← Chapters

အပိုင်း (၃၀၀)

Vol. 21 Ch. 300

အပိုင်း (၃၀၀)

Vol. 21 Ch. 300

ဘာတွေဖြစ်ခဲ့လေသည်ကို ဖန်းဟန် အမှန်ပင် သိချင်လာမိ၏။ အနာဂတ် နှစ်ပေါင်း တစ်သိန်းကျော်မှ ဖန်းဟန်သည် သူ့ကို တစ်စုံတစ်ခု ပြောချင်ပုံပေါ်သည်။ သို့ပေမဲ့ ပြောခွင့် မရခဲ့ချေ။

“ငါက မင်းကောင်းဖို့ လုပ်နေတာပဲ” လီယွင်သည် ထူးမခြားနားသလို ပြောလိုက်၏။

အနာဂတ် နှစ်ပေါင်း တစ်သိန်းကျော်မှ ဖန်းဟန်သည် ကောင်းကင်နှင့် မြေကြီး၏ ပိုင်ဆိုင်မှု တွင် ပါဝင်ခြင်း မရှိသော တစ်စုံတစ်ယောက်အဖြစ် နန်းဆောင်ထဲသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်၏။ လောက၏ အစိတ်အပိုင်းတစ်ခု မဟုတ်ပေ။

ကောင်းကင်လျှို့ဝှက်နန်းဆောင်မှ အပြင်ဘက်သို့ ထွက်လိုက်သည်နှင့် တပြိုင်နက် နတ်ဘုရားကပ်ဘေးပြစ်ဒဏ်က ကျဆင်းလာပေလိမ့်မည်။

ကောင်းကင်မူလလောကကြီး၏ နတ်ဘုရားပြစ်ဒဏ်သည် ၎င်းကို ထိခိုက်နာကျင်အောင် မပြုလုပ်နိုင်သည် ဆိုလျှင်တောင်မှ ကျိန်းသေပေါက် ကျဆင်းနေမှာ သေချာပေ၏။ ၎င်းကြောင့် ကောင်းကင်မူလလောကကြီးပင်လျှင် ပျက်စီးသွားနိုင်၏။

လီယွင်သည် တစ်စုံတစ်ယောက်၏ အနာဂတ်၌ ဖြစ်ပေါ်လာနိုင်သည့် အရာများကို ပြောဆိုခဲ့၏။ သို့ပေမဲ့ ကောင်းကင်၏ နိယာမများသည် သူ့အား မတားဆီးနိုင်ခဲ့ချေ။ သို့ပေမဲ့ ဖန်းဟန်သာ တစ်စုံတစ်ယောက်၏ အနာဂတ်ကို ပြောဆိုသည်ဆိုပါက ကျိန်းသေပေါက် နတ်ဘုရားပြစ်ဒဏ်က သက်ညှာပေးလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ အတိတ်ဆီသို့ ပြန်လာပြီး အရာအားလုံး ပြောင်းလဲရန် ကြိုးစားသည်ဆိုပါက ကျိန်းသေပေါက် အနာဂတ်တွင် ရှိနေသော ဖန်းဟန်ကိုပါ သက်ရောက်မှာ သေချာသည်။

“သတိပေးတာ ကျေးဇူးပါပဲ စီနီယာ”

အနာဂတ် နှစ်ပေါင်း တစ်သိန်းကျော်မှ ဖန်းဟန်သည် လက်ကို အသာယမ်းခါကာ ပြောဆိုလိုက်၏။ ခဏလောက် စဉ်းစားပြီးသည့်နောက် သူသည် လက်ဝါးကို အသာဖြန့်လိုက်၏။ အဖြူရောင် ကျောက်စိမ်းပြား တစ်ခုက ပေါ်လာ၏။

အပေါ်တွင် နဂါးပုံသဏ္ဍာန် နှင့်အတူ ပျံသန်းနေသော ငန်းနှစ်ကောင်၏ရုပ်ပုံကိုလည်း ရေးထွင်းထားသည်။ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းပြီး လောကကြီးတစ်ခုလုံးကို ဖျက်ဆီးနိုင်စွမ်းရှိသည့် အော်ရာများ သည် ထိုကျောက်စိမ်းပြားဆီမှ ထွက်ပေါ်နေ၏။

သူသည် အတိတ်မှ ဖန်းဟန်၏ လက်ထဲသို့ ကျောက်စိမ်းပြားကို ထည့်ပေးကာ လေးလေးနက်နက် ပြောလိုက်သည်။ “ဒီကျောက်စိမ်းပြားက ငါ့ရဲ့ အစစ်အမှန် စွမ်းအင်တွေ ပါဝင်တယ်။ တစ်ကြိမ် အသက်သွင်းလိုက်ပြီ ဆိုတာနဲ့ တော်ဝင်အင်ပါယာ ထိပ်ဆုံးအဆင့် စွမ်းအင်ကို ရရှိမယ်။ မင်းအနေနဲ့ တစ်နာရီတိတိ ကြာအောင် ဒါကို သုံးလို့ရတယ်။

