← Chapters

အခန်း (၄၇၁-၄၇၅)

Vol. 32 Ch. 471-475

အခန်း (၄၇၁-၄၇၅)

Vol. 32 Ch. 471-475

အပိုင်း ၄၇၁ ဖော်ထုတ်လိုက်ပြီ၊ သုံးလောကကို ထိတ်လန့်စေတဲ့ အင်အားကြီး အဖွဲ့

ထိုစွမ်းအားကြီးအရှိန်အဝါပေါ်ထွက်လာသည်နှင့် လောကကြီးမှာ တုန်ရီသွားသည်။

"သူတော်စင်ပဲ! ဒါက သူတော်စင်တစ်ယောက်ရဲ့အရှိန်အဝါပဲ!"

"နောက်ထပ်သူတော်စင်လား? ဒါ ဟောက်ထျန်းပဲ။ ဒါ ကျောက်စိမ်းဧကရာဇ်ဟောက်ထျန်းပဲ‌ဖြစ်ရမယ်။ သူကလွဲရင် ကောင်းကင်ဘုံခုံရုံးက ဘယ်သူမှ သူတော်စင်ဖြစ်လာနိုင်မှာမဟုတ်သေးဘူး!"

"ဘုရားရေ၊ ဟောက်ထျန်းတောင်သူတော်စင်ဖြစ်လာပြီလား! ဒါဆို အခု လောကမှာ သူတော်စင်ကိုးဦးရှိသွားပြီပေါ့နော်?"

"ဒီတိုက်ပွဲကတကယ်ကို ပိုပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းလာတာပဲ။ အခုဟောက်ထျန်းက သူတော်စင်ဖြစ်လာပြီဆိုတော့ ကျဲကျောင်းတော်သားတွေအနေနဲ့ ဆက်ပြီးလျှောက်ခုန်သွားနိုင်တော့မှာမဟုတ်လောက်တော့ဘူး။"

"အခု၊ ဒါက လုရှောင်ယန်ဘာလုပ်မလဲဆိုတာအပေါ်မှာ မူတည်နေပြီ။ လုရှောင်ယန်သာမတိုက်ခိုက်ရင် ဟောက်ထျန်းကတော့ ကျဲကျောင်းတော်သားတွေအားလုံးကို သေချာပေါက်သတ်မှာပဲ။ ဒါပေမယ့် လုရှောင်ယန် ဝင်ပါလိုက်တာနဲ့ တခြားသူတော်စင်တွေလည်း ဒီတိုင်းလေးထိုင်နေမှာမဟုတ်တော့ဘူး။ ဒီလိုဆိုရင် သူတော်စင်တွေအားလုံးအတူတူတိုက်ခိုက်တဲ့အခါ သူသေမှာကတော့ သေချာသွားပြီပဲ!"

ခရမ်းသွေးတိမ်တိုက်နန်းတော်ရှိ ဟုန်ကျွင်းမှာ မျက်မှောင်ကျုံ့လိုက်သည်။

"ဘာလို့ ဟောက်ထျန်းတောင်မှ သူတော်စင်ဖြစ်လာရတာလဲ? ဘာလို့ကောင်းကင်လျှို့ဝှက်ချက်တွေက ပိုပိုပြီးဖရိုဖရဲဖြစ်လာရတာပါလိမ့်? မဟုတ်သေးဘူး၊ တစ်ခုခုတော့မှားနေပုံပဲ။ ငါအနိမ့်ပိုင်းလောကကို ပို့ထားတဲ့ ရှေးဟောင်းခရမ်းသွေးချီကိုယ်ပွားတွေ ပြန်မလာသေးဘူး။ တစ်ခုခုများဖြစ်နေကြတာလား? မဟုတ်သေးဘူး၊ ငါကိုယ်တိုင် သွားကြည့်ရမယ်။"

ဟုန်ကျွင်းမှာ အသက်ပြင်းပြင်းရှူလျက် သူ၏ပြိုင်စံရှားဓမ္မရတနာ—ကျောက်စိမ်းဖန်ဆင်းအပြားကို အသက်သွင်းလိုက်သည်!

သူဟာ အနည်းငယ် မလွယ်ကူသလိုခံစားလိုက်ရသည်။

သူဟာ ကောင်းကင်တာအိုကို ကိုယ်စားပြုအာဏာအတွက် နတ်ဆိုးဘိုးဘေးရာဟူးနှင့် တိုက်ခိုက်စဉ်ကတောင် မလွယ်ကူသလိုမခံစားခဲ့ရပါချေ။

သူမလွယ်ကူသလိုခံစားရချိန်မှာ ထိုလူအား မျက်နှာချင်းဆိုင်ချိန်မှသာဖြစ်၏!

ထိုလူမှာလောကကိုဖန်ဆင်းခဲ့သည့် ဧကရာဇ်ပန်ဂုမှလွဲ၍ အခြားမရှိပါချေ!

ထိုအတွက် သူနှင့်ရာဟူးမှာ အစီစဉ်ချရန် အတူတကွအလုပ်လုပ်ခဲ့ကြသည်။ ဦးစွာ ၎င်းတို့မှာ နဂါး၊ ဇာမဏီနှင့် ချီလင်မျိုးနွယ်စုသုံးခုကို ဖိနှိပ်ခဲ့သည်။ ထို့နောက် ၎င်းတို့မှာ ပန်ဂုသွေးအဆီအနှစ်မှ ဖြစ်ပေါ်လာခဲ့သည့် မာဂီမျိုးနွယ်ဘိုးဘေး၁၂ဦးအား ဖျက်ဆီးရန် နတ်ဆိုးများအားအသုံးပြုခဲ့သည်။

ထို့အပြင် လော့ကျင်းအားအနိုင်ယူပြီးနောက်တွင် သူဟာ ပန်ဂု၏အနှစ်သာရဝိဉာဉ်မှဖြစ်ပေါ်လာသည့် မဟာအဓိပတိအကြီးကဲ၊ ရှေးဟောင်းကောင်းကင်အဓိပတိနှင့် ကောင်းကင်တက်လှမ်းဂိုဏ်းချုပ်တို့အား နှိမ်နင်းခဲ့၏!

ထို့နောက်မှသာ သူဟာ ကောင်းကင်တာအိုအား နှစ်ပေါင်းသိန်းချီကြာ ကိုယ်စားပြုခဲ့၏!

ထို့ကြောင့် ထိုသို့ခံစားမိချိန်တွင် သူဟာ သတိလက်လွတ်မနေသင့်ကြောင်းသိသွား၏။

ပန်ဂု၏ချိပ်စည်းအား ချိုးဖျက်ရန် အန္တရာယ်များပါလျှင်တောင် သူဟာ ၎င်းကို အတည်ပြုရချေဦးမည်။

၎င်းအား အတည်မပြုခင်တွင် လုရှောင်ယန်အား မသတ်နိုင်ပါချေ။

အကြောင်းမှာ လုရှောင်ယန်က သူ၏အခွင့်အရေးဖြစ်ကာ သုံးလောကကို လုံးဝဆက်လက်နိုင်မည့် အရှိန်အဝါပါပင်။ သူသာ လူမှားသတ်လိုက်လျှင် သုံးလောကအား စုစည်းရန် အချိန်များစွာ စောင့်ဆိုင်းရပေနိုင်သည်!

သူ့အနေဖြင့် သုံးလောကအား သေချာစုစည်းပြီးသည်နှင့် ပန်ဂုပြန်ရှင်လာလျှင်တောင် မကြောက်ရွံ့ပါချေ။

...

ရွှေရောင်အောက်ကျွန်းတွင် ကျင့်ကြံနေသောလုရှောင်ယန်မှာ ရုတ်တရတ်မျက်လုံးများကိုဖွင့်လိုက်၏။

ယွင်လီကောနှင့် ကျန်သူများမှာ မနေနိုင်ဘဲ မျက်လုံးများကိုမှေးကျဉ်းလိုက်ကြသည်။

"ဆရာ၊ ဟောက်ထျန်းကသူတော်စင်ဖြစ်လာပြီ!"

လုရှောင်ယန်မှာ ခေါင်းငြိမ့်လျက် အတန်ငယ်အကူညီမဲ့နေ၏။

"ငါအဆုံးမှာ ဒီလိုဖြစ်လာမယ်လို့ထင်မထားခဲ့ဘူး!"

"ဒါဆို ဆရာ၊ အခုကျွန်တော်တို့ဘာလုပ်ရမလဲ?"

လုရှောင်ယန်မှာ အသက်ပြင်းပြင်းရှူလိုက်သည်။

"ဟောက်ထျန်းကသူတော်စင်ဖြစ်လာပေမယ့်လည်း၊ ငါ့အမိန့်မပါဘဲ ထျန်းယွမ်နဲ့ ကျန်တဲ့လူတွေက သူတို့ရဲ့ ရှေးဟောင်းသဏ္ဍာန်မဲ့ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်ကို ထုတ်ပြမှာမဟုတ်ဘူး။ သူတို့အသတ်ခံရမယ်ဆိုရင်တောင် ငါ့အစီစဉ်ကို ဖျက်ဆီးမှာမဟုတ်ဘူး။"

"ဒါပေမယ့် ဒီလိုဆိုရင် ဟောက်ထျန်းက အမည်မဲ့ဂိုဏ်းသားအတော်များများကို သတ်လိုက်လိမ့်မယ်။ ငါသူတို့ကို ပြန်ရှင်သန်စေနိုင်ရင်တောင် အချိန်ကများနေသေးတာ၊ ငါကျင့်ကြံရင် ယူတဲ့အချိန်ထက်တောင်ကြာသေးတယ်! ငါအကြာကြီးမ‌စောင့်နိုင်တော့ဘူး။"

ယွင်လီကောနှင့်ကျန်လူများမှာ လက်သီးများဆုပ်လျက်၎င်းတို့၏ဆရာအား တိတိပပစိုက်ကြည့်လိုက်သည်။

"ဆရာ! ဆရာ့ရဲ့ဆန္ဒကဘာပဲဖြစ်ဖြစ် ကျွန်တော်တို့သေတဲ့အထိလိုက်ခဲ့ပါမယ်။'

လုရှောင်ယန်မှာ ခေါင်းငြိမ့်လိုက်၏။

"ဒီလိုမှတော့ ကောင်းကင်ဘုံခုံရုံးကိုသွားကြစိူ့။"

"သိပါပြီ!"

...

ထိုအချိန်တွင် ကောင်းကင်ဘုံခုံရုံး၌ အင်ပါယာကျီဝေ့နှင့် ‌အင်ပါယာချန်းရှန်တို့မှာ မနေနိုင်ဘဲ အော်ဟစ်လိုက်သည်။

"ငါတို့ကောင်းကင်ဘုံခုံရုံးမှာ သူတော်စင်ရှိပြီ! ငါတို့ကောင်းကင်ဘုံခုံရုံးမှာ သူတော်စင်ရှိပြီကွ! ဟားဟားဟား..."

"မင်းတို့ကျဲကျောင်းတော်ရဲ့နတ်ဆိုးတွေ ဒီတစ်ခေါက်တော့တကယ်သေပြီပဲ!"

"မြန်မြန် ငါတို့ကောင်းကင်ဘုံခုံရုံးကိုဒူးထောက်ပြီးအရှုံးပေးလိုက်တော့။ ဒီလိုဆို အသက်ရှင်ဖို့အခွင့်ရေးရနိုင်သေးတယ်!"

ရှီချန်းလင်နှင့် အပေါင်းအပါများမှာ အကြည့်ချင်းဖလှယ်လိုက်ကြကာ မည်သည်ကိုမှမဆိုပါချေ။ ၎င်းတို့မှာ ဆုံးဖြတ်ချက်ပြတ်သားစွာနှင့်သာတိုက်ခိုက်လိုက်ကြ၏။

"မင်းတို့ဘာလုပ်နေတာလဲ?"

"ခွေးကောင်တွေ! မင်းတို့က တကယ်ပဲ အလျှော့ပေးဖို့ကို ငြင်းဆန်တယ်ပေါ့လေ။ ငါတို့ကို တကယ်ပဲသတ်ချင်လို့လား?"

၎င်းတို့အား ပြန်ဖြေလိုက်သည်မှာ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင် အယောက်နှစ်ဆယ်ကျော်ထံမှ စွမ်းအားကြီးတိုက်ခိုက်မှုသာဖြစ်၏။

"ဟင့်အင်း!"

သူတော်စင်တစ်ပိုင်းထိပ်ဆုံးအဆင့်နှစ်ဦးမှာ ပြင်းစွာထိခိုက်ထားပြီး ကောင်းကင်ဘုံခုံရုံး၏ အင်ပါယာလေးပါးသို့ ရောက်သွားစေချင်၏။ ကြေကွယ်ဖွဲအော်သံနှင့်အတူ ၎င်းတို့မှာ လုရှောင်ယန်၏ တပည့်များစွာကိုသတ်လိုက်၏!

သုံးလောကရှိလူများမှာလည်း ကူကယ်ရာမဲ့စွာတုန်ရီနေကြသည်။

"ဘုရားရေ၊ ဒီကောင်တွေရူးများနေသလား?"

"‌ဟောက်ထျန်းကသူတော်စင်ဖြစ်နေပြီဆိုပေမယ့် သူတို့က ဒီလိုလုပ်ရဲနေသေးတယ်? သူတို့တွေ ရွှေရောင်အောက်ကျွန်းတစ်ခုလုံး ဒေါသနဲ့ဖျက်စီးခံရမှာကို မကြောက်ကြတာလား?"

"ပြီးသွားပြီ၊ပြီးသွားပြီ။ သူတို့တော့ ဒီတစ်ခေါက်တကယ်သေပြီပဲ!"

ပြောရလျှင် အခြေနေမှာ တကယ်ကို အင်မတန်အန္တရာယ်များလှ၏။ လူတိုင်းတွေးနေချိန်တွင် ပြင်းထန်ကာ ဝင့်ကြွားသောဒေါသက ရှီချန်းလင်နှင့်အပေါင်းအပါများအပေါ် တိုက်ရိုက် ဖိအားပေးလိုက်သည်။

"မင်းတို့ကျဲကျောင်းတော်ရဲ့ခွေးကောင်တွေက တကယ်ကြီး ငါတို့ကောင်းကင်ဘုံခုံရုံးရဲ့တပည့်တွေကို သတ်ရဲတယ်ပေါ့လေ! ဒီနေ့ ငါက မင်းတို့အားလုံးကို အပိုင်းပိုင်းခုတ်ပြီး နတ်ဝိဉာဉ်တွေကိုပါ တစ်စစီဖြစ်အောင် လုပ်ပစ်မယ်။ မင်း‌တို့ ဘယ်တော့မှ ပြန်မဝင်စားနိုင်တော့ဘူး!"

ထိုဖိအားတိုက်ခိုက်လိုက်သည်နှင့် နောက်ထပ်ဖိအားတစ်ခုမှာ လူအုပ်ထံမှာ တိုးထွက်လာတော့သည်!

ဘုန်း!

ဖိအားနှစ်ခု တိုက်မိသွားကာ ထို‌တိုက်မိသည့်နေရာမှာ ချက်ချင်းအက်ကွဲသွားလေ၏!

ထိုသေခြင်းတရားနှင့်တူညီသော ဖိအားက လူတစ်ယောက်ကို ဆုံးရှုံးမှုသို့ရောက်စေ၏!

သူတော်စင်တစ်ပိုင်းထိပ်ဆုံးအဆင့်သည်ပင် ထိုနေရာ၌ရှိနေပါက နှစ်ခြမ်းကွဲသွားမည်ဖြစ်၏။ ၎င်းတို့၏ဝိဉာဉ်များမှာလည်း ပျက်စီးသွားမည်ဖြစ်ကာ ပြန်လည်ကုသရန်မဖြစ်နိုင်ချေ။

ထိုသည်က ၎င်းမှာ သူတော်စင်ထံမှတိုက်ခိုက်မှုဖြစ်သောကြောင့်ပင်!

သူတော်စင်တစ်ဦး၏တိုက်ခိုက်မှုတွင် မဟာတာအို၏နက်နဲမှုပါဝင်နေ၏။ မည်သူက ခုခံနိုင်မည်နည်း?

ဟောက်ထျန်း၏ပုံရိပ်မှာ တမုဟုတ်ချင်းရောက်ရှိလာသည်။ သူဟာ လုရှောင်ယန်၏ရုပ်သေးအားမြင်သည်တွင် မနေနိုင်ဘဲ နှာမှုတ်လိုက်၏။

"ဘာလို့လဲ? လုရှောင်ယန်၊ မင်းကတိုက်ခိုက်ချင်တာလား?"

လုရှောင်ယန်၏ရုပ်သေးမှာ ထူးမခြားနားစွာကြည့်လိုက်သည်။

"ငါကမင်းကိုတင်ပြဖို့လိုနေသေးတာလား?"

"ဟားဟားဟား..."

ဟောက်ထျန်းမှာရယ်လျက် ဟစ်အော်လိုက်ကာ မျက်လုံးများမှာလည်း တဖြေးဖြေးအေးစက်သွား၏။

"မင်းက တကယ်ကို အလိုဆန္ဒကြီးပဲ! ဒါပေမယ့် မင်းကိုပြောပါရစေ! ဒါကကောင်းကင်ဘုံခုံရုံးကွ! ဒါကငါ့ရဲ့ပိုင်နက်ပဲ! သုံးလောကရဲ့အဓိပတိပညာရှင်ကြီးအနေနဲ့ မင်းဆက်ပြီးတိုက်ခိုက်ချင်ရင်တောင် ဘယ်တော့မှ ပြန်လှည့်မရ‌နိုင်တာ သေချာအောင်လုပ်ပေးမယ်! မင်းကသူတော်စင်ဖြစ်နေရင်တောင် မင်းကို မြှုပ်စရာနေရာမရှိဘဲ သေအောင် ‌လုပ်ပေးမယ်!"

"ဒီလိုလုပ်တဲ့အခါမှာ ဘယ်လိုအစီစဉ်ချထားလဲ? မင်းရဲ့စကားလုံးတွေနဲ့လား?"

လုရှောင်ယန်၏ရုပ်သေးမှာ အထင်မြင်သေးစွာပြုံးလိုက်၏။

သို့သော် သူ၏စကားဆုံးသည်နှင့် ပုံရိပ်တစ်ခုမှာ ဟင်းလင်းပြင်အကာရံကိုကျော်ဖြတ်ရောက်ရှိလာ၏။

"တာအိုရောင်းရင်းလု၊ ဘယ်လိုရောက်လာတာလဲ?"

