← Chapters

ပိုရွှင်း ပြန်လာပြီ

Vol. 155 Ch. 2311

ပိုရွှင်း ပြန်လာပြီ

Vol. 155 Ch. 2311

ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာသည် သူ့ကို ဖိချလာသည့် သိပ်သည်းပြင်းထန်သော အင်အားတစ်ခုကို ခံစားမိလိုက်၏။

ကံကြမ္မာစက်ကွင်း ၉ခုက ကြေမွသွားပြီး ကောင်းကင်နှင့်မြေကြီးမီးဖိုက လဲပြိုကျသွား၏။

သူ၏ ခန္ဓာကိုယ်က ပိန်းပိတ်အောင် နက်မှောင်နေသော မိစ္ဆာချီများဖြင့် ထိုးဖောက်ခံလိုက်ရပြီဖြစ်ပြီး သူ၏ အရိုးများ၊ ကိုယ်တွင်းအင်္ဂါများနှင့် မျိုးဆက်သွေးတို့က လုံးဝကို နက်မှောင်သွားလေသည်။ သူက အဲဒါကို လုံးဝ မခုခံနိုင်တော့ပေ။

ဒါ့အပြင် အောက်ဘက်မှာ ရှိသော အဝီစိဂိတ်တံခါးက စွမ်းအားကြီးမားသော ဝါးမျိုစွမ်းအားတစ်ခုကို ထုတ်ဖော်နေ၏။

နက်မှောင်နေသော ဝဲကတော့က အဆက်မပြတ် လည်ပတ်လာပြီး အနက်ရောင် လေစီးကြောင်းများက တလိပ်လိပ် ထိုးတက်ကာ ပြောင်းလဲသွား၏။ အဲဒါသည် တံခါး၏ နောက်ဘက်မှာ ဆိုးယုတ်တစ္ဆေများက ညည်းတွားအော်ဟစ်၍ ကြောက်စရာကောင်းသော မျက်နှာများစွာက ပေါ်ထွက်လာပြီး ဆူဇီမိုကို ဝါးမျို၍ အပိုင်းပိုင်းဆုတ်ဖြဲဖို့ ကြိုးစားနေသည့်အလားပင်။

မရေမတွက်နိုင်သော ဖြူဖပ်ဖြူရော် လက်တံများက နက်မှောင်နေသော တံခါးကနေ ဆန့်တန်းထွက်ပေါ်လာပြီး သိုင်းတာအိုပင်မခန္ဓာကို ဖမ်းဆွဲကာ သူတို့၏ အစွမ်းကုန်ဖြင့် သူ့ကို အဝီစိသို့ ဆွဲခေါ်နေ၏။

“မာန်နတ်မျက်နှာဖုံး”

ရုတ်တရက် ဧကရာဇ်ပိုရွှင်းက တစ်စုံတစ်ရာကို တွေးမိသွားပြီး သိုင်းတာအိုပင်မခန္ဓာက မာန်နတ်မျက်နှာဖုံးကို ပြန်ယူရန် အောက်သို့ ဆင်းချင်လေသည်။

သို့သော်လည်း သူ လှုပ်ရှားလိုက်သည့် ခဏမှာပင် သူက ရုတ်တရက် ရပ်တန့်သွားပြီး သူ၏ မျက်လုံးထဲရှိ နက်ရှိုင်းသော ကြောက်ရွံ့မှုနှင့်အတူ အောက်ဘက်မှာ ရှိသော နက်မှောင်နေသည့် ဝဲကတော့ကို ကြည့်လိုက်၏။

သူပင်လျှင် အဝီစိဂိတ်တံခါးကနေ ပြန်ရုန်းထွက်လာနိုင်မည်ဟု ယုံကြည်မှု မရှိပေ။

ထိုအနည်းငယ် နှောင့်နှေးကြန့်ကြာမှုနှင့်အတူ သိုင်းတာအိုပင်မခန္ဓာက အဝီစိဂိတ်တံခါး၏ ဝါးမျိုခြင်း ခံရပြီး လုံးဝ ပျောက်ကွယ်သွား၏။

