← Chapters

တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာခြင်း

Vol. 155 Ch. 2320

တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာခြင်း

Vol. 155 Ch. 2320

ထန်ပန်၏ စကားလုံးများက ဖန့်ချင်းယွင်ကို ကျေနပ်သဘောကျသွားစေ၏။

တက္ကသိုလ်၏ ဂိုဏ်းချုပ်သည် မနှိုင်းယှဥ်သာအောင် ဉာဏ်ရည်ထက်မြတ်ပြီး လောကရှိအရာရာတိုင်းကို သိမြင်ကာ ကောင်းကင်နှင့်​မြေကြီးကို ထွင်းဖောက်မြင်နိုင်လေသည်။ တက္ကသိုလ်မှ တပည့်တိုင်းနီးပါးက ဂိုဏ်းချုပ်ကို ချီးကျူးကြလေသည်။

အနည်းဆုံးတော့ ထန်ပန်က သူ့ကို ဂိုဏ်းချုပ်နှင့် ယှဥ်လိုက်သည့်အချက်သည် သူက ဂိုဏ်းချုပ်၏ လက်ရင်းတပည့်ဖြစ်ဖို့ သေချာပေါက်အဆင့်မီသည်ဟု အဓိပ္ပါယ်ရ၏။

တကယ်တော့ အပေါ်ယံမှာ ဖန့်ချင်းယွင်သည် တည်ငြိမ်သယောင်ဟန်ဆောင်ပြီး နှိမ်ချစွာပြောလိုက်၏။

“ငါက ဂိုဏ်းချုပ်ရဲ့ ခမ်းနားထည်ဝါမှုကို မှီဖို့အဝေးကြီးလိုပါသေးတယ်”

ယန်ပင်းယင်မှာ ထူးဆန်းသောအမူအရာတစ်ခုရှိလာပြီး သူမက တွေဝေတုံ့ဆိုင်းနေ၏။

“ဂျူနီယာညီမ... နင်ဘာပြောချင်လို့လဲ”

ဖန့်ချင်းယွင်၏ ထက်ရှမှုအရ သူသည် သူ၏ မျက်ဝန်းထောင့်ကနေ ယန်ပင်းယင်၏ ထူးခြားမှုကို သတိထားမိသွားပြီး ပြုံး၍မေးလိုက်၏။

ယန်ပင်းယင်က ခဏမျှတွေဝေတုံ့ဆိုင်းပြီးနောက် ပြောလိုက်၏။

“ကျွန်မတို့ရဲ့ ဂိုဏ်းသားအချင်းချင်းသတ်ဖြတ်ဖို့ အပြင်လူတွေနဲ့ပူးပေါင်းတာက သင့်လျော်မှုမရှိဘူးလို့ ကျွန်မခံစားနေရတယ်”

လွန်ခဲ့သည့်နှစ်တစ်ထောင်က ဆူဇီမိုသည် တာအိုနှလုံးသားလှေခါးစမ်းသပ်ချက်ကို ဖြတ်ကျော်ပြီး ဒသမမြောက်ကျောက်လှေခါးထစ်ကို စုဖွဲ့ခဲ့သည်ကို သူမမြင်တွေ့ခဲ့ချိန်မှစ၍ ထိုသူ့အပေါ် သူမ၏ ထင်မြင်ချက်က သိသိသာသာပြောင်းလဲလာခဲ့၏။

ယန်ပင်းယင်က ဆက်ပြောလိုက်၏။

“နောက်ပြီးကျွန်မတို့က စီနီယာအစ်ကိုဆူနဲ့ နက်ရှိုင်းတဲ့ ဘာရန်ငြိုးရန်စမှ မရှိဘူးလေ... စီနီယာအစ်ကိုယွဲ့ဟွားက ယန်လောရှုကို ကိုင်တွယ်ဖို့အတွက်ပဲ ကျွန်မတို့ကိုမှာထားတာ အဲ့လိုလုပ်စရာမလိုလောက်ဘူးထင်တယ်”

“ဟဲဟဲ”

ရုတ်တရက် ဖန့်ချင်းယွင်က ရယ်မောလိုက်၏။

“စီနီယာအစ်ကိုဆူတဲ့လား... ဟမ့်.. ဂျူနီယာညီမ နင်ကသူနဲ့ အဲ့လောက်ထိ ရင်းနှီးနေပြီလား”

