အခန်း (၅၀၁-၅၀၅)
Vol. 34 Ch. 501-505
အပိုင်း ၅၀၁ တိုက်ပွဲ ဗုံသံ
"မြန်မြန်ဝင်တော့"
"ဟုတ်ကဲ့!"
လုရှောင်ယန်မှာ ကျွင့်ပုကျန်းကိုလည်း ရှေးဟောင်းပုလဲထဲသို့ ခေါ်သွားလိုက်သည်။
ထို့နောက် အားလုံးမှာ ရှေးဟောင်းပုလဲအထဲ၌ ရှေးဟောင်းခရမ်းသွေးချီကို သန့်စင်လျက် ခပ်မြန်မြန်ကျင့်ကြံနေကြတော့သည်။
၎င်းတို့ဝင်နေစဉ်တွင် အင်မတန်ကြီးမားလှသော အရှိန်အဝါများမှာ မဟာအာကာပြင်မှနေ၍ ဖိနှိပ်လို့လာ၏။
ဝမ့်ခိုက်မှာ လုရှောင်ယန်၏ကိုယ်မှ တွားသွားထွက်လာသည်။
[သခင်၊ ဒါက အဲ့ဒီ့ဖန်ဆင်းခြင်းနတ်ဘုရားတွေရဲ့ အစေခံတွေဖြစ်လောက်တယ်]
လုရှောင်ယန်မှာ လေးနက်နေဟန်ဖြင့် ခေါင်းငြိမ့်လိုက်သည်။
"ငါ့အဖေရဲ့စိတ်ခွန်အားကို စုပ်ယူပြီးနောက်မှာ ရှေးဟောင်းပုလဲထဲမှာ ထိန်းချုပ်နှုန်းနဲ့ ရှေးဟောင်းခရမ်းသွေးချီကို သန့်စင်နှုန်းက အတော်လေး တိုးတက်လာတယ်။"
"အခုဆိုရင် ငါ့ရဲ့ခွန်အားက ဆဌမမြောက်အတုမဲ့အဆင့်ကိုရောက်နေပြီ။ ဒါပေမယ့် ဒါကအတော်လေးလိုသေးပါတယ်။ သူတို့က များလွန်းတယ်။ ဒါ့အပြင် အများစုက ငါ့ထက် ပိုသန်မာကြတယ်!"
ဝမ့်ခိုက်မှာ အသက်ပြင်းပြင်းရှူလျက် လေးနက်ဟန်ဖြင့်ဆိုလိုက်သည်။
[သခင်၊ အခုက ကျွန်တော်တို့အတွက် သေရေးရှင်ရေးဖြစ်နေပြီ။ ကျွန်တော်တို့ ရန်သူတွေကို အနိုင်ယူဖို့ရာမှာသမားရိုးကျနည်းလမ်းတွေအပေါ် မှီခိုနေလို့မရတော့ဘူး။
ကျွန်တော်တို့တွေ ထူးထူးဆန်းဆန်းလှည့်ကွက်တချို့တော့ သုံးရတော့မယ့်အချိန်ပဲ]
လုရှောင်ယန်၏ နှလုံးအိမ်မှာ ရပ်တန့်သွားသည်။
"မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ? ပေါက်ကရမလုပ်နဲ့။ ငါတို့မှာ အခွင့်အရေးရှိနေသေးတယ်။"
ဝမ့်ခိုက်မှာ ခေါင်းခါလျက် ခါးသက်သက်ပြုံးလိုက်၏။
[တစ်လျှောက်လုံး ကျွန်တော်တို့တွေ ဘယ်ရန်သူနဲ့ဖြစ်ဖြစ် ရင်ဆိုင်နိုင်လောက်တဲ့အထိ စွမ်းအားကြီးတယ်လို့ထင်ခဲ့တယ်]
[ဒါပေမယ့်အခုတော့ ကျွန်တော်မှားမှန်းသိသွားပြီ]
[ကျွန်တော်တို့က ကျွန်တော်တို့ထင်သလိုစွမ်းအားမကြီးကြဘူး။ ဒီလောကကြီးကလည်း ပိုကြီးပြီးတော့ ထင်ထားတာထက် ပိုကျယ်ပြောတယ်]
[အတုမဲ့အဆင့်၊ အုပ်ချုပ်သူအဆင့်၊ ဖန်ဆင်းခြင်းနတ်ဘုရားအဆင့်... ဒါတွေအားလုံးက ကျွန်တော်တို့ထက် အဆသန်းချီ အားကောင်းကြတယ်]
[ဒါပေမယ့်၊ ဒါက ကျွန်တော်တို့ အရှုံးပေးသင့်တယ်လို့ ဆိုလိုတာလား? သေချာပေါက်မဟုတ်ဘူးပေါ့၊ ဘာလို့လဲဆိုတော့ အရှုံးပေးလိုက်တာက သေခြင်းမို့လို့ပဲ]
[လီကော သူ့ကိုယ်သူစွန့်လွှတ်ပြီး သေသွားတုန်းက ကျွန်တော် မေးခွန်းတစ်ခုတွေးမိသွားတယ်။ ကျွန်တော်တို့ ဖြစ်တည်မှုရဲ့ အဓိပ္ပာယ်က ဘာများလဲ?]
[အခုတော့၊ နားလည်သွားပြီ။ လူတိုင်းမှာ သူတို့ရဲ့ နည်းနာတွေ ဝတ္တရားတွေရှိကြတယ်။ အချိန်ကျလာရင် ကိုယ်လုပ်ရမယ့်ဟာကို လုပ်ဖို့ပဲလိုတယ်]
[အဲ့ဒါက သေခြင်းတရားလည်းဖြစ်နိုင်တယ်။ ဒါပေမယ့်၊ ကျွန်တော်တို့တွေအနေနဲ့ မိတ်ဆွေများများဖွဲ့ပြီး ရှင်သန်ခြင်းမျှော်လင့်ချက်ကို ပြန့်နှံ့လာအောင် လုပ်လို့ရနိုင်တယ်]
"မင်းလည်းငါ့ကို ထားသွားတော့မလို့လား?"
ဝမ့်ခိုက်မှာ ပြုံးလိုက်ပေ၏။
[သခင်၊ ကျွန်တော်နဲ့ မခွဲနိုင်ဘူးလား?]
လုရှောင်ယန်မှာ တိတ်ဆိတ်နေ၏။
[ကောင်းပါတယ်။ ကြည့်ရတာ ကျွန်တော့်အနေနဲ့ သခင်စိတ်ထဲမှာ နေရာတစ်နေရာရထားတဲ့ပုံပါပဲ။ ဒီလိုဆိုမှတော့၊ ကျွန်တော့ရဲ့ဘဝမှာ မရှုံးခဲ့ဘူးလို့ သတ်မှတ်ရမှာပေါ့လေ]
ခဏမျှရပ်တန့်ပြီးနောက် ဝမ့်ခိုက်မှာ ဆက်ပြောလိုက်သည်။
[အရမ်းနောက်ကျနေပြီပဲ။ အရင်က သခင်က တပည့်တွေလက်ခံပြီး အကျိုးအမြတ်ရယူဖို့ ကျွန်တော့်ကိုလိုအပ်ခဲ့တယ်။ တပည့်တွေရဲ့ကျင့်ကြံဆင့်တိုးတက်လာတာနဲ့ သခင့်ရဲ့ကျင့်ကြံဆင့်လည်း တိုးတက်လာမှာပေါ့]
[အခု သခင်ရင်ဆိုင်နေရတဲ့ရန်သူက အရမ်းကိုစွမ်းအားကြီးမားတယ်။ တပည့်ရှစ်ယောက်တည်းနဲ့ သခင်က လိုအပ်ချက်ကိုရောက်ဖို့ အတော်လေးဝေးနေသေးတယ်]
[ဒါဆို၊ ကျွန်တော့်ကို ကျွန်တော်စတေးလိုက်မယ်။ သခင့်အတွက် အမည်မုဲ့ဂိုဏ်းသားအားလုံးနဲ့ ချိတ်ဆက်ဖို့ တံတားတစ်စင်းလည်း ဆောက်ပေးခဲ့မယ်]
[တပည့်တွေရဲ့ကျင့်ကြံဆင့် တိုးတက်လာတာနဲ့ သခင့်ရဲ့ကျင့်ကြံဆင့်လည်း တိုးလာမှာပါ]
"ငါခွင့်မပြုရင်ရော?"
[ဒါက သခင်ဆုံးဖြတ်နိုင်တဲ့အရာမဟုတ်ဘူး။ ကျွန်တော်က သခင့်ရဲ့ကျင့်ကြံဆင့်တအားနိမ့်ချိန်မှာ ချိတ်ဆက်ခဲ့တာကြောင့် သခင့်ကို ထိခိုက်တဲ့အရာတွေမလုပ်သရွေ့ သခင် ကျွန်တော့်ကို မတားနိုင်ပါဘူး]
"ဝမ့်ခိုက်"
[ဟမ်?]
"မင်းကတကယ်ကို ခွေးကောင်ပဲ။"
ဝမ့်ခိုက်မှာ နှာခေါင်းကိုတို့ထိလျက် အတန်ငယ်မျက်နှာတွန့်သွား၏။
[သခင်က ကျွန်တော့်ကို နေ့တိုင်းအနိုင်ကျင့်နေတော့တာပဲ။ အခု၊ သခင့်ကို ဝမ်းနည်းအောင်လုပ်ရမယ့်အချိန်ပဲ။ သခင်သာ ဘိုးဘေးအဆင့်ကို တက်လှမ်းသွားနိုင်ရင် ကျွန်တော်တို့ထပ်တွေ့ဖို့ အခွင့်အရေးရှိပါသေးတယ်]
[ကံကောင်းပါစေ၊ သခင်!]
[အရှုံးမပေးပါနဲ့။ ကျွန်တော့်ရဲ့အသိစိတ်မရှိတော့ရင်တောင် ကျွန်တော်က သခင့်ရဲ့ စနစ်ပါပဲ! ကျွန်တော်က ဘေးနားမှာရှိနေဦးမှာပါ!]
ဝမ့်ခိုက်၏စကားဆုံးသည်နှင့် ၎င်း၏ကိုယ်မှာ ရွှေရောင်အလင်းကိုထုတ်လွှတ်လာ၏။
ထိုရွှေရောင်အလင်းက လုရှောင်ယန်နှင့် ဝမ့်ခိုက်ချိတ်ဆက်ထားသည့် အလင်းတန်းထူတစ်ခုပင်ဖြစ်လေသည်။
၎င်းက သူတို့နှစ်ဦးကြားမှာ အချိတ်အဆက်ပင်ဖြစ်၏။
ထို့နောက် ချည်မျှင်ရှစ်သွယ်မှာ ရှေးဟောင်းပုလဲ၏ အတွင်းသို့ ချိတ်သွားသည်။
ထိုချည်မျှင်များမှာ ကျီဝူရှား၊ ဖုန်းထျန်းယွမ်နှင့် ကျန်တပည့်များအား ချိတ်ဆက်သွား၏။
ထို့နောက် ဝမ့်ခိုက်၏ ပုံရိပ်မှာ ပျောက်ကွယ်သွားကာ ရှေးဟောင်းပုလဲဆီသို့ သွားနေသော ရွှေရောင်အလင်းတန်းများသာ ကျန်ခဲ့တော့၏။
ထိုသို့ဖြင့် ဝမ့်ခိုက်မှာ လုရှောင်ယန်နှင့် အမည်မဲ့ဂိုဏ်းသားများအားလုံးအကြား တံတားတစ်စင်းကိုဆောက်ပေးလိုက်သည်။
တစ်ခဏအတွင်း လုရှောင်ယန်မှာ သူ၏ကိုယ်တွင်းရှိ အရူးအမူးစုစည်းလာကြသော အားပျော့လှသည့်စွမ်းအားများစွာကို ခံစားမိလိုက်သည်။
စွမ်းအားတစ်ခုချင်းစီမှာ အားနည်းလှသော်လည်း ၎င်းတို့၏ စွမ်းအားကြီးမှုက စုစည်းသွားချိန်၌ ခန့်မှန်း၍ပင် မရနိုင်လောက်တော့ချေ။
လုရှောင်ယန်စုပ်ယူထားသည့် မရေတွက်နိုင်သော ရှေးဟောင်းပုလဲစွမ်းအားနှင့်ပေါင်း၍ လုရှောင်ယန်၏ကျင့်ကြံဆင့်မှာ သိသာသောနှုန်းထိပင် အရူးအမူးတိုးတက်လာသည်။
သတ္တမမြောက် အတုမဲ့အဆင့်!
