← Chapters

အခန်း (၁၁၅)

Vol. 9 Ch. 115

အခန်း (၁၁၅)

Vol. 9 Ch. 115

လင်းဖေးဟန် လက်ယမ်းလိုက်သည်။

“ ငါ့မှာ အရည်အချင်းတွေ အများကြီးရှိတယ်။ မင်း အနာဂတ်ကျရင် ငါနဲ့ ကုန်မင်းကျွေ့နဲ့ကြားမှာ ဘယ်သူက အားပိုကြီးတဲ့သူလဲ သိသွားလိမ့်မယ်”

“ငါ့ကို မကိုးကွယ်နေနဲ့။ ငါကဒီတိုင်း legend ဖြစ်နေရုံတင်ပဲ!”

“ ဟုတ်ပါတယ် ဟုတ်ပါတယ်”

ခေါင်းဆောင်သည် ဒူးထောက်ချပြီး ထပ် ဖင်မပြန်သည်။

“ မစ္စတာလင်းရဲ့ စွမ်းဆောင်ရည်နဲ့ဆို အနှေးနဲ့ အမြန် အဲ့ဒီ ယဲ့ဖန်းဆိုတဲ့သူ မစ္စတာလင်းရဲ့ ခွေးတစ်ကောင်လို ဆော့တာ ခံရတော့မှာပါ”

လင်းဖေးဟန် ခေါင်းညိတ်လိုက်ပြီး

“ မင်းက စကားပြောကောင်းသားပဲ ဟဟ”

“ဟီးဟီး” ခေါင်းဆောင်လဲ ရယ်လိုက်သည်။

လင်း​ဖေးဟန် ခေါင်းဆောင်ကို ကြည့်နေရင်း အသုံးတော့ ဝင်သားပဲဟု တွေးနေခဲ့သည်။

သူ့ရဲ့ ဘော်ဒီဂတ် နှစ်ယောက်ဖြစ်တဲ့ အားသောင်နဲ့ ကုန်းဇီ(ဝမ်တကုံ)က တုံးအလွန်းကြသည်။ နေ့တိုင်း သူတို့နဲ့ပဲ မျက်နှာချင်းဆိုင်နေရတာ ပျင်းဖို့ကောင်းလွန်းနေခဲ့တာလေ။

လင်း​ဖေးဟန် ခေါင်းဆောင်ငယ်ကို စိုက်ကြည့်ကာ မေးလိုက်သည်။

“ ငါအခု နည်းနည်းပျင်းနေတယ်။ ပျော်ဖို့ ကောင်းတဲ့နေရာရှိလား?”

ထိုစကားကိုကြားတာနဲ့ ခေါင်းဆောင်ရဲ့ မျက်လုံးတွေ ချက်ချင်း လက်သွားသည်။ နောက်ဆုံးတော့လဲ မစ္စတာလင်းက ယောက်ျားတို့ရဲ့ ဗီဇရှိတဲ့သူပဲ။

ခေါင်းဆောင်ငယ် ချက်ချင်းပဲ လင်းဖေးဟန်ကို ခေါင်းညိတ်ပြလိုက်ကာ

“ ဟုတ်ကဲ့ မစ္စတာလင်း ကျွန်တော်ကြားတာ ဒီအနားမှာ KTV အသစ် ရှိတယ်တဲ့။ အဲ့မှာ အလှလေးတွေ အများကြီးရှိတယ်ပြောတယ်”

“ဟီးဟီး” ခေါင်းဆောင်ငယ်က မကောင်းဆိုးဝါး ဆန်ဆန်ရယ်လိုက်ပြီး ဆက်ပြောလိုက်သည်။

“ မစ္စတာလင်း၊ အဲ့ဒီမှာ ထိပ်တန်းစတားတွေ အများကြီးရှိသေးတယ်။ သူတို့တွေ မကြာခင်ကမှ သင်တန်းဆင်းထားကြပုံပဲ။ ကျောင်းသူ အလှလေးတွေကော၊ သတ်လတ်ပိုင်း အလှလေးတွေကော.. အို အရသာအစုံပဲဗျာ။ မစ္စတာလင်း အကယ်လို့..”

