← Chapters

အခန်း (၄၈၆-၄၉၀)

Vol. 33 Ch. 486-490

အခန်း (၄၈၆-၄၉၀)

Vol. 33 Ch. 486-490

အပိုင်း ၄၈၆ ကျော်ဖြတ်ခြင်း၊ အတုမဲ့အဆင့်!

ပန်ဂုမှာ ၎င်းထံ၌ မည်သည့်ဓမ္မရတနာမှ မရှိလျှင်တောင် ယုံကြည်ချက်ရှိကာ လောက၌ အသန်မာဆုံးပုဂ္ဂိုလ် ဖြစ်ဆဲပင်။

သူဟာလုရှောင်ယန်အား လုံးဝမကြောက်ရွံ့ပါချေ!

ပြောရလျှင် သူဟာ ယုံကြည်ချက်ရှိရန်လည်း တကယ်ကို အခွင့်ရှိပါ၏။

လောကအား ထုတ်ဖော်ပေးခဲ့ဖူးပြီး လောကတွင်အသန်မာဆုံးဖြစ်သည့် လူတစ်ဦးအနေဖြင့် သူဟာ သူ၏စွမ်းအားကို ကောင်းစွာနားလည်ပါ၏။

ထိုစွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းလွန်း၍ သူသည်ပင် တစ်ခါတရံ ကြောက်ရွံ့ရသည်ပင်။

၎င်းမှာ သာမန်လူများ စိတ်ပင်မကူးနိုင်သည့် စွမ်းအားဖြစ်သည်။

၎င်းက ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ရွှေရောင်အမတအရှင်သည်ပင် နှောင့်ယှက်နိုင်ရန် အရည်ချင်းမမီနိုင်လောက်သည့် အားတစ်ခုပါပင်။

သူ၏ရှေ့မှောက်၌ လုရှောင်ယန်မှာ ပိုးမွှားလေးတစ်ကောင်နှယ်ဖြစ်နေ၏။ အဆုံး၌ လုရှောင်ယန်သာ ဖျက်ဆီးခံရလိမ့်မည်ဖြစ်သည်။

ထိုအရှိန်အဝါပျောက်ကွယ်သွားသည်နှင့် လုရှောင်ယန်၏အသိစိတ်ပင်လယ်မှာ တမုဟုတ်ချင်း အပြင်းအထန်တိုးထွက်လာခဲ့သည်။

အသိစိတ်ပင်လယ်တစ်ခုလုံးမှာ ဟစ်အော်နေသည့်ပင်လယ်တစ်စင်းလိုပါပင်။ ၎င်းက လုံးဝ ရပ်နားခြင်းမရှိဘဲ ကံဆိုးခြင်းဝေဒနာတို့နှင့်ပြည့်နေ၏။ ပန်ဂု၏အနှစ်သာရဝိဉာဉ်မှာ ပြိုင်ဘက်ကင်းသူတော်စင်သုံးပါးအသွင်ပြောင်းသွားကာ ၎င်းတို့ ပြသသည့်စွမ်းအားက ထိုမျှစွမ်းအားမကြီးပါချေ။ ၎င်းတို့မှာ ထိုအဆင့်ကပင် ဝေးကွာလှသည်ဟု ဆိုနိုင်ပေသည်။

သို့သော် သူဟာ ထိုအနှစ်သာရဝိဉာဉ်စွမ်းအား,အလုံးစုံကို ပေါင်းစပ်လိုက်ချိန်၌ ကျင့်ကြံဆင့်က ချက်ချင်းတိုးတက်သွားသည်။ ၎င်းက တစ်နှင့် တစ် ပေါင်းသလိုမျိုး ရိုးရှင်းမနေပါချေ။

သူ၏စွမ်းအားမှာ အဆုံးမဲ့တိုးတက်လာသည်။

ထိုအနှစ်သာရဝိဉာဉ်မှာ ပိုမိုအားကောင်းသည်ထက် အားကောင်းလာ၏! ၎င်းက အင်မတန်စွမ်းအားကြီးမားလှကာ တစ်လောကလုံးကိုပင် ထောက်ပံ့နိုင်ရန် လုံလောက်နေ၏!

"မင်းမြင်ပြီလား? လုရှောင်ယန်! ဒါက... ငါ့ရဲ့ဓမ္မရုပ်တုခန္ဓာအစစ်အမှန်ပဲ။ ဒါက ငါ့စွမ်းအားရဲ့ ထင်ရှားမှုလည်းဖြစ်တယ်။"

"ငါ့အရှေ့မှာ၊ မင်းက ဖုန်မှုန့်လေးတစ်မှုန့်လိုမျိုး သာမန်မျက်စိနဲ့တောင်မမြင်နိုင်ဘူး။"

"မင်းက ဒီလောက်မထင်မရှားလေးဖြစ်နေတာတောင် ငါ့ကို တိုက်ခိုက်ဝံ့သေးတာလား?"

လုရှောင်ယန်မှာ လက်ကိုနောက်ပို့လျက် ကြည့်လိုက်သော်လည်း မျက်ဝန်းထဲ၌ မည်သည့်အကြောက်တရားမှရှိမနေပါချေ။

"ပန်ဂု၊ ဘေးကိုလည်းသေချာကြည့်လိုက်ပါဦး။ ဘယ်သူက မထင်မရှားဖြစ်တဲ့သူလဲလို့လေ?"

ပန်ဂုမှာ မျက်ခုံးပင့်လိုက်သည်။

"ဒီအချိန်မှာ မင်းက ငါနဲ့ ဆန်းကြယ်သလိုပြုမှုချင်နေသေးတာလား? အဓိပ္ပာယ်မရှိဘူးနော်။ ဘာပဲဖြစ်ဖြစ် မင်းဒီနေ့သေရမှာပဲ!"

သို့သော် စကားဆုံးသည်နှင့် သူ၏ပုခုံးမှာ ခပ်ပြင်းပြင်း အပုတ်ခံလိုက်ရသည်။

သူဟာ တစ်ဖက်လှည့်လျက် မျက်လုံးများက ချက်ချင်းပြုးကျယ်သွား၏။

"ဘာလဲဟ?"

သူ၏နောက်ကလူမှာ ‌တကယ်ကို လုရှောင်ယန်ပါပင်!

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

သူဟာ ထိုဓမ္မရုပ်တုအား အသုံးပြုခဲ့ပြီး ခန္ဓာကလည်း အထွဋ်အထိပ်ကိုရောက်နေပြီပင်!

သို့သော် လုရှောင်ယန်မှာ သူ့အားဆက်လက်တိုက်ခိုက်နိုင်နေ၏။ ထိုသည်က လုရှောင်ယန်မှာ သူ့လိုမျိုး များပြားလှသည့် စိတ်စွမ်းအား ရှိနေနိုင်သည်လား?

ထိုအတွေးမဆုံးခင်မှာပင် တစ်ယောက်ယောက်က သူ၏အခြားပခုံးတစ်ဖက်ကို ပုတ်လိုက်ပြန်သည်။

သူဟာ ချက်ချင်းကြည့်လိုက်ရာ နှလုံးအိမ်က တစ်ဖန်တုန်ရီသွားပြန်၏။

သူ၏ရှေ့မှောက်ရှိလူမှာ တကယ်ကြီး နောက်ထပ်လုရှောင်ယန်ပင်။

လုရှောင်ယန်မှာ တကယ်ပင် ဓမ္မရုပ်တုနှစ်ခုအားအသုံးပြုနေခဲ့သည်လား?

ထို့အပြင် ဓမ္မရုပ်တုတိုင်းက သူ့နှင့် ထပ်တူကျနေပေသည်။

ထိုသည်က လုရှောင်ယန်စိတ်စွမ်းအားမှာ သူ့အား များစွာကျော်လွန်နေသည်ဟု ဆိုနေသည်လား?

သို့သော် ထိုထိတ်လန့်မှုမှာ ရပ်တန့်မသွားသေးချေ။

ထို့နောက် တတိယမြောက်လုရှောင်ယန်၊ စတုတ္ထမြောက်လုရှောင်ယန်၊ ပဉ္စမ၊ ဆဌမ၊ သတ္တမ လုရှောင်ယန်တို့ဖြစ်လာ၏...

အသိစိတ်ပင်လယ်တစ်ခုလုံး လုရှောင်ယန်နှင့် ပြည့်လုပြည့်ခင်ပင်ဖြစ်သွားသည်။

ပန်ဂု၏အနှစ်သာရဝိဉာဉ်မှာ လုံးဝကြောင်အမ်းနေ၏။

ဘာတွေဖြစ်နေတာလဲ?

သူဟာ သူ၏ဓမ္မရုပ်တုကို အသုံးပြုခဲ့သည်ပင်!

၎င်းက သူ၏အသန်မာဆုံးလမ်းစဉ်ဖြစ်ပါသော်လည်း မျက်စိတစ်မှိတ်အတွင်း၌ လုရှောင်ယန်၏အလွယ်တကူ ကူးယူခံလိုက်ရသည်။ နောက်နေတာလား?

"ဘာတွေဖြစ်နေတာလဲ? တစ်ယောက်ယောက်များ ဘာတွေဖြစ်နေသလဲကို ပြောပြနိုင်မလား?'

"အဖြေကအရမ်းကိုရိုးရှင်းပါတယ်။ ခင်ဗျားက ကျုပ်ကို နှစ်ပေါင်းသိန်းချီကျော်ကျော်ကြာတည်းက ဝါးမြိုဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမယ့် ခင်ဗျားကာကွယ်ဖို့ကျရှုံးခဲ့တာက ခင်ဗျားဆိုတာကိရိယာလေးတစ်ခုဖြစ်နေလို့လေ။"

လုရှောင်ယန်မှာ လက်များကိုနောက်ပို့ကာ ဖြည်းဖြည်းချင်းလျှောက်လှမ်းသွား၏။

ပန်ဂုကိုယ်မှာ ရုတ်တရတ် တစ်စုံတရာအားတွေးတောမိကာ တုန်ယင်သွားသည်။

၎င်းမှာ သူ၏စိတ်အနက်များအတွင်း၌ မြှုပ်နှံခံထားရသော ရှေးဟောင်းမှတ်ဉာဏ်များပါပင်။

ထိုအချိန်က သူဟာ စကြဝဠာတစ်ခုလုံး၏ သန္ဓေထဲ၌ နေထိုင်နေခဲ့သည့် ကလေးတစ်ဦးဖြစ်နေဆဲပင်။

သူဟာ မဖွံ့ဖြိုးသေးပါချေ။

သူ မွေးဖွားရန်စောင့်နေချိန် ရှည်ကြာလှသော ညတွင် သူဟာ ဖရိုဖရဲများအပြင်ဘက်ရှိ မြင်ကွင်းတစ်ခုအား မြင်ဖူးခဲ့လေသည်။

ထို့အပြင် သူဟာ ထိုနေရာ၌ လူတစ်ဦးကို မြင်ခဲ့ပေ၏။

ထိုသည်က ပန်ဂု၏ဘဝ၌ ထိတ်လန့်ဖွယ်အကောင်းဆုံးအရာပါပင်။

ထိုစဉ်က သူဟာ ကလေးငယ်‌တစ်ဦးဖြစ်ပြီး ‌လက်အောက်များပင် မရှိနိုင်ခဲ့ချေ။

ထို့အပြင် ထိုလူက ဖရိုဖရဲများအပြင်ဘက် လောကကို သွားလာရန်ပင် စွမ်းအားကြီးမားလှချေသည်။ ထို့အပြင် သူဟာ ရပ်တန့်လျက် သူ့အားကြည့်လာခဲ့သည်ပင်။

နှစ်‌များစွာကြာပြီးလျှင်သော်မှ သူဟာထိုအကြည့်အား မေ့မရနိုင်ခဲ့ပါချေ။

ထိုအချိန်တွင် လုရှောင်ယန်၏ခြေလှမ်းများနှင့်အမူအရာမှာ ထိုလူနှင့် ထပ်တူကျနေခဲ့၏။

"အဲ့ဒါမင်းလား? တကယ်ကြီးမင်းပေါ့လေ။ ငါ့ကိုလှည့်ဖျားနေခဲ့တာလား?"

လုရှောင်ယန်မှာ ကွဲပြားစွာပြောလိုက်သည်။

"ဒီလိုမပြောနဲ့။ ဘယ်လိုများ လှည့်ဖျားတယ်လိုပြောရတာလဲ? မင်းလည်း ငါ့ကို မင်းကိုယ်မင်းပြန်ရှင်သန်နိုင်ဖို့ အသုံးချ‌ချင်နေတာပဲ မဟုတ်ဘူးလား? အခု ငါတို့ ပုံစံအမှန်တွေကို ပေါင်းသွားတယ်... မင်းဒါကို မထိန်းချုပ်နိုင်ဘူးလို့မပြောနဲ့။'

"မင်းမှာ ပုံစံနှစ်မျိုးတစ်ပြိုင်တည်းမရှိနိုင်ဘူး။"

"မင်း!"

ပန်ဂုမှာ ဒေါသဖြစ်သွား၏။

လုရှောင်ယန်မှာ ရိုးရှင်းစွာပင် ကြောက်မက်ဖွယ်ကောင်းလှ၏။

သူဟာ တစ်ယောက်ယောက်အား ပြန်ရှင်သန်ရန် ရှာဖွေချင်ပါသော်လည်း သူဟာ များစွာ အလုပ်ကြိုးစားခဲ့ရသည်ပင်။ သူဟာ နှစ်ပေါင်းသောင်းချီကြာ အိပ်ပျော်နေခဲ့ရရုံသာမက လုရှောင်ယန်ဆိုသည့် ရုပ်သေးကိုပင် ပျိုးထောင်ခဲ့ရသည်။

သို့သော် သူကသာ တစ်ယောက်ယောက်၏ရုပ်သေးနှင့် ကစားစရာဖြစ်လာမည်ဟု ထင်မထားခဲ့ချေ!

လုရှောင်ယန်က ကြယ်စုံကောင်းကင်အောက်၌ သွားနေရင်း သူနှင့်‌တွေ့သည့်အချိန်တွင် တစ်ဖက်လူမှာ ကျန်လူ၏မှတ်ဉာဏ်များကို ထုတ်ယူကာ အမှတ်အသားချန်ထားရန် မန္တာန်တစ်ခု အသုံးပြုခဲ့သည်။

တစ်ဖက်လူမှာ သူ့အားဝါးမြိုပြီး ချေဖျက်မည့်နေ့မတိုင်ခင်ထိ စောင့်ဆိုင်းနေခဲ့၏။ သူဟာ ရိုးရိုးရှင်းရှင်းနှင့်ပင် တစ်ဖက်လူ၏ ပြန်လည်ရှင်သန်ခြင်းအရုပ်လေးဖြစ်လာသည်ပင်။

"မင်းရက်စက်လိုက်တဲ့ကောင်၊ ငါမင်းကိုသတ်မယ်။"

ပန်ဂုမှာ ဟစ်ကြွေးလျက် ဓမ္မရုပ်တုကောင်းကင်နှင့် ကမ္ဘာမြေကြီးမှာ နေရာ၌ပင်ပျက်စီးသွားလျက် လုရှောင်ယန် ဓမ္မရုပ်တုကောင်းကင်နှင့် ကမ္ဘာမြေကြီးအား ဖျက်ဆီးချင်နေပါ၏။

ကံမကောင်းစွာနှင့်ပင် လုရှောင်ယန်ထံ၌ ဓမ္မရုပ်တုများစွာရှိချေသည်!

ပြောရလျှင် သူ၏စိတ်ခွန်အားမှာ အင်မတန်စွမ်းအားကြီးလှပေ၏။ ၎င်းက မကောင်းဆိုးဝါးဆန်လောက်သည်အထိကို စွမ်းအားကြီးမားသည်!

ရလာဒ်အနေနှင့် ပန်ဂုလိုမျိုးဖြစ်တည်မှုသည်ပင် လုံးဝမခုခံနိုင်ပါချေ။

လုရှောင်ယန်၏ ဓမ္မရုပ်တုများစွာမှာ တိုက်ရိုက်တိုက်ခိုက်လိုက်လျက် ပန်ဂု၏ အနှစ်သာရဝိဉာဉ်အား စတင်ဝါးမြိုလိုက်တော့သည်။

"မဟုတ်ဘူး! လုရှောင်ယန်န်၊ ငါမင်းကို ကျိန်ဆဲမယ်! ကျိန်ဆဲမယ်။ မင်း ကြောက်မက်ဖွယ်သေပါစေ! မင်းရဲ့ဝိဉာဉ်က လုံးဝပျောက်ကွယ်သွားပြီး ငရဲဘုံကိုးထပ်မှာသေရပါစေ!"

