← Chapters

ပန်းပေါင်းတစ်ရာနန်းတော်၏ နန်းတော်သခင်

Vol. 107 Ch. 1636

ပန်းပေါင်းတစ်ရာနန်းတော်၏ နန်းတော်သခင်

Vol. 107 Ch. 1636

ဝိညာဉ်ဖီးနစ်နတ်သမီး၏ မျက်လုံးထဲတွင် သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြင့် ပြည့်နှက်နေပြီး သူ၏ မျက်နှာက မည်းမှောင်နေသည်။

ထိုသို့ညစ်ညမ်းသော စကားက သူ့ကို အလွန်စိတ်မသက်မသာ ခံစားရစေသည်။

သူ၏ သရုပ်အဆင့်အတန်းက တကယ့်ဝိညာဉ်ဖီးနစ်နတ်သမီးကဲ့သို့ မမြင့်မြတ်သော်လည်း သူက အထက်တန်းစား မိန်းမပျိုလေးတစ်ယောက် ဖြစ်နေဆဲပင်။ သူငယ်ငယ်လေးကတည်းက မွန်မြတ်သန့်စင်မှုနှင့် ဂုဏ်ကျက်သရေဖြင့်သာ အမြဲတမ်း ထိတွေ့ဆက်ဆံခဲ့ရသည်။ သူ့အရှေ့မှ ထိုမြေခွေးမပြောခဲ့သော ညစ်ညမ်းသည့် စကားမျိုးကို တစ်ခါမှ သူမကြားဖူးပေ။

သို့ဖြစ်၍ ဤအခိုက်အတန့်မှာ ပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ နှလုံးသားထဲမှ မြှောက်တတ်လာသည်။

မှန်ပေသည်။ သူသတ်ချင်သည်မှာ ပန်းပွင့်တစ်ရာမဟုတ်သလို မြေခွေးမိန်းမပျိုလေး မဟုတ်ပေ။ ယင်းအစား မြေခွေးမိန်းမပျိုလေး၏ ခန္ဓာကိုယ်ထဲမှ အသိစိတ်ဖြစ်သည်။

ထိုလူက သူ့ကဲ့သို့ အပြင်လူတစ်ယောက်ဖြစ်ကြောင်း စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်က သူ့အား ပြောခဲ့သည်။

ထိုလူ၏ အစစ်အမှန်သရုပ်က မည်သူဖြစ်ကြောင်း သူမသိသော်လည်း အပြင်သို့ သူထွက်သွားပြီးနောက် တစ်ဖက်လူကို ရှာဖွေနိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိသည်။

အမိန့်ထုတ်ပြန်လိုက်သည်နှင့်ချက်ချင်း ဘေးပတ်ဝန်းကျင်မှ အနက်ရောင်စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသော အစောင့်အကြပ်များက သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ထုတ်လွှတ်လိုက်ကြသည်။ သူတို့က အန္တရာယ်အရှိန်အဝါနှင့်အတူ အရှေ့သို့ ချီတတ်သွားကြသည်။

ချက်ချင်းဆိုသလို မုန်တိုင်းက ဤနေရာမှာ ထွက်ပေါ်လာပြီး အရာအားလုံးကို ရိုက်ခတ်သွားသည်။ ဤသည်မှာ မုန်တိုင်းက ၎င်း၏ လမ်းကြောင်းရှေ့မှာရှိသော အရာမှန်သမျှကို ဖျက်ဆီးပစ်ချင်နေသည့်အလားပင်။

သို့တိုင်အောင် ပန်းပေါင်းတစ်ရာနန်းတော်ထဲမှ အလှလေးများက သိမ်မွေ့နူးညံ့ပုံပေါ်သော်လည်း သာမန်မဟုတ်ကြချေ။ သခင်လေး၏ အမြတ်နိုးခံရပြီး နန်းတော်ထဲမှာ သိမ်းဆည်းခံထားရလေရာ ထုံးစံအားဖြင့် သူတို့က သာလွန်ထူးခြားကြသည်။

သူတို့က လှပရုံသာမက အံ့ဖွယ်ကောင်းသော အရည်အချင်းများကို ပိုင်ဆိုင်ထားကြသည်။ သူတို့၏ ကျင့်ကြံခြင်းအခြေခံသည်လည်း အားမနည်းပေ။ ထိုသို့သော မိန်းကလေးသည်သာ ပန်းပွင့်တစ်ရာဟူသော ဘွဲ့ဖြင့် ထိုက်တန်လိမ့်မည်။

