← Chapters

သွေးလိပ်ပြာဒဏ္ဍာရီ

Vol. 155 Ch. 2318

သွေးလိပ်ပြာဒဏ္ဍာရီ

Vol. 155 Ch. 2318

ဓားအင်မော်တယ်ယွဲ့ဟွားသည် နတ်မိမယ်မိုချင်၏ ဆုံးဖြတ်ချက်ပြတ်သားမှုကိုတွေ့ရသောအခါ သူ၏ အမူအရာက ညိုမည်းသွားပြီး သူ၏ မျက်လုံးထဲတွင် သုန်မှုန်သည့်အကြည့်တစ်ခု ဖျတ်ခနဲပေါ်ထွက်လာ၏။

နတ်မိမယ်မိုချင်သည် သူ၏ စိတ်သဘောထားကို သေချာပေါက်သိလိမ့်မည်ဟု သူယုံကြည်လေသည်။

သို့သော်လည်း နှစ်ပေါင်းများစွာကြာပြီးတာတောင် ဤဂျူနီယာညီမသည် သူ့အပေါ်မှာ အမြဲတမ်းစိမ်းသက်နေခဲ့ပြီး တစ်ဂိုဏ်းတည်းသားချင်းအဖြစ် ယဉ်ကျေးပျူငှာမှုကိုသာ ထိန်းသိမ်းထားလေသည်။ သူတို့၏ ဆက်ဆံရေးက နောက်တစ်ဆင့်ကိုတက်ဖို့ လုံးဝအခွင့်အရေးမရှိပေ။

ဓားအင်မော်တယ်ယွဲ့ဟွားသည် မိုချင်၏ စိတ်နေစရိုက်ကို တွေးမိချိန်မှာ သူက အလောတကြီးမရှိဘဲ သူမကို ဖိအားမပေးခဲ့ပေ။ သို့သော်လည်း ဤနှစ်များမှာ နတ်မိမယ်မိုချင်နှင့် ယန်လောရှုနှင့် ပတ်သက်သည့် ကောလာဟလများက နေရာတိုင်းမှာ ပျံ့နှံ့နေခဲ့ပြီး ဓားအင်မော်တယ်ယွဲ့ဟွားကို အလွန်တရာစိတ်အနှောက်အယှက်ဖြစ်စေလေသည်။

သူ၏ စိတ်ရှည်နိုင်မှုကလည်း တဖြည်းဖြည်းကုန်ဆုံးလာခဲ့၏။

သူသည် ဆက်လက်၍မစောင့်ဆိုင်းလိုတော့ပေ။ ဓားအင်မော်တယ်ယွဲ့ဟွားသည် ကိုယ်ကိုလှည့်ပြီး နတ်မိမယ်မိုချင်၏ ရှေ့တည့်တည့်မှာ မတ်တတ်ရပ်လိုက်၏။

သူက သူမကို ကြင်နာယုယစွာကြည့်ပြီး ညင်သာစွာပြောလိုက်၏။

“ဂျူနီယာညီမ ဒီနှစ်တွေထဲမှာ နင်နဲ့ပတ်သက်တဲ့ မကောင်းတဲ့ကောလာဟလတွေအများကြီးက အပြင်လောကမှာ ပျံ့နှံ့နေတယ်... ငါက နင့်အတွက်အရမ်းကို စိတ်တိုရပြီး ရင်ထဲမှာနာကျင်ရတယ်”

“အဲ့ဒါကို ဖြေရှင်းလို့ရမယ့် နည်းလမ်းတစ်ခုတော့ရှိတယ်”

“ငါတို့တွေက ငါတို့ရဲ့ဆရာကို ဝင်ပါခိုင်းပြီး တာအိုလက်တွဲဖော်တွေအဖြစ် ငါတို့ရဲ့မင်္ဂလာပွဲကို ကျင်းပခိုင်းလိုက်မယ်ဆိုရင် ငါတို့က အဲ့ဒါကို တစ်လောကလုံးဆီ ထုတ်ဖော်ကြေညာလို့ရပြီ... အဲ့ဒါဆိုရင် ငါတို့က နင့်ရဲ့နာမည်ကို ရှင်းလင်းပေးနိုင်မယ်... အဲ့ဒီကောလာဟလတွေကလည်း ပျောက်ကွယ်သွားလိမ့်မယ်”

