← Chapters

အခန်း (၈၂၉-၈၃၁)

Vol. 56 Ch. 829-831

အခန်း (၈၂၉-၈၃၁)

Vol. 56 Ch. 829-831

အခန်း(၈၂၉)

"အစီအရင်ထဲမှာ တစ်ယောက်ယောက် ရှိနေတာလား "

သူ့ရှေ့မှ မြင်ကွင်းကြောင့် ရှချမ်ဟဲ၏ အမူအရာက အလွန်တရာပင် ပြောင်းလဲသွားခဲ့သည်။

သူက အစီအရင်ဖြင့် လွှမ်းခြုံထားသည့် ချိုင့်ဝှမ်းကို ရုတ်တ ရက် လှမ်းကြည့်လိုက်၏။

သူ၏ မျက်လုံးထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ယှက်သန်းသွားခဲ့သည်။

"ဘယ်သူလဲ သတ္တိရှိရင်ထွက်လာခဲ့ "

ရှချမ်ဟဲ၏ စကားသံ ဆုံးသည်နှင့် တစ်ပြိုင်နက် အစီအရင် ထဲကနေ အနက်ရောင်ဝတ်စုံဝတ်လူငယ်တစ်ဦးသည် ဖြည်းညင်းစွာ လျှောက်ထွက်လာခဲ့သည်။

"ကောင်လေး မင်းဘယ်သူလဲ "

အစီအရင်ထဲကနေ ထွက်ပေါ်လာသည့် အနက်ရောင်ဝတ်စုံဝတ် ကောင်လေးကိုမြင်လျှင် ရှချမ်ဟဲသည် မျက်မှောင်ကြုတ်သွားခဲ့၏။

သူက သူ့အရှေ့ရှိ အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို အနည်းငယ် ရင်းနှီးသလို ခံစားမိလိုက်သည်။

"ငါက မီးလျှံသားရဲရဲ့ ပိုင်ရှင်ပဲ"

ကျန်းချန်က ရှချမ်ဟဲကို အသာအယာ လှမ်းကြည့်ကာ အေးစက်စက် ပြောလိုက်၏။

"မင်းတို့က ငါ့နယ်မြေထဲမှာ ငါ့ရဲ့ အစီအရင်ကို ခွင့်ပြုချက်မရှိဘဲ တိုက်ခိုက်ခဲ့တဲ့ အပြင် ငါ့ရဲ့ မီးလျှံသားရဲကိုပါ ဒဏ်ရာရအောင် လုပ်ဆောင်ခဲ့တယ်.. ဒါတောင် မင်းတို့က ငါဘယ်သူလဲဆိုတာ မေးရဲသေးတယ်လား"

"အကြီးအကဲချမ်ဟဲ.. ကျွန်တော်တို့ ရှာတွေ့ပြီ"

ထိုအချိန်တွင် အစီအရင်ကို တိုက်ခိုက်ရန် တာဝန်ယူထားသည့် ရှမိသားစုမှ ကျင့်ကြံသူ လေးယောက်သည် ရှချမ်ဟဲ၏ နံဘေးကို ရောက်လာပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"ဒီကောင်လေးက အံ့ဖွယ်တိမ်တိုက်ဂိုဏ်းက လိုချင်နေတဲ့ ကျန်းချန်ပဲ"

ရှချမ်ဟဲသည် သူ့ရှေ့မှ ကောင်လေးက အံ့ဖွယ်တိမ်တိုက်ဂိုဏ်းမှ လိုချင်နေသော ကျန်းချန် ဖြစ်မှန်း သိလိုက်ရလျှင် အံ့အားသင့်သွားခဲ့သည်။

"ကျန်းချန် မင်းကို ရှာမတွေ့မှာ စိုးရိမ်နေခဲ့ရတာ.. ဒါပေမဲ့ မင်းက တံခါးဝအထိ ကိုယ်တိုင် ရောက်လာမယ်လို့ ငါတကယ် မထင်ထားခဲ့ဘူး.. ဒီအတိုင်းဆိုရင် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းရဲ့ ဆုလာဘ်က ငါ့တို့ ရှမိသားစုရဲ့ လက်ထဲကို ရောက်ဖို့ သေချာသလောက်ပဲ"

