← Chapters

အခန်း (၈၃၂-၈၃၄)

Vol. 56 Ch. 832-834

အခန်း (၈၃၂-၈၃၄)

Vol. 56 Ch. 832-834

အခန်း(၈၃၂)

ရှချန်ယွင်က ရှချမ်ဟဲတို့ လူစု သေဆုံးမှုနှင့် ပတ်သက်ပြီး ကျန်းချန်ကို သံသယဝင်နေချိန်မှာပင် ကျန်းချန်သည် မီးလျှံသားရဲကို စီးကာ ကျင့်ယွင်တောင်၏ တောနက်ထဲသို့ အလျင်အမြန် ဝင်ရောက်သွားခဲ့သည်။

ကျင့်ယွင်တောင်၏ တောနက်ထဲတွင် အန္တရာယ် အများအပြားရှိသော်လည်း မီးလျှံသားရဲ ရှိနေသောကြောင့် ကျန်းချန်သည် လမ်းတစ်လျှောက်တွင် အန္တရာယ်သိပ်မကြုံလိုက်ရပေ။

အဆုံးသတ်တွင် မီးလျှံသားရဲ၌ ရှေးဟောင်းနတ်သားရဲ၏ စွမ်းအားရှိနေခဲ့သည်။

အထူးသဖြင့် ကျန်းချန်၏ မီးလျှံသားရဲသည် သွေးစွမ်းအားတစ်ကြိမ် နိုးထလာပြီးနောက်တွင် သာမန် မီးလျှံသားရဲများထက်ပင် အဆများစွာပို၍ အားကောင်းလာခဲ့သည်။

ထို့ကြောင့် သာမန် သားရဲအများစုသည် မီးလျှံသားရဲ၏ သွေးစွမ်းအားဖြင့် လုံးဝ ဖိနှိပ်ခြင်းကို ခံခဲ့ရ၏။

မီးလျှံသားရဲ၏ အရှိန်အဝါကို ခံစားမိသည်နှင့် သားရဲအများစုသည် နောက်ဆုတ်သွားခဲ့ကြသည်။

တောင်များကို သိမ်းပိုက်ထားသည့် ဆဋ္ဌမအဆင့် သားရဲအချို့ပင် မီးလျှံသားရဲက သူတို့၏ နယ်မြေကို ဖြတ်သန်းသွားလျှင် မျက်စိမှိတ်ထားရန်သာ ရွေးချယ်ခဲ့ကြသည်။

ကျင့်ယွင်တောင်၏ တောနက်ထဲသို့ နာရီဝက်နီးပါး ခရီးဆက်ပြီးနောက်တွင် ကျန်းချန်သည် ပဥ္စမအဆင့်သားရဲ ဖြစ်သည့် အနက်ရောင်မြွေ နေထိုင်သော လျှို့ဝှက် လှိုဏ်ဂူတစ်ခုကို တွေ့ရှိခဲ့သည်။

သူက မီးလျှံသားရဲကို အနက်ရောင်မြွေအား မောင်းထုတ်စေကာ မြွေ၏ လှိုဏ်ဂူကို သိမ်းပိုက်ခိုင်းလိုက်သည်။

"ဒီတစ်ခေါက် အချိန်နဲ့အာကာသ ဓားနယ်မြေရဲ့ တုန့်ပြန်မှုက တကယ်ကို ကြောက်စရာကောင်းတာပဲ"

မီးလျှံသားရဲ၏ ကျောပေါ်ရှိ ကျန်းချန်၏ အသားအရေသည် တဖြည်းဖြည်း ဖြူဖျော့လာခဲ့သည်။

သူ၏ ခန္ဓာကိုယ်ထဲမှ တုန့်ပြန်မှု အင်အားများသည် အတွင်းအင်္ဂါထဲသို့ တဖြည်းဖြည်း စိမ့်ဝင်သွားသည်ကို ခံစားမိလျှင် ကျန်းချန် ခါးသီးစွာ ပြုံးလိုက်သည်။