အဌမမြောက် အတုမဲ့အဆင့်!
နဝမမြောက် အတုမဲ့အဆင့်!
မဟာအာကာပြင်၏ ဖန်ဆင်းခြင်းနတ်ဘုရားများ လွှတ်လိုက်သော လက်အောက်ငယ်သားများမှာ အာကာပြင်အတားအဆီးများကို ဖြတ်ကျော်၍ လုရှောင်ယန်ရှိသည့် နေရာသို့ ရောက်လာချိန်၌ လုရှောင်ယန်၏ ကျင့်ကြံဆင့်က ဒဿမမြောက်ပြီးပြည့်စုံသည့် အတုမဲ့အဆင့်သို့ရောက်ရှိသွားပြီဖြစ်သည်။ သူဟာ အုပ်ချုပ်သူအဆင့်သို့ တက်လှမ်းရန် ခြေတစ်လှမ်းသာလိုတော့၏။
ခွပ်! ခွပ်!
မဟာအာကာပြင်မှ ပညာရှင်များ လှမ်းလာသည်နှင့် ဟင်းလင်းပြင်မှာ အဆုံးမဲ့အက်ကွဲလာ၏။
၎င်းတို့၏စွမ်းအားမှာ အင်မတန်အားကောင်းလှကာ ဟင်းလင်းပြင်အကာအရံသည်ပင် ၎င်းတို့အား ဖမ်းချုပ်ထားခြင်းမပြုနိုင်ပါချေ။ ၎င်းတို့အသက်ရှုလိုက်တိုင်း ဟင်းလင်းပြင်ကိုသာ ပျက်စီးလာစေသည်။
"မင်း... မင်းက ပထမဆုံးဖန်ဆင်းခြင်းနတ်ဘုရားရဲ့ ကလေးလား?"
မဟာအာကာပြင်မှ ပထမဆုံးလှမ်းထွက်လာသူမှာ နဝမမြောက်အတုမဲ့အဆင့်ပညာရှင်ပါပင်။
လုရှောင်ယန်မှာ မဖြေဘဲ တဖြည်းဖြည်းထရပ်လိုက်၏။ သူ၏ညာလက်ဖြင့် လှိုင်းတစ်ခုဖန်တီးလျက် တောင်နှင့်မြစ်ပန်းချီအား သုံးလောကတစ်ခုလုံးကို စုပ်ယူရန် အသုံးပြုလိုက်၏။
၎င်းက သုံးလောကကြီးက သူနှင့် ထိုလူများ၏တိုက်ပွဲ၌ ပျက်စီးသွားမည်ကို ရှောင်ရှားရန်ဖြစ်၏။
ပြောရလျှင် သုံးလောက၌ သူ၏ မိတ်ဆွေဟောင်းများကျန်နေသေးပေသည်။
တစ်ဖက်လူက သူ့ကိုမတားလာပါချေ။
၎င်းတို့အားလုံးမှာ ထိုအဆင့်ထိ ကျင့်ကြံလာသည့် စွမ်းအားကြီးပညာရှင်များဖြစ်ကြကာ မတုံးအကြချေ။
၎င်းတို့သာ လုရှောင်ယန်ကို အနိုင်ယူနိုင်လျှင် လုရှောင်ယန်မှ ကမ္ဘာမည်မျှကို ယူယူ အရေးမကြီးပါချေ။
လုရှောင်ယန်ကို ဖျက်ဆီးပြီးနောက်၌ ထိုလောကများအား အလွယ်လေး ထုတ်ယူလိုက်နိုင်ပေသည်။
သို့သော် လုရှောင်ယန်ကို မနိုင်လျှင် လိုအပ်ချက်တစ်ခုပင် လျော့သွားနိုင်၏။ လုရှောင်ယန်မှ ၎င်းတို့ကိုသတ်လျှင် မည်သူကမှ ထိုလောကငယ်များကို ထုတ်ယူနိုင်လိမ့်မည်မဟုတ်ချေ။
ထိုအချိန်တွင် အနီးဝန်းကျင်ရှိ ဟင်းလင်းပြင်အကာအရံများမှာ ပိုမိုကာ ပျက်စီးလာကြ၏။ မဟာအာကာပြင်မှ ပုံရိပ်များမှာလည်း လှမ်းထွက်လာသည်။
တစ်ယောက်ယောက်မှာ ကြီးမား၍ တောက်လောင်နေဟန် အနီရောင်မုတ်ဆိတ်ကြီးရှိပေသည်။
၎င်းတို့အချို့မှာ သေးငယ်ပြီး အရိုးစုများနှင့်ပင် တူနေ၏။
ထိုနေရာ၌ စွမ်းအားကြီးကာ သားရဲအရိုင်းများလိုကြမ်းတမ်းသည့်လူများလည်းရှိသည်။
ထို့အပြင် ပန်းများလိုလှပပြီး စွဲမက်ဖွယ်ရောင်ဝါများနှင့်လူများလည်းရှိ၏။
သို့သော် ၎င်းတို့အားလုံးမှာ တူညီသည့်လက္ခဏာရှိသည်။ ၎င်းတို့စွမ်းအားမှာ အင်မတန် အားကောင်းလှ၏!
ရောင်ဝါတိုင်းမှာ အတုမဲ့အဆင့်ပညာရှင်တစ်ဦးထက် နိမ့်မကျနေပါချေ!
အချို့မှာ အတုမဲ့အဆင့်နှင့်အထက် အုပ်ချုပ်သူအဆင့်သို့ရောက်နေကြသူများပင်ရှိ၏။
လုရှောင်ယန်မှာ ထိုလူများစွာအား သူတစ်ယောက်တည်းရင်ဆိုင်ရတော့မည်ကို သိကာ အတန်ငယ်ကြေကွဲသွား၏။
သို့သော် သူဟာ ဘာမှမပြောသလို စောဒကလည်းမတက်ပါချေ။ သူဟာ ကြောက်လည်းမကြောက်ချေ။
အတိတ်က သူဟာ သိုသိုသိပ်သိပ်နေခဲ့၏။
ရှင်သန်ဖို့ရာ ပုရွက်ဆိတ်တစ်ကောင်လိုမျိုး လူအုပ်၏ မမြင်သာသော ထောင့်အကျဆုံးတစ်နေရာ၌သာ ဘယ်လိုပုန်းရမလဲ သိခဲ့သည်။
သို့သော် ယခုတွင် သူဟာ ပြောင်းလဲခဲ့ပြီဖြစ်၏။
သူ၏အဖေ ပြုလုပ်ပေးခဲ့သည့် အရာကြောင့်ဖြစ်ပါစေ၊ သို့မဟုတ် လီကောနှင့် ဝမ့်ခိုက်၏ စတေးမှုတို့ကြောင့်ပင်ဖြစ်ပါစေ...
၎င်းတို့အား တွေ့ကြုံပြီးနောက်၌ လုရှောင်ယန်မှာ ယောက်ျားရင့်မာတစ်ယောက်အဖြစ် ကြီးပြင်းခဲ့ရပြီဖြစ်သည်။
တာဝန်သိသော ယောက်ျားတစ်ယောက်။
သူဟာ ဤလောက၌ အခြားလူများ၏ အနောက်၌ ပုန်းအောင်းပြီး ရှင်သန်ဖို့ရာမှာ အဓိပ္ပာယ်မရှိလှကြောင်း နားလည်သွားသည်။
ပြောရလျှင် တစ်ခါတရံ သေခြင်းက သိုသိုသိပ်သိပ်နေခြင်းထက် ပိုမိုအဓိပ္ပာယ်ရှိသည်ပင်...
သူ၏ မိသားစုနှင့် မိတ်ဆွေများအတွက်၊ သူဟာ တိုးတက်လာရမည်!
သူဟာ ယောက်ျားတစ်ယောက်လိုမျိုး တိုက်ခိုက်ချင်ပါ၏!
သူဟာ အမြဲလိုလို အခြားလူများအား လမ်းညွှန်နည်းပြရမည့် ဆရာတစ်ဦးဟုသာ တွေးခဲ့သည်။ ပြောရလျှင် တစ်ချိန်လုံး သူ၏တပည့်များက သူ့အား အရွယ်ရောက်လာရန် ကူညီပေးခဲ့ကြသည်ပင်!
သူဟာ ဒီတိုက်ပွဲ၌ အနိုင်ရ,ရမည်!
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၃၄။ အပိုင်း ၅၀၂ အားလုံးကိုသတ်ဖြတ်ခြင်း
ပညာရှင်စုစုပေါင်း ၃၁ဦးမှာ မဟာအာကာပြင်သို့ရောက်လာကြသည်။
ထိုပညာရှင်များမှာ အင်မတန်စွမ်းအားကြီးမားလှသောကြောင့် ပတ်ဝန်းကျင်ရှိဟင်းလင်းပြင်အကာအရံမှာ အက်ကွဲသွားပြီး နယ်ပယ်နှစ်ခု၊ နယ်ပယ်သုံးခုနှင့် နယ်ပယ်လေးခုအထိ ဖော်ပြနေသည်!
သုံးလောကတစ်ခွင်လုံးမှာ ပြိုလဲနေသောနယ်မြေဖြစ်လာ၏။
ထိုနယ်မြေတွင် အားနည်းသော မည်သည့်သက်ရှိမဆို ရပ်တည်ရန် ခက်ခဲပေသည်။
သုံးလောကအား တောင်နှင့်မြစ်ပန်းချီထဲသို့ ထည့်ထားလိုက်သည့် လုရှောင်ယန်အား ကျေးဇူးတင်ရပေမည်။
သူသာ သုံးလောကအား တောင်နှင့်မြစ်ပန်းချီထဲသို့ ထည့်သွင်းခြင်းမပြုလိုက်ပါလျှင် တစ်ဖက်လူများက သုံးလောကလုံးအား ၎င်းတို့၏အရှိန်အဝါနှင့်ပင် ဖျက်ဆီးပြီးလောက်ပြီဖြစ်၏။
"အားလုံး ဒီမှာလား?"
မည်သည့်နေရာမှ ထပ်မပျက်စီးတော့ဘဲ မည်သည့်လူမှလည်း မလာတော့သည်ကိုမြင်သော် လုရှောင်ယန်မှာ အေးဆေးစွာပြောလိုက်သည်။
အားလုံးမှာ သူ့အားလေးနက်စွာကြည့်လိုက်၏။
"မင်းလို မရင့်ကျက်သေးတဲ့ကောင်စုတ်လေးတစ်ကောင်နဲ့ရင်ဆိုင်ဖို့ ငါတို့နဲ့တင်လုံလောက်နေပါပြီ။"
လုရှောင်ယန်မှာ ထူးမခြားနားစွာပြုံးလိုက်သည်။
"အဆုံးမှာ ဘယ်သူနိုင်မယ်ဆိုတာက မသေချာသေးပါဘူး။'
စကားဆုံးသည်နှင့် သူဟာ အချိန်ထပ်မဖြုန်းတော့ချေ။
ထိုသို့သော တိုက်ပွဲမျိုး၌ လက်ဦးမှုရယူပြီး အနိုင်ယူရန်က အင်မတန်အရေးပါလှသည်။
ထိုသည်မှာ သူသာ ခံစစ်ဘက်ရောက်သွားပါလျှင် ထိုပညာရှင် ၃၁ဦး၌ အဘက်ဘက်မှတိုက်ခိုက်မှုများကိုရင်ဆိုင်နေချိန်၌ လုံးဝထိုးစစ်ဆင်နိုင်တော့မည်မဟုတ်ချေ။
သို့သော် သူသာ ဦးဆုံးတိုက်ခိုက်ပြီး လူအုပ်ထဲသို့ ပြေးသွားလိုက်ပါလျှင် ထိုပညာရှင် ၃၁ဦးအနေနှင့် အနည်းဆုံးတော့ တစ်ချိန်တည်း တိုက်ခိုက်မှုအားလုံးအပေါ်တွင် ပစ်မှတ်ထားနိုင်ရန် မဖြစ်နိုင်တော့ချေ။
ထိုနည်းလမ်းဖြင့် သူဟာ ၎င်းတို့ထဲမှ အချို့ကိုပင် ဒိုင်းအဖြစ်သုံးနိုင်ပြီး ၎င်းတို့၏တိုက်ခိုက်မှုကို နှောင့်နှေးသွားစေနိုင်သည်ဟု ပြော၍ရသည်။
လုရှောင်ယန်မှာ ကောင်းကင်ဖွင့်ပုဆိန်ကို ကိုင်ဆောင်လျက် အတွေးတစ်ခုနှင့်ပင် ပညာရှင်သုံးဦးနံဘေးသို့ရောက်ရှိသွား၏။
အားလုံးက မတုံးအပါချေ။
အားလုံးမှာ ထိုအဆင့်ထိကျင့်ကြံခဲ့ကြပြီး တစ်ရာထဲမှတစ်ယောက်မဟုတ်တော့ချေ၊ သို့သော် တစ်ထရီလီယံထဲမှ တစ်ယောက်ဖြစ်ချေ၏!