ပန်ဂုမှာ ဆက်လျက်ဟစ်ကြွေးနေကာ လောကအား ဖန်ဆင်းဖူးသည့် သူရဲကောင်းနှင့် မတူတော့ပါချေ။

သို့သော် ၎င်းက ပုံမှန်ပါပင်။ ပြောရလျှင် သူ့နေရာရှိ မည်သူကမှ ထိုအခြေအနေကိာ လက်ခံနိုင်လိမ့်မည်မဟုတ်ပါ။

သူဟာ ယနေ့၌ ရှင်သန်နိုင်ရုံလေးအတွက် နှစ်များစွာ ကြိုးစားခဲ့ရသည်။ အဆုံး၌ သူဟာ တစ်ယောက်ယောက်၏ကောင်းကျိုးအတွက် ကြိုးစားနေခဲ့ရသည်ပင်။

၎င်းကသူဟာ လက်ထပ်ရန်များစွာကြိုးစားခဲ့ပြီး တောင်းဆိုသမျှအား ပြုလုပ်ပေးခဲ့၏။ အဆုံးတွင်မူ မင်္ဂလာဦးည၌ သူ၏ဇနီးနှင့် တခြားလူအတူရှိနေမည်မှန်းသိမထားခဲ့သလိုပင်။

အဆုံး၌ ပန်ဂုမှာ လုရှောင်ယန်၏ အာဟာရသာဖြစ်လာပြီး လုရှောင်ယန်အား ထပ်မံတိုးတက်ရန် အကူညီဖြစ်‌စေနိုင်သည်။

မှန်ပေ၏၊ ထိုတိုးတက်မှုက လုရှောင်ယန်၏ စိတ်ခွန်အားမှာ ပန်ဂုထက်များစွာကျော်လွန်‌နေခြင်းကြောင့် အရမ်းကြီးမားမည်တော့မဟုတ်ချေ။

ထို့ကြောင့် ပန်ဂုအားစုပ်ယူပြီးနောက်တွင် မြစ်ငယ်တစ်စင်း သမုဒ္ဒရာကြီးထဲးစီးဝင်သွားသလိုပါပင်။ ၎င်းက ဖော်ပြရန်ပင် မထိုက်တန်ပါချေ။

သို့ရာ၌ လုရှောင်ယန်မှ သူ၏အနှစ်သာရဝိဉာဉ်အား အရည်ပျော်သွားစေချိန်တွင် သူ၏ဤလောကနှင့် ရင်းနှီးမှုမှာလည်း တိုးတက်လာသည်!

သူဟာပန်ဂုအား စုပ်ယူခဲ့ခြင်းကြောင့် ယခင်ကမရဖူးသည့် လက်ဆောင်ကိုရလိုက်သည်။

ဤလောကမှာ ပန်ဂု၏မိဘများလိုပါပင်။ ပြောရလျှင် ၎င်းအား ပန်ဂုအတွက် ဖန်တီးခဲ့သည်။

ထိုသို့ဖြင့် သုံးလောကလုံးရှိ အင်အားအလုံးစုံမှာ ပန်ဂုနှင့် သင့်လျော်ပေ၏။

မူလက သူဂာ ပြိုင်ဘက်ကင်းသူတော်စင်သုံးဦးအား မစုပ်ယူခဲ့ခြင်းကြောင့် ထိုစွမ်းအား,အား အာရုံမခံနိုင်ပေ။

ယခုတွင် ပန်ဂု၏အနှစ်သာရဝိဉာဉ်အား လုံးဝစုပ်ယူပြီးနောက်တွင် ပန်ဂုနှင့်လုံးဝပေါင်းစပ်လိုက်လျက် ၎င်းကို ယုံကြည်သွား၏။

၎င်းမှာ သုံးလောကတစ်ခုလုံးက သူ့အား အသုံးချနေသလိုပါပင်။

ပန်ဂုမှာ သူ့အား ယခုတွင်အနိုင်ရနိုင်မည်ဟု ယုံကြည်နေသည်မှာ အဆန်းမဟုတ်ချေ။

၎င်းက အရာအားလုံးအတွက် အကြောင်းပြချက်ဖြစ်၏။

သူအလိုရှိသည်နှင့် သုံးလောကအားဖြန့်ကျက်ထားသည့် စွမ်းအားအလုံးစုံမှာ ပန်ဂု၏ကိုယ်အစစ်အမှန်အား ထပ်မံ ပေါ်လာစေသည်!

သို့သော် ယခုတွင် တစ်ဖက်လူက သူ၏စုပ်ယူခံရလိုက်ရခြင်းကြောင့် အသုံးမဝင်ပါချေ။

အနာဂတ်တွင် ပန်ဂုမှာ ဤလောက၌ မတည်ရှိတော့ပါချေ။ လုရှောင်ယန်သာ ရှိတော့မည်ဖြစ်၏။

ထို့အပြင် သူဟာ သုံးလောက၏စွမ်းအားကိုစုပ်ယူရန် ပန်ဂုစွမ်းအားကိုလည်း အသုံးပြုနိုင်သည်။

လုရှောင်ယန်မှာ တစ်ခဏမျှတွေးတောလျက် ချက်ချင်းပင် တင်ပလ္လင်ခွေထိုင်ကာ သုံးလောကစွမ်းအားကို စုပ်ယူလိုက်သည်။

ထိုအချိန်၌ သုံးလောကတစ်ခွင်၏ ဝိဉာဉ်စွမ်းအာင်မှာ ရွှေရောင်အောက်ကျွန်းထက်သို့ များစွာ စုပ်ယူခံလိုက်ရတော့သည်။

ထူးဆန်းသော ဖြစ်အင်မှာ လောက၌ပေါ်ထွက်လာသည်မှာ တစ္ဆေများညည်းပြီး ဝံပုလွေများ အူနေကြသည်ပင်။

သုံးလောကတစ်ခုလုံး တုန်ရီလာသည်က တစ်စုံတရာကိုကြောက်ရွံ့နေသလိုပါပင်။

ဖုန်းထျန်းယွမ်နှင့် ကျန်သူများသည်ပင် သုံးလောကရှိလူတိုင်းကဲ့သို့ ထိုစွမ်းအားကိုအာရုံခံမိသည့်အခါ မထိန်းနိုင်ဘဲ တုန်ယင်နေကြ၏။

"အားကောင်းလိုက်တဲ့စွမ်းအား!"

"ဒါက ဆရာ့ရဲ့စစ်မှန်တဲ့စွမ်းအားလား?"

"ငါတို့အမြဲတမ်း ဆရာ့ရဲ့စွမ်းအားကို သိတယ်လို့ထင်ခဲ့ကြပေမယ့်၊ ငါတို့ထင်ထားခဲ့တာက နောက်တစ်လှမ်းကျန်ခဲ့မယ်လို့တော့ မျှော်လင့်မထားခဲ့ဘူး။"

"ဆရာက သုံးလောကမှာ အသန်မာဆုံးဆရာကြီးဖြစ်ဖို့ရာ တကယ်ကိုထိုက်တန်တယ်!"

အားလုံးစကားဆုံးသည်နှင့် နောက်ထပ်စွမ်းအားတစ်ခုမှာ ရွှေရောင်အောက်ကျွန်းဆီမှာ အလျင်အမြန်ထွက်ပေါ်လာ၏။

၎င်းမှာ ထိုစွမ်းအားက သုံးလောကတစ်ခွင်ကိုဖိနှိပ်ရန် အမိန့်ရထားသလိုပါပင်။

ထို့အပြင် ထိုစွမ်းအားက လုရှောင်ယန် ယခုလေးတင်စုပ်ယူခဲ့သည့် စွမ်းအားထက်ပင် အဆများစွာ အားကောင်းနေပါ၏!

၎င်းမှာ လူတိုင်းက လုရှောင်‌ယန်၏ စွမ်းအားက ပိုမိုမြင့်မားသည့်အဆင့်သို့ ရောက်နေမှန်းမသိကြခြင်းကြောင့်ပင်။

လျှို့ဝှက်ခန်းထဲတွင် လုရှောင်ယန်မှာ သက်ပြင်းရှည်ကြီးချလျက် မျက်လုံးများက ပိုမိုနူးညံ့လာ၏။

သူ၏ကျင့်ကြံဆင့်မှာ တက်လှမ်းသွားပြီပင်။ ထို့အပြင် သူဟာ ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ရွှေရောင်အမတအရှင် ထိပ်ဆုံးဒဿမအဆင့်သို့ ကျော်ဖြတ်ရောက်ရှိသွားပြီပင်!

ထိုအချိန်၌ သူဟာ အဆင့်တစ်ခုလုံးအား နားလည်သွားတော့သည်။

အတုမဲ့အဆင့်!

၎င်းက ပန်ဂုအားကျော်လွန်နေသည့်အဆင့်ပါပင်။ ၎င်းက သုံးလောကကို လွန်ကာ သွားရောက်နိုင်သည့် အဆင့်အမှန်ဖြစ်၏!

ပန်ဂုမှာ သူ၏ဘဝတစ်ခုလုံးအား ရင်းနှီးခဲ့သည်။

တစ်ချိန်တည်းမှာပင် သူဟာ ထိုတစ်ဘဝလုံးရှိ အတားအဆီးအား မည်သို့ကျော်ဖြတ်ရမည်ကို တွေးတောနေခဲ့သည်။

သူဟာ သုံးလောကအား ကျော်ဖြတ်လျက် စစ်မှန်ပြီး အဆီးအတားမရှိသူ ဖြစ်လာရန် အာကာပြင်တွင် လှည့်လည်သွားလာချင်ပါ၏။

ကံမကောင်းစွာဖြင့် အဆုံး၌ သူဟာ မအောင်မြင်ခဲ့ချေ။

သူဟာ အတော်လေးသနားစဖွယ်ဟုပင် ဆိုရပေမည်။

သို့သော် ၎င်းက လုရှောင်ယန်အား ပိုလို့ပင်မလွယ်မကူဖြစ်စေ၏။

ပန်ဂုလိုမျိုးစွမ်းအားကြီးဖြစ်တည်မှုသည်ပင် သူ၏ကံကိုမထိန်းချုပ်နိုင်ပါချေ။ သူတို့အတွက်ဆိုလျှင်ရော?

သူဟာ အတုမဲ့အဆင့်သို့ရောက်ကာစဖြစ်ပြီး အခြားသူများကို ယှဉ်နိုင်ရုံလောက်သာ စွမ်းအားကြီးမား၏။

သို့သော်... သုံးလောကအပြင်ဘက်ရှိ ဖြစ်တည်မှုများမှာ မည်သို့ဖြစ်မည်နည်း?

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၃၃။ အပိုင်း ၄၈၇ ဆရာက ဘယ်သူလဲ?

"ဝမ့်ခိုက်"

[လာနေပြီ၊ လာနေပါပြီ၊ သခင်၊ ဒီမှာပါ]

"ငါအတုမဲ့အဆင့်ကိုရောက်နေပြီ။ အခြားတပည့်တွေမှာလည်း ဒီအဆင့်ကို ရောက်နိုင်ချေရှိလား?"

[ရှိတာပေါ့။ အားလုံး ဒီအဆင့်ကိုရောက်နိုင်ပြီး သူတို့ကျင့်ကြံဆင့်တွေကလည်း သခင့်ရဲ့အကန့်သတ်ကိုလိုက်ပြီး တိုးတာပါ]

"အတုမဲ့အဆင့်အထက်မှာ တခြား ပိုအားကောင်းတဲ့အဆင့်တွေရှိသေးလား?"

[ဒါက... ရှိတာတော့သေချာပါတယ်၊ ဒါပေမယ့် ကျောက်စိမ်းဖန်ဆင်းလိပ်ပြာအပိုင်းအားလုံးကို မရှာနိုင်မချင်း ဘာအဆင့်လဲဆိုတာကို မသိပါဘူး]

"ကျောက်စိမ်းဖန်ဆင်းလိပ်ပြာ အပိုင်းတစ်ခုလား? ကျောက်စိမ်းဖန်ဆင်းလိပ်ပြာအကြောင်း တစ်ခုခုကွဲပြားနေတာများရှိနေလို့လား?"

[ဟုတ်ပါတယ်၊ တကယ်က၊ လောကတိုင်းမှာ ထိပ်တန်းပညာရှင်တစ်ယောက် မွေးလာလိမ့်မယ်။ လောကတွေရဲ့ တစ်ဦးစီတိုင်းကသာ ဒီပညာရှင်ကို ပျိုးထောင်ဖန်တီးနိုင်တယ်]

[ဥပမာ၊ ကျွန်တော်တို့လောကရဲ့ပညာရှင်က ပန်ဂုဆိုသလိုပေါ့]

[ပန်ဂုမှာလည်း ရတနာနှစ်ပါးရှိတယ်]

[ပထမတစ်ခုက သဏ္ဍာန်မဲ့အဇူရာကြာပွင့်ပဲ။ သဏ္ဍာန်မဲ့အဇူရာကြာပွင့်က အရာအားလုံးရဲ့ အုတ်မြစ်ဖြစ်ပြီး ပန်ဂုရဲ့ရင်းမြစ်လည်းဖြစ်တယ်။ ဒါကို ဆက်နွယ်မှုမူလရတနာ များစွာအသွင်ပြောင်းနိုင်ပြီးတော့ ပန်ဂုရဲ့ လက်နက်အဖြစ်အသုံးပြုလို့ရတယ်]

[ဒုတိယတစ်ခုကတော့ ကျောက်စိမ်းဖန်ဆင်းလိပ်ပြာပဲ။ ကျောက်စိမ်းဖန်ဆင်းလိပ်ပြာကိုတော့ ပန်ဂုကိုသင်ကြားဖို့ ဖန်တီးခဲ့တာပဲ]

[ကျောက်စိမ်းဖန်ဆင်းလိပ်ပြာနဲ့ သဏ္ဍာန်မဲ့အဇူရာကြာပွင့်တွေက ဒီလောကရဲ့ထုတ်ကုန်ပစ္စည်းမဟုတ်ဘူး။ သူတို့ကို ပန်ဂုမွေးဖွားချိန်မှာ ဖရိုဖရဲလောကထဲ ထည့်ပေးထားခဲ့တာ]

[ကျောက်စိမ်းဖန်ဆင်းလိပ်ပြာမှာ မဟာတာအို ၃၀၀၀ပါရုံတင်မကဘူး ပန်ဂုကိုသင်ကြားခဲ့တဲ့ တာအိုနိယာမတွေလည်းပါတယ်]

[တစ်ချိန်တည်းမှာပဲ၊ ဒါက စွယ်စုံကျမ်းလည်းဖြစ်တယ်]

[ဒါက အခြားလောကရဲ့အရေးကိစ္စတွေကို မှတ်ကျောက်တင်ထားတယ်။ ဒါနဲ့ဆိုရင် သခင်လည်း ဖရိုဖရဲလောကအပြင်ဘက် စကြဝဠာက ဘယ်လိုရှိတယ်ဆိုတာကို နားလည်နိုင်ပြီ]

"ငါသိပြီ။ ဒါပေမယ့်၊ ဘိုးဘေးဟုန်ကျွင်းဆီမှာ ကျောက်စိမ်းဖန်ဆင်းလိပ်ပြာ ၄၉ပိုင်းရှိနေတယ်။ ဒါတွေအားလုံးကို စုစည်းဖို့ မလွယ်မှာတော့ ကြောက်မိတယ်။"

[ရပါတယ်။ သခင့်ရဲ့လက်ရှိစွမ်းအားက အတုမဲ့အဆင့်ကိုရောက်နေပြီလေ။ ဘိုးလေးဟုန်ကျွင်းကို ဘယ်အချိန် ဘယ်နေရာမှာ မဆို ရှာနိုင်နေပြီ]

[ကျွန်တော်သူ့လက်ထဲက ကျောက်စိမ်းဖန်ဆင်းလိပ်ပြာကို ချိတ်ဆက်ပြီး သူ့ကိုအလွယ်‌လေးရှာနိုင်တယ်]

[သူ့ကိုရှာပြီးရင် ‌ကျောက်စိမ်းဖန်ဆင်းလိပ်ပြာကို သခင့်ရဲ့စွမ်းအားနဲ့ကျင့်ကြံဆင့်သုံးပြီး ပြန်လုယူဖို့က မလွယ်သွားဘူးလား?]

လုရှောင်ယန်မှာ ခေါင်းငြိမ့်လိုက်ပါ၏။

"အကြံကောင်းပဲ။ ဘိုးဘေးဟုန်ကျွင်းကို ချက်ချင်းတွေ့ဖို့ နည်းလမ်းစဉ်းစားကြည့်ပါ။"

[သိပါပြီ!]

စကားဆုံးသည်နှင့် ဝမ့်ခိုက်မှာ ချက်ချင်းပင် တရားထိုင်နေလိုက်ပြီး ဘိုးဘေးဟုန်ကျွင်း၏တည်နေရာကိုရှာဖွေရန် အကောင်းဆုံးကြိုးစားလိုက်သည်။

လုရှောင်ယန်မှာ အမည်မဲ့ဂိုဏ်း၏ ဒုတိယမျိုးဆက်တပည့်များအား အမိန့်ပေးလိုက်သည်။

"အမည်မဲ့ဂိုဏ်းရဲ့ ဒုတိယမျိုးဆက်တပည့်တွေအားလုံး၊ နားထောင်ကြပါ။ ချက်ချင်းပဲ သုံးလောကရဲ့ ဘယ်နေရာမဆိုသွားပြီး ကျောက်စိမ်းဖန်ဆင်းလိပ်ပြာအပိုင်းကို ရှာကြ။ ပြီးရင် ငါ့ဆီယူလာခဲ့။"

အမိန့်ပေးပြီးနောက်တွင် ရွှေရောင်အောက်ကျွန်းရှိ ပညာရှင်အားလုံးမှာ နေရာတိုင်းသို့ ခပ်မြန်မြန် ဖြန့်ကျက်လိုက်ကြသည်။

မကြာမီတွင် ဖုန်းထျန်းယွမ်နှင့် ကျန်သူများမှာ ခပ်မြန်မြန်ရောက်လာကြ၏။

"နှုတ်ဆက်ပါတယ်၊ ဆရာ" လုရှောင်ယန်မှာ ၎င်းတို့ထံ အကြည့်ပို့လိုက်သည်။

"မင်းတို့‌တွေ ဒီမှာဘာလုပ်နေတာလဲ?"