နတ်မိမယ်မိုချင်က ညင်သာစွာပြုံးပြလိုက်၏။

“အခုလိုစေတနာထားတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုယွဲ့ဟွား... ဒါပေမဲ့ အဲ့လိုလုပ်စရာမလိုပါဘူး”

“ကျွန်မက အပြင်လောကကို သိပ်ထွက်လေ့မရှိဘူး... ကျွန်မက တောင်တန်းတွေ၊ မြစ်ကမ်းပါးတွေမှာပဲ ပန်းချီဆွဲနေတတ်တာ... အပြင်ဘက်မှာ ကောလာဟလတွေဘယ်လိုပဲထွက်ထွက် ကျွန်မဂရုမစိုက်ဘူး...ကျွန်မမှာ ရိုးသားမှုရှိတယ်”

နတ်မိမယ်မိုချင်က သူမ၏ စိတ်သဘောထားကို အလွန်တရာရှင်းလင်းစွာပြသလိုက်၏။

ဓားအင်မော်တယ်ယွဲ့ဟွားက မာန်မာနကြီးလေသည်။ သူ့အနေဖြင့် သူ၏ စိတ်သဘောထားကို အရင်စ၍ဖော်ပြခဲ့သည်မှာ ရှားရှားပါးပါးဖြစ်နေလေပြီ။ ယခုသူက ငြင်းပယ်ခံလိုက်ရပြီး သူ့အနေဖြင့် ဆက်လက်၍ နားပူနားဆာလုပ်နေဖို့ မကောင်းတော့ပေ။

ဓားအင်မော်တယ်ယွဲ့ဟွားက ခဏမျှငြိမ်သက်သွားပြီးနောက် ရုတ်တရက်အေးစက်စွာမေးလိုက်၏။

“ဂျူနီယာညီမ... နင်က နတ်ဘုရားတစ်စ္ဆေအင်မော်တယ်မိစ္ဆာပန်းချီကားအတွက် အဝီစိကိုသွားမယ်ဆိုတာ တကယ်ပဲလား”

“တကယ်ပေါ့”

နတ်မိမယ်မိုချင်က အနည်းငယ်အံ့အားသင့်သွားပြီးမေးလိုက်၏။

“စီနီယာအစ်ကိုယွဲ့ဟွား... ရှင်က တခြားဘာစဉ်းစားမိလို့လဲ”

“ဟင်းဟင်း...”

ဓားအင်မော်တယ်ယွဲ့ဟွားက ခပ်လှမ်းလှမ်းတောအုပ်ကိုလှမ်းကြည့်ပြီး သရော်တော်တော်ဟန်ဖြင့်ပြုံးကာ သာမန်ကာလျှံကာပြောလိုက်၏။

“ဘာရယ်မဟုတ်ပါဘူး”

“နင်က ဆုံးဖြတ်ချက်ချပြီးပြီဆိုမှတော့... ငါနင့်ကို ထပ်ပြီးမဖျောင်းဖျတော့ပါဘူး... နင်ဘေးကင်းကင်းနဲ့ပြန်လာဖို့ပဲ ငါဆုတောင်းပေးတော့မယ်”

ဓားအင်မော်တယ်ယွဲ့ဟွားက သူ၏ လက်သီးနှစ်ဖက်ကို ယှက်ပြ၍ နောက်ထပ်စကားတစ်ခွန်းပြောပြီးနောက် သူ၏ အင်္ကျီလက်စကို ဝေ့ယမ်းကာ အမူအရာကင်းမဲ့စွာဖြင့် ထွက်ခွာသွား၏။

နတ်မိမယ်မိုချင်က ဓားအင်မော်တယ်ယွဲ့ဟွား၏ နောက်ကျောကို ကြည့်ပြီး ကြိတ်၍သက်ပြင်းချလိုက်၏။

