← Chapters

ဧကရာဇ်များရောက်ရှိလာခြင်း

Vol. 155 Ch. 2313

ဧကရာဇ်များရောက်ရှိလာခြင်း

Vol. 155 Ch. 2313

တစ်ယောက်ယောက်က ထိုစကားများကို ပြောမည်ဆိုလျှင်တောင် အဲ့ဒါသည် အခြားသူများ၏ အမူအရာများကို ပြောင်းလဲသွားစေနိုင်၏။

သို့သော် ယခုအခါ ကောင်းကင်ဘုံဘုရင် ၅ဦးသည် ဗုဒ္ဓကျောင်းတော်များ၏ တဗူးတစ်ခုကဲ့သို့ဖြစ်သော ကြောက်စရာကောင်းသည့် ဤမိစ္ဆာနှင့် ရင်ဆိုင်နေရ၏။

အရင်တုန်းကတိုက်ပွဲက အရမ်းကို ချောက်ချားစရာကောင်းခဲ့၏။ မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေဖြစ်စေ၊ သုခဘုံသန့်စင်ကုန်းမြေဖြစ်စေ... သူတို့သည် ကြီးမားသော ပျက်စီးထိခိုက်မှုများနှင့် ကြုံတွေ့ခဲ့ရ၏။

ဧကရာဇ်နှစ်ဆယ်ကျော်ထဲမှ ထက်ဝက်ကျော်က နေရာမှာပင် သေဆုံးခဲ့ရ၏။

ဒါ့အပြင် ထိုအချိန်တုန်းက ဧကရာဇ်ပညာရှင်များစွာသည် သူတို့ပူးပေါင်းထားသည်ဆိုလျှင်​တောင် သူတို့အ​နေဖြင့် ဗုဒ္ဓနှင့်မိစ္ဆာခန္ဓာကို ပိုင်ဆိုင်ထားသည့် ဧကရာဇ်ပိုရွှင်းကို သတ်ဖြတ်ဖို့က မလွယ်ကူကြောင်း သိရှိခဲ့ကြ၏။

ထို့ကြောင့်ပင်လျှင် ဤနေရာမှာ တိုက်ပွဲနယ်မြေကို ခင်းကျင်းပြီး ဧကရာဇ်ပိုရွှင်းကို ဘယ်တော့မှပြန်မဝင်စားနိုင်စေဖို့ အဝီစိသို့တွန်းပို့ရန် ဤကဲ့သို့သောနည်းလမ်းတစ်ခုကို သူတို့ကတွေးမိခဲ့ကြခြင်းဖြစ်၏။

သို့သော်လည်း မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေနှင့် သုခဘုံသန့်စင်ကုန်းမြေသည် ဤကဲ့သို့ ကြီးမားသောတန်ဖိုးတစ်ခုကို ပေးဆပ်ခဲ့ပြီးတာတောင် ဧကရာဇ်ပိုရွှင်းက သေဆုံးမသွားဘဲ အဝီစိကနေပင် ပြန်ထွက်လာလိမ့်မည်ဟု ဘယ်သူက တွေးမိခဲ့ပါ့မလဲ။

လောကက ပြောင်းလဲသွား၏။

ဧကရာဇ်ပိုရွှင်း၏ ပြန်လည်ရောက်ရှိလာခြင်းက ကောင်းကင်ဘုံကမ္ဘာတစ်ခုလုံးကို ပြောင်းလဲသွားစေနိုင်လောက်၏။

‘ဒဏ္ဍာရီတွေက အမှန်တကယ်ဖြစ်နေမလား’