ဖုန်းထျန်းယွမ်နှင့်ကျန်တပည့်များမှာ အလျင်စလိုပင်ပြောလိုက်သည်။

"ဆရာ၊ ဘာလို့ကျွန်တော်တို့ကိုပါ ကျောက်စိမ်းဖန်ဆင်းလိပ်ပြာအပိုင်းတွေ ရှာခွင့်မပြုရတာလဲ?"

"ဒါက တစ်မျိုးမျိုးလေး အရေးကြီးတယ်ထင်လို့ပါ။ ဒီကိစ္စလေးကိုမေးဖို့ ငါ့ဆီကို အားလုံးလာကြတာလား?'

"အနာဂတ်မှာ ကျွန်တော်တို့တွေ ရန်သူအများကြီးနဲ့ရင်ဆိုင်ရလိမ့်မယ်။ ဒါပေမယ့် အဲ့ဒီရန်သူတွေက ပမာဏအပေါ်မမူတည်တော့ဘဲ အနိုင်ရဖို့အတွက် အရည်အသွေးပေါ် မှီခိုလာကြလိမ့်မယ်!"

"ပြောရရင် ကျွန်တော်တို့ အနာဂတ်မှာရင်ဆိုင်ရမယ့် ရန်သူတွေအားလုံးက ထိပ်တန်းအရည်ချင်းရှိသူတွေချည်းပဲ။"

"ငါသူတို့ကို ကျောက်စိမ်းဖန်ဆင်းလိပ်ပြာရှာခိုင်းလိုက်တာက သူတို့ရဲ့ပါရမီက မ‌လုံလောက်ဘဲ အဆင့်တက်ဖို့ အရမ်းခက်နေကြလို့ပါ။"

"ဒါပေမယ့်၊ မင်းတို့ကမတူဘူးလေ။ ငါမင်းတို့ရဲ့ကျင့်ကြံဆင့်တွေပိုတိုးတက်လာဖို့ မျှော်လင့်မိပါတယ်။"

"ငါဘယ်လိုများမင်းတို့ကို ကျောက်စိမ်းဖန်ဆင်းလိပ်ပြာရှာဖို့အတွက် ပို့လိုက်ရမှာလဲ?"

"သိပါပြီ။"

"ပြန်သွားပြီး ကောင်းကောင်းကျင့်ကြံနေကြ။"

ပြောလိုက်ရင်း လုရှောင်ယန်မှာ လက်ချောင်းလှုပ်လျက် များစွာသော ခရမ်းအလင်းများအား ပစ်ထုတ်လိုက်သည်။

၎င်းတို့အားလုံးမှာ ရှေးဟောင်း ခရမ်းသွေးချီပင်ဖြစ်၏။

အတုမဲ့အဆင့်သို့ တက်လှမ်းပြီးနောက်တွင် သူ၏ကိုယ်ရှိ ‌အဓိပတိရှေးဟောင်းပန်းချီမှာ ပို၍မြန်မြန်လှည့်ပတ်လာကာ ချီလမ်းကြောင်းများပင် ဖောင်းပွလာသလိုဖြစ်နေ၏။

၎င်းကြောင့် သူ၏ကိုယ်ရှိ ရှေးဟောင်းခရမ်းသွေးချီအား ပို၍ပို၍မြန်မြန်စုဆောင်းလိုက်သည်။

သူဟာ တပည့်အချို့အား ၎င်းတို့ကျင့်ကြံဆင့်ပိုမိုတိုးတက်လာရန်လည်း ပေးလိုက်သည်။

အားလုံးမှာ ကျေးဇူးတင်လျက် ကျင့်ကြံရန် ခွဲသွားကြ၏။

လုရှောင်ယန်မှာမူ ကောင်းကင်ဘုံအား ကြည့်လိုက်ရာ... သူ၏ကိုယ်ပိုင် နေရာမှာ တိတ်တဆိတ်ပျောက်ကွယ်သွားသလိုပါပင်။

ဝမ့်ခိုက်မှာ သူ၏စိတ်ထဲ၌ ဘိုးဘေးဟုန်ကျွင်း၏တည်နေရာကို ရှာတွေ့ကြောင်းပြောပြီးပြီပင်။

ထို့ကြောင့်လုရှောင်ယန်မှာ ရပ်ပင်မရပ်ဘဲ အလောတကြီးပြေးသွားလျက် ဘိုးဘေးဟုန်ကျွင်းထံ တိတ်တိတ်‌လေး ရောက်လာသည်။

သုံးလောကအပြင်ဘက်တွင် မဟာအာကာပြင်ရှိ ဘိုးဘေးဟုန်ကျွင်းမှာ စကြဝဠာတွင် တစ်ကိုယ်တည်း လှည့်လည်သွားလာနေသည်။

မကြာမီတွင် သူ၏မျက်နှာထက်ရှိ တည်ငြိမ်ပုံမှာ အင်မတန်ပျော်ရွှင်ဟန်လည်းပေါ်သွားသည်။

"ငါတို့ရောက်ခါနီးပြီ။ အရှေ့နားလေးမှာပဲ။ အဲ့ဒါက သခင်ကြီးရဲ့ အဆောင်တော်ပဲ!"

သို့သော် ထိုအချိန်၌ အန္တရာယ်အငွေ့သက်က သူ၏ဆံပင်ကို ရုတ်တရတ် အဆုံးထိထောင်ထသွားစေက ခေါင်းထက်ရှိ ကောင်းကင်ယံမှပေါ်ထွက်လာသည်။

၎င်းမှာ သူ၏ရှေ့မှောက်၌ ကြီးမား‌လှသော စပါးအုံးမြွေအခွေလိုက်ကြီးရှိနေသလိုပင် လွတ်မြောက်ရန်မစွမ်းသာပါချေ။

"စီနီယာ၊ မင်းလား?"

သူဟာ ကူကယ်ရာမဲ့စွာရပ်တန့်လျက် ဂရုတစိုက်မေးမြန်းလိုက်၏။

သို့ရာ၌ ဗလာစကြဝဠာ၌ မည်သည့် တုန့်ပြန်မှုမှမရှိပါချေ။

"စီနီယာ?"

သူဟာ ကူကယ်ရာမဲ့စွာ ဂရုတစိုက်မေးလိုက်ပြန်သည်။

ထိုအချိန်၌ တစ်ယောက်ယောက်က တုံ့ပြန်လာ၏။

"မင်းကိုနှောင့်ယှက်မိတာ စိတ်မကောင်းပါဘူး။"

ထိုအသံအားကြားသော် ဟုန်ကျွင်းမှာ အင်မတန်ကြောက်ရွံ့သွားလျက် မထိန်းနိုင်ဘဲ တုန်ယင်နေပါတော့၏။

"လုရှောင်ယန်! မင်းဘာလို့ဒီရောက်နေတာလဲ?"

အာကာပြင်အက်ကွဲသွားပြီး လုရှောင်ယန်၏ပုံရိပ်မှာ ဟုန်ကျွင်းအမြင်လွှာ၌ ဖြေးဖြေးချင်းပေါ်ထွက်လာတော့သည်။

"မင်းက မဟာအာကာပြင်ကို မပိုင်ပါဘူး။ ငါသွားတဲ့နေရာတိုင်းမှာ မင်းကို အစီရင်ခံနေရဦးမှာလား?'

ထိုဂရုမထားဟန်က ဘိုးဘေးဟုန်ကျွင်းအား ဒေါသဖြစ်စေ၏။

ထိုသည်က သူ့အားလှောင်ပြောင်ခြင်းထက်ပင် ပိုမိုနာကျင်စဖွယ်ကောင်းပါသည်။ ၎င်းက အရေးမစိုက်ခြင်း၏ ခံစားချက်ပင်။

သူဟာ ပိုးမွှားလေးတစ်ကောင်ဖြစ်လာပြီး ထိုလူအား တိုက်ခိုက်ရန်ပင် လုံးဝအရည်အချင်းမရှိတော့သလိုပင်။

"လုရှောင်ယန်၊ အရမ်း မာနကြီးမနေနဲ့။"

"မင်းရဲ့ကျင့်ကြံဆင့်က ပြိုင်ဘက်ကင်းသူတော်စင်သုံးပါးကို စုပ်ယူပြီးနောက်မှာ အများကြီးတိုးတက်လာပြီဆိုပေမယ့်လည်း၊

ငါက ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ ရွှေရောင်အမတအရှင် သတ္တမမြောက်အဆင့်ဆိုတာကို မမေ့နဲ့ဦး။ မင်းငါ့ကိုတိုက်ခိုက်ရင် ရှင်မလား သေမလား ရုန်းကန်တာပဲဖြစ်သွားမယ်။ မင်း ဘာအကျိုးမှလည်း ရမှာမဟုတ်ဘူး။"

လုရှောင်ယန်မှာ ကွဲပြားစွာပြုံးလျက် သူ၏ဝတ်ရုံအား ပြုပြင်လိုက်သည်။

"ဒီလိုလား? ဒါဆို ဘာလို့ မစမ်းကြည့်ရမှာလဲ!"

ပြောလိုက်ရင်း သူ၏အရှိန်အဝါမှာ အလျင်အမြန်ထွက်ပေါ်လာတော့သည်။

ထိုစွမ်းအား၏ သန်မာမှုနှင့် ကြမ်းတမ်းမှုတို့ကို အာရုံခံမိသော် ဘိုးဘေးဟုန်ကျွင်း၏မျက်နှာမှာ ချက်ချင်း ခရမ်းရောင်ပြောင်းသွားသည်။

"ဒီ... ဒီကျင့်ကြံဆင့်က... ဒီကျင့်ကြံဆင့်ကဘာလဲ? ငါဘာလို့ ဘယ်တုန်းကမှ မကြုံဖူးတာလဲ?"

"ဒါပေါ့ ဘယ်ကြုံဖူးမလဲ! ဒါက အတုမဲ့အဆင့်လေ၊ ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ရွှေရောင်အမတအရှင်အဆင့် အထက်က အဆင့်ပဲ!"

"မဟုတ်ဘူး! မဖြစ်နိုင်တာ! ငါကပဲ ဒီအဆင့်ကိုရောက်နေတဲ့သူဖြစ်ရမှာပေါ့။ ဘယ်လိုလုပ်မင်းဖြစ်နိုင်မှာလဲ?"

လုရှောင်ယန်မှာ သူ့အပေါ်၌ အချိန်ဖြုန်းမနေတော့ဘဲ အတွေးများဖြင့် ချက်ချင်းတိုက်ခိုက်လိုက်တော့သည်။

ထိုအတွေးပေါ်လာသည်နှင့် ၎င်းတို့နှစ်ဦးအကြားရှိ ဟင်းလင်းပြင် အကာအရံမှာ တမုဟုတ်ချင်း အက်ကွဲသွားတော့သည်။

အတုမဲ့အဆင့်ပညာရှင်၏ ခွန်အားမှာ ဘိုးဘေးဟုန်ကျွင်းထံ ခုန်အုပ်လိုက်ပြီးနောင်တွင် အဖျက်အဆီးအရှိန်အဝါနှင့် ပြည့်နှက်နေတော့၏။

ဘိုးဘေးဟုန်ကျွင်းမှာ ဝိဉာဉ်လွင့်မတတ်ကြောက်သွားပြီး စိတ်မှာလည်း ချက်ချင်းပင် အတော်အတန်ရှင်းလင်းလို့လာ၏။

ယခုမှာ သူ့အတွက် အခြားလူ၏ကျင့်ကြံဆင့်နှင့် မည်မျှ စွမ်းအားကြီးမားသည်ကို စူးစမ်းနေရမည့်အချိန်မဟုတ်ချေ။ ထိုအစား ထွက်ပြေးရမည့်အချိန်ပင်ဖြစ်၏!

သူဟာ ချက်ချင်းပင် ဆက်နွယ်မှုမူလရတနာကိုထုတ်ယူလျက် တားဆီးရန် သုံးလိုက်တော့သည်။

ကံမကောင်းစွာဖြင့် လက်ရှိသူမှာ လုရှောင်ယန်၏ ပြိုင်ဘက်မဟုတ်တော့ပါချေ။ လုရှောင်ယန်ရှေ့မှောက်တွင် သူဟာ ခုခံရန်ပင် မတတ်နိုင်ချေ။

ဘုန်း! ဘုန်း! ဘုန်း! ဆက်နွယ်မှုမူလရတနာအားလုံးမှာလုရှောင်ယန်၏ကျင့်ကြံခြင်းအားထိလိုက်သည်နှင့် ပေါက်ကွဲကုန်ကြသည်။

ဖိအားမှာ သူ၏အဟုန်ကို မဆုံးရှုံးသွားဘဲ ဘိုးဘေးဟုန်ကျွင်းကို ချက်ချင်းဝန်းရံလိုက်တော့၏!

"မကောင်းတော့ဘူး!"

ဘိုးဘေးဟုန်ကျွင်း၏အမူအရာမှာ ချက်ချင်းပင် ဆိုးဆိုးရွားရွားပြောင်းလဲသွားတော့၏။

သို့ရာ၌ သူတတ်နိုင်တာမရှိပါချေ။ သူ၏ဆက်နွယ်မှုမူလရတနာအားလုံးမှာ ယူဆောင်ခြင်းခံလိုက်ရပြီပင်။ ထို့အပြင် သူဟာ မဟာအာကာပြင်နတ်ဘုရားချပ်ဝတ်ကိုပင် ကောင်းကင်ဘုံခုံရုံး၌ ဆုံးရှုံးခဲ့ရသည်။

ထိုမပြတ်မသားအခြေနေ၌ သူဟာရွေးစရာမရှိတော့ပါချေ။

တစ်ခဏအတွင်း သူဟာ တစ်ခုတည်းကျန်တော့သည့် ကျောက်စိမ်းဖန်ဆင်းလိပ်ပြာငယ်ကို လုရှောင်ယန်အား ခုခံရန် ထုတ်ယူလိုက်တော့သည်။

ထိုကျောက်စိမ်းဖန်ဆင်းလိပ်ပြာငယ်မှာ တကယ်ကိုပင် အတော်လေးစွမ်းအားကြီးလှ၏။ ထိုအသွင်ပြင်နှင့်အတူ လုရှောင်ယန်၏တိုက်ခိုက်မှုမှာလည်း ရုတ်တရတ် ရပ်တန့်သွားတော့သည်။

ထိုသည်အား အခွင့်ကောင်းယူကာ ဘိုးဘေးဟုန်ကျွင်းမှာ ချက်ချင်း သူတော်စင်သွေးပေါက်ကွဲခြင်းအနုပညာကို သူ၏လက်တစ်ဖက်‌အားဖောက်ခွဲရန်သုံးလျက် မဟာတာအိုစွမ်းအားအသွင်ပြောင်းကာ လွတ်မြောက်စေရန်ကူညီလိုက်သည်။

အရာအားလုံးမှာ လျင်လျင်မြန်မြန်ဖြစ်သွားခဲ့၏။ ၎င်းက ကျောက်စိမ်းဖန်ဆင်းလိပ်ပြာမှာ အင်မတန်စွမ်းအားကြီးခြင်းကြောင့်လည်း ပါသည်။

သို့ရာတွင် ၎င်းက လုရှောင်ယန်ရပ်တန့်သွားရသည့် အကြောင်းရင်းမဟုတ်ချေ။ သူရပ်တန့်သွားရခြင်းမှာ အင်အားတချို့က အဝေးတစ်နေရာရှိ မဟာအာကာပြင်မှ ပြေးထွက်လာကြခြင်းကြောင့်ပါပင်။

ထိုစွမ်းအားတစ်ခုစီမှာ ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ရွှေရောင်အမတအရှင် ပထမအဆင့်၌ ရှိကြပေ၏။

၎င်းတို့က သူ၏တပည့်များထက်ပင် အတော်လေးစွမ်းအားကြီးသည်ဟု ဆိုနိုင်ပေသည်။

မှန်ပါသည်၊ ၎င်းက လုရှောင်ယန်ကြောက်ရွံ့သွားသည်ဟု မဆိုပါချေ။

သူဟာ မဟာအာကာပြင်ရှိ အဖွဲ့အစည်းများ‌အကြောင်း သေချာနားမလည်သိက အဓိကအကြောင်းရင်းပင်!

တစ်ဖက်လူမှာ ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ရွှေရောင်အမတအရှင်တချို့အား စုဆောင်းနိုင်သည်ဆိုကတည်းက သူ၏နောက်၌ ပိုမိုသန်မာသော စွမ်းအားကြီး ပညာရှင်တစ်ဦးရှိနေလောက်သည်။

ထွက်ပြေးသည်က အကောင်းဆုံးဖြစ်၏!

သူဟာ ထိုလောကအား ဦးစွာရှာဖွေရမည်။

ထိုသည်က အမြဲ လုရှောင်ယန်၏ စရိုက်အမူအကျင့်ပါပင်။ သူဟာ ဖြစ်နိုင်လျှင် သိုသိုသိပ်သိပ်သာ နေလိုက်မည်။

သူဟာ သုံးလောက၌ မကြာသေးမီကမှ မည်သည့်လျှို့ဝှက်ချက်များမှ ထပ်မရှိတော့သောကြောင့် သိုသိုသိပ်သိပ်လည်း မနေရတော့ပါချေ။

သို့သော် သုံးလောကအပြင်ဘက်၌မူ မည်သူကမှ သူ၏ပုံစံအမှန်အားမသိကြခြင်းကြောင့် သိုသိုသိပ်သိပ်နေထိုင်နိုင်၏!