သူက အနည်းငယ် ငြိမ်သက်သွားပြီးမှ ချက်ချင်းဆိုသလို ခေါင်းကိုမော့ကာ မိီးလျှံသားရဲကို လှမ်းကြည့်၍ ပြောလိုက်သည်။

"ဟော်လေး.. ဒီတစ်ခါ ငါတံခါးပိတ်ပြီး အချိန်အတော်ကြာ ကျင့်ကြံရလိမ့်မယ်.. အပြင်မှာ မင်းတစ်ယောက်ထဲကိုပဲ စိတ်ချလက်ချ ထားရတော့မယ်"

မီးလျှံသားရဲက ခေါင်းညိမ့်၍ ပြန်ပြောလိုက်သည်။

"သခင် ဘာမှစိတ်မပူပါနဲ့.. ဘယ်သူမှ သခင် ဒဏ်ရာကုသနေတာကို အနှောင့်အယှက် မပေးစေရပါဘူး"

ထို့နောက်တွင် ကျန်းချန်သည် အပိုစကားများ မပြောတော့ဘဲ လှိုဏ်ဂူအလယ်တွင် ခြေချိတ်၍ထိုင်ကာ အတွင်းအား ကျင့်ကြံ၍ ဒဏ်ရာကို စတင် ကုသလိုက်သည်။

ရှချန်ယွင်သည် ကျန်းချန်၏ သဲလွန်စကို တွေ့ရှိပြီးနောက်တွင် ရှမိသားစုမှ ကျင့်ကြံသူ အများအပြားကို တိုက်ရိုက် ဆင့်ခေါ်ကာ ရှချမ်ဟဲ သေဆုံးသည့် ပတ်ဝန်းကျင် တစ်ဝိုက်ကို ပိုက်စိပ်တိုက် ရှာဖွေမှု ပြုလုပ်ခဲ့သည်။

နောက်ထပ် ဆယ်ရက်အတွင်း ရှမိသားစုမှ ကျင့်ကြံသူ အများအပြားသည် ပတ်ဝန်းကျင် မိုင် ၁၀၀၀ ဧရိယာကို လုံးဝ ဗြောင်းဆန်အောင် ရှာဖွေခဲ့ကြ၏။

ရှချန်ယွင် ကိုယ်တိုင် ဦးဆောင်ပြီး ကျင့်ယွင်တောင်၏ တောနက်ထဲထိ မိုင်ရာနှင့်ချီ စူးစမ်းခဲ့သည်။

သို့တိုင် သူတို့သည် ကျန်းချန်ကို ရှာမတွေ့သေးပေ။

"အကြီးအကဲ.. ကျွန်တော်တို့ ရှာနေတာ ဆယ်ရက်တောင်ရှိပြီ.. ကျန်းချန် တကယ်ပဲ ဒီအနီးအနား ပတ်ဝန်းကျင်မှာ ရှိနေတာသေချာရဲ့လား "

ဆယ်ရက် ဆက်တိုက် ဘာအကျိုးရလဒ်မှ မထူးသေး၍ ရှမိသားစုမှ နောက်လိုက်များသည် မရေမရာ ဖြစ်လာခဲ့ကြသည်။

"ဒီကောင်လေးက ဒီအနီးအနား တဝိုက်မှာပဲ ရှိနေတာ သေချာတယ်.. သူ့ရဲ့ ဓားနယ်မြေအင်အားက နတ်သန္ဓေအင်ပါယာနဲ့ ယှဥ်နိုင်တဲ့အင်အားကိုတောင် ပြသနိုင်တယ်.. ရွှယ်ယန်တောင်မှာ သူ့ရဲ့ ဒီနည်းစနစ်ကို ငါကောင်းကောင်းကြီး နားလည်ခဲ့တယ်.. ပြောရရင် ရှချမ်ဟဲတို့ လူစုက ဒီအင်အားအောက်မှာ သေဆုံးသွားရတာပဲ"