“မဟုတ်ပါဘူး”

ယန်ပင်းယင်၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး သူမက သူမ၏ ခေါင်းကို အလောတကြီးခါပြလိုက်၏။

“ကျွန်မတို့က စီနီယာအစ်ကိုဖန်းရဲ့သေဆုံးမှုကို အခုချိန်ထိအတည်မပြုရသေးဘူး... အကြီးမားဆုံးဖြစ်နိုင်ချေက ယန်လောရှုဖြ​စ်နေတုန်းပဲ”

ယန်ပင်းယင်က ပြောလိုက်၏။

ထန်ပန်က အေးစက်စွာနှာတစ်ချက်မှုတ်လိုက်၏။

“အဲ့ဒါက ဆူဇီုမိုနဲ့လည်း တစ်နည်းနည်းပတ်သက်နေရမယ်”

“ငြင်းခုံမနေကြနဲ့တော့”

ဖန့်ချင်းယွင်က စိတ်မရှည်နိုင်ဖြစ်လာပြီး ညင်သာစွာ အော်ငေါက်လိုက်၏။

“ဆူဇီမိုက လူတွေအများကြီးကို ဆန့်ကျင်ခဲ့တယ်... သူက အပြင်ဘက်မှာသေသွားမယ်ဆိုရင် အဲ့ဒါက ငါတို့ကို အမှုပတ်မှာ မဟုတ်ဘူး”

“စီနီယာအစ်ကို... နောက်ဆုံးအကြိမ်တုန်းက ကျုပ်အဲ့ဒါကို မလုပ်လိုက်နိုင်ဘူး... အခုတစ်ခေါက်တော့ ကျုပ်အဲ့ဒါကို လက်မလွတ်ချင်ဘူး”

ထန်ပန်က အံကိုကြိတ်လိုက်၏။

“ကျုပ်လည်း အဝီစိကိုသွားမယ်... ဆူဇီမိုသေကြေပျက်စီးတာကို ကျုပ်မျက်စိနဲ့ကိုယ်တိုင်မြင်ချင်တယ်... အဲ့ဒါမှပဲ ကျုပ်က နေရထိုင်ရသက်သာလာလိမ့်မယ်”

“တာအိုနှလုံးသားလှေခါးစမ်းသပ်ချက်မှာတုန်းက ကျုပ်ကို အရှက်ခွဲခဲ့တဲ့သူက ဆူဇီမိုပဲ”

ခဏမျှရပ်တန့်ပြီးနောက် သူက စိုးရိမ်ပူပန်လာပုံရလေသည်။

“စီနီယာအစ်ကို... အဝီစိက အရမ်းကိုအန္တရာယ်များလွန်းတယ်... အဲ့ဒီကိုသွားပြီး တိုက်ခိုက်ဖို့က အရမ်းကို အန္တရာယ်များလွန်းမနေဘူးလား”

ဖန့်ချင်းယွင်က ပြုံးလိုက်၏။

“မင်းဘာလို့အဲ့လောက် နုံရတာလဲ.. ငါတို့ရဲ့ရည်ရွယ်ချက်က ဆူဇီမိုကို ဂမ္ဘီရမိုးကောင်းကင် ကုန်းမြေတိုက်ကနေ မျှားခေါ်ထုတ်ဖို့ပဲ... သူကအဝီစိကို ဝင်ရောက်တဲ့အချိန်ထိ ငါတို့ကဘာလို့စောင့်နေရမှာလဲ”

“ကျုပ်သိပြီ”

ထန်ပန်က ကျေနပ်သဘောကျသွား၏။

“စီနီယာအစ်ကို... တခြားဘာမှမရှိဘူးဆိုရင် ကျွန်မအရင်ဆုံး သွားနှင့်တော့မယ်”

အနည်းငယ်မချင့်မရဲခံစားနေရပြီး ယန်ပင်းယင်က သူမ၏ လက်သီးနှစ်ဖက်ကိုယှက်ပြကာ ဖန့်ချင်းယွင်ကို နှုတ်ဆက်လိုက်၏။

ဖန့်ချင်းယွင်က ခေါင်းညိတ်ပြီး သူမကို နေဖို့မပြောပေ။

ယန်ပင်းယင်ထွက်ခွာသွားပြီးနောက် ထန်ပန်၏ အမူအရာက သုန်မှုန်လာပြီး သူက ခပ်တိုးတိုးမေးလိုက်၏။