မှတ်ထား။ မင်းအနေနဲ့ ဒီကျောက်စိမ်းပြားကို သုံးကြိမ်တိတိ သုံးလို့ရမယ်။ ဒါကို သုံးလိုက်တိုင်း သုံးလိုက်တိုင်းမှာ သေသေချာချာ စဉ်းစားပြီးမှ သုံးဖို့ လိုအပ်လိမ့်မယ်”

သူ့အနေနှင့် ပိုမိုအားကောင်းလှသည့် အရာများကိုပင် ထုတ်ဖော်နိုင်စွမ်း ရှိနေ၏။ သို့ပေမဲ့ အတိတ်မှ သူသည် ကောင်းကင်အသွင်ပြောင်းလဲခြင်း အဆင့်၌သာ ရှိ၏။ ထို့ကြောင့် တော်ဝင်အင်ပါယာထိပ်ဆုံးအဆင့်ကို ထုတ်ဖော် အသုံးပြုနိုင်ရုံသာ တတ်နိုင်၏။

“ကျေးဇူးပါပဲ။ အင်း.. ငါနားလည်ပြီ”

လက်ရှိ ဖန်းဟန်သည် မည်ကဲ့သို့ ကျေးဇူးတင်ရမှန်း မသိချေ။ သူ့ကိုယ်သူ ကျေးဇူးပြန်တင်ရမည်လား။ ခဏလောက် စဉ်းစားပြီးသည့်နောက် သူသည် လီယွင်ကို ဦးညွတ်ကာဖြင့် ပြောလိုက်သည်။ “အများကြီး ကျေးဇူးတင်ပါတယ် စီနီယာ”

အခြေအနေ အားလုံးကို သုံးသပ်ပြီးသည့်နောက် အနာဂတ် နှစ်ပေါင်း တစ်သိန်းကျော်မှ ဖန်းဟန်သည် သဘောကျသွားမိ၏။ ဉာဏ်အလင်း ရသွားပုံပေါ်သည် ။ ခဏလောက် စဉ်းစားပြီးသည့်နောက် သူသည် လီယွင်၏ အမူအရာကို လှမ်းကာ ကြည့်ရှုလိုက်၏။

လက်ထဲတွင် ရှိနေသည့် ကျောက်စိမ်းပြားကို အဒေါ်လန်၏ လက်ထဲသို့ ထည့်ပေးလိုက်၏။ အရာအားလုံး လုပ်ပြီးသည့်နောက် သူသည် လီယွင် မငြင်းပယ်သည်ကို အတည်ပြုလိုက်နိုင်၏။ ထို့ကြောင့် အဒေါ်လန်ကို အသာပြောလိုက်သည်။

“အဒေါ်လန်... လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သိန်းတုန်းက ကျုပ်...”

စကားလုံးများသည် ဆွံ့အသွားခဲ့၏။ သူသည် အတိတ်က အကြောင်းအရာများကို ပြောဆို၍ မရနိုင်ဟု သိရှိပြီးဖြစ်၏။ ထို့ကြောင့် သူ၏ ပြောဆိုချင်စိတ်များကို ဖိနှိပ်ထားရ၏။ “ဒီကျောက်စိမ်းပြားမှာ ကျုပ်ရဲ့ အစစ်အမှန် စွမ်းအင်တွေ ပါတယ်။ ဒါက အစစ်အမှန် အင်မော်တယ် ထိပ်ဆုံးအဆင့်ရဲ့ ရိုက်ချက်တစ်ခုကို ကာကွယ် တားဆီးနိုင်တယ်လေ။ သေသေချာချာ သိမ်းထား။ မပျောက်စေနဲ့”

“သခင်လေး... နှစ်ဝက်လောက် ကြာပြီးရင် ဘာတွေဖြစ်လာမှာလဲ” အဒေါ်လန်က မေးမြန်းလိုက်၏။ ပထမတုန်းက နှစ်ဝက်လောက်ကြာပြီး ဆိုသည့် စကားကို အနာဂတ် နှစ်ပေါင်း တစ်သိန်းကျော်မှ ဖန်းဟန်က ထုတ်ဖော်ပြောဆိုခဲ့၏။ ထို့ကြောင့် နောင်နှစ်ဝက်တွင် မကောင်းသည့် အကြောင်းအရာများ ဖြစ်ပေါ်လာနိုင်မည်ဟု သူမက တွက်ချက်ပြီး ဖြစ်သည်။

