← Chapters

အပိုင်း (၃၁၃)

Vol. 21 Ch. 313

အပိုင်း (၃၁၃)

Vol. 21 Ch. 313

အရိပ်ထဲမှာတော့ မုန့်ရှင်းကျီသည် အင်ပါယာတစ်ယောက်၏ နတ်ဘုရားဝိညာဉ်နှင့် အင်ပါရီယာလက်နက် တစ်ခုကို သိမ်းဆည်းလိုက်၏။

ဒီတစ်ကြိမ်လာတဲ့ ခရီးစဉ်က အလဟသ မဖြစ်ဘူးပဲ။ ငါ တော်တော်ကြီးကို ရှာဖွေနိုင်ခဲ့တယ်။ နောက်တစ်ကြိမ် ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို သွားတဲ့အချိန်ကsရင် နတ်ဘုရားရွှေ ဘယ်နေရာမှာရှိသလဲဆိုတဲ့ သတင်းအချက်အလက်ကို စီနီယာဆီကနေ ဝယ်ယူလို့ရပြီ။ မုန့်ရှင်းကျီက တွေးတောလိုက်သည်။

သူသည် ဖန်းဟန်နှင့်အတူ ရောက်ရှိလာခဲ့သည့် အင်ပါယာပင် ဖြစ်လေ၏။ ဖန်းဟန်၏ အားအင်အဆင့် ၊ ၎င်း၏ အစောင့်အရှောက် တော်ဝင်သူတော်စင်အဆင့် ကျင့်ကြံခြင်းဖြင့် ကျယ်ပြောလှသည့် ခရမ်းရောင်နက်နဲ လောကထဲ၌ မြန်မြန်ဆန်ဆန် ခရီးသွားလာရန် ဆိုသည်မှာ မဖြစ်နိုင်ချေ။

ခရမ်းရောင်နက်နဲလောကဆိုသည်မှာ သေးငယ်သည့်လောက မဟုတ်ပေ။ သူတော်စင်တစ်ယောက် ပျံသန်းသွားသည့် အမြန်နှုန်းနှင့်ဆိုလျှင် ခရီးသွားလာရန် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်မည်ဖြစ်၏။ ဆယ်စုနှစ်ပေါင်းများစွာ ဆိုသည်မှာ ဖန်းဟန် ရောက်ရှိသည်နှင့် တပြိုင်နက် လွင့်မြောတိမ်တောင်မှ လူများ ရှိတော့မည် မဟုတ်ချေ။

ထို့ကြောင့် အခွင့်အရေးကို အရယူပြီး မုန့်ရှင်းကျီသည် ဖန်းဟန်ကို အနောက်မှလိုက်ကာ ပို့ဆောင်ခဲ့၏။ သူသည် အရင်ဆုံး လှုပ်ရှားခဲ့ခြင်းသာလျှင်ဖြစ်၏။ သူလုပ်ရန် လိုသည်မှာ အစီအရင်တစ်ခုကို ဖန်တီးပြီး ဖန်းဟန်၏ အားအင် အဆင့်ကို ပိုမိုတိုးတက်လာချိန်တွင် တစ်ဖက်လူ ထွက်ပြေးမသွားနိုင်စေရန် ကူညီခဲ့ခြင်းသာ ဖြစ်၏။ သူ့အနေနှင့် အစီအရင်ကို အားကိုး၍ တစ်ဖက်လူအား တစ်လ၊ နှစ်လလောက်ပင် ချုပ်နှောင်နိုင်စွမ်း ရှိနေ၏။

ဖန်းဟန်တစ်ယောက် သူ၏လက်ထဲတွင် ရှိနေသည့် ကျောက်စိမ်းပြားကို အသုံးပြုပြီးသည့် အချိန်မှာတော့ တစ်ဖက် အင်ပါယာတစ်ယောက်အား သတ်ဖြတ်ဖို့ ဆိုသည်မှာ လွယ်ကူသွားခဲ့၏။ အခွင့်အရေးကို အရယူပြီးသည့်နောက် မုန့်ရှင်းကျီသည် ဖန်းဟန်နှင့် ပူးပေါင်းခဲ့ခြင်းသာဖြစ်သည်။