ဧကရာဇ်ပိုရွှင်းက သိပ်မကြာခင် သူ့ကိုယ်သူ ဣန္ဒြေဆည်လိုက်၏။

မာန်နတ်မျက်နှာဖုံးကို ဆုံးရှုံးရခြင်းက သူ့အတွက် ကိစ္စကြီးတစ်ရပ် မဟုတ်ပေ။

သူသည် ဤတစ်ခေါက် ပြန်လာခြင်းနှင့်အတူ သူ၏ ဘေးမှာ မာန်နတ်မျက်နှာဖုံးနှင့် ကျိတုဆေဘာကို ထိန်းသိမ်းထားဖို့ စိတ်ကူးမရှိတော့ပေ။ ထို့ကြောင့်ပင်လျှင် သူက ယန်ပေးချန်အား ကျိတုဆေဘာကို ပေးခဲ့ခြင်းဖြစ်၏။

ဧကရာဇ်ပိုရွှင်းသည် သူ၏ ခေါင်းကို အနည်းငယ်မော့ပြီး အာကာသအလွှာများကို ထိုးဖောက်မြင်နေရသည့်အလား တီးတိုးရေရွတ်လိုက်၏။

“သုခဘုံသန့်စင်ကုန်းမြေ.. ဒီမှာ ငါလာပြီဟေ့”

အဆူရာကျောင်းတော်၏ ပို့ဆောင်ရေးဝင်္ကပါက ဝင်းလက်တောက်ပသွား၏။

သိပ်မကြာခင် ပုံရိပ် ၁၀ခုကျော်က ပေါ်ထွက်လာပြီး သူတို့အားလုံးက ခေါင်းပေါ်ရှိ ဆံပင်များကို ပြောင်နေအောင်ရိတ်ထားသည့် ကိုယ်တော်များ ဖြစ်လေသည်။

ဦးဆောင်လာသည့် လူသုံးယောက်မှာ စွမ်းအားကြီးမားသော အော်ရာများ ရှိပြီး သူတို့သည် ဗုဒ္ဓကျောင်းတော်များ၏ ပကတိဧကနယ်ပယ်ပညာရှင် သူတော်စင်များ ဖြစ်လေသည်။

သူတို့သုံးယောက်၏ နောက်ဘက်မှာ ရှိသော ကိုယ်တော်များကလည်း အမြင့်တန်း ကောင်းကင်အင်မော်တယ်များ ဖြစ်လေသည်။

“မင်္ဂလာပါ ကုသိုလ်ကျောင်းတော်က စီနီယာအစ်ကိုတို့”

အဆူရာကျောင်းတော်မှ ကိုယ်တော်များက ရှေ့သို့ အလောတကြီးတက်ပြီး ဦးညွှတ်လိုက်ကြ၏။

ဤကိုယ်တော်များသည် သုခဘုံသန့်စင်ကုန်းမြေ၏ ဇမ္ဗူဒီပမှာ တည်ရှိသော ကုသိုလ်ကျောင်းတော်ကနေ လာကြလေသည်။

မြင်းမိုရ်တောင်ကို အလယ်ဗဟိုပြုပြီး သုခဘုံသန့်စင်ကုန်းမြေမှာ စုစုပေါင်း တောင် ၉လုံးနှင့် သမုဒ္ဒရာ ၈စင်း ရှိလေသည်။ မြင်းမိုရ်တောင်ကို တိုက်ကြီး ၄တိုက်က ဝန်းရံထား၏။ တောင်ဘက်မှာ ဇမ္ဗူဒီပ၊ အ​ရှေ့ဘက်မှာ ပုဗ္ဗဝိဒေဟ၊ အနောက်ဘက်မှာ အပရဂေါယာနနှင့် မြောက်ဘက်မှာ ဥတ္တရကုရုတို့ ဖြစ်လေသည်။

