← Chapters

အခန်း (၁၁၃)

Vol. 9 Ch. 113

အခန်း (၁၁၃)

Vol. 9 Ch. 113

“ အကိုကြီးယဲ့…အကိုကြီးယဲ့ မလုပ်ပါနဲ့ ကျွန်တော် တို့က တစ်မိသားစုဝင်တွေမလား…”

လူမိုက်ရဲ့ တောင်းပန်နေတဲ့ စကားပင် မဆုံးသေးဘူး၊ နှလုံးတုန်စရာ ရိုက်သံကြီး ထွက်လာခဲ့သည်။

လှေကားထစ်တွေကို တက်ပြီးလို့ တံခါး မဖွင့်ရသေးတဲ့ လျိူရှုယွင်သည် ထို ဝက်သတ်နေသံကို ကြားလိုက်ရသည်။ သူမရဲ့ မျက်နှာက ချက်ချင်း ဖြူလျော့သွားသည်။ သူမရဲ့သော့ထုတ်နေတဲ့ လက်တွေ တုန်ယင် နေခဲ့သည်။

အရမ်းကြောက်ဖို့ကောင်းတာပဲ။ ယဲ့ဖန်းက အရမ်းရက်စက်တယ်။ သူမ အိမ်ပြောင်း သင့်ပြီ။ ဒီလိုရက်စက်တဲ့ ရာဇဝတ်ကောင်ရဲ့ ဘေးမှာသူမ နေသင့်ရဲ့လား? သူမ ထွက်သွားမှ ရတော့မယ်!

ခေါင်းဆောင်ဖြစ်သူ ခွေးလိုနွားလို အရိုက်ခံ နေရတာကို မြင်ပြီးနောက်မှာ ကျန်တဲ့သူ အားလုံးယဲ့ဖန်းကို ကြည့်ပင် မကြည့်ရဲတော့ပေ။ တိုင်ပင်ခြင်းမရှိဘဲ အကုန်လုံး အနောက်လှည့်ကာ တစ်ချိုးထဲ ပြေးသွားကြသည်။

ယဲ့ဖန်း တစ်ချက်သာ စိုက်ကြည့်ပြီး သူတို့ရဲ့ အနောက်ကို မလိုက်သွားတော့ပေ။

ဘယ်လိုဆိုးဝါးတဲ့ ကောင်တွေလဲ!

ညနက်ပိုင်းမှာ လင်းဖေးဟန်သည် စွန်းရှင်းယွဲ့ကို ဆေးရုံမှာ အဖော်ပြုပေး နေခဲ့သည်။

VIP အဆောင် ဖြစ်တာမို့ နားနေခန်းမှာ ထားပေးထားသည်။ လင်းဖေးဟန် ဒီနေ့ည ထိုအခန်းမှာ အိပ်မှာဖြစ်သည်။

လင်းဖေးဟန် လာနေတာကို မြင်တော့ စွန်းရှင်းယွဲ့ပျော်သွားပြီး အမြန်မေးလိုက်သည်။

“ အစ်ကိုလင်း ဒီမှာနေမှာလား? မနက်ဖြန် အလုပ်မသွားရဘူးလား?”

စွန်းရှင်းယွဲ့ရဲ့ လေသံသည် အနည်းငယ် သတိထားနေခဲ့သည်။

လင်းဖေးဟန်သည် မနက်စားဖို့ မနက်စာကိုပါ ခြင်းနဲ့တစ်ခါထဲ သယ်လာခဲ့သည်။သူ စွန်းရှင်းယွဲ့ရဲ့ ခေါင်းလေးကို ပွတ်လိုက်ကာ အပြုံးတစ်ခုနဲ့ပြောလိုက်သည်။

“ ဘယ်လိုအလုပ်လဲ? ကိုနေ့တိုင်း သွားပြီး ငွေတွေအများကြီး ဘာကြောင့် ရှာနေရမှာလဲ?”

အလုပ်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒီဘဝမှာ ငါပုံမှန် အလုပ်တက်ဖို့မရှိဘူး!

“ ဒါက မနက်ဖြန်စားဖို့မနက်စာပဲ။ စားဖို့ မမေ့နဲ့နော်။ အခုဘယ်လိုနေလဲ? အသားကျ ပြီလား?”