ထို့ပြင် မြေခွေးမိန်းမပျိုလေးက ဤနေရာကို စောင့်ကြပ်ပေးနေသည်။

သို့ဖြစ်၍ အနက်ရောင်စစ်ချပ်ဝတ်နှင့် အစောင့်အကြပ်များက အန္တရာယ်အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်နှင့်တစ်ပြိုင်နက် မြေခွေးမိန်းမပျိုလေး၏ ပြစ်ချက်မဲ့သော ခန္ဓာကိုယ်က ကုတင်ပေါ်မှ ထထိုင်လိုက်သည်။ သူ၏ မျက်လုံးက စူးရှတောက်ပလာသည်။

“ ငါတို့ထဲက ဘယ်ညီအမက ကောင်းကင်အရွေးချယ်ခံမဟုတ်လို့လဲ… ပြီးတော့ ငါတို့အားလုံးက သခင်လေးကို စိတ်ရင်းမှန်နဲ့ ပြုစုပေးနေတဲ့ လူတွေချည်းပဲ… ဒါ့အပြင် ငါတို့က ပန်းပေါင်းတစ်ရာနန်းတော်ထဲမှာပဲ နေထိုင်တယ်… အပြင်လောကနဲ့ ဘာပတ်သက်မှုမှ မရှိဘူး… အဲ့ဒါက ဘယ်လိုလုပ် နင့်ရဲ့ မျက်လုံးထဲမှာ ညစ်ညမ်းသွားတာလဲ ”

“ ပြီးတော့ နင်က သခင်လေးနဲ့ စေ့စပ်ထားရုံပဲ ရှိသေးတယ်ဆိုတာ မမေ့နဲ့… တကယ် လက်မထပ်ရသေးဘူး… နင့်မှာ ဘာအာဏာရှိလို့ ပန်းပေါင်းတစ်ရာနန်းတော်ကို ဖြိုချခိုင်းတာလဲ ”

“ နန်းတော်ကို နင်ဘယ်လိုဖြိုချမလဲ ငါမြင်ချင်စမ်းတယ်… နင်က ငါတို့အားလုံးကို ဒီနေရာမှာ သတ်ပစ်မလို့လား ”

မြေခွေးမိန်းမပျိုလေးက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ ချက်ချင်းဆိုသလို ပန်းပွင့်တစ်ရာက ကျင့်ကြံခြင်းအခြေခံကို ထုတ်လွှတ်လိုက်ကြပြီး နတ်ဘုရားအတတ်ပညာများနှင့် မန္တန်များကို အသက်သွင်းလိုက်ကြသည်။

သူတို့က ဝိညာဉ်ဖီးနစ်နတ်သမီးနှင့် သူ၏ အစောင့်အကြပ်များကို မျက်နှာမူလျက် ဆန့်ကျင်လိုက်ကြသည်။

နှစ်ဖက်စလုံးက တိုက်ခိုက်ရန် အသင့်ဖြစ်နေကြပြီး သူတို့ကြားမှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက အလွန်အားကောင်းသည်။ နှစ်ဖက်စလုံးက တိုက်ခိုက်ကြတော့မည့်အချိန် အဝေးမှာ ရပ်နေသော ကျုံးချီက ရုတ်တရက် တုန်ယင်သွားသည်။ ရွှီချင်း၏ အသံက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

ရွှီချင်း၏ ညွှန်ကြားမှုကို ကြားပြီးနောက် ကျုံးချီက အလျင်စလို အရှေ့ထွက်သွားသည်။ နှစ်ဖက်စလုံးက တိုက်ခိုက်ကြတော့မည့်အခိုက် သူက အလယ်သို့ ရောက်သွားပြီး အမြန်အော်ပြောလိုက်သည်။

“ သခင်လေးက အမိန့်ထုတ်ပြန်လိုက်တယ် ”

သူ၏ ပုံရိပ်နှင့် အသံက လူတိုင်း၏ စိတ်အာရုံကို ချက်ချင်း ဆွဲဆောင်သွားသည်။

လူတိုင်း၏ အကြည့်အောက်မှာ ကျုံးချီက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ချက်ချင်း ပြောသည်။

“ သခင်လေးက ဒီလိုပြောတယ်… ငါတကယ်ပဲ ရှက်ရွံ့မိပါတယ်… ဒါကြောင့် မင်းတို့အားလုံးကို ကိုယ်တိုင် မျက်နှာချင်းမဆိုင်ရဲဘူး… ဒီနှစ်တွေမှာ ငါတကယ်ပဲ ပျော်ရွှင်မိတယ်… မင်းတို့ရဲ့ အင်မော်တယ်တေးသံက ငါ့နားထဲမှာ ကျက်သရေရှိပြီး ပန်းပွင့်တစ်ရာရဲ့ တည်ရှိမှုက ငါ့အတွက် တကယ်ကောင်းမွန်တဲ့ ဖြေသိမ့်မှုပါ… ဒါပေမဲ့လည်း သီချင်းအားလုံးက တစ်နေ့မှာတော့ အဆုံးသတ်ရလိမ့်မယ်… ”

“ အဖေ့ရဲ့ ဆန္ဒကို ငါမလွန်ဆန်နိုင်ဘူး… ”

