← Chapters

ဟန်ဆောင်မနေနဲ့တော့… ဝှက်ဖဲတွေ လှန်ရမယ့်အချိန် ကျပြီ

Vol. 107 Ch. 1641

ဟန်ဆောင်မနေနဲ့တော့… ဝှက်ဖဲတွေ လှန်ရမယ့်အချိန် ကျပြီ

Vol. 107 Ch. 1641

လေကြမ်းက တဟူးဟူး တိုက်ခတ်နေပြီး အင်မော်တယ်နန်းတော်တစ်လျှောက် ဖြတ်သန်းသွားသည်။

အမှောင်ထဲတွင် မိုးခြိမ်းသံက ပဲ့တင်ထပ်နေပြီး လျှပ်စီးက ဝင်းလက်နေသည်။

ရွှီချင်း၏ ပုံရိပ်က ထိုမုန်တိုင်းကြားတွင် အရှေ့သို့ ရွေ့လျားနေသည်။

ကောင်းကင်ဘုံလျှို့ဝှက်ချက်များက ဖရိုဖရဲဖြစ်နေသော်လည်း သူ၏ နှလုံးက အေးဆေးတည်ငြိမ်သည်။

ကောင်းကင်၏ အရောင်က ပြောင်းလဲသွားသော်လည်း သူ၏ စိတ်ဝိညာဉ်က မယိမ်းယိုင်သွားပေ။

ယနေ့ညကိစ္စက လုံးဝနီးပါး ရှင်းလင်းသွားသည်။ ကမ်းစပ်ကိုးခုသမီးတော်ထံမှ စစ်တုရင်အရုပ်က ရွှီချင်း၏ တန်ပြန်တိုက်စစ်ကို အချက်ပြမည့် ခရာသံဖြစ်သည်။ ခရာသံ ထွက်ပေါ်လာသော်လည်း သူ့မှာ လှံတစ်ချောင်း လိုအပ်နေသေးသည်။

ထို့ကြောင့် သူ၏ ပုံရိပ်က အင်မော်တယ်နန်းတော်၏ အလယ်ဗဟိုရှိ ကြီးမြတ်သော မိုးသောက်ခန်းမနားမှာ ထွက်ပေါ်လာသည်။ အစွမ်းထက်သော နတ်ဘုရားစိတ်အာရုံများက သူ့အပေါ်သို့ ကျရောက်လာသော်လည်း သူ၏ ခြေလှမ်းက နည်းနည်းမှ မနှေးကွေးသွားပေ။ သူက ဧရာမမြေကွက်လပ်ကို တိုက်ရိုက် ဖြတ်ကျော်သွားပြီး ကြီးမြတ်သော မိုးသောက်ခန်းမ၏ ဂိတ်တံခါးအရှေ့မှာ ရပ်လိုက်သည်။

လေနှင့်မိုးက ပိုပြီးသည်းထန်လာသည်။ မိုး‌ရေစက်များက မရပ်မစဲ ရွာသွန်းနေစဉ် လေက တအင့်အင့်ညည်းသံနှင့်အတူ တိုက်ခတ်နေသည်။ မိုးရေက အပြာရောင်ကျောက်ပြားများပေါ်မှ သဲနှင့် ဖုန်မှုန့်များကို ဆေးကြောပေးလိုက်သည်။

တဖြောက်ဖြောက် မြည်သံက အဆုံးမဲ့စွာ ထွက်ပေါ်နေသည်။

မိုးခြိမ်းသံက ပဲ့တင်ထပ်နေပြီး လျှပ်စီးက ပြိုးပြိုးပြက်ပြက် ဝင်းလက်နေသည်။

ထိုစဉ် ခန်းမ၏ ဂိတ်တံခါးအရှေ့မှ ရွှီချင်းက အရိုအသေပေးလိုက်သည်။

“ အဖေ ”

“ ဒီည သား ကိစ္စတချို့ကို ဆောင်ရွက်ရပါမယ် ”

“ အဲ့ဒီအတွက် လက်ထပ်စာချုပ်ကို သားအသုံးပြုချင်ပါတယ် ”

မိုးခြိမ်းသံက အလွန်ကျယ်လောင်သော်လည်း ယင်းက ရွှီချင်း၏ အသံကို မဖုံးကွယ်နိုင်ပေ။

ဤအတောအတွင်း သူပြုလုပ်ခဲ့သော စူးစမ်းလေ့လာမှုနှင့် သုံးသပ်မှုများအရ သူ၏ တောင်းဆိုမှုက အောင်မြင်နိုင်ရန် ရာခိုင်နှုန်းများသည်။