ရှချမ်ဟဲက ကျန်းချန်ကို လှမ်းကြည့်ကာ မထီမဲ့မြင် ရေရွတ်လိုက်သည်။

သူ့အနေဖြင့် ဤကောင်လေးကို အနည်းငယ် ရင်းနှီးသလို ခံစားနေရသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

ဤကောင်လေးသည် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းမှ ဆုငွေထုတ်ထားသည့် ကျန်းချန် ဖြစ်နေသည် မဟုတ်ပါလော။

သူ့ကို အထင်မြင်သေးနေသည့် ရှချမ်ဟဲကို မြင်လျှင် ကျန်းချန်၏ အမူအရာသည် ချက်ချင်းပင် အေးစက်သွားခဲ့သည်။

"အဘိုးကြီး မင်းငါ့ကို ဖမ်းဆီးနိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား.. ငါ့ကို အံ့ဖွယ်တိမ်တိုက်ဂိုဏ်းဆီ ခေါ်သွားပြီး ဆုငွေထုတ်ဖို့ အခွင့်အရေး မင်းဘယ်လိုမှ ရနိုင်မှာ မဟုတ်ဘူး"

ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်ပြီးနောက်တွင် တိမ်တိုက်ဝါးမျို နည်းစနစ်ကို တိုက်ရိုက် ဖော်ထုတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် လေထုထဲ၌ စိမ်းပြာရောင် ဓားနယ်မြေတစ်ခုကို အလျင်အမြန် စုစည်းလိုက်ပြီး ရှချမ်ဟဲတို့ လူစုအား လွှမ်းခြုံလိုက်သည်။

သိုင်းသခင််နယ်ပယ် ပဥ္စမအဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်ရသောအခါတွင် ကျန်းချန်သည် တုန့်ဆိုင်းမနေဘဲ သူ၏ အင်အားအကြိီးဆုံး တိုက်ကွက်ဖြစ်သည့် အချိန်နှင့် အာကာသ ဓားနယ်မြေကို တဖန် အသုံးပြုခဲ့သည်။

သူ့ရှေ့မှလူများသည် အံ့ဖွယ်တိမ်တိုက်ဂိုဏ်း ကိုယ်စား သူ့ကို ဖမ်းဆီးရန် ရည်ရွယ်ထားသောကြောင့် ထိုလူများကို သူ့အနေဖြင့် မဖြစ်မနေ ရှင်းပစ်ရပေမည်။

ထိုသို့မဟုတ်ဘဲ အံ့ဖွယ်တိမ်တိုက်ဂိုဏ်းသာ သူ့ကို ခြေရာခံမိသွားလျှင် သူ့ထက် ပိုမို အားကောင်းသော ကျင့်ကြံသူများ၏ ဝန်းရံခြင်းကို ခံရလိမ့်မည် မဟုတ်ပါလား။

ထိုအချိန်သို့ ရောက်လျှင် သူ့အနေဖြင့် ထွက်ပြေးရန် အတွက်ပင် အလွန်တရာ ခက်ခဲသွားနိုင်ပေသည်။

ဤတစ်ခေါက်တွင် ကျန်းချန်သည် သိုင်းသခင်နယ်ပယ်အဆင့်ကို ထိုးဖောက်ရန် အချိန်မရှိခဲ့ပေ။

သို့ဖြစ်ရာ သိုင်းသခင်နယ်ပယ်အဆင့် ပဥ္စမအဆင့်ကို ဖြေရှင်းရန်အတွက် အချိန်နှင့် အာကာသ ဓားနယ်မြေကို အသုံးပြုရန်သာ ကျန်ရှိတော့သည် မဟုတ်ပါလား။

