နတ်ဘုရားတစ္ဆေ အင်မော်တယ်မိစ္ဆာပန်းချီ
Vol. 155 Ch. 2317
ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးက မျက်မှောင်ကြုတ်ပြီး အလေးအနက်စဥ်းစားတွေးတောလိုက်၏။
အဝီစိတည်ရှိလာပြီးကတည်းက အဲ့ဒါသည် ဒီဃာယုခေတ်ကိုဖြတ်ကျော်လာခဲ့ပြီး နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာသွားခဲ့လေပြီ။
ဤကဲ့သို့ရှည်ကြာသောအချိန်ကာလတစ်ခုအတွင်း မရေမတွက်နိုင်သော ပညာရှင်များက ထိုအထဲမှာမြှုပ်နှံခံခဲ့ရပြီး မည်သည့်သက်ရှိကမှ အသက်ရှင်လျက်ပြန်ထွက်မလာနိုင်ခဲ့ကြပေ။
တစ်နည်းအားဖြင့်ဆိုလျှင် အဝီစိသည် တကယ့်ကိုစဥ်းစားကြည့်၍မရနိုင်သည့် ရတနာသိုက်တစ်ခုဖြစ်၏။ ထိုပညာရှင်များကျန်ရစ်ခဲ့သည့် ရတနာများသက်သက်ကပင် အရေမတွက်နိုင်အောင်ရှိလေသည်။
အစေခံမိန်းကလေးက ပြောလိုက်၏။
“အခု... သူတို့က အဝီစိကို လွတ်လွတ်လပ်လပ်ဝင်နိုင်ထွက်နိုင်ပြီဆိုတော့... ပညာရှင်တွေဘယ်လောက်များများ အဲ့ဒီကို သွားကြမလဲမသိဘူး... အထဲမှာရှိတဲ့ အခွင့်အလမ်းတွေကို ဘယ်သူရမလဲ မသိဘူး”
“အဲ့ဒါက အဲ့လောက်ထိ မရိုးရှင်းဘူး”
ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးက သူမ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။
“အဝီစိကို အနန္တမဟာဧကရာဇ်က တည်ဆောက်ခဲ့တာ... အဲ့ဒါက ဧကရာဇ်ပိုရွှင်းကြောင့် ပျက်စီးထိခိုက်သွားတယ်ဆိုရင်တောင် အဲ့ဒါက သေချာပေါက် ရင်းနှီးဖော်ရွေတဲ့နေရာတစ်ခုမဟုတ်ဘူး”
“အဲ့ဒီမှာ မွေးဖွားပေါ်ထွက်လာတဲ့ ငရဲသက်ရှိတွေကို ခုခံနိုင်တဲ့သူများများစားစားမရှိဘူး”
အစေခံမိန်းကလေးက လွှတ်ခနဲမေးလိုက်၏။
“ဘာငရဲသက်ရှိတွေလဲ”
ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးက ရှင်းပြမနေပေ။ သူမက သူမ၏ လက်ထဲရှိ ရှေးဟောင်းစာအုပ်ကိုပိတ်ပြီး အဲ့ဒါကို သူမဘေးမှာရှိသော ဝါးကုလားထိုင်ပေါ်တင်လိုက်၏။ ရှေးဟောင်းစာအုပ်၏ ရှေ့မျက်နှာမှာ ‘အနန္တခေတ်’ ဟူသော စာလုံးများကို ရေးထိုးထားလေသည်။
ဤစာအုပ်သည် ကျင့်ကြံရေးနည်းစနစ်တစ်ခု သို့မဟုတ် လျှို့ဝှက်အတတ်တစ်ခုမဟုတ်ပေ။ အဲ့ဒါသည် အနန္တခေတ်အတွင်း အထက်ဘုံလောက၏ ကြီးကြီးမားမားကိစ္စများစွာနှင့် ပညာရှင်တချို့၏ ဒဏ္ဍာရီများကို မှတ်တမ်းတင်ထားသော အတ္ထုပတ္တိတစ်ခုဖြစ်လေသည်။