ခေါင်းဆောင်သည် ထပ်ပြီး မကောင်းဆိုးဝါး ဆန်ဆန် ရယ်ဖို့ စတင်လိုက်ပြန်သည်။

ထိုလူရဲ့မျက်နှာပေါ်က မကောင်းဆိုးဝါး ဆန်တဲ့ အပြုံးကိုမြင်တာနဲ့ လင်းဖေးဟန် ချက်ချင်း စိတ်ပျက်သွားသည်။ ထိုလူရဲ့ခြေထောက်ကို မြေကြီးပေါ် ကျသည်အထိ ကန်ချလိုက်ပြီး

“ ငါ လင်းဖေးဟန်က အဲ့လို ပုံမှန်လူတွေနဲ့ ဘယ်တူမှာလဲ?”

“ မင်းဘာလို့ထပြီး လမ်းမပြသေးလဲ!”

ခေါင်းဆောင် အစက စကားမှားသွားပြီလို့ ထင်ခဲ့သည်။ ဒါပေမဲ့ လင်းဖေးဟန်ရဲ့ နောက်ဆက်တွဲ စကားကိုကြားပြီးနောက်မှာ သူချက်ချင်း ရယ်မောလိုက်ပြီး မတ်တပ် ပြန်ထရပ်လိုက်ကာ

“ မစ္စတာလင်း ကျေးဇူးပြုပြီး ဒီလမ်းအတိုင်း လာပါ”

ခေါင်းဆောင်သည် ပြုံးဖြဲဖြဲ လုပ်နေခဲ့သည်။

“ မစ္စတာလင်းတစ်ကယ်တော့ ကျွန်တော်တို့ ဂရုစိုက်ဖို့တော့ လိုသေးတယ်။ အဲ့ KTV က ဖန်းချန်းဧရိယာမှာ ရှိတာ။ ဟွမ်လောင်ပနဲ့ ယဲ့ဖန်း ရှိနေမလား ကျွန်တော်မသိဘူး”

တစ်ကယ်တော့ သူ အဲ့ဒီKTV ကို သွားကြည့်ချင်နေခဲ့တာ ကြာပြီ။ ဒါပေမဲ့ ဟွမ်လောင်ပနဲ့ ယဲ့ဖန်းနဲ့ဆီ တိုးနေမှာကို သူကြောက်နေခဲ့တာပင်။ အခု လင်းဖေးဟန်ရဲ့ ထောက်ပံ့မှုကို ရပြီဆိုတော့ သူ ကြောက်စရာ မလိုတော့ဘူး။

“ ဘာဖြစ်နိုင်မှာ မလို့လဲ? ငါသူတို့ကို ကြောက်မယ် ထင်နေလား?”

“ ဘယ်ထင်ပါ့မလဲ? မစ္စတာလင်း ဒီဘက်ပါဗျ”

လင်းဖေးဟန် သူတို့ကို မကြောက်ဘူးပဲ။ လင်းဖေးဟန် ယဲ့ဖန်းကို နိုင်ခဲ့ရင် ဟွမ်လောင်ပကိုလဲ နိုင်မှာပဲမလား?

နာရီဝက်ကြာပြီးနောက်မှာ လူတွေခြံရံပြီး ယင်ကျောင်းKTVသို့ လင်း​ဖေးဟန် ရောက်လာခဲ့သည်။

kTV ရဲ့ အပြင်အဆင်က တော်တော်လေး ကောင်းသည်။ အပြင်ပိုင်းတင်ကို ခမ်းနား လှသည်။ ပန်းရောင် မီးလုံးသေးများနဲ့ ဈေးကြီးပြီး လှပတဲ့ခံစားချက်ကို ရစေသည်။

“ ဘုရားရေ မိုက်လိုက်တဲ့ကားကြီး၊ Lincolnရဲ့ အထူးထုတ်ဗားရှင်းပဲ”

“ ဒီကားရဲ့တန်ဖိုးက အနည်းဆုံး တစ်သန်းလောက်ရှိတယ်”