ထျဲဝေတောင်သည် သုခဘုံသန့်စင်ကုန်းမြေ၏ တောင်ဘက်မှာ ရှိလေသည်။ ထို့ကြောင့် တိုက်ကြီး ၄တိုက်ကြားမှာ ဇမ္ဗူဒီပသည် ထျဲဝေတောင်နှင့် အနီးဆုံးဖြစ်၏။

ဇမ္ဗူဒီပမှာ ဗုဒ္ဓကျောင်းတော် ၅ကျောင်းရှိပြီး သူတို့အားလုံးက ကောင်းကင်အဆင့် ဂိုဏ်းများနှင့် အဖွဲ့အစည်းများ ဖြစ်ကြ၏။

ကုသိုလ်ကျောင်းတော်က သူတို့ထဲမှ တစ်ကျောင်းဖြစ်လေသည်။

အဆူရာကျောင်းတော်ကို ဤနေရာမှာ တည်ဆောက်ထားခြင်းသည် ထျဲဝေတောင်ကို စောင့်ကြည့်ဖို့ဖြစ်ပြီး အဲဒါသည် ဗုဒ္ဓကျောင်းတော် ၅ကျောင်း၏ ပူးပေါင်းဆုံးဖြတ်ချက်လည်း ဖြစ်လေသည်။

“ဘာတွေဖြစ်နေတာလဲ”

ကုသိုလ်ကျောင်းတော်မှာ သူတော်စင် သုံးပါးထဲမှ တစ်ပါးဖြစ်သော ရွှမ်ပိုင်က လေးနက်သော အသံဖြင့် မေးလိုက်၏။

အဆူရာကျောင်းတော်မှ အကြီးအကဲတစ်ယောက်က ရှေ့သို့ထွက်ပြီး သိုင်းတာအိုပင်မခန္ဓာနှင့် ကောင်းကင်ဘုံဝံပုလွေတို့ ကျောင်းတော်ထဲသို့ အတင်းဝင်လာပြီး အဝီစိသို့ ဝင်ရောက်သွားပုံနှင့် ကောင်းကင်ဘုံဝံပုလွေ ထွက်ပြေးလွတ်မြောက်လာပုံ ဖြစ်စဉ်တစ်ခုလုံးကို ပြန်ပြောပြလိုက်၏။

“သူက အဝီစိကို ဝင်သွားပြီး အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခဲ့တာလား”

သူတော်စင် ရွှမ်ပိုင်၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုက ပေါ်ထွက်လာပြီး သူက မျက်မှောင်ကြုတ်လိုက်၏။

“အဲဒါက ဘယ်လိုဖြစ်နိုင်မှာလဲ”

ကုသိုလ်ကျောင်းတော်မှ အခြားသော ကိုယ်တော်များကလည်း သူတို့၏ ခေါင်းများကို ခါယမ်းလိုက်၏။

အနန္တခေတ်မှ စတင်၍ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ကြာမြင့်လာခဲ့ပြီး အဝီစိ၏ လျှို့ဝှက်ချက်များကို ရှာဖွေဖော်ထုတ်ဖို့အတွက် အန္တရာယ်ကို စွန့်စားလိုသော ကျင့်ကြံသူအချို့နှင့် သက်ရှိများက ပေါ်ထွက်လာတတ်လေသည်။

သို့သော်လည်း သမိုင်းတစ်လျှောက်မှာ အဝီစိကနေ အသက်ရှင်လျက် ပြန်ထွက်လာနိုင်သော မည်သည့်သက်ရှိမှ မရှိခဲ့ပေ။

ဒါ့အပြင် ထွက်ပြေးလွတ်မြောက်လာသည့် လမင်းဝါးမျိုကောင်းကင်ဘုံဝံပုလွေက အဆင့် ၁ ကောင်းကင်အင်မော်တယ်တစ်ဦးသာ ဖြစ်၏။

