← Chapters

တစ်ကွက်ရွှေ့လိုက်တာနဲ့ ကစားပွဲတစ်ခုလုံး အသက်ဝင်လာတယ်(ခ)

Vol. 107 Ch. 1640

တစ်ကွက်ရွှေ့လိုက်တာနဲ့ ကစားပွဲတစ်ခုလုံး အသက်ဝင်လာတယ်(ခ)

Vol. 107 Ch. 1640

ဤသည်မှာ သဏ္ဍာန်မဲ့ အင်အားတစ်ခုက သူ့ကို လွှမ်းခြုံထားသည့်အလား ဤလောကထဲမှ သူ့ဆန္ဒအလျောက် မထွက်သွားနိုင်ရန် တားဆီးနေသည်။

သို့သော်လည်း သူက ဉာဏ်များသူဖြစ်လေရာ ယင်းကို မည်သို့ကြောင့် ပေါ်လွင်အောင် ထုတ်ပြမည်နည်း။ သူက စကားပြောရန် ပြင်လိုက်သည်။

သို့သော်လည်း သူစကားမပြောနိုင်ခင် စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်က နူးညံ့စွာ ပြောသည်။

“ ငါပြောတာမှန်လား အမည်မသိနတ်ဘုရား ”

နောက်ဆုံးစကားက မိုးခြိမ်းသံပမာ ပဲ့တင်ထပ်သွားသည်။

မြေခွေးမိန်းပျိုလေးက နှလုံးတုန်သွားသည်။

အစောပိုင်းတွင် တစ်ဖက်လူနှင့် သူတိုက်ခိုက်ခဲ့စဉ်က ထိုအချက်ကို ဂရုတစိုက် ဖုံးကွယ်ထားခဲ့သည်။ သူက ကိုယ့်ကိုယ်ကိုယ် မဖော်ထုတ်မိစေရန် ကောင်းကောင်းမွန်မွန် လုပ်ဆောင်ခဲ့သည်။ မည်သို့ဖြစ်ပါစေ သူက ခြေလှမ်းဝက် နတ်ဘုရားယဇ်ပလ္လင်အဆင့်မှာဖြစ်ပြီး သူ့မှာ ဖုံးကွယ်ခြင်းနည်းလမ်းအများကြီး ရှိသည်။

ထို့ပြင် နောက်ပိုင်းမှာ သူ၏ လေ့လာမှုအရ တစ်ဖက်လူက ယင်းကို အမှန်တကယ် သတိမထားမိပုံပေါ်သည်။

သို့သော်လည်း ယခုတော့…

“ တကယ်လို့ တခြားတစ်ယောက်သာဆိုရင် သူတို့က အဲ့ဒါကို သတိပြုမိမှာမဟုတ်ဘူး… ဒါပေမဲ့ အရှေ့ပိုင်းကြယ်စင်စုရဲ့ ကြယ်တာရာစက်ဝန်းမျှော်စင်မှာ ဘာလို့ ကြယ်တာရာစက်ဝန်းဆိုတဲ့ နာမည်ပါနေတာလဲ မင်းသိလား… မင်းနဲ့ငါ တိုက်ခိုက်ခဲ့တဲ့အချိန်တုန်းက မင်းသေသေချာချာ ဖုံးကွယ်ထားတဲ့ နတ်ဘုရားအရှိန်အဝါကို လုံးဝ ငါအာရုံမခံမိဘူးလို့ တကယ်ကြီး မင်းယုံနေတာလား ”

စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်က တည်ငြိမ်စွာ ပြောသည်။

“ အဲ့ဒါကို အစောကြီး ငါထုတ်မပြောခဲ့တာက… မင်းနောက်မှာ တခြားတစ်ယောက်ရှိနေသေးလားဆိုတာ ငါမြင်ချင်လို့ပဲ ”

သူက စကားပြောပြီးနောက် လက်ဝှေ့ယမ်းလိုက်သည့်အခါ ငွေရောင်တုံကင်တစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။

ထိုတုံကင်ပေါ်တွင် ချူးလင်းရှန်၏ နာမည်ရှိသည်။

“ အဲ့ဒါက နတ်ဘုရားရှာဖွေခြင်းတုံကင်ပဲ… ရှေးခေတ်ကာလကတည်းက အမှတ်ငါးကြယ်တာရာစက်ဝန်းထဲက နတ်ဘုရားတွေကို ချုပ်နှောင်ဖို့ အဲ့ဒါကို အထူးဖန်တီးထားတာ… ထုံးစံအားဖြင့် အဲ့ဒါက အင်မော်တယ်နန်းတော်ထဲမှာ ရှိတယ် ”

