်မှာ သုံးလောက၏အုပ်ချုပ်သူဖြစ်ရန် ၎င်းတို့ကိုယ်တိုင် ရွေးချယ်ရလိမ့်မည်။ ၎င်းတို့မှာ ကောင်းကင်ဘုံခုံရုံးနာမည်သုံးပြီး တပည့်အများကို လက်ခံခိုင်းနိုင်ပြီး တစ်လှမ်းပြီးတစ်လှမ်းသန်မာလာကာ တခြားအဖွဲ့အစည်းများကိုပင် ထုတ်ပယ်နိုင်၏။
မည်သူက ထိုသည်ကိုခွင့်ပြုရန် ဆန္ဒရှိမည်နည်း?
ထိုအခိုက်တွင် အင်ပါယာကိုးချန်မှာ ဟင်းလင်းပြင်အပြဲမှလှမ်းထွက်လာ၏။ သူဟာ အောက်ဘက်ရှိ ပျက်စီးလုနီးနီး အကြီးအကဲငါးပါးကို ကြည့်လျက် အမူအရာက အင်မတန်အေးစက်နေပေသည်။
"မင်းတို့ဘာလို့မရပ်ကြတာလဲ? ငါတို့ကောင်းကင်ဘုံခုံရုံးရဲ့ အရေးပါတဲ့ အရာထမ်းတွေကို သတ်ရဲတယ်ပေါ့လေ။ ကောင်းကင်ဘုံခုံရုံးက လူတွေကို နင်းပြားတွေလို့များမှတ်နေတာလား? မင်းတို့သာမရပ်ရင် မင်းတို့ကိုပြာအဖြစ်ပြောင်းပေးမယ်!"
ထိုစကားလုံးများအား ပြင်းစွာပြောလိုက်သည်မှာ နိယာမစွမ်းအားသည်ပင် ပါဝင်နေ၏။
၎င်းကိုကြားသည့်ကျဲကျောင်းတော်မှကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များစွာမှာ ၎င်းတို့၏ကိုယ် တုန်ယင်လာသည်ကိုခံစားရ၏။ ၎င်းတို့၏နားစည်များမှာလည်း တုနှိုင်းမဲ့စွာ နာကျင်နေကြကာ အမူအရာမှာ ပေါက်ကွဲသွားလုဆဲဖြစ်၏။
သူတော်စင်တစ်ပိုင်းထိပ်ဆုံးအဆင့်၏စွမ်းအားမှာ တကယ်တော့ ၎င်းတို့ ကောင်းကောင်းပင်မခုခံနိုင်ခြင်းမဟုတ်ချေ။
ထိုအချိန်တွင် ကျူးကောကျီချုံမှာ နှာခေါင်းရှုံ့လျက် ထိုနိယာမစွမ်းအားကို ခုခံရန် သူမ၏စွမ်းအားကိုအသုံးပြုလိုက်သည်။
သူမတိုက်ခိုက်လိုက်သည်နှင့် အခြားကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များမှာ ချက်ချင်းပင်များစွာ ခံစားလို့ကောင်းလာခဲ့၏။
အခြားလူများမှာထိုမြင်ကွင်းကိုသတိမပြုမိသော်လည်း သူတော်စင်အချို့မှာမူ သတိပြုမိ၏။
"ဒီမိန်းမက အရမ်းစွမ်းအားကြီးတယ်!"
"လုရှောင်ယန်မှာ ဒီလိုငယ်သားရှိမယ်လို့ထင်မထားခဲ့ဘူး။ သူမရဲ့ကျင့်ကြံဆင့်က သူတော်စင်တစ်ပိုင်းထိပ်ဆုံးအဆင့်ထက်တောင် မနိမ့်ကျနိုင်ဘူး။"
"သေစမ်းကွာ! လုရှောင်ယန်က ဘာယ်လောက်တောင် စွမ်းအားကြီးတာလဲ? သူက သူတော်စင်အဆင့်ကိုရောက်ကာစ ကောင်စုတ်လေးပဲလေ။ ဘယ်လိုများ အချိန်တိုအတွင်းမှာ သူတော်စင်တစ်ပိုင်းထိပ်ဆုံးအဆင့်တစ်ယောက်ကို ပျိုးထောင်ခဲ့တာလဲ? ဘယ်လိုများလုပ်လိုက်တာပါလိမ့်?"
ထိုအချိန်တွင် သူတော်စင်များမှာ ၎င်းတို့၏ဘဝများကို သံသယဝင်လာ၏။
စုလင်းဝူ၏ဘက်တွင် ကျူးကောကျီချုံတိုက်ခိုက်နေချိန်၌ သူဟာတိုက်ရိုက်ပင်ပြောလိုက်သည်။
"အကြီးအကဲငါးယောက်ကိုသတ်! ဘယ်သူကိုမှ ရှင်လျက်ချန်မထားနဲ့!"
"သိပါပြီ!"
ရှီချန်းလင်နှင့်အပေါင်းအပါများမှာ အမိန့်ကိုလက်ခံပြီး တိုက်ခိုက်မှု နောက်ဆုံးလှိုင်းကို ပို့လွှတ်လိုက်သည်။
"မဟုတ်ဘူး! ရပ်လိုက်!"
