တိုင်းတာခြင်း စတုရန်းပေတံ… ကွန်ပါ
Vol. 107 Ch. 1644
လျှပ်စီးက ဝင်းလက်နေပြီး မိုးကြိုးက ဆက်တိုက် မြည်ဟိန်းနေစဉ် စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်၏ ပုံရိပ်က ကောင်းကင်ကို ဆုတ်ဖြဲလိုက်ပြီး ဟင်းလင်းပြင်ကို ဖြိုခွဲပစ်လိုက်သည်။
သူ၏ အလျင်က အံ့ဖွယ်ကောင်းသည်။ ယင်းက ကောင်းကင်နှင့်မြေပြင်ကို ထိုးဖောက်နိုင်သော လှံတစ်ချောင်းအလားပင်။
အဆုံးမဲ့သော လျှပ်စီးများက သူ့ကို ရစ်ပတ်ထားကြသည်။
သူက လွှမ်းမိုးဖိနှိပ်သော အင်အားနှင့်အတူ အရှေ့သို့ ပျံသန်းသွားသည်။
မိုးကြိုးက ကျယ်လောင်စွာ ပေါက်ကွဲသွားစဉ် သူက ဓားမီးဖို၏ အကာအကွယ်အလွှာကို ဖြိုခွဲပစ်လိုက်သည်။ အက်ကွဲသံက ပျံ့လွင့်သွားပြီး အကာအကွယ်အလွှာက တုန်လှုပ်သွားသည့်အခါ သူ၏ ပုံရိပ်က လေနှင့်မိုးကြားထဲမှာ ထင်ရှားစွာ ထွက်ပေါ်လာသည်။
သူက ဓားမီးဖို၏ ဘေးမှာ ရပ်လိုက်သည်။
သူက ရွှီချင်း၏ အရှေ့မှာ ရပ်လိုက်သည်။
သူ့ထံမှ အရှိန်အဝါက အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပျံ့လွင့်သွားသည်။ ဤသည်မှာ မုန်တိုင်းတစ်ခုက ဤနေရာမှာ အစပျိုးလာနေသည့်အလားပင်။
ရွှီချင်း၏ အဝတ်အစားများနှင့် ဆံပင်ရှည်က မုန်တိုင်းထဲမှာ တဖျပ်ဖျပ်လှုပ်ခတ်သွားသည်။ သို့သော်လည်း သူ၏ ပုံရိပ်က တောင်ကြီးပမာ မြဲမြံစွာ ရပ်နေသည်။ သူက အနောက်သို့ ခြေတစ်လှမ်းပင် မဆုတ်သွားခဲ့ပေ။
သူက သူ့အရှေ့မှ စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်ကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး ပြောသည်။
“ စတုတ္ထစီနီယာအကိုက ဒီနေ့ည အတော်လေး စိတ်ခံစားချက်ကောင်းနေပုံပဲ ”
“ ငါထင်ထားသလိုပဲ… အဲ့ဒီလူက မင်းကို ”
စိတ်ရှုပ်စရာ အတွေးများဖြင့် ပြည့်နှက်နေသော အက်ရှရှအသံက စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်၏ ပါးစပ်မှ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။
သူ၏ အသံ ပဲ့တင်ထပ်သွားသည်နှင့် ပမာဏများပြားသော လျှပ်စီးများက စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ လှည့်ပတ်သွားကြသည်။ နောက်ဆုံးမှာတော့ လျှပ်စီးတန်းများက သူ၏ ခြေဖဝါးမှတဆင့် မြေကြီးထဲသို့ ဝင်ရောက်သွားပြီး အရပ်ရှစ်မျက်နှာဆီသို့ ပျံ့ပွားသွားကြသည်။
သူ၏ မျက်လုံးက ရွှီချင်းကို ချက်ချင်း ပစ်မှတ်ထားလိုက်သည်။ သူ၏ နှလုံးသားထဲမှ နောက်ဆုံးမျှော်လင့်ချက်အမျှင်တန်းက လုံးဝ ပြိုကွဲသွားသည်။
ပရမ်းပတာ အတွေးများက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်နှင့် သူ၏ အမူအရာက မည်းမှောင်သွားသည်။ သူ၏ အကြည့်ထဲမှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ဖော်မပြနိုင်သော အဆင့်ထိ မြင့်တတ်သွားသည်။
