← Chapters

မင်းလေးက အလှလေးပဲ

Vol. 107 Ch. 1635

မင်းလေးက အလှလေးပဲ

Vol. 107 Ch. 1635

ကမ်းစပ်ကိုးခုခေတ်၊ တာအိုအဆုံးသတ်ကာလ၏ သက္ကရာဇ်(၂၉၉၉)ခုနစ်၊ ဆယ့်နှစ်ခုမြောက်လက အဆုံးသတ်ရန် သိပ်မလိုတော့ပေ။

ကမ်းစပ်ကိုးခုအင်မော်တယ်အရှင်သခင်၏ အုပ်ချုပ်ခွင့်ကာလ အဆုံးသတ်ရန် လဝက်မျှသာ လိုတော့သည်။

မိုးသောက်အင်မော်တယ်အရှင်သခင်က အုပ်ချုပ်ခွင့်ကို လွှဲပြောင်းယူမည့်နေ့မှာ မိုးသောက်အင်မော်တယ်နန်းတော်၏ သခင်လေးနှင့် ကမ်းစပ်ကိုးခုအင်မော်တယ်အရှင်သခင်၏ သမီးတော်က ထိမ်းမြားလက်ထပ်လိမ့်မည်။

ပုံမှန်အခြေအနေတွင် ထိုသို့မင်္ဂလာပွဲကို အမှတ်ငါးကြယ်တာရာစက်ဝန်းတစ်ခုလုံးအား အသိပေး၍ ခမ်းခမ်းနားနား ကျင်းပလိမ့်မည်။ ထို့ပြင် ယင်းက ကြယ်တာရာစက်ဝန်းထဲမှ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ စိတ်အာရုံကို ဆွဲဆောင်နိုင်စေလိမ့်မည်။

တခြားအင်မော်တယ်အရှင်သခင်များသည်ပင် အကယ်၍ လူကိုယ်တိုင် မရောက်လာနိုင်လျှင် သူတို့၏ ရိုသေလေးစားမှုကို ဖော်ပြသည့်အနေဖြင့် သူတို့၏ တပည့်ကြီးကို စေလွှတ်ကြလိမ့်မည်။

သို့သော်လည်း အရေးကြီး အချိန်ကာလဖြစ်သောကြောင့် မိုးသောက်အင်မော်တယ်အရှင်သခင်က ပြင်ပဧည့်သည်တော်များ လက်ခံခြင်းကို ငြင်းဆန်ခဲ့ပြီး မင်္ဂလာပွဲကို အင်မော်တယ်နန်းတော်ထဲမှာသာ အကျဉ်းချုံး ဆောင်ရွက်စေသည်။

သို့တိုင်အောင် မင်္ဂလာလက်ဖွဲ့များ လက်ခံခြင်းနှင့် အခမ်းအနားပြင်ဆင်ခြင်းက ဆက်လက် ရှိနေဆဲပင်။

ထို့ကြောင့် အင်မော်တယ်နန်းတော်တစ်ခုလုံးမှာ မီးပုံးများနှင့် အလှတန်ဆာများဖြင့် ပြည့်နှက်နေသည်။ အနီရောင်ပိတ်စများနှင့် ပွဲတော်အပြင်အဆင်များက နေရာတိုင်းမှာ ရှိသည်။ အထူးသဖြင့် ဂျူနီယာမိုးသောက်ခန်းမထဲမှာ ဖြစ်သည်။

ထိုကိစ္စများက သမိုင်းထဲမှာ အမှန်တကယ် ဖြစ်ပျက်ခဲ့ပြီး သေးငယ်သော လှိုင်းဂယက်ထမှုကိုသာ ဖန်တီးပေးနိုင်သည်။ ထို့ပြင် ယင်းတို့က အနာဂတ် အဖြစ်အပျက်များအပေါ် သက်ရောက်မှုမရှိပေ။ သို့ဖြစ်၍ ရွှီချင်းက ဂျူနီယာမိုးသောက်ခန်းမထဲတွင် အင်မော်တယ်နန်းတော်ထဲမှ အရာရှိများက ဝင်ထွက်သွားလာနေကြပြီး သူ၏ မင်္ဂလာပွဲအတွက် ပြင်ဆင်နေသည်ကို ဝင်မစွက်ဖက်ခဲ့ပေ။

သူက အဓိကခန်းမထဲမှာ တင်ပျဉ်ခွေထိုင်နေပြီး သူရရှိထားသော အချိန်သဲကို ဆက်လက် လေ့လာနေသည်။