“စီနီယာအစ်ကို... စီနီယာအစ်မယန်က ဒီကိစ္စကို ဂိုဏ်းကစီနီယာတွေဆီ ပြန်ပြောနိုင်မလား”

ဖန့်ချင်းယွင်က မှင်သေသေဖြင့် ပြောလိုက်၏။

“သက်သေက အဓိကပဲ... သူ့မှာဘာသက်သေမှမရှိဘဲနဲ့ သူကဘာကိုပြောနိုင်မှာလဲ”

“အဲ့ဒါဆိုလည်း ကောင်းတာပေါ့”

ထန်ပန်က ခေါင်းညိတ်လိုက်၏။

“ဒီနှစ်တွေထဲမှာ စီနီယာအစ်မယန်က အများကြီးပြောင်းလဲသွားတဲ့ပုံပဲ... သူက ကျုပ်တို့နဲ့ သိပ်ပြီးတော့ရင်းနှီးမှုမရှိတော့ဘူး”

“ဟဲဟဲ..”

ဖန့်ချင်းယွင်က သရော်တော်တော်ဟန်ဖြင့် ပြုံးလိုက်၏။

“အရာရာတိုင်းက သူဘာကိုရွေးချယ်လဲ ဆိုတာပေါ်မူတည်တယ်... သူက ဆူဇီမိုဘက်မှာနေဖို့ ရွေးချယ်မယ်ဆိုရင် သူက မိုက်မဲတဲ့မိန်းမတစ်ယောက်ဆိုတဲ့သဘောပဲ”

“စီနီယာအစ်ကို... ဒီတစ်ခေါက်တော့ အမှားအယွင်းတစ်ခုခုမရှိလောက်ဘူးမလား”

ထန်ပန်က စိုးရိမ်ပူပန်စွာဖြင့် ထပ်မေးလိုက်၏။

“ဆူဇီမိုနဲ့ပတ်သက်ရင် အမြဲတမ်း မကောင်းဆိုးဝါးဆန်သလို ကျုပ်ခံစားနေရတယ်”

ယခင်က သူသည် တာအိုနှလုံးသားလှေခါးမှာ ယုံကြည်မှုကောင်းစွာရှိခဲ့သော်လည်း နောက်ဆုံးမှာ သူကသာ ကြီးကြီးမားမား ရှုံးနိမ့်ခဲ့ရလေသည်။

အမွေခံတပည့်တစ်ယောက်သည် ထိုကဲ့သို့ပင် ဒုက္ခိတတစ်ယောက်ဖြစ်သွားခဲ့ပြီး မဟာအကြီးအကဲ ၉ဦးနှင့် ဂိုဏ်းချုပ်ကပင်လျှင် ပေါ်ထွက်လာခဲ့၏။

ယခုအဲ့ဒါကို ပြန်တွေးကြည့်ရင် သူက ရင်တလှပ်လှပ်ခံစားနေရဆဲဖြစ်၏။

“ဒီတစ်ခေါက် ဖန်းကလန်၊ မဟာကျင်းအင်မော်တယ်နိုင်ငံ၊ ယန်ယန်းအင်မော်တယ်နိုင်ငံနဲ့ အင်မော်တယ်ပျံဂိုဏ်းတို့က ပူးပေါင်းကြလိမ့်မယ်”

ဖန့်ချင်းယွင်က လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ဖန်းရီ... မင်းသားယွမ်ကျော.. မင်းသားရှဲ့ထျန်ဟုန်နဲ့ ကောင်းကင်အင်မော်တယ်ကွေ့ယွမ်တို့အားလုံးက အဆင့်-၉ ကောင်းကင်အင်မော်တယ်တွေပဲ... သူတို့ထဲက ဘယ်သူမဆို ဆူဇီမိုကို ပုရွက်ဆိတ်တစ်ကောင်လို သတ်ဖြတ်ပစ်နိုင်တယ်”

“နောက်ပြီး အဲ့ဒီသူတွေက သူတို့နဲ့အတူ ယုံကြည်ရတဲ့အကူများစွာကိုလည်း ခေါ်လာလိမ့်မယ်... ဘယ်နေရာမှာသွားပြီး မှားနိုင်ဦးမှာလဲ”