“ မင်းက ဒီလောက် ဖုံးကွယ်ထားနိုင်မယ်လို့ ငါမမျှော်လင့်ထားဘူး… အဲ့ဒါက ငါ့ကို တကယ်အံ့ဩစေမိတယ်… ”
စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်က ခြေထောက်မြှောက်လိုက်ပြီး ရွှီချင်းထံသို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
“ ကောလဟလတွေကို ဖြန့်ခဲ့တဲ့လူက မင်းပဲ ”
“ အဲ့ဒီနောက် ငါက ရှဲလင်းဇီကို အသုံးပြုပြီး မင်းထွက်လာအောင်လို့ ထောင်ချောက်တစ်ခုဆင်ခဲ့ပေမဲ့ မင်းက မြေခွေးမိန်းမပျိုလေးကို ကိုယ်စားစေလွှတ်ခဲ့တယ် ”
စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်က နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်သည်။
“ မြေခွေးမိန်းမပျိုလေးကို မောင်းထုတ်ဖို့ ယွင်ရှန်းစုကို ငါစေခိုင်းခဲ့ပေမဲ့ မင်းက ရှဲလင်းဇီနဲ့ မဟာမိတ်ဖွဲ့ပြီး မြေခွေးမိန်းမပျိုလေးကို သရုပ်တစ်ခု ပေးလိုက်တယ်… ဒါကြောင့် သူ့ကို မောင်းထုတ်မယ့် ငါ့အစီအစဉ်က ကျရှုံးသွားခဲ့တယ် ”
“ အဲ့ဒီနောက် အရာအားလုံးကို ငါဖော်ထုတ်ခဲ့ပြီး ရှဲလင်းဇီကို သစ္စာဖောက်ဖို့ သွေးထိုးလှုံ့ဆော်ခဲ့တယ်… တစ်ဖက်မှာ မင်းကတော့ ယွင်းရှန်းစုကို ဦးညွတ်စေပြီး ကျုံးချီရဲ့ ရည်ရွယ်ချက်ကို အောင်မြင်စေခဲ့တယ်… ပြီးတော့ ရှဲလင်းဇီကို သူ့ကိုယ်သူ သတ်သေအောင် ဖိအားပေးပြီး ကောင်းကင်အရွေးချယ်ခံလီကို ငါ့ကို တားဆီးခိုင်းခဲ့တယ် ”
“ မင်းရဲ့ နည်းလမ်းတွေက တကယ် ပြောင်မြောက်တယ်ဆိုတာ ငါဝန်ခံရမယ် ”
“ ဘာပဲပြောပြော… ဒီအဆုံးအဖြတ်တိုက်ပွဲမှာ ဘယ်သူမှ မရနိုင်တဲ့ သရုပ်တစ်ခုကို မင်းရရှိထားကတည်းက ငါ့မှာ အနိုင်ရဖို့ မျှော်လင့်ချက်မရှိတော့ဘူး ”
“ ဒီအခိုက်အတန့်မှာတောင် ငါက ဒီနေရာမှာ လှုပ်ရှားမှုတစ်ခု ပြုလုပ်လိုက်တာနဲ့… အဲ့ဒါက လှိုင်းတွေ ဖန်တီးလိမ့်မယ်”
“ အဲ့ဒါကလည်း မင်းရဲ့ တွက်ချက်မှုအတွင်းမှာ ရှိမယ်လို့ ငါထင်တယ် ”
စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်က တတိယမြောက် ခြေလှမ်းကို လှမ်းလိုက်သည်။
ဤစတုတ္ထအလွှာအကြောင်းကို ကောင်းကောင်း သူသိသည်။ သူ၏ သရုပ်နှင့် တစ်ဖက်လူသည် မူလသမိုင်းထဲမှာ တစ်ခါမှ မတိုက်ခိုက်ဖူးပေ။ ထို့ကြောင့် အကယ်၍ သူသာ လှုပ်ရှားလိုက်မည်ဆိုလျှင် အချိန်လေဟာနယ်လှိုင်းများက သေချာပေါက် ထွက်ပေါ်လာလိမ့်မည်။
ထို့ပြင် တိုက်ပွဲက ပြင်းထန်လာပြီး ဒဏ်ရာများ ထွက်ပေါ်လာသည်နှင့်အမျှ လှိုင်းဂယက်များက ပိုပြီးကြီးမားလာလိမ့်မည်။