“ ဒီတုံကင်ရဲ့ ဖိနှိပ်မှုအောက်မှာ တကယ်လို့ မင်းရဲ့ အသိစိတ်က ထွက်သွားချင်တယ်ဆိုရင်တောင် ငါ့ရဲ့ ခွင့်ပြုချက်ကို လိုအပ်လိမ့်မယ် ”

စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်က တုံကင်ကို ညင်သာစွာ လှုပ်ခါလိုက်သည်။

ချက်ချင်းဆိုသလို နတ်ဘုရားများကို အထူးပစ်မှတ်ထားသော ချိပ်တံဆိပ်စွမ်းအားက ပေါ်လျှိုးလာပြီး ဤနေရာပေါ်သို့ ဆင်းသက်လာသည်။ ယင်းက မြေခွေးမိန်းမပျိုလေး၏ ခန္ဓာကိုယ်ကို တုန်ယင်သွားစေပြီး သူ၏ အသက်ရှူသံကို မြန်ဆန်စေသည်။

“ မင်းဒီမှာ တစ်သက်လုံး နေသွားရလိမ့်မယ် ”

“ ကဲ အခုစောင့်ကြည့်ရအောင်… မင်းနောက်မှာ တကယ်ပဲ တစ်ယောက်ယောက်ရှိနေလား… အဲ့ဒီလူက ဒီညမှာ မင်းကို လာကယ်မလား စောင့်ကြည့်ရအောင်… အာရုဏ်တတ်ချိန်အထိ ဘယ်သူမှ မပေါ်လာဘူးဆိုရင်တော့… ”

“ ဒီတုံကင်ကို မင်းရဲ့ မူလခန္ဓာကိုယ်ပေါ်မှာ ငါအသုံးပြုကြည့်တာပေါ့ ”

“ ဒီတော့ အခုကစပြီး မင်းအကူအညီလှမ်းတောင်းနိုင်တယ် ”

စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်က ပြုံးလိုက်ပြီး တင်ပျဉ်ခွေထိုင်လိုက်သည်။ သူက အာရုဏ်တတ်ချိန်ကို စောင့်ဆိုင်းသည်။

သူ၏ အနောက်တွင် မြေခွေးမိန်းမပျိုလေး၏ ခန္ဓာကိုယ်က ပိုပြီးတုန်ယင်လာသည်။ နတ်ဘုရားရှာဖွေခြင်းစွမ်းအားက သူ၏ မျက်လုံးကို ဖြည်းဖြည်းချင်း နီရဲသွားစေသည်။ သူက အားကုန်သုံး၍ ခုခံလိုက်သည်။

…..

ယနေ့ညတွင် လေက ပိုပြီးကြမ်းတမ်းလာသည်။

လေက အင်မော်တယ်နန်းတော်ထဲသို့ ဝင်ရောက်လာပြီး ဂျူနီယာမိုးသောက်ခန်းမထဲမှာ တိုက်ခတ်သွားသည်။

လေက ရွှီချင်း၏ ဆံပင်ကို ပင့်မြှောက်လိုက်သည်။

လေက ကြမ်းတမ်းစွာ တိုက်ခတ်နေစဉ် ရွှီချင်းက အရှေ့သို့ လျှောက်သွားသည်။

ကိစ္စများစွာက ယနေ့မှာ ဖြစ်ပေါ်လာခဲ့သည်။

ပထမဆုံး စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်က အရာအားလုံးကို ထုတ်ဖော်ခဲ့သည်။

ထို့နောက် မြေခွေးမိန်းမပျိုလေးက ဂျူနီယာမိုးသောက်ခန်းမထဲမှ နှင်ထုတ်ခံလိုက်ရသည်။ သူမထွက်သွားခင် သူ၏ အသိစိတ်က ခန္ဓာကိုယ်ထဲမှ ရုတ်တရက် မထွက်ခွာနိုင်တော့ကြောင်း သူ့အား ပြောသွားခဲ့သည်။

