အင်မော်တယ်ဝင်္ကပါထောင်ချောက်
Vol. 155 Ch. 2324
မျက်ခုံးမွေးရှည်ဘုန်းကြီးအိုသည် မဟူရာအင်မော်တယ်တစ်ယောက်သာဖြစ်ပြီး သူက မကြာခင်သေဆုံးတော့မည့်အလား ဘဝနေဝင်ချိန်အော်ရာတစ်ခုကို ထုတ်ဖော်ထား၏။
အစကတော့ လူအိုကြီးရွှမ်သည် မျက်ခုံးမွေးရှည်ဘုန်းကြီးအိုကို အတည်အတံ့မှတ်ယူမထားခဲ့ပေ။
သို့သော်လည်း သူ၏ ဗီဇစိတ်က ဤဘုန်းကြီးအိုသည် သာမန်မဟုတ်ဟု သူ့ကိုပြောနေ၏။
သူသည် တက္ကသိုလ်မှဂိုဏ်းချုပ် တွက်ချက်ပေးခဲ့သော ဂမ္ဘီရဗေဒင်ကို အမှတ်ရသွားပြီး သူ့ဘာသာသူပြောလိုက်၏။
‘အဲ့ဒီလူကြောင့် မရဏတံခါးက ပေါ်လာတာများလား’
“မင်းဘယ်သူလဲ”
လူအိုကြီးရွှမ်က သူ၏ မျက်လုံးကို မှေးကျဥ်းပြီး မေးလိုက်၏။
“သင်္ချိုင်းစောင့်တစ်ယောက်”
မျက်ခုံးမွေးရှည်ဘုန်းကြီးအိုက မလှုပ်မယှက်ရှိနေပြီး လူအိုကြီးရွှမ်ကို လှည့်ပင်မကြည့်ဘဲ မှင်သေသေဖြင့် ပြန်ဖြေလိုက်၏။
“သင်္ချိုင်းစောင့်တဲ့လား”
လူအိုကြီးရွှမ်က လှောင်ရယ်လိုက်ပြီး သူ၏ ဘယ်ဘက်လက်ကို ဆန့်ထုတ်ကာ ဂြိုလ်ရှစ်မြှောင့် ဂမ္ဘီရဗေဒင်အဝိုင်းချပ်တစ်ခုကို ထုတ်ယူလိုက်လေသည်။ ရုတ်တရက် သူက ရှေးဟောင်းမှော်စာလုံးများဖြင့် ပြည့်နှက်သော စက်ဝိုင်းပုံစံသတ္တုပြားသုံးခုကို သူ၏ ညာဘက်လက်ဖြင့် ဆွဲထုတ်ပြီး သူ၏ လက်ချောင်းများကြားမှာ ညှပ်ကာ အထဲသို့ သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို ပို့လွှတ်လိုက်လေသည်။
ဝေါ...
နောက်ခဏ၌ လူအိုကြီးရွှမ်သည် သူ၏ ညာဘက်လက်ထဲရှိ သတ္တုပြားသုံးခုကို ဂမ္ဘီရဗေဒင်အဝိုင်းချပ်ထဲသို့ ပစ်ထည့်လိုက်၏။
ဤဂမ္ဘီရဗေဒင်နည်းစနစ်သည် ဂြိုလ်ခြောက်လုံးဂမ္ဘီရဗေဒင်ဟုကျော်ကြားသော တက္ကသိုလ်၏ လျှို့ဝှက်အတတ်တစ်ခုဖြစ်၏။
ဤဂမ္ဘီရနည်းစနစ်သည် တက္ကသိုလ်၏ ဂိုဏ်းချုပ် ကျွမ်းကျင်တတ်မြောက်ထားသော ချီမင်နည်းစနစ်ကို မယှဥ်နိုင်သော်လည်း အဲ့ဒါက အလွန်တရာအဆင့်မြင့်သည့် ဂမ္ဘီရဗေဒင်လျှို့ဝှက်အတတ်တစ်ခုဖြစ်နေဆဲပင်။
လူအိုကြီးရွှမ်သည် အခြေအနေကို စစ်ဆေးဖော်ထုတ်ဖို့အတွက် မျက်ခုံးမွေးရှည်ဘုန်းကြီးအိုနှင့်ပတ်သက်သည့် သတင်းအချက်အလက်တချို့ကို တွက်ချက်ကြည့်ချင်လေသည်။ သို့သော်လည်း ဂမ္ဘီရဗေဒင်အဝိုင်းပြားပေါ်မှာ သတ္တုပြားသုံးခုက ပြန့်ကျဲသွားပြီး တွက်ချက်မှုက ဖရိုဖရဲဖြစ်သွားလေသည်။
လူအိုကြီးရွှမ်က မျက်မှောင်အနည်းငယ်ကြုတ်ပြီး သူက သတ္တုပြားသုံးပြားကို ပြန်လည်သိမ်းဆည်းလိုက်၏။
သူက ဂမ္ဘီရဗေဒင်တွက်ချက်မှုကို ပြန်လည်စတင်ပြီး သူတို့ကို ဂမ္ဘီရဗေဒင်အဝိုင်းချပ်ထဲသို့ နောက်တစ်ဖန် ပြန်ပစ်ထည့်လိုက်၏။
အဲ့ဒါက ဖရိုဖရဲဖြစ်၍ တွက်ချက်မှုက မအောင်မြင်သေးပေ။
ဖျောက်... ဖျောက်... ဖျောက်...
