အခန်း (၄၉၁-၄၉၅)
Vol. 33 Ch. 491-495
အပိုင်း ၄၉၁ မူလရတနာ ထွက်ပေါ်လာပြီ
လုရှောင်ယန်၏ ဘဝတွင် ဘယ်တုန်းကမှ မိန်းမများနှင့် သံယောဇဉ်မတွယ်ခဲ့ဖူးချေ။
၎င်းတို့မှာ သူ၏ပြိုင်ဘက်၊ တပည့်များ သို့မဟုတ် အမြတ်ထုတ်ထားသည့်လူများသာရှိပေ၏။
သို့ရာ၌ ထိုမိန်းမနှစ်ဦးမှာမူ ခြားနားသည်။
ချင်ကျီမော့!
ကုန်းဝမ်အာ!
ထိုနှစ်ဦးမှာ သူနှင့် မရေရာသောဆက်နွယ်ချက်ရှိပါ၏။
အဆုံးတွင်လည်း ထိုအမျိုးသမီးနှစ်ဦးမှာ သူ၏လှည့်ဖျားခြင်းကိုခံလိုက်ရပြီး ၎င်းတို့နှင့် ထပ်တွေ့ရန်ပင် မတွေးမိပါချေ။
အဆုံး၌ သူဟာ ယနေ့ ၎င်းတို့အား ကြုံဆုံလိုက်ရသည်။
တခါတရံ ကံကြမ္မာက တကယ်ကို နည်းနည်းလောက်နားမလည်နိုင်ဖွယ်ရာပင်။
ထိုအချိန်၌ အကြားရှိ မိန်းကလေးနှစ်ဦးမှာ အောက်ဆင်းသွားပြီး တဖြည်းဖြည်းတောင့်မခံနိုင်ကြတော့ချေ။
ပြောရလျှင် ၎င်းတို့၏စွမ်းအားမှာ ကန့်သတ်ခံထားရသည်။ ၎င်းတို့မှာ သူ၏တပည့်များမဟုတ်ကတည်းက တိုးတက်မှုနှုန်းမှာလည်း များစွာနှေးကွေးမည်ဖြစ်၏။
တစ်ချိန်တည်းတွင် ၎င်းတို့ဟာ နတ်ဆိုးကျင့်ကြံသူများစွာအားလည်း ရင်ဆိုင်ရပေဦးမည်။ ၎င်းက နှစ်ဦးသားအတွက် တကယ်ကိုခက်ခဲလှပါ၏။
“ဟီးဟီးဟီး... ကောင်မလေး၊ ဘယ်လိုလဲ? မင်းထပ်ပြီးမတောင့်ခံနိုင်တော့ဘူး၊ ဟုတ်တယ်မလား?"
"တစ်ခဏအတွင်းမှာ မင်းတို့နှစ်ယောက်ထပ်ပြီး မထိန်းထားနိုင်တော့ဘူး။ ဒီလိုဆို မင်းတို့ဘောင်းဘီတွေကို မစိုသွားစေနဲ့။"
"သူတို့ဘောင်းဘီတွေစိုသွားရင် ပိုတောင်ကောင်းသေးတယ်! သူတို့ ဝိဉာဉ်လွင့်မတတ်ကြောက်သွားရင်တော့ အရမ်းကြိုက်တာပဲ!"
"ဟားဟားဟား..."
မိန်းမငယ်နှစ်ဦး၏ မျက်နှာမှာ ဖျော့တော့နေကြပြီဖြစ်၏။ ရှင်းလင်းစွာပင် နှစ်ဦးသားမှာ အကန့်သန်သို့ရောက်နေကြပြီပင်။
"ညီမချင်၊ ငါတို့ထပ်ပြီး တောင့်ခံမထားနိုင်တော့ပေမယ့် ဒီလူတွေ ငါ့ကိုဖမ်းဖို့ခွင့်မပြုနိုင်ဘူး။ ငါ့ရဲ့အလောင်းကိုပဲဖျက်ဆီးလိုက်မယ်။ စိတ်မကောင်းပါဘူး၊ မင်းကိုတစ်ယောက်တည်းထားပြီး ထွက်သွားရတော့မယ်။"
ချင်ကျီမော့၏ နှလုံးမှာ အေးစက်သွားသည်။
"အစ်မကုန်း၊ ဘာမဟုတ်တာမှ မလုပ်နဲ့နော်။ နောက်ဆုံးအချိန်ထိ မျှော်လင့်ချက်ကို လက်မလျှော့နဲ့။ ကျွန်မတို့မှာ အခွင့်ရေးရှိနိုင်သေးတယ်။"
ကုန်းဝမ်အာမှာ ခါးသက်စွာပြုံးလိုက်သည်။
ဘာအခွင့်ရေးများရှိပါသနည်း?
နှစ်ဘက်၏ စွမ်းအားမှာ တူညီနေပြီး တစ်ဖက်ထံ၌ လူပိုများသည်ပင်။
တစ်ဦးချင်း၏ခွန်အား တူညီလာကြသည့်အခြေနေတွင် အဖွဲ့ကြီးမားလေ အခွင့်ရေးပိုရလေဖြစ်၏။
နှစ်ဦးသားက မခုခံနိုင်သည်ကိုကြည့်ပြီး တစ်ဖက်၏ နတ်ဆိုးကျင့်ကြံသူများမှာ ယုတ်မာပက်စက်သည့် အမူအရာများကို ထုတ်ပြလာတော့၏။
သို့သော် တစ်ခဏအကြာ၌ ၎င်းတို့မှာ ဖုန်မှုန့်များအသွင်ပြောင်း၍ လေနှင့်မျောလွင့်သွားကာ ဘယ်တုန်းကမှ မရှိခဲ့ဖူးသလိုပါပင်။
"ဘာ?"
"ဘာဖြစ်သွားတာလဲ?"
မိန်းမငယ်လေးနှစ်ဦး၏အမူရာမှာ ဆိုးရွားစွာပြောင်းလဲသွားကာ ၎င်းတို့ရှေ့ရှိအခြေနေအား လုံးဝ ပဟေဠိဖြစ်နေကြတော့၏။
"ပညာရှင်တစ်ယောက်တိုက်ခိုက်လိုက်တာလား?"
မိန်းမငယ်နှစ်ဦးမှာ ဉာဏ်ကောင်း၍ ဘာဖြစ်နေမှန်းချက်ချင်းနားလည်သွားသည်။
"ဘယ်စီနီယာများလဲ? မြန်မြန်ထွက်လာခဲ့ပါ။ ကျေးဇူးတင်ချင်လို့။"
တစ်ခဏကြာသော် သူမစိတ်တွင်းရှိ အသံမှာ ရုတ်တရတ် နားအတွင်းသို့ဝင်လာသည်။
"မတွေ့တာကြာပြီနော်"
ချင်ကျီမော့၏ နူးညံ့ညံ့ကိုယ်လေးမှာ တုန်ရီလျက် ကုန်းဝမ်အာမှာလည်း အတူတူပါပင်!
မိန်းမငယ်နှစ်ဦးမှာ မယုံကြည်နိုင်မှုများဖြင့်ပြည့်နေပါ၏။ ၎င်းတို့မှာ အားလုံးရှေ့မှောက်၌ ပေါ်လာသော လုရှောင်ယန်ကိုကြည့်လျက် ထိတ်လန့်နေကြ၏။
"လု... လု... မဟုတ်သေးဘူး၊ ကြိုဆိုပါတယ်။ သုံးလောကရဲ့အရှင်သခင်။"
ကုန်းဝမ်အာသည်လည်း ခေါင်းငုံ့လျက် အရိုသေးပေးလိုက်သည်။
"ကြိုဆိုပါတယ်၊ သုံးလောကအရှင်"
အချင်းချင်း မတွေ့ရသည့်နှစ်များစွာကြာပြီးနောက် အရာအားလုံးပြောင်းလဲသွားပါသည်။
၎င်းတို့နှစ်ဦးမှာ သူ့အား မာနကြီးပြဝံ့သည့် မိန်းကလေးများမဟုတ်တော့ချေ။
ထို့အပြင် သူဟာ သူတို့လေးစားသူမဟုတ်သော်လည်း သုံးလောကအရှင်သခင်ဖြစ်၏။
အတန်ငယ် ထိထိရှရှဖြစ်သွားပြီးနောက်တွင် လုရှောင်ယန်က ပြောလိုက်၏။
"ရပါတယ်။ ငါတို့အားလုံးက မိတ်ဆွေဟောင်းတွေပဲလေ။ ခေတ်နောက်ကျနေဖို့မလိုပါဘူး။"
မိန်းမငယ်နှစ်ဦးမှာ ခေါင်းငြိမ့်လျက် ရှေ့ရှိ လုရှောင်ယန်အားကြည့်နေကြသည်။ ၎င်းတို့မှာ ကြောက်ရွံ့၍ မျှော်လင့်ချက်အပြည့်ဖြစ်နေ၏။
သို့သော် ၎င်းတို့မှာ တစ်ဖက်လူအား လေးစား လွမ်းဆွတ်နေခဲ့သည်ထက် ကြောက်တာကပို၏။
"... လုရှောင်ယန်၊ ဘာလို့ ရုတ်တရတ်ကြီး ကျွန်မတို့ဆီရောက်လာတာလဲ?"
ချင်ကျီမော့မှာ အားတင်းပြီးမေ့ကာ လုရှောင်ယန်၏ နာမည်အား အော်မိသွားသည်။
လုရှောင်ယန်မှာ ရှင်းပြလိုက်သည်။
"ကျုပ်မတိုင်ခင်ကကျင့်ကြံနေခဲ့ပြီး ခင်ဗျားတို့နှစ်ယောက်ဆီက အပြောင်းအလဲလေးတစ်ခုအာရုံခံလိုက်ရလို့ပါ။ ပြီးတာနဲ့ ဒီကိုရောက်လာတာပဲ။ ကျုပ် ခင်ဗျားတို့နှစ်ယောက်ကို နတ်ဆိုးဂိုဏ်းဝန်းရံထားတာတွေ့လိုက်တော့ ကယ်ဖို့ဆုံးဖြတ်လိုက်တာနဲ့ လိုက်လာတာပဲ။"
"သိပါပြီ"
မိန်းမငယ် နှစ်ဦးမှာအကြောက်လည်းမရှိဘဲ အတန်ငယ်စိတ်ရှုပ်နေသည်။
၎င်းတို့မှာ တကယ်ကိုပင် လုရှောင်ယန်လာရောက်ကာကွယ်ဖို့ နည်းနည်းလောက် မျှော်လင့်ခဲ့သေးပါ၏။
သို့သော် နှစ်ဦးက အတွေးများသွားသည်မှာ သိသာသည်။
လုရှောင်ယန်ကလည်း မလိမ်ချင်ပေ။
တာဝန်သိယောက်ျားပဲ အချစ်ကအချစ်ပါပဲ။ သူသာ သူမကိုမေတ္တာမရှိရင် ရိုးရိုးပဲသွားရမယ်။
စစ်မှန်သော ဗီလိန်ကသာ တစ်ဖက်လူ၏ အတွေးများရှင်သန်နေသည်ကို ဆက်လက်သိမ်းဆည်းဖို့ဖြစ်သည်။
တကယ်တွင် ချင်ကျီမော့သာမက ကုန်းဝမ်အာပင်ဖြစ်နေပါစေ နှစ်ဦးလုံးက စိတ်ထဲ၌ သိကြ၏။
ကုန်းဝမ်အာမှာ တကယ်အဆင်ပြေပါသည်။ သူမ၏လုရှောင်ယန်အပေါ်ခံစားချက်မှာ ချင်ကျီမော့ထက်ပိုဆိုး၏။ ဦးဆုံး သူမဟာ လုရှောင်ယန်အတွက် အင်မတန်သာမန်ဆန်သော ခံစားချက်များသာရှိသည်။ စေ့စပ်ပွဲမအောင်မြင်ပါသော်လည်း ထူးဆန်းသည့်ခံစားချက်ကကျန်နေသေး၏။
ထို့နောက် လုရှောင်ယန်က ပိုမိုသန်မာလာကာ သုံးလောကကိုပင် ထိတ်လန့်စေခဲ့သည်။ ဘိုးဘေးဟုန်ကျွင်းအား အနိုင်ယူပြီးနောက်တွင် သူဟာ ပိုမိုသန်မာလာ၏။
သူမ၏ လုရှောင်ယန်အပေါ်ခံစားချက်မှာလည်း ပိုပိုသန်မာလာသည်!