“ ဒါပေမဲ့ ဒီကိစ္စမှာ ပန်းပွင့်တစ်ရာရဲ့ အမှားမရှိဘူး… အားလုံးက ငါ့အမှားတွေချည်းပဲ… ဒါကြောင့် ဘယ်သူမှ ငါ့နန်းတော်ထဲက ပန်းပွင့်တွေကို ထိခိုက်နာကျင်အောင် မလုပ်ရဘူး… ပန်းပွင့်တိုင်းကို အင်မော်တယ်အနှစ်သာရ သန်းတစ်ရာ၊ အင်မော်တယ်ဆေးလုံး တစ်သိန်း၊ အင်မော်တယ်ရတနာတစ်ရာနဲ့ အင်မော်တယ်ကမ္မချည်မျှင်ဆယ်မျှင် ချီးမြှောက်စေ… ”

“ ငါ့ရဲ့ ပန်းပွင့်လေးတွေ… ကောင်းမွန်တဲ့ အနာဂတ်ဘဝကို ပိုင်ဆိုင်နိုင်မယ်လို့ ငါမျှော်လင့်တယ် ”

“ အခုပဲ နန်းတော်ထဲကနေ ချက်ချင်း ထွက်သွားကြပါ ”

ကျုံးချီ၏ အသံက တိုးညင်းသည်။ သူက သခင်လေး၏ အမိန့်တော်ကို ထုတ်ပြန်ပြီးနောက် နှလုံးတုန်သွားသည်။

သူက သမိုင်းကို သိထားသည်။

သမိုင်းထဲတွင် ပန်းပေါင်းတစ်ရာနန်းတော်က အမှန်တကယ် ဖျက်သိမ်းခံခဲ့ရသည်။ ပန်းပွင့်တစ်ရာသည်တော့ သူတို့က သခင်လေး၏ မင်္ဂလာပွဲမတိုင်ခင် နန်းတော်ထဲမှ ထွက်ခွာသွားကြသောကြောင့် ကပ်ဘေးမှ လွတ်မြောက်သွားခဲ့ကြသည်။

နောက်ပိုင်းတွင် သူတို့က သေဆုံးသွားခဲ့သလော အသက်ရှင်နေသေးသလော မည်သူမှ မသိကြချေ။ မည်သို့ဖြစ်ပါစေ သူတို့၏ တည်ရှိမှုက သိပ်အရေးမကြီးလေရာ သမိုင်းမှတ်တမ်းထဲတွင် ဖော်ပြမခံရချေ။

သို့ဖြစ်၍ ကျုံးချီက နောက်ဆုံးရလဒ်ကို သိထားသည်။

သို့သော်လည်း မူလသမိုင်းထဲတွင် ပန်းပေါင်းတစ်ရာနန်းတော် ဖျက်သိမ်းခံခဲ့ရသည့်နေ့က သခင်လေးနှင့် ဝိညာဉ်ဖီးနစ်နတ်သမီး၏ မင်္ဂလာပွဲမတိုင်မီ လေးရက်မြောက်နေ့ ဖြစ်သည်။

သို့သော်လည်း ယခု ပန်းပေါင်းတစ်ရာနန်းတော်က စောစီးစွာ ဖျက်သိမ်းခံလိုက်ရသည်။

ဤအခိုက်အတန့်မှာ ကျုံးချီ၏ အသံက ပဲ့တင်ထပ်သွားသည်နှင့် ပန်းပွင့်တစ်ရာက နှုတ်ဆိတ်သွားကြသည်။

မကြာမီ လေထဲ၌ ဝမ်းနည်းမှုဖြင့် ပြည့်နှက်သွားသည်။

နောက်ဆုံးမှာတော့ မြေခွေးမိန်းမပျိုလေးက သက်ပြင်းချလိုက်ပြီး ဘေးပတ်ပတ်လည်မှ ပန်းပွင့်တစ်ရာကို ကြည့်လိုက်သည်။ သူက နူးညံ့စွာ ပြောသည်။

“ သခင်လေးက ငါတို့အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး ငါတို့က သူ့အပေါ် စိတ်ရင်းမှန်နဲ့ ပြုစုပေးခဲ့ကြတယ်… သခင်လေးရဲ့ မင်္ဂလာပွဲက နီးကပ်လာနေပြီး ဒီဟာက အင်မော်တယ်အရှင်သခင်ရဲ့ အမိန့်ဆိုမှတော့… ညီအမတွေ… ဝမ်းနည်းစရာကောင်းတဲ့ ဒီနေရာကနေ ထွက်သွားကြပါ ”

