အခန်း (၄၉၆-၅၀၀)
Vol. 34 Ch. 496-500
အပိုင်း ၄၉၆ အမည်မဲ့ဂိုဏ်းအတွက်
"အနည်းဆုံးတော့ မင်းကအသိကြွယ်တာပဲ။ ကံမကောင်းချင်တော့ အခု မင်းအတွက် အရမ်းနောက်ကျသွားပြီ။"
စကားဆုံးသည်နှင့် ကျီဝူရှားမှာ လက်နှစ်ဖက်စလုံးဖြင့် လက်သဏ္ဍာန်ဖော်လိုက်သည်။ ဇာမဏီနားခိုရာ အကာအကွယ်အမှတ်မှာ ကောင်းကင်မှဆင်းသက်လာသည့် မီးတောက်ကြီးများဖြင့် ရောယှက်နေတော့၏!
ဘုန်း!
၎င်းမှာ အလင်းအလျင်ဖြင့် သဏ္ဍာန်မဲ့မကောင်းဆိုးဝါးနတ်ဘုရားတစ်ဦးထံသို့ အညှာတာမဲ့စွာ ရိုက်ခတ်သွားသည်။
တစ်ဖက်လူ၏ကျင့်ကြံဆင့်မှာ ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ရွှေရောင်အမတအရှင်အဆင့်သို့ ရောက်နေပြီဖြစ်သော်ငြား သူ၏ကိုယ်မှာ ထိုတိုက်ခိုက်မှုကြောင့် လွင့်ထွက်သွားဆဲပင်။
ထိုသည်က အဆုံးသတ်မဟုတ်ချေ။ သူ၏အနှစ်သာရဝိဉာဉ်မလွတ်မြောက်နိုင်ခင်၌ ဇာမဏီနားခိုရာအကာကွယ်အမှတ်ပေါ်တွင် မီးတောက်ကြီးများဖြင့် ဝန်းရံလိုက်တော့သည်။ ထို့နောက်တွင် ၎င်းက သူ၏ အနှစ်သာရဝိဉာဉ်အားလောင်ကျွမ်းသွားစေပြီး သူ့အား အဆက်မပြတ်ဟစ်အော်မိစေသည်။
"အားးးး..."
အနီးဝန်းကျင်လူများက ၎င်းကိုမြင်သော် မနေနိုင်ဘဲ တစ်ညီတည်း ပင့်သက်ရှိုက်လျက် အကြောက်တရားများဖြင့်ပြည့်သွားကြသည်။
"စွမ်းအားကြီးလိုက်တာ။ ဒီမီးတောက်က သဏ္ဍာန်မဲ့မီးတောက်မဟုတ်လား?! သူမက ဒီလိုမီးတောက်ကိုတောင် ထိန်းချုပ်နိုင်တယ်ပေါ့!"
"သေစမ်းကွာ!"
ဘိုးဘေးယန်မေ့နှင့်အပေါင်းအပါများမှာ ကူကယ်ရာမဲ့စွာ ပူပန်လာတော့သည်။
ရှင်းလင်းစွာပင် ၎င်းတို့မှာ ခြိမ်းခြောက်မှုကြီးကို ခံစားလိုက်ရပါ၏။
မတိုင်ခင်က လုရှောင်ယန်မှာ ၎င်းတို့အား ဖိနှိပ်နိုင်သည့် အစီရင်တစ်ခု ခင်းကျင်းခဲ့ပါသော်လည်း လုရှောင်ယန်မှာ တုဖေးစီးနှင့်တိုက်ခိုက်နေဆဲဖြစ်ရာ ၎င်းတို့နံဘေးသို့ မလာရောက်နိုင်ပါချေ။
ထိုသို့ဖြင့် ၎င်းတို့၏ကျင့်ကြံဆင့်က အနည်းငယ်မျှ အားနည်းနေလျှင်တောင် လုံးဝကြောက်ရွံ့လိမ့်မည်မဟုတ်။
သို့ရာ၌ ယခု ကျီဝူရှားရောက်ရှိလာမှုက မျှချေကို ချက်ချင်းကျိုးပျက်သွားစေတော့သည်။
မျှချေ ပျက်စီးသွားရုံမျှမက အသာစီးရနေဟန်မှာလည်း မျက်တောင်တစ်ခတ်စာအတွင်း၌ ပြောင်းပြန်လှန်သွားလေ၏။
ဘုန်း!
ထိုအချိန်၌ ပြင်းထန်သောပေါက်ကွဲမှုတစ်ခုက ပင်လယ်ပြင်ဆီမှနေ၍ ရုတ်တရတ်ထွက်ပေါ်လာခဲ့၏။
ထိုသည်မှာ ပင်လယ်မှ လွတ်မြောက်လာသည့် ဘိုးဘေးဟုန်ကျွင်းပါပင်။
သူ၏အေးစက်စက်အကြည့်မှာ အရှေ့ရှိလူများထံ အလည်ရောက်သွားပြီး ကျီဝူရှားထံ၌ ဆင်းသက်လိုက်ပါသည်။
"မပူပါနဲ့။ ငါရှိနေရင် သူက ဂုဏ်ဝင့်ရဲမှာကိုမဟုတ်ဘူး! ငါသူ့ကို တိုက်ခိုက်လိုက်မယ်! မြန်မြန် သူတို့ရဲ့ အစီအရင်ကိုဖျက်လိုက်ကြတော့။ အစီအရင်မရှိတော့တာနဲ့ ငါတို့နှစ်ဘက်ကြား ခြားနားချက်က ကြီးသွားလိမ့်မယ်။ ဒီလိုဆိုရင် ဘယ်သူမှ ငါတို့ကို ဘာမှမလုပ်နိုင်တော့ဘူး။"
ထိုသို့ပြောပြီးနောက် သူဟာ ဦးဆောင်လျက် ကျီဝူရှားထံ ဦးစွာပြေးသွားလိုက်သည်။
၎င်းနှင့်ပက်သက်၍ သူလုပ်နိုင်သည်ကလည်း မရှိပါချေ။ သူသာ ယခုမကြိုးစားလျှင် အနာဂတ်၌ တိုက်ခိုက်ရန် အခွင့်ရေးနည်းသွားလိမ့်မည်။
ယခု သူက ထိပ်ဆုံး၌ရှိနေပါ၏။ သူ့ထံ၌ ရှိသမျှအရာတိုင်းကို ပုံအောလိုက်ပြီးဖြစ်သည်။
သူသာ ထိုတိုက်ပွဲကိုရှုံးနိမ့်ပါလျှင် ယဲ့ချန်အားထပ်ရှာရန် အင်မတန်ရှက်ရွံ့ဖို့ကောင်းလိမ့်မည်။
ထို့အပြင် သူဟာ သွားဝံ့နေသေးပြီး တစ်ဖက်လူကို ရှာပါလျှင်တောင် ထိုလူကသူ့အား ဂရုထားဖို့ မဖြစ်နိုင်တော့ပါချေ။
သူ့အဆင့်နှင့် အမှိုက်တစ်စကို ၂ခါကြည့်ရန်မလိုပါပေ။
ဟုန်ကျွင်းမှ အမိန့်ပေးပြီးနောက်တွင် ဘိုးဘေးယန်မေ့နှင့် အခြားသဏ္ဍာန်မဲ့မကောင်းဆိုးဝါးနတ်ဘုရားများမှာ ၎င်းတို့၏ကျောရိုးများအား ရှာနေကြဟန်ပေါ်၏။
၎င်းတို့မှာ ဦးတည်ရာအသစ်ဘက်ရှိ အစီအရင်များအား ချက်ချင်းတိုက်ခိုက်လာတော့သည်။
လီချန်းရှန်က ချက်ချင်းအော်လိုက်သည်။
"သူတို့ကိုရပ်။ ငါတို့ အစီအရင်ကို ဖျက်ဆီးခွင့်ပေးလို့မဖြစ်ဘူး။"
အမည်မဲ့ဂိုဏ်းသားထောင်ချီမှာလည်း တစ်ချိန်တည်း၌ တိုက်ခိုက်လိုက်ကြသည်။
သို့သော် လီချန်းရှန်နှင့် အခြား ပထမမျိုးဆက်တပည့်များမှလွဲ အခြားသူများတိုက်ခိုက်မှု အပျက်အစီးမှာ ဘိုးဘေးယန်မေ့နှင့် အပေါင်းအပါများအား များများစားစားမထိခိုက်စေပါချေ။
တစ်ဖန်ပြန်၍ အခက်ခဲထဲ ကျရောက်သွားကြတော့သည်။
ကျီဝူရှားမှာ ဂရုမထား မပြုဝံ့ဘဲ ဟုန်ကျွင်းကိုသာ အားကုန်သုံးလျက် ရင်ဆိုင်လိုက်သည်။
ထိုသည်က သူဟာ အခြား မကောင်းဆိုးဝါးနတ်ဘုရားများထက် သန်မာခြင်းကြောင့်ပင်။
သူမဟာ ဟုန်ကျွင်းကို ထိန်းထားရပေမည်!
ဘိုးဘေးယန်မေ့နှင့် အပေါင်းအပါများက ကြိုးစားကြ၏။
ယခု မဟာအာကာပြင်တွင် လုရှောင်ယန်မှာ တုဖေးစီး၏ ထိန်းထားခြင်းကို ခံနေရပြီး ရွှေရောင်အောက်ကျွန်း၌ ဘိုးဘေးဟုန်ကျွင်းမှာ ကျီဝူရှားထံ၌ တားဆီးခံနေရပေသည်။
၎င်းတို့ ကျော်ဖြတ်ခဲ့သည့် အရာမှာ အစီအရင်သာဖြစ်သည်။ ဤနေရာရှိ အစီအရင်အား ဖျက်ဆီးလိုက်သည်နှင့် စားပွဲမှောက်နိုင်ပြီး လုရှောင်ယန်၏တပည့်များအား တစ်ယောက်ချင်းစီ သတ်လိုက်နိုင်သည်။
ထိုအချိန်တွင် လုရှောင်ယန်က မည်မျှ စွမ်းအားကြီးနေပါစေ သူ၏စိတ်အစဉ် မပြိုလဲရန်မှာ မဖြစ်နိုင်ချေ။
၎င်းတို့မှာ လုရှောင်ယန်က ထာဝစဉ် တောင့်ခံထားနိုင်မည်ဟု မယုံကြည်ပါချေ!
အားလုံးမှာတိုက်ခိုက်မှုအားလုံး၊ အားအပြည့်ဖြင့် တောင့်ခံနေသော လီချန်းရှန်နှင့် အခြားလူများ၏ တိုက်ခိုက်မှုအပေါင်းကို အစီအရင်အား ချိုးဖြတ်ရန်အတွက် ဥပေက္ခာပြုထားလိုက်ကြတော့သည်။
မကြာခင်၌ အက်ကွဲကြောင်းများမှာ အစီရင်ပေါ်၌ ထွက်ပေါ်လာကြတော့သည်။
လုရှောင်ယန်မှာ ရှေးဟောင်းခရမ်းသွေးချီကို အသုံးပြုခဲ့သော်ငြား အစီအရင်က ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ ရွှေရောင်အမတအရှင်များ၏ အဆက်မပြတ်တိုက်ခိုက်မှုကို မတောင့်ခံနိုင်ပါချေ။
ပြောရလျှင် တစ်ဖက်၏ တိုက်ခိုက်မှု၌ နိယာမစွမ်းအားနှင့် ရှေးဟောင်းခရမ်းသွေးချီတို့လည်း ပါဝင်နေသည်!
ခွပ်! ခွပ်!