“အဲဒါက တကယ့်ကို အမှန်ပါပဲ”

အဆူရာကျောင်းတော် အကြီးအကဲက အလောတကြီး ပြောလိုက်၏။

“ကျုပ်တို့ကျောင်းတော်မှာ ရှိတဲ့ ကိုယ်တော်တွေ အားလုံးက အဲဒါကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတယ်.. အဲဒါက မှားစရာ မရှိဘူး”

“ကိုယ်တော်တို့တွေက အဲဒါကို ကိုယ်တိုင်မြင်တွေ့ရတယ်ဆိုရင်တောင်မှ အမှန်လို့ ပြောလို့ မရဘူး”

ကုသိုလ်ကျောင်းတော်မှ နောက်ထပ် ကိုယ်တော်တစ်ပါးက သူ၏ ခေါင်းကို ခါပြလိုက်၏။

“လူတစ်ယောက်ရဲ့ စိတ်အာရုံကို လှည့်စားနိုင်တဲ့ ဓမ္မတာအိုတွေမှာ ပုံရိပ်ယောင် နည်းစနစ်တွေလည်း ရှိတယ်”

“ပကတိဧကနယ်ပယ်မှာ ရှိတဲ့ ဘယ်ပညာရှင်မဆို ကိုယ်တော်တို့တွေကို ထင်ယောင်ထင်မှား မြင်မိလာအောင် ပြုလုပ်နိုင်တယ်”

အဆူရာကျောင်းတော်မှ ကိုယ်တော်များက ငေးငိုင်သွားကြ၏။

ကုသိုလ်ကျောင်းတော်မှ သူတော်စင် ပြောသည်မှာ မမှားပေ။

သက်ရှိတစ်ဦးက အဝီစိကနေ အသက်ရှင်လျက် ထွက်လာနိုင်သည်က မယုံကြည်နိုင်စရာ ကောင်းလွန်းပေသည်။ သူတို့၏ နှလုံးသား အနက်ပိုင်းထဲမှာပင်လျှင် အဲဒါကို သူတို့က မယုံကြည်ကြပေ။

အဆူရာကျောင်းတော်မှ နောက်ထပ် အကြီးအကဲတစ်ဦးက ပြောလိုက်၏။

“ဒါပေမဲ့ တစ်ယောက်ယောက်က အဝီစိကို ဝင်သွားပြီးမှ သိပ်မကြာခင် ဒီလိုမျိုး ရုတ်ရုတ်သဲသဲ အခြေအနေ ပေါ်ထွက်လာတယ်ဆိုတာ တိုက်ဆိုင်လွန်းမနေဘူးလား”

သူတော်စင် ရွှမ်ပိုင်က ခဏမျှ စဉ်းစားတွေးတောလိုက်၏။

“ငါတို့က ဒီကိုရောက်လာပြီဆိုမှတော့ တစ်ချက်သွားကြည့်ကြတာပေါ့”

ထိုသို့ပြောရင်း သူတော်စင် ရွှမ်ပိုင်က မတ်တတ်ထရပ်ပြီး ထျဲဝေတောင် ရှိရာဘက်သို့ အရင်ဆုံး လျှောက်လှမ်းသွားလိုက်၏။

ကုသိုလ်ကျောင်းတောင်နှင့် အဆူရာကျောင်းတော်မှ ကိုယ်တော်များစွာကလည်း နောက်ကနေ လိုက်ပါသွားကြ၏။

ကိုယ်တော်များသည် ရေလက်ကြား၏ တစ်ဝက်ကိုသာ ဖြတ်ကျော်ရသေးပြီး ထျဲဝေတောင်သို့ မရောက်သေးခင်မှာပင် ထျဲဝေတောင်၏ အထက်မှာ ပြင်းထန်ကြမ်းတမ်းသော စွမ်းအင်အတက်အကျတစ်ခုက ပေါ်ထွက်လာ၏။