အပြင်လောကမှ ကိစ္စများနှင့်ပတ်သက်၍ သူက ကျုံးချီကို တာဝန်လွှဲပြောင်းပေးထားသည်။

အချိန်က မြန်ဆန်စွာ ကုန်ဆုံးသွားသည်။ မကြာမီ ညနေခင်းအချိန် ကျရောက်လာပြီး နေဝင်ဆည်းဆာ၏ အလင်းရောင်က လောကပေါ်သို့ ဖုံးလွှမ်းသွားသည်။ တစ်ဆက်တည်းမှာ နေရောင်က ဂျူနီယာမိုးသောက်ခန်းမထဲမှ ပွဲတော်အပြင်အဆင်များပေါ်သို့ ကျရောက်သွားသည်။

ထိုစဉ် ကျုံးချီက ပွဲတော်အပြင်အဆင်များကို ဂရုတစိုက် စစ်ဆေးကြည့်နေပြီး အလှတန်ဆာများကို နေရာတကျထားရန် ညွှန်ကြားပေးနေသည်။

ဤအခိုက်အတန့်မှာ သူက တံစက်မြိတ်ပေါ်တွင် ချိတ်ဆွဲထားသော အလှမီးပုံးများကို လက်ညှိုးညွှန်လိုက်ပြီး သူ့အနီးနားမှ အရာရှိတစ်ယောက်ကို ပြောသည်။

“ အဲ့ဒီအလှမီးပုံးတွေက အရောင်မှိန်လိုက်တာ… အဲ့ဒါကို အင်မော်တယ်နှင်းဆီပန်းတွေနဲ့ပဲ ပြုလုပ်ထားတာ မဖြစ်နိုင်ဘူး… နေ့ဘက်မှာ မသိသာပေမဲ့ အခုလို ညနေဘက်ရောက်ရင် မသန့်စင်မှုတွေက အလိုအလျောက် ထွက်ပေါ်လာတတ်တယ် ”

“ ပြီးတော့ မီးပုံးအရေအတွက်က ကျက်သရေမရှိလိုက်တာ… အရေအတွက်က စုံဂဏန်းဖြစ်သင့်တယ်… အဲ့ဒါတွေကို မြန်မြန်လဲပစ်ပါ ”

“ ပြီးတော့ အဲ့ဒီကတ္တီပါကောဇောက သိပ်မတောက်ပဘူး… အဲ့ဒီထဲမှာ ထည့်သွင်းထားတဲ့ အင်မော်တယ်အလင်းမန္တန်က ပုံမှန်မဟုတ်တဲ့ပုံပဲ ”

“ မန္တန်ကို ပြောင်းလဲလိုက်ပါ ”

“ ပြီးတော့… ”

ကျုံးချီက တာဝန်ကျေပွန်သူ ဖြစ်သည်။ သူက သခင်လေးပေးထားသော တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်သင့်သည်ဟု ခံစားမိသည်။ မည်သို့ဖြစ်ပါစေ သခင်လေးသည် မနေ့က ဝိညာဉ်ဖမ်းဆီးနန်းတော်မှ နတ်သမီးရှောင်ဟွေ့ကို သူ့အတွက် စကားကောင်းတချို့ ကူပြောပေးခဲ့သည်။

ဤခန္ဓာကိုယ်ပိုင်ရှင်၏ အကျင့်စရိုက်အရ သူက ထိုအတွက် သခင်လေးကို အလွန်ကျေးဇူးတင်လိမ့်မည်။

ကျုံးချီက စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။ သူသိထားသော သမိုင်းအရဆိုလျှင် ထိုမင်္ဂလာပွဲက သွေးပျက်ဖွယ်ကောင်းသော ဈာပနပွဲအဖြစ် ပြောင်းလဲသွားလိမ့်မည်။

“ သခင်လေးက လဝက်ကြာရင် ကျင်းပမယ့် မင်္ဂလာပွဲမှာ သေဆုံးသွားလိမ့်မယ်… ဒီနေရာက လူအားလုံး တစ်ယောက်မကျန် သေဆုံးသွားလိမ့်မယ် ”

“ ဒီအတောအတွင်း သခင်လေးနဲ့ အတူရှိနေခဲ့တဲ့အချိန်အပေါ် အခြေခံပြီး ငါသုံးသပ်ရမယ်ဆိုရင် ဒီလူက အကျင့်စရိုက်ရော စိတ်သဘောထားရော လုံးဝ ကောင်းမွန်တယ်… သူက နည်းနည်း တဏှာရာဂကြီးတယ်ဆိုပေမဲ့ သူ့ရဲ့ သရုပ်အဆင့်အတန်းအရ အဲ့ဒါက ကြီးမားတဲ့ ပြစ်ချက်တော့ မဟုတ်ဘူး… အဲ့ဒါကလွဲရင် သူက ပြီးပြည့်စုံတယ် ”