သို့သော် ချင်ကျီမော့က ခြားနားပါ၏။
သူမဟာ လုရှောင်ယန်အား ပန်းတိုင်အဖြစ်အမြဲသတ်မှတ်ထားသည်။
လုရှောင်ယန် သူမအား ယခင်ကပေးခဲ့သော ကတိကြောင့်သာ ယနေ့ဤနေရာ၌ ရှိနေခြင်းဟုဆိုနိုင်ပေသည်။
လုရှောင်ယန်၏ ယခင်ကပေးခဲ့သော ကတိကြောင့်သာမဟုတ်လျှင် သူမဟာ ယခု နတ်ဘုရားပင်မဖြစ်နိုင်သေးချေ။
လုရှောင်ယန်မှာ သူမ၏ ဘာသာတရားဖြစ်လာ၏။
မှန်ပါသည် လုရှောင်ယန်က သူမအား နှစ်သက်ရန် မဖြစ်နိုင်သည်က သေချာသည်။
သုံးလောက၏ ဂုဏ်သရေရှိအရှင်သခင်က သူမလို ယင်လေးတစ်ကောင်အား မည်သို့ နှစ်သက်နိုင်မည်နည်း?
မကြာမီတွင် သူမဟာ တစ်စုံတရာကိုတွေးတောမိပုံရပြီး ချက်ချင်း လက်ဝါးအရွယ်အစားရှိ သလင်းလုံးတစ်ခုကို သိုလှောင်အိတ်ထဲမှ ထုတ်ယူလိုက်သည်။
ထိုအလုံးလေးမှာ သာမန်ဆန်ပါ၏၊ သို့သော် လုရှောင်ယန်၏ နှလုံးက ပြင်းပြင်းထန်ထန်တုန်နေတော့သည်။
၎င်းက ဝမ့်ခိုက်ပင် ချက်ချင်းအော်လိုက်ရသည်အထိပင်! [သခင်၊ ဒါပဲ! ဒါပဲ!]
ဝမ့်ခိုက်၏ အသံမှာ စိတ်လှုပ်ရှားဟန်ပေါ်နေ၏!
လုရှောင်ယန်၏ အသက်ရှူခြင်းမှာလည်း အေးခဲသွားသည်။
သူဟာ ၎င်းက မည်သည်ဆိုသည်ကို ခပ်ရေးရေးခန့်မှန်းမိလိုက်၏။
ထိုသည်က သူနှစ်များစွာရှာနေခဲ့သော ဖြစ်တည်မှုပင်။
ရှေးဟောင်းပုလဲ။
သုံးလောကကို ကျော်လွန်နေသည့် ရှေးဟောင်းမူလရတနာပါပင်!
၎င်း၏ စွမ်းအားအရိပ်ယောင်ကို အာရုံခံမိသည်နှင့် သူ၏ကျင့်ကြံဆင့်ကပါ တိုးတက်လာအောင် ကူညီပေးကြလေ!
အရမ်းစွမ်းအားကြီးတာပဲ!
"ကျွန်မတို့နှစ်ယောက် ဒီပစ္စည်းကို ကံကောင်းပြီး ဂူထဲမှာတွေ့ခဲ့တာ။ ဒါပေမယ့် ဒါကြောင့်ပဲ နတ်ဆိုးဂိုဏ်းအလိုက်ခံရတာလေ။"
"ဒါကိုလိုလို့လား?"
လုရှောင်ယန်မှာ ခေါင်းငြိမ့်လိုက်သည်။
"ဒါက မူလရတနာပဲ။ သုံးလောကတစ်ခွင်လုံးမှာ အားအကောင်းဆုံးမူလရတနာ။"
"တကယ်ကိုပဲ၊ ဒါကသေချာပေါက် ပစ္စည်းကောင်းဖြစ်မယ်လို့ခန့်မှန်းမိသားပဲ။ ဒါကိုရတုန်းက ကျွန်မရှင့်ရဲ့ ရောင်ဝါကို ရေးရေးလေး အာရုံခံမိတယ်။"
"ဒါက ရှင့်ကို အနာဂတ်မှာ ပြန်တွေ့ဖို့ကူညီမယ်လို့ ထင်ခဲ့တာ။"
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၃၃။ အပိုင်း ၄၉၂ အတိတ်ဘဝ၏ ဆက်နွယ်ချက်
လုရှောင်ယန်မှာ ဘာပြောရမှန်းမသိချေ။
သူဟာ ချင်ကျီမော့၏ ဆဌမအာရုံနှင့် စွဲလန်းမှုအား ခံစားသွားရသည်။
တစ်ခါတရံတွင် မိန်းမများမှာ ခေါင်းမာချိန်၌ တကယ်ကိုပို၍ ကြောက်မက်ဖွယ်ကောင်းလှသည်။
သို့သော် ထိုသို့ဆိုလျှင်တောင် လုရှောင်ယန်မှာ တစ်ဖက်လူအား သူထိရှသွားခြင်းကြောင့်တော့ လက်ခံလိမ့်မည်မဟုတ်ပါချေ။
သူ့ထံ၌ သူ၏ကိုယ်ပိုင်ယူဆချက်များရှိသည်။
သူ့ထံ၌ ပန်းတိုင်တစ်ခုသာရှိပြီး ၎င်းမှာ စကြဝဠာတစ်ခုလုံး၌ အသန်မာဆုံးပညာရှင်ဖြစ်လာရန်ပင်!
သူဟာ မည်သူကမှ အနိုင်ကျင့်၍မရသည့် ပြိုင်ဘက်ကင်းဖြစ်တည်မှုဖြစ်လာရမည်။
ထိုသည်က သူ၏စွဲလန်းမှုနှင့် ဘဝတစ်လျှောက်ဆန္ဒပါပင်။
ထို့ကြောင့် ၎င်းက အချို့အရာများကို ရှင်းရှင်းလုပ်ဆောင်ရမည့် အချိန်ပါပင်။
အသက်ပြင်းပြင်းရှူပြီးနောက်၌ သူဟာ လေးနက်နေဟန်ဖြင့်ဆိုလိုက်သည်။ "အတော်လေးတော့ စိတ်မကောင်းပါဘူး။ ကျုပ် ခင်ဗျားကို အရင်က လိမ်ခဲ့မိတယ်။ ကျုပ်မှာ အခု တာအိုလက်တွဲဖော်ရှာဖို့ အတွေးမရှိသေးလို့ပါ။"
"ထပ်ပြောရရင် အရင်က အဲ့ဒီဂူဝမှာ ကျုပ် ခင်ဗျားကိုကယ်ခဲ့တာမဟုတ်ဘူး။ ခင်ဗျားက နတ်ဆိုးဂိုဏ်းရဲ့လူတွေကို ဆွဲဆောင်မိမှာစိုးလို့ ကျုပ် ခင်ဗျားကို အဲ့ဒီဂူကနေ ဆွဲခေါ်ခဲ့တာပါ။"
"ဒါ့ကြောင့် ကျုပ်က ခင်ဗျားကိုကယ်ခဲ့တဲ့ သူရဲကောင်းမဟုတ်ပါဘူး။ ခင်ဗျားဘာကိုမှ စိတ်ကူးယဉ်နေစရာမလိုပါဘူး။"
ချင်ကျီမော့မှာ ခေါင်းငြိမ့်လိုက်သည်။
"ကျွန်မသိပါတယ်။"
"တစ်လျှောက်လုံးသိနေခဲ့တာလား?"
လုရှောင်ယန်မှာ မထိန်းနိုင်ဘဲ ရပ်တန့်သွားရသည်။
ချင်ကျီမော့ဟာ ခေါင်းငြိမ့်လိုက်၏။
"ဒါဆို ဘာလို့ ခင်ဗျား...?"
"ပြောရရင် အစက ရှင့်ကိုကျွန်မရဲ့ကျေးဇူးရှင်လို့ တကယ်ပဲထင်ခဲ့ပါတယ်။"
"သို့ပေမယ့်၊ ကျွန်မရှင်နဲ့ ရှင့်၏ မျက်နှာထားကိုမြင်တဲ့အချိန်မှာ ဆိုးဆိုးရွားရွားပဲ တစ်ခုခုကို ခန့်မှန်းမိလိုက်ပါတယ်။"
"ဒါပေမယ့် ရှင်ကျွန်မကို မသတ်ခဲ့တာကိုကြည့်ရရင်တော့ ရှင်က သဘာဝအတိုင်းဆိုးသွမ်းနေတာမဟုတ်ဘူးလေ။"
"ဒါကြောင့်ပဲ ရှင့်ကို လက်ထပ်ဖို့ ရွေးချယ်ခဲ့တာ။"
"ပိုပြီးတော့ မမျှော်လင့်ခဲ့တာက ရှင် နောက်ဆုံးတော့ တကယ်ကြီး ငြင်းလိမ့်မယ်ဆိုတာပဲ။"
"ဒါပေမယ့်လည်း၊ ဒါကြောင့်ပဲ ကျွန်မ ရှင့်ကို မေတ္တာသက်ဝင်သွားရတယ်။"
"ဒါက ရှင့်ကို တခြား ရူးကြောင်ကြောင်ကောင်တွေလို တဏှာရူးတစ်ယောက်လို့မထင်ခဲ့ဘူး၊ အထူးသဖြင့် ကျွန်မကို ဝါးစားတော့မတတ်ကြည့်ကြည့်နေတဲ့ ရှောင်ပေလိုမျိုးပေါ့။"
လုရှောင်ယန် : "..."