ခဏမျှရပ်တန့်ပြီးနောက် ဖန့်ချင်းယွင်က ဆက်ပြောလိုက်၏။

“မပူပါနဲ့... အဲ့ဒီလူတွေက ဆူဇီမိုနဲ့ နက်ရှိုင်းတဲ့ရန်ငြိုးရန်စရှိထားပြီးသား... သူတို့က သူ့ကို ငါတို့ထက်တောင်ပိုပြီးတော့ သေစေချင်နေတယ်... သူတို့က အခြေအနေကို ထိန်းသိမ်းဖို့အတွက် ပကတိအင်မော်တယ်တစ်ဦးကို ဖိတ်ခေါ်ထားမယ်ဆိုရင်တောင် ငါအံ့ဩမိမှာ မဟုတ်ဘူး”

“စီနီယာအစ်ကို... ခင်ဗျားရော ဒီတစ်ခေါက်မလိုက်ဘူးလား”

ထန်ပန်က မေးလိုက်၏။

“အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်အုပ်စုက အဆင့်-၂ ကောင်းကင်အင်မော်တယ်တစ်ယောက်ကို တိုက်ခိုက်ကြမှာပဲ... ဘာများကြည့်စရာရှိမှာလဲ.. ငါစိတ်မဝင်စားဘူး”

ဖန့်ချင်းယွင်က ပခုံးတွန့်ပြီး နှုတ်ခမ်းစူပြလိုက်၏။

“ဟေ့ဟေး.. ကျုပ်ကတော့ ဒီတစ်ခေါက် သူတို့နောက်ကိုလိုက်သွားလိုက်ဦးမယ်”

ထန်ပန်က သူ၏ မျက်လုံးထဲရှိ မျှော်လင့်စောင့်စားမှုနှင့်အတူသွားဖြဲနေ၏။

. . . . .

လိုဏ်ဂူခန်းဝါတစ်ခုမှာ ဆူဇီမိုသည် သက်ပြင်းရှည်တစ်ချက်ကိုမှုတ်ထုတ်ပြီး သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်၏။

ကောင်းကင်အမြုတေနယ်ပယ်သို့ ဝင်ရောက်လာပြီးနောက် သူ၏ ကျင့်ကြံမှုအလျင်အဟုန်က သိသိသာသာနှေးကွေးသွား၏။

ဥပမာအားဖြင့် မင်းသမီးသက်တံနီနှင့် လျှိုဖျင်သည် အတွင်းဂိုဏ်းသို့ သူနှင့်တစ်ချိန်တည်းမှာ ဝင်ရောက်လာခဲ့ကြ၏။ တကယ်ဆို... သူတို့ရောက်မလာခင် အစောပိုင်း နှစ်ပေါင်းရာချီ သို့မဟုတ် နှစ်ပေါင်းထောင်ချီတုန်းက အတွင်းဂိုဏ်းကို ဝင်ရောက်လာခဲ့သည့် တပည့်အချို့ပင်လျှင် ကောင်းကင်အမြုတေနယ်ပယ်၏ အဆင့်-၂ထိရောက်အောင် မကျင့်ကြံနိုင်ကြသေးပေ။

ဆူဇီမိုကတော့.. သူသည် သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၊ ရမ္ဘီရနဂါးဆေးလုံး၊ အမြုတေစိတ်ဝိညာဥ်အရည်နှင့် အခြားသောထိပ်တန်းအဆင့် ကျင့်ကြံရေးအရင်းအမြစ်များနှင့်အတူ အဆင့်-၂ ကောင်းကင်အင်မော်တယ်၏ အထွတ်အထိပ်ထိရောက်အောင်ကျင့်ကြံခဲ့ပြီးလေပြီ။

အဆင့်-၁၁ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ကောင်းကင်နှင့်မြေကြီးအမြုတေချီကို လျင်မြန်စွာ စုပ်ယူနိုင်သော်လည်း ကျင့်ကြံရေးအရင်းအမြစ်များကို သုံးစွဲမှုက အရမ်းကိုကြီးမားလေသည်။

သူ့မှာကျင့်ကြံရေးအရင်းအမြစ်များ ပမာဏများပြားစွာရှိနေခြင်းကြောင့်မဟုတ်လျှင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာအနေဖြင့် နှစ်တစ်ထောင်အတွင်း ဤမျှအထိပင် ကျင့်ကြံနိုင်ခဲ့လိမ့်မည် မဟုတ်ပေ။