သူတို့က ထိတ်လန့်သွားပြီး သူတို့၏ ခြေလှမ်းများကို ကပျာကယာ ရပ်တန့်လိုက်ကြ၏။

ရှေ့တည့်တည့် ထျဲဝေတောင်မှာ အဝီစိ ရှိပြီး မည်သည့် ပြုမူလှုပ်ရှားမှုမဆို သူတို့ကို ရင်တထိတ်ထိတ်ဖြစ်သွားစေနိုင်၏။

ဘုန်း…

ထျဲဝေတောင်က​နေ ကျယ်လောင်သော မြည်သံထွက်ပေါ်လာပြီး နေရာတစ်ခုလုံးက အနည်းငယ် လှုပ်ခါသွား၏။

“ဟားဟားဟားဟား”

ရုတ်တရက် အရိုင်းဆန်ဆန် ရယ်မောသံက ထျဲဝေတောင်ကနေ စိတ်လှုပ်ရှားတက်ကြွစွာဖြင့် ထွက်ပေါ်လာ၏။

ရယ်သံက ထျဲဝေတောင်တစ်ဝှမ်း အဆက်မပြတ် ပဲ့တင်ထပ်သွားပြီး ထူးဆန်းသော မိစ္ဆာစွမ်းအားဖြင့် ပြည့်နှက်နေ၏။

ထို့နောက် ချက်ချင်းပင် နက်မှောင်နေသော မိစ္ဆာချီသည် ထျဲဝေတောင်ကနေ ပစ်လွင့်ထွက်ပေါ်လာပြီး တိမ်စိုင်များကြား တလိပ်လိပ် ထိုးတက်ကာ ကိုယ်တော်များ၏ အထက် ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်သွား၏။

အစကတော့ ကောင်းကင်က အပြာရောင်ဖြစ်၏။

တစ်ခဏချင်းမှာပင် နက်မှောင်နေသော တိမ်စိုင်များက မိစ္ဆာချီများနှင့်အတူ ကောင်းကင်တစ်ခွင် ပြည့်နှက်သွားလေသည်။

ဟာ…

ကိုယ်တော်များက တုန်လှုပ်သွားပြီး ပင့်သက်ကို ရှိုက်လိုက်ကြ၏။

ရယ်သံသည် ထျဲဝေ၏ အနက်ပိုင်း.. အဝီစိကနေ လာခြင်းဖြစ်၏။

တစ်နည်းအားဖြင့်ဆိုလျှင် တစ်ယောက်ယောက်သည် အဝီစိကနေ အသက်ရှင်လျက် အမှန်တကယ် ထွက်လာခဲ့လေပြီ။

“အဝီစိမှာ မိစ္ဆာတစ်ဦး ပေါ်ထွက်လာပြီဆိုတာ သန့်စင်ကုန်းမြေက ကောင်းကင်ဘုံဘုရင်ပညာရှင်တွေကို မြန်မြန်သတင်းပေး”

သူတော်စင် ရွှမ်ပိုင်က ချက်ချင်းပင် တုံ့ပြန်ပြီး သူ၏ သိုလှောင်အိတ်ကို ပုတ်ကာ ကျောက်စိမ်းအဆောင်တစ်ခုကို ချိုးခြေလိုက်၏။

အခြားသော သူတော်စင်နှစ်ဦးကလည်း သူတို့၏ သိုလှောင်အိတ်များထဲမှ ကျောက်စိမ်းအဆောင်တစ်ခုစီကို ထုတ်ယူပြီး ခြေမွှလိုက်ကြ၏။

“ဟားဟားဟားဟား”

ထိုစဉ်မှာပင် ပို၍ပင် ကျယ်လောင်သော ရယ်မောသံက ထွက်ပေါ်လာ၏။ အဲဒါက အရမ်းကို စူးရှလွန်းပြီး ကိုယ်တော်များ၏ ဒွါရ ၇ပေါက်ထဲသို့ သေးငယ်သော ပိုးကောင်များက တိုးဝင်လာသည့်အလားပင်။

“အား..”