အစီအရင်ပျက်စီးသွားချိန်၌ ကျီဝူရှားအားတိုက်ခိုက်နေသည့် ဘိုးဘေးဟုန်ကျွင်းမှာ ချက်ချင်း မာန်ဝင့်စွာ ရယ်မောလိုက်၏။
"ဟားဟားဟား...ပြီးသွားပြီ။ အားလုံးပြီးပြီ။ မင်းရဲ့ဆရာတူမောင်နှမတွေလည်း ငါတို့လက်ထဲမှာ အားလုံးသေရလိမ့်မယ်။ မင်းနဲ့ မင့်ဆရာရဲ့ နှလုံးသားက ဘယ်လောက်သန်မာတယ်ဆိုတာကို မြင်ချင်မိတယ်။ မင်းတို့ တောင့်ခံနိုင်မလားကိုလည်း မြင်ချင်တယ်။"
ကျီဝူရှားမှာ လေးနက်နေလျက် သူမ၏လက်တွင်းမှ တိုက်ခိုက်မှုများမှာ ပို၍စိပ်လာ၏။ ဇာမဏီနားခိုရာအကာအကွယ်အမှတ်မှာ အရူးအမူး လှည့်ပတ်လျက် တစ်ဖက်လူထံ ထပ်ခါထပ်ခါ ပြေးဆောင့်နေ၏။
ကောင်းကင်တွင် ဘိုးဘေးယန်မေ့နှင့် အပေါင်းအပါများက အစီအရင်ကို ဖျက်ဆီးပြီးနောက်၌ ၎င်းတို့ကိုယ်ရှိစွမ်းအားများမှာလည်း အရူးအမူးတိုးတက်လာကာ ဆက်လက်၍ပင် တိုးတက်နေကြသည်။
အစီရင်ကြောင့် ဖိနှိပ်ခံခဲ့ရသော၎င်းတို့၏ကျင့်ကြံဆင့်များအားလုံး ပြန်ရလိုက်သည်။
လီချန်းရှန်နှင့် ကျန်တပည့်များကြုံတွေ့ဖူးသည့် ခွန်အားတိုးတက်မှုမှာလည်း အစီအရင် ပျောက်ကွယ်မှုကြောင့် ခပ်မြန်မြန်ပဲ လျော့ကျလာသည်။
ထိုအချိန်၌ ထိုသည်က သံသယမလိုလောက်အောင် ကပ်ဆိုးကြီးဖြစ်နေသည်။
"ဒုတိယမျိုးဆက်ဂိုဏ်းသားတို့ ပြန်ဆုတ်ကြတော့။ မြန်မြန်!"
လီချန်းရှန်မှာ ချက်ချင်းအမိန့်ပေးလိုက်သည်။
သူဟာ အမည်မဲ့ဂိုဏ်းအတွက် အချိန်မီ မျိုးစေ့တစ်ချို့ သိမ်းထားချင်ကာ ဆရာ့အတွက် လူများလည်း သိမ်းထားပေးချင်သည်။
သူနှင့် သူ၏ဆရာတူညီအစ်ကို မောင်နှမများအားလုံးမှာ သေသည်အထိတိုက်ခိုက်ရန် ဆုံးဖြတ်ထားကြသည်!
သို့သော် အားလုံးမှာ သူ၏အမိန့်ကိုနားမထောင်ဘဲ တစ်သီးတစ်ခြားစီ ပြေးကုန်ကြပြီ။
"အချိန်ကောင်းပဲ။ မင်းတော့ သေချင်နေပြီ!"
ဘိုးဘေးယန်မေ့နှင့် အပေါင်းအပါများမှာ အေးစက်စက်ပြံးလျက် သတ်ပွဲစရန် ခုန်ဆင်းလိုက်သည်!
နှစ်ဘက်အကြားရှိ အတိုက်အခိုက်စွမ်းအား ကွာဟမှု များလာပြီးနောက် ၎င်းတို့မှာ ထိုလူများကို လုံးဝမကြောက်ရွံ့တော့ချေ။
အမည်မဲ့ဂိုဏ်းတပည့်များမှာ တဖြည်းဖြည်း သေဆုံးလာကြပြီဖြစ်၏။
၎င်းတို့မှာ ကောင်းကင်မှ တစ်ဦးပြီးတစ်ဦးကျဆင်းလာ၏။
"မင်းတို့တွေရူးနေလား? ပြန်ဆုတ်! မြန်မြန်ပြန်ဆုတ်ကြ!"
လီချန်းရှန်မှာ အော်ဟစ်လိုက်သည်။ သို့သော် တပည့်များက လုံးဝဂရုမထားချေ။
"ဒီလိုဖြစ်နေမှတော့ ဘယ်လိုပြန်ဆုတ်မှာလဲ?'
"အဟုတ်ပဲ! ငါတို့ သူတို့ကို သေတဲ့အထိတိုက်ရလိမ့်မယ်! အများဆုံး၊ ငါတို့သေရုံပေါ့!"
"ငါတို့သေရင်တောင် သူတို့ကို ဒဏ်ရာကြီးကြီးရအောင်လုပ်ပေးရမယ်!"
"အမည်မဲ့ဂိုဏ်းအတွက်၊ သတိထားကြ!"
ရှေ့သို့ သွားလိုက်သည်နှင့် ကျွင့်ချန်းမင်၊လုရှောင်ချန်တို့မှာ... ကိုယ်တွင်းရှိ နိယာမစွမ်းအားကိုစုစည်းကာ ၎င်းတို့ကိုယ်ကို ဖောက်ခွဲလိုက်ကြ၏!
ကိုယ်တိုင်ဖျက်ဆီးခြင်းမှ ဘိုးဘေးယန်မေ့နဲ့ အပေါင်းအပါတွေအား ထိခိုက်စေပြီး လီချန်းရှန်တို့အတွက် အခြေနေကောင်းဖြစ်သွား၏။
မျက်ရည်နှစ်သွယ်မှာ စုန့်ရှင်းနျန်မျက်နှာထက်သို့ ကျဆင်းသွားသည်။
၎င်းတို့က ၎င်းတို့အတွက် လမ်းခင်းပေးဖို့ အသက်တွေကို ပေးနေရခြင်းပင်။ ဒါက အင်မတန်အရေးကြီးသော ဆုံးဖြတ်ချက်ဖြစ်ပါ၏!
ခဏအကြာ၌ နှစ်ယောက်သား လက်သဏ္ဍာန်ဖော်လျက် ကိုယ်ထည်များနှင့် အနှစ်သာရဝိဉာဉ်များ လောင်ကျွမ်းစေလိုက်ကြသည်!
ထိုအဓိပတိမီးတောက်မှာ ၎င်းတို့၏ကိုယ်ကိုသန့်စင်လိုက်၏။ တစ်ဦးမှာ ဓားမော့အသွင်ပြောင်းလျက် နောက်တစ်ဦးမှာ ဓားအသွင်ပြောင်းသွားသည်။
ကောင်းကင်သတ်ဖြတ်ခြင်းဓား!
နတ်ဘုရားသတ်ဓားမော့!
သုံးလောကကို ထုတ်ပြပြီးနောက်၌ လူသတ်စွမ်းအားနှစ်ခုမှာ သဏ္ဍာန်မဲ့မူလရတနာများအသွင်ပြောင်းသွားသည်။
ထိုသည်က ၎င်းတို့၏ထင်ရှားသောအနှစ်သာရပါပင်!
၎င်းတို့ကိုယ်ကို သဏ္ဍာန်မဲ့မူလရတနာများအသွင်ပြောင်းပြီးနောက်၌ နှစ်ဦးသားမှာ အသိစိတ်များကို ထိန်းသိမ်းပြီး လူအသွင်ပြန်ယူလိုက်သည်။
သို့သော် ၎င်းတို့၏မူလကိုယ်များမှာ လုံးဝပြောင်းလဲသွားပါ၏! ၎င်းတို့မှာ လူသားများမဟုတ်တော့ဘဲ လက်နက်များသာဖြစ်ကြတော့သည်!
၎င်းတို့မှာ အသက်စွမ်းအားကို ထာဝစဉ်ဆုံးရှုံးသွားပြီး သားမြေးမြစ်များလည်းမရနိုင်တော့ချေ!
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၃၄။ အပိုင်း ၄၉၇ ပထမဆုံးဖန်ဆင်းခြင်းနတ်ဘုရား
လီချန်းရှန်နှင့် စုန့်ရှင်းနျန်တို့ လက်နက်များအဖြစ်ပြောင်းသွားပြီးနောက်၌ ၎င်းတို့၏အတိုက်အခိုက်စွမ်းအားမှာ အလျင်အမြန်တိုးတက်လာသည်။
ထိုအချိန်၌ ၎င်းတို့ထုတ်ဖော်နိုင်သည့် အတိုက်ခိုက်စွမ်းအားမှာ ရှေးဟောင်းသဏ္ဍာန် အကန့်အသတ်မဲ့ရွှေရောင်အမတအရှင်အဆင့်သို့ပင် ရောက်လို့နေချေပြီ။
နှစ်ဦးသားမှာ အလင်းတန်းနှစ်ခုအသွင်ပြောင်းလျက် တစ်ခုမှာ ရွှေရောင်နှင့် တစ်ခုကအနီရောင်ဖြစ်ကာ ကောင်းကင်ယံ၌ ဝဲပျံနေကြသည်။ ၎င်းတို့မှာ ဘိုးဘေးယန်မေ့နှင့် အပေါင်းအပါများထံ ရပ်တန့်ခြင်းမရှိ ပြေးဝင်သွားသည်။
ဘိုးဘေးယန်မေ့နှင့် အပေါင်းအပါများမှာ ကြောက်ရွံ့ခြင်းအလျဉ်းမရှိဘဲ ၎င်းတို့နှစ်ဦးအား တန်ပြန် တွန်းအားပေးလိုက်သည်။
"ဟီးဟီးဟီးဟီး၊ မင်းတို့နှစ်ယောက်က တကယ်ကိုရှားပါးတဲ့ သဏ္ဍာန်မဲ့မူလရတနာတွေပဲ။ ဒါပေမယ့် မင်းတို့က သဏ္ဍာန်မဲ့ရတနာဆိုရင်တောင် ကိစ္စမရှိပါဘူး။ ပြောရရင် မင်းတို့က လက်နက်လေးပဲလေ။ ဒီလိုဆိုမှတော့ မင်းတို့စွမ်းအားပြည့်ထုတ်ဖို့ မဖြစ်နိုင်တော့ဘူးပေါ့!"
"ပြီးတော့၊ မင်းတို့နှစ်ယောက်ပဲရှိတယ်လေ။ ဒီမှာက သဏ္ဍာန်မဲ့မကောင်းဆိုးဝါးနတ်ဘုရားတွေ အများကြီးရှိပြီး အားလုံးက ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ရွှေရောင်အမတအဆင့်တွေချည်းပဲ။ သူတို့အားလုံး ကျင့်ကြံခြင်းကို နှစ်ထောင်ပေါင်းရာနဲ့ချီအောင် စုဆောင်းခဲ့ရတာ။ မင်းတို့ခုခံနိုင်မှာတဲ့လား?"
လီချန်းရှန်မှာ ထူးမခြားနားစွာဆိုလိုက်၏။
"ခင်ဗျားမှန်ပါတယ်။ ကျုပ်တို့နှစ်ယောက်တည်းနဲ့ သူတို့ကို သေချာပေါက် မရပ်တန့်နိုင်ဘူး။ ဒါပေမယ့် တစ်ယောက်ယောက်က ကျုပ်တို့ကို သုံးရင်ရော?"
"ဘာကိုပြောချင်တာလဲ?"
ဘိုးဘေးယန်မေ့ မျက်နှာထက်ရှိအပြုံးမှာရပ်တန့်သွားလျက် လေးနက်နေသည့်အမူရာက အစားထိုးဝင်ရောက်လာသည်။
သူဟာ လီချန်းရှန်နှင့် စုန်ရှီနန်အား တည့်တည့်ကြည့်နေသော်လည်း ၎င်းတို့နှစ်ဦးမှာ ကျူးကောကျီချုံထံ တည့်တည့်သွားလိုက်၏။
"ဆရာတူညီမလေးငါးက ကောင်းကင်ဘုံကိုးထပ်ဆန်းကြယ်နတ်မိမယ်ဝင်စားသူပဲ။ သူက အရင်ဘဝမှာ စစ်နတ်ဘုရားမ ဖြစ်ခဲ့တယ်! သူနဲ့ဆိုရင် ငါတို့နှစ်ယောက်ကို ထိန်းချုပ်နေတဲ့အချိန် ထုတ်ဖော်မယ့် ခွန်အားက ငါတို့သုံးယောက် သပ်သပ်စီတိုက်ခိုက်တာထက် အဆပေါင်းများစွာ ပိုသန်မာလိမ့်မယ်၊ ဟုတ်တယ်ဟုတ်?"
စကားဆုံးသည်နှင့် ကျူးကောကျီချုံမှာ လက်ကိုင်နှင့် ဓားရိုးကိုဆုပ်ကိုင်လိုက်တော့သည်။
တစ်ခဏအကြာ၌ ပေတစ်သောင်းရှိရွှေအလင်းတစ်ခုမှာ သူမ၏နောက်မှ ထွက်လာကာ စစ်နတ်ဘုရားမ သဏ္ဍာန်ကြီးကို ဖြစ်ပေါ်လာစေ၏။
ထိုသည်မှာ ကောင်းကင်ဘုံကိုးထပ်ဆန်းကြယ်နတ်မိမယ် ပုံရိပ်ပါပင်။
ကောင်းကင်သတ်ဖြတ်ခြင်းဓားနှင့် နတ်ဘုရားသတ်ဖြတ်ခြင်းဓားမော့တို့နှင့်အတူ သဏ္ဍာန်မဲ့မူလရတနာနှစ်ခုကနေ ထိုးထွက်လာသည့်စွမ်းအားက ပြိုင်ဘက်ကင်းသောအဆင့်သို့ပင် ရောက်နေချေပြီ!
