← Chapters

အပိုင်း (၃၁၁)

Vol. 21 Ch. 311

အပိုင်း (၃၁၁)

Vol. 21 Ch. 311

လွင့်မြောတိမ်တောင်၏ အင်ပါယာသည် အမူအရာပြောင်းလဲသွားခဲ့၏။ သူသည် အေးစက်စက် အော်ဟစ်လိုက်သည်။ "မြန်မြန် နောက်ဆုတ်"

သို့ပေမဲ့ နောက်ကျသွားခဲ့ပြီ ဖြစ်၏။ ဖန်းဟန်သည် ရှေ့ဆီသို့ လှမ်းတက်လိုက်ပြီးသည့်နောက် ဂုဏ်ယူဝင့်ကြွားစွာဖြင့် တစ်ယောက်တည်း ရပ်တန့်နေ၏။ သူ၏ ခြေထောက်ကို လေပေါ်တွင် ချလိုက်ပြီးသည့်နောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် သူတော်စင်ဘုရင်၏ ကိုယ်ပေါ်သို့ ရောက်ရှိသွားခဲ့၏။ တဝုန်းဝုန်းအသံများ ထွက်ပေါ်လာခဲ့၏။ အင်ပါယာ၏ စိတ်ဆန္ဒသည် အရာအားလုံးကို တိုက်စားသွားတော့၏။

ခရမ်းရောင် နက်နဲလောကရှိ သက်ရှိအားလုံးသည် ထိုမြင်ကွင်းကို မြင်တွေ့ခဲ့ရပြီးသည့်နောက် ကြက်သီးမွှေးညင်း များပင် ထကုန်ကြသည်။

"ဘာတွေဖြစ်သွားတာလဲ"

လွင့်မြောတိမ်တောင်၏ အင်ပါယာသည် မျက်မှောင်ကုတ်မိသွား၏။ သူ၏ မျက်လုံးများသည် ဖန်းဟန်ဆီသို့ စူးစိုက်ကြည့်နေ၏။

ဖြစ်ပေါ်လာခဲ့သည့် ရလာဒ်သည် သူ့ကို တကယ်ပင် စိတ်ပျက်စေခဲ့၏။ ဖန်းဟန်သည် အသက်နှစ်ရာနီးခန့်သာ ရှိပုံပေါ်၏။ သို့ပေမဲ့ ၎င်း၏ ပါရမီသည် မငြင်းပယ်နိုင်လောက်အောင် အားကောင်းလှသည် ဆိုလျှင်တောင်မှ လက်ရှိကဲ့သို့သော အားအင်မျိုးကို ပိုင်ဆိုင်ရန်မှာ မဖြစ်နိုင်ချေ။

"လူသေတွေက ဘာတစ်ခုမှ သိဖို့မလိုဘူး" ဖန်းဟန်သည် နောက်တစ်လှမ်း လှမ်းတက်လိုက်၏။

၎င်း၏ အသွင်အပြင်သည် ပုံမှန်အတိုင်း ရှိနေသည် ဆိုလျှင်တောင်မှ ၎င်း၏ အော်ရာများသည် ပြောင်းလဲနေခဲ့၏။ သူယခု ထုတ်ဖော်ပြသခဲ့သည့် အော်ရာများသည် ကြောက်ခမန်းလိလိ အားကောင်းလွန်းနေ၏။ သူသည် နှစ်ပေါင်းများစွာကတည်းက တည်ရှိနေခဲ့သည့် အင်ပါယာတစ်ယောက်ကဲ့သို့ပင် အရှိန်အဝါများကို ထုတ်ဖော်နေခဲ့၏။ ၎င်းထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နှက် ကြယ်စင်စုများပင်လျှင် မှေးမှိန်သွားခဲ့သည်။

"အင်ပါယာ အလယ်အလတ်အဆင့်" လွင့်မြောတိမ်တောင်၏ အင်ပါယာသည် လက်ကို ဝေ့ယမ်းလိုက်၏။ ပြီးနောက် သူသည် ခန္ဓာကိုယ်ထဲရှိ စွမ်းအင်များကို ထုတ်ဖော်ကာဖြင့် တားဆီးရန် ကြိုးပမ်းလိုက်၏။

"မှားတယ်"

ဖန်းဟန်သည် နောက်ထပ် စကားတစ်ခွန်း ပြောပြီး ခြေတစ်လှမ်း ထပ်လှမ်းလိုက်၏။ အစွမ်းများသည် နှစ်ဆပိုမိုကာ တိုးတက်လာခဲ့၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အော်ရာများသည် မိုးကုတ်စက်ဝိုင်းအထက် တွင် ထွက်ပေါ်လာခဲ့သည်။

