အပိုင်း (၃၀၇)
Vol. 21 Ch. 307
သက်ရှိသတ္တဝါပေါင်း များစွာတို့သည် ကျယ်လောင်စွာ ပြောဆိုလိုက်၏။ စကြဝဠာ တစ်ခုလုံးသည် တုန်ခါလျက် ရှိနေပြီး အားလုံးသော သူတို့သည် အောင်းရွှမ်ကို အားကိုးသော အကြည့်များဖြင့် ကြည့်ရှုနေကြ၏။ နဂါး အင်ပါယာသည် ဤမျှ ဆန်းကြယ်ကာ အားကောင်းလှသည်လား။
စောဏကလေးတင် နဂါးအင်ပါယာ၏ စကားလုံးများနှင့်ပတ်သက်၍ တော်တော်များများက သံသယဝင်မိနေသည် ဆိုသော်လည်း လက်ရှိ နဂါးအင်ပါယာ၏ ဟိတ်ဟန်သည် ကြီးမားလွန်းလှပြီး အင်ပါယာနှစ်ယောက်ကိုပင် ဖိနှိပ်နိုင်စွမ်း ရှိနေသည်ကို မြင်ရသည့်အချိန်မှာတော့ တကယ်ပင် အားလုံးက အားကိုးနေမိကြ၏။
သူတို့သည် ဆိုးရွားလှသည့် အခြေအနေမျိုးတွင် စီနီယာနန်းဆောင်သခင်၏ အကူအညီကို စောင့်မျှော်ရန်သာ လိုအပ်၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ရုတ်တရက် တည်နေရာလမ်းကြောင်းသည် ပျက်စီးသွားခဲ့၏။ နဂါးအင်ပါယာမှလွဲလျှင် တခြားသော အင်ပါယာဟူ၍ မရှိခဲ့ချေ။ ထို့ကြောင့် နဂါးအင်ပါယာအနေနှင့် တည်နေရာ လမ်းကြောင်းတစ်ခုလုံးကို ဖျက်ဆီးလိုက်ခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။
“ကျုပ်တို့ နဂါးအင်ပါယာရဲ့ အမိန့်ကို လိုက်နာပါ့မယ်”
ထိုအရာကို တွေးပြီးသည့်နောက် တစ်စုံတစ်ယောက်သည် ချက်ချင်းပဲထကာ ပြောဆိုလိုက်၏။ လက်ရှိ အခြေအနေတွင် နဂါးအင်ပါယာသည် မျိုးနွယ်စုအားလုံး၏ ကျောထောက်နောက်ခံဖြစ်၏။ သက်ရှိသတ္တဝါပေါင်း များစွာတို့၏ နှလုံးသားနှင့် ဝိညာဉ်များကို အပိုင်စီး သိမ်းဆည်းထားသည့် လူတစ်ယောက်ပင် အောင်းရွှမ်က ဖြစ်လာခဲ့သည်။
နဂါးအင်ပါယာမှလွဲလျှင် တခြားသော အင်ပါယာတစ်ယောက်ဟူ၍ ဤနေရာတွင် မရှိချေ။ ကောင်းကင်မူလ လောကကြီး တစ်ခုလုံးတွင် နဂါးအင်ပါယာ တစ်ယောက်တည်းသည်သာ ခရမ်းရောင်နက်နဲလောကကြီးဆီမှ အင်ပါယာများနှင့် ထိပ်တိုက်ရင်ဆိုင်နိုင်ပြီး ဖိအားကို ကြံ့ကြံ့ခံနိုင်ခဲ့သည့် လူတစ်ယောက်လည်းဖြစ်၏။
မမျှော်လင့်ထားသည့် ကိစ္စရပ်များသာ ဖြစ်မလာသည်ဆိုပါက နှစ်သန်းပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက် နဂါးကလန် တစ်ခုလုံး၏ ဂုဏ်သိက္ခာသည် တကယ့်ကို ကြီးကျယ်မြင့်မြတ်လှသည့် အခြေအနေဆီသို့ ရောက်ရှိ လာခဲ့ပြီး မွန်းစတားကလန်တို့၏ ပြောခွင့်၊ ဆိုခွင့်ရ ပုဂ္ဂိုလ်များအဖြစ် သတ်မှတ်ခြင်းခံရသည့် ရွှေကျီးကန်းကလန်ထက်ပင် သာလွန်သွားမှာ သေချာသည်။