ဖန်းဟန်သည် ရန်ကြွေးများကို ဖြေရှင်းနိုင်ရုံသာမက အင်ပါယာတစ်ယောက်၏ သိုလှောင်လက်စွပ်များ ကိုလည်း ရရှိခဲ့လေ၏။ သူကတော့ အင်ပါရီယာလက်နက် တစ်ခုနှင့် နတ်ဘုရားဝိညာဉ်ကို ရရှိခဲ့၏။ ထိုအရာကို သတင်းအချက်အလက်နှင့် လဲလှယ်နိုင်ပါက သူ၏ ကျင့်ကြံခြင်းသည် ပိုမိုကာ တိုးတက်လာပေလိမ့်မည်။ အကြိမ် အနည်းငယ် ဤကဲ့သို့သာ ဆက်လုပ်မည်ဆိုပါက ချမ်းသာလာမှာ သေချာ၏။

“ဒီတစ်ကြိမ် မင်းရဲ့ အခွင့်အရေးက အရမ်းကို တန်ဖိုးကြီးမားတယ်။ နာရီအနည်းငယ် ကျန်သေးနေတယ် ဆိုတော့ နောက်ထပ် ဘယ်သူ့ကိုသွားပြီး ပြဿနာရှာအုံးမလဲ” မုန့်ရှင်းကျီသည် အသံပို့လွှတ်ကာဖြင့် မေးမြန်းလိုက်သည်။

ဖန်းဟန်သည် တိုက်ခိုက်ရာတွင် တာဝန်ယူထား၏။ သူကတော့ တစ်ဖက်လူများ ထွက်ပြေးမသွားစေရန် အစီအရင်နှင့် တားဆီးခြင်းအလုပ်ကို လုပ်ရ၏။ တာဝန်အားလုံးသည် ဖန်းဟန်၏ ကိုယ်ပေါ်တွင်ရှိပြီး သူ့အနေနှင့် အလကားနီးပါး အကျိုးအမြတ်ကို ရရှိခဲ့သည်ဟု ဆိုရမည်။ ဤကဲ့သို့သော အခွင့်အရေးကို လက်လွှတ်ခံ၍ မဖြစ်ချေ။ ထိုကဲ့သို့သော အရာကို လက်လွှတ်ခံသည်ဆိုပါကလည်း မုန့်ရှင်းကျီ မဟုတ်ပေ။

“အင်း.. အင်မော်တယ်နန်းတော်ကို သွားမယ်”

ဖန်းဟန်သည် နှောင့်နှေးခြင်းတစ်ချက် မရှိဘဲ တုံ့ပြန်လိုက်၏။ ဤစကားစုသည် သူ၏စိတ်ထဲတွင် ပဲ့တင်ထပ်လျက် ရှိနေလေ၏။ အင်မော်တယ်နန်းတော်သည် ဤနေရာနှင့် မနီးမဝေးတွင် တည်ရှိလို့နေခဲ့၏။ လွင့်မျောတိမ်တောင်နှင့် နီးနီးကပ်ကပ် ချိတ်ဆက်ပြီး ပြုလုပ်နေသည့်အဖွဲ့အစည်း ဖြစ်သောကြောင့် အင်မော်တယ် နန်းတော်ကို တိုက်ခိုက်ရန် ရွှေအခွင့်အရေးပင် ဖြစ်ပေလိမ့်မည်။

“ဒါဆိုရင် ဘာကို စောင့်နေမှာလဲ”

မုန့်ရှင်းကျီ၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုများနှင့် တောက်ပလျက် ရှိသည်။ “သွားကြရအောင်”

ဖန်းဟန်သည် ခေါင်းညိတ်လိုက်၏။ နှစ်ယောက်သား အသာလှည့်ပြီးသည့်နောက် အရှေ့ဆီသို့ လှမ်းလျှောက် လိုက်၏။ ချက်ချင်းဆိုသလိုပဲ သူတို့သည် မြင်ကွင်းမှ ပျောက်ကွယ်သွားကြ၏။

....

သူတို့ထွက်ခွာသွားပြီး မကြာသေးခင်မှာပဲ ကောင်းကင်ယံထက်တွင် များပြားလှသည့် စွမ်းအားမြင့် ကျင့်ကြံသူများ ပေါ်ပေါက်လာခဲ့၏။ ၎င်းတို့၏ ပုံပန်းသွင်ပြင်များသည် ဝေဝါးလျက် ရှိနေပြီး မြူများဖြင့် လွှမ်းခြုံထားသည်။ တစ်ယောက်ချင်းစီတိုင်းသည် ၎င်းတို့၏ အစစ်အမှန် ပုံပန်းသွင်ပြင်ကို မထုတ်ဖော်ခဲ့ချေ။ သို့ပေမဲ့ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အော်ရာများကို ထုတ်ဖော်လျက် ရှိနေသည်။