“ ဒါပေမဲ့… ဒီကစားပွဲမှာ ငါမရှုံးစေဖို့ ရွေးချယ်စရာတစ်ခု ကျန်နေသေးတယ် ”
စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်က စတုတ္ထမြောက် ခြေလှမ်းကို လှမ်းလိုက်သည့်အခါ သူ၏ အရှိန်အဝါက ဝုန်းခနဲ မြည်သွားပြီး ကောင်းကင်ဘုံလျှပ်စီးက အရပ်မျက်နှာအဘက်ဘက်မှာ ပေါက်ကွဲသွားသည်။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုက ရုတ်တရက် မြှောက်တတ်လာသည်။
သူက ရွှီချင်းဆီသို့ တစ်ဟုန်ထိုး ပျံသန်းသွားသည်နှင့် သူ၏ မျက်လုံးထဲမှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက အလွန်အားကောင်းစွာ ထွက်ပေါ်လာသည်။
ကစားပွဲကို မရှုံးစေမည့် သူ၏ ရွေးချယ်မှုက ရွှီချင်း၏ အသိစိတ်ကို ဖယ်ရှားပစ်ရန် ဖြစ်သည်။
အကယ်၍ ထိုသို့သူလုပ်နိုင်သရွေ့ သူက မူလသမိုင်းကို ထိန်းသိမ်းရန် ကျရှုံးခဲ့သည့်တိုင်အောင် သူ့ရန်သူကို ထုတ်ပယ်နိုင်ခဲ့သောကြောင့် လုံးလုံး သူရှုံးနိမ့်သွားသည်ဟု မဆိုနိုင်တော့ပေ။
ထို့ပြင် နောက်ပိုင်းမှာ ရေစီးကြောင်းကို ပြောင်းလဲပစ်နိုင်မည့် အခွင့်အရေးတစ်ခုက ကျန်ရှိနေဦးလိမ့်မည်။
မည်သို့ဖြစ်ပါစေ စတုတ္ထအလွှာ၏ အဓိကသော့ချက်က မင်္ဂလာပွဲနေ့ဖြစ်သည်။
သူ၏ အသံက ပဲ့တင်ထပ်သွားသည်နှင့် သူ၏ ပုံရိပ်က အရှေ့သို့ ပြေးထွက်သွားသည်။ သူ၏ အမိန့်အာဏာစက်မှ သံကြိုးများက လေထဲမှာ ထွက်ပေါ်လာကြသည်။
ထောင်သောင်းချီသော သံကြိုးများက အချင်းချင်း ယှက်ထွေသွားကြသည်။
ယင်းက လောကတစ်ခွင် ပြည့်နှက်သွားပြီး ထွန်းလင်းတောက်ပသော အလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။ ထိုအခါ ဓားမီးဖို၏ ကောင်းကင်ပေါ်မှ အမှောင်ထုက ပျောက်ကွယ်သွားပြီး လင်းထိန်သွားသည်။ ယင်း၏ ထွန်းလင်းတောက်ပမှုအောက်မှာ လျှပ်စီးသည်ပင် သိမ်ငယ်မှုကို ခံစားမိသွားသည်။ အမိန့်အာဏာစက်နှင့် နှိုင်းယှဉ်လျှင် အရာအားလုံးက မှေးမှိန်သွားသည်။
ထိုမျှသာ မဟုတ်ပေ။ စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်၏ အနောက်တွင် စည်းချအစီအရင်များက အထပ်ထပ် ထွက်ပေါ်လာကြသည်။
စုစုပေါင်း အလွှာကိုးလွှာရှိသည်။ အလွှာတစ်ခုစီသည် အရှေ့တစ်ခုထက် ပိုပြီးကျယ်ပြောပြီး ရှုပ်ထွေးနက်နဲကြသည်။ ထို့ပြင် ယင်းတို့က မတူညီသော အလင်းရောင်ကို ထုတ်လွှတ်နေကြသည်။
ယင်းတို့ထဲတွင် သက်တံ့နှင့်ဆင်တူသော ရောင်ခြည်ခုနစ်သွယ်ပါဝင်သည်။ ထို့ပြင် အဖြူနှင့်အနက်လည်း ပါဝင်သည်။
အရောင်ကိုးရောင်နှင့် စည်းချအစီအရင်ကိုးခုက တစ်ပြိုင်နက် လှည့်ပတ်သွားကြပြီး ကောင်းကင်နှင့်မြေပြင်ကို တုန်လှုပ်စေမည့် ကြောက်မက်ဖွယ်ဖိအားကို ထုတ်လွှတ်လိုက်သည်။
