← Chapters

မရဏတံခါး

Vol. 155 Ch. 2323

မရဏတံခါး

Vol. 155 Ch. 2323

“တကယ်​တော့... အဲ့ဒါက ငါ့ရဲ့ခန့်မှန်းချက်ပဲ... အဲ့ဒါက မှန်ချင်မှလည်းမှန်မှာပေါ့”

တက္ကသိုလ်၏ ဂိုဏ်းချုပ်က နောက်တစ်ဖန်ပြုံး၍ မေးလိုက်၏။

“ဘာလို့လဲ... မင်းကလည်း အဝီစိကိုသွားချင်လို့လား”

လူအိုကြီးရွှမ်က မျက်လုံးစွေကြည့်လိုက်၏။

“ငါ့ရဲ့... အသက်အရွယ်နဲ့ အဲ့ဒီသောက်နေရာကို သွားဖို့ စဥ်းစားမနေဘူး”

ခဏမျှရပ်တန့်ပြီးနောက် သူက ဆက်ပြောလိုက်၏။

“ဒါပေမဲ့ ဆူဇီမိုက အဝီစိကို သွားဖို့ပြင်နေတယ်လို့ ငါကြားထားတယ်”

“ဟုတ်လား”

ဂိုဏ်းချုပ်က အံ့အားသင့်သွားခြင်းမရှိဘဲ စိတ်မဝင်စားသည့်ဟန်ဖြင့် ပြန်ဖြေလိုက်၏။

“မင်းပြောပုံအရ အဝီစိကအန္တရာယ်အရမ်းများတယ်... မင်းက သူ့ကို လုံးဝမစိုးရိမ်ဘူးလား... သူက မကြာသေးခင်ကမှ မင်းလက်ခံထားတဲ့ အမည်ခံတပည့်ပဲ”

လူအိုကြီးရွှမ်က မျက်လုံးအနည်းငယ်ပင့်ကာ မေးလိုက်၏။

“သူက အဝီစိမှာ ဘာအန္တရာယ်နဲ့မှကြုံတွေ့ရမှာ မဟုတ်လောက်ဘူး”

ဂိုဏ်းချုပ်က မှင်သေသေဖြင့် ပြောလိုက်၏။

လူအိုကြီးရွှမ်က နှုတ်ခမ်းစူလိုက်၏။

“မင်းအဲ့ဒါကို ဗေဒင်တွက်လိုက်တာလား... မင်းရဲ့တွက်ချက်မှုက ကောင်းကင်ဘုံရဲ့လျှို့ဝှက်ချက်ကို ပိတ်ဆို့တားဆီးပေးထားနိုင်တဲ့ အဝီစိလိုနေရာမျိုးမှာ အလုပ်ဖြစ်ပါ့မလား”

ဂိုဏ်းချုပ်က ရှင်းပြမနေပေ။

“သူက အဝီစိကိုဝင်ရောက်ဖို့ အခွင့်အရေးမရတာလည်းဖြစ်နိုင်တယ်”

“ဘာလို့လဲ”

လူအိုကြီးရွှမ်က မျက်မှောင်ကြုတ်ကာမေးလိုက်၏။

ဂိုဏ်းချုပ်က ပြောလိုက်လေသည်။

“အတွင်းဂိုဏ်းတပည့် ယန်လောရှု ဒဏ်ရာရထားတဲ့အကြောင်း မင်းသိလား”

လူအိုကြီးရွှမ်က ခဏမျှစဥ်းစားတွေးတောပြီး သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဥ်းလိုက်၏။

“တစ်ယောက်ယောက်က ဆူဇီမိုကို အဝီစိဆီ မျှားခေါ်ထုတ်ဖို့အတွက် ယန်လောရှုရဲ့အမြုတေစိတ်ဝိညာဥ်ကို ရည်ရွယ်ချက်ရှိရှိ ထိခိုက်ဒဏ်ရာရအောင်လုပ်ပြီး ထောင်ချောက်တစ်ခုကို ကြိုတင်ပြင်ဆင်ထားတယ်လို့ မင်းပြောချင်တာလား”

ဂိုဏ်းချုပ်က တိတ်တဆိတ် အသိအမှတ်ပြုသည့်အနေဖြင့် မည်သည့်စကားမှမဆိုတော့ပေ။

“ဒီလိုသာဆိုရင်... ယန်လောရှု ထိခိုက်ဒဏ်ရာရရှိသွားတာက တိုက်ဆိုင်မှုတစ်ခုမဟုတ်ဘူးပဲ... ပြောရမယ်ဆိုရင် တက္ကသိုလ်က တပည့်ဂိုဏ်းသားတွေက ဒီကိစ္စမှာ ပါဝင်ပတ်သက်နေတာပဲ”