ကျုံးချီက စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်သည်။ ဤအတောအတွင်း သူက အင်မော်တယ်နန်းတော်ထဲ၌ ဖိအားကင်းမဲ့သော ဘဝကို တွေ့ကြုံခံစားနေရသည်ဟု အတွေးဝင်မိသည်။ ဤနေရာတွင် သူက သခင်လေးကို ကာကွယ်ရန်သာ လုပ်ဆောင်ပေးရသည်။

အပြင်လောကတွင်တော့ သူ၏ ပခုံးပေါ်မှာ တာဝန်အများကြီး ရှိသည်။ သူ့ကလန်၏ ကံကြမ္မာဖြစ်စေ သို့မဟုတ် သူ့ကိုယ်ပိုင်ကံကြမ္မာဖြစ်စေ ယင်းတို့ကို ပြောင်းလဲပစ်ရန် သူရုန်းကန်နေရသည်။

သူက ကြယ်တစ်ပွင့်ဖြစ်လေရာ မည်သို့ကြောင့် သူ့ဆရာ၏ အကြံအစည်ကို မသိဘဲနေမည်နည်း။ သို့သော်လည်း သူက ယင်းကို အပေါ်ယံတွင် မဖော်ပြပေ။

ယင်းကို တန်ပြန်တိုက်ခိုက်နိုင်မည့် နည်းလမ်းကို လျှို့ဝှက်စွာသာ သူရှာဖွေနိုင်ပေသည်။

ထို့ကြောင့် အပြင်လောကမှ လီမုန့်တု၏ ဘဝနှင့်နှိုင်းယှဉ်လျှင် ကျုံးချီ၏ ဘဝကို ပိုပြီး သူနှစ်သက်သည်။

ဤအခိုက်အတန့်မှာ ထိုအတွေးများက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်နှင့် သူက ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်လေရာ မြေပြင်ပေါ်မှ အစိမ်းရောင်အုတ်ခဲတစ်လုံးက ပြစ်ချက်ရှိနေကြောင်း မြင်တွေ့သွားသည်။ သူက မျက်မှောင်ကြုတ်လိုက်ပြီး စကားပြောရန် ပြင်လိုက်သည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ အနီရောင်အလင်းတန်းက ကောင်းကင်ပေါ်မှာ ရုတ်တရက် ထွန်းလင်းတောက်ပလာသည်။

ဖီးနစ်အော်မြည်သံက ကောင်းကင်ယံမှ ပဲ့တင်ထပ်လာသည်။

ထို့နောက် ရောင်စုံအလင်းတန်းများက အရပ်မျက်နှာအဘက်ဘက်မှ ရောက်ရှိလာပြီး ဂျူနီယာမိုးသောက်ခန်းမ၏ ကောင်းကင်ပေါ်မှာ စုဝေးသွားကြသည်။ မကြာမီ အလင်းတန်းများကြားတွင် ဖီးနစ်ကိုးကောင်ရထားလုံးက ထွက်ပေါ်လာသည်။

ရောင်စုံအလင်းတန်းများ၏ ဝန်းရံမှုနှင့်အတူ ရထားလုံးက ထွန်းလင်းတောက်ပသော ရောင်ခြည်အလင်းကို ထုတ်လွှတ်လိုက်သည်။ ဤသည်မှာ ရထားလုံး၏ အလင်းရောင်က ဂျူနီယာမိုးသောက်ခန်းမတစ်ခုလုံး၌ နေရာကွက်လပ်မကျန်အောင် ဖုံးလွှမ်းနိုင်သည့်အလားပင်။

ရထားလုံးကို ဆွဲပေးနေသော ဖီးနစ်ကိုးကောင်က အနီရောင်မီးတောက်ကို ထုတ်လွှတ်နေလေရာ ၎င်းတို့က နေဝင်ဆည်းဆာအလင်းကို အန်တုချင်နေသည့်အလားပင်။ ဖီးနစ်ကိုးကောင်က အော်မြည်လိုက်သည့်အခါ ကောင်းကင်၏ အရောင်က ပြောင်းလဲသွားသည်။ ဖီးနစ်၏ စွမ်းအားက အပြည့်အဝ ထွက်ပေါ်လာသည်။

ရထားလုံး၏ ဘေးပတ်ပတ်လည်တွင် အစောင့်အကြပ်စစ်သည်တော်များက ရှိနေဆဲပင်။ သူတို့တစ်ယောက်စီက တည်ကြည်လေးနက်သော အမူအရာဖြင့် ရပ်နေကြသည်။ သူတို့က အနက်ရောင်စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး လက်ထဲတွင် တိုက်ပွဲလှံရှည်ကို ကိုင်ဆောင်ထားကြသည်။ သူတို့ထံမှ ထုတ်လွှတ်နေသော အရှိန်အဝါက သာလွန်ထူးခြားသည်။