သေလိုက်ပါတော့! မြန်မြန် သူ့ကို အားကုန်သုံးပြီးသတ်။ သူသေတာနဲ့ သူတို့စွမ်းအားအကုန်လုံးပြိုလဲသွားလိမ့်မယ်။"
ဘိုးဘေးယန်မေ့စကားဆုံးပြီးနောက်၌ သူဟာ ဦးစွာရှေ့သို့ပြေးသွားလိုက်သည်။
အမည်မဲ့ဂိုဏ်း၏ အခြားတပည့်များမှာ တစ်ယောက်ပြီးတစ်ယောက်တိုက်ခိုက်လျက် ၎င်းတို့အား ရပ်တန့်ရန် ပိုကြိုးစားလိုက်ကြသည်!
၎င်းတို့၏စွမ်းအားမှာ အင်မတန်ထူးခြားခြင်းမရှိဘဲ ဘိုးဘေးယန်မေ့နှင့် အပေါင်းအပါများအား ထိခိုက်စေနိုင်ရန် ဝေးကွာနေသေး၏။
သို့သော် ၎င်းက တစ်ဖက်၏တိုက်ခိုက်မှုကို အတော်လေးအားနည်းသွားစေဖို့လုံလောက်သည်။
ကျူးကောကျီချုံမှာမူ သူမ၏ အရှိန်အဝါတိုးထွက်လာသည်နှင့် သူပြသခဲ့သည့် စွမ်းအားမှာ ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ရွှေရောင်အမတအရှင်အဆင့်ကို ကျော်နေပြီဖြစ်ကာ စတုတ္ထအဆင့်သို့ပင် ရောက်နေပြီဖြစ်သည်။
ဘိုးဘေးဟုန်ကျွင်းမှလွဲ ကျန်သဏ္ဍာန်မဲ့မကောင်းဆိုးဝါးနတ်ဘုရားများမှာ သူနှင့်နှိုင်းယှဉ်ရန် တကယ်ပဲမဖြစ်နိုင်ချေ။
သဏ္ဍာန်မဲ့မကောင်းဆိုးဝါးနတ်ဘုရားတို့မှာ သက်တမ်းရှည်ကြာပါသော်လည်း ၎င်းတို့၏ ပါရမီမှာ ကန့်သတ်ခံထားရသည်။
အများစုမှာ နှစ်ပေါင်းများစွာရှင်သန်နေထိုင်လာခဲ့သော်လည်း။ အနည်းဆုံးတော့ ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ရွှေရောင်အမတအရှင်ပထမအဆင့်လေးသာရှိကြသည်။
ဦးစွာပြေးလာသည့်ဘိုးဘေးယန်မေ့အားရင်ဆိုင်ရင်း ကျုးကောကျီချုံမှာ လက်မြောက်လျက် ပိုင်းချလိုက်သည်။
ဘုန်း!
ထိုဓားအလင်းတန်းမှာ အာကာပြင်ကို အညှာတာမဲ့စွာ ဆုတ်ဖြဲလျက် ဘိုးဘေးယန်မေ့ထံ ပျံထွက်သွားသည်။
ဘိုးဘေးယန်မေ့မှာ တိုက်ခိုက်ရန် သူ၏ဓမ္မရတနာကို လက်ကိုမြှောက်ကာ ဆင့်ခေါ်လိုက်၏။
သို့သော် လက်မြောက်လိုက်သည်နှင့် ခဏအတွင်းခုတ်ဖြတ်ခံလိုက်ရသည်။
"သေလိုက်စမ်း!"
သူဟာ မနေနိုင်ဘဲ ပြင်းစွာဆဲရေးလိုက်သည်။ ၎င်းက ကောင်းကင်သတ်ဖြတ်ခြင်းဓားမှာ နိယာမစွမ်းအားများပြည့်နေပြီး ကျင့်ကြံဆင့်က အင်မတန်အားကောင်းသောအဆင့်သို့ရောက်နေပါသော်လည်း လက်ကိုပြန်ကုရန် မဖြစ်နိုင်ဆဲပင်။
သို့သော် ထိုအချိန်၌ သူဟာ ကျူးကောကျီချုံ၏ ဒုတိယမြောက်တိုက်ခိုက်မှု ရောက်လာခြင်းကြောင့် ၎င်းကို ဂရုစိုက်ရန် အချိန်မရှိတော့ပါချေ။
သူဟာ ချက်ချင်းနောက်ဆုတ်လျက် ဓမ္မရတနာနှင့်အတူ ခုခံလိုက်သည်။
သို့သော် ဓမ္မရတနာက နတ်ဘုရားသတ်ဖြတ်ခြင်းဓားကိုထိလိုက်သည်နှင့် ချက်ချင်းနေရာ၌ပင် ပျက်စီးသွားသည်။
ဘုန်း!
ထိတ်လန့်ဖွယ် ပေါက်ကွဲမှုနှင့် ဘိုးဘေးယန်မေ့၏ ဓမ္မရတနာမှာ သုံးလောကမှ ၎င်း၏ ထွက်ပေါ်လာခြင်းကို ကြေညာလိုက်သည်။
ထိုသည်သာမက ဓမ္မရတနာ၏ထိခိုက်မှုက ဘိုးဘေးယန်မေ့ကို သွေးတစ်ပွက်အန်သွားစေသည်။
အခြားသဏ္ဍာန်မဲ့မကောင်းဆိုးဝါးနတ်ဘုရားများက ၎င်းကိုမြင်ပြီးနောက် မနေနိုင်ဘဲ ရူးသွပ်သွားကြသည်။
၎င်းတို့အားလုံးမှာ သုံးလောက,က လုရှောင်ယန်ကို သွားဆွပြီးနောက် ပြန်မရနိုင်တော့သည်ကို သိကြသည်။ ယခု ဘာပဲဖြစ်ဖြစ် လုရှောင်ယန်အား အနိုင်ယူရန် နည်းလမ်းတစ်ခုစဉ်းစားရချေမည်။ မဟုတ်ပါက လုရှောင်ယန်မှ တစ်ဖက်နှင့် ရင်ဆိုင်ပြီးလျှင် ၎င်းတို့နှင့်လည်း သေချာပေါက် ရင်ဆိုင်ရပေလိမ့်မည်။
ထိုသို့ဆိုလျှင် အကူအညီမဲ့မည်ဖြစ်၏။
လူသတ်ငွေ့ပျံ့နှံ့လာ၏!
အားလုံးမှာ ကျူးကောကျီချုံထံ အားအပြည့်နှင့် ပြေးသွားကြသည်။
ထိုအချိန်၌ အားလုံးမှာ အရူးအမူးသတ်ဖြတ်နေကြပြီး လောကကြီးမှာ သွေးရောင်ပြောင်းသွားသည်။
မဟာအာကာပြင်တွင် လုရှောင်ယန်မှာ ထိုစွမ်းအင်၏ သက်ရောက်မှုကိုခံနေရသည်။ သူဟာ သုံးလောကကို သန့်စင်ပြီးဖြစ်ကာ သုံးလောက,က သူ၏ခန္ဓာကိုယ်လိုပါပင်။
ဦးဆုံး သူဟာ အခြားသူများထက် များစွာသန်မာသောကြောင့် စိတ်မရှိပါချေ။
ထို့ကြောင့် ၎င်းက အခြားလူများ၏ တိုက်ခိုက်မှုများအား လုံးဝ မခံနိုင်ဖြစ်စေသည်။
သို့သော် ယခုတွင် ၎င်းတို့တိုက်ခိုက်မှုတိုးတက်ခြင်းမှာ သူတောင့်ခံနိုင်သည့်အမှတ်ကို ကျော်လွန်နေပြီဖြစ်သည်။
၎င်းက လူများမှာ သူ၏ကိုယ်ထဲ၌ တသမတ်တည်း တိုက်ခိုက်နေကြသလိုပါပင် သူဟာ တဖြည်းဖြည်းနှင့် ထိန်းမထားနိုင်တော့ချေ။
ဘိုးဘေးဟုန်ကျွင်းမှာ စိတ်လှုပ်တရှားအော်ဟစ်လိုက်၏။
"မြန်မြန်! တိုက်ပွဲအတိုင်းအတာကိုဖြန့်ကျက်လိုက်ကြတော့! လုရှောင်ယန်က တောင့်မခံနိုင်တော့ဘူး။ ငါတို့ အနိုင်ရခါနီးပြီ"
တုဖေးစီးမှာ လုရှောင်ယန်အား တိုက်ခိုက်မှုတစ်ခုတည်းဖြင့် လွင့်ထွက်သွားစေပြီးနောက်၌ ချက်ချင်း ပြန်ဆုတ်ကာ အာကာပြင်၌ သူ၏လက်များကို ဆန့်တန်းလိုက်သည်။
"မင်းကတကယ်ကောင်းတဲ့ပြိုင်ဘက်ပဲ၊ ဒါပေမယ့် ကံမကောင်းချင်တော့ မင်းက မထက်မြတ်ဘူး။ ငါမင်းကို အခု မင်းရဲ့လမ်းကြောင်းပေါ်ပို့ပေးလိုက်မယ်။ နောက်ဘဝမှာ မင်း မခုခံနိုင်တဲ့လူတွေကို လွယ်လွယ်လေး မဆန့်ကျင်မိဖို့ သတိရပါ။"
စကားဆုံးသည်နှင့် ဓားကြီးတစ်လက်မှာ အာကာပြင်၌ ရုတ်တရတ်ထွက်ပေါ်လာ၏။
ထိုဓားကြီးပေါ်လာသည်နှင့် အနီးဝန်းကျင်များမှာ ချက်ချင်း အဖျက်အဆီးရောင်ဝါနှင့် ပြည့်နှက်သွားသည်။
ထိုသည်က တကယ်ကို သဏ္ဍာန်မဲ့ မူလရတနာပါပင်!
"သူတော်စင်ဓားရဲ့ အပြစ်ဒဏ်ကိုလက်ခံလိုက်!"
တုဖေးစီးမှာ လုရှောင်ယန်ကို ခုတ်ပိုင်းလိုက်ရာ မဟာအာကာပြင် အနီးဝန်းကျင်မှာ စတင်တုန်ရီလာ၏။
အချို့ ကိုယ်ပိုင်ကမ္ဘာငယ်များကို ထိုအချိန်၌ပြင်းထန်စွာသက်ရောက်သွားသည်။
လောကကြီးတွင် သက်ရှိကုဋေချီ ငိုကြွေးနေသည်မှာ လောကအဆုံးသတ်ရောက်လာတော့မလိုပါပင်။
လုရှောင်ယန်၏မျက်နှာထားက အင်မတန်လေးနက်သွား၏။
သူဟာ လက်ရှိ၌ သုံးလောက၏ ထိန်းထားခြင်းကိုခံနေရကာ စွမ်းအားကို အကန့်အသတ်ထိ ထုတ်ဖော်နိုင်စွမ်းမရှိပါချေ။
သူဟာ ၎င်းကို မတောင့်ခံနိုင်တော့ချေ။
သို့သော် ဒီတိုင်းတော့ ထိုင်မနေပါ။ သူဂာ ချက်ချင်း သူ၏ရှေ့ရှိ သုံးနိုင်သမျှ စွမ်းအားအလုံးစုံကိုစုစည်းလျက် ကာကွယ်ရန် အသုံးပြုလိုက်ပေသည်။
ကံမကောင်းစွာဖြင့် အင်မတန်နောက်ကျသွားခဲ့၏။
ဘုန်း!
တခဏအကြာ၌ တစ်ဖက်လူ၏ဓားအလင်းက လုရှောင်ယန်ကို ခုတ်လိုက်သည်။
တခဏအတွင်းမှာပင် ထိုဓားအလင်းက လုရှောင်ယန်ကိုပိုင်းဖြတ်သွားကာ ဖျက်ဆီးတော့လုနီးနီးဖြစ်သွား၏။
သို့သော် ထိုအခြေနေ၌ ပိုလို့ပင် အားကောင်းသောအရှိန်အဝါတစ်ခုက လုရှောင်ယန်၏ ကိုယ်မှ တိုးထွက်လာတော့သည်။
"သွားစမ်း!"
ထိုစွမ်းအားထွက်ပေါ်လာသည်နှင့် ၎င်းက တုဖေးစီး၏ဓားအလင်းကို အညှာအတာမဲ့စွာ ပယ်ဖျက်လိုက်သည်။
သူ၏မျက်လုံးများက ပြူးကျယ်သွား၏။
"ဒါ... ဒါက ဖန်ဆင်းခြင်းနတ်ဘုရားတစ်ပါးရဲ့ နတ်ဝိဉာဉ်စွမ်းအားပဲ! ဒါပေမယ့် မင်းက ဖန်ဆင်းခြင်းနတ်ဘုရားမှမဟုတ်တာ! မဖြစ်နိုင်တာ! မင်း... မင်းက သူများလား? မဟုတ်ပါဘူး! သူက သေပြီးနေပြီလေ! မဖြစ်နိုင်ဘူး!"