မရေမတွက်နိုင်သော သံကြိုးများ၊ စည်းချအစီအရင်များနှင့် စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်၏ ကိုယ်ပိုင်စွမ်းအားက ရွှီချင်းထံသို့ တန်းမတ်စွာ ပျံသန်းသွားကြသည်။
သူက အစွမ်းကုန် ထုတ်သုံးနေခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာ ဓားမီးဖိုထဲတွင် ရွှီချင်း၏ စကားကြောင့် အံ့ဩထိတ်လန့်နေသော ချမ်ကျွင်းနှင့် ပိုင်ရီသည် အပြင်လောကမှ အပြောင်းအလဲများကို ရှင်းလင်းစွာ အာရုံခံမိသွားကြသည်။
“ သခင်လေးက ငါတို့လို အပြင်လူပဲ ”
“ ငါတို့အတွက်တော့ အခုချိန်က နောက်ဆုံးအကြိမ်နဲ့ အကောင်းဆုံး အခွင့်အရေးပဲ ”
“ သူတို့တိုက်ခိုက်နေတဲ့အချိန် အင်မော်တယ်ဓားတွေကို ရုပ်သဏ္ဍာန်ပေါ်အောင် ငါတို့တွေ အစွမ်းကုန် ထုတ်လွှတ်ရမယ် ”
“ အဲ့ဒီနောက် ဒီမှာ ဘာပဲဖြစ်ဖြစ် ငါတို့နဲ့ မဆိုင်တော့ဘူး… သူတို့က အချိန်လေဟာနယ်ကို ဖျက်ဆီးပစ်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် သူတို့ကြားမှာ ဖရိုဖရဲတချို့ကို ဖြစ်ပေါ်စေတာပဲဖြစ်ဖြစ် ငါတို့က အဲ့ဒီကနေ ဘာအကျိုးဆက်ကိုမှ ဘာကမ္မကိုမှ ခံစားရမှာမဟုတ်ဘူး ”
“ စတုတ္ထအလွှာရဲ့ ငါတို့အပိုင် ကံကြမ္မာကောင်းက မကြာခင် ငါတို့လက်ထဲကို ရောက်လာတော့မယ် ”
ဓားမီးဖိုထဲတွင် ချမ်ကျွင်းနှင့် ပိုင်ရီက သူတို့၏ နတ်ဘုရားစိတ်အာရုံဖြင့် အချင်းချင်း ဆက်သွယ်လိုက်ကြသည်။ ထို့နောက် သူတို့က ဤအခွင့်အရေးကို အသုံးပြုပြီး အစွမ်းကုန် ထုတ်လွှတ်လိုက်ကြသည်။ သူတို့က အင်မော်တယ်ဓားများ ဖန်တီးခြင်းကို အရှိန်မြှင့်တင်ရန်အလို့ငှာ မည်သည့်တန်ဖိုးကိုမဆို ပေးလိုက်ကြသည်။ ယင်းက ဓားမီးဖို၏ စည်းချအစီအရင်ကို မြန်ဆန်စွာ လှည့်ပတ်သွားစေသည်။
လျှပ်တစ်ပြက်အတွင်းမှာ ဓားမီးဖိုက တုန်ယင်သွားပြီး အထဲမှ ဓားစွမ်းအင်က ကောင်းကင်ပေါ်ထိ မြှောက်တတ်သွားသည်။
အင်မော်တယ်ဓားများက မွေးဖွားလာတော့မည်။
စူးရှသော အလင်းက ရွှီချင်း၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ ဓားမီးဖိုထဲမှ အပြောင်းအလဲများကို ထုံးစံအားဖြင့် သူမြင်နိုင်သည်။ တစ်ဖက်လူက သူနှင့် ကြယ်တာရာစက်ဝန်းကြားမှ တိုက်ပွဲကို အခွင့်ကောင်းယူ၍ အနာဂတ်ကမ္မကို ရှောင်လွှဲရန် စောစီးစွာ ဒြပ်ထည်ဖွဲ့စည်းချင်နေသည်။
တစ်ချိန်တည်းမှာ အကယ်၍ သူတို့သာ အပြင်မှာ ရှိနေမည်ဆိုလျှင် သူက ကြယ်တာရာစက်ဝန်း၏ ပြိုင်ဘက်မဟုတ်ကြောင်း ကောင်းကောင်း သိသည်။
အမှတ်ငါးကြယ်တာရာစက်ဝန်း၏ နံပါတ်တစ်ကြယ်ပွင့်ဖြစ်သည့်အလျောက် ကိုယ်တိုင်ဆင်ခြင်နားလည်ထားသော သူ၏ အာဏာစက်က နက်နဲသိမ်မွေ့သည်။ သူ၏ ကျင့်ကြံခြင်းက အထွတ်အထိပ်အဆင့် အုပ်ချုပ်သူဖြစ်ပြီး မဟာဧကရာဇ်အဆင့်သို့ ရောက်ရန် ခြေလှမ်းဝက်မျှသာ လိုတော့သည်။