ပထမဆုံးရောက်လာသူမှာ ရှေးဟောင်း‌ကောင်းကင်အဓိပတိပင်။

ရှေးဟောင်းကောင်းကင်အဓိပတိမှာ ကျဲကျောင်းတော်နှင့် အမြဲဆန့်ကျင်ခဲ့တာဖြစ်သည်။ ယခင်က သူဟာ ကျဲကျောင်းတော်အား အနိုင်ကျင့်ခဲ့သူလည်းဖြစ်၏။ ထို့အပြင် သူဟာ ထုံးထျန်းထံမှ တစ်ချိန်ပြီးတစ်ချိန်အနိုင်ယူခံခဲ့ရပြီး ကျဲကျောင်းတော်ကို လုံးဝဖျက်ဆီးချင်နေခဲ့သည်ပင်ဖြစ်၏။

ယခင်က သူ့အား ကျဲကျောင်းတော်ရှိလုရှောင်ယန်မှ ဆွသွားကာ တိုက်ခိုက်ရန်အခွင့်ရေးမရှိခဲ့ပါချေ။ ယခုတွင် သူဟာ စတင်တိုက်ခိုက်ရတော့မည်။

ဟောက်ထျန်းမှာ အရုပ်ဆိုးစွာ ပြုံးလိုက်၏။

"ရှေးဟောင်းကောင်းကင်အဓိပတိ၊ ခင်ဗျားကအချိန်မှန်ရောက်လာတာပဲ။ ကျုပ်တို့သာဒီနေ့အတူတူအလုပ်လုပ်ရင် လုရှောင်ယန်ကို သေချာပေါက်သတ်နိုင်လိမ့်မယ်!"

ရက်စက်မှုက ရှေးဟောင်းကောင်းကင်အဓိပတိ၏မျက်လုံးထဲတွင် ဖြတ်ပြေးသွား၏။

ထိုဟောက်ထျန်းမှာ သူတော်စင်ဖြစ်လာကာစမှာပဲ သူ့ကိုယ်သူ သုံးလောကရဲ့အဓိပတိဆရာကြီးလို့ထင်နေတာလား?

သူ့ကြောင့်သာမဟုတ်လျှင် တစ်ဖက်လူက လုံးဝကိုသူတော်စင်ဖြစ်နိုင်စွမ်းရှိလာမည်မဟုတ်ချေ။ အဆုံးတွင် တစ်ဖက်လူမှာ သူ့အားတူညီသလိုဆက်ဆံရဲသေး၏။

သို့ရာ၌ ယခုမှာ လုရှောင်ယန်နှင့်ရင်ဆိုင်ရမည့်အချိန်ဖြစ်ကာ ဟောက်ထျန်းအားပစ်မှတ်ထားရန်မသင့်လျော်ပါချေ။ သူဟာ ထိုငတုံးဟောက်ထျန်းအား လုရှောင်ယန်ကိုအရင်ဖျက်ဆီးပြီးမှသာ ရင်ဆိုင်ရမည်။

ထိုအချိန်တွင် ဟင်းလင်းပြင်အကာရံမှာ အက်ကွဲသွားကာ သူတော်စင်နောက်တစ်ဦးထပ်ရောက်လာ၏။

၎င်းမှာ ကျောင်းအုပ်ထုံးထျန်းမှလွဲ၍ အခြားမရှိပါချေ!

ထိုအခိုက်၌ ကောင်းကင်ဘုံခုံရုံးရှိ ကျဲကျောင်းတော်သားဟောင်းများမှာ စိတ်လှုပ်ရှားလွန်း၍ မျက်လုံးထဲ၌ မျက်ရည်တွင်းများဖြင့်ပြည့်လာသည်။

"ဂိုဏ်းချုပ်! ဂိုဏ်းချုပ်ထွက်လာပြီ!"

"ဝူးဝူးဝူး... နှစ်ပေါင်းသောင်းချီကြာပြီးတဲ့နောက်မှာ ဂိုဏ်းချုပ်ရဲ့ မြင့်မြတ်လှတဲ့သွင်ပြင်ကို တစ်နေ့ မြင်နိုင်ဦးမယ်လို့ မထင်ထားခဲ့ဘူး! ဝူးဝူးဝူး..."

ထုံးထျန်းမှာ ထိုတပည့်များနှင့်အတူ ဝမ်းနည်းရန် အချိန်မရှိပါချေ။

"ဟမ့်! ရှေးဟောင်းကောင်းကင်အဓိပတိ၊ မင်းခွေးကောင်၊ မင်းက ငါ့ရဲ့ကျဲကျောင်းတော်ကို ဖျက်ဆီးချင်တယ်ပေါ့လေ?! မင်းကိုယ်မင်း ဘယ်သူထင်နေလဲ? မင်းမှာ အစွမ်းအစရှိတယ်ဆိုရင် ဘာလို့ငါ့ကိုလာမတိုက်တာလဲ?"

"ဘာလဲ? ထုံးထျန်း! မင်းဘာလို့ထွက်လာတာလဲ?"

ရှေးဟောင်းကောင်းကင်အဓိပတိ၏အမူအရာမှာ ဆိုးဆိုးဝါးဝါးပြောင်းလဲသွား၏။ ဟောက်ထျန်း၏အမူအရာမှာလည်း ပြောင်းသွား၏။

ပြောရလျှင် ၎င်းတို့သာမဟုတ်ပါချေ။ သုံးလောကတစ်ခွင်လုံးသည်ပင် ကြောက်ရွံ့သွားကြ၏။

ထုံးထျန်းအား ‌ခရမ်းသွေးတိမ်တိုက်နန်းတော်၌ အကျဉ်းချထားပြီး ခြေတစ်လှမ်းပင်ထွက်ခွင့်မပြုထားသည်ကို လူတိုင်းသိချေ၏။

ယခုတွင် သူဟာတကယ်ကြီးထွက်လာကာ အဓိကကျသောအချိန်မှပင်ဖြစ်၏!

ဘိုးဘေးဟုန်ကျွင်းက သူထွက်လာဖို့ကို တောင်းဆိုလိုက်တာလား?

ထိုသို့သာဆိုလျှင် တာအိုဘိုးဘေးဟုန်ကျွင်းထံ၌ အတွေးတချို့ရှိနေသည်လား?

တစ်ခဏလောက် လူတိုင်းမှာ ပူပန်သွားကြသည်။

ရှေးဟောင်းကောင်းကင်အဓိပတိမှာ ကျိန်ဆဲလိုက်၏။

"ထုံးထျန်း၊ မင်းတိတ်တိတ်လေး ထွက်ပြေးလာတာပဲဖြစ်ရမယ်! မင်းထွက်ပြေးလာရဲမှတော့ ဆရာကမင်းကို အပြစ်ပေးပြီးသတ်မှာ မကြောက်ဘူးလား?"

"ဒါဆိုငါ မင်းကိုသတ်ရင်ရော? အနည်းဆုံးတော့ ငါမင်းကို ငါမသေခင်မှာ သတ်လိုက်နိုင်မှာပဲလေ! ငါ့ရဲ့ကျဲကျောင်းတော်ကို ကယ်တင်နိုင်သရွေ့အဆင်ပြေတယ်!"

"မင်းသတ်ချင်တိုင်း ငါ့ကိုသတ်နိုင်မယ်ထင်နေတာလား? မင်းကရိုးရိုးရှင်းရှင်းတွေးနေတာပဲ!"

ရှေးဟောင်းကောင်းကင်အဓိပတိမှာ အေးစက်စက်ပြုံးလိုက်သည်။ တစ်ခဏအကြာ၌ ဟင်းလင်းပြင်မှာ တစ်ခုပြီးတစ်ခု အက်ကွဲလာသည်။

"ဆရာတူညီလေး၊ မင်းတော့များသွားပြီ"

ပိုမိုသန်မာသောအရှိန်အဝါနှင့်အတူ မဟာအဓိပတိအကြီးအကဲမှာ ဟင်းလင်းပြင်အပြဲမှ လှမ်းထွက်လာ၏။

"ဟားဟားဟား... ဆရာတူအစ်ကိုထုံးထျန်း၊ လွန်ခဲ့တဲ့ရက်လေးကတင် မင်းခရမ်းသွေးတိမ်တိုက်နန်းတော်မှာ ခုန်ပေါက်ပြီး ငါတို့ကိုဖျက်ဆီးချင်တယ်လို့ပြောနေခဲ့သေးတယ်နော်။ အခု မင်းက တာအိုဘိုးဘေးကိုတောင် မနာခံဘဲနေစိမ့်နေပြီပဲ။ နောက်ဆုံးအောင်နိုင်သူကိုကြည့်ရတာပေါ့။"

အနောက်ဘက်ဂိုဏ်း၏သူတော်စင်နှစ်ဦး ကျဲယင်နှင့်ကျွင်းတိလည်းပေါ်လာသည်။

၎င်းတို့နောက်တွင် ဂေါတမလည်းထွက်ပေါ်လာ၏။

သူဟာ ထုံးထျန်းကိုမြင်ချိန်တွင် လိပ်ပြာမလုံဖြစ်သွားသည်။

ထုံးထျန်းကလည်းသူ့ကိုမြင်၏။ ထုံးထျန်းမှာ ကျဲယင်နှင့် ကျွင်းတိတို့ကိုပင်မကြည့်ပါချေ။

"ထို့ပေါင်၊ နှစ်တွေတောင် အတော်လေးကြာခဲ့ပြီနော်။ မင်းက သူတော်စင်ဖြစ်လာမယ်လို့မထင်ထားခဲ့ဘူး!"

ဂေါတမမှာ တစ်ဖက်သို့လှည့်လာ၏။

"နှစ်တွေတောင်ကြာခဲ့ပြီပဲ။ ခင်ဗျားဘာလို့ဒါကို ပြောနေရသေးတာလဲ? အခု ကျုပ်က ခင်ဗျားတပည့် ထို့ပေါင်မဟုတ်တော့ဘူး။ ကျုပ်က အနောက်ဘက်ဂိုဏ်းစိတ်ဝိဉာဉ်တောင်ရဲ့ အရှင်သခင်! ဂေါတမပဲ!"

နာကျင်မှု တစ်စွန်းတစ်စက ထုံးထျန်း၏မျက်လုံးထဲ၌ ဖြတ်ပြေးသွားသော်လည်း သူဟာ ဒေါသမထွက်ပါချေ။

"မင်းအမှားမဟုတ်ပါဘူး။ ငါကအရင်က အရမ်းကိုမိုက်မဲခဲ့တာပါ။ ငါက ငါ့ကိုယ်ငါနဲ့ ကျဲကျောင်းတော်တစ်ခုလုံးကိုထိခိုက်စေခဲ့ပြီး တပည့်အတော်များများကို ခံစားရအောင်လုပ်ခဲ့တာ။ မင်းအတွက် အနောက်ဘက်ဂိုဏ်းကိုဝင်လိုက်တာက မှန်ပါတယ်။"

ထို့နောက် သူဟာ အသက်ပြင်းပြင်းရှူလိုက်၏။

"ဒါပေမယ့်၊ ဒီနေ့ကိစ္စက ကျဲကျောင်းတော်ရဲ့ သေခြင်း၊ ရှင်ခြင်းနဲ့ဆိုင်နေတယ်။ နောက်ကျငါတို့တိုက်ခိုက်ရမယ်ဆိုရင်တောင် ငါက နောက်ဆုတ်မှာမဟုတ်ဘူး။"

ဂေါတမမှာ ခေါင်းငြိမ့်လိုက်သည်။

"မပူပါနဲ့၊ ကျုပ်လည်း နောက်မဆုတ်ပါဘူး။"

သုံးလောကတစ်ခွင်လုံးမှာ ဩဘာပေးလိုက်ကြသည်။

"ဘုရားရေ၊ သူတော်စင်တွေအားလုံးဝင်ပါနေကြပြီ! ဒါကတကယ်ကို အရှင်လတ်လတ်ကြီးဗျ!"

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၃၂။ အပိုင်း ၄၇၂ ငါဟာတစ်ချိန်တုန်းက ကောင်းကင်ကိုထက်ခြမ်းဖွင့်လှစ်ပြီး သက်ရှိအားလုံးကိုဖန်ဆင်းခဲ့တယ်!

အနိမ့်ပိုင်းလောကသို့ ရှေးဟောင်းခရမ်းသွေးချီကြောင့် ဖြစ်ပေါ်လာခဲ့သောဟုန်ကျွင်း၏ကိုယ်ပွားများမှာ တဖြည်းဖြည်းချင်း စိမ့်ဝင်သွားကြသည်။

၎င်းတို့၏ကိုယ်များ အနိမ့်ပိုင်းလောက၌ ဖြစ်ပေါ်လာချိန်တွင် ၎င်းတို့မှာ ဟုန်ကျွင်းယခင်ကဖန်ဆင်းခဲ့သည့် မြင်းနက်များကို ရှာရန်ဖြန့်ကျက်သွားကြ၏။

သို့သော် လိုက်လံမေးမြန်းပြီးနောက်တွင် မြင်းနက်များအားလုံးအသတ်ခံလိုက်ရကြောင်းတွေ့ရှိသွားကြ၏!

ထိုသည်က ဟုန်ကျွင်း ကိုယ်ပွားများအားလုံး၏အမူအရာကို အရုပ်ဆိုးသွားစေသည်။

ထိုအခိုက်တွင် ၎င်းတို့သာ လုရှောင်ယန်က ပန်ဂု၏ပြန်လည်ဝင်စားခဲ့သူများ မသိသေးပါလျှင် တုံးနေ၍ဖြစ်ရမည်။

ထို့ကြောင့် ကိုယ်ပွားများ၏ပထမဆုံးအတွေးမှာ ရှေးဟောင်းတိမ်တိုက်နန်းတော်သို့ ချက်ချင်းပြန်ကာ ထိုကိစ္စကိုတင်ပြရန်ဖြစ်၏။

၎င်းတို့ အထက်ပိုင်းလောကမှ အနိမ့်ပိုင်းလောကသို့လာရောက်ချိန်တွင် ပန်ဂုချန်ထားခဲ့သော စည်းမျည်းများဖြင့် ဖိနှိပ်ခြင်းခံရလိမ့်မည်။ သို့သော် လောကသုံးထောင်အား ဝင်ရောက်ရန်အလို့ငှာ ၎င်းတို့မှာ ကိုယ်ပွားများ ထပ်ခွဲရန်လိုအပ်ပေ၏။

ယခုတွင် ၎င်းတို့မှာ လုရှောင်ယန်၏ပုံစံအမှန်ကိုသိသွားကြပြီဖြစ်ကာ လူဘယ်လောက်ပြန်ပို့နိုင်မည်ကို တွေးစရာမလိုတော့ချေ။ ၎င်းတို့အတွက် လူတစ်ယောက်လောက်ပြန်ပို့နိုင်လျှင်ပင် လုံလောက်နေပြီဖြစ်၏။

သို့ရာတွင်!

ထိုအချိန်၌ မတော်တဆတစ်ခု ရုတ်တရတ်ဖြစ်သွားခဲ့သည်။

၎င်းတို့၏‌အရှိန်အဝါများထက် နိမ့်ကျမနေသော နတ်ရှိန်အဝါများစွာမှာ လောကသုံးထောင်မှ ထွက်ပေါ်လာကြသည်။

"မင်းတို့ဒီကိုရောက်နေမှတော့ ဘာလို့မြန်မြန်ထွက်သွားကြမှာလဲ? ခဏလောက်နေပြီး စကားဝိုင်းလေးဘာလေးမဖွဲ့တော့ဘူးလား?"

ဟုန်ကျွင်း၏အခြားကိုယ်ပွားများမှာ ရုတ်တရတ်ထိတ်လန့်သွားကြ၏။

"ဒါက ...ဒါက သုံးလောက,က လုရှောင်ယန်ရဲ့ကိုယ်ပွားတွေလား?"

"ဒါတွေအားလုံးတော့မဟုတ်ဘူး။ ဒီမှာသူ‌တပည့်တွေရဲ့ကိုယ်ပွားတွေလည်းပါသေးတယ်!"

"သေစမ်းကွာ! ငါတို့တော့ ဒုက္ခလှလှတွေ့ပြီပဲ။ တိုက်ခိုက်နေတာရပ်ပြီး အမတလောကကို မြန်မြန်ပြန်ရမယ်။ မဟုတ်ရင် ဒုက္ခများလိမ့်မယ်!"

ကံမကောင်းစွာဖြင့် လုရှောင်ယန်နှင့် တပည့်များ၏ ကိုယ်ပွားများမှာ ၎င်းတို့အား လွယ်လွယ်လေးထွက်သွားခွင့်မပေးပါချေ။

"သူတို့အားလုံးကိုဖျက်စီးပစ်! မင်းတို့တကယ်သူတို့ကို အနိုင်မယူနိုင်တော့ရင် မင်းတို့ကိုယ်ကို ဖောက်ခွဲကြ!"

ထိုအချိန်၌ ကောင်းကင်ဘုံခုံရုံးရှိသူတော်စင်များမှာ စုဝေးပြီးကြပြီဖြစ်၏။

သုံးလောကရှိလူများ၏အမြင်တွင် ကျဲကျောင်းတော်မှာ ထိုအဖွဲ့၏ ဖိနှိပ်ခြင်းကိုသေချာပေါက်ခံရတော့မည်ဖြစ်၏။

ရှင်းလင်းစွာပင် လုရှောင်ယန်၏ရုပ်သေးနှင့် ထုံးထျန်းတို့မှာ ရေတွက်စရာပင်မလိုပါချေ။ ပြောရလျှင် တစ်ဖက်၌ မဟာအဓိပတိအကြီးအကဲ၊ ရှေးဟောင်းကောင်းကင်အဓိပတိ၊ ကျဲယင်၊ ကျွင်းတိ၊ ဟောက်ထျန်း၊ ဂေါတမနှင့် အခြားသူတော်စင်များရှိပေသည်။

ထို့အပြင် မဟာအဓိပတိအကြီးအကဲထံ၌ တစ်‌ခါတည်းနှင့် သူတော်စင်သုံးပါးဖန်တီးနိုင်စွမ်းလည်းရှိနေသေးသည်။

ထိုသို့ဖြင့် တစ်ဖက်တွင် သူတော်စင်ဆယ်ဦးနီးပါးရှိချေ၏!

၎င်းက ရိုးရှင်းစွာပင် သာလွန်နေပါ၏။ မည်သို့များတိုက်ခိုက်နိုင်ပါမည်နည်း?