“ကျုပ်”

အနာဂတ် နှစ်ပေါင်း တစ်သိန်းကျော်မှ ဖန်းဟန်သည် သက်ပြင်းရှည်ကြီးကို ချလိုက်၏။ သူသည် ခေါင်းကို အသာ ခါယမ်းပြီးနောက် လီယွင်ကို ဦးညွတ်ကာ ပြောလိုက်၏။ “လုပ်စရာရှိတာ လုပ်ပြီးပါပြီ စီနီယာ... ။ ကျေးဇူးပြုပြီး ကျုပ်ကို ပြန်ပို့ပေးပါတော့”

“မင်း ပြန်သွားပြီဆိုလို့ရှိရင် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီကို တည့်တည့်သွား”

လီယွင်သည် အနာဂတ် နှစ်ပေါင်း တစ်သိန်းကျော်မှ ဖန်းဟန်သကို လှမ်းကြည့်ကာဖြင့် တည်ငြိမ်စွာ ပြောလိုက်သည်။ “ကပ်ဘေးကြီးကို ရှောင်နိုင်ရင် ရှောင်နိုင်လိမ့်မယ်”

မူလသမိုင်းအရဆိုလျှင် အနာဂတ် နှစ်ပေါင်း တစ်သိန်းကျော်မှ ဖန်းဟန်သည် ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူကာဖြင့် အတိတ်မှ သူ့ကိုယ်သူ ပေးအပ်ခဲ့၏။ ဤတစ်ကြိမ်မှာတော့ အပိုတစ်ခုကို ထုတ်ယူကာ အဒေါ်လန်ကို ပေးအပ်ခဲ့သည်။ ဤကဲ့သို့သော ပြောင်းလဲမှုတစ်ခုသည် ကောင်းကင်တာအိုအပေါ် သက်ရောက်နိုင်စွမ်း ရှိပေလိမ့်မည်။

ပြန်ရောက်သည် ဆိုသည်နှင့် တချို့သော ကာကွယ်မှုများကို မပြုလုပ်ထားပါက ကောင်းကင်တာအို၏ ပြစ်ဒဏ်ကို သင့်မှာသေချာ၏။ ၎င်း၏ အပြုအမူ တစ်ခုသည် အနာဂတ်ကို သက်ရောက်နိုင်စွမ်း ရှိနေသည် မဟုတ်ပါလား။

“ဂျူနီယာ”

ဖန်းဟန်သည် အသာသက်ပြင်းချလိုက်၏။ ပြီးနောက် ခေါင်းကို ညိတ်လိုက်သည်။ သူ့အနေနှင့် ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီသို့ မသွားချင်၍ မဟုတ်ပေ။ သူ့၌ ပိုက်ဆံမရှိသောကြောင့်ပင်။

နှစ်ပေါင်းတစ်သိန်းအတွင်း သူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ အကြိမ်တိုင်းလိုလို သွားခဲ့၏။ ထပ်ကာ သွားမည်ဆိုလျှင် သူ၏ အင်မော်တယ်နန်းတော် တစ်ခုလုံးပင်လျှင် ပျောက်ကွယ်သွားမည်ဟု တွက်ချက်မိ၏။

ဤအတွေးကို တွေးမိပြီးသည့်နောက် ဖန်းဟန်သည် မျက်ရည်များပင် ဝိုင်းလာမိ၏။ လွန်ခဲ့သည့် နှစ်ပေါင်း တစ်သိန်းတုန်းက သူ့ကိုယ်သူ ပြန်ကြည့်ပြီးသည့်နောက် အလွန်လေးနက်လှသည့် အဓိပ္ပာယ်ပါသော စကားလုံး တစ်ခုကို ပြောဆိုလိုက်လေ၏။

“အနာဂတ်မှာ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီကို ပိုပိုပြီးတော့ သွားသင့်တယ်”

ဤစကားစုသည် မည်သည့် လျှို့ဝှက်ချက်မှ မပါချေ။ အတိတ်က ဖန်းဟန် အနေနှင့် ထိုစကားကို ကြားသည့်အချိန်၌ တစ်စုံတစ်ခုကို သင်ယူနိုင်လိမ့်မည်ဟု သူ မျှော်လင့်မိသည်။ အနည်းဆုံးအနေနှင့် ပိုမိုကာ ချမ်းသာစေရန် စုဆောင်းရမည်ဟူသော အတွေးအခေါ်မျိုး ဝင်လာလျှင်ကို အဆင်ပြေပြီ ဖြစ်သည်။

All Chapters