လင်းဖေးဟန် မနက်စာခြင်းကို စားပွဲပေါ် တင်လိုက်သည်။

စွန်းရှင်းယွဲ့ ပြန်ဖြေလာသည်။

“ တော်တော်လေး သက်သာနေပြီ။ ဆရာဝန်ပြောသွားတယ်။ ပြန်သက်သာဖို့ ရက်နည်းနည်းစောင့်ပြီးရင် ကျွန်မပြန်ပြီး လမ်းလျှောက်တာကို ကျင့်သားရအောင် နည်းနည်းဆီ ကျင့်ရမယ်တဲ့။ လဝက် ကျော်ပြီဆိုရင် ကျွန်မ ဆေးရုံက ဆင်းလို့ရမှာတဲ့”

ထိုစကားကိုကြားတော့မှ လင်းဖေးဟန် စိတ်သက်သာသွားသည်။ နောက်ဆုံးတော့ ကံတရားက ဒီကောင်မလေးကို မဆန့်ကျင် တော့ဘူးပဲ။

လင်းဖေးဟန် ပြတင်းတံခါးကို ပိတ်လိုက်သည်။ ညဘက်က လေပြင်းသည်လေ။ ပြတင်းဖွင့်ထားရင် အအေးမိလိမ့်မည်။

ပြတင်းပေါက် ပိတ်ပြီးနောက်မှာ အဆောင်ထဲ၌ အိပ်ယာအပိုမရှိတာကို သူ သတိထားမိသွားသည်။ သူ နားနေခန်းကို သက်သက်ကြီးသွားပြီး စွန်းရှင်းယွဲ့ရဲ့ အဝေးကို မသွားချင်ဘူး။

အိမ်က ထွက်လာတည်းက ရေပါချိုးထားခဲ့တာမို့ အိမ်ပြန်ဖို့ကိုလဲ မတွေး ထားမိဘူး။

.

ဒါပေါ့။ ငါ့လိုဖြောင့်မှန်တဲ့ ယောက်ျားသား တစ်ယောက်က အခွင့်အရေးယူဖို့ တွေးမှာ မဟုတ်ဘူး။

“ ဟမ်း.. အဟမ်း” လင်းဖေးဟန် လည်ချောင်း ရှင်းလိုက်သည်။

“ ရှောင်ယွဲ့ မင်းညဘက် တစ်ယောက်ထဲ နေရမှာ ကြောက်လား?”

စွန်းရှင်းယွဲ့ အနောက်လှည့်ပြီး အပြင်ဘက်က မှောင်မဲနေမှုကို ကြည့်လိုက်သည်။ ထို့နောက်မှာ အရှေ့ကိုပြန်လှည့်လာပြီး တွန့်ဆုတ်ဆုတ် ပြောလို​က်သည်။

“ အဆင်ပြေပါတယ်။ ဒီနှစ်တွေမှာ ကျွန်မ တစ်ယောက်ထဲ နေလာခဲ့တာပဲ။ အိမ်မှာဆိုလဲ တစ်ယောက်ထဲပဲ..”

“မဟုတ်ဘူး!” လင်းဖေးဟန် စွန်းရှင်းယွဲ့ရဲ့ စကားကိုဖြတ်လိုက်သည်။

“ တစ်ကယ်တော့ မင်းကြောက်နေတယ်မလား? ရှောင်ယွဲ့နဲ့ အစ်ကိုလင်းကြားမှာ ပြောစရာ မလိုပါဘူး။ ရှက်နေစရာ ဘာလိုလို့လဲ?”

“ဟမ်?”

စွန်းရှင်းယွဲ့ ကြောင်အသွားသည်။ လင်းဖေးဟန်ရဲ့ ရုပ်တည်ကြီးကို ကြည့်နေရင်း သူမတို့ဒီနေ့ လုပ်ခဲ့မိသော ရှက်စရာ ကိစ္စကို ပြန်တွေးလိုက်သည်။ သူမ တစ်ခုခုကို သဘောပေါက်သွားကာ မျက်နှာတွေ နီသွားသည်။

အစ်ကိုလင်း ဘာတွေ တွေးနေတာလဲ? ငါက ဒီလိုဖြစ်နေတာကို ငါဘာတွေလုပ်ဖို့ တွေးနေ မိတာလဲ?

တွေးမိပြီးနောက်မှာ စွန်းရှင်းယွဲ့ရဲ့ မျက်နှာက ပိုပြီးနီသွားခဲ့သည်။ ဒါပေမဲ့ သူမ မျက်နှာထက်မှာ မျှော်လင့်ချက် တစ်စွန်းတစ်စ ရှိနေဆဲပင်။

သူမရဲ့ အင်္ကျီစ နှစ်ဖက်ကို လုံးခြေနေရင်း ခေါင်းငုံ့ကာ တိုးတိုးလေး ပြောလိုက်သည်

“ အစ်ကိုလင်း.. ကျွန်မကို အဖော်ပြု ပေးမလို့လား?”