အဘယ့်ကြောင့်ဆိုသော် လက်ထပ်စာချုပ်က အစကတည်းက သခင်လေးအပိုင် ဖြစ်သည်။

သူက အစမှာ အနည်းငယ် တုံ့ဆိုင်းခဲ့သော်လည်း ယင်းကို တွေ့ကြုံပြီးနောက် မိုးသောက်အင်မော်တယ်အရှင်သခင်က အင်မော်တယ်နန်းတော်အတွင်းမှ ကိစ္စများနှင့် အပြင်လူများအကြောင်းကို မသိထားခြင်းက မဖြစ်နိုင်ကြောင်း သူယုံကြည်သည်။

ဤသမိုင်းအဖြစ်အပျက်က အတိတ်တုန်းက အချိန်လေဟာနယ်၏ ကြေးမုံပုံရိပ်တစ်ခုမျှသာ ဖြစ်သော်လည်း ဤအချိန်လေဟာနယ်ထဲမှာ အလွန်အဆင့်မြင့်သော တည်ရှိမှုများ ပါဝင်နေကြသည်။ သို့ဖြစ်၍ အင်မော်တယ်နန်းတော်ထဲမှ ထိုအကြီးအကဲများက ဤအတောအတွင်း မည်သည့်မူမမှန်မှုကိုမှ မမြင်ခဲ့ကြောင်း ရွှီချင်း မယုံကြည်ပေ။

သို့သော်လည်း အစမှအဆုံးအထိ သူတို့က နှုတ်ဆိတ်နေကြသည်။

သူတို့က ကြားဝင်မစွက်ဖက်ခဲ့ပေ။

သမိုင်းကို ပြောင်းလဲခြင်းဖြစ်စေ သို့မဟုတ် သမိုင်းကို ထိန်းသိမ်းခြင်းဖြစ်စေ သူတို့က ဝင်မကူညီပေးသလို ဝင်မတားဆီးပေ။

အတိုင်းအတာတစ်ခုထိဆိုရလျှင် နှုတ်ဆိတ်နေခြင်းက သဘောတူခြင်းကို ဆိုလိုသည်။ တစ်နည်းဆိုရလျှင် သူတို့က ဤသမိုင်းအဖြစ်အပျက်ထဲမှ ကိစ္စအားလုံးကို ခွင့်ပြုပေးထားသည်။

သို့ဖြစ်၍ ဤအတောအတွင်း သူ၏ စူးစမ်းလေ့လာမှုနှင့် သုံးသပ်မှုများကို အခြေခံပြီးနောက် ရွှီချင်းက ယနေ့ညတွင် ဤနေရာဆီသို့ ရောက်လာခဲ့သည်။

ဤအခိုက်အတန့်မှာ သူ၏ အသံက မိုးသောက်နန်းတော်ထဲသို့ ပျံ့လွင့်သွားပြီး အခန်းထဲမှာ တင်ပျဉ်ခွေထိုင်နေသော ပုဂ္ဂိုလ်၏ နားထဲသို့ ဝင်ရောက်သွားသည်။

ထိုပုဂ္ဂိုလ်က ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်သည်။ သူ၏ ဘယ်မျက်လုံးက မည်းနက်နေပြီး သူ၏ ညာမျက်လုံးက ထွန်းလင်းတောက်ပနေသည်။ သူက အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

တစ်ခဏကြာပြီးနောက် လေနှင့် မိုးက ရပ်တန့်သွားသည်။ မိုးခြိမ်းသံက ရပ်တန့်သွားပြီး အရာအားလုံးက အေးခဲသွားသည်။ ရွှေရောင်အလင်းတန်းက မိုးသောက်နန်းတော်ထဲမှ မြှောက်တတ်လာပြီး ရွှီချင်း၏ အရှေ့မှာ မျောလွင့်သွားသည်။

ယင်းက ရွှေသတ္ထုပြားဖြစ်ပြီး ယင်းပေါ်တွင် ‘လက်ထပ်စာချုပ်’ဟူသော စာလုံးများကို ရေးထွင်းထားသည်။