ထိုအခါ သူ၏ နောက်လိုက်က ခဏမျှ စဥ်းစားလိုက်ပြီးမှ ပြောလိုက်သည်။

"ဒါဆိုရင် အကြီးအကဲ ရှရွှယ်ကျီကို တွက်ချက်ခိုင်းလိုက်ရင် မကောင်းဘူးလား.. အကြီးအကဲ ရှရွှယ်ကျီရဲ့ အင်အားနဲ့ဆိုရင် အကြီးအကဲ ချမ်ဟဲကို အသုံးပြုပြီး ကျန်းချန်ရဲ့ တည်နေရာကို ခန့်မှန်းနိုင်မှာပဲ"

ထိုစကားကိုကြားလျှင် ရှချန်ယွင်၏ မျက်လုံးများသည် ရုတ်တရက် တောက်ပလာခဲ့သည်။

ရှရွှယ်ကျီသည် ရှမိသားစုမှ ထူးခြားသော လူတစ်ယောက် ဖြစ်ပြီး အလွန် လျှို့ဝှက်ဆန်းကြယ်သော စွမ်းရည် တစ်ချို့ကို ပိုင်ဆိုင်ထားသည်။

သူ၏ အကူအညီသာရလျှင် ကျန်းချန်ကို ရှာဖွေခြင်းသည် လွယ်ကူသွားလိမ့်မည် မဟုတ်ပါလော။

ရှချန်ယွင်က အလွန်ပင် ဝမ်းသာသွားခဲ့သည်။

သူက ဆက်သွယ်ရေး နည်းစနစ်ကို အသုံးပြုပြီး ရှရွှယ်ကျိီကို မေးမြန်းတော့မည့် အချိန်တွင် လေထဲကနေ သတင်းတစ်ခုသည် ရှချန်ယွင်၏ နားထဲကို ရောက်လာခဲ့သည်။

"အကြီးအကဲ မင်းသိချင်တာကို ငါနားလည်တယ်.. ဒါပေမယ့် ဒီလူက ခန့်မှန်းလို့မရတဲ့ ကံကြမ္မာပိုင်ရှင် တစ်ယောက်ပဲ.. အရာအားလုံးက အကြီးအကဲ အပေါ်ပဲ မူတည်နေတယ်.. ကျန်းချန်း မသေဘူးဆိုရင် ရှမိသားစု ပျက်စီးရလိမ့်မယ် "

အခန်း(၈၃၂)ပြီး၏။

အခန်း(၈၃၃)

"ကျန်းချန်း မသေရင် ရှမိသားစု ပျက်စီးရလိမ့်မယ် "

ရှရွှယ်ကျီထံမှ ထိုသတင်းစကားကို လက်ခံရရှိသောအခါတွင် ရှချန်ယွင်၏ အမူအရာသည် ပြောင်းလဲသွားခဲ့သည်။

ရှချန်ယွင်သည် ရှရွှယ်ကျီ၏ စွမ်းရည်ကို ကောင်းစွာ သိထားခဲ့သည်။

ရှရွှယ်ကျီသည် ရှေ့ဖြစ်ဟောရာတွင် အမှားမရှိသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ယင်းအဓိပ္ပါယ်မှာ ကျန်းချန်သည် သူတို့ ရှမိသားစုကို အဆုံးသတ်စေနိုင်မည့် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်သည်ဟု ဆိုလိုနေခြင်းပင် မဟုတ်ပါလော။