သူတို့ကြားမှာ အကျော်ကြားဆုံးသည် ခေတ်တစ်ခေတ်ကိုတည်ထောင်ခဲ့သည့် အနန္တမဟာဧကရာဇ်ဖြစ်လေသည်။
ထို့ကြောင့် အနန္တမဟာဧကရာဇ်အပေါ် ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီး၏ နားလည်သဘောပေါက်မှုက အခြားသူများထက် များစွာသာလွန်လေသည်။
ရိုးရှင်းသောဝတ်စုံဝတ် အမျိုးသမီးက မတ်တတ်ထရပ်ပြီး ခေါက်တုံ့ခေါက်ပြန်လျှောက်ကာ လေးနက်စွာဖြင့် တီးတိုးရေရွတ်နေ၏။
“ဒါနဲ့ပတ်သက်ပြီး တစ်ခုခုထူးဆန်းနေတယ်”
“ရှင်ဘာကိုဆိုလိုတာလဲ... အဲ့ဒါနဲ့ပတ်သက်ပြီး ဘာကထူးဆန်းနေတာလဲ”
အစေခံမိန်းကလေးက ထပ်မံ၍ မေးလိုက်၏။
ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးက မျက်မှောင်ကြုတ်လိုက်၏။
“ဒါက... လွန်ခဲ့တဲ့နှစ်တစ်ထောင်ကဖြစ်ပွားခဲ့တာပဲ... သတင်းက ဘာလို့အခုမှ ပေါ်ထွက်လာရတာလဲ”
“ဧကရာဇ်ပိုရွှင်း ပေါ်ထွက်လာတဲ့ကိစ္စက သေးငယ်တဲ့ကိစ္စမဟုတ်ဘူး... သက်ရောက်မှုတွေက အရမ်းကိုကြီးမားလို့ ဒီသတင်းကို သုခဘုံသန့်စင်ကုန်းမြေက ဖုံးဖိထားတာဖြစ်ရမယ်”
အစေခံမိန်းကလေးက ပြန်ဖြေပေးလိုက်၏။
“ဒီသတင်းကို ဖုံးဖိထားတာဆိုရင်... အဲ့ဒါက ဘာလို့အခု ရုတ်တရက် ပျံ့နှံ့လာရတာလဲ”
ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးက ထပ်မံ၍ မေးလိုက်၏။
အစေခံမိန်းကလေးက သူမ၏ ပုခုံးကိုတွန့်ပြီး ခေါင်းခါပြလိုက်၏။
ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးက ဆက်ပြောလိုက်၏။
“နောက်ပြီး ဘာပဲပြောပြော အဲ့ဒါက အဝီစိပဲ.. အဲ့ဒါက မဟာဧကရာဇ်တွေတောင်မှ စိုးရိမ်ပူပန်ရတဲ့ တားမြစ်ကုန်းမြေတစ်ခုပဲ... အဲ့ဒါက ဘာပြဿနာမှမရှိဘဲ ဒီလောက်နှစ်တွေအကြာကြီး တည်ရှိလာခဲ့တာ.. အဲ့ဒါက ဧကရာဇ်ပိုရွှင်းရဲ့စွမ်းအားကြောင့် ဘယ်လိုလုပ် ပျက်စီးထိခိုက်နိုင်ပါ့မလဲ”
အစေခံမိန်းကလေးက ပြောလိုက်၏။
“အဲ့ဒါက အရမ်းကိုကြာသွားခဲ့လို့ အချိန်ရဲ့တိုက်စားမှုဒဏ်ကို ခံနိုင်ရည်မရှိတော့တာလဲ ဖြစ်ကောင်းဖြစ်နိုင်တယ်”
ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးက သူမ၏ ခေါင်းကို ညင်သာစွာ ခါလိုက်၏။ သူမက စကားပြောမည့်ဆဲဆဲမှာပင် သူမက တစ်စုံတစ်ရာကိုတွေးမိသွားသည့်အလား ရင်တစ်ချက်ထိတ်သွား၏။
“ငရဲဖိနှိမ်မီးဖိုက ဟိုလူ့ရဲ့လက်ထဲမှာဆိုတော့... အဝီစိမှာ ငရဲဖိနှိမ်မီးဖိုမရှိဘူးဆိုတဲ့သဘောပေါ့”
ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးက သူမဘာသာသူမ တီးတိုးရေရွတ်လိုက်၏။
“ဒီလိုမျိုးဆိုရင် ဧကရာဇ်ပိုရွှင်းထွက်လာပြီးတဲ့နောက် အဝီစိမှာ အက်ကွဲကြောင်းတွေပေါ်ထွက်လာတာ အဓိပ္ပါယ်ရှိသွားပြီ”
“မင်းသမီး... ရှင်က ဘာအကြောင်းကို ပြောနေတာလဲ”
အစေခံမိန်းကလေးက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်၏။
“ငရဲဖိနှိမ်မီးဖိုဆိုတာ ဘာလဲ... ဟိုလူကရော ဘယ်သူလဲ”
“ဘာရယ်မဟုတ်ပါဘူး”
ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးက စကားလမ်းကြောင်းပြောင်းပြီး မေးလိုက်၏။
“ယွင်ထင်က တံခါးပိတ်ကျင့်ကြံနေတုန်းပဲလား”
“ဟုတ်ပါတယ်”
အစေခံမိန်းကလေးက ခေါင်းညိတ်ပြလိုက်၏။
ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးက လေးနက်စွာဖြင့်ပြောလိုက်၏။
“ငါက... သုခဘုံသန့်စင်ကုန်းမြေကို သွားဖို့ပြင်တော့မယ်... သူတံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာမယ်ဆိုရင် သူ့ကို ဒီအကြောင်းမပြောနဲ့”
“အာ...”
အစေခံမိန်းကလေးက သူမ၏ ငေးငိုင်ရာကနေ နိုးထလာပြီး အံ့အားတသင့် ပြောဆိုလိုက်၏။
“မင်းသမီး... ရှင်က အဝီစိကိုသွားဦးမလို့လား.. အဲ့ဒါက အရမ်းကိုအန္တရာယ်များတယ်လို့ ရှင်အခုပဲ ပြောခဲ့တာမဟုတ်ဘူးလား”
“အဲ့ဒါက အန္တရာယ်များတယ်ဆိုတာ တကယ်ပဲ... ဒါပေမဲ့ ငါအဲ့ဒီကို သွားရဦးမယ်”
ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးက ပြောလိုက်၏။
“အနန္တမဟာဧကရာဇ်ရဲ့ ဘဝနဲ့ပတ်သက်ပြီး ငါ့မှာ သိချင်တာ ဒွိဟဖြစ်နေတာတွေရှိတယ်... ငါကအဝီစိကိုရောက်မှပဲ အဖြေကိုရှာတွေ့နိုင်လိမ့်မယ်”
အစေခံမိန်းကလေးက စိုးရိမ်ပူပန်သောအမူအရာဖြင့်ပြောလိုက်၏။
“မင်းသမီး... ဒီတစ်ခေါက် ကျေးဇူးပြုပြီး တခြားသူတွေကို ခေါ်သွားပါ”
“မလိုတော့ဘူး... ငါအဲ့ဒီကို တစ်ယောက်တည်းသွားမယ်”
ရိုးရှင်းသောဝတ်ဆုံဝတ်အမျိုးသမီးက ပြောလိုက်၏။
“ငါက... အဝီစိလိုနေရာမျိုးမှာ အန္တရာယ်နဲ့တကယ်တမ်း ကြုံတွေ့ရမယ်ဆိုရင် ငါ့ဘေးမှာ လူဘယ်လောက်ပဲရှိရှိ အလကားပဲ... ငါကသူတို့ကို အလကားသက်သက် သေစေရုံပဲရှိလိမ့်မယ်”