မဟာအာကာပြင်ရှိ တစ်နေရာရာတွင် အာကာပြင်မှာ ဖြတ်ဖွင့်ခံထားရကာ ဘိုးဘေးဟုန်ကျွင်း၏ မပြည့်စုံသော ခန္ဓာမှာ တုန်လှုပ်သွားသည်။

ထိုအချိန်၌ သူဟာ လက်တစ်ဖက်ဆုံးရှုံးခဲ့ခြင်းကြောင့် အသည်းငယ်နေခြင်းပင်ဖြစ်၏!

"ဒီကောင်လုရှောင်ယန်ရဲ့စွမ်းအားက တကယ်ကို တော်တော်မြန်မြန်တိုးတက်လာတာပဲ။ သူကတကယ်ပဲ မူမှန်မနေဘူး!"

"ဘာပဲဖြစ်ဖြစ် ကံကောင်းချင်တော့ အ‌ဆုံးမှာ‌ကျောက်စိမ်းဖန်ဆင်းလိပ်ပြာက သူ့ကိုခုခံဖို့ ကူညီပေးခဲ့တယ်။ မဟုတ်ရင် ငါသေနေလောက်ပြီ!"

ထိုသည်က သူ့အား လုရှောင်ယန်ကို ပိုလို့ပင်မုန်းတီးသွားစေ၏!

"သောက်လုရှောင်ယန်! မင်းစောင့်နေလိုက်။ မင်းမှာ အတုမဲ့အဆင့်ပညာရှင်စွမ်းအားရှိတယ်ဆိုပြီး ငါကတော့မင်းကိုကြောက်နေမှာမဟုတ်ဘူးနော်!"

"ငါယဲ့ချန်ကိုမြင်တာနဲ့ သူ့အကူညီယူပြီး မင်းဆီ မိနစ်ပိုင်းအတွင်းပြန်လာခဲ့မယ်!"

လုရှောင်ယန် ရွှေရောင်အောက်ကျွန်းသိူ့ပြန်ရောက်သွားပြီးနောက်တွင် သူ၏တပည့်များ တစ်စိတ်တစ်ပိုင်းမှာ ‌ပြန်ရောက်နေကြပြီဖြစ်၏။ ရလာဒ်မှာ အင်မတန်သိသာလှပေသည်။ ၎င်းတို့ဘာကိုမှမတွေ့ခဲချေ!

ကျောက်စိမ်းဖန်ဆင်းလိပ်ပြာ၏ အပိုင်းများမှာ ရှာဖွေရန် ခက်ခဲလွန်းလှ၏။ မဟုတ်ပါက ဘိုးဘေးဟုန်ကျွင်းမှာ နှစ်များစွာကြာကတည်းက တွေ့လောက်နေပြီပင်။

သို့ရာ၌ လုရှောင်ယန်မှာ မပူပန်ပါချေ။

ဘိုးဘေးဟုန်ကျွင်းမှာ ၎င်းက သူ့ထံ၌ အပိုင်း ၄၉ခုရှိခြင်းကြောင့်ကိုရှာမတွေ့ပါချေ။ ယခုတွင် သူ့ထံ၌ ၅၀ရှိပြီဖြစ်၏!

လူတစ်ယောက်ဟာ ထိုထပ်ပေါင်းအပိုင်းအား ခန့်မှန်းခြင်းမပြုသင့်ပေ။

အပိုင်းလေးတစ်ခု၌တွင်ပင် သက်ရောက်မှုရှိ၏။ နှစ်ဆတိုး၊ အဆများစွာတိုးပေးလျှင်လည်း လုံလောက်ပါသည်!

ထပ်ပေါင်းကျောက်စိမ်းလိပ်ပြာတိုင်း၏ သက်ရောက်စွမ်းအားမှာ ကြီးမားလှပြီး စိတ်ကူးပင်မရနိုင်ပါချေ။

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၃၃။ အပိုင်း ၄၈၈ ရှေးဟောင်း ပုလဲ

လုရှောင်ယန်မှာ ချက်ချင်းပင် ကျောက်စိမ်းဖန်ဆင်းလိပ်ပြာအား ပေါင်းစပ်လိုက်သည်။

သို့သော် ထိုအရာများအား အောင်အောင်မြင်မြင်ပေါင်းစပ်ဖို့ရန်မှာ မလွယ်ကူလှချေ။

ကျောက်စိမ်းဖန်ဆင်းလိပ်ပြာမှာ အမှန်ကိုပင် အင်မတန်စွမ်းအားကြီးမားလှ၏။ ၎င်းက အပိုင်းလေးတစ်ခုသာ ဖြစ်ပါသော်လည်း ၎င်း၏ကိုယ်ပိုင်အသိစိတ်ကို ဖွံ့ဖြိုးစေနိုင်ဆဲပင်။

သဏ္ဍာန်မဲ့မူလရတနာတစ်ခုမှာ မဟာတာအိုနိယာမ၏ အတိုင်းအတာကိုကျော်လွန်နေသည်။

ယခင်က ဝမ့်ခိုက်မှာ ထိုကျောက်စိမ်းဖန်ဆင်းလိပ်ပြာအပိုင်းနှင့် သက်ဆိုင်ပေသည်။ သို့သော်ငြား ၎င်းက ထိုကျောက်စိမ်းဖန်ဆင်းလိပ်ပြာကို ချန်ခဲ့ဖို့ရာ ရွေးချယ်ခဲ့သည်ပင်။ ထိုကျောက်စိမ်းဖန်ဆင်းလိပ်ပြာ၏ အမြင်များတွင် ဝမ့်ခိုက်မှာ သစ္စာဖောက်ဖြစ်၏။

ယခုတွင် ထိုသစ္စာ‌ဖောက်က ၎င်းတို့နှင့်ထပ်မံပေါင်းစပ်ချင်နေကာ စိုးမိုးခြင်းပင်ပြုထားလေ၏။ ထိုသည်က ‌လုရှောင်ယန်မှာ ဝမ့်ခိုက်ကိုသာ ယုံကြည်ပြီး ဘိုးဘေးဟုန်ကျွင်း၏ ငယ်သားဟောင်းများကို မယုံကြည်ခြင်းကြောင့်ပင်။

လုရှောင်ယန်၏ရှေးဟောင်းအဓိပတိပန်းချီ၏ စွမ်းအားကြီးဖိနှိပ်မှုအောက်တွင် ကျောက်စိမ်းဖန်ဆင်းလိပ်ပြာအားလုံးအား ပေါင်းစပ်ရန် ရက်ပေါင်း ၁၀၈ရက်အထိကြာမြင့်ခဲ့လေသည်။

ထိုသို့ဖြင့် ကျောက်စိမ်းဖန်ဆင်းလိပ်ပြာ ၅၀မှာပေါင်းစည်းသွားကြသည်။

၎င်းနောက်တွင် ဝမ့်ခိုက်၏စွမ်းအားမှာ အဆမတန်တိုးပွားလာလျက် ဘိုးဘေးဟုန်ကျွင်း၏ကျင့်ကြံဆင့်ထက်ပင် နိမ့်ကျနေခြင်းမရှိတော့ချေ။

"ဝမ့်ခိုက်၊ ထွက်လာခဲ့။"

[လာနေပြီ၊ လာနေပါပြီ သခင်၊ ဒီမှာပါ]

"မင်း အခြားကျောက်စိမ်းဖန်ဆင်းလိပ်ပြာအပိုင်းတွေကို စပြီးရှာနေနိုင်ပြီလား?"

[ဒါပေါ့။ အခုပဲ ရှာတော့မှာလေ]

ဝမ့်ခိုက်မှာ ရဲခွေးဖြစ်လာဟန်ပါပင်။ ၎င်း၏ အာရုံခံစားလွယ်မှုမှာ ရဲခွေးတစ်ကောင်၏ အာရုံခံနှာခေါင်းလိုပင် သုံးလောကကို မြန်မြန်‌ဖြန့်ကျက်သွားသည်။

မကြာမီတွင် ၎င်းမှာ ကျောက်စိမ်းဖန်ဆင်းလိပ်ပြာအပိုင်း တစ်ခုအား ရှာတွေ့သွားတော့၏။

ထို့နောက် ဒုတိယ၊ တတိယ၊ စတုတ္ထ... နောက်ဆုံးအပိုင်းအထိပင်။

တစ်ချိန်တည်းမှာပင် လုရှောင်ယန်သည်လည်း ထိုကျောင်စိမ်းလိပ်ပြာအပိုင်းများအားရှာဖွေရန် သူ၏ကိုယ်ပွားကိုအသုံးပြုလိုက်သည်။

သူ၏လက်ရှိအတုမဲ့အဆင့်ကျင့်ကြံခြင်းနှင့်ဆိုလျှင် ကျောက်စိမ်းဖန်ဆင်းလိပ်ပြာမှာ မည်မျှစွမ်းအားကြီးကြီး သူ၏လက်‌အောက်မှ ထွက်ပြေးခြင်းကိုအသာထား အမိန့်များကို မနာခံရန်ပင်မဖြစ်နိုင်ပေ။

မကြာမီမှာပင် ကျောက်စိမ်းဖန်ဆင်းလိပ်ပြာအပိုင်းအားလုံးအား အနံ့ခံ ရှာတွေ့သွားပြီးနောက် ကျောက်စိမ်းဖန်ဆင်းလိပ်ပြာကြီးတစ်ခုလုံးအဖြစ် ထပ်မံစုစည်းလိုက်တော့သည်။

ထိုဖြစ်စဉ်က ယခင်ကထက်ပင် များစွာ မြန်ဆန်လွန်းနေပါ၏။

၎င်းမှာ ဝမ့်ခိုက်က မတိုင်ခင်တွင် အပိုင်း ၄၉ခုလုံးအား ဝါးမြိုခဲ့ခြင်းကြောင့်ပင်။

ယခုတွင် ၎င်းက ကျောက်စိမ်းဖန်ဆင်းလိပ်ပြာအပိုင်း ၅၀လုံးအား ရရှိနေပြီးပြီပင်။ လူတစ်ယောက်မှာ ၎င်းက ထို အပိုင်း၅၀အား မည်မျှမြန်မြန်ဝါးမြိုနိုင်သည်ကို စိတ်ကူးပင်ကြည့်နိုင်ပေ၏။

ထို့အပြင် ၎င်းဝါးမြိုလိုက်သည်နှင့် ပိုမိုအားကောင်းသထက်အားကောင်းလာကာ စုပ်ယူနှုန်းမှာလည်း တိုးမြင့်လာ၏။

အဆုံးတွင် ကျောက်စိမ်းဖန်ဆင်းအပိုင်းပေါင်း ၃၀၀၀အား ဝမ့်ခိုက်ပင် ထိန်းချုပ်လိုက်တော့သည်။

ကျောက်စိမ်းဖန်ဆင်းလိပ်ပြာအပိုင်းတိုင်းမှာ မဟာတာအိုပါဝင်နေ၏။

၎င်းတို့ အပိုင်း၃၀၀၀ပေါင်းစပ်ခြင်းမှာ မဟာတာအို၃၀၀၀‌အားစုဆောင်းခြင်းနှင့် ညီမျှပေ၏။

ထိုအချိန်တွင် လုရှောင်ယန်မှာ ကျောက်စိမ်းဖန်ဆင်းလိပ်ပြာရှိ အချက်အလက်အား နားလည်သွားတော့သည်။

ဖရိုဖရဲလောကအထက်၌ လောကများရှိနေသေးသည်ပင်။ ဖရိုဖရဲလောကမှာ အင်မတန်စွမ်းအားကြီးမားလှသော်လည်း အခြားလောကများနှင့်ယှဉ်လျှင် သမုဒ္ဒရာထဲရှိ ရေစက်တစ်စက်နှင့်သာ ညီမျှချေ၏။

စကြဝဠာတွင် အင်မတန်စွမ်းအားကြီးမားလှသော ဖြစ်တည်မှုများ များစွာ တည်ရှိကြလေသည်။

၎င်းတို့အကြားတွင် အတုမဲ့အဆင့်ပညာရှင်များစွာရှိကာ ၎င်းအထက်အဆင့်များမှာ ကြောက်မက်ဖွယ်ရာ အုပ်ချုပ်သူအဆင့်ဖြစ်၏။

အုပ်ချုပ်သူအဆင့်အထက်တွင် ဖန်ဆင်းခြင်းနတ်ဘုရားအဆင့်နှင့် ထို ဖန်ဆင်းခြင်းနတ်ဘုရားများအားလုံးကို စောင့်ကြပ်ကြသူများကိုမူ ဘိုးဘေးများဟုခေါ်ဆိုကြသည်!

အတုမဲ့အဆင့်ပညာရှင်များမှာ မူလလောက၏ အတားအဆီးများကိုသာ ကျော်ဖြတ်ကြရသည်။

၎င်းမှာ ပန်ဂု၏အဆင့်တက်ခြင်းနောက်၌ သူဟာ ဖရိုဖရဲလောက၏အဆီးအတားများမှ လွန်မြောက်၍ မဟာအာကာပြင်ကိုဝင်ရောက်ခဲ့သလိုပင်။

မှန်ပေသည်၊ ၎င်းတို့အဆင့်မတက်ခဲ့ပါလျှင်တောင် မဟာအာကာပြင်ကို ဝင်ရောက်နိုင်နေဆဲပါပင်။ ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ရွှေရောင်အမတအရှင်များသည်ပင် ဝင်ရောက်ရန် အခွင့်ရှိပါ၏။

သို့သော် ထိုအရာနှစ်ခုအကြား၌ ကွာခြားချက်ကြီးတစ်ခုရှိပေ၏။

ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့နှင့် ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတမရှင်တို့သာ ယာယီ ဝင်ရောက်နိုင်ပါ၏။

ထို့အပြင် ၎င်းတို့၏ကျင့်ကြံဆင့်များအလိုက် မဟာအာကာပြင်၌ ကုန်ဆုံးခဲ့သည့်အချိန်မှာလည်း ကွဲပြားသည်။

ထို့အပြင် ရှေးဟောင်းသဏ္ဍာန်ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်တစ်ဦးမှာ မဟာအာကာပြင်တွင် ပညာရှင်တစ်ဦးမဟုတ်တော့ဘဲ မည်သည့်အချိန်မဆို ချက်ချင်းအသတ်ခံလိုက်ရနိုင်၏။

ထို့ကြောင့် ၎င်းတွင် အတုမဲ့အဆင့်ပညာရှင်များသာ ၎င်းတို့လောက၏ အဆီးအတားများကို အသေအချာ ကျော်ဖြတ်လွတ်မြောက်နိုင်သည်။

အုပ်ချုပ်သူအဆင့်ပညာရှင်တစ်ဦးမှာ အရှင်သခင်တစ်ဦးပါပင်!

သူဟာ ‌အတုမဲ့အဆင့်ပညာရှင်များအား ထိန်းချုပ်နိုင်ကာ ပိုလို့ပင် စွမ်းအားကြီးမား၏။ သူ့အနေနှင့် လောကမြောက်များစွာရှိ သက်ရှိများ၏ ရှင်ခြင်းနှင့် သေခြင်းကိုပင် ထိန်းချုပ်နိုင်လုဆဲဆဲပင်။

အတုမဲ့အဆင့်ပညာရှင်များမှာ ၎င်း၏ ရှေ့မှောက်၌ ပိုးမွှားတစ်ကောင်လိုပင် မထင်ရှားလှချေ။

သို့သော် အုပ်ချုပ်သူအဆင့်ပညာရှင်တစ်ယောက်လို စွမ်းအားကြီးသည့် တစ်ယောက်ယောက်သည်ပင် ပန်ဂု၊ လုရှောင်ယန်နှင့် အခြားလူများလို လောကတစ်ခုကို မဖန်တီးနိုင်ချေ။

ပန်ဂုရှိခဲ့သည့် ဖရိုဖရဲလောကအား လွန်ခဲ့သည့် အချိန်များစွာတည်းက ပုံဖော်ခဲ့ခြင်းပင်။

သူဟာ ကောင်းကင်အားထက်ခြမ်းဖွင့်လှစ်လိုက်သည်နှင့် သုံးလောကကို ဖန်ဆင်းနိုင်သည်ပင်။

ဖန်ဆင်းခြင်းနတ်ဘုရားများသည်သာ စစ်မှန်သော နတ်ဘုရားနှင့် ဧကရာဇ်များဖြစ်ကြ၏။

ထိုသည်မှာ ၎င်းတို့က ဖျက်ဆီးခြင်းကို ထိန်းချုပ်နိုင်ရုံသာမက ဘဝနှင့် ဖန်ဆင်းခြင်းကိုပါ ထိန်းချုပ်နိုင်ခြင်းကြောင့်ပင်။

၎င်းတို့မှာ မည်သည့်အရာကိုမှ စိတ်ကျေနပ်မှုမရှိပါလျှင် ၎င်းတို့ရှေ့မှောက်ရှိ အရာတိုင်းကို မည်သည့်အချိန်မဆို ဖြည့်ဆည်းနိုင်ကာ တူညီသည့် လောကတစ်ခုကို ထပ်မံဖန်တီးနိုင်၏။

ထိုသည်က မည်မျှ စွမ်းအားကြီးပြီး ထိတ်လန့်ဖွယ်ကောင်းလှသနည်း?

ထို့ပြင် လုရှောင်ယန် ဂရုအထားဆုံးမှာ ထိုဘိုးဘေးများပင်။

စကြဝဠာဖြစ်တည်လာကတည်းက ဘိုးဘေးအနည်းငယ်သာ ရှိခဲ့ကြသည်ဟု ဆိုစမှတ်ပြုကြသည်!

