← Chapters

အပိုင်း (၂၉၉)

Vol. 21 Ch. 299

အပိုင်း (၂၉၉)

Vol. 21 Ch. 299

“သူက ကျုပ်လား” ဖန်းဟန်က ကြောင်သွားမိ၏။ သူသည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ပင် အချိန်အတော်ကြာအထိ ကြက်သေသေနေမိ၏။ အချိန်အတော်ကြာသည်အထိ မတုံ့ပြန်နိုင်ခဲ့ချေ။ ဤကိစ္စသည် မည်သို့မှ စိတ်ကူးမထားသော ကိစ္စ ဖြစ်၏။ မတူညီသည့် အချိန်ကာလမှ လူနှစ်ယောက်သည် အဘယ်ကြောင့် လာရောက်ကာ တွေ့ဆုံနေရသနည်း။

သူသည် ကောင်းကင်အသွင်ပြောင်းခြင်း အလယ်အလတ်အဆင့်၌ တည်ရှိနေသည်မှာ သေချာ၏။ အဘယ်ကြောင့် ရုတ်တရက် လောကကြီး တစ်ခုလုံးကို ဖျက်ဆီးနိုင်သည့် စွမ်းအားများကို ပိုင်ဆိုင်သော နတ်ဆိုးတစ်ကောင် အဖြစ် ပြောင်းလဲသွားရသနည်း။

“သူက တကယ်ကို မင်းပဲ။ ဒါပေမဲ့ နောင်နှစ်ပေါင်းတစ်သိန်း ကြာပြီးနောက် မင်း” လီယွင်က ထပ်ပြောလိုက်သည်။

“နှစ်ပေါင်းတစ်သိန်း ကြာပြီးတော့ ဟုတ်လား”

ဖန်းဟန်သည် ယုံကြည်ရန် ခက်ခဲလို့ နေခဲ့၏။ သူသည် အနာဂတ်မှ သူ့ကိုယ်သူ ပြန်လည်ကြည့်ရှုလိုက်၏။ မျက်လုံးများသည် တလက်လက် တောက်ပလျက် ရှိနေသည်ကို မြင်လိုက်ရ၏။ အနာဂတ်၌ သူသည် ဤမျှကောင်းမွန်လှသည့် အောင်မြင်မှုကို ပိုင်ဆိုင်ခဲ့လေသည်လား။ တွေးပင် မတွေးရဲခဲ့ချေ။

သူသည် အားလုံးသောသူများနှင့် နှိုင်းယှဉ်၍ မရနိုင်သည့် ပါရမီရှင်တစ်ယောက် ဖြစ်သည်ဟု ယုံကြည်မိသည် ဆိုသော်လည်း အင်မော်တယ်များထက်ပင် ကျော်လွန်နိုင်မည့်လူတစ်ယောက်ဟုတော့ တစ်ခါမှ မတွေးတောဖူးခဲ့ချေ။

လက်ရှိအခြေအနေ၌ သူသည် အားလုံးသော သူတို့၏ အမဲလိုက်ခြင်းကို ခံနေရသည့် သနားစရာ လူငယ်လေး တစ်ယောက်သာလျှင် ဖြစ်၏။ မည်ကဲ့သို့ လက်စားချေရမည် ဆိုသည်ကို ကောင်းကောင်း အဖြေမရှာနိုင်သေးချေ။

“မတူညီတဲ့ အချိန်နဲ့ တည်နေရာက ဖန်းဟန် တစ်ယောက် ဟုတ်လား”

ဘေးတစ်ဖက်တွင် ရှိနေသည့် မုန့်ရှင်းကျီ၏ မျက်နှာသည် ဖြူလျော်သွားခဲ့၏။ သူသည် မနီးမဝေးတွင် ရှိနေသည့် စီနီယာနန်းဆောင်သခင်ကို လှမ်းကြည့်လိုက်၏။ သူ၏နှလုံးသားအား ဒီရေကဲ့သို့ပင် ခံစားချက်များ က တိုက်စားလာခဲ့၏။