ရွယ်ယန်တောင်တွင် အချိန်နှင့် အာကာသ ဓားနယ်မြေကို အသုံးပြုခဲ့စဥ် ကျန်းချန်၏ အချိန်နှင့် အာကာသ ဓားနယ်မြေကို ထိန်းချုပ်နိုင်စွမ်းသည် ၂ရာခိုင်နှုန်း အထိကို ရောက်ရှိသွားခဲ့ပြီး အင်အားလည်း များစွာ တိုးတက်လာခဲ့သည်။

သူ့ရှေ့မှ သိုင်းသခင်နယ်ပယ် ပဥ္စမအဆင့် ကျင့်ကြံသူသည် အချိန်နှင့် အာကာသ ဓားနယ်မြေထဲတွင် ပိတ်မိနေသ၍ မည်သို့မှ အသက်ရှင်လျက် ထွက်လာနိုင်မည် မဟုတ်ပေ။

အချိန်နှင့် အာကာသ ဓားနယ်မြေ၏ စွမ်းအားတိုးတက်လာသည်နှင့်အမျှ ကျန်းချန်၏ ခန္ဓာကိုယ်မှ ခံစားရသော ဝန်အားကလည်း အလျင်အမြန်ပင် တိုးလာခဲ့သည်။

သူက အချိန်နှင့် အာကာသ ဓားနယ်မြေကို ထုတ်ဖော်ပြီးနောက်တွင် သူ၏ ခန္ဓာကိုယ်မှ အသက်စွမ်းအားသည် ချက်ချင်းပင် ကုန်ခန်းသွားခဲ့၍ သွေးတစ်ပွက်ကိုပင် အန်ထုတ်လိုက်ရသည်။

"ဒီအတိုင်းဆို သိုင်းသခင်နယ်ပယ်အဆင့်ကို အမြန်ဆုံး ထိုးဖောက်ရတော့မယ် ထင်တယ်.. ဒီလိုမှ မဟုတ်ရင် အချိန်နှင့် အာကာသ ဓားနယ်မြေကို နောက်ထပ် အသုံးပြုဖို့ မဖြစ်နိုင်တော့ဘူး"

ကျန်းချန်က သွေးနဂါးဓားကို မြေပြင်တွင် ထိုးစိုက်ကာ သူ့ ခန္ဓာကိုယ်ကို မယိုင်လဲစေရန် ထိန်းချုပ်ထားခဲ့သည်။

လက်ရှိတွင် သူ၏ မျက်နှာတစ်ခုလုံးသည် ဖြူဖျော့နေခဲ့၏။

အချိန်နှင့် အာကာသ ဓားနယ်မြေကို အသုံးပြုခဲ့သောကြောင့် ဤတစ်ကြိမ် သူပြန်လည်ရရှိခဲ့သည့် တုန့်ပြန်မှုသည် လေပင်လယ် လျှို့ဝှက်နယ်မြေထဲတွင် ပထမဆုံးအကြိမ် အသုံးပြုစဥ်ကထက် များစွာပို၍ ပြင်းထန်၏။

အခန်း(၈၂၉)ပြီး၏။

အခန်း(၈၃၀)

ကျန်းချန်၏ အချိန်နှင့် အာကာသ ဓားနယ်မြေကို တစ်ကြိမ် သုံးစွဲစရိတ်သည် ကုန်ကျစရိတ် အလွန်ကြီးမားသော်လည်း အင်အားကမူ အလွန်ကြောက်မက်ဖွယ်ကောင်းသည်။

ရှမိသားစု၏ စွမ်းအင်သိပ်သည်းခြင်းအဆင့် ကျင့်ကြံသူ လေးယောက်သည် အချိန်နှင့် အာကာသ ဓားနယ်မြေ၏ အင်အားကို မခံနိုင်သည်မှာ ထင်ရှားနေ၏။

"အကြီးအကဲချမ်ဟဲ.. ကျွန်တော်တို့ကို ကယ်ပါဦး"