ယင်းက သခင်လေးနှင့် ဝိညာဉ်ဖီးနစ်နတ်သမီးကြားမှ လက်ထပ်စာချုပ်ဖြစ်သည်။

တစ်ချိန်တည်းမှာ မိုးသောက်အင်မော်တယ်အရှင်သခင်၏ တည်ငြိမ်သော အသံက ပဲ့တင်ထပ်လာသည်။

“ အခု မင်းဆောင်ရွက်မယ့် ကိစ္စနဲ့ပတ်သက်ပြီး အကြောင်းအရင်းတချို့ကြောင့် ငါဝင်မကူညီပေးနိုင်ဘူး ”

“ အဲ့ဒါကို မင်းဘာသာ ဖြေရှင်းရမယ် ”

“ မင်းရဲ့ ကိစ္စပြီးတာနဲ့ စောစော ပြန်လာပြီး အနားယူဖို့ မှတ်ထားပါ ”

ရွှီချင်းက ခေါင်းငုံ့လိုက်ပြီး တစ်ခဏကြာပြီးနောက် သဘောတူလိုက်သည်။

ထို့နောက် သူက လက်ထပ်စာချုပ်ကို ယူလိုက်ပြီး အနောက်လှည့်ကာ ထွက်သွားသည်။

မိုးက သူ၏ အနောက်တွင် သည်းထန်စွာ ရွာသွန်းနေပြီး လေပြင်းမုန်တိုင်းက သူ၏ အရှေ့မှာ စောင့်ကြိုနေသည်။

ရွှီချင်း ထွက်သွားသည်နှင့် ယနေ့ညမုန်တိုင်းက ပိုပြီးအားကောင်းလာသည်။ မိုးခြိမ်းသံက တတိယအကြိမ် ပဲ့တင်ထပ်သွားသည့်အခါ ရွှီချင်း၏ ပုံရိပ်က အင်မော်တယ်နန်းတော်၏ အကယ်ဒမီပြင်ပမှာ ထွက်ပေါ်လာသည်။

သခင်လေး၏ မှတ်ဉာဏ်များကြောင့် ရွှီချင်းက အကယ်ဒမီနှင့် သိပ်မစိမ်းပေ။

သူ၏ မှတ်ဉာဏ်များအရ အကယ်ဒမီထဲမှာ အင်မော်တယ်သစ်သားဖြင့် ဆောက်လုပ်ထားသော အဆောက်အဦးများဖြင့် ပြည့်နှက်နေသည်။ အဆောက်အဦး၏ အမိုးကိုတော့ အပြာရောင်အုတ်ကြွပ်ပြားများဖြင့် ဆောက်လုပ်ထားသည်။ အကယ်ဒမီ၏ ပရဝုဏ်အတွင်းမှာ အင်မော်တယ်သစ်ပင်များဖြင့် ပြည့်နှက်နေလေရာ ယင်းက စိမ်းစိုသော ပတ်ဝန်းကျင်ကို ဖန်တီးပေးနေသည်။ သေးငယ်သော တံတားများနှင့် စမ်းချောင်းများလည်း ရှိသည်။ ယင်းက ငြိမ်းချမ်းသော လေထုကို ဖြစ်ပေါ်စေသည်။

သို့သော်လည်း ယခု အမှောင်ညထဲတွင် လေမုန်တိုင်းက အကြမ်းပတမ်း တိုက်ခတ်နေလေရာ မြင်ကွင်းက ပြောင်းလဲသွားသည်။

သစ်ပင်များက ကြမ်းတမ်းစွာ လှုပ်ယမ်းနေကြသည်။ စမ်းချောင်းထဲမှ ရေကို မမြင်တွေ့နိုင်သလို တံတားများက မိုးရေထဲမှာ ဝေဝါးနေသည်။ သို့သော်လည်း အကယ်ဒမီထဲမှ အဆောက်အဦးများသည်တော့ သိမ်မွေ့သော အလင်းရောင်ကို ထုတ်လွှတ်နေသည်။ ဤသည်မှာ ယင်းတို့က သီးခြားတည်ရှိနေသည့်အလားပင်။

အကယ်ဒမီကို စိုက်ကြည့်နေရင်း ရွှီချင်းက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။

သူက သိမ်မွေ့သော အလင်းရောင်နှင့် ဝေဝါးမှုကြားထဲသို့ လျှောက်သွားသည်။ ဤနေရာမှ အတားအဆီးများက သူ့အပေါ်ကို သက်ရောက်မှုမရှိပေ။

သခင်လေးဟူသော သရုပ်ကြောင့် အင်မော်တယ်နန်းတော်တစ်ခုလုံးတွင် ခွင့်ပြုချက်မရှိဘဲ သူမသွားနိုင်သော နေရာများက အနည်းငယ်သာ ရှိ၏။ သို့သော်လည်း အကယ်ဒမီက ထိုထဲမှာ မပါဝင်ပေ။