၎င်းတို့မှာ အတွေ့အကြံရှိပြီး လုရှောင်ယန်၏ ဦးဆုံးတိုက်ခိုက်လိုက်ခြင်းရည်ရွယ်ချက်ကိုသိပါ၏။
ထို့ကြောင့် လုရှောင်ယန်မှ ၎င်းတို့နံဘေးရောက်လာသည့်အချိန်တွင် ပညာရှင်သုံးဦးမှာ တစ်ချိန်တည်းနောက်ဆုတ်ကာ တိုက်ခိုက်လိုက်ကြလျက် လုရှောင်ယန်၏ အရှိန်ကို နှောင့်နှေးစေလိုနေကြသည်။
တစ်ခဏအတွင်းတွင် ၎င်းတို့၏တိုက်ခိုက်မှုများက လုရှောင်ယန်ထက်သို့ဆင်းသက်လာပြီး နိယာမစွမ်းအားများကို အနှောင့်အယှက်ပြုရန် ဟင်းလင်းကပြင်အကာအရံအား ဖောက်ခွဲလိုက်၏။
ထို့နောက် အားလုံးမှာ တိုက်ခိုက်လိုက်တော့သည်။ ကျန်နေသည့် ပညာရှင် ၂၈ဦးလည်း တိုက်ခိုက်လိုက်ကာ ထိုတိုက်ခိုက်မှုများက လုရှောင်ယန်ထံသို့ တစ်ချိန်တည်း ကျရောက်သွားကြသည်ပင်။
ပညာရှင်များအကြားတိုက်ပွဲတွင် အောင်မြင်မှုအား တစ်ခဏအတွင်းဆုံးဖြတ်ပြီးသားဖြစ်၏။
၎င်းတို့၏ အရှိန်မှာ အင်မတန်မြန်ဆန်လှပြီး မီလီစက္ကန့်နှင့်ပင် ထိုအရှိန်အားတွက်ချက်ရန် မဖြစ်နိုင်ချေ။
ထို့အပြင် ထိုလူများက ထက်မြတ်လှသည်။ တိုက်ကွက်တစ်ခုနှင့် အောင်မြင်ကြလျှင်တောင် တိုက်ကွက်များပိုမိုကာ ထုတ်ဖော်နေကြဆဲဖြစ်၏။
၎င်းတို့မှာ လုရှောင်ယန် ကြုံဆုံတိုက်ခိုက်ဖူးသည့် မြင်းနက်များနှင့် ခြားနားလှသည်။
၎င်းတို့မှာ အင်မတန်ထက်မြတ်လှချေသည်ပင်။
၎င်းတို့သာ လုရှောင်ယန်အား နုပ်နုပ်မစင်းခဲ့ရလျှင် ထိုကိစ္စအား လုံးဝ ချန်လှပ်ထားလိမ့်မည်မဟုတ်ချေ။
ပေါက်ကွဲမှုက စက္ကန့်ဒါဇင်ချီမျှ ကြာပြီးနောက်၌ ဆဌမမြောက်နယ်မြေအပိုင်းအခြား၏ ဟင်းလင်းပြင်အကာအရံသည်ပင် ၎င်းတို့ကြောင့် ကွဲအက်ပျက်စီးသွားကာ သတ္တမြောက် နယ်မြေကို ထုတ်ပြနေသည်။ ထို့နောက်မှသာ ထို ၃၁ဦးက တိုက်ခိုက်ခြင်းကို ဖြည်းဖြည်းချင်းရပ်တန့်လိုက်ကြ၏။
ထို့အပြင် ၎င်းတို့ တိုက်ခိုက်ခြင်းကိုရပ်လိုက်သည်ဆိုလျှင်သော်မှ လုရှောင်ယန်အား သေခြင်းမှ ထွက်ပြေးကာ ၎င်းတို့အားတိုက်ခိုက်လာမည်ကို တားဆီးရန် တစ်ဦးချင်းအပေါ်၌ အကာအကွယ်တစ်ခုကိုထားလိုက်၏။
အချိန်မှာ တစ်စက္ကန့်ပြီးတစ်စက္ကန့်ကုန်ဆုံးသွား၏၊ သို့သော် လုရှောင်ယန်က ပေါ်မလာသေးချေ။ ပေါက်ကွဲမှုမှ အပြောင်းအလဲများ လုံးဝပျောက်ကွယ်သွားချိန်တွင်ပင် လုရှောင်ယန်ရှိနေခဲ့သည့် နေရာက ဗလာဖြစ်နေဆဲပင်။
အားလုံးမှာ မထိန်းနိုင်ဘဲ မျက်မှောင်ကျုံ့လိုက်ကြ၏။
"ဘာတွေဖြစ်နေတာလဲ? သူ ငါတို့သတ်တာများခံလိုက်ရပြီးပြီးလား?"
"ပထမဆုံးဖန်ဆင်းခြင်းနတ်ဘုရားရဲ့ ဂုဏ်ရှိန်မြင့် သားတော်တစ်ပါးအနေနဲ့ သူက အရမ်းကြီး အားနည်းနေမှာ မဟုတ်လောက်ပါဘူး?"
"ဒါကြောင့်များဖြစ်နေမလား? သူက ပထမဆုံးဖန်ဆင်းခြင်းနတ်ဘုရားရဲ့သားတော်ဖြစ်ပေမယ့်လည်း ဖန်ဆင်းခြင်းနတ်ဘုရားရဲ့ အဆင့်ထိမတိုးတက်သေးတာကို မမေ့နဲ့ဦးလေ!"
"ဒီလိုဆိုရင် ဘယ်လိုဖြစ်ဖြစ် သူ့အတွက် ကောင်းကင်ကို အဲ့လောက်ထိ အံတုနေဖို့မဖြစ်နိုင်ဘူး။"
"ဒါကြောင့်သာမဟုတ်ရင် ဖန်ဆင်းခြင်းနတ်ဘုရားတွေက ငါတို့ကို သူနဲ့ရင်ဆိုင်ခွင့်ပြုဖို့ မဖြစ်နိုင်ဘူး။"
"သူတို့ကိုယ်တိုင်ပဲ လာတော့မှာပေါ့။"
"သတိမလွတ်နဲ့။ ဒီလိုအရမ်းကြောက်ဖို့ကောင်းတဲ့ဖြစ်တည်မှုကို ဆန့်ကျင်ပြီး ငါတို့သတိမထားရင် အားလုံးသုတ်သင်ခံလိုက်ရလိမ့်မယ်။
"အမှန်ပဲ။ ဖန်ဆင်းခြင်းနတ်ဘုရား ငါတို့ကို ဦးဆောင်ခိုင်းတာက ဘာဖြစ်မလဲဆိုတာကို သုံးသပ်ချင်ကြရုံပါပဲ။ သူတို့က အဲ့ဒီ ဖန်ဆင်းခြင်းနတ်ဘုရားရဲ့ သားတော်က ဘယ်လောက်စွမ်းအားကြီးတာကို မြင်ချင်လို့ပဲ။"
"သူ့ရဲ့စွမ်းအားက ဖန်ဆင်းခြင်းနတ်ဘုရားကြီးနဲ့ကျန်တဲ့လူတွေတောင် မရှာနိုင်သေးတဲ့ အရာတစ်ခုပဲ။"
စကားဆုံးသည်နှင့် နဝမမြောက်အတုမဲ့အဆင့်ပညာရှင်တစ်ဦးနောက်ရှိ ဟင်းလင်းပြင်အကာအရံမှာ ရုတ်တရတ်အက်ကွဲသွားသည်။
တဒင်္ဂအကြာ၌ စွမ်းအားကြီးရွှေရောင်အလင်းတစ်ခုမှာ ၎င်းထံမှ ပျံထွက်လာပြီး သူ၏ကိုယ်အား နှစ်ခြမ်းမခွဲခင် အကာအရံကို တိုက်ရိုက် ပျက်စီးစေလိုက်သည်။
"ဘာ!"
အားလုံး၏ မျက်လုံးများပြူးကျယ်သွားသည်။ ရှင်းလင်းစွာဖြင့် ၎င်းတို့က လုရှောင်ယန်မှာ ထိုသို့သော တိုက်ကွက်တစ်ခုအား ထုတ်ဖော်နိုင်မည်ဟု ထင်မထားခဲ့ချေ။
"ဘာတွေဖြစ်နေတာလဲ? သူဘယ်ကရောက်လာတာလဲ? ငါတို့ဘာလို့ သူ့ကိုအာရုံမခံလိုက်နိုင်တာလဲ?"
"သူကတကယ်တော့ ကျုပ်တို့ရဲ့အခုတိုက်ခိုက်မှုတွေကို ခုခံနိုင်လိုက်ပြီး သတ္တမမြောက်နယ်ပယ်ကိုအကာအရံယူနိုင်လိုက်တယ်လေ။ ဒါပေမယ့် သူက အဲ့ကနေ ပြန်လာတာဖြစ်နိုင်တယ်!"
"အဟုတ်ပဲ။ သူကစွမ်းအားတွေကိုစုစည်းပြီး သတ္တမမြောက်နယ်ပယ်ရဲ့ အကာအရံအလွှာအထပ်ထပ်ကို တစ်ချက်တည်းနဲ့ ဖြတ်ကျော်လိုက်တာပဲ။"
"သိပြီ။ ငါတို့ စက္ကန့်ဒါဇင်ချီလောက်တိုက်ခိုက်မှရတဲ့ တိုက်ခိုက်မှုတစ်ခုတည်းကို ထုတ်ဖော်ပြီး ဟင်းလင်းပြင်အကာအရံကိုလည်း ဖျက်ဆီးလိုက်နိုင်ပြီးတော့ ငါတို့ကိုလည်း တိုက်ခိုက်လိုက်နိုင်တယ်။"
"ငါတို့ကြားမှာ ကြားခံနယ်မြေတွေအများကြီးရှိနေတာကြောင့် သူ့ကိုရှာတွေ့နိုင်ဖို့ အချိန်မရှိလိုက်ဘူး။"
"အားလုံးပဲ၊ စိတ်မပူကြပါနဲ့! ဒါက ကောင်းတဲ့အရာပဲ။ သူက အဲ့လောက်ကြီးစွမ်းအားမကြီးဘူးဆိုတာကို ပြနေတာပဲ။ မဟုတ်ရင် သူငါတို့ကို သတ်ဖို့ အဲ့လောက်ကြီးဒုက္ခခံနေစရာမလိုဘူးလေ။"
"အမှန်ပဲ။ အတူတူတိုက်ခိုက်ပြီး ဒီကောင်ကို ဖျက်ဆီးကြတာပေါ့!"