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၃၄။ အပိုင်း ၄၉၈ သူပြန်လာပြီ
ဝမ်းနည်းဖွယ်ရာ ငိုညည်းခြင်းပြီးနောက်တွင် တုဖေးစီးမှာ လုရှောင်ယန်ကိုယ်မှထွက်ပေါ်လာသည့် စွမ်းအင်ကြောင့် ပြာမှုန့်များအသွင်ကူးပြောင်းသွားရတော့သည်!
သူ့ထံ၍ တုန့်ပြန်ရန် အချိန်ပင်မရှိလိုက်ပါချေ။
ဘိုးဘေးဟုန်ကျွင်း၊ ဘိုးဘေးယန်မေ့နှင့် အောက်ဘက်ရှိ အပြင်းအထန်တိုက်ခိုက်နေကြသော လူများမှာ တမုဟုတ်ချင်းကြောင်အမ်းနေကြ၏။
ဘာတွေဖြစ်နေတာလဲ?
နောက်နေတာလား?
ဂုဏ်သရေရှိအတုမဲ့ပညာရှင် တုဖေးစီးသည်ပင် လုရှောင်ယန်၏ အသတ်ခံလိုက်ရသည်။
ဒါက ကျိုးကြောင်းရောသင့်သေးရဲ့လား? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?
မဟာအာကာပြင်တွင် လုရှောင်ယန်မှာ ထိုသို့သောအရာမျိုးဖြစ်လာရန် မမျှော်လင့်ထားခဲ့ချေ။
သူဟာ ယခင်ဘဝက အင်မတန်စွမ်းအားကြီးမားလှသော ပညာရှင်ကြီးတစ်ပါးဖြစ်မည်ကို သိခဲ့သည်။
သို့သော် တစ်ဖက်လူက သူ၏ကိုယ်တွင်း၌ ထိုသို့သော အားအင်ကြီးကို ဖုံးကွယ်ထားလိမ့်မည်ဟု မမျှော်လင့်ထားချေ။
သို့သော် သူဟာ ဘိုးဘေးဟုန်ကျွင်းနှင့် အပေါင်းအပါတို့အား ရင်ဆိုင်ရမည်ဖြစ်သောကြောင့် အများကြီးမတွေးတော့ပေ။
အတွေးတစ်ခုနှင့်ပင် သုံးလောကအပြင်ဘက်မှ တိုက်ပွဲကွင်းသို့ရောက်ရှိသွား၏။
ထိုအခိုက်တွင် ဘိုးဘေးယန်မေ့နှင့် အပေါင်းအပါများမှာ ကြောက်ရွံ့လွန်းသဖြင့် လှုပ်ရှားဖို့တောင်မဝံ့ရဲကြချေ။
လုရှောင်ယန်မှာ ပန်ဂုပြန်ဝင်စားသူသာဖြစ်ခဲ့လျှင် သူ့အားတိုက်ခိုက်ရန် ကြောက်ရွံ့လိမ့်မည်မဟုတ်ချေ။
သို့သော် ယခု လုရှောင်ယန်မှာ ပန်ဂုကိုပင်ကျော်လွန်လျက် ကျင့်ကြံဆင့်ကိုပင်မသိရသေးပါချေ!
လက်ရှိ သူတို့မှာ ကြောက်စိတ်ဝင်နေသည့် ပုရွက်ဆိတ်ကလေးများလိုပါပင်။
လုရှောင်ယန်မှာ ၎င်းတို့အားမကြည့်ဘဲ အောက်ဘက်ရှိဟုန်ကျွင်းကိုသာကြည့်နေသည်။
ပြောရလျှင် သူက အရေးကြီးဆုံးဖြစ်၏။
လုရှောင်ယန်၏မျက်လုံးများအားကြည့်ရင်း ဟုန်ကျွင်းမှာ ရယ်လျက်ဟစ်ကြွေးလိုက်၏။
"ဟားဟားဟား... ကောင်းကင်ဘုံရဲ့အလိုဆန္ဒပဲ! ကောင်းကင်ဘုံရဲ့ အလိုဆန္ဒပဲ။"
"ငါ့အနေနဲ့ နှစ်ပေါင်းများစွာ ကောင်းကင်တာအိုကို လိုက်စားပြီး ကောင်းကင်ဘုံ အမိန့်ကိုနာခံတယ်လို့စဉ်းစားဖို့က..."
"ဒါပေမယ့်၊ ဒီနေ့ ငါ ပုရွက်ဆိတ်တစ်ကောင်လိုမျိုး ကောင်းကင်တာအိုကို လိုက်စားဖို့ အရည်ချင်းမမီတာကိုသိလိုက်တယ်။"
"အရာအားလုံးက သတ်မှတ်ပြီးသားပဲ။ မင်းနိုင်ပါတယ်။"
"လုရှောင်ယန်!"
စကားဆုံးသည်နှင့် ဟုန်ကျွင်းမှာ အနှစ်သာရဝိဉာဉ်ကို ဖောက်ခွဲဖျက်ဆီးလိုက်သည်။
ရလာဒ်က သတ်မှတ်ပြီးသားပင်။ ဘာပြောပြောအသုံးမဝင်တော့ပါချေ။
ထိုအချိန်၌ သူ့အတွက် မိမိုက်စွာ ထွက်သွားဖို့က ပိုကောင်းသည်။ အနည်းဆုံးတော့ သူ၏ ဂုဏ်သိက္ခာအချို့ကို ထိန်းသိမ်းနိုင်နေဆဲပင်။
သူ၏ကိုယ်တိုင်ဖျက်ဆီးခြင်းကိုမြင်ပြီးနောက် သုံးလောကတစ်ခုလုံး တိတ်ကျသွား၏။
တစ်ချိန်က သုံးလောက၏ အရှင်သခင် အုပ်စိုးသူဖြစ်ခဲ့ဖူးသည့် ဘိုးဘေးဟုန်ကျွင်းက ထိုအချိန်၌ လုံးဝပျောက်ကွယ်သွားတော့သည်။
၎င်းက ခေတ်တစ်ခေတ် အသေအချာကို ကုန်ဆုံးသွားသလိုပင်။ ဖြစ်ပျက်ခဲ့သမျှမှာ အင်မတန်မြန်ဆန်လှသောကြောင့် လက်သင့်မခံနိုင်စရာပင်။ အားလုံးမှာ သူ့အား လွမ်းမောမနေဘဲ သက်ပြင်းသာချလိုက်၏။
လုရှောင်ယန်မှာ ထိုအခါမှ ဘိုးဘေးယန်မေ့နှင့် အပေါင်းအပါများထံ အကြည့်ပို့လိုက်တော့သည်။
ဘိုးဘေးယန်မေ့နှင့် အပေါင်းအပါများမှာ ချက်ချင်းဒူးထောက်လိုက်ကြသည်သာ။
"ကျုပ်တို့ ခင်ဗျားဆီမှာ အမှုထမ်းဖို့ ဆန္ဒရှိပါတယ်!"
လုရှောင်ယန်မှာ ထူးမခြားနားဟန်ဖြင့်ဆိုလိုက်သည်၊
"မင်းတို့က ငါ့လူတွေအများကြီးကိုသတ်ခဲ့ပြီးတော့ အခုမှ ငါ့ဆီမှာ အမှုထမ်းချင်တယ်တဲ့လား။ ဒါကို ဘာလို့အစောတည်းကမလုပ်ခဲ့တာလဲ?"
"ငါသာ လက်ခံလိုက်ရင် မတိုင်ခင်ကမှသေသွားတဲ့ငါ့တပည့်တွေကို ဘယ်လိုမျက်နှာပြနိုင်မှာလဲ?"
ထိုဝါကျတစ်ကြောင်းကပင် သဏ္ဍာန်မဲ့မကောင်းဆိုးဝါးနတ်ဘုရားများအား စိတ်ပျက်သွားစေ၏။
၎င်းမှာ လုရှောင်ယန်က ၎င်းတို့အား သေခြင်းသို့ပို့ဆောင်မည့် ဝါကျပင်ဖြစ်၏။
အကူအညီမဲ့လျက်သာ သေကြပေရော့မည်။
လီချန်းရှန်နှင့် စုန့်ရှင်းနျန်မှာ လူသားအသွင်ပြန်ပြောင်းသွားကြ၏။
နှစ်ဦးသားမှာ လူသားအသွင်များကို ဆက်လက်ထိန်းသိန်းနိုင်ဆဲဖြစ်သော်လည်း ၎င်းက သံမဏိကိုယ်ထည်များဖြစ်သွားကာ သက်ရှိများမဟုတ်ကြတော့ပါချေ။
လီချန်းရှန်မှာ လုရှောင်ယန်ရှေ့မှောက်သို့ရောက်လာ၏။
"ဆရာ၊ သူတို့ခွန်အားက အရမ်းကောင်းပါတယ်။ သူတို့ကို ထိန်းသိမ်းထားရင် ကျွန်တော်တို့အတွက်ပိုတောင်ကောင်းဦးမယ်။"
"ဘာလို့ သူတို့ကို ချန်မထားဘဲ နေရမှာလဲ? အားလုံးကိုသတ်ဖို့တော့ မလိုဘူးမဟုတ်လား?"
လုရှောင်ယန်က ရှင်းပြလိုက်သည်။
"သူတို့က ဒီလောက,က ပျိုးထောင်ထားခဲ့တဲ့ စွမ်းအားကြီးဖြစ်တည်မှုတွေပဲ၊ ပန်ဂုက လောကကိုဖန်ဆင်းပြီး သုံးလောက၊ ကမ္ဘာလောကကြီးသုံးထောင်နဲ့ ကမ္ဘာငယ်၈၀၀အဖြစ်ပြောင်းလဲခဲ့တယ် ဆိုပေမယ့်လည်းပေါ့..."
"ဒါပေမယ့်လို့ သူတို့ရဲ့ခန္ဓာတွေက သုံးလောကနဲ့ သက်ဆိုင်နေတုန်းပဲ။"
"သူတို့ကိုသတ်ပြီးရင် သူတို့ကိုယ်ထဲက စွမ်းအင်က သုံးလောကအဖြစ်ပြောင်းနိုင်တယ်။"
"ဒီလိုနဲ့ ကျင့်ကြံနေချိန်မှာ သူတို့ရဲ့စွမ်းအင်ကို ရနိုင်တယ်။"
"မင်းတို့ရဲ့စွမ်းအားတိုးတက်လာရင် ငါတို့မှာ ပညာရှင်တွေအများကြီးရှိနေဦးမှာပဲလေ။"
လီချန်းရှန်မှာ ခေါင်းငြိမ့်လိုက်သည်။
"ကျွန်တော်သိပါပြီ။ ဆရာက တကယ်ကိုထက်မြတ်တာပဲ။ အထင်ကြီးမိပါတယ်။"
လုရှောင်ယန်က ခေါင်းငြိမ့်လိုက်သည်။
"ဒါတော့ ဒါပေမယ့်၊ ငါတို့တိုက်ပွဲက မပြီးသေးဘူး။ တုဖေးစီးက သူတို့ရဲ့နောက်ခံအစစ်မဟုတ်ဘူး။ သူတို့နောက်မှ ထိပ်တန်းပညာရှင်အစစ်တစ်ယောက်ရှိသေးတယ်။ ပြောရရင် မဟာအာကာပြင်ရဲ့အပြင်ဘက် လောကများစွာမှာ ထိပ်တန်းပညာရှင်တစ်ယောက်ထက်ပိုရှိကြတယ်။"
"ဒါကြောင့် မင်းတို့တွေ သတိလွတ်လို့မဖြစ်ဘူး။"
"ချက်ချင်းအသင့်ပြင်ပြီး ထပ်ကျင့်ကြံကြတော့။"
"သိပါပြီ!"