သူတို့၏ အသက်က အဆတစ်ရာ သို့မဟုတ် အဆ တစ်ထောင်နှုန်းဖြင့် ရူးသွပ်စွာ ကုန်ဆုံးနေသည်ကို ခံစားမိလျှင် ရှမိသားစုမှ ကျင့်ကြံသူ လေးယောက်၏ မျက်နှာထက်တွင် စိတ်ပျက်အားလျော့မှုနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်နေခဲ့သည်။

ဤအချိန်တွင် ရှချမ်ဟဲသည်လည်း ဤလျှို့ဝှက်ဆန်းကြယ်သော ဓားနယ်မြေ၏ ကြောက်မက်ဖွယ်ကောင်းပုံကို ခံစားမိပြီး အပြာရောင် ဓားနယ်မြေကနေ ဖောက်ထွက်ကာ လွတ်မြောက်ရန် ကြိုးစားချင်ခဲ့သည်။

သို့ဖြစ်ရာ ရှမိသားစုမှ ကျင့်ကြံသူ လေးယောက်၏ သေရေးရှင်ရေးကို သူက မည်ကဲ့သို့ ဂရုစိုက်နိုင်ပါမည်နည်း။

တစ်ခဏအတွင်းမှာပင် ရှမိသားစုမှ ကျင့်ကြံသူ လေးယောက်၏ အသက်များသည် အချိန်နှင့် အာကာသ ဓားနယ်မြေ၏ အင်အားအောက်တွင် ကုန်ဆုံးသွားခဲ့ရပြီး ခြောက်ကပ်သော အလောင်များအဖြစ် ပြောင်းလဲကာ မြေပြင်ပေါ်သို့ လဲကျသွားကြသည်။

ထိုမြင်ကွင်းကို မြင်လျှင် ရှချမ်ဟဲသည် အလွန်အမင်း ကြောက်လန့်သွားခဲ့သည်။

သူက ခန္ဓာကိုယ်ထဲမှ အင်အားအလုံးစုံကို အပြည့်အဝအသုံးပြုကာ အပြာရောင် ဓားနယ်မြေကို ရူးသွပ်စွာ တိုက်ခိုက်လိုက်သည်။

သို့သော် ယခုအခါတွင် ကျန်းချန်သည် အချိန်နှင့် အာကာသဓားနယ်မြေကို ၂ ရာခိုင်နှုန်းခန့် ကျွမ်းကျင်သွားပြီ ဖြစ်၍ သူ၏ အင်အားသည် ရွှယ်ယန်တောင်တွင် ရှိစဥ်ကထက်ပင် ပိုမို အားကောင်းလာပြီ ဖြစ်သည်။

သိုင်းသခင်နယ်ပယ် နဝမအဆင့် ရှချန်ယွင်ကို ပြန်လည်ရင်ဆိုင်ရလျှင်ပင် ကျန်းချန်သည် အပြတ်အသတ် ရှုံးနိမ့်လိမ့်မည် မဟုတ်ဟု ယုံကြည်ခဲ့သည်။

ထို့အပြင် သူ့ရှေ့မှ ရှချမ်ဟဲသည် သိုင်းသခင်နယ်ပယ် ပဥ္စမအဆင့်ထက် မပိုပေ။

ဆိုရလျှင် ထိုအဆင့်၏ ခွန်အားသည် အချိန်နှင့် အာကာသ ဓားနယ်မြေ၏ အတားအဆီးကို ချိုးဖျက်ရန် လုံးဝ မလုံလောက်ချေ။

ရှချမ်ဟဲက အချိန်အတော်ကြာ ရူးသွပ်စွာ တိုက်ခိုက်ခဲ့သော်လည်း အချိန်နှင့် အာကာသဓားနယ်မြေကို ထိုးဖောက်နိုင်စွမ်း မရှိတော့ပေ။

"ကျန်း.. ကျန်းချန်.. ငါမှားသွားပါတယ်.. ငါ့ကို လွှတ်ပေးပါ.. မင်း ငါ့ကို လွှတ်ပေးဖို့ ဆန္ဒရှိသ၍ မင်းရဲ့ကျွန်အဖြစ် ခိုင်းမယ်ဆိုရင်တောင် လုပ်ပေးဖို့ ငါ့မှာ ဆန္ဒရှိပါတယ်"