ရှေးဟောင်းကောင်းကင်အဓိပတိမှာ အေးစက်စက်ပြုံးလိုက်၏။

"ထုံးထျန်းက ခေါင်းမာတဲ့လူပဲ။ သူသေရင်တောင် ငါတို့ကို အရှုံးပေးမှာမဟုတ်ဘူး။ ဒီလိုဆိုမှတော့ ငါတို့သူနဲ့ပတ်သက်ပြီး နောက်တွန့်စရာမလိုဘူး။"

"နှစ်ပေါင်းသောင်းချီအကြာက ငါတို့ ကျဲကျောင်းတော်ကို အပြည့်အဝမဖျက်ဆီးခဲ့ဘူး။ ဒီနေ့ ငါတို့တွေ ကျဲကျောင်းတော်ကို လုံးဝဖျက်ဆီးပစ်ရမယ်! သွားကြတော့!"

သူတော်စင်များက ၎င်းကိုကြားချိန်တွင် အရှိန်အဝါများကို ခပ်ဖြေးဖြေးထုတ်ဖော်လိုက်ကြတော့သည်။

၎င်းတို့မှာ ရှေးဟောင်းကောင်းကင်အဓိပတိ၏ အမိန့်များကို နားမထောင်နေကြပါချေ။ ထိုအစား ၎င်းတို့မှာ ထုံးထျန်းနှင့် လုရှောင်ယန်တို့ကိုသာ ဖျက်ဆီးချင်နေကြ၏။

ပြောရလျှင် သုံးလောကတစ်ခွင်၌ ထုံးထျန်းနှင့် လုရှောင်ယန်သာလျှင် အင်မတန် မတည်မြဲခြင်းဖြစ်၏။

၎င်းတို့နှစ်ဦးမှာ သိမ်းကျုံးသတ်ကြမည်ဖြစ်ကာ စည်းမျဉ်းများကိုလည်းလုံးဝလိုက်နာမည်ဖြစ်သည်။ ၎င်းတို့၌ မသေချာမှုဖြင့်ပြည့်နေ၏။

၎င်းတို့နှစ်ဦးကဲ့သို့သော တည်ရှိမှုများမှာ ချို့ယွင်းချက်နှစ်ခုလိုပါပင်။ ထို့အပြင် ၎င်းတို့မှာ အခြားလူများ၏ စိတ်ဝင်စားမှုကိုလည်း ထိခိုက်စေလိမ့်မည်။ မည်သူကများ ၎င်းကို လက်ခံနိုင်ပါလိမ့်မည်နည်း?

သို့သော် သူတော်စင်များ အရှိန်အဝါကိုထုတ်ဖော်လိုက်ချိန်တွင် ပြောင်းလဲမှုတစ်ခုရုတ်တရတ်ဖြစ်သွားသည်။

ပိုလို့ပင် သန်မာသော အရှိန်အဝါတစ်ခုက တိမ်များထက်သို့ ရောက်ရှိလာ၏။

သူ၏‌ခြေထောက်အောက်မှ ဟင်းလင်းပြင်စွမ်းအားမှာ ဘာမှမဟုတ်ချေ။ ခြေတစ်လှမ်းနှင့်ပင် သူဟာ ကီလိုမီတာပေါင်းတစ်သန်းကို လွှမ်းမိုးသွားသည်!

သူ့၏နောက်တွင် အရှိန်မနည်းသော ပုံရိပ်များစွာပါလာ၏။

"စွမ်းအားကြီးလိုက်တဲ့အရှိန်အဝါပါလား? ဒီအရှိန်အဝါက ငါတို့ထက် လုံးဝနိမ့်ကျမနေဘူးပဲ?"

သူတော်စင်များ၏ အမူအရာများပြောင်းလဲသွားကာ အထူးသဖြင့် မဟာအဓိပတိအကြီးအကဲပါပင်။

သူဟာ ဟုန်ကျွင်း၏အနှစ်ရဆုံးတပည့်ဖြစ်ပြီး ထိုသူတော်စင်များအကြားတွင် အသန်မာဆုံးဖြစ်တည်မှုပင်ဖြစ်၏!

ယခုတွင် သူဟာ ထိုအရှိန်အဝါက ၎င်း၏ အသန်မာဆုံးထိထုတ်ဖော်မထားကြောင်း ခပ်ရေးရေးအာရုံခံမိသည်!

သို့သော်သူဟာ ကူရာမဲ့မှုကို စတင်ခံစားလာရသည်!

ဒါက တစ်ဖက်လူရဲ့ကျင့်ကြံဆင့်က သူထက်တောင် အများကြီးအားကောင်းနေတယ်လို့ ဆိုလိုတာမဟုတ်ဘူးလား?

သို့သော် သူဟာ သူတော်စင်အဌမအဆင့်သို့ရောက်နေပြီဖြစ်၏!

အဆင့်နှစ်ဆင့်ပိုမြင့်ရုံနှင့် သူဟာ ယခင်သူတော်စင်အဆင့်ကို ကျော်လွန်ကာ ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ရွှေရောင်အမတအရှင်နှင့်ပင် ယှဉ်လာနိုင်၏။ သူဟာ သူ့ဆရာနှင့် တူညီလောက်သည့် အဆင့်ကိုပင် ရောက်ရှိလာပြီဖြစ်သည်!

တစ်ဖက်လူက ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ရွှေရောင်အမတအရှင်အဆင့်ကိုနီးကပ်လာပြီများလား?

တစ်ဖက်လူရောက်လာချိန်တွင် သူ၏မျက်နှာထက်ရှိအမူအရာက ပိုလို့ပင် ထိတ်လန့်သွားဟန်ပေါ်၏!

သူသာမကပါ‌ချေ။ နေရာရှိလူတိုင်းမှာ အံ့အားသင့်သွားကြသည်!

"လုရှောင်ယန်? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ဘာလို့ နောက်ထပ်လုရှောင်ယန်တစ်ယောက်ရှိနေရတာလဲ?"

ထိုအခိုက်တွင် သုံးလောကရှိလူတိုင်းကြောင်အမ်းသွား၏။

လုရှောင်ယန်နှစ်ယောက်တကယ်ကြီးရှိနေသည်။ ထို့အပြင် တစ်ဦးမှာ သူတော်စင်ဖြစ်၏။ တစ်ယောက်၏အရှိန်အဝါဆိုလျှင် နေရာရှိသူတော်စင်များထက်ပင် အားကောင်းနေသည်ပင်။

ထိုသည်က အိပ်မက်တစ်ခုလိုပါပင်။

ကျောင်းအုပ်ထုံးထျန်းသည်ပင် ကြောင်အနေ၏။ သူဟာ တစ်ဖက်လှည့်လျက် လုရှောင်ယန်၏မူလကိုယ်အား ပဟေဠိဖြစ်နေဟန်ဖြင့်ကြည့်လိုက်သည်။

"မင်း... မင်းကဘယ်သူလဲ?"

လုရှောင်ယန်မှာ ပြုံးလိုက်သည်။

"ကျုပ်ကလုရှောင်ယန်အစစ်ပါ။ ခင်ဗျားဘေးကလူကတော့ ရုပ်သေးလေးပါပဲ!"

ကျောင်းအုပ်ထုံးထျန်းမှာ လုံးဝပြောစရာမဲ့သွားသည်။

သူ၏‌နံဘေးရှိလူမှာရုပ်သေးလေးသာဖြစ်နေသည်တဲ့လား?

လုရှောင်ယန်ရဲ့ ရုပ်သေးကတောင် သူတော်စင်တစ်ပါးဖြစ်လာတာတဲ့လား?

ဒါဆို လုရှောင်ယန်ရဲ့ကျင့်ကြံဆင့်က ဘယ်လောက်တောင်စွမ်းအားကြီးတာလဲ?

"မင်းဖန်တီးထားခဲ့တဲ့ ရုပ်သေးက သူတော်စင်တဲ့လား? ဒါဆိုမင်းရဲ့ လက်ရှိကျင့်ကြံဆင့်ကရော? မင်းက... ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ရွှေရောင်အမတအရှင်လား?

ထုံးထျန်းမှာ ဂရုတစိုက်ခန့်မှန်းလိုက်ရာ လုရှောင်ယန်မှာ ခေါင်းငြိမ့်ကာ ပြုံးလျက်ဖြေလိုက်၏။

"ခင်ဗျားမှန်ပါတယ်"

ဘုန်း!

သုံးလောကတစ်ခွင်လုံးမှာ ပြင်းပြင်းထန်ထန်တုန်ရီသွားသည်!

"ဘုရားရေ၊ သူကတကယ်ကို ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ရွှေရောင်အမတအရှင်တဲ့လား?"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? တာအိုဘိုးဘေးဟုန်းကျွင်းကသာ ကောင်းကင်တာအိုနဲ့အတူရှိနေတာပါ။ သူကလူတိုင်းကို ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ရွှေရောင်အမတအရှင်ဖြစ်လာဖို့ တားဆီးထားတာမဟုတ်ဘူးလား? အများဆုံး လူတစ်ယောက်က သူတော်စင် ဒါမှမဟုတ် သူတော်စင်အဆင့်ကိုကျော်နိုင်ရုံလောက်ပဲဖြစ်နိုင်မှာပေါ့!"

"အမှန်ပဲ။ သူဘယ်လိုလုပ်လိုက်တာလဲ?"

ဂလု။

ထုံးထျန်းမှာ ကူကယ်ရာမဲ့စွာပင် တံတွေးကိုခက်ခက်ခဲခဲမြိုချလျက် ထပ်မေးလိုက်သည်။

"မင်းဘယ်လိုလုပ်လိုက်တာလဲ?"

လုရှောင်ယန်မှာ သူ၏ရှေ့ရှိ လူများထံအကြည့်ပို့လိုက်သည်။

"အတိတ်တုန်းက ကျုပ် ကောင်းကင်ကိုထက်ခြမ်းဖွင့်လှစ်ပြီး သက်ရှိအားလုံးကိုဖန်ဆင်းခဲ့တယ်! အခု၊ ကျုပ်က ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ရွှေရောင်အမတအရှင်လေးပဲဖြစ်သေးတာ။ ဒါကဘယ်လောက်များခက်နေလို့လဲ?"

သူဟာပြောလိုက်ရင်း အရှိန်အဝါကို ဖော်ထုတ်လိုက်သည်။ ထိုစွမ်းအားကြီးဖိအားမှာ သုံးလောကတစ်ခွင်ကို လွှမ်းခြုံသွားသည်။

ဘုန်း!

သူထိုသို့ပြောလိုက်သည်နှင့် သုံးလောကတစ်ခွင်လုံးမှာ အင်မတန် ထိတ်လန့်သွားတော့၏။

သုံးလောကတစ်ခုလုံးမှာ သေလုအောင်တိတ်ဆိတ်သွားကြသည်။

တစ်ဖက်လူမှာ တစ်ချိန်တုန်းက ကောင်းကင်ကိုထက်ခြမ်းဖွင့်လှစ်ပြီး သက်ရှိအားလုံးကိုဖန်ဆင်းခဲ့လေသည်!

ဒါက ပန်ဂုမဟုတ်ဘူးလား?

လုရှောင်ယန်က တကယ်ပဲပန်ဂုလား?

ဘယ်လိုလုပ်ဖြစ်နိုင်မှာတဲ့လဲ?

"မင်း... မင်း... မင်း..."

ထုံးထျန်းမှာ လုရှောင်ယန်အား ညွှန်ပြလျက် ကြောင်အသွားသည်။ သူဟာ ပြောစရာမဲ့နေပြီဖြစ်၏။ သူ၏လက်ချောင်းများမှာလည်း အင်မတန်တုန်ရီနေလေသည်။

သူဟာ ပန်ဂုသွေးဆီအနှစ်နှင့်ပေါင်းစပ်ထားခဲ့သော လုရှောင်ယန်က တကယ်ကြီးပန်ဂုဝင်စားသူဖြစ်လာခဲ့မည်ဟု မထင်ခဲ့ဖူးပါချေ။

ကောင်းကင်ဘုံကနည်းနည်းလောက် များလွန်းမနေဘူးလား?

သို့သော် ထိုအခိုက်တွင် ရှေးဟောင်းကောင်းကင်အဓိပတိမှာ ခုန်ထွက်လာပြီး လုရှောင်ယန်ကို ညွှန်ပြလိုက်သည်။

"အားလုံးပဲ၊ သူ့ကိုမယုံကြနဲ့! သူက ပန်ဂုပြန်ဝင်စားတဲ့သူမဟုတ်ဘူး! သူက ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ရွှေရောင်အမတအရှင်ရောက်အောင်ကျင့်ကြံနိုင်တဲ့အထိ ကံကောင်းခဲ့ရုံပဲ! သူက ဘယ်လိုများပန်ဂုပြန်ဝင်စားသူဖြစ်နိုင်မှာတဲ့လဲ? အားလုံးပဲ၊ သူ့ဆီကနေ လှည့်စားမခံရစေနဲ့!"

"တာအိုဘိုးဘေးက သူ့ကို ဧကရာဇ်ပန်ဂုအယောင်ဆောင်တာကြောင့် အလွတ်ပေးမှာမဟုတ်ဘူး,!"

စကားဆုံးသည်နှင့် လုရှောင်ယန်မှာ သူ့အား ထူးမခြားနားစွာကြည့်လိုက်သည်။

အကြည့်တစ်ချက်နှင့် သူဟာ ရှေးဟောင်းကောင်းကင်အဓိပတိအား သွေးအပြည့်အန်သွားစေ၏!

ဖူးးး!

တစ်ဖက်လူမှာ တိုက်ရိုက်ပင် နေရာ၌ ဒဏ်ရာပြင်းစွာရသွား၏!

ထိုအချိန်တွင် သုံးလောကရှိ ကျင့်ကြံသူအားလုံး၏ စိတ်နှလုံးများမှာ ပြင်းပြစွာ ရပ်တန့်သွားတော့သည်!

၎င်းမှာ ထိုသူတို့ကိုယ်တိုင်ခံစားနေရသလိုပါပင်!

ထိုသည်မှာ ပြိုင်ဘက်ကင်းသူတော်စင်သုံးဦးထဲမှတစ်ဦးဖြစ်သည်ပင်!

သူတော်စင်အဆင့်ငါး ပညာရှင်လည်းဖြစ်၏!

သို့သော် လုရှောင်ယန်မှာ တစ်ဖက်လူအား အကြည့်တစ်ချက်နှင့်ပင် ဒဏ်ရာပြင်းစွာရစေနိုင်သည်?

ဒါက နည်းနည်းလောက် အရမ်းစွမ်းအားကြီးမနေဘူးလား?

သိူ့သော် ၎င်းက အဆုံးသတ်မဟုတ်သေးပါချေ။

လုရှောင်ယန်အနေဖြင့် တိုက်ခိုက်မှုလေးတစ်ခုဖြင့် ရှေးဟောင်းကောင်းကင်အဓိပတိအား ဒဏ်ရာပြင်းပြင်းရစေပြီးနောက်တွင် ထပ်မံတိုက်ခိုက်လိုက်ပြန်၏။ ရှေးဟောင်းကောင်းကင်အဓိပတိ၏ကိုယ်မှာ အထိန်းအကွပ်မဲ့သွားကာ လုရှောင်ယန်၏ တိုက်ရိုက်ထိန်းချုပ်ခြင်းကိုခံလိုက်ရသည်!

ရှေးဟောင်းကောင်းကင်အဓိပတိ၏ မျက်နှာမှာ ချက်ချင်းပင် ဖယောင်းကဲ့သို့ဖြူဖျော့သွား၏!

"ဘာ... ဘာလုပ်နေတာလဲ? လာမရှုပ်နေနဲ့! ငါက ပြိုင်ဘက်ကင်းသူတော်စင်သုံးဦးထဲကတစ်ယောက်ဖြစ်ပြီး တာအိုဘိုးဘေးဟုန်ကျွင်းရဲ့တပည့်လည်း ဖြစ်တယ်။ မင်းငါ့ကိုသတ်ရဲရင် တာအိုဘိုးဘေးဟုန်ကျွင်းက မင်းကိုအလွတ်ပေးမှာမဟုတ်ဘူး!"

ကံမကောင်းစွာဖြင့် လုရှောင်ယန်မှာ အထင်အမြင်သေးစွာသာ ပြုံးလိုက်သည်။

"ကျုပ်ကဘာလို့ ဟုန်ကျွင်းကိုဂရုစိုက်ရမှာလဲ?"

စကားဆုံးသည်နှင့် သူဂာ ‌ရှေးဟောင်းအဓိပတိပန်းချီကို လှည့်ပတ်လိုက်ကာ ရှေးဟောင်းကောင်းကင်အဓိပတိကို နေရာ၌ပင် သန့်စင်လိုက်၏။

"အာ..."

ရှေးဟောင်းကောင်းကင်အဓိပတိမှာ ပြိုင်ဘက်ကင်းသူတော်စင်သုံးဦးထဲမှတစ်ဦးဖြစ်သည်!

အဆင့်ငါးသူတော်စင်လည်းဖြစ်၏!

သူဟာ သုံးလောကရှိကျင့်ကြံသူများစွာရှေ့မှောက်၌ လုရှောင်ယန်၏ စုပ်ယူသန့်စင်ခံလိုက်ရတော့သည်!

ထို့အပြင် ၎င်းမှာ အပြည့်အဝဖိနှိပ်ထားခြင်းလည်းဖြစ်၏! တစ်ဖက်လူမှာ ပြန်ပင်မတိုက်ခိုက်နိုင်ပါချေ!

ရှေးဟောင်းကောင်းကင်အဓိပတိအားစုပ်ယူသန့်စင်ပြီးနောက်တွင် လုရှောင်ယန်မှာ သူ၏ကိုယ်ရှိကျင့်ကြံဆင့်က ထပ်မံမြင့်တက်လာသည်ကို ခံစားလိုက်ရသည်။ မကြာခင်တွင် သူဟာ ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ရွှေရောင်အမတအရှင်ဒုတိယအဆင့်မှာ တတိယအဆင့်သို့တက်လှမ်းသွားတော့သည်။ သူဟာ စတုတ္ထအဆင့်ကိုကျော်ဖြတ်ရန် ခြေတစ်လှမ်းသာလိုတော့၏!

ကျင့်ကြံဆင့်တိုးတက်ခြင်းက လုရှောင်ယန်၏ စွမ်းအားကို ထပ်မံတိုးတက်လာစေသည်!