လင်းဖေးဟန် လျှောက်လာပြီး စွန်းရှင်းယွဲ့ရဲ့ လက်ကို အုပ်မိုးလိုက်ကာ ပြုံးပြလိုက်သည်။

“ အင်း မင်းတစ်ယောက်ထဲ ဖြစ်နေမှာ ကိုစိတ်ပူတယ်။ မင်းတစ်ယောက်ထဲ စောင့်ရှောက်မှုမရှိ၊ နွေးထွေးမှု မရှိ ဖြစ်နေမှာ။ ဒါကြောင့်မို့ ကိုမင်းကို နွေးထွေးမှု ပေးမယ်”

“ ဒါကြောင့် ဒီည အတူအိပ်ကြတာပေါ့”

လင်းဖေးဟန်သူ့ရဲ့ စိတ်တွင်းမှာ မြုပ်နှံထားတာ ကြာပြီဖြစ်တဲ့ စကားလုံးကို နောက်ဆုံးတော့ ထုတ်ပြောလိုက်သည်။

တစ်ကယ်တော့ သိပ်မကြာခင်မှာ စွန်းရှင်းယွဲ့က သူ့လူ ဖြစ်လာတော့မှာပင်။ ဒီတော့ တဲ့တိုးပြောထားလိုက်တာ ပိုကောင်းသည်။

ငါ့လို ဖြောင့်မှန်တဲ့ လင်းဖေးဟန်ဆိုတဲ့ သူက ရိုးရိုးရှင်းရှင်း သာမာန်လိုလေးပဲ အိပ်မှာ!

ထိုအချိန်မှာ စွန်းရှင်းယွဲ့ရဲ့ ခန္ဓာကိုယ်က တုန်နေတာကို လင်းဖေးဟန် သတိထား မိလိုက်သည်။

သူမ ရုတ်တရက် ခေါင်းမော့လိုက်သည်။ သူမရဲ့ တစ်ကိုယ်လုံးက တောင့်တင်းနေပေမဲ့ မျက်လုံးတစ်စုံက ပုံမှန်မဟုတ်စွာ ကြည်လင်နေပြီး သူမရဲ့မျက်လုံးထဲမှာ တိကျသေချာမှုတွေ ပါဝင်နေသည်။

“ အစ်ကိုလင်း… ဘာလို့ဆို ကျွန်မ… ကျွန်မ.. ကျွန်မ အစ်ကိုလင်းကို အရမ်းကြိုက်တာမို့! အစ်ကိုနဲ့ မတွေ့ခင်က ကျွန်မက တစ်ယောက်ထဲလို့ ခံစားခဲ့ရတယ်။ ကမ္ဘာကြီးရဲ့ စွန့်ပစ်ခံရတဲ့ လူတစ်ယောက်လို့ ထင်ခဲ့တယ်။ အစ်ကိုလင်းနဲ့ ဆုံပြီးနောက်မှသာ ကျွန်မက အစ်ကိုလင်းနဲ့တွေ့ဖို့ မွေးဖွားလာပါလားလို့ တွေးမိခဲ့တယ်”

“ဒါကြောင့်.. ကျွန်မ အစ်ကိုလင်းကို တစ်ကယ် ကြိုက်တယ်။ အစ်ကိုကော ကျွန်မကို ကြိုက်လား?”

စွန်းရှင်းယွဲ့ လင်းဖေးဟန်ကို နှစ်စက္ကန့်လောက် စိုက်ကြည့်လိုက်သည်။ ထို့နောက်မှာ လက်ဆန့်ကာ လင်းဖေးဟန်ကို လှမ်းဖက် လိုက်သည်။ လင်းဖေးဟန် သတိလွတ်ပြီး စွန်းရှင်းယွဲ့ရဲ့ အိပ်ယာဘက်ကို ဆွဲခေါ်တာ ခံလို​က်ရသည်။ စွန်းရှင်းယွဲ့က သူ့ကို နမ်းလိုက်သည်။

“ ဒါကြောင့် အစ်ကိုလင်း.. ကြိုက်တာ လုပ်လို့ရတယ်”

လင်းဖေးဟန် ရုတ်တရက် နောက်ထပ် လှုံ့ဆော်မှု ဖြစ်ပေါ်သွားသည်။ ဒီတစ်ကြိမ်မှာ.. အိပ်တာကို တစ်ကယ်ကို ရိုးရိုးသားသား အိပ်မှာပါ။