“ ငါတို့ရဲ့ အရင်သဘောတူညီမှုအရ… ဒီနေရာမှာ ပန်းပေါင်းတစ်ရာနန်းတော် ဆက်မရှိတော့ရင်တောင်… အခုကစပြီး အမှတ်ငါးကြယ်တာရာစက်ဝန်းထဲမှာ တကယ့် ပန်းပေါင်းတစ်ရာနန်းတော်တွေ ထွက်ပေါ်လာရမယ် ”

မြေခွေးမိန်းမပျိုလေး စကားပြောလိုက်သည်နှင့်ချက်ချင်း ဤနေရာမှ အချိန်လေဟာနယ်က လှိုင်းထသွားသည်။

သမိုင်းထဲတွင် ပန်းပေါင်းတစ်ရာနန်းတော်က ဂျူနီယာမိုးသောက်ခန်းမထဲမှာသာ တည်ရှိ၏။ ယင်းက အနာဂတ်မှာ မတည်ရှိပေ။

သို့သော်လည်း မြေခွေးမိန်းမပျိုလေးက ယင်းကို အစောကြီးကတည်းက ကြံစည်ထားခဲ့ကြောင်း ထင်ရှားသည်။ ထို့ကြောင့် သူက ဤနေရာမှာ ထွက်ပေါ်လာပြီး ပန်းပွင့်တစ်ရာနှင့် ထိတွေ့ဆက်ဆံပြီးနောက် ထိုအကြံအစည်ကို အကောင်အထည်ဖော်ခဲ့သည်။

သို့ဖြစ်၍ ဤအတောအတွင်းမှာ သူနှင့် ပန်းပွင့်တစ်ရာကြား၌ သဘောတူညီမှုတစ်ခု ရှိခဲ့သည်။

အကယ်၍ ဂျူနီယာမိုးသောက်ခန်းမထဲမှ ပန်းပေါင်းတစ်ရာနန်းတော်က ရွေးချယ်စရာမရှိဘဲ ဖျက်သိမ်းခံရမည်ဆိုလျှင် သူတို့က ဤအတိုင်း လွယ်လွယ် လက်မလျော့ရပေ။ ယင်းအစား သူတို့က ပြင်ပလောကတွင် ကိုယ်ပိုင်အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ရမည်။

ထိုအဖွဲ့အစည်း၏ နာမည်က ပန်းပေါင်းတစ်ရာနန်းတော် ဖြစ်သည်။

ယင်းက သခင်လေး ထာဝရပိုင်ဆိုင်သော ပန်းပေါင်းတစ်ရာနန်းတော် ဖြစ်ရမည်။

မြေခွေးမိန်းမပျိုလေးသည်တော့ ပန်းပေါင်းတစ်ရာနန်းတော်နှင့်အတူ သမိုင်းထဲမှာ မှတ်တမ်းတင်ခံရပြီး ပန်းပေါင်းတစ်ရာနန်းတော်မှ ပထမမျိုးဆက်၏ နန်းတော်သခင်ဖြစ်လာလိမ့်မည်။

သူ၏ နာမည်က နောင်မျိုးဆက်များအထိ အမြဲတမ်း လက်ဆင့်ကမ်းသွားလိမ့်မည်။

ထိုသို့လှုပ်ရှားမှုသည် ထုံးစံအားဖြင့် အချိန်လေဟာနယ်လှိုင်းဂယက်ကို ဖြစ်ပေါ်စေသည်။ ဝိညာဉ်ဖီးနစ်နတ်သမီးသည် သူ၏ အာဏာစက်ကြောင့် အချိန်လေဟာနယ်လှိုင်းဂယက်ကို အာရုံမခံနိုင်သော်လည်း ဤသမိုင်းကို သိထားသည်။ ထို့ကြောင့် ထိုစကား၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို သူနားလည်သည်။

သူ၏ အမူအရာက ချက်ချင်း တည်ကြည်သွားသည်။

တစ်ချိန်တည်းမှာ…

ဂျူနီယာမိုးသောက်ခန်းမထဲတွင်…

ရွှီချင်းက ပြတင်းပေါက်နားမှာ မတ်တတ်ရပ်နေသည်။ သူက လက်နောက်ပို့ထားလျက် အပြင်လောကကို ကြည့်နေသည်။ စိတ်မကောင်းဖြစ်သော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်နေသည်။

သို့သော်လည်း သူ၏ နှလုံးက တည်ငြိမ်သည်။

သမိုင်းအပေါ် သူ၏ နားလည်မှုက ကျုံးချီနှင့် ဝိညာဉ်ဖီးနစ်နတ်သမီးကဲ့သို့ မကောင်းမွန်သော်လည်း သူက အချိန်လေဟာနယ်လှိုင်းဂယက်များကို အာရုံခံနိုင်သည်။

ကမ်းစပ်ကိုးခုသမီးတော် ထွက်ပေါ်လာသည့်အချိန်မှစ၍ အချိန်လေဟာနယ်က လှိုင်းထနေခဲ့သည်။ ယင်း၏ ဆိုလိုရင်းမှာ သမိုင်းက ပြောင်းလဲသွားတော့မည်။ သို့သော်လည်း အတိုင်းအတာက ကြီးကြီးမားမား မဟုတ်ပေ။