အင်ပါယာကိုးချန်မှာ ဟစ်အော်လိုက်ပြီး လက်တွင်းတွင် နတ်လျှပ်စီးနှင့်အတူဆင်းသက်လာ၏။
ထိုနတ်စွမ်းအားမှာ ပြိုင်ဘက်ကင်းသည်။ ၎င်းက သူတော်စင်တစ်ပိုင်းဖြစ်သည့် တစ်ယောက်ယောက်ကိုပင် အပြင်းအထန်ဒဏ်ရသွားစေနိုင်သည်!
နှစ်ဘက်စလုံးမှာ သူတော်စင်အဆင့်ရှိသော်လည်း သာမန် သူတော်စင်တစ်ပိုင်းအဆင့်နှင့် သူတော်စင်တစ်ပိုင်းထိပ်ဆုံးအဆင့်တို့ကြား စွမ်းအားကွာခြားချက်မှာ တကယ်ကိုပင်အင်မတန်ကြီးမားလွန်းလှ၏!
သို့ရာတွင်!
ကံမကောင်းစွာဖြင့် ရှီချန်းလင်နှင့် အပေါင်းအပါများမှာ သာမန်သူတော်စင်တစ်ပိုင်းများမဟုတ်ကြချေ။ ၎င်းတို့မှာ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များဖြစ်ကြကာ သူတော်စင်များနှင့် ယှဉ်နိုင်သည့် စစ်မှန်သောဖြစ်တည်မှုများပါပင်။
၎င်းတို့မှာ ဟန်ဆောင်နေခဲ့ခြင်းသာဖြစ်၏!
ထို့ကြောင့် ၎င်းတို့မှာ အင်ပါယာကိုးချန်၏ တိုက်ခိုက်မှုကို လုံးဝဂရုမစိုက်ဘဲ အကြီးအကဲငါးဦးအားနောက်ဆုံးတိုက်ခိုက်ရန် လုံးဝနောက်ပြန်မဆုတ်ဘဲ အပြီးသတ်လိုက်၏။
ဘုန်း!
ပေါက်ကွဲမှုတစ်ခုဖြင့် အကြီးအကဲငါးဦးလုံး အသတ်ခံလိုက်ရသည်!
ထိုစွမ်းအားမှာ အကြီးအကဲငါးဦးအား ဖျက်စီးခဲ့၏!
ထိုအချိန်တွင် သုံးလောကလုံးမှာ တိတ်ဆိတ်နေကြ၏!
၎င်းက ရူးသွပ်ဖွယ်ပင်!
၎င်းတို့မှာ တကယ်ကိုပင် ကောင်းကင်ဘုံခုံရုံး၏ အကြီးအကဲငါးဦးကိုသတ်လိုက်သည်!
ထိုကျဲကျောင်းတော်မှာ လူဆိုးများအုပ်စုပင်ဖြစ်၏!
အကြီးအကဲငါးဦးဖျက်ဆီးခံပြီးနောက်တွင် အင်ပါယာကိုးချန်၏မျက်လုံးများမှာလည်းပြူးကျယ်လျက် အော်ဟစ်နေသည်!
သူ၏တစ်ကိုယ်လူံးရှိ လျှပ်စီးစွမ်းအားမှာ အရူးအမူးတိုးလာ၏။
"ငါမင်းတို့အားလုံးကိုသတ်ချင်တယ်!"ဟု ဆိုလျက် ၎င်းတို့၏ အထက်သို့ရောက်လာသည်။
"ပြီးပြီ!"
ထိုကောင်းကင်စစ်သည်များနှင့် စစ်သူကြီးများ ကြေးမုံပုံရိပ်၏ ရှေ့ရှိ ကျင့်ကြံသူများမှာ လက်သီးများအား စိတ်လှုပ်တရှား ဆုပ်ထားလိုက်သည်!
အင်ပါယာလေးဦးထဲက တစ်ဦးနှင့်အတူ ရင်ဆိုင်မည်ဆိုလျှင် ၎င်းတို့ မှာ ရှင်သန်နိုင်လျှင်တောင် ခံစားရမည်ဖြစ်ချေ၏။
ကျဲကျောင်းတော်မှာ ထိုအကြီးအကဲငါးယောက်ကိုသတ်သည့်အတွက် သေရန်ထိုက်တန်ပါသည်!
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၃၂။ အပိုင်း ၄၇၀ ဟောက်ထျန်းက ကျင့်ကြံရာကနေထွက်လာပြီ၊ လောကရဲ့ နဝမမြောက်သူတော်စင်
အင်ပါယာကိုးချန်၏ လျှပ်စီးစွမ်းအားကျရောက်လာချိန်တွင် ကျဲကျောင်းတော်မှလွဲ၍ လူတိုင်းနီးပါးမှာ မျက်နှာထက်၌ အပြုံးများဖြစ်တည်လာကြသည်။
၎င်းတို့၏အမြင်တွင် ရှီချန်းလင်နှင့်အပေါင်းအပါများမှာ သေချာပေါက်သေရမည်ပင်!
သို့သော် လျှပ်စီးစွမ်းအား ရောက်ရှိလာသည့်အခိုက်တွင် အားလုံး၏မျက်နှာထက်ရှိအပြုံးများမှာ တမုဟုတ်ချင်းပျောက်ကွယ်သွားကာ မေးရိုးများပင် မြေပြင်သို့ ပြုတ်ကျသွားရ၏။
ရှီချန်းလင်နှင့် အပေါင်းအပါများမှာ ကျရောက်လာသည့် လျှပ်စီးစွမ်းအားကို ခုခံပြီး တကယ်ကို ထိခိုက်မှုမရှိပါချေ!