အင်ပါယာမိုယွမ် ဖန်တီးထားသည့် တည်နေရာလမ်းကြောင်း ဖျက်ဆီးခံလိုက်ရသောကြောင့် ကောင်းကင်မူလလောကကြီး အတွက် စိုးရိမ်ပူပန်စရာ မရှိချေ။ နဂါးအင်ပါယာ၏ ဂုဏ်သိက္ခာသည် ရှေးတိုင်ချူး အင်ပါယာထက် ပိုမိုကာ သာလွန်သွားခဲ့၏။
အောင်းရွမ်သည် လက်ကို ယမ်းခါကာ ပြောလိုက်သည်။ “ဒီအင်ပါယာက တခြားလောကမှာရှိတဲ့ အင်ပါယာ နှစ်ယောက်ကို အနိုင်မယူနိုင်ဘူးဆိုပေမဲ့ သူတို့ကို ဒဏ်ရာတချို့ဖြစ်အောင် ပြုလုပ်နိုင်ခဲ့တယ်”
သူသည် တကယ့်ကို မော်ကြွားလျက် ရှိနေ၏။
အင်ပါယာတစ်ယောက်အနေနှင့် သူ ဘာကိုပဲပြောပြော အောက်တွင်ရှိနေသည့် လူများအားလုံးသည် ယုံကြည်ကြမှာ ဖြစ်၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ တည်နေရာလမ်းကြောင်းကြီး တစ်ခုလုံး ရုတ်တရက် ပျောက်ကွယ်သွားခြင်းနှင့်ပတ်သက်၍ သူသည်လည်း ဇဝေဇဝါ ဖြစ်လို့နေသည်။
ဘာတွေ ဖြစ်ကုန်သနည်း။ အင်ပါယာမိုယွမ်၏ တည်နေရာလမ်းကြောင်းကို ဖျက်ဆီးပစ်လိုက်ခြင်း - ထိုအရာအားလုံးကို သိရှိရန်အတွက် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ဆီသို့ သွားလည်ရန် သူက ဆုံးဖြတ်လိုက်၏။
သူ့အနေနှင့် ပြင်းပြင်းထန်ထန် ကြွားဝါပြောဆိုခဲ့ပြီးပြီ ဆိုမှတော့ ထိုအရာများအားလုံးကို ဖြေရှင်းနိုင်ရန် ကြိုးစားရ ပေတော့မည်။ အောင်းရွှမ်တစ်ယောက် ဤကဲ့သို့ ဟိတ်ကြီးဟန်ကြီး ထုတ်ကာ ပြောဆိုလျက် ရှိနေတုန်းမှာပဲ ကောင်းကင်မူလလောကကြီးထဲတွင် ပြောင်းလဲမှုများ ဖြစ်တည်လာခဲ့သည်။
အကန့်အသတ်မဲ့ လောကကြီး နှစ်ခုသည် တစ်ခုနှင့်တစ်ခု စတင်ကာ ချိတ်ဆက်လာခဲ့ကြ၏။
စကြဝဠာ၏ အဆုံးသတ်တွင် တည်ရှိလျက် ရှိနေသည့် တချို့သော စွမ်းအားမြင့် ကျင့်ကြံသူများ အားလုံးသည် မျက်လုံးကိုဖွင့်ပြီးသည့်နောက် သံသယအပြည်ဖြင့် လေဟာနယ်ထဲသို့ လှမ်းကြည့်လျက် ရှိနေ၏။ ခဏကြာပြီး သည့်နောက် ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးတွင် ရှိနေသည့် အသက်စွမ်းအင်များ အားလုံးတို့သည် စတင်ကာ သိပ်သည်းလာခဲ့သည်။
ကောင်းကင်နှင့်မြေပြင်၏ နိယာမများသည် ပိုမိုကာ ရှင်းလင်းလာခဲ့ပြီး လောကကြီးတစ်ခုလုံးတွင် ရှိနေသည့် ကျင့်ကြံသူသည်လည်း လွယ်လွယ်ကူကူဖြင့် အဆင့်ချိုးဖြတ်ကုန်ကြ၏။ လက်ရှိအဆင့်တွင် ပိတ်မိလျက် ရှိနေကြသည့် စွမ်းအားမြင့်ကျင့်ကြံသူများသည် အလုံးစုံဆိုသလိုပဲ အဆင့်သစ်တစ်ခုဆီသို့ တိုးတက်သွားခဲ့ကြ၏။
“ဟမ်”