ရှချမ်ဟဲသည် အချိန်အတော်ကြာ တိုက်ခိုက်ပြီးနောက်တွင်အချိန်နှင့် အာကာသ ဓားနယ်မြေ၏ အင်အားအောက်၌ ဆယ်နှစ်စာမျှ အိုမင်းသွားခဲ့သည်။

သူက ကျန်းချန်ကို အထိတ်တ်တလန့် လှမ်းကြည့်ကာ တောင်းပန်လိုက်သည်။

သူ့ပတ်ဝန်းကျင်မှ အပြာရောင် ဓားနယ်မြေသည် အလွန်ပင်ထူးဆန်းပြီး အလျင်အမြန် မထွက်ခွာနိုင်လျှင် မကြာခင် အချိန်အတွင်း အလောင်းကောင် ဖြစ်သွားမည်ကို သူစိုးရိမ်မိခဲ့သည်။

"မင်းကို လွှတ်ပေးရမယ် ဟုတ်လား.. မင်းက အံ့ဖွယ်တိမ်တိုက်ဂိုဏ်း အတွက် ငါ့ကို ဖမ်းဆီးဖို့ ရွေးချယ်ခဲ့မှတော့ ငါက မင်းကို ဘာလို့ လွှတ်ပေးရမှာလဲ "

ကျန်းချန်က ရှချမ်ဟဲကို အေးစက်စွာ စိုက်ကြည့်၍ ပြောလိုက်သည်။

"ဒါ့အပြင် မင်းသေမှ ငါက လုံခြုံမှာ မဟုတ်ဘူးလား"

သူ့ရှေ့မှ အဘိုးကြီးသည် သိုင်းသခင်နယ်ပယ် ပဥ္စမအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

သူ့ကို ကျွန်ခံဖို့ ဆန္ဒရှိလျှင်ပင် သူ့အနေဖြင့် ထိန်းချုပ်ရန် ခက်ခဲပြီး အနီးအနားတွင် ထားခြင်းသည် အလွန်လည်း အန္တရာယ်များ၏။

ထို့အပြင် ဤတစ်ခေါက်တွင် သူက အချိန်နှင့် အာကာသ ဓားနယ်မြေကို အသုံးပြုထားခဲ့၍ သူ၏ ခန္ဓာကိုယ်သည် အလွန် ပြင်းထန်သည့် တုန့်ပြန်မှုကို ခံစားခဲ့ရသည်။

ထို့ကြောင့် ပြန်လည် ကောင်းမွန်လာရန်အတွက် လဝက်ခန့် အတွင်းအားကျင့်၍ ကုသရန် လိုအပ်၏။

ဤအဘိုးကြီးသာ အသက်ရှင်နေလျှင် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းသည် သူ့ကို ခြေရာခံမိသွားနိုင်ပြီး နောက်ဆက်တွဲ အကျိူးဆက်များသည် အလွန်ပင် ဆိုးရွားလာလိမ့်မည် မဟုတ်ပါလား။

"မသတ်ပါနဲ့ "

ကျန်းချန်က ငြင်းဆန်လိုက်သည်ကို မြင်လျှင် ရှချမ်ဟဲသည် ချက်ချင်းပင် စိတ်ပျက်အားငယ်သွားပြီး ကြောက်လန့်သွားခဲ့သည်။

သူက ရူးသွပ်စွာဖြင့် အချိန်နှင့် အာကာသ ဓားနယ်မြေထဲတွင် ရုန်းကန်နေခဲ့သည်။

သို့သော်လည်း သူမည်သို့ပင် ရုန်းကန်ပါစေ အချိန်နှင့် အာကာသ ဓားနယ်မြေ၏ အင်အားအောက်၌ လွတ်မြောက်ရန် ကြိုးစားမှုသည် အဆုံးသတ်တွင် မအောင်မြင်ခဲ့ချေ။