သူမက ရိုးအသော်လည်း သူမသည် ဓားအင်မော်တယ်ယွဲ့ဟွား၏ စိတ်သဘောထားကို ခံစားမိနိုင်၏။

သို့သော်လည်း သူမသည် ဓားအင်မော်တယ်ယွဲ့ဟွားကို သူမ၏ တစ်ဂိုဏ်းတည်းသား စီနီယာအစ်ကိုအဖြစ်သာ အမြဲတမ်းသတ်မှတ်ထားခဲ့လေသည်။

ယခု... သူမသည် စီနီယာအစ်ကိုယွဲ့ဟွားကို ငြင်းပယ်ခဲ့ပြီး သူက အလွန်တရာစိတ်ထိခိုက်၍ စိတ်ပျက်လက်ပျက် ဖြစ်သွားပေလိမ့်မည်။

ထိုသို့အတွေးဖြင့် နတ်မိမယ်မိုချင်က တွေဝေရှုပ်ထွေးမှုကို ခံစားလိုက်ရ၏။

“လိပ်ပြာလေး... ငါလုပ်တာမှားသွားပြီလား”

နတ်မိမယ်မိုချင်က သူမ၏ ခေါင်းကို အနည်းငယ်ငုံ့ပြီး တီးတိုးရေရွတ်လိုက်၏။

“စီနီယာအစ်ကိုယွဲ့ဟွားက ငါနဲ့ပေါင်းဖက်ဖို့ကံပါလာတဲ့လူဖြစ်ချင်ဖြစ်မှာ... ငါက သူ့ရဲ့တာအိုလက်တွဲဖော် ဖြစ်လာနိုင်မလား... တကယ်တော့ စီနီယာအစ်ကိုယွဲ့ဟွားကလည်း ဆိုးတဲ့သူတော့မဟုတ်ပါဘူး”

“သူက ဆိုးတာပေါ့... သူက ကြောင်သူတော်ပဲ”

လိပ်ပြာလေး၏ အသံက အထင်အမြင်သေးစွာဖြင့် ကြွပ်ဆတ်ဆတ်ထွက်ပေါ်လာ၏။

“နင်က အဝီစိကို တစ်ယောက်တည်းသွားမယ်ဆိုတာကို သူသိနေတာတောင် သူကနင်နဲ့အတူ အဖော်အဖြစ်လိုက်ပါမလာရဲဘူး”

“တစ်ယောက်ယောက်က နင့်ကိုတကယ်ပဲဂရုစိုက်တယ်ဆိုရင်... သူက နင့်ကိုအန္တရာယ်များတဲ့နေရာဆီ.. တစ်ယောက်တည်း ဘယ်လွှတ်ပါ့မလဲ”

နတ်မိမယ်မိုချင်က သူမ၏ ခေါင်းကို ညင်သာစွာခါလိုက်၏။

“အဲ့ဒါက သူ့အမှားတော့မဟုတ်ဘူး... ငါတို့တွေက ဘာပဲပြောပြော တစ်ဂိုဏ်းတည်းသားချင်းတွေဆိုတာလောက်ပဲ... ငါက တခြားသူတွေကို ငါ့အတွက် အန္တရာယ်ကိုစွန့်စားမပေးစေချင်ပါဘူး”

“ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီလူက မကောင်းဘူး”

လိပ်ပြာလေးက ကြွပ်ဆတ်ဆတ်​ဖြင့်ပြောလိုက်၏။

ခဏမျှငြိမ်သက်ပြီးနောက် နတ်မိမယ်မိုချင်က ငေးငိုင်နေသောအမူအရာဖြင့် အဝေးတစ်နေရာကိုငေးကြည့်ကာ ညင်သာစွာမေးလိုက်၏။

“အချစ်ဆိုတာဘာလဲ... ငါအဲ့ဒါကို ဘာလို့အာရုံမခံမိနိုင်တာလဲ”

“နင်က နေ့စဥ်နေ့တိုင်း ပန်းချီပညာမှာပဲနစ်မျောနေပြီးတော့ တခြားသူတွေနဲ့ ထိတွေ့ဆက်ဆံမှုမှမရှိတာ အဲ့ဒီတော့ နင်က မော်တယ်လောကရဲ့ ချစ်ခြင်းမေတ္တာနဲ့ နှောင်ဖွဲ့တွယ်တာမှုတွေကို ဘယ်ခံစားမိနိုင်ပါ့မလဲ”