လီချန်းရှန်မှာ အမည်မဲ့ဂိုဏ်းသားများကို စုစည်းလိုက်၏။ လုရှောင်ယန်မှာလည်း အားလုံးကိုကုသပေးရန် အဇူရာအသက်ရှည်အနုပညာနှင့် ခရမ်းသွေးချီတို့ကို အသုံးပြုလိုက်ပေ၏။ မကြာမီတွင် လူတိုင်း၏ဒဏ်ရာများသက်သာသွားကြသည်။
ဖုန်းထျန်းယွမ်ကဲ့သို့သော ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များမှာ အဇူရာအသက်ရှည်အနုပညာနှင့် ဒဏ်ရာများကို ခပ်မြန်မြန်ကုသနိုင်ခြင်းငှာမစွမ်းသာပါပေ။ ၎င်းတို့မှာ ရှေးဟောင်းခရမ်းသွေးချီဖြင့်သာ စွမ်းအားတိုးရန် အသုံးပြုနိုင်လိုက်ကြ၏။
ကုသပြီးနောက်တွင် အားလုံးမှာ တောင်နှင့်မြစ်ပန်းချီတွင်းသို့ ခပ်မြန်မြန်ဝင်ရောက်ကာ ကျင့်ကြံကြတော့၏။
ထို့နောက် လုရှောင်ယန်မှာလည်း တရားထိုင်နေလိုက်သည်။
သူဟာ စိတ်ခွန်အားကို စိတ်တွင်းသို့ ဖြန့်ကျက်လိုက်သည်။
သူ၏အသိစိတ်ပင်လယ်မှာ အင်မတန်ကျယ်ပြောလှ၏။
ကျင့်ကြံဆင့်မည်မျှအားကောင်းကောင်း အဆုံး၌ သူဟာ အသိစိတ်ပင်လယ်တစ်ခုလုံးကို မြင်နိုင်ခြင်းမရှိသေးပါချေ။
သူဟာ ပန်ဂု၏အသိစိတ်ကို စုပ်ယူလိုက်ပြီးလျှင်သော်မှ မဖြစ်နိုင်ဆဲပင်။
လုရှောင်ယန်က ထိုအသိစိတ်ပင်လယ်အား သူတစ်ဦးတည်းမပိုင်မှန်း အသေချာသိနေသည်ပင်။
အတွင်း၌ အိပ်ပျော်နေသည့် နောက်ထပ် အင်မတန်အားကောင်းသည့်ဖြစ်တည်မှုတစ်ခုရှိနေရပေဦးမည်။
သို့သော် ယခုတိုက်ခိုက်မှုက သူ၏တိုက်ကွက်သာဖြစ်၏။ မဟုတ်ပါက ထိုမျှအခွင့်မသာသော အခြေအနေ၌ တုဖေးစီး၏ အသတ်သာခံလိုက်ရပေလိမ့်မည်။ မည်သို့မှာ အခြေနေကိုပြောင်းပြန်လှန် တိုက်ခိုက်နိုင်ခဲ့မည်နည်း?
"မင်းဘယ်သူလဲ? အခုထွက်လာသင့်ပြီမဟုတ်လား? မင်းရဲ့စွမ်းအားကြီးအသိစိတ်နဲ့ဆိုရင် ငါ့ကို အကြိမ်ပေါင်းထရီလီယံချီ သတ်ပစ်ဖို့တောင် မခဲယဉ်းလောက်ဘူးလို့ထင်တယ်။ ဒီနေရာမှာ ပုန်းနေဖို့လည်း မလိုဘူး မဟုတ်လား?"
ထိုသို့ပြောပြီးနောက် သူဟာ တိတ်တဆိတ်ပဲစောင့်စားလိုက်ကာ ထိုလူထွက်လာမည်လားကို မြင်ချင်နေ၏။
သို့သော် အချိန်ကြာစောင့်ဆိုင်းပြီးနောက်၌ ထိုလူက ထွက်မလာခဲ့ပါချေ။
လုရှောင်ယန်မှာ အသက်ပြင်းစွာရှူလျက် မျက်မှောင်ကျုံ့လိုက်သည်။
သူ့ခန့်မှန်းချက်ပဲ မှားသွားတာလား?
သူ၏ ကိုယ်တွင်း၌ မည်သည့်စွမ်းအားကြီးဖြစ်တည်မှုမှ မရှိသည်လည်းဖြစ်နိုင်သည်။
ထားပါတော့။ တစ်ဖက်လူက တကယ်ပဲ ထွက်လာဖို့ ဆန္ဒမရှိနေမှတော့ ဒီနေရာမှာ အရူးလိုရပ်မနေသင့်တော့ဘူး။
ပြောရရင် နောက်ထပ် စွမ်းအားကြီးရန်သူနဲ့ ရင်ဆိုင်ဖို့ မြန်မြန်ကျင့်ကြံရဦးမယ်လေ။
သိူ့သော် သူထွက်ခွာလုဆဲဆဲ၌ အရှိန်အဝါကြီးမားလှသည့်အသံတစ်ခုက စိတ်တွင်းသို့ ရုတ်တရတ်ဝင်ရောက်လာ၏။
"ငါပုန်းနေတယ်လို့ ပြောတာက နည်းနည်းလောက်များမနေဘူးလား? ပြောရရင် တိတိကျကျဆိုရရင်ပေါ့ ငါ့ရဲ့အသိစိတ်ပင်လယ်က မင်းကိုကာကွယ်ပေးနေတာပါ။"
လုရှောင်ယန်၏ ကိုယ်မှာ ရပ်တန့်လျက် ချက်ချင်းတစ်ဖက်သို့လှည့်လာသည်။
တဒင်္ဂအကြာတွင် သူ၏အသိစိတ်ပင်လယ်၌ လှိုင်းများထလာပြီး ပုံရိပ်တစ်ခု လျှောက်လှမ်းထွက်လာသည်။
"တကယ်ကို မင်းပဲ။"
လုရှောင်ယန်မှာ ထိုလူက သုံးလောကကို ဖြတ်သွားပြီး ပန်ဂု ကလေးအရွယ်၌ ရပ်ကြည့်ခဲ့သူဖြစ်လောက်သည်ဟု ခန့်မှန်းထားခဲ့သည်။ ထိုလူက အနာဂတ်ကို အကြည့်တစ်ချက်နှင့်ပင်မြင်နိုင်၏။ ၎င်းတို့ကြားအချိန်က နှစ်တစ်သန်းကျော်လောက်ကွာဟနေပါလျှင်ပင် သူ၏တည်နေရာကို ခန့်မှန်းနိုင်စွမ်းရှိသည်။
ထိုအချိန်၌ သူဟာ ပန်ဂုထံပင် ခေါင်းငြိမ့်ပြလိုက်သည်။
ထိုလူအား မျက်နှာချင်းဆိုင်ရင်း လုရှောင်ယန်မှာ အတန်ငယ်ပျာယာခတ်နေလေ၏။
၎င်းက တစ်ဖက်လူ၏စွမ်းအားမှာ တကယ်ကိုပင် ကြောက်မက်ဖွယ်ကောင်းလှပြီး လုရှောင်ယန် နားလည်နိုင်သည်ကိုပင် ကျော်လွန်နေခြင်းကြောင့်ဖြစ်သည်။
သို့သော်ငြား အကြောင်းရင်းတစ်ချို့ကြောင့် လုရှောင်ယန်က လုံးဝကြီးကြောက်မနေပါချေ။
အသက်ပြင်းပြင်းရှူပြီးနောက် လုရှောင်ယန်မှာ စကားဆက်လိုက်တော့သည်။
"ခင်ဗျားကတကယ်ပဲ ဘယ်သူလဲ?"
သူဟာ ထပ်မေးလိုက်၏။
တစ်ဖက်လူက ခေါင်းကို စောင်းလျက် တစ်ခဏမျှ ရပ်တန့်သွားသည်။
"အင်း! စဉ်းစားပါရစေဦး။ ငါ့မှာ နာမည်တွေအများကြီးရှိတယ်။ လမ်းစဉ်အလုံးစုံနတ်ဘုရား! အမိန့်ချနတ်ဘုရား! မဟာအာကာပြင်ဖိနှိပ်ခြင်းနတ်ဘုရား... ဒါပေမယ့် အသုံးအများဆုံးကတော့ ပထမဆုံး ဖန်ဆင်းခြင်းနတ်ဘုရားတဲ့!"
လုရှောင်ယန်၏ မျက်ဝန်းများ ပြူးကျယ်သွားသည်။
"ခင်ဗျားက ဖန်ဆင်းခြင်းနတ်ဘုရားလား?"
တစ်ဖက်လူက ခေါင်းငြိမ့်လိုက်၏။
"အတိအကျဆိုရင် ငါက ဖန်ဆင်းခြင်းနတ်ဘုရားထဲက တစ်ယောက်၊ ပထမအဆင့်ဝင်သူပေါ့။"
"ငါက မဟာအာကာပြင်မှာ ဖန်ဆင်းခြင်းနတ်ဘုရားဖြစ်လာခဲ့တဲ့ ပထမဆုံးဖြစ်တည်မှုပဲ။"
"ဒါဆို ဘာလို့ခင်ဗျား ကျုပ်ကိုယ်ထဲမှာ ပေါ်လာရတာလဲ? ဒါက အရင်တည်းက ကြိုခန့်မှန်းထားပြီးသားလား? ကျုပ်ရဲ့ကိုယ်ထဲမှာ ဝင်နေတာက ခင်ဗျားကိုယ်ခင်ဗျားရှင်သန်စေမယ့်ပန်းတိုင်ရောက်ဖို့ အသုံးချတာလား?'
တစ်ဖက်လူကခေါင်းကိုခါ၏။
"အထင်မလွဲနဲ့။ ငါ့မှာ ပြန်ရှင်စေချင်တဲ့ အတွေးလုံးဝကိုမရှိတော့ဘူး။"
"ငါအချိန်ကြာရှင်သန်ခဲ့ရပြီးပြီ။ ငါ အရာအားလုံးကိုလည်း မြင်ဖူးတယ်။ ငါ အတော်များများကို ဖန်တီးခဲ့တာ။"
"ငါ ဒီလောကအတွက်ခံစားချက်တွေ ပျောက်နေခဲ့တာ။"
"ဒါဆိုရင်ဘာလို့ ငါ့ကိုယ်ထဲမှာနေ,နေရတာလဲ?"
"အဲ့အချိန်ကျရင် တစ်နည်းနည်းနဲ့ ဒုက္ခဖြစ်လာမှာပဲ။ ငါကအတော်မြန်မြန် သေနိုင်ပြီး ဆက်ရှင်သန်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ငါ့ရဲ့ဝိဉာဉ်ကို ဒီအချိန်ထိ လက်ခံနိုင်မယ့် လက်ခံကောင်တစ်ယောက်လိုတယ်လေ။"
"ငါအခုထိ ရှင်သန်နေတဲ့အကြောင်းက ငါရှင်သန်နေစေချင်တာပဲ။"
"ငါတိုက်ခိုက်ရတာအရမ်းပင်ပန်းနေပြီ။ ရှေးဟောင်းပုလဲပေါ်လာရင် ဘာတွေဖြစ်လိမ့်မယ်ထင်လဲ။"
လုရှောင်ယန်မှာ မျက်မှောင်ကြုတ်ကြည့်လိုက်သည်။ ရှင်းလင်းစွာပင် တစ်ဖက်လူ၏ဆိုလိုရင်းကိုတော့မသိရပါချေ။
တစ်ဖက်လူမှာ ဆက်ပြောလိုက်သည်။ "ဒါကဒီလိုပါပဲ။ ငါတို့ရဲ့ လက်ရှိအသိဉာဏ်အပေါ်အခြေခံပြီး အသန်မာဆုံးကျင့်ကြံဆင့်တွေက အတုမဲ့အဆင့်၊ အုပ်ချုပ်သူအဆင့်၊ နတ်ဘုရားဖန်ဆင်းခြင်းအဆင့်နဲ့ ဘိုးဘေးအဆင့်ပဲဖြစ်မယ်!"
"ဒါပေမယ့် အချက်လက်အရ ငါဘယ်တုန်းကမှ ဘိုးဘေးအဆင့်ပညာရှင်အဆင့်ကို မမြင်ဖူးဘူး!"
"ဒါပေမယ့်လည်း ငါ့ရဲ့ အသိစိတ်ထဲမှာ ဖန်ဆင်းခြင်း နတ်ဘုရားအဆင့်ကို ကျင့်ကြံချိန်မှာ ဘိုးဘေးအဆင့်ဆိုတဲ့ အဆင့်က လူတိုင်းရဲ့စိတ်နှလုံးမှာ သူ့အလိုလိုပေါ်လာတာလို့ထင်မိတယ်!"
"ဒါက ဘာကိုဆိုလိုလဲတော့ ငါမသိဘူး။"
"ဒါက ငါတို့ထက် စွမ်းအားပိုကြီးတဲ့လူတစ်ယောက်ရှိလို့ ဒီလိုဖြစ်နေရတာပဲ။ ငါတို့အားလုံးက ဘိုးဘေးအဆင့်ပညာရှင်ကနေဆင်းသက်လာတာလား?"
"ဒါမှမဟုတ် နတ်ဘုရားက ဖန်ဆင်းခြင်းနတ်ဘုရားအဆင့်ကိုရောက်တာနဲ့ သူ့ရဲ့ နောက်ခံ မျိုးစေ့ဖြစ်လာတာကြောင့်လား?"