သို့ရာ၌ ၎င်းတို့မှာအနည်းစုမျှသာဖြစ်သော်ငြား ဖန်ဆင်းခြင်းနတ်ဘုရားများကို ဂရုမထားကြပါချေ။

၎င်းတို့မှာ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ကို ကိုယ်စားပြုနေ၏။ ၎င်းတို့မှာ အရာအားလုံးကို ကိုယ်စားပြုပေသည်။

၎င်းတို့မှာ လုပ်ချင်သည်မှန်သမျှကို လုပ်နိုင်သည်။

မည်သူကမှ ထိုဘိုးဘေးများအား မရပ်တန့်နိုင်ချေ!

သူဟာ ဘိုးဘေးတ‌စ်ဦးဖြစ်လာရမည်ဟု ဆုံးဖြတ်လိုက်တော့၏!

ဘိုးဘေးတစ်ဦးဖြစ်လာခြင်းကပင် သူ့အား လောက၌အမှန်တကယ်ပြိုင်ဘက်ကင်းလာစေနိုင်မည်။ ထိုနည်းလမ်းဖြင့်သာ သူ့အားစိတ်ကျေနပ်စေနိုင်၏။

သို့ရာ၌ ထိုကျင့်ကြံဆင့်တွင် သူ့အတွက် ပိုမြန်မြန်ကျင့်ကြံဖို့ရာ မဖြစ်နိုင်ချေ။

သူဟာ တစ်ခုခုကိုစဉ်းစားဖို့လိုနေသည်။

မဟုတ်ပါက သေသွားလျှင်တောင် အောင်မြင်စွာကျင့်ကြံနိုင်လိုက်မည်မဟုတ်ချေ။

ထိုအရာက ကျင့်ကြံဆင့်များကို စုဆောင်းပြီးရရှိနိုင်သည့် အရာတစ်ခုမဟုတ်တော့ချေ။

သူဟာ မည်သို့များ ဘိုးဘေးတစ်ဦး ဖြစ်နိုင်မည်နည်း?

လုရှောင်ယန်မှာ ကျောက်စိမ်းဖန်ဆင်းလိပ်ပြာအား အချက်အလက်အတွက် ဆက်လက်ရှာဖွေလိုက်သည်။

မကြာမီ၌ သူရှာတွေ့သွားတော့၏။

"ရှေးဟောင်းပုလဲ! ဒါက တကယ်ကိုရှေးဟောင်းပုလဲပဲ။"

ရှေးဟောင်းပုလဲအား ရှာတွေ့ပြီး အတွင်းရှိ လျှို့ဝှက်ဆန်းကြယ်မှုများကို ပုံဖော်ခြင်းကသာလျှင် လူတစ်ယောက်အား ဘိုးဘေးဖြစ်လာမည့် လမ်းကြောင်းကို ရှာတွေ့စေနိုင်သည်။ ကျောက်စိမ်းဖန်ဆင်းလိပ်ပြာမှာ ရှေးဟောင်းပုလဲကို ရှာဖွေနိုင်သည့် လက်မှတ်ပါပင်။

ကျောက်စိမ်းဖန်ဆင်းလိပ်ပြာမရှိဘဲ ရှေးဟောင်းပုလဲကို ရှာတွေ့နိုင်ရန် မဖြစ်နိုင်ချေ။

"ဝမ့်ခိုက်၊ ငါ့ကိုမြန်မြန်ပြောစမ်းပါ! ရှေးဟောင်းပုလဲ ဘယ်မှာလဲ?"

[သခင်၊ ကျွန်တော်လည်း မသိပါဘူး]

"ကျောက်စိမ်းဖန်ဆင်းလိပ်ပြာက ရှေးဟောင်းပုလဲကိုရှာတွေ့ဖို့ သော့ချက်လို့ မင်းမပြောခဲ့ဘူးလား? မင်းက ကျောက်စိမ်းဖန်ဆင်းလိပ်ပြာမဟုတ်ဘူးလား?"

[ကျွန်တော်က တကယ်ကို ကျောက်စိမ်းဖန်ဆင်းလိပ်ပြာပါ၊ ဒါပေမယ့် ကျွန်တော်တစ်ယောက်တည်းမဟုတ်ဘူးလေ။ ကျွန်တော်တို့က သီးခြားဖွဲ့စည်းခြင်းနဲ့ပိုတူတယ်။ လောက,က မဟာအာကာပြင်ကောင်းကင်အဆင့်မှာ မွေးဖွားလိုက်တာနဲ့ ကျောက်စိမ်းဖန်ဆင်းလိပ်ပြာတစ်ခုလည်း ပေါ်ထွက်လာလိမ့်မယ်]

လုရှောင်ယန် : "..."

ထိုအချိန်၌ သူ၏အနာဂတ်က သိပ်မသေချာတော့ဟု ရုတ်တရတ်ခံစားလိုက်ရသည်။

သူဟာ မူလက လုံ့လတစိုက်‌ကျင့်ကြံပြီး အသန်မာဆုံးဖြစ်လာရန် လိုအပ်သည်ဟုသာ ထင်ခဲ့၏။ သို့သော် ၎င်းကိုကြည့်ရလျှင် ထိုမျှလွယ်ကူပုံမပေါ်ပါချေ! အနည်းဆုံး သူဟာ အထူးကဲဆုံးလူတစ်ယောက်ဟုတ်မနေချေ။

မဟာအာကာပြင်တွင် ပန်ဂုနှင့် ဆင်တူသည့် ဖြစ်တည်မှုများစွာရှိ၏။ ၎င်းတို့ကိုယ်တိုင် အဆင့်တက်ပြီး ဖရိုဖရဲလောက၏ အတားအဆီးများကို ဖြတ်ကျော်နိုင်မှသာလျှင် ၎င်းတို့အား အတုမဲ့အဆင့်ပညာရှင်များဟု လုံးဝ သတ်မှတ်နိုင်ပေ၏။

အတုမဲ့အဆင့်မှာ စတင်ခြင်းအသစ်လိုပါပင်။

သူသာအောင်မြင်လျှင် ဇိမ်ခံဘဝ၌ နေနိုင်လိမ့်မည်။ ကျရှုံးခဲ့လျှင် သူ၏ဝိဉာဉ်ပင်ပျောက်ကွယ်သွားပြီ လုံးဝပျောက်ဆုံးသွားပေမည်။

ခဏနေပါဦး။

လုရှောင်ယန်မှာ တစ်ခုခုအားမေ့နေဟန်ပေါ်ကာ အလျင်စလိုပြောလိုက်တော့၏။

"ဝမ့်ခိုက်၊ ပန်ဂုက လောကအမျိုးမျိုးက ကလေးတွေထဲက တစ်ယောက်ဆိုရင် မဟာအာကာပြင်မှာ သူ့လိုလူတွေအများကြီး‌ရှိနေမှာလေ? သူတို့ကြားမှာ မြင်းနက်တောင်ရှိနေပါတော့မလား?"

[ဒါက...]

ဝမ့်ခိုက်မှာ ချက်ချင်းတုံ့ဆိုင်းသွား၏။

"အာ... ငါတစ်ခုချင်းတော့ မသေချာဘူး၊ ဒါပေမယ့် ဖြစ်နိုင်ချေကို မကြည့်နိုင်ဘူးဖြစ်နေတယ်။

ဒါပေမယ့် ဒီလိုလူတစ်ယောက်တကယ်ရှိနေခဲ့ရင် နှစ်ယောက်လုံးအတွက် အရမ်းဝမ်းနည်းစရာကောင်းသွားလိမ့်မယ်။"

လုရှောင်ယန်၏မျက်နှာမှာ မနေနိုင်ဘဲ ပြင်းပြစွာ ရှုံ့တွနေ၏။

သေစမ်းကွာ!

သူဟာ ဒီတစ်ခေါက်တော့ တကယ်သေပြီပင်။

အတိတ်ကသူဟာ မြင်းနက်များအား ခုခံတိုက်ခိုက်ဝံ့ခဲ့ပါသော်လည်း သူ့ထံ၌ ဝမ့်ခိုက်ရှိနေခြင်းကြောင့်သာပင်။

ယခုတွင်မူ ဝမ့်ခိုက်၏ကိုယ်ပိုင်စွမ်းအားက သူ့ထက်ပင်နိမ့်ကျနေသေး၏။ သူဘာကိုများမျှော်လင့်ရမည်နည်း?

သို့သော် သူသာ ထိုသို့သော အခြေနေ၌ သေခဲ့ပါလျှင်...

သေချာပေါက် ဆန္ဒမရှိပါချေ။

ဟာသပဲ။ သူ့အတွက် ဒီလောက်ထိဝေးဝေးရောက်လာရဖို့ဆိုတာ မလွယ်ခဲ့ဘူးလေ။

၎င်းက မည်မျှခက်ခဲခဲ့သည်ကို သိကြပေသည်။

သူဟာကြောက်ရွံ့တုန်လှုပ်နေလျက် နှစ်များစွာတိုင် ရေခဲအလွှာပါးလေးထက်၌ နင်းလျှောက်ခဲ့ရသည်ပင်... သူ့အနေနှင့် တစ်ယောက်ယောက်၏ ခြေနင်းကျောက်တုံးလေးအဖြစ်အဆုံးသတ်သွားမည်ကို မလိုလားပါချေ။

"မဖြစ်ဘူး၊ ငါ ရှေးဟောင်းပုလဲကိုရှာဖို့ နည်းလမ်းစဉ်းစားရမယ်။ ရှေးဟောင်းပုလဲကိုရှာတာကပဲ ကောင်းကင်ဘုံကိုအံတုစေနိုင်ပြီး ကံကြမ္မာကိုပြောင်းလဲတဲ့နေရာမှာ ကူညီနိုင်မှာ။"

[သခင်၊ လုပ်နိုင်ပါတယ်။ ကျွန်တော်က သခင့်ကို သေချာပေါက် စောင့်ရှောက်ပြီး နောက်ဆုံးခြေလှမ်းအထိ ရှိနေပေးမှာပါ]

[ခင်ဗျားရှင်ရင် ငါရှင်သန်မယ်။ ငါ‌ဆိုသေရင် ငါပါလိုက်သေမယ်]

"မင်းဒီမှာ လာချစ်ပြနေတာကို ရပ်လို့ရမလား? မင်းကို ငါတို့ကမျိုးစိတ်မတူပါဘူးလို့ပြောပြီးပြီလေ။ မင်းကငါ့ရဲ့ ဇနီးလေးလို ပြုမှုမနေနဲ့။"

[အာ... သခင်၊ သခင့်ရဲ့လက်ရှိကျင့်ကြံဆင့်ကတင် အရမ်းကိုစွမ်းအားကြီးနေပြီလေ။ ဒီလိုကိစ္စလေးကို ကြောက်နေသေးတာလား?]

[စိတ်ပူစရာမလိုပါဘူး။ သခင်သာ ငါ့ကိုလက်ထပ်ရင် သေချာပေါက် ကလေးလေးတစ်ယောက် ဖန်တီးပေးမယ်]

"မင်းကတော့ ထပ်ပြီး အရိုက်ခံချင်နေပြန်ပြီ ထင်တယ်။"

ထိုသို့ပြောလိုက်ရင်း လုရှောင်ယန်မှာ မြင်းမြီးယပ်ကို ထုတ်ယူလိုက်တော့သည်။

၎င်းအားမြင်သော် ဝမ့်ခိုက်၏ အမူအရာမှာ ချက်ချင်းဆိုးဆိုးရွားရွားပြောင်းလဲသွား၏။

[မှားသွားတယ်၊ ကျွန်တော်မှားသွားပါတယ်။ ဒီလိုထပ်မလုပ်တော့ပါ့ဘူး!]

ထိုသို့ပြောလျက် ၎င်းမှာ လုရှောင်ယန်၏ ရင်ဘတ်တွင်းသို့ ပြန်ကာ တွားသွားဝင်ရောက်သွားတော့သည်။

"ဒီတစ်ခေါက်တော့ ကံကောင်းသွားတယ်မှတ်!"

သို့သော် လုရှောင်ယန်မှာ ရှေးဟောင်းပုလဲကိုရှာရန် သူ၏စွမ်းအားကို ခပ်မြန်မြန်စုဆောင်းလိုက်ပြန်၏!

ရှေးဟောင်းပုလဲကို သူ့ဘာသာရှာရန်မှာ အင်မတန်လက်တွေ့မကျလှပါချေ။

ရှေးဟောင်းပုလဲမှာ နှစ်များစွာကြာအောင် တစ်နေရာရာ၌ ရှိနေခဲ့ပြီး မည်သူကမှ ၎င်းကိုမရနိုင်ပါချေ။

၎င်းက သေချာပေါက်ကို တိုက်ပွဲရှည်ကြီးဖြစ်သည်။

ထို့ကြောင့် လုရှောင်ယန်မှာ သူ၏တပည့်များအား တစ်ဖန်ပြန်ကာကြည့်လိုက်သည်။

ပြောရလျှင် သူ့တပည့်များ၏ ကျင့်ကြံဆင့်တိုးတက်လာသည်နှင့် သူ၏ကျင့်ကြံဆင့်လည်း တိုးလာနိုင်မည်ပင်။

ထိုသို့ဆိုလျှင် တစ်ယောက်ယောက်က ဒါကို မလက်ခံချင်‌လျှင်တောင် ၎င်းတို့အား ၎င်းတို့၏စွမ်းအားနှင့်အတူသာ ဖိနှိပ်ထားလိမ့်မည်ပင်။

"ရွှေရောင်အောက်ကျွန်းရဲ့တပည့်အားလုံးပဲ၊ နားထောင်ကြပါ။"

"အခုကစပြီး၊ သုံးလောကကို ငါ့အတွက် ချိပ်ပိတ်ပေးပါ။ ပထမမျိုးဆက်တပည့်တွေက အားကုန်သုံးပြီး ကျင့်ကြံရမယ်။ ဒုတိယမျိုးဆက်တပည့်တွေကလည်း ရှေးဟောင်းပုလဲကို အတတ်နိုင်ဆုံးတွေ့အောင်ရှာကြ!"

ထိုသို့ပြောလိုက်သည်နှင့် ကောင်းကင်၌ ရွှေရောင်အမိန့်ပြန်တမ်းဖြစ်ပေါ်လာ၏။

၎င်းမှာ တုနှိုင်းမဲ့အဆင့်နှင့် ဆိုင်သည့် တစ်ခုခုကိုရှာကြည့်နေခဲ့သည်ပင်!

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၃၃။ အပိုင်း ၄၈၉ ဖန်ဆင်းခြင်းနတ်ဘုရားယဲ့ချန်

သူ၏ကျင့်ကြံဆင့်ဟာ အတုမဲ့အဆင့်သို့ရောက်ရှိပြီးနောက်၌ လုရှောင်ယန်မှာ အင်မတန်ထူးခြားသော စွမ်းရည်တစ်ခု ရရှိသွားခဲ့သည်။

ထိုစွမ်းရည်မှာ အင်မတန်ထူးကဲလှ၏။ ထိုသည်က သူ့အား များစွာသန်မာစေသော စွမ်းရည်မဟုတ်သလို အခြားလူများအားလည်း ဖိနှိပ်နိုင်ခြင်းမရှိချေ။

ထိုအစား ၎င်းက နိယာမစွမ်းအားကိုဖြစ်ပေါ်စေ၏!

ထိုသည်မှာ မတူကွဲပြားသော နည်းနာနှစ်မျိုးနှစ်စားပါပင်။‌ ရှေ့တစ်မျိုးမှာ အမိန့်တစ်ခုဖြစ်ပြီး မလုံလောက်သောစွမ်းအားကြောင့် ကျရှုံးသွားနိုင်သေးသည်။

တစ်ဖက်၌ နိယာမစွမ်းအားမှာ များပြားလှသည့် ဖြစ်နိုင်ချေများပါဝင်နေ၏။

တစ်မျိုးဆိုရလျှင် နိယာမစွမ်းအားမှာ လုရှောင်ယန်အမိန့်ပေးပြီးနောက်မှ အသက်ဝင်ချိန်တွင် တပည့်များက ရှေးဟောင်းပုလဲ၏ ဖြစ်တည်မှုကို ပိုမိုနီးစပ်လာသည်နှင့်အမျှ အာရုံခံနိုင်ပေလိမ့်မည်။

၎င်းက လိုက်နာရန်လိုအပ်သည့် အမှန်တရားတစ်ခုပါပင်။

၎င်းအား ရှာဖွေခြင်းဖြစ်စဉ်တွင် အချို့ကျင့်ကြံဆင့်နိမ့်သူများ အထင်ကြီးဖွယ်ဖြစ်လာနိုင်ကာ ၎င်းတို့၏ ကျင့်ကြံဆင့်မှာလည်း အတွင်း၌ မဟာတာအိုနိယာမကို စုပ်ယူထား‌ခြင်းကြောင့် များစွာ တိုးတက်လာသည်ပင်။

မှန်‌ပေသည်၊ ကန့်သတ်ချက်များမှာ တစ်ဖက်လူ၏ကျင့်ကြံဆင့်နှင့် လုရှောင်ယန်၏ ကျင့်ကြံဆင့်တို့အပေါ်၌ မူတည်နေဆဲပါပင်။

ဥပမာ လုရှောင်ယန်မှာ ယခုတွင် အတုမဲ့အဆင့်၌ ရောက်နေသည်ပင်။ ယခု သူဟာ နိယာမစွမ်းအား အမိန့်နှင့်အတူ ဖြည့်ဆည်းလျက် တစ်ယောက်ယောက်က သူဟာ သာမန်လူဖြစ်နေလျှင်တောင် သူ၏အမိန့်များကိုနာခံလျှင် ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဖြစ် ချက်ချင်းတိုးတက်သွားနိူင်၏။

သူသာ ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်သာဆိုလျှင် ရှေးဟောင်းသဏ္ဍာန်မဲ့ရွှေရောင်အမတအရှင်အဖြစ် တိုးတက်လာနိုင်သည်။ သို့သော် သက်ရောက်မှုမှာ လူတစ်ဦး၏ကျင့်ကြံခြင်းကို လျှော့ချရပေလိမ့်မည်။

သူဟာ ၎င်းကို မရှာနိုင်လျှင်တောင် ကိစ္စမရှိပါချေ။ သူဟာ အမိန့်ကိုနာခံသည်နှင့် ကျင့်ကြံဆင့်တိုးလာလိမ့်မည်ပင်။

သူဟာ မဟာတာအိုနိယာမအနည်းအကျဉ်းကိုလည်း စုပ်ယူနိုင်သည်!