ရွှီချင်းက အရှေ့သို့ ရွေ့လျားနေရင်း မကြာမီ အိမ်တန်းလျားတစ်ခုဆီသို့ ရောက်ရှိသွားသည်။ အိမ်တိုင်းက တံခါးပိတ်ထားကြသည်။ သူက ဆက်လျှောက်သွားပြီး အိမ်နံပါတ်(၃၇)၏ အရှေ့မှာ ရပ်လိုက်သည်။

ဤအိမ်တန်းလျားက အကယ်ဒမီထဲမှ ကျောင်းသားများ တံခါးပိတ်ကျင့်ကြံသော နေရာဖြစ်သည်။ ထို့ပြင် ဆရာများ၏ အပြစ်ပေးခံရသော ကျောင်းသားများက ဤနေရာမှာ အပြစ်ဆင်ခြင်ကြရသည်။

အင်မော်တယ်နန်းတော်၏ ဂုဏ်ကျက်သရေကြောင့် အကယ်ဒမီ၏ စည်းမျဉ်းများကို အတင်းအကျပ် ချိုးဖောက်ရန် မဖြစ်နိုင်လုနီးပါး ခက်ခဲသည်။

အိမ်နံပါတ်(၃၇)ထဲတွင် ပုံရိပ်တစ်ခုက တင်ပျဉ်ခွေထိုင်နေပြီး တရားကျင့်ကြံနေသည်။

ရွှီချင်း ထွက်ပေါ်လာသည့်အခိုက် သူက တစ်စုံတစ်ခုကို အာရုံခံမိသွားပြီး ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ သူက ခေါင်းလှည့်လိုက်ပြီး အပြင်ဘက်သို့ ကြည့်လိုက်သည့်အခါ ထူးဆန်းသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ မင်း…”

သူ၏ အသံထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လျှပ်စီးက ဝင်းလက်သွားပြီး လောကကို ထွန်းလင်းသွားစေသည်။ ယင်းက ဤနေရာကိုလည်း ထွန်းလင်းသွားစေပြီး တံခါးခြားထားသော လူနှစ်ယောက်ကို အတိုင်းအတာတစ်ခုထိ ပေါ်လွင်သွားစေသည်။

ရွှီချင်းက တံခါး၏ အပြင်မှာ ရပ်နေသည်။

အိမ်ထဲမှ လူသည်တော့ ကောင်းကင်အရွေးချယ်ခံလီဖြစ်သည်။

“ သခင်လေး ”

ကောင်းကင်အရွေးချယ်ခံလီက မျက်တောင်ခတ်လိုက်ပြီး ခါးသီးသော အမူအရာကို ထုတ်ဖော်လိုက်သည်။

ဤအတောအတွင်းမှာ သူက ဖော်မပြနိုင်အောင် စိတ်လောနေပြီး စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်ကို ပိုပြီးမုန်းတီးလာသည်။

တစ်ဖက်လူက သခင်လေးနားသို့ ချဉ်းကပ်မည့် သူ၏ အစီအစဉ်ကို ကျရှုံးစေခဲ့သည်။ သူ၏ မူလအစီအစဉ်အရ သခင်လေးနားသို့ ချဉ်းကပ်ခြင်းက သူ၏ ပထမခြေလှမ်းမျှသာ ဖြစ်သည်။ အနာဂတ်မှာ သူက သခင်လေး၏ လုပ်ဆောင်မှုအားလုံးကို အသေးစိတ် စောင့်ကြည့်ပြီး တကယ့်သမိုင်းအမှန်ကို မြင်ချင်သည်။

ယင်းက သူ့အာဏာစက်၏ ဦးတည်ရာဖြစ်သည်။

သူ၏ အာဏာစက်က မြူခိုးဖြစ်ပြီး ဤမြူခိုးက ထူးဆန်းသည်။ ယင်းက သာမန်မြူခိုးမဟုတ်ဘဲ သမိုင်းထဲမှ ဆင်းသက်လာသော မြူခိုးဖြစ်သည်။

သမိုင်းကို ဖုံးကွယ်ထားသော မြူခိုးက သူ့အာဏာစက်၏ အနှစ်သာရဖြစ်သည်။

သူက သမိုင်းကို ပိုပြီးရှင်းလင်းစွာ မြင်နိုင်လေ မြူခိုးကို ပိုပြီးဖယ်ရှားနိုင်လေ ဖြစ်သည်။ ဖယ်ရှားခံလိုက်ရသော မြူခိုးက သူ့အာဏာစက်၏ စုပ်ယူခဲ့ရပြီး သူ၏ ဥပဒေသဖြစ်လာလိမ့်မည်။