ဖန်းဟန်သည် နောင်လာမည့် နှစ်ပေါင်းတစ်သိန်း ကြာမြင့်ပြီးသည့်နောက် ခန့်မှန်း၍ မရနိုင်အောင် အားကောင်း လှသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာလိမ့်မည်ဟု သူက မထင်မှတ်ခဲ့ချေ။ စီနီယာသည် အချိန်၏ မြစ်ရေစီးကြောင်းကို ထုတ်ဖော်ကာဖြင့် အနာဂတ်မှ တစ်ဖက်လူကိုပင် အတိတ်ဆီသို့ ဆွဲခေါ်လာခဲ့၏။ ဤကဲ့သို့သော အရာမျိုးကို ပြုလုပ်ရန်အတွက် မည်ကဲ့သို့သော စွမ်းအင်မျိုးကို လိုအပ်နေလိမ့်မည်နည်း။

အစစ်အမှန် အင်မော်တယ်လား။ ဤမျှလောက်နှင့် မဖြစ်နိုင်ချေ။ အစစ်အမှန် အင်မော်တယ်များသည် အလွန်အမင်း စွမ်းအားကောင်းလွန်းလှ၏။ သို့ပေမဲ့ ဤကဲ့သို့သော အချိန်၏ တာအိုကို နားလည်ရန်တော့ လိုအပ်ချက်များ ရှိနေပေလိမ့်မည်။

အချိန်၏ မြစ်ရေစီးကြောင်းကို ဘာမှမဟုတ်သော အရာတစ်ခုအဖြစ် ကိုင်တွယ် ကစားခဲ့ခြင်း - ထိုအရာသည် အစစ်အမှန် အင်မော်တယ် တစ်ယောက်ထက် ပိုမိုကာ ကြီးကျယ်မြင့်မြတ်လှသည့် စွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက်၏ စွမ်းဆောင်ရည်မျိုးပင်။ စီနီယာ ပြုလုပ်ခဲ့သည့် အရာမျိုးသည် မည်သူမှ ပြုလုပ်နိုင်မည့် အရာမျိုး မဟုတ်နိုင်ချေ။

စီနီယာ... ခင်ဗျားက ဘယ်သူလဲ။

မုန့်ရှင်းကျီသည် လက်ရှိအချိန်မှာတော့ သေသေချာချာ စဉ်းစားတွေးတောလျက် ရှိနေသည်။ စီနီယာသည် ကောင်းကင်မူလလောကကြီးဆီမှ သက်ရှိတစ်ယောက် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အစစ်အမှန် နဂါးများသည် ရေကန်ထဲ၌ မမွေးဖွားနိုင်သောကြောင့်ပင်။

ကောင်းကင်မူလလောကကြီးသည် အသင်္ချေများပြားလှသည့် လောကကြီးများထဲတွင် ပါဝင်လျက် ရှိနေသည် ဆိုသော်လည်း သေးငယ်လှသည့် လောကကြီး တစ်ခုသာလျှင်ဖြစ်၏။ ရေကန်လေး တစ်ကန်နှင့်ပင် နှိုင်းယှဉ်၍ မရနိုင်အောင် သေးငယ်လွန်းလှသည်။

“ဖန်းဟန်... ဖန်းဟန်က သာမန်လူတစ်ယောက် ဖြစ်ပုံမပေါ်ဘူး”

မုန့်ရှင်းကျီသည် အနာဂတ်နှစ်ပေါင်း တစ်သိန်းမှ ဖန်းဟန်ကို လှမ်းကာ ကြည့်ရှုပြီး မနာလိုပင် ဖြစ်မိနေ၏။ နှစ်ပေါင်းတစ်သိန်း ကြာမြင့်ပြီး သည့်နောက် အစစ်အမှန် အင်မော်တယ်များကိုပင် ကျော်ဖြတ်သွားနိုင်ခဲ့၏။

သူသည် နှစ်ပေါင်း တစ်သန်းကျော် နေထိုင်ခဲ့ပြီးသည့်နောက် ပွတ်ကာသီကာဖြင့် အင်ပါယာတစ်ယောက် ဖြစ်လာခဲ့၏။ စီနီယာနန်းဆောင်သခင်သည်သာ မရှိပါက သူသည် လက်ရှိအခြေအနေ၌ ကွာစီအင်ပါယာအဖြစ် အဆုံးသတ်သွားမှာ သေချာသည်။

“နှစ်ပေါင်းတစ်သိန်းကျော် ကြာမြင့်ပြီးတဲ့ ဖန်းဟန်က ငါ့ကို ပြဿနာရှာရင် ဘယ်လိုလုပ်မလဲ”

မုန့်ရှင်းကျီသည် ထိုအတွေးကို တွေးပြီးသည့်နောက် ကြက်သီးများပင် ထလာမိ၏။ စောဏတုန်းက သူသည် ဖန်းဟန်ကို မကောင်းသည့် ရည်ရွယ်ချက်များရှိကြောင်း ထုတ်ဖော် ခြိမ်းခြောက်ခဲ့သေး၏။