ထိုစဥ်မှာပင် ဂမ္ဘီဗေဒင်အဝိုင်းချပ်ပေါ်ရှ သတ္တုပြားသုံးပြားက အက်ကွဲသွားပြီး အဝိုင်းချပ်ပေါ်တွင်လည်း ရှင်းလင်းသောအက်ကွဲကြောင်းများပေါ်ထွက်လာ၏။
“ဟမ်...”
လူအိုကြီးရွှမ်၏ အမူအရာက အလိုလိုပြောင်းလဲသွားပြီး မော့ကြည့်လိုက်၏။
ဂူကမ္ပည်းကျောက်စာတိုင်ပေါ်မှာ သင်္ချိုင်းစောင့်သည် သုန်မှုန်နေသောအကြည့်ဖြင့် ဖြည်းဖြည်းချင်းလှည့်လာခဲ့၏။ သူက လူအိုကြီးရွှမ်ကိုကြည့်ပြီး မေးလိုက်လေသည်။
“မင်းဘာလုပ်နေတာလဲ”
လူအိုကြီးရွှမ်က ဆတ်ခနဲတုန်ယင်သွား၏။
သူသည် ထိုမျက်လုံးတစ်စုံဖြင့် အကြည့်ခံရသောအခါ သူ၏ စိတ်က မိုးကြိုးပစ်ချခံလိုက်ရသည့်အလားပင်။
ထူးဆန်းသောစွမ်းအားတစ်ခုက ဆင်းသက်လာပြီး သူက အဲ့ဒါကို လုံးဝမခုခံနိုင်ပေ။
“ဖွီ”
လူအိုကြီးရွှမ်က သူ၏ ပါးစပ်ကိုဖွင့်ဟပြီး သွေးများစွာကို ထွေးထုတ်လိုက်ရ၏။
“အခြေအနေ မကောင်းတော့ဘူး”
လူအိုကြီးရွှမ်က သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်ပြီး ကောင်းကင်လိုဏ်ဂူတစ်ခုကိုထုတ်ဖော်ကာ လေဟာနယ်ကို ဆုတ်ဖြဲလိုက်လေသည်။ သူက အာကာသဥမင်ထဲသို့ ဝင်ရောက်ပြီး တက္ကသိုလ်သို့ ချက်ချင်းပြန်သွားချင်လေသည်။
သို့သော်လည်း သူ၏ ကောင်းကင်လိုဏ်ဂူက ထွက်ပေါ်လာသည့်အခိုက်အတန့်မှာပင် လဲပြိုကျသွား၏။
လူအိုကြီးရွှမ်သည် အာကာဥသမင်ထဲသို့ ဝင်ရောက်လိုက်သည့်ခဏမှာပင် သူက နောက်တစ်ဖန်ဒဏ်ရာအပြင်းအထန်ရရှိသွား၏။ သူ၏ အမြင်အာရုံကဝေဝါးသွားပြီး သူက သတိလစ်သွားလေသည်။
သူက အာကာသဥမင်ထဲမှာ လွင့်မျောသွားပြီး သူနှင့် အဆူရာကျောင်းတော်က တဖြည်းဖြည်းဝေးကွာသွား၏။
တစ်ဘက်မှာတော့ ဆူဇီမိုသည် အဆူရာကျောင်းတော်ကနေ ထွက်ခွာလာပြီးနောက် ထျဲဝေတောင်ရှိရာဘက်သို့ ဆက်လက်၍ခရီးဆက်လိုက်၏။
သိပ်မကြာခင် သူ၏ စိတ်ထဲသို့ သတိပေးချက်တစ်ခုဝင်ရောက်လာပြီး သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်၏။
“အသက်ဝင်စမ်း”
ဘေးတစ်ဘက်ကနေ အသံတစ်သံ ထွက်ပေါ်လာ၏။
ထို့နောက်ချက်ချင်းပင် ဝင်္ကပါအင်းကွက်များက သူ၏ ခြေဖဝါးအောက်မှာ ဆက်တိုက်ပေါ်ထွက်လာ၏။
အင်မော်တယ်ဝင်္ကပါတစ်ခုက အသက်ဝင်လာခဲ့ပြီး ဆူဇီမိုက ထိုအထဲ ရောက်ရှိသွားခဲ့လေပြီ။
ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး ဂရုတစိုက်အာရုံခံကြည့်လိုက်၏။
ဤအင်မော်တယ်ဝင်္ကပါသည် သူ၏ တိုက်ခိုက်ရည်ခွန်အားကို လုံးဝကန့်သတ်မထားပေ။ သို့သော်လည်း အင်မော်တယ်ဝင်္ကပါသည် ဘေးပတ်ဝန်းကျင်ကို ပိတ်ဆို့တားဆီးထားပြီး အပြင်လောကနှင့် ပိုင်ခြားထားသည့် ချိပ်ပိတ်ထားသော နေရာလွတ်တစ်ခုကို ဖြစ်ပေါ်လာစေ၏။
သူ့ကို ပုံရိပ်များစွာက တဖြည်းဖြည်းဝိုင်းပတ်လာခဲ့၏။
“ဟားဟားဟားဟား...”
အူမြူးအားရနေသော ရင်းနှီးနေကျရယ်သံတစ်သံက ထွက်ပေါ်လာ၏။ လှည့်ကြည့်စရာမလိုဘဲ ဆူဇီမိုသည် သူ၏ နောက်ဘက်မှလူက မင်းသားယွမ်ကျောဖြစ်သည်ဆိုတာကို ခန့်မှန်းမိနိုင်၏။
“ဆူဇီမို... မင်းအဲ့ဒါကို ထင်မထားဘူးမလား... ငါတို့ပြန်တွေ့ကြပြန်ပြီ”
မင်းသားယွမ်ကျောက ကျေနပ်အားရနေသောအပြုံးနှင့်အတူ ပြောလိုက်၏။
သူသည် ဤအခိုက်အတန့်ကို စောင့်ဆိုင်းနေခဲ့သည်မှာ အရမ်းကိုကြာသွားခဲ့လေပြီ။
ဆူဇီမိုက လှည့်ကြည့်လာခဲ့၏။
မင်းသားယွမ်ကျောက တစ်ယောက်တည်းမဟုတ်ဘဲ သူ့မှာ နောက်လိုက်တစ်ရာကျော်ပါလာလေသည်။
သူတို့ထဲမှဆယ်ယောက်ကျော်က အာဏာပါးကွက်သားအစောင့်တပ်သားများဖြစ်ပြီး ကျန်သူများက သူ၏ ကျင့်ကြံမှုနယ်ပယ်ထက်ပိုမိုမြင့်မားသော အမြင့်တန်းကောင်းကင်အင်မော်တယ်များဖြစ်လေသည်။
“မင်းက ဆူဇီမိုလား”
“မင်းက ဘယ်သူလဲ”
ဆူဇီမိုက မျက်ခုံးပင့်ကာ ပြန်မေးလိုက်လေသည်။
“ငါ့ရဲ့တာအိုဘွဲ့ကကွေ့ယွမ်... စီနီယာအစ်မမုန့်ယောင်ရဲ့အမိန့်နဲ့ ငါက မင်းကိုသတ်ဖို့ ဒီကိုရောက်လာတာပဲ”
ကောင်းကင်အင်မော်တယ်ကွေ့ယွမ်က တစ်ယောက်တည်းဖြစ်လေသည်။
သူက မည်သည့်အကူကိုမှ မလိုအပ်ပေ။
အင်မော်တယ်ပျံဂိုဏ်း၏ အတွင်းဂိုဏ်းမှာ သူ၏ တိုက်ခိုက်ရည်ခွန်အားက ထိပ်ဆုံးငါးယောက်ထဲမှာ ရပ်တည်လေသည်။
“ဒုံမင်းအင်မော်တယ်လား”
ဆူဇီမိုက လှောင်ရယ်လိုက်၏။
“ငါက... နတ်မိမယ်မုန်ု့ယောင်ရဲ့စိတ်ထဲမှာ အမှန်တကယ်စိုးမိုးခွင့်ရထားတာပဲ... ငါတို့ပြန်တွေ့ကြမယ်ဆိုရင် ငါသူ့ကို ကောင်းကောင်းကျေးဇူးတင်ရမယ်”
ဆူဇီမိုက သူမကို လှောင်ပြောင်နေခြင်းဖြစ်သည်ကို ကောင်းကင်အင်မော်တယ်ကွေ့ယွမ်က ပြောနိုင်လေသည်။ သူ၏ မျက်လုံးထဲတွင် အေးစက်စက်အလင်းတစ်ချက်ပေါ်ထွက်လာပြီး သူက မှင်သေသေဖြင့် ပြောလိုက်၏။
