← Chapters

အစစ်အမှန်သိုင်းနယ်ပယ်

Vol. 155 Ch. 2315

အစစ်အမှန်သိုင်းနယ်ပယ်

Vol. 155 Ch. 2315

သိုင်းတာအိုပင်မခန္ဓာသည် ငရဲငယ် ၁၆ ခု၏ မြင်ကွင်းများကို သူ၏ မျက်စိနှင့် မြင်တွေ့ခဲ့ရ၏။ လူတစ်ယောက်၏ နှလုံးကို ဆွဲထုတ်ခြင်း သို့မဟုတ် ဦးနှောက်ကို ဖောက်ထုတ်ခြင်း၏ နာကျင်မှုများသည် အဝီစိငရဲမီးကြောင့် ဖြစ်ပေါ်လာသော နာကျင်မှု၏ တစ်စိတ်တစ်ဒေသကိုပင် မယှဥ်နိုင်ပေ။

သန်းပေါင်းများစွာသော သက်ရှိများ၏ အဆုံးစွန်နာကျင်မှုများကို အတူတကွ စုစည်းလိုက်ပါက မည်ကဲ့သို့သောခံစားချက် ဖြစ်ပေါ်လာမလဲ။

သိုင်းတာအိုပင်မခန္ဓာသည် အဲ့ဒါကို ခံနိုင်ရည်မရှိတော့ဘဲ အော်ဟစ်တော့မည့်ဆဲဆဲဖြစ်လာခဲ့၏။

ကြောက်စရာအကောင်းဆုံးအရာမှာ လူတစ်ယောက်သည် မဟာအဝီစိမှာ သူတို့၏ ဘဝသက်တမ်းများ မကုန်ဆုံးမချင်း အဆုံးမဲ့နာကျင်မှုများနှင့် ညှင်းပန်းနှိပ်စက်မှုများကို တွေ့ကြုံခံစားနေရမည်ဖြစ်၏။

မဟာအဝီစိမှာ လူတစ်ယောက်သည် နာကျင်မှုကို ခံနိုင်ရည်မရှိတော့ဘူးဆိုလျှင်တောင် သူ့ကိုယ်သူသတ်သေလို့ မရနိုင်ပေ။

ပို၍ပင်ကြောက်စရာကောင်းသောအရာမှာ ငရဲမီးသည် လူတစ်ယောက်၏ အမြုတေစိတ်ဝိညာဥ်ကို တိုက်ရိုက်လောင်ကျွမ်းစေနိုင်၏။

အမြုတေစိတ်ဝိညာဥ်ပေါ်နာကျင်မှုက သူ့ခန္ဓာကိုယ်ပေါ်မှ နာကျင်မှုထက် အဆပေါင်းတစ်ထောင်ပိုမို ပြင်းထန်ကြမ်းတမ်းလေသည်။

သိပ်မကြာခင် သိုင်းတာအိုပင်မခန္ဓာသည် နာကျင်မှုကို ခံနိုင်ရည်မရှိတော့ဘဲ သတိပင်လစ်သွား၏။

သို့သော်လည်း သိပ်မကြာခင်မှာပင် ပို၍ပင်ပြင်းထန်ကြမ်းတမ်းသော နာကျင်မှုက သူ့ကိုလှုပ်နှိုးလိုက်ပြီး သူက သူ၏ အသိစိတ်ကို ပြန်လည်ရရှိလာကာ မဟာအဝီစိ၏ အလွန်တရာနာကျင်ရသော စိတ်ဆန္ဒများကို ဆက်လက်၍ကြိတ်မှိတ်ခံစားရပြန်၏။

ခဏကြာပြီးနောက် သိုင်းတာအိုပင်မခန္ဓာသည် နာကျင်မှုဖြင့် တစ်ဖန်သတိလစ်သွား၏။

သို့သော် မကြာခင် သူသည် နိုးထလာပြီး နာကျင်မှုကို ကြိတ်မှိတ်ခံစားရကာ ထိုကဲ့သို့သောဖြစ်စဥ်က ထပ်တလဲလဲဖြစ်ပွားနေ၏။