ကုသိုလ်ကျောင်းတော်မှ ကောင်းကင်ဘုံဘုရင်၏ စိတ်ထဲမှာ မှတ်တမ်းတစ်ခုက ထွက်ပေါ်လာ၏။ အရင်တုန်းကရှေးဟောင်းမိစ္ဆာပိုရွှင်းသည် ဗုဒ္ဓနှင့်ဆန့်ကျင်တိုက်ခိုက်ခဲ့၏။ သူက ရှုံးနိမ့်ခဲ့ရသော်လည်း ထိုရှေးဟောင်းမိစ္ဆာသည် အမှန်တကယ်သေဆုံးခြင်းမရှိဘဲ အကျပ်အတည်းကာလများမှာ သေချာပေါက်ပြန်လည်ပေါ်ထွက်လာမည်ဟူသော ကောလာဟလများက ဗုဒ္ဓကျောင်းတော်များမှာရှိခဲ့လေသည်။ ဗုဒ္ဓကျောင်းတော်များမှ ကိုယ်တော်များအားလုံးသည် လက်ရှိဧကရာဇ်ပိုရွှင်းက အတိတ်ကာလတုန်းက ရှေးဟောင်းမိစ္ဆာပိုရွှင်းကနေ အသွင်ပြောင်းလဲလာခြင်းဖြစ်သည်ဟု မှတ်ယူထားခဲ့ကြ၏။

နောက်ပိုင်းမှာ ဧကရာဇ်ပိုရွှင်းသည် အဝီစိသို့တွန်းပို့ခံခဲ့ရသောအခါ ထိုရှေးဟောင်းမိစ္ဆာသည် အပြီးတိုင်ပျောက်ကွယ်သွားပြီဟု ကိုယ်တော်များအားလုံးက တွေးထင်ခဲ့ကြ၏။

ယခု... ဧကရာဇ်ပိုရွှင်းက ဒီဘက်မျိုးဆက်မှာ ပြန်လည်ပေါ်ထွက်လာပေတော့မည်။

ကောင်းကင်ဘုံကမ္ဘာတစ်ခုလုံးမှာပင် ကုသိုလ်၊ မဟာဇင်၊ မဟာ၊ အနန္တအလင်းနှင့် ဝေဿယကျောင်းတော်များမှ ဤကောင်းကင်ဘုံဘုရင် ငါးဦးသည် ကျော်ကြားသောထိပ်သီးပညာရှင်များဖြစ်လေသည်။

သို့သော်လည်း သူတို့ရှေ့မှအခြေအနေက သူတို့၏ ထိန်းချုပ်မှုအောက်မှာ ဆက်လက်၍မရှိတော့ပေ။

“ပိုရွှင်း”

မဟာဇင်ကျောင်းတော်မှ ကောင်းကင်ဘုံဘုရင်က သူ့ကိုယ်သူ အတတ်နိုင်ဆုံး ကြိုးစား၍ ဣန္ဒြေဆယ်ပြီး အော်ပြောလိုက်၏။

“မင်းက ပြန်လည်ပေါ်ထွက်လာမယ်ဆိုရင်တောင် ဗုဒ္ဓကျောင်းတော်တွေက ဧကရာဇ်တွေက မင်းကိုနောက်တစ်ခါပြန်ပြီးဖိနှိမ်နိုင်သေးတယ်”

“မင်းက... မဟာမိစ္ဆာရဲ့ ကောင်းကင်ဘုံကို ဆင့်ခေါ်ခဲ့ပြီးပြီ... ဗုဒ္ဓကျောင်းတော်က ဧကရာဇ်တွေက ဒီနေရာကိုရောက်လာလိမ့်မယ်”

ကုသိုလ်ကျောင်းတော်၏ ကောင်းကင်ဘုံဘုရင်ကလည်း သူ၏ လက်သီးနှစ်ဖက်ကို ဆုပ်လိုက်၏။

“မင်းက အဝီစိကနေ အခုမှထွက်လာတာ မင်းရဲ့တိုက်ခိုက်ရည်ခွန်အားက အထွတ်အထိပ်ကို ပြန်မရောက်သေးဘူး... မင်းက ဗုဒ္ဓကျောင်းတော်တွေရဲ့ ဧကရာဇ်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နိုင်စရာ အကြောင်းမရှိဘူး”

“မင်းတို့တွေပြောတာမှန်တယ်”

ဧကရာဇ်ပိုရွှင်းက သွားဖြဲ၍ သက်ပြင်းချလိုက်၏။

“အဲ့ဒါက မင်းတို့ကို သတ်ဖို့တော့ လုံလောက်တယ်”