သူ့မှာ မဟာဧကရာဇ်တစ်ပါးကို အနိုင်ယူဖူးသော တိုက်ပွဲမှတ်တမ်းပင် ရှိသည်။
သို့သော်လည်း ဤနေရာက စတုတ္ထအလွှာ ဖြစ်သည်။
ဤခန္ဓာကိုယ်က သူ၏ အားနည်းချက်ဖြစ်သော ကျင့်ကြံခြင်းစွမ်းအား မလုံလောက်ခြင်းကို ဖာထေးပေးနိုင်သည်။
တစ်ဖက်လူက စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး သူ့ကိုယ်ပိုင်ထက် သာလွန်သော တိုက်ပွဲစွမ်းအားကို ထုတ်လွှတ်နိုင်သည့်တိုင်အောင် ဘေးပတ်ဝန်းကျင်မှ အချိန်လေဟာနယ်လှိုင်းများက ရွှီချင်း၏ လက်နက်များ ဖြစ်ကြသည်။
အချိန်လေဟာနယ်လှိုင်းများကြားတွင် ရှိနေခြင်းက သူ့အတွက် အသင့်တော်ဆုံး တိုက်ပွဲမြေပြင် ဖြစ်သည်။
ထို့ပြင် ဤခန္ဓာကိုယ်၏ သရုပ်ကလည်း သူ့အတွက် လက်နက်တစ်ခု ဖြစ်သည်။
ထို့ကြောင့် စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသောအခါ ရွှီချင်းက ညာလက်ကို မြှောက်လိုက်ပြီး ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။ သဏ္ဍာန်မဲ့သော အချိန်လေဟာနယ်မုန်တိုင်းက ဝုန်းခနဲ မြည်သွားပြီး သူ၏ အရှေ့မှာ ပေါက်ကွဲသွားသည်။
ယင်းက သူ့ဆီသို့ ပျံသန်းလာနေကြသော သံကြိုးများကို ဝေဝါးသွားစေသည်။
တစ်ချိန်တည်းမှာ အချိန်လေဟာနယ်သဲက ရွှီချင်း၏ အရှေ့မှာ မျောလွင့်သွားပြီး သူ၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်။ ယင်းက သူ၏ တည်ရှိမှုကို အချိန်လေဟာနယ်ထဲသို့ ပေါင်းစပ်သွားစေသည်။
သူက ဝေဝါးလာသည်။
“ မင်းရဲ့ အစီအစဉ်က တကယ်အံ့ဩဖို့ကောင်းတယ်… ဒါပေမဲ့ အားနည်းချက်က… မင်းက အရမ်းအားနည်းလွန်းတယ် ”
စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်က ရွှီချင်းကို စိုက်ကြည့်လိုက်ပြီး ကောင်းကင်ကို လက်ညှိုးညွှန်လိုက်သည်။
ချက်ချင်းဆိုသလို ကိုးလွှာစည်းချအစီအရင်၏ အလျင်က တစ်ဟုန်ထိုး တိုးမြှင့်သွားသည်။ ဝုန်းခနဲ မြည်သံနှင့်အတူ ဝဲကတော့တစ်ခု ဖွဲ့စည်းသွားပြီး ရှေးဟောင်းအရှိန်အဝါက ဝဲကတော့ထဲမှ ပျံ့လွင့်လာသည်။
ထို့နောက် စိမ်းပြာရောင်ကျောက်ပြားတစ်ချပ်က ဝဲကတော့ထဲမှ ဆွဲထုတ်ခံလိုက်ရသည်။
ကျောက်ပြားထွက်ပေါ်လာသည့်အခိုက် ယင်းက အလွန်အားကောင်းသော အချိန်အငွေ့အသက်နှင့် ကျယ်ပြောသော စွမ်းအားကို ထုတ်လွှတ်လိုက်သည်။
အမည်မသိစာလုံးများက ကျောက်ပြားပေါ်တွင် မှော်သင်္ကေတများသဖွယ် ရွေ့လျားနေကြသည်။
ထိုအခါ ဘေးပတ်ဝန်းကျင်မှ အမိန့်သံကြိုးများက ပိုပြီးတုန်ယင်လာကြသည်။ တစ်ချိန်တည်းမှာ အမိန့်စွမ်းအားက တစ်ဟုန်ထိုး မြင့်တတ်သွားသည်။