"ရှမိသားစုရဲ့ တပည့်တွေအားလုံး အစွမ်းကုန်အားထုတ်ပြီး ကျန်းချန်ကို ရှာဖွေကြပါ.. ဒီကောင်က ချမ်ဟဲ တို့ကို သတ်ဖြတ်ဖို့အတွက် လျှို့ဝှက်နည်းစနစ်ကို အသုံးပြုခဲ့တဲ့အတွက် အခြေအနေက အတော်လေးဆိုးရွားနေမှာ အသေအချာပဲ.. ဒါ့ကြောင့် ဒီကောင် အဝေးကြီး ထွက်မပြေးနိုင်လောက်ဘူး ဒီကောင် ငါတို့ကို ခြေရာဖျောက်နိုင်မယ်လို့ ငါလုံး၀မယုံဘူး"

ရှချန်ယွင်က မျက်မှောင်ကြုတ်၍ လေးနက်စွာ ပြောလိုက်သည်။

ယခုအခါတွင် ကျန်းချန်သည် သူတို့ ရှမိသားစုကို ဖျက်ဆီးနိုင်သည်အထိ အန္တရာယ်ရှိသောလူ ဖြစ်လာမှန်း သိသွားခဲ့ပြီဖြစ်သည်။

သို့ဖြစ်ရာ သူ့အနေဖြင့် ကျန်းချန်ကို အမြန်ဆုံး ရှာဖွေတွေ့ရှိအောင် ကြိုးစားရပေမည်။

ကျန်းချန်ကို တွေ့ရှိသည်နှင့် အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ ကြီးမားသော ဆုလာဘ်များကို စွန့်လွှတ်ရလျှင်ပင် ထိုကောင်လေးကို အမြန်ဆုံး ရှင်းပစ်ရပေလိမ့်မည်။

ကျင့်ယွင်တောင်၏ တောနက်ထဲတွင် ကျန်းချန်သည် ရှမိသားစုက သူ့ကို အရူးအမူး ရှာဖွေနေကြောင်း မသိခဲ့ပေ။

သူက ဘုန်းကြီးအိုတစ်ပါးလို ငြိမ်သက်စွာ တင်ပျဥ်ခွေ ထိုင်နေပြီး တိတ်တဆိတ် ကျင့်ကြံနေခဲ့သည်။

ဆယ်ရက်ကြာ အတွင်းအား ကျင့်ကြံပြီးနောက်တွင် ကျန်းချန်၏ အသားအရောင်သည် မူလအတိုင်း ပြန်ဖြစ်သွားခဲ့သည်။

အဆုံးသတ်တွင် သူ၏ ခန္ဓာကိုယ်မှ အရှိန်အဝါသည် အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားခဲ့၏။

"နောက်ဆုံးတော့ အချိန်နဲ့အာကာသ ဓားနယ်မြေရဲ့ တုန့်ပြန်မှုကို ဖြေရှင်းပြီးသွားခဲ့ပြီ "

ကျန်းချန်က မှိတ်ထားသော မျက်လုံးများကိုဖွင့်၍ ရေရွတ်လိုက်သည်။

ဤတစ်ခေါက်တွင် ကျန်းချန်သည် အချိန်နှင့်အာကာသ ဓားနယ်မြေ၏ အင်အား၂ ရာခိုင်နှုန်းကို အသုံးပြုရန် အတွက် များစွာ ပေးဆပ်ခဲ့ရသည်ည်။

သူ၏ ကိုယ်တွင်းအင်္ဂါ အားလုံးနီးပါးသည် အချိန်နှင့်အာကာသ ဓားနယ်မြေ၏ တုန့်ပြန်မှုကြောင့် အပြင်းအထန် ထိခိုက်ခဲ့ရ၏။

သူသာ မပျက်စီးနိုင်သော ခန္ဓာကိုယ်နည်းစနစ်နှင့် နဂါးမီးတောက် ခန္ဓာကိုယ်၏ သွေးစွမ်းအားကို မပိုင်ဆိုင်ထားခဲ့လျှင် ရလဒ်သည် ယခုထက် ပိုမို၍ ဆိုးရွားသွားနိုင်ပေသည်။