ထိုသို့သူပြောလိုက်သည့်ခဏမှာပင် ဧကရာဇ်ပိုရွှင်း၏ အကြည့်က သိပ်သည်းကျစ်လစ်လာပြီး သူက မဟာမိစ္ဆာ၏ ကောင်းကင်ဘုံကို လှည့်ပတ်လိုက်၏။ မိစ္ဆာချီက တလိပ်လိပ်ထိုးတက်လာပြီး သိပ်သည်းပြင်းထန်သောစွမ်းအားတစ်ခုက ပေါက်ကွဲထွက်ပေါ်ကာ သူတို့သည် ထိုစွမ်းအားကို ဘယ်လိုမှ မခုခံနိုင်ပေ။

ဤလောကမှာ ဧကရာဇ်ပိုရွှင်းသည် တစ်ဦးတည်းသောနတ်ဘုရားဖြစ်ပြီး မည်သူကမှ သူ့ကို မယှဥ်နိုင်ပေ။

ဘုန်း ဘုန်း ဘုန်း...

ကျယ်လောင်သောမြည်သံနှင့်အတူ ကောင်းကင်ဘုံဘုရင် ငါးဦ၏ နောက်ဘက်မှာရှိသော ကောင်းကင်လိုဏ်ဂူများက အဲ့ဒါကို လုံးဝခံနိုင်ရည်မရှိတော့ဘဲ ချက်ချင်းပင် လဲပြိုကျသွား၏။

“ဖွီ”

ကောင်းကင်ဘုံဘုရင်ငါးဦးက စိတ်အားညှိုးငယ်သောအမူအရာများနှင့်အတူ သွေးများကို ထွေးထုတ်လိုက်ရ၏။

သူတို့ငါးယောက်က ထွက်ပြေးချင်သည်ဆိုလျှင်တောင် မဟာမိစ္ဆာ၏ ကောင်းကင်ဘုံထဲမှာ သူတို့အနေဖြင့် ထိုသို့ပြုလုပ်ဖို့ အခွင့်အရေးမရှိတော့ပေ။

သူတို့၏ အသက်များက ဧကရာဇ်ပိုရွှင်း၏ လက်ထဲမှာရောက်ရှိနေလေပြီ။

ရွှစ်...

ဧကရာဇ်ပိုရွှင်းက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး မိစ္ဆာချီများက ကုသိုလ်ကျောင်းတော်မှ ကောင်းကင်ဘုံဘုရင်၏ ခန္ဓာကိုယ်ကို ရစ်ပတ်ကာ နွယ်ပင်များကဲ့သို့ သူ၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာ၏။

ကုသိုလ်ကျောင်းတော်မှ ကောင်းကင်ဘုံဘုရင်၏ ခန္ဓာကိုယ်က မြင်နိုင်သောနှုန်းထားဖြင့် ညှိုးခြောက်သွား၏။

အခြားသောကောင်းကင်ဘုံဘုရင်များ၏ ထိတ်လန့်နေသောအကြည့်များအောက်မှာ ကုသိုလ်ကျောင်းတော်မှ ကောင်းကင်ဘုံဘုရင်သည် ခြောက်သွေ့သောအလောင်းတစ်လောင်းအဖြစ် စုပ်ယူခံလိုက်ရပြီး သေဆုံးသွားလေသည်။

“သေပြီ”

ကောင်းကင်လိုဏ်ဂူအဆင့် ပညာရှင်များသည် အထက်ဘုံလောကမှာ အထွတ်အထိပ်နီးပါး တည်ရှိမှုများဖြစ်လေသည်။

သို့သော်လည်း သူသည် အခြားသူများ၏ ရှေ့မှာ ဤကဲ့သိုပြင် သေဆုံးသွားရ၏။

ကောင်းကင်ဘုံဘုရင်တစ်ပါး၏ ဘဝသက်တမ်းက နှစ်တစ်သန်းဖြစ်လေသည်။ ထိုသို့ဆိုလျှင်တောင် သေခြင်းရှင်ခြင်းကို အတွေးတစ်ချက်ဖြင့် ပိုင်းခြားခံရနိုင်၏။

ဧကရာဇ်ပိုရွှင်းသည် ကျေနပ်အားရသောအမူအရာဖြင့် သူ၏ နှုတ်ခမ်းကို လျှာဖြင့်သပ်ပြီး ကျန်ရှိနေသော ကောင်းကင်ဘုံဘုရင်လေးဦးကိုကြည့်ကာ တီးတိုးရေရွတ်လိုက်၏။