သူဟာ ကိုယ်တွင်းရှိ စွမ်းအားပေါက်ကွဲမှုနှင့် သူပုန်းကွယ်ချင်သည့် စိတ်ခံစားမှုတစ်ခု‌ဖြင့် ပြည့်နေခြင်းအား အာရုံခံမိလိုက်သည်။

မှတ်ဉာဏ်တချို့မှာ သူ၏အဆုံးမဲ့စုပ်ယူခြင်းကိုခံလိုက်ရ၏!

၎င်းမှာ ပန်ဂု၏မှတ်ဉာဏ်ဖြစ်သော်လည်း တစ်ချိန်တည်းတွင် ထိုလောက၏ လျှို့ဝှက်ချက်လည်းဖြစ်ပါ၏!

ပန်ဂု၏မှတ်ဉာဏ်များထဲတွင် လုရှောင်ယန်မှာ အင်မတန်ထူးဆန်းသည့်အရာတစ်ခုကို ရှာတွေ့သွားခဲ့သည်!

ပန်ဂုမှာ တစ်ခါက ကြယ်စုံသည့်ကောင်းကင်အောက်ရှိ ကမောက်ကမလောကတစ်ခုတွင် လှဲနေခဲ့၏။ သူဟာ အပေါ်ကိုမော့ကြည့်လိုက်ရာ ကြယ်စုံကောင်းကင်၌ ပုံရိပ်တစ်ခုကိုမြင်လိုက်ရသည်!

ထိုပုံရိပ်မှာ စွမ်းအားကြီးလှသည်! လွတ်လပ်သည်! ထိုပုံရိပ်၏ တုနှိုင်းမဲ့ထင်ရှားသည့်က ပန်ဂု၏စိတ်နှလုံးကို နက်နက်ရှိုင်းရှိုင်းအံ့အားသင့်သွားစေကာ မတတ်နိုင်ဘဲ ထိုတုနှိုင်းမဲ့စွမ်းအားကြီးပညာရှင်၏သွင်ပြင်ကိုကြည့်ရန် ကောင်းကင်ကို ခုတ်ဖြတ်ကာ ဟင်းလင်းပြင်ကို ခွဲမိသွားစေသည်!

"စွမ်းအားကြီးလိုက်တာ!"

လုရှောင်ယန်မှာ မနေနိုင်ဘဲ ခပ်တိုးတိုးဆိုလိုက်သည်။

သို့သော် မကြာခင်တွင် နောက်ထပ်မယုံနိုင်ဖွယ်အရာတစ်ခုဖြစ်လာ၏။

ထိုပုံရိပ်မှာ ပန်ဂုအား သတိထားမိသွားပုံရသည်။ သူဟာ ပြန်ကြည့်လိုက်ရာ ထိုအကြည့်က လုရှောင်ယန်၏ဆံပင်များကို အဆုံးထိထောင်သွားစေ၏!

သူဘာကိုမြင်လိုက်တာလဲ?

သူတကယ်ကြီး သူ့ကိုယ်သူမြင်လိုက်တယ်!

သူဟာ ပန်ဂုမှ ကမ္ဘာအား မထုတ်ဖော်ခင်တွင် ကြယ်စုံကောင်းကင်တွင် ကျင်လည်ခဲ့သည်ပင်!

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၃၂။ အပိုင်း ၄၇၃ နောက်ဆုံးအပိုင်း—

လုရှောင်ယန်၏စိတ်မှာ ခဏမျှရပ်တန့်သွားသည်။ ထိုအချိန်တွင် လောကရှိ အချိန်မှာလည်း ရပ်တန့်ရမည့်ဟန်ပေါ်နေ၏!

သူ၏ဘဝဟောင်းကလူမှာ ဟင်းလင်းပြင်ထဲရှိ ပန်ဂုထံပြုံးလျက် ခေါင်းငြိမ့်ပြလိုက်၏။

ထိုမှတ်ဉာဏ်အားလုံးမှာ ပန်ဂု၏မှတ်ဉာဏ်၌ အမြစ်တွယ်နေခဲ့သည်။

လုရှောင်ယန်မှာ ရှေးဟောင်းကောင်းကင်အဓိပတိအား ဝါးမြိုပြီးနောက်တွင် ပန်ဂု၏မှတ်ဉာဏ်အပိုင်းတစ်ခုအား ရှာ‌တွေ့လိုက်ပြန်သည်။ ထိုသည်က သူ့အနေနှင့် ပန်ဂု၏မှတ်ဉာဏ်များကို မြင်နိုင်ရခြင်းအကြောင်းပါပင်။

ထိုသည်က ဝမ့်ခိုက်ပြောဖူးသည်ကိုလည်း အတည်ပြုလိုက်သည်ပင်။ သူဟာ တကယ်ကိုပင် ပန်ဂုကိုကျော်လွန်နေပါ၏!

သို့သော် ထိုအချိန်တွင် သူ့အားစောင့်ကြည့်နေသည်ဟု ခံစားရသောကြောင့် ချက်ချင်းရပ်လိုက်သည်!

သူဟာ တစ်ဖက်လူအား မယုံနိုင်ဖွယ်ကြည့်လျက် မျက်လုံးများပင် ပြူးသွားသည်။

သူဘာကိုမြင်လိုက်တာလဲ?

သူ၏ဘဝဟောင်းကလူမှာ ပန်ဂုကိုကျော်လွန်၍ သူ့အား ကြည့်နေသည်ပင်!

သူ၏ဘဝဟောင်းကလူ သေသည်မှာကြာခဲ့ပြီပင်။ ထိုမှတ်ဉာဏ်မှာ လွန်ခဲ့သည့် နှစ်ပေါင်းသိန်းချီအကြာလောက်က ပန်ဂု၏ မှတ်ဉာဏ်လည်းဖြစ်၏။

သို့သော် ထိုအခိုက်တွင် တစ်ဖက်လူမှာ သူ့အားတကယ်ကြီးကြည့်နေ၏!

သူ၏ဘဝဟောင်းမှာ တကယ်ကိုပင် အချိန်စီးကြောင်းအားဖြတ်ကာ သူ့အားပြောကြားရန် ပန်ဂု၏မှတ်ဉာဏ်ကိုအသုံးပြုနေသည်လား?

ဒီနတ်ဝိဉာဉ်စွမ်းအားက ဘယ်လိုတောင်စွမ်းအားကြီးတာလဲ?

သို့သော် တစ်ဖက်လူမှာ မပြောရသေးပါချေ။ သူဟာ ပြုံးရုံသာပြုံးပြီး နှုတ်ဆက်လိုက်ကာ အဝေးမှစကြဝဠာတွင်းသို့ ဆက်လက် လျှောက်ဝင်သွားသည်။

ထိုမြင်ကွင်းက လုရှောင်ယန်ကိုပိုလို့ပင် ထိတ်လန့်အံ့အားသင့်သွားစေ၏!

သူက သူ့အရင်ဘဝမှာ ဘယ်လိုလျှို့ဝှက်ချက်မျိုးရှိနေခဲ့တာလဲ?

သူက ဘယ်လိုဖြစ်တည်မှုလဲ?

ဒီလောကရဲ့ ရင်းမြစ်ကရော?

ပန်ဂုရဲ့အထက်ကရော?

ထိုမေးခွန်းများက လုရှောင်ယန်၏ စိတ်ထဲ၌ ပြည့်သိပ်နေကာ ပဟေဠိပင်ဖြစ်စေ၏။

သို့သော် သူဟာ ထိုမှတ်ဉာဏ်မှ ခပ်မြန်မြန်ပင်နိုးထလာသည်။ ထိုသည်မှာ သူ့ထံ၌ လုပ်စရာများရှိနေသေးသောကြောင့်ပင်။

သူထို မှတ်ဉာဏ်မှပြန်ထွက်လာချိန်တွင် သုံးလောကရှိအချိန်မှာ ပုံမှန်ပြန်ဖြစ်သွား၏။

မဟာအဓိပတိအကြီးအကဲ၊ ကျဲယင်၊ ကျွင်းတိ...အစရှိသည့် လူတိုင်းမှာ အင်မတန်ထိတ်လန့်‌နေကြသည်။

လုရှောင်ယန်မှာ စွမ်းအားကြီးမားပြီး ကျိုးကြောင်းမသင့်ရုံမျှမက သူ၏ကျင့်ကြံဆင့်ကလည်း အားကောင်းလှသောကြောင့် မည်သူကမှသူ့အား ဒေါသမဖြစ်နိုင်ကြပါချေ။

၎င်းတို့မှာ ယခင်က ထူးခြားသူများကိုမြင်ဖူးပါသော်လည်း ထိုသို့သော ထူးခြားသူ‌မျိုးကိုတော့ မမြင်ဖူးပါချေ။

ရွှေရောင်အောက်ကျွန်းတွင် သူတော်စင်နွီဝါးမှာ ၎င်းကိုမြင်ချိန်၌ ထိတ်လန့်ကာ ကြောင်အနေတော့၏။

ထိုအခိုက်တွင် သူမ၏မျက်နှာ ပူလောင်လာသည်ကိုပင်ခံစားမိလိုက်သည်။

မတိုင်ခင် သူမဟာ လုရှောင်ယန်၏ ရှေ့မှောက်၌ ရပ်၍ လုရှောင်ယန်အား လက်ထပ်လိုပြီး အဖွဲ့စည်းတစ်ခုအတူတကွတည်ထောင်ရန်ပင် ပြောခဲ့သေးသည်။

သို့ရာ၌ လုရှောင်ယန်မှာ သူတော်စင်တစ်ဦးကိုပင် ချက်ချင်းသတ်နိုင်သည့် ဖြစ်တည်မှုတစ်ခုဖြစ်မည်ဟု မထင်ခဲ့မိပါချေ!

ထိုအခိုက်တွင် သုံးလောကတစ်ခွင်လုံး၌ လုရှောင်ယန်နှင့် နှိုင်းယှဉ်နိုင်သည်မှာ ဘိုးဘေးဟုန်ကျွင်းနှင့် ကောင်းကင်ဖွင့်လှစ်ခြင်းအတိဒုက္ခ၌ ကံကောင်း၍ရှင်သန်နေခဲ့ကြသော ဆက်နွယ်မှုသဏ္ဍာန်မဲ့မကောင်းဆိုးဝါးနတ်ဘုရားများသာရှိတော့သည် မဟုတ်ပါလား?

မြေအောက်လောကရှိ ဟိုတုမှာလည်း အံ့အားသင့်နေ၏။

"ဒီကောင်လေးကတကယ်ကို နတ်ဘုရားဖခင်ကြီးပြန်ဝင်စားသူပါလား? အံ့ဩစရာမရှိတော့ပါဘူး၊ သူဒီလောက်စွမ်းအားကြီးနေတာ မဆန်းတော့ဘူး!"

သို့သော် သူမဟာ ခပ်မြန်မြန်ပင်မျက်မှောင်ကျုံ့ကာ အံကြိတ်လိုက်၏။

"ဒီကောင်က ငါ့ကိုလှည့်စားခဲ့တာပဲ!"

လုရှောင်ယန်သာ ပန်ဂုဝင်စားသူဖြစ်ခဲ့ပါလျှင် သူမအား လုံးဝအလွတ်ပေးလိမ့်မည်မဟုတ်ပါချေ။

ပန်ဂု၏ အနှစ်သာရဝိဉာဉ်သုံးခုအား မဟာအဓိပတိအကြီးအကဲ၊ ရှေးဟောင်းကောင်းကင်အဓိပတိနှင့် ထုံးထျန်းတို့ အဖြစ်ပြောင်းလဲခဲ့၏။

သို့သော် ပန်ဂု၏သွေးအဆီအနှစ်ကို မာဂီဘိုးဘေးဆယ့်နှစ်ဦးအသွင်လည်းပြောင်းခဲ့သည်။

တစ်ဦးမှာ သူမဖြစ်၏!

လုရှောင်ယန်က ရှေးဟောင်းကောင်းကင်အဓိပတိကိုတောင် အရှင်လတ်လတ်ဝါးမြိုမှတော့ သူမကိုလည်း ဘယ်လိုလုပ် မဝါးမြိုဘဲနေမှာလဲ?

ကောင်းကင်ဘုံခုံရုံးတွင် ဖုန်းထျန်းယွမ်၊ နီကျားနှင့် အခြားသူများဆီသို့ ပျံလာခဲ့သော ယန်ကျီအန်းသည်လည်း ၎င်းကို‌မြင်သော် ထိတ်လန့်ပြီး ပြောစရာမဲ့သွား၏။

ပန်ဂုရဲ့ဝင်စားသူတဲ့!

၎င်းမှာ သူစိတ်ပင်မကူးနိုင်ခဲ့သော ဖြစ်တည်မှုပါပင်။ ထိုအချိန်၌ သူဟာ ကောင်းကင်ဘုရင်လီ၊ နီကျားနှင့် စွန်းဝူခုံးပြန်ဝင်စားသူသည်ပင် အဘယ့်ကြောင့် လုရှောင်ယန်၏တပည့်ဖြစ်လာရန် ရွေးချယ်ခဲ့သည်ကို နားလည်သွား၏။

ပန်ဂုမှာ လောကကို ထုတ်ဖော်ခဲ့သူဖြစ်ပေ၏။ တစ်ချိန်တည်းတွင် သူဟာ စကြဝဠာ၏ဖခင်လည်းဖြစ်ပေသည်။

သူ၏ မြင့်မြတ်မှုကို ဖော်ပြနေရန်ပင်မလိုပါချေ။ သူ့အား စွမ်းအားကို ချဲ့ကား‌နေရန်လည်းမလိုပါချေ။

သူနှင့်အတူဆိုလျှင် မည်သူကများ ၎င်းတို့က ပြိုင်ဘက်ကင်းသည်ဟု ပြောဝံ့ပါမည်နည်း?

ထိုအခိုက်၌ လုရှောင်ယန်၏ အကြည့်မှာ အရှေ့က မဟာအဓိပတိအကြီးအကဲထံဆင်းသက်လာလေ၏။

"မဟာအဓိပတိအကြီးအကဲ! ကျုပ်အနှစ်သာရဝိဉာဉ်ရဲ့ထင်ရှားခြင်းအနေနဲ့ ဘာကိုစောင့်နေတာလဲ? ကျုပ်ရဲ့ကိုယ်ကို တတ်နိုင်သမျှ ပြန်ပေးသင့်တယ်မဟုတ်ဘူးလား?"

ထိခပ်ဖျော့ဖျော့စကားမှာ တမုဟုတ်ချင်း မဟာအဓိပတိအကြီးအကဲ၏ကိုယ်ပေါ်ရှိ အမွေးများအဆုံးထိထောင်ထသွားစေ၏။

သူဟာ လုရှောင်ယန်၏ ပြိုင်ဘက်မဟုတ်မှန်းသိပါသော်လည်း လုရှောင်ယန်၏ပန်ဂုကိုယ်ထည်နှင့်ပေါင်းစပ်ခြင်းကို သေချာပေါက် သဘောမတွေ့ပါချေ။

"ပြေး!"

တုံ့ဆိုင်းခြင်းမရှိဘဲ သူဟာ ချက်ချင်းတစ်ဖက်လှည့်လျက် ခရမ်းသွေးကောင်းကင်နန်းတော်ဆီသို့ထွက်ပြေးတော့သည်။

"ငါတို့က မင်းတို့ကို အလွတ်ပေးမယ်ထင်နေတာလား?"

ယွင်လီကောနှင့် အခြားသူများမှာ ချက်ချင်းတိုက်ခိုက်ရန်ပြင်လိုက်၏။ သို့သော် ထိုအချိန်တွင် ရွှေရောင်အလင်းတစ်ပြမှာ အားလုံးရှေ့မှောက်၌ ပိတ်ဆို့လိုက်တော့၏။

"အမိတာဘ!"

၎င်းမှာ ရွှေရောင်သင်္ကန်းနှင့်ပုံရိပ်တစ်ခုပင်ဖြစ်၏။

"ဒါက ဟုဝေ့ဗုဒ္ဓပဲ! လောင်ဇီက ဟုဝေ့ဗုဒ္ဓအသွင်ကိုပြောင်းလိုက်ပြီ!"

တစ်ယောက်ယောက်မှာ ချက်ချင်းပင် မနေနိုင်ဘဲ အော်ဟစ်လိုက်၏။ လောင်ဇီမှာ ချက်ချင်းပင် ယွင်လီကောအား တိုက်ခိုက်ရန် စွမ်းအားထုတ်သုံးလိုက်ကာ ‌၎င်းတို့အား မဟာအဓိပတိအကြီးအကဲတို့ကို လိုက်ဖမ်းနေရာမှတားဆီးလိုက်သည်!

"မင်းတို့ကသေချင်နေတာပဲ!"

ယွင်လီကောနှင့် ကျန်လူများမှာ အတူတကွတိုက်ခိုက်လိုက်ရာ စွမ်းအားမှာ အတော်အတန်ထူးကဲသွား၏။

ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များစွာမှာ ချက်ချင်းပင် ဟုဝေ့ဗုဒ္ဓ၏အကာအရံအား ခွဲလျက် ဒဏ်ရာရသွားစေ၏။

၎င်းတို့၏ကျင့်ကြံဆင့်များမှာ ဆင်တူသည်ပင်။ အရေအတွက်အားဖြင့်လည်း အမည်မဲ့ဂိုဏ်းသားများမှာ အင်မတန်သာလွန်နေ၏။

တစ်ဖက်တွင် ဟုဝေ့ဗုဒ္ဓမှာ အနိုင်ယူခံလိုက်ရပြီးဖြစ်သည်။ တစ်ဖက်တွင် လုရှောင်ယန်လည်း တိုက်ခိုက်လိုက်သည်။

အကြည့်တစ်ချက်နှင့် ကောင်းကင်ဘုံခုံရုံးတစ်ခုလုံးရှိနေရာမှာ အကျဉ်းချထားခံရဟန်ပင်ပေါ်နေ၏။

မဟာအဓိပတိအကြီးအကဲအနေဖြင့် ကောင်းကင်ဘုံခုံရုံး၏ အလွှာသုံးဆယ့်သုံးထပ်မှ မလွတ်မြောက်နိုင်ခင်တွင် လုရှောင်ယန်၏ ချိပ်ပိတ်ခြင်းကိုခံလိုက်ရ၏။

ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ရွှေရောင်အမတအရှင်အဆင့်သို့ ကျော်ဖြတ်သွားပြီးနောက်တွင် လုရှောင်ယန်၏စွမ်းအားမှာ ကောင်းကင်ဘုံခုံရုံး၏စည်းမျည်းများကို ထိန်းချုပ်နိုင်သည်အထိ ရောက်ရှိသွား၏။

ဘန်း!