ကောင်းကင်အမြုတေနယ်ပယ်မှာ ကျင့်ကြံရခြင်းသည် များစွာပို၍ ခက်ခဲလာခဲ့၏။

တံခါးပိတ်ကျင့်ကြံနေရုံဖြင့် သူ့အနေဖြင့် အရင်ကကဲ့သို့ နယ်ပယ်များစွာကို အောင်မြင်စွာဖြတ်ကျော်နိုင်ဖို့ မလွယ်တော့ပေ။

ယခုဆူဇီမိုသည် အဆင့်-၂ ကောင်းကင်အင်မော်တယ်တစ်ယောက်၏ အထွတ်အထိပ်ထိ ကျင့်ကြံထားခဲ့ပြီး သူက အဟန့်အတားတစ်ခုနှင့်ကြုံတွေ့နေရကာ အဆင့်ချိုးဖျက်တက်လှမ်းနိုင်ခြင်းမရှိဘဲ နှစ်အတော်အတန်ကြာသွားခဲ့လေပြီ။

အဲ့ဒါက သူ၏ အမှားမဟုတ်ပေ။

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကဲ့သို့ ကောင်းကင်အဆင့် ဂိုဏ်းတစ်ဂိုဏ်းမှာပင်လျှင် အတွင်းဂိုဏ်းတပည့်အများစုသည် သူတို့၏ လက်ကျန်ဘဝတစ်လျှောက်လုံး ပကတိဧကနယ်ပယ်ကို မတက်လှမ်းနိုင်ကြပေ။

ပကတိအင်မော်တယ်များ ဖြစ်လာနိုင်သောကျင့်ကြံသူများသည် ပါရမီ၊ အခွင့်အလမ်း၊ ကံကြမ္မာ၊ ဇွဲလုံ့လနှင့် အမျိုးမျိုးသော ကံများကို ပေါင်းစပ်နိုင်ခဲ့ခြင်းဖြစ်၏။

ပြီးခဲ့သည့်ရက်အနည်းငယ်မှာ လျှိုဖျင်နှင့် မင်းသမီးသက်တံနီသည် သူ၏ လိုဏ်ဂူခန်းဝါသို့ မကြာမကြာရောက်လာတတ်၏။ တစ်စုံတစ်ရာဖြစ်ပွားနေပုံရလေသည်။

ယနေ့မှာလျှိုဖျင်သည် အပြင်ဘက်မှာ နောက်တစ်ဖန် ရစ်သီရစ်သီလာလုပ်နေ၏။

ဆူဇီမိုသည် သူက လောလောဆယ် ထိုအဟန့်အတားကို မဖြတ်ကျော်နိုင်တော့ဘူးဆိုတာ သိလိုက်ပြီး ဆက်လက်၍ကျင့်ကြံမနေတော့ဘဲ အပြင်ဘက်ကို တစ်ချက်ကြည့်ဖို့ ပြင်လိုက်၏။

“ဂျူနီယာညီလျှို... တစ်ခုခုပြောစရာရှိလို့လား”

ဆူဇီမိုက တံခါးကိုတွန်းဖွင့်ပြီး ညင်သာစွာမေးလိုက်၏။

လျှိုဖျင်သည် မိုးမခသစ်ပင်၏ ခန္ဓာကို အမွေဆက်ခံထားသောကြောင့် နှစ်တစ်ထောင်ကြာပြီးတာ​တေင် သူသည် သူ၏ ခေါင်းပေါ်မှ အစိမ်းရောင်ကျစ်ဆံမြီးတချို့နှင့်အတူ ကလေးငယ်တစ်ယောက်ကဲ့သို့ ရှိနေဆဲဖြစ်၏။

လျှိုဖျင်က ခဏမျှတွေဝေတုံ့ဆိုင်းပြီးနောက် ပြောလိုက်၏။

“စီနီယာအစ်ကိုဆူ... စီနီယာအစ်ကိုယန်က တစ်ခုခုဖြစ်လာခဲ့တယ်”

“ယန်လောရှုလား”