၎င်းက စိတ်ကူးမထားခဲ့သည့်အရာပင်ဖြစ်သည်!
၎င်းမှာ ယင်ကောင်တစ်ကောင်၏လှုပ်ရှားမှုမဟုတ်ပါချေ။ ထိုသည်က ကောင်းကင်ဘုံခုံရုံး၏ မဟာအင်ပါယာလေးဦးထဲမှ အင်ပါယာကိုးချန်၏ လှုပ်ရှားမှုဖြစ်၏!
သူ၏ စွမ်းအားအပြည့်တိုက်ခိုက်မှုမှာ တကယ်ကိုပင် အသုံးမဝင်ဖြစ်သွားခဲ့၏။ ရှီချန်းလင်နှင့် အပေါင်းအပါများမှာ ထိခိုက်ခြင်းမရှိရလောက်သည်အထိ မည်မျှစွမ်းအားကြီးမားလှပါသနည်း?
ပြောရလျှင် အင်ပါယာကိုးချန်သည်ပင်ကြောင်စီသွား၏။ သူဟာရပ်တန့်နေကာ ဘာဖြစ်နေမှန်းပင်မသိတော့ပါချေ။
၎င်းကထိုသို့မဖြစ်သင့်ချေ!
သူ၏ကျင့်ကြံဆင့်အား သူသိပါ၏။ သူတော်စင်အဆင့်အောက်ရှိ ပြိုင်ဘက်တစ်ဦးကို ရှာဖွေရန်ခက်ခဲသည်ဟု ဆိုကြသည်။
ထို့အပြင် ထိုလူများအားလုံးမှာ သူတော်စင်များမဟုတ်နိုင်ပါချေ။ ၎င်းတို့မှာ မည်သို့ သူ၏ပြိုင်ဘက်ဖြစ်လာရသနည်း?
သို့သော် ၎င်းတို့မှာ သူ၏တိုက်ခိုက်မှုကိုတားဆီးရန်အောင်မြင်ခဲ့သည်။
ထိုစွမ်းအား၊ ထိုမကောင်းဆိုးဝါးဆန်မှုမှာ အင်မတန်စွမ်းအားကြီးမားလှချေ၏!
"သူတို့က ကနဦးသူတော်စင်တွေမဟုတ်ဘူး! ကနဦးသူတော်စင်ထိပ်ဆုံးအဆင့်တွေပဲ!"
လူတချို့မှာ ရှီချန်းလင်၊ သခင်ကြီးလုနှင့် ကျန်လူများ၏ ပုံစံအမှန်အား တစ်ဖန်ခန့်မှန်းလိုက်ကြပြန်သည်။
လူတိုင်း၏ နှလုံးများမှာ တစ်ဖန် တုန်ယင်လာကြပြန်၏။
ကနဦးသူတော်စင်ထိပ်ဆုံးအဆင့်!
ဘုရားရေ!
၎င်းတို့မှာ အမှန်ကိုပင် ကနဦးသူတော်စင်ထိပ်ဆုံးအဆင့်များဖြစ်ကြ၏!
၎င်းတို့က သူတော်စင်အဆင့်ရောက်ရန် ခြေတစ်လှမ်းပင် မလိုတော့လောက်အောင် အင်မတန်နီးကပ်နေပြီဟု ဆိုလိုနေခြင်းမဟုတ်ပါလား?
ဘုရားရေ၊ သူတို့ကအရမ်းစွမ်းအားကြီးလွန်းမနေဘူး?
"မဟုတ်ဘူး။ ဘယ်လိုလုပ် ကနဦးသူတော်စင်တွေဒီလောက်အများကြီးရှိမှာလဲ? လုရှောင်ယန်က ဘယ်လောက်ပဲ ကောင်းကင်ဘုံကိုအံတုနေပါစေ သူတော်စင်ဟောင်းတစ်ယောက်ထက်တောင် အံတုဖို့က မဖြစ်နိုင်ဘူးလေ။ ပြီးတော့ အတိအကျဆိုရင် သူတို့ထဲမှာ ကနဦးသူတော်စင်ထိပ်ဆုံးအဆင့်ကတစ်ယောက်ပဲရှိပါတယ်။ ပြောရရင် သူတို့က အင်ပါယာကိုးချန်ရဲ့တိုက်ခိုက်မှုကို ခုခံဖို့ဆို ကနဦးသူတော်စင်တစ်ဦးကိုပဲ ခုခံပေးဖို့လိုတာလေ။"
"အဟုတ်ပဲ၊ ဒီလိုပဲဖြစ်ရမယ်။"
ထိုအချိန်တွင် လေထုမှာ ထပ်မံပုံပျက်သွား၏။ ဟင်းလင်းပြင်အပေါက်အပြဲတစ်ခု ပွင့်သွားကာ လူနှစ်ဦးမှာ သီးသန့်ကျင့်ကြံနေရာက လှမ်းထွက်လာကြသည်။
"ဒါ မြောက်ဝင်ရိုးစွန်းရဲ့ အင်ပါယာကျီဝေ့ပဲ! အင်ပါယာကျီဝေ့ပေါ်လာပြီ!"