မဟာအဓိပတိအကြီးအကဲမှာ မမြင်နိုင်‌သောအကာအရံကိုပြင်းစွာရိုက်မိကာ နောက်သို့ခုန်ထွက်သွားရသည်။

ထိုအချိန်တွင် မဟာအဓိပတိအကြီးအကဲမှာ အတော်လေး စိတ်ပျက်အားငယ်နေ၏။

"မဟုတ်ဘူး!"

သူဟာ အော်ဟစ်မြည်တမ်းလိုက်ကာ သူ၏ကျင့်စဉ်အား ထိုအကာအရံကိုဖောက်ခွဲရန်သုံးလိုက်ပြီး ချိပ်စည်းကို ချိုးဖြတ်ချင်နေ၏။

အေးစက်စက်အမူအရာတစ်ချက်က လုရှောင်ယန်၏မျက်လုံးများတွင် ဖြတ်ပြေးသွားသည်။ သူ၏လက်ကြီးမှာ လေထဲတွင် ဆုပ်ကိုင်ထားလျက် နိယာမစွမ်းအားကြီးမှာ မဟာအဓိပတိအကြီးအကဲကို စာနာခြင်းကင်းမဲ့စွာ ထိန်းချုပ်ထားပြီး ဖြေးဖြေးချင်းဆွဲချလိုက်သည်။

"မဖြစ်ဘူး!"

မဟာအဓိပတိအကြီးအကဲမှာ ထပ်မံအော်လိုက်ကာ နံဘေး၌ ရွှေရောင်အလင်းနောက်တစ်ခုပေါ်လာ၏။

၎င်းမှာ သူ၏ ကျွမ်းကျိဝင်စားခြင်းနောက်တစ်ခုပါပင်!

သို့သော် ကျွမ်းကျိပေါ်လာသည်နှင့် သူဟာ လုရှောင်ယန်၏ အကြည့်ကြောင့်ပင် ကူရာမဲ့စွာဖြင့် လွင့်ထွက်သွားပြန်၏။

ဘုန်း!

ပြင်းထန်သောပေါက်ကွဲမှုနှင့် ဟင်းလင်းပြင်အကာအရံမှာ အရှင်လတ်လတ်အက်ကွဲသွားသည်။ သူတော်စင်တစ်ဦး၏ဖောက်ကွဲမှုမှာ မည်မျှစွမ်းအားကြီးလှပါသနည်း?

၎င်းမှာ လုရှောင်ယန်အကျဉ်းချထားသည့်နေရာ၌ တွင်းကြီးပေါက်ထွက်သွားသည်အထိပါပင်။

အခွင့်ကောင်းပဲ! မဟာအဓိပတိအကြီးအကဲ၏မျက်လုံးများတောက်ပသွားကာ လွတ်မြောက်ရန် အကောင်းဆုံး‌ကြိုးစားတော့၏။

သို့သော် သူ့အား အသက်ရှူကျပ်စေလောက်သည့်အားမှာ နောက်မှ တိုက်ခိုက်လာ၏။ သူဟာ ထိုသည်က လုရှောင်ယန်တစ်ဖန်တိုက်ခိုက်လာခြင်းဟု သိလိုက်သည်။

လုံးဝတုံ့ဆိုင်းမနေဝံ့ဘဲ သူဟာ နောက်ဆုံးဝင်စားခြင်း—ကုန်းရှန်ကို ထုတ်ယူလိုက်တော့၏!

ကုန်းရှန်ပေါ်ထွက်လာသည်နှင့် သူဟာ လုရှောင်ယန်မတိုက်ခိုက်နိုင်ခင်မှာတင် သူ့ကိုယ်သူ ဖောက်ခွဲလိုက်တော့သည်။

ထိုအဆောင်တော်၏ပေါက်ကွဲမှုမှ မဟာအဓိပတိအကြီးအကဲမှာ လျှို့ဝှက်ချက်ကိုတွေ့ရှိသွား၏။

သူတော်စင်တစ်ဦးမှာ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်နှင့်အဆင့်တူပြီး ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ရွှေရောင်အမတအရှင်၏ ပြိုင်ဘက်မဟုတ်ပါချေ။

သူသာ တစ်ဖက်လူအား အနည်းငယ်တုန်လှုပ်စေချင်ပါလျှင် သူဟာသူတော်စင်တစ်ဦးကိုသာ ဖောက်ခွဲနိုင်၏။ ထိုသို့ဆိုလျှင် အခွင့်အရေးတစ်ခုလောက်တော့ရဦးမည်။

သို့သော် ထို့နောက်တွင် သူ၏အသက်စွမ်းအားမှာ အင်မတန်ထိခိုက်သွားပြီး ကျင့်ကြံဆင့်ပင်ကျဆင်းသွား၏။

သို့ရာ၌ သူ့ထံတွင် ရွေးချယ်မှုများများစားစားမရှိပါချေ!

လုရှောင်ယန်မှာ စွမ်းအားကြီးမားလှသည်။ သူဟာ လုရှောင်ယန်၏ တစ်ခါအဖမ်းခံလိုက်ရသည်နှင့် လုရှောင်ယန်မှာတစ်ဖက်လူ၏ ပန်ဂုကိုယ်အား သန့်စင်လိမ့်မည်ပင်။ ထိုအချိန်တွင် သူဟာ မဟာအဓိပတိအကြီးအကဲမဟုတ်တော့ပါချေ!

သူဟာ ဤနေရာမှ လွတ်မြောက်ပြီး ဆရာ့အား ရှာနိုင်သည်နှင့် အကယ်ခံရမည်ပင်။

ထို အကြောင်းပြချက်က သူလုံလုံခြုံခြုံလွတ်မြောက်ဖို့ပင်။

သူဟာ ရှင်လျက်ထွက်သွားရပေမည်။

သူ၏နောက်တွင် ကုန်းရှန်၏ကိုယ်တိုင်‌ဖျက်ဆီးခြင်းက နိယာမစွမ်းအားကို ပွင့်အောင်လုပ်လိုက်ပြန်ကာ အနီးအနားရှိနိယာမများအား ကမောက်ကမဖြစ်သွားစေ၏။ လုရှောင်ယန်မှာ ဆက်လက်၍ အားအပြည့်ဖြင့်ဟင်းလင်းပြင်စွမ်းအားကို မထိန်းချုပ်နိုင်တော့ချေ။

မဟာအဓိပတိအကြီးအကဲ၏ အမြန်နှုန်းဖြင့် သူဟာ ခရမ်းသွေးတိမ်တိုက်နန်းတော်ကိုရောက်ရန် တစ်ခဏသာလိုပါသည်။

တစ်ခဏအတွင်း သူဟာ အလွယ်တကူလွတ်မြောက်နိုင်၏။

ဘန်း! အဟာအဓိပတိအကြီးအကဲ၏မျက်နှာမှာ ကပ်ဘေးမှ လွတ်မြောက်သည့် ပျော်ရွှင်မှုကိုပြနေပြီး အခြားသော အကာရံနှင့် တိုက်လိုက်သည်။

သူဟာ ထပ်မံ၍ ခပ်ပြင်းပြင်းနောက်ကိုခုန်လိုက်လေသည်။

မဟာအဓိပတိအကြီးအကဲမှာ တကယ်ကိုကြောင်အသွား၏။

ဘာတွေဖြစ်နေတာလဲ?

သူဟာ နိယာမစွမ်းအားကိုနှောင့်ယှက်ရန် ဝင်စားခြင်းတစ်ခုကို ဖောက်ခွဲခဲ့သည်။ လုရှောင်ယန်က ၎င်းတို့အား မျက်စိတစ်မှိတ်အတွင်း ပြန်ပြင်နိုင်မည်နည်း?

သူဟာရှုပ်‌ထွေးစွာ တစ်ဖက်လှည့်လျက် ချက်ချင်းအရူးဖြစ်သွားသည်။

ကုန်းရှန်မှာ တကယ်ကိုပင် ကိုယ်တိုင်ဖျက်ဆီးခြင်းကိုအောင်မြင်ခဲ့၏။ သို့သော် သူ၏ကိုယ်တိုင်ဖျက်ဆီးခြင်းနယ်နိမိတ်မကျယ်ပြန့်သွားနိုင်ခင်တွင် လုရှောင်ယန်၏ တားဆီးခြင်းကိုခံလိုက်ရ၏!

နိယာမစွမ်းအားများမှာ သူတော်စင်၏ဖျက်ဆီးခြင်းကြောင့် အနှောင့်ယှက်ဖြစ်နေစေသည်။

ထိုအခိုက်တွင် မဟာအဓိပတိအကြီးအကဲ၏ကမ္ဘာ့မြင်မှာ လုံးဝပြိုလဲသွားပြီပင်။! ဒါကဘယ်လိုဟာသကြီးလဲ?

လုရှောင်ယန်က သဏ္ဍာန်မဲ့နိယာမစွမ်းအားကိုတောင် ဖိနှိပ်နိုင်နေတာလား?

တစ်ခဏအကြာတွင် သူဟာလုရှောင်ယန်ထံမှ သူ့အား အရူးအမူးဆွဲယူနေသည့် စုပ်ယူအားကြီးကို ခံစားလိုက်ရသည်။

မဟာအဓိပတိအကြီးအကဲမှာ စိတ်ပျက်အားငယ်သွား၏။

သူဟာ မလွတ်မြောက်နိုင်ကြောင်းကို သူတော်စင်အဆင့်ရှစ်ရောက်နေပြီး ဟုန်ကျွင်းအောက်၌ နံပါတ်တစ်ဖြစ်ကြောင်းကိုလည်း မကြားနိုင်တော့ချေ။

ထိုအချိန်တွင် သူဟာ ပျက်စီးသွား၏။

သူ နှစ်ပေါင်းသိန်းချီကြာနေထိုင်ခဲ့သည့်ဘဝမှာ ယနေ့၌ အဆုံးသတ်ရောက်လာပြီဖြစ်သည်။

၎င်းက သူ၏သေခြင်းနှင့် အဆုံးသတ်ရမည်ပင်။

မည်သူကမှာ ထိုနာကျင်မှုနှင့် အားငယ်မှုကို နားမလည်နိုင်ချေ။

"လုရှောင်ယန်! မင်းကများငါ့ကိုလိမ်ရဲတယ်ပေါ့!"

မဟာအဓိပတိအကြီးအကဲ အားငယ်နေချိန်တွင် သူတွေးတောနေခဲ့သည့် အသံမှာ ကောင်းကင်ဘုံခုံရုံးအပြင်မှ ဒေါသတကြီးထွက်လာခဲ့၏။

မဟာအဓိပတိအကြီးအကဲမှာ ရုတ်တရတ်ပျော်ရွှင်သွား၏။

"ဆရာ! ဆရာလာပြီ!"

သူပင်မကပါချေ။ နေရာရှိအခြားလူများဖြစ်သော ကျဲယင်၊ ကျွင်းတိ၊ ဟောက်ထျန်းနှင့် ဂေါတမတို့... အားလုံးလည်း ပျော်‌ရွှင်နေကြသည်။ မည်သူက ဟုန်ကျွင်းနှင့် ယှဉ်ပြိုင်နိုင်မည်နည်း?

လုရှောင်ယန်၏ နေ့ကောင်းလေးများ နောက်ဆုံးတော့ ကုန်ဆုံးသွားပြီပင်!

တခဏအကြာ၌ ရွှေရောင်အလင်းတစ်ခုမှာ ကောင်းကင်ကိုးထပ်မှ ကျဆင်းလာပြီး နိယာမစွမ်းအားကို အက်ကွဲသွားစေသည်။ ၎င်းက မဟာအဓိပတိအကြီးအကဲအား ထိုထဲသို့ ခေါ်ဆောင်သွားပြီး လုရှောင်ယန်၏ထိန်းချုပ်မှုမှ လွတ်မြောက်ခွင့်ပြုလိုက်၏။

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၃၂။ အပိုင်း၄၇၄ မြင့်မြတ်သောတိုက်ပွဲ- နတ်ဘုရားအစစ်တစ်ပါးက ‌ခေါင်းငုံ့တာကို မြင်ဖူးလား?

"တာအိုဘိုးဘေးဆိုတဲ့အတိုင်း၊ တကယ်ကိုစွမ်းအားကြီးတာပဲ!"

"လုရှောင်ယန်ရဲ့ စည်းကျပ်ထားတာကို တိုက်ကွက်တစ်ခုလေးနဲ့ ချိုးဖြတ်နိုင်လောက်တာက တကယ်ကို ထင်ရှားတဲ့ပါရမီရှင်ပဲ!"

ဟုန်ကျွင်းမှ လုရှောင်ယန်၏ စည်းကျပ်ချုပ်နှောင်ထားမှုအား တိုက်ကွက်တစ်ခုလေးဖြင့် ချိုးဖြတ်လိုက်သည်ကို မြင်သော် အားလုံးမှာ ပိုလို့ပင် စိတ်လှုပ်ရှားနေကြ၏။

ဟုန်ကျွင်းမှာ ပိုမိုသန်မာလေ၊ ၎င်းတို့၏ အနိုင်ရပိုင်ခွင့်နှင့် ရှင်သန်နိုင်ခွင့်ပိုမြင့်လေပင်ဖြစ်သည်!

လီကောမှာ အားလုံးထံအကြည့်ပို့လျက် မနေနိုင်ဘဲ နှာခေါင်းရှုံ့လိုက်၏။

ပန်ဂု၏ ကောင်းကင်ကို ထက်ပိုင်းခြမ်းပြီး သူ့ကိုယ်သူအရာအားလုံးအသွင်ပြောင်းခဲ့ခြင်းကြောင့်သာမဟုတ်လျှင် ၎င်းတို့ မွေးဖွားလာခဲ့မည်မဟုတ်ချေ။

ပန်ဂုမှာ လောကတွင် လူတိုင်း၏ အဖနတ်ဘုရားဟုပင်ဆိုနိုင်သည်။ ပန်ဂု၏ကျေးဇူးကို လက်ခံခွင့်မရှိခဲ့သည့်လူများအတွက်သာ ဖရိုဖရဲလောကကြီး၏ မကောင်းဆိုးဝါးနတ်ဘုရား‌ဖြစ်နေခြင်းပင်။

သို့သော် ယခုတွင် လုရှောင်ယန်ပြန်လာပြီး လူများများစားစားက မကြိုဆိုကြပါချေ။ လူအများစုမှာ သူ့အားသေစေလိုကြသည်။ ထိုသည်က အင်မတန်ရယ်ရွှင်ဖွယ်ရာကောင်းသည်ဟုပင် ဆိုရချေမည်။

လုရှောင်ယန်မှာ သူ့၏အကြည့်ကို ကောင်းကင်၌သာ ကျောက်ချထားလိုက်၏။ ရွှေရောင်အလင်းကျဆင်းလာချိန်တွင် ဟုန်ကျွင်း၏ရွှေကိုယ်ထည်မှာ လူတိုင်းရှေ့‌၌ ပေါ်ထွက်လာတော့သည်။

"ကြိုဆိုပါတယ်၊ တာအိုဘိုးဘေးကြီး!"

ကောင်းကင်ဘုံခုံရုံးရှိ လူတိုင်းမှာ ဒူးထောက်ဝပ်တွားလိုက်ကြသည်။ ဟုန်ကျွင်းမှာ အင်မတန်ဂရုမစိုက်ရှိလှသည်ပင်။

ထိုအချိန်တွင် ဂုဏ်သိက္ခာအရာ၌ သူဟာ လုရှောင်ယန်ထက် အဆင့်တစ်ခုပိုမိုအားကောင်းနေပါ၏!

သူဟာ ဦးခေါင်းကိုနှိမ့်ချမထားပါချေ။ သူဟာ မျက်ခုံးများကိုသာလျှော့ရဲရဲထားလျက် လုရှောင်ယန်အားကြည့်လိုက်သည်မှာ လုရှောင်ယန်အား အရှိန်အဝါအရာ၌ လုံးဝကျော်လွန်သည့်နှယ်ပင်။

ကံမကောင်းစွာဖြင့် လုရှောင်ယန်မှာ သူ့အားလျစ်လျူရှုထားလိုက်သည်။

"ဟမ့်!"

ဟုန်ကျွင်းမှာ အတန်ငယ်နှာခေါင်းရှုံ့လျက် ဆက်ပြောလိုက်၏။

"လုရှောင်ယန် မင်းကအတော်လေးယုတ်ညံ့တာပဲ။ ငါ့ဆီကနေ ပုန်းကွယ်ဖို့ ရုပ်သေးသူတော်စင်ကိုတောင်သုံးခဲ့ပြီး မင်းရဲ့မူလကိုယ်ကတော့ တိတ်တိတ်ကလေးကျင့်ကြံနေခဲ့တယ်ပေါ့လေ။ အတိတ်က ပန်ဂုဆိုတာ မင်းလိုမျိုး ယုတ်ညံ့တဲ့သူမဟုတ်ဘူး။"

လုရှောင်ယန်မှာ သူ့အား ထူးမခြားနားစွာကြည့်ရှုလိုက်၏။

"သဏ္ဍာန်မဲ့မကောင်းဆိုးဝါးနတ်ဆိုးသုံးထောင်လိုမျိုး မင်းတို့ကောင်တွေကမှ အရင်က အတူတူ ငါ့ကို ဆန့်ကျင်တိုက်ခိုက်ချိန်မှာ ပိုပြီး စက်ဆုပ်စရာကောင်းခဲ့တာမဟုတ်ဘူးလား?"

ဟုန်ကျွင်း၏ အမူအရာမှာ မပြောင်းသွားပါချေ။

"အတိတ်က၊ သဏ္ဍာန်မဲ့မကောင်းဆိုးဝါးနတ်ဘုရားတွေလိုမျိုး မင်း သဏ္ဍာန်မဲ့လောကကိုဖျက်ဆီးချင်နေခဲ့တော့ ငါတို့အတူတူ ကာ‌ကွယ်ပေးခဲ့ရတာပါ။ ဒါကြောင့်ပဲ ငါတို့အတူတူခုခံခဲ့ကြတာလေ။ ဒါက ဘာများမှားနေလို့လဲ?"

"မင်းက ဒီလိုဂုဏ်သရေရှိဆင်ခြေဆင်လက်တွေကို ဘယ်လိုထည့်ရမလဲဆိုတာ ကောင်းကောင်းသိတာပဲနော်!"