တိတ်ဆိတ်မှုသည် အရာအားလုံးကို လွှမ်းခြုံလျက် ရှိနေ၏။ ၎င်းတို့သည် လက်ရှိ ဖြစ်တည်နေသည့် တိုက်ပွဲ တည်နေရာကို လှမ်းကာ ကြည့်ရှုလိုက်၏။ ခဏလောက် ကြာပြီးသည့်နောက် ရွှေရောင်သွေးစွမ်းအင်များ လွှမ်းခြုံလျက် ရှိနေပြီး နတ်သားတစ်ပါးကဲ့သို့ ပုံပန်းသွင်ပြင်မျိုး တည်ရှိနေသည့် လူတစ်ယောက်သည် ကြင်နာစွာဖြင့် ပြောဆိုလိုက်၏။ “အင်း... မြေအင်မော်တယ်လောကက သက်ရှိတွေပဲ”

“အမှန်ပဲ” လေဟာနယ်ထဲတွင် ရပ်တန့်လျက် ရှိနေသည့် ရွှေရောင်လူသည် ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။ ၎င်း၏ ခန္ဓာကိုယ်မှ အော်ရာသီးသန့် တစ်ခုတည်းနှင့်ပင် တည်နေရာတစ်ခုလုံးကို သုတ်သင်ရှင်းလင်းပစ်နိုင်စွမ်း ရှိနေသည်။

၎င်းက အေးစက်စက် ပြောလိုက်၏။ “အင်း... မြေအင်မော်တယ်လောကက လူတွေက‌ မောက်မာတာ လွန်နေပြီ။ တည်နေရာလမ်းကြောင်းက ပြင်းပြင်းထန်ထန် ထိခိုက်သွားတယ်ဆိုတော့ ဘယ်အချိန် ပြန်ကောင်းနိုင်မလဲဆိုတာ မသေချာဘူးလေ။ ဒီလူတွေကို ပညာပေးဖို့ လိုနေပြီ”

“တကယ်လို့ သူတို့ မပြန်နိုင်တော့ဘူးဆိုရင်ရော” တစ်စုံတစ်ယောက်က မေးမြန်းလိုက်သည်။

၎င်းသည် အားကောင်း လွန်းလှသည့် တာအို၏ အော်ရာများ လွှမ်းခြုံလျက် ရှိနေသည့် လူတစ်ယောက်ဖြစ်၏။ နတ်ဘုရားစွမ်းရည် များသည် ၎င်း၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာ၏။ လှုပ်ရှားမှု တစ်ခုတလေကပင်လျှင် အနားတွင် ရှိနေသည့် လေဟာနယ် တစ်ခုလုံးကို သက်ရောက်စေခဲ့၏။

လက်ရှိ အခြေအနေမှာတော့ ဤတိုက်ပွဲတည်နေရာဆီသို့ လာရောက်ကာ ကြည့်ရှုရဲသည့် လူတိုင်းသည် အင်ပါယာ များပင် ဖြစ်ကြ၏။ ၎င်းတို့သည် မြေအင်မော်တယ်လောကကို စိုးရိမ်သည်ဆိုသော်လည်း အရမ်းကြီး ကြောက်ရွံ့သည့် လူများတော့ မဟုတ်ကြချေ။

မြေအင်မော်တယ်လောကသည် သူတို့၏ လောကကြီးအား ၎င်းတို့၏ နောက်ဖေးခြံဝန်းကဲ့သို့ သတ်မှတ်ကာ လုပ်ချင်တိုင်း လုပ်၍နေကြသည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် အဘယ်သို့ ထိုင်ကာ ကြည့်ရှုရမည်နည်း။

မြေအင်မော်တယ်လောက၏ တည်နေရာလမ်းကြောင်းသာ တည်ရှိနေသေးသည် ဆိုပါက သူတို့အနေနှင့် တွန့်ဆုတ်ကောင်း တွန့်ဆုတ်ပေလိမ့်မည်။ ထိုလမ်းကြောင်းသည် ဆိုးဆိုးရွားရွား စုတ်ပြတ်သတ်သွားခဲ့ပြီး ပြန်လည်ပြင်ဆင်ရန်အတွက် အချိန်အတော်ကြာ လိုအပ်ပေလိမ့်မည်။