သူတို့က ကမ်းစပ်ကိုးခုသမီးတော်၏ ကောင်းကင်ဘုံအစောင့်အရှောက်များ ဖြစ်ကြသည်။

တော်ဝင်ရထားလုံး ဆင်းသက်လာသည့်အခိုက် ဂျူနီယာမိုးသောက်ခန်းမထဲ၌ ပွဲပြင်ဆင်နေကြသော အရာရှိအားလုံးက ခေါင်းငုံ့လိုက်ကြပြီး အရိုအသေပေးလိုက်ကြသည်။

ကျုံးချီက မျက်လုံးမှေးကျဉ်းလိုက်သော်လည်း သူ၏ မျက်နှာပေါ်မှာ ရိုသေလေးစားမှုဖြင့် ပြည့်နှက်နေဆဲပင်။ သူက အရှေ့သို့ မြန်မြန်လျှောက်သွားပြီး ကျယ်လောင်စွာ နှုတ်ဆက်လိုက်သည်။

“ ဝိညာဉ်ဖီးနစ်နတ်သမီးကို နှုတ်ဆက်ပါတယ် ”

အေးစက်စက် နှာခေါင်းရှုံ့သံက ရထားလုံးထဲမှ ထွက်ပေါ်လာသည်။ မကြာမီ ရထားလုံး၏ ဘေးနှစ်ဖက်မှ အစေခံမလေးနှစ်ယောက်က ကန့်လန့်ကာကို မြှောက်တင်ပေးလိုက်သည့်အခါ ပြိုင်ဘက်ကင်းသော မိန်းမလှလေးက ရထားလုံးထဲမှ ထွက်လျှောက်လာသည်။

ယခု ရောက်ရှိလာသူသည် ကမ်းစပ်ကိုးခုသမီးတော်မှလွဲ၍ တခြားမဟုတ်ပေ။ သူ၏ နာမည်က ဝိညာဉ်ဖီးနစ်ဖြစ်သည်။

သို့သော်လည်း ယနေ့ သူ၏ ပုံစံက မိုးကြိုးအပြစ်ပေးချောက်ကမ်းပါးပေါ်တွင် ထွက်ပေါ်လာခဲ့စဉ်ကနှင့် ခြားနားနေသည်။ ထိုအချိန်တုန်းက သူက သိမ်မွေ့နူးညံ့မှုကို ဒေါသဖြင့် ဖုံးအုပ်ထားခဲ့သည်။ ဤတစ်ကြိမ်တွင် သူ၏ မျက်လုံးက စူးရှပြီး နက်ရှိုင်းသည်။ ဤသည်မှာ သူက တစ်စုံတစ်ယောက်၏ နှလုံးသားထဲ၌ ပုန်းအောင်းနေသော အတွေးများကို ထွင်းဖောက်မြင်နိုင်သည့်အလားပင်။

သူ၏ မျက်နှာက တည်ငြိမ်သော်လည်း ယင်းက မုန်တိုင်းတစ်ခုကို ဖုံးကွယ်ထားပုံပေါ်သည်။

သူ၏ အဝတ်အစားသည်လည်း ယခင်တစ်ခေါက်ကနှင့် ခြားနားသွားသည်။

သူက အပြာရောင်နန်းတွင်းဝတ်စုံကို ကြော့ရှင်းတင့်တယ်စွာ ဝတ်ဆင်ထားသည်။ သူ၏ အမူအရာအောက်မှာ ဖုံးကွယ်နေသော ဒေါသက သူ၏ ဂုဏ်ကျက်သရေကို ပိုပြီးပေါ်လွင်စေသည်။

ဤသည်မှာ သူ၏ တည်ရှိမှုက အလိုအလျောက် ခြိမ်းခြောက်မှုကို ဖြစ်ပေါ်စေသည့်အလားပင်။ ယင်းက တခြားလူများကို သူ၏ အရှေ့မှာ မဆင်မခြင်မဆောင်ရွက်မိစေရန် သတိပေးနေသည့်အလားပင်။

သူက ရထားလုံးထဲမှ ထွက်လာပြီး ဂျူနီယာမိုးသောက်ခန်းမထဲသို့ တစ်လှမ်းချင်း လျှောက်သွားသည်။ သူက ထိုနေရာမှာ ရပ်လိုက်သည်နှင့် သူ့ထံမှ ထုတ်လွှတ်နေသော ဂုဏ်ကျက်သရေက ပိုပြီးတင့်တယ်လာသည်။

အဘယ့်ကြောင့်ဆိုသော် သူက သူ၏ တန်ဖိုးနှင့် အဆင့်အတန်းကို ကောင်းမွန်စွာ သိထားပြီး သူ၏ ဂုဏ်ကျက်သရေနှင့် အခွင့်အာဏာကို မည်သို့အသုံးချသင့်ကြောင်း ရှင်းလင်းစွာ နားလည်ထားသောကြောင့် ဖြစ်သည်။