“ဒါပေမဲ့... သတင်းကပျံ့နှံ့သွားတာနဲ့ ပညာရှင်တွေက အဲ့ဒီကိုစုဝေးရောက်ရှိလာလိမ့်မယ်... အဲ့ဒီအချိန်ကျရင် သူတို့က ရတနာတွေအတွက် တိုက်ခိုက်ကြတဲ့အခါ ဘယ်လိုပဋိပက္ခတွေပေါ်ထွက်လာမလဲ မသိနိုင်ဘူး... အဲ့ဒါက အရမ်းကိုအန္တရာယ်များလွန်းတယ်” အစေခံမိန်းကလေးက ဆက်ပြောလိုက်၏။
“ဘာပဲဖြစ်ဖြစ် အဝီစိက သမိုင်းမှာ အန္တရာယ်အများဆုံး တားမြစ်ကုန်းမြေတွေထဲကတစ်ခုပဲ... ဧကရာဇ်အဆင့်နယ်ပယ်မှာဆိုရင်... သူတို့မှာ အရမ်းကိုရှည်လျားတဲ့ ဘဝသက်တမ်းရှိတယ် သူတို့က ဒီလိုမျိုးရတနာတွေကို စိတ်မဝင်စားကြတော့ဘူး”
ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးက အလွန်တရာတည်ငြိမ်နေပြီး ဝေဖန်ဆန်းစစ်ပြလိုက်၏။
“အဲ့ဒါကြောင့် သူတို့က အန္တရာယ်ကိုစွန့်စားပြီး ကိုယ်တိုင်ဝင်ရောက်လာမှာမဟုတ်ဘူး”
“အင်မော်တယ်ဘုရင်ပညာရှင်တွေကတော့... သူတို့ကလည်းဝင်လာဖို့ အလောတကြီးရှိနေမှာမဟုတ်ဘူး... သူတို့က မဆင်မခြင်မပြုမူဘဲနဲ့ စောင့်ကြည့်နေဖို့များတယ်”
“ဒီတစ်ခေါက် အဝီစိကိုဝင်ရောက်မယ့် ကျင့်ကြံသူတွေက ကောင်းကင်အင်မော်တယ်တွေနဲ့ ပကတိအင်မော်တယ်ပညာရှင်တွေဖြစ်လိမ့်မယ်လို့ ငါထင်တယ်”
“ငါ့ရဲ့အဆင့်မှာဆိုရင် ငါက... ဘာကိုမှ ကြောက်နေမှာမဟုတ်ဘူး... ငါကသူတို့ကိုမနိုင်ဘူးဆိုရင် မထိမခိုက်လွတ်အောင်ထွက်ပြေးနိုင်တယ်”
ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးက အဝီစိကိုသွားဖို့ ဆုံးဖြတ်ချက်ချခဲ့သော်လည်း သူမက မဆင်မခြင်ပြုလုပ်နေခြင်းမဟုတ်ပေ။
သူမသည် လှုပ်ရှားမှုမပြုလုပ်မီ အန္တရာယ်များနှင့် ဖြစ်နိုင်ခြေရှိသော အခြေအနေများကို ဝေဖန်ဆန်းစစ်ခဲ့ပြီးပြီဖြစ်၏။
ဒါ့အပြင် သူမသည် အနန္တမဟာဧကရာဇ်အကြောင်း များစွာသိရှိထားလေသည်။ ထို့ကြောင့်ပင် သူမမှာ ယုံကြည်မှုရှိနေ၏။
ဘေးမှာရှိသော အစေခံမိန်းကလေးက စိုးရိမ်ပူပန်နေဆဲဖြစ်သည်ကို ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးတွေ့မြင်သောအခါ သူမက ပြုံးပြလိုက်၏။
“မပူပါနဲ့... ငါက အနန္တမဟာဧကရာဇ်နဲ့ပတ်သက်တဲ့ အဖြေတချို့ကို ရှာဖွေချင်ရုံပဲ... ငါက ရတနာတွေအတွက် သူတို့နဲ့ တိုက်ခိုက်မှာ မဟုတ်ဘူး”
“သူတို့က ရတနာတွေအတွက် လောဘတက်ပြီး တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်ကြမယ်ဆိုရင်တောင် အဲ့ဒါက ငါနဲ့ဘာမှမဆိုင်ဘူး”
.........