ကံမကောင်းစွာဖြင့် သူ၏ အစီအစဉ်က ပထမခြေလှမ်းမှာတင် ရပ်တန့်ခံလိုက်ရသည်။

သို့ဖြစ်၍ သူက ဤနေရာမှာ ကူကယ်ရာမဲ့စွာ ပိတ်လှောင်ခံထားရသည်။ ဤအချိန်ကာလ အဆုံးသတ်သွားသည်ကို စောင့်ဆိုင်းနေရုံမှလွဲ၍ သူ့မှာ တခြားရွေးချယ်စရာ မရှိပေ။

သူက စောစီးစွာ ထွက်သွားရန် ရွေးချယ်နိုင်သည်။ သို့သော်လည်း သူက ထိုသို့လွယ်လွယ် လက်မလျော့ချင်ပေ။

သို့ဖြစ်၍ သခင်လေး၏ ပုံရိပ်ကို သူမြင်သွားသောအခါ သူ၏ ခါးသီးသော အသံက ထွက်ပေါ်လာသည်။

“ သခင်လေး… သားရဲဥယျာဉ်ဆီ ငါမသွားချင်တာ မဟုတ်ပါဘူး… ဒါပေမဲ့ ငါက တစ်စုံတစ်ယောက်ရဲ့ ချောက်တွန်းခံရပြီး ဒီနေရာမှာ ပိတ်လှောင်ခံထားရပါတယ်… ငါ… ”

“ ကောင်းကင်အရွေးချယ်ခံလီ ”

ရွှီချင်းက တည်ငြိမ်စွာ ပြောပြီး တစ်ဖက်လူ၏ စကားကို ကြားဖြတ်လိုက်သည်။

တစ်ဖက်လူ၏ စကားကို နားထောင်ရန် သူ့မှာ အချိန်မရှိပေ။ သူ၏ စကားများက ထက်ရှသော ဓားများအလား ကောင်းကင်အရွေးချယ်ခံလီ၏ စိတ်အတားအဆီးကို ချိုးဖြတ်သွားသည်။

“ အရင်တစ်ခေါက်တုန်းက မင်းက ငါ့နားကို ချဉ်းကပ်ဖို့ ကြိုးစားခဲ့ပြီး အချိန်လေဟာနယ်ကို လှိုင်းထစေခဲ့တယ်… မင်းက တံခါးပိတ်ကျင့်ကြံရမယ့် ကံကြမ္မာကို ရှောင်လွှဲဖို့အတွက် ကြိုးစားခဲ့တယ်… အဲ့ဒါက မင်းအစီအစဉ်ရဲ့ ပထမခြေလှမ်း မဟုတ်လား ”

“ မင်းက ဘယ်သူဖြစ်ပြီး မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ ငါမသိချင်ဘူး ”

“ ငါမင်းကို တစ်ခုပဲ မေးမယ်… မင်းအောင်မြင်ချင်လား… ဒီကနေ မင်းထွက်လာချင်လား ”

ရွှီချင်း၏ တည်ငြိမ်သော အသံက ကောင်းကင်အရွေးချယ်ခံလီ၏ နားထဲတွင် အပြင်လောကမှ ကောင်းကင်ဘုံမိုးခြိမ်းသံထက် သာလွန်သည်။ ယင်းက သူ၏ အသိစိတ်ကို ပရမ်းပတာ လှုပ်ခတ်သွားစေသည်။

သူက ချက်ချင်း မျက်မှောင်ကြုတ်လိုက်လေရာ သူ၏ မျက်နှာပေါ်မှ ခါးသီးသော အမူအရာက လုံးဝပျောက်ကွယ်သွားသည်။ ထိုနေရာမှာ မယုံကြည်နိုင်မှုက အစားထိုး ထွက်ပေါ်လာသည်။

“ မင်းဘယ်သူလဲ ”

ကောင်းကင်အရွေးချယ်ခံလီက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး စိတ်တည်ငြိမ်အောင် အကောင်းဆုံး ကြိုးစားလိုက်သည်။ သူက ရွှီချင်းကို စိုက်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