လုရှောင်ယန်မှာ အမူအရာတစ်ခုပင်ရှိမနေပါချေ။

ထိုသို့သော စက်ဆုပ်ဖွယ် အရှက်မဲ့လွန်းလှသည့်ပုဂ္ဂိုလ်အား တစ်စုံတရာပြောဖို့ဆိုသည်မှာ အသုံးမဝင်လှပါချေ။

ထိုလူအား အသေရိုက်သတ်ပြီးမှသာလျှင် မည်သို့ အသနားခံရမည်ကို သိလာပေလိမ့်မည်။ များများစားစားပြောမနေတော့ဘဲ လုရှောင်ယန်ဟာ သူ၏ခြေထောက်အား အတန်ငယ်တို့ထိလိုက်ရာ အားတစ်ခုမှာ ကောင်းကင်ဘုံခုံရုံးတစ်ခုလုံးအား ချက်ချင်း ‌ပျံ့နှံ့သွားပြန်တော့သည်။

ထိုအခိုက်တွင် အမည်မဲ့ဂိုဏ်းမှမဟုတ်သည့်တပည့်အားလုံးမှာ ထိုအား၏ သက်ရောက်မှုကိုတစ်ချိန်တည်းခံလိုက်ရ၏။

ဘန်း ဘန်း ဘန်း...

ထို စွမ်းအားကြီးမားလွန်းလှသောတိုက်ခိုက်မှုကြီးမှာ ထိုယင်ကောင်ငယ်လေးများအား မခုခံနိုင်စေဘဲ နေရာ၌ပင် ပေါက်ကွဲသွားစေ၏။ ထို့နောက် ၎င်းမှာ ပိုမို အားကောင်းသောအဆင့်များသို့ပင် ပျံ့နှံ့သွားတော့သည်။ ထိုက်ယိရွှေရောင်အမတအရှင်များမှာ ဦးဆုံး ခံစားလိုက်ရကာ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များက နောက်ကလိုက်သည်...

ထိုသူတော်စင်အထက် ပညာရှင်များမှာ ၎င်းကို တောင့်မခံနိုင်တော့သည်အား မြင်သည်တွင် ဟုန်ကျွင်းမှာ ထပ်မံတိုက်ခိုက်လိုက်သည်။ ရွှေရောင်အလင်းတစ်ပြမှာ ပျံ့နှံ့သွားလျက် ချက်ချင်းပင် သူတော်စင်အဆင့်ပညာရှင်အားလုံးကို ကာကွယ်လိုက်တော့၏။ လုရှောင်ယန်မှာ ဟုန်ကျွင်းဆီသို့ ခြေလှမ်းမသွားခင်တွင် ယွင်လီကောအားကြည့်လိုက်သည်။ ယွင်လီကောမှာလည်း အလျင်အမြန်ပင်နားလည်သွား၏။ ဟုန်ကျွင်းမှာ ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ရွှေရောင်အမတအရှင်ဖြစ်၏။ တစ်ဖက်လူမှာ သူနှင့် အဆင့်တူနေသဖြင့် သူဟာ စွမ်းအားပြည့်အသုံးပြုရတော့မည်ဖြစ်သည်။

မဟာအဓိပတိအကြီးအကဲနှင့် အခြားသူတော်စင်များနှင့် ဂိုဏ်းအသီးသီး၏ သူတော်စင်တစ်ပိုင်းများမှာလည်း ယွင်လီကောနှင့်အခြားသူများထံချန်ထားခံခဲ့ရသည်။

ဘိုးဘေးဟုန်ကျွင်းမှာ လုရှောင်ယန်၏ ရည်ရွယ်ချက်ကို သေချာသိပါသည်။ လက်တစ်ချောင်းအလှုပ်ဖြင့် သူဟာ များစွာသော ရှေးဟောင်းခရမ်းသွေးချီများကို ခွဲလိုက်ကာ လောကဆီသို့ ဖြန့်ကျက်လိုက်တော့သည်။

ရှေးဟောင်း‌ခရမ်းသွေးချီမှာ အလျင်အမြန် ကွဲပြားသွားကြကာ သုံးလောကရှိ သူတော်စင်တစ်ပိုင်းများထံပေါင်းစပ်သွားကြတော့သည်။

ချန်ကျောင်းတော်၏ ကွမ်းချန်ကျီ၊ ချီကျင်းကျီ... အနောက်ဘက်ဂိုဏ်း၏ ရန်တုံ ရှေးဟောင်း‌ဗုဒ္ဓ၊ မေတ္တယျဗုဒ္ဓ၊ ကွမ်းယင်၊ ပုရှန့်၊ ကုန်းရွှမ်... ကောင်းကင်ဘုံခုံရုံး၏ အနောက်ဘက်မိခင်ဧကရီ...

သုံးလောကရှိ ဟုန်ကျွင်းထိန်းချုပ်မှုအောက်မှ အဖွဲ့အစည်းအားလုံးထံတွင် ဘိုးဘေးဟုန်ကျွင်း၏ ကျေးဇူးရှိပေသည်။ ၎င်းတို့၏ကျင့်ကြံဆင့်မှာ ထပ်မံတိုးတက်လာကြကာ သူတော်စင်တစ်ပိုင်းအဆင့်ကိုလွန်မြောက်၍ သူတော်စင်စစ်စစ်များပင် ဖြစ်လာကြတော့၏!

ထိုမြင်ကွင်းအား လူအမြောက်အများ၏ မရှုဆိမ့်မှုနှင့် အမုန်းတရားကိုပင် ဆွဲဆောင်လိုက်သည်!

သူတော်စင်တွေ!

သူတို့ သူတော်စင်တွေဖြစ်လာကြပြီ!

၎င်းမှာ လူများစွာ တောင့်တနေကြရသော်လည်း မဖြစ်လာနိုင်သည့် ဖြစ်တည်မှုပါပင်။ ယခုတွင် လုရှောင်ယန်နှင့် ရင်ဆိုင်ရန်အလို့ငှာ တာအို‌ဘိုးဘေးကြီးက များစွာသော ရှေးဟောင်းခရမ်းသွေးချီများကို ဝေငှလိုက်ကာ လူများစွာကို သူတော်စင်များဖြစ်လာစေလိုက်သည်။

၎င်းတို့သာ သူတော်စင်တစ်ပိုင်းဖြစ်ပြီး တာအိုဘိုးဘေးဟုန်ကျွင်းအောက် မျိုးဆက်မှ ဖြစ်နေပါလျှင် ထိုအချိန်၌ သူတော်စင်ဖြစ်လာရန် အခွင့်ရေးရနိုင်လိမ့်မည်မဟုတ်ပါလား?

လုံ့လတစိုက်မကျင့်ကြံခဲ့ကြသော လူများမှာ တစ်နေ့၌ နောင်တဖြင့်သာ အဆုံးသတ်သွားရတော့သည်။

မျက်တောင်တစ်ခတ်အတွင်းတွင် ဟုန်ကျွင်း၏သွေးမျိုးဆက်မှ သူတော်စင်အရေအတွက်မှာ သုံးဆယ်ကျော်သို့ပင် ရောက်ရှိသွားလေတော့၏။

သူဟာ လုရှောင်ယန်အား အေးစက်စက်စိုက်ကြည့်ကာ မျက်လုံးများက ဒေါသအရိပ်ယောင်တို့ ပေါ်လွင်နေ၏။

"ကျဲကျောင်းတော်ရဲ့ အဖွဲ့ဝင်အားလုံးကို သတ်ကြ!"

"သိပါပြီ!"

"ဆရာ! မဖြစ်ဘူး! ကျဲကျောင်းတော်မှာ ကျွန်တော်တို့တပည့်တွေအများကြီးရှိနေသေးတယ်!"

"ထုံးထျန်း!"

ဟုန်ကျွင်းမှာ အော်လိုက်၏။

"သူတို့က ထပ်ပြီးတော့ ကျဲကျောင်းတော်သားတွေမဟုတ်တော့ဘူး။ မေးကြည့်ပါလား၊ သူတို့တွေ သစ္စာခံနေတာ မင်းကိုလား လုရှောင်ယန်ကိုလားလို့။ မင်းက ပန်ဂုရဲ့ အနှစ်သာရဝိဉာဉ်အဆင့်သုံးယောက်ထဲက တစ်ယောက်ပဲ။ သူက မင်းကို သူ့ကိုယ်သူအားဖြည့်ဖို့ သေချာပေါက် ဝါးမြိုလိုက်လိမ့်မယ်!"

"မင်း အခုထိ မနိုးထသေးဘူးလား? လုရှောင်ယန်ကို ဖျက်ဆီးဖို့ ငါ့ကိုသာမြန်မြန်ကူညီစမ်းပါ။ ဆရာက မင်းရဲ့ကျဲကျောင်းတော်ကို အတိဒုက္ခတစ်ခုမှာ ကောင်းစားခွင့်‌ပြုပေးမယ်!"

"ဆရာ...ကျွန်တော်..."

ထုံးထျန်းမှာ အကြပ်အတည်းထဲရောက်နေပြီဖြစ်သည်။ သူဂာ တပည့်များကိုကြည့်လျက် နာကျင်မှုက မျက်လုံးထဲဖြတ်ပြေးသွား၏။

၎င်းတို့မှာ ယခုတွင် လုရှောင်ယန်ထံ၌ သေချာပေါက် သစ္စာခံနေကြပါသော်လည်း လုရှောင်ယန် ပေါ်ထွက်မလာခင် နှစ်သောင်းချီအကြာက ရွှေရောင်အောက်ကျွန်းတွင် နေထိုင်လျက် သူပြန်လာမည်ကို စောင့်ဆိုင်းနေခဲ့ကြသည်။

သူဟာ ထိုရင်းနှီးမှုအား မည်သို့လက်လွှတ်နိုင်မည်နည်း?

လုရှောင်ယန်မှာ သူ့ထံအကြည့်‌ပို့လျက် ထူးမခြားနားစွာပြောလိုက်သည်။

"ထုံးထျန်း ကျုပ်ရဲ့ပြန်ဝင်စားတဲ့ခန္ဓာကို ခင်ဗျားဖွဲ့စည်းပေးခဲ့တာပဲ။ ခင်ဗျား‌ဆန္ဒမရှိရင် ကျုပ်က ခင်ဗျားကို ဒီပန်ဂုကိုယ်ထည် ပြုပြင်ရာမှာ ဝါးမြိုမှာမဟုတ်ဘူး။ ခင်ဗျားသာ ဆန္ဒရှိရင် ကျုပ်ခင်ဗျားရဲ့ အသိစိတ်ကို ထိန်းထားလို့ရတယ်၊ ဒါဆို ခင်ဗျား ပြန်ဝင်စားပြီး ထပ်ကျင့်ကြံလို့ရပြီ။ ဒါကြောင့် ဘာဝန်ထုပ်ဝန်ပိုးကိုမှ ခံစားစရာမလိုဘူး!"

ဟုန်ကျွင်းမှာ အေးစက်စက်ပြုံးလိုက်သည်။

"လုရှောင်ယန်၊ မင်းဘာလို့ ဒီမှာ လူကောင်းယောင်ဆောင်နေရတာလဲ? မင်းကိုယ်မင်း ပန်ဂုလို့တကယ်ကြီးထင်နေတာလား? မင်းက ပန်ဂုဝင်စားသူလေးပါပဲ။ မင်းရဲ့စွမ်းအားက ပန်ဂုရဲ့ တစ်ရာခိုင်နှုန်းတောင်ရှိမနေဘူး!"

"မင်းသာ မင်းရဲ့စွမ်းအားဖြည့်ဖို့ ထုံးထျန်းကို မဝါးမြိုရင် ငါ့ကိုဘယ်လိုများတိုက်ခိုက်နိုင်မှာတဲ့လဲ?"

"မင်းဘယ်လိုများ ကောင်းကင်ကို တိုက်ခိုက်မှာလဲ?"

လုရှောင်ယန်မှာ လက်များကိုနောက်ပစ်လိုက်ကာ ရှေ့သို့တစ်လှမ်းလျှောက်လိုက်၏။ သူ၏အရှိန်အဝါမှာ ဟုန်ကျွင်းအား နောက်သို့ခြေတစ်လှမ်းဆုတ်မိသွားစေရန်ပြန် လွှမ်းမိုးကာ တွန်းအားပေးနေ၏!

"ကျုပ်၊ လုရှောင်ယန်က၊ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးကိုတိုက်ခိုက်ဖို့ ပန်ဂုရဲ့ ခန္ဓာကိုတောင် မလိုနေဘူး! ကျုပ်က ခင်ဗျားလို စက်ဆုပ်ဖို့ကောင်းတဲ့လူမဟုတ်ဘူး။ ပြောရရင် ခင်ဗျားရဲ့မူလကိုယ်ကတောင် စက်ဆုပ်ဖို့ကောင်းနေတာကတော့ အဆိပ်ရှိပိုးမွှားခန္ဓာလိုပဲ၊ ကျုပ်အတွက် ခင်ဗျားကို ပညာရှင်အစစ်အမှန်လို့ ထင်မြင်ဖို့က ခက်ခဲလွန်းတယ်!"

ဟုန်ကျွင်းမှာ လုရှောင်ယန်ကြောင့် အနာကိုဆွခံလိုက်ရဟန်ပေါ်နေသည်။ သူ၏မျက်လုံးများ နီရဲလာပြီး ခန္ဓာတစ်ခုလုံးရှိ အရှိန်အဝါမှာ ချက်ချင်းတိုးထွက်လာကာ လုရှောင်ယန်အား အရူးအမူး ဖိအားပေးလိုက်တော့သည်။

လုရှောင်ယန်မှာ လုံးဝနောက်မဆုတ်ဘဲ သူ၏ကိုယ်ပိုင်အားဖြင့် ခုခံလိုက်၏။

စွမ်းအားနှစ်ခုမတိုက်ခိုက်ခင်တွင် ဟင်းလင်းပြင်အဟပြဲတစ်ခုမှာ ကောင်းကင်ဘုံခုံရုံးတွင် အက်ကွဲလာ၏။

ထိုဟင်းလင်းပြင်အဟပြဲမှာ ကောင်းကင်ဘုံခုံရုံး၏ နေရာအား အလွှာနှစ်ခုအဖြစ် ခွဲခြမ်းလိုက်သည်။ သူတော်စင်ဖြစ်ကာစ အနောက်ဘက်ဂိုဏ်း၏ ပုရှန့်မှာ နေရာ၌ပင် ဆွဲဖြဲခံလိုက်ရသည်။ သူဟာ သွေးတစ်လုပ်အန်လိုက်ပြီး ချက်ချင်းပျက်စီးသွား၏!

ထိုမြင်ကွင်းက သူတော်စင်များအား ဦးရေပြားများပင်ထုံကျင်သွားသည်အထိ ကြောက်ရွံ့သွားစေသည်။ ၎င်းတို့မှာ တစ်ယောက်ပြီးတစ်ယောက်နောက်ဆုတ်လိုက်ကာ ထိုတိုက်ခိုက်မှု သက်ရောက်လာမည်ကို ကြောက်ရွံ့နေကြ၏။

လုရှောင်ယန်‌နှင့် ဟုန်ကျွင်းမှာ အချိန်ဖြုန်းမနေကြဘဲ ချက်ချင်းတိုက်ခိုက်လိုက်သည်။

နှစ်ဦးသားမှာ ရန်သူများဖြစ်နေကြပြီပင်။ ယနေ့တွင် ၎င်းတို့ထဲရှိ တစ်ဦးသာ အသက်ရှင်နိုင်ပေမည်။

နှစ်ဦးသားမှာ ရောက်လာသည်နှင့် အရာအားလုံးကို လွှင့်ထုတ်ပစ်လိုက်ကြသည်။ ၎င်းတို့မှာ စွမ်းအားကို အကန့်သတ်ထိ ထုတ်လိုက်ကြကာ အရူးအမူး တိုက်ခိုက်နေကြ၏!

အထက်၌ ၎င်းတို့နှစ်ဦးတိုက်ခိုက်နေချိန်တွင် အောက်ရှိသူတော်စင်များမှာလည်း စတင်တိုက်ခိုက်နေကြ၏။ မကြာခင်ကမှ လုရှောင်ယန်ကြောင့်ထိခိုက်ထားပြီး ကိုယ်ပွားနှစ်ခုပျက်စီးသွားသည့် မဟာအဓိပတိအကြီးအကဲမှာ ပထမဆုံးတိုက်ခိုက်သူဖြစ်၏။ ထိုသည်မှာ သူ၏ဝင်စားမှုတစ်ခုဖြစ်သည့် အနောက်ဘက်ဂိုဏ်း၏ ဟုဝေ့ဗုဒ္ဓမှာ အင်မတန်ထိခိုက်အနာတရ,ရနေပြီဖြစ်သောကြောင့်ပင်။ သူသာ ယခု ဟုဝေ့ကိုမကယ်တင်ပါလျှင် သူ၏ကျင့်ကြံဆင့်အား ပိုမို ထိခိုက်စေလိမ့်မည်ပင်။

"လုရှောင်ယန်ရဲ့တပည့်တွေနဲ့ တပည့်ကြီးတွေကို သတ်ကြစို့။ သူတို့အားလုံးကို သတ်ပြီး သူ့ကိုဖျက်ဆီးကြမယ်။ ဒါက တာအိုဘိုးဘေးကြီးကို အကူအညီဖြစ်စေလိမ့်မယ်!"

"သိပါပြီ!"

ထိုအမိန့်နောက်တွင် ဟုန်ကျွင်း၏သွေးမျိုးဆက်‌မှ သူတော်စင်သုံးဆယ်ကျော်မှာ တစ်ချိန်တည်းတိုက်ခိုက်လိုက်ကြသည်။ ဖိအားမှာ လုရှောင်ယန်နှင့် ဟုန်ကျွင်းအား ဖိနှိပ်ရန်မလုံလောက်ပါသော်ငြား သာမန်လူများကိုတော့ အသက်မရှူနိုင်ပင်ဖြစ်သွားစေသည်!

ယွင်လီကောမှာ ကောင်းကင်မှ ပြေးဆင်းလာကြသော သူတော်စင်များထံအကြည့်လွှဲကာ နှာခေါင်းရှုံ့လိုက်သည်။ သူဟာ ကောင်းကင်သို့တိုက်ရိုက်ပင် ခြေလှမ်းလျက် အားလုံးကို‌ကြိုဆိုလိုက်ပါသည်။

"သူတို့ကို ကြိုဆိုကြရအောင်!"