တစ်ချိန်တည်းမှာ ယင်းက စတုတ္ထ‌မြောက် အစစ်အမှန်ဦးသျှောင်၏ လှုပ်ရှားမှုဖြစ်နိုင်ကြောင်း သူနားလည်လိုက်သည်။

ထို့ကြောင့် သူက သေးငယ်သော အချိန်လေဟာနယ်လှိုင်းထမှုကို မတားဆီးဘဲ ခွင့်ပြုပေးခဲ့သည်။

သူ၏ ရည်ရွယ်ချက်က ထုံးစံအားဖြင့် မြေခွေးမိန်းမပျိုလေး ဖြစ်သည်။

ယခု အချိန်လေဟာနယ်လှိုင်းထမှုက ချက်ချင်း ကြီးမားသွားသည်။

ယင်းက မြေခွေးမိန်းမပျိုလေး၏ နည်းလမ်းဖြစ်ကြောင်း ရွှီချင်း သိသည်။

တစ်ဖက်လူက ရှဲလင်းဇီအပေါ်မှာ သူ၏ မျှော်လင့်ချက်အားလုံးကို ပုံအောမထားကြောင်း ထင်ရှားသည်။

“ စိတ်ဝင်စားစရာပဲ… ”

တည်ငြိမ်သော အသံက ရွှီချင်း၏ အနောက်မှ ရုတ်တရက် ပျံ့လွင့်လာပြီး ခန်းမထဲမှာ ပဲ့တင်ထပ်သွားသည်။

ရွှီချင်းက မအံ့ဩဘဲ အနောက်လှည့်လိုက်သည်။

ပုံရိပ်တစ်ခုက ဟင်းလင်းပြင်ထဲမှ ထွက်လျှောက်လာသည်။

ထိုလူမှာ ဓားသွားပမာ မျက်ခုံးများနှင့် ကြယ်ကဲ့သို့ လင်းလက်တောက်ပသော မျက်လုံးများ ရှိသည်။ သူက ခရမ်းရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ထင်ရှူးပင်ကဲ့သို့ ရှည်လျားဖြောင့်မတ်သည်။

သူ၏ ဦးခေါင်းထက်တွင်လည်း ရတနာအမျိုးမျိုးဖြင့် စီခြယ်ထားသော ခရမ်းရွှေရောင်သရဖူကို ဆောင်းထားသည်။ သရဖူ၏ မျက်နှာပြင်ပေါ်တွင် တကယ်အသက်ဝင်နေဟန်ရသော နဂါးပုံများနှင့် ဖီးနစ်ပုံများကို ရေးဆွဲထားသည်။ သူက သာလွန်ထူးခြားသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ဤသည်မှာ သူက ဤလောကထဲမှ မဟုတ်သည့်အလားပင်။

ထိုလူက စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်မှလွဲ၍ တခြားမဟုတ်ပေ။

“ စတုတ္ထစီနီယာအကို… မင်းဘာလို့ ဒီရောက်လာတာလဲ… ငါတော့ မျက်နှာပြရမှာ ရှက်မိပါတယ် ”

ရွှီချင်းက ခါးသီးစွာ ပြုံးလိုက်သည်။

“ ဂျူနီယာညီလေး… အဲ့ဒါက ဆရာ့ဆီက အမိန့်ပဲ… ဒါကြောင့် ငါလည်း ဘာမှမတတ်နိုင်ဘူး… ဒီကို ငါရောက်လာတာ မင်းစိတ်ဆိုးနေပြီး အထီးကျန်နေမှာစိုးလို့ အဖော်ပြုပေးမလို့ပါ ”

စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်က ရွှီချင်းကို သိမ်မွေ့နူးညံ့စွာ ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် စူးရှသော မည်သည့်အရိပ်အယောင်မှ မရှိပေ။ ယင်းအစား ချစ်ခင်ကြင်နာသော အရိပ်အယောင်သာ ရှိသည်။

သို့သော်လည်း သူက တိတ်တဆိတ် စူးစမ်းလေ့လာနေသည်။

ယင်းက သူ၏ ပင်ကိုယ်ဗီဇ လှုပ်ရှားမှုဖြစ်သည်။

ရွှီချင်း၏ မျက်နှာပေါ်မှ ဝမ်းနည်းမှုက ပိုပြီးထင်ရှားလာသည်။ သူက ခေါင်းခါလိုက်ပြီး မည်သည့်စကားမှ မပြောပေ။

“ ဒါနဲ့ ဂျူနီယာညီလေး… ကောင်းကင်အရွေးချယ်ခံလီနဲ့ တိုက်ပွဲမှာ မင်းရခဲ့တဲ့ မြေခွေးမိန်းမပျိုလေးက စိတ်ဝင်စားဖို့ကောင်းသားပဲ… ”

စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်က ဖြည်းညင်းစွာ ပြောနေရင်း ရွှီချင်း၏ မျက်လုံးကို သာမန်ကာလျှံကာ ကြည့်လိုက်သည်။

အပြင်လူများက သူ့အရှေ့မှ သခင်လေး၏ အနီးနားမှာ စုဝေးနေလိမ့်မည်ဟု အစကတည်းက သူခန့်မှန်းထားခဲ့သည်။ သို့ဖြစ်၍ မြေခွေးမိန်းမပျိုလေး ဤနေရာမှာ ထွက်ပေါ်လာခြင်းက မထူးဆန်းပေ။

ထို့ပြင် သခင်လေးနှင့် မိုးသောက်အင်မော်တယ်အရှင်သခင်၏ သရုပ်ကို အပြင်လူများက မရရှိနိုင်ကြောင်း သူသိထားသည်။

သို့သော်လည်း ရှုံးနိမ့်မှုကို တစ်ခါတွေ့ကြုံပြီးနောက် သူ့မှာ တခြားအတွေးများ ရှိလာသည်။ ထို့ကြောင့် သူက ပြောလိုက်သည်။

ရွှီချင်းက အံ့ဩသွားသည်။ သူက စတုတ္ထမြောက် အစစ်အမှန် ဦးသျှောင်ကို စုန်ချည်ဆန်ချည် အကဲခတ်ကြည့်လိုက်သည်။

သူ၏ လုပ်ဆောင်မှုက စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်ကို ဆွံ့အသွားစေသည်။ အစစ်အမှန်ဦးသျှောင်က စကားပြောတော့မည့်အချိန် ရွှီချင်းက ရုတ်တရက် ပြောသည်။

“ စတုတ္ထစီနီယာအကို… မင်းက ငါ့ရဲ့ ပန်းပေါင်းတစ်ရာနန်းတော်ကို ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့ပါဘူး… အခုကျမှ မင်းက ရုတ်တရက်ချည်း ဒီလိုစကားတွေ ပြောနေတယ်ဆိုတော့… ”

ရွှီချင်းက နူးညံ့စွာ ပြောသည်။

သူ၏ စကားက စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်ကို ချက်ချင်း သတိနိုးကြားစေသည်။ ကောလဟာလများ၏ သက်ရောက်မှုက မပျောက်ကွယ်သေးခင် ဤအချိန်လေဟာနယ်ထဲမှာ သူ့အား တစ်စုံတစ်ယောက်က သံသယဝင်ခြင်းကို ခွင့်မပြုနိုင်ပေ။ သို့ဖြစ်၍ သူက စကားပြောရန် ပြင်လိုက်သည်။

သို့သော်လည်း ရွှီချင်းက ရယ်မောလိုက်သည်။

“ မဟုတ်မှ စတုတ္ထစီနီယာအကိုဆီမှာ သေမျိုးခံစားချက်တွေ ရှိလာတာလား… ထားလိုက်ပါတော့… ပန်းပွင့်တစ်ရာထဲက ဘယ်သူမဆို ငါနဲ့ အချိန်အတော်ကြာအောင် ရှိနေခဲ့တာကြောင့် ပန်းပေါင်းတစ်ရာနန်းတော်ကို ဖျက်သိမ်းလိုက်ရင်တောင် သူတို့ကို ငါမခွဲခွာနိုင်ဘူး… မြေခွေးမိန်းမပျိုလေးကျတော့ သူရောက်လာတာ သိပ်မကြာသေးဘူး… တကယ်လို့ စီနီယာအကိုက သူ့ကို သဘောကျတယ်ဆိုရင်… သူ့ကို အစေခံအဖြစ် မင်းကို ငါပေးမယ်လေ ”

ရွှီချင်းက သာမန်ကာလျှံကာ ပြောလိုက်သော်လည်း ယင်းကို စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်က မည်သို့လက်ခံဝံ့မည်နည်း။

ယင်းကို သူလက်ခံလိုက်သည်နှင့် ယင်းက သူ၏ သရုပ်နှင့် လိုက်ဖက်ညီတော့မည် မဟုတ်ချေ။ ထို့ပြင် မြေခွေးမိန်းမပျိုလေး၏ ကံကြမ္မာက ထိုသို့မဟုတ်ပေ။

သို့သော်လည်း သူက ရွှီချင်း၏ စကားကြောင့် သွေးဆောင်ခံလိုက်ရဆဲပင်။

မည်သို့ဖြစ်ပါစေ မြေခွေးမိန်းမပျိုလေးက သူ၏ အစေခံဖြစ်လာသည်နှင့် တစ်ဖက်လူ၏ အသိစိတ်ကို အလွယ်တကူ သူဖယ်ရှားပစ်နိုင်လိမ့်မည်။