အားလုံးမှာ ကြက်သွေးထိုးသွင်းလိုက်သလိုမျိုး စိတ်လှုပ်ရှားလာကြ၏။
သို့သော် ထိုအချိန်၌ လုရှောင်ယန်က ၎င်းတို့အလယ်ကိုရောက်နေပြီဖြစ်သည်။ သူဟာ အားလုံးကို စက်ဝိုင်းသဏ္ဍာန်လှည့်ပတ်ရန် အနုစိတ်ခြေလှမ်းကို အသုံးပြုလိုက်၏။
ထိုနည်းလမ်းကိုအသုံးပြုသော်လည်း တိုက်ခိုက်မှုများမှာ သူ့အားယခင်ကထက် မြန်ဆန်စွာ ထိမှန်လာကြပြီး လေးလံမနေကြတော့ပါချေ။
ထိုသို့ဖြင့် သူဟာ တိုက်ခိုက်မှုများကိုခုခံနေရင်း ရန်သူအနည်းငယ်ကိုထပ်သတ်လိုက်နိုင်တော့၏။
သူ၏တိုက်ခိုက်မှု ဦးတည်ဘက်မှာ အင်မတန်ရှင်းလင်းလှပါသည်။ သူဟာ အားအနည်းဆုံးကို မရွေးချယ်ချေ။ ထိုအစား သူ၏ပစ်မှတ်များမှာ အားနည်းသူရော သန်မာသူရောဖြစ်၏။
ထိုသည်က အားနည်းသူများမှာ သူ့အားကြီးကြီးမားမားမထိခိုက်စေနိုင်ပါသော်လည်း တိုက်ခိုက်မှုအချို့ကို တားဆီးနိုင်လောက်ဆဲပင်။ ရလာဒ်အနေနှင့် သူဟာ သန်မာသူများ၏ တိုက်ခိုက်မှု ပြင်းပြင်းကိုရင်ဆိုင်ဖို့ မလိုတော့ချေ။
သူ၏ကိုယ်သို့ကျရောက်လာသောတိုက်ခိုက်မှု မျိုးစုံကို သည်းခံရင်း လုရှောင်ယန်မှာ အသက်ရှူခြင်းကိုထိန်းလျက် လက်တွင်းရှိ ကောင်းကင်ဖွင့်ပုဆိန်တွင်းသို့ စွမ်းအားအလုံးစုံကို စုစည်းလိုက်ကာ ဒုတိယပစ်မှတ်ထံသို့ ခပ်ပြင်းပြင်းပစ်လွှဲလိုက်တော့ပါ၏။
ဘုန်း!
နောက်ထပ် ရွှေရောင်အလင်းပေါ်ထွက်လာသည်။ တစ်ခဏအတွင်း တစ်ဖက်လူ၏ အကာအကွယ်မှာ ဖျက်ဆီးခံလိုက်ရတော့သည်!
သို့သော် ထိုအချိန်၌ တစ်ဖက်လူ၏ အကာအကွယ်မှာ ပိုမိုအားကောင်းနေသည်။ ထိုလူ၏ အကာအကွယ်အမြန်နှုန်းမှာ သတ္တမနယ်ပယ်၌ သူသတ်ခဲ့သည့် အတုမဲ့အဆင့်ပညာရှင်ထက်ပင် မြန်ဆန်လွန်းလှပါသည်!
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၃၄။ အပိုင်း ၅၀၃ အဆင့်တက်ခြင်း၊ အုပ်ချုပ်သူအဆင့်
ကောင်းကင်ဖွင့်ပုဆိန်မှာ တစ်ဖက်လူ၏ ခန္ဓာအားပိုင်းဖြတ်သွားသည်။ ၎င်းမှာ တစ်ဖက်လူ၏ကိုယ်က အကာအကွယ်မရှိတော့ခြင်းကြောင့်ပင်။ အက်ကွဲသံနှင့်အတူ သဏ္ဍာန်မဲ့ဝိဉာဉ်ရတနာချပ်ဝတ်မှာ ချက်ချင်းပွင့်ဟသွားတော့၏။
တစ်ဖက်လူမှာ ထိတ်လန့်လွန်း၍ ချွေးအေးများပင်ပြန်လာသည်။ သူဟာ လုံးဝပင်မရပ်တန့်ဝံ့ဘဲ ချက်ချင်းပင် မြန်နိုင်သမျှမြန်မြန်ပြန်ဆုတ်လိုက်သည်။
လုရှောင်ယန်မှာ ငတုံးမဟုတ်ပါချေ။ တစ်ဖက်က ထွက်ပြေးကာ ခဏအကြာ၌ ပြန်လည်အားပြည့်သွားမည်ကိုသိပေ၏။ ထို့ကြောင့် သူဟာ တစ်ဖက်အား လွတ်မြောက်ရန်အခွင့်အရေးလုံးဝမပေးပါချေ။
တစ်ဖက်လူလှုပ်ရှားလိုက်သည်နှင့် သူဟာ လက်ကိုမြှောက်လျက် သဏ္ဍာန်မဲ့ဝိဉာဉ်ရတနာကိုပစ်လွှတ်လိုက်သည်။ ၎င်းက တစ်ဖက်လူ၏ချပ်ဝတ်ရှိ အက်ကြောင်းမှ လျှောဝင်သွားကာ ပေါက်ကွဲသွားချေတော့၏။
တိုက်ကွက်တစ်ခုတည်း!
ထိုတိုက်ကွက်က တစ်ဖက်လူ၏ကိုယ်ရှိ နိယာမစွမ်းအားကိုပင် တုန်ယင်စေသည်။
ထိုအချိန်၌ တစ်ဖက်လူ၏ဆုတ်ခွာမှုအမြန်နှုန်းမှာ နှေးကွေးသွား၏။
လုရှောင်ယန်မှာမူ ပေါက်ကွဲမှုထဲသို့ ပြေးရန် အခွင့်ကောင်းယူ၍ တစ်ဖက်လူ၏ဒဏ်ရာကို ဆွလိုက်သည်။
ဘုန်း!
နောက်ထပ်အသံကျယ်ကြီးနှင့် နောက်ထပ်ပညာရှင်တစ်ဦးသေသွားသည်။ ထိုပေါက်ကွဲမှုပျောက်ကွယ်သွားပြီးနောက်တွင် လုရှောင်ယန်လည်း အထိအခိုက်အတော်များများကိုခံစားလိုက်ရပေသည်။
သူ့ကိုယ်၏ အစိတ်အပိုင်းတော်တော်များများမှာ အက်ကွဲနေလျက် အသားများပင်ထွက်နေသည်။ အချို့နေရာများတွင် အရိုးဖြူဖြူများငေါထွက်နေသည်ကိုပင် မြင်နေရ၏။
ထိုကြောက်မက်ဖွယ်မြင်ကွင်းက အခြားသောပညာရှင်များအား ကူကယ်ရာမဲ့စွာ တုန်လှုပ်နေစေသည်။
လုရှောင်ယန်၏တိုက်ပွဲရည်ရွယ်ချက်မှာ အင်မတန်အားကောင်းလှပြီး သူ၏စိတ်ဓာတ်မှာ ပို၍ပင် ခိုင်မာလှသည်!
လောကကြီးမှာ ပိုမိုသန်မာသည့်ပညာရှင်များက ပို၍အတွေးအမြင်ကျယ်ပြန့်သည်ဟု ထင်ကြသည်။
ထိုသည်က သာမန်အရေးကိစ္စများနှင့် ကြုံကြိုက်ရသည့်အချိန်မှ အလေ့အထသာဖြစ်သည်။
၎င်းတို့၏အသက်များနှင့် လောင်းကြေးထပ်ထားရလျှင် သာမန်လူများထက်ပိုမိုကာ ဂရုစိုက်နိုင်လိမ့်မည်။
ပြောရလျှင် မည်သူကမှ ၎င်းတို့အနေနှင့် အခက်အခဲမည်မျှကျော်ဖြတ်ခဲ့ရသည်ကို မသိကြချေ။
ထိပ်တန်းပညာရှင်တိုင်းမှာ တစ်လျှောက်လုံး မရေတွက်နိုင်လောက်သော အခက်အခဲများကို ကျော်လွှားခဲ့ရ၏။
ထို့ကြောင့်သာပင် ၎င်းတို့မှာ ဘဝမည်မျှ အဖိုးတန်ပြီး ကျင့်ကြံခြင်းစွမ်းအားကြီးမှုက အကျိုးမည်မျှရှိသည်ကို သာမန်လူများထက် ပိုသိကြသည်။
၎င်းတို့သေသွားလျှင် အရာအားလုံးပျောက်ကွယ်သွားလိမ့်မည်။ ၎င်းတို့အနေဖြင့် အနာဂတ်၌ ပြန်လည်ဝင်စားပြီး ထပ်မံကျင့်ကြံပါလျှင်တောင် ၎င်းတို့၏နဂိုကျင့်ကြံဆင့်များကို ပြန်ရဖို့ နှစ်ပေါင်းမည်မျှ ကြာညောင်းမည်နည်း?
မကြာမီ လုရှောင်ယန်၏ကိုယ်ပေါ်မှာ ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာ၏။
၎င်းက ထိုအချိန်၌ မည်သူကမှ မတိုက်ခိုက်ခြင်းကြောင့်မဟုတ်ပါချေ။ သို့သော် အရာအားလုံးက မြန်မြန်ပဲဖြစ်သွားခဲ့ကာ ထိုအချိန်အတောအတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲကို ဥပေက္ခာပြုနိုင်လိုက်ခြင်းဖြစ်သည်။ (ဒဏ်ရာရနေချိန်မှာ လာတိုက်တဲ့လူတွေကို လျစ်လျူရှုလို့ရနိုင်လိုက်သည်။)
ယခုတိုက်ပွဲကို ကြုံတွေ့ပြီးနောက် အားလုံး၏တိုက်ခိုက်မှုမှာ ပိုလို့ပင်ကြမ်းတမ်းလာပါ၏။ ထို့အပြင် ၎င်းတို့မှာ လုရှောင်ယန်အား အပူတပြင်းလိုက်နေကြပြီး အသက်ရှူခွင့်လေးတောင်မပေးပါချေ။
ထိုသည်က လုရှောင်ယန်၏စွမ်းအားမှာ ၎င်းတို့အား အတည်တိုက်ခိုက်မိစေသောကြောင့်ပင်။
၎င်းတို့ဘက်၌ လူများစွာရှိသော်လည်း ထိုတိုက်ပွဲကိုသာ ကောင်းကောင်းမတိုက်လျှင် သေရမည်မှာ မလွဲဧကန်ဖြစ်သည်ဟု အာရုံခံမိကြ၏။
လုရှောင်ယန်မှာ ထိုအခြေနေကို မျှော်မှန်းပြီးဖြစ်သည်။
ဘာကြောင့်လဲ?
သူ၏ စွမ်းအားတကြီးခြိမ်းခြောက်မှုအား အခြားလူများကို ပြသလိုက်သည်နှင့် တစ်ဖက်လူများမှာ နိုးနိုးကြားကြား ဖြစ်သွားလိမ့်မည်။ ၎င်းတို့၏တိုက်ခိုက်မှုများမှာ ယခင်ကထက် ပို၍ အာရုံစိုက်မှုရှိလာပေလိမ့်မည်။
သို့သော် သူဟာ မကြောက်ပါချေ။
တစ်ဖက်၏တိုက်ခိုက်မှုများမှာ ပိုမိုပြင်းထန်ပြီးအနုစိပ်လာပါသော်လည်း သူ၏စွမ်းအားကလည်း ပြောင်းလဲနေခြင်းကြောင့်ပင်ဖြစ်၏။
ယခုတွင် ဝမ့်ခိုက်က သူနှင့်အမည်မဲ့ဂိုဏ်းသားများကြား၌ ပေါင်းကူးတံတားဆောက်ရန် စတေးပေးခဲ့ကာ တပည့်များ၏ကျင့်ကြံခြင်းတိုးတက်လာလျှင် သူ၏စွမ်းအားလည်း တိုးတက်လာမည်ဖြစ်သောကြောင့်ပင်။
ဂိုဏ်းသားပေါင်းထောင်ချီက ရှေးဟောင်းခရမ်းသွေးချီအား တစ်ချိန်တည်း၌ သန့်စင်နေကြသည်။ သန့်စင်မှုနှုန်းမှာလည်း ကြောက်မက်ဖွယ်ကောင်းလောက်အောင်မြန်လွန်းလှသည်။
ရှေးဟောင်းပုလဲအတွင်း ရှေးဟောင်းခရမ်းသွေးချီမှာ ပင်လယ်ကဲ့သို့ ကျယ်ပြောလှသည်။ ထိုနေရာ၌ မရေတွက်နိုင်လောက်အောင်ရှိပြီး အဆုံးမဲ့လှ၏။
ဘုန်း! ဘုန်း! ဘုန်း!