စွန်းရှင်းယွဲ့လို သန့်ရှင်းတဲ့သူကို လင်းဖေးဟန် လက်လွတ်စပယ် သဘောမထားရဲပါဘူး။

တစ်ကယ်တော့ လင်းဖေးဟန် သူ့စိတ်ထဲမှာ တွေ့ကြုံချင်သေးသည့် ဖြူစင်သော အချစ်ရေးဆိုတာကို လိုချင်သည်။

သူတို့နှစ်ယောက်သည် အိပ်ယာပေါ်မှာ အတူ လှဲလျောင်းနေကြသည်။ ဆေးရုံကုတင်သည် အနည်းငယ် ကျဥ်းနေသည်။

စွန်းရှင်းယွဲ့ ဘေးဘက်မှာ အိပ်ပျော်သွားပြီ။ လင်းဖေးဟန် မျက်လုံးကိုမှိတ်ထားသော်ငြား သူ့ရဲ့စိတ်တွင် ကြည်လင်နေသည်။

ရှည်လျားတဲ့ညတာမှာ မိန်းမလှလေးကို ဘေးမှာ ထားပြီး ဟိုဘက်သည်ဘက် လူးလိမ့်နေပေမဲ့ သူ အိပ်မပျော်နိုင်နေဘူး။

ဒီဘဝက အနည်းငယ် ပျင်းဖို့ကောင်းနေပြီ!

ဒီရက်တွေမှာ ငါအရမ်းတွေ အလုပ်ရှုတ်နေမိတယ်။ ယဲ့ဖန်းကို ပစ်မှတ်ထားရင်း အလုပ်ရှုပ်လိုက်၊ လုရွှယ်ယင်ကို ကျေနပ်အောင် လုပ်ပေးရရင်း အလုပ်ရှုပ်လိုက်နဲ့ မအားမလပ် ဖြစ်နေခဲ့တာ။ ငါ ဘဝကို ပျော်ချင်တဲ့အချိန်ကျတော့ စွန်းရှင်းယွဲ့ကို နာကျင်အောင် မလုပ်ရပ် ပြန်ဘူး။

ချမ်းသာတဲ့ ဒုတိယမျိုးဆက် သူဋ္ဌေး တစ်ယောက် အနေနဲ့ ငါ့ဘဝက လုံးဝကို ကျေနပ်စရာ မရှိနေဘူး!

ငါက အလုပ်များဖို့ မွေးဖွားလာတာလား?

ငါ့ရဲ့အရင်ဘဝက အရမ်းတွေ အောင်မြင်ခဲ့တဲ့ ဒုတိယမျိုးဆက် သူဋ္ဌေးသားတွေကို ကြည့်လိုက်။ အဲ့လိုလူတွေဆို လတိုင်း ဆယ်လီကောင်မလေးတွေကို ထည်လဲ တွဲနေတာ။ ဒါပေမဲ့ အခုငါက ဘယ်လို စောက်ကျိုးနဲ ဒုတိယမျိုးဆက် သူဋ္ဌေးတုန်းဟ? သူ့မှာ ကောင်မလေးတောင် မရှိဘူး။ အမြဲတမ်း အတွင်းရေးမှူးနဲ့ ခိုးတွေ့နေရတာ။ ငါဘယ်လို ပျော်ရတော့မှာလဲ?

ကြည့်ရတာ ငါ ဘုန်းကြီးပဲ လုပ်သင့်နေပြီ။

“ ငါအပြင်ထွက်ပြီး အပျော်ရှာသင့်လား? နောက်ဆုံးတော့ ဒီဘဝရဲ့ ဇိမ်ခံမှုကို ငါမှ မခံစားရသေးတာပဲ”

လင်း​ဖေးဟန် အနည်းငယ် ဝမ်းနည်း နေသည်။

အရင်ဘဝတုန်းက သူသည် ငမွဲပင်။ ဘားမှာ ဝိုင်တစ်ခွက်သောက်ဖို့က သူ့လစာ တစ်ဝက်လောက် ကုန်နိုင်သည်။ ကလပ်မယ် တစ်ချို့တောင် သူ့လို ဆင်းရဲတဲ့သူကို အထင်သေးကြသည်။ ဘားကို သွားတဲ့ အချိန်မှာ အီစီကလီတောင် လုပ်ခွင့် မရခဲ့ဘူး။

All Chapters