လူအိုကြီးရွှမ်၏ မျက်လုံးထဲတွင် အေးစက်စက်အလင်းတစ်ချက်ပေါ်ထွက်လာ၏။

သူသည် ဂိုဏ်း၏ အရေးကိစ္စများနှင့်ပတ်သက်၍ ပုံမှန်အားဖြင့် အရေးမလုပ်တတ်သော်လည်း သူက ထက်မြက်မှုရှိပြီး အလွန်တရာမြန်ဆန်စွာတုံ့ပြန်နိုင်လေသည်။ ဂိုဏ်းချုပ်ထံမှ စကားတစ်ခွန်းနှင့်အတူ သူက အခြေအနေကို နားလည်သိရှိသွားပြီဖြစ်၏။

လူအိုကြီးရွှမ်က ဂိုဏ်းချုပ်ကိုတစ်ချက်ကြည့်ကာ လှောင်ရယ်လိုက်၏။

“ကြည့်ရတာတော့... ဒီကိစ္စရဲ့နောက်ကွယ်ကလူကို မင်းသိထားတာပဲ... မင်းဘာလို့ ကြားဝင်မဖျန်ဖြေပေးတာလဲ”

တက္ကသိုလ်၏ ဂိုဏ်းချုပ်က သူ၏ ခေါင်းကို ညင်သာစွာ ခါပြလိုက်၏။

လူအိုကြီးရွှမ်က အေးစက်စွာနှာတစ်ချက်မှုတ်လိုက်၏။

“တက္ကသိုလ်ကို မင်းလက်လွှဲရယူပြီးကတည်းက မင်းက တက္ကသိုလ်ရဲ့ တပည့်ဂိုဏ်းသားတွေးကြားက တိုက်ခိုက်မှုတွေကို လျစ်လျူရှုပြီး သူတို့ကို လုပ်ချင်ရာလုပ်ခွင့်ပေးထားတယ်... အခု တက္ကသိုလ်မှာ အဖွဲ့အမျိုးမျိုးကွဲထွက်ပြီး သူတို့ကြားမှာ တိုက်ခိုက်မှုတွေကလည်း မကြ​မကြာဖြစ်ပေါ်နေပြီ... တက္ကသိုလ်က အဲ့ဒါတွေကို ဘာအတွက်ခွင့်ပြုပေးထားတာလဲ”

ဂိုဏ်းချုပ်က ညင်သာစွာ သက်ပြင်းချလိုက်၏။

“အဲ့ဒါရဲ့အကျိုးကျေးဇူးက သူတို့တွေက ရက်စက်ကြမ်းတမ်းတဲ့ အပြင်လောကနဲ့ လိုက်လျောညီထွေရှိနိုင်ပြီး အမြန်ဆုံးကြီးပြင်းနိုင်လိမ့်မယ်”

“တက္ကသိုလ်က တည်ငြိမ်အေးချမ်းနေမယ်ဆိုရင် သူတို့တွေက အပြင်ဘက်မှာ လှုပ်ရှားသွားလာတဲ့အခါ အဲ့လိုမျိုး အကွက်ချကြံစည်မှုတွေနဲ့ ထောင်ချောက်ဆင်မှုတွေကို ဘယ်လိုကိုင်တွယ်နိုင်တော့မှာလဲ”

“တက္ကသိုလ်က တပည့်ဂိုဏ်းသားတွေက တက္ကသိုလ်မှာ အကျပ်အတည်းတစ်ခုခုနဲ့ ရင်ဆိုင်နေရမှပဲ သူတို့တွေက အထက်ဘုံမှာရှင်သန်နိုင်ပြီး သူတို့အတွက်သူတို့ နေရာတစ်ခုရယူနိုင်ကြလိမ့်မယ်”

လူအိုကြီးရွှမ်က အသံတိတ်သွား၏။

ဂိုဏ်းချုပ်က ပြောလိုက်၏။

“ဆူဇီမိုမှာ သူ့ကိုငါပေးထားတဲ့ ပို့ဆောင်ရေးကျောက်စိမ်းတံဆိပ်ပြားရှိတာပဲ... သူက အန္တရာယ်တစ်ခုခုနဲ့ကြုံတွေ့မယ်ဆိုရင် အဲ့ဒီတံဆိပ်ပြားကိုချိုးပြီး အချိန်မရွေးဒီကိုပြန်လာနိုင်တယ်”

“အဲ့ဒီမှာ ဘာအန္တရာယ်မှရှိမှာ မဟုတ်လောက်ဘူး”