အတောမသတ်နိုင်သော ဆင်းရဲဒုက္ခဝေဒနာများက ရပ်နားသွားခြင်းမရှိပေ။ နောက်ဆုံးမှာ သိုင်းတာအိုပင်မခန္ဓာသည် မဟာအဝီစိ၏ အစစ်အမှန်ကြောက်စရာကောင်းမှုကို တွေ့ကြုံခံစားလာရ၏။

မဟာအဝီစိသို့ ဝင်ရောက်လာသော မည်သည့်သက်ရှိမဆို သေဆုံးခြင်းက သူတို့အတွက် သက်သာရာရမှုဖြစ်၏။

တကယ်ဆို... ထိုအတွေးသည် သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ထဲမှာ ဖျတ်ခနဲသာပေါ်ထွက်လာခဲ့ခြင်းဖြစ်၏။

သို့သော်မကြာခင် သူသည် စိတ်အာရုံပျံ့လွင့်စေမည့် ထိုအတွေးများအားလုံးကို ဘေးဖယ်ထားပြီး သူ၏ တာအိုနှလုံးသားကို အသေအလဲခုခံနေရ၏။

သူသည် တာအိုနှလုံးသားလှေခါး၏ စမ်းသပ်ချက်ကို ဖြတ်ကျော်ပြီး ဒသမမြောက်ကျောက်လှေခါးထစ်ကို စုဖွဲ့ကာ သူ၏ သိုင်းတာအိုနှလုံးသားကို ကြံ့ခိုင်သန်မာလာအောင်ပြုလုပ်ခဲ့ခြင်းကြောင့်သာ မဟုတ်လျှင် သိုင်းတာအိုပင်မခန္ဓာသည် မဟာအဝီစိမှာ သေချာပေါက်ရှင်သန်နိုင်တော့မည် မဟုတ်ပေ။

သို့သော်လည်း သူ၏ တာအိုနှလုံးသားက သိပ်မကြာခင် လဲပြိုကျသွားပေလိမ့်မည်။

သိုင်တာအိုပင်မခန္ဓာသည် နာကျင်မှုကို တောင့်ခံရင်း သူ၏ စိတ်ကိုရှင်းလင်းပြီး တည်ငြိမ်နေစေဖို့ အတတ်နိုင်ဆုံးကြိုးစားနေ၏။

နာကျင်မှုက မခံမရပ်နိုင်အောင်​ဖြစ်ပြီး လုံးဝရပ်တန့်လို့ မရပေ။ ထိုအရာများသည် သူပြောင်းလဲလို့မရဘဲ လက်ခံရုံသာတတ်နိုင်သည့် အချက်များဖြစ်လေသည်။

သူသည် ဤနေရာကနေ ဘယ်လိုထွက်ခွာနိုင်မည်ကိုလည်း မသိရှိပေ။

သူက မဟာအဝီစိ၏ မည်သည့်နေရာသို့ ရောက်ရှိနေသည်ဖြစ်စေ နာကျင်မှုက သူနှင့်အတူ တစ်ချိန်လုံးလိုက်ပါနေမည်ဖြစ်ပြီး ငရဲမီးက ဘယ်တော့မှငြိမ်းသေသွားလိမ့်မည် မဟုတ်ပေ။

သိုင်းတာအိုပင်မခန္ဓာက လက်မလျှော့ပေ။

သူ၏ စိတ်ထဲသို့ ရဲတင်းသောအတွေးတစ်ခုက ဝင်ရောက်လာ၏။

သိုင်းတာအိုမီးဖိုသည် နတ်ဘုရားစွမ်းအားများအားလုံးကို အရည်ဖျော်ချနိုင်ပြီး သုတ္တန်တစ်ရာကို ထုတ်နုတ်ပေးနိုင်သည်ဆိုမှတော့... သူသည် ငရဲမီးကို သူ၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေါင်းစည်းဖို့ ဘာလို့မကြိုးစားကြည့်ရမှာလဲ။

ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက သိုင်းတာအိုပင်မခန္ဓာသည် ကောင်းကင်ဘုံကပ်ဘေးဖြတ်ကျော်ခြင်းကို ထပ်တလဲလဲတွေ့ကြုံခံစားပြီးနောက် သူသည် ကောင်းကင်ဘုံကပ်ဘေးကနေတစ်ဆင့် ကပ်ဘေးမီးတစ်စကို အရည်ဖျော်ချနိုင်ခဲ့၏။