အတွေ့အကြုံရှိနေသည့်ပုံစံဖြင့် လိပ်ပြာလေးက ပြောလိုက်၏။

“နင်က... တခြားကျင့်ကြံသူတွေနဲ့ ဒီထက်ပိုပြီး လှုပ်ရှားသွားလာဖြစ်မယ်ဆိုရင် နင်က နင်သဘောကျတဲ့တစ်ယောက်ယောက်နဲ့ သေချာပေါက် ကြုံတွေ့ရလိမ့်မယ်”

“ငါသဘောကျတဲ့လူလား”

နတ်မိမယ်မိုချင်က စဥ်းစားမရသည့်ပုံစံဖြင့် သူမ၏ ခေါင်းကို အနည်းငယ်စောင်းငဲ့လိုက်၏။

သူမသည် တောင်တန်းများ၊ မြစ်များ၊ အပင်များနှင့် ပန်းချီကားများကိုသာ နှစ်သက်သဘောကျလေသည်။

သူမသည် မည်သူ့ကိုမှ သဘောမကျခဲ့သလို အဲ့ဒါက ဘယ်လိုခံစားချက်လဲ သူမ မသိပေ။

“အဲ့ဒါက နင့်ရဲ့နှလုံးသားကို လှုပ်ရှားယိမ်းယိုင်အောင်ပြုလုပ်နိုင်တဲ့တစ်ယောက်ယောက်ကိုပြောတာပဲ “

လိပ်ပြာလေးက ရှင်းပြလိုက်၏။

“နင်က နင့်ကိုရင်တထိတ်ထိတ်ခံစားရအောင်ပြုလုပ်နိုင်တဲ့ တစ်ယောက်ယောက်နဲ့ တွေ့ဆုံနိုင်မယ်ဆိုရင် နင်က သူ့ကို နေ့နေ့ညည လွမ်းဆွတ်သတိရနေလိမ့်မယ်... အဲ့ဒါက နင်သဘောကျနေတဲ့သူပဲ”

နတ်မိမယ်မိုချင်က ဂရုတစိုက်ပြန်လည်စဥ်းစားကြည့်လိုက်၏။ သူမကျင့်ကြံမှု၏ ဤအဆင့်ထိ သူမသည် သူမ၏ နှလုံးသားကို လှုပ်ရှားယိမ်းယိုင်အောင်ပြုလုပ်နိုင်သူတစ်ဦးဦးနှင့် တကယ်ပင်မတွေ့ဆုံဖူးပေ။

သို့သော်လည်း သူမ၏ စိတ်ကိုလှုပ်ရှားစေသည့် ပန်းချီကားများစွာရှိလေသည်။

“လိပ်ပြာလေး... နင့်မှာရော နင်သဘောကျတဲ့သူတစ်ယောက်ယောက်ရှိနေလို့လား... နင်ဘာလို့အဲ့လောက်အများကြီးသိနေတာလဲ”

နတ်မိမယ်မိုချင်က ပြုံး၍မေးလိုက်၏။

“ငါ့မှာ မရှိပါဘူး”

လိပ်ပြာလေးက ပြန်ဖြေလိုက်၏။

“ငါက အဲ့ဒါကို တခြားသူတွေဆီက ကြားဖူးထားရုံပါပဲ”

နတ်မိမယ်မိုချင်က ပြုံးပြီး လိပ်ပြာလေးနှင့် ခဏမျှစကားပြောဆိုပြီးနောက် သူမ၏ ခံစားချက်များက ပို၍ကောင်းမွန်လာ၏။

ပုံမှန်အားဖြင့် သူမသည် မည်သည့်အစေခံမှမထားဘဲ တစ်ယောက်တည်းနေထိုင်၍ ကျင့်ကြံတတ်လေသည်။ သူမသည် တစ်ယောက်တည်းနေရသည်နှင့် အသားကျနေခဲ့ပြီဖြစ်ပြီး တိတ်ဆိတ်ငြိမ်သက်နေသည့်ခံစားချက်ကို သဘောကျလေသည်။