“အဲ့ဒါတော့ ဟုတ်တယ်”

လူအိုကြီးရွှမ်က ပြောလိုက်၏။

“ဒါပေမဲ့... ဘာပဲပြောပြောအဲ့ဒါက အဝီစိပဲ... အခုဆိုရင် ကောင်းကင်ဘုံကမ္ဘာတစ်ဝန်းလုံးက ပညာရှင်တွေက လှုပ်ရှားလာကြပြီ... ဒီကောင်လေးရဲ့ ကျင့်ကြံမှုနယ်ပယ်က နိမ့်ကျလွန်းသေးတယ်... အဲ့ဒါက မလုံလောက်ဘူး”

“မင်း.. ဒီလောက်ထိစိုးရိမ်နေတယ်ဆိုမှတော့... ငါသူ့အတွက် ဗေဒင်တွက်ပေးမယ်”

ဂိုဏ်းချုပ်က ညင်သာစွာပြုံးပြီး သူ၏ အင်္ကျီလက်စနှစ်ဖက်ကို ဝေ့ယမ်းလိုက်၏။

သူ၏ ရှေ့မှာ တိမ်စိုင်များက စုဝေးလာပြီး ရှေးဟောင်းတံခါး ၈ ချပ်က ပေါ်ထွက်လာ၏။

တံခါးတစ်ချပ်ချင်းစီကို ခပ်ဖျော့ဖျော့တောက်ပနေသည့် ရှုပ်ထွေးပွေလီ၍ လျှို့ဝှက်ဆန်းကြယ်သော ​ရှေးဟောင်းမှော်စာလုံးများဖြင့် ခတ်နှိပ်ထားလေသည်။

ဂိုဏ်းချုပ်သည် လက်ဟန်ချိပ်စည်းများကို ထပ်တလဲလဲလှုပ်ရှားပြီး သူ၏ လက်ချောင်းများကို တံခါး ၈ ချပ်ဆီသို့ ဝင်ရောက်သွားစေ၏။

တံခါး ၈ ချပ်က လေထဲမှာ လျင်မြန်စွာလည်ပတ်၍ ခဏနေပြီးနောက် တံခါးတစ်ချပ်သာလျှင် ကျန်ရစ်ခဲ့လေသည်။ အဲ့ဒါက တလက်လက်တောက်ပနေဆဲဖြစ်ပြီး အခြားသောတံခါး ၇ချပ်၏ စွမ်းအားကတော့ မှေးမှိန်သွား၏။

“မရဏတံခါးပဲ”

လူအိုကြီးရွှမ်က အာရုံစိုက်၍ကြည့်ရှုပြီးနောက် သူ၏ အမူအရာက ပြောင်းလဲသွားကာ အော်ပြောလိုက်၏။

“ဒီခရီးစဥ်က အရမ်းကို အန္တရာယ်များနေတာပဲ”

“ဟမ်...”

ဂိုဏ်းချုပ်၏ အမူအရာကလည်း သုန်မှုန်သွားပြီး မျက်မှောင်ကြုတ်လိုက်၏။

“ငါတို့သူ့ကို တက္ကသိုလ်ကနေထွက်ခွင့်ပေးလို့မဖြစ်ဘူး”

လူအိုကြီးရွှမ်က လေးနက်သောအသံဖြင့် ပြောလိုက်၏။

ဂိုဏ်းချုပ်က​ ခေါင်းခါပြလိုက်၏။

“သူက သစ္စာတရားကို တန်ဖိုးထားတယ်... သူက ယန်လောရှုကို ကယ်တင်ဖို့အတွက် အဝီစိကိုသွားပြီး အသောကသစ်သီးသွားရှာမှာ မင်းက သူ့ကို တားဆီလိုက်မယ်ဆိုရင် အဲ့ဒါက သေချာပေါက် တန်ပြန်ရိုက်ခတ်မှုရှိလာလိမ့်မယ်”

လူအိုးကြီးရွှမ်က ခဏမျှစဥ်းစားတွေးတောလိုက်၏

“ငါသူ့နောက်ကို လိုက်သွားမယ်... တစ်ခုခုဖြစ်လာမယ်ဆိုရင် ငါက အချိမ်မရွေးဝင်ပြီး တိုက်ခိုက်ပေးလို့ရတယ်”

“ကောင်းပြီလေ”

ဂိုဏ်းချုပ်က ခေါင်းညိတ်ပြလိုက်၏။

“သတိထားဦး... မင်းက အန္တရာယ်တစ်ခုခုနဲ့ကြုံတွေ့ရမယ်ဆိုရင်... သူ့ကိုချက်ချင်းပြန်ခေါ်လာခဲ့.. မတိုက်ခိုက်နဲ့”