ထိုသို့ပြောပြီး‌နောက်တွင် ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များမှာ ၎င်းတို့၏အရှိန်အဝါများကို ဆက်လက်မဖုံးထားတော့ဘဲ အရှိန်အဝါအပြည့်နှင့် ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်ကို ထုတ်ဖော်လိုက်ကြတော့၏။

မဟာအဓိပတိအကြီးအကဲနှင့် အပေါင်းအပါများ၏ အရှိန်အဝါများမှာ ချက်ချင်းဖိနှိပ်လိုက်ကြသည်။

သုံးလောကတစ်ခွင်လုံးမှာ တမုဟုတ်ချင်းပြောစရာမဲ့သွားကြ၏။

"ဒီကျဲကျောင်းတော်က တပည့်တွေအားလုံးက တကယ်ကြီး ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်တွေလား?"

"သူတို့ကို သူတော်စင်တစ်ပိုင်းအဆင့်တွေတောင် အနိုင်မယူနိုင်လောက်တဲ့အထိ ဘာလို့စွမ်းအားကြီးနေရတာလဲလို့ တွေးနေခဲ့တာ"

"ဒီလောက်ထိကြီးတော့ စွမ်းအားကြီးနေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး!"

အဝေးသို့ ထွက်ပြေးသွားခဲ့သော အင်ပါယာကိုးချန်မှာ ချက်ချင်းပင် စိတ်သက်သာရာရကာသက်ပြင်းချလျက် သူ၏ရင်ဘတ်ကိုပုတ်လိုက်သည်။

"‌ကံကောင်းလို့! ကံကောင်းလို့၊ ငါအသိမြန်ပြီး ‌ထွက်ပြေးခဲ့လို့သာပေါ့! မဟုတ်လို့ကတော့၊ ဒီနေ့ဒီမှာ သေမှာအမှန်ပဲ။"

သူဟာ နဖူးရှိ ချွေးအေးများကိုသုတ်လျက် အတွေးများဖြင့် ခေါင်းကိုငုံ့လိုက်သည်။

"အခုနှစ်ဘက်က တိုက်ခိုက်နေကြပြီဆိုရင် ငါတို့အမတတွေပဲ ခံစားရမှာ။ ငါအရင်ဆုံးထွက်သွားတာကပဲ ပိုကောင်းမယ်ထင်တယ်။ သူတို့တိုက်ခိုက်ပြီးသွားမှ ပြန်လာသင့်လားကို စဉ်းစားကြည့်ရမယ်။"

သို့သော် သူ‌ထွက်ခွာလုဆဲဆဲတွင် ရုတ်တရတ်ရပ်တန့်သွားရ၏။

"မဟုတ်သေးဘူး။ ဒီအချိန်မှာ ကောင်းကင်ဘုံခုံရုံးတစ်ခုလုံးတိုက်ခိုက်နေတာလေ။ ဒါက ဘယ်သူမှ ကောင်းကင်ဘုံခုံရုံးကို စောင့်မကြည့်နေဘူးလို့ ဆိုလိုတာပဲမဟုတ်လား?"

အင်ပါယာကိုးချန်၏အမူအရာမှာ ချက်ချင်းပြောင်းသွား၏။

သူဟာ ထွက်ပြေးဖို့ပြင်နေကတည်းက သောက်လန်းကြီးလုပ်ဖို့ အခွင့်ကောင်းမယူသင့်ဘူးလား?

ထိုသို့တွေးလျက် သူ၏နှုတ်ခမ်းထောင့်များကွေးတက်သွားကာ ချက်ချင်းပင် အနီးရှိ အမတအရှင်အဆောက်အဦကို ဦးတည်လိုက်တော့သည်။

သူဟာ အနီးရှိ အမတအရှင်အဆောက်အဦးများအား အရင်ဖောက်ထွင်းရန် ဆုံးဖြတ်လိုက်တော့သည်။ ထို့နောင်တွင် သူဟာ စုရှိတနန်းတော်နှင့် အမတမက်မွန်ဥယျာဉ်တို့ကဲ့သို့သော မြင့်မြတ်နယ်မြေကိုသွားကာ ပို၍ပင်များပြားလှသော ရင်းမြစ်များကို ထုတ်ယူလိုက်သည်။

၎င်းတို့အား လုယူပြီးနောက်တွင် သူဟာ ချက်ချင်းပင် သူ၏ကိုယ်ပိုင် အမတအဆောက်အဦးမှ လူများထံချက်ချင်းထွက်ပြေးသွားတော့၏။

ပြည့်စုံလိုက်တဲ့ အစီအစဉ်ပဲ!

သို့သော် မကြာမီ အနီးရှိအမတအဆောက်အဦဆီသို့ရောက်ချိန်တွင် မနေနိုင်ဘဲ ကြောင်အသွားရသည်။

ထိုအနီးဆုံးအမတအဆောက်အဦမှာ ချန်အယ်၏လနန်းတော်ပင်ဖြစ်သည်။

သို့ရာတွင် သူ လနန်းတော်ကို ရောက်ချိန်၌ လနန်းတော်တံခါးမှာ ပွင့်နေသည်ကိုတွေ့လိုက်ရသည်။ ချန်အယ်၏အဝတ်အစားများမှာ ရှုပ်ပွနေပြီး သူမဟာလည်း လနန်းတော်၌ ငိုကြွေးနေခဲ့သည်။

ထိုသည်က အင်ပါယာကိုးချန်၏အမူအရာကို ချက်ချင်းပြောင်းလဲသွားစေသည်။

"ချန်အယ်၊ ဘာဖြစ်နေတာလဲ? မင်းဘာလို့ဒီမှာ ငိုနေရတာလဲ?"

ချန်အယ်ဟာ ကိုးချန်ရောက်လာသည်ကိုမြင်ချိန်တွင် မျက်နှာကို ချက်ချင်းအုပ်လျက် ငိုလိုက်၏။

"အင်ပါယာကိုးချန်၊ ရှင်မသိပါဘူး၊ ဒါပေမယ့် ကျွန်မရဲ့လနန်းတော်ကျယ်ထဲမှာ လူလိမ်တစ်ယောက်ရှိနေတယ်။ အဲ့ဒါ သမင်တစ်ကောင်ပါ။ သူက ကျွန်မဆီက အရာအားလုံးကို လုသွားရုံတင်မကဘူး ကျွန်မကိုလည်း... မျက်နှာပါပျက်ရစေခဲ့တယ်။"

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၃၂။ အပိုင်း ၄၇၅ ပြင်းထန်သောတိုက်ပွဲ၊ လောကသုံးပါး၏စည်းရုံးခြင်း။

အင်ပါယာကိုးချန်မှာ ဒေါသထွက်လွန်း၍မျက်နှာပင်အသည်းအသန်ဖြစ်လာ၏!

"ဒီသောက်ခွေးကောင်က ငါတို့ကောင်းကင်ဘုံခုံရုံးရဲ့ ဖရိုဖရဲကြားကနေ အခွင့်ကောင်းယူပြီး အကျိုးအမြတ်တွေယူရဲတယ်ပေါ့လေ! ငါသာ ဒင်းကို မဖမ်းရင် ကောင်းကင်ဘုံခုံရုံးရဲ့ ဂုဏ်သိက္ခာကို ဘယ်နားသွားထားရတော့မှာလဲ? ဒီမှာစောင့်နေ၊ ငါအခုပဲ အဲ့ဒီခွေးကောင်ကိုသွားဖမ်းလိုက်မယ်။"

ထိုသို့ပြောရင်း သူဟာ လနန်းတော်ကျယ်မှ ခပ်မြန်မြန်ပင် ပြေးထွက်သွားသည်။

သူ ရေခဲနန်းတော်မှထွက်သွားသည်နှင့် ကျောက်စိမ်းရေကန်သို့ အလျင်အမြန်ပျံထွက်သွားသည်။

"သေစမ်း! ငါတကယ်ကိုကံဆိုးတာပဲ။ တစ်ယောက်ယောက်က ငါ့ကိုဒီလိုဖြစ်အောင်ထိ ရိုက်ခဲ့တယ်!"

ချန်အယ်သာ သူ၏လက်ရှိသွင်ပြင်ကိုမြင်ပါလျှင် သူမ‌၏မေးရိုးများပင်ပြုတ်ကျသွားလောက်သည်။ ပြောရလျှင် အင်ပါယာကိုးချန်မှာ ချန်အယ်အကြောင်းအား မည်သို့ဂရုစိုက်နိုင်နေပါမည်နည်း?

ချန်အယ်မှာ ကောင်းကင်ဘုံခုံရုံး၏ အဆင့်နိမ့်အမတတစ်ဦးဖြစ်ကြောင်းကို ဘေးဖယ်ထားလိုက်ပါလျှင် ကောင်းကင်ဘုံခုံရုံးရှိ ယင်ကောင်များစွာက သူမအား ပစ်မှတ်ထားနေသည့်အချက်ကတောင် သူမဟာ အသားပုပ်တစ်စဖြစ်နေသလိုပါပင်။ ကိုးချန်ဟာ သူမလိုမျိုး အမှိုက်တစ်စအတွက် အလုပ်လုပ်ပေးရန်မဖြစ်နိုင်ပါချေ!

သူ အရမ်းယဉ်ကျေးနေရသည့်အကြောင်းမှာ သူဟာလနန်းတော်မှ မြန်မြန်ထွက်ခွာပြီး အခြားနန်းတော်များမှာ ပစ္စည်းကောင်းလေးများကိုကြည့်လျက် ယူဆောင်သွားရန်သာဖြစ်၏။

လနန်းတော်၌ သင်ခန်းစာရပြီးနောက်တွင် သူဟာ ထိုနတ်ဘုရားများ၏ ဂုဏ်ဒြပ်များကို ဖောက်ထွင်းလိုခြင်းမရှိတော့ပါချေ။ သူ၏ပန်းတိုင်မှာ ပိုမိုရည်မှန်းချက်ရှိဖို့သာပင်။ သူဟာ ကောင်းကင်ဘုံခုံရုံး၏ အကောင်းဆုံးပစ္စည်းများကိုသာ ဦးစွာ ရယူချင်နေ၏။

ဥပမာ၊ ကျောက်စိမ်းရေကန်မိခင်ဧကရီ၏ အမတမက်မွန်ဥယျာဉ်တော်ပါပင်။

ထိုအမတမက်မွန်သီးများအားလုံးမှာ ရတနာများဖြစ်ကြသည်။ သူတို့ကို မယူရင် နှမျောစရာကောင်းမနေလောက်ဘူးလား?

ထို့ကြောင့် ကိုးချန်မှာ အမတမက်မွန်ဥယျာဉ်တော်သို့ ချက်ချင်း ပြေးသွားလိုက်သည်။

သို့သော် အမတမက်မွန်ဥယျာဉ်တော်သို့ရောက်ချိန်တွင် သူဟာ ကြောင်အသွား၏။

ထိုအမတမက်မွန်ဥယျာဉ်မှာ မတူတော့ပါချေ။

အမတမက်မွန်ပင်အားလုံးမှာ ဆွဲနှုတ်ခံထားရ၏။ အချို့ တစ်ဝက်ကို စားပြီးသားမက်မွန်သီးများသာ မြေပြင်ထက်၌ ကျန်ရှိခဲ့၏။

"ဒါ... ဘာတွေဖြစ်နေတာလဲ? အမတမက်မွန်ပင်က ဘယ်ရောက်သွားတာလဲ? အမတမက်မွန်ပင်တွေရော? မြေနတ်ဘုရား၊ မြေနတ်ဘုရား၊ ဒီကို ထွက်လာခဲ့စမ်းပါ။"

သူ၏အသံကိုကြားသော် မြေပြင်မှာ ချက်ချင်း အစိမ်းရောင်ငွေ့များအသွင်ပြောင်းလျက် သူ၏ရှေ့မှောက်၌ပေါ်ထွက်လာသည်။

"ကြိုဆိုပါတယ်၊ အင်ပါယာကိုးချန်။"

"ပေါက်ကရတွေတော်တော့။ မေးပါရစေဦး။ အမတမက်မွန်ပင်တွေ ဘယ်ရောက်သွားတာလဲ? ပြီးတော့ အဲ့ဒီ အမတမက်မွန်သီးတွေကရော? ဘယ်ရောက်သွားကြကုန်တာလဲ?"

"အင်ပါယာကိုးချန်၊ အမတမက်မွန်သီးတွေအားလုံး အလုခံလိုက်ရပါတယ်။ ပြီးတော့ အမတမက်မွန်ပင်တွေကိုလည်း တစ်ယောက်ယောက်က တူးထုတ်သွားတာပါ။"

"ဘာ? ဘယ်သူလုပ်လိုက်တာလဲ?"

"ကျုပ်လည်းမသိပါဘူး။ တစ်ဖက်လူက တစ်ယောက်တည်းလာတာမဟုတ်ပါဘူး။ လူအများကြီးရောက်လာပြီး အမတမက်မွန်ပင်တွေနဲ့ မက်မွန်သီးတွေကိုယူသွားဖို့ဝိုင်းအုံလာကြတာပါ။"

"သူတို့ထဲမှာ သမင်တစ်ကောင်နဲ့ မီးငှက်ဇာမဏီတစ်ကောင်လည်းပါ,ပါတယ်။ အဲ့ဒီမီးငှက်ဇာမဏီက မိခင်ဧကရီ လွန်ခဲ့တဲ့နှစ်အနည်းငယ်က နှိမ်နင်းခဲ့တဲ့ဇာမဏိဖြစ်ပုံပါပဲ။ ကျုပ်တစ်ခါက မိခင်ဧကရီရဲ့ရထားလုံးကို ဆွဲတော့ ကျုပ်မျက်လုံးတွေနဲ့ကိုယ်တိုင် မြင်ခဲ့ဖူးပါတယ်။"

ကိုးချန်၏မျက်နှာမှာ မထိန်းနိုင်ဘဲ အင်မတန်ရှုံ့တွသွားသည်။ ထိုသည်ကိုကြားပြီး သူဟာ ဘာတွေဖြစ်သွားသည်မှန်း မည်သို့ မသိဘဲနေမည်နည်း?

နောက်ထပ် လူလိမ်တစ်ယောက်ရှိကိုရှိရမည်!

"ဒီသောက်လူလိမ်ကောင်တွေကတော့! သူတို့က တကယ်ကြီး ကောင်းကင်ဘုံခုံရုံးရဲ့အတိဒုက္ခကို အခွင့်ကောင်းယူပြီး ဖောက်ထွင်းရဲတယ်ပေါ့လေ။ သူတို့တကယ်ကိုသေသင့်တယ်! သူတို့ဘယ်ထွက်ပြေးသွားလဲကို မြင်လိုက်လား?"

"အင်ပါယာကိုးချန်၊ ကျုပ်မမြင်လိုက်ပါဘူး၊ ဒါပေမယ့် သူတို့တွေ ရွှေရောင်ဆေးလုံးတချို့ ခိုးမယ်ဆိုပြီး ပြောလိုက်တာတော့ကြားပါတယ်။"

ကိုးချန်၏မျက်နှာမှာ ရုတ်တရတ် မှောင်မိုက်သွား၏။

"ရွှေရောင်ဆေးလုံးတွေ? ခွေးကောင်တွေ၊ စုရှိတ နန်းတော်ပဲ!"

စကားဆုံးသည်နှင့် သူဟာ ခြေကိုဆောင့်လိုက်ပြီး နေရာမှ ချက်ချင်းပျောက်သွားကာ စုရှိတနန်းတော်ဆီသို့ အပြေးသွားလိုက်၏။

သူထွက်သွားပြီးနောက်တွင် မြေနတ်ဘုရားမှာ နဖူးမှ ချွေးအေးများကိုသုတ်လျက် ဘေးဘက်ရှိ ရွံ့တွင်းမှ မက်မွန်ပင်တချို့နှင့် အမတမက်မွန်သီးများအား တူးထုတ်လိုက်သည်။

"ဟီးဟီးဟီးဟီး... ဒီအမတမက်မွန်‌ပင်တွေရယ် အမတမက်မွန်သီးတွေရယ်နဲ့ဆိုရင် ငါ့အတွက် ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်ဖြစ်လာဖို့လုံလောက်တယ်။ ကောင်းကင်ဘုံခုံရုံးကလည်း အဆုံးသတ်ပြီ။ ငါ အနိမ့်ပိုင်းလောကမှာ နေရာတစ်ခု အရင်ရှာပြီး ကျင့်ကြံသင့်တာပဲ။"

မျက်တောင်တစ်ခတ်အတွင်း ကိုးချန်မှာ စုရှိတနန်းတော်သို့ရောက်လာ၏!

သူ၏အရှိန်မှာ ထိတ်လန့်စရာကောင်းအောင် မြန်လွန်းလှသည်!

သို့သော် စုရှိတနန်းတော်ကို ရောက်ချိန်တွင် သူဟာ ခြေတစ်လှမ်းနောက်ကျသွားခဲ့သည်!

စုရှိတနန်းတော်တစ်ခုလုံးရှိ ကလေးတပည့်များအားလုံးမှာ အသတ်ခံလိုက်ရပြီဖြစ်၏။ ရွှေရောင်သွေးများမှာ နေရာအနှံ့စီးဆင်းလျက်ရှိသည်။

ဘူးသီးခြောက်များနှင့် ကြွေ‌ပုလင်းများတွင် မည်သည်မှမရှိတော့ချေ။

ကလေးတပည့်များ၏ အလောင်းများသာ ထိုစုရှိတနန်းတော်၌ ကျန်ရစ်ခဲ့၏။ ဆက်နွယ်မှာဝိဉာဉ်ရတနာနှင့်ပင် နှိုင်းယှဉ်နိုင်သော တံခါးသည်ပင် ပျက်စီးနေ၏။

"သေစမ်းကွာ ဒင်းတို့တွေ!"

ကိုးချန်မှာ ကောင်းကင်သို့ဒေါသတကြီးဟစ်ကြွေးလိုက်တော့သည်။

ထိုလူများမှာ တကယ်ကိုပင် အရှက်မဲ့လှ၏။

၎င်းတို့မှာ သူ့အတွက် ဆေးလုံးလေးတစ်လုံးပင်ချန်မထားခဲ့ပါချေ!

ဒါတော့အရမ်းများသွားပြီ!

အရမ်းကိုများသွားပြီကွာ!