ဤနှစ်များမှာ လိပ်ပြာလေးသည် သူမကို အဖော်ပြုပေးလာပြီး ထိုသူက အနည်းငယ်စကားများသော်လည်း သူမကို အခါများစွာ ပြုံးပျော်စေလေသည်။

“ဒါနဲ့... လိပ်ပြာလေး နင်ငါ့ကိုရှင်းမပြရသေးတဲ့ အရာတစ်ခုရှိတယ်”

နတ်မိမယ်မိုချင်က အပြစ်တင်လိုဟန်ဖြင့်မေးလိုက်၏။

“နင်ဘာလို့အတွင်းဂိုဏ်းကို ရောက်ရောက်သွားတတ်တာလဲ”

သူမသည် ဤရေခဲလိပ်ပြာကို ကယ်တင်ခဲ့ပြီးနောက် ထိုသူသည် လူတိုင်းအပေါ် အေးစက်စွာပြုမူနေခဲ့လေသည်။

သို့သော်လည်း သူမခြွင်းချက်ထားသည့် အတွင်းဂိုဏ်းတပည့်တစ်ယောက်ရှိလေသည်။

ထိုအတွင်းဂိုဏ်းတပည့်ကို သူမ၏ ဆရာက အမည်ခံတပည့်အဖြစ် လက်ခံပြီးသွားပြီဟု ဆိုလေသည်။ သူက ပကတိဧကနယ်ပယ်သို့ ဝင်ရောက်လာသည်နှင့် သူသည် သူမဆရာ၏ အစစ်အမှန်တပည့်ဖြစ်လာပြီး သူမ၏ ဂျူနီယာမောင်လေး ဖြစ်လာပေလိမ့်မည်။

“အဲ့ဒီလူမှာ အရမ်းကိုရင်းနှီးတယ်လို့ခံစားရတဲ့ အော်ရာတစ်ခုရှိနေတယ်”

လိပ်ပြာလေးက တွေဝေတုံ့ဆိုင်းစွာဖြင့် ပြောလိုက်၏။

“နင်သူ့ကိုသဘောကျနေပြီလား... ဟမ်”

နတ်မိမယ်မိုချင်က စနောက်၍မေးလိုက်၏။

“မဟုတ်ပါဘူး”

လိပ်ပြာလေးက အလောတကြီးရှင်းပြလိုက်၏။

“အဲ့ဒီလူမှာ ငါတို့မျိုးနွယ်က သားရဲဧကရီနဲ့ အရမ်းကိုဆင်တူတဲ့အော်ရာတစ်ခုရှိတယ်... အဲ့ဒါက တော်တော်လေး ထူးဆန်းနေတယ်”

“သားရဲဧကရီလား”

နတ်မိမယ်မိုချင်က အံ့အားသင့်သွား၏။

ထိုသူများသည် အထက်ဘုံလောက၏ အထွတ်အထိပ်မှာရပ်တည်နေသော စွမ်းပကားကြီးမားသည့် ပုဂ္ဂိုလ်များဖြစ်လေသည်။

သူတို့သည် တက္ကသိုလ်မှ အတွင်းဂိုဏ်းတပည့်တစ်ယောက်နှင့် ဘယ်လိုလုပ်ဆက်စပ်မှုရှိနေနိုင်ပါ့မလဲ။

ဒါ့အပြင် သူတို့သည် သားရဲမျိုးနွယ်၏ ဧကရာဇ်ပညာရှင်များဖြစ်ပြီး အလွန်တရာဝေးကွာသော မဟာအရိုင်းကမ္ဘာမှာ နေထိုင်ကြလေသည်။

“အဲ့ဒီသားရဲဧကရီက ငါတို့မျိုးနွယ်ရဲ့ ဂုဏ်ယူဖွယ်ရာပဲ... သူက ငါလေးစားရဆုံး.. ချီးကျူးရဆုံးနဲ့ ငါ့ရဲ့စံပြအဖြစ်သတ်မှတ်ထားတဲ့ ပညာရှင်ပဲ... ငါက သူ့အတွက်ဆိုရင် အသက်ကိုပါပေးရဲတယ်”