သို့တိုင် ကျန်းချန်သည် အချိန်နှင့်အာကာသ ဓားနယ်မြေ၏ တုံ့ပြန်မှုကို လုံးဝဖြေရှင်းရန်အတွက် ဆယ်ရက် အချိန်ယူခဲ့ရသည်။

"ဒဏ်ရာ သက်သာသွားပြီ ဆိုတော့ ဒီအချိန်က သိုင်းသခင်နယ်ပယ်အဆင့်ကို ထိုးဖောက်ရတော့မယ့် အချိန်ပဲ "

ကျန်းချန်က တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီး ချက်ချင်းဆိုသလို ကွေးယန်လင်ကော် သစ်သီးသုံးလုံးကို ယူထုတ်လိုက်သည်။

လေပင်လယ် လျှို့ဝှက်နယ်မြေတွင် ကျန်းချန်သည် ကွေးယန်လင်ကော် သစ်သီးခြောက်လုံးကို ရရှိခဲ့သည်။

သူက လေပင်လယ် လျှို့ဝှက်နယ်မြေတွင် ကွေးယန်လင်ကော်သစ်သီးသုံးလုံးကို စားသုံးခဲ့ပြီးဖြစ်သည်။

ယခု ကျန်ရှိသည့် သစ်သီးသုံးလုံးကို သိုင်းသခင်နယ်ပယ် အဆင့်သို့ ထိုးဖောက်ရာတွင် အထောက်အပံ့အဖြစ် အသုံးချမည်ဟုတ် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

သူ၏ လက်ရှိ ကျင့်ကြံခြင်း အဆင့်သည် သိုင်းသခင် နယ်ပယ် န၀မအဆင့်နှင့် အတော်လေး နီးကပ်နေခဲ့ပြီ ဖြစ်၏။

ဤကွေးယန်လင်ကော်သစ်သီးသုံးလုံးမှရရှိမည့်ကြီးမား သောအတွေ့အကြုံရမှတ်များနှင့်ဆိုလျှင် သိုင်းသခင်နယ်ပယ်အဆင့်ကို ထိုးဖောက်ရန် လုံလောက်လိမ့်မည် မဟုတ်ပါလော။

ကျန်းချန်က သက်ပြင်းချလိုက်ပြီးနောက် တုန့်ဆိုင်းမနေဘဲ ကွေးယန်လင်ကော် သစ်သီးသုံးလုံးကို ချက်ချင်းပင် စားသုံအဆတစ်ရာရရှိခဲ့ပါတယ်းလိုက်သည်။

" ဒင်.. သင်က ကွေးယန်လင်ကော် သစ်သီးတစ်လုံးကို စားသုံးပြီး အတွေ့အကြုံရမှတ် တစ်သိန်းကို "

" ဒင်.. သင်က ကွေးယန်လင်ကော် သစ်သီးတစ်လုံးကို စားသုံးပြီး အတွေ့အကြုံရမှတ် တစ်သိန်းကို အဆတစ်ရာရရှိခဲ့ပါတယ် "

" ဒင်.. သင်က ကွေးယန်လင်ကော်သစ်သီးတစ်လုံးကို စားသုံးပြီး အတွေ့အကြုံရမှတ် တစ်သိန်းကို အဆတစ်ရာရရှိခဲ့ပါတယ် "

"ဒင်.. သင်က သိုင်းသခင်နယ်ပယ် ပထမအဆင့်ကို အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့ပါပြိိီ "

သူ့စိတ်ထဲတွင် စနစ်၏ အချက်ပြမှုများသည် ဆက်တိုက်ဆိုသလို ပဲ့တင်ထပ်နေခဲ့သည်။

ထိုခဏတွင် ကျန်းချန်၏ ဒန်တျန်၌ တစ်ကမ္ဘာလုံးကို တုန်လှုပ်စေလောက်သည့် အပြောင်းအလဲများ ဖြစ်ပေါ်နေခဲ့၏။