‌ခြုံပြောရလျှင် လုရှောင်ယန်မှာ ဟုန်ကျွင်းကဲ့သို့သော ဖြစ်တည်မှုထက်ပင်သန်မာလှပေသည်။

ယခင်က ဘိုးဘေးဟုန်ကျွင်းမှာ သူ၏တပည့်များ ဟောကြားခြင်းကို အမှီပြုနေခဲ့သည်။

၎င်းကိုနားလည်ခြင်းကသာ တစ်ယောက်၏ကျင့်ကြံဆင့်ကို တိုးလာစေနိုင်သည်။ တစ်ယောက်မှာ ၎င်းကိုနားမလည်နိုင်ပါလျှင် အသုံးဝင်လိမ့်မည်မဟုတ်ချေ။

၎င်းက လုရှောင်ယန်၏နည်းလမ်းလို သက်ရောက်ခြင်းနှင့် ဝေးကွာနေသည်။

ထိုသည်မှာ အတုမဲ့အဆင့်ပညာရှင်နှင့် ရှေးဟောင်း သဏ္ဍာန်အကန့်အသတ်မဲ့ရွှေရောင်အမတအရှင်တို့အကြားမှ ခြားနားချက်ပါပင်။

၎င်းတို့အားလုံးအား လုပ်ဆောင်ပြီးနောက်၌ လုရှောင်ယန်မှာ ထုံးထျန်းနှင့် ဟိုတုတို့၏ခန္ဓာများအား ပြန်လည်တည်ဆောက်လိုက်သည်။

ထုံးထျန်းမှာ သူ့အပေါ်ကျေးဇူးရှိနေသည်။ ထုံးထျန်းမှာ ဤခန္ဓာအားဖန်တီးခဲ့ခြင်းကြောင့်သာ လုရှောင်ယန်ထံ၌ အဆုံးမရှိသည့် ဖြစ်နိုင်ချေများရှိလာရခြင်းပင်။

သူဟာ ဘိုးဘေးဟုန်ကျွင်းအား မဖျက်ဆီးရသေးပါသော်လည်း အတုမဲ့အဆင့်သို့ရောက်နေပြီဖြစ်၏။ ဤသည်က သူ၏ကတိကို ဖြည့်ဆည်းရမည့်အချိန်ပါပင်။

ဟိုတုမှာမူ အခက်ခဲဆုံးအချိန်၌ သူ့အား ထပ်မံအဆင့်တက်ရာ၌ ကူညီရန် မိမိကိုယ်ကိုယ်စွန့်လွှတ်ဖို့ရာ ဆန္ဒရှိခဲ့၏။ ထိုသည်ကလည်း သူမ၏ ကိုယ်အား ပြန်လည်တည်ဆောက်ပေးရန် အကျိုးကြောင့်သင့်ပါသည်။

တစ်ဖက်တွင် အရှေ့ပင်လယ်နဂါးနန်းတော်၌ ပင်လယ်နဂါးဘုရင်လေးပါးမှာ စုစည်းနေကြလျက် ကျွင့်ပုကျန်းရှေ့မှောက်၌ ဒူးထောက်နေကြသည်။

"ခင်ဗျားရောက်နေတာမသိလိုက်ဘူး။ ကျုပ်တို့ အမြန်လေးမကြိုဆိုလိုက်မိတာ ခွင့်လွှတ်ပေးပါ၊ သူတော်စင်။"

ကျွင့်ပုကျန်းမှာ မျက်ခုံးပင့်လိုက်သည်။

"အခုက ဘယ်ခေတ်ရောက်နေပြီလဲ? ဘာလို့ငါ့ကိုသူတော်စင်လို့ခေါ်နေရသေးတာလဲ? အခုခေတ်က ငါ့ဆရာရဲ့အုပ်ချုပ်မှုအောက်မှာဆိုတာကိုမသိဘူးလား? ငါ့ရဲ့ဆရာတူညီအစ်ကိုတွေအားလုံးနဲ့ ငါက ရှေးဟောင်းသဏ္ဍာန်မဲ့ရွှေရောင်အမတအရှင်တွေပဲ။ သူတော်စင်ဆိုတာ လူအိုကြီးဟုန်ကျွင်းရဲ့ကံတရားပဲ။ သူက ငါ့ကိုဘယ်လိုများသူတော်စင်က ငါ့ကို ခေါ်နေရတာလဲ?"

နဂါးဘုရင်များမှာ မနေနိုင်ဘဲ အချင်းချင်းကြည့်လိုက်ကြသည်။

"ဒါဆို ကျုပ်တို့ ဘယ်လို ညွှန်းဆိုပေးရမလဲ?"

"မင်းတို့ငါ့ကို ဘိုးဘေးလို့ခေါ်သင့်တယ်။"

နဂါးဘုရင်များမှာ မနေနိုင်ဘဲ မျက်ခုံးများ ပင့်မိသွားကြသည်။

"စီနီယာ၊ ခင်ဗျားက ဧကရာဇ်ပန်ဂုပြန်ဝင်စားသူရဲ့တပည့်ဖြစ်ပြီး ကျင့်ကြံဆင့်က သူတော်စင်တစ်ယောက်နဲ့ ယှဉ်လို့ရနေပြီဆိုတာ ကျုပ်တို့သိပါတယ်။ ဒါပေမယ့် ကျုပ်တို့အနေနဲ့ ခင်ဗျားကို ဘိုးဘေးလို့‌တိုက်ရိုက်ခေါ်ဖို့က မသင့်လျော်ဘူး‌မဟုတ်လား?"

"ကျုပ်တို့နဂါးမျိုးနွယ်က ပယ်ဖျက်ခံခဲ့ရပေမယ့်လည်း ကျုပ်တို့မှာ နဂါးမျိုးနွယ်‌နောက်ခံ အရိပ်ယောင်ရှိနေဆဲပဲ! ကျုပ်တို့ကို ဒီလိုတိုက်ရိုက် ပျက်ရယ်ပြုမယ်ဆိုရင် ကျုပ်တို့ကို သတ်မိသွားနိုင်တယ်။"

ကျွင့်ပုကျန်းမှာ မျက်လုံးလှိမ့်လိုက်သည်။

"အခု၊ မင်းတို့အားလုံးက ဂုဏ်ဝင့်နေကြတယ်ပေါ့လေ။ မင်းတို့က နှစ်များစွာကြာအောင် ကောင်းကင်ဘုံခုံရုံးရဲ့ အခိုင်းအစေတွေဖြစ်နေခဲ့ကြပေမယ့် ဘာအထောက်အခံကိုမှ မပြခဲ့ဘူးလေ။"

နဂါးဘုရင်များမှာ ‌ဆို့နင့်လျက် မျက်နှာများက နီရဲလို့လာသည်။

ကျွင့်ပုကျန်းမှာ ၎င်းတို့ကြောင့်စိတ်ရှုပ်မခံနေတော့ဘဲ ခန္ဓာအစစ်ကိုထုတ်ဖော်လျက် ခရမ်းရွှေရောင်နတ်နဂါးအသွင် ပြောင်းလဲလိုက်တော့သည်။

ဘုန်း!

ထိုသည်က နဂါးဘုရင်များထံ ဗုံးကြီးတစ်လုံးပစ်သွင်းလိုက်သည်နှင့် ဘာမှမခြားပါချေ။

"ခရမ်းရွှေနတ်နဂါး! ဒါက တကယ်ပဲ ခရမ်းရွှေနတ်နဂါးတစ်ကောင်ပဲ!"

"ဘယ်လိုဖြစ်နိုင်မှာလဲ? ခရမ်းရွှေနတ်နဂါးက ဒဏ္ဍာရီလာ ဖြစ်တည်မှုလေ။ ဒါက ဘိုးဘေးနဂါးရဲ့ ပြန်လည်မွေးဖွားခြင်းကို ဖော်ဆောင်နေတဲ့ ဖြစ်တည်မှုပဲ!"

"ဒါ... ဒါက နဂါးဘိုးဘေးဝင်စားတဲ့လူဖြစ်နေခြင်းကြောင့်လား?"

"အနည်းဆုံး မင်းရဲ့ဦးနှောက်က သေမသွားခဲ့ဘူးပဲ! ချက်ချင်းဒူးထောက်ပြီး ပြန်လာတာကို ကြိုဆိုကြ!" နဂါးဘုရင်များမှာ ချက်ချင်းပင် စိတ်အားထက်သန်စွာ ဒူးထောက်လိုက်ကြ၏။ နှစ်မည်မျှ ကြာနေပြီနည်း?

နဂါးမျိုးနွယ်မှာ တိတ်ဆိတ်ကာ သိုသိုသိပ်သိပ်‌နေရန် ရွေးချယ်ခဲ့သည်။

၎င်းတို့မှာ ကောင်းကင်ဘုံခုံရုံး၏ဖိနှိပ်ခံထားရပြီး နတ်ဘုရားများ၏ ဝိုင်းကျဉ်ခြင်းကိုခံထားခဲ့ရသည်ပင်။

သုံးလောကတစ်ခွင်တွင် မည်သူမဆို ၎င်းတို့ခေါင်းထက်၌ နင်းနိုင်ကြသည်။

အလျင်ကိုပြန်‌တွေးရင်း နဂါးဘုရင်ကျင်းဟယ်မှာ အနောက်ဘက်သို့ အတိဒုက္ခအတွင်း လှည့်လည်ခဲ့ချိန်တွင် သာမန်သေမျိုးတစ်ဦး၏အသတ်ခံခဲ့ရသည်။ ထိုသည်က မည်မျှ ရယ်ရွှင်ဖွယ်ကောင်းလေသနည်း?

သို့သော် အဆုံး‌တွင် ၎င်းတို့မှာ ဘာကိုမှမတတ်နိုင်တော့ချေ။

ထို့အပြင် ကျောက်စိမ်းဧကရာဇ်စားသုံးရာ၌ အသုံးပြုခဲ့သည့် ပန်းကန်များတွင်မူ နဂါးအသည်းနှင့် ဇာမဏီခြင်ဆီတို့က ပါဝင်ပစ္စည်းများဖြစ်ကြ၏။

ထိုနဂါးများမှာ အစစ်များမဟုတ်ပါသော်လည်း အချို့နဂါးရောင်ဝါများကူးစက်ခံထားရသော ရေနေသတ္တဝါလေးများဖြစ်ကာ နဂါးများ၏ လက်ပါးစေများဖြစ်ကြပါ၏!

ရှေးအချိန်က ၎င်းတို့မှာ ပညာရှင်များဖြစ်ခဲ့သည်။ ၎င်းတို့မှာ နဂါးအစစ်များကဲ့သို့ စွမ်းအားမကြီးပါသော်လည်း နတ်ဘုရားများနှင့် ဗုဒ္ဓများကို သတ်ဖြတ်နိုင်နေဆဲပင်။

အဘယ့်ကြောင့် ၎င်းက ဖြစ်ပွားခဲ့ရသနည်း?

ထိုသည်မှာ နဂါးဇာမဏီအတိဒုက္ခပြီးနောက်တွင် နဂါးမျိုးနွယ်က ၎င်းတို့အကြီးမြတ်ဆုံး အကူအညီ— နဂါးဘိုးဘေးအားဆုံးရှုံးခဲ့သည်ပင်!

နဂါးဘိုးဘေးကြီး၏ အထောက်အခံမရှိဘဲ နဂါးမျိုးနွယ်မှာ တဖြည်းဖြည်းချင်း အခြားသူများ၏ အကျဉ်ခံရကာ အစေခံများဖြစ်လာကြသည်။

ထိုသည်မှာ နဂါးမျိုးနွယ်က အကူအညီမဲ့နေပြီး နှစ်များစွာကြာပြီးနောက်၌ တဖြည်းဖြည်းချင်း အရှောင်ခံလာရခြင်းကြောင့်ပါပင်။

ကောင်းကင်ဘုံခုံရုံးမှာ လုရှောင်ယန်တိုက်ခိုက်ခံရပြီး ဘိုးဘေးဟုန်ကျွင်းမှာ လုရှောင်ယန်ထံမှ အနိုင်ယူခံရပြီး ထွက်ပြေးသော်ငြား ၎င်းတို့က များစွာ ဝမ်းမသာကြပါချေ။

၎င်းက မည်သူကပဲ လောက၏ အရှင်သခင်ဖြစ်နေပါစေ ၎င်းတို့၏ နဂါးမျိုးနွယ်မှာ အဖိနှိပ်ခံရပြီး နိမ့်ကျနေမည်ဖြစ်ခြင်းကြောင့်ပါပင်။

ထို့ကြောင့် ၎င်းတို့ထံ၌ အင်မတန်နှိမ့်ချတတ်သော သဘောထားများရှိနေကြခြင်းပင်။

ထိုသည်က ၎င်းတို့မှာ နဂါးမျိုးနွယ်၏နောက်ဆုံးမျိုးဆက်သွေးများက အခြားသူများ၏ လှောင်ရယ်ခံရခြင်းကို တကယ်ပင် ကြောက်ရွံ့ပါချေ၏။

အဆုံး၌ ၎င်းတို့မှာ လောကအရှင်သခင်၏ ဂုဏ်သရေရှိတပည့်က ၎င်းတို့၏ နဂါးဘိုးဘေး ဝင်စားသူဖြစ်လာပေသည်။

ထိုသို့ဖြင့် ၎င်းတို့မှာ နောက်ခံတစ်ဦးကိုရှာတွေ့သွားကြ၏။

ထို့အပြင် ကျွင့်ပုကျန်းမှာ လုရှောင်ယန်၏တပည့်ဖြစ်ခြင်းကြောင့် သူ၏ဂုဏ်သရေများမှာ အင်မတန် မြင့်မြတ်လှချေ၏။ ပြောရလျှင် လုရှောင်ယန်က ယခု သုံးလောကကို အုပ်စိုးနေသည်ပင်။

နဂါးမျိုးနွယ်စု တိုးတက်လာခြင်းအတွက် မျှော်လင့်ချက်ရှိလာပြီပင်။

"ပြန်လည်ကြိုဆိုပါတယ်၊ နဂါးဘိုးဘေး။"

"ချက်ချင်းပဲ နဂါးမျိုးနွယ်ရဲ့ဘိုးဘေးနယ်မြေကိုဖွင့်လှစ်ပြီး ငါ့ရဲ့ စွမ်းအားကို ပြန်ရယူပါ‌ရစေ။"

"သိပါပြီ!"

မတိုင်ခင်က၊ ဟိုတုမှာ လုရှောင်ယန်အား ကျွင့်ပုကျန်း၏ဘဝအမှတ်အသားမှာ နဂါး‌မျိုးနွယ်၏ နယ်မြေထဲ၌ ထားခဲ့ခံလိုက်ရသည်။ ယခုတွင် ကျွင့်ပုကျန်းမှာ ၎င်းကိုပြန်လည်ဆောင်ယူနိုင်ပြီး သူ၏စွမ်းအားကိုလည်း ထပ်မံတိုးစေနိုင်သည်။

ထိုအချိန်၌ သူဟာ ဆရာ့နောက်လိုက်ကာ မဟာအာကာပြင်ဆီတတ်လှမ်းနိုင်ပေသည်။

သုံးလောကရှိ လူတိုင်းမှာ ကြိုးစားနေကြသည်။ လုရှောင်ယန်မှာလည်း ကျင့်ကြံခြင်းသို့ဝင်ရောက်လျက် အလျင်အမြန်ပင် စွမ်းအားတိုးမြှင့်လိုက်သည်။

တစ်ဖက်၌ လုရှောင်ယန်ထံမှ ကံကောင်းပြီးလွတ်မြောက်လာသည့် ဘိုးဘေးဟုန်ကျွင်းမှာလည်း မဟာအာကာပြင်ရှိ နေရာတစ်ခုသို့ရောက်လာသည်။

"ဒီတစ်ခေါက်တော့ မှန်သင့်နေပြီ!"

သူဟာ သက်ပြင်းရှည်ကြီးချလျက် နဖူးမှ ချွေးများကိုသုတ်လိုက်သည်။

ထို့နောက် ပစ္စည်းတစ်ခုကို ချက်ချင်းထုတ်ယူလိုက်၏။ ၎င်းက လက်စွပ်လေးတစ်ကွင်းပါပင်။ သတ္တုမှာ သာမန်ဆိုသော်လည်း ထူးခြားသောပုံစံလေးများလည်းထွင်းထား၏။

"ဂုဏ်သရေရှိ မဟာအာကာပြင်ပညာရှင် ငါ၊ ဟုန်ကျွင်းက ခင်ဗျားကိုတွေ့ဖို့ အဓိကလာခဲ့တာပါ။ ကျေးဇူးပြုပြီး ခွင့်ပြုပါ!"