အပြင်ဘက်မှ တိုက်ခိုက်မှုများမှာ လုရှောင်ယန်ပေါ်သို့ အဆက်မပြတ်ကျဆင်းနေသည်။ လုရှောင်ယန်မှာ ကောင်းကင်ဖွင့်ပုဆိန်ဖြင့် ခုတ်ပိုင်းနေ၏။ တိုက်ခိုက်မှုများမှာ အင်မတန်ပြင်းထန်လှသောကြောင့် သူ့အတွက် တိုက်ခိုက်မှုအားလုံးကို ပိတ်ဆို့တားဆီးရန်မှာ မဖြစ်နိုင်လှချေ။
သို့သော် တစ်ဝက်ကျော်ကျော်လောက်မျှ တားဆီးလိုက်နိုင်သည်နှင့် ကျန်တစ်ပိုင်းသူ့အပေါ်ကျလာလျှင်တောင် ကိစ္စမရှိတော့ပါချေ။
သူ၏ကျင့်ကြံဆင့်ဆက်တိုက်တိုးတက်လာခြင်းက သူ၏ပြန်လည် ကုသမှုကို အဆုံးမရှိခွင့်ပြုနေပါ၏။
တစ်ဖက်မှသူ့အား ပေးခဲ့သော ဒဏ်ရာများမှာ သူ၏ပြန်လည်းကောင်းမွန်မှုနှုန်းကို အနိုင်မရပါချေ။
ထိုသို့ဆိုလျှင် အဘယ့်ကြောင့် ဂရုထားနေရဦးမည်နည်း?
၎င်းက အသက်ရှူချိန်ဒါဇင်ချီမျှ ဆက်လက်ဖြစ်ပွားနေ၏။ ရုတ်တရတ် ပိုမိုအားကောင်းသောစွမ်းအင်မှာ လုရှောင်ယန်၏ကိုယ်မှတိုးထွက်လာပြီး ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးအား တုန်ခါသွားစေသည်!
ထိုအရှိန်အဝါက အနီးဝန်းကျင်တစ်ဝိုက်အား တုန်ယင်လာစေသည်။
ပညာရှင်များ၏ မျက်ဝန်းများမှာ မနေနိုင်ဘဲ တွန့်သွားကြရာ ထိုစွမ်းအားကို ခံစားမိလိုက်ကြသည်။
"သူ့ရဲ့ကျင့်ကြံဆင့် တက်လာတာလား?! အဆင့်တက်နေတာလား?"
"လုံးဝကြီးတော့မဟုတ်ဘူး။ သူ့ရဲ့စွမ်းအားတိုးဖို့ လျှို့ဝှက်နည်းလမ်းတစ်ခုခု ဒါမှမဟုတ် ဆေးလုံးတစ်ခုခုသုံးလိုက်တာဖြစ်ရမယ်။ ပြီးတော့ ဒါဆိုရင် သူ့ရဲ့စွမ်းအားက အချိန်တိုအတွင်းတက်လာနိုင်ပြီလေ။"
"သူ့ရဲ့အခုကျင့်ကြံဆင့်က ဒဿမမြောက်အတုမဲ့အဆင့်မှာပဲရှိသေးတယ်။ သူ့အတွက် ဒီလိုအချိန်တိုအတွင်းမှာ စွမ်းအားတိုးလာဖို့က လုံးဝမဖြစ်နိုင်ဘူးလေ။"
"မဟုတ်ဘူး၊ သူအဆင့်တက်သွားပြီ။ သူက ပထမဆုံးဖန်ဆင်းခြင်းနတ်ဘုရားရဲ့သားတော်ဖြစ်ပြီး ရှေးဟောင်းပုလဲလည်းရှိတယ်လေ။ သူ့အတွက် ဒီလိုလုပ်ဖို့က မခက်ခဲပါဘူး။"
"သေစမ်း!"
တစ်ယောက်ယောက်မှာ တံတွေးထွေးလျက် နှောင့်နှေးခြင်းမရှိ ပြေးထွက်သွားသည်။
"သူ့ကိုသတ်! ဆက်ပြီးတိုးတက်လာဖို့ အခွင့်အရေးမပေးလိုက်နဲ့။"
သို့သော် ထိုသို့ပြောခဲ့သည့်ပညာရှင် လုရှောင်ယန်ထံသို့ပြေးသွားချိန်၌ အားကောင်းသောအလင်းတစ်ပြမှာ ရေပြင်ညီအတိုင်းပင် မဟာအာကာပြင်ကို ပိုင်းဖြတ်သွား၏။ သူဟာ ရှောင်တိမ်းရန်ပင်အခွင့်အရေးမရလိုက်ဘဲ နှစ်ပိုင်းပြတ်သွားသည်အထိ ကူရာမဲ့စွာကြည့်နေလိုက်ရသည်! "မဖြစ်ဘူး!"
မပျက်စီးသွားခင်တွင် သူဟာ အလိုမရှိသော ဟစ်ကြွေးသံတစ်ခုကို ထုတ်ဖော်လိုက်၏။ ကံမကောင်းစွာဖြင့် အင်မတန်နောက်ကျနေလေပြီ။ သူ၏နောက်ရှိ ဖန်ဆင်းခြင်းနတ်ဘုရားများသာ ကိုယ်တိုင်ကိုယ်ကျမတိုက်ခိုက်ပါလျှင် ကောင်းကင်ဖွင့်ပုဆိန်နှင့် အသတ်ခံရပြီးနောက်၌ ပြန်လည်ရှင်သန်ဖို့ပင် မဖြစ်နိုင်တော့ချေ။
ထို့အပြင် သူပြန်လည်ရှင်သန်ခဲ့လျှင်တောင် ထပ်မံကျင့်ကြံရဦးမည်။
သူဟာ ဒဿမမြောက်အတုမဲ့အဆင့်ရှိ ပညာရှင်တစ်ယောက်ဖြစ်သည်။ ထိုကျင့်ကြံဆင့်၌ သူ၏စွမ်းအားကို အသေအချာပြန်လည်ဖြည့်တင်းရန် ကုန်ကျမှုက တကယ်ကို များစွာမြင့်မားလှသည်။
ဖုန်မှုန့်များ တစ်ဖန် ပျောက်ကွယ်သွားသည်။ လုရှောင်ယန်မှာ မဟာအာကာပြင်၌ လက်တစ်ဖက်တွင် ကောင်းကင်ဖွင့်ပုဆိန်ကို ကိုင်ဆောင်လျက် အားလုံးကို တည်တည်ငြိမ်ငြိမ်ကြည့်ပြီး ဂုဏ်ဝင့်ထည်စွာ ရပ်နေပါ၏။ ဘာခံစားချက်မှမရှိဘဲ အေးစက်မှုနှင့် ပြင်းထန်လှသည့် လူသတ်ငွေ့သာရှိသည်!
လူတိုင်း၏နှလုံးသားများမှာ ပိုမိုမြန်ဆန်စွာ ခုန်လှုပ်လာကြသည်ပင်။
ထိုလူက အုပ်ချုပ်သူအဆင့်သို့ တက်လှမ်းသွားခဲ့ပြီဖြစ်၏။
"သေလိုက်စမ်း! ဒါကဆက်မဖြစ်နိုင်တော့ပါဘူး။ ဆက်ဖြစ်နေရင်တော့ ငါတို့တွေ ဘာအတွက်မှမဟုတ်ဘဲ စတေးရရုံပဲရှိတယ်။ ငါတို့ရဲ့စွမ်းအားအလုံးစုံကို ချိတ်ဆက်ပြီး တစ်ခုတည်းဖြစ်ဖို့ လျှို့ဝှက်နည်းလမ်းတစ်ခုကို သုံးရမယ်။ ဒီလိုဆိုရင် ငါတို့ကို မတိုက်ခိုက်နိုင်လောက်တော့ဘူး!"
အားလုံးမှာ ပြန်ဖြေလျက် ချက်ချင်းပင် စွမ်းအားများစုစည်းရန် အတူတကွလုပ်ဆောင်လိုက်ကြသည်။
ထိုအချိန်၌ ၎င်းတို့မှာ မည်သည့်အဖွဲ့အစည်းကဖြစ်ဖြစ် အရေးမကြီးပါချေ။ ၎င်းတို့အားလုံးက တစ်ဘက်တည်းသားများဖြစ်သွားကြ၏။
ထိုသူတို့ထံ၌ လုရှောင်ယန်အားသတ်ရမည့် ပန်းတိုင်ရှိသည်။
မကြာမီတွင် ကျန်ရှိသည့် ပညာရှင်အယောက် ၂၀၏ စွမ်းအားတို့မှာ အတူတကွ စုစည်းသွားကြလျက် ပုံရိပ်သဏ္ဍာန်တစ်ခုကိုဖြစ်ပေါ်လာစေတော့သည်။
တဒင်္ဂအတွင်း လူတိုင်း၏အရှိန်အဝါမှာ အကန့်အသတ်ထိ တက်လှမ်းသွားကာ လုရှောင်ယန်၏ ရင်ကိုပင် တင်းကြပ်လာစေသည်!
"လုရှောင်ယန်၊ မင်းအခုဆက်ပြီး ဘဝင်မြင့်ရဲသေးလား? မင်းရဲ့တိုက်ခိုက်မှုတွေက အသုံးမဝင်တော့ဘူးနော်။"
သို့သော် ထိုသို့ပြောလိုက်သည်နှင့် လုရှောင်ယန်မှာ ရွှေရောင်အလင်းတစ်ပြအသွင်ပြောင်းသွားကာ အဝေးရှိ မဟာအာကာပြင်ကြယ်တစ်စင်းထံ တည့်တည့်ပျံထွက်သွားသည်။
အားလုံးမှာ ချက်ချင်းဆွံ့အသွားကြ၏။
ဘာလဲဒါက?
ဒါက အတော်လေးထူးခြားနေတယ်!
"မဟုတ်ဘူး! သူထွက်ပြေးနေတာ! သူထွက်ပြေးနေတာပဲ!"
လူတိုင်းမှာ တမုဟုတ်ချင်းကမောက်ကမဖြစ်သွားကြသည်။
မည်သူကမှ သူ ထိုသို့လုပ်မည်ဟု မထင်ထားခဲ့ချေ။
ထိုကောင်စုတ်လေးမှာ တကယ်ကိုအရှက်မဲ့လှချေ၏!
သူဟာ ၎င်းတို့အားတိုက်ခိုက်၍ အနည်းငယ်ကိုပင်သတ်ခဲ့သည်။ အဆုံး၌ ထိုလူများက သူနှင့်ရင်ဆိုင်ရန် အင်အားများပေါင်းစည်းသွားသည်ကိုမြင်ချိန်တွင် သူဟာ ယုန်တစ်ကောင်ထက်ပင်မြန်အောင် ပျံပြေးသွားသည်။
သူဟာ အုပ်ချုပ်သူအဆင့်သို့တက်လှမ်းကာစဟု မည်သူကယုံလိမ့်မည်နည်း?
သူက တကယ်ကို အောက်ခြေစည်းမရှိဘူးပဲ!
အရှက်မဲ့လိုက်တာ!
အရှက်မဲ့ချက်ပဲ!
ထွက်ပြေးသွားခဲ့သည့် လုရှောင်ယန်မှာ သူ၏နောက်၌ လက်ခလယ်ထောင်လိုက်သည်။
သူဟာ အသက်ရှင်ချင်ပါ၏။
ဦးစွာရှင်သန်ခြင်းကသာ မည်သည့်အရာကိုမဆို ပြောနိုင်လိမ့်မည်ပင်!
သူဟာ မျက်နှာမရချင်ပေ!
ပြီးတော့ ဒီလူတွေ ရုတ်တရတ်ကြီးပေါင်းလိုက်တာကမှ အရှက်မဲ့တာ မဟုတ်ဘူးလား?