“နောက်ပြီးကျရင်... ဘယ်သူ့အလှည့်ဖြစ်မလဲ”

ကောင်းကင်ဘုံဘုရင်လေးဦးက ဆတ်ခနဲတုန်ယင်သွားကြ၏။

အကြောက်တရားခံစားချက်က ထိန်းချုပ်မရသောပုံစံဖြင့် ပြင်းထန်အားကောင်းလာ၏။

ပုံမှန်အခြေအနေအောက်မှာဆိုလျှင် ကောင်းကင်ဘုံဘုရင်တစ်ဦး၏ အဆင့်၌ သူတို့၏ တာအိုနှလုံးသားကခိုင်မာ၍ လှုပ်ရှားယိမ်းယိုင်ဖို့ ခဲယဥ်းလေသည်။ သို့သော်လည်း မဟာမိစ္ဆာကောင်းကင်ဘုံ၏ လွှမ်းခြုံမှုအောက်မှာ ကောင်းကင်ဘုံဘုရင်လေးဦး၏ တာအိုနှလုံးသားများက စတင်၍ယိမ်းယိုင်လာခဲ့၏။

“မင်းလား”

ဧကရာဇ်ပိုရွှင်း၏ အကြည့်က မဟာဇင်ကျောင်းတော်မှ ကောင်းကင်ဘုံဘုရင်ပေါ်တွင် ခဏမျှရစ်ဝဲသွားပြီးနောက် မေးလိုက်လေသည်။

မဟာဇင်ကျောင်းတော်မှ ကောင်းကင်ဘုံဘုရင်က ဆတ်ခနဲတုန်ယင်သွားပြီး သူ၏ စိတ်က နေရာမှာပင် လဲပြိုကျလုနီးပါး ဖြစ်သွားရ၏။

“ဒါမှမဟုတ်... မင်းလား”

ဧကရာဇ်ပိုရွှင်း၏ အကြည့်က အနန္တအလင်းကျောင်းတော်မှ ကောင်းကင်ဘုံဘုရင်ထံသို့ ရောက်ရှိသွား၏။

အနန္တအလင်းကျောင်းတော်မှ ကောင်းကင်ဘုံဘုရင်သည် အကြောအခြင်တောင့်တင်းစွာဖြင့် သူ၏ လက်ချောင်းများဆီသို့ ခွန်အားကို ပို့လွှတ်မိသွားပြီး သူ၏ လက်ထဲရှိ ပုတီးစေ့တစ်လုံးက ကြေမွသွား၏။

ဧကရာဇ်ပိုရွှင်းက သွားဖြဲပြီး နောက်ထပ်အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်၏။

မိစ္ဆာချီက ​ဖြန့်ကြက်သွားပြီး ဝေဿယကျောင်းတော်မှ ကောင်းကင်ဘုံဘုရင်ကို ရစ်ပတ်သွားလေသည်။

အသက်ရှုချိန်အနည်းငယ်ကြာပြီးနောက် ဝေဿယကျောင်းတော်မှ ကောင်းကင်ဘုံဘုရင်၏ အသက်ဓာတ်အားက ပျက်ပြယ်သွားပြီး သူက အရိုးစုတစ်ခုအဖြစ်ပြောင်းလဲသွား၏။ သူ၏ မျက်လုံးများက အသက်ဓာတ်ကင်းမဲ့၍ သူက မကျေမချမ်းဖြင့် သေဆုံးသွား၏။

သူသည် ဗုဒ္ဓကျောင်းတော်များ၏ ကောင်းကင်ဘုံဘုရင်တစ်ဦးဖြစ်သည်ဆိုလျှင်တောင် ဧကရာဇ်ပိုရွှင်း၏ မျက်လုံးထဲမှာ ဂရုမစိုက်ဘဲ ဖြတ်တောက်ခံရနိုင်သည့် မြက်ပင်တစ်ပင်ကဲ့သို့ ဖြစ်နေ၏။