အမှောင်ထုထဲ၌ မည်သည့်အသံမှမရှိချေ။ ၎င်းဗလာဖြစ်နေသည်က သူ့အား ပိတ်ဆို့ထားခြင်းကြောင့်ပင်။

သို့သော် ဘိုးဘေးဟုန်ကျွင်းမှာ လက်မလျော့ဘဲ ဆက်လက်ပြောလိုက်သည်။

သုံးခါမျှ အော်လိုက်ချိန်တွင် အင်မတန်စိတ်မရှည်လှသည့်အသံတစ်ခုက အာကာပြင်မှ ထွက်မြည်လာ၏။

"မင်းကိုယ်မင်းအရမ်းဆူညံတယ်လို့ မထင်ဘူးလား?"

ဟုန်ကျွင်း၏ကိုယ်မှာ ရုတ်တရတ်တုန်ရီသွားလျက် အင်မတန်စိတ်လှုပ်ရှားလာသည်။

ထိုသည်က သူပင်!

သူပါပင်!

တကယ်ကိုသူပဲ!

ထိုအသံက သူ့အား ယခင်အိပ်မက်ဆိုးနှင့် ပြန်ကြုံတွေ့စေသလိုပါပင်။

၎င်းတို့မှာ ကိုးရက်ကိုးညတိုင်တိုက်ခိုက်ခဲ့၏! သူနှင့် ‌လုရှောင်ယန်မှာ ထိုမျှကြာညောင်းစွာ မတိုက်ခိုက်ခဲ့ဟု သိရပေမည်။ တစ်ဖက်လူက မည်မျှစွမ်းအားကြီးသည်ကို စိတ်ကူးပင်ကြည့်နိုင်၏။ တစ်ဖက်လူမှာ သူ့အားအမြဲ အနိုင်တိုက်ခိုက်နိုင်ခဲ့ပေသည်။

အ‌ဆုံး၌ သူဟာ နှစ်ပေါင်းများစွာကျင့်ကြံပြီးမှ စုဆောင်းရရှိခဲ့သည့် ရှေးဟောင်းခရမ်းသွေးချီကိုပင် ဖောက်ခွဲရန် အားကုန်သုံးခဲ့ရ၏။ အဆုံးတွင် တစ်ဖက်လူအား ပြာမှုန့်များအဖြစ် ဖောက်ခွဲလိုက်ပါ၏။

ရယ်စရာအလွန်ကောင်းသည်မှာ သူဖောက်ခွဲခဲ့သည့်ကိုယ်က တစ်ဖက်လူ၏ အဓိကကိုယ်ထည်ပင်ဟုတ်မနေဘဲ ကိုယ်ပွားဖြစ်နေခဲ့ခြင်းပင်။

ထို့နောက်မှစကာ ဘိုးဘေးဟုန်ကျွင်းမှာ အမြဲလိုလို ထိုအဆင့်အား အနာဂတ်၌ ဘာဖြစ်ဖြစ် ရောက်ရှိနိုင်ရန် တေးမှတ်ထား၏။

သူဟာ သုံးလောကအား လုံးဝထိန်းချုပ်နိုင်ရန်ရွေးချယ်ခဲ့သည့် အကြောင်းရင်းမှာ သူ၏စွမ်းအားကို တိုးမြှင့်ပြီး အတုမဲ့အဆင့်သို့ရောက်ရှိရန် သက်ရှိများ၏ ကုသိုလ် ကုဋေချီအား အမှီသဟဲပြုလို၍ပင်ဖြစ်၏။

အတုမဲ့အဆင့်သို့ရောက်နိုင်သည်နှင့် ၎င်းက ထိုအဆင့်သို့ရောက်ရန်အခွင့်ရေးရသွားသလိုပင်။

ကံမကောင်းစွာဖြင့် လုရှောင်ယန်မှာ အဆုံး၌‌ပေါ်လာပြီး သူ၏အစီစဉ်အားလုံးကို ဖျက်ဆီးခဲ့သည်။

ထိုသည်သာမက လုရှောင်ယန်မှာ သူ၏အရာအားလုံးကို လုယူပြီး သုံးလောကထံယူဆောင်သွားခဲ့၏။ တစ်ဖက်လူမှာ အတုမဲ့အဆင့်အား အာရုံမစိုက်နေချိန်တွင်ပင် ခြေလှမ်းနိုင်ခဲ့သည်!

သို့ရာ၌ သူတတ်နိုင်တာမရှိပါချေ။ ကိစ္စမှာ ဆုံးဖြတ်ပြီးသားဖြစ်ကာ သူလည်းမပြောင်းလဲနိုင်ချေ။

ထို့အပြင် သူဟာပြောင်းလဲချင်ပါလျှင်ပင် လုရှောင်ယန်၏ ပြိုင်ဘက်မဟုတ်သေးချေ။

သူဟာ ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ရွှေရောင်အမတအရှင်သတ္တမအဆင့်မှာရှိပြီး လုရှောင်ယန်မှာ အတုမဲ့အဆင့်သို့ ‌ဦးတည်နေပြီးသားပင်။

သူဟာ မည်သို့များအနိုင်ယူနိုင်ခဲ့သနည်း?

သူအရှက်မဲ့‌ယောင်ကြိုးစားဆောင်သင့်လား?

ယခုတွင် သူ၏လမ်းကြောင်းမှာ တစ်ဖက်လူ၏ ‌မြေးအဖြစ်ဟန်ဆောင်ရန်သာရှိတော့သည်!

ထို့နောက် သူဟာ ထိုလက်စားချေမှုပြီးမြောက်ရန် ထိုပညာရှင်၏စွမ်းအားကိုအကူညီလိုသေး၏။

သူဟာ လုရှောင်ယန်အားသတ်ပြီး သုံးလောကကိုပြန်ယူမည်။

ထို့အပြင် လုရှောင်ယန်အသတ်ခံရပါလျှင် သူဟာ သုံးလောကရှိ မသန့်စင်နိုင်လိုက်သည့် နေရာများကို သန့်စင်ခွင့်ရမည်ဖြစ်၏။ ခဲတစ်လုံးနဲ့ငှက်တစ်ကောင်ဖြစ်သည်ဟု ဆိုရချေမည်။

ထိုအချိန်၌ သူဟာ အတုမဲ့အဆင့်ပညာရှင်ဖြစ်လာရန် အခွင့်ပိုရသွားမည်ပင်။

ထို့အပြင် တစ်ဖက်လူ၏ မြေးအသွင်ဟန်ဆောင်ခြင်းမှာ ဘာများမှားနေသနည်း?

ယခင်က သူ ဖရိုဖရဲလောက၌ ရှိနေဆဲအချိန်တွင် ထိုစက်ဆုပ်ဖွယ်နည်းလမ်းများအား အဆုံး၌ သူ့ကိုယ်သူအားပေးပြီး သုံးလောကအရှင်ဖြစ်လာရန် မှီခိုခဲ့သည်။ ထို့အပြင် ၎င်းကြောင့် သူ၏ကျင့်ကြံဆင့်မှာလည်း အဆမတန်တိုးမြင့်လာကာ ရှေးဟောင်းသဏ္ဍန်အကန့်အသတ်မဲ့ ရွှေရောင်အမတအရှင် သတ္တမအဆင့်ထိရောက်ခဲ့ရပေသည်!

ယခုတွင် သူဟာ ထိုစက်ဆုပ်ဖွယ်နည်းလမ်းများအား ထပ်မံအသုံးပြုချင်မိသည်။

သူသာ ယခု တစ်ဖက်လူ၏မြေးအဖြစ်ဟန်ဆောင်လိုက်ပါလျှင် အနာဂတ်၌ သူ၏စွမ်းအားက ယဲ့ချန်ကိုကျော်လွန်လျက် ယဲ့ချန်အား မည်သည့်အချိန်တွင်မဆို သူ၏မြေးအဖြစ်ပြောင်းလိုက်လို့ပင်ရ၏။

ဘိုးဘေးဟုန်ကျွင်းမှာ အမြဲလိုလို ရှားပါးသည့် တည်ရှိမှုပင်!

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၃၃။ အပိုင်း ၄၉၀ နတ်ဘုရားလောကသို့ ပြန်ခြင်း

"ကြီးမြတ်တဲ့ ဖန်ဆင်းခြင်းနတ်ဘုရား၊ ကျုပ် တကယ်ကို ကပ်ဘေးအကြီးစားနဲ့ ကြုံခဲ့ရပြီး ဒီလိုလာဖို့ကလွဲရွေးစရာမရှိလို့ပါ။ မဟုတ်ရင် ကျုပ်မှာ သတ္တိပေါင်းတစ်သောင်းရှိနေရင်တောင် ခင်ဗျား အနားယူနေတာကို မနှောင့်ယှက်ဝံ့ပါဘူး။"

"မင်းမှာပြောစရာရှိရင် ပြောသာပြောလိုက်ပါ။"

"သိပါပြီ!"

ဘိုးဘေးဟုန်ကျွင်းမှာ အလျင်စလိုပင် လက်ကိုဆုပ်လျက် ပြောလိုက်၏။

"ကျုပ်ရဲ့လောကကို အပိုင်သိမ်းခံလိုက်ရပြီ။ တစ်ဖက်လူက ကျုပ်ထက်သန်မာပြီး ကျုပ်တောင်အနိုင်မယူနိုင်ဘူး။ ဒါကြောင့် ကျုပ်လည်း အားတင်းပြီး ခင်ဗျားကိုလာရှာရတာပါ! ပြောရရင် ခင်ဗျားကလွဲ ကျုပ်ကိုကူညီဖို့ ဒုတိယတစ်ယောက်ကိုမရှာနိုင်တော့ပါဘူး။"

"ငါက မင်းကိုဘာကြောင့်ကူညီရမှာလဲ?"

ဘိုးဘေးဟုန်ကျွင်းမှာ စကားဆက်လိုက်၏။

"ကျုပ် ခင်ဗျားနဲ့ပူးပေါင်းပြီး ခင်ဗျားရဲ့ငယ်သားဖြစ်လာပါ့မယ်။ ကျုပ်က ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ရွှေရောင်အမတအရှင် သတ္တမအဆင့်ကိုရောက်နေပြီး အတုမဲ့အဆင့်ကိုရောက်ဖို့ နည်းနည်းလေးပဲလိုတော့တာပါ!"

"ကျုပ်ရဲ့ခွန်အားနဲ့ဆိုရင် ခင်ဗျားရဲ့ ငယ်သားဖြစ်ဖို့တော့ အရည်အချင်းမီလောက်တယ်မဟုတ်လား?"

စကားဆုံးသည်နှင့် အက်ကွဲသံတစ်ခုမှာ လေထုထဲ၌ ရုတ်တရတ်ထွက်ပေါ်လာ၏။

၎င်းမှာ ဟင်းလင်းပြင်အကာရံက ကွဲအက်သွားခြင်းကြောင့်ပင်။

ထို့နောက် သဏ္ဍာန်မဲ့မူလရတနာဝတ်ရုံနှင့် သဏ္ဍာန်တစ်ခုမှာ တဖြည်းဖြည်းချင်းထွက်လာ၏။

သူ၏ခွန်အားမှာ အင်မတန်စွမ်းအားကြီးမားလှကာ ဘိုးဘေးဟုန်ကျွင်း မြင်နိုင်သည့် ဖြစ်တည်မှု တစ်ခုပင် လုံးဝမဟုတ်ချေ။

သူ၏ရှေ့မှောက်၌ ဘိုးဘေးဟုန်ကျွင်းမှာ ကောင်းကင်ယံကို ငေးမောကြည့်နေသည့် ပုရွက်ဆိတ်တစ်ကောင်လိုပါပင်။

ထိုအချိန်၌ နတ်နဂါးငယ်တစ်ကောင်က ယဲ့ချန်နံဘေး၌ မျောလွင့်နေ၏။ ၎င်းက သုံးမီတာခန့်သာရှည်လျားသော်လည်း ၎င်း၏ကိုယ်မှထုတ်လွှတ်နေသော ဂုဏ်ရှိန်မှာ တကယ်ကိုပင် ဘိုးဘေးဟုန်ကျွင်းထက်သာ၍ အားကောင်းလှပေသည်။

ထိုသည်မှာ ဒဏ္ဍာရီလာယဲ့ချန်ပင်!

အတုမဲ့အဆင့်ကိုကျော်လွန်နေသော ဖြစ်တည်မှုတစ်ခု!

ယဲ့ချန်က စကြဝဠာတစ်ခုလုံးကိုပင် ဖန်တီးနိုင်သည်ဟု ဆိုစမှတ်ရှိကြသည်။

"စိတ်ဝင်စားစရာပဲ။ ငါ့အတွက် မလိုပေမယ့်လည်း ပျင်းနေချိန်မှာ ခွေးတစ်ကောင်မွေးဖို့က စိတ်ဝင်စားဖို့အတော်လေးကောင်းတယ်လေ။"

ထိုစကားလုံးများ၌ သရော်မှုနှင့်ပြည့်နေသည်ပ ၎င်းမှာအတိတ်ကသာဖြစ်နေလျှင် ဘိုးဘေးဟုန်ကျွင်းမှာ သည်းခံမှုကုန်ဆုံးကာ တစ်ဖက်လူအား သေဆုံးသည်အထိ တိုက်ခိုက်လိုက်မည်သာဖြစ်၏။

သို့ရာ၌ ၎င်းက ယခုတွင် မဖြစ်နိုင်ပါချေ။

လက်ရှိသူမှာ တကယ်ကိုပင် ထိုလူပြောသည့်အတိုင်းပါပင်။ သူဟာ ခွေးတစ်ကောင်၊ ခွေးလေခွေးလွင့်သာဖြစ်၏။ တစ်ဖက်လူရှေ့တွင် သူဟာ ပြန်လည်ချေပဖို့ရာ အရည်ချင်းမမီပါချေ။

ထို့အပြင် ချေပစရာလည်း ဘာရှိသနည်း?

တစ်ဖက်လူမှာ မူလတည်းက သူ့ထက် စွမ်းအားကြီးပေသည်။ ထို့ကြောင့်သာမဟုတ်ပါလျှင် သူဟာ ထိုလူအားလာရှာမည်မဟုတ်ချေ။

သူဟာ မူလတည်းက အကူညီတောင်းရန်လာခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် အားနည်းယောင်ဆောင်ရလျှင်ရော ဘာအရေးနည်း?

"ပြောပါဦး၊ မင်းအတွက် ဘာလုပ်ပေးစေချင်တာလဲ?"

"ဖန်ဆင်းခြင်းနတ်ဘုရား၊ ကျုပ်ခင်ဗျားကို ကျုပ်ရဲ့စကြဝဠာထဲက လုရှောင်ယန်ဆိုတဲ့ ပညာရှင်တစ်ယောက်ကို သတ်ဖို့ ကူညီစေချင်တယ်!

"သူ့ကိုသတ်နိုင်တာနဲ့၊ သုံးလောကလုံးနဲ့ ကျုပ်ကိုယ်ကျုပ် ကမ်းလှမ်းပါ့မယ်။"

ယဲ့ချန်၏တလက်လက်တောက်ပနေသောအကြည့်မှာ ဟုန်ကျွင်းအား ရှာဖွေနေပြီး တမုဟုတ်ချင်းပင် ဘိုးဘေးဟုန်ကျွင်း၏ မှတ်ဉာဏ်အားလုံးကို ရရှိသွားတော့သည်။

"အတုမဲ့အဆင့်? သူက အရမ်းစွမ်းအားကြီးတယ်ထင်နေခဲ့တာ။ သူက အတုမဲ့အဆင့်ကိုခြေ‌လှမ်းကာစ အမှိုက်တစ်စလေးပဲလေ။ မင်းကို ဒီလို စိတ်ဒုက္ခကြီးကြီး ဖြစ်အောင် လုပ်ဖို့ ထိုက်တန်လို့လား?

"ဒီလိုအမှိုက်က ငါတိုက်ခိုက်ဖို့အတွက် လုံးဝကိုထိုက်တန်မနေဘူး။ တုဖေးစီး!"

ယဲ့ချန်မှ ကွဲပြားစွာအော်လိုက်သည်နှင့် နောက်ထပ် အပေါက်တစ်ခုမှာလည်း ဟင်းလင်းပြင်အကာရံထံမှ ပေါ်ထွက်လာသည်။

ထို့နောက်တွင် ပုဆိန်ကြီးတစ်လက်နှင့် ကျွဲရိုင်းဦးချိုတစ်စုံကိုကိုင်ဆောင်ထားသော ခပ်ဝါးဝါးပုံရိပ်တစ်ခု လှမ်းထွက်လာ၏!

သူ၏အရှိန်အဝါမှာ ယဲ့ချန်နံဘေးက နတ်နဂါးထက် များစွာနိမ့်ကျနေပါ၏။

သို့ရာ၌ ၎င်းက ဘိုးဘေးဟုန်ကျွင်းကိုကျော်လွန်ကာ အတုမဲ့အဆင့်၌ ရှိနေပါ၏!

"ငါ မင်းကိုကူညီဖို့ တုဖေးစီးကိုပဲ ခိုင်းလိုက်မယ်။"

ဘိုးဘေးဟုန်ကျွင်းမှာ အလျင်စလိုပြောလိုက်သည်။

"မဟာဖန်ဆင်းခြင်းနတ်ဘုရား! ဒီသခင်တုဖေးစီးက အရမ်းစွမ်းအားကြီးပေမယ့်လည်း တစ်ဖက်လူကလည်း အတုမဲ့အဆင့်မှာလေ။ သူသာ မသေချာတဲ့ အခြေနေတစ်ခုဆီ တွန်းပို့ခံလိုက်ရရင်ရော? ဒီလိုသာဆိုရင် ကျုပ်တို့ အန္တရာယ်မရှိနိုင်ဘူးလား?"