ကျန်းချန်၏ ဒန်တျန်တွင် မူလက ရှိနေသည့် အသက်အမြူတေသည် တိုက်ရိုက်ပင် ပေါက်ကွဲထွက်သွားခဲ့ပြီး အသက်ပင်လယ်အဖြစ်သို့ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။

အသက်ပင်လယ် ဆိုသည်မှာ သိုင်းသခင်နယ်ပယ် အဆင့်ကို ထိုးဖောက်သည့် လက္ခဏာပင် ဖြစ်၏။

ကွေးယန်လင်ကော် သစ်သီးသုံးလုံး၏ အကူအညီဖြင့် ကျန်းချန်သည် ကျင့်ကြံသူအများစု ကျော်လွှားဖို့ မလွယ်သည့် ကျောက်ကမ်းပါး တစ်ခုကို အလွယ်တကူ ကျော်ဖြတ်ပြီး သိုင်းသခင်နယ်ပယ် ပထမအဆင့်ကို အောင်မြင်စွာ ရောက်ရှိသွားခဲ့သည်။

အခန်း(၈၃၃)ပြီး၏။

အခန်း(၈၃၄)

"သိုင်းသခင်နယ်ပယ် ပထမအဆင့်ကို နောက်ဆုံးတော့ ချိုးဖောက်နိုင်ခဲ့ပြီ"

ဒန်တျန်ထဲမှ အင်အားကြီးမားသာ အသက်စွမ်းအင်ပင်လယ်ကို ခံစားမိလျှင် ကျန်းချန်သည် သက်ပြင်းချလိုက်သည်။

ယခုသူက သိုင်းသခင်နယ်ပယ် ပထမအဆင့်ကို ချိုးဖျက်နိုင်ခဲ့ပြီ ဖြစ်၍ ကျင့်ယွင်တောင်တန်းတွင် သူ၏ အသက်ရှင်နိုင်စွမ်းသည် များစွာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။

ထို့အပြင် အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ ဝန်းရံဖိနှိပ်မှုများကိုလည်း ကောင်းစွာ ယှဥ်ဆိုင်နိုင်ပြီ ဖြစ်၏။

သူ၏ လက်ရှိ တိုက်ခိုက်ရေးစွမ်းအင်ဖြင့် ဆိုလျှင် သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့်အာက်မှ ကျင့်ကြံသူများကို အလွယ်တကူပင် သတ်ပစ်နိုင်သည်။

တိမ်တိုက်ဝါးမျိုနည်းစနစ်ကို အသုံးပြုမည်ဆိုလျှင် သိုင်းသခင်နယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူကိုပင် ကြောက်စရာမလိုအပ်ပေ။

ထို့အပြင် သိုင်းသခင်နယ်ပယ်အဆင့်ကို ချိုးဖျက်ပြီးနောက်တွင် ကျန်းချန်၏ အချိန်နှင့် အာကာသဓားနယ်မြေ ၂%သည် အင်အားနှစ်ဆ တိုးလာခဲ့သည်။

နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူနှင့် မတွေ့သရွှေ့ ကျန်းချန်သည် လွတ်မြောက်အောင် ထွက်ပြေးနိုင်မည်ဟု လုံးဝ ယုံကြည်မှုရှိသည်။

"အရင်ဆုံး အသက်စွမ်းအင်ကို အလျင်အမြန် ပြန်လည်ဖြည့်တင်းနိုင်တဲ့ ဆေးတစ်ချို့ကို သန့်စင်ရမယ်.. ပြီးမှပဲ ကျင့်ယွင်တောင်တန်းကို ဖြတ်ကျော်ပြီး ယန်ဒီမြို့ကို သွားလို့ရမယ့် နည်းလမ်းကို ရှာဖွေရမယ်"

ကျန်းချန်က အနည်းငယ် စဥ်းစားလိုက်ပြီးနောက်တွင် စိတ်ထဲ၌ ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်သည်။