ဤသည်မှာ ထိုကျောက်ပြားက အမိန့်၏ ဇစ်မြစ်တစ်ခု ဖြစ်သည့်အလားပင်။
ဤအခိုက်အတန့်မှာ ကျောက်ပြားက စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်ကြောင့် ဝဲကတော့ထဲမှ ဆွဲထုတ်ခံလိုက်ရပြီး ကိုးလွှာစည်းချအစီအရင်၏ အမြူတေဖြစ်လာသည်။ ထို့နောက် ယင်းက ရွှီချင်းပေါ်သို့ ဖိချလိုက်သည်။
“ ငါ့အမိန့်က ဥပဒေဖြစ်တယ်… ဒီလူကို ဖယ်ရှားစေ ”
ကောင်းကင်နှင့် မြေပြင်က အရောင်ပြောင်းလဲသွားပြီး လေတဟူးဟူး တိုက်ခတ်လာသည်။ စိမ်းပြာရောင်ကျောက်ပြားက ကျယ်လောင်သော မြည်သံနှင့်အတူ စည်းချအစီအရင်များ၏ ဝဲကတော့ထဲမှာ လှည့်ပတ်နေသည်။ ယင်းက အမိန့်စွမ်းအားကို သယ်ဆောင်လျက် ဖယ်ရှားသော စိတ်ဆန္ဒနှင့်အတူ ရွှီချင်းပေါ်သို့ လွှမ်းမိုးဖိနှိပ်စွာ ဖိချလိုက်သည်။
ကျောက်ပြား၏ အရှေ့မှာ အချိန်လေဟာနယ်လှိုင်းများက ပျောက်ကွယ်သွားတော့မည့် လက္ခဏာများ ဖော်ပြလာသည်။
အချိန်လေဟာနယ်နှင့် ပေါင်းစပ်ထားသော ရွှီချင်းသည်ပင် မပုန်းကွယ်နိုင်ပေ။
သူက အပြည့်အဝ ဖိနှိပ်ခံရတော့မည်။
ထိုအခါ ရွှီချင်းက ရုတ်တရက် ခေါင်းမော့လိုက်ပြီး နူးညံ့စွာ ပြောသည်။
“ စတုတ္ထစီနီယာအကို… ဒီနေရာမှာ မင်းအများကြီး လှုပ်ရှားပြီးသွားပြီ… ပြီးတော့ မင်းက ငါ့ရဲ့ အချိန်လေဟာနယ်ဖရိုဖရဲပင်လယ်ထဲ ခြေချပြီးသွားပြီ ”
သူက စကားဆုံးသည်နှင့် လက်မြှောက်လိုက်ပြီး အရှေ့သို့ ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။ ယင်းက ဘေးပတ်ဝန်းကျင်မှာ စိမ့်ဝင်နေသည့် အချိန်သဲကို လှုံ့ဆော်လိုက်ပြီး သဲကို အဝေးသို့ လွင့်မျောသွားစေသည်။
သဲမှုန်များက အချင်းချင်း ပွတ်တိုက်သွားကြပြီး မတူညီသော အချိန်စီးကြောင်းများကို ဖန်တီးလိုက်ကြသည်။
ယင်းတို့က ကစဉ့်ကလျား အချိန်စီးကြောင်းများ ဖြစ်ကြသည်။
အချိန်စွမ်းအားသည် အချိန်စီးဆင်းမှုကို အရှိန်မြှင့်တင်ခြင်း၊ အချိန်စီးဆင်းမှုကို ပြောင်းပြန်လှည့်ပတ်စေခြင်းနှင့် အချိန်ကို ရပ်တန့်ခြင်းမျှသာ မဟုတ်ပေ။
အချိန်ထဲမှာ ပိုပြီးနက်နဲသိမ်မွေ့သော အဓိပ္ပာယ်ရှိသည်။
ယင်းက အလွန်ရှည်လျားသော ဗလာနတ္ထိမြစ်နှင့် ဆင်တူသည်။ အချိန်က နေရာတိုင်းမှာ ရှိသည်။
သို့သော်လည်း အချိန်က အမြဲတမ်း တစ်သတ်မတ်တည်းမရှိသလို မပြောင်းလဲနိုင်သောအရာ မဟုတ်ပေ။ ယင်းက ပြင်ပအင်အားကြောင့်ဖြစ်စေ သို့မဟုတ် တခြားပြောင်းလဲမှုများကြောင့်ဖြစ်စေ အချိန်က ပြောင်းလဲမှုအမျိုးမျိုးကို ဖြစ်ပေါ်စေနိုင်သည်။
ဥပမာ မိုးသောက်အင်မော်တယ်အရှင်သခင်၏ ဇနီး၏ အသက်ဝိညာဉ်ရတနာမှ ဖြစ်ပေါ်လာသော အချိန်သဲကန္တာရ ဖြစ်သည်။
ယင်းက အချိန်ခွဲထွက်ခြင်း၏ ပြယုဂ်ဖြစ်သည်။