ဧကရာဇ်ပိုရွှင်းက သက်ပြင်းရှည်တစ်ချက်ကို မှုတ်ထုတ်ပြီး စုတ်သပ်လိုက်လေသည်။

“အင်း... မဆိုးဘူးပဲ မင်းတို့ရဲ့အသက်ဓာတ်အားအမြုတေကို စုပ်ယူသန့်စင်ရတာက ငါ့ဘာသာငါပုံမှန်အတိုင်းကျင့်ကြံရတာထက် ပိုပြီးတော့မြန်ဆန်တာပဲ”

“ဧကရာဇ်... ကျေးဇူးပြုပြီး ကျုပ်အသက်ကို ချမ်းသာပေးပါ”

မဟာဇင်ကျောင်းတော်မှ ကောင်းကင်ဘုံဘုရင်က သူ၏ ဆင်ခြင်တုံတရားကို ဆုံးရှုံးသွားပြီး သူ၏ တာအိုနှလုံးသားက လဲပြိုကျသွား၏။ သူကဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ မြေပြင်ပေါ်မှာ ဒူးထောက်ချကာ သနားညှာတာပေးဖို့အတွက် ​တောင်းပန်လိုက်၏။

“ကျုပ်အနေနဲ့ ဒီအဆင့်ထိရောက်အောင်ကျင့်ကြံခဲ့ရတာ မလွယ်ဘူး... ကျုပ်က ဒီလိုပုံစံနဲ့ မသေချင်သေးဘူး... ခင်ဗျားကျုပ်ကို ချမ်းသာပေးမယ်ဆိုရင် ကျုပ်က ခင်ဗျားနောက်ကိုလိုက်ပါပြီး ခင်ဗျားထံမှာ အညံ့ခံပါ့မယ် ဧကရာဇ်”

“အို...”

ဧကရာဇ်ပိုရွှင်းက စိတ်ကျေနပ်အားရသောအမူအရာဖြင့် သူ၏ မျက်ခုံးကိုပင့်ပြီး ခေါင်းညိတ်ပြလိုက်၏။

“မင်းက တကယ်ပါးရည်နပ်ရည်ရှိတာပဲ”

မဟာဇင်ကျောင်းတော်မှ ကောင်းကင်ဘုံဘုရင်က ကျေနပ်သဘောကျသွားပြီး အလောတကြီး ရှိခိုးဦးချလိုက်၏။

“ကျုပ်အသက်ကို ချမ်းသာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဧကရာဇ်... ကျေးဇူးတင်ပါတယ်ဗျာ”

“ဘယ်လောက်တောင်မိုက်မဲလိုက်သလဲ”

မဟာကျောင်းတော်မှ ကောင်းကင်ဘုံဘုရင်က အော်ပြောလိုက်၏။

“သူက သူရဲ့ခွန်အားကို ဒီလိုမျိုးထုတ်ဖော်ပြသနေတယ်ဆိုတာ... ငါတို့ကိုကြောက်ရွံ့ထိန်လန့်ပြီး အညံ့ခံလာအောင်ပဲ.. မင်းက သူ့ကို ဘယ်လိုတောင် ဦးညွှတ်နိုင်ရတာလဲ”

“ငါတို့ရဲ့တာအိုတွေက မတူဘူးလေ”

မဟာဇင်ကျောင်းတော်၏ ကောင်းကင်ဘုံဘုရင်က အံကိုကြိတ်ကာပြောလိုက်၏။

“ငါလိုက်စားနေတဲ့တာအိုက အသက်ရှည်ခြင်းပဲ... ငါက ဒီ​နေ့ကစပြီး မိစ္ဆာတာအို​ကို ကျင့်ကြံမယ်ဆိုတော့ရော ဘာဖြစ်လဲ... ဒီဧကရာဇ်မှာ ဗုဒ္ဓနဲ့မိစ္ဆာခန္ဓာရှိတယ် အဲ့ဒီတာအိုနှစ်ခုလုံးက အတူယှဥ်တွဲနေတာပဲ... မင်းတို့ထဲက ဘယ်သူကများ သူ့ကိုယှဥ်နိုင်လို့လဲ”

“မင်း...”