သို့ဖြစ်၍ သူ၏ အကြည့်က အလိမ်အညာများနှင့် အတုအယောင်များကို ထွင်းဖောက်မြင်နိုင်စွမ်းရှိဟန် ရသည်။ သူ၏ အကြည့်က ဤနေရာမှ အပြင်အဆင်များပေါ်သို့ ကျရောက်သွားပြီး နောက်ဆုံးမှာတော့ ကျုံးချီထံသို့ ရွှေ့ပြောင်းသွားသည်။

“ ပန်းပေါင်းတစ်ရာနန်းတော်ကို ဖျက်သိမ်းပြီးပြီလား ”

သူ၏ အသံက တိုးညင်းသော်လည်း ယင်းထဲမှာ ဖော်မပြနိုင်သော အခွင့်အာဏာက ကိန်းအောင်းနေသည်။ ဤသည်မှာ သူ၏ နှုတ်မှ ထွက်ပေါ်လာသော စကားလုံးတိုင်းက လေးလံသော တူအဖြစ် ပြောင်းလဲသွားပြီး တစ်ဖက်လူ၏ ရင်ဘက်ပေါ်သို့ အကြမ်းပတမ်း ထုချလိုက်သည့်အလားပင်။

လူတိုင်းက နှုတ်ဆိတ်သွားကြပြီး ခေါင်းငုံ့ထားလိုက်ကြသည်။ ကျုံးချီသည်ပင် ထိုမိန်းမပျိုလေး၏ စကားထံမှ ဖိအားကို ခံစားမိသွားသည်။

‘ သူ့ကို မတွေ့တာ ရက်နည်းနည်းပဲ ရှိသေးတယ် ဒီလူက သူ့ရဲ့ သရုပ်နဲ့ ပြီးပြည့်စုံလုနီးပါး လိုက်ဖက်နေပြီ… တကယ်လို့ အရင်တစ်ခေါက်တုန်းက ငါသာ သူ့ရဲ့ ပြစ်ချက်တချို့ကို ရှာမတွေ့ခဲ့ဘူးဆိုရင် အခုချိန်မှာ သူက အပြင်လူတစ်ယောက်ဖြစ်တယ်ဆိုတာ လုံးဝ သတိထားမိမှာ မဟုတ်ဘူး ’

ကျုံးချီက မြန်ဆန်စွာ တွေးတောလိုက်ပြီး တိုးညင်းစွာ ပြောသည်။

“ သခင်လေးက လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ပန်းပေါင်းတစ်ရာနန်းတော်ကို ဖြိုချဖို့ တစ်ယောက်ယောက်ကို အမိန့်ပေးခဲ့ပါတယ်… ဒါပေမဲ့ ဒီရက်တွေမှာ မင်းနဲ့ သခင်လေးကြားက မင်္ဂလာပွဲအတွက် ပြင်ဆင်နေရတာကြောင့် ပန်းပေါင်းတစ်ရာနန်းတော်ကို ဖြိုချမယ့် ကိစ္စကို ငါလျစ်လျူရှုထားခဲ့မိပါတယ် ”

“ မနက်ဖြန်ကျရင် အဲ့ဒီကိစ္စကို ငါဆောင်ရွက်လိုက်ပါ့မယ် ”

ဝိညာဉ်ဖီးနစ်နတ်သမီး၏ အမူအရာက မည်းမှောင်သွားသည်။ သူက တည်ငြိမ်စွာ ပြောသည်။

“ မနက်ဖြန်ထိ စောင့်နေစရာမလိုဘူး… ဒီနေ့ပဲ အဲ့ဒါကို ဖြိုချပစ်မယ် ”

သူက စကားပြောပြီးနောက် အရှေ့သို့ လျှောက်သွားသည်။

ကျုံးချီက အံ့ဩသွားပြီး ရှင်းပြတော့မည့်ပုံစံ ဟန်ဆောင်လိုက်သည်။ သို့သော်လည်း သူက အရှေ့သို့ ခြေလှမ်းတော့မည့်အချိန် ဝိညာဉ်ဖီးနစ်နတ်သမီး၏ အစောင့်အကြပ်များကြောင့် အတင်းအကျပ် အနောက်ပို့ခံလိုက်ရသည်။ သို့ဖြစ်၍ သူက သခင်လေးထံသို့ မြန်ဆန်စွာ အသံပို့လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာ သူက အနောက်မှ မြန်ဆန်စွာ ပြေးလိုက်သွားပြီး အော်ပြောလိုက်သည်။

“ သခင်မလေး… ဒီလို အလုပ်ကြမ်းတွေကို ငါပဲ လုပ်ပါရစေ ”