သူမဟာ တစ်လျှောက်လုံးသိနေခဲ့သည်ပင်။
ထိုမိန်းမ၏ ဦးနှောက်က တကယ်ကို အင်မတန်ထူးဆန်းလှချေ၏။
သို့သော် တစ်ခဏကြာပြီးနောက် သူဟာ ဆက်ပြောလိုက်သည်။
"တောင်းပန်ပါတယ်။"
ချင်ကျီမော့မှာ ခေါင်းခါလိုက်၏။
"ရှင်ကျွန်မကို တောင်းပန်စရာမလိုပါဘူး။ ဒါက ရှင့်ကို နှစ်သက်မိခဲ့တဲ့ ကျွန်မရဲ့ ကိုယ်ပိုင်ဆုတောင်းသက်သက်ပါ။ ရှင့်ကိုယ်ရှင် ကျွန်မကို မေတ္တာသက်ဝင်ဖို့ တွန်းအားပေးမရသလိုပေါ့၊ ကျွန်မလည်း ရှင့်ကို မနှစ်သက်ဖို့ ကိုယ့်ကိုယ်ကိုယ် တွန်းအားမပေးနိုင်ဘူး။"
"ရှင့်မှာ ကျွန်မကို မနှစ်သက်ဖို့ အခွင့်အရေးရှိပါတယ်၊ ဒါပေမယ့် ကျွန်မမှာလည်း ရှင့်ကို နှစ်သက်ဖို့အခွင့်အရေးရှိတယ်။"
"ကျွန်မအတွက် ရှင်နဲ့အတူရှိရဖို့ မဖြစ်နိုင်တာကို သိပါတယ်။ ရှင်က သုံးလောကရဲ့ အရှင်သခင်လေ!"
"ဒါပေမယ့် သုံးလောကရဲ့အရှင်သခင်တောင်မှ တစ်ဖက်လူရဲ့ စိတ်ကို အဲ့ဒီလူကို မသတ်မချင်းပြောင်းလို့မရနိုင်ဘူး။"
လုရှောင်ယန်မှာ ခေါင်းငြိမ့်လိုက်၏။
"ကျုပ် ခင်ဗျားရဲ့ရွေးချယ်မှုကိုလေးစားပါတယ်၊ ဒါပေမယ့် ကျုပ်အခု ခင်ဗျားမှာရှိတဲ့ဟာကို လိုအပ်နေတယ်။"
ချင်ကျီမော့မှာ ခေါင်းငြိမ့်လိုက်သည်။
"ကျွန်မဒါကို အစ်မကုန်းနဲ့အတူရခဲ့တာပါ။ ကျွန်မအတွက်က ကိစ္စမရှိပါဘူး။ ကျွန်မရှင့်ဆီကို ချွင်းချက်မရှိ ပေးလိုက်နိုင်ပါတယ်။ ဒါပေမယ့် အစ်မကုန်းအတွက်တော့ ဆုံးဖြတ်လို့မရနိုင်ဘူး။"
စကားဆုံးသွားသည်နှင့် ကုန်းဝမ်အာမှာလည်း ပြောလိုက်၏။
"ရပါတယ်။ သူ့ကိုပေးလိုက်ပါ။ ဒီရတနာက သူ့ရဲ့အမြင်ကို ဖမ်းစားနိုင်မှတော့ သေချာပေါက် သာမန်ပစ္စည်းလေးတစ်ခုမဟုတ်တော့ဘူးလေ။"
"ဒါက သူ့အဆင့်လို လူတစ်ယောက်ယောက်မှာ ရှိတဲ့အရာဆိုကတည်းက ငါတို့မှာ ဘာအကျိုးအမြတ်မှ မရနိုင်ဘူးလေ။ ငါတို့လုံးဝလည်း သုံးနိုင်မှာမဟုတ်လောက်ဘူး!"
"ပြီးတော့၊ ငါတို့လက်ထဲမှာရှိနေရင်လည်း ဒါကြောင့်ပဲ အသတ်ခံရနိုင်လောက်တယ်။"
ခဏရပ်တန့်ပြီးနောက် ကုန်းဝမ်အာမှာ ဆက်ပြောလိုက်သည်။
"ဒါပေမယ့်၊ ကျွန်မမှာ ရှင်းရှင်းလင်းလင်းလုပ်စရာရှိသေးတယ်။ ကျွန်မက ညီမလေးချင်နဲ့ မတူဘူး။ သူက ရှင့်ကို မေတ္တာရှိနေတော့ ဘာကိုမှမလိုချင်ဘူးလေ။ ဒါပေမယ့် ကျွန်မက ဘာကိုမှမလိုချင်တာတော့ မဖြစ်နိုင်ဘူး။"
"ဒါပေါ့၊ ကျွန်မ ရှင်အခု အရမ်းကိုစွမ်းအားကြီးမှန်းသိပါတယ်။ ကျွန်မဆီကို ပေးဖို့ဆန္ဒမရှိရင် ဘာမှလုပ်နိုင်တာတော့မရှိဘူး။ ဆန္ဒရှိရင်တော့ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မရဲ့ကျင့်ကြံဆင့်ကို အများကြီးတိုးတက်စေနိုင်မယ့် တစ်ခုခု ပေးလိုက်ပါ။"
လုရှောင်ယန်မှာ ခေါင်းငြိမ့်လိုက်သည်။
"မပူပါနဲ့။ ကျုပ်တို့အားလုံးက အသိမိတ်ဆွေဟောင်းတွေပဲလေ။ ကျုပ် မာနမထားပါဘူး။"
"ကျုပ် ရှေးဟောင်းခရမ်းသွေးချီ နှစ်ခုနဲ့ လဲလှယ်ပေးမယ်။ ခင်ဗျားအနေနဲ့ ရှေးဟောင်းခရမ်းသွေးချီကို သန့်စင်ရင် အနည်းဆုံး ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်ကို ရောက်နိုင်တယ်။"
"အနည်းဆုံးတော့ ခင်ဗျားတို့နှစ်ယောက် သုံးလောကမှာ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ စွမ်းအားအလုံအလောက်ရတာပေါ့။"
"ကောင်းပြီလေ! သဘောတူတယ်!"
ကုန်းဝမ်အာမှာ ဘဘောတူညီချက်ကို လက်ခံလိုက်သည်။ မည်သို့ဖြစ်ဖြစ် ထိုကိစ္စက လုရှောင်ယန်၏ ဆုံးဖြတ်ချက်၌သာ မူတည်နေဆဲပင်။ ပြောရလျှင် သူ၏လက်ရှိစွမ်းအားမှာ အင်မတန်စွမ်းအားကြီးလှသည်။
သူဟာ သူမအား အကျိုးအမြတ်တချို့ပေးဖို့ဆန္ဒရှိပါလျှင် ၎င်းအား လက်လျှော့ဖို့ထိ မိုက်မဲလိမ့်မည်မဟုတ်ချေ။
သူမ၏ဆရာက သူမအား သစ္စာဖောက်ပြီး လုရှောင်ယန်၏ တပည့်ဖြစ်လာတည်းက ယောက်ျားများကို မယုံကြည်တော့ချေ။
သူမဟာ ကိုယ့်ကိုယ်ကိုယ်သာ ယုံကြည်တော့၏။
သူမဟာ သူမ၏ကိုယ်ပိုင်ကျင့်ကြံဆင့်ကိုသာ အယုံရှိပါသည်။
သူမ၏စိတ်တွင်း၌ လုရှောင်ယန်ပေးသည့်အရာမှာ သူမနှင့် ချင်ကျီမော့ရှာတွေ့ခဲ့သည့် ထိုပုလဲထက်နိမ့်ကျမှန်း သိသော်ငြား နှစ်ဘက်လုံး၏စွမ်းအားမှာ မညီမျှပါချေ။ ထို့ကြောင့် သူမဟာ ဂရုပင်စိုက်မနေချေ။
လုရှောင်ယန်မှာ လက်တစ်ချောင်းလှုပ်လိုက်ရာ ရှေးဟောင်းခရမ်းသွေးချီနှစ်ခုမှာ ထိုမိန်းကလေးနှစ်ဦး၏ မျက်ခုံးများအကြားဝင်ရောက်သွားသည်။
ထို့နောက် သူဟာ ရှေးဟောင်းပုလဲအားထုတ်ယူလျက် နှုတ်ဆက်လိုက်တော့သည်။
ထိုသည်က သူတစ်ချိန်က မတည်နိုင်ခဲ့သည့် ကတိကို ထိန်းသိမ်းခြင်းဟု မှတ်ယူနိုင်ပါသည်။
သူဟာ အချိန်အတော်ကြာ ထွက်ခွာပြီးနောက်တွင် ချင်ကျီမော့မှာ နေရာ၌ ရူးမိုက်စွာ ရပ်နေဆဲပင်။
ကုန်းဝမ်အာမှာ ခေါင်းခါလျက် ပုခုံးကိုပုတ်လိုက်၏။
"ကြည့်နေတာရပ်လိုက်တော့။ သူသွားပြီ! သူက မင်းဆက်ကြည့်နေရင်တောင် ပြန်လာမှာမဟုတ်တော့ဘူး။"
ချင်ကျီမော့မှာ ဖျော့တော့စွာသက်ပြင်းချလိုက်၏။
"ညီမက နည်းနည်းလောက်မိုက်မဲနေတယ်လို့ မထင်ဘူးလား?"
"နည်းနည်းမဟုတ်ဘူး၊ အရမ်းကိုမိုက်မဲတာလေ!"
တစ်ခဏရပ်ပြီးနောက် ကုန်းဝမ်အာမှာ စကားဆက်လိုက်သည်။
"ငါတို့နောက် ဘာလုပ်ကြမလဲ! ငါ့တို့နှစ်ယောက်အရင်က အမျိုးသမီးဂိုဏ်းတစ်ခု ဖွင့်ဖို့ သဘောတူခဲ့ကြတယ်။ ဒီလိုလုပ်ချင်နေသေးလား?"
"ဒါပေါ့။ ညီမတို့နှစ်ယောက်က အခုဆိုရှေးဟောင်းခရမ်းသွေးချီကိုရပြီး ကြီးကြီးမားမား တိုးတက်လာဖို့ဖြစ်ခဲ့ကြတယ်။ နတ်ဘုရားလောကရဲ့ နေရာတိုင်းမှာ အရင်ကလို ရတနာရှာဖို့ စွန့်စားနေစရာမလိုတော့ဘူး။"
"ငါတို့ကျင့်ကြံဆင့်တွေ အဆင့်တစ်ခုကိုရောက်လာရင် ဂိုဏ်းတစ်ဂိုဏ်းထောင်လို့ရပြီ။"
တစ်ဖက်၌ လုရှောင်ယန်မှာ ရှေးဟောင်းပုလဲကိုရပြီးနောက်တွင် ချက်ချင်း ရွှေရောင်အောက်ကျွန်းကို ပြန်သွားလိုက်၏။
ရှေးဟောင်းပုလဲမှ ထုတ်လွှတ်နေသည့် အပြောင်းအလဲမှာ သူနှင့်အတန်ငယ်ရင်းနှီးနေသည်ဟု ခပ်ရေးရေးခံစားမိစေသည်။
သို့သော် သူဟာ ၎င်းက ဘာခံစားချက်ဆိုသည်ကို မပြောနိုင်ချေ။
တစ်ခဏတွေးပြီးနောက်၌ လုရှောင်ယန်မှာ ရှေးဟောင်းပုလဲအား သူ၏ အသိစိတ်နှင့် တိုက်ရိုက် ဆက်သွယ်လိုက်ကာ ရှေးဟောင်းပုလဲထဲရှိ ဖုံးကွယ်ထားသည့် လျှို့ဝှက်ချက်ကို မြင်တွေ့ချင်နေသည်။
သို့သော် သူ၏စိတ်စွမ်းအား ရှေးဟောင်းပုလဲထဲသို့ ဝင်ရောက်သွားချိန်တွင် ရွံ့စေးနွားတစ်ကောင်က ပင်လယ်သို့ဝင်ရောက်သွားသလိုမျိုး အရိပ်ယောင်မရှိ ပျောက်ကွယ်သွားတော့၏။
၎င်းက လုရှောင်ယန်၏ စိတ်စွမ်းအားကို ဝါးမြိုနေသလိုပါပင်။
"စိတ်ဝင်စားစရာပဲ။"
လုရှောင်ယန်မှာ အတန်ငယ်အံ့အားသင့်သွားသည်။
သူဟာ ရှေးဟောင်းပုလဲ၌ ထိုစွမ်းရည်ရှိမည်ဟု မထင်ခဲ့ချေ။
ပြောရလျှင် ထိုရှေးဟောင်းပုလဲထဲ၌ စွမ်းအားအမြောက်အများရှိလောက်သည်!