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၊ အမွေခံကုန်းမြေတွင်...။
အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်က လိုဏ်ဂူခန်းဝတစ်ခုရှေ့မှာ မတ်တတ်ရပ်နေကြ၏။ အဝေးကနေကြည့်လျှင် သူတို့က လိုက်ဖက်သော စုံတွဲတစ်တွဲနှင့် တူလေသည်။
အမျိုးသား၏ ပုံရိပ်က မြင့်မား၍ ဖြောင့်တန်းနေ၏။ သူသည် ထက်ရှသောအနားစောင်းတစ်ခုနှင့်အတူ ထုတ်ဖော်ထားသော ဓားတစ်လက်နှင့်တူလေသည်။ သူ၏ အကြည့်က ခပ်ဖျော့ဖျော့အေးစက်အလင်းတစ်ခုဖြင့် ထက်ရှနေပြီး သူ့မှာ တစ်မူထူးခြားသောအော်ရာတစ်ခုရှိလေသည်။
အမျိုးသမီးမှာ နတ်မိမယ်တစ်ပါးကဲ့သို့ ရုပ်ရည်သွင်ပြင်ရှိပြီး လေအဝေ့မှာ သူမ၏ အင်္ကျီစက တဖျပ်ဖျပ်လွင့်နေပြီး သူမက တိတ်တဆိတ်မတ်တတ်ရပ်နေ၏။
သူမသည် ဘေးပတ်ဝန်းကျင်မှာရှိသော သစ်ပင်ဝါးပင်များ၊ အဝေးမှာရှိသောတောင်တန်းများ၊ ကောင်းကင်ထက်မှာရှိသော တိမ်စိုင်များနှင့် သူမ၏ ပခုံးပေါ်မှာ နားခိုနေသော လိပ်ပြာများနှင့်အတူ အလွန်တရာပနံသင့်နေ၏။ အဲ့ဒါသည် ဖော်မပြတတ်အောင်လှပသော ပန်းချီကားတစ်ချပ်ကဲ့သို့ ဖြစ်ပေါ်နေ၏။
အမျိုးသားသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ အမွေခံတပည့်တစ်ယောက် ဓားအင်မော်တယ်ယွဲ့ဟွားဖြစ်လေသည်။
အမျိုးသမီးက ပန်းချီအင်မော်တယ်မိုချင်ပင်ဖြစ်လေသည်။
“ဂျူနီယာညီမ... နင်အဝီစိကိုသွားဖို့ ဘာလို့အဲ့လောက်ထိခေါင်းမာပြီး မရမကဖြစ်နေတာလဲ”
ဓားအင်မော်တယ်ယွဲ့ဟွားက မျက်မှောင်ကြုတ်လိုက်၏။
“အဝီစိက အရမ်းကို အန္တရာယ်များလွန်းတယ်... အဲ့ဒီမှာ အက်ကွဲကြောင်းတွေရှိနေတယ်ဆိုရင်တောင် နင်က အဲ့ဒီထဲကိုဝင်ရင် သေရဖို့များတယ်... နင့်ရဲ့အဆင့်အတန်းရဲ့ မြင့်မြတ်မှုနဲ့ဆို... နင့်အနေနဲ့ ဒီလိုမျိုးကြီးမားတဲ့အန္တရာယ်ကို စွန့်စားစရာမလိုပါဘူး”
နတ်မိမယ်မိုချင်က မှင်သေသေအမူအရာတစ်ခုနှင့်အတူ အသံတိတ်နေ၏။