"ပြီးတော့ တောင်ဝင်ရိုးစွန်းရဲ့အင်ပါယာချန်ရှန်းလည်းပါသေးတယ်! သူ့ကို ရှေးဟောင်းကောင်းကင်အဓိပတိရဲ့ အနှစ်သာရဝိဉာဉ်ကနေ ဖွဲ့စည်းထားပြီးတော့ ရှေးဟောင်းကောင်းကင်အဓိပတိရဲ့အငွေ့အသက်လေးတစ်ခုကနေ ဖြစ်ပေါ်လာခဲ့တာပဲ။ သူ့ရဲ့စွမ်းအားက ဒီလေးယောက်ရဲ့ ထိပ်ဆုံးမှာရှိတယ်!"
"ဒီနေရာမှာ သူတို့နှစ်ယောက်နဲ့ဆိုရင်တော့ ကျဲကျောင်းတော်က နတ်ဆိုးတွေ ထပ်ပြီး ဘဝင်မြင့်နိုင်မှာမဟုတ်တော့ဘူး၊ မဟုတ်လား?"
ကျဲကျောင်းတော်သားများသာလျှင် အမူအရာမဲ့နေကြသည်။
အင်ပါယာကျီဝေ့မှာ အင်ပါယာကိုးချန်အားကြည့်လျက် ပြုံးလိုက်သည်။
"ကိုးချန်၊ ငါတို့နှစ်ယောက် မင်းကိုကူညီမယ်။"
"ဒီကျဲကျောင်းတော်ရဲ့ ကောင်စုတ်တွေက ငါတို့ကောင်းကင်ဘုံခုံရုံးရဲ့စွမ်းအားကို အထင်သေးဝံ့တယ်။ ဒီနေ့ ငါက သူတို့အားလုံးကို ကောင်းကင်ဘုံခုံရုံးမှာ နေရဖို့ သေချာအောင်လုပ်ပေးမယ်။ သူတို့တစ်ယောက်မှာ ထွက်မသွားနိုင်စေရဘူး။"
သို့သော် အင်ပါယာကိုးချန်မှာ သူ့အားပြန်မဖြေလိုက်ပါချေ။ ထိုအစား နှာသာမှုတ်လိုက်သည်။
"ဟမ့်! ဒီလိုသူခိုးအုပ်စုလေးနဲ့ ရင်ဆိုင်ဖို့ ဘာလို့လူအများကြီးလိုမှာလဲ? ငါအစကတော့ ကိုယ့်ဘာသာတိုက်ချင်ခဲ့တာ။ အခုမင်းတို့နှစ်ယောက်ဒီကိုရောက်လာမှတော့ ဒါကိုမင်းတို့နဲ့ထားခဲ့မယ်။ ငါလုပ်စရာလေးရှိလို့။ အရင်သွားပြီနော်။"
စကားဆုံးသည်နှင့် သူဟာလှည့်ထွက်သွားတော့သည်။
အားလုံးမှာ မနေနိုင်ဘဲ ကြောင်အမ်းသွားကြ၏။ သူဘာလုပ်နေတာလဲ?
ကျဲကျောင်းတော်တွင် ကနဦးသူတော်စင်ထိပ်ဆုံးအဆင့်ရှိသည်ဟု သိရသည်!
ထို့ကြောင့် ၎င်းတို့သုံးယောက် အတူတကွတိုက်ခိုက်ကြရင် ပိုမိုလွယ်ကူမည်ပင်။
ကနဦးသူတော်စင်ထိပ်ဆုံးအဆင့်နှစ်ဦးတည်းနှင့်ဆိုလျှင် သက်ရောက်မှုမှာ သိသိသာသာအားလျော့သွားပေလိမ့်မည်။
အင်ပါယာကိုးချန်မှာမူ လှည့်ထွက်သွားပြီးနောက်၌ သက်ပြင်းချကာသာ ဟင်းလင်းပြင်အပြဲထဲသို့ ဝင်သွားလိုက်သည်။ သောက်ကျိုးနည်း၊ ကံကောင်းလို့၊ မြန်မြန်တုံ့ပြန်နိုင်ပြီး အရင်ထွက်လာနိုင်ခဲ့တာ!
လူတိုင်းမှာ ရှီချန်းလင်နှင့် အပေါင်းအပါများကြားတွင် ကနဦးသူတော်စင်တစ်ဦးသာရှိသောကြောင့် သူ၏တိုက်ခိုက်မှုကို ခုခံနိုင်သည်ဟု ထင်နေကြသည်။
သို့သော် ပြောရလျှင် ရှီချန်းလင်နှင့်အပေါင်းအပါများမှာ မည်သည့်တိုက်ကွက်ကိုမှမထုတ်ခဲ့ဘဲ ၎င်းတို့ကိုယ်ချည်းသက်သက်ဖြင့်သာ ခုခံခဲ့သည်ကို ၎င်းတို့ကိုတိုက်ခိုက်သည့်သူကသာသိနိုင်သည်။
သူ၏တိုက်ခိုက်မှုအား ကိုယ်ချည်းသက်သက်ဖြင့်သာ ခုခံနိုင်ပါလျှင် ၎င်းတို့မှာ မည်သို့များ ကနဦးသူတော်စင်ထိပ်ဆုံးအဆင့်၌ရှိနေနိုင်ပါမည်နည်း?