အချိန်ကြာလာသည်နှင့်အမျှ ရှချမ်ဟဲ၏ အရှိန်အဝါသည် တဖြည်းဖြည်း အားနည်းလာခဲ့ပြီး အဆုံးသတ်တွင် ရှမိသားစုမှ ကျင့်ကြံသူ လေးယောက်၏ ခြေရာနောက်သို့ လိုက်ကာ ခြောက်ကပ်သော အလောင်းကောင်အဖြစ် ပြောင်းလဲပြီး လေထဲကနေ ပြုတ်ကျသွားခဲ့သည်။

"ဟော်လေး.. မြန်မြန် ငါ့ကို ဒီကနေ ခေါ်ထုတ်သွား"

ရှချမ်ဟဲကို ရှင်းပစ်ပြီးသည်နှင့် ကျန်းချန်သည် ဤနေရာတွင် အချိန် ကြာကြာနေရန် မသင့်တော်မှန်း သိလိုက်ပြီး မီးလျှံသားရဲကို ချက်ချင်းပင် အမိန့်ပေးလိုက်သည်။

မီးလျှံသားရဲက ခေါင်းညိမ့်လိုက်ပြီး ချက်ချင်းဆိုသလို ကျန်းချန်ကို နောက်ကျောတွင် တင်ဆောင်ကာ အနီရောင်စီးကြောင်း အဖြစ်သို့ ပြောင်းလဲသွားပြီး ကျင့်ယွင်တောင်၏ တောနက်ထဲသို့ ဦးတည်သွားခဲ့သည်။

အခန်း(၈၃၀)ပြီး၏။

အခန်း(၈၃၁)

ရှချမ်ဟဲတို့ အဖွဲ့ကို သတ်ဖြတ်ပြီးနောက်တွင် ကျန်းချန်သည် ကျင့်ယွင်တောင်၏ တောနက်ထဲသို့ အလျင်အမြန် ပြေးဝင်သွားခဲ့သည်။

ကျန်းချန် ပျောက်ကွယ်သွားပြီး နာရီဝက်ခန့် အကြာတွင် ရှချန်ယွင်သည် ရှမိသားစုမှ ကျင့်ကြံသူ ဆယ်ယောက်ကျော်နှင့် အတူ ကောင်းကင်ကနေ ဆင်းသက်လာခဲ့ပြီး ရှချမ်ဟဲတို့ အလောင်းငါးလောင်း ဘေးကို ရောက်ရှိလာခဲ့သည်။

မြေပြင်ပေါ်ရှိ ရှချမ်ဟဲတို့ အလောင်းငါးလောင်းကို ကြည့်ရင်း ရှချန်ယွင်၏ အမူအရာသည် ချက်ချင်းပင် သုန်မှုန်သွားခဲ့သည်။

ဤတစ်ကြိမ်တွင် ကျန်းချန်ကို ဖမ်းဆီးရန် အတွက် ရှချန်ယွင်သည် ရှမိသားစု၏ အင်အား တစ်ဝက်ခန့်ကို အသုံးပြုရန် တုံ့ဆိုင်းမနေခဲ့ပေ။

သို့သော် ရှချန်ယွင် ဘယ်တော့မှ မထင်ထားသည်မှာ သူတို့ ကျင့်ယွင်တောင်တန်းထဲကို ဝင်ပြီး ကျန်းချန်ကို မတွေ့ခင်မှာပင် သိုင်းသခင်နယ််ပယ်အဆင့် အကြီးအကဲတစ်ဦး အသတ်ခံလိုက်ရခြင်းပင်။

"ဒါ ဘယ်သူ့လက်ချက်ဖြစ်နိုင်လဲ.. အကြီးအကဲ ထျန်းရွှယ်ရဲ့ လက်ချက်များလား "

ရှချန်ယွင်၏ မျက်နှာက အလွန်ပင် ခက်ထန်နေခဲ့သည်။

ကျန်းချန်ကို လိုက်ခံဖမ်းဆီးမည့်သူများကို အကြီးအကဲ ထျန်းရွှယ်က တိတ်တဆိတ် သတ်ဖြတ်နေလျှင် သူတို့အနေဖြင့် ကျန်းချန်ကို ဖမ်းဆီးရန် ပို၍ ခက်ခဲသွားပေလိမ့်မည်။