ဘုန်း ဘုန်း ….။

လွင့်မြောတိမ်တောင်၏ အင်ပါယာအနောက်ဖက်တွင် ရှိနေသော သူများသည် သွေးမြူများအဖြစ် ပြောင်းလဲပြီး သေဆုံးကုန်ကြ၏။ ထိုသူများသည် သူတော်စင်ဘုရင်များ ဖြစ်ကြ၏။ ထိုသူတို့၏ သိုလှောင်လက်စွပ်များသာလျှင် ကျန်ရစ်ခဲ့ကြ၏။ ထိုအရာအားလုံးကို မမြင်ရသည့် လက်ကြီးတစ်ဖက်က သိမ်းဆည်းသွားခဲ့၏။

ထိုမြင်ကွင်းကို မြင်ရသည့် အချိန်မှာတော့ လွင့်မြောတိမ်တောင် အင်ပါယာ၏ မျက်လုံးထဲတွင် ဒေါသများနှင့် ပြည့်နှက်လာခဲ့၏။ ဤနေရာသို့ ရောက်ရှိသည်မှာ ဆယ်ရက်ပင် မပြည့်သေးချေ။ သို့ပေမဲ့ ဖန်းဟန်သည် ကြီးကြီးမားမား ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ ပြန်လည်မွေးဖွားလာသကဲ့သို့ပင်။

တစ်စုံတစ်ယောက်သည် ဖန်းဟန်၏ ခန္ဓာကိုယ်ကို ရယူကာဖြင့် သာမန်ထက်ပိုသော စွမ်းအင်များကို ထုတ်ဖော်ကာ တိုက်ခိုက်နေခြင်းပင် ဖြစ်ပေလိမ့်မည်။ အမှောင်ထဲတွင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အင်ပါယာတစ်ယောက်က ပုန်းအောင်းနေခြင်းသာ ဖြစ်ပေလိမ့်မည်။

"ရွှမ်မိုရဲ့ အမွေအနှစ်တွေကို မင်းရခဲ့ပြီလား" လွင့်မြောတိမ်တောင်၏ အင်ပါယာသည် လေးနက်သည့် အသံဖြင့် မေးမြန်းလိုက်၏။

"မရသေးဘူး"

ဖန်းဟန်၏ အမူအရာများသည် မပြောင်းလဲချေ။ သူသည် ရှေ့ဆီသို့ လှမ်းတက်လိုက်၏။ သူ၏ အော်ရာများသည် ထပ်မံကာ တိုးတက်လာပြန်၏။

"တော်ဝင်အင်ပါယာအဆင့် ထိပ်ဆုံး"

ကောင်းကင်သည် အရောင်အသွေးများ ပြောင်းလဲသွားခဲ့၏။ တော်ဝင်အင်ပါယာ ထိပ်ဆုံးအဆင့် လူတစ်ယောက် ရောက်ရှိလာသည့် အခါမှာတော့ လောကကြီးတစ်ခုလုံး အရောင်အဆင်း ကင်းမဲ့လျက် ရှိနေပြီး ထိုသူသည်သာ အရောင်အဝါ ထွန်းတောက်လျက် ရှိနေ၏။

"မင်းဘာတွေရခဲ့တာလဲ"

လွင့်မြောတိမ်တောင်၏ အင်ပါယာသည် မနီးမဝေးတွင် ရှိနေသည့် ဖန်းဟန်ကို ကြည့်ရရင်း သူ၏ နှလုံးသားတစ်ခုလုံး အေးစက်နေခဲ့၏။ ဆယ်ရက်အတွင် ဖန်းဟန်သည် တော်ဝင်အင်ပါယာအဆင့် ထိပ်ဆုံးအဆင့်ကို ပိုင်ဆိုင်လျက် ရှိနေပြီး ထိုအရာသည် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။ ဖန်းဟန်သည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အင်မော်တယ်တစ်ယောက်၏ အမွေအနှစ်ကို ဆက်ခံရရှိခဲ့သည်လား။ မဖြစ်နိုင်ပေ။

ဖန်းဟန်ရရှိခဲ့သည့် အရာသည် အစစ်အမှန်အင်မော်တယ်ထက်ပင် ပိုမိုကာ သာလွန်သည့်ပုံ ပေါ်၏။ အစစ်အမှန် အင်မော်တယ်များ၏ အမွေအနှစ်ဖြင့် အချိန် အတိုင်းအတာတိုအတွင်း တော်ဝင်အင်ပါယာ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိရန်မှာ မဖြစ်နိုင်ချေ။