ဤသားရဲဧကရီအကြောင်းပြောဆိုချိန်မှာ လိပ်ပြာငယ်လေး၏ မျက်လုံးများက အရူးအမူးဖြစ်နေသော အလင်းရောင်များဖြင့် တောက်ပလာပြီး သူမက အရမ်းကို ဂုဏ်ယူဝင့်ကြွားမှုရှိလာ၏။

“ဧကရာဇ်ပညာရှင်တိုင်းက သူတို့မျိုး​နွယ်ဝင်တွေရဲ့ လေးစားမှုကို ခံယူနိုင်ကြတာပါပဲ”

နတ်မိမယ်မိုချင်က ခေါင်းညိတ်လိုက်၏။

“မဟုတ်ဘူး”

လိပ်ပြာလေးက သူမ၏ ခေါင်းကို ခါပြလိုက်၏။

“သူက တခြားဧကရာဇ်တွေနဲ့ မတူဘူး.. သူက ငါတို့သားရဲမျိုးနွယ်ရဲ့ ဂုဏ်ယူဖွယ်ရာနဲ့ မျှော်လင့်ချက်ပဲ... တကယ်ဆိုရင် သားရဲမျိုးနွယ်တစ်ခုလုံးအတွက်လို့တောင် ပြောလို့ရတယ်”

ဘာကြောင့်ရယ်မသိ လိပ်ပြာလေးသည် ဤသားရဲဧကရီအကြောင်းပြောဆိုချိန်မှာ စိတ်ခံစားချက်များ အလွန်တရာမြင့်မားလာပုံရ၏။

“ငါတို့လိပ်ပြာမျိုးနွယ်က မွေးဖွားလာတဲ့အချိန်မှာ အရမ်းကို အားနဲကြတယ်”

လိပ်ပြာလေးက ပြောလိုက်၏။

“လိပ်ပြာပဒေသရာဇ်မျိုးဆက်လို စွမ်းအားကြီးမားတဲ့ မျိုးဆက်သွေးနဲ့ လိပ်ပြာတချို့က ဒီအချိန်အတောအတွင်းမှာပေါ်ထွက်လာခဲ့ပေမယ့် သူတို့က တခြားသက်ရှိတွေနဲ့ မတိုက်ခိုက်နိုင်သေးဘူး”

နတ်မိမယ်မိုချင်က ဤအချက်အလက်များနှင့်ပတ်သက်၍ စိမ်းသက်မနေပေ။

လိပ်ပြာမျိုးနွယ်သည် တကယ်ပင် အားအနည်းဆုံးမျိုးနွယ်ဖြစ်ပြီး လူသားမျိုးနွယ်ထက် များစွာနိမ့်ကျလေသည်။

လိပ်ပြာလေးက ဆက်ပြောလိုက်၏။

“ဒါပေမဲ့... အဲ့ဒီသားရဲဧကရီကတော့ မျိုးနွယ်စုတစ်သောင်းကြားမှာ ငါတို့လိပ်ပြာမျိုးနွယ်ရဲ့အဆင့်အတန်းကို တစ်ယောက်တည်းနဲ့ပြောင်းလဲပေးခဲ့တယ်... သူက မဟာအရိုင်းကမ္ဘာနဲ့ အထက်ဘုံလောကမှာတောင် ငါတို့အတွက် နေရာတစ်ခုကို သိမ်းပိုက်ပေးခဲ့တယ်”

“ငါတို့မျိုးနွယ်မှာ ဒီလိပ်ပြာဧကရီရှီနေသရွေ့ လိပ်ပြာမျိုးနွယ်က ဘယ်တော့မှ အားနည်းတဲ့မျိုးနွယ်ဖြစ်လာတော့မှာ မဟုတ်ဘူး”

နတ်မိမယ်မိုချင်က တုန်လှုပ်နေသောအမူအရာဖြင့် သူမ၏ ပါးစပ်ကို အနည်းငယ်ဖွင့်ဟလိုက်၏။

မျိုးနွယ်စုတစ်သောင်းကြားမှာ မျိုးနွယ်တစ်ခု၏ အဆင့်အတန်းကို တစ်ဦးတည်းပြောင်းလဲပေးနိုင်သည့် တစ်စုံတစ်ယောက်ကို အခြားသောဧကရာဇ်များက တကယ်ပင်ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။

All Chapters