ဝိညာဉ်ဖီးနစ်နတ်သမီးက ဒေါသတကြီး အမြန်လျှောက်သွားနေစဉ် ပန်းပေါင်းတစ်ရာနန်းတော်က သူ၏ မြင်ကွင်းထဲမှာ ထွက်ပေါ်လာသည်။ သူတို့အုပ်စု၏ ရောက်ရှိလာမှုက ကောင်းကင်ပေါ်မှာ အနက်ရောင်တိမ်တိုက်များ ထွက်ပေါ်လာခြင်းနှင့် ဆင်တူသည်။ ယင်းက ညနေခင်းအချိန်ကို မြန်ဆန်စွာ ကုန်ဆုံးသွားစေပြီး ကောင်းကင်ကို မည်းမှောင်သွားစေသည်။

ကြမ်းတမ်းသော လေပြင်းက ရုတ်တရက် ထွက်ပေါ်လာပြီး ပန်းပေါင်းတစ်ရာနန်းတော်ထံသို့ တိုက်ခတ်သွားသည်။ ထိုအခါ နန်းတော်ထဲမှ ပန်းပင်များနှင့် ပန်းပွင့်များက တဖျပ်ဖျပ်လှုပ်ခတ်သွားကြသည်။

သို့သော်လည်း သခင်လေးထိုင်နေကျ နေရာတွင် လဲလျောင်းနေသော ပန်းနုရောင်မိန်းမပျိုလေး၏ အမူအရာကတော့ မပြောင်းလဲသွားချေ။ သူက ပါးလွှာသော ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဝတ်စုံအောက်မှ သူ၏ ဖြူဖွေးသော အသားအရေက ထင်ရှားစွာ ထွက်ပေါ်နေသည်။ သူ၏ မျက်နှာက ပျင်းရိနေပုံပေါ်သော်လည်း ထိုအမူအရာက သူ့ကို ပိုပြီးဆွဲဆောင်မှုရှိစေသည်။

သူက နန်းတော်အပြင်ဘက်မှ မုန်တိုင်းကို ဂရုမစိုက်ပေ။ ဤအခိုက်အတန့်မှာ သူက နူးညံ့စွာ ပြောသည်။

“ ညီအမတွေ… သီချင်းဆိုပြီး ဆက်ကပြပေးပါဦး ”

ဘေးပတ်ဝန်းကျင်မှ ပန်းပွင့်တစ်ရာက တခစ်ခစ် ရယ်လိုက်ကြသည်။ တစ်ချိန်တည်းမှာ အင်မော်တယ်တေးသံက ဆက်လက် ထွက်ပေါ်လာသည်။

နန်းတော်အပြင်ဘက်တွင် ကျုံးချီက ထိုမြင်ကွင်းကို မြင်သွားသောအခါ မျက်လုံးမှေးကျဉ်းလိုက်သည်။ ထို့နောက် သူက ခြေလှမ်းအနည်းငယ် အနောက်ဆုတ်သွားပြီး ဝိညာဉ်ဖီးနစ်နတ်သမီးကို နောက်ထပ် မတားဆီးတော့ပေ။

ဝိညာဉ်ဖီးနစ်နတ်သမီး၏ မျက်လုံးထဲတွင် သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြင့် ပြည့်နှက်သွားသည်။ သူက အေးတိအေးစက် ပြောသည်။

“ ဒီရွံစရာကောင်းတဲ့ အဆောက်အဦးကို ငါ့မျက်စိရှေ့ကနေ ဖယ်ရှားပစ်စမ်း ”

သူစကားပြောလိုက်သည်နှင့်ချက်ချင်း သူ၏ ဘေးပတ်ပတ်လည်မှ အနက်ရောင်စစ်ချပ်ဝတ်နှင့် အစောင့်အကြပ်များက အေးစက်စက်လေကို ထုတ်လွှတ်လိုက်ကြသည်။ သူတို့က အရှိန်အဝါကို ထုတ်လွှတ်ပြီးသည်နှင့် အရှေ့သို့ လျှောက်သွားကြသည်။

သူတို့က အထူးတလည် တိုက်ခိုက်စရာ မလိုပေ။ သူတို့၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော အေးစက်စက်လေက ဘေးပတ်ဝန်းကျင်မှ အရာအားလုံးကို ချက်ချင်း အေးခဲပစ်နိုင်သည်။ အေးခဲခံလိုက်ရပြီးနောက် ၎င်းက ပြိုကွဲသွားပြီး ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားလိမ့်မည်။