ဟာသပဲ!
သူဟာ သူ၏ အားအပြည့်တိုက်ခိုက်မှုကို ဓမ္မရတနာတစ်ခုခု သို့မဟုတ် ကျင့်စဉ်တစ်ခုခုမသုံးဘဲ ခုခံနိုင်မည်ဟုပင် မပြောရဲပါချေ။
ရှီချန်းလင်နှင့်အပေါင်းအပါများမှာ ကနဦးသူတော်စင်ထိပ်ဆုံးအဆင့်ကိုပင်ကျော်လွန်လျက် သူတော်စင်အဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်၏!
သူဟာ ရှီချန်းလင်နှင့်အပေါင်းအပါများက ၎င်းတို့၏ သူတော်စင်ကျင့်ကြံဆင့်များအား အဘယ့်ကြောင့် မထုတ်ပြသည်ကို မသိပါသော်လည်း... ၎င်းတို့မှာ သေချာပေါက် ကျင့်ကြံဆင့်ကို ဖုံးကွယ်ထားသည်အား သိပေသည်။
၎င်းတို့မှာ ကျင့်ကြံဆင့်ကိုမဖုံးထားပါလျှင်တောင် ၎င်းတို့မှာ သူတော်စင်တစ်ပိုင်းထိပ်ဆုံးအဆင့်ဖြစ်သည်။
ထို့အပြင် ၎င်းတို့မှာ သူတော်စင်တစ်ပိုင်းထိပ်ဆုံးအဆင့်ဆိုလျှင် ၎င်းတို့နောက်မှ လူသုံးဦးမှာ မည်သို့ဖြစ်မည်နည်း?
၎င်းတို့သုံးဦးမှာလည်း သူတော်စင်ထိပ်ဆုံးအဆင့်ဖြစ်နိုင်သည်မဟုတ်ပါလား?
ဖုန်းထျန်းယွမ်ကိုမူ အင်ပါယာကိုးချန်မှာ သတိထားမိသည်မှာ ကြာခဲ့ပြီပင်။ တိုက်ခိုက်မှုအတွင်းတွင် ထိုလူမှာ တစ်ဦးတည်းထွက်သွားခဲ့သည်။ ၎င်းက သူဟာ မပြေးဘဲ ထွက်သွားခဲ့သည်ဟု မှတ်ထားရန်ထိုက်တန်သည်။
တည်ငြိမ်စွာထွက်သွားခြင်းနှင့် ထွက်ပြေးခြင်းမှာ မတူညီသော ကိစ္စနှစ်ရပ်ပင်။
လုရှောင်ယန်မှာ ကောင်းကင်ဘုံခုံရုံးကိုတိုက်ခိုက်ဝံ့ကတည်းက ကျဲကျောင်းတော်သားများအား သေခြင်းထံအရောက်ပို့ရန် မဖြစ်နိုင်ချေ!
သူ့ထံတွင် သာလွန်သော လှုပ်ရှားမှုများသေချာပေါက်ရှိသည်။
တိုက်ပွဲတွင် သုံးဦးသားမှာ ဘယ်တော့မှ မတိုက်ခိုက်ခဲ့ချေ။ တိုက်ပွဲအတွင်း၌ တစ်ဦးသည်ပင် ထွက်သွားခဲ့သည်။
ဒါက ဘာကိုဆိုလိုတာလဲ? သူတို့က ကောင်းကင်ဘုံခုံရုံးကိုတိုက်ခိုက်တဲ့နေရာမှာ အရမ်းကို ယုံကြည်ချက်ရှိနေတာလား။
သူတို့က မိုက်မဲတာလည်းမဟုတ်သလို ဘဝင်လည်းမမြင့်ဘူး။ သူတို့က အရမ်းယုံကြည်ချက်ရှိနေမှတော့ သူတို့မှာ ကောင်းကင်ဘုံခုံရုံးကို ဖျက်ဆီးနိုင်တဲ့စွမ်းအားရှိရမယ်!
တစ်ခုခုတော့မှားနေပြီ၊ တစ်ခုခုတော့ တကယ်မှားနေပြီ!