ထိုစွမ်းအား၏ နယ်နိမိတ်မှာ အတုမဲ့အဆင့်ကိုပင် လုံးဝကျော်လွန်နိုင်နေ၏။
သို့သော် ထိုသို့ဆိုလျှင်ပင် အစားသောင်းကျန်းသော မြွေတစ်ကောင်က ဘယ်တော့မှ ဗိုက်မပြည့်သလိုမျိုး စွမ်းအားကို ဆက်လက်စုပ်ယူပေလိမ့်မည်။
လုရှောင်ယန် ခန့်မှန်းချက်သာ မှန်ပါလျှင် ရှေးဟောင်းပုလဲမှာ စပေါ်ထွက်လာကတည်းက စုပ်ယူခြင်းစွမ်းအား ရှိနေပုံပင်။
ထို့ကြောင့် ၎င်းတွင် များစွာသော နက်နဲမှုနှင့် စွမ်းအင်များပါဝင်နေသည်။ ၎င်းက သူ့လို အတုမဲ့အဆင့်ပညာရှင်တစ်ယောက် မော့သာကြည့်နိုင်သည့် အဆင့်တစ်ခုသို့ရောက်နေပြီဖြစ်၏!
သိူ့သော် သူ၏ယခင်ဘဝက ၎င်းနှင့်ပက်သက်၍ မည်သည်ကိုလုပ်ဆောင်ရမည်နည်း?
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၃၃။ အပိုင်း ၄၉၃ အတုမဲ့အဆင့် ပညာရှင်ရောက်လာခြင်း
လုရှောင်ယန်မှာ ခက်ခက်ခဲခဲတွေးနေ၏...
ရုတ်တရတ် ခြိမ်းခြောက်မှုတစ်ခုက သူ၏စိတ်အား မဟာအာကာပြင်ထံမှ ရုတ်တရတ် ထွက်လာစေ၏။
ထိုစွမ်းအားက အင်မတန်အားကောင်းလှကာ သူ့ထက်လုံးဝမနိမ့်ကျဟုတောင် ဆိုနိုင်ချေသည်။
လုရှောင်ယန်မှာ ချက်ချင်းရပ်တန့်သွားကာ ကောင်းကင်ယံဆီ နေရာပြောင်းရွှေ့သွားသည်။ သူဟာ လက်များအား ကျောနောက်ပို့လျက် ကောင်းကင်ယံသို့ စိုက်ကြည့်လိုက်သည်။
မကြာမီမှာပင် အခြားတပည့်များလည်း ပြေးထွက်လာကြ၏။
၎င်းတို့မှာ ထိုနှလုံးတုန်လှုပ်ဖွယ် စွမ်းအားကို အာရုံခံမိသည်။
"ဆရာ! ဒီအရှိန်အဝါက အရမ်းစွမ်းအားကြီးတယ်!"
လုရှောင်ယန်မှာ မျက်လုံးများကိုကျဉ်းလျက် မဟာအာကာပြင်ကိုတည့်တည့်စိုက်ကြည့်လိုက်သည်။
"ဘိုးဘေးဟုန်ကျွင်း ပြန်လာပြီ။ သူ မဟာအာကာပြင်က ပညာရှင်တစ်ယောက်ကိုတွေ့ပြီး ပြန်ပေါ်လာတာပဲ။"
အားလုံး၏ နှလုံးအိမ်များတုန်ရီနေကြ၏။
"သူအရင်က ထွက်ပြေးဖို့ရွေးခဲ့တာ အံ့ဩစရာမဟုတ်တော့ဘူးပဲ။ သူအရင်က အရံအစီအစဉ်ကြီးကြီးထားခဲ့တာကြောင့်ပေါ့။ သူက မဟာအာကာပြင်ကို သွားပြီး အထောက်အပံ့ရှာတာက အတော်လေး ထူးချွန်တဲ့ဆုံးဖြတ်ချက်ပဲ။"
"အခုက ဒါကိုဆွေးနွေးရမယ့် အချိန်မဟုတ်သေးဘူး။ ဒီတစ်ခေါက်လာတဲ့ ပညာရှင်က ငါ့လိုပဲအားကောင်းပြီး အတုမဲ့အဆင့်ကို ရောက်နေပြီ။"
"ငါ့အတွက် သူနဲ့တစ်ယောက်ချင်းတိုက်ရင် ပြဿနာမရှိဘူး။ ဒါပေမယ့် ပြဿနာက ဧကရာဇ်ဟုန်ကျွင်းပဲ!
"ထပ်ပေါင်းအနေနဲ့၊ ဘိုးဘေးဟုန်ကျွင်းရဲ့မိတ်ဆွေဖြစ်တဲ့ ဘိုးဘေးယန်မေ့နဲ့ ကျန်တဲ့လူတွေလည်း သဏ္ဍာန်မဲ့မကောင်းဆိုးဝါးနတ်ဘုရားတွေဖြစ်ပြီးတော့ သဏ္ဍာန်အကန့်အသတ်မဲ့ရွှေရောင်အမတအရှင်အဆင့်ကိုရောက်နေကြပြီ။"
"ငါမင်းတို့ကိုမကူညီနိုင်ရင် မင်းတို့တွေ အန္တရာယ်ဖြစ်နိုင်တယ်။"
လူတိုင်း၏နှလုံးအိမ်များမှာ ရပ်တန့်လျက် လက်သီးများဆုပ်လိုက်ကြသည်။
"ဆရာ၊ စိတ်မကောင်းပါဘူး။ ကျွန်တော်တို့က အသုံးမဝင်ဖြစ်ပြီး ဆရာ့ကို စိတ်ရှုပ်စေခဲ့ပါတယ်။"
လုရှောင်ယန်မှာ ခေါင်းခါလိုက်သည်။
"ငါကသာ မင်းတို့ကိုခေါ်လာပြီး ဒီလိုအရာတွေနဲ့ ရင်ဆိုင်စေခဲ့တဲ့လူပါ။ ဒါကြောင့် မင်းတို့ကိုယ်မင်းတို့ အပြစ်တင်ဖို့မလိုပါဘူး။"
"တကယ်တော့ မင်းတို့အရမ်းကြီးစိုးရိမ်နေစရာမလိုပါဘူး။ သူတို့က စွမ်းအားကြီးပေမယ့် ငါ့မှာ သူတို့ခွန်အားကိုဖိနှိပ်ပြီး စွမ်းအားကိုတိုးမြှင့်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုရှာတွေ့ထားတယ်။ စွမ်းအားအရာမှာ နှစ်ဘက်စလုံးကွာခြားမှုက အရမ်းကို ကြီးမားလှတယ်။"
"ဆရာ ဘာကိုပြောချင်တာလဲ?"
"အစီရင်အခင်းကျင်း!"
ထိုသည်က သူအကြိမ်ရေများစွာ သုံးခဲ့တဲ့ နည်းလမ်းဟောင်းပင်။
အရင်က သူ အဆင့်နိမ့်လောကနဲ့ နတ်ဘုရားလောက၌ ရှိနေချန်တွင် ထိုနည်းလမ်းကို အမြဲအသုံးပြုခဲ့၏။
သို့သော် အမတအဆင့်သို့ရောက်ပြီးနောက်၌ သူဟာ ၎င်းကို သုံးရန်ရှားပါးလှသည်။
ရွှေရောင်အောက်ကျွန်းသို့ရောက်ကာစ၌ ၎င်းအား အသုံးပြုခြင်းကလွဲလျှင် နောက်ပိုင်း၌ မည်သည်ကိုမှ အသုံးမပြုတော့ပါချေ!
ထိုသည်မှာ အဆုံးတွင် အစီအရင်များက အင်မတန်စွမ်းအားမကြီးတော့သောကြောင့်ဖြစ်၏။ ဥပမာ ၎င်းတို့မရွေ့လျားနိုင်ပါက ပြစ်ချက်ကြီးရှိသွားမည်ပင်။
ထို့အပြင် အစီရင်အားဖြည့်ခြင်းမှာလည်း ပြဿနာတစ်ရပ်ပင်။
ပြောရလျှင် မည်သို့အားဖြည့်ပေးရမည်နည်း?
အဆင့်နိမ့်လောကတွင် ထိပ်တန်းအဆင့်ဝိဉာဉ်ကျောက်တုံးများရှိကာ နတ်ဘုရားလောက၌ နတ်သလင်းကျောက်များရှိသည်... အမတလောကဆိုလျှင်ရော မည်သို့နည်း?