သူတို့က အရှေ့သို့ လျှောက်သွားနေစဉ် အဖျက်အဆီးစိတ်ဆန္ဒက အနောက်မှ လိုက်ပါလာသည်။

ထို့ပြင် ကျုံးချီသော်လည်းကောင်း၊ ပွဲအခမ်းအနားပြင်ဆင်သည့် အရာရှိများသော်လည်းကောင်း သို့မဟုတ် ဂျူနီယာမိုးသောက်ခန်းမ၏ အစောင့်အကြပ်များသော်လည်းကောင်း ဤအခိုက်အတန့်မှာ သူတို့ထဲမှ မည်သူမှ အရှေ့မထွက်ကြချေ။

အဘယ့်ကြောင့်ဆိုသော် မိုးသောက်အင်မော်တယ်နန်းတော်တစ်ခုလုံးတွင် ပန်းပေါင်းတစ်ရာနန်းတော်ကို ဖြိုချနိုင်သည့်လူက မိုးသောက်အင်မော်တယ်အရှင်သခင်တစ်ယောက်တည်းသာ ရှိ၏။ သူ၏ တပည့်လေးယောက်သည်ပင် ထိုသို့လုပ်ဆောင်နိုင်စွမ်း မရှိပေ။

သို့သော်လည်း ယခု ထိုသို့လုပ်ဆောင်နိုင်သော နောက်ထပ်တစ်ဦး ထွက်ပေါ်လာသည်။

၎င်းက သခင်လေးနှင့် မကြာခင် လက်ထပ်တော့မည့် သခင်မလေး ဖြစ်သည်။

အမှန်မှာ ပန်းပေါင်းတစ်ရာနန်းတော်ကို ဖြိုချသည့်ကိစ္စတွင် သူ၏ အခွင့်အာဏာက အင်မော်တယ်အရှင်သခင်ထက်ပင် ပိုပြီးတရားဝင်သည်။ မည်သို့ဖြစ်ပါစေ သူက သခင်လေး၏ အနာဂတ်ဇနီးလောင်း မဟုတ်ပါလော။ ထို့ပြင် အင်မော်တယ်အရှင်သခင်ကိုယ်၌က ပန်းပေါင်းတစ်ရာနန်းတော်ကို ဖြိုချရန် အစောကြီးကတည်းက သဘောတူထားသည်။

ထို့ကြောင့် ဝိညာဉ်ဖီးနစ်နတ်သမီး၏ လုပ်ဆောင်မှုကို မည်သူမှ တားဆီးရန် အရည်အချင်းမပြည့်မီပေ။

သို့ဖြစ်၍ ဝိညာဉ်ဖီးနစ်နတ်သမီးက သူ၏ အစောင့်အကြပ်များအား အရှေ့သို့ စေလွှတ်နေသည်ကို သူတို့အားလုံးက ရပ်ကြည့်နေရုံသာ တတ်စွမ်းကြသည်။

ဝုန်းခနဲ မြည်သံက ဆက်လက် ပဲ့တင်ထပ်သွားသည်။

ပန်းပေါင်းတစ်ရာနန်းတော်၏ ဂိတ်တံခါးက ကောင်းကင်ဘုံအစောင့်အကြပ်များ၏ ချီတတ်မှုအောက်မှာ အပိုင်းပိုင်းအစစ ပြိုကွဲသွားပြီး ဖုန်မှုန့်ဖြစ်သွားသည်။

ဝိညာဉ်ဖီးနစ်နတ်သမီးက အေးစက်စက် အမူအရာဖြင့် သူတို့၏ အနောက်မှ လျှောက်သွားသည်။

ယင်းကို မြင်သောအခါ ကျုံးချီက စိတ်ထဲမှာ သက်ပြင်းချလိုက်ပြီး ကိုယ့်ဘာသာ တွေးတောလိုက်သည်။

‘ သခင်လေး… ဒီကိစ္စနဲ့ပတ်သက်ပြီး ငါ့မှာ တခြားရွေးချယ်စရာမရှိဘူး ’

ကျုံးချီက သက်ပြင်းချနေစဉ် သူ့အရှေ့မှ ကောင်းကင်ဘုံအစောင့်အကြပ်များက နန်းတော်၏ အနက်ပိုင်းထဲမှ ခန်းမထဲသို့ ရောက်ရှိသွားကြသည်။

ခန်းမထဲတွင် မြေခွေးမိန်းမပျိုလေး၊ ရေကန်နှင့် အမျိုးအစားစုံလင်သော ပန်းပွင့်များက လူတိုင်း၏ မျက်လုံးထဲမှာ ပုံရိပ်ပြန်လာသည်။

ထိုမြင်ကွင်းက ဝိညာဉ်ဖီးနစ်နတ်သမီး၏ မျက်လုံးထဲမှာလည်း ထွက်ပေါ်လာသည်။

ပန်းပွင့်တိုင်းက အရောင်အသွေးစုံလင်သော ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး ခမ်းနားတောက်ပကြသည်။ သူတို့တစ်ယောက်ချင်းစီက ခန္ဓာကိုယ်အချိုးအစား လှပပြီး ဆွဲဆောင်မှုကိုယ်စီ ရှိကြသည်။ ယင်းက လွန်စွာ မျက်စိဖမ်းစားနိုင်သော မြင်ကွင်းတစ်ခု ဖြစ်သည်။