ရွှီချင်းက ပြန်မဖြေပေ။ ယင်းအစား သူက အနောက်လှည့်ပြီး အပြင်သို့ ထွက်လျှောက်သွားသည်။ တစ်ချိန်တည်းမှာ သူက လက်ဝှေ့ယမ်းလိုက်လေရာ ကောင်းကင်အရွေးချယ်ခံလီကို ချုပ်နှောင်ထားသော အိမ်တံခါးက တိတ်တဆိတ် ပွင့်သွားသည်။

လေတိုက်ခတ်နေပြီး မိုးသည်းထန်စွာ ရွာသွန်းနေစဉ် ရွှီချင်း၏ အသံက ထွက်ပေါ်လာသည်။

“ စတုတ္ထအလွှာမှာ မင်းရဲ့ ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် အဲ့ဒါကို အောင်မြင်အောင် ငါလုပ်ပေးနိုင်သလို ကျရှုံးအောင်လည်း လုပ်နိုင်တယ်… ”

“ အခု မင်းငါ့ကို တစ်ခုလုပ်ပေးရမယ် ”

“ စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်ကို သွားပြီး လုပ်ကြံသတ်ဖြတ်ပါ… ပြီးတော့ မင်းရဲ့ လက်တစ်ချောင်းကို သူကိုယ်တိုင် ချိုးပစ်အောင်လို့ လုပ်ဆောင်ပါ ”

ရွှီချင်းက ထွက်သွားသည်။

မိုးခြိမ်းသံက မြည်ဟိန်းသွားစဉ် အိမ်နံပါတ်(၃၇)ထဲမှ ကောင်းကင်အရွေးချယ်ခံလီက နှုတ်ဆိတ်သွားသည်။

တစ်ခဏကြာပြီးနောက် သူက ဖြည်းညင်းစွာ ခေါင်းမော့လိုက်သည်။ သူ၏ နှလုံးသားထဲမှ လှိုင်းများက ဆက်လက် အားကောင်းနေဆဲပင်။ သခင်လေးက တကယ်ကြီး အပြင်လူတစ်ယောက် ဖြစ်သည်။ ထိုအဖြေက သူ့အား အံ့ဩထိတ်လန့်စေပြီး အကူအညီမဲ့မှုကို ခံစားမိစေသည်။

တစ်ဖက်လူ၏ စကားထဲမှာ ခြိမ်းခြောက်မှု ပါဝင်နေသည်။ အကယ်၍ ယင်းကို တခြားတစ်ယောက်ကသာ ပြောမည်ဆိုလျှင် ခြိမ်းခြောက်မှုမျှသာ ဖြစ်လိမ့်မည်။

သို့သော်လည်း ယင်းက သခင်လေး၏ ပါးစပ်မှ ထွက်ပေါ်လာလျှင်…

“ အဲ့ဒါကို ယုံကြည်ဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိဘူး… ”

ကောင်းကင်အရွေးချယ်ခံလီက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူက အိမ်အပြင်သို့ ထွက်လျှောက်သွားသည့်အခါ အေးစက်စက် အလင်းက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။

…..

အချိန်လေဟာနယ်က လှိုင်းထသွားသည်။

သမိုင်းထဲတွင် သူက ကပ်ဘေးမရောက်လာခင်အထိ တံခါးပိတ်ကျင့်ကြံနေရမည့်လူ ဖြစ်သည်။

သို့သော်လည်း ယခု သူက သခင်လေး၏ နောက်လိုက်တစ်ယောက် ဖြစ်လာသည်။

သူက သားရဲဥယျာဉ်၏ အစောင့်အရှောက်လည်း ဖြစ်သည်။

သူက တံခါးပိတ်ကျင့်ကြံရန် မလိုတော့ပေ။ သူက စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်ကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားတော့မည်။

သူ၏ လက်တစ်ဖက်သည်ပင် စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်ကြောင့် အဖြတ်ခံရလိမ့်မည်။

ထိုသို့လှိုင်းများက သမိုင်းထဲမှာ ဤဇာတ်ကောင်၏ လမ်းကြောင်းကို လုံးဝ ပြောင်းလဲသွားစေလိမ့်မည်။

“ အဲ့ဒါက ဒီညလှိုင်းတွေရဲ့ ပထမအလွှာပဲ ”

“ နောက်တစ်ယောက်က လီမုန့်တု ”

အမှောင်ညထဲတွင် လေနှင့်မိုးက သည်းထန်နေစဉ် ရွှီချင်း၏ ပုံရိပ်က အရှေ့သို့ ရွေ့လျားနေပြီး အကယ်ဒမီမှ ထွက်သွားသည်။ သူက ကျုံးချီ၏ စံအိမ်အပြင်ဘက်မှာ ပြန်ပေါ်လာသည်။