သူ၏ မျက်လုံးထဲတွင် ရှိနေသည့် လှောင်ပြောင်မှုများသည် ကြောက်လန့်မှုများ အဖြစ်သို့ မြန်မြန်ဆန်ဆန် ပြောင်းလဲသွားခဲ့၏။ လွင့်မြောတိမ်တောင်၏ အင်ပါယာသည် အင်ပါယာတစ်ယောက်ဖြစ်ရန် နှစ်ပေါင်းများစွာကြာအောင် ကြိုးစားခဲ့ရသော်လည်း အင်ပါယာများကြားတွင် သာမန်ထက်ပိုသည့် လူတစ်ယောက်ဟု သုံးသပ်၍ရ၏။ ထို့အတူ သူသည် သူ၏အကန့်အသတ်ကို ကောင်းကောင်း သိရှိပြီးဖြစ်၏။ တော်ဝင်အင်ပါယာထိပ်ဆုံးအဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်သည့်နေရာတွင် သူသည် တချက်ကလေးမှ ပြန်လည် မတိုက်ခိုက်နိုင်ဘဲ ရှုံးနိမ့်သွားမည်ကို ကောင်းကောင်း သိရှိ၏။ အထူးသဖြင့် တခြားသော အင်ပါယာ တစ်ယောက်ကလည်း ဘေးတစ်ဖက်မှ ကြည့်ရှုနေသေး၏။

"သွားမယ်"

လွင့်မြောတိမ်တောင်၏ အင်ပါယာသည် ထိုအရာကို သိသည့်အခါမှာတော့ အချိန်ဆွဲမနေတော့ချေ။ လက်ကို အသာဝှေ့ယမ်းလိုက်၏။ တည်နေရာအက်ကွဲကြောင်း တစ်ခုကို မြန်မြန်ဆန်ဆန် ဖန်တီးပြီး ထွက်သွားရန် ပြင်လိုက်သည်။

"အခုမှ ထွက်သွားဖို့ ပြင်ဆင်တယ် ဆိုတော့ နောက်ကျသွားပြီလို့ မထင်ဘူးလား" ဖန်းဟန်သည် မထူးခြားသလို ပြောလိုက်၏။

“သေစမ်း” ဖန်းဟန်က အော်ဟစ်လိုက်၏။

ထိုအော်သံသည် တစ်လောကလုံး အနှံ့ဆီသို့ ပျံ့နှံ့လုမတတ်ပင်။ ၎င်း၏ လှံထိပ်ဆီမှ အလင်းတန်းများ ထွက်ပေါ်လျက် ရှိနေ၏။ သူတော်စင်အဆင့် လက်နက် တစ်ခုသည် အင်ပါယာတစ်ယောက်၏ စိတ်ဆန္ဒဖိအားဒဏ်ကို မခုခံနိုင်ချေ။ လှံကို အပြည့်အဝ မဝေ့ယမ်း လှံ၏ ကိုယ်ထည်ပေါ်တွင် အက်ကွဲကြောင်းများ ဖြစ်တည်လာခဲ့၏။

သို့ပေမဲ့ လှံတစ်ခုလုံး ကွဲကြေသွားခဲ့သည် ဆိုလျှင်တောင်မှ လှံ၏ အစစ်အမှန် တည်ရှိမှုက ဖြစ်တည်လျက် ရှိနေတုန်းပင်။ ၎င်း၏ အော်ရာသီးသန့် ကျန်ရှိခြင်းကပင်လျှင် ကြောက်မက်ဖွယ်ရာ အလင်းတန်းများ ဖြစ်တည်ကာ အားလုံးသော သူတို့ကို တုန်လှုပ်စေခဲ့သည်။

အဝေးတစ်နေရာက ကြည့်ရှုမည်ဆိုလျှင် ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးတွင် လှံအရိပ်အယောင် တစ်ခုသည် မားမားမတ်မတ်ရှိနေပြီး ကြောက်မက်ဖွယ်ရာကောင်းသည့် အရှိန်အဟုန်မျိုးကို ထုတ်ဖော်နေ၏။