လူအိုကြီးရွှမ်က သူ၏ လက်နှစ်ဖက်ကို နောက်ပစ်ကာ လှည့်ထွက်သွားပြီဖြစ်၏။ ဂိုဏ်း၏ ပို့ဆောင်ရေးဝင်္ကပါသို့ ရောက်ရှိလာပြီးနောက် ဆူဇီမိုသည် မြေပုံနှင့်တိုက်ကြည့်ကာ အဆူရာကျောင်းတော်၏ ပို့ဆောင်ရေးဝင်္ကပါကို ရှာဖွေလိုက်၏။

အလင်းရောင်တစ်ချက်လက်သွားပြီး သူ၏ ပုံရိပ်က ပျောက်ကွယ်သွား၏။

သိပ်မကြာခင် ဆူဇီမို ပြန်လည်ပေါ်ထွက်လာသောအခါ သူသည် သုခဘုံသန့်စင်ကုန်းမြေသို့ ခြေချမိပြီဖြစ်ကာ ယိုယွင်းပျက်စီးနေသော အပျက်အစီးပုံများက ဝိုင်းပတ်ထားလေသည်။

ယိုယွင်းပျက်စီးနေသော နံရံတံတိုင်းတချို့ကနေတစ်ဆင့် သူသည် အရင်တုန်းက အဆောက်အအုံများ၏ ဇာစ်မြစ်နှင့် ပုံပန်းသဏ္ဌာန်ကို ခပ်ရေးရေးစဥ်းစားမိနိုင်၏။

အဲ့ဒါသည် မဟာထျဲဝေတောင်၏ အဆူရာကျောင်းတော်ဖြစ်လေသည်။

ဆူဇီမိုရောက်ရှိလာသည့်ခဏမှာပင် သူက ထျဲဝေတောင်ရှိရာဘက်သို့ အလင်းတန်းများအသွင်ပြောင်းလဲကာ ပြေးလွှားနေသော ကျင့်ကြံသူများစွာကို တွေ့မြင်လိုက်ရ၏။

ဤအချိန်အတောအတွင်းမှာ မရေမတွက်နိုင်သော ကျင့်ကြံသူများက အဝီစိသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာကြပြီဖြစ်၏။

သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်ရင်း ဆူဇီမိုသည် သူ၏ ဘေးပတ်ဝန်းကျင်ကို ဂရုတစိုက်စစ်ဆေးကြည့်လိုက်ပြီး သံသယရှိစရာမည်သည့်အရာကိုမှ မတွေ့ရပေ။

သူက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ထျဲဝေတောင်ရှိရာဘက်သို့ ဦးတည်လိုက်၏။

သိပ်မကြာခင် သူက ရင်တစ်ချက်ထိတ်သွားပြီး ဘေးတစ်ဘက်သို့ကြည့်လိုက်၏။

ထိုနေရာမှာရှိသော အပျက်အစီးပုံများထဲမှာ ယိုယွင်းပျက်စီးနေသော ကောက်ရိုးတဲတစ်လုံးနှင့်အတူ ၎င်း၏ ဘေးမှာ ဂူသင်္ချိုင်းတစ်ခုရှိနေ၏။

ထူးဆန်းသော အရာမှာ ဂူကမ္ဗည်းကျောက်စာတိုင်တစ်ခုပေါ်တွင် ရှည်လျားသောမျက်လုံးမွေးများနှင့် ဘုန်းကြီးအိုတစ်ပါးက ထိုင်နေ၏။ သူက သူ၏ ခေါင်းကို အနည်းငယ်မော့ပြီး ထျဲဝေတောင်ရှိရာဘက်သို့ အတွေးနက်စွာဖြင့် ငေးကြည့်နေ၏။

အဆူရာကျောင်းတော်၏ အနက်ပိုင်းထဲမှာ ဂူသင်္ချိုင်းတစ်ခုကို စောင့်ကြပ်နေသည့် မျက်လုံးမွေးရှည်နှင့် ထူးဆန်းသောဘုန်းကြီးအိုတစ်ပါးရှိသည်က်ု သိုင်းတာအိုပင်မခန္ဓာက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို ပြောခဲ့ဖူးလေသည်။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် မျက်ခုံးမွေးရှည်နှင့်ဘုန်းကြီးအိုကို ချိန်ဆ၍ ကြည့်ရှုလိုက်သော်လည်း သူက မည်သည့်အရာကိုမှ ပုံမဖော်နိုင်ပေ။

သူသည် သေခါနီးဆဲဆဲ အဖိုးအိုတစ်ယောက်ကဲ့သို့သာဖြစ်နေ၏။

ထိုစဥ်မှာပင် သင်္ချိုင်းစောင့်က တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရပြီး ဆူဇီမိုကို ဘေးတိုက်တစ်ချက်လှည့်ကြည့်လိုက်၏။

“ဟမ်..”