ယခုအခါ... သိုင်းတာအိုပင်မခန္ဓာသည် ငရဲမီးကို သူ၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းအရည်ဖျော်ချဖို့ ကြိုးပမ်းရန် ဆုံးဖြတ်ချက်ချလိုက်လေသည်။

သိုင်းတာအိုပင်မခန္ဓာမှာ ကြီးအားသောအားသာချက်တစ်ခုရှိနေ၏။

သူ၏ အမြုတေစိတ်ဝိညာဥ်ဖြစ်သော သိုင်းစိတ်ဝိညာဥ်သည် အစကတည်းက မီးတောက်လုံးတစ်လုံးဖြစ်လေသည်။

ထို့ကြောင့် သူ၏ အမြုတေစိတ်ဝိညာဥ်နှင့် ငရဲမီးသည် ဇာစ်မြစ်တူညီပြီး သူတို့မှာ ဆင်တူမှုများစွာရှိလေသည်။

တကယ်တော့... သိုင်းစိတ်ဝိညာဥ်မီးက အရမ်းကိုအားနည်းလွန်း၏။

သိုင်းတာအိုပင်မခန္ဓာက ငရဲမီးကို အရည်ဖျော်ချဖို့ ပထမဆုံးကြိုးပမ်းချိန်မှာ သူ၏ သိုင်းစိတ်ဝိညာဥ်မီးက ပေါ်ထွက်လာသည့်ခဏမှာပင် ချက်ချင်းနစ်မြုပ်သွားလေသည်။

သူ၏ အမြုတေစိတ်ဝိညာဥ်က အဆုံးမဲ့နာကျင်မှုကို နောက်တစ်ဖန်ကြိတ်မှိတ်ခံစားလိုက်ရ၏။

သိုင်းတာအိုပင်မခန္ဓာက ဆက်လက်၍ ကြိုးစားနေ၏။

သူသည် အချိန်စီးဆင်းမှုနှင့် သူ၏ ပတ်ဝန်းကျင်မှ ပြောင်းလဲမှုများကို ဆက်လက်၍ အာရုံမခံနိုင်တော့ပေ။ အဲ့ဒါသည် တစ်စွန်းတစ်စမျှသာဆိုလျှင်တောင် သူသည် ငရဲမီးကိုဆက်လက်၍ အရည်ဖျော်ချဖို့ ကြိုးပမ်းနေရမည်ဖြစ်၏။

ဤအချိန်အတောအတွင်းမှာ သိုင်းတာအိုပင်မခန္ဓာသည် အကြိမ်ပေါင်းများစွာ သတိလစ်၍ကျရှုံးခဲ့လေသည်။

သူက မည်သည့်အရာကိုမှ ဆက်လက်၍ မှတ်မထားနိုင်တော့ပေ။ အဲ့ဒါသည် သူ့အတွက် အလေ့အကျင့်တစ်ခုနှင့် မဆုတ်မနစ်ကြိုးပမ်းမှုတစ်ခုလိုဖြစ်လာခဲ့၏။

သူသည် ငရဲမီးကိုအရည်ဖျော်ချဖို့ကြိုးစားရင်းဖြင့် သတိလစ်သွားတတ်လေသည်။ ထို့နောက်တစ်ဆက်တည်းမှာပင် သူက နိုးထလာပြီး အဲ့ဒါကိုနောက်တစ်ဖန်ပြုလုပ်ကာ ဆက်လက်၍လည်ပတ်နေ၏။

အတန်ကြာသွားပြီးနောက် နောက်ဆုံးမှာ သိုင်းတာအိုပင်မခန္ဓာသည် သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်ပြီးနောက် အားနည်းသောမီးတောက်တစ်စကို စုဖွဲ့နိုင်သွားလေသည်။

အဲ့ဒါက သူ့ခန္ဓာကိုယ်ပေါ်ရှိငရဲမီးနှင့် ထပ်တူထပ်မျှတူညီပြီး တူညီသောအော်ရာရှိလေသည်။

တကယ်တော့ သူ၏ ကျင့်ကြံမှုနယ်ပယ်က နိမ့်ကျလွန်းပြီး သူဆင့်ခေါ်ထားသည့် ငရဲမီးသည် အဝီစိငရဲမီး၏ မီးတောက်များထက် များစွာနိမ့်ကျနေ၏။