ဓားအင်မော်တယ်ယွဲ့ဟွားက ဆက်ပြောလိုက်၏။
“ဂျူနီယာညီမ... နင်လိုချင်တာတစ်ခုခုရှိတယ်ဆိုရင်... အဲ့ဒါကို ပြောလိုက်စမ်းပါ.. ငါအဲ့ဒါကိုရအောင် သေချာပေါက်အတတ်နိုင်ဆုံး ကြိုးစားပေးမယ်”
“ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုယွဲ့ဟွား”
“အဲ့ဒါဘာလဲ... ငါ့ကိုသာပြောစမ်းပါ”
ဓားအင်မော်တယ်ယွဲ့ဟွားက ဝင့်ကြွားစွာဖြင့်ပြောလိုက်၏။
နတ်မိမယ်မိုချင်က ပြောလာခဲ့လေသည်။
“အဲ့ဒါက စီနီယာ ယူတျောင်ဇီရဲ့ နတ်ဘုရားတစ္ဆေအင်မော်တယ်မိစ္ဆာပန်းချီကားပဲ”
ဓားအင်မော်တယ်ယွဲ့ဟွား၏ အမူအရာက တောင့်တင်းသွား၏။
နတ်မိမယ်မိုချင်က ဆက်ပြောလိုက်၏။
“ယူတျောင်ဇီက တစ်ခါတုန်းက တက္ကသိုလ်က စီနီယာတစ်ဦးပဲ... နတ်ဘုရားတစ္ဆေအင်မော်တယ်မိစ္တာပန်းချီကားမှာ သူ့ရဲ့ အပြောင်မြောက်ဆုံးလက်ရာလေးခုပါတယ်... အဲ့ဒီမှာ သူ့ရဲ့ ပုံဆွဲနည်းစနစ်တွေနဲ့ ပန်းချီတာအိုလည်း ပါဝင်နေတယ်”
“တကယ်တော့... အရင်တုန်းက ကျွန်မတက္ကသိုလ်ကိုဝင်ရောက်ခဲ့တဲ့ အဓိကအကြောင်းအရင်းက ကျွန်မက ယူတျောင်ဇီရဲ့ပန်းချီကားတွေကို နှစ်သက်သဘောကျလို့ပဲ”
“ဒါပေမဲ့... သူကသေသွားခဲ့တာ နှစ်ပေါင်းများစွာ ကြာသွားခဲ့ပြီ နတ်ဘုရားတစ္ဆေအင်မော်တယ်မိစ္တာပန်းချီကားကလဲ ပျောက်ဆုံးသွားတာကြာခဲ့ပြီ”
ဓားအင်မော်တယ်ယွဲ့ဟွားက ဘာမှမတတ်နိုင်သောပုံစံဖြင့်ပြောလိုက်၏။
“လောကမှာ ပန်းချီကားတွေမရေမတွက်နိုင်အောင်ရှိတာပဲ.. နင့်အတွက် ငါတခြားလက်ရာကောင်းတွေကို ရှာပေးနိုင်တယ်”
“အဲ့လိုလုပ်စရာမလိုပါဘူး”
နတ်မိမယ်မိုချင်က သူမ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။
“အရင်တုန်းက စတုတ္ထမြောက်တစ္ဆေကားချပ်ကို ပြီးမြောက်ဖို့ စီနီယာယူတျောင်ဇီက အဝီစိကိုသွားရောက်ခဲ့တယ်... သူက အဲ့ဒီကနေ ပြန်ထွက်မလာနိုင်ဘဲ အထဲမှာသေဆုံးခဲ့ရတယ်... ဒီလိုနဲ့ နတ်ဘုရားတစ္ဆေအင်မော်တယ်မိစ္ဆာပန်းချီကားက အဲ့ဒီထဲမှာ ရှိနေလိမ့်မယ်”