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၃၄။ အပိုင်း ၅၀၄ တစ်ယောက်ချင်း အနိုင်ယူခြင်း
ပြောရလျှင် လုရှောင်ယန်ထံ၌ ရွေးစရာမရှိခဲ့ချေ။
သူ၏လက်ရှိကျင့်ကြံဆင့်မှာ အုပ်ချုပ်သူအဆင့်သာရှိသေးပြီး ဖန်ဆင်းခြင်းနတ်ဘုရားအဆင့်သို့ မရောက်သေးခြင်းကြောင့်ပင်။ သူ့အတွက် ထိုလူများအား ဖိနှိပ်ရန် မဖြစ်နိုင်ချေ။
သူယခု လိုအပ်နေသည်က ဆက်တိုက်ကျင့်ကြံပြီး စွမ်းအားတိုးတက်လာရန်ပင်။ သူ၏ကျင့်ကြံဆင့် အဆင့်တစ်ခုထိရောက်သွားချိန်တွင် သူဟာ အသာစီးရနိုင်မည်ဖြစ်၏။
ထိုသည်က သိပ်ကြာမည်မဟုတ်သလို ကြာကြာပုန်းအောင်းနေရန်လည်းမလိုပါချေ။
သူဟာ တစ်ဖက်နှင့် တိုက်ပွဲကို အရှည်ဆွဲထားရန်သာလိုပါ၏။
သုံးလောကအား သူဖယ်ပေးလိုက်သည်ကိုလည်း ကျေးဇူးတင်ရမည်။
သူသာ သုံးလောကတစ်ခုလုံးကို မယူဆောင်ခဲ့ပါလျှင် ပြဿနာကြီးသွားလိမ့်မည်။
အခြားပညာရှင်များမှာ လုရှောင်ယန်ထွက်ပြေးသွားသည်ကို မြင်ပြီးနောက်တွင် ဦးဆုံးကြောင်အနေကြ၏။ လုရှောင်ယန်မှာတကယ်ကြီးထွက်ပြေးမည်ဟု ထင်မထားခဲ့ကြပါချေ။
သို့သော် ၎င်းတို့တုံ့ပြန်လိုက်ချိန်၌ လုရှောင်ယန်အား ချက်ချင်းလိုက်ဖမ်းတော့သည်။
"မြန်မြန်! သူ့ကိုမလွတ်စေနဲ့။"
တိုက်ပွဲပြီးနောက် လုရှောင်ယန်၏ စွမ်းအား ဆက်တိုက်တိုးတက်နေသည်ကို လိုက်မဖမ်းဘဲ ဖန်ဆင်းခြင်းနတ်ဘုရားအဆင့်ထိတက်လှမ်းခွင့်သာပေးလိုက်လျှင် လုရှောင်ယန်မှာ ၎င်းတို့အား သေချာပေါက် လာတိုက်ခိုက်မည်ကို သိကြပေသည်။
မည်သူကမှ သနားစဖွယ်အခြေနေရောက်တဲ့အထိ မစောင့်ဆိုင်းလိုကြပါချေ။ ထို့ကြောင့် ၎င်းတို့မှာ ထိုသူအား သတ်ရချေမည်!"
"သူ့နောက်ကို အတူတူမလိုက်ကြနဲ့။ ဒါက အချိန်အတော်ဖြုန်းတာပဲ။ တစ်ယောက်ယောက်ကို ဒီနေရာရဲ့ အခြေအနေအကြောင်း ဖန်ဆင်းခြင်းနတ်ဘုရားတွေဆီ သတင်းပို့ခိုင်းရမယ်။"
"ဖန်ဆင်းခြင်းနတ်ဘုရားတွေရောက်လာရင် ဒီကောင်စုတ်လေးမှာ တောင်ပံပါရင်တောင် ထွက်ပြေးနိုင်တော့မှာမဟုတ်ဘူး။"
အားလုံးမှာ မကြာခင်၌ လူစုခွဲလိုက်ကြ၏။ ကျင့်ကြံဆင့်အနိမ့်ဆုံး အတုမဲ့အဆင့်ပညာရှင်နှစ်ဦးမှာ ဖန်ဆင်းခြင်းနတ်ဘုရားများထံ ပြန်ကာ အစီအရင်ခံကြရ၏။
ကျန်လူများအားလုံးမှာ လုရှောင်ယန်နောက်သို့လိုက်ကြသည်။
လုရှောင်ယန်မှာ တိတ်တဆိတ်ပဲ သူ၏ကိုယ်ရှိ ကျင့်ကြံဆင့်အားရေတွက်လျက် အချိန်ကုန်သွားတိုင်း ကြမ်းတမ်းသော ဝေဖန်မှုကို ပြုလေသည်။
တပည့်များမှာ အရူးအမူးပင် ရှေးဟောင်းခရမ်းသွေးချီများအား သန့်စင်လျက်ရှိကြ၏။
လက်ရှိအဆင့်အရ သူဟာ ငါးမိနစ်အတွင်း ဒုတိယမြောက်အုပ်ချုပ်သူအဆင့်သို့ရောက်သွားနိုင်လိမ့်မည်။
ထိုသို့ဆိုလျှင် သူဟာ ခဏလောက်ပြန်လာပြီး တိုက်ခိုက်နိုင်မည်ပင်။
အချိန်ကုန်သွားသည်နှင့် သူ၏ကျင့်ကြံဆင့် ထပ်မံတိုးတက်လာ၏။ ၎င်းက တတိယမြောက်အုပ်ချုပ်သူအဆင့်သို့တိုးတက်လာသည်နှင့် သူဟာ စားပွဲပြန်မှောက်နိုင်ပြီဖြစ်သည်။
အချိန်များမှာ တစ်စက္ကန့်ပြီးတစ်စက္ကန့်ကုန်လွန်သွား၏။ ထိုအုပ်စု ဘယ်နေရာကိုဖြတ်ဖြတ် ၎င်းတို့မှာ ကျိုင်းကောင်များနှယ်သာဖြစ်၏။ နိယာမစွမ်းအားများက အင်မတန်အားကောင်းသောတစ်နေရာအား ဖြတ်သွားလိုက်သည်နှင့် ၎င်းတို့၏လမ်းကြောင်းပေါ်ရှိ လောကအားလုံးတွင် ကြီးမားသော အပြောင်းအလဲကို ဖြစ်စေလိမ့်မည်။
ထိုလောကများမှာ အသက်တချို့ကိုပင် သက်ရောက်နိုင်ပြီး ထိုထဲရှိ နေထိုင်သော သက်ရှိ ၉၀%နှုန်းမှာ သေသွားလိမ့်မည်။
အတုမဲ့အဆင့်ပညာရှင်တစ်ဦးနှင့် အုပ်ချုပ်သူအဆင့်ပညာရှင်၏ရှေ့မှောက်၌ မည်သည့်လောကမှ ပညာရှင်ဖြစ်ဖြစ် ပုရွက်ဆိတ်အုံတစ်ခုလိုမျိုး မထင်မရှားလေးပင်ဖြစ်သည်။
မရေတွက်နိုင်သောသက်ရှိများမှာ ပြာအဖြစ်ပြောင်းသွားသည်နှင့် ငိုကြွေးနေကြ၏။
အင်မတန်များပြားလှသော ကမ္ဘာများထိခိုက်နေကြသောကြောင့် ဝမ်းနည်းမှုတစ်ခုဟုပင် ဖော်ပြ၍ မရနိုင်တော့ချေ။
ထိုသို့ဆိုပါသော်လည်း လုရှောင်ယန်မှာ ရပ်တန့်ဖို့ အတွေးမရှိပါချေ။
သူရပ်လိုက်သည်နှင့် သေရမည်ဖြစ်သောကြောင့် ထိုလူများကိုလည်း မသနားနေနိုင်ချေ!
သူ၏ကိုယ်ပိုင်သေဆုံးမှုနှင့် အခြားလူများ၏သေဆုံးမှုအကြားတွင် သူဟာ အခြားလူများကိုသာသေခွင့်ပြုလိုက်မည်။
သူသာသေသွားလျှင် ဘာမျှရှိတော့မည်မဟုတ်ချေ။ သို့သော် သူသာ ဖန်ဆင်းခြင်းနတ်ဘုရားဖြစ်ပြီး အဆုံး၌ ဒဏ္ဍာရီလာဘိုးဘေးကြီးဖြစ်သွားပါလျှင် အရာအားလုံးကို ဖန်တီးနိုင်စွမ်းရှိလာလိမ့်မည်ဖြစ်၏။ သူလုပ်ချင်တာကို လုပ်နိုင်မည်ပင်!
အဆုံးတွင် ထိုပြင်းထန်သောအချိန်ပြီးနောက်၌ အားလုံးမှာ မဟာအာကာပြင်၏တစ်ဝက်ကျော်ကိုပင် ဖြတ်သန်းခဲ့ပြီးဖြစ်သည်။ လုရှောင်ယန်၏ကိုယ်ရှိ ကျင့်ကြံဆင့်မှာ တစ်ဖန်ပြောင်းလဲသွားပြန်သည်။
သူ၏စွမ်းအားမှာ ပိုမိုသန်မာလို့လာ၏။ သူ၏ကျင့်ကြံဆင့်မှာလည်း ဒုတိယမြောက်အုပ်ချုပ်သူအဆင့်သို့ တိုးတက်သွားသည်!
အားလုံးမှာ ထိုအရှိန်အဝါကိုအာရုံခံမိကာ မထိန်းနိုင်ဘဲ တုန်ယင်နေကြသည်။
၎င်းက အလွန်တရာကြောက်ရွံ့ဖွယ်ကောင်းလှသည်!
၎င်းတို့အကြားတွင် တစ်ယောက်ယောက်သာ အဆင့်တက်ချင်ပါလျှင် နှစ်သောင်းချီကြာအောင် သို့မဟုတ် ပို၍ပင်ကြာအောင် ကုန်ဆုံးရချေသည်။
ထို့အပြင် ၎င်းတို့မှာ အဆင့်တက်ရန် သေချာသောအခွင့်အလမ်းနှင့် နားလည်နိုင်စွမ်းကိုလည်း လိုအပ်သေးချေ၏။
သို့သော် လုရှောင်ယန်မှာ သူအဆင့်တက်ချင်တိုင်း တက်နိုင်နေသည်။ ထို့အပြင် သူဟာ အချိန်တိုအတွင်း၌လည်း တက်လှမ်းနိုင်၏။ သူဟာ ၎င်းတို့အား ထွက်ရန်ပင် နည်းလမ်းမပေးချေ။
ပြောရလျှင် ၎င်းမှာ လုရှောင်ယန်က သူ့အဖေရဲ့ဘဝအတွေ့အကြုံရှိ အဖိုးတန်ကျင့်ကြံခြင်းကို စုပ်ယူထားခြင်းကြောင့်ဖြစ်သည်။ ထိုအတွေ့အကြုံအားအသုံးပြုပြီး သူဟာ နားလည်နိုင်စွမ်းမရှိသည်ကိုတောင် ပြင်ဆင်နိုင်ချေ၏။
သူ၏နားလည်နိုင်မှုနှင့်ပက်သတ်၍ ပြဿနာမရှိပါက ချီဖောက်ပြန်ခြင်းကိုခံစားရလိမ့်မည်မဟုတ်ချေ။ သူဟာ ရှေးဟောင်းခရမ်းသွေးချီ၏စွမ်းအားကို ကြောက်ရွံ့ခြင်းမရှိဘဲ စုပ်ယူကာ အသေအချာ နားနေနိုင်ပါ၏။
ထိုသည်က သူ၏ကျင့်ကြံဆင့် ထိုမျှမြန်မြန်တိုးတက်လာခြင်း၏ အကြီးမားဆုံး အကြောင်းအရင်းပါပင်!
သူ့ထံ၌ ဖခင်ကောင်းရှိပေ၏!
၎င်းက ကောင်းမွန်လှသည်!
၎င်းအား ဂရုတစိုက်တွေးကြည့်ပြီးနောက် အစောပိုင်းအခြေနေ၌ သူ့ထံတွင် ဝမ့်ခိုက်ရှိခဲ့ကာ နောက်ပိုင်းအခြေအနေ၌ သူ၏ဖခင်ရှိခဲ့သည်။ သူ၏ဘဝမှာ တန်ဖိုးရှိခဲ့ပါ၏။
အတိတ်က အခြားလူများ လှည့်ဖျားလျှင် မုန်းတီးခဲ့သည်။ သို့သော် သူ၏လှည့်ဖျားချိန်ရောက်လာသောအခါ သူလှည့်စားလေ ခံစားချက်ကို နှစ်သက်လေပင် ဖြစ်တော့၏ဟု ဆိုနိုင်သည်!