"အကြိီးအကဲချမ်ဟဲတို့လူစု သေဆုံးတဲ့ နည်းလမ်းတွေက အတော်လေး ထူးဆန်းတယ်.. ကြည့်ရတာ သူတို့ရဲ့အသက်စွမ်းအင်တွေကို စုပ်ယူခံထားရပုံပဲ.. ဒါက သာမာန်လူတွေ လုပ်နိုင်တဲ့ အရာ မဟုတ်ဘူး "

ထိုအချိန်မှာပင် ရှချန်ယွင်၏ အနောက်ဘက်ရှိ လူလတ်ပိုင်းအရွယ် ကျင်ကြံသူ တစ်ဦးသည် လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်လျှင် ရှချန်ယွင်သည် ရှချမ်ဟဲနှင့် အခြားသူများ၏ အလောင်းများကို အသေးစိတ် အကဲခတ် ကြည့်လိုက်၏။

အလောင်းများကို နောက်တစ်ဖန် ပြန်လည်စစ်ဆေးပြီး

နောက်တွင် ရှချန်ယွင်၏ မျက်လုံးများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

ရှချမ်ဟဲတို့ လူစုသည် တစ်စုံတစ်ရာသော အင်အားတစ်ခုကြောင့် အသက်စွမ်းအင်များ ကုန်ဆုံးသွားခဲ့ပြီး ပုံပန်းသွင်ပြင်များသည် ဆယ်စုနှစ်များစွာ အိုမင်းသွားသည်ကို သူတွေ့ရှိလိုက်ရသည်။

"ဒါက ဘယ်လိုတောင် ထူးဆန်းတဲ့ နည်းလမ်းလဲ"

ရှချန်ယွင် ထိတ်လန့်သွားခဲ့သည်။

အစောပိုင်းက သူသည် ရှချမ်ဟဲတို့ လူစုကို အကြိီးအကဲ ထျန်းရွှယ်က တိတ်တဆိတ် သတ်ဖြတ်ခဲ့သည်ဟု ထင်ခဲ့သည်။

သို့သော်လည်း ရှချမ်ဟဲတို့ သေဆုံးပုံအရ ဤကိစ္စသည် သူထင်ထားသလောက် ရိုးရှင်းပုံမရပေ။

ဤကဲ့သို့ ထူးဆန်းသည့် သတ်ဖြတ်မှု နည်းလမ်းကို စိတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူပင် လုပ်ဆောင်နိုင်မည် မဟုတ်လောက်ချေ။

"ရှချမ်ဟဲတို့ လူစုက နတ်သန္ဓေအင်ပါယာ တစ်ပါးပါးကို မတော်တဆ စော်ကားမိသွားတာများ ဖြစ်နိုင်မလား"

သတ်ဖြတ်သည့် နည်းလမ်းက နတ်သန္ဓေ အင်ပါယာများသာ အသုံးပြုနိုင်သော နည်းလမ်း ဖြစ်နေ၍ ရှချန်ယွင်သည် ထိုသို့ တွေးတောမိလိုက်သည်။

နောက်ထပ် တစ်ခဏမှာပင် ရှချန်ယွင်သည် တစ်စုံတစ်ရာကို စဥ်းစားမိလိုက်ပြီး မျက်လုံးများ လင်းလက်လာခဲ့သည်။

"ဒီအင်အားက နတ်သန္ဓေအင်ပါယာရဲ့ အင်အားနဲ့ ယှဥ်နိုင်ပြီး အသက်ကုန်ဆုံးမှုကို အရှိန်မြှင့်ပေးနိုင်တဲ့ လျှို့ဝှက်ဆန်းကြယ်မှုရှိတယ်.. ဒါက ဟိုကောင်လေး ကျန်းချန် အသုံးပြုခဲ့တဲ့ ဓားနယ်မြေနဲ့ ခပ်ဆင်ဆင်တူနေသလိုပဲ "