မဟာကျောင်း​တော်မှ ကောင်းကင်ဘုံဘုရင်က စကားဆုံးအောင်မပြောရသေးခင်မှာပင် သူ၏ ခန္ဓာကိုယ်က နက်မှောင်နေသောမိစ္ဆာချီများဖြင့် လွှမ်းခြုံခံလိုက်ရ၏။

သိပ်မကြာခင် သူ၏ အသက်ဓာတ်အားက စုပ်ယူခံလိုက်ရပြီး သူက သေဆုံးသွား၏။

မဟာဇင်ကျောင်းတော်မှ ကောင်းကင်ဘုံဘုရင်အပြင် ကောင်းကင်ဘုံဘုရင်ငါးဦးကြားမှာ ကျန်နေသည့်တစ်ဦးတည်းသောသူမှာ အနန္တအလင်းကျောင်းတော်မှ ကောင်းကင်ဘုံဘုရင်ဖြစ်လေသည်။

“အာ..”

အနန္တအလင်းကျောင်းတော်မှ ကောင်းကင်ဘုံဘုရင်က ညင်သာစွာသက်ပြင်းချပြီး တင်ပျဥ်ခွေထိုင်လိုက်၏။ သူက သူ၏ လက်ဖဝါးနှစ်ဖက်ကို အတူတကွပူးကပ်ပြီး ပြောလိုက်လေသည်။

“ပိုရွှင်း... လုပ်လိုက်တော့”

ဧကရာဇ်ပိုရွှင်းက လှောင်ရယ်လိုက်ပြီး တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူ၏ ပါးစပ်ကို ဖွင့်ဟလိုက်၏။

တစ်ခဏချင်းမှာပင် အနန္တကျောင်းတော်မှ ကောင်းကင်ဘုံဘုရင်သည် အရိုးစုတစ်ခုအဖြစ်ပြောင်းလဲကာ သေဆုံးသွားလေသည်။

“ဧကရာဇ်... သန့်စင်ကုန်းမြေကနေ တတ်နိုင်သမျှမြန်မြန်ထွက်ခွာပြီး မိစ္ဆာမဟာနယ်မြေကို သွားကြရအောင်”

မဟာဇင်ကျောင်းတော်မှ ကောင်းကင်ဘုံဘုရင်က အလောတကြီးပြောလိုက်၏။

“ဒီနေရာမှာ ကောင်းကင်ဘုံဘုရင်လေးဦးသေဆုံးသွားတော့... ဗုဒ္ဓကျောင်းတော်တွေက ဧကရာဇ်တွေက ဒီကိုသိပ်မကြာခင် ရောက်လာနိုင်တယ်”

ဧကရာဇ်ပိုရွှင်းက မဟာဇင်ကျောင်းတော်မှ ကောင်းကင်ဘုံဘုရင်ကို ထူးဆန်းသောအမူအရာဖြင့်ကြည့်ပြီး ပြုံးစစဖြင့် ပြောလိုက်၏။

“ငါ မင်းအသက်ကို ချမ်းသာပေးမယ်လို့ မပြောခဲ့ပါဘူး”

“ခင်ဗျား..”

မဟာဇင်ကျောင်းတော်မှ ကောင်းကင်ဘုံဘုရင်က မျက်လုံးပြူးသွားလေသည်။

ထိုစဥ်မှာပင် မနှိုင်းယှဥ်သာအောင်ကြောက်စရာကောင်းသော စိတ်ဝိညာဥ်အသိစိတ်တစ်ခုက ထျဲဝေတောင်၏ ကောင်းကင်ထက်ကနေ ဆင်းသက်လာခဲ့၏။

ချက်ချင်းပင် ဗုဒ္ဓအလင်းတစ်ခုက တောက်ပလာပြီး မဟာမိစ္ဆာ၏ ကောင်းကင်ဘုံကို ထက်ရှသောဓားသွားများကဲ့သို့ ထိုးဖောက်လိုက်၏။

“အို... သူတို့က နောက်ဆုံးဒီကိုရောက်လာပြီပဲ”

ဧကရာဇ်ပိုရွှင်းက သူ၏ ခေါင်းကို အနည်းငယ်မော့ပြီး သူ၏ မျက်လုံးထဲရှိ ထူးဆန်းသောအလင်းတစ်ခုနှင့်အတူ တီးတိုးရေရွတ်လိုက်၏။

All Chapters