အောင်းရွှမ်သည် စကားပြောလျက် ရှိနေတုန်းမှာပဲ နဝေတိမ်တောင် ဖြစ်လာခဲ့သည်။ သူသည် ကောင်းကင်ယံကို မော့ကြည့်ပြီးသည့်နောက် မျက်လုံးများ မှေးကျဉ်းသွားခဲ့၏။ အရှေ့သို့ အသာလှမ်းတက် ပြီးသည့်နောက် ခြေထောက်အောက်တွင် ရှိနေသော လမ်းကြီးသည် ကျယ်ပြောလာကြောင်း အံ့အားသင့်ဖွယ် မြင်လိုက်ရသည်။
မကြာခင်မှာပဲ သူသည် ကုန်းမြေတစ်ခုဆီသို့ ရောက်ရှိသွားခဲ့၏။ ထိုနေရာတွင် ရင်းနှီးနေသည့် စွမ်းအားမြင့် ကျင့်ကြံသူများ တည်ရှိနေ၏။
သူ၏ ရှေ့တွင်တော့ လောကကြီး၏ အဆုံးသတ် တည်နေရာက တည်ရှိနေ၏။ တခြားသော တစ်ဖက်တွင်တော့ တခြားလောကကြီး၏ အဆုံးသတ် တည်နေရာ တည်ရှိနေ၏။ ပြည့်စုံလှသည့် လောကသစ်ကြီးတစ်ခု ပေါ်ပေါက်လာသကဲ့သို့ပင်။
အထဲတွင် ရှိနေသည့် အော်ရာများကို အာရုံခံပြီးသည့်နောက် အောင်းရွမ်၏ အမူအရာတစ်ခုလုံးသည် ပြောင်းလဲသွားခဲ့၏။ “ဒါ.. ဒါ ခရမ်းရောင်နက်နဲလောကကြီးပါလား”
…………….
ကောင်းကင်လျှို့ဝှက်နန်းဆောင်
လီယွင်သည် သူ၏လက်ဝါးကို အသာပြန်လည်ရုတ်သိမ်းလိုက်သည်။ သူ၏ နတ်ဘုရားအသိအမြင် အားလုံးတို့သည် ဒီရေလှိုင်းကဲ့သို့ပင် ဆူဝေလျက် ရှိနေပြီး လောကကြီးတစ်ခုလုံးကို ပျံ့နှံ့သွား၏။ သူသည် တည်နေရာတစ်ခုလုံးကို အသာဖြန့်ကျက် ကြည့်ရှုပြီးသည့်နောက် သဘောတကျဖြင့် ခေါင်းညိတ်လိုက်သည်။
လောကကြီးနှစ်ခု၏ ပေါင်းစပ်မှုသည် ယခုမှစ၍ ဖြစ်တည်ခဲ့ပြီဖြစ်၏။ ပြောင်းလဲမှုသည် မသိသာလှချေ။ လောကကြီး တစ်ခုလုံးသည် အလုံးစုံ တစ်ခုတည်းအဖြစ် ပြောင်းလဲသွားသည်ဆိုပါက ကောင်းကင်တာအို တစ်ခုတည်းသာလျှင် ကျန်ရှိပေတော့မည်။
ထိုသို့ဆိုလျှင် လောကကြီးသည် အစစ်အမှန် ပြောင်းလဲသွားမည် ဖြစ်၏။ သို့သော်ငြား ဤနေရာတွင် ရှိနေသည့် သက်ရှိ သတ္တဝါပေါင်း များစွာတို့သည့် အကျိုးကျေးဇူးကို စတင်ကာ ခံစားနေရပြီ ဖြစ်၏။ အင်ပါယာတစ်ယောက်သာလျှင် အဆင့်အမြင့်ဆုံးအဖြစ် တည်ရှိနေသည့် လောကကြီးသည် အစစ်အမှန် အင်မော်တယ် နေထိုင်ရာ တည်နေရာ အဖြစ်သို့ ပြောင်းလဲလာပေလိမ့်မည်။
“စီနီယာ... ဒါပဲလား”
မုန့်ရှင်းကျီသည် ဇဝေဇဝါဖြင့် လှမ်းကြည့်ကာ မေးမြန်းလိုက်၏။ “ပြီးသွားပြီလား”
သူသည် ကောင်းကင်ကို အသာမော့ကြည့်လိုက်၏။ တစ်စုံတစ်ခု၊ ဘာတစ်ခုမှ လွဲမှားသွားသည့်ပုံ မပေါ်ချေ။ ကောင်းကင် လျှို့ဝှက်နန်းဆောင်ထဲတွင် နေထိုင်နေသည် ဖြစ်သောကြောင့် အရာအားလုံး တားဆီးခြင်းကို ခံထားရ၏။ ထို့ကြောင့် သူနေထိုင်ရာ လောကကြီးတစ်ခုလုံးသည် ပြည့်စုံစွာ အသွင်ပြောင်းသွားသည်ကို သူက သတိမပြုမိခဲ့ချေ။