ထိုသို့ဆိုလျှင်တောင် သိုင်းတာအိုပင်မခန္ဓာက ပို၍စိတ်အားထက်သန်လာ၏။

အပိုထပ်ဆောင်း ငရဲမီးတစ်စသည် သူ့ကိုမဟာအဝီစိကနေလွတ်မြောက်အောင် ကူညီပေးလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း အဲ့ဒါသည် သုတ္တန်များနှင့် လျှို့ဝှက်အတတ်များကို ပို၍ကောင်းကောင်းအရည်ဖျော်ချနိုင်ရန် သူ့အတွက် အထောက်အကူဖြစ်လာပေလိမ့်မည်။

ပြီးခဲ့သည့်နှစ်များမှာ သိုင်းတာအိုပင်မခန္ဓာသည် သုတ္တန်နှင့် လျှို့ဝှက်အတတ်များကို စုဆောင်ထားခဲ့လေသည်။ ဤအချိန်အတောအတွင်း သူသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကနေတစ်ဆင့် တဗူးဂမ္ဘီရကျင့်စဥ် ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကိုပင် ရရှိထားခဲ့လေသည်။

သို့သော်လည်း သိုင်းစိတ်ဝိညာဥ်မီး၊ ကပ်ဘေးမီး၊ အနီရောင်ကြာပန်းကြမ္မာမီးနှင့် နဂါးဖီးနစ်မီးတောက်များသက်သက်က တဗူးဂမ္ဘီရကျင့်စဥ်များ သို့မဟုတ် လျှို့ဝှက်နက်နဲသော ရှေးဟောင်းစာသားတချို့ကို အရည်မဖျော်ချနိုင်ခဲ့ပေ။

ထို့ကြောင့် သိုင်းတာအိုပင်မခန္ဓာအနေဖြင့် ထိုရှေးဟောင်းစာသားများနှင့် ဂမ္ဘီရကျင့်စဥ်များ၏ အနှစ်သာရများနှင့် လေးနက်သိမ်မွေ့မှုများကို နားလည်ဆင်ခြင်ဖို့အတွက်ခက်ခဲနေခဲ့၏။

သို့သော်ယခု သူရရှိလာသောငရဲမီးတစ်စနှင့်အတူ သိုင်းတာအိုမီးဖိုသည် ပို၍ပင်သန်မာလာပြီး ၎င်း၏အရည်ဖျော်ချခြင်းစွမ်းအားက ဆပွားများစွာ တိုးလာခဲ့၏။ တကယ်ဆို အဲ့ဒါသည် ယခင်က နားလည်ဆင်ခြင်ဖို့ ခက်ခဲနေခဲ့သည့် ရှေးဟောင်းစာသားများအားလုံးနှင့် တဗူးဂမ္ဘီရကျင့်စဥ်မှ သုတ္တန်များကိုပင် အရည်ဖျော်ချလာနိုင်၏။

ဤအချိန်အတောအတွင်း သိုင်းတာအိုပင်မခန္ဓာသည် ငရဲမီးကိုအရည်ဖျော်ချရင်း အခြားတစ်စုံတစ်ရာကို ရှာဖွေတွေ့ရှိခဲ့၏။ အဲ့ဒါက ရုပ်ဖျက်၍ဝင်ရောက်လာသော ကောင်းချီးမင်္ဂလာတစ်ခုဖြစ်လေသည်။

အစကတော့ သူ၏ ခန္ဓာကိုယ်သည် ဧကရာဇ်ပိုရွှင်း၏ မိစ္ဆာချီဖြင့် စွန်းထင်းခံထားရပြီဖြစ်၏။

သူ၏ အရိုးများဖြစ်စေ... အသား သို့မဟုတ် ကိုယ်တွင်းအင်္ဂါများဖြစ်စေ သူတို့အားလုံးက မိစ္ဆာအော်ရာဖြင့် ဖုံးလွှမ်းခံထားရ၏။