ယဲ့ချန်မှာ မျက်ခုံးပင့်လိုက်၏။

"မင်းမှန်တယ်။ တူညီတဲ့ခွန်အားရှိတဲ့ လူနှစ်ယောက်တိုက်ခိုက်ရင် ထုံးစံဖြစ်နိုင်တဲ့ကိစ္စလေးတွေရှိတယ်။ ပြီးတော့ ဘယ်သူသေမှာဆိုတာ မသေချာဘူး။"

"ဒီလိုဆိုရင်ရော? ငါမင်းကို ဆေးလုံးတစ်လုံးပေးလိုက်မယ်။ ဒီဆေးလုံးကိုစားပြီးရင် မင်းတို့ကျင့်ကြံဆင့်က အများကြီး တိုးတက်လာပြီး အချိန်တိုအတွင်းမှာပဲ အတုမဲ့အဆင့်ကို ရောက်လာလိမ့်မယ်။"

"အရမ်းကြီးမကြာလောက်ပေမယ့်လည်း လုံလောက်နေပါသေးတယ်။ ပြောရရင် အတုမဲ့အဆင့်နှစ်ယောက်က အတုမဲ့အဆင့်တစ်ယောက်ကို တိုက်ခိုက်မယ်ဆိုရင်တော့ ပြဿနာမဟုတ်တော့ဘူးလေ။"

ဘိုးဘေးဟုန်ကျွင်းမှာ အင်မတန်ဝမ်းမြောက်သွား၏။

"ကျေးဇူးကြီးလှပါတယ်၊ ဖန်ဆင်းခြင်းနတ်ဘုရား!"

၎င်းမှာ လုရှောင်ယန် သေရမည်ဟု ဆုံးဖြတ်လိုက်သလိုပါပင်!

ထိုသို့ဖြင့် ‌လုရှောင်ယန်သေပြီးနောက်တွင် သူဟာ သုံးလောကကို အဆင်ပြေပြေ သိမ်းပိုက်နိုင်တော့မည်။

ထိုသို့ဆိုလျှင် မည်သူကမှ သူ့အား သုံးလောကကိုသန့်စင်ပြီး အတုမဲ့အဆင့်ဖြစ်လာရာ၌ တားဆီးနိုင်မည်မဟုတ်ချေ။

ဘိုးဘေးဟုန်ကျွင်းမှာ ယခုမှစ ယဲ့ချန်၏ငယ်သားဖြစ်လာရခြင်းနှင့်ပတ်သက်၍ မှားနေသည်ဟု မခံစားရပါချေ။

အားနည်းသူက အားကြီးသူထံ၌ ဝပ်တွားရမည်။ ထိုသည်က ထာဝစဉ်စည်းမျည်းသတ်မှတ်ချက်ပါပင်!

ထို့အပြင် အတုမဲ့အဆင့်ပညာရှင်ဖြစ်လာပြီးနောက်၌ သူဟာ မဟာအာကာပြင်၌ စွမ်းအားပိုမိုတိုးလာရန် မလွှဲမရှောင်သာ ဆက်ကျင့်ကြံရမည်ပင်။

သူ့ထံ၌ အကာအကွယ်ပေး‌မည့် တစ်ယောက်ယောက်မရှိပါလျှင် ဘဝကောင်းလေးတစ်ခု သေချာပေါက်ရလိမ့်မည်မဟုတ်ချေ။

သို့ရာ၌ တစ်ယောက်ယောက်က သူ့ကိုကာကွယ်ပေးခြင်းမှာမူ ခြားနားလှသည်။

အနည်းဆုံး မည်သူကမှ သူ့အား မညှဉ်းပန်းနိုင်ချေ။

ပြောရလျှင် တစ်ဖက်လူမှာ သူ့အား အချိန်အများစု၌ အဆင်ပြေအောင် ထောက်ပံ့နိုင်လိမ့်မည်။

တစ်ဖက်တွင် လုရှောင်ယန်မှာလည်း လုံ့လရှိရှိကျင့်ကြံနေပါ၏။

သူ၏စိတ်ထဲ၌ ဘိုးဘေးဟုန်ကျွင်း၏ သည်တစ်ခေါက်လွတ်မြောက်မှုမှာ များစွာရိုးရှင်းလိမ့်မည်မဟုတ်ချေ။

မဟာအာကာပြင်စကြဝဠာ၌ ပညာရှင်များစွာရှိနေကာ တစ်ချို့မှာ သူ့ထက်ပင် သန်မာကြ၏။

တစ်ဖက်ကသာ ထိုနေရာ၌ အကူအညီများ‌ရှာတွေ့သွားခဲ့ပါလျှင် သူ့အတွက် ကပ်ဆိုးကြီးဖြစ်လာမည်မှာ မလွဲမသွေပါပင်။

တစ်ဖက်လူက လုရှောင်ယန်အား မသတ်နိုင်သော်လည်း လုရှောင်ယန်၏ တပည့်များအနေနှင့်ဆိုပါလျှင်?

သူဟာ တပည့်များ အသတ်ခံရမည်ကို မကြည့်နေနိုင်ချေ!

သူ့အတွက် တပည့်များနှင့်ထွက်ပြေးရန် ဖြစ်နိုင်သော်လည်း သုံးလောကအတွက်မူ မည်သို့ဖြစ်မည်နည်း?

သူ့အတွက် သုံးလောကလုံးနှင့်အတူ ထွက်ပြေးရန်မှာလည်း မဖြစ်နိုင်ပါချေ။

ထိုသည်မှာ အကြီးဆုံးပြဿနာပင်။

ရှေးလူကြီးများပြောခဲ့သလို နိုင်ငံတစ်ခုအား သိမ်းယူနိုင်ဖို့ကလွယ်ကူသော်လည်း ကာကွယ်ဖို့ရန်မှာမူခက်ခဲလှသည်။

ထိုသည်က အကြောင်းအရင်းပင်။

၎င်းမှာ လူတစ်ယောက်က သိမ်းပိုက်နေစဉ်တွင် အင်မတန် ‌လှုပ်ရှားလွယ်သောကြောင့်ပင်။ ထို့အပြင် ၎င်းတို့မှာ သတိထားနေရန်မလိုပါချေ။ ၎င်းတို့မှာ ၎င်းတို့၏ လမ်းအတိုင်းသာ ဆက်သွားရန်လိုအပ်ချေ၏။

နယ်နိမိတ်အား စောင့်ကြပ်ခြင်းမှာမူ တွေးတောစရာများစွာရှိပေ၏။ ကာကွယ်ရန် လူများစွာလည်း ရှိနေသေးသည်။

၎င်းက အသေအချာကို ကန့်သတ်ထားသောအလွယ်တကူ ရွေ့လျားနိုင်စွမ်းပင်။

၎င်းမရှိဘဲ အတိုက်အခိုက်စွမ်းအားများက များစွာ လျော့ကျသွားပေလိမ့်မည်။

ထို့ကြောင့် လုရှောင်ယန်မှာ သတိလက်လွတ်ပင်မနေဝံ့ချေ။

ကံ‌အားလျော်စွာ ပန်ဂု၏ရှေးဟောင်းအဓိပတိပန်းချီမှာ အင်မတန်စွမ်းအားကြီးလှသောကြောင့် သူ၏ကျင့်ကြံနှုန်းက အင်မတန်မြန်လှသည်။

သူ၏လက်ရှိကျင့်ကြံဆင့်မှာ အတုမဲ့အဆင့် တတိယမြောက်ကို ရောက်နေပြီပင်။

ထိုအမြန်နှုန်းမှာ တကယ်ကိုမြန်လွန်းလှသည်။

ထို့အပြင် သူ၏စွမ်းအားတိုးလာသည်နှင့် လုရှောင်ယန်မှာ ယခင်က မရခဲ့ဖူးသည့် မှတ်ဉာဏ်များအား ခပ်ရေးရေး တွေ့ရှိသွားသည်။

သူဟာ တဖြည်းဖြည်းချင်းတစုံတရာကို နားလည်လာသည်။

သူ၏ယခင်ဘဝတွင် သူဟာ ကိုယ်ပိုင်မှတ်ဉာဏ်များကို ချိပ်ပိတ်ခဲ့သည်။ သူဟာ ထိုမှတ်ဉာဏ်များပြန်ရဖို့ လိုလိမ့်မည်။

မှတ်ဉာဏ်အား ထိုအချိန်က ချိတ်ပိတ်ခဲ့ခြင်းမှာ ထိုမှတ်ဉာဏ်များကြောင့်တချို့လူများအား အာရုံစိုက်မိစေကာ သူပင် မခုခံနိုင်မည်ကို စိုးရွံ့နေခြင်းကြောင့်ပင်!

ထိုသည်မှာ ထိုမှတ်ဉာဏ်များက မဟာအာကာပြင်၏ မူလရတနာနှင့် ဆက်စပ်နေခြင်းကြောင့်ဖြစ်သည်။

ထိုရတနာမှာ ရှေးဟောင်းပုလဲပါပင်!

ဝမ့်ခိုက်မှာ ပိုမိုသန်မာလာပြီး မဟာအာကာပြင်ကိုခုခံချင်သည်ဟု ယခင်ကပြောဖူးကာ စွမ်းအား မြှင့်တင်ရန်လည်းဖြစ်၏။ သူသာ စွမ်းအားပိုမိုကြီးမားလာချင်ပါလျှင် သော့ချက်က ရှေးဟောင်းပုလဲဖြစ်သည်။

ပြောရလျှင် ရှေးဟောင်းပုလဲမှာ သုံးလောကတွင် တည်ရှိနိုင်၏။

ယခုတွင် သူ၏မှတ်ဉာဏ်များရှိခြင်းကြောင့် လုရှောင်ယန်မှာ ရှေးဟောင်းပုလဲက သူလောက၌ ထားခဲ့သည့် အရာဖြစ်သည့်အကြောင်းသိသွားသည်။

အချို့ အကြောင်းအရင်းများမှာ ရှေးဟောင်းပုလဲအားလောက၌ ထားခဲ့ပြီး မှတ်ဉာဏ်တစ်ပိုင်းကို ပန်ဂုမှတ်ဉာဏ်တွင် မှတ်ထားခဲ့သည်။ သူဟာ ဘဝအမှတ်ကိုလည်း ထိုလောက၌ ထားရစ်ခဲ့ပါ၏။

သူဟာ‌ ၎င်းအားသေချာပေါက်လုပ်နေရသည်မှာ သူဟာ လိုက်ဖမ်းခံနေရပြီး ရှေးဟောင်းပုလဲကိုလည်း မကာကွယ်နိုင်ခြင်းကြောင့်ပင်။

ယခုတွင် သူပြန်ဝင်စားပြီးကတည်းက ယခင်ဘဝရှိ ပန်ဂုအား‌တွေ့ပြီးနောက်တွင် မကြာဘဲ အသတ်ခံခဲ့ခြင်းကြောင့်ဖြစ်၏။

၎င်းက သူ၏ယခင်ဘဝမှာ မှတ်ဉာဏ်များကို ချိတ်ပိတ်ခဲ့‌ခြင်းကြောင့် ဖြစ်နိုင်သေးသည်။

ထိုသို့တွေးလျက် လုရှောင်ယန်၏ အန္တရာယ်ရှိသော အာရုံမှာ ပိုလိုပင်အားကောင်းလာတော့၏။

သို့သော် ထိုအချိန်၌ သူ၏အသိစိတ်မှာ ရုတ်တရတ် သုံးလောကတစ်နေရာရာတွင် မူမမှန်သော အပြောင်းအလဲတစ်ခုကို အာရုံခံလိုက်မိသည်။

ထိုအပြောင်းအလဲက အင်မတန်အားဖျော့လှသော်လည်း လုရှောင်ယန်မှာမူ ၎င်းကို အာရုံခံနိုင်ပါ၏။

သူဟာ တပည့်များကိုကြည့်လိုက်သည်။ အားလုံးမှာ ကျင့်ကြံနေကြ၏။ ထို့အပြင် ရှေးဟောင်းခရမ်းသွေးချီ၏ အထောက်အပံ့နှင့် ၎င်းတို့၏ကျင့်ကြံနှုန်းမှာလည်း အင်မတန်မြန်လွန်းလှချေ၏။

၎င်းတို့မှာ တစ်ယောက်ပြီးတစ်ယောက် အဆင့်တက်နေကြသည်။ လူများစွာမှာ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင် ဆဌမအဆင့်သို့မဟုတ် သတ္တမအဆင့်လောက်သို့ ရောက်နေကြကာ ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ ရွှေရောင်အမတအရှင်အဆင့်သို့ပင် ရောက်လုရောက်ခင်ဖြစ်နေကြ၏!

ထိုသည်မှာ လက္ခဏာကောင်းပင်။

လုရှောင်ယန်မှာ ဘိုးဘေးဟုန်ကျွင်းထံ၌ ဖရိုဖရဲခေတ်မှ မိတ်ဆွေကောင်းအချို့ရှိကြောင်းသိသည်။

၎င်းတို့အကြားတွင် ဘိုးဘေးယန်မေ့နှင့် အပေါင်းအပါများလည်းပါ၏။ ၎င်းတို့၏ခွန်အားမှာ ရှေးဟောင်းသဏ္ဍန်အကန့်အသတ်မဲ့ရွှေရောင်အမတအရှင်အဆင့်ဖြစ်နေဟန်ပေါ်နေသည်။

အနည်းဆုံး သူသာ ဘိုးဘေးဟုန်ကျွင်းနှင့် အနာဂတ်၌ တစ်ဖန်ပြန်တိုက်ခိုက်ရပါလျှင် များစွာပူပန်ဖို့လိုမည်မဟုတ်ချေ။

ထို့နောက် လုရှောင်ယန်မှာ အာရုံခံမိကာစ ကိုဩဒိနိတ်များအရ နေရာပြောင်းရွှေ့လိုက်သည်။

ထိုသည်မှာ သုံးလောက၏ နတ်ဘုရားလောကပင်!

နတ်ဘုရားလောကမှာ ကမ္ဘာသုံးထောင်အထက်ရှိ လောကဖြစ်သည်။ သုံးလောကနှင့် ကမ္ဘာငယ်များကြားတွင် အရေးကြီးသော ချိတ်ဆက်မှုရှိနေသည်။

ယခင်က လုရှောင်ယန်မှာ နတ်ဘုရားလောက၌ မွေးဖွားခဲ့သည်။ သို့သော် သူဟာ အကြီးအကဲထျန်းကျီနှင့် အတူ အဆင့်နိမ့်လောကသို့ ရောက်ခဲ့ရသည်။

"ဒီအနေထားကြီးက..."

သူဟာ ရေရွတ်နေလျက် ချက်ချင်းပင် နေရာမှ‌ ပျောက်ကွယ်သွား၏။

ယခုတွင် သုံးလောကစလုံးမှာ သူ၏ထိန်းချုပ်မှုအောက်ရောက်နေကာ မည်သည့်နေရာမဆိုရောက်ရန် အတွေးတစ်ခုသာလိုပါတော့၏။

ထိုနေရာ၌ ထွက်ပေါ်လာချိန်တွင် သူဟာ မနေနိုင်ဘဲ အနည်းငယ် ရပ်တန့်သွားသည်။

အောက်တွင် အမျိုးသမီးကျင့်ကြံသူများက နတ်ဆိုးဂိုဏ်းအချို့၏ နတ်ဆိုးတပည့်များအား ခုခံနေရ၏။

သိူ့သော် နှစ်ဦးသားမှာ တစ်ဖက်၏ ပြိုင်ဘက်ဖြစ်ရန် အလွန့်ကိုထင်ရှားလှပေသည်။ ထိုအချိန်၌ ၎င်းတို့မှာ တစ်ဖက်လူ၏ တန်ပြန်တိုက်ခိုက်ခြင်းကိုခံလိုက်ရကာ ဒဏ်ရာများစွာရသွားခဲ့သည်။

မိန်းမငယ်နှစ်ဦးမှာ တစ်ဖက်လူထံ ကျောက်ချထားကြသည်။ မည်သူကမှ အရှုံးမပေးချင်ချေ။

၎င်းတို့၏စွမ်းအားမှာ မလုံလောက်ပါသော်လည်း နှစ်ဦးအတူတကွလုပ်ဆောင်ရင်း အချိန်နည်းနည်းလောက်ကျန်နိုင်ပေသည်။

သို့ရာတွင် ၎င်းသည်ပင် ထပ်မံ၍ မကျန်နိုင်တော့ချေ။

ဆယ့်ငါးမိနစ်ထပ်ကြာပြီးနောက်တွင် နှစ်ဦးသားမှာ လုံးဝအကူအညီမဲ့နေ၏။

သို့သော် လုရှောင်ယန်က ဂရုမစိုက်ချေ။

သူဟာ မိန်းမများအား ဘယ်တုန်းကမှစိတ်မဝင်စားခဲ့ချေ။ ထိုမိန်းမနှစ်ဦးအား နတ်ဘုရားလောက,ကမည်သူဖြစ်ဖြစ် ဝန်းရံထားပါစေ ဂရုမစိုက်ပါချေ။

သို့သော်... ထိုအမျိုးသမီးနှစ်ဦးထံမှ ထူးဆန်းသော ပြောင်းလဲမှုတစ်‌ခု ရောက်လာ၏။

ပိုမိုထူးဆန်းနေသည်မှာ ထိုအမျိုးသမီးနှစ်ဦးက သူနှင့်ဆက်စပ်နေခြင်းကြောင့်ပင်။

***

All Chapters