ယခုအခါတွင် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းသည် သူ့ကို ဖမ်းဝရမ်း ထုတ်ပြန်ထား၏။

သူအပြင်သို့ ထွက်လိုက်သည်နှင့် မရေတွက်နိုင်သော ကျင့်ကြံသူများ၏ ဝိုင်းရံခြင်းကို ခံရမည် ဖြစ်သည်။

သူ့အနေဖြင့် အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ ပိတ်ဆို့မှုကနေ ဘေးကင်းစွာ ထွက်ခွာရန်မလွယ်ကူပေ။

ကျန်းချန်အတွက် သူ့ရှေ့မှ တောင်တန်းကို ဆက်လက်ဖြတ်ကျော်သည်ကသာ သူ့အသက် ဆက်ရှင်နိုင်မည့် တစ်ခုတည်းသောအခွင့်အရေး ဖြစ်သည်။

စိတ်ထဲတွင် ဆုံးဖြတ်ချက် ချမှတ်ပြီးသည်နှင့် ကျန်းချန်သည်တုံ့ဆိုင်းမနေဘဲ ဆေးမီးဖိုနှင့် ဆေးဖက်ဝင် ပစ္စည်းများကို ထုတ်ယူကာ ဆေးသန့်စင်ရန် စတင်လိုက်သည်။

ကျန်းချန်က ကျင့်ယွင်တောင်တန်းကို ဖြတ်ကျော်ရန် ပြင်ဆင်နေချိန်တွင် မိုင်သုံးရာအကွာရှိ တောင်တန်းတစ်ခု၏ သစ်တောထဲတွင် လူဆယ်ယောက်ပါသော အဖွဲ့တစ်ဖွဲ့သည် အနက်ရောင် မြွေနှစ်ကောင်နှင့် အပြင်းအထန် တိုက်ခိုက်နေခဲ့၏။

ထိုမြွေနှစ်ထောင်ထဲမှ ပဥ္စမအဆင့်သားရဲ ဖြစ်သည့် မြွေတစ်ကောင်သည် စွမ်းအင်သိပ်သည်ခြင်း အဆင့်ကျင့်ကြံသူ ဆယ်ယောက်ကျော်၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံနေရသည်။

ကျန်တစ်ကောင်ဖြစ်သည့် ဆဋ္ဌမအဆင့်ကို ရောက်ရှိနေသောမြွေကလည်း ဆံဖြူ အဘိုးအိုတစ်ဦးကို ရင်ဆိုင်နေရ၏။

ဆံဖြူ အဘိုးအိုသည် အသက်ခြောက်ဆယ် ဝန်းကျင်ခန့် ရှိပြီးသာမန် အသွင်အပြင်သာ ရှိသော်လည်း မျက်လုံးများကမူ အလွန်ပင် နက်ရှိုင်းသည်။

မျက်လုံးအကြည့်က အလွန်ပင် အင်အားပါလှသဖြင့် သူ၏ အကြည့်ကို ရင်ဆိုင်ရန် မလွယ်ကူပေ။

ထိုအဘိုးအိုက ရှချမ်းဟယ် ဖြစ်ပြီး ရှမိသားစု၏ တတိယ အကြီးအကဲ ဖြစ်သည့်အပြင် သိုင်းသခင်နယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူတစ်ဦးလည်း ဖြစ်သည်။

ရှရွှယ်ကျီထံမှ သတင်းစကားကို လက်ခံရရှိပြီးနောက်တွင် ရှချန်ယွင်သည် ရှမိသားစု၏အင်အားကို အပြည့်အဝ အသုံးချပြီး ကျန်းချန်ကို ဝိုင်းရံပိတ်ဆို့ရန် အတွက် ကျင့်ယွင်တောင်ဆီသို့ ဆင့်ခေါ်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ကျန်းချန် ပြသခဲ့သည့် တိုက်ပွဲဝင်စွမ်းရည်သည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းပြီး သာမန် သိုင်းသခင်နယ်ပယ် အဆင့် ကျင့်ကြံသူများသည် ကျန်းချန်ကို မည်သည့် ခြိမ်းခြောက်မှုမျှ မပေးနိုင်သောကြောင့်ပင်။