၎င်းက အစီအရင်များ၏ လက်တွေ့ကျမှုကို များစွာ ထိန်းသိမ်းနေခြင်းပင်။
သိူ့သော် ယခု ဝေခွဲရခက်နေချိန်၌ လုရှောင်ယန်မှာ နောက်ထပ်နည်းတစ်ခုတွေးမိသွား၏။ ထိုသည်က အစီအရင် ခန့်ခွဲမှုကို ထိန်းသိမ်းရန် ရှေးဟောင်းခရမ်းသွေးချီကို အသုံးပြုခြင်းဖြစ်သည်။
ရှေးဟောင်းခရမ်းသွေးချီ၏ စွမ်းအားမှာ စကြဝဠာတစ်ခုလုံး၌ အခြေခံအကျဆုံးနှင့် အသန်မာဆုံးစွမ်းအားဖြစ်သည်။
၎င်းအား လက်ကိုင်ထား၍ သူဟာ စွမ်းအင်ကင်းမဲ့ခြင်းကို ပြင်ဆင်နိုင်သည်။
ထိုသို့တွေးလျက် သူဟာ ချက်ချင်းပင် အစီအရင်ကို အသက်သွင်းလိုက်တော့၏။
တစ်ခါက ရင်းနှီးဖူးသည့်အစီအရင်များ၊ ပါးကွကောင်းကင်ချိပ်ပိတ်အစီအရင်များ၊ ရှေးဟောင်းနဂါးဝိဉာဉ်အစီအရင်များ... စသည်တို့မှာ ဝန်းကျင်နေရာများ၌ အလျင်အမြန်ပေါ်ထွက်လာကြသည်။
၎င်းတို့၏ အဆင့်များမှာ အရမ်းမမြင့်ဘဲ ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ ရွှေရောင်အမတအရှင်များ ဆက်လက်မထိန်းသိမ်းနိုင်ဖြစ်နေ၏။ သို့သော် လုရှောင်ယန်က ရှေးဟောင်းခရမ်းသွေးချီအား ထိုးသွင်းပေးပြီးနောက်၌ သက်ရောက်မှုက ကွဲပြားသွားသည်။
၎င်းတို့မှာ ချက်ချင်းပင် လက်နက်များအဖြစ်ပြောင်းသွားကာ ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ရွှေရောင်အမတအရှင်များကိုပင် ခြိမ်းခြောက်နိုင်သည့် ဖြစ်တည်မှုများဖြစ်လာ၏။
အနည်းဆုံး ၎င်းမှာ ၎င်းတို့၏ အတိုက်အခိုက်စွမ်းအားကို များစွာ သက်ရောက်စေနိုင်၏။
လုရှောင်ယန်က ၎င်းတို့အားလုံးအား အပြီးသတ်ပြီးချိန်တွင် လျှပ်စီးကြောင်းက ကောင်းကင်ယံ၌ ပေါ်ထွက်လာ၏။
ပြီးနောက် အင်မတန်အားကောင်းလှသော စွမ်းအင်မှာ သုံးလောက ထက်သို့ သက်ဆင်းလာတော့သည်။
ထိုစွမ်းအင်၏ ခွန်အားမှာ သုံးလောကတစ်ခွင်လုံးအား ဖိနှိပ်ထား၏။
မရေတွက်နိုင်သော သက်ရှိများမှာ မြေပြင်၌ ပုရွက်ဆိတ်ငယ်များကဲ့သို့ ဖိနှိပ်ခံလိုက်ရကာ ထပင်မထနိုင်တော့ချေ။
အားနည်းသည့်လောကအချို့တွင် သက်ရှိများမှာ ပေါက်ကွဲသည်အထိပင်ဖြစ်လာကြသည်။
၎င်းတို့မှာ ထိုစွမ်းအင်ကို ရိုးရိုးလေးပင် မခုခံနိုင်ပါချေ။
ကောင်းကင်ကိုးထပ်ရှိ ဘိုးဘေးဟုန်ကျွင်းသည်လည်း လုံးဝဂရုမထားပါချေ။
"ပန်ဂု၊ ဒီကိုထွက်လာခဲ့စမ်းပါ! ဒီနေ့က မင်းရဲ့သေနေ့ပဲ"
စုန့်ရှင်းနျန်မှာ တံတွေးထွေးလိုက်၏။
"ဖီ! အရှက်မဲ့တဲ့ လူအိုကြီး။ ခင်ဗျားကတော့ အရင်က ကျုပ်တို့ဆီမှာ အရိုက်ခံပြီး အခု ပြန်လာပြီပေါ့လေ။"
"ကျုပ်ဆရာကို စိန်ခေါ်ဖို့ အရှက်ရှိသေးတယ်လား? ခင်ဗျားကသာ ရှုံးပြီး ဒူးထောက်ပြီး ကျုပ်ဆရာကို တောင်းပန်ရမယ်။”
ကောင်းကင်၌ ပြင်းထန်သော လျှပ်စီးကြောင်းတစ်ခုမှာ အရူးအမူး ဆင်းသက်လာ၏။
ထိုလျှပ်စီးတွင်းရှိ စွမ်းအားမှာ ထူးကဲလှသည်!
ဘိုးဘေးဟုန်ကျွင်းမှာ တိုက်ခိုက်လိုက်၏။
သို့သော် ထိုလျှပ်စီးက စုန့်ရှင်းနျန်ရှေ့မှောက်သို့ မရောက်ခင်တွင် လုရှောင်ယန်မှာ အတန်ငယ်ချောင်းဟန့်လိုက်သည်။
ထို့နောက် လျှပ်စီးတန်းတစ်ခုလုံးမှာ လုံးဝပျက်စီးသွားရ၏။
"ဘိုးဘေးဟုန်ကျွင်း၊ သေချင်ရင် ဒီကိုဆင်းလာခဲ့။ ကောင်းကင်မှာ ပုန်းနေဖို့မလိုဘူး။ ခင်ဗျားက ကြွက်ချောင်းချောင်းနေတာပဲ။"
"ငါမင်းကို အဲ့နေ့တုန်းကမသတ်ခဲ့ဘူး။ ဒီနေ့တော့ ရအောင်လုပ်ပြမယ်။'
စကားဆုံးသည်နှင့် ကောင်းကင်ရှိ လျှပ်စီးတန်းမှာ ချက်ချင်းပင် ပိုမိုအားကောင်းလာ၏။
မျက်တောင်တစ်ခတ်အတွင်း လျှပ်စီးတန်းကိုသာလျှင် ကောင်းကင်၌ မြင်နိုင်တော့၏။
သို့သော် လျှပ်စီးမှာ အလျင်အမြန်ပျောက်ကွယ်သွားသည်။
၎င်းတို့အား အစားထိုးလာသည်မှာ များပြားလှသော စွမ်းအားကြီး အသွင်သဏ္ဍာန်များပင်။
ဤနေရာ၌ ပုံရိပ်တိုင်းမှာ ထိတ်လန့်ဖွယ်စွမ်းအားကြီးလှ၏။
၎င်းတို့အကြားတွင် ခပ်ဝါးဝါးပုံရိပ်တစ်ခုက အလယ်၌ ရပ်နေပြီး အသန်မာဆုံးအရှိန်အဝါရှိသည်။
ထိုသည်မှာ သူ၏စွမ်းအားက ထိပ်ဆုံးသို့ပင် ရောက်ရှိနေလျက် လုရှောင်ယန်မှလွဲလျှင် မည်သူကမှ သူ၏စွမ်းအားကို အနိုင်မယူနိုင်ပါချေ။
စုလင်းဝူမှာ စကားစပြောသူပင်။
"ဘာလို့ ဒေါသမထွက်ရဲတာလဲ? မင်းတို့ အခုလေးတင် ပျော်ပျော်ကြီးကျိန်ဆဲနေကြတာမဟုတ်ဘူးလား?"
ဟုန်ကျွင်းက နှာမှုတ်လိုက်၏။
"ငါမင်းတို့ကို ခဏလောက် မာန်တက်ခွင့်ပိုပေးလိုက်မယ်။ တစ်ခဏအတွင်း သေခြင်းကိုရောက်သွားလိမ့်မယ်။ တုဖေးစီးအရှင်က မင်းတို့ကသာ တွင်းထဲက ဖားဆိုတာကို သိသွားစေလိမ့်မယ်။"
ထို့နောက် သူဟာ တုဖေးစီးအမည်ရှိ လူကြီးအား စကားဆက်ပြောလိုက်၏။
"စီနီယာ၊ အခု ခင်ဗျားအလှည့်ပါ။"
တုဖေးစီးမှာ သူ့ထံအကြည့်ပို့လိုက်သည်။ သူ၏မျက်လုံးမှအေးစက်စက်အလင်းက ဟုန်ကျွင်းအား တမုဟုတ်ချင်း တုန်လှုပ်သွားစေ၏။
ထိုအကြည့်တွင် အင်မတန်သိပ်သည်းသော လူသတ်ငွေ့ပါဝင်နေသည်။
ထိုသည်မှာ တစ်ဖက်လူက သူ့အားသတ်ချင်နေသလိုပါပင်။
"မင်းစကားကိုမင်းပြန်ကြည့်။ ငါက ဖန်ဆင်းခြင်းနတ်ဘုရား သခင်ယဲ့ချန်ကိုပဲ နာခံတယ်။ မင်းမှာ ငါ့ကို အမိန့်ပေးဖို့ အခွင့်အရေးမရှိဘူး။"
"ငါ့ကိုထပ်ပြီး အမိန့်ပေးဝံ့ရင် မင်းရဲ့ခေါင်းကို အရင်ဆုံးလိမ်ချိုးလိုက်ဖို့တောင် စိတ်ရှုပ်နေမှာမဟုတ်ဘူး။"
ဘိုးဘေးဟုန်ကျွင်း၏ မျက်နှာမှာ စိမ်းတစ်လှည့် ဖြူတစ်လှည့်ဖြစ်သွားသော်လည်း လုံးဝမနာခံခြင်းမပြုဝံ့ပါချေ။
ထိုသည်မှာ သူ၏ရှေ့ရှိလူက သူ့ထက် စွမ်းအားကြီးရုံမျှမက ပို၍အရေးကြီးသည်မှာ ထိုလူ၏ နောက်မှလူက ကြောက်မက်ဖွယ်စစ်စစ်ဖြစ်သောကြောင့်ပါပင်။
အသက်ပြင်းပြင်းရှူပြီးနောက်၌ သူဟာချက်ချင်းခေါင်းကိုငုံ့လျက် ပြောလိုက်သည်။
"စိတ်မကောင်းပါဘူး၊ ကျုပ်ရိုင်းမိသွားတယ်"
ထို့နောက်မှသာ တုဖေးစီးမှာ အကြည့်ကိုပြန်ရုတ်လျက် လုရှောင်ယန်ကိုကြည့်လိုက်သည်။
သူဟာ မျက်လုံးများကို ကျဉ်းမြောင်းလိုက်၏။
"ငါမင်းကိုအရင်ကတွေ့ဖူးလား?"
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၃၃။ အပိုင်း ၄၉၄ တိုက်ပွဲမီးက တစ်ဖန်ပြန်တောက်လာပြီ!
တုဖေးစီး၏စကားလုံးများက လုရှောင်ယန်ကို မျက်မှောင်ကျုံ့သွားစေ၏။
သူ့ထံ၌ ယခင်ဘဝရှိသည်ကို သိပါသည်။ ထို့အပြင် ထိုယခင်ဘဝမှာ မဟာအာကာပြင်တွင် နေထိုင်ခဲ့သည့် သူတော်စင်ဖြစ်ချေ၏။
ထို့ကြောင့် တုဖေးစီးက သူ့အား မြင်ဖူးသလိုဖြစ်နေရခြင်းကို နားလည်နိုင်ပေ၏။
သို့သော် သူဟာ ယခင်ဘဝက မည်သူမှန်းကိုမူမသိချေ။
တစ်ခဏအကြာ၌ တုဖေးစီးမှာ ခေါင်းခါလိုက်သည်။
"ငါမှားသွားတာနေမယ်။ ထားပါတော့၊ ဘာလို့အများကြီးတွေးနေရမှာလဲ? ငါမင်းကိုတကယ်မြင်ဖူးရင်တောင် မင်းကတစ်ခါသေပြီးပြီပဲ။ လက်ရှိမင်းက အမှိုက်သာသာပဲလေ။"
စကားဆုံးသည်နှင့် သူဟာ ခြေလှမ်းပေါ့ပေါ့ပါးပါးလှမ်းလျက် တမုဟုတ်ချင်း လုရှောင်ယန်ရှေ့မှောက် ရောက်လာ၏။
တိုက်ပွဲမှာ အသာစီးရခြင်းမရှိဘဲ စတင်နေပြီပင်။
နှစ်ဦးသားမှာ အတုမဲ့အဆင့်ပညာရှင်များဖြစ်ကြသည်။ ၎င်းတို့၏တိုက်ခိုက်မှုစွမ်းအားမှာ ဟင်းလင်းပြင်အကာအရံအား တစ်ခဏချင်းပင် အကြိမ်များစွာ အက်ကွဲနေစေလေသည်။
ထိုနှစ်ဦးမှာ တိုက်ခိုက်ရန် မဟာအာကာပြင်သို့ တိုက်ရိုက်ဝင်ရောက်သွား၏။
မတတ်နိုင်ပါချေ။ ထိုနှစ်ဦးက တကယ်ကိုစွမ်းအားကြီးမားလှသည်။ ၎င်းတို့၏စွမ်းအားမှာ နေရာရှိ လူတိုင်းကို အဆများစွာ ကျော်လွန်နေ၏။
ထိုနှစ်ဦးသာ သုံးလောက၌ တိုက်ခိုက်ပါလျှင်လည်း သုံးလောကတစ်ခုလုံး ပျောက်ကွယ်သွားလောက်သည်။
ထိုနှစ်ဦး မဟာအာကာပြင်ထဲ ဝင်ရောက်လိုက်သည်နှင့် ဖရိုဖရဲတိုက်ပွဲတစ်ခုမှာ ချက်ချင်း သုံးလောက၌ ထွက်ပေါ်လာတော့သည်။
ဘိုးဘေးဟုန်ကျွင်းမှာ ဘိုးဘေးယန်မေ့နှင့် အပေါင်းအပါများအား လုရှောင်ယန်၏ တပည့်များကို ဖယ်ရှားဖို့ ပြင်ဆင်ရန် ဦးဆောင်လမ်းပြလိုက်သည်။
ဟုန်ကျွင်းမှာ သုံးလောကအား ပြန်လုယူချင်နေ၏။
ထိုလောက,က သူနှင့်သာသက်ဆိုင်ပါ၏။ သူဟာ နှစပေါင်းများစွာ ကြိုးစားလုပ်ဆောင်ခဲ့ရသည်။ မည်သို့များ လုရှောင်ယန်ကို လွယ်လွယ်လေး လုယူခွင့်ပြုလိုက်ရမည်နည်း?