တချို့က သေးသွယ်ပြီး ချစ်စဖွယ်ကောင်းသည်။ တချို့က ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိသည်။ တချို့က မွန်မြတ်သန့်စင်ပြီး အပြစ်ကင်းစင်ပုံပေါ်သည်။ တချို့က နတ်ဆိုးကဲ့သို့ ညှို့ဓာတ်ပြင်းပြီး ပူလောင်သော ခံစားမှုကို ပေးသည်။ ထို့ပြင် သွက်လက်ထက်မြက်သူတချို့လည်း ရှိသည်။

သူတို့ထဲမှာ လူသားမဟုတ်သော မျိုးနွယ်ခြားများပင် ရှိသည်။

“ ညစ်ညမ်းတဲ့ စကားတွေနဲ့ ညစ်ညမ်းတဲ့ အပြုအမူတွေက စိတ်နှလုံးကို ဖောက်လွှဲဖောက်ပြန်စေတယ်… ဒီလို ဂုဏ်သိက္ခာမရှိ၊ အရှက်မရှိတဲ့နေရာက စက်ဆုပ်ရွံရှာမှုတွေနဲ့ ပြည့်နှက်နေတဲ့ အမင်္ဂလာနေရာပဲ ”

သူ့အရှေ့မှ မြင်ကွင်းကို ကြည့်ပြီးနောက် ဝိညာဉ်ဖီးနစ်နတ်သမီးက အံတင်းတင်းကြိတ်လိုက်ပြီး စကားတစ်လုံးချင်း ပြောသည်။

ယင်းကို ပန်းပွင့်တစ်ရာကြားသောအခါ သူတို့က စိတ်ဆိုးသွားကြပြီး ဝိညာဉ်ဖီးနစ်နတ်သမီးကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ကြသည်။

မြေခွေးမိန်းမပျိုလေးသည်တော့ တည်ငြိမ်သည်။ သူက ကျောက်စိမ်းသဖွယ် လက်ကို မြှောက်လိုက်ပြီး သူ၏ ဘေးမှ စပျစ်သီးကို ကောက်ယူကာ သူ၏ ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူက ဝိညာဉ်ဖီးနစ်နတ်သမီးကို ကြည့်လိုက်ပြီး တခစ်ခစ် ရယ်လိုက်သည်။

“ ညီမလေး… မင်းလေးက အလှလေးပဲ… ဒါပေမဲ့ ကံကြမ္မာက လူတွေကို အရူးလုပ်ထားတာ စိတ်မကောင်းစရာပဲ… တကယ်လို့ မင်းသာ ကမ်းစပ်ကိုးခုအင်မော်တယ်အရှင်သခင်ရဲ့ သမီးမဟုတ်ဘူးဆိုရင် မင်းက ငါတို့ထဲက ညီမတစ်ယောက် ဖြစ်လာမှာကို ငါစိုးရိမ်မိတယ်… အဲ့ဒီအခါကျရင် ငါတို့ညီအမတွေ အတူတူ သခင်လေးကို ပြုစုပေးနိုင်မယ့်ဟာ… အခုတော့… စိတ်မကောင်းစရာပဲ ”

မြေခွေးမိန်းမပျိုလေးက ညင်သာစွာ သက်ပြင်းချလိုက်ပြီး နောင်တရသော အမူအရာဖြင့် ပြောသည်။

ယင်းကို ဝိညာဉ်ဖီးနစ်နတ်သမီးကြားသောအခါ သူ၏ မျက်လုံးက ချက်ချင်း စူးရှလာသည်။ ဤခန္ဓာကိုယ်၏ ပိုင်ရှင်ဖြစ်စေ သို့မဟုတ် သူကိုယ်တိုင်ဖြစ်စေ ငယ်ငယ်လေးကတည်းက ထိုမျှရိုင်းစိုင်းသော စကားကို တစ်ခါမှ မကြားခဲ့ဖူးချေ။

ထို့ကြောင့် မြေခွေးမိန်းမပျိုလေးကို သူစိုက်ကြည့်လိုက်သည့်အခါ စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်၏ စကားက သူ၏ စိတ်ထဲမှာ ပြန်ပေါ်လာသည်။

ထို့နောက် သူက အေးစက်စွာ ပြောသည်။

“ ဒီလိုရိုင်းစိုင်းညစ်ညမ်းတဲ့ လူကို အင်မော်တယ်နန်းတော်ထဲကနေ အခုချက်ချင်း ဖယ်ရှားပစ်စမ်း ”

All Chapters