အတိုချုံးရလျှင် သူဟာ ဦးဆုံးထွက်ပြေးခဲ့ရသည်။
မည်သို့ဖြစ်ဖြစ် ကောင်းကင်ဘုံခုံရုံးတွင် သူ၏ဂုဏ်ထူးမှာ ထူးကဲပေ၏။ ထို့အပြင် သူဟာ တိုက်ခိုက်ခဲ့ကာစပင်။ သူဟာ ကျဲကျောင်းတော်ကို အနိုင်ယူနိုင်လျှင်တောင် ကျောက်စိမ်းဧကရာဇ်ကသူ၏ဂုဏ်ပုဒ်ကို တိုးမြှင့်ပေးရန်မဖြစ်နိုင်ချေ။ တူညီစွာပင် တစ်ဖက်မှာ သူ့အား တာဝန်ခံခိုင်းမည်မဟုတ်ချေ။
ထို့အပြင် သူသာမနိုင်ပါလျှင် ဘဝကိုပါဆုံးရှုံးရမည်ဖြစ်၏။
သူဟာ နှစ်သိန်းပေါင်းများစွာ ကျင့်ကြံခဲ့ပြီးမှသာ သူတော်စင်တစ်ပိုင်းထိပ်ဆုံးအဆင့်သို့ရောက်ရှိခဲ့ခြင်းပင်။ သူဟာ သူတော်စင်ဖြစ်ရန်လည်း ခြေတစ်လှမ်းမျှသာ လိုတော့သည်။ ထို့ကြောင့် မစွန့်စားချင်ပါချေ။
တစ်ဖက်တွင် ဖုန်းထျန်းယွမ်မှာ မဟာပညာရှိကြီးအဆောင်တော်သို့ရောက်ရှိလာခဲ့သည်။
နားခြောက်ဖက်မျောက်မှာ အောင်မြင်သောတိုက်ခိုက်ခြင်းဗုဒ္ဓဖြစ်လာသောကြောင့် လူတိုင်းမှာ စွန်းဝူခုံးက အသက်ရှင်ဆဲဟု ထင်မှတ်ခဲ့ခြင်းဖြစ်သည်။ သဘာဝကျစွာပင် မဟာပညာရှိကြီးအဆောင်တော်မှာ မပျက်စီးသေးပါချေ။
သူဟာ လက်များကိုနောက်ပစ်လျက် တံခါးတွင်ရပ်ကာ တံခါးထက်ရှိ ဆောင်ပုဒ်ကို ရပ်ကြည့်နေ၏။
နှစ်များစွာကြာပြီးနောက်တွင် လောကရှိအရာတိုင်းပြောင်းလဲသွားခဲ့ပြီဖြစ်၏။
အတိတ်က ဤနေရာမှာ သူ၏ပါရမီအရည်အချင်းများကို ဦးဆုံးပြသပြီး သုံးလောက၌ ကျော်ကြားလာခဲ့သည့်နေရာပင်ဖြစ်သည်။
ယခုတွင် နေရာကကျန်ရှိနေပါသော်လည်း သူ၏ပုံစံအမှန်မှာတော့ မရှိတော့ချေပြီ။
မည်သူကမှ သူဟာ မဟာပညာရှိကြီး စွန်းဝူခုံးမှန်းမသိကြပါချေ!
မည်သူကမှ သူဟာ ရှင်သန်နေဆဲဖြစ်သည်ကို မသိကြချေ!
အားလုံးမှာ မူလမဟာပညာရှိကြီး စွန်းဝူခုံးက အနောက်ဘက် စိတ်ဝိဉာဉ်တောင်၏ အောင်မြင်သောတိုက်ခိုက်ခြင်းဗုဒ္ဓဖြစ်လာသည်ဟုသာ သိထားကြ၏။
ဖုန်းထျန်းယွမ်မှာ သူသာယခင်က ခေါင်းမမာဘဲ သူတော်စင်အဖြစ်ခံယူခဲ့နိုင်လျှင် အရာအားလုံးမှာ ယခုပိုမိုအဆင်ပြေနိုင်လိမ့်မလားတွေးမိ၏။
ထိုသို့ဆိုလျှင် သူဟာဂေါတမ၏အသတ်မခံရဘဲ နဂါးဖြူလေးအား ဒုက္ခဖြစ်စေခြင်းမှ ရပ်တန့်နိုင်ပြီး သူ၏ဆရာထန်စန်းနှင့် ပါကျဲတို့အား ဝင်ပါခွင့်ပြုခဲ့မည်မဟုတ်ချေ။ ဘုန်းတော်ကြီးရှားမှာလည်း သေမျိုးလောကတွင်လှည့်လည်သွားလာနေရန်မလိုတော့ဘဲ သာမန်သေမျိုးအိုကြီးသာဖြစ်လာနိုင်သည်။
သို့သော်... ထိုသို့ဆိုပါလျှင် သေသည်နှင့်ဘာများကွာခြားတော့ပါမည်နည်း?
စွန်းဝူခုံးမှာ အစေခံဖြစ်ရန်မွေးဖွားလာခြင်းမဟုတ်ပါချေ!
"မင်းပြန်ရောက်လာပြီပဲ။"
ခပ်ဖျော့ဖျော့အသံတစ်ခုမှာ ဖုန်းထျန်းယွမ်၏နားတွင်းဝင်ရောက်လာ၏။ သူဟာ အကြည့်ကိုရုတ်လျက် တစ်ဖက်လူကိုကြည့်လိုက်သည်။ သူတစ်ချိန်က ရင်းနှီးလေးစားခဲ့ရသော မျက်နှာမှာ သူ၏အမြင်သို့ဝင်ရောက်လာသည်။
"အစ်ကိုယန်၊ မတွေ့တာကြာပြီ။ အခြေနေဘယ်လိုလဲဗျ?"
ရောက်လာသည့်လူမှာ ယန်ကျီအန်းကလွဲ၍ အခြားမရှိပါချေ!