သို့ရာ၌ ဆင်းသက်လိုက်သည်နှင့် ၎င်းတို့မှာ ပြဿနာတစ်ခုကို ချက်ချင်းရှာတွေ့သွားတော့သည်။
"တစ်ခုခုတော့မှားနေပြီ။ တစ်ခုခုတော့မှားနေပြီဟ"
"ဂရုစိုက်ကြ။ ငါတို့ရဲ့ခွန်အားတွေ လျော့သွားပုံပဲ"
"အစီအရင်တစ်ခုပဲ! သူတကယ်ကြီး အစီရင်တစ်ခု ခင်းကျင်းထားခဲ့တယ်။"
အားလုံးမှာ မနေနိုင်ဘဲ ဆွံ့အသွားကြ၏။
မည်သူကမှ ၎င်းတို့၏အဆင့်၌ ထိုလူများမှာ ရန်သူနှင့် ရင်ဆိုင်ရန် အစီအရင်များခင်းကျင်းမည်ဟု မျှော်လင့်မထားခဲ့ချေ။
ထိုသည်က တကယ်ကို ရှက်ဖွယ်အလိလိပင်။
သို့သော် ဟုန်ကျွင်းမှာ ခပ်မြန်မြန်ပြုံးလျက် ပြောလိုက်၏။
"ဒီလုရှောင်ယန်က ကြောက်နေတာ။ မဟုတ်ရင် ဒီလိုရှက်ဖို့ ကောင်းတဲ့အရာကို ဘယ်လိုလုပ်ပါ့မလဲ။"
"ကောင်းပြီလေ! ဒါဆို သူတို့ကို တစ်ခါတည်း အပြီးသတ်ပေးလိုက်ကြတာပေါ့။"
ထိုသို့ပြောလိုက်သည်နှင့် အားလုံးမှာ စွမ်းအင်ပြည့်သွားကြ၏။
၎င်းမှာ လုရှောင်ယန်က သေချာပေါက် ရှုံးနိမ့်တော့မည်ဟု သိနေကြသလိုပါပင်။
သို့သော်ငြား နှစ်ဖက်ဆုံချိန်တွင် ၎င်းတို့မှာ အင်မတိအင်မတန်မှားသွားကြောင်းကို သိလိုက်တော့သည်။
လုရှောင်ယန်၏ အစီအရင်က ၎င်းတို့၏ကျင့်ကြံဆင့်ကို လျော့ကျစေရုံသာမက သူ၏ တပည့်များကျင့်ကြံဆင့်ကို တိုးတက်စေနိုင်သည်။
ထိုသို့ဖြင့် နှစ်ဘက်ကြား ကွာခြားချက်မှာ များများစားစားမရှိတော့ချေ။ ၎င်းတို့၏ အသာစီးရမှုမှာ မရှိတော့ချေပြီ!
၎င်းတို့အနေဖြင့် မတိုင်ခင်က ဘိုးလေးဟုန်ကျွင်းနှင့်အတူလာရဲခြင်းမှာ ၎င်းတို့၏ကျင့်ကြံဆင့်က အတော်လေးမြင့်မားလှပြီး လုရှောင်ယန်၏ တပည့်များထက် များစွာကျော်လွန်နေ၍ဖြစ်သည်။
ထိုသည်က လူတိုင်းသေလိမ့်မည်မဟုတ်ကြောင်းသေချာပြီး သုံးလောကကို အလွယ်လေးပြန်သိမ်းယူနိုင်မည်ဖြစ်သောကြောင့်ပင်။
သို့သော်လည်း ယခုတွင် ၎င်းတို့အတွက် သုံးလောကကို ပြန်ယူရန် မလွယ်တော့ရုံမက ဤနေရာ၌ပင် သေဆုံးသွားနိုင်ချေရှိသည်။
ထိုအချိန်တွင် မည်သူက မပူပန်ဘဲ နေလိမ့်မည်နည်း?
၎င်းတို့အားလုံးမှာ ဖရိုဖရဲခေတ်ကတည်းက ရှင်သန်ရန် ကျင့်ကြံပြီးရင်းကျင့်ကြံခဲ့ကြကာ ယနေ့အထိ နေနိုင်ခဲ့ခြင်းဖြစ်သည်။
၎င်းတို့သာ ဤနေရာ၌ သေသွားပါလျှင် ယခင်က အားထုတ်မှုအလုံးစုံအား ဖြုန်းတီးရာကျပေမည်။
ဖုန်းထျန်းယွမ်မှာ အခြားတပည့်များအား ဦးဆောင်ကာ ပြန်လည်တိုက်ခိုက်ရန် အခွင့်ရေးယူလိုက်သည်။
"ညီအစ်ကိုတို့! အခုက တိုက်ခိုက်ရမယ့်အချိန်ပဲ။ အားလုံးပဲ အတူတူတိုက်ခိုက်ကြပြီး ဘိုးဘေးဟုန်ကျွင်းကို တစ်စစီဆုတ်ဖြဲကြမယ်။"
"သတ်ကြ!"
အမည်မဲ့ဂိုဏ်းသားအုပ်စုမှာ ချက်ချင်းပင် အရူးအမူးတန်ပြန်တိုက်ခိုက်လိုက်ကြတော့၏။
များစွာသောအလင်းများမှာ ကွင်းပြင်သို့ ပြေးဝင်လာပြီး ဘိုးဘေးယန်မေ့နှင့် အပေါင်းအပါများ၏ နှလုံးသားများတုန်ရီလာသည်။
ဘိုးလေးဟုန်ကျွင်းမှာ အေးစက်စက်ပြောလိုက်၏။
"မပူပါနဲ့။ သူတို့တွေရဲ့ကျင့်ကြံဆင့်တွေ ဒီအထိရောက်ဖို့ အစီအရင်တွေပေါ်မှာ မှီခိုနေကြတာပါ။ အစီရင်တွေမရှိရင် ငါတို့ရဲ့ ဖိနပ်တွေကို သယ်ဖို့တောင် အရည်အချင်းမီမှာမဟုတ်ဘူး။"
"ငါတို့အရင်ဆုံးအစီအရင်တွေကို ဖျက်ဆီးလိုက်ရင် သူတို့တွေ တိုက်ခိုက်နိုင်တော့မှာမဟုတ်ဘူး။"
"သုံးလောကကို ပြန်ယူနိုင်တာနဲ့ မင်းတို့ကို ဆိုးဆိုးရွားရွားဆက်ဆံမှာမဟုတ်ဘူးလို့ သေချာပေါက် အာမခံတယ်။"
"လူတိုင်းမှာ အတုမဲ့အဆင့်ကိုရောက်ဖို့ အခွင့်အရေးရှိလာလိမ့်မယ်!"
၎င်းကိုကြားပြီးနောက်တွင် အားလုံးမှာ တစ်ဖန်အားအင်ပြည့်သွားဟန်ပေါ်ကာ ချက်ချင်းတိုက်ခိုက်လိုက်ကြ၏။
နှစ်ဘက်စလုံးမှာ အပြင်းအထန် ထိခတ်မိသွားကြသည်။ တစ်ခဏအတွင်း လောကကြီးမှာ ဆိုးရွားစွာပြောင်းလဲလျက် သုံးလောကကို ငိုကြွေးစေခဲ့၏။
အမည်မဲ့ဂိုဏ်းသားများမှာ စွမ်းအားမလုံလောက်ပါသော်ငြား အရေအတွက်ကတော့ သာလေ၏။
လူဒါဇင်ချီက လူတစ်ယောက်ကိုတိုက်ခိုက်လျှင် ၎င်းတို့၏စွမ်းအားမလုံလောက်လျှင်တောင်မှ အချိန် အနည်းနှင့်အများတော့ ဆွဲနိုင်လိမ့်မည်!
ဖုန်းထျန်းယွမ်၏ ပန်းတိုင်မှာ ဘိုးဘေးဟုန်ကျွင်းဖြစ်၏။
အကြီးဆုံးဆရာတူအစ်ကိုမှာ ကောင်းကင်ဘုံခုံရုံးတိုက်ပွဲ၌ ၎င်းကိုယ်ကို စွန့်လွှတ်သွားခဲ့ချေသည်။
ဆရာတူအစ်မနှစ်မှာလည်း ပြန်မလာသေးဘဲ ဆရာတူညီလေးခုနှစ်မှာလည်း အရှေ့ပင်လယ်သို့ သွားနေရ၏။
လက်ရှိတွင် သူကသာ ဤနေရာ၌ အသန်မာဆုံးဖြစ်သည်။ သူသာလျှင် ဘိုးဘေးဟုန်ကျွင်းကိုတားဆီးနိုင်ပါသည်။
"မင်းက သေခြင်းကိုတောင့်တနေတာပဲ!"
ဘိုးဘေးဟုန်ကျွင်းမှာ အရူးအမူးတိုက်ခိုက်လိုက်၏။
ထိုးချက်တစ်ချက်ဖြင့် ဟင်းလင်းပြင်အပြောင်းအလဲမှာ နှောင့်ယှက်ခံလိုက်ရပြီး အာကာပြင်တစ်ခုလုံးမှာလည်း လည်ထွက်သွား၏။ ကြီးမားသောအားကြီးမှာ ဖုန်းထျန်းယွမ်အား နောက်သို့ တိုက်ရိုက်လွင့်ထွက်သွားစေသည်။
"မင်းကိုယ်မင်း ဒီအစီအရင်လေးလောက်နဲ့ ငါ့ကိုရင်ဆိုင်နိုင်မယ်လို့ တကယ်ကြီးထင်နေတာလား? ငါတို့ကြားက ခြားနားချက်က သဘာဝ တွင်းနက်ကြီးလို့ပဲ။ အစီအရင်က ငါမင်းကို ပိုကောင်းကောင်းရိုက်နိုင်ဖို့ပဲ ကူညီလိမ့်မယ်။"
စကားဆုံးသည်နှင့် အားတစ်ခုမှာ သူ၏မျက်နှာသို့ ဝင်ဆောင့်သွားသည်။
ထိုအားမှာ စွမ်းအားမကြီးဘဲ မည်သည့်ထိခိုက်မှုမှလည်း ဖြစ်မသွားစေချေ။ သို့ရာ၌ ထို စော်ကားမူက ဘိုးဘေးဟုန်ကျွင်းကို သည်းမခံနိုင်ဖြစ်စေသည်။
"ခွေးကောင်! ဘယ်သူလဲဒါ?"