သူ၏ကျင့်ကြံဆင့်တိုးတက်လာသည်နှင့် လုရှောင်ယန်၏ကိုယ်မှာ တစ်ခဏမျှရပ်တန့်သွားသည်။ ထိုအခိုက်၌ ထိုလူများက သူ့အားအမှီလိုက်နိုင်သွားခြင်းလည်းပါသည်။
မတတ်နိုင်ပါချေ။ လူတိုင်းက မြန်လွန်းလှသည်။
သို့သော် ၎င်းကလည်း သူ၏အစီအစဉ်ဖြစ်၏။
လုရှောင်ယန်မှာ သူ၏အဆင့်တက်ထားသည့် လက်ကျန်စွမ်းအားကိုအခွင့်ကောင်းယူကာ ကောင်းကင်ဖွင့်ပုဆိန်အား တင်းကြပ်စွာဆုပ်ကိုင်ထားတော့သည်။
ရွှေရောင်အလင်းမှာ ပေတစ်သောင်းအကွာမှာ ပျံ့နှံ့သွားကာ မဟာအာကာပြင်ကို တစ်ဖန်ပိုင်းဖြတ်လျက် ဖျက်ဆီးလိုက်ပြန်၏။
ဤတစ်ခေါက် စွမ်းအားက ယခင်ကထက်ပင် ပိုမိုသန်မာနေပါ၏။
မျက်တောင်တစ်ခတ်အတွင်းတွင် သူဟာ အတုမဲ့အဆင့်နှင့် အုပ်ချုပ်သူအဆင့်ပညာရှင်များ၏ရှေ့မှောက်သို့ ရောက်ရှိသွားတော့သည်။
ရှေ့ရှိ လူတိုင်းမှာ အုပ်ချုပ်သူအဆင့်များဖြစ်ကြသည်။ ၎င်းတို့၏စွမ်းအားက လုရှောင်ယန်နှင့် မကွာခြားလှပါချေ။ ထို့ကြောင့် လုရှောင်ယန်တိုက်ခိုက်လိုက်ချိန်၌ အုပ်ချုပ်သူအဆင့် ၁၀ယောက်လည်း တစ်ချိန်တည်းတိုက်ခိုက်လိုက်ကြသည်!
များစွာသောအလင်းများက ကောင်းကင်ဖွင့်ပုဆိန်နှင့် ထိခတ်နေကြသည်။
ဘုန်း!
ပြင်းထန်သော ပေါက်ကွဲမှုတစ်ခုက ထိုကမ္ဘာငယ်ထဲ၌ ထွက်ပေါ်လာ၏။
စွမ်းအားကြီးမားသော အားက ပတ်ဝန်းကျင်ရှိလောကများကို နေရာ၌ပင် ပျက်ဆီးသွားစေကာ များစွာသော သက်ရှိများကို ပြာမှုန့်များဖြစ်သွားစေ၏။
ထိုဖလှယ်မှု၏ ကြေကွဲခန်းက လူတိုင်း၏ စိတ်ကူးကိုပင် ကျော်လွန်နေပါ၏။
မဟာအာကာပြင်၌ တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ အချိန်ကြာပြီဖြစ်သည်။
သူ၏စွမ်းအားကို ခုခံရန် ပိုင်းခြားထားခြင်းကြောင့် လုရှောင်ယန်၏လှုပ်ရှားမှုက မသတ်လိုက်ဘဲ အားလုံးကို ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားစေသည်။
သို့ရာ၌ သူမျှော်မှန်းထားသလို ၎င်းက ပြဿနာကြီးမဟုတ်ပါချေ။
သူ၏ပုဆိန်အားလွှဲလိုက်ရင်း ကိုယ်မှာ အားလုံးထံ ပျံသွားသည်။
တိုက်ခိုက်မှုက အုပ်ချုပ်သူအဆင့်ပညာရှင် ၁၀ဦးကျော်အား ထိတိုက်သွားချိန်၌ သူဟာ ပေါက်ကွဲမှာအဆုံးမသတ်ခင်တွင် အားလုံးကို ကျော်ဖြတ်သွားပြီဖြစ်၏။
"မကောင်းတော့ဘူး၊ သူ့ရဲ့အကြည့်က နောက်ဘက် လူတွေပေါ်ကိုရောက်နေပြီ။"
နောက်ဘက်ရှိ လူအားလုံးမှာ အတုမဲ့အဆင့်များဖြစ်ကြပါသော်လည်း ၎င်းတို့၏ အဖွဲ့အစည်းအသီးသီးရှိကြသေးသည်။ ၎င်းတို့သာတကယ်ကြီးသေသွားပါလျှင် ဖန်ဆင်းခြင်းနတ်ဘုရားက ၎င်းတို့အား အပြစ်တင်မည်ဖြစ်ကာ ထိုအပြစ်ကို ခွင့်လွှတ်မည်မဟုတ်ချေ။
ထို့အပြင် အတုမဲ့အဆင့်ပညာရှင်များမှာ အုပ်ချုပ်သူအဆင့်များ၏ပြိုင်ဘက်မဟုတ်ကြသော်လည်း အုပ်ချုပ်သူအဆင့်တစ်ဦးကို ထိန်းထားနိုင်ဆဲဖြစ်ကာ အခြားလူများအား ပိုမိုပြင်းထန်စွာ တိုက်ခိုက်ခွင့်ပေးနိုင်လိမ့်မည်။
ကံမကောင်းလှစွာဖြင့် အရမ်းနောက်ကျသွားခဲ့ချေပြီ။
လုရှောင်ယန်မှာ ၎င်းတို့၏ခေါင်းများကိုကျော်လိုက်သည်။ သူဟာ ဒုတိယတိုက်ကွက်၌ အားအပြည့်စုစည်းလျက် အားလုံး၏ဦးခေါင်းများထက်တွင် တိုက်ခိုက်မှုကို ထုတ်ဖော်လိုက်သည်။
အားကောင်းလှသော ပုဆိန်အလင်းတန်းမှာ ပေပေါင်းသန်းတစ်ရာရှိ အလင်းကိုထုတ်လွှတ်ကာ သူ၏ရှေ့ရှိ အတုမဲ့အဆင့်ပညာရှင်သုံးဦးကို ထိမှန်စေလျက် ပြာအသွင်ပြောင်းလိုက်တော့သည်! တိုက်ကွက်တစ်ကွက်တည်းဖြင့် လုရှောင်ယန်မှာ နောက်ထပ် သုံးယောက်သတ်လိုက်ပြီဖြစ်၏!
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၃၄။ အပိုင်း ၅၀၅ ညီအစ်ကိုတို့၊ ငါ မသေမျိုးလောက,ကနေ ပြန်လာခဲ့ပြီ!
"သေစမ်း ခွေးကောင်! ငါမင်းကိုသတ်မယ်!"
ပညာရှင်များမှာ ဒေါသဖြစ်နေသော်လည်း လုရှောင်ယန်မှာ ဂရုမစိုက်ပါချေ။
သူဟာလိုက်ဖမ်းရန် အခွင့်ကောင်းယူလျက် နောက်ထပ် အတုမဲ့အဆင့်ပညာရှင်တစ်ယောက်ကို တိုက်ခိုက်လိုက်၏။
ဘုန်း!
ထိုအတုမဲ့အဆင့်ပညာရှင်မှာလည်း အရှင်လတ်လတ် အခုတ်ခံလိုက်ရ၏။ သူ၏ကိုယ်တွင်းမှ စွမ်းအင်များလည်း အထိန်းအကွပ်မဲ့သွားကာ စကြဝဠာတစ်ခုလုံးသို့ ပျံ့နှံ့လျက် ဂြိုဟ်သိမ်တစ်လုံးကဲ့သို့ ပေါက်ကွဲသွားပါ၏။
ထိုအချိန်၌ အခြားသောပညာရှင်များမှာ လုရှောင်ယန်နံဘေးသို့ ရောက်နေကြပြီဖြစ်သည်။ ၎င်းတို့၏တိုက်ခိုက်မှုများမှာ လုရှောင်ယန်ထံသို့ အညှာအတာမဲ့စွာဆင်းသက်လာ၏။
ဘုန်း! ဘုန်း! ဘုန်း!
ထိုစွမ်းအားကြီးတိုက်ခိုက်မှုများ၏ တစ်ခုစီတိုင်းမှာ လုရှောင်ယန်၏တိုက်ခိုက်မှုများထက် မနိမ့်ကျနေပါချေ။
တစ်ချိန်တည်းတွင် လုရှောင်ယန်အား ထိခိုက်သွားချိန်၌ ပေါက်ကွဲအားက လုရှောင်ယန်ကို ကီလိုမီတာ ၅၀၀၀အဝေးသို့ လွင့်ထွက်သွားစေ၏။
သို့သော် ၎င်းတို့လိုပညာရှင်များအတွက် ထိုအကွာအဝေးက နီးလွန်းလှသည်။
လုရှောင်ယန်၏ဒဏ်ရာများမှာ အလျင်အမြန်ပြန်ကောင်းလာ၏။ ဒဏ်ရာများ ၉၀%ခန့်ပြန်ကောင်းသွားသောအခါ အားလုံးမှာ တစ်ဖန်တိုက်ခိုက်လိုက်ကြပြန်သည်!
ဘုန်း! ဘုန်း! ဘုန်း!
ထိုအချိန်၌ လုရှောင်ယန်မှာ မျက်တောင်တစ်ခတ်အတွင်း ဒဏ်ရာထပ်ရသွား၏။
နိယာမစွမ်းအားများတုန်လှုပ်နေပြီး လုရှောင်ယန်၏ကိုယ်ပေါ်မှာ တောင်နှင့်မြစ်ပန်းချီကိုပင်သက်ရောက်သွားကာ ၎င်းအတွင်းရှိ သုံးလောကသက်ရှိများအား ကူကယ်ရာမဲ့စွာ ကြောက်ရွံ့တုန်လှုပ်သွားစေသည်။
၎င်းတို့ခြေထောက်အောက်ရှိ မြေပြင်မှာ တဖြည်းဖြည်းချင်းတုန်ရီလာပါ၏။
ရှေးဟောင်းပုလဲရှိ ကျီဝူရှား၏အမူအရာမှာ လေးနက်သွားသည်။
"ဒါ နည်းနည်းအန္တရာယ်များတယ်။ ဆရာက ရန်သူအတော်များများကိုရင်ဆိုင်နေရတာ။ ဒါ့အပြင် ဒီလူတွေရဲ့ခွန်အားကလည်း သူ့ထက်နိမ့်ကျမနေဘူး။ သူ့အတွက် တစ်ချိန်တည်းမှာ ဒီလိုလူတွေအများကြီးကို ခုခံနေရတာက တကယ်ကိုခက်ခဲမှာပဲ။"
ဖုန်းထျန်းယွမ်၏အမူအရာမှာလည်း အင်မတန်အရုပ်ဆိုးနေ၏။
"အမှန်ပဲ။ ဆရာ့ရဲ့စွမ်းအားက တိုးတက်နေပေမယ့်လည်း တိုးတက်နှုန်းက အရေအတွက်နဲ့ဆိုရင် အတော်လေး ခြားနားနေသေးတယ်။"
"လက်ရှိအခြေအနေနဲ့ဆိုရင် ဆရာက အရမ်းမြန်မြန်ကြီး ပြန်ကောင်းနေရင်တောင် တစ်ဖက်က ဆရာ့ကို ထိခိုက်စေမိလိုက်တဲ့ အချိန်တိုင်း ဆရာ့ရဲ့ပြန်ကောင်းမှုနှုန်းကိုကျော်လွန်နေမယ်ဆိုရင်တော့ ဆရာဒါကို တောင့်ခံနိုင်မှာ မဟုတ်တော့ဘူး။"
ကျူးကောကျီချုံမှာ အေးစက်စက်ပြောလိုက်၏။
"ဒါက ဒုက္ခအများဆုံးမဟုတ်ဘူး။ ပြောရရင် တစ်ဖက်လူမှာက လူအတော်များများရှိနေပေမယ့်လည်း သူတို့ရဲ့စွမ်းအားက ဆရာနဲ့သိပ်မကွာလှဘူး။"
"ဖန်ဆင်းခြင်းနတ်ဘုရားသာရောက်လာရင် ဆရာကတော့ သေချာပေါက် မခုခံနိုင်လောက်တော့ဘူးပဲ။"
"အဲ့လိုဆိုရင် ငါတို့ဘယ်လောက်ဘဲ ဆန္ဒမရှိနေပါစေ အသုံးမဝင်တော့ဘူး။"
အားလုံးမှာ လက်သီးများဆုပ်လိုက်ကြ၏။ ၎င်းတို့က ထိုအခြေအနေကို မတွေးထားခြင်းကြောင့်မဟုတ်ချေ။ သို့သော် ထိုခန့်မှန်းထားမှုအား ရင်ဆိုင်တွေ့ကြုံနေခြင်းက ၎င်းတို့အား ခေါင်းကိုက်စေသည်။ ၎င်းတို့မှာ တကယ်ကို နောက်ထပ် ပိုမိုပြင်းထန်သောအခြေအနေကို မစဉ်းစားနိုင်တော့ပါချေ။
ထိုတိုက်ပွဲက ဆက်ဖြစ်နေဆဲပင်။ လုရှောင်ယန်မှာ အင်မတန်ထိခိုက်ထားပြီး တစ်ဖက်၏ အဆုံးမဲ့တိုက်ခိုက်ခြင်းကိုခံထားရပါသော်လည်း တောင့်ခံထားနိုင်ရန် အကောင်းဆုံးကြိုးစားနေဆဲပင်။ ထို့အပြင် သူဟာ လက်တွင်းရှိ ပန်ဂုပုဆိန်ပား ရန်သူကိုတိုက်ခိုက်ဖို့ လွှဲယမ်းနေဆဲဖြစ်၏။
တစ်ချိန်တည်းတွင် သူဟာ ရတနာများကို ထုတ်ယူလျက် ဖောက်ခွဲမြဲဖောက်ခွဲနေပါ၏။ ထိုနည်းလမ်းဖြင့် သူဟာ တစ်ဖက်၏တိုက်ခိုက်မှုတစ်ပိုင်းအား ခုခံနိုင်ကာ ၎င်းကိုအခွင့်ကောင်းယူလျက် နောက်ထပ်အုပ်ချုပ်သူအဆင့်တစ်ယောက်ကိုသတ်လိုက်၏!