တစ်ဖက်တွင်မူ ကောင်းကင်ဘုံခုံရုံး၌ လုရှောင်ယန်နေရာချထားခဲ့သော သူလျှိုများဖြစ်သည့် ဖိဂုလျန်နှင့် အပေါင်းအပါများမှာ နေရာတိုင်းတွင် ၎င်းတို့၏ခိုးရာပါပစ္စည်းများအား ရေတွက်ရင်းပျော်မြူးနေကြ၏။

"ငါ အမတမက်မွန်ပင် တစ်ထောင်နှုတ်လာခဲ့တယ်။ ဟီးဟီးဟီး၊ ငါတော့ သောက်ရမ်းလန်းတာကြီးလုပ်လာတာပဲ။"

"အမတမက်မွန်ပင်တစ်ထောင်လောက်က ဘာမှမဟုတ်ပါဘူးကွာ။ ငါဆို မဟာအဓိပတိအကြီးအကဲရဲ့ တော်လှန်ခြင်းကိုးသွယ်ရွှေရောင်ဆေးလုံးကိုတောင်ယူလာခဲ့တာ။ ပါးကွမီးပြင်းဖိုတောင် ငါ့ရဲ့သိုလှောင်လက်စွပ်ထဲမှာ အခုရှိတယ်။"

"ကျစ်၊ ဒါကဘာမှမဟုတ်ဘူး။ မင်းတို့ကောင်တွေ ချန်အယ်နဲ့အိပ်ဖူးကြလား? ငါဆို ကောင်းကင်ဘုံခုံရုံးကနံပါတ်တစ် အလှလေးနဲ့တောင် အိပ်ခဲ့ရတာနော်! ဟီးဟီးဟီး..."

၎င်းတို့၏ကျင့်ကြံဆင့်များမှာ မဟာအဓိပတိအကြီးအကဲနှင့် ကျန်လူများကိုတိုက်ခိုက်နိုင်လောက်သည်အထိမလုံလောက်သေးပါချေ။ ထို့ကြောင့် ၎င်းတို့မှာ ကောင်းကင်ဘုံခုံရုံး လုယူခြင်းတွင် ဝင်နွှဲနေကြ၏။ လုယူခြင်းနောက်တွင် ၎င်းတို့မှာ ရွှေရောင်အောက်ကျွန်းသို့ပြန်ပြေးလာကြကာ လုရှောင်ယန်နှင့် အခြားလူများ၏ အောင်မြင်မှုမှ ပြန်လာခြင်းကိုစောင့်ဆိုင်းနေကြသည်။

ထို့အပြင် ၎င်းတို့မှာ အချိန်ကြာ သူလျှိုများဖြစ်ခဲ့ရသည်။ ဤသည်က အပန်းဖြေရန် အချိန်ပါပင်။

သို့သော် မနီးမဝေးရှိ အခြားဦးတည်ဘက်တွင် ပုံရိပ်တစ်ခုမှာ သည်တစ်ခေါက်သူရရှိခဲ့သော အကျိုးအမြတ်များအား တိတ်တဆိတ်တွက်ချက်နေပါ၏။

"ငတုံးအုပ်စု။ အမတမက်မွန်ဥယျာဉ်တော်က အကောင်းဆုံးအမတမက်မွန်သီးအားလုံးက ငါ့ဆီမှာပဲ။ မဟာအဓိပတိအကြီးအကဲရဲ့ အကောင်းဆုံးဆေးလုံးတွေကလည်း ငါ့ဆီမှာပဲ။ မင်းတို့ရတာမှာ ဘာတွေထူးခြားနေလို့လဲ?"

"အဆုံးမှာတော့၊ ငါဟန်ကျန့်က အခြေနေကို အခွင့်ကောင်းယူရာမှာ အကောင်းဆုံးဖြစ်နေတုန်းပဲလေ!"

တိုက်ပွဲကွင်းပြင်တွင် လုရှောင်ယန်နှင့် ဟုန်ကျွင်းအကြားတိုက်ပွဲမှာ အထွဋ်အထိပ်သို့ရောက်ရှိလို့လာ၏။

နှစ်ဦးသားမှာ အင်မတန်စွမ်းအားကြီးလှပေသည်။ ၎င်းတို့မှာ ကောင်းကင်ဘုံခုံရုံးနှင့် ကီလိုမီတာပေါင်းကုဋေချီကွာဝေးနေပါသော်လည်း လူတိုင်းမှာ ထိုနှစ်ဦးက ၎င်းတို့နံဘေး၌ တိုက်ခိုက်နေသည်ဟု ခံစားနေရသည်။ ပြောရလျှင် ထိုနှစ်ဦးတိုက်ခိုက်ခြင်း၏ အတက်အကျများအား သုံးလောက၏ မည်သည့်အပိုင်း၌ မဆို ရှင်းရှင်းလင်းလင်း အာရုံခံနိုင်ပေသည်။

ထိုနှစ်ဦးမှာ ကောင်းကင်ကြီးမည်းမှောင်သွားကာ နေနှင့်လပျောက်ကွယ်သွားသည်အထိ တိုက်ခိုက်နေကြသည်။ ၎င်းတို့မှာ ကြယ်များရွေ့သွားချိန်တွင်လည်း ဆက်တိုက်ခိုက်နေကြကာ တောင်တန်းမြစ်ချောင်းများလည်း ပြောင်းပြန်လန်၍ မြစ်များမှာ နောက်ပြန်စီးပြီး ပင်လယ်ရေများ စီးဝင်လာသည်အထိ ဆက်လက်တိုက်ခိုက်နေကြသည်... အတိုချုံးပြောရလျှင် ထူးဆန်းသောဖြစ်ရပ်မှာ အဆုံးမရှိ ပေါ်ထွက်လာနေ၏။

နှစ်ဘက်စလုံး၏ တပည့်များနှင့် တပည့်ကြီးများမှာလည်း ဒီတိုင်းထိုင်မနေကြချေ။

ယွင်လီကောမှာ မဟာအဓိပတိအကြီးအကဲအား တိုက်ရိုက်တိုက်ခိုက်လိုက်သည်!

လက်တွင်းရှိ နတ်ဘုရားသတ်ဖြတ်ခြင်းလှံတံနှင့် အမတသတ်ဖြတ်ခြင်းဓားအစီအရင်တို့ဖြင့် သူဟာ ယုံကြည်ချက်ရှိနေ၏။ ပြောရလျှင် သူ၏လက်ရှိကျင့်ကြံဆင့်နှင့် သူဟာ မဟာအဓိပတိအကြီးအကဲအား ခုခံရန် မလုံလောက်သေးပါချေ။ သို့သော် ထိုရတနာနှစ်ခုဖြင့် သူဟာ မဟာအဓိပတိအကြီးအကဲအား တိုက်ခိုက်နိုင်သည်။

ထိုနဝမလောကဖျက်ဆီးခြင်းကြာနက်မှာ သူ၏နောက်တွင် လူသတ်ငွေ့အပြည့် အေးစက်စက်အလင်းတို့ဖြင့် လင်းလက်မြဲ လင်းလက်နေသည်။

သူ၏ကျင့်ကြံဆင့်မှာ သူ၏ယခင်ဘဝက စံထားရသော အဆင့်သို့မရောက်သေးဘဲ ဒွါဒဿမလောကဖျက်ဆီးခြင်းကြာနက်ကို ဆင့်ခေါ်ရန်မဖြစ်နိုင်ပါချေ။ ထိုနဝမအဆင့်ကပင် သူ၏အကန့်အသတ်ဖြစ်နေပေပြီ။

ဖုန်းထျန်းယွမ်မှာ ကျွင်းတိကို ခုခံလိုက်၏။ ကျွင်းတိ၏ ကျင့်ကြံဆင့်မှာ အခြားသူတော်စင်များအကြားတွင် အသန်မာဆုံးဖြစ်သောကြောင့် သူ့အား အထင်သေး၍မရပါချေ။ လက်ရှိတွင် ကျီဝူရှားမှာ ပြန်မလာသေးသောကြောင့် ဖုန်းထျန်းယွမ်မှာ ကျွင်းတိကို ခုခံနိုင်ရုံသာရှိတော့၏!

သားရဲနှင့်တူသော ဟိန်းသံများမှာ သူ၏ပါးစပ်မှ တစ်ခါပြီးတစ်ခါထွက်လာ၏။

ကောင်းကင်ဘုံခုံရုံးတစ်ခုလုံးမှာ သူ၏ကျင့်စဉ်အား လှည့်ပတ်လိုက်ချိန်၌ တုန်လှုပ်နေကြ၏။

တစ်ဖက်တွင် လီချန်းရှန်နှင့် စုန့်ရှီနန်မှာ သူတော်စင်ယင်ကျဲအား ခုခံရန် အတူတကွကြိုးစားနေကြ၏။

ကျူးကောကျီချုံမှာမူ ဟောက်ထျန်းကို ခုခံနေ၏။

ဆရာတူညီလေးကိုး စုလင်းဝူမှာမူ ထို့ပေါင် သို့မဟုတ် ဂေါတမအား ခုခံနေ၏။

အခြားရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များမှာ ဟုန်ကျွင်း၏ မျိုးဆက်သူတော်စင်များအား သွားရောက်ခုခံနေကြသည်။

ထို မကြုံစဖူးတိုက်ပွဲက သုံးလောကအား အော်ဟစ်ညည်းတွားစေသည်။ သက်ရှိအားလုံးမှာ ကြောက်ရွံ့တုန်လှုပ်နေကြကာ ၎င်းတို့၏ တိုက်ခိုက်မှုများ ကျရောက်လာပြီး ထာဝရပျက်စီးခြင်းသို့ ရောက်ရမည်ကို ကြောက်နေကြ၏!

လုရှောင်ယန်နှင့် ဟုန်ကျွင်း၏တိုက်ပွဲမှာ ပို၍ပို၍ပြင်းထန်လာ၏။ တာအိုလမ်းစဉ်များ တိုက်မိချိန်တွင် ဟုန်ကျွင်းမှာ မနေနိုင်ဘဲ ပျက်ရယ်ပြုလိုက်သည်။

"ပန်ဂု၊ အရှုံးကိုဝန်ခံလိုက်ပါ! မင်းက ငါ့ပြိုင်ဘက်မဟုတ်ဘူး! ငါက ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ရွှေရောင်အမတအရှင်သတ္တမမြောက်အဆင့်ကိုရောက်နေပြီး မင်းကတော့ တတိယအဆင့်ကိုပဲရောက်သေးတယ်။ မင်းအနေနဲ့ စတုတ္ထအဆင့်နဲ့တောင် အတော်ကွာနေသေးသလားလို့။ မင်းငါ့ကို တိုက်ခိုက်ရတဲ့ ရည်ရွယ်ချက်ကဘာလဲ?”

"မင်းသာ အရှုံးကိုဝန်ခံရင် မင်းငါ့တပည့်ဖြစ်လာပြီး ကောင်းကင်တာအိုကို ဖြည့်ဆည်းဖို့ ပေါင်းစပ်နိုင်လိမ့်မယ်။ ငါမင်းကိုထာဝရနေခွင့်ပြုပြီး ငါ့အောက်က နံပါတ်တစ်သူတော်စင် ဂုဏ်ပုဒ်ကို ချီးမြှင့်ပေးမယ်!"

လုရှောင်ယန်မှာ အမူအရာမဲ့နေ၏။

"အဆုံးမှာ ဘယ်သူနိုင်မယ်ဆိုတာ မသေချာသေးဘူးလေ!"

သူဟာ မတုံးအပါချေ။ ဟုန်ကျွင်း၊ ထိုခွေးအိုကြီးမှာ၊ သူ့စကားကို အမြဲမတည်ဘဲနေတတ်သည်။ သူ့ကိုယုံကြည်ခြင်းက ဖိဂုလျန်မှာ ချန်အယ်နှင့် ရှုပ်လိမ့်မည်မဟုတ်ဟု ယုံကြည်ခြင်းနှင့် ခြားနားမှုမရှိပါချေ!

သူသာ ကောင်းကင်တာအိုကို ပူးပေါင်းလျှင် မြှုပ်စရာပင် မရှိဘဲ သေသွားရလိမ့်မည်!

"ဟမ့်! မင်းက မင်းကိုမင်းအထင်စွတ်ကြီးနေတာပဲ။ ဒီလိုဆိုမှတော့ မင်းဆန္ဒကိုဖြည့်ပေးရမှာ‌ပေါ့!"

ဟုန်ကျွင်း၏အမူအရာမှာ အေးစက်နေ၏။ သူဟာ ချက်ချင်းပဲ စွမ်းအားပြန်ဖြည့်လိုက်ကာ သူ့ထံရောက်လာသော တိုက်ပွဲမျှခြေကို ထိန်းညှိလိုက်သည်။

တစ်ချိန်တည်းတွင် သူဟာ အခြားသောသူတော်စင်များနှင့် ဆက်သွယ်ရန် သူ၏ဆန္ဒကို အသုံးပြုလိုက်၏။

၎င်းကပထမဆုံး ဆင့်ခေါ်မှုကို ဦးဆုံးထိခိုက်‌နိုင်ပေသည်။

အစမှအဆုံးထိ နွီဝါးမှာ ပေါ်လာခဲ့ခြင်းမရှိပါချေ။ သို့သော် ယခု ဟုန်ကျွင်းက လုရှောင်ယန်၏ သွေးဆက်အား ဖယ်ရှားချင်သောနောက်တွင် သူမအား နန်းတော်ထဲ၌ ပုန်းနေခွင့်မပေးတော့ပါချေ။

ဟုန်ကျွင်း၏ ကောင်းကင်တာအိုအားဆင့်ခေါ်နေသည်ကိုအာရုံခံမိပြီး တိုက်ခိုက်မှုမှထွက်၍ ပုန်းနေချင်ခဲ့သည့်နွီဝါးမှာ ခဏမျှရပ်တန့်ပြီး သက်ပြင်းဖြေးဖြေးချလိုက်သည်။ သူမဟာ အင်ပါယာနန်းတော်မှ ထွက်ခွာဖို့ကိုသာ ရွေးချယ်နိုင်တော့၏။

သို့ရာတွင် သူမမှ နွီဝါးနန်းတော်ကနေ ထွက်လိုက်ချိန်တွင် သူမထက် လုံးဝမနိမ့်ကျဘဲ စွမ်းအားကြီးလှသောရောင်ဝါတစ်ခုနှင့် ခပ်ပြင်းပြင်းတိုက်မိသွားသည်။

"အစ်မနွီဝါး၊ ဘယ်သွားနေတာလဲ?!"

"ဟိုတု!"

နွီဝါး၏မျက်လုံးများကျဉ်းမြောင်းသွားသည်။

"မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ?"

"ဘာမှမဟုတ်ပါဘူး။ ကျွန်မက အမကို နွီဝါးနန်းတော်မှာ နေပြီး ဝင်မပါချင်ရင် ဝင်မပါရဘူးလို့ တောင်းဆိုချင်လို့ပါ။"

နွီဝါးမှာ မျက်မှောင်ကျုံ့လိုက်သည်။

"မင်းရဲ့ကျင့်ကြံဆင့်က ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်ကိုတောင် ရောက်နေပြီပဲ! မင်းကလုရှောင်ယန်ရဲ့ငယ်သားဆိုတာ ငါအရင်တည်းက ခန့်မှန်းခဲ့သင့်တယ်။ မင်းအခု မတိုက်ခိုက်တာက ငါ့ကိုစောင့်နေတာကြောင့်မဟုတ်လား?"

"ဟုတ်ပါတယ်၊ အစ်မမှန်တယ်။ ဒါကြောင့် ညီမကို အပြစ်မတင်ပါနဲ့။"

နွီဝါးမှာ ထပ်မံသက်ပြင်းချလိုက်၏။

ထိုလုရှောင်ယန်မှာ တကယ်ကိုပင် အရာအားလုံးကို ယူဆောင်ထားခဲ့သည်။

ပြောရလျှင် လုရှောင်ယန်မှာ ဟိုတုနှင့် အလုပ်အတူတူလုပ်သော်လည်း နွီဝါးအား ခုခံရန် မစေခိုင်းခဲ့ပါချေ။

သို့သော် ဟိုတုမှာ သူမ၏စိတ်နှလုံးထဲတွင် လုရှောင်ယန်နှင့် ပူးပေါင်းခြင်းအကျိုးအမြတ်က ဟုန်ကျွင်းနှင့်ပူးပေါင်းသည်ထက် များစွာရသာကြောင်းသိလေသည်။ ထိုသည်မှာ လုရှောင်ယန်က ပန်ဂု၏မျိုးနွယ်ဖြစ်ခြင်းကြောင့်ပင်။ ထို့အပြင် လုရှောင်ယန်မှာ တစ်ဖက်လူ၏ပိုင်နက်ကိုလည်း လုံးဝပိုင်ဆိုင်မနေပါချေ။

သူဟာ သုံးလောကအားထိန်းချုပ်ကာ မိမိအလိုရှိရာကို ယူချင်သည့် ဟုန်ကျွင်းနှင့် ကွဲပြားနေ၏။

ထို့အပြင် ဟုန်ကျွင်းမှာ အင်မတန်ဘက်လိုက်ပါသည်။ လွန်ခဲ့သည့် နှစ်ပေါင်းသောင်းချီအကြာက ဟိုတုမှာ ကုသိုလ်များစွာကို စုဆောင်းရခဲ့သည်။ သူမ သူတော်စင်မဖြစ်ခဲ့ရသည့်အကြောင်းအရင်းမှာ အခြားသူတော်စင်များအား ဆန့်ကျင်ခဲ့သောကြောင့်ဖြစ်သည်။

သူမသာ ဟုန်ကျွင်းတပည့်ဖြစ်လာလျှင် သေချာပေါက် ဆန့်ကျင်ခံရမည်ပင်။

ကောင်းကင်ဘုံခုံရုံးမှာ တိုက်ပွဲကွင်းပြင်တွင် ကျဲ‌ကျောင်းတော်မှ လီချန်းရှန်နှင့် စုန့်ရှင်းနျန်တို့၏ အဆစ်ပိတ်တိုက်ကွက်တစ်ခုနှင့် တိုက်ခိုက်ခံနေရ၏။

"ထို့ပေါင်၊ အနောက်ဘက်ကောင်းကင်ရဲ့ဗုဒ္ဓဂိုဏ်းသားအားလုံး ဗုဒ္ဓတစ်သောင်းအစီအရင်ကို သုံးလိုက်ကြပါ!"

"မင်းတို့ဒီတိုက်ပွဲမှာ အရာအားလုံးကိုထုတ်ဖော်ရမယ်။ ငါတို့စိတ်ဝိဉာဉ်တောင်ရဲ့ အုတ်မြစ်အားလုံးကို ထုတ်ယူရမယ်!"

***

All Chapters