သို့ဆိုလျှင် ရှချမ်ဟဲတို့ လူစုသည် ကျန်းချန်နဲ့ ထိပ်တိုက်တွေ့ဆုံမိခဲ့ပြီး ကျန်းချန်၏ အောက်တွင် သေဆုံးသွားခြင်း ဖြစ်နိုင်ပါသလော။

ရွှယ်ယန်တောင်တွင် ရှိစဥ်က ရှချန်ယွင်သည် ကျန်းချန်၏ အချိန်နှင့် အာကာသ ဓားနယ်မြေ အင်အားကို ကိုယ်တိုင် ခံစားခဲ့ဖူးသည်။

ထို့ကြောင့် သိုင်းသခင်နယ်ပယ် ပဥ္စမအဆင့် ရှချမ်ဟဲ၏ အင်အားဖြင့်ဆိုလျှင် ကျန်းချန်၏ အချိန်နှင့် အာကာသဓားနယ်မြေအောက်၌ အမှန်တကယ် မြှုပ်နှံခံရနိုင်သည်ဟု သူတွေးမိခဲ့သည်။

သူက ရှချမ်ဟဲ သေဆုံးခဲ့သည့် အကြောင်းကို နာရီဝက်အကြာမှာသာ သိခဲ့သည်။

သို့ဆိုလျှင် ကျန်းချန်သည် လွန်ခဲ့သည့် နာရီဝက်က ဤနေရာတွင် ရှိနေသည် မဟုတ်ပါလော။

"ဒါက တကယ်ကို မမျှော်လင့်ထားတဲ့ကိစ္စပဲ.. ရှချမ်ဟဲတို့ သေဆုံးမှုကနေ ကျန်းချန်ရဲ့ ခြေရာကို တွေ့လိမ့်မယ်လို့ ငါတကယ် မထင်ထားမိဘူး"

ရုတ်တရက် ရှချန်ယွင်၏ မျက်နှာထက်တွင် အေးစက်သော အပြုံးတစ်ခု ယှက်သန်းသွားခဲ့သည်။

"ကျင့်ယွင်တောင်ထဲကို ဝင်လာတဲ့ ငါတို့လူတွေ အားလုံးကို ဒီကို အမြန်ဆုံးလာဖို့ အကြောင်းကြားလိုက်.. ဒီနေရာကို ဗဟိုပြုပြီး ပတ်ဝန်းကျင်ကို ပိုက်စိတ်တိုက် ရှာဖွေရမယ် "

ရှချန်ယွင်က သက်ပြင်းချလိုက်ပြီး သူ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ သူ၏ အနောက်မှ ရှမိသားစုဝင် ကျင်ကြံသူ တစ်ဦးကို အမိန့်ပေးလိုက်သည်။

ကျန်းချန်၏ အချိန်နှင့် အာကာသ ဓားနယ်မြေသည် လျှို့ဝှက်ဆန်းကြယ်ပြီး ထူးဆန်းသော်လည်း ပြန်လည် ပေးဆပ်ရမည့် တန်ဖိုးသည်လည်း မနည်းလှပေ။

သူ့အထင် မမှားလျှင် အချိန်နှင့် အာကာသ ဓားနယ်မြေကို အသုံးပြုခဲ့သည့် ကျန်းချန်သည် နာရီဝက် အချိန်အတွင်း ခပ်ဝေးဝေးသို့ ထွက်ပြေးနိုင်မည် မဟုတ်လောက်ချေ။

ယခုအခါတွင် သူက အခွင့်အရေးကို ဆုပ်ကိုင်ထားမိပြီ ဖြစ်သည်။

သူတို့ ရှမိသားစု အနေဖြင့် ဤနေရာကို ဗဟိုပြု၍ အစွမ်းကုန် ရှာဖွေလျှင် ကျန်းချန်ကို အနှေးနဲ့အမြန် ဖမ်းမိမည်မှာ သေချာသလောက်ပင်။

အခန်း(၈၃၁)ပြီး၏။

All Chapters