တစ်ချိန်တည်းမှာ မိုးကြိုးအပြစ်ပေးနန်းတော်ထဲမှ မြေခွေးမိန်းမပျိုလေး၏ ခြံဝန်းထဲတွင်…

မြေခွေးမိန်းမပျိုလေး၏ တစ်ကိုယ်လုံးက တုန်ယင်နေပြီး သူ၏ မျက်လုံးက သွေးလွှမ်းနေသည်။ နတ်ဘုရားရှာဖွေခြင်းတုံကင်ထံမှ ဖိနှိပ်မှုက အလွန်ပြင်းထန်သည်။ ယင်းထဲမှာ အလွန်ကြောက်စရာကောင်းသော အင်အားတစ်ခု ကိန်းအောင်းနေကြောင်း သူအာရုံခံနိုင်သည်။

ထိုတုံကင်ကို အမှတ်ငါးကြယ်တာရာစက်ဝန်းထဲတွင် နတ်ဘုရားများအား ဖိနှိပ်ရန် အထူးအသုံးပြုသည်။ ဤနတ်ဘုရားရှာဖွေခြင်းတုံကင်အောက်မှာ သူ၏ ဝိညာဉ်က တုန်ယင်နေသည်။

ထိုတုံကင်၏ စွမ်းအားက သူ၏ မူလခန္ဓာကိုယ်ကိုပင် အမှန်တကယ် သက်ရောက်မှုရှိကြောင်း သူအာရုံခံနိုင်သည်။

သူ၏ အရှေ့တွင် စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်က တည်ငြိမ်သော အမူအရာဖြင့် တင်ပျဉ်ခွေထိုင်နေသည်။

သူက ကြိုးစားရုန်းကန်နေသော ရွှံ့မြေခွေးကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ ညတစ်ဝက် ကုန်တော့မယ်… ငါအရမ်းပဲ သိချင်မိတယ်… မင်းနောက်မှာ ငါခန့်မှန်းထားသလို တကယ်ပဲ တစ်ယောက်ယောက်ရှိနေတာလား… ဟမ် ”

သူ၏ စကားမဆုံးခင်မှာ သူက ရုတ်တရက် ခေါင်းလှည့်လိုက်ပြီး အကယ်ဒမီ၏ ဦးတည်ရာဆီသို့ ကြည့်လိုက်သည်။

ထိုနေရာမှ ဖရိုဖရဲအခြေအနေက သူ၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။ သို့သော်လည်း ယင်းက သူအကြည့်ပြန်မရုပ်ခင် တဒင်္ဂမျှသာ ကြာမြင့်ခဲ့သည်။ ထို့နောက် သူက ခြံဝန်း၏ ဂိတ်တံခါးဆီသို့ ကြည့်လိုက်သည်။

မိုးခြိမ်းသံက ကောင်းကင်ယံမှာ ပဲ့တင်ထပ်နေစဉ် ကမ်းစပ်ကိုးခုသမီးတော်၏ ရထားလုံးက လေနှင့်မိုးကြားမှာ ထွက်ပေါ်လာသည်။

မကြာမီ ဝိညာဉ်ဖီးနစ်နတ်သမီးက တည်ကြည်လေးနက်သော အမူအရာဖြင့် ရထားလုံးထဲမှ ထွက်လျှောက်လာသည်။ သူက ထွက်ပေါ်လာသည်နှင့်ချက်ချင်း စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်ကို စကားပြောခွင့်မပေးဘဲ အရင်ဦးစွာ ပြောသည်။

“ အစစ်အမှန်ဦးသျှောင်… ငါ့စီနီယာအမကို နင်ဘယ်လို ဆက်ဆံနေတာလဲ ”

သူစကားပြောလိုက်သည်နှင့်ချက်ချင်း အနက်ရောင်စစ်ချပ်ဝတ်နှင့် အစောင့်အကြပ်များက ခြံဝန်းထဲသို့ အမြန်ဝင်ရောက်သွားကြပြီး ဘေးပတ်ဝန်းကျင်ကို ဝန်းရံလိုက်ကြသည်။

ထူးဆန်းသော အလင်းရောင်က စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ မမျှော်လင့်ထားသော စိတ်ခံစားမှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။

“ ရောက်လာတဲ့လူက မင်းဖြစ်နေတဲ့အတွက် ငါအရမ်းအံ့ဩမိတယ် ”