ယခု နှစ်ပေါင်းတစ်သိန်းမှ ဖန်းဟန်သည် ရောက်ရှိလာခဲ့၏။ သူ့အား အားအင် စိုက်ထုတ်စရာပင် မလိုဘဲ လွယ်လွယ်ကူကူ သတ်ဖြတ်ပစ်နိုင်စွမ်း ရှိနေ၏။ လက်ညှိုးတစ်ချောင်းနှင့်ပင် လုံလောက် နေပြီဖြစ်သည်။

ထိုအရာကို တွေးကြည့်ပြီးသည့်နောက် မုန့်ရှင်းကျီသည် သူ၏ဘဝတစ်ခုလုံး မျှော်လင့်ချက်မဲ့သလိုပင် ခံစားလိုက်မိ၏။ သူသည် တကယ်ပင် သံတိုင်ကို ကန်မိခဲ့လေ၏။ ဖန်းဟန်၏ အနာဂတ်သည် ဤမျှ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု မည်သူက ထင်မှတ်မိမည်နည်း။

“စောစောစီးစီးသာ ငါသိမယ်ဆိုရင် ဖန်းဟန်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ထောက်ထားခဲ့ပါတယ်” မုန့်ရှင်းကျီသည် နောင်တရမိနေ၏။

“စီနီယာက ကျုပ်ကို ဒီနေရာကို ခေါ်လိုက်တာက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သိန်းတုန်းက ကျုပ် ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေနဲ့ သက်ဆိုင်နေတာလား” အနာဂတ် နှစ်ပေါင်းတစ်သိန်းမှ ဖန်းဟန်က ပြောဆိုလိုက်သည်။ ၎င်း၏ အသံသည် လေးစားမှုများနှင့် ပြည့်နှက်လျက် ရှိနေပြီး စီနီယာ နန်းဆောင်သခင်အား အလွန်အမင်း ရိုကျိူးလျက် ရှိနေ၏။ တစ်စက်ကလေးမှ လေသံမမာရဲချေ။ ၎င်း၏ အသက်ရှူနှုန်းကိုပင် ထိန်းချုပ် ထားသေးသည်။

တစ်ချက်ကြည့်လိုက်သည်နှင့် ၎င်းသည် သာမန်လူတစ်ယောက်၏ ပုံပန်းသွင်ပြင်မျိုး ပေါ်လျက် ရှိနေပြီး မည်သည့် မောက်မာမှုမျိုးမှ မရှိချေ။ လာမည့်နှစ်ပေါင်းတစ်သိန်းမှ လူသည် လက်ရှိ ဤတည်နေရာသို့ ရောက်ရှိလာသည် ဆိုလျှင်တောင်မှ ၎င်း၏ အမူအရာများသည် အံ့အားသင့်မှု တစ်ချက်ကလေးမှ မရှိချေ။ အစောကြီးကတည်းက ရင်းနှီးကျွမ်းဝင်နေသကဲ့သို့ပင်။

“အမှန်ပဲ”

လီယွင်သည် အသာပင် ခေါင်းညိတ်လိုက်၏။ ထိုစကားကို ကြားရသည့် အချိန်မှာတော့ လာမည့် နှစ်ပေါင်းတစ်သိန်းကျော်မှ ဖန်းဟန်၏ မျက်လုံးများသည် တောက်ပမှုများ ထွက်ပေါ်လာခဲ့သည်။ သူသည် လွန်ခဲ့သည့် နှစ်ပေါင်းတစ်သိန်းတုန်းက တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံများကို ပြန်လည် စဉ်းစားပြီးသည့်နောက် ငေးငိုင်သွားမိ၏။

တချို့သည့် သူ့အား သတ်ဖြတ်ချင်၏။ တချို့သည် သူ့အား ကူညီကယ်ဆယ်ခဲ့၏။ သူသည် လက်ရှိ ဖန်းဟန်၏ ဘေးတွင် ရှိနေသည့် အဒေါ်လန်အား လှမ်းကြည့်လိုက်၏။ မျက်လုံးထဲတွင် ရှက်ရွံ့မှု အရိပ်အယောင်များ ဖြစ်တည် လာခဲ့သည်။