ဆူဇီမို၏ အမူအရာက အနည်းငယ်ပြောင်းလဲသွား၏။

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာ သူသိထားသော မျိုးရိုးနာမည်ယန်နှင့် တစ်ဦးတည်းသောကျင့်ကြံသူက ယန်လောရှုဖြစ်လေသည်။

“ဟုတ်တယ်”

လျှိုဖျင်က ပြောလိုက်၏။

“စီနီယာအစ်ကိုယန်က အပြင်ဘက်မှာခရီးသွားရင်း ကိစ္စတစ်ခုမှာဝင်ပါမိခဲ့တယ်လို့ ကျုပ်ကြားတယ်.. နောက်ဆုံးမှာ သူက ပဋိပက္ခထဲမှာဝင်ပါပြီး တိုက်ခိုက်ခံခဲ့ရတယ်”

“စီနီယာအစ်ကိုယန်ရဲ့ အစွမ်းအစအရဆို... သူ့ကို ဘယ်သူက ထိခိုက်အောင်လုပ်နိုင်မှာလဲ”

ဆူဇီမိုက ယန်လောရှု၏ လိုဏ်ဂူခန်းဝါရှိရာသို့ လျှောက်လှမ်းသွားရင်း မျက်မှောင်ကြုတ်ကာမေးလိုက်၏။

“သူတို့တွေက အင်မော်တယ်ပျံဂိုဏ်းနဲ့ ယန်ယန်းအင်မော်တယ်နိုင်ငံက ပညာရှင်တွေဖြစ်တယ်လို့ ကျုပ်ကြားတယ်”

လျှိုဖျင်က ပြောလိုက်၏။

“ဒါပေမဲ့... သူတို့တွေအားလုံးက အဆင့်-၉ ကောင်းကင်အင်မော်တယ်တွေပဲ... သူတို့က အတူပူးပေါင်းတိုက်ခိုက်ကြတယ်ဆိုပေမဲ့ သူတို့ရဲ့ ကျင့်ကြံမှုနယ်ပယ်တွေက မတိမ်းမယိမ်းမှာရှိနေတဲ့အတွက် အဲ့ဒါကို အနိုင်ကျင့်တယ်လို့​ ပြောလို့မရဘူး”

“တက္ကသိုလ်အနေနဲ့ ဒီကိစ္စမှာ ဝင်ပါဖို့က မသင့်လျော်ဘူး”

“သူ့ရဲ့ဒဏ်ရာတွေက ဘယ်လိုအခြေအနေရှိလဲ”

ဆူဇီမိုက ထပ်မံ၍မေးလိုက်၏။

“တော်တော်လေးပြင်းထန်တယ်... သူ့ရဲ့အမြုတေစိတ်ဝိညာဥ်က ဒဏ်ရာအပြင်းအထန် ရထားတယ်... ဂိုဏ်းချုပ်ကတောင်မှ အဲ့ဒါကို ကုသမပေးနိုင်ဘူး... သူက အနာဂတ်မှာ ဒုက္ခိတတစ်ယောက်ဖြစ်သွားဖို့များပြီ.. ဟင်း”

လျှိုဖျင်က သက်ပြင်းချလိုက်၏။

ဆူဇီမို၏ အမူအရာက သုန်မှုန်သွားပြီး သူက အသံတိတ်နေ၏။

အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာတုန်းက ယန်လောရှုသည် ဖိအားကို ခုခံပေးပြီး ဒုံမင်းအင်မော်တယ်မုန့်ယောင်နှင့်ပါ တိုက်ခိုက်ပေးခဲ့ခြင်းမရှိလျှင် သူသည် ထိုအချိန်တည်းက သေဆုံးသွားရပေလိမ့်မည်။

နောက်ပိုင်း အပြင်ဂိုဏ်းတွင်ဖြစ်ပွားသောရန်ပွဲမှာ ဝင်ပါပြီး သူ့အပေါ်ကျရောက်လာမည့် ဖိအားနှင့် ရန်လိုစိတ်များစွာကို ကြားဝင်ခံပေးခဲ့သူမှာလည်း ယန်လောရှုပင်ဖြစ်၏။

သူသည် ယန်လောရှုအပေါ် အကြွေးတင်နေ၏။ ယခု ယန်လောရှုက ဒုက္ခရောက်နေပြီး ဆူဇီမိုက သေချာပေါက် ဒီအတိုင်းထိုင်နေလိမ့်မည် မဟုတ်ပေ။

All Chapters