ရုတ်တရက် သင်္ချိုင်းစောင့်က ညင်သာစွာအံအားတသင့် ရေရွတ်ပြီး ဖြည်းဖြည်းချင်းရေရွတ်လိုက်၏။

သူက ဆူဇီမို၏ မျက်နှာကို အတန်ကြာစိုက်ကြည့်ပြီး ပြုံးလိုက်လေသည်။

“စိတ်ဝင်စားစရာပဲ”

သင်္ချိုင်းစောင့်က ဘာကိုရှာဖွေတွေ့ရှိသွားတာလဲ။

အဲ့ဒါက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာလား... ဒါမှမဟုတ် သူ့မှာရှိသည့် တခြားလျှို့ဝှက်ချက်တချို့လား။

သူက စိတ်ဝင်စားစရာကောင်းသည်ဟု သင်္ချိုင်းစောင့်က ဘာ့ကြောင့်ပြောရတာလဲ။

ရုတ်တရက် ဆူဇီမို၏ စိတ်ထဲသို့ ဖြစ်နိုင်ခြေတစ်ခုက ဝင်ရောက်လာ၏။

သင်္ချိုင်းစောင့်သည် သူ၏ အစစ်အမှန်ခန္ဓာနှစ်ခုစလုံးကို အရင်က တွေ့မြင်ဖူးခဲ့လေသည်။

သင်္ချိုင်းစောင့်သည် မာရ်နတ်မျက်နှာဖုံးကို ထွင်းဖောက်ပြီး သိုင်းတာအိုပင်မခန္ဓာ၏ မျက်နှာကို တွေ့မြင်ခဲ့တာလား။ အဲ့ဒါကြောင့် သင်္ချိုင်းစောင့်က အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို ယခုတွေ့မြင်သည့်အခါ စိတ်ဝင်စားစရာကောင်းသည်ဟု ပြောလိုက်ခြင်းလား။

သင်္ချိုင်းစောင့်သည် မာရ်နတ်မျက်နှာဖုံးကို ထွင်းဖောက်မြင်နိုင်သည်ဆိုလျှင် သူ၏ ကျင့်ကြံမှုအစစ်အမှန်က ဘာဖြစ်မလဲ။

ဆူဇီမိုက အဲ့ဒါနှင့်ပတ်သက်၍ ပိုတွေးလေလေ သူကပို၍တုန်လှုပ်လာလေလေ ဖြစ်၏။

နှစ်ကြိမ်စလုံးမှာ သင်္ချိုင်းစောင့်သည် သူ့ကို ရင်တလှပ်လှပ်ခံစားချက်တစ်ခု ပေးနိုင်ခဲ့၏။

ဆူဇီမိုက လက်သီးနှစ်ဖက်ကိုယှက်ပြပြီး ဂူသင်္ချိုင်းကို ကွေ့ပတ်ကာ ရှေ့သို့ဆက်တက်သွား၏။

သူက အဆူရာကျောင်းတော်နှင့် အဝေးသို့ရောက်ရှိလာပြီး ပြန်လှည့်ကြည့်ကာ သင်္ချိုင်းစောင့်ကို ဆက်လက်၍မတွေ့နိုင်တော့သည့်အခါမှသာ သူက စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။

တစ်ဘက်မှာတော့... လူအိုကြီးရွှမ်ကလည်း အဆူရာကျောင်းတော်သို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။ သူက သူ၏ လက်နှစ်ဖက်ကို သူ၏ အင်္ကျီလက်စထဲသို့ ထိုးထည့်ထားပြီး ဆူဇီမို၏ နောက်သို့ ခပ်ဝေးဝေးကနေလိုက်ပါလာ၏။

သိပ်မကြာခင် သူက ဂူသင်္ချိုင်းကိုဖြတ်ကျော်လာပြီး ရုတ်တရက် သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်၏။

မလှမ်းမကမ်း ဂူကမ္ပည်းကျောက်စာတိုင်တစ်ခုပေါ်မှာ မျက်ခုံးမွေးရှည်နှင့် ဘုန်းကြီးအိုတစ်ပါးထိုင်နေ၏။ သူကကုပ်ကိုင်း၍ ညှိုးခြောက်နေသည့်ပုံပေါ်လေသည်။

All Chapters