သူက သိုင်းသခင်နယ်ပယ်အဆင့် အကြီးအကဲများကို လက်အောက်ငယ်သား တစ်ဖွဲ့စီအား ဦးစီးစေ၍ ကျန်းချန်ကို အရပ်လေးမျက်နှာအနှံ့ ရူးသွပ်စွာ ရှာဖွေစေခဲ့သည်။

"ဆဋ္ဌမအဆင့်ကို ရောက်ရှိနေတဲ့ အနက်ရောင်မြွေရဲ့ အမြူတေက ဆဋ္ဌမအဆင့် ဆေးလုံးကို သန့်စင်ရာမှာ အရမ်း အသုံးဝင်တယ်.. မင်းက တံခါးဝအထိလာပို့မယ်လို့ ငါတကယ် မထင်ထားမိဘူး"

ရှချမ်းဟယ်က သူ့ရှေ့မှ လျှို့ဝှက်ဆန်းကြယ်သည့် မြွေကိုလှမ်းကြည့်ကာ ခပ်ယဲ့ယဲ့ ပြုံး၍ ပြောလိုက်သည်။

ဤအနက်ရောင်မြွေသည် ဆဋ္ဌမအဆင့်ကို ရောက်ရှိနေပြီ ဖြစ်သော်လည်း စကားမပြောနိုင်သေးပေ။

ရှချမ်းဟယ်၏ စကားကိုကြားလျှင် သူက ကောင်းကင်ကို မော့ကြည့်ကာ ကြောက်မက်ဖွယ် အော်သံတစ်သံကို အော်ဟစ်လိုက်သည်။

ထို့နောက်တွင် သူ၏ ဧရာမခန္ဓာကိုယ်သည် အနက်ရောင်လေထု အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ရှချမ်းဟယ် ဆီသို့ တဟုန်ထိုး ဝင်ရောက်သွားခဲ့သည်။

သို့သော် အနက်ရောင်မြွေနက်သည် ဆဋ္ဌမအဆင့်ကို ရောက်ရှိထားသော်လည်း ဆဋ္ဌမအဆင့်၏ အစောပိုင်းအဆင့်မှာသာ ရှိနေသေး၏။

ရှချမ်းဟယ်၏ အင်အားသည် သိုင်းသခင်နယ်ပယ် သတ္တမအဆင့်ကို ရောက်ရှိနေပြီဖြစ်၍ ဆဋ္ဌမအဆင့်နှောင်းပိုင်းမှ သားရဲများနှင့်ပင် ယှဥ်နိုင်သည်။

သို့ဖြစ်ရာ ဆဋ္ဌမအဆင့် အစောပိုင်းဖြစ်သည့် အနက်ရောင်မြွေသည် ရှချမ်းဟယ်၏ ပြိုင်ဘက် မည်သို့ ဖြစ်နိုင်ပါမည်နည်း။

ရှချမ်းဟယ်၏ အစွမ်းကုန် တိုက်ခိုက်မှုအောက်တွင် ဆဋ္ဌမအဆင့် အနက်ရောင်မြွေသည် ခုခံမှုပင် မပြုလုပ်နိုင်ခဲ့ပေ။

နှစ်ကွက်သုံးကွက် အတွင်းမှာပင် ရှချမ်းဟယ်သည် ဆဋ္ဌမအဆင့် အစောပိုင်းသားရဲ ဖြစ်သည့် အနက်ရောင်မြွေကို အလွယ်တကူပင် သတ်ဖြတ်နိုင်ခဲ့၏။

အခန်း(၈၃၄)ပြီး၏။

All Chapters