“ ငါ့ရဲ့ ဖရိုဖရဲပင်လယ်ထဲ ဝင်ရောက်လာတဲ့ ဘယ်သူမဆို အချိန်စွမ်းအားကို တွေ့ကြုံရမယ်… မင်းရဲ့ လှုပ်ရှားမှုတိုင်းက ကစဉ့်ကလျား အချိန်စီးကြောင်းတွေကို ဖန်တီးပေးလိမ့်မယ်… အချိန်စီးကြောင်းတွေက မရေမတွက်နိုင်အောင် များပြားလာတဲ့အခါ မင်းက သေရင်သေ မသေရင် ရူးသွပ်သွားလိမ့်မယ် ”
အေးစက်စက်အလင်းက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ ပင်လယ်ထဲ ဝင်ရောက်တာက ခါးသီးစရာကောင်းတယ်… အဲ့ဒီမှာ ကပ်ဘေးတွေက အရမ်းများပြီး ဘယ်တော့မှ အဆုံးမသတ်ဘူး… ဒါကြောင့် အဲ့ဒါကို… ပြစ်ချက်မဲ့လောကလို့ ခေါ်တယ် ”
ဤအခိုက်အတန့်မှာ ရွှီချင်း၏ အသံက ပဲ့တင်ထပ်သွားသည့်အခါ ဘေးပတ်ဝန်းကျင်မှ အမိန့်သံကြိုးများ၊ စည်းချအစီအရင်များ၊ အောက်သို့ ကျဆင်းလာနေသော စိမ်းပြာရောင်ကျောက်ပြားနှင့် စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်၏ မူလန္ဓာကိုယ်သည်ပင် မလွတ်မြောက်နိုင်ခဲ့ပေ။
ဤအခိုက်အတန့်မှာ အချိန်လေဟာနယ်သဲက ပျံ့နှံ့သွားပြီး အချင်းချင်း ပွတ်တိုက်သွားသည့်အခါ မရေမတွက်နိုင်သော အချိန်ချည်မျှင်များ ထွက်ပေါ်လာကြသည်။
ယင်းတို့က ဤဧရိယာကို ထပ်ဆင့်ထပ်ဆင့် ရစ်ပတ်သွားကြပြီး အမိန့်သံကြိုးများ၊ စည်းချအစီအရင်များ၊ စိမ်းပြာရောင်ကျောက်ပြားနှင့် စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်၏ မူလခန္ဓာကိုယ်ကို ပုံပျက်တွန့်လိမ်စေပြီး ဝေဝါးသွားစေသည်။
အချိန်လေဟာနယ်ဖရိုဖရဲပင်လယ်က ပေါ်လျှိုးလာသည်။
ရွှီချင်းက အမိန့်ကို တိုက်ခိုက်ရန် ဖရိုဖရဲအချိန်စီးကြောင်းများကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။
ဖရိုဖရဲပင်လယ်ထဲတွင် စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်က မရေမတွက်နိုင်သော အချိန်စီးကြောင်းများဖြင့် ရစ်ပတ်ခံထားရသည်။ သူက ရွှီချင်းကို စိုက်ကြည့်လိုက်လေရာ စူးရှသော အလင်းတန်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ အမိန့်ကို ဆန့်ကျင်ဖို့ ဒီလိုနည်းလမ်းကို အသုံးပြုတယ်လား… ”
“ တကယ်လို့ အပြင်လောကမှာဆိုရင် ဒီဟာက ငါ့ကို နည်းနည်း အခက်တွေ့စေလိမ့်မယ် ”
“ ဒါပေမဲ့ စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်ရဲ့ ခန္ဓာကိုယ်ကို ဘာကြောင့် ငါရယူခဲ့လဲ မင်းသိလား ”
စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်က ခြေထောက်မြှောက်လိုက်ပြီး အရှေ့သို့ ခြေချလိုက်သည်။ ဝုန်းခနဲ မြည်သံက ပဲ့တင်ထပ်လာပြီး အချိန်လေဟာနယ်ဖရိုဖရဲပင်လယ်ထဲတွင် လှိုင်းတချို့ ထွက်ပေါ်လာကြသည်။
ဖရိုဖရဲပင်လယ်က ကစဉ့်ကလျားဖြစ်နေသော်လည်း ထိုထဲမှ လှိုင်းများက အစီအစဉ်တကျ ရှိနေကြသည်။