ထို့နောက် ကျုံးချီက သံသယဝင်ခံရခြင်းကို ရှောင်ရှားရန် သူ့အနားမှ ထွက်သွားခဲ့သည်။

နောက်ဆုံးမှာတော့ ကမ်းစပ်ကိုးခုသမီးတော်က ဂျူနီယာမိုးသောက်ခန်းမထဲသို့ ဝင်ရောက်လာသည်။

အကယ်၍ ယင်းကသာ စစ်တုရင်ကစားပွဲဆိုလျှင် တစ်ဖက်လူက အကွက်များစွာ ရွှေ့ထားပြီး သူ၏ ဘုရင်အရုပ်ကို ထောင်ချောက်ဆင်ထားပြီးပြီ ဖြစ်သည်။ သူ၏ ဘုရင်အရုပ်က လှုပ်ရှားရခက်ခဲသွားပြီး ဖြည်းဖြည်းချင်း ဝါးမျိုခံရမည့် အခြေအနေဆီသို့ ကျရောက်သွားသည်။

“ ပြီးတော့ ဒီလှုပ်ရှားမှုက… နောက်ဆုံးမှာတော့ ငါ့ကို အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်စေတယ် ”

ရွှီချင်းက ခေါင်းမော့လိုက်ပြီး ဓားမီးဖိုတည်ရှိသော ဧရိယာကို ကြည့်လိုက်သည်။ ထို့နောက် သူက အကြည့်ပြန်ရုပ်လိုက်ပြီး မြေခွေးမိန်းမပျိုလေး၏ နေရာကို ကြည့်လိုက်သည်။

“ ဒီစစ်တုရင်ကစားပွဲအတွက်တော့… ”

“ အဲ့ဒီထဲမှာ အရုပ်တစ်ခုရှိတယ်… အဲ့ဒါကို နေရာချလိုက်တာနဲ့ အားလုံးက ပြန်အသက်ဝင်လာလိမ့်မယ် ”

ရွှီချင်း၏ ပုံရိပ်က ချက်ချင်း ပျောက်ကွယ်သွားသည်။ သူက ဂျူနီယာမိုးသောက်ခန်းမထဲမှ မထွက်သွားပေ။ ယင်းအစား သူက ဘေးခန်းမ၏ အပြင်ဘက်မှာ ထွက်ပေါ်လာသည်။

ထိုနေရာသည် ကမ်းစပ်ကိုးခုသမီးတော် ပြောင်းရွှေ့လာခဲ့သော နေရာဖြစ်သည်။

သူက ခန်းမထဲသို့ ခြေချလိုက်သည်နှင့်ချက်ချင်း အနက်ရောင်စစ်ချပ်ဝတ်နှင့် အစောင့်အကြပ်များက ခန်းမ၏ ဘေးပတ်ပတ်လည်မှာ စုရုံးရောက်ရှိလာကြသည်။

“ အနောက်ဆုတ်စမ်း ”

ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။

သခင်လေး၏ စွမ်းအားက ထိုစကားနှင့်အတူ ပျံ့လွင့်သွားပြီး အရာအားလုံးကို ဖိနှိပ်လိုက်သည်။ ယင်းက ထိုအရှိန်အဝါများကို ချက်ချင်း အနောက်ဆုတ်သွားစေသည်။

ထို့နောက် ရွှီချင်းက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး လေနှင့်မိုးကို ခန်းမထဲသို့ ဆောင်ကြဉ်းသွားသည်။ အခန်းထဲတွင် သူတို့နှစ်ယောက်က အကြည့်ချင်း တွေ့ဆုံသွားကြသည်။

သူတို့ချင်း အကြည့်ဆုံသွားသည့်အခိုက် ဝိညာဉ်ဖီးနစ်နတ်သမီးက အကြောင်းပြချက်မရှိဘဲ နှလုံးတုန်သွားသည်။ သို့သော်လည်း သူ၏ အမူအရာက ဘာမှမပြောင်းလဲသွားချေ။ သူက တည်ငြိမ်စွာ ပြောသည်။

“ ဘာလဲ… နင့်ရဲ့ မြေခွေးမကို ငါမောင်းထုတ်လိုက်လို့ ရောက်လာတာလား ”