ထိုသို့ဖြင့် သူဟာ အံ့ကြိတ်ပြီးခုခံနေသရွေ့ အခွင့်အရေးရှိနေဆဲပါပင်!
အခြားပညာရှင်များမှာလည်း လုရှောင်ယန်၏ကြမ်းတမ်းသောသွင်ပြင်ကြောင့် ကြောင်အမ်းနေကြပါ၏။
၎င်းတို့မှာ သူ့အား သေချာပေါက် ရှင်သန်ခွင့်မပြုနိုင်ချေ!
ထိုသည်မှာ ထိုအချိန်၌ အားလုံး၏ အတွေးပင်ဖြစ်၏။
လုရှောင်ယန်က အင်မတန်စွမ်းအားကြီးလှသည်။ သူဟာ ဒုတိယမြောက်အုပ်ချုပ်သူအဆင့်ကိုမှီခိုလျက် ဤအနေအထားထိရောက်လာကာ သေဆုံးခြင်းမရှိဘဲ ၎င်းတို့အများစုကို တိုက်ခိုက်နေပါ၏။
သူ၏ကျင့်ကြံဆင့်သာ နောက်တစ်ဆင့်မြင့်လာပါလျှင် ၎င်းတို့မှာ တကယ်ပဲသူအား မခုခံနိုင်လောက်တော့ချေ။
လုရှောင်ယန်က စွမ်းအားကြီးစွာ တိုးတက်လာမည်ဟု သတ်မှတ်ထားခြင်းဖြစ်လောက်သည်။ တိုက်ပွဲမှာ ၁၅မိနစ်လောက်ကြာပြီးနောက်တွင် သူ၏ကျင့်ကြံဆင့် ထပ်တက်သွားပြန်၏။
တတိယမြောက် အုပ်ချုပ်သူအဆင့်!
တတိယအဆင့်ကိုတက်ပြီးနောက်၌ လုရှောင်ယန်ပြသနေသည့်စွမ်းပကားမှာ ပိုလို့ပင် ကြီးထွားလာခဲ့သည်။ သူဟာ စားပွဲခုံပြန်မှောက်နိုင်တော့မည်ဟု ခပ်ရေးရေးလေးခံစားမိနေပါ၏!
ပြောရလျှင် ၎င်းက လုရှောင်ယန်၏ အစီစဉ်ပါပင်။
ထိုသည်က သူလိုချင်သည့်အရာပင်။ ၎င်းကသူ၏အမျှော်လင့်ရဆုံး အောင်မြင်မှုပင်။
သူဟာ တိုက်ပွဲကို အချိန်ဆွဲထားခဲ့ရသည်။ အချိန်လုံလုံလောက်လောက်ရနေသရွေ့ သူအဆင့်တက်နိုင်မည်ဖြစ်သည်။
ထိုသို့ဖြင့် တစ်ဖက်ကမည်မျှစွမ်းအားကြီးကြီး သူ့အားတိုက်ရိုက်မသတ်နိုင်သေးသရွေ့ သူဟာ အမတပိုးဟပ်ကဲ့သို့ စွမ်းအားများအဆုံးမရှိ တိုးတက်နေလိမ့်မည်ဖြစ်ချေသည်။
လုရှောင်ယန်မှာ တတိယမြောက်အုပ်ချုပ်သူအဆင့်သို့ရောက်သွားသည်ကိုမြင်သော် အားလုံးမှာ မခံနိုင်တော့ချေ။
သူတို့ ဘာလို့တိုက်ခိုက်နေရမှာလဲ?
တစ်ဖက်က တကယ်ကိုပဲ သန်မာပြီးရင်းသန်မာလာတယ်လေ။
ဒီလိုဆက်ဖြစ်နေရင် လုရှောင်ယန်ရဲ့ကျင့်ကြံဆင့် နောက်တစ်ဆင့်ကြီးအထိတိုးသွားရင်တောင် လုရှောင်ယန်ကို ဒဏ်ရာတစ်ခုမှ ပေးလိုက်နိုင်မှာမဟုတ်ဘူး။
"ငါတို့ ထပ်နှောင့်နှေးလို့မရတော့ဘူး။ ငါတို့ဆက်ပြီး နှောင့်နှေးနေရင် အကုန်သေရလိမ့်မယ်။"
"မြန်မြန်၊ အနီးအနား ကြယ်စင်အစုအဝေးက ပညာရှင်အားလုံးကို သူနဲ့တိုက်ခိုက်ဖို့ ဆင့်ခေါ်လိုက်ကြတော့။"
"ငါတို့မှာ လူများများရှိရင် သူ့ရဲ့ ပြန်ကောင်းနှုန်းက ငါတို့တိုက်ခိုက်မှုကို ကျော်နိုင်လောက်မှာမဟုတ်တော့ဘူး။ ဒီလိုဆိုရင် ငါတို့ ခဏလောက်တော့ သူ့ကို ဖိနှိပ်လို့ရနိုင်လောက်တယ်။"
"မဟုတ်ရင်တော့လား၊ ဖန်ဆင်းခြင်းနတ်ဘုရားတွေရောက်လာရင် ငါတို့အကုန်သေရလိမ့်မယ်"
စကားဆုံးသည်နှင့် ပညာရှင်များမှာ အနီးအနားရှိပညာရှင်များအား စိတ်ကိုသုံး၍ ဆက်သွယ်နေကြသည်။
၎င်းတို့၏ဆင့်ခေါ်မှုကို အာရုံခံမိပြီးနောက် အာကာပြင်အပြောင်းအလဲအသံထွက်ပေါ်လာ၏။
၎င်းတို့မှာ အနီးအနားကြယ်စင်အစုအဝေးမှ ပညာရှင်များပင်ဖြစ်၏!
၎င်းတို့လာလေပြီ!
ဟင်းလင်းပြင်အကာအရံမှာ တစ်ဖန်ပျက်စီးသွားသည်မှာ တစ်ခုပြီးတစ်ခုပင်၊ ၎င်းက သေပန်းများပွင့်လန်းလာကြသလိုဖြစ်၏။
လုရှောင်ယန်၏ စိတ်နှလုံးမှာ လေးလံသွားရသည်။ အခြားတပည့်များက ထိုမြင်ကွင်းကိုမြင်သောအခါ မျှော်လင့်ချက်ဖြင့် စုစည်းခဲ့သော နှလုံးသားများအား ရေအေးအေးဖြင့်အပက်ခံရသကဲ့သို့ဖြစ်သွားသည်။
"သေစမ်း! ငါအရမ်းနီးသွားတယ်။ ဆရာသာ အချိန်နည်းနည်းလောက်ပိုပေးရင် သေချာပေါက် အနိုင်ရလိမ့်မှာပဲ။"
"ဒီလိုဆိုရင်တော့ ငါတို့တွေအနေနဲ့ ဖန်ဆင်းခြင်းနတ်ဘုရားတွေကို ရှောင်နိုင်ပြီး ဆရာရှေးဟောင်းပုလဲကို အပြီးသန့်စင်လိုက်တာနဲ့ သေချာပေါက် နိုင်လိမ့်မှာပဲ!"
"အခုဒီလိုပြောနေတော့ရော ဘာအသုံးဝင်လို့လဲ? အားလုံးပြီးသွားပြီလေ။ ပညာရှင်တွေအများကြီးအတူတူလာနေတာ တစ်ရာတောင်ကျော်လောက်တယ်။ သူတို့သာ တစ်ချိန်တည်းတိုက်ခိုက်ရင် ဆရာ့ရဲ့ပြန်ကောင်းနှုန်းဘယ်လောက်မြန်မြန်အသုံးမဝင်တော့ဘူး။"
"သေစမ်း! ဆရာ့ရဲ့လမ်းညွှန်မှုကြောင့် ဒီနေ့မှ ငါတို့ပုံစံကိုပြန်ရလာခဲ့တာလေ။ ဒါပေမယ့် အခုတော့ ဆရာ့ကို လုံးဝ မကူညီနိုင်တော့ဘူး။ အမှိုက်အုပ်စုပဲကွာ!"
သို့သော် အားလုံးပူပန်ကာ နောင်တရနေချိန်၌ ရင်းနှီးသောအသံတစ်ခုမှာ အားလုံး၏စိတ်တွင်းချဉ်းနဉ်းဝင်ရောက်လာသည်။
"ညီအစ်ကိုတို့၊ အကူညီလိုနေကြတာလား?"
လူတိုင်း၏ စိတ်နှလုံးများတုန်ယင်နေကြသည်။
"ဒီအသံက၊ ဒါက..."
"မဖြစ်နိုင်တာ! ဘယ်လိုဖြစ်နိုင်မှာလဲ? သူသေသွားပြီမဟုတ်ဘူးလား?"
"ငါ အမြင်မှားနေတာလား? ဟုတ်တယ်၊ အမြင်မှားတာဖြစ်ရမယ်!"
"ဆဌမသခင်လေးစုန့်ရယ်၊ သွားစမ်းပါ! ငါ မသေမျိုးလောက,ကနေ ပြန်လာပြီ!"
စကားဆုံးသည်နှင့် ဟင်းလင်းပြင်အကာအရံမှာ ပျက်စီးသွားသည်။ သွေးအလင်းရောင်ဖုံးလွှမ်းနေသည့် သဏ္ဍာန်တစ်ခုမှာ များစွာသော ဟင်းလင်းပြင်နယ်မြေအကာအရံများအား ကျော်ဖြတ်လျက် အဆုံးမဲ့ အမှောင်ထုမှ ပြေးထွက်လာတော့သည်။
သူဟာ အမှောင်ထုမှ ထွက်လာကာ လက်တွင်းရှိ လှံတံအား လွှဲယမ်းလိုက်၏။ သူ၏လှံတံကို လွှဲယမ်းလိုက်ပြီးနောက်တွင် ဟင်းလင်းပြင်အကာအရံများကို အခုတစ်ရာကျော်လောက်ပျက်စီးသွားစေသည်။
ထိုတိုက်ကွက် ထွက်ပေါ်လာသည်နှင့် အနီးဝန်းကျင်နေရာမှာ တမုဟုတ်ချင်းမငြိမ်မသက်ဖြစ်သွားသည်။ အချိန်တိုအတွင်း ဟင်းလင်းပြင် နေရာရွေ့ပြောင်းဥမင်များမှာ ထိုနေရာနှင့် ချိတ်ဆက်နိုင်ခြင်းမရှိတော့ချေ။
***