လွန်ခဲ့သည့် နှစ်ပေါင်းတစ်သိန်းတုန်းက အဒေါ်လန်သည် ကွာစီအင်ပါယာ တစ်ယောက်နှင့် ရင်ဆိုင်တိုက်ခိုက်ပြီး သေဆုံးခဲ့ရ၏။ ဤကဲ့သို့ ဖြစ်တည်ခဲ့သည့် မတော်တဆမှုသည့် သူ့အား တကယ်ပင် နောင်တတရားများ ရရှိစေခဲ့၏။ ယနေ့အချိန်တွင် အခွင့်အရေးသာ ရသည်ဆိုပါက သူသည် ထိုကဲ့သို့သော ကိစ္စရပ်မျိုး မဖြစ်အောင် အလုံးစုံ ကာကွယ်ရပေမည်။

“နှစ်ဝက်ကြာပြီးတဲ့နောက်မှာ”

အနာဂတ် နှစ်ပေါင်းတစ်သိန်းမှ ဖန်းဟန်က စတင်ကာ ပြောဆိုလိုက်၏။ သို့ပေမဲ့ လီယွင်သည် ထိုသူ့အား တစ်ခါတည်း ကြားဖြတ်ကာ တားဆီးလိုက်၏။

“ငါမင်းကို ခေါ်လာတာ အတိတ်တုန်းက ကိစ္စကို ပြန်ပြောဖို့ မဟုတ်ဘူး။ မင်းရဲ့တာဝန်က တစ်ခုပဲ။ အခက်အခဲတွေ ကျော်ဖြတ်နိုင်ဖို့ အတိတ်တုန်းက မင်းကို ပြန်ပြီး ကူညီဖို့ပဲ။ အနာဂတ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ အကြောင်းအရာရဲ့ စကားတစ်လုံးတစ်လေကို ထုတ်ပြီးပြောလိုက်တယ် ဆိုတာနဲ့”

လီယွင်သည် သူ၏ မျက်လုံးများကို မှေးကျဉ်းလိုက်၏။ ပြီးနောက် အသာပြောလိုက်သည်။ “နှစ်ပေါင်းတစ်သိန်းကျော် ကြာပြီးတဲ့နောက် မင်းဆိုတာက ရှိချင်မှလည်း ရှိလိမ့်မယ်။ ဘယ်သူမှ အာမ မခံနိုင်ဘူး”

နတ်ဘုရားကပ်ဘေး၏ စွမ်းအင်သည် ဟာသလုပ်စရာ မဟုတ်ချေ။ အတိတ်နှင့် အနာဂတ်ကို သူသည် ပြောင်းလဲ နိုင်စွမ်းရှိသည် ဆိုလျှင်တောင်မှ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ တည်ရှိမှုကြောင့်သာလျှင် ဖြစ်၏။ ဖန်းဟန် သည် ကံကြမ္မာ၏ သားတော်တစ်ယောက် ဖြစ်သည်ဆိုလျှင်တောင်မှ ကောင်းကင်၏ လုပ်ဆောင်မှုများ အားလုံးကို ဝင်ရောက်ကာ ရှုပ်ထွေးသည်ဆိုပါက ကံကြမ္မာသားတော်ပင်လျှင် သေချာ ရေရာသည့် အခြေအနေမျိုး မရှိတော့ချေ။ ကောင်းကင်နှင့် မြေကြီးက ကာကွယ်ပြီး ကောင်းကင်၏ မျက်နှာသာပေးမှုကို ရရှိသည့်လူသည် ကောင်းကင် မနှစ်မျို့သည့် အရာများကို ပြုလုပ်သည်ဆိုပါက အပြစ်ပေးခံရမှာ သေချာ၏။

“ကျုပ်နားလည်ပါပြီ စီနီယာ”

အနာဂတ် နှစ်ပေါင်းတစ်သိန်းမှ ဖန်းဟန် သည် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွား၏။ သူ၏ မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးသည့် အမူအရာများ ပေါ်ပေါက်လာခဲ့၏။ လွန်ခဲ့သည့် နှစ်ပေါင်းတစ်သိန်း တုန်းက ဖြစ်ခဲ့သည့် အကြောင်းအရာများကို ပြန်လည်ကာ မြင်ယောင်လာမိ၏။ လက်ရှိအခြေအနေတွင်တော့ သူသည် သူ့ကိုယ်သူ သတိပေးရန် ပြင်ဆင်ခဲ့၏။ သို့ပေမဲ့ စီနီယာသည် သူ့ကို တားဆီးခဲ့သည်။

All Chapters