“ဘယ်လိုဖြစ်ပြီး ဒီလောက် အားကောင်းရတာလဲ” လွင့်မြောတိမ်တောင်၏ အင်ပါယာသည် လက်စည်း သင်္ကေတ တစ်ခုကို ဖန်တီးပြုလုပ်လိုက်ပြီး လောကကြီး၏ စွမ်းအင်များကို ထိန်းချုပ်လိုက်၏။ ကောင်းကင်ယံဆီမှ ကြယ်မြစ်ကြီးတစ်ခု ဆင်းသက်လာသကဲ့သို့ပင် အလင်းတန်းကြီးသည် တစ်ဖက်လူ၏ တိုက်ခိုက်ချက်ကို ကာကွယ် လိုက်သည်။

အလင်းတန်းကြီးသည် လှံထိပ်နှင့် တည့်တည့်ပင် တွေ့ဆုံသွား၏။

ဝုန်း

နားကွဲလောက်စရာ အသံကြီး ထွက်ပေါ်လာခဲ့၏။ ထိုအသံကို ကြားရသည့် သက်ရှိသတ္တဝါ အားလုံးသည် နားစည်များ လှုပ်ခါသွားခဲ့၏။ ၎င်းတို့သည် အသံထွက်ပေါ်လာရာ တည်နေရာကို လှမ်းကာကြည့်ရှုလိုက်သည့် အချိန်မှာတော့ လှိုင်းအဟုန်များသည် တည်နေရာတစ်ခုဆီသို့ ပျံ့နှံ့သွားခဲ့လေ၏။ ကောင်းကင်ယံ ထက်တွင် ကြီးမားလှသည့် အပေါက်ကြီးတစ်ခု ဖြစ်တည်လျက် ရှိနေပြီး ကြယ်စင်စုများ အားလုံးပင်လျှင် မှေးမှိန်ကုန်သည်။

“အင်ပါယာနှစ်ယောက်က တကယ်ကို တိုက်ခိုက်နေတာပဲ”

“ဒီအင်ပါယာနှစ်ယောက်က ဘယ်သူတွေလဲ”

“အင်ပါယာတိုင် နဲ့ အင်ပါယာမိုယွမ်လား”

“အင်ပါယာမိုယွမ် မဟုတ်ဘူး။ ကောလဟာလတွေအရဆိုရင် အင်ပါယာမိုယွမ်က ကောင်းကင်မူလလောကထဲကို ဝင်သွားပြီးပြီ။ ဖြစ်နိုင်တာ ကန့်သတ်နယ်မြေထဲက မွန်းစတားအိုကြီးတွေ ဖြစ်နိုင်တယ်”

“ခင်ဗျားတို့အားလုံး မေ့သွားပြီလား။ မကြာသေးခင်က မြေအင်မော်တယ်လောကက သတ္တဝါတစ်ကောင်က ဒီကို ဖြတ်သန်းလာပြီး အင်အားစု တော်တော်များများကို ကျွန်ပြုခဲ့တယ်တဲ့။ ပြောရမယ်ဆိုရင် တချို့ အင်ပါယာတွေက ဒီကိစ္စကို လုံးဝ လက်မခံနိုင်လို့ လှုပ်ရှားဖို့ ဆုံးဖြတ်လိုက်ကြတာ ဖြစ်ရမယ်”

“အင်း.... အဲဒီ ဖြစ်နိုင်ချေကိုလည်း ဖယ်ရှားပစ်လို့ မရဘူး”

......

ရေတွက်လို့ မရအောင် များပြားလှသည့် လူများသည် ချက်ချင်းဆိုသလိုပဲ အပြင်းအထန် ဆွေးနွေးလျက် ရှိနေလေ၏။ ၎င်းတို့ အားလုံးသည် စိတ်ဝင်တစား ဖြစ်လို့နေ၏။

တိုက်ပွဲသည် အလွန်ဝေးဝေးတွင် တည်ရှိနေခြင်းမှာ ၎င်းတို့အတွက် ကံကောင်းခြင်းဖြစ်၏။ ၎င်းတို့သည် စပ်စုလိုစိတ်နှင့်အတူ စိတ်သက်သာရာ ရခြင်းကိုလည်း ခံစားနေမိ၏။ အင်ပါယာနှစ်ယောက်တို့သည် ၎င်းတို့၏ တည်နေရာတွင် ပြင်းပြင်းထန်ထန် မတိုက်ခိုက်သည်ကပင်လျှင် ကျေးဇူးတင်စရာ ဖြစ်နေ၏။ မဟုတ်ပါက ဤတည်နေရာတွင် ရှိနေသည့် သက်ရှိသတ္တဝါပေါင်း များစွာတို့သည် ပြောနေစရာပင် မလိုချေ။ အကုန်လုံး သေဆုံးသွားပေလိမ့်မည်။

All Chapters