သို့သော်လည်း ထိုအတွေးက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်နှင့် သူ့အရှေ့ရှိ သခင်လေး၏ မျက်လုံးထဲမှ လေ့လာအကဲခတ်သော အကြည့်ကို သူသတိထားမိသွားသည်။

ထိုအကြည့်က စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်ကို နှလုံးခုန်မြန်သွားစေသည်။

‘ ဒီခန္ဓာကိုယ်ပိုင်ရှင်ရဲ့ မှတ်ဉာဏ်တွေအရ ဒီသခင်လေးက အပေါ်ယံမြင်နေရသလို ရိုးရှင်းတဲ့လူ မဟုတ်ဘူး… သူက ငါ့ကို သံသယဝင်နေပြီ… ’

‘ ငါ့ရဲ့ လုပ်ဆောင်မှုတွေက တကယ်ပဲ စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်ရဲ့ အကျင့်စရိုက်နဲ့ မလိုက်ဖက်ဘူး ’

ထိုသို့တွေးမိသောအခါ စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်က ပြုံးလိုက်သည်။

“ ဒီကိစ္စကို ထပ်မပြောနဲ့တော့ ”

ယင်းကို ရွှီချင်းကြားသောအခါ သူက ပြုံးလိုက်သည်။

“ စတုတ္ထစီနီယာအကိုက သူ့ကို ငါ့ဆီကနေ တကယ်ယူသွားဖို့ လုပ်နေတာလို့ ငါထင်သွားတဲ့ အခိုက်အတန့်တောင် ရှိတယ် ”

မည်သို့ဖြစ်ပါစေ သူက အင်မော်တယ်နန်းတော်၏ သခင်လေးဖြစ်သည်။

စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်သည်တော့ သူက အစစ်အမှန်ဦးသျှောင်တစ်ပါးမျှသာ ဖြစ်သည်။

တစ်ချိန်တည်းမှာ ပန်းပေါင်းတစ်ရာနန်းတော်ထဲတွင် သခင်လေး၏ အမိန့်ထုတ်ပြန်ပြီးနောက် အရာအားလုံးက အနည်ထိုင်သွားသည်။

ဂျူနီယာမိုးသောက်ခန်းမထဲမှ အတွင်းရေးအရာရှိများသည် သခင်လေး၏ အမိန့်အတိုင်း ရတနာပစ္စည်းများကို အပ်နှင်းပေးလိုက်ကြသည်။ ထို့ပြင် မြေခွေးမိန်းမပျိုလေး၏ နှစ်သိမ့်ပေးမှုအောက်မှာ ပန်းပွင့်တစ်ရာက သူတို့၏ စိတ်ခံစားချက်ကို ပြန်ထိန်းသိမ်းနိုင်သွားကြသည်။

သူတို့က အတူတကွ ထွက်သွားကြသည်။

နောက်ဆုံးမှာတော့ ဖျက်သိမ်းခံလိုက်ရသော ပန်းပေါင်းတစ်ရာနန်းတော်ထဲတွင် မြေခွေးမိန်းမပျိုလေးတစ်ယောက်တည်းသာ ကျန်ရှိတော့သည်။ သူက နေရာမှာ ပျင်းရိသော အမူအရာဖြင့် ဆက်လက် ထိုင်နေဆဲပင်။

ဝိညာဉ်ဖီးနစ်နတ်သမီးက မျက်မှောင်ကြုတ်လိုက်ပြီး အေးစက်စက် ပြောသည်။

“ အသက်ဆယ်ခါရှူချိန်အတွင်း အင်မော်တယ်နန်းတော်ထဲကနေ ထွက်သွားပါ… မဟုတ်ရင် အတင်းအကျပ် မောင်းထုတ်ခံရမယ် ”

ယင်းကို မြေခွေးမိန်းမပျိုလေး ကြားသောအခါ သူက ဆွဲဆောင်မှုရှိစွာ ရယ်လိုက်သည်။

“ ငါ့ညီမလေးက စိတ်ဆိုးသွားရင် အရမ်းချစ်စရာကောင်းတာပဲ… သခင်လေးက နင့်ကြောင့် ငါတို့ကို အလိုမရှိတော့တာ မထူးဆန်းတော့ပါဘူး ”

ဝိညာဉ်ဖီးနစ်နတ်သမီး၏ မျက်လုံးထဲမှ အန္တရာယ်အရှိန်အဝါက ပိုပြီးအားကောင်းလာသည်။ သူက အသက်ဆယ်ခါရှူချိန်ပြည့်အောင် စောင့်ဆိုင်းပြီးနောက် အနောက်လှည့်လိုက်ပြီး မထွက်သွားမီ အေးစက်စက် အမိန့်ပေးသည်။