“ဒါဆိုလည်း သူတို့အားလုံးကို သတ်ရအောင်” အင်ပါယာတစ်ယောက်သည် ကြမ်းတမ်းလှသည့် တိုက်ပွဲတစ်ခုကို ရင်ဆိုင်လိုသည့် ဆန္ဒများကို ထုတ်ဖော်လျက် ရှိနေလေ၏။ ၎င်းသည် အသာလှမ်းလျှောက်လာခဲ့၏။ ဤလူသည် နှစ်ပေါင်းများစွာ တားမြစ်တည်နေရာထဲတွင် ကျင့်ကြံလျက်ရှိနေသည့် ရှေးအင်ပါယာ တစ်ယောက်ပင် ဖြစ်လေ၏။

ယနေ့အချိန်တွင်တော့ အင်ပါယာနှစ်ယောက်၏ တိုက်ပွဲကြောင့် သူတို့ ထွက်လာခဲ့ကြ၏။ သူသည် အမှန်ပင် စိတ်မကျေမနပ် ဖြစ်နေမိ၏။ တခြားသောလောကဆီမှ သက်ရှိများသည် သူတို့၏ လောကဆီသို့ လာရောက်ကာ တိုက်ခိုက်မှုကို ပြုလုပ်လျက် ရှိနေ၏။ အဘယ်သို့ ဒေါသမထွက်ဘဲ နေမည်နည်း။

“အခြေအနေကို အရင်ဆုံး သုံးသပ်ကြတာပေါ့။ မြေအင်မော်တယ်လောကနဲ့ ခရမ်းရောင်နက်နဲလောကကြားမှာ ရှိတဲ့ တည်နေရာ လမ်းကြောင်း ဆက်သွယ်မှုက ပျက်စီးသွားခဲ့ပြီ။ အနာဂတ်မှာ ဘာတွေဖြစ်မလဲဆိုတာကို ဘယ်သူမှ သေသေချာချာ ခန့်မှန်းမထားနိုင်ဘူးလေ” ကြင်နာတတ်သည့် ပုံပန်းသွင်ပြင်နှင့် လူတစ်ယောက်က ပြောဆိုလိုက်၏။

သူဆုံးအောင် မပြောဆိုရသေးခင်မှာပဲ မိုးခြိမ်းသံကဲ့သို့ အသံတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ယံ တစ်ခုလုံး တုန်ခါသွားခဲ့၏။ အနီးအနားတွင် ရှိနေသည့် ကြယ်တည်နေရာကြီး တစ်ခုလုံးသည်လည်း တဝုန်းဝုန်းနှင့် လှုပ်ခါ သွားခဲ့သည်။

အင်ပါယာနှစ်ယောက်ကျော်တို့ တိုက်ခိုက်နေသည့် အသံများ ပေါ်ပေါက်လာခဲ့ပြီး အင်ပါယာ၏ သွေးများသည် တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့သွားခဲ့လေ၏။ ၎င်းတို့၏ တိုက်ခိုက်မှုသည် ခရမ်းရောင်နက်နဲ လောကကြီး၏ တစ်ဝက်လောက်ကိုပင် တုန်ခါသွားစေခဲ့၏။ ကြည့်ရှုနေသူများ အားလုံးသည် ပါးစပ် အဟောင်းသားဖြင့် ခေါင်းမော့၍သာ ကြည့်ရှုနိုင်၏။

“အင်း... ဒီလိုပဲ အဆုံးသတ်တော့မှာလား”

ခရမ်းရောင်နက်နဲလောကဆီမှ အင်ပါယာတစ်ယောက်က လှမ်းကာ ပြောဆိုလိုက်၏။ တစ်ကြိမ် သည်းခံနိုင်၏။ သို့ပေမဲ့ ဒုတိယအကြိမ် မည်ကဲ့သို့ သည်းခံနိုင်မည်နည်း။ ခရမ်းရောင် နက်နဲလောကကြီးကို ဒုက္ခပေးရန် ရောက်ရှိလာခဲ့လေသည်လား။ မြေအင်မော်တယ် လောကဆီမှ သက်ရှိများသည် ဆိုးရွားလှချေသည်။

.............

ထိုအတောအတွင်း မြေအင်မော်တယ်လောက၏ လွင့်မျောတိမ်တောင် ....