“ပြီးသွားပြီ”
လီယွင်သည် ထိုင်ခုံပေါ် ထိုင်ချပြီးသည့်နောက် လက်ဖက်ရည်တစ်ခွက်ကို အသာ ကောက်ယူကာ မော့လိုက်၏။ ပြီးနောက် အမှတ်မထင် ပြောဆိုလိုက်သည်။ “ကောင်းကင်မူလလောကကြီးက မြေအင်မော်တယ်လောကကြီးနဲ့ အခုအချိန်မှာ တူညီသွားပြီ”
မုန့်ရှင်းကျီက ထပြောလိုက်၏။ “တကယ်လား”
“အင်း”
လီယွင်သည် ခဏလောက် စဉ်းစားလိုက်သည်။ “အခုအချိန်မှာတော့ မတူသေးဘူးပေါ့။ ဒါပေမဲ့ နှစ်တစ်သန်းလောက် ကြာပြီးတဲ့အချိန်မှာ တူရင် တူသွားလိမ့်မယ်”
လောကကြီးသည် အခုမှ ပြောင်းလဲကာစပင်ဖြစ်၏။ အစစ်အမှန် အင်မော်တယ်များ ပေါ်ပေါက်လာဖို့အတွက် သူ့အနေနှင့် အချိန်အတော်ကြာ စောင့်စားရပေဦးမည်။ တားမြစ်တည်နေရာထဲတွင် ရှိနေသည့် တချို့သော ရှေးကျင့်ကြံသူများသည် မုန့်ရှင်းကျီနှင့် တခြားသောသူများ၏ ရှေ့ဆီသို့ ရောက်ရှိချင် ရောက်ရှိသွားပေလိမ့်မည်။ ထို့အပြင် ထိုသက်ရှိသတ္တဝါများသည် နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့သည့် ရှေးပုဂ္ဂိုလ်များ ဖြစ်သည် မဟုတ်ပါလား။
၎င်းတို့တွင် ရှိနေသည့် လမ်းစဉ်ကြီးတစ်ခု ရှေ့တွင် ရုတ်တရက် ပေါ်ပေါက်လာသည် ဖြစ်သောကြောင့် နှစ်ပေါင်း များစွာ ကြိုးစားခဲ့ရသည့် ၎င်းတို့၏လမ်းသည် ဖြောင့်ဖြူးသာယာ သွားပေလိမ့်မည်။ အချိန်အတိုင်းတာတိုအတွင်း အင်မော်တယ်အဆင့်ဆီသို့ ချိုးဖြတ်မရောက်ရှိနိုင်ဘူး ဆိုလျှင်တောင်မှ နှစ်တစ်သန်းလောက် ကြာမြင့်ပြီးသည့် နောက် ထိုအဆင့်သို့ ချိုးဖြတ်ရောက်ရှိပေလိမ့်မည်။ အစစ်အမှန် အင်မော်တယ်များ ပေါ်ပေါက်လာသည့်အချိန်တွင် မြေအင်မော်တယ်လောကကြီးနှင့် ကောင်းကင် မူလလောကကြီးတို့အကြား ကွာခြားမှု ရှိတော့မည် မဟုတ်ချေ။
“နှစ်တစ်သန်း ကြာပြီးရင် ဟုတ်လား”
မုန့်ရှင်းကျီသည် နဝေတိမ်တောင် ဖြစ်လို့နေ၏။ သူသည် တစ်ချက် ကလေးမှ နားမလည်ချေ။ စီနီယာအနေနှင့် မြေအင်မော်တယ်လောကကြီးတွင် ရှိနေသည့် အစစ်အမှန် အင်မော်တယ်များ အားလုံးကို ဖိနှိပ်ရန် လှုပ်ရှားခဲ့လေသည် မဟုတ်ပါလား။ မြေအင်မော်တယ်လောကရှိ အစစ်အမှန် အင်မော်တယ်များကို ကျိန်စာတစ်မျိုး တိုက်လိုက်လေသည်လား။ သူ့အနေနှင့် သေသေချာချာ အဖြေရှာ၍ မရနိုင်ခဲ့ချေ။ ထို့ကြောင့် အတွေးများကို ဖယ်ရှားပြီး အသာမေးလိုက်၏။ “စီနီယာ.. စီနီယာ ဘာတွေများ တိတိကျကျလုပ်..”