လေထဲမှာ ကိုယ်တော်များတွင် နာကျင်နေသော အမူအရာများ ရှိပြီး သူတို့၏ ခေါင်းများကို သူတို့၏ လက်နှစ်ဖက်စီဖြင့် အုပ်ကိုင်ကာ ရယ်သံကို ပိတ်ဆို့တားဆီးချင်နေ၏။

သို့သော်လည်း ထိုအပြုအမူများ အားလုံးက အချည်းနှီးသာဖြစ်၏။

ကုသိုလ်ကျောင်းတော်မှ သူတော်စင်ပညာရှင် သုံးဦးပင်လျှင် ထိုရယ်သံနှင့် ရင်ဆိုင်ရချိန်မှာ နုနယ်နေပုံရလေသည်။

သူတို့၏ ဒွါရ ၇ပေါက်များကနေ သွေးများ အဆက်မပြတ် စီးကျနေသည်ကို ကိုယ်​တော်များက သတိမထားမိကြသေးပေ။

အဆူရာကျောင်းတော်မှ ကိုယ်တော်များက တစ်ယောက်ပြီးတစ်ယောက် လျှောက်လှမ်းထွက်လာကြ၏။ ချက်ချင်းပင် ကောင်းကင်က ပြောင်းလဲ၍ မှောင်မည်းလာကာ သဲများနှင့် ကျောက်ခဲများက လွင့်ပျံထွက်လာ၏။

အနက်ရောင် ဆိုင်ကလုန်းမုန်တိုင်းများက ကျောင်းတော်တစ်ခုလုံးကို တိုက်ခတ်သွားပြီး များပြားလှစွာသော ရှေးဟောင်း အဆောက်အဦများက ဖျက်ဆီးခံလိုက်ရ၏။ သူတို့က လဲပြိုကျပြီး အပျက်အစီးပုံများအဖြစ် ပြောင်းလဲသွား၏။

ကြောက်စရာကောင်းသော ရယ်မောသံက ထွက်ပေါ်လာပြီး အဆူရာကျောင်းတော် ကိုယ်တော်များစွာသည် အဲဒါကို လုံးဝ မခုခံနိုင်ကြပေ။ သူတို့က တစ်ယောက်ပြီးတစ်ယောက် လဲကျကာ သေဆုံးသွားကြ၏။

ထိုရယ်သံတစ်သံကပင် ကိုယ်တော်များစွာကို သေဆုံးသွားစေ၏။

သူတော်စင် ရွှမ်ပိုင်နှင့် အခြားကိုယ်တော်များကလည်း လေထဲမှာ ဆက်လက်၍ တောင့်မခံနိုင်ကြတော့ပေ။

သူတို့သည် သူတို့ မျက်လုံးများကို ဖွင့်ထားနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေကြ၏။ သူတို့၏ မျက်လုံးများက နီရဲ၍ သူတို့၏ မြင်ကွင်းက ဝေဝါးလာခဲ့၏။

သွေးရောင်ကနေတစ်ဆင့် မနှိုင်းယှဉ်သာအောင် မြင့်မားသော မိစ္ဆာအရိပ်တစ်ခုက ထျဲဝေတောင်ကနေ ဖြည်းဖြည်းချင်း ပေါ်ထွက်လာ၏။ ထျဲဝေတောင်ထွတ်မှာ မတ်တတ်ရပ်ပြီး သူက လုံးဝ မလဲပြိုကျနိုင်သည့်အလားပင်။ သူ၏ နက်မှောင်နေသော ဆံပင်များက ရူးသွပ်စွာ ကခုန်နေပြီး သူ၏ မိစ္ဆာမျက်လုံးများက ပိန်းပိတ်အောင် နက်မှောင်၍ လူတိုင်းကို ငုံ့ကြည့်နေ၏။

All Chapters