ရွှီချင်းက မကြားချင်ယောင် ဆောင်၍ ခန်းမ၏ ပြတင်းပေါက်နားသို့ လျှောက်သွားသည်။ သူက အပြင်ဘက်မှ ကောင်းကင်ကို ကြည့်လိုက်သည်။ တစ်ခဏကြာပြီးနောက် သူက ပြောသည်။

“ ကျုံးချီက မထွက်သွားခင် ငါ့ကို တစ်ခုပြောသွားခဲ့တယ်… သူက အိမ်မက်တစ်ခု မက်ခဲ့တယ်လို့ ပြောတယ်… အိမ်မက်ထဲမှာ ငါတို့ရဲ့ မင်္ဂလာပွဲက အထမမြောက်ခဲ့ဘူး… ဘာလို့လဲဆိုတော့ ကပ်ဘေးတစ်ခုက ဆင်းသက်လာပြီး အရာအားလုံးကို သွေးလွှမ်းစေခဲ့တယ်တဲ့ ”

“ ဒီလိုနိမိတ်မရှိတဲ့စကားကို သူက ပြောတယ်လား… သူက သေဖို့ ထိုက်တန်တယ် ”

ဝိညာဉ်ဖီးနစ်နတ်သမီးက အေးစက်စွာ ပြောသည်။

“ အဲ့ဒီနိမိတ်မရှိတဲ့စကားကို ငါကြားလိုက်ရတော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ငါကြားခဲ့ရတဲ့ ကောလဟာလတချို့ကို ပြန်အမှတ်ရသွားတယ်… ကောလဟာလအရ နန်းတော်ထဲမှာ အပြင်လူတွေ ရောက်နေတယ်… ဒီတော့… မင်းကရော သူတို့ထဲက တစ်ယောက်လား ”

ရွှီချင်းက အနောက်မလှည့်ပေ။ သူက တည်ငြိမ်စွာ စကားပြောနေရင်း ဝိညာဉ်ဖီးနစ်နတ်သမီးကို ကျောပေးထားသည်။

“ ဒီနေ့ နင်စကားပြောတာ အရမ်းထူးဆန်းနေတယ် ”

ဝိညာဉ်ဖီးနစ်နတ်သမီးက နှလုံးတုန်ယင်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။

ရွှီချင်းက ပြုံးလိုက်သည်။ သို့သော်လည်း သူက အနောက်မလှည့်ပေ။ သို့သော်လည်း သူနောက်ဆက်ပြောလိုက်သော စကားက ဝိညာဉ်ဖီးနစ်နတ်သမီး၏ စိတ်ထဲမှာ မိုးခြိမ်းသံအဖြစ် ပဲ့တင်ထပ်သွားသည်။

“ မင်းက ယွင်ရှန်းစုဟုတ်မဟုတ် ငါဂရုမစိုက်ဘူး… မင်းရဲ့ ရည်ရွယ်ချက်က ငါ့ရဲ့ ခန္ဓာကိုယ်ပိုင်ရှင်နဲ့ ကမ္မတစ်ခုကို တည်ဆောက်ချင်ပြီး အင်မော်တယ်နန်းတော်ရဲ့ အရှင်သခင်တစ်ပိုင်းဖြစ်လာဖို့ပဲ ”

“ ဒီတော့… ဒီမင်္ဂလာပွဲကို မင်းအောင်မြင်စေချင်တာလား ဒါမှမဟုတ် ကျရှုံးစေချင်တာလား ”

ရွှီချင်းက စကားပြောပြီးနောက် အနောက်သို့ လှည့်လိုက်သည်။ သူက ဝိညာဉ်ဖီးနစ်နတ်သမီး၏ မျက်လုံးကို ကြည့်လိုက်လေရာ သူ၏ မျက်လုံးက တောက်ပသွားသည်။

ယင်းက ဝိညာဉ်ဖီးနစ်နတ်သမီး၏ စိတ်ကို လျှပ်စီးအလား ဖောက်ထွင်းသွားပြီး သူနှင့်ပတ်သက်သော အရာအားလုံးကို ထုတ်ဖော်လိုက်လေသည်။

သူ၏ စကားများက သန်းပေါင်းများစွာသော မိုးကြိုးသွားများ၏ ပေါက်ကွဲမှုနှင့် ဆင်တူသည်။

ဝိညာဉ်ဖီးနစ်နတ်သမီး၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး သူက ရုတ်ချည်း မတ်တတ်ရပ်လိုက်သည်။ တစ်ဆက်တည်းမှာ သူက အနောက်သို့ ဒယိမ်းဒယိုင် ဆုတ်သွားသည်။