“ဘာမှမဟုတ်ဘူး”
လီယွင်သည် ရေနွေးခွက်ကို အသာချကာဖြင့် ပြောလိုက်၏။ “ကျုပ် လှည့်ကွက်လေးတချို့ကို သုံးလိုက်တာပါ။ ခရမ်းရောင်နက်နဲလောကကြီးနဲ့ ကောင်းကင်မူလလောကကြီးကို ပေါင်းစပ်ခဲ့တယ်”
“အင်း”
မုန့်ရှင်းကျီက ခေါင်းညိတ်လိုက်၏။ သူသည် နားလည်သည့် ဟန်ပန်မျိုး တည်ရှိနေ၏။ သို့ပေမဲ့ သူ၏ ပါးစပ်ထဲမှ ထွက်လာသည့် စကားလုံးနှင့် ဦးနှောက်တို့ ချိတ်ဆက်မိသွားသည့် အချိန်မှာတော့ သူ၏မျက်နှာသွင်ပြင် တစ်ခုလုံးသည် ရုတ်တရက် ပြောင်းလဲသွား၏။ ပြီးနောက် မရေရာ မသေချာသလို မေးမြန်းလိုက်သည်။
“စီနီယာ.. စီနီယာပြောလိုက်တာ ကောင်းကင်မူလလောကကြီးနဲ့ ခရမ်းရောင်နက်နဲလောကကြီးကို ပေါင်းစပ် လိုက်တာလား”
“အမှန်ပဲ” လီယွင်က ခေါင်းညိတ်လိုက်၏။
“ဒါက”
မုန့်ရှင်းကျီ၏ မျက်နှာသွင်ပြင် တစ်ခုလုံးသည် ချက်ချင်းပဲ ပြိုလဲလုမတတ် ဖြစ်နေ၏။ ဤအရာသည် စီနီယာ ပြောဆိုခဲ့သည့် လှည့်ကွက်လေးတစ်ခုလား။ စီနီယာသည် မြေအင်မော်တယ်လောကကြီးနှင့် တူညီအောင် ကောင်းကင်မူလလောကကြီးကို ပြုလုပ်လိုက်သည်ဆိုခြင်းမှာ ထိုအရာလား။
ခရမ်းရောင်နက်နဲလောကကြီးနှင့် ကောင်းကင်မူလလောကကြီးကို ပေါင်းစပ်လိုက်ခြင်း - ထိုအရာသည် မြေအင်မော်တယ်လောကကြီးနှင့် နှိုင်းယှဉ်၍ ရသွားသည်လား သေချာမသိပေ။ သိုပေမဲ့ ရှင်းလင်းစွာ သိသည်မှာ ကောင်းကင်မူလလောကကြီး ပြဿနာတက်ပြီဖြစ်၏။
တစ်ချိန်တုန်းက ကောင်းကင်မူလလောကကြီးနှင့် ခရမ်းရောင်နက်နဲလောကကြီးတို့သည် တည်နေရာ လမ်းကြောင်း၏ ချိတ်ဆက်ခြင်းကိုသာ ခံရ၏။ ခရမ်းရောင်နက်နဲလောကကြီးဆီမှ တော်ဝင်အင်ပါယာများ လာရောက်ချင်သည်ဆိုပါက တည်နေရာလမ်းကြောင်းကို အမှီအခိုပြုရသည်။ တော်ဝင်အင်ပါယာများ အနေနှင့် ထိုနေရာတွင် တားဆီးထားပါက တစ်ဖက်လူများအနေနှင့် ကျော်ဖြတ်ကာ ဝင်လာနိုင်လိမ့်မည် မဟုတ်ချေ။
သို့ပေမဲ့ လက်ရှိအခြေအနေတွင် ပြောင်းလဲသွားခဲ့ပြီဖြစ်၏။ တည်နေရာလမ်းကြောင်း မရှိတော့ပြီး လောကကြီးနှစ်ခုကလည်း ချိတ်ဆက်သွားခဲ့၏။ တော်ဝင်အင်ပါယာများ အနေနှင့် တကူးတက ကြိုးစားနေစရာပင် မလိုဘဲ သူတို့ဆီသို့ ရောက်ရှိလာနိုင်၏။ လောကကြီးနှစ်ခုကို ပေါင်းစပ်လိုက်ခြင်း ဆိုသည်မှာ ရှုပ်ထွေးလှသည့် ဘေးအန္တရာယ်ကြီး တစ်ခုကို ခေါ်ဆောင်လိုက်သည်နှင့် ဆင်တူနေသည် မဟုတ်ပါလား။