"ဒါပေမယ့် ငါအဓိပ္ပာယ်ဖွင့်ဖို့ ကြိုးစားနေချိန်မှာ ငါဒီလိုမလုပ်ဖို့ကို သတိထားနေမိတယ်။"
"ငါ့လိုလူတောင် အာရုံမခံနိုင်လောက်အောင်ထိ ဒီဖြစ်တည်မှုကဘယ်လောက် ကြောက်ဖို့ကောင်းလိုက်လဲ?"
"သူဘယ်သူဆိုတာ မင်းမသိဘူးလား?"
လုရှောင်ယန်မှာ သူ၏ရှေ့ရှိလူအားကြည့်လျက် ချက်ချင်းပြောစရာမဲ့သွားတော့သည်။
ထိုလူက သိပ္ပံဝါဒီကြီးဖြစ်ပုံပေါ်သည်။
"ဒါဆို၊ ခင်ဗျားဆီကို တခြားသူတွေလိုက်လာအောင် ဘယ်လိုလုပ်သလဲ? ပြီးတော့ ဘာလို့ကျုပ်ရဲ့ကိုယ်ကို ရွေးချယ်ခဲ့ရတာလဲ?”
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၃၄။ အပိုင်း ၄၉၉ ရှေးဟောင်းပုလဲ၏ လျှို့ဝှက်ချက်
ပထမဆုံးဖန်ဆင်းခြင်းနတ်ဘုရားမှာ အရှက်သည်းစွာဖြင့် ပြုံးလိုက်၏။
"တကယ်တော့ ဒါက ကိစ္စကြီးမဟုတ်ပါဘူး။ ငါ ဖန်ဆင်းခြင်းနတ်ဘုရားအားလုံးရဲ့ သွေးအဆီနှစ်ကို စုဆောင်းပြီး ဓမ္မရတနာတစ်ခု ဖန်တီးခဲ့တယ်။"
"ဒီဓမ္မရတနာက ဘိုးဘေးအဆင့်တစ်ဦးဖန်တီးထားတာနဲ့တောင် တူနေသေးတယ်!"
လုရှောင်ယန် : "..."
သူဟာ ဆွံ့အသွားသည်။ ဒီလူရူးနေတာလား?
ဒီလူက တကယ်ကြီး အခြားဖန်ဆင်းခြင်းနတ်ဘုရားအားလုံးရဲ့ သွေးအဆီအနှစ်ကို ယူဝံ့တယ်တဲ့လား။ ဒါကြီးက ကျားတစ်ကောင်တင်ပါးကနေ အမွေးသပ်ပေးတာနဲ့တောင် တူမနေဘူးလား?
သူကလည်း ကျားတစ်ကောင်လိုဆိုရင်တောင် နီမြန်းနေသေးတယ်။ ပြောရရင် သူက အဲ့ထဲမပါဘူးလေ။
ထိုအခိုက်တွင် လုရှောင်ယန်မှာ သူ၏ကိုယ်ပိုင်စရိုက်ဇာတ်ကောင်က အင်မတန်သိုသိပ်လှကြောင်းသိရှိသွားသည်။ ၎င်းက ထိုလူကြောင့်ပင်ဖြစ်၏။
ထိုလူမှာ အင်မတန်အဆီးအတားမရှိခြင်းကြောင့်ပင်။
"ကောင်းပြီ၊ ခင်ဗျား ဘယ်လိုဓမ္မရတနာမျိုးလုပ်ခဲ့တာလဲ?"
"ရှေးဟောင်းပုလဲ!"
"တကယ်ကိုပဲ!"
လုရှောင်ယန်မှာ မတိုင်ခင်တည်းက ၎င်းမှာ ရှေးဟောင်းပုလဲဖြစ်ကြောင်းကို ခန့်မှန်းထားပြီးသားပါပင်။
"ဒါပေမယ့်၊ ခင်ဗျားရှေးဟောင်းပုလဲကို ဖန်တီးခဲ့ပေမယ့်လည်း သူတို့က ခင်ဗျားနောက်လိုက်ဖို့ မလိုဘူးလေ၊ ဟုတ်တယ်ဟုတ်? ခင်ဗျား သူတို့ဆီကနေ သွေးနည်းနည်းလောက် ထုတ်ယူခဲ့ရင်တောင် ခင်ဗျားကိုသူတို့ လုံးဝကြီးသတ်ရမှာမဟုတ်လောက်ဘူး?"
ပထမဆုံးဖန်ဆင်းခြင်းနတ်ဘုရားမှာ နှာခေါင်းကိုတို့လိုက်၏။
"ပြောရရင် ဒါက အစပဲရှိသေးတယ်။ ရှေးဟောင်းပုလဲ အလုပ်လုပ်ပုံက မဟာအာကာပြင်စကြဝဠာတစ်ခုလုံးကို တစ်ဆက်တည်း စုပ်ယူနိုင်တာပဲ။"
"ငါ အခြားဖန်ဆင်းခြင်းနတ်ဘုရားအဆင့်ပညာရှင်တွေရဲ့ သွေးအဆီနှစ်ကိုထုတ်ယူခြင်းအကြောင်းပြချက်က ရှေးဟောင်းပုလဲကို တားမြစ်နယ်မြေကနေ ကျော်ဖြတ်နိုင်ဖို့ပဲ။"
"ပြောရရင်၊ ဖန်ဆင်းခြင်းနတ်ဘုရားတိုင်းမှာ သူတို့ပိုင်နက်ရှိတယ်။ နေရာတိုင်းက ကွဲပြားကြတယ်။ ဘိုးဘေးအဆင့်ပညာရှင်တစ်ဦး မွေးဖွားနိုင်ခဲ့လောက်တဲ့ ဒီနယ်မြေတွေမှာ စွမ်းအင်အလုံးစုံကို စုဆောင်းဖို့အတွက် ရှေးဟောင်းပုလဲကို လောကအားလုံးရဲ့ အလယ်အလတ်စွမ်းအင်တွေစုပ်ယူခွင့်ပြုဖို့ လိုအပ်တယ်။"
"နှစ်များစွာကြာပြီးနောက်မှာ ဒါက သူ့ရဲ့အထွဋ်အထိပ်ကိုရောက်နေပြီလေ။"
လုရှောင်ယန် : "..."
တစ်ဖက်လူမှာ အခြားလူများ၏သွေးကိုထုတ်ယူရုံသာမက ရင်းမြစ်များကိုပါ ထုတ်ယူခဲ့သည်ပင်။
လူများစွာက ၎င်းအားသတ်ချင်ကြသည်မှာ မဆန်းတော့ချေ။ သူဟာတကယ်ကို အဆီးအတားမဲ့လှ၏!
"ငါတို့အခုဘာလုပ်သင့်လဲ? ငါ့ဖြစ်တည်မှုရဲ့ လေ့လာခြင်းနောက်မှာ သူတို့သေချာပေါက် ငါ့ကိုလာသတ်လိမ့်မယ်။ မင်းက အခုဆို ဝိဉာဉ်ကိုယ်ထည်တစ်ခုပဲ။ မင်းမှာ စိတ်စွမ်းအင်ကြီးကြီးမားမားရှိနေပေမယ့်လည်း မင်းကသေချာပေါက်ကို ဖန်ဆင်းခြင်းနတ်ဘုရားတွေနဲ့ယှဉ်ရင် အတော်လေး နိမ့်ကျနေသေးတယ်။"
"ဒါ့အပြင် မင်းရဲ့ ယခင်အဆင့်ကို ပြန်ရနိုင်ရင်တောင် မင်းကိုတစ်ခါ သတ်ခဲ့ဖူးကြပြီ။ ဒုတိယတစ်ခေါက်သတ်ဖို့က သူတို့အတွက် အလွယ်လေးပဲ။"
"ငါသိပါတယ်။ ငါဒါကိုစီစဉ်ထားကတည်းက ပြဿနာအားလုံးကို သေချာပေါက်ဖြေရှင်းမှာပဲ။ မဟုတ်ရင် ငါဘာအတွက်မှ မဟုတ်ဘဲ စီစဉ်ခဲ့ပါ့မလား?"
"ငါချန်ခဲ့တဲ့ စိတ်ခွန်အားက မင်းအတွက်ပဲ။ မင်းငါ့ရဲ့စိတ်ခွန်အားကိုစုပ်ယူလိုက်တာနဲ့ ဖန်ဆင်းခြင်းနတ်ဘုရားတစ်ပါးရဲ့ စိတ်ခွန်အားတွေရှိလာလိမ့်မယ်။ ဒီလိုစွမ်းအားကြီးစိတ်ခွန်အားနဲ့ မင်း ရှေးဟောင်းပုလဲရဲ့စွမ်းအားကိုစုပ်ယူပြီး ထိန်းချုပ်နိုင်တယ်၊ ဒါကိုမင်းနဲ့ ပေါင်းစပ်ပြီး အတွင်းထဲက စွမ်းအားကို အရယူလိုက်။"
"ဒီလိုဆိုရင် မင်း လက်ရှိစွမ်းအားကိုကျော်ဖြတ်နိုင်ပြီး ဘိုးဘေးအဆင့်ကို ရောက်တော့မယ်!"
"မင်းကရော? ဘာလို့ ငါ့ကိုကူညီချင်နေတာလဲ? ငါ့အတွက် ဒါမျိုးကို ပစ္စည်းကောင်းလေးတစ်ခုပေးဝတ်မယ်ဆိုပြီး ဆွဲပေးထားတယ်။"
တစ်ဖက်လူမှာ ခပ်တိုးတိုးရယ်လိုက်၏။
"သတိမထားမိဘူးလား? ငါ့ရဲ့စိတ်ခွန်အားက မင်းထက်ပိုပြီး အတော်သန်မာတယ်လေ။ ငါသာမင်းကိုထိန်းချုပ်ချင်ရင် ထိန်းချုပ်ပြီးတာကြာပြီပေါ့။"
"ငါမင်းကို ထိန်းမချုပ်တာက ငါမလုပ်နိုင်တာကြောင့်ပဲ။"
"ငါ့ရဲ့စိတ်ခွန်အားက ပျက်စီးနေပြီ။ အတော်များများရှိနေတုန်းဆိုပေမယ့်လည်း ပျက်စီးနေပြီ။"
"ပြောရရင် ငါ့မှာပြန်ရှင်သန်နိုင်ဖို့ အခွင့်ရေးမရှိတော့ဘူး။'
"ဒါပေမယ့် မင်းက ကွဲပြားတယ်။ မင်းက ဘဝပုံစံအသစ်ဖြစ်ပြီးတော့ သစ်လွင်ပြီးပြည့်စုံတဲ့ဝိဉာဉ်ရှိတယ်။"
"မင်း ငါ့ရဲ့စိတ်ခွန်အားကို စုပ်ယူလိုက်တာနဲ့ ငါ့အစီစဉ်ကို ဆက်လုပ်နိုင်ပြီ။"
လုရှောင်ယန်မှာ အသက်ပြင်းပြင်းရှူလျက် နားထင်ကို ဖိပွတ်လိုက်၏။
တကယ်ကိုပင်၊ ထိုသိပ္ပံဝါဒီများအားလုံးက ရူးနေကြသည်။ ၎င်းတို့က အင်မတန်ခေါင်းမာကာ ရူးသွပ်ကြ၏။
၎င်းတို့၏ ဖြစ်တည်မှုအတွက် အကြောင်းရင်းမှာ ရှာဖွေရန်နှင့် သက်သေပြရန်သာပင်။
သို့သော် တစ်ဖက်လူ၏စိတ်ခွန်အားမှာ တကယ်တမ်း သူပြောခဲ့သလိုပင် တကယ်ပဲ လုံးဝ ပြန့်ကျဲနေသောသဲသောင်ဖြစ်လာ၏။
နောက်တစ်မျိုးဆိုရလျှင် တစ်ဖက်လူ၏ စိတ်စွမ်းအားမှာ သူ့အား မည်သည့် ခြိမ်းခြောက်မှုကိုပြသရန်မှ မဖြစ်နိုင်ချေ။
ထို့အပြင် လုရှောင်ယန်လည်း ယခုတွင် အကူအညီမဲ့နေ၏။
သူဟာ အခြား ဖန်ဆင်းခြင်းနတ်ဘုရားများ၏ ပစ်မှတ်အဖြစ်သတ်မှတ်ခံထားရခြင်းပင်။
သူသာ တစ်ဖက်လူ၏ စိတ်ခွန်အားကိုစုပ်ယူထားခြင်းမရှိခဲ့လျှင် သူ၏ကိုယ်ပိုင်ကျင့်ကြံဆင့်နဗင့် ၎င်းတို့အား ခုခံရန်မဖြစ်နိုင်ပါ။
သူ့ထံ၌ မည်သည့်ရွေးချယ်မှုမှမရှိသဖြင့် တုံ့ဆိုင်းနေဖို့ မဖြစ်ချေ။
လုရှောင်ယန်မှာ တစ်ဖက်လူ၏ စိတ်ခွန်အားကို စုပ်ယူလိုက်တော့သည်။
သို့သော် သူ့ထံ၌ ဦးနှောက်ရှိပါ၏။ တစ်ဖက်လူ၏စိတ်ခွန်အားကိုစုပ်ယူချိန်တွင် သူဟာ သတိလက်လွတ် တိုက်ရိုက်မစုပ်ယူပါချေ။ ထိုအစား သူ၏ဝိဉာဉ်ကိုယ်ထဲသို့ တစ်တုံးခန့်စုပ်ယူပြိးနောက်၌ ထပ်မံမစုပ်ယူခင် သူ၏ကိုယ်ပိုင်စိတ်ခွန်အားအဖြစ်ပြောင်းလဲလိုက်သည်။
လုရှောင်ယန်တရားထိုင်နေသည်ကိုကြည့်ရင်း ပထမဆုံးဖန်ဆင်းခြင်းနတ်ဘုရား၏ မျက်လုံးများမှာ စိုးရိမ်မှုကို ထုတ်ပြနေ၏။
"ကလေး၊ ဒါက ငါမင်းအတွက် လုပ်ပေးနိုင်သမျှအကုန်ပါပဲ။ ငါမင်းကို အခြားဖန်ဆင်းရှင်နတ်ဘုရားတွေကို အနိုင်ယူပြီး ဘိုးဘေးအဆင့်ပညာရှင်ဖြစ်လာနိုင်ဖို့ မျှော်လင့်မိပါတယ်။"
တစ်ဖက်၌ မဟာအာကာပြင်တွင် အိပ်ပျော်နေခဲ့သည့် ယဲ့ချန်မှာ ရုတ်တရတ်နိုးထလာ၏။
"ရင်းနှီးနေတဲ့ခံစားချက်ပါလား။ ဒါက... ဟိုကောင်စုတ်များလား? သေလိုက်စမ်းကွာ! ဒီလောက်ကြာပြီးမှ ပြန်လာလိမ့်မယ်လို့ထင်မထားဘူး။"
"ငါတို့သေချာပေါက် သူ့ကိုအောင်မြင်ခွင့်မပြုနိုင်ဘူး။ မဟုတ်ရင် ဒီမဟာအာကာပြင်ကြီး လုံးဝပျောက်ကွယ်သွားစေရမယ်။'
စကားဆုံးသည်နှင့် ယဲ့ချန်မှာ ချက်ချင်းနေရာမှ ပျောက်ကွယ်သွားသည်။
သူဟာ အလျင်အမြန်ပင် မဟာအာကာပြင်ရှိ နတ်ခန်းမသို့ရောက်ရှိသွား၏။
ထိုနတ်ခန်းမမှာ ရှေးကျကာ ကျယ်ဝန်းပြီး အကြီးမြတိဆုံးသော ဂုဏ်အသရေတို့ဖြင့် လွှမ်းနေ၏!