သူ၏ နှလုံးက ပရမ်းပတာ တုန်ယင်သွားပြီး သူ၏ အသက်ရှူသံက ချက်ချင်း မြန်ဆန်လာသည်။ ကြီးမားသော ရေလှိုင်းက သူ၏ အသိစိတ်ထဲမှာ မြှောက်တတ်လာသည်။ သူက တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်အလား ရွှီချင်းကို အံ့ဩထိတ်လန့်စွာ ကြည့်နေသည်။

သူ၏ ခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်လာသည်။

သူ၏ ဦးရေပြားသည်ပင် စပ်ဖျဉ်းဖျဉ်း ခံစားရလာသည်။

“ နင်… နင်ဘယ်သူလဲ ”

ဝိညာဉ်ဖီးနစ်နတ်သမီးက ထိတ်လန့်ချောက်ချားသွားသည်။

သူ့အရှေ့မှ သခင်လေးက အရာအားလုံးကို သိနေပြီး သူ၏ တကယ့်နာမည်ကိုပင် ထုတ်ပြောနိုင်လိမ့်မည်ဟု လုံးဝ သူမမျှော်လင့်ထားပေ။

ယင်းတို့အားလုံးက အချက်တစ်ချက်ကို ထင်ရှားစွာ ညွှန်ပြနေသည်။

သူက အပြင်လူတစ်ယောက် ဖြစ်သည်။

သခင်လေးက တကယ်ကြီး အပြင်လူဖြစ်သည်။

ထိုနားလည်သဘောပေါက်မှုက သူ၏ တစ်ကိုယ်လုံးကို အပြင်းအထန် တုန်ယင်သွားစေသည်။ ဤသည်မှာ ကြီးမားသော ရေလှိုင်းတစ်ခုက သူ၏ ခန္ဓာကိုယ်ကို ရိုက်ပုတ်သွားသည့်အလားပင်။

ဤအမှန်တရားက သူ၏ နားလည်နိုင်စွမ်းနှင့် စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်နေသည်။ ယင်းက မိုးခြိမ်းသံထက်ပင် ပိုပြီးကျယ်လောင်သည်။ သို့သော်လည်း အမှန်တရားက သူ၏ မျက်စိအရှေ့မှာ ဖြစ်သည်။

“ နင်… ”

ဝိညာဉ်ဖီးနစ်နတ်သမီး၏ မျက်နှာက ချက်ချင်း ဖြူဖျော့သွားပြီး သူ၏ အတွေးများက ကမောက်ကမာဖြစ်သွားသည်။ သူက တစ်စုံတစ်ခုပြောရန် ပါးစပ်ဟလိုက်သော်လည်း မည်သို့ပြောသင့်ကြောင်း မသိပေ။

ဝိညာဉ်ဖီးနစ်နတ်သမီး၏ ထိုသို့ပုံစံကို မြင်လိုက်ရပြီးနောက် ရွှီချင်းက မထူးမခြားနား အမူအရာဖြင့် ဆက်ပြောသည်။

“ အောင်မြင်တဲ့ မင်္ဂလာပွဲကို မင်းနှစ်သက်ဖို့ ငါမျှော်လင့်တယ်… အဲ့ဒါက မင်းရဲ့ ရည်ရွယ်ချက်ကို ပိုပြီးကောင်းကောင်းမွန်မွန် ပြည့်မြောက်စေလိမ့်မယ် ”

“ ဒီတော့ ငါနဲ့ ပူးပေါင်းပါ… မင်းရဲ့ မင်္ဂလာပွဲဖြစ်မြောက်အောင် ငါကူညီပေးမယ်… တကယ်လို့ မင်းက ငြင်းဆန်မယ်ဆိုရင် ဒီမင်္ဂလာပွဲကို လူသိရှင်ကြား ငါငြင်းဆန်ရလိမ့်မယ်… အဲ့ဒါက သမိုင်းကို ပြောင်းလဲစေပြီး အချိန်လေဟာနယ်ကို လှိုင်းဂယက်ထစေလိမ့်မယ် ”

“ ငါ ဒီခန်းမကနေ အပြင်မထွက်ခင် မင်းရဲ့ အဖြေကို သိချင်တယ် ”