သူ၏ ခွန်အားအရ သူသည် ထိုမိစ္ဆာချီကို လုံးဝမဖယ်ရှားနိုင်ပေ။ သို့သော်လည်း မဟာအဝီစိမှာ ငရဲမီးဖြင့် ထပ်တလဲလဲလောင်ကျွမ်းခံရပြီးနောက် ဧကရာဇ်ပိုရွှင်းကြောင့် ရရှိလာသော သူ၏ ခန္ဓာကိုယ်ထဲရှိ မိစ္ဆာချီများက လောင်ကျွမ်းရှင်းလင်းသွားခဲ့ပြီဖြစ်၏။

တကယ်တော့ အဝီစိမှာ ကောင်းကင်နှင့်မြေကြီးအမြုတေချီမရှိသည့်အတွက် သူ၏ ထိခိုက်ဒဏ်ရာများက သက်သာလာမည့် မည်သည့်လက္ခဏာမှ မပြသပေ။

ကံကြမ္မာစက်ကွင်း ၉ခုသည် ဧကရာဇ်ပိုရွှင်းကြောင့် ကြေမွသွားပြီး သူ၏ ခန္ဓာကိုယ်ထဲမှာ လွင့်မျောနေ၏။

သိုင်းတာအိုပင်မခန္ဓာသည် ရှေးဟောင်းသုတ္တန်များကို အရည်ဖျော်ချရင်း သိုင်းတာအို၏ ဓမ္မအစီအရင်များကို နားလည်ဆင်ခြင်ကာ ကောက်ချက်ချထုတ်နုတ်နေ၏။

သူသည် မဟာအဝီစိမှာကျဆင်းနေပြီး မထွက်ခွာနိုင်သော်လည်း အဆုံးမဲ့နာကျင်မှုကို ကြိတ်မှိတ်ခံစားရင်း သူသည် သိုင်းတာအိုနှလုံးသားကို ကိုင်ဆွဲကာ သိုင်းတာအို၏ ဓမ္မအစီအရင်များကို ကောက်ချက်ချခြင်းတွင် လက်မလျှော့ခဲ့ပေ။ သူသည် ခက်ခဲကြမ်းတမ်းသောဤလမ်းကြောင်းပေါ်မှာ ရှေ့သို့တက်လှမ်းနေဆဲဖြစ်၏။

တကယ်တော့.. ဓမ္မအစီအရင်များအားလုံးသည် တစ်ခုတည်းအဖြစ် မလွဲမသွေပေါင်းစည်းလာပေလိမ့်မည်။

ဥအမာအားဖြင့် အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာတာအိုများသည် မတူညီသော ဓမ္မအစီအရင်များကို ကျင့်ကြံကြသော်လည်း သူတို့၏ ကျင့်ကြံမှုနယ်ပယ်များက ဆင်တူလေသည်။

မဟူရာ၊ ကမ္ဘာမြေနှင့် ကောင်းကင်အမြုတေနယ်ပယ်များကို ဖြတ်ကျော်လာပြီးနောက် အမြုတေသုံးခုသည် ပေါင်းစည်းသွားပေလိမ့်မည်။ ထို့နောက် လူတစ်ယောက်သည် တာအိုနှလုံသားကို စုဖွဲ့၍ ပကတိဧကနယ်ပယ်သို့ ဝင်ရောက်လာပြီးနောက် သူတို့သည် ဘုရင်ဘွဲ့ကိုခံယူဖို့အတွက် ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ ဆက်လက်၍ ဝင်ရောက်ဖို့ ကြိုးပမ်းရပေလိမ့်မည်။

တစ်နည်းအားဖြင့်ဆိုလျှင် သိုင်းတာအိုပင်မခန္ဓာသည် ယခုအချိန်မှာ ကံကြမ္မာစက်ကွင်း၉ခုကို တာအိုသစ်သီးတစ်လုံးအဖြစ် စုဖွဲ့လိုသည်ဆိုပါက အဲ့ဒါက မဖြစ်နိုင်သည်မဟုတ်ပေ။ သို့သော်လည်း သူသည် ဤမျှလောက်နှင့် အဲ့ဒါကို အဆုံးမသတ်ချင်ပေ။