ဝိညာဉ်ဖီးနစ်နတ်သမီး၏ မျက်လုံးထဲတွင် သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြင့် ပြည့်နှက်နေပြီး သူက စိတ်ဓာတ်ပြတ်သားစွာ ပြောသည်။

“ မြေခွေးမိန်းမပျိုလေးက ငါ့ဆရာရဲ့ တပည့်ဖြစ်သလို ငါ့ရဲ့ စီနီယာအမလည်း ဟုတ်တယ်… အခု သူက ဒီလိုအခက်တွေ့နေမှတော့ ငါက ဘယ်လိုလုပ် မလာဘဲနေရမှာလဲ ”

“ ဒီသရုပ်ကို ဘယ်တုန်းက ဆုံးဖြတ်လိုက်တာလဲ ”

စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်က ဖြည်းညင်းစွာ ပြောသည်။

သူက ရှဲလင်းဇီ၏ သစ္စာဖောက်မှုကို အသုံးပြု၍ မြေခွေးမိန်းမပျိုလေး၏ သရုပ်ကို ဖျက်ဆီးပစ်ခဲ့သည်။ သို့သော်လည်း ယခု သူ့ကို ဝိညာဉ်ဖီးနစ်နတ်သမီးက သရုပ်အသစ်တစ်ခု ပေးလိုက်သည်။

“ မကြာသေးခင်က ဆုံးဖြတ်ခဲ့တာပဲ… တကယ်လို့ နင်ငါ့ကို မယုံကြည်ဘူးဆိုရင် ငါ့အဖေကို မေးကြည့်လို့ရတယ်… ဘာပဲဖြစ်ဖြစ် ငါက ဟုတ်တယ်လို့ပြောရင် အဲ့ဒါက အမှန်တရားပဲ ”

ဝိညာဉ်ဖီးနစ်နတ်သမီးက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး မြေခွေးမိန်းမပျိုလေး၏ အရှေ့မှာ ရပ်လိုက်သည်။ သူက လက်ဝှေ့ယမ်းလိုက်ပြီး နတ်ဘုရားရှာဖွေခြင်းတုံကင်၏ စွမ်းအားကို အနည်းငယ် လွင့်ပြယ်စေသည်။

မြေခွေးမိန်းမပျိုလေးက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး ရယ်လိုက်သည်။

“ သခင်က ငါ့ကို လာမကယ်တော့ဘူးလို့တောင် ငါတွေးလုနီးပါးပဲ ”

ဝိညာဉ်ဖီးနစ်နတ်သမီးက မောက်မာထောင်လွှားစွာ ရပ်နေပြီး သူ့ကို လျစ်လျူရှုထားသည်။

သူ့အရှေ့မှ အရာအားလုံးကို ကြည့်နေရင်း စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်က နှုတ်ဆိတ်သွားသည်။ နောက်ဆုံးမှာတော့ သူက ပြုံးလိုက်ပြီး ဝိညာဉ်ဖီးနစ်နတ်သမီးကို လေးနက်သော အဓိပ္ပာယ်ဖြင့် ကြည့်လိုက်သည်။

“ သူ့ကို လာကယ်တဲ့လူက မင်းဖြစ်နေမယ်လို့ ငါတကယ် မမျှော်လင့်ထားဘူး ”

“ ဒါပေမဲ့ မင်းရဲ့ ထွက်ပေါ်လာမှုက ဒီကိစ္စရဲ့ ပဟေဠိကို ငါ့ကို ထွင်းဖောက်မြင်နိုင်စေခဲ့တယ် ”

“ မင်းက ငါစောင့်နေတဲ့ နောက်ကွယ်က ကြိုးကိုင်တဲ့လူ ဖြစ်နိုင်တယ်… တကယ်လို့ မဟုတ်ဘူးဆိုရင်တော့ တကယ့် နောက်ကွယ်က ကြိုးကိုင်တဲ့လူကို အကြမ်းဖျဉ်း ငါခန့်မှန်းနိုင်သွားပြီ ”

“ မမျှော်လင့်ထားဘူး… တကယ် မမျှော်လင့်ထားဘူး ”

“ ဘယ်သူမှ မရနိုင်တဲ့ သရုပ်တစ်ခုက တကယ်ကြီး သိမ်းပိုက်ခံလိုက်ရတယ်… ”

စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်က ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်ပြီး အက်ရှရှအသံဖြင့် တီးတိုးရေရွတ်လိုက်သည်။

All Chapters