ရွှီချင်းက စကားဆုံးအောင် ပြောပြီးနောက် အနောက်လှည့်လိုက်ပြီး ခန်းမ၏ ဝင်ပေါက်ဆီသို့ လျှောက်သွားသည်။

သူက တစ်လှမ်းချင်း တစ်လှမ်းချင်း လျှောက်သွားသည်။ တဖြည်းဖြည်း သူက ဝင်ပေါက်နှင့် နီးကပ်သွားသည်။

ဝိညာဉ်ဖီးနစ်နတ်သမီး၏ အသက်ရှူသံက မငြိမ်သက်သေးပေ။ သူက ရွှီချင်း၏ ကျောကို ကြည့်လိုက်သည်။ သူ၏ နှလုံးသားထဲမှ ထိတ်လန့်မှုက ပြင်းထန်နေဆဲပင်။

ရွှီချင်းက ခန်းမအပြင်သို့ ခြေချတော့မည့်အချိန် ဝိညာဉ်ဖီးနစ်နတ်သမီးက စိတ်ရှုပ်ထွေးသော အမူအရာဖြင့် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ပြောသည်။

“ ငါပူးပေါင်းမယ် ”

သူမငြင်းဆန်နိုင်ပေ။

အဘယ့်ကြောင့်ဆိုသော် သူ၏ ရည်ရွယ်ချက်အားလုံးက သခင်လေးနှင့် ဆက်စပ်သည်။

သခင်လေးက သူ့ရည်ရွယ်ချက်၏ ဇစ်မြစ်ဖြစ်သည်။

သို့ဖြစ်၍ အစမှအဆုံးအထိ သူက စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်နှင့် မဟာမိတ်မဖွဲ့ခဲ့ပေ။ သူတို့ကြားမှာ အပေးအယူသာ ရှိသည်။

သခင်လေးက တစ်စုံတစ်ခုပြောလိုက်သည်နှင့် သူ့မှာ တခြားရွေးချယ်စရာမရှိဘဲ ယင်းကို နာခံရလိမ့်မည်။

ဝိညာဉ်ဖီးနစ်နတ်သမီး၏ အဖြေကို ကြားသောအခါ ရွှီချင်းက ခန်းမတံခါး၏ ဘေးမှာ ရပ်လိုက်သည်။ သို့သော်လည်း သူ၏ မျက်နှာပေါ်မှာ မည်သည့်စိတ်ခံစားချက်မှ မရှိပေ။

သူ၏ သရုပ်ကို ထုတ်ဖော်လိုက်သည်နှင့် တစ်ဖက်လူမှာ ရွေးချယ်စရာမရှိကြောင်း ရှင်းလင်းစွာ သူသိထားသည်။

တစ်ဖက်လူ၏ ရည်ရွယ်ချက်က သူ၏ ရပ်တည်မှုကို အဆုံးအဖြတ်ပေးလိမ့်မည်။

သို့ဖြစ်၍ ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။

“ ကောင်းတယ်… ဒီည မင်းဘယ်လိုဆောင်ရွက်မလဲ ငါဂရုမစိုက်ဘူး… မြေခွေးမိန်းမပျိုလေးကို သွားပြီး ကာကွယ်ပေးပါ ”

ထိုသို့ပြောပြီးနောက် ရွှီချင်းက ခန်းမအပြင်သို့ လျှောက်သွားသည်။ လေက ကြမ်းတမ်းစွာ တိုက်ခတ်နေစဉ် သူက မြေခွေးမိန်းမပျိုလေး၏ ဦးတည်ရာဆီသို့ လှမ်းကြည့်လိုက်ပြီး စိတ်ထဲမှာ တီးတိုးပြောလိုက်သည်။

“ စတုတ္ထစီနီယာအကို… မင်းက အဆုံးအဖြတ်တိုက်ပွဲကို စတင်ချင်နေမှတော့… ကောင်းပြီ… ဒီည မင်းနဲ့ အဆုံးအဖြတ်တိုက်ပွဲကို ငါတိုက်ခိုက်မယ် ”

ဤအခိုက်အတန့်မှာ လေကြမ်းက တိုက်ခတ်လာပြီး ကောင်းကင်ပေါ်ထိ ပျံတတ်သွားသည်။

တဖြည်းဖြည်း လေက မုန်တိုင်းဖြစ်လာသည်။

All Chapters