တာအိုများအားလုံးသည် နောက်ဆုံးမှာတစ်ခုတည်းအဖြစ်ပေါင်းစည်းဖို့က မလွဲဧကန်ဖြစ်ပြီး သူသည် အဲ့ဒါမတိုင်ခင် သိုင်းတာအိုကို တတ်နိုင်သမျှပြီးပြည့်စုံစေဖို့ အတတ်နိုင်ဆုံးကြိုးစားလိုလေသည်။

အတန်ကြာသွားပြီးနောက်...။

အဲ့ဒါက လအနည်းငယ်လား သို့မဟုတ် နှစ်ပေါင်းရာချီလား မပြောတတ်ပေ။ ထိုအချိန်မှာ သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ထဲသို့ အတွေးတစ်ခုက တဖြည်းဖြည်းဝင်ရောက်လာ၏။ အချိန်ကြာလာသည်နှင့်အမျှ သိုင်းတာအိုမီးဖိုကနေ အရည်​ဖျော်ချထားသည့် သုတ္တန်များက မရေမတွက်နိုင်အောင်ဖြစ်လာပြီး ထိုအတွေးက ထပ်မံ၍ ဆင့်ကဲပြောင်းလဲတိုးတက်လာ၏။

သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ထဲတွင်... ဉာဏ်အလင်းပွင့်မှုတစ်ခုက တဖြည်းဖြည်းဖြစ်ပေါ်လာ၏။

သိုင်းတာအိုနှင့် အင်မော်တယ်၊ မိစ္ဆာနှင့် ဗုဒ္ဓတာအိုများကြား အကြီးမားဆုံးကွာခြားချက်သည် သိုင်းတာအိုကို စတင်တည်ထောင်ခဲ့စဉ်က သိသာထင်ရှားခဲ့ပြီးသားဖြစ်၏။

အင်မော်တယ်၊ မိစ္ဆာနှင့် ဗုဒ္ဓတာအိုများသည် ကျင့်ကြံပြီး နားလည်ဆင်ခြင်ဖို့အတွက် လောက၏ စိတ်ဝိညာဥ်ချီနှင့် အမြုတေချီတို့ကို စုပ်ယူပြီး... တိုက်ခိုက်ဖို့အတွက် ကောင်းကင်နှင့်မြေကြီးစွမ်းအားကို အသုံးချလေသည်။

အစကတော့... သိုင်းတာအိုကို စိတ်ဝိညာဥ်ရင်းမြစ်မရှိသော ကျင့်ကြံသူများအတွက် တည်ထောင်ခဲ့လေသည်။ သိုင်းတာအို၏ ခြေတစ်လှမ်းချင်းစီက ကိုယ့်ဘာသာကိုယ် ကျင့်ကြံဖို့ဖြစ်လေသည်။

ကောင်းကင်အမြုတေနယ်ပယ်အပြီး၌ အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာများသည် သူတို့ဘဝတစ်လျှောက် သူတို့ကျင့်ကြံထားသည့် ဓမ္မတာအိုများကို အသုံးချကာ သူတို့၏ အသိစိတ်များထဲမှာ တာအိုသစ်သီးတစ်လုံးကို စုဖွဲ့ကြပေလိမ့်မည်။

တစ်နည်းအားဖြင့်ဆိုလျှင် သိုင်းတာအိုပင်မခန္ဓာသည် သူ့ကိုယ်သူ ဆက်လက်ကြံ့ခိုင်သန်မာလာစေဖို့အတွက် သူ၏ အရိုးများပေါ်မှာ ကံကြမ္မာစက်ကွင်း၉ခု၏ ဓမ္မတာအိုများကို ထည့်သွင်းခတ်နှိပ်ဖို့ ကြိုးပမ်းမည်ဖြစ်ပြီး နောက်ဆုံးမှာ သူသည် အစစ်အမှန်သိုင်းတာအိုခန္ဓာကို စုဖွဲ့မည်ဖြစ်လေသည်။

အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာတာအိုများသည် တာအိုသစ်သီးများကို စုဖွဲ့ကြစဥ် သိုင်းတာအိုပင်မခန္ဓာကတော့ တာအိုခန္ဓာတစ်ခုကို စုဖွဲ့မည်ဖြစ်၏။

သိုင်းတာအို၏ နောက်ထပ်နယ်ပယ်က အစစ်အမှန်သိုင်းနယ်ပယ်ဖြစ်လေသည်။

All Chapters