သူဟာ အသက်ပြင်းပြင်းရှူလျက် ရင်ဘတ်မှာလည်း တင်းကြပ်လာခဲ့သည်။
"ငါအစကတော့ မင်းပြန်မလာတော့ဘူးလို့ထင်ထားခဲ့တာ။ နောက်ဆုံးမှာတော့ မင်းပြန်လာမယ်လို့ မမျှော်လင့်ခဲ့ဘူး။ ပြီးတော့... မင်းက ကျဲကျောင်းတော်ကိုတောင်ဝင်ပြီး ကောင်းကင်ဘုံခုံရုံးနဲ့ ဆန့်ကျင်ဘက်မှာ ထပ်ရပ်နေပြန်ပြီပဲ။"
"ကောင်းကင်ဘုံခုံရုံးနဲ့ ကျုပ်က ရန်သူတွေဖြစ်ဖို့ ကံပါလာတာပါဗျာ။ သူတော်စင်တွေက ကြောင်သူတော်တွေဖြစ်နေရင်လည်း ဂရုမစိုက်ပါဘူး၊ ဒါပေမယ့် သူတို့က ကျုပ်ကိုသတ်ရင် ကြားဝင်ပါရတော့မယ်လေ။ ပြီးတော့ ကျုပ်ရဲ့ဆရာထန်စန်းနဲ့ ဆရာတူညီလေးတွေလည်း ကောင်းကင်ဘုံခုံးနဲ့ စိတ်ဝိဉာဉ်တောင်တို့ လက်ထဲမှာ သေသွားခဲ့ရတာလေ။"
ယန်ကျီအန်း၏အမူအရာမှာ ဝမ်းနည်းမှုရေးရေးကိုပြသနေ၏။
"ငါတို့တကယ်ပဲတိုက်ခိုက်ရမှာလား? ငါတို့ သေတဲ့အထိ တိုက်ဖို့ ကံသတ်မှတ်ထားကြတာလား?"
ဖုန်းထျန်းယွမ်မှာ ပြုံးလျက် ခေါင်းခါလိုက်၏။
"ဟင့်အင်း။ ခင်ဗျားကယန်ကျီအန်းဖြစ်နေတုန်းဆိုပေမယ့်လည်း ကျုပ်က စွန်းဝူခုံးမဟုတ်တော့ဘူးလေ။ ကျုပ်တို့တွေ သေတဲ့အထိတိုက်ခိုက်စရာမလိုတော့ပါဘူး။"
ယန်ကျီအန်းမှာ မျက်ခုံးများ အတန်ငယ်မြင့်တက်သွား၏။
"မင်းရဲ့လက်ရှိကျင့်ကြံဆင့်က မဆိုးပုံပဲ။ ဒီလိုဆိုမှတော့ ငါဒါကို အတွေ့အကြုံယူရမှာပေါ့။"
လက်ချောင်းတစ်ခါထုတ်လိုက်ရင်း နှစ်ဖက်သွားဓားရှည်မှာ သူ၏လက်ဖဝါးတွင် ပေါ်ထွက်လာ၏။
ဖုန်းထျန်းယွမ်၏အမူအရာမှာ လုံးဝမပြောင်းလဲသွားပါချေ။ သူ၏မျက်လုံးအရွေ့လေးနည်းနည်းဖြင့် ယန်ကျီအန်းမှာ သူ၏ကိုယ်ပင် လုံးဝမရွေ့တော့ကြောင်း ခံစားမိသွားသည်။
"ဘာလဲဟ? ဒါ... ဒါက...!"
ယန်ကျီအန်းမျက်လုံးများပြူးကျယ်သွားကာ မယုံကြည်နိုင်မှုဖြင့်ပြည့်နေ၏။
သူအိပ်မက်မက်နေတာလား?
ဖုန်းထျန်းယွမ်က တကယ်ကြီးစွမ်းအားကြီးလှချည်လား?
သူဟာ လွန်ခဲ့သည့် နှစ်ပေါင်းသောင်းချီကြာအောင် ကောင်းကောင်းလေ့ကျင့်ခဲ့ရပြီး ဖုန်းထျန်းယွမ်မှာမူ ကျင့်ကြံရန် နှစ်အနည်းငယ်သာရရှိခဲ့သည်။
ထိုအချိန်တွင် နီကျားနှင့် လီကျင်းမှာလည်း မဟာပညာရှိအဆောင်တော်သို့ ပျံလာခဲ့သည်။ ထိုမြင်ကွင်းအားမြင်သော် နီကျားမှာ ချက်ချင်းအကြံပေးလိုက်၏,
"မျောက်၊ ဆရာတူအစ်ကိုနှစ် ယန်ကိုမတိုက်နဲ့။ အရင်က ငါ ဟွာကိုးတောင်နဲ့ ရေလွှမ်းလှိုဏ်ဂူကိုသွားတော့ သူကပဲငါ့ကိုသွားခွင့်ပြုခဲ့ပြီး ကောင်းကင်ဘုံခုံရုံးက သူလျှိုတွေကို တားဖို့ ကူညီပေးခဲ့တာပဲ။"
"ဒီလိုလား?"