"ငါပဲလေ"
ထုံးထျန်းမှာ လူအုပ်ထဲမှ လှမ်းထွက်လာပြီး ဟုန်ကျွင်းအား အေးစက်စက်ကြည့်လိုက်သည်!
ဟုန်ကျွင်းမှာ အင်မတန် ဒေါသထွက်သွားပါ၏။
"ထုံးထျန်း၊ မင်းပဲပေါ့လေ! ခွေးကောင်! မင်း အရင်က ငါ့ရဲ့လမ်းညွှန်မှုကို တကယ်မေ့သွားပြီလား?"
ထုံးထျန်းမှာ အေးစက်စက်ပြောလိုက်သည်။
"ဒါပေါ့ မမေ့သေးပါဘူး။ ကျွန်တော် ခင်ဗျားရဲ့စွမ်းအားနဲ့ ဂုဏ်ပုဒ်ကို ခိုင်မာစေဖို့ ကျုပ်တို့အားလုံးကို လမ်းညွှန်မှုအမည်နဲ့ ကောင်းကင်တာအိုထဲ ဆွဲခေါ်ပြီး ခင်ဗျားရဲ့ အစေအပါးဖြစ်လာစေခဲ့တာကို မှတ်မိနေတုန်းပဲ!"
"ခင်ဗျားက ကျုပ်တပည့်တွေကို သုံးလောက သန့်စင်ဖို့ တမင်သက်သက် ထိခိုက်စေခဲ့တာကိုလည်း မှတ်မိသေးတယ်။ ခင်ဗျားက ကျုပ်ရဲ့တပည့်အတော်များများကို နတ်ဘုရားချိပ်ပိတ်အတိဒုက္ခမှာ သနားဖို့ကောင်းအောင် သေစေခဲ့တယ်။"
"ခင်ဗျားကျုပ်ကို ခရမ်းသွေးတိမ်တိုက်နန်းတော်ထဲမှာ အကျဉ်းချပြီး နှစ်ပေါင်းသောင်းနဲ့ချီအောင် ထားခဲ့တာ။"
"ကျုပ်အားလုံးကို မှတ်မိတယ်။ ကျုပ် သေချာပေါက် မေ့မှာမဟုတ်ဘူး။"
"မင်း!"
ဘိုးဘေးဟုန်ကျွင်းမျာ ဒေါသထွက်လွန်း၍ မျက်နှာပင်ဖြူဖျော့နေသည်။ သူဟာ ထုံးထျန်းအား ရင်ဆိုင်တိုက်ခိုက်လုဆဲဆဲတွင် အင်မတန်အားကောင်းလှသော အားမှာ သူ၏နောက်ကျောအား ထိခိုက်သွားစေ၏။
၎င်းက ထုံးထျန်း၏စွမ်းအားနှင့် တူညီပါ၏။ ၎င်းက ထိုမျှလောက်စွမ်းအားမကြီးဘဲ သရော်မှုနှင့် ပြည့်နေသည်။
ဘိုးဘေးဟုန်ကျွင်းမှာ ရှေ့ဘက်သို့ သွားလိုက်၏။
ခြေလှမ်းတချို့ လှမ်းပြီးနောက်၌ သူဟာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဒီတစ်ခေါက်က ဘယ်သူလဲ?"
"ကျွန်မပဲ!"
ဟိုတုမှာလည်း လူအုပ်ထဲမှ ထွက်လာသည်။
"ဟုန်ကျွင်း သုံးလောကကိုသန့်စင်ဖို့ ရှင့်ရဲ့ ကိုယ်ပိုင်တစ်ကိုယ်ကောင်း ဆန္ဒတွေအတွက် ရှင်က မဟာမာဂီနတ်ဆိုးစစ်ပွဲကိုတောင် နှိုးဆွဖို့ တုံ့ဆိုင်းမနေခဲ့ဘဲ ကျွန်မရဲ့ မောင်နှမတွေအားလုံးကို နတ်ဆိုးစစ်ပွဲထဲမှာ သေစေခဲ့တယ်။"
"အကြွေးတွေကို ဒီနေ့ပဲ ပေးရမယ်။"
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၃၃။ အပိုင်း ၄၉၅ ဝူရှား ပြန်လာပြီ
"ကောင်းပြီ! ကောင်းပြီ! ကောင်းပြီ!"
ဘိုးဘေးဟုန်ကျွင်းမှာ အင်မတန် ဒေါသဖြစ်လှသောကြောင့် "ကောင်းပြီ" ဟူ၍ တစ်ဆက်တည်း အကြိမ်များစွာပြောလိုက်လေသည်။
"သောက်ကောင်စုတ်လေးတွေ။ အရင်က ငါ့ကြောင့်သာမဟုတ်ရင် သမိုင်းမြစ်ရှည်ကြီးတစ်လျှောက်လုံးမှာ ပြာအဖြစ်ပြောင်းသွားကြလောက်ပြီ။ ဒီနေ့ မင်းတို့တကယ်ပဲ ဒီမှာ စွမ်းအားကိုပြသနေကြတယ်။ ဒီလိုဆိုမှတော့ မင်းတို့လမ်းကိုပဲ ပို့ရတော့မှာပေါ့။'
ဘိုးဘေးဟုန်ကျွင်းမှာ ရှေ့သို့ မှီလိုက်၏။
သူ၏စွမ်းအားမှာ အင်မတန်အားကောင်းလှကာ အနီးဝန်းကျင် နိယာမစွမ်းအားများအား လှုပ်ခတ်သွားစေ၏။ ဟင်းလင်းပြင်အကာအရံသည်ပင် အက်ကွဲသွားသည်။
ထိုခြောက်လှန့်မှုက ဖုန်းထျန်းယွမ်နှင့် ကျန်သူများ၏ နှလုံးအိမ်ကို လေးလံလာစေသည်။
သူဟာ ဘိုးဘေးဟုန်ကျွင်းက အစီရင် ဖိနှိပ်မှုနှင့်တောင် အင်မတန်စွမ်းအားကြီးလှမည်ဟု ထင်မထားခဲ့ချေ။
ထိုသို့တွေးနေစဉ်မှာပင် ဘိုးဘေးဟုန်ကျွင်းမှာ ဖုန်းထျန်းယွမ်ရှေ့သို့ ရောက်နေပြီဖြစ်၏။
နိယာမစွမ်းအားမှာ သူ၏လက်သီး၌ စုစည်းသွားလျက် ဖုန်းထျန်းယွမ်ထံ တည့်တည့် ဦးတည်သွားတော့သည်။
ကျောင်းအုပ် ထုံးထျန်းနှင့် ဟိုတုမှာ နှစ်ဘက်စလုံးမှ တိုက်ခိုက်လိုက်ကာ ဘိုးဘေးဟုန်ကျွင်း၏ တိုက်ခိုက်မှုအား ခွဲခြမ်းချင်နေပါ၏။
ကံမကောင်းစွာဖြင့် ဘိုးဘေးဟုန်ကျွင်းမှာ ဂရုစိုက်ပုံမရချေ။ ထိုနှစ်ဦးအား တိုက်ခိုက်ခွင့်ပြုထားပြီးနောက်မှ ဖုန်းထျန်းယွမ်၏ ရင်ဘတ်ကို ထိုးချလိုက်သည်။
ထုံးထျန်းနှင့် ဟိုတုတို့၏စွမ်းအားမှာ ဘိုးလေးဟုန်ကျွင်း၏ကိုယ်အား အနည်းငယ်သာ တုန်ယင်သွားစေသော်လည်း သူ၏ လက်သီးချက်မှာမူ အာကာပြင်ကိုဖြတ်သန်း ထိုးခွင်းလာတော့သည်။
ဖုန်းထျန်းယွမ်မှာ လုံးဝ သတိလက်လွတ်မနေဝံ့တော့ဘဲ လက်များဖြင့် ကာရံလိုက်သည်။ ကံမကောင်းစွာဖြင့် ထို့သို့ဆိုလျှင်တောင် သူဟာ ထိုစွမ်းအားကြီးအား ခုခံနိုင်ခြင်းမရှိပါချေ။
သူ၏လက်များမှာ နေရာ၌ပြတ်ထွက်သွားသည်။ ထို့နောက် ဘိုးဘေးဟုန်ကျွင်း၏စွမ်းအားက သူ၏ရင်ဘတ်အား အပေါက်ကြီးကြီးဖြစ်သွားစေသည်။
နိယာမစွမ်းအားမှာ အင်မတန်စွမ်းအားကြီးလှကာ ဖုန်းထျန်းယွမ်၏ကိုယ်ရှိ လှည့်ပတ်နေသော နိယာမစွမ်းအားကိုပင် ထိုအချိန်၌ ရပ်တန့်သွားစေသည်။
ဖုန်းထျန်းယွမ်မှာလည်း တစ်ခဏအတွင်း အမြှောက်ဆံကဲ့သို့ ရူးနှမ်းစွာ ပျံထွက်လာသည်။ အဆုံး၌ သူဟာ အလင်းတန်းအသွင်ပြောင်းလျက် ရွှေရောင်အောက်ကျွင်းထံ လွင့်ထွက်သွား၏။
ပြင်းထန်သော ပေါက်ကွဲမှုပြီးနောက် ရွှေရောင်အောက်ကျွန်းတစ်ခုလုံးမှာ အက်ကွဲသွားသည်။
ကြီးမားလှသော စွမ်းအားနှင့် လျှပ်တစ်ပြက်လှိုင်းတို့မှာ ပင်လယ်မျက်နှာပြင်အား အဘက်ဘက်မှ စတင်ရွေ့လျားလာစေသည်ပင်။
"ဆရာတူအစ်ကိုသုံး!"
စုန့်ရှင်းနျန်မှာ အော်ဟစ်လျက် ကူညီရန် ပြေးလာချင်နေ၏။ သို့သော် ဘိုးဘေးယန်မေ့က သူ့အား နှောင့်ယှက်နေခြင်းကြောင့် လုံးဝမကူညီနိုင်ဘဲရှိနေ၏။ ထို့အပြင် သူဟာလည်း ဖိနှိပ်ခံထားရကာနောက်ပြန်ဆုတ်ရန် ထပ်ခါထပ်ခါ ဖိအားပေးခံနေရ၏။ ကိုယ့်ကိုယ်ကိုယ်တောင် ဂရုမစိုက်နိုင်ဘဲ မည်သို့များ ဖုန်းထျန်းယွမ်ကို ကူညီနိုင်မည်နည်း?