ဆန်းကြယ်လွန်း လှသည့် နတ်ဘုရားတောင်တန်းကြီးတစ်ခု အပေါ်မှာတော့ အင်မော်တယ်စွမ်းအင်များသည် တရိပ်ရိပ် ဖြစ်တည်လျက် ရှိနေလေ၏။ အလယ်ဗဟိုတွင် ရှိနေသည့် ဟောခန်းကြီးအတွင်းတွင် ဆံပင်အဖြူရောင်နှင့် အဘိုးအို တစ်ယောက်သည် မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။ ၎င်း၏ အမူအရာသည် တည်ငြိမ်အေးဆေးလျက် ရှိနေတုန်းပင်။ “ဆိုးပြီ”

“ဘာတွေဖြစ်နေတာလဲ တောင်အရှင်” ဘေးတစ်ဖက်တွင် ထိုင်လျက် ရှိနေသည့် အကြီးအကဲသည် လှမ်းကာ မေးလိုက်၏။

“ဘိုးဘေး ဒုက္ခရောက်နေပြီ။ သူ့ရဲ့အော်ရာတွေ တဖြည်းဖြည်း လျော့ကျသွားတာကို ငါ အာရုံခံမိတယ်။ သူ့ရဲ့ သိစိတ်က တစ်ခါတည်း ပျောက်ကွယ်တော့မယ်” တောင်အရှင်၏ မျက်နှာတစ်ခုလုံးသည် မဲမှောင်လျက် ရှိနေသည်။ သူသည် ကျောက်စိမ်းလေဟာနယ် တည်နေရာဆီသို့ လှမ်းကာ ကြည့်ရှုပြီး အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။ “ကျောက်စိမ်းလေဟာနယ်နန်းတော်က တစ်ခုခု ပြုလုပ်လိုက်တာလား”

မြေအင်မော်တယ်လောကဆီမှ ဖန်တီးထားသည့် တည်နေရာလမ်းကြောင်း တစ်ခုလုံးသည် ပျက်စီးသွားခဲ့သည် ဆိုသည့်သတင်းသည် ထွက်ပေါ်လာခဲ့ပြီးသားဖြစ်၏။ အဆင့်နိမ့်နယ်မြေဆီသို့ စေလွှတ်လိုက်သော အင်အားစု တော်တော်များများသည် စိုးရိမ်လျက် ရှိနေလေ၏။

“ခရမ်းရောင်နက်နဲလောကရဲ့ အင်ပါယာတစ်ယောက် တစ်ယောက်က တိုက်ခိုက်ခဲ့ပြီး တည်နေရာလမ်းကြောင်း ပျက်စီးသွားခဲ့တယ်။ တောင်အရှင် စိတ်ပူဖို့ မလိုပါဘူး။ ကျောက်စိမ်းလေဟာနယ်နန်းတော် ဘိုးဘေးရဲ့ အားအင်အဆင့်က ဒီအရာကို မြန်မြန်ဆန်ဆန် ပြန်ပြင်နိုင်ပါတယ်” ထိုအကြီးအကဲသည် ဘေးတစ်ဖက်ဆီမှ နှစ်သိမ့်လိုက်သည်။

၎င်းသည် နှစ်သိမ့်စကားများကို ပြောဆိုလိုက်သည် ဆိုသော်လည်း မျက်နှာသွင်ပြင် တစ်ခုလုံးမှာတော့ ပျက်ယွင်း နေခဲ့၏။ ၎င်းတို့ ဘိုးဘေး၏ အော်ရာသည် တဖြည်းဖြည်း အားနည်းကာဖြင့် အသိစိတ်တစ်ခုလုံး ပျောက်ကွယ်လု မတတ် ဖြစ်နေသည်ကို အာရုံခံမိ၏။ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိပြီး ပြန်လည် မကောင်းမွန်နိုင်သည့် အခြေအနေ သို့မဟုတ် ထိုထက်ဆိုးရွားသည့် အခြေအနေသို့ပင် ရောက်ရှိသွားနိုင်၏။

“အင်း.. အစစ်အမှန် အင်မော်တယ်တစ်ယောက် ဖွင့်ထားတဲ့ တည်နေရာလမ်းကြောင်းက အင်ပါယာတစ်ယောက်ရဲ့ လက်ချက်ကြောင့် ပျက်စီးသွားတယ် ဟုတ်လား။ ဒါ ဖြစ်နိုင်ပါ့မလား”

တောင်အရှင်သည် အေးစက်သည့် လေသံဖြင့် မေးခွန်းထုတ်လိုက်သည်။ “ခရမ်းရောင်နက်နဲလောကထဲမှာ အင်ပါယာ ဒါမှမဟုတ် အင်မော်တယ်တွေတောင် မဖြေရှင်းနိုင်တဲ့ ပြဿနာတစ်ခုခု တက်နေတာများလား”