“ တစ်သန်းဟုတ်လား? မင်းက အထင်သေး လိုက်တာပဲ။ ဒီကားက အကန့်အသတ်နဲ့ ထုတ်တဲ့ကားပဲ။ တစ်ကမ္ဘာလုံးမှာ အနည်းငယ်ပဲ ရှိတယ်။ ဆယ်သန်းလောက် တန်တယ်”

ယင်ကျောင်း KTV အရှေ့မှာ အားသောင် ကားရပ်လိုက်တာနဲ့ KTV ထဲကို ဝင်မဲ့ ဖောက်သည် တွေအားလုံး ရပ်ပြီး ဝိုင်းကြည့် နေကြတော့သည်။ မျက်စိတွေကို ကျယ်လောင်စွာ ဖွင့်ထားပြီး အရှေ့က ကားကို မနာလိုစွာ ဝိုင်းကြည့်နေကြသည်။

ပစ္စည်းကောင်းတွေ အကြောင်းကို မသိတဲ့သူတွေက ဒီကားက သာမာန် Lincolnရဲ့ အထူးထုတ်ကားလို့ပဲ ထင်လိမ့်မည်။

ဒါပေမဲ့ တစ်ကယ် နားလည်တဲ့သူတွေက ဒီကားက ဆယ်သန်းလောက်တန်မှန်း သိသည်။ ဒါ့အပြင် ရောင်းတဲ့ဈေးကွက်လဲ မရှိဘူး။

ဒါက အကန့်အသတ် ထုတ်ကုန် ဖြစ်တာမို့ ကားချစ်သူ တော်တော်များများက စုဆောင်းဖို့ ဝယ်ယူထားကြသည်။ ဒါပေမဲ့ လင်းဖေးဟန် ဒါတွေကို ဂရုမစိုက်ပေ။ စီးလို့ သက်တောင့် သက်သာဖြစ်နေသရွေ့ အဆင်ပြေသည်။

ဒီလိုကားရဲ့ ဒုတိယလက်ဟောင်း ပြန်ဝယ်ရင်ကို ပုံမှန် ကားအသစ် တံဆိပ်ကောင်းတစ်စီး၏ နှစ်ဆလောက်ရှိသည်။

ဝိုင်းကြည့်နေကြတဲ့ မနာလိုနေသော မျက်လုံးများကိုကြည့်ပြီး လင်းဖေးဟန် ကူကယ်ရာမဲ့စွာ ခေါင်းရမ်းလိုက်သည်။ အထက်တန်းသူဋ္ဌေးသား ဖြစ်နေတော့လဲ ဒီလောက်တော့ ရှိမှာပေါ့။

ဒါပေမဲ့ အခုခံစားနေရတဲ့ ခံစားချက်ကိုတော့ စကားလုံးတစ်လုံးနဲ့ ဖော်ပြလို့ရသည်.. စောက်ရမ်းမိုက်တယ်!

ချမ်းသာတဲ့ ဒုတိယမျိုးဆက် သူဋ္ဌေးသား ဖြစ်ရတာ မိုက်လွန်းတယ်။ မင်း ဘယ်ကိုသွားသွား အားကျတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတဲ့ သူတွေ ရှိလိမ့်မယ်။ မနာလိုနေတဲ့ လူတွေ အများကြီးလဲ ရှိနေလိမ့်မယ်။

ငါ့ရဲ့ အရင်ဘဝကို ပြန်ကြည့်လိုက်ရင် ငါလဲ ဒီလူတွေလို စိတ်ပျက်ဖို့ကောင်းတဲ့ ငမွဲ ဖြစ်ခဲ့တာပဲ။ ဒေါ်သကလဲ ကြီးသေး၊ အချိန်ရရင် အင်တာနက် ကဖေးမှာပဲ အချိန် ဖြုန်းနေတတ်တယ်။ ကီးဘုတ်ဖိုက်တာလိုမျိုး သူများတွေရဲ့ ချမ်းသာနေပုံတွေကို ကြည့်ပြီး အပြစ်ပြောရင်း သူတို့တွေ 4 ဘီလီယံ ဘယ်လို ရှာလိုက်တယ်၊ 500 မီလီယံ ဘယ်လို ရှာလိုက်တယ် ဆိုတာပဲ ပြောနိုင်ခဲ့တာ။