“ သူ့ကို အပြင်မောင်းထုတ်လိုက်ကြ ”

အနက်ရောင်စစ်ချပ်ဝတ်နှင့် အစောင့်အကြပ်များက အရှေ့သို့ ထွက်လာကြသည်နှင့်ချက်ချင်း ဖိအားက ဘေးပတ်ဝန်းကျင်သို့ ပျံ့လွင့်သွားသည်။ သူတို့က တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြသည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ အေးစက်စက်အသံက ဂျူနီယာမိုးသောက်ခန်းမ၏ အပြင်ဘက်မှ ရုတ်တရက် ပဲ့တင်ထပ်လာသည်။ တစ်ချိန်တည်းမှာ ကောင်းကင်ဘုံမိုးခြိမ်းသံက အနောက်မှ လိုက်ပါလာသည်။

“ ဘယ်သူက ငါ့တပည့်ကို မောင်းထုတ်ချင်နေတာလဲ ”

ထိုအသံ ပဲ့တင်ထပ်သွားသည်နှင့် ကုန်းစွန်းချင်းမူ၏ ပုံရိပ်က ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။

သူ၏ အမူအရာမှာ ဒေါသဖြင့် ပြည့်နှက်နေသည်။ သူထွက်ပေါ်လာသည့်အခိုက် သူ၏ စကားသံက ဆက်လက် ပဲ့တင်ထပ်သွားသည်။

“ ဒီမြေခွေးမိန်းမပျိုလေးက မကြာသေးခင်က ငါရွေးချယ်ခဲ့တဲ့ တပည့်အသစ်ပဲ… ဒီဟာက သူ့ရဲ့ သရုပ်တုံကင်ပဲ… သူ့ကို မိုးကြိုးအပြစ်ပေးနန်းတော်ထဲမှာ ငါစာရင်းသွင်းထားပြီးပြီ ”

မြေခွေးမိန်းမပျိုလေးက ပြုံးလိုက်ပြီး မတ်တတ်ရပ်ကာ ကောင်းကင်ပေါ်မှ အဖိုးအိုကို အရိုအသေပေးလိုက်သည်။

“ ဆရာ ”

ဝိညာဉ်ဖီးနစ်နတ်သမီး၏ ခြေလှမ်းက ရပ်တန့်သွားသည်။

ဘေးပတ်ဝန်းကျင်မှ အနက်ရောင်စစ်ချပ်ဝတ်နှင့် အစောင့်အကြပ်များသည်လည်း ချက်ချင်း ရပ်တန့်သွားကြသည်။

သူတို့ဆီမှာ အင်မော်တယ်နန်းတော်ထဲမှ တရားဝင်သရုပ်တစ်ခုအား ပိုင်ဆိုင်ထားသော လူကို မောင်းထုတ်ပစ်နိုင်သော အခွင့်အာဏာမရှိပေ။

အချိန်လေဟာနယ်၏ လှိုင်းထမှုက ပိုပြီးကြီးမားလာသည်။

ကုန်းစွန်းချင်းမူနေရာမှာ သရုပ်ဆောင်နေသော ရှဲလင်းဇီက ခေါင်းမော့လိုက်ပြီး ဂျူနီယာမိုးသောက်ခန်းမ၏ ဦးတည်ရာဆီသို့ ကြည့်လိုက်သည်။

“ အစစ်အမှန်ဦးသျှောင်… မင်း အဲ့ဒီမှာရှိနေတာ ငါသိတယ် ”

“ မင်းက ငါ့ရဲ့ တပည့်တစ်ယောက်ကို သတ်ပစ်ရုံတင်မကဘူး ငါ့ရဲ့ တပည့်အသစ်ကိုပါ အခက်တွေ့အောင် လုပ်နေတာလား ”

“ အစစ်အမှန်ဦးသျှောင်… မင်းက အစကတည်းက ငါ့ကို ပစ်မှတ်ထားနေတာလား ”

ထိုစကားများ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ရွှီချင်းက အနည်းငယ် အံ့ဩသွားသည်။ ထို့နောက် သူက ခေါင်းလှည့်လိုက်ပြီး သူ့ဘေးမှ စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်ကို ကြည့်လိုက်သည်။

စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်က အမူအရာကင်းမဲ့နေသော်လည်း သူ၏ အတွေးများက လှုပ်ခတ်နေသည်။

ရှဲလင်းဇီက အလွန်စက်ဆုပ်စရာကောင်းသည်ဟု ရုတ်တရက် သူခံစားမိသွားသည်။

“ အင်မော်တယ်နန်းတော်ကနေ ငါထွက်သွားပြီးလို့ အရှေ့ကြယ်စင်စုဆီ ပြန်ရောက်တဲ့အခါ ဒီကောင့်ကို ငါကိုယ်တိုင် အမဲလိုက်ပစ်မယ် ”

All Chapters