လက်ရှိဖြစ်နေသည့်အရာသည် အင်မော်တယ် တစ်ယောက်ပင်လျှင် ကိုင်တွယ်နိုင်သည့်အရာ မဟုတ်ကြောင်း တောင်အရှင်က ကောင်းကောင်းသိရှိနေ၏။

ခရမ်းရောင်နက်နဲလောကဆိုသည်မှာ လောကအသေးတစ်ခုသာဖြစ်ပြီး အင်ပါယာသာလျှင် ထိပ်ဆုံးအဆင့် ကျင့်ကြံသူ ရှိသည့် လောကတစ်ခု ဖြစ်၏။ သူတို့အနေနှင့် အင်ပါယာတစ်ယောက်ကို စေလွှတ်လိုက်သည် ဆိုလျှင်တောင်မှ ခရမ်းရောင်နက်နဲလောကကြီးတွင် ထိပ်တန်းစွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်အဖြစ် တည်ရှိနေပေလိမ့်မည်။ မည်သူမှသည် သူတို့ကို ပြန်လည်ကာ တိုက်ခိုက်ရဲလိမ့်မည် မဟုတ်ချေ။

ခရမ်းရောင်နက်နဲလောကကြီး တစ်ခုလုံးကို ထုံးလိုမွှေ၊ ရေလိုနှောက် အကုန်ဗြောင်းဆန်အောင် ပြုလုပ်ခဲ့သည် ဆိုလျှင်တောင်မှ သူတို့ ဘိုးဘေးကြီးကို ပြန်လည်ကာ တိုက်ခိုက်နိုင်သည့်လူဟူ၍ ရှိလိမ့်မည် မဟုတ်ချေ။ ဖြစ်နိုင်ချေ တစ်ခုတည်းသာလျှင် ရှိ၏။ တစ်စုံတစ်ယောက်သည် သူတို့ကို လှည့်ပတ်ကာ ထောင်ချောက်ဆင်ခဲ့ခြင်း သာလျှင် ဖြစ်ပေလိမ့်မည်။

“ဘယ်လောက်ဆိုးယုတ်လိုက်လဲ”

တောင်အရှင်သည် ကြောက်မက်ဖွယ်ရာ‌ ကောင်းလှသည့် လေသံဖြင့် ပြောဆိုလိုက်၏။ သူ၏ မျက်လုံးထဲတွင် အေးစက်သည့် အလင်းတန်းများ တောက်ပလျက် ရှိနေပြီး သတ်ဖြတ်လိုခြင်း ဆန္ဒများသည် အရှိန်အဟုန်ပြင်းပြင်းဖြင့် ဖြစ်တည်နေ၏။

လွင့်မျောတိမ်တောင်သည် ဖန်းကလန်ကို သုတ်သင်ရန်အတွက် ကြီးမားလှသည့် အားအင်ကို စိုက်ထုတ် ခဲ့၏။ သို့ပေမဲ့ ကျောက်စိမ်းလေဟာနယ်နန်းတော်မှာတော့ အကျိုးအမြတ်များများကို ရယူသွားခဲ့၏။ ဤကိစ္စသည် လက်သင့်မခံနိုင်စရာပင်။

“ဂျူနီယာညီလေး... အင်မော်တယ်နန်းတော်နဲ့ တိုင်ရှုတောင်ကို ချက်ချင်းပဲ သတင်းပို့လိုက်။ ကျောက်စိမ်း လေဟာနယ်နန်းတော်ရဲ့ အကြံအစည် အကြောင်းကို သူတို့ကို ကြိုပြီး အသိပေးမှဖြစ်မယ်။ ကျုပ်တို့ အဓိက ဂိုဏ်းသုံးခုသာ ပူးပေါင်းလိုက်မယ်ဆိုရင် ကျုပ်တို့လူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုနိုင်တယ်။ ကျောက်စိမ်းလေဟာနယ် နန်းတော်ရဲ့ အစစ်အမှန် အင်မော်တယ်က မြေအင်မော်တယ်လောက တစ်ခုလုံးရဲ့ ဒေါသတွေကို ခုခံနိုင်မလား ဆိုတာကို ကြည့်ကြတာပေါ့” လွင့်မျောတိမ်တောင်အရှင်သည် အေးစက်သည့် လေသံဖြင့် ပြောဆိုလိုက်၏။

All Chapters