“ ဘာလို့လဲဆိုတော့ စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်က ငါ့ကြယ်တာရာစက်ဝန်းမျှော်စင်ရဲ့ တည်ထောင်သူဖြစ်လို့ပဲ ”
“ သူက အင်မော်တယ်နန်းတော်ရဲ့ ကပ်ဘေးမှာ သေဆုံးသွားခဲ့ပေမဲ့ အင်မော်တယ်နန်းတော်အပြင်ဘက်မှာ သူတည်ထောင်ခဲ့တဲ့ အမိန့်မျှော်စင်က အခုထိ ဆက်လက်တည်ရှိနေတုန်းပဲ… ဒါပေမဲ့ နာမည်ကတော့ ကြယ်တာရာစက်ဝန်းမျှော်စင်လို့ ပြောင်းသွားခဲ့တယ် ”
“ ငါက ကြယ်တာရာစက်ဝန်းဆိုတဲ့ နာမည်ကို ဆက်ခံခဲ့ပြီး အမိန့်အာဏာစက်ကို ဆင်ခြင်နားလည်ခဲ့တယ်… ဒါကြောင့် ဒီနေရာမှာ ငါက စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်နဲ့ တူညီတဲ့ အာဏာစက်ကို ပိုင်ဆိုင်ထားတယ်… ပြီးတော့ စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်ရဲ့ အမိန့်အရင်းအမြစ်ကိုလည်း ငါထုတ်ဖော်နိုင်တယ် ”
စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်က ခေါင်းမော့လိုက်သည့်အခါ ကြယ်အလင်းရောင်က သူ၏ မျက်လုံးထဲမှာ တောက်ပလာသည်။
ဤအခိုက်အတန့်မှာ ကြယ်ပင်လယ်နှစ်စင်းက သူ၏ မျက်လုံးများထဲမှာ ထွက်ပေါ်လာသည်။
ကြယ်ပင်လယ်ထဲတွင် ဘီလီယံနှင့်ချီသော ကြယ်များက ထွန်းလင်းတောက်ပနေကြပြီး အစီအစဉ်တကျ ရှိနေကြသည်။
အလွန်ကျယ်ပြောသော အသံက လောကထဲမှာ ပဲ့တင်ထပ်သွားသည်။
“ အမိန့်က ပေတံပဲ ”
“ ပေတံမရှိရင် တစ်ယောက်ယောက်က စက်ဝိုင်းကိုရော စတုရန်းကိုရော မဖွဲ့စည်းနိုင်ဘူး ”
“ ပေတံက ကွန်ပါကို ကိုယ်စားပြုပြီး တိုင်းတာခြင်းက စတုရန်းကို ကိုယ်စားပြုတယ် ”
“ အနံတိုင်းတာခြင်းက ဖြောင့်တန်းတဲ့ မျဉ်းကြောင်းကို တိုင်းတာတာဖြစ်ပြီး အမြင့်ကို လေ့လာတာ ဖြစ်တယ်… ရေချိန်တိုင်းတာခြင်းက အနက်ကို တိုင်းတာတာဖြစ်ပြီး အလျားတိုင်းတာခြင်းက အကွာအဝေးကို တိုင်းတာတာ ဖြစ်တယ်… စက်ဝိုင်းတိုင်းတာခြင်းက စက်ဝိုင်းတစ်ခုကို ဖန်တီးဖို့ဖြစ်ပြီး အတိုင်းအတာအားလုံးရဲ့ ပေါင်းစပ်မှုက စတုရန်းတစ်ခုကို ဖြစ်ပေါ်စေတယ် ”
ထိုအသံက စကားလုံးတစ်လုံးချင်းစီနှင့်အတူ ပဲ့တင်ထပ်သွားသည့်အခါ စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်၏ ဘယ်မျက်လုံးထဲမှ ကြယ်ပင်လယ်ထဲတွင် ဘီလီယံနှင့်ချီသော ကြယ်များက အစီအစဉ်တကျ စုဝေးသွားကြပြီး စတုရန်းပေတံတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။
သူ၏ ညာမျက်လုံးသည်တော့ လှည့်ပတ်သွားပြီး မိုးမြေလှည်းဘီးတစ်ခုကို ဖွဲ့စည်းသွားသည်။
သူက သေခြင်းရှင်ခြင်းကို စတုရန်းဖြင့် အဓိပ္ပာယ်ဖွင့်ဆိုပြီး သံသရာစက်ဝန်းကို စက်ဝိုင်းတစ်ခုဖြင့် ပုံဖော်လိုက်သည်။