“စီနီယာ”
မုန့်ရှင်းကျီသည့် အကူအညီမဲ့သလို ခံစားနေမိ၏။ သူသည် အသံတီးတိုးဖြင့် ပြောဆိုလိုက်၏။ “ကျုပ်.. ခရမ်းရောင်နက်နဲလောကကြီးကို သူ့နေရာနဲ့သူ ပြန်ထားပေးဖို့ တောင်းဆိုလို့ ရနိုင်မလား မသိဘူး”
လက်ရှိ သူရရှိထားသည့် သတင်းအချက်အလက်သည် သူ၏ကုပ်ပိုးကို ပိတ်ရိုက်လိုက်သကဲ့သို့ပင် မူးဝေဝေ ခံစားမိစေသည်။
အင်ပါယာမိုယွမ်နှင့် အင်ပါယာတိုင် တို့၏ စိတ်နေစိတ်ထားများသည် ကြောက်မက်ဖွယ်ရာ ကောင်းလှပြီး သတ်ဖြတ်လိုခြင်း ဆန္ဒများနှင့် ပြည့်နှက်လျက် ရှိနေပြီးသား ဖြစ်၏။ ဤအင်ပါယာနှစ်ယောက်ကို သူ တကယ်ပင် ရင်ဆိုင် တိုက်ခိုက်၍ မရနိုင်ခဲ့ချေ။
ထို့အပြင် သူသည် ခရမ်းရောင်နက်နဲလောကကြီးထဲတွင် အင်ပါယာတစ်ယောက် ဖြစ်လာခဲ့သည် မဟုတ်ပါလား။ ထို့ကြောင့် ထိုအင်ပါယာနှစ်ယောက်တို့သည် သူ့နောက်သို့ လိုက်ကာ အမဲဖျက် တိုက်ခိုက်မည်မှာ သေချာ၏။ နဂါးအင်ပါယာနှင့် မတူစွာဘဲ မုန့်ရှင်းကျီသည် သူ၏ကိုယ်ပိုင် အားအင်ကို သူ သေသေချာချာသိ၏။ အင်ပါယာ တစ်ယောက် ယခုမှဖြစ်လာသည့်သူသည် တစ်ဖက်လူများကို ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ချေ။
အထူးသဖြင့် အင်ပါယာလက်နက် တစ်ခုမရှိဘဲနှင့် သူသည် အစီအရင်တစ်ခုကို ဖန်တီးပြုလုပ်နိုင်သည် ဆိုလျှင်တောင်မှ အင်ပါယာများထဲမှ တစ်ယောက်ကို ရင်ဆိုင်နိုင်ရန်အတွက် ငါးဆယ် - ငါးဆယ် ရာခိုင်နှုန်းသာလျှင် ရှိ၏။ သူ၏ ကိုယ်ပိုင် အသက်ရှင်ချင်စိတ် ပိုမိုပြင်းထန်လာသောကြောင့် ခရမ်းရောင် နက်နဲလောကကြီးကို သူ့နေရာသူ ပြန်ထားခြင်းကသာလျှင် အကောင်းဆုံး ရွေးချယ်ခွင့်ဖြစ်ကြောင်း သူက သိရှိ၏။
“ပြန်ထားရမယ် ဟုတ်လား”
လီယွင်သည် မုန့်ရှင်းကျီကို မျက်စိစွေကာ ကြည့်ရှုပြီး ပြောလိုက်သည် “သေချာတယ်။ ဒါပေမဲ့ အဲဒီတန်ကြေးကို ခင်ဗျားပေးနိုင်မှာ မဟုတ်ဘူး”
“ကျုပ်... ကျုပ်ဆီမှာ ပိုက်ဆံ မရှိပါဘူး” မုန့်ရှင်းကျီသည် ထိုစကားစုများကို မနည်းဖြစ်ညှစ်ကာ ပြောဆိုလိုက်၏။
လီယွင်သည် ရယ်မောလိုက်မိသည်။ ပိုက်ဆံမရှိပေ။ သို့ပေမဲ့ ပိုက်ဆံ မရှိသည့်အကြောင်းကို အဘယ်ကြောင့် ဂုဏ်ယူ ဝံ့ကြွားစွာ ပြောဆိုနေရသနည်း။