“မင်းမှာ အဲ့ဒီအခွင့်အရေးရှိမှာ မဟုတ်တော့ဘူး”
“ဆူဇီမို... ငါ့အစ်ကိုရဲ့ အသက်အတွက် ဒီနေ့ မင်းသွေးနဲ့ ပြန်ပေးဆပ်ရမယ်”
သုန်မှုန်နေသောအမူအရာဖြင့် အမျိုးသားတစ်ယောက်က မလှမ်းမကမ်းကနေ ရန်လိုခက်ထန်စွာဖြင့် လျှောက်လှမ်းလာ၏။ သူကလည်း တစ်ယောက်တည်းရောက်လာလေသည်။
ထိုလူ၏ မျက်နှာက သေဆုံးသွားသောဖန်းယွီနှင့် ၇၀ ရာခိုင်နှုန်း ဆင်တူမှုရှိလေသည်။
အတွေးတစ်ချက်နှင့်အတူ ဆူဇီမိုက ဤလူ၏ နောက်ခံကို ခန့်မှန်းမိလိုက်၏။
“ဖန်းကလန်ကလူလား”
ဆူဇီမိုက မေးလိုက်၏။
“မင်းက ဉာဏ်ကောင်းသားပဲ”
ဖန်းယီက ဖြည်းဖြည်းချင်းပြောလိုက်၏။
“ငါက ဖန်းယီ... ဖန်းယွီရဲ့ညီပဲ”
“အို”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
“အဲ့ဒါလည်း ပြီးပြည့်စုံသွားတာပေါ့... ငါက မင်းကို ဒီနေ့မင်းရဲ့လမ်းကြောင်းပေါ်ပို့ပေးမယ်... မင်းတို့နှစ်ယောက်က ငရဲမှာ တစ်ယောက်နဲ့တစ်ယောက်ပြန်ဆုံလို့ရပြီ”
“ဟားဟားဟားဟား”
ဖန်းယီက ဒေါသထွက်လွန်းသော်လည်း သူက ရယ်မောလိုက်၏။
“ကောင်းတယ်ကွာ... ကောင်းတယ်.. ဆူဇီမို မင်းက သေခါနီးဆဲဆဲအချိန်မှာတောင် စောင်းကြွနေသေးတာပဲ... ဒီနေ့ဘယ်သူအရင်သေမလဲ ကြည့်ရသေးတာပေါ့”
“ဆူဇီမို မင်းငါ့ကို မှတ်မိသေးလား”
အသံတစ်သံက ထွက်ပေါ်လာ၏။
အခြားသောအရပ်တစ်ဘက်မှ မြင့်မြတ်ထည်ဝါသောလူတစ်ယောက်က သူ၏ နောက်ဘက်မှာရှိသော အမြင့်တန်းကောင်းကင်အင်မော်တယ်ရာချီနှင့်အတူ လျှောက်လှမ်းလာ၏။
ယန်ယန်းအင်မော်တယ်နိုင်ငံမှ ရှဲ့ထျန်ဟုန်...။
“ဒါပေါ့ မှတ်မိတာပေါ့”
ဆူဇီမိုက သွားဖြဲပြလိုက်၏။
“ငါတို့နောက်တစ်ခါပြန်တွေ့ရင် မင်းကို လက်ဆောင်ကြီးကြီးတစ်ခုပေးမယ်လို့တောင် ငါပြောခဲ့သေးတာပဲ”
“အမှန်ပဲ... ငါက အဲ့ဒါကို တကယ်ပဲမျှော်လင့်နေမိပြီ”
ရှဲ့ထျန်ဟုန်ကလည်း ပြုံးပြလိုက်၏။
“ဒါပေမဲ့... အဲ့ဒီကြီးမားတဲ့လက်ဆောင်က မင်းကိုယ်တိုင်ဖြစ်နေမလား မသိဘူး”
“မင်းတို့အားလုံး တစ်စုတစ်စည်းတည်းရောက်လာတာကောင်းတာပေါ့... ငါက မင်းတို့တွေကို အချိန်ကုန်ခံပြီး တစ်ယောက်ပြီးတစ်ယောက် လိုက်ရှာနေစရာမလိုတော့ဘူး”
ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုပြီး ဆူဇီမိုက ပြောလိုက်လေသည်။
“တခြားဘယ်သူရှိသေးလဲ... ထွက်လာခဲ့ပါဦး တစ်ချက်လောက်ကြည့်ရအောင်”
“ဂျူနီယာညီဆူ... မင်းအဆင်ပြေရဲ့လား”
နောက်ထပ်အသံတစ်သံက ထွက်ပေါ်လာပြီး ထျန်ပန်က အင်မော်တယ်ဝင်္ကပါ၏ အနက်ပိုင်းထဲကနေ လျှောက်လှမ်းထွက်လာကာ သူ၏ မျက်နှာပေါ်တွင် လှောင်ပြောင်သရော်လိုမှုတစ်ခုရှိနေ၏။
ဆူဇီမိုက ထန်ပန်ကို တွေ့မြင်ရသောအခါ အံအားသင့်သွားခြင်းမရှိပေ။
“မင်းတစ်ယောက်ထဲလား”
ဆူဇီမိုက ထပ်မေးလိုက်၏။
ထန်ပန်က သူ၏ ပခုံးကို ညင်သာစွာတွန့်ပြလိုက်၏။
“ဒါပေါ့.. ငါတစ်ယောက်ထဲဆို လုံလောက်ပါတယ်”
“နှမြောစရာပဲ”
ဆူဇီမိုက သူ၏ ခေါင်းကို ခါယမ်းလိုက်၏။
မင်းသားယွမ်ကျောနှင့် အခြားသူများက အကြည့်ချင်းဖလှယ်ပြီး တစ်စုံတစ်ရာလွဲမှားနေသည်ဟု ခံစားလိုက်ရ၏။
ဆူဇီမို၏ တုံ့ပြန်မှုက သူတို့တွေးထင်ထားသည်နှင့် လုံးလုံးလျားလျား ကွဲပြားခြားနားနေ၏။ သူက ထိတ်လန့်ခြင်း၊ ကြောက်ရွံ့ခြင်း၊ သနားညှာတာပေးဖို့အတွက်တောင်းပန်ခြင်း သို့မဟုတ် ထွက်ပြေးခြင်းပင်မရှိပေ။ သူက အရမ်းကို တည်ငြိမ်လွန်းနေ၏။
မင်းသားယွမ်ကျောက စိုးရိမ်ပူပန်လာစဥ်မှာပင် သူ၏ နောက်ချန်အစီအစဥ်ကို တွေးမိသွားပြီး သူက စိတ်အေးသွားလေသည်။
ယနေ့မှာ ဆူဇီမိုက သေချာပေါက်သေရပေလိမ့်မည်။
“မင်းတို့တွေက ဒီအင်မော်တယ်ဝင်္ကပါကို ခင်းကျင်းဖို့အတွက် ဒီလောက်များတဲ့ အမြင့်တန်းကောင်းကင်အင်မော်တယ်တွေကို ဘာလို့စုစည်းထားတာလဲ”
ဆူဇီမိုက အလောတကြီးမရှိဘဲ မေးလိုက်၏။
မင်းသားယွမ်ကျောက ပြောလိုက်၏။
“ဒီအင်မော်တယ်ဝင်္ကပါက စိတ်ဝိညာဥ်အသိစိတ်ထောက်လှမ်းမှုကို တားဆီးပေးနိုင်တယ်... တစ်ယောက်ယောက်က ဒီနေရာကနေဖြတ်သွားမယ်ဆိုရင်တောင် သူတို့က ဘာကိုမှ အာရုံခံမိမှာမဟုတ်ဘူး”
“ဆူဇီမို... တစ်ယောက်ယောက် မင်းကိုလာကယ်ဖို့ မျှော်လင့်မနေနဲ့”
မင်းသားယွမ်ကျောနှင့် အခြားသူများသည် ဤအခိုက်အတန့်အတွက် အချိန်အတော်ကြာကတည်းက ကြိုတင်ပြင်ဆင်ထားခဲ့ပြီး သူတို့က မည်သည့်အမှားအယွင်းကိုမှ အဖြစ်မခံနိုင်ပေ။
သူတို့သည် ဖြစ်နိုင်သမျှအပြောင်းအလဲများအားလုံးကို ကြိုတင်ရှင်းထုတ်ထားလိုလေသည်။