ဒါပေမဲ့ အခုတော့ သူများတွေဆီကနေ အဲ့ဒီ မနာလိုမှုတွေကို ပြန်ခံစားနေရပြီ။

ခံစားချက်က စောက်ရမ်းမိုက်တယ်။ ငါအခုလို စောက်ရမ်းမိုက်တဲ့သူပဲ ဖြစ်ချင်တယ်!

လင်းဖေးဟန် တိုးတိုးလေး ပြောလိုက်သည်။

“ နောက်တစ်ခေါက်ကျ အရမ်း ဘောစိ ဆန်ဆန်လာလို့ မရတော့ဘူး”

ထိုစကားကိုကြားတော့ ခေါင်းဆောင် အမြန်ပြောလိုက်သည်။

“ မစ္စတာလင်းကအခုကို လျော့ချထားတာပါ။ ဘော်ဒီဂတ်တွေတောင် အတူ ခေါ်မလာခဲ့ဘူးလေ။ အချိန်ကျလာရင် ဒီထပ်တောင် မစ္စတာလင်း ပိုလုပ်ပြလို့ ရနေတာပဲ”.

“ဟဟဟ!” လင်းဖေးဟန် စိတ်ပျော်သွားသည်။

ဒီခေါင်းဆောင်က ငါ့ကို နားလည်သားပဲ။

“ ကောင်းပြီ ဒါဆိုလဲ လူတစ်ချို့ခေါ်ပြီး ငါ့အတွက်လမ်းပြခိုင်းလိုက်။ ဒီခံစားချက်ကို ကြိုက်နေတယ်”.

“ ရတာပေါ့”

အမှန်တော့ လင်းဖေးဟန် လက်ယမ်းပြလိုက်ပါသည်။ ထို့နောက်မှာ အားသောင်နဲ့ ခေါင်းဆောင်ငယ်နဲ့ အတူ KTV ထဲကို ဝင်သွားလိုက်သည်။

“ကြိုဆိုပါတယ်။ ကောင်းသော ညနေခင်းပါ”

ဝင်ပေါက်မှာ ဆယ်ယောက်မကသော အလှလေးများရပ်နေကြသည်။ အနီရဲရဲ တရုတ်ရိုးရာဝတ်စုံကို ခါးထိ ခွဲကြောင်းပါသောကြောင့် ခြေတံရှည်ရှည်များ မြင်နေရသည်။ လင်းဖေးဟန် ဝင်လာတာကို ​မြင်တဲ့အခါမှာ လေးစားစွာ အရိုအသေ ပေးလိုက်ကြသည်။

မိန်းမလှလေးများ အားလုံးသည် အလန်းလွန် အလွန်လန်းများပင်! သူမတို့ရဲ့ ရင်ဘတ်ကြယ်သီးများကို တင်းကျပ်စွာ မတပ်ထားတာမို့ ကိုယ်ကို ညွတ်လိုက်ချိန်မှာ ဖြူဖွေးဖွေး အတွင်းသားတစ်ချို့ကို မြင်နိုင်သည်။

အသိအသာကို ထိုသို့ သေချာ ဆင်ယင်ထားကြခြင်း ဖြစ်သည်။ ထိုမှသာ လာသမျှ ဖောက်သည်တိုင်းက မနေနိုင် ဖြစ်ပြီး စားပွဲခကို ရှင်းကြအောင်ပင်။

ခေါင်းဆောင်ငယ်သည် အလွန်အမင်းကို ကျေနပ်ပျော်ရွှင်နေခဲ့သည်။ သူ့ကြောင့် အလှလေးများပင် ရယ်ကုန်ကြသည်။

အားသောင်သည် အသိအသာကို အခုလို အတွေ့အကြုံအတွက် မသင့်တော်လှပေ။ အားသောင်တစ်ယောက် ရှက်နေခဲ့သည်။