"နားမလည်တဲ့ကောင်တွေ ဒီနေ့ကမင်းတို့ရဲ့သေနေ့ပဲ။ ဒါက နတ်ဘုရားတစ်ပါးကိုဆန့်ကျင်တဲ့ တန်ဖိုးပဲ။"
ဘိုးဘေးဟုန်ကျွင်းမှာ ဖုန်းထျန်းယွမ်အား အင်မတန် အထင်သေးစွာကြည့်လျက် ပြေးဆင်းသွားသည်။
သူဟာ ဖုန်းထျန်းယွမ်ကို သတ်ပစ်ချင်နေ၏။
ဖုန်းထျန်းယွမ်မှာ လုရှောင်ယန်၏ တိုက်ရိုက်တပည့်ဖြစ်သည်။ သူသာ ထိုလူအား သတ်လိုက်နိုင်လျှင် လုရှောင်ယန်၏ စိတ်အား သေချာပေါက် နှောင့်ယှက်နိုင်ပေလိမ့်မည်။
ထိုအချိန်၌ တုဖေးစီးမှာ သူ့အား အနိုင်ယူရန် အခွင့်ကောင်းသွားမည်ဖြစ်၏။
သူဖြစ်ချင်သည်မှာ လုရှောင်ယန် သေရန်ဖြစ်သည်!
လုရှောင်ယန်ကိုသတ်ခြင်းကပင် သူထပ်မံတိုးတက်လာရန် အခွင့်ရေးရမည်ဖြစ်၏။
မဟာအာကာပြင်အထက်၌ တုဖေးစီးနှင့် လုရှောင်ယန်တို့မှာ မြဲမြဲမြံမြံတိုက်ခိုက်နေကြ၏။
တစ်ခါတိုက်ပြီးနောက် တုဖေးစီးမှာ ကွဲပြားစွာပြောလိုက်သည်။ "မင်းရဲ့တပည့် သတ်ခံရတော့မယ့်ပုံပဲ။ မင်းဆက်ပြီးတိုက်ခိုက်ချင်နေသေးတာလား? မင်းတို့စွမ်းအားက မဆိုးလှဘူးထင်ထားတာ။ မင်းက အမှိုက်ဟုန်ကျွင်းထက်တောင် အဆတစ်ရာသာသေးတယ်။"
"မင်းသာ နဝမ ဖန်ဆင်းခြင်းနတ်ဘုရား အရှင်သခင်ယဲ့ချန်ဆီမှာ အညံ့ခံရင် မင်းရဲ့အသက်ကိုလွှတ်ပေးပြီး ဒီသုံးလောကကို ဆက်ထိန်းချုပ်ခွင့်ပေးထားမယ်။"
"ဒါက မင်းအတွက် တကယ်ကောင်းတဲ့ တောင်းဆိုချက်ပဲ။"
"သခင်ယဲ့ချန်က မဟာအာကာပြင်မှာ အရမ်းကိုစွမ်းအားကြီးတဲ့ ဖန်ဆင်းခြင်းနတ်ဘုရားဆိုတာ မင်းသိသင့်တယ်!"
"သူ့ကိုသာ မင်းဆရာအဖြစ်အသိအမှတ်ပြုလိုက်ရင် သူ့ရဲ့ကာကွယ်မှုကိုရလိမ့်မယ်။ အနာဂတ်မှာ ဘယ်သူကမှ မင်းကို အနိုင့်ကျင့်လိမ့်မှာမဟုတ်ဘူး!"
လုရှောင်ယန်မှာ အောက်ဘက်ရှိ အခြေအနေအား သိနေပါ၏။ ပြောရလျှင် ထိုအခြေနေက တစ်ဖက်လူရောက်မလာခင်အထိ ဆက်ဖြစ်နေမည်ဟု ခန့်မှန်းမိသည်။
သူ့တပည့်များ၏စွမ်းရည်မှာ သေချာပေါက် မလုံလောက်ပါချေ။
၎င်းတို့ဟာ ဘိုးဘေးဟုန်ကျွင်းကို ထိုမျှတိုတောင်းလှသည့်အချိန်အတွင်း မည်သို့များ အနိုင်ယူနိုင်လိမ့်မည်နည်း?
ထိုသည်က အရူးတစ်ယောက်အိပ်မက်ပါပင်။
သို့သော် သူဟာ ယဲ့ချန်ကိုလုံးဝအညံ့ခံမည်မဟုတ်ပေ။
ထိုသည်မှာ ယဲ့ချန်အားအညံ့ခံလိုက်သည်နှင့် တိုးတက်နိုင်ခွင့်ကို ထာဝရဆုံးရှုံးလိုက်ရပြီး ဖန်ဆင်းခြင်းနတ်ဘုရားအဆင့်သို့ ဘယ်တော့မှ ရောက်တော့မည်မဟုတ်ပေ။
သူသာ ဖန်ဆင်းခြင်းနတ်ဘုရားအဆင့်ထံ မရောက်နိုင်ပါလျှင် ဘဝက အခြားသူများလက်တွင်း၌ ထာဝရ အကျဉ်းချခံလိုက်ရမည်ပင်။
အခြားလူများက သူ့အားရှင်သန်စေချင်လျှင် ရှင်သန်လိမ့်မည်။ အခြားသူများသေစေချင်လျှင် သူဟာ သေလိုက်မည်ဖြစ်၏။
ထိုကဲ့သို့ မရှင်သန်ချင်ပါချေ။
ထို့အပြင် အစီအရင်မှာ ခဏမျှ ထိန်းထားနိုင်ဆဲပင်။ လုရှောင်ယန်သာ အချိန်နည်းနည်းလောက်ရရင် သူ့ရှေ့ရှိ တုဖေးစီးအားသတ်လိုက်နိုင်သညှ့်အပြင် ဖုန်းထျန်းယွမ်ကိုလည်း အချိန်မီ ကယ်နိုင်မည်။
"မင်းကိုယ်မင်းအရင်စိတ်ပူသင့်တယ်။ ဘာလို့အရင် ငါ့ဆီမှာ အညံ့မခံရတာနဲ့? ငါမင်းကိုခွင့်လွှတ်ပေး အသက်ကို ချမ်းသာပေးမှာပါ။"
လုရှောင်ယန်မှာ တစ်ဖက်လူထံ တမင်သက်သက်ပင် ဒေါသကိုဦးတည်လိုက်ရာ တုဖေးစီး၏အမူအရာက ရုတ်တရတ်အေးစက်သွား၏။
"ဟမ့်! မင်းအတွက် ဘာကကောင်းလဲဆိုတာကို မသိဘူးပဲ။ မင်းကတော့ ရှင်သန်နေရတာကိုပင်ပန်းနေပြီထင်တယ်။ သေလိုက်တော့!"
ဒေါသအော်သံနှင့်အတူ ၎င်းတို့နှစ်ဦးကြား တိုက်ပွဲမှာ ပိုလို့ပင် ပြင်းထန်လာ၏။
အောက်ရှိတိုက်ပွဲတွင် ဟုန်ကျွင်းမှာ ဖုန်းထျန်းယွမ်ထံ ခုန်အုပ်လိုက်သည်။ ဖုန်းထျန်းယွမ်အတွက် ထိုတိုက်ကွက်ကို ရှောင်နိုင်ရန်လည်း မဖြစ်နိုင်ပါချေ။
ဟုန်ကျွင်း၏တိုက်ခိုက်မှုသာ ကျရောက်လာလျှင် သူသေချာပေါက် သေရလိမ့်မည်။
သို့သော် သူဟာ ယွင်လီကောနှင့်မတူချေ။
ယွင်လီကောက ဘဝအမှတ်သားကိုမရှာတွေ့ခဲ့သဖြင့် ပြန်မရှင်သန်နိုင်ခြင်းပင်။
သို့ရာ၌ ဖုန်းထျန်းယွမ်မှာ ပြန်လည်ရှင်သန်နိုင်ပါ၏။ ထိုအချိန်က အင်မတန်ရှည်ကြာညောင်းလှမည်ဖြစ်သော်လည်း ကိစ္စမရှိချေ။ သူပြန်လည်ရှင်သန်နိုင်သည်နှင့် အဆင်ပြေပါသည်။
"ဆရာ၊ ကျွန်တော်အရင်သွားတော့မယ်။ အခက်ခဲအားလုံးကျော်ဖြတ်နိုင်ဖို့ မျှော်လင့်ပါတယ်။ မဟာအာကာပြင်ရဲ့ များပြားလှတဲ့လောကမှာ ဆရာ့ကို ပြန်မြင်တွေ့ချင်ပါတယ်။"
သို့သော် စကားဆုံးသည်နှင့် ကမ္ဘာမြေတုန်လှုပ်ဖွယ် ဇာမဏီမြည်ကြွေးသံက ရုတ်တရတ် မဟာအာကာပြင်၌ ပေါ်ထွက်လာ၏။
"ဆရာတူမောင်လေး၊ မပူပါနဲ့။ ခွေးအိုလေး ဟုန်ကျွင်းတစ်ကောင်က မင်းကိုထိဖို့ အရည်ချင်းမရှိဘူး။"
ထိုအသံက ဖုန်းထျန်းယွမ်အား ရပ်တန့်ကာ ပျော်ရွှင်သွားစေ၏။
"ဆရာတူအစ်မနှစ်! နောက်ဆုံးတော့ ပြန်လာပြီ!"
ဘိုးဘေးဟုန်ကျွင်းမှာ နှာမှုတ်လျက် သူ့ရှေ့သို့ ရောက်နေပြီပင်။
"ဘယ်သူကမှ ဒီနေ့မင်းကိုမကယ်နိုင်ဘူး။ မင်းအခုပဲ သေနိုင်တယ်။"
စကားဆုံးသည်နှင့် မယုံကြည်နိုင်ဖွယ် စွမ်းအားကြီးတစ်ချက်မှာ သူ၏ခေါင်းကို ဦးစွာ ကန်ထုတ်လိုက်သည်။
ဘုန်း!
ထိုစွမ်းအားက ဘိုးဘေးဟုန်ကျွင်းကို ပျံထွက်သွားစေကာ ပင်လယ်ရေမျက်နှာပြင်အထက် ၅၀၀၀ကီလိုမီတာကို ကျော်ဖြတ်သွားစေသည်။
ပင်လယ်တစ်ခုလုံးမှာ နှစ်ခြမ်းကွဲသွားလိမ့်မည်ပင်။
အဆုံး၌ သူဟာ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ဆင်းသက်ကာ ထို ရောက်လာသည့် အချိန်လေး၌ ပေါက်ကွဲသွားပါ၏။
"စွမ်းအားကြီးလိုက်တာ!"
ထိုအချိန်၌ ဘိုးဘေး ယန်မေ့၏ သူငယ်အိမ်များမှာ တွန့်သွားတော့သည်။
"ဘာလို့သူမက အဲ့လောက်စွမ်းအားကြီးရတာလဲ? ဒီစွမ်းအားကို ဘယ်ကနေရလာတာလဲ?"
"ဒီစွမ်းအားကို အရမ်းရင်းနှီးနေတယ်။ ဒါက အနှစ်သာရဇာမဏီရဲ့ စွမ်းအားမဟုတ်လား?"
"သေစမ်း၊ သူမက တကယ်ကြီး အနှစ်သာရဇာမဏီဝင်စားထားတာလား? သူမက အနှစ်သာရဇာမဏီစွမ်းအားကို စုပ်ယူတာလား?"
"ဒါတင်မကသေးဘူး။ ဇာမဏီရဲ့ခွန်အားက ပြန်လည်မွေးဖွားပြီးတိုင်း ပိုသန်မာလာတာကြောင့် သူမက အရင်က အနှစ်သာရဇာမဏီထက် ပိုသန်မာတယ်။"
***