ဤနေရာ၌ မဟာနတ်ဘုရားများကလွဲ မည်သည့်သက်ရှိမှာ ၎င်းတို့၏ ခေါင်းများကို အလွယ်လေးကိုင်မထားနိုင်တော့ပါချေ။
ဤနေရာ၌ သက်ရှိအားလုံး တိုင်တည်ခြင်းသာပြုနိုင်၏။
ထိုသည်က မဟာအာကာပြင်တစ်ခုလုံး၏ မူလအစ၊ မဟာအာကာပြင်တစ်ခုလုံး၏ ဗဟိုချက်ဖြစ်ခြင်းကြောင့်ပင်!
ဖန်ဆင်းခြင်းဘုရားကျောင်း!
ယဲ့ချန်ရောက်သွားပြီးနောက် ပုံရိပ်တချို့ မြန်မြန်ပဲ ရောက်လာ၏။
ပုံရိပ်တိုင်း၏ရောင်ဝါနှင့်စွမ်းပကားမှာ ယဲ့ချန်ထက် လုံးဝမနိမ့်ကျချေ။
အားလုံးက ဖန်ဆင်းခြင်းနတ်ဘုရားများဖြစ်ကြ၏!
အားလုံးရောက်ပြီးနောက် အချင်းချင်းကြည့်လိုက်ကြသည်။
"မင်းအခု အာရုံခံနိုင်သင့်နေပြီ။ ငတုံးရောင်ဝါပဲ။"
"အမှန်ပဲ၊ ငါအာရုံခံနိုင်လိုက်တယ်။ ဒါက အရမ်းကိုရှင်းနေတယ်။ နှစ်များစွာကြာပြီးနောက်မှာ ငါသူ့ရဲ့အရှိန်အဝါကို မမေ့သေးဘူး။"
"သူပြန်ပေါ်လာတဲ့အချိန်ကျရင် သူ့ရဲ့သားက လောကတွေကိုစုစည်းပြီး ဘိုးဘေးတစ်ဦးဖြစ်လာရမယ့် အချိန်ပဲလို့ ပြောဖူးတယ်!"
"သေစမ်း! အရင်က သူကအရမ်းစွမ်းအားကြီးတယ်။ ငါတို့သူ့ကိုတောင်မသတ်နိုင်ဘဲ သူ့သားနဲ့အတူ လွတ်မြောက်ခွင့်ပေးလိုက်ရတယ်လေ။"
"ဒါပေမယ့်၊ သူပြန်ပေါ်လာပြီဆိုတော့ သူ့သားလည်း အရွယ်ရောက်လာပြီလို့ဆိုလိုတာပဲ။ သူက ရှေးဟောင်းပုလဲထက်မှာ ထိုင်ဖို့ အမြင်တွေ ရှိနေလောက်တယ်။"
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၃၄။ အပိုင်း ၅၀၀ ဖခင်ရဲ့ မေတ္တာဆိုတာ တောင်ကြီးတစ်တောင်လိုပဲ
"ဘာပဲဖြစ်ဖြစ်၊ ငါတို့သူ့ကို ရှေးဟောင်းပုလဲကိုသန့်စင်ခွင့်ပြုလို့မဖြစ်ဘူး! ရှေးဟောင်းပုလဲက အဲ့ဒီကောင်ရဲ့ အဖိုးတန်ပစ္စည်းပဲ။ ဒီကောင်ကနည်းနည်းလောက်ရူးနေမှန်းသိပေမယ့်လည်း သူဖန်တီးခဲ့တဲ့ အရာတွေက တကယ်ကို ထိပ်တန်းအဆင့်တွေပဲ! ပြီးတော့ ဒီရှေးဟောင်းပုလဲကိုလည်း သူ့သားအတွက်ပဲ ဖန်တီးခဲ့တာ။"
"အဲ့ဒါရဲ့ပိုင်နက်နယ်မြေက ငါတို့ရဲ့စိတ်ကူးထက်တောင် သေချာပေါက်ကျော်လွန်နေသေးတယ်။"
"ဒါပေမယ့် ဒီကောင်ရဲ့နည်းလမ်းတွေကလည်း အရမ်းကိုစွမ်းအားကြီးလွန်းတာကို မမေ့ကြနဲ့။ သူ့သားအတွက် လမ်းတစ်ချို့ချန်မထားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ငါတို့ အလျင်စလိုတိုက်ခိုက်မယ့်အစား ချုံခိုတိုက်သင့်တယ်မဟုတ်လား?"
ထိုသို့ပြောပြီးသည်နှင့် အားလုံးမှာ တိတ်ဆိတ်သွားကြသည်။
အမှန်ပဲ!
တစ်ဖက်ရဲ့လုပ်ရပ်တွေကို သဘောမတူပေမယ့်လည်း သူက အရမ်းစွမ်းအားကြီးတာကိုတော့ ဝန်ခံရမယ်။
ယခင်က ၎င်းတို့အတူတကွလုပ်ဆောင်ခဲ့ခြင်းကြောင့်သာမဟုတ်ပါလျှင် တစ်ဖက်လူအား သတ်နိုင်ခဲ့လိမ့်မည်မဟုတ်ချေ။ ထို့အပြင် ၎င်းတို့ လူအများကြီးနှင့်တောင် နှစ်ယောက်အသတ်ခံခဲ့ရပြီး သုံးယောက် ဒဏ်ရာပြင်းစွာရသွားခဲ့သည်။ နှစ်များစွာကြာပြီးနောက် ၎င်းတို့၏ဒဏ်ရာများ ပြန်မကောင်းသေးချေ။
ယခင်ကတိုက်ပွဲမှာ ၎င်းတို့၏စိတ်နှလုံးတွင်း၌ အမှတ်အသားနက်နက်ချန်ခဲ့ပြီးသားဟုပင် ဆိုနိုင်၏။
ယခု နှစ်များစွာကြာပြီးနောက်မှာပင် မမေ့နိုင်ကြသေးချေ။
"ဘာပဲဖြစ်ဖြစ် ငါတို့သူ့ကိုဖျက်ဆီးရမှာပဲ။ ဒါပေမယ့် ဒါကို သေချာတွေးရမယ်။ ငါကတော့ သူ့ရဲ့စွမ်းအားကိုစမ်းသပ်ဖို့ လက်အောက်ငယ်သားတွေကို အရင်လွှတ်ရမယ်လို့ အကြံပြုချင်တယ်။"
"ဘယ်လိုဖြစ်ဖြစ် ငါတို့ လက်အောက်ငယ်သားတွေက တန်ဖိုးမှမရှိတာ။ အားလုံး နည်းနည်းလောက်တော့ တိုက်ခိုက်ရမယ်။ ဒီလိုဆိုရင် ကျင့်ကြံဆင့်ကောင်းကောင်းနဲ့ အဖွဲ့တစ်ခု လွယ်လွယ်စုဆောင်းနိုင်လိမ့်မယ်။
သူသာ သန်မာနေသေးရင် ဒီလူတွေကို သတ်တာလောက်က ပြဿနာမရှိပါဘူး။
မဟုတ်ရင်လည်း ဒီလူတွေနဲ့တင် သူ့ကိုဖျက်ဆီးလို့ရလိမ့်မယ်။
"အဲ့လိုဆိုရင် ငါတို့ တိုက်ခိုက်သည်ဖြစ်စေ မတိုက်ခိုက်သည်ဖြစ်စေ စိုးရိမ်ဖို့မလိုတော့ဘူး။"
"အမှန်ပဲ။ ဒီအကြံကို သဘောတူတယ်။"
"ငါလည်း သဘောတူတယ်။"
အားလုံးမှာ ထိုအကြံအား သဘောတူပြီးရင်းတူနေကြ၏။
တစ်ဖက်၌ လုရှောင်ယန်မှာ ပထမဆုံးဖန်ဆင်းခြင်းနတ်ဘုရား၏ စိတ်ခွန်အားကို စုပ်ယူပြီးနောက်၌ သူ၏အကြောင်း မှတ်ဉာဏ်များစွာကို ရရှိလိုက်သည်။
ထိုမှတ်ဉာဏ်အားလုံးမှာ ပထမဆုံးဖန်ဆင်းခြင်းနတ်ဘုရား၏ မှတ်ဉာဏ်အစစ်များဖြစ်ကြ၏။
ထိုအချိန်၌ လုရှောင်ယန်မှာ အလိမ်ခံလိုက်ရသည်ကို သိရှိသွားသည်။
ပထမဆုံးဖန်ဆင်းခြင်းနတ်ဘုရားပြောခဲ့သည့် တစ်ဝက်ကသာ အမှန်ဖြစ်ပြီး တစ်ဝက်က အလိမ်အညာပင်။
သူဟာ လုရှောင်ယန်အား သူ၏ အောင်မြင်မှုကို ဆွတ်ခူးမည့်သူအဖြစ် ဒီတိုင်းလေးသတ်မှတ်ပေးထားခြင်းမဟုတ်ပါချေ။
၎င်းတို့၏ ဆက်နွယ်ချက်ကြောင့်သာဖြစ်၏။ လုရှောင်ယန်မှာ တစ်ဖက်လူ၏ သားရတနာပင်ဖြစ်ချေသည်!