အားသောင်ရဲ့ ပုံစံကိုမြင်တော့ လင်းဖေးဟန် သူ့ကို စိတ်တိုင်းကျ ကစားခိုင်းလိုက်ပြီး ကျသင့်ငွေအားလုံးကို မစ္စတာလင်းက ရှင်းပေးမယ်ဆိုတာ ပြောလိုက်သည်။

ဧည့်ကြိုကောင်မလေးများကို လင်းဖေးဟန် ဂရုမစိုက်ဘဲ အတွင်းကို ဆက်ဝင်သွား လိုက်သည်။ ဘားသို့ ရောက်တဲ့အခါမှာ တရုတ်ရိုးရာဝတ်စုံကို ဝတ်ထားသော မန်နေဂျာမလေး ရောက်လာပြီး လင်းဖေးဟန်ကို ဦးညွတ်နှုတ်ဆက်လိုက်သည်။

“ ကြိုဆိုပါတယ်။ သခင်လေး ကျွန်မက မန်နေဂျာပါ။ ဘာများကူညီပေးရမလဲရှင့်?”

ဆယ်သန်းတန် ကားကြီးနဲ့ လင်းဖေးဟန် ရောက်လာတယ်လို့ ကြားပြီးတည်းက မန်နေဂျာမလေးသည် အရေးကြီး ဧည့်သည်နဲ့ တွေ့ဖို့ရှိမှသာ ဝတ်ဆင်တတ်တဲ့ တရုတ်ရိုးရာ ဝတ်စုံကို အမြန်ပြေးလဲထားတာ ဖြစ်သည်။ သေချာ ပြင်ဆင်ပြီးတာနဲ့ လင်းဖေးဟန်ဆီကို အပြေးသွားပြီး ရိုကျိုးစွာ နှုတ်ဆက်လိုက်သည်။

လင်းဖေးဟန်ရဲ့ ပြစ်မျိုးမှဲ့မထင် လှပလှတဲ့ မျက်နှာကိုမြင်တော့ မန်နေဂျာမလေးပင် ရှက်သွေးဖြာသွားရသည်။

အရမ်းချောလွန်းတယ်။ အရပ်လဲ ရှည်ပြီး ပိုက်ဆံလဲ ရှိသေးတယ်! သေချာပေါက် ဒါက မရေမတွက်နိုင်တဲ့ ကောင်မလေးတွေရဲ့ စိတ်ကူးထဲက မင်းသားလေးပဲ!

မန်နေဂျာမလေးကို လှည့်ကြည့်လိုက်ပြီး လင်းဖေးဟန်ရဲ့ မျက်လုံးတွေ မနေနိုင်စွာ လင်းသွားခဲ့သည်။

ဒီမန်နေဂျာမလေးက ဘယ်လို ပြုမူရမယ်ကို သိတာပဲ။ သူမ ဝတ်ထားတဲ့ အဝတ်အစားက ဧည့်ကြိုကောင်မလေးတွေထက်တောင် ဆွဲဆောင်မှုရှိတယ်။ အရေးကြီးဆုံးက သေချာ ဒီဇိုင်းဖော်ထားတဲ့ ဒီဝတ်စုံပဲ။ ဒီဇိုင်နာ အရမ်း အရည်အချင်းရှိတယ်။

ဒေါက်မြင့်စီးထားတဲ့ မန်နေဂျာမလေးကို လင်းဖေးဟန် ကြည့်လိုက်သည်။ သူမ လမ်းလျှောက်လိုက်တိုင်း မြင့်တက်သွားတဲ့ တင်ပါးနဲ့ ခြေတံရှည်များက ထင်း​နေသည်။ သေးသွယ်တဲ့ ခါးကြောင့် တရုတ်ရိုးရာ ဝတ်စုံကြားမှာ သူမရဲ့ပုံရိပ်က ပိုပြီး ဆွဲဆောင်မှု ရှိနေသည်။ လင်းဖေးဟန်အတွက် သူမက အလွန်ကို ဆွဲဆောင်နိုင်လှသည်။

All Chapters