ဖုန်းထျန်းယွမ်မှာ ကွဲပြားစွာဖြေလိုက်ပြီး ဖိအားကိုရုတ်သိမ်းလိုက်သည်။
ယန်ကျီအန်းမှာ ကြက်သေသေနေသေးကာ နီကျားက သူ၏ ရှေ့မှောက်သို့ ချက်ချင်းပျံလာခဲ့၏။
"ဆရာတူအစ်ကိုနှစ် ယန်၊ ကျွန်တော်တို့ အမည်မဲ့ဂိုဏ်းကိုလာခဲ့ပါ။ ခင်ဗျားရဲ့ပါရမီနဲ့ဆိုရင် ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင် လွယ်လွယ်လေးဖြစ်လာနိုင်တယ်။"
"ဘာပြောလိုက်တာ?" ယန်ကျီအန်းမှာ ထိတ်လန့်သွားသည်။
"ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ပါ! ကျွန်တော့အဖေနဲ့ကျွန်တော် နှစ်ယောက်စလုံး အခု ရှေးဟောင်းသဏ္ဍာန်မဲ့ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်တွေဖြစ်နေကြပြီ။ အမည်မဲ့ဂိုဏ်းနဲ့ပူးပေါင်းဖို့က လမ်းအမှန်ပဲ! ကောင်းကင်ဘုံခုံရုံးအတွက် လုပ်ပေးတာရပ်လိုက်တော့။ ခင်ဗျားနောက်ထပ် နှစ်တစ်သိန်းလောက် ထပ်လုပ်ရင်တောင် သူတော်စင်ဖြစ်လာနိုင်မှာမဟုတ်ဘူး။"
တိုက်ပွဲကွင်းပြင်တွင် အင်ပါယာကျီဝေ့နှင့် အင်ပါယာချန်ရှန်းတို့ရောက်လာပြီးနောက်၌ ၎င်းတို့မှာ ဦးဆုံး အတန်ငယ်ရပ်တန့်နေကြ၏။ သို့သော် ၎င်းတို့မှာ ခပ်မြန်မြန်တုန့်ပြန်လိုက်ကာ ရှီချန်းလင်နှင့် အပေါင်းအပါများကိုတိုက်ခိုက်လိုက်သည်။
ရလာဒ်မှာ သိသာလှပေ၏။ နှစ်ယောက်စလုံးအနိုင်ယူခံလိုက်ရကာ မိနစ်ပိုင်းအတွင်းမှာပင် ဒဏ်ရာပြင်းစွာရသွားပြီး သေလုဆဲဆဲဖြစ်နေ၏။
ထိုအချိန်တွင် သုံးလောကတစ်ခွင်မှာ ဖရိုဖရဲဖြစ်နေကြသည်။
၎င်းတို့မှာ အင်ပါယာကိုးချန်အဘယ့်ကြောင့်ထွက်ခွာသွားသည်ကိုနားလည်လိုက်ကြသည်။ သူဟာ ထွက်သွားခြင်းမဟုတ်ချေ။ ထွက်ပြေးသွားခြင်းပင်! လုရှောင်ယန်ထံ၌ သူတော်စင်ထိပ်ဆုံးအဆင့်တစ်ဦးနှစ်ဦးပင်မကရှိချေ၏။ ထိုအစား သူ၏တပည့်အားလုံးမှာလည်း သူတော်စင်တစ်ပိုင်းထိပ်ဆုံးအဆင့်များဖြစ်ကြသည်! ၎င်းတို့မှာ အယောက်နှစ်ဆယ်ပင်ကျော်၏!
ထိုအားလုံးမှာ သူတော်စင်တစ်ပိုင်းထိပ်ဆုံးအဆင့်များပင်!
သူတို့ဟာ ဘယ်လိုများအနိုင်ရမည်နည်း? ထိုအချိန်တွင် လူတချို့မှာ တိတ်တဆိတ်တွက်ချက်ထားပြီးသားပင်။ ကျဲကျောင်းတော်သာရှင်သန်နိုင်လျှင် ၎င်းတို့ဟာ ကျဲကျောင်းတော်ကို ဝင်ရောက်ရန် စဉ်းစားနေကြ၏!
ပြောရလျှင် ကျဲကျောင်းတော်မှလုရှောင်ယန်မှာ တကယ်ကိုပင် ပညာရှင်များပျိုးထောင်ရာ၌ အင်မတန်တော်လှသည်။
"ကိုးချန်! သောက်ကျိုးနည်းကွာ!"
အင်ပါယာကျီဝေ့မှာ ဒေါသထွက်လွန်း၍ သွေးပင်အန်မိသွားသည်။
သို့သော် ထိုအခိုက်တွင် သူဟာ အကူအညီလည်းမဲ့နေပြီဖြစ်၏!
နောက်ထပ်တိုက်ကွက်တစ်ခုဖြင့် သူနှင့် တောင်ဝင်ရိုးစွန်းအင်ပါယာချန်းရှန်မှာ ဤနေရာ၌ပင် သေရလိမ့်မည်!
ကိုးချန်၏ သစ္စာဖောက်မှုကြောင့်သာမဟုတ်ပါလျှင် သူတို့ဟာ ထိုသို့အဆုံးသတ်လိမ့်မည်မဟုတ်ချေ!
ကံမကောင်းစွာဖြင့် သူတို့ဟာ ယခုတွင် ထွက်ပင်မပြေးနိုင်တော့ပါချေ။
ထိုအချိန်တွင် မတော်တဆတစ်ခုဖြစ်သွားခဲ့သည်။ အကြီးမြတ်ဆုံးအရှိန်အဝါတစ်ခုမှာ နန်းတော်မှပေါ်ထွက်လာကာ သုံးလောကလုံးကိုအံ့အားသင့်သွားစေ၏!
***