ထိုမှတ်ဉာဏ်အားကြည့်ရှုပြီးနောက် လုရှောင်ယန်မှာ အချိန်ကြာ ရပ်တန့်နေခဲ့သည်။
နှစ်ဘဝတာမျှ မိဘမဲ့အဖြစ်ရှင်သန်ပြီးနောက်တွင် သူ၏အဖေအား ထပ်မြင်နိုင်လိမ့်ဦးမည်ဟု မထင်ထားခဲ့ပါချေ။
တစ်ဖက်လူမှာ တကယ်ကြီးသူ့အတွက်သေပြီးခဲ့ပြီး စိတ်ခွန်အားအလုံးစုံကို ထားပစ်ခဲ့မည်ဟု မမျှော်လင့်ထားခဲ့ပေ။
၎င်းက ထိုလူမှာ သူဖန်တီးခဲ့သည့် မူလရတနာ ရှေးဟောင်းပုလဲကိုပင် ချန်ထားပေးခဲ့သည့်အထိပင်။
သူဟာ ဘယ်တုန်းကမှ ဖခင်မေတ္တာကို မရရှိခဲ့ဖူးချေ။ သူ၏စိတ်တွင်း၌ တောင့်တနေခဲ့ဖူးသော်လည်း ပြောရလျှင် ၎င်းက ကြာညောင်းလှပြီဖြစ်ကာ ဖခင်တစ်ဦးရှိခြင်း၏ အသိပင် စိတ်ထဲ၌ ပျောက်ကွယ်နေခဲ့ပြီးဖြစ်၏။
ဘယ်တုန်းကမှပေါ်မလာခဲ့ဖူးသော မရင်းနှီးသည့်ဖြစ်တည်မှုတစ်ခုကို မည်သည့်အကြောင်းရင်းကြောင့် မှတ်မိဖို့ လိုမည်မှန်းမသိပါချေ။
အဆုံး၌ ယနေ့တွင် သူ၏ဖခင်အား ရှာတွေ့သွားခဲ့ပြီ!
ထို့အပြင် ထိုလူက သူ၏အရာအားလုံးကိုပင် ပေးအပ်ခဲ့ပါ၏!
သူ၏ဘဝ၌ ပထမဆုံးအနေဖြင့် လုရှောင်ယန်မှာ ဆွေမျိုးတစ်ဦးကို ခံစားလိုက်ရပြီ!
ထိုသည်မှာ မည်သည့်အကျိုးဆက်၊ ဆုလာဘ်၊ အကျိုးအမြတ်ကိုမှ ဂရုမထားသော ချစ်ခြင်းမေတ္တာပင်ဖြစ်ချေ၏!
ထိုမေတ္တာမှာ တစ်ကိုယ်ကောင်းဆန်ခြင်းကင်းမဲ့ပေ၏!
တစ်ဖက်လူမှာ အရာအားလုံးကိုပင် စွန့်လွှတ်နိုင်ပြီး သူ၏ကိုယ်ပိုင်ဘဝကိုပင် ပေးကမ်းပစ်နိုင်သည်။
ထိုသို့သော ဖြစ်တည်မှုကြောင့် လုရှောင်ယန်မှာ ထိုအချိန်တွင် အေးစက်နေသော ကျောက်ဆောင်ကြီးတစ်ခု နွေးထွေးသွားသလိုပင် ခံစားလိုက်ရသည်။
"အဖေ!"
လုရှောင်ယန်မှာ မျက်ရည်များစီးကျလျက် ရေရွတ်လိုက်ပါ၏။
သူဟာစိတ်ခွန်အားကိုစုပ်ယူခြင်းအား ရပ်တန့်လို၏။ အနည်းဆုံးတော့ သူဟာ သူ၏ဖခင်အတွက် အသိစိတ်လေးနည်းနည်းကို ထိန်းသိမ်းထားချင်သေးသည်။
သို့ရာ၌ တစ်ဖက်လူက အသိစိတ်ပင် မချန်ဘဲ ထွက်ခွာသွားရန် စဉ်းစားထားခဲ့သည်ပင်။ ထိုလူမှာ အစီစဉ်တွေများစွာရေးဆွဲထားခဲ့သည်။ လုရှောင်ယန်ရပ်တန့်ချင်လျှင်တောင် မဖြစ်နိုင်ပါချေ။
မကြာမီ၌ တစ်ဖက်လူ၏ စိတ်ခွန်အားအလုံးစုံအား လုရှောင်ယန်မှစုပ်ယူလို့ပြီးသွား၏။
ထိုအခိုက်၌ လုရှောင်ယန်စုပ်ယူခဲ့သည်မှာ တစ်ဖက်လူ၏ ဗဟုသုတ၊ မှတ်ဉာဏ်နှင့် အတွေ့အကြုံများသာမက သူ့အတွက်ထားရှိသော ခံစားချက်များလည်းပါသည်။
ထိုလူမှာ သူ့အား ငယ်စဉ်ကတည်းက ငတ်မွတ်နေခဲ့သော ဖခင်မေတ္တာအလုံးစုံကို ပေးအပ်ခဲ့လေသည်။
လုရှောင်ယန်မှာ နောက်ဆုံး၌ ပြဿနာများဖြေရှင်းပြီး မည်သည်ကိုမျှ မတမ်းတနေတော့သော ယောက်ျားရင့်မာတစ်ယောက်ဖြစ်လာကာ လုံးဝပုံမှန်ပြန်ဖြစ်သွားပါ၏။
သူဟာ နာကျင်နေသည်။ သူ၏အဖေကို သိသိချင်းမှာပင် ၎င်းက ထွက်ခွာသွားခဲ့ပြီဖြစ်၏။
သို့သော် ယခုက ဝမ်းနည်းနေရမည့်အချိန်မဟုတ်ကြောင်းသိလေသည်။ ထိုသည်မှာ ယခုတွင် ဝမ်းနည်းဖို့ရာ အရည်အချင်းမီရန် အလွန်ဝေးကွာနေခြင်းကြောင့်ဖြစ်၏။
ပထမဆုံးဖန်ဆင်းခြင်းနတ်ဘုရားက သူ့အတွက် အရာအားလုံးကို ချန်ထားခဲ့သလိုပင်။ ၎င်းတွင် ဖခင်၏အမူအရာများနှင့် သူ့အားဂရုစိုက်ပုံ။ သူ့ထံ၌ လေးလံလှသောတာဝန်များကို ထမ်းဆောင်ထားသည့် ပုခုံးများလည်းရှိပေသည်။
သူ့ထံ၌ တပည့်တပန်းပေါင်းများစွာရှိပါ၏!
ရှေးဟောင်းပုလဲအားရရှိပြီးနောက်၌ အခြားဖန်ဆင်းခြင်းနတ်ဘုရားအဆင့်ပညာရှင်များမှာ သူပိုမိုသန်မာလာသည်ကို ဒီတိုင်းလေး ထိုင်ကြည့်နေမည်မဟုတ်ချေ။
၎င်းတို့မှာ သူ့အား တိုက်ခိုက်ရန် နည်းကိုပင်စဉ်းစားနေလောက်သည်။
ယခုတွင် သူဟာ စွမ်းအားကြီးနိုင်သမျှကြီးလာပြီး တပာ့်များကိုလည်း ကျင့်ကြံဆင့်များတက်စေနိုင်ပေတော့မည်။
ထိုနည်းဖြင့်သာ တိုက်ပွဲအား စတင်နိုင်တော့ချေသည်။
မျက်ရည်များကိုသုတ်ပြီးနောက် လုရှောင်ယန်မှာ ရွှေရောင်အောက်ကျွန်းမှချက်ချင်းလှမ်းထွက်လာပြီး သုံးလောကတစ်ခွင်ရှိ အမည်မဲ့ဂိုဏ်းသားများအားလုံးကိုဆင့်ခေါ်ရန် အတွေးများကိုအသုံးပြုလိုက်သည်။
သူ၏ဆင့်ခေါ်မှုအောက်၌ ပညာရှင်များမှာ သူ၏နံဘေးသို့ မြန်နိုင်သမျှမြန်မြန် ရောက်လာကြသည်။
"တပည့်ကျီဝူရှားက ဆရာ့ကိုနှုတ်ဆက်ပါတယ်!"
"တပည့်ဖုန်းထျန်းယွမ်က ဆရာ့ကိုနှုတ်ဆက်ပါတယ်!"
လုရှောင်ယန်မှာ အားလုံးကိုကြည့်ကာ လေးနက်နေဟန်ဖြင့်ဆိုလိုက်၏။
"မတိုင်ခင်က ရောက်လာခဲ့တဲ့ တုဖေးစီးဆိုတာ မထင်မရှားစစ်သည်လေးသာသာပဲ။ သူ့အထက်မှာ ပညာရှင်တွေ မရေတွက်နိုင်လောက်အောင်ရှိတယ်။ သူတို့ရဲ့စွမ်းအားက သူ့ထက်တောင် အားကောင်းနေသေးတယ်။ နည်းနည်းလောက်လေးပိုသန်မာတယ်လို့တောင် ပြောလို့မရဘူးနော်။"
"ငါတို့မှာ ဆက်လက်တိုက်ခိုက်ဖို့ တိုက်ပွဲကြီးရှိနေသေးတယ်။ ဒါကြောင့် ငါနဲ့အတူ မင်းတို့ကို ရှေးဟောင်းပုလဲထဲမှာ ကျင့်ကြံဖို့ ဝင်ရောက်စေချင်တယ်။ ငါတို့ရန်သူတွေရဲ့ အတားအဆီးကို ကျော်ဖြတ်ဖို့ ရှေးဟောင်းပုလဲရဲ့ စွမ်းအားပေါ်မှာ မှီခိုရလိမ့်မယ်။"
"ဆန္ဒရှိသလိုလုပ်ပါ၊ ဆရာ"
လုရှောင်ယန်မှာ ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် သူဟာရှေးဟောင်းပုလဲကို အသက်သွင်းလျက် တပည့်များကို ဆွဲသွင်းလိုက်တော့၏။
အလုံးစုံပြီးမြောက်ချိန်၌ သူဟာ ကျွင့်ချန်းမင်နှင့်ကျန်တပည့်များကို ပြန်ရှင်သန်စေပြီးပြီဖြစ်သည်။ မတိုင်ခင်က ထိုလူများအားလုံးမှာ ဘိုးဘေးဟုန်ကျွင်းကိုတိုက်ခိုက်သည့်တိုက်ပွဲ၌ ကိုယ်တိုင်ဖျက်ဆီးရန် ရွေးချယ်သွားကြသည်။
သို့သော် ၎င်းတို့က ယွင်လီကောနှင့် ခြားနားပါ၏။
ယွင်လီကော ပြန်မရှင်သန်ရခြင်းအကြောင်းရင်းမှာ သူ၏ဘဝအမှတ်အသားက လုရှောင်ယန်ထံ၌ မရှိခြင်းကြောင့်ပင်။
အခြားတပည့်များ၏ ဘဝအမှတ်အသားများအားလုံးမှာ လုရှောင်ယန်၏ ကမ္ဘာငယ်ထဲ၌ သိုလှောင်ပြီးသားဖြစ်သည်။
လုရှောင်ယန်မသေသရွေ့ ၎င်းတို့လည်း သေမည်မဟုတ်။
လုရှောင်ယန်မှ အားလုံးကိုပြန်လည်ရှင်သန်စေပြီးနောက်၌ ရှေးဟောင်းပုလဲထဲသို့ ဆွဲသွင်းလိုက်သည်။
သူဟာ ကျင့်ကြံခြင်းထဲ ဝင်ရောက်လုဆဲဆဲ၌ ပုံရိပ်တစ်ခုမှာ အလျင်အမြန် ပြေးထွက်လာ၏။
"ဆရာ၊ စောင့်ပါဦး။ ကျွန်တော် မဝင်ရသေးဘူး။"
လုရှောင်ယန်မှာ တစ်ချက်ကြည့်လိုက်သည်။ ၎င်းက သူ၏ခုနှစ်ယောက်မြောက်တပည့် ကျွင့်ပုကျန်းမှလွဲ၍အခြားမရှိပါချေ။
ထိုကောင်လေးမှာ မတိုင်ခင်က ယခင်ဘဝရှိ ဘိုးဘေးနဂါးကြီးချန်ထားရစ်ခဲ့သည့် စွမ်းအားကို ရှာဖွေရန် ထွက်သွားခဲ့သည်။ သူဟာ ၎င်းကို မြန်မြန်ရှာနိုင်မည်ဟု ထင်မထားခဲ့ချေ။
ကြည့်ရသည်မှာ သူ၏ ထိုတပည့်လေးက အတော်လေး ထက်မြတ်နေဆဲဖြစ်ပုံပင်။
"ဆရာ၊ ကျွန်တော် ဘိုးဘေးနဂါးရဲ့စွမ်းအားကို ရှာတွေ့ပြီး အောင်အောင်မြင်မြင်ပဲ ပေါင်းစပ်လိုက်နိုင်ခဲ့တယ်။ အခု ကျွန်တော့ရဲ့ကျင့်ကြံဆင့်က ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ရွှေရောင်အမတအရှင်အဆင့်ကိုတောင် တက်လှမ်းပြီးသွားပြီ။"
လုရှောင်ယန်မှာ ခေါင်းငြိမ့်လိုက်ပါ၏။
"အချိန်ကိုက်ပဲ။ မင်းသာ တစ်မိနစ်လောက်နောက်ကျသွားရင် အခွင့်အရေးရလိုက်မှာ မဟုတ်ဘူး။"
***